受蕴论章

《趣向涅槃之道》中文全译本 · 非缩略版

特相等四法篇 · 原书第 209–220 页 · 97 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 209 页
ဝေဒနာက္ခန္ဓကထာ အခန်း
受蕴论章
၁။ သုခဝေဒနာ
一、乐受
၁။ ဣဋ္ဌဖောဋ္ဌဗ္ဗာနုဘဝနလက္ခဏံ သုခံ၊ ၂။ သမ္ပယုတ္တာနံ ဥပဗြူဟနရသံ၊ ၃။ ကာယိကအဿာဒပစ္စုပဋ္ဌာနံ၊ ၄။ ကာယိန္ဒြိယပဒဋ္ဌာနံ။ (ဝိသုဒ္ဓိ-၂-၉၁။) ၁။ ဣဋ္ဌ ဖောဋ္ဌဗ္ဗာရုံ၏ အရသာကို ခံစားခြင်းသဘော လက္ခဏ၊ ၂။ သမ္ပယုတ်တရားတို့ကို လွန်စွာ တိုးပွားစေခြင်း (ကိစ္စ) ရသ၊ ၃။ ကိုယ်၌ဖြစ်သော သာယာအပ်သော (= သာယာဖွယ်) သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ ကာယိန္ဒြေ = ကိုယ်အကြည်ဓာတ် ပဒဋ္ဌာန်။
乐受的四法如下:一、以体验可意触所缘之味为特相;二、以令诸相应法极为增盛为作用;三、以身体上的可爱乐性为现起;四、以身根——即身净色——为近因。(《清净之道》2-91。)
ကုသလဝိပါကေန ကာယဝိညာဏေန သမ္ပယုတ္တံ သုခံ။ (ဝိသုဒ္ဓိ-၂-၉၁။) ဣဋ္ဌဖောဋ္ဌဗ္ဗာရုံ ဣဋ္ဌမဇ္ဈတ္တဖောဋ္ဌဗ္ဗာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော ကုသလဝိပါက် ကာယဝိညာဏ်နှင့် ယှဥ်သော သုခဝေဒနာတည်း။ ယင်းသုခသဟဂုတ် ကာယဝိညာဏ်၌ စိတ်စေတသိက် သမ္ပယုတ်တရား (၈)လုံးရှိရာ ယင်းတို့မှ သုခဝေဒနာကို ရွေးထုတ်၍ ရှုပါ။
“与善果报身识相应的是乐受。”(《清净之道》2-91。)这是缘取可意触所缘或中等可意触所缘而生起、与善果报身识相应的乐受。该乐俱身识中,心与心所等相应法共有八种;应从中选出乐受加以观照。
လက္ခဏ --- ပရမတ္ထဓမ္မတို့၏ ကိုယ်ပိုင် သဘာဝလက္ခဏာမည်သည် အခြားအခြားသော တရားတို့နှင့် မဆက်ဆံသော သဘာဝတရားသာ ဖြစ်၏။ အနုဘဝန = အာရုံ၏ အရသာကို ခံစားခြင်းဟူသည်မှာလည်း ဝေဒနာအားလုံးတို့နှင့် ဆက်ဆံသော သာဓာရဏလက္ခဏာ ဖြစ်၏။ ထိုကြောင့် ထို သုခဝေဒနာ၏ ကိုယ်ပိုင် သဘာဝလက္ခဏာကို သီးသန့် ကိန်းသေမြဲသော ဣဋ္ဌဖောဋ္ဌဗ္ဗာရုံဖြင့် သတ်မှတ်ပြလို၍ --- ဣဋ္ဌဖောဋ္ဌဗ္ဗာနုဘဝန လက္ခဏံ သုခံ - ဟု အဋ္ဌကထာဆရာတော်က ဖွင့်ဆိုတော်မူခြင်း ဖြစ်၏။ ထို ဣဋ္ဌဖောဋ္ဌဗ္ဗာရုံ၏ အရသာကို ခံစားခြင်း = ဣဋ္ဌဖောဋ္ဌဗ္ဗာနုဘဝနလက္ခဏာကား သုခဝေဒနာ၏လက္ခဏာ ဟုတ်မှဟုတ်ပါလေစဟု လျင်းပါးဖွယ်ရာ အနေကန်သဘော မရှိသောကြောင့် ဖြစ်သည်။ (မဟာဋီ-၂-၁၃၇။) ဥပဗြူဟနရသ --- စေတသိကသုခ၌လည်း သမ္ပယုတ်တရားတို့ကို လွန်စွာ တိုးပွားစေခြင်း ကိစ္စရသမှာ အကယ်၍ကား ရနိုင်ပေ၏။ သို့သော် ထိုစေတသိကသုခ၌ ရအပ်သော သမ္ပယုတ်တရားတို့ကို တိုးပွားစေမှုသည်
特相——究竟法各自的自性特相,是不与其他诸法共通的自性;所谓体验——即体验所缘之味——则是一切受共同具有的共相。因此,为了以确定而专属的可意触所缘标明乐受自身的自性特相,义注师解释说:“乐受以体验可意触所缘为特相。”因为对于体验可意触所缘究竟是不是乐受的特相,并没有任何可疑的不确定性。(《大复注》2-137。)增盛作用——在心所之乐中,也可以说有令诸相应法极为增盛的作用;然而,心所之乐所以能够令诸相应法增盛,是——
ကြံဆခြင်း သဘောရှိသည်ဖြစ်၍ စေတောဘိသင်္ခါရခေါ် စိတ်ကို ပြုပြင်ပေးရခြင်း စွမ်းအင်ကြောင့်သာ ဖြစ်နိုင်၏။
——因为它带有思量,只有凭借称为 ceto-abhisaṅkhāra 的心之增上造作力才可能做到。
ဤကာယိကသုခ၌ ရအပ်သော သမ္ပယုတ်တရားတို့ကို တိုးပွားစေခြင်းသည်ကား ကြံဆခြင်းကင်းသည်ဖြစ်၍ သဘာဝအတိုင်း ပြီးစီးသောကြောင့် ထိုစေတသိကသုခ၌ ရအပ်သော သမ္ပယုတ်တရားတို့ကို တိုးပွားစေခြင်းထက် အလွန်အကဲနှင့်တကွ ဖြစ်၏။ ထိုကြောင့် သမ္ပယုတ္တာနံ ဥပဗြူဟနရသံ = သမ္ပယုတ်တရားတို့ကို လွန်စွာတိုးပွား စေခြင်း ကိစ္စရသရှိ၏ဟု အဋ္ဌကထာဆရာတော်က ဖွင့်ဆိုတော်မူခြင်း ဖြစ်သည်။ (မဟာဋီ-၂-၁၃၇။) ပစ္စုပဋ္ဌာန် --- သုခဝေဒနာကား သာယာအပ်သောကြောင့် အဿာဒ မည်ပေသည်။ ထိုကြောင့် ဘုရားရှင် က ဤသို့ ဟောကြားထားတော်မူ၏ --- ယံ ဘိက္ခဝေ ပဉ္စုပါဒါနက္ခန္ဓေ ပဋိစ္စ ဥပ္ပဇ္ဇတိ သုခံ သောမနဿံ၊ အယံ ဝုစ္စတိ ဘိက္ခဝေ ပဉ္စုပါဒါနက္ခန္ဓေသု အဿာဒေါ။ (သံ-၂-၂၃-၂၄။)
身乐令诸相应法增盛时,则不经思量、自然完成,所以比心所之乐令诸相应法增盛更为强烈。因此,义注师解释说:“以令诸相应法极为增盛为作用。”(《大复注》2-137。)现起——乐受本身可爱乐,因而称为“味”。所以世尊如此开示。巴利原文(缅文转写):“ယံ ဘိက္ခဝေ ပဉ္စုပါဒါနက္ခန္ဓေ ပဋိစ္စ ဥပ္ပဇ္ဇတိ သုခံ သောမနဿံ၊ အယံ ဝုစ္စတိ ဘိက္ခဝေ ပဉ္စုပါဒါနက္ခန္ဓေသု အဿာဒေါ။”(《相应部》2-23—24。)
原书第 210 页
ရဟန်းတို့ …ဥပါဒါနက္ခန္ဓာ (၅)ပါးတို့ကို အစွဲပြု၍ အကြင် ချမ်းသာမှု ဝမ်းမြောက်မှု သုခ သောမနဿ ဝေဒနာသည် ဖြစ်လာ၏၊ ရဟန်းတို့ …ဤ သုခ သောမနဿဝေဒနာကို ဥပါဒါနက္ခန္ဓာ (၅)ပါးတို့၌ အဿာဒ = သာယာဖွယ် သဘောတရားဟူ၍ ဆိုအပ်၏။ (သံ-၂-၂၃-၂၄။) ထိုသုခဝေဒနာကား ကိုယ်အကြည်ဓာတ်၌ မှီ၍ဖြစ်သောကြောင့် ကာယိကလည်း အမည်ရ၏၊ သာယာဖွယ် သဘောတရားဖြစ်သောကြောင့် အဿာဒလည်း အမည်ရ၏။ ထိုသုခဝေဒနာကို ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်၌ ကာယအကြည်ဓာတ်ကို မှီ၍ဖြစ်သော သာယာဖွယ် သဘောတရားဟု ရှေးရှူ ထင်လာပေသည်။
“诸比丘,缘于五取蕴而生起的任何快乐、欢悦,即乐受与悦受,诸比丘,这种乐受与悦受,在五取蕴中称为‘味’,即可爱乐之法。”(《相应部》2-23—24。)这种乐受依身净色而生,所以也称为身体之乐;它是可爱乐之法,所以也称为“味”。观照乐受的瑜伽行者,其智中会显现:这是依身净色而生的可爱乐之法。
(မဟာဋီ-၂-၁၃၇-၁၃၈။)
(《大复注》2-137—138。)
ပဒဋ္ဌာန် --- သုခဝေဒနာကား ကာယိန္ဒြေ အမည်ရသော ကာယပသာဒ = ကိုယ်အကြည်ဓာတ် = ကာယ ဝတ္ထုရုပ်ကိုသာ မှီ၍ ဖြစ်၏၊ အခြားသော ဝတ္ထုရုပ်ကို မှီ၍ မဖြစ်၊ ထိုကြောင့် ကာယိန္ဒြေ = ကိုယ်အကြည်ဓာတ်သည် သုခဝေဒနာ၏ အနီးကပ်ဆုံးသော အကြောင်းတရား ပဒဋ္ဌာန် ဖြစ်ရပေသည်။ (မဟာဋီ-၂-၁၃၈။)
近因——乐受只依止称为身根的身净色——即身依处色——而生,不依止其他依处色。因此,身根——即身净色——是乐受最为切近的原因、近因。(《大复注》2-138。)
၂။ ဒုက္ခဝေဒနာ
二、苦受
၁။ အနိဋ္ဌဖောဋ္ဌဗ္ဗာနုဘဝနလက္ခဏံ ဒုက္ခံ၊ ၂။ သမ္ပယုတ္တာနံ မိလာပနရသံ၊ ၃။ ကာယိကာဗာဓပစ္စုပဋ္ဌာနံ၊ ၄။ ကာယိန္ဒြိယပဒဋ္ဌာနံ။ (ဝိသုဒ္ဓိ-၂-၉၁။) ၁။ အနိဋ္ဌဖောဋ္ဌဗ္ဗာရုံ၏ အရသာကို ခံစားခြင်းသဘော လက္ခဏ၊ ၂။ သမ္ပယုတ်တရားတို့ကို ညှိုးကြုံစေခြင်း (ကိစ္စ) ရသ၊ ၃။ ကိုယ်၌ဖြစ်သော နှိပ်စက်တတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ ကာယိန္ဒြေ = ကိုယ်အကြည်ဓာတ် ပဒဋ္ဌာန်။
苦受的四法如下:一、以体验不可意触所缘之味为特相;二、以令诸相应法衰萎为作用;三、以身体上的逼恼性为现起;四、以身根——即身净色——为近因。(《清净之道》2-91。)
