十种无识不净业处
《趣向涅槃之道》中文全译本 · 非缩略版
止业处篇 · 原书第 635–638 页 · 25 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 635 页
အဝိညာဏက အသုဘ ကမ္မဋ္ဌာန်း (၁ဝ) မျိုး
十种无识不净业处
အသုဘသဒ္ဒါသည် မတင့်တယ်ဟူသော အနက်ကို ဟော၏၊ ဤနေရာဝယ် ခန္ဓာကိုယ်နှင့် စပ်၍ သေသည့် အခါ အမျိုးမျိုး ဖြစ်ပေါ်လာတတ်သော အလောင်းကောင် ပုံသဏ္ဌာန်ဒြပ်ကို အသုဘဟု ခေါ်ဆိုအပ်၏။ ထို အသုဘသည် (၁ဝ)မျိုး ရှိ၏။
‘不净’一词表示不美、不庄严。这里把身体死亡以后出现的种种尸体形态称为不净;无识不净共有十种。
၁။ ဥဒ္ဓုမာတက = သေသည်မှ အထက် နှစ်ရက်သုံးရက် အကူး ဖူးဖူးရောင်ပုပ် စက်ဆုပ်ဖွယ်ရာ မသာ အလောင်းကောင်၊ ၂။ ဝိနီလက = အသားများရာ၌ နီ၍ ပြည်စုရာ၌ ဖြူသဖြင့် ဖြူနီသဘော ရောနှောစပ်တွဲ ညိုမည်းမည်း- ပုတ် စက်ဆုပ်ဖွယ်ရာ မသာအလောင်းကောင်၊ ၃။ ဝိပုဗ္ဗက = ပြည်တစိုစို ပေါက်ကွဲယိုလျက် စက်ဆုပ်ဖွယ်ရာ မသာအလောင်းကောင်၊ ၄။ ဝိစ္ဆိဒ္ဒက = ထက်အောက် နှစ်ရပ် မဆက်စပ်အောင် ပိုင်းဖြတ်ထားသော စက်ဆုပ်ဖွယ်ရာ မသာ အ- လောင်းကောင်၊ ၅။ ဝိက္ခာယိတက = လင်းတ ခွေး ကျီး အသီးသီးတို့ နည်းမျိုးစုံပြား ဖုံဖုံအားဖြင့် ခဲစားထားအပ်သော စက်ဆုပ်ဖွယ်ရာ မသာအလောင်းကောင်၊ ၆။ ဝိက္ခိတ္တက = လက် ခြေ ခေါင်းကို ဖရိုဖရဲ ထိုထိုကြဲအောင် ပစ်လွှင့်ထားအပ်သော စက်ဆုပ်ဖွယ်ရာ မသာအလောင်းကောင်၊ ၇။ ဟတဝိက္ခိတ္တက = ကျီးခြေသဏ္ဌာန်ဖြစ်အောင် ဓားဖြင့် မွှန်း၍ လက်ခြေစသော ကိုယ်အင်္ဂါတို့ကို ထိုထို
一、膨胀尸(uddhumātaka):死后二三日,肿胀腐烂、令人厌恶的尸体。二、青瘀尸(vinīlaka):肉多处发红,积脓处发白,白红相杂而呈青黑腐坏、令人厌恶的尸体。三、脓烂尸(vipubbaka):破裂流脓、令人厌恶的尸体。四、断坏尸(vicchiddaka):被截断而使上下两段不相连接、令人厌恶的尸体。五、啖食尸(vikkhāyitaka):被秃鹫、狗、乌鸦等以种种方式啄食、令人厌恶的尸体。六、散乱尸(vikkhittaka):手、足、头等被抛掷得四处分散、令人厌恶的尸体。七、斩斫散乱尸(hatavikkhittaka):被刀砍成乌鸦脚般的裂口,手足等肢体——
အရပ်သို့ ဖရိုဖရဲကြဲအောင် ပစ်လွှင့်ထားအပ်သော စက်ဆုပ်ဖွယ်ရာ မသာအလောင်းကောင်၊ ၈။ လောဟိတက = သွေးများထွက်ယိုလျက် တစ်ကိုယ်လုံးပေအောင် သွေးဖြင့် လိမ်းကျံနေသော စက်ဆုပ် ဖွယ်ရာ မသာအလောင်းကောင်၊ ၉။ ပုဠုဝက = ပိုးလောက်တို့ဖြင့် ပြည့်နှက်နေသော စက်ဆုပ်ဖွယ်ရာ မသာအလောင်းကောင်၊ ၁ဝ။ အဋ္ဌိက = အရိုးစုအဆင့်၌ တည်ရှိနေသော စက်ဆုပ်ဖွယ်ရာ မသာအလောင်းကောင်၊
