想蕴论章

《趣向涅槃之道》中文全译本 · 非缩略版

特相等四法篇 · 原书第 221–226 页 · 42 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 221 页
သညာက္ခန္ဓကထာ အခန်း
想蕴论章
၁။ သဉ္ဇာနနလက္ခဏာ သညာ၊ ၂။ တဒေဝေတန္တိ ပုန သဉ္ဇာနနပစ္စယနိမိတ္တကရဏရသာ၊ (ဒါရုအာဒီသု တစ္ဆကာဒယော ဝိယ။) ၃။ ယထာဂဟိတနိမိတ္တဝသေန အဘိနိဝေသကရဏပစ္စုပဋ္ဌာနာ၊ (ဟတ္ထိဒဿကအန္ဓာ ဝိယ။) ၄။ ယထာဥပဋ္ဌိတဝိသယပဒဋ္ဌာနာ။ (တိဏပုရိသကေသု မိဂပေါတကာနံ ပုရိသာတိ ဥပ္ပန္နသညာ ဝိယ။)
其四项依次为:一、想以识记为特相;二、以制作能成为再次识记之缘的标记为作用,就像木材等物上的木匠标记;三、以依照已取得的标记而令心执入为现起,就像摸象的盲人;四、以如其显现的所缘为近因,就像幼鹿对草人所生“这是人”的想。
(ဝိသုဒ္ဓိ-၂-၉၂။)
(《清净道论》2-92。)
၁။ သဉ္ဇာနနလက္ခဏာ သညာ၊ ၂။ (က) ပစ္စာဘိညာဏရသာ၊ ( ခ ) ပုန သဉ္ဇာနနပစ္စယနိမိတ္တကရဏရသာ၊ (ဒါရုအာဒီသု တစ္ဆကာဒယော ဝိယ။) ၃။ (က) ယထာဂဟိတနိမိတ္တဝသေန အဘိနိဝေသကရဏပစ္စုပဋ္ဌာနာ၊ (ဟတ္ထိဒဿကအန္ဓာ ဝိယ။) ( ခ ) အာရမ္မဏေ အနောဂါဠှဝုတ္တိတာယ အစိရဋ္ဌာနပစ္စုပဋ္ဌာနာ ဝါ၊ (ဝိဇ္ဇု ဝိယ။) ၄။ ယထာဥပဋ္ဌိတဝိသယပဒဋ္ဌာနာ။
更详细地说,其四项依次为:一、想以识记为特相;二、(甲)以凭先前的标记再次认知为作用;(乙)以制作能成为再次识记之缘的标记为作用,就像木材等物上的木匠标记;三、(甲)以依照已取得的标记而令心执入为现起,就像摸象的盲人;(乙)或者,由于没有深入所缘,以不能久住为现起,就像闪电;四、以如其显现的所缘为近因。
(တိဏပုရိသကေသု မိဂပေါတကာနံ ပုရိသာတိ ဥပ္ပန္နသညာ ဝိယ။) (အဘိ-ဋ္ဌ-၁-၁၅၃-၁၅၄။) ၁။ အညို အရွှေ စသည်ပြားသော အာရုံကို အမှတ်ပြု၍သိခြင်း = မှတ်သိ သိခြင်းသဘော လက္ခဏ၊ ၂။ (က) ရှေးအမှတ်ဖြင့် နောက်ထပ်သိခြင်း (ကိစ္စ) ရသ၊ ( ခ ) ''ထိုဟာ ဒါပဲ''ဟု နောက်ထပ်တစ်ဖန် မှတ်သိ သိခြင်း၏ အကြောင်းဖြစ်သော အမှတ်အသားကို ပြုခြင်း (ကိစ္စ) ရသ၊
(就像幼鹿对草人所生“这是人”的想。)(《殊胜义注》1-153—154。)一、以标记并识知褐色、金色等各种所缘,即以识记为特相;二、(甲)以凭先前的标记再次认知为作用;(乙)以制作标记,使后来能够认出“这个就是那个”,为作用。
(သစ်သားစသည်တို့၌ လက်သမား စသူတို့၏ မှတ်သားပုံကဲ့သို့တည်း။)
(如同木匠等人在木材等物上制作标记。)
၃။ (က) စိတ်က စွဲယူထားသည့် အမှတ်နိမိတ် (= အမှတ်အသား) အတိုင်း အာရုံကို နှလုံးသွင်းခြင်းကို ပြုတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊
三、(甲)以依照心已执取的标记——即标志——令心投入所缘为现起。
(ဆင်စမ်းသော သူကာဏ်းတို့ကဲ့သို့ မှတ်ပါ။)
(应如摸象的盲人一般理解。)
( ခ ) အာရုံ၌ သက်ဝင်သော ဖြစ်ခြင်း မရှိသည်၏ အဖြစ်ကြောင့် = အာရုံကို နက်နက်နဲနဲ မယူတတ်သည်၏ အဖြစ်ကြောင့် ကြာမြင့်စွာ တည်တံ့ခြင်း မရှိသောသဘောတရား ပစ္စုပဋ္ဌာန်၊
(乙)由于不深入所缘——也就是不能深深取住所缘——以不能长久持续为现起。
(လျှပ်စစ် လျှပ်နွယ် လျှပ်စီးကဲ့သို့ မှတ်ပါ။)
(应如电光、闪电一般理解。)
၄။ ထင်လာတိုင်းသော အာရုံ ပဒဋ္ဌာနံ။
四、以如其显现的所缘为近因。
(မြက်ဖြင့် ပြုလုပ်ထားသော ယောကျာ်းရုပ်တို့၌ သားသမင်တို့၏ ယောကျာ်းတို့ဟု ဖြစ်သော အမှတ်သညာကဲ့သို့တည်း။)
(如同幼鹿见到草制人形时所生“这是人”的想。)
原书第 222 页
ဉာဏသမ္ပယုတ် သညာ
与智相应的想
