行蕴论章(之三)

《趣向涅槃之道》中文全译本 · 非缩略版

特相等四法篇 · 原书第 279–306 页 · 225 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 279 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း သည်လည်း ယင်းစိတ်ထားများ၌ ကိန်းဝပ်လျက်ပင် ရှိကြ၏။
——也同样潜伏在这些心态之中。
တစ်ဖန် ယင်းကဲ့သို့သော စိတ်ဓာတ် ခက်ထန် တင်းမာမှု မာန်မာနတရားများ ခြံရံလျက် ကောင်းမှုကုသိုလ်ကံ တစ်ခုကို ပြုစုပျိုးထောင်ခဲ့သော် ယင်းကုသိုလ်ကံသည် ကြီးကျယ်ဖွံ့ဖြိုး များမြတ်သောအကျိုး မရှိနို်င်၊ အမျိုးမြင့် မြတ်သည့် ပဋိသန္ဓေကို ဖြစ်စေခြင်းငှာ မစွမ်းနို်င်၊ ဤသို့လျှင် စိတ်ဓာတ် ခက်ထန် တင်းမာသူ မာန်မာနကြီးသူသည် ယုတ်နိမ့်သော အမျိုး၌ ဖြစ်ရ၏။ ယင်းကဲ့သို့သော မာန်မာနတရားများ ခြံရံထားသော ကုသိုလ်ကံက ပဋိသန္ဓေကို ပင်လျှင် သတ်မှတ်ချက်ပေး၍ အမျိုးယုတ်သူ ဖြစ်အောင် တည်ထောင် ဖန်ဆင်းပေး၏။ ယင်းကံက ယုတ်ညံ့သော အမျိုး၌ ပဋိသန္ဓေ တည်နေစေဟု အမိန့်ချမှတ်ပေးလိုက်၏။ တစ်နည်းဆိုရသော် စိတ်ဓာတ် ခက်ထန် တင်းမာမှု မာန်မာန ပြဓာန်းသည့် အကုသိုလ်ဇောတို့တွင် သန္နိဋ္ဌာနစေတနာကြောင့် သုပ္ပဗုဒ္ဓတို့ကဲ့သို့ ငရဲ၌ ဖြစ်ရ၏၊ ပုဗ္ဗ စေတနာ အပရစေတနာတို့ကြောင့် ယုတ်နိမ့်သော အမျိုးအနွယ်၌ လူဖြစ်လာရ၏။
此外,若在这种刚硬僵化与傲慢围绕之下培育一项善业,该善业不能具有广大、增长、殊胜之果,也无力产生高贵家族的结生。因此,心地刚硬僵化、傲慢深重者,会投生低微家族。受到这些傲慢法围绕的善业甚至会决定结生,造作、成就一个出身低微的人,命令他在低微家族中结生。换言之,在刚硬、僵化与傲慢主导的不善速行中,由决定思而像苏巴菩陀等人一样投生地狱;由前思与后思,则投生人界的低微家族。
သို့သော် ဤ်မာန ပြဓာန်းသည့် အမျိုးယုတ်ညံ့စေသော အကုသိုလ်ကံ၌ ဥပပီဠကကံ ဥပတ္ထမ္ဘကကံ သဘော မရှိပေ။ ယင်းကံသည် ပဝတ္တိအခါသို့ ရောက်မှ သတ္တဝါတစ်ဦးကို အမျိုးယုတ်ညံ့အောင် မပြုလုပ်နိုင်။ အလားတူပင် အောက်တွင် တင်ပြမည့် အမျိုးမြင့်မြတ်စေတတ်သော ကံ၌လည်း ဥပပီဠကကံ ဥပတ္ထမ္ဘကကံ သဘော မရှိပေ။
但是,这种由傲慢主导、导致出身低微的不善业,不具有阻碍业或支持业的性质。它不能到了转起期以后,才使一位有情变成出身低微的人。同样,下文所说导致出身高贵的业,也不具有阻碍业或支持业的性质——
ယင်းကံသည်လည်း ပဝတ္တိအခါသို့ ရောက်မှ သတ္တဝါတစ်ဦးကို အမျိုးမြင့်မြတ်အောင် မပြုလုပ်နိုင်။ ပဋိသန္ဓေကို ပင်လျှင် သတ်မှတ်ချက်ပေး၍ အမျိုးယုတ်ညံ့စေသော ကံက ယုတ်နိမ့်သော အမျိုးအနွယ်၌ ဖြစ်စေ၏။ အမျိုး မြင့်မြတ်စေသော ကံက မြင့်မြတ်သော အမျိုးအနွယ်၌ ဖြစ်စေ၏။ ပဝတ္တိအခါ၌ အမျိုးယုတ်ညံ့သူ ဖြစ်နေရခြင်း၊ အမျိုးမြင့်မြတ်သူ ဖြစ်နေရခြင်းတို့မှာ ယုတ်နိမ့်သော အမျိုးအနွယ်၌ မြင့်မြတ်သော အမျိုးအနွယ်၌ ပဋိသန္ဓေကို တည်စေတတ်သော ကံ၏ အရာသာလျှင် ဖြစ်ပေသည်။ (ဇနကကံ၏ အရာသာ ဖြစ်၏၊ ဥပပီဠကကံ ဥပတ္ထမ္ဘကကံ တို့၏ အရာ မဟုတ်ဟု ဆိုလိုသည်။) (မ-ဋ္ဌ-၄-၁၈ဝ။ မ-ဋီ-၃-၃၇၆။) သုပ္ပဗုဒ္ဓကုဋ္ဌီဟု အမည်တွင်သော အနူသည်ကြီးကား ဘဝတစ်ခုဝယ် ရာဇဂြိုဟ်မြို့၌ပင် သူဌေးသားဖြစ်စဥ် ဥယျာဥ်ကစားရန် အသွား လမ်းခုလတ် တစ်နေရာ၌ တဂရသိခိ အမည်ရှိတော်မူသော အရှင်ပစ္စေကဗုဒ္ဓါ တစ်ဆူကို မြို့တွင်းသို့ ဆွမ်းခံဝင်လာသည်ကို မြင်၍ --- ''ကွာယံ ကုဋ္ဌီ၊ ကုဋ္ဌိစီဝရေန ဝိစရတိ = ဤအနူကြီးသည် အဘယ်-
——;它也不能到了转起期以后,才使一位有情变成出身高贵的人。导致出身低微的业直接决定结生,使人投生低微家族;导致出身高贵的业则使人投生高贵家族。转起期中呈现出身低微或出身高贵,只是令结生安立于低微家族或高贵家族的业之作用。〔也就是说,这只是令生业的作用,不是阻碍业或支持业的作用。〕(《中部义注》4-180;《中部复注》3-376。)名为麻风病人苏巴菩陀(Suppabuddhakuṭṭhī)的人,过去某一生曾是王舍城的富商之子。一次前往园林游玩途中,他看见多伽罗尸弃(Tagarasikhi)独觉佛入城托钵,便说:‘Ko ayaṃ kuṭṭhī, kuṭṭhicīvarena vicarati?——这个麻风病人是谁?竟披着麻风病人的衣服四处游行——’
သူနည်း၊ အနူဝတ်ရုံသည့် အဝတ်မျိုးကို ဝတ်ရုံလျက် လှည့်လည်နေ၏''ဟု ပြောဆိုလျက် တံထွေးထွေးကာ မရိုမသေ ပြု၍ ထွက်ခွာသွား၏။ သူဌေးသား ဖြစ်သဖြင့် မိမိကိုယ်ကို မိမိ အထင်ကြီးနေ၏၊ အရှင်ပစ္စေကဗုဒ္ဓါ ဖြစ်တော်မူသည့် သူတော်ကောင်း တစ်ဦးကို အထင်သေးနေ၏။ ရိုသေသင့် ရိုသေထိုက်သူကို မရိုမသေ ပြုမူ ဆက်ဆံခဲ့၏။ ထို အကုသိုလ်ကံကြောင့် ငရဲသို့ ရောက်ခဲ့ရ၏။ ငရဲမှ လွတ်လာသောအခါ ရာဇဂြိုဟ်ဝယ် အယုတ်ညံ့ဆုံးသော အမျိုးအနွယ်၌ လူလာဖြစ်ရ၏။ အထီးကျန် သူတောင်းစားဘဝ အနူဘဝသို့ ရောက်အောင် ထိုကံက တည်ထောင် ဖန်ဆင်းပေးလိုက်၏။ (ဥဒါန်းပါဠိတော်-၁၃၆။)
——说完便吐唾沫,以不敬态度离去。他因自己是富商之子而自高,轻视身为独觉佛的善士,对本应恭敬者作了不敬之行。由于该不善业,他投生地狱;脱离地狱后,又在王舍城最低微的家族中投生为人。该业为他造作出孤苦乞丐、身患麻风病的生命。(《自说经》巴利本,136。)
အမှတ် (၁၂) အဖြေ - အမျိုးမြတ်ခြင်း
第十二答:出身高贵
သုဘလုလင် …ဤလောက၌ မိန်းမဖြစ်စေ ယောကျာ်းဖြစ်စေ အချို့သောသူသည် စိတ်ဓာတ် ခက်ထန် တင်းမာမှု မရှိ၊ အလွန် မာနမကြီး = ထောင်လွှားမှု မာန်မာန မရှိ၊ ရှိခိုးထိုက်သူကို ရှိခိုး၏၊ ခရီးဦး ကြိုဆိုထိုက်သူကို ခရီးဦး ကြိုဆို၏၊ နေရာ ပေးထိုက်သူကို နေရာ ပေး၏၊ လမ်းခရီး ပေးထိုက်သူကို လမ်းခရီး ပေး၏၊ အရိုအသေ ပြုထိုက်သူကို အရိုအသေ ပြု၏၊ အလေးပြုထိုက်သူကို အလေးပြု၏၊ မြတ်နိုးထိုက်သူကို မြတ်နိုး၏၊ ပူဇော်ထိုက် သူကို ပူဇော်၏။ ထိုသူသည် ဤသို့ ပြည့်ပြည့်စုံစုံ ပြုကျင့်ထားအပ်သော ဤသို့ ကောင်းစွာ ဆောက်တည်ထားအပ် သော ထိုကံကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ကောင်းမှုပြုသူတို့၏ လားရောက်ရာ
苏婆青年,在此世间,有些女人或男人心地并不刚硬、僵化,也不极其傲慢,即没有骄矜与贡高;他们礼拜应受礼拜者,迎接应受迎接者,让座给应受让座者,让路给应受让路者,恭敬应受恭敬者,尊重应受尊重者,敬重应受敬重者,也供养应受供养者。这个人以如此反复实行、如此善加受持的业,身坏命终后投生善行者所趣向的——
原书第 280 页
ဖြစ်သော နတ်ပြည်လောကသို့ ကပ်ရောက်ရ၏။ ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ကောင်း မှု ပြုသူတို့၏ လားရောက်ရာ နတ်ပြည်လောကသို့ အကယ်၍ မကပ်ရောက်ရဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထို ဖြစ်လေရာရာ အမျိုး၌ အမျိုးမြတ်၏။ သုဘလုလင် …ထို စိတ်ဓာတ် ခက်ထန် တင်းမာမှု မရှိခြင်း အလွန် မာန်မာနမကြီးခြင်း = ထောင်လွှားမှု မာန်မာန မရှိခြင်း = မတက်ကြွခြင်း ရှိခိုးထိုက်သူကို ရှိခိုးခြင်း ခရီး- ဦး ကြိုဆိုထိုက်သူကို ခရီးဦး ကြိုဆိုခြင်း နေရာ ပေးထိုက်သူကို နေရာ ပေးခြင်း လမ်းခရီး ပေးထိုက်သူကို လမ်း ခရီး ပေးခြင်း အရိုအသေ ပြုထိုက်သူကို အရိုအသေ ပြုခြင်း အလေးပြုထိုက်သူကို အလေးပြုခြင်း မြတ်နိုးထိုက်သူကို မြတ်နိုးခြင်း ပူဇော်ထိုက် သူကို ပူဇော်ခြင်းသည် မြင့်မြတ်သော အမျိုးအနွယ်၌ ဖြစ်စေတတ်သော အကျင့်တည်း။
——天界。若身坏命终后没有投生善行者所趣向的天界,而来至人间,那么无论出生于哪一种家族中,都会出身高贵。苏婆青年,心地不刚硬僵化,不极其傲慢,即没有骄矜与贡高,谦逊地礼拜应受礼拜者、迎接应受迎接者、让座给应受让座者、让路给应受让路者、恭敬应受恭敬者、尊重应受尊重者、敬重应受敬重者、供养应受供养者,就是导致投生高贵家族的行道。
(မ-၃-၂၄၇-၂၄၈။)
(《中部》3-247—248。)
ဤကျင့်ဝတ် ပဋိပတ်တို့ကား ပိုက်ဆံ တစ်ပြားမျှ မကုန်ကျရဘဲ အသင်သူတော်ကောင်း၏ ဘဝကို အလွန် အဆင့် မြင့်မားအောင် မြှင့်တင်ပေးနေသော အလွန် ထက်မြက် စူးရှနေသော စွမ်းအင်ကြီးများ ဖြစ်ကြ၏။ ဤ ကျင့်ဝတ် ပဋိပတ်တို့ကို ရိုသေ ကျိုးနွံစွာ ဖြည့်ကျင့်နေသော ကုသိုလ်စိတ်အစဥ်၌ ထိုဖြည့်ကျင့်နေသော သတ္တဝါဟု ခေါ်ဆိုအပ်သော ရုပ်နာမ်သန္တာန်အစဥ်ကို နတ်ပြည်လောက၌ ဖြစ်အောင် မြင့်မြတ်သော အမျိုးအနွယ်၌ ဖြစ် အောင် တည်ထောင် ဖန်ဆင်းပေးနို်င်သော စွမ်းအင်သတ္တိထူးများ ကိန်းဝပ် တည်နေကြ၏။ ယင်းကျင့်ဝတ်တို့ကို ဖြည့်ကျင့်စဥ်ဝယ် ဖြည့်ကျင့်သူ၏ သန္တာန်၌ အသက် ဂုဏ်သိက္ခာအားဖြင့် ကြီးမြတ်တော်မူသော ပုဂ္ဂိုလ်တို့ကို အမြင့်၌ ထား၍ မိမိကိုယ်ကို အနိမ့်၌ ထားကာ နှိမ်ချသော စိတ်ဓာတ်များ ကိန်းဝပ်လျက် ရှိကြ၏။ ယင်းကဲ့သို့ သော စိတ်ထားများက မြင့်မြတ်သော ဘဝတစ်ခုကို ရရှိအောင် တည်ထောင် ဖန်ဆင်းပေးလိုက်ကြ၏။ ယင်း
这些行持无须花费分文,却是把善士的生命提升至很高层次的锐利强大力量。在恭敬、谦逊地履行这些行持的善心相续中,安住着特殊力量,能够把称为‘行持者’的色名相续建立、造成于天界或高贵家族中。履行这些行持时,行持者的相续中安住着谦下的心态:把在年龄、德行与学处方面尊长的人置于高处,把自己置于低处。这些心态能建立、造成一个高贵的生命。这些——
ကျင့်ဝတ် ပဋိပတ်တို့ကို ဖြည့်ကျင့်နေသော သူတော်ကောင်းတစ်ဦး၏ ပြုစုပျိုးထောင်လိုက်သော အခြားအခြား သော ကောင်းမှုကုသိုလ်သည်လည်း ကြီးကျယ်ဖွံ့ဖြိုး များမြတ်သောအကျိုးကို ဖြစ်စေနိုင်၏။ အမျိုးမြင့်မြတ် သည့် ပဋိသန္ဓေကို ဖြစ်စေနိုင်၏။ ဤသို့လည်း အမျိုးမြင့်မြတ်သူ တစ်ဦး ဖြစ်လာရ၏။ တစ်နည်း --- ထိုကံက ပဋိသန္ဓေကို အမျိုး မြင့်မြတ်သူတစ်ဦး ဖြစ်အောင် သတ်မှတ်ချက်ပေး၍ မြင့်မြတ်သော အမျိုးအနွယ်၌ လူဖြစ် အောင် ပြုလုပ်ပေး၏။ တစ်နည်း --- အမျိုးမြင့်မြတ်ကြောင်း ကျင့်ဝတ် ပဋိပတ်တို့ကို ဖြည့်ကျင့်ရာဝယ် သန္နိဋ္ဌာန စေတနာကြောင့် နတ်ပြည်နတ်လောက၌ ဖြစ်ရ၏၊ ပုဗ္ဗစေတနာ အပရစေတနာတို့ကြောင့် လူ့ပြည်လူ့လောက ဝယ် အမျိုးမြင့်မြတ်သူ ဖြစ်လာရ၏။
——履行善行之人所培育的其他善业,也能产生广大、增长、丰厚的果报,能产生高贵家族的结生;人由此成为出身高贵者。换言之,该业给结生作出成为高贵者的决定,使人在高贵家族中出生。又一方面,履行导致出身高贵的善行时,由决定思而投生天界;由前思与后思而在人界成为出身高贵者。
ဤကျင့်ဝတ်တို့ကား ဗုဒ္ဓယဥ်ကျေးမှုဆိုင်ရာ အခြေခံ ကျင့်ဝတ် ပဋိပတ်တို့ပင် ဖြစ်ကြ၏။ ယင်း အခြေခံ ယဥ်ကျေးမှု ကျင့်ဝတ်ပဋိပတ်တို့ကို ဖြည့်ကျင့်သူသည် လူ့လောကဝယ် အဆင့်အနိမ့်ဆုံး၌ တည်ရှိသော ဒွန်းစဏ္ဍား တစ်ဦးပင် ဖြစ်ချင် ဖြစ်ပါစေ။ ယင်းသို့ ဖြည့်ကျင့်နေသော ကုသိုလ် စေတနာတို့က ယင်းဒွန်းစဏ္ဍား တစ်ဦးကို အလွန် အဆင့်အတန်း မြင့်သော နတ်ပြည်နတ်လောကသို့ ရောက်အောင် ပို့ဆောင်ပေးနိုင်သော အလွန် ကြီးမား သော စွမ်းအားများ ရှိကြ၏။ ဝိမာနဝတ္ထုပါဠိတော်ကြီး၌ စဏ္ဍာလီအမည်ရသော ဒွန်းစဏ္ဍားအမယ်အို တစ်ယောက် အကြောင်း လာရှိ၏။ ရာဇဂြိုဟ်မြို့တွင်းသို့ ရဟန်းသံဃာတော်များ ခြံရံလျက် ဆွမ်းခံ ကြွဝင်လာတော်မူသော ဘုရားရှင်အား ရိုသေစွာ ရှိခိုးဦးခိုက် ပူဇော်လိုက်ရသည့် ကုသိုလ်ကောင်းမှုကြောင့် ကွယ်လွန်သွားသောအခါ ကြီးကျယ်ခန်းနားသော ဘုံဗိမာန်ပိုင်ရှင် စဏ္ဍာလီ အမည်ရှိသော နတ်သမီးတစ်ဦး ဖြစ်သွားကြောင်း လာရှိ၏။
这些正是佛教文化的基本行持。履行这些基本文化行持的人,即使是处于人间最低阶层的一名旃陀罗(caṇḍāla),其履行时的诸善思也具有极强大的力量,能把这名旃陀罗送往层次极高的天界。《天宫事》巴利本记载了一位名叫旃陀利(Caṇḍālī)的旃陀罗老妇:佛陀在比丘僧团围绕下进入王舍城托钵时,她恭敬地礼拜、顶礼并供养佛陀;由于这一善业,她命终后成为名叫旃陀利、拥有宏伟华丽天宫的天女。
ရှိခိုးသင့် ရှိခိုးထိုက်သည့် သူတော်ကောင်းတို့အား ရိုသေလေးမြတ်စွာ ကြည်နူးဝမ်းမြောက်စွာ ရှိခိုးလိုက်သည့် ကုသိုလ်၊ လက်အုပ်ချီမိုးလို်က်သည့် ကုသိုလ်ကံတို့က ထုတ်ဆောင်ကယ်တင် သွားခြင်း ဖြစ်၏။ (ဝိမာနဝတ္ထု- ၂၅။) ယင်းကဲ့သို့သော ကုသိုလ်ကံတို့ကား သုနိတကဲ့သို့သော မစင်ဘင်ကျုံးသမား တစ်ဦးကိုပင် အရဟတ္တဖိုလ်၌ တည်သည်တိုင်အောင် အားပေးထောက်ပံ့နိုင်၏။ စိတ်ဓာတ်ကို ပြုပြင်ပြောင်းလဲနိုင်ခြင်းကြောင့် ရရှိလာသော အကျိုးတရားပင် ဖြစ်၏။
她以恭敬、尊重和欢喜心礼拜应受礼拜的善士,合掌举敬;正是这些善业把她救拔、提升。(《天宫事》25。)这种善业甚至能够支持像苏尼达(Sunīta)那样的粪秽清扫者,直至证得阿罗汉果。这正是改变心态所获得的果报。
原书第 281 页
အမှတ် (၁၃) အဖြေ - ပညာမဲ့ခြင်း
第十三答:无慧
သုဘလုလင် …ဤလောက၌ မိန်းမဖြစ်စေ ယောကျာ်းဖြစ်စေ အချို့သောသူသည် သမဏကိုလည်း ကောင်း၊ ဗြာဟ္မဏကိုလည်းကောင်း ချဥ်းကပ်ပြီးလျှင် အရှင်ဘုရား … ၁။ အဘယ်တရားသည် ကုသိုလ်တရားပါနည်း၊ ၂။ အဘယ်တရားသည် အကုသိုလ်တရားပါနည်း၊ ၃။ အဘယ်တရားသည် အပြစ်ရှိသော တရားပါနည်း၊ ၄။ အဘယ်တရားသည် အပြစ်ကင်းသော တရားပါနည်း၊ ၅။ အဘယ်တရားသည် မှီဝဲထိုက်သော တရားပါနည်း၊ ၆။ အဘယ်တရားသည် မမှီဝဲထိုက်သော တရားပါနည်း၊ ၇။ အဘယ်တရားကို ပြုကျင့်ခဲ့သော် တပည့်တော်၏ သန္တာန်၌ နေ့ညဥ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါ ကာလပတ်လုံး အကျိုးစီးပွားမဲ့ခြင်းငှာ ဆင်းရဲခြင်းငှာ ဖြစ်ပါသနည်း။
苏婆青年,在此世间,有些女人或男人不去亲近沙门或婆罗门,不请问:‘尊者,一、什么是善法?二、什么是不善法?三、什么是有过失之法?四、什么是无过失之法?五、什么是应亲近之法?六、什么是不应亲近之法?七、修行什么法,会在弟子的相续中,于日夜相续、漫长轮回的时日里带来无利益与痛苦?——
၈။ အဘယ်တရားကို ပြုကျင့်ခဲ့သော် တပည့်တော်၏ သန္တာန်၌ နေ့ညဥ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါ ကာလပတ်လုံး အကျိုးစီးပွား ရှိခြင်းငှာ ချမ်းသာခြင်းငှာ ဖြစ်ပါသနည်း --- ဤသို့ အဖန်ဖန် မေးမြန်းခြင်းကို မပြု၊ ထိုသူသည် ဤသို့ ပြည့်ပြည့်စုံစုံ ပြုကျင့်ထားအပ်သော ဤသို့ မှားမှားယွင်းယွင်း ဆောက်တည်ထားအပ်သော ထို်ကံကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ချမ်းသာကင်းရာ၊ မကောင်းမှုပြုသူတို့၏ လားရောက်ရာ၊ အလိုအာသာဆန္ဒကင်းလျက် ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ငရဲသို့ ကပ်ရောက်ရ၏။ ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ချမ်းသာကင်းရာ၊ မကောင်းမှုပြုသူတို့၏ လားရောက်ရာ၊ အလိုအာသာဆန္ဒကင်းလျက် ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ငရဲသို့ အကယ်၍ မကပ်ရောက်ရဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထို ဖြစ်လေရာရာ အမျိုး၌ ပညာမဲ့၏။
——八、修行什么法,会在弟子的相续中,于日夜相续、漫长轮回的时日里带来利益与安乐?’他不这样反复请问。这个人以如此反复实行、如此错误受持的业,身坏命终后投生无乐之处、恶行者所往、离可欲而崩散堕落的地狱。若身坏命终后没有投生无乐之处、恶行者所往、离可欲而崩散堕落的地狱,而来至人间,那么无论出生于哪一种家族中,都会没有智慧。
သုဘလုလင် …သမဏကိုလည်းကောင်း၊ ဗြာဟ္မဏကိုလည်းကောင်း ချဥ်းကပ်ပြီးလျှင် --- ''အရှင်ဘုရား … အဘယ်တရားသည် ကုသိုလ်တရားပါနည်း၊ အဘယ်တရားသည် အကုသိုလ်တရားပါနည်း၊ အဘယ်တရားသည် အပြစ်ရှိသော တရားပါနည်း၊ အဘယ်တရားသည် အပြစ်ကင်းသော တရားပါနည်း၊ အဘယ်တရားသည် မှီဝဲထိုက် သော တရားပါနည်း၊ အဘယ်တရားသည် မမှီဝဲထိုက်သော တရားပါနည်း၊ အဘယ်တရားကို ပြုကျင့်ခဲ့သော် တပည့်တော်၏ သန္တာန်၌ နေ့ညဥ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါ ကာလပတ်လုံး အကျိုးစီးပွားမဲ့ခြင်းငှာ ဆင်းရဲခြင်းငှာ ဖြစ်ပါသနည်း၊ အဘယ်တရားကို ပြုကျင့်ခဲ့သော် တပည့်တော်၏ သန္တာန်၌ နေ့ညဥ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါ ကာလပတ်လုံး အကျိုးစီးပွားရှိခြင်းငှာ ချမ်းသာခြင်းငှာ ဖြစ်ပါသနည်း''၊ ဤသို့ အဖန်ဖန် မေးမြန်းခြင်းကို မပြုခြင်းသည် ပညာမဲ့ခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (မ-၃-၂၄၈။) န ပရိပုစ္ဆိတာ ဟောတီတိ ဧတ္ထ ပန အပရိပုစ္ဆနေန နိရယေ န နိဗ္ဗတ္တတိ။ အပရိပုစ္ဆကော ပန ''ဣဒံ
苏婆青年,不去亲近沙门或婆罗门,不向他们请问:‘尊者,什么是善法?什么是不善法?什么是有过失之法?什么是无过失之法?什么是应亲近之法?什么是不应亲近之法?修行什么法,会在弟子的相续中,于日夜相续、漫长轮回的时日里带来无利益与痛苦?修行什么法,会在弟子的相续中,于日夜相续、漫长轮回的时日里带来利益与安乐?’如此不反复请问,就是导致无慧的行道。(《中部》3-248。)巴利《中部义注》说:‘这里所谓“不曾请问”,并不是仅因不请问便投生地狱;然而,不请问的人不知道:“此事——
ကာတဗ္ဗံ ဣဒံ န ကာတဗ္ဗ''န္တိ န ဇာနာတိ၊ အဇာနန္တော ကာတဗ္ဗံ န ကရောတိ၊ အကာတဗ္ဗံ ကရောတိ။ တေန နိရယေ နိဗ္ဗတ္တတိ၊ ဣတရော သဂ္ဂေ။ (မ-ဋ္ဌ-၄-၁၈ဝ။) ဤအရာ၌ အထက်ပါ သိသင့် သိထိုက်သော မေးခွန်း အရပ်ရပ်တို့ကို မမေးရုံသက်သက်မျှဖြင့် ငရဲ၌ ဖြစ်ရသည်ကား မဟုတ်၊ စင်စစ်မှာမူ ထိုသို့ ပညာရှိသူတော်ကောင်းတို့ကို ချဥ်းကပ်၍ မေးလေ့မရှိသော ပုဂ္ဂိုလ်သည်
——应当做,此事不应当做。”由于不知道,他不做应做之事,反而做不应做之事;因此投生地狱,另一种人则投生天界。’(《中部义注》4-180。)这里,并不是说只因没有请问上述各种应知、应问的问题,就会投生地狱。实际情形是:不习惯亲近并请问有智慧的善士之人——
原书第 282 页
''ဤအမှုကား ပြုသင့် ပြုထိုက်၏၊ ဤအမှုကား မပြုသင့် မပြုထိုက်''ဟု မသိပေ။ မသိခဲ့သော် ပြုသင့် ပြုထိုက် သည်ကို မပြု၊ မပြုသင့် မပြုထိုက်သည်ကို ပြုတတ်၏။ ထိုသို့ ပြုသင့် ပြုထိုက် သည်ကို မပြုဘဲ မပြုသင့် မပြု ထိုက်သည်ကို ပြုခြင်းကြောင့် ငရဲ၌ ဖြစ်ရ၏။ (မ-ဋ္ဌ-၄-၁၈ဝ။)
——不知道:‘此事应当做,此事不应当做。’由于不知道,他不做应做之事,反而做不应做之事;正因为不做应做之事、却做不应做之事,才投生地狱。(《中部义注》4-180。)
အမှတ် (၁၄) အဖြေ - ပညာဉာဏ် ကြီးမားခြင်း
第十四答:智慧广大
သုဘလုလင် …ဤလောက၌ မိန်းမဖြစ်စေ ယောကျာ်းဖြစ်စေ အချို့သောသူသည် သမဏကိုလည်း ကောင်း၊ ဗြာဟ္မဏကိုလည်းကောင်း ချဥ်းကပ်ပြီးလျှင် အရှင်ဘုရား … ၁။ အဘယ်တရားသည် ကုသိုလ်တရားပါနည်း၊ ၂။ အဘယ်တရားသည် အကုသိုလ်တရားပါနည်း၊ ၃။ အဘယ်တရားသည် အပြစ်ရှိသော တရားပါနည်း၊ ၄။ အဘယ်တရားသည် အပြစ်ကင်းသော တရားပါနည်း၊ ၅။ အဘယ်တရားသည် မှီဝဲထိုက်သော တရားပါနည်း၊ ၆။ အဘယ်တရားသည် မမှီဝဲထိုက်သော တရားပါနည်း၊ ၇။ အဘယ်တရားကို ပြုကျင့်ခဲ့သော် တပည့်တော်၏ သန္တာန်၌ နေ့ညဥ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါ ကာလပတ်လုံး အကျိုးစီးပွားမဲ့ခြင်းငှာ ဆင်းရဲခြင်းငှာ ဖြစ်ပါသနည်း။
苏婆青年,在此世间,有些女人或男人去亲近沙门或婆罗门,请问:‘尊者,一、什么是善法?二、什么是不善法?三、什么是有过失之法?四、什么是无过失之法?五、什么是应亲近之法?六、什么是不应亲近之法?七、修行什么法,会在弟子的相续中,于日夜相续、漫长轮回的时日里带来无利益与痛苦?——
၈။ အဘယ်တရားကို လိုက်နာပြုကျင့်ခဲ့သော် တပည့်တော်၏ သန္တာန်၌ နေ့ညဥ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါ ကာလပတ်လုံး အကျိုးစီးပွား ရှိခြင်းငှာ ချမ်းသာခြင်းငှာ ဖြစ်ပါသနည်း။
——八、修行什么法,会在弟子的相续中,于日夜相续、漫长轮回的时日里带来利益与安乐?’
