行蕴论章(之十)

《趣向涅槃之道》中文全译本 · 非缩略版

特相等四法篇 · 原书第 473–499 页 · 220 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 473 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း ထိုသတင်းသည် ဘုရားရှင်၏ ရွှေနားတော်သို့တိုင်အောင် ပေါက်ကြားသွားသောအခါ ဘုရားရှင်က ရှေးဖြစ် ဟောင်း အောက်မေ့ဖွယ် ဇာတ်ကြောင်းကို ပြန်ပြောင်း၍ ဟောကြားတော်မူပြန်၏ --- လွန်လေပြီးသောအခါ အင်္ဂတိုင်းသား မာဂဓတိုင်းသားတို့သည် တစ်ဦးသည် တစ်ဦး၏တိုင်းသို့ သွားကုန် လတ်သော် တစ်နေ့သ၌ တိုင်းနှစ်တိုင်းတို့၏ နယ်ခြားဒေသအရပ်၌ တစ်ခုသောအိုင်ကို မှီကုန်၍ သုရာတို့ကို သောက်ကာ ငါးအမဲတို့ကို စားပြီးနောက် ခပ်စောစောကပင်လျှင် လှည်းတို့ကို ကကုန်၍ သွားကုန်၏။ ရဟန်းတို့ကို ပြဿနာမေးကာ အနှောင့်အယှက်ပေးနေသော ငတုံးကား ထိုအချိန်တွင် မစင်စားသောပိုးတစ်ကောင် ဖြစ်နေ၏။
这件事传到佛陀耳中,佛陀便回溯往昔,宣说一则应当忆念的旧事:过去,鸯伽国人与摩揭陀国人互相前往对方国土。有一天,他们在两国边境的一座湖旁饮酒、吃鱼肉,随后早早套好牛车,一同上路。当时,那个以问题骚扰比丘的愚人,是一只食粪虫。
ထိုပိုးသည် မစင်နံ့ နံသောကြောင့် လာလတ်၍ ထိုသူတို့ သုရာသောက်ရာအရပ်၌ စွန့်ပစ်ထားခဲ့သော သုရာကို မြင်၍ ချင်ခြင်းတပ်သဖြင့် သောက်မိ၍ မူးယစ်သည် ဖြစ်လတ်သော် မစင်ပုံပေါ်သို့ တက်လေ၏။ ထိုပိုးသည် မစင်ပုံပေါ်သို့ တက်လတ်သော် မစင်စိုသည် အတန်ငယ် ညွတ်ကျသွား၏ အောက်သို့ အိဆင်းသွား၏။ ထိုမစင်ပိုး သည် ငါ့ကို မစင်ပုံသည် ခံထားအံ့သောငှာ မစွမ်းနိုင်ဟု ကြုံးဝါး၏။ ထိုခဏ၌သာလျှင် အမုန်ယစ်သော ဆင်ပြောင် တစ်စီးသည် ထိုအရပ်သို့ လာလတ်၍ မစင်နံ့ နံခြင်းကြောင့် စက်ဆုပ်ရွံရှာ၍ ဖဲခွာသွား၏၊ ထိုမစင်ပိုးသည် ထို ဆင်ပြောင်ကြီးကို မြင်၍ ဤဆင်ပြောင်ကြီးသည် ငါမှ ကြောက်သောကြောင့် ပြေး၏ဟု မှတ်ထင်ကာ ဆင်ပြောင်- ကြီးကို စစ်ထိုးရန် ဖိတ်ခေါ်လိုက်၏။
那只虫闻到粪臭而来到此处,看见众人饮酒后留下的酒,起了贪欲,喝下便醉了。它爬上湿粪堆,湿粪略微下陷。食粪虫便夸口说:‘这堆粪竟承受不了我!’就在这时,一头发情的公象来到那里,因厌恶粪臭而转身离去。食粪虫看见公象转身,误以为公象害怕自己而逃走,便向它邀战。
ထိုအခါ ဆင်ပြောင်ကြီးက မစင်ပိုးကို --- ''အချင်းမစင်ပိုး …သင့်ကို ခြေတို့ဖြင့် ကြိတ်ချေ၍လည်း ငါမသတ်အံ့၊ အစွယ်တို့ဖြင့် ထိုးဆွ၍လည်း ငါမသတ်အံ့၊ နှာမောင်းဖြင့် ပုတ်ခတ်၍လည်း ငါမသတ်အံ့၊ မစင်ဖြင့်သာလျှင် သင့်ကို ငါသတ်ပေအံ့၊ အသင်သည် မစင်ဖြင့် သေစေသတည်း'' --- ဤသို့ ပြောဆို၍ ထိုမစင်ပိုး၏ ထိပ်ထက်၌ ကြီးစွာသော မစင်တုံးကို စွန့်ချလိုက်၍ ကျင်ငယ်ကိုပါ စွန့်ချ လိုက်ပြီးနောက် ထိုအရပ်၌ပင်လျှင် ထိုမစင်ပိုးကို အသက်ကုန်ခြင်းသို့ ရောက်စေ၏။ ထိုနောင် ဆင်ပြောင်ကြီးသည် ကြိုးကြာသံနှင့် တူသော အသံကို မြည်အော်လျက် တောသို့ ဝင်လေ၏။ ဂုဏ်တုဂုဏ်ပြိုင် မပြုသင့်သူ တစ်ဦးကို ဂုဏ်တုဂုဏ်ပြိုင် ပြုမိသော ဒေါသကြောင့် ပျက်စီးရသော ထုံးဟောင်းတစ်ရပ်ပင် ဖြစ်ပေသည်။
公象对食粪虫说:‘朋友,我不以脚踩死你,不以牙刺死你,也不以鼻打死你;我只用粪来杀你。你就死在粪下吧!’说罢,它在食粪虫头顶排下一大团粪,又撒下尿液,使食粪虫当场毙命。随后,公象发出如鹤鸣般的声音,走进森林。这正是一则古老事例:有人不该与对方竞德,却因与之争胜的嗔而走向毁灭。
(ဇာတက-ဋ္ဌ-၂-၁၉၂-၁၉၄။ ဂူထပါဏဇာတ်။)
(《本生义注》2-192—194,《粪虫本生》。)
原书第 474 页
၉။ ဣဿာ
九、嫉
ဣဿတီတိ ဣဿာ၊ ဣဿာယနာ ဣဿာ။
巴利词解(缅文字体):‘ဣဿတီတိ ဣဿာ၊ ဣဿာယနာ ဣဿာ။’译:‘能嫉,故为嫉;嫉妒的状态,故为嫉。’
၁။ ဣဿာ ပရသမ္ပတ္တီနံ ဥသူယနလက္ခဏာ၊ ၂။ တတ္ထေဝ အနဘိရတိရသာ၊ ၃။ တတော ဝိမုခဘာဝပစ္စုပဋ္ဌာနာ၊ ၄။ ပရသမ္ပတ္တိပဒဋ္ဌာနာ။ သံယောဇနန္တိ ဒဋ္ဌဗ္ဗာ။ (အဘိ-ဋ္ဌ-၁-၂၉၉။ ဝိသုဒ္ဓိ-၂-၁ဝဝ။) ငြူစူတတ်သော သဘောတရားသည် ဣဿာ မည်၏။
巴利义注引文(缅文字体):‘၁။ ဣဿာ ပရသမ္ပတ္တီနံ ဥသူယနလက္ခဏာ၊ ၂။ တတ္ထေဝ အနဘိရတိရသာ၊ ၃။ တတော ဝိမုခဘာဝပစ္စုပဋ္ဌာနာ၊ ၄။ ပရသမ္ပတ္တိပဒဋ္ဌာနာ။ သံယောဇနန္တိ ဒဋ္ဌဗ္ဗာ။’译:‘一、嫉以嫉妒他人的成就为特相;二、以对其不喜为作用;三、以背向它为现起;四、以他人的成就为近因。应视为一种结。’(《殊胜义注》1-299;《清净之道》2-100。)具有嫉妒性质之法,名为嫉。
ငြူစူခြင်းကို ပြုခြင်းသည် ဣဿာ မည်၏။
造作嫉妒,名为嫉。
၁။ သူတစ်ပါးတို့၏ စည်းစိမ်တို့ကို ငြူစူခြင်းသဘော = သည်းမခံနိုင်ခြင်းသဘော လက္ခဏ၊ ၂။ ထိုသူတစ်ပါးတို့၏ စည်းစိမ်တို့၌ပင်လျှင် မမွေ့လျော်နိုင်ခြင်း (ကိစ္စ) ရသ၊ = မွေ့လျော်ခြင်း၏ ဆန့်ကျင်ဘက် (ကိစ္စ) ရသ၊ ၃။ ထိုသူတစ်ပါးတို့၏ စည်းစိမ်မှ မရှုစိမ့်နိုင်ဘဲ မျက်နှာလွှဲတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ သူတစ်ပါးတို့၏ စည်းစိမ် ပဒဋ္ဌာန်။
四法详释如下:一、嫉妒他人的成就,也就是不能容忍的性质,为特相。二、不能对他人的成就感到欢喜,也就是履行与欢喜相反的作用,为作用。三、无法正视他人的成就而转过脸去的性质,为现起。四、他人的成就,为近因。
ဤတွင်လည်း ကတ္တုသာဓန ဘာဝသာဓန နှစ်မျိုးကိုသာ ပြထားသော်လည်း ကရဏသာဓနလည်း ပြုနိုင် သည်သာဟု မှတ်ပါ။ သမ္ပယုတ်တရားတို့၏ သူတစ်ပါးတို့၏ စည်းစိမ်တို့၌ ငြူစူကြောင်း ဖြစ်သော သဘောတရား သည် ဣဿာ မည်၏ ဟူလိုသည်။
这里虽然只说明施事义与状态义两种构词法,但应知也可以作工具义:能使诸相应法对他人的成就生起嫉妒的性质,名为嫉。
လက္ခဏ --- ဥသူယနံ အသဟနံ။ (မဟာဋီ-၂-၁၅၂။) သူတစ်ပါးတို့၏ စည်းစိမ်တို့ကို ငြူစူခြင်းဟူသည် ထိုသူတစ်ပါးတို့၏ စည်းစိမ်တို့ကို မြင်ရ ကြားရ၍ သည်းမခံ နိုင်ခြင်း သဘောတည်း။ ရှေးရှေး ဘဝထိုထိုက ဆည်းပူးခဲ့ စုဆောင်းခဲ့ အားထုတ်ခဲ့သော ကုသိုလ်ကံကောင်းများက အားပေးထောက်ပံ့အပ်သည် ဖြစ်၍၊ ယခုပစ္စုပ္ပန်ဘဝတွင်လည်း ပယောဂသမ္ပတ္တိတည်းဟူသော ဉာဏ်ဝီရိယ ဦးဆောင်လျက် ထိုထို ကြီးပွားကြောင်း လုပ်ငန်းရပ်တို့ကို ကြိုးစားအားထုတ် ပြုလုပ်ခြင်းတည်းဟူသော ပစ္စုပ္ပန် ကံ ရှိသည်ဖြစ်၍ --- ရဟန်းဖြစ်လျှင်လည်း ပရိယတ် ပဋိပတ် ကျွမ်းကျင်လိမ္မာတော်မူခြင်း၊ ပစ္စည်းလေးပါး ပေါ များခြင်း၊ ပူဇော်သက္ကာရ များပြားခြင်းများ ဖြစ်ရ၏။ လူဖြစ်လျှင်လည်း ဥစ္စာ စည်းစိမ်ဂုဏ်သိရ်များ တိုးတက်ကြီးပွား ခြင်းများ ဖြစ်ရ၏။ ထိုသို့ ပစ္စုပ္ပန်ကံ အတိတ်ကံတို့ကြောင့် ဘုန်းကံကြီးမားသူ အဘက်ဘက်မှ ဂုဏ်ရှိန် တိုးတက်
特相——巴利复注引文(缅文字体):‘ဥသူယနံ အသဟနံ။’译:‘嫉妒,就是不能容忍。’(《大复注》2-152。)所谓嫉妒他人的成就,就是看见、听闻他人的成就时不能容忍。有人得到过去一生又一生中积集、累积、努力造作的善业扶助;今生又具足加行成就,以智与精进为先导,努力从事种种增长事业,造作现世业。因此,他若出家为僧,便会精通教理与实修,四资具丰足,获得众多礼敬供养;若在家为人,财富、地位与声望也会增长。这样,由于现世业与过去业而福德广大、各方面德望日益增盛的人——
နေသူကို မြင်ရ ကြားရသည်ရှိသော် ယောနိသောမနသိကာရ မရှိသူ မုဒိတာဗြဟ္မစိုရ်တရား ခေါင်းပါးသူတို့ကား ဝမ်းမမြောက်နိုင်ဘဲ --- ''ကိုယ့်ထက်သာ မနာလိုသည့်'' စိတ်ထားများကို အများဆုံး မွေးမြူတတ်ကြ၏။ မျက်နှာမဲ့ကာ ပါးစပ်ရွဲ့ကာ နှုတ်ခမ်းစူကာ စောင်းကာမြောင်းကာ ချိတ်ကာရိပ်ကာဖြင့် 'သည်လိုယုန်တော့ ချုံတိုင်းရှိရဲ့၊ ဇီးကွက် လောက်တော့ ငှက်တိုင်းလှရဲ့' -- ဤသို့စသည်ဖြင့် ကြည့်ရှုတတ်ကြ၏၊ ပြောဆိုတတ်ကြ၏၊ ကဲ့ရဲ့ ရှုတ်ချတတ်ကြ၏။
——一旦被人看见、听闻,那些没有如理作意、缺少随喜梵住的人便无法欢喜,反而常常培养‘不愿别人胜过自己’的心态。他们沉下脸、歪着嘴、撅起嘴唇,含沙射影、冷嘲热讽地说:‘这种兔子,每片灌木里都有;像猫头鹰这般漂亮的鸟,哪种鸟不是?’他们如此看待、如此议论、如此讥刺贬损。
ဤသဘောထားများကား ဣဿာ၏ သဘောလက္ခဏာချည်းတည်း။
这些心态,全都只是嫉的特相。
အနည်းငယ် ဆက်၍ ဆိုဦးအံ့၊ ဤဣဿာ၏ သူတစ်ပါးတို့၏ လာဘ်လာဘရခြင်း စသည်တို့၌ ရှုတ်ချခြင်း ခီယနလက္ခဏာကို အိမ်၌တည်သူ လူဝတ်ကြောင်အားဖြင့်သော်လည်းကောင်း၊ အိမ်ရာ မရှိသော ရသေ့ ရဟန်း အားဖြင့်သော်လည်းကောင်း = အာဂါရိကအားဖြင့်လည်းကောင်း၊ အနာဂါရိကအားဖြင့်လည်းကောင်း နှစ်မျိုး ခွဲခြား၍ ဖော်ပြသင့်၏။
再略作说明:嫉具有贬损他人获得利得等成就的特相;应按居家在俗者与无家出家者,也就是在家者与出家者,分成两类说明。
原书第 475 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း အိမ်ရာတည်ထောင် လူဝတ်ကြောင်ဘဝ၌ နေထိုင်သော အချို့သောသူသည် လယ်လုပ်ခြင်း ကုန်သွယ်ခြင်း စသည်တို့တွင် တစ်မျိုးမျိုးသော အသက်မွေးဝမ်းကြောင်းဖြင့် မိမိ ယောကျာ်းတို့ ပြုလုပ်အပ်သည့် လုံ့လဝီရိယကို အမှီပြု၍ ကောင်းမြတ်သော ယာဥ်အမျိုးမျိုးကိုလည်းကောင်း ဆောင်တတ်သော ဆင်မြင်းကျွဲနွား စသည်ကိုသော် လည်းကောင်း ရွှေငွေ စသည့် နှစ်သက်မြတ်နိုးဖွယ်ရာ ရတနာ အမျိုးမျိုးကိုသော်လည်းကောင်း ရရှိ၏၊ ဣဿာ သဘောထား ရှိသော အခြားသောသူတစ်ယောက်သည် ထိုယောကျာ်း၏ လာဘ်ရခြင်းဖြင့် အလိုမရှိသည် ဖြစ်၍ ထိုလာဘ်ရခြင်းဖြင့် မနှစ်သက်၊ အဘယ်သောအခါ၌ ဤသူသည် ဤစည်းစိမ်၏ ပြည့်စုံခြင်းမှ ဆုတ်ယုတ်၍ အထီးကျန်မွဲ လူဆင်းရဲ ဖြစ်၍ လှည့်လည်ရပါလတ္တံ့နည်းဟု ကြံစည်၍ အကြောင်းတစ်ခုခုကြောင့် ထိုပုဂ္ဂိုလ်သည် ထိုပြည့်စုံနေသော စည်းစိမ်ဥစ္စာမှ ဆုတ်ယုတ်လတ်သော် နှစ်သက်ဝမ်းမြောက်တတ်၏။
有些过着成家在俗生活的人,依靠丈夫在农耕、经商等某种生计上付出的精进,获得种种优良车辆、能负载的象马牛畜,以及金银等种种可爱珍宝。另一个心怀嫉妒的人不愿那位丈夫获得这些利得,也不喜欢他的收获,反而想:‘此人何时才会从这些财富成就中衰退,变得孤苦贫穷、四处流浪?’后来若他因某种缘由从圆满财富中衰退,嫉妒者便感到欢喜。
အနာဂါရိက ရသေ့ ရဟန်းဖြစ်သော ဣဿာနှင့် ယှဥ်သော စိတ်ဓာတ်ရှိသူအချို့လည်း --- အခြားသော ပုဂ္ဂိုလ်တစ်ဦးဦးကို ယင်းပုဂ္ဂိုလ်၏ ပရိယတ္တိဗဟုဿုတ ပဋိပတ္တိဗဟုဿုတ စသည့်ဂုဏ်တို့ကို အမှီပြု၍ ဖြစ်ပေါ် လာသော လာဘ်လာဘ စသည်တို့၏ ပြည့်စုံခြင်းကို မြင်ရ၍ အဘယ်သောအခါ၌ ဤပုဂ္ဂိုလ်သည် ဤလာဘ် လာဘ စသည်တို့မှ ဆုတ်ယုတ်ပါလတ္တံ့နည်းဟု ကြံစည်၍ တစ်ချိန် ထိုပုဂ္ဂိုလ်ကို အကြောင်းတစ်ခုခုကြောင့် လာဘ်လာဘ ယုတ်လျော့သည်ကို မြင်ရ၏၊ ထိုအခါ၌ နှစ်သက် ဝမ်းမြောက်တတ်၏။ --- ဤသို့လျှင် ဣဿာသည် သူတစ်ပါး၏ စည်းစိမ်ဥစ္စာကို ရှုတ်ချခြင်း သဘောလက္ခဏာ ရှိသည်ဟု မှတ်ပါ။ (အဘိ-ဋ္ဌ-၁-၄ဝ၅။) ရသ - ပစ္စုပဋ္ဌာန် - ပဒဋ္ဌာန် --- ချမ်းသာသည့် သုခိတသတ္တဝါတစ်ဦးကိုလည်းကောင်း၊ အများကိုလည်း ကောင်း မြင်တွေ့ရသည့်အခါ ကြည်ရွှင်ဝမ်းမြောက်တတ်သည့် မုဒိတာဗြဟ္မစိုရ် လက်ကိုင်ထားသည့် မုဒိတာ သဘောထားများ နှလုံးအိမ်တွင် ကိန်းဝပ်လေ့ရှိသည့် သူတော်ကောင်းတို့ကား သူတစ်ပါးတို့၏ ပရိယတ် ပဋိပတ်
有些与嫉相应的无家出家仙人、比丘,看见某人依教理多闻、实修多闻等功德而获得利得等成就,便想:‘此人何时才会从这些利得等衰退?’后来若见他因某种缘由利得减少,便感到欢喜。因此应知,嫉具有贬损他人成就的特相。(《殊胜义注》1-405。)作用、现起与近因——心中安住随喜梵住、以随喜为准则的善士,看见一位或许多安乐有情时,会欣悦欢喜;听闻他人在教理与实修——
တို့၌ ကျွမ်းကျင်လိမ္မာတော်မူပုံ စည်းစိမ်ဥစ္စာ ဂုဏ်ရှိန်ဝါတို့ ပြည့်ပြည့်စုံစုံ ကုံလုံကြွယ်ဝနေပုံ ဆင်စီး၍ မြင်းရံနေပုံ တို့ကို မြင်ရ ကြားရလျှင် ပျော်ရွှင်ဝမ်းမြောက်ကြ၏။ သို့သော် ဣဿာ ကိန်းဝပ်နေသူ မသူတော်တို့ကား ထိုကဲ့သို့ မပျော်ရွှင်နိုင် ဝမ်းမမြောက်နိုင်ဘဲ သူတစ်ပါး၏ စည်းစိမ်ဂုဏ်သိရ်၌ မမွေ့လျော်နိုင်ဘဲ မွေ့လျော်ခြင်း၏ ဆန့်- ကျင်ဘက် လုပ်ငန်းရပ်တို့ကို ပြုလုပ်လေ့ရှိတတ်ကြ၏။ စောင်းတတ်မြောင်းတတ် ကဲ့ရဲ့တတ် ရှုတ်ချတတ်ကြ၏။
——方面学识娴熟,财富、地位与威望丰足,出行时乘象并有马队随从,也会欢喜随喜。然而,心中潜伏着嫉的不善者却无法这样欢喜;他们不能悦乐他人的财富与声望,反而常做与悦乐相反之事,讥刺、挖苦、批评、贬损。
တို့မီးရှို့မီး လုပ်တတ်ကြ၏၊ ဣဿာ၏ လုပ်ငန်းကိစ္စပင်တည်း။
还会煽风点火;这正是嫉的作用。
ထိုသို့ မမွေ့လျော်နိုင်သဖြင့် ထိုသူတစ်ပါးစည်းစိမ်မှ မျက်နှာလွှဲတတ်သော သဘောတရားဟု ယင်းဣဿာ တရားကို ဝိပဿနာဉာဏ်ဖြင့် ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်တွင် ရှေးရှု ထင်လာပေသည်။
因为这样不能悦乐,他们会从他人的成就转过脸去;以观智观照嫉的瑜伽行者,其智中显现的正是这种性质。
ဣဿာဟူသည် သူတစ်ပါးစည်းစိမ်ကို ငြူစူမှု သည်းမခံနိုင်မှု ဖြစ်သဖြင့် ထိုသူတစ်ပါးတို့၏ စည်းစိမ်ဥစ္စာ ဂုဏ်သိရ်များသည်ပင် ဣဿာတရား ဖြစ်ပေါ်လာဖို့ရန် အနီးစပ်ဆုံး အကြောင်းပဒဋ္ဌာန် ဖြစ်ရပေသည်။ (ဤ စကားများအရ --- ဣဿာသည် သူတစ်ပါး၏ စည်းစိမ်ဂုဏ်သိရ်ဟူသော ဗဟိဒ္ဓကိုသာ အာရုံပြုသောတရားဟု မှတ်ပါ။)
嫉是嫉妒、不能容忍他人的成就,因此他人的财富与声望本身,就是嫉生起的最切近原因。由此可知,嫉只取名为他人财富与声望的外在对象。
မြဂူကို မနာလိုသော ဝက်များ
嫉妒宝窟的猪群
ဟိမဝန္တာတောင် မြဂူအတွင်း၌ ခြင်္သေ့တစ်စီး အောင်းနေ၏၊ ထိုဂူ၏ မနီးမဝေးမှာလည်း ဝက်အများ နေ ထိုင်ကြ၏၊ ထိုဝက်တို့သည် မြဂူအတွင်းက ခြင်္သေ့ကို မြင်နေကြရသဖြင့် အမြဲကြောက်ရွံ့ကာ မြဂူ၏ အရောင်အဝါ ကိုပင် အပြစ်မြင်လျက် ရှိကြ၏။ အခါတစ်ပါး၌ ထိုဝက်အများသည် စုပေါင်းတိုင်ပင်ကာ ရွှံ့ညွန်၌ မိမိတို့၏ ကိုယ်ကို လူးပြီးလျှင် ထိုညွန်ဖြင့် မြဂူကို အရောင်မှိန်သွားအောင် ပွတ်တိုက်ကြလေရာ၊ မြဂူမှာ အရောင်မညှိုးဘဲ တိုး၍ပင် ပြောင်လာလေသည်။ ထို့အတူ အဘက်ဘက်တွင် မိမိထက်သာနေသူကို မနာလိုဝန်တို၍ အပြစ်ပြောလျှင်
喜马拉雅山的一座宝窟中住着一头狮子,离洞穴不远处又住着许多猪。群猪常常看见洞中的狮子,始终心怀恐惧,甚至把宝窟的光辉也视为过失。有一次,群猪共同商议后在泥沼里滚满全身,再用身上的泥去摩擦宝窟,想使它黯淡;宝窟却不但没有失去光泽,反而更加明亮。同样,若因嫉妒处处胜过自己的人而说其过失——
原书第 476 页
အထက်တန်းရောက်နေသူတို့မှာကား တိုး၍သာ ပြောင်ဖွယ်ရာ ရှိ၏။ ဣဿာ ထူပြောသူ မိမိအတွက်မူကား အပါယ်သို့ ရောက်ကြောင်း မကောင်းမှု အကုသိုလ်ကံတည်းဟူသော လက်မှတ်ကောင်းတို့ကို စုဆောင်းထားပြီး လည်း ဖြစ်သွား၏။ နောင်သံသရာ အဆက်ဆက်၌လည်း အခြွေအရံ နည်းပါးကြောင်း အရှိန်အဝါ အကျော်စော မဲ့ကြောင်း မကောင်းမှုတို့ကို ဆည်းပူးပြီးလည်း ဖြစ်သွားပေသည်။
——那位已居高位的人只会更加光彩照人;嫉心深重者自己却已经积集了名为不善业、足以通往恶趣的‘通行证’,也积集了使自己在未来轮回中随从稀少、没有威望与声名的不善业。
အတ္တုက္ကံသန - ပရဝမ္ဘန
自赞—毁他
စကားပြောသောအခါ၌ ဖြစ်စေ၊ စာရေးသားသောအခါ၌ ဖြစ်စေ မိမိကိုယ်ကို မြှောက်၍ မြှောက်၍ ဂုဏ် ဖော်၍ ဂုဏ်ဖော်၍ ပြောဆိုခြင်း ရေးသားခြင်းကို အတ္တုက္ကံသနဟု ခေါ်ဆို၏။ သူတစ်ပါးကို ရှုတ်ချ၍ ရှုတ်ချ၍ အပြစ်တင်၍ အပြစ်တင်၍ ပြောဆိုရေးသားမှုကို ပရဝမ္ဘနဟု ခေါ်၏။ ထိုတွင် အတ္တုက္ကံသန = မိမိကိုယ်ကို ချီးမြှောက်ခြင်းအမှု၌ မိမိဂုဏ်ကို သာယာသော လောဘနှင့် အထင်ကြီးသော မာနများ ဖြစ်တတ်၏။ ပရဝမ္ဘန = သူတစ်ပါးကို ကဲ့ရဲ့ရှုတ်ချခြင်းအမှု၌ကား ယခုတင်ပြနေသော ဣဿာနှင့် မလိုမုန်းထားသော ဒေါသတို့ အတူ ယှဥ်တွဲ၍ ဖြစ်တတ်လေသည်။
无论说话还是写作,反复抬高自己、夸耀自己的功德而诉诸言辞文字,称为自赞(attukkaṃsana);反复贬斥他人、指责他人的过失而诉诸言辞文字,称为毁他(paravambhana)。其中,在自赞,也就是抬高自己这件事上,会生起贪——贪著、欣赏自己的功德,以及慢——高估自己;在毁他,也就是贬斥他人这件事上,则会共同生起这里正在说明的嫉,以及心怀敌意的瞋。
ကဲ့ရဲ့သင့် ကဲ့ရဲ့ထိုက် ရှုတ်ချသင့် ရှုတ်ချထိုက်သော တရားကိုလည်းကောင်း၊ ပုဂ္ဂိုလ်ကိုလည်းကောင်း ကဲ့ရဲ့ခြင်း ရှုတ်ချခြင်းကိုလည်း ဘုရားရှင်သည် ခွင့်ပြုတော်မူပြီးပင် ဖြစ်၏။ သို့သော် ကဲ့ရဲ့သင့် ကဲ့ရဲ့ထိုက်သော ရှုတ်ချသင့် ရှုတ်ချထိုက်သော တရား မဟုတ်ပါဘဲလျက် မကဲ့ရဲ့သင့် မကဲ့ရဲ့ထိုက်သော မရှုတ်ချသင့် မရှုတ်ချ ထိုက်သော တရားကို ကဲ့ရဲ့မိပါက ရှုတ်ချမိပါက၊ မကဲ့ရဲ့သင့် မကဲ့ရဲ့ထိုက် မရှုတ်ချသင့် မရှုတ်ချထိုက်သော သူတော်ကောင်းကို ကဲ့ရဲ့မိပါက ရှုတ်ချမိပါက လွန်စွာ အပြစ်ကြီးတတ်သည်ကိုကား အထူးသတိပြုသင့်လှပေသည်။
对于确应批评、应予斥责的法或人,世尊也允许加以批评、斥责。然而,对本不应批评、斥责的法横加批评、斥责,或对本不应批评、斥责的善士横加批评、斥责,过失极为严重;对此应当格外谨慎。
လူမိုက်တစ်ဦး၏ ကဲ့ရဲ့မှု ချီးမွမ်းမှုတို့ကား မှားသော်လည်း ရှိရာ၏ မှန်သော်လည်း ရှိရာ၏၊ ဘုရားအစရှိသော ပညာရှိသူတော်ကောင်းတို့၏ ကဲ့ရဲ့မှု ချီးမွမ်းမှုတို့ကသာ လိုရင်းဖြစ်ပေသည်။ သူတော်ကောင်းတို့၏ ကဲ့ရဲ့သော မကောင်းမှုမှန်သမျှကို ရှောင်၍ သူတော်ကောင်းတို့၏ ချီးမွမ်းသော ကောင်းမှုကုသိုလ်တို့ကိုသာ လိုက်နာပြုကျင့် ခြင်းသည် အသင်သူတော်ကောင်းအတွက် အကျိုးအကြီးဆုံးသော လုပ်ငန်းရပ်ကြီးတစ်ခုပင် ဖြစ်လေရာသည်။
