行道智见清净释(之七)
《趣向涅槃之道》中文全译本 · 非缩略版
观禅篇 · 原书第 432–461 页 · 237 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 432 页
အလွတ်ရအောင် လေ့ကျက်အပ်ပြီး ဖြစ်ကုန်၏၊ စိတ်ဖြင့် အဖန်ဖန် အထပ်ထပ် စေ့စေ့ငုငု ကြည့်ရှုဆင်ခြင် သုံးသပ်အပ်ပြီး ဖြစ်ကုန်၏၊ တရားကိုယ် အနက်သဘောအားဖြင့်လည်းကောင်း အကြောင်းတရားအားဖြင့်လည်း- ကောင်း သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကောင်းစွာ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အပ်ပြီး ဖြစ်ကုန်၏။
——反复背诵而熟习;以内心一再细察、审思;又从法义与诸因两方面,以正见智慧亲自现前、善加通达。
ထိုရဟန်းသည် သတိလွတ်ကင်းသည် ဖြစ်၍ သေလွန်ရသော် အမှတ်မထား တစ်ပါးပါးသော နတ်ပြည် နတ်လောက၌ ဖြစ်၏၊ ထိုနတ်ပြည် နတ်လောက၌ ချမ်းသာခြင်းရှိသော ထိုနတ်သား၏ သန္တာန်ဝယ် တရားပုဒ် အစုတို့သည် ပေါ်လွင်ထင်ရှား၍ကား မလာကြကုန်သေး၊ တန်ခိုးဣဒ္ဓိပါဒ်နှင့် ပြည့်စုံ၍ စိတ်ကို နိုင်နိုင်နင်းနင်း လေ့လာနိုင်ခြင်းသို့ ရောက်ပြီးသော ဓမ္မကထိက ရဟန်းတော်သည်လည်း နတ်ပရိသတ်၌ တရားတော်ကို ဟော- ကြားတော် မမူသေး ဖြစ်နေ၏၊ ဓမ္မကထိက နတ်သားသည်လည်း နတ်ပရိသတ်၌ တရားတော်ကို ဟောကြားမှု မရှိသေး ဖြစ်နေ၏၊ စင်စစ်သော်ကား နတ်ပြည် နတ်လောက၌ ရှေ့ဦးစွာ နတ်သားဖြစ်နှင့်သော လူ့ဘဝက သီတင်းသုံးဖော် ဖြစ်ခဲ့ဖူးသော နတ်သားသည် နောက်ဖြစ်လာသော နတ်သားကို ''အချင်း နတ်သား …ရှေးယခင် လူဖြစ်စဥ် ရဟန်းဘဝတုန်းက ငါတို့ ကျင့်ကြံကြိုးကုတ်ပွားများအားထုတ်ခဲ့ဖူးသော သီလ သမာဓိ ပညာဟူသော သိက္ခာသုံးရပ် အကျင့်မြတ်အားဖြင့် သိမ်းကျုံးရေတွက်အပ်သော သာသနာ့ဗြဟ္မစရိယ အမည်ရသည့် မြတ်သော
这位比丘失念而命终,投生于某一天众。在天界中,这位安乐天人的相续里,诸法句尚未清楚显现;具足神足、已经善巧自在于心的说法比丘,还没有在天众中说法;说法天人也还没有在天众中说法。然而,一位先已投生天界、前世在人间曾与他同住的天人,提醒后来投生的天人说:‘天友,你应忆起我们从前在人间作比丘时,曾经修习的那一套法与律;它称为教法梵行,统摄于戒、定、慧三学的殊胜——
အကျင့်ဟူသော ထိုဓမ္မဝိနယကို သင် အောက်မေ့လော့ (= အမှတ်ရလော့)၊ အချင်း နတ်သား …သင် အောက်မေ့လော့ (= အမှတ်ရလော့။)'' ဟု အောက်မေ့စေ၏ = အမှတ်ရစေ၏။ ထိုနတ်သားသည် ''အချင်း နတ်သား …ငါသည် အောက်မေ့၏ (= အမှတ်ရ၏၊) အချင်း နတ်သား …ငါသည် အောက်မေ့၏ = (အမှတ်ရ၏)'' ဟု ဆို၏။ ရဟန်းတို့ …တရားတော်ကို အစဥ်လျှောက်၍ ရှုပွားသုံးသပ်တတ်သော သတိ၏ ဖြစ်ပေါ်ခြင်းသည် နုံ့နှေးလှသေး၏၊ အကယ်စင်စစ်မှာမူ ထိုနတ်သားဖြစ်သော သတ္တဝါသည် လျင်မြန်စွာသာလျှင် မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ဟူသည့် တရားထူး တရားမြတ်ကို ရရှိနိုင်၏။ ရဟန်းတို့ …ဤသည်ကား ပသာဒသောတသို့ သက်ဝင်၍ ဉာဏသောတဖြင့် ပိုင်းခြားမှတ်သားအပ်ကုန်သော၊ နှုတ်ဖြင့် အလွတ်ရအောင် လေ့ကျက်အပ်ပြီးကုန်သော၊ စိတ်ဖြင့် အဖန်ဖန် အထပ်ထပ် စေ့စေ့ငုငု ကြည့်ရှုဆင်ခြင် သုံးသပ်အပ်ပြီးကုန်- သော၊ တရားကိုယ် အနက်သဘောအားဖြင့်လည်းကောင်း အကြောင်းတရားအားဖြင့်လည်းကောင်း သမ္မာဒိဋ္ဌိ
——修行。天友,你应忆起它。’那位天人答道:‘天友,我想起来了;天友,我想起来了。’诸比丘,能够随法继续观修、审察之念,虽生起得迟缓;但这位天人却能很快证得圣道智、圣果智与涅槃这些殊胜法。诸比丘,这就是对那些进入净耳、由智耳辨别记取、以口熟习、以内心反复审思,又从法义与诸因两方面由正见智慧亲证——
ဉာဏ်ပညာဖြင့် ကောင်းစွာ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အပ်ပြီးကုန်သော တရားတော်တို့၏ မချွတ်ဧကန် ရလိမ့်မည်ဟု မျှော်လင့်အပ်သော လေးခုမြောက်သော စတုတ္ထ အကျိုးဆက်ပေတည်း။
——善通达的教法,可以期待的第四种利益。
ရဟန်းတို့ …ပသာဒသောတသို့ သက်ဝင်၍ ဉာဏသောတဖြင့် ပိုင်းခြားမှတ်သားအပ်ကုန်သော၊ နှုတ်ဖြင့် အလွတ်ရအောင် လေ့ကျက်အပ်ပြီးကုန်သော၊ စိတ်ဖြင့် အဖန်ဖန် အထပ်ထပ် စေ့စေ့ငုငု ကြည့်ရှုဆင်ခြင် သုံးသပ်အပ်ပြီးကုန်သော၊ တရားကိုယ် အနက်သဘောအားဖြင့်လည်းကောင်း အကြောင်းတရားအားဖြင့်လည်း- ကောင်း သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကောင်းစွာ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အပ်ပြီးကုန်သော တရားတော်တို့၏ မချွတ်ဧကန် ရလိမ့်မည်ဟု မျှော်လင့်အပ်ကုန်သော အကျိုးဆက်တို့သည် ဤလေးမျိုးတို့တည်း ဟု မိန့်တော်မူ၏။ (အံ-၁-၅ဝ၆-၅ဝ၇။) သင်္ခါရုပေက္ခာဉာဏ်ခန်း ပြီး၏။
诸比丘,对那些进入净耳、由智耳辨别记取、以口熟习、以内心反复审思,又从法义与诸因两方面由正见智慧亲自现前、善加通达的教法,可以期待的就是这四种利益。(《增支部》1-506—507。)行舍智章终。
原书第 433 页
အနုလောမဉာဏ်ခန်း
随顺智章
သစ္စာနုလောမိကဉာဏ်
谛随顺智
ဘုရားဂုဏ် တရားဂုဏ် သံဃာ့ဂုဏ် သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ် စသည့် ကြည်ညိုဖွယ်ရာ ဂုဏ် အရပ်ရပ် စသည်တို့ကား စိတ်ကြည်လင်မှု ပသာဒတရား ထင်ရှားဖြစ်ပေါ်ရန် အကြောင်းရင်းဖြစ်သော စိတ် ကြည်လင်မှု ပသာဒတရား၏ တည်ရာဝတ္ထုတို့ ဖြစ်ကြ၏။ ယင်းစိတ်ကြည်လင်မှု ပသာဒတရား၏ ထင်ရှားဖြစ်- ပေါ်လာကြောင်း ဖြစ်သော ပသာဒတရား၏ တည်ရာဝတ္ထုတို့၌ တည်သော ဘုရားစစ် ဘုရားမှန် ဧကန်ဟုတ်၏၊ တရားစစ် တရားမှန် ဧကန်ဟုတ်၏၊ သံဃာစစ် သံဃာမှန် ဧကန်ဟုတ်၏၊ သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ဖြင့် သိမ်းကျုံးရေတွက်အပ်သော သာသနာ့ဗြဟ္မစရိယ အမည်ရသည့် မဂ္ဂင်ရှစ်ပါး ကျင့်စဥ် တရား တော်သည် သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း နိယျာနိက တရားကောင်းစင်စစ် ဧကန်မှန်၏၊ အကြောင်း တရား ထင်ရှားရှိခြင်းကြောင့် အကျိုးတရား၏ ထင်ရှားရှိမှုဟူသော ကြောင်း-ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားသည် ဧကန်မှန်၏ ---- ဤသို့ စသည်ဖြင့် ဆုံးဖြတ်ချက် ချလျက် ယုံကြည်မှုမျိုးကို သဒ္ဓါဓိမောက္ခ
佛德、法德、僧德、戒德、定德、慧德等种种可敬信的功德,是令心澄净的净信之所依,也是净信显现生起的原因。依止这些净信所缘,作如下决定而生起的信,称为胜解信(adhimokkha-saddhā):‘这确实是真正的佛,是真正的法,是真正的僧;统摄于戒、定、慧三学殊胜行、名为教法梵行的八支圣道,确实是引导众生脱离轮回苦的出离善法;有因则有果的因果关联——缘起法——也确实真实不虚。’胜解信——
= အဓိမောက္ခသဒ္ဓါဟု ခေါ်ဆို၏။
——也就是胜解信,即坚定不移的信。
၁။ ထိုသင်္ခါရုပေက္ခာဉာဏ်ကို အရိုအသေ မှီဝဲသော ပွားစေသော မီးပွတ်သောလား မနေမနား ကြိမ်ဖန် များစွာ အလေ့အလာပြုသော ထိုယောဂါဝစရပုဂ္ဂိုလ်အား အဓိမောက္ခသဒ္ဓါတရားသည် သင်္ခါရုပေက္ခာဘာဝနာ ဝိသေသကိစ္စအားဖြင့် လွန်ကဲသော အတိုင်းအရှည် ရှိသည်၏ အဖြစ်ကြောင့် အလွန်အားသန်သည်ဖြစ်၍ ဖြစ်ပေါ်လာ၏။
一、瑜伽行者恭敬地亲近、修习行舍智,像不断钻木取火一样不间断地反复练习;由于行舍修习的殊胜作用达到卓越程度,强有力的胜解信便生起。
၂။ ကောင်းစွာ ချီးမြှောက်အပ်သော = ယှဥ်ဖက်သမ္ပယုတ်တရားတို့ကို ဝိပဿနာဘာဝနာ လုပ်ငန်းကိစ္စရပ်၌ လျော့လျော့ရဲရဲ မရှိရအောင် ချီးပင့် ထောက်ပံ့ထားနိုင်သော မတွန့်မဆုတ်သော အလွန်အကြူး အထူး ထက်- မြက်သည်၏ အဖြစ်ဖြင့် ဆန့်ကျင်ဘက် ပဋိပက္ခတရားတို့ကို လွင့်ပျောက်စေခြင်း ပယ်ဖျောက်ခြင်းငှာ စွမ်းနိုင်သော ဝီရိယသည် ဖြစ်ပေါ်လာ၏။
二、精进受到良好策励,能支助相应法在观修作业中不松弛退缩;它坚韧锐利,足以驱散、排除对立之法,因而强力生起。
၃။ အလွန်အကြူး အထူးထက်မြက်သည်၏ အဖြစ်ကြောင့် မိမိရှုပွားနေသော သင်္ခါရအာရုံသို့ ရှေးရှူသည်၏ အဖြစ်ဖြင့် ကောင်းစွာ ထင်သော သတိသည် ဖြစ်ပေါ်လာ၏။
三、念因极为锐利,能面向自己正在观修的行所缘而清楚现起。
၄။ ပဿဒ္ဓိနှင့် သုခတို့၏ လွန်လွန်ကဲကဲ ဖြစ်ပေါ်နေခြင်းကြောင့် သင်္ခါရအာရုံ၌ အညီအညွတ် ကောင်းစွာ ထားအပ်သော တည်ကြည်သော စိတ်သည် = သမာဓိသည် ဖြစ်ပေါ်လာ၏။
四、由于轻安与乐强烈生起,心安稳、统一地安住于行所缘,定因而生起。
၅။ အနုလောမဉာဏ် ဖြစ်ပေါ်လာခြင်း၏ အကြောင်းတရား ဖြစ်ခြင်းငှာ စွမ်းနိုင်သည်၏ အဖြစ်ဖြင့် အလွန် အကဲနှင့် တကွ = လွန်လွန်ကဲကဲ ထက်မြက်လှစွာသော သင်္ခါရတရားတို့ကို အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာအားဖြင့် စူးစမ်း စိစစ်ခြင်း၌ အလယ်အလတ် လျစ်လျူ ဖြစ်၍ ဖြစ်သော သင်္ခါရုပေက္ခာ ပညာသည် ဖြစ်ပေါ်လာ၏။
五、行舍慧对诸行安立无常、苦、无我三相而审察时保持中舍;由于它极为锐利,足以成为随顺智生起之因,所以行舍慧强力生起。
ထိုသို့ ဣန္ဒြေငါးပါးတို့၏ ထက်မြက်မှု ရင့်ကျက်မှု စုံညီသဖြင့် သင်္ခါရုပေက္ခာ ဖြစ်နေသော ယောဂါဝစရ ပုဂ္ဂိုလ်၏ သန္တာန်ဝယ် ''ယခုအခါ အရိယမဂ်တရားသည် ဖြစ်ပေါ်လာတော့လတ္တံ့'' ဟု ဆိုထိုက်သော အခါ၌ သင်္ခါရုပေက္ခာဉာဏ်သည် သင်္ခါရတရားတို့ကို အနိစ္စဟူ၍သော်လည်းကောင်း ဒုက္ခဟူ၍သော်လည်းကောင်း အနတ္တ ဟူ၍သော်လည်းကောင်း ယင်းသုံးမျိုးသော အခြင်းအရာတို့တွင် တစ်မျိုးမျိုးသော အခြင်းအရာအားဖြင့် သုံးသပ်-
这位住于行舍的瑜伽行者,五根已经如此锐利成熟;到了可以说‘圣道法现在就要生起’的时候,行舍智便以无常、苦、无我三相中的某一相审察诸行——
原书第 434 页
သည်ဖြစ်၍ ထိုသို့သုံးသပ်သော သင်္ခါရုပေက္ခာ ဝိပဿနာဇောသည် (၇)ကြိမ်တိုင်တိုင် ဖြစ်၍ ချုပ်ပျက်၏၊ ထိုနောင် ဘဝင်သို့ သက်၏၊ ဘဝင်၏ အခြားမဲ့၌ သင်္ခါရုပေက္ခာပညာသည် ပြုအပ်သော အနိစ္စစသောအားဖြင့် အာရုံပြုသော နည်းဖြင့်သာလျှင် (= ယခင် ချုပ်လေပြီးသော သင်္ခါရုပေက္ခာပညာက သင်္ခါရတရားတို့ကို အနိစ္စဟု သုံးသပ်လျှင် ထိုအနိစ္စဟု အာရုံပြုသော နည်းဖြင့်သာလျှင်၊ ဒုက္ခဟု သုံးသပ်လျှင် ထိုဒုက္ခဟု အာရုံပြုသော နည်းဖြင့်သာလျှင်၊ အနတ္တဟု သုံးသပ်လျှင် ထိုအနတ္တဟု အာရုံပြုသော နည်းဖြင့်သာလျှင်ဟု ဆိုလိုသည်။ ကတနယေနေဝ = အာရုံ ပြုသော နည်းဖြင့်သာလျှင်ဟု ဆိုသဖြင့် သုံးသပ်သောနည်း မဟုတ်ဟု သိပါ။ ရှေးက ချုပ်သွားလေသော သင်္ခါရုပေက္ခာက သုံးသပ်၏၊ ယခု သင်္ခါရုပေက္ခာကား မသုံးသပ်၊ အာရုံပြုရုံသာ ပြုသည် ဟူလိုသည်။) သင်္ခါရ တရားတို့ကို အနိစ္စဟူ၍လည်းကောင်း ဒုက္ခဟူ၍လည်းကောင်း အနတ္တဟူ၍လည်းကောင်း အာရုံပြုလျက် မနော-
——这样审察的行舍观速行生起七次而灭,随后落入有分。有分之后,意门转向只依此前行舍慧取境的方式,以无常、苦或无我为所缘而缘取诸行。〔意思是:先前灭去的行舍慧若以无常审察诸行,这次就只依取无常为所缘的方式;若以苦或无我审察,也同样只依该方式。这里说‘只依取境的方式’,表明它不是重新审察:先前的行舍作审察,这次只取所缘。〕意门——
ဒွါရာဝဇ္ဇန်းသည် ဖြစ်ပေါ်လာ၏။ စိတ်အား ဘဝင်၏ အစွမ်းဖြင့် ဖြစ်ခြင်းငှာ အခွင့်မပေးဘဲ ဘဝင်ကို လည်စေ နစ်စေ၍ ဖြစ်ပေါ်လာသော ထိုမနောဒွါရာဝဇ္ဇန်း ကြိယာစိတ်၏ အခြားမဲ့၌ မတူညီသော စိတ်၏ ဖြစ်ခြင်းဟု ဆိုအပ်သော အခြားအဆီး မရှိသော စိတ်အစဥ်ကို အစဥ်မပြတ် ဆက်စပ်လျက် သင်္ခါရုပေက္ခာဝိပဿနာ ပထမ ဇောစိတ်သည် နှစ်ခု သုံးခုသော ရှေးဝိပဿနာဇော ဝီထိစိတ်အစဥ်တို့ နည်းတူပင်လျှင် ထိုဇောဝီထိစိတ်အစဥ်တို့က သင်္ခါရတရားတို့ကို အနိစ္စဟု အာရုံပြုလျှင် မိမိပထမဇောကလည်း သင်္ခါရတရားတို့ကို အနိစ္စဟုပင် အာရုံပြု၍၊ ဒုက္ခဟု အာရုံပြုလျှင် မိမိကလည်း ဒုက္ခဟုပင် အာရုံပြု၍၊ အနတ္တဟု အာရုံပြုလျင် မိမိကလည်း အနတ္တဟုပင် အာရုံပြု၍ ဖြစ်ပေါ်လာ၏။ ယင်း ပထမဇောစိတ်ကို အရိယမဂ်ကို ဖြစ်ပေါ်လာအောင် ပြုပြင်ပေးတတ်သည်၏ အဖြစ်ကြောင့် ပရိကံဟူ၍ ခေါ်ဆိုအပ်၏။
——转向生起;它令有分转起、沉落,不让心继续依有分之力而流。紧接这颗意门转向唯作心之后,心流不受异类心阻隔而连续相接;第一颗行舍观速行心,依前两三路观速行心路所用的同一方式生起:先前若以无常缘取诸行,它也缘取为无常;若缘取为苦或无我,它也同样缘取。因为这第一速行能为圣道的生起作准备,所以称为遍作(parikamma)。
ထိုပရိကံဇော၏ အခြားမဲ့၌ ထိုရှေးအတူပင်လျှင် သင်္ခါရတရားတို့ကို အနိစ္စစသော အခြင်းအရာတို့တွင် တစ်မျိုးမျိုးသော အခြင်းအရာအားဖြင့် အာရုံပြု၍ ဒုတိယ သင်္ခါရုပေက္ခာ ဝိပဿနာဇောစိတ်သည် ဖြစ်ပေါ်- လာ၏၊ ယင်းဒုတိယဇောစိတ်ကို အရိယမဂ်၏ အနီး၌ ကျင်လည်သည်၏ အဖြစ်ကြောင့် ဥပစာရဟူ၍ ခေါ်ဆို- အပ်၏။
紧接遍作速行之后,第二颗行舍观速行心仍以无常等某一相缘取诸行而生起。由于这第二速行运行于圣道近处,所以称为近行(upacāra)。
ထိုဥပစာရအမည်ရသော ဇောစိတ်၏ အခြားမဲ့၌လည်း ထိုရှေးအတူပင်လျှင် သင်္ခါရတရားတို့ကို အနိစ္စ စသော အခြင်းအရာတို့တွင် တစ်မျိုးမျိုးသော အခြင်းအရာအားဖြင့် အာရုံပြု၍ တတိယ သင်္ခါရုပေက္ခာ ဝိပ- ဿနာဇောစိတ်သည် ဖြစ်ပေါ်လာ၏၊ ယင်းတတိယဇောစိတ်ကို ရှေ့နောက်ဖြစ်သော ဓမ္မတို့အား လျော်သည်၏ အဖြစ်ကြောင့် အနုလောမ = အနုလုံဟူ၍ ခေါ်ဆိုအပ်၏။ ဤ ပရိကံ ဥပစာ အနုလုံဟူသော အမည်သည် ထိုသုံးမျိုးသော ဇောတို့၏ အသီးအခြား ဖြစ်သော အမည်တည်း။
紧接名为近行的速行心之后,第三颗行舍观速行心仍以无常等某一相缘取诸行而生起。由于这第三速行随顺前后诸法,所以称为随顺(anuloma)。遍作、近行、随顺,是这三颗速行各自的专名。
သို့သော်လည်း ခပ်သိမ်းသော ဇောတို့အား ဆက်ဆံသော သာမညအားဖြင့် ဆိုရမူ သုံးမျိုးလုံးသော ထိုဇောစိတ်ကိုလည်း ----- ၁။ ရိုသေစွာ မှီဝဲတတ်သည်၏ အဖြစ်ကြောင့် အာသေဝနဟူ၍လည်းကောင်း၊ ၂။ အရိယမဂ်ကို ဖြစ်ပေါ်လာအောင် ပြုပြင်တတ်သည်၏ အဖြစ်ကြောင့် ပရိကံဟူ၍လည်းကောင်း၊ ၃။ အရိယမဂ်၏ အနီး၌ ကျင်လည်သည်၏ အဖြစ်ကြောင့် ဥပစာရဟူ၍လည်းကောင်း၊ ၄။ ရှေ့နောက်ဖြစ်သော ဓမ္မတို့အား လျော်သည်၏ အဖြစ်ကြောင့် အနုလောမ = အနုလုံ ဟူ၍လည်းကောင်း ခေါ်ဆိုခြင်းငှာလည်း သင့်သည်သာ ဖြစ်ပေသည်။
不过,若依一切速行共通的一般意义来说,这三颗速行心都可以称为:一、由于恭敬亲近、反复修习,称为数习(āsevana);二、由于为圣道的生起作准备,称为遍作;三、由于运行于圣道近处,称为近行;四、由于随顺前后诸法,称为随顺。
原书第 435 页
ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- အနုလောမဉာဏ်ခန်း အနုလောမ = အနုလုံ ----- အဘယ်မည်သော ဓမ္မအား လျော်ပါသနည်းဟူမူ -- ရှေးအဖို့ နောက်အဖို့တို့၌ ဖြစ်ကုန်သော ဓမ္မအဖို့အစုတို့အား လျော်၏ဟူပေ။ မှန်ပေသည် - ထိုတတိယအနုလုံဇောသည် ရှေးအဖို့၌ ဖြစ်- ကုန်သော ဥဒယဗ္ဗယဉာဏ် အစရှိကုန်သော ရှစ်ပါးသော ဝိပဿနာဉာဏ်တို့၏ မဖောက်မပြန် မှန်သော သင်္ခါရ တရားတို့ကို လက္ခဏာရေးသုံးတန်ကို တင်၍ ဝိပဿနာ ရှုပွားသုံးသပ်ခြင်း လုပ်ငန်းကိစ္စ ရှိသည်၏ အဖြစ်အား- လည်း လျော်၏၊ အထက်ဖြစ်သော အရိယမဂ်ခဏ၌ ဖြစ်ပေါ်လာမည့် (၃၇)ပါးသော ဗောဓိပက္ခိယတရားတို့၏ မဖောက်မပြန် မှန်သော ကိစ္စရှိသည်၏ အဖြစ်အားလည်း လျော်၏။ (ဝိသုဒ္ဓိ-၂-၃ဝ၈။) အနုလောမဉာဏ်သည် သစ္စာလေးပါးကို ဖုံးလွှမ်းတတ်သော မောဟတုံး မောဟခဲ မောဟအစုစသည်တို့ကို အလွန်အကဲနှင့်တကွ = လွန်လွန်ကဲကဲ ပယ်ဖျောက်သဖြင့် လောကီဝိပဿနာဉာဏ်တို့၌ ဥက္ကံသပရိယန္တဂတ =
所谓随顺,它随顺什么法?答:随顺在它以前和以后生起的两组法。这第三随顺速行,一方面随顺先前从生灭智开始的八种观智如实无误的作用——把诸行置于三相之下修观、审察;另一方面也随顺随后圣道刹那将生起的三十七菩提分法如实无误的作用。(《清净道论》2-308。)随顺智能极强地排除覆盖四谛的成块、成团无明等,所以在世间观智中已经到达最卓越的极限——
လွန်ကဲခြင်း၏ အဆုံးသို့ ရောက်နေ၏။ ထိုကြောင့်ပင်လျှင် အောက်၌ဖြစ်စေအပ်သော ဥဒယဗ္ဗယဉာဏ်စသည် တို့၏လည်း ကိစ္စကို ဆန့်ကျင်ဘက် ပဋိပက္ခမှ ဝေးစွာ ဖြစ်ခြင်းဖြင့် အနက်သဘောအားဖြင့် ပြီးစေသည်သာလျှင် ဖြစ်၍ ဖြစ်ပေါ်လာ၏။ တစ်ဖန် ထိုသို့သော အခြင်းအရာအားဖြင့် ဖြစ်လတ်သော် ထိုဥဒယဗ္ဗယဉာဏ်စသည်တို့၏ ကိစ္စကို လျော်စေဘိသကဲ့သို့ ဖြစ်နေ၏။ ထိုကြောင့် တတိယမြောက်ဇော ဖြစ်သည့် အနုလုံဇောသည် ရှေးအဖို့၌ ဖြစ်ကုန်သော ဥဒယဗ္ဗယဉာဏ် အစရှိကုန်သော (၈)ပါးသော ဝိပဿနာဉာဏ်တို့၏ မဖောက်မပြန် မှန်သော သင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန်ကို တင်၍ ရှုပွားသုံးသပ်ခြင်း လုပ်ငန်းကိစ္စ ရှိသည်၏ အဖြစ်အားလည်း လျော်၏၊ အထက်ဖြစ်သော အရိယမဂ်ခဏ၌ ဖြစ်ပါ်လာမည့် (၃၇)ပါးသော ဗောဓိပက္ခိယတရားတို့၏ မဖောက် မပြန် မှန်သော ကိစ္စရှိသည်၏ အဖြစ်အားဖြင့်လည်း လျော်၏ဟု အဋ္ဌကထာက ဖွင့်ဆိုခြင်းဖြစ်သည်။
——正因如此,它远离对立法,在义理上完成先前生灭智等观智的作用而生起;以这种方式生起时,就仿佛令生灭智等的作用得到随顺。因此义注说:作为第三速行的随顺速行,既随顺先前从生灭智开始的八种观智如实无误地把诸行置于三相之下修观、审察的作用,也随顺随后圣道刹那将生起的三十七菩提分法如实无误的作用。
(မဟာဋီ-၂-၄၈ဝ။)
(《大复注》2-480。)
အကျယ်မှာ ဤသို့ ဖြစ်၏။ ထိုအနုလောမဉာဏ်သည် = ထိုအနုလောမဉာဏ်၏ အနိစ္စစသော လက္ခဏာ တို့တွင် တစ်မျိုးမျိုးသော လက္ခဏာ၏ အစွမ်းဖြင့်သာလျှင် တေဘူမက သင်္ခါရတရားတို့ကို အာရုံပြု၍ ဖြစ်သည်၏ အဖြစ်ကြောင့် ----- ၁။ ''ဖြစ်ခြင်း ပျက်ခြင်းသဘော ရှိသည်သာလျှင် ဖြစ်ကုန်သော သင်္ခါရတရားတို့၏ ဖြစ်ခြင်း ပျက်ခြင်းကို သိသော ဥဒယဗ္ဗယဉာဏ်သည် ဖြစ်ခြင်း ပျက်ခြင်းတို့ကို စင်စစ် မြင်ပြီ''ဟူ၍လည်းကောင်း၊ ၂။ ''ဘင်္ဂက္ခဏ = ပျက်ခြင်း ဘင်ခဏ ရှိသည်သာလျှင် ဖြစ်ကုန်သော သင်္ခါရတရားတို့၏ အပျက်ကို ရှုသော ဘင်္ဂဉာဏ်သည် အပျက်ကို စင်စစ် မြင်ပြီ''ဟူ၍လည်းကောင်း၊ ၃။ ''ကြောက်အပ်သော သဘောရှိသော သင်္ခါရတရားသည်သာလျှင် သင်္ခါရတရားတို့ကို ကြောက်မက်ဖွယ် ဘေးဟု ရှုမြင်တတ်သော ဘယတုပဋ္ဌာနဉာဏ်အား စင်စစ် ကြောက်မက်ဖွယ် ဘေးအားဖြင့် ရှေးရှူ ထင်၏''ဟူ၍လည်းကောင်း၊ ၄။ ''အနိစ္စ ဒုက္ခ ဝိပရိဏာမဓမ္မဟူသော အပြစ်ရှိသော သင်္ခါရတရား၌သာလျှင် ယင်းအပြစ်ကို ရှုမြင်တတ်သော
详说如下。随顺智只以无常等某一相缘取三界诸行而生起,因此它随顺以下各智的真实作用:一、‘生灭智了知本来只有生灭性质的诸行之生起与坏灭,确实已经看见生灭。’二、‘坏灭智观见本来只有坏灭刹那的诸行之坏灭,确实已经看见坏灭。’三、‘怖畏现起智把本来可怖的诸行观为可怖之险,诸行确实已向它显现为可怖。’四、‘过患随观智观见本来具有无常、苦、变易性质之过患的诸行,确实已经看见其——
အာဒီနဝါနုပဿနာဉာဏ်သည် သင်္ခါရတရားတို့၏ ယင်းအပြစ်ကို စင်စစ် မြင်ပြီ''ဟူ၍လည်းကောင်း၊ ၅။ ''ငြီးငွေ့အပ်သော သင်္ခါရတရား၌သာလျှင် သင်္ခါရတရားတို့၌ ငြီးငွေ့သော အခြင်းအရာအားဖြင့် ဖြစ်သော နိဗ္ဗိဒါဉာဏ်သည် စင်စစ် ငြီးငွေ့၏''ဟူ၍လည်းကောင်း၊ ၆။ ''စွန့်လွှတ်အပ်သော သင်္ခါရတရား၌သာလျှင် သင်္ခါရတရားတို့ကို စွန့်လွှတ်လိုသော မုဉ္စိတုကမျတာဉာဏ်- သည် လွတ်လိုသည် စင်စစ် ဖြစ်ပြီ''ဟူ၍လည်းကောင်း၊