ဤသို့ အဖန်ဖန် မေးမြန်းခြင်းကို ပြု၏၊ ထိုသူသည် ဤသို့ ပြည့်ပြည့်စုံစုံ လိုက်နာ ပြုကျင့်ထားအပ်သော ဤသို့ ကောင်းစွာ ဆောက်တည်ထားအပ်သော ထိုကံကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ကောင်းမှုပြုသူတို့၏ လားရောက်ရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏။ ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ကောင်းမှုပြုသူတို့၏ လားရောက်ရာ နတ်ပြည်လောကသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထို ဖြစ်လေရာရာ အမျိုး၌ ပညာဉာဏ် ကြီးမား၏။ သုဘလုလင် …သမဏကိုလည်းကောင်း၊ ဗြာဟ္မဏကိုလည်းကောင်း ချဥ်းကပ်ပြီးလျှင် အရှင်ဘုရား … ၁။ အဘယ်တရားသည် ကုသိုလ်တရားပါနည်း၊ ၂။ အဘယ်တရားသည် အကုသိုလ်တရားပါနည်း၊ ၃။ အဘယ်တရားသည် အပြစ်ရှိသော တရားပါနည်း၊ ၄။ အဘယ်တရားသည် အပြစ်ကင်းသော တရားပါနည်း၊ ၅။ အဘယ်တရားသည် မှီဝဲထိုက်သော တရားပါနည်း၊ ၆။ အဘယ်တရားသည် မမှီဝဲထိုက်သော တရားပါနည်း၊
他这样反复请问。这个人以如此反复实行、如此善加受持的业,身坏命终后投生善行者所趣向的天界。若身坏命终后没有投生善行者所趣向的天界,而来至人间,那么无论出生于哪一种家族中,都会智慧广大。苏婆青年,他去亲近沙门或婆罗门,请问:‘尊者,一、什么是善法?二、什么是不善法?三、什么是有过失之法?四、什么是无过失之法?五、什么是应亲近之法?六、什么是不应亲近之法?——
၇။ အဘယ်တရားကို ပြုကျင့်ခဲ့သော် တပည့်တော်၏ သန္တာန်၌ နေ့ညဥ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါ ကာလပတ်လုံး အကျိုးစီးပွားမဲ့ခြင်းငှာ ဆင်းရဲခြင်းငှာ ဖြစ်ပါသနည်း။
——七、修行什么法,会在弟子的相续中,于日夜相续、漫长轮回的时日里带来无利益与痛苦?——
၈။ အဘယ်တရားကို လိုက်နာပြုကျင့်ခဲ့သော် တပည့်တော်၏ သန္တာန်၌ နေ့ညဥ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါ ကာလပတ်လုံး အကျိုးစီးပွား ရှိခြင်းငှာ ချမ်းသာခြင်းငှာ ဖြစ်ပါသနည်း။
——八、修行什么法,会在弟子的相续中,于日夜相续、漫长轮回的时日里带来利益与安乐?’——
原书第 283 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း ဤသို့ အဖန်ဖန် မေးမြန်းခြင်းကို ပြုခြင်းသည် ပညာဉာဏ် ကြီးမားခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။
——如此反复请问,就是导致智慧广大的行道。
(မ-၃-၂၄၈-၂၄၉။)
(《中部》3-248—249。)
ဤ၌လည်း အထက်ပါ မေးခွန်း အရပ်ရပ်တို့ကို မေးရုံသက်သက်မျှဖြင့် နတ်ပြည်သို့ ရောက်ရသည်လည်း မဟုတ်၊ ပညာဉာဏ် ကြီးမားသွားသည်လည်း မဟုတ်၊ ထိုသို့ မေးမြန်း လျှောက်ထားသော ပုဂ္ဂိုလ်သည် ထိုသို့ မေးမြန်း လျှောက်ထားခြင်းတည်းဟူသော အကြောင်းကြောင့် ---''ဤအမှုကား ပြုသင့် ပြုထိုက်၏၊ ဤအမှုကား မပြုသင့် မပြုထိုက်''ဟု သိ၏၊ သိခွင့်ရသဖြင့် ပြုသင့် ပြုထိုက်သော ကောင်းမှုကုသိုလ်ကို ပြုကျင့်၏၊ မပြုသင့် မပြုထိုက်သော အကုသိုလ်ကို ရှောင်ကြဥ်၏။ ထိုသို့ မပြုသင့် မပြုထိုက်သော အကုသိုလ်ကို ရှောင်ကြဥ်ခြင်း ပြုသင့် ပြုထိုက်သော ကုသိုလ်တရားကို ပြုကျင့်ခြင်း မှီဝဲခြင်း ပွားများခြင်းကြောင့် နတ်ပြည်လောက၌ ဖြစ်ရ၏။
这里也不是说,只要请问上述各种问题,就能投生天界或变得智慧广大。实际是:请问这些问题的人,由于请问而知道‘此事应当做,此事不应当做’;得到知见以后,他实行应做的善业,远离不应做的不善业。由于远离不应做的不善,实行、亲近、培育应做的善法,他投生天界——
ပညာဉာဏ် ကြီးမားရ၏။ (မ-ဋ္ဌ-၄-၁၈ဝ။) လောက၌ ဘုရားရှင်တို့ ပွင့်ထွန်း ပေါ်ပေါက်တော်မူသည်ဖြစ်စေ၊ မပွင့်ထွန်း မပေါ်ပေါက်သည်ပင်ဖြစ်စေ ကုသိုလ်တရား အကုသိုလ်တရားတို့ကား ထင်ရှား တည်ရှိလျက်ပင် ဖြစ်ကြ၏၊ သို့သော် ဘုရားရှင်တို့ ပွင့်ထွန်း ပေါ်ပေါက်တော်မူလာသောအခါ သာဝကတို့သည် --- ဤကား ကုသိုလ်တရား ဤကား အကုသိုလ်တရား၊ ဤ ကား အပြစ်ရှိသော တရား ဤကား အပြစ်မရှိသော တရား၊ ဤကား မှီဝဲထိုက်သော တရား ဤကား မမှီဝဲထိုက် သော တရား၊ ဤကား အကျိုးရှိသော တရား ဤကား အကျိုးမရှိသော တရားဟု ကွဲကွဲပြားပြား သိရှိခွင့်ရကြ၏။
——并获得广大智慧。(《中部义注》4-180。)无论诸佛出现于世还是没有出现,善法与不善法都明显存在;然而诸佛出现于世时,弟子们才有机会清楚分别:这是善法、这是不善法;这是有过失之法、这是无过失之法;这是应亲近之法、这是不应亲近之法;这是有利益之法、这是无利益之法。
ဤအကုသိုလ်တရားကား မကောင်းသော အကျိုးကို ဖြစ်စေတတ်၏၊ ဤကုသိုလ်တရားကား ကောင်းသော အကျိုး ကို ဖြစ်စေတတ်၏၊ ဤအကုသိုလ်ကို ရှောင်ကြဥ်ပါ၊ ဤကုသိုလ်ကို ပြုကျင့်ပါ၊ မှီဝဲပါ၊ ပွားများပါ --- ဤသို့စသည် ဖြင့် သာဝကတို့သည် ကွဲကွဲပြားပြား သိရှိခွင့်ရကြ၏။ ဤသို့ သိရှိခွင့်ရကြသဖြင့် သဒ္ဓါတရားရှိကြသော အမျိုး- ကောင်းသား အမျိုးကောင်းသမီးတို့သည် သိက္ခာသုံးရပ်ဖြင့် သိမ်းကျုံးရေတွက်အပ်သော ကုသိုလ်တရားတို့ကို မှီဝဲကြ၏၊ ပွားများကြ၏၊ အားထုတ်ကြ၏။ အရဟတ္တဖိုလ်တိုင်အောင်သော ကြီးမားသော ဉာဏ်ပညာတို့ကို ရရှိ တော်မူကြ၏။ ယင်းအရဟတ္တဖိုလ် ဉာဏ်ပညာကြီးကား မိမိကိန်းဝပ်ရာ သတ္တဝါကို နောက်ထပ်တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေ တည်နေခြင်းတည်းဟူသော ဇာတိဘေးဆိုးကြီးမှ လွတ်အောင် အိုဘေးဆိုးကြီးမှ လွတ်အောင် နာဘေး- ဆိုးကြီးမှ လွတ်အောင် သေဘေးဆိုးကြီးမှ လွတ်အောင် အပြီးတိုင် ထုတ်ဆောင် ကယ်တင်ပေးနို်င်သော စွမ်းအင်
弟子们还得以清楚分别:这种不善法会产生恶果,这种善法会产生善果;应远离这种不善,应实行、亲近、培育这种善。由于获得这样的知见,具信的良家男子、良家女子便亲近、培育、修习三学所摄的诸善法,获得直至阿罗汉果的广大智慧。这种阿罗汉果的大智,具有圆满力量,能把它所安住的有情彻底救拔出来,使其免于再次在新生命中安立结生这一生之大难,也免于老之大难、病之大难、死之大难——
အပြည့်အဝ ရှိသော ဉာဏ်ပညာကြီး ဖြစ်၏။ ဤကဲ့သို့သော ဉာဏ်ပညာမျိုးကို ကြီးမားသော ဉာဏ်ပညာကြီးဟု မဆိုထိုက်ပြီလော? သာဝကတို့အဖို့ ဘုရားရှင်၏ သာသနာတော်တွင်း၌သာ ရရှိနိုင်သော ဉာဏ်ပညာမျိုးပင် ဖြစ်ပေသည်။
——;它是力量圆满的广大智慧。这样的智慧,难道不应称为广大智慧吗?对诸弟子而言,这是唯有在佛陀教法中才能获得的智慧。
၁။ ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ရေးသားတင်ပြခဲ့သည့်အတိုင်း ရုပ်တရားတို့ကို ထိုးထွင်း သိမြင်တတ်သော ဉာဏ် ပညာ = ရူပပရိဂ္ဂဟဉာဏ်၊ ၂။ နာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ရေးသားတင်ပြခဲ့သည့်အတိုင်း နာမ်တရားတို့ကို ထိုးထွင်း သိမြင်တတ်သော ဉာဏ် ပညာ = အရူပပရိဂ္ဂဟဉာဏ်၊ ၃။ ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင် ရေးသားတင်ပြခဲ့သည့်အတိုင်း ကာလ သုံးပါးလုံး၌ အကြောင်းတရား အကျိုးတရား တို့ကို ထိုးထွင်း သိမြင်တတ်သော ဉာဏ်ပညာ = ပစ္စယပရိဂ္ဂဟဉာဏ်၊ ၄။ ဤ လက္ခဏာဒိစတုက္ကပိုင်းတွင် ရေးသား တင်ပြနေဆဲ ဖြစ်သော ပရမတ္ထဓာတ်သား အသီးအသီးတို့၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့ကို ထိုးထွင်း သိမြင်တတ်သော ဉာဏ်ပညာ = နာမရူပပရိဂ္ဂဟဉာဏ်၊ ၅။ ဝိပဿနာပိုင်းတွင် ရေးသား တင်ပြလတ္တံ့ ဖြစ်သော ဝိပဿနာဉာဏ်ပညာ ---
一、如色业处篇所述,透彻知见诸色法的智慧,即色摄受智(rūpapariggahañāṇa);二、如名业处篇所述,透彻知见诸名法的智慧,即非色摄受智(arūpapariggahañāṇa);三、如缘起篇所述,透彻知见过去、未来、现在三时中诸因法与果法的智慧,即缘摄受智(paccayapariggahañāṇa);四、如本特相等四法篇正在说明的,透彻知见每一种胜义法之特相、作用、现起、近因的智慧,即色名摄受智(nāmarūpapariggahañāṇa);五、将在毗婆舍那篇说明的观智——
原书第 284 页
ဤဉာဏ်ပညာတို့မှာလည်း ယခုအခါဝယ် သာသနာတော်တွင်း၌သာ ရရှိနိုင်သော ဉာဏ်ပညာတို့ ဖြစ်ကြ၏။
——这些智慧在当今也都只能于佛陀教法中获得。
ကြီးမားသော ဉာဏ်ပညာတို့သာ ဖြစ်ကြ၏။ ယင်းဉာဏ်ပညာတို့ကို ရရှိတော်မူကြသော သူတော်ကောင်းတို့သည် လည်း ဉာဏ်ပညာကြီးမားသူတို့သာ ဖြစ်ကြပေသည်။ ယနေ့ မျက်မှောက်ခေတ်ဝယ် သာသနာပအယူအဆ ရှိ ကြသော မည်သည့် ဒဿနိကပညာရှင်မှ မည်သည့် သိပ္ပံဆရာမှ မရရှိနိုင်သေးသော ဘုရားရှင်၏ တပည့်သာဝက တို့သည်သာ ရရှိနိုင်စွမ်းသော ဉာဏ်ပညာမျိုးတို့ ဖြစ်ကြ၏။ အမြော်အမြင်ရှိသူ သူတော်ကောင်းမှန်သမျှ မရအရ ကြိုးပမ်းထားသင့်သော ဉာဏ်ပညာတို့ ဖြစ်ကြ၏။ အသင်သူတော်ကောင်းသည် မိမိ ရရှိထားသော အခွင့်ကောင်း- ကြီးကို လက်မလွတ်ပါစေနှင့်၊ ရအောင် ကြိုးပမ်းပါလော။
它们全都是广大智慧;获得这些智慧的善士,也都是智慧广大之人。现今这些智慧,任何持佛教以外见解的哲学家、科学家都还不能获得,唯有佛陀的弟子才能获得。它们是每一位有见识的善士都应奋力争取的智慧。善士,请不要错失自己已经获得的宝贵机会,努力证得它们吧。
ဒေသနာတော်နိဂုံး
教说结语
သုဘလုလင် …ဤသို့လျှင် ---- ၁။ အသက် တိုခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အသက် တိုခြင်းသို့ ဆောင်တတ်၏။
苏婆青年,如此:一、导致寿命短的行道,导向寿命短。
၂။ အသက် ရှည်ခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အသက် ရှည်ခြင်းသို့ ဆောင်တတ်၏။
二、导致寿命长的行道,导向寿命长。
၃။ အနာရောဂါ များခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အနာရောဂါ များခြင်းသို့ ဆောင်တတ်၏။
三、导致多病的行道,导向多病。
၄။ အနာရောဂါ ကင်းခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အနာရောဂါ ကင်းခြင်းသို့ ဆောင်တတ်၏။
四、导致少病的行道,导向少病。
၅။ အဆင်း မလှခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အဆင်း မလှခြင်းသို့ ဆောင်တတ်၏။
五、导致容貌丑陋的行道,导向容貌丑陋。
၆။ အဆင်း လှခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အဆင်း လှခြင်းသို့ ဆောင်တတ်၏။
六、导致容貌美好庄严的行道,导向容貌美好庄严。
၇။ အခြံအရံ မရှိခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အခြံအရံ မရှိခြင်းသို့ ဆောင်တတ်၏။
七、导致随从很少的行道,导向随从很少。
၈။ အခြံအရံ များခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အခြံအရံ များခြင်းသို့ ဆောင်တတ်၏။
八、导致随从众多的行道,导向随从众多。
၉။ စည်းစိမ်ဥစ္စာ နည်းခြင်းကို ဖြစ်စေတတ်သော အကျင့်သည် စည်းစိမ်ဥစ္စာ နည်းခြင်းသို့ ဆောင်တတ်၏။
九、导致财富很少的行道,导向财富很少。
၁ဝ။ စည်းစိမ်ဥစ္စာ များခြင်းကို ဖြစ်စေတတ်သော အကျင့်သည် စည်းစိမ်ဥစ္စာ များခြင်းသို့ ဆောင်တတ်၏။
十、导致财富很多的行道,导向财富很多。
၁၁။ အမျိုးယုတ်ခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အမျိုးယုတ်ခြင်းသို့ ဆောင်တတ်၏။
十一、导致出身低微的行道,导向出身低微。
၁၂။ အမျိုးမြင့်မြတ်ခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အမျိုးမြင့်မြတ်ခြင်းသို့ ဆောင်တတ်၏။
十二、导致出身高贵的行道,导向出身高贵。
၁၃။ ပညာမဲ့ခြင်းကို ဖြစ်စေတတ်သော အကျင့်သည် ပညာမဲ့ခြင်းသို့ ဆောင်တတ်၏။
十三、导致无慧的行道,导向无慧。
၁၄။ ပညာကြီးခြင်းကို ဖြစ်စေတတ်သော အကျင့်သည် ပညာကြီးခြင်းသို့ ဆောင်တတ်၏။
十四、导致智慧广大的行道,导向智慧广大。
သုဘလုလင် …သတ္တဝါတို့သည် ကံသာလျှင် မိမိကိုယ်ပိုင်ဥစ္စာ ရှိကုန်၏၊ ကံ၏ အမွေခံတို့သာလျှင် ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရင်းစစ် ရှိကုန်၏၊ ကံသာလျှင် အဆွေအမျိုး ရှိကုန်၏၊ ကံသာလျှင် ပုန်းအောင်း လည်းလျောင်း မှီခိုရာ ရှိကုန်၏၊ သတ္တဝါတို့ကို ယုတ်ညံ့သူ ဖြစ်ဖို့ရန် မြင့်မြတ်သူ ဖြစ်ဖို့ရန် (= ယုတ်ညံ့သူ ဖြစ် အောင် မြင့်မြတ်သူ ဖြစ်အောင်) ကံကသာလျှင် ဝေဖန်၏။ --- ဤသို့ မိန့်ကြားတော်မူလတ်သော် တောဒေယျပုဏ္ဏား၏သား သုဘလုလင်သည် မြတ်စွာဘုရားအား ဤ စကားကို လျှောက်ထား၏။ --- ''အရှင်ဂေါတမ …တရားတော်သည် အလွန် နှစ်သက်ဖွယ် ရှိပါပေ၏၊ အရှင်ဂေါတမ …တရားတော် သည် အလွန် နှစ်သက်ဖွယ် ရှိပါပေ၏၊ အရှင်ဂေါတမ …ဥပမာအားဖြင့် မှောက်ထားသည့် အရာဝတ္ထုကို လှန်ပြလိုက်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည့် အရာဝတ္ထုကို ဖွင့်လှစ်ပြလိုက်ဘိသကဲ့သို့လည်းကောင်း၊
苏婆青年,有情以业为自有,以业为继承,以业为生因,以业为亲族,以业为所依;业依下劣与殊胜而分别诸有情。佛陀这样开示以后,婆罗门陀提耶之子苏婆青年对世尊说:‘尊者乔达摩,妙哉!尊者乔达摩,妙哉!犹如把倒覆之物翻转过来,把遮盖之物揭开——
原书第 285 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း လမ်းမှားသောသူအား လမ်းမှန်ကို ပြောကြားလိုက်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိအမြင် ရှိသောသူတို့သည် အဆင်းရူပါရုံ အမျိုးမျိုးတို့ကို တွေ့မြင်ကြလိမ့်မည်ဟု နှလုံးပိုက်၍ အမိုက်မှောင်ထဲ၌ ဆီမီးတန်ဆောင်ကို ထွန်း- ဆောင်ပြလိုက်ဘိသကဲ့သို့လည်းကောင်း၊ အရှင်ဂေါတမ …ဤဥပမာအတူသာလျှင် အရှင်ဂေါတမသည် များစွာ သော အကြောင်းဖြင့် တရားတော်ကို ဟောကြားပြသတော်မူပါပေ၏။ အရှင်ဂေါတမ …ထိုတပည့်တော်သည် အရှင်ဂေါတမကို ကိုးကွယ်လည်းလျောင်း ပုန်းအောင်းမှီခိုရာဟူ၍ ယုံကြည်သိမှတ် ဆည်းကပ်ပါ၏၊ တရားတော် ကိုလည်း ကိုးကွယ်လည်းလျောင်း ပုန်းအောင်းမှီခိုရာဟူ၍ ယုံကြည်သိမှတ် ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ်လည်းလျောင်း ပုန်းအောင်းမှီခိုရာဟူ၍ ယုံကြည်သိမှတ် ဆည်းကပ်ပါ၏၊ အရှင်ဂေါတမသည် တပည့်တော် ကို ယနေ့မှ စ၍ အသက်ထက်ဆုံး ရတနာသုံးပါးကို ကိုးကွယ်လည်းလျောင်း ပုန်းအောင်းမှီခိုရာဟု ယုံကြည်
——,为迷路者指明正路,又如想到有眼者将能看见种种色所缘,而在黑暗中举起明灯;尊者乔达摩也同样以种种方式宣说、开示法。尊者乔达摩,我皈依尊者乔达摩、法与僧;愿尊者乔达摩从今天起,认定我是终身皈依三宝的——
သိမှတ် ဆည်းကပ်တတ်သော ဥပါသကာဟူ၍ အသိအမှတ်ပြုတော်မူပါဘုရား … ဤသို့ သုဘလုလင်က လျှောက်ထား၏။ (မ-၃-၂၄၃-၂၄၉။) ဤတွင် စူဠကမ္မဝိဘင်္ဂသုတ္တန် ပြီးဆုံးပေပြီ။
——优婆塞。’苏婆青年如此说道。(《中部》3-243—249。)至此,《小业分别经》结束。
ကံတရားအကြောင်းကို အသင်သူတော်ကောင်းသည် တစ်စိတ်တစ်ဒေသ သဘောပေါက်သင့်ပေပြီ၊ သင်္ခါ- ရက္ခန္ဓာတရားစုတို့က အကျိုးတရားများ ဖြစ်ပေါ်လာအောင် ပြုပြင်ပုံ အပိုင်းပင် ဖြစ်သည်။
关于业,善士现在应已理解其中一部分;这一段正是说明行蕴诸法如何造作,使诸果法生起。
စိတ်သည် ပင်ကိုယ် သဘောအားဖြင့် ဖြူစင်၏။ စေတသိက်တို့က ဝင်ရောက် ခြယ်လှယ်လိုက်သဖြင့် ထူးထွေ ဆန်းပြားလာ၏။ စိတ်ဓာတ်၏ ထူးထွေ ဆန်းကြယ်မှုကြောင့် ကံများလည်း ဆန်းကြယ်လာကြ၏။
心依本性是清净的;诸心所介入并对它施加影响,心便变得纷繁多样。由于心的纷繁多样,业也变得纷繁多样。
ကံဆန်းကြယ်ခြင်းကြောင့် သတ္တဝါတို့လည်း ဆန်းကြယ်လာကြရ၏၊ ယုတ်ညံ့သူ မြင့်မြတ်သူ ဖြစ်လာကြရ၏။
由于业纷繁多样,有情也呈现种种差别,成为下劣者或高贵者。
ထိုကြောင့် အသင်သူတော်ကောင်းသည် မြင့်မြတ်သည့် သူတော်စင်တစ်ဦး ဖြစ်လိုပါမူ အသင်သူတော်ကောင်း၏ စိတ်ဓာတ်ကို ပြုပြင် ပြောင်းလဲပေးပါ။ သီလ သမာဓိ ပညာတို့ဖြင့် ထုံမွမ်းပေးပါ။
因此,善士,如果想成为高贵的圣洁之人,就请改造自己的心,以戒、定、慧加以熏习。
သင်္ခါရက္ခန္ဓာအကြောင်းကို ဤတွင် ရပ်နား၍ သင်္ခါရက္ခန္ဓာ စာရင်းဝင် စေတသိက် (၅ဝ)တို့၏ လက္ခဏ- ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့ကို ဆက်လက် တင်ပြအပ်ပါသည်။
关于行蕴的说明暂止于此;下文继续说明行蕴所摄五十种心所的特相、作用、现起与近因。
原书第 286 页
စိတ်နှင့် စေတသိက်အကြောင်း
心与心所
ယခုအခါ၌ သင်္ခါရက္ခန္ဓာစာရင်းဝင် စေတသိက် အလုံး (၅ဝ)တို့၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့ကို ဆက်၍ ရေးသား တင်ပြတော့မည် ဖြစ်သည်။ မတင်ပြမီ စိတ် စေတသိက်တို့၏ အကြောင်းကို အနည်းငယ် ရှင်းလင်း တင်ပြအပ်ပါသည်။
现在将继续说明行蕴所摄五十种心所的特相、作用、现起与近因。在说明之前,先略释心与心所。
