以特相、作用、现起、近因摄取、观修名法的方法
《趣向涅槃之道》中文全译本 · 非缩略版
特相等四法篇 · 原书第 595–598 页 · 24 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 595 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း နာမ်တရားများကို လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်အားဖြင့် သိမ်းဆည်းရှုပွားပုံစနစ် ရှေးနာမ်ကမ္မဋ္ဌာန်းပိုင်းတွင် နာမ်တရားများ၏ သဘာဝလက္ခဏာကို ဦးစားပေး၍ နာမ်တရားများကို သိမ်း ဆည်းပုံကို ရေးသားတင်ပြခဲ့ပြီး ဖြစ်၏။ ယခုအခါတွင် ယင်းနာမ်တရားများကို လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် တို့၏ အစွမ်းဖြင့် သိမ်းဆည်းပုံကို ထပ်မံ၍ ရေးသားတင်ပြအပ်ပါသည်။ နာမ်တုံး နာမ်ခဲတည်းဟူသော နာမ်ဃန အသီးအသီးကို ပြိုကွဲအောင် ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ရှုနည်းစနစ်ပင် ဖြစ်သည်။
以特相、作用、现起、近因摄取、观修名法的方法——在前面的名业处篇中,已经以名法的自性特相为主,说明了摄取名法的方法。现在再说明依特相、作用、现起、近因摄取这些名法的方法。这种观法以智逐一拆解、破除称为名法团块的每一种名法密集,使之解体。
အသင်သူတော်ကောင်းသည် နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများကို ပြန်လည် အာရုံယူထားပါ။ အာနာပါနစျာန် နာမ်တရားတို့က စတင်၍ သိမ်းဆည်းလိုသည် ဖြစ်အံ့။ အာနာပါနပထမစျာန်၌ နာမ်တရား (၃၄)လုံးရှိရာ ရှေးဦးစွာ ယင်းနာမ်တရား (၃၄)လုံးတို့၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် အသီးအသီးကို ကျေပွန်အောင် နှုတ်တိုက်ရ အောင် ကျက်ထားပါ။ ကျေကျေညက်ညက် ပိုင်ပိုင်နိုင်နိုင် အလွတ်ရရှိသောအခါ ပထမစျာနသမာပတ္တိ ဝီထိဇ- ယားတွင် ဖော်ပြထားသည့်အတိုင်း --- ၁။ မနောဒွါရာဝဇ္ဇန်း၌ နာမ်တရား (၁၂)လုံး၊ ၂။ ဇောအသီးအသီး၌ နာမ်တရား (၃၄) လုံးစီ --- ဤသို့ အသီးအသီးရှိရာ မနောဒွါရာဝဇ္ဇန်းတွင် အသိစိတ်ကို = မနောဒွါရာဝဇ္ဇန်းစိတ်ကို စတင်၍ လက္ခဏ- ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် သိမ်းဆည်း ရှုပွားပါ။ ထိုနောင် ဖဿ၏ လက္ခဏ-ရသ စသည်ကို ရှုပါ။ ထိုနောင် ဝေဒနာ = ဥပေက္ခာဝေဒနာ၏ လက္ခဏ-ရသ စသည်ကို ရှုပါ။ ဤသို့စသည်ဖြင့် မနောဒွါရာဝဇ္ဇန်း စိတ္တက္ခဏ
贤善者应当重新忆取名业处篇诸表。若想从入出息念禅名法开始摄取,入出息念初禅有三十四种名法,首先应把这三十四种名法各自的特相、作用、现起、近因熟记到能够流利背诵。完全熟练以后,依初禅等至心路表所示:一、意门转向有十二种名法;二、每一速行各有三十四种名法。应先在意门转向中,从识——即意门转向心——开始,依特相、作用、现起、近因摄取、观修;再观触的特相、作用等;再观受——即舍受——的特相、作用等。如此依次观意门转向心刹那——
