行蕴论章(之七)

《趣向涅槃之道》中文全译本 · 非缩略版

特相等四法篇 · 原书第 389–419 页 · 222 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 389 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း နေပြည်တော်မှ ထွက်ခွာခဲ့၍ တစ်ဦးထီးတည်းပင် ဟိမဝန္တာအရပ်၌ ဓမ္မိက မည်သော တောင်ကို အမှီပြု၍ သင်္ခမ်းကျောင်း ဆောက်လုပ်ကာ ထိုနေရာ၌ သစ်ရွက်မိုး ကျောင်းကိုလည်းကောင်း၊ စင်္ကြံကိုလည်းကောင်း ဖန်- ဆင်း၍ စျာန်အဘိညာဏ်တို့ကို ကြိုးစားအားထုတ်တော်မူရာ သမာပတ် (၈)ပါး လောကီအဘိညာဏ် (၅)ပါးတို့ကို ရရှိတော်မူလေသည်။ (ဇာတက-ဋ္ဌ-၁-၃-၇။) တစ်ချိန် သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာဘုရားရှင်နှင့် သံဃာတော် (၄)သိန်းတို့ ကြွတော်မူမည့် လမ်းပေါ် ဝယ် ရွှံ့ညွန်အထက်၌ မိမိကိုယ်ကို တံတားအသွင်ထားလျက် အလျားမှောက်လျက်သာလျှင် မျက်လုံးတို့ကို ဖွင့်လျက် ဒီပင်္ကရာဘုရားရှင်၏ ဗုဒ္ဓအသရေတော်ကို ကောင်းစွာ ဖူးမြော်ရသောအခါ ဤသို့ စဥ်းစားတော်မူ၏ --- ''အကယ်၍ ငါသည် အလိုရှိငြားအံ့၊ အလုံးစုံသော ကိလေသာတို့ကို လောင်ကျွမ်းအောင် ရှို့မြိုက်၍ ဒီပ-
——都城,独自前往喜马拉雅山区,依止名为法行的山,建造隐修处,又在那里化现叶屋与经行道。他精勤修习禅那与神通,证得八等至及五世间神通。(《本生义注》1-3—7。)有一次,燃灯佛与四十万比丘僧团将从一条道路经过,善慧仙人便俯卧在泥泞上,以自己的身体作为桥梁。他睁开双眼,瞻仰燃灯佛庄严的佛威仪,心想:‘只要我愿意,就能焚尽一切烦恼,成为燃——
င်္ကရာဘုရားရှင်၏ အငယ်ဆုံးသော တပည့်သာဝက သံဃာငယ် တစ်ပါး ဖြစ်ရ၍ ရမ္မမြို့တွင်းသို့ ကြွဝင်ရပေအံ့၊ မထင်ရှားသော အသွင်ဖြင့် ငါ့အား ကိလေသာတို့ကို လောင်ကျွမ်း ရှို့မြိုက်စေ၍ နိဗ္ဗာန်သို့ သွားရောက်ခြင်း ကိစ္စသည် မရှိ ဖြစ်ခဲ့၏၊ ကိုယ်တော်အား (၁ဝ)ပါး၊ ဉာဏ်တော်အား (၁ဝ)ပါးတို့နှင့် ပြည့်စုံတော်မူသော ဒီပင်္ကရာ ဘုရားရှင်ကဲ့သို့ အသာဆုံး အမြတ်ဆုံး ဖြစ်သည့် သမ္မာသမ္ဗောဓိဉာဏ်တော်မြတ်သို့ ရောက်ရှိ၍ တရားဓမ္မစက် တည်းဟူသော လှေထက်သို့ တက်ရောက်၍ လူများအပေါင်းကို သံသာရသမုဒ္ဒရာထဲမှ ထုတ်ဆောင် ကယ်တင်၍ နောက်မှ ပရိနိဗ္ဗာန်စံတော်မူရသော် ကောင်းလေစွ၊ ဤသို့ သဗ္ဗညုတဉာဏ် သမ္မာသမ္ဗောဓိဉာဏ်တော်မြတ်ကို ရရှိအောင် ပြုခြင်းသည်သာလျှင် ငါ့အား သင့်တင့်လျောက်ပတ် ကောင်းမြတ်လှပေ၏။'' (ဇာတက-ဋ္ဌ-၁-၁၇။) ဤအထက်ပါ သုမေဓာရှင်ရသေ့၏ စဥ်းစားခန်း၌ မွန်မြတ်သော အလွန့်အလွန် အဆင့်အတန်း မြင့်မားလှ
——灯佛座下最末位的弟子比丘,进入罗摩城;但我不应以默默无闻的方式焚尽烦恼,独自趣入涅槃。我应当像具足十身力与十智力的燃灯佛一样,证得至高无上的正等菩提智,登上法轮之舟,把一切众生从轮回大海中救拔出来,然后才般涅槃。为证得殊胜的一切知智而精进,才最适合我、对我最为善妙。’(《本生义注》1-17。)在善慧仙人的上述思惟中,蕴含着极其高尚、层次极高的——
သော ကုသိုလ်ဆန္ဒတော်များကား ကိန်းဝပ်လျက်ပင် ရှိနေ၏။ ထိုကုသိုလ်ဆန္ဒတော်များ၏ လှုံ့ဆော်မှုကြောင့် သမ္မာသမ္ဗောဓိဉာဏ်တော်မြတ်ကြီးကို ဆုထူးပန်ထွာတော်မူလေ၏။ ဒီပင်္ကရာဘုရားရှင်ကလည်း နောင်လေးသင်္ချေ နှင့် ကမ္ဘာတစ်သိန်းထက်၌ ဂေါတမ အမည်ရှိသော ဘုရားရှင် ဖြစ်တော်မူမည့် အကြောင်းကို နိယတဗျာဒိတ်စကား များကို မိန့်ကြားတော်မူလျက် ရှိ၏။
——种种善欲。在这些善欲推动下,他发愿求取殊胜的正等菩提智。燃灯佛也为他作出决定授记:四阿僧祇与十万大劫以后,他将成为名为乔答摩的佛陀。
ဤကုသိုလ်ဆန္ဒတော်တို့၏ နောက်ဆွယ်တွင်လည်းကောင်း၊ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း မတိုင်မီမှ စ၍ နိယတဗျာဒိတ် ရပြီးနောက် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး ဖြည့်ကျင့် ဆည်းပူးတော်မူ အပ်သော ပါရမီတော်မြတ်အပေါင်းတို့၏ နောက်ဆွယ်၌လည်းကောင်း သဗ္ဗညုတဉာဏ် သမ္မာသမ္ဗောဓိဉာဏ်တော် မြတ်ကြီးကို ရရှိနိုင်သည့် ဘဝကို တွယ်တာတပ်မက်မှု တဏှာလောဘတရားကား အဝိဇ္ဇာနှင့် တွဲလျက် ကပ်ပါနေ ပေ၏။ ထိုတဏှာလောဘမှာ သဗ္ဗညုတဉာဏ်တော်မြတ်ကြီးကို ရကြောင်း ပါရမီ အဆောက်အဦအပေါင်းတို့ကို ဖြည့်ကျင့်ဆည်းပူးနိုင်သည့် ဘဝကို ရစေ ရောက်စေနိုင်သည့် စွမ်းအားမျှသာ ရှိ၏၊ အပါယ်သို့ ပစ်ချနိုင်လောက် အောင် အားကောင်းသော တဏှာလောဘကား မဟုတ်ပေ။
在这些善欲背后,以及从尚未得到决定授记之时起,直到得到授记后,在四阿僧祇与十万大劫中所修集、圆满的一切波罗蜜背后,都伴随着无明,并黏附着对能够证得一切知智与正等菩提智之生命的爱贪。这种爱贪的力量,只足以使他获得能够修集、圆满通往一切知智之诸波罗蜜的生命,却没有强大到足以把他抛入恶趣。
သုမိတ္တာအမျိုးကောင်းသမီး၏ လောဘ
善友族姓女的贪
သုမိတ္တာအမျိုးကောင်းသမီးကလည်း ဒီပင်္ကရာဘုရားရှင်၏ ခြေတော်ရင်းတွင်ပင် ဝပ်စင်း၍ သုမေဓာ ရှင်ရသေ့၏ သဗ္ဗညုတဉာဏ် = သမ္မာသမ္ဗောဓိဉာဏ် ရရှိရေးအတွက် ကူညီ၍ ပါရမီဖြည့်ရလိုကြောင်း ဆုတောင်း ပန်ထွာခဲ့၏။ သုမေဓာရှင်ရသေ့၏ မြောက်သားတော် ဖြစ်လိုသော မြောက်သားတော်ဘဝကို တွယ်တာတပ်မက် သော တဏှာလောဘတရားသည် သုမိတ္တာအမျိုးကောင်းသမီး = ယသောဓရာ ထေရီမ၏ အလောင်းလျာသန္တာန်၌ ထင်ရှားရှိခဲ့သည် မှန်သော်လည်း ထိုကဲ့သို့သော တဏှာလောဘကား အပါယ်သို့ ပစ်ချနိုင်လောက်အောင် အား-
善友族姓女也伏在燃灯佛足下,发愿协助善慧仙人圆满波罗蜜,使他证得一切知智,也就是正等菩提智。想成为善慧仙人的伴侣、贪著伴侣生命的爱贪,确实显现于善友族姓女——即后来耶输陀罗长老尼——之前身的相续中;然而,这样的爱贪,其力量——
原书第 390 页
မကောင်းပေ။ သုမေဓာရှင်ရသေ့၏ ပါရမီဆယ်ပါး အပြားသုံးဆယ် စွန့်ခြင်းကြီးငါးရပ် စရိယသုံးသွယ် စသည့် သဗ္ဗညုတဉာဏ်တော် သမ္မာသမ္ဗောဓိဉာဏ်တော်မြတ်ကို ရရာရကြောင်း ပါရမီအဆောက်အဦ တရားအပေါင်း တို့ကို ကူညီ၍ ဖြည့်ဆည်းပူးပေးလိုသော ကုသိုလ်ဆန္ဒတော်များ၏ အထောက်အကူ အကြောင်းတရားမျှသာ ဖြစ်ပေသည်။
——并不足以把她抛入恶趣。它只是种种善欲的助缘;这些善欲想要协助善慧仙人修集、圆满十波罗蜜的三十层次、五大舍与三种所行等一切波罗蜜资粮,使他得证一切知智与正等菩提智。
ယသောဓရာထေရီအပါဒါန် အရမူ -- ယင်းမြောက်သားတော်ဘဝကို ဆုတောင်းပန်ထွာတော်မူခဲ့သည်မှာ ဒီပင်္ကရာဘုရားရှင်၏ ရှေ့တော်မှောက်သို့ ရောက်ရှိသောအခါမှ စတင်၍ ဆုတောင်းခဲ့သည်ကား မဟုတ်၊ ဒီပင်္ကရာ ဘုရားရှင် မပွင့်မီ ပွင့်သွားတော်မူပြီးကြသော ဘုရားရှင် သိန်းပေါင်းများစွာတို့ထံ၌လည်း ဆုတောင်းပန်ထွာခဲ့ ကြောင်း လာရှိပေသည်။ ထိုသို့ ပါရမီ ဖြည့်ကျင့်စဥ် ဘဝများစွာတွင် --- အလောင်းတော်၏ သမ္မာသမ္ဗောဓိဉာဏ် သဗ္ဗညုတဉာဏ် ရရှိရေးအတွက် --- ၁။ အသက်ကို စွန့်လွှတ် လှူဒါန်းခဲ့ရသော ဘဝတွေလည်း များစွာ ရှိခဲ့၏။
依《耶输陀罗长老尼譬喻》所载,她发愿成为菩萨伴侣,并不是到了燃灯佛面前才开始;在燃灯佛出现以前,面对已经出世的数十万尊佛,她也曾作过这样的发愿。在修习波罗蜜的许多生命中,为了使菩萨证得正等菩提智与一切知智:一、她曾在许多生命中舍弃、布施自己的生命。
၂။ မျက်လုံးအစုံကို ထုတ်၍ လှူဒါန်းခဲ့ရသော ဘဝတွေလည်း များစွာပင် ရှိခဲ့၏။
二、她曾在许多生命中挖出双眼,作以布施。
၃။ ကိုယ်အင်္ဂါကြီးငယ် အသွယ်သွယ်တို့ကို စွန့်လွှတ် လှူဒါန်းခဲ့ရသော ဘဝတွေလည်း များစွာပင် ရှိခဲ့၏။
三、她曾在许多生命中舍弃、布施大大小小的各种肢体。
၄။ သားငယ်သမီးငယ်တို့ကို စွန့်လွှတ် လှူဒါန်းခဲ့သော ဘဝတွေလည်း များစွာပင် ရှိခဲ့၏။
四、她曾在许多生命中舍弃、布施自己的儿女。
၅။ မိမိကိုယ်တိုင်က အလိုအာသာဆန္ဒ မရှိပါဘဲလျက် အလောင်းတော်၏ အလိုဆန္ဒအတိုင်း သူတစ်ပါးတို့အား သားမယားအဖြစ် စွန့်လွှတ် လှူဒါန်းလိုက်သဖြင့် သူတစ်ပါး၏ သားမယားဘဝသို့ ရောက်ရှိသွားရသော ဘဝတွေလည်း များစွာပင် ရှိခဲ့၏။
五、她自己虽然毫无欲求,却顺从菩萨的意愿,作为妻子被布施给他人,因而曾在许多生命中成为他人的妻子。
၆။ သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတို့ကို စွန့်လွှတ် လှူဒါန်းခဲ့ရသည့် ဘဝတွေလည်း များစွာပင် ရှိခဲ့၏။
六、她曾在许多生命中舍弃、布施有情与无情的一切欲事。
၇။ သီလပါရမီ နေက္ခမ္မပါရမီ စသော အခြားအခြားသော ပါရမီတော်တို့ကို ဖြည့်ကျင့် ဆည်းပူးတော်မူခဲ့သော ဘဝတွေလည်း များစွာပင် ရှိခဲ့၏။ (အပဒါနပါဠိ-၂-၂၆၇။) သို့အတွက် မြောက်သားတော်ဘဝကို တွန်းအားပေးနေသော အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့သည် အထက်ပါ ကုသိုလ်သင်္ခါရ အမျိုးမျိုးတို့ကို ဖြစ်ပေါ်လာအောင် တွန်းအားပေးနေသော အခြေခံ အကြောင်းရင်း တစ်ရပ်သာ ဖြစ်ပေသည်။ အလောင်းတော်သုမေဓာ၏ သမ္မာသမ္ဗောဓိဉာဏ် သဗ္ဗညုတဉာဏ် ရရှိရေးအတွက် ကူညီ၍ ပါရမီ ဖြည့်ပေးနိုင်သော ပါရမီတရားအပေါင်းကို ပြည့်ဝစုံလင်စေသော အခြေခံ အကြောင်းရင်း တစ်ရပ်မျှသာ ဖြစ်ပေ သည်။ သို့အတွက် အသင်သူတော်ကောင်းသည် ဘုရားရှင်ကို မိမိ၏ ဖခင်အဖြစ် သတ်မှတ်နိုင်လျှင် ယသောဓရာ ထေရီကိုလည်း မိခင်အဖြစ် သတ်မှတ်သင့်လှပေသည်။ အလောင်းတော်မြတ်၏ သဗ္ဗညုတဉာဏ် သမ္မာသမ္ဗောဓိ ဉာဏ် ရရှိရေးအတွက် သူ့ကျေးဇူးတွေကား များလှပေသည်။ လူသာမန်အမျိုးသမီးတို့ ပြုနိုင်ခဲသော အရာများ
七、她也曾在许多生命中修集、圆满戒波罗蜜、出离波罗蜜等其余各种波罗蜜。(《譬喻经》2-267。)因此,推动她投生为菩萨伴侣的无明、爱与取,只是促使上述种种善行生起的一项根本原因;也只是令她圆满一切波罗蜜,以协助菩萨善慧证得正等菩提智与一切知智的一项根本原因。因此,善人啊,如果你能把佛陀视作自己的父亲,也应当把耶输陀罗长老尼视作母亲。为了使菩萨证得一切知智与正等菩提智,她的恩德实在极大;普通女子难以做到的事情——
ကို မကြောက်မရွံ့ ရဲဝံ့စွာ ပြုစွမ်းနိုင်သူ တစ်ဦးပင် ဖြစ်ပေသည်။
——正是她毫不畏惧、勇敢完成的。
အလားတူပင် အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလဒာန်၊ အရှင်မဟာကဿပ၊ အရှင်အနုရုဒ္ဓါ၊ အရှင် အာနန္ဒာ၊ အရှင်ရာဟုလာ၊ ခေမာထေရီ၊ ဥပ္ပလဝဏ်ထေရီ စသော သူတော်ကောင်းကြီးတို့သည်လည်း အ- လောင်းတော်၏ ပါရမီကို မိမိတို့ဆိုင်ရာ ကဏ္ဍ အသီးအသီးမှ ပါဝင်၍ ကူညီဖြည့်ခဲ့သူများပင် ဖြစ်ကြ၏။ ထိုကဲ့သို့ ပါရမီဖြည့် ဆည်းပူးပေးနိုင်သည့် ဘဝမျိုးကိုလည်း လိုလား တပ်မက်ခဲ့ကြ၏။ သို့သော် ယင်းကဲ့သို့သော ဘဝ- တဏှာမှာ မိမိ မိမိတို့ မျှော်မှန်းထားသည့် အဂ္ဂသာဝကဗောဓိဉာဏ်၊ မဟာသာဝကဗောဓိဉာဏ်၊ ပကတိသာဝက ဗောဓိဉာဏ်တို့ကို ရရှိဖို့ရန် အခြေခံ အကြောင်းရင်း တစ်ရပ်မျှသာ ဖြစ်ရပေသည်။ ပုညာဘိသင်္ခါရ အာနေဉ္ဇာဘိ သင်္ခါရ အမည်ရသော ပါရမီ အဆောက်အဦတို့၏ အကြောင်းရင်း တစ်ခုမျှသာ ဖြစ်ပေသည်။
同样,舍利弗尊者、摩诃目犍连尊者、摩诃迦叶尊者、阿那律尊者、阿难尊者、罗睺罗尊者、差摩长老尼与莲华色长老尼等大善人,也都曾从各自的方面参与、协助菩萨圆满波罗蜜。他们也曾希求、贪著能够这样帮助菩萨圆满波罗蜜的生命。不过,这种有爱只是一项根本原因,使他们分别证得所愿的上首声闻菩提智、大声闻菩提智与普通声闻菩提智;它也只是一项原因,使名为福行与不动行的波罗蜜资粮得以建立。
原书第 391 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း အရှင်မဟာကဿပအလောင်း သူတော်ကောင်းနှင့် မယ်ဘဒ္ဒါအလောင်း အမျိုးကောင်းသမီးတို့သည်လည်း ပဒုမုတ္တရဘုရားရှင်၏ သာသနာတော်မှသည် ဂေါတမဘုရားရှင်၏ သာသနာတော်သို့တိုင်အောင် ကမ္ဘာပေါင်း သိန်းနှင့်ချီ၍ ပါရမီကို အတူဖြည့်ခဲ့သူများ ဖြစ်ကြ၏။ အရှင်မဟာကဿပ၏ ဓုတင် (၁၃)ပါးကို ဆောင်သည့်အရာ တွင် အသာဆုံး အမြတ်ဆုံး ဧတဒဂ်ဘွဲ့ထူးကို ဆင်မြန်းနိုင်သည့် မဟာသာဝကဗောဓိဉာဏ်ကို ရည်သန်၍ ပါရမီ ဖြည့်ကျင့်ခဲ့သူများ ဖြစ်ကြ၏။ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထုတ်ဆောင် ကယ်တင်နိုင်သည့် စွမ်းအား အပြည့်အဝ ရှိသော ဗောဓိဉာဏ်တော်မြတ်ကို ရရာရကြောင်း ရောက်ရာရောက်ကြောင်း ပါရမီတရားအပေါင်းတို့ကိုသာ အတူ စုဆောင်း ရှာဖွေလိုသော စိတ်ဓာတ်မျှသာ ဖြစ်ပေသည်။ ထိုထိုဘဝကို တွယ်တာမှု ထင်ရှားရှိသည် မှန်သော်လည်း ထိုဘဝတွယ်တာမှု တဏှာလောဘသည် ကုသိုလ်ဆန္ဒတော်၏ နောက်လိုက်သာ ဖြစ်ရပေသည်။ ယင်းကုသိုလ်
后来成为摩诃迦叶尊者与跋陀女(Bhaddā)的两位善人,也从莲华上佛的教法时代直至乔答摩佛的教法时代,历经十万大劫共同圆满波罗蜜。他们以证得大声闻菩提智为目标修集波罗蜜;这使摩诃迦叶尊者能够荣获受持十三头陀支第一的殊荣。他们只怀着共同积集一切波罗蜜法的心愿,以求证得具足力量、能够把自己从轮回苦中救出的殊胜菩提智。虽然对那些生命仍有执著,但这种对生命的爱贪只是善——
ဆန္ဒဓာတ်တော်တို့၏ စွမ်းအား ပါရမီတော်တို့၏ စွမ်းအားကြောင့် တစ်ဦးကိုတစ်ဦး စွန့်လွှတ်နိုင်သည့် စွမ်းအား အလွန်ကြီးကျယ်သော သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတို့ကို စွန့်လွှတ်နိုင်သော စွမ်းအားများလည်း တစ်ပါတည်း ကိန်းဝပ်လာပေသည်။ ထိုသို့ ကိန်းဝပ်လာသည့်အတွက် နောက်ဆုံးဘဝတွင် တစ်ဦးနှင့်တစ်ဦး ချစ်ကြည်နူးသော စိတ်ဓာတ်မျှ လုံးဝ မကိန်းခဲ့စဖူးပေ။
——欲的随从。由于这些善欲之力与波罗蜜之力,他们相续中同时蕴含着舍弃彼此的力量,以及舍弃极其丰厚的有情、无情一切欲事的力量。正因为具足这些力量,在最后一生中,他们相互爱恋的心从未生起。
အရှင်မဟာကဿပအလောင်း ပိပ္ပလိလုလင်ကလည်း ရွှေအဆင်းကဲ့သို့ ဝါဝင်းသောအဆင်း ရှိသည့် အလွန် လှပတင့်တယ်သူ ချမ်းသာကြွယ်ဝသူ တစ်ဦး ဖြစ်ခဲ့၏။ မယ်ဘဒ္ဒါကလည်း (၁၂)တောင်တိုက်ခန်းဝယ် မီးမထွန်းဘဲ လင်းနေသည့် ကိုယ်ရောင်ကိုယ်ဝါ ရှိသူ အလွန် အဆင်းလှသူ အလွန် ချမ်းသာကြွယ်ဝသူတစ်ဦးပင် ဖြစ်ခဲ့၏။
后来成为摩诃迦叶尊者的毕钵波利青年,肤色金黄,容貌极为俊美,也十分富有;跋陀女也极其美丽、富有,身体光明甚至无需点灯便能照亮十二肘大的房间。
မိဘတို့၏ စီမံဆောင်ရွက်ပေးမှုကြောင့် ဇနီးမောင်နှံဘဝသို့ ရောက်ရှိရသော်လည်း တစ်အိမ်တည်း၌ အတူပင် နေထိုင်ရသော်လည်း တစ်ဦးကိုတစ်ဦး ချစ်ကြည်နူးသောစိတ်ထားဖြင့် တစ်ကြိမ်တစ်ခါမျှ မကြည့်ခဲ့ဖူးသူများ ဖြစ်ကြ၏။
虽然在父母安排下结为夫妻,又住在同一所屋内,他们却从未以相互爱恋、欣喜的心看过对方一眼。
တစ်နေ့တွင် အလွန်ကြီးကျယ်သော သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတို့ကို စွန့်လွှတ်ကာ ဘုရားရှင်တို့အား ရည်ညွှန်း၍ နှစ်ဦးသဘောတူ ရသေ့ရဟန်း ပြုကာ တောထွက်ခဲ့ကြ၏။ လမ်းခုလတ် တစ်နေရာတွင် လမ်းနှစ်ခွကို တွေ့သောအခါ တစ်ဦးနှင့်တစ်ဦး လမ်းခွဲရန် တူညီသော ဆန္ဒဖြင့် လမ်းခွဲသွားကြ၏။ ပိပ္ပလိလုလင်က လကျာ် လမ်းသို့ မယ်ဘဒ္ဒါက လက်ဝဲလမ်းသို့ လိုက်ကာ လမ်းခွဲသွားကြ၏။ တစ်ဦးအပေါ်တစ်ဦး ငဲ့ကွက်မှု တွယ်တာမှု စိတ်ဓာတ်တုန်လှုပ်မှုကား လုံးဝမရှိ ဖြစ်ခဲ့၏။ ဤမဟာပထဝီမြေကြီးသည် စက္ကဝါဠဂိရိဟု ခေါ်ဆိုသော မြင်းမိုရ် တောင်ကြီးကိုပင် ဆောင်ထားခြင်းငှာ စွမ်းနိုင်သော်လည်း ထိုသူတော်ကောင်းကြီး နှစ်ဦးသားတို့၏ ဂုဏ်ကျေးဇူးကို ဆောင်ထားခြင်းငှာ မစွမ်းနိုင်သည့်အတွက် သွက်သွက်ခါအောင် တုန်လှုပ်ခဲ့လေသည်။ (အံ-ဋ္ဌ-၁-၁၄၁။) ဤဆိုခဲ့ပြီးသော သူတော်ကောင်းတို့ကား သူတော်ကောင်းဥစ္စာ (၇)ဖြာတို့နှင့် ပြည့်ဝစုံလင်သော သူတော်-
有一天,他们舍弃极其丰厚的有情、无情一切欲事,共同商定依诸佛而作仙人出家,离家入林。途中来到一处岔路时,两人又一致决定分道而行:毕钵波利青年走右路,跋陀女走左路。他们对彼此全无顾恋、执著或内心动摇。这片大地甚至能够承载称为轮围山的须弥山,却承受不住这两位大善人的德行,因而猛烈震动。(《增支部义注》1-141。)上述善人都是具足七种圣财的善——
စင်ကြီးတို့သာ ဖြစ်ကြ၏။ သူတော်ကောင်းနှင့် အဆင့်ဆင့် ပေါင်းသင်းရလိုခြင်းမှာ တမင်တကာ ဆုတောင်းယူ ရသော ကုသိုလ်ဆန္ဒကောင်းပေတည်း။ ထိုအရှင်တို့သည် မိမိတို့ မျှော်မှန်းထားသည့် ဗောဓိဉာဏ် အသီးအသီးကို ရရှိစေနိုင်သည့် ပါရမီတရားအပေါင်းတို့ကို ဖြည့်ကျင့် ဆည်းပူးနေတော်မူကြသည့် သီလရှိသူများလည်း ဖြစ်ကြ၏။
——人。他们发愿生生世世与善人相伴,这是一种刻意愿求的善欲;他们也都是具戒者,修集、圆满一切波罗蜜,以证得各自所期望的菩提智。
ဣဇ္ဈတိ ဘိက္ခဝေ သီလဝတော စေတောပဏိဓိ ဝိသုဒ္ဓတ္တာ။ (အံ-၃-၇၁။) သီလစင်ကြယ်နေသည့်အတွက်ကြောင့် သီလရှိသူမှာ တောင့်တတိုင်း ပြည့်စုံတတ်၏။ ကုသိုလ်သမ္မာဆန္ဒ ရှိလျှင်လည်း ဘယ်အရာမဆို ပြီးစီးနိုင်၏။
Ijjhati bhikkhave sīlavato cetopaṇidhi visuddhattā. 诸比丘,具戒者的心愿因清净而成就。(《增支部》3-71。)由于戒行清净,具戒者所愿皆得成就;只要有善的正愿,任何事情都能够完成。
ထိုကြောင့် ထိုသူတော်ကောင်းတို့၌ တစ်ယောက်နှင့် တစ်ယောက် မကွဲကွာရအောင် တွယ်တာသော တဏှာပေမ ရှိကြမည် ဖြစ်သော်လည်း စွန့်လွှတ်နိုင်သည့် စွမ်းအားရှိသည့် ကြီးမားသော ကုသိုလ်ဆန္ဒတော်ကြောင့်
因此,那些善人即使仍有使彼此不相分离的爱染之情,但因为具有能舍弃的大力善欲——
原书第 392 页
အလောင်းလျာတို့၏ အလိုကျအောင် ပြုသမျှ ပါရမီကုသိုလ်ကံတို့က တွဲဖက်၍ စီမံကြသဖြင့် ဥမကွဲ သိုက်မကွာ ပါရမီဖြည့်ဖက်များ ဖြစ်ကြရ၍ စွန့်လွှတ်နိုင်သူတို့လည်း ဖြစ်ကြရပေသည်။
——他们所造、顺应诸菩萨愿望的一切波罗蜜善业便相互配合、作出安排,使他们成为形影不离的波罗蜜伴侣,同时也成为能够舍弃的人。
နကုလပိတာ နှင့် နကုလမာတာ
那拘罗父与那拘罗母
ဘုရားရှင်၏ လက်ထက်တော်အခါဝယ် ဘဂ္ဂတိုင်း သုသုမာရမြို့၌ နကုလပိတာဟု ထင်ရှားသော သူကြွယ် နှင့် နကုလမာတာဟု ခေါ်တွင်သော သူကြွယ်ကတော်တို့သည် ရှေးရှေး ဘဝများစွာကပင် မကွဲမကွာ ဖြစ်လာကြ၍ ယခုဘဝ၌ ဘုရားရှင်ကို ပထမဆုံး ဖူးမြင်ရသည့် အချိန်ကပင် သောတာပန် ဖြစ်ခဲ့ကြလေသည်။ ထိုဇနီးမောင်နှံ နှစ်ဦးလုံးပင် ဘဝပေါင်းများစွာက ဘုရားအလောင်းတော်၏ မိဘအဖြစ်၊ ဦးကြီး မိကြီး အဖြစ်၊ ဦးလေး ဒေါ်လေး အဖြစ်ဖြင့် အတူနေခဲ့ရသောကြောင့် ဘုရားရှင်ကို သားအသွင် ချစ်ခင်ကာ လွန်စွာအကျွမ်းဝင်လေရကား ဘုရားရှင် အား လျှောက်ထားလိုရာကို ချွင်းချက်မရှိ လျှောက်ထားလေ့ရှိကြပေသည်။ ထိုကြောင့် အခါတစ်ပါး၌ သူကြွယ်က ဤသို့ လျှောက်ထား၏။ --- ယတော မေ ဘန္တေ နကုလမာတာ ဂဟပတာနီ ဒဟရဿေဝ ဒဟရာ အာနီတာ၊ နာဘိဇာနာမိ နကုလမာ- တရံ ဂဟပတာနိံ မနသာပိ အတိစရိတာ၊ ကုတော ပန ကာယေန။ ဣစ္ဆေယျာမ မယံ ဘန္တေ ဒိဋ္ဌေ စေဝ ဓမ္မေ
佛陀在世时,跋伽国鳄鱼城有一位著名的富翁,名叫那拘罗父;他的夫人名叫那拘罗母。他们过去许多生中一直不曾分离,今生第一次见到佛陀时,便都证得入流果。夫妇二人在许多生命中曾作菩萨的父母及各种长辈、叔伯姑姨,因此一见佛陀便像疼爱自己的儿子一般爱戴他;彼此极为熟悉,无论想说什么都毫无保留地向佛陀禀告。有一次,那拘罗父如此禀告:Yato me, bhante, Nakulamātā gahapatānī daharasseva daharā ānītā, nābhijānāmi Nakulamātaraṃ gahapatāniṃ manasāpi aticaritā, kuto pana kāyena. Iccheyyāma mayaṃ, bhante, diṭṭhe ceva dhamme—
အညမညံ ပဿိတုံ၊ အဘိသမ္ပရာယဉ္စ အညမညံ ပဿိတုံ။ (အံ-၁-၃၇၂။ အံ-ဋ္ဌ-၁-၃ဝ၈။) အရှင်ဘုရား …တပည့်တော်သည် ငယ်ရွယ်စဥ်အခါကပင် ငယ်ရွယ်သူ နကုလမာတာ သူကြွယ်မကို ထိမ်းမြားလက်ထပ်လျက် ဆောင်ယူခဲ့ပါသည် မြတ်စွာဘုရား၊ သူ့ကို သိမ်းပိုက်ခဲ့သည်မှ စ၍ စိတ်မျှဖြင့်သော်လည်း နကုလမာတာ သူကြွယ်မကို လွန်ကျူး၍ အခြားသူတို့၌ ကျင့်မှားမိသည်ဟု တပည့်တော်သည် မသိခဲ့စဖူးပါ၊ ကိုယ်ဖြင့်မူကား အဘယ်မှာလျှင် ဆိုဖွယ်ရာ ရှိနိုင်ပါအံ့နည်း။ အရှင်ဘုရား …တပည့်တော်တို့သည် ယခုဘဝ ၌လည်း အချင်းချင်း ရှုမြင်လိုပါကုန်၏၊ နောင်တမလွန်ဘဝ၌လည်း အချင်းချင်း ရှုမြင်လိုပါကုန်၏ဘုရား …။