လောကီယဓမ္မဥှိ ပတွာ စိတ္တံ ဇေဋ္ဌကံ စိတ္တံ ဓုရံ စိတ္တံ ပုဗ္ဗင်္ဂမံ ဟောတိ၊ လောကုတ္တရဓမ္မံ ပတွာ ပညာ ဇေဋ္ဌိကာ ပညာ ဓုရာ ပညာ ပုဗ္ဗင်္ဂမာ။ (အဘိ-ဋ္ဌ-၁-၁၁ဝ။) လောကိယဓမ္မပိုင်းသို့ ရောက်ရှိလာလတ်သော် ယင်းလောကီယဓမ္မ၌ စိတ်ကား အကြီးအကဲ ဖြစ်၏၊ ပဓာန ဖြစ်၏၊ ရှေ့သွားခေါင်းဆောင် ဖြစ်၏။ လောကုတ္တရာပိုင်းသို့ ရောက်လတ်သော် ယင်း လောကုတ္တရာတရားစု၌ ပညာကား အကြီးအကဲ ဖြစ်၏၊ ပဓာန ဖြစ်၏၊ ရှေ့သွားခေါင်းဆောင် ဖြစ်၏။ (အဘိ-ဋ္ဌ-၁-၁၁ဝ။) ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဟူသော စေတသိက်တရားစုတို့သည် စိတ်သာလျှင် ရှေ့သွား ခေါင်းဆောင် ရှိကြကုန်၏၊ စိတ်သာလျှင် အမြတ်ဆုံး ရှိကြကုန်၏၊ စိတ်သာလျှင် အကြီးအကဲ ရှိကြကုန်၏၊ စိတ်ကြောင့် ပြီးစီးကြရကုန်၏။ မတော်လောဘ ဒေါသ အစရှိသော အပြစ်တို့သည် ဖျက်ဆီးအပ်သောစိတ်ဖြင့် အကယ်၍မူလည်း ပြောဆိုငြားအံ့၊ အကယ်၍မူလည်း ပြုလုပ်ငြားအံ့၊ အကယ်၍မူလည်း ကြံစည်ငြားအံ့၊ ထိုသို့
巴利《阿毗达磨义注》说:‘就世间法而言,心为首、心主导、心先行;就出世间法而言,慧为首、慧主导、慧先行。’(《阿毗达磨义注》1-110。)也就是说,在世间法中,心是首领、主导者与先行者;在出世间诸法中,慧是首领、主导者与先行者。(《阿毗达磨义注》1-110。)受蕴、想蕴、行蕴这些心所法聚,以心为先导,以心为最胜,以心为首领,皆由心而成办。如果一个人以被贪、嗔等过失败坏的心说话、行动或思惟,那么由于如此——
ပြောဆို ပြုလုပ် ကြံစည်ခြင်းကြောင့် ဝန်ကိုဆောင်သော နွား၏ခြေရာ နောက်သို့ လှည်းဘီးသည် အစဥ်လိုက်၏သို့ ထိုပုဂ္ဂိုလ်၏ နောက်သို့ ဆင်းရဲဒုက္ခဟူသမျှသည် အစဥ်တစိုက် လိုက်ပါ၍ နေပေ၏။ (ဓမ္မပဒ-၁၃။) ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဟူသော စေတသိက်တရားစုတို့သည် စိတ်သာလျှင် ရှေ့သွား ခေါင်းဆောင် ရှိကြကုန်၏၊ စိတ်သာလျှင် အမြတ်ဆုံး ရှိကြကုန်၏၊ စိတ်သာလျှင် အကြီးအကဲ ရှိကြကုန်၏၊ စိတ်ကြောင့် ပြီးစီးကြရကုန်၏။ ကြည်လင်သန့်ရှင်းသော စိတ်ထားဖြင့် အကယ်၍မူလည်း ပြောဆိုငြားအံ့၊ အကယ် ၍မူလည်း ပြုလုပ်ငြားအံ့၊ အကယ်၍မူလည်း ကြံစည်ငြားအံ့၊ ထိုသို့ ပြောဆို ပြုလုပ် ကြံစည်ခြင်းကြောင့် အရိပ်သည် ကိုယ်၏ နောက်သို့ အစဥ်လိုက်၏သို့ ထိုပုဂ္ဂိုလ်၏ နောက်သို့ ချမ်းသာသုခဟူသမျှသည် အစဥ်တစိုက် လိုက်ပါ၍ နေပေ၏။ (ဓမ္မပဒ-၁၃။) သတ္တဝါအပေါင်းကို အဘိသင်္ခါရဝိညာဏ်ဟု ဆိုအပ်သော စိတ်သည် ထိုထို ဘဝသို့ ရောက်အောင် ဆောင်ပို့
——说话、行动与思惟,一切痛苦便会不断跟随他,如车轮紧随负重之牛的足迹。(《法句经》13。)受蕴、想蕴、行蕴这些心所法聚,以心为先导,以心为最胜,以心为首领,皆由心而成办。如果一个人以澄明清净的心说话、行动或思惟,那么由于如此说话、行动与思惟,一切安乐便会不断跟随他,如影随身。(《法句经》13。)称为行作识(abhisaṅkhāraviññāṇa)的心,会把一切有情送往——
အပ်၏။ သတ္တဝါအပေါင်းကို အဘိသင်္ခါရဝိညာဏ်ဟု ဆိုအပ်သော စိတ်သည် ထိုထို ဘဝသို့ ရောက်အောင် ဆွဲငင် ဆောင်ယူသွား၏။ (သံ-၁-၃၆။) (ဤ၌ အဘိသင်္ခါရဝိညာဏ် ဟူသည် ဘဝတစ်ခုကို ဖြစ်ပေါ်လာအောင် ပြုပြင် ဖန်တီးပေးသော စေတနာ ပြဓာန်းသော ကမ္မဝိညာဏ်တည်း။) စိတ္တ သံကိလေသာ ဘိက္ခဝေ သတ္တာ သံကိလိဿန္တိ၊ စိတ္တ ဝေါဒါနာ သတ္တာ ဝိသုဇ္ဈန္တိ။ (သံ-၂-၁၂၃။) ရဟန်းတို့ …စိတ်ဓာတ် ညစ်နွမ်းခြင်းကြောင့် သတ္တဝါတို့သည် ညစ်နွမ်းကြရကုန်၏၊ စိတ်ဓာတ် ဖြူစင် သန့်ရှင်းခြင်းကြောင့် သတ္တဝါတို့သည် စင်ကြယ်ကြရကုန်၏။ (သံ-၂-၁၂၃။) ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ၊ တဉ္စ ခေါ အာဂန္တုကေဟိ ဥပက္ကိလေသေဟိ ဥပက္ကိလိဋ္ဌံ။ (အံ-၁-၉။) ရဟန်းတို့ …အိမ်ရှင် ဘဝင်စိတ်သည် ပြိုးပြိုးပြက်ပြက် တလက်လက် ထွက်သော အရောင် ရှိ၏ = ကြည်လင်၏ = ဖြူစင်၏။ ထိုစိတ်သည် ဧည့်သည် အာဂန္တုက ဖြစ်ကုန်သော ရာဂ အစရှိသော ဥပက္ကိလေသ
——各个生命境界;也就是说,称为行作识的心会牵引、带领一切有情前往各个生命境界。(《相应部》1-36。)〔这里所谓行作识,是指造作、形成一个生命,以思为主的业识(kammaviññāṇa)。〕巴利《相应部》说:‘诸比丘,由于心染污,有情染污;由于心清净,有情清净。’(《相应部》2-123。)巴利《增支部》又说:‘诸比丘,此心光明,但被外来的随烦恼所染污。’(《增支部》1-9。)诸比丘,作为主人之有分心具有明亮闪耀的光,即澄明、清净;这颗心被贪等作为客人、外来的诸随烦恼——
တရားတို့ကြောင့် ညစ်နွမ်းရ၏။ (အံ-၁-၉။)
——所染污。(《增支部》1-9。)
原书第 287 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း ဒါယကာ …စိတ်ကို ချစ်ခြင်း မုန်းခြင်း စသည်တို့ မဖြစ်အောင် မစောင့်ရှောက်အပ်သည်ရှိသော် ကာယ- ကံကိုလည်း စောင့်ရှောက်သည် မမည်၊ ဝစီကံကိုလည်း စောင့်ရှောက်သည် မမည်၊ မနောကံကိုလည်း စောင့်- ရှောက်သည် မမည်။ ကာယကံ ဝစီကံ မနောကံကို မစောင့်ရှောက်သူ၏ ကာယကံသည်လည်း ကိလေသာဖြင့် စိုစွတ်၏၊ ဝစီကံသည်လည်း ကိလေသာဖြင့် စိုစွတ်၏၊ မနောကံသည်လည်း ကိလေသာဖြင့် စိုစွတ်၏။ ကိလေသာ ဖြင့် စိုစွတ်သော ကာယကံ ဝစီကံ မနောကံ ရှိသူ၏ ကာယကံသည်လည်း ဆွေးမြည့်၏၊ ဝစီကံသည်လည်း ဆွေးမြည့်၏၊ မနောကံသည်လည်း ဆွေးမြည့်၏။ ဆွေးမြည့်သော ကာယကံ ဝစီကံ မနောကံ ရှိသူအား ကောင်း သော သေခြင်း မဖြစ်နိုင်၊ ကောင်းသော ကွယ်လွန်ခြင်း မဖြစ်နိုင်။
施主,如果不守护心,任由贪爱、憎恨等生起,就不能说守护了身业、语业与意业。不守护这三业之人的身业被烦恼浸润,语业被烦恼浸润,意业也被烦恼浸润。三业被烦恼浸润之人的身业会腐败,语业会腐败,意业也会腐败;具有如此腐败三业的人不能善终,也不能良善地去世。
ဒါယကာ …အထွတ်တပ်ထားသော အိမ်ကို ကောင်းစွာ မိုးမထားလျှင် အထွတ်ကိုလည်း စောင့်ရှောက် သည် မမည်၊ အခြင်ကိုလည်း စောင့်ရှောက်သည် မမည်၊ နံရံကိုလည်း စောင့်ရှောက်သည် မမည်၊ အထွတ်သည် လည်း မိုးရေဖြင့် စိုစွတ်၏၊ အခြင်တို့သည်လည်း မိုးရေဖြင့် စိုစွတ်ကုန်၏၊ နံရံသည်လည်း မိုးရေဖြင့် စိုစွတ်၏၊ အထွတ်သည်လည်း ဆွေးမြည့်၏၊ အခြင်တို့သည်လည်း ဆွေးမြည့်ကုန်၏၊ နံရံသည်လည်း ဆွေးမြည့်၏။
施主,一座有尖顶的房屋如果没有妥善盖好屋顶,就不能说尖顶、椽木与墙壁受到保护;尖顶被雨水浸湿,诸椽木被雨水浸湿,墙壁也被雨水浸湿,继而尖顶腐坏,诸椽木腐坏,墙壁也腐坏。
ဒါယကာ …ဤအတူပင်လျှင် စိတ်ကို မစောင့်ရှောက်လျှင် ကာယကံကိုလည်း စောင့်ရှောက်သည် မမည်၊ ဝစီကံကိုလည်း စောင့်ရှောက်သည် မမည်၊ မနောကံကိုလည်း စောင့်ရှောက်သည် မမည်။ ကာယကံ ဝစီ ကံ မနောကံကို မစောင့်ရှောက်သူ၏ ကာယကံသည်လည်း ကိလေသာဖြင့် စိုစွတ်၏၊ ဝစီကံသည်လည်း ကိလေ- သာဖြင့် စိုစွတ်၏၊ မနောကံသည်လည်း ကိလေသာဖြင့် စိုစွတ်၏။ ကိလေသာဖြင့် စိုစွတ်သော ကာယကံ ဝစီကံ မနောကံ ရှိသူ၏ ကာယကံသည်လည်း ဆွေးမြည့်၏၊ ဝစီကံသည်လည်း ဆွေးမြည့်၏၊ မနောကံသည်လည်း ဆွေးမြည့်၏။ ဆွေးမြည့်သော ကာယကံ ဝစီကံ မနောကံ ရှိသူအား ကောင်းသော သေခြင်း မဖြစ်နိုင်၊ ကောင်းသော ကွယ်လွန်ခြင်း မဖြစ်နိုင်။
施主,同样,如果不守护心,就不能说守护了身业、语业与意业。不守护这三业之人的身业被烦恼浸润,语业被烦恼浸润,意业也被烦恼浸润。三业被烦恼浸润之人的身业会腐败,语业会腐败,意业也会腐败;具有如此腐败三业的人不能善终,也不能良善地去世。
ဒါယကာ …စိတ်ကို ချစ်ခြင်း မုန်းခြင်း စသည်တို့ မဖြစ်အောင် စောင့်ရှောက်အပ်သည်ရှိသော် ကာယကံ ကိုလည်း စောင့်ရှောက်သည် မည်၏၊ ဝစီကံကိုလည်း စောင့်ရှောက်သည် မည်၏၊ မနောကံကိုလည်း စောင့်ရှောက် သည် မည်၏။ ကာယကံ ဝစီကံ မနောကံကို စောင့်ရှောက်သူ၏ ကာယကံသည်လည်း ကိလေသာဖြင့် မစိုစွတ်၊ ဝစီကံသည်လည်း ကိလေသာဖြင့် မစိုစွတ်၊ မနောကံသည်လည်း ကိလေသာဖြင့် မစိုစွတ်။ ကိလေသာဖြင့် မစို- စွတ်သော ကာယကံ ဝစီကံ မနောကံ ရှိသူ၏ ကာယကံသည်လည်း မဆွေးမြည့်၊ ဝစီကံသည်လည်း မဆွေးမြည့်၊ မနောကံသည်လည်း မဆွေးမြည့်။ မဆွေးမြည့်သော ကာယကံ ဝစီကံ မနောကံ ရှိသူအား ကောင်းသော သေခြင်း ဖြစ်နိုင်၏၊ ကောင်းသော ကွယ်လွန်ခြင်း ဖြစ်နိုင်၏။
施主,如果守护心,不令贪爱、憎恨等生起,就可以说守护了身业、语业与意业。守护这三业之人的身业不被烦恼浸润,语业不被烦恼浸润,意业也不被烦恼浸润。三业不被烦恼浸润之人的身业不腐败,语业不腐败,意业也不腐败;具有如此不腐败三业的人能够善终,能够良善地去世。
ဒါယကာ …အထွတ်တပ်ထားသော အိမ်ကို ကောင်းစွာ မိုးထားလျှင် အထွတ်ကိုလည်း စောင့်ရှောက် သည် မည်၏၊ အခြင်တို့ကိုလည်း စောင့်ရှောက်သည် မည်ကုန်၏၊ နံရံကိုလည်း စောင့်ရှောက်သည် မည်၏၊ အထွတ်သည်လည်း မိုးရေဖြင့် မစိုစွတ်၊ အခြင်တို့သည်လည်း မိုးရေဖြင့် မစိုစွတ်ကုန်၊ နံရံသည်လည်း မိုးရေဖြင့် မစိုစွတ်။ အထွတ်သည်လည်း မဆွေးမြည့်၊ အခြင်တို့သည်လည်း မဆွေးမြည့်ကုန်၊ နံရံသည်လည်း မဆွေးမြည့်။
施主,一座有尖顶的房屋如果妥善盖好屋顶,就可以说尖顶、诸椽木与墙壁受到保护;尖顶不被雨水浸湿,诸椽木不被雨水浸湿,墙壁也不被雨水浸湿;尖顶不腐坏,诸椽木不腐坏,墙壁也不腐坏。
ဒါယကာ …ဤအတူသာလျှင် စိတ်ကို ချစ်ခြင်း မုန်းခြင်း စသည်တို့ မဖြစ်အောင် စောင့်ရှောက်အပ် သည် ရှိသော် ကာယကံကိုလည်း စောင့်ရှောက်သည် မည်၏၊ ဝစီကံကိုလည်း စောင့်ရှောက်သည် မည်၏၊ မနောကံကိုလည်း စောင့်ရှောက်သည် မည်၏။ ကာယကံ ဝစီကံ မနောကံကို စောင့်ရှောက်သူ၏ ကာယကံ သည်လည်း ကိလေသာဖြင့် မစိုစွတ်၊ ဝစီကံသည်လည်း ကိလေသာဖြင့် မစိုစွတ်၊ မနောကံသည်လည်း ကိလေ- သာဖြင့် မစိုစွတ်။ ကိလေသာဖြင့် မစိုစွတ်သော ကာယကံ ဝစီကံ မနောကံ ရှိသူ၏ ကာယကံသည်လည်း
施主,同样,如果守护心,不令贪爱、憎恨等生起,就可以说守护了身业、语业与意业。守护这三业之人的身业不被烦恼浸润,语业不被烦恼浸润,意业也不被烦恼浸润。三业不被烦恼浸润之人的身业也——
原书第 288 页
မဆွေးမြည့်၊ ဝစီကံသည်လည်း မဆွေးမြည့်၊ မနောကံသည်လည်း မဆွေးမြည့်။ မဆွေးမြည့်သော ကာယကံ ဝစီကံ မနောကံ ရှိသူအား ကောင်းသော သေခြင်း ဖြစ်နိုင်၏၊ ကောင်းသော ကွယ်လွန်ခြင်း ဖြစ်နိုင်၏။
——不腐败,语业不腐败,意业也不腐败;具有如此不腐败三业的人能够善终,能够良善地去世。
(အံ-၁-၂၆၄-၂၆၅။)
(《增支部》1-264—265。)
ဒါယကာ …စိတ်သည် ရာဂ ဒေါသ စသည်တို့ကြောင့် ဖောက်ပြန် ပျက်စီးခြင်းသို့ ရောက်သည်ရှိသော် ကာယကံသည်လည်း ပျက်စီး၏၊ ဝစီကံသည်လည်း ပျက်စီး၏၊ မနောကံသည်လည်း ပျက်စီး၏။ ကာယကံ ဝစီကံ မနောကံ ပျက်စီးသူအား ကောင်းသော သေခြင်း မဖြစ်နိုင်၊ ကောင်းသော ကွယ်လွန်ခြင်း မဖြစ်နိုင်။
施主,如果心因贪、嗔等而败坏、损毁,身业也会损坏,语业也会损坏,意业也会损坏;三业损坏之人不能善终,也不能良善地去世。
ဒါယကာ …အထွတ်တပ်ထားသော အိမ်ကို ကောင်းစွာ မိုးမထားလျှင် အထွတ်သည်လည်း ပျက်စီး၏၊ အခြင်သည်လည်း ပျက်စီး၏၊ နံရံသည်လည်း ပျက်စီး၏။
施主,一座有尖顶的房屋如果没有妥善盖好屋顶,尖顶、椽木与墙壁都会损坏。
ဒါယကာ …ဤဥပမာအတူပင်လျှင် စိတ်ဓာတ် ပျက်စီးလျှင် ကာယကံသည်လည်း ပျက်စီး၏၊ ဝစီကံ သည်လည်း ပျက်စီး၏၊ မနောကံသည်လည်း ပျက်စီး၏။ ကာယကံ ဝစီကံ မနောကံ ပျက်စီးသူအား ကောင်းသော သေခြင်း မဖြစ်နိုင်၊ ကောင်းသော ကွယ်လွန်ခြင်း မဖြစ်နိုင်။
施主,同样,如果心损坏,身业也会损坏,语业也会损坏,意业也会损坏;三业损坏之人不能善终,也不能良善地去世。
ဒါယကာ …စိတ်ဓာတ် မပျက်စီးလျှင် ကာယကံသည်လည်း မပျက်စီး၊ ဝစီကံသည်လည်း မပျက်စီး၊ မနောကံသည်လည်း မပျက်စီး။ ကာယကံ ဝစီကံ မနောကံ မပျက်စီးသူအား ကောင်းသော သေခြင်း ဖြစ်နိုင်၏၊ ကောင်းသော ကွယ်လွန်ခြင်း ဖြစ်နိုင်၏။
施主,如果心不损坏,身业不损坏,语业不损坏,意业也不损坏;三业不损坏之人能够善终,能够良善地去世。
ဒါယကာ …အထွတ်တပ်ထားသော အိမ်ကို ကောင်းစွာ မိုးထားလျှင် အထွတ်သည်လည်း မပျက်စီး၊ အခြင်တို့သည်လည်း မပျက်စီးကုန်၊ နံရံသည်လည်း မပျက်စီး။
施主,一座有尖顶的房屋如果妥善盖好屋顶,尖顶、诸椽木与墙壁都不会损坏。
ဒါယကာ …ဤဥပမာအတူပင်လျှင် စိတ်ဓာတ်သည် ရာဂ ဒေါသ စသည်တို့ကြောင့် ဖောက်ပြန် ပျက်စီး ခြင်းသို့ မရောက်လတ်သော် ကာယကံသည်လည်း မပျက်စီး၊ ဝစီကံသည်လည်း မပျက်စီး၊ မနောကံသည်လည်း မပျက်စီး။ ကာယကံ ဝစီကံ မနောကံ မပျက်စီးသူအား ကောင်းသော သေခြင်း ဖြစ်နိုင်၏၊ ကောင်းသော ကွယ်- လွန်ခြင်း ဖြစ်နိုင်၏။ (အံ-၁-၂၆၅-၂၆၆။) ရဟန်းတို့ …သမထ ဝိပဿနာ ဘာဝနာ၏ အစွမ်းဖြင့် မပွားများအပ်သေးသော မဖြစ်စေအပ်သေး သော (ဝဋ်ဆင်းရဲ၌ အကျုံးဝင်သော) ဤစိတ်သည် (ဝိပဿနာ၏ အခြေခံ အကြောင်းရင်း ဖြစ်သော ပါဒကစျာန် ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်တို့သို့ ရောက်အောင်) ပြုပြင်ခြင်းငှာ မသင့်လျော် မလွယ်ကူသကဲ့သို့ ဤအတူ ပြုပြင်ခြင်းငှာ မသင့်လျော် မလွယ်ကူသော အခြား တစ်ခုသော တရားကိုမျှလည်း ငါဘုရား မြင်တော်မမူ။
施主,同样,如果心不因贪、嗔等而败坏、损毁,身业不损坏,语业不损坏,意业也不损坏;三业不损坏之人能够善终,能够良善地去世。(《增支部》1-265—266。)诸比丘,这颗尚未以止观禅修之力加以修习、培育的心〔仍摄于轮回苦〕,不堪任、不易调御〔不能轻易使其达到作为毗婆舍那基础的基础禅、观智、道智、果智与涅槃〕;我不见有任何其他法,像这颗不堪任、不易调御的心一样。
ရဟန်းတို့ …သမထ ဝိပဿနာ ဘာဝနာ၏ အစွမ်းဖြင့် မပွားများအပ်သေးသော စိတ်သည် ပြုပြင်ခြင်းငှာ မသင့်လျော် မလွယ်ကူ။ (အံ-၁-၄။) ရဟန်းတို့ …သမထ ဝိပဿနာ ဘာဝနာ၏ အစွမ်းဖြင့် ပွားများအပ်ပြီးသော ဤစိတ်သည် ပြုပြင်ခြင်းငှာ သင့်လျော် လွယ်ကူသကဲ့သို့ ဤအတူ ပြုပြင်ခြင်းငှာ သင့်လျော် လွယ်ကူသော အခြား တစ်ခုသော တရားကိုမျှ- လည်း ငါဘုရား မြင်တော်မမူ။ ရဟန်းတို့ …သမထ ဝိပဿနာ ဘာဝနာ၏ အစွမ်းဖြင့် ပွားများထားအပ်ပြီး သော စိတ်သည် ပြုပြင်ခြင်းငှာ သင့်လျော် လွယ်ကူ၏။ (အံ-၁-၄။) ရဟန်းတို့ …သမထ ဝိပဿနာ ဘာဝနာ၏ အစွမ်းဖြင့် မပွားများအပ်သေးသော ထင်ရှား မဖြစ်ပေါ် သေးသော ဤစိတ်သည် များစွာ အကျိုးမဲ့ခြင်းငှာ ဖြစ်သကဲ့သို့ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှာ ဖြစ်သော
诸比丘,这颗尚未以止观禅修之力加以修习、培育的心,不堪任、不易调御。(《增支部》1-4。)诸比丘,我不见有任何其他法,像这颗已经以止观禅修之力修习、培育的心一样堪任、易调御。诸比丘,这颗已经以止观禅修之力修习、培育的心,堪任、易调御。(《增支部》1-4。)诸比丘,我不见有任何其他法,像这颗尚未以止观禅修之力加以修习、尚未令其明现的心一样,会导致如此多的无利益——
原书第 289 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း အခြား တစ်ခုသော တရားကိုမျှလည်း ငါဘုရား မြင်တော်မမူ။ ရဟန်းတို့ …သမထ ဝိပဿနာ ဘာဝနာတို့၏ အစွမ်းဖြင့် မပွားများထားအပ်သေးသော စိတ်သည် များစွာ အကျိုးမဲ့ခြင်းငှာ ဖြစ်၏။ (အံ-၁-၅။) ရဟန်းတို့ …သမထ ဝိပဿနာ ဘာဝနာ၏ အစွမ်းဖြင့် ပွားများထားအပ်ပြီးသော ထင်ရှား ဖြစ်ပေါ် ပြီးသော ဤစိတ်သည် များစွာ အကျိုးရှိခြင်းငှာ ဖြစ်သကဲ့သို့ ဤဥပမာအတူ များစွာ အကျိုးရှိခြင်းငှာ ဖြစ်သော အခြား တစ်ခုသော တရားကိုမျှလည်း ငါဘုရား မြင်တော်မမူ။ ရဟန်းတို့ …သမထ ဝိပဿနာ ဘာဝနာ၏ အစွမ်းဖြင့် ပွားများထားအပ်ပြီးသော စိတ်သည် များစွာ အကျိုးရှိခြင်းငှာ ဖြစ်၏။ (အံ-၁-၅။) ရဟန်းတို့ …သမထ ဝိပဿနာ ဘာဝနာ၏ အစွမ်းဖြင့် မပွားများအပ်သေးသော အဖန်ဖန် အထပ်ထပ် အလေ့အလာ မပြုအပ်သေးသော ဤစိတ်သည် များစွာ အကျိုးမဲ့ခြင်းငှာ ဖြစ်သကဲ့သို့ ဤအတူ များစွာ အကျိုး
——我不见有任何其他法。诸比丘,这颗尚未以止观禅修之力加以修习、培育的心,会导致诸多无利益。(《增支部》1-5。)诸比丘,我不见有任何其他法,像这颗已经以止观禅修之力修习、已经明现的心一样,会带来如此多的利益。诸比丘,这颗已经以止观禅修之力修习、培育的心,会带来诸多利益。(《增支部》1-5。)诸比丘,我不见有任何其他法,像这颗尚未以止观禅修之力加以修习、尚未反复修习的心一样,会导致如此多的——
မဲ့ခြင်းငှာ ဖြစ်သော အခြား တစ်ခုသော တရားကိုမျှလည်း ငါဘုရား မြင်တော်မမူ။ ရဟန်းတို့ …သမထ ဝိပဿနာ ဘာဝနာ၏ အစွမ်းဖြင့် မပွားများအပ်သေးသော အဖန်ဖန် အထပ်ထပ် အလေ့အလာ မပြုအပ်သေး သော စိတ်သည် များစွာ အကျိုးမဲ့ခြင်းငှာ ဖြစ်၏။ (အံ-၁-၅။) ရဟန်းတို့ …သမထ ဝိပဿနာ ဘာဝနာ၏ အစွမ်းဖြင့် ပွားများထားအပ်ပြီးသော အဖန်ဖန် အထပ်ထပ် အလေ့အလာ ပြုအပ်ပြီးသော ဤစိတ်သည် များစွာ အကျိုးရှိခြင်းငှာ ဖြစ်သကဲ့သို့ ဤအတူ များစွာ အကျိုးရှိ- ခြင်းငှာ ဖြစ်သော အခြား တစ်ခုသော တရားကိုမျှလည်း ငါဘုရား မြင်တော်မမူ။ ရဟန်းတို့ …သမထ ဝိပဿနာ ဘာဝနာ၏ အစွမ်းဖြင့် ပွားများထားအပ်ပြီးသော အဖန်ဖန် အထပ်ထပ် အလေ့အလာ ပြုအပ်ပြီးသော စိတ်သည် များစွာ အကျိုးရှိခြင်းငှာ ဖြစ်၏။ (အံ-၁-၅။) ရဟန်းတို့ …သမထ ဝိပဿနာ ဘာဝနာ၏ အစွမ်းဖြင့် မပွားများထားအပ်သေးသော အဖန်ဖန် အထပ် ထပ် အလေ့အလာ မပြုအပ်သေးသော ဤစိတ်သည် ဆင်းရဲဒုက္ခကို ဆောင်သကဲ့သို့ ဤအတူ ဆင်းရဲဒုက္ခကို
——无利益;我不见有任何其他法。诸比丘,这颗尚未以止观禅修之力加以修习、尚未反复修习的心,会导致诸多无利益。(《增支部》1-5。)诸比丘,我不见有任何其他法,像这颗已经以止观禅修之力修习、已经反复修习的心一样,会带来如此多的利益。诸比丘,这颗已经以止观禅修之力修习、已经反复修习的心,会带来诸多利益。(《增支部》1-5。)诸比丘,我不见有任何其他法,像这颗尚未以止观禅修之力加以修习、尚未反复修习的心一样,会带来苦——