အတွင်း၌ တည်ရှိကြသော --- အသိစိတ်၊ ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတ၊ မနသိကာရ၊ ဝိတက်၊ ဝိစာရ၊ အဓိမောက္ခ၊ ဝီရိယ --- ဟူသော (၁၂)လုံးသော ပရမတ်တရားတို့၏ လက္ခဏ-ရသ စသည်တို့ကို အသီးအသီး တစ်လုံးစီ တစ်လုံးစီ ခွဲ၍ (၁၂)လုံး ပြည့်အောင် လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်းအားဖြင့် သိမ်းဆည်းပါ။
——内的十二种胜义法:识、触、受、想、思、一境性、命根、作意、寻、伺、胜解、精进;逐一分别,依特相、作用、现起、近因摄取,直至十二种全部观完。
ထိုနောင် ပရိကံ ဥပစာ အနုလုံ ဂေါတြဘု အမည်ရသော ဥပစာရသမာဓိဇော အသီးအသီး၌လည်းကောင်း၊ ပထမစျာန်ဇော အသီးအသီး၌လည်းကောင်း နာမ်တရား (၃၄)လုံးစီ အသီးအသီးရှိရာ ယင်းနာမ်တရားတိုင်း၌ တစ်လုံးစီ တစ်လုံးစီ ခွဲခြား၍ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်းအားဖြင့် သိမ်းဆည်းပါ။ အသိစိတ်မှ စ၍ ပညာသို့တိုင်အောင် နာမ်တရားတိုင်း နာမ်တရားတိုင်း၌ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်းအားဖြင့် သိမ်း ဆည်းပါ။ ပထမစျာနသမာပတ္တိဝီထိ အတွင်း၌ ရှိသော နာမ်တရားများကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်း အားဖြင့် ကျေနပ်အောင် သိမ်းဆည်းပြီးသောအခါ ဒုတိယစျာနသမာပတ္တိဝီထိ အတွင်း၌ တည်ရှိသော နာမ်တရား တို့ကိုလည်း နည်းတူပင် ဆက်လက်၍ သိမ်းဆည်းပါ။ တတိယစျာနသမာပတ္တိ စတုတ္ထစျာနသမာပတ္တိဝီထိ အတွင်း၌ တည်ရှိကြသော နာမ်တရားတို့၌လည်း နည်းတူပင် ဆက်လက်၍ သိမ်းဆည်းပါ။
此后,在称为遍作、近行、随顺、种姓的每一个近行定速行,以及每一个初禅速行中,各有三十四种名法;应把其中每一种名法逐一分开,依特相、作用、现起、近因摄取。从识开始,直至慧,对每一种名法都依这四法摄取。把初禅等至心路中的名法依四法摄取至满意以后,再以相同方式继续摄取第二禅等至心路中的名法;第三禅、第四禅等至心路中的名法也同样继续摄取。
ဤနည်းကိုမှီး၍ ဓမ္မာရုံအမည်ရသော ရုပ်အစစ် ရုပ်အတုတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော အကောင်း အုပ်စု နာမ်တရား = ကုသိုလ်ဇောစောသည့် မနောဒွါရဝီထိနာမ်တရား၊ မကောင်းအုပ်စုနာမ်တရား = အကုသိုလ် ဇော စောသည့် မနောဒွါရဝီထိနာမ်တရားတို့တွင် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ တည်ရှိကြသော နာမ်တရား တိုင်း နာမ်တရားတိုင်း၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့ကို ကုန်စင်အောင် ပိုက်စိပ်တိုက်၍ သိမ်းဆည်းပါ။
依照这种方法,对于以称为法所缘的真实色法、非真实色法为所缘而生起的善组名法——即含有善速行的意门心路名法,以及恶组名法——即含有不善速行的意门心路名法,也应在每一个心刹那中,把每一种名法的特相、作用、现起、近因无余、细密地摄取。
ထိုသို့ သိမ်းဆည်းရာ၌ စိတ္တက္ခဏတစ်ခုတွင် ဖဿ၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့ကို သိမ်းဆည်းပြီး ဖြစ်၍ အခြား စိတ္တက္ခဏတစ်ခုတွင် တည်ရှိသော ဖဿကိုလည်း မရှုဘဲ မထားပါနှင့်။ စိတ္တက္ခဏတိုင်း စိတ္တက္ခဏ-
如此摄取时,不要以为已经摄取某一心刹那中触的特相、作用、现起、近因,便可略去其他心刹那中的触而不观。每一个心刹那——
原书第 596 页