——过患。’五、‘厌离智对本来应当厌离的诸行以厌离行相生起,确实已经厌离。’六、‘欲解脱智对本来应当舍离的诸行希望摆脱,确实已经生起欲解脱之心。’
原书第 436 页
၇။ ''တစ်ဖန် လက္ခဏာရေးသုံးတန်ကို တင်၍ သုံးသပ်ဆင်ခြင်အပ်သော သင်္ခါရတရားကိုသာလျှင် လက္ခဏာ- ရေးသုံးတန် တင်၍ သုံးသပ်ဆင်ခြင်တတ်သော ပဋိသင်္ခါဉာဏ်ဖြင့် စင်စစ် သုံးသပ်ဆင်ခြင်အပ်ပြီ''ဟူ၍ လည်းကောင်း၊ ၈။ ''လျစ်လျူရှုအပ်သော သင်္ခါရတရားကိုသာလျှင် သင်္ခါရတရားတို့၌ လျစ်လျူ ရှုတတ်သော သင်္ခါရုပေက္ခာ- ဉာဏ်သည် စင်စစ် လျစ်လျူ ရှုအပ်ပြီ''ဟူ၍လည်းကောင်း ---- မဆိုသော်လည်း အနက်သဘောကျရောက်သော အတ္ထာပတ္တိနည်းအားဖြင့် ဆိုဘိသကဲ့သို့ ဤရှစ်မျိုးသော ဉာဏ်တို့၏ မဖောက်မပြန် မှန်သော ကိစ္စရှိသည်၏ အဖြစ်အားဖြင့်လည်း လျော်၏၊ အထက်ဖြစ်သော အရိယမဂ် ခဏ၌ (၃၇)ပါးသော ဗောဓိပက္ခိယတရားတို့၏ မဖောက်မပြန် မှန်သော ကိစ္စရှိသည်၏ အဖြစ်အားဖြင့်လည်း လျော်၏။ (ထိုကိစ္စကား သစ္စာလေးပါးကို မေ့လျော့ခြင်း = သမ္မောသ စသော ဆန့်ကျင်ဘက်တရားကို ပယ်- ဖျောက်ခြင်း ကိစ္စတည်း။) အဘယ်ကြောင့်နည်းဟူမူ ----- ထိုအနုလောမဉာဏ်၏ ရုန့်ရင်း ရုန့်ရင်းသော သစ္စာ
七、‘审察智把本来应当重新置于三相下审察的诸行置于三相下,确实已经审察。’八、‘行舍智对本来应当中舍观待的诸行,确实已经中舍观待。’虽然没有逐句明说,依意义自然含摄的义至理,这样就随顺八智如实无误的作用;它也随顺随后圣道刹那三十七菩提分法如实无误的作用。〔这种作用,就是排除忘失四谛等对立法。〕为什么呢?因为随顺智是由修行而达成的;这种修行能排除粗重的、覆盖四——
လေးပါးကို ဖုံးလွှမ်းထားတတ်သော သံကိလေသ အညစ်အကြေးကို ပယ်ခွာခြင်း ပဋိပတ်ဖြင့် ရောက်အပ်- သည်၏ အဖြစ်ကြောင့်တည်း။ မှန်ပေသည် ----- အနုလောမဉာဏ်သည် ထိုကဲ့သို့သော အခြင်းအရာအားဖြင့် မဖြစ်ခဲ့သော် ဂေါတြဘုဉာဏ်သည် နိဗ္ဗာန်ကို အာရုံပြုခြင်းငှာ မစွမ်းနိုင်ပေ။ ဂေါတြဘုဉာဏ်သည်မူလည်း မဖြစ်လတ်သော် အရိယမဂ်ဉာဏ်သည် နိဗ္ဗာန်ကို အာရုံပြု၍ မဖြစ်ပေါ်လာနိုင်ဟု သိရှိပါလေ။ ထိုသို့လျှင် အောက်ဖြစ်သော ဉာဏ် (၈)ပါးတို့အား လျော်ခြင်းကို အဦးမူသဖြင့် အထက်ဖြစ်သော အရိယမဂ်၌ ဖြစ်ပေါ်- လာမည့် ဗောဓိပက္ခိယတရား (၃၇)ပါးတို့အား လျော်ခြင်းကြောင့်ပင်လျှင် မဂ္ဂသစ္စာအား လျော်စွာ ဖြစ်သည်၏ အဖြစ်ကြောင့် ဤအနုလောမဉာဏ်ကို သစ္စာနုလောမိကဉာဏ်ဟူ၍ ခေါ်ဆိုအပ်ပေသည်။
——谛的杂染。确实,随顺智若不这样生起,种姓智就不能以涅槃为所缘;种姓智若不生起,圣道智也不能缘取涅槃而生。应当这样理解。由于它首先随顺下位八智,又随顺上位圣道中将生起的三十七菩提分法,所以也就随顺道谛;因此,这一随顺智称为谛随顺智。
(ဝိသုဒ္ဓိ-၂-၃ဝ၈-၃ဝ၉။ မဟာဋီ-၂-၄၇၉-၄၈ဝ။)
(《清净道论》2-308—309;《大复注》2-479—480。)
原书第 437 页
ဝုဋ္ဌာနဂါမိနီ ဝိပဿနာ၏ အမည်များ
趣向出起观的名称
တဥှိ ဝိသေသတော ဝုဋ္ဌာနံ အရိယမဂ္ဂံ ဂစ္ဆတိ ဥပေတီတိ ဝုဋ္ဌာနဂါမိနီတိ ဝတ္တဗ္ဗတံ လဘတိ။
巴利复注引文(缅文字体):‘တဥှိ ဝိသေသတော ဝုဋ္ဌာနံ အရိယမဂ္ဂံ ဂစ္ဆတိ ဥပေတီတိ ဝုဋ္ဌာနဂါမိနီတိ ဝတ္တဗ္ဗတံ လဘတိ။’译:‘因为它特别趋向、接近名为出起的圣道,所以获得“趣向出起”这一称名。’
(မဟာဋီ-၂-၄၈၁။)
(《大复注》2-481。)
သဗ္ဗေန သဗ္ဗံ ပန ဂေါတြဘုဉာဏံ ဝုဋ္ဌာနဂါမိနိယာ ဝိပဿနာယ ပရိယောသာနံ။ (ဝိသုဒ္ဓိ-၂-၃ဝ၉။) ဤ အနုလောမဉာဏ်သည်သာလျှင် သင်္ခတတရား = သင်္ခါရတရားလျှင် အာရုံရှိသော အရိယမဂ်သို့ ချဥ်းကပ်သော ဝုဋ္ဌာနဂါမိနီ ဝိပဿနာ၏ နယ်ဆုံး ဖြစ်၏။ အကယ်စင်စစ်မှာမူကား အချင်းခပ်သိမ်း ဂေါတြဘု- ဉာဏ်သည် ဝုဋ္ဌာနဂါမိနီ ဝိပဿနာ၏ အဆုံး ဖြစ်၏။ (ဝိသုဒ္ဓိ-၂-၃ဝ၉။) အရိယမဂ်သည် နိမိတ္တနှင့် ပဝတ္တမှ ထသောကြောင့် ဝုဋ္ဌာန အမည်ရ၏။ ထိုဂေါတြဘုဉာဏ်သည် အထူးသဖြင့် ဝုဋ္ဌာနအမည်ရသော အရိယမဂ်သို့ သွားတတ် ချဥ်းကပ်တတ်သောကြောင့် ဝုဋ္ဌာနဂါမိနီဟူ၍ ဆိုသင့် ဆိုထိုက်သည်၏ အဖြစ်ကို ရရှိပေ၏။ ထို့ကြောင့် သင်္ခတတရား = သင်္ခါရတရားကို အာရုံပြုသော ဝုဋ္ဌာနဂါမိနီ ဝိပဿနာ၏ အဆုံးကား အနုလောမဉာဏ်တည်း။ နိဗ္ဗာန်ကို အာရုံပြုသော ဝုဋ္ဌာနဂါမိနီဝိပဿနာ၏ အဆုံးကား ဂေါတြဘုဉာဏ်တည်း။ ထို့ကြောင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာအလိုအားဖြင့် ဂေါတြဘုဉာဏ်သည်လည်း ဝုဋ္ဌာနဂါမိနီ
巴利义注引文(缅文字体):‘သဗ္ဗေန သဗ္ဗံ ပန ဂေါတြဘုဉာဏံ ဝုဋ္ဌာနဂါမိနိယာ ဝိပဿနာယ ပရိယောသာနံ။ (ဝိသုဒ္ဓိ-၂-၃ဝ၉။)’译:‘总而言之,种姓智是趣向出起观的终点。’(《清净道论》2-309。)随顺智是以有为法、行法为所缘而趋近圣道的趣向出起观之终点;但总的来说,种姓智才是趣向出起观的终点。圣道由于从相与转起出起,所以称为‘出起’;种姓智特别趋向、接近称为出起的圣道,因此适合称为趣向出起。故以有为法、行法为所缘的趣向出起观,其终点是随顺智;以涅槃为所缘的趣向出起观,其终点是种姓智。依《清净道论义注》,种姓智也摄在趣向出起——
ဝိပဿနာတွင်ပင် အကျုံးဝင်သည်ဟု မှတ်ပါ။
——观之中,应当这样记住。
ထို ဝုဋ္ဌာနဂါမိနီ ဝိပဿနာကို ထိုထိုသုတ္တန်တို့၌ ပရိယာယ် အမျိုးမျိုးဖြင့် ဟောကြားထားတော်မူခဲ့၏၊ ယခုအခါ၌ ထိုထို ဝုဋ္ဌာနဂါမိနီ ဝိပဿနာ၌သာလျှင် ထိုထိုသုတ္တန်တို့၌ ပရိယာယ် အမျိုးမျိုးဖြင့် လာရှိရာဝယ် မတွေမဝေစိမ့်သောငှာ အသိဉာဏ် မရှုပ်ထွေးစိမ့်သောငှာ ဤဆိုလတ္တံ့သော ထိုထိုသုတ္တန်တို့အား လျော်စွာ စေ့စပ်နှီးနှောခြင်းကို သိရှိပါလေ။
诸经以种种间接称名说到这种趣向出起观。现在,为使人遇见诸经中的这些不同名称时不致疑惑、混淆,应当依相应经文,理解下面的会通说明。
၁။ အတမ္မယတာ
一、不由彼所成(atammayatā)
အတမ္မယတံ ဘိက္ခဝေ နိဿာယ အတမ္မယတံ အာဂမ္မ ယာယံ ဥပေက္ခာ ဧကတ္တာ ဧကတ္တသိတာ၊ တံ ပဇဟထ တံ သမတိက္ကမထ။ (မ-၃-၂၆၃။) ဤ ဝုဋ္ဌာနဂါမိနီ ဝိပဿနာကို သဠာယတနဝိဘင်္ဂသုတ်၌ ----- ''ရဟန်းတို့ …တဏှာ၏ ဆန့်ကျင်ဘက်ဖြစ်သော ဝုဋ္ဌာနဂါမိနီဝိပဿနာကို အမှီပြု အခြေပြု၍ ပွားစေ၍ တဏှာ၏ ဆန့်ကျင်ဘက်ဖြစ်သော ဝုဋ္ဌာနဂါမိနီဝိပဿနာကို အစွဲပြု၍ အကြောင်းပြု၍ အကြင် အရူပါဝစရ စိတ္တုပ္ပါဒ် = အရူပါဝစရ စိတ်စေတသိက်၌ အတွင်းဝင်သော အရူပါဝစရစိတ်နှင့် ယှဥ်သော ဥပေက္ခာဝေဒနာ ဟူသော ဝေဒနုပေက္ခာ၊ ထိုအရူပါဝစရ စိတ်စေတသိက် = နာမ်တရားစုကို အာရုံပြု၍ ဝိပဿနာရှုနေသော ဝိပဿနာဉာဏ်ပညာဟူသော ဝိပဿနုပေက္ခာသည် တစ်ခုတည်းသော တူသော သဘောလည်း ရှိသောကြောင့်၊ တစ်ခုတည်းသော တူသော အာရုံလည်း ရှိသောကြောင့် ဧကတ္တ မည်၏၊ တစ်ခုတည်းသော တူသောသဘော ရှိသော အာရုံကို မှီသောကြောင့် အာရုံပြုသောကြောင့် ဧကတ္တသိတလည်း မည်၏။ ထိုဧကတ္တ၊ ဧကတ္တသိတ
巴利经文(缅文字体):‘အတမ္မယတံ ဘိက္ခဝေ နိဿာယ အတမ္မယတံ အာဂမ္မ ယာယံ ဥပေက္ခာ ဧကတ္တာ ဧကတ္တသိတာ၊ တံ ပဇဟထ တံ သမတိက္ကမထ။ (မ-၃-၂၆၃။)’译:‘诸比丘,依止不由彼所成,来到不由彼所成;那种一性、依一性之舍,你们应当舍断,应当超越。’(《中部》3-263。)《六处分别经》以如下方式把趣向出起观称为不由彼所成,即与爱相反的观:‘诸比丘,依止、修习与爱相反的趣向出起观,以它为因;无色界心所生起、与无色界心相应的舍受,以及以这一无色界心所名法聚为所缘而修观的观慧——观舍——由于具有同一性质和同类所缘,称为一性;由于依止、缘取同一性质的所缘,又称为依一性。这种一性、依一性——
ဥပေက္ခာကို ယင်းဧကတ္တ ဧကတ္တသိတဥပေက္ခာကို အာရုံပြု၍ ဖြစ်ပေါ်လာသော ကိလေသာကို ပယ်သော အားဖြင့် ပယ်စွန့်ကြကုန်လော၊ ထိုဥပေက္ခာကို လွန်မြောက်နိုင်အောင် ကြိုးစား၍ ကျင့်ကြကုန်လော'' ဟု အတမ္မယတာ = တဏှာ၏ ဆန့်ကျင်ဘက်ဖြစ်သော ဝိပဿနာဟု ဟောတော်မူ၏။ (ဝိသုဒ္ဓိ-၂-၃ဝ၉-၃၁ဝ။)
——之舍,以及缘取它而生的烦恼,你们应以断除烦恼的方式舍断;应当修行以超越这种舍。’在这里,佛陀把不由彼所成解释为与爱相反的观。(《清净道论》2-309—310。)
原书第 438 页
အတမ္မယတာ = အကြင်ဝိပဿနာ၏ အရှုခံအာရုံ ဖြစ်သော လောကီ သင်္ခါရတရားတို့ကို အာရုံပြု၍ အနုလောမဉာဏ်အဆုံးရှိသော ဝုဋ္ဌာနဂါမိနီဝိပဿနာသည် ဖြစ်ပေါ်လာ၏၊ ထိုဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်သော သင်္ခါရတရားတို့ကို မှီ၍ ဖြစ်သော ထိုဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သော သင်္ခါရတရားတို့နှင့် ဆက်စပ်လျက် ရှိသော ထိုဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်သော သင်္ခါရတရားတို့ကို တပ်မက်သော တဏှာ- သည် ထိုဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်သော သင်္ခါရတရားတို့နှင့် ကင်း၍ မဖြစ်ခြင်းကြောင့် တမ္မယာ မည်၏၊ တမ္မယာသည်ပင်လျှင် တမ္မယတာ မည်၏။
所谓不由彼所成:以世间诸行为所缘、以随顺智为终点的趣向出起观会生起。依止并关联这些作为观智所缘的行,对这些行起贪着的爱,不离这些行便不能生起,所以称为‘由彼所成’(tammayā);由彼所成也称为‘由彼所成性’(tammayatā)。
တစ်နည်း ----- တဏှာနှင့် ယှဥ်ဖက်သမ္ပယုတ် ဖြစ်ကုန်သော လောဘမူ နာမက္ခန္ဓာတို့သည် တမ္မယာ မည်ကုန်၏၊ ထိုလောဘမူ နာမက္ခန္ဓာတို့၏ ဖြစ်ကြောင်းသဘောတရားသည် တမ္မယတာ မည်၏။ ထိုလောဘမူ နာမက္ခန္ဓာတို့၏ ဖြစ်ကြောင်းသဘောတရားဟူသည်မှာလည်း ထိုတဏှာပင်တည်း။ ထိုတဏှာ၏ ဆန့်ကျင်ဘက် ဖြစ်သော = သင်္ခါရတရားတို့အပေါ်၌ တွယ်တာနေသည့် ထိုတဏှာကို ပယ်ခွာနိုင်သော ဝုဋ္ဌာနဂါမိနီဝိပဿနာ- သည် အတမ္မယတာ မည်၏။ ထိုကြောင့် မဇ္စျိမနိကာယ် အဋ္ဌကထာ၌ အောက်ပါအတိုင်း ဖွင့်ဆိုထားတော်မူ၏။
另一种解释是:与爱相应的贪根名蕴称为‘由彼所成’;令这些贪根名蕴生起的因性,称为‘由彼所成性’,而这种因性就是爱。趣向出起观与爱相反,能够排除执著诸行的爱,所以称为‘不由彼所成’(atammayatā)。因此,《中部义注》作如下解释:
တမ္မယတာ နာမ တဏှာ၊ တဿာ ပရိယာဒိယနတော ဝုဋ္ဌာနဂါမိနီ ဝိပဿနာ အတမ္မယတာတိ ဝုစ္စတိ။
巴利义注引文(缅文字体):‘တမ္မယတာ နာမ တဏှာ၊ တဿာ ပရိယာဒိယနတော ဝုဋ္ဌာနဂါမိနီ ဝိပဿနာ အတမ္မယတာတိ ဝုစ္စတိ။’译:‘所谓由彼所成性,就是爱;由于能使这种爱穷尽,趣向出起观称为不由彼所成。’
(မ-ဋ္ဌ-၄-၁၈၉။)
(《中部义注》4-189。)
တမ္မယတာမည်သည်ကား တဏှာတည်း၊ ထိုတဏှာကို ကုန်စေတတ်သောကြောင့် ဝုဋ္ဌာနဂါမိနီ ဝိပဿနာကို အတမ္မယတာဟူ၍ ခေါ်ဆိုအပ်၏။ (မ-ဋ္ဌ-၄-၁၈၉။) (မဟာဋီ-၂-၄၈၁။) ဧကတ္တ - ဧကတ္တသိတာ ----- ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ ဟူသော အာရုံ ငါးပါးတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဥပေက္ခာဝေဒနာကား အမျိုးမျိုးရှိ၏။ (ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော၊ တဒါရုံ စသည်တို့၌ ဥပေက္ခာဝေဒနာများသည် ထိုက်သလို ယှဥ်နိုင်သဖြင့် ဥပေက္ခာ ဝေဒနာ အမျိုးမျိုးရှိ၏ဟု ဆိုခြင်းဖြစ်သည်။) ထိုကြောင့် နာနတ္တ ဖြစ်၏။ အာရုံကလည်း (၅)မျိုးရှိသဖြင့် အထူးထူး သော အာရုံကို မှီနေ၏၊ အာရုံပြုနေ၏။ ထိုကြောင့် နာနတ္တသိတ ဖြစ်၏။ ထိုနာနတ္တ နာနတ္တသိတ ဖြစ်သော ဥပေက္ခာကို သို့မဟုတ် ယင်းဥပေက္ခာနှင့်တကွသော နာမ်တရားစုကို ဝိပဿနာရှုနေသော ဝိပဿနာပညာကို
‘由彼所成性’就是爱;因为能使这种爱穷尽,所以趣向出起观称为‘不由彼所成’。(《中部义注》4-189;《大复注》2-481。)所谓一性、依一性:以色、声、香、味、触五所缘为所缘而生起的舍受有许多种。〔舍受可随其所应与五门转向、眼识、领受、推度、确定、速行、彼所缘等相应,故说有多种。〕因此称为多样;所缘也有五种,所以依止、缘取多样的所缘,称为依多样。观照这种多样、依多样的舍,或观照与舍俱生的名法聚的观慧——
အထူးသဖြင့် သင်္ခါရုပေက္ခာပညာကို ဝိပဿနုပေက္ခာဟူ၍ သိရှိပါလေ။
——尤其是行舍慧,应知称为观舍。
အာကာသာနဉ္စာယတနစျာန်စိတ်၊ ဝိညာဏဉ္စာယတနစျာန်စိတ်၊ အာကိဉ္စညာယတနစျာန်စိတ်၊ နေဝသ- ညာနာသညာယတနစျာန်စိတ်ဟူသော အရူပါဝစရ စိတ်စေတသိက်၌ အကျုံးဝင်သော ဥပေက္ခာဝေဒနာသည် တူသောသဘော ရှိသောကြောင့်လည်းကောင်း၊ တူသောအာရုံ ရှိသောကြောင့်လည်းကောင်း ဧကတ္တ မည်၏။
空无边处禅心、识无边处禅心、无所有处禅心、非想非非想处禅心所摄的无色界心、心所,其中的舍受由于具有同一性质与同类所缘,称为一性。
တူသောသဘော ရှိသော အာရုံကို မှီသောကြောင့် အာရုံပြုသောကြောင့် ဧကတ္တသိတာ မည်၏။ ထို ဧကတ္တ ဧကတ္တသိတဖြစ်သော ဥပေက္ခာဝေဒနာနှင့် တကွသော အရူပါဝစရစျာန်တို့ကို ဝိပဿနာရှုနေသော ဝိပဿနာ ပညာဟူသော ဝိပဿနုပေက္ခာသည်လည်း ဧကတ္တ ဧကတ္တသိတ မည်၏။ ထိုဧကတ္တ ဧကတ္တသိတ အမည်ရသော သင်္ခါရတရားစုတို့ကို အာရုံပြု၍ တွယ်တာတပ်မက်နေသော တဏှာတရားကို ယင်းသင်္ခါရတရားတို့ကို ဝိပဿနာ ရှုလျက် ပယ်စွန့်ပါဟု ဆိုလိုသည်။ ယင်း တဏှာကို ပယ်စွန့်နိုင်သော ကုန်စေတတ်သော ဝုဋ္ဌာနဂါမိနီ ဝိပဿနာကို အတမ္မယတာဟူ၍ ဟောကြားတော်မူသည်။
因为依止、缘取具有同一性质的所缘,所以称为依一性。观照这些与一性、依一性舍受俱生的无色界禅的观慧——观舍——也称为一性、依一性。经文的意思是:应当通过观照,舍断缘取这些名为一性、依一性的行法聚而执著贪恋的爱。佛陀把能够舍断、穷尽这种爱的趣向出起观称为不由彼所成。
原书第 439 页
၂။ နိဗ္ဗိဒါ
二、厌离(nibbidā)
နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ၊ ဝိရာဂါ ဝိမုစ္စတိ။ (မ-၁-၁၉၂။) ငြီးငွေ့သည်ဖြစ်၍ တပ်မက်ခြင်း ကင်း၏၊ တပ်မက်ခြင်း ကင်းခြင်းကြောင့် ကိလေသာမှ လွတ်၏။
巴利经文(缅文字体):‘နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ၊ ဝိရာဂါ ဝိမုစ္စတိ။ (မ-၁-၁၉၂။)’译:‘厌离时离贪;由于离贪而解脱。’(《中部》1-192。)
(မ-၁-၁၉၂။)
(《中部》1-192。)
ဤ အလဂဒ္ဒသုတ္တန်၌ ဤဝုဋ္ဌာနဂါမိနီဝိပဿနာကို နိဗ္ဗိဒါဟူ၍ ဟောကြားထားတော်မူ၏။ ထိုသုတ္တန်၌- ၁။ နိဗ္ဗိန္ဒံ - ဖြင့် ဝုဋ္ဌာနဂါမိနီဝိပဿနာကို၊ ၂။ ဝိရဇ္ဇတိ = တပ်မက်ခြင်းကင်း၏- ဟူသော စကားရပ်ဖြင့် မဂ်ကိစ္စကို၊ ၃။ ဝိမုစ္စတိ = ကိလေသာမှ လွတ်မြောက်၏ဟူသော စကားရပ်ဖြင့် ဖိုလ်ကိစ္စကို အသီးအသီး ဟောတော်မူ၏ ဟု မှတ်ပါ။ (မဟာဋီ-၂-၄၈၁။)
《蛇喻经》把趣向出起观称为厌离。在该经中应当这样理解:一、‘厌离’一语说明趣向出起观;二、‘离贪’一语说明圣道的作用;三、‘解脱烦恼’一语说明圣果的作用。(《大复注》2-481。)
၃။ ဓမ္မဋ္ဌိတိဉာဏ်
三、法住智(dhammaṭṭhitiñāṇa)
ပုဗ္ဗေ ခေါ သုသိမ ဓမ္မဋ္ဌိတိဉာဏံ၊ ပစ္ဆာ နိဗ္ဗာနေ ဉာဏံ။ (သံ-၁-၃၄၄။) သုသိမ …သင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာ၌ ကောင်းစွာ တည်သော ဓမ္မဋ္ဌိတိအမည်ရသော ဝိပဿနာဉာဏ်သည် ရှေးမဆွကပင် ဖြစ်၏၊ နိဗ္ဗာန်တရားတော်မြတ်၌ အာရုံပြုသော အရိယမဂ်ဉာဏ်သည် နောက်ကာလ၌ ဖြစ်၏။ (သံ-၁-၃၄၄။) ဤသို့လျှင် ဤသုသိမသုတ္တန်၌ ဤဝုဋ္ဌာနဂါမိနီ ဝိပဿနာကို ဓမ္မဋ္ဌိတိဉာဏ်ဟူ၍ ဟောကြားထားတော် မူ၏။ အဘယ်ကြောင့်နည်းဟူမူ ----- ဤဝုဋ္ဌာနဂါမိနီ ဝိပဿနာသည် ဓမ္မဋ္ဌိတိ အမည်ရသော ကြောင်း-ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရား၌ မတွေဝေသည်၏ အစွမ်းအားဖြင့် ဖြစ်သောကြောင့်တည်း။
巴利经文(缅文字体):‘ပုဗ္ဗေ ခေါ သုသိမ ဓမ္မဋ္ဌိတိဉာဏံ၊ ပစ္ဆာ နိဗ္ဗာနေ ဉာဏံ။ (သံ-၁-၃၄၄။)’译:‘苏尸摩,先有法住智,后有涅槃智。’(《相应部》1-344。)也就是说:善住于诸行无常、苦、无我行相、名为法住的观智先生起;以涅槃为所缘的圣道智后生起。《苏尸摩经》就这样把趣向出起观称为法住智。为什么呢?因为趣向出起观对名为法住的因果关联——缘起法——不迷惑而生起。
(ဝိသုဒ္ဓိ-၂-၃၁ဝ။ မဟာဋီ-၂-၄၈၂။)
(《清净道论》2-310;《大复注》2-482。)
ဓမ္မဋ္ဌိတိဉာဏန္တိ ပစ္စယာကာရေ ဉာဏံ။ ပစ္စယာကာရော ဟိ ဓမ္မာနံ ပဝတ္တိဋ္ဌိတိကာရဏတ္တာ ဓမ္မဋ္ဌိတီတိ ဝုစ္စတိ၊ ဧတ္ထ ဉာဏံ ဓမ္မဋ္ဌိတိဉာဏံ၊ ဧတဿေဝ ဆဗ္ဗိဓဿ ဉာဏဿေတံ အဓိဝစနံ။
巴利义注引文(缅文字体):‘ဓမ္မဋ္ဌိတိဉာဏန္တိ ပစ္စယာကာရေ ဉာဏံ။ ပစ္စယာကာရော ဟိ ဓမ္မာနံ ပဝတ္တိဋ္ဌိတိကာရဏတ္တာ ဓမ္မဋ္ဌိတီတိ ဝုစ္စတိ၊ ဧတ္ထ ဉာဏံ ဓမ္မဋ္ဌိတိဉာဏံ၊ ဧတဿေဝ ဆဗ္ဗိဓဿ ဉာဏဿေတံ အဓိဝစနံ။’译:‘所谓法住智,就是对于缘行相之智。缘行相是诸法流转、住立之因,所以称为法住;对此之智就是法住智。这一名称正是六种智的通称。’
(သံ-ဋ္ဌ-၂-၆၃။ ဒုတိယဉာဏဝတ္ထုသုတ်။)
(《相应部义注》2-63;《第二智事经》。)
အကျိုးတရားမှန်သမျှသည် အကြောင်းတရားနှင့်သာ ဆက်စပ်လျက် ဖြစ်ရိုးဓမ္မတာ ရှိ၏၊ အကျိုးတရား- သည် ထိုသို့ အကြောင်းတရားနှင့် ဆက်စပ်၍ ဖြစ်ခြင်းသဘော ရှိခြင်းကြောင့် ထိုအကြောင်းတရား၌ ရပ်တည် နေရကား အကျိုး (= ရုပ်နာမ်)တရား၏ တည်ရာ အကြောင်းတရားကို ဌိတိဟု ခေါ်ဆို၏။ ခဏတ္တယသင်္မဂီ = ဥပါဒ်-ဌီ-ဘင်-ဟူသော ခဏသုံးပါးအပေါင်းနှင့် ပြည့်စုံသော အကျိုး သင်္ခတရုပ်နာမ်ဓမ္မ၏ တည်ရာ အကြောင်း တရား ဌိတိသည် ဓမ္မဋ္ဌိတိ မည်၏။ တစ်နည်းကား ----- ဓမ္မဟူသည် အကြောင်းတရားတည်း။ ယင်းအကြောင်း ဓမ္မ၏ အကြင်တည်ရှိနေမှု သဘောတရားသည် ရှိ၏၊ ထိုတည်ရှိနေမှု သဘောတရားသည်ပင်လျှင် ဓမ္မ = အကြောင်းတရားမှ တစ်ပါး အခြား တစ်စုံတစ်ရာ မရှိခြင်းကြောင့် ဓမ္မဋ္ဌိတိ မည်၏။ တည်ရှိနေသော အကြောင်း တရားဟု ဆိုလိုသည်။ ထိုအကျိုး ရုပ်နာမ်ဓမ္မ၏ တည်ရာ အကြောင်းတရား၌ သိသော ဉာဏ်သည်၊ တစ်နည်း
一切果法依因法而生,这是固定法则。果法以这种方式依因而生,故说它住立于因;因此,作为果法——色名——住处的因法称为‘住’。具足生、住、灭三刹那的有为色名果法,其所依住的因称为法住。另一说,‘法’就是因法;因法的这种住立性并不是因法以外的另一种事物,所以称为法住,意思是住立着的因法。能知作为果色名法所依处的因法之智;换言之,能知住立因法之智——
တည်ရှိနေသော အကြောင်းတရားကို သိသော ဉာဏ်သည် ဓမ္မဋ္ဌိတိဉာဏ် မည်၏။ ထို့ကြောင့် ဓမ္မဋ္ဌိတိဉာဏ် ဟူသည် ပစ္စယာကာရ အမည်ရသော အကြောင်းတရားနှင့် အကျိုးတရားတို့၏ ကြောင်း-ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရား၌ သိသော ဉာဏ်တည်းဟု အဋ္ဌကထာက ဖွင့်ဆိုခြင်း ဖြစ်သည်။ မှန်ပေသည် ---
——称为法住智。因此义注解释:法住智就是了知名为缘行相的因果关联——缘起法——之智。确实——
原书第 440 页
ပစ္စယာကာရ အမည်ရသော အကြောင်းတရားနှင့် အကျိုးတရားတို့၏ ကြောင်း-ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားသည် အကျိုး ပစ္စယုပ္ပန်တရား ဖြစ်ကြကုန်သော ရုပ်နာမ်ဓမ္မ သင်္ခတတရားတို့၏ ဥပါဒ်-ဌီ-ဘင်- အနေအားဖြင့် ရှေ့နောက် အစဥ်မပြတ် အယဥ်မပြတ် ဖြစ်၍နေခြင်း ပဝတ္တိဟု ခေါ်ဆိုအပ်သော တည်နေရမှု ဌိတိတရား၏ အကြောင်းတရား ဖြစ်သောကြောင့် ဓမ္မဋ္ဌိတိဟူ၍ ခေါ်ဆိုအပ်၏။ ဤဓမ္မဋ္ဌိတိ၌ သိသော ဉာဏ်- သည် ဓမ္မဋ္ဌိတိဉာဏ် မည်၏၊ ထို့ကြောင့် ----- ပစ္စယပရိဂ္ဂဟေ ပညာ ဓမ္မဋ္ဌိတိဉာဏံ။ (ပဋိသံ-၁။) အကြောင်းတရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြား၍ ယူခြင်း၌ ဖြစ်သော ပညာသည် ဓမ္မဋ္ဌိတိဉာဏ် မည်၏။
——名为缘行相的缘起法,是缘所生果法——有为色名诸法——依生、住、灭相续不断流转、住立的原因,所以称为法住。了知这种法住之智,称为法住智。故尊者舍利弗开示:巴利原文(缅文字体):‘ပစ္စယပရိဂ္ဂဟေ ပညာ ဓမ္မဋ္ဌိတိဉာဏံ။ (ပဋိသံ-၁။)’译:‘摄受诸缘时生起的慧,称为法住智。’(《无碍解道》1。)
(ပဋိသံ-၁။)
(《无碍解道》1。)
