缘起诸支章(下)
《趣向涅槃之道》中文全译本 · 非缩略版
特相等四法篇 · 原书第 626–628 页 · 25 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 626 页
တစ်ဖန် ဤဇာတ်တော်၌ ဗာရာဏသီမင်းမှာလည်း အခြားသူ မဟုတ် အရှင်အာနန္ဒာအလောင်းပင် ဖြစ် ပေသည်။ မောဟအပိုင်းတွင် တင်ပြခဲ့သော ဟရိတစ ဇာတ်တော်၌ အရှင်အာနန္ဒာအလောင်း ဗာရာဏသီမင်း၏ မိဖုရားကြီးကို အလောင်းတော်ရသေ့ကြီးက ကာမမှု လွန်ကျူးခဲ့၏။ ဤဇာတ်တော်၌ကား အရှင်အာနန္ဒာအလောင်း ဗာရာဏသီမင်းက အလောင်းတော်ရသေ့ကြီး၏ လူ့ဘဝက ကြင်ရာဟောင်းဖြစ်သည့် ရသေ့မကလေး အပေါ်၌ ရာဂဖြင့် ရစ်ပတ်နှောင်ဖွဲ့ထားသော စိတ်ဓာတ်ဖြင့် အနိုင်အထက် သိမ်းပိုက်ခဲ့ပြန်၏။
这则故事中的波罗奈王不是别人,正是阿难尊者的前身。本书痴篇所述《哈利达萨本生》中,菩萨仙人曾与阿难前身波罗奈王的王后发生欲行;这一生却反过来,由阿难前身波罗奈王以贪缠缚之心,强夺菩萨仙人在家时的旧伴侣——这位女仙。
အဝိဇ္ဇာ နီဝရဏတရားသည် ပိတ်ဖုံး ကာဆီးအပ်သည် ဖြစ်၍ တဏှာတည်းဟူသော သံယောဇဥ်ကြိုးက ရစ်ပတ်နှောင်ဖွဲ့အပ်သည် ဖြစ်၍ ဤဘဝမှ ထိုဘဝသို့ ထိုဘဝမှ ဤဘဝသို့ တပြောင်းပြန်ပြန် ကျင်လည်ကျက်စား ပြေးသွားနေကြရကုန်သော တစ်ခုသောဘဝ၌လည်းပဲ ထပ်ကာထပ်ကာ ကျင်လည်ကျက်စား ပြေးသွားနေကြရ ကုန်သော သတ္တဝါတို့၏ မိုက်ပြစ်ကား အလွန် ကြောက်မက်ဖွယ်ကောင်းလှပေသည်။ အလောင်းတော်ရင့်မာကြီး တို့၏ သန္တာန်၌လည်း ရံခါ ဖြစ်တတ်သည့် တရားဆိုးများပင်တည်း။
有情被无明盖所遮蔽,被称为爱的结缚之绳缠住,便从此生奔向彼生、从彼生又奔回此生,反复轮回;甚至在同一生中也一再造作类似行为。这种愚昧过失实在可怕,即使成熟的菩萨相续中,有时也可能出现这样的恶法。
ယင်း ဒေါသနှင့်တကွသော ရာဂနှင့်တကွသော သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသတည်းဟူ သော တရားဆိုးတို့ကို အမြစ်ပြတ် ဖြေရှင်းနိုင်ရေး ကျော်လွှား လွန်မြောက်နိုင်ရေးအတွက် တစ်ကြောင်းတည်းသော လမ်းမှာ သတိပဋ္ဌာန်လေးပါးကို နည်းမှန် လမ်းမှန် ပွားများအားထုတ်ခြင်းပင် ဖြစ်ပေသည်။ ထိုကြောင့် လက္ခဏ- ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်းအားဖြင့် ရုပ် + နာမ် + ကြောင်း + ကျိုး = သင်္ခါရတရားတို့ကို သိမ်းဆည်းပြီးသော အသင်သူတော်ကောင်းအဖို့ ရှေ့သို့ ဆက်လက်၍ ကျင့်ရမည့် ကျင့်စဥ်များကို ဆက်လက်၍ တင်ပြပေအံ့။
要从根本解决、超越这些与瞋、贪相伴的愁、悲、苦、忧、恼,唯一的道路就是以正确方法修习四念处。因此,善人啊,你已经依特相、作用、现起、近因之法,摄取了色、名、因、果这些行法;下面继续说明应当进一步修习的方法。
ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၌ လက္ခဏ - ရသ စသည် ရှုပုံစနစ်
缘起诸支中特相、作用等的观法
အသင်သူတော်ကောင်းသည် ရှေးဦးစွာ ဤပစ္စုပ္ပန်ဘဝကိုပင် ဗဟိုထား၍ အတိတ်က အဝိဇ္ဇာကြောင့် အတိတ်တွင် သင်္ခါရဖြစ်ပုံ၊ အတိတ်က သင်္ခါရကြောင့် ပစ္စုပ္ပန်တွင် ပဋိသန္ဓေ ဝိညာဏ် စသည့် ဝိပါက်ဝိညာဏ်ဖြစ်ပုံ ဤသို့စသည်ဖြင့် ဥပါယာသသို့တိုင်အောင် ကြောင်း-ကျိုးဆက်နွယ်မှု သဘောတရားများကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ အထက်ပါ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကို ရှုပါလေ။ ဤနည်းအရ --- ၁။ အဝိဇ္ဇာ-သင်္ခါရတို့ကား ပထမအတိတ်၊ ၂။ ဝိညာဏ်-နာမ်ရုပ်-သဠာယတန-ဖဿ-ဝေဒနာ-တဏှာ-ဥပါဒါန်-ဘဝ (= ကမ္မဘဝ)တို့ကား ပစ္စုပ္ပန်၊ ၃။ ဇာတိ-ဇရာ-မရဏ-သောက-ပရိဒေဝ-ဒုက္ခ-ဒေါမနဿ-ဥပါယာသတို့ကား ပထမအနာဂတ် --- ဤနည်းကို နည်းမှီ၍ --- ၁။ အဝိဇ္ဇာ-သင်္ခါရတို့ကား ဒုတိယအတိတ်၊ ၂။ ဝိညာဏ်။ ပ ။ ဘဝ (ကမ္မဘဝ)တို့ကား ပထမအတိတ်၊ ၃။ ဇာတိ ဇရာ မရဏ။ ပ ။ ဥပါယာသတို့ကား ပစ္စုပ္ပန် --- ဤသို့ စသည်ဖြင့် ကြောင်း-ကျိုးဆက်နွယ်လျက် ရှုပါ။ အတိတ်အဆက်ဆက် အနာဂတ်အဆက်ဆက်
善人啊,首先以今生为中心,以智观见种种因果关系:过去无明如何在过去令行生起,过去行如何在现在令结生识等果报识生起,如此一直观察到恼;并观照上文所述各法的特相、作用、现起与近因。依此方法:一、无明、行属于第一过去;二、识、名色、六处、触、受、爱、取、有〔即业有〕属于现在;三、生、老、死、愁、悲、苦、忧、恼属于第一未来。再依这一方法向前推移:一、无明、行属于第二过去;二、识乃至有〔业有〕属于第一过去;三、生、老、死乃至恼属于现在。如此随因果相续而观,过去相续与未来相续——
ဆုံးသည်တိုင်အောင် နည်းတူပင် ရှုပါ။
——直到穷尽,都应同样观照。
ရည်ရွယ်ချက်
目的
ထိုသို့ ရှုခြင်း၏ ရည်ရွယ်ချက်မှာ အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးလုံး၌ အကြောင်းတရားနှင့် အကျိုးတရားစုသာ ရှိသည်၊ ပြုလုပ်တတ်သူ ဖန်ဆင်းတတ်သူ အပြုလုပ်ခံရသူ အဖန်ဆင်းခံရသူ လူ နတ် ဗြဟ္မာ
这样观照的目的有几项:第一,为了净化知见,明白过去、未来、现在三时中只有因法聚与果法聚,并没有任何造作者、创造者、被造者、被创造者,也没有人、天、梵天——
原书第 627 页
လက္ခဏာဒိစတုက္ကပိုင်း -- ပဋိစ္စသမုပ္ပါဒ်အင်္ဂရပ်များ အခန်း ကြိုတင်ပြင်ဆင်ပါ ပုဂ္ဂိုလ် သတ္တဝါ တစ်စုံတစ်ရာမည်သည် မရှိဟု အသိဉာဏ် သန့်ရှင်းရန်လည်း အကြောင်းတစ်ရပ်၊ နတ္ထိကဒိဋ္ဌိ အဟေတုကဒိဋ္ဌိ အကိရိယဒိဋ္ဌိ စသော ကံ-ကံ၏အကျိုးတရားကို ပစ်ပယ်နေသော မိစ္ဆာဒိဋ္ဌိ ဝါဒဆိုးကြီးများကို လွင့်စင်သွားစေလိုသည်လည်း