—aññamaññaṃ passituṃ, abhisamparāyañca aññamaññaṃ passituṃ.(《增支部》1-372;《增支部义注》1-308。)‘尊者,我年轻时便迎娶了同样年轻的那拘罗母。自从娶她以来,我从不曾记得自己哪怕只在心里越过那拘罗母、对他人邪行,身体上就更不必说了。尊者,我们希望今生能够彼此相见,来世也能够彼此相见。’
ဤကား နကုလပိတာ ဒါယကာကြီး၏ လျှောက်ထားချက် ဖြစ်၏၊ ထိုစကားကို နကုလမာတာ ဒါယိကာမ- ကြီးက ကြားလျှင် အားကျမခံ သူ့စိတ်ရင်းအတိုင်း လျှောက်ထားပြန်သည်မှာ --- ယတောဟံ ဘန္တေ နကုလပိတုနော ဂဟပတိဿ ဒဟရဿေဝ ဒဟရာ အာနီတာ၊ နာဘိဇာနာမိ နကုလပိတရံ ဂဟပတိံ မနသာပိ အတိစရိတာ၊ ကုတော ပန ကာယေန။ ဣစ္ဆေယျာမ မယံ ဘန္တေ ဒိဋ္ဌေ စေဝ ဓမ္မေ အညမညံ ပဿိတုံ အဘိသမ္ပရာယဉ္စ အညမညံ ပဿိတုံ။ (အံ-၁-၃၇၂-၃၇၃။) အရှင်ဘုရား …နကုလပိတာသူကြွယ်သည် ငယ်ရွယ်စဥ်ကပင် ငယ်ရွယ်သူ တပည့်တော်မကို ထိမ်းမြား လက်ထပ်လျက် ဆောင်ယူခဲ့ပါသည် မြတ်စွာဘုရား၊ တပည့်တော်မကို သူက သိမ်းပိုက်ခဲ့သည်မှ စ၍ စိတ်မျှဖြင့် သော်လည်း နကုလပိတာသူကြွယ်ကို လွန်ကျူး၍ အခြားသူတို့၌ ကျင့်မှားမိသည်ဟု တပည့်တော်မသည် မသိခဲ့ စဖူးပါ၊ ကိုယ်ဖြင့်မူကား အဘယ်မှာလျှင် ဆိုဖွယ်ရာ ရှိနိုင်ပါအံ့နည်း။ အရှင်ဘုရား …တပည့်တော်တို့သည်
这是那拘罗父施主的禀告。那拘罗母女施主听见以后,也不甘落后,依自己的真心如此禀告:Yatohaṃ, bhante, Nakulapituno gahapatissa daharasseva daharā ānītā, nābhijānāmi Nakulapitaraṃ gahapatiṃ manasāpi aticaritā, kuto pana kāyena. Iccheyyāma mayaṃ, bhante, diṭṭhe ceva dhamme aññamaññaṃ passituṃ, abhisamparāyañca aññamaññaṃ passituṃ.(《增支部》1-372—373。)‘尊者,那拘罗父富翁在年轻时便迎娶了同样年轻的我。自从他娶我以来,我从不曾记得自己哪怕只在心里越过那拘罗父、对他人邪行,身体上就更不必说了。尊者,我们——
ယခုဘဝ၌လည်း အချင်းချင်း ရှုမြင်လိုပါကုန်၏၊ နောင်တမလွန်ဘဝ၌လည်း အချင်းချင်း ရှုမြင်လိုကြပါကုန်၏။
——希望今生能够彼此相见,来世也能够彼此相见。’
ဟု လျှောက်ထား၏။
她如此禀告。
ထိုအခါ ဘုရားရှင်က အောက်ပါ စကားတော်ကို မိန့်ကြားတော်မူ၏။
这时,佛陀作了如下开示:
အာကင်္ခေယျုံ စေ ဂဟပတယော ဥဘော ဇာနိပတယော ဒိဋ္ဌေ စေဝ ဓမ္မေ အညမညံ ပဿိတုံ အဘိသ- မ္ပရာယဉ္စ အညမညံ ပဿိတုံ၊ ဥဘောဝ အဿု သမသဒ္ဓါ သမသီလာ သမစာဂါ သမပညာ၊ တေ ဒိဋ္ဌေဝ ဓမ္မေ အညမညံ ပဿန္တိ၊ အဘိသမ္ပရာယဉ္စ အညမညံ ပဿန္တိ။ (အံ-၁-၃၇၃။)
Ākaṅkheyyuṃ ce gahapatayo ubho jānipatayo diṭṭhe ceva dhamme aññamaññaṃ passituṃ, abhisamparāyañca aññamaññaṃ passituṃ; ubhova assu samasaddhā samasīlā samacāgā samapaññā; te diṭṭheva dhamme aññamaññaṃ passanti, abhisamparāyañca aññamaññaṃ passanti.(《增支部》1-373。)
原书第 393 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း ဒါယကာတို့ …ဇနီးမောင်နှံ နှစ်ဦးတို့သည် ယခုဘဝ၌လည်း အချင်းချင်း ရှုမြင်ကြရန်၊ တမလွန်ဘဝ ၌လည်း အချင်းချင်း ရှုမြင်ကြရန် အကယ်၍ အလိုရှိကုန်ငြားအံ့၊ ဇနီးမောင်နှံ နှစ်ဦးလုံးတို့သည် တူမျှသော သဒ္ဓါတရား ရှိကုန်ရာ၏၊ တူမျှသော ကိုယ်ကျင့်သီလ ရှိကုန်ရာ၏၊ တူမျှသော စွန့်ကြဲမှု စာဂတရား ရှိကုန်ရာ၏၊ တူမျှသော ပညာတရား ရှိကုန်ရာ၏။ (ဝိပဿနာပညာ မဂ်ပညာများကို အထူး ရည်ညွှန်းထားသည်။) ယင်းသို့ ဖြစ်သော် ထိုဇနီးမောင်နှံ နှစ်ဦးတို့သည် ယခုဘဝ၌လည်း အချင်းချင်း ရှုမြင်ကြရကုန်၏၊ နောင်တမလွန်ဘဝ၌လည်း အချင်းချင်း ရှုမြင်ကြရကုန်လတ္တံ့ --- ဟု မိန့်တော်မူ၏။
‘施主们,如果夫妇二人希望今生彼此相见,来世也彼此相见,两人就应当具有同等的净信、同等的戒行、同等的布施与同等的智慧〔这里特别指毗婆舍那慧与道慧〕。若能如此,夫妇二人今生会彼此相见,来世也会彼此相见。’佛陀如此开示。
အိမ်ရှင်က သဒ္ဓါတရား ကောင်းသကဲ့သို့ အိမ်သူကလည်း သဒ္ဓါတရား ကောင်းရမည်။ အိမ်ရှင်က သီလစင် ကြယ်သကဲ့သို့ အိမ်သူကလည်း သီလစင်ကြယ်စေရမည်၊ တစ်ယောက်ယောက်က စွန့်ကြဲပေးကမ်း လှူဒါန်းလိုလျှင် တစ်ယောက်က မတားမြစ်ရ၊ မယ်ကလှူမူ မောင်ကြည်ဖြူ၍၊ မောင်ကလှူဒါန်း မယ်ရွှင်လန်းရမည်၊ အသိအလိမ္မာ ဉာဏ်ပညာချင်းလည်း အထူးသဖြင့် ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ်ချင်းလည်း အရာရာ တူညီစေရမည်ဟု ဆိုလိုရင်း ဖြစ်၏။ ဤအဓိပ္ပါယ်ကို ရည်ရွယ်၍ ပဉ္စာဝုဓပျို့၌ အောက်ပါအတိုင်း မိန့်ဆိုထားလေ၏။
丈夫的净信良好,妻子的净信也应当良好;丈夫戒行清净,妻子也应当戒行清净。一方想要施舍、布施时,另一方不可阻止;妻子布施,丈夫应当欢喜赞同;丈夫布施,妻子也应当欣然随喜。两人的明智与智慧,尤其毗婆舍那智、道智与果智,也应当在各方面相等。这就是经文的本意。《五武器诗篇》为表达这层意思,写道:
လူ့မြေရပ်ခွင်၊ အိမ်ရှင်အိမ်သူ၊ မြတ်ရည်တူလျက်၊ ဆုယူညီမျှ၊ လှူဒါနနှင့်၊ သီလမယိုင်၊ သဒ္ဓါပြိုင်မူ၊ ဘုန်း- လှိုင် ကျော်ကြား၊ မိုးနတ်သားနှင့်၊ ဆွေဝါးအနီး၊ နတ်သမီးသို့၊ သောင်းချီးအံ့ရာ၊ စုမိရှာလျက်၊ သံသာနောင်လည်း ချစ်စည်းမပြေ၊ ရှည်ကြာလေ၏။ (ပဉ္စာဝုဓပျို့) ဤဝတ္ထု၌ သောတာပန် ဖြစ်ပြီးသော ဇနီးမောင်နှံတို့၏ အပြန်အလှန် ချစ်ခင်ကြပုံကို စဥ်းစားကြည့်ပါ။
‘在人间家园,夫妇德性相等,愿求一致;布施相随,持戒不退,净信相齐。福德炽盛、声名远扬,犹如天子与身旁亲近的天女,值得万千赞叹。二人积聚善德,后世轮回中爱结不解,长久相续。’(《五武器诗篇》。)请思惟这个故事中已经证得入流果的夫妇,如何彼此爱重。
ထိုကဲ့သို့ လုံလုံလောက်လောက် ချစ်ခင်ကြသည့်အတွက် မိမိတို့ အချင်းချင်းမှ လွဲ၍ အခြားသူနှင့် ဖောက်ပြားမိဖို့ရန် စိတ်မျှဖြင့်သော်လည်း မကြံစည်မိကြလေ။ ထိုမျှလောက် သီလရှိရှိဖြင့် စိတ်ထားဖြူစင် မြင့်မြတ်ကြသဖြင့်လည်း တစ်ဦးအပေါ်တစ်ဦး ပိုမို၍ မြတ်နိုးကာ တစ်သံသရာလုံး၌ မခွဲမခွာလိုဘဲ အမြဲတွေ့မြင်လိုကြပေသည်။ ဤကဲ့သို့ တွေ့မြင်လိုကြရာ၌ လောဘ အရင်းခံသော ဆန္ဒပင် ဖြစ်လင့်ကစား ထိုသူတော်စင်တို့၏ တဏှာပေမ လောဘသည် သူတို့ချင်း မကွဲမကွာအောင် ချည်နှောင်ပြီးလျှင် ပြုပြုသမျှ ဒါန သီလ သမထ ဝိပဿနာ ဘာဝနာကုသိုလ်အပေါင်း က အရဟတ္တဖိုလ်တိုင်အောင်သော ကောင်းမြတ်ရာဘဝသို့ ရောက်အောင် ပို့ဆောင်ပေးကြလိမ့်မည်သာတည်း။
因为他们如此充分地彼此爱重,除对方以外,甚至从未在心中想过与他人邪行;他们又具有这样的戒行,心地清净而高尚,所以愈加敬爱对方,整个轮回中都不愿分离,始终希望彼此相见。这种希望相见的愿望虽然以贪为根本,但这些善人的爱染、贪把他们系在一起;而他们所造的一切布施、持戒、止禅、毗婆舍那修习之善,也必定会把他们带往善妙的生命,直至证得阿罗汉果。
သို့သော် --- မစင်ဟူသမျှသည် အနည်းငယ်ပင် ဖြစ်ချင်ဖြစ်ပါစေ၊ ရွံရှာစက်ဆုပ်ဖွယ် သဘောသာ ဧကန် ရှိသကဲ့သို့ ဘဝဟူသမျှသည် အနည်းငယ်ပင် ဖြစ်ချင်ဖြစ်ပါစေ မည်သည့်ဘဝကိုမျှ ငါဘုရား မချီးမွမ်းပါ (အံ- ၁-၃၆။) --- ဟု တစ်ဘက်ကလည်း ဘုရားရှင်သည် အသိဉာဏ် ပေးသနားထားတော်မူလေသည်။ အကြောင်းမူ ဘဝဟူသမျှသည် ယေဘုယျအားဖြင့် ဇာတိ ဇရာ ဗျာဓိ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ တည်းဟူသော ဒုက္ခတုံး ဒုက္ခအစုအပုံကြီးက အထွတ်တပ်လျက် ရှိသောကြောင့်ပင် ဖြစ်၏။
不过,佛陀也从另一面赐予这样的智慧:‘正如一切粪便,无论多么微少,都必然令人厌恶;一切有也同样,无论多么微少,我都不赞叹任何一种有。’(《增支部》1-36。)因为一切有总体而言,都被生、老、病、死、愁、悲、苦、忧、恼这一整大堆苦安上了顶冠。
ဥပနိဿယပစ္စည်း၏ စွမ်းအင်
亲依止缘之力
အကုသလော ဓမ္မော ကုသလဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ ပကတူပနိဿယော --- ရာဂံ ဥပနိဿာယ ဒါနံ ဒေတိ၊ သီလံ သမာဒိယတိ၊ ဥပေါသထကမ္မံ ကရောတိ၊ စျာနံ ဥပ္ပါဒေတိ၊ ဝိပဿနံ ဥပ္ပါဒေတိ၊ မဂ္ဂံ ဥပ္ပါဒေတိ၊ အဘိညံ ဥပ္ပါဒေတိ၊ သမာပတ္တိံ ဥပ္ပါဒေတိ။ ပ ။ ရာဂေါ သဒ္ဓါယ၊ သီလဿ၊ သုတဿ၊ စာဂ- ဿ၊ ပညာယ ဥပနိဿယပစ္စယေန ပစ္စယော။ (ပဋ္ဌာန-၁-၁၄၉။) = အကုသိုလ်တရားသည် ကုသိုလ်တရားအား အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ဖြစ်ပေါ် လာအောင် ကျေးဇူးပြုပေး၏။
巴利《发趣论》说:Akusalo dhammo kusalassa dhammassa upanissayapaccayena paccayo. Pakatūpanissayo — Rāgaṃ upanissāya dānaṃ deti, sīlaṃ samādiyati, uposathakammaṃ karoti, jhānaṃ uppādeti, vipassanaṃ uppādeti, maggaṃ uppādeti, abhiññaṃ uppādeti, samāpattiṃ uppādeti. …pe… Rāgo saddhāya, sīlassa, sutassa, cāgassa, paññāya upanissayapaccayena paccayo.(《发趣论》1-149。)译:‘不善法以亲依止缘为善法之缘。自然亲依止是:以贪染为亲依止而行布施、受持戒、行布萨业,生起禅那、毗婆舍那、道、神通与等至;……贪染以亲依止缘为净信、戒、多闻、施舍与慧之缘。’也就是说,不善法以强力的亲依止缘力资助善法,使它生起。
原书第 394 页
ပကတူပနိဿယ --- ရာဂကို အားကြီးသောမှီရာ ပြု၍ ဒါနကို ပေးလှူ၏၊ သီလကို ဆောက်တည်ကျင့်သုံး၏၊ ဥပုသ်ကံကို ကျင့်သုံး၏၊ စျာန်တရားကို ဖြစ်စေ၏၊ ဝိပဿနာဉာဏ်ကို ဖြစ်စေ၏၊ မဂ်ဉာဏ်ကို ဖြစ်စေ၏၊ အဘိ- ညာဏ်ကို ဖြစ်စေ၏၊ သမာပတ်ကို ဖြစ်စေ၏။ ယင်းရာဂသည် သဒ္ဓါတရားအား သီလတရားအား သုတတရားအား (= နာမရူပပရိစ္ဆေဒဉာဏ် ပစ္စယပရိဂ္ဂဟဉာဏ်အား) စာဂတရားအား ပညာတရားအား (= ဝိပဿနာပညာ မဂ်ပညာ အဘိညာဏ်ပညာ သမာပတ္တိပညာအား) အားကြီးသောမှီရာ ဥပနိဿယယပစ္စယသတ္တိဖြင့် ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေး၏။ (ပဋ္ဌာန-၁-၁၄၉။) အလားတူပင် ရာဂကိုပင် တရားကိုယ် ကောက်ယူရသော ဆုတောင်းပန်ထွာမှု ပတ္ထနာတရားကလည်း သဒ္ဓါ သီလ သုတ စာဂ ပညာ တရားအသီးအသီးအား အားကြီးသောမှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ဖြစ်ပေါ် လာအောင် ကျေးဇူးပြုသည်သာ ဖြစ်ပေသည်။ (ပဋ္ဌာန-၁-၁၄၉။) ထိုထိုဘုံဘဝ၊ ထိုထိုအာရုံ၊ ထိုထိုသတ္တဝါတို့အပေါ်၌ တွယ်တာမက်မောမှု ရာဂတရားကို အခြေတည်၍
自然亲依止——以贪染为强力的亲依止而行布施、受持戒、行布萨业,生起禅那、毗婆舍那智、道智、神通智与等至。这种贪染又以强力的亲依止缘力资助净信、戒、多闻〔即名色分别智、缘摄受智〕、施舍与慧〔即毗婆舍那慧、道慧、神通慧、等至慧〕,使它们生起。(《发趣论》1-149。)同样,发愿、祈求(patthanā)这种法,就究竟法而言所摄取的法体也是贪染;这种愿也以强力的亲依止缘力资助净信、戒、多闻、施舍与慧,使它们生起。(《发趣论》1-149。)以对种种生存界、种种所缘与种种有情的执著贪恋——
အကြောင်းခံ၍ ဒါန သီလ ဥပေါသထ စျာန ဝိပဿနာ မဂ္ဂ အဘိညာ သမာပတ္တိတည်းဟူသော အလွန် အဆင့် အတန်း မြင့်မားလှသော ကုသိုလ်တရားတို့ကို ဆည်းပူး ရှာမှီးခဲ့သော် ဆည်းပူး ရှာမှီး၍ ရရှိခဲ့သော် ယင်းရာဂတရား က ယင်းပါရမီကုသိုလ် အလီလီအား အလွန်ကြီးမားသော စွမ်းအားဖြင့် = ဥပနိဿယပစ္စယသတ္တိဖြင့် ဖြစ်ပေါ်လာ အောင် ကျေးဇူးပြုပေး၏။ အထက်တွင် တင်ပြခဲ့သော သမ္မာသမ္ဗောဓိအလောင်းတော် အဂ္ဂသာဝက မဟာသာဝက ပကတိသာဝက အလောင်းတော်ကြီးများ၏ ပါရမီ ဖြည့်ကျင့်တော်မူသည့် ထုံးဟောင်းများကိုပင် သက်သေအရာ ထား၍ သဘောကျလေရာသည်။
——贪染为基础和原因,如果积集并获得布施、戒、布萨、禅那、毗婆舍那、道、神通、等至这些层次极高的善法,这种贪染便以极大的力量,也就是以亲依止缘力,资助这一切波罗蜜善法生起。应当以上文所举正等觉菩萨,以及上首声闻、大声闻、普通声闻诸菩萨圆满波罗蜜的古范为证,理解这层法义。
သုမေဓာအလောင်းတော်မြတ်ကား သမ္မာသမ္ဗောဓိဉာဏ်တော်မြတ်ကြီး ရနိုင်သည့်ဘဝကို ရည်သန် တောင့် တတော်မူခဲ့၏။ သုမိတ္တာအမျိုးကောင်းသမီးကား သုမေဓာရှင်ရသေ့၏ သဗ္ဗညုတဉာဏ် ရဖို့ရန်အကြောင်း ပါရမီ တရားအပေါင်းတို့ကို ကူညီ၍ ဖြည့်စွက်ပေးနိုင်သည့်ဘဝကို တွယ်တာမက်မောခဲ့ပြန်၏။ အရှင်သာရိပုတ္တရာ အလောင်း သူတော်ကောင်းက လကျာ်ရံအဂ္ဂသာဝကဘဝ၊ အရှင်မဟာမောဂ္ဂလဒာန်အလောင်း သူတော်ကောင်းက လက်ဝဲရံအဂ္ဂသာဝကဘဝ၊ အရှင်အာနန္ဒာအလောင်း သူတော်ကောင်းက ဘုရားရှင်အား ပြုစုလုပ်ကျွေးခွင့် ရနိုင် သည့်ဘဝ၊ အရှင်ရာဟုလာအလောင်း သူတော်ကောင်းကား ဘုရားရှင်၏ သားတော်ဘဝ --- ဤသို့စသည်ဖြင့် ထိုသူတော်ကောင်းတို့၏ သန္တာန်၌ ဖြစ်ပေါ်ခဲ့သော ရာဂသည် ထိုထိုဗောဓိဉာဏ်သို့ ရောက်ကြောင်း ပါရမီကုသိုလ် တရားအပေါင်းတို့ကို ဖြစ်ပေါ်လာဖို့ရန် အားကြီးသောမှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးလျက်ပင်
善慧菩萨希求能够证得正等觉智的生命;善友族姓女则贪著能够协助善慧仙人圆满一切波罗蜜、使他获得一切知智的生命。成为舍利弗尊者的善人希求右上首声闻的生命;成为摩诃目犍连尊者的善人希求左上首声闻的生命;成为阿难尊者的善人希求能够侍奉佛陀的生命;成为罗睺罗尊者的善人则希求成为佛子的生命。像这样,在这些善人的相续中生起的贪染,始终以强力的亲依止缘力资助能导向各自菩提智的一切波罗蜜善法生起——
ရှိပေသည်။ အမြတ်ဆုံးသော ကုသိုလ်တရားတို့ကို များစွာ အထောက်အကူ ပြုပေးသော ရာဂ တစ်မျိုးပင် ဖြစ် ပေသည်။
——而一直给予助益。这是一种能大力助成最殊胜善法的贪染。
အင်္ဂပူ ဆရာတော်ဘုရားကြီး၏ မောရသုတ်အမွှန်း
英加布西亚多大长老的《孔雀经》赞释
ဇာတကအဋ္ဌကထာ ဒုတိယတွဲ စာမျက်နှာ (၂၉) စသည်တို့၌ လာရှိသည့်အတိုင်း ရာဂကျော့ကွင်း၏ သတ္တဝါတို့အား ညစ်နွမ်းဆင်းရဲအောင် ညှဥ်းပန်းနှိပ်စက်ပုံ အခြင်းအရာကို ပေါ်လွင်ထင်ရှားအောင် အလင်္ကာ ဂုဏ်မြောက်စွာဖြင့် ဖွဲ့သီ၍ထားတော်မူခဲ့သော မူလမဟာဒွါရနိကာယ ပဉ္စမသာသနာပိုင် အင်္ဂပူဆရာတော်- ဘုရားကြီး၏ အင်္ဂပူ ကဗျာ့အမြုတေကျမ်း ပထမတွဲ - စာမျက်နှာ (၈-၂ဝ)တို့မှ ထုတ်နုတ်၍ ရေးသားတင်ပြအပ် ပါသည်။
据《本生义注》第二册第29页等处所载,根本大门派第五任僧王英加布西亚多大长老,为了鲜明显示贪欲罗网怎样污染有情,使其受苦并遭受逼迫,以富于修辞文采的诗体写成下文。现从大长老所著《英加布诗甘露》第一册第8—20页摘录呈示。
原书第 395 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း နမော ဗုဒ္ဓဿ။
Namo Buddhassa——礼敬佛陀。
၁။ မုနိပဝရ၊ အမတ သာကိန်၊ ရာဇိန္ဒာ ဘက်လွတ်၊ စက္ကဝတ်သျှောင်ပန်၊ ပြောင်အလျှံဝယ်၊ ခေါင်မှန်ရှိန်လျား၊ အချိန်များသော၊ စိန်ပတ္တမြားတို့ကဲ့သို့၊ ထိန်ကြွားကြွား ပုံသွင်ဝယ်၊ သိရ်ငွားငွား စုံလင်အောင်၊ ရှိန်မားမားဂုဏ်အင်နှင့်၊ ခုံတင်၍ ရှုမဝနိုင်သော၊ အတုလ စံတစ်ဆူကို၊ မကုဋ သယမ္ဘူဟု၊ ညံဆူဆူ ဝှန်လှိုက်၍၊ တိုက်စက္ကဝါ၊ ရိုက်သွက်ခါ အောင်၊ ခိုက်လျက်ဖြာ ကျော်ခတ်သော၊ လောကနာထ် မြတ်စွာဘုရားသခင်သည် …၊ ၂။ မယှဥ်ရာဂီ၊ သဉ္ဇာလီဝယ်၊ တင်ကာမှီ အုံးစက်လို့၊ လွင်ဗာဟီ ရုန်းမထွက်ရအောင်၊ ရွှင်သာကြည် ပြုံးလျက်နှင့်၊ ပုန်းဝှက်ခါ ပျော်လေ့သဖြင့်၊ ညှော်ငွေ့ကိလေ၊ မရှိစေဘဲ၊ လှစ်ချွေထိန်းအုပ်၊ ကသိဏန် ပရိကံကို၊ သတိဉာဏ် ယိမ်းမလှုပ်ရအောင်၊ သိမ်းချုပ်သော ကတွတ္ထနှင့်၊ သဝတ္ထ အမည်ရသော၊ သီလဝ ရသေ့ကျော်၏၊ မွေ့လျော်ရာ ဧကန်၊ အခြေမှန်သောကြောင့်လည်းကောင်း …၊
一、礼赞至胜牟尼、甘露的见证者、诸王之王!他超越一切偏党,如戴宝冠的转轮王;功德如钻石与红宝石般光辉灿烂,尊高得令人仰望不尽。十方世界同声赞叹这位无比的自觉者、世间怙主——佛陀世尊。二、迦瓦陀与萨瓦陀两位持戒仙人,安住于远离无可比拟之贪火的卧具,欢喜隐居;他们修习遍作与遍处,以念与智紧摄其心,不让烦恼烟尘升起。因为这里确是两位仙人喜乐安住之地……
၃။ ဣန္ဒနီလာ၊ ဝဇီရာနှင့်၊ ဂီဝါရောင်ဓာတ်၊ ပြောင်ပြောင်လျှပ်သော၊ ဆောင်ပြာသာဒ်တို့နှင့်တကွ၊ ခေါင်နဝရတ် ကဉ္စနာဖြင့်၊ မင်္ဂလာ အောင်မြေကွန်းဝယ်၊ ဘဝင်မှာ လောင်ကြွေကျွမ်းအောင်၊ မယှဥ်သာ ရောင်တွေလွှမ်း၍၊ ပြောင်ဝေရွှန်း မြပုလဲတို့၏၊ သဟဲမှီကာ၊ နွှဲညီညာလျက်၊ မြဲရှည်စွာ အစစ်၊ စွဲတည်ရာ ဖြစ်သောကြောင့်လည်း- ကောင်း …၊ ၄။ ယင်းနှစ်ဗျုပ္ပတ်၊ ဟုတ်အဟတ်ကြောင့်၊ ပုဒ်ပါဌ် ခရာ၊ ရုပ်ဓာတ်လာနှင့်၊ သဒ္ဒါနယည်း၊ စာကမ္ဗည်းကို၊ တစ်ခါတည်း လိပ်ခတ်၍၊ တံဆိပ်မှတ် မင်သားလျက်၊ ထင်ရှားစွာ ဂုဏ်ရှိ၍၊ သာဝတ္ထိ မည်ခေါ်သော၊ ပြည်တော်၏ အနီး၊ ခရီးဆောင်ညွှန်၊ တောင်အစွန်ဝယ်၊ အောင်တံခွန် မိုးနိမ့်အောင်၊ ရောင်အဝှန် ဖြိုးလှိမ့်၍၊ ခေါင်အလွန် ငြိုးငြိမ့်မျှ၊ တန်ခိုးဖိမ့် သရေလွန်သော၊ ဇေတဝန် ကျောင်းထက်၌၊ လျောင်းစက်ကာ ယာပထဖြင့်၊ သာမျှတော်မူဆဲ အခါ …၊ ၅။ သေလာဂနိုင်၊ ဟေမာမြိုင်ဝယ်၊ ထွေကာယိုင် ခွေမောမျှ၊ ဖြေပါနိုင် ပွေဇောနှင့်၊ မြေကြောမှာ ကုန်အစ်၍၊
三、又因为这里有蓝宝、金刚般闪耀的楼阁,有九宝黄金庄严的吉祥王城;宝光灿烂,珍珠碧玉交映,长久成为众人依止之处……四、把上述两种词源、语形与文法合在一起,便形成并标明了‘舍卫’之名。在这声名卓著、威势辉煌的舍卫城南郊,祇陀林精舍的胜幢仿佛高入云天;世尊当时正安住其中……五、如雪山林中的狂象醉乱,踉跄疲惫,力尽倒地——
မုန်ယစ်သော တောဆင်ရိုင်းကဲ့သို့၊ မဆိုင်းမဆုတ်၊ ပိုင်းမချုပ်ဘဲ၊ မှိုင်းအုပ်ယှက်ကာ၊ ရိုင်းအယုတ်မက် တဏှာကြောင့်၊ ရှက်စရာ လောကမှာ၊ ခက်ဗျာပါ သောကနှင့်၊ မောဟတွေ ကူနှောလျက်၊ ပူဇောမီးဖြာ၊ မမှီးသာတဲ့၊ ကြီးစွာသူပုန်၊ ကာမဂုဏ်ကြောင့်၊ အာသဝုံ မြစ်ကြောဝယ်၊ တဏှာဟုန် ရစ်နှော၍၊ သာအစုန် နစ်မျောသဖြင့်၊ ဟစ်မောကာ ကြုံနွမ်းလျက်၊ ကုန်ဆန်းသော ရိပ်သင်္ခမ်းမှာ၊ စိတ်ပင်ပန်း ဗျာရနှင့် (= ဗျာပါရနှင့်)၊ ရာဂထူပြွမ်း၍၊ မူဆန်းသော ရဟန်းတစ်ပါးကို၊ ဘုရား မြင်တော်မူလေလျှင် …၊ ၆။ တင်တင်တစ်ဆူ၊ သွင်သွင်မူကို၊ မြင်မြင်သူငေး၊ မသ-မပြင်၊ မြတ်ပလဒင်ဝယ်၊ လှအယဥ် ယှဥ်ဖော်ဝေးရသော၊ ရင်တော်သွေး ရာဟုလာနှင့်၊ ပမာမခြား၊ သတ္တဝါများကို၊ ညှာသနား နုဒယာသည်၊ ကမုကြာ အနောတတ်ဝယ်၊ ကရုဏာ တောမသတ်ဘဲ၊ ဇောထပ်၍ ပွားတော်မူသောကြောင့်၊ မမှားသင့်မှု၊ များရင့်နုကို၊ သားနှင့်ရှု အရှည်ရည်၍၊
——同样,有一位比丘被粗野邪爱笼罩,因五欲大贼而被忧、苦、恼与痴煎迫;他被欲流中的爱势缠住,顺流沉没,即使住在寂静住处也身心疲惫,贪染炽盛。佛陀见到这位行为反常的比丘……六、世尊爱护一切有情,如同自己的亲子罗睺罗;他以无尽大悲怜愍众生,不论长幼,皆视若亲子,为其长远利益而——
မြေမဟီ ခွေလည်ကျိုးလောက်အောင်၊ ပွေပလီ မေဃီကိုးနယ်က၊ ဒေဝရီ ရွှေစည်နှိုးပြီးလျှင်၊ ရေကြည်မိုး ရွာသွန်း သကဲ့သို့၊ ဇာလွှမ်းသော ဖဲကတ္တီဝယ်၊ သဲကြည်သော စကားဖြင့်၊ တရားရေးလှိမ့်၊ သားသွေးစိမ့်အောင်၊ နားအေး ငြိမ့် အမြိုက်ဆေးကို၊ တိုက်ကျွေးတော်မူပြီးမှ …၊ 〔ဘိက္ခု မာတုဂါမော နာမ ကသ္မာ တုမှာဒိသာနံ စိတ္တံ နာလုဠေဿတိ၊ ပေါရာဏကပဏ္ဍိတာနမ္ပိ ဟိ မာတုဂါမဿ သဒ္ဒံ သုတွာ သတ္တ ဝဿသတာနိ အသမုဒါစိဏ္ဏကိလေသာ သြကာသံ လဘိတွာ ခဏေနေဝ သမုဒါစရိသု။ ဝိသုဒ္ဓါပိ သတ္တာ သံကိလိဿန္တိ၊ ဥတ္တမယသသမင်္ဂိနောပိ အာယသကျံ ပါပုဏန္တိ၊ ပဂေဝ အပရိ- သုဒ္ဓါ။ (ဇာတက-ဋ္ဌ-၂-၂၉။)
——宣说正法。那声音如九重天金鼓齐鸣,又如澄净甘雨自云中降下;世尊以清澈柔和之语转动法轮,让法药渗入弟子心中,灌以清凉甘露,然后开示:〔Bhikkhu, mātugāmo nāma kasmā tumhādisānaṃ cittaṃ nāluḷessati? Porāṇakapaṇḍitānampi hi mātugāmassa saddaṃ sutvā satta vassasatāni asamudāciṇṇakilesā okāsaṃ labhitvā khaṇeneva samudācariṃsu. Visuddhāpi sattā saṃkilissanti, uttamayasasamaṅginopi āyasakyaṃ pāpuṇanti, pageva aparisuddhā.(《本生义注》2-29。)