တိုင်း၌ ဃန အသီးအသီးကို ပြိုအောင် ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးနေသော လုပ်ငန်းရပ် ဖြစ်၍ စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ တည်ရှိသော နာမ်တရားတိုင်း နာမ်တရားတိုင်းကိုပင် လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်း အားဖြင့် ကုန်စင်အောင် သိမ်းဆည်းရှုပွားပါ။ နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများတွင် ဖော်ပြထားသည့်အတိုင်း ဝီထိ စိတ္တက္ခဏတိုင်းရှိ နာမ်တရားတိုင်းကို သိမ်းဆည်းဖို့ လိုအပ်ပေသည်။ ရံခါ ဝီထိစိတ်တို့၏ အကြားအကြား၌ ရှိ သော ဘဝင်နာမ်တရားတို့၌လည်း ယင်းနာမ်တရား တစ်လုံးစီ တစ်လုံးစီ၏ လက္ခဏ-ရသ စသည်ကိုလည်း သိမ်းဆည်းပါ။
——都在进行以智拆解、破除每一种密集的工作,所以必须在每一个心刹那中,把其中每一种名法都依特相、作用、现起、近因无余摄取、观修。依名业处篇诸表所示,必须摄取每一心路心刹那中的每一种名法;有时还应对心路心之间的有分名法,逐一摄取其中每一种名法的特相、作用等。
ထိုသို့ သိမ်းဆည်းနိုင်ရန်အတွက် ဤလက္ခဏာဒိစတုက္ကပိုင်းတွင် ရေးသားတင်ပြထားသော နာမ်ခန္ဓာ (၄)ပါး = စိတ် စေတသိက်တရားတို့၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့ကို ကျေပွန်စွာ အလွတ်ရထားဖို့ လိုပေသည်။
为了能够如此摄取,必须熟记本特相等四法篇所说四名蕴——即心与心所诸法——的特相、作用、现起、近因。
ခန္ဓာ (၅)ပါးလုံး၌ ကျေကျေပွန်ပွန် အလွတ်ရရှိနေပါမှ ရှုကွက်ကို သဘောပေါက်နိုင်မည်။
只有把五蕴全部熟记纯熟,才能理解观照对象。
ရူပါရုံလိုင်း နာမ်တရားများကို သိမ်းဆည်းပုံ အမြွက်
摄取色所缘线名法略说
ရူပါရုံလိုင်း ရူပါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော ကုသိုလ်ဇောစောသည့် စက္ခုဒွါရဝီထိနှင့် မနောဒွါရဝီထိတို့ ဖြစ်အံ့။
色所缘线——假设是取色所缘为所缘而生起、含有善速行的眼门心路与意门心路。
၁။ ပဉ္စဒွါရာဝဇ္ဇန်း = ဆင်ခြင်၌ နာမ်တရား --- (၁၁)လုံး၊ ၂။ စက္ခုဝိညာဏ် = မြင်သိ၌ နာမ်တရား --- ( ၈ )လုံး၊ ၃။ သမ္ပဋိစ္ဆိုင်း = လက်ခံ၌ နာမ်တရား --- (၁၁)လုံး၊ ၄။ သန္တီရဏ = စုံစမ်း၌ နာမ်တရား --- (၁၂)လုံး၊ ၅။ ဝုဋ္ဌော = ဆုံးဖြတ်၌ နာမ်တရား --- (၁၂)လုံး၊ ၆။ ဇော အသီးအသီး၌ နာမ်တရား --- (၃၄)လုံးစီ၊ ၇။ တဒါရုံ အသီးအသီး၌ နာမ်တရား --- (၃၄)လုံးစီ၊ • ဝီထိတို့၏ အကြား၌ရှိသော ဘဝင်၌ နာမ်တရား --- (၃၄)လုံး၊ ၁။ မနောဒွါရာဝဇ္ဇန်း = ဆင်ခြင်ဆုံးဖြတ်၌ နာမ်တရား --- (၁၂)လုံး၊ ၂။ ဇော အသီးအသီး၌ နာမ်တရား --- (၃၄)လုံးစီ၊ ၃။ တဒါရုံ အသီးအသီး၌ နာမ်တရား --- (၃၄)လုံးစီ --- ဤသို့စသည်ဖြင့် ရှိကြ၏။ (နာမ်ကမ္မဋ္ဌာန်းပိုင်းဇယား ပထမအတန်းကို အာရုံယူထားပါ။) ယင်းစိတ္တက္ခဏ တိုင်း၌ နာမ်တရားများကို တစ်လုံးစီ တစ်လုံးစီ ကုန်စင်အောင် လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် နည်းအားဖြင့်