ယာ ပနေတ္ထ ဉာဏသမ္ပယုတ္တာ ဟောတိ၊ သာ သညာ ဉာဏမေဝ အနုဝတ္တတိ၊ သသမ္ဘာရပထဝီအာဒီသု သေသဓမ္မာ ပထဝီအာဒီနိ ဝိယာတိ ဝေဒိတဗ္ဗာ။ (အဘိ-ဋ္ဌ-၁-၁၅၄။) ယာထာဥပဋ္ဌိတဝိသယပဒဋ္ဌာနာ။ ပ ။ ရာဂါဒိအနုဝတ္တိကဘာဝေါတိ။ (မဟာဋီ-၂-၁၃၉။) သသမ္ဘာရပထဝီ --- (၆)ဒွါရနှင့် ပထဝီဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲသော ထိုထို ကောဋ္ဌာသတို့၌ ပထဝီဓာတ်နှင့် အတူဖြစ်ဖက် ဖြစ်သော ထိုထို ဆိုင်ရာ ရုပ်ကလာပ်များအတွင်း၌ တည်ရှိသော အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ သြဇာ စသော ရုပ်တရားများကို သမ္ဘာရဟု ခေါ်ဆို၏။ ထို သမ္ဘာရ အမည်ရသော ရုပ်တရားများနှင့် အတူတကွဖြစ်သော ပထဝီဓာတ်ကို သသမ္ဘာရပထဝီဓာတ်ဟု ခေါ်သည်။ သမ္မုတိသစ္စာနယ်၌ လောကသုံး ဝေါဟာရအားဖြင့် ဆိုရသော် သသမ္ဘာရပထဝီဓာတ်ဟူသည် ယခုမျက်မြင် မြေင်္ကြီးပင်တည်း၊ မြေဓာတ် ပင်တည်း။ ပရမတ္ထသစ္စာနယ်၌ကား ဤ မဟာပထဝီမြေကြီးဟူသည် ပထဝီဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲ-
“这里若是与智相应的想,该想就只随智而行;应知这犹如在具构件地等之中,其余诸法随地等而行。”(《殊胜义注》1-154。)“以如其显现的所缘为近因……乃至……具有随贪等而行的性质。”(《大复注》2-139。)具构件地——在六门以及地界自然力量特别强盛的各个身体部分中,与地界同生、存在于相应色聚内的水界、火界、风界、颜色、香、味、食素等色法,称为“构件”。与这些构件色法一同生起的地界,称为具构件地界。就世俗谛、世间用语来说,具构件地界就是眼前所见的大地、土地。就胜义谛来说,这片大地不过是地界自然力量特别强盛的时节生食素八法聚的集合;
သော ဥတုဇသြဇဋ္ဌမကရုပ်ကလာပ်တို့၏ အပေါင်းအစုမျှသာတည်း။ ရုပ်ကလာပ်တိုင်း ရုပ်ကလာပ်တိုင်း၌ ပထဝီ ဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲရကား မြေကြီး၌ ခက်မာခြင်း ကက္ခဠသဘော ရှိနေခြင်း ဖြစ်၏။ ရုပ်ကလာပ် တိုင်း၌ တည်ရှိသော ပထဝီဓာတ်မှကြွင်းသော ရုပ်တရားတို့သည် သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ပထဝီ ဓာတ်၏ သဘောသို့ လိုက်လျော၍ ဖြစ်ကြရသောကြောင့် ဥတုဇအဋ္ဌကလာပ်ရုပ်တို့၏ အပေါင်းအစုဖြစ်သော မြေကြီးတစ်ခုလုံးသည်လည်း ခက်မာခြင်း သဘောရှိသော ပထဝီဓာတ်သို့ လိုက်လျော၍ ဖြစ်ရ၏။ ခက်မာခြင်း သဘော ရှိရလေသည်။ (ဤ၌ မြေကြီးဝယ် သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ပထဝီဓာတ်၏ ခက်မာခြင်း သဘာဝသတ္တိက ထင်ရှားနေခြင်းကိုသာ ဆိုလိုသည်။ အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်တို့သည် ခက်မာ- ခြင်း ကက္ခဠလက္ခဏာသို့ ပြောင်းသွားသည်ဟူ၍ကား မဆိုလိုပါ။ ပရမတ်တရားတို့၌ သဘာဝလက္ခဏာ၏ ပြောင်း- လဲမှုကား မရှိစကောင်းပေ။ သဘာဝသတ္တိစွမ်းအင် ထက်မှုနှင့် နုံ့မှုသာ ကွာဟချက် ရှိသည်။ ဤမြေကြီး၌ ပထဝီ
由于每一色聚中地界的自然力量特别强盛,土地便呈现坚硬之性。各色聚内除地界以外的其余色法,都随顺自然力量强盛的地界而行;所以,由时节生八法聚集合而成的整片土地,也随顺具有坚硬之性的地界,从而呈现坚硬之性。这里所说的,只是土地中力量强盛的地界之坚硬自然力量显明,并非说水界、火界和风界转变成坚硬特相。胜义法的自相绝不会改变,差别只在自然力量的强弱。也就是说,在这片土地中,地界称为坚硬特相的自然力量强盛,
ဓာတ်၏ ခက်မာခြင်း = ကက္ခဠလက္ခဏာဟူသော သဘာဝသတ္တိစွမ်းအင်က လွန်ကဲ၍ အာပေါ တေဇော ဝါယော ဓာတ်တို့၏ သဘာဝသတ္တိစွမ်းအင်က လျော့မှု နုံ့မှုကိုသာ ဆိုလိုပေသည်။) မီးဟူသည် သသမ္ဘာရတေဇောဓာတ်တည်း။ ယင်းမီးဝယ် ဓာတ်ကြီးလေးပါးကို မြင်အောင် စိုက်ရှုပါ။ ဗဟိဒ္ဓ လောကဝယ် သက်ရှိလောက သက်မဲ့လောက နှစ်မျိုးလုံး၌ ရုပ်တရား နာမ်တရားတို့ကို သိမ်းဆည်းနိုင်သော အဆင့်သို့ ရောက်ရှိလာသော အသင်သူတော်ကောင်းအဖို့ မီး၌ ဓာတ်ကြီးလေးပါးကို မြင်အောင် သိမ်းဆည်း ရှုပွားမှုမှာ မခက်ခဲတော့ပြီ။ ဓာတ်ကြီးလေးပါးကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်ပါက သြဇဋ္ဌမကရုပ်- ကလာပ် အမှုန်တို့ကို မကြာမီ တွေ့ရှိနိုင်၏။ မီးဟူသည် သြဇဋ္ဌမကရုပ်ကလာပ်တို့၏ အသံပါသော် သဒ္ဒနဝက ရုပ်ကလာပ်တို့၏ အပေါင်းအစုသာ ဖြစ်၏။ ယင်းရုပ်ကလာပ် အသီးအသီး၌ တေဇောဓာတ်မှ ကြွင်းသော ရုပ်တရားတို့သည် သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော တေဇောဓာတ်၏ သဘောသို့ လိုက်လျောကြရကုန်၏။
而水界、火界与风界的自然力量较弱。火是具构件火界。应当专注火中的四大种,使它们显现。善士既已达到能在外在有生命与无生命世界中摄取色法、名法的阶段,在火中见到并摄取四大种便不再困难。若能以智分别、摄取四大种,不久就能见到食素八法聚的微粒。火不过是食素八法聚的集合;有声音时,则也是声九法聚的集合。在各个色聚中,除火界以外的其余色法,都随顺自然力量强盛的火界而行。
လေဟူသည် သသမ္ဘာရဝါယောတည်း။ ယင်းလေ၌ ဓာတ်ကြီးလေးပါးကို မြင်အောင် စိုက်ရှုပါ။ ရုပ်ကလာပ် အမှုန်များကိုသာ တွေ့ရှိမည် ဖြစ်၏။ ဗဟိဒ္ဓ သက်မဲ့လောက၌ တည်ရှိသော လေဖြစ်မှု ယင်းလေဟူသည် ဥတုဇ သြဇဋ္ဌမကရုပ်၊ သဒ္ဒနဝကကလာပ်ရုပ်တို့၏ အပေါင်းအစုမျှသာတည်း။
风是具构件风界。应当专注风中的四大种,使它们显现;所见到的只会是色聚微粒。外在无生命世界中的风,不过是时节生食素八法聚与声九法聚的集合。
〔ဥဒ္ဓင်္ဂမဝါတ = အထက်သို့ ဆန်တက်သောလေ စသည့် သက်ရှိသတ္တဝါတို့၏ သန္တာန်၌ တည်ရှိကြသော ဝါယောကောဋ္ဌာသတို့၌ကား ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် တင်ပြခဲ့သည့်အတိုင်း (၃၃)မျိုးသော ရုပ်တရား စသည်တို့
〔至于有情相续中,存在于上行风等各风部分中的色法,则如色业处篇所说,包括三十三种色法等。
原书第 223 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း ညာ တည်ရှိကြ၏။〕 ယင်းရုပ်ကလာပ် အသီးအသီး၌ ဝါယောဓာတ်မှ ကြွင်းသော ရုပ်တရားတို့သည် သဘာဝသတ္တိ စွမ်းအင် လွန်ကဲနေသော ဝါယောဓာတ်၏ သဘောသို့ လိုက်လျောကြရကုန်၏။
〕在这些色聚中,除风界以外的其余色法,都随顺自然力量强盛的风界而行。
ရေဟူသည် သသမ္ဘာရအာပေါတည်း။ (သက်မဲ့လောက၌ ရှိသော ရေကို ဆိုလိုသည်။) ယင်း ရေ၌ ဓာတ်ကြီးလေးပါးကို မြင်အောင် စိုက်ရှုပါ။ ရုပ်ကလာပ်အမှုန်များကို လွယ်ကူစွာ တွေ့ရှိနိုင်၏။ ယင်းရုပ်ကလာပ် အသီးအသီး၌ အာပေါဓာတ်မှ ကြွင်းသော ရုပ်တရားတို့သည် သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော အာပေါ ဓာတ်၏ သဘောသို့ လိုက်လျောကြရကုန်၏။
水是具构件水界——这里指无生命世界中的水。应当专注水中的四大种,使它们显现;便能轻易见到色聚微粒。在每一个色聚中,除水界以外的其余色法,都随顺自然力量强盛的水界而行。
ဉာဏသမ္ပယုတ္တာ ပန သညာ ဉာဏမေဝ အနုဝတ္တတိ။ တသ္မာ အဘိနိဝေသကာရိကာ ဝိပရီတဂ္ဂါဟိကာ စ န ဟောတိ။ ဧတေနေဝ သမာဓိသမ္ပယုတ္တတာယ အစိရဋ္ဌာနတာ စ န ဟောတီတိ ဝေဒိတဗ္ဗာ။ ဧဝံ ရာဂဒိဋ္ဌိ- မာနာဒိသမ္ပယုတ္တတာယ သညာယ ရာဂါဒိအနုဝတ္တိကဘာဝေါတိ။ (မဟာဋီ-၂-၁၃၉။) အလားတူပင် အကယ်၍ သညာတရားသည် ဉာဏ်နှင့်ယှဥ်သော ဉာဏသမ္ပယုတ်သညာ ဖြစ်အံ့။ ထိုသညာ သည် ဉာဏ်သို့သာ အစဥ်လိုက်၍ ဖြစ်ရလေသည်။ ဉာဏ်၏နောက်သို့ အစဥ်လိုက်သောကြောင့် ဉာဏသမ္ပယုတ် သညာသည် အာရုံကို မှားမှားယွင်းယွင်း နှလုံးသွင်းခြင်း = အဘိနိဝေသကိုလည်း မပြု၊ အာရုံကို ဖောက်ဖောက် ပြန်ပြန် စွဲယူမှတ်သားခြင်း = ဝိပရီတဂ္ဂါဟလည်း မဖြစ်တော့ပေ။ (အဘိ-ဋ္ဌ-၁-၁၅၄။ မဟာဋီ-၂-၁၃၉။) ဤအထက်ပါ ဖွင့်ဆိုချက်များနှင့်အညီ ဝိပဿနာဉာဏ်နှင့် ယှဥ်တွဲလျက်ရှိသော သညာသည် ဝိပဿနာ ဉာဏ်ပညာ၏ နောက်သို့သာ အစဥ်လိုက်၏ဟု မှတ်ပါ။ ဝိပဿနာဉာဏ်က ပရမတ္ထဓမ္မသဘာဝတည်းဟူသော