——被抛掷得四处分散、令人厌恶的尸体。八、血涂尸(lohitaka):大量出血,全身涂满血液、令人厌恶的尸体。九、虫聚尸(puḷuvaka):遍满蛆虫、令人厌恶的尸体。十、骸骨尸(aṭṭhika):已经达到骸骨阶段、令人厌恶的尸体。
原书第 636 页
အဝိညာဏက အသုဘ = သေအသုဘကမ္မဋ္ဌာန်းကို ပွားများလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးစွာ မိမိရရှိထားပြီးသည့် စတုတ္ထစျာန်သမာဓိကို တစ်ဖန်ပြန်၍ ထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအင်များ အား- ကောင်းလာသောအခါ မိမိမြင်ဖူးထားသည့် ရွံရှာစက်ဆုပ်ဖွယ် အကောင်းဆုံးသော လိင်တူ အလောင်းကောင် တစ်ခုကို လင်းရောင်ခြည်၏ အကူအညီဖြင့် လှမ်းအာရုံယူပါ။ ထိုအလောင်းကောင်အာရုံကို ပကတိဖွင့်ထားသော မျက်စိဖြင့် မြင်ရသကဲ့သို့ မြင်တွေ့ရသော် ယင်းအလောင်းကောင်ကို အာရုံပြု၍ ပုပ်ပွနေသော အလောင်းကောင် ပုံ၌ ဘာဝနာစိတ်ကို ကပ်ထားလျက် ---- ''ဥဒ္ဓုမာတက ပဋိက္ကူလံ ဥဒ္ဓုမာတက ပဋိက္ကူလံ'' ''ဖူးဖူးရောင်ကြွ ပုပ်ပွလျက်ရှိသော ရွံစရာအလောင်းကောင်'' ''ဖူးဖူးရောင်ကြွ ပုပ်ပွလျက်ရှိသော ရွံစရာအလောင်းကောင်''ဟု ရှုနေပါ။
想要修习无识不净——死不净业处的瑜伽行者,首先应重新建立自己已经证得的第四禅定。光明强盛以后,借助光明,把自己见过的、与自己同性、最令人厌恶的尸体取为所缘。尸体显现得如同睁眼亲见以后,以它为所缘,把修习心贴住肿胀腐烂的尸相,反复观:‘uddhumātakaṃ paṭikkūlaṃ,uddhumātakaṃ paṭikkūlaṃ——肿胀腐烂的尸体,可厌;肿胀腐烂的尸体,可厌。’
ပကတိသော မျက်စိဖြင့် ဖွင့်ကြည့်သောအခါ အလောင်းကောင်ကို ထင်ထင်ရှားရှား မြင်တွေ့ရသကဲ့သို့ ယခုကဲ့သို့ မျက်စိကို မှိတ်၍ တစ်ဖန် ထိုအလောင်းကို အာရုံယူ၍ ရှုရာ၌ မျက်စိဖြင့် ဖွင့်ကြည့်သကဲ့သို့ ပုံစံတူ မြင်တွေ့နေရပါက ဥဂ္ဂဟနိမိတ်သို့ ဆိုက်ပြီ။ ထိုဥဂ္ဂဟနိမိတ်၌ ဘာဝနာစိတ်ကို ဆင့်ကာဆင့်ကာ ဖြစ်စေသော ယောဂါဝစရပုဂ္ဂိုလ်အား ပဋိဘာဂနိမိတ်သည် ဖြစ်ပေါ်လာ၏။ ထိုပဋိဘာဂနိမိတ်၌ ဘာဝနာစိတ်ကို ဆင့်ကာ ဆင့်ကာ ဖြစ်စေသော ယောဂါဝစရပုဂ္ဂိုလ်သည် အပ္ပနာစျာန်သို့ ဆိုက်ရောက်နိုင်၏။ အပ္ပနာစျာန်၌ ရပ်တည်၍ ဝိပဿနာဉာဏ်ကို တိုးပွားစေခဲ့သော် အရဟတ္တဖိုလ်ကို မျက်မှောက်ပြုနိုင်၏။
