行道智见清净释:生灭智章

《趣向涅槃之道》中文全译本 · 非缩略版

观禅篇 · 原书第 267–277 页 · 71 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 267 页
ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ
行道智见清净释
ဥပက္ကိလေသမှ လွတ်မြောက်သွားသော ဥဒယဗ္ဗယဉာဏ်
摆脱观随烦恼的生灭智
ဥပက္ကိလေသ အညစ်အကြေးမှ လွတ်သော ဝိပဿနာ ခရီးလမ်းမှန်ပေါ်သို့ သွားနေသော ဝိပဿနာဟု ဆိုအပ်သော ဝိပဿနာ၏ အပြီးအဆုံး အထွတ်အထိပ် အထွတ်အဖျားသို့ ရောက်နေသော ---- ဥဒယဗ္ဗယဉာဏ်၊ ဘင်္ဂဉာဏ်၊ ဘယဉာဏ်၊ အာဒီနဝဉာဏ်၊ နိဗ္ဗိဒါဉာဏ်၊ မုဉ္စိတုကမျတာဉာဏ်၊ ပဋိသင်္ခါဉာဏ်၊ သင်္ခါရုပေက္ခာဉာဏ်၊ သစ္စာနုလောမိကဉာဏ် = သစ္စာလေးပါးကို သိခြင်းအားလျော်သော အနုလောမဉာဏ် ----- ဤ (၉)တန်သော ဉာဏ်သည် ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ မည်၏။ (ဝိသုဒ္ဓိ -၂-၂၇၆။) အဘယ်ကြောင့် ပဋိပဒါဉာဏဒဿန ဝိသုဒ္ဓိမည်သနည်း? ----- သင်္ခါရတရားတို့၏ ဖြစ်ခြင်းပျက်ခြင်း စသည်တို့ကို သိခြင်း အနက်သဘောကြောင့်လည်းကောင်း၊ ပစ္စက္ခအားဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ခြင်း အနက်သဘောကြောင့်လည်းကောင်း ဥဒယဗ္ဗယဉာဏ်စသော (၉)ပါးကုန်သော ဝိပဿနာဉာဏ် တို့သည် ဉာဏဒဿန မည်ကုန်၏။ ထိုဉာဏဒဿနအမည်ရသော ယင်း (၉)မျိုးသော ဝိပဿနာဉာဏ်တို့သည်
这九种智——即已经摆脱观随烦恼垢染、正行于正确观道,并已达到称为观之究竟、顶峰的生灭智、坏灭智、怖畏智、过患智、厌离智、欲解脱智、审察智、行舍智,以及随顺四谛之知的随顺智(saccānulomika-ñāṇa)——称为行道智见清净。(《清净道论》2-276。)为什么称为行道智见清净呢?因为既有了知诸行生灭等的含义,也有以现见智亲自现前、通达知见的含义,所以从生灭智开始的这九种观智称为智见。这九种——
ပင်လျှင် နိစ္စသညာစသော ဆန့်ကျင်ဘက်တရားတို့မှ စင်ကြယ်သည်၏ အဖြစ်ကြောင့် ဉာဏဒဿနဝိသုဒ္ဓိမည်၏။
——观智又称智见清净,因为它们已经清净,不受常想等相反法污染。
ထို ဉာဏဒဿနဝိသုဒ္ဓိသည်ပင်လျှင် ----- ဤ ဉာဏဒဿနဝိသုဒ္ဓိဖြင့် အရိယမဂ်သို့ ရောက်အပ်သောကြောင့် အရိယမဂ်ကိုရအောင် ကျင့်အပ်သောကြောင့် အရိယမဂ်သည် ဖြစ်ပေါ်လာတတ်သောကြောင့် ပဋိပဒါလည်း မည်၏။ ထိုကြောင့် ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ မည်၏။ (မဟာဋီ-၂-၄၃၅။) သစ္စာလေးပါးကို မသိအောင် ဖုံးလွှမ်းထားတတ်သော ရုန့်ရင်း ရုန့်ရင်းသော မောဟတည်းဟူသော အမိုက်- တိုက် အမိုက်မှောင်ကို ကင်းစေခြင်း၊ ပယ်ဖျောက်ခြင်းဖြင့် သစ္စာလေးပါးကို ထိုးထွင်းသိမြင်ခြင်းငှာ လျော်သည်၏ အဖြစ်ကြောင့် အနုလောမဉာဏ်ကို သစ္စာနုလောမိကဉာဏ်ဟု ဆိုသည်။ ထိုကြောင့် သစ္စာနုလောမိကဉာဏ်သို့ တိုင်အောင်သော (၉)ပါးသော ဝိပဿနာဉာဏ်ဟူသော ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိကို ပြည့်စုံစေလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ဥပက္ကိလေသအညစ်အကြေးမှ လွတ်သော ဥဒယဗ္ဗယဉာဏ်ကို အစပြု၍ ထို (၉)ပါးသော ဉာဏ်တို့၌ အားထုတ်ခြင်းကို ပြုအပ်၏။ (ဝိသုဒ္ဓိ-၂-၂၇၆။)
这种智见清净又称为行道,因为依此智见清净能够到达圣道,它是为了证得圣道而修的行道,圣道也由此生起;所以称为行道智见清净。(《大复注》2-435。)粗重的痴如同幽暗,能遮蔽四谛,使人不能了知四谛;随顺智能够遣除、灭去这种痴暗,因而适于通达四谛,所以称为四谛随顺智。想要圆满直到四谛随顺智为止、由九种观智构成的行道智见清净,便应从摆脱观随烦恼垢染的生灭智开始,致力于这九种智。(《清净道论》2-276。)
ဥဒယဗ္ဗယဉာဏ်၌ တစ်ဖန်အားထုတ်ခြင်းသည် အဘယ်အကျိုးရှိသနည်းဟု အကယ်၍ မေးငြားအံ့။ ---- အနိစ္စလက္ခဏာ ဒုက္ခလက္ခဏာ အနတ္တလက္ခဏာတို့ကို ကောင်းစွာ ပိုင်းခြားမှတ်သားနိုင်ခြင်း အကျိုးရှိ၏ဟု ဖြေဆိုလေရာ၏။ အကြောင်းကား ဤသို့တည်း။ ဥဒယဗ္ဗယဉာဏ်သည် မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိသို့ မတိုင်မီ အောက်ပိုင်း၌ (၁ဝ)ပါးကုန်သော ဥပက္ကိလေသတရား အညစ်အကြေးတို့ဖြင့် ညစ်နွမ်းသည်ဖြစ်၍ မဖောက်မပြန် မိမိ၏သဘော မိမိ၏ကိစ္စအားဖြင့် အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာသုံးပါးကို ကောင်းစွာ မှတ်သားခြင်းငှာ မစွမ်းနိုင်- ခဲ့ပေ။ (မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိမှ အောက်ပိုင်းဖြစ်သော ဥဒယဗ္ဗယဉာဏ်သည် သြဘာသစသည်တို့ ဖြစ်ခြင်း၏ အကြောင်းရင်းစစ် ဖြစ်သောကြောင့် ထက်မြက်စူးရှသည် သန့်ရှင်းသည်ကား မှန်၏၊ ထိုသို့ ထက်မြက် စူးရှ သန့်ရှင်းစွာ ဖြစ်ပင်ဖြစ်ငြားသော်လည်း တဏှာ-မာန-ဒိဋ္ဌိစသော ကိလေသာတို့သည် ညစ်နွမ်းစေအပ်သည်
若问:再次致力于生灭智有何利益?答:有能够善加辨识无常相、苦相与无我相的利益。理由如下:在尚未达到道非道智见清净的较低阶段,生灭智被十种观随烦恼的垢染所污染,因而不能依其不变的自性与作用,善加辨识无常、苦、无我三相。〔道非道智见清净以下的生灭智,确是光明等生起的真正原因,所以锐利而清净;然而,即使它如此锐利、清净,仍受爱、慢、见等烦恼所污染——
ဖြစ်သောကြောင့် ယင်း ဥဒယဗ္ဗယဉာဏ်သည် တုံးသည်သာလျှင် ဖြစ်၏၊ မသန့်ရှင်းသည်သာလျှင် ဖြစ်၏။
——所以这种生灭智仍可说是钝的、不清净的。
ထိုကြောင့် ဤသို့ဆိုခြင်း ဖြစ်သည်။) သို့သော် ဥပက္ကိလေသအညစ်အကြေးမှ လွတ်သော ဥဒယဗ္ဗယဉာဏ်သည်- ကား လက္ခဏာရေးသုံးတန်ကို ကောင်းစွာ ပိုင်းခြားမှတ်သားခြင်းငှာ စွမ်းနိုင်၏။ ထိုကြောင့် လက္ခဏာရေး သုံးတန်- ကို ကောင်းစွာ ပိုင်းခြားမှတ်သားနိုင်ခြင်း အကျိုးငှာ ဤဥဒယဗ္ဗယဉာဏ်၌ တစ်ဖန် ကြိုးစားအားထုတ်ခြင်းကို ပြုအပ်ပေသည်။ (ဝိသုဒ္ဓိ-၂-၂၇၆။) (မဟာဋီ-၂-၄၃၆။)
这就是作上述说明的理由。〕至于摆脱观随烦恼垢染的生灭智,则能善加辨识三相。因此,为了获得善加辨识三相的利益,应再次致力于这种生灭智。(《清净道论》2-276;《大复注》2-436。)
原书第 268 页
ဥဒယဗ္ဗယဉာဏ်မည်သည် သင်္ခါရတရားတို့၏ အဖြစ်-အပျက်ကိုသာလျှင် ရှုသည် မဟုတ်လော၊ အနိစ္စ စသော လက္ခဏာသုံးပါးကို မရှုသည် မဟုတ်လော။ ထိုဥဒယဗ္ဗယဉာဏ်ဖြင့် အနိစ္စစသော လက္ခဏာ သုံးပါးကို ကောင်းစွာ ပိုင်းခြားမှတ်သားခြင်းသည် ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းဖြင့် ဖြစ်နိုင်ပါသနည်းဟု မေးဖွယ်ရာရှိ၏။
这里可能会问:所谓生灭智,不是只观诸行的生灭吗?它不是并不观无常等三相吗?那么,如何能够以生灭智善加辨识无常等三相呢?
