识蕴论章(中)
《趣向涅槃之道》中文全译本 · 非缩略版
特相等四法篇 · 原书第 171–199 页 · 224 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 171 页
လက္ခဏာဒိစတုက္ကပိုင်း -- ဝိညာဏက္ခန္ဓကထာ အခန်း ရူပါရုံ စသည်တို့၌ ပဉ္စဝိညာဏ်တို့၏ ရှေးရှူကျရောက်ခြင်းမျှကို ထား၍ တစ်နည်း ရူပါရုံ စသည်တို့သို့ ပဉ္စဝိညာဏ်တို့၏ ရှေးရှူကျရောက်ခြင်းမျှကို ထား၍ တစ်စုံတစ်ခုသော ကုသိုလ်တရား အကုသိုလ်တရား စသည်ကို ပဉ္စဝိညာဏ်တို့က မသိပေ။ ဤ၌ ရူပါရုံ စသည်တို့၌ ရှေးရှူကျရောက်ခြင်းဟူသည်လည်း ပဉ္စဝိညာဏ်တို့နှင့် ရူပါရုံ စသည်တို့၏ ပေါင်းဆုံခြင်းပင်တည်း။ ရူပါရုံ စသည်ကို သိခြင်းမျှကို အဘိနိပါတမတ္တ-ဟု ဆိုသည်။
除了五识与色等所缘只是迎面会合,换言之,除了五识只是来到色等所缘前以外,五识不知道任何善法、不善法等。这里所谓来到色等所缘前,就是五识与色等所缘会合;只是识知色等所缘,称为‘只是迎面会合’。
ဆိုလိုရင်းသဘော --- အလွန်ပညာရှိသော ယောကျာ်းပင် ဖြစ်ချင်ဖြစ်ပါစေ၊ ထိုယောကျာ်းသော်မှလည်း စက္ခုပသာဒ စသည်သို့ ရှေးရှူကျရောက်လာကုန်သော ရူပါရုံ စသည်တို့ကို ထား၍ အခြား တစ်စုံတစ်ခုသော ကုသိုလ်တရား အကုသိုလ်တရားတို့တွင် တစ်ခုသောတရားကိုမျှလည်း ပဉ္စဝိညာဏ်တို့ဖြင့် မသိပေ။ ဤ ပဉ္စ- ဝိညာဏ်တို့တွင် --- ၁။ စက္ခုဝိညာဏ်သည် ရူပါရုံကို မြင်ကာမတ္တ မြင်ရုံမျှသာ ဖြစ်၏၊ ၂။ သောတဝိညာဏ်သည် သဒ္ဒါရုံကို ကြားကာမတ္တ ကြားရုံမျှသာ ဖြစ်၏၊ ၃။ ဃာနဝိညာဏ်သည် ဂန္ဓာရုံကို နံကာမတ္တ နံရုံမျှသာ ဖြစ်၏၊ ၄။ ဇိဝှါဝိညာဏ်သည် ရသာရုံကို သာယာကာမတ္တ သာယာရုံမျှသာ ဖြစ်၏၊ ၅။ ကာယဝိညာဏ်သည် ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိကာမတ္တ တွေ့ထိရုံမျှသာ ဖြစ်၏၊ ထိုပဉ္စဝိညာဏ်တို့၏ မြင်ခြင်းစသော အတိုင်းအရှည်မှလွတ်သော အခြားတစ်စုံတစ်ခုသော ကုသိုလ် စသည်- ကို သိခြင်းမည်သည် မရှိပေ။ (အဘိ-ဋ္ဌ-၂-၃၈၇-၃၈၈။)
要义——即使是极有智慧的人,除了以五识只是看见来到眼净色等处的色等所缘以外,也不能以五识识知任何一种善法或不善法。五识之中:一、眼识对色所缘只是看见;二、耳识对声所缘只是听见;三、鼻识对香所缘只是嗅到;四、舌识对味所缘只是尝到;五、身识对触所缘只是接触。超出五识这些见、闻等范围,便不存在对善法等其他任何法的识知。(《阿毗达磨义注》2-387至388。)
ယာ ပနာယံ ပါဠိ ''ပဉ္စဟိ ဝိညာဏေဟိ န ကဉ္စိ ဓမ္မံ ပဋိဝိဇာနာတိ အညတြ အဘိနိပါတမတ္တာ''တိ၊ တဿာ ရူပါဒီနံ အာပါတမတ္တံ မုဉ္စိတွာ အညံ ကဉ္စိ ဓမ္မသဘာဝံ န ပဋိဝိဇာနာတီတိ အယမတ္ထော ဒိဿတိ။ န ဟိ ရူပံ ပဋိဂ္ဂဏှန္တမ္ပိ စက္ခုဝိညာဏံ ရူပန္တိ စ ဂဏှာတီတိ။ (မူလဋီ-၂-၂ဝ၁။) အည န္တိ ''ရူပံ နီလ''န္တိ ဧဝမာဒိဓမ္မဝိသေသံ။ တေနာဟ ''ဓမ္မသဘာဝ''န္တိ။ ရူပန္တိ စ န ဂဏှာတီတိ ရူပါရမ္မဏမ္ပိ သမာနံ ''ရူပံ နာမေတ''န္တိ န ဂဏှာတိ။ (အနုဋီ-၂-၂ဝ၂။) ဤဋီကာများ၏ ဖွင့်ဆိုချက်အရ စက္ခုဝိညာဏ်သည် အရောင်မျှကိုသာ သိသည်ဆိုသော်လည်း အရောင်ဟု = ရူပါရုံဟုလည်းကောင်း၊ အညိုရောင် အရွှေရောင် စသည်ဖြင့်လည်းကောင်း ဓမ္မသဘာဝ တစ်စုံတစ်ရာကို မသိ။ စက္ခုဝိညာဏ်နှင့် ရူပါရုံတို့၏ ရှေးရှူပေါင်းဆုံမိခြင်းမျှသာ ဖြစ်၏။ စက္ခုဝိညာဏ်သည် ရူပါရုံကို ခံယူပါသော် လည်း ရူပါရုံဟူ၍ပင် မခံယူနိုင် မသိနိုင်သောကြောင့် ဖြစ်သည်။ သောတဝိညာဏ် စသည်တို့၌လည်း ဤနည်း
《根本复注》解释巴利文‘五识除了只是迎面会合于所缘之外,不识知任何法’说:这句话的意思是,除了只是来到色等所缘前,它不穿透任何其他法的自性;眼识即使领受色所缘,也不把它认作‘色’。(《根本复注》2-201。)《随复注》解释:所谓‘其他’,是指‘此色是青色’等法的差别,所以称为‘法的自性’;所谓‘不把它认作色’,是说即使它是色所缘,也不把它认作‘这就是色’。(《随复注》2-202。)依这些复注的解释,即使说眼识只知显色,它也不知道‘这是显色、色所缘’,更不知道这是褐色、金色等任何法的自性;所发生的只是眼识与色所缘迎面会合。因为眼识虽然领受色所缘,却连把它领受为‘色所缘’都不能做到。耳识等也——
ပင်တည်း။ (မူလဋီ-၂-၂ဝ၁။ အနုဋီ-၂-၂ဝ၂။) ပစ္စုပဋ္ဌာန် --- စက္ခုဝိညာဏ်သည် ဖြစ်ပေါ်လာခဲ့သော် ရူပါရုံကို အာရုံပြု၍သာလျှင် ဖြစ်ပေါ်လာ သောကြောင့် ထိုစက္ခုဝိညာဏ်ကို ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝ၌ ထိုရူပါရုံဘက်သို့ ရှေးရှူမျက်နှာမူ တတ်သော သဘောတရား အဖြစ်ဖြင့် ရူပါရုံကို အာရုံယူတတ်သောတရားဟု ထင်လာရကား --- ရူပါဘိမုခ- ဘာဝပစ္စုပဋ္ဌာနံ = ရူပါရုံဘက်သို့ ရှေးရှူမျက်နှာမူသည့် သဘောတရားဟု ယောဂီဉာဏ်တွင် ရှေးရှူထင်လာ၏ဟု ဆိုခြင်းဖြစ်သည်။ (မဟာဋီ-၂-၁၂၅။) ပဒဋ္ဌာန် -------- ဤ၌ ကိရိယမနောဓာတ်ဟူသည် ပဉ္စဒွါရာဝဇ္ဇန်းစိတ်တည်း။ စက္ခုပသာဒနှင့် ဘဝင်မနော အကြည်ဓာတ်သို့ = စက္ခုဒွါရနှင့် မနောဒွါရသို့ ရှေးရှူ ကျရောက်လာသော ရူပါရုံကို ဦးစွာ ဆင်ခြင်သော အာဝဇ္ဇန်းစိတ် = ဆင်ခြင်စိတ် ဖြစ်၏။
——同样如此。(《根本复注》2-201;《随复注》2-202。)现起——眼识生起时,只能缘取色所缘而生;因此,在观照眼识的瑜伽行者之智中,它显现为面向色所缘、能取色所缘之法。所以说‘以面向色所缘为现起’,也就是在瑜伽行者之智中呈现为面向色所缘。(《大复注》2-125。)近因——这里的唯作意界就是五门转向心,是最初审察来到眼净色与有分意净色之前——也就是眼门与意门前——的色所缘之转向心、审察心。
原书第 172 页
ကောင်းစွာ ချုပ်ပျက်သွားကြကုန်သော နာမ်တရားတို့သည် မိမိ၏ အခြားမဲ့၌ မိမိချုပ်ပြီးလျှင် ချုပ်ပြီးခြင်း ဆက်လက်ဖြစ်ပေါ်လာကြမည့် နာမ်တရားတို့အား ဖြစ်ခွင့်ကိုပေးသောအားဖြင့် အနန္တရ သမနန္တရ နတ္ထိ ဝိဂတ စသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေးတတ်ကုန်ရကား --- မှီရာ ဝတ္ထုရုပ်နှင့် အာရုံတရားတို့သည် ဆိုင်ရာ နာမ်တရားတို့၏ အနီးစပ်ဆုံး အကြောင်းတရားများ ဖြစ်ကြကုန်သကဲ့သို့ အလားတူပင် ယင်းအာဝဇ္ဇန်းစိတ် ကင်းချုပ်မှ စက္ခုဝိညာဏ်စိတ်သည် ဖြစ်ခွင့်ရသောကြောင့် အာဝဇ္ဇန်း၏ ကင်းချုပ်ခြင်းကို စက္ခုဝိညာဏ်ဖြစ်ဖို့ရန် အနီးစပ်ဆုံးသော အကြောင်းပဒဋ္ဌာန်ဟု ဆိုပေသည်။ သောတဝိညာဏ် စသည်တို့၌လည်း ဤဆိုခဲ့ပြီးသည့် နည်းအတိုင်းပင် ဆိုလိုရင်း အနက်သဘောတရားကို သိရှိပါလေ။ (မဟာဋီ-၂-၁၂၅။) စက္ခုဝိညာဏ်နှင့် တကွသော နာမ်တရားစု အားလုံးတို့၏ ပစ္စုပ္ပန် အကြောင်းတရားများ ဖြစ်ကြသော
已经完全灭去的名法,以无间、等无间、无有、离去等缘力资助紧接在自己灭后生起的名法,为后者提供生起机会。正如依处色与所缘法是相应名法的近因,只有这一转向心灭去以后,眼识心才有机会生起,所以把转向心的灭去说成眼识生起最接近的因,也就是它的近因。耳识等也依同理理解。(《大复注》2-125。)眼识及与它同生的全部名法有四种现在因,包括——
(၁) စက္ခုပသာဒ၊ (၂) ရူပါရုံ၊ (၃) အာလောက၊ (၄) မနသိကာရဟူသော အကြောင်းတရား (၄)ပါးတို့တွင် မနသိကာရဟူသော အကြောင်းတရား တစ်ခုကိုသာ ဤ၌ ပဒဋ္ဌာန်အဖြစ် ထုတ်ပြထားသည်။
——一、眼净色;二、色所缘;三、光;四、作意。这四因中,这里只把作意这一因列作近因。
၁။ စက္ခုပသာဒ၏ မပျက်စီးခြင်း --- သေလေပြီးသောသူ၏ စက္ခုပသာဒသည်လည်း ပျက်စီးပြီးပင် ဖြစ်၏။
一、眼净色未坏——亡者的眼净色已经坏灭。
အသက်ရှင်နေသေးသော ပုဂ္ဂိုလ်၏ ဥပါဒ်-ဌီ-ဘင် သက်တမ်းစေ့၍ ချုပ်လေပြီးသော စက္ခုပသာဒသည်လည်း ပျက်စီးပြီးပင် မည်၏။ သည်းခြေသည်သော်လည်းကောင်း၊ သလိပ်သည်သော်လည်းကောင်း၊ သွေးသည်သော် လည်းကောင်း မြှေးယှက်ထားအပ်သည်ဖြစ်၍ စက္ခုဝိညာဏ်၏ အကြောင်းတရားဖြစ်ဖို့ရန် မစွမ်းနိုင်သော စက္ခု ပသာဒသည်လည်း ပျက်စီးပြီးပင် မည်၏။ စက္ခုဝိညာဏ်၏ မှီရာအကြောင်းတရား ဖြစ်ဖို့ရန် စွမ်းနိုင်သော စက္ခု ပသာဒသည် အသမ္ဘိန္န = မပျက်စီးသည် မည်၏။ သောတပသာဒ စသည်တို့၌လည်း ဤနည်းပင်တည်း။
活人身上已经度过生、住、灭而寿尽灭去的眼净色,也属于已经坏灭;被胆汁、痰或血包裹,已经不能作为眼识之因的眼净色,也属于已经坏损。仍能成为眼识依处因的眼净色,才称为未坏。耳净色等也同样理解。
၂ ။ ရူပါရုံ၏ ထင်ခြင်း --- စက္ခုပသာဒသည် မပျက်စီးပါသော်လည်း အပြင်အပ ဗဟိဒ္ဓ၌တည်သော ရူပါရုံသည် (= ဗာဟိရာယတန = အပြင်အာယတနဖြစ်သော ရူပါရုံသည်) စက္ခုဒွါရ၌ ရှေးရှူကျခြင်းသို့ မရောက်လတ်သော် စက္ခုဝိညာဏ်သည် ဖြစ်ပေါ်မလာနိုင်။
二、色所缘显现——即使眼净色未坏,若位于外部的色所缘——也就是作为外处的色所缘——尚未来到眼门前,眼识也不能生起。
၃။ အရောင်အလင်းဟူသော မှီရာ --- တစ်ဖန် ထိုရူပါရုံသည် စက္ခုဒွါရ (မနောဒွါရ)၌ ရှေးရှူကျခြင်းသို့ ထင်ခြင်းသို့ ရောက်ရှိလာပါသော်လည်း အရောင်အလင်းဟူသော မှီရာသည် မရှိလတ်သော် စက္ခုဝိညာဏ်သည် ဖြစ်ပေါ်မလာနိုင်။
三、以光为所依——即使该色所缘已经来到、显现于眼门〔与意门〕,若没有光这一所依,眼识也不能生起。
၄။ မနသိကာရ အကြောင်းရင်းရှိမှု --- ထိုအရောင်အလင်းသည် ထင်ရှားရှိသော်လည်း ကိရိယမနောဓာတ် အမည်ရသော ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် (= ပဉ္စဒွါရာဝဇ္ဇန်း နာမ်တရားစုသည်) ဘဝင်ကို မလည်စေအပ်သော် မရပ်စေနိုင်သော် စက္ခုဝိညာဏ်သည် ဖြစ်ပေါ်မလာနိုင်။ ဘဝင်ကို လည်စေအပ်သော်သာလျှင် ရပ်စေနိုင်သော် သာလျှင် စက္ခုဝိညာဏ်သည် ဖြစ်ပေါ်လာနိုင်၏။ ယင်း ပဉ္စဒွါရာဝဇ္ဇန်းကိုပင် (ဝီထိပဋိပါဒက) မနသိကာရဟု ခေါ်သည်။
四、具备作意之因——即使光明充分显现,若称为唯作意界的五门转向心〔即五门转向名法聚〕不能使有分转动、停止,眼识也不能生起;唯有它能够使有分转动、停止,眼识才能生起。这个五门转向本身就称为引导心路的作意(vīthipaṭipādaka-manasikāra)。
ဤသို့ ဖြစ်ပေါ်လာသော စက္ခုဝိညာဏ်သည် သမ္ပယုတ်တရားတို့နှင့် အတူတကွသာလျှင် ဖြစ်ပေါ်လာ၏။
如此生起的眼识,只能与相应法共同生起。
ဤသို့လျှင် ဤအကြောင်းတရား (၄)ပါးတို့ကို ရရှိ၍ စက္ခုဝိညာဏ်သည် (= စက္ခုဝိညာဏ်နှင့်တကွသော နာမ်တရား စုသည်) ဖြစ်ပေါ်လာပေ၏။ (အဘိ-ဋ္ဌ-၁-၃၂၁။) စက္ခုဝိညာဏ်နှင့်တကွသော သမ္ပယုတ်တရားစု၏ အကြောင်း တရားကို ဖော်ပြသောအရာဖြစ်၍ ဖဿစသော သမ္ပယုတ် အကြောင်းတရား လျော့သွားသည်ဟု မှတ်ပါ။ (ပဋိစ္စ- သမုပ္ပါဒ်ပိုင်းကို ပြန်ကြည့်ပါ။) ရှုကွက် --- စက္ခုဝိညာဏ် စိတ္တက္ခဏ၌ စက္ခုဝိညာဏ်နှင့်တကွ နာမ်တရား (၈)လုံးရှိရာ ယင်းနာမ်တရား (၈)လုံးမှ စက္ခုဝိညာဏ်ကို ရွေးထုတ်၍ ရှုရန်ဖြစ်သည်။
这样,具足上述四因,眼识——也就是眼识及其名法聚——便生起。(《阿毗达磨义注》1-321。)这里说明的是与眼识相应的整个法聚之因,所以应知触等相应法各自的因被省略了。〔参见缘起篇。〕观法——眼识心刹那中共有八种名法;应从这八种名法中选出眼识而观照。
原书第 173 页
ပဏ္ဍရ = ဖြူစင်ပါသည်
清净(paṇḍara)
နိဒ္ဒေသဝါရေ စက္ခုဝိညာဏံ ''ပဏ္ဍရ''န္တိ ဝတ္ထုတော ဝုတ္တံ။ ကုသလဥှိ အတ္တနော ပရိသုဒ္ဓတာယ ပဏ္ဍရံ နာမ၊ အကုသလံ ဘဝင်္ဂနိဿန္ဒေန၊ ဝိပါကံ ဝတ္ထုပဏ္ဍရတ္တာ။ (အဘိ-ဋ္ဌ-၁-၃ဝ၃။) ဝတ္ထုပဏ္ဍရတ္တာတိ သယံ ကဏှဓမ္မာနံ အပ္ပဋိပက္ခတ္တာ သဘာဝပရိသုဒ္ဓါနံ ပသာဒဟဒယဝတ္ထုနိဿယာနံ ဝသေန ပဏ္ဍရသဘာဝံ ဇာတန္တိ အဓိပ္ပါယော။ အယံ ပန နယော စတုဝေါကာရေ န လဗ္ဘတီတိ တတ္ထ ဘဝင်္ဂဿ တတော နိက္ခန္တာကုသလဿ စ ပဏ္ဍရတာ န သိယာ၊ တသ္မာ တတ္ထ ပဏ္ဍရတာယ ကာရဏံ ဝတ္တဗ္ဗံ။ သဘာဝေါ ဝါယံ စိတ္တဿ ပဏ္ဍရတာတိ။ (မူလဋီ-၁-၁၂၅။) ဓမ္မသင်္ဂဏီပါဠိတော် နိဒ္ဒေသဝါရ (အဘိ-၁-၁ဝ၅။)၌ စက္ခုဝိညာဏ်ကို ပဏ္ဍရ = ဖြူစင်၏ဟူ၍ မှီရာဝတ္ထု အားဖြင့် ဟောကြားထားတော်မူ၏။ နာမ်တရားတို့၏ မှီရာဝတ္ထုရုပ်များ ဖြစ်ကြသည့် ပသာဒရုပ်များနှင့် ဟဒယ ဝတ္ထုတို့သည် မိမိတို့က ကဏှဓမ္မ အမည်ရကြသည့် မည်းညစ်ကုန်သော အကုသိုလ်တရားတို့၏ ဆန့်ကျင်ဘက်
《法集论》巴利的解释分中,依所依处而说眼识是‘清净(paṇḍara)’。善法因自身清净而称为清净;不善法因有分的流衍而称为清净;果报法因所依处清净而称为清净。(《阿毗达磨义注》1-303。)所谓‘因所依处清净’,意思是:净色与心所依处本身不是黑法的对治,只是自性清净;依止这些清净依处,果报心便具有清净之性。但这种解释不能用于四蕴地,否则那里有分以及从有分生起的不善法便不可能清净;因此,还应说明它们在四蕴地中清净的原因。或者,清净本来就是心的自性。(《根本复注》1-125。)《法集论》巴利解释分(《阿毗达磨》1-105)依所依处说眼识是清净。作为诸名法所依处的净色与心所依处,本身并不是所谓黑法、污秽不善法的对治——
မဟုတ်ကြသောကြောင့် ကုသိုလ်ကဲ့သို့ ဆန့်ကျင်ဘက် (အကုသိုလ်)ကို ထောက်၍ ပဏ္ဍရ = ဖြူစင်ကြသည်ကား မဟုတ်ကြပေ။ ရုပ်တရားများ ဖြစ်ကြ၍ ပင်ကိုယ်သဘောအတိုင်း ဖြူစင်ကြသည်။ ထိုဖြူစင်သော ပသာဒရုပ်၊ ဟဒယဝတ္ထုကို မှီရခြင်းကြောင့် ဝိပါက်စိတ်တို့သည်လည်း ''ရွှေပင်နားတော့ရွှေကျေး ဟူ၏သို့'' ပဏ္ဍရ = ဖြူစင်ကြ ရ၏။
——所以并非像善法那样,因与不善相对而清净;它们是色法,本来自性清净。果报心依止这些清净的净色与心所依处,也就如缅谚所说‘鹦鹉栖金树,身亦成金色’那样,成为清净。
ကုသိုလ်တရားသည် မိမိဟူသော ကုသိုလ်၏ ထက်ဝန်းကျင် စင်ကြယ်သည်၏ အဖြစ်ကြောင့် ပဏ္ဍရ = ဖြူစင်သည် မည်၏။ အကုသိုလ်တရားသည် ဘဝင်၏အကျိုးဆက်ကြောင့် ပဏ္ဍရ = ဖြူစင်သည် မည်၏။ ဝိပါက် ဝိညာဏ်သည် မှီရာဝတ္ထု၏ ဖြူစင်သည်၏ အဖြစ်ကြောင့် ပဏ္ဍရ = ဖြူစင်သည် မည်၏။ (အဘိ-ဋ္ဌ-၁-၃ဝ၃။) ဤအဋ္ဌကထာ၌ ဖွင့်ဆိုထားသော နည်းကား စတုဝေါကာရဘုံ၌ = အရူပဘုံ၌ မရနိုင်။ မှီရာဝတ္ထုရုပ် မရှိ သော အရူပဘုံ၌ ဝတ္ထုပဏ္ဍရဟူသော မှီရာဝတ္ထု၏ ဖြူစင်ခြင်းဟူသော အကြောင်းတရားကို မရနိုင်။ အရူပဘုံ ၌လည်း ပဋိသန္ဓေ ဘဝင် စုတိ စသော ဝိပါက်ဝိညာဏ်များ ရှိခဲ့၏။ ဝိပါကံ ဝတ္ထု ပဏ္ဍရတာယ = မှီရာဝတ္ထုရုပ်၏ ဖြူစင်ခြင်းကြောင့် ဝိပါက်ဝိညာဏ်၏ ဖြူစင်ကြောင်းကိုလည်း အထက်ပါ အဋ္ဌကထာ၌ ဖွင့်ဆိုလျက် ရှိ၏။ ထို အဋ္ဌကထာအရမူ ဝတ္ထုရုပ်ကို မမှီရသော အရူပ ဘဝင်ဝိပါက် ဝိညာဏ်သည်လည်း ပဏ္ဍရ = ဖြူစင်မှု မဖြစ်နိုင်ဟု
善法因自身周遍清净而称为清净;不善法因是有分的流衍而称为清净;果报识因所依处清净而称为清净。(《阿毗达磨义注》1-303。)然而,这一义注解释不能用于四蕴地,也就是无色地,因为那里没有作为所依处的色法,不能成立‘所依处清净’这一理由。无色地同样有结生、有分、死亡等果报识;上述义注又说,果报识因所依处色清净而清净。依此说法,不依任何所依处色而生的无色有分果报识,似乎便不能有清净——
အဓိပ္ပါယ်သက်ရောက်လျက် ရှိ၏။ ထိုဘဝင်မှထွက်သော အကုသိုလ်၌ကား အဘယ်မှာလျှင် ပဏ္ဍရ = ဖြူစင်မှု ဖြစ်နိုင်တော့ပါအံ့နည်း။ ထိုကြောင့် စတုဝေါကာရ အမည်ရသော နာမ်ခန္ဓာ လေးပါးသာရှိသော အရူပဘုံ၌ ထို ဝိပါက်တရား၊ ထို အကုသိုလ်တရားတို့အတွက် ပဏ္ဍရ = ဖြူစင်မှု ဖြစ်ရခြင်း၏ အကြောင်းကို ရှာသင့်သေး၏၊ ဆိုသင့်သေး၏။ (မူလဋီ-၁-၁၂၅။) မူလဋီကာ၏ ဝါဒ --- မိမိ မူလဋီကာဆရာတော်၏ ဝါဒမှာ ဤသို့ဖြစ်၏။
——之性;从该有分生起的不善法,又怎能清净?因此,在称为四蕴地、只有四名蕴的无色地,还须寻求、说明这些果报法与不善法得以清净的原因。(《根本复注》1-125。)《根本复注》的主张——《根本复注》师自己的主张如下。
ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ။ တဉ္စ ခေါ အာဂန္တုကေဟိ ဥပက္ကိလေသေဟိ ဥပက္ကိလိဋ္ဌံ။ (အံ-၁-၉။) ရဟန်းတို့ …စိတ်သည် ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလျက် ရှိ၏၊ အာဂန္တုက အကုသိုလ် အညစ်အကြေးတို့ကြောင့်သာ ညစ်နွမ်းရ၏ --- (အံ-၁-၉။) ဤသို့ ဘုရားရှင် ဟောကြားထားတော်မူသောကြောင့် စိတ်သည် ပင်ကိုယ်သဘောအားဖြင့် ဖြူစင်၏၊ အာဂန္တုက အကုသိုလ် အညစ်အကြေးတို့ကြောင့်သာ ညစ်နွမ်းရသည်၊ ထိုကြောင့် ပဏ္ဍရ = ဖြူစင်ခြင်း - ဟူသော
‘比丘们,此心光明;但被客随烦恼染污。’(《增支部》1-9。)世尊既如此宣说,便可知心的自性清净,只因客来的不善垢染而被染污。因此,‘清净(paṇḍara)’这一——
原书第 174 页
အမည်သည် စိတ်၏ ပင်ကိုယ်သဘောအတိုင်း ရအပ်သော အမည်သာ ဖြစ်ပါသည်။ မှီရာဝတ္ထု စသည်ကြောင့် ပဏ္ဍရ ဖြစ်ရသည် = ဖြူစင်ရသည် မဟုတ်ပါ။ ဤကား မူလဋီကာဆရာတော်၏ အယူတည်း။ (မူလဋီ-၁-၁၂၅၊၊)
——名称,是依心的自性而得,并不是因为所依处等才成为清净。这是《根本复注》师的主张。(《根本复注》1-125。)
၆။ သောတဝိညာဏ်
六、耳识
၁။ သောတသန္နိဿိတသဒ္ဒဝိဇာနနလက္ခဏံ သောတဝိညာဏံ၊ ၂။ သဒ္ဒမတ္တာရမ္မဏရသံ၊ ၃။ သဒ္ဒါဘိမုခဘာဝပစ္စုပဋ္ဌာနံ၊ ၄။ သဒ္ဒါရမ္မဏာယ ကိရိယမနောဓာတုယာ အပဂမပဒဋ္ဌာနံ။ (အဘိ-ဋ္ဌ-၁-၃ဝ၃။ ဝိသုဒ္ဓိ-၂-၈၅။) ၁။ သောတဝတ္ထုကို မှီဖြစ်၍ သဒ္ဒါရုံကို သိခြင်း = ရယူခြင်းသဘော လက္ခဏ၊ ၂။ သဒ္ဒါရုံ အသံမျှကိုသာ သိခြင်း = အာရုံယူခြင်း (ကိစ္စ) ရသ၊ ၃။ သဒ္ဒါရုံဘက်သို့ ရှေးရှူမျက်နှာမူသည့် သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ သဒ္ဒါရုံလျှင် အာရုံရှိသော ကိရိယမနောဓာတ် = အာဝဇ္ဇန်းစိတ်၏ ကင်းချုပ်ခြင်း = ချုပ်ပျက်သွားခြင်း ပဒဋ္ဌာန်။
耳识的四法为:一、以依止耳处而识知、取得声所缘为特相;二、以只取声音为作用;三、以面向声所缘为现起;四、以取声所缘的唯作意界——转向心——灭去为近因。(《阿毗达磨义注》1-303;《清净道论》2-85。)
၁။ သောတပသာဒ၏ မပျက်စီးသေးခြင်းကြောင့်လည်းကောင်း၊ ၂။ သဒ္ဒါရုံတို့၏ သောတဒွါရ၌ ရှေးရှူကျရောက်ခြင်းကြောင့်လည်းကောင်း၊ ၃။ အာကာသကို မှီသည်လည်းကောင်း (= အာကာသသန္နိဿိတ)၊ ၄။ မနသိကာရလျှင် အကြောင်းရှိသည်လည်းကောင်း၊
耳识的四种现在因是:一、耳净色未坏;二、声所缘来到耳门前;三、以空间为所依(ākāsa-sannissita);四、以作意为因。
ဤ (၄)မျိုးသော အကြောင်းတရားတို့ကြောင့် သမ္ပယုတ်တရားတို့နှင့် အတူတကွ သောတဝိညာဏ်သည်
由于这四种因,耳识便与相应法共同——
ဖြစ်ပေါ်လာ၏။ (အဘိ-ဋ္ဌ-၁-၃၂၂။) ဤ (၄)မျိုးသော အကြောင်းတရားတို့တွင် မနသိကာရဟူသော အကြောင်း တရားကို ပဒဋ္ဌာန်အဖြစ် ဤ၌ ထုတ်ပြထားသည်။
——生起。(《阿毗达磨义注》1-322。)这四因中,此处把作意列作近因。