原书第 396 页
ချစ်သားရဟန်း …မာတုဂါမ မင်းမိန်းမ မည်သည်ကား သင်တို့ကဲ့သို့ ရှုအပ်သော သဘောရှိကုန်သော သူတို့၏ စိတ်ဓာတ်ကို အဘယ်အကြောင်းကြောင့် လှုပ်ချောက်ချားအောင် မပြုလုပ်နိုင်ဘဲ ရှိနိုင်ပါအံ့နည်း၊ မှန်- ပေသည် --- ရှေးပညာရှိသူတော်ကောင်းတို့၏ သန္တာန်၌သော်မှလည်း နှစ်ပေါင်း (၇ဝဝ)တို့ ကာလပတ်လုံး စိတ် အစဥ်ဝယ် ဖြစ်ပွားကျက်စားမှု မရှိသော ကိလေသာတို့သည် မာတုဂါမ၏ အသံကို ကြားရ၍ ဖြစ်ခွင့်ကို ရကြကုန်၍ တစ်ခဏချင်းအတွင်းမှာပင်လျှင် စိတ်အစဥ်တွင် ဖြစ်ပွားကာ ကျက်စားခဲ့ဖူးကုန်ပြီ။ စင်ကြယ်ကုန်သော သူတော်- ကောင်းတို့သော်မှလည်း ကိလေသာ အပူဓာတ်ကြောင့် စိတ်အစဥ် ညစ်နွမ်းခဲ့ကြရဖူးကုန်၏။ မွန်မြတ်သော ဂုဏ်သတင်းနှင့် ပြည့်စုံတော်မူကြသည့် သူတော်ကောင်းတို့သည်သော်မှလည်း ဂုဏ်သတင်း အရှိန်အဝါမဲ့ခြင်းသို့ ရောက်ရှိတော်မူကြရကုန်၏၊ ကိလေသာ အညစ်အကြေးတို့သည် လူးလည်းပေကျံကြလျက် ရှိသဖြင့် မစင်ကြယ်
译:‘比丘,所谓女众,为何不能扰乱像你这样的人之心?即使古代智者,听见女众的声音以后,七百年未曾现行的烦恼一得到机会,也会在刹那间现行。即使清净的善人,也曾因烦恼热而内心染污;即使具足崇高声誉,也曾落到声誉尽失。至于烦恼污垢尚未洗净的——
ကြသော သတ္တဝါတို့ အဖို့မှာမူကား အဘယ်မှာလျှင် ဆိုဖွယ်ရာ ရှိနိုင်ပါကုန်အံ့နည်း --- ဤသို့စသည်ဖြင့် နား အေးငြိမ့် အမြိုက်ဆေးကို တိုက်ကျွေးတော်မူပြီးမှ …〕 ၇။ ဘဝဝေးစွာ၊ ရှေးအခါဝယ်၊ သွဏ္ဏာမောရ၊ အလောင်းသနစ်၊ ဒေါင်းအစစ်လျှင်၊ ဖြစ်ကာလ၌၊ နာယကသတ္ထာ၊ ငါမြတ်စွာသည် …၊ တဏှာလောဘ၊ ကာမောဃဝယ်၊ ဗျာဇောကြွ ရမ္မက်ကြောင့်၊ သာ သောကအခက်နှင့်၊ အသက်တောင် ဆုံးကြွေ့မျှ၊ နုံးခွေ့သော ဒုက္ခနှင့်၊ ရုပ်မလှ ဆူထိန်လျက်၊ ကျူအိမ်ကို သူရိန်မှေးသကဲ့သို့၊ ပူရှိန် ဆွေး ခုန်လှိုက်၍၊ တုန်ဟိုက်အောင် ခက်ခဲသော၊ ရှက်ပွဲကြီး ကြုံခဲ့ရလေပြီ …။ ဤသို့ နောက်ဟောင်း၊ အောက်အကြောင်းကို၊ ထောက်စကောင်း ရိပ်အမြွက်မျှ၊ ချိတ်ဆက်ကာ ညွှန်းပြ၍၊ ခွန်းမဟ ပိတ်တပိတ်နှင့်၊ တိတ်တဆိတ် နေတော်မူသောအခါ …၊ ရှစ်ဖြာရာခံ၊ သမ္ဘာလျှံသည့်၊ အာနန်ညီမှူး၊ မထေရ်ထူးတို့သည်၊ ကြည်နူးသော စိတ်ဒြပ်ဖြင့်၊ အတိတ်ဇာတ် စံဟောင်းကို၊ ပြန်ညောင်းတော်မူပါဘုရားဟု၊ လျှောက်ထားတောင်းပန်၊
——有情,又哪里还有什么可说?’〕世尊作如是开示后,诗续道:七、很久以前,我——世尊——投生为纯金色的孔雀菩萨;也曾因为爱贪与欲流中的炽盛欲情,陷入忧苦,几乎丧命,遭遇身色憔悴、热恼震颤的羞耻大难。世尊这样略作提示以后,便默然不语;具足无碍解的阿难长老满心欢喜,恭请道:‘世尊,请开示那一段过去本生。’——
အကြောင်းခံကြောင့်၊ ကောင်းမှန်သော စိတ်နှလုံးဖြင့်၊ တိတ်ထုံးကို ဗျာလှိမ့်၍၊ သာမိန့်တော်မူသည်မှာ …၊ ၈။ တထာဂတ၊ ပဘာဝလျှံလူ၊ မှန်ကူထွဋ်ထား၊ တမွတ်သားသော၊ ငါဘုရားမြတ်စွာသည်၊ ဟေမာရဂုံ၊ ကြွေကာ ထုံတဲ့၊ စုံဂနိုင်လယ်၊ ဘုံမြိုင်စွယ်မှာ၊ လှယ်တပျံ့ပျံ့၊ မထယ့်တထယ် (= မထည့်တထည်)၊ ပြယ့်တပြယ်ဝယ်၊ စမ္ပယ်နံနှင့်၊ ကြံ့ကြံ့ယိမ်းနွဲ့၊ တိမ်းသကဲ့သို့၊ စိမ်းလဲ့အသွေး၊ မှင်ပဒုံးတွေ (= မင်ပဒုံးတွေ)၊ ချဥ်သုံးခြွေလို့၊ ပင်လုံးဝေ ထွေးကြတယ်၊ မွှေးရနံ့ တကြိုင်ကြိုင်၊ အေးကမန့် တလှိုင်လှိုင်နှင့်၊ ယိုင်ခွေကာ လေလွင့်လျက်၊ မြေမြင့်မှာ ပွေဆင့်၍၊ ကြွေလွင့်ကာ ယှက်ကူး၊ မသန့် တသန့်၊ ဖန့်တဖန့်မှာ၊ တန့်တန့်ဝေ မှိုင်မူးမျှ၊ ပြိုင်ဖူးသော အင်ဂမုန်းနှင့်၊ တစ်ပင်လုံး သိမ်းသွဲ့အောင်၊ သဇင်ကုံး ပိန်းလှည့်၍၊ စိမ်းမှည့်တွေ ပင်ထက်မှာ၊ ဘဝင်သက်ဝယ် ရွှင်လျက်နှင့်၊ ကြင်သက်လယ် တင်ယှက်လို့၊
——由于阿难如此请求,世尊解开沉默之结,以慈和的声音说道:八、过去,如来在喜马拉雅山林中,那里的花香遍野,树木青翠,微风摇曳,繁花纷落;香气清凉,百鸟栖枝,彼此依恋欢鸣——
ခင်မက်ဖွယ် ငှက်ကျေးကလည်း၊ မြွက်ကြွေးတဲ့ သံစုံ။ လေညင်းညံ့ညံ့၊ ခြွေသွင်းဖြန့်လို့၊ ငွေနှင်းတန့် တမှုံမှုံနှင့်၊ အစုံအစုံ ရေစာပေါသော၊ ဟေမာကြော တောအလယ်၌၊ ချောသွယ်သွယ် ရုပ်အဆင်းနှင့်၊ အုပ်သင်းရွေ စုပေါင်း- သော၊ ဥဒေါင်း၏ အမျိုး၌၊ အကျိုးကံ စေ့ဆော်သဖြင့်၊ မွေ့လျော်ကာ သန္ဓေမှီးခဲ့သော် …၊ ၉။ အမြီးရှည်လျား၊ ဝေဖားဖားဝယ်၊ ငွေယမား ချူးတွန့်နှင့်၊ သွေမပြား ဦးညွန့်၌၊ မြူးကွန့်ကွန့် ရောင်လျှံသည်၊ လောင်မဟန် ရှိန်ဝါနုသော၊ ဣန္ဒာဝု သက်တင်ရေးကဲ့သို့၊ အမွေး အတောင်၊ သွေးစကားရောင်ဝယ်၊ဖွေးပြောင် လက်လက်၊ ဘယက်အဟန်၊ ကွက်သဏ္ဌာန်မှာ၊ မျက်ဖာလ်စုံ ယှက်ပြီးလျှင်၊ နက်မင်သွေးပ အလျှံ၌၊ မြကတန် ဝန်းရစ်၍၊ ထွန်းသစ်သစ် ရွှေမိလဒာကို၊ ခွေလိမ်ကာ မှောင်စွန်းသဖြင့်၊ ပြောင်ရွှန်းရွှန်း လင်းထိန်လျက်၊ ဆင်းမမှိန် ယုန်နန်းကို၊ နဝင်းအိမ် ဘုံခန်း၌၊ မှုံသန်းကာ သိန်ချဲ့၍၊ အိမ်ဖွဲ့သည့် ဂုဏ်မာန်နှင့်၊ ပုံစံတူ ရှုမညောင်းသော၊
——柔风散开薄雾,山溪与湖泊清澈,林中食物丰足,群鸟以种种声调相和。我因业力牵引,在这片喜马拉雅森林的孔雀族中结生。九、我长尾舒展,银饰般的羽翎层层弯曲;头冠灿烂,羽毛呈金红色,眼斑交错,青碧围绕深黑,仿佛彩虹与珠宝交相辉映——
ဥဒေါင်းမင်း ဖြစ်တော်မူလတ်၍ …၊ ၁ဝ။ ရစ်ပတ် ခြွေရံ၊ ဗွေကမ်းပါးယံဝယ်၊ ရေအပြန် စမ်းကွေ့နှင့်၊ သွေမလှန် ချမ်းမြေ့အောင်၊ ကမ်းပြေ့ပြေ့ ပြိုင်စီးသော (= ကမ်းပြည့်ပြည့် ပြိုင်စီးသော)၊ အိုင်ကြီးသို့ ယွင်းမကွက်ဘဲ၊ ဆင်းသက်ကာ ခြေထောက်၍၊ ရေ-
——光彩照人,形貌百看不厌,就这样成为金孔雀王。十、孔雀王从环绕山崖、溪流回转、清凉宁静的大湖岸边,缓缓下到水边,俯身饮——
原书第 397 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း သောက်တော်မူလေသော် …၊ သေတုဒကံ၊ ရေစုမှန်ဝယ်၊ ကြွေလှုဟန် နွဲ့ပျောင်းသော၊ ရွှေနုလျှံ လဲ့မောင်းကို၊ ငဲ့စောင်းကာ ဖော်စုနှင့်၊ မျှော်ရှုတော်မူစဥ် …၊ ယဥ်တမူသစ်၊ ဘုရင်တစ်ဆူ၊ သွင်ဇမ္ဗူကို၊ မြင်သသူ ဘဝင် နစ်အောင်၊ ကြင်ချစ်ဖွယ် ရှိကြောင်းဖြင့်၊ ကောင်းကောင်းကြီး မြင်သိလေက၊ သတိတော် ဆော်ပင့်၍၊ ဖော်နှင့် အတူ၊ ပျော်လင့်မူကား၊ လူအကြံကောက်၊ တစ်ဉာဏ်လှောက်၍၊ ကံမြောက်အောင် ဖျက်ဆီးခဲ့သော်၊ ပျက်စီးခြင်း ရောက်ရာသည်ဟု၊ အရှည်မကြာ၊ မအီသာဖူး၊ ပညာတွေးထောက်၊ ဆွေးစလောက်ပင်၊ ရေးမရောက်ခင်၊ ဝေးမြောက်သော မြိုင်ခွင်သို့၊ ပြိုင်ယှဥ်ရန် ခိုမှီးဖို့၊ တစ်ကိုယ်တည်း ထွက်ပြေးမှ၊ သက်ဘေးက လွတ်ရာသည်ဟု၊ တည်ကြည်သော စိတ်နှလုံးဖြင့်၊ တိတ်တိတ်ပုန်း ကြံဆ၍၊ ပျံကြွတော်မူခဲ့သော် …၊ ၁၁။ ဗွေမဟော် ခင်တန်း၊ အသွင်ဆန်းနှင့်၊ ယဥ်မခန်းအောင်၊ ပင်နန်းညောင်ဝယ်၊ မောင်ခေါ်မယ်နွဲ့၊ အသီးအပွင့်၊
——水。喝水时,他看见澄澈水面映出柔美的金色身影,又回望身旁的同伴,明白自己如此惹人喜爱。他以智慧警醒自己:‘若与众伴同乐,人会想出诡计使我毁灭;为保性命,我必须独自逃往遥远森林藏身。’他以坚定之心暗自筹量,便孤身飞去。十一、在幽深壮美的山林中,树木花果丰盛——
ကြီးအရင့်ကို၊ မှီးအသင့် ခူးတဲ့၍၊ မူးငဲ့ငဲ့ ငေးအငိုက်မှာ၊ မြူးတွဲ့တွဲ့ တေးအလိုက်နှင့်၊ ကျူးသဲ့သဲ့ ကြွေးစရိုက်ပါ၊ ထွေးပိုက်ကာ တောင်အုပ်လို့၊ ဆောင်စမုတ် သိုက်နန်းက၊ ဝိုက်သန်းကာ လည်နွဲ့၊ အချမ်း ငွေ့ကာ၊ စမ်းကွေ့ညာမှာ၊ ပန်းမွေ့ရာ ဖြန့်ကြဲလျက်၊ သဲသောင်ပြန့် ရေကြည်ဝယ်၊ ဝဲဆောင်သန့် လေပြည်နှင့်၊ ခွေလည်လည် တိုင်းမသိအောင်၊ လှိုင်းအိအိ ယက်ဖွေး၊ ရီပြာမမှောင်၊ ကြည်စွာ လောင်သည့်၊ သီလာတောင် နံဘေးဝယ်၊ နီလာရောင် အမွေးနှင့်၊ ယဥ်ကျေးပုံ သွင်သွေးဝယ်၊ မင်ဆေးစုံ တင်ရေးသကဲ့သို့။ ဘဝင်ဆွေးဖွယ် ငှက်တစ်ချို့ကလည်း၊ သက်တစ်ကိုယ့် ငေးဟန့်လျက်၊ တေးဒျံ့မြည်ပြန်၊ တညီတညာ၊ ဝသီပါငယ်၊ ပလီကာ မြှူဟန်နှင့်၊ ပူရန်ဖြေ စုံကြောမှာ၊ ဆူညံဝေ ဆုံသြလျက်၊ မူသံတွေ ပုံပြောလို့၊ ကုန်မောဖွယ် အခန်းခန်းဖြင့်၊ အဆန်းဆန်း ခွန်းဆင့်၊ မာဂဓာတေး၊ ဟာဟာ ဟေးလို့၊ ဘာသာကြွေး လွန်းလွှင့်လျက်၊ ထွန်းတင့်တယ် အံ့မပြီးသဖြင့်၊ ခံ့ကြီးသော မြေအခေါင်ဝယ်၊ နေအရောင်
——山谷间鸟声婉转,清泉回流,花瓣铺在沙洲与水面,柔风吹起层层清波;青山旁群鸟羽色如画,有的哀鸣,有的唱和,以摩揭陀曲调发出奇妙歌声。孔雀王在这座景色无穷、令人惊叹的高山中安住——
စံမမျှ၍၊ ဒဏ္ဍကပဗ္ဗတာဟု၊ လျှပ်ပမာ ဝေပြောင်ညီးသော၊ ရွှေတောင်ကြီး အနီး၌၊ ယှဥ်မှီးမပြတ်၊ ကျင့်ဆည်းကပ် လျက်၊ သဟသ်ရံသီ၊ မြတ်ဘန်ချည်ဟု၊ နတ်စံတည် ဆောင်ကွန်းသည်၊ ပတ်ရံလည် တောင်ကျွန်းသို့၊ ရောင်လွှမ်းကာ ဟရိသဗ်ဖြင့်၊ သတပတ် ပဒုမ္မာကို၊ တုန်ခါခါ အုံပါစွင့်အောင်၊ ပွင့်စေသော ကာလဝယ် …၊ ၁၂။ အန္တရာယ်ရိပြွမ်း၊ မငြိစွမ်းသော၊ လှည့်ဝန်းကွက်မှတ်၊ ဓမ္မစက်ဓာတ်၌၊ ရက်မပြတ် ရှုလေ၍၊ ဥဒေတယံ၊ မှုခြေခံကို၊ နုရွှေဉာဏ် တက်ပွားအောင်၊ ဆုဝေဖန် မြွက်သားလျက်၊ ကျက်စား ဆင်းတော်မူပြီးလျှင် …၊ ဝေဟင်္ဂမာ၊ ကဉ္စနာ မူသိရ်၊ ပူရှိန် လျှပ်လျှပ်၊ သူရိယ်နတ်ကို၊ မြူတိမ်ထပ် ခိုးအုပ်၍၊ မိုးချုပ်သော ညဥ့်အခြေဝယ်၊ တင့်သရေ ရိပ်ဆန်းတဲ့၊ အိပ်တန်းသို့ တက်ပြီးမှ၊ စက်ကြီးပမာ၊ ကွက်ဆီးကာသား၊ နည်းနာမသွေ၊ ဝါယာမေဖြင့်၊ အပေတယံ အခြေခံကို၊ ဘယေရန် လွတ်ကင်းအောင်၊ အရှည်ကြံ ချွတ်မယွင်းတဲ့၊ ဇွတ်တင်းကာ ဝတ်တယ်၍၊ ရွတ်သရဇ္ဈာယ်
——靠近光耀如日的檀陀迦金山。日轮升起,光明遍照群峰,百叶莲花摇曳盛开。十二、为了使任何危险都不能侵入,他日日观想法轮,晨间诵念以 Udetayaṃ 开头的护卫偈,使智慧增长、愿求成就,然后下山觅食;黄昏时日轮被云雾遮蔽、夜色降临,他登上清幽栖处,又——
ညည်းသန်းလျက်၊ စီးဖြန်းတော်မူရှာလေသတည်း။
——如法不断精进,诵念以 Apetayaṃ 开头、能远离怖畏危险的护卫偈,然后安稳休息。
၁၃။ ထိုအခါဝယ်၊ ဝါရာဏသီ၊ ဗာရာပြည်တွင်၊ ဖြာဖြာစီပြွမ်း (= ဖြာဖြာစည်ပြွမ်း?)၊ သာယာညီချမ်းသဖြင့်၊ ဘုံနန်းမြင့် မှန်ရဝေမှာ၊ ကုန်ဆန်းတင့် ဉာဏ်ကဝေနှင့်၊ စံသရေ ရောင်မညှိုးသော၊ ခေါင်သတိုး ဝင့်မရှောင်တဲ့၊ ဘုရင့်နောင် စောဗြဟ္မဒတ်သည်၊ လောကဓာတ် ပတ်ကုံး၌၊ သောမနသ် မပြတ်ပြုံးလောက်တဲ့၊ ဇောတရသ် (= ဇောတရတ် = မဏိဇောတ ပတ္တမြားရတနာ။) အမြတ်ဆုံးကဲ့သို့၊ သကတ်ဖုံးလှည့် ဝေဆာအောင်၊ ဝိသေသာ ဝန်းရံ၍၊ ဘိသေကာ သွန်းခံလျက်၊ ထွန်းအလျှံ ပပဝင်းသော၊ မြမြသင်း ဂဇာသတ်ထက်၊ လာဓမ္မသတ် ဖွေနည်း မူဖြင့်၊ ငွေထီးဖြူ မိုးအုပ်၍၊ စိုးချုပ်တော်မူရှာလေသတည်း။
十三、当时,在繁华安乐的波罗奈城中,梵授王智慧出众、威德显赫,受灌顶登上王位;他如最上摩尼宝般光耀,在白伞覆盖之下,依王法统治国土。
၁၄။ ပဒ္မါသနင်၊ ကြာပလဒင်ထက်၊ ညာတင်ထားအပ်၊ ကြေညာမဟီ၊ ရွှေစာစီ၍၊ ခေမာဝီ ခေါ်မှတ်သော၊ ဇော တနတ်၊ ရွေမှူးခင်သည်၊ ဗွေဦးကင် သီဟာသမှာ၊ ညီလာခ သန်းရံလျက်၊ နန်းမှန်မြင့် ငွေရိပ်မော်ဝယ်၊ ရွှေစိတ်တော် ဖျော်ဖြေကြောင်းဟု၊ ဖော်ရွေပေါင်း လှအများနှင့် ခစားတော်မူရှာလေ၏။
十四、王后名叫差摩,容光如坐莲台的天女;她在庄严宫殿中,由众多美丽侍女簇拥侍奉,生活在高贵华美的王宫里。
原书第 398 页
၁၅။ အခါတစ်ပါး၊ဘမရာဖျားဝယ်၊ မဟာဖွား ညာနတ်မေသည်၊ ကြာယပ်ငွေ ဝန်းကာ၍၊ ထွန်းရတနာ လင်းမ- မှောင်သော၊ အတွင်းဆောင် နံ့သာနန်းဝယ်၊ ပယင်းရောင် စကားဝါပန်းနှင့်၊ သာဆန်းသော ဖဲမွေ့ရာ၌၊ ဝဲဝှေ့ကာ ညှင်းသန့်လျက်၊ တင်းမခန့် သင်းပျံ့ဝေအောင်၊ နှင်းနံ့တွေ ခြွေသတ်တဲ့၊ လေရဟတ် ကြာခြည်ကို၊ ခွေတစ်ပတ် သာချည်၍၊ ဇာကတီ အုံးထက်က၊ ခုံးမျက်တောင် ထွေးယှက်သဖြင့်၊ မှေးစက်တော်မူခဲ့သော် …၊ ၁၆။ လှော်စင်ရောင်ဖိတ်၊ မှောင်မမှိတ်သော၊ တောင်ရိပ်အနီး၊ မှီးစံရာဗွေ၊ ဂန္ဓာခြေဝယ်၊ ရွှေဇမ္ဗူမှန်၊ ဝေဘူပြန်နှင့်၊ သူရကန် ရောင်ညီး၊ တန်ဆောင်မီးတို့သည်၊ ပြောင်ပြောင်ကြီး ပြင်းရှိန်လျက်၊ လင်းထိန်ထိန် ထွန်းသကဲ့သို့၊ ညွှန်း- ဆောင်တင့် ရဂုံမြေမှာ၊ ဂုဏ်သရေ ကုန်ဆန်းတဲ့၊ ဘုံရဝေ မြုံနန်း၌၊ ပုံဖမ်း၍ စံမရအောင်၊ ဟန်အလှ သွင်လျာ မော်နှင့်၊ အင်္ဂါတော် ခွေနုပျောင်းသော၊ ရွှေဥဒေါင်း မောရ၏၊ ဓမ္မောဇ ဆေးဖိုလ်ဝယ်၊ သဘောကျ သွေးမညိုဘဲ၊
十五、有一天,王后在芬芳的内殿中安卧;金色花朵与柔软卧具相映,侍女轻摇莲扇,她合拢长睫,渐渐入睡。十六、梦中,她看见在香山附近、明亮如日月的林野里,一只容貌庄严、全身金色的孔雀王正在宣说甘露妙法;她满心欢喜,毫不厌倦地听闻——
မနောက အေးချိုလျက်၊ လေးပဟိုရ် ကာလညောင်းမျှ၊ နာရကြောင်း အိပ်မက်ကို၊ စိန်ကနက် သဉ္ဇာပေါ်မှာ၊ မြင်ရှာတော်မူသောကြောင့်၊ စိုးနှောင့် အာသာ၊ ပူရတက်ဇော၊ ချင်ရက်မပြယ်၊ ခင်မက်တွယ်၍၊ ဘဝင်သက်ဝယ် ကြွေလျောအောင်၊ ခွေမောကာ နွမ်းရှာ၍၊ ပန်းဗျာပါ ပူအားနှင့်၊ မူထားသော အကြောင်းကို၊ ၎င်းင်းမင်း ဗြဟ္မဒတ် သည်၊ လင်းအတတ် မြင်သိလေက …၊ ၁၇။ ပ-မှုန် မမှေး၊ လ-ယုန်ရေးနှင့်၊ ပုံသွေးနှိုင်းဆွယ်၊ ယဥ်ပြကတေ့၊ ကြင်မမေ့နိုင်တဲ့၊ ခင်လေ့မယ်ငယ် …၊ ခြယ်ငွေ ရဇတ၊ ဘမရနန်းပြင်၊ ကြငှန်းခွင်နှင့်၊ ဆန်းသွင် ထွေရာ၊ ရဝေညှာမှာ၊ ဝေဒနာ ဆန်းပြား၊ ခွေတပျော့ပျော့၊ ကြွေမတော့လိုနှင့်၊ ရွေကြော့ဖျားမှာ၊ ခြားတဲ့ဖြစ်အင်၊ ဂတိမကွေ့၊ လှည့်မဝှေ့နှင့်၊ ရှိသရွေ့ ဗျာဆင်ဟု၊ ရာဘုရင် ဥက္ကဌ်က၊ အတ္ထုပ္ပတ် ဖြစ်ရေးကို၊ စစ်ဆေးကာ မေးသောကြောင့်၊ တွေးဖြောင့် သဘော၊ အကြောင်း သနစ်၊ စောင်းမရစ်ဘဲ၊ ပေါင်းစစ်ကာ ပြောရာတွင် …၊
——整整一夜四个时分。她在华美卧榻上见到这个梦,醒来以后便炽烈渴望那只孔雀,因思念而身心憔悴。梵授王看出王后忧恼,便问道:十七、‘如月般美丽、令我不能忘怀的爱妃,在这七宝宫殿中,是什么事情使你如此痛苦?请不要隐瞒,依实告诉我。’
၁၈။ မနောမယ၊ ဇောတရကဲ့သို့၊ လောကမြုတေ၊ မဟေသီဆုံး၊ ဒေဝီနှုန်းပေတဲ့၊ ဘုန်းမေမေငယ် …၊ ဗွေသီဟာဆောင်၊ ညီလာဘောင်ဝယ်၊ ဆောင်သမျှပြီး၊ ခေါင်သမ္ဘာ့ ထီးပါကဘဲ၊ မညည်းညူလောက်၊ မသွေအစစ်၊ သပြေခေတ်မှာ၊ ဧကရာဇ် မြောက်ပါမင့်၊ ဘာလောက်မျှ မှတ်ပါဘူး၊ မြတ်မဟာဆွေ၊ ဗျာမပွေနှင့်၊ ရှာဖွေယူဖမ်း၊ မူတစ်နန်းဝယ်၊ ပူသန်းကြည်မွေ့၊ ဤယနေ့ပင်၊ သည်ရှေ့မဝေး၊ မရှောင်မသွေ၊ ခေါင်တစ်ဆွေငယ်၊ အရောင်တွေ ဝေမောင်းတဲ့၊ ရွှေဒေါင်းကို ပေးမည်ဟု၊ အေးကြည် အားသန်၊ စကား ဖန်လျက်၊ မယားထံ ပြောပြီးလျှင် …။
十八、王后如实回答:‘即使我身为天下第一王后,拥有一切荣华,也算不了什么。大王,请你不要忧虑;只要把梦中那只金光灿烂的孔雀找来,今天就在同一座宫殿中让我见到它。’王听后安慰爱妃说:‘我一定把金孔雀送给你。’——
တောကြီးမြိုင်တောင်၊ ဂနိုင်ချောင်ဝယ်၊ လိုဏ်မြှောင် ယှက်စပ်၊ ကွက်မလပ်သော၊ ငှက်ခတ် မုဆိုးတို့ကို၊ အုပ်စိုး သော အမိန့်တော်ဖြင့်၊ လှိမ့်ဆော်ကာ သွေမဆိုင်းစေဘဲ၊ စေခိုင်းတော်မူလိုက်ရာ …၊ ၁၉။ မိုက်စွာ ကဲခေါင်၊ သူရဲနှောင်တို့လည်း၊ စွဲဆောင်လက်နက်၊ သိကြားပစ်ချိန်၊ အားသစ်နှိမ်တဲ့၊ ဝရဇိန်စက်သို့၊ အိမ်ထွက်ကျမောင်း၊ ချောင်း ယန္တရား၊ တန်းထား ကွန်ရက်၊ ကျွန်ထက်ဝပ်စင်း၊ မချွတ်ယွင်းနိုင်သော၊ ညွှတ်ကွင်း ပိုက်ပေါင်းတို့ဖြင့်၊ စိုက်ဆောင်းကာ ထောင်လေကြသော်လည်း၊ တောင်သေလ ရိပ်ခါးပန်းမှာ၊ ဆောင်နေကျ စိတ်မနွမ်းနိုင်သော၊ အောင်ဇေယျ ပရိတ်ပန်းကြောင့်၊ ရိပ်ဖမ်းမျှ ခါမမိဘဲ၊ ဗျာဖိသော ဒုက္ခနှင့်၊ ရုပ်ကရဇ ခန္ဓာ- အိမ်ဝယ်၊ ချုပ်သမယ အခါကြိမ်သည်နှင့်၊ ဇရာနှိမ် ချုပ်ညှိုးလျက်၊ မုဆိုးပေါင်း ဖိုမော၍၊ ထိုတောဝယ် သေဆုံး ကြလေကုန်၏။
——说完,国王颁下严令,命令熟悉深山洞壑的猎人立刻进入大森林捕捉。十九、猎人们带着弓箭、机关、网与套索,在山岭各处布设陷阱;然而孔雀王有殊胜护卫偈守护,他们连影子也捕不到。猎人一代又一代困苦劳顿,最后都因衰老、生命结束而死在森林里。
၂ဝ။ ရွှေဘုံ ဗာရာ၊ ရာဇဓာဝယ်၊ ဘမရာဖွား၊ ညာတစ်ပါးလည်း၊ ကြာများရည်ငံ့၊ မှာထားသည့် အခန့်တွင်၊ ဗျာ ပွားစည် မတန့်နှင့်၊ ဆည်းဟန့်ထားနိုင် (= မထားနိုင်)၊ တအားယိုင်၍၊ စကားခိုင် ကြွေလျော့သို့၊ မစားနိုင် ပွေ ဆော့လျက်၊ ခွေပျော့ကာ နုပျောင်းသဖြင့်၊ ဥဒေါင်းမင်း ဆန္ဒကြောင့်၊ ကမ္မဇရုပ် အဟောင်းသည်၊ ဟန်မရ ချုပ်စကောင်းသော်၊ ဘုတ်အပေါင်း ရပ်ဆိုင်း၍၊ နတ်တိုင်းသို့ စံတော်မူရှာလေသတည်း။
二十、波罗奈王宫中的王后久久等候,心中忧恼不息,不能进食,身体日渐衰弱;因为求见孔雀王的愿望始终未能实现,她的业生色身终于败坏,生命终结,投生天界。
原书第 399 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း ၂၁။ ပြည်ကြီး ဥက္ကဌ်၊ သမုနတ်လည်း၊ ဇာတ်သမ္ဘာတူ၊ ညာတစ်ဆူကြောင့်၊ ဗျာပူရတက်၊ ရှုမညောင်းဖွယ်၊ ခုတောင်းရွယ်တဲ့၊ ဥဒေါင်းငယ် အတွက်ကြောင့်၊ အသက်နည်းပါး၊ ပျက်စီးငြားသော်၊ မျက်မီးပွား ဒေါသနှင့်၊ မောရက ကြာငုံကို၊ ကောဓန သာထုံလျက်၊ ရာဇဂုဏ် မာန်တက်၍၊ ရန်ဘက်ကြီး ထင်မှတ်တော်မူသဖြင့်၊ လူနှင့် ဝေးကွာ၊ သွေးရတနာသည်၊ ရှေးကြမ္မာ ကံမြင့်၍၊ ရန်လွင့်ကာ နေလင့်ငြားသော်လည်း၊ နောင်သားတော် မြေးမြစ်တို့၊ ရှေးသနစ် လမ်းကြီးကို၊ တွေးမလစ် မှန်းပြီးလျှင်၊ ငြမ်းမှီးကာ အစဥ်လှိုင်းသဖြင့်၊ ဘုရင်တိုင်း အမိဖမ်းက၊ ဂတိလမ်း ချွတ်ယွင်းခါဝယ်၊ ညွှတ်ကွင်းမှာ ခွေနုံးလျက်၊ သေဆုံးခြင်း ရောက်ရာသည်ဟု၊ တည်ကြည် အေးမြ၊ အတွေးရနှင့်၊ မွှေးသသော နန်းသစ်ညောင်ဝယ်၊ ဆွေးကြွဇော မှန်းလှစ်ဆောင်၍၊ ဖမ်းရစ်အောင် နည်းနာကို၊ ကမ္ပည်းစာ မင်
二十一、国王因王后为求金孔雀而死,怒火炽盛,把孔雀王视作仇敌。他想:‘这只远离人群、因宿业强盛而暂时免难的金鸟,将来我的儿孙仍须依祖法继续捕捉;它终会死在套索中。凡吃到它肉的人,便能不老不死。’国王把捕捉方法与这段话刻成铭文——
သားလျက်၊ တင်ထားတော်မူပြီးမှ၊ ဖြူထီးမိုးကာ၊ သတိုးညှာသည်၊ ညှိုးခန္ဓာ ပြတ်ခန်း၍၊ နတ်နန်းစံတော်မူလေ၏။
——留在宫中;之后,白伞之下的国王也身坏命终,投生天界。
၂၂။ မင်းဖျား ရွှေဘုန်း၊ နေတနှုန်းသည်၊ သေဆုံးသည့်နောက်၊ ခြောက်ဆက်မြောက်အောင်၊ တစ်ယောက်မျှ မဖမ်းနိုင်ဘဲ၊ နန်းခရိုင် အလုံးကို၊ သိမ်းရုံးကာ ကြဥ်းဆောင်သော၊ တြင်းပြောင် ဗြဟ္မဒတ္တဟု၊ သတ္တမမြောက်လတ် သော်၊ တောရပ်လမ်းခွင်၊ စခန်းစဥ်၌၊ ကျွမ်းကျင်သော မုဆိုးတစ်ယောက်ကို၊ ရှေ့တော်မှောက် ခေါ်ထား၍၊ အမိန့်- တော် မှတ်သားလေသည်မှာ …၊ ၂၃။ ကမ္ဘာအစ ခါသမယက၊ ထာဝရနန်းရိုး၊ ကြငှန်းစိုးတဲ့၊ ဘေးဘိုးလာစဥ်၊ ရာဘုရင်တို့၊ ကြာပလဒင်နန်း၊ ဇာသင်ခန်း၌၊ ဆန်းသမိုက်ဖြာ၊ တန်းစိုက်ကာဖြင့်၊ သိုက်စာရေးထား၊ တောင်တော်အစောင်း၊ ရောင်သော် မောင်းတဲ့၊ ဒေါင်းအသားကို၊ စားရသသူ၊ မအိုမသေ၊ ကိုယ်အနေဖြင့်၊ ဗိုလ်ခြေလူ၌၊ ဇမ္ဗူစိုးမြန်း၊ ကြည်စိတ်သန်သန်၊ ရည်ဓိဋ္ဌာန် အပ်သော၊ ပြည်နိဗ္ဗာန် အောင်မြေနန်းကဲ့သို့၊ ခြည်ရိပ်လျှံ မှောင်ခြွေသမ်းပြီးလျှင်၊ ရောင်ဝေလျှမ်း တန်ခိုးထန်လျက်၊