အကြောင်းတစ်ရပ်၊ အကြောင်း အကျိုး နှစ်ရပ်လုံးတို့ အပေါ်၌ တစ်နည်းဆိုရသော် ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၌ လက္ခဏာယာဥ် သုံးချက်တင်၍ တွင်တွင်ကြီး ဝိပဿနာရှုခဲ့သော် အကြောင်းအကျိုး နှစ်ရပ်လုံးတို့ အပေါ်၌ စွဲနေသော တဏှာစွဲ မာနစွဲ ဒိဋ္ဌိစွဲ စသော ကိလေသာစွဲများသည် ဝိပဿနာအခိုက်၌ တဒင်္ဂအားဖြင့် ချုပ်သွားမည် ဖြစ်၏၊ ယင်းဝိပဿနာ ဉာဏ်တို့က အဆင့်ဆင့် ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုပေးခဲ့သော် ဝိပဿနာဉာဏ်တို့၏ အဆုံး၌ မဂ်ဉာဏ် ပေါ်ခဲ့သော် ယင်းအရိယမဂ်ဉာဏ်က ကိလေသာတို့ကို အဆင့်ဆင့် အကြွင်းမဲ့ ပယ်သတ်သွားမည် ဖြစ်၏၊ အဆင့်
——个人或有情。第二,为了扫除虚无见、无因见、无作见等否定业与业果的严重邪见。第三,在因与果两方面——换句话说,在缘起诸支上——把三相提到诸法上而反复有力地修观时,黏着因果的爱执、慢执、见执等烦恼执著,会在观修当下以彼分而暂时止息。诸观智又依次以亲依止力资助;到诸观智末端生起道智时,圣道智便逐层无余断除烦恼——
ဆင့်သော အရိယမဂ်ဉာဏ်က ဆိုင်ရာဆိုင်ရာ ကိလေသာတို့ကို သမုစ္ဆေဒအားဖြင့် အမြစ်ပြတ် အကြွင်းမဲ့ ပယ်သတ် ခဲ့သော် အကြောင်းတရားများ ကုန်ဆုံးသွားသဖြင့် အကျိုး သံသရာဝဋ်ဒုက္ခလည်း ကုန်ဆုံးသွားမည် ဖြစ်ပေသည်။
——各层圣道智以正断彻底无余断除相应烦恼以后,因法穷尽,作为果的轮回苦也随之穷尽。
ဤသို့ အကြောင်းအကျိုး နှစ်ရပ်လုံး အပေါ်၌ စွဲနေသော ကိလေသာတို့ကို တဒင်္ဂသမုစ္ဆေဒအားဖြင့် ပယ်သတ် နိုင်ရန်လည်း အကြောင်းတစ်ရပ် --- ဤ အကြောင်းအရပ်ရပ်တို့ကြောင့် ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို အတိတ်အဆက်ဆက် မှသည် အနာဂတ်ဆုံးသည့်တိုင်အောင် သိမ်းဆည်းခိုင်းခြင်းပင် ဖြစ်ပါသည်။
第四,为了以彼分断乃至正断,断除黏着因与果两方面的烦恼。正是为了这些目的,才要求从过去相续一直到未来穷尽,摄取色、名、因、果这些行法。
ကြိုတင်ပြင်ဆင်ပါ
预先准备
ယခုအခါ၌ ဝိပဿနာသို့ကူးလိုသော အသင်ယောဂီသူတော်ကောင်းသည် အသင်သူတော်ကောင်း ရှုထား ပြီးသော ပဉ္စမအတိတ် စသည့် ထိုထိုအတိတ်မှ ပစ္စုပ္ပန်၊ ပစ္စုပ္ပန်မှသည် အနာဂတ်ဆုံးသည့်တိုင်အောင် --- ၁။ ရူပပရိဂ္ဂဟ = ရုပ်သက်သက်ကို သိမ်းဆည်းခြင်း၊ ၂။ အရူပပရိဂ္ဂဟ = နာမ်သက်သက်ကို သိမ်းဆည်းခြင်း၊ ၃။ ရူပါရူပပရိဂ္ဂဟ = ရုပ်နာမ်ကို သိမ်းဆည်းခြင်း၊ ၄။ နာမရူပဝဝတ္ထာန = နာမ်ရုပ်ကို ပိုင်းခြားမှတ်သားခြင်း၊ ၅။ ပစ္စယပရိဂ္ဂဟ = ပစ္စုပ္ပန်၌ သို့မဟုတ် ပစ္စုပ္ပန်ကို ဗဟိုထား၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းခြင်း၊ ၆။ အဒ္ဓါနပရိဂ္ဂဟ = အတိတ်အဆက်ဆက် အနာဂတ်အဆက်ဆက်၌လည်း အကြောင်းတရား အကျိုး