各心刹那的名法数目如下。眼门心路:一、五门转向——转向中有十一种;二、眼识——见知中有八种;三、领受中有十一种;四、推度中有十二种;五、确定中有十二种;六、每一速行各有三十四种;七、每一彼所缘各有三十四种;另,诸心路之间的有分有三十四种。意门心路:一、意门转向——转向与确定中有十二种;二、每一速行各有三十四种;三、每一彼所缘各有三十四种。应忆取名业处篇表格第一行。在上述每一心刹那中,应把每一种名法逐一无余地依特相、作用、现起、近因——
သိမ်းဆည်းပါ။ ပဉ္စဒွါရာဝဇ္ဇန်း၌ နာမ်တရား (၁၁)လုံး ရှိရာ ယင်းနာမ်တရား အသီးအသီးကို တစ်လုံးစီ တစ်လုံးစီ ကုန်စင်အောင် သိမ်းဆည်းပြီးမှ စက္ခုဝိညာဏ် စိတ္တက္ခဏ၌ ရှိသော နာမ်တရား (၈)လုံးတို့၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် အသီးအသီးကို ဆက်လက်၍ တစ်လုံးစီ တစ်လုံးစီ သိမ်းဆည်းပါ။
——摄取。五门转向有十一种名法;把这些名法逐一无余摄取以后,再继续逐一摄取眼识心刹那中八种名法各自的特相、作用、现起、近因。
ဥပမာ ပဉ္စဒွါရာဝဇ္ဇန်း၌ အသိစိတ်မှ စ၍ အဓိမောက္ခတိုင်အောင်၊ စက္ခုဝိညာဏ်၌ စက္ခုဝိညာဏ်မှ စ၍ မနသိကာရတိုင်အောင် စိတ်တိုင်း စေတသိက်တိုင်း၏ လက္ခဏ ရသ စသည်ကို သိမ်းဆည်းပါ။ ဤသို့စသည့် ဝီထိစိတ္တက္ခဏတိုင်း၌လည်းကောင်း၊ ဘဝင်စိတ္တက္ခဏတို့၌လည်းကောင်း သဘောပေါက်ပါလေ။
例如,在五门转向中,从识直到胜解;在眼识中,从眼识直到作意,都应摄取每一种心与每一种心所的特相、作用等。其余每一心路心刹那和有分心刹那,也应依此理解。
原书第 597 页
လက္ခဏာဒိစတုက္ကပိုင်း -- င်္ခါရက္ခန္ဓကထာ အခန်း သိမ်းဆည်းရှုပွားပုံ နာမ်တရားများကို သိမ်းဆည်းခဲ့စဥ်က ရူပါရုံလိုင်း၌ အကောင်းအုပ်စု မကောင်းအုပ်စုများကို ကုန်စင်အောင် သိမ်းဆည်းခဲ့သည့်အတိုင်း ယင်းအကောင်းအုပ်စု မကောင်းအုပ်စု နာမ်တရားတို့၏ စိတ္တက္ခဏတိုင်း စိတ္တက္ခဏ တိုင်း၌ တည်ရှိကြသော နာမ်တရားတိုင်း နာမ်တရားတိုင်း၌ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကို ကုန်စင်အောင် ရှုပါ။ သဒ္ဒါရုံလိုင်း ဂန္ဓာရုံလိုင်း ရသာရုံလိုင်း ဖောဋ္ဌဗ္ဗာရုံလိုင်း ကြွင်းကျန်သော ဓမ္မာရုံလိုင်းတို့၌လည်း နည်းတူ သဘောပေါက်ပါလေ။ ထိုသို့ သိမ်းဆည်းရာ၌ ဝီထိစိတ်တို့၏ အကြားအကြား၌ တည်ရှိကြသော ဘဝင်နာမ်တရား တို့ကိုပါ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်နည်းအားဖြင့် ရံခါ သိမ်းဆည်းရန် ညွှန်ကြားရခြင်းမှာ ဃန အသီးအသီး ပြိုရေးအတွက်ပင် ဖြစ်ပါသည်။ သို့သော် ယင်း ဘဝင်နာမ်တရားတို့မှာ ပစ္စုပ္ပန် အာရုံ (၆)ပါးတို့ကို အာရုံမပြုဘဲ
摄取名法时,正如已经在色所缘线中无余摄取善组、恶组名法一样,也应在这些善组、恶组的每一心刹那中,对每一种名法无余观照其特相、作用、现起、近因。声所缘线、香所缘线、味所缘线、触所缘线以及其余法所缘线,也应同样理解。如此摄取时,有时还要依四法摄取诸心路心之间的有分名法,这是为了破除每一种密集。不过,这些有分名法并不取现在六所缘为所缘——
