行蕴论章(之五)
《趣向涅槃之道》中文全译本 · 非缩略版
特相等四法篇 · 原书第 335–362 页 · 223 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 335 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း အားထုတ်တော့မည်''ဟု စိတ်ဖြစ်၏။ ထိုရဟန်းသည် မရောက်ရသေးသော (စျာန် ဝိပဿနာ မဂ် ဖိုလ်) တရားထူး တရားမြတ်သို့ ရောက်ရန်၊ မရသေးသည့် တရားထူး တရားမြတ်ကို ရရန်၊ မျက်မှောက်မပြုရသေးသည့် တရားထူး တရားမြတ်ကို မျက်မှောက်ပြုရန် ဝီရိယကို အားထုတ်၏။ ရဟန်းတို့ …ဤသည်ကား အဋ္ဌမ ကြိုးစားအား- ထုတ်ခြင်း လုံ့လဝီရိယ၏ အကြောင်းတည်း။
——发起精进。诸比丘,这就是第八种发起精进之事。’
ရဟန်းတို့ …ကြိုးစားအားထုတ်ခြင်း လုံ့လဝီရိယ၏ အကြောင်းတို့သည် ဤ (၈)မျိုးတို့တည်း။
‘诸比丘,这就是八种发起精进之事。’
(အ-၃-၁၄၇-၁၅ဝ။)
(《增支部》3-147—150。)
ဤတွင် ကုသီတာရ မ္ဘဝတ္ထု သုတ္တန် ပြီးဆုံးပေပြီ။
至此,《懈怠事经》结束。
ဝီရိယရှိသူသည် သို့မဟုတ် ယောနိသောမနသိကာရ ပစ္စဝေက္ခဏာဉာဏ်ဟူသော နည်းမှန် လမ်းမှန် နှလုံး သွင်းတတ်သော ဆင်ခြင်ဉာဏ်ရှိသူသည်ကား --- ၁။ တစ်စုံတစ်ခုသော ပြုဖွယ် အမှုကိစ္စကို ပြုလုပ်ခါနီး ဖြစ်နေခြင်း၊ ၂။ တစ်စုံတစ်ခုသော ပြုဖွယ် အမှုကိစ္စကို ပြုပြီးကာစ ဖြစ်နေခြင်း၊ ၃။ ခရီးသွားခါနီးနေခြင်း၊ ၄။ ခရီးသွားပြီးကာစ ဖြစ်ခြင်း၊ ၅။ ဆွမ်း လုံလောက်စွာ မရခြင်း၊ ၆။ ဆွမ်း လုံလောက်စွာ ရခြင်း၊ ၇။ မကျန်းမမာစ ပြုနေခြင်း၊ ၈။ ကျန်းမာပြီးစ ဖြစ်ခြင်း --- ဤ အချက်အလက်တို့ကို အကြောင်းပြု၍လည်း ဘုရားရှင်၏ အဆုံးအမကို နှလုံးသွင်း၍ ဘာဝနာတရား ကြိုးစားအားထုတ်ရန်သာ တာစူလျက် ရှိ၏၊ ကြိုးလည်း ကြိုးစား၏၊ အားလည်း အားထုတ်၏၊ ယောကျာ်းမြတ်တို့၏ ဇွဲလုံ့လ ဝီရိယကို၊ မိန်းမမြတ်တို့၏ ဇွဲလုံ့လ ဝီရိယကို ရှေ့တန်းသို့ အမြဲတမ်း ပင့်တင်ထား၏။
有精进者,或者具有如理作意省察智——即能以正确方法作意、省察之智——的人,无论面对一、即将办理事务;二、刚办完事务;三、即将旅行;四、旅行归来不久;五、托钵所得不足;六、托钵所得充足;七、刚开始生病;八、病愈不久,都会以这些情况为理由,专心于世尊的教诫,准备投入修习,并且真正努力、发起精进,始终把善男子、善女人的坚毅精进置于首位。
တစ်စုံတစ်ခုသော သင်္ကန်းဆိုးခြင်း သပိတ်ဖုတ်ခြင်း စသော ပြုဖွယ် အမှုကိစ္စကို ပြုလုပ်ခါနီး ဖြစ်နေလျှင် လည်း ယင်းအမှုကိစ္စကို ပြုလုပ်နေဆဲ၌ ဘာဝနာအလုပ် ပျက်ကွက် လစ်ဟင်းမည်ကို ဆင်ခြင်လျက် ယင်းအမှုကိစ္စ ကို မပြုလုပ်ခင် ဘာဝနာအမှုကို အားသွန်ခွန်စိုက် ကြိုးပမ်းအားထုတ်၏။ တစ်စုံတစ်ခုသော ပြုဖွယ် အမှုကိစ္စကို ပြုပြီးစ ဖြစ်လျှင်လည်း ထိုအမှုကိစ္စကို ပြုခဲ့စဥ်က ဘာဝနာအလုပ် ပျက်ကွက်မှုကို ဆင်ခြင်လျက် အတိုးချ၍ ကြိုးစားအားထုတ်ပြန်၏။
即将办理染衣、烧钵等事务时,他思惟办事期间修习会被耽搁,所以在办事以前先全力修习;刚办完事务时,他思惟办事期间耽搁了修习,便加倍努力。
ခရီးသွားခါနီး ဖြစ်နေလျှင်လည်း ခရီးသွားဆဲခဏ၌ ဘာဝနာအလုပ် ပျက်ကွက် လစ်ဟင်းမည်ကို ဆင်ခြင် လျက် ခရီးမသွားခင် ကြိုတင်ကာ ကြိုးစားအားထုတ်ပြန်၏။ ခရီးသွားပြီးစ ဖြစ်လျှင်လည်း ခရီးသွားခဲ့စဥ်က ဘာဝနာအမှု ပျက်ကွက်မှုကို ဆင်ခြင်လျက် အတိုးချ၍ ကြိုးစားအားထုတ်ပြန်၏။
即将旅行时,他思惟旅行期间修习会被耽搁,所以出发以前预先努力;旅行归来不久时,他思惟旅行期间耽搁了修习,便加倍努力。
ဆွမ်းလုံလောက်စွာ မရလျှင်လည်း --- ''ထိုငါ၏ ကိုယ်သည် ယခုအခါ ပေါ့ပေါ့ပါးပါး ရှိ၏၊ ဘာဝနာအမှု ကိစ္စ ပြုရန် ခံ့ညား၏၊ ယခု ငါသည် ကြိုးစား အားထုတ်အံ့'' --- ဟု ဤသို့ ဆင်ခြင် နှလုံးပိုက်တော်မူလျက် ကြိုးစားအားထုတ်ပြန်၏။ ဆွမ်းမျှတပါကလည်း --- ''ထိုငါ၏ ကိုယ်သည် ယခုအခါ အားရှိ၏၊ ဘာဝနာအမှုကိစ္စ ကို ပြုလုပ်ရန် ခံ့ညား၏၊ ယခုအခါ ငါသည် ကြိုးစားအားထုတ်အံ့'' --- ဟု နှလုံးသွင်း ဆင်ခြင်လျက် ကြိုးစားအား ထုတ်ပြန်၏။
托钵所得不足时,他思惟:‘我的身体现在轻快,适合修习;现在我应当努力。’于是再次发起精进。托钵所得适量时,他又思惟:‘我的身体现在有力,适合修习;现在我应当努力。’于是再次发起精进。
原书第 336 页
မကျန်းမမာစပြုနေလျှင်လည်း မကျန်းမမာစဥ် ဘာဝနာအလုပ် ပျက်ကွက် လစ်ဟင်းမည်ကို ဆင်ခြင်၍ ဘာဝနာအမှုကို အလေးဂရုပြု၍ ကြိုးစားအားထုတ်ပြန်၏။ ကျန်းမာပြီးစ ဖြစ်လျှင်လည်း မကျန်းမမာခဲ့စဥ်က ဘာဝနာအလုပ် ပျက်ကွက် လစ်ဟင်းခဲ့သည်ကို ဆင်ခြင်၍ အတိုးချကာ ကြိုးစားတော်မူ ပြန်၏။ --- ဤသို့လျှင် ယောနိသောမနသိကာရ ပစ္စဝေက္ခဏာဉာဏ် ရှေ့သွားရှိပါက ဤ (၈)ပါးသည် ဝီရိယ ဖြစ်ပေါ်လာရန် အကြောင်း တရားများ ဖြစ်ရကား ဝီရိယာရမ္ဘဝတ္ထု အမည်ရလေသည်။ ဤ (၈)ပါးသည်ပင် ယောနိသောမနသိကာရ ပစ္စ- ဝေက္ခဏာဉာဏ် မရှိပြန်၍ ကောသဇ္ဇတရား = ဘာဝနာလုပ်ငန်းခွင်မှ စိတ်ဓာတ် တွန့်ဆုတ်မှုတရား အားကြီးသူမှာ ပျင်းရိခြင်း၏ အကြောင်းဝတ္ထုများလည်း ဖြစ်ရပြန်ပေသည်။
刚开始生病时,他思惟患病期间修习会被耽搁,所以重视修习,发起精进;病愈不久时,他思惟患病期间耽搁了修习,便加倍努力。这样,当如理作意省察智为先导时,这八种情况都是令精进生起的原因,所以称为发起精进之事。反过来,同样这八种情况,若没有如理作意省察智,而懈怠——即从修习工作中退缩的心态——强盛,也会成为懈怠之事。
ပျင်းရိခြင်း ကောသဇ္ဇတရား ထူပြောလျက် ယောနိသောမနသိကာရ ပစ္စဝေက္ခဏာဉာဏ် မရှိသူကား တစ်စုံတစ်ခုသော ပြုဖွယ် အမှုကိစ္စကို ပြုလုပ်ခါနီး ဖြစ်နေ လျှင်လည်း အမှုကိစ္စကို ပြုလုပ်ရာ၌ ပင်ပန်းမည့်အရေး ကို တွေးတော ဆင်ခြင်လျက် အိပ်၏။ အမှုကိစ္စ ပြုပြီးပြန်ကလည်း အမှုကိစ္စ ပြုခဲ့စဥ်က ပင်ပန်းမှုကို အကြောင်း ပြလျက် အိပ်ပြန်၏။ ခရီးသွားခါနီး ဖြစ်နေလျှင်လည်း ခရီးသွားဆဲခဏ၌ ပင်ပန်းရမည့်အရေးကို မျှော်တွေးလျက် အိပ်၏၊ ခရီးသွားပြီးပြန်ကလည်း ခရီးသွားခဲ့စဥ်က ပင်ပန်းမှုကို အကြောင်းပြလျက် အိပ်ပြန်၏။ ဆွမ်းမမျှတလျှင် လည်း ဆွမ်းခံခဲ့စဥ်က ပင်ပန်းမှု ဆွမ်းမမျှတ၍ အားမရှိမှုကို ဆင်ခြေပေးလျက် အိပ်၏၊ ဘောဇနသပ္ပါယ မျှတ ပြန်ပါကလည်း ဝဝစားပြီး၍ ခန္ဓာကိုယ် လေးလံမှုကို အကြောင်းပြုလျက် အိပ်ပြန်၏။ အနည်းငယ် မကျန်းမမာစ ဖြစ်လျှင်လည်း အိပ်မှတော်မည်ဟု ဆင်ခြင်လျက် အိပ်ပြန်၏၊ ကျန်းမာပြီးစ ဖြစ်လျှင်လည်း အားမရှိသေးမှုကို
懈怠深重、没有如理作意省察智的人,即将办事时,想着办事将会疲劳而去睡觉;办完事情以后,又以办事时的疲劳为借口去睡。即将旅行时,他预想旅途疲劳而去睡;旅行归来以后,又以旅途疲劳为借口去睡。托钵所得不足时,他以托钵疲劳、食物不足、身体无力为借口去睡;饮食适量时,他又以吃得饱、身体沉重为借口去睡。刚有一点病时,他想只有睡觉才合适而去睡;病愈不久时,他又以身体尚无气力为——
အကြောင်းပြလျက် အိပ်ပြန်၏။ ဤသို့လျှင် ဤ (၈)ပါးသည် ယောနိသောမနသိကာရ ပစ္စဝေက္ခဏာဉာဏ် ရှေ့သွား- မရှိသူ ပျင်းကြောထူနေသူအဖို့ ပျင်းရိခြင်း၏ အကြောင်းဝတ္ထုများလည်း ဖြစ်ရပြန်ပေသည်။
——借口去睡。这样,对于没有如理作意省察智为先导、懈怠深重的人,这八种情况也会成为懈怠之事。
ဤဝီရိယသည်လည်း အကောင်းအဆိုး နှစ်ဘက်ရ စေတသိက်ပင်တည်း။ လောဘ ဒေါသမောဟ ဣဿာ မစ္ဆရိယ ဒိဋ္ဌိ မာန ဒုစ္စရိတ သံကိလေသ စသည့် တရားဆိုးတို့ ဖြစ်အောင်လည်း ကြိုးစား၏။ ဒါန သီလ သမထ ဝိပဿနာ ဘာဝနာဆိုင်ရာ ကုသိုလ်တရားတို့ ဖြစ်ထွန်းပေါ်ပေါက်လာအောင်၊ ဘာဝနာဉာဏ် ပြည့်စုံသည့်တိုင် အောင် တိုးပွားအောင်လည်း ကြိုးစား၏။ မိစ္ဆာဝါယာမ သမ္မာဝါယာမဟု နှစ်မျိုးပင် ရှိပေသည်။ မိစ္ဆာဝါယာမကို ရှောင်၍ သမ္မာဝါယာမကို ဖြစ်အောင် ကြိုးစားဖို့ လို၏။ ကြိုးစားက ဘုရားဖြစ်နိုင်၏။
精进也是共于善恶两边的心所。它能为了使贪、嗔、痴、嫉、悭、见、慢、恶行、杂染等恶法生起而努力;也能为了使布施、持戒、止禅、观禅等善法生起、发展,直至修习智圆满而努力。所以有邪精进与正精进两种;必须舍离邪精进,努力令正精进生起。只要努力,乃至成佛也能实现。
ဝီရိယဝတော ကိံ နာမ ကမ္မံ န သိဇ္ဈတိ။
‘对于具足精进的人,有哪一种事业不能成就?’
= ဝီရိယရှိသူအား အဘယ်မည်သော အမှုသည် မပြီးစီးဘဲ ရှိနိုင်ရာအံ့နည်း၊ ပြီးစီးရမည်သာတည်း။
意思是:对于有精进的人,哪一种事业会无法完成呢?它必定能够完成。
ဝါယမေထေဝ ပုရိသော၊ န နိဗ္ဗိန္ဒေယျ ပဏ္ဍိတော။ (ဇာ-ဋ္ဌ-၁-၄၇၆။) ယောကျာ်းဟူက ကြိုးစားရမည်သာတည်း၊ ပညာရှိမှန်က ပျင်းရိမှု မရှိလေရာ။
‘人唯有努力;智者不应灰心。’(《本生义注》1-476。)身为人就应努力;真正的智者不应懈怠。
ပညာရှိသူတော်ကောင်းမှန်က --- ၁။ မဖြစ်ပေါ်သေးသော အကုသိုလ်တရားများကို မဖြစ်အောင်၊ ၂။ ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားများကို ပယ်နိုင်အောင်၊ ၃။ မဖြစ်ပေါ်သေးသော ကုသိုလ်တရားများကို ဖြစ်ပေါ်လာအောင်၊ ၄။ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားများကို တိုးပွားအောင် ကြိုးပမ်းရမည်သာ ဖြစ်၏။ လူသားတိုင်းတွင် စွမ်းအင်သတ္တိများ ရှိကြ၏။ ယင်း စွမ်းအင်သတ္တိများကို
贤善智者应当——一、努力使尚未生起的不善法不生;二、努力断除已经生起的不善法;三、努力使尚未生起的善法生起;四、努力使已经生起的善法增长。每个人都具有潜能;若能正确、善巧地运用这些潜能,它们——
原书第 337 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း ကောင်းမွန်မှန်ကန်စွာ အသုံးချတတ်ပါက ယင်း စွမ်းအင်များက ဘုရားအဖြစ်သို့ ရောက်ရှိသည်တိုင်အောင်ပင် ပို့ဆောင်၍ ပေးနိုင်မည် ဖြစ်ပေသည်။ အခြားအခြားသော အရာဌာနမျိုးတို့သို့ ရောက်ရှိနိုင်ရေးကား ပြောဆိုဖွယ် ရာပင် မလိုတော့ချေ။ ဗုဒ္ဓဘုရားရှင်၏ ပါရမီ (၁ဝ)ပါးတို့တွင် ဝီရိယပါရမီသည်လည်း တစ်ပါး အပါအဝင်ပင် ဖြစ်ပေသည်။ ဤအချက်ကို နိဗ္ဗာန်ကို အလိုရှိသော သူတော်ကောင်းတိုင်းသည် မမေ့သင့်ပေ။
——甚至能把人带到佛果,更不用说到达其他成就。佛陀十波罗蜜中,精进波罗蜜也是其中之一;每一位希求涅槃的贤善者,都不应忘记这一点。
၅။ ပီတိ
五、喜
ပီဏယတီတိ ပီတိ၊ သာ --- ၁။ သမ္ပိယာယနလက္ခဏာ၊ ၂။ ကာယစိတ္တပီဏနရသာ၊ ဖရဏရသာ ဝါ၊ ၃။ သြဒဂျပစ္စုပဋ္ဌာနာ၊ ၄။ အာရမ္မဏပဒဋ္ဌာနာ။ (အဘိ-ဋ္ဌ-၁-၁၅၈။ ဝိသုဒ္ဓိ-၁-၁၃၉။) ကိုယ်စိတ်တို့ကို နှစ်သက်ပြည့်ဖြိုး ပွားတိုးစေတတ်သော သဘောတရားသည် ပီတိ မည်၏။
所谓喜(pīti),因为能令饱满,故称为喜。它一、以喜爱所缘为特相;二、以使身心愉悦、充盈为作用,或以遍满为作用;三、以踊跃振奋为现起;四、以所缘为近因。(《殊胜义注》1-158;《清净道论》1-139。)能令身心愉悦、充盈、增长之法,名为喜。
၁။ အာရုံကို နှစ်သက်ခြင်း (ချစ်မြတ်နိုးခြင်း) သဘော လက္ခဏ၊ ၂။ (က) ကိုယ်စိတ်နှစ်ပါးကို နှစ်သက် ပြည့်ဖြိုး ပွားတိုးစေခြင်း (ကိစ္စ) ရသ၊ ( ခ ) တစ်နည်း --- မွန်မြတ်သော စိတ္တဇရုပ်တို့ဖြင့် တစ်ကိုယ်လုံးသို့ ပျံ့နှံ့စေခြင်း (ကိစ္စ) ရသ၊ ၃။ ကိုယ်စိတ်တို့ကို ရွှင်လန်း တက်ကြွစေတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ အာရုံ (တစ်နည်း --- ဝတ္ထု၊ အာရုံ၊ ဖဿ) ပဒဋ္ဌာန်။
喜的四法如下:第一,以喜爱、珍重所缘为特相。第二,以使身心愉悦、充盈、增长为作用;换一种说法,以殊胜心生色遍满全身为作用。第三,以能使身心欢悦振奋之法为现起。第四,以所缘为近因;换一种说法,以依处、所缘或触为近因。
ထိုပီတိသည် (၅)မျိုး ရှိ၏။ --- ၁။ ခုဒ္ဒိကာပီတိ --- ခန္ဓာကိုယ်၌ ကြက်သီးမွေးညင်း ထခြင်းမျှကိုသာလျှင် ပြုလုပ်ခြင်းငှာ စွမ်းနိုင်သော ပီတိ၊ ၂။ ခဏိကာပီတိ --- လျှပ်စစ် ပြက်သည်နှင့် တူသော ခဏခဏ ဖြစ်၍ ခဏခဏ ပျက်သော ပီတိ၊ ၃။ သြက္ကန္တိကာပီတိ --- လှိုင်းတံပိုးသည် သမုဒ္ဒရာကမ်းသို့ သက်ရောက်၍ သက်ရောက်၍ ပျက်သကဲ့သို့ တစ်ကိုယ်လုံးသို့ လွှမ်းမိုးသကဲ့သို့ သက်ရောက်၍ သက်ရောက်၍ ပျက်သောပီတိ၊ ၄။ ဥဗ္ဗေဂါပီတိ --- ဤပီတိကား သန်မာ အားရှိ၏၊ ထိုပီတိ ကိန်းဝပ်ရာ ခန္ဓာကိုယ်ကို အထက်သို့ ပျံတက်သည် ကို ပြု၍ ကောင်းကင်၌ လေခတ်သော ဂွမ်းပုံကဲ့သို့ ခုန်လွှားပျံတက်စေခြင်း အတိုင်းအရှည်သို့ ရောက်စေ သော ပီတိ၊ ၅။ ဖရဏာပီတိ --- ဥဗ္ဗေဂါပီတိထက် ကြာရှည်စွာ တစ်ကိုယ်လုံး၌ မွန်မြတ်သော ပဏီတ စိတ္တဇရုပ်တို့ကို ပျံ့နှံ့ စိမ့်ဝင်စေသော ပီတိ၊ ဤသို့လျှင် ပီတိ (၅)မျိုးရှိပေသည်။ ထိုတွင် ဥဗ္ဗေဂါပီတိ၏ စွမ်းအင်ကို အဋ္ဌကထာတွင် အောက်ပါအတိုင်း
喜有五种:一、小喜(khuddikā-pīti)——力量只能令身体汗毛竖起的喜。二、刹那喜(khaṇikā-pīti)——如同闪电,屡屡生起又屡屡坏灭的喜。三、继起喜(okkantikā-pīti)——如海浪一再冲击海岸又消散一般,一再涌遍全身又坏灭的喜。四、踊跃喜(ubbegā-pīti)——力量强盛,能使喜所依的身体向上腾起,甚至达到如空中被风吹起的棉絮一般跳跃、飞升的程度。五、遍满喜(pharaṇā-pīti)——比踊跃喜持续更久,以殊胜心生色渗透、遍满全身的喜。喜就是这五种。义注对于踊跃喜的力量,作了如下——
တင်ပြထား၏။
——说明。
原书第 338 页
ဥဗ္ဗေဂါပီတိ
踊跃喜
ဤ ဥဗ္ဗေဂါပီတိသည် သန်မာအားရှိရကား ထိုပီတိ ကိန်းဝပ်ရာ ခန္ဓာကိုယ်ကို အထက်သို့ ပျံတက်သည်ကို ပြု၍ ကောင်းကင်၌ လေခတ်သော ဂွမ်းပုံကဲ့သို့ ခုန်လွှား ပျံတက်စေနိုင်သော စွမ်းအားရှိ၏။ ပုဏ္ဏဝလဒိကအရပ်၌ နေလေ့ရှိသော မဟာတိဿမထေရ်မြတ်ကြီးသည် လပြည့်နေ့၌ ညချမ်းအခါဝယ် ပုဏ္ဏဝလဒိကကျောင်းတိုက် အတွင်း၌ တည်ရှိသော စေတီရင်ပြင်သို့ သွား၍ လရောင်ကို ကြည့်၍ မဟာစေတီသို့ ရှေးရှူသည်ဖြစ်၍ ဤအချိန် အခါ၌ ရဟန်းယောကျာ်းပရိသတ်၊ ရဟန်းမိန်းမပရိသတ်၊ ဥပါသကာပရိသတ်၊ ဥပါသိကာမပရိသတ်ဟူသော ပရိသတ် (၄)မျိုးတို့သည် မဟာစေတီတော်မြတ်ကြီးကို ရှိခိုးနေကြလေယောင်တကား၊ ရှေးယခင်အခါတုန်းက ပင်ကိုယ်ပကတိအားဖြင့် မြင်အပ်ပြီးသော အာရုံ၏ အစွမ်းဖြင့် ဘုရားလျှင် အာရုံရှိသော ဥဗ္ဗေဂါပီတိကို ဖြစ်စေ၍၊ အင်္ဂတေအပြင်၌ ပေါက်လိုက်သောကတ္တီပါဘောလုံးသည် မြေကမာသဖြင့် အထက်သို့ မြောက်တက်လာသကဲ့သို့
踊跃喜力量强盛,能使喜所依的身体向上腾起,犹如空中被风吹起的棉絮,甚至令人跳跃飞升。住在本那瓦利迦(Puṇṇavallika)地方的摩诃帝须长老,有一次在月圆日傍晚来到本那瓦利迦寺内的塔院;他望着月光,面向大塔,想到:‘往昔这个时节,比丘、比丘尼、近事男、近事女这四众,想必都在礼敬大塔。’他依自己从前亲眼所见的景象取佛陀为所缘,生起了以佛为所缘的踊跃喜;于是,犹如弹在石灰地面上的绒球受地面反弹而向上升起一般——
ကောင်းကင်၌ ပျံတက်၍ မဟာစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်၌သာလျှင် ရပ်တည်ခဲ့ဖူးလေပြီ။
——腾空飞起,直接站在大塔的塔院之中。
(အဘိ-ဋ္ဌ-၁-၁၅၉။)
(《殊胜义注》1-159。)
တစ်ဖန် ဂိရိကဏ္ဍကကျောင်းတိုက်ကြီး၏ အမှီပြုရာ ဆွမ်းခံရွာဖြစ်သော ဝတ္တဂါလကရွာ၌ တစ်ဦးသော အမျိုးသမီးသည်လည်း အလွန်အားကောင်းသော အလွန်အားရှိသော ဘုရားလျှင် အာရုံရှိသော ဥဗ္ဗေဂါပီတိ၏ စွမ်းအားကြောင့် ကောင်းကင်၌ ပျံတက်ခဲ့ဖူးလေပြီ။ အကျယ်မှာ ဤသို့ဖြစ်၏ --- ထိုအမျိုးသမီး၏ မိဘနှစ်ပါးတို့သည် ညချမ်းအခါ၌ တရားတော်ကို နာယူရန်အလို့ငှာ ဂိရိကဏ္ဍကတောင် ပေါ်၌ တည်ရှိသော ဂိရိကဏ္ဍကကျောင်းတိုက်သို့ သွားခါနီး ဖြစ်ကုန်လတ်သော် --- ''ချစ်သမီး …သင်သည် လေးလံသော ကိုယ်ဝန်ရှိ၏၊ အခါမဲ့ ညအခါ၌ လှည့်လည်ခြင်းငှာစွမ်းနိုင်မည်ကား မဟုတ်၊ ငါတို့သည် သင့်အ- တွက် ကုသိုလ်အဖို့အစုကို ပြု၍ တရားတော်ကို နာယူခဲ့ကြပါကုန်အံ့'' --- ဟု ပြောဆို၍ ထွက်ခွာသွားကြ၏။
又有一次,在作为吉利根达迦(Girikaṇḍaka)大寺托钵依止处的瓦达伽罗(Vattagālaka)村,一位女子也因力量极强、以佛为所缘的踊跃喜而飞上天空。事情经过如下:一天傍晚,她的父母准备前往吉利根达迦山上的寺院听法,对她说:‘爱女,你身怀重孕,夜间不宜出行。我们会为你作一份福业,并去听闻佛法。’说完便出发了。
ထိုအမျိုးသမီးသည် လိုက်လိုပါသော်လည်း ထိုမိဘတို့၏ စကားကို ပယ်မြစ်ခြင်းငှာ မစွမ်းနိုင်သည် ဖြစ်၍ အိမ်၌ ကျန်ရစ်ခဲ့ရ၏၊ အိမ်တံခါး၌ ရပ်တည်၍ လရောင်ဖြင့် ဂိရိကဏ္ဍက တောင်ပေါ်ကျောင်းတိုက်အတွင်း တောင်ထိပ်၌ တည်ရှိသော စေတီတော်အား ဆီမီးဖြင့် ပူဇော်နေသည်ကို လှမ်းမြင်ရ၏၊ ပရိသတ် (၄)ပါးတို့သည် လည်း ပန်းနံ့သာ အစရှိသော ပူဇော်ဖွယ်ဝတ္ထုတို့ဖြင့် စေတီတော်ကို ပူဇော်မှုကို ပြုကြ၍ လက်ယာရစ် လှည့်လည် နေသည်တို့ကို တွေ့မြင်နေ၏၊ ရဟန်း သံဃာတော်အပေါင်း၏ တရားတော်ကို စုပေါင်း ရွတ်ဖတ် ပူဇော်နေသော အသံတော်ကိုလည်း ကြားနေရ၏။
女子虽然也想同行,却不能违逆父母的话,只得留在家中。她站在门口,借着月光远远看见吉利根达迦山寺内山顶的佛塔受灯火供养;又看见四众以花、香等供品供养佛塔,并右绕而行;也听见比丘僧众齐声诵法供佛。
ထိုအခါ၌ ထိုအမျိုးသမီး၏ သန္တာန်ဝယ် ဤသို့ အကြံဖြစ်၏ --- ''အကြင်သူတို့သည် ကျောင်းတိုက်သို့သွား၍ ဤသို့သဘောရှိသော စေတီရင်ပြင်တော်၌ လှည့်လည် ဖူးမြော်ခွင့်ကိုလည်းကောင်း၊ ဤသို့သဘောရှိသော ချိုမြိန် ကောင်းမြတ်သော အရသာနှင့် တူသော တရားစကားတော်ကို နာကြားခွင့်ကိုလည်းကောင်း ရရှိကြကုန်၏၊ ဤ ကဲ့သို့သော မွန်မြတ်သော အခွင့်ထူးကြီးကို ရရှိကြကုန်သော ဤလူသားတို့သည် ဘုန်းကံရှိကြပါပေကုန်စွ'' ဤသို့ သော စိတ်အကြံသည် ဖြစ်ပေါ်လာ၏။
这时,她心中想到:‘那些人能够前往寺院,在这样的塔院中绕行礼拜,又能听闻如甘美妙味一般的法语;得到如此殊胜机会的人们,真是有福!’
