智见清净释(上)

《趣向涅槃之道》中文全译本 · 非缩略版

观禅篇 · 原书第 463–492 页 · 225 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 463 页
ဉာဏဒဿနဝိသုဒ္ဓိနိဒ္ဒေသ
智见清净释
ပထမမဂ်ဉာဏ် = သောတာပတ္တိမဂ်ဉာဏ်
第一道智(预流道智)
ဝုဋ္ဌာနဂါမိနီဝိပဿနာတွင် အကျုံးဝင်သော ဤအနုလောမဉာဏ်မှ အထက်၌ ဂေါတြဘုဉာဏ်သည် ဖြစ်ပေါ်လာ၏၊ ထိုဂေါတြဘုဉာဏ်သည် အရိယမဂ်၏ အာဝဇ္ဇန်းအရာ၌ တည်သည်၏ အဖြစ်ကြောင့် ပဋိပဒါ ဉာဏဒဿနဝိသုဒ္ဓိသို့လည်း မသက်ဝင်၊ အနိစ္စစသည်တို့၏ အစွမ်းဖြင့် သင်္ခါရတရားတို့ကို မယူခြင်းကြောင့် = သင်္ခါရအာရုံကို အာရုံမယူခြင်း အာရုံမပြုခြင်းကြောင့်တည်း။ နိဗ္ဗာန်ကို အာရုံပြုသည်၏ အဖြစ်သည် ရှိပါသော်- လည်း ကိလေသာတို့ကို မကုန်စေနိုင်သည်၏ အဖြစ်ကြောင့် ဉာဏဒဿနဝိသုဒ္ဓိသို့လည်း မသက်ဝင်ပေ။ ထိုသို့ ကိလေသာတို့ကို မကုန်စေနိုင်သည်၏ အဖြစ်ကြောင့်သာလျှင် ထိုဂေါတြဘုဉာဏ်ကို --- စက္ခုဝိညာဏ်စသော ပဉ္စဝိညာဏဓာတ်တို့အား ပဉ္စာရုံတို့တွင် ရူပါရုံစသည့် အာရုံတစ်မျိုးမျိုးကို ညွှန်ပြတတ်သည်ဖြစ်၍ အာရုံကို ညွှန်ပြခြင်းကိစ္စကို ပြုလုပ်တတ်သော ကိရိယာမနောဓာတ် ပဉ္စဒွါရာဝဇ္ဇန်းကဲ့သို့ ----- အရိယမဂ်အား နိဗ္ဗာန်ကို
属于趣向出起观的随顺智之后,种姓智随即生起。种姓智处在圣道转向的位置,所以不摄入行道智见清净:因为它不再依无常等相取诸行,也就是不再以行所缘为所缘。它虽以涅槃为所缘,却不能令烦恼灭尽,所以也不摄入智见清净。正因为它不能灭尽烦恼,种姓智才被说成处在圣道转向的位置:正如名为唯作意界的五门转向,能向眼识等五识界指示色所缘等五所缘中的某一种所缘;种姓智也向圣道——
ညွှန်ပြတတ်သောကြောင့် အရိယမဂ်၏ အာဝဇ္ဇန်းအရာ၌ တည်၏ဟူ၍ ဆိုအပ်ပေသည်။ ပဋိပဒါဉာဏဒဿန ဝိသုဒ္ဓိနှင့် ဉာဏဒဿနဝိသုဒ္ဓိတို့၏ အလယ်၌ ထိုဝိသုဒ္ဓိနှစ်ပါးတို့၏ လက္ခဏာမရှိသောကြောင့် အဗ္ဗောဟာရိက = ဝေါဟာရအားဖြင့် အဘယ်ဝိသုဒ္ဓိဟု မခေါ်ဝေါ်လောက်သည်သာ ဖြစ်၏။ သို့သော်လည်း - ဝုဋ္ဌာနဂါမိနီ ဝိပဿနာ၏အဆုံး အဖြစ်ဖြင့် ဝိပဿနာ၏ အသင်းအပင်း ဘက်တော်သား ဖြစ်ရကား ဝိပဿနာသောတ = ဝိပဿနာအယဥ်၌ ကျရောက်နေသည်၏အဖြစ်ကြောင့် ဝိပဿနာဟု = ဝုဋ္ဌာနဂါမိနီဝိပဿနာဟု ခေါ်ဝေါ်ခြင်းသို့ ရောက်၏။ (ဤစကားရပ်ဖြင့် ဂေါတြဘုဉာဏ်၏ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိသို့ပင် သက်ဝင်ခြင်းကိုပါ ပြ၏။)
——指示涅槃。它处在行道智见清净与智见清净之间,却不具备这两种清净任何一方的特相,所以严格说来是不可称说的,即不能依名言称为某一种清净。不过,它是趣向出起观的终点,属于观智一方,落在观流之中,因此仍称为观,也称为趣向出起观。〔这段话也表明种姓智摄入行道智见清净。〕
(ဝိသုဒ္ဓိ-၂-၃၁၂။ မဟာဋီ-၂-၄၈၃။)
(《清净之道》2-312;《大复注》2-483。)
သောတာပတ္တိမဂ် သကဒါဂါမိမဂ် အနာဂါမိမဂ် အရဟတ္တမဂ်ဟူသော ဤမဂ်လေးပါးတို့၌ ဖြစ်သော ဉာဏ်သည် ဉာဏဒဿနဝိသုဒ္ဓိ မည်၏။ (ဝိသုဒ္ဓိ-၂-၃၁၂။) ထိုလေးပါးသော အရိယမဂ်ဉာဏ်တို့တွင် ရှေးဦးစွာ ပထမမဂ်ဉာဏ် = သောတာပတ္တိမဂ်ဉာဏ်ကို ပြည့်စုံ စေလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် အခြားတစ်ပါးသော တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စ မည်သည်ကား မရှိပြီ။
在预流道、一来道、不来道、阿罗汉道四道中生起的智,称为智见清净。(《清净之道》2-312。)四种圣道智中,想要成就第一道智,即预流道智的瑜伽行者,已经没有其他任何事情需要另做。
မှန်ပေသည် ----- ထိုယောဂါဝစရပုဂ္ဂိုလ်သည် ပြုလုပ်သင့်သော ကိစ္စကား အနုလောမဉာဏ် အဆုံးရှိသော ဝိပဿနာဉာဏ်ကို ဖြစ်စေခြင်းသည် ပြုသင့်ပြုထိုက်သော လုပ်ငန်းကိစ္စရပ်ကို ပြုအပ်ပြီးသာလျှင် ဖြစ်ပေသည်။
这是因为,他应做的事就是令以随顺智为顶点的观智生起;这项应做、当做的工作一旦完成,应做之事便已经完成。
ပြုလုပ်ပြီးသာလျှင် ဖြစ်ပေသည်။ (ဝိသုဒ္ဓိ-၂-၃၁၂။) 〔〔သတိပြုရန် ----- ဤအပိုင်းကား သင်္ခါရတရားတို့၏ အပျက်သက်သက်ကို အာရုံယူ၍ လက္ခဏာယာဥ် သုံးချက်ကို တစ်လှည့်စီတင်၍၊ အထူးသဖြင့် အနတ္တလက္ခဏာကို ဦးစားပေး၍ အသားပေး၍ ဝိပဿနာရှုနေသော အပိုင်းဖြစ်သည်။ ဤအပိုင်းတွင် အသင်ယောဂီသူတော်ကောင်းသည် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်ဖြစ်ပါက၊ ပကိဏ္ဏက သင်္ခါရတရားတို့ကို ရှုကွက်စုံအောင် ဝိပဿနာ ရှုထားပြီးဖြစ်၍၊ ဓမ္မာရုံလိုင်း အကောင်းအုပ်စု နာမ် တရားသက်သက်ကိုသာ ဦးစားပေး၍ ဝိပဿနာရှုပါ။ ယင်းနာမ်တရားနှင့် ရံခါ ယင်းနာမ်တရားတို့၏ မှီရာဝတ္ထု- ရုပ်တို့ကိုသာ ဦးစားပေး၍ ရုပ်တစ်လှည့် နာမ်တစ်လှည့် အဇ္စျတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် လှည့်၍ လက္ခဏာ- ယာဥ်သုံးချက်တွင်လည်း တစ်လှည့်စီ တင်၍ သို့မဟုတ် မိမိအနှစ်ခြိုက်ဆုံး လက္ခဏာတစ်ခုကို ဦးစားပေး၍ ဝိပဿနာ ရှုနေပါ။ ရံခါ ရှုနေသည့် ဝိပဿနာဉာဏ်ကိုလည်း တစ်ဖန်ပြန်၍ ဝိပဿနာရှုပါ။
(《清净之道》2-312。)〔注意:这一阶段只取诸行的坏灭为所缘,轮流安立三相,尤其偏重无我相而修习毗婆舍那。如果贤友属于纯观乘者,已经对杂类诸行作过全面观照,就应特别以法所缘线善组的纯名法为主而修观;有时也以这些名法的所依处色为主,轮流观色与名、内与外,并轮流安立三相,或偏重自己最相应的一相持续修观。有时也应反观正在修观的观智本身。
အကယ်၍ အသင်ယောဂီသူတော်ကောင်းသည် သမထယာနိကပုဂ္ဂိုလ် ဖြစ်ပါက မိမိရရှိထားသော စျာန် နာမ်တရားစုတို့ကို တစ်လှည့်၊ ယင်းစျာန်နာမ်တရားတို့၏ မှီရာဝတ္ထုရုပ်တို့ကို တစ်လှည့်၊ အဇ္ဈတ္တ တစ်လှည့်
如果贤友属于止乘者,应轮流观照自己已经证得的禅那名法组、这些禅那名法所依的所依处色,以及内——
原书第 464 页
ဗဟိဒ္ဓ တစ်လှည့်၊ လက္ခဏာယာဥ်သုံးချက်တွင်လည်း တစ်လှည့်စီ တင်၍ဖြစ်စေ၊ မိမိနှစ်သက်ရာ လက္ခဏာကို ဦးစားပေး၍ဖြစ်စေ ဝိပဿနာရှုနေပါ။ မိမိအနှစ်ခြိုက်ဆုံး စျာန်တစ်ခုတည်းကိုပင် ဦးစားပေး၍ အနှစ်ခြိုက်ဆုံး လက္ခဏာယာဥ် တစ်ခုကို ဦးစားပေး၍လည်း ဝိပဿနာရှုနိုင်သည်။ ရှုကွက်များကို စုံအောင်ရှုထားပြီးဖြစ်သဖြင့် မိမိနှစ်ခြိုက်ရာ သင်္ခါရတရား တစ်ခုခုကို ဦးစားပေး၍ ဝိပဿနာ ရှုနိုင်သည်သာ ဖြစ်သည်။ ထိုသို့ ရှုရာ၌ ဝိပ- ဿနာရှုနေသည့် ဉာဏ်ကိုလည်း = မနောဒွါရိက ဝိပဿနာဇောဝီထိ စိတ်အစဥ် နာမ်တရားစုကိုလည်း ရံခါ ရံခါ တစ်ဖန်ပြန်၍ ဝိပဿနာရှုပါ။
——外诸法;应轮流安立三相,也可以偏重自己相应的一相。还可以只选自己最相应的一种禅那和一相为主而修观。由于各种所缘都已经观照周全,现在可以选取自己相应的任何一种行法为主而修观;同时也应不时反观正在修观的智,即意门观速行心路中的名法组。
ကလာပသမ္မသနဝိပဿနာ ရှုပွားနည်း အနုပဒဓမ္မဝိပဿနာ ရှုပွားနည်းဟူသော ဝိပဿနာ ရှုပွားနည်း နှစ်နည်းတို့တွင် မိမိကြိုက်နှစ်သက်ရာ နည်းလမ်းဖြင့် ဝိပဿနာ ရှုပွားသုံးသပ်နိုင်သည်သာ ဖြစ်ပေသည်။
聚思惟与逐法观两种毗婆舍那方法,可以任选自己相应的一种来修习、审察。
ထိုသို့ ဝိပဿနာရှုနေရာ၌ ဝိပဿနာစိတ်သည် အဇ္စျတ္တတရားတို့ကို ဝိပဿနာရှုခိုက်ဝယ် အဇ္စျတ္တသင်္ခါရ အာရုံ၌ ငြိမ်ဝပ်စွာ ကပ်၍ တည်နေလျှင် အဇ္စျတ္တသင်္ခါရတရားတို့ကိုပင် ဆက်လက်၍ ဝိပဿနာရှုနေပါ။ ဗဟိဒ္ဓ သင်္ခါရတရားတို့ကို ဝိပဿနာရှုခိုက်ဝယ် ဗဟိဒ္ဓအာရုံ၌ ယင်းဝိပဿနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်နေလျှင် ဗဟိဒ္ဓသင်္ခါရတရားတို့ကို ဆက်လက်၍ ဝိပဿနာရှုနေပါ။ ထိုကဲ့သို့သော အချိန်အခါမျိုး၌ အဇ္စျတ္တ ဗဟိဒ္ဓ တစ်လှည့်စီ ဝိပဿနာရှုရန် ကြိုးစားပါက သင်္ခါရအာရုံ၌ စိတ်ငြိမ်ဝပ်စွာ ကပ်၍ တည်နေမှု သမာဓိန္ဒြေမှာ လျော့- သွားတတ်သောကြောင့် ဖြစ်၏။ သင်္ခါရတရားတို့အပေါ်၌ လျစ်လျူရှုမှု သင်္ခါရုပေက္ခာသဘောလည်း လျော့သွား- တတ်သောကြောင့် ဖြစ်၏။
这样修观时,若观心在观内法时安稳地贴住内在行所缘,就应继续观内在诸行;若观外在诸行时,观心安稳地贴住外在所缘,就应继续观外在诸行。在这种时候,若勉强轮流观内、观外,能令心安稳贴住行所缘的定根便会减弱,对诸行保持中舍的行舍也会减弱。
တစ်ဖန် သင်္ခါရတရားတို့ကို အနိစ္စဟု ဝိပဿနာရှုခိုက် ယင်းသင်္ခါရအာရုံ၌ ဝိပဿနာဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်လာလျှင် ယင်းသင်္ခါရတရားတို့ကို အနိစ္စဟုပင် ဆက်လက်၍ ဝိပဿနာရှုနေပါ။ ယင်း သင်္ခါရတရားတို့ကို ဒုက္ခဟု ဝိပဿနာရှုခိုက် ယင်းသင်္ခါရအာရုံ၌ ဝိပဿနာဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်လာလျှင် ယင်းသင်္ခါရတရားတို့ကို ဒုက္ခဟုပင် ဆက်လက်၍ ဝိပဿနာရှုနေပါ။ ယင်းသင်္ခါရတရားတို့ကို အနတ္တဟု ဝိပဿနာရှုခိုက် ယင်းသင်္ခါရအာရုံ၌ ဝိပဿနာဘာဝနာစိတ်သည် ငြိမ်ဝပ်စွာကပ်၍ တည်လာလျှင် ယင်းသင်္ခါရတရားတို့ကို အနတ္တဟုပင် ဆက်လက်၍ ဝိပဿနာရှုနေပါ။ သမာဓိန္ဒြေနှင့် သင်္ခါရုပေက္ခာ သဘော တရားတို့ မလျော့ကျသွားရန် အတွက်ပင် ဖြစ်ပေသည်။
同样,若把诸行观为无常时,观修心安稳地贴住该行所缘,就应继续观诸行为无常;若观为苦时安稳贴住,就继续观苦;若观为无我时安稳贴住,就继续观无我。这是为了不使定根与行舍减弱。
ထိုသို့ သင်္ခါရတရားတို့၏ အနိစ္စအချက် သို့မဟုတ် ဒုက္ခအချက် သို့မဟုတ် အနတ္တအချက်ပေါ်၌ ငြိမ်ဝပ်စွာ ကပ်၍တည်နေသော ဝိပဿနာစိတ်သည် အထက်တွင် ဖော်ပြခဲ့သော သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာဟူသော ဣန္ဒြေများ စုံညီလာပြီဖြစ်သော ဝိပဿနာစိတ်ပင် ဖြစ်သည်။ ထိုဝိပဿနာစိတ်နှင့် ယှဥ်နေသော ဣန္ဒြေများကို ရင့်ကျက်သထက် ရင့်ကျက်အောင် ဆက်လက်၍ မိမိရှုနေသော ရုပ်သင်္ခါရ သို့မဟုတ် နာမ်သင်္ခါရ၏ အပျက်ကိုပင် အာရုံယူ၍ လက္ခဏာရေးသုံးတန်တွင်လည်း ရှုမြဲတိုင်းသော လက္ခဏာယာဥ် တစ်ခုခုကိုသာ စူးစိုက်၍ တင်ကာ ဝိပဿနာရှုနေပါ။ ထိုသို့ရှုနေသော ဝိပဿနာစိတ်သည် ဣန္ဒြေငါးပါး ညီမျှ၍ ရင့်ကျက်လာပါက ထက်မြက် လာပါက ရဲရင့်လာပါက သန့်ရှင်းလာပါက အနုလောမဉာဏ် အဆုံးရှိသော ဝိပဿနာဉာဏ်ကို ဖြစ်စေတော့- မည်သာ ဖြစ်ပေသည်။ အနုလောမဉာဏ် အဆုံးရှိသော ဝိပဿနာဉာဏ်ကို ဖြစ်ပေါ်လာအောင် ပြုလုပ်ရမည့်
这样安稳贴住诸行无常、苦或无我之相的观心,就是已经具足前述信、精进、念、定、慧五根的观心。为了使与它相应的诸根愈加成熟,应继续只取自己所观色行或名行的坏灭为所缘,依平常所观的一相专注安立而修观。当五根平衡、成熟、锐利、勇健、清净时,这一观心必将令以随顺智为顶点的观智生起。令以随顺智为顶点的观智生起这项——
လုပ်ငန်းကိစ္စရပ်ကို ပြုလုပ်ပြီးသာ ဖြစ်နေပေသည်။〕 ထိုသို့ ပြုသင့်ပြုထိုက်သော လုပ်ငန်းကိစ္စရပ်ကို ပြုလုပ်ပြီးသဖြင့် ထိုယောဂါဝစရပုဂ္ဂိုလ်၏သန္တာန်၌ သုံးကြိမ် သို့မဟုတ် နှစ်ကြိမ်သော အနုလောမဉာဏ်တို့သည် ဖြစ်ပေါ်လာကုန်၏၊ ထိုဉာဏ်တို့တွင် ပထမ အနုလောမဉာဏ် = ပရိကံသည် အလုံးစုံအောက် ရုန့်ရင်းသော သစ္စာလေးပါးကို ဖုံးလွှမ်းတတ်သော မောဟ အမိုက်မှောင်ကို၊
——工作,便已经完成。〕由于应做之事已经完成,在这位瑜伽行者的相续中,会生起三次或两次随顺智。其中,第一次随顺智,即遍作,驱除覆盖四谛的最粗无明黑暗;
原书第 465 页
ဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- ပထမမဂ်ဉာဏ် ဒုတိယ အနုလောမဉာဏ် = ဥပစာသည် ထိုထက် မရုန့်ရင်းလွန်းသော သစ္စာလေးပါးကို ဖုံးလွှမ်းတတ်သော မောဟ အမိုက်မှောင်ကို၊ တတိယ အနုလောမဉာဏ် = အနုလုံသည် ထိုထက် မရုန့်ရင်းလွန်းသော သစ္စာလေးပါးကို ဖုံးလွှမ်းတတ်သော မောဟ အမိုက်မှောင်ကို ကွယ်စေနိုင်၏။ တစ်နည်းဆိုသော် အောက်သင်္ခါရုပေက္ခာဉာဏ်- သည် ထုံထားအပ်သော အားအစွမ်းအား လျော်သဖြင့် ရုန့်ရင်း ရုန့်ရင်းကုန်သော သစ္စာလေးပါးကို ဖုံးလွှမ်းတတ်- သော မောဟ အမိုက်မှောင်ကို ကွယ်စေ၏။ ထိုသို့ ကွယ်စေသည်ရှိသော် ထိုယောဂါဝစရပုဂ္ဂိုလ်၏ စိတ်သည် အလုံးစုံသော သင်္ခါရတရားတို့၌ မပြေးဝင်တော့ပေ၊ မတည်နေတော့ပေ၊ နှလုံးမသွင်းတော့ပေ၊ မကပ်တော့ပေ၊ မငြိတော့ပေ၊ မစပ်တော့ပေ၊ စဥ်းငယ်ရှိုင်းသော ပဒုမာကြာရွက်မှ ရေကဲ့သို့ တွန့်၏ ရှုံ့၏ လည်၏။ ဉာတ ဉာဏ အမည်ရသော ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သော အလုံးစုံသော သင်္ခါရနိမိတ်ဟူသော အာရုံသည်လည်း-
第二次随顺智,即近行,驱除较不粗重的无明黑暗;第三次随顺智,即随顺,驱除更微细而覆盖四谛的无明黑暗。换一种说法,这些随顺智受到前面行舍智数习之力的支持,依次驱除覆盖四谛的粗、中、细无明黑暗。黑暗这样被驱除时,瑜伽行者的心便不再冲入、安住、作意、黏着、沉入或结合于一切行法,而像水滴落在微微倾斜的莲叶上一样退缩、收拢、回转。作为名为所知与能知的观智之所缘,一切行相——
ကောင်း၊ မပြတ်မစဲ ဖြစ်သော ဥပါဒိန္နက ခန္ဓပဝတ္တဟူသော အာရုံသည်လည်းကောင်း ကြောင့်ကြမှု ပလိဗောဓ အဖြစ်ကို ဖုံးလွှမ်းတတ်သော မောဟအမိုက်မှောင်ကို ကွယ်စေအပ် ဖျောက်အပ်ပြီးသည်၏ အဖြစ်ကြောင့် ပလိ- ဗောဓအားဖြင့် ထင်လာ၏။ ထိုနောင် ထိုယောဂါဝစရပုဂ္ဂိုလ်အား အလုံးစုံသော နိမိတ္တ ပဝတ္တဟူသော အာရုံသည် ပလိဗောဓအားဖြင့် ထင်ပြီးလတ်သော် အာသေဝနပစ္စည်းကို ရရှိသော ဒုတိယ အနုလောမဉာဏ်၏ သို့မဟုတ် တတိယ အနုလောမဉာဏ်၏ အဆုံး၌ ထိုဒုတိယ သို့မဟုတ် တတိယ အနုလောမဉာဏ်၏ အာသေဝနသတ္တိဖြင့် ကျေးဇူးပြုမှုကိုခံယူရရှိသော ----- ၁။ အနိမိတ္တ = သင်္ခါရနိမိတ်ကင်းသော သင်္ခါရနိမိတ်၏ ဆန့်ကျင်ဘက်ဖြစ်သော၊ ၂။ အပ္ပဝတ္တ = ပဝတ္တကင်းသော ပဝတ္တ၏ ဆန့်ကျင်ဘက်ဖြစ်သော၊ ၃။ ဝိသင်္ခါရ = သင်္ခါရ မဟုတ်သော၊ ၄။ နိရောဓ = သင်္ခါရ၏ ချုပ်ရာဖြစ်သော ---- နိဗ္ဗာန်တရားတော်မြတ်ကို အာရုံပြုလျက် ပုထုဇန်တို့၏ အနွယ်ဇာတ်ကို = ပုထုဇန်ဟူသော အမည်ကို၊
——以及名为已被执受诸蕴不断相续之转起的所缘,都被显现为障碍,因为遮蔽其障碍性的无明黑暗已经被驱除。于是,一切相与转起都显为障碍;在已获得数习缘的第二或第三随顺智之后,种姓智得到该随顺智数习力的资助,以涅槃为所缘而生起。涅槃是:一、无相,与行相相反而没有行相;二、无转起,与转起相反而没有转起;三、非行,不是有为行;四、灭,是诸行止息之处。种姓智以涅槃为所缘,超越凡夫的种姓、凡夫之名、凡夫的范围与地位,进入圣者种姓、圣者之名与圣者的地位;它第一次转向、作意、审察涅槃所缘,并以无间、等无间、数习、亲依止、无有、离去六种缘力资助——
ပုထုဇန်ဟူသော ဝေါဟာရကို၊ ပုထုဇန်တို့၏ ဘုံကို = ပုထုဇန်တို့၏ အရာကို = ပုထုဇန်တို့၏ အခိုက်အတန့်ကို လွန်မြောက်၍ အရိယာတို့၏ အနွယ်ဇာတ်သို့ အရိယာဟူသော ဝေါဟာရသို့ အရိယာတို့၏ အဝတ္ထာဘုံသို့ သက်ဝင်လျက် နိဗ္ဗာန်အာရုံ၌ ရှေးဦးစွာ လည်ခြင်း ရှေးဦးစွာ နှလုံးသွင်းခြင်း ရှေးဦးစွာ ဆင်ခြင်ခြင်း ဖြစ်၍ဖြစ်- သော ပထမမဂ်ဉာဏ်အား အနန္တရ သမနန္တရ အာသေဝန ဥပနိဿယ နတ္ထိ ဝိဂတတို့၏ အစွမ်းဖြင့် ခြောက်မျိုး ကုန်သော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုအပ်သည်၏ အဖြစ်ကို ပြီးစေလျက် အထွတ်အထိပ် အပြီးအဆုံးသို့ ရောက်သော ဝိပဿနာ၏ ဦးထိပ်ဖြစ်၍ ဖြစ်သော ဧကန္တိကအဖြစ်ကြောင့်လည်းကောင်း၊ တစ်ကြိမ်သာလျှင် ဖြစ်သည်၏ အဖြစ်ကြောင့်လည်းကောင်း တစ်ဖန်ပြန်၍ မလည်လာသော ဂေါတြဘုဉာဏ် သည် ဖြစ်ပေါ်၍ လာ၏။ (ဝိသုဒ္ဓိ-၂-၃၁၂။) ထိုအနုလောမဉာဏ် ဂေါတြဘုဉာဏ် နှစ်မျိုးတို့တွင် အနုလောမဉာဏ်သည် သစ္စာလေးပါးကို ဖုံးလွှမ်း-
——紧随其后的第一道智。它是已经到达顶峰与终点的观智之首;由于决定无误、只生起一次,所以生起后不再回转。(《清净之道》2-312。)在随顺智与种姓智二者中,随顺智只能驱除遮蔽——
တတ်သော ကိလေသာဟူသော အမိုက်မှောင်ကို ပယ်ဖျောက်ခြင်းငှာသာလျှင် စွမ်းနိုင်၏၊ နိဗ္ဗာန်ကို အာရုံပြု- ခြင်းငှာမူကား မစွမ်းနိုင်ပေ။ ဂေါတြဘုသည်ကား နိဗ္ဗာန်ကိုသာလျှင် အာရုံပြုခြင်းငှာ စွမ်းနိုင်၏၊ သစ္စာလေးပါးကို ဖုံးလွှမ်းတတ်သော ကိလေသာ အမိုက်မှောင်ကို ပယ်ဖျောက်ခြင်းငှာ မစွမ်းနိုင်ပေ။ ထိုသို့ မစွမ်းနိုင်ခြင်းကြောင့် သာလျှင် ထိုဂေါတြဘုဉာဏ်ကို အရိယမဂ်၏ အာဝဇ္ဇန်းဟူ၍ ခေါ်ဆိုအပ်ပေသည်။ မှန်ပေသည် -- ထိုဂေါတြ- ဘုသည် အာဝဇ္ဇန်းမဟုတ်သည် ဖြစ်ငြားသော်လည်း အာဝဇ္ဇန်းအရာ၌ တည်၍ --- ''ဤသို့ ဖြစ်လေလော့ = အနုလောမဉာဏ်တို့သည် သင်္ခါရကို အာရုံပြုသကဲ့သို့ ထို့အတူ သင်္ခါရကို အာရုံမပြုမူ၍ ငါကဲ့သို့ နိဗ္ဗာန်ကို အာရုံပြု၍ ဖြစ်လေလော့''ဟု အရိယမဂ်အား အမှတ်သညာကိုပေးသကဲ့သို့ ဖြစ်၍ ချုပ်၏။ အရိယမဂ်သည်လည်း
——四谛的烦恼黑暗,却不能缘取涅槃;种姓智则只能缘取涅槃,不能驱除遮蔽四谛的烦恼黑暗。正因为不能兼具这两种能力,种姓智才称为圣道的转向。种姓智虽然并非真正的转向,却立于转向的位置,仿佛向圣道给出标记:‘不要像随顺智那样缘取诸行,应像我这样以涅槃为所缘而生起。’然后灭去。圣道也——
原书第 466 页
ထိုဂေါတြဘုဉာဏ်သည် ပေးအပ်သော အမှတ်သညာကို မလွှတ်မူ၍သာလျှင် အကြားမရှိသော နာမ်သန္တတိ အစဥ်၏အစွမ်းဖြင့် ထိုဂေါတြဘုဉာဏ်သို့ အစဥ်လိုက်လျက် ထိုဂေါတြဘုဉာဏ်သည် အာရုံပြုအပ်သော နိဗ္ဗာန်ကို ပင်လျှင် အာရုံပြုလျက် မဖောက်မထွင်းဖူးသေးသော မခွဲမစိတ်ဖူးသေးသော လောဘအတုံးအခဲ ဒေါသအတုံးအခဲ မောဟအတုံးအခဲကို ဖောက်ထွင်းလျက်သာလျှင် ခွဲစိတ်လျက်သာလျှင် ဖြစ်ပေါ်၍လာ၏။
——不放过种姓智给出的标记,依无间断的名相续紧随种姓智,以种姓智所缘的涅槃为所缘,穿破、击碎无始轮回以来从未被穿破、击碎的贪块、瞋块与痴块而生起。
(ဝိသုဒ္ဓိ-၂-၃၁၃-၃၁၄။)
(《清净之道》2-313—314。)