愚人的批评与赞扬,有时错误,有时正确;真正要紧的,是佛陀等智者善士的批评与赞扬。善士啊,远离善士所批评的一切不善,唯独依循、实践善士所赞扬的善业,这正是一项能为你带来最大利益的事业。
原书第 477 页
၁ဝ။ မစ္ဆရိယ
十、悭
မစ္ဆရဘာဝေါ မစ္ဆရိယံ။
巴利词解(缅文字体):‘မစ္ဆရဘာဝေါ မစ္ဆရိယံ။’译:‘悭吝的状态,名为悭。’
၁။ မစ္ဆရိယံ လဒ္ဓါနံ ဝါ လဘိတဗ္ဗာနံ ဝါ အတ္တနော သမ္ပတ္တီနံ နိဂူဟနလက္ခဏံ၊ ၂။ တာသံယေဝ ပရေဟိ သာဓာရဏဘာဝအက္ခမနရသံ၊ ၃။ သင်္ကောစနပစ္စုပဋ္ဌာနံ၊ ကဋုကဉ္စုကတာပစ္စုပဋ္ဌာနံ ဝါ၊ ၄။ အတ္တသမ္ပတ္တိပဒဋ္ဌာနံ။ စေတသော ဝိရူပဘာဝေါတိ ဒဋ္ဌဗ္ဗံ။ (အဘိ-ဋ္ဌ-၁-၂၉၉။ ဝိသုဒ္ဓိ-၂-၁ဝဝ။) ဝန်တိုတတ်သူ၏ ဖြစ်ကြောင်းဖြစ်ရာ သဘောတရားသည် မစ္ဆရိယ မည်၏။
巴利义注引文(缅文字体):‘၁။ မစ္ဆရိယံ လဒ္ဓါနံ ဝါ လဘိတဗ္ဗာနံ ဝါ အတ္တနော သမ္ပတ္တီနံ နိဂူဟနလက္ခဏံ၊ ၂။ တာသံယေဝ ပရေဟိ သာဓာရဏဘာဝအက္ခမနရသံ၊ ၃။ သင်္ကောစနပစ္စုပဋ္ဌာနံ၊ ကဋုကဉ္စုကတာပစ္စုပဋ္ဌာနံ ဝါ၊ ၄။ အတ္တသမ္ပတ္တိပဒဋ္ဌာနံ။ စေတသော ဝိရူပဘာဝေါတိ ဒဋ္ဌဗ္ဗံ။’译:‘一、悭以隐藏自己已经获得或能够获得的成就为特相;二、以不能容忍这些成就与他人共有为作用;三、以收缩为现起,或以苦涩、怨愤为现起;四、以自己的成就为近因。应视之为心的丑陋、乖变。’(《殊胜义注》1-299;《清净之道》2-100。)能使人成为悭吝者的法,名为悭。
၁။ ရပြီး ရဆဲ ရလတ္တံ့ ဖြစ်ကုန်သော မိမိ၏ စည်းစိမ်တို့ကို လျှို့ဝှက်ခြင်းသဘော လက္ခဏ၊ ၂။ ထိုစည်းစိမ်တို့ကိုပင် သူတစ်ပါးတို့နှင့် ဆက်ဆံမှုကို သည်းမခံနိုင်ခြင်း = သည်းခံခြင်း၏ ဆန့်ကျင်ဘက်ဖြစ်ခြင်း (ကိစ္စ) ရသ၊ ၃။ (မိမိစည်းစိမ်တို့ကို သူတစ်ပါးတို့နှင့် ဆက်ဆံခြင်းကို မနှစ်သက်သော အခြင်းအရာအားဖြင့်) (က) တွန့်တိုခြင်းသဘောတရား ပစ္စုပဋ္ဌာန်၊ ( ခ ) ခါးစပ်သော ခံပြင်းသော သဘောတရား ပစ္စုပဋ္ဌာန်၊ ( ဂ ) တစ်နည်း --- မသာယာ မနှစ်သက်သော အခြင်းအရာ၊ ဆင်းရဲသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းဟူသော အကျိုးကို ဖြစ်စေတတ်၏ (ဖလ) ပစ္စုပဋ္ဌာန်။
其四法解释如下:一、以隐藏自己已经获得、正在获得或能够获得的财富为特相。二、以不能容忍这些财富与他人共有,也就是履行与容忍相反的作用,为作用。三、在不愿自己的财富与他人共有这一情形下:(甲)以心量收缩为现起;(乙)以苦涩、怨愤为现起;(丙)另一说,以造成不悦、不乐与痛苦的结果为现起。
၄။ မိမိ၏ စည်းစိမ်ဥစ္စာ ပဒဋ္ဌာန်။
至于第四项,悭以自己的财富为近因。
မစ္ဆရိယ (၅) မျိုး (အဘိ-ဋ္ဌ-၁-၄ဝ၅-၄ဝ၇။)
五种悭(《殊胜义注》1-405—407)
၁။ အာဝါသမစ္ဆရိယ --- ကျောင်းကန်တိုက်တာ နေရာထိုင်ခင်းတို့၌ ဝန်တိုမှုသည် အာဝါသမစ္ဆရိယတည်း။
一、住处悭——对于寺院、僧院建筑与居住处所心怀悭吝,称为住处悭(āvāsa-macchariya)。
အာဝါသမည်သည်ကား --- ကျောင်းတိုက်ကြီးတစ်ခုလုံးသည်လည်းကောင်း၊ ကျောင်းတိုက်ကြီးတစ်ခု အတွင်းဝယ် အသီးအသီးသော အကာအရံရှိသော ကျောင်းတစ်ဆောင်ဟူသော ပရိဝုဏ်သည်လည်းကောင်း၊ ကျောင်းတစ်- ကျောင်း = ကျောင်းတစ်ဆောင် အတွင်းဝယ် အခန်းတစ်ခုသည်လည်းကောင်း၊ ညအခါ ကမ္မဋ္ဌာန်းတရားကို အားထုတ်သည့် ညဥ့်သန့်စင်ရာ နေရာအရပ်၊ နေ့အခါကမ္မဋ္ဌာန်းတရားကို ပွားများအားထုတ်သည့် နေ့သန့်စင်ရာ နေရာအရပ် စသည်တို့သည်လည်းကောင်း အာဝါသ မည်ပေသည်။ (သံဃိကကျောင်း အိပ်ရာနေရာတို့ပင်တည်း၊၊) ထိုအာဝါသတို့၌ နေထိုင်သောပုဂ္ဂိုလ်တို့သည် ချမ်းသာစွာ နေထိုင်ကြရကုန်၏၊ ပစ္စည်းလေးပါးတို့ကို ရရှိကြကုန်၏။
所谓住处,包括整座大寺院;大寺院内各有围墙的一栋住舍及其院落;一栋住舍内的一间房;夜间用功业处的夜间清修处、白日修习业处的日间清修处,等等。这些都是僧团共有的寺院、床座与住处。住在这些住处的人能够安乐居住,也能够获得四资具。
ရဟန်းတစ်ပါးကား ဝတ်အကျင့်ပဋိပတ်နှင့် ပြည့်စုံ၍ သီလကို ချစ်မြတ်နိုးသော ရဟန်းတစ်ပါးပါး၏ ထိုကျောင်းသို့ လာခြင်းကို အလိုမရှိပေ၊ လာပြန်ပါကလည်း ''ဒီကိုယ်တော် ခပ်မြန်မြန် ပြန်ပါစေ''ဟူသော စိတ်ထားမျိုး ရှိနေ၏။
有一位比丘不希望具足行仪、修行认真而爱重戒律的比丘来到这座寺院;即使对方已经来了,他也一直抱着‘但愿这位尊者快点离开’的心态。
ဤမစ္ဆရိယကား ကျောင်းနေရာ၌ ဝန်တိုခြင်း အာဝါသမစ္ဆရိယ မည်၏။ သို့သော် ခိုက်ရန်ငြင်းခုံမှု ပြုတတ်သည့် ပုဂ္ဂိုလ်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးတို့၏ ထိုကျောင်းတိုက်၌ နေထိုင်ခြင်းကို အလိုမရှိသော ပုဂ္ဂိုလ်၏ မနေစေလိုသည့် စိတ်ထားမျိုးကား အာဝါသမစ္ဆရိယ မဟုတ်ပေ။
这种对寺院住处的悭吝,称为住处悭。不过,如果是不希望好争吵、好诤论之类的人住进寺院,这种不愿让其居住的心态并不是住处悭。
၂။ ကုလမစ္ဆရိယ --- ဆွေမျိုးဉာတိတို့၌ ဖြစ်စေ၊ တပည့် ဒါယကာ ဒါယိကာမတို့၌ ဖြစ်စေ ဝန်တိုမှုသည် ကုလမစ္ဆရိယ မည်၏။ မိမိအား ပစ္စည်းလေးပါးဖြင့် ပြုစုလုပ်ကျွေးနေသည့် ဒါယကာ ဒါယိကာမ အမျိုးအနွယ် သည်လည်း ကုလ မည်၏။ မိမိ၏ ဆွေမျိုးသားချင်းများသည်လည်း ကုလ မည်၏။ ထိုကုလ နှစ်မျိုးတို့၌ အခြား ပုဂ္ဂိုလ်တစ်ဦးဦး၏ ချဥ်းကပ်ခြင်းကို အလိုမရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌ ဖြစ်သော ဝန်တိုမှုမျိုးကား ကုလမစ္ဆရိယ
二、家族悭——对于亲属宗族,或弟子、男施主与女施主心怀悭吝,称为家族悭(kula-macchariya)。以四资具护持、侍奉自己的男女施主家族,称为‘家族’;自己的亲属宗族也称为‘家族’。不愿其他任何人接近这两类家族,生起在这种人相续中的悭吝,就是家族悭——
原书第 478 页
တည်း။ သို့သော် ယုတ်မာသောစိတ်ထား ယုတ်မာသောကိုယ်ကျင့်တရား ရှိသူ ပုဂ္ဂိုလ်တစ်ဦးဦး၏ ထိုဆွေမျိုးတို့နှင့် ဒါယကာ ဒါယိကာမတို့သို့ ချဥ်းကပ်မှုကို အလိုမရှိခြင်းကား ကုလမစ္ဆရိယ မဟုတ်ပေ။ မှန်ပေသည် ထိုယုတ်မာ သော စိတ်ဓာတ်ရှိသူ ယုတ်မာသော ကိုယ်ကျင့်တရားရှိသူကား ထိုအမျိုး ဒါယကာ ဒါယိကာမတို့၏ ရတနာ သုံးပါးတို့ အပေါ်၌ ကြည်ညိုနေသော သဒ္ဓါစစ် သဒ္ဓါမှန်ကို ပျက်စီးသွားအောင် ကျင့်တတ်၏။ ထိုကြောင့် ထို ပုဂ္ဂိုလ်မျိုး၏ မိမိအလုပ်အကျွေး ဒါယကာ ဒါယိကာမတို့နှင့် ဆွေမျိုးတို့၌ မချဥ်းကပ်စေလိုခြင်းသည် မစ္ဆရိယ မဖြစ်ပါ။ အကယ်၍ ထိုဒါယကာ ဒါယိကာမတို့၏ ဆွေမျိုးတို့၏ ရတနာသုံးပါးအား ကြည်ညိုသည့် သဒ္ဓါစစ် သဒ္ဓါမှန်ကို စောင့်ရှောက်ခြင်းငှာ စွမ်းနိုင်သည်သာလျှင် ဖြစ်သော ရဟန်းတစ်ပါးပါး၏ ထိုအမျိုး ဒါယကာ ဒါယိကာမတို့သို့ ချဥ်းကပ်ခြင်းကို အလိုမရှိသူသာလျှင် ဝန်တိုခြင်း မစ္ဆရိယရှိသူ မည်ပေသည်။
——然而,不希望心术卑劣、行为恶劣的人接近这些亲属与男女施主,并不是家族悭。因为这种心术、行为恶劣的人,可能会破坏这些家族与男女施主对于三宝的真实、正确信心,所以不希望他接近自己的护持者与亲属,并不构成悭。反之,如果某位比丘能够维护这些家族、男女施主对三宝的真实信心,却仍有人不愿他接近这些家族与施主,这个人才是具有悭吝的家族悭者。
၃။ လာဘမစ္ဆရိယ --- ပစ္စည်းလာဘ်လာဘရခြင်းတို့၌ ဝန်တိုမှုသည် လာဘမစ္ဆရိယ မည်၏။ ဤ၌ လာဘ ဟူသည် ပစ္စည်းလေးပါးကို ရခြင်းပင်တည်း။ ထိုလာဘ်လာဘရခြင်းကို မိမိမှတစ်ပါးသော သီလမရှိသောပုဂ္ဂိုလ်ကို မဆိုထားဘိ၊ သီလရှိသောပုဂ္ဂိုလ်သည်ပင် လာဘ်လာဘကို ရလတ်သော် မရပါစေသတည်းဟု ကြံစည်သော ပုဂ္ဂိုလ်၏ စိတ်ထားမျိုးသည် လာဘမစ္ဆရိယတည်း။ သို့သော် ပုဂ္ဂိုလ်တစ်ဦးကား ဒါယကာ ဒါယိကာမတို့က သဒ္ဓါ ပြဓာန်း၍ လှူဒါန်းအပ်သည့် သဒ္ဓါဒေယျ လှူဖွယ်ဝတ္ထု ပစ္စည်းစုကို ဖောက်ဖောက်ပြန်ပြန် ကျစေ၏၊ ဖရိုဖရဲ ဖြစ်စေ၏၊ အလွဲသုံးစားပြု၏။ မသုံးစွဲရက်ဘဲ ပုပ်သည့်တိုင်အောင် ခြတက်သည့်တိုင်အောင် ဆွေးမြည့်သည့်တိုင် အောင် ထားခြင်း၊ လူတို့ကို ပေးကမ်းခြင်း၊ ဝိနည်းတော်နှင့် မလျော်ညီရာဝယ် သုံးစွဲခြင်း၊ မရိုမသေ မလေးမစား ပစ်စလက်ခတ် မကောင်းသဖြင့်သုံးစွဲခြင်း စသည်တို့၏ အစွမ်းဖြင့် ပျက်စီးစေ၏၊ ဖျက်ဆီး၏။ ပုပ်ဆွေးသည်၏
三、利得悭——对于获得四资具等利得心怀悭吝,称为利得悭(lābha-macchariya)。这里的‘利得’,就是获得四资具。不用说无戒的人,甚至当有戒者获得利得时,也盘算‘愿他得不到’,这样的心态就是利得悭。不过,有一种人使男女施主以信心所施的信施物散失、混乱而遭滥用:他舍不得使用,任其腐烂、遭虫蛀、朽坏;或把它给在家人,在不合毗奈耶之处使用,或轻慢不敬、随意糟蹋地使用。这样,他便使信施物败坏、毁损,直至已经腐朽——
အဖြစ်သို့ ရောက်သော ပစ္စည်းကိုသော်လည်း အခြားသော ပုဂ္ဂိုလ်အား မပေး။ (မပုပ်ဆွေးသေးသော ပစ္စည်းကိုကား ဆိုဖွယ်ရာပင်မရှိ ဟူလိုသည်။) ထိုသို့ သူတစ်ပါးတို့အားလည်း မပေးရက် မိမိကိုယ်တိုင်လည်း မသုံးရက်သော ပုဂ္ဂိုလ်မျိုးကို မြင်၍ ဤပစ္စည်းကို ဤပုဂ္ဂိုလ်သည် အကယ်၍ မရပါမူကား၊ ဤပုဂ္ဂိုလ်မှ တစ်ပါးသော အခြားသော သီလရှိသော သူတော်ကောင်းတစ်ဦးသည် အကယ်၍ ရပါမူကား၊ အကယ်၍ ရခဲ့သော် ထိုပစ္စည်းသည် အသုံးဝင် အသုံးကျသော သဘောမျိုးသို့ ရောက်လေရာ၏ဟု ကြံစည်သော ပုဂ္ဂိုလ်၏ သန္တာန်၌ ဖြစ်ပေါ်လာသော ဤ စိတ်ထားမျိုး၌ ဝန်တိုခြင်း မစ္ဆရိယသဘော မရှိပေ။
——甚至已经腐坏的物品,他也不肯给别人,更不必说尚未腐坏的物品。看见这种既不肯给人、自己又舍不得使用的人,有人会想:‘如果这人得不到这件物品,而由另一位有戒善士得到,那么物品就会真正派上用场。’生起这种心态,并没有悭吝的性质。
၄။ ဝဏ္ဏမစ္ဆရိယ --- ကိုယ်အဆင်း ဂုဏ်သတင်းတို့၌ ဝန်တိုမှုသည် ဝဏ္ဏမစ္ဆရိယတည်း။ ကိုယ်အဆင်းသည် လည်းကောင်း၊ ဂုဏ်ကျေးဇူးသည်လည်းကောင်း ဝဏ္ဏ မည်၏။ သရီရဝဏ္ဏ၊ ဂုဏဝဏ္ဏဟု ခေါ်ဆို၏။ ထိုနှစ်မျိုး တို့တွင် ကိုယ်အဆင်း၌ ဝန်တိုခြင်း မစ္ဆရိယရှိသော ပုဂ္ဂိုလ်သည် --- ''ပုဂ္ဂိုလ် တစ်ဦးဦးသည် ဖူးမြင်ရသူတို့အား ကြည်ညိုခြင်းကို ဖြစ်စေတတ်၏၊ ကြည်ညိုဖွယ်ရှိ၏၊ ရုပ်အဆင်းနှင့်လည်း ပြည့်စုံ၏၊ ဥပဓိရုပ် ကောင်းမွန်၏'' - ဟု ပြောဆိုသံကို ကြားရသော် ထိုဂုဏ်ကို ထိုဂုဏ်အကြောင်းကို ပြောဆိုခြင်း ပြောကြားခြင်းငှာ အလိုမရှိ ဖြစ်နေ တတ်၏။ တစ်ဖန် သူတစ်ပါး၏ ဂုဏ်ကျေးဇူး၌ ဝန်တိုခြင်း မစ္ဆရိယရှိသူသည် သူတစ်ပါး၏ သီလဂုဏ် ဓုတင်ဂုဏ် သမာဓိဂုဏ် ပညာဂုဏ်ဟူသော ပဋိပတ်ဂုဏ်နှင့် မျိုးရိုးအကျင့် ဂုဏ်ကျေးဇူးကို ပြောဆိုလိုသည့် ဆန္ဒဓာတ်များ မရှိ ဖြစ်နေတတ်၏။
四、色誉悭——对于身体容貌与德行声誉心怀悭吝,称为色誉悭(vaṇṇa-macchariya)。身体容貌与功德声誉都称为 vaṇṇa,分别称为身体之色(sarīravaṇṇa)与功德之誉(guṇavaṇṇa)。其中,对身体容貌心怀悭吝的人,听见别人说某人‘令人见而生信,仪容可敬,容貌端正,形体美好’,便不愿让人谈论这项优点及其缘由。对他人功德心怀悭吝的人,也没有意愿讲说他人的戒德、头陀行之德、定德、慧德等修行功德,以及家世与品行方面的优点。
၅။ ဓမ္မမစ္ဆရိယ --- ပရိယတ္တိဓမ္မ၌ ဝန်တိုမှုသည် ဓမ္မမစ္ဆရိယ မည်၏။ ဤ၌ ပရိယတ္တိဓမ္မသည်လည်းကောင်း၊ ပဋိဝေဓဓမ္မသည်လည်းကောင်း ဓမ္မ မည်၏။ ထိုတွင် အရိယသာဝကတို့သည် မိမိတို့ကိုယ်တိုင် သမ္မာဒိဋ္ဌိဉာဏ်- ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အပ်သော မဂ် ဖိုလ် နိဗ္ဗာန်ဟူသော ပဋိဝေဓဓမ္မကို ဝန်မတို ကြကုန်။ မိမိတို့ကိုယ်တိုင် ထွင်းဖောက်သိမြင်အပ်ပြီးသော ထိုပဋိဝေဓဓမ္မ၌ နတ်နှင့်တကွသော တစ်လောကလုံး၌ ရှိသော သတ္တဝါအပေါင်း၏ ထိုးထွင်း၍သိခြင်းကို အလိုရှိကြကုန်သည်သာ ဖြစ်ကြ၏။ သို့သော် ထိုမိမိတို့ ရထား
五、法悭——对于教理之法心怀悭吝,称为法悭(dhamma-macchariya)。这里,教理之法与通达之法都称为法。其中,圣弟子绝不会对自己以正见智慧亲自现前、贯通证知的道、果、涅槃这些通达之法起悭;他们只会希望包括诸天在内的整个世间,一切有情都能贯通知晓这种自己已经亲证的通达之法——
原书第 479 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း အပ်ပြီးသော ပဋိဝေဓတရားကို (ဤပုဂ္ဂိုလ်သည် သောတာပန်တည်း၊ သကဒါဂါမ်တည်း၊ အနာဂါမ်တည်း၊ ရဟန္တာ တည်းစသည်ဖြင့်) သူတစ်ပါးတို့သည် မသိကြပါစေကုန်သတည်းဟုကား အလိုရှိကြကုန်၏။ မိမိအရိယာ ဖြစ် ကြောင်းကို သူတစ်ပါးတို့သည် မသိကြပါစေသတည်းဟူသော စိတ်ထားမျိုးကား ရှိနေကြ၏။ တန္တိဓမ္မ ခေါ်သော ပရိယတ္တိတရားတော်၌သာလျှင် ဓမ္မမစ္ဆရိယမည်သည် ဖြစ်တတ်ပေသည်။ (နိဒဿနနည်းအရ ပါဠိတော် တန္တိဓမ္မ ကိုသာ ဖွင့်ဆိုခြင်း ဖြစ်သည်၊ တန္တိဓမ္မ၌ ပါဠိတော် အဋ္ဌကထာ ဋီကာနှင့်တကွ ပရိယတ်တရားတော် အားလုံး ပါဝင်သည်ဟု မှတ်ပါ။) ထိုမစ္ဆရိယနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် လျှို့ဝှက် ခက်ခဲ နက်နဲ၍ အသိခက်သော ပါဠိတော် အဋ္ဌကထာ ကျမ်းဂန်အစဥ်ကို တတ်သိခဲ့သော် ထိုပါဠိ အဋ္ဌကထာကို အခြားပုဂ္ဂိုလ်ကို သိစေခြင်းငှာ အလိုမရှိ ဖြစ်နေတတ်၏၊ မစ္ဆရိယသဘောတည်း။ သို့သော် ပုဂ္ဂိုလ်တစ်ဦးသည် ပုဂ္ဂိုလ်တစ်ဦးကို နှိုင်းချိန်၍ ဓမ္မာနုဂ္ဂဟ = ဓမ္မကို ချီးမြှောက်ခြင်း
——不过,他们确实会希望别人不知道:‘这个人是入流者、一来者、不来者、阿罗汉。’也就是说,他们会有不愿别人知道自己是圣者的心态。真正称为法悭的,只会发生在名为教典法(tanti-dhamma)的教理之法上。〔这里依示例法只说巴利三藏这一教典法;应知教典法包括巴利三藏、义注、复注等全部教理。〕具有这种悭的人即使通晓隐微、深奥而难解的巴利三藏、义注等典籍传承,也不愿让别人知晓这些巴利与义注,这就是悭。然而,有人衡量某个人,出于护持法(dhammānuggaha),也就是为了彰显法——
အားဖြင့်သော်လည်းကောင်း၊ ဓမ္မကို နှိုင်းချိန်၍ ပုဂ္ဂလာနုဂ္ဂဟ= ပုဂ္ဂိုလ်ကို ချီးမြှောက်ခြင်းအားဖြင့်သော်လည်း ကောင်း ပါဠိတော် အဋ္ဌကထာ ကျမ်းဂန်များကို သင်ပြမပေးအံ့၊ ဤပုဂ္ဂိုလ်မျိုးသည် ဝန်တိုခြင်း မစ္ဆရိယ ရှိသော ဓမ္မမစ္ဆရိယ ပုဂ္ဂိုလ်မျိုးမည်သည် မဖြစ်နိုင်ပေ။ ထို ဓမ္မာနုဂ္ဂဟ ပုဂ္ဂလာနုဂ္ဂဟ နှစ်မျိုးတို့တွင် ဓမ္မာနုဂ္ဂဟအားဖြင့် သင်မပေးခြင်းမှာ ဤသို့တည်း --- ၁။ ဓမ္မာနုဂ္ဂဟ --- အချို့သောပုဂ္ဂိုလ်သည် လျှပ်ပေါ်လော်လည်တတ်၏။ တစ်ရံတစ်ခါ၌ သမဏ = ရဟန်း ဖြစ်နေတတ်၏၊ တစ်ရံတစ်ခါ၌ ဗြာဟ္မဏ = ပုဏ္ဏား ဖြစ်နေတတ်၏၊ တစ်ရံတစ်ခါ၌ နိဂဏ္ဌ ဖြစ်နေတတ်၏။ ဤ သို့လျှင် လျှပ်ပေါ်လော်လည်တတ်၏။ (ယခုအခါ၌ အချို့သောပုဂ္ဂိုလ်တို့သည် ယတြာချေသည့် သဘောအားဖြင့် လည်းကောင်း၊ အထက်ဆရာကြီး၏ ခိုင်းစေချက်အရအားဖြင့်လည်းကောင်း မမှန်ကန်သော ဦးတည်ချက် အမျိုး- မျိုးဖြင့် သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ရန်ဟူသော မှန်ကန်သော ဦးတည်ချက် မရှိဘဲ သာသနာဘောင်သို့
——而不传授巴利三藏、义注等典籍;又或衡量所教之法,出于护持个人(puggalānuggaha),也就是为了扶助个人,而不传授这些典籍,这两者都不能称为具有法悭的人。这两种情形中,第一种出于护持法而不教,是这样的:一、护持法——有些人反复无常、轻浮漂荡,有时作沙门、比丘,有时作婆罗门,有时又作尼乾陀,就这样反复变换。〔现代也有些人为了消灾改运,或听从上师吩咐,怀着种种错误目的,并没有为出离轮回苦这一正确目标,而反复进入——
ဝင်လိုက်ထွက်လိုက်နှင့် ခဏခဏ ပြုလုပ်သကဲ့သို့တည်း။) ဆရာဖြစ်သော ရဟန်းတော်တစ်ပါးသည် --- ''ဤ လျှပ်ပေါ်လော်လည်သော ပုဂ္ဂိုလ်သည် ဆရာစဥ်ဆက် မပျက်မကွက် သင်အံကြားနာခြင်း ပို့ချပေးခြင်းဖြင့် စဥ်- လာမပျက် ဆင်းသက်လာသော တန္တိဓမ္မဟု ခေါ်ဆိုအပ်သော ပါဠိတော် ဒေသနာကိုလည်းကောင်း သိမ်မွေ့ နူးညံ့သော တရားထူး တရားမြတ်ကိုလည်းကောင်း ဖျက်ဆီး၍ မွှေနှောက်ချောက်ချားလတ္တံ့'' --- ဟု သဘော ပိုက်မိ၍ သင်မပေးငြားအံ့၊ ဤသို့သော ဆရာဖြစ်ထိုက်သော ပုဂ္ဂိုလ်သည် --- ''ပုဂ္ဂိုလ်ကို စူးစမ်းဆင်ခြင်၍ နှိုင်းချိန်၍ ဓမ္မာနုဂ္ဂဟအားဖြင့် ပရိယတ်တရားတော်ကို သင်မပေးသူ'' မည်ပေသည်။
——又离开僧团。〕一位应当作其老师的比丘想到:‘这个反复无常的人会毁坏、搅乱称为教典法、由师资代代不断学习、听闻、传授而传承下来的巴利教说,也会毁坏微妙殊胜之法。’于是没有教他。这样的老师,就是审察、衡量个人,为了护持法而不传授教理之法的人。
၂။ ပုဂ္ဂလာနုဂ္ဂဟ --- နောက်တစ်မျိုးကား ဆရာဖြစ်ထိုက်သော သင်ပြပေးရမည့် ပုဂ္ဂိုလ်တစ်ဦးသည် --- ''ဤ တရားတော်ကား သိမ်မွေ့၏ နူးညံ့၏၊ ဤပုဂ္ဂိုလ်သည် ဤတရားတော်ကို အကယ်၍ သင်ယူငြားအံ့၊ ဤသို့ သင်ယူလတ်သော် အရဟတ္တဖိုလ်ကို ဖြေဆို၍ မိမိကိုယ်ကို အရဟတ္တဖိုလ်ကိုရကြောင်း ရဟန္တာဖြစ်ကြောင်းကို ထင်ရှားအောင် ပြုလုပ်၍ ပြသသဖြင့် ပါရာဇိကကျကာ သာသနာတော်မှ ပျက်စီးရှာတော့လတ္တံ့'' --- ဟု သဘော ပိုက်၍ ပရိယတ်တရားတော်ကို သင်မပေးငြားအံ့၊ ဤသို့သော နှလုံးထားဖြင့် သင်ပြမပေးသော ပုဂ္ဂိုလ်မျိုးသည် တရားတော်ကို စူးစမ်းဆင်ခြင်၍ ပုဂ္ဂလာနုဂ္ဂဟ = ပုဂ္ဂိုလ်ကို ချီးမြှောက်ခြင်းအားဖြင့် ပရိယတ်တရားတော်ကို သင်မပေးသူ မည်ပေသည်။
二、护持个人——另一种情形是:应当担任老师、负责教导的人想到:‘这项法极为微妙、细致。如果这个人学了这项法,便可能宣称自己已经证得阿罗汉果,公开显示自己是阿罗汉,结果犯波罗夷而从教法中败退。’因此不传授教理之法。怀着这种用心而不教的人,就是审察所教之法,为了护持个人而不传授教理之法的人。