အတိတ်ဘဝ သေခါနီးကာလ မရဏာသန္နဇောက ယူအပ်ခဲ့သော ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော အာရုံ သုံးမျိုး တို့တွင် တစ်မျိုးမျိုးသော ထိုက်သင့်ရာ အာရုံကိုသာ အာရုံပြုသဖြင့် အတိတ်အကြောင်းတရားများကို သိမ်းဆည်း ပြီးရာ ဤအခါတွင်မှ ပုံစံမှန် ပြည့်ပြည့်စုံစုံ ရှုနိုင်မည်ဖြစ်သည့်အတွက် ပဋိစ္စသမုပ္ပါဒ်ပိုင်းကို ရှုပြီးရာ ယခုအခါ၌ ထပ်မံ၍ အရှုခိုင်းခြင်း ဖြစ်ပါသည်။
——而只取过去世临终速行所取的业、业相、趣相三种所缘中与自己相应的一种。只有摄取过去因,并完成缘起观以后,才能依正确、完整的模式观这些有分名法,所以现在再次指示观照。
ဗဟိဒ္ဓသို့
转向外在
ဣတိ အဇ္ဈတ္တံဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ။ (မ-၁-၇၁။) ဤသို့စသော မဟာသတိပဋ္ဌာနသုတ္တန် ဒေသနာတော်များနှင့်အညီ အသင်သူတော်ကောင်းသည် --- ၁။ အဇ္ဈတ္တ၌ (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိကြသော ရုပ်တရားများနှင့် ရုပ်အတုတို့၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကို ပိုက်စိပ်တိုက်၍ သိမ်းဆည်းပြီးသောအခါ ဗဟိဒ္ဓ၌လည်း ယင်း ရုပ်တရားတို့၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကို ဃနပြိုအောင် ဆက်လက်၍ သိမ်းဆည်းပါ။
巴利经文(缅文字体):‘ဣတိ အဇ္ဈတ္တံဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ။’译:‘如是,或于内身随观身而住,或于外身随观身而住,或于内外身随观身而住。’(《中部》1-71。)贤善者应当依《大念处经》等教说而修:第一,在内在六门、四十二身分中,把诸色法与非真实色法的特相、作用、现起、近因细密摄取以后,也应在外在继续摄取这些色法的四法,直至破除密集。
၂။ အဇ္ဈတ္တ၌ ရူပါရုံ စသည့် (၆)လိုင်းလုံးဝယ် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ တည်ရှိကြသော နာမ်တရား အသီးအသီး၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကို နေရာတကျ သိမ်းဆည်းပြီးသောအခါ ဗဟိဒ္ဓ၌ လည်း ယင်းနာမ်တရား အသီးအသီး၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကို နည်းတူ သိမ်းဆည်းပါ။
第二,在内在色所缘线等全部六线中,把每一心刹那里每一种名法的特相、作用、现起、近因适当地摄取以后,也应在外在同样摄取每一种名法的四法。
၃။ အသင်ယောဂီသူတော်ကောင်းသည် ရှေ့ပိုင်းတွင် ရေးသားတင်ပြခဲ့သော ရုပ်နာမ်ခွဲပုံကို ပြန်လည်၍ အာရုံ ယူပါ။ ဥပမာ ရူပါရုံလိုင်းဝယ် ပဉ္စဒွါရာဝဇ္ဇန်း၌ --- က။ မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံက ရုပ်တရား၊ ခ။ စိတ် စေတသိက် (၁၁)လုံးက နာမ်တရား၊ စက္ခုဝိညာဏ်၌ --- က။ မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံက ရုပ်တရား၊ ခ။ စိတ် စေတသိက် (၈)လုံးက နာမ်တရား --- ဤသို့စသည်ဖြင့် ရုပ်နာမ်ခွဲပုံကို ပြန်လည်၍ အာရုံယူထားပါ။ ယင်းပုံစံအတိုင်းလည်း လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကို တစ်ဖန် ထပ်မံ၍ သိမ်းဆည်းရမည် ဖြစ်သည်။ ဥပမာ ပဉ္စဒွါရာဝဇ္ဇန်းအခိုက်၌ ရုပ်တရား ဘက်၌ ဟဒယဝတ္ထုနှင့်တကွ ရုပ် (၅၄)မျိုး + ရူပါရုံ ရှိ၏။ ယင်းရုပ်တရား အသီးအသီး၏ လက္ခဏ ရသ ပစ္စု- ပဋ္ဌာန် ပဒဋ္ဌာန်တို့ကို တစ်ဖန် ထပ်၍ သိမ်းဆည်းပါ။ ထိုနောင် ပဉ္စဒွါရာဝဇ္ဇန်း၌ နာမ်တရား (၁၁)လုံး ရှိရာ