ထိုအခါ ပုလဲအစုအပုံကြီးနှင့် တူသော စေတီတော်မြတ်ကြီးကို လှမ်း၍ ဖူးမြော်စဥ်မှာပင်လျှင် အထက်သို့ ပျံတက်နိုင်သော စွမ်းဟုန်ရှိသော ဥဗ္ဗေဂါပီတိသည် ထင်ရှားဖြစ်ပေါ်ခဲ့လေပြီ။ ထိုအမျိုးသမီးသည် ကောင်းကင်၌ ပျံတက်၍ မိဘတို့၏ ရှေးဦးစွာပင်လျှင် ကောင်းကင်ခရီးမှ စေတီရင်ပြင်တော်၌ သက်ဆင်း၍ စေတီတော်ကို ရှိခိုး၍ တရားတော်ကို နာကြားလျက် ရပ်တည်နေလေ၏။ (မိဘတို့က တောင်ပေါ်ကျောင်းသို့ တက်နေရသော ကြောင့် နောက်ကျနေ၏။)
就在她远望那犹如一大堆珍珠的庄严佛塔时,具有令身上举、飞升之力的踊跃喜鲜明地生起了。她飞上天空,赶在父母以前从空中降落到塔院,礼敬佛塔,站在那里听法。〔父母步行上山,所以到得较迟。〕
原书第 339 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း အမျိုးသမီးငယ် တောင်ပေါ်သို့ ရောက်ရှိပြီးနောက် မိဘတို့ တောင်ပေါ်သို့ ဆိုက်ရောက်လာသောအခါ ထိုအမျိုးသမီးကို မိဘတို့က လာမေးကြ၏ -- ''ချစ်သမီး …သင်သည် အဘယ်လမ်းဖြင့် လာသနည်း၊'' -- ဟု မေးကြ၏။
——女子到山上以后,父母随后抵达,便问她:‘爱女,你是从哪条路来的?’
''ကောင်းကင်ခရီးဖြင့် လာခဲ့ပါ၏၊ သွားရိုးမြေလမ်းဖြင့် လာခဲ့သည် မဟုတ်ပါ''ဟု အဖြေပေးလိုက်၏။
她回答:‘我是从空中来的,不是沿寻常陆路来的。’
''ချစ်သမီး …ကောင်းကင်ခရီးဖြင့် သွားလာခြင်းမည်သည်ကို ရဟန္တာပုဂ္ဂိုလ်တို့သာ လှည့်လည်တော် မူကြကုန်၏၊ သင်သည် ဘယ်ပုံဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ရောက်ရှိလာပါသနည်း'' --- ဟု မေးမြန်းကြ၏။
父母又问:‘爱女,只有阿罗汉才能在空中行走。你究竟怎样、用什么方法来到这里?’
''ကျွန်တော်မ၏ (ကျွန်တော်မသည်) လရောင်အောက်တွင် တင့်တယ်စမ္ပာယ်စွာ တည်နေတော်မူသော စေတီတော်ကို ဖူးမြော်လျက် ရပ်တည်နေလတ်သော် ဘုရားဂုဏ်လျှင် အာရုံရှိသော အလွန်အားကောင်းသော အလွန် အင်အားပြည့်ဝစုံညီလျက် ရှိသော ပီတိသည် တဖွားဖွား ဖြစ်ပေါ်လာ၏၊ ထိုအခါ၌ ကျွန်တော်မသည် မိမိ၏ မတ်မတ်ရပ်လျက် ရပ်တည်နေမှန်းကိုပင် မသိလိုက်ပါ၊ ထိုင်နေမှန်းကိုပင် မသိလိုက်ပါ၊ စင်စစ်မှာမူ ယူထား အပ်ပြီးသော ဘုရားဂုဏ်တော် အာရုံဖြင့်သာလျှင် ကောင်းကင်သို့ ပျံတက်၍ စေတီတော်မြတ်၏ ရင်ပြင်တော် ပေါ်၌ ရပ်တည်လာပါ၏''ဟု ပြောပြ၏။
她说:‘我站在家门口,瞻仰月光下庄严耸立的佛塔时,以佛德为所缘、力量极其强盛圆满的喜接连生起。那时,我甚至没有觉察自己是在站着还是坐着;事实上,我只取佛德为所缘,便飞上天空,来到这座庄严佛塔的塔院。’
ဤသို့လျှင် ဥဗ္ဗေဂါပီတိသည် ကောင်းကင်၌ ပျံတက်စေခြင်းတည်းဟူသော အတိုင်းအရှည် ပမာဏ ရှိပေ သည်။ (အဘိ-ဋ္ဌ-၁-၁၅၉-၁၆ဝ။) ဖရဏာပီတိ --- ဖရဏာပီတိကား ဥဗ္ဗေဂါပီတိထက် ကြာရှည်စွာ တစ်ကိုယ်လုံး၌ မွန်မြတ်သော ပဏီတ စိတ္တဇရုပ်တို့ကို ပျံ့နှံ့စိမ့်ဝင်စေသော ပီတိ ဖြစ်၏၊ ဤဖရဏာပီတိသည် ဖြစ်ပေါ်လာလတ်သော် ယင်းပီတိ ကိန်းဝပ် ရာ ခန္ဓာကိုယ် တစ်ကိုယ်လုံးသည် လေဖြင့်မှုတ်၍ ပြည့်စေအပ်သော စည်ပေါင်းကဲ့သို့လည်းကောင်း၊ ကြီးစွာသော တောင်ကျချောင်းရေအလျဥ်သည် ပြေးဝင် စီးဝင်အပ်သော တောင်ဝှမ်းကဲ့သို့လည်းကောင်း အစဥ်မပြတ် ထက်- ဝန်းကျင်မှ တွေ့နှံ့အပ်၏ = ထိုပီတိနှင့်ယှဥ်သော စိတ်ကြောင့် ဖြစ်သော ပဏီတ စိတ္တဇရုပ်တို့သည် တစ်ကိုယ် လုံး၌ အစဥ်မပြတ် ထက်ဝန်းကျင် အနှံ့အပြား တွေ့ထိနေ၏။ (အဘိ-ဋ္ဌ-၁-၁၆ဝ။) ခုဒ္ဒိကာပီတိကား လျင်လျင်မြန်မြန် ကြက်သီးမွေးညင်းထခြင်းကို ပြု၍ ပျက်ခဲ့သော် တစ်ဖန် ပြန်မပေါ်-
由此可见,踊跃喜能强盛到令人腾空飞起的程度。(《殊胜义注》1-159—160。)遍满喜(pharaṇā-pīti)——遍满喜比踊跃喜持续更久,以殊胜心生色渗透、遍满全身。它生起时,喜所依的整个身体,犹如充满空气的皮囊,又如急泻山洪灌满的山谷,从周身各处持续受到渗透、遍满。也就是说,由与遍满喜相应的心所生的殊胜心生色,持续触及、遍布全身。(《殊胜义注》1-160。)小喜迅速令汗毛竖起,坏灭以后便不再——
လာတော့ပေ။ တစ်ကြိမ်တစ်ခါလောက်သာ ဖြစ်တတ်သော ပီတိတည်း။ ခဏိကာပီတိကား အကြိမ်များစွာ ဖြစ်တတ်၏။ ဥဗ္ဗေဂါပီတိထက် ဖရဏာပီတိသည် ပို၍ ငြိမ်သက်ရကား တုန်လှုပ်မှု မရှိသောကြောင့်လည်းကောင်း၊ ကြာမြင့်စွာတည်ခြင်းသဘော ရှိသောကြောင့်လည်းကောင်း သာ၍ မွန်မြတ်၏ = ပဏီတ တရ ဖြစ်၏။
——生起,只是偶尔一次生起的喜;刹那喜则能多次生起。遍满喜比踊跃喜更为寂静,没有震动,又能长久持续,所以更加殊胜。
ထို (၅)မျိုးသော ပီတိသည် ကိုယ်ဝန်ကို ယူလတ်သော် = ကိုယ်ဝန် တည်လတ်သော် ရင့်ကျက်ခြင်းသို့ ရောက်လတ်သော် ကာယပဿဒ္ဓိ = စေတသိက်တို့၏ ငြိမ်းအေးခြင်း၊ စိတ္တပဿဒ္ဓိ = စိတ်၏ ငြိမ်းအေးခြင်း ဟူ သော နှစ်မျိုးသော ပဿဒ္ဓိကို ပြည့်စုံစေ၏၊ (ပီတိသည် ရင့်ကျက်လာလျှင် ကာယပဿဒ္ဓိ စိတ္တပဿဒ္ဓိ ဖြစ်သော ကြောင့် ထိုပဿဒ္ဓိ ဖြစ်ဖို့ရန် ရင့်ကျက်နေသည်ကိုပင် ပီတိက ပဿဒ္ဓိဟူသော သားကို မွေးဖွားရန် ကိုယ်ဝန်ကို ယူသည်ဟု ဆိုသည်။) ပဿဒ္ဓိသည် ကိုယ်ဝန်ကို ယူလတ်သော် ရင့်ကျက်ခြင်းသို့ ရောက်လတ်သော် ကာယိကသုခ စေတသိကသုခဟု နှစ်မျိုးပြားသော ချမ်းသာသုခကို ပြည့်စုံစေ၏။ သုခသည် ကိုယ်ဝန်ကို ယူလတ်သော် ရင့်ကျက်- ခြင်းသို့ ရောက်လတ်သော် ခဏိကသမာဓိ ဥပစာရသမာဓိ အပ္ပနာသမာဓိဟု (၃)မျိုးပြားသော သမာဓိကို ပြည့်စုံ စေတတ်၏။ (ဝိသုဒ္ဓိ-၁-၁၃၉-၁၄ဝ။ အဘိ-ဋ္ဌ-၁-၁၅၉-၁၆ဝ။)
这五种喜以轻安为胎,渐至成熟时,便圆满身轻安——诸心所的寂静——与心轻安——心的寂静——这两种轻安。〔喜成熟以后产生身轻安与心轻安,所以把喜趋于成熟譬喻为怀着名为‘轻安’的孩子。〕轻安又以乐为胎,渐至成熟时,便圆满身乐与心乐这两种乐;乐再以定为胎,渐至成熟时,便圆满刹那定、近行定与安止定这三种定。(《清净道论》1-139—140;《殊胜义注》1-159—160。)
原书第 340 页
ပီတိနှင့်သုခ
喜与乐
ပီဏနရသာတိ ပရိဗြူဟနရသာ။ ဖရဏရသာတိ ပဏီတရူပေဟိ ကာယဿ ဗျာပနရသာ။
‘所谓使之饱满的作用,就是令之增盛的作用;所谓遍满的作用,就是以殊胜色法遍满其身的作用。’
(မဟာဋီ-၁-၁၆၈။)
(《大复注》1-168。)
ပီတိသည် ကိုယ်စိတ်နှစ်ပါးကို နှစ်သက်ပြည့်ဖြိုး ပွားတိုးစေခြင်းကိစ္စ = မွန်မြတ်သော စိတ္တဇရုပ်တို့ဖြင့် တစ်ကိုယ်လုံးကို ပျံ့နှံ့စေခြင်းကိစ္စ ရှိရကား ပီတိ ဖြစ်သည့်အခါ ပွင့်လန်းသော ပဒုမ္မာကြာပန်းကဲ့သို့ စိတ်ဓာတ် သည်လည်း ပွင့်လန်း တိုးပွားလာ၏၊ ပီတိနှင့်ယှဥ်သော ရွှင်လန်းသော စိတ်ဓာတ်ကြောင့် စိတ္တဇရုပ်များသည် တစ်ကိုယ်လုံး အနှံ့အပြား ဖြစ်ပေါ်လျက်ရှိ၏၊ မွန်မြတ်သော ပဏီတ စိတ္တဇရုပ်များတည်း။ ယင်း ပဏီတ စိတ္တဇ ရုပ်တို့၏ တစ်ကိုယ်လုံး၌ အနှံ့အပြား ဖြစ်နေမှုကိုပင် --- အကျိုး စိတ္တဇရုပ်တို့၏ ပျံ့နှံ့မှုကို အကြောင်း ပီတိ အပေါ်၌ (ပီတိနှင့်ယှဥ်သော စိတ်အပေါ်၌) တင်စား၍ ဖလူပစာရအားဖြင့် ပီတိသည် တစ်ကိုယ်လုံး၌ ပျံ့နှံ့သည် စိ့မ်ဝင်သည်ဟု ဆိုသည်။ ယင်းသို့ ပီတိသည် တစ်ကိုယ်လုံးသို့ ပျံ့နှံ့ စိမ့်ဝင်နေသဖြင့် ခန္ဓာကိုယ် တစ်ကိုယ်လုံး သည် မွန်မြတ်သော ပဏီတ စိတ္တဇရုပ်တို့ဖြင့် စည်ပင် တိုးပွား၍ နေလေသည်ဟု ဆိုရပေသည်။ (ပီတိကား
喜具有使身心愉悦、充盈、增长的作用,也就是以殊胜心生色遍满全身的作用。因此,喜生起时,心也如盛开的红莲一般欣悦舒展;由与喜相应的欢悦心产生的殊胜心生色遍布全身。把这些结果——殊胜心生色遍满全身——借称到原因——喜,或与喜相应的心——之上,便依果的借称说喜渗透、遍满全身。由于喜这样渗透全身,整个身体便由殊胜心生色充实、增盛。〔应当注意,喜这种法只能依心所依处色而生。〕——
ဟဒယဝတ္ထုရုပ်ကိုသာ မှီ၍ ဖြစ်နိုင်သော တရားဖြစ်သည်ကို သတိပြုပါ။) စေတသိကသုခ အမည်ရသော သုခဝေဒနာကား --- မိမိကိန်းရာ သတ္တဝါနှင့် သမ္ပယုတ်တရားတို့ကို အာရုံကို သာယာစေတတ်သော သဘောလက္ခဏာ ရှိ၍ --- သမ္ပယုတ်တရားတို့ကို တိုးပွားစေခြင်းကိစ္စ၊ သမ္ပယုတ် တရားတို့ကို ချီးမြှောက်ခြင်း ပစ္စုပဋ္ဌာန် ရှိပေသည်။
——称为心乐(cetasika-sukha)的乐受,以令具乐者及相应诸法愉悦于所缘为特相;以令相应诸法增长为作用;以扶持相应诸法为现起。
ထိုပီတိနှင့် သုခတို့၏ အချို့သောစိတ်၌ မကွေမကွာယှဥ်ခြင်း ရှိပါသော်လည်း ဣဋ္ဌာရုံကို ရရှိခြင်းကြောင့် နှစ်သက်ခြင်း သဘောတရားကား ပီတိတည်း။ ရအပ်ပြီးသော ထိုဣဋ္ဌာရုံ၏ အရသာကို ခံစားခြင်းသဘောကား သုခတည်း။ အကြင်စိတ်၌ ပီတိ ရှိ၏၊ ထိုစိတ်၌ သုခလည်း ရှိ၏၊ အကြင်စိတ်၌ သုခ ရှိ၏၊ ထိုစိတ်၌ မြဲသောအားဖြင့် ပီတိသည် မရှိတတ်ပေ။ ပီတိကို သင်္ခါရက္ခန္ဓာဖြင့် သိမ်းယူ ရေတွက်အပ်၏။ သုခကို ဝေဒနာက္ခန္ဓာဖြင့် သိမ်းယူ ရေတွက်အပ်၏။ ကန္တာရခရီးခဲ၌ ပင်ပန်း နွမ်းနယ်နေသူ၏ တောအုပ်ကြီးနှင့် ရေရှိရာ ဇာတဿရအိုင်ကြီး အကြောင်းကို ကြားရခြင်း မြင်ရခြင်းတို့၌ နှစ်သက်ကျေနပ်မှု ရရှိခြင်းကား ပီတိတည်း။ တောရိပ်သို့ ဝင်ရခြင်း ရေကို သုံးဆောင်ရခြင်းတို့၌ နှစ်သက်ကျေနပ်မှု ရရှိခြင်းကား ပီတိတည်း။ တောရိပ်သို့ ဝင်ရခြင်း ရေကို သုံးဆောင် ရခြင်းတို့၌ ရရှိသော ချမ်းသာမှုကား သုခတည်း။ (အဘိ-ဋ္ဌ-၁-၁၆ဝ။)
喜与乐虽然在有些心中不相分离、相应而生,但因获得可意所缘而产生喜爱,就是喜;体验已经获得的可意所缘之味,就是乐。凡有喜的心必定有乐,但有乐的心未必总有喜。喜归入行蕴,乐归入受蕴。疲惫的荒漠旅人听说或看见有大森林和天然湖泊时生起的欢喜,是喜;进入林荫、饮用湖水时产生的喜爱与满足,也是喜;而进入林荫、饮用湖水时实际体验到的安乐,则是乐。(《殊胜义注》1-160。)
ပစ္စုပဋ္ဌာန် --- လက္ခဏ ရသတို့ကား ထင်ရှားသိသာပြီ။ သမထ ဝိပဿနာ ဘာဝနာလုပ်ငန်းရပ်တို့ကို ကြိုးစားအားထုတ်ရာ၌ မရဖူးသေးသော သမာဓိများကို ရရှိလာသောအခါ၊ မရဖူးသေးသော ဝိပဿနာဉာဏ်များ ကို ရရှိလာသောအခါ မသိဖူးသေးသော တရားများကို သိရှိခွင့် ရလာသောအခါ နှစ်သက်ရွှင်မျှို့ ပီတိဆို့နေတတ်၏။
现起——喜的特相与作用已经清楚。修习止观时,获得以往未曾获得的定、获得以往未曾获得的观智、得以了知从前未知的法,禅修者便会欢喜振奋,充满喜悦。
မျက်ရည်များ ကျလာတတ်၏၊ ဝမ်းသာသောမျက်ရည် ကြည်နူးသောမျက်ရည် နှစ်သက်သောမျက်ရည်များတည်း။
有时眼泪会流下来;那是欢喜、欣悦、喜爱之泪。
ကိုယ်ပြုံးစိတ်ပြုံး ဤနှစ်ပြုံးဖြင့် တပြုံးပြုံး တရွှင်ရွှင် ဖြစ်ကာ ဘာဝနာလုပ်ငန်းရပ်၌ ကိုယ်ရောစိတ်ပါ အလွန် တက်တက်ကြွကြွ ဖြစ်နေတတ်၏၊ ယင်းသို့ဖြစ်မှုမှာ ပီတိကြောင့် ဖြစ်ပေါ်လာရသဖြင့် ဤအခါမျိုးတွင် ပီတိ၏ သြဒဂျပစ္စုပဋ္ဌာန် = ကိုယ်စိတ်တို့ကို ရွှင်လန်းတက်ကြွစေတတ်သော သဘောတရားများသည် ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင် အလွန် ပေါ်လွင်ထင်ရှားလျက် ရှိပေသည်။
身心都像在微笑,整个人欢欣愉悦,在禅修工作中身心异常振奋活跃。由于这种状态由喜产生,此时喜的踊跃现起——即能使身心欢悦振奋之法——便极其鲜明地显现于瑜伽行者之智。
ပဒဋ္ဌာန် --- ပဒဋ္ဌာန်ကို အဋ္ဌကထာများ၌ သီးသန့် ဖော်ပြထားမှု မရှိပေ။ သို့အတွက် အာရမ္မဏ ပဒဋ္ဌာနံ- ဟု အာရုံကိုပင် ပဒဋ္ဌာန်အဖြစ် ထည့်သွင်း ဖော်ပြထားပါသည်။ တစ်နည်းဆိုရသော် --- (၁) ဝတ္ထု၊ (၂) အာရုံ၊ (၃) ဖဿ ဦးဆောင်သည့် သမ္ပယုတ်တရားများသည်ပင် ပဒဋ္ဌာန် ဖြစ်သည်။
近因——诸义注并没有另行说明喜的近因,因此这里列‘以所缘为近因’,把所缘本身作为近因。换一种说法,依处、所缘及以触为首的相应诸法,都是喜的近因。
原书第 341 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း ကျန်းမာရေး ပညာရေး စီးပွားရေးများ၌ ဖြစ်စေ၊ ဒါန သီလသမထ ဝိပဿနာဘာဝနာရေးများ၌ ဖြစ်စေ ဝီရိယသန်သန်ဖြင့် မှန်မှန်ကြီး ကြိုးစားသူတို့သည် တစ်နေ့နေ့၌ မိမိရည်ရွယ်သလောက် ပေါက်ရောက် အောင်မြင် သော အကျိုးတရားကို ရရှိသွားကြ၏၊ ထိုအခါ မိမိ၏ ဆောင်ရွက်ခဲ့သော လုပ်ငန်းရပ်များကို ကြည့်၍ ပီတိ ဖြစ်နေတတ်လေသည်။
无论在健康、教育、事业方面,还是在布施、持戒、止禅与观禅方面,以强劲精进持续努力的人,总有一天会如愿获得成功的成果;那时,他看着自己完成的事业,便会生起喜。
ဘုရားရှင်ကိုယ်တော်မြတ်သည်ပင် မဟာဗောဓိပလဒင်တော်မှ ထတော်မူပြီးနောက် ကိလေသာအားလုံးကို သတ်ဖြတ်၍ ဘုရားဖြစ်တော်မူရာ မဟာဗောဓိမဏ္ဍိုင်အရပ်ကို ကျေနပ်သော လက္ခဏာ လွန်စွာ နှစ်သက်သော ပီတိဖြင့် (၇)ရက်ပတ်လုံး မမှိတ်သော မျက်လုံးတော်ဖြင့် ကြည့်ရှုတော်မူခဲ့ဖူးလေသည်။
即使佛陀本人,从大菩提宝座起身以后,也曾以满意、极为欢喜的喜,连续七日不瞬目地瞻视那摧毁一切烦恼、成就佛果的大菩提道场。
တရားဘာဝနာကို လေ့လာလိုက်စားသူ ယောဂီသူတော်စင်တို့သည်လည်း တရားကို သဘောကျ၍ အောင် မြင်မှုကို ရရှိလာသောအခါ ထိုင်ရာမှ မထချင်အောင် ပီတိက ဆွဲဆောင်ထားတတ်လေသည်။ ဤသို့လျှင် ဝီရိယရှင် တို့၌ မြင့်မြတ်သော ပီတိများသည်လည်း များစွာ ဖြစ်ထွန်း ပေါ်ပေါက်၍လာတတ်ပေသည်။
精勤学习、修习佛法的贤善瑜伽行者,在欣悦于法、获得修习成就时,也常被喜吸引得不愿从座位起身。由此可见,强力精进的人也会生起许多殊胜的喜。
အဖိုးတန်သော ပီတိ တစ်မျိုး --- သူတော်ကောင်းတစ်ဦးသည် ဘဝတစ်လျှောက်တွင် မိမိ ပြုစုပျိုးထောင်မိ ခဲ့သော ဒါန သီလ သမထ ဝိပဿနာ ဘာဝနာကုသိုလ်တို့တွင် တစ်ခုခုသော ကုသိုလ်ကို သေခါနီး မရဏာသန္န အခါဝယ် ပြန်လည်၍ ဆင်ခြင်နိုင်၏ အမှတ်ရနိုင်၏ အောက်မေ့နိုင်၏ အာရုံယူနိုင်၏။ ထိုသို့ အာရုံယူနိုင်သဖြင့် အောင်အောင်မြင်မြင် ပြုစုပျိုးထောင်ခဲ့သော မိမိ၏ ကောင်းမှုကုသိုလ်ကို အာရုံပြု၍ နှစ်သက် ဝမ်းမြောက်မှု ပီတိပန်းများ ပွင့်လန်းဝေဆာလျက် ဘဝကို အဆုံးသတ်နိုင်ခဲ့လျှင်ကား သံသရာခရီးကို အဆုံးမသတ်နိုင်သေးသည့် သူတော်ကောင်းများအဖို့ ထိုပီတိမှာ တန်ဖိုးမဖြတ်နိုင်သော တရားပင် ဖြစ်သည်။
一种珍贵的喜——贤善者一生中曾经培育布施、持戒、止禅、观禅等善业;临终之际,如果能够省察、忆念、追忆其中一项善业,并取它为所缘,便能缘于自己成功培育的善业,使喜爱、欢悦的喜之花盛放而结束此生。对于尚未走完轮回旅程的贤善者,这种喜是无价之法。
ဤသာသနာတော်တွင် (၅)နှစ်သားအရွယ်၌ ရဟန္တာအဖြစ်သို့ ရောက်ရှိသွားတော်မူသော ပဉ္စသီလသမာ- ဒါနိယမထေရ်အလောင်း သူတော်ကောင်းသည် လွန်ခဲ့သော တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်က ပွင့်ထွန်း ပေါ်ပေါက်တော်မူခဲ့သော အနောမဒဿီဘုရားရှင်၏ သာသနာတော်မြတ်အတွင်း၌ အနှစ်တစ်သိန်းတို့ ကာလ ပတ်လုံး ငါးပါးသီလကို မကျိုးမပေါက် မပြောက်မကျားအောင် ထိန်းသိမ်း စောင့်ရှောက်ခဲ့၏။ သေခါနီးကာလဝယ် အနှစ်တစ်သိန်းတို့ ကာလပတ်လုံး ထိန်းသိမ်းစောင့်ရှောက်ခဲ့သော မိမိ၏သီလကို ပြန်လည် ဆင်ခြင်လိုက်သောအခါ တစ်ကြိမ်တစ်ခါမျှသော်လည်း ထိုသီလ၏ ကျိုးမှု ပေါက်မှု ပြောက်မှု ကျားမှုကို မတွေ့ရှိရသဖြင့် အလွန် အားရ ရွှင်လန်းသည့် ပီတိပန်းများသည် ပွင့်လန်းလျက် လာရှိပေ၏။ ပီတိ ပြဓာန်းသည့် သီလကို အာရုံပြုနေသည့် ကုသိုလ်ဇောများက မရဏာသန္နဇော၏ နေရာကို အရယူသွားနိုင်ခဲ့၏။ နတ်ရွာသုဂတိသို့ ရောက်ရှိသွား၏။ ထို
在此佛教中,五岁便证得阿罗汉的五戒受持长老,其前身贤善者在一阿僧祇与十万劫以前出现于世的无比见佛时代,曾连续十万年守护五戒,使之不破、不穿、不斑、不杂。临终时,他省察自己十万年来守护的戒,发现它一次也不曾破损或染污,于是心满意足,欢悦的喜之花盛放。以戒为所缘、由喜主导的善速行,得以占据临死速行的位置,他便投生天界善趣。由于这项——
သီလကုသိုလ်ကြောင့် တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး အပါယ်လေးဘုံသို့ တစ်ကြိမ်တစ်ခါမျှ သော်လည်း မလားမရောက်ရဘဲ လြူ့ပည် နတ်ပြည်တို့၌သာ စုန်ဆန် ကျင်လည်ခဲ့ရ၏။ သံသရာတစ်လျှောက်၌ ဘဝတိုင်း ဘဝတိုင်းဝယ် ရုပ်အဆင်း လှပတင့်တယ်သူ၊ စည်းစိမ်ဥစ္စာ ကြွယ်ဝချမ်းသာသူ၊ ပညာဉာဏ်ကြီးမားသူသာ ဖြစ်ခဲ့ရ၏။ လူသားတိုင်း သတ္တဝါတိုင်း လိုလားတောင့်တသော အရာများပင် ဖြစ်ကြ၏။ သံသရာခရီး၌ ကျင်လည် နေရသော အသင်သူတော်ကောင်းသည်လည်း ဤကဲ့သို့ မွန်မြတ်သော အကျိုးထူးများကို ပေးနိုင်သည့် စွမ်းအင် အပြည့်အဝ ရှိသော ဤကဲ့သို့သော သီလကို အဘယ်ကြောင့် မကျိုးမပေါက် မပြောက်မကျားအောင် မထိန်းသိမ်း မစောင့်ရှောက်ဘဲ နေထိုက်ပါအံ့နည်း။ (အပဒါန်-၁-၈၄။)
——戒善业,在一阿僧祇与十万劫之间,他一次也不曾堕入四恶趣,只在人界与天界往返流转。轮回中的每一生,他都容貌庄严、财富丰饶、智慧广大;这些正是所有人、所有有情所向往的事。仍在轮回旅程中的贤善者啊,这样的戒具有圆满力量,能够带来如此殊胜的果报;你又怎能不守护它,使它不破、不穿、不斑、不杂呢?(《譬喻经》1-84。)
原书第 342 页
၆။ ဆန္ဒ
六、欲
ဆန္ဒောတိ ကတ္တုကာမတာယေတံ အဓိဝစနံ၊ တသ္မာ သော --- ၁။ ကတ္တုကာမတာလက္ခဏော ဆန္ဒော၊ (ကတ္တုကမျတာလက္ခဏော ဆန္ဒော။) ၂။ အာရမ္မဏပရိယေသနရသော၊ ၃။ အာရမ္မဏေန အတ္ထိကတာပစ္စုပဋ္ဌာနော၊ ၄။ တဒေဝဿ ပဒဋ္ဌာနံ။ (အဘိ-ဋ္ဌ-၁-၁၇၆-၁၇၇။ ဝိသုဒ္ဓိ-၂-၉၆။) ဤ ဆန္ဒဟူသည် အာရုံကို ပြုခြင်းငှာ = ပြုလုပ်ခြင်းငှာ အလိုရှိသူ၏ အဖြစ်၏ အမည်တည်း။ အာရုံ တစ်ခုခုကို ပြုလိုခြင်း ရယူလိုခြင်း သဘောသည် ဆန္ဒတည်း။