现在,准备转入观禅的瑜伽行善人,应当从已经观过的第五过去等每一过去生直到现在,又从现在直到未来穷尽,继续完成以下工作:一、色摄受:摄取纯粹的色;二、非色摄受:摄取纯粹的名;三、色非色摄受:摄取色与名;四、名色分别:分别名色;五、缘摄受:在现在,或以现在为中心,摄取因法与果法;六、时分摄受:在过去相续与未来相续中,把因法与果法——
တရားတို့ကို ထပ်မံ၍ သိမ်းဆည်းခြင်း ---
——再次摄取。
ဤလုပ်ငန်းရပ်တို့ကို ဆက်လက်၍ ပြုလုပ်ပါ။
请继续完成这些工作。
ဤနာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်တို့ကား တစ်ကြိမ်တစ်ခါ သိမ်းဆည်းရုံ ရှုပွားရုံနှင့် လိုရင်း ကိစ္စ မပြီး၊ ကြိမ်ဖန်များစွာ ထပ်ခါ ထပ်ခါ ရှုပါမှ လိုရင်းကိစ္စ ပြီးနိုင်သော --- အနုအနုဗုဇ္ဈနဋ္ဌေန အနုဗောဓော ဟူသည်နှင့်အညီ အနုဗောဓဉာဏ်များ ဖြစ်နေသောကြောင့်တည်း။ (ဒီ-ဋီ-၂-၉ဝ။) ထိုသို့ သိမ်းဆည်းရာ၌ --- အသင်သူတော်ကောင်းသည် အတိတ်ဘဝကို ငါးဘဝအထိ၊ အနာဂတ်ဘဝကို လည်း ဆုံးသည့် ဒုတိယအနာဂတ်ဘဝအထိ သင်္ခါရတရားတို့ကို သိမ်းဆည်းထားပြီးသည် ဆိုပါစို့။ ထိုသို့ဖြစ်လျှင် ယခုအကြိမ်၌ကား --- ပဉ္စမအတိတ်မှ စ၍ အနာဂတ်ဆုံးသည်အထိ တိုးလျှိုပေါက် - သိမ်းဆည်းပါ။ ဘဝတစ်- ခုခု၌လည်း ပဋိသန္ဓေမှသည် စုတိသို့တိုင်အောင် ခပ်စိပ်စိပ် ခြုံငုံ၍ သိမ်းဆည်းပါ။ ဥပမာ ---
名色分别智与缘摄受智,不能只摄取、观修一次便完成任务;必须反复多次观照才能完成。依“以反复觉知之义而为随觉”的教说,它们属于随觉智。(《长部复注》2-90。)摄取时,假设你已经把过去观到第五过去生,把未来观到最后的第二未来生,并摄取了这些行法;那么这一次应从第五过去一直纵贯摄取到未来穷尽。每一生都要从结生到死亡,严密而周遍地摄取。例如——
原书第 628 页
၁။ ပဉ္စမအတိတ် ပဋိသန္ဓေမှသည် စုတိသို့တိုင်အောင်၊ ၂။ စတုတ္ထအတိတ် ပဋိသန္ဓေမှသည် စုတိသို့တိုင်အောင်၊ ၃။ တတိယအတိတ် ပဋိသန္ဓေမှသည် စုတိသို့တိုင်အောင်၊ ၄။ ဒုတိယအတိတ် ပဋိသန္ဓေမှသည် စုတိသို့တိုင်အောင်၊ ၅။ ပထမအတိတ် ပဋိသန္ဓေမှသည် စုတိသို့တိုင်အောင်၊ ၆။ ပစ္စုပ္ပန် ပဋိသန္ဓေမှသည် စုတိသို့တိုင်အောင်၊ ၇။ ပထမအနာဂတ် ပဋိသန္ဓေမှသည် စုတိသို့တိုင်အောင်၊ ၈။ ဒုတိယအနာဂတ် ပဋိသန္ဓေမှသည် စုတိသို့တိုင်အောင် --- ၁။ ရှေးဦးစွာ ရုပ်သက်သက်ကို ပဉ္စမအတိတ်မှ ဒုတိယအနာဂတ်ဆုံးသည်အထိ တိုးလျှိုပေါက် သိမ်းဆည်းပါ။
一、从第五过去生的结生到死亡;二、从第四过去生的结生到死亡;三、从第三过去生的结生到死亡;四、从第二过去生的结生到死亡;五、从第一过去生的结生到死亡;六、从今生结生到死亡;七、从第一未来生的结生到死亡;八、从第二未来生的结生到死亡。第一,先从第五过去直到第二未来穷尽,纵贯摄取纯粹的色——