တတ္ထ အာကာသသန္နိဿိတန္တိ အာကာသသန္နိဿယံ လဒ္ဓါဝ ဥပ္ပဇ္ဇတိ၊ န ဝိနာ တေန။ န ဟိ ပိဟိတက- ဏ္ဏစ္ဆိဒ္ဒဿ သောတဝိညာဏံ ပဝတ္တတိ။ (အဘိ-ဋ္ဌ-၁-၃၂၂။) ထို (၄)မျိုးသော အကြောင်းတရားတို့တွင် သောတပသာဒနှင့် သဒ္ဒါရုံ၏ အကြားတွင် အာကာသရှိဖို့ လိုအပ်၏။ ဟာလာဟင်းလင်း၊ ကောင်းကင် အာကာသဟူသော မှီရာကို ရရှိပါမှသာလျှင် သောတဝိညာဏ်သည် ဖြစ်ပေါ်လာနိုင်၏၊ ထိုအာကာသဓာတ်နှင့် ကင်း၍ သောတဝိညာဏ်သည် ဖြစ်ပေါ်မလာနိုင်။ မှန်ပေသည် --- နား၏ အပေါက်ဟူသော နားခလောင်းကို ပိတ်ဆို့ထားသူ၏ သန္တာန်၌ သောတဝိညာဏ်စိတ်သည် မဖြစ်ပေါ် လာနိုင်။ (အဘိ-ဋ္ဌ-၁-၃၂၂။)
《义注》说:‘所谓依止空间,是说唯有取得空间这一所依才生起,并非没有它也能生起;耳孔被堵住者不会生起耳识。’(《阿毗达磨义注》1-322。)在这四因中,耳净色与声所缘之间必须有空间;唯有取得空隙、虚空这一所依,耳识才能生起,离开空间界便不能生起。确实,耳道被堵住者的相续中不会生起耳识。(《阿毗达磨义注》1-322。)
၇။ ဃာနဝိညာဏ်
七、鼻识
၁။ ဃာနသန္နိဿိတဂန္ဓဝိဇာနနလက္ခဏံ ဃာနဝိညာဏံ၊ ၂။ ဂန္ဓမတ္တာရမ္မဏရသံ၊ ၃။ ဂန္ဓာဘိမုခဘာဝပစ္စုပဋ္ဌာနံ၊ ၄။ ဂန္ဓာရမ္မဏာယ ကိရိယမနောဓာတုယာ အပဂမပဒဋ္ဌာနံ။ (အဘိ-ဋ္ဌ-၁-၃ဝ၃။ ဝိသုဒ္ဓိ-၂-၈၅။)
鼻识的四法为:一、以依止鼻处而识知香所缘为特相;二、以只取气味为作用;三、以面向香所缘为现起;四、以取香所缘的唯作意界——转向心——灭去为近因。(《阿毗达磨义注》1-303;《清净道论》2-85。)
原书第 175 页
လက္ခဏာဒိစတုက္ကပိုင်း -- ဝိညာဏက္ခန္ဓကထာ အခန်း ၁။ ဃာနဝတ္ထုကို မှီဖြစ်၍ ဂန္ဓာရုံကို သိခြင်း = ရယူခြင်းသဘော လက္ခဏ၊ ၂။ ဂန္ဓာရုံ = အနံ့မျှကိုသာ သိခြင်း = အာရုံယူခြင်း (ကိစ္စ) ရသ၊ ၃။ ဂန္ဓာရုံဘက်သို့ ရှေးရှူမျက်နှာမူသည့် သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ ဂန္ဓာရုံလျှင် အာရုံရှိသော ကိရိယမနောဓာတ် = အာဝဇ္ဇန်းစိတ်၏ ကင်းချုပ်ခြင်း = ချုပ်ပျက်သွားခြင်း ပဒဋ္ဌာန်။
换言之:一、以依鼻处生起并识知、取得香所缘为特相;二、以只识知、取得气味为作用;三、以面向香所缘为现起;四、以取香所缘的唯作意界——转向心——灭去为近因。
၁။ ဃာနပသာဒ၏ မပျက်စီးသေးခြင်းကြောင့်လည်းကောင်း၊ ၂။ ဂန္ဓာရုံတို့၏ ဃာနဒွါရ၌ ရှေးရှူကျရောက်ခြင်းကြောင့်လည်းကောင်း၊ ၃။ ဝါယောဓာတ်ကို မှီရသည်လည်းကောင်း (= ဝါယောသန္နိဿိတ)၊ ၄။ မနသိကာရလျှင် အကြောင်းရှိသည်လည်းကောင်း၊ ဤ (၄)မျိုးသော အကြောင်းတရားတို့ကြောင့် သမ္ပယုတ်တရားတို့နှင့် အတူတကွ ဃာနဝိညာဏ်သည် ဖြစ်ပေါ်လာ၏။ (အဘိ-ဋ္ဌ-၁-၃၂၂။) ဤ (၄)မျိုးသော အကြောင်းတရားတို့တွင် မနသိကာရဟူသော အကြောင်း တရားကို ပဒဋ္ဌာန်အဖြစ် ထုတ်ပြထားသည်။
鼻识的四种现在因是:一、鼻净色未坏;二、香所缘来到鼻门前;三、以风界为所依(vāyo-sannissita);四、以作意为因。由于这四种因,鼻识便与相应法共同生起。(《阿毗达磨义注》1-322。)这四因中,此处把作意列作近因。
တတ္ထ ဝါယောသန္နိဿိတန္တိ ဃာနဗိလံ ဝါယုမှိ ပဝိသန္တေယေဝ ဥပ္ပဇ္ဇတိ၊ တသ္မိံ အသတိ နုပ္ပဇ္ဇတီတိ အတ္ထော။ (အဘိ-ဋ္ဌ-၁-၃၂၂။) ထို (၄)မျိုးသော အကြောင်းတရားတို့တွင် ဝါယောသန္နိဿိတ = ဝါယောဓာတ်ကို မှီသည် ဟူသည် နှာခေါင်း- ပေါက်၏ အတွင်းသို့ အနံ့ ဂန္ဓာရုံကို သယ်ဆောင်လာသောလေသည် ဝင်ရောက်လာပါမှသာလျှင် ဃာနဝိညာဏ် သည် = ဃာနဝိညာဏ်နှင့်တကွသော သမ္ပယုတ်တရားစုသည် ဖြစ်ပေါ်လာနိုင်၏၊ ထိုလေ၏ ဝင်ရောက်လာခြင်း သည် မရှိလတ်သော် မဖြစ်နိုင်ဟု ဆိုလို၏။ (အဘိ-ဋ္ဌ-၁-၃၂၂။)
《义注》说:‘所谓依止风,是说只有风进入鼻腔时才生起;风不进入便不生起。’(《阿毗达磨义注》1-322。)在这四因中,‘依止风界’是说:唯有携带气味这一香所缘的风进入鼻孔,鼻识及其相应法聚才能生起;没有这股风进入,便不能生起。(《阿毗达磨义注》1-322。)
၈။ ဇိဝှါဝိညာဏ်
八、舌识
၁။ ဇိဝှါသန္နိဿိတရသဝိဇာနနလက္ခဏံ ဇိဝှါဝိညာဏံ၊ ၂။ ရသမတ္တာရမ္မဏရသံ၊ ၃။ ရသာဘိမုခဘာဝပစ္စုပဋ္ဌာနံ၊ ၄။ ရသာရမ္မဏာယ ကိရိယမနောဓာတုယာ အပဂမပဒဋ္ဌာနံ။ (အဘိ-ဋ္ဌ-၁-၃ဝ၃။ ဝိသုဒ္ဓိ-၂-၈၅။) ၁။ ဇိဝှါဝတ္ထုကို မှီဖြစ်၍ ရသာရုံကို သိခြင်း = ရယူခြင်းသဘော လက္ခဏ၊ ၂။ ရသာရုံ = အရသာမျှကိုသာ သိခြင်း = အာရုံယူခြင်း (ကိစ္စ) ရသ၊ ၃။ ရသာရုံဘက်သို့ ရှေးရှူမျက်နှာမူသည့် သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ ရသာရုံလျှင် အာရုံရှိသော ကိရိယမနောဓာတ် = အာဝဇ္ဇန်းစိတ်၏ ကင်းချုပ်ခြင်း = ချုပ်ပျက်သွားခြင်း ပဒဋ္ဌာန်။
舌识的四法为:一、以依止舌处而识知味所缘为特相;二、以只取滋味为作用;三、以面向味所缘为现起;四、以取味所缘的唯作意界——转向心——灭去为近因。(《阿毗达磨义注》1-303;《清净道论》2-85。)换言之:一、以依舌处生起并识知、取得味所缘为特相;二、以只识知、取得滋味为作用;三、以面向味所缘为现起;四、以取味所缘的唯作意界——转向心——灭去为近因。
၁။ ဇိဝှါပသာဒ၏ မပျက်စီးသေးခြင်းကြောင့်လည်းကောင်း၊ ၂။ ရသာရုံတို့၏ ဇိဝှါဒွါရ၌ ရှေးရှူကျရောက်ခြင်းကြောင့်လည်းကောင်း၊ ၃။ အာပေါဓာတ်ကို မှီရသည်ဖြစ်၍လည်းကောင်း (= အာပေါသန္နိဿိတ)၊ ၄။ မနသိကာရလျှင် အကြောင်းရှိသည်လည်းကောင်း၊
舌识的四种现在因是:一、舌净色未坏;二、味所缘来到舌门前;三、以水界为所依(āpo-sannissita);四、以作意为因。
原书第 176 页
ဤ (၄)မျိုးသော အကြောင်းတရားတို့ကြောင့် သမ္ပယုတ်တရားတို့နှင့် အတူတကွ ဇိဝှါဝိညာဏ်သည် ဖြစ်ပေါ် လာ၏။ (အဘိ-ဋ္ဌ-၁-၃၂၂။) ထိုတွင် မနသိကာရကို ပဒဋ္ဌာန်အဖြစ် ထုတ်ပြထားသည်။
由于这四种因,舌识便与相应法共同生起。(《阿毗达磨义注》1-322。)这四因中,此处把作意列作近因。
တတ္ထ အာပေါသန္နိဿိတန္တိ ဇိဝှါတေမနံ အာပံ လဒ္ဓါဝ ဥပ္ပဇ္ဇတိ၊ န ဝိနာ တေန။ သုက္ခဇိဝှါနဥှိ သုက္ခခါဒနီယေ ဇိဝှါယ ဌပိတေပိ ဇိဝှါဝိညာဏံ နုပ္ပဇ္ဇတေဝ။ (အဘိ-ဋ္ဌ-၁-၃၂၂။) ထို (၄)မျိုးသော အကြောင်းတရားတို့တွင် အာပေါသန္နိဿိတ = အာပေါဓာတ်ကို အမှီရသည်ဟူသည် လျှာကို စွတ်စိုစေတတ်သော ဟင်းရည် သွားရည်စသော အာပေါဓာတ် ရသရည်ကို ရရှိပါမှသာလျှင် ဇိဝှါဝိညာဏ် သည် သမ္ပယုတ်တရားတို့နှင့် အတူတကွ ဖြစ်ပေါ်လာ၏၊ ထို အာပေါဓာတ် ရသဓာတ်ရည်နှင့် ကင်း၍ ဖြစ်ပေါ် မလာနိုင်။ မှန်ပေသည် ခြောက်သွေ့နေသော လျှာရှိသူတို့၏ သန္တာန်၌ ခြောက်သွေ့သော ခဲဖွယ်ကို လျှာပေါ်၌ တင်ထားအပ်ပါသော်လည်း ဇိဝှါဝိညာဏ်သည် မဖြစ်နိုင်သည်သာတည်း။ (အဘိ-ဋ္ဌ-၁-၃၂၂။)
《义注》说:‘所谓依止水,是说唯有取得润湿舌头的水才生起,并非没有它也能生起;舌头干燥者即使把干食放在舌上,也不会生起舌识。’(《阿毗达磨义注》1-322。)在这四因中,‘依止水界’是说:唯有取得汤汁、唾液等能润湿舌头的水界味液,舌识才能与相应法共同生起;离开这一水界味液便不能生起。确实,舌头干燥者即使把干硬食物放在舌上,也不会生起舌识。(《阿毗达磨义注》1-322。)
၉။ ကာယဝိညာဏ်
九、身识
၁။ ကာယသန္နိဿိတဖောဋ္ဌဗ္ဗဝိဇာနနလက္ခဏံ ကာယဝိညာဏံ၊ ၂။ ဖောဋ္ဌဗ္ဗမတ္တာရမ္မဏရသံ၊ ၃။ ဖောဋ္ဌဗ္ဗာဘိမုခဘာဝပစ္စုပဋ္ဌာနံ၊ ၄။ ဖောဋ္ဌဗ္ဗာရမ္မဏာယ ကိရိယမနောဓာတုယာ အပဂမပဒဋ္ဌာနံ။ (အဘိ-ဋ္ဌ-၁-၃ဝ၃။ ဝိသုဒ္ဓိ-၂-၈၅။) ၁။ ကာယဝတ္ထုကို မှီဖြစ်၍ ဖောဋ္ဌဗ္ဗာရုံကို သိခြင်း = ရယူခြင်းသဘော လက္ခဏ၊ ၂။ ဖောဋ္ဌဗ္ဗာရုံ = အတွေ့အထိမျှကိုသာ သိခြင်း = အာရုံယူခြင်း (ကိစ္စ) ရသ၊ ၃။ ဖောဋ္ဌဗ္ဗာရုံဘက်သို့ ရှေးရှူမျက်နှာမူသည့် သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ ဖောဋ္ဌဗ္ဗာရုံလျှင် အာရုံရှိသော ကိရိယမနောဓာတ် = အာဝဇ္ဇန်းစိတ်၏ ကင်းချုပ်ခြင်း = ချုပ်ပျက်သွားခြင်း ပဒဋ္ဌာန်။
身识的四法为:一、以依止身处而识知触所缘为特相;二、以只取接触为作用;三、以面向触所缘为现起;四、以取触所缘的唯作意界——转向心——灭去为近因。(《阿毗达磨义注》1-303;《清净道论》2-85。)换言之:一、以依身处生起并识知、取得触所缘为特相;二、以只识知、取得接触为作用;三、以面向触所缘为现起;四、以取触所缘的唯作意界——转向心——灭去为近因。
၁။ ကာယပသာဒ၏ မပျက်စီးသေးခြင်းကြောင့်လည်းကောင်း၊ ၂။ ဖောဋ္ဌဗ္ဗာရုံတို့၏ ကာယဒွါရ၌ ရှေးရှူကျရောက်ခြင်းကြောင့်လည်းကောင်း၊ ၃။ ပထဝီဓာတ်ကို အမှီရသည်ဖြစ်၍လည်းကောင်း၊ ၄။ မနသိကာရလျှင် အကြောင်းရှိသည်ဖြစ်၍လည်းကောင်း၊ ဤ (၄)မျိုးသော အကြောင်းတရားတို့ကြောင့် သမ္ပယုတ်တရားတို့နှင့် အတူတကွ ကာယဝိညာဏ်စိတ်သည် ဖြစ်ပေါ်လာ၏။ (အဘိ-ဋ္ဌ-၁-၃၂၂။) ဤ (၄)မျိုးသော အကြောင်းတရားတို့တွင် မနသိကာရဟူသော အကြောင်း တရားကို ပဒဋ္ဌာန်အဖြစ် ထုတ်ပြထားသည်။
身识的四种现在因是:一、身净色未坏;二、触所缘来到身门前;三、以地界为所依;四、以作意为因。由于这四种因,身识便与相应法共同生起。(《阿毗达磨义注》1-322。)这四因中,此处把作意列作近因。
တတ္ထ ပထဝိသန္နိဿိတန္တိ ကာယပသာဒပစ္စယံ ပထဝိသန္နိဿယံ လဒ္ဓါဝ ဥပ္ပဇ္ဇတိ၊ န တေန ဝိနာ။
《义注》说:‘所谓依止地,是说唯有取得作为身净色之缘的地界所依才生起,并非没有它也能生起。’
ကာယဒွါရသ္မိဥှိ ဗဟိဒ္ဓါမဟာဘူတာရမ္မဏံ အဇ္ဈတ္တိကံ ကာယပသာဒံ ဃဋ္ဋေတွာ ပသာဒပစ္စယေသု မဟာဘူတေသု ပဋိဟညတိ။ (အဘိ-ဋ္ဌ-၁-၃၂၂။) ထို (၄)မျိုးသော အကြောင်းတရားတို့တွင် ပထဝီဓာတ်ကို အမှီရသည်ဟူသည် ကာယပသာဒနှင့် ကလာပ်တူ ဖြစ်သော မိမိ ကာယပသာဒ၏ မှီရာ နိဿယ အကြောင်းတရားဖြစ်သော ဓာတ်ကြီး (၄)ပါးတို့တွင် အကျုံးဝင်သော ပထဝီဓာတ်ဟူသော မှီရာကို ရရှိပါမှသာလျှင် သမ္ပယုတ်တရားတို့နှင့်တကွသော ကာယဝိညာဏ်သည် ဖြစ်ပေါ်လာ
《义注》又说:‘在身门中,外部大种这一所缘撞击内部身净色以后,又撞击作为该净色之缘的诸大种。’(《阿毗达磨义注》1-322。)在这四因中,‘以地界为所依’是说:唯有取得地界这一所依——它属于与身净色同一色聚、作为身净色依止缘的四大种——身识才能与相应法共同——
原书第 177 页
လက္ခဏာဒိစတုက္ကပိုင်း -- ဝိညာဏက္ခန္ဓကထာ အခန်း နိုင်၏။ မှန်ပေသည် ကာယပသာဒ = ကာယဒွါရ၌ ဗဟိဒ္ဓဖြစ်သော = ကလာပ်ပြားဖြစ်သော ပထဝီ၊ တေဇော၊ ဝါယောဟူသော ဖောဋ္ဌဗ္ဗဓာတ် မဟာဘုတ်အာရုံသည် အဇ္ဈတ္တိကဖြစ်သော ကာယပသာဒ = ကာယဒွါရကို ထိခိုက် သည် ဖြစ်လတ်သော် ကာယပသာဒ ကာယဒွါရ၌သာ တန့်ရပ်မနေဘဲ ယင်းကာယပသာဒ = ကာယဒွါရ၏မှီရာ ကလာပ်တူ မဟာဘုတ်တို့၌ ထိခိုက်မိ၏ = ကလာပ်တူ မဟာဘုတ်တို့သို့တိုင်အောင် ထိခိုက်မိ၏။ ထိုအထိခိုက် ခံရသော မဟာဘုတ်တို့တွင် ပထဝီဓာတ်ကား ပြဓာန်းလျက် ရှိ၏။ ကာယပသာဒ၏မှီရာ ပထဝီဓာတ် မဟာဘုတ်ကို ထိထိမိမိ ထိခိုက်မိပါမှသာလျှင် သမ္ပယုတ်တရားနှင့် တကွသော ကာယဝိညာဏ်စိတ်သည် ဖြစ်ပေါ်လာနိုင်၏။
——生起。确实,属于另一色聚的地、火、风三种大种触所缘撞击内部的身净色——身门——时,并不止在身净色处,还进一步撞击与身净色同一色聚、作为其所依的诸大种。在这些被撞击的大种中,地界居于主要地位。只有触所缘有力地撞击作为身净色所依的地界大种,身识才会与相应法共同生起。
(အဘိ-ဋ္ဌ-၁-၃၂၂။) ဤ၌ အဇ္ဈတ္တိကမဟာဘုတ် ဗဟိဒ္ဓမဟာဘုတ်ဟူသော ဝေါဟာရ အသုံးအနှုန်းနှင့် ပတ်သက် ၍ နားရှင်းအောင် အောက်ပါ အကြောင်းအရာကို ဆက်ဖတ်ပါ။
(《阿毗达磨义注》1-322。)关于这里所谓内部大种与外部大种,请继续阅读下文,以便明确这些称谓的用法。
ပဉ္စဝိညာဏ်တို့၌ ဝေဒနာ
五识中的受
ကေဝလဥှိ စက္ခုဝိညာဏာဒီသု ဥပေက္ခာ ဘာဇိတာ၊ ကာယဝိညာဏေ သုခန္တိ အယမေတ္ထ ဝိသေသော။
《义注》说:‘仅就眼识等而言,所分判的是舍受;身识则是乐受。这是这里的差别。’
သောပိ စ ဃဋ္ဋနဝသေန ဟောတီတိ ဝေဒိတဗ္ဗော။ စက္ခုဒွါရာဒီသု ဟိ စတူသု ဥပါဒါရူပမေဝ ဥပါဒါရူပံ ဃဋ္ဋေတိ၊ ဥပါဒါရူပေယေဝ ဥပါဒါရူပံ ဃဋ္ဋေန္တေ ပဋိဃဋ္ဋနာနိဃံသော ဗလဝါ န ဟောတိ၊ စတုန္နံ အဓိကရဏီနံ ဥပရိ စတ္တာရော ကပ္ပါသပိစုပိဏ္ဍေ ဌပေတွာ ပိစုပိဏ္ဍေဟေဝ ပဟတကာလော ဝိယ ဖုဋ္ဌမတ္တမေဝ ဟောတိ၊ ဝေဒနာ မဇ္ဈတ္တဋ္ဌာနေ တိဋ္ဌတိ။ ကာယဒွါရေ ပန ဗဟိဒ္ဓါ မဟာဘူတာရမ္မဏံ အဇ္ဈတ္တိကကာယပသာဒံ ဃဋ္ဋေတွာ ပသာဒ- ပစ္စယေသု မဟာဘူတေသု ပဋိဟညတိ၊ ယထာ အဓိကရဏီမတ္ထကေ ကပ္ပါသပိစုပိဏ္ဍံ ဌပေတွာ ကူဋေန ပဟရ- န္တဿ ကပ္ပါသပိစုပိဏ္ဍံ ဆိန္ဒိတွာ ကူဋံ အဓိကရဏိံ ဂဏှာတီတိ နိဃံသော ဗလဝါ ဟောတိ၊ ဧဝမေဝ ပဋိဃဋ္ဋနာ- နိဃံသော ဗလဝါ ဟောတိ။ ဣဋ္ဌေ အာရမ္မဏေ သုခသဟဂတံ ကာယဝိညာဏံ ဥပ္ပဇ္ဇတိ၊ အနိဋ္ဌေ ဒုက္ခသဟဂတံ။
应知这种差别也是依撞击而有。在眼门等前四门中,只有所造色撞击所造色;所造色撞击所造色时,撞击的摩擦力并不强,犹如在四座铁砧上各放一团棉花,再以棉花团击打,只是轻轻触到而已,所以受处于中性的舍位。身门则不同:外部大种这一所缘撞击内部身净色以后,又撞击作为该净色之缘的诸大种;犹如把棉花团放在铁砧上用铁锤击打,铁锤穿过棉花团而触到铁砧,摩擦力便很强。身门的撞击摩擦力同样很强,所以对可意所缘生起乐俱身识,对不可意所缘生起苦俱身识。
(အဘိ-ဋ္ဌ-၁-၃ဝ၄။)
(《阿毗达磨义注》1-304。)
ဧတ္ထ စ ဗဟိဒ္ဓါတိ ဧတံ နိဒဿနမတ္တံ။ အဇ္ဈတ္တမ္ပိ ဟိ အာရမ္မဏံ ဟောတီတိ။ ဝိညာဏဓာတုနိဿယ ဘူတေဟိ ဝါ အညံ ''ဗဟိဒ္ဓါ''တိ ဝုတ္တံ။ ပဋိဃဋ္ဋနာနိဃံသော ဗလဝါ ဟောတိ၊ တတော ဧဝ ဣဋ္ဌာနိဋ္ဌဖောဋ္ဌဗ္ဗ- သမာယောဂေ သုခဒုက္ခပစ္စယာ ဓာတုအနုဂ္ဂဟဓာတုက္ခောဘာ စိရံ အနုဝတ္တန္တိ။ (မူလဋီ-၁-၁၂၅။) စက္ခုဝိညာဏ် သောတဝိညာဏ် ဃာနဝိညာဏ် ဇိဝှါဝိညာဏ်တို့၌ ဥပေက္ခာဝေဒနာကို ဝေဖန်ဟောကြား ထားတော်မူ၏။ ကာယဝိညာဏ်၌ကား ဣဋ္ဌာရုံ၌ သုခဝေဒနာကို အနိဋ္ဌာရုံ၌ ဒုက္ခဝေဒနာကို ဝေဖန်ဟောကြား ထားတော်မူ၏။ ထိုကဲ့သို့ ပဉ္စဝိညာဏ်တို့၌ ဝေဒနာများ မတူထူးခြားမှုမှာ ဒွါရနှင့် အာရုံတို့၏ ထိခိုက်မှုနှင့် စပ်သဖြင့် မတူထူးခြားမှု ဖြစ်ရသည်ဟု သိပါ။
《根本复注》说:‘这里所谓“外部”只是举例;内部之法也可成为所缘。或者,与作为识界所依者不同的,称为“外部”。撞击的摩擦力强,因此,与可意或不可意触所缘相遇时,作为乐苦之缘的界之助益或界之扰动会持续很久。’(《根本复注》1-125。)眼识、耳识、鼻识与舌识被分判为舍受;身识则对可意所缘分判为乐受,对不可意所缘分判为苦受。应知五识之受所以有这种差别,是由于门与所缘的撞击方式不同。
စက္ခုဒွါရ သောတဒွါရ ဃာနဒွါရ ဇိဝှါဒွါရတို့၌ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံဟူသော အသီးအသီးသော ဥပါဒါရုပ်ကသာလျှင် မိမိဆိုင်ရာ စက္ခုပသာဒ သောတပသာဒ ဃာန ပသာဒ ဇိဝှါပသာဒဟူသော အသီးအသီး သော ဥပါဒါရုပ်ကိုသာလျှင် ထိခိုက်ပေသည်။ ဥပါဒါရုပ်၌ပင်လျှင် ဥပါဒါရုပ်က ထိခိုက်လတ်သော် ထိခိုက်မှုဟူသော ရုပ်ချင်းပွတ်တိုက်မှုသည် အားမရှိ ဖြစ်နေ၏။ ပေ (၄)ခုတို့၏ အထက်၌ ဝါဂွမ်းစိုင် (၄)ခုတို့ကို အသီးအသီး တင်ထား၍ နောက်ထပ် ဝါဂွမ်းစိုင်တို့ဖြင့်ပင်လျှင် ပုတ်ခတ်ရာအခါကဲ့သို့ ဥပါဒါရုပ်ချင်း ထိခိုက်မှုအားသည်လည်း တွေ့ထိအပ်ကာမျှသည်သာ ဖြစ်၏၊ ထိုကြောင့် စက္ခုဝိညာဏ် သောတဝိညာဏ် ဃာနဝိညာဏ် ဇိဝှါဝိညာဏ်တို့၌ ဆိုင်ရာအာရုံ၏ အရသာကို ခံစားမှုဝေဒနာသည် အလယ်အလတ် ဥပေက္ခာအရာ၌သာ တည်နေပေသည်။
在眼、耳、鼻、舌四门,色、声、香、味这些各自的所造色所缘,只撞击眼、耳、鼻、舌这些各自的所造净色。所造色撞击所造色时,色法彼此摩擦的力量很弱,犹如在四座铁砧上各放一团棉花,再用另一团棉花去击打,所造色之间的撞击只不过是轻触。因此,眼识、耳识、鼻识与舌识对相应所缘境味的领受,只处在中性的舍位。
သို့သော် ကာယဒွါရ၌ကား ဗဟိဒ္ဓဖြစ်သော = ကာယဝိညာဏ်၏ မှီရာကာယပသာဒနှင့် ကလာပ်ပြား ဖြစ်သော ပထဝီ တေဇော ဝါယောဟူသော မဟာဘုတ် ဖောဋ္ဌဗ္ဗာရုံသည် အဇ္ဈတ္တိက ကာယပသာဒကို ထိခိုက်၍
身门却不同:属于另一色聚的地、火、风三种大种触所缘,撞击内部身净色以后,还进一步撞击——
原书第 178 页
ကာယပသာဒ၏ မှီရာ အကြောင်းတရား ဖြစ်ကုန်သော ကလာပ်တူ မဟာဘုတ်တို့၌ သွားရောက်ထိခိုက်မိ၏။
——与身净色同一色聚、作为其所依之缘的诸大种。
ပေ၏ အထက်၌ ဝါဂွမ်းစိုင်ကို တင်ထား၍ သံတူဖြင့် ပုတ်ခတ်လတ်သော် ဝါဂွမ်းစိုင်ကို ကျော်ဖြတ်၍ သံတူသည် ပေကို သွားရောက်ထိ၏၊ ထိုကြောင့် ထိခိုက်မှု ပွတ်တိုက်မှု စွမ်းအားသည် အလွန်အားရှိသကဲ့သို့ --- ဤ ဥပမာ အတူပင်လျှင် ကာယပသာဒ၌ ဖောဋ္ဌဗ္ဗာရုံ၏ ထိခိုက်ခြင်းဟူသော ပွတ်တိုက်မှုစွမ်းအားသည် ကာယပသာဒတွင် သာမက ကာယပသာဒ၏ မှီရာမဟာဘုတ်ကိုပါ သွားရောက်ထိခိုက်သဖြင့် ပွတ်ချုပ်ထိခိုက်မှု စွမ်းအားသည် အလွန်ကြီးမားပေသည်။ ထိုကြောင့် ဣဋ္ဌာရုံ၌ သုခသဟဂုတ် ကာယဝိညာဏ်၊ အနိဋ္ဌာရုံ၌ ဒုက္ခသဟဂုတ် ကာယ ဝိညာဏ်သည် ဖြစ်ပေါ်လာပေ၏။ (အဘိ-ဋ္ဌ-၁-၃ဝ၄။) ဤ၌ အဋ္ဌကထာဆရာတော်က --- ဗဟိဒ္ဓါ မဟာဘူတာရမ္မဏံ = ဗဟိဒ္ဓ မဟာဘုတ် ဖောဋ္ဌဗ္ဗာရုံက ကာယပသာဒကို ထိခိုက်ကြောင်း ဖွင့်ဆိုခြင်းမှာ နိဒဿနနည်း ဥပလက္ခဏနည်းဟု မှတ်ပါ။ သဘောပေါက် လွယ်ကူစေရန် ပုံစံတစ်ခုကို ထုတ်၍ ညွှန်ပြခြင်းသာ ဖြစ်သည်။ အဇ္ဈတ္တ ရုပ်ကလာပ်များ၌ တည်ရှိသော ပထဝီ
犹如把棉花团放在铁砧上,用铁锤击打时,铁锤穿过棉花团而触到铁砧,撞击摩擦力非常强;同样,触所缘对身净色的撞击力量,不只作用于身净色,还到达作为身净色所依的诸大种,所以摩擦撞击力非常强。由此,对可意所缘生起乐俱身识,对不可意所缘生起苦俱身识。(《阿毗达磨义注》1-304。)这里《义注》说‘外部大种这一触所缘撞击身净色’,应知只是示例法、标举法,是为了容易理解而举出一个模型;即使是位于内部色聚中的地——
တေဇော ဝါယောဟူသော ဖောဋ္ဌဗ္ဗာရုံ မဟာဘုတ်များသည်လည်း အဇ္ဈတ္တကာယပသာဒကို ပွတ်ချုပ်ထိခိုက်မှု ရှိသည်သာ ဖြစ်ပေသည်။ (မူလဋီ-၁-၁၂၅။) တစ်နည်း --- ကာယဝိညာဏဓာတ်သည် ကာယပသာဒဝတ္ထုရုပ်ကို မှီ၍သာ ဖြစ်ရ၏၊ တစ်ဖန် ထိုကာယ ပသာဒဝတ္ထုရုပ်သည် ဥပါဒါရုပ်ဖြစ်ရကား မိမိနှင့် ကလာပ်တူဖြစ်သော မဟာဘုတ်ဓာတ်ကြီး (၄)ပါးကိုသာ မှီ၍ ဖြစ်ရ၏၊ ထိုကာယပသာဒ၏ မှီရာ ကလာပ်တူ မဟာဘုတ်ကား မိမိကာယပသာဒကို လာရောက်ထိခိုက်သော ဖောဋ္ဌဗ္ဗာရုံ မဟာဘုတ် မဟုတ်ပေ။ ထိုကြောင့် ကာယဝိညာဏ်၏ အဆင့်ဆင့် မှီရာမဟာဘုတ်မှ တစ်ပါးသော ကလာပ်မတူသော ကလာပ်ကွဲပြားသော ကလာပ်ပြားမဟာဘုတ် ဖောဋ္ဌဗ္ဗာရုံကို မိမိခန္ဓာကိုယ်တွင်း အဇ္ဈတ္တ၌ပင် ရှိသည်ဖြစ်စေ၊ ခန္ဓာကိုယ်၏ပြင်ပ ဗဟိဒ္ဓ၌ပင် ရှိသည်ဖြစ်စေ ဗဟိဒ္ဓမဟာဘုတ် ဖောဋ္ဌဗ္ဗာရုံဟုပင် ခေါ်ဆိုသည်။