所谓欲(chanda),是欲作性的名称。因此,欲一、以欲作性为特相;二、以寻求所缘为作用;三、以需要所缘为现起;四、即以该所缘为近因。(《殊胜义注》1-176—177;《清净道论》2-96。)这里的‘欲’,就是想对所缘有所作为、取得某一所缘的性质。
၁။ အာရုံကို ပြုလုပ်ခြင်းငှာ အလိုရှိသူ၏ အဖြစ်ဟူသော သဘော = အာရုံကို ပြုလုပ်လိုခြင်း သဘော (လိုလားတောင့်တခြင်း သဘော) လက္ခဏ၊ ၂။ အာရုံကို ရှာမှီးခြင်း (ကိစ္စ) ရသ၊ ၃။ အာရုံကို အလိုရှိသော သဘောတရား = အာရုံကို လိုလားတောင့်တမှု သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ ထို အလိုရှိအပ်သော အာရုံ ပဒဋ္ဌာန်။
欲的四法如下:第一,以欲对所缘有所作为——即想对所缘有所作为、欲求所缘——为特相。第二,以寻求所缘为作用。第三,以需要所缘、欲求所缘之法为现起。第四,以所欲求的所缘为近因。
လက္ခဏ --- ဆန္ဒနံ ဆန္ဒော၊ အာရမ္မဏေန အတ္ထိကတာ။ (မဟာဋီ-၂-၁၄၆။) ဆန္ဒော ကာမော --- (အဘိ-၂-၂၆၆။) စသော ပါဠိတော်တို့၌ တဏှာကို ဆန္ဒဟု ဘုရားရှင်သည် ဟောကြား ထားတော်မူ၏။ ။ဆန္ဒံ ဇနေတိ ဝါယမတိ --- (အဘိ-၂-၂၅၅။) စသော ပါဠိတော်တို့၌ ဝီရိယကိုလည်း ဆန္ဒဟု ဘုရားရှင်သည် ဟောကြားထားတော်မူ၏။ ထိုတဏှာနှင့် ဝီရိယကို နစ်စေလို၍ --- ကတ္တုကာမတာ ယေတံ အဓိဝစနံ = အာရုံကို ပြုလုပ်လိုမှု သဘော အာရုံကို လိုလားတောင့်တမှု သဘောသည် ဆန္ဒ မည်ပေသည်ဟု အဋ္ဌကထာဆရာတော်က ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်၏။ ကတ္တုကာမတာ --- ဟူသည် အာရုံကို ပြုခြင်းငှာ အလို ရှိမှု သဘော = ကရဏိစ္ဆာကို ဆိုလို၏။ ထို ကရဏိစ္ဆာကိုလည်း မဟာဋီကာဆရာတော်က အောက်ပါအတိုင်း ဆက်လက်၍ ရှင်းပြထားတော်မူ၏။
特相——‘欲求,故为欲;即需要所缘。’(《大复注》2-146。)在‘欲与贪……’(《法集论》2-266)等圣典中,世尊也以‘欲’称爱;在‘令欲生起而努力……’(《法集论》2-255)等圣典中,世尊也以‘欲’称精进。为了排除这里所说的是爱或精进,义注师解释:‘这是欲作性的名称’,也就是欲对所缘有所作为、欲求所缘的性质,才名为欲。所谓欲作性,就是欲对所缘有所作为的性质,即欲作(karaṇicchā)。《大复注》又对这种欲作作了如下说明。
စေတသိကဿ စ ဓမ္မဿ သာရမ္မဏတ္တာ ကရဏိစ္ဆာ နာမ အာလမ္ဗနဿ အာလမ္ဗိတုကာမတာ မုခေနေဝ- ဟောတီတိ အာရမ္မဏကရဏိစ္ဆာ လက္ခဏော ဆန္ဒော ကတ္တုကာမတာလက္ခဏော ဝုတ္တော။ (မဟာဋီ-၂-၁၄၆၊၊) မာတိကာပါဠိတော်ဝယ် ဘုရားရှင်သည် ပရမတ္ထဓာတ်သားတို့ကို သာရမ္မဏာဓမ္မာ အနာရမ္မဏာဓမ္မာဟု နှစ်စုခွဲ၍ ဟောကြားတော်မူခဲ့၏။ စိတ်စေတသိက်တရားစုတို့ကား အာရုံကို ယူတတ်သည့် သာရမ္မဏတရားစုတွင် ပါဝင်ကြ၏။ ဆန္ဒစေတသိက်သည်လည်း အာရုံကို ယူတတ်သည့် သာရမ္မဏတရားစုတွင် ပါဝင်သော စေတသိက် တစ်ခုပင် ဖြစ်၏။ ယင်း ဆန္ဒစေတသိက်သည် အာရုံကို ယူတတ်သည့် သာရမ္မဏဓမ္မ ဖြစ်ခြင်းကြောင့် အာရုံကို ပြုလုပ်လိုခြင်း ပြုလိုခြင်း ကရဏိစ္ဆာ မည်သည် အာရုံကို ဆွဲကိုင်ခြင်း အာရုံပြုခြင်းငှာ အလိုရှိသည်၏ အဖြစ်ကို ရှေ့သွားပြုသဖြင့်သာလျှင် ဖြစ်သော သဘောတရားတည်း။ ထိုကြောင့် အာရုံပြုလိုခြင်း လက္ခဏာရှိသော ဆန္ဒကို
‘由于心所法是有所缘法,所谓欲作,只能以欲攀取所缘为先导而生起。因此,说以欲对所缘有所作为为特相的欲,以欲作性为特相。’(《大复注》2-146。)在《论母》中,世尊把胜义法分为有所缘法与无所缘法两类。心与心所属于能取所缘的有所缘法;欲心所也是其中一种。由于欲心所是能取所缘的有所缘法,所谓欲对所缘有所作为的欲作,只有通过欲攀取、缘取所缘,才会——
ကတ္တုကာမတာ လက္ခဏ = အာရုံကို ပြုလုပ်လိုခြင်း လက္ခဏာရှိ၏ဟု ဆိုပေသည်။
——生起。因此说,欲以欲作性——想对所缘有所作为——为特相。
ကတ္တုကာမတာ --- ဝယ် ကတ္တု၌ ကရ-ဓာတ်သည် အလုံးစုံသော ဓာတ်၌ နှံ့ရကား ---
欲作性——‘欲作’一词中的‘作’,其动词根能够遍通一切动作,所以包括如下六种:——
原书第 343 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း ၁။ ရူပါရုံကို မြင်မှုကို ပြုလိုခြင်း = မြင်လိုခြင်း ၂။ သဒ္ဒါရုံကို ကြားမှုကို ပြုလိုခြင်း = ကြားလိုခြင်း ၃။ ဂန္ဓာရုံကို နမ်းရှူမှုကို ပြုလိုခြင်း = နမ်းရှူလိုခြင်း ၄။ ရသာရုံကို အရသာခံစားမှုကို ပြုလိုခြင်း = အရသာခံလိုခြင်း = စားလို ခဲလို သောက်လို လျက်လိုခြင်း ၅။ ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိမှုကို ပြုလိုခြင်း = တွေ့ထိလိုခြင်း ၆။ ဓမ္မာရုံကို သိမှုကို ပြုလိုခြင်း = သိလိုခြင်း ဤသို့ အာရုံ (၆)ပါးလုံးကို ပြုလုပ်လိုခြင်း အာရုံပြုလိုခြင်းသည် ဆန္ဒ၏ သဘောလက္ခဏာတည်း။ သို့သော် ဆန္ဒ၏ အာရုံကို ပြုလုပ်လိုခြင်း အာရုံပြုလိုခြင်း သဘောသည် လောဘ၏ အာရုံကို လိုချင်ပုံကဲ့သို့ သာယာငြိကပ် တပ်မက်ခြင်း သဘောမျိုး မဟုတ်ပေ။ လောဘနှင့် ဆန္ဒတို့သည် သဘောတရားချင်း ကွာဟသော်လည်း အတူ ယှဥ်တွဲ၍ စိတ္တက္ခဏတစ်ခု၏ အတွင်း၌ ဖြစ်နိုင်ကြသည်သာ ဖြစ်၏။
——一、想对色所缘作‘见’,即想见;二、想对声所缘作‘闻’,即想听;三、想对香所缘作‘嗅’,即想嗅;四、想对味所缘作‘尝’,即想品味,也就是想吃、想咬、想喝、想舔;五、想对触所缘作‘触’,即想接触;六、想对法所缘作‘知’,即想知道。这样想对六种所缘有所作为、想取六所缘,就是欲的自性特相。然而,欲对所缘有所作为、欲取所缘的性质,并不像贪欲求所缘那样具有喜爱、黏著、贪取的性质。贪与欲的自性虽然不同,却可以在同一心刹那相应而生。
လောဘဖြစ်လောက်သည့် လောဘနေယျ အာရုံ ကာမဂုဏ်ကို အလိုရှိရာ၌ကား လောဘက ပြဓာန်း၍ လောဘသဘောသို့ ဆန္ဒက လိုက်လျောရပေသည်။ လောဘက အာရုံကို သာယာငြိကပ် တပ်မက်မှုသဘောဖြစ်၍ ဆန္ဒက ယင်းအာရုံကို အလိုရှိမှုသဘော = သာယာ ငြိကပ် တပ်မက်လိုမှုသဘောတည်း။
欲求能引生贪的可贪所缘、欲乐时,贪居于主导,欲便随顺贪的性质。贪是喜爱、黏著、贪取所缘的性质;欲则是想要该所缘,也就是想喜爱、黏著、贪取它的性质。
အလားတူပင် ဒေါသ စသည်နှင့် ယှဥ်တွဲရာ၌လည်း ဆန္ဒသည် ဒေါသ စသည့် သဘောသို့ လိုက်လျောရ ပေသည်။ ဒေါသက စိတ်ခက်ထန် ကြမ်းတမ်းမှုသဘော၊ ဆန္ဒက စိတ်ခက်ထန် ကြမ်းတမ်းလိုမှုသဘောတည်း။
同样,与嗔等法相应时,欲也随顺嗔等法的性质。嗔是心刚强粗暴的性质,欲则是想令心刚强粗暴的性质。
ဤသဘောတရားများကိုပင် နားလည်လွယ်အောင် အောက်ပါအတိုင်း မှတ်ပါ။
为了容易理解这些法,可以如下记忆。
လောဘနှင့် ယှဥ်တွဲဖြစ်သော ဆန္ဒကို လောဘ ဖြစ်လိုမှုသဘော၊ ဒိဋ္ဌိနှင့် ယှဥ်တွဲဖြစ်သော ဆန္ဒကို (လောဘ) ဒိဋ္ဌိ ဖြစ်လိုမှုသဘော၊ မာနနှင့် ယှဥ်တွဲဖြစ်သော ဆန္ဒကို (လောဘ) မာန ဖြစ်လိုမှုသဘော၊ ဒေါသနှင့် ယှဥ်တွဲဖြစ်သော ဆန္ဒကို ဒေါသ ဖြစ်လိုမှုသဘော၊ ဣဿာနှင့် ယှဥ်တွဲဖြစ်သော ဆန္ဒကို (ဒေါသ) ဣဿာ ဖြစ်လိုမှုသဘော၊ မစ္ဆရိယနှင့် ယှဥ်တွဲဖြစ်သော ဆန္ဒကို (ဒေါသ) မစ္ဆရိယ ဖြစ်လိုမှုသဘော၊ ကုက္ကုစ္စနှင့် ယှဥ်တွဲဖြစ်သော ဆန္ဒကို (ဒေါသ) ကုက္ကုစ္စ ဖြစ်လိုမှုသဘော၊ ဤသို့ စသည်ဖြင့် နာမ်ကမ္မဋ္ဌာန်းပိုင်း ရှုကွက်တွင် သဘောပေါက်ပါ။
与贪相应的欲,是欲令贪生起;与见相应的欲,是欲令〔贪与〕见生起;与慢相应的欲,是欲令〔贪与〕慢生起;与嗔相应的欲,是欲令嗔生起;与嫉相应的欲,是欲令〔嗔与〕嫉生起;与悭相应的欲,是欲令〔嗔与〕悭生起;与恶作相应的欲,是欲令〔嗔与〕恶作生起。在名业处的观法中,应如此类推理解。
အလားတူပင် အကောင်းအုပ်စုဘက်၌လည်း ဒါန သီလ စသည်တို့ကဲ့သို့သော သဒ္ဓါပြဓာန်းသော လုပ်ငန်း ရပ်တို့၌ သဒ္ဓါပြဓာန်းသော စိတ်အစဥ်တို့၌ သဒ္ဓါနှင့် ယှဥ်တွဲဖြစ်သော ဆန္ဒကို သဒ္ဓါ ဖြစ်လိုမှုသဘောဟုလည်း ကောင်း၊ သမာဓိထူထောင်သည့် အပိုင်းဝယ် သမာဓိပြဓာန်းသော စိတ်အစဥ်၌ သမာဓိနှင့် ယှဥ်တွဲဖြစ်သော ဆန္ဒကို သမာဓိ ဖြစ်လိုမှုသဘောဟုလည်းကောင်း၊ ပညာစခန်းဝယ် ပညာပြဓာန်းသော စိတ်အစဥ်၌ ပညာနှင့် ယှဥ်တွဲနေသော ဆန္ဒကို ပညာ ဖြစ်လိုမှုသဘောဟုလည်းကောင်း (= စက္ခုအကြည်ဓာတ်ကို ထွင်းဖောက်သိလိုမှု၊ ရုပ်တရားကို ထွင်းဖောက်သိလိုမှု၊ နာမ်တရားကို ထွင်းဖောက်သိလိုမှု၊ အကြောင်းတရား အကျိုးတရားတို့ကို ထွင်းဖောက်သိလိုမှု၊ အနိစ္စ ဒုက္ခ အနတ္တ သဘောတို့ကို ထွင်းဖောက်သိလိုမှု --- ဤသို့စသည့် ထိုးထိုးထွင်းထွင်း သိလိုမှု သဘောတရားများသည် ပညာနှင့် ယှဥ်တွဲနေသော ဆန္ဒ၏ သဘောများတည်း။) ဝီရိယနှင့် ယှဥ်တွဲနေသော
善法一方也是如此。在布施、持戒等以信为主导的事业与心相续中,与信相应的欲,是欲令信生起;在建立定、以定为主导的心相续中,与定相应的欲,是欲令定生起;在以慧为主导的心相续中,与慧相应的欲,是欲令慧生起——也就是想透彻了知眼净色、色法、名法、因法与果法,以及无常、苦、无我等自性。这些想要洞察诸法的性质,就是与慧相应之欲的性质。与精进相应的——
ဆန္ဒကို ဝီရိယ ဖြစ်လိုမှုသဘောဟုလည်းကောင်း ဤသို့စသည်ဖြင့်လည်း သဘောပေါက်ပါလေ။
——欲,则是欲令精进生起。其余也应如此理解。
原书第 344 页
ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် --- ဆန္ဒ၏ အာရုံကို ပြုလုပ်လိုခြင်း အာရုံကို ပြုလိုခြင်း သဘောလက္ခဏာ ရှိသောကြောင့်ပင်လျှင် ဆန္ဒသည် အာရုံကို ရှာမှီးခြင်း လုပ်ငန်းကိစ္စ၊ အာရုံကို လိုလားတောင့်တမှု ပစ္စုပဋ္ဌာန်လည်း ရှိရပေသည်။ အလိုရှိအပ်သော အာရုံသည်ပင် ဆန္ဒဖြစ်ဖို့ရန် အနီးစပ်ဆုံး အကြောင်းလည်း ဖြစ်ရပေသည်။
作用、现起与近因——正因为欲具有想对所缘有所作为、欲取所缘的自性特相,所以它以寻求所缘为作用,以需要、欲求所缘为现起;而所欲求的所缘本身,就是欲生起的最近之因。
လက်လှမ်းပုံ --- အာရမ္မဏဂ္ဂဟဏေ အယံ စေတသော ဟတ္ထပ္ပသာရဏံ ဝိယ ဒဋ္ဌဗ္ဗော။
伸手之喻——‘在取所缘时,应把这种欲看作犹如心伸出手来。’
(အဘိ-ဋ္ဌ-၁-၁၇၇။ ဝိသုဒ္ဓိ-၂-၉၆။)
(《殊胜义注》1-177;《清净道论》2-96。)
ဤ ဆန္ဒကို အာရုံကို ယူခြင်း၌ စိတ်၏ လက်ကို ဆန့်တန်းခြင်းနှင့် = လက်လှမ်းခြင်းနှင့် တူ၏ ဟူ၍ မှတ် သားပါ။ ဆန္ဒ၏ အာရုံကို လိုလားတောင့်တမှုသည် စိတ်၏ အာရုံဘက်သို့ လက်လှမ်းနေပုံနှင့် တူလှပေသည် ဟူလိုသည်။ ဤစကားကား ဆန္ဒ၏ လိုလားတောင့်တပုံ ထင်ရှားစေရန် စိတ်၏ လက်မရှိသော်လည်း ဆန္ဒကို စိတ်၏ လက်ကဲ့သို့ တင်စား၍ ပြောဆိုသော တဒ္ဓမ္မူပစာစကားတည်း။
应当把欲取所缘,看作心伸手、把手伸向所缘。意思是,欲对于所缘的需求与欲求,犹如心正向所缘伸手。心虽然没有手,为了使欲的欲求方式清楚显现,这里仍把欲譬喻成心的手;这是以同法作借称。
ဤ ဆန္ဒသဘောတရားသည်လည်း သတ္တဝါတို့၏ သန္တာန်၌ ဖြစ်ပေါ်လာသောအခါ အလွန်ထင်ရှား၏။
欲这种法在众生的相续中生起时,也非常明显。
ကလေးသူငယ် တစ်ဦးသည် ဖခင်၏လက်မှ မိခင်၏လက်သို့ လိုက်ချင်၍ လက်လှမ်း၏၊ ဤလိုက်ချင်မှုသည် ဆန္ဒတည်း။ ဟိုသွားချင်မှု သည်လာချင်မှု တစ်စုံတစ်ယောက်ကို တွေ့ချင်မှု မြင်ချင်မှု ကြားချင်မှု နာချင်မှု နမ်းချင်မှု စားချင်မှု ကိုင်ချင်မှု ထိချင်မှု တတ်သိနားလည်ချင်မှု အစုစုသည် ဆန္ဒချည်းတည်း။
幼儿想从父亲手中转到母亲手中,便向母亲伸手;这种想过去的心,就是欲。想去那里、想来这里、想见某人、想看、想听、想闻、想嗅、想吃、想拿、想触、想学习理解——这一切都是欲。
သွာယံ ကုသလေသု ဥပ္ပန္နော ကုသလစ္ဆန္ဒောတိ ဝုစ္စတိ ယောနိသောမနသိကာရသမုဋ္ဌာနတ္တာ။
‘这种欲在诸善法中生起时,因以如理作意为生起之因,称为善欲。’
(မဟာဋီ-၂-၁၄၆။)
(《大复注》2-146。)
ဒါန ပြုလိုမှု၊ လှူချင်မှု၊ သီလ ဆောက်တည်လိုမှု၊ သီလ ခိုင်မြဲချင်မှု၊ သမာဓိကို ပွားများလိုမှု၊ ခိုင်မြဲသော သမာဓိကို လိုချင်မှု၊ ဝိပဿနာကို ပွားများလိုမှု၊ ဝိပဿနာဉာဏ်ကို လိုချင်မှု၊ နိဗ္ဗာန်ကို မျက်မှောက်ပြုလိုမှု၊ နိဗ္ဗာန်ကို လိုချင်မှု၊ ဘုရား ဖြစ်ချင်မှု၊ ပစ္စေကဗုဒ္ဓါ ဖြစ်ချင်မှု၊ အဂ္ဂသာဝက မဟာသာဝက ပကတိသာဝက ဖြစ်ချင်မှု၊ ရှင်ဘုရင် ဖြစ်ချင်မှု၊ သူဌေး ဖြစ်ချင်မှု၊ နတ် ဖြစ်ချင်မှု၊ ဗြဟ္မာ ဖြစ်ချင်မှု၊ ရသေ့ရဟန်း ဖြစ်ချင်မှု --- ဤသို့စသော ကုသိုလ်ရချင်မှု မှန်သမျှသည်လည်း ကုသလစ္ဆန္ဒပင်တည်း။ အကြောင်းမူ ထိုကုသိုလ်ဆန္ဒ = ကုသလစ္ဆန္ဒတို့သည် ယောနိသောမနသိကာရလျှင် အကြောင်းရင်းရှိသောကြောင့် နည်းမှန် လမ်းမှန် နှလုံးသွင်းတတ်သော သူတော်- ကောင်းတို့၏ သန္တာန်၌သာ ဖြစ်နိုင်သောကြောင့်တည်း။
想行布施、想施舍、想受持戒、想令戒坚固、想修习定、想获得坚固定、想修观、想获得观智、想现证涅槃、想证得涅槃、想成佛、想成辟支佛、想成为上首弟子、大弟子或普通弟子,想成为国王、富者、天人、梵天或出家修行者——凡是这类想获得善法的欲,都是善欲。因为这些善欲以如理作意为根源,只能生起于懂得以正确方法作意的贤善者相续中。
တော်ရုံတန်ရုံ လိုချင်မှု၌ ဆန္ဒကား အားသေး၏ အားပျော့၏၊ မရမနေ လိုချင်မှု မဖြစ်မနေ လိုချင်မှုများ၌ ဆန္ဒကား အားကြီး၏၊ ခွန်အားကြီးမား၏။ ဤဆန္ဒကို အရင်းခံ၍ ဝီရိယသန်သန်ဖြင့် ပါရမီဖြည့်တော်မူသောကြောင့် နောက်ဆုံး၌ ဆန္ဒတော်အတိုင်း ဘုရား ဖြစ်တော်မူရ၏၊ ပစ္စေကဗုဒ္ဓါ ဖြစ်တော်မူရ၏၊ အဂ္ဂသာဝက ဖြစ်တော်မူရ၏၊ မဟာသာဝက ဖြစ်တော်မူရ၏၊ ပကတိသာဝက ဖြစ်တော်မူရ၏။ လူ ဖြစ်ရ၏၊ နတ် ဖြစ်ရ၏၊ ဗြဟ္မာ ဖြစ်ရ၏။
欲求平常之事时,欲的力量弱小;非得到不可、非实现不可时,欲的力量便强大。以这种欲为根基,以强劲精进圆满诸波罗蜜,最终便能如愿成佛、成辟支佛、成为上首弟子、大弟子或普通弟子,也能成为人、天人或梵天。
ထိပ်တန်းသို့ရောက်ရန် အခြေခံဆန္ဒမျှ မရှိသေးလျှင် ထိပ်တန်းသို့ရောက်ရန် ထက်သန်သော လုံ့လဝီရိယကို မည်သူမျှ ပြုကြမည်ကား မဟုတ်။ သို့ဖြစ်၍ မွန်မြတ်သော အကျိုးကျေးဇူး တစ်ခုခုကို ရယူလိုသော ဆန္ဒဓာတ် ကိုကား ရှေးဦးစွာ ဖြစ်ပေါ်လာစေရ၏။ ဤဆန္ဒမျိုးကို အာသာဆန္ဒ = လိုလားတောင့်တမှုဟုလည်း ခေါ်ဆို၏။
如果连登临顶峰的基本愿欲都还没有,便不会有人为登临顶峰发起猛烈精进。因此,首先必须令欲取得某种殊胜利益的欲生起。这一类欲,也称为愿欲(āsā-chanda),即希求向往。
ထိုနောက် အာသာဆန္ဒ ရှိရုံမျှဖြင့် ဆုတောင်းပန်ထွာနေရုံမျှဖြင့် မိမိမျှော်မှန်းထားသည့် အထက်တန်းကျသည့် ထိပ်တန်းဘဝသို့ မရနိုင်သေးကြောင်းကို နားလည်သဘောပေါက်လျက် စိတ်ပါလက်ပါ ဝီရိယစိုက်ထုတ်၍ ကြိုးပမ်း ရမည်သာ ဖြစ်၏။
然后还应明白:只有愿欲、只作祈愿,仍不能到达自己期望的崇高顶峰;必须主动投入精进,切实努力。
原书第 345 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း သမ္မာသမ္ဗောဓိအလောင်းအလျာ ပစ္စေကဗောဓိအလောင်းအလျာ အဂ္ဂသာဝက မဟာသာဝက ပကတိ သာဝက ဟူသော သာဝကအလောင်းအလျာကြီးတို့သည်လည်း မိမိတို့မျှော်မှန်းထားသည့် ဗောဓိဉာဏ် အသီး- အသီးကို ရရှိရေးအတွက် အလိုအာသာဆန္ဒ ပြင်းပြစွာဖြင့် ပါရမီ အလီလီတို့ကို ဖြည့်ကျင့်တော်မူရရိုး ဓမ္မတာသာ ဖြစ်၏။ ပါရမီ အလီလီတို့ကို မဖြည့်ကျင့်ဘဲ ဗောဓိဉာဏ် အသီးအသီးကို ရရှိကြသူတို့ကား မဟုတ်ကုန်။ မိမိတို့ မျှော်မှန်းသည့် အထက်တန်းကျသည့် ဘဝကို ပါရမီတို့ကို အရင်းတည်၍ အရယူတော်မူနိုင်သူတို့သာ ဖြစ်ကြ၏။
正等觉菩萨、辟支觉菩萨,以及发愿成为上首弟子、大弟子、普通弟子的诸声闻菩萨,也都必须为了获得各自所期望的菩提智,怀着强烈愿欲,一再圆满诸波罗蜜。这是自然法则。他们并不是不修诸波罗蜜便获得各自菩提智,而是以诸波罗蜜为根基,取得自己所期望的崇高果位。
ယခုကာလ လူ့ဘက် ရှင့်ဘက်၌ အထက်တန်းရောက်နေကြသူတို့သည်လည်း ဘုန်းနှင့်သမ္ဘာ ထက်ကြပ်ပါ၍ စိတ်သွားတိုင်း ကိုယ်ပါလျက် လိုရာ ပြီးစီးနိုင်သော မိုးကျရွှေကိုယ်တော်များကား မဟုတ်ကြချေ၊ အာသာဆန္ဒ အလိုက် ဝီရိယစိုက်လျက် ကြိုးပမ်းထားသူတွေသာ များကြ၏။ ထိုကြောင့် အလွန်ရခဲသော လူ့ဘဝကို ရှေးကံ ကောင်း ထောက်မ၍ ရကြပြီး ဖြစ်ပါလျက် တိုးတက်လိုသော အာသာဆန္ဒ ထိပ်တန်းသို့ ရောက်လိုသော သဘာဝ ဓမ္မများ ကင်း၍ အဖျင်းအအ အပျင်းအနတွေသာ ဖြစ်နေပါလျှင် အပါယ်လေးဘုံက ဆီးကြိုလျက်သာ ရှိနေမည် ဖြစ်ပေသည်။ ထိုကြောင့် မိမိကိုယ်ကို ယခုဘဝ၌လည်း အထက်တန်းရောက် မဂ်လမ်းပေါက်အောင် နောင်သံသရာ ၌လည်း အထက်တန်းရောက် မဂ်လမ်းပေါက်အောင် ထက်သန်သော အာသာဆန္ဒကို ကိုယ်စီကိုယ်င ဖြစ်စေကုန် ရာသည်။
当今无论在家还是出家,已经居于卓越地位的人,也不是福德资粮具足、心想事成、从天而降的金身之人;他们大多都是依愿欲投入精进、努力实践的人。因此,虽因宿世善业支持而获得极难得的人身,如果既没有求进步、登顶峰的愿欲,又只是愚昧懒惰,四恶趣便只会迎候在前。所以,为了今生能够登高、通达道,也为了未来轮回中能够登高、通达道,每个人都应令猛烈愿欲生起。
ဆန္ဒဝတော ကိံ နာမ န သိဇ္ဈတိ = ဆန္ဒရှိသူမှာ မပြီးစီးနိုင်သော အရာမရှိ။
‘对于有欲之人,有什么不能成就呢?’也就是说,有欲之人没有不能成就之事。
အာသာ ဖလဝတီ သုခါ = တောင့်တမှုသည် ကြိုးစား၍ အကျိုးရလျှင် ချမ်းသာကို ဖြစ်စေနိုင်၏။
‘愿望有果,便能带来快乐。’也就是说,怀着愿望努力而获得成果时,愿望能够带来快乐。
原书第 346 页
အကုသိုလ်စေတသိက် (၁၄) လုံး အပိုင်း
十四不善心所
၁။ မောဟ
一、痴