ဆောင်သော အခြား တစ်ခုသော တရားကိုမျှလည်း ငါဘုရား မြင်တော်မမူ။ ရဟန်းတို့ …သမထ ဝိပဿနာ ဘာဝနာ၏ အစွမ်းဖြင့် မပွားများထားအပ်သေးသော အဖန်ဖန် အထပ်ထပ် အလေ့အလာ မပြုအပ်သေးသော စိတ်သည် ဆင်းရဲဒုက္ခကို ဆောင်၏။ (အံ-၁-၅။) ရဟန်းတို့ …သမထ ဝိပဿနာ ဘာဝနာ၏ အစွမ်းဖြင့် အဖန်ဖန် အထပ်ထပ် အလေ့အလာ ပြုအပ် ပြီးသော ဤစိတ်သည် ချမ်းသာသုခကို ဆောင်သကဲ့သို့ ဤအတူ ချမ်းသာသုခကို ဆောင်သော အခြား တစ်ခုသော တရားကိုမျှလည်း ငါဘုရား မြင်တော်မမူ။ ရဟန်းတို့ …သမထ ဝိပဿနာ ဘာဝနာ၏ အစွမ်းဖြင့် ပွားများ ထားအပ်ပြီးသော အဖန်ဖန် အထပ်ထပ် အလေ့အလာ ပြုအပ်ပြီးသော စိတ်သည် ချမ်းသာသုခကို ဆောင်၏။
——我不见有任何其他法。诸比丘,这颗尚未以止观禅修之力加以修习、尚未反复修习的心,会带来苦。(《增支部》1-5。)诸比丘,我不见有任何其他法,像这颗已经以止观禅修之力反复修习的心一样,会带来乐。诸比丘,这颗已经以止观禅修之力修习、已经反复修习的心,会带来乐。
(အံ-၁-၅။)
(《增支部》1-5。)
လွန်ကဲသော ပညာ ရှိကုန်သော ခပ်သိမ်းကုန်သော ကုသိုလ်တရားတို့သည် မဆုတ်ယုတ်ကုန်။
具有殊胜智慧的一切善法皆不退失。
(အံ-၁-၁၅၃-၃၄၁။)
(《增支部》1-153、341。)
ပညာသည် အဘယ်အကျိုး ရှိသနည်း? ပညာသည် သစ္စာလေးရပ် တရားမြတ်တို့ကို ထူးသော ဉာဏ်ဖြင့် ထိုးထွင်း သိမြင်ခြင်း အကျိုးရှိ၏၊ ပိုင်းပိုင်းခြားခြား သိခြင်း အကျိုးရှိ၏၊ ပယ်စွန့်နိုင်ခြင်း အကျိုးရှိ၏။ (= ဒုက္ခသစ္စာ တရား သမုဒယသစ္စာတရားတို့ကို ဉာတပရိညာပညာဖြင့် ထိုးထွင်းသိခြင်း အကျိုးရှိ၏၊ တီရဏပရိညာ ပညာဖြင့် ပိုင်းပိုင်းခြားခြား သိခြင်း အကျိုးရှိ၏၊ ပဟာန ပရိညာပညာဖြင့် ကိလေသာကို ပယ်စွန့်နိုင်ခြင်း အကျိုးရှိ၏။)
慧有什么利益?慧具有以殊胜之智通达四圣谛的利益,有分别了知的利益,也有断除的利益。〔即:以知遍知之慧通达苦谛与集谛,以审察遍知之慧分别了知,以断遍知之慧断除烦恼。〕
(မ-၁-၃၆၇။)
(《中部》1-367。)
原书第 290 页
ရဟန်းတို့ …ပညာရှိသော အရိယသာဝက၏ သန္တာန်၌ ထိုပညာသို့ အစဥ်လိုက်သော သဒ္ဓါသည် ကောင်းစွာ တည်၏၊ ထိုပညာသို့ အစဥ်လိုက်သော ဝီရိယသည် ကောင်းစွာတည်၏၊ ထိုပညာသို့ အစဥ်လိုက်သော သတိသည် ကောင်းစွာ တည်၏၊ ထိုပညာသို့ အစဥ်လိုက်သော သမာဓိသည် ကောင်းစွာ တည်၏။
诸比丘,在具慧圣弟子的相续中,随从此慧的信稳固安住,随从此慧的精进稳固安住,随从此慧的念稳固安住,随从此慧的定稳固安住。
(သံ-၃-၁၉၅။)
(《相应部》3-195。)
ဤသို့လျှင် လောကီယဓမ္မပိုင်းသို့ ရောက်ရှိလာလတ်သော် ယင်းလောကီယဓမ္မ၌ စိတ်ကား အကြီးအကဲ ဖြစ်၏၊ ပဓာန ဖြစ်၏၊ ရှေ့သွားခေါင်းဆောင် ဖြစ်၏။ လောကုတ္တရာပိုင်းသို့ ရောက်လတ်သော် ယင်းလောကုတ္တရာ တရားစု၌ ပညာကား အကြီးအကဲ ဖြစ်၏၊ ပဓာန ဖြစ်၏၊ ရှေ့သွားခေါင်းဆောင် ဖြစ်၏။ (အဘိ-ဋ္ဌ-၁-၁၁၁။) ကာမ ရူပ အရူပတည်းဟူသော ဘုံသုံးပါး အတွင်း၌ တည်ရှိသော ဥပါဒါနက္ခန္ဓာ (၅)ပါး ဒုက္ခသစ္စာတရား သည် ဝဋ္ဋ မည်၏။ ထိုဝဋ္ဋကို ရရှိဖို့ရန် အခြေခံ အကြောင်းရင်း ဖြစ်သော ကုသိုလ်ကံ အကုသိုလ်ကံမှန်သမျှသည် ဝဋ္ဋပါဒ မည်၏။ သမုဒယသစ္စာတရားစုတည်း။ လောကုတ္တရာတရား (၉)ပါးသည်ကား ဝိဝဋ္ဋ မည်၏။ ထိုဝိဝဋ္ဋ မည်သော လောကုတ္တရာတရား (၉)ပါးကို ရခြင်း၏ အကြောင်းရင်း ဖြစ်သော ကုသိုလ်ကံမှန်သမျှသည် ဝိဝဋ္ဋပါဒ မည်၏။ အတိတ်ဘဝထိုထိုက ပြုစုပျိုးထောင်ခဲ့သော ဝိဇ္ဇာမျိုးစေ့ကောင်း စရဏမျိုးစေ့ကောင်းတို့လည်း ပါဝင်ကြ၏၊
如是,就世间法而言,心在诸世间法中是首领、主导与先导;就出世间而言,慧在诸出世间法中是首领、主导与先导。(《阿毗达磨义注》1-111。)位于欲界、色界与无色界三界中的五取蕴,即苦谛,名为轮转。凡是获得这种轮转的根本因——一切善业与不善业——都名为轮转之基,也就是集谛诸法。九出世间法则名为还灭。凡是作为获得这九出世间法之因的一切善业,都名为还灭之基;其中也包括过去各生所培育的明之善种与行之善种——
ဤဘဝတွင် ပြုစုပျိုးထောင်လိုက်သော သီလကုသိုလ် သမာဓိကုသိုလ် ဝိပဿနာကုသိုလ် အရိယမဂ်ကုသိုလ်တို့ လည်း ပါဝင်ကြ၏။ (အံ-ဋ္ဌ-၁-၄ဝ။) ထိုတွင် ဝဋ္ဋ၏ အစွမ်းဖြင့်သာလျှင် ဖြစ်ပေါ်လာသော စိတ်သည် လူမင်းစည်းစိမ် နတ်မင်းစည်းစိမ် ဗြဟ္မာမင်း စည်းစိမ်ကဲ့သို့သော အထက်တန်းကျသော စည်းစိမ်တို့ကို ပေးစွမ်းနိုင်သော်လည်း အဖန်ဖန် အထပ်ထပ် ပဋိသန္ဓေ တည်နေရခြင်း အိုရခြင်း နာရခြင်း သေရခြင်း စိုးရိမ်ရခြင်း ငိုကြွေးရခြင်း ကိုယ်ဆင်းရဲရခြင်း စိတ်ဆင်းရဲရခြင်း ပြင်းစွာပူပန်ရခြင်း ဒုက္ခအဝဝတို့ကိုလည်းကောင်း ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် ညှဥ်းပန်းနှိပ်စက် ခံနေရသည့် ခန္ဓာ အာယတန ဓာတ် ပဋိစ္စသမုပ္ပါဒ် ဝဋ်တရားတို့ကိုလည်းကောင်း ဤကဲ့သို့သော အကျိုးတရားတို့ ကို ပေးလျက် ဒုက္ခတုံး ဒုက္ခအစုအပုံတည်းဟူသော အကျိုးကိုသာလျှင် ပေးတတ်၏။ ထိုကြောင့် ဘာဝနာဖြင့်
——也包括今生所培育的戒善、定善、观善与圣道善。(《增支部义注》1-40。)其中,唯依轮转之力生起的心,虽能带来人王之乐、天王之乐、梵王之乐等优胜福乐,却也会带来一再结生、衰老、患病、死亡、愁、悲、身苦、心忧、恼等种种苦,以及不断遭受生灭逼迫的蕴、处、界、缘起等轮转法。它给出这些果时,终究只给出纯大苦聚这一果。因此,未经禅修——
ထုံမွမ်းထားမှု မရှိသော စိတ်သည် များစွာ အကျိုးမဲ့ခြင်းငှာ ဖြစ်၏။
——熏习的心,会导致诸多无利益。
ဘာဝနာဖြင့် ထုံမွမ်းထားမှု မရှိသော ဝဋ္ဋ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော စိတ်ကား လောကုတ္တရာ တရားထူး တရားမြတ်၏ အခြေခံ အကြောင်းရင်း ဖြစ်သော ပါဒကစျာန်၊ ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ နိဗ္ဗာန်တို့၌ ပြေးဝင်ခြင်းငှာ မစွမ်းနိုင်ပေ။ ဝိဝဋ္ဋ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော စိတ်သည်သာလျှင် ပြေးဝင်ခြင်းငှာ စွမ်းနိုင်၏။
未经禅修熏习、依轮转之力生起的心,不能趋入作为殊胜出世间法所依基础的基础禅、观智、道智、果智与涅槃;只有依还灭之力生起的心,才能趋入。
ဝိဝဋ္ဋ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော စိတ်ကား ချမ်းသာသုခ အမျိုးမျိုးကို ရွက်ဆောင်ပေးနိုင်၏။ ထိုဝိ- ဝဋ္ဋ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော စိတ်သည် --- တစ်ဆင့်ထက် တစ်ဆင့် မြင့်သထက် မြင့်သော ချမ်းသာသုခ အမျိုးမျိုးကို ရွက်ဆောင်ပေးနိုင်၏။ လူ့ချမ်းသာထက် နတ်ချမ်းသာ၊ နတ်ချမ်းသာထက် စျာန်ချမ်းသာ၊ စျာန် ချမ်းသာထက် ဝိပဿနာချမ်းသာ၊ ဝိပဿနာချမ်းသာထက် မဂ်ချမ်းသာ၊ မဂ်ချမ်းသာထက် ဖိုလ်ချမ်းသာ၊ ဖိုလ် ချမ်းသာထက် နိဗ္ဗာန်ချမ်းသာကား တစ်ဆင့်ထက် တစ်ဆင့် မြင့်သထက် မြင့်၏။ ထိုသို့ အဆင့်ဆင့် မြင့်မားသော ချမ်းသာသုခ အဝဝကို သမထ ဝိပဿနာ ဘာဝနာ၏ အစွမ်းဖြင့် ပွားများထားအပ်သော စိတ်က ရရှိအောင် ရွက်ဆောင်ပေးနိုင်ပေသည်။ (အံ-ဋ္ဌ-၁-၄ဝ-၄၁။) သီလ သမာဓိ ပညာတို့ဖြင့် ထုံမွမ်းထားအပ်သော အလွန် အဆင့်အတန်း မြင့်မားသော စိတ်ဓာတ်သည် ကိလေသာ အာသဝေါတို့မှ လွတ်မြောက်စေလျက် နိဗ္ဗာန်သို့ တိုင်အောင်သော အလွန် အဆင့်အတန်း မြင့်မား
依还灭之力生起的心,能够带来各种安乐。这种心能够带来层层增上的种种安乐:天乐高于人乐,禅乐高于天乐,观乐高于禅乐,道乐高于观乐,果乐高于道乐,涅槃乐高于果乐,层层转胜。由止观禅修之力培育的心,能够使人获得这一切逐级增上的安乐。(《增支部义注》1-40—41。)为戒、定、慧所熏习的极其高尚之心,能令人解脱烦恼与诸漏,直至涅槃,并有力量带来极其崇高的种种——
သော ချမ်းသာသုခ အမျိုးမျိုးကို ရွက်ဆောင်ပေးနိုင်သည့် စွမ်းအား ရှိသကဲ့သို့ အလားတူပင် ဆိုးသွမ်း ညစ်နွမ်းလျက်
——安乐。同样,邪恶、染污——
原书第 291 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း ရှိသော ယုတ်ညံ့သော ရုန့်ရင်းကြမ်းတမ်းသော စိတ်ဓာတ်ကလည်း ငရဲသို့တိုင်အောင် ဆင်းရဲဒုက္ခ အမျိုးမျိုးကို ရွက်ဆောင်ပေးနိုင်သည့် စွမ်းအား ရှိ၏။
——卑劣、粗鄙的心,也有力量带来直至地狱的种种苦。
ဖြူစင်မြင့်မြတ်သော စိတ်ဓာတ် တစ်ခု ဖြစ်ပေါ်လာရေး၊ ယုတ်ညံ့ရိုင်းပျသော စိတ်ဓာတ် တစ်ခု ဖြစ်ပေါ် လာရေးအတွက် ခြယ်လှယ်ပေးနေသော တရားတို့ကား စေတသိက်တရားတို့ပင် ဖြစ်ကြသည်။ ရေသည် ပင်ကိုယ် သဘောအားဖြင့် ဖြူစင်သော ကြည်လင်သော သဘောတစ်မျိုးသာ ဖြစ်သော်လည်း ဆေးနီ ဆေးဝါ ဆေးပြာ ဆေးနက်တို့နှင့် ရောစပ်မိသောအခါ၌ ရေနီ ရေဝါ ရေပြာ ရေနက် ဖြစ်ရတော့သကဲ့သို့ စိတ်သည် ပင်ကိုယ် သဘာဝအားဖြင့် ဖြူစင်သော တရားတစ်မျိုးပင် ဖြစ်သော်လည်း အကောင်းစေတသိက်တို့နှင့် ယှဥ်တွဲမိသောအခါ စိတ်ကောင်း စိတ်မြတ် ဖြစ်လာရ၍ အဆိုးစေတသိက်များနှင့် ယှဥ်တွဲမိသောအခါ စိတ်ဆိုး စိတ်ယုတ် ဖြစ်လာရ ပေသည်။ ယင်းစေတသိက်တို့ကို ခွဲတမ်းချလိုက်သော် --- ၁။ အကောင်း အဆိုး နှစ်ဘက်ရ အညသမာန်းစေတသိက် ၁၃-မျိုး ၂။ ယုတ်ညံ့သော အကုသိုလ်စေတသိက် ၁၄-မျိုး ၃။ တင့်တယ် ကောင်းမြတ်သော သောဘဏစေတသိက် ၂၅-မျိုး
使清净、高尚之心生起,或使卑劣、粗野之心生起,起着塑造作用的法正是诸心所。水的本性只有洁白清澈这一种;但与红、黄、蓝、黑等染料混合后,就会成为红水、黄水、蓝水、黑水。同样,心的本性本是清净之法;与善心所相应时便成为善心、高尚之心,与不善心所相应时便成为恶心、卑劣之心。若将这些心所分类:一、可通善恶两方的十三同他心所;二、十四不善心所;三、二十五美心所。
အားလုံးပေါင်းသော် ၅၂-မျိုး ဤ (၅၂)မျိုးသော စေတသိက်တို့တွင် ဝေဒနာနှင့် သညာအကြောင်းကို ရေးသား တင်ပြခဲ့ပြီးလေပြီ။
合计五十二种。在这五十二种心所中,受与想已经讲述过了。
ယခုအခါ ဖဿ စသော စေတသိက်တို့၏ အကြောင်းကို ရေးသား တင်ပြပေအံ့။
现在将讲述触等心所。
原书第 292 页
သဗ္ဗစိတ္တသာဓာရဏ စေတသိက်အပိုင်း
遍一切心心所篇
၁။ ဖဿ
一、触
၁။ ဖုသတီတိ ဖဿော၊ သွာယံ ဖုသနလက္ခဏော၊ ၂။ သင်္ဃဋ္ဋနရသော၊ ၃။ သန္နိပါတပစ္စုပဋ္ဌာနော၊ ဝေဒနာပစ္စုပဋ္ဌာနော ဝါ၊ ၄။ အာပါထဂတဝိသယပဒဋ္ဌာနော (အာပါတဂတဝိသယပဒဋ္ဌာနော)။
‘一、“接触,故名为触。”它以接触所缘为特相。二、以触击为作用。三、以会合为现起,或以受为现起。四、以进入呈现范围的所缘为近因。’
(အဘိ-ဋ္ဌ-၁-၁၅၁-၁၅၂။ ဝိသုဒ္ဓိ-၂-၉၃။)
(《阿毗达磨义注》1-151—152;《清净道论》2-93。)
၁။ အာရုံကို တွေ့ထိခြင်းသဘော လက္ခဏ၊ ၂။ အာရုံဝိညာဏ်ကို ပွတ်ချုပ်ထိခိုက်ခြင်း (ကိစ္စ) ရသ၊ တစ်နည်း --- အာရုံနှင့် ဝိညာဏ်ကို ဆက်စပ်ပေးခြင်း (ကိစ္စ) ရသ၊ တစ်နည်း --- ဝတ္ထုအာရုံတို့၏ ပေါင်းဆုံထိခိုက်ခြင်းနှင့် ပြည့်စုံခြင်း (သမ္ပတ္တိ) ရသ၊ ၃။ (က) ဝတ္ထု + အာရုံ + ဝိညာဏ် (၃)ပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖြစ်ပေါ်လာသော သဘောတရား (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်၊ (ခ ) တစ်နည်း --- ဝေဒနာဟူသော အကျိုးတရားကို ဖြစ်ပေါ်စေတတ်သော သဘောတရား (ဖလ) ပစ္စုပဋ္ဌာန်၊ ၄။ ထင်ခြင်းသို့ (ရှေးရှူ ကျခြင်းသို့) ရောက်ရှိလာသော အာရုံ ပဒဋ္ဌာန်။
触有四种法相:一、以接触所缘为特相。二、以触击所缘与识为功能作用;换言之,以连接所缘与识为功能作用;又换言之,由所依与所缘会合触击而获得圆满,是其成就作用。三、(甲)由所依、所缘与识三者会合而生起,是其现起之方式;(乙)换言之,以令受这一果法生起为果现起。四、以已进入呈现范围、来到面前的所缘为近因。
သဘာဝဓမ္မေသု ကတ္တုကရဏသာဓနဝစနံ တဒါကာရသမာရောပနတော ပရိယာယကထာ၊ ဘာဝသာဓန ဝစနမေဝ နိပ္ပရိယာယကထာတိ ဝုတ္တံ ''ဖုသနလက္ခဏော''တိ။ (မဟာဋီ-၂-၁၄ဝ။) အယဥှိ အရူပဓမ္မောပိ သမာနော အာရမ္မဏေ ဖုသနာကာရေနေဝ ပဝတ္တတိ။ (ဝိသုဒ္ဓိ-၂-၉၃။) လက္ခဏ --- ရှေး ဝိညာဏက္ခန္ဓာပိုင်း၌ ရှင်းပြခဲ့သည့်အတိုင်း ပရမတ္ထဓမ္မတို့ကို ဝိဂြိုဟ်ပြုရာ၌ ကတ္တုသာဓန ကရဏသာဓန ဘာဝသာဓနဟု ဝိဂြိုဟ် (၃)မျိုးပြုနိုင်ရာ ကတ္တုသာဓန ကရဏသာဓနတို့မှာ ထိုကတ္တား အခြင်း အရာ ကရိုဏ်း အခြင်းအရာတို့ဖြင့် ဖြစ်ပုံကို တင်စား၍ ပြောဆိုသော ပရိယာယ်စကားတို့သာ ဖြစ်ကြသည်။
‘对于自性法,能作者式与工具式的释词,是把相应行相假托于法上而说的间接说;只有抽象状态式的释词才是直接说。因此说“以接触为特相”。’(《大复注》2‘触即使是非色法,也正以接触所缘的行相而转起。’(《清净道论》2-93。)特相——如前面识蕴部分所释,分析究竟法词义时,可作能作者式、工具式与抽象状态式三种释词。能作者式与工具式只是把能作者、工具的行相假托于法上而说的间接说。
ဘာဝသာဓနသာ မုချ စကားဖြစ်၍ ဖုသနလက္ခဏောဟု ဆိုသည်။
只有抽象状态式才是主要的直接说,所以称为“接触所缘的触相”。
တွေ့ထိခြင်း ကြိယာ၏ ကတ္တားကား တရားမှတစ်ပါး မရှိပြီ၊ တရားသည်သာလျှင် ကတ္တားဖြစ်သည်ဟု သိစိ့မ်သောငှာ --- ဖုသတီတိ ဖဿော --- ဟု တရားကိုပင် ကတ္တား အဖြစ်ဖြင့် ညွှန်ပြခြင်း ဖြစ်သည်။ ဖဿသည် အာရုံကို တွေ့ထိတတ်၏ဟူသည် အတ္တက အာရုံကို တွေ့ထိတတ်သည် မဟုတ်၊ ဖဿကသာလျှင် အာရုံကို တွေ့ထိတတ်၏ ဟူလိုသည်။ ဤစကားမှာလည်း အတ္တက အာရုံကို တွေ့ထိပါသည်ဟူသော အတ္တစွဲကို ဖြိုဖျက် ရန်အတွက် တဒ္ဓမ္မူပစာရအားဖြင့် ပြောကြားသော စကားသာဖြစ်၍ ပရိယာယကထာ = ပရိယာယ်စကားတည်း။
为了让人知道,接触这一动作并没有除法以外的作者,唯有法本身是作者,所以用‘ဖုသတီတိ ဖဿော’——‘接触,故名为触’——把触这一法说成能作者。“触接触所缘”,并不是我在接触所缘,而只是触接触所缘。这种说法也是为了破除“我接触所缘”的我执,依该法借称而说的间接说。
သမ္ပယုတ်တရားတို့သည် အာရုံကို တွေ့ထိရာ၌ ဖဿကြောင့်သာ တွေ့ထိနိုင်ကြ၏၊ အာရုံကို တွေ့ထိခြင်း ကြိယာကို ပြီးစေကြောင်းတရားမှာလည်း အတ္တမဟုတ် ဖဿသာဖြစ်သည်ဟု အတ္တစွဲကို ဖြိုဖျက်ရန်အတွက် တွေ့ထိခြင်းကြိယာကို ပြီးစေကြောင်းသတ္တိ မရှိသော်လည်း ရှိသကဲ့သို့ တင်စား၍ ပြောဆိုသော တဒ္ဓမ္မူပစာရ စကားဖြစ်၍ ကရဏသာဓန ဝိဂြိုဟ်စကားမှာလည်း ပရိယာယကထာ စကားသာ ဖြစ်သည်။
诸相应法接触所缘时,唯因触而能接触;使接触所缘这一动作完成的法也不是我,而只是触。为了破除我执,虽没有一个实体能力能使接触动作完成,却把触说成仿佛具有这种能力;这是依该法借称的语言,所以工具式释词也只是间接说。
原书第 293 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း ဖဿသည် အာရုံကို တွေ့ထိခြင်း သဘောလက္ခဏာရှိ၏ဟူသော ဘာဝသာဓန စကားမှာသာ မုချစကား ဖြစ်သည်။ သို့သော် ဖဿ၏ အာရုံကို တွေ့ထိမှု အသိစိတ်ကို တွေ့ထိမှုကား ရုပ်တရားချင်း လက်နှစ်ဘက်ချင်း ထိသကဲ့သို့ တွေ့ထိသည်ကား မဟုတ်၊ သို့အတွက် တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘောဟု ဆိုသည်။
只有“触以接触所缘为特相”这种抽象状态式的说法,才是主要的直接说。不过,触对所缘的接触以及对能知之心的接触,并不是像两只手等色法相互碰触;所以只说它是以接触行相而生起的自性。
လောက၌ --- ''တွေ့ထိ'' --- သော အရာဝတ္ထု နှစ်ခုသည် ဘေးချင်းကပ်လျက် စပ်နေရိုးတည်း၊ တစ်ခုနှင့် တစ်ခု ငြိကပ်မှု ရှိနေ၏။ ဖဿ၏ အသိစိတ်ကိုလည်းကောင်း အာရုံကိုလည်းကောင်း ထိခိုက်ရာ၌ကား သစ်သား နှစ်ချောင်းသည် ဘေးချင်းကပ်၍ ထိစပ်နေသကဲ့သို့ ငြိကပ်ထိစပ်နေသည်ကား မဟုတ်၊ ရူပါရုံသည် စက္ခုပသာဒကို ထိခိုက်ရာ၌ စက္ခုပသာဒနှင့် ရူပါရုံတို့သည် တစ်ခုနှင့်တစ်ခု အချင်းချင်း မငြိမကပ်ဘဲ ဓာတ်ခိုက်သည့် သဘော အားဖြင့် ထိခိုက်သကဲ့သို့ ဖဿကလည်း စိတ်နှင့်အာရုံ နှစ်ပါးစုံကို မငြိမကပ် မထိမစပ်ဘဲပင် ထိခိုက်နိုင်သည် ဟူလိုသည်။ (အဘိ-ဋ္ဌ-၁-၁၅၁။ ဝိသုဒ္ဓိ-၂-၉၃။) သင်္ဃဋ္ဋနရသ --- ဧကဒေသေန စ အနလီဒယမာနောပိ ရူပံ ဝိယ စက္ခုံ၊ သဒ္ဒေါ ဝိယ စ သောတံ၊ စိတ္တံ အာရမ္မဏဉ္စ သင်္ဃဋ္ဋေတီတိ သင်္ဃဋ္ဋနရသော၊ ဝတ္ထာရမ္မဏသင်္ဃဋ္ဋနတော ဝါ ဥပ္ပန္နတ္တာ သမ္ပတ္တိ အတ္ထေနပိ ရသေန သင်္ဃဋ္ဋနရသောတိ ဝေဒိတဗ္ဗော။ (အဘိ-ဋ္ဌ-၁-၁၅၁။)
在世俗中,两个“接触”的物体通常并排相连,彼此贴合。触对能知之心与所缘的触击,却不像两根木条并排贴合;正如色所缘触击眼净色时,眼净色与色所缘并不彼此贴合,只依界的自性而发生触击,触也能在不贴合、不接触的情况下触击心与所缘二者。(《阿毗达磨义注》1-151;《清净道论》2-‘虽然不以任何部分贴合,它仍像色所缘触击眼、声所缘触击耳那样,触击心与所缘,所以具有触击作用。或者,因为它由所依与所缘的触击而生起,应知依成就之义,它也以触击为作用。’(《阿毗达磨义注》1-151。)
သင်္ဃဋ္ဋနဉ္စ ဖဿဿ စိတ္တာရမ္မဏာနံ သန္နိပတနဘာဝေါ ဧဝ။ (မူလဋီ-၁-၈၆။ မဟာဋီ-၂-၁၄ဝ။) ရသသည် ကိစ္စရသ သမ္ပတ္တိရသဟု နှစ်မျိုးရှိ၏။ ဤ သင်္ဃဋ္ဋနရသော ဟူသော ပုဒ်သည် ထိုရသ နှစ်မျိုးလုံး ကိုပင် ဖော်ပြ၏။
‘所谓触击,正是触令心与所缘会合的状态。’(《根本复注》1-86;《大复注》2-140。)作用有功能作用与成就作用两种。“以触击为作用”这一词句,同时说明这两种作用。