ဤသို့လျှင် အရှင်သာရိပုတ္တကိုယ်တော်မြတ်ကြီးသည် ဟောကြားထားတော်မူ၏။ ဤဓမ္မဋ္ဌိတိဉာဏ်ဟူသော အမည်သည် ----- ၁။ ပစ္စုပ္ပန်၌လည်း အဝိဇ္ဇာ ဖြစ်ခြင်းကြောင်း သင်္ခါရ ဖြစ်၏ဟု သိသောဉာဏ်၊ ၂။ အဝိဇ္ဇာ ထင်ရှားမရှိခြင်းကြောင့် သင်္ခါရ ထင်ရှားမရှိဟု = အဝိဇ္ဇာ ချုပ်ခြင်းကြောင့် သင်္ခါရ ချုပ်၏ဟု သိသောဉာဏ်၊ ၃။ အတိတ်ကာလ၌လည်း အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် သင်္ခါရ ဖြစ်၏ဟု သိသောဉာဏ်၊ ၄။ အဝိဇ္ဇာ ထင်ရှားမရှိခြင်းကြောင့် သင်္ခါရ ထင်ရှားမရှိဟု = အဝိဇ္ဇာ ချုပ်ခြင်းကြောင့် သင်္ခါရ ချုပ်၏ဟု သိသောဉာဏ်၊ ၅။ အနာဂတ်ကာလ၌လည်း အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် သင်္ခါရ ဖြစ်၏ဟု သိသောဉာဏ်၊ ၆။ အဝိဇ္ဇာ ထင်ရှားမရှိခြင်းကြောင့် သင်္ခါရ ထင်ရှားမရှိဟု = အဝိဇ္ဇာ ချုပ်ခြင်းကြောင့် သင်္ခါရ ချုပ်၏ဟု သိသော ဉာဏ် ----- ဤသို့လျှင် အဝိဇ္ဇာပစ္စယာ သင်္ခါရာ၌ (၆)မျိုးသော ဉာဏ်၊ သင်္ခါရပစ္စယာ ဝိညာဏံ စသည်၌လည်း
法住智是下列六种智的名称:一、知‘现在由于无明生起,行生起’之智;二、知‘由于无明不现起,行不现起’,也就是‘由于无明灭,行灭’之智;三、知‘过去由于无明生起,行生起’之智;四、知‘由于无明不现起,行不现起’,也就是‘由于无明灭,行灭’之智;五、知‘未来由于无明生起,行生起’之智;六、知‘由于无明不现起,行不现起’,也就是‘由于无明灭,行灭’之智。这样,在‘无明缘行’中有六种智;在‘行缘识’等各支中——
အလားတူပင် (၆)မျိုးစီသော ဉာဏ်၏အမည် ဖြစ်ပေသည်။ အတိတ် ပစ္စုပ္ပန် အနာဂတ်ဟူသော ကာလသုံးပါးဖြင့် သိမ်းကျုံးရေတွက်အပ်သော ပဋိစ္စသမုပ္ပါဒ်သဘောတရား၌ အနွယ - ဗျတိရေက = ဖြစ်ပုံ-ချုပ်ပုံ၏ အစွမ်းဖြင့် ဖြစ်သော (၆)မျိုးသော ဉာဏ်တည်း။
——也同样各有六种智。它们是对过去、现在、未来三时所摄的缘起法,依随顺与逆反,也就是依生起与息灭而生起的六种智。
ဤဝုဋ္ဌာနဂါမိနီ ဝိပဿနာကား ယင်း (၆)မျိုးသော ဉာဏ်ကိုပင် တစ်ဖန်ပြန်၍ လက္ခဏာရေးသုံးတန်ကို တင်ကာ ဝိပဿနာရှုသော ရှုနိုင်သော ဉာဏ်ဖြစ်သဖြင့် ပဋိစ္စသမုပ္ပါဒ်သဘောတရား၌ မတွေမဝေသောအားဖြင့် ဖြစ်၏၊ ထို့ကြောင့် ဤဝုဋ္ဌာနဂါမိနီ ဝိပဿနာကို ဓမ္မဋ္ဌိတိဉာဏ်ဟူ၍ ခေါ်ဆိုပေသည်။ (မဟာဋီ-၂-၄၈၂။) ဓမ္မဋ္ဌိတိဉာဏန္တိ ဝိပဿနာဉာဏံ၊ တံ ပဌမတရံ ဥပ္ပဇ္ဇတိ။ (သံ-ဋ္ဌ-၂-၁၁၇။) ဓမ္မာနံ ဌိတတာ တံသဘာဝတာ ဓမ္မဋ္ဌိတိ၊ အနိစ္စဒုက္ခာနတ္တတာ၊ တတ္ထ ဉာဏံ ဓမ္မဋ္ဌိတိဉာဏန္တိ အာဟ ''ဝိပဿနာဉာဏ''န္တိ။ (သံ-ဋီ-၂-၁၂၄။) ဤအဖွင့်များ အလိုသော် ရုပ်နာမ် ပရမတ္ထဓမ္မတို့၏ အနိစ္စအနေအထား ဒုက္ခအနေအထား အနတ္တအနေ အထားအားဖြင့် တည်နေခြင်း၌ သိသော ဝိပဿနာဉာဏ်သည် ဓမ္မဋ္ဌိတိဉာဏ် မည်ပေသည်။ အနိစ္စ ဒုက္ခ အနတ္တအခြင်းအရာအားဖြင့် တည်နေသော ရုပ်နာမ် ပရမတ္ထဓမ္မ၌ အကြောင်း ရုပ်နာမ်၊ အကျိုး ရုပ်နာမ် အားလုံး
这种趣向出起观又能把这六种智置于三相下修观,所以对缘起法不迷惑;因此趣向出起观称为法住智。(《大复注》2-482。)巴利义注与复注引文(缅文字体):‘ဓမ္မဋ္ဌိတိဉာဏန္တိ ဝိပဿနာဉာဏံ၊ တံ ပဌမတရံ ဥပ္ပဇ္ဇတိ။ (သံ-ဋ္ဌ-၂-၁၁၇။) ဓမ္မာနံ ဌိတတာ တံသဘာဝတာ ဓမ္မဋ္ဌိတိ၊ အနိစ္စဒုက္ခာနတ္တတာ၊ တတ္ထ ဉာဏံ ဓမ္မဋ္ဌိတိဉာဏန္တိ အာဟ ''ဝိပဿနာဉာဏ''န္တိ။ (သံ-ဋီ-၂-၁၂၄။)’译:‘所谓法住智,就是观智;它先生起。诸法依其自性而住,称为法住,也就是无常、苦、无我;对此之智称为法住智,所以说“观智”。’(《相应部义注》2-117;《相应部复注》2-124。)依这些解释,了知色名胜义法住于无常、苦、无我行相的观智,称为法住智。住于无常、苦、无我的色名胜义法中,因色名与果色名全都——
原书第 441 页
ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- အနုလောမဉာဏ်ခန်း ပါဝင်သည်သာ ဖြစ်သည်။ ထို အကြောင်း ရုပ်နာမ် အကျိုး ရုပ်နာမ် ပရမတ်တို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကို သိသော ဝိပဿနာဉာဏ်တို့တွင် ဤ ဝုဋ္ဌာနဂါမိနီ ဝိပဿနာဉာဏ်ကား ထိပ်ဆုံး ဖြစ်ပေ- သည်။ ထိုကြောင့် ဓမ္မဋ္ဌိတိ အမည်ရသော ဝုဋ္ဌာနဂါမိနီ ဝိပဿနာဉာဏ်က ရှေးကဖြစ်၍ ယင်းဝိပဿနာဉာဏ်၏ နောက်၌ ဝိပဿနာဉာဏ် လေ့ကျက်ပြီးသည်၏ အဆုံး၌ နိဗ္ဗာန်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော အရိယမဂ်- ဉာဏ်သည် ဖြစ်ပေါ်လာ၏ဟု သုသိမ ရဟန်းတော်အား ဘုရားရှင်သည် ဟောကြားတော်မူ၏။ (ဆိုလိုသည်မှာ နိဗ္ဗာန်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော အရိယမဂ်ဉာဏ်သည် ဝိပဿနာဉာဏ်၏ အကျိုးဆက်သာ ဖြစ်သည်၊ အဘိညာဏ်၏ အကျိုးဆက် မဟုတ် = သမာဓိ၏ အကျိုးဆက် မဟုတ် ဟူလိုသည်။)
——包括在内。在了知这些因色名、果色名胜义法之无常、苦、无我行相的观智中,趣向出起观智居于顶峰。所以佛陀对苏尸摩开示:名为法住的趣向出起观智先生起;此观智修习终了后,以涅槃为所缘的圣道智生起。〔意思是:缘取涅槃而生的圣道智,是观智的结果,不是神通智的结果,也不是定的结果。〕
၄။ သညဂ္ဂ
四、想顶(saññagga)
သညာ ခေါ ပေါဋ္ဌပါဒ ပဌမံ ဥပ္ပဇ္ဇတိ၊ ပစ္ဆာ ဉာဏံ။ (ဒီ-၁-၁၇၂။) ပေါဋ္ဌပါဒ …စင်စစ် သညာသည် ရှေးဦးစွာ ဖြစ်၏၊ နောက်၌ အရိယမဂ်ဉာဏ်သည် ဖြစ်၏။
巴利经文(缅文字体):‘သညာ ခေါ ပေါဋ္ဌပါဒ ပဌမံ ဥပ္ပဇ္ဇတိ၊ ပစ္ဆာ ဉာဏံ။ (ဒီ-၁-၁၇၂။)’译:‘波吒波陀,想确实先生起,随后圣道智生起。’(《长部》1-172。)
(ဒီ-၁-၁၇၂။)
(《长部》1-172。)
ဤသို့လျှင် ပေါဋ္ဌပါဒသုတ္တန်၌ ဤဝုဋ္ဌာနဂါမိနီ ဝိပဿနာကို သညဂ္ဂ ဟူ၍ ဟောတော်မူအပ်၏။
《波吒波陀经》就这样把趣向出起观称为想顶。
(ဝိသုဒ္ဓိ-၂-၃၁ဝ။)
(《清净道论》2-310。)
မူရင်း သုတ္တန်ပါဠိတော်၌ အထက်တွင် ရေးသားတင်ပြထားသည့်အတိုင်း ----- သညာ ခေါ ပေါဋ္ဌပါဒ စသည်ဖြင့် သညာဟူ၍သာလျှင် ဟောထားတော်မူ၏၊ သို့သော်လည်း သုတ္တန်ရှေ့ပိုင်း၌ အစဥ်သဖြင့် ''သညဂ္ဂံ ဖုသတိ = အထွတ်အမြတ်ဖြစ်သော ဝုဋ္ဌာနဂါမိနီ ဝိပဿနာနှင့် ယှဥ်သော သညာသို့ ရောက်ရှိ၏''ဟု ဟောကြား ထားတော်မူအပ်သည်၏ အဖြစ်ကြောင့် ''သညဂ္ဂ''ဟူ၍ အဋ္ဌကထာက ဖွင့်ဆိုခြင်းဖြစ်သည်။(မဟာဋီ-၂-၄၈၂။)
如上所引,原经巴利只说‘波吒波陀,想……’,只开示了‘想’;不过,经文前段曾说‘触及想顶(saññaggaṃ phusati)’,意思是到达与最上趣向出起观相应的想,所以义注解释为‘想顶’。(《大复注》2-482。)
၅။ ပါရိသုဒ္ဓိပဓာနိယင်္ဂ
五、清净精勤支(pārisuddhipadhāniyaṅga)
ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ ပါရိသုဒ္ဓိပဓာနိယင်္ဂံ။ (ဒီ-၃-၂၅၂။) = ပဋိပဒါဉာဏဒဿန ဝိသုဒ္ဓိသည် ပါရိသုဒ္ဓိ၏ ပြဓာန်းသော အကြောင်းအင်္ဂါ မည်၏။ (ဒီ-၂-၂၅၂။) ဤသို့လျှင် ဒသုတ္တရသုတ္တန်၌ ဤဝုဋ္ဌာနဂါမိနီ ဝိပဿနာကို ပါရိသုဒ္ဓိပဓာနိယင်္ဂ = ထက်ဝန်းကျင်မှ ကိလေသာ အညစ်အကြေးတို့၏ ကင်းဝေးစင်ကြယ်ခြင်း (= ပါရိသုဒ္ဓိ) ၏ ပြဓာန်းသော အကြောင်းအင်္ဂါဟု ဟောကြားထားတော်မူ၏။ (ဝိသုဒ္ဓိ-၂-၃၁ဝ။) ဝုဋ္ဌာနဂါမိနီ ဝိပဿနာသည် ပဋိပဒါဉာဏဒဿန ဝိသုဒ္ဓိ၏ တစ်စိတ်တစ်ဒေသ ဖြစ်၏။ ဥပက္ကိလေသ အညစ်အကြေးတို့မှ လွတ်မြောက်သော ဥဒယဗ္ဗယဉာဏ်ပိုင်းမှသည် ဝုဋ္ဌာနဂါမိနီ ဝိပဿနာသို့ တိုင်အောင်သော ဝိပဿနာဉာဏ် အားလုံးသည် ပဋိပဒါဉာဏဒဿန ဝိသုဒ္ဓိချည်းသာတည်း။ အပေါင်း၏ အမည်ကို အစိတ်၌ တင်စား၍ တစ်စိတ်တစ်ဒေသ ဖြစ်သော ဝုဋ္ဌာနဂါမိနီဝိပဿနာကို ဧကဒေသျူပစာရအားဖြင့် ပါရိသုဒ္ဓိ၏ ပြဓာန်းသော အကြောင်း အင်္ဂါဟု ဖွင့်ဆိုထားသည်။ (မဟာဋီ-၂-၄၈၂။)
巴利经文(缅文字体):‘ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ ပါရိသုဒ္ဓိပဓာနိယင်္ဂံ။ (ဒီ-၃-၂၅၂။)’译:‘行道智见清净是清净的首要因支。’(《长部》3-252。)《十上经》就这样把趣向出起观称为清净精勤支,即令周遍远离烦恼垢染而清净的首要因支。(《清净道论》2-310。)趣向出起观是行道智见清净的一部分。从摆脱观随烦恼的生灭智开始,直到趣向出起观的一切观智,全都属于行道智见清净。这里依部分借称,把总体之名用于其中一部分,以‘清净的首要因支’称趣向出起观。(《大复注》2-482。)
၆။ မုဉ္စိတုကမျတာဉာဏ် + ပဋိသင်္ခါနုပဿနာဉာဏ် + သင်္ခါရုပေက္ခာဉာဏ်
六、欲解脱智、审察随观智与行舍智
ယာ စ မုဉ္စိတုကမျတာ ယာ စ ပဋိသင်္ခါနုပဿနာ ယာ စ သင်္ခါရုပေက္ခာ၊ ဣမေ ဓမ္မာ ဧကတ္ထာ ဗျဉ္ဇနမေဝ နာနံ။ (ပဋိသံ-၂၅၉။)
巴利经文(缅文字体):‘ယာ စ မုဉ္စိတုကမျတာ ယာ စ ပဋိသင်္ခါနုပဿနာ ယာ စ သင်္ခါရုပေက္ခာ၊ ဣမေ ဓမ္မာ ဧကတ္ထာ ဗျဉ္ဇနမေဝ နာနံ။ (ပဋိသံ-၂၅၉။)’——
原书第 442 页
= အကြင် မုဉ္စိတုကမျတာဉာဏ်သည်လည်းကောင်း၊ အကြင် ပဋိသင်္ခါနုပဿနာဉာဏ်သည်လည်းကောင်း၊ အကြင် သင်္ခါရုပေက္ခာဉာဏ်သည်လည်းကောင်း ရှိ၏၊ ဤ သုံးမျိုးကုန်သော ဓမ္မ = ဉာဏ်တို့သည် တူသော အနက်သဘော ရှိကုန်၏၊ သဒ္ဒါမျှသာလျှင် ထူး၏။ (ပဋိသံ-၂၅၉။) ဤသို့လျှင် ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်၌ ဤဝုဋ္ဌာနဂါမိနီ ဝိပဿနာကို မုဉ္စိတုကမျတာဉာဏ်၊ ပဋိသင်္ခါ- နုပဿနာဉာဏ်၊ သင်္ခါရုပေက္ခာဉာဏ်ဟူသော အမည် သုံးမျိုးတို့ဖြင့် ဟောကြားထားတော်မူ၏။
——译:‘欲解脱、审察随观与行舍,这些法意义相同,只有字句不同。’(《无碍解道》259。)《无碍解道》就这样以欲解脱智、审察随观智、行舍智三个名称开示趣向出起观。
(ဝိသုဒ္ဓိ-၂-၃၁ဝ။)
(《清净道论》2-310。)
ဤ ပါဠိတော် အဋ္ဌကထာတို့နှင့် အညီ ဝုဋ္ဌာနဂါမိနီ ဝိပဿနာအရ ယင်းဉာဏ် သုံးမျိုးလုံးကိုပင် အရ ကောက်ယူရမည် ဖြစ်သည်။ ယင်းဉာဏ် သုံးမျိုးလုံးကိုပင် ဝုဋ္ဌာနဂါမိနီ ဝိပဿနာဟု ခေါ်ဆိုနိုင်သည် မှတ်ပါ။
依这些巴利原典与义注,趣向出起观应当包括这三种智;这三种智都可以称为趣向出起观,应当记住。
၇။ အနုလုံ ဂေါတြဘု ဝေါဒါန်
七、随顺、种姓与净化
အနုလောမံ ဂေါတြဘုဿ၊ အနုလောမံ ဝေါဒါနဿ။
巴利原文(缅文字体):‘အနုလောမံ ဂေါတြဘုဿ၊ အနုလောမံ ဝေါဒါနဿ။’译:‘随顺缘于种姓;随顺缘于净化。’
ဂေါတြဘု မဂ္ဂဿ၊ ဝေါဒါနံ မဂ္ဂဿ အနန္တရပစ္စယေန ပစ္စယော။ (ပဋ္ဌာန-၁-၁၃၈။) = အနုလုံသည် ဂေါတြဘုအား၊ အနုလုံသည် ဝေါဒါန်အား၊ ဂေါတြဘုသည် သောတာပတ္တိမဂ်အား၊ ဝေါဒါန်သည် သကဒါဂါမိမဂ် အနာဂါမိမဂ် အရဟတ္တမဂ်အား (ရှေးရှေး ကုသိုလ်ခန္ဓာတို့က နောက်နောက် ကုသိုလ်ခန္ဓာတို့အား ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးခြင်းဟူသော) အနန္တရပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
巴利原文(缅文字体):‘ဂေါတြဘု မဂ္ဂဿ၊ ဝေါဒါနံ မဂ္ဂဿ အနန္တရပစ္စယေန ပစ္စယော။ (ပဋ္ဌာန-၁-၁၃၈။)’译:‘种姓以无间缘缘于道;净化以无间缘缘于道。’也就是说:随顺以无间缘力资助种姓与净化;种姓资助预流道;净化资助一来道、不还道与阿罗汉道。
(ပဋ္ဌာန-၁-၁၃၈။)
(《发趣论》1-138。)
ဤသို့လျှင် ပဋ္ဌာန်းဒေသနာတော်၌ ဤဝုဋ္ဌာနဂါမိနီ ဝိပဿနာကို အနုလုံ ဂေါတြဘု ဝေါဒါန်ဟူသော အမည် သုံးမျိုးတို့ဖြင့် ဟောကြားထားတော်မူ၏။ (ဝိသုဒ္ဓိ-၂-၃၁ဝ။)
《发趣论》就这样以随顺、种姓、净化三个名称开示趣向出起观。(《清净道论》2-310。)
၈။ ပဋိပဒါဉာဏဒဿန ဝိသုဒ္ဓိ
八、行道智见清净
ကိံ ပနာဝုသော ပဋိပဒါဉာဏဒဿနဝိသုဒ္ဓတ္ထံ ဘဂဝတိ ဗြဟ္မစရိယံ ဝုဿတိ။ (မ-၁-၂ဝ၁။) = ငါ့ရှင် …အသို့နည်း၊ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ အကျိုးငှာ ဘုရားရှင်၏ အထံတော်၌ ဗြဟ္မစရိယ အမည်ရသော မြတ်သောအကျင့်ကို ကျင့်သုံးသလော။ (မ-၁-၂ဝ၁။) ဤသို့လျှင် ရထဝိနီတသုတ္တန်၌ ဤ ဝုဋ္ဌာနဂါမိနီ ဝိပဿနာကို ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ ဟူ၍ ဟော ကြားထားတော်မူအပ်ပေသည်။ (ဝိသုဒ္ဓိ-၂-၃၁ဝ။) သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ဖြင့် သိမ်းကျုံးရေတွက်အပ်သော ဝုဋ္ဌာနဂါမိနီ ဝိပဿနာ = ပဋိပဒါဉာဏဒဿန ဝိသုဒ္ဓိသို့ တိုင်အောင်သော မြတ်သော ကျင့်ဝတ် ပဋိပတ်ကား သာသနာ့ဗြဟ္မစရိယ တည်း။ အရိယမဂ်ဉာဏ်ကား မဂ္ဂဗြဟ္မစရိယတည်း။ ဤ၌ သာသနာ့ဗြဟ္မစရိယကို အထူးရည်ညွှန်းထားပေသည်။
巴利经文(缅文字体):‘ကိံ ပနာဝုသော ပဋိပဒါဉာဏဒဿနဝိသုဒ္ဓတ္ထံ ဘဂဝတိ ဗြဟ္မစရိယံ ဝုဿတိ။ (မ-၁-၂ဝ၁။)’译:‘贤友,难道是在世尊座下为了行道智见清净而修习梵行吗?’(《中部》1-201。)《传车经》就这样把趣向出起观称为行道智见清净。(《清净道论》2-310。)由戒、定、慧三学殊胜行所摄、直到趣向出起观即行道智见清净为止的殊胜修行,是教法梵行;圣道智则是道梵行。这里特别指教法梵行。
သို့သော် ဝုဋ္ဌာနဂါမိနီ ဝိပဿနာ အမည်ရသော ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ စခန်းသို့ ဆိုက်ရောက်ပါက ဉာဏ- ဒဿနဝိသုဒ္ဓိ အမည်ရသော အရိယမဂ်ဉာဏ်သည် ကိန်းသေမြဲသော ဖြစ်ခြင်းဖြင့် ဧကန် ဖြစ်တော့မည်သာ တည်း၊ ထိုကြောင့် ဗြဟ္မစရိယအရ အထက်ပါ ရထဝိနီတသုတ်၌ သာသနာ့ဗြဟ္မစရိယကို အထူး ရည်ညွှန်း- ထားသော်လည်း မဂ္ဂဗြဟ္မစရိယကိုလည်း မပယ်မြစ်ပါဟု မှတ်ပါ။ သို့သော် မဂ္ဂဗြဟ္မစရိယကား ဉာဏဒဿန ဝိသုဒ္ဓိဟူသော အမည်ဖြင့် လာပေလတ္တံ့။
不过,到达名为趣向出起观的行道智见清净阶段以后,名为智见清净的圣道智就必定生起。因此,上述《传车经》虽然以‘梵行’特别指教法梵行,也不排除道梵行,应当这样理解;道梵行随后将在‘智见清净’名下说明。
原书第 443 页
နိမိတ္တနှင့် ပဝတ္တမှ ထပုံ ဖြတ်ထုံး
从相与转起出起的准则
နိမိတ္တနှင့် ပဝတ္တမှ ထပုံကို ရှေးတွင် အကျဥ်းအားဖြင့် ရေးသားတင်ပြခဲ့၏။ ဤတွင် အဋ္ဌသာလိနီ အဋ္ဌကထာ၏ ဖွင့်ဆိုချက်ကို ထပ်မံ၍ ရေးသားတင်ပြအပ်ပါသည်။ (အဘိ-ဋ္ဌ-၁-၂၇၅-၂၇၉-မှ။) အထက်၌ ရေးသားတင်ပြခဲ့သည့်အတိုင်း ဗောဇ္စျင် မဂ္ဂင် စျာနင်တို့၏ အရေအတွက် ပြောင်းလွဲခြင်း ရှိသော အရိယမဂ်၏ ဖြစ်ရာအခါ၌ ဂေါတြဘုသည် အဘယ်မှထသနည်း၊ အရိယမဂ်သည် အဘယ်မှ ထသနည်း၊ ဤကား အမေးတည်း၊ အဖြေမှာ ဤသို့တည်း။ ----- ရှေးဦးစွာ ဂေါတြဘုသည် သင်္ခါရနိမိတ်အာရုံဟူသော နိမိတ္တမှ ထ၏။ သို့သော် အဆက်မပြတ် ဖြစ်နေ- သော ဝဋ်တရားတည်းဟူသော ပဝတ္တကို ဖြတ်ခြင်းငှာကား မစွမ်းနိုင်ပေ။ မှန်ပေသည် ----- ဤဂေါတြဘုသည် ဧကတော ဝုဋ္ဌာန = တစ်ဘက်မှသာ ထခြင်းရှိသော တရားဖြစ်၏။ အရိယမဂ်သည်ကား သင်္ခါရနိမိတ်အာရုံ ဟူသော နိမိတ္တမှလည်း ထ၏၊ အဆက်မပြတ် ဖြစ်သော ဝဋ်တရားတည်းဟူသော ပဝတ္တကိုလည်း ဖြတ်နိုင်၏။
前文已经简要说明怎样从相与转起出起;这里再详述《殊胜义注》的解释。(《阿毗达磨义注》1-275—279。)如前所述,当与不同数目的七觉支、八道支、禅支相应的圣道生起时,会问:种姓从什么出起?圣道又从什么出起?答如下。首先,种姓从名为行相所缘的‘相’出起,却不能截断名为不断相续之轮回法的‘转起’。这是因为种姓只是从一边出起之法(ekato-vuṭṭhāna)。圣道则既从名为行相所缘的‘相’出起,也能截断名为不断相续之轮回法的‘转起’。
မှန်ပေသည် ----- ဤ အရိယမဂ်တရားသည် ဥဘတောဝုဋ္ဌာန = နိမိတ္တ ပဝတ္တဟူသော နှစ်ပါးစုံမှ ထခြင်းရှိသော တရားဖြစ်၏။
所以,圣道是从相与转起两边都出起之法(ubhato-vuṭṭhāna)。
ဤဆိုလတ္တံ့သည်ကား ထိုဂေါတြဘုနှင့် အရိယမဂ်တို့၏ ဖြစ်ပေါ်ပုံကို သိကြောင်းဖြစ်သော နည်းတည်း။
下面说明种姓与圣道依次生起的方式。
အကျယ်မှာ ဤသို့တည်း။ အကြင် ဝိပဿာနာဝါရ အလှည့်အကြိမ်၌ အရိယမဂ်တည်းဟူသော ဝုဋ္ဌာနသည် ဖြစ်ပေါ်လာ၏၊ ထို ဝိပဿနာအလှည့်အကြိမ်၌ အနုလောမ = အနုလုံသည် တစ်ကြိမ်တည်းသာ ဖြစ်သည် မဟုတ်၊ ငါးကြိမ်မြောက်လည်း ဖြစ်သည် မဟုတ်၊ အကြောင်းမူ - တစ်ကြိမ်တည်းသော အနုလုံသည် အာသေဝန ပစ္စည်း အထောက်အပံ့ကို မရ၊ ငါးကြိမ်မြောက် အနုလုံသည် ဘဝင်နှင့် နီးသည်၏ အဖြစ်ကြောင့် ဂေါတြဘုအား ကျေးဇူးပြုနိုင်လောက်အောင် မခိုင်မြဲရကား တုန်လှုပ်၏။ မှန်ပေသည် ----- ငါးကြိမ်မြောက်ဖြစ်ရာ ထိုအခါ၌ ဇောမည်သည် အရှိန်လျောကျသွားပြီ ဖြစ်၏၊ ထိုကြောင့် အနုလုံသည် တစ်ကြိမ်တည်းလည်း မဖြစ်၊ ငါးကြိမ် မြောက်လည်း မဖြစ်ပေ။ (အဘိ-ဋ္ဌ-၁-၂၇၅။) ပဝေဓတိ = တုန်လှုပ်၏ -- ဟူသည် ဂေါတြဘု၏ အကြောင်းတရားဖြစ်ခြင်းငှာ မစွမ်းနိုင်ဟု ဆိုလိုသည်။
详说如下。在圣道这一‘出起’将生起的观修心路中,随顺并非只生起一次,也不会生起五次。一次随顺得不到数习缘的支持;第五次随顺则因靠近有分,势力已经摇动,不足以支助种姓。到第五速行时,速行的力量已经减弱。因此随顺既不只生一次,也不生五次。(《阿毗达磨义注》1-275。)‘摇动(pavedhati)’意指不能成为种姓的因。
ငါးကြိမ်မြောက် ပဉ္စမစိတ္တက္ခဏ၌ ဇောမည်သည် အကယ်၍ အရှိန်လျောကျသည် ဖြစ်ငြားအံ့၊ ဤသို့ ဖြစ်လတ်သော် အဘယ်ကြောင့် ပဉ္စမစိတ္တက္ခဏဖြစ်ရာ ထိုအခါ၌ ဂေါတြဘုသည်လည်းကောင်း၊ ထိုဂေါတြဘု၏ အခြားမဲ့၌ အရိယမဂ်သည်လည်းကောင်း ဇော၏ အရှိန်လျောကျရာအခါ၌ ဖြစ်ရပါသနည်းဟု မေးရန် ရှိ၏၊ အဖြေကား အသစ်ဖြစ်သော ဇောတစ်မျိုး၏ အရှိန်လျောကျမှု မရှိခြင်းကြောင့် ဖြစ်၏ဟူပေ။ မှန်ပေသည် ----- ထိုမူလ ဇောသည်ပင် အကြိမ်များစွာ ဖြစ်လတ်သော် အရှိန်လျောကျသည် ဖြစ်ရာ၏။ ဂေါတြဘုသည်ကား သင်္ခါရအာရုံမှ တစ်ပါးသော နိဗ္ဗာန်အာရုံ၌ ဖြစ်ပေါ်လာသော အသစ်ဖြစ်သော ဇောတည်း။ ထို့အတူ အရိယမဂ်သည် ကာမဘုံမှ တစ်ပါးသော လောကုတ္တရာဘုံဟူသော ဘုံတစ်ပါးအားဖြင့်လည်း အသစ်ဖြစ်သော ဇောပင်တည်း။ (အနုလုံ ဂေါတြဘုဇောတို့ကား ကာမာဝစရ မဟာကုသိုလ်ဇောများ ဖြစ်ကြသဖြင့် ကာမတရား = ကာမဘုံ၌ အကျုံး ဝင်သော တရားစုတည်း၊ အရိယမဂ်ကား လောကုတ္တရာဘုံ၌ အကျုံးဝင်သော တရားတည်း။ ဤသို့ ဘုံအားဖြင့်
若说第五心刹那的速行已经减弱,为什么种姓仍可在第五心刹那生起,圣道又可紧随种姓、在速行力量已减弱时生起?答:因为这两种速行都是新出现的,实际并没有减弱。只有同一种速行反复出现许多次,力量才会减弱。种姓舍弃行所缘,缘取涅槃这一全新的所缘,是一种新速行;圣道又超出欲界,属于出世间地,在地上也完全是新速行。〔随顺与种姓速行是欲界大善速行,属于欲界法;圣道则属于出世间地。〕
တစ်ပါးစီ တခြားစီ ဖြစ်၍ အရိယမဂ်သည် လောကုတ္တရာဇာတ် လောကုတ္တရာဘုံ၌ အသစ်စက်စက် ဖြစ်စ ဇောသာ ဖြစ်သည်။ အာရုံတစ်မျိုးတည်း ဘုံတစ်မျိုးတည်း ဖြစ်ပါမှ ဇောသည် ပဉ္စမစိတ္တက္ခဏ၌ အရှိန် လျော ကျသည်ဟု ဆိုရ၏။ ဂေါတြဘုသည် နိဗ္ဗာန်ဟူသော အာရုံသစ်ကို ယူရသောကြောင့် အရှိန် လျောကျသည် မမည်။ အရိယမဂ်သည်လည်း နိဗ္ဗာန်ဟူသော အသစ်အာရုံ တစ်မျိုး၌ ဖြစ်ရုံသာမက ကာမဘုံတရားမှ တစ်မျိုး
圣道既在地上与前者不同,便是刚在出世间地生起的新速行。只有在同一所缘、同一地中连续生起的速行,才说第五心刹那力量减弱。种姓缘取涅槃这一新所缘,不名为减弱;圣道不仅缘取涅槃新所缘,又是与欲界法不同的出世间地法,也不名为减弱。
原书第 444 页
တခြားသော လောကုတ္တရာဘုံတရား ဖြစ်၍ အရှိန်လျောကျသည် မမည်။ ထို့ကြောင့် ပဉ္စမစိတ္တက္ခဏ၌ ဂေါ- တြဘုသည်လည်းကောင်း၊ ဆဋ္ဌစိတ္တက္ခဏ၌ အရိယမဂ်သည်လည်းကောင်း ဖြစ်နိုင်ပါသည် ဟူလိုသည်။) သည်သာမကသေး ----- သတ္တမဇောစေတနာ၏ ရှေးရှေးဇောတို့၏ အာသေဝနပစ္စည်း အထောက်အပံ့ကို ရရှိသဖြင့် အားကောင်းသည်၏ အဖြစ်ကြောင့် ဥပပဇ္ဇဝေဒနီယကံ = ဒုတိယဘဝ၌ အကျိုးပေးသောကံ၏ အဖြစ်- သည်လည်းကောင်း၊ အာနန္တရိယကံ၏ အဖြစ်သည်လည်းကောင်း ဖြစ်သည်မဟုတ်ပါလောဟုလည်း မေးရန်ရှိ၏။
因此,种姓可以在第五心刹那生起,圣道也可以在第六心刹那生起。还可能问:第七速行的思得到前面速行的数习缘支持,力量强大,为什么既能成为次生受业,即在第二生结果之业,也能成为无间业?