ထိုအရိယမဂ်သည် လောဘအတုံးအခဲစသည်တို့ကို ဖောက်ထွင်းခြင်းကိုသာလျှင် သက်သက်ပြုသည်ကား မဟုတ်သေး၊ စင်စစ်သော်ကား လာမည့်အနာဂတ် ပထမဘဝမှ စ၍ ဖြစ်လတ္တံ့သော မသိအပ်သော အစရှိသော သံသရာဝဋ်ဆင်းရဲဟူသော သမုဒ္ဒရာရေကို ခြောက်ခန်းစေ၏၊ အလုံးစုံသော အပါယ်တံခါးတို့ကို ပိတ်၏၊ သဒ္ဓါ သီလ ဟိရိ သြတ္တပ္ပ သုတ စာဂ ပညာဟူသော သူတော်ကောင်းဥစ္စာ (၇)ပါးတို့၏ မျက်မှောက်၌ ပြီးစီးပြည့်စုံ- သည်၏ အဖြစ်ကို ပြု၏၊ မိစ္ဆာဒိဋ္ဌိစသော အင်္ဂါ (၈)ပါးရှိသော မိစ္ဆာမဂ်ကို ပယ်စွန့်၏၊ ပါဏာတိပါတ စသော ငါးပါးသော ဘေးရန်၊ (၂၅)ပါးသော ဘေးဆိုးကြီးတို့ကို ငြိမ်းစေ၏၊ သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်၏ ရွှေရင်- တော်နှစ် သားတော်စစ် သမီးတော်စစ်၏ အဖြစ်သို့ ဆောင်ပို့၏၊ ထိုမှတစ်ပါးကုန်သော အရာမက များပြား- ကုန်သော ရတနာ သုံးပါး၌ သက်ဝင်ယုံကြည်ခြင်းစသော အာနိသင်တို့ကိုလည်း ရခြင်းငှာ ဖြစ်ပေ၏။ ဤသို့လျှင်
圣道不只穿破贪块等,还使从未来第一有开始本会发生、无始无端的轮回苦海枯竭;关闭一切恶趣之门;圆满信、戒、惭、愧、闻、舍、慧七种圣财;舍弃由邪见等八支组成的邪道;平息杀生等五种怖畏及二十五种大灾患;使人成为一切知正等觉佛陀胸生的亲生儿女;并带来信入三宝等其他无数功德。
များစွာသော အကျိုးအာနိသင်ကို ပေးတတ်သော သောတာပတ္တိမဂ်နှင့် ယှဥ်သော ဉာဏ်သည် သောတာပတ္တိ မဂ်၌ ဖြစ်သော ဉာဏ် မည်၏။ (ဝိသုဒ္ဓိ-၂-၃၁၄-၃၁၅။)
能够产生这些众多功德、与预流道相应的智,称为预流道智。(《清净之道》2-314—315。)
သောတာပန် ပုဂ္ဂိုလ်
预流者
ဤသောတာပတ္တိမဂ်ဉာဏ်၏ အခြားမဲ့၌ ထိုသောတာပတ္တိမဂ်စိတ်၏သာလျှင် အကျိုးဖြစ်ကုန်သော နှစ်ကြိမ် သော ဖိုလ်စိတ်တို့သည်လည်းကောင်း၊ သုံးကြိမ်သော ဖိုလ်စိတ်တို့သည်လည်းကောင်း ဖြစ်ပေါ်လာကြကုန်၏။
紧接预流道智之后,作为该预流道心之果的果心,连续生起两次或三次。
မှန်ပေသည် ----- လောကုတ္တရာ ကုသိုလ်တို့၏ မိမိဖြစ်ပြီးသည်၏ အခြားမဲ့၌ အကျိုးပေးခြင်း သဘောရှိသည်၏ အဖြစ်ကြောင့်သာလျှင် ----- ''သမာဓိမာနန္တရိကညမာဟု'' (ခု-၁-၅။) = ယင်းအရိယမဂ်နှင့် တွဲဖက်ယှဥ်ဘိ သမာဓိတရားတော်မြတ်ကို မိမိကွယ်ပ အခြားမဲ့ကာလ၌ မုချဆတ်ဆတ် အရိယဖိုလ်ဟူသော အကျိုးတရားကို ပေးတတ်၏ဟူ၍ ဘုရားရှင်တို့သည် ဟောကြားတော်မူကုန်၏ - ဟု လည်းကောင်း၊ ဒန္ဓံ အာနန္တရိကံ ပါပုဏာတိ အာသဝါနံ ခယာယ။ (အံ-၁-၄၆၇။) = အာသဝေါတရားတို့၏ ကုန်ခြင်းငှာ ဖြည်းဖြည်းနှေးနှေး မိမိ၏ အခြားမဲ့၌သာလျှင် ဖြစ်သော အရိယဖိုလ် ဟူသော အကျိုးရှိသော အရိယမဂ်သို့ ရောက်ရှိ၏ - ဟု လည်းကောင်း ---- ဤသို့စသော စကားတော်ကို ဘုရားရှင်သည် ဟောကြားတော်မူပေသည်။ (ဝိသုဒ္ဓိ-၂-၃၁၅။) အချို့သော ကေစိဆရာတို့သည်ကား တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ် သို့မဟုတ် လေးကြိမ်သော ဖိုလ်စိတ်- တို့သည် ဖြစ်နိုင်ကုန်၏ဟု ဆိုကြ၏။ ထိုကေစိဆရာတို့၏ စကားကို မယူအပ်သည်သာတည်း။ အကြောင်းမူ
这是因为出世间善在自身生起之后立即结果。世尊曾说:巴利原句(缅文字体):‘သမာဓိမာနန္တရိကညမာဟု'' (ခု-၁-၅။)’译:‘诸佛说,定的果报无有间隔。’(《小部》1-5。)意即与圣道相应的殊胜定法,在自身灭去以后,必定立即给予称为圣果的果法。又说:巴利原句(缅文字体):‘ဒန္ဓံ အာနန္တရိကံ ပါပုဏာတိ အာသဝါနံ ခယာယ။ (အံ-၁-၄၆၇။)’译:‘为了诸漏灭尽,他证得虽缓慢而果报无间的道。’(《增支部》1-467。)世尊宣说了这些教言。(《清净之道》2-315。)有些论师主张果心可生起一次、两次、三次或四次;这一说法不应采纳,因为——
အာသေဝနပစ္စည်းကို ရရှိသော အနုလောမဉာဏ်၏ အခြားမဲ့၌ ဂေါတြဘုဉာဏ်သည် ဖြစ်ပေါ်လာ၏၊ ထိုကြောင့် အလုံးစုံတို့အောက် ယုတ်သော အဖို့၌ ဖြစ်သော အပိုင်းအခြားအားဖြင့် နှစ်ကြိမ်သော အနုလုံစိတ်တို့သည် ဖြစ်သင့်ကုန်၏။ မှန်ပေသည် -- တစ်ကြိမ်သော အနုလုံသည် အာသေဝနပစ္စည်းကို မရရှိနိုင်။ တစ်ဖန် တစ်ခုသော
——随顺智得到数习缘以后,种姓智紧接着生起;因此,随顺心至少应生起两次,因为只有一次随顺不能得到数习缘。另一方面,一个有转向的心路——
原书第 467 页
ဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- သောတာပန်ပုဂ္ဂိုလ် အာဝဇ္ဇန်းရှိသော ဝီထိသည် ခုနစ်ချက်သော စိတ် အတိုင်းအရှည် ရှိ၏။ (အလွန်ဆုံးအားဖြင့် ဇောတို့သည် ခြောက်ကြိမ် ခုနစ်ကြိမ်သာ ဖြစ်ကုန်၏ဟူလို။) ထိုကြောင့် အကြင်ယောဂါဝစရပုဂ္ဂိုလ်၏သန္တာန်၌ အနုလုံ နှစ်ကြိမ် တို့သည် ဖြစ်ကုန်အံ့၊ ထိုပုဂ္ဂိုလ်၏သန္တာန်၌ သုံးကြိမ်မြောက်သော ဂေါတြဘုဇောသည် ဖြစ်ပေါ်လာ၏၊ လေးကြိမ် မြောက်သော အရိယမဂ်စိတ်သည် ဖြစ်ပေါ်လာ၏၊ သုံးကြိမ်ကုန်သော အရိယဖိုလ်စိတ်တို့သည် ဖြစ်ကုန်၏။
——以七个心刹那为限〔意思是速行最多只生起六次或七次〕。所以,若瑜伽行者的相续中生起两次随顺,第三速行为种姓,第四速行为圣道心,随后三次圣果心生起。
(ဝိသုဒ္ဓိ-၂-၃၁၅။)
(《清净之道》2-315。)
အကြင်ယောဂါဝစရပုဂ္ဂိုလ် သန္တာန်၌ အနုလုံ သုံးကြိမ်တို့သည် ဖြစ်ကုန်အံ့၊ ထိုပုဂ္ဂိုလ်၏ သန္တာန်၌ လေး- ကြိမ်မြောက်သော ဂေါတြဘုသည်၊ ငါးကြိမ်မြောက်သော အရိယမဂ်စိတ်သည်၊ နှစ်ကြိမ်ကုန်သော အရိယဖိုလ် စိတ်တို့သည် ဖြစ်ပေါ်လာကုန်၏။ ထိုကြောင့် နှစ်ကြိမ် သုံးကြိမ်ကုန်သော ဖိုလ်စိတ်တို့သည် ဖြစ်ကုန်၏ဟူ၍ ဆိုအပ်ပေသည်။ (ဝိသုဒ္ဓိ-၂-၃၁၅။) ကေစိဆရာတို့ကား အကြင်ယောဂီပုဂ္ဂိုလ်အား အနုလုံ လေးကြိမ်တို့သည် ဖြစ်ကုန်အံ့၊ ထိုပုဂ္ဂိုလ်အား ငါးကြိမ်မြောက် ဂေါတြဘု၊ ခြောက်ကြိမ်မြောက် အရိယမဂ်စိတ်၊ တစ်ကြိမ်သော အရိယဖိုလ်စိတ် ဖြစ်၏ဟု ဆိုကြကုန်၏။ ထိုကေစိဆရာတို့၏ စကားကိုကား အနှစ်သာရအားဖြင့် မယုံကြည်အပ်ပေ။ အကြောင်းမူ ----- လေးကြိမ်မြောက်လည်းကောင်း၊ ငါးကြိမ်မြောက်လည်းကောင်း အပ္ပနာ၏ အစွမ်းအားဖြင့် ဖြစ်၏၊ ထိုငါးကြိမ်ထက် အလွန် အပ္ပနာ၏အစွမ်းအားဖြင့် မဖြစ်၊ ဘဝင်နှင့် နီးကပ်သည်၏ အဖြစ်ကြောင့်တည်းဟု ပယ်အပ်၏။ ထိုကြောင့်
若瑜伽行者的相续中生起三次随顺,第四速行为种姓,第五速行为圣道心,随后两次圣果心生起。因此义注说,果心生起两次或三次。有些论师又说:若生起四次随顺,第五速行为种姓,第六速行为圣道心,随后只生起一次果心。这一说法在义理上不可相信,因为安止只会在第四或第五速行生起;第五速行以后已接近有分,不能再由安止力生起。因此——
ကေစိဝါဒကို အနှစ်သာရအားဖြင့် မယုံကြည်အပ်ပေ။ (ဝိသုဒ္ဓိ-၂-၃၁၅။) ဤမျှ အတိုင်းအရှည်ရှိသော ပထမမဂ်၏ အခြားမဲ့၌ အရိယဖိုလ်၏ ဖြစ်ခြင်းမျှဖြင့်သာလျှင် ဤ ယော- ဂါဝစရပုဂ္ဂိုလ်သည် သောတာပန်မည်သော နှစ်ယောက်မြောက်သော အရိယပုဂ္ဂိုလ် ဖြစ်ပေသည်။ သိကြားမင်း အဖြစ် စကြဝတေးမင်းအဖြစ် အစရှိသော မေ့လျော့ခြင်း၏ အရာသို့ ရောက်၍ ပြင်းစွာ မေ့လျော့သည် ဖြစ်ငြား သော်လည်း ခုနစ်ကြိမ် နတ်ပြည်တို့၌လည်းကောင်း လူ့ပြည်တို့၌လည်းကောင်း အဖန်တလဲလဲ ပြေးသွား၍ ဆင်းရဲ၏ အဆုံးကို ပြုခြင်းငှာ စွမ်းနိုင်ပေ၏။ အရိယဖိုလ်စိတ်၏ အဆုံး၌ တစ်ဖန် ထိုယောဂါဝစရပုဂ္ဂိုလ်၏ စိတ်သည် ဘဝင်သို့ သက်၏။ ထိုဘဝင်သို့ သက်သည်မှနောက်၌ ဘဝင်ပြတ်ခြင်းကြောင့် အရိယမဂ်ကို ဆင်ခြင်- ခြင်းငှာ မနောဒွါရာဝဇ္ဇန်းသည် ဖြစ်ပေါ်လာ၏။ ထိုမနောဒွါရာဝဇ္ဇန်းသည် ချုပ်ပြီးလတ်သော် အစဥ်အတိုင်း အရိယမဂ်ကို ဆင်ခြင်သော ခုနစ်ကြိမ်သော ဇောတို့သည် ဖြစ်ပေါ်လာကြကုန်၏။ ဤသည်ကား အရိယမဂ်ကို
——这些论师的主张不应采纳。(《清净之道》2-315。)第一道以后,只要圣果这样生起,瑜伽行者便成为第二位圣者,名为预流者。即使由于成为帝释或转轮王等而极度放逸,他最多也只在天界与人间往返七次,便能作轮回苦的终结。果心结束后,心落入有分;有分截断以后,为了省察圣道,意门转向生起。意门转向灭后,七个依次省察圣道的速行生起。这就是——
ဆင်ခြင်သော ပစ္စဝေက္ခဏာဝီထိတည်း။ တစ်ဖန် ဘဝင်သို့သက်၍ ထိုနည်းဖြင့်သာလျှင် အရိယဖိုလ်စသည်တို့ကို ဆင်ခြင်ခြင်းငှာ အာဝဇ္ဇန်း စသည်တို့သည် ဖြစ်ပေါ်လာကြကုန်၏။ ယင်းအာဝဇ္ဇန်းနှင့် ဇောစိတ်တို့၏ ဖြစ်ခြင်း- ကြောင့် ဤသောတာပန်ပုဂ္ဂိုလ်သည် ----- ၁။ မဂ်ကို ဆင်ခြင်သည် မည်၏၊ ၂။ ဖိုလ်ကို ဆင်ခြင်သည် မည်၏၊ ၃။ ပယ်ပြီးသော ကိလေသာတို့ကို ဆင်ခြင်သည် မည်၏၊ ၄။ ပယ်ပြီးကိလေသာမှ ကြွင်းသော မပယ်ရသေးသော ကိလေသာတို့ကို ဆင်ခြင်သည် မည်၏၊ ၅။ နိဗ္ဗာန်ကို ဆင်ခြင်သည် မည်၏။
——省察圣道的省察心路。心再次落入有分,又以同样方式生起转向等,以省察圣果等。由于这些转向与速行心生起,预流者便有五种省察:一、省察道;二、省察果;三、省察已经断除的烦恼;四、省察断后仍未断除的烦恼;五、省察涅槃。
ထိုပုဂ္ဂိုလ်သည် ''ငါသည် ဤမဂ်ဖြင့် လာခဲ့၏တကား'' ဟု ဤသို့ မဂ်ကို ဆင်ခြင်၏။ ထိုနောင်မှ ''ငါသည် ဤအကျိုးအာနိသင်ကို ရအပ်၏'' ဟု ဖိုလ်ကို ဆင်ခြင်၏။ ထိုနောင်မှ ''ငါသည် ဤမည်သော ကိလေသာတို့ကို ပယ်အပ်ကုန်ပြီ''- ဟု ပယ်အပ်ပြီးသော ကိလေသာတို့ကို ဆင်ခြင်၏။ ထိုနောင်မှ ''ငါအား ဤမည်သော ကိလေသာတို့သည် ကြွင်းကုန်သေး၏''- ဟု အထက် အရိယမဂ် သုံးပါးအပေါင်းသည် ပယ်သတ်ထိုက်ကုန်သော
他省察道:‘我由这条道而来。’随后省察果:‘我已经得到这一功德。’再省察已断烦恼:‘我已断除这些烦恼。’再省察剩余烦恼:‘我还有这些烦恼尚未断除。’所省察的就是应由上三圣道断除的烦恼——
原书第 468 页
ကိလေသာတို့ကို ဆင်ခြင်၏။ အဆုံး၌လည်း ''ငါသည် ဤတရားကို အာရုံပြုသောအားဖြင့် သိအပ်ပြီ''ဟု သေခြင်း ကင်းသော အမြိုက်နိဗ္ဗာန်ကို ဆင်ခြင်၏။ ဤသို့လျှင် သောတာပန်ဖြစ်သော အရိယသာဝက၏သန္တာန်၌ ငါး- ကြိမ်သော ပစ္စဝေက္ခဏာတို့သည် ဖြစ်ကြကုန်၏။ သောတာပန်ပုဂ္ဂိုလ်အား ငါးကြိမ်သော ပစ္စဝေက္ခဏာတို့သည် ဖြစ်ကုန်သကဲ့သို့ ထို့အတူ သကဒါဂါမ်ပုဂ္ဂိုလ် အနာဂါမ်ပုဂ္ဂိုလ်တို့အားလည်း ငါးကြိမ်စီသော ပစ္စဝေက္ခဏာတို့သည် ဖြစ်ကြကုန်၏။ အထူးမှာ ရဟန္တာပုဂ္ဂိုလ်အား ကြွင်းသော ကိလေသာကို ဆင်ခြင်ခြင်းမည်သည် မရှိပြီဟု မှတ်ပါ။
——最后又省察不死的甘露涅槃:‘我已通过缘取此法而证知。’这样,预流圣弟子的相续中会生起五种省察。一来者与不来者也各有五种省察;阿罗汉没有省察剩余烦恼这一项,所以只有四种。
(ရဟန္တာပုဂ္ဂိုလ်၏ သန္တာန်၌ ပစ္စဝေက္ခဏာ လေးမျိုးသာ ဖြစ်နိုင်သည် ဟူလို။) ဤသို့လျှင် အားလုံးပေါင်းသော် (၁၉)မျိုးသော ပစ္စဝေက္ခဏာတို့သည် ရှိကြကုန်၏။ (ဝိသုဒ္ဓိ-၂-၃၁၅-၃၁၆။) ဤသို့ ဖော်ပြခြင်းကား ဥက္ကဋ္ဌပရိစ္ဆေဒ = အလွန်ဆုံး အပိုင်းအခြားအားဖြင့် ဖော်ပြခြင်းတည်း။ မှန်ပေသည် ပယ်အပ်ပြီးသော ကိလေသာတို့ကို ဆင်ခြင်ခြင်း၊ မပယ်ရသေးသော ကြွင်းသော ကိလေသာတို့ကို ဆင်ခြင်- ခြင်းသည် သေက္ခပုဂ္ဂိုလ်တို့အားလည်း ဖြစ်သည်လည်း ရှိ၏၊ မဖြစ်သည်လည်း ရှိ၏။ မှန်ပေသည် ----- ထိုသို့ ပယ်ပြီးသော ကိလေသာ ကြွင်းသော ကိလေသာတို့ကို ဆင်ခြင်ခြင်းငှာ စွမ်းနိုင်သည်၏ အဖြစ်သည် အချို့သော သေက္ခပုဂ္ဂိုလ်အား ဖြစ်၏၊ အချို့သော သေက္ခပုဂ္ဂိုလ်အား မဖြစ်။ ထိုကြောင့် ထိုသို့ ဆင်ခြင်ခြင်း၏ မရှိခြင်းကြောင့် ပင်လျှင် မဟာနာမ် သာကီဝင်မင်းသားကြီးသည် မြတ်စွာဘုရားကို ''ဘုန်းတော်ကြီးမြတ်တော်မူသော မြတ်စွာ-
四圣者的省察合计十九种。(《清净之道》2-315—316。)这里依最多的上限而说。对于有学圣者,省察已断烦恼和省察尚未断的剩余烦恼,有时生起,有时不生起;有些有学能够这样省察,有些不能。正因为没有这种省察,释迦族摩诃男王子才向世尊问道:‘尊者——
ဘုရား …အကြင်မပယ်အပ်သေးသော ကိလေသဓမ္မဖြင့် တပည့်တော်၏ ကုသိုလ်စိတ်ကို ရံခါ လောဘတရား တို့သည်လည်း ကုန်စေ၍ တည်ကုန်၏၊ ဒေါသတရားတို့သည်လည်း ကုန်စေ၍ တည်ကုန်၏၊ မောဟတရားတို့- သည်လည်း ကုန်စေ၍ တည်ကုန်၏၊ တပည့်တော်၏ အဇ္စျတ္တသန္တာန်၌ ထိုမပယ်အပ်သေးသော ကိလေသဓမ္မ သည် အဘယ်မည်သော ကိလေသဓမ္မပါနည်း''ဟု မေးလျှောက်၏။ (မ-၁-၁၂၆။) ဤအလုံးစုံသော သုတ်ကို အကျယ်အားဖြင့် သိပါလေ။ (ဝိသုဒ္ဓိ-၂-၃၁၆။) ဤအထက်ပါ အဆိုအမိန့်တို့ကား ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၏ ဖွင့်ဆိုချက်တို့တည်း။ မူလပဏ္ဏာသအဋ္ဌကထာ စူဠဒုက္ခက္ခန္ဓသုတ္တန် (မ-ဋ္ဌ-၁-၃၆၆။) အဖွင့်၌ကား ဤသို့လည်း ဖွင့်ဆိုထား၏။ ----- သာ ပန န သဗ္ဗေသံ ပရိပုဏ္ဏာ ဟောတိ။ ဧကော ဟိ ပဟီနကိလေသမေဝ ပစ္စဝေက္ခတိ၊ ဧကော အဝသိဋ္ဌကိလေသမေဝ၊ ဧကော မဂ္ဂမေဝ၊ ဧကော ဖလမေဝ၊ ဧကော နိဗ္ဗာနမေဝ။ ဣမာသု ပန ပဉ္စသု ပစ္စဝေက္ခဏာသု ဧကံ ဝါ ဒွေ ဝါ နော လဒ္ဓုံ န ဝဋ္ဋန္တိ။ ဣတိ ယဿ ပစ္စဝေက္ခဏာ န ပရိပုဏ္ဏာ၊ တဿ
——我还有哪一种尚未断除的烦恼法,使贪有时耗尽我的善心而住,使瞋有时耗尽我的善心而住,使痴有时耗尽我的善心而住?在我的内在相续中,究竟是哪一种烦恼法尚未断除?’(《中部》1-126。)应详知整部经。(《清净之道》2-316。)以上是《清净之道》义注的解释。《中部根本五十经篇义注·小苦蕴经释》又解释如下。巴利义注原文(缅文字体,续下单元):‘သာ ပန န သဗ္ဗေသံ ပရိပုဏ္ဏာ ဟောတိ။ ဧကော ဟိ ပဟီနကိလေသမေဝ ပစ္စဝေက္ခတိ၊ ဧကော အဝသိဋ္ဌကိလေသမေဝ၊ ဧကော မဂ္ဂမေဝ၊ ဧကော ဖလမေဝ၊ ဧကော နိဗ္ဗာနမေဝ။ ဣမာသု ပန ပဉ္စသု ပစ္စဝေက္ခဏာသု ဧကံ ဝါ ဒွေ ဝါ နော လဒ္ဓုံ န ဝဋ္ဋန္တိ။ ဣတိ ယဿ ပစ္စဝေက္ခဏာ န ပရိပုဏ္ဏာ၊ တဿ’
မဂ္ဂဝဇ္စျကိလေသပဏ္ဏတ္တိယံ အကောဝိဒတ္တာ ဧဝံ ဟောတိ။ (မ-ဋ္ဌ-၁-၃၆၆။) ထိုပစ္စဝေက္ခဏာသည် အလုံးစုံသော အရိယပုဂ္ဂိုလ်တို့အား အမြဲဧကန် အပြည့်အစုံ မဖြစ်ပေ။ တစ်ဦးသော အရိယပုဂ္ဂိုလ်သည် ပယ်ပြီး ကိလေသာကိုသာလျှင် ဆင်ခြင်၏၊ တစ်ဦးသော အရိယပုဂ္ဂိုလ်သည် ကြွင်းသော မပယ်ရသေးသော ကိလေသာကိုသာလျှင် ဆင်ခြင်၏၊ တစ်ဦးသော အရိယပုဂ္ဂိုလ်သည် မဂ်ကိုသာလျှင် ဆင်- ခြင်၏၊ တစ်ဦးသော အရိယပုဂ္ဂိုလ်သည် ဖိုလ်ကိုသာလျှင် ဆင်ခြင်၏၊ တစ်ဦးသော အရိယပုဂ္ဂိုလ်သည် နိဗ္ဗာန်ကို သာလျှင် ဆင်ခြင်၏။ ဤငါးမျိုးကုန်သော ပစ္စဝေက္ခဏာတို့တွင် တစ်မျိုးသော ပစ္စဝေက္ခဏာကိုသော်လည်းကောင်း နှစ်မျိုးသော ပစ္စဝေက္ခဏာကိုသော်လည်းကောင်း ရရှိခြင်းငှာ သင့်ကုန်၏။ ဤသို့လျှင် အကြင်ပုဂ္ဂိုလ်အား ပစ္စဝေက္ခဏာ ငါးမျိုးတို့သည် မပြည့်စုံကုန်၊ ထိုပုဂ္ဂိုလ်သည် အရိယမဂ်က ပယ်သတ်အပ်သော ကိလေသာတို့၏ အမည်နာမ ပညတ်၌ လိမ္မာကျွမ်းကျင်မှု မရှိသောကြောင့် ဤသို့ မပြည့်စုံခြင်း ဖြစ်ရပေသည်။ (မ-ဋ္ဌ-၁-၃၆၆။)
‘မဂ္ဂဝဇ္စျကိလေသပဏ္ဏတ္တိယံ အကောဝိဒတ္တာ ဧဝံ ဟောတိ။ (မ-ဋ္ဌ-၁-၃၆၆။)’译:‘这种省察并非一切圣者都必定具足。一位只省察已断烦恼,一位只省察其余未断烦恼,一位只省察道,一位只省察果,一位只省察涅槃。在这五种省察中,至少应获得一种或两种。因此,省察不完备的人,是因为不善巧安立各道所断烦恼的名称。’(《中部义注》1-366。)
ဤအထက်ပါ အဋ္ဌကထာအလိုအားဖြင့် ပစ္စဝေက္ခဏာ ငါးမျိုးတို့တွင် တစ်မျိုးကိုဖြစ်စေ၊ နှစ်မျိုးကိုဖြစ်စေ ဧကန်ရရှိမည် ဖြစ်သည်၊ သို့သော် မည်သည့် ပစ္စဝေက္ခဏာဟု အတိအကျကား မဆိုပေ။ ပယ်ပြီးကိလေသာ
依上述义注,五种省察中必定会得到一种或两种,但没有明确说是哪一种。若在已断烦恼——
原书第 469 页
ဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- ဒုတိယမဂ်ဉာဏ် မပယ်ရသေးသော ကိလေသာ၊ မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ----- ဤငါးမျိုးတို့တွင် တစ်မျိုးကို ဖြစ်စေ၊ နှစ်မျိုးကို ဖြစ်စေ ဧကန် ဆင်ခြင်ရမည် ဖြစ်သည်။ သို့သော် အရိယမဂ်က ပယ်သတ်အပ်သော ကိလေသာတို့၏ အမည်နာမ ပညတ်၌ လိမ္မာကျွမ်းကျင်မှု မရှိသောကြောင့် ဤသို့ မပြည့်စုံခြင်း ဖြစ်ရသည်ဟူသော နောက်စကားကို ထောက် ရှုပါက ယေဘုယျအားဖြင့် ပယ်ပြီးကိလေသာ မပယ်ရသေးသော ကိလေသာတို့ကိုသာ မဆင်ခြင်မိခြင်းဖြစ်သည်။
——尚未断烦恼、道、果、涅槃五者中必定省察一种或两种;再从‘因为不善巧各圣道所断烦恼的名称安立,所以省察不完整’这一后句来看,一般没有省察的只是已断与未断烦恼。
မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တို့ကိုကား အများအားဖြင့် ဆင်ခြင်မိကြသည်သာဟု အထက်ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာနှင့် နှီး- နှော၍ ယူရန် ရှိပေသည်။
结合上引《清净之道》义注,应理解为道、果、涅槃多半都会省察。
ဒုတိယမဂ်ဉာဏ်ပိုင်း
第二道智篇
တစ်ဖန် ဤသို့ ပစ္စဝေက္ခဏာဉာဏ်ဖြင့် ဆင်ခြင်ပြီး၍ သောတာပန်ဖြစ်ပြီးသော ထိုအရိယသာဝကသည် ထိုနေရာ၌ပင်လျှင်မူလည်း နေလျက်၊ တစ်ပါးသောအခါ၌မူလည်း တစ်နေရာရာတွင် နေလျက် အားကောင်း မောင်းသန်သော ကာမရာဂ ဗျာပါဒတို့ကို ခေါင်းပါးစေခြင်းငှာလည်းကောင်း၊ နှစ်ခုမြောက်သော သကဒါဂါမိ ဖိုလ်သို့ ရောက်ရှိခြင်း ရရှိခြင်းငှာလည်းကောင်း ဝိပဿနာဘာဝနာ၌ အားထုတ်ခြင်း လုံ့လပယောဂကို ပြု၏။
预流圣弟子这样以省察智省察以后,无论仍住在原处,或后来住在其他任何地方,都会为了使强烈的欲贪与嗔恚稀薄,并为了证得第二果一来果,而精勤修习毗婆舍那。
ထိုပုဂ္ဂိုလ်သည် ဣန္ဒြေ ဗိုလ် ဗောဇ္စျင်တို့ကို ပေါင်း၍ ယင်းဣန္ဒြေ ဗိုလ် ဗောဇ္စျင်တို့ကို ထက်မြက်သည်၏ အဖြစ်သို့ ရောက်စေလျက် ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ဟူသော ခန္ဓာငါးပါးနည်းအရ ငါးမျိုးပြားသော ထိုသင်္ခါရ တရားအပေါင်းကိုပင်လျှင် အနိစ္စ ဒုက္ခ အနတ္တဟူ၍ ဝိပဿနာဉာဏ်ဖြင့် လက္ခဏာရေးသုံးတန်ကို စူးစမ်းသည်၏ အစွမ်းဖြင့် အပြန်ပြန် အလှန်လှန် သုံးသပ်၏၊ ဆင့်ကာ ဆင့်ကာ အဖန်တလဲလဲ ဝိပဿနာဉာဏ်ကို ဖြစ်စေ၏၊ ဝိပဿနာအစဥ်သို့ သက်ဝင်၏။ ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ကျင့်သော ထိုသောတာပန်ပုဂ္ဂိုလ်အား ဥဒယ- ဗ္ဗယဉာဏ် စသည်တို့ကို ဖြစ်စေခြင်း၌ ဆိုအပ်ခဲ့ပြီးသော နည်းအတိုင်းသာလျှင် သင်္ခါရုပေက္ခာဉာဏ်၏ အဆုံး၌ တစ်ခုသော အာဝဇ္ဇန်းဖြင့် အနုလောမဉာဏ် ဂေါတြဘုဉာဏ်တို့သည် တစ်နည်း အနုလောမဉာဏ် ဝေါဒါနဉာဏ် တို့သည် ဖြစ်ကုန်လတ်သော် ဂေါတြဘုနှင့်တူသော ဝေါဒါန်၏ အခြားမဲ့၌ သကဒါဂါမိမဂ်သည် ဖြစ်ပေါ်လာ၏၊