——火、风三种大种触所缘,也会撞击内部身净色。(《根本复注》1-125。)另一说——身识界只能依身净色这一依处色生起;身净色又是所造色,只能依与自身同一色聚的四大种生起。这些与身净色同聚、作为其所依的大种,并不是前来撞击身净色的触所缘大种。因此,凡是不属于身识层层所依之大种、而属于另一色聚的触所缘大种,无论它在自身内部还是身体外部,都称为‘外部大种触所缘’。
ကာယဝိညာဏ်၏ စွဲမှီ၍ဖြစ်ရာ ဖြစ်သော ကာယပသာဒ၏ မှီရာမဟာဘုတ်နှင့် ဖောဋ္ဌဗ္ဗာရုံ မဟာဘုတ်တို့သည် မဟာဘုတ်အမည်ချင်း တူညီသော်လည်း ကလာပ်ချင်း မတူ၊ ကွဲပြားကြသည် ဟူလိုသည်။ (မူလဋီ-၁-၁၂၅။)
意思是:身识所依的身净色,其所依大种与触所缘大种虽然同名为大种,却属于不同色聚。(《根本复注》1-125。)
ဝေဒနာ ကြာမြင့်စွာ ဖြစ်ပုံ
受久续生起之理
ကာယပသာဒနှင့် ဖောဋ္ဌဗ္ဗာရုံတို့၏ ထိခိုက်ခြင်းဟူသော ပွတ်တိုက်ခြင်းသည် အားရှိ၏၊ ထိုသို့ အားရှိသော ကြောင့်ပင်လျှင် ကောင်းသောအတွေ့အထိကို တွေ့ထိရခြင်း စသည်ဖြင့် ဣဋ္ဌဖောဋ္ဌဗ္ဗာရုံနှင့် ပေါင်းဆုံ ထိခိုက်မိ သောအခါ သုခဝေဒနာ၏ အကြောင်းရင်းဖြစ်သော --- (၁) ကာယပသာဒ၊ (၂) ဣဋ္ဌဖောဋ္ဌဗ္ဗာရုံ၊ (၃) ဖဿစသော ယှဥ်ဖက်သမ္ပယုတ်တရားများ --- ဤသို့စသော မှီရာ နိဿယဓာတ်တို့သည် သုခဝေဒနာ အဆက်ဆက် ဖြစ်ပေါ် လာဖို့ရန် အကြောင်းတရားများ ဖြစ်ကြကုန်၏။ ယင်း မှီရာ နိဿယဓာတ်တို့က အားပေးထောက်ပံ့ ချီးပင့်လျက် ရှိကြသဖြင့် သုခဝေဒနာတို့သည် အချိန်ကြာမြင့်စွာ ဖြစ်ပေါ်လာကြရကုန်၏။ သုခဝေဒနာ အဆက်ဆက် ဖြစ်ဖို့ရန် အားပေးထောက်ပံ့ ချီးပင့်တတ်သော အကြောင်းတရားတို့က အချိန်ကြာမြင့်စွာ ဖြစ်ကြသောကြောင့် အကျိုး သုခဝေဒနာသည်လည်း အချိန်ကြာမြင့်စွာ အဆက်ဆက် ဖြစ်ပေါ်ရပေသည်။ (အကြောင်းတရားတို့တွင် အတိတ်
身净色与触所缘之间的撞击摩擦很强。正因如此,当身体接触悦人的触感等、与可意触所缘相遇撞击时,作为乐受之因的诸依止界——例如一、身净色;二、可意触所缘;三、触等相应法——成为乐受相续生起的因。这些依止因不断资助、支持,乐受便持续较久;资助乐受相续生起的诸因持续较久,作为果的乐受也就长期相续生起。〔请注意,这些因中也包括过去——
အကြောင်းတရားတို့လည်း ပါဝင်လျက်ရှိသည်ကို သတိပြုပါ။) တစ်ဖန် တစ်စုံတစ်ခုသော အရာဝတ္ထုနှင့် ထိခိုက်မိခြင်း စသည်ဖြင့် အနိဋ္ဌဖောဋ္ဌဗ္ဗာရုံနှင့် ပေါင်းဆုံမိ- သောအခါ၌လည်း ဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သော (၁) ကာယပသာဒ၊ (၂) အနိဋ္ဌဖောဋ္ဌာဗ္ဗာရုံ၊ (၃) ဖဿ စသော ယှဥ်ဖက်သမ္ပယုတ်တရားများ --- ဤသို့စသော မှီရာ နိဿယဓာတ် = နိဿယအကြောင်းတရားတို့သည်
——因。〕同样,当身体撞上某物等而与不可意触所缘相遇时,作为苦受之因的诸依止界——例如一、身净色;二、不可意触所缘;三、触等相应法——这些依止因便——
原书第 179 页
လက္ခဏာဒိစတုက္ကပိုင်း -- ဝိညာဏက္ခန္ဓကထာ အခန်း ဒုက္ခဝေဒနာ အဆက်ဆက် ဖြစ်ဖို့ရန် ချောက်ချား ဖောက်ပြားသော ဓာတ်များအဖြစ်ဖြင့် ကြာမြင့်စွာ ဖြစ်ကြလေ သည်။ (ဤ၌လည်း အကြောင်းတရားစုတွင် အတိတ်အကြောင်းတရားများလည်း ပါဝင်ကြသည်သာ ဖြစ်ကုန်၏။
——以动摇、失调的界之状态持续较久,资助苦受相续生起。〔这里的诸因也包括过去因。
ဘုရားရှင် သန္တာန်တော်၌ ဦးခေါင်းတော် ခဲတော်မူရခြင်း၊ ခါးတော်နာရခြင်း စသော ကာယိကဒုက္ခဝေဒနာများကို သတိပြုပါ။) ဒုက္ခဝေဒနာ အဆက်ဆက် ဖြစ်ပေါ်လာဖို့ရန် အားပေးထောက်ပံ့ ချီးပင့်တတ်သော အကြောင်းတရား တို့က အချိန်ကြာမြင့်စွာ ဖြစ်ကြသောကြောင့် အကျိုးဒုက္ခဝေဒနာသည်လည်း အချိန်ကြာမြင့်စွာ အဆက်ဆက် ဖြစ်ပေါ်ရလေသည်။ (မူလဋီ-၁-၁၂၅။)
请想一想世尊相续中头痛、背痛等身体苦受。〕由于资助苦受相续生起的诸因持续较久,作为果的苦受也就长期相续生起。(《根本复注》1-125。)
ဃဋ္ဋန = ထိခိုက်မှု
撞击(ghaṭṭana)
ရူပါရုံက စက္ခုပသာဒကို ထိခိုက်မှု၊ သဒ္ဒါရုံက သောတပသာဒကို ထိခိုက်မှု၊ ဂန္ဓာရုံက ဃာနပသာဒကို ထိခိုက်မှု၊ ရသာရုံက ဇိဝှါပသာဒကို ထိခိုက်မှု၊ ဖောဋ္ဌဗ္ဗာရုံက ကာယပသာဒကို ထိခိုက်မှုဟူသည် ဝိသယဖြစ်သော အာရုံ၏ ဝိသယီဖြစ်သော ပသာဒနှင့် သင့်လျော်လျောက်ပတ်သော အရပ်၌ ရှေးရှူရင်ဆိုင် ရပ်တည်မှုကို ဆိုလို ပေသည်။ ဖောဋ္ဌဗ္ဗာရုံသည် ကာယပသာဒကို ထိခိုက်ပြီးလျှင် ကာယပသာဒ၏ မှီရာမဟာဘုတ်တို့၌လည်း ထိခိုက် ၏ဟူသော စကားရပ်၌လည်း ပရမတ္ထဝေါဟာရအားဖြင့်မူ မိမိဖောဋ္ဌဗ္ဗာရုံကိုယ်တိုင်က တစ်စုံတစ်ခုသော တရားကို သွားရောက်ထိခိုက်သည်ကား မဟုတ်ပါ၊ အခြားတစ်စုံတစ်ခုသော တရားကလည်း ထိခိုက်စေသည် ထိခိုက်ပေး သည်လည်း မဟုတ်ပါ၊ ဖောဋ္ဌဗ္ဗာရုံမှ တစ်ပါးသော အခြား တစ်စုံတစ်ခုသောတရား၌ ဖောဋ္ဌဗ္ဗသဘော မရှိသော- ကြောင့် = မတွေ့ထိတတ်သော အဖောဋ္ဌဗ္ဗသဘောသာ ရှိသောကြောင့် ဖြစ်၏။
所谓色所缘撞击眼净色、声所缘撞击耳净色、香所缘撞击鼻净色、味所缘撞击舌净色、触所缘撞击身净色,是指作为境的所缘与作为取境者的净色,在适当位置彼此相向而住。至于‘触所缘撞击身净色以后,又撞击作为身净色所依的诸大种’这一说法,若依究竟法用语,并不是触所缘自身真的走过去撞击某一法,也不是另有某法令它撞击。触所以称为触所缘,只因除触所缘以外的法没有可触性,只有非触所缘之性。
အဟုတ်အမှန်မူကား ဝိသယဖြစ်သော အာရုံရုပ်နှင့် ဝိသယီဖြစ်သော ပသာဒရုပ် = အကြည်ဓာတ်တို့၏ ဖြစ်ပေါ်ကြခြင်းသည် တစ်ခုနှင့်တစ်ခု ရှေးရှူရင်ဆိုင်အဖြစ်သို့ ရောက်ရှိခြင်းကြောင့် ဆိုင်ရာဝိညာဏ်သည် ဖြစ်ပေါ် လာရ၏။ ထိုသို့ ဝိညာဏ်ဖြစ်ပေါ်ခြင်း၏ အကြောင်းတရားအဖြစ်ဖြင့် ထူးခြားသည်၏အဖြစ်သို့ ရောက်ရှိခြင်းကိုပင် ထိခိုက်အပ် - ထိခိုက်တတ်သည်၏ အဖြစ်ဖြင့် = ထိခိုက်အပ်သောတရား၊ ထိခိုက်တတ်သောတရားဟု ခေါ်ဝေါ် သုံးစွဲခြင်း ဖြစ်သည်။ ထိုကြောင့် ယင်းရုပ်တရားတို့ကို သပ္ပဋိဃရုပ်တရားတို့ဟူ၍ ဓမ္မသင်္ဂဏီပါဠိတော်၌ (အဘိ- ၁-၂၁၄။) ဟောကြားထားတော်မူ၏။ (သနိဒဿနသပ္ပဋိဃရုပ် အနိဒဿနသပ္ပဋိဃရုပ်ဟု ဟောကြားထားတော် မူ၏ဟု ဆိုလိုသည်။) ဥပါဒါရုပ်က ဥပါဒါရုပ်ကို ထိခိုက်၏၊ မဟာဘုတ်က ဥပါဒါရုပ်ကို ထိခိုက်၏ --- ဤသို့စသော စကားများကို ထိခိုက်တတ်သော သတ္တိမရှိပါဘဲလျက် သတ္တိရှိသကဲ့သို့ တင်စား၍ တဒ္ဓမ္မူပစာရအစွမ်းဖြင့် ခေါ်ဝေါ်သုံးစွဲထား
究其实质,作为境的所缘色与作为取境者的净色——澄净色——彼此生起而达到相向状态,相应的识便由此生起。它们以识之因的方式达到一种特殊关系,因而被称为‘所撞击者’与‘能撞击者’,即所撞击之法与能撞击之法。因此,《法集论》把这些色法说成有对色,也就是有见有对色与无见有对色。(《阿毗达磨》1-214。)所谓‘所造色撞击所造色’、‘大种撞击所造色’等,只是把本来没有主动撞击能力的法,借说成仿佛具有这种能力,以随法借称的方式加以——
သည်ဟု သိပါ။ (အနုဋီ-၁-၁၃၂။) ကာယဒွါရ၌ ဗဟိဒ္ဓဖြစ်သော မဟာဘုတ်ဖောဋ္ဌဗ္ဗာရုံသည် အဇ္ဈတ္တိက ကာယပသာဒကို ထိခိုက်ပြီး၍ကာယ- ပသာဒ၏ မှီရာအကြောင်းတရား ဖြစ်ကုန်သော ကာယပသာဒနှင့် ကလာပ်တူ မဟာဘုတ်တို့၌ ထိခိုက်၏ဟု အဋ္ဌကထာ၌ (အဘိ-ဋ္ဌ-၁-၃ဝ၄။) ဖွင့်ဆိုထား၏။ ဤ၌ ကာယပသာဒကို ထိခိုက်မှုနှင့် ကာယပသာဒ၏ မှီရာ မဟာဘုတ်တို့ကို ထိခိုက်မှုမှာ သမာနကာလ = တူညီသောကာလ ရှိ၏။ ဖောဋ္ဌဗ္ဗာရုံသည် ကာယပသာဒနှင့် ကာယပသာဒ၏ မှီရာ မဟာဘုတ်ကို ပြိုင်တူရိုက်ခတ်၏။ ပေ၏ အထက်၌ တင်ထားသော ဝါဂွမ်းစိုင်နှင့် ပေကို သံတူဖြင့် ရိုက်ခတ်ခြင်း ဥပမာကို အဋ္ဌကထာ (အဘိ-ဋ္ဌ-၁-၃ဝ၄။)၌ ပြထား၏။ ဤဥပမာကို ဝါဂွမ်းစိုင်နှင့်ပေ နှစ်မျိုးလုံးကို သံတူက ထိခိုက်ပုံကို ပြခြင်းအကျိုးငှာသာ အဋ္ဌကထာက မိန့်ဆိုတော်မူခြင်း ဖြစ်၏၊ မှီတတ်သော ဝါဂွမ်းစိုင်ကို ထိခိုက်ခြင်း၊ မှီရာပေကို ထိခိုက်ခြင်းတို့၏ ရှေ့-နောက်၏ အဖြစ်ကို ပြခြင်းအကျိုးငှာ ဖွင့်ဆိုအပ်သည်-
——称说、使用;应当如此理解。(《随复注》1-132。)《义注》说,在身门,外部大种这一触所缘撞击内部身净色以后,又撞击与身净色同聚、作为其所依之缘的诸大种。(《阿毗达磨义注》1-304。)这里,撞击身净色与撞击身净色所依诸大种是同时发生的;触所缘同时撞击身净色及其所依大种。《义注》以铁锤击打放在铁砧上的棉花团为喻,只是为了说明铁锤同时触及棉花团与铁砧,并不是为了说明先撞击所依的棉花团、后撞击作为所依的铁砧——
ကား မဟုတ်ပေ။ (မူလဋီ-၁-၁၂၅။)
——具有先后次第。(《根本复注》1-125。)
原书第 180 页
မဟာဘုတ်ဖောဋ္ဌဗ္ဗာရုံက ကာယပသာဒ၏ မှီရာဖြစ်ကုန်သော ကလာပ်တူမဟာဘုတ်တို့၌ ထိခိုက်ကုန် လတ်သော် ကာယပသာဒကိုလည်း ထိခိုက်ပြီး မည်သည် ဖြစ်၏။ --- ဤသို့ဆို၍ ပသာဒနှင့် မဟာဘုတ်ကို ထိ- ခိုက်မှုကို ဆိုသော စကားကို စူးစမ်းဆင်ခြင်သင့်ကြောင်း --- ဆရာမြတ်တို့က မိန့်ဆိုကြပြန်၏။
诸师又说:当大种触所缘撞击与身净色同聚、作为其所依的诸大种时,也就名为已经撞击身净色。因此,对于说净色与大种受到撞击的语句,应当审慎考察。
(အနုဋီ-၁-၁၃၃။)
(《随复注》1-133。)
ဤအကြောင်းအရာတို့ကား ပဉ္စဝိညာဏ်နာမ်တရားစုတို့ကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် နည်းအားဖြင့် သိမ်းဆည်းရာ၌ သိထားသင့်သော အကြောင်းအရာတို့ပင် ဖြစ်ကြသည်။ ဤ လက္ခဏာဒိစတုက္ကပိုင်း၌ အဋ္ဌကထာ ဆရာတော်သည် အချို့ အချို့သော တရားတို့၌ ပဒဋ္ဌာန်ကို ထုတ်ပြထားတော်မမူပေ။ ထိုအခါ၌ နည်းမှီးနိုင်ရန် အလို့ငှာ မနောဝိညာဏ်နာမ်တရားစုတို့၏ ပစ္စုပ္ပန်အကြောင်း တရားတို့ကိုလည်း အခွင့်ကြုံခိုက် ဆက်လက်၍ တင်ပြအပ်ပါသည်။
以上内容,是依特相、作用、现起、近因摄取五识名法聚时应当了解的事项。在本篇的特相等四法说明中,《义注》师没有为某些法列出近因;为了便于类推,现趁此机会继续说明意识名法聚的现在因。
မနောဝိညာဏ်နာမ်တရားစုတို့၏ ပစ္စုပ္ပန်အကြောင်း
意识名法聚的现在因
မနောဝိညာဏ် အမည်ရသော ဝိပါက်နာမ်တရားစုတို့၌ အတိတ်အကြောင်း၊ ပစ္စုပ္ပန်အကြောင်း နှစ်မျိုးလုံး ရှိ၏။ ကုသိုလ် အကုသိုလ် ကြိယာ နာမ်တရားစုတို့၌ကား အတိတ်အကြောင်းတရား မရှိ၊ ပစ္စုပ္ပန် အကြောင်း တရားသာရှိသည်။ ပစ္စုပ္ပန်အကြောင်းတရားပိုင်းတွင် ပဉ္စဝေါကာရဘုံဝယ် မနောဝိညာဏ် အားလုံးတို့နှင့် သက် ဆိုင်သော အကြောင်းတရားတို့ကို အဋ္ဌကထာတွင် ဤသို့ တင်ပြထား၏။
称为意识的果报名法聚兼有过去因与现在因;善、不善与唯作名法聚则没有过去因,只有现在因。关于现在因,《义注》对五蕴地中一切意识都相关的因说明如下。
အသမ္ဘိန္နတ္တာ မနဿ၊ အာပါထဂတတ္တာ ဓမ္မာနံ၊ ဝတ္ထုသန္နိဿိတံ၊ မနသိကာရဟေတုကံ စတူဟိ ပစ္စယေဟိ ဥပ္ပဇ္ဇတိ မနောဝိညာဏံ သဒ္ဓိံ သမ္ပယုတ္တဓမ္မေဟိ။ တတ္ထ မနောတိ ဘဝင်္ဂစိတ္တံ။ တံ နိရုဒ္ဓမ္ပိ၊ အာဝဇ္ဇနစိတ္တဿ ပစ္စယော ဘဝိတုံ အသမတ္ထံ မန္ဒထာမဂတမေဝ ပဝတ္တမာနမ္ပိ သမ္ဘိန္နံ နာမ ဟောတိ၊ အာဝဇ္ဇနဿ ပန ပစ္စယော ဘဝိတုံ သမတ္ထံ အသမ္ဘိန္နံ နာမ။ အာပါထဂတတ္တာ ဓမ္မာနန္တိ ဓမ္မာရမ္မဏေ အာပါထဂတေ။ ဝတ္ထုသန္နိဿိတန္တိ ဟဒယဝတ္ထု သန္နိဿယံ လဒ္ဓါဝ ဥပ္ပဇ္ဇတိ၊ န တေန ဝိနာ။ အယမ္ပိ ပဥှော ပဉ္စဝေါကာရဘဝံ သန္ဓာယ ကထိတော။
《义注》说:意识及其相应法依四缘生起:一、意未坏;二、诸法来到面前;三、依止依处;四、以作意为因。这里所谓意,是有分心。有分虽然已经灭去,若不能成为转向心之缘;或者虽然仍在流转,却力弱而不能成为转向心之缘,都称为‘已坏’。能成为转向心之缘的,称为‘未坏’。所谓诸法来到面前,是指法所缘来到面前。所谓依止依处,是说只有取得心所依处这一所依才生起,离开它不能生起;这一问答只针对五蕴地而说。
မနသိကာရဟေတုကန္တိ ကိရိယမနောဝိညာဏဓာတုယာ ဘဝင်္ဂေ အာဝဋ္ဋိတေယေဝ ဥပ္ပဇ္ဇတီတိ အတ္ထော။
所谓以作意为因,是说唯有称为唯作意识界的意门转向令有分转动以后,意识才生起。
(အဘိ-ဋ္ဌ-၁-၃၂၂-၃၂၃။)
(《阿毗达磨义注》1-322至323。)
၁။ ဘဝင်စိတ်၏ = မနောဒွါရ၏ မပျက်စီးသေးသည်၏ အဖြစ်ကြောင့်လည်းကောင်း၊ ၂။ မနောဒွါရဝယ် ဓမ္မာရုံတို့၏ ရှေးရှူကျရောက်လာခြင်းကြောင့်လည်းကောင်း၊ ၃။ ဟဒယဝတ္ထုကို မှီရသည်ဖြစ်၍လည်းကောင်း၊ ၄။ မနသိကာရဟူသော အကြောင်းရှိသည် ဖြစ်၍လည်းကောင်း -- ဤ (၄)မျိုးသော အကြောင်းတရားတို့ကြောင့် ယှဥ်ဖက်စေတသိက် သမ္ပယုတ်တရားတို့နှင့် အတူတကွ မနောဝိညာဏ်သည် ဖြစ်ပေါ်၍လာ၏။ ထိုတွင် မန ဟူသည်ကား ဘဝင်စိတ်ပင်တည်း။ မနောဒွါရပင်တည်း။
这四种因是:一、有分心——意门——未坏;二、法所缘来到意门前;三、依止心所依处;四、有称为作意的因。由于这四因,意识便与相应心所共同生起。这里所谓‘意’,就是有分心,也就是意门。
ဥပါဒ်-ဌီ-ဘင် သက်တမ်းစေ့၍ ချုပ်လေပြီးသော ဘဝင်စိတ်သည်လည်း မနောဒွါရာဝဇ္ဇန်းစိတ်၏ အနန္တရပစ္စည်း အကြောင်းတရားဖြစ်ဖို့ရန် မစွမ်းနိုင်။ မနောဒွါရာဝဇ္ဇန်းစိတ်၏ အနန္တရအကြောင်းတရားအဖြစ်သို့ မကပ်ရောက်မူ၍ မိမိ၏ ပင်ကိုယ်ဖြစ်နေကျ သဘာဝအတိုင်း ဖြစ်နေသော နုံ့သော အားအစွမ်းရှိသည်၏ အဖြစ်သို့ ရောက်သည် သာလျှင်ဖြစ်သော ဘဝင်စိတ်သည်လည်း မနောဒွါရာဝဇ္ဇန်းစိတ်အား အနန္တရပစ္စယသတ္တိဖြင့် ဖြစ်ပေါ်လာအောင် ကျေးဇူး မပြုနိုင်။ ယင်းသို့ အာဝဇ္ဇန်းစိတ်အား ဖြစ်ပေါ်လာအောင် အနန္တရပစ္စယသတ္တိဖြင့် ကျေးဇူးမပြုနိုင်သော ဘဝင်စိတ်သည် သမ္ဘိန္န = ပျက်စီးသော ဘဝင်စိတ် မည်၏။
已经历完整的生、住、灭而灭去的有分,不能成为意门转向的无间缘。即使有分仍按自身常态流转,若尚未接近作为意门转向之无间因的时机,力量微弱,也不能以无间缘力资助意门转向生起。这样不能资助转向心生起的有分,称为‘已坏有分’。
原书第 181 页
လက္ခဏာဒိစတုက္ကပိုင်း -- ဝိညာဏက္ခန္ဓကထာ အခန်း မန္ဒထာမဂတံ နာမ ကိရိယစိတ္တဿ ပစ္စယဘာဝံ အနုပဂန္တွာ သယမေဝ ပဝတ္တမာနံ။ (မူလဋီ-၁-၁၃၄။) အိပ်ပျော်နေရာအခါ၌ ဘဝင်များကဲ့သို့ နိုးနေရာအခါ၌လည်း အာဝဇ္ဇန်းဖြစ်အောင် ကျေးဇူးမပြုနိုင်သော ဘဝင်များကို --- မန္ဒထာမဂတ --- ဟုဆိုသည်။ မှန်၏ --- ရှေးဝီထိနှင့် နောက်ဝီထိ၏ အကြား၌ ဘဝင်များစွာ ခြား၍ နေရခြင်းမှာ ယင်းဘဝင်တို့က အာဝဇ္ဇန်းဖြစ်အောင် ကျေးဇူးမပြုနိုင်သောကြောင့်တည်း။ အာဝဇ္ဇန်းစိတ်အား ဖြစ်ပေါ်လာအောင် အနန္တရစသော ပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနိုင်သော ဘဝင်သည် အသမ္ဘိန္န = မပျက်စီးသော ဘဝင် မည်၏။
《根本复注》说:‘所谓力弱,是指尚未成为唯作心之缘,只按自身状态流转。’(《根本复注》1-134。)睡眠时的诸有分,以及清醒时尚不能资助转向生起的诸有分,都称为‘力弱’。确实,前一心路与后一心路之间夹着许多有分,正因为这些有分还不能资助转向生起。能够以无间等缘力资助转向心生起的有分,称为‘未坏有分’。
ယင်း အသမ္ဘိန္နဖြစ်သော မနောဒွါရ၌ ဓမ္မာရုံ အမည်ရသော တရားစုတို့၏ ရှေးရှူကျရောက်လာခြင်း ထင်ခြင်းသည်လည်း မနောဝိညာဏ် နာမ်တရားစုတို့ဖြစ်ရန် အကြောင်းတရား တစ်ခုပင် ဖြစ်၏။
诸法所缘来到、显现于这一未坏的意门前,也是意识名法聚生起的一项因。
တစ်ဖန် ယင်း မနောဝိညာဏ် နာမ်တရားစုသည် ဟဒယဝတ္ထုရုပ်ကို မှီတွယ်ရမှသာလျှင် ဖြစ်ပေါ်လာနိုင်၏၊ ဟဒယဝတ္ထုနှင့် ကင်း၍ကား မဖြစ်နိုင်။ ဤ ဟဒယဝတ္ထုဟူသော အကြောင်းတရားကို ပဉ္စဝေါကာရဘုံကိုသာ ရည်၍ ဆိုသည်ဟု မှတ်ပါ။
此外,意识名法聚只有依止心所依处色才能生起,离开心所依处便不能生起。应知把心所依处列为因,只是针对五蕴地而言。
တစ်ဖန် ကိရိယမနောဝိညာဏဓာတ် အမည်ရသော မနောဒွါရာဝဇ္ဇန်းကို ဤ၌ မနသိကာရဟု ဆိုသည်။
这里把称为唯作意识界的意门转向称为作意。
မနသိကာရ အမည်ရသော ထိုမနောဒွါရာဝဇ္ဇန်းက ဘဝင်ကို လည်စေနိုင်မှသာလျှင် မနောဝိညာဏ်သည် ဖြစ်ပေါ် လာနိုင်၏။ ဤကား မနောဝိညာဏ်နှင့်တကွသော နာမ်တရားစု၏ ဖြစ်ပေါ်လာရန် အကြောင်းတရား (၄)မျိုးတည်း။
唯有这一称为作意的意门转向能够使有分转动,意识才会生起。这就是意识及其名法聚生起的四种因。
(အဘိ-ဋ္ဌ-၁-၃၂၂-၃၂၃။)
(《阿毗达磨义注》1-322至323。)
ဤအကြောင်းတရားတို့သည် ထိုက်သည့်အားလျော်စွာ မနောဝိညာဏ် နာမ်တရားစု၏ ပဒဋ္ဌာန်များ ဖြစ်နိုင် ကြ၏ဟု ကြိုတင်၍ မှတ်သားထားပါ။ သို့သော် ဤအကြောင်းတရားတို့မှာ အထူးသဖြင့် ပဉ္စဝေါကာရဘုံဝယ် မနောဝိညာဏ် နာမ်တရားအားလုံးတို့နှင့် ဆက်ဆံသော အကြောင်းတရားများ ဖြစ်နေခြင်းကြောင့် အဋ္ဌကထာ များ၌ ရံခါ အချို့အချို့သော နာမ်တရားတို့၏ ပဒဋ္ဌာန်ကို ထုတ်ဆောင်၍ မပြခြင်း ဖြစ်သည်။ ပဒဋ္ဌာန် မရှိ၍ကား မဟုတ်ဟု ကြိုတင် မှတ်သားထားပါ။
应当预先记住:这些因可以随其所宜成为意识名法聚的近因。不过,它们尤其是五蕴地一切意识名法聚所共有的因,所以诸义注有时不再列出某些名法的近因;这并不表示那些法没有近因。
၁ဝ။ သမ္ပဋိ စ္ဆိုင်း = လက်ခံ (ဝိပါက်မနောဓာတ်)
十、领受(果报意界)
၁။ စက္ခုဝိညာဏာဒီနံ အနန္တရံ ရူပါဒိဝိဇာနနလက္ခဏာ မနောဓာတု၊ ၂။ ရူပါဒီနံ သမ္ပဋိစ္ဆနရသာ ( = ရူပါဒိသမ္ပဋိစ္ဆနရသာ။) ၃။ တထာဘာဝပစ္စုပဋ္ဌာနာ ( = ရူပါဒိသမ္ပဋိစ္ဆနဘာဝ ပစ္စုပဋ္ဌာနာ။) ၄။ စက္ခုဝိညာဏာဒိအပဂမပဒဋ္ဌာနာ။ (အဘိ-ဋ္ဌ-၁-၃ဝ၄။ ဝိသုဒ္ဓိ-၂-၈၅။) ၁။ စက္ခုဝိညာဏ် စသည်တို့၏ အခြားမဲ့၌ဖြစ်၍ ရူပါရုံစသည်ကို သိခြင်း = ရယူခြင်းသဘော လက္ခဏ၊ ၂။ ရူပါရုံစသည့် အာရုံကို လက်ခံခြင်း (ကိစ္စ) ရသ၊ ၃။ ရူပါရုံစသည့် အာရုံကို လက်ခံတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ စက္ခုဝိညာဏ် စသည်တို့၏ ကင်းချုပ်ခြင်း ပဒဋ္ဌာန်။
领受意界的四法为:一、以紧接眼识等之后生起并识知、取得色等所缘为特相;二、以领受色等所缘为作用;三、以能领受色等所缘为现起;四、以眼识等灭去为近因。(《阿毗达磨义注》1-304;《清净道论》2-85。)
ဤအထက်ပါ လက္ခဏ-ရသ စသည်တို့မှာ အာရုံ (၅)ပါးအတွက် ခြုံ၍ ရေးသားထားချက် ဖြစ်၏။ ဤ စိတ်သည် စိတ္တက္ခဏတစ်ခု အတွင်း၌ အာရုံ (၅)မျိုးလုံးကို ပြိုင်တူမသိပေ။ ထိုကြောင့် လက္ခဏ-ရသ စသည်ကို ရှုပွားလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် အာရုံအလိုက် ခွဲ၍ တစ်ခုစီ သီးသန့်ရှုပါ။ရူပါရုံကို လက်ခံသော သမ္ပဋိစ္ဆိုင်း-
以上特相、作用等是合说五种所缘。一个领受心在一个心刹那中,不能同时识知五种所缘;所以,想依特相、作用等修习观照的瑜伽行者,必须依所缘分别观照。下面再以领受色所缘的领受——
原书第 182 页