အနက်အဓိပ္ပါယ်များကို အထက်ပါ သုခဝေဒနာကို အစဥ်မှီး၍ သိရှိပါလေ။ ဤ ဒုက္ခဝေဒနာကား ဒုက္ခ- သဟဂုတ် ကာယဝိညာဏ်နှင့် ယှဥ်သော ဝေဒနာဖြစ်ရကား အနိဋ္ဌဖောဋ္ဌဗ္ဗာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဒုက္ခသဟဂုတ် ကာယဝိညာဏ်နာမ်တရားစု (၈)လုံးမှ ဒုက္ခဝေဒနာကို ရွေးထုတ်၍ ရှုပါ။
各项含义应仿照上文乐受的解释来理解。苦受与苦俱身识相应;应从缘取不可意触所缘而生起的苦俱身识八种名法中,选出苦受加以观照。
၃။ သောမနဿဝေဒနာ
三、悦受
၁။ ဣဋ္ဌာရမ္မဏာနုဘဝနလက္ခဏံ သောမနဿံ၊ ၂။ ယထာ တထာ ဝါ ဣဋ္ဌာကာရသမ္ဘောဂရသံ၊ ၃။ စေတသိကအဿာဒပစ္စုပဋ္ဌာနံ၊ ၄။ ပဿဒ္ဓိပဒဋ္ဌာနံ။ (ဝိသုဒ္ဓိ-၂-၉၁။) ၁။ သဘာဝ + ပရိကပ္ပဖြစ်သော ဣဋ္ဌာရုံကို ခံစားခြင်းသဘော လက္ခဏ၊ ၂။ သဘာဝအားဖြင့်ဖြစ်စေ ပရိကပ္ပအားဖြင့်ဖြစ်စေ အာရုံကို ဣဋ္ဌ အခြင်းအရာအားဖြင့် သုံးဆောင် ခံစားခြင်း (ကိစ္စ) ရသ၊ ၃။ စိတ်၌မှီသော သာယာဖွယ် သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ ပဿဒ္ဓိ = စိတ် + စေတသိက်တို့၏ ငြိမ်းအေးခြင်း ပဒဋ္ဌာန်။
悦受的四法如下:一、以体验自然或由构想而成的可意所缘为特相;二、以自然或由构想的方式,按可意之相受用、体验所缘为作用;三、以依于心的可爱乐性为现起;四、以轻安——即心与心所的寂静——为近因。(《清净之道》2-91。)
原书第 211 页
လက္ခဏာဒိစတုက္ကပိုင်း -- ဝိညာဏက္ခန္ဓကထာ အခန်း ဝေဒနာက္ခန္ဓကထာ အခန်း လက္ခဏ --- သဘာဝဣဋ္ဌာရုံ = ပင်ကိုယ်သဘာဝအတိုင်း အလိုရှိအပ်သော ဣဋ္ဌာရုံသည် သဘာဝဣဋ္ဌာရုံ မည်၏။ အာရုံတစ်ခုသည် ပင်ကိုယ်သဘာဝအတိုင်း အနိဋ္ဌာရုံဖြစ်သော်လည်း ထိုအနိဋ္ဌ အာရုံကိုပင် ဣဋ္ဌဖြစ်အောင် ကြံစည်ပြုပြင်၍ ယူခဲ့သော် ထိုကြံစည်ပြုပြင်မှ ဣဋ္ဌဖြစ်လာရသော အာရုံသည် ပရိကပ္ပဣဋ္ဌာရုံ မည်၏။ (ဥပမာ ငါးပိကား သဘာဝအနိဋ္ဌာရုံတည်း။ ထိုငါးပိကို ဣဋ္ဌဖြစ်အောင် ကြံစည်ပြုပြင်၍ ထမင်းပွဲအတွင်းသို့ ချလိုက် သောအခါ ဣဋ္ဌာရုံ တစ်ခု ဖြစ်လာရပေသည်၊ ပရိကပ္ပဣဋ္ဌာရုံတည်း။) သောမနဿဝေဒနာကား သဘာဝဣဋ္ဌာရုံ ကိုလည်း ခံစား၏၊ ပရိကပ္ပဣဋ္ဌာရုံကိုလည်း ခံစား၏။ ထိုသို့ သဘာဝအားဖြင့် ဣဋ္ဌာရုံကို ခံစားခြင်း၊ ပရိကပ္ပ အားဖြင့် ဣဋ္ဌာရုံကို ခံစားခြင်းသည် သောမနဿဝေဒနာ၏ သဘာဝလက္ခဏာပင်တည်း။ (မဟာဋီ-၂-၁၃၈။)
特相——所谓自然可意所缘,是依其自身本性原本即可欲求的可意所缘。一个所缘虽然本性为不可意,但若经构想、调制而变得可意,这种由于构想、调制才成为可意的所缘,称为构想可意所缘。例如,鱼酱本来自然是不可意所缘;把它加工调制得可意、摆上饭桌时,它就成了一个可意所缘,即构想可意所缘。悦受既体验自然可意所缘,也体验构想可意所缘。因此,体验自然可意所缘和由构想而成的可意所缘,正是悦受的自性特相。(《大复注》2-138。)
ရသ --- သဘာဝဣဋ္ဌာရုံကို ဣဋ္ဌအခြင်းအရာအားဖြင့် သုံးဆောင်ခံစားလျှင် ဟုတ်မှန်သည့်အတိုင်း အာရုံကို သုံးဆောင်ခံစားခြင်း မည်၏။ ပရိကပ္ပဣဋ္ဌာရုံကို ဣဋ္ဌအခြင်းအရာအားဖြင့် သုံးဆောင်ခံစားလျှင် မဟုတ်မမှန်သော အားဖြင့် အာရုံကို ဣဋ္ဌအခြင်းအရာအားဖြင့် သုံးဆောင်ခံစားခြင်း မည်၏။ သောမနဿဝေဒနာကား သဘာဝ ဣဋ္ဌာရုံ ဟုတ်သည်ပင်ဖြစ်စေ၊ သဘာဝဣဋ္ဌာရုံ မဟုတ်သည်ပင်ဖြစ်စေ အာရုံကို ဣဋ္ဌအခြင်းအရာအားဖြင့်သာ သုံးဆောင်ခံစားခြင်း ကိစ္စရသ ရှိပေသည်။ အာရုံကို အဖန်ဖန် အထပ်ထပ် အစဥ်တစိုက် ခံစားခြင်းဟု ဆိုလိုသည်။
作用——若以可意之相受用、体验自然可意所缘,称为如实地受用、体验所缘;若以可意之相受用、体验构想可意所缘,称为不如实地按可意之相受用、体验所缘。不论对象本来自然可意与否,悦受总是只以可意之相受用、体验它;这就是悦受的作用。意指它一再、接连不断地体验所缘。
(မဟာဋီ-၂-၁၃၈။)
(《大复注》2-138。)
ပဒဋ္ဌာန် --- ပဿဒ္ဓကာယော သုခံ ဝေဒယတိ။ (သံ-၃-၁၃၅။) = ငြိမ်းအေးသော ကာယရှိသူသည် ချမ်း- ချမ်းသာသာ ခံစားရ၏ - ဟု ဘုရားရှင် ဟောတော်မူသောကြောင့် ထိုသုတ်ပုဒ်ကို မှီ၍ ပဿဒ္ဓိသည် သောမန- ဿဝေဒနာ၏ အနီးစပ်ဆုံး အကြောင်းပဒဋ္ဌာန်ဟု အဋ္ဌကထာဆရာတော်က ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်၏။
近因——“身轻安者,感受乐。”(《相应部》3-135。)佛陀既作此说,义注师便依这句经文解释:轻安是悦受最为切近的原因、近因。
သို့သော် ထို ပဿဒ္ဓိပဒဋ္ဌာနံ ဟူသောစကားကို ကာမဂုဏ်နှင့် မစပ်သော နိရာမိသသောမနဿဝေဒနာ၏ အစွမ်းဖြင့်သာ ဖွင့်ဆိုခြင်းဖြစ်သည်ဟု သိရှိပါလေ။ (မဟာဋီ-၂-၁၃၈။) ဤ သောမနဿဝေဒနာ၏ လက္ခဏ-ရသ စသည်ကို အဋ္ဌသာလိနီအဋ္ဌကထာ၌လည်း အောက်ပါအတိုင်း တင်ပြထား၏။
但应知,“以轻安为近因”一语,只是针对不与五欲功德相涉的无爱染悦受而作的解释。(《大复注》2-138。)《殊胜义注》中也以下列方式列举悦受的特相、作用等。
ဝေဒယတီတိ ဝေဒနာ၊ ၁။ သာ ဝေဒယိတ လက္ခဏာ၊ ၂။ (က) အနုဘဝနရသာ၊ ( ခ ) ဣဋ္ဌာကာရသမ္ဘောဂရသာ ဝါ၊ ၃။ စေတသိကအဿာဒ ပစ္စုပဋ္ဌာနာ၊ ၄။ ပဿဒ္ဓိပဒဋ္ဌာနာ။ (အဘိ-ဋ္ဌ-၁-၁၅၂။) အာရုံ၏ အရသာကို ခံစားတတ်သော သဘောတရားသည် ဝေဒနာ မည်၏။
“由于体验,故名为受。”一、以体验为特相;二、(甲)以体验为作用,或(乙)以可意之相受用所缘为作用;三、以依于心的可爱乐性为现起;四、以轻安为近因。(《殊胜义注》1-152。)能体验所缘之味的法,称为受。
၁။ အာရုံကို = အာရုံ၏ အရသာကို ခံစားခြင်းသဘော လက္ခဏ၊ ၂။ (က) အာရုံကို (= အာရုံ၏ အရသာကို ) ခံစားခြင်း (ကိစ္စ) ရသ၊ ( ခ ) တစ်နည်း --- အာရုံ၏ ဣဋ္ဌအခြင်းအရာကို သုံးဆောင်ခြင်း (ကိစ္စ) ရသ၊ ၃။ စိတ်၌မှီသော သာယာတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ ပဿဒ္ဓိ = စိတ် + စေတသိက်တို့၏ ငြိမ်းအေးခြင်း ပဒဋ္ဌာန်။
四项依次为:一、以体验所缘——即体验所缘之味——为特相;二、(甲)以体验所缘——即体验所缘之味——为作用;(乙)另一种说法:以受用所缘的可意之相为作用;三、以依于心的可爱乐性为现起;四、以轻安——即心与心所的寂静——为近因。
原书第 212 页
အနုဘဝနရသ --- ဝေဒယိတ --- အနုဘဝန --- ဤစေတသိက်၌ လက္ခဏနှင့် ရသသည် သဘောတူ၏။
体验作用——vedayita(体验)与 anubhavana(体验):在受心所中,特相与作用意义相同。
အာရုံကို ခံစားမှုသည် ထိုဝေဒနာတရား၏ အမှတ်အသား လက္ခဏလည်း ဖြစ်၏၊ အလုပ်ကိစ္စ ရသလည်း ဖြစ်၏။
体验所缘既是该受法的标志、特相,也是它所执行的工作、作用。
ကာမ ရူပ အရူပ လောကုတ္တရာဟူသော ဘုံလေးပါး အတွင်း၌ဖြစ်သော ဝေဒနာမှန်သမျှသည် အာရုံ၏ အရသာကို ခံစားတတ်သည်၏အဖြစ်ဟူသော ဝေဒယိတလက္ခဏာ မရှိသည်မည်သည် မရှိပေ။ အနုဘဝနရသ၏ အဖြစ်ကိုကား သုခဝေဒနာ၌သာလျှင် ရအပ်၏ဟု ဆို၍ တစ်ဖန် ထိုဝါဒကို ပယ်ပြီးလျှင် သုခဝေဒနာသည်မူလည်း ဖြစ်စေ၊ ဒုက္ခဝေဒနာသည်မူလည်းဖြစ်စေ၊ အဒုက္ခမသုခဝေဒနာသည်မူလည်းဖြစ်စေ အလုံးစုံသော ဝေဒနာ ဟူသမျှသည် အနုဘဝနရသ = အာရုံ၏ အရသာကို ခံစားခြင်း ကိစ္စရသ ရှိ၏ဟု ဆိုပြီး၍ ဤအနက်ကို ပြအပ်၏။