ထိုအမေး၌ ဆိုလိုသော အဓိပ္ပါယ်မှာ ဤသို့တည်း။ သတ္တမဇောသည် မိမိ၏နောက်၌ ဆက်လက်ဖြစ်ပေါ်လာသော ဘဝင်အား အနန္တရသတ္တိဖြင့် ကျေးဇူးပြုကာ မိမိ၏ သတ္တိကို ထိုဘဝင်ဝိပါက်အား အပ်နှံလိုက်၏။ ထိုသတ္တိသည် ဝိပါက်သန္တာန်အစဥ်၌ ကိန်းဝပ်လျက် ပါသွား၏။ ထိုဘဝင်ဟူသော ဝိပါက်သန္တတိအစဥ်သည် ဝီထိစိတ် မဖြစ်- ချိန်ဝယ် အစဥ်အတိုင်း ဘဝတစ်လျှောက်လုံး ဖြစ်-ပျက်နေရာ၌ နောက်ဆုံး စုတိကိစ္စတပ်သော စိတ်သည်လည်း ဤဝိပါက်စိတ်အစဥ်ပင်တည်း။ ဤနည်းအားဖြင့် သတ္တမဇော စေတနာသည် ဝိပါက်သန္တတိအစဥ်အား အနန္တရ သတ္တိဖြင့် မိမိ၏ သတ္တိ အရှိန်အဝါများ ကပ်ပါသွားအောင် ကောင်းစွာ ပြုစီမံနိုင်ရကား နောက်ဘဝအတွက် အနီးကပ်ဆုံးကံ ဖြစ်သောကြောင့် ဥပပဇ္ဇဝေဒနီယကံလည်း ဖြစ်နိုင်၏၊ အာနန္တရိယကံလည်း ဖြစ်နိုင်၏။ အရှိန် အဝါ လျော့ကျချိန် မရောက်သေးသော ရှေးရှေးဇော လေးကြိမ်ကဲ့သို့ ပင်ကိုယ်သဘောအတိုင်း အားကောင်း-
这问题的意思如下。第七速行以无间缘的效力资助随后生起的有分,把自身效力交付给该果报有分;这种效力随果报相续而延续。心路不生起时,称为有分的果报相续在一生中持续生灭,最后执行死职能的心也属于这同一果报心相续。第七速行的思能以无间缘把自己的效力妥善附着、传递给果报相续,因此成为下一生最近的业,既可能成为次生受业,也可能成为无间业。
သောကြောင့် ဥပပဇ္ဇဝေဒနီယကံ အာနန္တရိယကံ ဖြစ်ရသည် မဟုတ်ပါ ဟူလိုသည်။ (မူလဋီ-၁-၁၁၇။) အလျော်အားဖြင့် ဆိုရမူ ကြီးမားသော ဉာဏ်ပညာရှိသော မဟာပညပုဂ္ဂိုလ်၏သန္တာန်၌ အနုလုံ နှစ်ကြိမ်တို့ ဖြစ်ကုန်၏၊ သုံးကြိမ်မြောက်၌ ဂေါတြဘု ဖြစ်၏၊ လေးကြိမ်မြောက်၌ အရိယမဂ်စိတ် ဖြစ်၏။ ဖိုလ်ဇော သုံးကြိမ်တို့ ဖြစ်ကုန်၏။ ထိုနောင် ဘဝင်သို့ သက်၏။ (အဘိ-ဋ္ဌ-၁-၂၇၅။)
它并不是由于像前四个尚未减弱的速行那样具有自然强力,才成为次生受业或无间业。(《根本复注》1-117。)依此,在大慧者的心相续中,随顺生起两次,第三次为种姓,第四次为圣道心,随后三次果速行生起,再落入有分。(《阿毗达磨义注》1-275。)
၁။ မဟာပညပုဂ္ဂိုလ်၏ မဂ္ဂဝီထိ
一、大慧者的道心路
ဘ - ဘ - န - ဒ - မ - နု - နု - ဂေါ - မဂ် - ဖိုလ် - ဖိုလ် - ဖိုလ် - ဘ … အလယ်အလတ် ပညာရှိသော မဇ္စျိမပညပုဂ္ဂိုလ်၏ သန္တာန်၌ အနုလုံ သုံးကြိမ်တို့ ဖြစ်ကုန်၏၊ လေးကြိမ် မြောက်၌ ဂေါတြဘု ဖြစ်၏၊ ငါးကြိမ်မြောက်၌ မဂ်စိတ် ဖြစ်၏၊ ဖိုလ်ဇော နှစ်ကြိမ်တို့ ဖြစ်ကုန်၏။ ထိုနောင် ဘဝင်သို့ သက်၏။ (အဘိ-ဋ္ဌ-၁-၂၇၅။)
有分—有分—有分波动—有分断—意门转向—随顺—随顺—种姓—道—果—果—果—有分……在中慧者的心相续中,随顺生起三次,第四次为种姓,第五次为道心;随后两次果速行生起,再落入有分。(《阿毗达磨义注》1-275。)
၂။ မဇ္စျိမပညပုဂ္ဂိုလ်၏ မဂ္ဂဝီထိ
二、中慧者的道心路
ဘ - ဘ - န - ဒ - မ - နု - နု - နု - ဂေါ - မဂ် - ဖိုလ် - ဖိုလ် - ဘ - ဘ … နုံ့သော ပညာရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌ အနုလုံ (၄)ကြိမ်တို့ ဖြစ်ကုန်၏၊ ငါးကြိမ်မြောက်၌ ဂေါတြဘု- သည် ဖြစ်၏။ ခြောက်ကြိမ်မြောက်၌ မဂ်စိတ် ဖြစ်၏။ ခုနစ်ကြိမ်မြောက်၌ ဖိုလ်ဇော ဖြစ်၏။ ထိုနောင် ဘဝင်သို့ သက်၏။ (အဘိ-ဋ္ဌ-၁-၂၇၅။)
有分—有分—有分波动—有分断—意门转向—随顺—随顺—随顺—种姓—道—果—果—有分—有分……在钝慧者的心相续中,随顺生起四次,第五次为种姓,第六次为道心,第七次为果速行,随后落入有分。(《阿毗达磨义注》1-275。)
၃။ မန္ဒပညပုဂ္ဂိုလ်၏ မဂ္ဂဝီထိ
三、钝慧者的道心路
ဘ - ဘ - န - ဒ - မ - နု - နု - နု - နု - ဂေါ - မဂ် - ဖိုလ် - ဘ - ဘ … မှတ်ချက် ----- ''ဤနည်းသည် ရှေးအဋ္ဌကထာ၌ ပါသောကြောင့် ဆိုအပ်သော နည်း''ဟု ယောဇနာ၌ ဆို၏။ အရှင်ဗုဒ္ဓဃောသမထေရ်မြတ် အလိုရှိအပ်သော နည်း မဟုတ်ပေ။ ထိုကြောင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ အနုလုံ (၄)ကြိမ်ဝါရကို တားမြစ်ထားသည်။ အနုလုံများကိုလည်း ပရိကံ ဥပစာ အနုလုံဟု နာမည်ချင်း ခွဲ၍
有分—有分—有分波动—有分断—意门转向—随顺—随顺—随顺—随顺—种姓—道—果—有分—有分……〔注意:复注说,这第三种方式只是古义注所载,故加以列举,并非尊者佛音所主张。《清净道论义注》排除四次随顺,只列三次,并依次分别名为遍作、近行、随顺;前文已经说明。〕
原书第 445 页
ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- အနုလောမဉာဏ်ခန်း သုံးကြိမ်သာ တစ်နည်း ပြထားသည်။ အထက်၌ ရေးသားတင်ပြခဲ့ပြီ။
这里只取随顺三次这一种方式;前文已经说明。
ထိုပုဂ္ဂိုလ်သုံးမျိုးတို့တွင် မဟာပညပုဂ္ဂိုလ် မန္ဒပညပုဂ္ဂိုလ်တို့၏ အစွမ်းဖြင့် မဖွင့်ဆိုဘဲ မဇ္စျိမပညပုဂ္ဂိုလ်၏ အစွမ်းဖြင့် ဖွင့်ဆိုပေအံ့။ အကျယ်ကား ဤသို့တည်း။ ----- အကြင်ဝိပဿနာအလှည့်အကြိမ်၌ ဝုဋ္ဌာန အမည်ရသော အရိယမဂ်ဉာဏ်သည် ဖြစ်ပေါ်လာ၏၊ ထို အလှည့်အကြိမ်၌ ဥပေက္ခာသဟဂုတ် ကြိယာ အဟိတ် မနောဝိညာဏဓာတ်သည် မနောဒွါရာဝဇ္ဇန်း၏ အဖြစ်ဖြင့် ဖြစ်၍ ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကုန်သော ရုပ်နာမ်ခန္ဓာတို့ကို အာရုံပြု၍ (= ရုပ်ကိုသော်လည်းကောင်း၊ နာမ်ကိုသော်လည်းကောင်း၊ ရုပ်နာမ် နှစ်မျိုးလုံးကိုသော်လည်းကောင်း၊ ခန္ဓာတစ်ပါးပါးကိုသော်လည်းကောင်း ဤသို့စသည်ဖြင့် အာရုံပြုမှုကို ဆိုလိုသည်။) ဘဝင်ကို ပြန်လည်စေ၏ = ဘဝင်အယဥ်ကို ဖြတ်၏။ ထို မနောဒွါ- ရာဝဇ္ဇန်း၏ အခြားမဲ့၌ ထိုမနောဒွါရာဝဇ္ဇန်းသည်ပင် အာရုံယူအပ်ပြီးသော ရုပ်နာမ်ခန္ဓာတို့ကို အာရုံယူ၍ ပထမ
以下不依大慧者或钝慧者,而依中慧者作解释。详说如下。在圣道智这一‘出起’生起的观修心路中,与舍俱行、唯作、无因的意识界作为意门转向,缘取观智所观的色名诸蕴——或只取色、只取名、兼取色名,或取某一蕴等——使有分转起,也就是截断有分流。紧接意门转向之后,缘取同一批已经被意门转向取作所缘的色名蕴,第一——
ဇော ဖြစ်သော အနုလောမဉာဏ်သည် ဖြစ်ပေါ်လာ၏။ ထိုအနုလောမဉာဏ်သည် ထိုရုပ်နာမ်ခန္ဓာတို့၌ အနိစ္စတို့ ဟူ၍သော်လည်းကောင်း၊ ဒုက္ခတို့ဟူ၍သော်လည်းကောင်း၊ အနတ္တတို့ဟူ၍သော်လည်းကောင်း ဖြစ်ပြီး၍ = (ဝိပဿနာရှုပွားမှုကို ဖြစ်စေပြီး၍) ရုန့်ရင်းကြမ်းတမ်းသော ရုန့်ရင်းကြမ်းတမ်းသော သစ္စာလေးပါးကို မသိအောင် ဖုံးလွှမ်းထားတတ်သော မောဟတည်းဟူသော အမိုက်မှောင်ကို ပယ်ဖျောက်၍ လက္ခဏာရေး သုံးတန်တို့ကို အလွန့်အလွန် ထင်ရှားသည်တို့ကို ပြု၍ ချုပ်ပျက်သွားလေ၏။ ထိုပထမအနုလောမဉာဏ်၏ အခြားမဲ့၌ ဒုတိယ အနုလောမဉာဏ်သည် ဖြစ်ပေါ်လာပြန်၏။ ထိုပထမ ဒုတိယ အနုလောမဉာဏ် နှစ်မျိုးတို့တွင် ရှေးဖြစ်သော ပထမအနုလောမဉာဏ်သည် (မိမိ၏ ရှေး၌ ဇောမရှိသဖြင့်) အာသေဝနပစ္စည်း အကြောင်းအထောက်အပံ့ကို မရ၊ ဒုတိယအနုလောမဉာဏ်၏ အာသေဝနပစ္စည်း အကြောင်းတရားကား ဖြစ်၏၊ ထိုဒုတိယအနုလောမဉာဏ်- သည် ပထမအနုလောမဉာဏ်၏ အာသေဝနပစ္စည်း အကြောင်းအထောက်အပံ့ကောင်းကို ရအပ်သောကြောင့်
——速行的随顺智生起。它对这些色名蕴依无常、苦或无我中的某一相修观,驱除覆盖四谛的粗重无明黑暗,使三相极其清楚后灭去。紧接第一随顺智,第二随顺智生起。第一随顺由于前面没有速行,不能得到数习缘,却能以数习缘成为第二随顺智的因;第二随顺得到第一随顺的良好数习缘支持,因而——
ထက်မြက်စူးရှ၏ ရဲရင့်၏ ကြည်လင်၏၊ ထိုသို့ထက်မြက်စူးရှ ရဲရင့်ကြည်လင်သည်ဖြစ်၍ ထိုရုပ်နာမ်ခန္ဓာဟူသော အာရုံ၌ပင်လျှင် ထိုအနိစ္စ ဒုက္ခ အနတ္တဟူသော အခြင်းအရာ (သုံးမျိုးတို့တွင် တစ်မျိုးမျိုးသော အခြင်းအရာ) အားဖြင့်ပင် ဖြစ်ပြီး၍ အလယ်အလတ် ပမာဏရှိသော၊ သစ္စာလေးပါးကို မသိအောင် ဖုံးလွှမ်းထားတတ်သော မောဟတည်းဟူသော အမိုက်မှောင်ကို ပယ်ဖျောက်၍ လက္ခဏာရေးသုံးတန်တို့ကို အလွန့်အလွန် ထင်ရှားသည်- တို့ကို ပြု၍ ချုပ်ပျက်သွားလေ၏။ ထို ဒုတိယအနုလောမဉာဏ်၏ အခြားမဲ့၌ တတိယအနုလောမဉာဏ်သည် ဖြစ်ပေါ်လာပြန်၏၊ ထိုဒုတိယအနုလောမဉာဏ်သည် ထိုတတိယအနုလောမဉာဏ်၏ အာသေဝနပစ္စည်း အ- ကြောင်းတရား ဖြစ်ပြန်၏။ ထိုတတိယအနုလောမဉာဏ်သည်လည်း ထိုဒုတိယအနုလောမဉာဏ်၏ အားပေး ထောက်ပံ့မှုဟူသော ရအပ်သော အာသေဝနပစ္စည်း အကြောင်းတရား ရှိသည်၏ အဖြစ်ကြောင့် ထက်မြက်စူးရှ ရဲရင့်ကြည်လင်သည် ဖြစ်၍ ထိုရုပ်နာမ်ခန္ဓာဟူသော အာရုံ၌ပင်လျှင် ထိုအနိစ္စ ဒုက္ခ အနတ္တဟူသော အခြင်းအရာ
——锐利、勇健而澄净。它仍在同一色名蕴所缘上,依无常、苦、无我中的同一相修观,驱除覆盖四谛的中等无明黑暗,使三相极其清楚后灭去。紧接第二随顺智,第三随顺智生起;第二随顺又以数习缘成为第三随顺的因。第三随顺得到第二随顺的支持,也锐利、勇健而澄净,仍在同一色名蕴所缘上,依无常、苦或无我的同一相——
(သုံးမျိုးတို့တွင် တစ်မျိုးမျိုးသော အခြင်းအရာ) အားဖြင့်ပင် ဖြစ်ပြီး၍ ထိုဒုတိယအနုလောမဉာဏ်သည် ပယ်- အပ်သော သစ္စာလေးပါးကို မသိအောင် ဖုံးလွှမ်းထားတတ်သော မောဟတည်းဟူသော အမိုက်တိုက်မှ ကြွင်း- ကျန်သော သိမ်မွေ့မှုနှင့် အတူတကွ ဖြစ်သော သစ္စာလေးပါးကို ဖုံးလွှမ်းတတ်သော မောဟတည်းဟူသော အမိုက်မှောင်ကို ပယ်ဖျောက်၍ အကြွင်းအကျန် မရှိသည်ကို ပြု၍ လက္ခဏာရေးသုံးတန်တို့ကို အလွန့်အလွန် ထင်ရှားသည်တို့ကို ပြု၍ ချုပ်ပျက်လေ၏။ ဤသို့လျှင် သုံးကြိမ်ကုန်သော အနုလောမဉာဏ်တို့သည် သစ္စာ လေးပါးကို ဖုံးလွှမ်းတတ်သော မောဟတည်းဟူသော အမိုက်မှောင်ကို ပယ်ဖျောက်အပ်ပြီးသော် ထိုသုံးကြိမ်- ကုန်သော အနုလောမဉာဏ်တို့၏ အခြားမဲ့၌ ဂေါတြဘုဉာဏ်သည် နိဗ္ဗာန်ကို အာရုံပြုလျက် ဖြစ်ပေါ်လာ၏။
——修观,把第二随顺驱除后残留的、与微细性相伴且覆盖四谛的无明黑暗完全驱尽,使三相极其清楚后灭去。三次随顺智这样驱除覆盖四谛的无明黑暗后,紧接它们,种姓智缘取涅槃而生起。
原书第 446 页
ထိုစကားရပ်၌ ဤဆိုလတ္တံ့သည်ကား ဥပမာတည်း ----- တစ်ယောက်သော စက္ခုပသာဒရှိသော မျက်စိ အမြင်ကောင်းသော ယောကျာ်းသည် နက္ခတ်၏ စန်းနှင့် ယှဥ်ပုံကို သိအောင် ပြုလုပ်အံ့ဟု ကြံစည် စိတ်ကူး၍ ညဥ့်အဖို့၌ အိမ်တွင်းမှ ထွက်၍ လကို မြင်ရန် အထက်ကောင်းကင်သို့ မော်ကြည့်၏။ တိမ်တိုက်တို့သည် ဖုံး- လွှမ်းထားအပ်သည်၏ အဖြစ်ကြောင့် ထိုယောကျာ်း၏ စက္ခု၌ လသည် မထင်ရှားပေ။ ထိုအခါ၌ တစ်မျိုးသော လေသည် တက်လာ၍ ထူထဲကုန် ထူထဲကုန်သော တိမ်တိုက်တို့ကို ဖျက်ဆီးလေ၏၊ ပထမလေမှ တစ်ပါးသော ဒုတိယလေ တစ်မျိုးသည် အလယ်အလတ်ဖြစ်ကုန်သော တိမ်တိုက်တို့ကို ဖျက်ဆီးလေ၏။ ဒုတိယလေမှ တစ်- ပါးသော တတိယလေ တစ်မျိုးသည် သိမ်မွေ့ကုန်သော တိမ်တိုက်တို့ကို ဖျက်ဆီးလေ၏။ ထိုမှ နောက်၌ ထို ယောကျာ်းသည် တိမ်တိုက်ကင်းစင်သော ကောင်းကင်၌ လကို မြင်ရ၍ နက္ခတ်၏ စန်းနှင့် ယှဥ်ပုံကို သိရှိရလေပြီ။
对此应以譬喻明白。一个视力良好的人,为了观察月亮与星宿的关系,夜里走出屋外仰望天空。月亮被云层遮住,不能映入他的眼中。这时第一阵风吹来,驱散厚云;第二阵风再吹,驱散中等厚度的云;第三阵风又吹,驱散薄云。此后,他在无云的天空中看见月亮,正确观察到它与星宿的关系。
ထိုဥပမာစကားရပ်၌ သုံးမျိုးကုန်သော တိမ်တိုက်တို့ကဲ့သို့ သစ္စာလေးပါးကို မသိအောင် မမြင်အောင် ဖုံးလွှမ်းတတ်ကုန်သော ထူထဲသော ကိလေသာမှောင် အလယ်အလတ်ဖြစ်သော ကိလေသာမှောင် သိမ်မွေ့သော ကိလေသာမှောင်တို့ကို မှတ်သားထိုက်ကုန်၏။ ပသာဒစက္ခုရှိသော ယောကျာ်းကဲ့သို့ ဂေါတြဘုဉာဏ်ကို မှတ်- သားထိုက်၏။ လကဲ့သို့ နိဗ္ဗာန်ကို မှတ်သားထိုက်၏။ တစ်မျိုးတစ်မျိုးသော လေ၏ အစဥ်အတိုင်း တိမ်တိုက်သုံးမျိုး အပေါင်းကို ဖျက်ဆီးခြင်းကဲ့သို့ တစ်ခုတစ်ခုသော အနုလုံစိတ်၏ သစ္စာလေးပါးကို ဖုံးလွှမ်းတတ်သော မောဟ တည်းဟူသော အမိုက်မှောင်ကို ပယ်ဖျောက်ခြင်းကို မှတ်သားထိုက်၏။ တိမ်တိုက်ကင်းစင်သော ကောင်းကင်၌ ထိုယောကျာ်း၏ အထူးသဖြင့် စင်ကြယ်သော လကို မြင်ရခြင်းကဲ့သို့ သစ္စာလေးပါးကို ဖုံးလွှမ်းတတ်သော မောဟ တည်းဟူသော အမိုက်မှောင်သည် ကင်းစင်လတ်သော် ဂေါတြဘုဉာဏ်၏ အလွန်အကြူး အထူးသဖြင့် စင်-
譬喻中,覆盖四谛、使人不能知见的粗、中、细三重烦恼黑暗,如三层云;种姓智如视力良好的人;涅槃如月亮;三次随顺心依次驱除覆盖四谛的无明黑暗,如三阵风依次驱散三层云;无明黑暗净除后,种姓智缘取极其清净的涅槃,如那人——
ကြယ်သော နိဗ္ဗာန်ကို အာရုံပြုရခြင်းကို မှတ်သားထိုက်၏။
——在无云天空中看见皎洁的月亮。
ထင်ရှားစေအံ့ ----- သုံးမျိုးကုန်သော လေတို့သည် လကို ဖုံးလွှမ်းတတ်သော တိမ်တိုက်တို့ကိုသာလျှင် ဖျက်ဆီးခြင်းငှာ စွမ်းနိုင်ကုန်သကဲ့သို့ လကို မြင်ခြင်းငှာ မစွမ်းနိုင်ကုန်သကဲ့သို့ ဤနည်းအတူ သုံးကြိမ်ကုန်သော အနုလုံတို့သည် သစ္စာလေးပါးကို ဖုံးလွှမ်းတတ်သော မောဟတည်းဟူသော အမိုက်မှောင်တို့ကိုသာလျှင် ပယ်- ဖျောက်ခြင်းငှာ စွမ်းနိုင်ကုန်၏၊ နိဗ္ဗာန်ကို အာရုံပြုခြင်းငှာ မစွမ်းနိုင်ကြကုန်။ စက္ခုပသာဒရှိသော ထိုယောကျာ်း- သည် လကိုသာလျှင် မြင်ခြင်းငှာ စွမ်းနိုင်သကဲ့သို့ တိမ်တိုက်တို့ကို ဖျက်ဆီးခြင်းငှာ မစွမ်းနိုင်သကဲ့သို့ ဤအတူ ဂေါတြဘုဉာဏ်သည် နိဗ္ဗာန်ကိုသာလျှင် အာရုံပြုခြင်းငှာ စွမ်းနိုင်၏၊ ကိလေသာတည်းဟူသော အမိုက်တိုက် အမိုက်မှောင်ကို ပယ်ဖျောက်ခြင်းငှာ မစွမ်းနိုင်ပေ။ ဤသို့လျှင် အနုလောမဉာဏ်သည် သင်္ခါရတရားလျှင် အာရုံ ရှိ၏၊ ဂေါတြဘုဉာဏ်သည် နိဗ္ဗာန်တရားလျှင် အာရုံရှိ၏။
再说得更清楚:三阵风只能驱散遮月的云,不能看见月亮;同样,三次随顺只能驱除覆盖四谛的无明黑暗,不能缘取涅槃。视力良好的人只能看见月亮,不能驱散云;同样,种姓智只能缘取涅槃,不能驱除烦恼黑暗。因此,随顺智以行法为所缘,种姓智以涅槃为所缘。
ရရှိနိုင်သော အပြစ်ကို ထင်ရှားပြဦးအံ့ ----- ဂေါတြဘုဉာဏ်သည် အနုလောမဉာဏ်က ယူအပ်ပြီးသော သင်္ခါရအာရုံကိုပင် အကယ်၍ ဆက်လက်၍ အာရုံယူနေငြားအံ့၊ ဤသို့ ဂေါတြဘုသည် နိဗ္ဗာန်ကို အာရုံမပြုဘဲ မိမိရှေ့က အနုလုံသည် ယူအပ်ပြီးသော သင်္ခါရအာရုံကိုသာလျှင် ဆက်လက်၍ အာရုံယူနေလျှင် အာရုံပြုနေလျှင် ဂေါတြဘုသည်လည်း ဂေါတြဘုဟူသော အမည်ကို မရနိုင်တော့ဘဲ အနုလောမ = အနုလုံဟူသော အမည်ကိုသာ ဆက်လက်၍ ရရှိနေလေရာ၏၊ သူသည် အနုလုံသို့ အစဥ်လိုက်သကဲ့သို့ သူ့ကိုလည်း နောက်အနုလုံက အစဥ် လိုက်လေရာ၏၊ ဤသို့ အနုလုံချည်းသာ ဆက်၍ ဆက်၍ ဖြစ်နေပါမူ အရိယမဂ်သည် မိမိနှင့် အာရုံတူ၍ အာဝဇ္ဇန်းအရာ၌ တည်လျက် အနန္တရစသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေးမည့် ဂေါတြဘုကို မရရှိခြင်း- ကြောင့် သင်္ခါရအာရုံမှ ထမြောက်သော ဝုဋ္ဌာန အမည်ရသော တရားအဖြစ်ဖြင့် မဖြစ်တော့လေရာ = ဝုဋ္ဌာန အမည်ရသော အရိယမဂ်သည်ပင် မဖြစ်နိုင်တော့လေရာ။
再说明否则会产生的过失。若种姓智仍继续缘取随顺智所取的行所缘,而不转缘涅槃,它就不能获得‘种姓’之名,只能继续名为‘随顺’;它追随前一个随顺,后一个随顺又追随它。若一直只有随顺相续生起,圣道便得不到一个与自己同所缘、代行转向,并以无间缘等缘力资助自己的种姓,因此也就不能成为从行所缘出起、名为‘出起’的圣道。