၃။ ဓမ္မမစ္ဆရီပုဂ္ဂိုလ် --- နောက်တစ်မျိုးကား ပုဂ္ဂိုလ်တစ်ဦးသည် ''ဤပုဂ္ဂိုလ်သည် ဤတရားတော်ကို အကယ်၍ သင်ယူငြားအံ့၊ ဤသို့ သင်ယူခဲ့သော် ငါတို့၏ အယူဝါဒကို ဖျက်ဆီးခြင်းငှာ စွမ်းနိုင်သူ ဖြစ်ပေလိမ့်မည်'' --- ဟု သဘောပိုက်၍ ပရိယတ်တရားတော်ကို သင်မပေးငြားအံ့၊ ဤသို့သော ပုဂ္ဂိုလ်မျိုးသည်သာ တရား၌ ဝန်တိုခြင်း = ဓမ္မမစ္ဆရီရှိသူ မည်ပေသည်။
三、法悭者——还有一种人想到:‘如果这个人学会这项法,就会有能力摧毁我们的宗义。’因此不肯传授教理之法。只有这样的人,才是对法心怀悭吝的法悭者。
原书第 480 页
မစ္ဆရိယ (၅) မျိုး၏ အကျိုးအပြစ်များ
五种悭的果报与过患
လာဘမစ္ဆရိယကြောင့် သံဃာ၏ ဥစ္စာဖြစ်သော် သံဃိကလာဘ်လာဘ၌သော်လည်းကောင်း၊ ရဟန်းနှစ်ပါး သုံးပါး စသော ဂိုဏ်းနှင့် သုတ္တန်ကို ဆောင်သောဂိုဏ်း ဝိနည်းကို ဆောင်သောဂိုဏ်း စသော ဂိုဏ်းဥစ္စာဖြစ်သော် ဂဏိကလာဘ်လာဘ၌သော်လည်းကောင်း အခြားသံဃာ အခြားဂိုဏ်းပုဂ္ဂိုလ်တို့ သုံးစွဲသွားမည်ကို ဝန်တို၍ ပုဂ္ဂ- လိက ကိုယ်ပိုင်ပစ္စည်းကို သုံးဆောင်ခြင်းကဲ့သို့ ကိုယ်တစ်ယောက်တည်း ကိုယ်တစ်ပါးတည်း သုံးဆောင်၍နေသော ပုဂ္ဂိုလ်သည် (သံဃိကကျောင်းကို ငါ့ကျောင်း၊ ဂဏိကကျောင်းကို ငါ့ကျောင်းလုပ်၍ အခြားပုဂ္ဂိုလ်တို့၏ နေထိုင် ခြင်းကို ကန့်ကွက်သောပုဂ္ဂိုလ် လက်မခံသောပုဂ္ဂိုလ်မျိုးကဲ့သို့သော ဝန်တိုမှုမျိုးကို ဆိုလိုသည်။) သေပြီးနောက် ကာလ၌ ဘီလူးသော်လည်းကောင်း၊ ပြိတ္တာသော်လည်းကောင်း၊ စပါးကြီးမြွေကြီးသော်လည်းကောင်း ဖြစ်ရတတ် ပေသည်။
由于利得悭,僧团共有的财物与利得,或两三位比丘等团体以及持经者、持律者等团体共有的财物与利得,本应由其他僧团或团体成员使用,有人却因悭吝而像使用私人财物一样,独自一人受用。〔这里是指把僧团共有寺院说成‘我的寺院’,把团体共有寺院说成‘我的寺院’,排斥、不接纳其他人居住一类的悭吝。〕这种人死后可能投生为夜叉、饿鬼或大蟒蛇。
သရီရဝဏ္ဏ၊ ဂုဏဝဏ္ဏမစ္ဆရိယ --- ကိုယ်အဆင်း ရုပ်ရည်အဆင်း၌ ဝန်တိုခြင်း၊ သူတစ်ပါးတို့၏ သီလ သမာဓိ ပညာဂုဏ်ကျေးဇူး၌ ဝန်တိုခြင်း၊ သူတစ်ပါး၏ ပရိယတ်တရား ဂုဏ်ကျေးဇူး၌ ဝန်တိုခြင်းကြောင့် ဝန်တိုမှု မစ္ဆရိယရှိသော ပုဂ္ဂိုလ်သည် --- မိမိ၏သာလျှင် ရုပ်ရည်အဆင်းကို ချီးမွမ်း၏၊ မိမိ၏သာလျှင် သီလဂုဏ် သမာဓိ ဂုဏ် ပညာဂုဏ်ကို ချီးမွမ်း၏။ သူတစ်ပါးတို့၏ ရုပ်အဆင်း၊ သူတစ်ပါးတို့၏ သီလဂုဏ် ဓုတင်ဂုဏ် သမာဓိဂုဏ် ပညာဂုဏ်၌မူကား --- ''ဤရုပ်ရည်အဆင်းသည် အဘယ်ရုပ်ရည်အဆင်းတဲ့နည်း၊ ဤဂုဏ်ကျေးဇူးသည် အဘယ် ဂုဏ်ကျေးဇူးတဲ့နည်း = ဒင်းက ဘယ်လောက်ဥပဓိရုပ်ကောင်းလို့တုန်း၊ ဒင်းက ဘယ်လောက်အကျင့်ကောင်းလို့တုန်း၊ ဘယ်လောက်သမာဓိရှိလို့တုန်း၊ ဘယ်လောက်ပညာကြီးလို့တုန်း'' --- ဟု ထိုထိုအပြစ်ကို ပြောဆိုသည် ဖြစ်ခြင်း ကြောင့် ဖြစ်လေရာဘဝ၌ မကောင်းသော ရုပ်အဆင်း ရှိရတတ်၏၊ အဆင်းမလှ ဖြစ်တတ်၏။ မကောင်းသော
由于身体之色与功德之誉方面的色誉悭,也就是对自己的容貌、他人的戒德、定德、慧德以及他人的教理功德心怀悭吝,悭者只称赞自己的容貌,只称赞自己的戒德、定德与慧德;对于他人的容貌、戒德、头陀行之德、定德与慧德,却说:‘这算什么容貌?这算什么功德?他能有多端正?品行能有多好?能有多少定力?能有多大智慧?’如此一味挑剔诋毁,导致他在所投生的生命中容貌不佳、相貌丑陋,并有不良的——
ဂုဏ်သတင်းရှိသူ ဖြစ်ရတတ်၏၊ တရား၌ ဝန်တိုမှု မစ္ဆရိယစိတ်ဓာတ်ဖြင့် ပရိယတ်တရားတော်ကို သူတစ်ပါးအား သင်ပြမပေးခြင်းကြောင့် သွားရည်တများများကျသော အရိယိုသော ခံတွင်းရှိသူ ဖြစ်ရတတ်၏။
——名声;又因为以法悭的心态不把教理之法传授给别人,可能成为口中常流涎、溃烂的人。
ထိုမျှသာ မကသေး --- အာဝါသမစ္ဆရိယကြောင့် သံအိမ်၌ ကျက်ရတတ်၏ = သံအိမ်ငရဲ၌ ခံရတတ်၏။
不仅如此:由于住处悭,可能在铁屋中受煎熬,也就是在铁屋地狱中受苦。
ကုလမစ္ဆရိယကြောင့် လာဘ်လာဘနည်းပါးသူ ဖြစ်ရတတ်၏။ လာဘမစ္ဆရိယကြောင့် မစင်ဘင်ပုပ်ငရဲ၌ ဖြစ်ရ တတ်၏။ ဝဏ္ဏမစ္ဆရိယကြောင့် ဖြစ်လေရာရာ ဘဝထိုထို၌ လှပသော ရုပ်အဆင်းမည်သည် မရှိ ဖြစ်တတ်၏။
由于家族悭,可能成为利得稀少的人;由于利得悭,可能投生腐臭粪坑地狱;由于色誉悭,可能在所投生的种种生命中都没有美好容貌。
ကောင်းမြတ်သော ဂုဏ်သတင်းမည်သည် မရှိ ဖြစ်တတ်၏။ ဓမ္မမစ္ဆရိယကြောင့် ပြာပူငရဲ၌ ဖြစ်ရတတ်၏ဟု မှတ်ပါ။ (ဤမစ္ဆရိယငါးမျိုးအကြောင်းကို အဋ္ဌသာလိနီအဋ္ဌကထာ - အဘိ-ဋ္ဌ-၁-၄ဝ၅-၄ဝ၆-၄ဝ၇ မှ ထုတ်နုတ် ဖော်ပြအပ်ပါသည်။) ရဟန်းတော်များကို စံနမူနာထား၍ ဖော်ပြအပ်သော ဤမစ္ဆရိယများကို နည်းမှီး၍ လူဝတ်ကြောင်တို့ သန္တာန်ဝယ် ဖြစ်တတ်သည့် မစ္ဆရိယများကိုလည်း သဘောပေါက်ရာသည်။
也可能没有良好声誉;由于法悭,可能投生热灰地狱,应当如此了知。〔以上五种悭取自《殊胜义注》1-405—407。〕这里以比丘为范例说明这些悭;依此也应理解在家人相续中会生起的各种悭。
မိမိတို့၏ အရိပ်အာဝါသ၌ သူတစ်ပါးတို့ လာရောက်ခိုလှုံမည်ကို မလိုလားခြင်းသည် အာဝါသမစ္ဆရိယတည်း။
不愿别人来到自己的荫蔽住处投宿、依止,就是住处悭。
နီးစပ်ရာ ဆွေမျိုးသားချင်း စသူတို့၏ လာရောက် ခိုကပ်နေမှာစိုးသည့် သဘောထားမျိုးတည်း။
也就是担心近亲眷属等前来依靠、长住的一种心态。
မိမိချစ်ခင်ရာ ဆွေမျိုးသားချင်းတို့နှင့် မိမိမလိုလားအပ်သည့် အခြားသူတို့ လာရောက်ဆက်ဆံမှု ရောနှော မှုကို အလိုမရှိခြင်း သဘောများကား ကုလမစ္ဆရိယတည်း။ ကိုယ်ကျင့်တရား ပျက်ပြားစေမည့် ပုဂ္ဂိုလ်များနှင့် မပေါင်းသင်း မဆက်ဆံစေလိုခြင်းကား မစ္ဆရိယ မဟုတ်ပေ။
不愿自己所亲爱的眷属与自己不喜欢的其他人来往、交游,是家族悭;至于不愿亲属与会破坏其品行的人交往,并不是悭。
မိမိ၏ စီးပွားရေးအကွက်၌ အခြားသူတို့ ဝင်ရောက်လာမှုကို မလိုလားသော စိတ်ထားမျိုးကား လာဘ-
不愿别人进入自己的营生领域,这种心态就是利得——
原书第 481 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း မစ္ဆရိယတည်း။ မိမိမှာရှိသည့် အံ့သြဖွယ်ပစ္စည်းများ မိမိမှာသာ ရှိစေလို၍ အခြားသူတို့၌ မရှိစေလိုခြင်း၊ မိမိပိုင် ပစ္စည်းကိုလည်း သူတစ်ပါးတို့နှင့် ဆက်ဆံမှုကို သည်းမခံနိုင်ခြင်း စသော သဘောထားများတည်း။ မိမိလှသလို အခြားသူတို့ လှမှာစိုးခြင်း၊ မိမိသားသမီး လှသလို အခြားသူတို့ လှမှာစိုးခြင်း၊ မိမိ ဂုဏ်ရှိသလို အခြားသူတို့ ဂုဏ်ရှိမှာစိုးခြင်း၊ မိမိသားသမီးများ ဆွေမျိုးသားချင်းများ ဂုဏ်ရှိသလို အခြားသူများ ဂုဏ်ရှိမှာစိုးခြင်း --- ဤသို့စသော စိတ်နေသဘောထားများသည် ဝဏ္ဏမစ္ဆရိယတည်း။
——悭。还包括希望自己拥有的珍奇物品只归自己所有,别人都没有,以及不能容忍自己的物品与别人共有等心态。担心别人像自己一样漂亮,担心别人的儿女像自己的儿女一样漂亮;担心别人像自己一样有声望,担心别人的子女、亲属像自己的子女、亲属一样有声望——诸如此类的心态,都是色誉悭。
မိမိ ပညာတတ်သလို သူများ ပညာတတ်မှာစိုးခြင်း၊ မိမိသားသမီး ဆွေမျိုးသားချင်းများ ပညာတတ်သလို သူတစ်ပါးတို့လည်း ပညာတတ်မှာစိုးခြင်း မိမိ၏ အတတ်ပညာကို လျှို့ဝှက်ထားခြင်းတို့ကား ဓမ္မမစ္ဆရိယသဘောနှင့် နှီးနှောမိလျက် ရှိ၏။
担心别人像自己一样有学问,担心别人的子女、亲属像自己的子女、亲属一样有学问,以及把自己的知识技能藏起来,这些都与法悭的性质相连。
(၁) နေရာအာဝါသ၊ (၂) ဆွေမျိုးဉာတိ၊ (၃) ပစ္စည်းလာဘ်လာဘ၊ (၄) ရုပ်အဆင်းနှင့် ဂုဏ်သတင်း၊ (၅) အတတ်ပညာ အမျိုးမျိုးတို့၌ မိမိရသလို မိမိ၏ နီးစပ်ရာဆွေမျိုးသားချင်း စသူတို့ ရရှိကြသလို တတ်သိကြသလို သူတစ်ပါးတို့လည်း ရမှာစိုးခြင်း တတ်မှာစိုးခြင်း ယင်းတို့ကို လျှို့ဝှက်ခြင်း သဘောကား မစ္ဆရိယသဘောတည်း။
一、住处;二、亲属宗族;三、资具利得;四、身体容貌与功德声誉;五、各种知识技能——在这五类事物上,担心别人也像自己或自己的近亲眷属等那样得到、通晓,并把这些事物隐藏起来,就是悭的性质。
ယင်းငါးမျိုးတို့၌ မိမိထက် သူတစ်ပါးတို့က သာလွန်နေသည်ကို မလိုမုန်းထားခြင်း မကြည့်ရက် မရှုရက်နိုင်ခြင်း သဘောတရားတို့ကား ဣဿာတည်း။ ဣဿာ မစ္ဆရိယ ဖြစ်သည့်အတွက် သူတစ်ပါးတို့မှာ အကျိုးမယုတ်ဘဲ မိမိမှာသာ စိတ်ယုတ်မာရှိကြောင်း ထင်ရှားလျက် နောင်သံသရာဝယ် ခံ၊စံရမည့် အပြစ်တွေကသာ များလှပေရကား ဤ ဣဿာ မစ္ဆရိယ တရားဆိုးများကို အမြစ်ပြုတ်အောင် ကြိုးစား၍ ဖြုတ်သင့်ကြပေသည်။
在这五类事物上,憎恶别人胜过自己,不愿看见、无法正视,就是嫉。嫉与悭不会使别人失去利益,只会显露自己心地卑劣,并让自己在未来轮回中遭受众多过患。因此,应当努力把嫉与悭这些恶法连根拔除。
လက္ခဏ --- မယှမေဝ ဟောန္တု၊ မာ အညဿာတိ သဗ္ဗာပိ အတ္တနော သမ္ပတ္တိယော ဗျာပေတုံ န ဣစ္ဆတီ- တိ ဝိဝိစ္ဆော။ ဝိဝိစ္ဆဿ ဘာဝေါ ဝေဝိစ္ဆံ၊ မုဒုမစ္ဆရိယဿေတံ နာမံ။ ကဒရိယော ဝုစ္စတိ အနာဒရော၊ တဿ ဘာဝေါ ကဒရိယံ၊ ထဒ္ဓမစ္ဆရိယဿေတံ နာမံ။ တေန ဟိ သမန္နာဂတော ပုဂ္ဂလော ပရမ္ပိ ပရေသံ ဒဒမာနံ နိဝါရေတိ။ ဝုတ္တမ္ပိ စေတံ --- ကဒရိယော ပါပသင်္ကပ္ပေါ၊ မိစ္ဆာဒိဋ္ဌိ အနာဒရော။
特相——巴利义注引文(缅文字体):‘မယှမေဝ ဟောန္တု၊ မာ အညဿာတိ သဗ္ဗာပိ အတ္တနော သမ္ပတ္တိယော ဗျာပေတုံ န ဣစ္ဆတီတိ ဝိဝိစ္ဆော။ ဝိဝိစ္ဆဿ ဘာဝေါ ဝေဝိစ္ဆံ၊ မုဒုမစ္ဆရိယဿေတံ နာမံ။ ကဒရိယော ဝုစ္စတိ အနာဒရော၊ တဿ ဘာဝေါ ကဒရိယံ၊ ထဒ္ဓမစ္ဆရိယဿေတံ နာမံ။ တေန ဟိ သမန္နာဂတော ပုဂ္ဂလော ပရမ္ပိ ပရေသံ ဒဒမာနံ နိဝါရေတိ။ ဝုတ္တမ္ပိ စေတံ --- ကဒရိယော ပါပသင်္ကပ္ပေါ၊ မိစ္ဆာဒိဋ္ဌိ အနာဒရော။’译:‘想着“愿这些全部只归我,不归别人”,不愿自己的一切成就扩散给别人,故为 viviccha;viviccha 的状态称为 veviccha,这是柔和悭之名。所谓 kadariya,是不尊重;不尊重的状态称为 kadariya,这是刚强悭之名。具有这种悭的人,甚至会阻止别人把自己的物品布施给第三者。因此又说:悭者怀恶念,邪见而不尊重——’
ဒဒမာနံ နိဝါရေတိ၊ ယာစမာနာန ဘောဇနန္တိ။ (အဘိ-ဋ္ဌ-၁-၄ဝ၇။ သံ-၁-၉၆။)
——‘阻止别人施舍,也阻断乞求者的食物。’(《殊胜义注》1-407;《相应部》1-96。)
နိရုတ္တိနယေန ပန မာ ဣဒံ အစ္ဆရိယံ အညေသံ ဟောတု၊ မယှမေဝ ဟောတူတိ မစ္ဆရိယန္တိ ပေါရာဏာ။
依语源解释,古师说:想着‘愿这件珍奇之物不要归别人,只归我’,所以称为悭(macchariya)。
(မဟာဋီ-၂-၁၅၂။)
(《大复注》2-152。)
၁။ ရပြီး ရဆဲ ဖြစ်သော မိမိလက်ဝယ် ရှိသော ဥစ္စာစည်းစိမ်၊ ၂။ မရသေးသော်လည်း ရရန် သေချာလောက်အောင် ရပေါက်ရလမ်း ရှိနေသဖြင့် ရလတ္တံ့ ဖြစ်သော ဥစ္စာ စည်းစိမ်၊ ၃။ မိမိ၏ ဥစ္စာစည်းစိမ်နှင့် အလားတူသော ဥစ္စာစည်းစိမ် --- ဤ သုံးမျိုးသော ဥစ္စာစည်းစိမ်သည် ငါ့အားသာ ဖြစ်ပါစေ၊ သူတစ်ပါးအား မဖြစ်ပါစေသတည်း --- ဟု မိမိဥစ္စာကို သူတစ်ပါးအား မပေးလိုသော သူတစ်ပါး၌ မပျံ့နှံ့စေလိုသော သဘောတရားသည် မစ္ဆရိယ၏ သဘော လက္ခဏာပင် ဖြစ်သည်။
一、已经得到、现归自己所有的财富;二、虽然尚未得到,却已有足够确定的取得途径、将来能够得到的财富;三、与自己的财富同类、相似的财富——希望这三种财富只归自己,不归别人,不愿把自己的财富给人,也不愿让同类财富扩散到别人那里,这正是悭的特相。
မစ္ဆရိယ - အနု အကြမ်း --- မိမိဥစ္စာကို သူတစ်ပါး၌ မပျံ့နှံ့စေလို = မပေးလိုသော မစ္ဆရိယသည် အလွန် ဆိုးဝါးသော မစ္ဆရိယ မဟုတ်သောကြောင့် မုဒုမစ္ဆရိယ = နူးညံ့သော မစ္ဆရိယ မည်၏။ အလှူခံပုဂ္ဂိုလ် များထိုထိုအား သူတစ်ပါးက အလှူပေးနေသည်ကိုပင် မပေးရန် တားမြစ်လောက်အောင် ပိတ်ပင်မိအောင် ဝန်တိုသော မစ္ဆရိယ ကား အလွန်ကြမ်းတမ်းသော မစ္ဆရိယ ဖြစ်ခြင်းကြောင့် ထဒ္ဓမစ္ဆရိယ မည်၏။ (အဘိ-ဋ္ဌ-၁-၄ဝ၇။)
柔和悭与刚强悭——不愿把自己的财物扩散给别人,也就是不愿布施,这种悭还不是极其恶劣,称为柔和悭(mudu-macchariya)。悭吝到连别人给各类受施者布施时也加以劝阻、阻断,则是极其粗猛的悭,称为刚强悭(thaddha-macchariya)。(《殊胜义注》1-407。)
原书第 482 页
မုဒုမစ္ဆရိယကား မိမိစည်းစိမ်ကို လျှို့ဝှက်ခြင်း သဘောလက္ခဏာ ရှိ၍ ထဒ္ဓမစ္ဆရိယကား သူတစ်ပါး၏ စည်းစိမ်ကို ပိုင်ဆိုင်သူ သူတစ်ပါးတို့အား လျှို့ဝှက်စေခြင်း သဘောလက္ခဏာ ရှိပေသည်။
柔和悭以隐藏自己的财富为特相;刚强悭则以使他人也把各自拥有的财富藏起来、不让其布施为特相。
ဣဿာ၏ သဘောသည် သူတစ်ပါး ရအပ်ပြီးသော ဥစ္စာစည်းစိမ် ဂုဏ်သိရ်ကို ကဲ့ရဲ့ ရှုတ်ချလို၏။ မစ္ဆရိယ၏ သဘောကား --- ၁။ ကိုယ့်ဥစ္စာကိုလည်း သူတစ်ပါးတို့အား မပေးလို မပျံ့နှံ့စေလို၊ ၂။ ကိုယ့်ဥစ္စာဂုဏ်သိရ်နှင့် တူသော ဥစ္စာစည်းစိမ် ဂုဏ်သိရ်ကို သူတစ်ပါးတို့ ရရှိသွားမည်ကိုလည်း စိုးရိမ်၏။
嫉的性质,是想要批评、贬斥别人已经获得的财富与荣誉。悭的性质则是:一、不愿把自己的财富给人,不愿让自己的财富扩散给别人;二、也担心别人得到与自己财富、荣誉同类的财富与荣誉。
၃။ သူတစ်ပါးတို့ လှူဒါန်း ပေးကမ်းသည်ကိုလည်း ကန့်ကွက်လို တားမြစ်လို ပိတ်ပင်လို၏။
三、还想反对、劝阻、阻断别人所作的布施与赠与。
ပိုက်ဆံတစ်ပြားမျှ အကုန်အကျမခံရဘဲ အပါယ်ဘူမိ ဒုဂ္ဂတိသို့ ရောက်ကြောင်း အကုသိုလ် မျိုးစေ့ကောင်း များကို ထိုင်နေရင်း စုဆောင်းနေခြင်း ဖြစ်၏၊ ရှာဖွေနေခြင်း ဖြစ်၏။ သတိရှိစေ။
一个钱都不必花,只须坐在那里,就不断收集足以导向苦界、恶趣的上好不善种子,也就是不断为自己寻觅这些种子。务必警醒。
ရသ --- အထက်တွင် ဖော်ပြထားအပ်သော မိမိရပြီး ရဆဲ ရလတ္တံ့ ဥစ္စာစည်းစိမ်တို့ကို မဖုံးသာ မဝှက်သာ၍ သူတကာနှင့် ဆက်ဆံနေရပြန်ကလည်း သူတစ်ပါးတို့နှင့် ဆက်ဆံခြင်းကို သည်းမခံနိုင်ခြင်း သည်းခံမှု၏ ဆန့်ကျင် ဘက် လုပ်ငန်းရပ်တို့ကို ပြုလုပ်ခြင်း ပြောဆိုခြင်းသည် မစ္ဆရိယ၏ လုပ်ငန်းကိစ္စပင်တည်း။ တစ်ဖန် ထိုသူတစ်ပါး တို့က ထိုသူတစ်ပါးပိုင် ဥစ္စာကိုပင် အလှူခံပုဂ္ဂိုလ် များထိုထိုအား ပေးကမ်းစွန့်ကြဲမှု၌ ကြည့်မရဖြစ်နေခြင်း မျက်မွေး စူးနေခြင်း ပိတ်ပင်တားမြစ်ခြင်း မကျေနပ်ခြင်းသည်လည်း မစ္ဆရိယ၏ လုပ်ငန်းကိစ္စပင် ဖြစ်သည်။
作用——自己已经获得、正在获得、能够获得的财富无法再隐藏,不得不与众人共有时,便不能容忍这种共有,转而做出、说出与容忍相反的事情;这正是悭的作用。再者,看见别人把其自己的财物赠与各类受施者时,自己看不顺眼、如芒刺眼,进而阻挠、劝止、心怀不满,这也是悭的作用。
သင်္ကောစန ပစ္စုပဋ္ဌာန် --- မိမိစည်းစိမ်ဥစ္စာကို စွန့်ကြဲပေးကမ်း လှူဒါန်းမှု မိမိစည်းစိမ်ကို သူတကာနှင့် ဆက်ဆံစေမှု၌ တွန့်တိုဆုတ်နစ်သော သဘောတရားဟုလည်းကောင်း၊ သူတစ်ပါးတို့က သူတစ်ပါးပိုင် ပစ္စည်းကို အလှူခံပုဂ္ဂိုလ်တို့အား ပေးလှူမှု၌ မိမိက အချောင်ကြားဝင်၍ တွန့်တိုနေသော သဘောတရားဟုလည်းကောင်း ယင်းမစ္ဆရိယတရားကို ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်း ရှုပွားနေသော ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်တွင် ရှေးရှု ထင်လာ၏။ ဥစ္စာစည်းစိမ်တို့ အပေါ်၌ တွယ်တာငြိကပ် တပ်မက်မှုမျိုးကား လောဘ၏ သဘောတည်း။ ထိုဥစ္စာ စည်းစိမ်တို့ကို သူတစ်ပါးတို့နှင့် ဆက်ဆံမှုကို မကြိုက်နှစ်သက်ခြင်းသဘောကား မစ္ဆရိယ၏ သဘောတည်း။
收缩现起——悭在修习毗婆舍那、摄取观照它的瑜伽行者智中显现为:对于舍弃、赠与、布施自己的财富,或让自己的财富与众人共有,心会畏缩、退缩;甚至别人把自己的物品布施给受施者时,自己也横插进去,表现出畏缩。黏着、贪取财富,是贪的性质;不喜欢自己的财富与他人共有,才是悭的性质。
ကဋုကဉ္စုကတာ ပစ္စုပဋ္ဌာန် --- ယာစကေ ဒိသွာ ကဋုကဘာဝေန စိတ္တံ အဉ္စတိ သင်္ကောစေတီတိ ကဋုကဉ္စုကော၊ တဿ ဘာဝေါ ကဋုကဉ္စုကတာ။ (အဘိ-ဋ္ဌ-၁-၄ဝ၇။) ခါးစပ်သော အရသာ ရှိသော အစာကို စားမိရာအခါ၌ အစာအာဟာရ၏ ခါးစပ်သည့် အရသာကြောင့် နောက်တွန့်သွားသကဲ့သို့ ထို့အတူ အလှူခံပုဂ္ဂိုလ် များထိုထိုကို တွေ့မြင်ရသောအခါ ခါးစပ်သကဲ့သို့ ဖြစ်ကာ စိတ်ကို တွန့်ဆုတ်သွားစေတတ်၏၊ ထိုသို့ တွန့်ဆုတ်သောစိတ်ဓာတ် ဖြစ်ပေါ်လာရန် အကြောင်းရင်းတရားမှာ ဤမစ္ဆရိယတရားပင်တည်း။ သို့အတွက် ဤမစ္ဆရိယတရားကို ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်းရှုပွားနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင် ခါးစပ်သော အရသာကဲ့သို့ ခါးစပ်သော ခံပြင်းသော အခြင်းအရာအားဖြင့် ဖြစ်သော သဘောတရားဟု ရှေးရှုထင်လာ၏။ (ငါက ပစ္စည်းနှမြောလို့ ပြောနေတာ မဟုတ်၊ ဒင်းတို့ လုပ်ပုံကို ခံပြင်းလွန်းလို့ မခံချင်လွန်းလို့ပါ --- ဟု အချို့ ပြောတတ်ကြ၏။ ဤမစ္ဆရိယ၏ ပစ္စုပဋ္ဌာန် သဘောပင်တည်း။)
苦涩收缩现起——巴利义注引文(缅文字体):‘ယာစကေ ဒိသွာ ကဋုကဘာဝေန စိတ္တံ အဉ္စတိ သင်္ကောစေတီတိ ကဋုကဉ္စုကော၊ တဿ ဘာဝေါ ကဋုကဉ္စုကတာ။’译:‘看见乞求者时,心因苦涩而弯曲、收缩,故为苦涩收缩;这种状态称为苦涩收缩。’(《殊胜义注》1-407。)如同吃到苦涩食物,会因为食物的苦味而向后退缩;同样,悭者看见各类受施者时,仿佛尝到苦味,内心随即退缩。使这种退缩心态生起的原因,就是悭。因此,在以毗婆舍那智摄取、观照悭的瑜伽行者智中,悭显现为像苦味一样苦涩、怨愤的性质。〔有些人说:‘我不是舍不得财物才说这些话,而是他们那种做法太令人气愤、太让人受不了。’这正是悭的现起。〕
အဋ္ဌကထာတွင် နောက်ထပ် တစ်နည်း ထပ်ဖွင့်ထားသေး၏။
义注还提出另一种解释。