ရူပါရုံသည် စက္ခုပသာဒ၌ သဒ္ဒါရုံသည် သောတပသာဒ၌ ဓာတ်သဘာဝအလိုက် အချင်းချင်း မငြိမကပ်ဘဲ ထိခိုက်သကဲ့သို့ ဤဖဿသည်လည်း ယှဥ်ဖက်စိတ်ကိုလည်းကောင်း အာရုံကိုလည်းကောင်း တစ်စိတ်တစ်ဒေသ တစ်ဖို့တစ်စုအားဖြင့် မငြိမကပ် မထိမစပ်ပါသော်လည်း ဓာတ်သဘာဝအလိုက် ထိခိုက်သကဲ့သို့ ဖြစ်ခြင်းသည် ကိစ္စရသတည်း။ ဖဿ၏ ဓာတ်သဘာဝအလိုက် ထိခိုက်မှုကြောင့်သာ စိတ်နှင့်အာရုံ နှစ်ပါးစုံသည် ပေါင်းဆုံမိခြင်း ဖြစ်၏၊ ဖဿက အာရုံနှင့် အသိစိတ်ကို ဆက်စပ်ပေး ဆက်သွယ်ပေးသောကြောင့်တည်း။ အကယ်၍ ဖဿသည် အာရုံကိုသာထိ၍ စိတ်ကို မထိလျှင်လည်းကောင်း၊ စိတ်ကိုသာထိ၍ အာရုံကို မထိလျှင်လည်းကောင်း စိတ်နှင့် အာရုံသည် မဆုံမိ မစပ်မိနိုင်လေရာ။ သို့အတွက် သင်္ဃဋ္ဋန = ထိခိုက်ခြင်းဟူသည် စိတ်နှင့်အာရုံတို့၏ ပေါင်းဆုံခြင်း ဖြစ်ကြောင်းဖြစ်ရာ သဘောတရားသာတည်း။ ဖဿကြောင့် စိတ်နှင့်အာရုံတို့သည် ပေါင်းဆုံမိကြ၏၊ ထိုပေါင်းဆုံ
正如色所缘对眼净色、声所缘对耳净色,虽不依界的自性彼此贴合,仍发生触击;同样,触虽不以任何部分贴合相应心与所缘,仍仿佛依界的自性触击它们,这就是功能作用。正因为触依界的自性触击,心与所缘二者才得以会合;触把所缘与能知之心连接、联系起来。如果触只触所缘而不触心,或只触心而不触所缘,心与所缘就不能会合。因此,saṅghaṭṭana——“触击”,只是令心与所缘会合的法;心与所缘因触而会合,这一会合——
ခြင်းကိုပင် ''ထိခိုက်''ဟု ခေါ်သည်။ ပေါင်းဆုံမိခြင်းမှတစ်ပါး ထိခိုက်မှုကား သီးခြားမရှိ ဟူလိုသည်။ ဖဿသည် စိတ်၏အာရုံ၌ ဓာတ်သဘာဝအလိုက် ပေါင်းဆုံသော အခြင်းအရာအားဖြင့် ဖြစ်ခြင်း၏ အကြောင်းတရားသာ ဖြစ်၏။ ယင်းကိုပင် ကိစ္စ အနက်သဘောရှိသော ရသဟု ဆိုသည်။
——本身就称为“触击”,意思是:除会合以外,并没有另一种独立的触击。触只是使心依界的自性以会合所缘这一行相生起的因;这就称为依功能义而立的作用。
လက်ဝါးတစ်ဘက်၏ လက်ဝါးတစ်ဘက်၌ ထိခိုက်ခြင်းဟူသည် ထိုထိခိုက်ခြင်း၏ အကြောင်းထူး ဖြစ်ကုန် သော ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲကုန်သော ရုပ်တရားစုတို့သာ ဖြစ်ကြကုန်၏။ လက်ခုပ် တီးရာ၌ လက်ဝါးနှစ်ခုတို့သည် ထိခိုက်ကြ၏။ လက်ဝါးနှစ်ခုတို့ဟူသည် ရုပ်ပရမတ်တရားတို့၏ အစုအပုံတို့ သာတည်း။ လက်ဝါးတစ်ဘက် တစ်ဘက်၌ ရုပ်ကလာပ်အမျိုးအစား (၅)မျိုး၊ ရုပ်အမျိုးအစား (၄၄)မျိုးစီ ရှိကြ၏။
所谓一只手掌触击另一只手掌,其实只是诸色法组相互触击;这些色法组中,作为触击特殊原因的风界,其自性力量特别强。拍手时,两掌相互触击;所谓两掌,只是究竟色法的集合。每只手掌都有五类色聚、四十四种色法。
(ရုပ်အတုများကိုပါ ထည့်သွင်းရေတွက်ခဲ့သော် ဇီဝိတနဝကကလာပ်ကိုလည်း ထည့်သွင်းရေတွက်သော် -၄၄- မျိုးထက် ပိုမည်ဖြစ်၏၊ ရုပ်ကမ္မဋ္ဌာန်းပိုင်းကို ပြန်အာရုံယူထားပါ။) ထိုလက်နှစ်ဘက်တို့၌ တည်ရှိကြသော ရုပ်တရားစုတို့၌ စိတ္တဇဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင်ကား လွန်ကဲထက်မြက်လျက် ရှိ၏။ ထိုစိတ္တဇ-
〔若把非真实色法也计算在内,并把命根九法聚也计算在内,就会超过四十四种;请回顾色业处篇。〕在两只手掌所含的诸色法组中,心生风界的自性力量格外强而锐利。这个心生——
原书第 294 页
ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော လက်နှစ်ဘက်၌ တည်ရှိသော ရုပ်ကလာပ်တို့၏ သို့မဟုတ် ရုပ်တရားစုတို့၏ အချင်းချင်း အလွန့်အလွန် နီးနီးကပ်ကပ် ပွတ်ချုပ်ထိခိုက် ထိစပ်၍ ဖြစ်ခြင်းသဘောကိုပင် လက်ခုပ်တီးသည် လက်ဝါးနှစ်ခု ထိသည်ဟု ပြောဆိုခြင်း ဖြစ်၏။ ထိုထိသော အခြင်းအရာအားဖြင့် အလွန်နီးနီး ကပ်ကပ် ပွတ်ချုပ်ထိခိုက်လျက် အချင်းချင်း အလွန်နီးကပ်စွာ ဖြစ်ကြသော ရုပ်တရားအထူးတို့၌ ထိခိုက်ခြင်း ဟူသော ပရိယာယ်စကားသည် ဖြစ်သကဲ့သို့ ဤအတူပင် စိတ်နှင့် အာရုံတို့၏ စိတ်က အာရုံကို အာရုံပြုခြင်း ရယူခြင်း၊ အာရုံက အာရုံ = သိစရာအဖြစ်သို့ ရောက်ရှိခြင်းသည် ထိခိုက်ပုံ အခြင်းအရာအားဖြင့် ဖြစ်သည်မည်၏၊ ထိုထိခိုက်ပုံ အခြင်းအရာအားဖြင့် ဖြစ်သော စိတ်၌ မှီဖြစ်သော ဖဿဟူသော ဓမ္မဝိသေသတရားထူးကို စိတ်၏ အာရုံ၌ ထိခိုက်ခြင်း = သင်္ဃဋ္ဋနဟူသော စကားပရိယာယ်ဖြင့် အဋ္ဌကထာဆရာတော်က မိန့်ဆိုတော်မူခြင်းဖြစ်သည်။
——风界自性力量强盛的两掌中,色聚或色法组彼此极其接近、挤压、触击而相连;这种状态便被说成“拍手”“两掌相触”。对于这些因接触行相而极为接近、相互挤压触击的特殊色法,使用“触击”一词是一种间接说。同样,心取所缘,所缘成为被识知的对象,这便名为以触击行相而生起;依于如此生起的心而有的触这一特殊法,被义注师以间接说称为心对所缘的触击,即 saṅghaṭṭana。
(မူလဋီ-၁-၈၆။ အနုဋီ-၁-၉၃ - ကြည့်။)
(参见《根本复注》1-86;《随复注》1-93。)
ထိုဖဿ၏ ဓာတ်သဘာဝအလိုက် ထိခိုက်မှု ဓာတ်ခိုက်မှုမျိုးသည် အချို့အရာ၌ လက်တွေ့ကိုယ်ထိ- လောက်ပင် ထင်ရှား၏။ ထိုဖဿ၏ တွေ့ထိပုံ အခြင်းအရာအားဖြင့် ဖြစ်မှုနှင့်စပ်၍ အနုဋီကာဆရာတော်က ဥပမာ (၃)ခု ထုတ်ပြထား၏ --- ၁။ သစ်ပင် ခေါင်ဖျား၌ လိမ့်ကျလုမျှမတတ် တက်ရောက်နေသူကို တွေ့မြင်နေရသော ကြောက်ရွံ့တတ်သူမှာ မြေပေါ်၌ ရပ်တည်နေရင်းပင် ဒူးတုန်နေတတ်ခြင်း၊ ၂။ ချဥ်စူးလှသော သံပုရာသီး သရက်သီးမှည့် စသည်ကို စားနေသူကို တွေ့မြင်ရသည့်အခါ တွေ့မြင်ရသူ၏ သန္တာန်၌ လျှာရည် တံတွေးရည်များ ကျလာတတ်ခြင်း၊ ၃။ အညှဥ်းပန်း အနှိပ်စက်ခံနေရသော သူတစ်ထူးကို တွေ့မြင်ရသည့်အခါ ကြင်နာသနားတတ်သော ကရုဏာ တရား လက်ကိုင်ထားသူ၏ သန္တာန်၌ ခန္ဓာကိုယ် တဆတ်ဆတ် တုန်နေတတ်ခြင်း --- ဤသို့စသည့် အရာဌာနတို့၌ ဖဿ၏ အာရုံကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ပုံများသည် အလွန် ထင်ရှားကြပေသည်။ (အနုဋီ-၁-၉၃ - ကြည့်။)
触依界的自性而发生的这种触击、撞击,在某些场合甚至明显得如同身体实际受触。随复注师就触以接触行相而生起,列举三例:一、一个胆怯的人站在地上,看见有人爬到树梢、几乎要跌下来时,自己的膝盖也会发抖;二、看见别人吃极酸的柠檬、熟芒果等时,观看者的相续中也会流出口水、唾液;三、一个心怀悲悯、常行悲心的人,看见别人正受折磨时,自己的身体也会阵阵颤抖。在这些场合,触以接触所缘的行相而生起,显得格外明显。(参见《随复注》1-93。)
သမ္ပတ္တိ ရသ --- ဝတ္ထာရမ္မဏသင်္ဃဋ္ဋနတော ဝါ ဥပ္ပန္နတ္တာ သမ္ပတ္တိ အတ္ထေနပိ ရသေန သင်္ဃဋ္ဋနရသောတိ ဝေဒိတဗ္ဗော။ (အဘိ-ဋ္ဌ-၁-၁၅၁။) ဝတ္ထာရမ္မဏသန္နိပါတေန သမ္ပဇ္ဇတီတိ သင်္ဃဋ္ဋနသမ္ပတ္တိကော ဖဿော။ (မူလဋီ-၁-၈၆။) ဖဿဿ သမ္ပဇ္ဇနမုပ္ပဇ္ဇနမေဝ = ဖဿဿ သမ္ပဇ္ဇနံ ဥပ္ပဇ္ဇနမေဝ။ (အနုဋီ-၁-၉၃။) တစ်နည်းအားဖြင့်ကား --- ဤဖဿသည် မှီရာဝတ္ထုရုပ်နှင့် အာရုံတို့၏ ထိခိုက်ခြင်းကြောင့် ဖြစ်ပေါ်လာရ သည့်အတွက် သမ္ပတ္တိအနက်ရှိသော ရသအားဖြင့်လည်း သင်္ဃဋ္ဋန ရသ = ဝတ္ထုအာရုံတို့၏ ထိခိုက်ခြင်းကြောင့် အပြည့်အစုံဖြစ်ခြင်း ရသရှိ၏ဟု သိပါ။ ဤ၌ သမ္ပတ္တိဟူသည်လည်း ပြည့်စုံခြင်း မဟုတ်၊ --- ဖဿဿ သမ္ပဇ္ဇနံ ဥပ္ပဇ္ဇန မေဝ --- ဟူသော အနုဋီကာ အဆိုအတိုင်း ဖြစ်ရိုးဖြစ်စဥ်အတိုင်း အပြည့်အစုံ ဖြစ်ခြင်းတည်း။
‘或者,因为触由所依与所缘的触击而生起,应知依成就之义,它也以触击为作用。’(《阿毗达磨义注》1‘因为由所依与所缘会合而成就,所以触具有触击成就。’(《根本复注‘触的成就,就是触的生起。’(《随复注》1-93。)换一种说法,这个触由所依色与所缘的触击而生起,因此,从成就义说也具有触击作用,即由所依与所缘触击而如法成就的作用。此处所谓“成就”并非“圆满”;依随复注之说,只是触按照其生起规律完整地生起。
ပဉ္စဒွါရိကနှင့် မနောဒွါရိက
五门所生与意门所生
ဝုတ္တဥှေတံ အဋ္ဌကထာယံ --- ''စတုဘူမကဖဿော ဟိ နော ဖုသနလက္ခဏော နာမ နတ္ထိ။ သင်္ဃဋ္ဋနရသော ပန ပဉ္စဒွါရိကောဝ ဟောတိ၊ ပဉ္စဒွါရိကဿ ဟိ ဖုသနလက္ခဏောတိပိ သင်္ဃဋ္ဋနရသောတိပိ နာမံ။ မနောဒွါရိကဿ ဖုသနလက္ခဏောတွေဝ နာမံ၊ န သင်္ဃဋ္ဋနရသော''တိ။ ။ဣဒဉ္စ ဝတွာ ဣဒံ သုတ္တံ အာဘတံ ''ယထာ မဟာရာဇ ဒွေ မေဏ္ဍာ ယုဇ္ဈေယုံ၊ တေသု ယထာ ဧကော မေဏ္ဍော၊ ဧဝံ စက္ခု ဒဋ္ဌဗ္ဗံ။ ယထာ ဒုတိယော မေဏ္ဍော၊ ဧဝံ ရူပံ
《大义注》说:‘四地所生的一切触,无不以接触所缘为特相。但以触击为作用者,唯有五门所生触;五门所生触既称以接触为特相,也称以触击为作用。意门所生触只称以接触为特相,不称以触击为作用。’说完这段,又引出如下经文:‘大王,譬如两只公羊相斗,其中一只公羊应看作眼,第二只公羊应看作色所缘——
原书第 295 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း ဒဋ္ဌဗ္ဗံ။ ယထာ တေသံ သန္နိပါတော၊ ဧဝံ ဖဿော ဒဋ္ဌဗ္ဗော။ ဧဝံ ဖုသနလက္ခဏော စ ဖဿော သင်္ဃဋ္ဋနရသော စ။ ပ ။
——两羊的会合应看作触。这样,触既以接触所缘为特相,也以触击为作用,等等。’
ယထာ ဝါ ''စက္ခုနာ ရူပံ ဒိသွာ''တိအာဒီသု စက္ခုဝိညာဏာဒီနိ စက္ခုအာဒိနာမေန ဝုတ္တာနိ၊ ဧဝမိဓာပိ တာနိ စက္ခုအာဒိနာမေန ဝုတ္တာနီတိ ဝေဒိတဗ္ဗာနိ။ တသ္မာ ''ဧဝံ စက္ခု ဒဋ္ဌဗ္ဗ''န္တိအာဒီသု ''ဧဝံ စက္ခုဝိညာဏံ ဒဋ္ဌဗ္ဗ''န္တိ ဣမိနာ နယေန အတ္ထော ဝေဒိတဗ္ဗော။ ဧဝံ သန္တေ စိတ္တာရမ္မဏသင်္ဃဋ္ဋနတော ဣမသ္မိမ္ပိ သုတ္တေ ကိစ္စဋ္ဌေနေဝ ရသေန သင်္ဃဋ္ဋနရသောတိ သိဒ္ဓေါ ဟောတိ။ (အဘိ-ဋ္ဌ-၁-၁၅၁-၁၅၂။) မဟာအဋ္ဌကထာ၌ကား ဤသို့ ဖွင့်ဆိုထား၏ --- ကာမ ရူပ အရူပ လောကုတ္တရာဟူသော ဘုံ (၄)ပါးအတွင်း- ၌ဖြစ်သော ဖဿဟူသမျှသည် အာရုံကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်း ဟူသော ဖုသနလက္ခဏာ မရှိသည်မည်သည် မရှိပေ။ သင်္ဃဋ္ဋနရသသည်ကား ပဉ္စဒွါရိက၌ဖြစ်သော ဖဿသည်သာ ဖြစ်၏ = (''သင်္ဃဋ္ဋန ရသသည် ပဉ္စဒွါရိကဖဿအတွက်သာ ဖြစ်၏။ မနောဒွါရိကဖဿအတွက် မဟုတ်''ဟု ဧဝ = သာလျှင်ဟူသော စကားဖြင့် တားမြစ်ရာရောက်၏။ သို့သော် မနောဒွါရိကဖဿအတွက် သမ္ပတ္တိအနက်အားဖြင့်သာ သင်္ဃဋ္ဋနရသ
巴利义注续文(缅文转写):‘又如“由眼见色”等处,是以眼等名称说眼识等;这里也应知,是以眼等名称说它们。因此,“眼应如此看待”等句,应依“眼识应如此看待”的方式理解。这样,由于心与所缘相触击,在这部经中也就成立:触依功能义而以触击为作用。’(《阿毗达磨义注》1-151—152。)《大义注》的意思是:欲界、色界、无色界、出世间这四地所生的一切触,无一不以接触所缘的行相为特相。至于触击作用,则说只属于五门所生触;这里用 eva——“唯”——加以限定,即“触击作用只属于五门所生触,不属于意门所生触”。不过,意门所生触只是从成就义说不能称为触击作用——
မရသော်လည်း ကိစ္စအနက်အားဖြင့်ကား သင်္ဃဋ္ဋနရသ ရရှိနိုင်ပါသည်။) မှန်ပေသည် --- ပဉ္စဒွါရ၌ဖြစ်သော ဖဿ၏ ဖုသနလက္ခဏာရှိ၏ ဟူ၍လည်းကောင်း သင်္ဃဋ္ဋနရသရှိ၏ ဟူ၍လည်းကောင်း အမည်နာမသည် ဖြစ်၏။ မနောဒွါရ၌ဖြစ်သော ဖဿ၏ ဖုသနလက္ခဏာရှိ၏ ဟူ၍သာလျှင် အမည်နာမသည် ဖြစ်ပေါ်လာ၏၊ သင်္ဃဋ္ဋနရသရှိ၏ ဟူ၍ အမည်နာမသည် မဖြစ်ပေ။ (သမ္ပတ္တိရသကို ဆိုလိုသည်၊၊) ဤအထက်ပါ စကားကို ဆိုပြီး၍ ဤအောက်စကားရပ်ကိုလည်း ယင်းမဟာအဋ္ဌကထာ၌ ဤ မိလိန္ဒပဥှ ပါဠိတော်ကို ထုတ်ဆောင်၍ ဆက်လက် ဖွင့်ဆိုထားတော်မူပြန်၏ --- ဒါယကာတော် မိလိန္ဒ မဟာရာဇ …ဥပမာ --- ဆိတ်နှစ်ကောင်တို့သည် ခတ်ကုန်ရာ၏၊ ထိုဆိတ် နှစ်ကောင်တို့တွင် ဆိတ်တစ်ကောင်ကဲ့သို့ စက္ခုပသာဒကို မှတ်ပါ၊ ဒုတိယ ဆိတ်တစ်ကောင်ကဲ့သို့ ရူပါရုံကို မှတ်ပါ၊ ထိုဆိတ်နှစ်ကောင်တို့၏ ပေါင်းဆုံခြင်းကဲ့သို့ ဖဿကို မှတ်ပါ။ ဤသို့လျှင် ဖဿသည် အာရုံကို တွေ့ထိသော
——从功能义说仍然可以具有触击作用。)确实,五门所生触既称以接触为特相,也称以触击为作用;意门所生触则只称以接触为特相,不称以触击为作用——这里指的是成就作用。说完上述话以后,《大义注》又引《弥兰王问经》继续解释:‘施主弥兰大王,譬如两只公羊相斗,其中一只公羊应看作眼净色,第二只公羊应看作色所缘,两羊的会合应看作触。这样,触既以接触——
အခြင်းအရာအားဖြင့်ဖြစ်ခြင်း ဖုသနလက္ခဏာ ရှိသည်လည်းကောင်း၊ ဝတ္ထုအာရုံတို့၏ ထိခိုက်ခြင်းကြောင့် အပြည့် အစုံဖြစ်ခြင်း ပြည့်ပြည့်စုံစုံဖြစ်ခြင်းဟူသော သမ္ပတ္တိရသ ရှိသည်လည်းကောင်း ဖြစ်ပေ၏။ (လင်းကွင်း = ခွက်ခွင်း နှစ်ခုတို့ကို တီးသည့် ဥပမာ၊ လက်ခုပ် နှစ်ခုတို့ကို တီးနှက်သည့် ဥပမာ စသည်တို့၌လည်း နည်းတူမှတ်ပါ။) တစ်နည်း --- စက္ခုနာ ရူပံ ဒိသွာ (အဘိ-၁-၂၆၁။) ဤသို့စသော ပါဠိတော်တို့၌ စက္ခုနာအရ စက္ခုပသာဒ = စက္ခုဝတ္ထုကို မကောက်ယူရဘဲ စက္ခုဝိညာဏ်ကိုသာ အရကောက်ယူ၍ --- စက္ခုဝိညာဏ်ဖြင့် ရူပါရုံကို မြင်၏ ဟူသော အနက်သဘောကို --- စက္ခုဖြင့် = မျက်စိဖြင့် ရူပါရုံကို မြင်၏ဟု ဟောကြားထားတော်မူအပ်ကုန်၏။
——所缘的行相为特相,也具有由所依与所缘触击而如法成就、完整生起的成就作用。(两面铙钹相击、两掌相击等譬喻,也应准此理解。)另一种解释是:在‘由眼见色’等巴利经文中,“由眼”不能取作眼净色、眼所依,而应取眼识;“眼识见色所缘”这一意义,被说成‘由眼——即由眼睛——见色所缘’。
ဌာနူပစာရအားဖြင့် ဟောကြားထားတော်မူအပ်ကုန်၏။ အလားတူပင် ဤအထက်ပါ မိလိန္ဒပဥှပါဠိတော်၌လည်း စက္ခုဝိညာဏ် အစရှိသည်တို့ကို စက္ခု အစရှိသော နာမည်ဖြင့် ဟောကြားထားတော်မူအပ်ကုန်ပြီဟု သိရှိပါလေ။
这是依处借称而说的。同样,在上引《弥兰王问经》中,也应知是以眼等名称说眼识等。
(ကာရဏူပစာလည်း ဟူ၏။) ဤသို့ ဖြစ်လတ်သော် စိတ်အာရုံ နှစ်ပါးစုံကို ထိခိုက်တတ်သည်၏ အဖြစ်ကြောင့် ဤ မိလိန္ဒပဥှပါဠိတော် ၌လည်း ကိစ္စအနက် ရှိသည်သာလျှင်ဖြစ်သော ရသအားဖြင့် သင်္ဃဋ္ဋနရသရှိ၏ ဟူသော ဤအနက်သည် ပြီးစီး- ပြီးပင် ဖြစ်၏။ (အဘိ-ဋ္ဌ-၁-၁၅၁-၁၅၂။)
(这也称为依因借称。)既然如此,这部《弥兰王问经》中,因为触能同时触击心与所缘,也就成立:依功能义的作用说,触以触击为作用。(《阿毗达磨义注》1-151—152。)
原书第 296 页
မနောဒွါရိကဖဿအတွက် သမ္ပတ္တိအနက်အားဖြင့်သာ သင်္ဃဋ္ဋနရသ မရသော်လည်း ကိစ္စအနက်အားဖြင့်- ကား သင်္ဃဋ္ဋနရသ ရနိုင်သည်သာဟု အထက်ပါ အဋ္ဌကထာက ဆုံးဖြတ်ထား၏။ မနောဒွါရိကဖဿသည် ယှဥ်ဖက် စိတ်ကိုလည်းကောင်း အာရုံကိုလည်းကောင်း ပွတ်ချုပ်ထိခိုက်သော အခြင်းအရာအားဖြင့် ဖြစ်ခြင်း၊ အာရုံနှင့် အသိစိတ်ကို ဆက်စပ်ပေးခြင်း ဆက်သွယ်ပေးခြင်း = ဆက်သွယ်ပေးသော အခြင်းအရာအားဖြင့် ဖြစ်ခြင်း ကိစ္စရသ ရှိသည်သာဟု ဆိုလိုသည်။
上述义注裁定:意门所生触虽从成就义说不能具有触击作用,但从功能义说仍可具有触击作用。意思是,意门所生触具有这样的功能作用:以触击相应心与所缘的行相生起,把所缘与识知之心连接、联系起来,也就是以联结行相而生起。
ပစ္စုပဋ္ဌာန် --- တိကသန္နိပါတသင်္ခါတဿ ပန အတ္တနော ကာရဏဿ ဝသေန ပဝေဒိတတ္တာ သန္နိပါတ- ပစ္စုပဋ္ဌာနော။ အယဥှိ တတ္ထ တတ္ထ ''တိဏ္ဏံ သင်္ဂတိ ဖဿော''တိ ဧဝံ ကာရဏဿ ဝသေန ပဝေဒိတောတိ။
‘由于依名为三法会合的自身之因而被开示,所以触以会合为现起。因为在各处,都是以“三法会合而有触”这样依其因来开示触。’
ဣမဿ စ သုတ္တပဒဿ တိဏ္ဏံ သင်္ဂတိယာ ဖဿောတိ အယမတ္ထော၊ န သင်္ဂတိမတ္တမေဝ ဖဿောတိ။
这句经文的意思是:“由于三者会合而有触”,并不是说会合本身就是触。
(အဘိ-ဋ္ဌ-၁-၁၅၂။)
(《阿毗达磨义注》1-152。)
ဧဝံ ပဝေဒိတတ္တာ ပန တေနေဝါကာရေန ပစ္စုပဋ္ဌာတီတိ သန္နိပါတပစ္စုပဋ္ဌာနောတိ ဝုတ္တော၊ ဖလဋ္ဌေန ပန ပစ္စုပဋ္ဌာနေနေသ ဝေဒနာ ပစ္စုပဋ္ဌာနော နာမ ဟောတိ။ ဝေဒနဥှေသ ပစ္စုပဋ္ဌာပေတိ၊ ဥပ္ပါဒေတီတိ အတ္ထော။
既然触是这样被开示的,它也以同样的方式现起,所以称为“会合现起”。而从果义的现起来说,触又称为“受现起”;因为触使受显现,也就是令受生起。
ဥပ္ပါဒယမာနော စ ယထာ ဗဟိဒ္ဓါ ဥဏှပစ္စယာပိ လာခါသင်္ခါတဓာတုနိဿိတာ ဥသ္မာ အတ္တနော နိဿယေ မုဒုဘာဝကာရီ ဟောတိ၊ န အတ္တနော ပစ္စယဘူတေပိ ဗဟိဒ္ဓါ ဝီတစ္စိတင်္ဂါရသင်္ခါတေ ဥဏှဘာဝေ။ ဧဝံ ဝတ္ထာရမ္မဏသင်္ခါတအညပစ္စယောပိ သမာနော စိတ္တနိဿိတတ္တာ အတ္တနော နိဿယဘူတေ စိတ္တေ ဧဝ ဧသ ဝေဒနုပ္ပါဒကော ဟောတိ၊ န အတ္တနော ပစ္စယဘူတေပိ ဝတ္ထုမှိ အာရမ္မဏေ ဝါတိ ဝေဒိတဗ္ဗော။
‘譬如,虽由外在的热因而生,依于名为虫胶之物的热气,只令自己的依处变柔软,并不令作为其因、在外燃烧的炭火之热变柔软。同样,触虽以称为所依与所缘的其他法为因,但因为依心而生,只在自己的依处——心——中令受生起;应知它不在作为自身之因的所依或所缘中令受生起。’
(အဘိ-ဋ္ဌ-၁-၁၅၂။)
(《阿毗达磨义注》1-152。)
ဥပဋ္ဌာနာကာရ ပစ္စုပဋ္ဌာန် --- စက္ခုံ စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖဿော။
现起之方式——‘缘眼与诸色,眼识生;三者会合为触。’
(သံ-၁-၃ဝဝ။) --- ဤသို့စသော ပါဠိတော်များ၌ ဘုရားရှင် ဟောကြားထားတော်မူသည့်အတိုင်း ဝတ္ထု + အာရုံ + ဝိညာဏ် = သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖြစ်ပေါ်လာသော သဘောတရားဟု ထိုဖဿကို ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင် ရှေးရှူ ထင်လာပေသည်၊ ဥပဋ္ဌာနာကာရ ပစ္စုပဋ္ဌာန်တည်း။
(《相应部》1-300。)正如世尊在这类巴利经文中所教,观照触的瑜伽行者会在智中见到:触是由于所依、所缘、识三者会合而生起的法。这就是现起之方式。
ဝတ္ထု + အာရုံ + ဝိညာဏ် = သုံးပါးတို့၏ ပေါင်းဆုံခြင်းဟု ဆိုအပ်သော မိမိ = ဖဿ၏ အကြောင်းတရား၏ အစွမ်းဖြင့် ဘုရားရှင်ကိုယ်တော်တိုင်က သာဝကတို့အား အပြားအားဖြင့် သိစေတော်မူအပ်သည်၏ အဖြစ်ကြောင့် = ဟောကြားထားတော်မူအပ်သည်၏ အဖြစ်ကြောင့် ထိုဖဿကို ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝတွင် ဝတ္ထု + အာရုံ + ဝိညာဏ် = သုံးပါးတို့၏ ပေါင်းဆုံခြင်းဟူသော အခြင်းအရာအားဖြင့် = ပေါင်းဆုံခြင်းကြောင့် ဖြစ်ပေါ်လာသော အခြင်းအရာအားဖြင့် ရှေးရှူ ထင်လာပေ၏။ မှန်ပေသည် --- ဤဖဿကို ထိုထို ပါဠိတော်၌ တိဏ္ဏံ သင်္ဂတိ ဖဿော = သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖဿ ဖြစ်ပေါ်လာ၏ --- ဟု ဤသို့လျှင် ထိုသုံး ပါးတို့၏ ပေါင်းဆုံခြင်းကို ဖဿ၏ အကြောင်းတရား၏ အစွမ်းဖြင့် ဟောကြားထားတော်မူခဲ့၏။ ဝတ္ထု + အာရုံ + ဝိညာဏ် = သုံးပါးတို့၏ ပေါင်းဆုံမိခြင်းသက်သက်မျှကိုသာလျှင် ဖဿဟု ဟောတော်မူသည် မဟုတ်ဟု