“与智相应的想只随智而行,所以它不会令心错误执入,也不会颠倒执取。由此也应知:由于与定相应,它并非不能久住。同样,由于想与贪、见、慢等相应,它便具有随贪等而行的性质。”(《大复注》2-139。)同样,若想是与智相应之想,它就只随智而行。由于随智而行,与智相应的想既不会错误地令心投入所缘,也不会颠倒地执取、标记所缘。(《殊胜义注》1-154;《大复注》2-139。)依上述解释,应知与观智相应的想只随观智而行。观智洞察作为胜义法之所缘的真实本质;
အာရုံ၏ သဘောမှန်ကို ထိုးထွင်း သိ၏။ ယင်းဝိပဿနာဉာဏ်၏ စွမ်းအင်သတ္တိ အာနုဘော်ကြောင့် သညာက- လည်း ထိုပရမတ္ထဓမ္မသဘာဝတည်းဟူသော အာရုံ၏ သဘောမှန်ကိုပင် မှတ်သိ သိလေသည်။
由于观智的力量,想也把作为胜义法之所缘的真实本质标记并识知为真实本质。
အကယ်၍ မဟာကုသိုလ် ဉာဏဝိပ္ပယုတ်သညာဖြစ်မူ - ဉာဏ်နှင့် မယှဥ်ရသည့်အတွက် အသိစိတ်ဝိညာဏ် နောက်သို့ အစဥ်လိုက်ဖွယ်ရာ ရှိ၏။ အသိစိတ်ဝိညာဏ်ဟူသမျှသည် ပုဗ္ဗင်္ဂမရသံ = နာမ်ခန္ဓာ (၄)ပါးတို့၏ ပဓာန ရှေ့သွားခေါင်းဆောင်ဖြစ်ခြင်း လုပ်ငန်းကိစ္စ ရှိသဖြင့် အသိစိတ်ဝိညာဏ်၏နောက်သို့ အစဥ်လိုက်ဖွယ်ရာ ရှိသည်ဟု ဆိုခြင်း ဖြစ်သည်။ ဝိပါက် ကြိယာတို့၌လည်း မဟာကုသိုလ် နည်းတူ မှတ်ပါ။
如果是与智不相应的大善想,由于不与智相应,它就应当随识而行。一切识都具有作为四名蕴主要先导的作用,所以这里说想应当随识而行。果报想与唯作想,也应如大善想一样理解。
ရူပါဝစရ အရူပါဝစရတရားတို့ကား သမာဓိပြဓာန်းသော သမာဓိလုပ်ငန်းစဥ်များ ဖြစ်ကြသောကြောင့် ထို ရူပါဝစရ အရူပါဝစရ စျာန်သမာဓိတို့နှင့် ယှဥ်တွဲလျက်ရှိကြသော သညာသည်လည်း သမာဓိ၏ နောက်သို့သာ အစဥ်လိုက်ရပေသည်။ ဤအဆိုအရ အကယ်၍ ဝိပဿနာဇောစိတ်သည် ဉာဏဝိပ္ပယုတ် ဖြစ်နေခဲ့မူ သညာသည် ယင်း ဉာဏဝိပ္ပယုတ် ဝိပဿနာဇောနှင့် ယှဥ်သော သမာဓိနောက်သို့ အစဥ်လိုက်သည်ဟု မှတ်ပါ။ သမာဓိ၏ နောက်သို့ အစဥ်လိုက်၍ ဖြစ်နေသောကြောင့်လည်း ထိုသမာဓိနှင့်ယှဥ်သော သမာဓိသမ္ပယုတ္တသညာမှာ သမထ အာရုံ သို့မဟုတ် ဝိပဿနာအာရုံ၌ ကြာမြင့်စွာ မတည်ခြင်းလည်း မရှိတော့ပေ။ သမာဓိသည် အာနာပါနပဋိဘာဂ နိမိတ်ကဲ့သို့သော သမထအာရုံ သို့မဟုတ် သင်္ခါရနိမိတ်အာရုံ၌ ကြာမြင့်စွာ တည်သလောက် သညာသည်လည်း ယင်း သမထအာရုံ သို့မဟုတ် သင်္ခါရနိမိတ် အာရုံ၌ ကြာမြင့်စွာ တည်နေနိုင်ပေသည်။ (မဟာဋီ-၂-၁၃၉။) လောကုတ္တရာနယ်၌ကား လောကုတ္တရာ မဂ်စိတ် ဖိုလ်စိတ်ဟူသမျှသည် ဉာဏသမ္ပယုတ်သာ ဧကန် ဖြစ်
色界与无色界诸法都是以定为主导的定之运作,所以与色界、无色界禅定相应的想,也只随定而行。依此说法,如果观速行心与智不相应,应知想会随与该智不相应观速行相应的定而行。由于想随定而行,与定相应的想就不会不能久住于止所缘或观所缘。定在入出息似相等止所缘或行相所缘中安住多久,想也能在该止所缘或行相所缘中安住多久。(《大复注》2-139。)在出世间领域,一切出世间道心、果心都必定与智相应,
သောကြောင့် ယင်း မဂ်ဉာဏ် ဖိုလ်ဉာဏ်က နိဗ္ဗာန်ကို ဧကန် အာရုံပြုသဖြင့် သညာကလည်း နိဗ္ဗာန်ကိုပင် ဧကန် အာရုံပြုပေသည်။ မဂ်ဉာဏ် ဖိုလ်ဉာဏ်က နိဗ္ဗာန်၏ သန္တိသုခသဘောကို ထိုးထွင်းသိသဖြင့် သညာ ကလည်း ထို သန္တိသုခသဘောကိုပင် မှတ်သိ သိလေသည်။ ဤကား အကောင်းနယ်ပယ်၌ သညာ၏ အဖိုးတန်ပုံ အသုံးကျပုံတည်း။
所以道智、果智必定缘取涅槃,想也必定缘取涅槃。道智、果智洞察涅槃的寂静安乐之性,想也同样标记并识知这种寂静安乐之性。这就是想在善的领域中何以珍贵、实用。
原书第 224 页