他统合诸根、诸力与诸觉支,使它们达到锐利;再把色、受、想、行、识五蕴所摄的这五类行法,反复以观智审察为无常、苦、无我,令观智一次又一次生起,进入观智相续。这位预流者依上述方法修行,按照前文从生灭智等生起诸智的方式,到行舍智末端,在同一转向中随顺智与种姓智——也就是随顺智与净化智——依次生起;紧接与种姓相似的净化智之后,一来道生起——
ထိုသကဒါဂါမိမဂ်နှင့် ယှဥ်သော ဉာဏ်သည် သကဒါဂါမိမဂ်၌ ဖြစ်သော ဉာဏ် မည်၏။ ဤသကဒါဂါမိမဂ်- ဉာဏ်၏ အခြားမဲ့၌လည်း ဆိုအပ်ခဲ့ပြီးသော နည်းအတိုင်းသာလျှင် ဖိုလ်စိတ်တို့ကို သိအပ်ကုန်၏။ ဤမျှဖြင့် ဤပုဂ္ဂိုလ်သည် သကဒါဂါမ် မည်၏၊ လေးယောက်မြောက်သော အရိယပုဂ္ဂိုလ် ဖြစ်၏၊ တစ်ကြိမ်သာလျှင် ဤလောကသို့ ပဋိသန္ဓေအားဖြင့်လာ၍ ဝဋ်ဒုက္ခ၏ အဆုံးကို ပြုခြင်းငှာ စွမ်းနိုင်သူ ဖြစ်၏။ ထိုသို့ သကဒါဂါမိ ဖိုလ်သို့ ရောက်သည်မှ နောက်၌ ပစ္စဝေက္ခဏာကား ဆိုအပ်ခဲ့ပြီးသော နည်းအတိုင်းပင်တည်း။
——与一来道相应的智,称为一来道智。紧接一来道智之后,果心也依前述方式生起。到此,这个人称为一来者,是第四位圣者;他只再以结生回到这个世间一次,便能终结轮回苦。证得一来果以后,省察也依前述方式生起。
(ဝိသုဒ္ဓိ-၂-၃၁၆ -၃၁၇။)
(《清净之道》2-316—317。)
ကိလေသာ ခေါင်းပါးမှု
烦恼的稀薄
အားကောင်းမောင်းသန်သော ကာမရာဂ ဗျာပါဒတို့၏ ခေါင်းပါးမှုကို အဘယ်သို့သော အကြောင်းဖြင့် သိအပ်ပါသနည်းဟူမူ ----- ၁။ ရံခါ ကြိုးကြားကြိုးကြားသာ ဖြစ်သဖြင့်လည်းကောင်း၊ ၂။ စိတ်အစဥ်တွင် ဥပါဒ်-ဌီ-ဘင်အနေဖြင့် ထင်ထင်ရှားရှား ထကြွ ဖြစ်ပေါ်လာမှု ပရိယုဋ္ဌာနသဘော နုံ့ညံ့သည်၏အဖြစ် အားပျော့သည်၏ အဖြစ်ဖြင့်လည်းကောင်း ---- ဤနှစ်မျိုးကုန်သော အကြောင်းတို့ဖြင့် ကာမရာဂ ဗျာပါဒတို့၏ ခေါင်းပါးသည်၏ အဖြစ် ကျဲပါးသည်၏ အဖြစ် သေးသိမ်နုံ့ညံ့သည်၏အဖြစ်ကို သိအပ်ပေ၏ ဟူပေ။ သံသရာဝဋ်သို့ အစဥ်လမ်းလျှောက်နေသော လူ- များစု၏ သန္တာန်၌ ကိလေသာတို့သည် အမြဲမပြတ် ဖြစ်နေကြကုန်သကဲ့သို့ သကဒါဂါမ်ပုဂ္ဂိုလ်အား ကိလေသာ-
怎样知道强烈的欲贪与嗔恚已经稀薄?一、它们只在少数时候间或生起;二、它们在心相续中以生、住、灭三个阶段明显现行时,现行的性质已经微弱。由这两点,就能知道欲贪与嗔恚已经稀少、稀薄、微弱。不断行走于轮回的大多数人,其烦恼仿佛持续不断;一来者的烦恼则——
原书第 470 页
တို့သည် အမြဲမပြတ် မဖြစ်ကြကုန်။ ရံခါရံခါ ကြိုးကြားကြိုးကြား၌သာလျှင် ကျဲသော ပါးသော အခြင်းအရာ ရှိကုန်သည်ဖြစ်၍ ဖြစ်ပေါ်လာကုန်၏၊ ထိုသို့ ရံခါ ကြိုးကြား ကျဲပါးသော အခြင်းအရာအားဖြင့် ဖြစ်ကုန်သော်လည်း နှိပ်နင်းကုန်လျက် ဖုံးလွှမ်းကုန်လျက် အမိုက်မှောင်ကို ပြုကုန်လျက် အရမ်းမဲ့ မဖြစ်ပေါ်လာကြကုန်။ စင်စစ် အားဖြင့်သော်ကား သောတာပတ္တိမဂ် သကဒါဂါမိမဂ်ဟူသော နှစ်ပါးသော မဂ်တို့ဖြင့် ပယ်အပ်ပြီးသည်၏ အဖြစ်- ကြောင့် အလွန်နုံ့ကုန်သည် ကျဲပါးသော အခြင်းအရာ ရှိကုန်သည်ဖြစ်၍ ဖြစ်ပေါ်လာကြကုန်၏။ ဤသို့ ဖြစ်မှုကို ကြည့်၍ ခေါင်းပါးမှုကို သိရှိပါလေ။ (မဟာဋီ-၂-၄၈၇။) ဂေါတြဘု ----- သောတာပတ္တိမဂ်ဉာဏ်၏ ရှေး၌ ဖြစ်သော ဉာဏ်ကို ပုထုဇန်အနွယ်ကို နှိပ်နင်းခြင်းကြောင့် လည်းကောင်း၊ အရိယအနွယ်ကို ပွားစေခြင်းကြောင်းလည်းကောင်း မုချအားဖြင့် ဂေါတြဘုဟူ၍ ဆိုအပ်၏။
——并不持续生起,只在少数时候间或以稀薄的形态生起。即使间或生起,也不会任意压制、覆盖其心,使之陷入黑暗;因为预流道与一来道已经断除了相应部分,所以它们只以极其微弱、稀薄的形态生起。观察这种情形,便可知道烦恼已经稀薄。(《大复注》2-487。)‘种姓’:预流道智以前生起的智,确实压伏凡夫种姓、增长圣者种姓,所以直接称为种姓智。
ဤသကဒါဂါမိမဂ်၏ ရှေး၌ ဖြစ်သော ဉာဏ်ကိုကား ထိုဂေါတြဘုအစစ်နှင့် တူသောကြောင့် ပရိယာယ်အားဖြင့် သဒိသူပစာရအားဖြင့် ဂေါတြဘုဟူ၍ ဆိုအပ်၏။ အဘယ်ကြောင့် ဝေါဒါန်ဟူ၍ ဆိုအပ်သနည်းဟူမူ - အချို့သော သံကိလေသမှ စင်ကြယ်သောကြောင့်လည်းကောင်း၊ စင်စစ် စင်ကြယ်စွာသော နိဗ္ဗာန်ကို အာရုံပြုသောကြောင့် လည်းကောင်း ဝေါဒါန်ဟူ၍ ဆိုအပ်၏။ ထိုကြောင့် ပဋ္ဌာန်းဒေသနာတော်၌ ----- အနုလောမံ ဝေါဒါနဿ အနန္တရပစ္စယေန ပစ္စယော။ (အဘိ-၁-၁၃၈။) အနုလောမဉာဏ်သည် ဝေါဒါန်အား အနန္တရပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ (အဘိ-၁-၁၃၈။) ဤသို့ ဟောကြားထားတော်မူ၏။ ယင်းသို့ ဝေါဒါန်သာ မုချအမည်ဖြစ်ခဲ့သော် ဝေါဒါနာနန္တရံ = ဝေါဒါန်၏ အခြားမဲ့၌ဟု မဆိုမူ၍ ဂေါတြဘုအနန္တရံ = ဂေါတြဘု၏ အခြားမဲ့၌ဟု အဘယ်ကြောင့် အထက်ပါ ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ၌ ဖွင့်ဆိုရပါသနည်းဟူမူ ----- ပဋိသမ္ဘိဒါမဂ္ဂပါဠိတော် ဂတိသို့လိုက်၍ ဖွင့်ဆိုသည်ဟူပေ။
一来道以前生起的智,因为与真正的种姓智相似,才依相似借喻间接称为种姓智。为什么又称为净化?因为它已经从某些杂染中净化,也因为它缘取极其清净的涅槃,所以称为净化。因此《发趣论》说:巴利原文(缅文字体):‘အနုလောမံ ဝေါဒါနဿ အနန္တရပစ္စယေန ပစ္စယော။ (အဘိ-၁-၁၃၈။)’译:‘随顺以无间缘缘于净化。’(《阿毗达磨》1-138。)若净化才是直接名称,为什么上引《清净之道》义注不说‘紧接净化’,却说‘紧接种姓’?因为它依循《无碍解道》巴利的用语而解释。
ပဋိသမ္ဘိဒါမဂ္ဂပါဠိတော် (၆၅)၌ ဥပ္ပါဒစသည်ကို လွှမ်းမိုးခြင်းအနက်ကို စွဲမှီ၍ ''ရှစ်ပါးကုန်သော ဂေါတြဘု တရားတို့သည် သမာဓိ၏ အစွမ်းဖြင့် ဖြစ်ကုန်၏၊ ဆယ်ပါးကုန်သော ဂေါတြဘုတရားတို့သည် ဝိပဿနာ၏ အစွမ်းအားဖြင့် ဖြစ်ကုန်၏'' ----- ဤသို့စသည့် စကားရပ်တို့၌ ဂေါတြဘုဟူသော အမည်ဖြင့်သာလျှင် ဤ သကဒါဂါမိမဂ်ဉာဏ်စသည်တို့၏ ရှေး၌ရှိသော ဉာဏ်၏ အမည်သည် လာရှိပေသည်။ ထိုကြောင့် ဤဝိသုဒ္ဓိမဂ္ဂ ကျမ်း၌လည်း ဂေါတြဘုအနန္တရံ = ဂေါတြဘု၏ အခြားမဲ့၌ ဟူ၍ ဖွင့်ဆိုခြင်း ဖြစ်သည်။
《无碍解道》巴利第65页依胜伏生起等义说:‘八种种姓法由定力生起,十种种姓法由观力生起。’在这些文句中,一来道智等以前的智仍以‘种姓’为名。因此《清净之道》也说‘紧接种姓’。
(မဟာဋီ-၂-၄၈၇-၄၈၈။)
(《大复注》2-487—488。)
တစ်ကြိမ်သာ ပြန်လာသူ = သကဒါဂါမ်ပုဂ္ဂိုလ်
只回来一次者(一来者)
အထက်ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ စကားရပ်တွင် တစ်ကြိမ်သာလျှင် ဤလူ့လောကသို့ ပဋိသန္ဓေအားဖြင့် လာ၍ ဝဋ်ဒုက္ခ၏ အဆုံးကို ပြုခြင်းငှာ စွမ်းနိုင်သူဖြစ်၍ သကဒါဂါမ်မည်ကြောင်း ဖော်ပြချက်မှာ သကဒါဂါမ် ပုဂ္ဂိုလ် ငါးမျိုးတို့တွင် လေးမျိုးသော ပုဂ္ဂိုလ်တို့ကို ကြဥ်ဖယ်၍ တစ်မျိုးသော ပုဂ္ဂိုလ်ကိုသာလျှင် ယူထားခြင်း ဖြစ်၏။
上引《清净之道》义注说,一来者只再以结生回到人间一次,便能终结轮回苦;这是在五类一来者中排除其余四类,只取其中一类而说。
၁။ အချို့သော ပုဂ္ဂိုလ်သည် ဤလူ့ပြည်လောက၌ သကဒါဂါမိဖိုလ်သို့ ရောက်ပြီး၍ ဤလူ့ပြည်လောက၌ သာလျှင် ပရိနိဗ္ဗာန်ပြု၏။
一、有些人在此人间证得一来果,并在此人间般涅槃。
၂။ အချို့သော ပုဂ္ဂိုလ်သည် ဤလူ့ပြည်လောက၌ သကဒါဂါမိဖိုလ်သို့ ရောက်ပြီး၍ နတ်ပြည်လောက၌ ပရိနိဗ္ဗာန်ပြု၏။
二、有些人在此人间证得一来果,而在天界般涅槃。
原书第 471 页
ဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- တတိယမဂ်ဉာဏ် ၃။ အချို့သော ပုဂ္ဂိုလ်သည် နတ်ပြည်လောက၌ သကဒါဂါမိဖိုလ်သို့ ရောက်ပြီး၍ ထိုနတ်ပြည်လောက၌ ပင်လျှင် ပရိနိဗ္ဗာန်ပြု၏။
三、有些人在天界证得一来果,也在该天界般涅槃。
၄။ အချို့သော ပုဂ္ဂိုလ်သည် နတ်ပြည်လောက၌ သကဒါဂါမိဖိုလ်သို့ ရောက်ပြီး၍ ဤ လူ့ပြည်လောက၌ တစ်ဖန် ပဋိသန္ဓေအားဖြင့် ဖြစ်ပြီး၍ ပရိနိဗ္ဗာန်ပြု၏။
四、有些人在天界证得一来果,随后以结生再生于人间,并在人间般涅槃。
ဤလေးမျိုးသော ပုဂ္ဂိုလ်တို့ကို မယူဘဲ ----- ၅။ အကြင်ပုဂ္ဂိုလ်သည် ဤလူ့ပြည်လောက၌ သကဒါဂါမိဖိုလ်သို့ ရောက်ရှိပြီး၍ တစ်ဖန် နတ်ပြည်လောက၌ ပဋိသန္ဓေအားဖြင့် ဖြစ်၍ နတ်ပြည်လောက၌ အသက်ထက်ဆုံးနေ၍ တစ်ဖန် ဤလူ့ပြည်လောက၌ ပဋိသန္ဓေအားဖြင့် ဖြစ်၍ ဤလူ့ပြည်မှာပင် ပရိနိဗ္ဗာန်ပြု၏။ ---- ဤပုဂ္ဂိုလ်တစ်မျိုးကိုသာလျှင် ဤဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ ယူ၍ ဖွင့်ဆိုထားသည်ဟု သိရှိပါလေ။
不取以上四类,义注只依第五类解释:五、有人在人间证得一来果,随后结生于天界,在天界尽其寿命,再结生于人间,并在人间般涅槃。应知《清净之道》义注所取的就是这一类。
(မဟာဋီ-၂-၄၈၈။)
(《大复注》2-488。)
တတိယမဂ်ဉာဏ်ပိုင်း
第三道智篇
ဤသကဒါဂါမိဖိုလ်နောက်၌ ပစ္စဝေက္ခဏာဇောဝီထိများ ကျပြီး၍ မဂ်ဖိုလ် နိဗ္ဗာန်စသည်တို့ကို ထိုက်သလို ဆင်ခြင်ပြီးလတ်သော် သကဒါဂါမ်ဖြစ်ပြီးသော ထိုအရိယသာဝကသည် ထိုနေရာ၌မူလည်းနေလျက်၊ တစ်ပါး- သောအခါ၌မူလည်း ထိုနေရာ၌ ဖြစ်စေ အခြားသောနေရာ၌ ဖြစ်စေ နေလျက် သကဒါဂါမိမဂ်ဖြင့် ခေါင်းပါး စေအပ်ပြီးသော ကာမရာဂသံယောဇဥ် ပဋိဃသံယောဇဥ်တို့ကို အကြွင်းမဲ့ပယ်သတ်ခြင်းငှာ သုံးခုမြောက်သော တတိယ အနာဂါမိဖိုလ်သို့ ရောက်ရှိခြင်းငှာ ဝိပဿနာ၌ အားထုတ်ခြင်း လုံ့လကို ပြု၏။ ထိုပုဂ္ဂိုလ်သည် ဣန္ဒြေ ဗိုလ် ဗောဇ္စျင်တို့ကို ပေါင်းစု၍ ထက်မြက်သည်၏ အဖြစ်သို့ ရောက်စေလျက် ထိုရုပ်နာမ်ဓမ္မ တေဘူမကသင်္ခါရ တရား အပေါင်းကိုပင်လျှင် အနိစ္စ ဒုက္ခ အနတ္တဟူ၍ ဝိပဿနာဉာဏ်ဖြင့် သုံးသပ်နယ်ချေ၏။ ဝိပဿနာဉာဏ်ကို အဖန်ဖန် ဖြစ်စေ၏၊ ဝိပဿနာဉာဏ်အစဥ်သို့ သက်ဝင်၏။ (ဥဒယဗ္ဗယဉာဏ်မှ စ၍ သင်္ခါရုပေက္ခာဉာဏ်ဆုံးသည်
一来果之后,省察速行心路生起,依相应情形省察道、果、涅槃等。成为一来者的圣弟子,无论仍住在原处,或后来住在原处或其他地方,都会为了无余断除已经由一来道削弱的欲贪结与瞋恚结,并为了证得第三果不来果,而精勤修习毗婆舍那。他统合诸根、诸力与诸觉支,使它们锐利,再以观智把属于三地的一切色名行法审察为无常、苦、无我,反复令观智生起,进入观智相续。〔意思是从生灭智起,依次生起直到——
တိုင်အောင် အစဥ်အတိုင်း ဖြစ်စေမှုကို ဆိုလိုသည်။) ဤသို့သောနည်းဖြင့် ကျင့်နေသော ထိုသကဒါဂါမ်ပုဂ္ဂိုလ်- အား ရှေး၌ ဆိုအပ်ခဲ့ပြီးသော နည်းအတိုင်းပင်လျှင် သင်္ခါရုပေက္ခာဉာဏ်၏ အဆုံး၌ တစ်ခုသော အာဝဇ္ဇန်းဖြင့် အနုလောမဉာဏ် ဂေါတြဘု (= ဝေါဒါန်) ဉာဏ်တို့သည် ဖြစ်ကုန်လတ်သော် ဂေါတြဘု (= ဝေါဒါန်) ဉာဏ်၏ အခြားမဲ့၌ အနာဂါမိမဂ်သည် ဖြစ်ပေါ်လာ၏၊ ထိုအနာဂါမိမဂ်နှင့် ယှဥ်သော ဉာဏ်သည် အနာဂါမိမဂ်၌ဖြစ်သော ဉာဏ် မည်၏။ (ဝိသုဒ္ဓိ-၂-၃၁၇။) ဤအနာဂါမိမဂ်ဉာဏ်၏လည်း အခြားမဲ့၌ ဆိုအပ်ခဲ့ပြီးသော နည်းအတိုင်းပင်လျှင် ဖိုလ်စိတ်တို့ကို သိရှိ- ပါလေကုန်။ ဤမျှ အတိုင်းအရှည်ရှိသော အနာဂါမိမဂ်၏ အခြားမဲ့၌ အနာဂါမိဖိုလ်၏ ဖြစ်ခြင်းဖြင့်သာလျှင် ဤပုဂ္ဂိုလ်သည် ဗြဟ္မာပြည်၌ ကိုယ်ထင်ရှားဖြစ်ခြင်း = သြပပါတိက = ဥပပါတ် ပဋိသန္ဓေသာရှိသော ထိုဗြဟ္မာ့ ဘုံ၌ သို့မဟုတ် သုဒ္ဓါဝါသဘုံ၌ ပရိနိဗ္ဗာန်ပြုလေ့ရှိသော ပဋိသန္ဓေ၏ အစွမ်းဖြင့် ဤကာမဘဝသို့ တစ်ဖန် မပြန်
——行舍智。〕这位一来者这样修行,到行舍智末端,在同一转向中随顺智与种姓智〔即净化智〕依次生起;紧接种姓智〔即净化智〕之后,不来道生起。与不来道相应的智,称为不来道智。(《清净之道》2-317。)紧接不来道智之后,果心也依前述方式生起。只要不来果这样生起,他便成为第六位圣者,称为不来者:他以化生结生而显身于梵天界或净居地,通常在那里般涅槃,不再以结生回到欲有——
လာသော သဘောရှိသော ပုဂ္ဂိုလ်ဖြစ်၍ ပဋိသန္ဓေ၏ အစွမ်းအားဖြင့် ဤကာမလောကဓာတ်သို့ တစ်ဖန် မလာ- ခြင်းကြောင့် အနာဂါမ် မည်သော ခြောက်ယောက်မြောက်သော အရိယပုဂ္ဂိုလ် ဖြစ်ပေ၏။ ထိုသို့ အနာဂါမိဖိုလ်သို့ ရောက်သည်မှ နောက်၌ ပစ္စဝေက္ခဏာဖြစ်ပုံသည် ဆိုအပ်ခဲ့ပြီးသည့်အတိုင်းသာတည်း။ (ဝိသုဒ္ဓိ-၂-၃၁၇။) ပဋိသန္ဓေ၏ အစွမ်းဖြင့်သာ ထိုဗြဟ္မာ့ပြည်မှ ဤကာမဘုံသို့ မလာခြင်း သဘောရှိ၏၊ ဘုရားအား ဖူး- မြော်ရန် တရားတော်ကို နာယူရန် ဟူသော အကျိုးတရားများအတွက်ကား ဤလူ့လောက အပါအဝင်ဖြစ်သော
——因为不再以结生回到欲界,所以称为不来者。证得不来果以后,省察依前述方式生起。(《清净之道》2-317。)这里只说不来者不会以结生从梵天界回到欲界;为了礼敬佛陀、听闻佛法,他仍会来到包括人间在内的欲界——
原书第 472 页
ကာမလောကသို့ လာရောက်သည်သာ ဖြစ်ပေသည်။ သနင်္ကုမာရဗြဟ္မာတို့ကဲ့သို့ သုဓမ္မာဓမ္မသဘင်တွင် တရား ဟောရန် အတွက်လည်း ကာမလောကသို့ လာရောက်သည်သာ ဖြစ်သည်။ (မဟာဋီ-၂-၄၈၈-၄၈၉။)
——像常童子梵天为了在善法堂说法,也会来到欲界。(《大复注》2-488—489。)
စတုတ္ထမဂ်ဖိုလ် = အရဟတ္တမဂ်ဖိုလ်
第四道果(阿罗汉道果)
ဤသို့လျှင် ပစ္စဝေက္ခဏာဇောဝီထိတို့ဖြင့် မဂ် ဖိုလ် နိဗ္ဗာန်စသည်တို့ကို ထိုက်သလို ဆင်ခြင်ပြီးသော် အနာဂါမ်ဖြစ်ပြီးသော ထိုအရိယသာဝကသည် ထိုနေရာ၌မူလည်း နေလျက်၊ တစ်ပါးသော အခါ၌မူလည်း ထိုနေရာ၌ဖြစ်စေ အခြားသော နေရာ၌ဖြစ်စေ နေလျက် ရူပဘုံ၌ တပ်မက်တတ်သော ရူပရာဂ၊ အရူပဘုံ၌ တပ်မက်တတ်သော အရူပရာဂ၊ မာန၊ ဥဒ္ဓစ္စ၊ အဝိဇ္ဇာဟု ဆိုအပ်ကုန်သော အထက်ပိုင်း ဥဒ္ဓမ္ဘာဂိယသံယောဇဥ် ငါးပါးတို့ကို အကြွင်းမဲ့ ပယ်ခြင်း အကျိုးငှာ လေးခုမြောက်သော အရဟတ္တဖိုလ်သို့ ရောက်ရှိခြင်းငှာ ဝိပဿနာ၌ အားထုတ်ခြင်းလုံ့လကို ပြု၏၊ ထိုပုဂ္ဂိုလ်သည် ဣန္ဒြေ ဗိုလ် ဗောဇ္စျင်တို့ကို ပေါင်းစု၍ ထက်မြက်သည်၏ အဖြစ်သို့ ရောက်စေလျက် ထိုရုပ်နာမ်ဓမ္မ တေဘူမက သင်္ခါရတရားအပေါင်းကိုပင်လျှင် ဝိပဿနာဉာဏ်ဖြင့် သုံးသပ် နယ်ချေ၏၊ ဝိပဿနာဉာဏ်ကို အဖန်ဖန် ဖြစ်စေ၏။ ဝိပဿနာအစဥ်သို့ သက်ဝင်၏။ (ဥဒယဗ္ဗယဉာဏ်မှစ၍
不来圣弟子这样以省察速行心路适当地省察道、果、涅槃等以后,无论仍住在原处,或后来住在原处或其他地方,都会为了无余断除五上分结——对色界的贪著色贪、对无色界的贪著无色贪,以及慢、掉举、无明——并为了证得第四果阿罗汉果,而精勤修习毗婆舍那。他统合诸根、诸力与诸觉支,使它们锐利,以观智审察属于三地的一切色名行法,反复令观智生起,进入观智相续。〔意思是从生灭智起——
သင်္ခါရုပေက္ခာဉာဏ် ဆုံးသည်တိုင်အောင် အစဥ်အတိုင်းကျင့်၏ ဟူလို။) ဤသို့သောနည်းဖြင့် ကျင့်နေသော ထိုအနာဂါမ်ပုဂ္ဂိုလ်အား ရှေး၌ ဆိုအပ်ခဲ့ပြီးသော နည်းအတိုင်းပင်လျှင် သင်္ခါရုပေက္ခာဉာဏ်၏ အဆုံး၌ တစ်ခု- သော အာဝဇ္ဇန်းဖြင့် အနုလောမဉာဏ်၊ ဂေါတြဘု = ဝေါဒါန်ဉာဏ်တို့သည် ဖြစ်ကုန်လတ်သော် ဂေါတြဘု = ဝေါဒါန်ဉာဏ်၏ အခြားမဲ့၌ပင်လျှင် အရဟတ္တမဂ်သည် ဖြစ်ပေါ်လာ၏၊ ထိုအရဟတ္တမဂ်နှင့် ယှဥ်သော ဉာဏ်သည် အရဟတ္တမဂ်၌ ဖြစ်သောဉာဏ် မည်၏။ (ဝိသုဒ္ဓိ-၂-၃၁၇-၃၁၈။) ဤအရဟတ္တမဂ်၏လည်း အခြားမဲ့၌ ဆိုအပ်ခဲ့ပြီးသော နည်းအတိုင်းပင်လျှင် အရဟတ္တဖိုလ်စိတ်တို့ကို သိပါလေကုန်။ ဤမျှ အတိုင်းအရှည် ရှိသော အရဟတ္တမဂ်၏ အခြားမဲ့၌ အရဟတ္တဖိုလ်၏ ဖြစ်ခြင်းဖြင့်သာလျှင် ဤပုဂ္ဂိုလ်သည် ရဟန္တာမည်သော ရှစ်ယောက်မြောက်သော အရိယပုဂ္ဂိုလ် ဖြစ်ပေသည်။
——依次修行直到行舍智。〕这位不来者这样修行,到行舍智末端,在同一转向中随顺智与种姓智,即净化智,依次生起;紧接种姓智,即净化智之后,阿罗汉道生起。与阿罗汉道相应的智,称为阿罗汉道智。(《清净之道》2-317—318。)紧接阿罗汉道之后,阿罗汉果心也依前述方式生起。只要阿罗汉果这样生起,他便成为第八位圣者,称为阿罗汉。
၁။ မဟာခီဏာသဝ = ပူဇော်အပ် ကြီးမြတ်သော အာနုဘော်ရှိသော အာသဝေါ ကုန်ပြီးသော၊ ၂။ အန္တိမ ဒေဟဓာရီ = အဆုံးစွန်သော ခန္ဓာကိုယ်ကို ဆောင်တတ်သော၊ ၃။ သြဟိတဘာရ = ချထားအပ်ပြီးသော ခန္ဓာဝန်၊ ကိလေသာဝန်၊ အဘိသင်္ခါရဝန်ရှိသော၊ ၄။ အနုပ္ပတ္တသဒတ္ထ = အစဥ်အတိုင်း ရောက်အပ်ပြီးသော အရဟတ္တဖိုလ်ဟူသော မိမိအကျိုးရှိသော၊ ၅။ ပရိက္ခီဏဘဝသံယောဇန = ကုန်ပြီးသော ဆယ်ပါးသော ဘဝသံယောဇဥ်ရှိသော၊ ၆။ သမ္မာဒညာဝိမုတ္တ = ခန္ဓာ စသည်တို့၏ သဘောကို အသင့်အားဖြင့် သိပြီး၍ အထူးသဖြင့် လွတ်ပြီး သော၊ ၇။ အဂ္ဂဒက္ခိဏေယျ = နတ်နှင့် တကွသော သတ္တလောက၏ မြတ်သော အလှူဝတ္ထုကို ခံယူထိုက်သော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် ဖြစ်ပေသည်။
一、大漏尽者(mahākhīṇāsava):诸漏已尽、可敬而具有大威德者。二、最后身持有者(antima-dehadhārī):承载最后身者。三、已卸重担者(ohitabhāra):已经放下蕴担、烦恼担与造作担者。四、已达自利者(anuppatta-sadattha):依次证得自身利益阿罗汉果者。五、有结已尽者(parikkhīṇa-bhavasaṃyojana):十种有结已经灭尽者。六、正智解脱者(sammadaññā-vimutta):如实了知蕴等自性而完全解脱者。七、最上应供者(aggadakkhiṇeyya):堪受包括诸天在内的一切有情最胜供养的殊胜者。
ဤဆိုအပ်ခဲ့ပြီးသော အရိယမဂ်လေးပါးတို့နှင့် ယှဥ်သော ဉာဏ်သည် ဉာဏဒဿနဝိသုဒ္ဓိ မည်ပေသည်။
以上四圣道所相应的智,称为智见清净。
原书第 473 页
သတိပဋ္ဌာန် လေးပါး ပြည့်စုံပြီ
四念处圆满
ဥဒယဗ္ဗယဉာဏ် အကျယ်ရှုပွားသည့် အပိုင်း အထိ ----- ၁။ သမုဒယဓမ္မာနုပဿီ - အရ သမုဒယသဘောကို ရှုပုံကိုလည်းကောင်း၊ ၂။ ဝယဓမ္မာနုပဿီ - အရ ဝယသဘောကို ရှုပုံကိုလည်းကောင်း၊ ၃။ သမုဒယဝယဓမ္မာနုပဿီ - အရ သမုဒယ-ဝယသဘောကို ရှုပုံကိုလည်းကောင်း အသေးစိတ် ဖော်ပြခဲ့၏။
前文直到详修生灭智一节,已经详细说明:一、依“随观生法者”,怎样观生起的自性;二、依“随观灭法者”,怎样观坏灭的自性;三、依“随观生灭法者”,怎样观生起与坏灭的自性。
ထိုဥဒယဗ္ဗယ အကျယ်ရှုပွားပုံ၏ နောက်ပိုင်းဝယ် ဥပက္ကိလေသ အညစ်အကြေးတို့မှ လွတ်မြောက်သွား- သော ဥဒယဗ္ဗယဉာဏ်ပိုင်းမှ စ၍ ဤအရဟတ္တဖိုလ်တိုင်အောင် ဖော်ပြအပ်သော အဆင့်ဆင့် ရှုပွားပုံ စနစ်တို့ကား အောက်ပါ သတိပဋ္ဌာန်ဒေသနာတော်တို့၏ အသေးစိတ် ရှုကွက်တို့သာ ဖြစ်ကြပေသည်။
在详修生灭智之后,从已经脱离观染的生灭智开始,直到这里的阿罗汉果为止,前文层层说明的观修次第,正是对下面念处教法中各个观法的详细展开。
၁။ အတ္ထိ ကာယောတိ ဝါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ၊ ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ။
巴利经文(缅文字体,第一则,续下单元):“၁။ အတ္ထိ ကာယောတိ ဝါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ၊ ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ။”