အဖြေကား ဤသို့တည်း။ ----- ၁။ ''ဥဒယဗ္ဗယဉာဏ်သည် လက္ခဏာရေး သုံးတန်လျှင် အာရုံရှိသည်''ဟု ဤသို့ကား မမှတ်သင့်ပေ။ စင်စစ်မှာမူ သင်္ခါရတရားတို့၏ အဖြစ်-အပျက်ကို ဉာဏ်ဖြင့် ထိုးထွင်း၍ သိအပ်ပြီးသည်ရှိသော် အနိစ္စလက္ခဏာသည် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်ဝယ် ထင်ရှားပေါ်လွင်သည် ဖြစ်၍ ထင်လာ၏။ ထိုသို့ ထင်ခြင်းကြောင့် ----- ''ယဒနိစ္စံ၊ တံ ဒုက္ခံ။ ယံ ဒုက္ခံ၊ တဒနတ္တာ''။ (သံ-၂-၁၉ …) = အကြင်တရားသည် အနိစ္စ ဖြစ်၏၊ ထိုတရားသည် ဒုက္ခ ဖြစ်၏။ အကြင်တရားသည် ဒုက္ခ ဖြစ်၏၊ ထို တရားသည် အနတ္တ ဖြစ်၏။ (သံ-၂-၁၉ …) ဤသို့လျှင် အနိစ္စလက္ခဏာမှ တစ်ပါးသော ဒုက္ခလက္ခဏာ အနတ္တလက္ခဏာသည်လည်း ထင်ရှားလာ- ပေသည်။ (မဟာဋီ-၂-၄၃၆။) ဖြစ်ပြီးလျှင် ပျောက်ပျက်သွားခြင်းဟူသော သင်္ခါရတရားတို့၏ ဖြစ်ခြင်း ပျက်ခြင်းသဘောကား အနိစ္စ လက္ခဏာတည်း၊ အနိစ္စဟု သိကြောင်း အမှတ်အသားတည်း။ ယင်းအနိစ္စအချက်ကို ဉာဏ်သက်ဝင်မိပါက သင်္ခါရ
答:一、不应理解为‘生灭智以三相为所缘’。实际情形是:以智通达诸行的生灭以后,无常相便在瑜伽行者的智中清楚显现。由于无常相如此显现,依照巴利原句(缅文字体):‘ယဒနိစ္စံ၊ တံ ဒုက္ခံ။ ယံ ဒုက္ခံ၊ တဒနတ္တာ’(《相应部》2-19等),即‘凡无常者即是苦;凡苦者即是无我’,无常相以外的苦相与无我相也会清楚显现。(《大复注》2-436。)诸行生起以后随即消失的生灭性质,就是无常相,是藉以了知无常的标志。当智进入、领会这一无常事实时,诸行不断受生灭冲击逼迫的苦性,也会在瑜伽行者的智中显现。若清楚知见诸行不断受生灭冲击逼迫的性质,便会领会诸行——
တရားတို့၏ ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အနှိပ်စက်ခံရမှု ဒုက္ခသဘောသည်လည်း ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်လာတော့သည်သာ ဖြစ်၏။ သင်္ခါရတရားတို့၏ ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အနှိပ်စက်ခံရမှု သဘောကို ရှင်းရှင်းကြီး သိမြင်နေပါက''ဤသင်္ခါရတရားသည် ဤသို့ ဖြစ်ပါစေ၊ ဤသို့ မပျက်ပါစေနှင့်''- ဤသို့ စသည်ဖြင့် မိမိတို့တောင့်တသည့် အလိုဆန္ဒအတိုင်း မဖြစ်နိုင်မှု အဝသဝတ္တနဋ္ဌ အနတ္တသဘောကိုလည်းကောင်း၊ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအနေဖြင့် တည်နေသည့် အတ္တသဘော၏ သင်္ခါရတရားတို့၌ တစိုးတစိမျှ မရှိသည့် အနတ္တသဘောကိုလည်းကောင်း ဉာဏ်အမြင် သက်ဝင်တော့သည်သာ ဟူလိုသည်။
——并不能按照自己所欲而成为‘让此行这样发生、不要这样坏灭’等的不随欲、不可主宰之无我义;也会领会,在诸行中丝毫没有一个不坏、坚实、恒定而作为核心的自我实体这一无我义。
၂။ တစ်နည်း ----- သင်္ခါရတရားတို့၏ ဖြစ်ခြင်း-ပျက်ခြင်း ဥဒယဗ္ဗယကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်းဖြင့် ----- (က)ဖြစ်ပေါ်ပြီး၍ မရှိသော အခြင်းအရာသည်လည်းကောင်း၊ ( ခ )ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် အနှိပ်စက်ခံရသော အခြင်းအရာသည်လည်းကောင်း၊ ( ဂ )သင်္ခါရတရားတို့၏ မိမိတို့ တောင့်တသည့် အလိုအတိုင်း မဖြစ်သော အခြင်းအရာသည်လည်းကောင်း ဤအခြင်းအရာ သုံးမျိုးလုံးသည် အထူးသဖြင့် ထင်ရှားလာ၏။ ထို့ကြောင့် သင်္ခါရတရားတို့၏ ဖြစ်မှု- ပျက်မှု ဥဒယဗ္ဗယကို နှလုံးသွင်းမှုသည် လက္ခဏာရေးသုံးတန် ထင်ရှားလာဖို့ရန် အကြောင်းရင်းစစ် ဧကန်ပင် ဖြစ်၏။ ထို့သို့ လက္ခဏာရေးသုံးတန် ထင်ရှားမှု၏ အကြောင်းရင်းစစ် ဖြစ်သောကြောင့် ဥဒယဗ္ဗယဉာဏ်၌ အားထုတ်ခြင်း၏ လက္ခဏာရေးသုံးပါးကို ကောင်းစွာ ပိုင်းခြားမှတ်သားခြင်း အကျိုးရှိသည်၏ အဖြစ်ကို သိရှိပါလေ။
二、另一种解释是:以智辨取诸行的生灭以后,以下三种行相尤其会显现:甲、生起以后归于无有;乙、不断受生灭冲击逼迫;丙、诸行不能按照自己的意愿而存在。因此,对诸行生灭作意,确实是令三相显现的真正原因。由于它是令三相显现的真正原因,应知致力于生灭智具有善加辨识三相的利益。
သင်္ခါရတရားတို့၏ ဖြစ်ခြင်း ပျက်ခြင်း ဥဒယဗ္ဗယကို ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ပြုနိုင်ရုံမျှသာ သိအပ်- သည် မဟုတ်ပေ။ (သင်္ခါရတရားတို့၏ ဖြစ်-ပျက်ကို မြင်ရုံမျှသာ ရှုနေသည် မဟုတ်၊ လက္ခဏာရေးသုံးတန် ထင်ရှားအောင် ရှုခြင်း ဖြစ်သည်ဟု သိရှိပါ ဟူလိုသည်။) (မဟာဋီ-၂-၄၃၆။)
不应只知道:以现见智亲自现前诸行的生灭。〔意思是,不是只观到诸行生灭便算完成,而应当观到三相清楚显现。〕(《大复注》2-436。)
原书第 269 页
လက္ခဏာရေး သုံးတန် မထင်မှု ထင်မှု
三相的隐没与显现
လက္ခဏာရေး သုံးတန်တို့သည် အဘယ်တရားကို နှလုံးမသွင်းခြင်းကြောင့် အဘယ်တရားသည် ဖုံးလွှမ်း အပ်သည်၏ အဖြစ်ကြောင့် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ မထင်ကုန်သနည်းဟူမူ ----- အနိစ္စလက္ခဏာသည် သင်္ခါရတရားတို့၏ ဖြစ်ခြင်း ပျက်ခြင်းတိုကို နှလုံးမသွင်းခြင်းကြောင့် ရုပ်သန္တတိ အစဥ်အတန်း နာမ်သန္တတိအစဥ်အတန်းဟူသော သန္တတိပညတ်သည် ဖုံးလွှမ်းအပ်သည်၏ အဖြစ်ကြောင့် ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်၌ မထင်လာခြင်း ဖြစ်၏ = (သင်္ခါရတရားတို့၏ ဥဒယဗ္ဗယကို နှလုံးမသွင်းပါက သင်္ခါရတရားတို့ကို ဉာဏ်ဖြင့် ရှုရာဝယ် တစ်ဆက်တည်းထင်နေမည် ဖြစ်၏။ သန္တတိဃန ဖုံးသည်ဟု ခေါ်ဆို၏။
三相因为没有对什么法作意,又被什么法遮蔽,而不能在瑜伽行者的智中显现呢?无常相之所以不能显现,是因为没有对诸行的生灭作意,并且被称为色相续、名相续的相续概念所遮蔽。也就是说,若不对诸行的生灭作意,以智观诸行时,它们就会显得连续不断;这称为被相续密集所遮蔽。
ယင်းသန္တတိဃနက ဖုံးလွှမ်းထားသောကြောင့် သင်္ခါရတရားတို့၏ အနိစ္စလက္ခဏာသည် ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်၌ မထင်လာခြင်း ဖြစ်သည် ဟူလိုသည်။) ဒုက္ခလက္ခဏာသည်ကား သင်္ခါရတရားတို့၏ ဖြစ်ခြင်း ပျက်ခြင်းဖြင့် အမြဲမပြတ် အဖန်တလဲလဲ အနှိပ်စက် ခံရမှုကို နှလုံးမသွင်းခြင်းကြောင့် ခဏခဏ ပြုပြင်ပြောင်းလဲပေးနေသော ဣရိယာပုထ်တို့သည် ဖုံးလွှမ်းအပ်- သည်၏ အဖြစ်ကြောင့် ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်၌ မထင်လာခြင်း ဖြစ်၏။
正因为被相续密集遮蔽,诸行的无常相才不能在瑜伽行者的智中显现。〕苦相之所以不能显现,是因为没有对诸行反复、不断受生灭逼迫作意,并且被一再改变、调整的各种威仪所遮蔽。
အနတ္တလက္ခဏာသည်ကား အသီးအသီးသော ရုပ်ဓာတ် နာမ်ဓာတ် ပရမတ္ထဓမ္မသဘာဝတို့ကို ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲဟူသော ရုပ်ဃန နာမ်ဃန အသီးအသီးပြိုအောင် ဉာဏ်ဖြင့် ဖြိုခွဲ ဖျက်ဆီးလျက် ပရမတ္ထဓမ္မ သဘာဝကို နှလုံးမသွင်းခြင်းကြောင့် ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲဟူသော ရုပ်ဃန နာမ်ဃနသည် ဖုံးလွှမ်းအပ်- သည်၏ အဖြစ်ကြောင့် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ မထင်လာခြင်းဖြစ်၏။ (အသီးအသီးသော ရုပ်ဓာတ် နာမ်ဓာတ်တို့ကို ရုပ်ဃန နာမ်ဃန အသီးအသီး ပြိုအောင် ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ဆိုက်အောင် နှလုံးမသွင်းခြင်းကြောင့် ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲအဖြစ် အတုံးလိုက် အခဲလိုက် ထင်နေတတ်၏။ ယင်းသို့ အတုံးလိုက် အခဲလိုက် ထင်မြင်နေပါက ဃန အတုံးအခဲ အဖုံးလွှမ်းခံရသည်ဟု ဆိုသည်။ ဃန အဖုံးအလွှမ်း ခံရခြင်းကြောင့် အနတ္တလက္ခဏာသည် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ဟုတ်တိုင်းမှန်စွာ မထင်ရှားပေ