သို့သော် သညာသည်လည်း အကောင်း အဆိုး နှစ်ဖက်ရ စေတသိက် တစ်ခု ဖြစ်၏။ အကောင်းနယ်၌သာ ဖြစ်သည်မဟုတ် မကောင်းနယ်၌လည်း ဖြစ်တတ်၏။ ရာဂ ဒိဋ္ဌိ မာန စသည်တို့နှင့် ယှဥ်တွဲလျက် ဖြစ်ပေါ်နေသော အကုသလသညာကား ရာဂ ဒိဋ္ဌိ မာန စသည့် တရားဆိုးတို့ နောက်သို့သာ အစဥ်လိုက်၍ ဖြစ်ခြင်းသဘော ရှိ၏။ (မဟာဋီ-၂-၁၃၉။) ဝိပလဒာသတရား (၁၂)ပါးရှိရာ အနိစ္စ-ဒုက္ခ-အနတ္တ-အသုဘ စင်စစ်ဧကန် မှန်သော သင်္ခါရတရားတို့၌ နိစ္စ-သုခ-အတ္တ-သုဘဟု အမှတ်မှားသော သညာဝိပလဒာသတရား (၄)ပါးမှာ အမှတ်မှားမှု သညာ ပြဓာန်းသည့် အကုသိုလ်နာမ်တရားစုပင် ဖြစ်သည်။ အာရုံကို နိစ္စ-သုခ-အတ္တ-သုဘဟု အမှတ်မှားမှု သညာဝိပလဒာသကို အခြေခံ၍ နိစ္စ-သုခ-အတ္တ-သုဘဟု အသိမှားမှု စိတ္တဝိပလဒာသလည်း ဖြစ်နိုင်၏။ ထိုမှတစ်ဆင့် နိစ္စ-သုခ-အတ္တ- သုဘဟု အယူမှားမှု ဒိဋ္ဌိဝိပလဒာသလည်း ဖြစ်နိုင်၏။ ဤ ဝိပလဒာသတရားဆိုးတို့ကား သတ္တဝါတို့ကို အပါယ်
然而,想也是一种能在善恶两方面生起的心所;它不只生于善的领域,也生于不善的领域。与贪、见、慢等相应而生的不善想,只具有随贪、见、慢等恶法而行的性质。(《大复注》2-139。)十二颠倒之中,有四种想颠倒:把实际无常、苦、无我、不净的行法,错误标记为常、乐、我、净。它们是以错误标记之想为主导的不善名法聚。以把所缘错误标记为常、乐、我、净的想颠倒为基础,还可能生起把它误知为常、乐、我、净的心颠倒;继而又可能生起把它误见为常、乐、我、净的见颠倒。这些颠倒恶法,会使有情深陷于恶趣轮回等轮回苦的深渊,
သံသရာဝဋ်ဆင်းရဲ စသည့် သံသရာဝဋ်ဒုက္ခ အဝဝမှ ခေါင်းမထောင်နိုင်အောင် မလွတ်မြောက်နိုင်အောင် အတွင် နစ်မြုပ်စေတတ်သော နှစ်သတ်နေသော တရားဆိုးတို့ ဖြစ်ကြ၏။ အထက်ပါ မဟာဋီကာ၏ ဖွင့်ဆိုချက်အရ အမှတ်မှားမှု ဤသညာဝိပလဒာသမှာလည်း ရာဂ ဒိဋ္ဌိ မာန မောဟစသော အကုသိုလ်တရားဆိုးတို့ကို ဦးတိုက် လျက်ပင် ရှိ၏။ ယင်းတရားဆိုးတို့ နောက်သို့ အစဥ်လိုက်ပါ၍နေသော တရားတစ်ခုသာ ဖြစ်ပေသည်။
令其无法抬头、无法解脱,犹如把他们浸溺、淹没其中。依上述《大复注》的解释,这种错误标记的想颠倒,也正朝向贪、见、慢、痴等不善恶法;它只是一个始终随这些恶法而行的法。
လက္ခဏ --- အညို အရွှေ အဖြူ အနီစသော အဆင်းကို အညိုပဲ အရွှေပဲ အဖြူပဲ အနီပဲ စသည်ဖြင့် လည်းကောင်း၊ အရှည် အတိုစသော ပုံသဏ္ဌာန်ကို အရှည်ပဲ အတိုပဲ စသည်ဖြင့်လည်းကောင်း၊ အမေ အဖေ မိကြီး မိထွေး ဘကြီး ဘထွေး စသည်ကို အမေပဲ အဖေပဲ မိကြီးပဲ မိထွေးပဲ ဘကြီးပဲ ဘထွေးပဲ စသည်ဖြင့်လည်း- ကောင်း၊ အချို အချဥ်စသော အရသာကို အချိုပဲ အချဥ်ပဲ စသည်ဖြင့်လည်းကောင်း၊ ပရမတ္ထဓာတ်သားတို့၏ ဖဿ ဝေဒနာစသော အမည်နာမ ပညတ်များကိုလည်း ဖဿပဲ ဝေဒနာပဲ စသည်ဖြင့်လည်းကောင်း၊ ယင်းဖဿ ဝေဒနာ စသည့် ပရမတ္ထဓာတ်သားတို့၏ ဖုသန သဘာဝ = အာရုံကို တွေ့ထိခြင်းသဘော၊ အနုဘဝန သဘာဝ = အာရုံ၏ အရသာကို ခံစားခြင်းသဘော --- ဤသို့စသော ပရမတ် သဘာဝအစစ်ကိုလည်း ဝိပဿနာဉာဏ်ဖြင့် အာရုံယူနိုင်သောအခါ အာရုံယူ၍ ဖဿပဲ ဝေဒနာပဲ စသည်ဖြင့်လည်းကောင်း၊ သူငယ်များ မှတ်သားသကဲ့သို့ မှတ်သားမိရုံ သိခြင်းမျိုးကို ''အာရုံကို မှတ်သိ သိခြင်း = သဉ္ဇာနန သဘောလက္ခဏာ''ဟု ဆိုသည်။ ပရမတ္ထဓမ္မ
特相——无论是把褐、黄、白、红等颜色标记为褐、黄、白、红,把长、短等形状标记为长、短,把母亲、父亲、伯母、姨母、伯父、叔父等标记为相应的人,把甜、酸等味标记为甜、酸,把触、受等胜义法的名称概念标记为触、受,还是当观智能缘取触、受等胜义法真正的触所缘之性、体验所缘之味的性质时,把它们标记为触、受——凡此种种,如同孩童只是记住各种所缘一般,仅凭标记而知的这种认知,称为“以识记所缘为特相”。至于如实标记并识知胜义法的真实本质,
သဘာဝမှန်တို့ကို အမှန်အတိုင်း မှတ်သိ သိရာ၌ကား အထက်တွင် တင်ပြခဲ့သည့်အတိုင်း ဉာဏ်၏နောက်လိုက် ဖြစ်ပုံကို သတိပြုပါ။
应注意它如上文所说,是随智而行。