အနိဿိတော စ ဝိဟရတိ၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ။ ဧဝမ္ပိ ခေါ ဘိက္ခဝေ ဘိက္ခု ကာယေ ကာယာနုပဿီ ဝိဟရတိ။ (မ-၁-၇၁။) ၂။ အတ္ထိ ဝေဒနာတိ ဝါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ။
巴利经文续文(缅文字体):“အနိဿိတော စ ဝိဟရတိ၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ။ ဧဝမ္ပိ ခေါ ဘိက္ခဝေ ဘိက္ခု ကာယေ ကာယာနုပဿီ ဝိဟရတိ။ (မ-၁-၇၁။)”译:“此外,他的念现前:‘只有身存在。’这仅仅为了智与持续忆念。他无所依止而住,也不执取世间任何事物。诸比丘,比丘也这样于身随观身而住。”(《中部》1-71。)第二则巴利经文(缅文字体,续下单元):“၂။ အတ္ထိ ဝေဒနာတိ ဝါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ။”
အနိဿိတော စ ဝိဟရတိ န စ ကိဉ္စိ လောကေ ဥပါဒိယတိ။ ဧဝမ္ပိ ခေါ ဘိက္ခဝေ ဘိက္ခု ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ။ (မ-၁-၇၅-၇၆။) ၃။ အတ္ထိ စိတ္တန္တိ ဝါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ။
巴利经文续文(缅文字体):“အနိဿိတော စ ဝိဟရတိ န စ ကိဉ္စိ လောကေ ဥပါဒိယတိ။ ဧဝမ္ပိ ခေါ ဘိက္ခဝေ ဘိက္ခု ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ။ (မ-၁-၇၅-၇၆။)”译:“此外,他的念现前:‘只有受存在。’这仅仅为了智与持续忆念。他无所依止而住,也不执取世间任何事物。诸比丘,比丘也这样于诸受随观诸受而住。”(《中部》1-75—76。)第三则巴利经文(缅文字体,续下单元):“၃။ အတ္ထိ စိတ္တန္တိ ဝါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ။”
အနိဿိတော စ ဝိဟရတိ၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ။ ဧဝမ္ပိ ခေါ ဘိက္ခဝေ ဘိက္ခု စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ။ (မ-၁-၇၆။) ၄။ အတ္ထိ ဓမ္မာတိ ဝါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ။
巴利经文续文(缅文字体):“အနိဿိတော စ ဝိဟရတိ၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ။ ဧဝမ္ပိ ခေါ ဘိက္ခဝေ ဘိက္ခု စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ။ (မ-၁-၇၆။)”译:“此外,他的念现前:‘只有心存在。’这仅仅为了智与持续忆念。他无所依止而住,也不执取世间任何事物。诸比丘,比丘也这样于心随观心而住。”(《中部》1-76。)第四则巴利经文(缅文字体,续下单元):“၄။ အတ္ထိ ဓမ္မာတိ ဝါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ။”
အနိဿိတော စ ဝိဟရတိ၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ။ ဧဝမ္ပိ ခေါ ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ။ (မ-၁-၇၈။) ၁။ ထိုပြင် ''ရုပ်အပေါင်းသည်သာလျှင် ရှိ၏''ဟု ထိုရဟန်း၏ သန္တာန်၌ သတိသည် ရှေးရှုတည်၏ = ရှေးရှု ထင်လှာ၏။ ထိုသတိသည် ရုပ်အပေါင်းကို အဖန်ဖန် ရှုတတ်သော ဝိပဿနာဉာဏ်၏ တိုးပွားခြင်းငှာ သာလျှင် ဖြစ်၏၊ ရုပ်အပေါင်းကို သိမ်းဆည်းတတ်သော ဝိပဿနာဉာဏ်နှင့် ယှဥ်သော သတိ၏ အဆင့်ဆင့် တစ်ဖန်တိုးပွားခြင်းငှာသာလျှင် ဖြစ်၏၊ ထိုရဟန်းသည် တဏှာ-ဒိဋ္ဌိတို့ဖြင့် မမှီတွယ်မူ၍လည်း နေ၏။
巴利经文续文(缅文字体):“အနိဿိတော စ ဝိဟရတိ၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ။ ဧဝမ္ပိ ခေါ ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ။ (မ-၁-၇၈။)”译:“此外,他的念现前:‘只有法存在。’这仅仅为了智与持续忆念。他无所依止而住,也不执取世间任何事物。诸比丘,比丘也这样于诸法随观诸法而住。”(《中部》1-78。)一、此外,在那位比丘的相续中,念现前显现为:‘只有色身存在。’这一念只为了使一再随观色身的观智增长,也只为了使与摄取色身之观智相应的念次第增长。那位比丘不依爱与见而住——
ဥပါဒါနက္ခန္ဓာ ငါးပါးတည်းဟူသော လောက၌ တစ်စုံတစ်ခုသော တရားကိုမျှ တစ်စုံတစ်ခုသော စွဲ- လမ်းဖွယ်ကိုမျှ ''ငါ-ငါ့ဟာ''ဟု စွဲလည်း မစွဲလမ်းတော့ပေ။ ရဟန်းတို့ …ဤသို့လည်း ရဟန်းသည် ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေလေ၏။ (မ-၁-၇၁။) ၂။ ထို့ပြင် ''ဝေဒနာသည်သာလျှင် ရှိ၏''ဟု ထိုရဟန်း၏ သန္တာန်၌ သတိသည် ရှေးရှုတည်၏ = ရှေးရှု ထင်လှာ၏။ ထိုသတိသည် ဝေဒနာကို အဖန်ဖန် ရှုတတ်သော ဝိပဿနာဉာဏ်၏ တိုးပွားခြင်းငှာသာလျှင် ဖြစ်၏၊ ဝေဒနာကို သိမ်းဆည်းတတ်သော ဝိပဿနာဉာဏ်နှင့် ယှဥ်သော သတိ၏ အဆင့်ဆင့် တစ်ဖန် တိုးပွားခြင်းငှာသာလျှင် ဖြစ်၏။ ထိုရဟန်းသည် တဏှာ-ဒိဋ္ဌိတို့ဖြင့် မမှီတွယ်မူ၍လည်း နေ၏၊ ဥပါ- ဒါနက္ခန္ဓာ ငါးပါးတည်းဟူသော လောက၌ တစ်စုံတစ်ခုသော တရားကိုမျှ တစ်စုံတစ်ခုသော စွဲလမ်းဖွယ်
——对于名为五取蕴的世间任何法、任何可执著之物,也不再执为‘我、我所有’。诸比丘,比丘也这样一再于身随观身而住。(《中部》1-71。)二、此外,在那位比丘的相续中,念现前显现为:‘只有受存在。’这一念只为了使一再随观受的观智增长,也只为了使与摄取受之观智相应的念次第增长。那位比丘不依爱与见而住,对于名为五取蕴的世间任何法、任何可执著之物——
原书第 474 页
ကိုမျှ ''ငါ-ငါ့ဟာ''ဟူ၍ စွဲလည်း မစွဲလမ်းတော့ပေ။ ရဟန်းတို့ …ဤသို့လည်း ရဟန်းသည် ဝေဒနာတို့၌ ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေလေ၏။ (မ-၁-၇၅-၇၆။) ၃။ ထိုပြင် ''စိတ်သည်သာလျှင် ရှိ၏''ဟု ထိုရဟန်း၏ သန္တာန်၌ သတိသည် ရှေးရှုတည်၏ = ရှေးရှုထင်လှာ၏၊ ထိုသတိသည် စိတ်ကို အဖန်ဖန် ရှုတတ်သော ဝိပဿနာဉာဏ်၏ တိုးပွားခြင်းငှာသာလျှင် ဖြစ်၏၊ စိတ်ကို သိမ်းဆည်းတတ်သော ဝိပဿနာဉာဏ်နှင့်ယှဥ်သော သတိ၏ အဆင့်ဆင့် တစ်ဖန် တိုးပွားခြင်းငှာသာလျှင် ဖြစ်၏။ ထိုရဟန်းသည် တဏှာ-ဒိဋ္ဌိတို့ဖြင့် မမှီတွယ်မူ၍လည်း နေ၏၊ ဥပါဒါနက္ခန္ဓာ ငါးပါးတည်းဟူသော လောက၌ တစ်စုံတစ်ခုသော တရားကိုမျှ တစ်စုံတစ်ခုသော စွဲလမ်းဖွယ်ကိုမျှ ''ငါ-ငါ့ဟာ''ဟူ၍ စွဲလည်း မစွဲလမ်းတော့ပေ။ ရဟန်းတို့ …ဤသို့လည်း ရဟန်းသည် စိတ်၌ စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေလေ၏။ (မ-၁-၇၆။) ၄။ ထို့ပြင် ''ဓမ္မသဘောတရားတို့သည်သာလျှင် ရှိကုန်၏''ဟု ထိုရဟန်း၏ သန္တာန်၌ သတိသည် ရှေးရှုတည်၏
——也不再执为‘我、我所有’。诸比丘,比丘也这样于诸受随观诸受而住。(《中部》1-75—76。)三、此外,在那位比丘的相续中,念现前显现为:‘只有心存在。’这一念只为了使一再随观心的观智增长,也只为了使与摄取心之观智相应的念次第增长。那位比丘不依爱与见而住,对于名为五取蕴的世间任何法、任何可执著之物,也不再执为‘我、我所有’。诸比丘,比丘也这样于心随观心而住。(《中部》1-76。)四、此外,在那位比丘的相续中,念现前显现为:‘只有诸法存在。’——
= ရှေးရှုထင်လှာ၏။ ထိုသတိသည် ဓမ္မသဘောတရားကို အဖန်ဖန် ရှုတတ်သော ဝိပဿနာဉာဏ်၏ တိုးပွားခြင်းငှာသာလျှင် ဖြစ်၏၊ ဓမ္မသဘောတရားကို သိမ်းဆည်းတတ်သော ဝိပဿနာဉာဏ်နှင့် ယှဥ်သော သတိ၏ အဆင့်ဆင့် တစ်ဖန် တိုးပွားခြင်းငှာသာလျှင် ဖြစ်၏။ ထိုရဟန်းသည် တဏှာ-ဒိဋ္ဌိတို့ဖြင့် မမှီ- တွယ်မူ၍လည်း နေ၏၊ ဥပါဒါနက္ခန္ဓာ ငါးပါးတည်းဟူသော လောက၌ တစ်စုံတစ်ခုသော တရားကိုမျှ တစ်စုံတစ်ခုသော စွဲလမ်းဖွယ်ကိုမျှ ''ငါ-ငါ့ဟာ''ဟူ၍ စွဲလည်း မစွဲလမ်းတော့ပေ။ ရဟန်းတို့ … ဤသို့လည်း ရဟန်းသည် ဓမ္မသဘောတရားတို့၌ ဓမ္မသဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေလေ၏။ (မ-၁-၇၈။)
——这一念只为了使一再随观诸法的观智增长,也只为了使与摄取诸法之观智相应的念次第增长。那位比丘不依爱与见而住,对于名为五取蕴的世间任何法、任何可执著之物,也不再执为‘我、我所有’。诸比丘,比丘也这样于诸法随观诸法而住。(《中部》1-78。)
ဗောဓိပက္ခိယတရား (၃၇) ပါး
三十七菩提分法
သတိပဋ္ဌာန် လေးပါး၊ သမ္မပ္ပဓာန် လေးပါး၊ ဣဒ္ဓိပါဒ် လေးပါး၊ ဣန္ဒြေ ငါးပါး၊ ဗိုလ် ငါးပါး၊ ဗောဇ္စျင် ခုနစ်ပါး၊ ဖြူစင်မြင့်မြတ်သော အရိယမဂ္ဂင် ရှစ်ပါး၊ အားလုံးပေါင်းသော် ဤ (၃၇)ပါးကုန်သော တရားတို့သည် သစ္စာလေးပါးကို သိတတ်သောကြောင့် ဗောဓဟူ၍ ရအပ်သောအမည်ရှိသော အရိယမဂ်၏ အကူအမြောင် လက်ဆောင် အသင်းအပင်း၌ ဖြစ်သည်၏ အဖြစ်ကြောင့် ကျေးဇူးပြုတတ်သော အသင်းအပင်း အဖြစ်၌ တည်သည်၏ အဖြစ်ကြောင့် ဗောဓိပက္ခိယတရားတို့ မည်ကုန်၏။
四念处、四正勤、四神足、五根、五力、七觉支与清净高尚的八圣道支,合计三十七法。因为它们与名为“菩提”——能知四谛的圣道——同属一方,作为有益的助伴而住,所以称为菩提分法。
သတိပဋ္ဌာန် လေးပါး ----- ထိုဗောဓိပက္ခိယတရားတို့တွင် ကာယ ဝေဒနာ စိတ္တ ဓမ္မ အာရုံတို့၌ ပြေးသွား သက်ဝင်၍ အသုဘအခြင်းအရာ ဒုက္ခအခြင်းအရာ အနိစ္စအခြင်းအရာ အနတ္တအခြင်းအရာကို ယူသည်၏ အစွမ်းဖြင့် ကပ်၍ တည်တတ်သည်၏ အဖြစ်ကြောင့် (သုဘသညာ သုခသညာ နိစ္စသညာ အတ္တသညာကို ပယ်ခြင်းကိစ္စကို ပြီးစေသည်၏ အစွမ်းဖြင့် ဖြစ်ခြင်းကြောင့်) သတိသည်ပင်လျှင် သတိပဋ္ဌာန် မည်ပေသည်။
四念处——在这些菩提分法中,念能趋入身、受、心、法诸所缘,依取不净、苦、无常、无我之相而贴住、安住;也就是说,它完成舍断净想、乐想、常想、我想的作用。因此,正是这一念称为念处。
ဗောဓိပက္ခိယတရားတို့ကို အရိယမဂ်၏ ရှေးအဖို့၌ လောကီဝိပဿနာဉာဏ် ဖြစ်ခိုက်၌ အထူးထူးသော စိတ်တို့၌ ရအပ်ကုန်၏၊ ရရှိပုံမှာ ဤသို့ ဖြစ်၏။ ----- ၁။ အာနာပါနပဗ္ဗ = အာနာပါနကို ရှုပွားသည့် အပိုင်း၊ ၂။ ဣရိယာပထပဗ္ဗ = ဣရိယာပုထ်ကို ရှုပွားသည့် အပိုင်း၊ ၃။ သမ္ပဇညပဗ္ဗ = သတိသမ္ပဇဥ်ပိုင်းဆိုင်ရာကို ရှုပွားသည့် အပိုင်း၊ ၄။ ပဋိကူလမနသိကာရပဗ္ဗ = ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောကို ရှုပွားသည့် အပိုင်း၊
在圣道以前生起世间观智时,菩提分法分别出现在不同的心中;其获得方式如下。一、入出息念品:观修入出息念的部分;二、威仪品:观修威仪的部分;三、正知品:观修念与正知的部分;四、不净作意品:观修厌恶不净自性的部分;
原书第 475 页
ဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- ဗောဓိပက္ခိယတရား ၅။ ဓာတုမနသိကာရပဗ္ဗ = ဓာတ်ကို နှလုံးသွင်းရှုပွားသည့် အပိုင်း၊ ၆-၁၄။ နဝသိဝထိက ပဗ္ဗ = သူသေကောင် (၉)မျိုးကို ရှုပွားသည့် အပိုင်း --- ဤ (၁၄)မျိုးသော အခြင်းအရာအားဖြင့် ရူပကာယကို သိမ်းဆည်းသော ယောဂါဝစရပုဂ္ဂိုလ်အား ကာယာ- နုပဿနာ သတိပဋ္ဌာန်ကို ရ၏။
五、界作意品:作意并观修诸界的部分;六至十四、九墓地品:观修九种尸体的部分。瑜伽行者依这十四种方式摄取色身,就获得身随观念处。
ယင်းအာနာပါနပဗ္ဗစသည်တို့တွင် ရှေးပိုင်းတွင် သမာဓိကို ထူထောင်၍ ထိုသမာဓိကို ဝိပဿနာ၏ အခြေ ပါဒကပြု၍ ရုပ်ကို အဦးမူ၍ ရုပ်နာမ်တို့ကို သိမ်းဆည်းပြီးလျှင် ယင်း ရုပ်နာမ်တို့၏ အကြောင်းတရားတို့ကို ရှာဖွေလျက် အကြောင်းတရားနှင့် တကွသော ထိုရုပ်နာမ် သင်္ခါရတရားတို့ကို လက္ခဏာယာဥ်ကို တင်ကာ ကာလ သုံးပါး သန္တာန် နှစ်ပါးလုံး၌ ဝိပဿနာရှုခဲ့သော် ရုပ်ကို အဦးမူ၍ ဝိပဿနာရှုပွားခြင်း ဖြစ်သဖြင့် ကာယာနုပဿနာ သတိပဋ္ဌာန်ဟူ၍ ဆိုသည်။ (၁) (၉)မျိုးသော အခြင်းအရာအားဖြင့် ဝေဒနာကို သိမ်းဆည်းသော ယောဂါဝစရပုဂ္ဂိုလ်အား ဝေဒနာနုပ- ဿနာ သတိပဋ္ဌာန်ကို ရရှိ၏။ နာမ်တရားတို့ကို သိမ်းဆည်းရာ၌ ဝေဒနာကို အဦးမူ၍ ယှဥ်ဖက် သမ္ပယုတ် တရားတို့နှင့်တကွ သိမ်းဆည်းခြင်း ဖြစ်၏။ နာမ်ကို သိမ်းဆည်းပြီးပါက ယင်းနာမ်တရားစု၏ အာရုံရုပ်နှင့် မှီရာ ဝတ္ထုရုပ်တို့ကို တစ်ဖန်ပြန်၍ သိမ်းဆည်းရ၏။ ဤသို့ ဝေဒနာကို အဦးမူ၍ နာမ်ရုပ်တို့ကို သိမ်းဆည်းလျက်
在入出息念品等各品中,先建立定,以该定作为观修的基础;再以色为先,摄取色名,并探究这些色名的诸因;然后把连同诸因的色名诸行提到三相上,在三时、内外两相续中修观。由于这样以色为先修习毗婆舍那,所以称为身随观念处。(一)瑜伽行者依九种方式摄取受,就获得受随观念处。摄取名法时,以受为先,连同诸相应法一起摄取;摄取名法之后,还须再次摄取这些名法的所缘色和所依处色。这样以受为先摄取名色——
ယင်းနာမ်ရုပ်၏ အကြောင်းတရားကို ရှာဖွေပြီးလျှင် အကြောင်းတရားနှင့် တကွသော ယင်း နာမ်ရုပ်တို့ကို လက္ခ- ဏာယာဥ် တင်ကာ ဝိပဿနာရှုခဲ့သော် ဝေဒနာနုပဿနာ သတိပဋ္ဌာန်သို့ သက်ဝင်၏။ (၂) (၁၆)မျိုးသော အခြင်းအရာအားဖြင့် စိတ်ကို သိမ်းဆည်းသော ယောဂါဝစရပုဂ္ဂိုလ်အား စိတ္တာနုပဿနာ သတိပဋ္ဌာန်ကို ရရှိ၏။ နာမ်တရားကို သိမ်းဆည်းရာ၌ စိတ်ကို အဦးမူ၍ ယှဥ်ဖက်သမ္ပယုတ်တရားတို့နှင့် တကွ နာမ်တရားတို့ကို သိမ်းဆည်းလျက် ယင်းနာမ်တရားတို့၏ အာရုံရုပ်နှင့် မှီရာဝတ္ထုရုပ်တို့ကို တစ်ဖန်ပြန်၍ သိမ်း- ဆည်းရ၏။ ဤသို့ စိတ်ကို အဦးမူ၍ နာမ်ရုပ်တို့ကို သိမ်းဆည်းလျက် ယင်းနာမ်ရုပ်တို့၏ အကြောင်တရားကို ရှာဖွေပြီးလျှင် အကြောင်းတရားနှင့် တကွသော ယင်းနာမ်ရုပ်တို့ကို လက္ခဏာယာဥ်တင်ကာ ဝိပဿနာရှုခဲ့သော် စိတ္တာနုပဿနာ သတိပဋ္ဌာန်သို့ သက်ဝင်၏။ (၃) ၁။ နီဝရဏငါးပါးကို အဦးမူ၍ ရုပ်နာမ်ကို သိမ်းဆည်းရှုပွားခြင်း = နီဝရဏပဗ္ဗ၊
——再探究这些名色的诸因,然后把连同诸因的名色提到三相上修观,就进入受随观念处。(二)瑜伽行者依十六种方式摄取心,就获得心随观念处。摄取名法时,以心为先,连同诸相应法一起摄取名法;随后再次摄取这些名法的所缘色与所依处色。这样以心为先摄取名色,再探究这些名色的诸因,然后把连同诸因的名色提到三相上修观,就进入心随观念处。(三)一、以五盖为先摄取、观修色名,即五盖品;
၂။ ခန္ဓာငါးပါးကို သိမ်းဆည်းရှုပွားခြင်း = ခန္ဓပဗ္ဗ၊ ၃။ အာယတန (၁၂)ပါးကို သိမ်းဆည်းရှုပွားခြင်း = အာယတနပဗ္ဗ၊ ၄။ ဗောဇ္စျင် (၇)ပါးကို အဦးမူ၍ ရုပ်နာမ်ကို သိမ်းဆည်းရှုပွားခြင်း = ဗောဇ္စျင်္ဂပဗ္ဗ၊ ၅။ ဒုက္ခသစ္စာ သမုဒယသစ္စာတို့ကို သိမ်းဆည်းလျက် သစ္စာလေးပါးကို သိအောင် ရှုပွားခြင်း = သစ္စပဗ္ဗ ---- ဤငါးမျိုးသော အခြင်းအရာအားဖြင့် ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ကို သိမ်းဆည်းသော ယောဂါဝစရ ပုဂ္ဂိုလ်အား ဓမ္မာနုပဿနာသတိပဋ္ဌာန်ကို ရရှိ၏။ နာမ်ကမ္မဋ္ဌာန်း သုံးမျိုးတို့တွင် ဖဿကို အဦးမူ၍ နာမ်တရား- တို့ကို သိမ်းဆည်းလျက် ထိုနောင် ယင်းနာမ်တရားတို့၏ အာရုံရုပ်နှင့် မှီရာဝတ္ထုရုပ်တို့ကို သိမ်းဆည်းကာ ယင်း နာမ်ရုပ်တို့၏ အကြောင်းတရားကိုရှာဖွေပြီးလျှင် အကြောင်းတရားနှင့်တကွသော ယင်းနာမ်ရုပ်တို့ကို လက္ခဏာ- ယာဥ် တင်ကာ ဝိပဿနာရှုနေသော နည်းသည်လည်း ဓမ္မာနုပဿနာသို့ပင် သက်ဝင်၏။ ဝိပဿနာဉာဏ်၏
二、摄取、观修五蕴,即五蕴品;三、摄取、观修十二处,即十二处品;四、以七觉支为先摄取、观修色名,即觉支品;五、摄取苦谛、集谛而修观,直至知见四谛,即谛品。瑜伽行者依这五种方式摄取名色诸行,就获得法随观念处。在三种名业处中,以触为先摄取名法,随后摄取这些名法的所缘色与所依处色;再探究这些名色的诸因,把连同诸因的名色提到三相上修观——这种方法也归入法随观。观智以——
အရှုခံအာရုံဖြစ်သော သင်္ခါရတရားတို့ကို ခန္ဓာနည်း အာယတနနည်း ဗောဇ္စျင်နည်း သစ္စာနည်းတို့ဖြင့် သိမ်း- ဆည်းလျက် အကြောင်းတရားတို့ကို ရှာဖွေပြီးလျှင် အကြောင်းတရားနှင့်တကွသော ယင်းရုပ်နာမ်ဓမ္မ သင်္ခါရ တရားတို့ကို လက္ခဏာယာဥ်တင်ကာ ဝိပဿနာရှုနေသောနည်းသည်လည်း ဓမ္မာနုပဿနာသတိပဋ္ဌာန်သို့ပင်
——诸行为所缘时,依蕴门、处门、觉支门、谛门摄取它们,再探究诸因,把连同诸因的色名诸行提到三相上修观——这种方法也归入法随观念处。
原书第 476 页
သက်ဝင်၏။ (၄) ယင်းအနုပဿနာ လေးပါးတို့၌ အဦးမူထားသော ကာယ = ရုပ် ဝေဒနာ စိတ္တ ဓမ္မတို့မှာ ရုပ်နာမ် ကြောင်း ကျိုး = သင်္ခါရတရားတို့သာ ဖြစ်ကြ၏။ သို့အတွက် ကာလသုံးပါး သန္တာန်နှစ်ပါးအတွင်း၌ တည်ရှိသော ရုပ်နာမ် ကြောင်းကျိုး = သင်္ခါရတရားတို့ကို လက္ခဏာယာဥ်သုံးချက်တင်၍ တွင်တွင်ကြီး ဝိပဿနာရှုနေသော် သတိပဋ္ဌာန် တရား လေးပါးလုံးကိုပင် ပွားများနေသည် မည်ပေသည်။ သို့သော် လောကီဝိပဿနာအခိုက်၌ စိတ္တက္ခဏတစ်ခု အတွင်း၌ သတိပဋ္ဌာန်လေးပါးလုံးသည် စုံစုံညီညီ ပြိုင်တူ မဖြစ်နိုင်၍ လောကီဝိပဿနာအခိုက်၌ သတိပဋ္ဌာန် လေးပါးကို စိတ္တက္ခဏ အသီးအသီးတို့၌ ရအပ်ကုန်၏ဟု ဆိုပေသည်။ သို့သော် အရိယမဂ်အခိုက်၌ကား သတိပဋ္ဌာန် လေးပါးလုံးသည်ပင် စုံစုံညီညီ ဖြစ်ပေသည်။
(四)这四种随观各自以身即色、受、心、法为先,而这些都只是色名因果诸行。因此,对三时、内外两相续中的色名因果诸行反复安立三相而修观,就称为修习全部四念处。不过,在世间观修时,四念处不能在同一个心刹那中同时具足,所以说它们分别在各个心刹那中获得;在圣道刹那,四念处则同时具足。
သမ္မပ္ပဓာန် လေးပါး ----- ဤမျက်မြင် ပစ္စုပ္ပန် အတ္တဘော၌ မိမိ၏ ရုပ်နာမ်သန္တာန် အစဥ်တွင် မဖြစ်စဖူး သေးသော သူတစ်ပါး၏သန္တာန်၌ ဖြစ်ပေါ်သွားသော အကုသိုလ်ကိုလည်းကောင်း၊ ထိုအကုသိုလ်လျှင် အကြောင်း ရင်းခံရှိသော သတ်ခြင်း နှောင်ဖွဲ့ခြင်းငှာ ထိုက်သော အပြစ်စသည်တို့ကိုလည်းကောင်း တွေ့မြင်ရ၍ ''အကြင် သို့သော အခြင်းအရာအားဖြင့် ကျင့်သသူအား ဤအကုသိုလ်လျှင် အကြောင်းရင်းရှိသော အပြစ်သည် ဖြစ်ပေါ် လာနိုင်၏၊ ထိုသို့သော အခြင်းအရာအားဖြင့် ငါသည် မကျင့်ပေအံ့၊ ဤသို့ ကောင်းစွာ ကျင့်သည်ရှိသော် ငါ့အား အကုသိုလ်လျှင် အကြောင်းရင်းခံရှိသော အပြစ်သည် မဖြစ်လတ္တံ့'' ----- ဤသို့ နှလုံးပိုက်၍ ထိုကဲ့သို့သော အကုသိုလ်လျှင် အကြောင်းရင်းခံရှိသော အပြစ်ကို မဖြစ်စေခြင်းငှာ အားထုတ်လုံ့လပြုသော ကာလ၌ မဖြစ်- ပေါ်ဖူးသေးသော အကုသိုလ်တရားတို့ကို မဖြစ်အောင် လုံ့လပြုခြင်းဟူသော ရှေးဦးစွာသော သမ္မပ္ပဓာန်ကို
四正勤——在今生的色名相续中,自己从未生起过、却已见到在他人相续中生起的不善,以及以该不善为根由而招致的杀害、拘禁等惩罚;见到这些以后,心想:‘以这种方式行事的人会遭受这种由不善引起的惩罚;我不应这样行事。若善加守护,这种惩罚就不会发生在我身上。’如此作意,为了使这种惩罚不生而努力时,就获得第一正勤:努力令未生不善不生——