睁眼时怎样清楚看见尸体,闭眼再取尸体为所缘时,若也能看见与睁眼所见相同的形象,就已达到取相。瑜伽行者在取相上令修习心相续生起,似相便会出现;再令修习心在似相上相续生起,便能达到安止禅。立足于安止禅而增长观智,就能亲证阿罗汉果。
ဥဂ္ဂဟနိမိတ်သည် ဖောက်ပြန်သည် အရုပ်ဆိုးသည် ကြောက်မက်ဖွယ်သော အမြင်ရှိသည်ဖြစ်၍ ယော- ဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်၌ ထင်လာ၏။ ပဋိဘာဂနိမိတ်သည်ကား အလိုရှိတိုင်းစား၍ လျောင်းစက် အိပ်ပျော် နေသော ဆူဖြိုးသော အင်္ဂါကြီးငယ်ရှိသော ယောကျာ်းကဲ့သို့ ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်၌ ထင်လာ၏။
取相在瑜伽行者之智中显现为变坏、丑陋而可怕;似相则显现得像一位随意饮食后躺下熟睡、四肢丰满的人。
(ဝိသုဒ္ဓိ-၁-၁၈၃-၁၈၄။)
(《清净道论》1-183—184。)
ယင်းပဋိဘာဂနိမိတ် အလောင်းကောင်၌ ဘာဝနာစိတ်ကို ဆင့်ကာဆင့်ကာ ဖြစ်စေသော ယောဂါဝစရ ပုဂ္ဂိုလ်သည် မကြာမီအချိန်ကာလအတွင်းမှာပင် အပ္ပနာစျာန်သို့ ဆိုက်ရောက်နိုင်၏။ ပထမစျာန်မျှသာတည်း။
瑜伽行者令修习心在尸体似相上相续生起,不久便能达到安止禅;这里只能达到初禅。
အသုဘအလောင်းကောင်အာရုံ၏ ရုန့်ရင်းကြမ်းတမ်းသောကြောင့် ဝိတက်၏ အကူအညီ မပါဘဲ ယင်းပဋိဘာဂ နိမိတ်အာရုံ၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍မတည်နိုင်ရကား ဒုတိယစျာန်စသော အထက်အထက်သော စျာန်သို့ မတက်နိုင်ပြီ။
由于不净尸体所缘粗陋,修习心若没有寻的帮助,就不能安静地贴住似相所缘而住,因此不能升到第二禅等更高诸禅。
ဥဒ္ဓုမာတက အလောင်းကောင်၌ ပထမစျာန်သို့ ဆိုက်အောင် ပွားသကဲ့သို့ ကြွင်းသော အသုဘအလောင်း- ကောင်တို့၌လည်း ပုံစံတူပင် ပွားနိုင်သည်။ ယခုကဲ့သို့ အသုဘဘာဝနာ၏ အရှုခံအာရုံအဖြစ် ယူလိုက်သော အလောင်းကောင်မှာ အကယ်၍ လွန်ခဲ့သော တစ်နှစ်ခန့်လောက်က မြင်ဖူးထားသော အလောင်းကောင်ဖြစ်မှု ထိုအလောင်းကောင်၏ ရွံရှာစက်ဆုပ်ဖွယ် အကောင်းဆုံးအနေအထား၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာကပ်ထား၍ အသုဘဘာဝနာကို ပွားများနိုင်သည်။ အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်က ထိုအလောင်းကောင်၏ မိမိမြင်ဖူး- ထားသောအချိန်မှ ယခုအချိန်သို့ တိုင်အောင်သော အနာဂတ်ဘက်သို့ ဉာဏ်ကို စေလွှတ်၍ လွန်ခဲ့သော တစ်- နှစ်ခန့်မှ ယခုအချိန်သို့တိုင်အောင် တဖြည်းဖြည်း ကြည့်လာပါက တစ်ထိုင်အတွင်းမှာပင် အရိုးစုသို့တိုင်အောင် အလောင်းကောင်အာရုံ၏ အဆင့်ဆင့် ပြောင်းလဲမှုကို တွေ့မြင်နိုင်ပေသည်။ ထိုအခါ မည်သည့်အဆင့်မှာမဆို