欲界、色界、无色界、出世间四地中生起的一切受,无一不具有以体验所缘之味为特相的体验特相。又有人主张,体验作用只见于乐受;这里再次排斥此说,指出无论是乐受、苦受,还是不苦不乐受,一切受皆具有体验作用,即以体验所缘之味为其作用。
အာရုံ၏ အရသာကို ခံစားရာဌာနသို့ ရောက်လတ်သော် ဝေဒနာမှကြွင်းသော သမ္ပယုတ်တရားတို့သည် အာရုံ၏ အရသာကို တစ်စိတ်တစ်ဒေသမျှသာ ခံစားနိုင်ကြကုန်၏။ ဖဿသည် အာရုံကို တွေ့ထိရုံမျှသာ တွေ့ထိ နိုင်၏၊ သညာသည် အာရုံကို အမှတ်ပြု၍ သိရုံမျှသာ သိနိုင်၏၊ စေတနာသည် သမ္ပယုတ်တရားတို့ကို အာရုံပေါ်သို့ ရောက်အောင် စေ့ဆော်ရုံမျှသာ စေ့ဆော်နိုင်၏၊ ဝိညာဏ်သည် အာရုံကို သိရုံမျှ ရယူရုံမျှသာ ရယူနိုင်၏။ ထိုသို့ ဖဿ၏ အာရုံကို တွေ့ထိရုံမျှ ၊ သညာ၏ အာရုံကို အမှတ်ပြု၍ သိရုံမျှ ၊ စေတနာ၏ သမ္ပယုတ်တရားတို့ကို အာရုံပေါ်သို့ ရောက်အောင် စေ့ဆော်ရုံမျှ ၊ ဝိညာဏ်၏ အာရုံကို ရယူရုံမျှ သဘောသည် အာရုံ၏ အရသာကို တစ်စိတ်တစ်ဒေသမျှသာ ခံစားခြင်း ဖြစ်၏။ စင်စစ်မှာမူကား အာရုံ၏ အရသာကို အစိုးတရ ထိုက်ထိုက်တန်တန် စွမ်းစွမ်းတမံ ပိုင်ပိုင်နိုင်နိုင် အရှင်သခင်အဖြစ်ဖြင့် ဝေဒနာကသာလျှင် ခံစားနိုင်ပေသည်။ ထိုကြောင့် အနုဘဝန-
谈到体验所缘之味时,除受以外的其他相应法都只能体验其中一小部分:触只能碰到所缘;想只能给所缘作标记而认知;思只能策励诸相应法趋向所缘;识只能识知、取得所缘。触只是碰到所缘,想只是给所缘作标记而认知,思只是策励诸相应法趋向所缘,识只是取得所缘;这些都只是体验所缘之味的一小部分。其实,唯有受能作为主人,拥有支配权,充分、胜任、尽力、完全地体验所缘之味。因此称为“体验——
ရသာဟု ဆိုသည်။ (ဤနည်း၌ --- လက္ခဏာမှာလည်း အာရုံ၏ အရသာကို ခံစားခြင်း ၊ ရသမှာလည်း အာရုံ၏ အရသာကို ခံစားခြင်းပင်ဖြစ်၍ လက္ခဏနှင့်ရသ တူပေသည်။) (အဘိ-ဋ္ဌ-၁-၁၅၃။)
——作用”。〔在这一解释中,特相是体验所缘之味,作用也是体验所缘之味,所以特相与作用相同。〕(《殊胜义注》1-153。)
ဥပမာဆောင်၍ ပြခြင်း
举例说明
ဝေဒနာသည် ရှင်ဘုရင်နှင့် တူ၏၊ ဝေဒနာမှကြွင်းသော သမ္ပယုတ်တရားတို့သည် စားဖိုသည်နှင့် တူ၏။
受如国王;除受以外的诸相应法如御厨。
စားဖိုသည်သည် အမျိုးမျိုးသော အရသာရှိသော ဘောဇဥ်ကို ချက်ပြုတ်စီမံပြီးသောအခါ ပွဲတော်အုပ်၌ ထည့်ပြီး လျှင် တံဆိပ်ခတ်နှိပ်လိုက်၏။ (ပိတ်ထားသောအဖုံးကို အခြားလူတစ်ယောက်ယောက်က ဖွင့်၍ အဆိပ်ခတ်- လိုက်မည်စိုးသောကြောင့် ထိုသို့ မဖွင့်နိုင်အောင် တံဆိပ်နှိပ်လိုက်သည်။) ယင်း တံဆိပ်နှိပ်ပြီးသော ပွဲတော်အုပ်ကို ဘုရင်မင်းမြတ်၏ အနီး၌ ချထား၍ တံဆိပ်ကို ဖျက်လိုက်၏၊ ပွဲတော်အုပ်ကို ဖွင့်လိုက်၏၊ အလုံးစုံသော ဟင်းလျာ ဟူသမျှတို့မှ အဦးအဖျား အဦးအဖျားကို ယူ၍ ခွက်တစ်ခု၌ စုပေါင်းထည့်လိုက်၍ အဆိပ်စသော အပြစ်ဒေါသ ရှိ-မရှိကို စုံစမ်းခြင်းအကျိုးငှာ စား၍ ပြရ၏။ ထိုမှနောက်၌ ဘုရင်မင်းမြတ်အား အမျိုးမျိုးသော ကောင်းမြတ် သော အရသာ ရှိသော ဘောဇဥ်ကို ဆက်သရ၏။ ဘုရင်မင်းမြတ်သည် အစိုးတရ ထိုက်ထိုက်တန်တန် စွမ်းစွမ်း တမံ ပိုင်ပိုင်နိုင်နိုင် အရှင်သခင်အဖြစ်ဖြင့် အလိုရှိရာ အလိုရှိရာ ဘောဇဥ်ကို ပွဲတော်အုပ် တည်တော်မူ၏။
御厨烹调、备办好各种滋味的膳食以后,把它们放入御膳盒中,加盖封印。〔这是担心有人打开盒盖下毒,所以封印起来,使别人不能开启。〕他把封好的御膳盒放在国王近旁,拆去封印,打开盒盖;再从每一道菜肴中各取少许,合放在一个碗里,亲自尝食,以检查是否有毒等过失。然后,他把具有种种上妙滋味的膳食呈献国王。国王以君主、主人之身,拥有支配权,充分、胜任、尽力而完全地随己所欲享用御膳盒中想吃的各种膳食。
ထိုဥပမာ စကားရပ်၌ စားဖိုသည်၏ ထမင်းဟင်းလျာကို အဆိပ်ရှိ-မရှိ အပြစ်ရှိ-မရှိ စုံစမ်းရခြင်းမျှကဲ့သို့ ဝေဒနာမှကြွင်းသော သမ္ပယုတ်တရားတို့၏ အာရုံ၏ အရသာကို တစ်စိတ်တစ်ဒေသမျှလောက်ကိုသာ ခံစားနိုင် ခြင်းသည် ဖြစ်ပေါ်လာ၏။ မှန်ပေသည် --- စားဖိုသည်သည် ပွဲတော်အုပ်အတွက် တည်ထားအပ်သော ထမင်း ဟင်းလျာ၏ တစ်စိတ်တစ်ဒေသမျှကိုသာ စုံစမ်းရသကဲ့သို့ ဤဥပမာအတူ ဝေဒနာမှကြွင်းသော တရားတို့သည်- လည်း အာရုံ၏ အရသာ၏ တစ်စိတ်တစ်ဒေသမျှလောက်ကိုသာလျှင် ခံစားကြရကုန်၏။ ဘုရင်မင်းမြတ်သည်ကား အစိုးတရ ထိုက်ထိုက်တန်တန် စွမ်းစွမ်းတမံ ပိုင်ပိုင်နိုင်နိုင် အရှင်သခင်အဖြစ်ဖြင့် အလိုရှိတိုင်း ပွဲတော်တည်နိုင်
在这则譬喻中,御厨只为检查饭菜是否有毒、是否有过失而尝食少许;与此相同,除受以外的诸相应法只能体验所缘之味的一小部分。确实,御厨只检验为御膳备好的饭菜中的一小部分;同样,除受以外的诸法也只能体验所缘之味的一小部分。国王则以君主、主人之身,拥有支配权,充分、胜任、尽力而完全地随己所欲享用御膳——
原书第 213 页
လက္ခဏာဒိစတုက္ကပိုင်း -- ဝိညာဏက္ခန္ဓကထာ အခန်း ဝေဒနာက္ခန္ဓကထာ အခန်း သကဲ့သို့ ဤအတူ ဝေဒနာသည်လည်း အစိုးတရ ထိုက်ထိုက်တန်တန် စွမ်းစွမ်းတမံ ပိုင်ပိုင်နိုင်နိုင် အရှင်သခင် အဖြစ်ဖြင့် အာရုံ၏အရသာကို ခံစားနိုင်၏။ ထိုကြောင့် - အနုဘဝန ရသာ - ဟူ၍ဆို၏။(အဘိ-ဋ္ဌ-၁-၁၅၃။)
——正如国王能够任意享用御膳,受也以主人身份,拥有支配权,充分、胜任、尽力而完全地体验所缘之味。因此称为“体验作用”。(《殊胜义注》1-153。)
တစ်နည်း ဖွင့်ဆိုပုံ
另一种解释
အပ္ပနာစျာန်သို့ မဆိုက်သေးသော ခဏိကသမာဓိ = ပရိကမ္မသမာဓိ ၊ ဥပစာရသမာဓိတို့နှင့် ယှဥ်သော သုခ = သောမနဿဝေဒနာ ၊ ဝိပဿနာဉာဏ်နှင့် ယှဥ်သော သောမနဿဝေဒနာ --- ဤဝေဒနာတို့ကို အထူး ရည်ညွှန်း၍ တစ်နည်း လက္ခဏ-ရသ စသည့် ရှုကွက်ကို ဤသို့ ဖွင့်ဆိုထား၏ --- ၁။ သာတလက္ခဏ သုခံ (= သောမနဿံ)၊ ၂။ သမ္ပယုတ္တာနံ ဥပဗြူဟနရသံ၊ ၃။ အနုဂ္ဂဟဏပစ္စုပဋ္ဌာနံ၊ ၄။ ပဿဒ္ဓိပဒဋ္ဌာနံ။ (အဘိ-ဋ္ဌ-၁-၁၆ဝ။) ၁။ မိမိကိန်းရာ သတ္တဝါနှင့် သမ္ပယုတ္တဓမ္မတို့ကို အာရုံ၌ သာယာစေတတ်သော သဘောတရား - လက္ခဏ၊ ၂။ သမ္ပယုတ်တရားတို့ကို လွန်စွာတိုးပွားစေခြင်း (ကိစ္စ) ရသ၊ ၃။ သမ္ပယုတ်တရားတို့ကို ချီးမြှောက်ခြင်း သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ ပဿဒ္ဓိ = စိတ် + စေတသိက်တို့၏ ငြိမ်းအေးခြင်း ပဿဒ္ဓိ ပဒဋ္ဌာန်။
尚未达到安止禅的刹那定——即遍作定、近行定——相应的乐,也就是悦受,以及与观智相应的悦受;这里特别针对这些受,以另一种方式说明其特相等四法:一、以令其所依的有情与诸相应法对所缘感到愉悦为特相;二、以令诸相应法极为增盛为作用;三、以扶助、提升诸相应法为现起;四、以轻安——即心与心所的寂静——为近因。(《殊胜义注》1-160。)