ရအပ်၏။ (၁) မိမိ၏ သန္တာန်ဝယ် အကြိမ်များစွာ ဖြစ်ခြင်းသို့ ရောက်ရှိနေသော၊ အဖြစ်များသဖြင့် လေ့ကျင့်သားရခြင်းသို့ ရောက်ရှိနေသော အကုသိုလ်တရားကို မြင်ရ၍ ထိုကဲ့သို့သော အကုသိုလ်တရားကို ပယ်သတ်နိုင်ရန် အလို့ငှာ အားထုတ်လုံ့လပြုသောကာလ၌ ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့ကို ပယ်နိုင်အောင် ကြိုးစားအားထုတ်- ခြင်းဟူသော နှစ်ခုမြောက်သော သမ္မပ္ပဓာန်ကို ရအပ်၏။ (၂) ဤမျက်မြင် ပစ္စုပ္ပန် အတ္တဘော၌ မိမိသန္တာန်ဝယ် မဖြစ်စဖူးသေးသော စျာန်ကိုသော်လည်းကောင်း ဝိပဿနာကိုသော်လည်းကောင်း ဖြစ်ပေါ်လာစေခြင်းငှာ အားထုတ်လုံ့လပြုသော ပုဂ္ဂိုလ်အား မဖြစ်ပေါ်ဖူးသေး- သော ကုသိုလ်တရားတို့ကို ဖြစ်ပေါ်လာအောင် ကြိုးစားအားထုတ်ခြင်းဟူသော သုံးခုမြောက်သော သမ္မပ္ပဓာန်ကို ရအပ်၏။ (၃) ဤမျက်မြင် ပစ္စုပ္ပန် အတ္တဘော၌ ဖြစ်ပေါ်ဖူးသော စျာန်ကိုသော်လည်းကောင်း၊ ဝိပဿနာကိုသော်
——(一)看见自己相续中屡屡生起、已经形成习惯的不善法,为了断除它而努力时,就获得第二正勤:努力断除已生不善。(二)为了使今生自己相续中未曾生起的禅那或毗婆舍那生起而努力,就获得第三正勤:努力令未生善法生起。(三)若以某种方式令今生已经生起的禅那或毗婆舍那继续生起而不退失——
လည်းကောင်း အကြင်အခြင်းအရာအားဖြင့် ဖြစ်စေအပ်သည် ရှိသော် မဆုတ်ယုတ်ပေ၊ ထိုအခြင်းအရာအားဖြင့် အဖန်တလဲလဲ ဖြစ်စေသော ပုဂ္ဂိုလ်အား ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့ကို တိုးပွားအောင် ကြိုးစားအား- ထုတ်ခြင်းဟူသော လေးခုမြောက်သော သမ္မပ္ပဓာန်ကို ရအပ်၏။ (၄) ဣဒ္ဓိပါဒ် လေးပါး ----- စျာန်တရား ဝိပဿနာတရား မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားတို့ကို လိုလား တောင့်တသော ဆန္ဒကို အကြီးအမှူး ပြု၍ သမထဝိပဿနာစသော ကုသိုလ်တရားတို့ကို ဖြစ်ပေါ်စေရာကာလ၌ ဆန္ဒိဒ္ဓိပါဒ်ကို ရအပ်၏။ (၁) စိတ်ကို အကြီးအမှူး ပြု၍ သမထဝိပဿနာစသော ကုသိုလ်ကို ဖြစ်စေရာကာလ၌ စိတ္တိဒ္ဓိပါဒ်ကို ရအပ်၏။
——反复依这种方式修习的人,就获得第四正勤:努力令已生善法增长。(四)四神足——以想要证得禅那、毗婆舍那、道、果、涅槃的欲为主导,使止观等善法生起时,就获得欲神足。(一)以心为主导,使止观等善法生起时,就获得心神足。
(၂)
(二)
原书第 477 页
ဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- ဗောဓိပက္ခိယတရား ဝီရိယကို အကြီးအမှူး ပြု၍ သမထဝိပဿနာ စသော ကုသိုလ်ကို ဖြစ်စေရာ၌ ဝီရိယိဒ္ဓိပါဒ်ကို ရအပ်၏။
以精进为主导,使止观等善法生起时,就获得精进神足。
(၃)
(三)
ဝီမံသ = ပညာကို အကြီးအမှူး ပြု၍ သမထဝိပဿနာ စသော ကုသိုလ်ကို ဖြစ်စေရာ၌ ဝီမံသိဒ္ဓိပါဒ်ကို ရအပ်၏။ (၄) ဣန္ဒြေ ငါးပါး ----- သဒ္ဓါတရား၏ ဆန့်ကျင်ဘက် ဖြစ်ကုန်သော အကုသိုလ်တရားတို့သည်လည်းကောင်း၊ ကိုးကွယ်ရာ ဝတ္ထုမှန် ရတနာသုံးပါးမှ တစ်ပါး ရတနာသုံးပါး၏ ပြင်ဘက်၌ တည်ရှိသော သက်ရှိသက်မဲ့ အရာဝတ္ထု တို့၌ ကြည်ညိုသော ပသာဒအတုအယောင်ဖြစ်သော မိစ္ဆာဓိမောက္ခသည်လည်းကောင်း အဿဒ္ဓိယ မည်၏။
以观即慧为主导,使止观等善法生起时,就获得观神足。(四)五根——与信相反的诸不善法,以及对真正皈依处三宝之外的有情、无情事物生起的伪信——邪胜解——都称为不信。
သဒ္ဓိန္ဒြေသည် ယင်း အဿဒ္ဓိယတရားကို နှိပ်နင်းနိုင်၏၊ လွှမ်းမိုးနိုင်၏၊ အဿဒ္ဓိယမှ ထွက်မြောက်ကြောင်း သမ္ပ- ယုတ်တရားတို့ကို အစိုးရ၏။ (၁) ထိနမိဒ္ဓပြဓာန်းသော အကုသိုလ်စိတ္တုပ္ပါဒ်ဟု ဆိုအပ်သော ပျင်းရိခြင်း = ကောသဇ္ဇတရားကို ဝီရိယိန္ဒြေ- သည် နှိပ်နင်းနိုင်၏၊ လွှမ်းမိုးနိုင်၏၊ ကောသဇ္ဇမှ ထွက်မြောက်ကြောင်း သမ္ပယုတ်တရားတို့ကို အစိုးရ၏။ (၂) သတိ၏ မေ့လျော့ခြင်း ကင်းလွတ်ခြင်း ပျောက်ပျက်ခြင်း ထိုသတိကင်းသော အခြင်းအရာကြောင့် ဖြစ်သော အကုသိုလ်ခန္ဓာဟူသော ပမာဒတရားကို သတိန္ဒြေသည် နှိပ်နင်းနိုင်၏၊ လွှမ်းမိုးနိုင်၏၊ ပမာဒမှ ထွက်မြောက် ကြောင်း သမ္ပယုတ်တရားတို့ကို အစိုးရ၏။ (၃) စိတ်ပျံ့လွင့်ခြင်းဟူသော ဝိက္ခေပတရားကို သမာဓိန္ဒြေသည် နှိပ်နင်းနိုင်၏၊ လွှမ်းမိုးနိုင်၏၊ ဝိက္ခေပမှ ထွက်- မြောက်ကြောင်း သမ္ပယုတ်တရားတို့ကို အစိုးရ၏။ (၄) ပရမတ်အာရုံ၌ တွေဝေခြင်း ပရမတ်သို့ဆိုက်အောင် အမှန်အတိုင်း မသိခြင်းသဘောရှိသော သမ္မောဟ
信根能压伏、胜伏不信,并统摄与它相应、能从不信出离的诸法。(一)以昏沉睡眠为主的不善心生起,称为懈怠;精进根能压伏、胜伏懈怠,并统摄与它相应、能从懈怠出离的诸法。(二)由于忘失、失念而生起的不善蕴称为放逸;念根能压伏、胜伏放逸,并统摄与它相应、能从放逸出离的诸法。(三)心散乱称为乱;定根能压伏、胜伏乱,并统摄与它相应、能从乱出离的诸法。(四)对究竟所缘迷惑、不能如实知见究竟法的痴——
တရားကို ပညိန္ဒြေသည် နှိပ်နင်းနိုင်၏ လွှမ်းမိုးနိုင်၏ သမ္မောဟမှ ထွက်မြောက်ကြောင်း သမ္ပယုတ်တရားတို့ကို အစိုးရ၏။ ဤဣန္ဒြေ ငါးပါးတို့ကား လောကီဝိပဿနာ အခိုက်၌လည်း စိတ္တက္ခဏတစ်ခု အတွင်းဝယ် ပြိုင်တူ ဖြစ်နိုင်ကြ၏။ (၅) ဗိုလ် ငါးပါး ----- ယင်း အဿဒ္ဓိယ ကောသဇ္ဇ ပမာဒ ဝိက္ခေပ သမ္မောဟတရားတို့သည် မနှိပ်စက်အပ် သည်၏ အဖြစ်ကြောင့်လည်းကောင်း၊ မတုန်လှုပ်သည်၏ အဖြစ်တည်းဟူသော သဘောကြောင့်လည်းကောင်း၊ (သင်္ခါရအာရုံ၌) မြဲမြံ ခိုင်ခံ့သည်၏ အဖြစ်ကြောင့်လည်းကောင်း သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာ ဟူသော တရား ငါးပါးတို့သည် ဗိုလ် မည်၏။ ယင်းတရားငါးပါးတို့သည်လည်း လောကီဝိပဿနာ အခိုက်၌လည်း စိတ္တက္ခဏ တစ်ခု အတွင်းဝယ် အတူယှဥ်တွဲ၍ ပြိုင်တူ ဖြစ်နိုင်ကြသည်။
——慧根能压伏、胜伏痴,并统摄与它相应、能从痴出离的诸法。这五根在世间观修时,也能在同一心刹那中同时生起。(五)五力——不被不信、懈怠、放逸、乱、痴诸法压制,又具有不动摇、坚固安住于行所缘的性质,所以信、精进、念、定、慧五法称为五力。它们在世间观修时,也能在同一心刹那中相应而同时生起。
ဗောဇ္စျင်္ဂ = ဗောဇ္စျင် ခုနစ်ပါး ----- လေးပါးသော အရိယသစ္စာတို့ကို သိတတ်သော သတ္တဝါ၏ အကြောင်း တရား၏ အဖြစ်ကြောင့် သတိ၊ ဓမ္မဝိစယ၊ ဝီရိယ၊ ပီတိ၊ ပဿဒ္ဓိ၊ သမာဓိ၊ ဥပေက္ခာ ----- ဤတရား (၇)ပါးတို့သည် ဗောဇ္စျင် မည်ကုန်၏။ ဤဗောဇ္စျင် (၇)ပါးတို့သည်လည်း လောကီဝိပဿနာအခိုက်၌ စိတ္တက္ခဏတစ်ခု၏ အတွင်း- ဝယ် အတူယှဥ်တွဲ၍ ဖြစ်နိုင်ကြ၏။
七觉支——念、择法、精进、喜、轻安、定、舍这七法,是能知四圣谛者所依的因,所以称为觉支。七觉支在世间观修时,也能在同一心刹那中相应而同时生起。
အကြောင်းတရားနှင့် တကွသော ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မ အမည်ရသော သင်္ခါရတရားတို့ကို သိမ်းဆည်း တတ်သော သတိကား သတိသမ္ဗောဇ္စျင်၊ ယင်းသင်္ခါရတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကို စူးစမ်း ဆင်ခြင် ဆုံးဖြတ်လျက် ထိုးထွင်းသိတတ်သော ဝိပဿနာဉာဏ်ကား ဓမ္မဝိစယသမ္ဗောဇ္စျင်၊ ယင်းဝိပဿနာ ဉာဏ်နှင့် ယှဥ်တွဲလျက်ရှိသော ဝီရိယကား ဝီရိယသမ္ဗောဇ္စျင်၊ ပီတိကား ပီတိသမ္ဗောဇ္စျင်၊ ပဿဒ္ဓိကား ပဿဒ္ဓိ
能摄取连同诸因、名为身、受、心、法的诸行之念,称为念觉支;正确探究、审察、决定这些诸行的无常、苦、无我之相,并能洞察知见的观智,称为择法觉支;与该观智相应的精进,称为精进觉支;喜称为喜觉支;轻安称为轻安——
原书第 478 页
သမ္ဗောဇ္စျင်၊ သမာဓိကား သမာဓိသမ္ဗောဇ္စျင်၊ တတြမဇ္စျတ္တတာစေတသိက်ကား ဥပေက္ခာသမ္ဗောဇ္စျင်တည်း။ ဤကား လောကီဝိပဿနာအခိုက်၌ ဗောဇ္စျင်တရား (၇)ပါးတို့ ပြိုင်တူဖြစ်ပုံတည်း။
——觉支;定称为定觉支;遍一切心美心所中的中舍性心所,称为舍觉支。这就是世间观修时七觉支同时生起的方式。
လောကုတ္တရာ အရိယမဂ်အခိုက်၌ကား ---- နိဗ္ဗာန်တရားတော်မြတ်ကို သိမ်းဆည်းတတ်သော သတိကား သတိသမ္ဗောဇ္စျင်၊ နိဗ္ဗာန်တရားတော်မြတ်ကို ထိုးထိုးထွင်းထွင်း သိမြင်တတ်သော အရိယမဂ်ဉာဏ်ကား ဓမ္မဝိစယ သမ္ဗောဇ္စျင်၊ ယင်းအရိယမဂ်ဉာဏ်နှင့် ယှဥ်တွဲလျက်ရှိသော ဝီရိယ ပီတိ ပဿဒ္ဓိ သမာဓိ ဥပေက္ခာ (= တတြမဇ္စျ- တ္တတာစေတသိက်)တို့ကား ဝီရိယသမ္ဗောဇ္စျင်၊ ပီတိသမ္ဗောဇ္စျင်၊ ပဿဒ္ဓိသမ္ဗောဇ္စျင်၊ သမာဓိသမ္ဗောဇ္စျင်၊ ဥပေက္ခာ သမ္ဗောဇ္စျင်တို့ ဖြစ်ကြ၏။
在出世间圣道刹那,能摄取涅槃胜法的念称为念觉支;能洞察知见涅槃胜法的圣道智称为择法觉支;与圣道智相应的精进、喜、轻安、定、舍(即中舍性心所),依次称为精进觉支、喜觉支、轻安觉支、定觉支、舍觉支。
မဂ္ဂင် ရှစ်ပါး ----- သံသရာဝဋ်ဆင်းရဲဒုက္ခအပေါင်းမှ ထွက်မြောက်ခြင်း၏ အကြောင်းတရား ဖြစ်သော- ကြောင့် သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိ ဤ (၈)ပါးတို့သည် မဂ္ဂင် မည်ကုန်၏။
八道支——因为是从轮回一切苦中出离的因,所以正见、正思惟、正语、正业、正命、正精进、正念、正定八法称为道支。
ထို (၈)ပါးတို့တွင် မိစ္ဆာဝါစာမှ ရှောင်ကြဥ်သော ကာလ၌ သမ္မာဝါစာကို၊ မိစ္ဆာကမ္မန္တမှ ရှောင်ကြဥ်သော ကာလ၌ သမ္မာကမ္မန္တကို၊ မိစ္ဆာအာဇီဝမှ ရှောင်ကြဥ်သောကာလ၌ သမ္မာအာဇီဝကို အသီးအသီး ရအပ်၏။ သမ္မာ ဒိဋ္ဌိစသော ကျန်မဂ္ဂင်ငါးပါးတို့ကား လောကီဝိပဿနာဉာဏ်အခိုက်၌ စိတ္တက္ခဏတစ်ခု အတွင်းဝယ် အတူယှဥ်တွဲ ဖြစ်နိုင်ကြ၏။ ဒုက္ခသစ္စာ သမုဒယသစ္စာအမည်ရသော သင်္ခါရတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တ အချက်တို့ကို ထိုးထိုးထွင်းထွင်း သိမြင်တတ်သော ဝိပဿနာဉာဏ်ကား သမ္မာဒိဋ္ဌိ၊ ယင်းဝိပဿနာဉာဏ်နှင့် ယှဥ်တွဲလျက်ရှိသော ဝိတက်ကား သမ္မာသင်္ကပ္ပ၊ ဝီရိယကား သမ္မာဝါယာမ၊ သတိကား သမ္မာသတိ၊ သမာဓိကား သမ္မာသမာဓိ အသီးအသီး ဖြစ်၏။ လောကီဝိပဿနာအခိုက်၌ ဤမဂ္ဂင်ငါးပါးတို့သည် စိတ္တက္ခဏတစ်ခု၏ အတွင်းဝယ် အတူယှဥ်တွဲ၍ ဖြစ်နိုင်ကြ၏။ လောကုတ္တရာ အရိယမဂ်ဉာဏ်အခိုက်၌ကား ယင်းမဂ္ဂင်ရှစ်ပါးတို့သည်
在这八支中,远离邪语时获得正语;远离邪业时获得正业;远离邪命时获得正命。其余以正见为首的五道支,在世间观智中能在同一心刹那内同时相应。能洞察知见名为苦谛、集谛的诸行之无常、苦、无我相的观智,是正见;与该观智相应的寻,是正思惟;精进是正精进;念是正念;定是正定。在世间观修时,这五道支能在同一心刹那中相应而同时生起。到了出世间圣道智时,八道支——
အရိယမဂ်စိတ္တက္ခဏတစ်ခု၏ အတွင်း၌ ထိုက်သလို အတူယှဥ်တွဲ၍ ပြိုင်တူ ဖြစ်နိုင်ကြ၏။ အားလုံးသော မဂ္ဂင်- တို့သည် နိဗ္ဗာန်ကိုပင် အာရုံပြုကြ၏။
——能依相应情形,在一个圣道心刹那中相应而同时生起;所有道支都以涅槃为所缘。
အထူးသဖြင့် ပညိန္ဒြေစေတသိက်ကို တရားကိုယ်ကောက်ယူရသော ဝီမံသိဒ္ဓိပါဒ်၊ ပညိန္ဒြေ၊ ပညာဗိုလ်၊ ဓမ္မဝိစယသမ္ဗောဇ္စျင်၊ သမ္မာဒိဋ္ဌိမဂ္ဂင်သည် ရံခါ ဉာဏဝိပ္ပယုတ် = ဉာဏ်မယှဥ်သည့် လောကီဝိပဿနာစိတ်တို့၌ မယှဥ်ပေ။ ဤသို့လျှင် ဗောဓိပက္ခိယတရား (၃၇)ပါးတို့သည် လောကီဝိပဿနာအခိုက်၌ အသီးအသီးသော စိတ္တက္ခဏတို့၌ ရအပ်ကုန်၏။
特别是以慧根心所为法体的观神足、慧根、慧力、择法觉支、正见道支,有时不与离智的世间观心相应。因此,三十七菩提分法在世间观修时,分别在各个心刹那中获得。
နောက်တစ်မျိုးကား ဤလေးပါးသော အရိယမဂ်ဉာဏ်တို့၏ ဖြစ်ရာကာလ၌ကား ဤ (၃၇)ပါးသော ဗောဓိပက္ခိယတရားတို့ကို တစ်ခုသော မဂ်စိတ္တုပ္ပါဒ်၌ ရအပ်ရနိုင်ကုန်၏။ ဖိုလ်စိတ္တက္ခဏ၌ သမ္မပ္ပဓာန်တရား လေးပါးတို့ကို ထား၍ သမ္မပ္ပဓာန်တရား လေးပါးမှ ကြွင်းကုန်သော (၃၃)ပါးသော ဗောဓိပက္ခိယတရားတို့ကို ရအပ်ကုန်၏။ ဗောဓိပက္ခိယတရားအားလုံးတို့သည် လောကုတ္တရာအခိုက်၌ နိဗ္ဗာန်ကိုပင် အာရုံပြုကြသည်။
另一方面,当四种圣道智生起时,三十七菩提分法能在同一个道心生起中获得。果心刹那则除去四正勤,获得其余三十三菩提分法。所有菩提分法在出世间心中都以涅槃为所缘。
(ဝိသုဒ္ဓိ-၂-၃၂ဝ - ကြည့်ပါ။)
(参见《清净之道》2-320。)
အလုံးစုံလည်းဖြစ်ကုန်သော ဗောဓိပက္ခိယတရားတို့သည် အကယ်၍ကား အရိယမဂ်စိတ္တုပ္ပါဒ်၌ အကျုံးဝင် ကုန်၏၊ ထိုသို့ အကျုံးဝင်သော်လည်း အရိယမဂ်ခဏ၌ သမ္မပ္ပဓာန်၏ ကိစ္စသည် အလွန်အကဲနှင့်တကွ ဖြစ်ရကား ဖိုလ်ခဏ၌ သမ္မပ္ပဓာန်တရား လေးပါးတို့ကို ကြဥ်ဖယ်ထား၍ဟု အဋ္ဌကထာက ဖွင့်ဆိုခြင်းဖြစ်သည်။ ဖိုလ်ခဏ၌ (၃၃)ပါးသော ဗောဓိပက္ခိယတရားတို့ကို ရအပ်ကုန်၏ဟု ဆိုသော်လည်း မုချအားဖြင့် ရအပ်သည်ကား မဟုတ်၊ ပရိယာယ်အားဖြင့်သာလျှင် ရအပ်၏ဟု မှတ်ပါ။ (မဟာဋီ-၂-၄၉၂။)
虽然一切菩提分法都摄属于圣道心生起,但因为圣道刹那中正勤的作用达到极强,所以义注解释果刹那时排除四正勤。虽说果刹那获得三十三菩提分法,也应知这不是直接获得,而只是依间接方式获得。(《大复注》2-492。)
原书第 479 页
အရိယမဂ်ခဏ၌ ဗောဓိပက္ခိယတရား (၃၇) ပါး ဖြစ်ပုံ
圣道刹那中三十七菩提分法如何生起
ဧဝံ ဧကစိတ္တေ လဗ္ဘမာနေသု စေတေသု ဧကာဝ နိဗ္ဗာနာရမ္မဏာ သတိ ကာယာဒီသု သုဘသညာဒိ- ပ္ပဟာနကိစ္စသာဓနဝသေန စတ္တာရော သတိပဋ္ဌာနာတိ ဝုစ္စတိ။ ဧကမေဝ စ ဝီရိယံ အနုပ္ပန္နာနံ အနုပ္ပါဒါဒိကိစ္စ- သာဓနဝသေန စတ္တာရော သမ္မပ္ပဓာနာတိ ဝုစ္စတိ။ သေသေသု ပန ဟာပနဝ ဍ္ဎနံ နတ္ထိ။ (ဝိသုဒ္ဓိ-၂-၃၂ဝ။) တစ်ခုသော အရိယမဂ်စိတ်ခဏ၌ ရသင့်ရထိုက်ကုန်သော ထိုဗောဓိပက္ခိယတရား (၃၇)ပါးတို့သည် နိဗ္ဗာန် ကိုပင် အားလုံး အာရုံပြုကြ၏။ မဂ်စိတ်သည် အကယ်၍ ပထမစျာနိကမဂ်စိတ်ဖြစ်လျှင် စိတ်စေတသိက် (၃၇)လုံး ရှိမည် ဖြစ်သည်။ စတုက္ကနည်းအရ ဒုတိယစျာနိကမဂ်ဖြစ်လျှင် ဝိတက် ဝိစာရနှုတ် ကျန်စိတ်စေတသိက် (၃၅)၊ တတိယစျာနိကမဂ်ဖြစ်လျှင် ပီတိထပ်ကြဥ်သော် စိတ်စေတသိက် (၃၄)၊ စတုတ္ထစျာနိကမဂ်ဖြစ်လျှင် သုခဝေဒနာ အရာ၌ ဥပေက္ခာဝေဒနာဖြစ်၍ စိတ်စေတသိက် (၃၄)ပင် ရှိမည် ဖြစ်သည်။ အားလုံးသော ထိုမဂ် စိတ်-စေတ- သိက်ဟူသော မဂ်စိတ္တုပ္ပါဒ်သည် နိဗ္ဗာန်ကိုပင် အာရုံပြု၏။ ထိုမဂ်စိတ္တုပ္ပါဒ်တွင် သတိလည်း ပါဝင်၏။ ထိုသတိ-
巴利《清净之道》引文(缅文字体):“ဧဝံ ဧကစိတ္တေ လဗ္ဘမာနေသု စေတေသု ဧကာဝ နိဗ္ဗာနာရမ္မဏာ သတိ ကာယာဒီသု သုဘသညာဒိ- ပ္ပဟာနကိစ္စသာဓနဝသေန စတ္တာရော သတိပဋ္ဌာနာတိ ဝုစ္စတိ။ ဧကမေဝ စ ဝီရိယံ အနုပ္ပန္နာနံ အနုပ္ပါဒါဒိကိစ္စ- သာဓနဝသေန စတ္တာရော သမ္မပ္ပဓာနာတိ ဝုစ္စတိ။ သေသေသု ပန ဟာပနဝ ဍ္ဎနံ နတ္ထိ။ (ဝိသုဒ္ဓိ-၂-၃၂ဝ။)”译:“当这些菩提分法在同一心中获得时,一种以涅槃为所缘的念,依完成舍断身等所缘上的净想等之作用,而称为四念处;同一种精进,依完成令未生不善不生等作用,而称为四正勤;其余法体的数目没有增减。”(《清净之道》2-320。)在一个圣道心刹那中应得的三十七菩提分法,全都以涅槃为所缘。若道心依初禅生起,就有三十七心与心所;依四分法,若依第二禅生起,除去寻、伺,余三十五;依第三禅生起,再除去喜,余三十四;依第四禅生起,以舍受代替乐受,也仍有三十四。这个由心与心所组成的道心生起,整体以涅槃为所缘,其中也包括念——
သည်လည်း နိဗ္ဗာန်ကိုပင် အာရုံပြု၏။ ထိုနိဗ္ဗာန်ကို အာရုံပြုသော တစ်ခုတည်းသော သတိသည် ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်း ဖြင့် ကာယ ဝေဒနာ စိတ္တ ဓမ္မတည်းဟူသော သတိပဋ္ဌာန်တရား လေးပါးကို အာရုံပြုပါသနည်း ဟု မေးဖွယ်ရာ ရှိ၏။ အဖြေကား ဤသို့တည်း။ ----- အရိယမဂ်စိတ္တက္ခဏ တစ်ခုအတွင်း၌ ရသင့်ရထိုက်ကုန်သော ထိုဗောဓိပက္ခိယတရားတို့တွင် နိဗ္ဗာန်ကိုပင် အာရုံပြု၍ ဖြစ်ပေါ်လာသော တစ်မျိုးတည်းသော သတိသည် ----- ၁။ ကာယ = ရုပ်တရားအပေါင်း၌ သုဘသညာကို၊ ၂။ ဝေဒနာ၌ သုခသညာကို၊ ၃။ စိတ်၌ နိစ္စသညာကို၊ ၄။ ဓမ္မသဘောတရားတို့၌ အတ္တသညာကို ---- ပယ်ရှားခြင်းကိစ္စကို ပြီးစေ၏။ ဤသို့လျှင် ကာယ ဝေဒနာ စိတ္တ ဓမ္မဟူသော သတိပဋ္ဌာန်တို့ အပေါ်၌ စွဲလျက်ရှိသော သုဘသညာ သုခသညာ နိစ္စသညာ အတ္တသညာကို သတိနှင့်တကွသော အရိယမဂ်တရားက ပယ်ရှားဖျက်ဆီးပြီး ဖြစ်သဖြင့် ကာယ ဝေဒနာ စိတ္တ ဓမ္မတို့အပေါ်၌ သုဘ သုခ နိစ္စ အတ္တဟူသော သညာများ-
——这一念也只以涅槃为所缘。那么,这唯一以涅槃为所缘的念,怎样同时取身、受、心、法四念处为所缘?答:在一个圣道心刹那中应得的菩提分法里,这一种只缘涅槃而生起的念,同时完成以下舍断作用:一、舍断身即一切色法上的净想;二、舍断受上的乐想;三、舍断心上的常想;四、舍断诸法上的我想。圣道连同念这样舍断、摧毁附着于身、受、心、法四念处上的净想、乐想、常想、我想,所以这些想——
သည် လုံးဝ ကင်းရှင်းသွား၏။ မည်သည့် အချိန်အခါ၌ မဆို ကာယ ဝေဒနာ စိတ္တ ဓမ္မတို့ကို အာရုံယူလိုက်ပါက သုဘ သုခ နိစ္စ အတ္တဟူသော သညာများသည် ပေါ်ပေါက်၍ မလာတော့ပေ။ ကာယ ဝေဒနာ စိတ္တ ဓမ္မတို့၌ အသုဘ ဒုက္ခ အနိစ္စ အနတ္တဟူသော သညာသာလျှင် ဖြစ်ပေါ်နေ၏။ ဤသို့ သိမှုမျိုးကို ကိစ္စသိဒ္ဓိအားဖြင့် သတိပဋ္ဌာန်လေးပါးကို သိသည်ဟု ဆိုပေသည်။ ဤသို့လျှင် တစ်ခုသော အရိယမဂ်စိတ္တက္ခဏအတွင်း၌ ရသင့် ရထိုက်ကုန်သော ဗောဓိပက္ခိယတရားတို့တွင် နိဗ္ဗာန်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော သတိတစ်မျိုးတည်းကိုပင် ကာယ ဝေဒနာ စိတ္တ ဓမ္မတို့၌ သုဘ သုခ နိစ္စ အတ္တသညာကို ပယ်ရှားဖျက်ဆီးခြင်းကိစ္စ၏ အစွမ်းဖြင့် သတိ- ပဋ္ဌာန် လေးပါးဟု ခေါ်ဆိုအပ်ပေသည်။
——从身、受、心、法上彻底清除。此后任何时候缘取身、受、心、法,净、乐、常、我之想都不再生起,只生起不净、苦、无常、无我之想。这种知法,称为依作用成就而知四念处。因此,在一个圣道心刹那中应得的菩提分法里,这一种以涅槃为所缘而生起的念,依其舍断身、受、心、法上的净、乐、常、我想之作用,称为四念处。
အလားတူပင် တစ်ခုသော အရိယမဂ်စိတ္တက္ခဏ အတွင်း၌ ရသင့်ရထိုက်သော တစ်မျိုးတည်းသော ဝီရိယ- ကိုပင် မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့ကို မဖြစ်ပေါ်အောင် ကြိုးစားအားထုတ်ခြင်းစသော လေးမျိုး- သော ကိစ္စကို ပြီးစေသည်၏ အစွမ်းဖြင့် သမ္မပ္ပဓာန် လေးပါးဟူ၍ ဆိုအပ်ပေသည်။ ဣဒ္ဓိပါဒ် ဣန္ဒြေ ဗိုလ် ဗောဇ္စျင် မဂ္ဂင်တို့၌ကား တရားကိုယ် အရေအတွက် အတိုးအလျော့ မရှိပေ။ (ဝိသုဒ္ဓိ-၂-၃၂ဝ။)