၁။ မောဟော စိတ္တဿ အန္ဓဘာဝလက္ခဏော၊ အညာဏလက္ခဏော ဝါ၊ ၂။ အသမ္ပဋိဝေဓရသော၊ အာရမ္မဏသဘာဝစ္ဆာဒနရသော ဝါ၊ ၃။ အသမ္မာပဋိပတ္တိပစ္စုပဋ္ဌာနော၊ အန္ဓကာရပစ္စုပဋ္ဌာနော ဝါ၊ ၄။ အယောနိသောမနသိကာရပဒဋ္ဌာနော။ သဗ္ဗာကုသလာနံ မူလန္တိ ဒဋ္ဌဗ္ဗော။
痴一、以心盲为特相,或以无智为特相;二、以不能通达为作用,或以遮蔽所缘真实自性为作用;三、以不正行道为现起,或以黑暗为现起;四、以不如理作意为近因。应知痴是一切不善法之根。
(အဘိ-ဋ္ဌ-၁-၂၉၁။ ဝိသုဒ္ဓိ-၂-၉၈။)
(《殊胜义注》1-291;《清净道论》2-98。)
၁။ (က) စိတ်၏ ပရမတ္ထဓမ္မ သဘာဝမှန်ကို ဟုတ်တိုင်းမှန်စွာ မသိမမြင်နိုင်ခြင်း-
第一项,(甲)心不能如实知见胜义法的真实自性——
ဟူသော ပညာမျက်စိကာဏ်းသည်၏ အဖြစ်ဟူသော သဘော
——即慧眼失明的状态,为特相;
တစ်နည်း --- ပညာမျက်စိကာဏ်းသောစိတ် ဖြစ်ကြောင်း သဘော လက္ခဏ၊ ( ခ ) တစ်နည်း --- ဉာဏ်၏ ဆန့်ကျင်ဘက် ဖြစ်ခြင်း သဘော = ပရမတ္ထဓမ္မ သဘာဝမှန်ကို အမှန်အတိုင်း ထွင်းဖောက် မသိမမြင်ခြင်း သဘော လက္ခဏ၊ ၂။ (က) ပရမတ္ထဓမ္မ သဘာဝမှန်ကို = အာရုံ၏ သဘောမှန်ကို ကောင်းစွာ ထွင်းဖောက်၍ သိခြင်းငှာ မစွမ်းနိုင်သည်၏ အဖြစ်နှင့် ပြည့်စုံခြင်း (သမ္ပတ္တိ) ရသ၊ ( ခ ) ပရမတ္ထဓမ္မ အာရုံ၏ သဘောမှန်ကို ဖုံးလွှမ်းခြင်း (ကိစ္စ) ရသ၊ ၃။ (က) မသင့်မလျော် မတော်မမှန်သော ပဋိပတ်ကျင့်စဥ်ကို ဖြစ်စေတတ်သော သဘောတရား
换一种说法,以令心的慧眼失明为特相。(乙)另一说,以与智相反——即不能如实洞察胜义法的真实自性——为特相。二、(甲)具足不能善加洞察胜义法、所缘真实自性的状态,为成就作用;(乙)另一说,以遮蔽胜义法所缘的真实自性为工作作用。三、(甲)以引生不适当、不正确的行道为现起;
တစ်နည်း --- ကောင်းမွန်မှန်ကန်စွာ မကျင့်ခြင်းတည်းဟူသော အကျိုးကို
换一种说法,以引生未能正确实行这一结果——
ဖြစ်စေတတ်သော သဘောတရား (ဖလ) ပစ္စုပဋ္ဌာန်၊
——为果现起;
တစ်နည်း --- သမ္မာပဋိပတ်ကျင့်စဥ်၏
另一说,以违逆正行——
ဆန့်ကျင်ဘက် သဘောတရား (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်၊ ( ခ ) တစ်နည်း --- ပညာမျက်စိကာဏ်းအောင် ပြုတတ်သောသဘောတရား (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်၊ ၄။ အယောနိသောမနသိကာရ = အာရုံကို နိစ္စ သုခ အတ္တ သုဘ စသည်ဖြင့် နှလုံးသွင်းမှားမှု - ပဒဋ္ဌာန်။
——为行相现起;(乙)又一说,以令慧眼失明为行相现起。四、以不如理作意——把所缘错误作意为常、乐、我、净等——为近因。
လက္ခဏ --- ဓမ္မသဘာဝဿ ယာထာဝတော အဒဿနံ စိတ္တဿ အန္ဓဘာဝေါ။ (မဟာဋီ-၂-၁၄၉။) ပရမတ္ထဓမ္မသဘာဝကို ဟုတ်တိုင်းမှန်စွာ သိခြင်းသဘောကား ပညာတည်း။ ထိုပညာမျက်စိ မရှိသော ပညာမျက်စိကာဏ်းနေသော စိတ်ဓာတ် ဖြစ်ပေါ်လာရခြင်း၏ အကြောင်းရင်းမှာ မောဟတည်း။ သို့အတွက် မောဟသည် ပညာမျက်စိကာဏ်းသောစိတ် ဖြစ်ကြောင်း သဘောလက္ခဏာ ရှိပေသည်။
特相——‘不能如实见法的真实自性,就是心盲。’(《大复注》2-149。)能够如实了知胜义法真实自性的法,是慧;令这种慧眼不存在、令心的慧眼失明之因,则是痴。因此,痴以令心的慧眼失明为特相。
မုယှန္တိ တေန၊ သယံ ဝါ မုယှတိ၊ မုယှနမတ္တမေဝ ဝါ တန္တိ မောဟော။ (အဘိ-ဋ္ဌ-၁-၂၉၁။ ဝိသုဒ္ဓိ-၂-၉၈၊) ၁။ ပရမတ္ထဓမ္မသဘာဝအာရုံ၌ သမ္ပယုတ်တရားတို့ကို တွေဝေစေတတ်သော သမ္ပယုတ်တရားတို့၏ တွေဝေ- ကြောင်း ဖြစ်သော သဘောတရားသည်၊ ၂။ တစ်နည်း --- ပရမတ္ထဓမ္မအာရုံ၌ မိမိကိုယ်တိုင်လည်း တွေဝေတတ်သော သဘောတရားသည်၊ ၃။ တစ်နည်း --- ပရမတ္ထဓမ္မအာရုံ၌ တွေဝေခြင်းမျှ ဖြစ်သော သဘောတရားသည် မောဟ မည်၏။
‘诸相应法由它而迷惑,或它自己迷惑,或它只是一种迷惑,所以称为痴。’(《殊胜义注》1-291;《清净道论》2-98。)第一,令诸相应法迷惑于胜义法所缘、作为诸相应法迷惑之因的法;第二,自己也迷惑于胜义法所缘的法;第三,只是迷惑于胜义法所缘的法,称为痴。
原书第 347 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း ဤ၌ တွေဝေခြင်းဟူသည် အာရုံ၏ သဘောမှန်ကို မသိခြင်းပင်တည်း။ တစ်နည်း --- ဉာဏ်သည် ပရမတ္ထဓမ္မ သဘာဝမှန်ကို သိသော်လည်း မောဟကား ထိုအမှန်ကို မသိဘဲ ထိုပရမတ္ထ သဘာဝမှန်များကို ပြောင်းပြန်လှန်၍ နိစ္စ သုခ အတ္တ သုဘ စသည်ဖြင့် အသိမှားလေသည်။ ထိုကြောင့် ဉာဏ်၏ ဆန့်ကျင်ဘက်ဖြစ်ခြင်း သဘောတရား သည် မောဟ၏ သဘာဝလက္ခဏာပင် ဖြစ်သည်။ ဤတွင် ပြောင်းပြန်လှန်၍ သိတတ်ပုံနှင့် ဆက်စပ်၍ နိဒ္ဒေသ ဝါရ၌ ဖွင့်ဆိုထားသော အဋ္ဌကထာ ဋီကာ အဖွင့်တို့မှာ ဤသို့ ဖြစ်ကြ၏။
这里所谓迷惑,就是不了知所缘的真实自性。换一种说法,智了知胜义法的真实自性;痴却不知道这种真实,反而把胜义法颠倒认作常、乐、我、净等。因此,与智相反正是痴的自性特相。关于这种颠倒认知,义注与复注在分别释中作如下解释。
အသန္တံ အသမဉ္စ ဗုဇ္ဈတီတိပိ အသမ္ဗောဓော။ (အဘိ-ဋ္ဌ-၁-၂၉၆။) သဘာဝပဋိစ္ဆာဒနဝသေန ပကတိအတ္တာဒိအသန္တဂဟဏဿ အနိစ္စာဒီနံ နိစ္စာဒိဝိသမဂဟဏဿ စ သညာဒိဝိပရိယေသဿ နိဿယတ္တာ ''အသန္တံ အသမဉ္စ ဗုဇ္ဈတီ''တိ ဝုတ္တံ။ (မူလဋီ-၁-၁၂ဝ။) သဘာဝပဋိစ္ဆာဒဝသေန (သဘာဝပဋိစ္ဆာဒနဝသေန) ပကတိအတ္တာဒိအသန္တဂ္ဂဟဏဿ နိဿယတ္တာ နိမိတ္တတ္တာ အသန္တံ ဗုဇ္ဈတိ၊ နိစ္စာဒိဝိသမဂ္ဂဟဏဿ သညာဒိဝိပရိယေသဿ နိဿယတ္တာ အသမံ ဗုဇ္ဈတီတိ မောဟော ဝုတ္တော နိမိတ္တဿ ကတ္တုဘာဝေန ဥပစာရိတတ္တာ၊ အယဉ္စ အတ္ထော ဒိဋ္ဌိသဟိတမောဟဝသေန ဒဋ္ဌဗ္ဗော။ ဧတ္ထ ပကတီတိ ကာပိလာနံ ပဓာနံ။ (အနုဋီ-၁-၁၂၇။) (၁) အသန္တံ ဗုဇ္ဈတိ = ထင်ရှားမရှိသည်ကို သိ၏။
‘又因了知不存在者与不相应者,故称不觉。’(《殊胜义注》1-296。)由于痴遮蔽真实自性,成为执取原质、我等不存在者的所依,也成为把无常等颠倒执为常等,以及想、心、见诸颠倒的所依,所以说‘了知不存在者与不相应者’。(《根本复注》1-120。)《随复注》解释:由于遮蔽真实自性,成为执取原质、我等不存在者的所依与因相,所以说‘知不存在者’;又因成为把无常等颠倒执为常等,以及想等颠倒的所依,所以说‘颠倒而知’。这里把因相借称为能作者而说;此义应依与见相应的痴理解。这里的‘原质’,是迦毗罗派所说的胜性。(《随复注》1-127。)一、知不存在者。
မောဟသည် ပရမတ္ထဓမ္မ အာရုံ၏ သဘောမှန်ကို ဖုံးလွှမ်း ကာကွယ်ထားခြင်း၏ အစွမ်းဖြင့် ပကတိဝါဒ အတ္တဝါဒ စသည့် တကယ်ထင်ရှားမရှိသော ဝါဒများကို စွဲယူခြင်း၏မှီရာ အကြောင်းရင်း ဖြစ်သောကြောင့် အသန္တံ ဗုဇ္ဈတိ = ပရမတ္ထအားဖြင့် တကယ်ထင်ရှားမရှိသော ပကတိ အတ္တ သတ္တ ပုဂ္ဂလ စသည်ကိုလည်း သိတတ်၏။
痴以遮蔽胜义法所缘真实自性的力量,成为执取原质论、我论等实际上并不存在之论说的所依与原因;因此说它‘知不存在者’,也就是知胜义上实际并不存在的原质、我、众生、个人等。
(၂) အသမံ ဗုဇ္ဈတိ = မညီမညွတ် မညီမမျှ သိ၏။
二、颠倒而知
မောဟသည် အနိစ္စ ဒုက္ခ အနတ္တ အသုဘတရား စင်စစ်ဧကန် မှန်သော ခန္ဓာ (၅)ပါး = ရုပ်နာမ်တရားကို နိစ္စ သုခ အတ္တ သုဘဟု မညီမညွတ် စွဲယူတတ်သော --- ၁။ သညာဝိပလဒာသ = နိစ္စ သုခ အတ္တ သုဘဟု အမှတ်မှားခြင်း၊ ၂။ စိတ္တဝိပလဒာသ = နိစ္စ သုခ အတ္တ သုဘဟု အသိမှားခြင်း၊ ၃။ ဒိဋ္ဌိဝိပလဒာသ = နိစ္စ သုခ အတ္တ သုဘဟု အယူမှားခြင်း --- ဤဝိပလဒာသတရားစု၏ မှီရာ အကြောင်းရင်း ဖြစ်သောကြောင့် အသမံ ဗုဇ္ဈတိ = ခန္ဓာ (၅)ပါး = ရုပ်နာမ် တရားကို မညီမညွတ် မညီမမျှ သိတတ်၏ဟု မောဟကို အဋ္ဌကထာဆရာတော်က ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်၏။
实际的五蕴——色名法——是无常、苦、无我、不净;痴却成为三种颠倒的所依与原因:一、想颠倒——错误标记为常、乐、我、净;二、心颠倒——错误认知为常、乐、我、净;三、见颠倒——错误执见为常、乐、我、净。因此义注师解释说,痴‘颠倒而知’,也就是对五蕴、色名法作不相应、不如实的认知。
အမှတ်မှားမှု အသိမှားမှု အယူမှားမှု ဝိပလဒာသတရား၏ အကြောင်းရင်း ဖြစ်မှုကိုပင် ဥပစာရအားဖြင့် တင်စား၍ ကတ္တားအဖြစ်ဖြင့် ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်သည်။ (ကတ္တုသာဓနကား ပရမတ်သို့ မဆိုက်၊ ဘာဝသာဓနသာ ပရမတ်သို့ ဆိုက်သည်။ ထိုကြောင့် ပရမတ္ထအားဖြင့် တကယ်ထင်ရှားမရှိသော ပကတိ အတ္တ သတ္တ ပုဂ္ဂလ စသည်ကို သိခြင်းသဘောမျှသည်သာလျှင်၊ ပရမတ္ထအားဖြင့် တကယ်ထင်ရှားရှိသော ခန္ဓာ (၅)ပါး = ရုပ်နာမ်တရား ကို နိစ္စသုခ အတ္တ သုဘဟု အသိမှားခြင်း သဘောမျှသည်သာလျှင် မောဟမည်၏ ဟူလိုသည်။) ဤ အနက် သဘောတရားကိုလည်း ဒိဋ္ဌိနှင့် ယှဥ်တွဲနေသော မောဟ၏ အစွမ်းဖြင့်သာ မှတ်သားပါ။
把作为错误标记、错误认知与错误执见之因的痴,借称为能颠倒而知的作者,只是借称的说法。〔以能作者语式说明,并不直达胜义;只有依状态语式,才直达胜义。也就是说,胜义上所谓痴,只是认知原质、我、众生、个人等实际不存在者的状态,以及把实际存在的五蕴、色名法错知为常、乐、我、净的状态。〕这层含义,也只应依与见相应的痴来理解。
ဤအရာ၌လည်း ပကတိဟူသည် ကာပိလဝါဒသမားတို့၏ ပဓာနပင်တည်း။(မူလဋီ-၁-၁၂ဝ။ အနုဋီ-၁-၁၂၇။)
这里的‘原质’,就是迦毗罗学派的胜性论。(《根本复注》1-120;《随复注》1-127。)
原书第 348 页
မောဟသည် ပရမတ္ထအားဖြင့် တကယ်ထင်ရှားမရှိသော ပကတိ အတ္တ သတ္တ ပုဂ္ဂလ စသည်ကိုလည်း သိ၏။ မညီမျှသော ဝိပလဒာသသဘောကိုလည်း သိ၏ဟူသော ဤစကားကိုလည်း ဥပစာရစကားဟု မှတ်ပါ။
所谓痴知道胜义上实际不存在的原质、我、众生、个人等,又知道不相应的颠倒自性,这些话都应理解为借称。
မောဟသည် ပရမတ္ထဓမ္မအာရုံ၏ သဘောမှန်ကို မသိအောင် ဖုံးလွှမ်း ကာကွယ်ခြင်း လုပ်ငန်းကိစ္စကို ပြုလုပ်ပေး ခြင်းသာ ဖြစ်၏။ ထင်ရှားမရှိသော ပကတိဝါဒ အတ္တဝါဒ စသည်ကို စွဲယူမှု၊ ခန္ဓာ (၅)ပါးတို့ကို နိစ္စ သုခ အတ္တ သုဘဟု စွဲယူမှုတို့ကား တရားကိုယ်အားဖြင့် ဒိဋ္ဌိပြဓာန်းသော သမ္ပယုတ်တရားစုတို့သာ ဖြစ်ကြ၏။ သို့သော် ယင်းသမ္ပယုတ်တရားစုတွင် မောဟလည်း ပါဝင်လျက်ပင် ရှိ၏။ ယင်းမောဟကား ခန္ဓာ (၅)ပါးတို့၏ သဘောမှန်ကို ပရမတ္ထဓမ္မ သဘာဝမှန်ကို မသိနိုင်အောင် ဖုံးလွှမ်း ကာကွယ်ထားသဖြင့် ဒိဋ္ဌိပြဓာန်းသော သမ္ပယုတ်တရားစုတို့က ထင်ရှားမရှိသော ပကတိ အတ္တ စသည်ကို သိခြင်း၊ မညီညွတ်သော ဝိပလဒာသသဘောကို သိခြင်းများ ဖြစ်ပေါ် လာရပေသည်။ သို့အတွက် အကျိုးဖြစ်သော ဒိဋ္ဌိပြဓာန်းသော သမ္ပယုတ်တရားစု၏ ပရမတ္ထအားဖြင့် ထင်ရှား မရှိသည့် ပကတိ အတ္တ စသည်ကို သိခြင်း မညီမညွတ် သိခြင်းကို အကြောင်းရင်း မောဟအပေါ်၌ တင်စား၍
痴本身只是执行遮蔽胜义法所缘真实自性、令人不能了知的工作。执取不存在的原质论、我论等,以及把五蕴执为常、乐、我、净,就法体而言,是以见为主导的相应诸法;不过,痴也包含在这组相应法中。由于痴遮蔽五蕴与胜义法的真实自性,以见为主导的相应诸法才会认知不存在的原质、我等,并发生不相应的颠倒认知。因此,把作为结果的见主导相应法对不存在之原质、我等的认知与颠倒认知,借称到作为原因的痴——
အကြောင်းရင်း မောဟကိုပင် ထင်ရှားမရှိသည်ကို သိသည် မညီမညွတ် သိသည်ဟု ဖလူပစာရအားဖြင့် ခေါ်ဝေါ် သုံးစွဲထားသည်ဟု မှတ်ပါ။
——之上,依果的借称,把作为原因的痴说成‘知不存在者、颠倒而知’。
ဤဆိုအပ်ခဲ့ပြီးသော အနက်သဘောတရားကိုလည်း ဒိဋ္ဌိနှင့် ယှဥ်သော မောဟ၏ အစွမ်းဖြင့်သာ မှတ်သား ပါ။ ဒိဋ္ဌိနှင့် မယှဥ်သော မောဟဖြစ်ပုံအပိုင်းကိုကား နာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ရေးသား တင်ပြထားခဲ့သော သံယောဇဥ် (၁ဝ)ပါး ဖြစ်ပုံအပိုင်းကို နည်းမှီး၍ သိရှိပါလေ။ ဤ၌ ပကတိဟူသည် ကာပိလရသေ့၏ ပဓာနဝါဒပင်တည်း။
上述含义,也只应依与见相应的痴来理解。与见不相应之痴的生起方式,应参照名业处中十结的说明来了解。这里的‘原质’,就是迦毗罗仙人的胜性论。
ရသ --- မောဟသည် နိစ္စ သုခ အတ္တ သုဘဟု ခန္ဓာ (၅)ပါး = ရုပ်နာမ်တရားတို့အပေါ်၌ အသိမှားမှု သဘောတရား ဖြစ်သဖြင့် အနိစ္စ ဒုက္ခ အနတ္တ အသုဘ သဘောမှန်ဖြစ်သော ခန္ဓာ (၅)ပါး ပရမတ္ထတရားတို့ကို လည်းကောင်း၊ ယင်းခန္ဓာ (၅)ပါးတို့၏ ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကိုလည်းကောင်း၊ အကြောင်းတရားနှင့်တကွသော ယင်းခန္ဓာ (၅)ပါး = ရုပ်နာမ်တရားတို့၏ အနိစ္စ ဒုက္ခ အနတ္တလက္ခဏာတို့ကိုလည်း ကောင်း၊ အကြောင်းတရားနှင့်တကွသော ယင်းခန္ဓာ (၅)ပါး = ရုပ်နာမ်တရား = သင်္ခါရတရားတို့၏ ချုပ်ဆုံးရာ အသင်္ခတဓာတ် ပရမတ် နိဗ္ဗာန်တရားတော်မြတ်ကိုလည်းကောင်း ထိုးထွင်း၍ သိခြင်းငှာ မစွမ်းနိုင်ပေ။ သို့အတွက် မောဟသည် ပရမတ္ထဓမ္မ သဘာဝမှန်ကို ထိုးထွင်းသိခြင်းငှာ မစွမ်းနိုင်သည့် ဂုဏ်နှင့် ပြည့်စုံခြင်း သမ္ပတ္တိရသ ရှိပေသည်။ တစ်နည်း ထိုပရမတ္ထဓာတ်သဘာဝမှန်ကို မသိမှု စိတ်ဓာတ်များ ဖြစ်ပေါ်လာရအောင် မောဟက
作用——痴把五蕴、色名法错知为常、乐、我、净,所以不能洞察:一、真实为无常、苦、无我、不净的五蕴胜义法;二、五蕴之间因果相续的缘起自性;三、连同诸因在内的五蕴、色名法之无常、苦、无我相;四、连同诸因在内的五蕴、色名行法止息之处——无为界、胜义涅槃。因此,痴具足不能洞察胜义法真实自性的状态,这就是它的成就作用。换一种说法,痴使不了知胜义法真实自性的心——
ပြုလုပ်ပေးသဖြင့် မောဟသည် ပရမတ္ထဓမ္မ သဘာဝမှန်ကို ကောင်းစွာ ထိုးထွင်း၍ သိခြင်းငှာ မစွမ်းနိုင်သော စိတ်ဖြစ်အောင် ပြုလုပ်ပေးခြင်း ကိစ္စရသ ရှိပေသည်။
——生起,所以它的工作作用,就是令心不能善加洞察胜义法的真实自性。
သစ္စာလေးပါးကို ထိုးထွင်းသိမြင်သော ဉာဏ်သည် စတုသစ္စ သမ္မာဒိဋ္ဌိဉာဏ် မည်၏။ ယင်းစတုသစ္စ သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ထွင်းဖောက်သိမြင်အပ်သော သစ္စာ (၄)ပါး တရားတော်တို့ကား ပရမတ္ထဓမ္မသဘာဝအာရုံ၏ ဟုတ်မှန်သော သဘောတရားများ = သဘောမှန်များတည်း။ ကမ္မဿကတာ သမ္မာဒိဋ္ဌိ = ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိ၏ဟု ထိုးထွင်းသိမြင်တတ်သော သမ္မာဒိဋ္ဌိဉာဏ်ဖြင့် သိမြင်အပ်သော ကုသိုလ်ကံ အကုသိုလ်ကံနှင့် ယင်းကံတို့ ၏ အကျိုးတရားဟူသော ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားများသည်လည်း အာရုံ၏ သဘော မှန်များပင် ဖြစ်ကြ၏၊ သို့သော် ယင်းသဘောမှန်များမှာ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကို ထွင်းဖောက် သိမြင်သော စတုသစ္စသမ္မာဒိဋ္ဌိ၌ပင် အကျုံးဝင်လျက် ရှိပေသည်။ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကို သိ သော စတုသစ္စသမ္မာဒိဋ္ဌိကိုပင် ကမ္မဿကတာ သမ္မာဒိဋ္ဌိဉာဏ်ဟူ၍ ခေါ်ဆိုခြင်း ဖြစ်သည်။ ယင်းအမှန်တရား
洞察四谛的智,称为四谛正见智;四谛正见智所洞察的四谛,是胜义法所缘的真实自性。业自属正见,是洞察‘业才是自己的所有’之正见智;它所了知的善业、不善业及其果报之间的因果缘起,也都是所缘的真实自性。不过,这些真实法已经含摄在洞察‘由集谛而有苦谛’的四谛正见之中;所以,了知由集谛而有苦谛的四谛正见,也称为业自属正见智。对于这些真实法——
များကို မသိအောင် ကာကွယ် ဖုံးလွှမ်းထားခြင်းသည်လည်း မောဟ၏ လုပ်ငန်းကိစ္စပေတည်း။
——加以遮蔽、令人不能了知,也是痴的工作。
原书第 349 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း ပစ္စုပဋ္ဌာန် --- ဤသို့လျှင် မောဟက အာရုံ၏ သဘောမှန်ကို မသိအောင် ဖုံးလွှမ်း ကာကွယ်မှုကြောင့် ဒုစရိုက် သုစရိုက်တို့၏ သဘောသဘာဝမှန်ကို ကောင်းကောင်းကြီး သဘောပေါက် နားလည်လျက် ရှိသော ပညာရှိကြီးများသော်ပင် မောဟဝင်လာသည့်အခါ ဒုစရိုက်တို့၏ အပြစ်ကို မမြင်တည့်နိုင်တော့ဘဲ ဒုစရိုက်တို့ကို လွန်ကျူးမိတတ်ကြလေသည်။ သို့အတွက် မောဟသည် မသင့်လျော်သောအကျင့် မမှန်ကန်သောအကျင့်ကို ရှေးရှူ ဖြစ်စေတတ်၏ဟု ဆိုသည်၊ ဖလပစ္စုပဋ္ဌာန်တည်း။
现起——痴这样遮蔽所缘的真实自性,令其不能被知;因此,即使原本清楚理解善行与恶行真实性质的智者,痴一旦侵入,也可能看不见恶行的过患而造作恶行。所以说,痴以引生不适当、不正确的行道为现起;这是果现起。
(က) တစ်ဖန် စတုသစ္စသမ္မာဒိဋ္ဌိဟူသော အသိမှန် အမြင်မှန် ဉာဏ်မှန် ရရှိရေးအတွက် ကျင့်သော ကျင့်စဥ် သည် သမ္မာပဋိပတ်ကျင့်စဥ်တည်း။ မောဟသည် သမ္မာဒိဋ္ဌိဉာဏ်၏ ဆန့်ကျင်ဘက် ဖြစ်သဖြင့် သမ္မာပဋိ- ပတ်ကျင့်စဥ်၏လည်း ဆန့်ကျင်ဘက်ပင် ဖြစ်သည်။
(甲)为了获得称为四谛正见的正确认识、正确见解与真实智慧而修行,称为正行。痴与正见智相反,因此也与正行相反。
( ခ ) တစ်ဖန် သမ္မာဒိဋ္ဌိဉာဏ်၏ ဆန့်ကျင်ဘက်ဖြစ်သော မောဟသည် အမှန်ကို မသိဘဲ အမှားကိုသာ သိသ-
(乙)又如与正见智相反的痴不知真实、只知错误一样,与正行相反的痴也——
ကဲ့သို့ သမ္မာပဋိပတ်ကျင့်စဥ်၏ ဆန့်ကျင်ဘက် မောဟသည်လည်း မြင့်မြတ်မှန်ကန်သည့် သမ္မာပဋိပတ်
——不能令人实行高尚正确的正行——
ကျင့်စဥ်ကို မကျင့်စေဘဲ မှားယွင်းဖောက်ပြန် မမှန်ကန်သည့် မိစ္ဆာပဋိပတ်ကျင့်စဥ်လမ်းကိုသာ ကျင့်စေ တတ်ပေသည်။ ထိုသို့ အမှားမှား အယွင်းယွင်းများကို ကျင့်သဖြင့်လည်း စတုသစ္စသမ္မာဒိဋ္ဌိကဲ့သို့သော ကောင်းမွန်မှန်ကန်သော သမ္မာဒိဋ္ဌိ အသိဉာဏ်များ ပေါ်ပေါက်လာနိုင်မည်ကား မဟုတ်ပေ။ ရုပ်တရားကို ဟုတ်တိုင်းမှန်စွာ သိခြင်း၊ နာမ်တရားကို ဟုတ်တိုင်းမှန်စွာ သိခြင်း၊ အကြောင်းတရားကို ဟုတ်တိုင်းမှန်စွာ သိခြင်း၊ အကျိုးတရားကို ဟုတ်တိုင်းမှန်စွာ သိခြင်း၊ ရုပ် + နာမ် + ကြောင်း + ကျိုး = သင်္ခါရတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကို အချက်ပိုင်ပိုင် ဟုတ်တိုင်းမှန်စွာ သိခြင်းဟူသော စတု- သစ္စသမ္မာဒိဋ္ဌိဉာဏ်တွင် အကျုံးဝင်သော သမ္မာဒိဋ္ဌိဉာဏ်တို့မှာ မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားတည်းဟူ သော ကောင်းမွန်မှန်ကန်သည့် သမ္မာပဋိပတ်ကျင့်စဥ်ကြောင့်သာ ရရှိနိုင်သော အသိထူး ဉာဏ်ထူးများ