အပရော နယော၊ ကဋုကဉ္စုကတာ ဝုစ္စတိ ကဋစ္ဆုဂ္ဂါဟော၊ သမတိတ္တိကပုဏ္ဏာယ ဟိ ဥက္ခလိယာ ဘတ္တံ ဂဏှန္တော သဗ္ဗတောဘာဂေန သင်္ကုဋိတေန အဂ္ဂကဋစ္ဆုနာ ဂဏှာတိ ပူရေတွာ ဂဟေတုံ န သက္ကောတိ၊ ဧဝံ မစ္ဆရိပုဂ္ဂလဿ စိတ္တံ သင်္ကုစတိ၊ တသ္မိံ သင်္ကုစိတေ ကာယောပိ တထေဝ သင်္ကုစတိ ပတိကုဋတိ ပတိနိဝတ္တတိ န သမ္ပသာရိယတီတိ မစ္ဆေရံ ''ကဋုကဉ္စုကတာ''တိ ဝုတ္တံ။ (အဘိ-ဋ္ဌ-၁-၄ဝ၇။)
巴利义注引文(缅文字体):‘အပရော နယော၊ ကဋုကဉ္စုကတာ ဝုစ္စတိ ကဋစ္ဆုဂ္ဂါဟော၊ သမတိတ္တိကပုဏ္ဏာယ ဟိ ဥက္ခလိယာ ဘတ္တံ ဂဏှန္တော သဗ္ဗတောဘာဂေန သင်္ကုဋိတေန အဂ္ဂကဋစ္ဆုနာ ဂဏှာတိ ပူရေတွာ ဂဟေတုံ န သက္ကောတိ၊ ဧဝံ မစ္ဆရိပုဂ္ဂလဿ စိတ္တံ သင်္ကုစတိ၊ တသ္မိံ သင်္ကုစိတေ ကာယောပိ တထေဝ သင်္ကုစတိ ပတိကုဋတိ ပတိနိဝတ္တတိ န သမ္ပသာရိယတီတိ မစ္ဆေရံ ကဋုကဉ္စုကတာတိ ဝုတ္တံ။’译:‘另一种解释:所谓 kaṭukañcukatā,是用弯曲的饭勺取饭。装饭的锅已经齐沿盛满,用四周都弯曲的饭勺尖端取饭,便无法盛满整勺。同样,悭者的心会收缩;心一收缩,身体也随之收缩、后退、退转,不能舒展,因此称悭为 kaṭukañcukatā。’(《殊胜义注》1-407。)
原书第 483 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း ထမင်းခူးမည့် ဇွန်းခွက်တစ်ခုလုံးသည် ပတ်ပတ်လည် ကုတ်နေ တွန့်နေသောကြောင့် ထိုဇွန်း၏ အဖျားဖြင့် နှုတ်ခမ်းအရစ်နှင့် အညီအမျှ ပြည့်နေသော ထမင်းအိုး၌ ထမင်းကို ခူးယူလတ်သော် ဇွန်းပြည့်အောင် မခူးယူနိုင် သကဲ့သို့ --- အလားတူပင် ဝန်တိုခြင်း မစ္ဆရိယရှိသော ပုဂ္ဂိုလ်၏ စိတ်ဓာတ်သည် စည်းစိမ်ဥစ္စာနှင့် ပတ်သက်လာလျှင် ပေးကမ်းစွန့်ကြဲမှု စသည့် လုပ်ငန်းရပ် အဘက်ဘက်၌ တွန့်နေတတ်၏၊ သံဃိကကျောင်း အာဝါသ စသည်တို့၌ လည်း ငါ့ဟာဟု သိမ်းပိုက်ထားသောကြောင့် ပြန့်ပြန့်ပြူးပြူး မရှိဘဲ တွန့်သလို ဖြစ်နေတတ်၏၊ ထိုစိတ်ဓာတ်သည် အဘက်ဘက်မှ တွန့်နေလတ်သော် ထိုစိတ်ဓာတ်နှင့် အလားတူပင် ရူပကာယတစ်ကိုယ်လုံးသည်လည်း တွန့်နေ တတ်၏၊ နောက်ဆုတ်နေတတ်၏၊ ဆုတ်နစ်နေတတ်၏၊ ကောင်းစွာ ပြန့်ပြန့်ပြူးပြူး မရှိပေ။ ထိုသို့ ဖြစ်ရခြင်းသည်
饭勺的勺面四周都弯曲、卷缩,以其前端从齐锅沿盛满的饭锅中舀饭,便无法舀满一勺。同样,具有悭的人一遇到财富,心就在布施、赠与等各方面收缩;对于僧团共有寺院、住处等,他执取为‘我的’,心也无法宽广舒展而呈现卷缩。心从各方面卷缩时,整个色身也跟着收缩、后退、退却,无法充分舒展。之所以会这样——
မစ္ဆရိယကြောင့် ဖြစ်ရကား မစ္ဆရိယကို ကဋုကဉ္စုကတာဟု ဆိုသည်။ တွန့်နေသော ဇွန်းအဖျားဖြင့် ထမင်းကို ခူးယူခြင်းကဲ့သို့ ပေးကမ်းလှူဒါန်းခြင်းနှင့် အာဝါသ စသည်၌ မပြန့်ပြူးသော စိတ်ဓာတ် မပြန့်ပြူးသော ရူပကာယ တို့၏ ဖြစ်ကြောင်းဖြစ်ရာ သဘောတရား = တွန့်တိုသော သဘောတရားဟု ယင်းမစ္ဆရိယကို ဝိပဿနာဉာဏ်ဖြင့် ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်တွင် ရှေးရှု ထင်လာပေသည်။
——就是因为悭,所以把悭称为 kaṭukañcukatā。犹如用弯曲勺尖舀饭,在布施、住处等事务上,使心态与色身都不能舒展、使其卷缩的法,也就是使人畏缩的性质,正是以毗婆舍那智观悭的瑜伽行者智中所显现的悭。
ကဋုကသဒ္ဒေါ ဟေတ္ထ အသာတတ္ထော၊ ဒုက္ခတ္ထော ဝါ၊ အဉ္စုကသဒ္ဒေါ ဂတျတ္ထော။ (မဓုသာရ။) တစ်နည်းအားဖြင့် အထက်ပါ မဓုအဖွင့်အရ --- ပေးကမ်းလှူဒါန်းခြင်း စသည် အာဝါသ စသည်၌ မစ္ဆရိယ သည် ထိုမစ္ဆရိယ ကိန်းဝပ်နေသူ ပုဂ္ဂိုလ်၏ စိတ်ဓာတ်ကို မသာယာ မနှစ်သက်သော အခြင်းအရာ ဆင်းရဲသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းဟူသော အကျိုးကို ဖြစ်စေတတ်၏၊ ဖလပစ္စုပဋ္ဌာန်တည်း။ မစ္ဆရိယရှိသူကား လှူရေး တန်းရေး ကိစ္စရပ်တို့၌လည်း နှစ်သက်မှု မရှိဘဲ စိတ်ဆင်းရဲနေတတ်၏။ သံဃိကကျောင်းကိုလည်း ငါ့ကျောင်း လုပ်နေတတ်သဖြင့် ဂဏိကကျောင်းကိုလည်း ငါ့ကျောင်းလုပ်နေတတ်သဖြင့်၊ ပုဂ္ဂလိကကျောင်းကိုလည်း ငါ့ကျောင်း လုပ်နေတတ်သဖြင့် သူတစ်ပါးတို့နေထိုင်ရန် ရောက်ရှိလာသည့်အခါ မနှစ်သက်ဘဲ စိတ်ဆင်းရဲနေတတ်၏။ (အခြား ကုလမစ္ဆရိယ စသည်တို့၌လည်း နည်းတူ သဘောပေါက်ပါလေ။) ထိုအကျိုးတရားများသည် မစ္ဆရိယကြောင့်
巴利复注引文(缅文字体):‘ကဋုကသဒ္ဒေါ ဟေတ္ထ အသာတတ္ထော၊ ဒုက္ခတ္ထော ဝါ၊ အဉ္စုကသဒ္ဒေါ ဂတျတ္ထော။’译:‘这里,kaṭuka 一词是不悦义或苦义;añcuka 一词是行进义。’(《蜜精》)依这项复注解释,在布施、住处等方面,悭会使悭者之心产生不悦、不乐、痛苦的结果,这就是以果为现起。悭者在布施事务上没有喜悦,反而心感痛苦;他把僧团共有寺院、团体共有寺院乃至个人所有寺院都当成‘我的寺院’,别人前来居住时,他便不悦、痛苦。〔其他家族悭等也应照此理解。〕这些结果由于悭——
ဖြစ်ပေါ်လာရသဖြင့် မစ္ဆရိယသည် အာဝါသ စသည်၌ သူတစ်ပါးတို့က ဆက်ဆံလာသည့်အခါ မနှစ်သက်ခြင်း စိတ်ဆင်းရဲခြင်း အကျိုးကို ဖြစ်စေတတ်၏ဟု ဆိုလိုသည်။ (ဝိသုဒ္ဓိမဂ်နိဿယ-၃-၂၉၈ - ကြည့်။) အဂ္ဂဟိတတ္တံ စိတ္တဿာတိ ပရေသံ ဥပကာရကရဏေ ဒါနာဒိနာ အာကာရေန ယထာ န သမ္ပသာရိယတိ၊ ဧဝံ အာဝရိတွာ ဂဟိတဘာဝေါ စိတ္တဿ။ ယသ္မာ ပန မစ္ဆရိပုဂ္ဂလော အတ္တနော သန္တကံ ပရေသံ အဒါတုကာမော ဟောတိ၊ ပရသန္တကံ ဂဏှိတုကာမော။ တသ္မာ ''ဣဒံ အစ္ဆရိယံ မယှမေဝ ဟောတု မာ အညဿာ''တိ ပဝတ္တိ- ဝသေနဿ အတ္တသမ္ပတ္တိနိဂူဟနလက္ခဏတာ၊ အတ္တသမ္ပတ္တိဂ္ဂဟဏလက္ခဏတာ ဝါ ဝေဒိတဗ္ဗာ။
——而生,所以这段话的意思是:当别人前来使用住处等时,悭会产生不悦与心苦的结果。〔参见《清净道依释》3-298。〕巴利复注引文(缅文字体):‘အဂ္ဂဟိတတ္တံ စိတ္တဿာတိ ပရေသံ ဥပကာရကရဏေ ဒါနာဒိနာ အာကာရေန ယထာ န သမ္ပသာရိယတိ၊ ဧဝံ အာဝရိတွာ ဂဟိတဘာဝေါ စိတ္တဿ။ ယသ္မာ ပန မစ္ဆရိပုဂ္ဂလော အတ္တနော သန္တကံ ပရေသံ အဒါတုကာမော ဟောတိ၊ ပရသန္တကံ ဂဏှိတုကာမော။ တသ္မာ ဣဒံ အစ္ဆရိယံ မယှမေဝ ဟောတု မာ အညဿာတိ ပဝတ္တိဝသေနဿ အတ္တသမ္ပတ္တိနိဂူဟနလက္ခဏတာ၊ အတ္တသမ္ပတ္တိဂ္ဂဟဏလက္ခဏတာ ဝါ ဝေဒိတဗ္ဗာ။’译:‘所谓心被执持,是指在以布施等方式利益他人时,心无法舒展,反被遮蔽、抓牢。悭者不愿把自己的物品给别人,却想取得别人的物品。因此,依“愿这件珍奇之物只归我,不归别人”这一活动,应知悭以隐藏自己的成就为特相,或以抓取自己的成就为特相。’
(အဘိ-ဋ္ဌ-၁-၄ဝ၇-၄ဝ၈။)
(《殊胜义注》1-407—408。)
မစ္ဆရိယသည် ပေးကမ်းစွန့်ကြဲခြင်း ထောက်ပံ့ခြင်းဟူသော ဒါန စသော အခြင်းအရာအားဖြင့် သူတစ်ပါး တို့အား ကိုယ်၏ချမ်းသာခြင်း စိတ်၏ချမ်းသာခြင်းတည်းဟူသော အကျိုးကျေးဇူးများကို ရရှိအောင် ပြုလုပ်ပေး ရာ၌ ဒါန စသည်ကို မပြုဖြစ်အောင် အာဝါသ စသည်ကို မပေးဖြစ်အောင် ထိုဒါန စသည့် လုပ်ငန်းရပ် အာဝါသ စသည်တို့ကို သူတစ်ပါးတို့အား နေထိုင်ခွင့် ဆက်ဆံခွင့်ပေးသည့် လုပ်ငန်းရပ် စသည်တို့၌ စိတ်ဓာတ် ပြန့်ပြန့်ပြူးပြူး မဖြစ်အောင် စိတ်ဓာတ်ကို ပိတ်ချုပ်၍ တားမြစ်ပိတ်ပင်၍ ယူထားနိုင်သော သဘောတရားတည်း။
悭会封闭、压制并抓牢心,使人在以布施、赠与、扶助等方式令别人获得身心安乐时,不能实行布施等;也不能让别人使用住处等。在布施等事业,以及允许别人居住、使用住处等事业上,它使心不能宽广舒展。
တစ်ဖန် မစ္ဆရိယရှိသော ပုဂ္ဂိုလ်သည် မိမိ၏ ဥစ္စာကို သူတစ်ပါးတို့အား မပေးလိုသော သဘောရှိတတ်၏၊ သူတစ်ပါး၏ ဥစ္စာကို ယူလိုသော သဘောရှိတတ်၏။ (ဤစကားသည် မစ္ဆရိယက သူတစ်ပါး၏ ဥစ္စာကို လိုချင်ခြင်း သဘောရှိသည်ဟု ပြလိုသော စကားကား မဟုတ်ပေ၊ မစ္ဆရိယ ဖြစ်ရာ၌ သူတစ်ပါး၏ စည်းစိမ်ကို လိုချင်သော
再者,悭者有不愿把自己的物品给别人、却想取得别人之物的倾向。〔这句话不是说悭本身具有贪求别人物品的性质;它要说明的是,悭生起时,想要他人财富的——
原书第 484 页
လောဘက ပကတူပနိဿယသတ္တိဖြင့် ကျေးဇူးပြုတတ်ကြောင်းကို ပြလို၍ ဆိုအပ်သော စကား ဖြစ်သည်ဟု မှတ်ပါ။ မူလဋီ-၁-၁၇၂။) ထိုကြောင့် သူတစ်ပါးတို့နှင့် ဆက်ဆံသည် ဖြစ်စေ မဆက်ဆံသည် ဖြစ်စေ (သံဃိက ဂဏိကဟူသော အများဆိုင် ဖြစ်ချင်လည်း ဖြစ်ပါစေ၊ ပုဂ္ဂလိကပိုင် ဖြစ်ချင်လည်း ဖြစ်ပါစေ၊) အာဝါသ စသည်ကို ''သူတစ်ပါးတို့အား မဖြစ်ပါစေသတည်း''ဟု စိတ်ဓာတ်ဖြစ်သည်၏ အစွမ်းဖြင့် သူတစ်ပါး၏ ဥစ္စာ မဖြစ်စေလိုခြင်း သဘောတရားသည် မစ္ဆရိယ၏ အတ္တသမ္ပတ္တိနိဂူဟနလက္ခဏာ = မိမိပစ္စည်း + မိမိရယူရန်ရှိသော ရယူထိုက်သော ပစ္စည်းကို လျှို့ဝှက် ဝန်တိုခြင်းသဘော လက္ခဏာတည်း။
——贪会以自然亲依止力资助悭。(《根本复注》1-172。)因此,无论住处等是否与他人共有——无论是僧团或团体共有,还是个人所有——以‘愿它不要归别人’这种心态,不愿它成为他人之物,就是悭以隐藏自己的成就为特相(attasampatti-nigūhana-lakkhaṇa):隐藏、悭惜自己的财物,以及自己有机会取得、应当取得的财物。
သူတစ်ပါးတို့နှင့် ဆက်ဆံသည် ဖြစ်စေ၊ မဆက်ဆံသည် ဖြစ်စေ = သံဃိက ဂဏိကဟူသော အများပိုင် ဖြစ်ချင်လည်း ဖြစ်ပါစေ၊ ပုဂ္ဂလိကပိုင် ဖြစ်ချင်လည်း ဖြစ်ပါစေ အာဝါသ စသည်ကို မိမိဥစ္စာချည်းသာ ဖြစ်စေလိုခြင်း သိမ်းပိုက်လိုခြင်း သဘောတရားသည် မစ္ဆရိယ၏ အတ္တသမ္ပတ္တိဂ္ဂဟဏလက္ခဏာ = မိမိစည်းစိမ်ကို ယူငင် သိမ်း ပိုက်ခြင်း = မိမိစည်းစိမ်အဖြစ် ယူငင်သိမ်းပိုက်ခြင်း သဘောလက္ခဏာတည်း။
无论住处等是否与他人共有——无论是僧团或团体共有,还是个人所有——只愿它成为自己的物品,想要占有、掌控,就是悭以抓取自己的成就为特相(attasampatti-gahaṇa-lakkhaṇa):抓取、占有自己的财富,也就是将其抓取、占有为自己的财富。
(အဘိ-ဋ္ဌ-၁-၄ဝ၇-၄ဝ၈။ မူလဋီ-၁-၁၇၂။)
(《殊胜义注》1-407—408;《根本复注》1-172。)
ပဒဋ္ဌာန် --- ရပြီး ရဆဲ ရလတ္တံ့ = ရနိုင်သော အခွင့်အလမ်းရှိသော မိမိ၏ စည်းစိမ်ဥစ္စာသည် မစ္ဆရိယဖြစ်ရန် အနီးကပ်ဆုံး အကြောင်းပဒဋ္ဌာန် ဖြစ်ပေသည်။ ဤမစ္ဆရိယကို စိတ်၏ မလှပသော ဖောက်ပြန်သော အဖြစ်၏ ဖြစ်ကြောင်း ဖြစ်ရာ သဘောတရားဟု မှတ်ပါ။
近因——自己已经获得、正在获得、能够获得,也就是有机会取得的财富,是悭生起的最切近原因。应当把悭视为使心变得丑陋、乖变的法。
ဤအထက်ပါ ဣဿာနှင့် မစ္ဆရိယတရားတို့သည် စိတ္တက္ခဏတစ်ခုအတွင်း ဝီထိစဥ်တစ်ခုအတွင်း၌ အတူ ယှဥ်တွဲ၍ မဖြစ်နိုင်ကြသော်လည်း စိတ္တက္ခဏချင်း ဝီထိချင်း ခြား၍ကား ဖြစ်နိုင်ကြ၏။ ယင်းဣဿာ မစ္ဆရိယ တရားတို့၏ အကျိုးပေးညစ်ညမ်းပုံနှင့် ပတ်သက်၍ သံဝေဂယူဖွယ်ကောင်းလှသည့် အရှင်ဇမ္ဗုကမထေရ် အ- လောင်းလျာ၏ အကြောင်းအရာကို ဆက်လက်၍ တင်ပြအပ်ပါသည်။
上述嫉与悭不能在同一个心刹那、同一道心路中相应并生,却可以相隔不同心刹那、不同心路而先后生起。关于嫉与悭如何带来染污的果报,下面继续讲述足以令人深生悚惧的瞻部迦长老前身事迹。
ဇမ္ဗုကမထေရ်အလောင်း - ကဿပဘုရားရှင်၏ လက်ထက်တော်ကာလ၌ တောရွာတစ်ရွာ၌ နေထိုင်သော သူကြွယ်တစ်ဦးသည် ဇမ္ဗုကမထေရ်အလောင်း ဖြစ်သည့် မထေရ်တစ်ပါးအား ကျောင်းဆောက်လုပ်၍ လှူဒါန်းပြီးလျှင် ထိုကျောင်း၌ သီတင်းသုံးနေထိုင်လျက်ရှိသော ထိုမထေရ်အား ပစ္စည်းလေးပါးတို့ဖြင့် ပြုစုလုပ်ကျွေး၏။ မထေရ်သည် ထိုသူကြွယ် ၏ အိမ်၌ နေ့စဥ် အမြဲမပြတ် ဆွမ်းဘုဥ်းပေးတော်မူ၏။ တစ်နေ့တွင် ရဟန္တာ အရှင်မြတ်တစ်ပါးသည် နေမြင့်မှ ဆွမ်းခံလှည့်လည် လာလတ်သော် ထိုကျောင်းဒါယကာ သူကြွယ်၏ အိမ်တံခါးဝသို့ ဆိုက်ရောက်တော်မူလာ၏။
瞻部迦长老的前身——迦叶佛时代,有一位富翁住在一个林野村落。他为一位长老建造寺院并作布施;那位长老就是瞻部迦长老的前身。富翁以四资具护持住在寺内的长老,长老每天都在富翁家用斋。一天,一位阿罗汉长老直到日已升高才外出托钵,来到这位寺院施主富翁的门前。
သူကြွယ်သည် ထိုရဟန္တာအရှင်မြတ်ကို ဖူးမြင်ရသော် ထိုရဟန်းတော်၏ ဣရိယာပုထ်၌ အလွန် ကြည်ညိုသွား၏။
富翁见到这位阿罗汉长老,对他的威仪深生净信。
၁။ အိမ်ပေါ်သို့ ပင့်၍ ရိုသေလေးမြတ်စွာ မွန်မြတ်သော ဘောဇဥ်ဖြင့် ပြုစုလုပ်ကျွေး၏။
一、他把长老请进家中,恭敬地供养精美饮食。
၂။ သင်္ကန်းချုပ်ရန် မွန်မြတ်သော ပိတ်စကို လှူ၏။
二、他布施上等布料,供长老制作袈裟。
၃။ ဆံပင်များ ရှည်နေသဖြင့် ဆံချရန် ဆတ္တာသည်ကို ခေါ်ဆောင်ကာ ကျောင်းသို့ လိုက်လာမည့်အကြောင်းကို လည်းကောင်း၊ ၄။ ကျိန်းစက်တော်မူရန် ခုတင်ညောင်စောင်းကို ယူဆောင်လျက် လိုက်လာမည့်အကြောင်းကိုလည်းကောင်း လျှောက်ထားလိုက်၏။
三、见长老头发已经很长,便禀告说会请理发师随他到寺院为长老剃发;四、又禀告说会带一张床榻到寺院,供长老安睡。
သူကြွယ်၏ အိမ်၌ နေ့စဥ် အမြဲမပြတ် ဆွမ်းဘုဥ်းပေးနေသော ဆရာမထေရ်ကား ထိုရဟန်းအပေါ်၌ ထို သူကြွယ်၏ အရိုအသေပြုမှုကို မြင်ရ၍ စိတ်ကို ကြည်လင်စေခြင်းငှာ မစွမ်းနိုင် ဖြစ်နေ၏။ ''ဤသူကြွယ်သည်
那位每天都在富翁家用斋的住寺长老,看见富翁如此礼敬客住长老,内心便无法保持澄净。他想:“这位富翁对一个只见过——
原书第 485 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း တစ်ခဏမျှ ဖူးတွေ့ရသော ထိုရဟန်းတော်ကို ဤသို့ သဘောရှိသော ရိုသေသမှုကို ပြုဘိ၏၊ အိမ်၌ အမြဲတမ်း ဆွမ်းစားနေသော ငါ့အားကား ထိုကဲ့သို့သော ရိုသေသမှုကို မပြုလေ''ဟု ကြံစည်စိတ်ကူးကာ ကျောင်းသို့ ပြန်ကြွ သွား၏။
——片刻的比丘,竟这样恭敬礼遇;对每天都在他家用斋的我,却不曾如此恭敬。”他这样思量着,回到了寺院。
အာဂန္တုမထေရ်မြတ်သည်လည်း ထိုကျောင်းထိုင်ကိုယ်တော်နှင့်ပင် အတူသွား၍ ကျောင်းဒါယကာသူကြွယ် လှူဒါန်းလိုက်သော ပိတ်စကို ဆိုး၍ ဝတ်ရုံတော်မူ၏။ သူကြွယ်သည်လည်း ဆတ္တာသည်ကို ခေါ်ဆောင်၍ အာဂန္တု မထေရ်၏ ဆံပင်တို့ကို ရိတ်စေ၏၊ ခုတင်ညောင်စောင်းကို ခင်းပေး၍ ကျိန်းစက်ပေးတော်မူပါရန် လျှောက်ထား ပြီးနောက် မထေရ် နှစ်ပါးလုံးကိုပင် နက်ဖန်အလို့ငှာ ဆွမ်းဖြင့် ပင့်ဖိတ်ပြီးနောက် ဖဲခွာသွား၏။
客住长老也与住寺长老一同回寺,把寺院施主所赠的布料染好后披用。富翁随后带理发师到寺院,为客住长老剃发;又铺好床榻,请长老安睡。他邀请两位长老第二天一同用斋,然后离去。
ကျောင်းထိုင်ကိုယ်တော် = ဇမ္ဗုကမထေရ်အလောင်းကား ထိုသူကြွယ်၏ ထိုအာဂန္တုကိုယ်တော်ကို အရို- အသေပြုမှုကို သည်းညည်းခံဖို့ရန် မစွမ်းနိုင် ဖြစ်နေရှာ၏။ ကိုယ့်ထက်သာ မနာလိုသည့် ဣဿာတရားနှင့် ကုလမစ္ဆရိယ၊ လာဘမစ္ဆရိယ အာဝါသမစ္ဆရိယတရားတို့၏ လွှမ်းမိုး ဖိစီး နှိပ်စက်မှု ဒဏ်ချက်ကို ခံယူနေရ၏။
住寺长老——也就是瞻部迦长老的前身——无法忍受富翁对客住长老的礼敬,正受着嫉妒胜过自己者的嫉,以及家族悭、利得悭、住处悭压伏逼恼。
ထိုအခါ သည်းမခံနိုင်တော့သည့်အတွက် ထိုကျောင်းထိုင်ကိုယ်တော်က ညနေချမ်းအခါ၌ အာဂန္တုကိုယ်- တော် လဲလျောင်းနေရာ အရပ်သို့ သွား၍ လေးမျိုးသော အခြင်းအရာတို့ဖြင့် အာဂန္တုမထေရ်မြတ်ကို ဆဲရေးလေ၏။
到了傍晚,他再也忍受不住,便走到客住阿罗汉长老躺卧之处,以四种方式辱骂长老。
၁။ ငါ့ရှင် အာဂန္တုက …သင့်အဖို့ သူကြွယ်၏ အိမ်၌ ဆွမ်းကို ဘုဥ်းပေးခြင်းထက် မစင်ကို စားခြင်းက သာလွန်၍ မြတ်သေး၏။
一、“客比丘啊,你与其在富翁家用斋,还不如吃粪。”
၂။ သူကြွယ် ခေါ်ဆောင်လာသည့် ဆတ္တာသည်ဖြင့် ဆံပင်တို့ကို ရိတ်ခြင်းထက် ထန်းစေ့ဖြင့် ဆံပင်တို့ကို နှုတ်ခြင်းက မြတ်သေး၏။
二、“与其让富翁带来的理发师为你剃发,还不如用棕榈种子拔掉头发。”
၃။ သူကြွယ်လှူသည့် အဝတ်သင်္ကန်းကို ဝတ်ရုံခြင်းထက် အဝတ်မဝတ်ဘဲ ကိုယ်တုံးလုံး လှည့်လည်နေခြင်းက မြတ်သေး၏။
三、“与其披用富翁供养的袈裟,还不如不穿衣服、裸体游行。”
၄။ သူကြွယ် သယ်ဆောင်လာသော ခုတင်ညောင်စောင်းထက်၌ အိပ်စက်ခြင်းထက် မြေကြီးပေါ်၌ အိပ်ခြင်းက သာလွန်၍ မြတ်သေး၏။ (ဓမ္မပဒ-ဋ္ဌ-၁-၃၁၃-၃၁၄။) ဣဿာ မစ္ဆရိယတို့၏ စွမ်းအားကား အလွန် ကြီးမားလှ၏။ အထက်ပါ လေးမျိုးသော ဆဲရေးခြင်းကို မပြုရ မနေနိုင်အောင် တွန်းအားပေးလျက် ရှိ၏။ ရဟန္တာမထေရ်မြတ်ကြီးကလည်း ဤလူမိုက်သည် ငါ့ကို မှီ၍ မပျက်စီးပါစေလင့်ဟု နှလုံးပိုက်တော်မူ၍ ကျောင်းဒါယကာ သူကြွယ်၏ ပင့်ဖိတ်မှုကိုပင် မသာယာတော့ဘဲ နံနက်ခပ်စောစောပင် ထတော်မူ၍ ချမ်းသာရာအရပ်သို့ ကြွသွားတော်မူ၏။
四、“与其睡在富翁送来的床榻上,还不如睡在地上。”(《法句义注》1-313—314。)嫉与悭的力量实在极大,逼得他非说出这四种辱骂不可。阿罗汉长老心想:“不要让这个愚人因我而毁灭。”于是不再受用寺院施主的邀请,一早便起身离开,前往安稳之处。
ကျောင်းထိုင်ကိုယ်တော်ကလည်း ခပ်စောစောပင် ထ၍ ပြုသင့်ပြုထိုက်သော ဝတ်ကြီးဝတ်ငယ်များကို ပြုပြီးနောက် ဆွမ်းခံချိန်သို့ ရောက်သောအခါ --- ''အာဂန္တုကိုယ်တော်သည် ယခုတိုင်အောင်လည်း အိပ်တုန်းပင် ရှိနေသေး၏၊ ထိုးစည်ကို တီးလိုက်သော် နိုးလေရာ၏''ဟု မှတ်ထင်၍ လက်သည်းဖြင့်ပင် ထိုးစည်ခေါင်းလောင်းကို ထိုး၍ ရွာတွင်းသို့ ဝင်တော်မူ၏။ ကျောင်းဒါယကာ သူကြွယ်ကလည်း ပူဇော်မှုပြုရန် မျှော်နေပေ၏။ အာဂန္တု ကိုယ်တော်ကို မတွေ့ရသဖြင့် အကျိုးအကြောင်း မေးမြန်းကြည့်ရာ အာဂန္တုကိုယ်တော် အအိပ်ကြီးကြောင်း ခေါင်းလောင်းထိုးသံကိုပင် မကြားကြောင်း စသည်တို့ကို ပြောပြလေ၏။ ကျောင်းဒါယကာ သူကြွယ်ကလည်း ပညာရှိယောကျာ်း ဖြစ်သဖြင့် မိမိ၏ ကျောင်းထိုင်ကိုယ်တော်အကြောင်းကို ရိပ်စားမိကာ ကျောင်းထိုင်ကိုယ်တော် ကို ဆွမ်းကျွေးပြီးနောက် အာဂန္တုကိုယ်တော်ကို တွေ့ရှိပါက ဆွမ်းများကို လှူဒါန်းဖို့ရန် သပိတ်ကိုဆေးကြောကာ