原书第 447 页
ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- အနုလောမဉာဏ်ခန်း စင်စစ်မှာမူ ဂေါတြဘုဉာဏ်သည် အနုလောမဉာဏ်၏ အာရုံဖြစ်သော သင်္ခါရအာရုံကို မယူမူ၍ ထိုအနု- လုံကို နောက်၌ တစ်ဖန်ဖြစ်ခြင်း မရှိသည်ကို ပြု၍ မိမိဂေါတြဘုကိုယ်တိုင်က အာဝဇ္ဇန်း မဟုတ်ပါသော်လည်း အာဝဇ္ဇန်းအရာ၌ ရပ်တည်၍ ''ဤအတိုင်း နိဗ္ဗာန်ကိုပင် အာရုံပြု၍ ဖြစ်ရစ်ပေတော့'' ဟု အရိယမဂ်အား အမှတ် သညာကို ပေးသကဲ့သို့ ဖြစ်ပြီးနောက် ချုပ်ပျက်သွားလေ၏။ (ပေးတတ်သော သတ္တိ မရှိပါဘဲလျက် သတ္တိရှိသကဲ့သို့ တင်စား၍ ပြောဆိုရကား ပေးသကဲ့သို့ဟု တဒ္ဓမ္မူပစာ ဥပရိက္ချာ စကားဖြင့် ဆိုသည်။) အရိယမဂ်သည်လည်း ထိုဂေါတြဘုသည် ပေးအပ်သော အမှတ်သညာကို မလွှတ်မူ၍သာလျှင် အကြား မရှိသော နာမ်သန္တတိအစဥ်၏ အစွမ်းဖြင့် ထိုဂေါတြဘုဉာဏ်သို့ အစဥ်လိုက်လျက် အစမထင်သော အနမတဂ္ဂ သံသရာတစ်ခွင်ဟု ဆိုအပ်သော ရှေး၌ တစ်ကြိမ်တစ်ခါမျှ မဖောက်ထွင်းအပ်ဖူးသေးသော မဖောက်ခွဲအပ်-
事实上,种姓智不再取随顺智的行所缘,使随后不再重新生起随顺;它自身虽然不是转向,却立于转向的位置,仿佛向圣道发出标记:‘就这样以涅槃为所缘而生起吧。’然后灭去。〔它实际没有给予的能力,这里依同法借喻(taddhammūpacāra)说成‘仿佛给予’。〕圣道也不放过种姓所给的标记,凭借无间断的名相续紧随种姓智,以涅槃为所缘而生起,穿破、击碎在无始轮回中从未被穿破、击碎的——
ဖူးသေးသော လောဘအတုံးအခဲကို ဒေါသအတုံးအခဲကို မောဟအတုံးအခဲကို ဖောက်ထွင်းလျက်သာလျှင် ဖောက်ခွဲလျက်သာလျှင် ဖြစ်ပေါ်လာပေ၏။
——贪块、嗔块与痴块。
ထိုသို့ ဖြစ်ရာ၌ ဤဆိုလတ္တံ့သည်ကား ဥပမာစကားရပ်တည်း။ တစ်ယောက်သော လေးသမားသည် လေး အပြန် တစ်ရာ၏ အထက်၌ ပျဥ်ချပ် တစ်ရာကို ထားစေ၍ အဝတ်ဖြင့် မျက်နှာကို ရစ်ပတ်၍ မြားကို ကောင်းစွာ ဖွဲ့၍ စက်ယန္တယားပေါ်၌ ရပ်တည်လေပြီ။ (ဘီးတပ်ထားသော စက်ယန္တယားလှည်းပေါ်၌ ရပ်တည်လေပြီ ဟူလို) အခြားတစ်ယောက်သော ယောကျာ်းသည် စက်ယန္တယားကို ဆွဲငင်၍ အကြင်အခါ၌ လေးသမား၏ မျက်နှာသည် ပျဥ်ချပ် တစ်ရာနှင့် ရှေးရှုရင်ဆိုင် တည့်တည့် ဖြစ်နေ၏၊ ထိုအခါ၌ ထိုပျဥ်ချပ်၌ တုတ်ဖြင့် (ပျဥ်ချပ်ကို ဒေါက်ကနဲ အသံမြည်အောင်ခေါက်လိုက်၍) အမှတ်သညာကို ပေးလိုက်၏။ လေးသမားသည် တုတ်ဖြင့် ခေါက်၍ အသံ ပေးလိုက်သော အမှတ်အသားကို မလွှတ်မူ၍သာလျှင် မြားကို ပစ်၍ ပျဥ်ချပ် တစ်ရာကို ဖောက်ထွင်းလိုက်၏။
这里有一个譬喻。一名弓箭手令人在一百弓距之外竖起一百块木板,以布蒙面、搭箭张弓,站在装有轮子的转动机械车上。另一人拉动机械;当弓箭手的脸正对一百块木板时,那人用棍敲击木板发出声音作为标记。弓箭手不失这个声音标记,随即放箭,一箭穿透百板。
ထိုဥပမာ စကားရပ်၌ တုတ်ဖြင့် ခေါက်၍ အသံပြုလိုက်သော အမှတ်သညာနှင့် ဂေါတြဘုဉာဏ်သည် တူ၏၊ လေးသမားနှင့် အရိယမဂ်ဉာဏ်သည် တူ၏၊ လေးသမား၏ တုတ်ဖြင့် ခေါက်၍ အသံပြုလိုက်သော အမှတ်အသားကို မလွှတ်မူ၍သာလျှင် ပျဥ်ချပ် တစ်ရာကို မြားဖြင့် ပစ်ခွင်း၍ ဖောက်ထွင်းလိုက်ခြင်းနှင့် အရိယ မဂ်ဉာဏ်၏ ဂေါတြဘုဉာဏ်သည် ပေးအပ်သော အမှတ်အသားကို မလွှတ်မူ၍သာလျှင် နိဗ္ဗာန်ကို အာရုံပြု၍ အနမတဂ္ဂ သံသရာတစ်ခွင်ဝယ် တစ်ကြိမ်တစ်ခါမျှ မဖောက်ထွင်းအပ်ဖူးသေးသော မဖောက်ခွဲအပ်ဖူးသေးသော လောဘအတုံးအခဲ စသည်ကို ဖောက်ထွင်းခြင်း ဖောက်ခွဲခြင်းနှင့် တူ၏။ ဤလောဘအတုံးအခဲ စသည်ကို ဖောက်ထွင်းခြင်း ဖောက်ခွဲခြင်းကိုပင် ဘူမိလဒ္ဓဝဋ္ဋသေတုသမုဂ္ဃါတကရဏ = ရအပ်သော တည်ရာဘုံရှိသော ဝဋ်တရားကို နှောင်ဖွဲ့တတ်သော ကိလေသာတို့ကို အကြွင်းမဲ့ဖြတ်မှုကို ပြုခြင်းဟူ၍လည်း ခေါ်ဆိုအပ်ပေသည်။
在这个譬喻中,敲击木板发出的声音标记如种姓智,弓箭手如圣道智;弓箭手不失声音标记,一箭穿透百板,如圣道智不失种姓智所给的标记,缘取涅槃,穿破无始轮回中从未被穿破的贪块等。这种穿破贪块等,也称为‘令依地而得、系缚轮回的烦恼彻底断除’(bhūmiladdha-vaṭṭasetu-samugghātakaraṇa)。
〔မှတ်ချက် ----- အရိယမဂ်တရားသည် မပယ်ရှားအပ်ကုန်သေးသည်၏ အဖြစ်ကြောင့် ဥပါဒါန်၏ အာရုံ ဖြစ်ကုန်သော ဥပါဒါနက္ခန္ဓာတို့၌ အဖန်ဖန် ကိန်းဝပ်တည်နေကြကုန်သော အနုသယကိလေသာတို့သည် ဥပါ- ဒါနက္ခန္ဓာငါးပါးဟူသော ရအပ်သော တည်ရာဘုံရှိသောကြောင့် ဘူမိလဒ္ဓတို့လည်း မည်ကုန်၏။ ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ်တည်းဟူသော ဝဋ်တရားကို လွတ်မသွားအောင် နှောင်ဖွဲ့တတ်ကုန်သောကြောင့် ဝဋ္ဋ- သေတုတို့လည်း မည်ကုန်၏။ အရိယမဂ်သည် ယင်းဘူမိလဒ္ဓဝဋ္ဋသေတု အမည်ရသော အနုသယ ကိလေသာ- တို့ကို အကြွင်းမဲ့ ကုန်စင်အောင် အဆင့်ဆင့် ပယ်သတ်တတ်ပေသည်။ ယင်းသို့ ပယ်သတ်ခြင်းသည် လောဘ အတုံးအခဲ ဒေါသအတုံးအခဲ မောဟအတုံးအခဲတို့ကို ဖောက်ထွင်းခြင်း ဖောက်ခွဲခြင်းပင် ဖြစ်ပေသည်။〕〕〕 မှန်ပေသည် ----- အရိယမဂ်၏ တစ်ခုတည်းသော ကိစ္စကား အနုသယ ကိလေသာကို ပယ်ခြင်းပင်တည်း။
〔注意:圣道尚未断除的随眠烦恼,反复潜伏于作为取之所缘的五取蕴中;因为它们以五取蕴为所得之地,所以称为‘依地而得’(bhūmiladdha)。又因为它们系缚众生,使之不能脱离烦恼轮回、业轮回、果报轮回,所以称为‘轮回之系缚’(vaṭṭasetu)。圣道逐级把这些随眠烦恼断尽无余;这正是穿破贪块、嗔块、痴块。〕确实,圣道唯一的作用就是断除随眠烦恼。
ဤသို့လျှင် ထိုအရိယမဂ်သည် အနုသယ ကိလေသာတို့ကို အကြွင်းမဲ့ ပယ်သတ်လျက် ပယ်စွန့်လျက် နိမိတ္တ
圣道就这样彻底断除、舍弃随眠烦恼,从名为‘相’的行所缘之相——
原书第 448 页
ဟူသော သင်္ခါရအာရုံနိမိတ်မှ ထသည် မည်၏။ ပဝတ္တဟူသော အဆက်မပြတ် ဖြစ်တတ်သော ဝဋ်တရားကို ဖြတ်သည် မည်၏။ (အဘိ-ဋ္ဌ-၁-၂၇၅-၂၇၇။) နိမိတ္တန္တိ ရူပ-ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏနိမိတ္တံ။ ပဝတ္တမ္ပိ ရူပ-ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏ- ပဝတ္တမေဝ။ တံ ဒုဝိဓံ ဟောတိ ဥပါဒိန္နကံ အနုပါဒိန္နကန္တိ။ (အဘိ-ဋ္ဌ-၁-၂၇၇။) နိမိတ္တ ----- ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ဟူသော သင်္ခါရနိမိတ်သည် နိမိတ္တ မည်၏။
——出起,并截断名为‘转起’的不断相续之轮回法。(《阿毗达磨义注》1-275—277。)巴利义注原文(缅文字体):‘နိမိတ္တန္တိ ရူပ-ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏနိမိတ္တံ။ ပဝတ္တမ္ပိ ရူပ-ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏ- ပဝတ္တမေဝ။ တံ ဒုဝိဓံ ဟောတိ ဥပါဒိန္နကံ အနုပါဒိန္နကန္တိ။ (အဘိ-ဋ္ဌ-၁-၂၇၇။)’译:所谓相,是色、受、想、行、识这些行法之相。所谓转起,也是色、受、想、行、识的连续转起;它有已被执受与无执受两种。相——色、受、想、行、识这些行法之相,称为相。
ပဝတ္တ ----- ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ဟူသော အဆက်မပြတ် ဖြစ်တတ်သော ဝဋ်တရား- သည်ပင် ပဝတ္တလည်း မည်၏။ ထိုပဝတ္တသည် ဥပါဒိန္နကပဝတ္တဟူ၍လည်းကောင်း၊ အနုပါဒိန္နကပဝတ္တဟူ၍ လည်းကောင်း နှစ်မျိုး ရှိ၏။
转起——色、受、想、行、识这一不断相续的轮回法,称为转起。转起分为已被执受之转起与无执受之转起两种。
ထိုနှစ်မျိုးတို့တွင် အရိယမဂ်၏ အနုပါဒိန္နကပဝတ္တမှ ထခြင်းဟူသော အရိပ်အယောင်ကို တွေ့မြင်အပ်၏ ဟု ဆို၍ အနုပါဒိန္နကပဝတ္တမှ ထ၏ဟု ဆိုကြကုန်၏။
二者之中,圣道从无执受之转起出起的迹象清楚可见,所以说圣道从无执受之转起出起。
အနုပါဒိန္နက ဝုဋ္ဌာန = အနုပါဒိန္နက ခန္ဓာအစဥ်မှ ထပုံ
从无执受诸蕴相续出起(anupādinnaka-vuṭṭhāna)
အကျယ်သိရန်ကား ဤသို့တည်း။ သောတာပတ္တိမဂ်သည် ဒိဋ္ဌိဂတသမ္ပယုတ်စိတ် လေးမျိုး၊ ဝိစိကိစ္ဆာ သဟဂုတ်စိတ် တစ်မျိုး - ပေါင်း ငါးမျိုးသော စိတ်တို့ကို ပယ်သတ်အပ်ကုန်၏၊ ထိုစိတ်တို့သည် စိတ္တဇရုပ်ကို ဖြစ်စေတတ်ကြကုန်၏ = စိတ္တဇရုပ်ကို ဖြစ်စေနိုင်သော စွမ်းအင်သတ္တိရှိသည့် စိတ်တို့သာ ဖြစ်ကြကုန်၏။ ထိုစိတ် ငါးမျိုးတို့က ဖြစ်စေအပ်သော စိတ္တဇရုပ်သည် အနုပါဒိန္နက ရူပက္ခန္ဓာတည်း။ (စိတ္တဇရုပ် ဖြစ်သောကြောင့် ကမ္မဇ ရုပ်ဟူသော ဥပါဒိန္နက မရှိရကား အနုပါဒိန္နက ရူပက္ခန္ဓာဟု ဆိုသည်။ တဏှာဒိဋ္ဌိတို့သည် ကပ်ရောက်အပ်သော ကံသည် အကျိုး၏အဖြစ်ဖြင့် ''ငါ့ဟာ''ဟု မစွဲယူအပ်သော ရူပက္ခန္ဓာဟူလိုသည်။) ထိုစိတ် ငါးမျိုးတို့သည် ဝိညာ- ဏက္ခန္ဓာတည်း။ ထိုစိတ် ငါးမျိုးတို့နှင့် ယှဥ်ကုန်သော ဝေဒနာ သညာ သင်္ခါရ စေတသိက်တို့သည် ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာဟူသော နာမ်ခန္ဓာသုံးပါးတို့တည်း။ အားလုံးပေါင်းသော် ခန္ဓာငါးပါး ဖြစ်၏။
详说如下。预流道断除四种邪见相应心和一种疑相应心,共五种心。这五种心能产生心生色;由它们所生的心生色就是无执受色蕴。〔因为这是心生色,不是已被执受的业生色,所以称为无执受色蕴;意思是:被爱、见所黏着的业并未把这一色蕴作为自己的果,以‘这是我的’而执取。〕五种心本身是识蕴;与它们相应的受、想、行诸心所,分别是受蕴、想蕴、行蕴三个名蕴;合起来共有五蕴。
ထိုငါးမျိုးသော စိတ်တို့ကို ပယ်ရာ၌ အကယ်၍ သောတာပန်ပုဂ္ဂိုလ်သည် သောတာပတ္တိမဂ်ကို မဖြစ်စေ အပ်သည် ဖြစ်အံ့၊ ထိုငါးမျိုးကုန်သော စိတ်တို့သည် ခြောက်ပါးကုန်သော အာရုံတို့၌ ထကြွခြင်းသို့ ရောက်ကုန် ရာ၏။ သို့သော် ထိုယောဂါဝစရပဂ္ဂိုလ်သည် သောတာပတ္တိမဂ်ကို ဖြစ်စေနိုင်သဖြင့် ယင်းသောတာပတ္တိမဂ်သည် ထိုငါးမျိုးသော စိတ်တို့၏ ထကြွမှုဖြစ်ခြင်းကို တားမြစ်လျက် ဝဋ်တရားကို လွတ်မသွားအောင် ဖွဲ့နှောင်တတ်သော ကိလေသာတည်းဟူသော အကြောင်းတရားကို အကြွင်းမဲ့ ဖြတ်ခြင်းကို နောက်ထပ်တစ်ဖန် မဖြစ်ထိုက်သည်၏ အဖြစ်ကို ပြုလျက် အထက်ဖော်ပြပါ ခန္ဓာငါးပါးတည်းဟူသော အနုပါဒိန္နကဖြစ်သော ပဝတ္တမှ ထသည် မည်ပေ- သည်။
若预流者没有令预流道生起,这五种心就会在六种所缘上发动;但瑜伽行者令预流道生起后,预流道便阻止这五种心发动,彻底断除系缚轮回的烦恼因,使这些心以后再也不能生起。因此说,它从上述五蕴这一无执受之转起出起。
သကဒါဂါမိမဂ်သည် ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် လေးမျိုး ဒေါသမူစိတ် နှစ်မျိုးဟူသော ရုန့်ရင်းကြမ်းတမ်းသော ကာမရာဂ ဗျာပါဒတို့၏ အစွမ်းဖြင့် ခြောက်ပါးကုန်သော စိတ်တို့ကို ပယ်သတ်အပ်ကုန်၏။ အနာဂါမိမဂ်သည် သိမ်မွေ့သည်၏ အဖြစ်နှင့် တကွဖြစ်သော ကာမရာဂ ဗျာပါဒတို့၏ အစွမ်းဖြင့် ထိုခြောက်ပါးကုန်သော စိတ်- တို့ကိုပင်လျှင် ပယ်သတ်အပ်ကုန်၏။ အရဟတ္တမဂ်သည် ရူပရာဂ အရူပရာဂတည်းဟူသော ဒိဋ္ဌိဂတဝိပ္ပယုတ် စိတ် လေးမျိုးတို့ကိုလည်းကောင်း၊ ဥဒ္ဓစ္စသဟဂုတ်စိတ်ကိုလည်းကောင်း ဤငါးမျိုးကုန်သော အကုသိုလ်စိတ်တို့ကို ပယ်သတ်အပ်ကုန်၏။
一来道断除四种邪见不相应心与两种嗔根心,共六种心中粗重欲贪、嗔恚的部分。不来道仍断这六种心,但断除的是微细欲贪与嗔恚。阿罗汉道断除四种邪见不相应心中作为色贪、无色贪的部分,以及一颗掉举相应心,共五种不善心。
原书第 449 页
ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- အနုလောမဉာဏ်ခန်း ထိုအကုသိုလ်စိတ်တို့ကို ပယ်သတ်ရာ၌ အကယ်၍ ထိုအရိယပုဂ္ဂိုလ်တို့သည် ထိုဆိုင်ရာ အရိယမဂ်တရား- တို့ကို မဖြစ်စေအပ်ကုန်သည် ဖြစ်ကုန်ငြားအံ့၊ ထိုသို့ ဖြစ်ခဲ့သော် ထိုအကုသိုလ်စိတ်တို့သည် အာရုံ (၆)ပါးတို့၌ ထကြွခြင်းသို့ ရောက်ကုန်ရာ၏၊ သို့သော် ထိုအရိယပုဂ္ဂိုလ်တို့သည် ထိုထိုဆိုင်ရာ အရိယမဂ်တရားကို ဖြစ်စေ နိုင်ကြကုန်သဖြင့် ထိုအရိယမဂ်တရားတို့သည် ထိုအကုသိုလ်စိတ်တို့၏ ထကြွမှု ဖြစ်ခြင်းကို တားမြစ်ကုန်လျက် ဝဋ်တရားကို လွတ်မသွားအောင် ဖွဲ့နှောင်တတ်သော ကိလေသာတည်းဟူသော အကြောင်းတရားကို အကြွင်းမဲ့ ဖြတ်ခြင်းကို နောက်ထပ်တစ်ဖန် မဖြစ်ထိုက်သည်၏ အဖြစ်ကို ပြုလျက် ယင်းအကုသလ စိတ္တဇရုပ်နှင့် ယင်း အကုသိုလ် စိတ်စေတသိက်တည်းဟူသော အနုပါဒိန္နက ဖြစ်သော ခန္ဓာငါးပါး ပဝတ္တတရားမှ ထကုန်သည် မည်ကုန်၏။ ဤကား အနုပါဒိန္နက ခန္ဓာအစဥ်မှ ထပုံတည်း။ (အဘိ-ဋ္ဌ-၁-၂၇၇-၂၇၈။)
若这些圣者没有令各自相应的圣道生起,这些不善心便会在六种所缘上发动;但各圣者令相应圣道生起后,圣道阻止这些不善心发动,彻底断除系缚轮回的烦恼因,使它们以后再也不能生起。因此说,各圣道从这些不善心所生之色及不善心、心所所成的无执受五蕴之转起出起。这就是从无执受诸蕴相续出起。(《阿毗达磨义注》1-277—278。)
ဥပါဒိန္နက ဝုဋ္ဌာန = ဥပါဒိန္နက ခန္ဓာအစဥ်မှ ထပုံ
从已被执受诸蕴相续出起(upādinnaka-vuṭṭhāna)
ဥပါဒိန္နကပဝတ္တမှ ထခြင်းဟူသော အရိပ်အယောင်ကို တွေ့မြင်အပ်၏ဟု ဆိုပြီး၍ ဥပါဒိန္နကပဝတ္တမှ ထ၏ဟုလည်း ဆိုကြကုန်ပြီ။ (ဥပါဒိန္နကဟူသည် အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြံရံအပ် ကပ်ရောက်အပ်သော ကံသည် ''ငါ၏ အကျိုး''ဟု အကျိုး၏ အဖြစ်ဖြင့် စွဲယူအပ်သော လောကီဝိပါက် နာမ်ခန္ဓာနှင့် ကမ္မဇရုပ်တည်း။
又因为清楚可见圣道从已被执受之转起出起的迹象,所以也说它从已被执受之转起出起。〔所谓已被执受,是指世间果报名蕴与业生色:被无明、爱、取围绕黏着的业,把它们作为‘我的果’而执取。〕
ဥပါဒိန္နကပဝတ္တဟူသည် ယင်းခန္ဓာတို့၏ အဆက်မပြတ် ဖြစ်မှု အစဥ်တည်း။) အကျယ်မှာ ဤသို့တည်း။ ----- အကယ်၍ သောတာပန်ပုဂ္ဂိုလ်သည် သောတာပတ္တိမဂ်ကို မဖြစ်စေသည် ဖြစ်ငြားအံ့၊ ဤသို့ မဖြစ်စေခဲ့- သော် (၇)ပါးကုန်သော ဘဝတို့ကို ထား၍ မသိအပ်သော အစရှိသော အနမတဂ္ဂ သံသရာဝဋ်၌ ဥပါဒိန္နကပဝတ္တ = အဆက်မပြတ်ဖြစ်သော ဥပါဒိန္နက ခန္ဓာအစဥ်သည် ဖြစ်လေရာ၏။ အဘယ်ကြောင့်နည်းဟူမူ --- ထို ဥပါဒိန္နက ခန္ဓပဝတ္တ၏ ဖြစ်ခြင်း၏ အကြောင်းဖြစ်သော ကိလေသာတို့၏ ထင်ရှားရှိကုန်သေးသည်၏ အဖြစ်ကြောင့်တည်း။
已被执受之转起,就是这些蕴不断相续的过程。详说如下:若预流者没有令预流道生起,撇开七生不论,已被执受的蕴相续便会在无始轮回中持续发生。为什么?因为作为已被执受蕴转起之因的烦恼还存在。
သက္ကာယဒိဋ္ဌိသံယောဇဥ် သီလဗ္ဗတပရာမာသသံယောဇဥ် ဝိစိကိစ္ဆာသံယောဇဥ်ဟူသော သံယောဇဥ် သုံးပါး၊ ဒိဋ္ဌာနုသယ ဝိစိကိစ္ဆာနုသယဟူသော အနုသယ နှစ်ပါး - ပေါင်း ငါးပါးကုန်သော ဤကိလေသာတို့ကို သောတာ- ပတ္တိမဂ်သည် ဖြစ်လျှင် ဖြစ်ချင်းပင် မိမိဖြစ်ဆဲ ခဏမှာပင် အကြွင်းမဲ့ ပယ်သတ်နိုင်၏။ ဤသို့ ပယ်သတ်ပြီးရာ ယခု သောတာပန်ဖြစ်ရာအခါ၌ သောတာပန်ပုဂ္ဂိုလ်၏ သန္တာန်၌ (၇)ဘဝတို့ကို ထား၍ အနမတဂ္ဂ သံသရာဝဋ်၌ ဥပါဒိန္နကပဝတ္တ = အဆက်မပြတ် ဖြစ်သော ဥပါဒိန္နက ခန္ဓာအစဥ်သည် အဘယ်မှာလျှင် ဖြစ်နိုင်တော့အံ့နည်း။
预流道一生起,就在其生起刹那把三结——有身见结、戒禁取结、疑结——以及两种随眠——见随眠与疑随眠——共五种烦恼断尽无余。既已这样断除,成为预流者以后,除了最多七生,他的已被执受蕴相续又怎能继续存在于无始轮回中?