第三,瑜伽行者应重新忆取前文所说分别色名的方法。例如在色所缘线中,五门转向:甲、五十四种所依处色与色所缘属于色法;乙、心与心所在内的十一种法属于名法。眼识:甲、五十四种所依处色与色所缘属于色法;乙、心与心所在内的八种法属于名法。应依此类推,重新忆取分别色名的方法;还须依同一模式再次摄取各法的特相、作用、现起、近因。以五门转向为例,色法一侧有包括心所依处色在内的五十四种色法,加上色所缘;应再次摄取每一种色法的四法。此后,五门转向有十一种名法——
ယင်းနာမ်တရား အသီးအသီး၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကိုလည်း ကုန်စင်အောင် တစ်ဖန် ထပ်၍
——,也应再次把每一种名法的特相、作用、现起、近因无余——
原书第 598 页
သိမ်းဆည်းပါ။ ဤနည်းအတိုင်း အဇ္ဈတ္တ၌ (၆)လိုင်းလုံးဝယ် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ ရုပ်တရား အသီး အသီး၊ နာမ်တရား အသီးအသီး၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကို သိမ်းဆည်းပါ။ ဗဟိဒ္ဓ၌လည်း နည်း တူပင် သိမ်းဆည်းပါ။ ထိုနောင် --- သောမနဿ တိဟိတ်ပဋိသန္ဓေ တည်နေခဲ့သူ သူတော်ကောင်း ဖြစ်အံ့ -- ၁။ ပဋိသန္ဓေအခိုက်၌ တည်ရှိခဲ့သော ရုပ်တရား (၃ဝ)နှင့် နာမ်တရား (၃၄)လုံးတို့၏လည်းကောင်း၊ ၂။ စုတိအခိုက်၌ ဖြစ်လတ္တံ့သော ရုပ်တရား အသီးအသီးနှင့် နာမ်တရား (၃၄)တို့၏လည်းကောင်း --- လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကိုလည်း ဆက်လက်၍ သိမ်းဆည်းပါ။ အတိတ် အနာဂတ် ရုပ်နာမ်တို့ ၌လည်း လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်နည်းအားဖြင့် သိမ်းဆည်းနိုင်ပါက ပို၍ ပို၍ ကောင်းသည်သာ ဖြစ် ပေသည်။ ရုပ်နာမ်နှင့် ပက်သက်သော အသိဉာဏ်များ ပို၍ ပို၍ သန့်ရှင်းရန်အတွက်ပင် ဖြစ်ပေသည်။
——摄取。依此方法,在内在全部六线的每一心刹那中,摄取每一种色法、每一种名法的特相、作用、现起、近因;在外在也同样摄取。然后,若贤善者是悦俱三因结生者,还应继续摄取:一、结生时已有的三十种色法与三十四种名法;二、死亡时将生起的每一种色法与三十四种名法——各自的特相、作用、现起、近因。若能依四法摄取过去、未来的色名,当然更好;这是为了使关于色名的智越来越清净。
〔မှတ်ချက် --- စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ ရှုရမည်ဟု ဆိုသဖြင့် အယူအဆ မမှားစေလိုပါ။ စိတ္တက္ခဏ တိုင်းဟူသည် နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများတွင် တင်ပြထားသည့် စိတ္တက္ခဏတိုင်းကိုသာ ဆိုလိုပါသည်။
〔注——这里说应在每一个心刹那中观照,不应误解。所谓每一个心刹那,只指名业处篇诸表所列的每一类心刹那——
စိတ္တက္ခဏ အမျိုးအစားကိုသာ ဆိုလိုသည်။ ဘဝတစ်လျှောက် ဖြစ်ဖြစ်သမျှ စိတ်အားလုံးကို မဆိုလိုပါ။〕
——,并不是指一生中实际生起的一切心。〕