二十二、这位国王死后,接连六位继承者都未能捕到金孔雀;到了第七位梵授王时,他召来一名熟悉森林路径的猎人,命令道:二十三、‘历代先王在宫中留下铭文:住在山坡、全身金色的孔雀,谁能吃到它的肉,便能不老不死,像进入涅槃胜地一般,以强盛威力独自统治整个瞻部洲——
ခေါင်နေတန်း သတိုးမာန်ဖြင့်၊ စိုးစံကာ နေရသည်ဟု (= စိုးစံကာ နေရမည်ဟု)၊ ရွှေရည်မှိုင်းလွင်၊ သမိုင်းပြင်ထက်၊ နှိုင်းဆင် သတိ၊ ကမ္ပည်း မင်သား၊ နည်းထင်ရှားကို၊ ငါကား ယခုတွေ့ရှိသည်၊ မရိ မပန်း၊ ရှိအစွမ်းဖြင့်၊ အမိဖမ်း ကြံဖန်၍၊ ဂတိလမ်း မှန်မှန်နှင့်၊ အမြန်ဆက်သရမည်ဟု၊ မြွက်ဟစောဖျား၊ ပြောစကားကို၊ တောသားယုတ်မျိုး၊ ငမုဆိုးလည်း၊ ငုပ်လျှိုးကာ နာခံ၍၊ အကြံပြုသည်မှာ …၊ ၂၄။ ယခုတောင်းအပ်၊ ဥဒေါင်းမြတ်ကို၊ သေနတ် ယန္တရား၊ ပစ်ခတ်ငြားသော်လည်း၊ လားလားမျှ မမိချေ၊ ဂတိ မှောက်မှား၊ တဏှာ အဟုန်၊ ကာမဂုဏ်ဟု၊ အာရုံနှင့် ဖြားရလျှင်၊ အတန်းသား မိတော့မည်ဟု၊ ကြံစည် ရွေးကောက်၊ အေးစလောက်ကို၊ အရေးရောက်တဲ့အောင်၊ တွေးထောက် ဆင်ခြင်၍၊ အယဥ်အလှ၊ ဆင်မသဘဲ၊ မြင်သမျှ ငှက်အပေါင်းတို့သည်၊ ကြင်မဝ မက်စကောင်းလောက်သော၊ ဥဒေါင်းမ တစ်ကောင်ကို၊ ရှောင်တခင် ရှာကြံ၍၊
——我如今已经发现这段铭文。你应尽力想办法捕捉,立刻把它送来。’猎人领命,思量道:二十四、‘用弓箭机关射捕这只金孔雀,绝不可能成功;若以五欲所缘激起爱势,就必能使它中计。’他于是找来一只形貌美丽、足以令群鸟迷恋的雌孔雀——
အသံ-အက၊ ဟန်ပန်ရအောင်၊ သဏ္ဌာန်ပြ သင်ကြားလျက်၊ တောဖျားမြိုင်ဗွေ၊ ဂနိုင်ခြေဝယ်၊ ရွှေရောင် ဝင်းဝင်း၊ ပြောင်လင်းလင်းနှင့်၊ ဒေါင်းမင်းရှိရာ အရပ်တွင်၊ လျောက်ပတ်သော မြေအထွဋ်၊ ခွေညွှတ်စပ်ခြံ၊ ပတ်ပတ်ရံ၍၊ မပြတ်သံ ကြည်အေး လျဥ်းအောင် (= မပြတ်သံ ကြည်အေး လျဥ်အောင်)၊ မြည်ကြွေးခြင်း ပြုစေလျက်၊ သစ်ခက် အုပ်မိုး၊ ငမုဆိုးလည်း၊ ဆုတ်တိုးကာ ပုန်းအောင်းသဖြင့်၊ ချောင်းမြောင်း၍ နေလေ၏။
——训练它鸣叫、舞蹈,使声姿合宜;然后在金孔雀居住处附近选择合适高地,布好弓套与围网,让雌孔雀不停发出清亮叫声,自己则躲在树枝遮蔽处暗中守候。
၂၅။ ဗွေဂန္ဓာလယ်၊ စံရာနယ်မှာ၊ ဘယ်ညာ မြူးက၊ အရွယ်အသွင်၊ တကယ်ယဥ်တဲ့၊ တယ်တညင် (= တည်တညင်) ဒေါင်းမကလည်း၊ ခေါင်းကြွလည်အိမ့်၊ ပွေပွေ လည်လည်၊ ဖြေဖြေ ဆည်၍၊ တည်မငြိမ့်အောင် အီဖိမ့်ဖိမ့် ပြေးဟည် လျက်၊ အေးမကြည် ဆွေးသည်ပရယ်လို့၊ တေးပလီ ရေးစီပြသကဲ့သို့၊ ဟေးဟရီ ကြွေးမြည်သပြီးလျှင်၊ မွှေးရည်ခ ဖြိုးဝေလျှံလို့၊ အိုးဝေသံ ညံမစဲဘဲ၊ ဟန်နွှဲကာ နယည်းငြာလျက်၊ မြီးခါခါ အလွန်ထူးသဖြင့်၊ တွန်မြူးသော အသံကို၊ အဖန်ဖန် ကြွေလှုစောင်းမျှ၊ ရွှေဥဒေါင်း ကြားလေသော် …၊ ၂၆။ ကြွားကြွားရွှင်လန်း၊ မဆိတ်မလပ်၊ ပရိတ်မြတ်ကို၊ နိစ္စပတ် မဆင်မြန်းနိုင်ဘဲ၊ ဇင်ပန်းမှုန် ထုံနှိပ်တဲ့၊ မြုံရိပ်-
二十五、那只年轻优美的雌孔雀在栖居地左右走动,昂首旋颈、来回奔舞,仿佛以歌声诉说哀愁;它不断鸣叫、摇尾起舞。金孔雀反复听见这迷人的叫声以后……二十六、他竟没能像平日一样先诵殊胜护卫偈,林中骤起的贪染——
原书第 400 页
လယ် ဌာနက၊ ရာဂမူဆန်းသည်၊ ထူပြွမ်းကာ သွေးဆောင်သော်၊ ဘေးမရှောင် အစားခင်တဲ့၊ ငါးအသွင် မက်မော၍၊ သက်လျောကာ ပျံဆင်းလျက်၊ မာန်ပြင်းစွာ အကုန်ငြီးသဖြင့်၊ တစ်ဟုန်တည်း ဇွတ်တင်းလိုက်သော်၊ ညွှတ်ကွင်း၌ ရွဲပတ္တမြားကဲ့သို့၊ အရွှဲသား မိလေ၏။
——变得浓烈,诱惑着他;他像贪饵之鱼一般痴迷,振翅飞下,奋力直冲而去,就这样像红宝石落入机关一样,被套索牢牢缠住。
၂၇။ တြိဥက္ကဋ္ဌ၊ ဗုဒ္ဓလောင်းလျာ၊ ဒေါင်းရတနာလည်း၊ ကြောင်းရာအရှိ၊ စောင်းကာကြည့်က၊ ကောင်းစွာ သိမြင် တော်မူလျှင်၊ ပူအင်ပွားလစ်၊ အသားနစ်အောင်၊ အားသစ်ကာ ကျင်းပ၍၊ ပြင်းပြစွာ ရုန်းသော်လည်း၊ သားလုံးရေ စုတ်ပြတ်သဖြင့်၊ ရုပ်ကလာပ် နာမ်ခန္ဓာဝယ်၊ အသံပြာ ငိုဇောနှင့်၊ မကြံသာ ဖိုမော၍၊ ပိုသောက ပန်းဟိုက်လျက်၊ နွမ်းလှိုက်လှိုက် သေဆုံးမျှ၊ ခွေနုံးကြွေ ညာစောင်းသဖြင့်၊ သာလျောင်းကာ လဲလေသတည်း။
二十七、尊贵的菩萨金孔雀看清自己已经中计,便拼尽全力挣扎;羽毛与皮肉被勒得破损,色身与名蕴受尽痛苦,声音嘶哑,身心疲惫,几乎死去,终于侧身倒卧。
၂၈။ ထိုအကြောင်း၊ ၎င်းင်းမုဆိုး၊ အယုတ်မျိုးလည်း၊ ငုပ်လျှိုးလျှိုး ချောင်းမြောင်းကာဖြင့်၊ ကြောင်းရာကို မြင်သိငြား သော်၊ နှစ်ပါး မိတ်လား၊ သနားစိတ် ပွားသောကြောင့်၊ အနားသို့ ချဥ်းကပ်လျက်၊ တင်းကြပ်သော ညွှတ်ကွင်းကို၊ ဝပ်စင်းကာ ဖြုတ်ထွင်လျက်၊ ဗုဒ္ဓင်္ကူ ဒေါင်းမြတ်အား၊ ကြောင်းရပ်ကို ပြန်ကြားပြီးလျှင်၊ တောဖျားသို့ လွှတ်လေ၏။
二十八、躲在暗处的猎人看见这一切,生起强烈悲悯;他走近金孔雀,解开紧束的套索,向菩萨说明事情原委,随后放它回到森林。
ဆွေသမုလောင်း၊ ရွှေဥဒေါင်းလည်း၊ မစောင်းမလွန်၊ အကြောင်းဝန်ကို၊ ကောင်းမွန်စွာ သိကြားက၊ တစ်ပါးသို့ မသွားဘဲလျှင်၊ စကားတုံ့ ပြန်ဆင်သည်မှာ …၊ ၂၉။ အရှင်အုပ်စိုး၊ သင်မုဆိုး၌၊ အကျိုးပြီးလတ်၊ သတိုးနတ်လည်း၊ ဖြိုးမြတ်ဆန္ဒ၊ ကြံပြည့်ဝအောင်၊ ငါ့အား ကြဥ်းဆောင်၍၊ မင်းခေါင်ထံ ဆက်သရမည်ဟု၊ မိန့်ရည်ရွှင်မော၊ ပြန်လည်ကာ ပြောလတ်သော် …၊ တော မုဆိုး လူကြွားက၊ သနားသော ကရုဏာဖြင့်၊ အခါခါ လွှတ်ပါငြားသော်လည်း၊ အပါးက မသွားဘဲ၊ စကားတုံ့ ပြန်မြဲပင်၊ ပန်ဆင်တော်မူလေသတည်း။
金孔雀听明白缘由,却不肯离开,反而回答说:二十九、‘国王的愿望既然是把我带到王宫,你就把我送到国王面前,使他的心愿圆满吧。’猎人出于慈悲一再放它离去,它仍留在身旁,反复请求猎人把自己带走。
၃ဝ။ ဖြူဖြူ ဖြောင့်ဖြောင့်၊ မူမနှောင့်တဲ့၊ သူကောင့်သားလည်း၊ သနားရက်ပင်၊ ယူငင်ဆောင်ကြဥ်း၍၊ မင်းကြီးအား ဆက်သလေ၏။ ပြည်ထောင် သနင်း၊ အခေါင်ချင်းသော၊ အောင်တြင်းခတ်၊ မင်းဗြဟ္မဒတ်လည်း၊ ဝင်းလျှပ် ကနကာ၊ ပဒ္မါသနင်၊ ရာဇပလဒင်နှင့်၊ သာယှဥ်ပစ္စူ၊ လှစ်ထူမိုးဖြန့်၊ တန်ခိုးဟန့်လျက်၊ အမျိုးသန့် လာစဥ်သော၊ ညာသဘင် ကြာနန်းဝယ်၊ မဟာဝင် စာတမ်းကို၊ ကမ္ဘာတွင် ခန္ဓာဆန်းရန်ဖို့၊ သာလှမ်းကာ တွေးမြော်လျက်၊ ရေးပျော်ပျော် ကတီအုံးထက်၊ ရယ်ပြုံးသော မျက်နှာနှင့်၊ ကွက်ရတနာ စုပေါင်းတဲ့၊ ဥဒေါင်းကို ကြည့်ရှုတော်မူစဥ်၊ ဘုရင်တစ်ဆူ၊ သွင်ဇမ္ဗူလည်း၊ တင်မြှူလှစ်ခွာ၊ စင်တမူ ချစ်စွာနှင့်၊ မေတ္တာဖျန်းဝေ၊ ဘူမိဿရ၊ လူဒိဗ္ဗအား၊ ဖြူရိပ်လွ နန်းရဝေက၊ ဖမ်းစေသော အရေးကို၊ မေးမြန်းတော်မူလေ၏။
三十、这位心地正直的猎人虽不忍心,仍把金孔雀带回献给国王。梵授王坐在金色莲台般的宝座上,一心想着铭文所说的长生不死;他欢喜观看这只珠宝般灿烂的孔雀,又以慈和语气询问:‘你知道我为什么命人捕你吗?’
၃၁။ ဘုရင်မင်းဖျား၊ တစ်စင်း ဖွားလည်း၊ သွင်းထားဆန္ဒ၊ သမိုက်ယှက်ကာ၊ သိုက်ထွက်လာတဲ့၊ စာအရဖြင့်၊ ကြွကြွစက်ငွေ၊ ကနက်ဗွေဝယ်၊ ကျက်သရေ ပွားဆင့်၊ ကြွားကြွားမြင့်လျက်၊ အကျင့်မမှား၊ အသင့်အားဖြင့်၊ ချင့် အသားကို၊ စားကာမျက်မှောက်၊ အိုဖွယ် အရှင်း၊ ပျိုငယ်ဆင်းနှင့်၊ လိုရွယ်ရင်း သွေကွင်းပျောက်တဲ့၊ ဟိုနယ်တွင်း သေမင်းနောက်သို့၊ တစ်ခေါက်မျှ မလိုက်ရာဟု၊ သိုက်စာဆိုထွက်၊ ထိုအချက်ကြောင့်၊ သိုမဝှက် ဗိုလ်ခြေလင်းတဲ့ အောင်၊ ကိုယ်အသက် အိုသေကင်းရန်ဖို့၊ ဒေါင်းမင်း၏ အသားကို၊ ပေါင်းသင်းရှိ အများနှင့်၊ ကောင်းခြင်း၏ အလားကြောင့်၊ စားလို၍ ဖမ်းစေသည်ဟု၊ ကြည်နူးသော ပုံသွင်ဖြင့်၊ ရည်စူးသော ဂုဏ်အင်ကို၊ စုံလင်စွာ ပြန်ပြော က၊ စံမောရ ရွှေဥဒေါင်းသည်၊ ခြွေညောင်းကာ သံငြိမ့်၍၊ ပြန်မိန့်တော်မူသည်မှာ …၊ ၃၂။ ရွေတစ်ညီလာ၊ ဗွေသီဟာဝယ်၊ ဒီပါသေဌ်နင်း၊ ဘုန်းစက်အရောင်၊ နှုန်းထွက်ပြောင်၍၊ အခေါင်နင်းသည့်၊
三十一、国王解释:‘先王铭文说,吃了你的肉,便能脱离衰老,永远年轻,也不必跟随死王而去。所以我想与你的肉一同分享给众人,求得不老不死,才命人捕你。’金孔雀柔声回答:三十二、‘统治国土、威德显赫的大王,请仔细听我说——
မင်းမင်းဥက္ကဌ်၊ စောနေနတ် …၊ မှတ်လော့ မိန့်ရေး၊ ဖိမ့်ဖိမ့်မွှေးစိမ့်၊ ငြိမ့်လေး ခါခါ၊ စိစ္စေးနာလော့ …၊ ငါ၏အသား၊ စားရှိအားဖြင့်၊ သတ်စားခဲ့ချေ၊ ငါတည်းသေရ၊ စားသူမှလျှင်၊ ဘယ်ကြောင်းအင်ကြောင့်၊ နှောင်းစဥ် နေရ၊ မသေကြလိမ့် …၊
——你说吃我肉的人不会死;可是我被杀、被吃以后自己已经死了,吃肉的人又凭什么能够长生不死?’
原书第 401 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း ၃၃။ ဖွေဆ ဤမှာ၊ ပြည်ဗာရာဝယ်၊ မဟာအလောင်း၊ သမ္ဘာညောင်းတဲ့၊ ငါဒေါင်းမင်းသည်၊ ကောင်းခြင်း မျက်နှာ၊ လက္ခဏာနှင့်၊ စကြာသခင်၊ မယွင်းသမှု၊ တစင်းတု၍၊ မင်းပြုစဥ်က၊ ဘုရင်မင်းဖျား၊ သီလထိန်းစောင့်၊ ယိမ်း- မမှောင့်တဲ့၊ အကြောင်းအားကြောင့်၊ ရထားရောက်လာ၊ တန်ခိုးလျှပ်လျှပ်၊ သတိုးနတ်ဟု၊ မိုးရပ်ဖြာ၊ ဒီပါကျွန်းလုံး စိုးဖူးသည်။ --- ထူးလည် အများ၊ ဤရထားကို၊ တစ်ပါးမင်းနှင့်၊ ခင်းမသင့်ဟူ၊ သွင်းလင့်သိုထား၊ ရေကန်အတွင်း၊ ရွှေလျှံ ဝင်းတဲ့၊ မင်းရထားသည်၊ ထင်ရှားယခု ရှိလေသည်။
三十三、‘再说,我这位孔雀王,过去曾在这座波罗奈城作一位具大福德的国王,也曾以端正相貌、如转轮王般统治国土。当时我持戒清净,因此获得一辆天赐宝车,曾凭其威力统治整个瞻部洲。后来我把这辆不应让他王使用的金车沉入王家水池,如今它仍清楚存在,可作证明。’
၃၄။ လူ့ပြည် ယွင်းလတ်၊ မင်း၏ဇာတ်မှ၊ ကင်းပြတ်ခန္ဓာ၊ ထပ်လျှမ်း ဝင့်ဝင့်၊ လျှပ်ပန်းပွင့်ကဲ့သို့၊ နတ်နန်းမြင့် စည်းစိမ်ဟာကို၊ မှီးငြိမ်စွာ ခံစံပြီးမှ၊ ကံဖန်တီး အကုသိုလ်ကြောင့်၊ ယခုလို အဟိတ်မှန်တဲ့၊ တိရစ္ဆာန် ဤဘဝဝယ်၊ မှီခကာ သန္ဓေမူ၍၊ ဉာဏ်ခြေယူ ညီမျှသုံးခဲ့တဲ့၊ ကံမွေဟူ သီလဘုန်းကြောင့်၊ ကြည်မျှဆုံး တစ်မူသစ်သော၊ ဇမ္ဗူရစ် ရွှေစင်တောင်ကဲ့သို့၊ ဗွေပြင်နဘောင် အကုန်လင်းနိုင်တဲ့၊ နေလုလင်ရောင် ပုံမယွင်းသော၊ ဂုဏ်အဆင်း ငါရှိသည်။
三十四、‘我从人间王身死后,曾在天界享受殊胜福报;后来又因不善业,今生投生为无因的畜生。然而,由于过去持戒功德这一业的遗产,我仍具有如纯金山、如旭日般照耀四方的金色身相。’
၃၅။ စီစဥ်ပြထား၊ ငါ့စကားကို၊ အများယုံစေ၊ ခုံသက်သေကား၊ ကျက်သရေယင်ရာ၊ အစဥ်လာတဲ့၊ မင်္ဂလာကန်၊ ရေ၏အတွင်း၊ မြေထိချင်း၍၊ သွင်းထားခံ၊ မင်းစံရထား ဖြစ်တော့သည်၊ အေးကြည်မနော၊ သွေးရည်နှော၍၊ သဘောနှစ်ခြိုက်၊ ပြဆိုအရှိ၊ ရလို၏ဟု၊ သတိပိုက်က၊ သင်၌တရား၊ စဥ်လိုက်ပွား၍၊ မမှားညီမျှ၊ ခုနစ်ရက်လောက်၊ လွန်တက်မြောက်အောင်၊ စောင့်ရှောက်ကလျှင်၊ သီလကုံးရစ်၊ တနှုန်းလှစ်၍၊ ဘုန်းသစ်တော် ဆော်နှိုးသဖြင့်၊ မျှော်ကိုး ရည်ငံ့သော၊ မဟီပြန့် စက်ရထားကို၊ ထွက်သွားကာ သာယူ၍၊ ညာဇမ္ဗူ သပြေခေတ်မှာ၊ ဧကရာဇ် မြောက်တော်မူလိမ့်မည်ဟု၊ မိန့်ရည်ချိုမွှေး၊ အလိုအေးအောင်၊ ဖိုလ်ဆေး မြတ်တရားကို၊ ဟောကြားတော်မူလေ သတည်း။
三十五、‘若你想亲自验证我的话,就依次奉行戒法,清净守护七日。届时,以过去持戒福德为缘,那辆埋在水池中的宝车便会自行出现;你将乘它统治大地,成为瞻部洲唯一的君王。’金孔雀这样以甘美声音宣说了带来果报的殊胜正法。
၃၆။ ရွှေပြည် နှင်းလတ်၊ မင်းဗြဟ္မဒတ်လည်း၊ ဆင်းနတ်ကလျာ၊ မဟာရွေညီ၊ မဟေသီဟု၊ ဒေဝီရထား၊ မိဖုရားနှင့် တကွ၊ တရားပဉ္စသီ၊ အစဥ်မှီ၍၊ ရွှင်ပြီ အာသာ၊ ရာဇဓာဝယ်၊ အခါခါ မောင်းခတ်လျက်၊ ကောင်းမြတ်သော ရွှေ ရထားကို၊သွေမခြား ဖော်ယူ၍၊ လှော်ဇမ္ဗူ ဒေါင်းမြတ်အား၊ ပေါင်းစပ်ကာ အဉ္ဇလီဖြင့်၊ တင်ချီကာ မာန်လျော့လျက်၊ ကန်တော့ သည်းခံစေပြီးလျှင်၊ ငွေရိပ်ဖြူကာဖွင့်တဲ့၊ ရာပလဒင် (= ရာဇပလဒင်) ဝိသေသာကို၊ ဘိသေကာ မြွက်ဟ လျက်၊ ဆက်သ ပူဇော်ပြန်လေသတည်း။
三十六、梵授王与大王后共同受持五戒,并在都城屡次击鼓宣告;金色宝车果然被取出。王与王后合掌礼敬金孔雀,谦卑忏悔,请它宽恕,又举行灌顶,把白伞覆盖的殊胜王座奉献给它。
၃၇။ သရေ စုပေါင်း၊ ရွှေဥဒေါင်းဟု၊ လောင်းဗောဓိသတ်၊ မောရိနတ်လည်း၊ ဗြဟ္မဒတ်မည်ခေါ်၊ အကြည်တော် အား၊ အရှည်မျှော် ထောက်ထားသဖြင့်၊ ညီအလျော် နောက်မမှားရအောင်၊ လေးပါး သင်္ဂဟ၊ ဒသရာဇဓမ်၊ နာယကံခြောက်ဂုဏ်၊ ခုနစ်စုံအပရိဟာနိယ၊ ပြတည် မမှား၊ စသည်အားဖြင့်၊ တရားစည်ကြီး၊ ဆယ့်တစ်ခွင်ရပ်၊ သွဲ့ငလျင် ခတ်သကဲ့သို့၊ ချဲ့ထွင်လတ် အော်ညည်းလျက်၊ ပဲ့တင်ထပ် တော်ဟီးအောင်၊ ဆော်တီးသောအား၊ ပြောစကားဖြင့်၊ ဟောကြားထုံးပြ၊ ဆုံးမ နာယူစေပြီးလျှင်၊ ယခင်က မင်းအဖြစ်ကို၊ ယွင်းမလစ် ပြန်ဆောင်နှင်းလျက်၊ အောင်ခြင်း ယင်ရာ၊ သဘင်ငြာအောင်၊ မင်္ဂလာဆောင်ပျံကြွမှ၊ ကဉ္စနာရောင် လျှံပသော၊ ဒဏ္ဍက ရွှေတောင်သို့၊ သွေရှောင်ခွာ ရန်မခဘဲ၊ ပြန်ကြွတော်မူရှာလေသတည်း။
三十七、菩萨金孔雀为了梵授王长远安乐,以洪亮如法鼓震动十一方的声音,开示四摄事、十王法、领袖六德、七不衰法等治国正法,教诫国王奉行;随后把王位重新交还梵授王,从吉祥王城飞回光耀的檀陀迦金山,安然离去。
၃၈။ ဤအကြောင်းရပ်၊ အလောင်းဇာတ်၌၊ ဒေါင်းမြတ်သူတော်၊ ဇမ္ဗူလှော်သည်၊ ဖြူလျော် စိတ်မှန်း၊ ပရိတ်ပန်းကို၊ အိပ်တန်းဆင်းသက်၊ ယွင်းမပျက်ဘဲ၊ ညှင်းညက် ရွတ်အံ၊ ဝတ်အမှန်ကြောင့်၊ လွတ်ရန်ဘေးဘျမ်း၊ မှေးမသမ်းလျက်၊ အေးချမ်းချိုမြိတ်၊ ယိုယိုဖိတ်မျှ၊ ကိုယ်စိတ်တော် မပင်ပန်းသဖြင့်၊ ရွှင်လန်းသော မူထုံးကို၊ ယူကျုံးကာ နှလုံးပိုက်၍၊ သုံးတိုက်သော မှောင်ခန်းမှ၊ အောင်ပန်းတော် နိဗ္ဗာန်ကို၊ ပန်ဆင်တော်မူရအောင်၊ ဖြူလွလွ စိတ်ထားနှင့်၊ မိတ်မခြား လူအပေါင်းတို့သည်၊ ဥဒေါင်းမင်း ပရိတ်မြတ်ကို၊ နိစ္စပတ် ချီးမွမ်း၍၊ စီးဖြန်းတော်မူကြပါကုန်လော့ …။
三十八、在这则菩萨本生中,金孔雀每天离开栖处以前,都不间断地诵持护卫偈,因此远离危险,身心安乐。愿一切善友把这个典范铭记心中;为冲破三界黑暗、戴上涅槃胜利花冠,应以清净之心日日赞诵、持念孔雀王的殊胜护卫偈。
原书第 402 页
ခက်ဆစ် အဓိပ္ပါယ်များ
词语释义
ဤတွင် အင်္ဂပူဆရာတော်ဘုရားကြီး၏ မောရသုတ် ပရိတ်မွှန်းသည် ပြီးဆုံးပြီ ဖြစ်သည်။ ခက်ဆစ် အဓိပ္ပါယ် ရေးသားရာ၌ မှတ်သား လွယ်ကူစေခြင်းငှာ ယင်းပရိတ်မွှန်းကို စာပိုဒ်ရေ (၃၈)ပိုဒ် ခွဲ၍ တင်ပြထားပါသည်။
至此,英加布西亚多大长老所作的《孔雀经》护卫偈赞释已经结束。为使词语释义便于记忆,现将这篇赞释分为三十八段编列。
အမှတ် (၁) စာပိုဒ်တစ်ခုလုံး၏ အတွင်း၌ တည်ရှိသော စာလုံးများ၏ ခက်ဆစ်အဓိပ္ပါယ်ကို အမှတ် (၁) နံပါတ် အောက်၌ စုပေါင်း၍ (က-ခ-ဂ) စသည် ခွဲကာ ရေးသားတင်ပြထားပါသည်။ အမှတ် (၂) စာပိုဒ် စသည်တို့၌လည်း နည်းတူပင် မှတ်ပါ။ ယင်းခက်ဆစ် အဓိပ္ပါယ်များကို ပါဠိစာပေ၌ မကျွမ်းကျင်သူတို့အတွက်သာ ငဲ့ညှာ၍ ရေးသား တင်ပြခြင်း ဖြစ်ပါသည်။
第一段全部词语的释义,合列在第一号之下,再分为(甲)、(乙)、(丙)等项;第二段及其余各段亦应如此理解。这些词语释义,专为不熟悉巴利文献的人而作。
၁။ (က) မုနိပဝရ = မုနိတကာတို့တွင် = ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး ဖြစ်တော်မူသော မြတ်စွာဘုရား၊ ( ခ ) အမတသာကိန် = မသေရာ အမြိုက်နိဗ္ဗာန်တရားတော်မြတ်ကို ရရှိတော်မူသော ရောက်ရှိတော်မူသော၊
一、(甲)munipavara:诸牟尼中,也就是诸比丘中最殊胜、最高贵的世尊。(乙)amatasākin:已经获得、到达不死甘露——涅槃胜法者;
သတ္တဝါတို့အားလည်း နည်းလမ်းပြလျက် ပေးသနားတော်မူတတ်သော သာကီဝင်နွယ်ဖွား မြတ်စွာ-
——又能为诸有情指示道路、把此法施予他们的释迦族世尊——
ဘုရား၊ ( ဂ ) ရာဇိန္ဒာ ဘက်လွတ် = တုဘက် လွတ်ကင်းလျက် ရဟန်းတို့ကို အစိုးရတော်မူသော မြတ်စွာဘုရား၊ (ဃ) အတုလ စံတစ်ဆူ = အတုမရှိသော စံတစ်ဆူ၊ ( င ) မကုဋ သယမ္ဘူ = သင်္ခါရ ဝိကာရ လက္ခဏ နိဗ္ဗာန် ပညတ်တည်းဟူသော သိသင့် သိထိုက်သော
——佛。(丙)rājindā:无有匹敌,统领诸比丘的世尊。(丁)atula:无可比拟的唯一典范。(戊)makuṭa sayambhū:对于行、变异、特相、涅槃与概念这五种应知的所知法——
ညေယျဓမ်တရား ငါးပါးတို့ကို ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် မိမိအလိုလို ကိုယ်တော်တိုင်သာလျှင်
——不依老师,以自生智自行——
ကောင်းစွာ ထွင်းဖောက်သိမြင်တော်မူသော လူသုံးပါးတို့၏ မကိုဋ်သရဖူ ဖြစ်တော်မူသော မြတ်စွာ-
——善加洞察、亲自证知,成为人、天、梵三界顶冠的——
ဘုရား၊ ၂။ (က) မယှဥ်ရာဂီ = ရာဂနှင့် မယှဥ်သော = ရာဂကင်းသော၊ ( ခ ) လွင်ဗာဟီ ရုန်းမထွက်ရအောင် = ပြင်ပအာရုံ အမျိုးမျိုးသို့ စိတ်ပျံ့လွင့် ရုန်းထွက်မသွားရအောင်၊ ( ဂ ) ကသိဏန် = ကသိုဏ်း (၁ဝ)ပါး၊ (ဃ) ပရိကံ = စီးဖြန်းခြင်း၊ ( င ) ကတွတ္ထ = ကသိုဏ်းပရိကံကို စီးဖြန်းပြုလုပ်တတ်သော အနက်သဘော၊ ၃။ (က) ဣန္ဒနီလာ = ပတ္တမြားညို = ပတ္တမြား (၂၄)မျိုးတို့တွင် တစ်မျိုးတည်း။
——世尊。二、(甲)不与贪相应:即离贪。(乙)不令心向外奔逸:不让心散乱、驰逐于种种外在所缘。(丙)遍:十遍。(丁)遍作:预备修习。(戊)能作者:具有进行遍作修习之义。三、(甲)indanīla:蓝宝石,是二十四种红宝石中的一种。
( ခ ) ဝဇီရာ = ဝဇီရာ စိန်ကျောက်၊ ( ဂ ) ဂီဝါရောင်ဓာတ် = ပြာသာဒ်လည်ပင်း၏ အရောင် = ပြာသာဒ်ထွတ်၏ အရောင်၊ (ဃ) နဝရတ် = နဝရတ်ကျောက်မျက်ရတနာ၊ ( င ) ကဉ္စနာ = ရွှေ၊ ၄။ (က) ပုဒ်ပါဌ် ခရာ = ပုဒ် ပါဌ် အက္ခရာ၊ ( ခ ) ယာပထ = လျောင်း-ထိုင်-ရပ်-သွား = လေးပါးသော ဣရိယာပုထ်၊ ၅။ (က) သေလာဂနိုင် = ကျောက်တောင် ကျောက်ဆောင် ထူထပ်သည့် တောမြိုင်ကြီး၊ ( ခ ) ဟေမာမြိုင် = ဆီးနှင်း ထူထပ်သော တောမြိုင်ကြီး၊ ( ဂ ) အာသဝုံမြစ်ကြောဝယ် = အာသဝေါတရား လေးပါးတည်းဟူသော မြစ်ရေယဥ်ကြောဝယ်၊
(乙)vajīra:金刚石。(丙)颈部的色泽:宫殿颈部,也就是宫殿尖顶的颜色。(丁)navaratna:九宝。(戊)kañcana:黄金。四、(甲)词、文句与字母。(乙)iriyāpatha:卧、坐、立、行四威仪。五、(甲)石山密布的大森林。(乙)雪岭密布的大森林。(丙)漏流之中:在欲漏、有漏、见漏、无明漏这四漏所成的水流中。
原书第 403 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း ၆။ (က) နုဒယာ = ကရုဏာ = ကြင်နာသနားခြင်း၊ ( ခ ) ကမုကြာ = ကုမုဒြာကြာ၊ ( ဂ ) အနောတတ် = ဟိမဝန္တာဝယ် ရှိသော အနောတတ်အိုင်၊ (ဃ) မေဃီ = မိုး = ရွာသွန်းနေသော မိုး၊ ( င ) ဒေဝရီ = မိုးကို ရွာသွန်းစေတတ်သော မိုးနတ်သား၊ ၇။ (က) သွဏ္ဏာ မောရ = သုဝဏ္ဏ + မောရ = ရွှေအဆင်းရှိသော ဥဒေါင်းမင်း။ သုမှ ဥ-ကို ချေ၊ သ-ကို ဝ-
六、(甲)anudayā:悲悯。(乙)kumuda:拘物头莲。(丙)Anotatta:喜马拉雅山中的阿耨达池。(丁)meghī:雨,即正在降下的雨。(戊)devarī:能使雨降下的雨神。七、(甲)suvaṇṇamora:suvaṇṇa 加 mora,即金色的孔雀王。构词时,去掉 su 中的 u,把 s 接到 v——
သို့ ကပ်၍ သွဏ္ဏဟု ရေးသည်။ ဏ္ဏာ၌ အာ-ကား ရှေးအခါဝယ် ဟူသော ရှေးကာရန်သို့ လိုက်၍
——之前,写成 svaṇṇa。词尾的长音 ā,是为随顺前句韵脚——
စကားပြေပြစ်ခြင်း = ဝါစာသိလိဋ္ဌ အကျိုးငှာ အာ-ဒီဃပြုထားသော သန္ဓိကာရိယတည်း။
——使语言流畅悦耳而作的长音化连声变化。
( ခ ) နာယက သတ္ထာ = လူသုံးဦးတို့၏ အကြီးအမှူး ဆရာတစ်ဆူ ဖြစ်တော်မူသော မြတ်စွာဘုရား၊ ( ဂ ) ကာမောဃ = ကာမတဏှာ ရေယဥ်ကြော၊ (ဃ) သူရိန် = နေ၊ (ကျူထရံအိမ်ကို နေမင်းကြီး မှေးနေသကဲ့သို့။) ( င ) ရှစ်ဖြာရာခံ = ဘုရားရှင်ထံမှ ဆု (၈)ပါး ခံယူတော်မူရသော အရှင်အာနန္ဒာကိုယ်တော်မြတ်၊ ရှစ်ဖြာရာခံ ရှင်အာနန် ၁။ ဗဟုဿုတ ဧတဒဂ် = အကြားအမြင်များခြင်းတွင် ထိပ်တန်းဂုဏ်ထူး၊ ၂။ သတိမန္တ ဧတဒဂ် = သတိကောင်းခြင်းတွင် ထိပ်တန်းဂုဏ်ထူး၊ ၃။ ဂတိမန္တ ဧတဒဂ် = ဉာဏ်ကောင်းခြင်းတွင် ထိပ်တန်းဂုဏ်ထူး၊ ၄။ ဓိတိမန္တ ဧတဒဂ် = လုံ့လကြီးခြင်းတွင် ထိပ်တန်းဂုဏ်ထူး၊ ၅။ ဥပဋ္ဌာက ဧတဒဂ် = ဘုရားရှင်အား အလုပ်အကျွေး အပြုအစုတွင် ထိပ်တန်းဂုဏ်ထူး။