စိတ်ကို ပုံစံထုတ်၍ ထပ်မံရေးသားတင်ပြအပ်ပါသည်။ သမ္ပဋိစ္ဆိုင်း၌ စိတ်စေတသိက် နာမ်တရား (၁၁)လုံး ရှိရာ ယင်းနာမ်တရားစုမှ အသိစိတ်ဝိညာဏ်ကို ရွေးထုတ်၍ ရှုပါ။ သဒ္ဒါရုံ စသည်ကို အာရုံပြုသော သမ္ပဋိစ္ဆိုင်း၌လည်း နည်းမှီး၍ ရှုပါ။
——心为例说明。领受心中共有十一种心心所名法,应从这组名法中选出识心来观照。对取声等所缘的领受心,也应类推观照。
၁။ စက္ခုဝိညာဏဿ အနန္တရံ ရူပါရမ္မဏဝိဇာနနလက္ခဏာ မနောဓာတု၊ ၂။ ရူပါရမ္မဏသမ္ပဋိစ္ဆနရသာ၊ ၃။ တထာဘာဝပစ္စုပဋ္ဌာနာ၊ ၄။ စက္ခုဝိညာဏာပဂမပဒဋ္ဌာနာ။
领受色所缘之意界的四法为:一、以紧接眼识之后生起并识知色所缘为特相;二、以领受色所缘为作用;三、以能领受色所缘为现起;四、以眼识灭去为近因。
၁။ စက္ခုဝိညာဏ်၏ အခြားမဲ့၌ဖြစ်၍ ရူပါရုံကို သိခြင်း = ရယူခြင်းသဘော လက္ခဏ၊ ၂။ ရူပါရုံကို လက်ခံခြင်း (ကိစ္စ) ရသ၊ ၃။ ရူပါရုံကို လက်ခံတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ စက္ခုဝိညာဏ်၏ ကင်းချုပ်ခြင်း ပဒဋ္ဌာန်။
换言之:一、以在眼识之后无间生起并识知、取得色所缘为特相;二、以领受色所缘为作用;三、以能领受色所缘为现起;四、以眼识灭去为近因。
မနောဓာတ် --- သဘာဝသုညတနိဿတ္တဋ္ဌေန မနောယေဝ ဓာတု မနောဓာတု။ (အဘိ-ဋ္ဌ-၁-၃ဝ၄။) အတ္တနော သဘာဝံ ဓာရေတီတိ ဓာတု --- နှင့်အညီ မိမိသဘောကို ဆောင်နေသောကြောင့် = မိမိသဘော အတိုင်း ထင်ရှားသောကြောင့် ဓာတ်ဟု ဆို၏။ ဓာတ်ဟုဆိုလျှင် ''ပရမတ္ထအားဖြင့် ထင်ရှားရှိသောတရား၊ အတ္တမှ ကင်းဆိတ်သောတရား၊ သတ္တဝါမဟုတ်သောတရား''ဟု အဓိပ္ပါယ် နက်ထွက်၏။ ပဉ္စဒွါရာဝဇ္ဇန်းနှင့် သမ္ပဋိစ္ဆိုင်းဒွေး သည် ပရမတ္ထအားဖြင့် ထင်ရှားရှိသော သဘာဝတရားလည်း ဖြစ်၏၊ အတ္တမှကင်းဆိတ်သော တရားလည်း ဖြစ်၏၊ သတ္တဝါမဟုတ်သော တရားလည်း ဖြစ်၏။ ယင်း စိတ် (၃)မျိုးသည် ဓာတ်ဟူသော အမည်ကို ရရှိ၏။
意界——《义注》说:‘因具有自性、空、非有情之义,只是意、只是界,故称意界。’(《阿毗达磨义注》1-304。)依‘能持自身自性,故为界’之说,因为它保持自己的自性、依自身自性显现,所以称为界。‘界’这一名称含有三层义:究竟真实存在之法、离我之法、非有情之法。五门转向与两种领受这三种心,都是究竟真实存在的自性法、离我之法、非有情之法,因此都得名为界。
သို့သော် ယင်းစိတ် (၃)မျိုးသည် ဆိုင်ရာအာရုံကို သိကာမတ္တ သိရုံမျှသာဖြစ်၍ အခြားအခြားသော ဝိညာဏ် များလောက် သိမှု အားမကောင်းသောကြောင့် မနောယေဝ ဓာတု မနောဓာတု --- အရ သိကာမတ္တ သိရုံမျှသာ ဖြစ်သောဓာတ် = မနောဓာတ် မည်ပေသည်။
不过,这三种心只是略知相应所缘,知的力量不及其他诸识;所以依‘只是意、只是界,故为意界’之说,只是略知所缘的界,称为意界。
အမေး --- ပဉ္စဒွါရာဝဇ္ဇန်းနှင့် သမ္ပဋိစ္ဆိုင်းနှစ်မျိုးဟူသော စိတ် (၃)မျိုးသည် ပရမတ္ထအားဖြင့် ထင်ရှားရှိသော သဘာဝအနက်၊ အတ္တမှ ကင်းဆိတ်သော သုညတအနက်၊ သတ္တဝါမဟုတ်သော နိဿတ္တအနက် သဘောတရား ရှိသောကြောင့် အာရုံကို သိကာမတ္တ သိရုံမျှဖြစ်သော မနောဓာတ် မည်၏ဟု အဋ္ဌကထာ၌ ဖွင့်ဆိုထား၏၊ ထိုသို့ ဖြစ်လျှင် ပဉ္စဝိညာဏ် မနောဝိညာဏ် အမည်ရသော အခြားစိတ်များ၏လည်း သဘာဝဓမ္မ သုညတဓမ္မ နိဿတ္တဓမ္မ ဖြစ်သောကြောင့် မနောဓာတ်ဟူသော အမည်သည် ဖြစ်သင့်သည် မဟုတ်ပါလော၊ ဤသို့ မေးငြားအံ့ --- အဖြေ --- ပဉ္စဝိညာဏ် မနောဝိညာဏ်တို့က မနောဓာတ်ထက် ထူးခြားသော သိခြင်းကိစ္စ ရှိသောကြောင့် ''မနောဓာတ်'' ဟူသော သာမညအမည်သည် မဖြစ်သင့်ဟု ဖြေဆိုရာ၏။
问——《义注》说,五门转向与两种领受这三种心具有究竟真实存在、空、非有情的自性义,所以只是略知所缘而称意界。若如此,五识和意识等其他心同样是自性法、空法、非有情法,岂不也都应称为意界?答:五识与意识的识知作用比意界殊胜,所以不宜使用‘意界’这一通名。
အကျယ်အဖြေ --- စက္ခုဝိညာဏ်စသော ပဉ္စဝိညာဏ်၏ စက္ခုဝတ္ထုစသည့် မိမိဆိုင်ရာ ဝတ္ထု၌သာမှီခြင်း၊ အမြဲဖြစ်ရာ ရူပါရုံစသော အာရုံ၌သာ မြင်ခြင်းစသော ကိစ္စကို ပြု၍ ဖြစ်ရခြင်းသည် မနောဓာတ်မှ ထူးခြားပုံတည်း။
详答——五识中的眼识等,只依各自的眼处等依处,只对各自恒常所取的色等所缘执行见等作用;这是它们胜过意界之处。
ပဉ္စဝိညာဏ်သည် မိမိနှင့် မှီရာ မတူသော ဟဒယဝတ္ထုကို မှီ၍ဖြစ်သော ပဉ္စဒွါရာဝဇ္ဇန်းစိတ် ရှေ့သွားရှိ၏၊ သမ္ပဋိစ္ဆိုင်းသည် မိမိနှင့် မှီရာမတူသော စက္ခုဝတ္ထု စသည်ကို မှီသော ပဉ္စဝိညာဏ် ရှေ့သွားရှိ၏၊ သန္တီရဏစသော မနောဝိညာဏ်သည်ကား မှီရာတူသော ဟဒယဝတ္ထုရုပ်ကိုချည်း မှီသော သမ္ပဋိစ္ဆိုင်းစသော စိတ်သာလျှင် ရှေ့သွား ရှိ၏။ ထိုကြောင့် သန္တီရဏစသော မနောဝိညာဏ်သည် ဟဒယဝတ္ထုရုပ်ကိုချည်း မှီ၍ ဖြစ်သော မှီရာတူသော
五识之前,是依不同依处——心所依处——生起的五门转向;领受之前,是依不同依处——眼处等——生起的五识;推度等意识之前,则只是依相同的心所依处色生起的领受等心。因此,推度等意识只依心所依处色生起,并承接同一依处的——
原书第 183 页
လက္ခဏာဒိစတုက္ကပိုင်း -- ဝိညာဏက္ခန္ဓကထာ အခန်း ရှေးစိတ်မှ အနန္တရစသော ပစ္စယသတ္တိဖြင့် ကျေးဇူးပြုမှု အရှိန်အဝါကို ဆက်ခံရသောကြောင့် ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်းတို့ထက် အာရုံကို ထူးထူးခြားခြား သိခြင်းကိစ္စ ရှိ၏။
——前心以无间等缘力给予的助力,所以它们识知所缘的作用比五识和领受更为殊胜。
ပဉ္စဒွါရာဝဇ္ဇန်းသည် မှီရာ မတူသော ပဉ္စဝိညာဏ်အားလည်းကောင်း၊ ပဉ္စဝိညာဏ်သည် မှီရာ မတူသော သမ္ပဋိစ္ဆိုင်းအားလည်းကောင်း အနန္တရစသော ပစ္စယသတ္တိဖြင့် ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးရ၏၊ သန္တီရဏ စသည့် မနောဝိညာဏ်ကား ထိုကဲ့သို့မဟုတ်၊ မှီရာ တူသော ဝုဋ္ဌော စသည်အားသာ အနန္တရစသော ပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးရ၏။ ထိုကြောင့် သန္တီရဏစသော မနောဝိညာဏ်သည် ပဉ္စဒွါရာဝဇ္ဇန်းထက်လည်းကောင်း၊ ပဉ္စ- ဝိညာဏ်ထက်လည်းကောင်း အာရုံကို ထူးထူးခြားခြား သိခြင်းကိစ္စ ရှိ၏။
五门转向必须以无间等缘力资助依处不同的五识生起;五识又必须资助依处不同的领受生起。推度等意识却不是这样,只需资助依处相同的确定等心生起。因此,推度等意识识知所缘的作用,胜过五门转向与五识。
မနောဒွါရဟူသည် ဘဝင်စိတ်တည်း၊ ဝီထိစိတ် (= ပဉ္စဒွါရဝီထိစိတ်) ဖြစ်သောအခါ ပဉ္စဒွါရာဝဇ္ဇန်းသည် စ၍ ဖြစ်ရ၏၊ ထိုကြောင့် ထို ပဉ္စဒွါရာဝဇ္ဇန်းသည် မနောဒွါရနိဂ္ဂမနမုခ = မနောဒွါရမှ ထွက်ကြောင်း အစအဝ ဖြစ်၏။ ပဉ္စဒွါရာဝဇ္ဇန်းသည် မနောဒွါရမှ ထွက်ကြောင်း အစအဝ ဖြစ်သကဲ့သို့ သန္တီရဏစသော မနောဝိညာဏ် တို့သည် မနောဒွါရမှ ထွက်ကြောင်း အစအဝ မဖြစ်ကြပေ။ ထိုကြောင့် ပဉ္စဒွါရာဝဇ္ဇန်းထက် အာရုံကို ထူးထူးခြားခြား သိခြင်းကိစ္စ ရှိ၏။
所谓意门,就是有分心。五门心路开始时,最先生起五门转向,所以五门转向是‘意门的出口’,即从意门出去的开端;推度等意识则不是从意门出去的开端。因此,它们识知所缘的作用胜过五门转向。
ဤပြခဲ့သော အကြောင်းတို့ကြောင့် မနောဝိညာဏဓာတ်သည် အာရုံကို သိမှု၌ ထူးခြားသော သိခြင်းကိစ္စ ရှိရကား --- မနော = သိ ဝိညာဏ = အထူးသိ ဤ မနော + ဝိညာဏဟူသော အမည်နှစ်ရပ်ကို ပေါင်းစပ်၍ --- မနောဝိညာဏဓာတ် = အာရုံကို အလွန်အကြူး အထူးသိတတ်သောဓာတ် --- ဟု အမည်ရသည်။ ယင်းမနောဝိညာဏဓာတ်သည် အာရုံကို အလွန် အကြူး အထူးသိခြင်းကိစ္စ ရှိပေသည်။ မနောဓာတ် ပဉ္စဝိညာဏဓာတ်တို့မှ ထူးခြားမှုတည်း။
基于上述理由,意识界对所缘具有殊胜的识知作用:‘意(mano)’是知,‘识(viññāṇa)’是殊胜地知;两名结合,称为‘意识界’,意思是极其殊胜地识知所缘的界。意识界具有极其殊胜的识知作用,这是它与意界、五识界的差别。
ထိုသို့ ထူးသော သိခြင်းကိစ္စမှ ကင်းသော အာရုံကို သိကာမတ္တ သိရုံမျှဖြစ်သော ဓာတ်သည် မနောဓာတ် မည်၏၊ ထိုကြောင့် ပဉ္စဒွါရာဝဇ္ဇန်း သမ္ပဋိစ္ဆိုင်း နှစ်မျိုးဟူသော (၃)မျိုးသောစိတ်ကို မနောဓာတ်ဟူ၍သာ ခေါ်ဆို၏၊ ထူးသော မန ဟူ၍ မဆို။ ထိုကြောင့် - မနော ဧဝ ဓာတု မနောဓာတု - ၌ ဧဝ-သဒ္ဒါသည် မတ္တ = မျှ ဟူသော အနက်ရှိ၏ဟု မှတ်ပါ။ ထို ဧဝသဒ္ဒါသည် ဝိညာဏ်၏ ထူးသော သိခြင်းကိစ္စကို နစ်စေခြင်း အနက်ရှိသော ကြောင့်တည်း။ ပဉ္စဝိညာဏ် မနောဝိညာဏ်တို့၏ ထူးသော သိခြင်းမျိုးသည် ထိုမနောဓာတ်၌ မရှိ ဟူလိုသည်။
不具这种殊胜识知作用、只是略知所缘的界,称为意界;所以五门转向与两种领受这三种心,只称意界,不说成殊胜的意。应知‘只是意、只是界,故为意界’中的‘只是(eva)’具有‘仅仅(matta)’之义,用来排除识的殊胜识知作用;意思是五识与意识那种殊胜识知并不存在于意界。
တစ်ဖန် --- ပဉ္စဒွါရာဝဇ္ဇန်းသည် ဘဝင်ဟူသော မနောဒွါရမှ ထွက်ကြောင်း အစအဝ ဖြစ်၏၊ သမ္ပဋိစ္ဆိုင်းကား သန္တီရဏစသော မနောဝိညာဏ်သို့ ဝင်ကြောင်း အစအဝ ဖြစ်၏၊ ဤသို့ ထွက်ကြောင်း အဝ၊ ဝင်ကြောင်း အဝ ဖြစ်သောကြောင့် မနောဓာတ် (၃)ပါးမှာ အာရုံကို အထူးသိခြင်း အလွန်အကြူးသိခြင်း အသိကြီးသိခြင်းဟူသော ဝိဇာနနကိစ္စမှ ကင်းရသည်။
还有一种解释:五门转向是从有分这一意门出去的开端;领受则是进入推度等意识的开端。因为三种意界分别处在出口与入口,所以没有殊胜识知、深度识知、强力识知所缘的识知作用。
ထိုကဲ့သို့ ဝိဇာနနကိစ္စမှ ကင်းသောကြောင့် ယင်းဓာတ် (၃)ပါးကို ဝိညာဏသဒ္ဒါဖြင့် အထူးပြု၍ မနော- ဝိညာဏ်ဟုလည်း မဆိုအပ်၊ စက္ခုဝိညာဏ် စသည်တို့ကဲ့သို့ ဝိညာဏ်ဟုလည်း မဆိုအပ်။ မှန်ပေသည် --- ထို မနောဓာတ်မည်သော ဝိညာဏ်သည် (ပဉ္စဒွါရာဝဇ္ဇန်းသည်) ဘဝင်တည်းဟူသော မနကြောင့် ဖြစ်ရ၍ မနအား ကျေးဇူးပြုရသည်ကား မဟုတ်၊ ပဉ္စဝိညာဏ်ကို ကျေးဇူးပြုနေရ၏။ သမ္ပဋိစ္ဆိုင်း မနောဓာတ်သည် သန္တီရဏဟူသော မနအား ကျေးဇူးပြုရသော်လည်း ရှေးက မနကြောင့် မဖြစ်ရ၊ ပဉ္စဝိညာဏ်ကြောင့်သာ ဖြစ်ရ၏။
正因没有这样的识知作用,这三种界不能以‘识’字限定为意识,也不能像眼识等那样称识。确实,五门转向这一意界虽由有分这一‘意’而生,却并不资助该意,反而资助五识;领受意界虽资助推度这一‘意’,却不由前面的意而生,只由五识而生。
原书第 184 页
ပဉ္စဒွါရာဝဇ္ဇန်းသည် ဒဿနကိစ္စ = မြင်ခြင်းကိစ္စ စသည်ကို အသီးအသီး ရွက်ဆောင်သော ပဉ္စဝိညာဏ်အား ကျေးဇူးပြုရ၍ သမ္ပဋိစ္ဆိုင်းကား ထိုပဉ္စဝိညာဏ်တို့ကြောင့် ဖြစ်ရသည့်အတွက် မနောဓာတ်တို့တွင် ပဉ္စဒွါရာဝဇ္ဇန်း သည် ထိုဝိညာဏ်တို့၏ ရှေ့သွားဖြစ်၍ သမ္ပဋိစ္ဆိုင်းက ထိုဝိညာဏ်တို့၏ နောက်လိုက် ဖြစ်ရသည်။ ထိုကြောင့် မနောဓာတ်တို့မှာ အာရုံကို အထူးသိခြင်းဟူသော ဝိသေသဝိဇာနနကိစ္စ မရှိရကား မနောဟုသာ နာမည်ရသော ဓာတ်တစ်မျိုး ဖြစ်ရသည်။ (မူလဋီ-၁-၁၂၅-၁၂၆။)
五门转向资助分别执行见等作用的五识,领受又由这些五识而生;所以在诸意界中,五门转向是五识的先行者,领受是五识的随行者。诸意界没有殊胜识知所缘的作用,因而只是名为‘意’的一种界。(《根本复注》1-125至126。)
၁၁။ သန္တီရဏ (= အဟိတ်ဝိပါက် မနောဝိညာဏဓာတ်)
十一、推度(无因果报意识界)
၁။ အဟေတုကဝိပါကာ သဠာရမ္မဏဝိဇာနနလက္ခဏာ ဒုဝိဓာပိ သန္တီရဏာဒိကိစ္စာ မနောဝိညာဏဓာတု၊ ၂။ သန္တီရဏာဒိရသာ၊ ၃။ တထာဘာဝပစ္စုပဋ္ဌာနာ။
悦俱、舍俱两类执行推度等作用的无因果报意识界,其前三法为:一、以识知六所缘为特相;二、以执行推度等作用为作用;三、以如是状态为现起。
၄။ ဟဒယဝတ္ထုပဒဋ္ဌာနာ။ (အဘိ-ဋ္ဌ-၁-၃ဝ၅။ ဝိသုဒ္ဓိ-၂-၈၅။) သောမနဿ ဥပေက္ခာအားဖြင့် နှစ်မျိုးပြားသော သန္တီရဏ စသော လုပ်ငန်းကိစ္စကို ရွက်ဆောင်သော အဟိတ်ဝိပါက် မနောဝိညာဏဓာတ်သည် --- ၁။ အာရုံ (၆)ပါးကို သိခြင်း = ရယူခြင်းသဘော လက္ခဏ၊ ၂။ အာရုံကို စူးစမ်းခြင်း စသော (ကိစ္စ) ရသ၊ ၃။ အာရုံကို စူးစမ်းတတ်သော သဘောတရား စသည် ပစ္စုပဋ္ဌာန်၊ ၄။ မှီရာ ဟဒယဝတ္ထုရုပ် ပဒဋ္ဌာန်။
四、以心所依处为近因。(《阿毗达磨义注》1-305;《清净道论》2-85。)换言之,以悦俱与舍俱而分为两类、执行推度等作用的无因果报意识界,其四法为:一、以识知、取得六所缘为特相;二、以推度所缘等作用为作用;三、以能推度所缘等状态为现起;四、以其所依的心所依处色为近因。
အဟိတ်ကုသလဝိပါက် မနောဝိညာဏဓာတ်ကို ဓမ္မသင်္ဂဏီ ပါဠိတော်၌ ဘုရားရှင်သည် သောမနဿနှင့် ဥပေက္ခာ နှစ်မျိုးခွဲ၍ ဟောကြားထားတော်မူခဲ့၏။ ယင်း ပါဠိတော်နှင့်အညီ အထက်ပါ လက္ခဏ-ရသ စသည်၌ အဋ္ဌကထာက ဒုဝိဓာဟု နှစ်မျိုးခွဲ၍ ဖော်ပြထားခြင်း ဖြစ်၏။ အဘိဓမ္မတ္ထသင်္ဂဟကျမ်း၌ကား ယင်းစိတ် နှစ်မျိုးလုံး ကိုပင် အဟိတ်ကုသလဝိပါက် သောမနဿ သန္တီရဏ၊ အဟိတ်ကုသလဝိပါက် ဥပေက္ခာ သန္တီရဏဟု အမည် တပ်ထားပေသည်။ ယင်းအမည်မှာ အသိများသဖြင့် ယင်းအမည်သို့လိုက်၍ အထက်၌ သန္တီရဏစိတ်ဟု အမည် တပ်ထားပေသည်။ သန္တီရဏစိတ်ဟု အမည်တပ်ထားသော်လည်း ခေါ်ဝေါ် လွယ်ကူစေရန်အတွက်သာ ထိုကဲ့သို့ အမည်တစ်ခု တပ်ထားခြင်း ဖြစ်၏၊ သန္တီရဏ = စူးစမ်းသည့် အလုပ်တစ်ခုတည်းကိုသာ ပြုလုပ်သည်ဟူ၍ကား မယူဆစေလို။
对于无因善果报意识界,世尊在《法集论》圣典中依悦受与舍受分说为两类。依照这部圣典,《义注》在上述特相、作用等处也以“二种”加以说明。《阿毗达磨义论》则把这两种心分别命名为无因善果报悦俱推度心与无因善果报舍俱推度心。这个名称广为人知,所以上文也随顺惯例称之为推度心。不过,称作推度心只是为了便于称说,不应因此认为它只执行推度这一种作用。
အဟိတ်ကုသလဝိပါက် သောမနဿသဟဂုတ် မနောဝိညာဏဓာတ် = သောမနဿ သန္တီရဏစိတ်သည် ဣဋ္ဌာရုံ၌သာလျှင် ဧကန်ဖြစ်ခြင်း သဘောရှိသောကြောင့် သောမနဿဝေဒနာနှင့် အမြဲယှဥ်၍ ပဉ္စဒွါရဝီထိများ၌ သန္တီရဏကိစ္စနှင့် ဇော၏နောင် တဒါရုံကိစ္စ --- ဤ ကိစ္စ နှစ်မျိုးကို ဆောင်ရွက်သည်၊ သန္တီရဏဌာန တဒါရုံဌာန ဟူသော နှစ်ဌာန၌ ဖြစ်သည်။
无因善果报悦俱意识界,也就是悦俱推度心,只在可意所缘中生起,所以恒与悦受相应。它在五门心路中执行推度作用,并在速行之后执行彼所缘作用,共有两种作用,生起于推度处与彼所缘处两个作用处。
အဟိတ်ကုသလဝိပါက် ဥပေက္ခာသဟဂုတ် မနောဝိညာဏဓာတ်သည် = ဥပေက္ခာ သန္တီရဏသည် ဣဋ္ဌ- မဇ္ဈတ္တာရုံ၌ ဖြစ်ခြင်းသဘောရှိသောကြောင့် ဥပေက္ခာဝေဒနာနှင့် ယှဥ်သည်ဖြစ်၍ သန္တီရဏကိစ္စ တဒါရုံကိစ္စ ပဋိသန္ဓေကိစ္စ ဘဝင်ကိစ္စ စုတိကိစ္စအားဖြင့် (၅)ကိစ္စ ပြုလုပ်ဆောင်ရွက်သဖြင့် သန္တီရဏဌာန၊ တဒါရုံဌာန၊ ပဋိသန္ဓေ ဌာန၊ ဘဝင်ဌာန၊ စုတိဌာနဟူသော (၅)ဌာန၌ ထိုက်သလို ဖြစ်သည်။
无因善果报舍俱意识界,也就是舍俱推度心,在中等可意所缘中生起,所以与舍受相应。它执行推度、彼所缘、结生、有分与死亡五种作用,依其所宜生起于推度处、彼所缘处、结生处、有分处与死亡处五个作用处。
原书第 185 页
လက္ခဏာဒိစတုက္ကပိုင်း -- ဝိညာဏက္ခန္ဓကထာ အခန်း အဟိတ်အကုသလဝိပါက် မနောဝိညာဏဓာတ်လည်း တစ်မျိုး ရှိသေး၏။ ယင်းစိတ်ကို သင်္ဂြိုဟ်ကျမ်းက အကုသလဝိပါက် ဥပေက္ခာ သန္တီရဏစိတ်ဟု အမည်တပ်ထားပေသည်။ ယင်းစိတ်သည်လည်း အပါယ်လေးဘုံ၌ ပဋိသန္ဓေကိစ္စ၊ ဘဝင်ကိစ္စ၊ စုတိကိစ္စကို ဆောင်ရွက်၍ ပဝတ္တိအခါဝယ် ကာမ (၁၁)ဘုံ၌ အနိဋ္ဌာရုံနှင့် တွေ့ကြုံခိုက် သန္တီရဏကိစ္စ တဒါရုံကိစ္စတို့ကို ထိုက်သလို ဆောင်ရွက်သည်။
此外还有一种无因不善果报意识界,《阿毗达磨义论》称之为不善果报舍俱推度心。这种心在四恶趣中执行结生、有分与死亡作用;在生命转起期间,则于欲界十一地遇到不可意所缘时,依其所宜执行推度与彼所缘作用。
ယင်းကုသလဝိပါက် အကုသလဝိပါက် ဥပေက္ခာ သန္တီရဏစိတ်တို့၏ ပဋိသန္ဓေကိစ္စ ဘဝင်ကိစ္စကို ရွက်- ဆောင်ခိုက် လက္ခဏ-ရသ ရှုကွက်ကို အထက်တွင် ရေးသားခဲ့သည့် ပဋိသန္ဓေဘဝင်တို့ကို နည်းမှီး၍ ရှုပါ။
当善果报与不善果报两种舍俱推度心执行结生、有分作用时,应依上文所述结生与有分的方法,观照其特相、作用等四法。
ယင်းသန္တီရဏစိတ် သုံးမျိုးတို့၏ သန္တီရဏကိစ္စ တဒါရုံကိစ္စကို ရွက်ဆောင်ခိုက်၌ လက္ခဏ-ရသ စသည့် ရှုကွက်ကို ဤအပိုင်းတွင် တင်ပြမည် ဖြစ်သည်။ ရှေးဦးစွာ သန္တီရဏကိစ္စကို ရွက်ဆောင်ခိုက် လက္ခဏ-ရသ စသည့် ရှုကွက်ကို ထပ်မံ၍ တင်ပြပါသည်။ အထက်တွင် သန္တီရဏစိတ် အမျိုးအစားချင်း တူညီ၍ အာရုံ (၆)ပါးကို အာရုံပြုသော သန္တီရဏစိတ်အားလုံးကို စုပေါင်း၍ အဋ္ဌကထာက ဖော်ပြသွားခြင်း ဖြစ်၏။ လက်တွေ့ရှုရာ၌ကား ကုသလဝိပါက် သန္တီရဏက ဣဋ္ဌာရုံကို အာရုံပြု၏၊ အကုသလဝိပါက် သန္တီရဏက အနိဋ္ဌာရုံကို အာရုံပြု၏။ သန္တီရဏစိတ် တစ်ခုတည်းကလည်း စိတ္တက္ခဏတစ်ခု အတွင်းဝယ် ဣဋ္ဌ အနိဋ္ဌ စသည်ပြားသော အာရုံ (၆)ပါးလုံးကို တစ်ပြိုင် နက်တည်း အာရုံမပြုနိုင် ဖြစ်ခဲ့၏၊ ထိုကြောင့် အာရုံအလိုက် တစ်ခုစီ ခွဲ၍ ရှုရမည် ဖြစ်သည်။ ခွဲရှုပုံကို ရူပါရုံကို ပုံစံထား၍ ဖော်ပြပေအံ့။
本节将说明这三种推度心执行推度与彼所缘作用时,如何观照其特相、作用等。先再次说明它们执行推度作用时的观法。上文《义注》是把同属推度心、取六种所缘的一切推度心合在一起说明的;实际观照时,善果报推度心取可意所缘,不善果报推度心取不可意所缘。一个推度心在一个心刹那中,不能同时取可意、不可意等各不相同的六种所缘;因此必须随所缘逐一分开观照。下面以色所缘为例说明分观的方法。
အဟေတုကဝိပါကာ သန္တီရဏကိစ္စာ မနောဝိညာဏဓာတု --- ၁။ ရူပါရမ္မဏဝိဇာနနလက္ခဏာ၊ ၂။ သန္တီရဏရသာ၊ ၃။ တထာဘာဝပစ္စုပဋ္ဌာနာ၊ ၄။ ဟဒယဝတ္ထုပဒဋ္ဌာနာ။
无因果报意识界执行推度作用、取色所缘时的四法为:一、以识知色所缘为特相;二、以推度为作用;三、以如是状态为现起;四、以心所依处为近因。
အဟိတ်ဝိပါက် သန္တီရဏကိစ္စကို ရွက်ဆောင်သော မနောဝိညာဏဓာတ်သည် --- ၁။ ရူပါရုံကို သိခြင်း = ရယူခြင်းသဘော လက္ခဏ၊ ၂။ ရူပါရုံကို စူးစမ်းဆင်ခြင်ခြင်း (ကိစ္စ) ရသ၊ ၃။ ရူပါရုံကို စူးစမ်းဆင်ခြင်တတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ မိမိ၏ မှီ၍ ဖြစ်ရာ ဟဒယဝတ္ထု ပဒဋ္ဌာန်။
换言之,执行无因果报推度作用的意识界,其四法为:一、以识知、取得色所缘为特相;二、以审察、推度色所缘为作用;三、以能审察、推度色所缘的状态为现起;四、以自身所依生起的心所依处为近因。
သဒ္ဒါရုံ စသည်ကို အာရုံပြုသော သန္တီရဏစိတ် စသည်ကိုလည်း နည်းမှီ၍ ရှုပါ။ ဤ သန္တီရဏစိတ် (၃) မျိုးသည် သန္တီရဏကိစ္စတပ်ခိုက် ရူပါရုံမှ ဖောဋ္ဌဗ္ဗာရုံတိုင်အောင်သော အာရုံ (၅)ပါးကို ထိုက်သလို အာရုံပြု၏။