——只会令人走上错误、颠倒、不正确的邪行之路。实行这些错误、颠倒之行,不可能生起四谛正见等正确正见智。能够如实知色、如实知名、如实知因、如实知果,并确切如实了知色、名、因、果这些行法的无常、苦、无我,是含摄于四谛正见智中的正见智;这些殊胜之知、殊胜之智,只能由八支圣道这一高尚正确的正行获得——
ဖြစ်ကြ၏။ သို့အတွက် မောဟသည် သမ္မာပဋိပတ်ကျင့်စဥ်ကို ကျောပေးလျက် မိစ္ဆာပဋိပတ်ကျင့်စဥ်ကိုသာ
——。因此,痴背离正行,只会令人——
ကျင့်စေတတ်သော သဘောရှိရကား မှန်ကန်သော သမ္မာဒိဋ္ဌိအသိဉာဏ်ဟူသော ပညာမျက်စိကို ကာဏ်း
——实行邪行;由于具有这种性质,它令名为正确正见智的——
အောင် ပြုတတ်သော သဘောတရားဟုလည်း ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်တွင် ရှေးရှူ ထင်လာပေ
——慧眼失明,这种法便——
သည်။ ဥပဋ္ဌာနာကာရ ပစ္စုပဋ္ဌာန်တည်း။ (မဟာဋီ-၂-၁၄၉-ကြည့်။)
——呈现于瑜伽行者之智。这就是行相现起。(参见《大复注》2-149。)
ပဒဋ္ဌာန် --- အယောနိသော ဘိက္ခဝေ မနသိကရောတော အနုပ္ပန္နာ စေဝ အာသဝါ ဥပ္ပဇ္ဇန္တိ၊ ဥပ္ပန္နာ စ အာသဝါ ပဝဍ္ဎန္တိ။ (မ-၁-၉။) ရဟန်းတို့ …အယောနိသောမနသိကာရ ရှိသူ၏ သန္တာန်၌ မဖြစ်ပေါ်သေးသော အာသဝေါတရားတို့ သည်လည်း = (အကုသိုလ်တရားတို့သည်လည်း) ဖြစ်ပေါ်လာကြကုန်၏၊ ဖြစ်ပေါ်ပြီးသော အာသဝေါတရားတို့ သည်လည်း = (အကုသိုလ်တရားတို့သည်လည်း) တိုးပွားလာကုန်၏။ (မ-၁-၉။) ဤသို့စသော ဒေသနာတော်များနှင့် အညီ နှလုံးသွင်း မှားနေသည့် အယောနိသောမနသိကာရ ရှိသူ၏ သန္တာန်၌ အကုသိုလ်တရားတို့သည် တိုးပွားမြဲ ဓမ္မတာ ဖြစ်ရကား အယောနိသောမနသိကာရသည် မောဟဖြစ်ဖို့ရန် အနီးစပ်ဆုံး အကြောင်းတရား ဖြစ်ရပေသည်။
近因——世尊开示:‘诸比丘,对于不如理作意者,未生诸漏生起,已生诸漏增长。’(《中部》1-9。)也就是说,在不如理作意者的相续中,未生的诸漏——诸不善法——会生起,已生的诸漏——诸不善法——会增长。依这一类教说,不善法必然在错误作意者的相续中增长,所以不如理作意是痴的最近之因。
အဝိဇ္ဇာ --- ဤမောဟကိုပင် အချို့အရာ၌ အဝိဇ္ဇာဟု အမည်တစ်မျိုးဖြင့် ဟောတော်မူသည်။ ဤမောဟ အဝိဇ္ဇာသည် သူတော်ကောင်းတို့ သိသင့်သိထိုက်သော သစ္စာ (၄)ပါး စသည့် အရာဌာနကို မိမိ အဝိဇ္ဇာကိုယ်တိုင် ကလည်း မသိတတ်၊ မိမိနှင့် ယှဥ်ဖက် စိတ်စေတသိက်များကိုလည်းကောင်း၊ မိမိအဝိဇ္ဇာ ကိန်းဝပ်ရာ သတ္တဝါကို လည်းကောင်း မသိစေတတ်ပေ။ မျက်စိ၌ တိမ်သလာ ဖုံးလွှမ်းနေသူသည် တိမ်သလာအတွက်ကြောင့် မြင်သင့်
无明——在有些地方,同一个痴也以‘无明’为名而宣说。痴或无明,自己既不了知贤善者应当了知的四谛等,也令与它相应的心与心所以及它所依附的有情不能了知。犹如眼生翳障之人,因为翳障而看不见应当——
原书第 350 页
မြင်ထိုက်သော အရာဌာနကို မမြင်ရသကဲ့သို့ ထို့အတူ အဝိဇ္ဇာ ဖုံးလွှမ်းချက်ကြောင့် အဝိဇ္ဇာ အဖုံးလွှမ်းခံရသူ သတ္တဝါတို့သည် သိသင့် သိထိုက်သော သစ္စာ (၄)ပါး စသော အရာဌာနကို မသိနိုင်ကြချေ။ အသိမှန် ဉာဏ်မှန် ကင်းနေသူတို့အဖို့ အမှားနှင့် အမှန်ကို မဝေဖန် မပိုင်းခြားနိုင်သည့်အတွက် ဒုစရိုက်တံခါးကြီးကား ဟင်းလင်း ပွင့်လျက်ပင် ရှိ၏။ အကုသိုလ်တံခါးကြီးများလည်း ဟင်းလင်းပွင့်လျက်ပင် ရှိ၏။ အမှားကိုလည်း အမှန်ထင်လျက် ပြုလုပ်တော့မည် ဖြစ်၏။ အမှန်ကိုလည်း အမှားထင်ကာ ကျောခိုင်းလျက် မျက်နှာလွှဲနေတော့မည် ဖြစ်၏။
——看见的事物;同样,被无明遮蔽的有情,也不能了知四谛等应当了知之法。没有正知正智的人不能辨别邪正,于是恶行之门、不善之门大敞;他们会把错误当作正确而实行,也会把正确当作错误而背弃。
ထိုကြောင့် ဤမောဟကို ခပ်သိမ်းကုန်သော အကုသိုလ်တရားအားလုံးတို့၏ အခြေခံ အကြောင်းရင်း မူလတရားဟု ဆိုခြင်း ဖြစ်သည်။
因此,痴被称为一切不善法的根本原因与根。
မောဟ (၃) မျိုး
三种痴
ထိုမောဟသည် အနုသယမောဟ၊ ပရိယုဋ္ဌာနမောဟ၊ ဝီတိက္ကမမောဟဟု သုံးမျိုး ရှိပေသည်။ ကိလေသာ (၁ဝ)ပါးလုံး၌ အနုသယကိလေသာ၊ ပရိယုဋ္ဌာနကိလေသာ၊ ဝီတိက္ကမကိလေသာဟု သုံးမျိုး ပြားသဖြင့် ကိလေသာ (၁ဝ)ပါးတို့၏ အစိတ်အပိုင်း တစ်ခုဖြစ်သော မောဟ၌လည်း သုံးမျိုးပင် ပြားပေသည်။
痴有三种:随眠痴、现行痴与违犯痴。十种烦恼各有随眠烦恼、现行烦恼与违犯烦恼三个层次;痴既是十烦恼之一,也同样分为这三种。
အနုသယဟူသော ပါဠိသည် ငြိမ်ဝပ်ခြင်း ကိန်းအောင်းနေခြင်းဟု အဓိပ္ပါယ်ရ၏။ ပရိယုဋ္ဌာနဟူသော ပါဠိစကားကား ထကြွခြင်းဟု အဓိပ္ပါယ်ရ၏၊ ထိုကြောင့် သတ္တဝါတို့၏ သန္တာန်တွင် အစဥ်တစိုက် လိုက်ပါနေသော မောဟသည် အနုသယမောဟ မည်၏။ တစ်ရံတစ်ခါ စိတ်နှင့် တွဲဖက်၍ ဖြစ်ပေါ်လာသော မောဟသည် ပရိ- ယုဋ္ဌာနမောဟ မည်၏။ ဒုစရိုက်တို့ကို လွန်ကျူးသော အဆင့်သို့တိုင်အောင် ရောက်ရှိသွားသော မောဟသည် ဝီတိက္ကမမောဟ မည်၏။
巴利语 anūsaya 意为静伏、潜藏;pariyuṭṭhāna 意为现起、发动。因此,持续潜藏、随逐于有情相续中的痴,称为随眠痴;某时与心相应而现起的痴,称为现行痴;发展到越界造作恶行层次的痴,称为违犯痴。
အနုသယမောဟ --- အဆိပ်ပင်၌ အဆိပ်သီးများကို သီးစေနိုင်သော ဓာတ်သတ္တိ ပါရှိသကဲ့သို့ ထို့အတူ သတ္တဝါတို့၏ သန္တာန်၌ သိသင့် သိထိုက်သော သစ္စာ (၄)ပါး တရားများကို မသိအောင် ဖုံးကွယ်တတ်သော ဓာတ်သတ္တိ တစ်မျိုး ပါရှိလေသည်။ ထိုဓာတ်သတ္တိကို အနုသယမောဟဟု ခေါ်၏၊ ဤအနုသယမောဟ၏ ဖုံး ကွယ်ထားမှုကြောင့် ဝိပဿနာသမ္မာဒိဋ္ဌိ ဉာဏ်ပညာမျက်စိ မရှိသေးသော ပုထုဇန်တို့သည် သင်္ခါရတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကိုလည်း နစ်နစ်နောနော နှစ်နှစ်ကာကာ မသိကြ၊ သစ္စာ (၄)ပါး ကိုလည်း ထိထိမိမိ ပိပိရိရိ မသိကြ။ သင်္ခါရတရားတို့၏ ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားကို လည်း တပ်အပ်ထင်ထင် လင်းလင်းကြီး မသိမမြင်ကြချေ။
随眠痴——犹如毒树中潜存着能够结出毒果的力量,有情相续中也潜存着一种能遮蔽四谛等应知法、令人不能了知的力量;这种力量称为随眠痴。由于随眠痴的遮蔽,尚无观正见慧眼的凡夫,不能深切透彻地了知诸行的无常、苦、无我,也不能切实严密地了知四谛,更不能清楚确定地照见诸行因果相续的缘起自性。
ဤအနုသယမောဟဓာတ်ကို ပုထုဇန်တို့ ဉာဏ်ဖြင့် မသိနိုင်။ ယခုကာလဝယ် ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်ကို မရရှိသေးသော သူတို့သည် စာပေကျမ်းဂန် သင်ဖူး၍ သင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာ စသည်ကို သိသည်ဟု ဆိုသော်လည်း သင့်တော်ရုံ ခန့်မှန်းနိုင်သော မှန်းဆသိသည့် = အနုမာန အသိမျိုးသာ ဖြစ်၏၊ ဝိပဿနာ သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ထိုးထွင်းသိသကဲ့သို့ ထိုးထိုးထွင်းထွင်း ရှင်းရှင်းလင်းလင်း ပရမတ်သို့ ဆိုက်အောင် သိသော အသိမျိုးကား မဟုတ်ချေ။ သောတာပန် သကဒါဂါမ် အနာဂါမ် ဖြစ်သည့်တိုင်အောင် ထိုအနုသယမောဟဓာတ်မှာ အဆင့်ဆင့် ပါးလှပ်ရုံသာ ရှိသေး၏၊ ကုန်ကား မကုန်သေး။ ရဟန္တာအဖြစ်သို့ ရောက်ရှိပါမှသာလျှင် ယင်းအနုသယ မောဟဓာတ်သည် အကုန်အစင် ပြတ်လေတော့သည်။ ထိုကြောင့် ရဟန္တာ မဖြစ်သေးသမျှ ကုသိုလ်ပြုနေတုန်း ဆဲဆဲ ခဏမှာပင်သော်လည်း အနုသယမောဟဓာတ်မှာ ငြိမ်သက် ကိန်းဝပ်
凡夫不能以自己的智了知这种随眠痴。现今尚未获得观正见智的人,即使学习过典籍,声称知道诸行的无常、苦、无我等,也只是合乎情理的推知、比量智(anumāna),并不是像观正见智那样洞彻清楚、直达胜义的知。即使已经成为入流、一来或不来,随眠痴也只是逐层变薄,尚未穷尽;只有证得阿罗汉时,随眠痴才完全断尽。因此,只要还未成为阿罗汉,即使正在行善的刹那,随眠痴仍以静伏、潜藏的——
အငုပ်ဓာတ်အနေဖြင့် ထင်ရှားရှိနေသည်သာဟု မှတ်ပါ။ အကြောင်း ညီညွတ်သောအခါ ဖြစ်နိုင်သော အခွင့် အလမ်းများသည် ပွင့်လန်းလျက်ပင် ရှိနေပေသည်။
——潜能存在;只要因缘具足,它仍有生起的机会。
原书第 351 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း ပရိယုဋ္ဌာနမောဟ --- မောဟတရားသည် စိတ်နှင့် တွဲဖက်၍ ထကြွသောင်းကျန်းလာသောအခါ အကုသိုလ်- စိတ် မကောင်းစိတ် ဖြစ်နေပြီဟု ဆိုရပေသည်။ ဤပရိယုဋ္ဌာနမောဟ၏ ဖုံးကွယ်မှုကြောင့် ဒုစရိုက်အကုသိုလ်၏ နောင်ရေးနောင်တာ ခံစားရမည့် မကောင်းကျိုးကိုလည်း မသိကြရ။ ယခု လောလောဆယ် ယုတ်မာညစ်ညမ်း ဆိုးသွမ်းမှု အပြစ်ကိုလည်း မသိကြ မသိနိုင် ဖြစ်တတ်၏။
现行痴——当痴与心相应而发动、扰乱时,便可说不善心已经生起。由于现行痴的遮蔽,人既不能了知恶行、不善业未来将受的苦果,也往往不能看见当下卑劣、污秽、凶恶行为本身的过患。
ဝီတိက္ကမမောဟ --- ယင်းပရိယုဋ္ဌာန ကိလေသာမောဟ၏ တွန်းအားကြောင့် ယင်းမောဟ ဖြစ်ပေါ်လာ သောအခါ ပင်ကိုမူလက ပညာရှိသူတော်စင်ကြီးတို့ပင် ဖြစ်လင့်ကစား အပြစ်ကို မမြင်နိုင်ဘဲ ဒုစရိုက်အမှုကို ပြုမိကြလေတော့သည်။ ဤမောဟသည် အကုသိုလ်စခန်း၌ အလွန်ဆိုးသွမ်း မိုက်မဲသော တရားတစ်မျိုးပင်တည်း။
违犯痴——在这种现行烦恼痴的推动下,痴一旦生起,即使本来是有智慧的贤善者,也可能看不见过患而造作恶行。痴在不善领域中,实在是一种极为凶恶、愚昧的法。
ဤလောက၌ မိုက်မဲမှုဟူသမျှသည် ဤမောဟ၌သာလျှင် အခြေစိုက်လျက် ရှိပေသည်။
世间一切愚行,全都以这种痴为根基。
ဟရိတစဇာတ်တော် (၄၃၁)
《哈利达萨本生》(第四百三十一则)
လူနတ်တို့၏ ဆရာတစ်ဆူ ဖြစ်တော်မူသော ဘုရားရှင်သည် ဇေတဝန်ကျောင်းတိုက်တော်၌ သီတင်းသုံး စံနေတော်မူစဥ် တန်ဆာဆင်ထားသော အမျိုးသမီးတစ်ဦးကို မြင်တွေ့ရ၍ လူထွက်လိုသော ရဟန်းတော်တစ်ပါး ကို အကြောင်းပြု၍ ဤသို့ မိန့်ကြားတော်မူ၏။
世尊——人天之师——住在祇陀林时,因一位见到盛装女子而想还俗的比丘,开示道:
ချစ်သားရဟန်း …ကိလေသာမည်သည်ကား ထင်ရှားရှိနေသော ဂုဏ်ကျေးဇူးကို ဖျက်ဆီးတတ်၏၊ သာယာဖွယ် ကင်းလှ၏၊ ငရဲ၌ ဖြစ်စေတတ်၏၊ ဤသို့သဘောရှိသော ကိလေသာသည် အဘယ်အကြောင်းကြောင့် သင်ချစ်သားကို ညစ်နွမ်းအောင် ပင်ပန်းအောင် ဆင်းရဲအောင် မပြုလုပ်ဘဲ ရှိနိုင်ပါအံ့နည်း၊ မြင်းမိုရ်တောင်ကို တိုက်ခတ်၍လာသော လေပြင်းမုန်တိုင်းသည် သစ်ရွက်ဟောင်းကို တိုက်ခတ်ဖို့ရန် မရှက်သည်သာ ဖြစ်၏။
‘比丘,烦恼会摧毁已有的功德,毫不可爱,并能令人堕入地狱。具有这种性质的烦恼,怎么可能不染污你、不折磨你、不令你受苦呢?足以撼动须弥山的狂风,决不会羞于吹落一片枯叶。’
မှန်ပေသည် --- ဤကိလေသာကို အမှီပြု၍ သမ္မာသမ္ဗောဓိဉာဏ်တော်မြတ်၏ နောက်သို့ ထပ်ကြပ်မကွာ လိုက် ပါလျက် ပါရမီတော်မြတ်အပေါင်းကို ဖြည့်ကျင့် ဆည်းပူးလျက်ရှိသော လောကီအဘိညာဏ် (၅)ပါးနှင့် သမာပတ် (၈)ပါးတို့ကို ရရှိတော်မူသော အလွန်စင်ကြယ်သောအကျင့် ရှိတော်မူသော ယောကျာ်းမြတ်ကြီးတို့သော်မှလည်း သတိကို ရှေးရှူ တည်စေခြင်းငှာ မစွမ်းနိုင်ကုန်သည် ဖြစ်၍ ရပြီးစျာန်ကို ကွယ်ပျောက်စေခဲ့ဖူးကုန်ပြီ။ --- ဤသို့ မိန့်ကြားတော်မူပြီးနောက် အတိတ်ဇာတ်ကြောင်းကို ပြန်ပြောင်း၍ ဟောကြားတော်မူလေသည်။
确实,由于这种烦恼,即使是为追求正等觉智而不断圆满诸波罗蜜,已经获得五种世间神通与八定、戒行极为清净的伟丈夫,也曾不能把念安立在前,终于退失已经获得的禅那。世尊如此开示以后,便转而宣说过去的本生故事。
ပညာရှိကြီး မောဟဖိစီးပုံ
智者为痴所压伏
ရွှေအဆင်းနှင့်တူသော အဆင်း ရှိသောကြောင့် ဟရိတစ အမည်ရသော ဘုရားအလောင်းတော်ကြီးသည် မိဘနှစ်ပါးတို့ ကွယ်လွန်သွားသောအခါ ကုဋေ (၈ဝ) ကြွယ်ဝသော စည်းစိမ်ကြီးကို စွန့်လွှတ်လျက် ဟိမဝန္တာသို့ တောထွက်ကာ ရသေ့ရဟန်း ပြုလုပ်ပြီးနောက် ပါရမီတော်များကို ဖြည့်ကျင့် ဆည်းပူးတော်မူလေရာ (၇)ရက် အတွင်းမှာပင် စျာန်အဘိညာဏ်စခန်းဝယ် အထက်တန်းသို့ ရောက်အောင် ပေါက်မြောက် အောင်မြင်တော်မူခဲ့ လေသည်။ ဟိမဝန္တာဝယ် တောသစ်မြစ် သစ်ဥ သစ်ဖု သစ်သီးဝလံလျှင် အစာအာဟာရ ရှိလျက် ကြာမြင့်စွာ နေထိုင် သီတင်းသုံးတော်မူပြီးနောက် ချဥ်ဆား မှီဝဲရန်အလို့ငှာ ဟိမဝန္တာတောင်မှ သက်ဆင်းတော်မူခဲ့၍ ဗာရာ- ဏသီပြည်သို့ ကြွရောက်တော်မူကာ ဘုရင့်ဥယျာဥ်တော်ဝယ် သီတင်းသုံးတော်မူလေသည်။ ထိုဗာရာဏသီ ပြည့်ရှင်ကား အရှင်အာနန္ဒာအလောင်း ပါရမီဖြည့်ဖက် မိတ်ဟောင်းကြီးပင်တည်း။ ထိုကြောင့် အလောင်းတော်
菩萨肤色如金,因而名为哈利达萨。双亲去世以后,他舍弃八十俱胝的巨富,前往喜马拉雅山出家为仙人,修习诸波罗蜜;短短七日之内,便在禅那与神通上达到高深成就。他长久住在喜马拉雅山,以林中根、茎、块根与果实为食;后来为取得酸味和盐,从山中下来,来到波罗奈城,住在王家园林。波罗奈王是阿难尊者的前身,也是菩萨往昔共同圆满波罗蜜的老友。因此,国王一见菩萨仙人——
ရှင်ရသေ့ကို ဖူးမြင်ရလျှင် ဖူးမြင်ရခြင်း လွန်မင်းစွာ ကြည်ညိုသွား၏။ ချက်ချင်း ပင့်ဖိတ်စေ၍ ထီးဖြူ မိုးထားအပ် သော ရာဇပလဒင်ထက်၌ သီတင်းသုံးစေတော်မူပြီးနောက် မွန်မြတ်သော အထူးထူးသော အရသာရှိသော ဆွမ်း
——便生起极大净信,立即请他入宫,让他坐在白伞覆盖的王座上,以种种上妙美味的饮食——
原书第 352 页
ဘောဇဥ်တို့ဖြင့် ပြုစုလုပ်ကျွေး၏။ ဆွမ်းစားခြင်းကိစ္စ ပြီးလတ်သော် ရှင်ရသေ့က အနုမောဒနာ တရားတစ်ပုဒ်ကို ဟောကြားပြသ ဆိုဆုံးမတော်မူ၏။ ဗာရာဏသီဘုရင်ကြီးကလည်း အနုမောဒနာတရား၏ အဆုံး၌ အလွန့်အလွန် ကြည်ညိုရကား ဥယျာဥ်တော်အတွင်းမှာ သီတင်းသုံးတော်မူရန် တောင်းပန် လျှောက်ထား၍ နေ့သန့်စင်ရာနေရာ ညဥ့်သန့်စင်ရာနေရာ စသည်တို့ကို ဥယျာဥ်တော်၌ စီရင်ပြီးနောက် ဥယျာဥ်စောင့်ကို အလုပ်အကျွေးအဖြစ် ထား၍ ဥယျာဥ်တော်၌ သီတင်းသုံးစေတော်မူ၏။ ဘုရားအလောင်းတော်ရသေ့ကြီးသည်လည်း ထိုနေ့မှစ၍ အမြဲမပြတ် မင်း၏ နန်းတော်၌ပင်လျှင် ဆွမ်းဘုဥ်းပေးတော်မူလျက် (၁၂)နှစ်တို့ပတ်လုံး ဥယျာဥ်တော်၌ သီတင်းသုံးတော်မူ၏။
——供养。用斋以后,仙人为国王宣说一篇随喜开示,加以教诫。波罗奈王听完以后净信倍增,请仙人住在园林中,又在那里安排日间、夜间清净处等住所,并派园丁服侍。自此以后,菩萨仙人一直在王宫用斋,在园林中住了十二年。
အခါတစ်ပါး၌ကား တိုင်းစွန်ပြည်နားဝယ် သူပုန်ထသောကြောင့် သူပုန်ဘေးရန်ကို ဘုရင်ကိုယ်တိုင် နှိမ်နင်း ရန် ထွက်ခွာခါနီးမှာ ကောင်းမှုတည်းဟူသော မျိုးစေ့၏ ကြဲချစိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်တော်မူ သော ဆရာရသေ့ကို မမေ့မလျော့ ပြုစုလုပ်ကျွေးရန် မိဖုရားအား အတန်တန် မှာကြားပြီးမှ ထွက်ခွာသွားလေ သည်။ မိဖုရားကြီးကလည်း အချိန်မှန်မှန် ကိုယ်တိုင်ကိုယ်ကျ ဆွမ်းဖြင့် ပြုစုလုပ်ကျွေး၏။ တစ်နေ့သောနံနက်မှာမူ ဆရာတော်ရသေ့ မလာသေးသည့်အတွက် ကိုယ်လက် သန့်စင်အောင် နံ့သာရေမိုး ကောင်းစွာချိုး၍ ချောမွေ့ နုနယ်သော အဝတ်ကို ဝတ်ဆင်ကာ ဆရာရသေ့ အလာကို စောင့်မျှော်ရင်း လေသာပြူတင်းတံခါးကို ဖွင့်လျက် လေညင်းခံကာ သလွန်ပေါ်မှာ ခေတ္တ လျောင်းစက်နေလေသည်။
有一次,边境发生叛乱,国王准备亲自出征平乱;临行前,他再三嘱咐王后,不可忘记供养如同播种福业种子的良田一般的仙人导师。王后也按时亲自供斋。一天清晨,仙人迟迟未到,她便以香水沐浴,换上柔软细衣,一面等候仙人,一面打开窗户纳凉,暂卧在榻上。
အလောင်းတော် အရှင်ရသေ့သည်လည်း အဘိညာဏ်သမာပတ် အစွမ်းဖြင့် ကောင်းကင်လမ်းက ကြွမြန်း တော်မူလေရာ လေသာနန်းတံခါးပေါက်သို့ ဆိုက်ရောက်တော်မူလာ၏။ မိဖုရားကြီးသည်လည်း ရှင်ရသေ့ကြီး၏ လျှော်တေသင်္ကန်းသံကို ကြားရသဖြင့် သလွန်ထက်မှ ဗြုန်းကနဲ အထလိုက်တွင် အမြင်မတော်သော ကိုယ်တစ်ပိုင်းမှ ခါးဝတ် လျှောကျသွားလေသည်။ ထိုအခြင်းအရာကို ရသေ့ကြီး မြင်လတ်သော် သန့်ရှင်းသော စိတ်ဓာတ်ဝယ် နှစ်ပေါင်းများစွာ ကိန်းဝပ်လျက် ရှိသော အနုသယဓာတ် မောဟသည် ရုတ်တရက် ထကြွ၍ ပရိယုဋ္ဌာနမောဟ အဖြစ်သို့ ရောက်ရှိလာ၏။ စိတ်အစဥ်တွင် ထကြွ သောင်းကျန်းလာသော မောဟသည် တဏှာ ရာဂ ရမ္မက်နှင့် တွဲဖက်မိသဖြင့် မိဖုရားကြီး၏ လက်ကိုဆွဲကာ ကန့်လန့်ကာတွင်းသို့ ဝင်၍ သူရဲသဘက်ပမာ အမှားကြီး မှားရှာ လေသည်။ (ဇာတကအဋ္ဌကထာ-၃-၄၇၃-၄၇၄။) ဤဝတ္ထု၌ အနုသယဓာတ် မောဟသည် ပရိယုဋ္ဌာနအဆင့်တွင် ရပ်တည်မနေတော့ဘဲ ရာဂနှင့် ပေါင်းဖက်
菩萨仙人凭神通定力从空中飞来,抵达窗前。王后听见他树皮衣的声响,仓促从榻上起身,下身衣服滑落,露出不宜观看的部位。仙人一见,潜伏在清净心中多年的随眠痴顿时发动,转成现行痴;在心相续中现起扰乱的痴又与爱、贪、欲染结合,于是他牵着王后的手走入帘后,像恶鬼一般犯下大过。(《本生义注》3-473—474。)这个故事应注意:随眠痴没有停在现行层次,而是与贪相结合——