ရသ --- လက်သမား စသူတို့သည် မိမိတို့ ပြုလုပ်နေသော သစ်သားစသည့် အရာဝတ္ထုတို့၌ နောက်ထပ် တစ်ဖန် မှန်မှန်ကန်ကန် တိတိကျကျ သိရှိနိုင်ရေး၊ ထိုအမှတ်အသားအတိုင်း လုပ်ငန်းကို ဆက်လက် လုပ်ကိုင်နိုင်ရေး အကောင်အထည်ဖော်နိုင်ရေးအတွက် ခဲစသော အရာဝတ္ထုတို့ဖြင့် အမှတ်အသားများကို ပြုလုပ်လေ့ရှိကြ၏။
作用——木匠等人在制作或修理木器等物品时,为了后来还能正确、准确地认出工作位置,并依该标记继续完成工作,通常会用铅笔等在木材上制作标记。
ထိုအမှတ်အသားကို ကြည့်၍ နောက်ထပ်လည်း သိကြ၏။ ထိုသို့ နောက်ထပ်သိဖို့ရန် အမှတ်အသားကို ပြုလုပ် ခြင်းသည် သညာ၏ လုပ်ငန်းကိစ္စရပ်ပင် ဖြစ်ပေသည်။ ထိုအမှတ်အသားအတိုင်း နောက်ထပ်သိခြင်းကား သညာ၏ သဘာဝသတ္တိ သဘာဝလက္ခဏာပင် ဖြစ်သည်။
他们看见这些标记,后来便能再次认出。为了后来再次认知而制作标记,正是想的运作、作用;依该标记再次认知,则是想的自然力量、自相。
ဤလက္ခဏာနှင့် ကိစ္စကို ရှေ့နောက် ဆက်စပ်၍ ဆင်ခြင်ကြည့်ခဲ့သော် --- သညာသည် နောက်နောင် သိဖို့ရန်လည်း မှတ်သား၏၊ ထိုအမှတ်အသားအတိုင်းလည်း ထပ်၍ သိတတ်၏၊ ထိုသို့ ထပ်၍ သိရာ၌လည်း နောက်နောင်ခါ သာ၍ မှတ်မိဖို့ရန် ထပ်၍လည်း မှတ်သားတတ်ပြန်၏။ --- ဤကဲ့သို့သော သဘောအဓိပ္ပါယ် များသည် ထင်ရှားလျက် ရှိနေပေ၏။ ရှေးသညာကလည်း အာရုံကို တစ်ဖန် မှတ်မိရန် အကြောင်းနိမိတ် အမှတ် နိမိတ်ကို ပြု၏။ နောက်သညာကလည်း တစ်ဖန် ထပ်၍ မှတ်မိရန် အကြောင်းနိမိတ် အမှတ်နိမိတ်ကို ပြု၏။
若把这一特相与作用前后联系起来思惟,就能看清如下意义:想为了日后认知而作标记,也依该标记再次认知;在再次认知时,又重新作标记,使日后能记得更清楚。先前的想为日后再度忆起所缘而制作因相、标记;后来的想也为以后再度忆起而制作因相、标记。
原书第 225 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း ညာ သညာဟူသမျှသည် တစ်ဖန် ထပ်၍ မှတ်မိရန် အကြောင်းနိမိတ် အမှတ်နိမိတ်ကို ပြုသည်ချည်းသာဟု ညီတူညီမျှ မှတ်ယူရမည်ဟု ဆိုလို၏။
也就是说,应当一概理解:一切想都只是为了以后再次忆起而制作因相、标记。
ထိုသို့ အဆက်ဆက် မှတ်၍ မှတ်၍ သိမှုသည် မှန်သည်လည်း ရှိ၏၊ မှားသည်လည်း ရှိတတ်၏၊ ဝိပဿနာ- ဉာဏ်ကဲ့သို့သော ဉာဏ်နှင့် ယှဥ်တွဲ ဖြစ်လေ့ရှိသော သညာမှာ မှန်၍ နိဗ္ဗာန်သို့ရောက်အောင် ပို့ဆောင်ပေးနိုင်သော သဘာဝသတ္တိစွမ်းအင်များ အထိုက်အလျောက် ရှိသဖြင့် ဝိပဿနာသမ္မာဒိဋ္ဌိ စသော အတူယှဥ်ဖက် သမ္ပယုတ် တရားတို့အား သဟဇာတ အညမည စသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေးနိုင်၏။ ဝိပဿနာဉာဏ်က ပရမတ် အစစ် ဓာတ်အနှစ်ဖြစ်သော ရုပ်တရားတို့ကို ထိုးထွင်းသိပါက သညာကလည်း ယင်းရုပ်တရားတို့ကို ရုပ်တရားပဲဟု အမှတ်ပြု၍ သိ၏။ ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်က ပရမတ်အစစ် ဓာတ်အနှစ်ဖြစ်သော နာမ်တရားတို့ကို ထိုးထွင်းသိ ပါက သညာကလည်း ယင်းနာမ်တရားတို့ကို နာမ်တရားပဲဟု အမှတ်ပြု၍ သိ၏။ ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်က အကြောင်းတရား အကျိုးတရားတို့ကို ထိုးထွင်းသိပါက သညာကလည်း အကြောင်းတရား အကျိုးတရားပဲဟု
这样连续不断地标记、识知,有正确的时候,也有错误的时候。与观智等智相应的想是正确的,并在一定程度上具有能导向涅槃的自然力量,所以能以俱生、相互等缘力,资助观正见等俱生相应法。观智洞察作为真实胜义精髓的诸色法时,想也把它们标记并识知为色法;观正见智洞察作为真实胜义精髓的诸名法时,想也把它们标记并识知为名法;观正见智洞察因法与果法时,想也把它们标记并识知为因法与果法;