(ဖြစ်နိုင်ဖို့ရန် အကြောင်းတရား မရှိတော့ပြီ ဟူလို။) ဤသို့လျှင် သောတာပတ္တိမဂ်သည် ဥပါဒိန္နကပဝတ္တကို အဆက်မပြတ် မဖြစ်အောင် ပြုလုပ်လျက် ဥပါဒိန္နကပဝတ္တမှ ထသည် မည်၏။ (အဘိ-ဋ္ဌ-၁-၂၇၈။)
〔意思是:令它继续发生的原因已经没有了。〕预流道就这样使已被执受之转起不再无尽相续,因此称为从已被执受之转起出起。(《阿毗达磨义注》1-278。)
(၇) ဘဝ အယူအဆ
关于七生的解释
ဧကဝါရံ ကာမာဝစရဒေဝေသု ဧကဝါရံ မနုဿေသူတိ ဧဝမ္ပိ မိဿိတူပပတ္တိဝသေန တေသု ဧကိဿာ ဧဝ ဥပပတ္တိယာ နာယံ ပရိစ္ဆေဒေါ (အယံ ပရိစ္ဆေဒေါ-မူကွဲ။)။ ယံ ပန ''န တေ ဘဝံ အဋ္ဌမမာဒိယန္တီ''တိ ဝုတ္တံ၊ တမ္ပိ ကာမဝစရဘဝံယေဝ သန္ဓာယာဟ၊ မဟဂ္ဂတဘာဝါနံ ပရိစ္ဆေဒေါ နတ္ထီတိ ဝဒန္တိ။ (အနုဋီ-၁-၁၂၄။) တစ်ကြိမ်တစ်ခါ ကာမာဝစရ နတ်ပြည်၌ ဖြစ်လိုက်၊ တစ်ကြိမ်တစ်ခါ လူ့ပြည်၌ ဖြစ်လိုက်ဖြင့် - ဤသို့ ရောနှောအပ်သော ဘဝ၏ အစွမ်းဖြင့် (၇)ဘဝဟု ဆိုသည်။ ထို နတ်-လူ ဥပပတ္တိဘဝတို့တွင် နတ်ဖြစ်စေ၊ လူ ဖြစ်စေ တစ်ခုသော ဥပပတ္တိဘဝ၌သာ ဤ (၇)ဘဝ ဖြစ်သည်ဟု အပိုင်းအခြားပြခြင်း မဟုတ်။ ''န တေ ဘဝံ အဋ္ဌမမာဒိယန္တိ = ထိုသောတာပန်ပုဂ္ဂိုလ်တို့သည် ရှစ်ကြိမ်မြောက် ဘဝကို ယူရိုး မရှိကြကုန်''ဟူသော ရတန
巴利复注原文(缅文字体):‘ဧကဝါရံ ကာမာဝစရဒေဝေသု ဧကဝါရံ မနုဿေသူတိ ဧဝမ္ပိ မိဿိတူပပတ္တိဝသေန တေသု ဧကိဿာ ဧဝ ဥပပတ္တိယာ နာယံ ပရိစ္ဆေဒေါ (အယံ ပရိစ္ဆေဒေါ-မူကွဲ။)။ ယံ ပန ''န တေ ဘဝံ အဋ္ဌမမာဒိယန္တီ''တိ ဝုတ္တံ၊ တမ္ပိ ကာမဝစရဘဝံယေဝ သန္ဓာယာဟ၊ မဟဂ္ဂတဘာဝါနံ ပရိစ္ဆေဒေါ နတ္ထီတိ ဝဒန္တိ။ (အနုဋီ-၁-၁၂၄။)’译:所谓七生,可以一生在欲界天、一生在人间,如此由天、人混合受生而计;在这些天、人之生有中,并非限定只在天界或只在人间某一种生有连续七次。佛陀在《宝经》中说‘他们不受第八有’,也只是针对人、天欲有而说;诸大行有,即色有、无色有,则没有七生这一限定。诸师这样解释。(《随复注》1-124。)
原书第 450 页
သုတ်၌ ဟောကြားတော်မူအပ်သော စကားကိုလည်း လူ-နတ်ဟူသော ကာမဘဝကိုသာ ရည်ရွယ်တော်မူ၍ ဘုရားရှင်သည် ဟောကြားတော်မူအပ်သော စကားတော် ဖြစ်သည်၊ မဟဂ္ဂုတ်ဖြစ်သော ရူပဘဝ အရူပဘဝတို့၌- ကား ဤ (၇)ဘဝဟု အပိုင်းအခြား မရှိဟု ဆရာမြတ်တို့ ဆိုတော်မူကြသည်။ (အနုဋီ-၁-၁၂၄။)
因此,《宝经》那句话是佛陀只就人、天欲有而说;对于属于大行的色有、无色有,诸师说并无七生的限定。(《随复注》1-124。)
သောတာပန် သုံးမျိုး
三类预流者
ဤရှစ်ခုမြောက်သော ဘဝကိုမယူ ဆိုသည်မှာ သောတာပန်တို့တွင် အညံ့ဆုံး သတ္တက္ခတ္တုပရမ သောတာ- ပန်ကို ရည်ရွယ်၍ မိန့်ဆိုခြင်း ဖြစ်သည်။ သောတာပန် ဖြစ်ပြီးနောက် အထက်မဂ်ဉာဏ်များကို လျင်လျင်မြန်မြန် ရနိုင်မှု မရနိုင်မှုမှာ သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာ ဟူသော ဣန္ဒြေများ၏ ထက်မြက်မှု မထက်မြက်မှုကို အစွဲပြု၍ ဖြစ်၏။
‘不受第八有’是就预流者中最钝的最多七次预流者而说。成为预流者以后,能否迅速证得上三道智,取决于信、精进、念、定、慧五根是否锐利成熟。
၁။ ထက်မြက်သော ဣန္ဒြေရှိသော သောတာပန်မှာ တစ်ဘဝသာ ပဋိသန္ဓေ နေရ၍ ရဟန္တာ ဖြစ်၏။ ထို ပုဂ္ဂိုလ်မျိုးကို ဧကဗီဇိ = တစ်ခုသော ပဋိသန္ဓေမျိုးစေ့ ရှိသော သောတာပန်ဟု ဆို၏။
一、根极锐利的预流者,只再受生一世便成为阿罗汉。这类人称为一生种预流者(ekabījī),即只有一次结生种子的预流者。
၂။ နှစ်ဘဝမှ ခြောက်ဘဝ အထိ ပဋိသန္ဓေနေသော သောတာပန်ကား အလတ်စား ဣန္ဒြေရှိသူ ဖြစ်၏။
二、从两世到六世之间受生的预流者,诸根成熟程度居中。
ထိုပုဂ္ဂိုလ်မျိုးကို ကောလံကောလ = အမျိုးကောင်း တစ်ခုမှ အမျိုးကောင်း တစ်ခုသို့ ရောက်တတ်သော ယုတ်ညံ့- သော အနိမ့်စား အမျိုးအနွယ်၌ မည်သည့်အခါမျှ ဖြစ်ခွင့်မရှိသော သောတာပန်ဟု ဆို၏။
这类人称为家家预流者(kolaṅkola):从一个良家转生到另一个良家,决不会生于卑下家族。
၃။ ခုနစ်ဘဝ ပဋိသန္ဓေရှိသော ပဋိသန္ဓေနေသော သောတာပန်ကား နုံ့သော ဣန္ဒြေ ရှိသူတည်း။ ထိုပုဂ္ဂိုလ်- မျိုးကို သတ္တက္ခတ္တုပရမ = ခုနစ်ကြိမ် အလွန် ပဋိသန္ဓေရှိသူ သောတာပန်ဟု ခေါ်သည်။ (ပဋိသံ-ဋ္ဌ-၂-၆၇။) ဣမေ တယောပိ သောတာပန္နာ ကာမဘဝဝသေန ဝုတ္တာ၊ ရူပါရူပဘဝေ ပန ဗဟုကာပိ ပဋိသန္ဓိယော ဂဏှန္တိ။ (ပဋိသံ-ဋ္ဌ-၂-၆၇။) ဤသောတာပန် သုံးမျိုးတို့၏ ဘဝအရေအတွက် ကန့်သတ်ချက်မှာ ကာမဘုံအတွက်သာ ဖြစ်၍ ရူပ အရူပဘုံများက သောပန်များမှာမူ ပဋိသန္ဓေ အကြိမ်များစွာ ယူနိုင်ကြကုန်၏။ (ပဋိသံ-ဋ္ဌ-၂-၆၇။)
三、还须七次结生的预流者,诸根较钝,称为最多七次预流者(sattakkhattuparama),即以七次结生为极限者。(《无碍解道义注》2-67。)巴利义注原文(缅文字体):‘ဣမေ တယောပိ သောတာပန္နာ ကာမဘဝဝသေန ဝုတ္တာ၊ ရူပါရူပဘဝေ ပန ဗဟုကာပိ ပဋိသန္ဓိယော ဂဏှန္တိ။ (ပဋိသံ-ဋ္ဌ-၂-၆၇။)’译:这三类预流者的生数限制只就欲有而言;处于色有、无色有的预流者还可能取得多次结生。(《无碍解道义注》2-67。)
သတ်မှတ်ပေးသောတရား
决定三类差别的法
သောတာပန် သုံးမျိုး ကွဲပြားရာ၌ ထိုသို့ကွဲပြားရန် အဘယ်တရားက အတည်ပြု သတ်မှတ်ပေးသည်ဟူ- သော အချက်နှင့် ပတ်သက်၍ ဆရာမြတ်တို့ အယူအဆ မတူမျှဘဲ ကွဲပြားလျက် ရှိကြ၏။ ကွဲပြားပုံကို ပုဂ္ဂလ ပညတ် အဋ္ဌကထာ (အဘိ-ဋ္ဌ-၃-၄၇)၌ ဖွင့်ဆိုထား၏။ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။
关于什么法决定预流者分为三类,诸大德的看法并不一致。《人施设义注》(《阿毗达磨义注》3-47)列举了这些不同意见。要义如下。
ထိုသို့ သတ်မှတ်ပေးသော တရားမှာ ----- ၁။ အချို့က ပုဗ္ဗဟေတု = ရှေးကံ အကြောင်းဟုလည်းကောင်း၊ ၂။ အချို့က ပထမမဂ် = သောတာပတ္တိမဂ်ဟုလည်းကောင်း၊ ၃။ အချို့က အထက်မဂ် သုံးပါးဟုလည်းကောင်း၊ ၄။ အချို့ကမူ အထက်မဂ် သုံးပါး၏ ရှေး၌ဖြစ်သော ဝိပဿနာဟုလည်းကောင်း အသီးအသီး အဆိုရှိကြ၏။
决定这种差别的法,有四种主张:一、有人说是宿因,即过去业因;二、有人说是初道,即预流道;三、有人说是上三道;四、有人说是上三道以前的观。
ထိုဝါဒ လေးရပ်တို့တွင် အထက်မဂ် သုံးပါး၏ ရှေး၌ဖြစ်သော ဝိပဿနာကသာ သတ်မှတ်ပေးသည် ဟူသော နောက်ဆုံး အယူအဆသာ သင့်မြတ်ကြောင်းကို ''တိဏ္ဏံ မဂ္ဂါနံ ဝိပဿနာ နိယမေတီ''တိ ဝါဒေါ ပန ယုဇ္ဇတိ။ (အဘိ-ဋ္ဌ-၃-၄၇။) ဟု အတည်ပြု ဆုံးဖြတ်ထားပေသည်။
四说之中,义注判定最后一说——只有上三道以前的观决定其差别——才合理:巴利原文(缅文字体):‘တိဏ္ဏံ မဂ္ဂါနံ ဝိပဿနာ နိယမေတီ''တိ ဝါဒေါ ပန ယုဇ္ဇတိ။’译:‘认为上三道之前的观决定其差别,这一说合理。’(《阿毗达磨义注》3-47。)
原书第 451 页
ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- အနုလောမဉာဏ်ခန်း သို့သော် ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌကထာ၌ကား ----- တံ ပနေတံ တေသံ မုဒုမဇ္ဈိမတိက္ခပညတံ ပုဗ္ဗဟေတု နိယမေတိ။ (ပဋိသံ-ဋ္ဌ-၂-၆၇။) ထိုသောတာပန် သုံးမျိုးတို့၏ ဣန္ဒြေထက်မှု ညံ့မှုမှာ ပုဗ္ဗဟေတု = ရှေးအကြောင်းကံက သတ်မှတ်ပေး၏။
不过,《无碍解道义注》却说:巴利原文(缅文字体):‘တံ ပနေတံ တေသံ မုဒုမဇ္ဈိမတိက္ခပညတံ ပုဗ္ဗဟေတု နိယမေတိ။ (ပဋိသံ-ဋ္ဌ-၂-၆၇။)’译:‘这三类人的慧有钝、中、利之别,是由宿因决定的。’(《无碍解道义注》2-67。)
(ပဋိသံ-ဋ္ဌ-၂-၆၇။)
(《无碍解道义注》2-67。)
ဤသို့ ဖွင့်ဆိုထားပေသည်။ အထက်ပါ ပုဂ္ဂလပညတ်အဋ္ဌကထာ၌ လာရှိသော ပထမဆရာ၏ အယူ အဆနှင့် တူမျှလျက် ရှိပေသည်။
这里的解释与上述《人施设义注》中第一位论师的主张相同。
ထပ်မံ ရှင်းလင်းချက်များ
进一步说明
ထိုအထက်ဖော်ပြပါ ဝါဒ လေးရပ်တို့တွင် ရှေးကံအကြောင်းတရားက သောတာပန် သုံးမျိုးတို့၏ ဣန္ဒြေ ထက်မှု ညံ့မှုကို သတ်မှတ်ပေး၏ ----- ဟူသော ပထမဝါဒ၌ ''ပထမမဂ်၏ အားကြီးသော မှီရာ ဥပနိဿယ အကြောင်းတရားကို ရှေးကံအကြောင်းတရားသည် ပြုလုပ်အပ်သည် မည်၏၊ အထက်မဂ် သုံးပါးတို့သည် အား- ကြီးသော မှီရာ ဥပနိဿယ အကြောင်းတရား မရှိကုန်ဘဲ ဖြစ်ပေါ်လာကုန်၏'' ဟူသော ဤအပြစ်စကားသည် ရောက်ရှိဖြစ်ပေါ်နေ၏။
在上述四种主张中,第一说认为宿业因决定三类预流者的根有利钝。这样就会有如下过失:‘宿业因只为初道造成强力亲依止缘,而上三道没有强力亲依止缘也能生起。’
တစ်ဖန် ပထမမဂ် = သောတာပတ္တိမဂ်သည် သောတာပန် သုံးမျိုးတို့၏ ဣန္ဒြေ ထက်မှု ညံ့မှုကို သတ်မှတ် ပေး၏ဟူသော ဒုတိယဝါဒ၌ အထက်မဂ် သုံးပါးတို့၏ အကျိုးမရှိကုန်သည်၏ အဖြစ်သည် ရောက်ရှိလေရာ၏ ဖြစ်လေရာ၏။
第二说认为初道,即预流道,决定三类预流者的根有利钝;这样就会导致上三道没有作用的过失。
အထက်မဂ် သုံးပါးတို့က သောတာပန် သုံးမျိုးတို့၏ ဣန္ဒြေ ထက်မှု ညံ့မှုကို သတ်မှတ်ပေးကုန်၏ဟူသော တတိယဝါဒ၌ ပထမမဂ်သည် မဖြစ်မီကပင် အထက်မဂ်သုံးပါးတို့သည် ဖြစ်နှင့်ကုန်ပြီဟူသော ဤအပြစ်သည် ရောက်ရှိလေရာ၏။
第三说认为上三道决定三类预流者的根有利钝;这样就会导致上三道在初道尚未生起以前已经生起的过失。
ထို့ကြောင့် အလျော်အားဖြင့်ဆိုရမူ အထက်မဂ်သုံးပါးတို့၏ ရှေးအဖို့၌ ဖြစ်သော ဝိပဿနာကသာလျှင် သောတာပန် သုံးမျိုးတို့၏ ဣန္ဒြေ ထက်မှု ညံ့မှုကို သတ်မှတ်ပေး၏ဟူသော ဝါဒသည်သာလျှင် သင့်မြတ်ပေသည်။
因此,只有上三道以前生起的观决定三类预流者的根有利钝,这一主张才合理。
အကြောင်းကား ဤသို့ ဖြစ်၏။ ----- အကယ်၍ အထက်မဂ် သုံးပါးတို့၏ ရှေးအဖို့၌ ဖြစ်သော ဝိပဿနာသည် အားရှိသည် ဖြစ်အံ့၊ ဤသို့ အားရှိခဲ့သော် ဝိပဿနာက အားကောင်းသောကြောင့် တစ်ဘဝတည်၍ ပဋိသန္ဓေနေရရုံဖြင့် အထက်မဂ်တို့ကို ရနိုင်ရကား ဧကဗီဇိ သောတာပန် မည်၏။ ထိုဧကဗီဇိ သောတာပန် ဖြစ်ကြောင်း ဝိပဿနာအောက် သာ၍ အားနည်းသော ဝိပဿနာကြောင့်ကား ကောလံကောလ သောတာပန် ဖြစ်နိုင်၏။ ထို ကောလံကောလ သောတာပန် ဖြစ်ကြောင်း ဝိပဿနာအောက် သာ၍ အားနည်းသော ဝိပဿနာကြောင့်ကား သတ္တက္ခတ္တုပရမ သောတာပန် ဖြစ်နိုင်၏။ ထို့ကြောင့် နောက်ဆုံးဖြစ်သော ''အထက်မဂ် သုံးပါးတို့၏ ဝိပဿနာကသာလျှင် ယင်း သောတာပန်တို့၏ ဣန္ဒြေ ထက်မှု ညံ့မှုကို မြဲစေ၏''ဟူသော စတုတ္ထဝါဒသည်သာလျှင် သင့်မြတ်ပေသည်။
理由如下。若上三道以前的观十分有力,便能凭强力观在只再受生一世后证得上道,称为一生种预流者。若观力比成就一生种预流者的观稍弱,可能成为家家预流者;若又比成就家家预流者的观更弱,可能成为最多七次预流者。因此,第四说——上三道以前的观决定这些预流者的根有利钝——才合理。
(အဘိ-ဋ္ဌ-၃-၄၇။)
(《阿毗达磨义注》3-47。)
သတိပြုရန် ----- မြတ်စွာဘုရားရှင်သည် ယူတော်မူအပ်သော နာမည်၏ အစွမ်းဖြင့်သာလျှင် ဤ သတ္တက္ခတ္တုပရမ၊ ကောလံကောလ၊ ဧကဗီဇိဟူသော အမည်တို့၏ ဤသုံးမျိုးကုန်သော သောတာပန်ပုဂ္ဂိုလ်- တို့၏ အမည်တို့ ဖြစ်ကြရကုန်၏၊ ဤမျှ အတိုင်းအရှည် ရှိသော အရပ်သို့ ဘဝသို့ ကပ်ရောက်သော သောတာပန် ပုဂ္ဂိုလ်သည် သတ္တက္ခတ္တုပရမ မည်၏၊ ဤမျှ အတိုင်းအရှည် ရှိသော အရပ်သို့ ဘဝသို့ ကပ်ရောက်သော သော-
应当注意:‘最多七次’、‘家家’、‘一生种’这三个名称,只是佛陀依其所到达的生数而设施给三类预流者的名称。到某一生数者名为最多七次预流者;到某一生数者名为家家预流者;到某一生数者名为——
原书第 452 页
တာပန်ပုဂ္ဂိုလ်သည် ကောလံကောလ မည်၏၊ ဤမျှ အတိုင်းအရှည် ရှိသော အရပ်သို့ ဘဝသို့ ကပ်ရောက်သော သောတာပန် ပုဂ္ဂိုလ်သည် ဧကဗီဇိ မည်၏ဟု ဘုရားရှင်သည် ဤသောတာပန်ပုဂ္ဂိုလ်တို့၏ အမည်ကို ယူတော် မူအပ်ပြီ၊ ထိုသို့ ယူတော်မူအပ်ပါသော်လည်း မြဲသောအားဖြင့် ဤပုဂ္ဂိုလ်သည် သတ္တက္ခတ္တုပရမ သောတာပန် တည်း၊ ဤပုဂ္ဂိုလ်သည် ကောလံကောလ သောတာပန်တည်း၊ ဤပုဂ္ဂိုလ်သည် ဧကဗီဇိ သောတာပန်တည်းဟု ဤသို့ ဆုံးဖြတ်ခြင်းသည် မရှိပေ။ (အဘိ-ဋ္ဌ-၃-၄၆။)
——一生种预流者。虽然佛陀如此设施名称,却没有绝对判定‘此人必定是最多七次预流者,此人必定是家家预流者,此人必定是一生种预流者’。(《阿毗达磨义注》3-46。)
သမ္မောဟဝိနောဒနီ အဋ္ဌကထာ၏ ဖွင့်ဆိုချက်
《除痴论义注》的解释
ကောစိ ပန ပုဂ္ဂလော သတ္တန္နံ ဘဝါနံ နိယတော နာမ နတ္ထိ၊ အရိယသာဝကော ပန ယေန ကေနစိပိ အာကာရေန မန္ဒပညော သမာနော အဋ္ဌမံ ဘဝံ အပ္ပတွာ အန္တရာဝ ပရိနိဗ္ဗာတိ။ သက္ကသဒိသောပိ ဝဋ္ဋဘိရတော သတ္တမံယေဝ ဘဝံ ဂစ္ဆတိ၊ သတ္တမေ ဘဝေ သဗ္ဗာကာရေန ပမာဒဝိဟာရိနောပိ ဝိပဿနာဉာဏံ ပရိပါကံ ဂစ္ဆတိ၊ အပ္ပမတ္တကေပိ အာရမ္မဏေ နိဗ္ဗိန္ဒိတွာ နိဗ္ဗုတိံ ပါပုဏာတိ။ သစေပိ ဟိဿ သတ္တမေ ဘဝေ နိဒ္ဒံ ဝါ သြက္ကမန္တဿ ပရမ္မုခံ ဝါ ဂစ္ဆန္တဿ ပစ္ဆတော ဌတွာ တိခိဏေန အသိနာ ကောစိဒေဝ သီသံ ပါတေယျ၊ ဥဒကေ ဝါ သြသာ- ဒေတွာ မာရေယျ၊ အသနိ ဝါ ပနဿ သီသေ ပတေယျ၊ ဧဝရူပေပိ ကာလေ သပ္ပဋိသန္ဓိကာ ကာလံကိရိယာ နာမ န ဟောတိ၊ အရဟတ္တံ ပတွာဝ ပရိနိဗ္ဗာတိ။ တေန ဝုတ္တံ ''အဋ္ဌမံ ဘဝံ နိဗ္ဗတ္တေယျ၊ နေတံ ဌာနံ ဝိဇ္ဇတီ''တိ။
巴利义注原文(缅文字体):‘ကောစိ ပန ပုဂ္ဂလော သတ္တန္နံ ဘဝါနံ နိယတော နာမ နတ္ထိ၊ အရိယသာဝကော ပန ယေန ကေနစိပိ အာကာရေန မန္ဒပညော သမာနော အဋ္ဌမံ ဘဝံ အပ္ပတွာ အန္တရာဝ ပရိနိဗ္ဗာတိ။ သက္ကသဒိသောပိ ဝဋ္ဋဘိရတော သတ္တမံယေဝ ဘဝံ ဂစ္ဆတိ၊ သတ္တမေ ဘဝေ သဗ္ဗာကာရေန ပမာဒဝိဟာရိနောပိ ဝိပဿနာဉာဏံ ပရိပါကံ ဂစ္ဆတိ၊ အပ္ပမတ္တကေပိ အာရမ္မဏေ နိဗ္ဗိန္ဒိတွာ နိဗ္ဗုတိံ ပါပုဏာတိ။ သစေပိ ဟိဿ သတ္တမေ ဘဝေ နိဒ္ဒံ ဝါ သြက္ကမန္တဿ ပရမ္မုခံ ဝါ ဂစ္ဆန္တဿ ပစ္ဆတော ဌတွာ တိခိဏေန အသိနာ ကောစိဒေဝ သီသံ ပါတေယျ၊ ဥဒကေ ဝါ သြသာ- ဒေတွာ မာရေယျ၊ အသနိ ဝါ ပနဿ သီသေ ပတေယျ၊ ဧဝရူပေပိ ကာလေ သပ္ပဋိသန္ဓိကာ ကာလံကိရိယာ နာမ န ဟောတိ၊ အရဟတ္တံ ပတွာဝ ပရိနိဗ္ဗာတိ။ တေန ဝုတ္တံ ''အဋ္ဌမံ ဘဝံ နိဗ္ဗတ္တေယျ၊ နေတံ ဌာနံ ဝိဇ္ဇတီ''တိ။’
(အဘိ-ဋ္ဌ-၂-၄၁၁။)
(《阿毗达磨义注》2-411。)
ခုနစ်ဘဝတို့ပတ်လုံး သံသရာ၌ ကျင်လည်ရမည်ဟု သတ်မှတ်ထားအပ်သော ကိန်းသေမြဲသော တစ်စုံ တစ်ယောက်သော ပုဂ္ဂိုလ်မည်သည် မရှိပေ။ အရိယသာဝကသည်ကား အမှတ်မရှိ တစ်စုံတစ်ခုသော အကြောင်း- ကြောင့်လည်း မန္ဒပည= နုံ့နှေးသောပညာရှိသည် ဖြစ်လတ်သော် ရှစ်ခုမြောက်သော ဘဝသို့ မရောက်မူ၍ ရှစ်ခု မြောက် ဘဝ၏ အကြား၌သာလျှင် ပရိနိဗ္ဗာန်စံရ၏။ သိကြားမင်းနှင့် တူသော သံသရာဝဋ်၌ အလွန်မွေ့လျော်- သော သောတာပန်သော်မှလည်း ခုနစ်ခုမြောက်သော ဘဝသို့ တိုင်ရုံသာ သွားရ၏။ ခုနစ်ခုမြောက် ဘဝ၌ကား အလုံးစုံသော အခြင်းအရာအားဖြင့် မေ့မေ့လျော့လျော့ နေလေ့ရှိသော သောတာပန်ပုဂ္ဂိုလ်၏သော်မှလည်း ဝိပဿနာဉာဏ်သည် ရင့်ကျက်ခြင်းသို့ ရောက်ရှိသွား၏။ အနည်းငယ် အတိုင်းအရှည်ရှိသော အာရုံ၌သော်မှလည်း ငြီးငွေ့၍ ကိလေသာတို့၏ ငြိမ်းအေးခြင်းသို့ ရောက်ရ၏။ မှန်ပေသည် -- ထိုသောတာပန်ပုဂ္ဂိုလ်သည် ခုနစ်ခု
译:并没有任何一个人被固定为一定要经历七生。即使圣弟子由于某种原因而慧钝,也会在第七生与第八生之间般涅槃,不会到达第八生。即使像帝释那样极其喜爱轮回的预流者,也只会到第七生;即使在第七生中以各种方式放逸而住,其观智终究也会成熟,他会对极微小的所缘生起厌离,达到烦恼寂灭。确实,这位预流者在第七生中即使正在——
မြောက်သော ဘဝ၌ အိပ်ပျော်ခြင်းသို့ သက်ရောက်နေစဥ်၌သော်လည်းကောင်း၊ တစ်ဘက်သို့ မျက်နှာမူကာ သွားနေစဥ် နောက်မှ ရပ်၍သော်လည်းကောင်း တစ်စုံတစ်ယောက်သော သူကပင်လျှင် ထက်လှစွာသော သံ- လျက်ဖြင့် ဦးခေါင်းကို မြေသို့ ကျစေငြားအံ့၊ ရေထဲ၌ နှစ်၍သော်လည်း သတ်ငြားအံ့၊ ထိုသောတာပန်ပုဂ္ဂိုလ်၏ ဦးထိပ်ထက်၌ မိုးကြိုးသော်လည်း ကျရောက်ငြားအံ့၊ ဤသို့ သဘောရှိသော အချိန်အခါ ကာလမျိုး၌သော်လည်း ပဋိသန္ဓေနှင့် တကွဖြစ်သော သေခြင်းမည်သည် မရှိပေ။ အရဟတ္တဖိုလ်သို့ ရောက်ပြီးမှသာလျှင် ပရိနိဗ္ဗာန်စံရ၏။
——入睡,或背对别人走路时被人从后面用极锋利的剑斩首,或被溺死水中,或被雷击中头顶,在这样的时刻也不会发生尚有后续结生的死亡;他必定先证得阿罗汉果,然后才般涅槃。
ထို့ကြောင့် ----- အဋ္ဌမံ ဘဝံ နိဗ္ဗတ္တေယျ၊ နေတံ ဌာနံ ဝိဇ္ဇတိ။ (အဘိ-၂-၃၄၉။) = သောတာပတ္တိမဂ်ဉာဏ်အမြင်နှင့် ပြည့်စုံသော ဒိဋ္ဌိသမ္ပန္နပုဂ္ဂိုလ်သည် ရှစ်ကြိမ်မြောက်ဘဝကို ဖြစ်စေလေ- ရာ၏၊ ဤသဘောတရားသည် မရှိသည်သာတည်း။ (အဘိ-၂-၃၄၉။) ဤသို့ ဘုရားရှင်သည် ဟောကြားထားတော်မူပေသည်။ (အဘိ-ဋ္ဌ-၂-၄၁၁။) ဤအထက်ပါ စကားရပ်ကိုလည်း အဋ္ဌကထာဆရာတော်သည် ကာမဘဝကိုသာ ရည်ရွယ်တော်မူ၍ ဖွင့်ဆို ထားသည်ဟု ယူလျှင် အဋ္ဌကထာ ဋီကာတို့၏ စကားများသည် ရှေးနှင့်နောက် မဆန့်ကျင်သည် ဖြစ်လေရာ၏။
所以佛陀说:巴利原文(缅文字体):‘အဋ္ဌမံ ဘဝံ နိဗ္ဗတ္တေယျ၊ နေတံ ဌာနံ ဝိဇ္ဇတိ။’译:‘具足预流道智见的见具足者会生起第八有——这是不可能的。’(《阿毗达磨》2-349;《阿毗达磨义注》2-411。)若把上述义注解释也理解为只针对欲有,义注与复注的前后说法便不相违。
原书第 453 页
ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- အနုလောမဉာဏ်ခန်း သောတာပန်ပုဂ္ဂိုလ် သုံးမျိုးတို့၏ အကြောင်းအရာကို တင်ပြပြီးနောက် ယခု တစ်ဖန် ဆက်လက်၍ အထက်မဂ် သုံးပါးတို့၏ ပဝတ္တမှ ထပုံ အကြောင်းအရာကို ရေးသားတင်ပြအပ်ပါသည်။
说明三类预流者以后,现在继续说明上三道如何从转起出起。
အထက်မဂ် သုံးပါးတို့ ပဝတ္တမှ ထပုံ
上三道如何从转起出起
အကယ်၍ သကဒါဂါမ်ပုဂ္ဂိုလ်သည် သကဒါဂါမိမဂ်ကို မဖြစ်စေသည် ဖြစ်အံ့၊ ဤသို့ မဖြစ်စေခဲ့သော် သောတာပန်ပုဂ္ဂိုလ်၏ အလွန်ဆုံးဖြစ်ရာ (၇)ဘဝတို့တွင် နှစ်ဘဝသာ ဖြစ်စရာရှိသောကြောင့် ယင်းနှစ်ဘဝတို့ကို ထား၍ ကျန်ငါးဘဝတို့၌ ဥပါဒိန္နက ခန္ဓပဝတ္တသည် ဖြစ်ရာ၏။ အဘယ်ကြောင့်နည်းဟူမူ ----- ထို ဥပါဒိန္နက ခန္ဓပဝတ္တ၏ ဖြစ်ခြင်း၏ အကြောင်းဖြစ်ကုန်သော ကိလေသာတို့၏ ရှိကုန်သေးသည်၏ အဖြစ်ကြောင့်တည်း။
如果一来者不令一来道生起,那么,在预流者最多可能经历的七有中,除去一来者仍可能有的两有,其余五有中还会有已被执受诸蕴的相续。为什么?因为能使这种已被执受诸蕴相续生起的烦恼还存在。
သို့သော် ရုန့်ရင်းကုန်သော ကာမရာဂသံယောဇဥ် ပဋိဃသံယောဇဥ် ရုန့်ရင်းကုန်သော ကာမရာဂါနုသယ ပဋိဃာနုသယ ဟူသော ဤကိလေသာ လေးမျိုးတို့ကို ထိုသကဒါဂါမိမဂ်သည် ဖြစ်လျှင် ဖြစ်ချင်းပင် မိမိဖြစ်ဆဲ ခဏမှာပင် အကြွင်းမဲ့ ပယ်သတ်လိုက်နိုင်၏။ ယင်းသို့ ပယ်သတ်ပြီးရာ သကဒါဂါမ်ဖြစ်ရာ ဤအခါမျိုး၌ သကဒါ- ဂါမ်ပုဂ္ဂိုလ်၏ သန္တာန်ဝယ် နှစ်ဘဝတို့ကို ထား၍ ငါးဘဝတို့၌ ဥပါဒိန္နက ခန္ဓပဝတ္တ = အဆက်မပြတ် ဖြစ်သော ဥပါဒိန္နက ခန္ဓာအစဥ်သည် အဘယ်မှာလျှင် ဖြစ်နိုင်တော့အံ့နည်း။ ဤသို့လျှင် သကဒါဂါမိမဂ်သည် ဥပါဒိန္နက ခန္ဓပဝတ္တကို အဆက်မပြတ် မဖြစ်အောင် ပြုလုပ်လျက် ဥပါဒိန္နက ခန္ဓပဝတ္တမှ ထသည် မည်၏။
然而,一来道一生起,就在生起的当下,把粗重的欲贪结、瞋恚结、欲贪随眠与瞋恚随眠这四种烦恼无余断除。成为一来者以后,除了尚余的两有,他的相续中又怎会还有其余五有的已被执受诸蕴相续呢?一来道就这样令已被执受诸蕴不再连续发生,因此称为从已被执受诸蕴相续出起。
(အဘိ-ဋ္ဌ-၁-၂၇၈။)
(《阿毗达磨义注》1-278。)
နှစ်ဘဝ ----- သကဒါဂါမ်ပုဂ္ဂိုလ်သည် အနာဂါမိမဂ်ကို ရအောင် ဆက်လက်အားမထုတ်ဘဲ သကဒါဂါမ် အဖြစ်နှင့် နေခဲ့သော် သကဒါဂါမ်အဖြစ်နှင့် ဥပါဒိန္နကခန္ဓပဝတ္တ နှစ်ဘဝ ဖြစ်စရာ ရှိနေသေး၏။ ယင်းနှစ်ဘဝကို ထား၍ ဥပါဒိန္နကခန္ဓပဝတ္တ ဖြစ်စရာ မရှိတော့ပေ။ ဤအရာ၌ နှစ်ဘဝဟူသည် ကာမာဝစရနတ်ဘဝနှင့် လူ့ဘဝ တည်း။ ရူပ အရူပဘဝတို့၌ကား သကဒါဂါမ်ကို မဆိုထားဘိ အနာဂါမ်သည်ပင် သုဒ္ဓါဝါသဘုံ စသည်၌ ဘဝ များစွာ ဖြစ်နိုင်သေး၏။ ----- တထာ ''ဌပေတွာ ဒွေ ဘဝေ''တိ ဧတ္ထာပိ ကာမာဝစရဒေဝမနုဿဘဝါနံ မိဿက- ဝသေနေဝ။ (အနုဋီ-၁-၁၂၄။) အကယ်၍ အနာဂါမ်ပုဂ္ဂိုလ်သည် အနာဂါမိမဂ်ကို မဖြစ်စေသည် ဖြစ်အံ့၊ ဤသို့ မဖြစ်စေခဲ့သော် တစ်မျိုး- သော ရူပဘဝ အရူပဘဝကို ထား၍ ဒုတိယဘဝ၌ ဥပါဒိန္နက ခန္ဓပဝတ္တသည် ဖြစ်လေရာ၏၊ အကြောင်းမူ --- ထိုဥပါဒိန္နက ခန္ဓပဝတ္တ၏ ဖြစ်ခြင်း၏ အကြောင်းဖြစ်ကုန်သော ကိလေသာတို့၏ ရှိကုန်သေးသည်၏ အဖြစ်ကြောင့်
所谓两有,是说一来者若不继续努力证得不来道,只以一来者身份住世,便还可能有两有的已被执受诸蕴相续;除此以外不再有第三有。这里的两有,是欲界天有与人有。在色有、无色有中,不要说一来者,即使不来者在净居地等也还可能有许多生。巴利《随复注》原文(缅文字体):‘တထာ ''ဌပေတွာ ဒွေ ဘဝေ''တိ ဧတ္ထာပိ ကာမာဝစရဒေဝမနုဿဘဝါနံ မိဿက- ဝသေနေဝ။ (အနုဋီ-၁-၁၂၄။)’译:‘同样,“除去两有”这一句,也应只依欲界天有与人有交错受生来理解。’(《随复注》1-124。)如果不来者没有令不来道生起,那么,除去一种色有或无色有,在第二种有中还会有已被执受诸蕴相续,因为使这种相续生起的烦恼还存在——
တည်း။ သို့သော် သိမ်မွေ့သည်၏ အဖြစ်နှင့် အတူတကွဖြစ်ကုန်သော ကာမရာဂသံယောဇဥ် ပဋိဃသံယောဇဥ်၊ သိမ်မွေ့သည်၏ အဖြစ်နှင့် အတူတကွဖြစ်ကုန်သော ကာမရာဂါနုသယ ပဋိဃာနုသယဟူသော ဤလေးမျိုးသော ကိလေသာတို့ကို ထိုအနာဂါမိမဂ်သည် ဖြစ်လျှင်ဖြစ်ချင်းပင် မိမိဖြစ်ဆဲ ခဏမှာပင် အကြွင်းမဲ့ ပယ်သတ်နိုင်၏၊ ယင်းသို့ ပယ်သတ်ပြီးရာ အနာဂါမ်ဖြစ်ရာ ဤအခါမျိုး၌ အနာဂါမ်ပုဂ္ဂိုလ်၏ သန္တာန်ဝယ် တစ်မျိုးသော ရူပဘဝ အရူပဘဝကိုထား၍ ဒုတိယဘဝ၌ ဥပါဒိန္နက ခန္ဓပဝတ္တ = အဆက်မပြတ်ဖြစ်သော ဥပါဒိန္နက ခန္ဓာအစဥ်သည် အဘယ်မှာလျှင် ဖြစ်နိုင်တော့အံ့နည်း။ ဤသို့လျှင် အနာဂါမိမဂ်သည် ဥပါဒိန္နက ခန္ဓပဝတ္တကို အဆက်မပြတ် မဖြစ်အောင် ပြုလုပ်လျက် ဥပါဒိန္နက ခန္ဓပဝတ္တမှ ထသည် မည်၏။ (အဘိ-ဋ္ဌ-၁-၂၇၈။) ဧကံ ဘဝန္တိ အနာဂါမိနော အနေကက္ခတ္တုဉ္စ တတ္ထေဝ ဥပပဇ္ဇန္တဿ ဟေဋ္ဌာ အနာဂမနဝသေန ဧကော ဘဝေါတိ ဂဟေတွာ ဝုတ္တံ။ (မူလဋီ-၁-၁၁၇။)
——然而,不来道一生起,就在生起的当下,把微细的欲贪结、瞋恚结、欲贪随眠与瞋恚随眠这四种烦恼无余断除。成为不来者以后,除去一种色有或无色有,他的相续中又怎会在第二种有中还有已被执受诸蕴相续呢?不来道就这样令已被执受诸蕴不再连续发生,因此称为从已被执受诸蕴相续出起。(《阿毗达磨义注》1-278。)巴利《根本复注》原文(缅文字体):‘ဧကံ ဘဝန္တိ အနာဂါမိနော အနေကက္ခတ္တုဉ္စ တတ္ထေဝ ဥပပဇ္ဇန္တဿ ဟေဋ္ဌာ အနာဂမနဝသေန ဧကော ဘဝေါတိ ဂဟေတွာ ဝုတ္တံ။ (မူလဋီ-၁-၁၁၇။)’译:‘所谓一有,是就不来者即使在该处多次受生,却不再返回下界这一点,把它总摄为一有而说。’(《根本复注》1-117。)
အနာဂါမ်ပုဂ္ဂိုလ်သည် ရူပဘဝ အရူပဘဝ၌ အကြိမ်များစွာ ထပ်ကာထပ်ကာ ဖြစ်သော်လည်း မဟဂ္ဂုတ် ဘဝ တစ်ခုတည်းသာ တစ်မျိုးတည်းသာ ဖြစ်သောကြောင့် အောက်ကာမဘုံသို့ ပြန်လာခြင်းသဘော မရှိသည်၏
不来者即使在色有、无色有中多次受生,因为都属于同一种广大有,又没有返回下方欲界的情形,所以义注把它——
原书第 454 页
အစွမ်းဖြင့် ----- ဧကော ဘဝေါ = တစ်မျိုးသော ဘဝဟု ယူ၍ အဋ္ဌကထာက မိန့်ဆိုထားပေသည်။
——总摄为‘一种有’。
(မူလဋီ-၁-၁၁၇။)
(《根本复注》1-117。)
အကယ်၍ ရဟန္တာပုဂ္ဂိုလ်သည် အရဟတ္တမဂ်ကို မဖြစ်စေအပ်သည် ဖြစ်ငြားအံ့၊ ဤသို့ မဖြစ်စေအပ်ခဲ့သော် ရူပဘဝ အရူပဘဝတို့၌ အဆက်မပြတ်ဖြစ်သော ဥပါဒိန္နကခန္ဓပဝတ္တသည် ဖြစ်လေရာ၏၊ အဘယ်ကြောင့်နည်း ဟူမူ ထိုဥပါဒိန္နကခန္ဓပဝတ္တ၏ ဖြစ်ခြင်း၏ အကြောင်းဖြစ်သော ကိလေသာတို့၏ ထင်ရှား ရှိကုန်သေးသည်၏ အဖြစ်ကြောင့်တည်း။ သို့သော် ရူပရာဂ အရူပရာဂ မာန ဥဒ္ဓစ္စ အဝိဇ္ဇာဟူသော အထက်ပိုင်း သံယောဇဥ်ငါးပါး၊ မာနာနုသယ ဘဝရာဂါနုသယ အဝိဇ္ဇာနုသယဟူသော အနုသယသုံးပါး - ပေါင်း (၈)ပါးကုန်သော ဤကိလေ- သာတို့ကို ထိုအရဟတ္တမဂ်သည် ဖြစ်လျှင်ဖြစ်ချင်းပင်လျှင် မိမိဖြစ်ဆဲ ခဏမှာပင် အကြွင်းမဲ့ ပယ်သတ်နိုင်၏၊ ယင်းသို့ ပယ်သတ်ပြီးရာ ရဟန္တာဖြစ်ပြီးရာ ဤအခါမျိုး၌ ရဟန္တာပုဂ္ဂိုလ်၏သန္တာန်ဝယ် နောက်ထပ် ဘဝတစ်ခု၌ ဥပါဒိန္နကခန္ဓပဝတ္တ = အဆက်မပြတ်ဖြစ်သော ဥပါဒိန္နက ခန္ဓာအစဥ်သည် အဘယ်မှာလျှင် ဖြစ်နိုင်တော့အံ့နည်း။
如果阿罗汉没有令阿罗汉道生起,色有、无色有中还会不断发生已被执受诸蕴相续,因为使这种相续生起的烦恼仍然存在。然而,阿罗汉道一生起,就在生起的当下,把色贪、无色贪、慢、掉举、无明五上分结,以及慢随眠、有贪随眠、无明随眠三随眠,共八种烦恼无余断除。成为阿罗汉以后,他的相续中又怎会在另一有中还有已被执受诸蕴相续呢?