取声等所缘的推度心,也应依此类推观照。这三种推度心执行推度作用时,依其所宜取色所缘至触所缘五种所缘。
တဒါရုံ ကိစ္စတပ်ခိုက်၌ကား အာရုံ (၆)ပါးကို ထိုက်သလို အာရုံပြု၏။ ဤသန္တီရဏစိတ်၌ သောမနဿဖြစ်လျှင် ပီတိယှဥ်၍ စိတ်စေတသိက် (၁၂)လုံး ရှိ၏။ ဥပေက္ခာဖြစ်လျှင် ပီတိမယှဥ်၍ စိတ်စေတသိက် (၁၁)လုံး ရှိ၏။
执行彼所缘作用时,则依其所宜取六种所缘。推度心若为悦俱,便与喜相应,共有十二种心心所名法;若为舍俱,便不与喜相应,共有十一种心心所名法。
ယင်းနာမ်တရားစုမှ အသိစိတ်ကို ရွေးထုတ်၍ အထက်ပါ လက္ခဏ-ရသ စသည့် ရှုကွက်ကို ရှုပါ။ တဒါရုံကိစ္စကို ရွက်ဆောင်ခိုက် လက္ခဏ-ရသ စသည့် ရှုကွက်ကို တဒါရုံပိုင်း၌ တင်ပြပါမည်။ ဤတွင် ဝီထိစိတ်အစဥ်အတိုင်း သန္တီရဏနောင်၌ ဆက်လက်၍ဖြစ်သော ဝုဋ္ဌောစိတ်၏ လက္ခဏ-ရသ စသည်ကို ဆက်လက် တင်ပြအပ်ပါသည်။
从这组名法中选出识心,观照上述特相、作用等四法。执行彼所缘作用时的特相、作用等,将在彼所缘部分说明。这里依心路诸心的次第,继续说明紧接推度之后生起的确定心之特相、作用等。
原书第 186 页
၁၂။ ဝုဋ္ဌော (= သာဓာရဏာ ကိရိယ မနောဝိညာဏဓာတ်)
十二、确定(通一切唯作意识界)
၁။ ဥပေက္ခာသဟဂတာဟေတုကကိရိယာ မနောဝိညာဏဓာတု သဠာရမ္မဏဝိဇာနနလက္ခဏာ၊ ၂။ ကိစ္စဝသေန ပဉ္စဒွါရမနောဒွါရေသု ဝေါဋ္ဌဗ္ဗနာဝဇ္ဇနရသာ၊ ၃။ တထာဘာဝပစ္စုပဋ္ဌာနာ၊ ၄။ အဟေတုကဝိပါက မနောဝိညာဏဓာတု ဘဝင်္ဂါနံ အညတရာပဂမပဒဋ္ဌာနာ။ (ဝိသုဒ္ဓိ-၂-၈၇။) ဥပေက္ခာသဟဂုတ် အဟိတ်ကိရိယာ မနောဝိညာဏဓာတ်သည် --- ၁။ အာရုံ (၆)ပါးကို သိခြင်း = ရယူခြင်းသဘော လက္ခဏ၊ ၂။ ပဉ္စဒွါရ၌ အာရုံကို ဆုံးဖြတ်ခြင်း မနောဒွါရ၌ အာရုံကို ဆင်ခြင်ခြင်း (ကိစ္စ) ရသ၊ ၃။ ပဉ္စဒွါရ၌ အာရုံကို ဆုံးဖြတ်တတ်သော သဘောတရား မနောဒွါရ၌ အာရုံကို ဆင်ခြင်တတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ ပဉ္စဒွါရ၌ အဟိတ်ဝိပါက် မနောဝိညာဏဓာတ် = သန္တီရဏစိတ်၏ ချုပ်ပျက်ခြင်း၊ မနောဒွါရ၌ ဘဝင်၏ ချုပ်ပျက်ခြင်း ပဒဋ္ဌာန်။
舍俱无因唯作意识界的四法为:一、以识知六所缘为特相;二、依作用而论,以在五门中确定所缘、在意门中转向所缘为作用;三、以在五门中能确定所缘、在意门中能转向所缘的状态为现起;四、在五门中以无因果报意识界——推度心——灭去为近因,在意门中则以有分灭去为近因。(《清净道论》2-87。)
အဟိတ်ကိရိယာစိတ်သည် (၃)မျိုး ရှိ၏။ --- ၁။ ကိရိယ မနောဓာတ်ဟူသော ပဉ္စဒွါရာဝဇ္ဇန်း၊ ၂။ ပုထုဇန်၊ သေက္ခ၊ အသေက္ခ အားလုံးနှင့်ဆက်ဆံသော ဥပေက္ခာသဟဂုတ် အဟိတ်ကိရိယ မနောဝိညာဏ- ဓာတ်ဟူသော မနောဒွါရာဝဇ္ဇန်း၊ ၃။ ပုထုဇန်၊ သေက္ခတို့နှင့် မဆက်ဆံသော အသေက္ခ ရဟန္တာအရှင်မြတ်တို့နှင့်သာ ဆက်ဆံသော သောမနဿ- သဟဂုတ် အဟိတ်ကိရိယ မနောဝိညာဏဓာတ်ဟူသော ဟသိတုပ္ပါဒ် --- ဤသို့လျှင် အဟိတ်ကိရိယာစိတ် (၃)မျိုး ရှိ၏။ ထိုတွင် ပဉ္စဒွါရာဝဇ္ဇန်း = မနောဓာတ်၏ လက္ခဏ-ရသ စသည်ကို ရှေး၌ ရေးခဲ့ပြီ။ မနောဒွါရာဝဇ္ဇန်း၏ လက္ခဏ-ရသ စသည်ကို ယခု တင်ပြနေခြင်း ဖြစ်၏။ မနောဒွါရာ- ဝဇ္ဇန်းကား ပဉ္စဒွါရ၌ ဝုဋ္ဌောကိစ္စ၊ မနောဒွါရ၌ အာဝဇ္ဇန်းကိစ္စကို ပြုလုပ်ဆောင်ရွက်သဖြင့် ယင်းစိတ်ကို (၂)ကိစ္စ၊ (၂)ဌာနတွဲ၍ အဋ္ဌကထာဆရာတော်က ရေးသား တင်ပြထား၏။ သို့သော် လက္ခဏ-ရသ စသည်ကို လက်တွေ့ ရှုလိုသော ယောဂါဝစရပုဂ္ဂိုလ်သည်ကား ပဉ္စဒွါရ၌ ဝုဋ္ဌောကိစ္စကို ဆောင်ရွက်သော စိတ်ကို သတ်သတ်ရှု၍
无因唯作心有三种:一、称为唯作意界的五门转向;二、通于凡夫、有学与无学三类人的舍俱无因唯作意识界,即意门转向;三、不通于凡夫与有学、只通于无学阿罗汉圣者的悦俱无因唯作意识界,即生笑心。五门转向——意界——的特相、作用等已在前文说明;现在说明的是意门转向的特相、作用等。意门转向在五门执行确定作用,在意门执行转向作用,因此《义注》师把这两种作用、两个作用处合在一起说明。然而,想实际观照其特相、作用等的瑜伽行者,应当把在五门执行确定作用的心单独观照——
မနောဒွါရ၌ အာဝဇ္ဇန်းကိစ္စကို ဆောင်ရွက်သော စိတ်ကို သတ်သတ်ခွဲ၍ ရှုပါ။ စိတ္တက္ခဏချင်းလည်း မတူသော ကြောင့်လည်းကောင်း၊ အာရုံမှာ တူညီမှု ရှိသည့်အခါ ရှိနိုင်၍ ကွဲပြားမှု ရှိသည့်အခါလည်း ရှိနိုင်သောကြောင့် လည်းကောင်း ခွဲရှုပါမှသာလျှင် အသိဉာဏ် သန့်ရှင်းနိုင်မည်။ တစ်ဖန် ဝုဋ္ဌောစိတ် တစ်ခုတည်းက စိတ္တက္ခဏ တစ်ခုအတွင်း၌ ရူပါရုံစသည့် အာရုံ (၅)မျိုးလုံးကို ပြိုင်တူ မသိနိုင်ပေ။ ထိုကြောင့် ရူပါရုံကို အာရုံပြု၍ ဖြစ်ပေါ် လာသော ဝုဋ္ဌောစိတ်ကို ပုံစံတစ်ခုအဖြစ် ထပ်မံ၍ ရေးသား တင်ပြအပ်ပါသည်။ သဒ္ဒါရုံ စသည်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဝုဋ္ဌော စသည်၌လည်း နည်းမှီး၍ ရှုပါလေ။
——并把在意门执行转向作用的心另行观照。二者的心刹那不同,所缘有时相同、有时不同;只有分开观照,所知才能清楚。此外,一个确定心在一个心刹那中,不能同时识知色所缘等五种所缘。因此,下面再以取色所缘而生的确定心为例说明;取声等所缘而生的确定心,也应依此类推观照。
၁။ ဥပေက္ခာသဟဂတာဟေတုကကိရိယာ မနောဝိညာဏဓာတု ရူပါရမ္မဏဝိဇာနနလက္ခဏာ၊ ၂။ ဝေါဋ္ဌဗ္ဗနရသာ၊
取色所缘的舍俱无因唯作意识界,其前二法为:一、以识知色所缘为特相;二、以确定为作用。
原书第 187 页
လက္ခဏာဒိစတုက္ကပိုင်း -- ဝိညာဏက္ခန္ဓကထာ အခန်း ၃။ တထာဘာဝပစ္စုပဋ္ဌာနာ၊ ၄။ အဟေတုကဝိပါကမနောဝိညာဏဓာတူနံ အညတရာပဂမပဒဋ္ဌာနာ။ (ဝိသုဒ္ဓိ-၂-၈၇။) ဥပေက္ခာသဟဂုတ် အဟိတ်ကိရိယ မနောဝိညာဏဓာတ် = ဝုဋ္ဌောသည် --- ၁။ ရူပါရုံကို သိခြင်း = ရယူခြင်းသဘော လက္ခဏ၊ ၂။ ရူပါရုံကို (ဣဋ္ဌ သို့မဟုတ် အနိဋ္ဌ စသည်ဖြင့်) ဆုံးဖြတ်ခြင်း (ကိစ္စ) ရသ၊ ၃။ သန္တီရဏ ယူထားသည့် အာရုံကိုပင် (ဣဋ္ဌ သို့မဟုတ် အနိဋ္ဌ စသည်ဖြင့်) ဆုံးဖြတ်သကဲ့သို့ဖြစ်သော သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ အဟိတ်ဝိပါက် မနောဝိညာဏဓာတ် = သန္တီရဏစိတ်တို့တွင် တစ်မျိုးမျိုး၏ ကင်းချုပ်ခြင်း = ချုပ်ပျက်ခြင်း ပဒဋ္ဌာန်။
三、以如是状态为现起;四、以无因果报意识界中的某一种灭去为近因。(《清净道论》2-87。)换言之,舍俱无因唯作意识界——确定心——的四法为:一、以识知、取得色所缘为特相;二、以仿佛把色所缘确定为可意或不可意等为作用;三、以仿佛把推度已取的同一所缘确定为可意或不可意等的状态为现起;四、以无因果报意识界——诸推度心中的某一种——灭去为近因。
ဝေါဋ္ဌဗ္ဗနာဝဇ္ဇနရသာတိ ပဉ္စဒွါရေ သန္တီရဏေန ဂဟိတာရမ္မဏံ ဝဝတ္ထပေန္တီ ဝိယ ပဝတ္တနတော ဝေါဋ္ဌဗ္ဗ- နရသာ၊ မနောဒွါရေ ပန ဝုတ္တနယေန အာဝဇ္ဇနရသာ။ (မဟာဋီ-၂-၁၂၉-၁၃ဝ။) သန္တီရဏစိတ်က စူးစမ်းထားသည့် ယူထားသည့် အာရုံကိုပင် ဣဋ္ဌဖြစ်သည် သို့မဟုတ် အနိဋ္ဌဖြစ်သည် စသည်ဖြင့် မှတ်တတ် ဆုံးဖြတ်တတ်သကဲ့သို့ ဖြစ်သောကြောင့် ဆုံးဖြတ်ခြင်း ကိစ္စ-ရသ ရှိ၏ဟု ဆိုခြင်းဖြစ်သည်။
《大复注》说:“所谓以确定、转向为作用,是因为在五门中,它如同确定由推度取得的所缘而转起,所以具有确定作用;在意门中,则依前述方法具有转向作用。”(《大复注》2-129至130。)也就是说,由于它仿佛把推度心所审察、取得的同一所缘标记、确定为可意或不可意等,所以说它具有确定作用。
စက္ခုဒွါရဝီထိစသည့် ပဉ္စဒွါရဝီထိ နာမ်တရားစုတို့သည် ရူပါရုံစသည့် ဆိုင်ရာပဉ္စာရုံတို့နှင့် ရှေးရှူရင်ဆိုင် ကျရောက် ခြင်း သဘောမျှသာ ဖြစ်၏။ အာရုံကို ပိုင်ပိုင်နိုင်နိုင် သိနိုင်ကြသည်လည်း မဟုတ်သေးပေ။ အာရုံ၏ အရသာကို ပိုင်ပိုင်နိုင်နိုင် (မနောဒွါရဝီထိများကဲ့သို့) ခံစားနိုင်ကြသည်လည်း မဟုတ်သေးပေ။ ထိုကြောင့် ပဉ္စဒွါရဝီထိ၌ အကျုံးဝင်သော ဝုဋ္ဌောသည်လည်း အာရုံကို ဣဋ္ဌ အနိဋ္ဌ စသည်ဖြင့် ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက်ချခြင်းငှာလည်း မစွမ်းနိုင်သေးပေ။ စက္ခုဝိညာဏ်သည် အရောင်မျှကိုသာ သိသကဲ့သို့ အရောင်မျှကိုသာ အာရုံပြုနိုင်သေးသကဲ့သို့ ဝုဋ္ဌောသည်လည်း အရောင်မျှကိုသာ သိသေးသော အရောင်မျှကိုသာ အာရုံပြုနိုင် နှလုံးသွင်းနိုင်သေးသော အဆင့်တွင်သာ ရှိသေး၏။ ထိုကြောင့် ဝုဋ္ဌောသည် ထင်လာသော အာရုံကို ဣဋ္ဌ အနိဋ္ဌ စသည်ဖြင့် တကယ်တမ်း ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက် မချနိုင်သေးသည့်အတွက် --- ဝဝတ္ထပေန္တီ ဝိယ ပဝတ္တနတော = သန္တီရဏက စူးစမ်း
眼门心路等五门心路的名法聚,只是与色所缘等各自的五所缘相向接触;它们还不能充分识知所缘,也不能像意门心路那样充分领受所缘之味。因此,五门心路中的确定心也还没有能力把所缘充分判定为可意或不可意等。正如眼识只能知道颜色、只能取颜色一样,确定心也仍只处于知道颜色、取颜色并作意颜色的层次。确定心还不能真正、充分地判定显现的所缘为可意或不可意等,所以《大复注》师才以“因为它如同分别确定而转起”解释为:它把推度所审察——
ထားသည့် ယူထားသည့် အာရုံကိုပင် ဣဋ္ဌဖြစ်သည် သို့မဟုတ် အနိဋ္ဌဖြစ်သည် စသည်ဖြင့် မှတ်တတ် ဆုံးဖြတ်တတ် သကဲ့သို့ဖြစ်သည် --- ဟု မဟာဋီကာဆရာတော်က ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်ပေသည်။ သို့သော် ဤအရာဌာန ကား ပညာရှိသူတော်ကောင်းများသည် ပညာဉာဏ်ဖြင့် စူးစမ်းဆင်ခြင်၍ ယူသင့်သော အရာမျိုးသာ ဖြစ်ပေသည်။
——、取得的同一所缘,仿佛标记、确定为可意或不可意等。不过,对于这里的义理,有智慧的善士仍应以智慧审察思惟后再作抉择。
ထပ်ဆင့်မေးခွန်းတစ်ခု
另一个追问
ဤအရာ၌ အချို့ သူတော်ကောင်းများက ထပ်ဆင့်၍ မေးကြပြန်၏။ ဝုဋ္ဌော၌ ယှဥ်ဖက် စိတ်စေတသိက် သမ္ပယုတ်တရားစုမှာ ဝီရိယ အဝင်အပါ (၁၂)လုံး ရှိ၏၊ ထိုတွင် အာရုံကို ဣဋ္ဌ သို့မဟုတ် အနိဋ္ဌ စသည်ဖြင့် ဆုံးဖြတ်ရာ၌ ဝုဋ္ဌောစိတ်က ဆုံးဖြတ်လေသလော၊ သမ္ပယုတ်တရားဖြစ်သည့် အဓိမောက္ခ စေတသိက်ကပင် ဆုံးဖြတ်လေသလောဟု မေးကြပြန်၏။
对此,有些善士进一步问道:确定心中相应的心心所名法,包括精进在内共有十二种。那么,把所缘确定为可意或不可意等的,究竟是确定心,还是作为相应法的胜解心所?
စတုဘူမကစိတ္တဥှိ နော ဝိဇာနနလက္ခဏံ နာမ နတ္ထိ၊ သဗ္ဗံ ဝိဇာနနလက္ခဏမေဝ။ (အဘိ-ဋ္ဌ-၁-၁၅၅။) ကာမ-ရူပ-အရူပ-လောကုတ္တရာဟူသော ဘုံ (၄)ပါး အတွင်း၌ ရှိသော စိတ်ဟူသမျှသည် အာရုံကိုသိခြင်း ဝိဇာနနလက္ခဏာ မရှိသော စိတ်မည်သည် မရှိ၊ စိတ်အားလုံးသည် အာရုံကိုသိခြင်း ဝိဇာနနလက္ခဏာ ရှိသည်
《义注》说:“在四地心中,没有哪一种心缺少识知特相;一切心都以识知为特相。”(《阿毗达磨义注》1-155。)凡欲界、色界、无色界、出世间四地中的心,无一缺少识知所缘的特相;一切心都以识知所缘为——
原书第 188 页
ချည်းသာ ဖြစ်၏။ (အဘိ-ဋ္ဌ-၁-၁၅၅။) ဝုဋ္ဌောစိတ်ကား ရူပါရုံစသည့် အာရုံကို သိခြင်း = ရယူခြင်း သဘောလက္ခဏာသာ ရှိ၏။ ဝုဋ္ဌောနှင့်ယှဥ်သော အဓိမောက္ခ စေတသိက်ကား အာရုံကို ဆုံးဖြတ်ချက်ချခြင်း သန္နိဋ္ဌာနလက္ခဏာ ရှိ၏။
——特相。(《阿毗达磨义注》1-155。)确定心只具有识知、取得色所缘等所缘的特相;与确定心相应的胜解心所,则以对所缘作出确定为特相。
အထက်ပါ မဟာဋီကာက ဖွင့်ဆိုထားတော်မူသည့်အတိုင်း ဝုဋ္ဌောစိတ်က သန္တီရဏ ယူထားသည့် အာရုံ ကို ဣဋ္ဌ သို့မဟုတ် အနိဋ္ဌ စသည်ဖြင့် တကယ်တမ်း ဆုံးဖြတ်ချက်ချသည်ကား မဟုတ်ပေ။ ပိုင်းခြားမှတ်တတ် ဆုံးဖြတ်သကဲ့သို့သာ ဖြစ်ခြင်း ဖြစ်သည်။ ဝုဋ္ဌောစိတ်၏ သဘာဝလက္ခဏာမှာ အာရုံကို သိခြင်း = အာရုံကို ရယူ ခြင်း သဘောလက္ခဏာမျှသာ ဖြစ်သည်။ အဓိမောက္ခစေတသိက်ကသာလျှင် အာရုံကို သန္နိဋ္ဌာန်ကျ ဆုံးဖြတ်ချက် ချ၏။ သို့သော် ဝုဋ္ဌောစိတ်မပါဘဲ ယင်းအဓိမောက္ခစေတသိက်ချည်းသက်သက် ဖြစ်နိုင်သည်ကား မဟုတ်။
正如上述《大复注》的解释,确定心并不真正把推度已取的所缘判定为可意或不可意等;它只是仿佛进行分别确定。确定心自身的特相,仅是识知、取得所缘;真正以确定的方式对所缘作出决定的,是胜解心所。不过,胜解心所也不可能离开确定心而单独生起。
အသိစိတ်တို့သည် --- ပုဗ္ဗင်္ဂမရသံ --- ဟူသည်နှင့်အညီ ယှဥ်ဖက်စေတသိက်များ၏ အာရုံကို ရယူမှု၌ ပဓာန အချုပ်ပြဓာန်းသော အလုပ်ကိစ္စကို ပြုလုပ်ကြသဖြင့် ဤ၌လည်း ဝုဋ္ဌောစိတ်သည် ရူပါရုံစသည့် အာရုံကို ဣဋ္ဌ သို့မဟုတ် အနိဋ္ဌ စသည်ဖြင့် သိမှု၌၊ ယှဥ်ဖက်စေတသိက်တရားတို့၏လည်း ဣဋ္ဌအခြင်းအရာ သို့မဟုတ် အနိဋ္ဌ အခြင်းအရာအားဖြင့် ထိုအာရုံကို အာရုံယူမှု၌ ပဓာန အချုပ်ခေါင်းဆောင်ပင် ဖြစ်ရကား သဟစရဏနည်းအားဖြင့် ဝုဋ္ဌောစိတ်က ဣဋ္ဌ သို့မဟုတ် အနိဋ္ဌစ သည်ဖြင့် ဆုံးဖြတ်သည်ဟု ဆိုထားခြင်းပင် ဖြစ်သည်။ တကယ်တမ်း အာရုံကို ဆုံးဖြတ်ချက်ချခြင်းသည် သန္နိဋ္ဌာနလက္ခဏာရှိသော အဓိမောက္ခစေတသိက်၏ အရာသာဖြစ်သည်။
依“心具有前导作用”之说,识心在诸相应心所取所缘时执行主导、统摄的作用。因此在这里,确定心于把色等所缘识知为可意或不可意等时,也是诸相应心所依可意相或不可意相取同一所缘的主要统领者;所以依俱行法,才说确定心把所缘确定为可意或不可意等。实际上,对所缘作出确定,是具有确定特相的胜解心所之事。
အဓိမောက္ခစေတသိက်၏ လုပ်ငန်းကိစ္စ၌ ဝုဋ္ဌောစိတ်က ဦးဆောင်လျက်ရှိ၍ ဝုဋ္ဌောစိတ်က ဆုံးဖြတ်သည်ဟု ဆိုထားခြင်း ဖြစ်သည်။
由于确定心在胜解心所执行作用时居于前导地位,所以才说是确定心作出确定。
သို့သော် အထက်တွင် ဆိုခဲ့သည့်အတိုင်း ဝုဋ္ဌောနှင့် ယှဥ်ဖက် အဓိမောက္ခစေတသိက် နှစ်မျိုးလုံးတို့သည်ပင် မဟာဋီကာဆရာတော် ဖွင့်ဆိုထားတော်မူသည့်အတိုင်း အာရုံကို ဣဋ္ဌ သို့မဟုတ် အနိဋ္ဌ စသည်ဖြင့် တကယ်တမ်း ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက်ချနိုင်သည်ကား မဟုတ်သေးပေ။ ဆုံးဖြတ်သကဲ့သို့သာ ဖြစ်နိုင်သေးသည်ဟု မှတ်ပါ။
然而,如上所说,依《大复注》师的解释,与确定心相应的胜解心所和确定心本身,都还不能真正、充分地把所缘判定为可意或不可意等;应知此时还只是仿佛进行确定。
အာရုံကို တကယ်တမ်း ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက်ချနိုင်သည့် စွမ်းအားမှာ အာရုံ (၆)ပါးကို ထိုက်သလို အာရုံပြု ကြသည့် မနောဒွါရိကဇောဝီထိ နာမ်တရားစုတို့၌ အကျုံးဝင်သော အဓိမောက္ခစေတသိက်၏ အရာသာ ဖြစ်- ပေသည်။
真正具有充分判定所缘之能力的,只是意门速行心路名法聚中的胜解心所;这些名法聚依其所宜取六种所缘。
ရှုကွက် --- ဝုဋ္ဌော၌ နာမ်တရား (၁၂)လုံး ရှိသဖြင့် ယင်းတရားစုတို့မှ အသိစိတ်ကို ရွေးထုတ်၍ အထက်ပါ လက္ခဏ-ရသ စသည်ကို ရှုပါ။
观法——确定心中共有十二种名法;从这组名法中选出识心,观照上述特相、作用等四法。
၁၃။ ဇော - ကုသိုလ်ဇော
十三、速行:善速行
၁။ အနဝဇ္ဇသုခဝိပါကလက္ခဏံ ကုသလံ၊ ၂။ အကုသလဝိဒ္ဓံသနရသံ၊ ၃။ ဝေါဒါနပစ္စုပဋ္ဌာနံ၊ ၄။ ယောနိသောမနသိကာရပဒဋ္ဌာနံ။ (အဘိ-ဋ္ဌ-၁-၁ဝ၅။) ၁။ အဝဇ္ဇပဋိပက္ခတ္တာ ဝါ အနဝဇ္ဇလက္ခဏမေဝ ကုသလံ၊ ၂။ ဝေါဒါနဘာဝရသံ၊ ၃။ ဣဋ္ဌဝိပါကပစ္စုပဋ္ဌာနံ၊ ၄။ ယောနိသောမနသိကာရပဒဋ္ဌာနံ။ (အဘိ-ဋ္ဌ-၁-၁ဝ၅။)
《义注》列出善法的两组四法。第一组为:一、以无过失、能招感乐果为特相;二、以摧毁不善为作用;三、以净白为现起;四、以如理作意为近因。第二组为:一、由于善与有过失之法相反,故只以无过失为特相;二、以成为净白为作用;三、以具有可意果报为现起;四、以如理作意为近因。(《阿毗达磨义注》1-105。)
原书第 189 页
လက္ခဏာဒိစတုက္ကပိုင်း -- ဝိညာဏက္ခန္ဓကထာ အခန်း ၁။ အပြစ်မရှိခြင်း ကောင်းသောအကျိုးကို ပေးခြင်းသဘော လက္ခဏ၊ ၂။ အကုသိုလ်ကို ဖျက်ဆီးခြင်း (ကိစ္စ) ရသ၊ ၃။ ဖြူစင်သော သဘောတရား (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်၊ ၄။ ယောနိသောမနသိကာရ ပဒဋ္ဌာန်။
第一组的四法是:一、以没有过失并能带来善妙果报为特相;二、以摧毁不善为作用;三、以清净、净白的状态——即智前显现的行相——为现起;四、以如理作意为近因。
တစ်နည်း သာဝဇ္ဇ = အပြစ်နှင့်တကွ ဖြစ်သော အကုသိုလ်၏ ဆန့်ကျင်ဘက်ဖြစ်သောကြောင့် --- ၁။ အပြစ်မရှိခြင်းသာလျှင် ဖြစ်သောသဘော လက္ခဏ၊ ၂။ ဖြူစင်ခြင်း (သမ္ပတ္တိ) ရသ၊ ၃။ ကောင်းမြတ်သော ဣဋ္ဌဝိပါက အကျိုးတရားရှိမှု (ဖလ) ပစ္စုပဋ္ဌာန်၊ ၄။ ယောနိသောမနသိကာရ ပဒဋ္ဌာန်။
另一组的四法是:一、因为善与有过失的不善正相反,故只以无过失为特相;二、以成为清净、净白为作用;三、以具有善妙可意的果报这一结果为现起;四、以如理作意为近因。
ကုသိုလ်ဟူသည်
何谓善
ယုတ်မာကုန်သော အကုသိုလ်တရားတို့ကို လှုပ်ရှားစေတတ် ဖျက်ဆီးတတ်ကုန်သည်၏ အဖြစ်ကြောင့် ကုသိုလ်မည်ကုန်၏။ (ကုသိုလ်စိတ်နှင့်တကွသော ယှဥ်ဖက်သမ္ပယုတ်တရား အားလုံးကို ရည်ညွှန်းထားသည်။) ယင်းကုသိုလ် နာမ်တရားစုတို့သည် စက်ဆုပ်အပ်ကုန်သော ယုတ်မာကုန်သော အကုသိုလ်တရားတို့ကို တဒင်္ဂ- ပဟာန်ဖြင့်လည်း လှုပ်ရှားစေတတ်ကုန်၏၊ ဝိက္ခမ္ဘနပဟာန်ဖြင့်လည်း လှုပ်ရှားစေတတ်ကုန်၏၊ သမုစ္ဆေဒပဟာန် ဖြင့်လည်း အကြွင်းမဲ့ ဖျက်ဆီးတတ်ကုန်၏။ ထိုသို့ စက်ဆုပ်ဖွယ် အကုသိုလ်တရားတို့ကို ပဟာန် (၃)ပါးတို့ဖြင့် လှုပ်ရှားစေတတ် ဖျက်ဆီးတတ်ကုန်သည်၏ အဖြစ်ကြောင့် ထိုနာမ်တရားစုတို့သည် ကုသိုလ်တရားတို့ မည်ကုန်၏။
诸法因为能够动摇、摧毁卑劣的不善法,所以称为善。〔这里是指善心及其一切相应法。〕这些善名法聚能以彼分断动摇可厌、卑劣的不善法;能以镇伏断动摇它们;又能以正断把它们无余摧毁。正因为能够以这三种断动摇、摧毁可厌的不善法,这些名法聚才称为善法。
(အဘိ-ဋ္ဌ-၁-၈၁။)
(《阿毗达磨义注》1-81。)
တစ်နည်း --- အကုသိုလ်တရားတို့သည် စက်ဆုပ်ဖွယ်ကောင်းသော ရွံရှာဖွယ်ကောင်းသော အခြင်းအရာ အားဖြင့် သတ္တဝါတို့၏ သန္တာန်၌ ကိန်းဝပ်တတ် ဖြစ်တတ်ကုန်သည်၏ အဖြစ်ကြောင့် ကုသတို့ မည်ကုန်၏။
另一释——不善法以可厌、可憎的状态潜伏、生起于有情相续中,所以称为 kusa。
အကြင် နာမ်တရားစုတို့သည်ကား စက်ဆုပ်ဖွယ် ရွံရှာဖွယ်ကောင်းသော အခြင်းအရာအားဖြင့် သတ္တဝါတို့၏ သန္တာန်၌ ကိန်းဝပ်တည်နေကြကုန်သော ကုသမည်သော အကုသိုလ်တရားတို့ကို ဖြတ်တောက်ပစ်တတ်ကြကုန်၏၊ ထိုကြောင့် ထိုနာမ်တရားစုတို့သည် ကုသိုလ်တို့ မည်ကုန်၏။ အကုသိုလ်တရားတို့သည် ရာဂ ဒေါသ မောဟ မာန်မာန စသော မစင်မကြယ် ရွံရှာစက်ဆုပ်ဖွယ် တရားဆိုးတို့နှင့် ယှဥ်ကုန်သောကြောင့်လည်းကောင်း၊ အပါယ် သံသရာဝဋ်ဆင်းရဲ အစရှိသော ဆင်းရဲဒုက္ခ အမျိုးမျိုး၏ အကြောင်းဖြစ်သောကြောင့်လည်းကောင်း ရွံရှာစက်- ဆုပ်ဖွယ် တရားတို့ ဖြစ်ကြ၏။ ထို ရွံရှာစက်ဆုပ်ဖွယ် အကုသိုလ်တရားတို့ကို ဖြတ်တတ်ကုန်၏ ဟူသည် တဒင်္ဂ- ပဟာန် ဝိက္ခမ္ဘနပဟာန် သမုစ္ဆေဒပဟာန်တို့ဖြင့် ထိုက်သည့်အားလျော်စွာ ပယ်သတ်ခြင်းတည်း။ ဝိပဿနာဉာဏ် ပြဓာန်းသော မဟာကုသိုလ်သည် တဒင်္ဂအားဖြင့်၊ မဟဂ္ဂုတ်ကုသိုလ်သည် ဝိက္ခမ္ဘနအားဖြင့်၊ လောကုတ္တရာ