(乙)nāyaka satthā:人、天、梵三界唯一的导师、领袖世尊。(丙)kāmogha:欲爱之流。(丁)sūriya:太阳;犹如日轮俯近居处。(戊)蒙受八恩者:曾从世尊处获得八项恩许的阿难尊者。所谓阿难‘蒙受八恩’,他还具有五项第一:一、多闻第一;二、具念第一;三、领悟迅捷第一;四、坚毅第一;五、侍奉世尊第一。
ဤသို့ ဧတဒဂ် ငါးတန်ကို ရရှိတော်မူသော အရှင်အာနန္ဒာ၏ ဆုရှစ်ပါးကား ပယ်ဆုလေးပါး၊ ယူဆုလေးပါး ဖြစ်ရာ ပယ်ဆုလေးပါးကား --- ၁။ မြတ်စွာဘုရားရှင်သည် တပည့်တော် (အရှင်အာနန္ဒာ)အား မိမိ ရတော်မူသော သင်္ကန်း အကောင်းအမွန် များကို မပေးရန်၊ ၂။ ဆွမ်းခဲဖွယ် ဘောဇဥ်ကို မပေးရန်၊ ၃။ ဂန္ဓကုဋိတိုက်ခန်း တစ်ခန်းတည်း၌ နေခွင့်မပေးရန်နှင့် ၄။ ပင့်ဖိတ်ရာသို့ ခေါ်၍ မသွားရန်တို့ ဖြစ်ကြ၍ --- ယူဆုလေးပါးကား --- ၁။ မြတ်စွာဘုရားရှင်သည် တပည့်တော် (အရှင်အာနန္ဒာ) ပင့်ဖိတ်ရာသို့ ကြွတော်မူရန်၊ ၂။ တိုင်းခြား ပြည်ခြားမှ မြတ်စွာဘုရားအား ဖူးမြော်ရန် ရောက်လာသော ပရိသတ်ကို ရောက်ဆဲခဏမှာပင် မြတ်စွာဘုရားရှင်အား ဖူးမြော်စေနိုင်ခွင့် ရရန်၊ ၃။ အလိုရှိလျှင် ချက်ချင်း မြတ်စွာဘုရားရှင်ထံသို့ ချဥ်းကပ်နိုင်ရန်နှင့် ၄။ တပည့်တော် (အရှင်အာနန္ဒာ)၏ မျက်ကွယ်၌ ဟောတော်မူသမျှ တရားတို့ကို တစ်ဖန်ပြန်ဟောပြရန်တို့ပင်
获得这五项第一的阿难尊者,其八项恩许分为辞谢的四项与接受的四项。辞谢的四项是:一、世尊不把自己所得的上好衣物赐给阿难;二、不把所得的上好饮食赐给他;三、不准他与世尊同住一间香室;四、不带他同赴受请之处。接受的四项是:一、世尊应赴阿难代为接受的邀请;二、远地前来拜见世尊的会众一到,阿难便可使他们立刻谒见世尊;三、阿难需要时可以立即亲近世尊;四、凡世尊在阿难不在场时所说的法,都应为他重说——
ဖြစ်ကြ၏။ (အံ-ဋ္ဌ-၁-၂၂၉-၂၃ဝ။)
——如此。(《增支部义注》1-229—230。)
原书第 404 页
( စ ) သမ္ဘာလျှံသည့် = ဘုန်းသမ္ဘာနှင့် ပြည့်လျှံသော၊ ၈။ (က) တထာဂတ = ရှေးဘုရားရှင်တို့ကဲ့သို့ ဗောဓိမဏ္ဍိုင်သို့တိုင်အောင် ကောင်းသော လာခြင်း ရှိတော်မူ သော၊ ရှေးဘုရားရှင်တို့ကဲ့သို့ နိဗ္ဗာန်သို့ ကောင်းစွာ ကြွသွားခြင်း ရှိတော်မူသော မြတ်စွာဘုရား၊ ( ခ ) ပဘာဝလျှံလူ = ကိုယ်ရောင်ကိုယ်ဝါ အလျှံပြောင်ပြောင် ထွန်းလင်း တောက်ပတော်မူသော မြတ်စွာ- ဘုရား၊ ၁ဝ။ (က) သေတုဒကံ = သေတ + ဥဒကံ = ဖြူဖွေး = ကြည်လင်သော + ရေ။
(己)福威充盈:具足而洋溢着福德威势。八、(甲)Tathāgata:如过去诸佛一般善来至菩提道场,又如过去诸佛一般善往涅槃的世尊。(乙)光威盛者:身光灿然炽盛、明耀照人的世尊。十、(甲)setudaka:seta 加 udaka,即洁白、澄净的水。
၁၁။ (က) ဒဏ္ဍက ပဗ္ဗတာ = ဒဏ္ဍက ရွှေတောင်၊ ( ခ ) သဟသ်ရံသီ = ရောင်ခြည်တစ်ထောင်ရှိသော နေမင်း၊ ( ဂ ) ဟရိသဗ် = ရွှေရောင်အားလုံး၊ (ဃ) သတပတ် ပဒုမ္မာ = ပွင့်ချပ်လွှာ (၁ဝဝ) ရှိသော ပဒုမ္မာကြာပန်း၊ ၁၂။ (က) ဥဒေတယံ = ဥဒေတယံ စက္ခုမာ --- ဤသို့စသည်ဖြင့် မောရသုတ်၌ လာရှိသော ဂါထာ၊ (အိပ်တန်း-
十一、(甲)Daṇḍakapabbata:檀陀迦金山。(乙)sahassaraṃsī:具千道光芒的太阳。(丙)hari:一切金色。(丁)satapatta-paduma:有一百片花瓣的红莲。十二、(甲)Udetayaṃ:指《孔雀经》中以 Udetayaṃ cakkhumā 开始的偈——即睡栖时——
ဆင်းဂါထာ၊)
——下栖所诵的偈。
( ခ ) ဝေဟင်္ဂမာ = ကောင်းကင်၌ သွားလာနိုင်သော၊ ( ဂ ) ဝါယာမေဖြင့် = လုံ့လကြိုးကုတ် အားထုတ်ခြင်းဖြင့် = ဝီရိယဖြင့်၊ (ဃ) အပေတယံ = အပေတယံ စက္ခုမာ --- စသည်ဖြင့် မောရသုတ်၌ လာရှိသော ဂါထာ၊ (အိပ်တန်း-
(乙)vehaṅgama:能在天空中行走。(丙)以 vāyāma:以奋力精勤,即以精进。(丁)Apetayaṃ:指《孔雀经》中以 Apetayaṃ cakkhumā 开始的偈——即睡栖时——
တက်ဂါထာ၊)
——上栖所诵的偈。
၁၃။ (က) ဝါရာဏသီ = ဝါနရသီသ-ပုဒ်မှ န-ကို ရ-နှင့် ရှေ့နောက် ပြောင်းပြန် ဝိပရိတ်ပြု၊ န-ကို ဏ-ပြု၊ ရ-
十三、(甲)Vārāṇasī:据说由 vānara-sīsa 一词变化而来:把 n 与 r 前后倒置,再把 n 变为 ṇ,并把 r——
၌ရှိသော အ-ကို အာဒီဃပြု၊ သီသ-၌ရှိ သ-ကိုချေ၊ ဝါရာဏသီ-ဖြစ်သည် ဟူ၏။ ဝါ-၌ ဝ-ကို ဗ-
——之后的 a 长音化为 ā;再去掉 sīsa 中的 s,便成为 Vārāṇasī。若把 vā 中的 v 变为 b——
ပြုက ဗာရာဏသီ-ဖြစ်၏။ --- မျောက်ဦးခေါင်းနှင့် တူသော တောင်ထွဋ် ရှိသော တောင်။ ထိုတောင်
——又成为 Bārāṇasī。vānara-sīsa 原指峰顶形似猴头的一座山;该山——
အနီးတွင် ရှိသော မြို့ --- ဟူသတတ်။
——附近的城市,便以此得名。
( ခ ) ဝိသေသာ = အဘိသိက်ခံပွဲ၌ အထူးရွက်ဆောင်ပေးရသော ပုဂ္ဂိုလ်ကြီးများ၊ ( ဂ ) ဂဇာသတ် = ဆင်ရုပ်ပေါ်တွင် ရိုသေစွာ သိုမှီး သိမ်းဆည်းထားအပ်သော ရှေးဟောင်းဓမ္မသတ်များ။
(乙)visesā:在灌顶典礼中担任特殊职责的要人。(丙)gajā-dhammasat:恭敬收藏在象形座上的古代法典。
၁၄။ (က) ပဒ္မါ သနင် = ကြာပလဒင်၊ ( ခ ) ဇောတနတ် = မဏိဇောတ ပြည်တန်မြကဲ့သို့ နတ်သမီးကဲ့သို့ နှစ်သက် မြတ်နိုးအပ်သော မိဖုရား၊ ( ဂ ) သီဟာသ = ခြင်္သေ့ရုပ် ခံထားသော သီဟာသနပလဒင်၊ ၁၅။ (က) ဘမရာဖျား = ပျားပိတုန်းခံသော ကုတင်ညောင်စောင်းပေါ်၌၊ ၁၆။ (က) ဂန္ဓာခြေ = မွှေးကြိုင်သော ရနံ့တို့ဖြင့် သင်းပျံ့ကြိုင်လှိုင်လျက် ရှိသော တောင်ခြေ၊ ( ခ ) ဓမ္မောဇ = ဓမ္မ + သြဇာ = တရား အဆီအနှစ်၊ ၁၇။ (က) ရဇတ = ငွေ၊ ( ခ ) ရာဘုရင် ဥက္ကဌ် = ထီးဆောင်းမင်းပေါင်း (၁ဝဝ)တို့တွင် အမြတ်ဆုံးဖြစ်သော ဘုရင်၊ ၁၈။ (က) မနောမယ ဇောတရ = စိတ်သွားတိုင်း ကိုယ်ပါ၍ လိုရာကို ပြီးစေသော = ပြည့်စုံစေသော မဏိဇောတ ပတ္တမြားရတနာ၊
十四、(甲)padmāsana:莲花宝座。(乙)珍爱之王后:如如意摩尼、如天女一般令人欢喜珍爱的王后。(丙)sīhāsana:以狮子像承托的狮子座。十五、(甲)蜂承卧榻:在以蜂形承托的床榻上。十六、(甲)芬芳山麓:山脚因种种香气而馥郁芬芳。(乙)dhammoja:dhamma 加 oja,即法之精髓。十七、(甲)rajata:银。(乙)王中最胜:一百位白伞王中最殊胜的国王。十八、(甲)manomaya-jotara:心念所至,身体便能随往并成办所愿的如意摩尼宝。
原书第 405 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း ( ခ ) လောက မြုတေ = လောက အမြုတေ၊ ( ဂ ) မဟေသီဆုံး = အဂ္ဂမဟေသီ = အမြတ်ဆုံး မိဖုရားခေါင်၊ ၁၉။ (က) ရုပ်ကရဇ ခန္ဓာအိမ် = ဘူတရုပ် ဥပါဒါရုပ်တို့၏ အပေါင်းအစု ဖြစ်သော ခန္ဓာအိမ်၊ ၂ဝ။ (က) ရာဇဓာ = ရာဇဓာနီ = မင်းနေပြည်တော်၊ ၂၁။ (က) ဇာတ်သမ္ဘာတူ = အမျိုးဇာတ်ချင်း ဘုန်းသမ္ဘာချင်း တူညီသော၊ ( ခ ) မောရက = ဥဒေါင်းငယ် = ရွှေဥဒေါင်း၊ ( ဂ ) ကောဓန = အမျက်ကောဓ = ရန်ငြိုးဖွဲ့ခြင်း၊ ၂၇။ (က) တြိဥက္ကဋ္ဌ = လူသုံးဦးတို့တွင် အကြီးအမြတ် ဖြစ်တော်မူသော၊ ၃ဝ။ (က) ဝင်းလျှပ် ကနကာ = ကနကာ = ရွှေ၊ ( ခ ) ဘူမိဿရ = ရေမြေကို အစိုးရသောမင်း၊ ( ဂ ) လူဒိဗ္ဗ = သမုတိနတ်ဖြစ်သော လူမင်း၊ ၃၁။ (က) ကနက်ဗွေဝယ် = ရွှေနန်းတော် အလယ်ဝယ်၊ ၃၂။ (က) ဗွေသီဟာဝယ် = နန်းတော် အလယ်၌ တည်ရှိသော ခြင်္သေ့ခံသော သီဟာသနပလဒင်။
(乙)loka-amata:世间的甘露。(丙)mahesī:aggamahesī,即最尊贵的首后。十九、(甲)色身蕴舍:由大种色与所造色聚合而成的色蕴之舍。二十、(甲)rājadhā:rājadhānī,即王都。二十一、(甲)族姓福威相等:出身与福德威势相等。(乙)moraka:幼孔雀,即金孔雀。(丙)kōdhana:忿怒结怨。二十七、(甲)三界最胜:人、天、梵三界中最尊贵者。三十、(甲)灿耀金色:kañcana,即黄金。(乙)bhūmissara:统治水土的国王。(丙)人中天:依世俗称作天的国王。三十一、(甲)金宫中央:黄金宫殿的中央。三十二、(甲)狮子座上:宫殿中央由狮子像承托的狮子座。
( ခ ) ဒီပါသေဌ်နင်း = ဇမ္ဗူဒီပါ ကျွန်းအလုံးကို အစိုးရသော အမြတ်ဆုံးမင်း၊ ၃၄။ (က) ဇမ္ဗူရစ်ရွှေ = ဇမ္ဗောနဒရွှေ = လှော်ပြီး ဦးပြီး နီမြန်းသော ရွှေ။ (ဇာတက-ဋ္ဌ-၇-၁၆၆။) ၃၅။ (က) မဟီပြန့်-မဟီ= မြေကြီး။
(乙)洲中最胜王:统治整个瞻部洲的最尊贵国王。三十四、(甲)瞻部河金:jambonada 金,即反复炼净以后呈赤红色的黄金。(《本生义注》7-166。)三十五、(甲)mahī:大地。
( ခ ) ညာဇမ္ဗူ = ဇမ္ဗူဒီပါ လကျာ်တောင်ကျွန်း၊ ၃၇။ (က) မောရိနတ် = ဥဒေါင်းမင်း = ဘုရားအလောင်း ရွှေဥဒေါင်း၊ ( ခ ) လေးပါး သင်္ဂဟ = သင်္ဂဟတရား (၄)ပါး၊ ( ဂ ) ဒသရာဇဓမ် = မင်းကျင့်တရား (၁ဝ)ပါး၊ (ဃ) နာယကံ ခြောက်ဂုဏ် = နာယကဂုဏ် (၆)ပါး၊ ( င ) ခုနစ်စုံ အပရိဟာနိယ = မင်းတို့၏ မဆုတ်ယုတ် မပျက်စီးကြောင်း အပရိဟာနိယတရား (၇)ပါး၊ (ခ) သင်္ဂဟတရား (၄) ပါး ရဟန်းတို့ …ချီးမြှောက်ကြောင်း ''သင်္ဂဟဝတ္ထု''တို့သည် ဤလေးမျိုးတို့တည်း၊ အဘယ်လေးမျိုးတို့နည်း ဟူမူ --- ၁။ ဒါန = ပေးကမ်းခြင်း၊ ၂။ ပေယျဝဇ္ဇ = ချစ်ဖွယ်စကားကို ပြောကြားခြင်း၊ ၃။ အတ္ထစရိယာ = အကျိုးစီးပွားကို ကျင့်ခြင်း = ရွက်ဆောင်ပေးခြင်း၊ ၄။ သမာနတ္တတာ = ကိုယ်နှင့် ထပ်တူပြုခြင်း = တန်းတူ ဆက်ဆံခြင်း၊ ရဟန်းတို့ …ချီးမြှောက်ကြောင်း ''သင်္ဂဟဝတ္ထု''တို့သည် ဤလေးမျိုးတို့တည်း။
(乙)南瞻部洲:瞻部洲南方的大洲。三十七、(甲)孔雀天王:孔雀王,即菩萨金孔雀。(乙)四摄事:四种摄受之法。(丙)十王法:国王应行的十法。(丁)领袖六德:六种领袖之德。(戊)七不衰法:使国王不衰退、不败亡的七法。 (乙)四摄事。诸比丘,所谓‘摄事’有四种。哪四种呢?一、布施:施与;二、爱语:说令人喜爱的言语;三、利行:实行、承办利益;四、同事:使他人与自己等同,也就是平等相待。诸比丘,所谓‘摄事’,就是这四种。
原书第 406 页
ဤလောက၌ ပေးကမ်းခြင်းလည်းကောင်း၊ ချစ်ဖွယ်စကားကို ဆိုခြင်းလည်းကောင်း၊ အကျိုးစီးပွားကို ကျင့် ခြင်းလည်းကောင်း၊ ထိုထိုအကြောင်းတို့၌ ထိုက်သည်အားလျော်စွာ ကိုယ်နှင့် ထပ်တူပြုခြင်းလည်းကောင်း ထို သင်္ဂဟဝတ္ထု လေးမျိုးတို့သည် သွားနေသော ရထား၏ နားစောင့် = နပန်စွန်းကဲ့သို့ လောကကို ချီးမြှောက်ကုန်၏။
在这世间,布施、爱语、利行,以及在种种事情上依其所宜而平等相待,这四摄事就像行驶中车子的轮辖一样,摄持着世间。
အကယ်၍ ထိုသင်္ဂဟဝတ္ထု လေးမျိုးတို့သည် မရှိကုန်ငြားအံ့၊ အမိသည် သားဟူသော အကြောင်းကြောင့် ပူဇော်ခြင်း မြတ်နိုးခြင်းကို မရရာ။ အဖသည်လည်း သားဟူသော အကြောင်းကြောင့် ပူဇော်ခြင်း မြတ်နိုးခြင်းကို မရရာ။
倘若没有这四摄事,母亲便不会仅因孩子是自己的儿子而得到供养与敬爱;父亲也不会仅因孩子是自己的儿子而得到供养与敬爱。
ထိုသင်္ဂဟဝတ္ထု လေးပါးတို့ကို ပညာရှိတို့သည် ကောင်းစွာ ရှုဆင်ခြင်ကြကုန်သောကြောင့် မြတ်သည်၏ အဖြစ်သို့ ရောက်ကုန်၏၊ ထိုပညာရှိတို့သည် ချီးမွမ်းထိုက်သူတို့ ဖြစ်ကုန်၏။ (အံ-၁-၃၄၁။) သင်္ဂဟဝတ္ထု (၄) ပါး ၁။ သဿမေဓ = ဆယ်ခိုင့်တစ်ခိုင် အခွန်တော် ကောက်ယူခြင်း၊ ၂။ ပုရိသမေဓ = ဝန်ထမ်းတို့အား လခရိက္ခာပေးခြင်း၊ ၃။ သမ္မာပါသ = ဆင်းရဲသားတို့အား သုံးနှစ်တိုင်တိုင် အတိုးမရှိ ရင်းနှီးရန် ဥစ္စာထုတ်ပေးခြင်း၊ ၄။ ဝါစာပေယျ = ချစ်နှစ်လိုဖွယ်သော စကားကို ပြောဆိုခြင်း၊ (အံ-၃-၂။ အံ-ဋ္ဌ-၃-၁၉၃-၁၉၄။ မေတ္တာသုတ်၊၊) (ဂ) ဒသ ရာဇဓမ် = မင်းကျင့်တရား (၁ဝ) ပါး ဒါနံ သီလံ ပရိစ္စာဂံ၊ အဇ္ဇဝံ မဒ္ဒဝံ တပံ။
由于智者善加观察这四摄事,他们得以成就尊贵,也成为值得赞叹的人。(《增支部》1-341。) 王者四摄事:一、sassamedha,从十束收取一束的税;二、purisamedha,给官员发放薪俸与口粮;三、sammāpāsa,向穷人提供三年免息的经营资本;四、vācāpeyya,说令人喜爱的和善言语。(《增支部》3-2;《增支部义注》3-193—194;《慈经》。) (丙)十王法。国王应行的十法:Dānaṃ sīlaṃ pariccāgaṃ, ajjavaṃ maddavaṃ tapaṃ——布施、持戒、舍施,正直、柔和与自制;
အက္ကောဓံ အဝိဟိံ သဉ္စ၊ ခန္တိံ စ အဝိရောဓနံ။ (ခု-၆-၉၇။)
——akkodhaṃ avihiṃsañca, khantiñca avirodhanaṃ——不怒、不害、忍耐,并且不违逆。(《小部》6-97。)
၁။ ဒါန = အလှူပေးခြင်း = ဒါနဝတ္ထု (၁ဝ)ပါးလျှင် တည်ရာရှိသော ကုသိုလ်စေတနာ၊ ၂။ သီလ = ငါးပါးသီလ၊ ဆယ်ပါးသီလတို့ကို စောင့်ထိန်းခြင်း၊ ၃။ ပရိစ္စာဂ = ပေးကမ်း စွန့်ကြဲခြင်း၊ ၄။ အဇ္ဇဝ = စိတ်ထား ဖြောင့်မတ်ခြင်း၊ ၅။ မဒ္ဒဝ = စိတ်ထား နူးညံ့ ပျော့ပျောင်းခြင်း၊ ၆။ တပ = ဥပုသ်သီတင်း စောင့်သုံးခြင်း၊ ၇။ အက္ကောဓ = မေတ္တာ ရှေ့သွား ပြဓာန်းသော စိတ်ထားရှိ၍ အမျက်ဒေါသ မထွက်ခြင်း၊ ၈။ အဝိဟိံ သ = တိုင်းသူပြည်သားတို့ အပေါ်၌ ကရုဏာရှေ့သွား ပြဓာန်းသော စိတ်ထားရှိ၍ မညှဥ်းပန်း မနှိပ်စက်ခြင်း၊ ၉။ ခန္တိ = သည်းခံခြင်း၊ ၁ဝ။ အဝိရောဓန = တိုင်းသူပြည်သားတို့နှင့် ဆန့်ကျင်ဘက် မပြုလုပ်ခြင်း၊ ဤကား မင်းကျင့်တရား (၁ဝ)ပါးတည်း။ (ဇာတက-ဋ္ဌ-၅-၄ဝ၃။)
一、dāna:布施,即以十种施物为所依的善思。二、sīla:守护五戒与十戒。三、pariccāga:施舍、舍弃。四、ajjava:内心正直。五、maddava:内心柔和。六、tapa:持守布萨。七、akkodha:以慈为先导,不生忿怒。八、avihiṃsā:对国民以悲为先导,不加伤害、不作逼迫。九、khanti:忍耐。十、avirodhana:不与国民相违逆。这就是十王法。(《本生义注》5-403。)
原书第 407 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း (ဃ) နာယကဂုဏ် (၆) ပါး ၁။ ခမာ = သည်းခံခြင်း = ခန္တီတရား ရှိခြင်း၊ ၂။ ဇာဂရိယာနုယောဂ = နိုးကြားမှုနှင့် ယှဥ်ခြင်း = နိုးနိုးကြားကြား ရှိခြင်း = အောက်ထစ်ဆုံးအားဖြင့် ညဥ့် သုံးယာမ် တစ်ယာမ်မျှသာ အိပ်စက်၍ ကြွင်းသော အချိန်တို့၌ သမထ ဝိပဿနာ အစဖြာသည့် ရဟန်း- တရားတို့ကိုသာ ကြိုးစားအားထုတ်ခြင်း၊ ၃။ ဥဋ္ဌာန = ငယ်သားတို့ထက် တပည့်သားမြေးတို့ထက် အဆများစွာ သာလွန်၍ ထကြွလုံ့လ ဝီရိယ ရှိခြင်း၊ ၄။ သံဝိဘာဂ = ခွဲခြားဝေဖန်လျက် ချီးမြှောက် ထောက်ပံ့ခြင်း = နောက်လိုက်ငယ်သား တပည့်သားမြေးတို့အား လျောက်ပတ်လျော်ကန် တော်တန်သလို ပစ္စည်းလာဘ်လာဘတို့ကို ခွဲခြားဝေဖန်၍ ချီးမြှောက် ထောက်- ပံ့ခြင်း၊ ၅။ ဒယာ = သူတစ်ပါးအား ကိုယ်နှင့်မခြား သနားကြင်နာတတ်ခြင်း၊ ၆။ ဣက္ခနာ = အလုံးစုံသော အခွင့်အရေးဟူသမျှကို တွေးတောမြော်မြင် ကြည့်ရှု ဆင်ခြင်တတ်သော ဉာဏ်
(丁)领袖六德。一、khamā:忍耐,即具足忍辱。二、jāgariyānuyoga:致力于觉醒,也就是保持清醒;至少在夜间三时中只睡一时,其余时间唯精勤于止、观等沙门法。三、uṭṭhāna:具有勤起精进,远远胜过属下与弟子徒众。四、saṃvibhāga:分别衡量以后给予奖助、扶持;依部属、随从、弟子徒众各自所宜,把物资利得作适当分配,加以扶助。五、dayā:怜悯他人,如同自己。六、ikkhanā:具足能够思量、展望、观察一切时机的智慧——
ပညာနှင့် ပြည့်စုံခြင်း၊ ထကြွ၊ နိုးကြား၊ သနား၊ သည်းခံ၊ ဝေဖန်၊ ကြည့်ရှု၊ ဤခြောက်ခုကား၊ ကြီးသူကျင့်ရာ တရားတည်း။
——勤起、警醒、悲悯、忍耐、善分配、能观察,这六项就是领袖应行之法。
(င) ခုနစ်စုံ အပရိဟာနိယ = မင်းတို့၏ မဆုတ်ယုတ်ကြောင်းတရား (၇) ပါး ထိုစဥ်အခါ၌ အရှင်အာနန္ဒာသည် မြတ်စွာဘုရားကို ယပ်လေခတ်ပေးလျက် မြတ်စွာဘုရား၏ နောက်တော်၌ တည်ရှိနေ၏၊ ထိုအခါ မြတ်စွာဘုရားသည် အရှင်အာနန္ဒာကို မိန့်တော်မူ၏ --- အာနန္ဒာ …ဝဇ္ဇီမင်းတို့သည် မကြာမကြာ စည်းဝေးကုန်၏လော၊ အကြိမ်များစွာ စည်းဝေးကုန်၏လော၊ သင်အဘယ်သို့ ကြားသိရသနည်းဟု မေးတော်မူ၏။ --- အရှင်ဘုရား …ဝဇ္ဇီမင်းတို့သည် မကြာမကြာ စည်းဝေး ကုန်၏၊ အကြိမ်များစွာ စည်းဝေးကုန်၏ --- ဟု တပည့်တော် ကြားရပါသည်ဘုရားဟု လျှောက်ထား၏။ အာနန္ဒာ ဝဇ္ဇီမင်းတို့သည် မကြာမကြာ စည်းဝေးလျက် အကြိမ်များစွာ စည်းဝေးနေကြသမျှ ကာလပတ်လုံး ဝဇ္ဇီမင်းတို့အား ကြီးပွားရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ --- ဤသို့စသည်ဖြင့် မင်းတို့၏ မဆုတ်ယုတ်ကြောင်းတရား (၇)ပါးတို့ကို မဟာပရိနိဗ္ဗာနသုတ္တန်တွင် ဘုရားရှင်သည် ဟောကြားထားတော်မူခဲ့၏။ ယင်းဒေသနာတော်အတိုင်း
(戊)七不衰法,即国王不衰退的七法。当时,阿难尊者一面为世尊执扇,一面站在世尊身后。世尊问他:‘阿难,跋耆诸王是否经常集会、屡次集会?你听到的是怎样?’阿难答道:‘尊者,我听说跋耆诸王经常集会、屡次集会。’世尊说:‘阿难,只要跋耆诸王仍经常集会、屡次集会,跋耆诸王就只有增长,不会衰退。’世尊在《大般涅槃经》中如此开示了国王不衰退的七法。依照这段教说——
အတိုချုပ်မှာ ဤသို့ဖြစ်၏။
——简要归纳如下。
၁။ မင်းတို့သည် မကြာမကြာ စည်းဝေးကြခြင်း အကြိမ်များစွာ စည်းဝေးကြခြင်း၊ ၂။ မင်းတို့သည် အညီအညွတ် စည်းဝေးကုန်လျက် အညီအညွတ် အစည်းအဝေးမှ ထကုန်လျက် တိုင်းရေး ပြည်ရေး ကိစ္စတို့ကို အညီအညွတ် ဆောင်ရွက်ကုန်ခြင်း၊ ၃။ မင်းတို့သည် ရှေးဟောင်းမင်းတို့သည် မပညတ်ခဲ့သော အရာကို မပညတ်ဘဲ၊ ပညတ်ပြီးသော အရာကို မပယ်ဖျက်ဘဲ၊ ပညတ်ထားသမျှ ရှေးဟောင်းမင်းတို့၏ ကျင့်ထုံးကို လိုက်နာ၍ ကျင့်ခြင်း၊ ၄။ မင်းတို့သည် အသက်ကြီးသော မင်းတို့ကို အရိုအသေပြုကုန်ခြင်း၊ အလေးပြုကုန်ခြင်း၊ မြတ်နိုးကုန်ခြင်း၊ ထိုအသက်ကြီးသူတို့၏ စကားကိုလည်း နာယူသင့်သည်ဟု ထင်မှတ်၍ နေကြခြင်း၊ ၅။ မင်းတို့သည် အမျိုးသမီးကြီး အမျိုးသမီးငယ်တို့ကို အတင်းဆွဲငင်၍ အနိုင်အထက် မသိမ်းပိုက်ကြခြင်း၊
一、诸王经常集会、屡次集会。二、诸王和合地集会、和合地散会,并和合地办理国家事务。三、诸王不制定先王未曾制定的制度,不废除已经制定的制度,依照历代先王所定的一切旧制而行。四、诸王恭敬、尊重、敬爱年长的国王,并认为年长者的话值得听从。五、诸王不强行拉走、霸占成年女子或少女。
原书第 408 页
၆။ မင်းတို့သည် မြို့တွင်းမြို့ပြင်ရှိ မင်းတို့၏ နတ်ကွန်း = စေတီတို့ကို အရိုအသေပြုလျက် အလေးပြုလျက် မြတ်နိုးလျက် ပူဇော်လျက် ထိုနတ်ကွန်း = စေတီတို့အားလည်း ရှေးက ပေးလှူမြဲဖြစ်သော ပြုမြဲဖြစ်သော တရားနှင့် လျော်သော ဗလိနတ်စာကို မဆုတ်ယုတ်စေခြင်း၊ ၇။ မိမိတို့၏ တိုင်းနိုင်ငံသို့ မကြွလာသေးသော ရဟန္တာတို့သည် ကြွလာခြင်းငှာ၊ ကြွရောက်လာပြီးသော ရဟန္တာ တို့သည် မိမိတို့၏ တိုင်းနိုင်ငံ၌ ချမ်းသာစွာ နေရခြင်းငှာ မင်းတို့သည် ရဟန္တာတို့အား တရားနှင့်အညီ စောင့်ရှောက် ကာကွယ်လျက် လုံခြုံမှုကို ကောင်းစွာ စီမံပေးနေကြခြင်း၊ ဤသည်တို့ကား မင်းတို့၏ မဆုတ်ယုတ်ကြောင်း အပရိဟာနိယတရား (၇)ပါးတို့တည်း။(ဒီ-၂-၆၂-၆၃။) ဤတွင် အင်္ဂပူဆရာတော်ဘုရားကြီး၏ မောရသုတ်ပရိတ်မွှန်း၏ ခက်ဆစ် အဓိပ္ပါယ်များ ပြီးဆုံးပြီ ဖြစ်သည်။
六、诸王恭敬、尊重、敬爱、供养城内外属于王室的神祠与佛塔,并且不废弛过去依法恒常奉献、举行的供物祭祀。七、诸王依法守护阿罗汉,妥善安排其安全,使尚未来到本国的阿罗汉能够前来,使已经来到的阿罗汉能够在本国安乐居住。这就是国王不衰退的七法。(《长部》2-62—63。)至此,英加布西亚多大长老《孔雀经》护卫偈赞释的词语释义已经结束。
ကာမဂုဏ် ညွှတ်ကွင်း၌ ဇွတ်အတင်း မိငြားသော်လည်း လွတ်ကင်းအောင် ရုန်းထွက်နိုင်သော ရှေးသူဟောင်းတို့၏ ကြေကွဲဖွယ် ထုံးဟောင်း တစ်ရပ်ပင် ဖြစ်ပေသည်။
这正是一则令人感慨的古范:前人即使被强行套入欲绳的圈套,仍然能够奋力挣脱。