အမှတ်ပြု၍ သိ၏။ ဝိပဿနာဉာဏ်က သင်္ခါရတရားတို့ကို အနိစ္စဟု ထိုးထွင်းသိပါက သညာကလည်း အနိစ္စဟုပင် အမှတ်ပြု၍ သိ၏။ ဝိပဿနာဉာဏ်က သင်္ခါရတရားတို့ကို ဒုက္ခဟု ထိုးထွင်းသိပါက သညာကလည်း ဒုက္ခဟုပင် အမှတ်ပြု၍ သိ၏။ ဝိပဿနာဉာဏ်က သင်္ခါရတရားတို့ကို အနတ္တဟု ထိုးထွင်းသိပါက သညာကလည်း ယင်းသင်္ခါရ တရားတို့ကို အနတ္တဟုပင် အမှတ်ပြု၍ သိ၏။ သင်္ခါရတရားတို့၏ အနိစ္စအချက်၊ ဒုက္ခအချက်၊ အနတ္တအချက်တို့ကို အချက်ပိုင်ပိုင် ထိုးထိုးထွင်းထွင်း ရှင်းရှင်းလင်းလင်း ထင်းထင်းကြီး သိနေသော ဝိပဿနာဉာဏ်၏ နောက်သို့ သညာသည် အစဥ်လိုက်၍ နေပေ၏။ လွန်စွာ အဖိုးတန်သော သညာဖြစ်၏။ သူများအပြော ဆရာအပြောနှင့် လွမ်း၍ ရုပ်ပဲ နာမ်ပဲ အကြောင်းတရားပဲ အကျိုးတရားပဲ စသည်ဖြင့် မှတ်သိ သိမှု သညာကိုကား မဆိုလိုပါ။
观智洞察诸行为无常时,想也把它们标记并识知为无常;观智洞察诸行为苦时,想也把它们标记并识知为苦;观智洞察诸行为无我时,想也把它们标记并识知为无我。想始终跟随能对诸行的无常、苦、无我之相作出确定、透彻、清楚而显明知见的观智。这是极其珍贵的想。这里并不是说,只依别人或老师的讲述而把色、名、因、果等记作色、名、因、果的想。
တစ်ဖန် ထိုသို့ အဆက်ဆက်မှ မှတ်၍ မှတ်၍ သိမှုကြောင့် အလွဲအမှားကို စွဲစွဲမြဲမြဲ မှတ်သားမိလျှင် သို့မဟုတ် ဖြေရှင်း၍ မရနိုင်လောက်သော သညာဝိပလဒာသ အဆင့်သို့ ရောက်နေလျှင်ကား ဘုရားအဆူဆူ ချွတ်တော်မူသော်လည်း မကျွတ်နိုင်သည့် အဆင့်၌ တည်နေတတ်ပေသည်။ သိန်းလောက်ဘုရား ချွတ်သော် ငြားလည်း အမှားတွေစွပ် ဖြေမလွတ် ရှိတတ်သည်။
反过来说,如果由于这样接连不断的标记与识知,而把错误牢牢地记住,甚至达到难以解开的想颠倒程度,那么即使一尊又一尊佛陀前来度化,也可能处在无法得度的状态。纵有十万佛陀度化,若被重重错误缠住,也仍可能无法解脱。
ဆိုလိုရင်း အချုပ်မှာ ရှေးသိဖြစ်စေ နောက်သိဖြစ်စေ အာရုံကို မှတ်သားမိရုံမျှ သိခြင်းသည် သညာ၏ သဘောသတ္တိပင် ဖြစ်သည်။ ထိုမှတ်သိမှုမှာ မှားသည်လည်း ရှိ၍ မှန်သည်လည်း ရှိလေသည်။
总而言之,无论是先前认知还是后来认知,只凭标记所缘而知,就是想的自然力量;这种识记可能错误,也可能正确。
ပစ္စုပဋ္ဌာန် --- ဤပစ္စုပဋ္ဌာန်အရာ၌ ဟတ္ထိဒဿကအန္ဓာ ဝိယ - ဟု ဆင်စမ်းသည့် သူကာဏ်းဥပမာဖြင့် ပြဆိုထားပေသည်။ သူကာဏ်း (၆)ဦးတို့သည် ဆင်ကို စမ်းသပ်၍ မိမိတို့စိတ်က စွဲယူထားသည့် အမှတ်အသား အတိုင်း ဆင်ဟူသော အာရုံကိုပင် --- နှာမောင်းကို စမ်းမိသူက မြွေနှင့် တူသည်၊ အစွယ်ကို စမ်းမိသူက ကျည်ပွေ့- နှင့် တူသည်၊ နားရွက်ကို စမ်းမိသူက ဖျာသင်ဖြူးနှင့် တူသည်၊ ကိုယ်ကို စမ်းမိသူက အိမ်နံရံနှင့် တူသည်၊ ခြေထောက်ကို စမ်းမိသူက အိမ်တိုင်နှင့် တူသည်၊ အမြီးကို စမ်းမိသူက တံမြက်စည်းနှင့် တူသည်ဟု အသီးအသီး ပြောဆိုကြ၏။ နှလုံးသွင်းကြ၏။ မှတ်သားကြ၏။ ဤသို့လျှင် သညာသည် စိတ်က စွဲယူထားသည့် အမှတ်အသား အတိုင်း မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ အာရုံကို နှလုံးသွင်းတတ် မှတ်သားတတ်သော သဘောတရားဟု ယင်းသညာကို ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝတွင် ရှေးရှူထင်လာပေသည်။
现起——这里用“如摸象的盲人”这一譬喻来说明现起。六位盲人摸象以后,依自己心所执取的标记,对“象”这一所缘各作不同理解:摸到象鼻者说象像蛇;摸到象牙者说像杵;摸到象耳者说像席子;摸到象身者说像墙;摸到象腿者说像屋柱;摸到象尾者说像扫帚。他们各自这样说、这样作意、这样标记。因此,在观照想的瑜伽行者智中,想显现为一个依心所执取的标记,对所缘作意并加以标记的法;这种标记可能错误,也可能正确。