能够截断有情相续中以可厌、可憎状态潜伏的 kusa——不善法——的名法聚,因而称为 kusala,即善法。不善法与贪、嗔、痴、慢等污秽而可厌的恶法相应,又是恶趣、轮回苦等种种苦难之因,所以是可厌、可憎之法。所谓截断这些可厌的不善法,是指依其所宜以彼分断、镇伏断与正断加以舍断:以观智为主的大善依彼分断,广大善依镇伏断,出世间——
မဂ်ကုသိုလ်သည် သမုစ္ဆေဒအားဖြင့် ရွံရှာစက်ဆုပ်ဖွယ် အကုသိုလ်တရားတို့ကို ပယ်ရှားနိုင်ပေသည်။
——道善依正断,舍断可厌的不善法。
(အဘိ-ဋ္ဌ-၁-၈၁။)
(《阿毗达磨义注》1-81。)
တစ်နည်း စက်ဆုပ်အပ်ကုန်သော အကုသိုလ်တရားတို့ကို တဒင်္ဂပဟာန် ဝိက္ခမ္ဘနပဟာန်ဖြင့် နည်းပါးအောင် ပြုတတ်သည်၏ အဖြစ်ကြောင့်၊ သမုစ္ဆေဒပဟာန်ဖြင့် အဆုံးကို ပြုတတ်သည်၏ အဖြစ်ကြောင့် ဉာဏ်သည် ကုသ မည်၏။ ဝိပဿနာ မဟာကုသိုလ်နှင့် ယှဥ်သော ဉာဏ်သည် ရွံရှာစက်ဆုပ်ဖွယ် အကုသိုလ်တရားတို့ကို တဒင်္ဂပဟာန်ဖြင့် နည်းပါးအောင် ခေါင်းပါးအောင် ပြုတတ်၏။ ရူပါဝစရစျာန်ကုသိုလ် အရူပါဝစရစျာန်ကုသိုလ်နှင့် ယှဥ်သောဉာဏ်သည် ရွံရှာစက်ဆုပ်ဖွယ် အကုသိုလ်တရားတို့ကို ဝိက္ခမ္ဘနပဟာန်အားဖြင့် ခပ်ကြာကြာ ခွာထား
另一释:智以彼分断、镇伏断使可厌的不善法减少,又以正断令其终尽,所以称为 kusa。与观慧大善相应的智,以彼分断令可厌的不善法减少、稀薄;与色界禅善、无色界禅善相应的智,以镇伏断令这些不善法在较长时间内远离,并使之减少、稀薄;与出世间——
原书第 190 页
နိုင်၏၊ နည်းပါးအောင် ခေါင်းပါးအောင် ပြုနိုင်၏။ လောကုတ္တရာမဂ်ကုသိုလ်နှင့် ယှဥ်သော အရိယမဂ်ဉာဏ်သည် ရွံရှာစက်ဆုပ်ဖွယ် အကုသိုလ်တရားတို့ကို အကြွင်းမဲ့ပယ်သတ်ခြင်း သမုစ္ဆေဒပဟာန်ဖြင့် အဆုံးကို ပြုတတ်၏။
——道善相应的圣道智,则以无余舍断的正断令可厌的不善法终尽。
ထိုကြောင့် ယင်းဉာဏ် အသီးအသီးသည် ကုသ မည်၏။ ကုသမည်သော ဉာဏ်သည် ရယူထိုက်ကုန်သည်၏ အဖြစ်ကြောင့် ဖြစ်စေထိုက်ကုန်သည်၏ အဖြစ်ကြောင့် ထိုနာမ်တရားစုတို့သည် ကုသိုလ်တို့ မည်ကုန်၏။ ဤ၌ ''ဖြစ်စေ''ဟူသည်လည်း ဉာဏ်က ဉာဏသမ္ပယုတ် ကုသိုလ်တရားတို့ကို သဟဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြု ပေးခြင်း ဖြစ်စေခြင်း၊ ဉာဏဝိပ္ပယုတ် ကုသိုလ်တရားတို့ကို ပကတူပနိဿယ ပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးခြင်း ဖြစ်စေခြင်းတည်း။ (အဘိ-ဋ္ဌ-၁-၈၁။) တစ်နည်း --- သမန်းမြက်တို့ကို လက်ဖြင့် ဆုပ်ကိုင်လိုက်သောအခါ ယင်းသမန်းမြက်တို့သည် ဆုပ်ထား- သော လက်၏ အတွင်းဘေး (၂)ဘက်၌ တည်သော လက်၏ အစိတ်အပိုင်းအရပ်ကို ဖြတ်တတ်ကုန်သကဲ့သို့ ရှတတ် ကုန်သကဲ့သို့ ဤဥပမာအတူပင် --- ဤကုသိုလ်တရားတို့သည်လည်း ဖြစ်ပြီးသော ကိလေသာ၊ မဖြစ်သေးသော ကိလေသာတို့၏ အဖြစ်ဖြင့် နှစ်ဘက်သော အဖို့၌ ဖြစ်သော ကိလေသာ အသင်းအပင်းကို
所以,每一种这样的智都称为 kusa。称为 kusa 的智值得获得,也应使之生起;因此,与智同组的名法聚便称为 kusala,即善法。这里“使之生起”是指:智以俱生缘力资助、令智相应善法生起,又以自然亲依止缘力资助、令智不相应善法生起。(《阿毗达磨义注》1-81。)另一譬喻是:用手抓住长而尖利的茅草时,茅草会割伤握持它的手掌两侧;同样,这些善法也像茅草一样,能够割断——
သမန်းမြက်တို့ကဲ့သို့ ဖြတ်တတ်ကုန်သည်၏ အဖြစ်ကြောင့်လည်း ကုသိုလ်တို့ မည်ကုန်၏။
——已生与未生两方面的烦恼群,所以称为善。
၁။ အနုပ္ပန္နာနံ ပါပကာနံ အကုသလာနံ ဓမ္မာနံ အနုပ္ပါဒါယ ဆန္ဒံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ၊ ၂။ ဥပ္ပန္နာနံ ပါပကာနံ အကုသလာနံ ဓမ္မာနံ ပဟာနာယ ဆန္ဒံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ။ (မ-၁-၈၉။) ၁။ မဖြစ်ကုန်သေးသော ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့၏ မဖြစ်ခြင်းငှာ ဆန္ဒကို ဖြစ်စေ၏၊ ကြိုးစား အားထုတ်၏၊ ဝီရိယကို ဖြစ်စေ၏၊ စိတ်ကို ချီးမြှောက်၏၊ လုံ့လ ကြိုးကုတ်၏။
《中部》说:一、为了令未生的恶不善法不生起,他生欲、努力、发勤、策励其心并精进;二、为了舍断已生的恶不善法,他生欲、努力、发勤、策励其心并精进。(《中部》1-89。)第一项即:为了使尚未生起的低劣不善法不生,他引生意欲,努力用功,激发精进,振奋其心,勤勉奋发。
၂။ ဖြစ်ပြီးကုန်သော ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့ကို ပယ်ခြင်းငှာ ဆန္ဒကို ဖြစ်စေ၏၊ ကြိုးစား အားထုတ်၏၊ ဝီရိယကို ဖြစ်စေ၏၊ စိတ်ကို ချီးမြှောက်၏၊ လုံ့လ ကြိုးကုတ်၏။ (မ-၁-၈၉။) သမ္မပ္ပဓာန် (၄)ပါးတို့တွင် ဤသမ္မပ္ပဓာန် (၂)ပါးကို သတိပြုပါ။ ထိုသမ္မပ္ပဓာန်၌ သမ္မာဝါယာမမဂ္ဂင် အဆင့်သို့ ရောက်ရှိလာသော ဝီရိယသည် ဖြစ်ပြီးသော အကုသိုလ်ကိုပယ်ခြင်း၊ မဖြစ်သေးသော အကုသိုလ်ကို မဖြစ်စေခြင်း အားဖြင့် ကိစ္စ နှစ်ပါးကို ရွက်ဆောင်သကဲ့သို့ ကုသိုလ်တရားတို့သည်လည်း ဖြစ်ပြီးသောကိလေသာ မဖြစ်သေးသော ကိလေသာတို့၏ အဖြစ်ဖြင့် နှစ်ဘက်သော အဖို့၌ ဖြစ်သော ကိလေသာ အသင်းအပင်းကို ဖြတ်တတ်ကုန်၏။
第二项即:为了舍断已经生起的低劣不善法,他引生意欲,努力用功,激发精进,振奋其心,勤勉奋发。(《中部》1-89。)四正勤中,应留意这里的两种正勤。在这些正勤里,到达八支圣道正精进层次的精进,能执行舍断已生不善与防止未生不善生起两种作用;同样,善法也能割断已生与未生两方面的烦恼群。
(အဘိ-ဋ္ဌ-၁-၈၁။)
(《阿毗达磨义注》1-81。)
တစ်နည်း အဖွင့်များ
其他释义
အပိစ အာရောဂျဋ္ဌေန၊ အနဝဇ္ဇဋ္ဌေန၊ ကောသလဒသမ္ဘူတဋ္ဌေန စ ကုသလံ။ (အဘိ-ဋ္ဌ-၁-၁ဝ၅။) အာရောဂျဋ္ဌ --- အရောဂဿ ဘာဝေါ အာရောဂျံ --- ဟူသည်နှင့်အညီ အနာရောဂါကင်း၍ ကျန်းမာခြင်း ဂုဏ်ကို --- ''အာရောဂျ''ဟု ခေါ်၏။ အရောဂ၌ ရောဂါဟူသည် (၁) အာတုရတာ = ကျင်နာခြင်းဟူသော ညောင်းညာကိုက်ခဲခြင်း = သွားကိုက်ခြင်း၊ နားကိုက်ခြင်း၊ ခါးကိုက် ခါးနာခြင်း စသည်တည်း။ (၂) ဂေလည = မကျန်းမမာ ဖျားနာခြင်း = ငှက်ဖျား အပူဖျား ပုလိပ်ဖျား စသော အဖျားရောဂါများတည်း။ (၃) ဗျာဓိ = အနာ ဖြစ်ခြင်း ဤ (၃)မျိုးလုံးနှင့် ဆိုင်၏။ ထိုကြောင့် အာရောဂျ၏ သရုပ်ကိုပြရာ၌ --- ''အနာတုရတာယ၊ အဂေလညေန၊ နိဗျာဓိတာယ'' --- ဟု ထို (၃)မျိုးလုံး၏ မရှိခြင်းကို ပြသည်။
无病义——《义注》又说:“善,是依无病义、无过义及由善巧而生义而说。”(《阿毗达磨义注》1-105。)依“无病者的状态称为无病”之说,远离疾病、具足健康这一德,称为无病。这里的疾病包括三类:一、āturatā,即刺痛、酸痛等疼痛,如牙痛、耳痛、腰痛等;二、gelañña,即不适、患病,如疟疾、热病、瘟疫等发热病;三、byādhi,即疮伤。因此,在说明无病的定义时,以“没有刺痛、没有患病、没有疮伤”显示这三类疾病都不存在。
原书第 191 页
လက္ခဏာဒိစတုက္ကပိုင်း -- ဝိညာဏက္ခန္ဓကထာ အခန်း ''ကစ္စိ နု ဘောတော ကုသလံ'' (ခု-၅-၃၂၇။ ခု-၆-၇၇။) = အရှင်အား ကျန်းမာခြင်းဂုဏ်သည် ထင်ရှားရှိပါ ၏လော (= ကျန်းမာပါ၏လော) --- ဟူသော မဟာဟံသဇာတ် ပါဠိတော်၌ ရူပကာယ ခန္ဓာကိုယ်၌ ကျင်နာခြင်း မရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း၊ အဖျားမရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း၊ အနာမရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း ထို (၃)မျိုးသော ရောဂါမရှိသည်၏ အဖြစ်ဟူသော အနက်ကြောင့် ကုသလသဒ္ဒါကို ဟောတော်မူအပ်သကဲ့သို့ အလားတူပင် နာမ်တရား၌လည်း ကိလေသာတည်းဟူသော ထိုးကျင့် နာကျင် ကိုက်ခဲ- ခြင်းရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း၊ ကိလေသာတည်းဟူသော မကျန်းမာသူ၏ အဖြစ်၏လည်းကောင်း၊ ကိလေသာတည်းဟူသော အနာ၏လည်းကောင်း မရှိသည့်အတွက် ထို (၃)မျိုးသော ရောဂါမရှိသည်၏ အဖြစ် ဟူသော အနက်ကြောင့် ကုသလဟူ၍ သိရှိပါလေ။ ဤအလို ကုသိုလ်ဟူသည် ကိလေသာတည်းဟူသော ထိုးကျင့်
《大鹅本生》圣典问道:“尊者身体安好吗?”——直译为“尊者是否明显具有健康之德?”(《小部》5-327;6-77。)这部圣典依身体没有刺痛、没有热病、没有疮伤,也就是三类疾病皆无之义,使用 kusala 一词。同样,对名法也应依三种病皆不存在之义理解“善”:没有作为烦恼的刺痛疼痛,没有作为烦恼的不健康,也没有作为烦恼的疮伤。依此解释,善就是没有作为烦恼之刺痛——
ဖျနးနာရောဂါ မရှိသောတရား ဟူလိုသည်။ (အဘိ-ဋ္ဌ-၁-၁ဝ၅။) အနဝဇ္ဇဋ္ဌ --- ကိလေသာတည်းဟူသော အပြစ်၊ ကိလေသာတည်းဟူသော အညစ်အကြေး ဒေါသ၊ ကိလေသာတည်းဟူသော ပူပန်မှု ပူလောင်မှု၏ မရှိခြင်းကြောင့် = မရှိသည့်အတွက် ကုသိုလ်တရားစုတို့သည် အနဝဇ္ဇတရား အပြစ်မရှိသော တရားတို့ ဖြစ်ကြ၏။ ထိုသို့ အပြစ်မရှိသည်၏ အဖြစ်ဟူသော အနက်သဘော ကြောင့်လည်း ကုသိုလ် မည်၏။
——、疼痛的病法。(《阿毗达磨义注》1-105。)无过义——由于不存在作为过失的烦恼,不存在作为污垢、恶法的烦恼,也不存在作为热恼、烧灼的烦恼,善名法聚便是无过法;依这种无过之义,也称为善。
ကောသလဒဋ္ဌ --- ကုသလ သဒ္ဒါသည် --- ၁။ အာရောဂျ = ကျန်းမာခြင်း အနာကင်းခြင်း အနက်၊ ၂။ အနဝဇ္ဇ = အပြစ်မရှိခြင်း အနက်၊ ၃။ သုခဝိပါက = ကောင်းသော ချမ်းသာသော အကျိုးကိုပေးခြင်း အနက်၊ ၄။ ဆေက = လိမ္မာခြင်း အနက်တို့ကို ဟော၏။
善巧义——kusala 一词可表达四义:一、ārogya,无病、健康;二、anavajja,无过;三、sukhavipāka,能带来善妙、安乐果报;四、cheka,善巧。
ကုသလဿ ဘာဝေါ ကောသလံဒ --- ဟု ပြုသောအခါ ယင်း ကောသလဒ-သဒ္ဒါသည် အာရောဂျဂုဏ် အနဝဇ္ဇဂုဏ် သုခဝိပါကဂုဏ်တို့ကိုလည်း ဟောခွင့်ရှိ၏။ ဆေက = ကျွမ်းကျင်နားလည်သူ ဖြစ်ကြောင်းဖြစ်ရာ ဉာဏ်ပညာ အနက်ကိုလည်း ဟော၏။ ထိုကြောင့် --- ကောသလဒံ ဝုစ္စတိ ပညာ (အဘိ-ဋ္ဌ-၁-၁ဝ၅။)ဟု အဋ္ဌ ကထာက ဖွင့်ဆိုထား၏။
若依“善的状态称为善巧(kosalla)”解释,kosalla 一词也可以表示无病、无过与能招感乐果三种德;又因为 cheka 指熟练而明达的人,所以也可以表达智慧义。因此《义注》说:“智慧称为善巧。”(《阿毗达磨义注》1-105。)
ကျွမ်းကျင်နားလည်သူ ဖြစ်ကြောင်းဖြစ်ရာ ဉာဏ်ပညာကို ကောသလဒဟူ၍ ဆို၏။ ကုသိုလ်နာမ်တရားစု တို့သည် ကောသလဒ အမည်ရသော ဉာဏ်ပညာကြောင့် ကောင်းစွာ ဖြစ်ပေါ်လာကြရ၏။ ဉာဏ်ပညာကြောင့် ကောင်းစွာ ဖြစ်သည်၏ အဖြစ်ဟူသော အနက်ကြောင့် ယင်းနာမ်တရားစုသည် ကုသိုလ် မည်၏။
能使人熟练明达的智慧,称为善巧。善名法聚由称为善巧的智慧而善妙生起;依“由智慧而善妙生起”之义,这组名法便称为善。
(အဘိ-ဋ္ဌ-၁-၁ဝ၅။)
(《阿毗达磨义注》1-105。)
ဧကဒေသူပစာရ --- ကုသိုလ်တရားအားလုံးတို့၏ ကောသလဒဟူသော အမည်ကို ယင်း ကုသိုလ်တရား တို့တွင် အကျုံးဝင်သော အစိတ်ဖြစ်သော ပညာ၌ တင်စား၍ အစိတ်ဖြစ်သောပညာကို ကောသလဒဟူ၍ ဖွင့်ဆို ထားသော ဧကဒေသူပစာရစကားဟု မှတ်ပါ။
部分借称——应知这里是以部分借称的方式,把一切善法共有的“善巧”之名借用于善法中所含的一个部分——智慧——而把智慧解释为善巧。
ဉာဏသမ္ပယုတ် = ဉာဏ်နှင့်ယှဥ်သော ကုသိုလ်သည် ဤသို့လျှင် ကောသလဒ အမည်ရသော ဉာဏ်ပညာ ကြောင့် ကောင်းစွာဖြစ်ပေါ်လာရသည်၏ အဖြစ်ဟူသော အနက်သဘောကြောင့် ကုသလမည်သည် ရှိပါစေ- ဦးတော့၊ ဉာဏဝိပ္ပယုတ် = ဉာဏ်နှင့်မယှဥ်သော ကုသိုလ်သည် အဘယ်နည်းဖြင့် ကုသလမည်သည် ဖြစ်နိုင်ပါ သနည်း။ ဤကား အမေးတည်း။ (ဉာဏဝိပ္ပယုတ်ကုသိုလ်ကား ဉာဏ်မပါသော ကုသိုလ်မျိုး ဖြစ်သဖြင့် ဉာဏ် ကြောင့်ဖြစ်သည်ဟု မဆိုနိုင်သည့်အတွက် ထိုသို့မေးခြင်း ဖြစ်သည်။)
智相应善依“由称为善巧的智慧而善妙生起”之义,固然可以称为善;那么,智不相应善没有智慧,又怎样能够称为善呢?这是所问。〔因为智不相应善不含智慧,不能说由智慧而生,所以提出这个问题。〕
原书第 192 页
ဥပမာ --- တာလဝဏ္ဋဟူသော အမည်သည် ထန်းရွက်ယပ်ဝန်း၏ အမည်ဖြစ်သည်။ ထန်းရွက်တို့ဖြင့် မပြုလုပ်ဘဲ နှီး စသည်တို့ဖြင့် ပြုလုပ်ထားသော ယပ်ဝန်းကိုလည်း ထိုထန်းရွက်ယပ်ဝန်းနှင့် တူသည့်အတွက် တင်စား၍ --- တာလဝဏ္ဋ = ထန်းရွက်ယပ် --- ဟု ခေါ်ဆိုသကဲ့သို့ --- အလားတူပင် ဉာဏဝိပ္ပယုတ်ကုသိုလ် နာမ်တရားစုကိုလည်း ကုသိုလ်ဟူ၍သာလျှင် သိရှိပါလေ။ (အဘိ-ဋ္ဌ-၁-၁ဝ၅။)
譬如 tālavaṇṭa 本是棕榈叶扇的名称;不是用棕榈叶、而是用竹篾等制成的扇子,因为形状与棕榈叶扇相似,也借称为 tālavaṇṭa——棕榈叶扇。同样,智不相应善的名法聚也仍应称为善。(《阿毗达磨义注》1-105。)
မုချအားဖြင့် မှတ်ရန်
依本义须知
ပရိယာယ်မဖက် မုချသက်သက်အားဖြင့်ကား ဉာဏသမ္ပယုတ် ကုသိုလ်သည် --- ၁။ အာရောဂျဋ္ဌ = အနာရောဂါကင်းခြင်းဟူသော အနက်၊ ၂။ အနဝဇ္ဇဋ္ဌ = အပြစ်မရှိခြင်းဟူသော အနက်၊ ၃။ ကောသလဒသမ္ဘူတဋ္ဌ = ကောသလဒ အမည်ရသော ဉာဏ်ပညာကြောင့် ဖြစ်ရခြင်းဟူသော အနက် --- ဤ (၃)မျိုး အပြားရှိသော အနက်သဘောကြောင့် ကုသိုလ် မည်၏။ ဉာဏဝိပ္ပယုတ်ကုသိုလ်ကား --- ၁။ အာရောဂျဋ္ဌ = အနာရောဂါကင်းခြင်းဟူသော အနက်၊ ၂။ အနဝဇ္ဇဋ္ဌ = အပြစ်မရှိခြင်းဟူသော အနက် --- ဤ (၂)မျိုးသော အနက်ကြောင့်သာလျှင် ကုသိုလ်ဟူသော အမည်ကို ရရှိပေသည်။ (အဘိ-ဋ္ဌ-၁-၁ဝ၅၊၊) အနဝဇ္ဇသုခဝိပါကလက္ခဏ --- ကုသိုလ်၏ လက္ခဏ-ရသ စသည်ကို ပြဆိုရာဝယ် အဋ္ဌကထာ၌ (၂)နည်း တင်ပြထား၏။ ပထမနည်း၌ ကုသိုလ်၏ လက္ခဏကို ပြဆိုရာဝယ် အနဝဇ္ဇဟူသော စကား၊ သုခဝိပါကဟူသော စကား --- ဤစကား နှစ်ပုဒ်တို့ဖြင့် သတ်မှတ်၍ ပြဆိုထား၏။
若完全依本义而不含借称,智相应善依三义称为善:一、无病义;二、无过义;三、由称为善巧的智慧而生义。智不相应善则只依两义取得善名:一、无病义;二、无过义。(《阿毗达磨义注》1-105。)无过失、能招感乐果之特相——《义注》以两种方法说明善的特相、作用等。第一种方法说明善的特相时,以“无过失”与“能招感乐果”两个词加以界定。
ဤကုသိုလ်တရားတို့ဝယ် ပြောဆို ကဲ့ရဲ့ထိုက်သော အပြစ်အနာအဆာ မရှိသောကြောင့် ဤကုသိုလ်တရား တို့သည် အနဝဇ္ဇ မည်၏။ ကဲ့ရဲ့ထိုက်သည်၏အဖြစ်ဟူသော အပြစ်မှကင်းကုန်သော တရား၊ ကိလေသာ အပြစ် အနာအဆာ မရှိကုန်သော တရားတို့ဟု ဆိုလို၏။
这些善法没有可受指责的过失与缺陷,所以称为无过;也就是远离应受指责之过失、没有烦恼过患与缺陷的法。
ထိုအနဝဇ္ဇဟူသော ပုဒ်ဖြင့် ထိုကုသိုလ်တရားတို့၏ မကဲ့ရဲ့ထိုက်ကုန်သည်၏ အဖြစ်ကို ညွှန်ပြ၏။ ကဲ့ရဲ့ဖွယ် အပြစ်၏ ကင်းခြင်းမျှကို ညွှန်ပြသည်ကား မဟုတ်။ ကုသိုလ်မှ အခြားတစ်ပါးလည်း ဖြစ်ကုန်သော ကိလေသာ အပြစ်အနာအဆာ မရှိကြကုန်သော ဝိပါက်အဗျာကတတရား၊ ကိရိယအဗျာကတတရားတို့သည်လည်း ရှိကြ- ကုန်သေးသည်သာတည်း။ ထိုကြောင့် အနဝဇ္ဇ-ဟူသော စကားမျှဖြင့် ကုသိုလ်တရားတို့သည် ''အနဝဇ္ဇလက္ခဏာ'' ရှိကုန်၏ဟု ဤမျှသာ ဆိုလိုက်လျှင် အဗျာကတတရားတို့သည်လည်း ကိလေသာအပြစ် မရှိသောကြောင့် အနဝဇ္ဇ ပင်ဖြစ်ရကား ထိုအဗျာကတတရားတို့သည်လည်း ကုသိုလ်ဖြစ်မှု၌ လျဥ်းပါးဖွယ် = ယုံမှားဖွယ်ရှိသောကြောင့် အဗျာကတတရားတို့၏ ကုသိုလ်၏ အဖြစ်သို့ ရောက်ခြင်းဟူသော အပြစ်ကို မြင်၍ ထိုအပြစ်ကို ပယ်ရှားခြင်းငှာ သုခဝိပါကဟူသော စကားတစ်ရပ်ကို အဋ္ဌကထာဆရာတော်က ထပ်ဆင့်၍ဖွင့်ဆိုရပြန်သည်။ (မူလဋီ-၁-၃၁၊၊)
“无过”一词显示这些善法不应受指责,但它不只显示远离可责过失。善法以外,还有同样没有烦恼过患的果报无记法与唯作无记法。因此,如果只说善法“以无过为特相”,无记法也无烦恼过患而同属无过,便可能被怀疑也是善法。义注师看出无记法可能因此被误摄为善的过失,为了排除这一点,进一步加上“能招感乐果”一词。(《根本复注》1-31。)
တစ်နည်း --- မဇ္ဈိမပဏ္ဏာသပါဠိတော် ဗာဟိတိကသုတ္တန် (မ-၂-၃၁၈။)၌ ဘုရားရှင်၏ ကာယသမာစာရ၊ ဝစီသမာစာရ၊ မနောသမာစာရကို ''အနဝဇ္ဇ''ဟု အရှင်အာနန္ဒာ မထေရ်မြတ်က မိန့်ဆိုထား၏။ ထိုသုတ္တန်၌ -- အဝဇ္ဇ-၏ ဆန့်ကျင်ဘက်အနက်ကို အနဝဇ္ဇဟု မဆိုရ၊ မနောသမာစာရတို့တွင် ပဋိပဿဒ္ဓိပဟာနသတ္တိ = အရိယ မဂ်တရားဖြင့် ပယ်ရှားအပ်ပြီးသော ကိလေသာ အပူမီးတို့ကို အငြိမ်းကြီးငြိမ်းအောင် ထပ်၍ ငြှိမ်းသတ်သော သတ္တိဖြင့် ကဲ့ရဲ့ဖွယ် အပြစ်တို့မှ ငြိမ်းပြီးသော အရိယဖိုလ်တရားတည်းဟူသော မနောသမာစာရအထူးကိုလည်း-
另一释——《中部·婆希提迦经》(《中部》2-318)中,阿难长老把世尊的身正行、语正行与意正行称为“无过”。在该经里,“无过”不是“有过”的反义专名:意正行中既包括以安息断力把圣道已经舍断的烦恼热火进一步彻底寂灭、远离可责过失的特殊意正行——圣果法,也包括一般远离可责过失的身、语、意三种——
原书第 193 页
လက္ခဏာဒိစတုက္ကပိုင်း -- ဝိညာဏက္ခန္ဓကထာ အခန်း ကောင်း၊ ကဲ့ရဲ့ဖွယ် အပြစ်တို့မှ ကင်းသော သမာစာရသာမည သုံးပါးလုံးကိုလည်းကောင်း ''အနဝဇ္ဇ''ဟု ဆိုသည်။
——正行,三者都被称为“无过”。
ဤ၌-အနဝဇ္ဇကား ထိုဗာဟိတိကသုတ်၌လာသော ''အနဝဇ္ဇ''မျိုး မဟုတ်။ အကုသလာ၌ အ (=န)သည် ဆန့်ကျင်- ဘက် ပဋိပက္ခ-အနက်ကို ဟောသကဲ့သို့ ဤ-အနဝဇ္ဇ၌ န-သဒ္ဒါသည်လည်း အဝဇ္ဇပဋိပက္ခ = အပြစ်၏ ဆန့်ကျင်- ဘက်ဖြစ်သော အနဝဇ္ဇ ဖြစ်၏။ ထိုသို့ အပြစ်ရှိသော အဝဇ္ဇတရားတို့၏ ထိပ်တိုက်ဆန့်ကျင်ဘက် ပဋိပက္ခတရား တို့ကို အနဝဇ္ဇဟု ဆိုသောကြောင့် ပဋိပက္ခ = ဆန့်ကျင်ဘက်တရားမှန်လျှင် ပယ်သတ်အပ်သော တရားသဘော = အပယ်သတ်ခံရသော တရားသဘောနှင့် ပယ်သတ်တတ်သော တရားသဘောသာ ရှိသဖြင့် ထိုအနဝဇ္ဇသဒ္ဒါဖြင့် ကုသိုလ်တရားတို့က အဝဇ္ဇ = အကုသိုလ် အပြစ်တို့ကို ဖျက်ဆီးသတ်ဖြတ်နိုင်သည့် စွမ်းအင်သတ္တိရှိသည်၏ အဖြစ်ကို ပြအပ်ပြီးပင် ဖြစ်တော့သည်။ (မူလဋီ-၁-၃၁။) တစ်ဖန် အနဝဇ္ဇသဒ္ဒါဖြင့် ကုသိုလ်တရားတို့သည် အကုသိုလ်တရားတို့ကို သတ်တတ်သောတရားဟု အဓိပ္ပါယ်ပြပြီးဖြစ်လျှင် ကုသိုလ်အတွက် အကုသိုလ် အဗျာကတတို့နှင့် မဆက်ဆံသော သီးခြားလက္ခဏာကို