无我相之所以不能显现,是因为没有以智分析色界、名界等各别胜义法,破除显为整块色法、整块名法的色密集与名法密集,直至对胜义法的自性作意;它被显为整块色法、整块名法的色密集与名法密集所遮蔽。〔由于没有把各别色界、名界以智分析到色密集、名法密集各自瓦解,直达胜义,色名便显得是一整块。这样成块显现,就称为受密集遮蔽;因为受密集遮蔽,无我相便不能在瑜伽行者的智中如实——
ဟူလိုသည်။) (ဝိသုဒ္ဓိ-၂-၂၇၆။) ရုပ်အစဥ်အတန်း အတုံးအခဲ၊ နာမ်အစဥ်အတန်း အတုံးအခဲဟူသော သန္တတိပညတ်သည် ဖုံးလွှမ်းထား- အပ်သည်၏ အဖြစ်ကြောင့် ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ အနိစ္စလက္ခဏာသည် မထင်လာခြင်း ဖြစ်၏။
——显现。〕(《清净道论》2-276。)由于被称为色相续块、名相续块的相续概念所遮蔽,无常相不能在瑜伽行者的智中显现。
ထိုသန္တတိပညတ်သည်လည်း သင်္ခါရတရားတို့၏ ဖြစ်ခြင်း ပျက်ခြင်း ဥဒယဗ္ဗယကို နှလုံးမသွင်းခြင်းကြောင့် ဖုံးလွှမ်းတတ်ခြင်း ဖြစ်၏။ (အနိစ္စလက္ခဏာကို သန္တတိဖုံး၏ ဟူလိုသည်။)။ ခဏခဏ ပြုပြင်ပြောင်းလဲပေးနေသော ဣရိယာပုထ်တို့က ဖုံးလွှမ်းထားအပ်သည်၏ အဖြစ်ကြောင့် ဒုက္ခလက္ခဏာသည် ယောဂါဝစရပုဂ္ဂိုလ်၏ အသိ- ဉာဏ်၌ မထင်လာခြင်းဖြစ်၏။ သင်္ခါရတရားတို့၏ ဖြစ်ခြင်း ပျက်ခြင်းတို့ဖြင့် အမြဲမပြတ် အဖန်တလဲလဲ အနှိပ်စက် ခံရခြင်းကို = ဖြစ်ခြင်း ပျက်ခြင်းတို့က သင်္ခါရတရားတို့ကို အမြဲမပြတ် အဖန်တလဲလဲ နှိပ်စက်ခြင်းကို နှလုံး မသွင်းခြင်းကြောင့် ထိုဣရိယာပုထ်တို့ကလည်း ဒုက္ခလက္ခဏာကို ဖုံးလွှမ်းတတ်ကြခြင်း ဖြစ်ကုန်၏။ (ဒုက္ခ လက္ခဏာကို ဣရိယာပုထ် ဖုံး၏ ဟူလိုသည်။) ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲတည်းဟူသော ဃနသည် ဖုံးလွှမ်း ထားအပ်သည်၏ အဖြစ်ကြောင့် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ အနတ္တလက္ခဏာသည် မထင်လာခြင်းဖြစ်၏။
相续概念之所以能遮蔽无常相,又是因为没有对诸行生灭作意。〔也就是说,相续遮蔽无常相。〕由于被一再变换的各种威仪遮蔽,苦相不能在瑜伽行者的智中显现。各种威仪之所以能遮蔽苦相,又是因为没有对诸行不断、反复受生灭逼迫作意。〔也就是说,威仪遮蔽苦相。〕由于被显为整块色法、整块名法的密集遮蔽,无我相不能在瑜伽行者的智中显现。
ထိုဃနတို့သည်လည်း ----- အသီးအသီးသော ရုပ်ဓာတ် နာမ်ဓာတ်တို့ကို ပရမတ်သို့ဆိုက်အောင် တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြမ်းစိတ်ဖြာခြင်းကို ပြု၍ နှလုံးမသွင်းခြင်းကြောင့် အနတ္တလက္ခဏာကို ဖုံးလွှမ်းတတ်ကြခြင်း ဖြစ်ကုန်၏။ (အနတ္တလက္ခဏာကို ဃနဖုံးသည် ဟူလိုသည်။) (မဟာဋီ-၂-၄၃၆ -၄၃၇။)
密集之所以能遮蔽无我相,又是因为没有以智逐一分析各别色界、名界并作意,直达胜义。〔也就是说,密集遮蔽无我相。〕(《大复注》2-436—437。)
原书第 270 页
အလျော်အားဖြင့် ဆိုရမူ ----- သင်္ခါရတရားတို့၏ ဖြစ်ခြင်း ပျက်ခြင်း ဥဒယဗ္ဗယသဘောကို ဉာဏ်ဖြင့် ပိုင်းခြားယူ၍ သိမ်းဆည်း၍ ရုပ်အစဥ်အတန်း အတုံးအခဲ နာမ်အစဥ်အတန်း အတုံးအခဲဟူသော သန္တတိဃန အတုံးအခဲကို ဝိပဿနာဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးနိုင်ခဲ့သော် အနိစ္စလက္ခဏာသည် ဟုတ်မှန်တိုင်းသော မိမိ၏ သဘောလက္ခဏာအားဖြင့် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်ရှားလာ၏။ (ဝိသုဒ္ဓိ-၂-၂၇၆။) ယောဂါဝစရပုဂ္ဂိုလ်သည် ရုပ်ကလာပ် နာမ်ကလာပ် အသီးအသီး အတွင်း၌ တည်ရှိသော ရုပ်ဓာတ် နာမ်ဓာတ် အသီးအသီးတို့၏ ပရမတ္ထဓမ္မသဘာဝသတ္တိတည်းဟူသော ကိုယ်ပိုင်သဘာဝလက္ခဏာကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်၍ ယင်းပရမတ္ထဓမ္မ သဘာဝသတ္တိတို့၏ ဥပါဒ်-ဌီ-ဘင် - ဟူသော ခဏသုံးပါးအပေါင်းနှင့် ပြည့်စုံခိုက် ခဏတ္တယသင်္မဂီ အတွင်း၌ ဖြစ်မှု ပျက်မှု = ဥပါဒ်စွန်း ဘင်စွန်းကို ဝိပဿနာဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ခဲ့သော်
依次来说:以智辨取、摄取诸行的生灭,并以观智破除称为色相续块、名相续块的相续密集以后,无常相便依其如实不变的自性,在瑜伽行者的智中显现。(《清净道论》2-276。)瑜伽行者若能以智辨取各个色聚、名聚中各别色界、名界的自性特相,也能在这些胜义法具足生、住、灭三刹那的期间,以观智辨取其生起端与坏灭端,也就是生灭——
ရှုမြင်နိုင်ခဲ့သော် ရုပ်အစဥ်အတန်း အတုံးအခဲ နာမ်အစဥ်အတန်း အတုံးအခဲ တည်းဟူသော သန္တတိ ဃနသည် ပြိုပြီဖြစ်၏။ သန္တတိဃန ပြိုသည်နှင့် တစ်ပြိုင်နက် သင်္ခါတရားတို့၏ ဥပါဒ်စွန်း ဘင်စွန်းကို မြင်သဖြင့် အနိစ္စလက္ခဏာသည်လည်း ထင်ရှားလာပေ၏။ သင်္ခါရတရားတို့၏ ဥဒယဗ္ဗယကို ရှုမြင်သော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ဤသို့ထင်လာ၏။ ''ဖြစ်ခြင်း အခိုက်အတန့်သည် ပျက်ခြင်း အခိုက်အတန့်သို့ မရောက်၊ ပျက်ခြင်း အခိုက်အတန့်သည်မူလည်း တစ်ဖန် ဖြစ်ခြင်း အခိုက်အတန့်သို့ မရောက်၊ ဖြစ်ခိုက်ခဏသည် တစ်ပါးတခြား သာတည်း၊ ပျက်ခိုက်ခဏသည် တစ်ပါးတခြားသာတည်း။''- ဤသို့ ထင်လာ၏။ ဤသို့လျှင် တစ်ခုတည်းသော သင်္ခါရတရားသည်သော်လည်း ခဏ၏ အစွမ်းဖြင့် ကွဲပြားသောအားဖြင့် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်နိုင်တုံသေး၏၊ အတိတ်စသော သင်္ခါရတရားသည်ကား အဘယ်မှာလျှင် ဆိုဖွယ်ရာ ရှိနိုင်တော့အံ့နည်း။
——那么,称为色相续块、名相续块的相续密集便已瓦解。相续密集一经瓦解,由于看见诸行的生起端与坏灭端,无常相也随即显现。观诸行生灭的瑜伽行者会这样了知:‘生起的时刻不到达坏灭的时刻;坏灭的时刻也不再到达生起的时刻。生起刹那是一种,坏灭刹那又是另一种。’如此,即使同一个行法,也会依刹那差别而在瑜伽行者的智中显为不同,更何况过去等不同时间的诸行。
ထိုကြောင့် သင်္ခါရတရားတို့၏ ဥဒယဗ္ဗယကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် ရှုနိုင်၍ သန္တတိဃနကို ဖြိုခွဲဖျက်ဆီးနိုင်ခဲ့သော် = ရုပ်ကလာပ် နာမ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော သင်္ခါရတရားတို့၏ ဥပါဒ်စွန်း ဘင်စွန်းကို မြင်အောင် ရှုနိုင်ခဲ့သော် အနိစ္စလက္ခဏာသည် ဟုတ်မှန်တိုင်းသော မိမိ၏သဘောလက္ခဏာအားဖြင့် ယောဂါဝစရ ပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်ရှားလာ၏ဟု အဋ္ဌကထာက ဖွင့်ဆိုခြင်းဖြစ်သည်။ ရှေ့နောက်အစဥ်အားဖြင့် ဖြစ်ကုန်သော သင်္ခါရဓမ္မတို့၏ တစ်ပါးစီ တစ်ပါးစီ၏ အဖြစ်ကို ''ဤကား ပဉ္စဒွါရာဝဇ္ဇန်း၊ ဤကား စက္ခုဝိညာဏ်၊ ဤကား သမ္ပဋိစ္ဆိုင်း'' စသည်ဖြင့် ကောင်းစွာ ပိုင်းခြားမှတ်သားခြင်းဖြင့် သန္တတိအစဥ်အတန်းကို ခွာအပ်သည်ကို 'သန္တတိဃနကို ဖြိုခွဲဖျက်ဆီးနိုင်သည် သန္တတိပညတ်ကို ခွာနိုင်သည် သန္တတိအဖုံး အပိတ်ကို ဖွင့်လှစ်နိုင်သည်'ဟု ဆိုသည်။ မှန်ပေသည် ----- သင်္ခါရတရားတို့၏ ဥဒယဗ္ဗယကို ဉာဏ်ဖြင့် ကောင်းစွာ ပိုင်းခြားမှတ်သားသော
因此,义注所说的意思是:若能以智辨取、观照诸行的生灭,破除相续密集,也就是能在各个色聚、名聚中看见诸行的生起端与坏灭端,无常相便依其如实不变的自性在瑜伽行者的智中显现。对于前后相继生起的各个行法,能善加辨识‘这是五门转向,这是眼识,这是领受’等,便能分开相续次第;这称为‘破除相续密集、揭去相续概念、打开相续遮蔽’。因为,对于能够以智善加辨识诸行生灭的——