ဤအထက်တွင် တင်ပြခဲ့သော ဗောဓိလောင်းလျာ အသီးအသီးတို့ကား တစ်ဦးနှင့်တစ်ဦး သဒ္ဓါ သီလ စာဂ ပညာ ကြောင်းလေးဖြာတို့ ပေါင်းစုညီညာလျက် ရှိကြသဖြင့် ဥမကွဲသိုက်မကွာဘဲ သံသရာခရီး၌ ယှဥ်တွဲကာ ပါရမီကောင်းမှုကုသိုလ်တို့ကို ဖြည့်ကျင့်နိုင်ခဲ့ရသည်ကား မှန်၏။ သို့သော် ထိုသူတော်ကောင်းကြီးတို့၏ ထုံးဟောင်း ကို အားကျလျက် သဒ္ဓါ သီလ စာဂ ပညာ ကြောင်းလေးဖြာတို့ ပေါင်းစုညီညာမှု မရှိသေးသော အသင်သူတော်- ကောင်းသည်လည်း သံသရာတစ်လျှောက်၌ ဥမကွဲသိုက်မကွာသည့် မူဝါဒကို လက်ခံ ကျင့်သုံးလိုပါက ဥနှင့်လည်း မခွဲချင်၊ အသိုက်နှင့်လည်း မခွာချင်ပါက အောက်ပါ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် အတိတ်ဇာတ်ကြောင်း တစ်ခုကို ထပ်လောင်း၍ ဖတ်ရှုကြည့်စေလိုပါသည်။
上文所说的各位菩提种姓者,彼此以信、戒、舍、慧四缘和合相系,所以的确能够在轮回旅途中如卵不离巢一般相随,共同圆满波罗蜜善业。善人啊,你虽仰慕这些大善人的旧范,若彼此尚未具足信、戒、舍、慧四缘的和合,却仍想在整个轮回中奉行‘卵不离巢’的原则,不愿与卵分离、也不愿离开巢穴,那么请再读下面这一则值得忆念的往昔故事。
အဿကဇာတ်တော် ကောက်နုတ်ချက်
《阿萨迦本生》摘录
ယခုကာလ ဒုလဒဘဝတ်ကြရာဝယ် အိမ်ရှင်မတို့က လူထွက်ခိုင်းကြသည့် ပုံစံမျိုးအတိုင်းပင် ဘုရားရှင်လက်- ထက်တော်အခါကလည်း ရဟန်းတော် တစ်ပါးကို အိမ်ရှင်မဟောင်းက လူထွက်ပါမည့်အကြောင်း ဖြားယောင်း သဖြင့် ဤအဿကဇာတ်တော်ကို ဟောကြားပေးတော်မူခြင်း ဖြစ်၏။
如今,有些男子只作短期出家时,会被原来的妻子劝诱还俗;同样,在世尊时代,也曾有一位比丘受旧妻诱惑而想还俗,世尊因此为他说了这则《阿萨迦本生》。
လွန်လေပြီးသောအခါ ကာသိတိုင်းဝယ် ပါဋလိမြို့၌ အဿက အမည်ရှိသော မင်းသည် မင်းပြု၏။ ထို အဿကမင်းအား ဥပရီ အမည်ရှိသော ချစ်မြတ်နိုးစွာသော မိဖုရားတစ်ဦး ရှိ၏၊ ထိုဥပရီသည် အလွန် အဆင်း လှ၏၊ ရှုချင်ဖွယ် ရှိ၏၊ ကြည်ညိုဖွယ်ဂုဏ်ကို ဆောင်နိုင်၏၊ လူမိန်းမ၏ အဆင်းကို လွန်၏၊ နတ်တို့၏ အဆင်းကို ကား မမှီတတ်ပေ။ အဂ္ဂမဟေသီ တောင်ညာစံဒေဝီပင် ဖြစ်၏။ တစ်နေ့တွင် ထိုဥပရီမိဖုရားသည် ကွယ်လွန်သွား လေ၏။
过去,迦尸国波多梨城有一位名叫阿萨迦的国王。阿萨迦王有一位深爱的王后,名叫优波利。她容貌极美,悦目可敬,超过人间女子,却不及天女;正是国王最尊贵的首后。有一天,优波利王后去世了。
ထိုဥပရီမိဖုရား ကွယ်လွန်သွားခြင်းကြောင့် အဿကမင်းသည် သောကဖြင့် အပြင်းအထန် အနှိပ်စက်ခံရ သည် ဖြစ်၍ အကြီးအကျယ် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲနေရ၏။ ထိုအဿကမင်းသည် ထိုဥပရီမိဖုရား၏ အလောင်း- တော်ကို တလား၌ လျောင်းစေ၍ ဆီနှစ်ကို ထည့်စေပြီးနောက် ကုတင်ညောင်စောင်းအောက်၌ ထားကာ အစာ မစားဘဲ ငိုကြွေးမြည်တမ်းလျက် အိပ်နေ၏။ မယ်တော် ခမည်းတော် ဆွေတော် မျိုးတော် မိတ်တော် ဆွေတော် စသည့်သူတို့က ---
优波利王后去世以后,阿萨迦王饱受忧愁折磨,身心都极为痛苦。他让人把王后的遗体安放在棺中,注入油脂,再把棺木置于卧榻下面;自己不肯进食,只躺着哭泣哀号。母亲、父亲、亲戚与朋友等人劝他说——
原书第 409 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း ''အရှင်မင်းမြတ် …စိုးရိမ်သောက ဖြစ်တော်မမူပါလင့်၊ သင်္ခါရတရား မှန်သမျှတို့သည် ဖြစ်ပြီးလျှင် ပျက် တတ်သည့် အနိစ္စတရားတို့သာ ဖြစ်ကြပါကုန်၏။'' ဤသို့စသည်ဖြင့် မည်သို့ပင် နားချကြသော်လည်း ဖြေမဆည်နိုင် ခွေလှီယိုင်မောကာဖြင့် ပူဇောကြွလျက်သာ ရှိနေ၏။ အချိန်ကား (၇)ရက် လွန်မြောက်သွားပြီ ဖြစ်၏။
——‘大王,请不要忧愁。一切行法生起以后必然坏灭,都只是无常法。’无论众人怎样劝慰,他仍不能自持,只是憔悴困顿、忧火炽盛。这样过了七天。
ထိုအချိန်တွင် ဘုရားအလောင်းတော်သည် လောကီအဘိညာဏ် (၅)ပါး စျာန်သမာပတ်(၈)ပါးတို့ကို ရရှိ တော်မူသည့် ရှင်ရသေ့ ဖြစ်၍ ဟိမဝန္တာ၌ နေတော်မူခိုက် ဒိဗ္ဗစက္ခုအဘိညာဏ်ဉာဏ်၏ စွမ်းအားရှိန်စော် အာ- နုဘော်ကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည်ကို တိုးပွားအောင် ပြုပြင်တော်မူပြီးနောက် ဒိဗ္ဗစက္ခုအဘိညာဏ် ဉာဏ်ဖြင့် ဇမ္ဗူဒိပ်တစ်ကျွန်းလုံးကို ဖြန့်ကြက်လျက် ကြည့်ရှုတော်မူလတ်သော် ထိုအဿကမင်း ထိုကဲ့သို့ ငိုကြွေးနေ သည်ကို မြင်၍ --- ''ငါသည် ထိုအဿကမင်း၏ မှီခိုအားထားရာ ပုဂ္ဂိုလ်တစ်ဦးတော့ ဖြစ်သင့်ပြီ''ဟု နှလုံးပိုက် တော်မူလျက် ဣဒ္ဓိဝိဓအဘိညာဏ်တန်ခိုးဖြင့် ကောင်းကင်ခရီး၌ ပျံတက်၍ မင်းဥယျာဥ်တော်၌ ဆင်းသက်ပြီးလျှင် မင်္ဂလာကျောက်ဖျာထက်၌ ရွှေဆင်းတုကဲ့သို့ ထိုင်၍ သီတင်းသုံးနေတော်မူ၏။
当时,菩萨是一位住在喜马拉雅山的仙人,已经获得世间五神通与八等至。他修习由天眼通智之力生起的光明,使之增强,再以天眼通智遍观整个瞻部洲,看见阿萨迦王如此哭泣,便想:‘我应当成为阿萨迦王的依怙。’于是以神变通飞行空中,降落在王家园林的吉祥石板上,如金像一般端坐。
ထိုအခါ ပုဏ္ဏားလုလင်တစ်ဦးနှင့် တွေ့၍ ပုဏ္ဏားလုလင်မှတဆင့် ''ငါရှင်ရသေ့သည် ထိုဥပရီမိဖုရား၏ ဖြစ်ရာအရပ်ကို ပြောကြားနိုင်၍ အဿကမင်း၏ အထံ၌သာလျှင် ထိုမိဖုရားကို စကားဆိုစေအံ့'' --- ဟု သတင်း စကား မှာကြားလိုက်၏။
仙人遇见一名婆罗门青年,便托他传话:‘我这位仙人知道优波利王后投生在何处,还能让她在阿萨迦王面前亲自说话。’
အဿကမင်းက ထိုသတင်းကို ကြားသိရသောအခါ ဥပရီမိဖုရားနှင့် မြင်တွေ့ရတော့မည့် အရေးကို မျှော် တွေးလျက် နှစ်သက်ရွှင်လန်း ဝမ်းပန်းတသာဖြင့် ဥယျာဥ်တော်ရှိ ရှင်ရသေ့ထံသို့ အမြန်ဆိုက်ရောက်လာ၏။
阿萨迦王听到消息,以为即将再次见到优波利王后,欢喜雀跃,立刻赶到园林里的仙人面前。
ရှင်ရသေ့က ဤသို့ မိန့်ဆိုတော်မူ၏။ --- သာ ခေါ မဟာရာဇ ရူပသ္မိံ ယေဝ မတ္တာ ပမာဒမာဂမ္မ ကလျာဏကမ္မံ အကတွာ ဣမသ္မိံ ယေဝ ဥယျာနေ ဂေါမယပါဏကယောနိယံ နိဗ္ဗတ္တာတိ။ (ဇာ-ဋ္ဌ-၂-၁၄၃။) ဒါယကာတော် မင်းကြီး …ထိုဥပရီမိဖုရားသည် မိမိ၏ ရုပ်အဆင်း၌ပင်လျှင် အဆင်းမာန်ယစ်သည် ဖြစ်၍ ကုသိုလ်ကောင်းမှုတို့၌ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ နေထိုင်ကာ အားကိုးထိုက်သည့် ကောင်းမှုကုသိုလ်- ထူးကိုလည်း မဆည်းပူးမိခဲ့သည့်အတွက် (မိမိ၏ ရုပ်အဆင်း၌ မက်မောနေခြင်း လောဘဇောက မရဏာ- သန္နဇော၏ နေရာကို ယူသွားသဖြင့်) ဤဥယျာဥ်တော် အတွင်း၌ပင်လျှင် နွားချေးပိုး၏ အမျိုး၌ ဖြစ်နေ၏ဟု အမိန့်တော်ရှိလိုက်၏။
仙人说道:‘大王,她只因陶醉于自己的美貌,放逸而没有造作善业,现已投生在这座园林的粪甲虫胎中。’(《本生义注》2-143。)施主大王,优波利王后沉醉于自己的容貌,在诸善业上疏忽放逸,没有积集足可依靠的殊胜善业;又因贪著自身美貌的贪速行取代了临终速行,所以就在这座园林里投生为粪甲虫。
ထိုအဿကမင်း ယုံကြည်နိုင်အောင် ဘုရားအလောင်းတော်ရသေ့ကြီးက (ကတ္တီပါဘောလုံးကဲ့သို့ ဝန်းဝိုင်း လျက်ရှိသော) နွားချေးစိုင်ခဲကို ဖောက်ခွဲလျက် နွားချေးဖို၊မ နှစ်ဦးသားတို့သည် ရှေ့တော်မှောက်သို့ လာရောက် စေသတည်း --- ဟု အဘိညာဏ်တန်ခိုးဖြင့် ဓိဋ္ဌာန်တော်မူကာ ခေါ်ယူတော်မူလိုက်၏။ ထိုနွားချေးပိုးမကိုလည်း လူတို့ဘာသာစကားဖြင့် စကားတုံ့ပြန်ရန် အဓိဋ္ဌာန်ထားတော်မူ၏။
为了使阿萨迦王相信,菩萨大仙人以神通决意:‘让这颗圆如绒球的牛粪团裂开,让雌雄两只粪甲虫来到面前。’他又决意使雌虫能够用人类语言回答。
ရှင်ရသေ့ ။ ။ ဥပရီဟု ခေါ်တော်မူလိုက်၏။
仙人唤道:‘优波利。’
နွားချေးပိုးမ ။ ။ အရှင်ဘုရား …အဘယ်ကိုပြုအံ့နည်း။
雌粪甲虫答道:‘尊者,有何吩咐?’
ရှင်ရသေ့ ။ ။ သင်သည် လွန်လေပြီးသော ဘဝက အဘယ်အမည် ရှိပါသနည်း။
仙人问:‘你前世叫什么名字?’
နွားချေးပိုးမ ။ ။ အရှင်ဘုရား …အဿကမင်း၏ တောင်ညာစံဒေဝီ အဂ္ဂမဟေသီ ဥပရီ အမည်ရှိပါသည်။
雌粪甲虫答道:‘尊者,我名叫优波利,是阿萨迦王的首后。’
原书第 410 页
ရှင်ရသေ့ ။ ။ ယခုအခါ၌ သင်သည် အဿကမင်းကိုတည်း ချစ်သလော၊ ထိုသို့မဟုတ်မူကား နွားချေး- ပိုးဖိုကိုတည်း ချစ်သလော။
仙人问:‘如今你爱阿萨迦王,还是爱雄粪甲虫?’
နွားချေးပိုးမ ။ ။ ဘန္တေ သော မယှံ ပုရိမဇာတိယာ သာမိကော၊ တဒါ အဟံ ဣမသ္မိံ ဥယျာနေ တေန သဒ္ဓိ
雌粪甲虫答道:‘尊者,阿萨迦王在我前一生确是丈夫;当时我在这座园林里与他一同——
ရူပသဒ္ဒဂန္ဓရသဖောဋ္ဌဗ္ဗေ အနုဘဝမာနာ ဝိစရိံ ။ ဣဒါနိ ပန မေ ဘဝသင်္ခေပဂတကာလ-
——享受色、声、香、味、触而游乐。然而,自从我被另一个生命遮覆之时起——
တော ပဋ္ဌာယ သော ကိံ ဟောတိ၊ အဟဥှိ ဣဒါနိ အဿက ရာဇာနံ မာရေတွာ တဿ
——他对我又有什么用?如今我真想杀死阿萨迦王,再用他的——
ဂလလောဟိတေန မယှံ သာမိကဿ ဂေါမယပါဏကဿ ပါဒေ မက္ခေယျံ။
——喉血涂洗我现在丈夫——雄粪甲虫的双脚。’
(ဇာတက-ဋ္ဌ-၂-၁၄၃။)
(《本生义注》2-143。)
အရှင်ဘုရား …ထိုအဿကမင်းသည် ရှေးယခင် လူဖြစ်စဥ်အခါတုန်းက အိမ်ရှင် လင်ယောကျာ်း ဖြစ်ခဲ့ ဖူးသည်ကား မှန်၏။ ထိုလူဖြစ်စဥ်အခါတုန်းက တပည့်တော်မသည် ဤဥယျာဥ်တော်၌ အဿကမင်းနှင့် အတူတကွ ရူပ သဒ္ဒ ဂန္ဓ ရသ ဖောဋ္ဌဗ္ဗဟူသည့် ငါးဖြာအာရုံ ကာမဂုဏ်တို့ကို အစဥ်တစိုက် ခံစားလျက် အပျော်ကြီး ပျော်ကာ လှည့်လည် ကျက်စားခဲ့ဖူးပါ၏။ ယခုအခါ၌တမူကား ဘဝတစ်ခုဖြင့် ဖုံးလွှမ်းခြင်းသို့ ရောက်ရှိလာသော ထိုအချိန်အခါမှ စ၍ ဘဝချင်း ခြားနေသော ထိုအဿကမင်းသည် တပည့်တော်မအဖို့ အဘယ်အကျိုး ရှိနိုင်ပါ တော့အံ့နည်း။ (ထိုအဿကမင်းသည် တပည့်တော်မအတွက် ဘာလုပ်တော့မှာလဲ။) ထိုကြောင့် ယခုအခါဝယ် တပည့်တော်မသည် အဿကမင်းကို သတ်၍ ထိုအဿကမင်း၏ လည်ချောင်းသွေးဖြင့် တပည့်တော်မ၏ ကြင်- ရာတော် အသစ်စက်စက် ဖြစ်သော နွားချေးပိုးဖို၏ ခြေထောက်တို့ကို ဆေးကြောပေးလိုပါ၏။
尊者,阿萨迦王在我从前为人时确曾是我的丈夫。那一生里,我曾在这座园林与阿萨迦王一同享受色、声、香、味、触五种欲乐,欢娱游赏。如今,自从我被另一生遮覆、与他隔世以后,阿萨迦王对我还能有什么用呢?所以,我现在想杀死阿萨迦王,用他的喉血洗涤我新丈夫雄粪甲虫的双脚。
ဤကား နွားချေးပိုးမကလေး၏ အလောင်းတော်ရသေ့ကြီးအား အဿကမင်း၏ ရှေ့မှောက်တွင် ပရိသတ် စုံသည့် လူပုံအလယ်၌ လျှောက်ထားနေသော စကားပင်တည်း။ ပူဗျာပါသောက အပူဇောကြွလျက် အလွမ်းကြီး လွမ်းကာ အဆွေးကြီး ဆွေးနေရရှာသော အဿကမင်းအတွက် အလွန့်အလွန် ရင်နင့်ဖွယ်ကောင်းသော စကား တို့ပင်တည်း။ သို့သော် မယ်မင်းကြီးမက ဤမျှဖြင့် အားရတော်မမူသေးဘဲ ထပ်လောင်း၍ လျှောက်ထားပြန် သည်မှာ --- အယမဿကရာဇေန၊ ဒေသော ဝိစရိတော မမ။
这就是小雌粪甲虫在阿萨迦王面前、众目睽睽之下对菩萨大仙人所说的话。对于忧火炽盛、深深思念并悲悼王后的阿萨迦王而言,这些话实在令人心碎。然而,王后说到这里仍不满足,又继续道:‘我曾同阿萨迦王,在此园林相游——’
အနုကာမယကာမေန၊ ပိယေန ပတိနာ သဟ။
——伴着怜爱我的、亲爱的夫君。
နဝေန သုခဒုက္ခေန၊ ပေါရာဏံ အပိဓီယတိ။
新的苦与乐,遮蔽了旧日一切;
တသ္မာ အဿကရညောဝ၊ ကီဋော ပိယတရော မမ။
因此,比起阿萨迦王,这只甲虫更为我所爱。
အရှင်ဘုရား …ဤ မွေ့လျော်ဖွယ်ကောင်းလှသော ဥယျာဥ်တော်အရပ်သည်ကား ဟိုရှေးယခင် လူဖြစ်စဥ် အခါက ဘုရာ့တပည့်တော်မသည် အဿကမင်းနှင့် အတူတကွ လှည့်လည် ကျက်စားခဲ့ဖူးသော နေရာဟောင်းကြီး တစ်ခု ဖြစ်ပါ၏။ ထိုအဿကမင်းကို အလွန့်အလွန် ချစ်မြတ်နိုးလျက်ရှိသော တပည့်တော်မသည် တပည့်တော်မ ကိုလည်း အလွန် ချစ်မြတ်နိုးလျက်ရှိသော ထိုအဿကမင်းနှင့် အတူတကွ နှစ်ဦးသားတို့ ကြည်နူး၍ မဝနိုင်သော နေရာဟောင်းကြီးပင် ဖြစ်ပါ၏။
尊者,这座令人愉悦的园林,是我从前为人时与阿萨迦王共同游赏的旧地。我那时深爱阿萨迦王,他也深爱我;这里正是我们两人相伴欢娱、不知厌足的地方。
အရှင်ဘုရား …ယခုအခါ၌ အမှန်တရားကို လျှောက်ထားရပါမူ အသစ်ဖြစ်ပေါ်လာသော သုခက အ- ဟောင်းဖြစ်သော သုခကို၊ အသစ်ဖြစ်သော ဒုက္ခကလည်း အဟောင်းဖြစ်သော ဒုက္ခကို ဖုံးလွှမ်းထားအပ်ပါ၏။
尊者,如今若如实说来,新生的乐遮蔽了旧乐,新生的苦也遮蔽了旧苦。
အသစ်ကိုတွေ့တော့ အဟောင်းကို မေ့နေပါ၏။ ဤကဲ့သို့ အသစ်ကိုတွေ့၍ အဟောင်းမေ့ခြင်းသည်ကား တစ်- လောကလုံး၏ ဓမ္မတာ တစ်ခုသာ ဖြစ်ပါ၏။ ထိုကြောင့် ဘုရား တပည့်တော်မသည် အဿကမင်းထက် အဆအရာ အဆအထောင်မက နွားချေးပိုးဖိုကိုသာလျှင် အလွန့်အလွန် သာလွန်၍ ချစ်မြတ်နိုးပါ၏။
遇见新的,便忘掉旧的;见新忘旧,正是全世界的常态。因此,比起阿萨迦王,我爱雄粪甲虫要强过百倍、千倍。
原书第 411 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း ဤကား ပရိသတ်စုံသည့် လူပုံအလယ်၌ အလောင်းတော်ရှင်ရသေ့အား လူတို့ဘာသာစကားဖြင့် အများ နားလည်အောင် ကြားနိုင်အောင် လျှောက်ကြားနေသော နွားချေးပိုးမ၏ မုသားမစွက်သည့် ကြေကွဲဖွယ် စကား များပင်တည်း။ ဘသားချောကြီး အဿကက ငိုပွဲကြီး ဆင်နွဲနေရသည့် အလွမ်းကြီး လွမ်း၍ အဆွေးကြီး ဆွေးနေ ရသည့် အချိန်တွင် မယ်မင်းကြီးမ ဥပရီက သူ၏ ကြင်ယာ အသစ်စက်စက် နွားချေးပိုးဖိုကလေး၏ ခြေထောက်ကို အဿကဘသားချော၏ လည်ချောင်းသွေးဖြင့် ခြေဆေးပေးနေချင်၏။ အလွန်ရင်နင့်ဖွယ် မြင်ကွင်းကျယ် တစ်ခုပင် ဖြစ်ပါသည်။
这就是雌粪甲虫在众人面前,以人类语言向菩萨仙人所作、人人都能听懂的话。当时,阿萨迦王满怀忧愁,正为已故的优波利王后悲泣;而她已经投生为雌粪甲虫,竟当众亲口说,要用阿萨迦王的喉血洗涤新夫雄粪甲虫的双脚。实在令人心碎。
ဘုရားရှင်သည် ဤဓမ္မဒေသနာတော်ကို ဆောင်တော်မူ၍ ထိုနောင် သစ္စာလေးပါးနှင့် စပ်သော တရား စကားတို့ကို ဆက်လက်၍ ဟောကြားတော်မူ၏။ ထိုသစ္စာဒေသနာတော်၏ အဆုံး၌ လူ့ဘဝက မယားဟောင်း က လူထွက်ဖို့ရန် ဖြားယောင်းသဖြင့် လူထွက်လိုသော ရဟန်းတော်သည် သောတာပတ္တိဖိုလ်၌ တည်သွားတော် မူလေသည်။
世尊作完这番教诫,又继续宣说与四圣谛相应的法。谛法开示结束时,那位受前妻诱惑、想要还俗的比丘证得了须陀洹果。
ဤဇာတ်တော်ဝယ် သောတာပန် ဖြစ်သွားတော်မူသော ရဟန်းတော်မှာ အခြားသူမဟုတ် တစ်ချိန်က ဥပရီမိဖုရားအတွက် အဆွေးကြီးဆွေးကာ အပူကြီးပူလျက် အငိုကြီးငိုခဲ့ရသော အဿကမင်းပင် ဖြစ်သည်။
这则本生中,证得须陀洹果的比丘不是别人,正是过去为优波利王后悲痛、忧火炽盛、大哭不止的阿萨迦王。
လူထွက်ဖို့ရန် ဖြားယောင်းလာသော မယားဟောင်းမှာလည်း အခြားသူမဟုတ် မယ်မင်းကြီးမဥပရီပင် ဖြစ်သည်။
劝诱他还俗的旧妻也不是别人,正是从前的优波利王后。
အဿကမင်း၏ လည်ချောင်းသွေးဖြင့် နွားချေးပိုးဖို၏ ခြေထောက်ကို ခြေဆေးပေးချင်သော နွားချေးပိုးမပင် ဖြစ်ပေသည်။ (ဇာ-ဋ္ဌ-၂-၁၄၂-၁၄၄။) ဤဘဝတွင် ဤလင် ဤသား ဤမယားနှင့် အပျော်ကြီး ပျော်နိုင်သော်လည်း ဟိုဘဝတွင် ဟိုလင် ဟိုသား ဟိုမယားနှင့် အပျော်ကြီး ပျော်တတ်သည့်၊ သဒ္ဓါ သီလ စာဂ ပညာ ကြောင်းလေးဖြာတို့ ပေါင်းစုညီညာမှု မရှိသော တစ်လောကလုံး၏ ထုံးဟောင်းကြီး တစ်ခုကို အလွန်ရခဲသော လူ့ဘဝကို ရရှိနေသော အလွန်ရခဲသော ရဟန်း ဘဝကို ရရှိနေသော အလွန် တွေ့ခဲလှစွာသော သာသနာတော်ကြီးနှင့် ကြုံတွေ့နေရသော အသင်သူတော်ကောင်း သည်လည်း မမေ့သင့်လှပေ။
她也正是那只想用阿萨迦王的喉血洗涤雄粪甲虫双脚的雌粪甲虫。(《本生义注》2-142—144。)善人啊,你今生虽能与今生的丈夫、儿女、妻子快乐相处,来生却又会同来生的丈夫、儿女、妻子快乐相处。信、戒、舍、慧四缘未能和合的这种世间旧态,你既已获得极难得的人身、极难得的比丘身,又值遇极难遇的佛教,便不应忘记。
ရှေးဘဝက ပေါင်းဖော်ခဲ့ဖူးခြင်း
前世曾共同生活
ဘဒ္ဒါ ကုဏ္ဍလကေသာထေရီ အမည်ရှိသော ရဟန္တာထေရီမအလောင်း၏ လူ့ဘဝက ဖြစ်စဥ်မှာလည်း သံဝေဂယူဖွယ် အချက်တစ်ရပ်ပင် ဖြစ်ပေသည်။ ဘဒ္ဒါကား ကုဋေ (၄ဝ)မျှ ကြွယ်ဝချမ်းသာသော မိဘတို့၏ တစ်ဦးတည်းသော သမီးရတနာတစ်ဦး ဖြစ်၏။ တစ်နေ့တွင် သေဒဏ်အပြစ် အမိန့်ချမှတ်ခံရသော ခိုးသားဓားပြ တစ်ဦးကို ဘဒ္ဒါတို့၏ အိမ်ရှေ့မှ ဖြတ်ကျော်လျက် သုသာန်သင်္ချိုင်းသို့ သတ်ရန် ထုတ်ဆောင်သွား၏။ ထိုသူခိုးကို မြင်သည်နှင့် တစ်ပြိုင်နက် မယ်ဘဒ္ဒါသည် ''ဤသူခိုးကိုမျှ မရလျှင် သေရပေတော့မည်''ဟု ဆိုကာ အိပ်ရာ၌ ဗုန်းဗုန်းလဲတော့၏။ မိဘတို့ကလည်း မြို့ဝန်ကို လက်ဆောင်ထိုးကာ သမီး၏အလိုဆန္ဒကို အတတ်နိုင်ဆုံး လိုက်- လျောကာ ထိုသူခိုးနှင့် လက်ထပ်ထိမ်းမြားလျက် ဘုံ (၇)ဆင့် အထက်၌ အတူထားပေးလိုက်ကြ၏။
后来成为阿罗汉长老尼的跋陀·昆达拉给萨,在家时的经历也十分令人警醒。跋陀是富有四十俱胝财产的父母所生的独生爱女。有一天,一名被判死刑的盗贼从她家门前经过,正被押往墓地处死。跋陀一看见那名盗贼,便倒卧床上,说:‘若不能得到这个盗贼,我就要死了。’父母只得贿赂城主,竭力顺从女儿的愿望,让她与盗贼成婚,安排两人住在七层楼阁的顶层。
ဤ၌ ပြောလိုသော အချက်ကား မယ်ဘဒ္ဒါ၏ သူခိုးကို မရလျှင် မနေနိုင်အောင် အိပ်ရာထဲ၌ ဗုန်းဗုန်းလဲ ရခြင်းပင် ဖြစ်၏။ ဤမျှ ပြင်းထန်သော တဏှာရာဂသည် မယ်ဘဒ္ဒါ၏ သန္တာန်၌ အဘယ်ကြောင့် ဖြစ်ပေါ်လာရ ပါသနည်းဟူမူ - ပုဗ္ဗေဝ သန္နိဝါသ ဟူသော ရှေးရှေးဘဝက ပေါင်းဖော်ခဲ့ဖူးခြင်းသည်ပင် အကြောင်းရင်း ဖြစ်နေ ပေသည်။ ဤမယ်ဘဒ္ဒါကား အမျိုးသမီးအပိုင်းတွင် အရဟတ္တဖိုလ်ကို အမြန်ဆုံး ထိုးထွင်းသိမြင်ကြသည့် အမျိုး- ကောင်းသမီး ဘုရားရှင်၏ တပည့်သာဝိကာမတို့တွင် အသာဆုံး အမြတ်ဆုံး ဖြစ်သည့် ခိပ္ပါဘိည ဧတဒဂ်ဘွဲ့ထူးကို
这里要说的,正是跋陀因为非得到盗贼不可而倒卧床上的事。如此强烈的爱贪为什么会在她的相续中生起?原因就是 pubbeva sannivāsa——过去多生曾经共同生活。跋陀后来在迅速证得阿罗汉果的女性弟子中最为殊胜,获得‘速通第一’的称号——
原书第 412 页
ရရှိသည့် သူတော်ကောင်း တစ်ဦးပင် ဖြစ်သည်။ ဤကဲ့သို့သော ရဟန္တာ ဖြစ်မည့် သူတော်ကောင်းကြီးတို့၏ သန္တာန်၌သော်လည်း ဤတဏှာသည် ရဟန္တာ မဖြစ်ခင် အချိန်အတွင်း၌ ရဟန္တာ ဖြစ်တော့မည့် ဘဝမှာပင် အလွန်အမင်း လိုက်၍ ဒုက္ခပေးနေသေးတတ်ပေသည်။ (ထေရီဂါထာ-၃၉၁-၃၉၂။ အံ-ဋ္ဌ-၁-၂၈၃-၂၈၈။) ဤမယ်ဘဒ္ဒါကား ခိပ္ပါဘိညဧတဒဂ်ဘွဲ့ထူးကို ဆင်မြန်းနိုင်ရန်အတွက် ပဒုမုတ္တရဘုရားရှင်၏ သာသနာတော် မှစ၍ ဂေါတမဘုရားရှင်၏ သာသနာတော်သို့တိုင်အောင် ကမ္ဘာတစ်သိန်းနှင့် ချီ၍ ပါရမီ ဖြည့်ကျင့်ခဲ့သူ သူ- တော်ကောင်းကြီး တစ်ဦးပင် ဖြစ်ပေသည်။ ထိုကဲ့သို့သော သူတော်ကောင်းတစ်ဦးကိုပင် ဤတဏှာလောဘသည် ရဟန္တာဖြစ်တော့မည့် ဘဝတွင်သော်မှလည်း အိပ်ရာထဲ၌ အလျားမှောက်ကာ ငိုပွဲကြီး ဆင်ရလောက်အောင် ဗုန်းဗုန်းလဲစေနိုင်သော စွမ်းအားရှိခဲ့ပါမူ ထိုမျှ အစွမ်းထက်မြက်လွန်းလှသော တဏှာလောဘကို သံသရာဝဋ် ဆင်းရဲဒုက္ခမှ ကျော်လွှား လွန်မြောက်လိုသော သူတော်ကောင်းတစ်ဦး အနေဖြင့် မိတ်ကောင်း ဆွေကောင်း
——正是获得这项殊荣的善人。即使在这样未来将成为阿罗汉的善人相续中,爱在尚未成为阿罗汉以前,甚至在即将证阿罗汉的最后一生,仍会猛烈追逐、不断带来痛苦。(《长老尼偈》391—392;《增支部义注》1-283—288。)跋陀为了获得速通第一的殊荣,从莲华上佛的教法时代直到乔答摩佛的教法时代,历经十万大劫圆满波罗蜜。爱贪竟有如此力量:即便对这样的善人,在即将证阿罗汉的那一生,仍能使她扑倒床上、大哭不止。想要超越轮回苦的善人,应当慎重思量:究竟是否适合把这样强盛的爱贪当作善友,与它结伴、亲近——
တစ်ဦးကဲ့သို့ သဘောထားကာ ပေါင်းဖော်ယှဥ်တွဲ မှီဝဲဆည်းကပ်ရန် သင့်-မသင့်ကို အထူးဆင်ခြင် စဥ်းစား သင့်လှပေသည်။ ထိုတဏှာသည် မယ်ဘဒ္ဒါကဲ့သို့သော သူတော်ကောင်းတစ်ဦးကိုပင် ဗုန်းဗုန်းလဲစေနိုင်သော စွမ်းအားရှိနေသေးလျှင် အသင်ကဲ့သို့သော သူတော်ကောင်းတစ်ဦးကိုလည်း အဘယ်ကြောင့် ဗုန်းဗုန်း မလဲစေ နိုင်ဘဲ ရှိနိုင်ပါအံ့နည်း။ အမျိုးသမီးပိုင်းတွင် ဝိနည်းကို ဆောင်ကြကုန်သော ဘိက္ခုနီ တပည့်သာဝိကာမ အပေါင်း တို့တွင် ဧတဒဂ်ဘွဲ့ထူးကို ဆင်မြန်းမည့် ပဋာစာရာထေရီမအလောင်း အမျိုးကောင်းသမီးကို အရူးမဘဝသို့ ရောက်အောင် ပို့ဆောင်ပေးလိုက်သော အကြောင်းတရားမှာလည်း ဤတဏှာလောဘပင် မဟုတ်ပါလော။
——依止。爱既有力量使跋陀这样的善人扑倒床上,又怎会不能使你这样的善人同样倒下?后来在女性弟子中获得持律第一称号的波吒遮罗长老尼,她的前身之所以被推入疯癫境地,原因不也正是这爱贪吗?