သုခယတီတိ သုခံ၊ ယဿ ဥပ္ပဇ္ဇတိ၊ တံ သုခိတံ ကရောတီတိ အတ္ထော။ သုဋ္ဌု ဝါ ခါဒတိ၊ ခနတိ စ ကာယစိတ္တာဗာဓန္တိ သုခံ၊ သောမနဿဝေဒနာယေတံ နာမံ။ (အဘိ-ဋ္ဌ-၁-၁၆ဝ။) ချမ်းသာစေတတ်သော သဘောတရားသည် သုခ မည်၏၊ ဤသုခသည် သတ္တဝါတို့၏ သန္တာန်၌ ဖြစ်ခဲ့သော် ထိုသတ္တဝါကို ချမ်းသာအောင် ပြုလုပ်ပေးတတ်၏ဟု ဆိုလို၏။ တစ်နည်းအားဖြင့် ကာယအာဗာဓ၊ စိတ္တအာဗာဓ ဟူသော ကိုယ်နာ စိတ်နာ နှစ်ဖြာသော ဒုက္ခဝေဒနာကို လွန်စွာခဲစားတတ်၊ တူးလည်း တူးဖြိုတတ်သောကြောင့် သုခ မည်ပေသည်။ ဤ၌ သုခဟူသည် သောမနဿဝေဒနာ၏ အမည် ဖြစ်သည်။ (အဘိ-ဋ္ဌ-၁-၁၆ဝ။) ဤအထက်ပါ သောမနဿဝေဒနာ၏ လက္ခဏ-ရသ စသည်တို့မှာ ကာမာဝစရ မဟာကုသိုလ် သောမနဿ ဝေဒနာ၏ လက္ခဏ-ရသ စသည်တို့ ဖြစ်ကြသည်။ ဤသောမနဿဝေဒနာကို စျာနင်္ဂရာသိပိုင်းတွင် အဋ္ဌကထာက အထက်ပါအတိုင်း ဖွင့်ဆိုထား၏။ ထိုကြောင့် ဥပစာရသမာဓိနယ်မြေ အတွင်း၌ ဖြစ်ပေါ်နေကြသော ဥပစာရ
《殊胜义注》说:“能使安乐,故名为乐;它在谁身上生起,就使谁安乐。另一释,因为它善能吞食、掘除身与心之恼,故名为乐;这是悦受的名称。”(《殊胜义注》1-160。)换言之,能使安乐的法称为乐;乐在有情相续中生起时,能使该有情安乐。另一义,乐能充分吞食、掘除身体痛苦与心灵痛苦这两类苦受,故名为乐。这里所谓“乐”,是悦受的名称。(《殊胜义注》1-160。)上述悦受的特相等四法,是欲界大善悦受的四法;《殊胜义注》在禅支聚一节依上法解释了这种悦受。因此,应知这里特别指在近行定范围内生起、与近行——
စျာန်ဇောနှင့် ယှဥ်သော သောမနဿဝေဒနာ ၊ ဝိပဿနာပိုင်းတွင် ဝိပဿနာဇောနှင့် ယှဥ်သော သောမနဿ ဝေဒနာတို့ကို အထူးရည်ညွှန်းထားသည်ဟု မှတ်ပါ။ ရူပါဝစရကုသိုလ်၌လည်း စတုက္ကနည်းအရ ပထမစျာန် ဒုတိယစျာန် တတိယစျာန်တို့၌ သောမနဿဝေဒနာနှင့် ယှဥ်လျက် ရှိ၏။
——禅速行相应的悦受,以及在观禅方面与观速行相应的悦受。色界善方面,依四分法,悦受也与初禅、第二禅、第三禅相应。
အဋ္ဌသာလိနီအဋ္ဌကထာ (အဘိ-ဋ္ဌ-၁-၂၁၃။)၌ ''ကာမာဝစရ ပထမ မဟာကုသိုလ်စိတ်၌ ဟောကြားထား တော်မူအပ်ကုန်သော ဖဿ။ ပ ။ အဝိက္ခေပ - ဤ (၅၆)မျိုးသော တရားတို့ကို ဤ ရူပါဝစရပထမစျာန်၌ လည်း ဟောကြားထားတော်မူအပ်ကုန်၏။ ကာမာဝစရနှင့် မဟဂ္ဂုတ်ရူပါဝစရဟု ဘုံအားဖြင့်သာ ထူးခြားမှု ရှိ၏။
《殊胜义注》(1-213)说:“在欲界第一大善心中已经宣说的从触……至不散乱这五十六法,在这色界初禅中也已经宣说。二者只是在界地上有欲界与广大色界的差别。
ကြွင်းကျန်သော သဘောတရားများကို ကာမာဝစရ ပထမ မဟာကုသိုလ်စိတ်၌ ဖွင့်ဆိုအပ်ခဲ့သည့် အတိုင်း နည်းတူ မှတ်ပါ''ဟု မှာကြားထား၏။ ထိုကြောင့် ကာမာဝစရနာမ်တရားစုတို့၏ လက္ခဏ-ရသ စသည့် ရှုကွက်နှင့် ရူပါဝစရ နာမ်တရားစုတို့၏ လက္ခဏ-ရသ စသည့် ရှုကွက်တို့မှာ ယေဘုယျအားဖြင့် တူညီသည်ဟု မှတ်ပါ။
其余诸法,应如欲界第一大善心所作的解释一样理解。”因此,应知欲界名法聚与色界名法聚的特相等四法,一般而言相同。
အကယ်၍ ထူးခြားမှုရှိခဲ့လျှင် ထပ်၍ ဆိုမည်။
如有差别,将另行说明。
原书第 214 页
ထိုကြောင့် အထက်တွင် နောက်ဆုံးတင်ပြထားသော သောမနဿဝေဒနာ၏ လက္ခဏ-ရသ စသည်တို့မှာ ကာမာဝစရမဟာကုသိုလ်နှင့် ယှဥ်သော သောမနဿဝေဒနာ ၊ ရူပါဝစရကုသိုလ်နှင့် ယှဥ်သော သောမနဿ ဝေဒနာဟူသော သောမနဿဝေဒနာ နှစ်မျိုးလုံးနှင့် သက်ဆိုင်၏ဟု မှတ်ပါ။ အထူးသဖြင့် ဥပစာရသမာဓိနှင့် အပ္ပနာသမာဓိ နယ်မြေတို့၌ တည်ရှိသော ဥပစာရစျာန် အပ္ပနာစျာန်တို့နှင့် ယှဥ်သော ဝေဒနာတို့၏ ရှုကွက်တို့- တည်း။ ယင်း ဥပစာရစျာန် အပ္ပနာစျာန် အခိုက်တို့၌ ဝေဒနာမှာ ပီတိနှင့် ယေဘုယျအားဖြင့် ယှဥ်တွဲ ဖြစ်သဖြင့် ပီတိနှင့် သုခဝေဒနာတို့၏ အထူးကို အဋ္ဌကထာဆရာတော်က ဤသို့ ဆက်လက်၍ ရှင်းလင်းတင်ပြထားတော်မူ၏။
因此,应知上文最后列出的悦受特相等四法,同时适用于与欲界大善相应的悦受,以及与色界善相应的悦受。具体说来,它们是处在近行定与安止定范围内、与近行禅和安止禅相应之受的观法。在近行禅与安止禅的这些时刻,受一般与喜相应;因此,义注师继续如下说明喜与乐的差别。
ပီတိနှင့် သုခ
喜与乐
ထိုပီတိနှင့် သုခတို့၏ အချို့သော ပီတိယှဥ်ရာ စိတ်တို့၌ မကွေမကွာ ယှဥ်တွဲဖြစ်ခြင်းသည် ထင်ရှားရှိပါ သော်လည်း ဣဋ္ဌာရုံကို ရရှိခြင်းကြောင့် (= အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော နှစ်သက်မြတ်နိုးဖွယ် ဣဋ္ဌာရုံကို ရရှိခြင်းကြောင့်) ယင်းဣဋ္ဌာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော နှစ်သက်ခြင်း သဘောတရားသည် ပီတိတည်း။
尽管喜与乐在某些有喜的心中显然不相分离、相应而生,但因为获得可意所缘——例如可喜、可珍爱的入出息似相——而缘取该所缘生起的喜爱,就是喜。
ရရှိအပ်ပြီးသော ယင်းဣဋ္ဌာရုံ၏ အရသာကို ခံစားခြင်းသဘောတရားသည် သုခတည်း။ အကြင်စိတ်၌ ပီတိယှဥ်၏၊ ထိုပီတိယှဥ်ရာ စိတ်၌ သုခသည်လည်း ယှဥ်၏။ အကြင်စိတ်၌ သုခသည် ယှဥ်၏၊ ထိုသုခယှဥ်ရာ စိတ်၌ မြဲသော- အားဖြင့် ပီတိသည် မယှဥ်ပေ။ ပီတိကို သင်္ခါရက္ခန္ဓာဖြင့် သိမ်းယူအပ်၏၊ သုခကို ဝေဒနာက္ခန္ဓာဖြင့် သိမ်းယူအပ်၏။
体验已经获得的这个可意所缘之味的法,就是乐。凡有喜相应的心,乐也相应;但凡有乐相应的心,喜却不一定恒常相应。喜摄入行蕴,乐摄入受蕴。
ကန္တာရခရီးခဲ၌ ပင်ပန်းနွမ်းနယ်နေသူ၏ ဇာတဿရရေအိုင်ကြီး တည်ရှိရာ တောအုပ်ကြီး၏ အကြောင်းအရာကို ကြားသိရခြင်း၊ ရေကို မြင်ရခြင်းတို့၌ကဲ့သို့ ပီတိကို၊ တောအုပ်ကြီး၏ အရိပ်အတွင်းသို့ ဝင်ရောက်သွားရခြင်း၊ ရေကို သုံးဆောင်ရခြင်းတို့၌ကဲ့သို့ သုခကို မှတ်ပါ။
应当这样理解:喜好比在艰难荒漠中疲惫的旅人听说有一片森林,森林中有一座天然大湖,或者亲眼看见湖水;乐则好比他进入森林荫凉处,并实际饮用湖水。
ယောကျာ်းတစ်ဦးသည် ကျော်လွှားလွန်မြောက်ရန် ခက်ခဲလှသော ကြီးစွာသော ခရီးခဲကို သွားနေစဥ် နွေနေပူရှိန်ဒဏ်၏ နှိပ်စက်မှုကို ခံယူရသည်ဖြစ်၍ ပင်ပန်းနွမ်းနယ်ရကား အလွန် ရေမွတ်သိပ် ဆာလောင်နေ၏။
一个男子走在极难越过的漫长险途中,受盛夏烈日逼迫,疲惫不堪,极度干渴。
ရှေးရှူ ခရီးရင်ဆိုင်အရပ်၌ ယောကျာ်းတစ်ဦးကို တွေ့မြင်ရ၍ အဘယ်အရပ်၌ သောက်ရေသည် ရှိပါသနည်းဟု မေးကြည့်ရာ ထိုယောကျာ်းက - ''အမောင် …ဤတောအုပ်ကို လွန်လျှင်လွန်ခြင်းပင် ဇာတဿရရေအိုင်ရှိသော တောအုပ်ကြီး ရှိလေရဲ့၊ ထိုတောအုပ်သို့ရောက်လျှင် ရေကို ရရှိပေလတ္တံ့'' --- ဟု ပြောပြ၏။ ထို ပင်ပန်းနွမ်းနယ် နေသော ယောကျာ်းသည် ထိုခရီး ရင်ဆိုင်လာနေသူ ယောကျာ်း၏ စကားကို ကြားရ၍ အလွန် ရွှင်လန်းသွား၏။
他在前方迎面见到一个男子,便问哪里有饮水。那人回答:“朋友,刚越过这片森林,就有一大片森林,里面有一座天然大湖;到了那里,你便能得到水。”疲惫的旅人听见迎面而来者这番话,顿时极为欢喜。
ထိုနောင် ခရီးဆက်လက်သွားလေသော် မြေပြင်ပေါ်၌ ခရီးသွားသမားတို့ စွန့်ပစ်ထားသဖြင့် ကျရောက်နေ ကြကုန်သော ကြာပွင့်ဖတ်၊ ကြာရိုး၊ ကြာရွက် အစရှိသည်တို့ကို တွေ့မြင်ရ၍ အလွန်အမင်း ရွှင်လန်းလျက် ခရီး ကို ဆက်လက်သွားလေသော် လမ်းခရီး၌ အဝတ်စိုစို ဆံပင်စိုစိုနှင့် ယောကျာ်းတို့ကို တွေ့မြင်ရပြန်၏၊ ရေကြက် ဥဒေါင်း အစရှိသော ကြက် ငှက်တို့၏ တွန်သံ အော်သံကို ကြားရပြန်၏၊ ဇာတဿရရေအိုင်ကြီး၏ ဘေးပတ်- ဝန်းကျင်၌ ပေါက်ရောက်နေသော စိမ်းစိုညိုမှိုင်း အုပ်ဆိုင်းလျက်ရှိသော ပတ္တမြားကွန်ရက်နှင့်တူသော တောအုပ်ကြီး ကိုလည်း တွေ့မြင်ရပြန်၏။ ဇာတဿရရေအိုင်ကြီး၏ အတွင်းသို့ လှမ်းမြော်၍ ကြည့်လိုက်ပြန်ရာ ဥပ္ပလာကြာ၊ ပဒုမ္မာကြာ၊ ကုမုဒြာကြာ အစရှိသည့် ကြာမျိုးစုံတို့ကိုလည်း တွေ့မြင်ရပြန်၏၊ အထူးကြည်လင်သော ရေကိုလည်း တွေ့မြင်ရ၏။