ယောဂါဝစရပုဂ္ဂိုလ်အား သင်္ခါရဓမ္မတို့သည် တစ်စပ်တည်းအားဖြင့် မထင်ကုန်၊ စင်စစ်သော်ကား သံချောင်းတို့ကဲ့သို့ အချင်းချင်း မစပ်သောအားဖြင့်သာလျှင် ထင်ကုန်သည်ဖြစ်၍ ကောင်းမွန်စွာလျှင် အနိစ္စလက္ခဏာသည် ထင်ရှား ဖြစ်သတည်း။ (မဟာဋီ-၂- ၄၃၇။) အကြင်အကြင် သိမ်းဆည်းအပ်ပြီးသော ဥဒယဗ္ဗယ၏ အစွမ်းဖြင့် သင်္ခါရတရားတို့၏ အကြားအလပ် မရှိအောင် အမြဲမပြတ် တစ်စပ်တည်း တစ်ဆက်တည်း ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အနှိပ်စက်ခံရမှုသဘောကို နှလုံးသွင်း၍ ဣရိယာပုထ်၌ ရသင့်သော ဆင်းရဲ ဒုက္ခကို ဖုံးလွှမ်းတတ်သည်၏အဖြစ်ကို ခွာနိုင် နှုတ်နိုင် ဖွင့်လှစ်- နိုင်ခဲ့သည်ရှိသော် ဒုက္ခလက္ခဏာသည် ဟုတ်မှန်တိုင်းသော မိမိ၏ သဘောလက္ခဏာအားဖြင့် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်ရှားလာ၏။ (ဝိသုဒ္ဓိ-၂-၂၇၆။) မှန်ပေသည် ----- တစ်ခုသော ဣရိယာပုထ်၌ ဖြစ်ပေါ်လာသော ဆင်းရဲဒုက္ခကို ပယ်ဖျောက်တတ်သော
——瑜伽行者,诸行并不显得连成一体,而只像彼此不相接的铁条一样显现,所以无常相能够清楚显现。(《大复注》2-437。)依所摄取的生灭,若能对诸行无间、连续受生灭冲击逼迫的性质作意,并揭去、移除、打开威仪遮蔽其应有之苦的状态,苦相便依其如实不变的自性在瑜伽行者的智中显现。(《清净道论》2-276。)确实,一种能够消除某一威仪所生痛苦的——
အခြားတစ်မျိုးသော ဣရိယာပုထ်သည် ထိုဆင်းရဲဒုက္ခကို ဖုံးလွှမ်းသကဲ့သို့ ဖြစ်၏။ ဣရိယာပုထ်ကို ပြုပြင်ပြောင်းလဲ ပေးလိုက်ပါက ဖြစ်ပေါ်နေသော ဆင်းရဲဒုက္ခ၏ အတော်အသင့် သက်သာရာကို ရသွားသောကြောင့် ဖြစ်၏။
——另一种威仪,仿佛遮蔽了那种痛苦;因为一改变威仪,已经生起的痛苦便得到一定程度的缓解。
原书第 271 页
ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- ဥဒယဗ္ဗယဉာဏ်ခန်း ကြွင်းသော ဣရိယာပုထ်တို့သည်လည်း ဤအတူပင်တည်း။ ထိုကြောင့် ဣရိယာပုထ်တို့၏ ထိုထိုဆင်းရဲဒုက္ခကို ဖုံးလွှမ်းတတ်သည်၏ အဖြစ်ကို ဟုတ်တိုင်းမှန်စွာ သိအပ်သည်ရှိသော် ထိုဣရိယာပုထ်တို့၏ ဆင်းရဲ ဒုက္ခကို ဖုံးလွှမ်းတတ်သည်၏ အဖြစ်ကို ခွာအပ်သည် နှုတ်အပ်သည် ဖွင့်လှစ်အပ်သည် မည်ပေသည်။ အကြောင်းမူ- သင်္ခါရတရားတို့၏ အမြဲမပြတ် အကြားအလပ်မရှိအောင် ဆင်းရဲဒုက္ခဖြင့် ထိုးဆွနှိပ်စက် အပ်သည်၏ အဖြစ်၏ ထင်ရှားသည်၏ အဖြစ်ကြောင့်တည်း။ ထို့ကြောင့် သင်္ခါရတရားတို့၏ ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် အညှဥ်းပန်း အနှိပ်စက် ခံရမှုသဘောကို နှလုံးသွင်း၍ ဣရိယာပုထ်ကို ခွာထားနိုင်ခဲ့သော် ဒုက္ခလက္ခဏာသည် ဟုတ်မှန်တိုင်းသော မိမိ၏ သဘောလက္ခဏာအားဖြင့် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်ရှားလာ၏ဟု အဋ္ဌကထာက ဖွင့်ဆိုခြင်း ဖြစ်သည်။ (မဟာဋီ-၂-၄၃၇။)
——其余威仪也是如此。所以,如实知道各种威仪会遮蔽各自的痛苦,就称为揭去、移除、打开了威仪对痛苦的遮蔽,因为诸行无间、持续受苦刺迫的性质已经显现。由此,义注解释说:对诸行不断受生灭冲击逼迫的性质作意,并能揭去威仪遮蔽以后,苦相便依其如实不变的自性,在瑜伽行者的智中显现。(《大复注》2-437。)
ရုပ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော ရုပ်ဓာတ်တို့ကို ဤကား ပထဝီဓာတ်၊ ဤကား အာပေါ ဓာတ်၊ ဤကား တေဇောဓာတ်၊ ဤကား ဝါယောဓာတ် စသည်ဖြင့်လည်းကောင်း၊ ပထဝီဓာတ်ကား တစ်မျိုးတခြား တစ်ပါးသာတည်း၊ အာပေါဓာတ်ကား တစ်မျိုးတခြား တစ်ပါးသာတည်း၊ တေဇောဓာတ်ကား တစ်မျိုးတခြား တစ်ပါးသာတည်း၊ ဝါယောဓာတ်ကား တစ်မျိုးတခြား တစ်ပါးသာတည်း ----- ဤသို့ စသည်ဖြင့်လည်းကောင်း၊ စိတ္တက္ခဏ တစ်ခုတစ်ခုဟု ခေါ်ဆိုအပ်သော နာမ်ကလာပ်တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော နာမ်ဓာတ်တို့ကို ဤကား ဖဿ၊ ဤကား ဝေဒနာ၊ ဤကား သညာ၊ ဤကား စေတနာ၊ ဤကား ဝိညာဏ် စသည်ဖြင့်လည်းကောင်း၊ ဖဿကား တစ်မျိုးတခြား တစ်ပါးသာတည်း၊ ဝေဒနာကား တစ်မျိုးတခြား တစ်ပါးသာတည်း၊ သညာကား တစ်မျိုးတခြား တစ်ပါးသာတည်း၊ စေတနာကား တစ်မျိုးတခြား တစ်ပါးသာတည်း၊ ဝိညာဏ်ကား တစ်မျိုးတခြား တစ်ပါးသာတည်း ----- ဤသို့ စသည်ဖြင့်လည်းကောင်း အသီးအသီးသော ရုပ်ဓာတ် နာမ်ဓာတ်တို့ကို ဉာဏ်ဖြင့်
对于各个色聚中的色界,应以智分别:这是地界,这是水界,这是火界,这是风界;地界是不同的一法,水界是不同的一法,火界是不同的一法,风界也是不同的一法。对于称为一个心识刹那的各个名聚中的名界,也应以智分别:这是触,这是受,这是想,这是思,这是识;触是不同的一法,受是不同的一法,想是不同的一法,思是不同的一法,识也是不同的一法。若能这样以智分析各别色界与名界——
ခွဲခြား စိတ်ဖြာ၍ ရုပ်တရားတို့၏ သမူဟဃန ကိစ္စဃန၊ နာမ်တရားတို့၏ သမူဟဃန ကိစ္စဃန အာရမ္မဏ ဃနဟူသော ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲဟူသော ရုပ်ဃန နာမ်ဃန အသီးအသီးကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးခြင်း ကို ပြုလုပ်နိုင်ခဲ့သော် အနတ္တလက္ခဏာသည် ဟုတ်မှန်တိုင်းသော မိမိ၏ သဘောလက္ခဏာအားဖြင့် ယောဂါ ဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်ရှားလာပေ၏။ (ဝိသုဒ္ဓိ-၂-၂၇၆။ မဟာဋီ-၂-၄၃၇။) ဝိပဿနာဉာဏ် ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းဖြင့် မနင်းနယ် မကြိတ်ချေအပ်သေးသော သင်္ခါရတရား ရှိကုန်သော သူတို့သည် = သင်္ခါရတရားတို့ကို ပရမတ်သို့ဆိုက်အောင် ဝိပဿနာဉာဏ်ဖြင့် မကြိတ်ချေဖူးကုန်သော သူတို့သည် သဟဇာတ အညမညစသော ပစ္စယသတ္တိတို့ဖြင့် အချင်းချင်း ထောက်ပံ့ထားအပ်ကုန်သော ရုပ်- ကလာပ် နာမ်ကလာပ်အနေအားဖြင့် အုပ်စုအလိုက် ဖြစ်ပေါ်နေကြကုန်သော ရုပ်တရား နာမ်တရားတို့၌ ပထဝီ တစ်ခုတည်း အာပေါတစ်ခုတည်း တေဇောတစ်ခုတည်း ဝါယောတစ်ခုတည်း စသည်ဖြင့်လည်းကောင်း၊ ဖဿ
——破除色法的组合密集、作用密集,以及名法的组合密集、作用密集、所缘密集,也就是破除显为整块色法、整块名法的色密集与名法密集,无我相便依其如实不变的自性在瑜伽行者的智中显现。(《清净道论》2-276;《大复注》2-437。)尚未以观智、观修业处碾磨诸行,也就是从未以观智把诸行分析到胜义的人,对于依俱生、相互等缘力彼此资助,成组生起为色聚、名聚的色法、名法,会把地、水、火、风等执取为单一一块,也会把触——
တစ်ခုတည်း၊ ဝေဒနာတစ်ခုတည်း၊ သညာတစ်ခုတည်း၊ စေတနာတစ်ခုတည်း၊ ဝိညာဏ်တစ်ခုတည်း စသည်ဖြင့် လည်းကောင်း တစ်ခုတည်း၏ အဖြစ်ဖြင့် နှလုံးသွင်းသည်၏ အစွမ်းဖြင့် စွဲယူအပ်သော ယူဆထားသော အကြင် သမူဟဃန၏ အဖြစ်သည်လည်းကောင်း၊ ထို့အတူ ထိုထိုပထဝီ၊ ဖဿစသော သဘာဝဓမ္မတို့၏ ကိစ္စအထူး အပြား၏ အသီးအသီး ကိန်းသေ မှတ်အပ်သည်၏ အဖြစ်သည် ထင်ရှားရှိပါသော်လည်း ကိစ္စတစ်ခုစီ တစ်ခုစီဟု မကွဲပြားဘဲ ကိစ္စတစ်ခုတည်းအားဖြင့် စွဲယူအပ်သော ယူဆအပ်သော အကြင်ကိစ္စဃန၏ အဖြစ်သည်လည်း- ကောင်း၊ ထို့အတူ အာရုံကို ယူတတ်ကုန်သော သာရမ္မဏဓမ္မ အမည်ရသော နာမ်တရားတို့၏ အာရုံယူခြင်း၏ ထူးခြားကွဲပြားသည်၏ အဖြစ်သည် = အာရုံယူတတ်သော နာမ်တရားတို့၌ ဖဿ၏ အာရုံကိုတွေ့ထိသော အခြင်း အရာအားဖြင့် ဖြစ်ခြင်းသဘော၊ ဝေဒနာ၏ အာရုံ၏ အရသာကို ခံစားသော အခြင်းအရာအားဖြင့် ဖြစ်ခြင်း သဘော -- ဤသို့ စသည်ဖြင့် အာရုံယူပုံ ထူးခြား ကွဲပြားသည်၏ အဖြစ်သည် ထင်ရှား ရှိပါသော်လည်း ဖဿ
——受、想、思、识等执取为单一一块;这就是组合密集。又,地、触等自性法各自的特殊作用虽然各有定相,却不被辨别为一个个不同作用,而被执取为一个作用;这就是作用密集。再者,称为有所缘法的名法虽然各有不同取所缘的方式,例如触以碰到所缘的方式生起,受以体验所缘滋味的方式生起等,但若这些差别没有显现,触——
原书第 272 页