世尊亲自依触的因——即所谓所依、所缘、识三者会合——向弟子分别开示,因此,观照触的瑜伽行者会在智中见到:触以三者会合的方式,也就是由于三者会合而生起的方式现前。确实,在各处巴利经文中,世尊说“三者会合而有触”,是依触之因说三者的会合;并不是说所依、所缘、识三者只是会合在一起,这个会合本身就是触——
သိပါလေ။ ဤသို့လျှင် ဝတ္ထု + အာရုံ + ဝိညာဏ် = သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖဿဖြစ်၏ဟူ၍ ဘုရားရှင် ဟောကြားထားတော်မူသောကြောင့် ထိုသုံးပါးတို့၏ ပေါင်းဆုံခြင်းဟူသော အခြင်းအရာအားဖြင့်ပင် ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်အား ရှေးရှူထင်လာတတ်သောကြောင့် သန္နိပါတ ပစ္စုပဋ္ဌာန် = ဝတ္ထု + အာရုံ + ဝိညာဏ် = သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖြစ်ပေါ်လာသော သဘောတရားဟု ယောဂီ၏ဉာဏ်တွင် ရှေးရှူ ထင်လာ၏ဟု ဆိုသည်။ (အဘိ-ဋ္ဌ-၁-၁၅၂။) ဖလပစ္စုပဋ္ဌာန် --- ဖဿပစ္စယာ ဝေဒနာ --- စသော ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်များအတိုင်း ဖဿသည် ဝေဒနာဟူသော အကျိုးတရားကို ဖြစ်ပေါ်စေတတ်ပေသည်၊ ဖလပစ္စုပဋ္ဌာန်တည်း။ ဖဿက ဝေဒနာကို ဖြစ်ပေါ်
——应当如此理解。世尊既说由所依、所缘、识三者会合而有触,触便以三者会合的方式在瑜伽行者智中现前。因此所谓“会合现起”,就是触在禅修者智中显现为由所依、所缘、识三者会合而生起的法。(《阿毗达磨义注》1-152。)果现起——依“缘触而有受”等缘起教说,触能使受这一果法生起;这就是果现起。触令受生起——
原书第 297 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း စေရာ၌ အဋ္ဌကထာဝယ် အောက်ပါ ဥပမာကို ဖော်ပြထား၏။
——时,义注举出如下譬喻。
မီးကျီးခဲ၊ ချိပ်၊ အပူငွေ့ = ဥသ္မာ --- ဤသုံးမျိုးကို ကြည့်ပါ။ မီးကျီးခဲသည် မာနေသောချိပ်ကို ပျော့ပျောင်းသွား စေရန် အပြင်ဗဟိဒ္ဓ အရာဝတ္ထုဖြစ်သော အကြောင်းတရားတည်း။ ထိုမီးကျီးခဲ၌ မာနေသောချိပ်ကို ကင်လိုက်သော အခါ ချိပ်၌ အပူငွေ့ = ဥသ္မာဓာတ်သည် ဖြစ်ပေါ်လာ၏။ ထိုဥသ္မာ = အပူငွေ့ဓာတ်သည် မီးကျီးခဲကြောင့် ဖြစ်ရ သော်လည်း မိမိ = အပူငွေ့၏မှီရာ ချိပ်ကိုသာ နူးညံ့အောင် ပျော့ပျောင်းအောင် ပြု၏၊ မီးကျီးခဲကို နူးညံ့အောင် ပျော့ပျောင်းအောင် မပြုသကဲ့သို့ --- ဤအတူ --- ၁။ ဝတ္ထု + အာရုံဟူသော ဗဟိဒ္ဓအကြောင်း ၂။ စိတ် = ဝိညာဏ် ၃။ ဖဿ ဤသဘောတရား (၃)မျိုးတို့တွင် ဝတ္ထု-အာရုံဟူသော တစ်ပါးသောအကြောင်းကြောင့် ဖြစ်ပေါ်လာရသော ဖဿသည် ဝတ္ထု အာရုံဟု ဆိုအပ်သော တစ်ပါးသောအကြောင်းတရားသည် ထင်ရှားရှိငြားသော်လည်း မိမိ ဖဿက စိတ်၌မှီ၍ ဖြစ်သည်၏ အဖြစ်ကြောင့် မိမိ၏ မှီ၍ဖြစ်ရာ ဖြစ်သော စိတ်၌သာလျှင် ဤဖဿသည်
请看炭火、虫胶和热气这三种事物。炭火是外在的因,能使坚硬的虫胶变软。把硬虫胶放在炭火上烘烤时,虫胶中便生起热气、热界。热气虽由炭火而生,却只使自己的依处——虫胶——柔软,并不使炭火柔软。同样,在一、作为外因的所依与所缘,二、心即识,三、触这三法中,触虽然由所依与所缘这一他因而生,而且所依、所缘显然是触的因,但触依心而生,所以只在自己的依处——心——中——
ဝေဒနာကို ဖြစ်စေတတ်၏။ ဝတ္ထုနှင့် အာရုံသည် မိမိ ဖဿ၏ အကြောင်းတရား ဖြစ်ပင် ဖြစ်ငြားသော်လည်း ဝတ္ထု၌သော်လည်းကောင်း၊ အာရုံ၌သော်လည်းကောင်း ဝေဒနာကို ဖြစ်စေတတ်သည်ကား မဟုတ်ဟု မှတ်ပါ။
——令受生起。所依与所缘虽是触的因,触却不在所依中或所缘中令受生起,应当如此理解。
(အဘိ-ဋ္ဌ-၁-၁၅၂။)
(《阿毗达磨义注》1-152。)
၁။ ဝတ္ထု + အာရုံသည် မီးကျီးခဲနှင့် တူ၏၊ ၂။ စိတ်သည် ချိပ်နှင့် တူ၏၊ ၃။ ဖဿသည် အပူငွေ့ = ဥသ္မာနှင့် တူ၏။
譬喻的前三项对应为:一、所依与所缘如炭火;二、心如虫胶;三、触如热气。
၄။ ဖဿကြောင့်ဖြစ်သော ဝေဒနာသည် အပူငွေ့ကြောင့် ချိပ်၏ ပျော့ပျောင်းနူးညံ့မှု = မုဒုဘာဝနှင့် တူ၏။
最后一项是:四、触所生的受,如虫胶因热气而有的柔软性。
ဖဿသည် ဝေဒနာဟူသော အကျိုးကို ဖြစ်စေသောအခါ၌ စိတ်၌သာလျှင် ဖြစ်စေ၏ဟု ဆိုသဖြင့် ဖဿ၏ စေတသိက = စေတသိက် = စိတ်၌မှီသော သဘောတရား ဖြစ်ကြောင်းကိုလည်းကောင်း၊ ဝတ္ထုအာရုံတို့နှင့် မရောနှောဘဲ ဝေဒနာကို ထိခိုက်နိုင်သော သဘောတရား ဖြစ်ကြောင်းကိုလည်းကောင်း ညွှန်ပြသည်။ သို့သော် ဆိုင်ရာဝတ္ထုရုပ်တရားကို မှီ၍ဖြစ်ရမှု နိဿယသဘောရှိမှုကိုကား ပယ်မြစ်သည် မဟုတ်ဟု မှတ်ပါ။ ဖဿသည် ဝိညာဏ်နှင့်သာ သမ္ပယုတ်ဖြစ်၍ မှီရာဝတ္ထုရုပ်နှင့် သမ္ပယုတ်မဖြစ် ဝိပ္ပယုတ်သာဖြစ်သောကြောင့်ဟု ဆိုလိုသည်။
说触在令受这一果生起时,只在心中令受生起,这显示两点:一、触是心所,即依心而生的法;二、触不与所依、所缘混杂,却能作用于受。但这并不否定触依相应所依色而生的依止性质。意思是,触只与识相应;它不与作为所依的色法相应,而是与色法不相应。
(မူလဋီ-၁-၈၆။)
(《根本复注》1-86。)
ပဒဋ္ဌာန် ------ တဇ္ဇာသမန္နာဟာရေန ပန ဣန္ဒြိယေန စ ပရိက္ခတေ ဝိသယေ အနန္တရာယေန ဥပ္ပဇ္ဇနတော ဧသ --- ''အာပါထဂတဝိသယပဒဋ္ဌာနော''တိ ဝုစ္စတိ။ (အဘိ-ဋ္ဌ-၁-၁၅၂။) တဿ ဖဿဿ ကာရဏဘူတော တဒနုရူပေါ သမန္နာဟာရော တဇ္ဇာသမန္နာဟာရော။ ဣန္ဒြိယဿ တဒဘိမုခဘာဝေါ အာဝဇ္ဇနာယ စ အာရမ္မဏကရဏံ ဝိသယဿ ပရိက္ခတတာ အဘိသင်္ခတတာ ဝိညာဏဿ ဝိသယဘာဝကရဏန္တိ အတ္ထော။ (မူလဋီ-၁-၈၆။) ထိုဖဿအား လျော်လျောက်ပတ်သော နှလုံးသွင်းခြင်း အာဝဇ္ဇန်းသည်လည်းကောင်း၊ စက္ခုစသော ဣန္ဒြေ သည်လည်းကောင်း ထက်ဝန်းကျင် ပြုစီမံအပ်သော အာရုံ၌ အန္တရာယ်မရှိသဖြင့် ဖြစ်နိုင်ခြင်းကြောင့် ဤဖဿကို ထင်လာသော ရှေးရှူကျရောက်လာသော အာရုံလျှင် နီးစွာသောအကြောင်း ရှိ၏ဟူ၍ ဆို၏။
‘由于触能在适当作意与根共同周备的所缘中无碍生起,所以说触以进入呈现范围的所缘为近因。’(《阿毗达磨义注》1‘作为该触之因、与之相应的作意,称为适当作意。根面向该所缘,加上转向取它为所缘,就是所缘被周备、被准备;意思是使它成为识的所缘。’(《根本复注》1-86。)因此说:在与触相应的作意、转向以及眼等根共同周备的所缘中,触能够无碍生起;触以已经显现、进入呈现范围的所缘为近因。
(အဘိ-ဋ္ဌ-၁-၁၅၂။)
(《阿毗达磨义注》1-152。)
原书第 298 页
''ထင်လာသော အာရုံသည် ဖဿဖြစ်ဖို့ရန် နီးစွာသောအကြောင်း ပဒဋ္ဌာန် ဖြစ်၏။''ဟူရာ၌ ထိုအာရုံကို ဖဿ၏ စွဲမှီ၍ဖြစ်ရာ စက္ခုစသော ဣန္ဒြေကလည်း ရှေးရှူလျက် ရှိရ၏၊ အာဝဇ္ဇန်းကလည်း ထိုအာရုံကို ဆင်ခြင်မှုကို ပြုလျက် ရှိရ၏၊ ဤသို့ ဖြစ်ခြင်းကို ပရိက္ခတ = ထက်ဝန်းကျင် ပြုပြင်အပ်၏ ဝိုင်းဝန်း၍ ပြုပြင်အပ်၏ဟု ဆိုသည်။
所谓“已显现的所缘是触生起的近因”,意思是:触所依的眼等根必须面向该所缘,转向也必须审察该所缘。这样的情形称为 parikkhata——被周遍准备、被共同周备。
ထိုသို့ အာရုံကို ဝိုင်းဝန်း၍ ပြုပြင်ခြင်းသည် ဝိညာဏ်၏ အာရုံ၏ အဖြစ်ကို ပြုခြင်းတည်း = အာရုံအပြုခံရလောက်- အောင် ပြုစီမံခြင်းတည်း။
这样共同周备所缘,就是令它成为识的所缘,也就是把它准备到足以被取为所缘。
ထိုသို့ ဝိုင်းဝန်း၍ ပြုပြင်ထားအပ်သော အာရုံမျိုး၌ ဝိညာဏ်မဖြစ်အောင် မည်သည့်တန်ခိုးရှင်မျှ မတားမြစ်နိုင် အန္တရာယ် မပြုနိုင်သည့်အတွက် အန္တရာယ် မရှိဘဲ ထိုအာရုံ၌ ဝိညာဏ်သည် ဧကန် ဖြစ်ပေါ်လာနိုင်၏၊ စိတ်ဖြစ်- လျှင်လည်း ဖဿပါ ဖြစ်ရမည် ဖြစ်၏။ သို့အတွက် ထိုသို့ ဝိုင်းဝန်း၍ ပြုပြင်ထားအပ်သော အာရုံမျိုး၌ ဖဿသည် အန္တရာယ်မရှိ ကိန်းသေဖြစ်နိုင်သောကြောင့် ထင်လာသောအာရုံ = ရှေးရှူကျရောက်လာသော အာရုံသည် ပဒဋ္ဌာန် ဖြစ်ရပေသည်။ (မူလဋီ-၁-၈၆။) ရှုကွက် --- ဤဖဿသည် ကုသိုလ်ဆိုင်ရာ အာရုံကိုလည်း တွေ့ထိမိတတ်၏၊ အကုသိုလ်ဆိုင်ရာ အာရုံ ကိုလည်း တွေ့ထိမိတတ်၏၊ စိတ်ကောင်း စိတ်ဆိုး နှစ်မျိုးတွင် အမြဲပါဝင်ရသော တရားတည်း။ စိတ်အားလုံးနှင့် ဆက်ဆံသော သဗ္ဗစိတ္တသာဓာရဏ စေတသိက်တည်း။ အာယတန ဒွါရအလိုက် ဖြစ်ပေါ်နေကြသော စိတ္တက္ခဏ တို့တွင် မိမိရှုပွားလိုသော စိတ္တက္ခဏတစ်ခု၏ အတွင်း၌တည်ရှိသော သမ္ပယုတ်တရားစုမှ ဖဿကို ရွေးထုတ်၍
对于这样共同周备的所缘,没有任何有力者能够阻止识生起、对它造成障碍,所以识必定能无碍地在该所缘中生起;心一生起,触也必定随之生起。因此,在共同周备的所缘中,触必定无碍生起;已显现、进入呈现范围的所缘,便成为触的近因。(《根本复注》1-86。)观法——触既接触善心方面的所缘,也接触不善心方面的所缘,是恒常具于好心、坏心两类心中的法,是遍一切心心所。在依处与门而生的诸心刹那中,从自己想要观照的某一心刹那所含相应法组里拣出触——
အထက်ပါ လက္ခဏ-ရသ စသည့် ရှုကွက်ကို ရှုပါ။ ပဉ္စဒွါရိကဖဿ၌ ကိစ္စရသ၊ သမ္ပတ္တိရသ နှစ်မျိုးလုံး ရှုပါ။
——依上述特相、作用等观法加以观照。观五门所生触时,应同时观照功能作用与成就作用。
မနောဒွါရိကဖဿ၌ ကိစ္စရသ တစ်မျိုးသာ ရှုပါ။
观意门所生触时,只观照功能作用。
၂။ စေတနာ
二、思
စေတယတီတိ စေတနာ၊ သဒ္ဓိံ အတ္တနာ သမ္ပယုတ္တဓမ္မေ အာရမ္မဏေ အဘိသန္ဒဟတီတိ အတ္ထော။
‘能策励,故名为思。’意思是:思把与自己相应的诸法持续连接于所缘。
၁။ သာ စေတယိတလက္ခဏာ၊ စေတနာဘာဝလက္ခဏာတိ အတ္ထော။
特相方面:一、思以策励为特相;意思是,它具有思的状态这一特相。
၂။ အာယူဟနရသာ၊ ၃။ သံဝိဒဟနပစ္စုပဋ္ဌာနာ သကိစ္စပရကိစ္စသာဓိကာ ဇေဋ္ဌသိဿမဟာဝဍ္ဎကီအာဒယော ဝိယ။
其余两项为:二、以筹作发动为作用。三、以筹划管理为现起;正如大弟子、大木匠等人能完成自己的工作,也能促成他人的工作。
အစ္စာယိကကမ္မာနုဿရဏာဒီသု စ ပနာယံ သမ္ပယုတ္တာနံ ဥဿဟနဘာဝေန ပဝတ္တမာနာ ပါကဋာ ဟောတိ။ (အဘိ-ဋ္ဌ-၁-၁၅၄-၁၅၅။ ဝိသုဒ္ဓိ-၂-၉၃။) စေ့ဆော်တတ်သော သဘောတရားသည် စေတနာ မည်၏၊ မိမိနှင့် အတူတကွ ယှဥ်ဖက် သမ္ပယုတ်တရား တို့ကို အာရုံ၌ အဆက်မပြတ်အောင် ဖွဲ့စပ်တတ်၏၊ အဆက်မပြတ်အောင် ဖြစ်စေတတ်၏ဟု ဆိုလိုသည်။
在忆念必须迅速完成的工作等情形中,思作为令相应诸法用力的状态而转起,显得格外明显。(《阿毗达磨义注》1-154—155;《清净道论》2-93。)思是具有策励性质的法;意思是,它把与自己共同相应的诸法持续连接于所缘,使其不间断。
၁။ မိမိနှင့်အတူ သမ္ပယုတ်တရားတို့ကို အာရုံ၌ စေ့အောင် စပ်အောင် အာရုံပေါ်သို့ ရောက်အောင် စေ့ဆော်ခြင်းသဘော လက္ခဏ၊ ၂။ (သမ္ပယုတ်တရားတို့ကို မိမိတို့၏ကိစ္စ၌ ဖရိုဖရဲကြဲ၍ မနေအောင်) ပေါင်းစုရုံးစည်းခြင်း = ကြောင့်ကြဗျာပါရ ပြုခြင်း (ကိစ္စ) ရသ၊ ၃။ စီမံတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊ (မိမိကိစ္စ သူတစ်ပါးကိစ္စကို ပြီးစီးစေတတ်ကုန်သော တပည့်ကြီး လက်သမားကြီး စသောသူတို့ကဲ့သို့ မှတ်ပါ၊၊) ၄။ (က) ဝတ္ထု၊ (ခ) အာရုံ၊ (ဂ) ဖဿ-မနသိကာရ ဦးဆောင်သည့် ယှဥ်ဖက်သမ္ပယုတ်တရားများ ပဒဋ္ဌာန်။
思有如下四法:一、策励与自己相应的诸法,使它们与自己一起契合所缘、到达所缘,是其特相。二、把相应诸法聚集、组织起来,使它们在各自工作中不致散乱,是其筹作发动作用。三、以筹划管理为现起;应像能完成自己工作又促成他人工作的上首弟子、大木匠等人那样理解。四、以(甲)所依、(乙)所缘、(丙)由触与作意领头的相应诸法为近因。
原书第 299 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း လက္ခဏ --- စေတယတိကို အဘိသန္ဒဟတိဟု အဋ္ဌကထာက ဖွင့်၏။ တစ်ဖန် အဘိသန္ဒဟတိကိုလည်း အဘိသန္ဒဟတီတိ ပဗန္ဓတိ ပဝတ္တေတိ။ (မူလဋီ-၁-၈၇။)ဟု မူလဋီကာ ဖွင့်၏။
特相——义注以 abhisandahati——“持续连接”——解释 cetayati——“策励”;根本复注又说:‘所谓持续连接,就是连结而使之转起。’(《根本复注》1-87。)
စေတနာသည် မိမိနှင့်တကွ ယှဥ်ဖက် သမ္ပယုတ်တရားတို့ကို အာရုံ၌ စေ့အောင် စပ်အောင် ဖွဲ့စပ်ပေး တတ်၏၊ ဖွဲ့စပ်ခြင်းဟူသည် အာရုံ၌ မိမိနှင့်တကွသော သမ္ပယုတ်တရားများ အဆက်ပြတ်မသွားအောင် ဖွဲ့စပ်ခြင်း သဘောတည်း၊ အဆက်မပြတ်အောင် ဖြစ်စေခြင်းသဘောတည်း။ စေတနာ၏ စေ့ဆော်မှုကြောင့် သမ္ပယုတ်တရား များသည် အာရုံ၌ အဆက်မပြတ် ထပ်ကာထပ်ကာ ဖြစ်နေကြရသည် ဟူလိုသည်။
思把与自己共同相应的诸法契合、连接于所缘。所谓连接,就是使与自己共同相应的诸法在所缘中不致中断,也就是使它们持续生起。意思是,由于思的策励,相应诸法在所缘中接连不断、反复生起。
အာယူဟနရသ --- ကာမ၊ ရူပ၊ အရူပ၊ လောကုတ္တရာဟူသော ဘုံ (၄)ပါး အတွင်း၌ ရှိသော စတုဘူမိက စေတနာမှန်သမျှသည် စေတယိတလက္ခဏာ = စေ့ဆော်ခြင်းလက္ခဏာ မရှိသော စေတနာမည်သည် မရှိစ- ကောင်းပေ။ အလုံးစုံသော စေတနာမှန်သမျှသည် စေ့ဆော်ခြင်းသဘောလက္ခဏာ ရှိသည်ချည်းသာ ဖြစ်ပေသည်။
筹作发动作用——欲界、色界、无色界、出世间这四地所生的一切思,无一不以策励为特相;一切思都必定具有策励特相。
သို့သော် အာယူဟနရသရှိမှုကား ကုသိုလ်တရား အကုသိုလ်တရား = ကုသိုလ်စိတ် အကုသိုလ်စိတ်တို့၌သာ ဖြစ်ပေသည်။ ဤ၌ အာယူဟနရသဟူသည် ကုသိုလ်ဖြစ်ကြောင်း အကုသိုလ်ဖြစ်ကြောင်း အာရုံ၌ သမ္ပယုတ်တရား တို့ကို တစ်ပါးစီ ဖရိုဖရဲ ကွဲ၍ မနေစေဘဲ ပေါင်းစုခြင်း = ပေါင်းစုပေးခြင်း ကိစ္စတည်း။
但筹作发动作用只存在于善法与不善法,也就是善心与不善心中。这里所谓筹作发动作用,是把造成善与不善的诸相应法聚集在所缘中,不让它们各自散乱分离;这就是聚集、组织的功能。
ထပ်မံရှင်းလင်းချက် --- ကုသိုလ်ကံ အကုသိုလ်ကံကို အားထုတ်ရာဌာနသို့ ရောက်သော် စေတနာမှ ကြွင်းသော သမ္ပယုတ်တရားတို့သည် မိမိတို့၏ ဆိုင်ရာ လုပ်ငန်းကိစ္စရပ်ကို ပြုလုပ်ရာ၌ တစ်စိတ်တစ်ဒေသမျှသော လုပ်ငန်းကိစ္စကိုသာ ပြုလုပ်ကြ၏။ စေတနာကား လွန်ကဲသော အားထုတ်ခြင်း ရှိ၏၊ လွန်ကဲသော ကြိုးစားခြင်း ရှိ၏၊ နှစ်ဆတက် အားထုတ်ခြင်း ရှိ၏၊ နှစ်ဆတက် ကြိုးစားခြင်း ရှိ၏။ (ဗျာပါရ များခြင်းကို ဆိုလိုသည်။) ထိုကြောင့် ရှေးရှေး အဋ္ဌကထာဆရာမြတ်ကြီးတို့က --- ''ဤ စေတနာသည် လယ်ပိုင်ရှင်၏သဘော၌ ကောင်းစွာ တည်သော သဘောတရားတည်း။'' --- ဟု ဆိုတော်မူကြကုန်ပြီ။ နာမ်တရားတို့သည် ထိုထို အာရုံကို ယူရာ၌ စေတနာသည် မိမိကိုယ်တိုင် ထိုအာရုံ၌ ဆက်စပ်မိဖို့ရန်လည်းကောင်း၊ သမ္ပယုတ်တရားတို့ကိုလည်း ထိုအာရုံ၌ ဆက်စပ်မိဖို့ရန်လည်းကောင်း လွန်စွာ ဗျာပါရများ၏။ လယ်ပိုင်ရှင် ယောကျာ်းတစ်ဦးသည် ငါးကျိပ်ငါးယောက်
进一步说明——当来到造作善业或不善业的场合,除思以外的相应诸法,在执行各自工作时只完成部分工作;思却有更强的用力、更强的努力,付出加倍的用力与努力——意思是它承担更多事务。因此,古代诸大义注师说:‘这个思善住于田主的地位。’诸名法取各自所缘时,思为了让自己连接于所缘,也让相应诸法连接于所缘,承担极多事务。譬如一位田主带着五十五名雇工——
ကုန်သော အခစားယောကျာ်းတို့ကို ခေါ်ဆောင်၍ ကိုယ်တိုင် လယ်တောသို့ ဆင်းပြီးလျှင် လယ်လုပ်သ္မားများနှင့် အတူ လယ်ရိတ်၏၊ ထိုလယ်ပိုင်ရှင်သည် လယ်ကို ကိုယ်တိုင်လည်း မနေမနား ရိတ်လျက် အလုပ်သမားတို့ကိုလည်း ရိတ်ဖို့ရန် တိုက်တွန်းကာ ရိတ်သိမ်းရမည့် နေရာအပိုင်းအခြားကိုလည်း ညွှန်ကြားပေး၏၊ ကောက်ရိတ်သမားတို့ စားဖို့သောက်ဖို့ စသည်တို့ကိုလည်း စီမံပေး၏။ ထိုလယ်ရှင်ယောကျာ်း၌ အခြားသူတို့ထက် ပိုလွန်၍ ကြောင့်ကြ ဗျာပါရများ၏။ ဤဥပမာအတူပင် စေတနာသည်လည်း ကုသိုလ်ရေးဆိုင်ရာလုပ်ငန်း အကုသိုလ်ရေးဆိုင်ရာ လုပ်ငန်းရပ်တို့၌ အခြားသော သမ္ပယုတ်တရားတို့ထက် ပိုလွန်၍ ကုသိုလ်ကံဖြစ်အောင် အကုသိုလ်ကံဖြစ်အောင် တစ်နည်းဆိုရသော် ကုသိုလ်စိတ္တုပ္ပါဒ်များ အဆက်မပြတ်ဖြစ်အောင်၊ အကုသိုလ်စိတ္တုပ္ပါဒ်များ အဆက်မပြတ် ဖြစ်အောင် သမ္ပယုတ်တရားတို့ကို ပေါင်းစုရုံးစည်းခြင်း လုပ်ငန်းရပ်ကို ဗျာပါရများများနှင့် ပြုလုပ်သည်ဟု မှတ်ပါ။
——亲自下田,与工人一起收割。田主自己不停收割,也催促工人收割,指明应当收割的地段,还安排收割工人的饮食等事。因此,田主比别人承担更多事务。同样,在善与不善的工作中,思比其他相应法承担更多事务,使善业或不善业成就;换言之,为了让善心生起接连不断、让不善心生起接连不断,思以繁重的事务来完成聚集、组织相应诸法的工作。
ဤ၌ လယ်ပိုင်ရှင်ယောကျာ်းနှင့် စေတနာသည် တူ၏၊ ငါးကျိပ်ငါးဦးကုန်သော အလုပ်သမားတို့နှင့် စိတ်၏ အင်္ဂါ၏ အစွမ်းဖြင့် ဖြစ်ကုန်သော (၅၅)ပါးကုန်သော ဖဿ ဝေဒနာစသော ကုသိုလ်တရားတို့သည် တူကုန်၏။
在这个譬喻中,田主如思;五十五名工人,如依心的诸支而生、以触和受等为例的五十五种善法。
လယ်ပိုင်ရှင်ယောကျာ်း၏ နှစ်ဆတက် ကြိုးစားမှု နှစ်ဆတက် အားထုတ်မှုကို ပြုလုပ်ရာအခါနှင့် ကုသိုလ်ရေးဆိုင်ရာ လုပ်ငန်း အကုသိုလ်ရေးဆိုင်ရာ လုပ်ငန်းတို့ကို ကြိုးစားအားထုတ်ရာ ဌာနသို့ ရောက်ရှိ၍ စေတနာ၏ နှစ်ဆတက် အားထုတ်မှု နှစ်ဆတက် ကြိုးစားမှုသည် တူ၏။ ဤသို့လျှင် ထိုစေတနာ၏ အာယူဟနရသ ရှိသည်၏ အဖြစ်ကို သိရှိပါလေ။ (အဘိ-ဋ္ဌ-၁-၁၅၅။)
田主加倍努力、加倍用力,如思在从事善或不善的工作时加倍努力、加倍用力。由此应当了知,思具有筹作发动作用。(《阿毗达磨义注》1-155。)
原书第 300 页