同理,在一个圣道心刹那中应得的同一种精进,依其完成令未生不善不生等四种作用,而称为四正勤。四神足、五根、五力、七觉支与八道支的法体数目则没有增减。(《清净之道》2-320。)
原书第 480 页
〔မှတ်ချက် ----- ပထမစျာနိက အရိယမဂ်ဖြစ်လျှင် ဗောဓိပက္ခိယတရား (၃၇)ပါးတို့ကို ထိုက်သလို ရရှိ- နိုင်သည်။ ဒုတိယစျာနိက အရိယမဂ်ဖြစ်လျှင် ဝိတက် မယှဥ်သဖြင့် သမ္မာသင်္ကပ္ပမဂ္ဂင် လျော့မည်။ စတုက္က နည်းအရ တတိယစျာနိက အရိယမဂ်ဖြစ်လျှင် ပီတိသမ္ဗောဇ္စျင်နှင့် သမ္မာသင်္ကပ္ပမဂ္ဂင် လျော့မည်။ စတုက္က နည်းအရ စတုတ္ထစျာနိက အရိယမဂ် ဖြစ်လျှင်လည်း အလားတူပင် ပီတိသမ္ဗောဇ္စျင်နှင့် သမ္မာသင်္ကပ္ပမဂ္ဂင် လျော့မည်။〕 သတိပြုရန် ----- အထက်ပါ စကားရပ်များ၌ အရိယမဂ်ခဏ၌ ရသင့်သော နိဗ္ဗာန်ကို အာရုံပြုသော သတိသည် သို့မဟုတ် သတိနှင့် တကွသော အရိယမဂ်တရားသည် ကာယ ဝေဒနာ စိတ္တ ဓမ္မတို့၌ ဖြစ်ပေါ်နေသော သုဘသညာ သုခသညာ နိစ္စသညာ အတ္တသညာတို့ကို ပယ်ရှားဖျက်ဆီးခြင်းကိစ္စကို ပြီးစီးစေသည်ဟူသော စကားကို အထူးသတိပြုပါ။ ဝိပဿနာနယ်၌ ----- ၁။ ကာယအရ ရုပ် (၂၈)ပါးတည်းဟူသော ရူပကာယကို ပဓာနအားဖြင့် ကောက်ယူရ၏။ အပ္ပဓာနအားဖြင့်
〔按:若圣道依初禅生起,能依相应情形获得三十七菩提分法;依第二禅生起,因为不与寻相应,正思惟道支减少;依四分法,若依第三禅生起,喜觉支与正思惟道支减少;若依第四禅生起,同样少了喜觉支与正思惟道支。〕应特别注意:上文说,圣道刹那中以涅槃为所缘的念,或者说与念俱生的圣道法,完成舍断身、受、心、法上净想、乐想、常想、我想的作用。在观修领域中:一、所谓身,主要摄取二十八色组成的色身;次要还须——
ယင်းရုပ်တရားကို အာရုံပြု၍ ယင်းရုပ်တရားကို မှီ၍ ဖြစ်ပေါ်လာသော နာမ်တရားတည်းဟူသော နာမ ကာယကိုလည်း ကောက်ယူရ၏။
——摄取以这些色法为所缘、依这些色法而生起的名法,即名身。
၂။ ဝေဒနာအရ ဝေဒနာ (၉)မျိုးကို ပဓာနအားဖြင့် ကောက်ယူရ၏။ အပ္ပဓာနအားဖြင့် ဝေဒနာကို အဦးမူ၍ ယင်းဝေဒနာနှင့် တကွသော နာမ်တရားတို့ကိုလည်းကောင်း၊ ယင်းနာမ်တရားတို့၏ အာရုံဖြစ်သော ရုပ်၊ မှီရာရုပ်တရားတို့ကိုလည်းကောင်း ကောက်ယူရ၏။
二、所谓受,主要摄取九种受;次要还须以受为先,摄取与受俱生的名法,以及这些名法的所缘色与所依处色。
၃။ စိတ္တအရ (၁၆)မျိုးသောစိတ် သို့မဟုတ် ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ရသင့်ရထိုက်သော စိတ်များကို ပဓာနအားဖြင့် ကောက်ယူရ၏။ အပ္ပဓာနအားဖြင့် စိတ်ကို အဦးမူလျက် စိတ်နှင့်ယှဥ်ဖက် နာမ်တရား အားလုံးကိုလည်းကောင်း၊ ယင်းနာမ်တရားတို့၏ အာရုံဖြစ်သော ရုပ်၊ မှီရာဖြစ်သော ရုပ်တရားတို့ကို လည်းကောင်း ကောက်ယူရ၏။
三、所谓心,主要摄取十六种心,或瑜伽行者相续中实际能生起的各种心;次要还须以心为先,摄取与心相应的一切名法,以及这些名法的所缘色与所依处色。
၄။ ဓမ္မ-အရ ကာယ ဝေဒနာ စိတ္တတို့တွင် ပဓာနအားဖြင့် ကောက်ယူထားသော ရုပ် ဝေဒနာ စိတ္တတို့မှတစ်ပါး ကြွင်းကျန်သော ဖဿ စေတနာဦးဆောင်သည့် စေတသိက်တရားစုတို့ကို ပဓာနအားဖြင့် ကောက်ယူရ၏။
四、所谓法,主要摄取除去在身、受、心中已经作为主要对象的色、受、心以外,其余以触、思为首的心所法组。
အပ္ပဓာနအားဖြင့် ယင်းစေတသိက်တရားစုနှင့် သမ္ပယုတ်ဖြစ်သော ဝေဒနာ စိတ္တတို့ကိုလည်းကောင်း၊ ယင်းနာမ်တရားစုတို့၏ အာရုံပြု၍ဖြစ်ရာ ဖြစ်သော ရုပ်တရား၊ မှီ၍ဖြစ်ရာ ဖြစ်သော ရုပ်တရားတို့ကို လည်းကောင်း ကောက်ယူရ၏။ တစ်နည်း ----- ဓမ္မ-အရ ခန္ဓာ ငါးပါး၊ အာယတန တစ်ဆယ့်နှစ်ပါး၊ ဗောဇ္စျင် ခုနစ်ပါး၊ သစ္စာ လေးပါးတို့ကို ကောက်ယူရ၏။
次要还须摄取与这些心所法组相应的受、心,以及这些名法的所缘色与所依处色。换一种说法,所谓法,应摄取五蕴、十二处、七觉支与四谛。
အရိယမဂ်တရားသည် ယင်းကာယ ဝေဒနာ စိတ္တ ဓမ္မတရားတို့အပေါ်၌ မသိအောင် ဖုံးလွှမ်းထားသည့် မောဟတရားကို ပယ်သတ်ခြင်း ကိစ္စကို နိဗ္ဗာန်မြင်သည့်အခိုက် တစ်ပါတည်း ဆောင်ရွက်သွားသဖြင့် ယင်း ကာယ ဝေဒနာ စိတ္တ ဓမ္မတို့ကို ယောဂါဝစရပုဂ္ဂိုလ်သည် ပြန်လည်၍ အာရုံယူပါက အလွယ်တကူပင် သိရှိ- နေမည် ဖြစ်သည်။
圣道见到涅槃时,同时完成舍断覆盖身、受、心、法、使人不能如实知见的痴;所以瑜伽行者后来重新缘取身、受、心、法时,便能轻易知见。
အကယ်၍ အသင်သူတော်ကောင်းသည် မိမိကိုယ်ကို မိမိ အရိယာသူတော်ကောင်း ဖြစ်ပြီဟု ယူဆပါလျှင် ဤအထက်ပါ အချက်မှာ မိမိကိုယ်ကို မိမိ အရိယာ ဟုတ်-မဟုတ် စမ်းသပ်နိုင်သည့် မှတ်ကျောက်တစ်ခုပင် ဖြစ်ပါသည်။ မိမိကိုယ်ကို မိမိ အရိယာဖြစ်ပြီးပါပြီဟု ယုံကြည်စိတ်ချရသော အချိန်အခါမျိုး၌သော်ပင် ရုပ် (၂၈)ပါးကိုမျှ မသိမ်းဆည်းတတ်သေး ဉာဏ်ဖြင့် ပိုင်းခြားမယူတတ်သေး မရှုတတ်သေး မသိသေးလျှင်၊
如果贤友认为自己已经成为圣者,上述标准就是检验自己是否真正成为圣者的一块试金石。即使坚信自己已成圣者,如果连二十八色都还不能摄取、不能以智分别、不能观照、不能知见——
原书第 481 页
ဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- ဗောဓိပက္ခိယတရား စိတ်စေတသိက်များကို စိတ္တနိယာမ သဘောတရားအတိုင်း မသိမ်းဆည်းတတ်သေး ဉာဏ်ဖြင့် ပိုင်းခြားမယူ- တတ်သေး မရှုတတ်သေး မသိသေးလျှင်၊ ဒုက္ခသစ္စာနှင့် သမုဒယသစ္စာတရားတို့၏ ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားများကို မသိမ်းဆည်းတတ်သေး ဉာဏ်ဖြင့် ပိုင်းခြားမယူတတ်သေး မရှုတတ်သေး မသိသေးလျှင် ငါသည် အရိယာ မဟုတ်သေးဟု သန္နိဋ္ဌာန်ကျ မုချပုံသေ ဧကန် ဆုံးဖြတ်ချက် ချလေရာသည်။
——如果还不能依心之定法摄取心与心所、不能以智分别、不能观照、不能知见;如果还不能摄取、分别、观照并知见苦谛与集谛之间因果关联的缘起法,就应确切断定:‘我尚未成为圣者。’
အကြောင်းမူ ----- သစ္စာလေးပါးကို သို့မဟုတ် ကာယ ဝေဒနာ စိတ္တ ဓမ္မတို့ကို မသိအောင် ဖုံးလွှမ်းထားတတ်- သည့် မောဟ = အဝိဇ္ဇာကို အရိယမဂ်တရားက အကြွင်းမဲ့ ပယ်သတ်ထားပြီး ဖြစ်သောကြောင့်တည်း။
这是因为,圣道已经无余舍断覆盖四谛或身、受、心、法、使人不能如实知见的痴,也就是无明。
သူများအပြောနှင့် လွမ်း၍ (အရိယာအစစ် မဟုတ်ဘဲ) အရိယာဖြစ်ရသည်ထက် ဘုရားရှင်၏ အလို- တော်ကျအတိုင်း အရိယာသာဝကအစစ် ဖြစ်ရခြင်းက အသင်သူတော်ကောင်းအတွက် အကျိုးပို၍ ကြီးမား- မည်သာ ဖြစ်ပေသည်။ သူများမြှောက်ပေးတိုင်း မြောက်ချင်နေလျှင်ကား သံသရာတစ်ခွင်တွင် တွင်တွင်ကြီး ဆက်လက်၍ အမျောကြီး မျောရဦးမည်သာဟု မှတ်သားလေရာသည်။ အရိယာသူတော်ကောင်း ဖြစ်ပြီးမှသာ ဤကာယ ဝေဒနာ စိတ္တ ဓမ္မတို့ကို သိရှိနိုင်သည် မဟုတ်၊ အရိယာမဖြစ်ခင်ကလည်း အရိယာသူတော်ကောင်း ဖြစ်အောင် ကြိုးစားအားထုတ်ရာ၌ ဤကာယ ဝေဒနာ စိတ္တ ဓမ္မတို့ကား သိရှိအောင် ကြိုးပမ်းရမည့်တရားများ- သာ ဖြစ်ကြသည်။ အကြောင်းမူ ဒုက္ခသစ္စာ သမုဒယသစ္စာတွင် အကျုံးဝင်သော ကာယ ဝေဒနာ စိတ္တဓမ္မတို့ကား ဝိပဿနာဉာဏ်၏ အရှုခံအာရုံများပင် ဖြစ်သောကြောင့်တည်း။
与其随他人的话飘摇,在并非真正圣者时自以为圣者,贤友依佛陀本怀成为真正的圣弟子,利益更为广大。应当记住:若别人一抬举便自高自大,只会继续在无尽轮回海中漂流。身、受、心、法并不是成为圣者以后才可知见;在尚未成圣者、努力趣向圣道时,它们正是必须努力知见的法,因为属于苦谛、集谛的身、受、心、法就是观智的所缘。
တရားကိုယ် ကောက်ယူပုံ
摄取法体的方法
ဤဗောဓိပက္ခိယတရားတို့၌ အဂ္ဂဟိတဂ္ဂဟဏ = မယူရသေးသည်ကို ယူရသောနည်းအားဖြင့် ပုဒ်တစ်ပါး တို့နှင့် မရောယှက်ဘဲ တရားကိုယ်သက်သက် သဘောတူရာ စုပေါင်း၍ ကောက်ယူရသော် ----- သတိ၊ ဝီရိယ၊ ဆန္ဒ၊ စိတ္တ၊ ပညာ၊ သဒ္ဓါ၊ သမာဓိ၊ ပီတိ၊ ပဿဒ္ဓိ၊ ဥပေက္ခာ (= တတြမဇ္စျတ္တတာ)၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝဟု ပေါင်းသော် (၁၄)ပါး ရှိသည်။
对于这些菩提分法,若依“不重复摄取已摄取者”的方法,不混合不同名目,只按同一自性归并而摄取纯粹法体,则共有十四法:念、精进、欲、心、慧、信、定、喜、轻安、舍(即中舍性)、正思惟、正语、正业、正命。
ထိုတရားတို့တွင် သတိစသော အချို့သော တရားသည် သဘာဝအားဖြင့် တစ်မျိုးတည်း ဖြစ်မူလည်း မိမိ မိမိ၏ အာနုဘော်အားလျော်စွာ ကာယာနုပဿနာစသော ထိုထိုကိစ္စကို ပြီးစေတတ်သည်၏ အဖြစ်ကြောင့် (၈)မျိုးစသည်ဖြင့် ခွဲခြား၍ ဟောကြားထားတော်မူ၏။ စိတ္တိဒ္ဓိပါဒ်စသည့် အချို့သောတရားသည် သရုပ်အားဖြင့်သာ ဖြစ်ခြင်းကြောင့် ယင်းတရားများကို တစ်မျိုးစီသာ ဟောကြားထားတော်မူ၏။
其中,念等某些法自性虽只有一种,却能依各自威力完成身随观等不同作用,所以分别开示为八种等;心神足等某些法则只依本身自性成立,所以各只开示为一种。
ဤ၌ ဗောဓိပက္ခိယတရားတို့ကို (၁၄)မျိုးဟု တရားကိုယ် ကောက်ယူပြခြင်းမှာ အလွန်ဆုံး ရနိုင်သော တရားကိုယ်ကိုသာ ကောက်ယူပြခြင်း ဖြစ်သည်။ ပထမဇ္စျာနိကမဂ်၌သာ (၁၄)မျိုးသောတရားတို့သည် ဖြစ်နိုင်- ကြသည်။ ဒုတိယဇ္စျာနိကမဂ်၌ သမ္မာသင်္ကပ္ပကို မရရှိသဖြင့် (၁၃)ပါး၊ ပဉ္စကနည်းအရ တတိယစျာန် စတုတ္ထစျာန် ပဉ္စမစျာန်တို့၌ ပီတိသမ္ဗောဇ္စျင်ကို မရရှိနိုင်သဖြင့် (၁၂)ပါးတို့ ဖြစ်ကြသည်။
这里把菩提分法归并为十四种法体,是按最多可得的法体而说。只有初禅道能具足十四法;第二禅道因没有正思惟,只有十三法;依五分法,第三、第四、第五禅道都因没有喜觉支,所以各有十二法。
(၁) ဌာန၊ ၉-မျိုး ----- သရုပ်အားဖြင့် တစ်မျိုးသာပြားသော တရားတို့မှာ ဆန္ဒ၊ စိတ္တ၊ ပီတိ၊ ပဿဒ္ဓိ၊ ဥပေက္ခာ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝဟု (၉)မျိုး ရှိ၏။ ဆန္ဒိဒ္ဓိပါဒ်၊ စိတ္တိဒ္ဓိပါဒ်၊ ပီတိ သမ္ဗောဇ္စျင်၊ ပဿဒ္ဓိသမ္ဗောဇ္စျင်၊ ဥပေက္ခာသမ္ဗောဇ္စျင်၊ သမ္မာသင်္ကပ္ပမဂ္ဂင်၊ သမ္မာဝါစာမဂ္ဂင်၊ သမ္မာကမ္မန္တမဂ္ဂင်၊ သမ္မာအာဇီဝမဂ္ဂင်ဟု ဌာနတစ်ခုစီ၌သာ အသီးအသီး ဖြစ်ကြသည်။
一处的九法——自性只有一种、各居一处的法,共有欲、心、喜、轻安、舍、正思惟、正语、正业、正命九法;它们分别只居欲神足、心神足、喜觉支、轻安觉支、舍觉支、正思惟道支、正语道支、正业道支、正命道支一个位置。
သဒ္ဓါ - (၂) ဌာန ----- သဒ္ဓါသည် သဒ္ဓိန္ဒြေ သဒ္ဓါဗိုလ်ဟု နှစ်မျိုးပြား၏၊ နှစ်ဌာန၌ ဖြစ်၏။
信居二处——信分为信根、信力,居两个位置。
原书第 482 页
သမာဓိ - (၄) ဌာန ----- သမာဓိသည် သမာဓိန္ဒြေ၊ သမာဓိဗိုလ်၊ သမာဓိသမ္ဗောဇ္စျင်၊ သမ္မာသမာဓိမဂ္ဂင် ဟု လေးမျိုးပြား၏၊ လေးဌာန၌ ဖြစ်၏။
定居四处——定分为定根、定力、定觉支、正定道支,居四个位置。
ပညာ - (၅) ဌာန ----- ပညာသည် ဝီမံသိဒ္ဓိပါဒ် ၊ ပညိန္ဒြေ၊ ပညာဗိုလ်၊ ဓမ္မဝိစယသမ္ဗောဇ္စျင်၊ သမ္မာဒိဋ္ဌိ မဂ္ဂင်ဟု (၅)မျိုးပြား၏၊ (၅)ဌာန၌ ဖြစ်၏။
慧居五处——慧分为观神足、慧根、慧力、择法觉支、正见道支,居五个位置。
သတိ - (၈) ဌာန ----- သတိသည် သတိပဋ္ဌာန် လေးပါး၊ သတိန္ဒြေ၊ သတိဗိုလ်၊ သတိသမ္ဗောဇ္စျင်၊ သမ္မာသတိမဂ္ဂင်အားဖြင့် (၈)မျိုးပြား၏၊ (၈)ဌာန၌ ဖြစ်၏။
念居八处——念分为四念处、念根、念力、念觉支、正念道支,居八个位置。
ဝီရိယ - (၉) ဌာန ----- သမ္မပ္ပဓာန် လေးပါး၊ ဝီရိယိဒ္ဓိပါဒ်၊ ဝီရိယိန္ဒြေ၊ ဝီရိယဗိုလ်၊ ဝီရိယသမ္ဗောဇ္စျင်၊ သမ္မာဝါယာမမဂ္ဂင်၏ အစွမ်းဖြင့် ဝီရိယသည် (၉)မျိုးပြား၏၊ (၉)ဌာန၌ ဖြစ်၏။
精进居九处——精进依四正勤、精进神足、精进根、精进力、精进觉支、正精进道支而分为九种,居九个位置。
ဗောဓအမည်ရသော အရိယမဂ်၏ အကူအမြောင် အသင်းအပင်း ဘက်တော်သား ဖြစ်သည်၏ အဖြစ်- ကြောင့် ၊ တစ်နည်း ----- အရိယမဂ်အား ကျေးဇူးပြုတတ်သော အသင်းအပင်း၏ အဖြစ်၌ တည်သည်၏ အဖြစ်ကြောင့် ဤဖော်ပြပါ (၃၇)ပါးသော၊ တရားကိုယ်အားဖြင့် (၁၄)ပါးသော တရားတို့သည် ဗောဓိပက္ခိယ တရား မည်ကုန်၏။ လောကီဝိပဿနာပိုင်း၌လည်း ဝိပဿနာအခိုက်ဝယ် ဤ ဗောဓိပက္ခိယတရားတို့ကို ထိုက်သလို ရရှိနိုင်ပေသည်။
因为与名为菩提的圣道同属一方、作为助伴,换言之,因为作为能资助圣道的助伴而住,所以这里所说的三十七法——依法体为十四法——称为菩提分法。在世间观修阶段,也能依相应情形获得这些菩提分法。
အာနာပါနဿတိ ဘိက္ခဝေ ဘာဝိတာ ဗဟုလီကတာ စတ္တာရော သတိပဋ္ဌာနေ ပရိပူရေန္တိ။ စတ္တာရော သတိပဋ္ဌာနာ ဘာဝိတာ ဗဟုလီကတာ သတ္တ ဗောဇ္စျင်္ဂေ ပရိပူရေန္တိ။ သတ္တ ဗောဇ္စျင်္ဂါ ဘာဝိတာ ဗဟုလီကတာ ဝိဇ္ဇာဝိမုတ္တိံ ပရိပူရေန္တိ။ (မ-၃-၁၂၄။) ရဟန်းတို့ …အာနာပါနဿတိကို ပွားများလေ့လာသည်ရှိသော် သတိပဋ္ဌာန် လေးပါးတို့ကို ပြည့်စေ- ကုန်၏၊ သတိပဋ္ဌာန်လေးပါးတို့ကို ပွားများလေ့လာကုန်သည်ရှိသော် ဗောဇ္စျင် ခုနစ်ပါးတို့ကို ပြည့်စေကုန်၏။
巴利经文(缅字体):“အာနာပါနဿတိ ဘိက္ခဝေ ဘာဝိတာ ဗဟုလီကတာ စတ္တာရော သတိပဋ္ဌာနေ ပရိပူရေန္တိ။ စတ္တာရော သတိပဋ္ဌာနာ ဘာဝိတာ ဗဟုလီကတာ သတ္တ ဗောဇ္စျင်္ဂေ ပရိပူရေန္တိ။ သတ္တ ဗောဇ္စျင်္ဂါ ဘာဝိတာ ဗဟုလီကတာ ဝိဇ္ဇာဝိမုတ္တိံ ပရိပူရေန္တိ။ (မ-၃-၁၂၄။)”译:“诸比丘,入出息念经过修习、多加修习,能使四念处圆满;四念处经过修习、多加修习,能使七觉支圆满;七觉支经过修习、多加修习,能使明与解脱圆满。”(《中部》3-124。)诸比丘,修习、多加修习入出息念,能使四念处圆满;修习、多加修习四念处,能使七觉支圆满——
ဗောဇ္စျင် ခုနစ်ပါးတို့ကို ပွားများလေ့လာကုန်သည်ရှိသော် အရဟတ္တမဂ် အရဟတ္တဖိုလ်ကို ပြည့်စေကုန်၏။
——修习、多加修习七觉支,能使阿罗汉道与阿罗汉果圆满。
(မ-၃-၁၂၄။)
(《中部》3-124。)
原书第 483 页
နိမိတ္တ-ပဝတ္တမှ ထပုံ ဝုဋ္ဌာနပိုင်း
从相与转起出起篇
ဝိပဿနာသည် လောကီဝိပဿနာ လောကုတ္တရာဝိပဿနာဟု နှစ်မျိုးရှိ၏။ ထိုတွင် အရိယမဂ်ပညာသည် ၁။ ပရိညာဘိသမယ၏ အစွမ်းဖြင့် ဒုက္ခသစ္စာကို ပိုင်းခြားသိခြင်း၊ ၂။ ပဟာနာဘိသမယ၏ အစွမ်းဖြင့် သမုဒယသစ္စာကို ပယ်စွန့်ခြင်း၊ ၃။ သစ္ဆိကိရိယာဘိသမယ၏ အစွမ်းဖြင့် နိရောဓသစ္စာကို မျက်မှောက်ပြုခြင်း၊ ၄။ ဘာဝနာဘိသမယ၏ အစွမ်းဖြင့် မဂ္ဂသစ္စာကို ပွားများခြင်း ---- ဤ အဘိသမယတို့၏ အစွမ်းဖြင့် သစ္စာလေးပါးတို့၌ အထူးသဖြင့် ရှုတတ် မြင်တတ်သည်၏ အဖြစ်ကြောင့် ယင်းမဂ်ပညာကိုလည်း ဝိပဿနာဟူ၍ ဆိုအပ်ပေသည်၊ လောကုတ္တရာဝိပဿနာတည်း။
观有世间观与出世间观两种。其中,圣道慧以四种现观而对四谛作特别的观见:一、以遍知现观分别了知苦谛;二、以舍断现观舍断集谛;三、以作证现观现证灭谛;四、以修习现观修习道谛。因此,圣道慧也称为观;这就是出世间观。
ထိုလောကိယဝိပဿနာ လောကုတ္တရာဝိပဿနာ နှစ်မျိုးတို့တွင် လောကိယဝိပဿနာသည် သင်္ခါရ နိမိတ်ဟူသော အာရုံရှိသည်၏အဖြစ်ကြောင့် သင်္ခါရနိမိတ်မှလည်း မထနိုင်။ ပဝတ္တိ = ဝိပါက်ခန္ဓာတို့၏ ဖြစ်ခြင်း၏ အကြောင်းရင်းဖြစ်သော သမုဒယသစ္စာကို အကြွင်းမဲ့ မပယ်ဖြတ်နိုင်ခြင်းကြောင့် ပဝတ္တမှလည်း မထနိုင်။
在世间观与出世间观二者中,世间观以名为行相的法为所缘,所以不能从行相出起;又因为不能无余舍断作为果报蕴转起之因的集谛,所以也不能从转起出起。
ဂေါတြဘုဉာဏ်သည် သမုဒယသစ္စာကို အကြွင်းမဲ့ မပယ်သတ်နိုင်ခြင်းကြောင့် ပဝတ္တမှ မထနိုင်။ နိဗ္ဗာန်ကို အာရုံပြုသောကြောင့် သင်္ခါရနိမိတ်မှ ထ၏။ သို့အတွက် ဧကတောဝုဋ္ဌာန = တစ်ခုသော အဖို့မှသာလျှင် ထသော တရား မည်၏။
种姓智不能无余舍断集谛,所以不能从转起出起;但它以涅槃为所缘,所以能从行相出起。因此,它称为一面出起,即只从一个方面出起之法。
ဤအရိယမဂ်ဉာဏ် လေးပါးတို့သည်ကား သင်္ခါရနိမိတ်ကင်းသော အနိမိတ္တ အမည်ရသော နိဗ္ဗာန်လျှင် အာရုံရှိသည်၏ အဖြစ်ကြောင့် သင်္ခါရနိမိတ်မှလည်း ထကုန်၏။ သမုဒယသစ္စာကို အကြွင်းမဲ့ ပယ်ဖြတ်နိုင်ခြင်း- ကြောင့် ပဝတ္တမှလည်း ထကုန်၏။ ထိုကြောင့် ဥဘတောဝုဋ္ဌာန = နိမိတ္တ ပဝတ္တ နှစ်ပါးစုံမှ ထမြောက်သောတရားတို့ ဖြစ်ကုန်၏။ (ဝိသုဒ္ဓိ-၂-၃၂၁။) နိမိတ္တ-ပဝတ္တ --- တတ္ထ နိမိတ္တတော ဝုဋ္ဌာနံ သင်္ခါရနိမိတ္တံ နိဿဇ္ဇိတွာ နိဗ္ဗာနာရမ္မဏကရဏံ။ ပဝတ္တတော ဝုဋ္ဌာနံ ဟေတုနိရောဓေန အာယတိံ ဝိပါကပ္ပဝတ္တဿ အနုပ္ပတ္တိဓမ္မတာပါဒနံ။ တေနာဟ ''သမုဒယဿ အသ- မုစ္ဆိန္ဒနတော ပဝတ္တာ န ဝုဋ္ဌာတီ''တိ။ (မဟာဋီ-၂-၄၉၄။) သင်္ခါရနိမိတ်ကို စွန့်၍ နိဗ္ဗာန်ကို အာရုံပြုခြင်းသည် နိမိတ္တတော ဝုဋ္ဌာန = သင်္ခါရနိမိတ်မှ ထသည် မည်၏။
四种圣道智以离行相、名为无相的涅槃为所缘,所以能从行相出起;又能无余舍断集谛,所以也能从转起出起。因此,它们称为两面出起,即从相与转起二者出起之法。(《清净之道》2-321。)巴利《大复注》原文(缅文字体):“တတ္ထ နိမိတ္တတော ဝုဋ္ဌာနံ သင်္ခါရနိမိတ္တံ နိဿဇ္ဇိတွာ နိဗ္ဗာနာရမ္မဏကရဏံ။ ပဝတ္တတော ဝုဋ္ဌာနံ ဟေတုနိရောဓေန အာယတိံ ဝိပါကပ္ပဝတ္တဿ အနုပ္ပတ္တိဓမ္မတာပါဒနံ။ တေနာဟ ''သမုဒယဿ အသ- မုစ္ဆိန္ဒနတော ပဝတ္တာ န ဝုဋ္ဌာတီ''တိ။ (မဟာဋီ-၂-၄၉၄။)”译:“这里,从相出起,是舍弃行相而以涅槃为所缘;从转起出起,是由于因灭,使未来的果报转起达到不再生起的法性。因此说:‘由于不能正断集谛,便不从转起出起。’”(《大复注》2-494。)舍弃行相而以涅槃为所缘,称为从相出起。
အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသော အကြောင်း သမုဒယသစ္စာတရားတို့၏ အကြွင်းမဲ့ ချုပ်ခြင်းကြောင့် (သောတာပတ္တိမဂ်ကြောင့် အပါယ်ရောက်ကြောင်း အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံစသော အကြောင်း သမုဒယသစ္စာများသည် ချုပ်ကုန်၏။ ဤသို့ စသည်ဖြင့် အဆင့်ဆင့် သိပါလေ။) နောင်အခါ၌ အကျိုးဝိပါက် ခန္ဓာတို့၏ဖြစ်ခြင်းဟူသော ဥပါဒိန္နကပဝတ္တ၏ တစ်ဖန် မဖြစ်ခြင်းသဘော ရှိသည်၏အဖြစ်သို့ ရောက်စေခြင်းသည် ပဝတ္တတော ဝုဋ္ဌာန = ပဝတ္တမှထသည် မည်၏။ ထိုကြောင့် ''ဂေါတြဘုသည် သမုဒယသစ္စာကို အကြွင်းမဲ့ မပယ်- သတ်နိုင်ခြင်းကြောင့် ပဝတ္တမှ မထနိုင်''ဟု အဋ္ဌကထာဆရာတော်က မိန့်ဆိုတော်မူခြင်း ဖြစ်သည်။
由于无明、爱、取、行、业等作为因的集谛法无余止息〔预流道令能招恶趣的无明、爱、取、行、业等集谛因止息;其余各道也应依次类知〕,使未来果报蕴之转起——即已被执受之转起——达到不再生起的法性,称为从转起出起。正因为种姓智不能无余舍断集谛,义注师才说:“种姓不从转起出起。”
(မဟာဋီ-၂-၄၉၄။)
(《大复注》2-494。)