ဝေဒနာ စသည်ဖြင့် ကွဲကွဲပြားပြား မထင်ဘဲ ပရမတ္ထဓာတ်သား တစ်ခုတည်း အနေအားဖြင့် စွဲယူအပ် ယူဆ ထားအပ်သော အကြင် အာရမ္မဏဃနသည်လည်းကောင်း ရှိ၏။ ထိုသုံးမျိုးကုန်သော ဃနတို့သည် ရုပ်ဓာတ် နာမ်ဓာတ်တို့၌ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ပရမတ်သို့ ဆိုက်အောင် ဥပါဒ်စွန်း ဘင်စွန်းကို မြင်အောင် အသီး အသီး ရှုအပ်ကုန်သည်ရှိသော် လက်ဖြင့် ဆုပ်နယ်အပ်သော ရေမြှုပ်ဆိုင် (= ရေမြုပ်စိုင်)ကဲ့သို့ ကျေပျက်ခြင်းသို့ ရောက်သွားကြကုန်၏။ ''မိမိ မိမိတို့၏ ဆိုင်ရာဆိုင်ရာ အကြောင်းတရားအားလျော်စွာ ဖြစ်ပေါ်လာကြကုန်သော ထိုရုပ်တရား နာမ်တရားတို့သည် အတ္တမှ ကင်းဆိတ်ကုန်၏၊ ရုပ်နာမ်ပရမတ္ထဓမ္မသဘာဝမျှသာ ဖြစ်ကြကုန်၏'' ဤသို့သော အနတ္တလက္ခဏာဉာဏ်အမြင်သည် အထူးသဖြင့် ထင်ရှားလာပေ၏။ ထိုကြောင့် အသီးအသီးသော ရုပ်ဓာတ် နာမ်ဓာတ်တို့ကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲတည်းဟူသော ရုပ်ဃန နာမ်ဃန
——受等不被分别,而被执取为单一胜义界,这就是所缘密集。这三种密集若通过以智分析色界、名界,分别观到其生起端与坏灭端而直达胜义,就会像手中揉捏的海绵团一样粉碎。于是,无我相的智见尤其清楚地显现:‘这些各依其相应原因而生起的色法、名法,皆无有自我,只是色名胜义法的自性而已。’因此,义注说:若能以智分析各别色界、名界,破除显为整块色法、整块名法的色密集与名法密集——
အသီးအသီးကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးခြင်းကို ပြုလုပ်နိုင်ခဲ့သော် အနတ္တလက္ခဏာသည် ဟုတ်မှန်တိုင်းသော မိမိ၏ သဘောလက္ခဏာအားဖြင့် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်ရှားလာ၏ဟု အဋ္ဌကထာက ဖွင့်ဆို- တော်မူခြင်း ဖြစ်သည်။ (ဝိသုဒ္ဓိ-၂-၂၇၆။ မဟာဋီ-၂-၄၃၇။) ဤအရာ၌ ----- ၁။ အနိစ္စ၊ အနိစ္စလက္ခဏာ၊ ၂။ ဒုက္ခ၊ ဒုက္ခလက္ခဏာ၊ ၃။ အနတ္တ၊ အနတ္တလက္ခဏာ --- ဤ (၆)မျိုးသော ခွဲခြားဝေဖန်မှုကို ယောဂါဝစရပုဂ္ဂိုလ်သည် သိထားသင့်ပေသည်။ ထိုတွင် ----- အနိစ္စဟူသည် ဥပါဒါနက္ခန္ဓာ ငါးပါးတည်း။ အဘယ်ကြောင့်နည်းဟူမူ ယင်းဥပါဒါနက္ခန္ဓာတို့၌ ----- ၁။ နိဗ္ဗတ္တိလက္ခဏာဟူသော ဖြစ်ခြင်း ဥပါဒ်သဘော = ဇာတိသဘော၊ ၂။ ဝိပရိဏာမလက္ခဏာဟူသော ဖောက်ပြန်ပျက်စီးခြင်း ဘင်သဘော = မရဏသဘော၊ ၃။ အညထတ္တ = ဥပါဒ်သဘောမှ တစ်ပါးသော အခြင်းအရာအားဖြင့် ပြောင်းလဲ၍ ဖြစ်ခြင်း ဌီသဘော = ဇရာသဘော၊ ----- ဤသဘောတရား သုံးပါးတို့သည် ထင်ရှားရှိကြကုန်၏။ ဥပါဒါနက္ခန္ဓာငါးပါးတို့သည် ဇာတိသဘော ဇရာ
——无我相便依其如实不变的自性在瑜伽行者的智中显现。(《清净道论》2-276;《大复注》2-437。)在这里,瑜伽行者应当知道六种分别:一、无常与无常相;二、苦与苦相;三、无我与无我相。其中,所谓无常,是五取蕴。为什么?因为五取蕴具有三种明显的性质:一、生起相,即生起、生的性质;二、变异相,即坏灭、死的性质;三、异态,即从生起状态变成另一状态的住、老之性质。五取蕴具有生——
သဘော မရဏသဘော ထင်ရှားရှိသည်၏ အဖြစ်ကြောင့် အနိစ္စ မည်၏။
——老、死这些明显的性质,所以称为无常。
တစ်နည်း ----- ဥပါဒါနက္ခန္ဓာငါးပါးတို့သည် ရှေးကမရှိ ယခုမှ (= ဥပါဒ်ကာလသို့ ရောက်မှ) ရုတ်ခြည်းဖြစ်၍ အရှည်မတည် ပျက်စီးခြင်းကြောင့် အနိစ္စ မည်၏။ မဖြစ်မီ ရှေးမဆွက မရှိသေးခြင်း၊ ဖြစ်ပြီးနောက် ဘင်ခဏသို့ ရောက်က ဘင်ခဏဖြင့် ပျက်ပြီး၍ မရှိတော့ခြင်းကြောင့် အနိစ္စ မည်၏ဟု ဆိုလိုသည်။
另一种说法是:五取蕴先前没有,到达生起阶段才突然生起,不能长久安住,随即坏灭,所以称为无常。意思是,它在尚未生起以前不存在;生起以后,到达坏灭刹那,又随该坏灭刹那坏灭而不复存在。
(ဝိသုဒ္ဓိ-၂-၂၇၆-၂၇၇။ မဟာဋီ-၂-၄၃၈။)
(《清净道论》2-276—277;《大复注》2-438。)
ဖြစ်ခြင်းသဘော = ဇာတိသဘော၊ ပျက်ခြင်းသဘော = မရဏသဘော၊ ဖြစ်ခြင်း ပျက်ခြင်းမှ တစ်ပါးသော ဌီဟူသော ဇရာသဘော၏ အဖြစ်သည် အနိစ္စလက္ခဏာ မည်၏ = အနိစ္စဟု မှတ်ကြောင်း လက္ခဏာ မည်၏။
生起的性质即生,坏灭的性质即死,生灭之间称为住的异态即老;这三种性质称为无常相,也就是藉以了知无常的相。
တစ်နည်း ----- ဖြစ်ပြီး၍ ပျက်ခြင်း = မရှိခြင်းဟု ဆိုအပ်သော ဖောက်ပြန်သော အခြင်းအရာထူးသည် အနိစ္စ လက္ခဏာ မည်၏။ (ဝိသုဒ္ဓိ-၂-၂၇၇။) ခန္ဓာငါးပါးတို့၏ ပျက်သော အခြင်းအရာကို ဖောက်ပြန်သော သဘောအားဖြင့် သိအပ်၏။ ယင်းပျက်သော အခြင်းအရာကား ဖောက်ပြန်သော သဘောဖြစ်သောကြောင့် ဖြစ်သောအခြင်းအရာ မဟုတ်ပေ။ ဤ၌ အာကာရဝိကာရဟူသည် အာကာရဝိသေသ = အခြင်းအရာအထူးတည်း။ မှန်ပေသည် ----- ဖြစ်ပြီး၍ မရှိခြင်း
另一种说法是:生起以后坏灭、归于无有这种特殊的变异行相,称为无常相。(《清净道论》2-277。)应从变异的角度了知五蕴坏灭的行相。这里的意思不是说坏灭行相是由某种变异实体造成;所谓行相变异,是指特殊行相。确实,生起以后归于无有——
原书第 273 页
ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- ဥဒယဗ္ဗယဉာဏ်ခန်း ဟူသော အဘာဝသည် ပျက်စီးခြင်းဟူသော မရှိခြင်း အဘာဝသဘော ဖြစ်သောကြောင့် မဖြစ်မီ ရှေးမဆွက မရှိခြင်းဟူသော အဘာဝမှ ကွဲပြား၏။ ထိုဖြစ်ပြီး၍ မရှိခြင်း = ထိုပျက်ခြင်းဟူသော မရှိခြင်း၌လည်း အနိစ္စ လက္ခဏာသည် ထင်၏။ မှန်ပေသည် ----- အနိစ္စအခြင်းအရာသည် ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာတို့မှ ထူးခြားသကဲ့သို့ ဖြစ်မှု ဥပါဒ်အခြင်းအရာမှလည်း ထူးခြားပေ၏။ အသံ = သဒ္ဒရုပ်၏ ပျက်ခြင်းဟူသော မရှိခြင်း အဘာဝကို သင်္ခတ၏ အဖြစ်ဖြင့် ပြီးစီးစေအပ်၏။ သင်္ခတ၏ အဖြစ်သည်လည်း ပရမတ္ထတရားကိုယ် အနက် သဘောအားဖြင့် ဖြစ်မှု ဥပါဒ်ရှိသည်၏ အဖြစ်ပေတည်း။ ဥပါဒ်သည်လည်း မဖြစ်မီ ရှေးမဆွက မရှိခြင်းဖြင့် ပြီးစေအပ်သော ထင်ရှားရှိသော အခိုက်အတန့်ပင်တည်း။ ဤနည်းဖြင့် ဒုက္ခလက္ခဏာ အနတ္တလက္ခဏာတို့ကိုလည်း သိရှိပါလေကုန်။ (မဟာဋီ-၂-၄၃၈။)
——这种不存在,是坏灭这种不存在的性质,所以不同于尚未生起以前的不存在;无常相正显现在这种生起以后归于无有、也就是坏灭的不存在之中。无常行相既不同于苦行相、无我行相,也不同于生起行相。比如,声音这种色法坏灭后的不存在,是由其有为性使之成立;而其有为性,就胜义法本身而言,是具有生起;生起又是由未生前的不存在所界定的显现时刻。苦相与无我相也应依此理了知。(《大复注》2-438。)
ယဒနိစ္စံ တံ ဒုက္ခံ = အနိစ္စဖြစ်သော သဘောတရားသည် ဒုက္ခ မည်၏။ (သံ-၂-၁၉ …) ဤသို့ ဘုရားရှင် သည် ဟောကြားထားတော်မူသောကြောင့် ထိုအနိစ္စဖြစ်သော ခန္ဓာငါးပါးအပေါင်းသည်ပင်လျှင် ဒုက္ခ မည်၏။
佛陀开示巴利原句(缅文字体):‘ယဒနိစ္စံ တံ ဒုက္ခံ’,即‘凡无常者即是苦’(《相应部》2-19等),所以,称为无常的五蕴集合本身也称为苦。
အဘယ်ကြောင့်နည်းဟူမူကား ----- ဖြစ်ခြင်း ပျက်ခြင်းဖြင့် အမြဲမပြတ် အဖန်တလဲလဲ နှိပ်စက် ညှဥ်းဆဲအပ်သည်၏ အဖြစ်ကြောင့် ဒုက္ခမည်၏။ ဖြစ်ခြင်း ပျက်ခြင်းဖြင့် အမြဲမပြတ် အဖန်တလဲလဲ နှိပ်စက်ညှဥ်းဆဲသော အခြင်း အရာသည် ဒုက္ခလက္ခဏာ = ဒုက္ခဟု မှတ်ကြောင်းလက္ခဏာ မည်၏။ (ဝိသုဒ္ဓိ-၂-၂၇၇။) ယံ ဒုက္ခံ တဒနတ္တာ = ဒုက္ခမည်သော တရားသည် အနတ္တမည်၏။ (သံ -၂-၁၉ …)ဤသို့ ဘုရားရှင်သည် ဟောကြားထားတော်မူသောကြောင့် ဒုက္ခမည်သော ခန္ဓာငါးပါးအပေါင်းသည် အနတ္တမည်၏။ အဘယ်ကြောင့် နည်းဟူမူကား ----- တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါ၏ = အတ္တ၏ အလိုသို့ မလိုက်ခြင်းကြောင့်တည်း။
为什么?因为它不断、反复受生灭逼迫,所以称为苦。不断、反复受生灭逼迫的行相,称为苦相,也就是藉以了知苦的相。(《清净道论》2-277。)佛陀又开示巴利原句(缅文字体):‘ယံ ဒုက္ခံ တဒနတ္တာ’,即‘凡苦者即是无我’(《相应部》2-19等),所以,称为苦的五蕴集合也称为无我。为什么?因为它不随任何人、有情或自我的意愿。
တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါ၏ = အတ္တ၏ အလိုသို့ မလိုက်ပါသော အခြင်းအရာသည် အနတ္တလက္ခဏာ = အနတ္တဟု မှတ်ကြောင်းလက္ခဏာ မည်၏။ (ဝိသုဒ္ဓိ-၂-၂၇၇။) တစ်နည်း ----- နိစ္စသဘောကို ပယ်ခြင်းကြောင့် အနိစ္စမည်သကဲ့သို့ နိစ္စအခြင်းအရာကို ပယ်ခြင်းကြောင့် ဆိုအပ်ခဲ့ပြီးသော ဖြစ်ပြီးနောက် မရှိခြင်း = အဘာဝအခြင်းအရာဟု ဆိုအပ်သော အနိစ္စအခြင်းအရာသည် အနိစ္စလက္ခဏာ မည်၏။ အလားတူပင် သုခသဘောကို ပယ်ခြင်းကြောင့် ဒုက္ခမည်ရကား သုခအခြင်းအရာကို ပယ်ခြင်းကြောင့် ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် အဖန်တလဲလဲ ညှဥ်းပန်းနှိပ်စက်သော အခြင်းအရာဟု ဆိုအပ်သော ဒုက္ခအခြင်းအရာသည် ဒုက္ခလက္ခဏာ မည်၏။ ထို့အတူ အတ္တသဘောကို ပယ်ခြင်းကြောင့် အနတ္တ မည်ရကား အတ္တအခြင်းအရာကို ပယ်ခြင်းကြောင့် တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါ၏ = အတ္တ၏ အလို အကြိုက်သို့ မလိုက်ပါသော အခြင်းအရာဟု ဆိုအပ်သော အနတ္တအခြင်းအရာသည် အနတ္တလက္ခဏာမည်၏ဟု
不随任何人、有情或自我意愿的行相,称为无我相,也就是藉以了知无我的相。(《清净道论》2-277。)另一种说法是:由于排除常的自性而称无常;同样,由于排除常的行相,前述生起以后归于无有、称为不存在的无常行相,便称为无常相。由于排除乐的自性而称苦;同样,由于排除乐的行相,称为不断、反复受生灭冲击逼迫的苦行相,便称为苦相。由于排除自我的自性而称无我;同样,由于排除自我的行相,称为不随任何人、有情或自我意愿的无我行相,便称为无我相。应当这样——
မှတ်သားပါ။ (မဟာဋီ-၂-၄၃၈။)
——记住。(《大复注》2-438。)
တဇ္ဇာပညတ်
依彼所立概念(tajjā-paññatti)
တေ ယိမေ တယောပိ အာကာရာ အသဘာဝဓမ္မတ္တာ ခန္ဓပရိယာပန္နာ န ဟောန္တိ။ ခန္ဓေဟိ ဝိနာ အနုပ- လဗ္ဘနီယတော ခန္ဓဝိနိမုတ္တာပိ န ဟောန္တိ။ ခန္ဓေ ပန ဥပါဒါယ ဝေါဟာရဝသေန လဗ္ဘမာနာ တဒါဒီနဝဝိဘာဝနာယ ဝိသေသကာရဏဘူတာ တဇ္ဇာပညတ္တိဝိသေသာတိ ဝေဒိတဗ္ဗာ။ (မဟာဋီ-၂-၄၃၈။) လက္ခဏံ နာမ ပညတ္တိဂတိကံ နဝတ္တဗ္ဗဓမ္မဘူတံ။ (အဘိ-ဋ္ဌ-၁-၂၆၉။) အနိစ္စတာ ဒုက္ခတာ အနတ္တတာတိ ဟိ ဝိသုံ ဂယှမာနံ လက္ခဏံ ပညတ္တိဂတိကံ ပရမတ္ထတော အဝိဇ္ဇမာနံ၊ အဝိဇ္ဇမာနတ္တာ ဧဝ ပရိတ္တာဒိဝသေန နဝတ္တဗ္ဗဓမ္မဘူတံ။ (မူလဋီ-၁-၁၁၅။)
巴利诸注疏原文(缅文字体):‘တေ ယိမေ တယောပိ အာကာရာ အသဘာဝဓမ္မတ္တာ ခန္ဓပရိယာပန္နာ န ဟောန္တိ။ ခန္ဓေဟိ ဝိနာ အနုပ- လဗ္ဘနီယတော ခန္ဓဝိနိမုတ္တာပိ န ဟောန္တိ။ ခန္ဓေ ပန ဥပါဒါယ ဝေါဟာရဝသေန လဗ္ဘမာနာ တဒါဒီနဝဝိဘာဝနာယ ဝိသေသကာရဏဘူတာ တဇ္ဇာပညတ္တိဝိသေသာတိ ဝေဒိတဗ္ဗာ။ (မဟာဋီ-၂-၄၃၈။) လက္ခဏံ နာမ ပညတ္တိဂတိကံ နဝတ္တဗ္ဗဓမ္မဘူတံ။ (အဘိ-ဋ္ဌ-၁-၂၆၉။) အနိစ္စတာ ဒုက္ခတာ အနတ္တတာတိ ဟိ ဝိသုံ ဂယှမာနံ လက္ခဏံ ပညတ္တိဂတိကံ ပရမတ္ထတော အဝိဇ္ဇမာနံ၊ အဝိဇ္ဇမာနတ္တာ ဧဝ ပရိတ္တာဒိဝသေန နဝတ္တဗ္ဗဓမ္မဘူတံ။ (မူလဋီ-၁-၁၁၅။)’译:‘这三种行相因为不是自性法,所以不属于诸蕴;但离开诸蕴又不可得,所以也不是离蕴之法。它们依诸蕴而以世俗言说获得,是特别能够显明诸蕴过患的因,应知为依彼所立的特殊概念。(《大复注》2-438。)所谓相,是趋向概念、属于不可说法。(《阿毗达磨义注》1-269。)无常性、苦性、无我性若各别取出作为相,它趋向概念,在胜义上不存在;正因为不存在,才是不能依小等分类而说的法。(《根本复注》1-115。)’
原书第 274 页
အနိစ္စလက္ခဏာ ဒုက္ခလက္ခဏာ အနတ္တလက္ခဏာဟူသော သုံးပါးကုန်သော လက္ခဏာတို့သည် သဘာဝဓမ္မ မဟုတ်သောကြောင့် ခန္ဓာ၌ အတွင်းဝင်ကုန်သည် = ခန္ဓာ၌ အကျုံးဝင်ကုန်သည် မဖြစ်ကုန်။ ခန္ဓာနှင့်လည်း ကင်း၍ မရအပ်သောကြောင့် ခန္ဓာမှ လွတ်ကုန်သည်လည်း မဖြစ်ကုန်။ ခန္ဓာတို့ကိုကား အစွဲပြု၍ ဝေါဟာရအားဖြင့် ရအပ်သော ခန္ဓာတို့၏ ဖောက်ပြန်ပျက်စီးခြင်း အပြစ်အာဒီနဝကို ထင်ရှားစွာပြခြင်း၏ ထူးကဲသော အကြောင်း ဖြစ်သော တဇ္ဇာပညတ်အထူး = ထိုခန္ဓာတို့ကြောင့် ဖြစ်ပေါ်လာသော ပညတ်အထူးဟူ၍ မှတ်သားအပ်၏။
无常相、苦相与无我相这三相并非自性法,所以不属于、也不摄在诸蕴之内;然而,离开诸蕴又不可得,所以也不是脱离诸蕴之法。它们依诸蕴而以世俗言说成立,是能特别显明诸蕴变异、坏灭之过患的因,应知为依彼所立的特殊概念,也就是因那些蕴而生起的特殊概念。
(မဟာဋီ-၂-၄၃၈။)
(《大复注》2-438。)
အနိစ္စလက္ခဏာ ဒုက္ခလက္ခဏာ အနတ္တလက္ခဏာဟူသော လက္ခဏာရေးသုံးတန် မည်သည် ပညတ်နှင့် အလားတူ၏။ ကာမာဝစရတရား ရူပါဝစရတရား အရူပါဝစရတရား လောကုတ္တရာတရားဟူ၍ မဆိုထိုက်သော နဝတ္တဗ္ဗဓမ္မ ဖြစ်၏။ (အဘိ-ဋ္ဌ-၁-၂၆၉။) အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာဟူသော လက္ခဏာကို ယင်းလက္ခဏာချည်း သက်သက် ကွက်၍ ယူခဲ့သော် လက္ခဏာဟူသည် ပညတ်နှင့် အလားတူ၏။ ပရမတ္ထအားဖြင့် ထင်ရှား မရှိ။
所谓无常相、苦相与无我相这三相,性质近于概念,是不可依欲界法、色界法、无色界法或出世间法而说的不可说法。(《阿毗达磨义注》1-269。)如果把无常行相、苦行相、无我行相各别取出,只取相本身,则所谓相性质近于概念,在胜义上并不显然存在。
ပရမတ္ထအားဖြင့် ထင်ရှား မရှိသောကြောင့်ပင်လျှင် ကာမာဝစရတရားစသည်တို့၏ အစွမ်းဖြင့် မဆိုသင့် မဆိုထိုက်- သော နဝတ္တဗ္ဗဓမ္မ ဖြစ်၏။ ( မူလဋီ-၁-၁၁၅။ ) ထိုအလုံးစုံသော လက္ခဏာရေး သုံးပါး အပေါင်းကိုလည်းကောင်း၊ ထိုလက္ခဏာရေး သုံးတန်ဖြင့် ပိုင်းခြား မှတ်သားအပ်သော အနိစ္စ ဒုက္ခ အနတ္တဖြစ်သော ခန္ဓာငါးပါးအပေါင်းကိုလည်းကောင်း ဤဥဒယဗ္ဗယဉာဏ်အမြင် နှင့် ပြည့်စုံသော ယောဂါဝစရပုဂ္ဂိုလ်သည် ဥပက္ကိလေသ အညစ်အကြေးတို့မှ လွတ်မြောက်သော ဝိပဿနာခရီး လမ်းမှန်ပေါ်သို့ သွားနေသော ဥဒယဗ္ဗယာနုပဿနာဉာဏ်ဖြင့် မဖောက်မပြန် ဟုတ်မှန်သော မိမိ၏ သဘော လက္ခဏာအားဖြင့် ကောင်းစွာ ပိုင်းခြားမှတ်သား၏။ ကောင်းစွာ ပိုင်းခြားမှတ်သားပါလေ။ (ဝိသုဒ္ဓိ-၂-၂၇၇။) ''ဥဒယဗ္ဗယာနုပဿနာဉာဏ်ဖြင့် မဖောက်မပြန် ဟုတ်မှန်သော မိမိ၏ သဘောလက္ခဏာအားဖြင့် ကောင်း- စွာ ပိုင်းခြားမှတ်သား၏'' ဟူသော စကားကို ဖလူပစာရအားဖြင့် ဆိုအပ်သတည်း။ ဥဒယဗ္ဗယဉာဏ် အကျိုးငှာ
正因为在胜义上并不显然存在,它才是不能依欲界法等分类而说的不可说法。(《根本复注》1-115。)具足生灭智见的瑜伽行者,应以已经摆脱观随烦恼垢染、正行于正确观道的生灭随观智,依这些法如实不变的自性,善加辨识三相的总集,以及由三相辨识为无常、苦、无我的五蕴总集。务必善加辨识。(《清净道论》2-277。)所谓‘以生灭随观智依如实不变的自性善加辨识’,是依果名转称其因的用法;因为为了获得生灭智而修、以三相为所缘的观,被转称为生灭智。生灭智本身并不以苦相等为所缘;换句话说,若明显以苦相等为所缘,便不会是所谓生灭智。实际是,想使生灭智锐利、清净的瑜伽行者,只应审察三相,也就是以智看见诸行的无常行相而判定无常,看见苦行相而判定苦,看见无我行相而——
ဖြစ်စေအပ်သော လက္ခဏာရေးသုံးတန်လျှင် အာရုံရှိသော လက္ခဏာရမ္မဏိကဝိပဿနာကို ဥဒယဗ္ဗယဉာဏ်ဟု ဆိုထားသောကြောင့်တည်း။ မှန်ပေသည် ----- ဥဒယဗ္ဗယဉာဏ်သည် ဒုက္ခလက္ခဏာ အစရှိသည်လျှင် အာရုံ ရှိသည်ကား မဟုတ်ပေ။ တစ်နည်းဆိုသော် -- ထိုဒုက္ခလက္ခဏာစသည်လျှင် အာရုံရှိသည်၏ အဖြစ်သည် ထင်ရှား ရှိလတ်သော် ဥဒယဗ္ဗယဉာဏ်မည်သည်သာလျှင် မဖြစ်လေရာ။ စင်စစ်သော်ကား ဥဒယဗ္ဗယဉာဏ်ကို ထက်မြက် စူးရှသည်ကိုလည်းကောင်း၊ သန့်ရှင်းသည်ကိုလည်းကောင်း ပြုခြင်းငှာအလိုရှိသော ယောဂါဝစရပုဂ္ဂိုလ်သည် လက္ခဏာရေး သုံးပါးအပေါင်းကို စူးစမ်းခြင်းကိုသာလျှင် = သင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနိစ္စဟုလည်းကောင်း၊ ဒုက္ခအခြင်းအရာကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ဒုက္ခဟုလည်း- ကောင်း၊ အနတ္တအခြင်းအရာကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနတ္တဟုလည်းကောင်း ဆုံးဖြတ်ခြင်းကိုသာလျှင်
——判定无我。
ပြုသင့် ပြုထိုက်ပေ၏။ မှန်ပေသည် ----- ဤလက္ခဏာရေး သုံးပါးအပေါင်းကို စူးစမ်းဆင်ခြင် ဆုံးဖြတ်တတ်သော ဉာဏ်သည် ထို ဥဒယဗ္ဗယဉာဏ်၏ ပရိကံနှင့် တူပေ၏ (= ဥဒယဗ္ဗယဉာဏ် ရရှိဖို့ရန် စီးဖြန်းမှုကို ပရိကံဟု ဆိုသည်)။ ကြွင်းသော အထက်ပိုင်း ဉာဏ်တို့၌လည်း ဤနည်းပင်တည်း။ (မဟာဋီ-၂-၄၃၈-၄၃၉။)