这里的“无过”并不是《婆希提迦经》中那种用法。正如“不善”中的 a〔不〕表示直接相反,这里的否定词也表示与有过直接相反的无过。凡是与有过法正相反的法,便存在所断与能断的关系;所以“无过”一词已经显示善法具有摧毁、舍断有过不善法的力量。(《根本复注》1-31。)既然“无过”已经说明善法能杀灭不善,也已显示善法不共于不善与无记的独特特相,所需义理似已齐备;那么为什么还要再说“能招感乐果”这一特相呢?这个问题的答案是:能给果、令果生起的“有果报”特相虽然能把善、不善与无记区分开来,却是善与不善共有的特相;因此还需要——
ပြပြီးဖြစ်သောကြောင့် လိုအပ်သော အနက်ပြည့်စုံပြီး ဖြစ်ပါလျက် အဘယ်အကျိုးငှာ --- သုခဝိပါကလက္ခဏာ ကို ဆိုရပြန်ပါသနည်းဟု မေးဖွယ် ရှိလာပြန်၏။ --- ''အကျိုးကို ပေးခြင်း = အကျိုးကို ဖြစ်စေခြင်း'' ဟူသော သဝိပါက လက္ခဏာသည် အဗျာကတတရားတို့မှ ထူးခြားသော လက္ခဏာ ဖြစ်စေကာမူ ကုသိုလ် အကုသိုလ် နှစ်မျိုးလုံးနှင့် ဆက်ဆံသော လက္ခဏာ ဖြစ်၏။ ထို လက္ခဏာ၌ ကုသိုလ်၏ သုခဝိပါကလက္ခဏာ = ကောင်းသော အကျိုးကိုပေးခြင်း သဘောလက္ခဏာသည် အကုသိုလ်၏ ဒုက္ခဝိပါကလက္ခဏာ = မကောင်းသော အကျိုးကိုပေးခြင်း သဘောလက္ခဏာမှ ထူး၏။ ထိုအထူးကို ပြခြင်းငှာ သုခဝိပါက-ဟူသော စကားရပ်ကို ကူစွက်ရပြန်ပေသည်။ (မူလဋီ-၁-၃၁။) ကုသိုလ်တရားတို့၏ ကောင်းမြတ်သော ဣဋ္ဌအကျိုးတရားသည်ကား ထင်ရှားနေသည်သာ ဖြစ်၏၊ ထိုကြောင့် ထိုကုသိုလ်တရားတို့သည် သုခဝိပါက = ကောင်းမြတ်သော ဣဋ္ဌအကျိုးရှိသော တရားတို့ မည်ကုန်၏။
——说明两者的差别。善以能招感乐果为特相,能带来善果;不善则以能招感苦果为特相,带来恶果。为了显示这种差别,才再加上“能招感乐果”一词。(《根本复注》1-31。)善法具有善妙可意果,这是显而易见的,所以善法称为能招感乐果之法。
အကျိုးပေးနိုင်ခြင်း = အကျိုးကို ဖြစ်စေနိုင်ခြင်းဟူသော ဝိပါကသဘောသည် ကုသိုလ် အကုသိုလ် နှစ်မျိုးလုံးနှင့် ဆက်ဆံသော သာမညသဘော ဖြစ်၏။ ထိုကြောင့် --- သုခဝိပါက --- အတွက် ''ကောင်းသော ဣဋ္ဌအကျိုးရှိ၏'' ဟူသော အနက်ကိုသာ တိုက်ရိုက်ရသော်လည်း ထိုသုခဝိပါက သဒ္ဒါက ကောင်းသော ဣဋ္ဌအကျိုးရှိခြင်းမျှကိုသာ ညွှန်ပြသည် မဟုတ်၊ ထိုကောင်းသော ဣဋ္ဌအကျိုးကို ဖြစ်စေနိုင်သောစွမ်းအင် ကမ္မသတ္တိရှိ၏ဟူသော အနက် တိုင်အောင် ညွှန်ပြသည်၊ ဆိုလိုရင်းကား သုခဝိပါကသဒ္ဒါဖြင့် ကုသိုလ်တရားတို့မှာ ဖြစ်ဆဲခဏ၌ပင် နောင်အခါ အကျိုးကို ဖြစ်စေနိုင်သော စွမ်းအင် ကမ္မသတ္တိ ရှိနေသည်ဟူသော အနက်သဘောကို ညွှန်ပြသည်ဟူလို။ (ကုသိုလ် တရားတို့သည် ဥပါဒ်-ဌီ-ဘင် သက်တမ်းစေ့၍ ချုပ်ပျက်သွားသော်လည်း ယင်းစွမ်းအင်ကမ္မသတ္တိကား ရုပ်နာမ် သန္တာန်အစဥ်၌ အကျိုးမပေးရသေးသမျှ များသောအားဖြင့် ပျောက်ပျက်မသွားဘဲ ကြွင်းကျန်လျက်ပင် ရှိပေသည်၊၊)
能够给果、令果生起的果报性质,是善与不善共有的一般性质。因此,“能招感乐果”直接所得虽只是“具有善妙可意果”之义,却不只表示已有善妙可意果,还一直表示具有能使这一善果生起的业力。也就是说,这一词显示:善法正在生起的刹那,就已经具有将来能令果生起的业力。〔善法经历生、住、灭三时而灭去以后,这种业力通常仍留存在色名相续中,直到给出果报为止。〕
(မူလဋီ-၁-၃၁။)
(《根本复注》1-31。)
အပြစ်မရှိသော တရားတို့လည်း ဟုတ်၏၊ ထိုအပြစ်မရှိသော တရားတို့ဟူသည် ကောင်းသော အကျိုးရှိသော တရား = ကောင်းသော အကျိုးကို ဖြစ်စေတတ်သော တရားတို့လည်း ဟုတ်၏၊ ထိုနှစ်ပါးသော သတ္တိကြောင့် ကုသိုလ်တရားတို့သည် အနဝဇ္ဇသုခဝိပါကတရားတို့ မည်ကုန်၏။ ထိုကြောင့် ကုသိုလ်တရားတို့သည် အပြစ်မရှိ ကောင်းသော အကျိုးကိုပေးခြင်း သဘောလက္ခဏာ ရှိကုန်၏။
善法既是无过之法,又是具有善果、能够令善果生起之法;正因为具有这两种力量,善法才称为无过失、能招感乐果之法。所以,善法以无过失、能招感乐果为特相。
အနဝဇ္ဇဟူသောစကား၊ သုခဝိပါကဟူသော စကား နှစ်ရပ်တို့တွင် အနဝဇ္ဇဟူသော စကားရပ်ဖြင့် ပဝတ္တိသုခ = ကုသိုလ်တရားတို့၏ ဖြစ်တုန်းဖြစ်ဆဲ အခိုက်မှာပင် ချမ်းသာခြင်းသုခ ရှိမှုသဘောကို ပြ၏။ သုခဝိပါကဟူသော စကားရပ်ဖြင့် ဝိပါကသုခ = ထိုကုသိုလ်က အကျိုးပေးသောအခါ ကောင်းမြတ်သော ဣဋ္ဌအကျိုးကိုပေး၏ဟူသော
在“无过失”与“能招感乐果”两个词中,“无过失”显示现起之乐,也就是善法正在生起时本身具有安乐;“能招感乐果”显示果报之乐,也就是善法给果时带来善妙可意果报。确实——
原书第 194 页
အနက်သဘောကို ပြ၏။ မှန်ပေသည် -- အနဝဇ္ဇဟူသော စကားရပ်သည် မိမိဟူသော ကုသိုလ်တရား၏ ကိလေသာ အပြစ်အနာအဆာ ကင်းကင်းရှင်းရှင်းဖြင့် ဖြစ်ခြင်း သဘောတရား = ဖြစ်ပေါ်ပုံ သဘာဝ၏ အစွမ်းဖြင့် ကုသိုလ်၏ လက္ခဏာအဖြစ်ကို ညွှန်ပြသော စကားတည်း။ သုခဝိပါကဟူသော စကားရပ်သည် ကုသိုလ်စိတ္တုပ္ပါဒ် ဖြစ်ရာ ကာလမှ တစ်ပါးသော နောက်ကာလ၌ ကောင်းမြတ်သော ဣဋ္ဌဝိပါက်အကျိုးတရားကို ဖြစ်စေခြင်း၌ ကုသိုလ် တရား၌ စွမ်းအင် ကမ္မသတ္တိရှိသည်၏ အဖြစ်အားဖြင့် လက္ခဏာ၏ အဖြစ်ကို ပြသော စကားတည်း။
——“无过失”一词,从善法自身不含烦恼过失与缺陷而生起的方式,显示善的特相;“能招感乐果”一词,则从善心生起以后,善法具有在另一后时令善妙可意果报生起之业力的角度,显示善的特相。
(မူလဋီ-၁-၃၁။)
(《根本复注》1-31。)
ထို့ပြင် အနဝဇ္ဇဟူသော စကားရပ်ဖြင့် ကုသိုလ်တရားတို့၏ အတ္တသုဒ္ဓိ = မိမိ ကုသိုလ်တရားကိုယ်တိုင်က ကိလေသာ အညစ်အကြေး ကင်းစင်သဖြင့် စင်ကြယ်မှုရှိခြင်းကို ဖော်ပြ၏၊ သုခဝိပါကဟူသော စကားရပ်ဖြင့် ကုသိုလ်တရားတို့၏ စင်ကြယ်သော အကျိုးရှိကုန်သည်၏ အဖြစ်ကို ဖော်ပြ၏။
再者,“无过失”显示善法自身清净,即善法本身远离烦恼污垢而清净;“能招感乐果”则显示善法具有清净之果。
ထို့ပြင် အနဝဇ္ဇဟူသော စကားရပ်ဖြင့် ကုသိုလ်တရားကို အကုသိုလ်၏ သဘောမှ နစ်စေ၏။ (ကုသိုလ်တရား တို့သည် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားဖြစ်ပေါ်လာခိုက်ဝယ် ထိုကုသိုလ်စိတ္တုပ္ပါဒ်၌ စိတ်စေတသိက်တို့သည် (၃၄-၃၃-၃၂) စသည်ဖြင့် ပြိုင်တူဖြစ်ကြရာဝယ် ထိုစိတ်စေတသိက်အုပ်စု၌ ရာဂ-စသော ကိလေသာ အပြစ်အနာ- အဆာ အညစ်အကြေးများသည် လုံးဝ မပါရှိသဖြင့် ကုသိုလ်တရားတို့သည် ဖြစ်ခိုက်၌လည်း အပြစ်ကင်းသော သဘောရှိသောကြောင့် ကုသိုလ်တရားကို အကုသိုလ်သဘောမှ နစ်စေ၏ဟု ဆိုသည်။) သုခဝိပါကဟူသော နောက်စကားရပ်ဖြင့် ဣဋ္ဌဝိပါကဟူသော ကောင်းမြတ်သော အကျိုးရှိသည်၏ အဖြစ်ကို ပြတတ်သောကြောင့် အကျိုးပေးမှုသဘော မရှိသော အဗျာကတသဘောမှလည်း နစ်စေ၏။ (မူလဋီ-၁-၃၂။) တစ်နည်း --- အနဝဇ္ဇဟူသော ရှေးစကားရပ်ဖြင့် ကုသိုလ်တရားတို့၏ ကိလေသာ အပြစ်အနာအဆာတို့၏ ဆန့်ကျင်ဘက် အဖြစ်ကို ပြခြင်းကြောင့် လုပ်ငန်းကိစ္စ အနက်သဘောရှိသော ရသအားဖြင့် အကုသိုလ်ကို ဖျက်ဆီး-
又,“无过失”把善法从不善性质中排除出来。〔善法按生、住、灭显著生起时,同一善心生起中的心心所三十四、三十三、三十二种等同时生起;这组心心所完全不含贪等烦恼过患、缺陷与污垢,所以善法在生起时就是无过之法,故说这一词把善法从不善性质中排除。〕后一个“能招感乐果”显示善法具有善妙可意果报,因而也把它从没有给果性质的无记法中排除。(《根本复注》1-32。)另一释:前一个“无过失”显示善法与烦恼过患直接相反,因此从作用义的作用来看,显示善具有摧毁——
ခြင်း ကိစ္စရသရှိမှုကို ဖော်ပြ၏။ သုခဝိပါကဟူသော နောက်စကားရပ်ဖြင့် ပြည့်စုံခြင်း အနက်သဘောရှိသော သမ္ပတ္တိရသအားဖြင့် ကောင်းမြတ်သောအကျိုးနှင့် ပြည့်စုံပုံ သမ္ပတ္တိရသ ရှိမှုကို ဖော်ပြ၏။ (မူလဋီ-၁-၃၂။) ထို့ပြင် --- အနဝဇ္ဇဟူသော ရှေးစကားရပ်ဖြင့် ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်အား ရှေးရှူထင်- လာသော အခြင်းအရာဟူသော ဥပဋ္ဌာနာကာရ အနက်သဘောရှိသော ပစ္စုပဋ္ဌာန်အားဖြင့် ယင်းကုသိုလ်တရား သည် ဖြူစင်သော ဝေါဒါနတရားဟု ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်၌ ရှေးရှူထင်လာမှု ဥပဋ္ဌာနာကာရပစ္စုပဋ္ဌာန် ရှိမှုကို ဖော်ပြ၏။ သုခဝိပါကဟူသော နောက်စကားရပ်ဖြင့် အကျိုး = ဖလ အနက်သဘောရှိသော ပစ္စုပဋ္ဌာန် အားဖြင့် ယင်းကုသိုလ်တရားတို့၏ ကောင်းမြတ်သော ဣဋ္ဌဝိပါက အကျိုးရှိမှု = ဖလပစ္စုပဋ္ဌာန်ကို ဖော်ပြ၏။
——不善的作用;后一个“能招感乐果”,则从成就义的作用来看,显示善具有成就善妙果报的作用。(《根本复注》1-32。)再者,前一个“无过失”从在观照者之智前显现的行相——现起行相——这一现起义,显示善法以清净净白之法的方式显现于瑜伽行者之智前;后一个“能招感乐果”则从结果义的现起来看,显示善法具有善妙可意果报这一结果现起。
(မူလဋီ-၁-၃၂။)
(《根本复注》1-32。)
ထို့ပြင် --- အနဝဇ္ဇဟူသော ရှေးစကားရပ်ဖြင့် ယောနိသောမနသိကာရ = နှလုံးသွင်းမှန်မှုဟူသော ကုသိုလ် တရားတို့၏ အနီးကပ်ဆုံးသော အကြောင်း = ပဒဋ္ဌာန်ကို ထင်ရှားစွာ ဖော်ပြ၏။ ထို ယောနိသောမနသိကာရ ဟူသော အာရုံကို နည်းမှန်လမ်းမှန် နှလုံးသွင်းမှုကြောင့်ပင် ထိုကုသိုလ်တရားတို့သည် အပြစ်မရှိသော ကိလေသာ အပြစ် ကင်းသော တရားတို့ ဖြစ်ကြရ၏။ သုခဝိပါကဟူသော နောက်စကားရပ်ဖြင့် ကုသိုလ်တရားတို့က အခြား- သော ကုသလဝိပါက်တရားတို့၏ အနီးကပ်ဆုံးသော အကြောင်းပဒဋ္ဌာန် ဖြစ်မှုကို ဖော်ပြ၏။ မှန်ပေသည် --- ထိုကုသိုလ်တရားတို့သည် ကောင်းမြတ်သော ဝိပါက်အကျိုးတရားတို့၏ အကြောင်းတရားတို့ ဖြစ်ကြကုန်၏။
再者,前一个“无过失”明确显示善法最切近之因——如理作意,也就是正确作意。正因为以正确方式对所缘作意,善法才成为无过、远离烦恼过患之法。后一个“能招感乐果”则显示善法是其他善果报法最切近的因;确实,善法是善妙果报法的因法。
(မူလဋီ-၁-၃၂။) ထိုကြောင့် အနဝဇ္ဇဟူသော စကားရပ် သုခဝိပါကဟူသော စကားရပ် --- ဤစကား နှစ်ရပ်တို့ဖြင့် ကုသိုလ်၏ သဘာဝလက္ခဏာကို အဋ္ဌကထာဆရာတော်က ညွှန်ပြ ဖွင့်ဆိုတော်မူရသည်ဟု မှတ်ပါ။
(《根本复注》1-32。)所以应知,《义注》师是以“无过失”与“能招感乐果”两个词,指示、解释善的自性特相。
原书第 195 页
လက္ခဏာဒိစတုက္ကပိုင်း -- ဝိညာဏက္ခန္ဓကထာ အခန်း အဋ္ဌကထာဝယ် ကုသိုလ်၏ လက္ခဏ-ရသ စသည်ကို (၂)နည်း ဖွင့်ဆိုရာဝယ် နောက်နည်း၌ လက္ခဏအရ အနဝဇ္ဇလက္ခဏာ တစ်ခုတည်းကိုသာ ဖော်ပြ၍ သုခဝိပါကကို --- ဣဋ္ဌဝိပါကပစ္စုပဋ္ဌာနံ = ကောင်းမြတ်သော ဣဋ္ဌအကျိုးတရားရှိမှု သဘောတရားဟု ဖလပစ္စုပဋ္ဌာန်အဖြစ်ဖြင့် ပြဆိုထားပေသည်။ ပထမနည်း၌ ရသဝယ် အကုသလဝိဒ္ဓံသနရသံ = အကုသိုလ်ကို ဖျက်ဆီးခြင်းရသမှာ ကုသိုလ်၏ ကိစ္စရသ ဖြစ်၏။ ဒုတိယနည်း၌ ဝေါဒါ- နဘာဝရသံ = ဖြူစင်သည်၏ အဖြစ်ဟူသော ရသမှာ သမ္ပတ္တိရသ ဖြစ်၏။ ကိစ္စရသကြောင့် ရရှိလာသော ပြည့်စုံ လာသော ဂုဏ်တစ်မျိုးပင် ဖြစ်သည်။
《义注》以两种方法解释善的特相、作用等。第二种方法在特相一项只列“以无过为特相”,把能招感乐果改列为“以具有可意果报为现起”,也就是作为结果现起。第一种方法在作用一项所说“以摧毁不善为作用”,是善的作用义之作用;第二种方法所说“以成为净白为作用”,则是成就义之作用,是由作用义的作用而得到、成就的一种德。
၁၃။ ဇော - အကုသိုလ်ဇော
十三、速行:不善速行
''ကိလေသာတုရတာယ အနာရောဂျဋ္ဌေန ကိလေသဝဇ္ဇသဗ္ဘာဝတော သာဝဇ္ဇဋ္ဌေန အဝိဇ္ဇာသမ္ဘူတတာယ အကောသလျသမ္ဘူတဋ္ဌေန အကုသလ''န္တိ စ --- ၁။ သာဝဇ္ဇဒုက္ခဝိပါကလက္ခဏံ အကုသလံ၊ ၂။ အနတ္ထဇနနရသံ၊ ၃။ သံကိလေသပစ္စုပဋ္ဌာနံ၊ ၄။ အယောနိသောမနသိကာရပဒဋ္ဌာနံ။
《复注》以三义说明“不善”:一、由于受到烦恼之病侵袭,依不健康义;二、由于具有烦恼过患,依有过失义;三、由于从无明而生,依不善巧而生义,故称为不善。其第一组四法是:一、以有过失、能招感苦果为特相;二、以令无益生起为作用;三、以杂染为现起;四、以不如理作意为近因。
၁။ ဂါရယှဘာဝတော ဝါ သာဝဇ္ဇလက္ခဏံ၊ ၂။ သံကိလေသဘာဝရသံ၊ ၃။ အနိဋ္ဌဝိပါကပစ္စုပဋ္ဌာနံ၊ ၄။ အယောနိသောမနသိကာရပဒဋ္ဌာနံ။ (အနုဋီ-၁-၁၂၆။) ၁။ အပြစ်နှင့်တကွဖြစ်ခြင်း မကောင်းသော အကျိုးရှိခြင်းသဘော လက္ခဏ၊ ၂။ အကျိုးမဲ့ကို ဖြစ်စေခြင်း = မကောင်းကျိုးကို ဖြစ်စေခြင်း (ကိစ္စ) ရသ၊ ၃။ စိတ်အစဥ်ကို ညစ်နွမ်းစေတတ်သော သဘောတရား (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်၊ ၄။ အယောနိသောမနသိကာရ = အာရုံကို နည်းမှားလမ်းမှား နှလုံးသွင်းခြင်း ပဒဋ္ဌာန်။
另一组四法是:一、因为不善确实应受指责,故以有过失为特相;二、以成为杂染为作用;三、以具有不可意果报为现起;四、以不如理作意为近因。(《复注》1-126。)第一组即:一、以有过失并能带来恶果为特相;二、以令无益、恶果生起为作用;三、以能污染心相续的法——即智前显现的行相——为现起;四、以不如理作意,也就是错误地对所缘作意,为近因。
တစ်နည်း --- အကုသိုလ်တရားတို့သည် စင်စစ် ကဲ့ရဲ့ထိုက်သောကြောင့် --- ၁။ အပြစ်နှင့်တကွ ဖြစ်ခြင်းသဘော လက္ခဏ၊ ၂။ စိတ်အစဥ် ညစ်နွမ်းသည်၏ အဖြစ်နှင့် ပြည့်စုံခြင်း (သမ္ပတ္တိ) ရသ၊ ၃။ မကောင်းသော အနိဋ္ဌဝိပါက အကျိုးရှိမှု (ဖလ) ပစ္စုပဋ္ဌာန်၊ ၄။ အယောနိသောမနသိကာရ = အာရုံကို နည်းမှားလမ်းမှား နှလုံးသွင်းခြင်း ပဒဋ္ဌာန်။
另一释——因为不善法确实应受指责,所以:一、以有过失为特相;二、以具足污染心相续的状态为作用;三、以具有恶劣、不可意的果报为现起;四、以不如理作意——错误地对所缘作意——为近因。
ကိလေသာတည်းဟူသော ထိုးကျင့်ကိုက်ခဲမှု ရှိနေသည့်အတွက်ကြောင့် အကုသိုလ်တရားတို့သည် အနာ ရောဂါ မကင်းသည့် ကိလေသာအနာရောဂါ ထင်ရှားရှိနေသည့် တရားတို့ ဖြစ်ကြ၏။ အနာရောဂျတရားတို့ ဖြစ်ကြ၏။ ကိလေသာ အပြစ်အနာအဆာများ ထင်ရှားရှိနေသော သဘောတရားများ ဖြစ်ခြင်းကြောင့် သာဝဇ္ဇ တရားတို့လည်း ဖြစ်ကြ၏။ ကုသိုလ်အရာ၌ ပညာသည် ကောသလဒတရား ဖြစ်သကဲ့သို့ အကုသိုလ်အရာ၌ အဝိဇ္ဇာ = မောဟသည် အကောသလဒတရား ဖြစ်၏။ အဝိဇ္ဇာသည် အကုသိုလ်တရားတို့၏ အရင်းအမြစ် မူလတရား တစ်ခု ဖြစ်၏။ အခြေခံအကျဆုံးသော အကြောင်းရင်း ဖြစ်၏။ ထိုကြောင့် အကုသိုလ်တရားတို့သည် အကောသလဒ မည်သော အဝိဇ္ဇာကြောင့် ထင်ရှားဖြစ်ပေါ်လာကြရသော အကောသလဒတရားတို့လည်း ဖြစ်ကြ၏။
由于受到烦恼这种刺痛之病侵袭,不善法是不健康、明显具有烦恼病患之法;由于明显具有烦恼过失和缺陷,它们也是有过失之法。正如在善法方面,智慧是善巧;在不善法方面,无明即痴则是不善巧。无明是不善法的一项根本,是最基础的因;因此,不善法是由称为不善巧的无明所生之法,也依“由不善巧而生”之义而称为不善。
原书第 196 页
ကိလေသာတည်းဟူသော ထိုးကျင့်ကိုက်ခဲမှု ရှိနေသည့်အတွက် ကိလေသာ အနာရောဂါ ထင်ရှားရှိနေသော သဘောတရား ဖြစ်ခြင်းကြောင့်လည်းကောင်း၊ ကိလေသာ အပြစ်အနာအဆာ ထင်ရှားရှိနေသည့် သဘောတရား ဖြစ်သည့်အတွက် အပြစ်နှင့်တကွ ဖြစ်သော သာဝဇ္ဇသဘောတရား ဖြစ်ခြင်းကြောင့်လည်းကောင်း၊ မလိမ္မာသည့် အကောသလဒ အမည်ရသော အဝိဇ္ဇာကြောင့် ထင်ရှားဖြစ်ပေါ်လာရသည့်အတွက် အကောသလဒတရားကြောင့် ထင်ရှားဖြစ်ရခြင်းဟူသော အနက်သဘောကြောင့်လည်းကောင်း အကုသိုလ် မည်၏။
总之,不善法因为受到烦恼这种刺痛之病侵袭,是明显具有烦恼病患的不健康之法;因为明显具有烦恼过失、缺陷,是与过失相伴的有过失之法;又因为由不善巧的无明所生,具有“由不善巧而生”之义,所以称为不善。
သာဝဇ္ဇဒုက္ခဝိပါကလက္ခဏာတိ ဧတ္ထ စ ဝုတ္တဝိဓိအနုသာရေန အတ္ထော စ ယောဇနာ စ ယထာသမ္ဘဝံ ဝေဒိတဗ္ဗာ။ (မူလဋီ-၁-၃၂။) အကုသိုလ်၏ လက္ခဏာကို ပြဆိုရာ၌ ကုသိုလ်ဝယ် ဆိုအပ်ပြီးသော အစီအစဥ်ကို အစဥ်လိုက်၍ အနက် အဓိပ္ပါယ်ကိုလည်းကောင်း၊ အနက်အဓိပ္ပါယ် ယှဥ်စပ်ပုံ ယောဇနာကိုလည်းကောင်း သိရှိပါလေ --- ဟု အထက်ပါ အတိုင်း မူလဋီကာဆရာတော်က အမိန့်ရှိထား၏။ ထိုသို့ မိန့်ဆိုရာ၌ ယထာသမ္ဘဝံ = ဖြစ်သင့်သည့်အားလျော်စွာဟု မိန့်ဆိုထားတော်မူသောကြောင့် ဖြစ်သင့်သလို အနက်အဓိပ္ပါယ် ယှဥ်တွဲပုံကို (အနုဋီကာ-၁-၃၁-၃၂။)တို့၌ ဖော်ပြ ထားသည်။
《根本复注》说:“对于‘以有过失、能招感苦果为特相’这句话,应随顺前述方法,依其所宜理解其意义与义理配释。”(《根本复注》1-32。)这里说“依其所宜”,所以《复注》1-31、32依合理的方式说明了意义如何配合。
သာဝဇ္ဇဒုက္ခဝိပါကလက္ခဏာ အကုသလာ။ (အဘိ-ဋ္ဌ-၁-၈၂။) အကုသိုလ်တရားတို့သည် အပြစ်နှင့်တကွ ဖြစ်ခြင်း၊ မကောင်းသော အကျိုးရှိခြင်း = မကောင်းသော အကျိုးကိုပေးခြင်း သဘောလက္ခဏာရှိကြောင်းကို အဋ္ဌကထာဆရာတော်က ဖွင့်ဆိုထားတော်မူ၏။ ထိုတွင် သာဝဇ္ဇ --- ဟူသော ရှေးစကားရပ်ဖြင့် အကုသိုလ်တရားတို့၏ ကဲ့ရဲ့ထိုက်သည့် ရာဂစသော ကိလေသာအပြစ် ရှိမှုသဘော- ကို ညွှန်ပြ၏။ အကုသိုလ်မှ တစ်ပါးကုန်သော အခြားအခြားဖြစ်ကုန်သော အကုသိုလ်၏ အကျိုးဝိပါက် အဗျာကတ တရားတို့သည်လည်း ရှိကြ၏၊ ထိုအကုသလဝိပါက် အဗျာကတတရားတို့သည်လည်း မကောင်းသော အလိုမရှိအပ် သော အနိဋ္ဌအကျိုးတရားတို့သာ ဖြစ်ရကား ကဲ့ရဲ့ထိုက်သော သဘောများသာ ဖြစ်ကြသောကြောင့် --- အကယ်၍ အကုသိုလ်တရားတို့၏ သဘာဝလက္ခဏာကို ဖော်ပြရာ၌ သာဝဇ္ဇ စကားရပ်တစ်ခု သက်သက်မျှဖြင့်သာ ဖော်ပြ ခဲ့လျှင် ထိုအကုသလဝိပါက် အဗျာကတတရားတို့၏လည်း အကုသိုလ်အဖြစ်သို့ ရောက်ဖွယ်ရာ အပြစ်ဒေါသကို
《义注》说:“不善法以有过失、能招感苦果为特相。”(《阿毗达磨义注》1-82。)前一个“有过失”显示不善法含有贪等应受指责的烦恼过患。不善以外,也有不善果报无记法;这些不善果报无记法也都是恶劣、不可意的果法,同样可说是应受指责的。如果只以“有过失”一个词说明不善的自性相,便可能产生把这些不善果报无记法也归入不善的过失。义注师看见——
မြင်တော်မူ၍ ထိုအပြစ်ကို ရှောင်လွှဲဖို့ရန်အတွက် အဋ္ဌကထာဆရာတော်သည် ဒုက္ခဝိပါကဟူသော နောက်စကား- ရပ်ကိုလည်း ထပ်မံ ဖွင့်ဆိုတော်မူရပြန်သည်။ (အနုဋီ-၁-၃၁။) တစ်နည်း --- သာဝဇ္ဇ၌ အဝဇ္ဇ သဒ္ဒါသည် ရာဂ အစရှိကုန်သော ဧကန် အကုသိုလ်တရားတို့၌သာ ထင်၏။
——这一过失,为了避免它,又加上后一个“能招感苦果”。(《复注》1-31。)另一释是:在“有过失”一词中,“过失”只确立于贪等确定属于不善的法。