ဤအထက်ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာနှင့် မဟာဋီကာတို့ အလိုအားဖြင့် ပဝတ္တအရ ဥပါဒိန္နကပဝတ္တကိုသာ ယူလိုရိပ် ရှိပေသည်။ သို့သော် ရှေးတွင် အဋ္ဌသာလိနီအဋ္ဌကထာ၏ အဆိုကို ဖော်ပြခဲ့ပြီး ဖြစ်သည်။ ထိုအဋ္ဌကထာ အလိုအားဖြင့် ပဝတ္တအရ အနုပါဒိန္နကပဝတ္တ၊ ဥပါဒိန္နကပဝတ္တ နှစ်မျိုးလုံးကိုပင် ယူရမည် ဖြစ်ပေသည်။
依上述《清净之道》义注与《大复注》,这里的“转起”似乎只取已被执受之转起。不过,前文已经列出《殊胜义注》的说法;依该义注,“转起”应同时摄取未被执受之转起与已被执受之转起。
原书第 484 页
ဂေါတြဘုဉာဏ်
种姓智
ဂေါတြဘုဉာဏ်ကား ဗဟိဒ္ဓဖြစ်သော သင်္ခါရနိမိတ်မှ ထခြင်း ဆုတ်နစ်ဖဲခွာခြင်း၌ ဖြစ်သော ပညာဖြစ်၏။
种姓智是从外在行相出起、退离的慧。
ဗဟိဒ္ဓ သင်္ခါရနိမိတ်၏ အဓိပ္ပါယ်ကို ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌကထာတွင် ဤသို့ ရှင်းပြထား၏။
《无碍解道义注》这样解释“外在行相”的含义。
ဗဟိဒ္ဓါ သင်္ခါရနိမိတ္တ န္တိ သကသန္တာနပ္ပဝတ္တ-အကုသလက္ခန္ဓတော ဗဟိဒ္ဓါဘူတံ သင်္ခါရနိမိတ္တံ။ လောကိယ- သင်္ခါရာ ဟိ ကိလေသာနံ နိမိတ္တတ္တာ၊ နိမိတ္တာကာရေန ဥပဋ္ဌာနတော ဝါ နိမိတ္တန္တိ ဝုစ္စန္တိ။ (ပဋိသံ-ဋ္ဌ-၁-၂၅၃။) ဗဟိဒ္ဓဖြစ်သော သင်္ခါရနိမိတ်ဟူသည်ကား မိမိသန္တာန်၌ ဖြစ်သော အကုသိုလ်နာမက္ခန္ဓာမှ အပြင်အပ ဖြစ်သော ရုပ်နာမ်သင်္ခါရနိမိတ်တည်း။ မှန်ပေသည် ----- လောကိယဖြစ်သော ရုပ်နာမ်သင်္ခါရတရား မှန်သမျှ တို့သည် ကိလေသာတို့၏ ဖြစ်ပေါ်ခြင်း၏ အကြောင်းနိမိတ်များ ဖြစ်ကြသောကြောင့်လည်းကောင်း၊ ပရမတ် ဉာဏ်ပညာမျက်စိ မရှိသေးသူတို့အဖို့ ယောကျာ်း မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာစသော သဏ္ဌာန် နိမိတ် အခြင်းအရာအားဖြင့် ထင်မြင်သောကြောင့်လည်းကောင်း နိမိတ္တတရားတို့ဟူ၍ ခေါ်ဆိုအပ်ကုန်သည်။
巴利《无碍解道义注》原文(缅文字体):“ဗဟိဒ္ဓါ သင်္ခါရနိမိတ္တ န္တိ သကသန္တာနပ္ပဝတ္တ-အကုသလက္ခန္ဓတော ဗဟိဒ္ဓါဘူတံ သင်္ခါရနိမိတ္တံ။ လောကိယ- သင်္ခါရာ ဟိ ကိလေသာနံ နိမိတ္တတ္တာ၊ နိမိတ္တာကာရေန ဥပဋ္ဌာနတော ဝါ နိမိတ္တန္တိ ဝုစ္စန္တိ။ (ပဋိသံ-ဋ္ဌ-၁-၂၅၃။)”译:“所谓外在行相,是指在自身相续中生起的不善蕴以外的行相。世间诸行因为是烦恼的相,或者因为以相的形态显现,所以称为相。”(《无碍解道义注》1-253。)所谓外在行相,就是自身相续中的不善名蕴以外的色名行相。一切世间色名行法,既是烦恼生起的因相;对于还没有究竟智慧之眼的人,又以男人、女人、个人、有情、人、天、梵天等形相而显现,所以称为相法。
(ပဋိသံ-ဋ္ဌ-၁-၂၅၃။)
(《无碍解道义注》1-253。)
ဤအဖွင့်အရ မိမိသန္တာန်၌ ဖြစ်ပေါ်သော ကိလေသာကား အဇ္စျတ္တတရားတည်း၊ မိမိ၏ အတွင်းလူတည်း။
依这段解释,在自身相续中生起的烦恼是内在法,是自己里面的人。
ယင်းကိလေသာမှ တစ်ပါးသော ရုပ်နာမ်ဓမ္မ သင်္ခါရတရားမှန်သမျှ၊ (၃၁)ဘုံအတွင်း၌ တည်ရှိသော ရှိရှိသမျှ တေဘူမက ဓမ္မမှန်သမျှ၊ မိမိသန္တာန်မှာပင် ဖြစ်ဖြစ်၊ သူတစ်ပါး၏ သန္တာန်မှာပင် ဖြစ်ဖြစ်၊ သက်ရှိ ဥပါဒိန္နက သင်္ခါရပင် ဖြစ်ဖြစ်၊ သက်မဲ့ အနုပါဒိန္နကသင်္ခါရပင် ဖြစ်ဖြစ်၊ အားလုံးသည် ဗဟိဒ္ဓဖြစ်သော သင်္ခါရတရားချည်းဟု မှတ်ပါ။ ဤ ဗဟိဒ္ဓသင်္ခါရတရားမှ ထပုံ နိဗ္ဗာန်သို့ ပြေးသွားသက်ဝင်ပုံနှင့် ပတ်သက်၍ ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်တွင် ဤသို့ ဟောကြားထားတော်မူ၏။
除此烦恼以外的一切色名行法,以及三十一界中的一切三地法,无论在自身相续还是他人相续,无论是有生命、已被执受之行,还是无生命、未被执受之行,都应当理解为外在行。关于如何从这些外在行出起并趣入涅槃,《无碍解道》这样开示。
ရှေးအတိတ်ကံကြောင့် ဤဘဝ၌ အကျိုးဝိပါကဝဋ် ခန္ဓာတို့၏ ဖြစ်ပေါ်ရခြင်း ဥပ္ပါဒမှ ထ၍ = ဆုတ်နစ် ဖဲခွာ၍ ဝိပါကဝဋ် ခန္ဓာတို့၏ မဖြစ်ပေါ်ခြင်း အနုပ္ပါဒသို့ ပြေးဝင်တတ်၏၊ ထိုကြောင့် ဂေါတြဘု မည်၏။ ရှေး အတိတ်ကံကြောင့်ဖြစ်သော ဝိပါကဝဋ် ခန္ဓာအယဥ်၏ အဆက်မပြတ် ဖြစ်ခြင်း ဥပါဒိန္နကပဝတ္တမှ ထ၍ = ဆုတ်နစ်ဖဲခွာ၍ အပ္ပဝတ္တ = ဝိပါကဝဋ် ခန္ဓာအယဥ်၏ မဖြစ်ရာ နိဗ္ဗာန်သို့ ပြေးဝင်တတ်၏။ ပ။ နောင်အနာဂတ်၌ ပဋိသန္ဓေ၏ အကြောင်းရင်းဖြစ်သော ကံကို အားထုတ်ခြင်း = အာယူဟနမှ ထ၍ = ဆုတ်နစ်ဖဲခွာ၍ အနာယူဟန = ပဋိသန္ဓေ၏ အကြောင်းရင်းဖြစ်သော ကံကို အားထုတ်ခြင်းကင်းရာ နိဗ္ဗာန်သို့ ပြေးဝင်တတ်၏။ပ။ နောင် အနာဂတ်၌ ဝိပါက်ခန္ဓာတို့၏ ဖြစ်ရခြင်း ပဋိသန္ဓေမှ ထ၍ = ဆုတ်နစ်ဖဲခွာ၍ ပဋိသန္ဓေကင်းရာ နိဗ္ဗာန်သို့ ပြေးဝင် တတ်၏။ပ။ ပဋိသန္ဓေ၏စွဲမှီရာ ဂတိမှ ထ၍ = ဆုတ်နစ်ဖဲခွာ၍ ပဋိသန္ဓေ၏ စွဲမှီရာ ဂတိမရှိရာဖြစ်သော နိဗ္ဗာန်သို့
从由过去业而在今生生起的果报轮转诸蕴之生起出起、退离,趣入果报轮转诸蕴的不生,所以称为种姓。从由过去业所生果报轮转诸蕴之流的不断转起——已被执受之转起——出起、退离,趣入没有果报轮转诸蕴之转起的涅槃。乃至,从为未来结生造作业的造作出起、退离,趣入不造作,即没有为结生造作业的涅槃;从未来果报蕴生起的结生出起、退离,趣入没有结生的涅槃;从结生所依的趣出起、退离,趣入没有结生所依之趣的涅槃——
ပြေးဝင်တတ်၏။ပ။ ခန္ဓာငါးပါးတို့၏ ထင်ရှားဖြစ်ခြင်း နိဗ္ဗတ္တိမှထ၍ = ဆုတ်နစ်ဖဲခွာ၍ ခန္ဓာတို့၏ ထင်ရှားဖြစ်ခြင်း နိဗ္ဗတ္တိမရှိရာ နိဗ္ဗာန်သို့ ပြေးဝင်တတ်၏။ ပ။ ဝိပါက်ခန္ဓာအယဥ်၏ဖြစ်ခြင်း ဝိပါကပ္ပဝတ္တိမှ ထ၍ = ဆုတ်နစ်ဖဲခွာ၍ ဝိပါကပ္ပဝတ္တိ၏ မရှိရာ နိဗ္ဗာန်သို့ ပြေးဝင်တတ်၏။ ပ။ ဘဝတစ်ခု၌ ခန္ဓာတို့၏ ရှေးဦးအစ ထင်ရှားဖြစ်ခြင်း ဇာတိမှ ထ၍ = ဆုတ်နစ်ဖဲခွာ၍ ဇာတိ၏ ထင်ရှားမရှိရာ နိဗ္ဗာန်သို့ ပြေးဝင်တတ်၏။ ပ။ ဇရာမှထ၍ = ဆုတ်နစ် ဖဲခွာ၍ ဇရာမရှိရာ နိဗ္ဗာန်သို့ ပြေးဝင်တတ်၏။ ပ။ ဗျာဓိမှ ထ၍ = ဆုတ်နစ်ဖဲခွာ၍ ဗျာဓိမရှိရာ နိဗ္ဗာန်သို့ ပြေးဝင်တတ်၏။ ပ။ သေခြင်းမရဏမှ ထ၍ = ဆုတ်နစ်ဖဲခွာ၍ သေခြင်းမရဏကင်းရာ နိဗ္ဗာန်သို့ ပြေးဝင် တတ်၏။ ပ။ စိုးရိမ်ပူဆွေးရခြင်း သောကမှ ထ၍ = ဆုတ်နစ်ဖဲခွာ၍ သောကကင်းရာ နိဗ္ဗာန်သို့ ပြေးဝင်တတ်၏။
——从五蕴的显现发生出起、退离,趣入没有五蕴显现发生的涅槃;从果报蕴流的转起出起、退离,趣入没有果报转起的涅槃;从一有中诸蕴最初显现发生的生出起、退离,趣入没有生的涅槃;从老出起、退离,趣入没有老的涅槃;从病出起、退离,趣入没有病的涅槃;从死出起、退离,趣入没有死的涅槃;从愁出起、退离,趣入没有愁的涅槃。
ပ။ ငိုကြွေးခြင်း ပရိဒေဝမှ ထ၍ = ဆုတ်နစ်ဖဲခွာ၍ ပရိဒေဝကင်းရာ နိဗ္ဗာန်သို့ ပြေးဝင်တတ်၏။ ပ။ ပြင်းစွာ ပူပန်ရခြင်း ဥပါယာသမှ ထ၍ = ဆုတ်နစ်ဖဲခွာ၍ ဥပါယာသကင်းရာ နိဗ္ဗာန်သို့ ပြေးဝင်တတ်၏။ ပ။ ဗဟိဒ္ဓ
乃至,从悲出起、退离,趣入没有悲的涅槃;从恼出起、退离,趣入没有恼的涅槃;从外在——
原书第 485 页
ဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- နိမိတ္တ-ပဝတ္တမှ ထပုံ ဖြစ်သော သင်္ခါရနိမိတ်မှ ထ၍ = ဆုတ်နစ်ဖဲခွာ၍ သင်္ခါရတို့၏ ချုပ်ငြိမ်းရာ နိရောဓနိဗ္ဗာန်သို့ ပြေးဝင်တတ်၏၊ ထိုကြောင့် ဂေါတြဘု မည်၏။ (ပဋိသံ-၆၃-၆၄။)
——行相出起、退离,趣入诸行止息的灭涅槃,所以称为种姓。(《无碍解道》63—64。)
ဥဘတော ဝုဋ္ဌာန - မဂ်ဉာဏ်
从两面出起:道智
နိမိတ္တ ပဝတ္တ နှစ်ပါးစုံမှထခြင်း = ဆုတ်နစ်ဖဲခွာခြင်း၌ဖြစ်သော ပညာသည် မဂ်ဉာဏ်မည်သည် အဘယ်သို့ ဖြစ်သနည်းဟူမူ ----- သမ္မာဒိဋ္ဌိ ----- သောတာပတ္တိမဂ်ခဏ၌ ပရိညာဘိသမယ ပဟာနာဘိသမယ သစ္ဆိကိရိယာဘိသမယ ဘာဝနာဘိသမယ လက္ခဏာရှိသော သစ္စာအနက် လွန်ခဲခက်ကို ပြက်ပြက်ထင်ထင် သိမြင်တတ်သော အနက် သဘောအားဖြင့် သမ္မာဒိဋ္ဌိသည် (၆၂)ပါး အပြားရှိသော မိစ္ဆာဒိဋ္ဌိမှ ထ၏။ အပါယ်သို့ ရောက်စေတတ်သော အကြောင်းတရား၏ အဖြစ်ဖြင့် ထိုမိစ္ဆာဒိဋ္ဌိသို့ အစဥ်လိုက်သော ဝိစိကိစ္ဆာစသော ကိလေသာတို့မှလည်းကောင်း၊ ထိုမိစ္ဆာဒိဋ္ဌိသို့ အစဥ်လိုက်သော ခန္ဓာတို့မှလည်းကောင်း ထ၏။ မိမိသန္တာန်၌ဖြစ်သော ကိလေသာခန္ဓာမှ တစ်ပါး အပြင်အပ ဗဟိဒ္ဓဖြစ်သော အလုံးစုံသော သင်္ခါရနိမိတ်တို့မှလည်း ထ၏။ ထိုကြောင့် နိမိတ္တ ပဝတ္တ နှစ်ပါးစုံမှ ထခြင်း ဆုတ်နစ်ဖဲခွာခြင်း၌ ဖြစ်သော ပညာသည် အရိယမဂ်၌ ဖြစ်သော ဉာဏ်မည်၏ဟူ၍ ဆိုအပ်၏။
问:从相与转起两面出起、退离的慧,怎样称为道智?答:正见——在预流道刹那,正见以清楚知见极难洞察的谛义为作用,具足遍知现观、舍断现观、作证现观、修习现观四种特相,因此从六十二种邪见出起;又从随逐邪见、能导致恶趣的疑等烦恼出起,也从随逐邪见的诸蕴出起;还从自身相续中的烦恼蕴以外、一切外在行相出起。因此,从相与转起两面出起、退离的慧,称为圣道中的智。
(ပဋိသံ-၆၆။)
(《无碍解道》66。)
တဒနုဝတ္တက ကိလေသာ --- သောတာပတ္တိမဂ်ဉာဏ်သည် ဒိဋ္ဌာနုသယ = ဒိဋ္ဌိအနုသယဓာတ်ကို အကြွင်း အကျန်မရှိ ကုန်စင်အောင် သမုစ္ဆေဒအားဖြင့် ပယ်သတ်လိုက်ခြင်းဖြင့် (၆၂)မျိုးသော မိစ္ဆာဒိဋ္ဌိမှ ထ၏။ ယင်း မိစ္ဆာဒိဋ္ဌိနှင့် စိတ္တက္ခဏတစ်ခု၏ အတွင်း၌ အတူယှဥ်တွဲ၍ဖြစ်ကြသော မိစ္ဆာဒိဋ္ဌိလျှင် အားကြီးသောမှီရာ ဥပနိဿယ ရှိလျက် ဖြစ်ပေါ်လာကြကုန်သော မိစ္ဆာဒိဋ္ဌိနောက်သို့ အစဥ်လိုက်ကုန်သော ကိလေသာအမျိုးမျိုးတို့မှလည်း ထ၏။
随彼转烦恼——预流道智以正断无余舍断见随眠,即见随眠界,从六十二种邪见出起;也从与邪见在同一心刹那俱生、以邪见为强力依止而生、随邪见转起的各种烦恼出起。
ထိုစကားရပ်ဖြင့် တဒေကဋ္ဌကိလေသာကို ပယ်ခြင်းကို ဆိုလိုပေသည်။ ဧကဋ္ဌသည် သဟဇေကဋ္ဌ၊ ပဟာနေကဋ္ဌ ဟု နှစ်မျိုးရှိ၏။
这段话意在说明舍断与彼同处的烦恼。同处有两种:俱生同处与舍断同处。
သဟဇေကဋ္ဌ ----- ထိုဒိဋ္ဌိနှင့် တစ်ခုသော စိတ္တက္ခဏ၌လည်းကောင်း၊ တစ်ဦးသော ပုဂ္ဂိုလ်၏ သန္တာန်၌ လည်းကောင်း အရိယမဂ်တရားဖြင့် ပယ်ရှားသည့်တိုင်အောင် တည်ရှိနေသော ကိလေသာတို့သည် တဒေကဋ္ဌ = ထိုဒိဋ္ဌိနှင့်တူသော တည်ရာရှိသော ကိလေသာတို့ ဖြစ်ကြ၏။ အရိယမဂ်တရားက ဒိဋ္ဌိကို ပယ်သတ်လိုက်သော် လောဘမူ ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိကစိတ်နှစ်မျိုးတို့၌ ထိုဒိဋ္ဌိနှင့် အတူတကွ ယှဥ်တွဲဖြစ်သော လောဘ မောဟ ဥဒ္ဓစ္စ အဟိရိက အနောတ္တပ္ပဟူသော ဤကိလေသာတို့ကိုလည်းကောင်း၊ လောဘမူ ဒိဋ္ဌိဂတသမ္ပယုတ် သသင်္ခါရိက စိတ်နှစ်မျိုးတို့၌ ထိုဒိဋ္ဌိနှင့်အတူတကွ ယှဥ်တွဲဖြစ်ကုန် တည်ကုန်သော လောဘ မောဟ ထိန ဥဒ္ဓစ္စ အဟိရိက အနောတ္တပ္ပဟူသော ဤကိလေသာတို့ကိုလည်းကောင်း သဟဇေကဋ္ဌ၏ အစွမ်းဖြင့် သောတာပတ္တိမဂ်က ပယ်- သတ်အပ်ကုန်၏။
俱生同处——在同一心刹那及同一人的相续中,与该见同住,直至被圣道舍断的烦恼,称为与彼同处,即与该见同一住处的烦恼。圣道舍断见时,也以俱生同处的方式舍断:在两种贪根见相应无行心中与见俱生的贪、痴、掉举、无惭、无愧;以及在两种贪根见相应有行心中与见俱生的贪、痴、昏沉、掉举、无惭、无愧。
ပဟာနေကဋ္ဌ ----- သောတာပတ္တိမဂ်ဉာဏ်က ဒိဋ္ဌိကိလေသာကိုပင်လျှင် ပယ်သတ်အပ်သည်ရှိသော် ထိုဒိဋ္ဌိကိလေသာနှင့် အတူတကွ တစ်ဦးတည်းသော ပုဂ္ဂိုလ်၏ သန္တာန်၌ တည်နေကြကုန်သော အပါယ်ရောက်- ကြောင်း ဖြစ်ကြသည့် လောဘ ဒေါသ မောဟ မာန ဝိစိကိစ္ဆာ ထိန ဥဒ္ဓစ္စ အဟိရိက အနောတ္တပ္ပဟု ဆိုအပ် ကုန်သော ဤကိလေသာတို့ကို ပဟာနေကဋ္ဌ၏ အစွမ်းဖြင့် ပယ်သတ်အပ်ကုန်၏။
舍断同处——预流道智舍断见烦恼时,也以舍断同处的方式,舍断与该见同住于同一人相续、能导致恶趣的贪、瞋、痴、慢、疑、昏沉、掉举、无惭、无愧。
ခန္ဓေဟိ ----- ထိုမိစ္ဆာဒိဋ္ဌိသို့ အစဥ်လိုက်သော ခန္ဓာတို့မှလည်း ထ၏ဟူရာဝယ် ထိုခန္ဓာတို့ကား ----- (က) ထိုဒိဋ္ဌိသို့ အစဥ်လိုက်၍ ဖြစ်ကြကုန်သော ထိုဒိဋ္ဌိနှင့် စိတ္တက္ခဏတစ်ခု၏ အတွင်း၌ အတူတကွ ယှဥ်တွဲ
从诸蕴——说“也从随逐邪见的诸蕴出起”,其中的诸蕴是:(甲)随逐该见而生、在同一心刹那与该见俱生的贪见组,即贪根见相应心与心所所成的四名蕴——
原书第 486 页
ဖြစ်ကြကုန်သော လောဘဒိဋ္ဌိအုပ်စု = လောဘမူဒိဋ္ဌိဂတသမ္ပယုတ် စိတ်စေတသိက် နာမက္ခန္ဓာလေးပါး၊
——亦即贪根见相应组的四名蕴。
(သဟဇေကဋ္ဌ ခန္ဓာ)
(俱生同处蕴)
( ခ ) ထို ဒိဋ္ဌိကိလေသာနှင့် ပဟာနေကဋ္ဌ ဖြစ်ကြကုန်သော လောဘ ဒေါသ မောဟ စသော အပါယ် ရောက်ကြောင်း ကိလေသာတို့နှင့် ယှဥ်တွဲဖြစ်ကြကုန်သော လောဘမူ ဒိဋ္ဌိဂတဝိပ္ပယုတ် စိတ်စေတသိက် နာမက္ခန္ဓာ၊ ဒေါသမူ စိတ်စေတသိက် နာမက္ခန္ဓာ၊ မောဟမူ စိတ်စေတသိက် နာမက္ခန္ဓာ လေးပါး၊
(乙)与见烦恼舍断同处的贪、瞋、痴等能导致恶趣的烦恼所相应之四名蕴:贪根见不相应心与心所名蕴、瞋根心与心所名蕴、痴根心与心所名蕴。
(ပဟာနေကဋ္ဌ ခန္ဓာ)
(舍断同处蕴)
( ဂ ) ထိုသဟဇေကဋ္ဌ ပဟာနေကဋ္ဌဖြစ်သော အကုသိုလ် စိတ်စေတသိက်တို့ကြောင့် ဖြစ်ကုန်သော စိတ္တဇ ရုပ်ဟူသော ရူပက္ခန္ဓာ ----- အားလုံးပေါင်းသော် ခန္ဓာ (၅)ပါး၊ (အနုပါဒိန္နကပဝတ္တ ခန္ဓာငါးပါးတည်း။) (ဃ) ထို မိစ္ဆာဒိဋ္ဌိစသော ကိလေသာတို့ကြောင့် နောင်အနာဂတ်၌ ဖြစ်ထိုက်ကုန်သော ဝိပါက်ခန္ဓာ ငါးပါး =
(丙)由上述俱生同处与舍断同处的不善心、心所所生的心生色,即色蕴;合计为五蕴〔未被执受之转起的五蕴〕。(丁)由邪见等烦恼而能在未来生起的五果报蕴,即——
(ဥပါဒိန္နကပဝတ္တ ခန္ဓာငါးပါးတည်း။)
(已被执受之转起的五蕴。)
ဤ အနုပါဒိန္နကပဝတ္တ ခန္ဓာငါးပါး၊ ဥပါဒိန္နကပဝတ္တ ခန္ဓာငါးပါးတို့မှ သောတာပတ္တိမဂ်ဉာဏ်သည် ထ၏။
预流道智从这两类五蕴——未被执受之转起的五蕴与已被执受之转起的五蕴——出起。
( င ) ဗဟိဒ္ဓါ စ သဗ္ဗနိမိတ္တေဟီတိ ယထာဝုတ္တကိလေသက္ခန္ဓတော ဗဟိဘူတေဟိ သဗ္ဗသင်္ခါရနိမိတ္တေဟိ။
(戊)巴利原文(缅文字体):“( င ) ဗဟိဒ္ဓါ စ သဗ္ဗနိမိတ္တေဟီတိ ယထာဝုတ္တကိလေသက္ခန္ဓတော ဗဟိဘူတေဟိ သဗ္ဗသင်္ခါရနိမိတ္တေဟိ။”译:“‘以及从一切外在相出起’,是说从上述烦恼蕴以外的一切行相出起。”
(ပဋိသံ-ဋ္ဌ-၁-၂၅၅-၂၅၆။)
(《无碍解道义注》1-255—256。)
ဗဟိဒ္ဓဖြစ်သော အလုံးစုံသော သင်္ခါရနိမိတ်ဟူသည် ဆိုခဲ့ပြီးသော မိမိသန္တာန်၌ ဖြစ်သော ကိလေသာ ခန္ဓာတို့မှ အပဖြစ်ကုန်သော အလုံးစုံသော လောကီဖြစ်သော (အဇ္စျတ္တ ဗဟိဒ္ဓ) သင်္ခါရတရားအားလုံးမှလည်း သောတာပတ္တိမဂ်သည် ထ၏ဟု သိရှိပါလေ။ (ပဋိသံ-ဋ္ဌ-၁-၂၅၅-၂၅၆။) ဤအထက်ပါ ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌကထာသည်လည်း ရှေးတွင်ဖော်ပြခဲ့သော အဋ္ဌသာလိနီအဋ္ဌကထာ အဆို အတိုင်း အရိယမဂ်သည် အနုပါဒိန္နက ခန္ဓပဝတ္တ၊ ဥပါဒိန္နက ခန္ဓပဝတ္တ နှစ်မျိုးလုံးမှလည်းကောင်း၊ အလုံးစုံသော သင်္ခါနိမိတ်မှလည်းကောင်း ထသည်ဟုပင် အယူရှိပေသည်။
应当知道:所谓一切外在行相,就是自身相续中的上述烦恼蕴以外,一切世间的内外行法;预流道也从它们出起。(《无碍解道义注》1-255—256。)这段《无碍解道义注》与前引《殊胜义注》的说法相同,认为圣道从未被执受的蕴转起、已被执受的蕴转起两者,以及一切行相出起。
သမ္မာသင်္ကပ္ပ ----- နိဗ္ဗာန်အာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို ရှေးရှုတင်ပေးတတ်သော အနက်သဘော အားဖြင့် အရိယမဂ်နှင့် ယှဥ်သော သမ္မာသင်္ကပ္ပသည် မိစ္ဆာသင်္ကပ္ပမှ ထ၏။ ထိုမိစ္ဆာသင်္ကပ္ပသို့ အစဥ်လိုက်၍ ဖြစ်တတ်ကုန်သော ကိလေသာတို့မှလည်းကောင်း၊ ခန္ဓာတို့မှလည်းကောင်း ထ၏။ ဗဟိဒ္ဓဖြစ်ကုန်သော အလုံး စုံသော သင်္ခါရနိမိတ်တို့မှလည်း ထ၏။ ထို့ကြောင့် နိမိတ္တ ပဝတ္တနှစ်ပါးစုံမှ ထခြင်း ဆုတ်နစ်ဖဲခွာခြင်း၌ ဖြစ်သော ပညာသည် အရိယမဂ်၌ဖြစ်သော ဉာဏ်မည်၏ဟူ၍ ဆိုအပ်၏။ (ပဋိသံ-၆၆။) သောတာပတ္တိမဂ်ဖြင့် ပယ်အပ်ကုန်သော ဒိဋ္ဌိဂတသမ္ပယုတ်စိတ် (၄)မျိုး၊ ဝိစိကိစ္ဆာသဟဂုတ်စိတ် တစ်မျိုး ပေါင်း ငါးမျိုးသော စိတ်တို့၌လည်းကောင်း၊ အပါယဂမနီယ = အပါယ်သို့ ရောက်ခြင်း၏ အကြောင်းရင်း ဖြစ်ကြ ကုန်သော ကြွင်းအကုသိုလ်စိတ်တို့၌လည်းကောင်း ယှဥ်သော မိစ္ဆာသင်္ကပ္ပ = ဝိတက်မှ သောတာပတ္တိမဂ်ဉာဏ်
正思惟——与圣道相应的正思惟能把诸相应法导向涅槃所缘;依此含义,它从邪思惟出起,也从随逐邪思惟而生的烦恼与诸蕴出起,并从一切外在行相出起。因此,从相与转起两面出起、退离的慧,称为圣道中的智。(《无碍解道》66。)预流道智从四种见相应心与一种疑相应心,以及其余能导致恶趣的不善心中所相应的邪思惟即寻——
သည် ထ၏။ (ပဋိသံ-ဋ္ဌ-၁-၂၅၆။) သမ္မာဝါစာ ----- သိမ်းဆည်းတတ်သော အနက်သဘောအားဖြင့် အရိယမဂ်နှင့်ယှဥ်သော သမ္မာဝါစာ သည် မိစ္ဆာဝါစာမှ ထ၏။ ထို မိစ္ဆာဝါစာသို့ အစဥ်လိုက်၍ ဖြစ်တတ်ကုန်သော ကိလေသာတို့မှလည်းကောင်း၊ ခန္ဓာတို့မှလည်းကောင်း ထ၏။ ဗဟိဒ္ဓဖြစ်ကုန်သော အလုံးစုံသော သင်္ခါရနိမိတ်တို့မှလည်း ထ၏။ ထိုကြောင့် နိမိတ္တ ပဝတ္တ နှစ်ပါးစုံမှ ထခြင်း ဆုတ်နစ်ဖဲခွာခြင်း၌ ဖြစ်သော ပညာသည် အရိယမဂ်၌ဖြစ်သော ဉာဏ်မည်၏ ဟူ၍ ဆိုအပ်၏။ (ပဋိသံ-၆၆။) (မုသာဝါဒါမှလည်းကောင်း အပါယ်လားကြောင်း ပိသုဏဝါစာ ဖရုသဝါစာ သမ္ဖပ္ပလာပဝါစာတို့မှလည်းကောင်း ထ၏ ဟူလိုသည်။)
——出起。(《无碍解道义注》1-256。)正语——与圣道相应的正语具有摄持的作用,依此含义,它从邪语出起,也从随逐邪语而生的烦恼与诸蕴出起,并从一切外在行相出起。因此,从相与转起两面出起、退离的慧,称为圣道中的智。(《无碍解道》66。)〔意思是从妄语,以及能导致恶趣的两舌、恶口、绮语出起。〕
原书第 487 页
ဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- နိမိတ္တ-ပဝတ္တမှ ထပုံ သမ္မာကမ္မန္တ ----- ကိုယ်အမူအရာ မရိုင်းပျရအောင် ကောင်းစွာ ဖြစ်စေတတ်သော အနက်သဘော အားဖြင့် အရိယမဂ်နှင့် ယှဥ်သော သမ္မာကမ္မန္တသည် မိစ္ဆာကမ္မန္တမှ ထ၏။ ထို မိစ္ဆာကမ္မန္တသို့ အစဥ်လိုက်၍ ဖြစ်တတ်ကုန်သော ကိလေသာတို့မှလည်းကောင်း၊ ခန္ဓာတို့မှလည်းကောင်း ထ၏။ ဗဟိဒ္ဓဖြစ်ကုန်သော အလုံး စုံသော သင်္ခါရနိမိတ်တို့မှလည်း ထ၏။ ထို့ကြောင့် နိမိတ္တ ပဝတ္တ နှစ်ပါးစုံမှ ထခြင်း ဆုတ်နစ်ဖဲခွာခြင်း၌ ဖြစ်သော ပညာသည် အရိယမဂ်၌ဖြစ်သော ဉာဏ်မည်၏ဟူ၍ ဆိုအပ်၏။ (ပဋိသံ-၆၆။) (ပါဏာတိပါတ အဒိန္နာဒါန ကာမေသုမိစ္ဆာစာရတို့မှ ထ၏။) သမ္မာအာဇီဝ ----- အသက်မွေးမှုကို ဖြူစင်စေသော အနက်သဘောအားဖြင့် အရိယမဂ်နှင့်ယှဥ်သော သမ္မာအာဇီဝသည် မိစ္ဆာအာဇီဝမှ ထ၏။ ထိုမိစ္ဆာအာဇီဝသို့ အစဥ်လိုက်၍ ဖြစ်တတ်ကုန်သော ကိလေသာတို့မှ လည်းကောင်း ခန္ဓာတို့မှလည်းကောင်း ထ၏။ ဗဟိဒ္ဓဖြစ်ကုန်သော အလုံးစုံကုန်သော သင်္ခါရနိမိတ်တို့မှလည်း