လျက် ဝီတိက္ကမအဆင့်အထိ ကူးစက်သွားပုံကို သတိပြုပါ။ ဤမောဟမျိုးသာ မဝင်လာလျှင် အလောင်းတော် ရှင်ရသေ့သည် ထိုကဲ့သို့သော လောကဓမ္မ အမည်ရသည့် မတရားမှုမျိုးကို ဘုရင်ကိုယ်တိုင်က ကျေကျေနပ်နပ် ခွင့်ပေးသော်လည်း ပြုရက်နိုင်မည်ကား မဟုတ်ပေ။ ယခုသော်ကား …မောဟ အမှောင်ထုကြီးသည် ကြီးမား သော စွမ်းအားဖြင့် ဖိစီး ကျရောက်လာရကား ယခုဘဝ၌ ရရှိမည့် အပြစ် နောင်သံသရာ၌ ရရှိမည့် အပြစ်တို့ကို မမြင်နိုင်တော့သဖြင့် မသင့်သော အမှုကို ပြုမိရှာလေသည်။ တစ်သက်လုံး အားထုတ်ခဲ့သော စျာန်အဘိညာဏ် ပညာများကလည်း ယခုလို အချက်ကောင်း၌ အလွန် ထုထည်ကြီးမားနေသော မောဟအမှောင်ထုကို မဖောက် ခွဲနိုင် အနိုင်မယူနိုင် ဖြစ်နေကြ၏။ မဖောက်ခွဲနိုင်ရုံသာမက ထုထည်ကြီးမားလှသော မောဟ၏ ဖိစီးမှုကြောင့် စျာန် အဘိညာဏ်တို့ကသာ လျှောကျ ကွယ်ပျောက်သွားကြရလေသည်။
——越至违犯层次。若这种痴没有侵入,即使国王欣然准许,菩萨仙人也绝不可能做出这种所谓‘世间法’的不当行为。可是,此时巨大的痴暗以强力压伏他,使他看不见今生与未来轮回中将承受的过患,终于造作不当之事。他毕生修得的禅那、神通与智慧,在这关键时刻也无法穿破、战胜如此厚重的痴暗;不仅不能穿破,反因它的压迫而退失、消失。
သို့သော် အလောင်းတော် အရှင်ရသေ့ကား မူလက ပါရမီဓာတ်ခံ ရင့်သန်ပြီး ဖြစ်သောကြောင့် ဘုရင် မင်းတရားကြီး ပြန်ရောက်လာသောအခါ လွန်စွာ သံဝေဂဖြစ်၍ လျှောကျသော စျာန်ကို ပြန်ရအောင် အားထုတ် ကာ လူ့အနား၌ နေထိုင်မိသဖြင့် ဤအမှုမျိုး ဖြစ်ရသည်ဟု နောင်တရလျက် လူသူကင်းကွာသည့် ဟိမဝန္တာသို့ ပြန်ကြွလေသည်။
不过,菩萨仙人原有深厚成熟的波罗蜜资粮。国王返回以后,他生起强烈悚惧,努力重获退失的禅那;又深悔自己因为住近人群而犯下此事,于是返回远离人烟的喜马拉雅山。
原书第 353 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း စတ္တာရော မေ မဟာရာဇ၊ လောကေ အတိဗလာ ဘုသာ။
‘大王,世间有四法,势力极强、极其猛烈:
ရာဂေါ ဒေါသော မဒေါ မောဟော၊ ယတ္ထ ပညာ န ဂါဓတိ။ (ဇာတက-ဋ္ဌ-၃-၄၇၆။)
——贪、嗔、憍醉与痴;在这些法中,慧无立足之处。’(《本生义注》3-476。)
၁။ ရာဂ = လိုလားတပ်မက်ခြင်း ၂။ ဒေါသ = စိတ်ခက်ထန် ကြမ်းတမ်းခြင်း ဖျက်ဆီးလိုခြင်း ၃။ မဒ = မာန်ယစ်ခြင်း အလွန် ဘဝင်မြင့်ခြင်း ၄။ မောဟ = အသိမှားခြင်း = အမှန်ကို မသိခြင်း ဒါယကာတော် မင်းကြီး …ရာဂ ဒေါသ မဒ မောဟဟူသော ဤတရား (၄)မျိုးတို့သည် လောက၌ အလွန် စွမ်းအင်ကြီးမားကုန်သော တရားတို့ ဖြစ်ကြကုန်၏၊ အလွန် ပြင်းထန်ကြကုန်၏။ စိတ်အစဥ်ဝယ် ထကြွ သောင်းကျန်းခြင်း ပရိယုဋ္ဌာနအဆင့်သို့ ရောက်ရှိလာကြကုန်သော ဤတရား (၄)မျိုးတို့၌ အပြောကျယ်လျက် နက်လည်း နက်လှစွာသော အလွန်ရေစီးကြမ်းသော ရေပြင်ကြီး၏ အတွင်း၌ ကျရောက် မျောပါနေသူတို့ကဲ့သို့ ပညာသည် ထောက်ရာ တည်ရာကို မရရှိနိုင်။ (ဇာတက-ဋ္ဌ-၃-၄၇၆။)
一、贪——欲求、贪著;二、嗔——心刚强粗暴,意欲破坏;三、憍醉——因慢而沉醉,极度自高;四、痴——错误认知,不知真实。‘大王,贪、嗔、憍醉与痴这四法,在世间力量极强、极其猛烈。它们在心相续中发动、达到现行层次时,就像人坠入宽广深邃而水流湍急的洪流、身不由己地漂荡一样,智慧无法得到依处、无法立足。’(《本生义注》3-476。)
ပမာဒတရား
放逸
နာဟံ ဘိက္ခဝေ အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ၊ ယော ဧဝံ မဟတော အနတ္ထာယ သံဝတ္တတိ၊ ယထယိဒံ ဘိက္ခဝေ ပမာဒေါ။ ပမာဒေါ ဘိက္ခဝေ မဟတော အနတ္ထာယ သံဝတ္တတိ။ (အံ-၁-၁၄။) ရဟန်းတို့ …ဤမေ့လျော့ခြင်း = ပမာဒတရားသည် များစွာ အကျိုးမဲ့ခြင်းငှာ ဖြစ်သကဲ့သို့ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှာ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါဘုရားသည် မြင်တော်မမူ။ ရဟန်းတို့ မေ့လျော့ခြင်း = ပမာဒတရားသည် များစွာ အကျိုးမဲ့ခြင်းငှာ ဖြစ်၏။ (အံ-၁-၁၄။) ကုသိုလ်တရားတို့၌ မေ့လျော့ခြင်း ပမာဒတရားဟူသည် မောဟပြဓာန်းသော အကုသိုလ် စိတ်စေတသိက် တရားစုပင် ဖြစ်၏။ ယင်းပမာဒတရားကြောင့် မီးသွေးထမ်းရသည့် ဘဝသို့ ရောက်ရှိသွားသော သူတော်ကောင်း တစ်ဦး၏ အကြောင်းအရာသည် သမ္မောဟဝိနောဒနီ အဋ္ဌကထာကြီး၌ အောက်ပါအတိုင်း လာရှိ၏။
世尊开示:‘诸比丘,我不见有任何另一法,能像放逸这样导致如此巨大的无利益。诸比丘,放逸导致巨大的无利益。’(《增支部》1-14。)所谓在善法上放逸,就是以痴为主导的一组不善心与心所。《迷惑冰消》记载了一位贤者因放逸而沦为背炭人的故事,内容如下。
မီးသွေးထမ်းရသူ ပညာရှိကြီး
背炭的智者
သုံးကျိပ် အတိုင်းအရှည် ရှိကုန်သော ရဟန်းတို့သည် ကလျာဏီ မဟာစေတီတော်ကြီးကို ရှိခိုး ဝတ်ပြုပြီး နောက် တောအုပ်တစ်ခု အတွင်း၌ တည်ရှိသော တောလမ်းခရီးဖြင့် လမ်းမကြီးဘက်သို့ ရှေးရှူလျက် သက်ဆင်း လာကုန်လတ်သော် လမ်းခရီးစပ်ကြား တစ်နေရာ၌ မီးလောင်ထားသော လယ်တောဝယ် အလုပ်လုပ်ပြီး၍ ပြန်လာသော ဒါယကာတစ်ဦးကို တွေ့မြင်ကြကုန်၏။ ထိုသူ၏ တစ်ကိုယ်လုံးသည်ကား မီးသွေးတို့ဖြင့် ပေကျံထား သဖြင့် မီးသွေးရောင်ကဲ့သို့ မည်းနက်နေ၏။ မီးသွေးတို့ဖြင့် လူးလည်း ပေကျံလျက် ရှိသော ဖန်ရည်ဆိုးထားသော အဝတ်တစ်ထည်ကိုလည်း ခါးတောင်းမြှောင်နေအောင်ကျိုက်၍ ဝတ်ထား၏။ ထိုသူကို အမှတ်တမဲ့ ကြည့်လိုက် သော် မီးလောင်ထားသော သစ်ငုတ်တိုကဲ့သို့ထင်ရ၏၊ မီးလောင်ထားသည့် သစ်ငုတ်တိုနှင့် တူသော ထိုသူကား တစ်နေ့ပတ်လုံး ယင်းလယ်တော၌ အလုပ်လုပ်ပြီးနောက် ထက်ဝက် မီးလောင်ထားသော ထင်းစည်း တစ်စည်းကို
三十位比丘礼敬迦利耶尼大塔以后,沿着大林中的小径走向大路。途中,他们看见一位在火烧过的田里做完工、正在回家的近事男。他全身沾满炭灰,黑得如同木炭;腰间也束着一块被炭灰染黑弄脏的红褐衣。乍看之下,他就像一截烧焦的树桩。他在田里劳作一整天以后,正背着一捆烧到一半的木柴——
ထမ်း၍ ပြန်လာခြင်း ဖြစ်၏။ ထိုသူ၏ ဆံပင်တို့သည် ထိုသူ၏ ကျောကုန်းထက်၌ ဖရိုဖရဲ ပြန့်ကျဲလျက် ရှိကြ၏။
——回家;头发蓬乱,披散在背上。
ရဟန်းတော်တို့နှင့် ရင်ဆိုင်တိုးမိသောအခါ လမ်းဘေးဆင်း၍လာလျက် ရဟန်းတော်တို့၏ မျက်မှောက်၌ ရပ်တည် နေ၏။
他与比丘们迎面相遇,便退到路边,站在他们面前。
原书第 354 页
ထိုရဟန်းတော်တို့၏ နောက်တွင် တပည့်ကိုရင်ငယ် = ရှင်သာမဏေများလည်း ပါလာကြ၏။ ရှင်သာမဏေ တို့သည် ထိုသူကို မြင်သောအခါ အချင်းချင်း တစ်ပါးက တစ်ပါးကို ကြည့်ကြကုန်လျက် ''ဟေ့ --- ကိုရင် --- သင့်အဖေ၊ (ငါ့အဖေဖြစ်လျှင်) သင့်အဘိုး၊ သင့်ဦးလေး'' --- ဤသို့ ရယ်ရွှန်းဖတ်ရွှန်း (= ရယ်ရွှမ်းပတ်ရွှမ်း) ပြောကြကုန်လျက် လိုက်ပါလာကြ၏။ ထိုဒါယကာကိုလည်း ''ဥပါသက …သင့်အမည် ဘယ်လို ခေါ်ပါသလဲ'' ဟု မေးမြန်းကြ၏။
比丘们后面还跟着一些弟子小沙弥。沙弥们看见他,便彼此挤眉弄眼,打趣说:‘喂,沙弥,那是你父亲;若是我父亲,那就是你祖父、你叔父。’他们一路讥笑,又问那位近事男:‘近事男,你叫什么名字?’
ထိုဒါယကာသည် မိမိ၏ နာမည်ကို အမေးခံရသဖြင့် စိတ်မကောင်းဖြစ်၍ ထမ်းလာသော ထင်းစည်းကို ပစ်ချလိုက်၍ အဝတ်ကို ကောင်းစွာဝတ်၍ မထေရ်မြတ်ကြီးတို့ကို ရှိခိုးလျက် ''အရှင်ဘုရားတို့ …ခေတ္တ ရပ်တော်မူကြပါကုန်ဘုရား''ဟု လျှောက်ထား၏။ မထေရ်မြတ်ကြီးတို့ကလည်း ချီးမြှောက်သောအားဖြင့် ရပ်တည် ပေးတော်မူကြ၏။ ရဟန်းငယ် သာမဏေငယ်တို့သည် လာလတ်ကြ၍ မထေရ်ကြီးတို့၏ ရှေ့မှောက်မှာပင် ပြက်ရယ် ပြောင်လှောင်ခြင်းကို ပြုကြကုန်၏။ ထိုအခါ ဥပါသကာဒါယကာကြီးက ဤသို့ လျှောက်ထား၏။
那人被问到姓名,心中难过,便放下背着的柴捆,整好衣服,礼敬诸大长老,说:‘尊者们,请暂且停步。’诸长老为摄受他而停下;年轻比丘与沙弥走近以后,竟仍在长老面前讥笑他。于是那位近事男说道:
အရှင်ဘုရားတို့ …အရှင်ဘုရားတို့သည် တပည့်တော်ကို တွေ့မြင်ရကြ၍ ပြက်ရယ် ပြောင်လှောင်မှုကို ပြုကြကုန်ဘိ၏၊ ဤမျှ အတိုင်းအရှည်ရှိသော သင်္ကန်းကို ဝတ်ရုံနေကာမျှဖြင့်ပင်လျှင် အထွတ်အထိပ်သို့ ရောက်ရှိ နေကြကုန်၏ဟု အောက်မေ့ မှတ်ထင်ကြကုန်သလော၊ တပည့်တော်သည်လည်း ဟိုရှေးယခင်အခါတုန်းက အရှင်ဘုရားတို့ကဲ့သို့သော ရဟန်းတော်ပင် ဖြစ်ခဲ့ဖူးပါ၏၊ အရှင်ဘုရားတို့၏ သန္တာန်၌ စိတ္တေကဂ္ဂတာ အမည် ရသော စိတ်တည်ကြည်မှု သမာဓိမျှသော်လည်း မရှိသေးပါ။ (သူ့ကိုမြင်၍ ပြောင်လှောင်နေသဖြင့် ဤသို့ လျှောက် ထားနေခြင်း ဖြစ်၏။) တပည့်တော်သည်ကား ဤ ဂေါတမဘုရားရှင်၏ သာသနာတော်မြတ်အတွင်း၌ပင်လျှင် တန်ခိုးအာနုဘော်ကြီးမားသော ရဟန်းတော်တစ်ပါး ဖြစ်ခဲ့ဖူးပါ၏။ ကောင်းကင်ကို အာရုံယူ၍ မဟာပထဝီမြေကြီး ဖြစ်အောင် ပြုလုပ်နိုင်ပါ၏၊ မဟာပထဝီမြေကြီးကိုလည်း အာရုံယူ၍ ကောင်းကင်ဖြစ်အောင် ပြုလုပ်နိုင်ပါ၏၊
‘尊者们,你们见我这副模样便加以嘲笑,难道以为只因披了这样长的袈裟,便已经登上修行顶峰吗?过去我也曾是像你们一样的比丘;而你们的相续中,现在连名为心一境性的定都还没有。〔因为他们嘲笑他,他才这样说。〕我过去就在乔达摩佛的教法中,成为一位大神通比丘:我能取虚空为所缘而令它成为大地,也能取大地为所缘而令它成为虚空——
အဝေးကို အာရုံယူ၍ အနီးဖြစ်အောင် ပြုလုပ်နိုင်ပါ၏၊ အနီးကို အာရုံယူ၍ အဝေးဖြစ်အောင် ပြုလုပ်နိုင်ပါ၏၊ စကြဝဠာတိုက်ပေါင်း တစ်ထောင်ကို တစ်ခဏချင်းဖြင့် ထုတ်ချင်းဖောက် အရောက်သွားနိုင်ခဲ့ပါ၏။ ယခုအခါ၌ ဘုရာ့တပည့်တော်၏ လက်တို့ကိုပင် ကြည့်ရှုတော်မူကြပါကုန်၊ ယခုအခါ၌ကား တပည့်တော်၏ လက်တို့သည် မျောက်သတ္တဝါ၏ လက်နှင့် တူနေကြပါကုန်၏။ တပည့်တော်သည် ဤလက်တို့ဖြင့်ပင်လျှင် တစ်ချိန်က ဤမြေပြင် အရပ်၌ ထိုင်လျက်ပင် လ နေတို့ကို သုံးသပ်နိုင်ခဲ့ပါ၏။ ဤ လ နေတို့ကို ဤခြေထောက်တို့၏ပင်လျှင် ပွတ်တိုက် စရာ ခြေပွတ်အိုးခြမ်းကွဲ ပြု၍ နေထိုင်ခဲ့ဖူးပါ၏၊ ဘုရာ့တပည့်တော်၏ ဤသို့သဘောရှိသော တန်ခိုးဣဒ္ဓိပါဒ်သည် ကုသိုလ်တရားတို့၌ မေ့လျော့ခြင်း ပမာဒတရားကြောင့် ကွယ်ပျောက်ခဲ့ရပါသည်ဘုရား …၊ အရှင်ဘုရားတို့သည် ဤသာသနာတော်၌ သတိပဋ္ဌာန် လေးပါး စသည့် ကုသိုလ်တရားတို့၌ မမေ့လျော့ခြင်း သတိတရားကို လက်ကိုင်
——能令远处变近、近处变远,也能在一刹那间穿越一千世界。如今请看看我的双手,它们已经像猴子的手;可是从前,我坐在这片地上,就能以这双手触摸日月,甚至把日月当作擦脚的碎瓦片,用双脚摩擦。如此神通力,因为我在善法上放逸而消失了。尊者们,你们在这教法中,应当以念为依止,对四念处等善法不忘失——
ထားတော်မူကြ၍ မမေ့မလျော့ နေထိုင်တော်မူကြပါဘုရား …။ မေ့လျော့ခြင်း ပမာဒတရားကြောင့် ဤသို့ သဘောရှိသော ပျက်စီးခြင်းသို့ ရောက်ကြရပါကုန်၏။
——安住不放逸。正因为放逸,才会沦落到我这种败坏的境地。
သတိပဋ္ဌာန် လေးပါးကို ပွားများ အားထုတ်ခြင်း စသော ကုသိုလ်တရားတို့၌ မမေ့လျော့ခြင်း အပ္ပမာဒတရား လက်ကိုင်ထားကြကုန်သည် ဖြစ်၍ ဤသာသနာတော်၌ မှီတင်း နေထိုင်တော်မူကြကုန်သော သူတော်ကောင်းတို့ သည် ဇာတိ ဇရာ မရဏ၏ အဆုံးအပိုင်းအခြားကို ပြုတော်မူနိုင်ကြပါကုန်၏ဘုရား …။ ထိုကြောင့် အရှင်ဘုရား တို့သည် တပည့်တော်ကိုပင် အာရုံပြုတော်မူကြကုန်၍ ကုသိုလ်တရားတို့၌ မမေ့လျော့ခြင်း အပ္ပမာဒတရားကို လက်ကိုင်ထားနိုင်ကြကုန်သည် ဖြစ်တော်မူကြပါကုန်ဘုရား …။
安住于这教法的贤善者,若以不放逸为所持,在修习四念处等善法上毫不忘失,就能走到生、老、死的尽头。所以,尊者们,请以我为鉴,在诸善法上坚持不放逸。’
ဤသို့လျှင် မီးသွေးထမ်းသမား ဥပါသကာ ဒါယကာကြီးက ရဟန်းတော်တို့အား တရားဖြင့် ခြိမ်းခြောက်၍ အဆုံးအမ သြဝါဒစကားကို လျှောက်ထား ပေးသနားလေသည်။ ထိုရဟန်းတော်တို့သည် ထိုဥပါသကာ ဒါယ-
背炭的近事男就这样以法警策比丘们,给予教诫。就在他开示期间,那些比丘——
原书第 355 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း ကာက လျှောက်ထားနေစဥ် အချိန်အတွင်းမှာပင် ထိတ်လန့်ကြောင်း ဖြစ်သော သံဝေဂဉာဏ်သို့ ရောက်ရှိတော် မူကြကုန်၍ ဝိပဿနာကမ္မဋ္ဌာန်းကို စီးဖြန်းတော်မူကုန်လတ်သော် သုံးကျိပ်သော ရဟန်းတော်တို့သည် ထိုနေရာ အရပ်၌ပင်လျှင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူကြလေကုန်၏။
——生起能引发悚惧的悚惧智,修习毗婆舍那业处;三十位比丘当场证得阿罗汉果。
ဤသို့လျှင် သမထ ဝိပဿနာ ဉာဏ်များကို ရရှိတော်မူကြပြီးသော သူတော်ကောင်းကြီးတို့၏ သန္တာန်၌ သော်လည်း မောဟတရားက လွှမ်းမိုးဖိစီး နှိပ်စက်လာသောအခါ ဖြစ်ပေါ်ပြီးကုန်သော လောကီသမထ ဝိပဿနာ ဉာဏ်တို့သည်လည်း ချုပ်ပျက်ကြကုန်လျက် အကျိုးစီးပွားမဲ့ခြင်းငှာ ဖြစ်ပေါ်လာကြကုန်၏ဟု သိရှိပါလေ။
由此应知:即使在已经成就止智、观智的贤善者相续中,一旦痴前来笼罩、压伏、逼迫,已经生起的世间止智与观智也会灭失,带来无利益。
(အဘိ-ဋ္ဌ-၂-၂၈၂-၂၈၃။)
(《迷惑冰消》2-282—283。)
ပမတ္တဿ စ နာမ စတ္တာရော အပါယာ သကဂေဟသဒိသာ။ (ဓမ္မပဒ-ဋ္ဌ-၁-၆။) ကုသိုလ်တရားတို့၌ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ နေထိုင်လေ့ ရှိသော မောဟ ဖိစီးနေသောသူအဖို့ အပါယ်လေးဘုံတို့သည် ကိုယ့်အိုးကိုယ့်အိမ်နှင့် တူသည် မည်ကုန်၏။ (ဓမ္မပဒ-ဋ္ဌ-၁-၆။)
‘对于放逸者,四恶趣就如同自己的家。’(《法句义注》1-6。)也就是说,对于在善法上轻忽懈怠、受痴压伏的人,四恶趣就像自己的家一样。(《法句义注》1-6。)
မသိတိုင်းလည်း မောဟ မဟုတ်ပါ
并非一切不知都是痴
မသိခြင်းသဘောကို မောဟဟု ဆိုသော်လည်း မသင်ဖူးသောအတတ် မရောက်ဖူးသောအရပ် မမှတ်ဖူး သောနာမည် စသည်တို့ကို မသိမှုမျိုးမှာ မသိရုံ သက်သက်သာ ဖြစ်၍ မောဟ မဟုတ်ပေ။ မိမိ၌ မှတ်သားဖူးသော သညာ မရှိမှုသာတည်း။ ထိုမသိမှုမျိုးမှာ သာမန်လူတွေကို မဆိုထားဘိ ရဟန္တာအရှင်မြတ်ကြီးတို့၏ သန္တာန်၌ သော်လည်း ရှိတတ်သေး၏။
虽然把不知的性质称为痴,但未曾学过的技艺、未曾去过的地方、未曾记过的名字等,这些不知只是不知道,并不是痴;这只是自己心中没有关于它们的旧有标记之想。这样的不知,不仅凡夫会有,阿罗汉圣者的相续中也仍可能有。
အဝိဇ္ဇာ ကင်း၍ ရဟန္တာ ဖြစ်သည့်အခါ လောကီ လောကုတ္တရာ တရားအားလုံးကို ကုန်စင်အောင် သိပြီ ဟုကား မမှတ်ယူသင့်ပေ။ သိသင့်သိထိုက်သည့် သစ္စာလေးပါး စသည်ကို သိသင့်သိထိုက်သလောက်သာ သိခြင်း သည်သာလျှင် လိုရင်းတည်း။ ရဟန္တာဖြစ်သော်လည်း ပဋိသမ္ဘိဒါပတ္တရဟန္တာ မဟုတ်လျှင် ပိဋကသုံးပုံကို တမင် သင်ယူပါမှ တတ်မြောက်နိုင်သည်။ ပိဋကသုံးပုံကို တတ်မြောက်သော်လည်း သူတစ်ပါး၏ အဇ္ဈာသယဓာတ်ခံကို ကျနစွာ မသိနိုင်။ သတ္တဝါတို့၏ အလိုအဇ္ဈာသယဓာတ်ခံကို သိသော အာသယာနုသယဉာဏ်တော်၊ သတ္တဝါတို့၏ ဣန္ဒြေ အနုံ့အထက်ကို = အနုအရင့်ကို သိသော ဣန္ဒြိယပရောပရိယတ္တိဉာဏ်တော် ဤဉာဏ်တော်တို့ကား သာဝကတို့နှင့် မဆက်ဆံသည့် သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့နှင့်သာ ဆက်ဆံသည့် အသာဓာရဏဉာဏ်တော် (၆)မျိုးတို့တွင် ပါဝင်ကြ၏။ သဗ္ဗညုတဉာဏ်ရှင် ဖြစ်တော်မူသော ဘုရားရှင်သည်သာလျှင် သိဖွယ်အားလုံးကို
不应认为:断尽无明、成为阿罗汉以后,便已穷尽了知一切世间与出世间法。要点只是:对于四谛等应知之法,在应知的范围内如实了知。即使是阿罗汉,若不是得无碍解者,也必须特意学习才能通晓三藏;即使通晓三藏,也不能完全了知他人的意乐与性向。能知有情意乐与随眠的意乐随眠智,以及能知有情诸根利钝、成熟程度的诸根胜劣智,都属于弟子所不共、唯正等觉佛陀才有的六种不共智。只有具一切知智的佛陀,才能把一切应知之法——
ကုန်စင်အောင် သိမြင်တော်မူနိုင်သည်။ ထိုကဲ့သို့ သာဝကတို့၏ လောကီ လောကုတ္တရာ တရားအားလုံးကို ကုန် စင်အောင် မသိခြင်းမှာ အဝိဇ္ဇာ၏ ဖုံးလွှမ်းမှု မဟုတ်၊ မိမိဉာဏ်၏ သတ္တိနည်းပါးမှုသာ ဖြစ်သည်။ ဥပမာ ----- နေ့လယ်ကြောင်တောင်ဝယ် အဝေးအရပ်၌ တည်ရှိနေသော ရူပါရုံကို မမြင်ခြင်းသည် အမှောင်၏ ကာကွယ်မှု ကြောင့် မဟုတ်၊ မိမိစက္ခု၏ သတ္တိနည်းပါးမှုသာ ဖြစ်သကဲ့သို့တည်း။
——完全了知。弟子不能穷尽了知一切世间、出世间法,并不是无明遮蔽所致,只是自身智力有限。譬如大白天看不见远处的色所缘,并不是黑暗遮蔽,而只是自己的眼力不足。
အထူ - အပါး
厚与薄
ဤအဝိဇ္ဇာသည် အဆင့်ဆင့် ထောက်ဆ၍ အထူအပါး ကွဲပြား၏၊ ဤကား ကုသိုလ်၊ ဤကား အကုသိုလ်ဟု ကုသိုလ်မှန်း အကုသိုလ်မှန်းကိုမျှ မသိအောင် ဖုံးလွှမ်းထားသော မောဟသည် = အဝိဇ္ဇာသည် အလွန် ထူပိန်းသော အဝိဇ္ဇာတည်း။ ကုသိုလ်မှန်း အကုသိုလ်မှန်း သိတတ်၍ အကုသိုလ်အချက် ပေါ်လာလျှင် ရှောင်ရှားတတ်ပါမူ၊ ကုသိုလ်ဟူသမျှကိုလည်း ပြုတတ်ပါမူ အဝိဇ္ဇာကား အတော်ပါးလှပ်လေပြီ၊ သို့သော် ဤမျှလောက်ဖြင့် အဝိဇ္ဇာ
无明依层次而有厚薄差别。痴——无明——若遮蔽到连‘这是善、这是不善’都不能分辨,就是极厚重的无明。若能辨别善与不善,遇到不善事时懂得避开,又能实行一切善法,无明便已相当薄弱;然而,距离断尽无明——
原书第 356 页