住寺长老也早早起身,做完应作的大小义务。到了托钵时间,他佯想:“客住长老至今还在睡;敲钟便会醒来。”却只用指甲轻轻敲了一下寺院的钟,就进入村中。寺院施主富翁正在等候供养,见不到客住长老,便询问缘由。住寺长老说,客住长老太贪睡,连钟声也没听见。富翁是个聪明人,立即猜到住寺长老的情形;供养他用斋以后,富翁把住寺长老的钵洗净,以便找到客住长老时供养食物,并在钵中——
မွန်မြတ်သော ခဲဖွယ် ဘောဇဥ်တို့ကို သပိတ်အပြည့် လှူဒါန်းလိုက်၏။
——盛满精美的硬食与软食,交给住寺长老。
原书第 486 页
ကျောင်းထိုင်ကိုယ်တော်က လမ်းခုလတ် တစ်နေရာသို့ ရောက်သောအခါ ထိုဆွမ်းများကို ကြည့်၍ --- ''အကယ်၍ ထိုအာဂန္တုကိုယ်တော်သည် ဤကဲ့သို့သော ဆွမ်းမျိုးကိုသာ ဘုဥ်းပေးနေရငြားအံ့၊ ဤနေရာဌာန၌ ပင်လျှင် ငြိကပ်တွယ်တာပြီး နေထိုင်ပေလိမ့်မယ်''ဟု ဤသို့ နှလုံးပိုက်ကာ ဆွမ်းတွေကို အကုန်သွန်ပစ်လိုက်၏။
住寺长老走到半路,看看钵里的食物,心想:“如果客住长老能吃到这样的食物,他一定会贪着这里,继续住下去。”于是把食物全都倒掉了。
ထိုအခါ ထိုကျောင်းထိုင်ကိုယ်တော်ကို၊ ဤမျှလောက်သော မကောင်းမှု အကုသိုလ်ကံကို ပြုကျင့်မိသည့် အတွက်၊ အနှစ်နှစ်သောင်းတို့ ကာလပတ်လုံး ဖြည့်ကျင့် ဆည်းပူးထားအပ်သော ရဟန်းတရားတို့သည် စောင့် ရှောက်ခြင်းငှာ မစွမ်းနိုင်တော့ပြီ။ သက်တမ်း၏ အဆုံး၌ ကွယ်လွန်ပြီးနောက် အဝီစိငရဲ၌ ကဿပဘုရားရှင် သာသနာတော်မှသည် ဂေါတမဘုရားရှင် သာသနာတော်အနီးသို့တိုင်အောင် ဗုဒ္ဓန္တရအသင်္ချေယျဟု ဆိုအပ် သော အသင်္ချေယျကပ်ပတ်လုံး ကြီးစွာသော ဆင်းရဲဒုက္ခကို ခံစားနေရ၏။ ဂေါတမဘုရားရှင် ပွင့်ခါနီးကာလတွင် ရာဇဂြိုဟ်၌ လူလာဖြစ်ရ၏။ ကဿပဘုရားရှင်၏ သာသနာတော်တွင်းတုန်းက ရဟန္တာအရှင်မြတ်အား လေးမျိုး သော ဆဲရေးခြင်းဖြင့် ဆဲရေးမိခဲ့သည်အတွက် လေးမျိုးသော မကောင်းကျိုးတို့ကို ထပ်မံ၍ လူ့ဘဝတွင် ခံစားရ ပြန်၏။
住寺长老造下这样重大的不善业,以致两万年间所积修的沙门法也无力保护他。命终以后,从迦叶佛的教法时代直到乔答摩佛的教法将兴之际,他都在阿鼻地狱中,于称作“佛间无量期”的漫长无量时段里遭受大苦。乔答摩佛即将出世时,他投生为王舍城人。因为曾在迦叶佛教法中以四种方式辱骂阿罗汉长老,他在人世又承受四种恶果。
၁။ ငါ့ရှင် အာဂန္တုက …သင့်အဖို့ သူကြွယ်၏ အိမ်၌ ဆွမ်းကို ဘုဥ်းပေးခြင်းထက် မစင်ကို စားခြင်းက သာလွန်၍ မြတ်သေး၏ဟု ဆဲရေးခဲ့၏။ ဤအကုသိုလ် မကောင်းမှုကြောင့် လူဖြစ်လာသောအခါ မွေးကတည်းက အစာအာဟာရကို မစားဘဲ မစင်ကိုသာ နှစ်ပေါင်းများစွာ စားနေ၏။ အစာအာဟာရ စားလိုစိတ် မရှိဘဲ မစင် ကိုသာ စားလိုစိတ် ရှိ၏။ ဘုရားရှင်နှင့် တွေ့၍ ရဟန္တာဖြစ်တော်မူမည့်နေ့သို့တိုင်အောင် မစင်ကိုပင် တစ်သက်လုံး စားနေခဲ့၏။
一、他曾骂道:“客比丘啊,你与其在富翁家用斋,还不如吃粪。”由于这项不善业,他投生为人以后,从出生起就不吃普通食物,多年只吃粪便;他不想吃食物,只想吃粪。直到遇见佛陀并证得阿罗汉果的那一天,他这一生始终都在吃粪。
၂။ သူကြွယ် ခေါ်ဆောင်လာသည့် ဆတ္တာသည်ဖြင့် ဆံပင်တို့ကို ရိတ်ခြင်းထက် ထန်းစေ့ဖြင့် ဆံပင်တို့ကို နှုတ်ခြင်းက မြတ်သေး၏ဟု ဆဲရေးခဲ့၏။ ထိုမကောင်းမှု အကုသိုလ်ကံကြောင့် အာဇီဝကတို့၏ အထံ၌ ရှင်ရဟန်း ပြုသောအခါ ဆံပင်တို့ကို ထန်းစေ့ဖြင့် အနှုတ်ခံရ၏။
二、他曾骂道:“与其让富翁带来的理发师为你剃发,还不如用棕榈种子拔掉头发。”由于这项不善业,他到阿耆毗迦(Ājīvaka)外道中出家时,头发便被人用棕榈种子拔掉。
၃။ သူကြွယ်လှူသည့် အဝတ်သင်္ကန်းကို ဝတ်ရုံခြင်းထက် အဝတ်မဝတ်ဘဲ ကိုယ်တုံးလုံး လှည့်လည်နေခြင်းက မြတ်သေး၏ဟု ဆဲရေးခဲ့၏။ ထိုမကောင်းမှု အကုသိုလ်ကံကြောင့် မွေးကတည်းက ရဟန္တာဖြစ်မည့်နေ့သို့တိုင် အောင် အဝတ် လုံးဝမဝတ်ဘဲ ကိုယ်တုံးလုံးပင် ဘဝတစ်လျှောက်၌ နေထိုင်ခဲ့၏။ မိဘတို့က ဘယ်လိုပင်ဝတ်ပေး သော်လည်း အဝတ်ဝတ်လိုသော စိတ်ဓာတ် လုံးဝမရှိသဖြင့် အမြဲတမ်း ချွတ်ပစ်လိုက်၏။
三、他曾骂道:“与其披用富翁供养的袈裟,还不如不穿衣服、裸体游行。”由于这项不善业,从出生直到证得阿罗汉果那一天,他一生都不穿衣服,赤身裸体。父母无论怎样替他穿衣,他都丝毫没有穿衣的意愿,总会把衣服脱掉。
၄။ သူကြွယ် သယ်ဆောင်လာသော ခုတင်ညောင်စောင်းထက်၌ အိပ်စက်ခြင်းထက် မြေကြီးပေါ်၌ အိပ်ခြင်းက သာလွန်၍ မြတ်သေးဟု ဆဲရေးမိသော အကုသိုလ်ကံကြောင့် မွေးကတည်းက ဘဝတစ်လျှောက်လုံး၌ အိပ်ရာ ထက်၌ မအိပ်နိုင်ဘဲ မြေကြီးပေါ်၌သာ အိပ်စက်ခဲ့၏။ အိပ်ရာထက်၌ ဘယ်လိုပင် သိပ်သော်လည်း မအိပ်ဘဲ မြေကြီးပေါ်၌သာ အမြဲအိပ်လေသည်။
四、他曾骂道:“与其睡在富翁送来的床榻上,还不如睡在地上。”由于这项不善业,他从出生起终身不能睡在床上,只能睡在地上;无论怎样把他放到床上,他都不睡,总是回到地上睡。
မွေးလာသော ယောကျာ်း၏ ပါးစပ်ထဲ၌ ဓားမကြီးတစ်လက် ပါလာ၏။ ယင်းဓားမကြီးဖြင့် လူမိုက်သည် မကောင်းပြောလျက် မိမိကိုယ်ကို မိမိ ပိုင်းဖြတ်တတ်၏။ (သံ-၁-၁၅၄။) --- ဟူသော ဒေသနာတော်နှင့် အညီ လျှာဓားမဖြင့် မိမိကိုယ်ကို မိမိ ပိုင်းဖြတ်သွားခြင်းကြောင့် ရရှိသော အကျိုးတရားများပင်တည်း။ သို့သော် ဘုရား- ရှင်နှင့် တွေ့၍ ရဟန္တာအဖြစ်သို့ ရောက်ရှိသွားသောအခါ၌ကား ထိုအကုသိုလ်ကံများမှာ ကုန်ဆုံးသွားလေသည်။
“人生来时,口中便生出一把利斧;愚人说恶语,正用这把斧斩割自己。”(《相应部》1-154。)上述种种,正是他以舌斧斩割自己而得到的果报。然而,当他遇见佛陀、证得阿罗汉果时,这些不善业所结的余报也就穷尽了。
(ဓမ္မပဒ-ဋ္ဌ-၁-၃၁၃-၃၂ဝ။)
(《法句义注》1-313—320。)
原书第 487 页
ဆတ္တပါဏိလုလင်
伞手青年
ဤအထက်တွင် ရေးသားတင်ပြခဲ့သည့် လောဘ ဒေါသ မောဟ မာန်မာန ဣဿာ မစ္ဆရိယ စသော တရားဆိုးတို့ကို အမြစ်ပါမကျန် တွန်းလှန်ဖြိုဖျက်ဖို့ရန် အကောင်းဆုံးသော လက်နက်မှာ သီလ သမာဓိ ပညာ သိက္ခာသုံးရပ်ဖြင့် သိမ်းကျုံးရေတွက် ထားအပ်သော မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားပင် ဖြစ်၏။ သီလ သမာဓိ ပညာဟူသော သမထ ဝိပဿနာတို့ကို ကြိုးပမ်းပါသော်လည်း လမ်းဆုံးသို့တိုင်အောင် အောင်မြင်မှု မရရှိသေး သဖြင့် သံသရာခရီးက ဆက်ရန်ရှိနေသေးပါမူ အရှင်သာရိပုတ္တရာအလောင်း သူတော်ကောင်း၏ ကျင့်သုံးသွား တော်မူသော ရှေးထုံးဟောင်းတစ်ရပ်မှာ အတုယူဖွယ်ကောင်းသော ထုံးဟောင်း ဥပဒေသကြီးတစ်ရပ်ပင် ဖြစ် ပေသည်။ ယင်း စံနမူနာထားထိုက်သော ထုံးဟောင်းတစ်ခုကို ကျင့်လိုသူတို့အတွက် ဆက်လက်၍ တင်ပြအပ် ပါသည်။ အရှင်သာရိပုတ္တရာအလောင်း သူတော်ကောင်းသည် ဆတ္တပါဏိ အမည်ရှိသော ယသပါဏိမင်း၏ ဦးခေါင်းကို တန်ဆာဆင်တတ်သော ဆတ္တာသည် ဖြစ်ခဲ့ဖူး၏။ အရှင်ဒေဝဒတ်ကား ဘဝပေါင်းများစွာ ဘုရား
要把上文所说的贪、嗔、痴、慢、嫉、悭等恶法连根摧毁,最好的武器,就是摄属于戒、定、慧三学的八支圣道。即使已经努力修习戒、定、慧所含摄的止与观,却尚未成功走到道路终点,仍须继续轮回之旅,舍利弗尊者前身所奉行的一项古老准则,也是一项很值得仿效的教诫。下面为愿意实行这项典范的人继续说明。舍利弗尊者的前身曾是雅沙波尼王(Yasapāṇi)的理发师,名叫伞手(Chattapāṇi)。提婆达多则曾在多生中企图杀害——
အလောင်းတော်အား သတ်ဖြတ်ရန် ကြိုးစားအားထုတ်ခဲ့ဖူး၏။ ဤဓမ္မဓဇဇာတ်တော်၌ (ဇာတက-ဋ္ဌ-၂-၁၇ဝ။) အရှင်ဒေဝဒတ်အလောင်းမှာ ယသပါဏိမင်း၏ စစ်သူကြီး ဖြစ်နေ၏။ ဘုရားအလောင်းတော်ကား ထိုယသပါဏိ မင်း၏ ပုရောဟိတ်ပုဏ္ဏားကြီး ဖြစ်နေ၏။ ဓမ္မဓဇ အမည်ရှိ၏။
——菩萨。在《法幢本生》(《本生义注》2-170)中,提婆达多的前身是雅沙波尼王的将军;菩萨则是雅沙波尼王的国师婆罗门,名叫法幢。
ယသပါဏိမင်းကား တရားသဖြင့် မင်းပြုတော်မူ၏။ သို့သော် အရှင်ဒေဝဒတ်အလောင်း စစ်သူကြီးကား တံစိုးလက်ဆောင် လာဘ်စားလျက် တရားစီရင်တတ်၏။ တံစိုးလက်ဆောင်စားကာ ဥစ္စာရှင် မဟုတ်သူတို့ကို ဥစ္စာရှင် ပြုတတ်၏။ ထိုအခါ တနေ့သ၌ တရားအဆုံးအဖြတ်မှ ရှုံးသော လူတစ်ဦးသည် လက်တို့ကို မြှောက်ကာ ငိုယိုမြည်တမ်းလျက် တရားဆုံးဖြတ်ရာဌာနမှ ထွက်ခွာလာသည်ရှိသော် --- ယသပါဏိဘုရင်မင်းမြတ်ထံသို့ အခ- စားဝင်သွားသော ဘုရားအလောင်းတော် ဓမ္မဓဇ ပုရောဟိတ်ပုဏ္ဏားကြီးကို မြင်၍ ထိုဘုရားအလောင်းတော်၏ ခြေတို့၌ ဝပ်စင်း၍ --- ''အရှင် …ဘုရင်မင်းတရားကြီး၏ အကျိုးတရားကိုလည်းကောင်း၊ အကြောင်းတရားကို လည်းကောင်း ဆိုဆုံးမတတ်ကုန်သော အရှင်တို့ကဲ့သို့သော ပညာရှိသူတော်ကောင်းတို့သည် ထင်ရှားရှိနေကုန် စဥ်မှာပင်လျှင် ကာဠက စစ်သူကြီးသည် တံစိုးလက်ဆောင်စား၍ ဥစ္စာရှင်တို့ကို အရှင်မဟုတ်သည်ကို ပြုဘိ၏''
雅沙波尼王依法治国,提婆达多前身的迦罗迦(Kāḷaka)将军却收受贿赂、枉法裁判,常把不属于物主的人判作物主。一天,一个败诉的人举手号哭着走出审判处,正遇见进宫侍奉雅沙波尼王的菩萨法幢国师。他俯伏在菩萨脚下,禀告道:‘尊者,像您这样懂得劝谏国王利害与因果的智者善士明明还在,迦罗迦将军却受贿,把真正的物主判成不是物主。’——
ဟု ဆို၍ မိမိရှုံးသည်၏ အဖြစ်ကို ဘုရားအလောင်းတော်အား ပြောဆို၏။ ဘုရားအလောင်းတော်သည် ကြင်နာ ဆပွား ကရုဏာနှင့် ယှဥ်သော စိတ်ထားကို ဖြစ်စေ၍ --- ''အမောင် လာလှည့် …သင်၏တရားကို ငါ ဆုံးဖြတ် အံ့''ဟု ထို တရားရှုံးသောသူကို ခေါ်ဆောင်၍ တရားစီရင်ရာအရပ်သို့ သွား၏။ လူများအပေါင်းသည် စည်းဝေးမိ သည်ရှိသော် ဘုရားအလောင်းတော်သည် ထိုတရားကို တစ်ဖန် ဆုံးဖြတ်၍ ဥစ္စာရှင်ဟုတ်မှန်သော သူကို ဥစ္စာရှင် ပြု၏။
——他这样向菩萨陈述自己的败诉经过。菩萨生起具足悲愍的心,说:‘来吧,我替你裁断这桩案件。’于是带他前往审判处。众人聚集以后,菩萨重新审理案件,把财物判还真正的物主。
လူအများ၏ ကောင်းချီးပေးသော အသံသည် သည်းထန်စွာ ဖြစ်ပေါ်လာ၏။ ယသပါဏိ မင်းကြီးသည် ထိုကောင်းချီးပေးသော အသံကို ကြား၍ စုံစမ်းမေးမြန်းလတ်သော် ဓမ္မဓဇပညာရှိ ပုရောဟိတ်ပုဏ္ဏားကြီး၏ မှန်ကန်သော တရားစီရင်မှုကို အကြောင်းပြု၍ ကောင်းချီးသြဘာပေးသောအသံ ဖြစ်ကြောင်းကို သိရှိရ၍ နှစ်- သက်မြတ်နိုးတော်မူရကား အလောင်းတော် ဓမ္မဓဇပညာရှိ ပုရောဟိတ်ဆရာကြီးကိုသာလျှင် ထိုနေ့မှစ၍ တရား စီရင်စေ၏။
大众响起热烈的赞叹声。雅沙波尼王听见后加以询问,得知这是众人为法幢智者国师公正断案而发出的赞叹,心中十分欢喜敬重。从那天起,国王便只让菩萨法幢智者国师主持审判。
ကာဠကစစ်သူကြီးသည် ထိုအခါမှစ၍ တံစိုးလက်ဆောင်ကို မရလတ်သော် လာဘ်လာဘမှ ယုတ်လျော့ သဖြင့် ဘုရားအလောင်းတော်အား ရန်ငြိုးဖွဲ့လေ၏။ ဓမ္မဓဇပညာရှိသည် မင်းစည်းစိမ်ကို လိုလားတောင့်တ နေကြောင်း မမှန်သတင်းများကိုလည်း ယသပါဏိမင်းအား မကြာခဏ တိုင်ကြား၏။ ယသပါဏိမင်းက မူလက
迦罗迦将军从此收不到贿赂,利养减少,便对菩萨怀恨。他屡次向雅沙波尼王诬告,说法幢智者觊觎王位。雅沙波尼王起初——
原书第 488 页
မယုံကြည်သော်လည်း ဓမ္မဓဇပညာရှိ တရားစီရင်ရာအရပ်၌ ပရိသတ်ထုက များပြားလှသဖြင့် ထိုပရိသတ်ကို ဓမ္မဓဇပညာရှိ၏ ပရိသတ်ဟုပင် အထင်မှားကာ မယုံသင်္ကာ ဖြစ်လာ၏။ စစ်သူကြီးကာဠကနှင့် တိုင်ပင်၍ အကြောင်းဥပါယ်တံမျဥ်ဖြင့် ဓမ္မဓဇပညာရှိအား သတ်ဖြတ်ရန် တိုင်ပင်ကာ --- ၁။ အသီးအပွင့်တို့ဖြင့် ပြည့်စုံသော ဥယျာဥ်တော်တစ်ခုကို နေ့ချင်း ညချင်း ပြီးအောင် ဖန်ဆင်း တည်ထောင် ခိုင်း၏။ သိကြားမင်းကြီးက ကူညီဖန်ဆင်းပေးသဖြင့် ပြီးစီးသွားပြန်၏။
——并不相信;但法幢智者审判时总有大批群众围绕,国王误以为那是法幢自己的党众,渐渐生起疑心。他与迦罗迦将军商议,用计谋杀法幢智者,并接连交付不可能的任务:一、命他在一昼夜内建成一座花果丰盛的御园;天帝释出手相助,御园如期完成。
၂။ ထိုဥယျာဥ်တော်အား လျောက်ပတ်သော ရတနာ (၇)ပါးဖြင့်ပြီးသော ရေကန်ကြီးကို ဖန်ဆင်းခိုင်း လိုက်ပြန် ရာ သိကြားမင်းကြီးကပင် ကျေနပ်အောင် ညတွင်းချင်း ဖန်ဆင်းပေးလိုက်၏။
二、又命他造一座与御园相称、以七宝庄严的大池;天帝释仍在一夜之间替他圆满造好。
၃။ ဥယျာဥ်တော်နှင့် လျောက်ပတ်သော နန်းတော်အိမ်ကို ဖန်ဆင်းစေပြန်၏။ သိကြားမင်းကြီးကပင် ကျေနပ် လောက်အောင် အလုံးစုံ ဆင်စွယ်ဖြင့်ပြီးသော နန်းတော်အိမ်ကိုလည်း ဖန်ဆင်းပေးလိုက်၏။
三、再命他造一座与御园相称的宫殿;天帝释又替他造出一座完全以象牙建成的宫殿。
၄။ ဆင်စွယ်အိမ်အား လျောက်ပတ်သော ပတ္တမြားရောင်ဖြင့် သွားလာနိုင်သော ပတ္တမြားကြီးကို ဖန်ဆင်းစေ ပြန်၏၊ သိကြားမင်းကြီးကပင် ထိုပတ္တမြားရတနာကြီးကိုလည်း ဖန်ဆင်းပေးပြန်၏။
四、又命他造一颗能以宝光照明象牙宫殿、供人在光中行走的大摩尼宝;天帝释也替他造好了这颗宝珠。
ထိုအခါ ကာဠကစစ်သူကြီးက --- ''အရှင်မင်းမြတ် …ဓမ္မဓဇပုဏ္ဏားကြီးမှာ အလိုရှိတိုင်း ရွက်ဆောင်ပေး နိုင်သော နတ် တစ်ဦးဦးသည် ရှိနေပုံရ၏၊ ယခုအခါ၌ နတ်တို့သည်သော်လည်း ဖန်ဆင်းခြင်းငှာ မတတ်ကောင်း ရာသော အင်္ဂါ လေးပါးနှင့် ပြည့်စုံသော ဥယျာဥ်စောင့်ကို ဖန်ဆင်းစေတော်မူပါ''ဟု လျှောက်ထား၏။ ထိုအတိုင်းပင် ဖန်ဆင်းခိုင်းလိုက်၏။ မဖန်ဆင်းပေးနိုင်ကလည်း သေဒဏ်အမိန့် ချမှတ်တော့မည် ဖြစ်၏။ ဘုရားအလောင်းတော် သည် အိမ်သို့ ပြန်သွား၍ မွန်မြတ်သော ဘောဇဥ်ကို စားသုံးပြီးလျှင် အိပ်ပြီးလတ်သော် မိုးသောက်ထကာလ၌ ဤသို့ စဥ်းစား၏ --- ''နတ်တို့သနင်း သိကြားမင်းသည် အကြင်အရာကို ဖန်ဆင်းခြင်းငှာ စွမ်းနိုင်၏၊ ထိုအရာကို ဖန်ဆင်း၍ ပြီးလေပြီ။ အင်္ဂါ လေးပါးနှင့် ပြည့်စုံသော ဥယျာဥ်စောင့်ကို ဖန်ဆင်းပေးဖို့ရန်ကား မတတ်ကောင်း သည်သာ ဖြစ်၏။ ဤသို့ ဖန်ဆင်းခြင်းငှာ မတတ်ကောင်းသည် ဖြစ်သော် သူတစ်ပါးတို့၏ လက်၌ သေရသည်ထက်
这时,迦罗迦将军禀告国王:‘大王,法幢婆罗门似乎有某位能随愿成办一切的天神相助。现在请命他找来一名具足四项德行、连天神也无法创造的园丁。’国王便照办,并决定若法幢无法找来,便判他死刑。菩萨回家享用美食,睡过一夜,清晨思量:‘天帝释所能创造的,都已经创造完成;但具足四项德行的园丁确实不能凭空造出。既然无法成办,与其死在别人手中,还不如——
တော၌ ကိုယ်းကွယ်ရာမရှိ သေရခြင်းသည်သာလျှင် ကောင်းမြတ်၏'' --- ဟု ကြံစည်မိလေ၏။ ကြံပြီး၍ ဘုရား အလောင်းတော်သည် တစ်စုံတစ်ယောက်သောသူအား မပြောကြားမူ၍ ပြာသာဒ်မှ ဆင်းသက်၍ မြတ်သော တံခါးဖြင့် မြို့မှ ထွက်၍ တောသို့ ဝင်ကာ တစ်ခုသော သစ်ပင်ရင်း၌ သူတော်ကောင်းတို့၏ လောကဓံတရား ရှစ်ပါး နှိပ်စက်လတ်သော် မတုန်မလှုပ်ခြင်းဟု ဆိုအပ်သော သဘောကို ဆင်ခြင်လျက်နေ၏။
——无依无靠地死在森林里。’想定以后,菩萨没有告诉任何人,便走下宫殿,从正门出城进入森林。他坐在一棵树下,思惟善士即使受到世间八法逼迫也不动摇的品德。
ထိုအခါ သိကြားမင်း၏ အကြံပေး တိုက်တွန်းချက်ဖြင့် ယသပါဏိမင်း၏ ဆတ္တာသည် ဆတ္တပါဏိလုလင်ကို ခေါ်ဆောင်ကာ ရှင်ဘုရင်ထံသို့ ဝင်လေ၏။ ဤဆတ္တပါဏိလုလင်သည် အင်္ဂါ လေးပါးနှင့် ပြည့်စုံသော ဥယျာဥ်- စောင့် ဖြစ်နိုင်ကြောင်းကိုလည်း သံတော်ဦးတင်လိုက်၏။
在天帝释的指点下,人们把雅沙波尼王的理发师伞手青年带到国王面前,并禀告他能够成为具足四项德行的园丁。
ဆတ္တပါဏိလုလင်၌ ပြည့်စုံနေသော အင်္ဂါလေးပါး
伞手青年的四项德行
အနုဿူယကော အဟံ ဒေဝ၊ အမဇ္ဇပါယကော အဟံ။
大王,我不嫉妒,也不饮酒;
နိသေနဟကော အဟံ ဒေဝ၊ အက္ကောဓနံ အဓိဋ္ဌိကော။
大王,我不爱著任何人,并坚定安住于无嗔。
အရှင်မင်းမြတ် အကျွနု်ပ်သည် --- ၁။ ငြူစူခြင်း ဣဿာတရားလည်း မရှိပါ။
‘大王,我一、不生嫉;
၂။ မူးယစ်ဆေးဝါးကိုလည်း မမှီဝဲတတ်ပါ။
二、不服用酒类等迷醉品;
原书第 489 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း ၃။ မည်သူ့ကိုမျှလည်း မချစ်တတ်ပါ၊ ၄။ မည်သူ့ကိုမျှလည်း အမျက်မထွက်တတ် မမုန်းတီးတတ်ပါ။
三、不爱著任何人;四、不对任何人发怒,也不怀恨。’
ဤသို့လျှင် အရှင်မင်းမြတ် …အကျွနု်ပ်သည် ဤအင်္ဂါ လေးပါးတို့နှင့် ပြည့်စုံပါ၏ဟု ယသပါဏိမင်းက မေးမြန်းလိုက်သောအခါ ဆတ္တပါဏိလုလင်က မိမိ၌ ပြည့်စုံနေသော အင်္ဂါရပ် လေးမျိုးတို့ကို တင်ပြ လျှောက် ထားလေသည်။
雅沙波尼王询问时,伞手青年便这样禀告:‘大王,我具足这四项德行。’他逐一说明了自己具备的四种品德。
၁။ ငြူစူခြင်း ဣဿာတရား မရှိရခြင်း အကြောင်း
一、不生嫉的因缘
ဣတ္ထိယာ ကာရဏာ ရာဇ၊ ဗန္ဓာပေသိံ ပုရောဟိတံ။
‘大王,我曾因一名女子而拘禁国师;
သော မံ အတ္ထေ နိဝေဒေသိ၊ တသ္မာဟံ အနုသူယကော။ (ဇာတက-ဋ္ဌ-၂-၁၇၆။)
他却为我开示利益,因此我不再嫉妒。’(《本生义注》2-176。)
တစ်ခုသောဘဝ၌ ဤဆတ္တပါဏိလုလင်သည် ဤဗာရာဏသီပြည်၌ပင်လျှင် ရှင်ဘုရင် ဖြစ်ခဲ့ဖူး၏။ ဘုရား အလောင်းတော်ကား ထိုဗာရာဏသီဘုရင်၏ ပုရောဟိတ်ပုဏ္ဏားကြီး ဖြစ်နေ၏။ ရှင်ဘုရင်ကြီးကလည်း မောင်းမ ပေါင်း (၁၆ဝဝဝ)တို့တွင် မိဖုရားတစ်ဦးကို အဂ္ဂမဟေသီအရာတွင် မြှောက်စား၍ အလွန် မြတ်နိုးတော်မူ၏။
过去一生,伞手青年曾在波罗奈城为王,菩萨则是那位国王的国师婆罗门。国王从一万六千名宫女中册立一人为首后,极其宠爱这位王后。
ထိုမိဖုရားကား --- အရှင်မင်းကြီးသည် ဤနေ့မှစ၍ အခြားအမျိုးသမီးတစ်ဦးကို ကိလေသာ၏အစွမ်းဖြင့် မကြည့်ရ ဟူသော ဆုကိုလည်း ရှင်ဘုရင်ထံမှ မရအရ တောင်းယူထားသူလည်း ဖြစ်၏။ တစ်နေ့တွင် ပစ္စန္တရစ်အရပ်၌ သူပုန်များကို နှိမ်နင်းရန် ထွက်ခွာရ၏။ အလောင်းတော် ပုရောဟိတ်ပုဏ္ဏားကြီးကို မြို့၌ ထားခဲ့၏။ တစ်ယူဇနာ တစ်ယူဇနာသော အရပ်သို့ ရောက်တိုင်း ရောက်တိုင်း တမန်တစ်ယောက် တစ်ယောက်ကို မိဖုရားထံသို့ စေလွှတ် ကာ အခြေအနေ အရပ်ရပ်ကို အစီအရင်ခံစေ၏။ အသွားအပြန် (၆၄)ယောက်ကုန်သော တမန်တို့ကို စေခိုင်း တော်မူ၏။ မိဖုရားကြီးသည် ထို ခြောက်ကျိပ်လေးယောက်ကုန်သော တမန်တို့နှင့် နေ့စဥ် ဖောက်ပြားပေ၏။