ဆားငံရေနောက်ကို ငတ်တိုင်း မသောက်မိဖို့ အထူး သတိပြုသင့်လှပေသည်။
尤其应当谨慎:切莫每逢口渴,便去饮用咸水。
原书第 413 页
မာယာ - သာဌေယျ
诳与虚伪
သန္တဒေါသပဋိစ္ဆာဒနလက္ခဏာ မာယာ၊ အသန္တဂုဏသမ္ဘာဝနလက္ခဏံ သာဌေယျံ။ (မဟာဋီ-၁-၈၄။) မာယာသည် မိမိ၌ ထင်ရှားရှိသော အပြစ်ကို ဖုံးလွှမ်းခြင်း သဘောလက္ခဏာ ရှိ၏။ သာဌေယျကား မိမိ ၌ ထင်ရှားမရှိသောဂုဏ်ကို ချီးမွမ်းခြင်း သဘောလက္ခဏာ ရှိ၏။ ဤမာယာနှင့် သာဌေယျအရ တဏှာလောဘ ကိုပင် တရားကိုယ် ကောက်ယူရ၏။
Santadosapaṭicchādanalakkhaṇā māyā, asantaguṇasambhāvanalakkhaṇaṃ sāṭheyyaṃ.(《大复注》1-84。)诳以遮掩自己明显已有的过失为特相;虚伪则以夸示自己并不存在的德为特相。从究竟法说,诳与虚伪都属于贪。
မာယာသည် မျက်လှည့်သမားနှင့် တူ၏။ မျက်လှည့်သမားသည် ကျောက်ခဲကို ကောက်ယူ၍ ရွှေတုံးရွှေခဲ ထင်အောင် လှည့်စားနိုင်သကဲ့သို့ ဤမာယာသည်လည်း လူတစ်ဘက်သား အထင်မှားအောင် မိမိမှာရှိသော အပြစ်ကို ဖုံးကွယ်တတ်လေသည်။ မိမိမှာ အပြစ်ရှိပါလျက် မရှိသလို ဟန်ဆောင်တတ်ပေသည်။ ကြောင်သူတော်ဟု လူအများက လောက၌ ခေါ်ဝေါ်သုံးစွဲနေသော စိတ်ဓာတ် တစ်မျိုးပင် ဖြစ်သည်။ ဘုရားအစရှိသော အရိယာ သူတော်ကောင်းတို့ကား မိမိ၌ ထင်ရှားရှိသော အပြစ်ကို အပြစ်အားလျော်စွာ ထင်စွာ ပြုခြင်း ကုစားခြင်းကိုသာ နှစ်ခြိုက်တော်မူကြ၏။
诳如同幻术师。幻术师能够拾起石块,使人误以为是金块;同样,诳为了使别人产生错误认识,便把自己已有的过失遮藏起来。有诳的人明明有过失,却装作没有过失,世间称这种人为伪善者。佛陀等圣者则会如实显露自己的过失,承认过错,以求改正。
မိန်းမတို့မာယာ သဲကိုးဖျာ --- ရှေးသရောအခါ တက္ကသိုလ်ပြည်ဝယ် ဒိသာပါမောက္ခဆရာကြီး၌ တပည့် တစ်ယောက် ရှိလေသည်။ ထိုတပည့်၏ မိန်းမသည် အခြားယောကျာ်းနှင့် ဖောက်ပြားလေ့ရှိ၏။ ထိုဖောက်ပြား သောနေ့၌ကား မိမိ၏ ခင်ပွန်းကို ခါတိုင်းထက် ပို၍ ယုယ၏၊ မဖောက်ပြားရသောနေ့၌ကား ကျွန်ကဲ့သို့ သဘော ထားလျက် စော်စော်ကားကား ပြုမူ ဆက်ဆံလေ့ရှိ၏။ ထိုကဲ့သို့ ထူးခြားသော အမူအရာကို နားမလည်ရှာ၍ စိတ်ရှုပ်ထွေးလာသော တပည့်က မိမိဆရာကြီးကို ပြောပြလေရာ ဆရာကြီးက မိန်းမတို့၏ ပြုမူတတ်ပုံ သဘာဝ- မှန်ကို ဉာဏ်ဖြင့် နှိုင်းဆ၍ အမှန်အတိုင်း ပြောပြလေသည်။
女人之诳——过去,怛叉尸罗一位举世闻名的老师有一名弟子。弟子的妻子与别的男子私通;每逢私通之日,她便比平常更加体贴丈夫,其他日子却像对奴仆一样恶劣。弟子不明白妻子这些异常行为,心中困惑,便把情况告诉深知女性性情的老师。
ဤဝတ္ထု၌ လာရှိသော အမျိုးသမီးသည် အခြားယောကျာ်းနှင့် ဖောက်ပြားသောနေ့ဝယ် မိမိ၏ အပြစ်ကို ကွယ်ကာလိုသောကြောင့် ခင်ပွန်းရင်းအပေါ်မှာ များစွာကြင်နာဟန်ဆောင်လေသည်။ ထိုကြင်နာဟန်ဆောင်- မှုသည် ဤမာယာပင်တည်း။ ဤမာယာကိုပင် အချို့အရာ၌ = တင်္ခဏုပ္ပတ္တိဉာဏ် = ရုတ်တရက် ဖြစ်ပေါ်လာသော ဉာဏ်ဟုလည်း ခေါ်ဝေါ်သုံးစွဲကြ၏။ အမှန်မှာ ဉာဏ် မဟုတ်ပါ။ မာယာပင် ဖြစ်သည်။
故事中的女子在与别的男子私通之日,为了掩藏自己的过失,便装作格外体贴本夫。这种假装体贴,虽被叫作临机智,其实正是女人用来遮掩过失的诳。
ရသေ့ မာယာ --- အမျိုးသမီးတို့၌သာ မာယာရှိသည် မဟုတ်။ ယောကျာ်းယုတ်တို့၌လည်း မာယာရှိသည်သာ ဖြစ်၏။ ရှေးသရောအခါ ရွာတစ်ရွာဝယ် ဒါယကာတစ်ယောက် ကိုယ်းကွယ် ဆည်းကပ်ထားသော ဆရာရသေ့ တစ်ဦး ရှိခဲ့ဖူးလေသည်။ ခိုးသူဘေးကြောင့် ရွှေစင်နိက္ခတစ်ရာကို ရသေ့ကမ္မဋ္ဌာန်းကျောင်း အနီးအပါး၌ မြှုပ်ထား ပြီးလျှင် ''အရှင်ဘုရား …သတိပြုလိုက်ပါ''ဟု မှာထားသွား၏။ ထိုအခါ ဆရာရသေ့က ''ဟဲ့ ဒါယကာ … ရသေ့ရဟန်းတို့ကို ယခုလို ကြည့်ရှုရစ်ရန် မမှာကောင်းဖူး။ ငါတို့အဖို့ကား သူတစ်ပါး၏ ဥစ္စာ၌ လောဘမည်သည် မရှိပါ။'' --- ဟု မိန့်ကြားလိုက်လေသည်။
仙人之诳——不只是女人有诳,卑劣男子也同样有诳。过去有一位住在村落附近、受一名施主供养的师父仙人。施主担心盗贼,便把一百枚金钱埋在仙人住处附近,请仙人代为看管:‘尊者,请照看这些黄金。’仙人答道:‘施主,你不应这样请求出家人;我们对他人的财物不应有任何执著。’
ထိုနောက် ရသေ့ အကြံဖြစ်သည်မှာ --- ''ရွှေစင်နိက္ခတစ်ရာလောက်ဆိုလျှင် လူ့ဘောင်မှာ ချောင်ချောင် လယ်လယ် ရှိပြီ။'' --- ဟု ကြံလျက် ထိုရွှေများကို မိမိသွားမည့် လမ်းအနီး၌ ရွှေ့ပြောင်း မြှုပ်ထားလိုက်၏။
后来仙人想到:‘有这一百枚金钱,我回到人间也能舒适生活。’于是把黄金挖出,移埋在自己将走的路旁。
နောက်တစ်နေ့နံနက် ဆွမ်းစားအပြီးတွင် --- ''ဒါယကာ …ဒါယကာတို့ကို အမှီပြု၍ နေခဲ့ရသည်မှာ အတော် ကြာညောင်းခဲ့လေပြီ။ ကြာလွန်းတော့လည်း သံယောဇဥ် ဖြစ်တတ်သည်။ သို့ဖြစ်၍ တစ်ခြားအရပ်သို့ သွားဦးမည်''
第二天早餐以后,仙人说:‘施主,我依靠你们居住已经很久了;相处太久容易生起系著,所以我要到别处去。’
原书第 414 页
ဟု ပြောပြလေရာ၊ ဒါယကာကလည်း အခါခါ တားတော်မူလေရှာသည်။ ဘယ်လိုပင် အခါခါတားသော်လည်း တားမရသောကြောင့် ရွာတံခါးထိအောင်ပင် လိုက်၍ ပို့ရှာလိုက်သေးသည်။
——施主听后再三挽留,却始终留不住,只得一路把他送到村门。
ထိုနောက် အတန်ကြာအောင် တော်တော်ကလေး ခရီးသွားရောက်ပြီးကာမှ တစ်ဖန်ပြန်လာ၍ --- ''ဒါယကာ သင်တို့အိမ်၏ အမိုးက သက်ငယ်မြက် တစ်မျှင်သည် ငါ၏ ဆံကျစ်အကြား၌ ငြိကပ်၍ ပါလာသည်။ ရသေ့ရဟန်း ဆိုတာ ပိုင်ရှင်တို့က မပေးမလှူအပ်သောအရာကို မြက်တစ်ပင်မျှသော်လည်း မယူကောင်းပါ'' --- ဟု ပြောပြလေ၏။
仙人走了相当一段路,又折返回来,说:‘施主,你家屋顶有一根茅草挂在我的发髻里,跟我一道带走了。出家仙人连主人没有给予的一根草,也不应拿取。’说完便把草还给施主,再次离去。
ရိုးသားရှာသော ဒါယကာကလည်း ''ငါ၏ ဆရာရသေ့သည် သိပ်ပြီး သီလရှိတာဘဲ'' --- ဟု လေးလေးပင်ပင် ကြည်ညိုသွားလေသည်။
朴实的施主因此更加敬信,心想:‘我的师父仙人戒德真高。’
သို့ရာတွင် ထိုအခါ၌ ထိုဒါယကာ၏အိမ်ဝယ် အလောင်းတော်ပညာရှိ ဖြစ်သည့် အတော်ပါးနပ်သော ဧည့်သည်တစ်ယောက် ရောက်ရှိနေသဖြင့် ထိုဧည့်သည်က --- '' မိတ်ဆွေ …မိတ်ဆွေ၏ ဆရာ့ထံမှာ ဘာများ အပ်နှံထားပါသလဲ။ အပ်ထားလျှင် ထိုပစ္စည်း ရှိသေး၏ မရှိသေး၏ကို သွားကြည့်စမ်းပါ။'' --- ဟု သတိပေးမှ သွား၍ ကြည့်လေရာ ရွှေများ မရှိတော့၍ ဧည့်သည်နှင့်အတူ ရသေ့နောက်သို့ အမြန်လိုက်ကြသောအခါ ရွှေများ နှင့်တကွ ရသေ့ကို လက်ရဖမ်းမိကြလေသည်။ (ဇာတက-ဋ္ဌ-၁-၃၉၈-၃၉၉။ ကုဟကဇာတ်။) ဤဝတ္ထု၌ ရသေ့၏ မိမိရွှေခိုးမှု ပေါ်မည်စိုး၍ သက်ငယ်မြက် တစ်ပင်ကိုပင် ပြန်၍ပေးခြင်းသည် ဤ မာယာပင် ဖြစ်၏။ ဤသို့လျှင် ပရိယာယ်မာယာသည် ရသေ့ရဟန်းအချို့သို့တိုင်အောင် ပျံ့နှံ့လျက် ရှိရကား ယခုကဲ့သို့ ''ပရိယာယ်တစ်ထောင် မာယာတစ်သိန်း၊ အပလိန်းအနန္တ သဲကိုးဖျာ မလောက်လို့ ရှားကိုးပင်က ရှား ရွက်တွေကို ရောနှောက်၍ ရေတွက်ရသည်။'' ဟူသော ဉာဏ်နီဉာဏ်နက် အပွေအလီတွေ ပေါများလွန်းလှသော
然而,当时施主家里正住着一位聪明机敏的客人,也就是菩萨智者。客人问:‘朋友,你是否把什么东西托付给你的师父?若有,就去看看还在不在。’两人来到埋金处,发现黄金已经不见,便立即追赶仙人,连同黄金一起把他抓了回来。(《本生义注》1-398—399,《欺诈本生》。)这则故事里,仙人把一根茅草送还施主,是为了遮掩自己盗走黄金的过失;这就是仙人的诳。出家人和比丘中也可能有这种诳。在诳如水一般泛滥的时代,世间几乎没有人可以完全信任;要能亲近诚实正直的善人,必须有过去所作福德的助力。
မာယာတွေ ရေလိုလေလို ပေါများနေသော ခေတ်ကာလ၌ လုံးဝပုံ၍ ယုံကြည်ထိုက်သူ နည်းပါးသောကြောင့် ရိုးသားဖြောင့်မတ်သူ သူတော်ကောင်းများနှင့် ပေါင်းသင်းဆက်ဆံမိဖို့ အရေးမှာ ပုဗ္ဗေ စ ကတပုညတာ စက် ဟူသော ရှေးကံကောင်း ထောက်မမှသာလျှင် ဖြစ်နိုင်ကြပေလိမ့်မည်။
在诳术如水般泛滥的时代,能够完全信任的人极少。因此,若要结交诚实正直的善人,过去所作福德实在是不可缺少的根本助缘。
သာဌေယျ --- အခြားသူတို့ အထင်ကြီးအောင် မိမိမှာ မရှိသော ဂုဏ်ကို ရှိဟန်ဆောင်တတ်သော လောဘ တစ်မျိုးကိုပင် သာဌေယျဟု ခေါ်သည်။ မာယာကား ရှိသောအပြစ်ကို ဖုံးကွယ်၍ မိမိမှာ အပြစ်ကင်းဟန်ဆောင်၏။
虚伪——为了让别人看重自己,把自己没有的德装作已有,这一类贪就叫虚伪。诳是遮掩已有的过失,装作自己没有过失;
သာဌေယျကား မိမိမှာ မရှိသော ဂုဏ်ကို ရှိဟန်ဆောင်သည်။ ထိုနှစ်မျိုးလုံးပင် အလိမ်ဉာဏ် အပလီဉာဏ် အကောက်ဉာဏ်မျိုးချည်းတည်း။ သီလ မရှိဘဲ သီလရှိဟန်၊ သမာဓိ မရှိဘဲ သမာဓိရှိဟန်၊ ပညာ မရှိဘဲ ပညာ ရှိဟန်၊ အကျင့် မကောင်းဘဲ အကျင့်ကောင်းဟန်၊ စာပေကျမ်းဂန် မတတ်ဘဲ စာပေကျမ်းဂန်တတ်ဟန် ဟန် ဆောင်ခြင်းဟူသမျှသည် သာဌေယျချည်းပင်တည်း။
虚伪则把自己没有的德装作已有。两者全是欺骗、谄曲、狡诈。没有戒而装作有戒,没有定而装作有定,没有慧而装作有慧,没有良好品德而装作有良好品德,没有多闻而装作多闻,这些全都属于虚伪。
လူလောက၌လည်း သီလ သမာဓိ ပညာ မရှိပါဘဲလျက် ရှိလေဟန်ဆောင်မှု၊ ဘွဲ့ မရဘဲ ဘွဲ့ရဟန်ဆောင်မှု၊ ပစ္စည်းဥစ္စာ မရှိပါဘဲလျက် ပစ္စည်းဥစ္စာ ရှိဟန်ဆောင်မှု၊ လူတကာအထင်ကြီးအောင် သူတစ်ပါး၏ လက်ဝတ် တန်ဆာ စိန်ရွှေရတနာ အဖြာဖြာတို့ကို ငှားရမ်းဝတ်ဆင်မှု၊ စွမ်းရည်သတ္တိ မရှိဘဲ သတ္တိရှိဟန်ဆောင်မှု၊ ဟိတ်ဟန် ထုတ်မှု စသည်တို့သည်လည်း သာဌေယျပင်တည်း။
世间也是如此:没有戒、定、慧却装作具足,没有学位却装作有学位,没有财产却装作富有;为了使众人看重自己,借来别人的珠宝佩戴,或没有能力却装作有能力等等,这些行为也都属于虚伪。
原书第 415 页
ဗိဠာရဝတ ဇာတ်တော်
《猫行仪本生》
သုံးလောကထွတ်ထား သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်သည် ဇေတဝန်ရွှေကျောင်း၌ ကိန်းအောင်းမွေ့လျော် နေစံပျော်တော်မူဆဲအခါတွင် သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တို့ မိမိသန္တာန်ဝယ် ထင်ရှားမရှိပါ ဘဲလျက် ရှိနေဟန်ဆောင်သော ဒါယကာ ဒါယိကာမတို့၏ စိတ်အစဥ်ဝယ် အံ့ဖွယ်သရဲ ဖြစ်စေတတ်သော ရဟန်း တစ်ပါးကို အကြောင်းပြု၍ ဤဗိဠာရဝတဇာတ်တော်ကို ဟောကြားတော်မူလေသည်။
三界最尊贵的一切知正等正觉者住在祇陀林给孤独园时,针对一名自身并无戒、定、慧三学,却假装具足,使男女施主惊叹敬信的欺诳比丘,宣说了这则本生。
အတိတ်ဘဝတစ်ခုဝယ် ဘုရားအလောင်းတော်သည် ကြွက်မျိုး၌ ပဋိသန္ဓေ တည်နေရသော် တဖြည်းဖြည်း ကြီးပြင်းလာသောအခါ ခန္ဓာကိုယ်ကား အလွန်ကြီးထွားသဖြင့် ဝက်ငယ်တစ်ကောင်နှင့် တူသည်ဖြစ်၍ များစွာသော ကြွက်အပေါင်း ခြံရံလျက် တောထဲ၌ နေ၏။
过去某一生,菩萨投生为鼠,长大以后身体非常硕大,像一头小猪;他率领数百只老鼠住在森林里。
တစ်နေ့တွင် မြေခွေးတစ်ကောင်သည် ထိုထိုဤဤ လှည့်လည်ကျက်စားရင်းပင် ကြွက်အပေါင်းကို မြင်တွေ့ ရ၍ --- ''ဤကြွက်တို့ကို လှည့်ပတ်ဖြားယောင်းလျက် စားပေအံ့'' --- ဟု စိတ်အကြံ ဖြစ်၍ ကြွက်တို့၏ နေရာနှင့် မလှမ်းမကမ်း တစ်နေရာတွင် နေဘက်သို့ မျက်နှာမူလျက် လေကိုသောက်လျက် ခြေတစ်ဘက်တည်းဖြင့် ရပ်တည် နေ၏။
有一天,一只狐狸四处觅食时看见鼠群,心想:‘我要欺骗这些老鼠,把它们吃掉。’于是来到鼠群住处附近,用一只脚站立,面向太阳,张开嘴巴。
ဘုရားအလောင်းတော်ကြွက်သည် အစာရှာဖွေရန်အလို့ငှာ လှည့်လည်လတ်သော် ထိုမြေခွေးကို တွေ့မြင် သောအခါ --- ''ဤသူကား သီလရှိသူ ဖြစ်ပေလိမ့်မည်'' --- ဟု ယုံကြည်၍ ထိုမြေခွေးထံသို့ သွားရောက်ကာ - ''အရှင်ဘုရား …အရှင်ဘုရားသည် အဘယ်အမည်ရှိပါသနည်း'' --- ဟု လျှောက်ထားကြည့်သောအခါ ''ဓမ္မိက'' အမည်ရှိကြောင်း မြေခွေးက ပြန်ပြောလေ၏။ ခြေထောက် လေးချောင်းလုံးတို့ကို မြေကြီးပေါ်၌ ရပ်တည်မထား ဘဲ အဘယ်ကြောင့် ခြေထောက် တစ်ချောင်းတည်းဖြင့်သာလျှင် ရပ်တည်၍ နေပါသနည်းဟု မေးမြန်းသောအခါ ''ငါ၏ အခြေ လေးချောင်းတို့ကို မြေကြီးပေါ်၌ ချထားလိုက်သော် မဟာပထဝီမြေကြီးသည် ငါ့ကို ရွက်ဆောင် ထားဖို့ရန် မစွမ်းနိုင်သောကြောင့် ခြေထောက် တစ်ချောင်းတည်းဖြင့်သာလျှင် ရပ်တည်နေရပါ၏'' --- ဟု ပြန် ပြောလေ၏။
菩萨鼠外出寻找食物,看见狐狸,心想:‘这大概是一位具戒者。’便走近问:‘你叫什么名字?’狐狸答:‘我叫法者。’菩萨问:‘你为何只用一只脚站着,不用四脚?’狐狸说:‘若四脚全都落地,大地承受不住,所以我只能单脚站立。’
''ပါးစပ်ကို ဖွင့်ဟ၍ အဘယ်ကြောင့် ရပ်တည်နေပါသနည်း''ဟု မေးကြည့်သောအခါ --- ''ငါသည် အခြား သော အစားအစာကို မစားပါ၊ လေကိုသာ စားပါ၏'' --- ဟု အဖြေပေးပြန်၏။
菩萨又问:‘为何张着嘴站立?’狐狸答:‘我不吃别的食物,只吃空气。’
ထိုသို့ဖြစ်လျှင် အဘယ်ကြောင့် နေကို မျက်နှာမူလျက် ရပ်တည်နေပါသနည်းဟု မေးသောအခါ ''နေကို ရှိခိုးပါ၏''ဟု ဖြေဆိုပြန်၏။
菩萨问:‘那么为何面向太阳站立?’狐狸答:‘我在礼拜太阳。’
ဘုရားအလောင်းတော်ကြွက်သည် ထိုမြေခွေး၏ စကားကို ကြား၍ ''ဤမြေခွေးသည် သီလရှိသောသူ ဖြစ်ပေလိမ့်မည်''ဟု နှလုံးပိုက်၍ ထိုနေ့မှ စ၍ ကြွက်အပေါင်းနှင့် အတူတကွ ညဥ့် နံနက် ထိုမြေခွေးအား ဆည်းကပ်ခစား၏။
菩萨鼠听信它的话,认定这只狐狸有戒,从那天起便每天早晚率领鼠群前往侍奉。
ထိုအခါ မြေခွေးအား ကြွက်အပေါင်းက ဆည်းကပ်ခစားလာသောအခါဝယ် မြေခွေးသည် နောက်ဆုံးဘိတ် ကြွက်တစ်ကောင်ကို ဖမ်းစားပြီးနောက် ပါးစပ်ကိုသုတ်၍ ရပ်တည်နေ၏။ တဖြည်းဖြည်း ကြွက်အပေါင်းသည် နည်းပါးလာ၏။ ထိုအခါ ကြွက်တို့က ဤသို့ စဥ်းစားမိကြ၏ --- ''ရှေးယခင်အခါတုန်းက ငါတို့၏ ဤနေရာသည် မဆန့် ဖြစ်နေ၏။ အကြားအလပ်မရှိ တည်နေကြ၏။ ယခုအခါ၌ကား လျော့လျော့ရဲရဲ ကျိုးကျိုးကျဲကျဲ တည်နေ ကြရ၏၊ ဤသို့ တည်နေရသော်လည်း ငါတို့၏ တည်နေရာသည် (= ကြွက်တွင်းသည်) မပြည့် ဖြစ်နေ၏၊ ဤ
每次鼠群侍奉狐狸、转身离开时,狐狸就抓住最后一只老鼠吃掉,擦净嘴巴以后继续站着。老鼠逐渐减少,群鼠疑惑道:‘从前我们鼠多,住处几乎容纳不下;如今却越来越少,巢穴也不满了。到底是什么原因——’
原书第 416 页
အကြောင်းကား အသို့နည်း''ဟု စဥ်းစားမိကြ၏။
——造成的呢?’