ကင်းဖို့အရေးမှာ များစွာ ဝေးပါသေး၏။ သောတာပန် သကဒါဂါမ် အနာဂါမ် အဖြစ်သို့ ရောက်ရှိ၍ အရိယ သစ္စာလေးပါး စသည်ကို ထွင်းဖောက် သိမြင်နိုင်သော်လည်း အဝိဇ္ဇာမှာ ပါးသည်ထက် ပါးရုံသာ ရှိသေး၏။
——仍然很远。即使已经成为入流、一来或不来,能够洞彻知见四圣谛等,无明也只是越来越薄,并未完全断尽。
ရဟန္တာအဖြစ်သို့ ရောက်ရှိပါမှ အဝိဇ္ဇာအားလုံး ကင်းလေသည်။
只有证得阿罗汉果,才断尽一切无明。
ဤနေရာဝယ် အရိယာသူတော်ကောင်းတို့သည် လောကုတ္တရာ အရိယသစ္စာလေးပါး စသည်ကို သိတော်မူ ကြသည် ဆိုရာ၌၊ ဝိပဿနာသမ္မာဒိဋ္ဌိ ဉာဏ်ပညာကို ရရှိတော်မူကြသော ဝိပဿနာကမ္မိက ကလျာဏပုထုဇန် သူတော်ကောင်းတို့သည်လည်း လောကီ သစ္စာလေးပါးကို ဝိပဿနာဉာဏ်ဖြင့် သိတော်မူကြသည်ဟု ဆိုရာ၌ ယခုကာလ သင်္ဂြိုဟ် သရုပ်ခွဲသမားတို့၏ အသိမျိုးကဲ့သို့ သရုပ် ရေတွက်တတ်သည့် အသိမျိုးကား မဟုတ်ပေ။
这里说诸圣者了知出世间四圣谛等,也说已经获得观正见智慧的修观贤善凡夫以观智了知世间四谛;这些‘知’,并不是当今只会依《摄阿毗达磨义论》列举、分析法相的那种知。
ဆရာအပြောနှင့် လွမ်းရသည့် အသိမျိုးလည်း မဟုတ်ပေ။ သရုပ် ရေတွက်တတ်မှုမှာ သညာသိ = အမှတ်သိမျိုး သာတည်း။ ဉာဏ်သိ မဟုတ်သေး၊ ဝိပဿနာသမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ဒုက္ခသစ္စာထိုက်သောတရား သမုဒယသစ္စာ ထိုက်သောတရား စသည်တို့ကို ပရမတ်သို့ ဆိုက်အောင် သိမှသာလျှင် ပညာသိ တကယ့်အသိဟု မှတ်ပါ။
也不是听老师讲后凭想象所得的知。会列举、分析法相,只是想知——凭标记而知——尚不是智知。必须以观正见智慧,在胜义层次亲知属于苦谛、集谛等的诸法,才是慧知,才是真正的知。
အန္ဓဘူတော အယံ လောကော၊ တနုကေတ္ထ ဝိပဿတိ။
此世间盲冥,能明观者少;
သကုဏော ဇာလမုတ္တောဝ၊ အပ္ပေါ သဂ္ဂါယ ဂစ္ဆတိ။
——如鸟脱罗网,生天者亦少。
ဤလောကကြီးသည် ပညာစက္ခု မရှိသဖြင့် အကန်းအတိ ဖြစ်၍ နေ၏၊ ဤလောကကြီး၌ သတ္တဝါ အနည်း- ငယ်သာလျှင် သင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ စသည်ကို ထူးထူးခြားခြား ရှုမြင်နိုင်၏။ ပိုက်ကွန်မိပြီးမှ လွတ်ထွက်နိုင်သော ငှက်သည် နည်းပါးလှဘိသကဲ့သို့ ထို့အတူ သေပြီးနောက် နတ်ပြည်သို့ ရောက်နိုင်သူမှာ အနည်းငယ်သာ ရှိလေသည်။ (ဓမ္မပဒ-၁၇၄။)
这个世间没有慧眼,完全处于盲冥之中;世间只有少数有情能够殊胜地观见诸行无常等行相。正如落网以后能够逃脱的鸟极少,死后能够到达天界的人也同样极少。(《法句经》174。)
၂။ အဟိရိက
二、无惭
၁။ ကာယဒုစ္စရိတာဒီဟိ အဇိဂုစ္ဆနလက္ခဏံ အဟိရိကံ၊ အလဇ္ဇာလက္ခဏံ ဝါ၊ ၂။ အလဇ္ဇနာကာရေန ပါပါနံ ကရဏရသံ၊ ၃။ အလဇ္ဇနာကာရေန ပါပတော အသင်္ကောစနပစ္စုပဋ္ဌာနံ၊ ၄။ အတ္တနိ အဂါရဝပဒဋ္ဌာနံ။ (အဘိ-ဋ္ဌ-၁-၂၉၁။ ဝိသုဒ္ဓိ-၂-၉၈။ မဟာဋီ-၂-၁၄၉။) ၁။ မကောင်းမှု အကုသိုလ်တရား + ဒုစရိုက်တရားတို့ကို မစက်ဆုပ်ခြင်း သဘော လက္ခဏ၊ တစ်နည်း --- မကောင်းမှု အကုသိုလ်တရား + ဒုစရိုက်တရားတို့မှ မရှက်ခြင်း သဘော လက္ခဏ၊ ၂။ မရှက်သော အခြင်းအရာအားဖြင့် မကောင်းမှုတို့ကို ပြုခြင်း (ကိစ္စ) ရသ၊ ၃။ မရှက်သော အခြင်းအရာအားဖြင့် မကောင်းမှုမှ မတွန့်ဆုတ်တတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ မိမိကိုယ်ကို မရိုသေ မလေးစားခြင်း ပဒဋ္ဌာန်။
第一,特相——无惭以不厌恶身恶行等为特相;换一种说法,以不以恶行及不善法为羞耻为特相。第二,作用——以不知羞耻的方式造作诸恶。第三,现起——以不知羞耻的方式对诸恶不退缩。第四,近因——不敬重自己。(《殊胜义注》1-291;《清净道论》2-98;《大复注》2-149。)
န ဟိရိယတိ န လဇ္ဇတီတိ အဟိရိကော၊ ပုဂ္ဂလော၊ စိတ္တံ၊ တံသမ္ပယုတ္တဓမ္မသမုဒါယော ဝါ။ ''အဟိရိက္က''န္တိ ဝတ္တဗ္ဗေ ဧကဿ ကကာရဿ လောပံ ကတွာ ''အဟိရိက''န္တိ ဝုတ္တံ။ (မဟာဋီ-၂-၁၄၉။) န ဟိရိယတီတိ အဟိရိကော။ (ဝိသုဒ္ဓိ-၂-၉၈။) ၁။ မရှက်တတ်သော ပုဂ္ဂိုလ်သည် အဟိရိက၊ ၂။ မရှက်တတ်သော စိတ်သည် အဟိရိက၊ ၃။ အဟိရိကစေတသိက်နှင့် ယှဥ်တွဲ ဖြစ်သော သမ္ပယုတ်တရားစုသည် အဟိရိကတည်း။
‘不惭、不羞,故为无惭。’这里的无惭,可以说:一、无羞耻的人;二、无羞耻的心;三、与无惭心所相应的诸法聚。原应说 ahirikka,省略一个 k 字母而说 ahirika。(《大复注》2-149。)《清净道论》亦说:‘不惭,故为无惭。’
原书第 357 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း ဤတိုင်အောင် အဟိရိကစေတသိက်ကို အရကောက်၍ မရသေးဟု မှတ်ပါ။
应注意:到这里,仍不能从相应法聚中单独辨取无惭心所来观照。
အဟိရိကဿ ဘာဝေါ အဟိရိကံ (အဟိရိက္ကံ)၊ (ဝိသုဒ္ဓိ-၂-၉၈။) ၁။ မရှက်တတ်သော ပုဂ္ဂိုလ်ဖြစ်ရန် အကြောင်းဖြစ်သော သဘော၊ ၂။ မရှက်တတ်သော စိတ်ဖြစ်ရန် အကြောင်းဖြစ်သော သဘော၊ ၃။ မရှက်တတ်သော သမ္ပယုတ်တရားစုဖြစ်ရန် အကြောင်းဖြစ်သော သဘော --- ဤသဘောတရားသည် အဟိရိကစေတသိက်တည်း။ မကောင်းမှုဒုစရိုက်တရား၊ မကောင်းမှုအကုသိုလ် တရားစုတို့ကို ပြုလုပ်ရန် မရှက်တတ်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေါ်လာရန် အကြောင်းရင်းမှာ အဟိရိကစေတသိက် ဖြစ်၏၊ မရှက်တတ်သော စိတ်ဓာတ်တစ်ခု ဖြစ်ပေါ်လာရန်၊ မရှက်တတ်သော သမ္ပယုတ်တရားစု ဖြစ်ပေါ်လာရန် အကြောင်းရင်းမှာလည်း ဤ အဟိရိကစေတသိက်ပင် ဖြစ်၏။ ဤသဘောကိုပင် မရှက်တတ်သော ပုဂ္ဂိုလ်ဖြစ်- ကြောင်း သဘော၊ မရှက်တတ်သော စိတ်ဖြစ်ကြောင်း သဘော၊ မရှက်တတ်သော သမ္ပယုတ်တရားစုဖြစ်ကြောင်း သဘောသည် တစ်နည်း မရှက်ခြင်းကြိယာသည် အဟိရိကစေတသိက်မည်၏ဟု ဆိုသည်။ အဟိရိက္ကံဟု ဆိုလို
‘无惭者之状态,名为无惭(ahirikka)。’(《清净道论》2-98。)一、成为无羞耻者之因的性质;二、成为无羞耻之心之因的性质;三、成为无羞耻相应法聚之因的性质——这种性质就是无惭心所。使一个人不以造作恶行、不善法为羞耻的原因,是无惭心所;使无羞耻之心与无羞耻的相应法聚得以生起的原因,也同样是无惭心所。因此,所谓成为无羞耻者之因、成为无羞耻之心之因、成为无羞耻相应法聚之因的性质,换言之,无羞耻这一作用,就称为无惭心所。原应说 ahirikkaṃ——
လျက် က-တစ်လုံးကို ချေ၍ အဟိရိကံ ဖြစ်သည်။
——省去一个 ka 字母,便成为 ahirikaṃ。
၃။ အနောတ္တပ္ပ
三、无愧
၁။ ကာယဒုစ္စရိတာဒီဟိ အသာရဇ္ဇလက္ခဏံ အနောတ္တပ္ပံ။ အနုတ္တာသလက္ခဏံ ဝါ၊ ၂။ အနုတ္တာသာကာရေန ပါပါနံ ကရဏရသံ၊ ၃။ အနုတ္တာသာကာရေန ပါပတော အသင်္ကောစနပစ္စုပဋ္ဌာနံ၊ ၄။ ပရေသု အဂါရဝပဒဋ္ဌာနံ။ (အဘိ-ဋ္ဌ-၁-၂၉၁။ ဝိသုဒ္ဓိ-၂-၉၈။ မဟာဋီ-၂-၁၄၉။) ၁။ မကောင်းမှု အကုသိုလ်တရား + ဒုစရိုက်တရားတို့ကို မကြောက်ရွံ့ခြင်းသဘော လက္ခဏ၊ တစ်နည်း --- မကောင်းမှု အကုသိုလ်တရား + ဒုစရိုက်တရားတို့ကို မထိတ်လန့်ခြင်းသဘော - လက္ခဏ၊ ၂။ မထိတ်လန့်သော အခြင်းအရာအားဖြင့် မကောင်းမှုတို့ကို ပြုခြင်း (ကိစ္စ) ရသ၊ ၃။ မထိတ်လန့်တတ်သော အခြင်းအရာအားဖြင့် မကောင်းမှုမှ မတွန့်ဆုတ်တတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ သူတစ်ပါးတို့၌ (= တို့ကို) မရိုသေ မလေးစားခြင်း ပဒဋ္ဌာန်။
第一,特相——无愧以对身恶行等毫不畏缩为特相;换一种说法,以对恶行及不善法毫不惊惧为特相。第二,作用——以毫不惊惧的方式造作诸恶。第三,现起——以毫不惊惧的方式对诸恶不退缩。第四,近因——不敬重他人。(《殊胜义注》1-291;《清净道论》2-98;《大复注》2-149。)
န သြတ္တပ္ပံ အနောတ္တပ္ပံ။ (အဘိ-ဋ္ဌ-၁-၂၉၁။) န သြတ္တပ္ပတီတိ အနောတ္တပ္ပံ။ (ဝိသုဒ္ဓိ-၂-၉၈။) မကောင်းမှု ဒုစရိုက်တရား မကောင်းမှု အကုသိုလ်တရားတို့မှ မထိတ်လန့်တတ်သော သဘောတရားသည် အနောတ္တပ္ပစေတသိက်တည်း။
‘无所畏惧,故为无愧。’(《殊胜义注》1-291。)‘不畏惧,故为无愧。’(《清净道论》2-98。)对于恶行与不善法毫不惊惧的性质,就是无愧心所。
ဂါမသူကရဿ ဝိယ အသုစိတော ကိလေသာသုစိတော အဇိဂုစ္ဆနံ အဟိရိကေန ဟောတိ၊ သလဘဿ ဝိယ အဂ္ဂိတော ပါပတော အနုတ္တာသော အနောတ္တပ္ပေန ဟောတိ။ (မဟာဋီ-၂-၁၄၉။) မကောင်းမှုဒုစရိုက်မည်သည်၊ ယင်းဒုစရိုက်တို့၏ အကြောင်းရင်းစစ် ဖြစ်သော လောဘ ဒေါသ မောဟ
‘如村猪不嫌污秽,无惭使人不嫌烦恼之秽;如飞蛾不畏火,无愧使人不畏恶。’(《大复注》2-149。)所谓恶行,以及真正作为这些恶行根源的贪、嗔、痴——
原书第 358 页
စသော ကိလေသာ အညစ်အကြေးတို့မည်သည် ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့၏ ဉာဏ်အမြင်ဖြင့် ဆင်ခြင် စဥ်းစားကြည့်လိုက်သောအခါ ရွံရှာစက်ဆုပ်ဖွယ် သဘောတရားများသာ ဖြစ်ကြ၏။ ဘုရား အစရှိသော အရိယာသူတော်ကောင်း သူမြတ်လောင်းတို့၏ အလယ်၌ လောဘ ဒေါသ မောဟတွေ မွှန်နေလျှင် ဒုစရိုက်တွေ ပြုမိပြန်လျှင် အလွန့်အလွန် ရှက်ဖွယ်ရာလည်း ဖြစ်၏။ သို့သော် ရွာသူ့ဝက်မိုက် မစင်ကြိုက်သို့ အဟိရိက ကိန်းဝပ်နေသူသည် ထိုမျှလောက် စက်ဆုပ်ရွံရှာဖွယ် ရှက်ဖွယ်ကောင်းလှသော ကိလေသာ အညစ်အကြေးများ ဒုစရိုက်များကိုပင် မောဟ၏ ကွယ်ဝှက်ပေးမှုကြောင့် အမှောင်ထု ဖုံးလွှမ်းကာ မစက်ဆုပ်အား မရွံရှာအား မရှက် အားဘဲ လွန်စွာအားရမ်း နှစ်သက်ရွှင်လန်းလျက် ရှိလေသည်။ တစ်ဖန် မကောင်းမှုကို ပြုမိလျှင် --- ၁။ မိမိကိုယ်ကိုပင် မိမိ မကြည်ညိုနိုင်ဘဲ စွပ်စွဲခြင်းဟူသော အတ္တာနုဝါဒဘေး၊ ၂။ သူတစ်ပါးတို့က စွပ်စွဲ ကဲ့ရဲ့ခြင်းဟူသော ပရာနုဝါဒဘေး၊
——等烦恼污垢,以佛陀等圣者的慧眼审察时,纯然都是可厌、可恶之法。在佛陀等圣者与善贤之中,若被贪、嗔、痴熏染而造作恶行,更是极其羞耻之事。然而,如村猪喜爱粪秽,无惭住于相续中的人被痴暗遮蔽,面对如此污秽可厌、可羞耻的烦恼与恶行,竟不厌、不恶、不羞,反而兴高采烈、十分喜爱。又在造恶以后,将会面临:一、自己不能敬重自己、反而自责的自责怖畏;二、受到他人指责、毁谤的他责怖畏;
၃။ မင်းပြစ် မင်းဒဏ် ခံရခြင်းဟူသော ဒဏ္ဍဘေး၊ ၄။ ထို ဘေးအမျိုးမျိုးတို့မှ အတိမ်းအရှောင် အပုန်းအကွယ် ကောင်းလျှင် လွတ်ကင်းစေကာမူ တမလွန်၌ ခံရမည့် ဒုဂ္ဂတိဘေး၊ ဤဘေးဆိုးကြီးတို့ကို တွေ့ကြုံရတော့မည် ဖြစ်၍ ယင်းအကုသိုလ်တရား ဒုစရိုက်တရားတို့မှာ စင်စစ် ကြောက်ရွံ့ဖွယ်ကောင်းသော ထိတ်လန့်ဖွယ်ကောင်းသော တရားဆိုးကြီးတို့သာ ဖြစ်ကြ၏၊ သို့သော် ပိုးပရန်မျိုး မီးကိုတိုးသို့ အနောတ္တပ္ပ ကိန်းဝပ်တည်နေသူ သတ္တဝါအများတို့သည်လည်း အကုသိုလ်တရား ဒုစရိုက်တရားတို့ကို မကြောက်မရွံ့ နောက်မတွန့်ဘဲ ရဲရဲဝံ့ဝံ့ စွန့်စွန့်စားစား စွမ်းစွမ်းတမံ ပြုရက်ကြပြန်လေသည်။
第三,受到王法惩罚的刑罚怖畏;第四,即使善于躲避、藏匿而逃过上述种种怖畏,来世仍须承受的恶趣怖畏。正因会遭遇这些大怖畏,不善法与恶行其实都是应当害怕、应当惊惧的恶法。然而,如飞蛾扑火,无愧住于相续中的众生面对不善法与恶行毫无畏惧,绝不退缩,反而胆大妄为、奋力造作。
မောဟ အဟိရိက အနောတ္တပ္ပ ဥဒ္ဓစ္စ တရားလေးမျိုးတို့ကား အကုသိုလ်တရား အားလုံးတို့နှင့် ဆက်ဆံသော စေတသိက်များ ဖြစ်ကြသဖြင့် အဟိရိက အနောတ္တပ္ပတို့ ဖြစ်လာလျှင် မောဟလည်း ပါဝင်လျက်၊ မောဟ ဖြစ် လျှင်လည်း အဟိရိက အနောတ္တပ္ပတို့ ပါဝင်ကြမြဲ ဓမ္မတာ ဖြစ်ကြ၏။ မောဟ ဖြစ်လျှင် အဟိရိက အနောတ္တပ္ပ သဘောတို့လည်း ပါဝင်လာကြသဖြင့် ပညာရှိကြီးများပင် တစ်ရံတစ်ခါ ဒုစရိုက်မှုတို့ကို မရှက်တမ်း မကြောက် တမ်း ပြုမိတတ်ကြလေသည်။ ဤစကား မှန်-မမှန်ကို ပညာရှိ အမည်ခံနေသူ သူတော်ကောင်း အချို့တို့၏ ကိုယ်တွေ့ အမှုများဖြင့် စဥ်းစား၍ ကြည့်သင့်လေသည်။
痴、无惭、无愧、掉举这四法,是与一切不善法相应的心所。因此,无惭、无愧生起时,痴也必定在场;痴生起时,无惭、无愧也必定一同生起,这是诸法的定律。由于痴一生起,无惭、无愧的性质也随之而来,即使是大智者,有时也会毫无羞耻、毫无畏惧地造作恶行。自称智者或善士的人,应当依据自己的亲身经历,省察此言究竟是否真实。
ဟရိတစ ရှင်ရသေ့၏ ထုံး
哈利达萨仙人的事例
ဟရိတစရှင်ရသေ့၏ ကာမေသုမိစ္ဆာစာရအမှုကို ပြုမိပုံ၌ မောဟသဘော အဟိရိကသဘော အနောတ္တပ္ပ သဘောတို့ကား ပေါလောပေါ်အောင် ထင်ရှားနေ၏။ အရှင်ရသေ့ကား စျာန်အဘိညာဏ်ရသော ပထမတန်းစား သူတော်ကောင်းကြီး ဖြစ်၏၊ ပြုကျင့်လိုက်မိသော နေ့စဥ်လိုလို ပြုကျင့်နေသော အမှုကလည်း နန်းတော်ကြီး၏ အတွင်းဝယ် မောင်းမမိဿံတို့၏ အလယ်၌ နေ့လယ်ကြောင်တောင်ကြီး ကန့်လန့်ကာ ကာရံ၍ လွန်ကျူးမိသော တကယ် ရှက်စရာ ကြောက်စရာကောင်းသော ကာမေသုမိစ္ဆာစာရ ပြစ်မှုကြီးပင်တည်း။ ထိုမျှလောက် မဖွယ်ရာ သော ကိစ္စကိုပင် မောဟကလည်း ဖုံးလွှမ်း အဟိရိကကလည်း မရှက်တမ်း အနောတ္တပ္ပကလည်း မကြောက်တမ်းပင် ဖြစ်နေသောကြောင့် လက်စွမ်းကုန် ယွင်းမှား၍ တစ်မြို့လုံး မကြားကောင်း မနာသာ ဖြစ်ရရှာလေသည်။ သို့သော် အလောင်းတော် ရှင်ရသေ့၏ ကြည်ညိုဖွယ် အချက်တစ်ခုကား ဤသို့ဖြစ်၏။
哈利达萨仙人犯邪淫之事,痴、无惭、无愧的性质都显而易见。他原是一位证得禅那与神通、首屈一指的善士;可是他几乎日日所做的,却是在宫殿深处、众宫女之间,于光天化日之下隔起帘幕而犯下真正可羞可惧的邪淫重罪。痴使他蒙蔽,无惭使他不羞,无愧使他不惧,因而放胆犯错,以致丑闻传遍全城。然而,菩萨仙人仍有一处值得敬信的品格如下。
原书第 359 页
ကြည်ညိုဖွယ် အခြင်းအရာ
值得敬信的品格
သော စိန္တေသိ ''အယံ ရာဇာ 'နာဟံ ပရိဘုဉ္ဇာမီ'တိ ဝုတ္တေပိ မမ သဒ္ဒဟိဿတေဝ၊ ဣမသ္မိံ လောကေ သစ္စသဒိသီ ပတိဋ္ဌာ နာမ နတ္ထိ။ ဥဇ္ဈိတသစ္စာ ဟိ ဗောဓိမူလေ နိသီဒိတွာ ဗောဓိံ ပါပုဏိတုံ န သက္ကောန္တိ၊ မယာ သစ္စမေဝ ကထေတုံ ဝဋ္ဋတီ''တိ။ ဗောဓိသတ္တဿ ဟိ ဧကစ္စေသု ဌာနေသု ပါဏာတိပါတောပိ အဒိန္နာဒါနမ္ပိ ကာမေသုမိစ္ဆာစာရောပိ သုရာမေရယမဇ္ဇပါနမ္ပိ ဟောတိယေဝ၊ အတ္ထဘေဒကဝိသံဝါဒနံ ပုရက္ခတွာ မုသာဝါဒေါ နာမ န ဟောတိ၊ တသ္မာ သော သစ္စမေဝ ကထေန္တော ဒုတိယံ ဂါထမာဟ --- ဧဝမေတံ မဟာရာဇ၊ ယထာ တေ ဝစနံ သုတံ။
于是他想:‘即使我说“我没有享受〔欲乐〕”,这位国王也必定会相信我。在这世间,没有任何立足处能与真实相比。舍弃真实的人,即使坐在菩提树下,也不能证得菩提;我只应说实话。’菩萨在某些处境中固然也曾犯杀生、不与取、欲邪行、饮酒,但以损害利益的欺骗为先而说妄语,他从未有过。因此,他只说实话,诵出第二偈:‘大王,事情确如您所听闻——
ကုမ္မဂ္ဂံ ပဋိပန္နောသ္မိ၊ မောဟနေယျေသု မုစ္ဆိတော။ (ဇာတက-ဋ္ဌ-၃-၄၇၅။)
——我已踏上邪道,沉迷于令人迷乱的诸欲。’(《本生义注》3-475。)
ရှင်ဘုရင်ကြီးက ထိုသတင်းစကားကို ကြား၍ ဟရိတစရှင်ရသေ့ထံသို့ ချဥ်းကပ်၍ ထိုသတင်း မှန်-မမှန်ကို မေးမြန်း လျှောက်ထား၏။ ထိုအခါ အလောင်းတော် ရှင်ရသေ့ကား ဤသို့ စဥ်းစားတော်မူ၏ --- ''ဤ ဗာရာဏသီ ဘုရင်မင်းကြီးသည် 'ငါသည် လောကဓမ္မ အမည်ရသည့် ကာမဂုဏ်ကို မခံစားပါ'ဟု ပြောဆိုလိုက်လျှင်လည်း ငါ၏ စကားကို ယုံကြည်မည်သာ အမှန်ဖြစ်၏၊ ဤလောက၌ သစ္စာနှင့်တူသော ထောက် ရာ တည်ရာမည်သည် မရှိသည်သာတည်း။ ချွတ်ယွင်းဖောက်ပြန် မမှန်ကန်သော စကားကို ပြောဆိုလျက် ပျက်စီး နေသော သစ္စာတရား ရှိသူတို့သည် ဗောဓိပင်ခြေ မြတ်သော ပလဒင်ဗွေထက်၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေလျက် သမ္မာသမ္ဗောဓိ ဉာဏ်တော်မြတ်သို့ ရောက်ရှိခြင်းငှာ မစွမ်းနိုင်ကြကုန်၊ ငါသည် အမှန်စကားကိုသာ ပြောဆို ခြင်းငှာ သင့်ပေ၏'' --- ဤသို့ စဥ်းစားတော်မူ၏။
国王听到消息,前来哈利达萨仙人处,询问是否属实。菩萨仙人当时想:‘这位波罗奈王,即使我说“我没有享受所谓世间法的欲乐”,也必定会相信我的话。此世间确实没有可与真实相比的依处。破坏真实、说虚妄不实之语的人,即使结跏趺坐于菩提树下殊胜的金刚座上,也不能证得正等觉智;我应当只说实话。’
မှန်ပေသည် --- ဘုရားအလောင်းတော်သည် အချို့ကုန်သော အရာဌာန အချို့ကုန်သော ဘုံဘဝတို့၌ - ၁။ ပါဏာတိပါတ = သူ့အသက် သတ်ခြင်း၊ ၂။ အဒိန္နာဒါန = သူတစ်ပါးပစ္စည်းကို မတရားယူခြင်း၊ ၃။ ကာမေသုမိစ္ဆာစာရ = ကာမတို့၌ မှားမှားယွင်းယွင်း ကျင့်ခြင်း၊ ၄။ သုရာမေရယမဇ္ဇပါန = သေရည်သေရက် မူးယစ်ဆေးဝါးကို မှီဝဲခြင်း၊ ဤပြစ်မှုတို့ကိုကား လွန်ကျူးမိသည်လည်း ရှိတတ်၏၊ သို့သော် အကျိုးစီးပွားကို ပျက်စီးစေတတ်သော ချွတ်ယွင်းသော စကားကို ပြောကြားခြင်းကို ရှေ့သွားပြု၍ မုသာဝါဒစကားမည်သည် မရှိသည်သာ ဖြစ်၏။ ထို ကြောင့် ထိုအလောင်းတော်ရှင်ရသေ့သည် သစ္စာစကားကိုသာလျှင် ပြောကြားတော်မူလိုသည် ဖြစ်၍ ဤသို့ မိန့်ကြားတော်မူ၏ --- ''ဒါယကာတော် မဟာရာဇ …သင်ကြားသည့် စကားသည် ကြားသည့်အတိုင်း မှန်ပါပေတယ်၊ မောဟဖြင့် တွေဝေနေသော သတ္တဝါအပေါင်းသည် မောဟဖြင့် တွေတွေဝေဝေ အသိမှားနေသော ကာမဂုဏ်တို့၌ ငါသည်
确实,菩萨在某些处境、某些生中,也曾犯下:一、杀生;二、不与取;三、欲邪行;四、饮酒或服用麻醉品等过失;但他从不以意在损害利益的欺骗为先而说妄语。因此,菩萨仙人只愿说真实语,便答道:‘大王,您听到的消息确如所闻。众生因痴而迷乱,对令人迷乱的诸欲作错误认识;我——
လည်း တွေဝေ မိုက်မဲမိသည် ဖြစ်၍ လမ်းမှားကြီးကို ပြုကျင့်ခဲ့မိပါ၏။'' ဤသို့ မိမိ၏ အပြစ်ကို အမှန်အတိုင်း ထိမ်ချန်မှု မရှိဘဲ ဝန်ခံလိုက်လေသည်။ သတ္တိရှိပါပေစွ။
——也因迷乱、愚昧而踏上了邪道。’他毫不隐瞒,照实承认自己的过失。何等有勇气!