正如能以膨胀尸修到初禅,其余不净尸也都可以依同样方法修习。作为不净修习所缘的尸体,即使是约一年前见过的,也可以把修习心安住于它最令人厌恶的阶段而修不净。若瑜伽行者从当时见到尸体之际起,把智逐步送向未来,直到现在,便能在一座中看见尸体逐层变化,直至成为骸骨。无论看见其中哪一个阶段——
ထိုအလောင်းကောင်အာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထား၍ ပထမစျာန်သို့ ဆိုက်အောင် အသုဘ ဘာဝနာကို ပွားများအားထုတ်နိုင်သည်သာ ဖြစ်ပေသည်။
——,都可以把修习心安静地贴住该尸体所缘,努力修习不净,直到初禅。
原书第 637 页
အာဒီနဝါနုပဿနာ
过患随观
သော ဣမမေဝ ကာယံ ဥပသံဟရတိ ''အယမ္ပိ ခေါ ကာယော ဧဝံ ဓမ္မော ဧဝံ ဘာဝီ ဧဝံ အနတီ- တော''တိ။ (မ-၁-၇၃။) = ထိုယောဂါဝစရပုဂ္ဂိုလ်သည် ဤ မိမိ၏ ခန္ဓာကိုယ်ကိုပင်လျှင် ---- ''ဤ ငါ၏ ခန္ဓာကိုယ်သည်လည်း ဤသို့ ဖူးဖူးရောင်ကြွ ပုပ်ပွခြင်းသဘော ရှိ၏၊ ဤသို့ ဖူးဖူးရောင်ကြွ ပုပ်ပွသည့် အလောင်းကောင် ဖြစ်လိမ့်မည်၊ ဤသို့ ဖူးဖူးရောင်ကြွ ပုပ်ပွသည့် အလောင်းကောင် ဖြစ်ခြင်းသဘောကို မလွန်မြောက်နိုင်''ဟု ဉာဏ်ဖြင့် ရှေးရှု ကပ်ဆောင်၏။ (မ-၁-၇၃။ မဟာသတိပဋ္ဌာနသုတ္တန်။) ထိုသို့ ဗဟိဒ္ဓအလောင်းကောင်၌ ပထမစျာန်သို့ ဆိုက်အောင် သို့မဟုတ် ပဋိဘာဂနိမိတ်သို့ ဆိုက်အောင် ပွားများထားပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် မိမိခန္ဓာအိမ် သူတစ်ပါးခန္ဓာအိမ်တို့၏ အပြစ်ကို မြင်အောင်ရှုခြင်း အာဒီနဝါနုပဿနာသို့ ကူးလိုက ကူးနိုင်ပါသည်။
巴利经文说:‘So imameva kāyaṃ upasaṃharati: “Ayampi kho kāyo evaṃdhammo evaṃbhāvī evaṃanatīto”ti.’译:‘他把自己的身体与之相比:我的身体也有如此肿胀腐烂的性质,也将成为如此肿胀腐烂的尸体,不能超越成为如此肿胀腐烂尸体的性质。’(《中部》1-73,《大念处经》。)瑜伽行者已经在外在尸体上修到初禅或似相以后,若想转入观见自己与他人身体过患的过患随观,也可以这样做。