ဤသို့လျှင် အရဟတ္တမဂ်သည် ဥပါဒိန္နကပဝတ္တကို အဆက်မပြတ် မဖြစ်အောင် ပြုလုပ်လျက် ဥပါဒိန္နကခန္ဓ- ပဝတ္တမှ ထသည် မည်၏။ (အဘိ-ဋ္ဌ-၁-၂၇၈-၂၇၉။) ဆက်၍ ဆိုဦးအံ့ ----- ဥပါဒိန္နကခန္ဓပဝတ္တကိုပင် ဘဝအမည်ဖြင့် ဆိုရသော် ဤအရိယမဂ်လေးပါးတို့တွင် သောတာပတ္တိမဂ်သည် အပါယ်ဘဝမှ ထ၏၊ သကဒါဂါမိမဂ်သည် ကာမသုဂတိဘဝဟူသော ဘဝတစ်စိတ်တစ်- ဒေသမှ ထ၏။ အနာဂါမိမဂ်သည် ကာမဘဝ အားလုံးမှ ထ၏။ အရဟတ္တမဂ်သည် ရူပဘဝ အရူပဘဝတို့မှ ထ၏။ အလုံးစုံသော ဘဝတို့မှ ထသည်သာဟုလည်း ဆရာမြတ်တို့ ဆိုတော်မူကြကုန်၏။ (အဘိ-ဋ္ဌ-၁-၂၇၉။) ဤဆိုအပ်ခဲ့ပြီးသော ဥပါဒိန္နကခန္ဓပဝတ္တမှ အရိယမဂ်သည် ထ၏ဟူသော ဤအနက်ကို ထင်ရှားစွာ ဖြစ်- စေခြင်းအကျိုးငှာ ဤဆိုလတ္တံ့သည်ကား စူဠနိဒ္ဒေသ ပါရာယနဝဂ် အဇိတမာဏဝပုစ္ဆာနိဒ္ဒေသပါဠိတော်တည်း။
阿罗汉道就这样令已被执受诸蕴不再连续发生,因此称为从已被执受诸蕴相续出起。(《阿毗达磨义注》1-278—279。)再说,若把已被执受诸蕴相续称为‘有’,四圣道中,预流道从恶趣有出起;一来道从欲界善趣有的一部分出起;不来道从一切欲有出起;阿罗汉道从色有、无色有出起。诸师也说,阿罗汉道从一切有出起。(《阿毗达磨义注》1-279。)为了清楚显示圣道从已被执受诸蕴相续出起的含义,下面引用《小义释·彼岸道品·阿耆多学童所问释》的巴利。
သောတာပတ္တိမဂ္ဂဉာဏေန အဘိသင်္ခါရဝိညာဏဿ နိရောဓေန သတ္တ ဘဝေ ဌပေတွာ အနမတဂ္ဂေ သံသာရဝဋ္ဋေ ယေ ဥပ္ပဇ္ဇေယျုံ နာမဉ္စ ရူပဉ္စ၊ ဧတ္ထေတေ နိရုဇ္စျန္တိ ဝူပသမန္တိ အတ္ထံ ဂစ္ဆန္တိ ပဋိပ္ပဿမ္ဘန္တိ။
巴利《小义释》原文(缅文字体):‘သောတာပတ္တိမဂ္ဂဉာဏေန အဘိသင်္ခါရဝိညာဏဿ နိရောဓေန သတ္တ ဘဝေ ဌပေတွာ အနမတဂ္ဂေ သံသာရဝဋ္ဋေ ယေ ဥပ္ပဇ္ဇေယျုံ နာမဉ္စ ရူပဉ္စ၊ ဧတ္ထေတေ နိရုဇ္စျန္တိ ဝူပသမန္တိ အတ္ထံ ဂစ္ဆန္တိ ပဋိပ္ပဿမ္ဘန္တိ။’译:‘由于预流道智使造作识息灭,除去七有,在无始轮回中本会生起的名与色,于此灭尽、寂止、走向终结、平息。’
သကဒါဂါမိမဂ္ဂဉာဏေနေ အဘိသင်္ခါရဝိညာဏဿ နိရောဓေန ဒွေ ဘဝေ ဌပေတွာ ပဉ္စသု ဘဝေသု ယေ ဥပ္ပဇ္ဇေယျုံ နာမဉ္စ ရူပဉ္စ၊ ဧတ္ထေတေ နိရုဇ္စျန္တိ ဝူပသမန္တိ အတ္ထံ ဂစ္ဆန္တိ ပဋိပ္ပဿမ္ဘန္တိ။
巴利原文(缅文字体):‘သကဒါဂါမိမဂ္ဂဉာဏေနေ အဘိသင်္ခါရဝိညာဏဿ နိရောဓေန ဒွေ ဘဝေ ဌပေတွာ ပဉ္စသု ဘဝေသု ယေ ဥပ္ပဇ္ဇေယျုံ နာမဉ္စ ရူပဉ္စ၊ ဧတ္ထေတေ နိရုဇ္စျန္တိ ဝူပသမန္တိ အတ္ထံ ဂစ္ဆန္တိ ပဋိပ္ပဿမ္ဘန္တိ။’译:‘由于一来道智使造作识息灭,除去两有,在其余五有中本会生起的名与色,于此灭尽、寂止、走向终结、平息。’
အနာဂါမိမဂ္ဂဉာဏေန အဘိသင်္ခါရဝိညာဏဿ နိရောဓေန ဧကံ ဘဝံ ဌပေတွာ ကာမဓာတုယာ ဒွီသု ဘဝေသု ယေ ဥပ္ပဇ္ဇေယျုံ နာမဉ္စ ရူပဉ္စ၊ ဧတ္ထေတေ နိရုဇ္စျန္တိ ဝူပသမန္တိ အတ္ထံ ဂစ္ဆန္တိ ပဋိပ္ပဿမ္ဘန္တိ။
巴利原文(缅文字体):‘အနာဂါမိမဂ္ဂဉာဏေန အဘိသင်္ခါရဝိညာဏဿ နိရောဓေန ဧကံ ဘဝံ ဌပေတွာ ကာမဓာတုယာ ဒွီသု ဘဝေသု ယေ ဥပ္ပဇ္ဇေယျုံ နာမဉ္စ ရူပဉ္စ၊ ဧတ္ထေတေ နိရုဇ္စျန္တိ ဝူပသမန္တိ အတ္ထံ ဂစ္ဆန္တိ ပဋိပ္ပဿမ္ဘန္တိ။’译:‘由于不来道智使造作识息灭,除去一有,在欲界两种有中本会生起的名与色,于此灭尽、寂止、走向终结、平息。’
အရဟတ္တမဂ္ဂဉာဏေန အဘိသင်္ခါရဝိညာဏဿ နိရောဓေန ရူပဓာတုယာ ဝါ အရူပဓာတုယာ ဝါ ယေ ဥပ္ပဇ္ဇေယျုံ နာမဉ္စ ရူပဉ္စ၊ ဧတ္ထေတေ နိရုဇ္စျန္တိ ဝူပသမန္တိ အတ္ထံ ဂစ္ဆန္တိ ပဋိပ္ပဿမ္ဘန္တိ။ အရဟတော အနုပါဒိသေ- သာယ နိဗ္ဗာနဓာတုယာ ပရိနိဗ္ဗာယန္တဿ စရိမဝိညာဏဿ နိရောဓေန ပညာ စ သတိ စ နာမဉ္စ ရူပဉ္စ၊ ဧတ္ထေ- တေ နိရုဇ္စျန္တိ ဝူပသမန္တိ အတ္ထံ ဂစ္ဆန္တိ ပဋိပ္ပဿမ္ဘန္တိ။ (ခု-၈-၃၃ - စူဠနိဒ္ဒေသ။) သောတာပတ္တိမဂ်ဉာဏ်ကြောင့် ဘဝသစ် အကျိုးဝိပါက်ကို ဖြစ်ပေါ်လာအောင် ပြုစီမံတတ်သော အဘိ- သင်္ခါရဝိညာဏ် = ကမ္မဝိညာဏ်၏ ချုပ်ဆုံးသွားခြင်းကြောင့် (၇)ပါးကုန်သော ဘဝတို့ကို ထား၍ အစမထင် အနမတဂ္ဂ သံသာရဝဋ်ဒုက္ခ တစ်ခွင်၌ နာမ်သည်လည်းကောင်း ရုပ်သည်လည်းကောင်း အကြင်တရားတို့သည် ဖြစ်ကုန်ရာ၏။ ဤသောတာပတ္တိမဂ်ဉာဏ်ကြောင့် ဤနာမ်ရုပ်တရားတို့သည် ချုပ်ကုန်၏ ငြိမ်းကုန်၏ ချုပ်- ပျောက်ခြင်းသို့ ရောက်ကုန်၏ ငြိမ်းအေးကုန်၏။
巴利原文(缅文字体):‘အရဟတ္တမဂ္ဂဉာဏေန အဘိသင်္ခါရဝိညာဏဿ နိရောဓေန ရူပဓာတုယာ ဝါ အရူပဓာတုယာ ဝါ ယေ ဥပ္ပဇ္ဇေယျုံ နာမဉ္စ ရူပဉ္စ၊ ဧတ္ထေတေ နိရုဇ္စျန္တိ ဝူပသမန္တိ အတ္ထံ ဂစ္ဆန္တိ ပဋိပ္ပဿမ္ဘန္တိ။ အရဟတော အနုပါဒိသေ- သာယ နိဗ္ဗာနဓာတုယာ ပရိနိဗ္ဗာယန္တဿ စရိမဝိညာဏဿ နိရောဓေန ပညာ စ သတိ စ နာမဉ္စ ရူပဉ္စ၊ ဧတ္ထေ- တေ နိရုဇ္စျန္တိ ဝူပသမန္တိ အတ္ထံ ဂစ္ဆန္တိ ပဋိပ္ပဿမ္ဘန္တိ။ (ခု-၈-၃၃ - စူဠနိဒ္ဒေသ။)’译:‘由于阿罗汉道智使造作识息灭,在色界或无色界本会生起的名与色,于此灭尽、寂止、走向终结、平息。阿罗汉以无余依涅槃界般涅槃时,由最后识息灭,慧、念、名与色于此灭尽、寂止、走向终结、平息。’(《小义释》8-33。)由于预流道智令能够安排来世果报的造作识,即业识,息灭,所以除去七有,在无始轮回中本会生起的名与色,都因预流道智而灭尽、寂止、走向终结、平息。
原书第 455 页
ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- အနုလောမဉာဏ်ခန်း သကဒါဂါမိမဂ်ဉာဏ်ကြောင့် ဘဝသစ်၌ အကျိုးဝိပါက်ကို ဖြစ်ပေါ်လာအောင် ပြုစီမံတတ်သော အဘိ- သင်္ခါရဝိညာဏ် = ကမ္မဝိညာဏ်၏ ချုပ်ဆုံးသွားခြင်းကြောင့် နှစ်ဘဝတို့ကို ထား၍ ငါးဘဝတို့၌ နာမ်သည် လည်းကောင်း ရုပ်သည်လည်းကောင်း အကြင်တရားတို့သည် ဖြစ်ကုန်ရာ၏။ ဤသကဒါဂါမိမဂ်ဉာဏ်ကြောင့် ဤနာမ်ရုပ်တရားတို့သည် ချုပ်ကုန်၏ ငြိမ်းကုန်၏ ချုပ်ပျက်ခြင်းသို့ ရောက်ကုန်၏ ငြိမ်းအေးကုန်၏။
由于一来道智令能够安排来世果报的造作识,即业识,息灭,所以除去两有,在其余五有中本会生起的名与色,都因一来道智而灭尽、寂止、走向终结、平息。
အနာဂါမိမဂ်ဉာဏ်ကြောင့် ဘဝသစ်၌ အကျိုးဝိပါက်ကို ဖြစ်ပေါ်လာအောင် ပြုစီမံတတ်သော အဘိ- သင်္ခါရဝိညာဏ် = ကမ္မဝိညာဏ်၏ ချုပ်ဆုံးသွားခြင်းကြောင့် တစ်ဘဝကို ထား၍ ကာမဓာတ်၌ (အနာဂါမိမဂ်ကို မဖြစ်စေနိုင်သဖြင့် သကဒါဂါမ်အဖြစ်နှင့် ဖြစ်ခွင့်ရှိသော) နှစ်ဘဝတို့၌ နာမ်သည်လည်းကောင်း ရုပ်သည်လည်း- ကောင်း အကြင်တရားတို့သည် ဖြစ်ကုန်ရာ၏။ ဤအနာဂါမိမဂ်ကြောင့် ဤနာမ်ရုပ်တရားတို့သည် ချုပ်ကုန်၏ ငြိမ်းကုန်၏ ချုပ်ပျက်ခြင်းသို့ ရောက်ကုန်၏ ငြိမ်းအေးကုန်၏။
由于不来道智令能够安排来世果报的造作识,即业识,息灭,所以除去一有,在欲界中本会以一来者身份发生的两有里的名与色,都因不来道智而灭尽、寂止、走向终结、平息。
အရဟတ္တမဂ်ဉာဏ်ကြောင့် ဘဝသစ်၌ အကျိုးဝိပါက်ကို ဖြစ်ပေါ်လာအောင် ပြုစီမံတတ်သော အဘိ- သင်္ခါရဝိညာဏ် = ကမ္မဝိညာဏ်၏ ချုပ်ဆုံးသွားခြင်းကြောင့် အရဟတ္တမဂ်ကိုမရက အနာဂါမ်အဖြစ်နှင့် ရူပဓာတ်၌ သော်လည်းကောင်း အရူပဓာတ်၌သော်လည်းကောင်း နာမ်သည်လည်းကောင်း ရုပ်သည်လည်းကောင်း အကြင် တရားတို့သည် ဖြစ်ကုန်ရာ၏။ ဤအရဟတ္တမဂ်ကြောင့် ဤနာမ်ရုပ်တရားတို့သည် ချုပ်ကုန်၏ ငြိမ်းကုန်၏ ချုပ်- ပျောက်ခြင်းသို့ ရောက်ကုန်၏ ငြိမ်းအေးကုန်၏။ ရဟန္တာပုဂ္ဂိုလ်သည် ဝိပါက်နာမက္ခန္ဓာ ကဋတ္တာရုပ် = ဝိပါက် နာမ်တရားနှင့် ကမ္မဇရုပ် အကြွင်းအကျန် မရှိသော အနုပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန် ဝင်စံရုပ်သိမ်း ချုပ်ငြိမ်းရလေသော် နောက်ဆုံးဖြစ်သော ပရိနိဗ္ဗာနစုတိ ဝိညာဏ်၏ နောင်တစ်ဖန် ဖြစ်ခြင်းသဘောမရှိသော အနုပ္ပါဒနိရောဓသဘောဖြင့် ချုပ်ခြင်းကြောင့် ပညာသည်လည်းကောင်း သတိသည်လည်းကောင်း နာမ်သည်
由于阿罗汉道智令能够安排来世果报的造作识,即业识,息灭,所以若未证阿罗汉道、仍以不来者身份在色界或无色界受生,本会生起的名与色,都因阿罗汉道而灭尽、寂止、走向终结、平息。阿罗汉以无余依涅槃界般涅槃时,果报名蕴与业生色不再有任何剩余;由于最后的般涅槃死心之识以永不再生的无生灭而灭——
လည်းကောင်း ရုပ်သည်လည်းကောင်း ဤတရားတို့သည် ချုပ်ကုန်၏ ငြိမ်းကုန်၏ ချုပ်ပျက်ခြင်းသို့ ရောက်ကုန်၏ ငြိမ်းအေးကုန်၏။ (ခု-၈-၃၃-စူဠနိဒ္ဒေသ။ အဘိ-ဋ္ဌ-၁-၂၇၉။) အဘိသင်္ခါရဝိညာဏ် ----- ပုညာဘိသင်္ခါရစသည်၌ကဲ့သို့ အဘိသင်္ခါရ-သဒ္ဒါသည် အကျိုးတရားကို ပြု- စီမံတတ်သော ကံဟူသော အနက်ကို ဟော၏။ ထိုကြောင့် အဘိသင်္ခါရဝိညာဏ်ဟူသည် ထိုကမ္မ = စေတနာနှင့် ယှဥ်သော ဝိညာဏ်တည်း၊ ကမ္မဝိညာဏ်ဟုလည်း ခေါ်ဆို၏။ သောတာပတ္တိမဂ်ဉာဏ်ကို ရရှိသောအခါ ခုနစ်ဘဝမှ နောက်၌ အကျိုးပေးမည့် အဘိသင်္ခါရဝိညာဏ်သည် ချုပ်လေတော့၏။ ထိုကြောင့် ခုနစ်ဘဝမှ နောက်၌ ဝိပါက် ဖြစ်သော နာမ်နှင့် ကမ္မဇရုပ်များသည် မဖြစ်ကြတော့ပေ။ သကဒါဂါမိမဂ်ဉာဏ် စသည်တို့ကြောင့် အဘိသင်္ခါရ ဝိညာဏ် ချုပ်ပုံကိုလည်း နည်းတူ သိပါလေ။ (ဤ၌ ခုနစ်ဘဝစသည် ယူဆပုံကိုလည်း အထက်က ရေးခဲ့ပြီးသည့် အတိုင်းသာ မှတ်ပါ။) နိရောဓ ---- အပါယေသု သတ္တမဘဝတော ဥဒ္ဓံ သုဂတိယဉ္စ ဝိပါကဒါယကဿ အဘိသင်္ခါရဝိညာဏဿ
——慧、念、名与色也就灭尽、寂止、走向终结、平息。(《小义释》8-33;《阿毗达磨义注》1-279。)‘造作识’一词中,abhisaṅkhāra 如福行等处一样,是能安排果法的业;所以造作识就是与业即思相应的识,也称业识。证得预流道智时,七有以后本来还能结果的造作识即告息灭,因此七有以后不再生起果报名法与业生色。一来道智等令相应造作识息灭,也应同理理解。〔七有等的计算,依前文所说。〕巴利《根本复注》原文从本单元起续至下一单元:‘အပါယေသု သတ္တမဘဝတော ဥဒ္ဓံ သုဂတိယဉ္စ ဝိပါကဒါယကဿ အဘိသင်္ခါရဝိညာဏဿ’
ပစ္စယဃာတော သောတာပတ္တိမဂ္ဂဉာဏေန အဘိသင်္ခါရဝိညာဏဿ နိရောဓော ဒဋ္ဌဗ္ဗော။ (မူလဋီ-၁-၁၁၇။) အဘိသင်္ခါရဝိညာဏ်၏ ချုပ်ငြိမ်းမှု ---- ''အဘိသင်္ခါရဝိညာဏ်''ဟူသော ကံသည် အရိယမဂ်ဉာဏ်တို့က ပယ်သတ်အပ်သော တရားမဟုတ်၊ ''အဘယ်နည်းအားဖြင့် အဘိသင်္ခါရဝိညာဏ်ဟူသော ကံသည် ချုပ်သနည်း'' ဟု မေးမြန်းဖွယ် ရှိ၏။ အဖြေကား --- အဘိသင်္ခါရဝိညာဏ်သည် အဝိဇ္ဇာ-တဏှာဟူသော အဖော်ကို ရရှိပါမှ အကျိုးဝိပါက်တရားများကို ဖြစ်ပေါ်လာအောင် ပြုစီမံနိုင်၏၊ ထိုအဝိဇ္ဇာ-တဏှာတို့ကား အရိယမဂ်တရားတို့က အကြွင်းမဲ့ ပယ်သတ်အပ်သော တရားတို့တည်း။ အရိယမဂ်တရားတို့က အဘိသင်္ခါရဝိညာဏ်၏ အကြောင်း ဖြစ်သော အဝိဇ္ဇာ-တဏှာတို့ကို အကြွင်းမဲ့ အမြစ်ပြတ် ဖြေရှင်းပယ်သတ်လိုက်လျှင် အဘိသင်္ခါရဝိညာဏ်သည်-
‘ပစ္စယဃာတော သောတာပတ္တိမဂ္ဂဉာဏေန အဘိသင်္ခါရဝိညာဏဿ နိရောဓော ဒဋ္ဌဗ္ဗော။ (မူလဋီ-၁-၁၁၇။)’译:‘应知:预流道智通过断除造作识之缘,使会在恶趣以及第七有以后善趣中产生果报的造作识息灭。’(《根本复注》1-117。)所谓造作识息灭,并不是说圣道直接断除名为造作识的业;因此会问:业这一造作识如何息灭?答:造作识只有得到无明与爱相伴,才能安排果报诸法;而无明、爱正是圣道无余断除之法。圣道把造作识之因无明、爱连根断除时,造作识也就——
原书第 456 页
လည်း ချုပ်ရာရောက်၏။ ထို့ကြောင့် အကြောင်း အဝိဇ္ဇာ-တဏှာ၏ ချုပ်ခြင်းကိုပင် ကာရဏူပစာရအားဖြင့် အဘိသင်္ခါရဝိညာဏ်၏ ချုပ်ခြင်းဟု ဆိုပေသည်။ ထိုကြောင့် အပါယ် ဒုဂ္ဂတိဘုံဘဝတို့၌လည်းကောင်း၊ ခုနစ်ဘဝမှ အထက်ဖြစ်သော နောက်၌ သုဂတိဘုံဘဝ၌လည်းကောင်း အကျိုးပေးတတ်သော အဘိသင်္ခါရဝိညာဏ်၏ အကြောင်းဖြစ်သော ကိလေသာတို့ကို သတ်ခြင်းကို သောတာပတ္တိမဂ်ဉာဏ်ကြောင့် အဘိသင်္ခါရဝိညာဏ်၏ ချုပ်ခြင်းဟူ၍ မှတ်ပါ။ ကျန် အရိယမဂ်ဉာဏ်တို့ကြောင့် ဆိုင်ရာ ဆိုင်ရာ အဘိသင်္ခါရဝိညာဏ်၏ ချုပ်ပုံကိုလည်း နည်းတူ မှတ်ပါ။ (မူလဋီ-၁-၁၁၇ - ကြည့်။) ဤကား အဋ္ဌသာလိနီအဋ္ဌကထာ၌ လာရှိသော အရိယမဂ်၏ နိမိတ္တနှင့် ပဝတ္တမှ ထပုံ အဆုံးအဖြတ်တည်း။
——随之息灭。因此,这里以因喻的方式,把因无明、爱的息灭说成造作识息灭。由此应知,预流道智所谓令造作识息灭,就是断除会使造作识在恶趣、以及七有以后善趣中结果的烦恼之因。其余圣道智令各自相应的造作识息灭,也应同理理解。(参见《根本复注》1-117。)这就是《殊胜义注》关于圣道从相与转起出起的判定。
(အဘိ-ဋ္ဌ-၁-၂၇၇-၂၇၉။)
(《阿毗达磨义注》1-277—279。)
原书第 457 页
အနုပဒဓမ္မ ဝိပဿနာ
逐法观
သမူဟဂဟဏဝသေန ပဝတ္တံ ကလာပသမ္မသနံ။ ဖဿာဒိဧကေကဓမ္မဂဟဏဝသေန ပဝတ္တာ အနုပဒ- ဓမ္မဝိပဿနာ။ (မူလဋီ-၁-၁ဝ၉။) ရုပ်နာမ် နှစ်ပါးနည်း၊ ခန္ဓာ ငါးပါးနည်း၊ အာယတန တစ်ဆယ့်နှစ်ပါးနည်း၊ ဓာတ် တစ်ဆယ့်ရှစ်ပါးနည်း၊ ပဋိစ္စသမုပ္ပါဒ်အင်္ဂါ (၁၂)ရပ်နည်း စသည့် ဝိပဿနာရှုပွားနည်းတို့ကား ပရမတ်တရားတို့ကို ပေါင်းစုခြုံငုံ၍ ဝိပ- ဿနာ ရှုပွားသော ကလာပသမ္မသန ဝိပဿနာရှုပွားနည်းတည်း။ ရုပ်ပိုင်းတွင် စက္ခုဒသကကလာပ်စသော ထိုထို ရုပ်ကလာပ်တို့၌ တည်ရှိသော ပထဝီဓာတ်စသော ပရမတ်တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူ၍ ယင်းပရမတ် တရားတို့တွင် ပထဝီဓာတ်စသော ပရမတ္ထဓာတ်သား တစ်လုံးစီ တစ်လုံးစီကိုလည်းကောင်း၊ နာမ်ပိုင်းတွင်လည်း ပထမစျာန်နာမ်တရားစသော ထိုထိုနာမ်တရားစုတို့တွင် ဖဿစသော တစ်ခုတစ်ခုသော တရားကို ဉာဏ်ဖြင့် ပိုင်းခြားယူ၍ သိမ်းဆည်း၍ ယင်းနာမ်တရား တစ်လုံးစီ တစ်လုံးစီကိုလည်းကောင်း လက္ခဏာရေးတင်ကာ ဝိပ-
巴利《根本复注》原文(缅文字体):‘သမူဟဂဟဏဝသေန ပဝတ္တံ ကလာပသမ္မသနံ။ ဖဿာဒိဧကေကဓမ္မဂဟဏဝသေန ပဝတ္တာ အနုပဒ- ဓမ္မဝိပဿနာ။ (မူလဋီ-၁-၁ဝ၉။)’译:‘依总聚取法而进行的是聚思惟;依逐一取触等每一种法而进行的是逐法观。’(《根本复注》1-109。)依色名二法、五蕴、十二处、十八界、十二缘起支等方法修观,是把究竟法汇集、总摄起来修习毗婆舍那的聚思惟法。色法方面,以智分别眼十法聚等各色聚中的地界等究竟法,再对地界等每一个究竟界法安立三相;名法方面,以智从初禅名法等各名法组中分别、摄取触等每一个法,再对每一个名法安立三相而修习——
ဿနာ ရှုပွားသုံးသပ်သော နည်းကား ပထဝီစသော ဖဿစသော တစ်ခုတစ်ခုသော တရားကို ဉာဏ်ဖြင့် ပိုင်းခြား ယူသည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော အနုပဒဓမ္မ ဝိပဿနာရှုပွားနည်းတည်း။
——毗婆舍那。这样依智逐一分别地界、触等每一种法而进行的修法,称为逐法观。
(မူလဋီ-၁-၁ဝ၉။ အဘိ-ဋ္ဌ-၁-၂၅၃။)
(《根本复注》1-109;《殊胜义注》1-253。)
ဤသို့လျှင် ကလာပသမ္မသနဝိပဿနာ ရှုပွားနည်း အနုပဒဓမ္မဝိပဿနာရှုပွားနည်းဟု ဝိပဿနာရှုပွား နည်း နှစ်နည်းရှိရာ အထက်တွင် ရေးသားတင်ပြခဲ့သော ဝိပဿနာရှုပွားနည်းများမှာ ကလာပသမ္မသန ဝိပဿနာ ရှုပွားနည်းတို့သာ ဖြစ်ကြသည်။ ဤကလာပသမ္မသန ဝိပဿနာရှုပွားနည်း အမျိုးမျိုးတို့ဖြင့် ကြိုးပမ်းပါသော်လည်း အသင်သူတော်ကောင်းသည် ဝုဋ္ဌာနဂါမိနီဝိပဿနာသို့ မဆိုက်ရောက်နိုင်ဘဲ ရှိနေငြားအံ့၊ ထိုအခါတွင် အနုပဒဓမ္မ ဝိပဿနာရှုပွားနည်းကို ပြောင်း၍ အားသစ်လိုပါက အားသစ်နိုင်ပါသည်။
修习毗婆舍那有聚思惟与逐法观两种方法。前文所说的各种观法都属于聚思惟。若贤友虽以各种聚思惟观法努力修行,仍未能到达趣向出起之观,又想改用逐法观重新用功,也可以这样修习。
အနုပဒဓမ္မ ဝိပဿနာရှုပွားနည်းသည် ဥပရိပဏ္ဏာသပါဠိတော် အနုပဒဝဂ် အနုပဒသုတ္တန် (မ-၃-၇၅) တွင် လာရှိပေသည်။ ပုံစံထုတ်၍ ဆိုရသော် --- အသင်သူတော်ကောင်းသည် အာနာပါန ပထမစျာန်ကို ဝင်စားပါ၊ ယင်းပထမစျာန် နာမ်တရား (၃၄)တို့တွင် ဖဿကို ဉာဏ်ဖြင့် ပိုင်းခြားယူ၍ ယင်းဖဿကို လက္ခဏာယာဥ်တင်ကာ ဝိပဿနာရှုပါ။ အလားတူပင် ကျန်နာမ်တရားတို့ကိုလည်း တစ်လုံးစီ တစ်လုံးစီ လက္ခဏာယာဥ်တင်ကာ ဝိပဿနာ ရှုပါ။ အကယ်၍ အသင်သူတော်ကောင်းသည် ကသိုဏ်း (၁ဝ)ပါးလုံး၌ သမာပတ် (၈)ပါးစီကို ရရှိထားသူဖြစ်အံ့၊ နေဝသညာနာသညာယတန စျာန်သမာပတ် နာမ်တရားစုကို ချန်ထား၍ ကြွင်းကျန်သော စျာန်သမာပတ် နာမ် တရားစုတို့၌ ပုံစံတူပင် တစ်လုံးစီ တစ်လုံးစီသော နာမ်ပရမတ်တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူ၍ ယင်းနာမ် တရား အသီးအသီးကို လက္ခဏာယာဥ်တင်ကာ ဝိပဿနာရှုပါ။ သာဝကများသည် နေဝသညာနာသညာယတန စျာန်သမာပတ် နာမ်တရားစုတို့ကို အနုပဒဓမ္မ ဝိပဿနာနည်းဖြင့် တစ်လုံးစီ တစ်လုံးစီကို ဝိပဿနာ မရှုနိုင်။
逐法观见于《中部·后五十经篇·逐一经》(《中部》3-75)。举例来说,贤友先入出息念初禅;对初禅的三十四种名法,以智逐一分别触,再对触安立三相而修观;其余名法也逐一安立三相而观。若贤友已经在十种遍中各自成就八等至,便可除去非想非非想处禅等至的名法组,对其余禅那等至的每一组名法逐一分别每一个名究竟法,再对各法安立三相修观。弟子不能以逐法观逐一观照非想非非想处禅等至中的名法。