他继续前行,在地上看见其他旅人丢下的莲瓣、莲茎、莲叶等,越发欢喜;再往前走,又看见衣服、头发都湿漉漉的人,听见水鸡、孔雀等鸟类的鸣叫,还看见天然大湖四周一片浓绿幽深、犹如红宝石网的茂密森林。他向湖中眺望,又看见青莲、红莲、白睡莲等种种莲花,以及极其澄澈的湖水。
ထိုယောကျာ်းသည် အလွန့်အလွန် ရွှင်လန်းသည်ဖြစ်၍ ဇာတဿရရေအိုင်သို့ သက်ဆင်း၍ အလိုရှိတိုင်း ရေချိုး၏၊ အလိုရှိသလောက် ရေကို အဝသောက်၏၊ ရေကို အားရပါးရ သောက်လိုက်ရသဖြင့် အားရပါးရ ရေ ချိုး လိုက်ရသဖြင့် နေပူရှိန်ဒဏ်ကြောင့် ခရီးပန်းမှုဒဏ်ကြောင့် ရေငတ်မွတ်သိပ်မှုဒဏ်ကြောင့် ဖြစ်ပေါ်ခဲ့ရသော ပူပန်မှုမှန်သမျှ ငြိမ်းအေးသွား၏။ ကြာစွယ် ကြာဥ ကြာစေ့ အစရှိသည်တို့ကိုလည်း အလိုရှိတိုင်း ခဲစားလိုက်၏။
这个男子欣喜万分,走进天然大湖,随意沐浴,又尽情把水喝足。痛饮、畅浴以后,烈日、旅途劳顿和干渴所造成的一切热恼全都平息。他也随意取食莲梗、莲藕、莲子等。
原书第 215 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း ဝေဒနာက္ခန္ဓကထာ အခန်း ကြာညိုပန်း စသည်တို့ကိုလည်း ပန်ဆင်လိုက်၏။ ကြာပန်းတို့ကို ပန်ဆင်၍ ဟင်းညံ့မြစ်တို့ကို ပစ်တင်၍ ရေမှ တက်ခဲ့၏။ ပုဆိုးကို လဲ၍ ရေသနုတ်ကို နေပူ၌ လှန်း၍ အေးမြသော သစ်ပင်ရိပ်၌ ညင်းညင်းသာသာ တိုက်ခတ် လာသော လေပြည်လေညင်းကို ခံလျက် လျောင်းစက်လိုက်၏။ ''အဟောသုခံ အဟောသုခံ = သြော် …ချမ်း- သာလေစွ၊ သြော် …ချမ်းသာလေစွ''ဟု ပြောဆိုနိုင်သည့် အခြေသို့ ရောက်ရှိသွား၏။ ဤဥပမာအတူ မှတ်ပါ။
他又以青莲等花装饰自己;戴上莲花,把水草根茎带上岸,出水后换了下衣,把浴巾晾在阳光下;然后躺在凉爽的树荫里,承受徐徐吹来的和风。他于是能够说:“啊,何其安乐!啊,何其安乐!”应依这个譬喻理解。
ဥပမာနနှင့် ဥပမေယျကို နှီးနှော၍ ပြဆိုရသော် ဤသို့ဖြစ်၏ --- ဇာတဿရ ရေအိုင်ကြီးရှိရာ တောအုပ် အကြောင်းကို ကြားရရာ အခါမှစ၍ ဇာတဿရအိုင်ကြီး အတွင်း၌ရှိသော ရေကို တွေ့မြင်ရရာ အခါသို့တိုင်အောင် အလွန်ရွှင်လန်းရာ အခါကဲ့သို့ ရှေ့အဖို့၌ဖြစ်သော အာရုံ၌ အလွန်ရွှင်လန်းသော အခြင်းအရာရှိသော ပီတိကို မှတ်ပါ။ ရေချိုးပြီး၍ ရေကို သောက်သုံးပြီး၍ အေးမြသော သစ်ပင်ရိပ်၌ ညင်းညင်းသာသာ တိုက်ခတ်လာသော လေပြည်လေညင်းကို ခံလျက် ''သြော် …ချမ်းသာစွ၊ သြော် …ချမ်းသာစွ''ဟု ပြောဆိုသော ယောကျာ်း၏ လျောင်းစက်ရာအခါကဲ့သို့ အားရှိသည်၏အဖြစ်သို့ရောက်သော အာရုံ၏ အရသာကို ခံစားခြင်းဟူသော အခြင်း အရာအားဖြင့် ကောင်းစွာတည်သော သုခကို မှတ်ပါ။
把譬喻与所譬联系起来,应当这样说明:从听说有天然大湖的森林,直至亲眼看见湖水,旅人一路极为欢喜;与此相同,应把喜理解为对尚在前方的所缘极为欢喜。旅人沐浴、饮水而恢复体力以后,躺在凉爽的树荫里,承受徐徐吹来的和风,说道:“啊,何其安乐!啊,何其安乐!”与此相同,应把乐理解为:以体验已经获得之所缘的滋味为行相,安稳而住。
ဇာတဿရ ရေအိုင်ကြီးရှိသော တောအုပ်အကြောင်းကို ကြားရရာအခါ၊ တောရိပ်သို့ ဝင်ရာအခါ၊ ရေကို မြင်ရရာအခါ၊ ရေကို သုံးဆောင်ရာအခါ စသည့် ထိုထို အခါ၌ ပီတိ သုခတို့၏ ထင်ရှားသည်၏အဖြစ်ကြောင့် ''ဣဋ္ဌာရုံကို ရရှိခြင်းကြောင့် ဣဋ္ဌာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော နှစ်သက်ခြင်း သဘောတရားသည် ပီတိ တည်း၊ ရရှိအပ်ပြီးသော ယင်းဣဋ္ဌာရုံ၏ အရသာကို ခံစားခြင်းသဘောတရားသည် သုခတည်း။'' --- ဟူသော ဤစကားကို ရှေးရှေး အဋ္ဌကထာဆရာတော်တို့သည် ဖွင့်ဆိုတော်မူအပ်ပြီဟု သိပါ။ အကယ်စင်စစ်မှာမူကား-- အကြင်စိတ်၌ ပီတိသည် ယှဥ်၏၊ ထိုပီတိယှဥ်ရာ စိတ်၌ သုခသည်လည်း ရှိသည်သာတည်း။''ဟု ဤစကားကို ဆိုအပ်ခဲ့ပြီးသည်သာတည်း။ (အဘိ-ဋ္ဌ-၁-၁၆ဝ-၁၆၁။)
在听说有天然大湖的森林、进入森林、看见湖水、实际饮用湖水等不同阶段,喜与乐各自明显;因此,应知古代诸义注师解释说:“因获得可意所缘,而缘取该可意所缘生起的喜爱之法,就是喜;体验已经获得的这个可意所缘之味的法,就是乐。”其实,前文已经说过:“凡有喜相应的心,乐也必定存在。”(《殊胜义注》1-160—161。)
လောဘမူ သောမနဿဝေဒနာ
贪根悦受
အထက်ပါ လက္ခဏ-ရသ စသည့် ရှုကွက်မှာ ကာမ ရူပတည်းဟူသော ကုသိုလ်သောမနဿဝေဒနာအတွက် ရှုကွက် ဖြစ်သည်။ အကုသိုလ် လောဘမူ သောမနဿဝေဒနာဖြစ်မူ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်တို့ကို အထက်ပါ ကုသိုလ်သောမနဿဝေဒနာ ရှုကွက်အတိုင်းပင် ရှုပါ။ သို့သော် ပဒဋ္ဌာန်၌ကား ပဿဒ္ဓိသည် ကာမဂုဏ်နှင့် မစပ်သော နိရာမိသ သောမနဿဝေဒနာနှင့်သာ သက်ဆိုင်သဖြင့် ယင်းပဿဒ္ဓိသည် လောဘမူ သောမနဿ ဝေဒနာ၏ ပဒဋ္ဌာန် မဖြစ်နိုင်ပေ။
上文所列特相、作用等观法,是欲界与色界善悦受的观法。若是不善的贪根悦受,其特相、作用与现起,也应依上述善悦受的观法加以观照。不过,在近因方面,轻安只与不涉及五欲功德的无爱染悦受有关,因此轻安不可能是贪根悦受的近因。
၁။ ဒေါမနဿဝေဒနာ၌ ဟဒယဝတ္ထုသည် ပဒဋ္ဌာန်ဖြစ်သကဲ့သို့ ဤလောဘမူ သောမနဿဝေဒနာ၌ ဟဒယဝတ္ထုသည်လည်း ပဒဋ္ဌာန် ဖြစ်နိုင်၏။
一、正如心所依处可以是忧受的近因,心所依处也可以是这种贪根悦受的近因。
၂။ သဘာဝ ပရိကပ္ပဖြစ်သော ဣဋ္ဌာရုံသည်လည်း ပဒဋ္ဌာန် ဖြစ်နိုင်၏။
二、自然或构想的可意所缘,也可以是近因。
၃။ ဖဿ သမုဒယာ ဝေဒနာ သမုဒယော = ဖဿ ဖြစ်ခြင်းကြောင့် ဝေဒနာ ဖြစ်၏ဟူသော ဒေသနာတော်များ- နှင့်အညီ ဖဿ ဦးဆောင်သည့် ယင်း သောမနဿဝေဒနာနှင့် ယှဥ်ဖက် သမ္ပယုတ်တရားစုသည်လည်း ပဒဋ္ဌာန် ဖြစ်နိုင်၏။
三、依“触生故受生”等开示,由触为首、与这种悦受相应的诸相应法聚,也可以是近因。
ဤ (၃)မျိုးတို့တွင် တစ်မျိုးမျိုးသည်လည်းကောင်း၊ (၃)မျိုးလုံးသည်လည်းကောင်း ယင်းလောဘမူ သောမ- နဿဝေဒနာ၏ ပဒဋ္ဌာန် ဖြစ်နိုင်၏။ အဟိတ် သောမနဿသန္တီရဏစိတ်နှင့် ယှဥ်သော သောမနဿဝေဒနာ၌- လည်း နည်းတူ မှတ်ပါ။
这三种近因中的任何一种,或三种全部,都可以成为这种贪根悦受的近因。与无因悦俱推度心相应的悦受,也应以同样方式理解。
原书第 216 页
၄။ ဒေါမနဿဝေဒနာ
四、忧受
၁။ အနိဋ္ဌာရမ္မဏာနုဘဝနလက္ခဏံ ဒေါမနဿံ၊ ၂။ ယထာ တထာ ဝါ အနိဋ္ဌာကာရသမ္ဘောဂရသံ၊ ၃။ စေတသိကာဗာဓပစ္စုပဋ္ဌာနံ၊ ၄။ ဧကန္တေနေဝ ဟဒယဝတ္ထုပဒဋ္ဌာနံ။ (အဘိ-ဋ္ဌ-၁-၂၉၈။ ဝိသုဒ္ဓိ-၂-၉၁။) ၁။ သဘာဝ ပရိကပ္ပဖြစ်သော အနိဋ္ဌာရုံကို ခံစားခြင်းသဘော လက္ခဏ၊ ၂။ သဘာဝအားဖြင့်ဖြစ်စေ၊ ပရိကပ္ပအားဖြင့်ဖြစ်စေ အာရုံကို အနိဋ္ဌအခြင်းအရာအားဖြင့် သုံးဆောင်ခံစားခြင်း (ကိစ္စ) ရသ၊ ၃။ စိတ်၌မှီသော အနာ = စိတ်၌မှီသော နှိပ်စက်တတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ ဧကန်အားဖြင့်သာလျှင် ဟဒယဝတ္ထု ပဒဋ္ဌာန်။