王后还强求国王答应:从今以后,不得以烦恼欲心看别的女子。一天,边地发生叛乱,国王出征平乱,把菩萨国师留在城中。国王每行一由旬,便派一名使者回报王后沿途情况;往返共派出六十四名使者。王后每天都同来到宫中的使者私通,先后与六十四人全都犯下邪行。
တစ်နေ့လျှင် တစ်ယောက်ကျ ရောက်လာတိုင်းသော တမန်ယောကျာ်းနှင့် ဖောက်ပြား၍ပင် အားမရနိုင်သဖြင့် ဘုရားအလောင်းတော် ပုရောဟိတ်ပုဏ္ဏားကြီးအားလည်း မိဖုရားက သူနှင့်အတူ ဖောက်ပြားရန် ဖိတ်ခေါ်ပြန်၏။
王后每天同一名使者私通仍不满足,又邀菩萨国师与她私通。
ဘုရားအလောင်းတော်ကား သီလကို ချစ်မြတ်နိုးတော်မူသည့် သူတော်ကောင်း ဖြစ်ခြင်းကြောင့် မိဖုရား၏ အလို ဆန္ဒကို မလိုက်လျောနိုင် ဖြစ်နေ၏။ ထိုအခါ မိဖုရားက မိမိကိုယ်ကို မိမိကုတ်ဖဲ့ကာ ကလိန်ဉာဏ်ဆင်၍ ပုရောဟိတ် ပုဏ္ဏားကြီးက သူ့ကို ဖျက်ဆီးဟန်ဖြင့် ဘုရင်မင်းမြတ်အား သံတော်ဦးတင်လေ၏။ ဘုရင်မင်းမြတ်ကလည်း ပုရောဟိတ်ပုဏ္ဏားကြီးအား ဖမ်းဆီးချုပ်နှောင်၍ သတ်ရန် အမိန့်တော်မြတ် သတ်မှတ်တော်မူလိုက်၏။
菩萨是珍爱戒行的善士,绝不肯顺从王后的欲望。王后便抓伤自己的身体,设计诬告国师侵犯了她。国王随即下令逮捕、拘禁国师,并把他处死。
ပုရောဟိတ်ကြီးက ရှင်ဘုရင်ထံသို့ ရောက်အောင် ကြံဆောင်၍ အာဏာသားတို့ကို ပို့စေ၏။ အမှုတွဲအမှန် ဖြစ်ရပ် ဇာတ်လမ်းစုံလင်ကို ရှင်ဘုရင်အား တင်ပြလျှောက်ထား၏။
国师设法请押解者把自己带到国王面前,向国王完整陈述案件的真实经过。
အဗဒ္ဓါ တတ္ထ ဗဇ္ဈန္တိ၊ ယတ္ထ ဗာလာ ပဘာသရေ။
‘愚者显耀之处,无罪者也会被缚;
ဗဒ္ဓါပိ တတ္ထ မုစ္စန္တိ၊ ယတ္ထ ဓီရာ ပဘာသရေ။ (ဇာတက-ဋ္ဌ-၂-၁၇၆။)
智者显耀之处,即使有罪者也得释放。’(《本生义注》2-176。)
အရှင်မင်းမြတ် …အကြင်တိုင်းနိုင်ငံ၌ လူမိုက်တို့သည် လူတွင်ကျယ် ဖြစ်နေကြ၏ ဘုန်းတန်ခိုး တောက်ပ နေကြ၏။ ထိုတိုင်းနိုင်ငံ၌ နှောင်ဖွဲ့ခြင်းငှာ မထိုက်ကုန်သော အပြစ်မရှိကုန်သော သူတို့သော်မှလည်း အနှောင်အဖွဲ့ ခံကြရကုန်၏။ အကြင်တိုင်းနိုင်ငံ၌ ပညာရှိတို့သည် လူတွင်ကျယ် ဖြစ်နေကြကုန်၏ ဘုန်းတန်ခိုး တောက်ပနေကြ ကုန်၏၊ ထိုတိုင်းနိုင်ငံ၌ နှောင်ဖွဲ့ခြင်းငှာ ထိုက်တန်ကုန်သော အပြစ်ရှိကြကုန်သော သူတို့သော်မှလည်း အပြစ်မှ လွတ်ငြိမ်းချမ်းသာခွင့်ကို ရရှိကြပါကုန်၏။ (ဇာတက-ဋ္ဌ-၂-၁၇၆။) ထိုမိဖုရားကား အခြားသူမဟုတ်၊ မယ်မင်းကြီးမ စိဉ္စမာဏဝိကာပင် ဖြစ်ပေသည်။
‘大王,在愚人居于显位、权势显赫的国家,即使无罪、不应受缚的人也会被拘禁;在智者居于显位、权势显赫的国家,即使有罪、应受拘禁的人也可能得到赦免。’(《本生义注》2-176。)当时那位王后,正是旃遮摩那女的前身。
原书第 490 页
အမှုတွဲအမှန်ကို တင်ပြလျှောက်ထားသောအခါ တမန် ခြောက်ကျိပ်လေးယောက်တို့ကို ခေါ်ယူစစ်ဆေးရာ အမှုတွဲအမှန်မှာ အမှန်အတိုင်း ဝန်ခံကြသဖြင့် ထင်ရှားလာ၏။ တမန်တို့နှင့် မိဖုရားကို အပြစ်ဒဏ်ပေးပြန်သော အခါ၌လည်း အလောင်းတော်ပုဏ္ဏားကြီးကပင် ''အရှင်မင်းမြတ် …ဤတမန်တို့အားလည်း အပြစ် မရှိပါ၊ မိဖုရားကြီးသည် မိမိ၏ အလိုအကြိုက်ကို ပြုစေဘိ၏၊ ထိုကြောင့် ထိုတမန်တို့မှာ အပြစ်မရှိပါ။ ထိုကြောင့် ထို တမန်တို့အားလည်း ခွင့်လွှတ်တော်မူပါ။ ထိုမိဖုရားကြီး၌လည်း အပြစ်မရှိပါ၊ ဤအမျိုးသမီးတို့မည်သည် မေထုန် မှုဖြင့် မရောင့်ရဲနိုင်သောကြောင့်တည်း။ ဤမေထုန်မှုကား အမျိုးသမီးတို့၏ ဇာတိသဘာဝသာတည်း၊ ထိုအမျိုး သမီးတို့အား သည်းခံထိုက်သည်သာ ဖြစ်၏၊ ထိုကြောင့် ထိုမိဖုရားအားလည်း သည်းခံတော်မူပါ''ဟု အပြစ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပြုရန် လျှောက်ထားလာသဖြင့် အပြစ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်၏။ ထိုအကြောင်း
国师禀明真相以后,国王召来六十四名使者审问;他们如实招认,案情遂告大白。国王准备惩罚使者和王后时,仍由菩萨国师请求赦免:‘大王,不应归罪这些使者,是王后令他们顺从自己的欲望;请宽恕他们。王后也没有罪;女人对欲事不知满足,这只是女人的天性,应当宽容。请也宽恕王后。’国王因而赦免了使者与王后。针对这件事——
အရာကို ရည်ရွယ်၍ ဆတ္တပါဏိလုလင်က ယသပါဏိမင်းအား --- ''အရှင်မင်းမြတ် …အမျိုးသမီးတည်းဟူသော အကြောင်းကြောင့် ကျွန်တော်မျိုးသည် ပုရောဟိတ်ပညာရှိ သူတော်ကောင်းကြီးကို ဖမ်းဆီးချုပ်နှောင်မိခဲ့ပါသည်။ ထိုပုရောဟိတ်ပုဏ္ဏားကြီးကား အကျွနု်ပ်ကို အကျိုးစီးပွား ရှိသော လုပ်ငန်းရပ်၌ ညွှန်ကြားပြသူသ ဖြစ်ပါပေ၏။ ထိုကြောင့် ကျွန်တော်မျိုးသည် မငြူစူတတ်သူ ဣဿာမရှိသူ ဖြစ်ရပါ၏။'' --- ဟု လျှောက်ထားခဲ့၏။
——伞手青年向雅沙波尼王禀告:‘大王,我曾因一名女子而拘禁那位贤明善良的国师;国师却为我指明真正有益之事。因此,我后来成为不嫉妒、心中没有嫉的人。’
ဆတ္တပါဏိလုလင်က ယသပါဏိမင်းအား ဆက်လက် လျှောက်ထားပြန်၏။
伞手青年又继续向雅沙波尼王禀告:
တဒါ ပန သောဟံ စိန္တေသိံ --- ''အဟံ သောဠသသဟဿ ဣတ္ထိယော ပဟာယ ဧတံ ဧကမေဝ ကိလေသဝသေန သင်္ဂဏှန္တောပိ သန္တပ္ပေတုံ နာသက္ခိံ ၊ ဧဝံ ဒုပ္ပူရဏီယာနံ ဣတ္ထီနံ ကုဇ္ဈနံ နာမ နိဝတ္ထဝတ္ထေ ကိလိဿန္တေ ကသ္မာ ကိလိဿသီ''တိ ကုဇ္ဈနသဒိသံ ဟောတိ၊ ဘုတ္တဘတ္တေ ဂူထဘာဝံ အာပဇ္ဇန္တေ ''ကသ္မာ ဧတံ အာပဇ္ဇသီ''တိ ကုဇ္ဈနသဒိသံ ဟောတိ။ ''ဣတော ဒါနိ ပဋ္ဌာယ ယာဝ အရဟတ္တံ န ပါပုဏာမိ၊ တာဝ ကိလေသံ နိဿာယ မယိ ဥသူယာ မာ ဥပ္ပဇ္ဇတူ''တိ အဓိဋ္ဌဟိံ ။ တတော ပဋ္ဌာယ အနုသူယကော ဇာတော။
‘当时我心想:我舍弃一万六千名女子,单以烦恼欲心宠爱这一名王后,尚且不能使她满足。对这些难以满足的女子发怒,就像对穿久而污损的衣服发怒,说“你为什么会脏”;也像对吃下的食物变成粪秽发怒,说“你为什么变成这样”。从今以后,直到我证得阿罗汉果为止,愿我不再因烦恼而生嫉。’他如此决意,从此便成为不嫉妒的人。
ဣဒံ သန္ဓာယ ''တသ္မာဟံ အနုသူယကော''တိ အာဟ။ (ဇာတက-ဋ္ဌ-၂-၁၇၆။) အရှင် ယသပါဏိမင်းမြတ် …ထိုအခါ၌ ဗာရာဏသီမင်း ဖြစ်နေသော ထိုကျွန်တော်မျိုးသည် ဤသို့ စဥ်းစားမိခဲ့ပါ၏ --- ''ငါသည် တစ်သောင်းခြောက်ထောင်ကုန်သော အမျိုးသမီးတို့ကို စွန့်ပစ်၍ ထိုတစ်ယောက် တည်းသော မိန်းမကိုသာလျှင် ကိလေသာ၏ အစွမ်းအားဖြင့် ထောက်ပံ့အပ်ပါသော်လည်း ရောင့်ရဲစိမ့်သောငှာ မစွမ်းနိုင်၊ ဤသို့ အလိုဆန္ဒပြည့်နိုင်ခဲကုန်သော အမျိုးသမီးတို့အား အမျက်ထွက်ခြင်း မည်သည်ကား ဝတ်သော အဝတ်သည် ဝတ်ပါများသော် ညစ်နွမ်း၏၊ ညစ်နွမ်းလတ်သည်ရှိသော်အဘယ်ကြောင့် နင် ညစ်နွမ်းရဘိသနည်း ဟု အမျက်ထွက်သည်နှင့် တူ၏။ စားလတ်သော အစာသည် မစင်၏အဖြစ်သို့ ရောက်လတ်သည်ရှိသော် အဘယ် ကြောင့် မစင်၏အဖြစ်သို့ နင် ရောက်ရဘိသနည်း --- ဟု အမျက်ထွက်သည်နှင့်လည်း တူ၏။
因此,偈中才说‘所以我不再嫉妒’。(《本生义注》2-176。)伞手青年说:‘雅沙波尼大王,当时身为波罗奈王的我曾这样思量:我舍弃一万六千名女子,只以烦恼欲心宠爱这一名王后,尚且无法满足她。对这些欲望难满的女子发怒,就像对穿久而污损的衣服发怒,质问它为什么变脏;也像对吃下的食物后来变成粪秽发怒,质问它为什么会变成粪秽。
''ယခုအခါ ဤယနေ့မှစ၍ အကြင်မျှလောက်သော ကာလပတ်လုံး အရဟတ္တဖိုလ်သို့ မဆိုက်ရောက်သေး၊ ထိုမျှလောက် အရဟတ္တဖိုလ်သို့ မဆိုက်ရောက်သေးသမျှ ကာလပတ်လုံး ကိလေသာကိုမှီ၍ ငါ၌ ငြူစူခြင်းတို့သည် မဖြစ်ပါစေကုန်သတည်း'' --- ဤသို့ အဓိဋ္ဌာန်ထားတော်မူ၏ = စိတ်ကို ဆောက်တည်ထား၏၊ ဆုတောင်းပန်ထွာမှု ပြုထား ၏။ ထိုကြောင့် ယခုဘဝတွင် အကျွနု်ပ်ဆတ္တပါဏိလုလင်၏ သန္တာန်၌ ငြူစူခြင်း ဣဿာတရား ထင်ရှားမရှိခြင်း ဖြစ်ပါသည်။
从今天起,直到我证得阿罗汉果为止,愿我不再缘于烦恼生起嫉。’他这样坚定其心、立下誓愿。因此,到了伞手青年这一生,我的心中便不再显现嫉。
(ဇာတက-ဋ္ဌ-၂-၁၇၆။)
(《本生义注》2-176。)
原书第 491 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း ပညာရှိ ပုရောဟိတ်ပုဏ္ဏားကြီးအပေါ်၌ ငြူစူစောင်းမြောင်းခြင်းကား ဣဿာတရားတည်း။ သေဒဏ်အမိန့် ပေးသည့်အထိ အမျက်တော်ရှခြင်းကား ဒေါသတရားတည်း။ မိမိ၏ စည်းစိမ်ဖြစ်သည့် မိဖုရားကို အထိမခံနိုင်ခြင်း သဘောကား မစ္ဆရိယတည်း။ ဤတရားဆိုးတို့၏ စွမ်းအားကြောင့် ပညာရှိသူတော်ကောင်း တစ်ဦးကို သေဒဏ် အထိ အမိန့်ချမှတ်မိသဖြင့် အလွန် သတိသံဝေဂရကာ ထိုကဲ့သို့ ဆုတောင်းပန်ထွာမှု အဓိဋ္ဌာန်မှု ပြုတော်မူခဲ့ ပေသည်။ ထိုဆုတောင်းပန်ထွာမှု အဓိဋ္ဌာန်ပြုမှုတို့ကား ဆတ္တပါဏိလုလင်ဘဝတွင် ပြည့်စုံလာပေသည်။ အသင် သူတော်ကောင်းသည်လည်း သံသရာတစ်ခွင်၌ ကျင်လည်ရန် ရှိနေသေးပါမူ ကောင်းမှုကုသိုလ် ပြုတိုင်း ထို ကိလေသာတရားဆိုးတို့ မိမိသန္တာန်၌ မဖြစ်ပေါ်အောင် ဆုတောင်း ပန်ထွာသင့်လှပေသည်။
对贤明的国师心生嫉妒,是嫉;愤怒到下令处死他,是嗔;不容别人触犯被自己视作所有的王后,是悭。这些恶法势力强大,竟使国王对一位贤明善士判下死刑;他因此深生警惕与悚惧,立下上述誓愿。这项誓愿到伞手青年这一生终于成就。善士,如果你还必须继续在轮回中流转,每次修作善业时,也很值得发愿不让这些烦恼恶法在自己的相续中生起。
၂။ အရက် မသောက်ခြင်း အကြောင်း
二、不饮酒的因缘
ထိုဆတ္တပါဏိလုလင်ကို ယသပါဏိမင်းက --- အချင်း ဆတ္တပါဏိ …အဘယ်အာရုံကို မြင်တွေ့ရ၍ သင်သည် အရက်မသောက်သူ ဖြစ်ရပါသနည်း --- ဟု မေးမြန်းတော်မူပြန်၏။
雅沙波尼王又问伞手青年:‘伞手,你见到什么事情,才成为不饮酒的人?’
အဖြေ --- မြတ်သောမင်းကြီး …ကျွန်တော်မျိုးသည် ရှေးယခင်အခါတုန်းက ထိုကဲ့သို့သော ဗာရာဏသီ- မင်းပင် ဖြစ်ခဲ့ဖူးပါ၏၊ ယစ်မျိုးနှင့် ကင်း၍ နေထိုင်ကျင့်သုံးရန် မစွမ်းနိုင်ခဲ့ပါ၊ အမဲ မပါသော ပွဲတော်အုပ်ကိုလည်း တည်အံ့သောငှာ မစွမ်းနိုင်ခဲ့ပါ။ မြို့အတွင်း၌လည်း ဥပုသ်နေ့တို့၌ သားငါးတို့ကို မသတ်ဖြတ်ရဟု စည်လည်ကာ အမိန့်ထုတ်ထားပါ၏။ စားတော်ကဲ စားတော်ချက်သည် ပက္ခ၏ (၁၃)ရက်နေ့၌ပင်လျှင် ရှင်ဘုရင်အတွက် အမဲကို ယူ၍ထားရ၏။ မကောင်းသဖြင့် ထားအပ်သော ထိုအမဲကို ခွေးတို့သည် စားကုန်၏၊ စားတော်ကဲသည် ဥပုသ်နေ့၌ အမဲကို မရ၍ အထူးထူး အပြားပြား ဖွယ်ဖွယ်ရာရာ မွန်မြတ်သော အရသာရှိသော ဘောဇဥ်တို့ကို ချက်ပြုတ်စီမံ၍ ပြာသာဒ်ထက်သို့တက်ကာ ဘုရင်မင်းမြတ်အား ဆက်သရန် မဝံ့ရကား မိဖုရားသို့ ချဥ်းကပ်၍ --- ''အရှင်မိဖုရား ယနေ့ ကျွန်တော်မျိုးသည် အမဲကို မရ၊ အမဲ မရှိသော စားတော်မည်သည်ကို ဆက်ကပ်အံ့သောငှာ မဝံ့၊ အသို့ပြုရ
答:‘大王,过去我也曾是波罗奈王,不能离开酒,也不能吃没有肉的御膳。我曾命人在城中鸣鼓宣布:布萨日不得杀生。御厨必须在每月十三日预先为国王留下肉食;那次肉没有收好,被狗吃掉了。布萨日当天,御厨找不到肉,只好烹调各式精美佳肴。他不敢把没有肉的御膳端给国王,便请示王后:大王后,今天我找不到肉,不敢奉上无肉的御膳;我该怎——
အံ့နည်း'' --- ဟု လျှောက်ထား၏။ အမောင်စားတော်ဆက် …ငါ၏ သားတော်ကို ဘုရင်မင်းမြတ်သည် အလွန် ချစ်မြတ်နိုး၏ နှစ်သက်၏။ ငါ၏ သားတော်ကိုသာမြင်လျှင် ဘုရင်မင်းကြီးသည် ထိုသားတော်ကိုပင်လျှင် နမ်း- တော်မူလျက် ပိုက်ဖက်တော်မူလျက် မိမိရှိသည်၏ အဖြစ်ကိုလည်း မသိ။ ငါသည် သားတော်ကို တန်ဆာဆင်၍ ရှင်ဘုရင်၏ ပေါင်ပေါ်၌ နေစေအံ့၊ ဘုရင်မင်းမြတ်သည် သားတော်နှင့်တကွ မွေ့လျော်ပျော်ပါး ကစားစဥ်ကာလ၌ သင်သည် ပွဲတော်အုပ်ကို ဘုရင်မင်းအားတည်လေလော --- ဟု အကြံပေး ပြောဆို၏။ ထိုမိဖုရားသည် ဤသို့ဆို၍ မိမိ၏ သားတော်ကို ဆင်အပ်သော တန်ဆာကို ဆင်ယင်၍ ဘုရင်မင်းမြတ်၏ ပေါင်ပေါ်၌ နေစေ၏။ သားတော်နှင့် ကစားမွေ့လျော် ရွှင်ပျော်နေစဥ်ကာလ၌ စားတော်ဆက်သည် ပွဲတော်အုပ်ကို ရှင်ဘုရင်အား တည်လာ၏။
——么办?王后说:御膳官,国王非常疼爱我的儿子,一见到他便亲吻拥抱,甚至忘了自己身在何处。我会把孩子打扮好,让他坐在国王膝上;国王同孩子嬉戏时,你就端上御膳。’王后说完,便替儿子穿戴华饰,让他坐在国王膝上。国王正在和儿子欢娱玩耍时,御膳官端来了御膳。
ထိုအချိန်တွင် ရှင်ဘုရင်မှာ အလွန် သုရာမူးယစ်နေချိန် ဖြစ်၏၊ ဘုရင်မင်းကြီးသည် သုရာမူးယစ်သည် ဖြစ်၍ ပွဲတော်အုပ်၌ အမဲဟင်းလျာကို မမြင်သဖြင့် အမဲဟင်းလျာကား အဘယ်မှာနည်းဟု မေးလတ်သော် --- အရှင် မင်းမြတ် …ယနေ့ ဥပုသ်နေ့ဖြစ်ရကား အသက်မသတ်စေလင့်ဟု မြို့တွင်း၌ စည်လည်ထားသည့်အတွက်ကြောင့် အမဲကို မရပါ --- ဟု သံတော်ဦးတင်လိုက်၏။ ထိုသို့ သံတော်ဦးတင်လတ်သော် --- ငါ့အဖို့ အမဲမည်သည်ကို ရခဲသလော --- ဟု ဆို၍ ပေါင်ပေါ်၌ တည်ရှိနေသော ချစ်စွာသောသား၏ လည်ပင်းကို လိမ်ချိုးလိုက်၍ အသက် ကုန်ခြင်းသို့ ရောက်စေလျက် စားတော်ဆက်၏ ရှေ့သို့ ပစ်ပေးလိုက်ကာ လျင်မြန်စွာ ပြည့်ပြည့်စုံစုံ ချက်ပြုတ် စီမံ၍ ဆောင်ယူခဲ့လော --- ဟု အမိန့်ပေးလိုက်၏။
国王当时已经酩酊大醉,看到御膳中没有肉,便问肉在哪里。御膳官禀告:‘大王,今天是布萨日,城中已经鸣鼓宣令不得杀生,因此找不到肉。’国王说:‘难道连供我的肉也找不到吗?’竟扭断膝上爱子的脖子,把已经断气的孩子扔到御膳官面前,命他立刻妥善烹调后送来。
စားတော်ဆက်သည် ထိုမင်း အမိန့်ရှိလိုက်သည့်အတိုင်း စီမံပြုလုပ်၍ ဆက်သ၏။ ဘုရင်မင်းကြီးသည် သား၏ အသားဖြင့် ပွဲတော်ကို တည်တော်မူ၏။ ဘုရင်မင်းကြီးမှ ကြောက်ခြင်းကြောင့် ငိုအံ့သောငှာလည်းကောင်း၊
御膳官只得遵命烹调奉上,国王就着儿子的肉吃完御膳。众人畏惧国王,没有一个人敢哭、敢流——
原书第 492 页
မျက်ရည်ထွက်စိမ့်သောငှာလည်းကောင်း၊ ပြောဆိုအံ့သောငှာလည်းကောင်း စွမ်းနိုင်သော တစ်စုံတစ်ယောက် သောသူ မည်သည်လည်း မရှိ ဖြစ်ခဲ့၏။
——泪,甚至没有一个人敢开口说话。
ဘုရင်မင်းကြီးသည် စားပြီးနောက် အိပ်ရာပြင်ထက်၌ အိပ်ပျော်ခြင်းသို့ ရောက်၍ မိုးသောက်သောကာလ၌ သုရာယစ်ခြင်း ပြေလတ်သော် ငါ၏သားတော်ကို ဆောင်ခဲ့ကြကုန်လော့ဟု ဆိုပြန်၏။ ထိုအခါ မိဖုရားကြီးသည် ငိုကြွေးလျက် ခြေရင်း၌ ဝပ်လေ၏၊ ရှင်မိဖုရား …အသို့နည်းဟု မေးလတ်သော် --- အရှင်မင်းမြတ် … ယမန်နေ့က အရှင်မင်းမြတ်သည် သားတော်ကို သတ်၍ သားတော်၏အသားဖြင့် စားတော်ထမင်းကို စားအပ်ပါ၏ ဟု လျှောက်ထားလိုက်၏။ ဘုရင်ကြီးသည် သားသောကဖြင့် ငိုယိုမြည်တမ်းကာ --- ''ဤဆင်းရဲဒုက္ခသည် သေ- သောက်ခြင်းကို အမှီပြု၍ ဖြစ်ပေါ်လာရ၏ --- ဟု သုရာသောက်ခြင်း၌ အပြစ်ကို မြင်၍ အောက်ပါအတိုင်း အဓိဋ္ဌာန်တော်မူ၏ ဆုတောင်းပန်ထွာတော်မူ၏။
国王吃完便上床睡去。天亮酒醒以后,他又命人把儿子带来。王后哭着伏在国王脚下。国王问她缘故,王后禀告:‘大王,昨天您杀了儿子,还吃了他的肉。’国王因丧子之痛号哭悲叹,想到‘这场苦难是依饮酒而生’,看见饮酒的过患,便立下如下誓愿。
''ဣတော ပဋ္ဌယ ယာဝ အရဟတ္တံ န ပါပုဏာမိ၊ တာဝ ဧဝရူပံ ဝိနာသကာရကံ သုရံ နာမ န ပိဝိဿာမီ''တိ ပံသုံ ဂဟေတွာ မုခံ ပုဉ္ဆိတွာ အဓိဋ္ဌာသိ။ တတော ပဋ္ဌာယ မဇ္ဇံ နာမ န ပိဝိံ ။
‘从今以后,直到证得阿罗汉果,我绝不再饮这种能造成毁灭的酒。’他抓起尘土擦在脸上,立下此愿。从此以后,他再也不饮任何酒类。
ဤနေ့မှ စ၍ အကြင်မျှလောက်သော ကာလပတ်လုံး အရဟတ္တဖိုလ်သို့ မရောက်ရှိသေး၊ အရဟတ္တဖိုလ်သို့ မရောက်သေးသည့် ထိုမျှလောက်သော ကာလပတ်လုံး ဤသို့သဘောရှိသော ပျက်စီးခြင်းကို ပြုတတ်သော သုရာမည်သည်ကို မသောက်အံ့ဟု မြေမှုန့်ကို ယူ၍ မျက်နှာကို ပွတ်၍ အဓိဋ္ဌာန်တော်မူ၏၊ (စိတ်ကို ဆောက် တည်၏ = ဆုတောင်းပန်ထွာ၏။) ထိုအခါမှ စ၍ ထိုဘဝမှ စ၍ ယစ်မျိုးမည်သည်ကို မသောက်စဖူးပေ။ ဤသဘောတရားကို ရည်ရွယ်၍ ဆတ္တပါဏိလုလင်က ယသပါဏိမင်းအား အောက်ပါဂါထာကို လျှောက်ထား၏။
也就是说,他抓起尘土擦脸,坚定其心、发下誓愿:‘从今天起,直到证得阿罗汉果,我绝不再饮这种导致毁灭的酒。’从那时、那一生起,他便不再饮酒。伞手青年正针对这件事,向雅沙波尼王诵出下偈。
မတ္တော အဟံ မဟာရာဇ၊ ပုတ္တမံသာနိ ခါဒယိံ ။
‘大王,我曾醉酒吃下儿肉;
တဿ သောကေနဟံ ဖုဋ္ဌော၊ မဇ္ဇပါနံ ဝိဝဇ္ဇယိံ ။ (ဇာတက-ဋ္ဌ-၂-၁၇၇။)
我为他的悲痛所逼,遂远离饮酒。’(《本生义注》2-177。)
အရှင်မင်းမြတ် …ကျွန်တော်မျိုးသည် သုရာကြောင့် မူးယစ်သည် ဖြစ်၍ သား၏အသားတို့ကို စားခဲ့ဖူး ပါ၏၊ အကျွနု်ပ်သည် ထိုသေလေသော သားအား အောက်မေ့ စိုးရိမ်ခြင်းသည် နှိပ်စက်အပ်သည် ဖြစ်၍ သေရည် သေရက် သောက်စားခြင်းကို ရှောင်ကြဥ်ခဲ့ပါ၏။ ထိုကြောင့် ကျွန်တော်မျိုးသည် အရက် မသောက်တတ်ပါဟု လျှောက်ထား၏။ (ဇာတက-ဋ္ဌ-၂-၁၇၇။)
‘大王,我曾因酒醉而吃下儿子的肉;我受到忆念亡儿的悲痛逼迫,从此远离饮酒。因此,我现在不饮酒。’伞手青年如此禀告。(《本生义注》2-177。)
၃။ မည်သူ့ကိုမျှ မချစ်တတ်ခြင်း၏ အကြောင်းရင်း
三、不爱著任何人的因缘
ထိုအခါ၌ ထိုဆတ္တပါဏိလုလင်ကို ယသပါဏိမင်းကြီးက --- ''အချင်း ဆတ္တပါဏိ …အဘယ်အာရုံမျိုးကို မြင်တွေ့ရ၍ မည်သည့် သတ္တဝါအပေါ်၌မျှ ချစ်ခြင်းတရား မရှိပါသနည်း'' --- ဟု မေးမြန်းတော်မူပြန်၏။
雅沙波尼王又问伞手青年:‘伞手,你见到什么事情,才对任何有情都不再生爱著?’