ကလာပသမ္မသနနည်းဖြင့်သာလျှင် ပေါင်းစုခြုံငုံ၍ ဝိပဿနာရှုနိုင်သည်။ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး သော်မှလည်း ယင်းနေဝသညာနာသညာယတန စျာန်သမာပတ်တရားတို့ကို အနုပဒဓမ္မ ဝိပဿနာနည်းဖြင့် ဝိပဿနာ မရှုနိုင်။ ကလာပသမ္မသန ဝိပဿနာရှုပွားနည်းဖြင့်သာ ပေါင်းစုခြုံငုံ၍ ဝိပဿနာရှုနိုင်သည်။ အနုပဒ ဓမ္မ ဝိပဿနာနည်းဖြင့် ယင်းနေဝသညာနာသညာယတန စျာန်သမာပတ်တရားတို့ကို ဝိပဿနာရှုခြင်းသည် သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တို့၏ အရာသာ ဖြစ်ပေသည်။ (အဘိ-ဋ္ဌ-၁-၂၅၃ - ကြည့်ပါ။) (၆)ဒွါရ (၄၂)ကောဋ္ဌာသ၌ တည်ရှိသော ရုပ်တရားတို့ကိုလည်း ရုပ်ကလာပ်တို့ကို ဓာတ်ခွဲလျက် တစ်လုံးစီ တစ်လုံးစီသော ပထဝီဓာတ်စသော ရုပ်တရားတိုင်းကို ရုပ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် ဖော်ပြထားသည့်အတိုင်း
他们只能用聚思惟法把这些名法汇集、总摄起来观照。即使舍利弗尊者,也不能以逐法观观照非想非非想处禅等至诸法,只能以聚思惟法总摄而观;能以逐法观观照该等至诸法,是一切知正等觉佛陀的境界。(参见《殊胜义注》1-253。)对于六门、四十二身分中的色法,也可依色业处篇诸表,以智解析色聚,逐一分别其中地界等每一种色究竟法,再对每一法——
原书第 458 页
ဉာဏ်ဖြင့် ပိုင်းခြားယူ၍ ယင်း ရုပ်ပရမတ် အသီးအသီး တစ်လုံးစီ တစ်လုံးစီကိုလည်း အလားတူပင် လက္ခဏာ- ယာဥ် တင်ကာ အနုပဒဓမ္မဝိပဿနာနည်းဖြင့် ဝိပဿနာ ရှုပွားနိုင်ပေသည်။ အလားတူပင် စက္ခုဒွါရဝီထိစသော ကာမာဝစရ နာမ်တရား = ထိုထိုစိတ္တက္ခဏ၏ အတွင်း၌ တည်ရှိသော နာမ်တရား တစ်လုံးစီ တစ်လုံးစီကိုလည်း ဝိပဿနာ ရှုနိုင်ပေသည်။
——安立三相,以逐法观修习毗婆舍那。对于眼门心路等欲界名法,也可以观照每一心刹那中的每一个名法。
ဤသို့လျှင် ကလာပသမ္မသနနည်း၊ အနုပဒဓမ္မဝိပဿနာနည်းဟူသော ဝိပဿနာရှုနည်း နှစ်နည်းတို့တွင် တစ်နည်းနည်းဖြင့်ပင် ဖြစ်စေ၊ နှစ်နည်းလုံးဖြင့်ပင် ဖြစ်စေ ဝိပဿနာ ရှုပွားသုံးသပ်ပါက အသင်သူတော်ကောင်း- သည် ပါရမီအားလျော်စွာ ဝုဋ္ဌာနဂါမိနီ ဝိပဿနာသို့ ဆိုက်ရောက်နိုင်ပေသည်။
如是,可以任选聚思惟或逐法观,也可以兼用两种方法修习、审察毗婆舍那。依贤友的巴拉密,便可能到达趣向出起之观。
နာမ်ကမ္မဋ္ဌာန်း အကျယ်ရှုပွားနည်း
名业处的详观法
နာမ်ကမ္မဋ္ဌာန်းပိုင်းတွင် နာမ်တရားများကို အကျယ် သိမ်းဆည်းပုံကို ရေးသားတင်ပြထားခဲ့၏။ အကျယ် နည်းအားဖြင့် သိမ်းဆည်းထားသော ယင်းနာမ်တရားတို့ကိုလည်း သမ္မသနဉာဏ်ပိုင်း ဥဒယဗ္ဗယဉာဏ်ပိုင်းမှ စ၍ သင်္ခါရုပေက္ခာဉာဏ်သို့ တိုင်အောင်သော ဤဝိပဿနာဉာဏ်ပိုင်းတွင်လည်း လက္ခဏာရေးသုံးတန် တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်နိုင်ပေသည်။
名业处篇已经说明怎样以详法摄取名法。在这一观智阶段,从思惟智、生灭智直到行舍智,也可以对这些以详法摄取的名法安立三相,修习、审察毗婆舍那。
အထက်တွင် ရေးသားတင်ပြထားခဲ့သော ဝိပဿနာရှုနည်း အမျိုးမျိုးတို့ဖြင့် ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်း ကို အပတ်တကုတ် ကြိုးပမ်းပါသော်လည်း မဂ်ဉာဏ် ဖိုလ်ဉာဏ် တိုင်အောင်သော အောင်မြင်မှုကို မရဖြစ်နေ- ခဲ့လျှင်သော်လည်းကောင်း၊ သို့မဟုတ် အသင်သူတော်ကောင်း ကိုယ်တိုင်ကလည်း နာမ်ကမ္မဋ္ဌာန်း အကျယ် ရှုပွားနည်းဖြင့်လည်း ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းလိုခဲ့သော်လည်းကောင်း နာမ်တရားများကို အကျယ်နည်းအားဖြင့် သိမ်းဆည်းလျက် ယင်းနာမ်တရားတို့ကို လက္ခဏာရေးသုံးတန် တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ပါလေ။
如果精勤修习前述各种毗婆舍那业处,仍未能成功证得道智、果智;或贤友自己也希望以名业处详观法修习毗婆舍那,就应以详法摄取名法,再对这些名法安立三相而修观。
ရှုပွားနည်းစနစ်နှင့် ပတ်သက်၍ ဉာဏ်နုသူများအတွက် အနည်းငယ် ထပ်မံ၍ ရှင်းလင်းတင်ပြအပ်ပါသည်။
下面为慧尚未成熟者,再略作说明。
ဥပမာ -- စက္ခုဒွါရ = မျက်စိ၌ (၅၄)မျိုးသော ရုပ်တရားများရှိရာ ရုပ်တစ်လုံးတစ်လုံးစီကို အာရုံပြု၍ ဖြစ်ပေါ်- လာသော ကုသိုလ်ဇော စောသည့် နာမ်တရားအားလုံး၊ အကုသိုလ်ဇော စောသည့် နာမ်တရားအားလုံးတို့ကို သိမ်းဆည်းလျက် ယင်းနာမ်တရားတို့ကို လက္ခဏာရေးသုံးတန် တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ပါ။ အလား- တူပင် သောတဒွါရစသော ကြွင်းဒွါရ (၅)မျိုးတို့၌ တည်ရှိသော ရုပ်တရား အသီးအသီးကို = ရုပ်တရား တစ်မျိုးစီ တစ်မျိုးစီကို အာရုံပြု၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကိုလည်းကောင်း၊ (၄၂)ကောဋ္ဌာသတို့တွင် ကောဋ္ဌာသ အသီးအသီး၌ တည်ရှိသော (၄၄)မျိုးစသော ရုပ်တရားတို့တွင် ရုပ်တရား တစ်မျိုးစီ တစ်မျိုးစီကို အာရုံပြု၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကိုလည်းကောင်း သိမ်းဆည်းလျက် လက္ခဏာရေးသုံးတန် တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ပါ။
例如,眼门有五十四种色法;应分别以每一种色法为所缘,摄取由此生起的一切善速行心路名法与不善速行心路名法,再对这些名法安立三相而观。其余耳门等五门中的每一种色法,以及四十二身分各自四十四种等色法中的每一种,也分别作为所缘,摄取由此生起的名法,再安立三相修观。
ထိုသို့ ရှုရာ၌ စက္ခုဒွါရ၌ ရုပ် (၅၄)မျိုး ရှိရာတွင် စက္ခုဒသက ကလာပ်၌ ရုပ် (၁ဝ)မျိုး ရှိရာ ယင်း စက္ခု ဒသက ကလာပ်၌ တည်ရှိသော ပထဝီဓာတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကို ဝိပဿနာ ရှုပွားသုံးသပ်ပြီးပါမှ ယင်းစက္ခုဒသက ကလာပ်၌ပင် တည်ရှိသော အာပေါဓာတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကို ဝိပဿနာရှုပါ။ ဤနည်းအားဖြင့် စက္ခုဒသက ကလာပ်၌ (၁ဝ)မျိုးသော ရုပ်တရားတို့တွင် ရုပ်တစ်မျိုးစီ တစ်မျိုးစီကို အာရုံပြု၍ ဖြစ်ပေါ်လာသော နာမ်တရား အသီးအသီးကို ဝိပဿနာ ရှုပြီးသော အခါမှ ယင်းစက္ခုဒွါရ၌ပင် တည်ရှိသော ကာယဒသက ကလာပ်ဝယ် (၁ဝ)မျိုးသော ရုပ်တို့တွင် ရုပ်တစ်မျိုးစီ
具体观法如下。眼门有五十四种色法;眼十法聚中有十种色。先观以眼十法聚中的地界为所缘而生起的名法,观毕,再观以同一色聚中的水界为所缘而生起的名法。如此依次观完以眼十法聚中每一种色法为所缘而生起的名法以后,再依同样次序,观以眼门中身十法聚的每一种色法为所缘而生起的名法——
原书第 459 页
ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- အနုလောမဉာဏ်ခန်း တစ်မျိုးစီကို အာရုံပြု၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကိုလည်း အစဥ်အတိုင်း နည်းတူပင် ဝိပဿနာရှုပါ။
——其余色聚也依次同样修观。
စက္ခုဒွါရ၌ (၅၄)မျိုးသော ရုပ်တို့တွင် ရုပ်တစ်မျိုးစီ တစ်မျိုးစီကို အာရုံပြု၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကို အဇ္စျတ္တ ဗဟိဒ္ဓ သန္တာန်နှစ်မျိုးလုံး၌ ဝိပဿနာ ရှုပြီးသောအခါမှ သောတဒွါရ စသည်သို့ ပြောင်းရှုပါ။ (၄၂) ကောဋ္ဌာသတို့၌လည်း နည်းတူပင် ရှုပါ။
在内、外两相续中,观完以眼门五十四种色法之每一种为所缘而生起的名法以后,才转观耳门等。四十二身分也同样修观。
ထို (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်တရားတို့ကို အာရုံအလိုက် ခွဲတမ်းချလိုက်ပါက အာရုံ (၆)မျိုးသာ ရှိပေသည်။ ရုပ်ကလာပ် အသီးအသီး၌ တည်ရှိသော ----- ၁။ ဝဏ္ဏမှာ ရူပါရုံ ဖြစ်၏။
若把六门、四十二身分中的色法依所缘分类,只有六种所缘:一、各色聚中的颜色是色所缘。
၂။ ဂန္ဓမှာ ဂန္ဓာရုံ ဖြစ်၏။
二、香是香所缘。
၃။ ရသမှာ ရသာရုံ ဖြစ်၏။
三、味是味所缘。
၄။ ပထဝီ တေဇော ဝါယောတို့မှာ ဖောဋ္ဌဗ္ဗာရုံ ဖြစ်၏။
四、地、火、风三界是触所缘。
၅။ အဿာသပဿာသ သဒ္ဒနဝက ကလာပ် စသည်တို့၌ တည်ရှိသော အသံ-သဒ္ဒရုပ်မှာ သဒ္ဒါရုံ ဖြစ်၏။
五、出入息声九法聚等中的声音色是声所缘。
၆။ အာပေါဓာတ် ဘာဝရုပ် ဇီဝိတ ဟဒယရုပ် ပသာဒရုပ်စသည့် ကြွင်းသော ပသာဒရုပ် သုခုမရုပ်တို့မှာ ဓမ္မာရုံ ဖြစ်၏။
六、水界、性根色、命根色、心所依处色、诸净色等其余细色,是法所缘。
နာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ရူပါရုံလိုင်း သဒ္ဒါရုံလိုင်း စသည်တို့၌ နာမ်တရားများကို သိမ်းဆည်းခဲ့သည့်အတိုင်း = နာမ်ကမ္မဋ္ဌာန်းဇယားများအတိုင်း ယင်းနာမ်တရားတို့ကို သိမ်းဆည်း၍ ဝိပဿနာ ရှုပါ။ ကုသိုလ်ဇောဝီထိ၊ အကုသိုလ်ဇောဝီထိများကို ကုန်စင်အောင် ရှုပါ။
应依名业处篇各表中摄取色所缘线、声所缘线等名法的方法,摄取这些名法而修习毗婆舍那;应把善速行心路与不善速行心路全部观尽。
ထိုသို့ ရှုရာ၌ ကလာပသမ္မသန ဝိပဿနာရှုနည်း၊ အနုပဒဓမ္မဝိပဿနာရှုနည်းဟူသော ဝိပဿနာ ရှုနည်း နှစ်နည်းလုံးဖြင့် မိမိနှစ်ခြိုက်သလို ဝိပဿနာ ရှုပွားသုံးသပ်နိုင်ပါသည်။ အသင်သူတော်ကောင်း၏ ပါရမီအပေါ် အခြေတည်၍ ဝုဋ္ဌာနဂါမိနီ ဝိပဿနာသို့ ဆိုက်ရောက်ကောင်း ဆိုက်ရောက်နိုင်ပေလိမ့်မည်။
这样修观时,可以随意兼用聚思惟与逐法观两种方法修习、审察毗婆舍那。依贤友的巴拉密,便可能到达趣向出起之观。
原书第 460 页
အဝိဇ္ဇာနှင့် ဝိဇ္ဇာ
无明与明
တစ်ချိန် ဘုရားရှင်သည် သာဝတ္ထိပြည်မွန်၌ သီတင်းသုံးစံနေတော်မူခိုက် ဖြစ်၏။ ထိုအခါ ရဟန်းတော် တစ်ပါးသည် မြတ်စွာဘုရားရှင်၏ ထံတော်သို့ ချဥ်းကပ်ပြီးလျှင် ဘုရားရှင်အား ရိုသေစွာ ရှိခိုးပြီးနောက် သင့်- တင့်လျောက်ပတ်သော တစ်ခုသော အရပ်၌ ထိုင်နေပြီးသော် မြတ်စွာဘုရားရှင်အား ဤသို့ လျှောက်ထား၏။
有一次,世尊住在舍卫城。一位比丘来到世尊处,礼敬世尊后坐在一旁,向世尊请问。
''မြတ်စွာဘုရား …အဝိဇ္ဇာ အဝိဇ္ဇာဟု ဆိုအပ်ပါ၏၊ မြတ်စွာဘုရား …အဘယ်တရားသည် အဝိဇ္ဇာ ပါနည်း၊ အဘယ်မျှဖြင့် အဝိဇ္ဇာသို့ ရောက်သူ ဖြစ်ပါသနည်း''ဟု ဤစကားကို လျှောက်ထား၏။
‘尊者,常说“无明、无明”。尊者,什么是无明?又到什么程度才称为陷入无明的人?’
''ချစ်သားရဟန်း …ဤလောက၌ အကြောင်းတရားနှင့် တကွသော ဥပါဒါနက္ခန္ဓာ ငါးပါးတို့၌ အာဂမ သုတဟူသော သင်သိ၊ အဓိဂမသုတဟူသော ကျင့်သိ ----- ဤသင်သိ ကျင့်သိဟူသော အသိနှစ်မျိုးဖြင့် အကြား အမြင် ဗဟုသုတ မရှိသော ပရမတ်ဉာဏ်ပညာမျက်စိ ကာဏ်းနေသော ပုထုဇန်သည် ----- ၁။ (က) ရုပ်တရားကို မသိ၊ ( ခ ) ရုပ်တရား၏ ဖြစ်ပေါ်ကြောင်း သမုဒယကို မသိ၊ ( ဂ ) ရုပ်တရား၏ ချုပ်ရာ နိရောဓကို မသိ၊ (ဃ) ရုပ်တရား၏ ချုပ်ရာ နိရောဓသို့ ရောက်ကြောင်း ကျင့်စဥ်ကို မသိ။
‘比丘,世间未受教的凡夫,对于有因缘的五取蕴,既没有由教法听闻所得的教知,也没有由修行亲证所得的证知;他没有这两种多闻,究竟慧眼盲昧。一、他不知道色,不知道色之集,不知道色之灭,也不知道趣向色灭之道。
၂။ (က)ဝေဒနာတရားကို မသိ။ ပ ။
二、他不知道受,不知道受之集、受之灭,也不知道趣向受灭之道。
၃။ (က)သညာတရားကို မသိ။ ပ ။
三、他不知道想,不知道想之集、想之灭,也不知道趣向想灭之道。
၄။ (က)သင်္ခါရတရားတို့ကို မသိ။ ပ ။
四、他不知道诸行,不知道诸行之集、诸行之灭,也不知道趣向诸行灭之道。
၅။ (က) ဝိညာဏ်တရားကို မသိ၊ ( ခ ) ဝိညာဏ်တရား၏ ဖြစ်ပေါ်ကြောင်း သမုဒယကို မသိ၊ ( ဂ ) ဝိညာဏ်တရား၏ ချုပ်ရာ နိရောဓကို မသိ၊ (ဃ) ဝိညာဏ်တရား၏ ချုပ်ရာ နိရောဓသို့ ရောက်ကြောင်း ကျင့်စဥ်ကို မသိ။
五、他不知道识,不知道识之集,不知道识之灭,也不知道趣向识灭之道。
''ချစ်သားရဟန်း …ဤသို့ မသိခြင်းကို အဝိဇ္ဇာဟု ဆိုအပ်၏၊ ဤမျှဖြင့် အဝိဇ္ဇာသို့ ရောက်သူ ဖြစ်၏'' ဟု မိန့်တော်မူ၏။ (သံ-၂-၁၃၂ - အဝိဇ္ဇာသုတ်။) တစ်ချိန် ဘုရားရှင်သည် သာဝတ္ထိပြည်မွန်၌ သီတင်းသုံးစံနေတော်မူခိုက်ဖြစ်၏၊ ထိုအခါ ရဟန်းတော် တစ်ပါးသည် မြတ်စွာဘုရားရှင်၏ ထံတော်သို့ ချဥ်းကပ်ပြီးလျှင် ဘုရားရှင်အား ရိုသေစွာ ရှိခိုးပြီးနောက် သင့်- တင့် လျောက်ပတ်သော တစ်ခုသော အရပ်၌ ထိုင်နေပြီးသော် မြတ်စွာဘုရားရှင်အား ဤသို့ လျှောက်ထား၏။
比丘,这样的不知称为无明;到这个程度,就称为陷入无明的人。’(《相应部》2-132,《无明经》。)又有一次,世尊住在舍卫城。一位比丘来到世尊处,礼敬世尊后坐在一旁,向世尊请问。
''မြတ်စွာဘုရား …ဝိဇ္ဇာ ဝိဇ္ဇာဟု ဆိုအပ်ပါ၏၊ အဘယ်တရားသည် ဝိဇ္ဇာပါနည်း။ မြတ်စွာဘုရား … အဘယ်မျှဖြင့် ဝိဇ္ဇာသို့ ရောက်သူ ဖြစ်ပါသနည်း''ဟု ဤစကားကို လျှောက်ထား၏။
‘尊者,常说“明、明”。什么是明?尊者,到什么程度才称为具明的人?’
''ချစ်သားရဟန်း …ဤလောက၌ အကြောင်းတရားနှင့်တကွသော ဥပါဒါနက္ခန္ဓာ ငါးပါးတို့၌ အာဂမ သုတ အဓိဂမသုတဟူသော သင်သိ ကျင့်သိ ဤအသိ နှစ်မျိုးဖြင့် အကြားအမြင် ဗဟုသုတရှိသော၊ အရိယာ ဖြစ်တော်မူသော ငါဘုရားရှင်၏ တပည့်သာဝကသည် -----
‘比丘,世间有闻的圣弟子,对于有因缘的五取蕴,具有由教法听闻所得的教知与由修行亲证所得的证知这两种多闻:
原书第 461 页
ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- အနုလောမဉာဏ်ခန်း ၁။ (က)ရုပ်တရားကို သိ၏၊ ( ခ )ရုပ်တရား၏ ဖြစ်ပေါ်ကြောင်း သမုဒယကို သိ၏၊ ( ဂ )ရုပ်တရား၏ ချုပ်ရာ နိရောဓကို သိ၏၊ (ဃ)ရုပ်တရား၏ ချုပ်ရာ နိရောဓသို့ ရောက်ကြောင်း ကျင့်စဥ်ကို သိ၏။
一、他知道色,知道色之集,知道色之灭,也知道趣向色灭之道。
၂။ (က)ဝေဒနာတရားကို ။ ပ ။
二、他知道受,知道受之集、受之灭,也知道趣向受灭之道。
၃။ (က)သညာတရားကို ။ ပ ။
三、他知道想,知道想之集、想之灭,也知道趣向想灭之道。
၄။ (က)သင်္ခါရတရားတို့ကို။ ပ ။
四、他知道诸行,知道诸行之集、诸行之灭,也知道趣向诸行灭之道。
၅။ (က)ဝိညာဏ်တရားကို သိ၏၊ ( ခ )ဝိညာဏ်တရား၏ ဖြစ်ပေါ်ကြောင်း သမုဒယကို သိ၏၊ ( ဂ )ဝိညာဏ်တရား၏ ချုပ်ရာ နိရောဓကို သိ၏၊ (ဃ)ဝိညာဏ်တရား၏ ချုပ်ရာ နိရောဓသို့ ရောက်ကြောင်း ကျင့်စဥ်ကို သိ၏။
五、他知道识,知道识之集,知道识之灭,也知道趣向识灭之道。
ချစ်သားရဟန်း …ဤသည်ကို ဝိဇ္ဇာဟု ဆိုအပ်၏။ ဤမျှဖြင့် ဝိဇ္ဇာသို့ ရောက်သူ ဖြစ်၏''ဟု မိန့်တော်မူ၏။
比丘,这就称为明;到这个程度,就称为具明的人。’
(သံ-၂-၁၃၂ - ဝိဇ္ဇာသုတ္တန်။)
(《相应部》2-132,《明经》。)
တစ်ချိန် ဘုရားရှင်သည် သာဝတ္ထိပြည်မွန်၌ သီတင်းသုံးစံနေတော်မူခိုက် ဖြစ်၏၊ ထိုအခါ ရဟန်းတော် တစ်ပါးသည် မြတ်စွာဘုရားရှင်၏ ထံတော်သို့ ချဥ်းကပ်ပြီးလျှင် ဘုရားရှင်အား ရိုသေစွာ ရှိခိုးပြီးနောက် သင့်- တင့်လျောက်ပတ်သော တစ်ခုသော အရပ်၌ ထိုင်နေပြီးသော် မြတ်စွာဘုရားရှင်အား ဤသို့ လျှောက်ထား၏။
有一次,世尊住在舍卫城。一位比丘来到世尊处,礼敬世尊后坐在一旁,向世尊请问。
''မြတ်စွာဘုရား …အဘယ်သို့ သိသူ အဘယ်သို့ မြင်သူအား မသိမှု = အဝိဇ္ဇာ ပျောက်ကင်းနိုင်ပါ- သနည်း၊ သိမှု = ဝိဇ္ဇာဉာဏ် ပေါ်ပေါက်နိုင်ပါသနည်း''ဟု လျှောက်ထား၏။
‘尊者,怎样知、怎样见,才能舍断不知即无明,使知即明智生起?’
''ချစ်သား ရဟန်း … ၁။ (က)စက္ခုအကြည်ဓာတ်ကို အနိစ္စဟု (ဒုက္ခဟု အနတ္တဟု) သိသူ မြင်သူအား မသိမှု = အဝိဇ္ဇာ ပျောက်ကင်း- နိုင်၏၊ သိမှု = ဝိဇ္ဇာဉာဏ် ပေါ်ပေါက်နိုင်၏။
‘比丘,一、(甲)知见眼净色为无常〔苦、无我〕的人,能舍断无明,使明智生起。
( ခ )ရူပါရုံတို့ကို ။ ပ ။
(乙)知见诸色所缘为无常〔苦、无我〕,也是如此。
( ဂ )စက္ခုဝိညာဏ်ကို။ ပ ။
(丙)知见眼识为无常〔苦、无我〕,也是如此。
(ဃ)စက္ခုသမ္ဖဿကို ။ ပ ။
(丁)知见眼触为无常〔苦、无我〕,也是如此。
( င )စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခဝေဒနာ ဒုက္ခဝေဒနာ ဥပေ- က္ခာဝေဒနာကို အနိစ္စဟု (ဒုက္ခဟု အနတ္တဟု) သိသူ မြင်သူအား မသိမှု = အဝိဇ္ဇာ ပျောက်ကင်းနိုင်၏၊ သိမှု = ဝိဇ္ဇာဉာဏ် ပေါ်ပေါက်နိုင်၏။
(戊)知见以眼触为缘生起的乐受、苦受或舍受为无常〔苦、无我〕的人,能舍断无明,使明智生起。
၂။ (က)သောတအကြည်ဓာတ်ကို။ ပ ။
二、(甲)知见耳净色为无常〔苦、无我〕,也是如此。
( ခ )သဒ္ဒါရုံတို့ကို ။ ပ ။
(乙)知见诸声所缘为无常〔苦、无我〕,也是如此。
( ဂ )သောတဝိညာဏ်ကို ။ ပ ။
(丙)知见耳识为无常〔苦、无我〕,也是如此。
(ဃ)သောတသမ္ဖဿကို ။ ပ ။
(丁)知见耳触为无常〔苦、无我〕,也是如此。
( င )သောတသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခဝေဒနာ ဒုက္ခဝေဒနာ ဥပေက္ခာဝေဒနာကို။ ပ ။
(戊)知见以耳触为缘生起的乐受、苦受或舍受为无常〔苦、无我〕,也是如此。