其四项依次为:一、以体验自然或构想的不可意所缘为特相;二、以依自然或构想、以不可意行相体验所缘为作用;三、以依于心的痛楚——即依心而折磨的法——为现起;四、唯以心所依处为近因。(《殊胜义注》1-298;《清净道论》2-91。)
သဘာဝအနိဋ္ဌာရုံဟူသည် ပင်ကိုယ်သဘာဝအတိုင်း အနိဋ္ဌဖြစ်သော အာရုံတည်း။ ပရိကပ္ပအနိဋ္ဌာရုံဟူသည် ပင်ကိုယ်က ဣဋ္ဌာရုံဖြစ်သော်လည်း အယောနိသောမနသိကာရ စသော အကြောင်းတရားတို့ကြောင့် အနိဋ္ဌဟု စွဲယူထားသော အာရုံတည်း။ သာသနာပ အယူအဆရှိကြသော တိတ္ထိတို့သည် ဘုရားရှင်ကဲ့သို့သော အတိဣဋ္ဌာရုံ ကိုပင် အနိဋ္ဌဟု စွဲယူသကဲ့သို့ မှတ်ပါ။ ထိုသဘာဝအနိဋ္ဌာရုံကို အနိဋ္ဌအခြင်းအရာအားဖြင့် သုံးဆောင်ခံစားခဲ့သော် ဟုတ်မှန်သည့်အတိုင်း သုံးဆောင်ခံစားခြင်း မည်၏။ သဘာဝဣဋ္ဌာရုံကို ပရိကပ္ပအားဖြင့် ကြံစည်စိတ်ကူး၍ အနိဋ္ဌဖြစ်အောင် ပြုပြင်ကြံစည်၍ အနိဋ္ဌအခြင်းအရာအားဖြင့် ထိုအာရုံကို ခံစားလျှင် မဟုတ်မမှန်သောအားဖြင့် သုံးဆောင်ခံစားသည် မည်ပေသည်။ ယင်းသဘောကိုပင် -- ''ဟုတ်ဟုတ်ငြားငြား ဟုတ်သည်မူလည်းဖြစ်သော မဟုတ်သည်မူလည်းဖြစ်သော သဘာဝအနိဋ္ဌာရုံ ပရိကပ္ပအနိဋ္ဌာရုံကို အနိဋ္ဌအခြင်းအရာအားဖြင့် သုံးဆောင်ခံစား
所谓自然不可意所缘,是依其本来自性即为不可意的所缘。所谓构想不可意所缘,是本来可意,却由于不如理作意等因而被执取为不可意的所缘;例如,持佛教以外见解的外道,把佛陀这样的极可意所缘执取为不可意。若以不可意行相体验自然不可意所缘,称为如实体验;若以构想思惟,把自然可意所缘构想、加工成不可意,再以不可意行相体验该所缘,则称为非如实体验。这里正是说:“无论实际如此与否,对于自然不可意所缘或构想不可意所缘,都以不可意行相加以体验,具有这种——
ခြင်း ကိစ္စရသ ရှိ၏''ဟု ဆိုခြင်းဖြစ်သည်။
——作用。”
ပစ္စုပဋ္ဌာန် --- သူတစ်ပါး အပေါ်၌ မကျေမနပ် ဒေါသဖြစ်နေလျှင် ''စိတ်နာလွန်းလို့''ဟု ပြောဆိုလေ့ ရှိကြ၏။ စိတ်ရောဂါ တစ်မျိုးပင် ဖြစ်၏။ ယင်းစိတ်ရောဂါမျိုးကိုပင် စိတ်၌မှီသော အနာ = စိတ်၌မှီသော နှိပ် စက်တတ်သော သဘာဝတရားဟု ခေါ်ဆိုခြင်း ဖြစ်သည်။ ဒေါမနဿဝေဒနာကို ရှုနေသော ယောဂါဝစရပုဂ္ဂိုလ် ၏ ဉာဏ်ဝတွင် စိတ်ရောဂါအဖြစ်ဖြင့် ထင်လာသည် ဟူလို။
现起——对他人不满而生嗔时,人们常说:“心里实在太痛了。”这的确是一种心病。所谓“依于心的痛楚”,就是依心而折磨的法,所指正是这种心病。意思是,在观照忧受的瑜伽行者智中,它以心病的形态显现。
ပဒဋ္ဌာန် --- ဒေါမနဿဝေဒနာ၏ ကာမ (၁၁)ဘုံတည်းဟူသော ကာမလောကဓာတ်၌သာ ဖြစ်သော ကြောင့် ဧကန်အားဖြင့် ဟဒယဝတ္ထုကိုသာ အမှီရမှ ဖြစ်နိုင်ရကား ဟဒယဝတ္ထုသည် ဒေါမနဿဝေဒနာ ဖြစ်ရေး အတွက် အရေးပါ အရာရောက်လှသော အနီးကပ်ဆုံး အကြောင်းတရား = ပဒဋ္ဌာန် ဖြစ်ရပေသည်။
近因——忧受只生于欲界世间——即欲界十一地,并且唯有依止心所依处才能生起。因此,心所依处是令忧受生起极其重要、最邻近的因——近因。
(မဟာဋီ-၂-၁၃၈။)
(《大复注》2-138。)
ဒေါသအုပ်စု၊ ဒေါသ-ဣဿာအုပ်စ၊ု ဒေါသ-မစ္ဆရိယအုပ်စု၊ ဒေါသ-ကုက္ကုစ္စအုပ်စု နာမ်တရားစု အသီး- အသီးတို့မှ ဒေါမနဿဝေဒနာကို ရွေးထုတ်၍ အထက်ပါ လက္ခဏ-ရသ စသည့် ရှုကွက်ကို ရှုပါ။
应从嗔组、嗔—嫉组、嗔—悭组、嗔—恶作组等各个名法聚中拣出忧受,依上述特相、作用等观法加以观照。
၅။ ဥပေက္ခာဝေဒနာ
五、舍受
၁။ မဇ္ဈတ္တဝေဒယိတလက္ခဏာ ဥပေက္ခာ၊ ၂။ သမ္ပယုတ္တာနံ နာတိဥပဗြူဟနမိလာပနရသာ၊ ၃။ သန္တဘာဝပစ္စုပဋ္ဌာနာ၊
其四项依次为:一、舍以中舍体验为特相;二、以既不过度增盛、也不过度减损诸相应法为作用;三、以寂静性为现起;
原书第 217 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း ဝေဒနာက္ခန္ဓကထာ အခန်း ၄။ နိပ္ပီတိကစိတ္တပဒဋ္ဌာနာ။ (ဝိသုဒ္ဓိ-၂-၉၁။) ၁။ သဘာဝ + ပရိကပ္ပဖြစ်သော အလယ်အလတ် မဇ္ဈတ္တာရုံကို အလယ်အလတ် လျစ်လျူခံစားခြင်းသဘော လက္ခဏ၊ ၂။ သမ္ပယုတ်တရားတို့ကို မတိုးပွားစေလွန်း မညှိုးကြုံစေလွန်းခြင်း (ကိစ္စ) ရသ၊ ၃။ ငြိမ်သက်သော သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ ပီတိကင်းသောစိတ် = ပီတိမယှဥ်သောစိတ် ပဒဋ္ဌာန်။
四、以离喜之心为近因。(《清净道论》2-91。)换言之:一、以中舍地感受本性或构想的中性所缘为特相;二、以既不过度增盛、也不过度减损诸相应法为作用;三、以寂静之法为现起;四、以离喜之心——即喜不相应心——为近因。
ဤ ဥပေက္ခာဝေဒနာကား သဘာဝအားဖြင့် အလယ်အလတ် သဘောရှိသော အာရုံ၊ ပရိကပ္ပအားဖြင့် အလယ်အလတ် သဘောရှိသော အာရုံကို ခံစားခြင်း သဘောလက္ခဏာ ရှိ၏။ တစ်နည်း အာရုံကို အလယ်အလတ် လျစ်လျူခံစားခြင်း သဘောလက္ခဏာ ရှိ၏။ အာရုံကလည်း အလယ်အလတ် ခံစားမှုကလည်း အလယ်အလတ် ဟူလိုသည်။ ထိုကြောင့် မဇ္ဈတ္တဝေဒယိတလက္ခဏာ = သဘာဝ ပရိကပ္ပဖြစ်သော အလယ်အလတ် မဇ္ဈတ္တအာရုံကို အလယ်အလတ် လျစ်လျူခံစားခြင်း သဘောလက္ခဏာ ရှိ၏ဟု ဆိုသည်။
这种舍受,以感受自然中性的所缘与构想中性的所缘为特相。另一说,它以中舍地感受所缘为特相;也就是说,所缘是中性的,感受也保持中性。因此,所谓“以中舍体验为特相”,就是以中舍方式感受自然或构想为中性的所缘。
ထိုသို့ သဘာဝ-ပရိကပ္ပဖြစ်သော အလယ်အလတ် မဇ္ဈတ္တအာရုံကို အလယ်အလတ် ခံစားခြင်း သဘော လက္ခဏာ ရှိသောကြောင့်ပင်လျှင် မိမိနှင့် အတူယှဥ်ဖက် သမ္ပယုတ်တရားတို့ကို မတိုးပွားစေလွန်း မညှိုးကြုံ စေလွန်းခြင်း ကိစ္စရသ ရှိခြင်း ဖြစ်သည်။
正因为它具有以中舍方式感受自然或构想中性所缘的特相,所以它具有既不过度增盛、也不过度减损与自己俱生相应诸法的作用。
သန္တဘာဝပစ္စုပဋ္ဌာန် --- ငြိမ်သက်သည်၏အဖြစ် - ငြိမ်သက်သော သဘောတရားဟု ယောဂီ၏ဉာဏ်တွင် ရှေးရှူထင်လာ၏ဟူသော စကားကို အပြစ်ကင်းသော ကာမဂုဏ်နှင့် မစပ်သော ဥပေက္ခာဝေဒနာ၏ အစွမ်းဖြင့် ပြောဆိုသောစကားဟု သိရှိပါလေ။ အလုံးစုံသော ဥပေက္ခာဝေဒနာအတွက် ပြောဆိုသောစကား မဟုတ်ဟု မှတ်ပါ။ (မဟာဋီ-၂-၁၃၈။)
寂静性现起——所谓“在瑜伽行者智中显现为寂静性、寂静之法”,应知是就无过、且不涉及五欲功德的舍受而言,并非就一切舍受而言。(《大复注》2-138。)
မဟာစည်ဆရာတော်ဘုရားကြီး၏အယူ
马哈希西亚多的观点
ဝိသုဒ္ဓိမဂ်မဟာဋီကာနိဿယကျမ်းကို ပြုစုရေးသားတော်မူသော မဟာစည်ဆရာတော်ဘုရားကြီးက မိမိ၏ မဟာဋီကာနိဿယ ဤအပိုင်း၌ ဤသို့ မှတ်ချက် ရေးသားထားတော်မူ၏။
编著《清净道论大复注依止》的马哈希西亚多,在自己的《大复注依止》这一部分写下如下按语。
အကုသိုလ် ဥပေက္ခာပင်ဖြစ်သော်လည်း အကုသိုလ် သောမနဿ၊ ဒေါမနဿတို့ထက် ငြိမ်သက်သည်ကို ယူလျှင်မူ အလုံးစုံသော ဥပေက္ခာ၏ အစွမ်းအားဖြင့်လည်း သန္တဘာဝပစ္စုပဋ္ဌာန် သင့်ရာသေး၏။