ကိတဝါသော နာမာဟံ ရာဇ၊ ပုတ္တော ပစ္စေကဗောဓိ မေ။
‘大王,我昔名基多婆娑;我的儿子打破独觉佛之钵——
ပတ္တံ ဘိန္ဒိတွာ စဝိတော၊ နိသေနဟော တဿ ကာရဏာ။ (ဇာတက-ဋ္ဌ-၂-၁၇၈။)
——而命终,因此我不再爱著。’(《本生义注》2-178。)
အရှင်မင်းမြတ် …ကျွန်တော်မျိုးသည် ရှေးယခင်တုန်းက ဗာရာဏသီပြည်၌သာလျှင် ကိတဝါသ အမည် ရှိသော ရှင်ဘုရင် ဖြစ်ခဲ့ဖူးပါ၏။ ထိုအခါ၌ ကျွန်တော်မျိုး၏ သားတော်သည် ပစ္စေကဗုဒ္ဓါဘုရားရှင်၏ သပိတ်တော် ကို ရိုက်ခွဲမိ၍ စုတေကွယ်လွန်သွားခဲ့ရ၏၊ ထိုသား၏ အကြောင်းကြောင့် ချစ်ခြင်းတရား ကျွန်တော်မျိုး၏ သန္တာန်၌ မရှိပါ။
‘大王,过去我曾在波罗奈城为王,名叫基多婆娑(Kitavāsa)。那时我的儿子打破独觉佛的钵,随后命终;正因这个儿子的事,我的相续中不再有爱著。’
原书第 493 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း အကျယ် --- ရှေးယခင် အတိတ်ဘဝတစ်ခုဝယ် အရှင်သာရိပုတ္တရာအလောင်းလျာသည် ဗာရာဏသီ ပြည်၌ပင်လျှင် ကိတဝါသ အမည်ရှိသော မင်းဖြစ်ခဲ့ဖူး၏။ ထိုကိတဝါသမင်းအား သားရတနာတစ်ဦး မွေးဖွား လာ၏။ အင်္ဂဝိဇ္ဇာ လက္ခဏာကို ဖတ်ကြားရာ၌ လိမ္မာကြကုန်သော လက္ခဏာပညာရှင်တို့က ထိုသားရတနာကို တွေ့မြင်သောအခါ ''မြတ်သောမင်းကြီး …ဤမင်းသားငယ်သည် သောက်ရေကို မရ၍ = ရေငတ်၍ သေရ လတ္တံ့'' --- ဟု နိမိတ်ဖတ်ကြကုန်၏။ ထိုမင်းသားကို ဒုဋ္ဌကုမာရမင်းသားဟု အမည်မှည့်ထားကြကုန်၏။ ထိုဒုဋ္ဌ- ကုမာရမင်းသားကလေးကို သိကြားလိမ္မာသည့် အရွယ်သို့ ရောက်ရှိလာသောအခါ အိမ်ရှေ့မင်းသားအဖြစ် ခန့်အပ်ထား၏။ ကိတဝါသဘုရင်မင်းကြီးသည် သားတော်ကို ရှေ့မှလည်းကောင်း နောက်မှလည်းကောင်း ထား၍ လှည့်လည်လေ့ရှိ၏။ သားတော်ကလေး ရေငတ်သေမှာ စိုးသဖြင့် ဗာရာဏသီမြို့၏ တံခါးမုခ် လေးမုခ်တို့၌
详细说来,舍利弗尊者的前身过去曾在波罗奈城为王,名叫基多婆娑。基多婆娑王生有一名王子。精通相术的相师见到王子,预言道:‘大王,这位小王子将因得不到饮水、口渴而死。’王子被命名为恶王子(Duṭṭhakumāra)。长大懂事以后,国王立他为储君;出行时总让儿子在自己前后随行。国王害怕儿子渴死,便在波罗奈城四座城门——
လည်းကောင်း၊ မြို့တွင်းတို့၌လည်းကောင်း ထိုထို သင့်တော်ရာနေရာတို့၌ ရေကန်တို့ကို ပြုစေ၏။ လမ်းလေးခွ ဆုံရာ အရပ်တို့၌လည်း မဏ္ဍပ်များ ဆောက်လုပ်ကာ သောက်ရေ အိုးစရည်းကြီးများကို တည်ထားစေ၏။
——以及城内各处适当地点开凿水池,又在十字路口搭建凉亭,放置盛满饮水的大水瓮。
ထိုဒုဋ္ဌကုမာရမင်းသားသည် တစ်နေ့သ၌ တန်ဆာဆင်လျက် ခပ်စောစောပင် ဥယျာဥ်တော်သို့ သွားလတ် သော် လမ်းခုလတ် တစ်နေရာ၌ အရှင်ပစ္စေကဗုဒ္ဓါ ဘုရားတစ်ဆူကို ဖူးတွေ့ရ၏။ တိုင်းသူပြည်သား လူအများ ကလည်း အရှင်ပစ္စေကဗုဒ္ဓါ ဘုရားရှင်ကို ဖူးတွေ့ရ၍ ထို အရှင်ပစ္စေကဗုဒ္ဓါကိုပင် ရှိခိုး၏ ချီးမွမ်း၏၊ ထိုအရှင် ပစ္စေကဗုဒ္ဓါအား လက်အုပ်ချီကာ ရပ်တည်၏။
一天,恶王子一早盛装前往御园,途中遇见一位独觉佛。城中百姓见到独觉佛,都礼敬、赞叹,合掌立在独觉佛面前。
ဒုဋ္ဌကုမာရမင်းသားက --- ''ငါကဲ့သို့သော အိမ်ရှေ့မင်းသားနှင့် အတူသွားကြကုန်သော သူတို့သည် ဤ ဦးပြည်းခေါင်းတုံးကိုပင် ရှိခိုးကြကုန်၏၊ ချီးမွမ်းကြကုန်၏၊ ထိုဦးပြည်းခေါင်းတုံးအား လက်အုပ်ချီကြကုန်၏'' -- ဟု ကြံစည်တွေးတောမိ၏။ ထိုဒုဋ္ဌကုမာရမင်းသားသည် အမျက်ဒေါသထွက်သည် ဖြစ်၍ ဆင်ကျောက်ကုန်းထက်မှ ဆင်းသက်ပြီးနောက် အရှင်ပစ္စေကဗုဒ္ဓထံသို့ ချဥ်းကပ်၍ --- ''ရဟန်း …ဆွမ်းရပါရဲ့လား''ဟု မေးလတ်သော် အရှင်ပစ္စေကဗုဒ္ဓါ ဘုရားရှင်က ဆွမ်းရကြောင်း ပြန်လည်မိန့်လိုက်သောအခါ ထိုအရှင်ပစ္စေကဗုဒ္ဓ ဘုရားရှင်၏ လက်တော်မှ သပိတ်တော်ကို ယူ၍ မြေကြီးပေါ်သို့ ပစ်ချလိုက်၍ ဆွမ်းနှင့်တကွသော သပိတ်တော်ကို နင်းချေ၍ ခြေထောက်ဖြင့်ကန်ကာ မှုန့်မှုန့်ညက်ညက် ပြုလိုက်၏။ အရှင်ပစ္စေက ဗုဒ္ဓဘုရားရှင်က ''နဋ္ဌော ဝတာယံ သတ္တော = ဤသတ္တဝါတော့ ပျက်စီးချေပေါ့'' --- ဟု နှလုံးပိုက်တော်မူ၍ ဒုဋ္ဌကုမာရမင်းသား၏ မျက်နှာကို ကြည့်ရှုတော်
恶王子心想:‘这些明明同我这位储君一起出行的人,却只礼敬、赞叹这个秃头,还只向他合掌。’他愤怒地下了象背,走到独觉佛面前问:‘沙门,你得到食物了吗?’独觉佛回答已经得到。王子便夺过他手中的钵,摔到地上,连同钵食一起踩踏、踢碎成粉末。独觉佛心想:‘这个有情毁了。’于是望向恶王子的脸——
မူ၏။ ဒုဋ္ဌကုမာရမင်းသားက ''ရဟန်း …ငါကား ကိတဝါသမင်း၏ သားတည်း၊ နာမည်က ဒုဋ္ဌကုမာရ မည်တယ်၊ သင်သည် ငါ့အား အမျက်ထွက်၍ မျက်စိတို့ကို ဖွင့်ကာကြည့်လျက် ဘာလုပ်ချင်လို့လဲ''ဟု ပြောဆိုလိုက်၏။
——恶王子说:‘沙门,我是基多婆娑王的儿子,名叫恶王子。你生我的气、睁眼盯着我,又能把我怎么样?’
အရှင်ပစ္စေကဗုဒ္ဓါ အရှင်မြတ်လည်း ထိုနေ့ ဆွမ်းပြတ်သွားပြီဖြစ်ရကား ကောင်းကင်သို့ ပျံတက်တော်မူကာ ဟိမဝန္တာမြောက်ပိုင်း နန္ဒမူလိုဏ်ဂူသို့သာလျှင် ကြွသွားတော်မူလေ၏။ ဒုဋ္ဌကုမာရမင်းသား၏ သန္တာန်၌လည်း ထိုခဏအတွင်းမှာပင် မိမိ ပြုလိုက်မိသော မကောင်းမှု အကုသိုလ်ကံသည် အကျိုးပေးဖို့ရန် ရင့်ကျက်လာ၏။
独觉佛当天已经断了钵食,便飞上天空,回到喜马拉雅山北面的难陀根山窟。恶王子所造的不善业,也在那一刻成熟,开始给予果报。
ထိုမင်းသားသည် ''ပူလှချည်ရဲ့ ပူလှချည်ရဲ့''ဟု ပြောဆိုကာ ကောင်းစွာ တက်လာသော တစ်ကိုယ်လုံး ပူလောင်ခြင်း ရှိသည်ဖြစ်၍ ထိုနေရာ၌ပင်လျှင် လဲကျလေ၏။ ထိုထိုအရပ်၌ ရှိရှိသမျှ သောက်ရေအားလုံး ပြတ် လေ၏၊ ရေမြောင်းတို့လည်း ခြောက်သွေ့သွားကြကုန်၏၊ ထိုနေရာ၌ပင်လျှင် အသက်ကုန်ခြင်းသို့ ရောက်၍ အဝီစိငရဲ၌ ဖြစ်ရလေ၏။
王子叫喊着‘太热了!太热了!’,全身剧烈灼烧,当场倒下。各处所有饮水都突然消失,水渠也全都干涸;王子就在原地死去,投生阿鼻地狱。
ကိတဝါသမင်းသည် ထိုအကြောင်းအရာကို ကြား၍ သားကိုစွဲ၍ ဖြစ်သော စိုးရိမ်ခြင်းသည် နှိပ်စက် အပ်သည် ဖြစ်၍ ဤသို့ စဥ်းစား၏။
基多婆娑王听到消息,因执著儿子而受到忧悲逼迫,心中这样思惟:
原书第 494 页
''အယံ မေ သောကော ပိယဝတ္ထုတော ဥပ္ပဇ္ဇိ၊ သစေ မေ သေနဟော နာဘဝိဿ၊ သောကော န ဥပ္ပဇ္ဇိဿ၊ ဣတော ဒါနိ မေ ပဋ္ဌာယ သဝိညာဏကေ ဝါ အဝိညာဏကေ ဝါ ကိသ္မိဉ္စိ ဝတ္ထုသ္မိံ သေနဟော နာမ မာ ဥပ္ပဇ္ဇတူ''တိ အဓိဋ္ဌာသိ။ တတော ပဋ္ဌာယ သေနဟော နာမ နတ္ထိ။ (ဇာတက-ဋ္ဌ-၂-၁၇၉။) ''ငါ၏ သန္တာန်ဝယ် ဤစိုးရိမ်ပူဆွေးရခြင်းသည် ချစ်ခင်အပ်သော ဝတ္ထုကြောင့်သာ ဖြစ်ပေါ်လာရ၏၊ ငါ၏ သန္တာန်၌ ချစ်ခြင်းတရားသည် အကယ်၍ မဖြစ်ခဲ့ငြားအံ့၊ စိုးရိမ်ပူဆွေးရခြင်းသည် မဖြစ်လေရာ၊ ယခုအခါ၌ ဤအချိန်ကာလမှ စ၍ အသက်ရှိသော သဝိညာဏကဝတ္ထု၌သော်လည်းကောင်း၊ အသက်မရှိသော အဝိညာဏက ဝတ္ထု၌သော်လည်းကောင်း တစ်စုံတစ်ခုသော ဝတ္ထု၌ ချစ်မြတ်နိုးခြင်းတရားမည်သည်ကား ငါ၏ သန္တာန်၌ မဖြစ်ပါ စေသတည်း''ဟု အဓိဋ္ဌာန်ပြုခဲ့ပါ၏၊ ဆုတောင်းပန်ထွာခဲ့ပါ၏။ အရှင်မင်းမြတ် …ထိုအချိန်မှ စ၍ အကျွနု်ပ်၏ သန္တာန်၌ သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတို့ အပေါ်၌ ချစ်မြတ်နိုးခြင်းတရားမည်သည် မရှိ ဖြစ်ပါ၏ဟု လျှောက်
‘我的忧从可爱之物而生;假如我没有爱著,忧便不会生起。从今以后,愿我对任何有识或无识之物都不再生爱著。’他如此坚定其心。从此以后,爱著不再生起。(《本生义注》2-179。)其意是:‘我相续中的这份忧悲,只因可爱之物而生;假如我心中没有爱著,就不会有忧悲。从现在起,无论是有生命的有识之物,还是无生命的无识之物,愿我对任何对象都不再生爱著。’他这样立愿。伞手青年禀告大王:‘从那时起,我的相续中便不再对任何有情、无情的欲乐对象生爱著。’——
ထား၏။ (ဇာတက-ဋ္ဌ-၂-၁၇၈-၁၇၉။) ဤဝတ္ထုဇာတ်လမ်း၌ ဒုဋ္ဌကုမာရမင်းသားကို ကြည့်လိုက်ပါက မိမိကို အရိုအသေ အလေးအမြတ် မပြုဘဲ အရှင်ပစ္စေကဗုဒ္ဓါအရှင်မြတ်အား အရိုအသေ အလေးအမြတ်ပြုမှုကို မကြည်ဖြူနိုင်ခြင်း ငြူစူခြင်း ကိုယ်ထက်သာ မနာလိုခြင်း ဣဿာတရားနှင့် အရှင်ပစ္စေကဗုဒ္ဓါဘုရားရှင်အား ဖျက်ဆီးလိုသော ဒေါသတရားများ ထင်ထင်ရှားရှား ဖြစ်နေသည်ကို တွေ့နိုင်၏။ ယင်း ဒေါသ ဣဿာတရားတို့က ယင်း မင်းသားကို အဝီစိငရဲသို့ ရောက်အောင် မြိုင်မြိုင်ဆိုင်ဆိုင်နှင့် လိုက်ပို့လိုက်ကြ၏။
——(《本生义注》2-178—179。)再看这个故事里的恶王子:他不能容忍众人不向自己致敬,却恭敬独觉佛,明显生起了见不得别人胜过自己的嫉,以及想毁坏独觉佛的嗔。嗔与嫉就这样声势浩大地把王子送进阿鼻地狱。
တစ်ဖန် ကိတဝါသမင်းဘက်ကို ကြည့်လိုက်ပါက အလွန် ချစ်မြတ်နိုးလှသော သားတော်တစ်ဦး၏ မြေမျို ခံရခြင်း ရေငတ်သေဆုံးသွားရခြင်း သတင်းတို့ကို ကြားရသောအခါ စိုးရိမ်ပူဆွေးမှု သောကတရားများ ဝင်ရောက် လာ၏။ သို့သော် --- ပိယာယ ဇာယတော သောကော --- ဟူသည်နှင့်အညီ သားအပေါ်၌ ချစ်မြတ်နိုးခြင်းကြောင့် ထိုသောကတရား ဖြစ်ရသည်ဟု နားလည် သဘောပေါက်ကာ နောက်ထပ် သံသရာတလျှောက်၌ သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုအပေါ်၌ ချစ်မြတ်နိုးခြင်းတရား မဖြစ်ပါစေသတည်းဟု စိတ်ကို အဓိဋ္ဌာန်ပြုကာ ဆောက်တည် ခဲ့၏၊ ဆုတောင်းပန်ထွာခဲ့၏။ အဆိုးထဲမှ အကောင်းကို အနှစ်ထုတ်ယူတတ်ခြင်းပင်တည်း။
再看基多婆娑王:听到最疼爱的独子被大地吞没、因渴而死的消息,忧悲便涌入心中。然而,他依‘忧从所爱生’而明白,正因爱著儿子才会有这份忧,于是坚定其心、发愿此后在漫长轮回中,不再爱著任何有情、无情的欲乐对象。这正是能从恶事中提炼出善益。
၄။ မည်သူ့ကိုမျှ အမျက်မထွက်ခြင်း မမုန်းတီးခြင်းအကြောင်း
四、不对任何人发怒、怀恨的因缘
ထိုအခါ ယသပါဏိမင်းက ထို ဆတ္တပါဏိလုလင်ကို --- အချင်း ဆတ္တပါဏိ …အဘယ်ကဲ့သို့သော အာရုံမျိုးကို တွေ့မြင်ရသည် ဖြစ်၍ မည်သည့်သတ္တဝါ သင်္ခါရတို့၏ အပေါ်၌မျှ အမျက်မထွက်ခြင်း မမုန်းတီး ခြင်း ဖြစ်ရပါသနည်းဟု မေးမြန်းပြန်၏။ ထိုအခါ ဆတ္တပါဏိလုလင်က ဤသို့ ဖြေဆို၏။
雅沙波尼王又问伞手青年:‘伞手,你见到什么境缘,才会对任何有情、任何行法都不发怒、不怀恨?’伞手青年回答如下。
အရကော ဟုတွာ မေတ္တစိတ္တံ၊ သတ္တဝဿာနိ ဘာဝယိံ ။
‘我昔为阿罗迦,修慈心七年;
သတ္တကပ္ပေ ဗြဟ္မလောကေ၊ တသ္မာ အက္ကောဓနော အဟံ။ (ဇာတက-ဋ္ဌ-၂-၁၇၉။)
于梵天界住七劫,因此我不发怒。’(《本生义注》2-179。)
အရှင်မင်းမြတ် …ကျွန်တော်မျိုးသည် အတိတ်ဘဝ တစ်ခုဝယ် အရက အမည်ရှိသော ရသေ့ တစ်ဦး ဖြစ်ခဲ့ဖူး၏။ ထိုရသေ့ဘဝတွင် (၇)နှစ်ပတ်လုံး မေတ္တာစိတ် = မေတ္တာစျာန်ကို ပွားများကာ မေတ္တာစျာန်ကို ဝင်စားကာ နေထိုင်ခဲ့ပါ၏။ ရသေ့ဘဝမှ ကွယ်လွန်သွားသောအခါ ဗြဟ္မာ့ပြည်၌ သံဝဋ္ဋ ဝိဝဋ္ဋဟူသော (၇)ကမ္ဘာတို့ ကာလ ပတ်လုံး နေထိုင်ခဲ့ပါ၏။ ထို့ကြောင့် ကျွန်တော်မျိုးသည် နေ့ညဥ့် သံသရာ ရှည်မြင့်စွာသော အချိန်အခါ ကာလ ပတ်လုံး မေတ္တာဘာဝနာဖြင့် နိုင်နိုင်နင်းနင်း မေတ္တာစျာန်စိတ်ကို လေ့ကျက်ထားအပ်သည့်အတွက် ထက်ဝန်းကျင်မှ
‘大王,过去一生我曾是名叫阿罗迦(Araka)的仙人。在那一生,我连续七年修习慈心,也就是培育慈心禅,常住慈心禅定。仙人命终以后,我在梵天界度过七次世界收缩与开展的漫长周期。由于我在昼夜与漫长轮回中,长期而熟练地培育慈心,使慈心禅心得到周遍而——
原书第 495 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း ပြည့်ပြည့်စုံစုံ လေ့ကျက်ထားအပ်သည့်အတွက်ကြောင့် အမျက်ထွက်ခြင်း မုန်းတီးခြင်းတရားသည် အကျွနု်ပ် သန္တာန်၌ မရှိခြင်း မဖြစ်ပေါ်ခြင်း ဖြစ်ပါ၏ဟု လျှောက်ထား၏။ (ဇာတက-ဋ္ဌ-၂-၁၇၉။) အသင်သူတော်ကောင်းသည် ဤဝတ္ထုဇာက်ကြောင်းကို ပြန်ပြောင်း၍ ဆန်းစစ်ကြည့်ပါ။ သတ္တဝါတို့ကို အများဆုံး ဒုက္ခပေးနေသော တရားများမှာ ဤချစ်ခြင်းတရား မုန်းခြင်းတရားတို့ပင် မဟုတ်ပါလော၊ မည်သည့် သက်ရှိသက်မဲ့ သတ္တဝါ သင်္ခါရကိုမျှ မချစ်တတ်ခဲ့သော် မမုန်းတတ်ခဲ့သော် အသင်သူတော်ကောင်းသည်လည်း မည်မျှချမ်းသာမည်ကို စဥ်းစားကြည့်စေချင်သည်။ ဤ ရာဂ ဒေါသ ဣဿာ မစ္ဆရိယ တရားဆိုးတို့ကို သမထ ဝိပဿနာ ဘာဝနာလက်နက်ကောင်းတို့ဖြင့် အမြစ်ပြတ်အောင် တိုက်ဖျက်နိုင်လျှင်ကား အကောင်းဆုံးပင် ဖြစ်၏။
——、完整的训练,所以发怒与怀恨不会在我的相续中生起。’伞手青年如此禀告。(《本生义注》2-179。)善士,请回过头审察这个故事:给有情带来最多痛苦的,不正是爱与恨吗?如果不爱著、不憎恨任何有情、无情或行法,请想想你也会多么安乐。若能以止与观的修习利器,把贪、嗔、嫉、悭这些恶法连根摧毁,当然最好。
သို့သော် အမြစ်ပြတ် မဖြေရှင်းနိုင်သေးလျှင် အရှင်သာရိပုတ္တရာအလောင်း သူတော်ကောင်းကဲ့သို့ ကောင်းမှု ကုသိုလ်ပြုတိုင်း မည်သူ့ကိုမျှ မချစ်တတ်အောင် မည်သူ့ကိုမျှ မမုန်းတတ်အောင် မည်သူ့ကိုမျှ မငြူစူတတ် အောင် အရက် မသောက်တတ်အောင် ဆုတောင်းပန်ထွာသင့်လှပေသည်။
不过,如果尚不能彻底断根,那么每次修作善业时,也很值得像舍利弗尊者的前身那样发愿:愿自己不爱著任何人,不憎恨任何人,不嫉妒任何人,也不饮酒。
原书第 496 页
၁၁။ ကုက္ကုစ္စ
十一、恶作
ကုစ္ဆိတံ ကတံ ကုကတံ၊ တဿ ဘာဝေါ ကုက္ကုစ္စံ။
巴利词解:‘被可厌地做成,故称 kukata(恶作之事);它的状态,称为 kukkucca(恶作)。’
၁။ ကုက္ကုစ္စံ ပစ္ဆာနုတာပလက္ခဏံ၊ ၂။ ကတာကတာနုသောစနရသံ၊ ၃။ ဝိပ္ပဋိသာရပစ္စုပဋ္ဌာနံ၊ ၄။ ကတာကတပဒဋ္ဌာနံ။
第一,恶作以事后追悔为特相;第二,以对已经做的恶行和没有做的善行感到悲伤为作用;第三,以懊悔为现起;第四,以已经做的恶行和没有做的善行为近因。
ဒါသဗျံ ဝိယ ဒဋ္ဌဗ္ဗံ။ (အဘိ-ဋ္ဌ-၁-၂၉၉။ ဝိသုဒ္ဓိ-၂-၁ဝဝ။) ရွံရှာစက်ဆုပ်အပ်သော ပြုပြီးဒုစရိုက် မပြုလိုက်မိသော သုစရိုက်သည် ကုကတ မည်၏။ ထိုကုကတ မည်သော ရွံရှာစက်ဆုပ်အပ်သော ပြုပြီးဒုစရိုက် မပြုလိုက်မိသော သုစရိုက်အမှုကို အာရုံပြု၍ ဖြစ်ပေါ်လာသော နှလုံးမသာယာသော စိတ္တုပ္ပါဒ်၏ ဖြစ်ကြောင်းဖြစ်ရာသဘောသည် ကုက္ကုစ္စ မည်၏၊ တစ်နည်း စက်ဆုပ်အပ်စွာ ပြုအပ်သောစိတ်သည် ကုကတ မည်၏၊ ထိုစက်ဆုပ်အပ်စွာ ပြုအပ်သောစိတ်၏ ဖြစ်ကြောင်းဖြစ်ရာသဘော သည် ကုက္ကုစ္စ မည်၏။
应视恶作如同奴役。(《殊胜义注》1-299;《清净之道》2-100。)已经造作的恶行与没有实行的善行,都是可厌的,所以称为 kukata——恶作之事。缘取这些恶作之事而生起、令心不悦的心生起之状态,称为kukkucca——恶作。另一种解释是:可厌地造作之心称为 kukata;这种可厌之心的状态称为 kukkucca。
၁။ နောင်တတစ်ဖန် ပူပန်ခြင်းသဘော လက္ခဏ၊ ၂။ ပြုအပ်ပြီးသော ဒုစရိုက် မပြုလိုက်မိသော သုစရိုက်သို့ အဖန်တလဲလဲ လျှောက်၍ ဝမ်းနည်းခြင်း (ကိစ္စ) ရသ၊ ၃။ စိတ်နှလုံးပူပန်လျက် အဖန်ဖန် အောက်မေ့ခြင်းကို ဖြစ်စေတတ်၏ (ဖလ) ပစ္စုပဋ္ဌာန်၊ တစ်နည်း - စိတ်နှလုံး မသာမယာခြင်း ရှိသော သဘောတရား (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်၊ ၄။ (က) ပြုပြီး ဒုစရိုက် ( ခ ) မပြုလိုက်မိသော သုစရိုက် တစ်နည်း (က) ပြုပြီးအကုသိုလ်၊ ( ခ ) မပြုလိုက်မိသော ကုသိုလ် ပဒဋ္ဌာန်။
四法解释如下:一、以事后再度懊恼为特相。二、以反复随逐已经做的恶行和没有做的善行而悲伤为作用。三、以令心反复忆念、懊恼为现起;另一说,以心不愉悦为现起。四、以已经做的恶行和没有做的善行,也就是已造不善与未修之善,为近因。
ကုက္ကုစ္စ --- ဧဝံ ကတာကတံ ဒုစ္စရိတံ သုစရိတဉ္စ ကုကတံ၊ တံ အာရဗ္ဘ ဝိပ္ပဋိသာရဝသေန ပဝတ္တံ ပန စိတ္တံ တံ သဟစရိတတာယ ဣဓ ''ကုကတ''န္တိ ဂဟေတွာ ''တဿ ဘာဝေါ ကုက္ကုစ္စ''န္တိ ဝုတ္တန္တိ ဒဋ္ဌဗ္ဗံ။
复注解释:已经做的恶行和没有做的善行都属于恶作之事。缘取它们、以懊悔方式转起的心,由于与这些恶作之事相伴,这里也依因的名称称作 kukata;所以说‘这种 kukata 之心的状态,就是 kukkucca’。
(မဟာဋီ-၂-၁၅၂။)
(《大复注》2-152。)
ပြုမိ လွန်ကျူးမိသော ဒုစရိုက်၊ မပြုကျင့်လိုက်မိသော သုစရိုက်အမှုသည် ရွံရှာစက်ဆုပ်အပ်သောကြောင့် ကုကတ မည်ရင်းတည်း။ ထိုအမှုကို အာရုံပြု၍ သူတော်ကောင်းတို့ စက်ဆုပ်ရွံရှာဖွယ် ဖြစ်သော အပယ်လား ကြောင်း ဤသည့် ဤသည့် မကောင်းမှု ဒုစရိုက်ကို ငါပြုမိလေသည်၊ ခက်စွဟု နှလုံးမသာယာသော စိတ္တုပ္ပါဒ် = စိတ်စေတသိက်တရားစု။
已经造作、违犯的恶行,以及没有修习的善行,本来就是可厌的恶作之事。有人缘取这些事,想到:‘我竟造下善士所厌弃、能令我堕入恶趣的这些恶行,实在糟糕!’于是生起不悦的心与心所聚。
နတ်ရွာနိဗ္ဗာန်ကို ရခြင်း၏အကြောင်း ကောင်းမြတ်သော ဤသည့် ဤသည့် သုစရိုက်တရားကို ငါမပြုမိ မကျင့်မိလေ၊ ငါ့အား သေခါနီးအခါ ကြောက်မက်ဖွယ် အပယ်ဘေးမှ တားမြစ် စောင့်ရှောက်ကြောင်း ပုံးအောင်း လည်းလျောင်း မှီခိုရာ ဖြစ်သော တစိုးတစိသော သုစရိုက်တရား မရှိသည်ကား ''ခက်စွ ငါ့ကိုယ်''ဟု နှလုံးမသာ- မယာသော စိတ္တုပ္ပါဒ် = စိတ်စေတသိက်တရားစု။