သို့သော် ဤအမှုကား အလွန်ကြောက်မက်ဖွယ်ကောင်းသော ပြစ်မှုကြီး တစ်ခုပင် ဖြစ်၏။ ရှင်ရသေ့၏ အမှုဝယ် ကြောက်ရွံ့ဖွယ်ကား များလှ၏။ မိမိကိုယ်ကို မိမိ မကြည်ညိုနိုင်သော အတ္တာနုဝါဒဘေးမှာ ပြောဆိုဖွယ် ရာပင် မရှိတော့ပြီ။ ''ဘုရင်၏ဆရာ ရှင်ရသေ့က မိဖုရားကို ပြစ်မှားသတဲ့'' ဟူသော သတင်းဆိုးကြီးကား ရှင်ဘုရင်
然而,这毕竟是一桩极其可怕的重罪;在仙人此事中,足以畏惧之处甚多。自己已无法敬重自己的自责怖畏,自不待言。‘国王的导师仙人趁国王不在时侵犯王后’这一恶名早已传遍全城,因此,由他人指责、毁谤的他责怖畏也已经——
原书第 360 页
မရှိတုန်းဝယ် တစ်မြို့လုံး၌ ပျံ့နှံ့နှင့်လေသောကြောင့် သူတစ်ပါးတို့၏ အစွပ်စွဲ အကဲ့ရဲ့ခံရခြင်းဟူသော ပရာနုဝါဒ ဘေးလည်း လက်ငင်းဒိဋ္ဌ တွေ့ကြုံလျက် ရှိလေပြီ။
——当下现前。
အကယ်၍ ထိုဘုရင်သာ အရှင်အာနန္ဒာအလောင်း ပါရမီဖြည့်ဖက် သူတော်ကောင်း မဟုတ်ခဲ့ပါမူ ကြင်ရာ- တော်ကို စော်ကားသည့်အတွက် ရသေ့၏ အသက်ကို မြက်တစ်ပင်လောက်မျှ ပမာဏပြုမည် မဟုတ်၊ ရှင်ဘုရင်က သူတော်ကောင်းဖြစ်၍သာ ဒဏ္ဍဘေးမှ သီသီကလေး လွတ်ခဲ့ရလေသည်။ ထိုမျှလောက် အသက်ဘေးနှင့် အရေး တကြီး အလွန့်အလွန် နီးကပ်နေသော ကာမမှုကိုပင် ရာဂ မောဟ အဟိရိက အနောတ္တပ္ပ စသည့် အကုသိုလ် တရားတို့ ဝင်လာသည့်အတွက် မည်သူကိုမျှ ဂရုမထားရက်နိုင်တော့ဘဲ လက်ရဲ ဇက်ရဲ အရှက်ကွဲအောင် ပြုရဲလေ တော့သည်။ ပညာရှိသော်လည်း သတိဖြစ်ခဲသည့် ထုံးတစ်ရပ်ပင် ဖြစ်သည်။
若那位国王不是阿难尊者的前身、不是与菩萨共同圆满波罗蜜的善士,仙人因冒犯王后,性命恐怕连一根草也不值。只因国王是善士,他才险险逃过刑罚怖畏。那邪淫之事已令他如此迫近性命之危,然而贪、痴、无惭、无愧等不善法侵入时,他竟全然不顾任何人,胆敢作出令自己蒙羞之事。此正是‘人虽有智,念却难得’的事例。
ဤ ကာမမှုသာ ပရိသတ်အလယ်၌ ရှက်ဖွယ် ကြောက်ဖွယ် ဖြစ်သည် မဟုတ်သေး၊ အပြင်းအထန် စိတ်ဆိုး၍ ဟစ်အော် ငေါက်ငမ်း ကြမ်းတမ်းစွာ ဆဲဆိုသော ဒေါသ၊ နှလုံးကို လေပင့်၍ ဘဝင်မြင့်သော အရူးကဲ့သို့ မိမိကိုယ် ကို မိမိ အထင်ကြီးကာ စိတ်ထားမြင့်မောက် အောက်ခြေလွတ်ကာ ထောင်လွှားတက်ကြွလျက် သူတစ်ပါးကို အဖက်မထင် စိတ်ကြီးဝင်နေသော မာန၊ ငြူစူစောင်းမြောင်း မကောင်းပြစ်တင် ကဲ့ရဲ့ချင်သော ဣဿာမှု စသည့် အကုသိုလ်တရားဟူသမျှတို့သည်လည်း စက်ဆုပ်ရွံရှာဖွယ် ရှက်ဖွယ် ကြောက်ဖွယ် ကောင်းလှသည်ချည်းသာတည်း၊၊ ၁။ ရွာဝက်သည် မစင်ကို မရွံသကဲ့သို့ အရှက် မရှိသူသည် မကောင်းမှုကို မရွံ။
并非只有淫欲之事才会在大众中令人羞耻、畏惧;猛烈发怒时吼叫、呵斥、粗暴辱骂的嗔,内心膨胀、像狂人般自以为是,贡高我慢、目中无人的慢,以及嫉妒、讥刺、恶意责难的嫉等,一切不善法都同样可厌、可耻、可惧。一、正如村猪不厌粪秽,无惭者也不厌恶恶法;
၂။ ပိုးပရန်ကောင်သည် မီးလျှံကို မကြောက်သကဲ့သို့ သြတ္တပ္ပ မရှိသူသည်လည်း မကောင်းမှုမှ မကြောက်ရွံ့။
二、正如飞蛾不怕火焰,无愧者也不畏惧恶法。
(မဟာဋီ-၂-၁၄၉။)
(《大复注》2-149。)
ဤ အဟိရိက အနောတ္တပ္ပတို့၏ လက္ခဏ ရသ စသည်တို့မှာ ထင်ရှားပြီ၊ ရှုကွက်မှာ ယင်းတို့ယှဥ်ရာ ဆိုင် ရာ အကုသိုလ်စိတ္တက္ခဏ၌ တည်ရှိသော သမ္ပယုတ်တရားစုမှ ယင်းစေတသိက် တစ်ခုစီကို ရွေးထုတ်၍ ရှုရန် ဖြစ်သည်။ သို့သော် အသင်သူတော်ကောင်းသည် ယင်းစေတသိက် အသီးအသီး၏ လက္ခဏ ရသ စသည်တို့ကို ရှုနေသည့် အချိန်သည်ကား ဒုစရိုက်တို့ကို လွန်ကျူးနေဆဲအချိန် မဟုတ်သဖြင့် ဒုစရိုက် တစ်ခုခုကို လွန်ကျူးခဲ့ဖူး စဥ်က ဖြစ်ပေါ်ခဲ့သော စိတ်အစဥ်ကို အာရုံယူ၍လည်း ရှုနိုင်သည်။ တစ်ဖန် --- အသုစိတော ကိလေသာသုစိတော အဇိဂုစ္ဆနံ။ (မဟာဋီ-၂-၁၄၉။) ဤသို့စသော အထက်တွင် တင်ပြခဲ့သော မဟာဋီကာစကားအရ မစင်မကြယ် ရွံရှာစက်ဆုပ်ဖွယ် ကိလေသာ အညစ်အကြေးတို့မှ မစက်ဆုပ်နိုင်ခြင်း မကြောက်ရွံ့နိုင်ခြင်း သဘောတရားတို့မှာလည်း အဟိရိက အနောတ္တပ္ပ သဘောတရားများပင် ဖြစ်ကြရာ လောဘ ဒေါသ မောဟ မာန်မာန စသည့် ကိလေသာဖြစ်နေကျ အာရုံတစ်ခုခုနှင့်
无惭、无愧的特相、作用等至此已经明了。实际观照时,应在各自相应的不善心刹那中,从相应法聚分别辨取这两个心所,逐一观照。不过,禅修者观照各心所的特相、作用等时,并不是正在违犯恶行的当下;因此,也可取自己往昔违犯某项恶行时生起的心路为所缘而观照。又依前引《大复注》所说‘不厌恶烦恼之秽’等句,对不净、可厌的烦恼污垢不厌恶、不畏惧的性质,也正是无惭与无愧。因此,可以触及——即取作所缘——某种自己一向会生起贪、嗔、痴、慢等烦恼的所缘与——
စိတ်အစဥ်ကို တို့ကြည့်လျက် = ကိလေသာဖြစ်နေကျ အာရုံတစ်ခုခုကို လှမ်းအာရုံယူ၍ လောဘ ဒေါသ မောဟ မာန်မာန စသည့် ကိလေသာ အညစ်အကြေးများ ဖြစ်မှုကို မရှက်မှု မကြောက်မှု အဟိရိက အနောတ္တပ္ပသဘောတို့ ကိုလည်း အာရုံယူ၍ ရှုနိုင်သည်သာ ဖြစ်သည်။ ယင်းစေတသိက် နှစ်မျိုးသည် အကုသိုလ်စိတ်အားလုံးနှင့် ဆက် ဆံသော အကုသလသာဓာရဏစေတသိက်များ ဖြစ်ကြ၏။ အကုသိုလ်စိတ် ဖြစ်တိုင်း ဖြစ်တိုင်း ပါဝင်ကြ၏။
——相应心路;在取这一类惯常令烦恼生起的所缘时,可以观照贪、嗔、痴、慢等烦恼污垢的生起,也可以观照对这些烦恼不羞耻、不畏惧的无惭、无愧性质。这两种心所属遍一切不善心心所,与一切不善心相应;每逢不善心生起,它们必定一同生起。
အကုသိုလ်စိတ် ဖြစ်တိုင်းလည်း ဒုစရိုက် ဖြစ်သည်ကား မဟုတ်ပေ။ ထိုကြောင့် ဒုစရိုက်ကို မလွန်ကျူးခိုက် အ- ကုသိုလ်ဖြစ်လျှင်လည်း ယင်းစေတသိက် နှစ်မျိုးလုံးတို့ ပါဝင်လျက် ရှိရကား ကိလေသာဖြစ်နေကျ အာရုံတစ်ခုခုကို လှမ်းအာရုံယူ၍ ရှုလျှင်လည်း ရနိုင်သည်ဟူ၍သာ ဆိုခြင်း ဖြစ်သည်။ ထိုသို့ ရှုရာ၌ လောဘ ဒေါသ မောဟ မာန်မာန စသည့် ကိလေသာဆိုးတို့ ဖြစ်မှုကို မရှက်ခြင်းသဘောတရားကား အဟိရိကတည်း၊ မကြောက်လန့်ခြင်း သဘောတရားကား အနောတ္တပ္ပတည်းဟု မှတ်ပါ။
但并非每一次不善心生起都构成恶行。因此,即使没有正在违犯恶行,只要不善心生起,这两种心所仍然一同在场;所以才说,也可以取某种惯常令烦恼生起的所缘来观照。如此观照时,应知:对于贪、嗔、痴、慢等恶烦恼的生起毫不羞耻,是无惭;毫不惊惧,是无愧。
原书第 361 页
၄။ ဥဒ္ဓစ္စ
四、掉举
ဥဒ္ဓတဿ ဘာဝေါ (ဥဒ္ဓတဘာဝေါ) ဥဒ္ဓစ္စံ၊ တံ --- ၁။ စေတသော အဝူပသမလက္ခဏံ ဝါတာဘိဃာတစလဇလံ ဝိယ၊ ၂။ အနဝဋ္ဌာနရသံ ဝါတာဘိဃာတစလဓဇပဋာကာ ဝိယ၊ ၃။ ဘန္တတ္တပစ္စုပဋ္ဌာနံ ပါသာဏာဘိဃာတသမုဒ္ဓတဘသ္မံ ဝိယ၊ ၄။ စေတသော အဝူပသမေ အယောနိသောမနသိကာရပဒဋ္ဌာနံ။
‘掉举者的状态——掉举状态——名为掉举。’其四项为:第一,以心不寂静为特相,如受风吹动的水;第二,以不安住为作用,如受风吹动的幢幡;第三,以动荡为现起,如被石击而扬起的灰;第四,以对心不寂静作不如理作意为近因。
စိတ္တဝိက္ခေပေါတိ ဒဋ္ဌဗ္ဗံ။ (အဘိ-ဋ္ဌ-၁-၂၉၂။ ဝိသုဒ္ဓိ-၂-၉၉။) ယဿ ဓမ္မဿ ဝသေန ဥဒ္ဓတံ ဟောတိ စိတ္တံ၊ တံသမ္ပယုတ္တဓမ္မာ ဝါ၊ သော ဓမ္မော ဥဒ္ဓစ္စံ။
应知掉举就是心散乱。(《殊胜义注》1-292;《清净道论》2-99。)凡由于某法,心或与心相应的诸法呈现上浮、躁动,该法就是掉举。
(မဟာဋီ-၂-၁၅ဝ။)
(《大复注》2-150。)
အထက်အထက်၌ တုန်လှုပ်တတ်သောစိတ်၏ = ပျံ့လွင့်သောစိတ်၏ = တက်ကြွ တုန်လှုပ်သောစိတ်၏ ဖြစ်ကြောင်းဖြစ်ရာ သဘောသည် ဥဒ္ဓစ္စ မည်၏၊ တစ်နည်း အထက်အထက်၌ တုန်လှုပ်တတ်သော သမ္ပယုတ်တရား အပေါင်း၏ = ပျံ့လွင့်သော သမ္ပယုတ်တရားအပေါင်း၏ = တက်ကြွ တုန်လှုပ်သော သမ္ပယုတ်တရားအပေါင်း၏ ဖြစ်ကြောင်းဖြစ်ရာ သဘောသည် ဥဒ္ဓစ္စ မည်၏။ ဥဒ္ဓစ္စနှင့် ယှဥ်ဖက် စိတ်စေတသိက် တရားစုတို့သည် ဥဒ္ဓစ္စကြောင့် အာရုံ၌ မငြိမ်မသက် ပျံ့လွင့်နေရ၏၊ ယင်း စိတ်စေတသိက်တို့၏ အာရုံ၌ ပျံ့လွင့်ကြောင်း သဘောတရားသည် ဥဒ္ဓစ္စမည်၏ ဟူလိုသည်။
使心一再向上躁动——使心散乱、亢奋不安——的原因性法,称为掉举。换一种说法,使相应诸法之聚一再向上躁动——散乱、亢奋不安——的原因性法,称为掉举。与掉举相应的心与心所之聚,因为掉举而在所缘上不安定、散乱;使这些心与心所在所缘上散乱的性质,就是掉举。
၁။ လေတိုက်ခတ်မှုကြောင့် လှုပ်ရှားသော ရေကဲ့သို့ စိတ် မငြိမ်သက်ခြင်းသဘော လက္ခဏ၊ ၂။ လေတိုက်ခတ်မှုကြောင့် လှုပ်ရှားသော တံခွန်အလံကဲ့သို့ စိတ် ငြိမ်ဝပ်စွာ မတည်တံ့ခြင်း (ကိစ္စ) ရသ၊ ၃။ ကျောက်ခဲကို ပစ်ချလိုက်သဖြင့် အထက်သို့ လွင့်တက်သော ပြာကဲ့သို့ စိတ် မရပ်မတည် ချာချာလည် တုန်လှုပ်တတ်သည့် သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ စိတ် မငြိမ်သက်ရာ အာရုံတို့၌ အယောနိသောမနသိကာရ ဖြစ်ခြင်း တစ်နည်း --- စိတ် မငြိမ်သက်ခြင်းဟူသော အကျိုးကြောင့် အယောနိသောမနသိကာရ ဖြစ်ခြင်း ပဒဋ္ဌာန်။
第一,特相——如受风吹动的水,掉举以心不寂静为特相。第二,作用——如受风吹动的幢幡,以心不能安稳住立为作用。第三,现起——如投入石块后向上扬起的灰,以心不停驻、旋转动荡为现起。第四,近因——以对令心不寂静的所缘作不如理作意为近因;换一种说法,以因心不寂静这一结果而生起的不如理作意为近因。
လက္ခဏ --- အဝူပသမောတိ အသန္နိသိန္နသဗ္ဘာဝမာဟ။ (မူလဋီ-၁-၁၂ဝ။) အဝူပသမောတိ အသန္နိသိန္နအပ္ပသန္နဘာဝမာဟ။ (မဟာဋီ-၂-၁၅ဝ။) ဥဒ္ဓစ္စနှင့် ယှဥ်သော စိတ်သည် အာရုံတစ်ခုပေါ်၌ ငြိမ်သက်စွာ မတည်နိုင်၊ အထက်အထက်သို့ လွင့်ကာ လွင့်ကာ တက်နေသကဲ့သို့ ဖြစ်၏။ ငြိမ်သက်မှု မရှိဘဲ မငြိမ်မသက် ဖြစ်နေ၏။ မငြိမ်သက်မှု အဝူပသမ ဟူသည် လည်း စိတ်၏ သို့မဟုတ် သမ္ပယုတ်တရားစုတို့၏ အာရုံတစ်ခုတည်းပေါ်၌ စုဝေးတည်နေခြင်း၏ ထင်ရှားမရှိ သည်၏ အဖြစ်ကို ကြည်ကြည်လင်လင် မရှိသည်၏ အဖြစ်ကို ဆိုလိုပေသည်။ လေအဟုန် တိုက်ခတ်မှုကြောင့် ရေအယဥ်၏ မငြိမ်သက်ခြင်းကဲ့သို့ အာရုံကို ငြိမ်သက်စွာ မယူနိုင်ခြင်းသည် ဥဒ္ဓစ္စ၏ သဘောလက္ခဏာတည်း။
特相——《根本复注》说:‘不寂静,是说没有安稳住下的性质。’(《根本复注》1-120。)《大复注》说:‘不寂静,是说没有安稳住下、不澄净的状态。’(《大复注》2-150。)与掉举相应的心不能安静地住在一个所缘上,仿佛不断向上飘荡;它没有寂静,始终躁动。所谓不寂静,是指心或相应法聚未能明显地共同住在同一个所缘上,也没有清明澄净。犹如水流受强风吹动而不得平静,不能安稳取得所缘,就是掉举的特相。
ရသ --- ပစ္စုပဋ္ဌာန် --- တံခွန်တိုင်၌ လွှင့်ထူထားအပ်သော အလံတံခွန်သည် လေတိုက်တိုင်း လွင့်ကာ လွင့်ကာဖြင့် ငြိမ်ဝပ်စွာ မတည်သကဲ့သို့ စိတ်၏ အာရုံတစ်ခုပေါ်၌ ငြိမ်ဝပ်စွာ မတည်တံ့ခြင်းသည် ဥဒ္ဓစ္စ၏ လုပ်ငန်းကိစ္စပေတည်း။ ဤ အနဝဋ္ဌာနကိစ္စဖြင့် ဥဒ္ဓစ္စ၏ ဆွပေးမှုကြောင့် ယှဥ်ဖက် သမ္ပယုတ်တရားဟူသမျှတို့သည်
作用与现起——竖在旗杆上的幢幡,每逢风吹便不断飘动,不能安稳不动;同样,令心不能安稳住在一个所缘上,就是掉举的工作作用。掉举以这种不安住的作用加以激动,使一切相应法——
原书第 362 页
အာရုံကို တည်တံ့စွာ မယူနိုင်ကြခြင်း ဖြစ်၏။ ဧကဂ္ဂတာခေါ်သော သမာဓိသည်သော်မှလည်း ဥဒ္ဓစ္စနှင့်ယှဥ်ခိုက် အာရုံတစ်ခုတည်းပေါ်သို့ ကျရောက်ရုံမျှသာ ကျရောက်နိုင်လေသည်။ သမထဘာဝနာစိတ်၊ ဝိပဿနာဘာဝနာ စိတ်၊ မဂ်စိတ်၊ ဖိုလ်စိတ်တို့နှင့် ယှဥ်တွဲလျက်ရှိသော သမ္မာသမာဓိ အမည်ရသော ဧကဂ္ဂတာသည် သမထအာရုံ ဝိပဿနာအာရုံ နိဗ္ဗာန်အာရုံတို့ကို ကျကျနန အချိန်ကြာမြင့်စွာ အရှည်တည်တံ့စွာ ယူနိုင်သကဲ့သို့ ဥဒ္ဓစ္စနှင့်ယှဥ်သော ဧကဂ္ဂတာကား အာရုံကို ကျကျနန စိတ်အစဥ် တည်တံ့အောင် မယူနိုင်ချေ။ ထိုကြောင့် ဥဒ္ဓစ္စသည် ပြာပုံတစ်ခု၏ အတွင်းသို့ ကျောက်ခဲတစ်ခဲကို ပစ်သွင်းလိုက်သည့်အခါ ပြာများ လွင့်တက်လာသကဲ့သို့ စိတ်၏ အာရုံတစ်ခုတည်း ပေါ်၌ မရပ်တည်ဘဲ လှုပ်လှုပ်ရှားရှား ပျံ့လွင့်ကြောင်း သဘောတရား = စိတ် မရပ်မတည်ဘဲ ချာချာလည် တုန် လှုပ်တတ်သော သဘောတရားဟု ယင်း ဥဒ္ဓစ္စတရားကို ရှုပွားသိမ်းဆည်းနေသော ယောဂါဝစရပုဂ္ဂိုလ်၏ အသိ-
——都不能稳固取得所缘。甚至名为定的心一境性,与掉举相应时,也只能在那一刹那落于一个所缘而已。与止修心、观修心、道心、果心相应而称为正定的心一境性,能够分别稳妥、长久地取得止所缘、观所缘与涅槃所缘;与掉举相应的心一境性,却不能稳妥取得所缘,不能令心流持续安住。因此,如同石块投入灰堆时尘灰向上飞扬,掉举是心不能住在一个所缘上而动荡散乱、不停旋转的性质;当瑜伽行者观照、辨识掉举时,它便如此——
ဉာဏ်တွင် ရှေးရှူထင်ခြင်း ပစ္စုပဋ္ဌာန် ရှိပေသည်။
——显现于其智中;这就是现起。
ပဒဋ္ဌာန် --- စေတသော အဝူပသမေတိ နိပ္ဖါဒေတဗ္ဗေ ပယောဇနေ ဘုမ္မံ၊ အဝူပသမပစ္စယဘူတံ အာရမ္မဏံ ဝါ ''အဝူပသမော''တိ ဝုတ္တံ။ (မူလဋီ-၁-၁၂ဝ။) နိပ္ဖါဒေတဗ္ဗေ ပယောဇနေ ဘုမ္မံ ''စမ္မသ္မိံ ဒီပိနံ ဟန္တီ''တိ ဝိယ၊ အာရမ္မဏံ ဝါ အဝူပသမော ဖလူပစာရေန ''သေမှော ဂုဠော''တိ ဝိယ။ (အနုဋီ-၁-၁၂၇။) ပဒဋ္ဌာန်အရာတွင် အဋ္ဌကထာများ၌ ဖော်ပြထားသော စေတသော အဝူပသမေ --- ၌ (မေ)တွင် ရှိသော သ္မိံ ဝိဘတ်သည် ပြီးစေအပ်သော အကျိုးတရားတည်းဟူသော နိမိတ် အနက်ဟောတည်း။ ဥပမာ --- ''စမ္မသ္မိံ ဒီပိနံ ဟန္တိ = သားရေကြောင့် သစ်ကို သတ်၏ --- ဟူရာ၌ သစ်၏ အရေခွံသည် သစ်ကို သတ်ခြင်းကြောင့် ရ အပ်သော အကျိုးလည်းဖြစ်၍ ထိုအကျိုးကို ရလိုသောကြောင့် သစ်ကို သတ်ရသည့်အတွက် သစ်ကို သတ်ဖို့ရန် နိမိတ်အကြောင်းတရားလည်း ဖြစ်သကဲ့သို့ --- ထို့အတူ အာရုံကို နည်းမှန် လမ်းမှန် နှလုံးမသွင်းတတ်ခြင်း အယောနိသောမနသိကာရကြောင့် စိတ်မငြိမ်သက်မှု အဝူပသမ အကျိုးတရား ဖြစ်ပေါ်လာရ၏။ ယင်း စိတ်မငြိမ်-
近因——关于义注中的‘对心不寂静’(cetaso avūpasame),《根本复注》解释:这里的处格,可以表示所要成办的目的,也可以把作为不寂静之缘的所缘称为‘不寂静’。(《根本复注》1-120。)《随复注》又说:处格表示所要成办的目的,如‘为皮而杀豹’;或者依果借称,把所缘说成不寂静,如‘痰就是糖块’。(《随复注》1-127。)第一种解释中,‘对’所含的处格语尾表示作为所要成办之果的目的。譬如说‘为皮而杀豹’,豹皮既是杀豹所得之果,也是为了获得这一结果而杀豹的目的之因。同样,由于不能以正确方法对所缘用心——即不如理作意——心不寂静这一结果便生起;而由于这一心不寂静的结果——
သက်မှု အဝူပသမ အကျိုးကြောင့်ပင် အယောနိသောမနသိကာရလည်း ဖြစ်ရပြန်၏။ သို့အတွက် စိတ်မငြိမ်သက် ခြင်း အကျိုးတရားကြောင့် ဖြစ်ပေါ်လာရသော အယောနိသောမနသိကာရသည်ပင် ဥဒ္ဓစ္စ ဖြစ်ဖို့ရန် အနီးစပ်ဆုံး အကြောင်းတရား ဖြစ်ရပြန်ပေသည်။
——不如理作意又会生起。因此,由心不寂静这一结果而生起的不如理作意,也正是掉举最接近的原因。
တစ်နည်း စိတ်မငြိမ်သက်မှု = အဝူပသမ၏ အကြောင်းဖြစ်သော အာရုံကို အဝူပသမဟု ဖလူပစာရအားဖြင့် ဆိုထား၏။ ဥပမာ --- သေမှော ဂုဠော = သလိပ်ဟူသည် တင်လဲ = သကြားခဲတည်း --- ဟူရာ၌ သလိပ်ဟူသော အကျိုးတရားကို ဖြစ်စေတတ်သော အကြောင်းဖြစ်သော တင်လဲခဲ = သကြားခဲကို သေမှ = သလိပ်ဟု အကျိုး၏ အမည်ကို အကြောင်း၌ တင်စား၍ အကြောင်းဖြစ်သော တင်လဲခဲ = သကြားခဲကို သလိပ်ဟု ခေါ်ဆိုသကဲ့သို့ အာရုံတစ်ခုခုကို အာရုံပြု၍ စိတ်မငြိမ်သက်မှု ဖြစ်ရာ၌ စိတ်မငြိမ်သက်အောင် လှုံ့ဆော်သကဲ့သို့ ဖြစ်နေသော အကြောင်းဖြစ်သော ထိုအာရုံကိုပင် အဝူပသမ = စိတ်မငြိမ်သက်မှုဟု ဆိုထားသည်။ အကျိုးစိတ်မငြိမ်သက်မှု၏ အဝူပသမဟူသော အမည်ကို အကြောင်းအာရုံ၌ တင်စား၍ အကြောင်းအာရုံကို အဝူပသမဟု ဖလူပစာရအားဖြင့် ခေါ်ဆိုထားသည် ဟူလို။ ဤဒုတိယအဖွင့်အရ ထို စိတ်မငြိမ်သက်ခြင်း၏ အကြောင်းရင်း ဖြစ်သော အာရုံ၌
另一种解释是:令心不寂静的所缘,依果借称而被称作‘不寂静’。譬如说‘痰就是糖块’,糖块是产生痰这一结果的原因,却把结果‘痰’的名称转用于原因,把糖块称作痰。同样,取某个所缘而令心不寂静时,那仿佛激动心、使其不得安静的原因所缘本身,也被称作‘不寂静’;这是把心不寂静这一结果的名称转用于作为原因的所缘,依果借称而把原因所缘称作‘不寂静’。依这第二种解释,对那作为心不寂静之因的所缘——
အယောနိသောမနသိကာရ ဖြစ်ခြင်းသည်ပင် ဥဒ္ဓစ္စ ဖြစ်ဖို့ရန် အနီးစပ်ဆုံးအကြောင်း ပဒဋ္ဌာန် ဖြစ်ရသည်ဟု မှတ်ပါ။
——作不如理作意,就是掉举最接近的原因——近因。
ပြာပုံပေါ်၌ ခဲကျသည့်အခါ ပြာများ လွင့်တက်လာသကဲ့သို့ အာရုံတစ်ခုခု အပေါ်၌ ငြိမ်သက်စွာ မတည် နိုင်ဘဲ ဟိုအာရုံသို့ ရောက်လိုက် သည်အာရုံသို့ ရောက်လိုက် ဖြစ်နေခြင်း သဘောသည် ဥဒ္ဓစ္စ ဖြစ်သဖြင့် ထိုဥဒ္ဓစ္စနှင့်
如同石块落在灰堆上时尘灰向上飞扬,不能安静地住在一个所缘上,反而时而奔向这个所缘、时而奔向那个所缘的性质,就是掉举;因此,与掉举——