ထိုဗဟိဒ္ဓအလောင်းကောင်၏ အသုဘအခြင်းအရာကို အာရုံယူ၍ ပထမစျာန်သို့ ဆိုက်အောင် သို့မဟုတ် ပဋိဘာဂနိမိတ်သို့ ဆိုက်အောင် ပွားများပြီးသောအခါ မိမိ၏ ရူပကာယခန္ဓာကိုယ်သို့ ဉာဏ်ဖြင့် ရှေးရှုကပ်ဆောင် ၍ ဖူးဖူးရောင်ကြွ ပုပ်ပွလျက် သေနေသော မိမိ၏ အလောင်းကောင်ကို မြင်အောင် ကြည့်ပါ။ မြင်သောအခါ ဖူးဖူးရောင်ကြွ ပုပ်ပွလျက်ရှိသော မိမိ၏ အလောင်းကောင်၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာကပ်လျက် --- ဥဒ္ဓု- မာတက ပဋိက္ကူလ = ဖူးဖူးရောင်ကြွ ပုပ်ပွလျက်ရှိသော ရွံစရာအလောင်းကောင်ဟု အဖန်ဖန်ရှုပါ။ ပဋိဘာဂ နိမိတ်သို့ ဆိုက်နိုင်၏၊ ဥပစာရသမာဓိသို့ ဆိုက်နိုင်၏။ ဝိနီလကစသော ကြွင်းသော အသုဘအလောင်းကောင် တို့၌လည်း နည်းတူပင် ရှုပါ။
取外在尸体的不净行相为所缘,修到初禅或似相以后,以智趋向自己的色身,观见自己已经死亡、肿胀腐烂的尸体。看见以后,把修习心安静地贴在自己肿胀腐烂的尸体上,反复观:‘uddhumātakaṃ paṭikkūlaṃ——肿胀腐烂的尸体,可厌。’这样能达到似相,也能达到近行定。对于青瘀尸等其余不净尸,也以同样方法观修。
ယထာ ဣဒံ တထာ ဧတံ၊ ယထာ ဧတံ တထာ ဣဒံ။ အဇ္စျတ္တဉ္စ ဗဟိဒ္ဓါ စ၊ ကာယေ ဆန္ဒံ ဝိရာဇယေ။
‘如此者也将如彼,彼者也曾经如此;对于内在与外在之身,应使欲贪消退。’
(ဝိဇယသုတ္တန်။)
(《胜利经》。)
ဤသက်ရှိ သဝိညာဏက အသုဘကောင်သည် ရုပ်ဇီဝိတ၊ ကမ္မဇတေဇော၊ စိတ်ဝိညာဏ်တည်းဟူသော သုံးပါးသော တရားတို့၏ မကင်းသေးခြင်းကြောင့် သွား-ရပ်-ထိုင်-လျောင်းသကဲ့သို့ ထိုအတူ သုသာန်၌ တည်ရှိ- သော ဤဗဟိဒ္ဓ အသုဘအလောင်းကောင်သည်လည်း မသေမီ ရှေးအခါက ထိုတရားသုံးမျိုးတို့၏ မကင်းသေး ခြင်းကြောင့် သွား-ရပ်-ထိုင်-လျောင်းခြင်း သဘောရှိသည် ဖြစ်ခဲ့လေပြီ။
这个活着的有识不净身,因为色命根、业生火界与心识这三法尚未消失,所以能行、住、坐、卧;同样,坟场中这具外在不净尸体在未死以前,也因为这三法尚未消失,而曾经能行、住、坐、卧。
ယခုသေနေသော သက်မဲ့ဖြစ်သည့် ထိုအဝိညာဏက သက်မဲ့အလောင်းကောင်သည် ထိုတရားသုံးမျိုး တို့၏ ချုပ်စဲကင်းပြတ်ခြင်းကြောင့် သွားရပ်ထိုင်လျောင်းခြင်း သဘော မရှိသကဲ့သို့ ထို့အတူ ဤသက်ရှိ သဝိညာ- ဏက အသုဘကောင်သည်လည်း ထိုတရားသုံးမျိုးတို့၏ ချုပ်စဲကင်းပြတ်ခြင်းကြောင့် သွားရပ်ထိုင်လျောင်းခြင်း သဘော မရှိသည် ဖြစ်ပေတ္တံ့။ ဤသို့ ကျင့်လျက် ယောဂါဝစရ ရဟန်းတော်သည် အဇ္စျတ္တ ကိုယ်ကာယ၌လည်း- ကောင်း၊ ဗဟိဒ္ဓ ကိုယ်ကာယ၌လည်းကောင်း တွယ်တာငြိကပ် တပ်မက်ခြင်း ဆန္ဒရာဂကို ကင်းပြတ် ရုပ်သိမ်း ချုပ်ငြိမ်းစေရာ၏။ (ဝိဇယသုတ္တန်။ ခု-၁-၃ဝ၇-၃ဝ၈။) ဤညွှန်ကြားချက်များနှင့်အညီ အဇ္စျတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံး၌ အထက်ပါအတိုင်း အသုဘဘာဝနာကို ပွား- များနိုင်သော သူတော်ကောင်းသည် မိမိ သူတစ်ပါး နှစ်ဦးသားတို့၏ ခန္ဓာအိမ်၌ အပြစ်ကို ရှုမြင်တတ်သော အာဒီနဝါနုပဿနာအနေဖြင့် အသုဘဘာဝနာကို ဆက်လက်ပွားများနိုင်သည်။
现在这具已死的无识尸体,因为这三法已经灭尽、断绝,便不能行、住、坐、卧;同样,这个活着的有识不净身,将来也会因这三法灭尽、断绝而不能行、住、坐、卧。比丘瑜伽行者如此修习,应使对内身、外身的黏著、贪爱与欲贪消退、断除而止息。(《胜利经》,《小部》1-307—308。)依这些指导,能对内、外两方面都如上修习不净的善士,可以继续把不净修习作为过患随观,观见自己与他人身体的过患。
原书第 638 页
ဗဟိဒ္ဓ သက်မဲ့ အသုဘအလောင်းကောင်၌ ပဋိဘာဂနိမိတ်သို့ ဆိုက်သည်တိုင်အောင် အသုဘဘာဝနာကို ပွားများထားပြီးသော ယောဂါဝစရ ရဟန်းတော်သည် အခြားအခြားသော မိမိ ရာဂဖြစ်နေကျ လိင်တူ လိင်မတူ- သော သက်ရှိသတ္တဝါတို့ကို အာရုံယူ၍ ထိုပုဂ္ဂိုလ်တို့၏ တစ်နေ့တွင် ဖူးဖူးရောင်ကြွ ပုပ်ပွနေသည့် အသုဘ အလောင်းကောင် ဖြစ်မည့်သဘောကို ဉာဏ်ဖြင့် ရှေးရှုကပ်ဆောင်၍ ကြည့်ပါ။ ရှေးရှေးဘာဝနာတို့၏ အား- ကြီးသောမှီရာ ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါကြောင့် မကြာမီ အချိန်ကာလအတွင်းမှာပင် ယင်းဥဒ္ဓုမာတက အသုဘအခြင်းအရာသည် ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝ၌ ထင်လာမည် ဖြစ်ပါသည်။ ထိုအခါ ''ဥဒ္ဓုမာတက ပဋိက္ကူလ = ဖူးဖူးရောင်ကြွ ပုပ်ပွနေသည့် ရွံစရာအလောင်းကောင်''ဟု ကြိမ်ဖန်များစွာ ရှုပါ။
已经对外在无识不净尸体修不净直到似相的比丘瑜伽行者,可以取其他令自己常起贪欲的同性或异性活人为所缘,以智趋向、观见这些人有一天将成为肿胀腐烂尸体的性质。由于先前修习强大亲依止力的资助,膨胀尸不净行相不久便会显现于瑜伽行者之智。那时应反复观:‘uddhumātakaṃ paṭikkūlaṃ——肿胀腐烂的尸体,可厌。’
ဥပစာရသမာဓိသို့ ဆိုက်နိုင်၏။ ကြွင်းအသုဘ အလောင်းကောင်တို့၌လည်း နည်းတူ ရှုပါ။ အဇ္စျတ္တ ဗဟိဒ္ဓ တစ်လှည့်စီ ရှုပါ။ ဗဟိဒ္ဓ၌လည်း တစ်ယောက်ပြီးတစ်ယောက် ပြောင်းရှုပါ။ ဤရှုကွက်မျိုးကိုပင် ရည်ရွယ်တော်မူ၍ ဘုရားရှင်သည် မဟာသတိပဋ္ဌာနသုတ္တန်၌ အောက်ပါအတိုင်း ဟောကြားထားတော်မူ၏။