ခပ်စိပ်စိပ် သိမ်းဆည်းပါ။
——并严密地摄取。
၂။ အလားတူပင် ပဉ္စမအတိတ် ပဋိသန္ဓေမှသည် ဒုတိယအနာဂတ် စုတိအထိ ခြုံငုံ၍ နာမ်တရားတို့ကိုလည်း သိမ်းဆည်းပါ။ ထိုသို့ သိမ်းဆည်းရာ၌ ဘဝင်မနောအကြည်ဓာတ်ကို ဦးစားပေး၍ ယင်းဘဝင်မနောအကြည်ဓာတ် နာမ်တရားစုနှင့်တကွ ယင်းဘဝင်မနောအကြည်ဓာတ်တို့၏ အကြားအကြား၌ ဖြစ်သွားသော ဝီထိနာမ်တရားစု တို့ကိုလည်း ဖြစ်ခဲ့သည့်အတိုင်း ဖြစ်ဆဲအတိုင်း ဖြစ်လတ္တံ့အတိုင်းသာ ဃနပြိုအောင် ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းပါ။
第二,同样从第五过去生的结生到第二未来生的死亡,周遍摄取名法。摄取时,以有分意净界为先;连同有分意净界的名法聚,也应如实摄取夹在各个有分意净界之间生起的心路名法聚——过去的如其已生,现在的如其正生,未来的如其将生——令密集破除而达到胜义。
၃။ ရုပ်နာမ်ကို သိမ်းဆည်းခြင်း၊ ၄။ ရုပ်နာမ်ကို ပိုင်းခြားမှတ်သားခြင်းတို့၌လည်း နည်းတူပင်တည်း။
第三,摄取色名;第四,分别名色,也都采用同样方法。
၅။ ပစ္စယပရိဂ္ဂဟ အဒ္ဓါနပရိဂ္ဂဟတို့၌ကား -- ပဉ္စမအတိတ် အဝိဇ္ဇာ သင်္ခါရမှ စ၍ ဒုတိယအနာဂတ် ဆုံးသည် အထိ ဘဝသုံးခု ဘဝသုံးခုကို ကွင်းဆက်ကာ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။
第五,在缘摄受与时分摄受中,从第五过去的无明、行开始,直到第二未来穷尽,以每三个生命相连成环,摄取因法与果法。
အဇ္ဈတ္တ၌ အောင်မြင်မှု ရရှိသောအခါ ဗဟိဒ္ဓ၌လည်း နည်းတူပင် --- ၁။ ရုပ်သက်သက်ကို သိမ်းဆည်းခြင်း၊ ၂။ နာမ်သက်သက်ကို သိမ်းဆည်းခြင်း၊ ၃။ ရုပ်နာမ်ကို သိမ်းဆည်းခြင်း၊ ၄။ ရုပ်နာမ်ကို ပိုင်းခြားမှတ်သားခြင်း၊ ၅။ ပစ္စယပရိဂ္ဂဟ-အဒ္ဓါနပရိဂ္ဂဟ -- အတိတ်အဆက်ဆက်မှသည် အနာဂတ်ဆုံးသည်အထိ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းခြင်းဟူသော သိမ်းဆည်းခြင်း လုပ်ငန်းရပ်တို့ကိုလည်း ဆက်လက်၍ ပြု လုပ်ပါ။ (ဗဟိဒ္ဓ၌ကား ဗဟိဒ္ဓချင်းတူညီ၍ သာမန် ပေါင်းစုခြုံငုံ၍သာ သိမ်းဆည်းပါ။) ထိုနောင် ရံခါ အဇ္ဈတ္တ ရံခါ ဗဟိဒ္ဓ တစ်လှည့်စီလည်း ပုံစံတူပင် သိမ်းဆည်းပါလေ။ ထိုသို့ သိမ်းဆည်းနိုင် ပါက ဝိပဿနာသို့ကူးရန် အခန့်သင့် ဖြစ်လေပြီ။
内在修习成功以后,外在也同样完成:一、摄取纯色;二、摄取纯名;三、摄取色名;四、分别名色;五、缘摄受与时分摄受——从过去相续直到未来穷尽,摄取因法与果法。〔外在因为彼此同属外在,只作一般的合并周遍摄取。〕此后,有时内在、有时外在,交替以同样方式摄取。能够这样摄取,便已适合转入观禅。
ဖားအောက်တောရဆရာတော်
帕奥禅师
စိတ္တလတောင်ကျောင်း
吉达罗山寺
ဖားအောက်တောရ
帕奥林