即使是不善舍受,也比不善悦受与忧受宁静。若是取这种相对的宁静性,那么就一切舍受的力量而言,以宁静性为现起也仍然适用。
(ဝိသုဒ္ဓိမဂ်မဟာဋီကာနိဿယ-၃-၃၁၆။)
(《清净道论大复注依止》3-316。)
စျာနုပေက္ခာ
禅舍
၁။ မဇ္ဈတ္တလက္ခဏာ စျာနုပေက္ခာ၊ ၂။ အနာဘောဂရသာ၊ ၃။ အဗျာပါရပစ္စုပဋ္ဌာနာ၊ ၄။ ပီတိဝိရာဂပဒဋ္ဌာနာ။ (အဘိ-ဋ္ဌ-၁-၂၁၈။) ၁။ အလယ်အလတ်၌ တည်မှုသဘော လက္ခဏ၊ ၂။ မွန်မြတ်သော ပဏီတသုခ၌သော်မှ နှလုံးမသွင်းခြင်း (ကိစ္စ) ရသ၊ ၃။ မွန်မြတ်သော ပဏီတသုခ၌ ကြောင့်ကြမစိုက်တတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊
其四项依次为:一、禅舍以安住于中为特相;二、以即使对殊胜的上妙乐也不作意为作用;三、以对殊胜的上妙乐不操劳为现起;
原书第 218 页
တစ်နည်း -- သမ္ပယုတ်တရားတို့ကို မွန်မြတ်သော ပဏီတသုခ၌ ကြောင့်ကြမစိုက်စေခြင်းဟူသော အကျိုးကို ဖြစ်စေတတ်၏ ဖလ ပစ္စုပဋ္ဌာန်၊ ၄။ ပီတိ၌ စက်ဆုပ်ခြင်း (= ပီတိကို လွန်မြောက်ခြင်း) ပဒဋ္ဌာန်။
换一种说法,它以令诸相应法对殊胜的上妙乐免于操劳这一结果为果现起;四、以厌离喜——即超越喜——为近因。
ဤစျာနုပေက္ခာကား စတုတ္ထစျာန်နှင့်ယှဥ်သော ဥပေက္ခာဝေဒနာ မဟုတ်၊ တတိယစျာန်နှင့်ယှဥ်သော တတြမဇ္ဈတ္တတာ စေတသိက်ပင်တည်း။ ထို တတြမဇ္ဈတ္တတာ စေတသိက်ဟူသော တတြမဇ္ဈတ္တုပေက္ခာသည် ပထမစျာန် ဒုတိယစျာန်တို့၌လည်း ရှိသည်သာဖြစ်၏။ သို့သော် ပထမစျာန် ဒုတိယစျာန်တို့၌ ယင်းတတြမဇ္ဈတ္တု ပေက္ခာ၏ မထင်ရှားသော ကိစ္စရှိသောကြောင့် --- ဥပေက္ခကော စ ဝိဟရတိ = တတြမဇ္ဈတ္တုပေက္ခာနှင့် ပြည့်စုံ သည်ဖြစ်၍ နေ၏ဟု ဟောတော်မမူဘဲ ဤတတိယစျာန်၌သာလျှင် ဘုရားရှင်က --- ဥပေက္ခကော စ ဝိဟရတိ = တတြမဇ္ဈတ္တုပေက္ခာနှင့် ပြည့်စုံသည်ဖြစ်၍ နေ၏ --- ဟု ဟောတော်မူခြင်း ဖြစ်သည်။ ပထမစျာန်၌ ဝိတက် ဝိစာရ၊ ဒုတိယစျာန်၌ ပီတိတို့က လွှမ်းမိုးထားသည့်အတွက် တတြမဇ္ဈတ္တုပေက္ခာ၏ လုပ်ငန်းကိစ္စရပ် မထင် ရှားခြင်း ဖြစ်သည်။ ဤ တတိယစျာန်၌ကား ဝိတက် ဝိစာရ ပီတိတို့သည် မလွှမ်းမိုးအပ်သည့် အဖြစ်ကြောင့်
这种禅舍并非与第四禅相应的舍受,而是与第三禅相应的中舍性心所。这种名为中舍性舍的中舍性心所,在初禅与第二禅中也同样存在。但由于中舍性舍在初禅与第二禅中的作用不明显,佛陀并未对它们开示“具足中舍性舍而住”,唯独对第三禅开示“具足中舍性舍而住”。这是因为初禅中的寻与伺、第二禅中的喜遮蔽了它,使中舍性舍的作用不明显。至于第三禅,因为不再受寻、伺与喜遮蔽,
ဦးခေါင်းထောင်နေ၊ မော့နေ၊ မော်နေသကဲ့သို့ဖြစ်၍ ထင်ရှားသော ကိစ္စရှိသည် ဖြစ်ရကား တတြမဇ္ဈတ္တုပေက္ခာ ကို ဟောကြားတော်မူခြင်း ဖြစ်သည်။ (အဘိ-ဋ္ဌ-၁-၂၁၈။) ဤ၌ တတြမဇ္ဈတ္တတာဟူသည် အာနာပါနပဋိဘာဂနိမိတ်၊ ကသိုဏ်းပညတ် ပဋိဘာဂနိမိတ်စသော သမထ နိမိတ်အာရုံ၌ ယှဥ်ဖက် သမ္ပယုတ်တရားတို့ကို ယင်း သမထနိမိတ် အာရုံမှ စိတ်ဓာတ် နောက်တွန့်ဆုတ်သွားမှု သဘော = စိတ်ဓာတ် ကျဆင်းသွားမှုသဘော၊ သမထနိမိတ်အာရုံကို အကြောင်းပြု၍ စိတ်ဓာတ် တက်ကြွ မြင့်မောက်မှုသဘော ထောင်လွှားမှုသဘော စသည်တို့ဘက်သို့ မရောက်အောင် အညီအမျှ အလယ်အလတ် လျစ်လျူသဘော၌ ထားနိုင်မှုတည်း။ တတိယစျာန် နာမ်တရားစုမှ ယင်းတတြမဇ္ဈတ္တတာစေတသိက်ကို ရွေး ထုတ်၍ အထက်ပါအတိုင်း လက္ခဏ-ရသ စသည်ကို ရှုပါ။
中舍性舍就像抬头昂首一样,其作用变得明显,所以佛陀开示了中舍性舍。(《殊胜义注》1-218。)这里所说的中舍性,是能令诸相应法对入出息似相、遍处概念的似相等止禅似相所缘,安住于平衡、居中、舍置的状态,使它们不致从该止禅似相所缘向后退缩、心力下沉,也不致因该所缘而心力振奋高举、骄慢等。应从第三禅名法聚中拣出这一中舍性心所,依上述方法观照其特相、作用等。
အနာဘောဂရသာ --- မွန်မြတ်သော တတိယစျာန်ချမ်းသာ၌သော်မှ ကိုင်းညွတ်တတ်သော တဏှာ မရှိရကား ယင်းတဏှာ၏ ဆန့်ကျင်ဘက် = ပဋိပက္ခ ကိစ္စ ရှိ၏။ ထိုကြောင့် မွန်မြတ်သော ပဏီတသုခဟူသော တတိယစျာန်ချမ်းသာ၌သော်မှ နှလုံးမသွင်းခြင်း ကိစ္စ ရှိ၏ဟု ဆိုခြင်းဖြစ်သည်။ (မူလဋီ-၁-၁ဝ၃။) ဤတတိယစျာန် ချမ်းသာကား လောကီ ချမ်းသာသုခ မှန်သမျှတို့တွင် အသာဆုံး အမြတ်ဆုံး ချမ်းသာတည်း။ ထိုကြောင့် ပဏီတ သုခဟု ဆိုသည်။
不作意作用——由于对殊胜的第三禅之乐也没有倾向的爱,禅舍便具有与爱相对的作用。因此说,它以即使对殊胜的上妙乐——第三禅之乐——也不作意为作用。(《根本复注》1-103。)第三禅之乐是一切世间乐中最为殊胜、最上的乐,所以称为上妙乐。
တစ်ဖန် ရူပါဝစရ စတုတ္ထစျာန်ခန်း၌လည်း ဥပေက္ခာဝေဒနာ၏ လက္ခဏ-ရသ စသည်ကို အောက်ပါအတိုင်း ဖော်ပြထား၏။
再者,在色界第四禅一节中,舍受的特相、作用等又如下说明。
အဒုက္ခမသုခ = ဥပေက္ခာ ဝေဒနာ
不苦不乐即舍受
၁။ ဣဋ္ဌာနိဋ္ဌဝိပရီတာနုဘဝနလက္ခဏာ ဥပေက္ခာ၊ ၂။ မဇ္ဈတ္တရသာ၊ ၃။ အဝိဘူတပစ္စုပဋ္ဌာနာ၊ ၄။ သုခနိရောဓပဒဋ္ဌာနာ။ (အဘိ-ဋ္ဌ-၁-၂၂၂။) ၁။ ဣဋ္ဌာရုံ အနိဋ္ဌာရုံ၏ ပြောင်းပြန်ဖြစ်သော ဣဋ္ဌမဇ္ဈတ္တာရုံကို ခံစားခြင်းသဘော (= ဣဋ္ဌမဇ္ဈတ္တာရုံ၏ အရသာကို ခံစားခြင်းသဘော) လက္ခဏ၊
其四项依次为:一、舍以感受与可意、不可意所缘相反的可意中性所缘为特相,也就是以感受可意中性所缘的味为特相;
原书第 219 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း ဝေဒနာက္ခန္ဓကထာ အခန်း ၂။ အလယ်အလတ် မဇ္ဈတ္တသဘော၌ တည်ခြင်း = လျစ်လျူရှုခြင်း (ကိစ္စ) ရသ၊ ၃။ မထင်ရှားသော ခံစားမှု သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ သုခချုပ်ခြင်း = (သုခချုပ်ရာ စတုတ္ထစျာန်၏ ဥပစာရ) ပဒဋ္ဌာန်။
二、以安住于中性、平等舍置为作用;三、以不显明的感受为现起;四、以乐的止息——即乐止息的第四禅近行——为近因。
ဤစတုတ္ထစျာန်ကား ဒုက္ခ မရှိခြင်းကြောင့် အဒုက္ခ၊ သုခလည်း မရှိခြင်းကြောင့် အသုခဖြစ်သော စျာန် တည်း။ ဤ အဒုက္ခမသုခံဟူသော ပါဌ်ဖြင့် ဤစတုတ္ထစျာန်၌ ဒုက္ခ သုခ၏ ဆန့်ကျင်ဘက်ဖြစ်၍ ဖြစ်သော တတိယ ဝေဒနာကို ဖော်ပြ၏။ ဒုက္ခ သုခ၏ မရှိခြင်းမျှကိုသာ ပြသည်ကား မဟုတ်။ တတိယဝေဒနာမည်သည် အဒုက္ခ မသုခ ဝေဒနာတည်း။ ဥပေက္ခာဝေဒနာဟူ၍လည်း ခေါ်ဆို၏။ ထို အဒုက္ခမသုခဝေဒနာသည် ဣဋ္ဌာရုံ အနိဋ္ဌာ ရုံ၏ ပြောင်းပြန်ဖြစ်သော ဣဋ္ဌမဇ္ဈတ္တာရုံကို ခံစားခြင်းသဘော လက္ခဏာ ရှိပေသည်။ (အဘိ-ဋ္ဌ-၁-၂၂၂။) ဤ သဘောလက္ခဏာအရ ယင်းစတုတ္ထစျာန် - ဥပေက္ခာဝေဒနာ၏ အာရုံမှာ ဣဋ္ဌ၊ ဣဋ္ဌမဇ္ဈတ္တ အာရုံသာ ဖြစ်သည်ဟု မှတ်ပါ။ တစ်ဖန် ယင်းဝေဒနာသည် အလယ်အလတ် မဇ္ဈတ္တ၌တည်သော လျစ်လျူရှုခြင်း ကိစ္စ ရှိသဖြင့် အာရုံကို ခံစားမှုမှာလည်း အလယ်အလတ် ခံစားမှုသာတည်း။ အာရုံလည်း မဇ္ဈတ္တ၊ ခံစားမှုလည်း မဇ္ဈတ္တဟု ဆိုလိုသည်။