ဘုရားအလောင်းတော်အားလည်း ထိုအကြောင်းကို ပြောပြကြ၏။ ဘုရားအလောင်းတော်သည်လည်း စဥ်းစား ဆင်ခြင်တော်မူလတ်သော် မြေခွေးအပေါ်၌ သံသယမကင်း ဖြစ်နေသဖြင့် မြေခွေးကို စူးစမ်းဖို့ရန် ဆုံး- ဖြတ်ချက် ချလိုက်၏။ မြေခွေးထံသို့ ဆည်းကပ်ခစားရန် သွားသောအခါ၌ အခြားကြွက်တို့ကို ရှေ့က သွားစေ၍ မိမိက နောက်မှ လိုက်သွား၏။ မြေခွေးသည် ထိုဘုရားလောင်းကြွက်၏ အထက်၌ ခုန်အုပ်ဖို့ရန် ဘုရားလောင်း ကြွက်ထံသို့ ပြေးလာ၏၊ ဘုရားလောင်းကြွက်ကလည်း မိမိကို ခုန်ဖမ်းဖို့ရန် ပြေးလာသော ထိုမြေခွေးကို မြင်၍ နောက်သို့ပြန်ဆုတ်ကာ --- ''အိုမြေခွေး …သင်၏ ဤကျင့်ဝတ်ကို ဆောက်တည်ထားခြင်းသည် တရားတော်၏ ကောင်းသော တရား ဓမ္မ ဖြစ်သောကြောင့် ဤကျင့်ဝတ်ကို ဆောက်တည်၍ ကျင့်သည်ကား မဟုတ်၊ သူတစ်ပါးတို့အား ညှဥ်းဆဲလို သည့်အတွက် တရားကို တံခွန်အလံ ပြု၍ လှည့်လည်ကျက်စားဘိ၏။'' --- ဤသို့ ပြောဆို၍ အောက်ပါ ဂါထာကို
鼠群把这件事告诉菩萨。菩萨思量以后也对狐狸生疑,决定试探它。他前往狐狸处时让群鼠跟在自己身后,返回时则跟在群鼠最后。狐狸见状扑向菩萨;菩萨转身呵斥道:‘恶狐狸,你所守的行仪不是为了善修,而是为了伤害他人;你高举法幢,不过是狡诈的伪善者。’随后纵身咬住狐狸的喉咙,把它杀死。
ရွတ်ဆိုလေ၏ --- ယော ဝေ ဓမ္မံ ဓဇံ ကတွာ၊ နိဂူဠှော ပါပမာစရေ။
菩萨诵偈道:‘Yo ve dhammaṃ dhajaṃ katvā, nigūḷho pāpamācare——有人把法作为旗幢,却暗中造恶;’
ဝိဿာသယိတွာ ဘူတာနိ၊ ဗိဠာရံ နာမ တံ ဝတံ။ (ဇာ-ဋ္ဌ-၁-၄၈၆။)
——‘Vissāsayitvā bhūtāni, biḷāraṃ nāma taṃ vataṃ——先使众生信任,再加伤害,这就叫猫行仪。’(《本生义注》1-486。)
အကြင်သူသည် စင်စစ်အားဖြင့် ကုသိုလ်ကမ္မပထတရား (၁ဝ)ပါးတည်းဟူသော တရားတံခွန် အလံကို တောင်ထွတ်ကဲ့သို့ အလေးဂရုပြုကာ ဆောင်းမိုးစိုက်ထူလျက်၊ ''ဤသူကား သီလရှိသူတည်း''ဟူသော အမှတ် သညာဖြင့် အကျွမ်းဝင်အောင် ပြုလုပ်၍ မကောင်းမှုကို လျှို့ဝှက်ကာ ပြုကျင့်နေ၏၊ ဤကဲ့သို့ တရားတည်းဟူသော အလံတံခွန်ကို စိုက်ထူဆောင်းမိုးလျက် ဆိတ်ကွယ်ရာ၌ မကောင်းမှုတို့ကို ပြုနေသောသူသည်ကား စင်စစ်အားဖြင့် ကောက်ကျစ်စဥ်းလဲသောအကျင့် ရှိသော ကြောင်သူတော်ပင်တည်း။ (ဇာတက-ဋ္ဌ-၁-၄၈၆။) ထိုအခါက မြေခွေးသည်ကား ယခုအခါ၌ သီလ သမာဓိ ပညာ စသည် အကျင့်မြတ် မရှိပါဘဲလျက် ရှိဟန်ဆောင်ကာ ဒါယကာ ဒါယိကာမတို့ အထင်ကြီးအောင် ပြုမိရှာသော ကုဟကဘိက္ခု ခေါ်သော ရဟန်းတော် ပင် ဖြစ်ပေသည်။ ဘဝတစ်ခု၌ လက်ခံ ကျင့်သုံးခဲ့သော ဓာတ်ငွေ့တို့ကား အရှိန်အဝါ မကုန်သေးသမျှ သံသရာ အဆက်ဆက်၌ ကပ်၍ ပါလာတတ်သည်ကို သတိပြုသင့်လှပေသည်။
有人把十善业道之法当作旗幢,高高树立,令人认定‘此人有戒’,先取得众生信任,却又暗中造作杀生等恶业,以伤害他人;他的行仪就像猫为了捕鼠而伪装温顺,所以称为猫行仪。这只过去的狐狸,就是今生那名欺诳比丘。他自身并没有戒、定、慧,却假装具足,令男女施主惊叹敬信。应当知道:相续中培养的恶性倾向,只要尚未连根拔除,便会潜伏着追随到未来一生又一生。
ဤ မာယာ သာဌေယျတို့သည် ဖြစ်ရိုးဖြစ်စဥ် လိုချင်မှု လောဘထက်ပင် လောက၌ သာလွန်၍ ဆိုးဝါး၏။
诳与虚伪甚至比通常的欲求与贪更加恶劣。
တစ်ဦးတစ်ယောက်ကို ဖြစ်စေ လူအများကို ဖြစ်စေ၊ တစ်တိုင်းတစ်ပြည်လုံးကို ဖြစ်စေ ဘုရား မဟုတ်ပါဘဲလျက် ဘုရားလုပ်နေသူ တိတ္ထိကြီးများတို့ကဲ့သို့ တစ်ကမ္ဘာလုံးကို ဖြစ်စေ လှည့်ပတ်တတ်လေရကား အလွန်ယုတ်မာ ဆိုးဝါးသောတရားဟု ဆိုထိုက်ပေသည်။ ထိုမျှလောက် ဆိုးဝါးသော်လည်း ယခုကာလ၌ အများအပြားပင် ဖြစ်လျက် ရှိသောကြောင့် မိမိကိုယ်ကို ပါရမီရှင် သူတော်စင်ဟု ဆုံးဖြတ်ထားသူတို့သည် ထိုမာယာ သာဌေယျသမား လူအများ တွင် မပါဝင်ကြစေဘဲ မရိုးမသား ဆိုးဝါးသောတရားတို့ကို မိမိသန္တာန်မှာလည်း မဖြစ်အောင် မိမိနှင့် ဆက်သွယ်သူ များ၌လည်း မဖြစ်စေရအောင် အထူးသတိထားပြီးလျှင် ဖြူစင် ထက်မြက် သွက်လက် ဖြောင့်မတ် မြင့်မြတ်သော စိတ်ထားရှိသူချည်းသာ ဖြစ်အောင် ကြိုးစားသင့်ကြပေသည်။
它们能够欺骗一个人、许多人,乃至整个国家;又像那些自己并非佛陀、却装作佛陀的外道大师一般,甚至能欺骗全世界。诳与虚伪是如此重大的恶法,却常在许多人相续中生起。因此,想要成为智慧、善良之人的人,应当警觉,不让它们生起,并努力成为诚实正直的人。
原书第 417 页
၆။ ဒိဋ္ဌိ = မိစ္ဆာဒိဋ္ဌိ
六、见(邪见)
မိစ္ဆာဒိဋ္ဌီတိ အယာထာဝဒိဋ္ဌိ၊ ဝိရဇ္ဈိတွာ ဂဟဏတော ဝါ ဝိတထာ ဒိဋ္ဌိ မိစ္ဆာဒိဋ္ဌိ၊ အနတ္ထာဝဟတ္တာ ပဏ္ဍိ- တေဟိ ဇိဂုစ္ဆိတာ ဒိဋ္ဌီတိပိ မိစ္ဆာဒိဋ္ဌိ။ မိစ္ဆာသင်္ကပ္ပါဒီသုပိ ဧသေဝ နယော။ အပိစ မိစ္ဆာ ပဿန္တိ တာယ၊ သယံ ဝါ မိစ္ဆာ ပဿတိ၊ မိစ္ဆာဒဿနမတ္တမေဝ ဝါ ဧသာတိ မိစ္ဆာဒိဋ္ဌိ။
巴利原文(缅文字体):‘မိစ္ဆာဒိဋ္ဌီတိ အယာထာဝဒိဋ္ဌိ၊ ဝိရဇ္ဈိတွာ ဂဟဏတော ဝါ ဝိတထာ ဒိဋ္ဌိ မိစ္ဆာဒိဋ္ဌိ၊ အနတ္ထာဝဟတ္တာ ပဏ္ဍိတေဟိ ဇိဂုစ္ဆိတာ ဒိဋ္ဌီတိပိ မိစ္ဆာဒိဋ္ဌိ။ မိစ္ဆာသင်္ကပ္ပါဒီသုပိ ဧသေဝ နယော။ အပိစ မိစ္ဆာ ပဿန္တိ တာယ၊ သယံ ဝါ မိစ္ဆာ ပဿတိ၊ မိစ္ဆာဒဿနမတ္တမေဝ ဝါ ဧသာတိ မိစ္ဆာဒိဋ္ဌိ။’译:所谓邪见,是不如实之见;或者,由于错误地执取,故是虚妄之见,所以称为邪见;又由于能带来无利益,故是智者所厌恶之见,所以也称为邪见。对于邪思惟等,也应以同样的方法解释。此外,依它而错误地见,或它自身错误地见,或它只是错误之见本身,因此称为邪见。
၁။ အယောနိသော အဘိနိဝေသလက္ခဏာ မိစ္ဆာဒိဋ္ဌိ၊ ၂။ ပရာမာသရသာ၊ ၃။ မိစ္ဆာဘိနိဝေသပစ္စုပဋ္ဌာနာ၊ ၄။ အရိယာနံ အဒဿနကာမတာဒိပဒဋ္ဌာနာ။
巴利原文(缅文字体,续下单元):‘၁။ အယောနိသော အဘိနိဝေသလက္ခဏာ မိစ္ဆာဒိဋ္ဌိ၊ ၂။ ပရာမာသရသာ၊ ၃။ မိစ္ဆာဘိနိဝေသပစ္စုပဋ္ဌာနာ၊ ၄။ အရိယာနံ အဒဿနကာမတာဒိပဒဋ္ဌာနာ။’译:一、邪见以不如理执著为特相;二、以执取为作用;三、以邪执为现起;四、以不欲见诸圣者等为近因——
ပရမံ ဝဇ္ဇန္တိ ဒဋ္ဌဗ္ဗာ။ (အဘိ-ဋ္ဌ-၁-၂၉ဝ။ ဝိသုဒ္ဓိ-၂-၉၈။) ၁။ မိစ္ဆာဒိဋ္ဌိဟူသည်ကား မဟုတ်မမှန်သောအားဖြင့် သိမြင်တတ်သော အယူတည်း။ (ဤနည်း၌ မိစ္ဆာ- သဒ္ဒါသည် အယာထာဝ အနက်ဟောတည်း။) ၂။ တစ်နည်း --- ချွတ်ယွင်း၍ လွဲချော်၍ စွဲယူခြင်းကြောင့် ချွတ်ယွင်းဖောက်ပြန် မမှန်သောအယူသည် မိစ္ဆာ- ဒိဋ္ဌိတည်း။ (ဤနည်း၌ မိစ္ဆာ-သဒ္ဒါသည် ဝိတထ အနက်ဟောတည်း။) ၃။ တစ်နည်း --- အကျိုးစီးပွားမဲ့ကို ရွက်ဆောင်တတ်သည့်အတွက် ပညာရှိတို့သည် စက်ဆုပ်အပ်သော အယူ ဝါဒ ဖြစ်ခြင်းကြောင့် မိစ္ဆာဒိဋ္ဌိ မည်၏။ (ဤနည်း၌ မိစ္ဆာ သဒ္ဒါသည် ဇိဂုစ္ဆန အနက်ဟောတည်း။) ၄။ တစ်နည်း --- သမ္ပယုတ်တရားတို့၏ ပရမတ္ထဓမ္မသဘာဝအာရုံကို မှားမှားယွင်းယွင်း သိမြင်ခြင်း၏ အ- ကြောင်းရင်း ဖြစ်သော သဘောတရားသည် မိစ္ဆာဒိဋ္ဌိ မည်၏။ တစ်နည်း --- မိမိ မိစ္ဆာဒိဋ္ဌိ ကိုယ်တိုင်က ပရမတ္ထဓမ္မသဘာဝအာရုံကို မှားမှားယွင်းယွင်း မြင်တတ်သော သဘောတရား ဖြစ်ခြင်းကြောင့် မိစ္ဆာဒိဋ္ဌိ
——应知邪见是最大的过患。(《殊胜义注》1-290;《清净之道》2-98。)一、所谓邪见,就是以不真实的方式知见之见。(在这一解释中,micchā 一词表示 ayāthāva,即‘不如实’。)二、另一种解释:由于偏差、错失而执取,所以这种偏差、颠倒而不真实的见,就是邪见。(在这一解释中,micchā 一词表示 vitatha,即‘虚妄不实’。)三、另一种解释:由于它带来无利益,故是智者所厌恶的见论,所以称为邪见。(在这一解释中,micchā 一词表示 jigucchana,即‘厌恶’。)四、另一种解释:使诸相应法错误地知见作为所缘的胜义法自性,这种法称为邪见;又因邪见自身会错误地见到作为所缘的胜义法自性,所以称为邪见——
မည်၏။ တစ်နည်း --- ပရမတ္ထဓမ္မသဘာဝ …အာရုံကို မှားမှားယွင်းယွင်း မြင်ခြင်းမျှ သဘောတရားသည် မိစ္ဆာဒိဋ္ဌိ မည်၏။
——另一种解释:仅仅错误地见到作为所缘的胜义法自性,这种法就称为邪见。
မိစ္ဆာတိ ဓမ္မသဘာဝဿ ဝိပရီတံ၊ နိစ္စာဒိတောတိ အတ္ထော။ (မဟာဋီ-၂-၁၄၉။) ပရမတ္ထဓမ္မသဘာဝအာရုံကို မှားမှားယွင်းယွင်း မြင်မှုဟူသည် ရုပ် နာမ်သင်္ခါရ ပရမတ္ထဓမ္မတို့ကား အနိစ္စ ဒုက္ခ အနတ္တ အသုဘတရားတို့သာ စင်စစ် ဖြစ်ကြကုန်၏။ မိစ္ဆာဒိဋ္ဌိကား ထိုရုပ်နာမ် သင်္ခတပရမတ္ထဓမ္မတို့ကို နိစ္စ သုခ အတ္တ သုဘဟု မှားမှားယွင်းယွင်း မြင်မှုတည်း။
巴利原文(缅文字体):‘မိစ္ဆာတိ ဓမ္မသဘာဝဿ ဝိပရီတံ၊ နိစ္စာဒိတောတိ အတ္ထော။’译:‘所谓错误,是与法的自性相反;意思是把它看作常等。’(《大复注》2-149。)所谓错误地见到作为所缘的胜义法自性,是说:色、名、行这些胜义法,实际只是无常、苦、无我、不净之法;邪见却把这些色名有为胜义法错误地看成常、乐、我、净。
၁။ ပရမတ္ထဓမ္မအာရုံကို နိစ္စ သုခ အတ္တ သုဘဟု မှားမှားယွင်းယွင်း နှလုံးသွင်းခြင်းသဘော လက္ခဏ၊ ၂။ ပရမတ္ထဓမ္မအာရုံကို နိစ္စ သုခ အတ္တ သုဘဟု မှားသောအားဖြင့် သုံးသပ်ခြင်း (ကိစ္စ) ရသ၊ ၃။ ပရမတ္ထဓမ္မအာရုံကို နိစ္စ သုခ အတ္တ သုဘဟု မှားသောအားဖြင့် လွန်လွန်ကဲကဲ စွဲမြဲစွာ နှလုံးသွင်းတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့ကို ဖူးမြင်ခြင်းငှာ အလိုမရှိသူ ဖြစ်ခြင်း ပဒဋ္ဌာန်။
其四法分别是:一、以错误地把作为所缘的胜义法作意为常、乐、我、净为特相;二、以错误地把作为所缘的胜义法审察为常、乐、我、净为作用;三、以错误地把作为所缘的胜义法强烈、牢固地执著为常、乐、我、净为现起;四、以不愿谒见佛陀等圣者善士为近因。
原书第 418 页
လက္ခဏ - ရသ - ပစ္စုပဋ္ဌာန်
特相、作用与现起
၁။ အနိစ္စဖြစ်သည့် ခန္ဓာငါးပါးကို နိစ္စဟုလည်းကောင်း၊ ၂။ ဒုက္ခဖြစ်သည့် ခန္ဓာငါးပါးကို သုခဟုလည်းကောင်း၊ ၃။ အနတ္တ အမှန်ဖြစ်သည့် နိဗ္ဗာန်နှင့်တကွသော ပရမတ်တရားအားလုံးကို အတ္တဟုလည်းကောင်း၊ ၄။ အသုဘ ခန္ဓာငါးပါးကို သုဘဟုလည်းကောင်း --- စွဲလမ်းမှတ်ထင်မှုများသည် အာရုံကို (= ပရမတ္ထဓမ္မအာရုံကို) မှားမှားယွင်းယွင်း နှလုံးသွင်းခြင်း သဘော လက္ခဏာပင်တည်း။ ထိုသို့ မှတ်ထင်သည့်အတိုင်း ထိုအာရုံများကို အာရုံပြုနေခြင်း -- ''မှားသောအားဖြင့် သုံးသပ် ခြင်းကို ကိစ္စ''ဟု ဆိုသည်။ ထိုသို့ မှားသောအားဖြင့် အဖန်ဖန် အထပ်ထပ် သုံးသပ်နေခြင်းကြောင့်ပင် ဤမိစ္ဆာဒိဋ္ဌိ စေတသိက်ကို ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင် ပရမတ္ထဓမ္မအာရုံကို မှားသောအားဖြင့် လွန်လွန်ကဲကဲ စွဲမြဲစွာ နှလုံးသွင်းတတ်သော သဘောတရားဟု ရှေးရှူထင်လာသည်။
一、把无常的五蕴执为常;二、把苦的五蕴执为乐;三、把真实无我的涅槃及一切胜义法执为我;四、把不净的五蕴执为净——这些执著与误认,就是错误地作意所缘(即作为所缘的胜义法)的特相。依自己所认定的方式持续缘取这些所缘,就是所谓‘错误审察,是其作用’。由于一再、反复错误地审察,观照邪见心所的禅修者便在智中看见:邪见是一种错误地对作为所缘的胜义法强烈、牢固作意的法;这就是它的现起。
ပဒဋ္ဌာန် --- မှန်ကန်သော သစ္စာ (၄)ပါး တရားတို့ကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်တော်မူကြ ပြီးသော ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့ကိုလည်းကောင်း၊ အရိယပဝေဒိတ အမည်ရသော ဘုရား အစရှိသော အရိယာသူတော်ကောင်းတို့သည် ဟောကြားပြသ ဆိုဆုံးမတော်မူအပ်သော သူတော်ကောင်းတရား တို့၌ အကြားအမြင် ဗဟုသုတ များပြားကြကုန်သော ပုထုဇန်သူတော်ကောင်းတို့ကိုလည်းကောင်း မပြတ်မလပ် ဖူးတွေ့ရလျှင် သူတော်ကောင်းတရားမှန်ကို မကြာမကြာ နာခံရသဖြင့် ကုသိုလ်ကံ အကုသိုလ်ကံနှင့် ထိုကံ၏ အကျိုးတရားတို့ကို ကျနစွာ နားလည်နိုင်ခြင်းတည်းဟူသော ကမ္မဿကတာဉာဏ် = ကမ္မဿကတာသမ္မာဒိဋ္ဌိကို ရရှိနိုင်ပေသည်။ ထိုကမ္မဿကတာဉာဏ် = ကမ္မဿကတာသမ္မာဒိဋ္ဌိ အပေါ်၌ ရပ်တည်လျက် တစ်ဆင့်တက်၍ သမထ ဝိပဿနာဘာဝနာတို့ကို ပွားများအားထုတ်ခဲ့သော် ပါရမီအားလျော်စွာ --- စျာနသမ္မာဒိဋ္ဌိ၊ ဝိပဿနာသမ္မာ-
近因——若能不断谒见已经亲自现前、洞彻知见真实四谛的佛陀等圣者善士,又能不断亲近那些多闻广学于‘圣者所宣说之法’——即佛陀等圣者善士所教示、开显、训诫的善法——的贤善凡夫,便能由于经常听闻真实善法,而获得称为业自属智(业自属正见)的智慧,正确理解善业、不善业及这些业的果报。若立足于这种业自属智(业自属正见),进一步修习止、观,则能随其波罗蜜而获得禅那正见、观正见——
ဒိဋ္ဌိ၊ မဂ္ဂသမ္မာဒိဋ္ဌိ၊ ဖလသမ္မာဒိဋ္ဌိတည်းဟူသော အဆင့်အတန်း အမြင့်မားဆုံးတွင် တည်ရှိသော သမ္မာဒိဋ္ဌိ အသိထူး ဉာဏ်ထူးများကို ရရှိနိုင်ပေသည်။ သမ္မာအယူများ အဆင့်ဆင့် ဖြစ်ပေါ်လာနိုင်ပေသည်။
——道正见与果正见这些居于最高层次的正见、殊胜知与殊胜智;各种正确之见便能逐层生起。
ထိုကဲ့သို့သော အရိယာသူတော်ကောင်းတို့ကို မဖူးမတွေ့လိုဘဲ မျက်နှာလွှဲ၍ နေခြင်းသည် ထိုသမ္မာအယူ မရဘဲ မိစ္ဆာအယူ ရရှိဖို့ရာ အနီးစပ်ဆုံး အကြောင်းပဒဋ္ဌာန် ဖြစ်ရပေသည်။ ခိုင်မြဲသည့် သမ္မာအယူ မရှိသူတို့သည် မိစ္ဆာအယူ ရှိသူတို့နှင့် အမြဲအစွဲ ပေါင်းသင်းနေထိုင်ပါမူကား မိစ္ဆာဒိဋ္ဌိ အယူဝါဒများ ဖြစ်ပေါ်လာဖို့ရန် ပို၍ပင် နီးစပ်ဖွယ်ရာ ရှိပေသည်။
反之,若不愿谒见这些圣者善士而转身远离,就会成为不能获得正确之见、反而生起错误之见的最近因。没有坚定正见的人若一向同持邪见者交往共住,邪见学说就更容易在其相续中生起。
စတုသစ္စသမ္မာဒိဋ္ဌိကဲ့သို့ သစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ ထွင်းဖောက်သိမြင်တတ်သည့် သမ္မာဒိဋ္ဌိဉာဏ်မှန် ရရှိရေးအတွက် သမ္မာသမ္ဗုဒ္ဓဘုရားရှင်နှင့် ပစ္စေကဗုဒ္ဓဘုရားရှင်တို့ကလွဲလျှင် သာဝကမှန်သမျှသည် ပရတော- ဃောသ = ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့ထံမှ သစ္စာလေးပါးနှင့်စပ်သော သူတော်ကောင်းတရားကို ကြားနာရခြင်းတည်းဟူသော အကြောင်းတစ်ရပ်သည် အကြောင်းများစွာထဲက မရှိမဖြစ် ရှိရမည့် ဧကန်အကြောင်း တစ်ရပ်ပင် ဖြစ်သည်။ သမ္မာဒိဋ္ဌိဉာဏ်မှန် ရရှိရေးအတွက် ပရတောဃောသဟူသော အကြောင်းအထောက်အပံ့ ကောင်းကို ရရှိရန်မှာ သူတော်ကောင်းကို ဆည်းကပ်မှသာ ဖူးမြော်ခွင့် ရမှသာ ရရှိနိုင်သော အခွင့်အလမ်းတစ်ခု ပင် ဖြစ်သည်။ သူတော်ကောင်းတို့ကို မျက်နှာလွှဲနေသူတို့ကား သမ္မာဒိဋ္ဌိအသိဉာဏ်ကိုလည်း မျက်နှာလွှဲနေသူ တို့သာ ဖြစ်ကြသည်။ သတ္တဝါတစ်ဦး၏ သန္တာန်ဝယ် သမ္မာဒိဋ္ဌိဉာဏ်မှန် မရရှိသေးသမျှ ကာလပတ်လုံး မိစ္ဆာဒိဋ္ဌိ
为了获得如四谛正见一般、能够如实洞彻知见四谛的真实正见智,除了正等正觉佛与独觉佛,一切弟子都必须具备一项不可缺少的决定性助缘:他音——从佛陀等圣者善士听闻有关四谛的善法。若要获得这种称为他音的良好助缘,唯有亲近善士、得到谒见善士的机会才有可能。转身远离善士的人,也就是转身远离正见智慧的人。一个有情的相续只要还没有获得真实正见智,名为邪见的——
တည်း ဟူသော တံခါးကြီးမှာ အမြဲတမ်း ဟင်းလင်းပွင့်နေမည်သာ ဖြစ်ပေသည်။
——大门便会始终洞然敞开。
原书第 419 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း ဤဒိဋ္ဌိသည် ''မရှိသည်ကို အရှိ၊ ရှိသည်ကို မရှိ၊ မဟုတ်သည်ကို အဟုတ်၊ ဟုတ်သည်ကို မဟုတ်''ဟု သိမြင်ရုံမက ''ငါ့အယူသာ အမှန်၊ သူတစ်ပါးအယူတွေကား အမှား''ဟု သူတစ်ပါးကိုပင် စွပ်စွဲတတ်လေသည်။
这种见不只把‘没有的看成有、已有的看成没有、不真实的看成真实、真实的看成不真实’,还会谴责他人说:‘只有我的见解正确,其他人的见解全都错误。’
ထိုတွင် ဤကမ္ဘာလောကကြီးနှင့် သတ္တဝါတွေကို ဖန်ဆင်းသူ = ဣဿရ မရှိပါဘဲလျက် ဖန်ဆင်းရှင် ရှိ၏ ဟု သိမြင်ခြင်း၊ သတ္တဝါတို့၏ ကိုယ်ခန္ဓာအတွင်း၌ အတ္တခေါ်သော အသက်ကောင် မရှိပါဘဲလျက် အတ္တ ရှိ၏ အသက်ကောင် လိပ်ပြာကောင် ဝိညာဏ်ကောင် အတ္တကောင် ရှိ၏ဟု သိမြင်ခြင်းသည် ''မရှိသည်ကို အရှိ'' သိမြင်သော ဒိဋ္ဌိတည်း။ သတ္တဝါတို့၏ သန္တာန်၌ ပြုပြုသမျှ ကုသိုလ်ကံ အကုသိုလ်ကံမှန်သမျှသည် နောင်အခါ၌ (အဟောသိကံ မဖြစ်သေးသမျှ၊ ပရိနိဗ္ဗာန် မစံရသေးသမျှ) အကျိုးပေးရန် စွမ်းအင်ကမ္မသတ္တိ ကျန်ရှိပါလျက် ထိုကုသိုလ်ကံ အကုသိုလ်ကံ မရှိဟု သိမြင်ခြင်း၊ ထိုကံ၏ ကောင်းကျိုး ဆိုးပြစ်များကို ခံစားရပါလျက် ထိုကံ၏ အကျိုး မရှိဟု သိမြင်ခြင်း၊ ရုပ်နာမ်ဓမ္မ သင်္ခါရတရားမှန်သမျှတို့၏ အစသတ် ချုပ်ငြိမ်းရာ နိဗ္ဗာန်တရားတော်မြတ် ကြီးသည် ထင်ရှားရှိနေသည် ဖြစ်ပါလျက် နိဗ္ဗာန် မရှိဟု သိမြင်ခြင်း၊ နိဗ္ဗာန်သို့ မရောက်ရှိရသေးသမျှ ကာလပတ်
其中,本来并没有创造这个世界与一切有情的创造主自在天,却认为存在创造主;有情的色身内本来没有称为‘我’的生命实体,却认为其中有我、有生命体、有灵魂、有识体、有自我实体——这就是把‘没有的看成有’的见。众生相续中所造的一切善业与不善业,只要尚未成为无效业、尚未般涅槃,便仍保有将来结成果报的业力;明明如此,却认为没有善业、不善业。明明正在领受这些业的善果恶报,却认为没有业果。作为一切色名法、行法究竟止息处的殊胜涅槃明明确实存在,却认为没有涅槃。在尚未到达涅槃的整段期间——
လုံး နောက်ထပ် ခံ၊စံရမည့် ဘဝ ထင်ရှားရှိနေပါလျက် တမလွန်ဘဝ နောက်ဘဝသည် မရှိ၊ ဘဝဟူသည် ပုခက်နှင့် ခေါင်းအကြားမှာသာ ရှိ၏၊ သေလျှင် ပြတ်၏၊ ခေါင်းဟိုဘက် ဘာမျှမရှိဟု သိမြင်ခြင်းသည် ''ရှိသည်ကို မရှိ''ဟု သိမြင်သော ဒိဋ္ဌိတည်း။
——将来还必须领受的后有明明确实存在,却认为没有来世、没有后有,认为生命只在摇篮与坟墓之间,一死便断,坟墓那边一无所有;这就是把‘已有的看成没有’的见。
သတ္တဝါတွေကို သတ်၍ ယဇ်နတ်ပူဇော်ကြခြင်းသည် အင်မတန် ကြီးကျယ်သော ကောင်းမှုကုသိုလ်ကြီး ပေတည်း။ အလွန်အေးမြသော ကာလ၌ ရေချိုးခြင်း၊ အလွန်ပူအိုက်သော ကာလ၌ နေ့လည်ကြောင်တောင်ဝယ် မီးလေးဖိုတို့၏ အလယ်၌ တည်နေ၍ ကိုယ်ကို မီးကင်ခြင်း = မီးလေးဖိုနှင့် နေပူဟူသော ငါးမျိုးသောအပူ = ပဉ္စာတပ အကျင့်ကို ကျင့်ခြင်း၊ နွားလိုနေခြင်း၊ ခွေးလိုနေခြင်း စသော အပြုအမူများသည် ကိလေသာစင်ကြယ်ဖို့ အကြောင်း ကောင်းမြတ်သော အကျင့်များတည်း။ ကောင်းမြတ်သော အချိန်အခါဝယ် ဂင်္ဂါမြစ်ရေ၌ အပြစ်တွေ ကို မျှောရခြင်းသည် ပြုမိခဲ့သော အပြစ်များ၏ စင်ကြယ်ဖို့အကြောင်း ကောင်းမြတ်သော အကျင့်တည်း၊ ဤသို့ စသည်ဖြင့် သိမြင်ခြင်းသည် ''မဟုတ်သည်ကို အဟုတ်''ဟု သိမြင်သော ဒိဋ္ဌိတည်း။
杀害有情以祭祀神灵,被认为是极其重大的善业;在极寒之时洗浴,在极热的正午立于四堆火中炙烤身体——也就是修习四火加日晒所成的五热(pañcatapa)苦行;像牛一样生活、像狗一样生活等,被认为是能令烦恼清净的善妙行法;在吉祥时刻到恒河水中洗去罪过,被认为是能清净自己所犯罪恶的善妙行法。诸如此类的看法,就是把‘不真实的看成真实’的见。
ဒါန သီလ သမထ ဝိပဿနာ အစဖြာသည့် ကောင်းမှုကုသိုလ်များကို = ဖြူစင် မြင့်မြတ်သော မဂ္ဂင် (၈) ပါး အကျင့်မြတ်တရားတို့ကို သုဂတိဘဝသို့ ရောက်ကြောင်း နိဗ္ဗာန်သို့ ရောက်ကြောင်း နိယျာနိကတရားကောင်း မဟုတ်ဟု သိမြင်ခြင်းသည် ''ဟုတ်သည်ကို မဟုတ်''ဟု သိမြင်သော ဒိဋ္ဌိတည်း။ ဤသို့စသည်ဖြင့် ဒိဋ္ဌိ၏ အမှား သိပုံမှာ လွန်စွာ အရာကျယ်လေသည်။
把布施、持戒、止禅、观禅等善业,也就是清净高尚的八支圣道之胜行,认为不是通往善趣、通往涅槃的能出离善法,这就是把‘真实的看成不真实’的见。诸如此类,见解错误的方式范围极广。
လောက၌ မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားတည်းဟူသော နိယျာနိကတရားကောင်းကို အညီအညွတ် ကောင်းမွန်မှန်ကန်စွာ ကျင့်ကြသဖြင့် ရဟန္တာအဖြစ်သို့ ဘုရားရှင်အဖြစ်သို့ ရောက်ရှိတော်မူကြကုန်သော ဤ လောက တမလွန်လောက အကြောင်းကို ထူးသောဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်၍ ဟောကြားနိုင်သော သူတော်ကောင်းတို့ကို လက်မခံနိုင်သော အယူအဆမှာလည်း ဤမိစ္ဆာဒိဋ္ဌိပင် ဖြစ်ပေသည်။
世间确有圣者善士:他们如法、善妙、正确地修习八支圣道这一能出离的善法,成就阿罗汉乃至佛陀;又以殊胜之智亲自现前、洞彻知见今世与后世,并能加以宣说。不肯接受这些圣者善士的见解,也正属于邪见。
မလွဲချော်နိုင်သော ကျင့်စဥ်
不会错失的行法
ဤတွင် အခါအခွင့် သင့်နေသဖြင့် ဘုရားရှင်၏ ပညာပေးစနစ် တစ်ခုကို ဆက်လက်၍ တင်ပြပါရစေ - တစ်ချိန် ဘုရားရှင်သည် များစွာသော ရဟန်းသံဃာနှင့်အတူ ကောသလတိုင်း၌ ခရီးဒေသစာရီ ကြွချီတော်မူရာ သာလ အမည်ရှိသော ပုဏ္ဏားရွာတစ်ခုသို့ ဆိုက်ရောက်တော်မူ၏။ ထိုသာလရွာကား ကောသလတိုင်း၏ ဗဟို အချက်အချာကျသော ခရီးလမ်းမကြီးဘေးတွင် တည်ရှိ၍ တောအုပ်ကြီးတစ်ခု၏ အဝင်ဝ၌ တည်ရှိ၏။ သမဏ
这里时机正好,请允许我继续介绍佛陀的一种教导方式。一次,佛陀与众多比丘僧在憍萨罗国游行,来到一座名为娑罗的婆罗门村。娑罗村坐落在憍萨罗国中心地带的大道旁,又位于一片大森林的入口处。许多被称为沙门——

本页是帕奥禅师缅文「五大册」第四册(趣向涅槃之道·第四册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。卷前、正文与原书索引均与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。