ထိုကြောင့် ထိုရာဂစသော တရားတို့နှင့် အတူဖြစ်ကြကုန်သော တရားတို့သည်သာလျှင် သာဝဇ္ဇ = အပြစ်ရှိသော တရားတို့ ဖြစ်ကြ၏။ ယင်းသို့ဖြစ်သော်လည်း ကုသိုလ်အဗျာကတတရားတို့မှ အကုသိုလ်တရားတို့၏ ထူးခြားမှုကို သာဝဇ္ဇဟူသော စကားရပ်ဖြင့်ပင်လျှင် ပြပြီးဖြစ်၏၊ ထိုသို့ပင်ဖြစ်သော်လည်း အဗျာကတတရားတို့မှ ထူးခြားသော ကုသိုလ် အကုသိုလ်တရားတို့၏ ကုသိုလ် အကုသိုလ် နှစ်ခုလုံးနှင့် ဆက်ဆံသော သဝိပါကတာလက္ခဏာ = အကျိုးရှိခြင်း = အကျိုးကိုဖြစ်စေခြင်း သဘောလက္ခဏာရှိသောကြောင့် ထိုလက္ခဏာ၌ ကုသိုလ်တရားနှင့် အကု- သိုလ်တရားတို့၏ မတူကွဲပြားမှု ထူးခြားမှုကို ဖော်ပြခြင်းငှာ ဒုက္ခဝိပါကလက္ခဏံ = မကောင်းသောအကျိုးရှိခြင်း = မကောင်းသောအကျိုးကိုပေးခြင်း သဘောလက္ခဏာရှိကြောင်းကို ထပ်လောင်း၍ ဖွင့်ဆိုတော်မူရပြန်ပေသည်။
所以,只有与贪等同生的诸法才是有过失之法。虽然“有过失”已显示不善与善、无记的差别,但是“具有果报、能令果生起”的特相是善与不善所共有、而与无记有别的;为了在这项共有特相中进一步显示善与不善的差异,义注师又说不善“以能招感苦果为特相”,即具有恶果、能带来恶果。
(အနုဋီ-၁-၃၁။)
(《复注》1-31。)
ဤ၌ --- ဒုက္ခဝိပါက --- အတွက် ''မကောင်းသော အနိဋ္ဌအကျိုးရှိ၏'' --- ဟူသော အနက်ကိုသာ တိုက်ရိုက် ရသော်လည်း ထိုဒုက္ခဝိပါက သဒ္ဒါက မကောင်းသော အကျိုးရှိခြင်းမျှကိုသာ ညွှန်ပြသည် မဟုတ်၊ ထိုမကောင်းသော အနိဋ္ဌအကျိုးတရားကို ဖြစ်စေနိုင်သော စွမ်းအင် ကမ္မသတ္တိသည် အကုသိုလ်တရား၌ ထင်ရှားရှိ၏ဟူသော အနက်-
这里,“能招感苦果”直接所得虽然只是“具有恶劣、不可意果报”之义,却不只显示已有恶果;它还一直表示不善法确实具有能使这种恶劣、不可意果报生起的业力。换言之——
原书第 197 页
လက္ခဏာဒိစတုက္ကပိုင်း -- ဝိညာဏက္ခန္ဓကထာ အခန်း တိုင်အောင် ညွှန်ပြသည်။ ဆိုလိုရင်းကား ဒုက္ခဝိပါက သဒ္ဒါဖြင့် --- အကုသိုလ်တရားတို့မှာ ဖြစ်ဆဲခဏ၌ပင် နောင်အခါ မကောင်းသော အနိဋ္ဌအကျိုးကို ဖြစ်စေနိုင်သော စွမ်းအင် ကမ္မသတ္တိသည် ထင်ရှားရှိနေသည် ဟူသော အနက်သဘောကို ညွှန်ပြသည် ဟူလို။
——“能招感苦果”显示:不善法正在生起的刹那,就已经具有日后能令恶劣、不可意果报生起的业力。
သတိ သံသာရပ္ပဝတ္တိယာ အဟောသိ ကမ္မံ နာမ န ဟောတိ။ (ဝိသုဒ္ဓိ-၂-၂၃၆။) အပရာပရိယဝေဒနိယကံ အမည်ရသော အလယ်ဇော (၅)တန်တို့၏ စွမ်းအင်ကမ္မသတ္တိကား သံသရာခရီး၌ ဆက်လက်ဖြစ်ရခြင်းသည် ထင်ရှားရှိခဲ့ပါမူ အကျိုးကို မဖြစ်စေနိုင်သည့် အဟောသိကံမည်သည် မဖြစ်စကောင်းပေ။
《清净之道》说:“只要轮回仍在流转,这种业就不会成为无效业。”(《清净之道》2-236。)称为后后受业的中间五个速行,其业力只要轮回流转仍然存在,就不会成为不能结成果报的无效业。
(ဝိသုဒ္ဓိ-၂-၂၃၆။)
(《清净之道》2-236。)
အနက်အဓိပ္ပါယ် ယှဥ်စပ် ယောဇနာပုံ
义理配释方法
သာဝဇ္ဇဒုက္ခဝိပါကလက္ခဏာဟူသော စကားရပ်ဝယ် သာဝဇ္ဇဟူသော ရှေ့စကားရပ်ဖြင့် အကုသိုလ်တရား တို့၏ ဖြစ်တုန်းဖြစ်ဆဲ အခိုက်မှာပင် ဒုက္ခရှိမှုသဘောကို ညွှန်ပြ၏။ ဒုက္ခဝိပါကဟူသော နောက်စကားရပ်ဖြင့် ထိုအကုသိုလ်က အကျိုးပေးသောအခါ ကာယိကဒုက္ခ စေတသိကဒုက္ခဟူသော ဆင်းရဲသည့် မကောင်းကျိုးကို ပေး၏ဟူသော အနက်သဘောကို ညွှန်ပြ၏။ (ပါဏာတိပါတစသော ထိုထို ဒုစရိုက်ကို လွန်ကျူးဆဲခဏ၌ ကာယိ ကဒုက္ခ စေတသိကဒုက္ခ ဖြစ်ပုံကိုလည်းကောင်း၊ ထိုအကုသိုလ်ကံက အကျိုးပေးသောအခါ အပါယ်ဝဋ်ဆင်းရဲ ဒုက္ခ အစရှိသော ဆင်းရဲဒုက္ခ အမျိုးမျိုးကို ရရှိနိုင်ပုံကိုလည်းကောင်း မြှော်ခေါ်လေ။) (အနုဋီ-၁-၃၂။) မှန်ပေသည် --- သာဝဇ္ဇဟူသော ရှေးစကားရပ်သည် မိမိဟူသော အကုသိုလ်တရား၏ ဖြစ်ခြင်းသဘော = ဖြစ်ပေါ်ပုံ သဘောတရား၏ အစွမ်းဖြင့် လက္ခဏာကိုပြကြောင်း စကားဖြစ်၏။ ဒုက္ခဝိပါကဟူသော နောက်စကား- ရပ်သည် အကုသိုလ်စိတ္တုပ္ပါဒ် ဖြစ်ရာကာလမှ တစ်ပါးသော နောက်ကာလ၌ မကောင်းသော အနိဋ္ဌဝိပါက် အကျိုး
在“以有过失、能招感苦果为特相”中,前一个“有过失”显示不善法在正在生起时本身即具苦患;后一个“能招感苦果”则显示不善法给果时会带来身体之苦、心理之苦等恶劣苦果。〔应联系:正在造杀生等恶行时,身心如何现起苦;以及该不善业结成果报时,如何带来恶趣轮回之苦等种种苦。〕(《复注》1-32。)确实,“有过失”是从不善法自身生起的性质、发生方式来显示其特相;后一个“能招感苦果”则从不善心生起以后的另一时刻,显示不善法具有令恶劣、不可意果报——
တရားကို ဖြစ်စေခြင်း၌ အကုသိုလ်တရားဝယ် စွမ်းအင် ကမ္မသတ္တိရှိမှု လက္ခဏာကို ပြသော စကားရပ် ဖြစ်သည်။
——生起的业力这一特相。
(အနုဋီ-၁-၃၂။)
(《复注》1-32。)
ထို့ပြင် သာဝဇ္ဇဟူသော ပထမစကားရပ်ဖြင့် အကုသိုလ်တရားတို့၏ အဝိသုဒ္ဓဘာဝ = မစင်ကြယ်သော သဘာဝရှိမှုကို ဖော်ပြ၏။ ဒုက္ခဝိပါကဟူသော နောက်စကားရပ်ဖြင့် အဝိသုဒ္ဓဝိပါက = မစင်ကြယ်သော အကျိုး ဝိပါက်ရှိမှုကို ဖော်ပြ၏။
再者,前一个“有过失”显示不善法自身不清净;后一个“能招感苦果”则显示它具有不清净的果报。
ထို့ပြင် သာဝဇ္ဇဟူသော ရှေးစကားရပ်ဖြင့် အကုသိုလ်တရားတို့ကို ကုသိုလ်၏သဘောမှ နစ်စေ၏။ အကု- သိုလ်တရားတို့ ဖြစ်ခိုက်၌ ထိုအကုသိုလ်စိတ္တုပ္ပါဒ်ဝယ် သောဘဏ အမည်ရသော တင့်တယ်ကောင်းမြတ်သော စိတ်တို့နှင့် ယှဥ်တွဲဖြစ်လေ့ရှိသော သောဘဏ အမည်ရသော အကောင်းစေတသိက်များသည် မပါဝင်နိုင်ကြပေ။
再者,前一个“有过失”把不善法从善的性质中排除出来。不善法生起时,在该不善心生起中,不可能含有那些称为美、通常与美心相应的美心所。
ကုသိုလ်တရားနှင့် အကုသိုလ်တရားတို့သည် စိတ္တက္ခဏ တစ်ခုအတွင်း၌လည်းကောင်း၊ ဝီထိစဥ် တစ်ခုအတွင်း၌ လည်းကောင်း ပြိုင်တူ ဖြစ်ရိုးဓမ္မတာလည်း မရှိကြ။ အကုသိုလ်ဖြစ်ခိုက် ယင်းအကုသိုလ်စိတ်ဝယ် အပြစ်ကင်းလတ် ဖြူစင်ကောင်းမြတ်သော အလောဘ အဒေါသ အမောဟစသော ကုသိုလ်သဘောတရားများ မပါဝင်နိုင်ကြပေ။
善法与不善法,无论在同一个心刹那还是同一心路中,都不会同时生起。不善生起时,该不善心中不可能含有无贪、无嗔、无痴等无过、清净善妙的善法。
ထိုကြောင့် သာဝဇ္ဇဟူသော ရှေးစကားရပ်ဖြင့် အကုသိုလ်တရားတို့ကို ကုသိုလ်၏သဘောမှ နစ်စေ၏ဟု ဆိုသည်။
所以说,前一个“有过失”把不善法从善的性质中排除出来。
ဒုက္ခဝိပါကဟူသော နောက်စကားရပ်ဖြင့် ဒုက္ခဝိပါကဟူသော ဆင်းရဲသော အကျိုးရှိမှုကို ဖော်ပြသောကြောင့် အကုသိုလ်တရား၏ အကျိုးပေးမှုသဘော မရှိသော အဗျာကတ သဘောမှလည်း နစ်စေ၏။ သောဘဏ စေတသိက်တို့သည် အချို့ အချို့သော ဝိပါက်ကြိယာ အဗျာကတတရားတို့၌လည်း ယှဥ်တွဲ၍ ဖြစ်လေ့ရှိကြ၏။
后一个“能招感苦果”显示不善法具有苦果,因而又把它从没有令果生起之性质的无记法中排除出来。美心所也会与某些果报无记法和唯作无记法相应生起;
သို့သော် အဗျာကတတရားတို့ကား သောဘဏစေတသိက်များနှင့် ယှဥ်တွဲဖြစ်တတ်သော်လည်း အကျိုးကို ဖြစ်စေ- ခြင်းသဘော မရှိပေ။ (အနုဋီ-၁-၃၂။)
但是,无记法即使与美心所相应,也没有令果生起的性质。(《复注》1-32。)
原书第 198 页
ရသ - ပစ္စုပဋ္ဌာန် - ပဒဋ္ဌာန်
作用、现起与近因
တစ်နည်း --- သာဝဇ္ဇဟူသော ရှေးစကားရပ်ဖြင့် အကုသိုလ်တရားတို့၏ ကိလေသာ အပြစ်အနာအဆာများ ရှိမှုကို ထင်ရှားဖော်ပြခြင်းကြောင့် လုပ်ငန်းကိစ္စ အနက်သဘောရှိသော ရသအားဖြင့် အကျိုးမဲ့ကိုဖြစ်စေမှု ကိစ္စရသ ရှိမှုကို ထင်ရှားပြ၏။ ဒုက္ခဝိပါကဟူသော နောက်စကားရပ်ဖြင့် သမ္ပတ္တိ အနက်သဘောရှိသော ရသအားဖြင့် အနိဋ္ဌဝိပါကဟူသော အလိုမရှိအပ် မနှစ်သက်အပ်သော မကောင်းသောအကျိုး ဆင်းရဲသောအကျိုးနှင့် ပြည့်စုံပုံ သမ္ပတ္တိရသ ရှိမှုကို ဖော်ပြ၏။ (အနုဋီ-၁-၃၂။) ထို့ပြင် သာဝဇ္ဇဟူသော ရှေးစကားရပ်ဖြင့် ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်အား ရှေးရှူထင်- လာသော အခြင်းအရာဟူသော ဥပဋ္ဌာနာကာရ အနက်သဘောရှိသော ပစ္စုပဋ္ဌာန်အားဖြင့် ယင်းအကုသိုလ်တရား သည် စိတ်အစဥ်ကို ညစ်ညူးစေတတ် ညစ်နွမ်းစေတတ်သော ညစ်ညူးကြောင်း သံကိလေသတရားဟု ယောဂီတို့၏ ဉာဏ်အား ရှေးရှူထင်လာမှု ဥပဋ္ဌာနာကာရ ပစ္စုပဋ္ဌာန် ရှိမှုကို ဖော်ပြ၏။ ဒုက္ခဝိပါကဟူသော နောက်စကား
另一释——前一个“有过失”明确显示不善法具有烦恼过失与缺陷,因此从作用义的作用来看,显示不善具有令无益生起的作用;后一个“能招感苦果”,则从成就义的作用来看,显示不善具足不可意、不可喜的恶劣苦果。(《复注》1-32。)再者,前一个“有过失”从在观照者之智前显现的行相——现起行相——这一现起义,显示不善法以污染、染污心相续之杂染法的方式显现于瑜伽行者之智前;后一个“能招感苦果”——
ရပ်ဖြင့် အကျိုး = ဖလ အနက်သဘောရှိသော ပစ္စုပဋ္ဌာန်အားဖြင့် ယင်းအကုသိုလ်တရားတို့၏ ဒုက္ခဝိပါက = မကောင်းသော ဆင်းရဲသော အကျိုးရှိမှု ဖလပစ္စုပဋ္ဌာန်ကို ဖော်ပြ၏။ (အနုဋီ-၁-၃၂။) ထို့ပြင် သာဝဇ္ဇဟူသော ရှေးစကားရပ်ဖြင့် အယောနိသောမနသိကာရ = နှလုံးသွင်းမှားမှုဟူသော အကုသိုလ် တရားတို့၏ နီးစွာသောအကြောင်း ပဒဋ္ဌာန်ကို ထင်ရှားစွာ ဖော်ပြ၏။ ထိုနှလုံးသွင်းမှားမှု အယောနိသောမနသိ- ကာရကြောင့်ပင် ထိုအကုသိုလ်တရားတို့သည် အပြစ်ရှိသော အကုသိုလ်တရားတို့ ဖြစ်ကြရ၏။ ဒုက္ခဝိပါကဟူသော နောက်စကားရပ်ဖြင့် အကုသိုလ်တရားတို့က အခြားသော အကုသလဝိပါက် အကျိုးတရားတို့၏ နီးစွာသော အကြောင်းတရား ပဒဋ္ဌာန် ဖြစ်မှုကို ထင်ရှားစွာ ဖော်ပြ၏။ အကြောင်းမူ ထိုအကုသိုလ်တရားတို့သည် ဒုက္ခဝိပါက = မကောင်းသောအကျိုးတရား = ဆင်းရဲသော အကျိုးတရား၏ အကြောင်းတရားပင် ဖြစ်ကြသည်။ ထိုကြောင့်
——则从结果义的现起来看,显示不善法具有恶劣苦果这一结果现起。(《复注》1-32。)再者,前一个“有过失”明确显示不善法最切近之因——不如理作意,也就是错误作意。正因为以错误方式对所缘作意,不善法才成为有过失之法;后一个“能招感苦果”则显示不善法是其他不善果报法最切近的因,因为不善法正是恶劣苦果的因。由此——
အဋ္ဌကထာဆရာတော်သည် အကုသလ = အကုသိုလ်၏ သဘာဝလက္ခဏာကို ဖွင့်ဆိုရာ၌ သာဝဇ္ဇဟူသော စကားရပ်၊ ဒုက္ခဝိပါကဟူသော စကားရပ် ဤစကား နှစ်ရပ်တို့ဖြင့် ဖွင့်ဆို ပြသတော်မူခြင်း ဖြစ်ပေသည်။
——义注师用“有过失”与“能招感苦果”两个词,说明不善的自性相。
(အနုဋီ-၁-၃၂။)
(《复注》1-32。)
ပစ္စုပဋ္ဌာန် ရှုကွက်
现起的观法
ဤအထက်ပါ အကုသိုလ်တရားတို့၏ ဣဋ္ဌဝိပါက ပစ္စုပဋ္ဌာန် = အလိုရှိအပ် ကောင်းမြတ်သော အကျိုး တရားရှိမှု ဖလပစ္စုပဋ္ဌာန်၊ အကုသိုလ်တရားတို့၏ အနိဋ္ဌဝိပါက ပစ္စုပဋ္ဌာန် = အလိုမရှိအပ်သော ဆင်းရဲသော အကျိုးတရားရှိမှု ဖလပစ္စုပဋ္ဌာန် --- ဤပစ္စုပဋ္ဌာန် ရှုကွက်တို့ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ရေးအတွက် အသင်သူတော်ကောင်းသည် ပစ္စယပရိဂ္ဂဟဉာဏ်ကို တစ်စိတ်တစ်ဒေသအားဖြင့် ရထားပြီးဖြစ်ဖို့ လိုအပ်ပေသည်။ အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးတို့၌ အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြံရံထားသည့် ကုသိုလ်ကံကြောင့် ကောင်းသောအကျိုးတရားများ ရရှိပုံကိုလည်းကောင်း၊ အကုသိုလ်ကံကြောင့် အပါယ်ပဋိသန္ဓေစသည့် မကောင်းသောအကျိုးတရားများ အတိတ်ဘဝထိုထို၌ ရရှိခဲ့ပုံကိုလည်းကောင်း သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပါမှ သဘောကျနိုင်မည့် ကျေနပ်လက်ခံနိုင်မည့်
为了以正见智慧亲自现见、通达上述善法“具有可意善果”这一结果现起,以及不善法“具有不可意苦果”这一结果现起,修行者必须已部分获得缘摄受智。应以正见智慧亲自现见:过去、未来、现在三时中,被无明、爱、取围绕的善业如何带来善果;不善业如何曾在过去诸生带来恶趣结生等恶果。只有如此,才能理解并接受这些观法;
အရာဌာနမျိုးပင် ဖြစ်သည်။ ပစ္စယပရိဂ္ဂဟဉာဏ်ကို တစ်စိတ်တစ်ပိုင်းမျှ ရရှိထားပြီးဖြစ်ပါမှ ဤဖလပစ္စုပဋ္ဌာန် ကိုလည်း ကိုယ်တိုင်မျက်မှောက် သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ထွင်းဖောက်သိမြင်အောင် သိမ်းဆည်း ရှုပွားနိုင်မည် ဖြစ်ပေသည်။ ဤကဲ့သို့သော အကြောင်းအရာ အချို့ကို ငဲ့ကွက်၍ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် ရှုကွက်ကို ပစ္စယပရိဂ္ဂဟဉာဏ် တစ်စိတ်တစ်ဒေသ ရရှိထားပြီးသည့် နောက်ပိုင်း၌ ရှုရန် ရေးသားတင်ပြခြင်း ဖြစ်ပါသည်။
——也只有已经部分获得缘摄受智,才能以正见智慧亲自现见、摄取、观修这些结果现起。正是考虑到这类内容,本书把特相、作用、现起、近因的观法安排在已部分获得缘摄受智以后修习。
原书第 199 页
လက္ခဏနှင့် ရသ
特相与作用
စိတ်အားလုံးသည် အာရုံကိုသိမှု အာရုံကိုရယူမှု ဝိဇာနန သဘောလက္ခဏာ ရှိကြသည်ချည်းသာ ဖြစ်ကြ၏။
一切心都同样以识知、取得所缘为特相。
ကုသိုလ်ဇောစိတ်၊ အကုသိုလ်ဇောစိတ်တို့သည်လည်း အာရုံကိုသိမှု အာရုံကိုရယူမှု သဘောလက္ခဏာ ရှိကြသည် သာ ဖြစ်ကြ၏။ သို့သော် အခြားအခြားသော ဝိညာဏ်တို့ထက် ထူးကဲသောစွမ်းအင် ကမ္မသတ္တိထူးရှိသော သဘာဝ လက္ခဏာကို ထင်ရှားဖော်ပြလို၍သာ အထက်ပါအတိုင်း ကုသိုလ် အကုသိုလ်ဝိညာဏ်တို့၏ သဘာဝလက္ခဏာ များကို ဖွင့်ဆိုထားသည်ဟု မှတ်ပါ။
善速行心与不善速行心,也同样以识知、取得所缘为特相。不过,为了清楚显示这些识比其他识具有更特殊的力量——特殊业力——所以才依上述方式分别说明善识与不善识的自性相。
အာရမ္မဏေန ပန ပသာဒေ ဃဋ္ဋိတေ ''တွံ အာဝဇ္ဇနံ နာမ ဟောဟိ။ ပ ။ တွံ ဇဝနံ နာမ ဟောဟီ''တိ ကောစိ ကတ္တာ ဝါ ကာရေတာ ဝါ နတ္ထိ။ အတ္တနော အတ္တနော ပန ဓမ္မတာယ ဧဝ အာရမ္မဏေန ပသာဒဿ ဃဋ္ဋိတကာလတော ပဋ္ဌာယ ကိရိယမနောဓာတုစိတ္တံ ဘဝင်္ဂံ အာဝဋ္ဋေတိ၊ စက္ခုဝိညာဏံ ဒဿနကိစ္စံ သာဓေတိ၊ ဝိပါကမနောဓာတု သမ္ပဋိစ္ဆနကိစ္စံ သာဓေတိ၊ ဝိပါကမနောဝိညာဏဓာတု သန္တီရဏကိစ္စံ သာဓေတိ၊ ကိရိယမနော- ဝိညာဏဓာတု ဝေါဋ္ဌဗ္ဗနကိစ္စံ သာဓေတိ၊ ဇဝနံ အာရမ္မဏရသံ အနုဘဝတီတိ အယံ စိတ္တနိယာမော နာမ။
《义注》说:所缘撞击净色时,并没有任何造作者或使令者命令:“你要成为转向……你要成为速行。”从所缘撞击净色之时起,各心只依各自的法性而运行:唯作意界心使有分转向;眼识完成见的作用;果报意界完成领受的作用;果报意识界完成推度的作用;唯作意识界完成确定的作用;速行体验所缘之味。这称为心定律。
(အဘိ-ဋ္ဌ-၁-၃၁၄။)
(《阿毗达磨义注》1-314。)
ဧကန္တေန ပန အာရမ္မဏရသံ ဇဝနမေဝ အနုဘဝတိ။ (အဘိ-ဋ္ဌ-၁-၃၁၂။) ပရမတ္ထသစ္စာနယ်၌ --- ''သင်က ဘဝင်မည်သောစိတ် ဖြစ်လော၊ သင်က အာဝဇ္ဇန်းမည်သောစိတ် ဖြစ်လော၊ သင်က ရူပါရုံကို မြင်တတ်သော စက္ခုဝိညာဏ်မည်သောစိတ် ဖြစ်လော၊ သင်က သမ္ပဋိစ္ဆိုင်းမည်သောစိတ် ဖြစ် လော၊ သင်က သန္တီရဏမည်သောစိတ် ဖြစ်လော၊ သင်က ဝုဋ္ဌောမည်သောစိတ် ဖြစ်လော၊ သင်က ဇောမည်သော စိတ် ဖြစ်လော၊'' ဤသို့ တစ်စုံတစ်ယောက်သော ကိုယ်တိုင် ပြုစီမံတတ်သော ပုဂ္ဂိုလ်သတ္တဝါသည်လည်းကောင်း၊ သူတစ်ပါးကို ပြုလုပ်စေတတ်သော ပုဂ္ဂိုလ်သတ္တဝါသည်လည်းကောင်း မရှိပေ။ (အဘိ-ဋ္ဌ-၁-၃၁၂။) ဆိုင်ရာအာရုံသည် ဆိုင်ရာပသာဒကို ထိခိုက်အပ်သော် ''သင်က အာဝဇ္ဇန်းမည်သည် ဖြစ်လော။ ပ ။
“确实,只有速行体验所缘之味。”(《阿毗达磨义注》1-312。)在究竟谛的领域里,并没有任何人或有情自行安排,或命令别人:“你要成为有分心;你要成为转向心;你要成为见色的眼识;你要成为领受心;你要成为推度心;你要成为确定心;你要成为速行心。”(《阿毗达磨义注》1-312。)当相应所缘撞击相应净色时,也没有任何自行造作或使令者命令:“你要成为转向……
သင်က ဇောမည်သည် ဖြစ်လော'' ဤသို့လျှင် တစ်စုံတစ်ယောက်သော ကိုယ်တိုင်ပြုလုပ်သူသည်လည်းကောင်း၊ သူတစ်ပါးကို ပြုလုပ်စေတတ်သူသည်လည်းကောင်း မရှိပေ။ အလျော်အားဖြင့် ဆိုရမူ --- မိမိ၏ ထုံးစံ ဓမ္မတာ အားဖြင့်လျှင် အာရုံက ပသာဒကို ထိခိုက်မိရာအခါမှစ၍ ကိရိယမနောဓာတ် = ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် ဘဝင်ကို လည်စေ၏၊ စက္ခုဝိညာဏ်သည် မြင်ခြင်းကိစ္စ = ဒဿနကိစ္စကို ပြီးစေ၏။ ဝိပါက်မနောဓာတ်သည် အာရုံကို လက်ခံခြင်း = သမ္ပဋိစ္ဆိုင်းကိစ္စကို ပြီးစေ၏၊ ဝိပါက်မနောဝိညာဏဓာတ်သည် အာရုံကို စူးစမ်းခြင်း = သန္တီရဏကိစ္စ ကို ပြီးစေ၏။ ကိရိယမနောဝိညာဏဓာတ်သည် (= မနောဒွါရာဝဇ္ဇန်းစိတ်သည်) အာရုံကို (ဣဋ္ဌ-အနိဋ္ဌ စသည်ဖြင့်) ဆုံးဖြတ်ခြင်း ဝေါဋ္ဌဗ္ဗနကိစ္စ = ဝုဋ္ဌောကိစ္စကို ပြီးစေ၏၊ ဇောသည် အာရုံ၏ အရသာကို ခံစား၏။ ဤကား စိတ္တနိယာမ မည်၏။ (အဘိ-ဋ္ဌ-၁-၃၁၄။) ဧကန်အားဖြင့် အာရုံ၏ အရသာကို ဇောကသာလျှင် ခံစားနိုင်၏။ စက္ခုဝိညာဏ်စသော ဝိပါက်စိတ်တို့သည်
——你要成为速行。”实际情形是,从所缘撞击净色之时起,一切只依各自的惯常法性发生:唯作意界——五门转向心——使有分转向;眼识完成见的作用;果报意界完成领受所缘的作用;果报意识界完成推度所缘的作用;唯作意识界——意门转向心——完成依可意、不可意等确定所缘的确定作用;速行则体验所缘之味。这就是心定律。(《阿毗达磨义注》1-314。)确实只有速行能体验所缘之味。眼识等果报心——
ကုသိုလ် အကုသိုလ်တို့၏ သုခ၊ ဒုက္ခ = ကောင်းကျိုး ဆိုးကျိုးမျှသာဖြစ်၍၊ ဣဋ္ဌ အနိဋ္ဌ အာရုံကို ဣဋ္ဌပဲ အနိဋ္ဌပဲဟု ပိုင်ပိုင်နိုင်နိုင် ခွဲခြားမှု မပြုတတ်ကြပေ။ ဇောသည်သာလျှင် ရဇ္ဇန = တပ်မက်စရာ အာရုံ၌ တပ်မက်မှု၊ ဝိရဇ္ဇန = မတပ်မက်စရာ အာရုံ၌ မတပ်မက်မှု စသည်ကို ပြုသောအားဖြင့် ဣဋ္ဌ အနိဋ္ဌစသည့် ခွဲခြားမှုကို ပြုတတ်၏၊ ထိုကြောင့် ဇောသည်သာလျှင် ဧကန်အားဖြင့် အာရုံ၏ အရသာကို ပိုင်ပိုင်နိုင်နိုင် ခံစားနိုင်၏။ ယင်းဇောတို့တွင် လည်း ပဉ္စဒွါရိကဇောတို့သည် ပဉ္စာရုံတို့နှင့် ရှေးရှူရင်ဆိုင် ကျရောက်ရုံမျှသဘောသာ ဖြစ်ကြသဖြင့် မနောဒွါရိက ဇောများလောက် အာရုံ၏ အရသာကို ပိုင်ပိုင်နိုင်နိုင် မခံစားနိုင်ကြပေ။ မနောဒွါရိကဇောတို့ကသာလျှင် အာရုံကို
——只是善、不善业的乐果或苦果,不能把可意或不可意所缘明确分别为“可意”“不可意”。只有速行能以对可贪所缘起贪、不对不可贪所缘起贪等方式,分别可意、不可意等所缘;所以只有速行能真正体验所缘之味。但在诸速行中,五门速行只是与五所缘迎面相遇,不能像意门速行那样充分体验所缘之味。只有意门速行能够——