ပဒဋ္ဌာန် --- တောင်ယာခင်း၏ အနီး၌ရှိသော တောအုပ်ဝယ် ကျက်စားနေသော တောသားသမင်သည် မြက်ဖြင့်ပြုလုပ်ထားအပ်သော တောင်ယာစောင့် ယောကျာ်းရုပ်ကို မြင်ရာ စိတ်၌ ယောကျာ်းသဏ္ဌာန် ထင်လာသည့် အတိုင်း တကယ့် တောစောင့်ယောကျာ်းဟု နှလုံးသွင်းမှား အမှတ်မှားသကဲ့သို့ သညာသည် ဆိုင်ရာဒွါရ၌ ထင်လာ
近因——在山田附近树林中吃草的野鹿,看见用草制成、形似守田人的人像时,会依心中显现的人形,把它错当成真正的守田人。同样,想对于在相应根门显现的所缘,
原书第 226 页
မြင်လာသော အာရုံကို အထူးမစဥ်းစားတော့ဘဲ စိတ်က စွဲယူလိုက်သည့်အတိုင်း နှလုံးသွင်းတတ် မှတ်သားတတ် လေရကား ထင်လာတိုင်းသော အာရုံသည်ပင် သညာဖြစ်ဖို့ရာ အနီးစပ်ဆုံး အကြောင်းတရား ဖြစ်ရလေသည်။
不作特别思考,只依心所执取的方式对它作意、加以标记。因此,如其显现的所缘,就是想得以生起最邻近的因。
သညာသည် ထင်လာတိုင်းသော အာရုံကို ထူးထူးထွေထွေ ကြံစည်စဥ်းစား ဝေဖန်မှုသဘော မရှိသော- ကြောင့် ထင်လာတိုင်းသော အာရုံသည်ပင် သညာ၏ ပဒဋ္ဌာန် ဖြစ်ရလေသည်။ ဉာဏသမ္ပယုတ်သညာသည် ဉာဏ်၏နောက်သို့သာ အစဥ်လိုက်၍ ဖြစ်၏။ ဉာဏ်ဟူသည် သမ္မာဒိဋ္ဌိပင် ဖြစ်ရကား သမ္မာဒိဋ္ဌိတို့၏ သဘော သည်လည်း ကမ္မဿကတာသမ္မာဒိဋ္ဌိ၊ စျာနသမ္မာဒိဋ္ဌိ၊ ဝိပဿနာသမ္မာဒိဋ္ဌိ၊ မဂ္ဂသမ္မာဒိဋ္ဌိ၊ ဖလသမ္မာဒိဋ္ဌိ၊ တစ်နည်း ဆိုသော် စတုသစ္စသမ္မာဒိဋ္ဌိ စသည်ဖြင့် အမှားမရှိ အမှန်ကိုချည်းသာ ကမ်းကုန်အောင် လမ်းဆုံးအောင် ထိုးထိုး ထွင်းထွင်း ရှင်းရှင်းလင်းလင်း ထင်းထင်းကြီး သိမြင်တတ်သော သဘောသာရှိရကား ထိုသမ္မာဒိဋ္ဌိဉာဏ်သို့ ကောက်- ကောက်ပါအောင် အစဥ်လိုက်ပါနေသော သညာသည်လည်း အမှားမရှိ အမှန်ကိုချည်း မှတ်သိ သိနေသဖြင့် အာရုံကို မှားမှားယွင်းယွင်း နှလုံးသွင်းခြင်း မိစ္ဆာဘိနိဝေသကိုလည်း မပြု၊ ဖောက်ဖောက်ပြန်ပြန် စွဲယူမှတ်သားခြင်း
想对如其显现的所缘,不具有特别构想、思考与分析的性质,所以如其显现的所缘就是想的近因。与智相应的想只随智而行;而智就是正见。业自属正见、禅那正见、观正见、道正见、果正见——换一种说法,也就是四谛正见——都只具有无误地见到真实、彻底洞穿、清楚显明地了知的性质。因此,紧随这些正见智而行的想,也只会无误地标记并识知真实,不会错误地投入所缘而形成邪执入,也不会颠倒地执取、标记所缘;
ဝိပရီတဂ္ဂါဟလည်း မဖြစ်တော့ပေ။ အကယ်၍ ဥပစာရသမာဓိ အပ္ပနာသမာဓိ ဉာဏဝိပ္ပယုတ် ဝိပဿနာသမာဓိ စသော ထိုထို သမာဓိတို့နှင့် ယှဥ်တွဲလျက် ဖြစ်ပေါ်နေသော သမာဓိသမ္ပယုတ္တသညာမျိုး ဖြစ်ခဲ့လျှင် ထိုသမာဓိ၏ နောက်သို့ပင် ယင်းသညာသည် အစဥ်လိုက်၍ ဖြစ်ရပေသည်။ ထိုကြောင့် သမာဓိသမ္ပယုတ္တသညာသည် အာနာ- ပါနပဋိဘာဂနိမိတ် စသော သမာဓိဖြစ်ရာ အာရုံ၌ ကြာမြင့်စွာ မတည်မှုလည်း မဖြစ်တော့ပေ၊ သမာဓိ ကြာမြင့်စွာ တည်သလောက် သညာသည်လည်း ကြာမြင့်စွာ တည်လေသည်။ အကယ်၍ ရာဂ ဒိဋ္ဌိ မာန စသည်တို့နှင့် ယှဥ်တွဲလျက်ရှိသော အကုသလသညာဖြစ်မူ ထို ရာဂ ဒိဋ္ဌိ မာန စသည်တို့၏ နောက်သို့သာ အစဥ်လိုက်၍ ဖြစ်ခြင်းသဘော ရှိသည်ဟု မှတ်ပါ။ (မဟာဋီ-၂-၁၃၉။) သညာက္ခန္ဓကထာ အခန်း ပြီး၏။
它不再成为颠倒执取。如果想与近行定、安止定、与智不相应的观定等各种定相应而生,这种与定相应的想便只随该定而行。因此,与定相应的想不会不能久住于入出息似相等定的所缘;定安住多久,想也安住多久。如果是不善想,与贪、见、慢等相应,它就只具有随贪、见、慢等而行的性质,应当如此理解。(《大复注》2-139。)想蕴论章结束

本页是帕奥禅师缅文「五大册」第四册(趣向涅槃之道·第四册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。卷前、正文与原书索引均与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。