确实,这种能够审察、判定三相的智,就如同生灭智的遍作。〔这里所谓遍作,是指为了获得生灭智而反复修习。〕其余更高的智也应依同样方式理解。(《大复注》2-438—439。)
原书第 275 页
လက္ခဏာယာဥ်ကို တင်ပါ
把三相提到诸法上而观
ဥဒယဗ္ဗယဉာဏ်သည် ဒုက္ခလက္ခဏာစသည်လျှင် အာရုံရှိသည်ကား မဟုတ်၊ သင်္ခါရတရားတို့၏ ဖြစ်- ပျက်ကိုသာ အာရုံယူသော ဉာဏ်ဖြစ်၏။ သို့သော် အသင်သူတော်ကောင်းသည် ဥဒယဗ္ဗယဉာဏ်ကို ရရှိလိုပါက အထက်ပါ အဋ္ဌကထာဋီကာတို့၏ ညွှန်ကြားချက်နှင့်အညီ သင်္ခါရတရားတို့ကို လက္ခဏာယာဥ် သုံးချက် တစ်လှည့်စီ တင်၍သာ တွင်တွင်ကြီး ဝိပဿနာရှုပါ။ ထိုသို့ တွင်တွင်ကြီး ဝိပဿနာရှုခဲ့သော် ဥဒယဗ္ဗယဉာဏ်အမြင်သည် ထက်မြက်စူးရှလာမည် သန့်ရှင်းလာမည်သာ ဖြစ်ပေသည်။ ထိုသို့ ရှုရာ၌ ----- ၁။ ရုပ်ကို အဦးမူ၍ ရုပ်နာမ်တို့ကို သိမ်းဆည်းလျက် ဝိပဿနာရှုခြင်းဟူသော ကာယာနုပဿနာနည်း၊ ၂။ ဝေဒနာကို အဦးမူ၍ ရုပ်နာမ်တို့ကို သိမ်းဆည်းလျက် ဝိပဿနာရှုခြင်းဟူသော ဝေဒနာနုပဿနာနည်း၊ ၃။ အသိစိတ် ဝိညာဏ်ကို အဦးမူ၍ ရုပ်နာမ်တို့ကို သိမ်းဆည်းလျက် ဝိပဿနာရှုခြင်းဟူသော စိတ္တာ- နုပဿနာနည်း၊ ၄။ ဖဿကို အဦးမူ၍ ရုပ်နာမ်တို့ကို သိမ်းဆည်းလျက် ဝိပဿနာရှုခြင်းဟူသော ဓမ္မာနုပဿနာနည်း၊ ခန္ဓာ
生灭智并不以苦相等为所缘,而是以诸行生灭为所缘的智。不过,贤善者若想获得生灭智,就应依照上述义注、复注的指导,把三相轮流提到诸行上,不断修观。这样不断修观,生灭智见便会越来越锐利、清净。观修时可采用:一、以色为首而摄取色名、修观的身随观法;二、以受为首而摄取色名、修观的受随观法;三、以能知之心识为首而摄取色名、修观的心随观法;四、以触为首而摄取色名、修观的法随观法;以及五蕴——
(၅)ပါးနည်း၊ အာယတန (၁၂)ပါးနည်း၊ ဓာတ် (၁၈)ပါးနည်း၊ ပဋိစ္စသမုပ္ပါဒ်နည်း၊ သစ္စဒေသနာတော်နည်း ဤသို့စသော ဓမ္မာနုပဿနာနည်း ----- ဤ နည်းအမျိုးမျိုးတို့ဖြင့် မိမိ အလိုရှိသလို ဝိပဿနာ ရှုနိုင်ပေသည်။ ထိုသို့ ရှုဖန်များလတ်၍ အသင် သူတော်ကောင်း၏ ဝိပဿနာဉာဏ်သည် ထက်မြက်စူးရှလာသောအခါ ပစ္စုပ္ပန်တွင် ----- ၁။ ရံခါ ရုပ်တရားတို့၏ ဖြစ်မှု ပျက်မှုကိုလည်းကောင်း၊ ၂။ ရံခါ နာမ်တရားတို့၏ ဖြစ်မှု ပျက်မှုကိုလည်းကောင်း၊ ၃။ ရံခါ ရုပ်-နာမ် နှစ်မျိုးလုံးတို့၏ ဖြစ်မှု ပျက်မှုကိုလည်းကောင်း၊ ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ လက္ခဏာရေး သုံးတန်ကို တစ်လှည့်စီ တင်၍ ဝိပဿနာရှုပါ။
——法、十二处法、十八界法、缘起法、四谛教法等各种法随观法。可以随自己的需要,用这些不同方法修观。如此反复观修,观智变得越来越锐利时,应在现在法中:一、间或看见色法的生灭;二、间或看见名法的生灭;三、间或看见色名二法的生灭;然后把三相轮流提到它们上面修观。
(၆)လိုင်းလုံး၌ တည်ရှိသော ရုပ်နာမ်တို့ကို နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် ရေးသားတင်ပြထားသည့်အတိုင်း ကုန်စင်အောင် ရှုပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်မျိုးလုံး၌ ရှုပါ။ ဗဟိဒ္ဓကိုရှုရာ၌ အနီးမှသည် အဝေးသို့ တစ်စ တစ်စ တိုး၍ (၃၁)ဘုံကို ခြုံမိ ငုံမိအောင် ရှုပါ။ စွမ်းနိုင်ပါက အနန္တစကြဝဠာသို့တိုင်အောင် ဖြန့်ကြက်၍ ရှုပါ။
对于名业处诸表所列六线中的一切色名,应无遗漏地观照;内、外两种相续都要观。观外在相续时,要从近到远逐渐扩展,遍摄三十一界;若有能力,还应扩展到无量世界而观。
အနိစ္စလက္ခဏာကို တင်၍ အခေါက်ပေါင်းများစွာ၊ ဒုက္ခလက္ခဏာကို တင်၍ အခေါက်ပေါင်းများစွာ၊ အနတ္တလက္ခ- ဏာကို တင်၍ အခေါက်ပေါင်းများစွာ ရှုပါ။ ရုပ်နာမ်တို့၏ ဖြစ်မှု ပျက်မှုကို ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် ရှင်းရှင်းကြီး သိမြင်ရ၍ အားရကျေနပ်မှု ရရှိသောအခါ မိမိ သိမ်းဆည်းထားသမျှ အတိတ်အဆက်ဆက်မှသည် ပစ္စုပ္ပန်၊ ပစ္စုပ္ပန်မှသည် အနာဂတ်ဆုံးသည်အထိ ----- ၁။ ရုပ်သက်သက်ကို၊ ၂။ နာမ်သက်သက်ကို၊ ၃။ ရုပ်-နာမ် နှစ်မျိုးလုံးကို တွဲ၍ ယင်း ရုပ်နာမ်တို့၏ ဖြစ်မှု ပျက်မှုကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ လက္ခဏာရေးသုံးတန်ကို တစ်လှည့်စီ တင်ကာ တွင်တွင်ကြီး ဝိပဿနာရှုပါ။ အဇ္စျတ္တ ဗဟိဒ္ဓ သန္တာန်နှစ်ပါးလုံး၌ ရှုပါ။ အခေါက်ပေါင်းများစွာ ရှုနိုင်ဖို့ကား အလွန်အရေးကြီးလှ၏။ အတိတ်ခန္ဓာ ပစ္စုပ္ပန်ခန္ဓာ အနာဂတ်ခန္ဓာတို့အပေါ်၌ အစွဲကြီး စွဲနေသော တဏှာစွဲ မာနစွဲ ဒိဋ္ဌိစွဲတို့ကို ဖြိုခွဲနေသော လုပ်ငန်းရပ်ကြီးပင် ဖြစ်ပေသည်။
把无常相提到其上观许多遍,把苦相提到其上观许多遍,也把无我相提到其上观许多遍。对色名的生灭已经清楚知见,达到刹那现在而感到满意时,就对自己所摄取的一切法,从相续过去直到现在,再从现在直到未来终点:一、只观色;二、只观名;三、合观色名二法;以观智看见这些色名的生灭,把三相轮流提到其上,持续而有力地修观。内、外两种相续都要观。能够反复观许多遍极为重要,因为这是在破除牢牢执著过去蕴、现在蕴、未来蕴的爱执、慢执与见执。
原书第 276 页
ဣရိယာပထ - သမ္ပဇည ရှုကွက်
威仪与正知观法
ဤဝိပဿနာပိုင်း၌ ဣရိယာပထရှုကွက် သမ္ပဇညရှုကွက်တို့ကို ဆက်လက်၍ တင်ပြအပ်ပါသည်။ သွား- ရပ်-ထိုင်-လျောင်း-ကွေး-ဆန့်စသော ဣရိယာပထအခိုက် သမ္ပဇညအခိုက်တို့၌ ခန္ဓာငါးပါးကို ဉာဏ်ဖြင့် ပိုင်းခြား ယူပုံ သိမ်းဆည်းပုံကို ရုပ်ကမ္မဋ္ဌာန်းပိုင်း နာမ်ကမ္မဋ္ဌာန်းပိုင်းတို့တွင် ရေးသားတင်ပြခဲ့၏။ ဤဥဒယဗ္ဗယဉာဏ်သို့ တိုင်အောင် အဆင့်ဆင့် အောင်မြင်စွာ ကြိုးပမ်းလာသော အသင်သူတော်ကောင်းသည်လည်း ယင်းခန္ဓာငါးပါး = ရုပ်နာမ်တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူတတ် သိမ်းဆည်းတတ်ပြီး ဖြစ်ပေမည်။ ဤတွင် ရှုပုံစနစ်ကို ဆက်လက် တင်ပြအပ်ပါသည်။
在这一观禅部分,下面继续说明威仪观法与正知观法。行、住、坐、卧、屈、伸等威仪与正知的各个时刻,如何以智辨取、摄取五蕴,已在色业处篇与名业处篇中说明。成功逐步修到生灭智的贤善者,也应已经能够以智辨取、摄取五蕴,也就是色名法。下面继续说明观修方法。
အသင်သူတော်ကောင်းသည် စင်္ကြံတစ်နေရာ၌ ရှေးဦးစွာ မတ်တတ်ရပ်လျက် သမာဓိကို ထူထောင်ပြီးလျှင် ရုပ်တရားတို့ကို သိမ်းဆည်းပါ။ ထိုနောင် နာမ်တရားတို့ကို ဆက်လက်သိမ်းဆည်းပါ။ ထိုနောင် အနည်းငယ် သွားကြည့်ပါ။
贤善者先在经行处的一端站立,建立定以后摄取色法;接着摄取名法,然后试着走一小段。
၁။ သယ်ဆောင်တတ်သော ရုပ်တရား (= ဣရိယာပထရုပ်)၊ ၂။ အသယ်ဆောင်ခံရသော ရုပ်တရား (= စတုသမုဋ္ဌာနိကရုပ်) ---- ဤ ရုပ်တရားတို့ကို သိမ်းဆည်းပါ။ ထိုတွင် ကာယဝိညတ် လဟုတာ မုဒုတာ ကမ္မညတာ အာကာသဓာတ် စသော ရုပ်အတုတို့ကို အာရုံမယူဘဲ ရုပ်အစစ်တို့ကို အာရုံယူ၍ ယင်းရုပ်တရားတို့၏ ဖြစ်ပြီး ပျက်သည့်သဘောကို အာရုံယူ၍ အနိစ္စဟု ရှုပါ။ ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် အညှဥ်းပန်း အနှိပ်စက်ခံရသည့် သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ဒုက္ခဟု ရှုပါ။ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေ- သည့် အတ္တ မရှိသည့်သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနတ္တဟု ရှုပါ။
一、能运载之色〔即威仪色〕;二、所运载之色〔即四因所生色〕。应摄取这些色法。其中,不取身表、色轻快性、色柔软性、色适应性、空界等非实色为所缘,只取真色为所缘。取这些色法生起后坏灭的性质为所缘,观为无常;以智看见它们不断受生灭冲击逼迫的性质,观为苦;以智看见其中没有一个不坏、坚实、恒定而作为核心的自我,观为无我。