这样可以达到近行定。对其余不净尸也同样观修。应内在、外在轮流而观;观外在时,也应逐人更换。世尊正是针对这样的观法,在《大念处经》中作了如下开示。
ဣတိ အဇ္စျတ္တံ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ အဇ္စျတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ။ (မ-၁-၇၃။) ဒီဃဘာဏကမဟာသီဝတ္ထေရော ပန ''နဝသိဝထိကာ အာဒီနဝါနုပဿနာဝသေန ဝုတ္တာ''တိ အာဟ။
巴利经文说:‘Iti ajjhattaṃ vā kāye kāyānupassī viharati, bahiddhā vā kāye kāyānupassī viharati, ajjhattabahiddhā vā kāye kāyānupassī viharati.’译:‘如此,或于内身随观身而住,或于外身随观身而住,或于内外身随观身而住。’(《中部》1-73。)持诵《长部》的摩诃尸婆长老说:‘九墓墟是依过患随观而说的。’
(မ-ဋ္ဌ-၁-၃ဝ၅။)
(《中部义注》1-305。)
အဇ္စျတ္တကာယ၌လည်း ဥဒ္ဓုမာတက အသုဘအခြင်းအရာကို ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုလျက် နေပါ။ ဗဟိဒ္ဓကာယ၌လည်း ဥဒ္ဓုမာတက အသုဘအခြင်းအရာကို ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုလျက် နေပါ။ အဇ္စျတ္တ ဗဟိဒ္ဓ ကာယနှစ်မျိုးလုံး၌လည်း ဥဒ္ဓုမာတက အသုဘအခြင်းအရာကို ကြိမ်ဖန်များစွာ ထပ်ကာ ထပ်ကာ ရှုလျက် နေပါ။ (မ-၁-၇၃။) ဤညွှန်ကြားချက်မှာ မိမိ သူတစ်ပါး နှစ်ဦးသားတို့၏ ခန္ဓာအိမ်၌ အပြစ်ကို မြင်အောင်ရှုတတ်သော အာဒီ- နဝါနုပဿနာ အနေဖြင့် ဟောကြားတော်မူခြင်း ဖြစ်ကြောင်းကို မဟာသီဝမထေရ်မြတ်ကြီးက မိန့်ဆိုထားတော် မူ၏။ (မ-ဋ္ဌ-၁-၃ဝ၅။) ဤအသုဘဘာဝနာကား ရာဂကို တိုက်ဖျက်ရာ၌ အကောင်းဆုံးသော လက်နက်တစ်ခုပင် ဖြစ်၏။ ဤ ဘာဝနာကြောင့် မစင်ဘင်ကျုံးသမားဘဝမှ လွတ်မြောက်နိုင်၏၊ အိုဘေးဆိုးကြီးမှ လွတ်မြောက်နိုင်၏၊ နာဘေး ဆိုးကြီးမှ လွတ်မြောက်နိုင်၏၊ သေဘေးဆိုးကြီးမှ လွတ်မြောက်နိုင်၏။ အသင်သူတော်ကောင်း၏ စိတ်၌ ယင်း
应在内身反复、一再地观膨胀尸不净行相;也应在外身反复、一再地观膨胀尸不净行相;也应在内外两身反复、一再地观膨胀尸不净行相。(《中部》1-73。)摩诃尸婆大长老说,这项指导是把不净修习作为过患随观,教行者观见自己与他人身体的过患。(《中部义注》1-305。)不净修习正是对治贪欲最好的武器;依靠这一修习,可以脱离清粪夫般的生活,可以脱离老、病、死这些大灾难。善士,你的心中具有能从这些——
ဒုက္ခတို့မှ ထုတ်ဆောင်ကယ်တင်နိုင်သော စွမ်းအင်များရှိကြ၏။ ထိုစွမ်းအင်များကို ဤအရာ၌ အသုံးပြုပါလော့။
——痛苦中拔济自己的力量;请把这些力量用在这里。