ပစ္စုပဋ္ဌာန် --- ထိုစေတနာသည် စီမံတတ်သော သဘောတရားဟု ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်အား ရှေးရှူထင်လာတတ်၏။ ဤစေတနာသည် စီမံတတ်သော သဘောတရား အဖြစ်ဖြင့် ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်ဝယ် ထင်လာ၏။ မိမိကိစ္စ သူတစ်ပါးကိစ္စကို ပြီးစေတတ်ကုန်သော တပည့်ကြီး လက်သမားကြီး အစရှိသူ တို့သည် စီမံခန့်ခွဲတတ်ကုန်သကဲ့သို့တည်း။
现起——思以筹划管理的法在瑜伽行者智中现起;它以筹划管理的状态在瑜伽行者智中显现。正如能完成自己工作、也能促成他人工作的上首弟子、大木匠等人善于筹划管理。
ချဲ့၍ ဆိုဦးအံ့ --- တပည့်ကြီးသည် ဥပဇ္ဈာယ်ဆရာတော်ဘုရားကြီးကို အဝေး၌ပင်လျှင် ကြွလာတော်မူ နေသည်ကို တွေ့မြင်ရ၍ မိမိကိုယ်တိုင်ကလည်း ရွတ်ဖတ်သရဇ္ဈာယ်ခြင်း စာအံခြင်းကို ပြုလုပ်သည့်ပြင် အခြား တပည့်ငယ်သားများကိုလည်း မိမိနှင့်အလားတူ မိမိ မိမိ၏ ရွတ်ဖတ်သရဇ္ဈာယ်ခြင်းအမှု စာအံခြင်းအမှု၌ ဖြစ်စေ၏။
进一步说明——上首弟子远远看见自己的和尚师正走来,自己诵读、温习功课,也让其他年幼弟子像自己一样,各自诵读、温习功课。
မှန်ပေသည် --- ထိုတပည့်ကြီးသည် ရွတ်ဖတ်သရဇ္ဈာယ်ခြင်းငှာ စာအံခြင်းငှာ အားထုတ်လတ်သော် ထို အခြား တပည့်သားငယ်တို့သည်လည်း ထိုတပည့်ကြီးသို့ အစဥ်လိုက်ကုန်သည်၏ အဖြစ်ဖြင့် ရွတ်ဖတ်သရဇ္ဈာယ်ကြရ- ကုန်၏၊ စာအံကြရကုန်၏။
确实,当上首弟子努力诵读、温习时,其他年幼弟子也跟随上首弟子而诵读、温习。
ဥပမာ တစ်နည်းကား --- လက်သမားဆရာကြီးသည် မိမိကိုယ်တိုင်ကလည်း သစ်ရွေခြင်းစသည့် လုပ်ငန်းရပ် တို့ကို ပြုလုပ်၍ အခြားတပည့်သားငယ်တို့ကိုလည်း မိမိ မိမိ၏ သစ်ရွေခြင်းစသော အမှု၌ ဖြစ်စေ၏။ မှန်၏-- ထိုလက်သမားဆရာကြီးသည် သစ်ရွေခြင်းစသော လုပ်ငန်းရပ်ကို အားထုတ် လုပ်ကိုင်လတ်သော် ထိုတပည့် လက်သမားငယ်တို့သည်လည်း ထိုလက်သမားဆရာကြီးသို့ အစဥ်လိုက်ကုန်သည်၏ အဖြစ်ဖြင့် သစ်ရွေခြင်းစသော လုပ်ငန်းရပ်တို့ကို ပြုလုပ်ကြရကုန်၏။
另一譬喻——大木匠自己做锯木等工作,也让其他年幼学徒各自做锯木等工作。确实,当大木匠努力从事锯木等工作时,年幼木匠学徒也跟随大木匠,从事锯木等工作。
ဥပမာတစ်နည်းကား --- စစ်မြေပြင်တစ်ခုဝယ် တိုက်ပွဲတစ်ခုကို ဆင်နွဲရာ၌ စစ်သားများ၏ ရှေ့ဆောင် အကြီးအကဲဖြစ်သော စစ်ဗိုလ်ကြီးသည် မိမိကိုယ်တိုင် စစ်တိုက်လတ်သော် မိမိမှတစ်ပါးလည်း ဖြစ်ကုန်သော စစ်သားငယ်တို့ကို ပြင်းပြင်းထန်ထန် ရွပ်ရွပ်ချွံချွံ ထိုးစစ်ဆင်ခြင်း တိုက်ခိုက်ခြင်း၌ ဖြစ်စေ၏။ မှန်ပေသည် --- ထိုစစ်ဗိုလ်ကြီးသည် ရွပ်ရွပ်ချွံချွံ ပြင်းပြင်းထန်ထန် စစ်ထိုးခြင်းငှာ အားထုတ်လတ်သော် ထိုစစ်သားငယ်တို့ သည်လည်း နောက်မဆုတ်ကုန်ဘဲ ထိုစစ်ဗိုလ်သို့ အစဥ်လိုက်ကုန်သည်၏ အဖြစ်ဖြင့် စစ်တိုက်ကြရကုန်၏။
另一譬喻——在战场作战时,担任众士兵前导首领的将军自己作战,也让其他士兵猛烈、勇敢地冲锋作战。确实,当将军奋勇猛烈进攻时,士兵们也不后退,跟随将军作战。
ဤဥပမာများအတူ ဤစေတနာသည်လည်း မိမိ၏ကိစ္စအားဖြင့် အာရုံ၌ ဖြစ်ပေါ်လာလတ်သော် မိမိမှ တစ်ပါးလည်းဖြစ်ကုန်သော ဖဿစသော မိမိနှင့်ယှဥ်ဖက် သမ္ပယုတ်တရားတို့ကို မိမိတို့ ဆိုင်ရာ သင်္ဃဋ္ဋနစသော လုပ်ငန်းကိစ္စရပ်၌ ပြုလုပ်ဆောင်ရွက်ကြရန် စီမံပေးသကဲ့သို့ ဖြစ်သော သဘောတရားဟု စေတနာကို ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်တွင် ရှေးရှူထင်လာပေသည်။ မှန်ပေသည် --- ထိုစေတနာသည် မိမိ၏ကိစ္စကို အားထုတ်လတ်သော် ထိုစေတနာနှင့် ယှဥ်သော သမ္ပယုတ်တရားတို့သည်လည်း မိမိ မိမိ၏ ဆိုင်ရာလုပ်ငန်း ကိစ္စရပ်ကို အားထုတ်ကြရကုန်၏။ ထိုကြောင့် --- ''မိမိကိစ္စ သူတစ်ပါးကိစ္စကို ပြီးစေတတ်ကုန်သော တပည့်ကြီး လက်သမားဆရာကြီး အစရှိသူတို့သည် စီမံခန့်ခွဲတတ်ကုန်သကဲ့သို့ စေတနာကို မှတ်သားပါ'' ဟူ၍ ဆိုခဲ့၏။
与这些譬喻一样,思依自己的功能在所缘中生起时,在观照思的瑜伽行者智中显现为这样的法:它仿佛筹划、安排触等相应法执行各自的触击等工作。确实,当思努力完成自己的工作时,与思相应的诸法也各自努力完成自己的工作。因此说:‘应当把思理解为上首弟子、大木匠等人的筹划管理,他们既能完成自己的工作,也能促成他人的工作。’
အဆောတလျင် ဖြစ်စေအပ်သော လုပ်ငန်းရပ်တို့ကို အောက်မေ့ခြင်း စသည်တို့၌ ဤစေတနာသည် သမ္ပယုတ်တရားတို့၏ အားထုတ်ကြောင်း သဘောတရားအဖြစ်ဖြင့် ဖြစ်လတ်သော် ထင်ရှားသည်ဟု သိပါ။
应知,在忆念必须迅速完成的工作等情形中,思作为令相应诸法用力的状态而生起,显得格外明显。
ဤ၌ --- ဥဿဟနဘာဝ = အားထုတ်ကြောင်း သဘောဟူသည် ဝီရိယမဟုတ်၊ လေးလေးစားစား အာရုံပြုခြင်း- တည်း။ စေတနာသည် အာရုံကို မိမိကိုယ်တိုင်က အရိုအသေပြုသည်ဖြစ်၍ သမ္ပယုတ်တရားတို့ကိုလည်း အရို- အသေ ပြုစေ၏။
这里所谓 ussahana-bhāva——令诸法用力的状态——并不是精进,而是郑重取所缘。思自己郑重取所缘,也令相应诸法郑重取所缘。
ဥဿဟနဘာဝေနာတိ အာဒရဘာဝေန။ သာ ဟိ သယံ အာဒရဘူတာ သမ္ပယုတ္တေ အာဒရယတီတိ။
‘所谓以令诸法用力的状态,就是以郑重的状态。思自身成为郑重的法,也令相应诸法郑重。’
(မူလဋီ-၁-၈၇။)
(《根本复注》1-87。)
原书第 301 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း ထိုကြောင့် သမ္ပယုတ်တရားတို့ကို အာရုံပေါ်သို့ရောက်အောင် ထိုအာရုံ၌ မိမိတို့၏ဆိုင်ရာ လုပ်ငန်းကိစ္စရပ် တို့ကို ပြုလုပ်နိုင်အောင် သမ္ပယုတ်တရားတို့ကို ပေါင်းစုရုံးစည်း စေ့ဆော် နှိုးဆော်သည်၏ အစွမ်းဖြင့် သမ္ပယုတ် တရားတို့၏ အားထုတ်ကြောင်း သဘောတရား ဖြစ်ခြင်းကို စေတနာ၏ ဥဿဟနဘာဝ = အားထုတ်ကြောင်း သဘောတရားဟု မှတ်ပါ။ (အဘိ-ဋ္ဌ-၁-၁၅၅။ မူလဋီ-၁-၈၇။) ကံဟူသည် --- စေတနာသည် အာရုံကို ယူရာ၌ ဗျာပါရအားကြီးသောကြောင့် စေတနာနှင့်ယှဥ်ဖက် သမ္ပယုတ္တတရားများသည်လည်း ဗျာပါရအားကြီးသကဲ့သို့ တက်တက်ကြွကြွ ရှိရလေသည်။ စိတ်စေတသိက်တရား တို့က တက်တက်ကြွကြွရှိသောကြောင့် တက်ကြွသောစိတ်ကြောင့် ဖြစ်သော စိတ္တဇရုပ်သည်လည်း သွက်သွက် လက်လက် ဖြစ်နေပေသည်။ စိတ္တဇရုပ်က သွက်သွက်လက်လက် ဖြစ်သောကြောင့် အတူဖြစ်ဖက် ကမ္မဇရုပ်
因此,应当这样理解思的 ussahana-bhāva:思聚集、组织、策励、鼓动相应诸法,使其到达所缘、在该所缘中完成各自的工作,因而成为令相应诸法用力的状态。(《阿毗达磨义注》1-155;《根本复注》1-87。)业——思在取所缘时承担繁重事务,所以与思相应的诸法也仿佛承担繁重事务,变得活跃。心与心所活跃,由活跃之心所生的心生色也变得活跃。心生色活跃,与它共存的业生色——
ဥတုဇရုပ် အာဟာရဇရုပ်ဟူသော တိဇရုပ်များသည်လည်း --- မြစ်ရေအယဥ်၌ ပစ်ချအပ်သော နွားချေးခြောက် အစိုင်အခဲကဲ့သို့ --- သွက်သွက်လက်လက်ပင် ဖြစ်ကြရပေသည်။ ထိုကြောင့် ကုသိုလ်ရေးလုပ်ငန်းရပ် တစ်ခုကို ပြုလုပ်သောအခါ၌ဖြစ်စေ၊ အကုသိုလ်ဖြစ်ကြောင်း လုပ်ငန်းရပ် တစ်ခုကို ပြုလုပ်သောအခါ၌ဖြစ်စေ စေတနာက ထက်သန်လျှင် ထက်သန်သလောက် ခန္ဓာကိုယ် တစ်ခုလုံးသည် = ရုပ်ခန္ဓာ နာမ်ခန္ဓာ အားလုံးသည် သွက်သွက် လက်လက် ထက်ထက်သန်သန်ရှိ၍ စေတနာမထက်သန်လျှင် မထက်သန်သလို အေးအေးစက်စက် ထုံထုံ ထိုင်းထိုင်း မှုန်မှုန်မှိုင်းမှိုင်း ဆိုင်းဆိုင်းတွတွ ပုံပန်းမလှတော့ဘဲ နုံနုံချာချာ ဖြစ်နေလေသည်။ ထိုကြောင့်ပင် ကုသိုလ်- ရေးလုပ်ငန်း အကုသိုလ်ရေးလုပ်ငန်းဟူသော ကောင်းမှု မကောင်းမှု ကိစ္စအဝဝတို့၌ အရင်းခံဖြစ်သော စေတနာ ကိုပင် --- ''ကမ္မံ = ကံ = အမှုသည်'' --- ဟု ဘုရားရှင် ဟောတော်မူသည်။
——时节生色、食生色这三类色法,也像投入湍急河流的一块干牛粪一样变得活跃。因此,无论从事善的工作还是造成不善的工作,思有多强烈,整个身心——一切色蕴与名蕴——就相应地多么活跃、强健;思若不强烈,整个身心便冷淡、迟钝、昏沉、拖沓而缺乏生气。正因为思是一切善事、不善事的根本,世尊才说:‘kamma——业——就是行为。’
စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ၊ စေတယိတွာ ကမ္မံ ကရောတိ ကာယေန ဝါစာယ မနသာ။
‘诸比丘,我说思即是业;思已,便以身、语、意造作业。’
(အံ-၂-၃၆၃။ အဘိ-၄-၂၉ဝ။)
(《增支部》2-363;《阿毗达磨》4-290。)
ရဟန်းတို့ …စေတနာဖြင့် စေ့ဆော်၍ ကာယဒွါရဖြင့်လည်းကောင်း ဝစီဒွါရဖြင့်လည်းကောင်း မနော- ဒွါရဖြင့်လည်းကောင်း ကိုယ်မှု နှုတ်မှု စိတ်မှုဟူသော ကံကို ပြုလုပ်သောကြောင့် ကာယကံမှု ဝစီကံမှု မနောကံမှု ဖြစ်ရန် အရင်းခံ စေတနာကို ကံဟူ၍ ငါဘုရား ဟောတော်မူ၏။ (အံ-၂-၃၆၃။ အဘိ-၄-၂၉ဝ။) ကံ ဟူသော အမည်သည် ကာယကံမှု ဝစီကံမှု မနောကံမှု၏ အမည်ရင်းတည်း၊ သို့သော် ထိုအမှုများသည် စေတနာကြောင့် ထမြောက် အောင်မြင်ရကား ဖလူပစာရအားဖြင့် အကြောင်းရင်းခံဖြစ်သော စေတနာကိုပင်- ''ကမ္မ = ကံ''-ဟု ဟောတော်မူသည်။ (မူလဋီ-၁-၇၇ - ကြည့်။) ပဒဋ္ဌာန် ------ အဋ္ဌကထာများ၌ ဤစေတနာအရာဝယ် ပဒဋ္ဌာန်ကို သီးသန့်ဖော်ပြချက် မရှိပေ။ ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာဝယ် သင်္ခါရက္ခန္ဓာ အမည်ရသော စေတသိက် အားလုံးတို့၏ လက္ခဏ-ရသ စသည်ကို ပေါင်းစု၍ ဖော်ပြရာ၌ သေသက္ခန္ဓတ္တယ ပဒဋ္ဌာနာဟု ဖော်ပြထား၏။ သေသက္ခန္ဓတ္တယ = ကြွင်းသောခန္ဓာ (၃)ပါးဟူသည်
诸比丘,由思策励,便经由身门、语门、意门造作身业、语业、意业;因为思是身业、语业、意业得以成立的根本,所以我说思即是业。(《增支部》2-363;《阿毗达磨》4-290。)“业”本来是身业、语业、意业这些行为的名称;但这些行为由于思而得以成办,所以依果借称,把作为根本原因的思本身也说成“kamma——业”。(参见《根本复注》1-77。)近因——诸义注没有就思单独列出近因。《清净道论》义注综合说明名为行蕴的一切心所的特相、作用等时,说它们“以其余三蕴为近因”。所谓其余三蕴——
ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ ဝိညာဏက္ခန္ဓာတို့သာ ဖြစ်ကြ၏။
——就是受蕴、想蕴与识蕴。
တစ်ဖန် ခန္ဓဝဂ္ဂ သံယုတ်ပါဠိတော် သတ္တဋ္ဌာနကုသလသုတ္တန် (သံ-၂-၅၁-၅၂။) ၌လည်းကောင်း၊ ပဋိသမ္ဘိ- ဒါမဂ်ပါဠိတော်နှင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာတို့တွင် ပဋိစ္စသမုပ္ပါဒ် = ကြောင်း-ကျိုး ဆက်နွယ်မှု သဘောတရားတို့ကို ကြောင်း-ကျိုးစပ်၍ ဝိပဿနာရှုရာ ဥဒယဗ္ဗယဉာဏ် အကျယ် ရှုပွားခန်း၌လည်းကောင်း --- ဤသို့ လာရှိ၏။
此外,《相应部·蕴品·善巧七处经》(《相应部》2-51—52),以及《无碍解道》和《清净道论》义注中详释生灭随观智、依因果关联观照缘起诸法之处,也有如下教说:
ဖဿသမုဒယာ ဝေဒနာသမုဒယော၊ ဖဿသမုဒယာ သညာသမုဒယော၊
‘由触集而受集;由触集而想集;——
原书第 302 页
ဖဿသမုဒယာ သင်္ခါရသမုဒယော၊ နာမရူပသမုဒယာ ဝိညာဏသမုဒယော။ (သံ-၂-၅၁-၅၂-၅၃။ ပဋိသံ-၅၄။ ဝိသုဒ္ဓိ-၂-၂၆၆-၂၆၇။) ဤဒေသနာတော်တို့၌ ဖဿကြောင့် ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာတို့ ဖြစ်ပုံကိုလည်းကောင်း၊ နာမ်ရုပ်ကြောင့် ဝိညာဏက္ခန္ဓာ ဖြစ်ပုံကိုလည်းကောင်း ဟောကြားထားတော်မူ၏။
——由触集而行集;由名色集而识集。’(《相应部》2-51—53;《无碍解道》54;《清净道论》2-266—267。)这些教说说明:由触而有受蕴、想蕴、行蕴生起,由名色而有识蕴生起。
စတ္တာရော ခန္ဓာ အရူပိနော အညမညံ သဟဇာတပစ္စယေန ပစ္စယော။ (ပဋ္ဌာန-၁-၅။) နာမ်ခန္ဓာ (၄)ပါးတို့သည် အချင်းချင်း တစ်ပါးသည် တစ်ပါးအား သဟဇာတစသော ပစ္စယသတ္တိဖြင့် ကျေးဇူးပြုပုံများကိုလည်းကောင်း၊ စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။
‘四种非色蕴,以俱生缘互相为缘。’(《发趣论》1-5。)这是说四名蕴彼此以俱生等缘力相助。又说:‘眼处以依止缘,缘眼识界及与它相应的诸法。’
(ပဋ္ဌာန-၁-၅။)
(《发趣论》1-5。)
စက္ခာယတန = စက္ခုဝတ္ထုစသော မှီရာ ဝတ္ထုရုပ်တို့က မိမိတို့အား မှီ၍ ဖြစ်ကြသည့် နာမ်တရားစုတို့အား နိဿယ ပုရေဇာတစသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပုံကိုလည်းကောင်း၊ ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
眼处,即眼所依等所依色,以依止、前生等缘力,资助依它们而生的名法组。又说:‘色处以所缘缘,缘眼识界及与它相应的诸法。’
(ပဋ္ဌာန-၁-၁။)
(《发趣论》1-1。)
ရူပါရုံစသော အာရုံ (၆)ပါးတို့က မိမိတို့အား ထိုက်သည့်အားလျော်စွာ အာရုံပြုကြသည့် နာမ်တရားစုတို့- အား အာရမ္မဏစသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပုံကိုလည်းကောင်း အသီးအသီး ဟောကြားထားတော်မူ၏။
这是分别说明:色所缘等六种所缘,以所缘等缘力,资助那些依各自相应方式取它们为所缘的名法组。
ထိုကြောင့် စေတနာကို ဖြစ်ပေါ်စေတတ်သော အနီးစပ်ဆုံး ပဒဋ္ဌာန်အကြောင်းတရားများမှာ မရှိသည်ကား မဟုတ်၊ ရှိသည်သာ ဖြစ်ပေသည်။ ယင်းအကြောင်းတရားတို့ကို ခြုံ၍ဆိုရသော် --- ၁။ မှီရာဝတ္ထုရုပ် ၂။ အာရုံ (အာရုံ (၆)ပါးတွင် တစ်ပါးပါး) ၃။ ဖဿ (ဖဿဦးဆောင်သည့် သမ္ပယုတ်တရားများ) --- ဤသို့လျှင် (၃)မျိုး (၃)စား ရှိပေသည်၊ အဋ္ဌကထာများ၌ သီးသန့် ဖော်မပြခြင်းမှာ ယင်းအကြောင်းတရား သုံးမျိုးထဲမှ စေတနာဖြစ်ဖို့ရန် ပိုမိုထူးကဲသော အကြောင်းမျိုးဟု သတ်မှတ်၍ပြရန် အကြောင်းထူး မရှိသော ကြောင့်ပင် ဖြစ်တန်ရာပေသည်။
因此,并不是没有能令思生起的最近近因;这些近因确实存在。概括来说有三类:一、所依色;二、所缘——六所缘之一;三、触——即以触为首的相应诸法。义注没有逐项单独列出,也许是因为在这三类因中,没有哪一种对于思的生起格外突出、足以特别指定。
သန္တီရဏကဲ့သို့သော အချို့သော နာမ်တရားများ၌ မှီရာဝတ္ထုရုပ်သည် ပဒဋ္ဌာန် ဖြစ်၏။ ဖဿကဲ့သို့သော အချို့သော နာမ်တရားများ၌ ထင်လာသော အာရုံသည် ပဒဋ္ဌာန် ဖြစ်၏။ ပညာကဲ့သို့သော အချို့သော နာမ်တရား များ၌ ယှဥ်ဖက် သမ္ပယုတ်ဖြစ်သော သမာဓိနာမ်တရားသည် ပဒဋ္ဌာန် ဖြစ်၏။
某些名法,如推度,以所依色为近因;某些名法,如触,以已显现的所缘为近因;某些名法,如慧,以相应的定这一名法为近因。
ဤစေတနာသည်လည်း သန္တီရဏနှင့်လည်း ယှဥ်တွဲ ဖြစ်နိုင်၏၊ ဖဿနှင့်လည်း ယှဥ်တွဲ ဖြစ်နိုင်၏၊ ပညာ နှင့်လည်း ယှဥ်တွဲ ဖြစ်နိုင်၏။ မိမိနှင့် ယှဥ်တွဲဖြစ်သော သမ္ပယုတ်တရားများ၌ ပဒဋ္ဌာန် ရှိပါလျက် မိမိ၌ အဘယ်- ကြောင့် ပဒဋ္ဌာန် မရှိနိုင်ရမည်နည်း။ ရှိရမည်သာ ဖြစ်သည်။ ထိုကြောင့် --- ၁။ ဝတ္ထု၊ ၂။ အာရုံ၊ ၃။ ဖဿဦးဆောင်သည့် သမ္ပယုတ်တရား၊
思既可以与推度相应,也可以与触相应,还可以与慧相应。与思相应的法都有近因,思本身又怎会没有近因?它必定也有。因此,一、所依;二、所缘;三、以触为首的相应诸法——
原书第 303 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း ဤအကြောင်းတရား (၃)မျိုးထဲမှ တစ်မျိုးမျိုးသည်သော်လည်းကောင်း၊ (၃)မျိုးလုံးသည်သော်လည်းကောင်း စေတနာ၏ ပဒဋ္ဌာန်ဖြစ်သည်ဟု မှတ်ပါ။ (အဘိ-ဋ္ဌ-၁-၃၂၁-၃၂၂-ဖွင့်ဆိုချက်များကိုလည်း ကြည့်ပါ။ ရှေးတွင် တင်ပြခဲ့ပြီ။ ကြွင်းကျန်သော စေတသိက်တို့၌ ပဒဋ္ဌာန်ကို သီးသန့် မဖော်ပြရာဝယ် နည်းတူမှတ်ပါ။) ရှုကွက် --- စေတနာသည်လည်း စိတ္တက္ခဏတိုင်း၌ ယှဥ်သည့် သဗ္ဗစိတ္တသာဓာရဏ စေတသိက်ပင် ဖြစ်၏၊ မိမိ သိမ်းဆည်း ရှုပွားလိုသော စိတ္တက္ခဏအတွင်း၌ ရှိသော သမ္ပယုတ်တရားစုမှ စေတနာကို ရွေးထုတ်၍ အထက်ပါ လက္ခဏ-ရသ စသည်ကို ရှုရန် ဖြစ်ပါသည်။ ထိုသို့ ရှုရာ၌ အာယူဟနရသကို ကုသိုလ်ဇော သို့မဟုတ် အကုသိုလ်- ဇောနှင့် ယှဥ်သော စေတနာ၌သာ ရှုပါ။ ဝိပါက် အဗျာကတစိတ်၊ ကြိယာ အဗျာကတစိတ်ဟူသော ကြွင်းကျန်သော စိတ္တက္ခဏနှင့် ယှဥ်သော စေတနာ၌ အာယူဟနရသကို မရှုပါနှင့်။ ယင်းသို့ဖြစ်လျှင် ဝိပါက် ကြိယာဟူသော
——这三类因中的任何一类,或三类全部,都应看作思的近因。(亦可参看《阿毗达磨义注》1-321—322的解释;前文已经说明。其余心所没有单独列近因之处,也应准此理解。)观法——思也是与每一心刹那相应的遍一切心心所。从自己想摄取、观照的心刹那所含相应法组中拣出思,依上述特相、作用等加以观照。观筹作发动作用时,只应在与善速行或不善速行相应的思中观;与其余异熟无记心、唯作无记心的心刹那相应之思,不应观筹作发动作用。如果如此,那么与异熟、唯作这些——
ကြွင်းကျန်သော စိတ္တက္ခဏတို့နှင့် ယှဥ်သော စေတနာမှာ ရသမရှိတော့ပြီလောဟု မေးဖွယ်ရာရှိ၏။ ဝေဒနာ ကဲ့သို့သော အချို့ အချို့သော ပရမတ် တရားတို့၌ လက္ခဏသည်ပင် ရသလည်း ဖြစ်နိုင်ရကား ဤ၌လည်း -- ၁။ စေ့ဆော်ခြင်းသည်ပင် စေတနာ၏ လက္ခဏ၊ ၂။ စေ့ဆော်ခြင်းသည်ပင် စေတနာ၏ ရသဟု ရှုပါ။
——其余心刹那相应的思,是否就没有作用了?有些胜义法,如受,其特相本身也可以作为作用;这里也应如此观:一、策励本身是思的特相;二、策励本身也是思的作用。
အဋ္ဌကထာက စေတနာ၏ သဘာဝလက္ခဏာကို ဖော်ပြရာ၌ အဘိသန္ဒဟတိဟု ဖော်ပြခဲ့၏။ (အဘိ-ဋ္ဌ- ၁-၁၅၄။) အဘိသန္ဒဟတိကို မူလဋီကာက ပဗန္ဓတိ ပဝတ္တေတိဟု ဖွင့်၏။ ပဗန္ဓတိကို အနုဋီကာဆရာတော်က အောက်ပါအတိုင်း ဖွင့်ဆိုထား၏။
义注说明思的自性特相时用了 abhisandahati——“持续连接”。(《阿毗达磨义注》1-154。)根本复注以 pabandhati、pavatteti——“连结、使之转起”——解释 abhisandahati;随复注师又如下解释 pabandhati:
ပဗန္ဓတီတိ ပဋ္ဌပေတိ သမ္ပယုတ္တဓမ္မေ သကသကကိစ္စေ ပဋ္ဌပေတိ။ တေနေဝ ဟိ တဒတ္ထံ ဝိဝရန္တော ''ပဝတ္တေတီ''တိ အာဟ။ (အနုဋီ-၁-၉၃။) ယင်းအဖွင့်တို့ကို ရှေ့နောက် ဆက်စပ်၍ အဓိပ္ပါယ်ယူသော် ဤသို့ဖြစ်၏ --- စေတနာသည် သမ္ပယုတ်တရား တို့ကို မိမိ မိမိ ဆိုင်ရာလုပ်ငန်းကိစ္စရပ်၌ တည်အောင် ထားတတ်သောတရား၊ မိမိ မိမိ ဆိုင်ရာ လုပ်ငန်းကိစ္စရပ်၌ ဖြစ်စေသောတရားဟု သိရ၏။ ယင်းသဘောတရားကိုပင် စေတနာသည် မိမိနှင့်တကွ သမ္ပယုတ်တရားတို့ကို အာရုံပေါ်သို့ ရောက်အောင် စေ့ဆော်သည်၊ အာရုံ၌ ဖွဲ့စပ်သည်၊ ထပ်ကာထပ်ကာ ဖြစ်စေသည်ဟု ဆိုခြင်းဖြစ်- သည်။ ယင်းသို့ မိမိနှင့်တကွ သမ္ပယုတ်တရားတို့ကို မိမိတို့ဆိုင်ရာ လုပ်ငန်းကိစ္စ၌ ဖြစ်စေခြင်းသည် စေတနာ၏ လုပ်ငန်းကိစ္စဟုလည်း ခေါ်ဆိုနိုင်သည်သာ ဖြစ်ပေသည်။ ပညာရှိသူတော်ကောင်းတို့သည် စူးစမ်းဆင်ခြင်၍ ယူလေကုန်ရာသည်။
‘所谓连结,就是使之立住,使相应诸法立于各自的工作中。正因为如此,为解释这个意义,才说“使之转起”。’(《随复注》1-93。)把这些解释前后贯通,意思就是:思是令相应诸法安立于各自工作、使它们从事各自工作的法。所谓思策励自己与相应诸法到达所缘、把它们连接于所缘、使它们反复生起,正是在说这个意思。如此令自己与相应诸法从事各自的工作,也完全可以称为思的功能。诸位智者善人应审察思惟,领会其义。
၃။ ဧကဂ္ဂတာ = သမာဓိ
三、一境性即定
အာရမ္မဏေ စိတ္တံ သမံ အာဓိယတိ၊ သမ္မာ ဝါ အာဓိယတိ၊ သမာဓာနမတ္တမေဝ ဝါ ဧတံ စိတ္တဿာတိ သမာဓိ။
‘于所缘中平等地安置心,或正确地安置心;又或者,这不过是心的安定,故名为定。’
၁။ (က) ပါမောက္ခလက္ခဏော သမာဓိ၊ (အဘိ-ဋ္ဌ-၁-၁၆၁။) (ခ ) အဝိသာရလက္ခဏော၊ (ဂ ) အဝိက္ခေပလက္ခဏော ဝါ၊ ၂။ သဟဇာတာနံ သမ္ပိဏ္ဍနရသော နှာနိယစုဏ္ဏာနံ ဥဒကံ ဝိယ၊ ၃။ (က) ဥပသမပစ္စုပဋ္ဌာနော၊
定的四法如下:1.(甲)以居首为特相(《阿毗达磨义注》1-161);(乙)以不散为特相,或(丙)以不散乱为特相。2.以聚集俱生诸法为作用,如水把浴粉聚合起来。3.(甲)以寂静为现起;
原书第 304 页
( ခ ) ဉာဏပစ္စုပဋ္ဌာနော ဝါ။
(乙)或以智为现起。
''သမာဟိတော ယထာဘူတံ ဇာနာတိ ပဿတီ''တိ ဟိ ဝုတ္တံ။
因为说:‘有定者如实知见。’
၄။ ဝိသေသတော သုခပဒဋ္ဌာနော။
4.尤其以乐为近因。
နိဝါတေ ဒီပစ္စီနံ ဌိတိ ဝိယ စေတသော ဌိတီတိ ဒဋ္ဌဗ္ဗော။ (အဘိ-ဋ္ဌ-၁-၁၆၁-၁၆၂။ ဝိသုဒ္ဓိ-၂-၉၄။) အာရုံ၌ စိတ်ကို အညီအညွတ်ထားတတ်သော သဘောတရားသည် သမာဓိ မည်၏။ တစ်နည်း --- အာရုံ၌ စိတ်ကို ကောင်းစွာထားတတ်သော သဘောတရားသည် သမာဓိ မည်၏။ တစ်နည်း --- အာရုံ၌ စိတ်ကို ကောင်းစွာ အညီအညွတ် ထားခြင်းမျှသည် သမာဓိ မည်၏။
应知定犹如无风处的灯焰安住,是心的安住。(《阿毗达磨义注》1-161—162;《清净道论》2-94。)能于所缘中平等地安置心的法,名为定;另一说,能于所缘中正确地安置心的法,名为定;又一说,于所缘中正确、平等地安置心这件事本身,名为定。
၁။ (က) အကြီးအမှူး၏ အဖြစ်ဟူသော သဘော
四法释义如下:1.(甲)居于上首的状态
= အကြီးအမှူး ဖြစ်ခြင်းသဘော
——成为上首的状态
= အာရုံ၌ သမ္ပယုတ်တရားတို့၏ အကြီးအမှူး ပါမောက္ခ ဖြစ်ခြင်းသဘော လက္ခဏ၊ ( ခ ) မိမိ၏ ပင်ကိုသဘောအတိုင်း အာရုံ၌ မပျံ့လွင့်ခြင်းသဘော = အာရုံ၌ မရွေ့မလည် တည်ခြင်းသဘော လက္ခဏ၊ ( ဂ ) အာရုံ၌ သမ္ပယုတ်တရားတို့၏ မပျံ့လွင့်ကြောင်းသဘော လက္ခဏ၊ ၂။ (ရေချိုးကသယ်မှုန့် = ဆပ်ပြာမှုန့်တို့ကို အတုံးအခဲဖြစ်အောင် ပေါင်းစုပေးတတ်သော ရေကဲ့သို့) အတူဖြစ်သော သဟဇာတ်တရားတို့ကို ပေါင်းစုခြင်း (ကိစ္စ) ရသ၊ ၃။ (က) ငြိမ်သက်သော သဘောတရား (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်၊ ( ခ ) ဉာဏ်တည်းဟူသော အကျိုးတရားကို ဖြစ်စေတတ်သော သဘောတရား (ဖလ) ပစ္စုပဋ္ဌာန်၊ = ဉာဏ်ဖြစ်ကြောင်း သဘောတရား (ဖလ) ပစ္စုပဋ္ဌာန်၊ (အာရုံ၌ ကောင်းစွာထားအပ်သော စိတ်ရှိသူ = သမာဓိရှိသူသည် မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ သိ၏ မြင်၏ဟု ဘုရားရှင်သည် ဟောကြားထားတော်မူအပ်ပြီ၊ --- သံ-၂-၁၂။) ၄။ အထူးအားဖြင့် = များသောအားဖြင့် သုခဝေဒနာ ပဒဋ္ဌာန်။
——在所缘中作为相应诸法之上首的状态,是其居首特相;(乙)依自身本性,在所缘中不散——也就是在所缘中不动摇而安住——是其不散特相;(丙)令相应诸法在所缘中不散,是其不散乱特相。2.如水把浴粉、皂粉聚成块状那样,聚集俱生诸法,是其作用。3.(甲)寂静的状态,是其现起方式之现起;(乙)能产生智这一果法——也就是作为智之因——是其果现起。(世尊已经教说:安置心于所缘而有定者,如实知见。《相应部》2-12。)4.尤其——即通常——以乐受为近因。
စိတ္တဿေကဂ္ဂတာ --- ဟူသည် စိတ်၏ တစ်ခုတည်းသော အာရုံရှိသော စိတ်၏ ဖြစ်ကြောင်းဖြစ်ရာ သဘောတရားတည်း။ ဤစိတ္တေကဂ္ဂတာဟူသော အမည်သည် သမာဓိ၏ အမည်တည်း။ ယင်းစိတ္တေကဂ္ဂတာ၏ ပါမောက္ခ လက္ခဏာရှိပုံကို မဟာအဋ္ဌကထာ၌ ရှေးဦးစွာ ဤသို့ ဖွင့်ဆိုထား၏ --- (က) ပါမောက္ခ လက္ခဏ --- စုလစ်မွမ်းချွန် အထွတ်တပ်ထားသော ပြာသာဒ်၏ ဗဟိုအချက်သည် ကြွင်းသော ထုတ် လျောက် ဒိုင်း မြားစသော အဆောက်အဦတို့ကို ချုပ်ကိုင်ထားတတ် ဖွဲ့စပ်ထားတတ်သည်၏ အဖြစ်ကြောင့် အကြီးအမှူး ပဓာနအချုပ် ဖြစ်သကဲ့သို့ အလားတူပင် အလုံးစုံသော ကုသိုလ်တရားတို့သည် သမာဓိနှင့်ယှဥ်သော စိတ်ကြောင့်သာ ပြီးစီးရခြင်း ပြည့်စုံရခြင်းကြောင့် သမာဓိသည် အလုံးစုံသော ကုသိုလ်တရားတို့၏ အကြီးအမှူး = ပါမောက္ခဖြစ်ခြင်း သဘောလက္ခဏာ ရှိရပေသည်။ ထိုကြောင့် အရှင်နာဂသေန မထေရ်မြတ်က ဤသို့ မိန့်ဆို ထားတော်မူ၏ --- ''ဒါယကာတော် မဟာရာဇ …စုလစ်မွမ်းချွန် အထွတ်တပ်ထားသော ပြာသာဒ်၏ အမှတ်မရှိ အလုံးစုံ
心一境性——是令心只有一个所缘的法;“心一境性”就是定的名称。大义注首先这样解释心一境性的居首特相。居首特相——如带尖顶的楼阁以中央尖顶统摄、连结其余横梁、椽木等构件,因而尖顶是其中的上首、主件;同样,一切善法都依与定相应的心而得成就、得圆满,故定以居于一切善法之上首为特相。因此,龙军尊者这样说:‘大王,带尖顶的楼阁有无数椽木;所有椽木都抵达尖顶,倾向尖顶,——
ကုန်သော အခြင်ရနယ်တို့သည် ရှိကြကုန်၏၊ ခပ်သိမ်းကုန်သော ထိုအခြင်ရနယ်တို့သည် အထွတ်သို့ ရောက်ကြရ ကုန်၏၊ အထွတ်သို့ ညွတ်ကိုင်းကြရကုန်၏၊ အထွတ်၌ ပေါင်းဆုံကြရကုန်၏၊ အထွတ်ကို ထိုအခြင်ရနယ်တို့ထက်
——依向尖顶,会合于尖顶;尖顶被称为比那些椽木更优胜、更重要的部分。同样,——
原书第 305 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း အမြတ်ဆုံး အစိတ်အပိုင်းဟူ၍ အရေးအကြီးဆုံး အစိတ်အပိုင်းဟူ၍ ဆိုအပ်သကဲ့သို့၊ ဒါယကာတော် မဟာရာဇ …ဤအတူပင်လျှင် အမှတ်မရှိ အလုံးစုံကုန်သော ကုသိုလ်တရားတို့သည် ရှိကြကုန်၏၊ ခပ်သိမ်းကုန်သော ထိုကုသိုလ်တရားတို့သည် သမာဓိသို့ ညွတ်ကြရကုန်၏။ သမာဓိသို့ ရှိုင်းကြရကုန်၏၊ သမာဓိသို့ ကိုင်းကြရကုန်၏။
——大王,有无数善法;一切善法都倾向定、趋入定、依向定。
သမာဓိကို အလုံးစုံသော ကုသိုလ်တရားတို့၏ အမြတ်ဆုံးဟူ၍ ဆိုအပ်၏။'' (မိလိန္ဒပဥှ-၃၈။ အဘိ-ဋ္ဌ-၁-၁၆၁၊၊) ဒါနကုသိုလ် သီလကုသိုလ်တို့အရာဝယ် ဧကဂ္ဂတာ ခေါ်သော သမာဓိစေတသိက်သည်လည်း ယှဥ်တွဲလျက် ပါဝင်သည်သာ ဖြစ်၏၊ သို့သော် ဒါနအရာ၌ စေတနာက ပြဓာန်း၍ သီလအရာ၌ သဒ္ဓါက ပြဓာန်း၏။ သို့အတွက် ဤအထက်ပါ သမာဓိ၏ ပါမောက္ခ လက္ခဏာဟူရာ၌ သမထဘာဝနာကုသိုလ် ဝိပဿနာဘာဝနာကုသိုလ်များကို အထူးရည်ညွှန်းထားသည်ဟု မှတ်ပါ။
所以定被称为一切善法中最胜者。’(《弥兰王问》38;《阿毗达磨义注》1-161。)布施善、持戒善中虽然也有名为一境性的定心所相应而生,但布施以思为主,持戒以信为主。因此,上述定的居首特相,尤其是就止修之善与观修之善而言。
(ခ) အဝိသာရလက္ခဏ၊ (ဂ) အဝိက္ခေပလက္ခဏ
(乙)不散特相;(丙)不散乱特相
အဝိသာရော အတ္တနော ဧဝ အဝိသရဏသဘာဝေါ၊ အဝိက္ခေပေါ သမ္ပယုတ္တာနံ ဓမ္မာနံ အဝိက္ခိတ္တတာ၊ ယေန သမ္ပယုတ္တာ အဝိက္ခိတ္တာ ဟောန္တိ၊ သော ဓမ္မော အဝိက္ခေပေါတိ။ (မူလဋီ-၁-၈၈။ မဟာဋီ-၂-၁၄၂။) သမာဓိဟူသော မိမိ၏သာလျှင် အာရုံ၌ မပျံ့လွင့်ခြင်းသဘောသည် အဝိသာရလက္ခဏာတည်း။ သမာဓိ သည် မိမိကိုယ်တိုင်သာလျှင်အာရုံ၌ မပျံ့လွင့်သည် မဟုတ်သေး၊ သမ္ပယုတ်တရားတို့ကိုလည်း အာရုံ၌ မပျံ့လွင့်စေ တတ်ပေ။ ယင်းသမာဓိကြောင့်ပင် သမ္ပယုတ်တရားတို့သည်လည်း အာရုံ၌ မပျံ့လွင့်ကြခြင်း ဖြစ်၏။ ထိုကြောင့် သမ္ပယုတ်တရားတို့၏ အာရုံ၌ မပျံ့လွင့်ကြောင်း သဘောတရားသည် အဝိက္ခေပလက္ခဏာတည်း။ ဥပစာရသမာဓိ အပ္ပနာသမာဓိတို့သည် အာနာပါနပဋိဘာဂနိမိတ် ကသိုဏ်းပဋိဘာဂနိမိတ်စသော သမထနိမိတ်အာရုံ၌လည်း- ကောင်း၊ ဝိပဿနာသမာဓိသည် သင်္ခါရနိမိတ်အာရုံ၌လည်းကောင်း --- ဤသို့ စသည်ဖြင့် ထိုထို သမာဓိသည် ထိုထို ဆိုင်ရာဆိုင်ရာ အာရုံ၌ ငြိမ်ဝပ်စွာကပ်၍ တည်နေတတ်၏။ မိမိသည်သာ ထိုအာရုံ၌ ငြိမ်ဝပ်စွာကပ်၍
‘所谓不散,是定本身不向外散的自性;所谓不散乱,是相应诸法不散乱。依某法而使相应诸法不散乱,该法即不散乱。’(《根本复注》1-88;《大复注》2-142。)定本身在所缘中不散,是不散特相。定不仅自己在所缘中不散,也能使相应诸法在所缘中不散;正因为定,相应诸法才不在所缘中散乱。因此,令相应诸法在所缘中不散的法,就是不散乱特相。近行定与安止定安稳地贴住所缘,住于入出息似相、遍似相等止禅所缘;观定则住于行相所缘。换言之,各种定都安稳地贴住、住于各自相应的所缘;它不只是自己——
တည်တတ်သည် မဟုတ်သေး၊ အတူယှဥ်ဖက် သမ္ပယုတ်တရားတို့ကိုလည်း ထိုအာရုံ၌ ငြိမ်ဝပ်စွာကပ်၍ တည်နေစေ တတ်၏၊ ထိုကြောင့် သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့သည် သမထနိမိတ်အာရုံ သင်္ခါရနိမိတ်အာရုံမှ တစ်ပါး အခြားအခြားသော အာရုံ၌ မပျံ့လွင့်ကြခြင်း ဖြစ်၏။ အကြောင်းမူ အဝိက္ခေပ အမည်ရသော သမာဓိသည် သမ္ပယုတ်တရားတို့ကို သမထနိမိတ်အာရုံ သင်္ခါရနိမိတ်အာရုံမှ တစ်ပါးသော ထိုထိုအာရုံသို့ ပစ်လွှင့်တတ်သော ဥဒ္ဓစ္စ၏ ဆန့်ကျင်ဘက် ဖြစ်သောကြောင့်တည်း။ လောကီသမာဓိများသည်ပင် ထိုမျှအစွမ်းထက်လျှင် လောကုတ္တ ရာသမာဓိများကား အဘယ်မှာလျှင် ဆိုဖွယ်ရာ ရှိနိုင်တော့အံ့နည်း။
——安稳地贴住该所缘,也使共同相应的诸法安稳地贴住该所缘。因此,止修心和观修心不散向止禅禅相、行相以外的其他所缘;这是因为名为不散乱的定,正是掉举的对治,而掉举会把相应诸法抛向止禅禅相、行相以外的种种所缘。世间定尚且具有如此力量,出世间定的力量更无须赘言。
စစ်မြေပြင်ဝယ် စစ်ရေး စစ်ရာ စစ်ခင်းမှု အကြောင်းဆိုက်ရောက်လာလတ်သော် မင်းမည်သည် စစ်တပ် ဆုတ်နစ်ရာ စစ်ရေးနိမ့်ရာ ထိုထိုအရပ်သို့ သွားရ၏၊ ထိုမင်း ရောက်လေရာအရပ်၌ စစ်တပ်သည် ပြည့်လာ၏၊ မင်း၏ စည်းကြပ်မှုကြောင့် မင်း၏နောက်သို့ မိမိ၏ စစ်တပ်က အစဥ်လိုက်လာသောကြောင့် ဖြစ်၏။ တစ်ဘက် စစ်တပ်သည်လည်း ပျက်၍ မိမိတို့၏ မင်းသို့သာ အစဥ်လိုက်ရ၏၊ မိမိတို့ မင်းရှိရာသို့သာ ဆုတ်ခွာရ၏။ ဤဥပမာ အတူပင်လျှင် သမာဓိသည် အတူဖြစ်ဖက် သဟဇာတ်တရားတို့အား ထိုထိုအာရုံ၌ ပျံ့လွင့်ခွင့်ကို ဖရိုဖရဲ ပြန့်ကျဲခွင့်ကို မပေးခြင်းကြောင့် သမာဓိသည် သမ္ပယုတ်တရားတို့၏ အာရုံ၌ မပျံ့လွင့်ကြောင်းသဘော အဝိက္ခေပလက္ခဏာ ရှိသည် မည်ပေသည်။ (အဘိ-ဋ္ဌ-၁-၁၆၁။) သမ္ပိဏ္ဍန ရသ --- ရေသည် ရေချိုးကသယ်မှုန့် ဆပ်ပြာမှုန့် စသည်တို့ကို ဖရိုဖရဲ မကြဲရအောင် အတုံး အခဲဖြစ်အောင် ဆပ်ပြာမှုန့်မှ ဆပ်ပြာတုံးဖြစ်အောင် ပေါင်းစုပေးသကဲ့သို့ သမာဓိသည် အတူဖြစ်ဖက် သဟဇာတ်
战场上发生战事时,国王要前往军队退却、战局不利的各处;国王到达哪里,军队便在哪里充实起来,因为在国王的整治下,军队随国王而来。敌军也随之溃散,只能跟随自己的国王,退向其国王所在之处。同样,定不让俱生诸法有机会散向各个所缘、分崩离散,所以定以令相应诸法在所缘中不散为特相。(《阿毗达磨义注》1-161。)聚集作用——如水把浴粉、皂粉等聚拢,使其不致散开,乃至把皂粉聚成皂块;同样,定把俱生——
原书第 306 页
တရားတို့ကို သမထနိမိတ်အာရုံ သင်္ခါရနိမိတ်အာရုံစသော ထိုထိုအာရုံ၌ ပျံ့လွင့်မသွားအောင် ဖရိုဖရဲ မပြန့်ကျဲ- အောင် စည်းစည်းလုံးလုံးရှိအောင် ပေါင်းစုပေးခြင်း လုပ်ငန်းကိစ္စ ရှိပေသည်။ အာနာပါနပဋိဘာဂနိမိတ် ကသိုဏ်း ပဋိဘာဂနိမိတ်စသော သမထနိမိတ်အာရုံ တစ်ခုတည်းပေါ်၌ (၃၄-၃၂-၃၁)လုံးသော နာမ်တရားတို့၏ ငြိမ်ဝပ်စွာ ကပ်၍ တည်နေကြခြင်းမှာ သမာဓိ၏ စွမ်းအင်သတ္တိကြောင့်ပင် ဖြစ်၏။ ဝိပဿနာဘာဝနာအရာ၌လည်း ဝိပဿနာ ဘာဝနာစိတ်သည် သောမနဿသဟဂုတ်ဉာဏသမ္ပယုတ် ဝိပဿနာစိတ်ဖြစ်ခဲ့လျှင် ဇောအသီးအသီးဝယ် (၃၄)လုံးသော နာမ်တရား အသီးအသီး ပါဝင်၏။ ယင်း (၃၄)လုံးသော နာမ်တရားတို့သည်လည်း ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သည့် သင်္ခါရနိမိတ်အာရုံပေါ်၌ ငြိမ်ဝပ်စွာကပ်၍ တည်နေကြ၏။ ထိုကဲ့သို့ တည်နေနိုင်ခြင်းမှာ ယင်းဝိပဿနာဉာဏ်နှင့် ယှဥ်တွဲလျက်ရှိသော သမာဓိ၏ စွမ်းအင်သတ္တိကြောင့်ပင် ဖြစ်၏။
——诸法聚集起来,使它们在止禅禅相、行相等各自所缘中不向外散、不四处分开,而是和合一处。三十四、三十二或三十一种名法能够安稳地贴住入出息似相、遍似相等单一止禅所缘,正是由于定的力量。在观修中,如果观修心是悦俱智相应心,则每一速行中各有三十四种名法;这三十四种名法也安稳地贴住作为观智所观对象的行相所缘。它们能这样安住,是由于与观智相应之定的力量。
မဂ္ဂင် (၈)ပါး ဦးဆောင် သည့် မဂ်စိတ်စေတသိက် ဖိုလ်စိတ်စေတသိက်တို့သည်လည်း အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်အာရုံ၌ ငြိမ်ဝပ်စွာကပ်၍ တည်နေနိုင်ကြ၏။ ယင်းကဲ့သို့ ငြိမ်ဝပ်စွာကပ်၍ တည်နေနိုင်ခြင်းမှာလည်း ယင်းမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့နှင့် ယှဥ်တွဲလျက်ရှိသော လောကုတ္တရာသမာဓိ၏ စွမ်းအင်သတ္တိထူးကြီးကြောင့်ပင် ဖြစ်၏။ ထိုကြောင့် သမာဓိကို အတူဖြစ်ဖက် သဟဇာတ်တရားတို့ကို အာရုံတစ်ခုပေါ်၌ စုလျက် တွဲလျက် ခဲလျက်နေအောင် စည်းစည်း လုံးလုံးရှိအောင် ပေါင်းစုပေးခြင်း ကိစ္စရသရှိသည်ဟု ဆိုခြင်းဖြစ်သည်။
由八支圣道领头的道心、道心所与果心、果心所,也能安稳地贴住以无为界、寂静界涅槃为所缘。这同样是由于与道智、果智相应之出世间定的卓越力量。因此,说定具有聚集作用:它把俱生诸法聚在同一所缘上,使之集合、相随、凝聚而和合一处。
ပစ္စုပဋ္ဌာန် --- ဤ ပစ္စုပဋ္ဌာန်ပိုင်းတွင် ဥပဋ္ဌာနာကာရပစ္စုပဋ္ဌာန် ဖလပစ္စုပဋ္ဌာန်ဟု နှစ်မျိုး ဖွင့်ဆိုထား၏။
现起——现起部分分作两类:现起方式之现起与果现起。
(က) ဥပဋ္ဌာနာကာရပစ္စုပဋ္ဌာန် --- အဝူပသမလက္ခဏဿ ဝိက္ခေပဿ ပဋိပက္ခတာယ စိတ္တဿ ဥပသမနာ-
(甲)现起方式之现起——‘由于它是不寂静特相之散乱的对治,故以令心寂静的行——
ကာရေန ပစ္စုပတိဋ္ဌတီတိ ဥပသမပစ္စုပဋ္ဌာနော။ (မဟာဋီ-၂-၁၄၂။)
——相而呈现,所以以寂静为现起。’(《大复注》2-142。)
စိတ်မငြိမ်သက်ခြင်း သဘောလက္ခဏာရှိသော စိတ်ပျံ့လွင့်မှု = ဥဒ္ဓစ္စတရား၏ ဆန့်ကျင်ဘက် ဖြစ်သော- ကြောင့်၊ စိတ်၏ငြိမ်သက်သော အခြင်းအရာအားဖြင့် သမာဓိကို ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်၌ ရှေးရှူထင်လာတတ်သောကြောင့် သမာဓိသည် စိတ်ငြိမ်သက်မှု ဥပသမပစ္စုပဋ္ဌာန် ရှိပေသည်။ ဥပဋ္ဌာနာကာရ ပစ္စုပဋ္ဌာန်တည်း။
散乱——即掉举——以心不寂静为特相;定是它的对治。对于观照定的禅修者,定以心寂静的方式显现于智,所以定以心的寂静为现起;这就是现起方式之现起。
( ခ ) ဖလပစ္စုပဋ္ဌာန် --- သမာဓိံ ဘိက္ခဝေ ဘာဝေထ၊ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ။
(乙)果现起——‘诸比丘,修习定吧;诸比丘,有定的比丘如实了知。’
(သံ-၂-၁၂။ သံ-၃-၃၆၃။)
(《相应部》2-12;《相应部》3-363。)
သမာဟိတော ယထာဘူတံ ဇာနာတိ ပဿတိ။ (ခု-၁ဝ-၅ဝ။ ခု-၁၁-၃၈။)
‘有定者如实知见。’(《小部》10-50;《小部》11-38。)
ရဟန်းတို့ …သမာဓိကို ပွားများကြကုန်လော့ = ဖြစ်စေကြကုန်လော့။ ရဟန်းတို့ …သမာဓိရှိသော ရဟန်းသည် --- ၁။ ဥပါဒါနက္ခန္ဓာ ငါးပါးတို့ကိုလည်းကောင်း၊ ၂။ ဥပါဒါနက္ခန္ဓာ ငါးပါးတို့၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောကိုလည်းကောင်း၊ ၃။ ဥပါဒါနက္ခန္ဓာ ငါးပါးတို့၏ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောကိုလည်းကောင်း မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏။ (သံ-၂-၁၂။) ရဟန်းတို့ …သမာဓိကို ပွားများကြကုန်လော့ = ဖြစ်စေကြကုန်လော့။ ရဟန်းတို့ …သမာဓိရှိသော ရဟန်းသည် --- ၁။ ဤကား ဒုက္ခ အရိယသစ္စာတရားဟု ၂။ ဤကား သမုဒယ အရိယသစ္စာတရားဟု
诸比丘,修习——令之生起——定吧。诸比丘,有定的比丘如实、如其本然、明白地区别了知:1.五取蕴;2.五取蕴生起之因及生起;3.五取蕴灭尽之因及灭尽。(《相应部》2-12。)诸比丘,修习——令之生起——定吧。诸比丘,有定的比丘如实、如其本然、明白地区别了知:1.这是苦圣谛;2.这是集圣谛;

本页是帕奥禅师缅文「五大册」第四册(趣向涅槃之道·第四册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。卷前、正文与原书索引均与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。