ရုပ်တရားသက်သက်ကို ဝိပဿနာရှု၍ အောင်မြင်မှု ရရှိသောအခါ စင်္ကြံသွားခြင်း ဣရိယာပုထ်ကို ဖြစ်စေ- တတ်သော အကြောင်းရင်းဖြစ်သော မနောဒွါရိကဇောဝီထိ စိတ်အစဥ် နာမ်တရားစုတို့ကိုလည်း အလားတူပင် လက္ခဏာယာဥ် သုံးချက် တစ်လှည့်စီ တင်၍ ဝိပဿနာရှုပါ။
只观色法并获得成功以后,对于作为经行威仪之生起原因的意门速行心路心相续、也就是名法组,也应同样把三相轮流提到其上而修观。
အာလောကိတေ ဝိလောကိတေ = တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ သိမ်းဆည်းထားသော ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကိုလည်း သိမ်းဆည်းလျက် လက္ခဏာယာဥ်ကိုတင်ကာ ပုံစံတူပင် ဝိပဿနာရှုပါ။
在‘正视、斜视’(အာလောကိတေ ဝိလောကိတေ)时,也应摄取先前所摄取的五蕴色名法,把三相提到其上,依同样方式修观。
အလားတူပင် စင်္ကြံသွားခိုက်၌ အာရုံ (၆)ပါးကို ထိုက်သလို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော စက္ခုဒွါရဝီထိ မနောဒွါရဝီထိ၊ သောတဒွါရဝီထိ မနောဒွါရဝီထိ၊ ဃာနဒွါရဝီထိ မနောဒွါရဝီထိ၊ ဇိဝှါဒွါရဝီထိ မနောဒွါရဝီထိ၊ ကာယဒွါရဝီထိ မနောဒွါရဝီထိ၊ မနောဒွါရဝီထိ ----- ဤဝီထိ နာမ်တရားစုတို့ကိုလည်းကောင်း၊ ယင်းတရားစုတို့၏ မှီရာဝတ္ထုရုပ်များနှင့် အာရုံရုပ်တို့ကိုလည်းကောင်း သိမ်းဆည်း၍ ယင်းရုပ်တရား နာမ်တရားတို့ကိုလည်း လက္ခဏာ- ယာဥ် သုံးချက် တစ်လှည့်စီ တင်၍ ဝိပဿနာ ရှုပါ။ ကွေးခိုက် ဆန့်ခိုက် သပိတ်သင်္ကန်းကို ဆောင်ခိုက် စားခိုက် သောက်ခိုက်စသော ထိုထိုသမ္ပဇဥ်ပိုင်းဆိုင်ရာ အခိုက်အတန့်တို့၌လည်း ရုပ်-နာမ်တို့ကို သိမ်းဆည်းလျက် အလားတူပင် ဝိပဿနာရှုပါ။
同样,在经行时,依相应的六所缘而生起的眼门心路与意门心路、耳门心路与意门心路、鼻门心路与意门心路、舌门心路与意门心路、身门心路与意门心路,以及意门心路等各组心路名法,还有它们所依的所依色与所缘色,也都应摄取;再把三相轮流提到这些色法、名法上修观。在屈伸、持钵与袈裟、饮食等每一个属于正知的时刻,也应摄取色名,依同样方式修观。
၁။ ရုပ်သက်သက်ကိုလည်းကောင်း၊ ၂။ နာမ်သက်သက်ကိုလည်းကောင်း၊ ၃။ ရုပ်နှင့်နာမ်ကို တွဲ၍လည်းကောင်း --- လက္ခဏာယာဥ် သုံးချက်ကို တစ်လှည့်စီ တင်၍ ဝိပဿနာရှုပါ။ အတိတ်-အနာဂတ်-ပစ္စုပ္ပန်ဟူသော ကာလသုံးပါး၊ အဇ္စျတ္တ-ဗဟိဒ္ဓဟူသော သန္တာန်နှစ်ပါးလုံး၌ လက္ခဏာယာဥ်ကို တင်ကာ ဝိပဿနာရှုပါ။ ခန္ဓာ
一、只观色;二、只观名;三、合观色名——把三相轮流提到其上修观。过去、未来、现在三时,以及内、外两种相续,都要把三相提到其上修观。还应继续依五蕴——
原书第 277 页
ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- ဥဒယဗ္ဗယဉာဏ်ခန်း ငါးပါးနည်း၊ အာယတန တစ်ဆယ့်နှစ်ပါးနည်းစသည်တို့ဖြင့်လည်း ဆက်လက်၍ ဝိပဿနာရှုပါ။ ထိုသို့ ရှုရာ၌ ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် ခန္ဓာငါးပါး = ရုပ်နာမ်တရားတို့၏ ဖြစ်ပျက်ကို မြင်ခဲ့သော် အားရကျေနပ်မှု ရခဲ့သော် အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံစသော အကြောင်းတရားများ ထင်ရှားဖြစ်ခြင်းကြောင့် အကျိုးရုပ်နာမ်တို့ ထင်ရှားဖြစ်ပေါ်လာပုံ ကြောင်း-ကျိုး ဆက်နွယ်မှုသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ----- ၁။ အဝိဇ္ဇာဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏ --- ဤသို့စသည်ဖြင့် အကြောင်းတရား ထင်ရှားဖြစ်ခြင်းကြောင့် အကျိုး တရား ထင်ရှားဖြစ်ပုံကိုလည်းကောင်း၊ ၂။ အဝိဇ္ဇာချုပ်ခြင်းကြောင့် ရုပ်ချုပ်၏ -- ဤသို့စသည်ဖြင့် အကြောင်းတရား ချုပ်ခြင်းကြောင့် အကျိုးတရား ချုပ်ပုံကိုလည်းကောင်း၊ ၃။ အဝိဇ္ဇာဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏၊ အဝိဇ္ဇာချုပ်ခြင်းကြောင့် ရုပ်ချုပ်၏ -- ဤသို့စသည်ဖြင့် အကြောင်း
——法、十二处法等修观。如此观修,在达到刹那现在、看见五蕴色名法的生灭而感到满意以后,应以智看见因果关系:由于无明、爱、取、行、业等因法显著生起,果色名便显著生起。一、‘因为无明生起,色生起’等:观因法显著生起,果法如何显著生起;二、‘因为无明止息,色止息’等:观因法止息,果法如何止息;三、‘因为无明生起,色生起;因为无明止息,色止息’等:观因法生起时果法如何生起,因法止息时果法如何——
တရား ဖြစ်ခြင်းကြောင့် အကျိုးတရား ဖြစ်ပုံ အကြောင်းတရား ချုပ်ခြင်းကြောင့် အကျိုးတရား ချုပ်ပုံကို လည်းကောင်း ဉာဏ်ဖြင့် မြင်အောင် ရှုပါ။
——止息。
၄။ အကြောင်းတရား အကျိုးတရား နှစ်မျိုးလုံးတို့၏ ဖြစ်မှု ပျက်မှုသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ လက္ခဏာယာဥ် သုံးချက်ကို တစ်လှည့်စီ တင်၍လည်း ဝိပဿနာရှုပါ။
四、还应以智看见因法与果法二者的生灭性质,把三相轮流提到其上修观。
ကာလသုံးပါး၊ သန္တာန်နှစ်ပါးလုံး၌ ရှုပါ။ ရံခါ အသုဘသဘောကိုလည်း ရှုပါ။ လက္ခဏာရေးသုံးပါးလုံးကို အကွက်စေ့အောင် ရှုပြီးသောအခါ ကြိုက်ရာ လက္ခဏာတစ်ပါးကို ဦးစားပေး၍ ဝိပဿနာရှုနိုင်ပေသည်။ တစ်ဖန် (၁)ဝတ္ထု - ဖြစ်-ပျက်-အနိစ္စ။ ။ (၂) အာရုံ - ဖြစ်-ပျက်-အနိစ္စ။ ။ (၃) ဝေဒနာ - ဖြစ်-ပျက်-အနိစ္စ။
过去、未来、现在三时与内、外两种相续都要观;有时也观不净。把三相完整无缺地观过以后,可以选择自己偏好的任何一相作为重点继续修观。又可这样观:一、所依处——生、灭、无常;二、所缘——生、灭、无常;三、受——生、灭、无常。
(ဝေဒနာနုပဿနာ) (၁)ဝတ္ထု - ဖြစ်-ပျက်-အနိစ္စ။ ။ (၂) အာရုံ - ဖြစ်-ပျက်-အနိစ္စ။ ။ (၃) ဝိညာဏ် - ဖြစ်-ပျက်-အနိစ္စ။
〔以上为受随观。〕一、所依处——生、灭、无常;二、所缘——生、灭、无常;三、识——生、灭、无常。
(စိတ္တာနုပဿနာ) (၁)ဝတ္ထု - ဖြစ်-ပျက်-အနိစ္စ။ ။ (၂) အာရုံ - ဖြစ်-ပျက်-အနိစ္စ။ ။ (၃) ဖဿ - ဖြစ်-ပျက်-အနိစ္စ။
〔以上为心随观。〕一、所依处——生、灭、无常;二、所缘——生、灭、无常;三、触——生、灭、无常。
(ဓမ္မာနုပဿနာ) ----- ဤသို့ စသည်ဖြင့် လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်လျက်လည်း ဝိပဿနာ ရှုနိုင်ပေသည်။ (ရှင်းလင်းချက်ကို ဘင်္ဂါနုပဿနာဉာဏ်ခန်း -၂၉၃-၂၉၄-တွင် ကြည့်ပါ။) ဤသို့လျှင် ဣရိယာပုထ်လေးပါးလုံး၌ သင်္ခါရတရားတို့၏ ဖြစ်မှု ပျက်မှုကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ကြည့်၍ လက္ခဏာရေးသုံးတန်ကိုလည်း တစ်လှည့်စီ တင်ကာ တွင်တွင်ကြီး ဝိပဿနာ ရှုနိုင်သော် အသင် သူတော်ကောင်း၏ ဥဒယဗ္ဗယာနုပဿနာဉာဏ်အမြင်သည် ထက်မြက်သည်ထက် ထက်မြက် သန့်ရှင်းသည်ထက် သန့်ရှင်း၍ လာပေမည်။ ယင်းသို့ ထက်မြက်သန့်ရှင်း၍ ရဲရင့်လာသောအခါ သင်္ခါရတရားတို့၏ ဖြစ်မှုကို နှလုံး မသွင်းတော့ဘဲ အပျက်သက်သက်ကိုသာ တစ်ဖက်သတ် နှလုံးသွင်းလိုက်ပါက အသင်သူတော်ကောင်း၏ ဝိပ- ဿနာဉာဏ်သည် သင်္ခါရတရားတို့၏ အဖြစ်ကို မမြင်တော့ဘဲ အပျက်သက်သက်ကိုသာ တစ်ဖက်သတ် မြင်သည့် ဘင်္ဂဉာဏ်ဘက်သို့ တဖြည်းဖြည်း ကူးသွားမည် ဖြစ်ပေသည်။ ထိုအခါ အသင်သူတော်ကောင်း၏ ဥဒယ-
〔以上为法随观。〕也可以这样轮流把三相提到其上修观。〔详见坏灭随观智章第293—294页。〕如此,在四威仪中,以观智看见诸行的生灭,再把三相轮流提到其上,持续而有力地修观,贤善者的生灭随观智见便会越来越锐利、越来越清净。当它这样变得锐利、清净而勇健时,若不再对诸行的生起作意,只一向作意其坏灭,贤善者的观智便会逐渐转向坏灭智,只见诸行的坏灭,不再看见其生起。到那时,贤善者的生灭——
ဗ္ဗယာနုပဿနာဉာဏ်သည် ဆုံးခန်းတိုင်သို့ ရောက်ရှိသွားပြီ ဖြစ်ပေသတည်း။
——随观智便已经达到终点。
ဥဒယဗ္ဗယဉာဏ်ခန်း ပြီး၏။
《生灭智章》终。

本页是帕奥禅师缅文「五大册」第五册(趣向涅槃之道·第五册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。卷前、正文与原书索引均与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。