另有人想到:‘我没有修习这些能导向天界与涅槃的善行;临终时,我没有任何能遮止恶趣怖畏、可供藏身、安卧与依靠的善法。可怜的我,实在糟糕!’于是也生起不悦的心与心所聚。
ဤနှစ်မျိုးသော စိတ်စေတသိက်တရားစုသည်လည်း --- ပထဝီကသိုဏ်းလျှင် အာရုံရှိသော စျာန်သည် ပထဝီကသိဏ အမည်ရသကဲ့သို့ ကာရဏူပစာရအားဖြင့် ကုကတ မည်သတည်း။ အကျိုး၏အမည်ကို အကြောင်း၌ တင်စား၍ ခေါ်ဝေါ်ထားသည် ဟူလိုသည်။
这两种心与心所聚,也依因的借称称为 kukata,正如以地遍为所缘的禅称为‘地遍禅’。这是把结果的名称转用于原因。
原书第 497 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း ထိုကုကတ မည်သော နှလုံးမသာယာသော စိတ္တုပ္ပါဒ်၏ ဖြစ်ကြောင်းဖြစ်ရာ သဘောတရားသည် ကုက္ကုစ္စ မည်၏၊ ထိုသဘောတရားကား ကုက္ကုစ္စစေတသိက် ဟူလိုသည်။
这种名为 kukata、令心不悦的心生起之状态,称为 kukkucca;也就是说,这一状态就是恶作心所。
မပြုရသေးသော သုစရိုက်အမှုသည် မပြုရသေးဘဲလျက် အဘယ်ကြောင့် ကုကတ မည်လေသနည်း ဟူမူကား --- လောက၌ သူတော်တံထွာ ပြုအပ်ပြုသင့်သော ကောင်းမှုကို မပြုမိသောသူတို့သည် အပါယ်ဘေး ဆိုးကြီး သံသရာဘေးဆိုးကြီးတို့မှ ပုန်းအောင်းလည်းလျောင်း မှီခိုရာဖြစ်သော ကောင်းမှုကို ငါမပြုမိပါ၊ စက်ဆုပ်- ဖွယ်အမှု ဖြစ်ခဲ့၏တကားဟု ပြုသင့် ကျင့်သင့်လျက် မပြုမိ မကျင့်မိသော ကောင်းမှုကို စက်ဆုပ်ဖွယ်အမှုဟု ခေါ်ဝေါ်ကြရကား လောကဝေါဟာရအားလျော်စွာ နှစ် လ နေ့ရက် လွန်၍ မပြုမိ မကျင့်မိသော သုစရိုက်အမှု သည်လည်း ကုကတ မည်လေသတည်း။
有人会问:善行既然尚未实行,为什么也称为 kukata——恶作之事?世间人对于本来应做而没有做的善事,会想:‘我没有修成可供自己躲避恶趣大怖畏与轮回大怖畏的善业,真是做了可厌之事。’因此,依世间惯用说法,日月流逝以后,未曾实行的善行也称为 kukata。
ထိုကြောင့် ပြုပြီး ဒုစရိုက် မပြုမိသော သုစရိုက်သည် ကုကတ မည်ပေသည်၊ ထိုကုကတ မည်သော ပြုပြီး ဒုစရိုက် မပြုမိသော သုစရိုက်ကို အာရုံပြု၍ နှလုံးမသာခြင်း၏ အစွမ်းဖြင့်ဖြစ်သော စိတ်ကို ထိုကုကတ မည်သော ဒုစရိုက် သုစရိုက်နှင့် အတူတကွဖြစ်သည်၏ အဖြစ်ကြောင့် ဤအရာ၌ ကုကတဟု ယူ၍ ထိုကုကတ မည်သော စိတ်၏ ဖြစ်ကြောင်းဖြစ်ရာ သဘောသည် ကုက္ကုစ္စ မည်၏ဟု မှတ်ပါ။
所以,已经做的恶行和没有做的善行都称为 kukata。缘取这些恶行与善行而生起的不悦之心,由于与kukata 相伴,这里也称作 kukata;这种 kukata 之心的状态,便称为 kukkucca。应当如此理解。
အဖွင့်တစ်မျိုး ကုစ္ဆိတံ ကတန္တိ ကတာကတံ အာရဗ္ဘ ဥပ္ပဇ္ဇနဝိပ္ပဋိသာရစိတ္တံ။ ယောဇနာ။
另一种词解是:‘可厌地造作’这一说法,指缘取已经做的事或没有做的事而生起的懊悔心。
ဤအဖွင့်အရ စက်ဆုပ်အပ်စွာ ပြုအပ်သော စိတ်သည် ကုကတ မည်၏။ စက်ဆုပ်အပ်စွာ ပြုအပ်သော စိတ်ဟူသည် --- (က) ပြုအပ်ပြီးသော ဒုစရိုက်ကို အာရုံပြု၍ ဖြစ်သော စိတ်၊ ( ခ ) မပြုအပ် မပြုခဲ့မိသော မကျင့်ခဲ့မိသော သုစရိုက်ကို အာရုံပြု၍ ဖြစ်သော စိတ်တည်း။
依这种解释,可厌地造作之心称为 kukata。所谓可厌地造作之心,是:一、缘取已经做的恶行而生起的心;二、缘取没有实行、没有修习的善行而生起的心。
ထိုစိတ်သည် ပြုအပ်ပြီးသော အကုသိုလ်ကိုလည်း မပြုအပ်ရာရောက်အောင်၊ မပြုခဲ့မိ မကျင့်ခဲ့မိသော ကုသိုလ်ကိုလည်း ပြုအပ်ပြီးဖြစ်အောင် ကျင့်ပြီးဖြစ်အောင် မတတ်နိုင်ရကား ပညာရှိတို့ မြင်ပြင်းကပ်စရာ သက်သက် ရွံရှာစက်ဆုပ်ဖွယ်ရာကောင်းသော စိတ်သာ ဖြစ်လေသည်၊ ထိုစိတ်ဓာတ်မျိုးကို ဖြစ်ပေါ်လာစေတတ်သော ထို စိတ်၏ ဖြစ်ကြောင်းဖြစ်ရာ သဘောတရားကား ဤကုက္ကုစ္စစေတသိက်ပင်တည်း။ 〔ထိုကြောင့် ကုစ္ဆိတံ ကတံ ကုကတံ၊ ကုကတဿ ဘာဝေါ ကုက္ကုစ္စံ-ဟု ပြုပါ။ ဤနည်း၌ ကာရဏူပစာရ ကြံဖွယ်မလို။〕 အဖွင့်တစ်မျိုး ကုက္ကုစ္စ န္တိ အဇ္ဈာစာရဟေတုကော ပစ္ဆာနုတာပေါ၊ ဝိပ္ပဋိသာရောတိပိ တဿေဝ နာမံ။ သော ဟိ ဝိညူဟိ အကတ္တဗ္ဗတာယ ကုစ္ဆိတကိရိယဘာဝတော ကုက္ကုစ္စံ၊ ကတံ အဇ္ဈာစာရံ နိဝတ္တေတုံ အသမတ္ထတာယ တံ ပဋိစ္စ ဝိရူပံ သရဏဘာဝတော ဝိပ္ပဋိသာရောတိ ဝုစ္စတိ။ (ဝိ-ဋ္ဌ-၁-၁၈၂။) အရှင်သုဒိန်ကဲ့သို့ ဒုစရိုက်ကို ပြုပြီးနောက် ပစ္စုပ္ပန်၌ ရရှိမည့် ဘုရားအစရှိသော အရိယာသူတော်ကောင်း
这种心既不能令已经造下的不善变成未造,也不能令未曾修习的善成为已经修成,所以在智者看来,只是可憎、可厌之心。使这种心态生起的状态,就是恶作心所。因此应作这样的词解:‘可厌地造作,故为kukata;kukata 的状态即 kukkucca。’这一解释不必借助因的借称。又一种解释说:恶作是由违犯所引起的事后追悔;vippaṭisāra(懊悔)也是它的名称。智者不应做这种行为,所以它是可厌之行,称为 kukkucca;又因它不能撤销已造的违犯,只能缘此作不正的忆念,所以称为 vippaṭisāra。(《律藏义注》1-182。)例如苏提那尊者造作恶行以后,想到现世将受佛陀等圣贤善士——
တို့၏ အကဲ့ရဲ့ခံရခြင်း စသော အပြစ်၊ သံသရာ၌ ရရှိမည့် အပါယ်ဆင်းရဲ စသောအပြစ်များကို ဆင်ခြင်မိသည့်အခါ၊ သို့မဟုက် အကဲ့ရဲ့ခံရခြင်း၊ အရှုတ်ချခံရခြင်း စသည့် မကောင်းကျိုးများကို လက်တွေ့ ခံစားရသည့်အခါ ''ထို ဒုစရိုက်မှုကို ပြုမှားမိလေခြင်း''ဟူသော စိတ်အမူအရာသည် ဖြစ်ပေါ်လာတတ်၏။ တစ်ဖန် ပစ္စည်းဥစ္စာ ကုံလုံ
——呵责等过失,以及轮回中将受恶趣苦等过患;又或实际遭到指责、贬斥等不良结果时,便会生起‘我竟造下那项恶行’的心态。又有人在财富充裕、年轻健康时没有修习善业,等到财物耗尽——
原书第 498 页
ကြွယ်ဝသည့်အခါ ငယ်ရွယ်ကျန်းမာသည့်အခါတုန်းက ကုသိုလ်ကောင်းမှုကို မပြုခဲ့မိဘဲ ပစ္စည်းဥစ္စာများ ကုန်ခန်း သည့်အခါ အသက်အရွယ်ကြီးရင့်၍ အိုမင်းမစွမ်းရှိသည့်အခါ၊ မကျန်းမာသည့်အခါမျိုးကျမှ ''တစ်ချိန်က သုစရိုက်ကို မပြုမိခဲ့လေခြင်း''ဟူသော စိတ်အမူအရာမျိုးလည်း ဖြစ်ပေါ်လာတတ်၏။ ထိုစိတ်ထားမျိုး စိတ်အမူ- အရာမျိုးသည် ပြုပြီးဒုစရိုက်ကိုလည်း မပြုရာရောက်အောင်၊ မပြုခဲ့မိသော သုစရိုက်ကိုလည်း ပြုပြီးသာဖြစ်အောင် မတတ်နိုင်၊ ပညာရှိသူတော်ကောင်းတို့သည် မပြုသင့် မပြုထိုက်သည့်အတွက် ပညာရှိသူတော်ကောင်းတို့သည် စက်ဆုပ်အပ် ရွံရှာအပ်သော အပြုအမူမျိုး အမူအရာမျိုးသာ ဖြစ်၍ ကုကတ မည်လေသည်။ ထိုကြောင့် ထိုအမူ- အရာမျိုးကို ပစ္ဆာနုတာပ = နောင်တတစ်ဖန် ပူပန်မှု --- ဟု ပြောဆိုရိုးပြုကြသည်။ ဝိပ္ပဋိသာရ = စိတ်နှလုံး မသာယာမှု --- ဟူသည်လည်း ထိုကုကတ မည်သော ကုက္ကုစ္စ၏ အမည်ပင်တည်း။
——、年老力衰或疾病缠身时,才生起‘当初我竟没有修善’的心态。这种心态不能令已造恶行变成未造,也不能令未修善行变成已修;智者不应这样做,所以只是智者所厌弃的可厌行为,也因此称为 kukata。这种心态通常称为 paccānutāpa——事后追悔;vippaṭisāra——心中懊悔,也是这种恶作的名称。
ပြုအပ်ပြီးသော မကောင်းမှု မပြုအပ်သေးသော ကောင်းမှုသို့ စိတ်ဓာတ် ရှေးရှူဖြစ်နေခြင်း အောက်မေ့ ခြင်းသည်၊ တစ်နည်း အပြစ်ရှိသော မကောင်းမှု အပြစ်မရှိသော ကောင်းမှုသို့ စိတ်ဓာတ် ရှေးရှူဖြစ်နေခြင်း အောက်မေ့ခြင်းသည် ပဋိသာရ မည်၏။ ဤ ပြုအပ်ပြီးသော မကောင်းမှု မပြုအပ်မိသေးသော ကောင်းမှုသို့ စိတ်ဓာတ် ရှေးရှူဖြစ်ခြင်း အောက်မေ့ခြင်းသည် ပြုအပ်ပြီးသော မကောင်းမှုကိုလည်း မပြုအပ်ရာရောက်အောင် မပြုလုပ်ပေးနိုင်၊ မတတ်နိုင်၊ မပြုအပ်သေးသော မပြုအပ်မိ မပြုအပ်ခဲ့သော ကောင်းမှုကိုလည်း ပြုပြီးဖြစ်အောင် မပြုလုပ်နိုင် မတတ်နိုင်၊ ထိုကြောင့် ဤပြုအပ်ပြီးသော မကောင်းမှု မပြုအပ်မိသေးသော ကောင်းမှုသို့ စိတ်ရှေးရှူ ဖြစ်ခြင်း အောက်မေ့ခြင်းသည် ဖောက်ပြန်သော ရှေးရှူဖြစ်ခြင်း အောက်မေ့ခြင်းသာတည်း၊ စက်ဆုပ်အပ်သော ရှေးရှူဖြစ်ခြင်း အောက်မေ့ခြင်းသာတည်း။ ထိုသို့ အောက်မေ့ရာ၌ လွန်ကျူးပြီး ပြစ်မှုများကို ပြန်နစ်စေခြင်း
心趋向并忆念已经做的恶行和没有做的善行,另一说,趋向并忆念有过失的恶行与无过失的善行,称为paṭisāra。这种忆念既不能令已造恶行变成未造,也不能令未修、未实行的善行变成已经修成,所以只是颠倒、可厌的趋向与忆念。这样的忆念,既不能把已经违犯的罪过重新——
ပြန်တားမြစ်ခြင်းငှာ မစွမ်းနိုင်သည့်အတွက်၊ မပြုအပ်ခဲ့မိသော ကောင်းမှုကိုလည်း ပြုပြီးဖြစ်အောင် မပြုလုပ်နိုင် သည့်အတွက် ထိုပြုပြီးသည့် မကောင်းမှု မပြုမိသည့် ကောင်းမှုတို့ကို အစွဲပြု အကြောင်းပြု၍ ဖောက်ဖောက်ပြန်ပြန် ဝမ်းနည်းပန်းနည်း ကြံစည်အောက်မေ့တတ် တွေးနေတတ် ဆွေးနေတတ် စိတ်နှလုံးမသာမယာ ဖြစ်နေတတ်သော ကြောင့် ထို ပြုပြီးသည့် မကောင်းမှု မပြုမိသော ကောင်းမှုတို့သို့ စိတ်ရှေးရှူဖြစ်နေခြင်း အောက်မေ့ခြင်းကို ဝိပ္ပဋိသာရဟုလည်း ခေါ်ဆိုသည်၊ တရားကိုယ်မှာ ကုက္ကုစ္စစေတသိက်ပင် ဖြစ်သည်။ 〔ဤနည်း၌ --- ကုစ္ဆိတံ ကတံ ကုကတံ၊ ကုကတမေဝ ကုက္ကုစ္စံ --- ဟု ပြုပါ။ (အဘိ-ဋ္ဌ-၁-၄၁၄-၌လည်း ကြည့်ပါ။)〕 ပညာရှိသူ ဉာဏ်ရှိသူတို့သည် ပြုအပ်မိသော မကောင်းမှုကို တွေး၍ ပူဆွေးမနေတော့ဘဲ နောင်တစ်ဖန် ထိုအမှုမျိုးကို မပြုတော့အံ့ဟူ၍ သန္နိဋ္ဌာန်ကျ ဆုံးဖြတ်ချက်ချ၍ ကောင်းမှုကိုသာ များစွာပြုသင့်ပေသည်။ ပူဆွေး-
——收回、遮止,也不能使未修的善成为已修;因此,依已造之恶与未修之善而反复颠倒地悲伤、思量、沉思,心中不悦,这种趋向与忆念也称为 vippaṭisāra。它的法体正是恶作心所。〔依此词解,可说:‘可厌地造作,故为 kukata;kukata 本身就是 kukkucca。’亦可参见《殊胜义注》1-414。〕有智慧的人不应因已经造下的恶行而继续忧愁;应坚定决意‘今后不再做这种事’,转而多修善业,不应再作忧——
ခြင်းကိုကား မပြုသင့်ပေ။ ထိုသို့ မပြုသင့်သော ပူဆွေးမှုကို ပြုခြင်းသည် စက်ဆုပ်ဖွယ် အပြုအမူ ဖြစ်သောကြောင့် ထိုအပြုအမူ သဘောတရားကို ကုက္ကုစ္စဟု ခေါ်၏။ ဆူးစူးရာ၌ နောက်ထပ် ဆူးတစ်ချောင်းဖြင့် ထပ်၍ ထွင်နေ သည်နှင့် တူ၏။ ပထမ ဖြစ်ပြီး မကောင်းမှု အကုသိုလ်ကို အာရုံပြု၍ နောက်ထပ် ကုက္ကုစ္စ ဒေါမနဿဝေဒနာ ပြဓာန်းသည့် အကုသိုလ်များ အသစ်အသစ် ထပ်ကာထပ်ကာ ဖြစ်နေခြင်း ဖြစ်၏။ သတိကြီးစွာထား၍ အဆိပ်- ပြင်းသော မြွေဆိုးကဲ့သို့ ဝေးစွာ ရှောင်ကြဥ်သင့်သော သဘောတရားတစ်ခု ဖြစ်သည်။
——愁。明知不应忧愁却仍反复忧愁,是可厌的行为,因而称为恶作。这就像被一根刺扎伤以后,又用另一根刺反复刺探:先前已经有一项不善,又缘取它不断生起由恶作与忧受主导的新不善。对此应高度警惕,像远避剧毒恶蛇一样远远避开。
ကျွန်နှင့်တူသည်
如同奴仆
ဤကုက္ကုစ္စကို ကျွန်၏အဖြစ်ကဲ့သို့ မှတ်ပါဟု အဋ္ဌကထာက ဖွင့်ဆိုထား၏။ ကျွန်ဖြစ်နေလျှင် ထိုကျွန်သည် မည်သည့်ကိစ္စ၌မျှ မိမိမပိုင်တော့ဘဲ အရှင်သခင်၏ အလိုအတိုင်းသာ ဖြစ်ရသကဲ့သို့ ကုက္ကုစ္စ ဖြစ်နေလျှင် ထို ကုက္ကုစ္စရှိသူသည် ကုသိုလ်ရေးလုပ်ငန်းကိစ္စ၌ မိမိအလိုအတိုင်း မဖြစ်နိုင်၊ ထိုကြောင့် ကုက္ကုစ္စနှင့် ပြည့်စုံသူသည် ကုက္ကုစ္စဟူသော သူတစ်ပါးနှင့် စပ်နေသောကြောင့် ကျွန်၏အဖြစ်နှင့် = ကျွန်၏ ဖြစ်ပုံနှင့် တူ၏ ဟူလိုသည်။
义注说,应把恶作视为如同奴役。奴仆在任何事情上都不能自主,只能服从主人;同样,恶作生起时,具有恶作的人在修善之事上不能随自己的意愿而行。由于他受制于名为恶作的他法,所以如同处在奴仆之身。
原书第 499 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း တစ်နည်း --- ပြုအပ်ပြီးသော အကုသိုလ်၊ မပြုအပ်မိသော ကုသိုလ်သို့ အစဥ်လိုက်၍ ဝမ်းနည်းခြင်းသည် ဒေါမနဿဝေဒနာတည်း။ ကုက္ကုစ္စ၏ ဖြစ်မှုသည် ထိုဝမ်းနည်းခြင်း ဒေါမနဿဝေဒနာနှင့် ဆက်စပ်နေသောကြောင့် ထိုနှစ်ပါးစုံသော ပြုအပ်ပြီးသော အကုသိုလ် မပြုအပ်မိသော ကုသိုလ်သို့ အစဥ်လိုက်၍ ဝမ်းနည်းခြင်း၏ အစွမ်းဖြင့် (ဝမ်းနည်းခြင်း ဒေါမနဿနှင့် ဆက်စပ်လျက်) ဖြစ်ပေါ်လာသော နောင်တတစ်ဖန် ပူပန်မှုသဘောသည် ကုက္ကုစ္စ တည်း။ ထိုကုက္ကုစ္စကြောင့် ထိုပြုအပ်ပြီးသော အကုသိုလ် မပြုအပ်မိသော ကုသိုလ်သို့ အစဥ်လိုက်၍ ဝမ်းနည်းခြင်း ဒေါမနဿဝေဒနာနှင့် ပြည့်စုံမှု ဖြစ်ရပြန်၏ = ပြည့်စုံသူ ဖြစ်ရပြန်၏။ ထိုသို့ နောင်တတစ်ဖန် ပူပန်မှု ကုက္ကုစ္စ သည် ပြုအပ်ပြီးသော အကုသိုလ် မပြုအပ်မိသောကုသိုလ်သို့ အစဥ်လိုက်၍ ဝမ်းနည်းခြင်း ဒေါမနဿဝေဒနာနှင့်
另一种解释是:随逐已造不善与未修善行而悲伤,属于忧受;恶作的生起与这种忧受相连。恶作缘已造不善与未修善行,伴随忧受而生;它又使人对同样的已造不善与未修善行充满悲伤,成为具有忧受者。因此,恶作既与随逐已造不善、未修善行而生的忧受——
ဆက်စပ်နေရကား ကုက္ကုစ္စသည် ကျွန်၏ အဖြစ်နှင့် တူသည် ဟူလိုသည်။ (ဒေါမနဿဝေဒနာ မပါဘဲ = ပြုပြီး အကုသိုလ် မပြုလိုက်မိသော ကုသိုလ်တရားတို့၌ စိုးရိမ်ပူဆွေးမှု သောကမပါဘဲ နောင်တတစ်ဖန် ပူပန်မှု ကုက္ကုစ္စ ချည်းသက်သက် မဖြစ်နိုင်သောကြောင့် သောက = ဒေါမနဿဝေဒနာဟူသော သူတစ်ပါးနှင့် ဆက်စပ်နေရကား ကျွန်အဖြစ်နှင့် တူသည်ဟု ဆိုလိုရင်းတည်း။) (မူလဋီ-၁-၁၂၁။ မဟာဋီ-၂-၁၅၂။)
——相连,便如同处在奴仆之身。〔恶作不能离开忧受,单独对已造不善与未修善行生起;它总与名为愁的忧受这一他法相连,所以说如同奴仆。〕(《根本复注》1-121;《大复注》2-152。)
ကုက္ကုစ္စဖြစ်တတ်ပုံ တစ်မျိုး
恶作生起的另一种方式
အနဝဇ္ဇံ ပန ကိဉ္စိဒေဝ ဝဇ္ဇသညိတာယ၊ ဝဇ္ဇဉ္စ အနဝဇ္ဇသညိတာယ ကရောန္တော အနဝဇ္ဇေ ဝဇ္ဇသညာယ၊ ဝဇ္ဇေ စ အနဝဇ္ဇသညာယ ဝီတိက္ကမံ ကရောတိ နာမ။ ယသ္မာ ပနေတံ ''အကတံ ဝတ မေ ကလျာဏံ၊ အကတံ ကုသလံ၊ အကတံ ဘီရုတ္တာဏံ၊ ကတံ ပါပံ ကတံ လုဒ္ဓံ၊ ကတံ ကိဗ္ဗိသ''န္တိ ဧဝံ အနဝဇ္ဇေ ဝဇ္ဇသညိတာယပိ (ဝဇ္ဇေ အနဝဇ္ဇသညိတာယပိ) ကတေ ဝီတိက္ကမေ ဥပ္ပဇ္ဇတိ။ (အဘိ-ဋ္ဌ-၁-၄၁၄။) ကုက္ကုစ္စ ဖြစ်တတ်ပုံ တစ်မျိုးကား --- အပြစ်မရှိသော တစ်စုံတစ်ခုသော အမှုကိုပင် အပြစ်ရှိ၏ဟု အမှတ် ရှိကာ၊ အပြစ်ရှိသော အမှုကိုလည်း အပြစ်မရှိဟု အမှတ်ရှိသည့်အတွက် ပြုလုပ်လွန်ကျူးမိသော ပုဂ္ဂိုလ်သည် အပြစ် မရှိသောအမှု၌ အပြစ်ရှိ၏ဟု မှတ်ထင်ခြင်းကြောင့်လည်းကောင်း၊ အပြစ်ရှိသောလုပ်ငန်း၌လည်း အပြစ် မရှိဟု မှတ်ထင်ခြင်းကြောင့်လည်းကောင်း ဝီတိက္ကမ ခေါ်သော ပြစ်မှုကျူးလွန်ခြင်းကို ပြုသည် မည်ပေသည်။
义注说明另一种情形:有人把无过失之事认作有过失,又把有过失之事认作无过失,因而有所违犯。这称为:由于对无过失者作有过失想,以及对有过失者作无过失想,而犯下名为违越的过失。
ထိုသို့ ပြစ်မှု ကျူးလွန်မိပြီးနောက် ကုက္ကုစ္စ ဖြစ်တတ်ပုံမှာ ''ငါသည် ကောင်းမှုကို မပြုအပ်ခဲ့မိလေစွ၊ ကုသိုလ်ကို မပြုအပ်ခဲ့မိလေစွ၊ ကြောက်မက်ဖွယ် အပါယ်ဘေးမှ စောင့်ရှောက်တတ်သော အပါယ်ဘေးကို တားမြစ်ကြောင်း ဖြစ်သော ကောင်းမှုကုသိုလ်ကို မပြုအပ်ခဲ့မိလေစွ၊ (အမှားကြီး မှားလေပြီ) မကောင်းမှုကို ပြုခဲ့မိလေစွ၊ ရက်စက် ကြမ်းကြုတ်မှုကို ပြုအပ်ခဲ့မိလေစွ၊ မကောင်းကျိုးကို ပြုတတ်သော ညစ်နွမ်းကြောင်း အကုသိုလ်ကို ပြုခဲ့မိလေစွ၊ (အမှားကြီး မှားလေပြီ ) ဟု အပြစ်မရှိသည်၌ အပြစ်ရှိ၏ဟု အမှတ်ရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း၊ အပြစ်ရှိသည်၌ အပြစ်မရှိဟု အမှတ်သညာရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း ကျူးလွန်မှုကို ပြုအပ်ပြီး သည်၏ နောက်၌လည်း ဖြစ်တတ်သေး၏။ ဤသို့လျှင် သုစရိုက်ကို ဒုစရိုက်ထင်၍ ပြုပြီးနောက်၌လည်းကောင်း၊ ဒုစရိုက်ကို သုစရိုက်ထင်၍ ပြုပြီးမှ ဒုစရိုက်မှန်းသိရာအခါ၌လည်းကောင်း အထူးသဖြင့် သေခါနီးကာလမျိုး၌
这类人违犯以后,也会这样生起恶作:‘我没有做善事,没有修善,也没有修习能防护怖畏、遮止恶趣的善业;我实在犯了大错!我造了恶,做了残酷之事,又造下能带来恶果的染污不善;我实在犯了大错!’无论把无过失认作有过失,还是把有过失认作无过失,违犯以后都可能生起恶作。因此,把善行误作恶行而行事以后,或把恶行误作善行,事后才知道那是恶行时,尤其临终——
မကောင်းသော နိမိတ်များ ထင်လာရာ အခါဝယ် ကုက္ကုစ္စ ဖြစ်တတ်သေး၏ဟု သိပါလေ။
——出现恶相时,也会生起恶作。应当如此了知。(《殊胜义注》1-414。)
အထက်ပါ ရှင်းလင်းချက်များဖြင့် လက္ခဏ ရသ စသည်တို့၏ သဘောတရားများကိုလည်း သဘောပေါက် လောက်ပေပြီ။ ပြုပြီး ဒုစရိုက် မပြုလိုက်မိသော သုစရိုက်၊ သို့မဟုတ် ပြုပြီး အကုသိုလ်နှင့် မပြုမိသော ကုသိုလ် တို့မှာ ကုက္ကုစ္စ ဖြစ်ဖို့ရန် အနီးဆုံးအကြောင်း ပဒဋ္ဌာန်များပင် ဖြစ်ကြပေသည်။
依据以上说明,恶作的特相、作用等已经足以明白。已造的恶行与未修的善行,也就是已造不善与未修之善,正是恶作生起的最近因。

本页是帕奥禅师缅文「五大册」第四册(趣向涅槃之道·第四册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。卷前、正文与原书索引均与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。