这第四禅因无苦而称为“不苦”,又因无乐而称为“不乐”。“不苦不乐”这句经文,显示的是第四禅中与苦、乐相反而生的第三种受,并非只是显示苦乐二者不存在。所谓第三种受,就是不苦不乐受,也称为舍受。这种不苦不乐受,以感受与可意、不可意所缘相反的可意中性所缘为特相。(《殊胜义注》1-222。)应当记住,依这一特相,第四禅舍受的所缘只是可意或可意中性所缘。又因这种受具有安住于中性、平等舍置的作用,它对所缘的感受也只是中性感受。意思是:所缘中性,感受也中性。
နားမရှုပ်ထွေးစေရန် အနည်းငယ် ထပ်မံ၍ ရှင်းလင်း တင်ပြပါရစေ။ ဤစတုတ္ထစျာန်မှာ စတုက္ကနည်းအရ ပထမစျာန် ဒုတိယစျာန် တတိယစျာန်တို့ကို အခြေခံ၍ တစ်ဆင့်ပြီး တစ်ဆင့် တက်လာရသော စျာန်ဖြစ်၏။
为免听者混淆,这里再稍作说明。按四分法,第四禅是以初禅、第二禅和第三禅为基础,逐层提升而达到的禅那。
အကယ်၍ အသင်သူတော်ကောင်းသည် ဤကျမ်းတွင် ရေးသား တင်ပြထားသည့်အတိုင်း အလွန်ကြည်လင် တောက်ပနေသော အာနာပါနပဋိဘာဂနိမိတ် အာရုံကို အာရုံပြု၍ ပထမစျာန်မှသည် စတုတ္ထစျာန်သို့တိုင်အောင် စတုက္ကနည်းအားဖြင့် သမာဓိထူထောင်ထားသူ ဖြစ်အံ့၊ ယင်းပထမစျာန် ဒုတိယစျာန် တတိယစျာန်တို့၏ အာရုံ မှာလည်း အလွန်ကြည်လင် တောက်ပနေသော အာနာပါနပဋိဘာဂနိမိတ် အာရုံပင် ဖြစ်၏။ စျာန် လေးပါးလုံး တို့၏ အာရုံမှာ အလွန်ကြည်လင် တောက်ပနေသော အာနာပါနပဋိဘာဂနိမိတ် အာရုံ တစ်မျိုးတည်းသာ ဖြစ်၏။
如果善士如本书所述,缘取极其明净光亮的入出息似相,依四分法从初禅一直建立定力到第四禅,那么初禅、第二禅和第三禅的所缘,也都是这一极其明净光亮的入出息似相。四禅的所缘只是同一种极其明净光亮的入出息似相。
အာရုံချင်း တူညီနေ၏။
它们的所缘完全相同。
သို့သော် ယင်းအာနာပါနပဋိဘာဂနိမိတ် အာရုံမှာ ပထမစျာန် ဒုတိယစျာန် အခိုက်၌ ဣဋ္ဌာရုံ ဖြစ်နေ၍ တတိယစျာန်နှင့် စတုတ္ထစျာန် အခိုက်၌ ဣဋ္ဌမဇ္ဈတ္တာရုံ ဖြစ်နေ၏။ တတိယစျာန် အခိုက်၌ အထက် စျာနုပေက္ခာ ပိုင်းတွင် ရှင်းပြခဲ့သည့်အတိုင်း တတိယစျာန်နှင့် ယှဥ်သော တတြမဇ္ဈတ္တတာစေတသိက်၏ စွမ်းအားကြောင့် တတိယစျာန်နှင့် ယှဥ်သော သမ္ပယုတ်တရားအားလုံးတို့သည် ယင်း အာနာပါနပဋိဘာဂနိမိတ် အာရုံကို အလယ် အလတ် ဣဋ္ဌမဇ္ဈတ္တ အခြင်းအရာ၌တည်အောင် ထားနိုင်ကြ၏။ အာရုံမှာ မဇ္ဈတ္တဖြစ်သော်လည်း ခံစားမှုမှာ သုခ ဖြစ်နေသေး၏။
然而,这一入出息似相在初禅与第二禅时是可意所缘,在第三禅与第四禅时则是可意中性所缘。在第三禅时,如上文“禅舍”一节所说,由于与第三禅相应的中舍性心所的力量,一切与第三禅相应的法,都能令这一入出息似相所缘安住于居中的可意中性状态。所缘虽为中性,感受却仍然是乐。
ဤစတုတ္ထစျာန်၌ကား အာရုံလည်း မဇ္ဈတ္တ၊ ခံစားမှုလည်း မဇ္ဈတ္တပင် ဖြစ်သည်။ အဘယ်ကြောင့်နည်း?
在第四禅中,所缘中性,感受也中性。这是为什么呢?
သုခဝေဒနာသည် စတုတ္ထစျာန်သို့ မဆိုက်မီ အလွန်ကြည်လင် တောက်ပနေသော အာနာပါနပဋိဘာဂနိမိတ် အာရုံကိုပင် အာရုံပြု၍ ဖြစ်ပေါ်လာ၏။ စတုတ္ထစျာန်၏ ဥပစာရသမာဓိ နယ်မြေမှစ၍ သုခဝေဒနာသည် ချုပ်ပျက် သွား၏။ ဥပေက္ခာဝေဒနာသည် စတင်၍ ဖြစ်ပေါ်လာ၏။ တတိယစျာန် အခိုက်မှ စွမ်းအင်ထက်မြက် စူးရှလာသော တတြမဇ္ဈတ္တတာစေတသိက်၏ အားပေးထောက်ပံ့မှုကြောင့် စတုတ္ထစျာန်နှင့် ယှဥ်သော ဥပေက္ခာဝေဒနာနှင့် တကွသော သမ္ပယုတ်တရားစုတို့သည် အာနာပါနပဋိဘာဂနိမိတ် အာရုံကို အလယ်အလတ် မဇ္ဈတ္တ အခြင်း အရာ၌ တည်အောင် ထားနိုင်သည့် စွမ်းအင်များ ပြည့်ဝလာကြ၏။ ထိုကြောင့် စတုတ္ထစျာန်နှင့် ယှဥ်သော သမ္ပယုတ်တရားစုတို့သည် တတြမဇ္ဈတ္တတာနှင့် ဥပေက္ခာဝေဒနာတို့ ပြဓာန်းသော ဘာဝနာ၏ စွမ်းအားကြောင့်
乐受在还未证入第四禅以前,仍缘取那一极其明净光亮的入出息似相而生起。从第四禅近行定的范围开始,乐受就止息,舍受则开始生起。从第三禅时就已变得强劲、锐利的中舍性心所予以助力,使与第四禅舍受一同相应的诸法聚,具足了能令入出息似相所缘安住于居中状态的力量。因此,与第四禅相应的诸法聚,由中舍性与舍受所主导的修习力,
原书第 220 页
အာရုံကိုလည်း အလယ်အလတ် မဇ္ဈတ္တ အခြင်းအရာ၌ တည်အောင် ထားနိုင်၏။ အာရုံ၏ အရသာကိုလည်း အလယ်အလတ် မဇ္ဈတ္တ သဘောအားဖြင့်သာ ခံစား၏။ အာရုံလည်း မဇ္ဈတ္တ၊ ခံစားမှုလည်း မဇ္ဈတ္တပင် ဖြစ်ရသည်။
不但能令所缘安住于居中的状态,而且只以中性的方式感受所缘的味。所以,所缘中性,感受也中性。
အဝိဘူတပစ္စုပဋ္ဌာနာ --- သုခ ဒုက္ခတို့ကား ထင်ရှားသော ခံစားမှုတို့တည်း။ သုခဝေဒနာ ဒုက္ခဝေဒနာတို့၏ ခံစားချက်များကား ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်ဝတွင် အလွန် ထင်ရှားပေ၏။ သို့သော် အဒုက္ခမသုခ ဝေဒနာ ကား သုခ ဒုက္ခတို့ကဲ့သို့ ထင်ရှားသော အခြင်းအရာရှိသော ခံစားမှုမျိုး မဟုတ်ပေ။ ကျောက်ဖျာအပြင်၌ ဖြတ်ကျော် သွားသော သားသမင်၏ ခြေရာ လမ်းကြောင်းကဲ့သို့ ဥပေက္ခာဝေဒနာမှာ ထိုသုခ ဒုက္ခဝေဒနာတို့ဖြင့် မှန်းဆ ယူအပ်သော မထင်ရှားသော အခြင်းအရာ ရှိ၏ဟု ထိုဥပေက္ခာဝေဒနာကို ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်ဝ၌ ရှေးရှူ ထင်လာပေသည်။ မိဂပဒဝလဉ္ဇနနည်းဖြင့် သိနိုင်သည် ဟူလိုသည်။ (မူလဋီ-၁-၁ဝ၄။) ပဒဋ္ဌာန် --- သုခနိရောဓော နာမ ဣဓ စတုတ္ထစျာနုပစာရော။ (သာရတ္ထ-၁-၃၇၉။) သုခဝေဒနာ ချုပ်မှုမှာ စတုတ္ထစျာန်၏ ဥပစာရသမာဓိအခိုက်မှ စ၍ ချုပ်၏။ ထိုသုခဝေဒနာ ချုပ်မှ ဥပေက္ခာ
不显明现起——乐与苦是显明的感受;乐受和苦受的感觉,在瑜伽行者的智中极为显明。然而,不苦不乐受并不像苦与乐那样具有显明的感受状态。它就像鹿越过石板后留下的行迹,只能通过前后的足迹加以推知;观照舍受的瑜伽行者,会在智中见到它是由苦受与乐受推知的、不显明的感受。意思是,它可以依鹿足迹推知法而知。(《根本复注》1-104。)近因——“这里所谓乐的止息,就是第四禅近行。”(《Sāratthadīpanī》1-379。)从第四禅近行定开始,乐受即已止息。唯有乐受止息,舍受
ဝေဒနာ ဖြစ်လာနိုင်ပေသည်။ သို့အတွက် သုခဝေဒနာ ချုပ်ရာ စတုတ္ထစျာနုပစာရသည် ဥပေက္ခာဝေဒနာ ဖြစ်ပေါ် လာဖို့ရန် အနီးကပ်ဆုံးသော အကြောင်းတရား ပဒဋ္ဌာန် ဖြစ်ရပေသည်။
才能生起。因此,乐受止息的第四禅近行,是舍受得以生起最邻近的因——近因。
တစ်ဖန် ရူပါဝစရစျာန်တွင် အကျုံးဝင်သော ဗြဟ္မဝိဟာရ = ဗြဟ္မစိုရ်တရား (၄)ပါးတွင် ပါဝင်တည်ရှိသော ဥပေက္ခာဗြဟ္မဝိဟာရ၏ လက္ခဏ-ရသ စသည်ကိုလည်း အဋ္ဌသာလိနီအဋ္ဌကထာ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာတို့တွင် ဖွင့်ဆိုထား၏။ ဥပေက္ခာဗြဟ္မဝိဟာရ၏ တရားကိုယ်မှာ တတြမဇ္ဈတ္တတာစေတသိက်ပင် ဖြစ်သည်။ ယင်းဗြဟ္မ ဝိဟာရုပေက္ခာ၏ လက္ခဏ-ရသ စသည်ကို ဗြဟ္မဝိဟာရစေတသိက်ပိုင်းတွင် ကြည့်ပါ။
再者,色界禅所摄四梵住中所包含的舍梵住,其特相、作用等也在《殊胜义注》与《清净道论》中加以解释。舍梵住的法体正是中舍性心所。关于梵住舍的特相、作用等,见“梵住心所篇”。
ဝေဒနာက္ခန္ဓကထာ အခန်း ပြီး၏။
受蕴论章结束

本页是帕奥禅师缅文「五大册」第四册(趣向涅槃之道·第四册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。卷前、正文与原书索引均与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。