正业——与圣道相应的正业能使身体行为端正、不粗恶;依此含义,它从邪业出起,也从随逐邪业而生的烦恼与诸蕴出起,并从一切外在行相出起。因此,从相与转起两面出起、退离的慧,称为圣道中的智。(《无碍解道》66。)〔即从杀生、不与取、欲邪行出起。〕正命——与圣道相应的正命能净化生活;依此含义,它从邪命出起,也从随逐邪命而生的烦恼与诸蕴出起,并从一切外在行相——
ထ၏။ ထိုကြောင့် နိမိတ္တ ပဝတ္တ နှစ်ပါးစုံမှ ထခြင်း ဆုတ်နစ်ဖဲခွာခြင်း၌ ဖြစ်သော ပညာသည် အရိယမဂ်၌ ဖြစ်သော ဉာဏ်မည်၏ဟူ၍ ဆိုအပ်၏။ (ပဋိသံ-၆၆။) 〔〔〔အံ့ဖွယ်သူရဲဖြစ်အောင် ပြုလုပ်၍ပြခြင်း ကုဟန၊ ဝါကြွားပလွှား မြှောက်ပင့်ပြောဆိုခြင်း = လပန၊ ပစ္စည်း လေးပါး ရရှိအောင် နိမိတ်အရိပ်အယောင်ပြခြင်း = နေမိတ္တိကတာ၊ စကားဖြင့် ကြိတ်ချေခြင်း စကားနာထိုးခြင်း = နိပ္ပေသိကတာ၊ လာဘ်တစ်ခုဖြင့် လာဘ်တစ်ခုကို ရှာမှီးခြင်း အပေးအယူလုပ်ခြင်း = လာဘေန လာဘံ နိဇိ- ဂီသနတာ၊ အသက်မွေးမှုလျှင် အကြောင်းရင်း ရှိကြကုန်သော အသက်မွေးဝမ်းကြောင်းနှင့် သက်ဆိုင်ကုန်သော ကာယဒုစရိုက် သုံးပါး ဝစီဒုစရိုက် လေးပါး ----- ဤသို့သော မိစ္ဆာဇီဝတို့မှ ထ၏။〕 သမ္မာဝါယာမ ----- အရိယမဂ်နှင့် ယှဥ်ဖက် သမ္ပယုတ်တရားစုတို့ကို နိဗ္ဗာန်အာရုံပေါ်သို့ ရောက်အောင် ချီးမြှောက်ထားတတ်သော အနက်သဘောအားဖြင့် သမ္မာဝါယာမသည် မိစ္ဆာဝါယာမမှ ထ၏။ ထိုမိစ္ဆာဝါယာမသို့
——出起。因此,从相与转起两面出起、退离的慧,称为圣道中的智。(《无碍解道》66。)〔以神异手段示现而诈骗称诡诈;夸耀、奉承称虚谈;为获得四资具而示意称暗示;以言语贬损、讥刺称贬抑;以所得换取更多所得称以利求利;以及以谋生为因的三身恶行、四语恶行——即从这些邪命出起。〕正精进——正精进能激励与圣道相应的法组,使之趋向涅槃所缘;依此含义,它从邪精进出起。它也从随逐邪精进——
အစဥ်လိုက်၍ ဖြစ်တတ်ကုန်သော ကိလေသာတို့မှလည်းကောင်း၊ ခန္ဓာတို့မှလည်းကောင်း ထ၏။ ဗဟိဒ္ဓဖြစ်- ကုန်သော အလုံးစုံကုန်သော သင်္ခါရနိမိတ်တို့မှလည်း ထ၏။ ထိုကြောင့် နိမိတ္တ ပဝတ္တနှစ်ပါးစုံမှ ထခြင်း ဆုတ်နစ် ဖဲခွာခြင်း၌ဖြစ်သော ပညာသည် အရိယမဂ်၌ဖြစ်သော ဉာဏ်မည်၏ဟူ၍ ဆိုအပ်၏။ (ပဋိသံ-၆၇။) (ဒိဋ္ဌိဂတ သမ္ပယုတ်စိတ် လေးခု၊ ဝိစိကိစ္ဆာ --- ဤစိတ်ငါးမျိုးတို့၌ ယှဥ်သော မိစ္ဆာဝါယာမ = ဝီရိယ၊ အပါယ်သို့လား- ကြောင်း အပါယဂမနီယဖြစ်သော ကြွင်းသော အကုသိုလ်စိတ်တို့၌ ယှဥ်သော မိစ္ဆာဝါယာမ = ဝီရိယမှထ၏။) သမ္မာသတိ ----- နိဗ္ဗာန်အာရုံသို့ ကပ်၍တည်တတ်သော အနက်သဘောအားဖြင့် အရိယမဂ်နှင့် ယှဥ်သော သမ္မာသတိသည် မိစ္ဆာသတိမှ ထ၏။ ထိုမိစ္ဆာသတိသို့ အစဥ်လိုက်၍ ဖြစ်တတ်ကုန်သော ကိလေသာတို့မှလည်း- ကောင်း၊ ခန္ဓာတို့မှလည်းကောင်း ထ၏၊ ဗဟိဒ္ဓဖြစ်ကုန်သော အလုံးစုံကုန်သော သင်္ခါရနိမိတ်တို့မှလည်း ထ၏။
——而生的烦恼与诸蕴出起,并从一切外在行相出起。因此,从相与转起两面出起、退离的慧,称为圣道中的智。(《无碍解道》67。)〔即从四种见相应心与疑相应心这五心,以及其余能导致恶趣的不善心中所相应的邪精进出起。〕正念——与圣道相应的正念能贴住所缘、安住于涅槃所缘;依此含义,它从邪念出起,也从随逐邪念而生的烦恼与诸蕴出起,并从一切外在行相出起。
ထိုကြောင့် နိမိတ္တ ပဝတ္တ နှစ်ပါးစုံမှ ထခြင်း ဆုတ်နစ်ဖဲခွာခြင်း၌ ဖြစ်သော ပညာသည် အရိယမဂ်၌ ဖြစ်သော ဉာဏ်မည်၏ဟူ၍ ဆိုအပ်၏။ (ပဋိသံ-၆၇။) မိစ္ဆာသတီတိ စ သတိယာ ပဋိပက္ခာကာရေန ဥပ္ပဇ္ဇမာနာ အကုသလစိတ္တုပ္ပါဒမတ္တမေဝ။
因此,从相与转起两面出起、退离的慧,称为圣道中的智。(《无碍解道》67。)巴利《无碍解道义注》原文(缅文字体):“မိစ္ဆာသတီတိ စ သတိယာ ပဋိပက္ခာကာရေန ဥပ္ပဇ္ဇမာနာ အကုသလစိတ္တုပ္ပါဒမတ္တမေဝ။”译:“所谓邪念,只是以与念相反的方式生起的不善心生起。”
(ပဋိသံ-ဋ္ဌ-၁-၂၅၆။)
(《无碍解道义注》1-256。)
မိစ္ဆာသတိ တထာပဝတ္တာ စတ္တာရော ခန္ဓာ။ (မဟာဋီ-၂-၄၉၄။) သတိ၏ဆန့်ကျင်ဘက် အခြင်းအရာအားဖြင့် မကောင်းမှုကို အမှတ်ရသော အခြင်းအရာအားဖြင့် ဖြစ်သော ထိုထို အကုသိုလ်စိတ္တုပ္ပါဒ် = စိတ်စေတသိက် တရားစုသည်ပင် မိစ္ဆာသတိ မည်၏။ (ပဋိသံ-ဋ္ဌ-၁-၂၅၆။)
巴利《大复注》原文(缅文字体):“မိစ္ဆာသတိ တထာပဝတ္တာ စတ္တာရော ခန္ဓာ။ (မဟာဋီ-၂-၄၉၄။)”译:“邪念,是这样转起的四蕴。”(《大复注》2-494。)以与念相反、忆念恶事的方式生起的各个不善心生起,即心与心所法组,称为邪念。(《无碍解道义注》1-256。)
原书第 488 页
သမ္မာသမာဓိ ----- နိဗ္ဗာန်အာရုံမှ အခြားတစ်ပါးသော အာရုံ၌ မပျံ့လွင့်တတ်သော အနက်သဘောအား- ဖြင့် အရိယမဂ်နှင့်ယှဥ်သော သမ္မာသမာဓိသည် မိစ္ဆာသမာဓိမှ ထ၏။ ထိုမိစ္ဆာသမာဓိသို့ အစဥ်လိုက်၍ ဖြစ်တတ် ကုန်သော ကိလေသာတို့မှလည်းကောင်း၊ ခန္ဓာတို့မှလည်းကောင်း ထ၏။ ဗဟိဒ္ဓဖြစ်ကုန်သော အလုံးစုံကုန်သော သင်္ခါရနိမိတ်တို့မှလည်း ထ၏။ ထို့ကြောင့် နိမိတ္တ ပဝတ္တ နှစ်ပါးစုံမှ ထခြင်း ဆုတ်နစ်ဖဲခွာခြင်း၌ ဖြစ်သော ပညာ သည် အရိယမဂ်၌ ဖြစ်သော ဉာဏ်မည်၏ဟူ၍ ဆိုအပ်၏။ (ပဋိသံ-၆၇။) (ဒိဋ္ဌိဂတသမ္ပယုတ်စိတ် လေးမျိုး၊ ဝိစိကိစ္ဆာစိတ် တစ်မျိုး ----- ဤငါးမျိုးသော စိတ်တို့၌ ယှဥ်သော ဧကဂ္ဂတာ အပါယ်သို့လားကြောင်း = အပါယ ဂမနီယဖြစ်သော ကြွင်းအကုသိုလ်စိတ်တို့၌ ယှဥ်သော ဧကဂ္ဂတာစေတသိက်ဟူသော မိစ္ဆာသမာဓိမှ သမ္မာ- သမာဓိသည် ထ၏။) မှတ်ချက် ----- ထိုထိုသုတ္တန်ပါဠိတော်များ၌ မိစ္ဆာဝါစာ မိစ္ဆာကမ္မန္တ မိစ္ဆာအာဇီဝ မိစ္ဆာသတိမဂ္ဂင်များကို-
正定——与圣道相应的正定不散乱于涅槃以外的其他所缘;依此含义,它从邪定出起,也从随逐邪定而生的烦恼与诸蕴出起,并从一切外在行相出起。因此,从相与转起两面出起、退离的慧,称为圣道中的智。(《无碍解道》67。)〔正定从四种见相应心、一个疑相应心这五心中所相应的一境性,以及其余能导致恶趣的不善心中所相应的一境性心所——邪定——出起。〕附注:各部经中也说到邪语、邪业、邪命、邪念道支——
လည်း ဟောထားတော်မူ၏။ ထိုမဂ္ဂင်များ၌ တရားကိုယ် သီးခြားမရှိ၊ သတိမှန်လျှင် သမ္မာသတိ အမည်ရသော သောဘနစေတသိက်သာ ရှိသည်။ ထိုသို့ တရားကိုယ် သီးခြားမရသောကြောင့် အဘိဓမ္မာပါဠိတော်၌ ဟောပြတော် မမူ။ ထိုထို မကောင်းစကား ဝစီဒုစရိုက် လေးပါးကို ပြောဆိုသည့်အခါ ဖြစ်ပေါ်သော အကုသိုလ်စိတ်စေတသိက် တရားစုကို မိစ္ဆာဝါစာဟုလည်းကောင်း၊ ထိုထို မကောင်းမှု ကာယဒုစရိုက် သုံးပါးကို ပြုလုပ်သည့်အခါ ဖြစ်ပေါ် လာသော အကုသိုလ်စိတ်စေတသိက် တရားစုကို မိစ္ဆာကမ္မန္တဟုလည်းကောင်း၊ ထိုထိုမကောင်းမှု မိစ္ဆာအာဇီဝ လုပ်ငန်းရပ်တို့ကို ပြုလုပ်သည့်အခါ ဖြစ်ပေါ်သည့် အကုသိုလ် စိတ်စေတသိက် တရားစုကို မိစ္ဆာအာဇီဝဟုလည်း- ကောင်း၊ ထိုထို မကောင်းမှုကို အမှတ်ရသည့်အခါ ဖြစ်ပေါ်လာသော အကုသလသညာ ပြဓာန်းသော အကုသိုလ် စိတ်စေတသိက် တရားစုကို မိစ္ဆာသတိဟုလည်းကောင်း အသီးအသီး တရားကိုယ် ကောက်ယူရသည်ဟု မှတ်ပါ။
——但这些道支没有各自独立的法体。若念正确,就只有名为正念的美心所;因为邪念没有独立法体,所以《阿毗达磨》巴利没有另行开示。应当这样摄取法体:说四种语恶行时生起的不善心、心所法组,称为邪语;行三种身恶行时生起的不善心、心所法组,称为邪业;从事各种邪命恶行时生起的不善心、心所法组,称为邪命;忆念恶事时,以不善想为主的不善心、心所法组,称为邪念。
ထိုအကုသိုလ် စိတ်စေတသိက်တရားစုတို့တွင် ဒိဋ္ဌိဂတသမ္ပယုတ်စိတ် လေးမျိုး ဝိစိကိစ္ဆာသဟဂုတ်စိတ် တစ်မျိုး ဤငါးမျိုးသော စိတ်စေတသိက်တရားစုတို့ကိုလည်းကောင်း၊ အပါယ်သို့လားရောက်ကြောင်း = အပါယဂမနီယ ဖြစ်သော ကြွင်းသော အကုသိုလ် စိတ်စေတသိက် တရားစုကိုလည်းကောင်း သောတာပတ္တိမဂ်ဉာဏ်က ပယ်သတ် သဖြင့် သောတာပတ္တိမဂ်သည် ယင်းဒိဋ္ဌိဝိစိကိစ္ဆာနှင့် တကွသော အကုသိုလ်တရားစုနှင့် ကြွင်းသော အပါယ်သို့ လားရောက်ကြောင်း = အပါယဂမနီယ အကုသိုလ်တရားစုမှ ထသည် မည်ပေသည်။
在这些不善心、心所法组中,四种见相应心与一种疑相应心这五类心、心所法组,以及其余能导致恶趣的不善心、心所法组,都被预流道智舍断。因此,预流道从与见、疑俱生的不善法组及其余能导致恶趣的不善法组出起。
ဤကား သောတာပတ္တိမဂ်ဉာဏ်အခိုက်၌ မဂ္ဂင်(၈)ပါးတို့၏ မိစ္ဆာဒိဋ္ဌိစသော ဆန့်ကျင်ဘက်တရား အသီး အသီးမှလည်းကောင်း၊ ထိုမိစ္ဆာဒိဋ္ဌိစသော ဆန့်ကျင်ဘက်တရား အသီးအသီးသို့ အစဥ်လိုက်သော ကိလေသာ တို့မှလည်းကောင်း၊ ခန္ဓာတို့မှလည်းကောင်း ဗဟိဒ္ဓဖြစ်သော အလုံးစုံကုန်သော သင်္ခါရနိမိတ်တို့မှလည်းကောင်း ထမြောက်ပုံတည်း။ ယခုအခါ၌ သကဒါဂါမိမဂ်ဉာဏ်အခိုက်စသည်တို့၌ ကိလေသာခန္ဓာစသည်တို့မှ ထမြောက် ပုံကို အကျဥ်းချုပ်၍ ဆက်လက်တင်ပြအပ်ပါသည်။
以上说明预流道智刹那的八道支,怎样分别从邪见等各自的对治法、随逐这些对治法的烦恼与诸蕴,以及一切外在行相出起。现在简要继续说明一来道智等刹那怎样从烦恼蕴等出起。
သကဒါဂါမိမဂ် ---- သကဒါဂါမိမဂ်ခဏ၌ သစ္စာလေးပါးကို သိမြင်တတ်သော အနက်သဘောအားဖြင့် သမ္မာဒိဋ္ဌိသည်။ ပ။ နိဗ္ဗာန်အာရုံမှ တစ်ပါးသော အာရုံ၌ မပျံ့လွင့်တတ်သော အနက်သဘောအားဖြင့် သမ္မာ- သမာဓိသည် ရုန့်ရင်းသော ကာမရာဂသံယောဇဥ်မှလည်းကောင်း ပဋိဃသံယောဇဥ်မှလည်းကောင်း ရုန့်ရင်း- သော ကာမရာဂါနုသယမှလည်းကောင်း ပဋိဃာနုသယမှလည်းကောင်း ထ၏။ ပ ။
一来道——在一来道刹那,正见以知见四谛为作用;乃至正定以不散乱于涅槃以外的所缘为作用,从粗重的欲贪结、瞋恚结,以及粗重的欲贪随眠、瞋恚随眠出起。
အနာဂါမိမဂ် ----- အနာဂါမိမဂ်ခဏ၌ သစ္စာလေးပါးကို သိမြင်တတ်သော အနက်သဘောအားဖြင့် သမ္မာ ဒိဋ္ဌိသည်။ ပ။ နိဗ္ဗာန်အာရုံမှ တစ်ပါးသောအာရုံ၌ မပျံ့လွင့်တတ်သော အနက်သဘောအားဖြင့် သမ္မာသမာဓိ သည် ကျဲပါးသိမ်မွေ့သည်၏ အဖြစ်သို့ ရောက်သော ကျဲပါးသိမ်မွေ့သည် ဖြစ်၍ဖြစ်သော ကာမရာဂသံယောဇဥ်မှ
不来道——在不来道刹那,正见以知见四谛为作用;乃至正定以不散乱于涅槃以外的所缘为作用,从已经变得微细的欲贪结——
原书第 489 页
ဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- နိမိတ္တ-ပဝတ္တမှ ထပုံ လည်းကောင်း ပဋိဃသံယောဇဥ်မှလည်းကောင်း ကျဲပါးသိမ်မွေ့သည်၏ အဖြစ်သို့ ရောက်သော ကျဲပါးသိမ်- မွေ့သည် ဖြစ်၍ဖြစ်သော ကာမရာဂါနုသယမှလည်းကောင်း ပဋိဃာနုသယမှလည်းကောင်း ထ၏။ ပ ။
——与瞋恚结,以及已经变得微细的欲贪随眠与瞋恚随眠出起。
အရဟတ္တမဂ် ----- အရဟတ္တမဂ်ခဏ၌ သစ္စာလေးပါးကိုသိမြင်တတ်သော အနက်သဘောအားဖြင့် သမ္မာ ဒိဋ္ဌိသည်။ ပ။ နိဗ္ဗာန်အာရုံမှ တစ်ပါးသော အာရုံ၌ မပျံ့လွင့်တတ်သော အနက်သဘောအားဖြင့် သမ္မာသမာဓိ သည် ရူပရာဂ အရူပရာဂ မာန ဥဒ္ဓစ္စ အဝိဇ္ဇာသံယောဇဥ်မှလည်းကောင်း မာနာနုသယ ဘဝရာဂါနုသယ အဝိဇ္ဇာ နုသယမှလည်းကောင်း ထ၏။ ထိုထို ရူပရာဂစသည်သို့ အစဥ်လိုက်သော ကိလေသာတို့မှလည်းကောင်း ထို ကိလေသာသို့ အစဥ်လိုက်သော ခန္ဓာတို့မှလည်းကောင်း ထ၏၊ ဗဟိဒ္ဓဖြစ်သော အလုံးစုံသော သင်္ခါရနိမိတ်မှလည်း ထ၏။ ထိုကြောင့် နိမိတ္တ ပဝတ္တ နှစ်ပါးစုံမှ ထမြောက်ခြင်း ဆုတ်နစ်ဖဲခွာခြင်း၌ ဖြစ်သော ပညာသည် အရိယမဂ်၌ ဖြစ်သော ဉာဏ်မည်၏ဟူ၍ ဆိုအပ်ပေသည်။ (ပဋိသံ-၆၇။ ဝိသုဒ္ဓိ-၂-၃၂၁-၃၂၂။) သကဒါဂါမိမဂ် အနာဂါမိမဂ် အရဟတ္တမဂ်ဟူသော အထက်မဂ်သုံးပါးအပေါင်း၌ သမ္မာဒိဋ္ဌိသည် ထိုထို သို့သော အရိယမဂ်သည် ပယ်သတ်အပ်သော မာနမှ ထ၏။ မှန်ပေသည် ----- ထိုမာနသည် ''ငါ ဖြစ်၏''--
阿罗汉道——在阿罗汉道刹那,正见以知见四谛为作用;乃至正定以不散乱于涅槃以外的所缘为作用,从色贪、无色贪、慢、掉举、无明诸结,以及慢随眠、有贪随眠、无明随眠出起;也从随逐色贪等的烦恼与随逐这些烦恼的诸蕴出起,并从一切外在行相出起。因此,从相与转起两面出起、退离的慧,称为圣道中的智。(《无碍解道》67;《清净之道》2-321—322。)在一来道、不来道、阿罗汉道三种上道中,正见从各该圣道所舍断的慢出起。确实,慢以“我是”的方式生起——
ဤသို့သော အခြင်းအရာအားဖြင့် ဖြစ်ခြင်းကြောင့် ဒိဋ္ဌိအရာ၌ တည်၏၊ သို့သော်လည်း ဤအထက်မဂ်သုံးပါး အပေါင်း၌ မိစ္ဆာမဂ်မှ ထခြင်းကို ''မိစ္ဆာဒိဋ္ဌိမှ ထ၏'' --- ဤသို့စသည်ဖြင့် မထုတ်ဆောင် မဟောကြားမူ၍ ထိုထို သို့သော အရိယမဂ်သည် ပယ်သတ်အပ်သော သံယောဇဥ်အနုသယတို့မှသာလျှင် ထခြင်းကို ထုတ်ဆောင် ဟောကြားတော်မူအပ်၏ဟု မှတ်သားပါလေ။ (မဟာဋီ-၂-၄၉၅။)
——所以处在见的位置。不过,应当知道:关于这三种上道,论中没有说“从邪见出起”等从邪道出起之语,只说从各道所应舍断的结与随眠出起。(《大复注》2-495。)
သမထဗလ ဝိပဿနာဗလ = သမထစွမ်းအား ဝိပဿနာစွမ်းအား
止力与观力
လောကီစျာန်သမာပတ် (၈)ပါးတို့ကို ပွားများရာအခါ၌ သမာဓိဘာဝနာဖြစ်သောကြောင့် သမထဗလ = သမာဓိစွမ်းအားသည် လွန်ကဲ၏။ အနိစ္စာနုပဿနာစသည်တို့ ပွားများအားထုတ်ရာအခါ၌ ဝိပဿနာဘာဝနာ၏ ဉာဏ်အလွန်အကဲ ရှိသည်၏ အဖြစ်ကြောင့် ဝိပဿနာဗလ = ဝိပဿနာပညာ စွမ်းအားသည် လွန်ကဲ၏။ တစ်ဖန် အရိယမဂ်ခဏ၌ကား သမထနှင့် ဝိပဿနာ = သမာဓိနှင့် ပညာတို့သည် အချင်းချင်း တစ်ခုကို တစ်ခုက မလွန် သောကြောင့်၊ သမာဓိ၏ကိစ္စ ပညာ၏ကိစ္စအားဖြင့် အချင်းချင်း မယုတ်မလွန်သည်၏ အဖြစ်ကြောင့် ထိုသမထ ဝိပဿနာ အမည်ရသော သမာဓိနှင့် ပညာတရားတို့သည် ထမ်းပိုး၌ ယှဥ်စုံဖွဲ့အပ်သော အားတူ နွားကဲ့သို့ အားတူ အချင်းချင်း မယုတ်မလွန်ကုန်သည် ဖြစ်၍ = ယုဂနဒ္ဓ ဖြစ်ကုန်၍ ဖြစ်ပေါ်လာကြကုန်၏။ ထိုကြောင့် ဤလေးပါးသော မဂ်ဉာဏ်တို့၌လည်း နှစ်ပါးစုံသော သမထဗလ = သမထစွမ်းအား၊ ဝိပဿနာဗလ = ဝိပဿနာ စွမ်းအားတို့နှင့် တူမျှသော အပိုင်းအခြားအားဖြင့် ယှဥ်ခြင်းသည် ဖြစ်ပေါ်လာပေသည်။ (ဝိသုဒ္ဓိ-၂-၃၂၂။)
修习八种世间禅那等至时,因为是定的修习,止力即定力占优势;修习无常随观等时,因为观修之智特别强,观力即观慧之力占优势。到了圣道刹那,止与观即定与慧互不超越,二者在定的作用与慧的作用上不增不减;所以名为止与观的定、慧二法,如同套在同一轭上的两头等力之牛,力量相等而不相凌越,双运生起。因此,在四道智中,止力与观力也以同等程度双运生起。(《清净之道》2-322。)
ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်၌ ဟောကြားထားပုံ
《无碍解道》中所说的方法
''ဥဒ္ဓစ္စသဟဂတကိလေသေဟိ စ ခန္ဓေဟိ စ ဝုဋ္ဌဟတော စိတ္တဿ ဧကဂ္ဂတာ အဝိက္ခေပေါ သမာဓိ နိရောဓဂေါစရော၊ အဝိဇ္ဇာသဟဂတကိလေသေဟိ စ ခန္ဓေဟိ စ ဝုဋ္ဌဟတော အနုပဿနဋ္ဌေန ဝိပဿနာ နိရောဓဂေါစရော။ ဣတိ ဝုဋ္ဌာနဋ္ဌေန သမထဝိပဿနာ ဧကရသာ ဟောန္တိ၊ ယုဂနဒ္ဓါ ဟောန္တိ၊ အညမညံ နာတိ- ဝတ္တန္တီတိ။ တေန ဝုစ္စတိ ဝုဋ္ဌာနဋ္ဌေန သမထဝိပဿနံ ယုဂနဒ္ဓံ ဘာဝေတီ''တိ။ (ပဋိသံ-၂၈၉။) ဥဒ္ဓစ္စနှင့် အတူတကွဖြစ်သော ဥဒ္ဓစ္စပြဓာန်းသော ကိလေသာတို့မှလည်းကောင်း၊ ဥဒ္ဓစ္စသို့ အစဥ်လိုက်သော ခန္ဓာတို့မှလည်းကောင်း ထသော စိတ်၏ တစ်ခုသော အာရုံရှိသည်၏ အဖြစ်ဟူသော စိတ်ပျံ့လွင့်ခြင်း ဝိက္ခေပ၏
巴利《无碍解道》原文(缅文字体):“''ဥဒ္ဓစ္စသဟဂတကိလေသေဟိ စ ခန္ဓေဟိ စ ဝုဋ္ဌဟတော စိတ္တဿ ဧကဂ္ဂတာ အဝိက္ခေပေါ သမာဓိ နိရောဓဂေါစရော၊ အဝိဇ္ဇာသဟဂတကိလေသေဟိ စ ခန္ဓေဟိ စ ဝုဋ္ဌဟတော အနုပဿနဋ္ဌေန ဝိပဿနာ နိရောဓဂေါစရော။ ဣတိ ဝုဋ္ဌာနဋ္ဌေန သမထဝိပဿနာ ဧကရသာ ဟောန္တိ၊ ယုဂနဒ္ဓါ ဟောန္တိ၊ အညမညံ နာတိ- ဝတ္တန္တီတိ။ တေန ဝုစ္စတိ ဝုဋ္ဌာနဋ္ဌေန သမထဝိပဿနံ ယုဂနဒ္ဓံ ဘာဝေတီ''တိ။ (ပဋိသံ-၂၈၉။)”译:“从与掉举俱生的烦恼及随逐掉举的诸蕴出起之心,其不散乱的一境性即定,以灭为行境;从与无明俱生的烦恼及随逐无明的诸蕴出起之心,依随观义而成的观,以灭为行境。这样,由于出起之义,止与观同一作用,成为双运,彼此不相超越。因此说:以出起之义修习止观双运。”(《无碍解道》289。)从与掉举俱生、以掉举为主的烦恼及随逐掉举的诸蕴出起之心,其一境性——与心散乱正相反的不散乱——
原书第 490 页
ဖြောင့်ဖြောင့် ဆန့်ကျင်ဘက်ဖြစ်သော အရိယမဂ်ဉာဏ်နှင့် ယှဥ်သော သမာဓိသည် နိဗ္ဗာန်ဟူသော အာရုံရှိ၏။
——即与圣道智相应的定,以涅槃为所缘。
အဝိဇ္ဇာပြဓာန်းသော ကိလေသာတို့မှလည်းကောင်း ထိုအဝိဇ္ဇာသို့ အစဥ်လိုက်သော ခန္ဓာတို့မှလည်းကောင်း ထသော စိတ်၏ အဖန်တလဲလဲ ရှုတတ်သည်၏ အဖြစ်ကြောင့် ဝိပဿနာသည် နိဗ္ဗာန်ဟူသော အာရုံရှိ၏။
从以无明为主的烦恼及随逐无明的诸蕴出起之心,因为具有反复随观的作用,所以观以涅槃为所缘。
ဤသို့လျှင် နိမိတ္တ = သင်္ခါရနိမိတ်မှလည်းကောင်း၊ ပဝတ္တ = ဥပါဒိန္နကပဝတ္တ အနုပါဒိန္နကပဝတ္တမှ လည်းကောင်း ထတတ်သည်၏ အဖြစ်ဖြင့် သမထ = သမာဓိနှင့် ဝိပဿနာ = ပညာတို့သည် တူသောကိစ္စ ရှိကြ ကုန်၏။ ထမ်းပိုး၌ ယှဥ်စုံဖွဲ့အပ်သော အားတူနွားကဲ့သို့ အားတူအချင်းချင်း မယုတ်မလွန်ကြသည် ဖြစ်ကုန်၏၊ အချင်းချင်း မလွန်ကြကုန်။ ထိုကြောင့် နိမိတ္တနှင့် ပဝတ္တမှ ထတတ်သည်၏ အဖြစ်ဖြင့် သမထနှင့် ဝိပဿနာကို = သမာဓိနှင့် ပညာကို ထမ်းပိုး၌ ယှဥ်စုံဖွဲ့အပ်သော အားတူနွားကဲ့သို့ အားတူပြု၍ ပွားစေသည်ဟူ၍ ဆိုအပ်၏။
这样,由于能从相即行相,以及转起即已被执受之转起与未被执受之转起出起,止即定与观即慧具有同一作用;如同套在同一轭上的两头等力之牛,力量相等而不相凌越。因此说:以从相与转起出起之义,把止与观即定与慧修成等力双运。
(ပဋိသံ-၂၈၉။)
(《无碍解道》289。)
ဤကား အရိယမဂ်ဉာဏ်အခိုက်၌ သမာဓိနှင့် ပညာတို့၏ အားချင်းညီမျှသဖြင့် ဣန္ဒြေညီမျှခြင်းကြောင့် ယုဂနဒ္ဓဖြစ်ပုံ၊ အရိယမဂ်ဉာဏ်သည် သမထစွမ်းအား ဝိပဿနာစွမ်းအား နှစ်မျိုးလုံးနှင့် ယှဥ်နေပုံတည်း။
这说明在圣道智刹那,定与慧力量均等、诸根平衡,所以成为双运;也说明圣道智同时具足止力与观力。
ဝိပဿနာအခိုက်၌ ယုဂနဒ္ဓဖြစ်ပုံကို ရှေးဝိပဿနာပိုင်းတွင် ယုဂနဒ္ဓသုတ္တန်ကို ကိုးကား၍ ရှင်းလင်းတင်ပြခဲ့ပြီး ဖြစ်သည်။
观修阶段怎样成为双运,前文观禅篇已经引用《双运经》作了说明。
အရိယမဂ်တရားက ပယ်ရှားသည့် ကိလေသာ
圣道所断的烦恼
၁။ အကယ်၍ အရိယမဂ်သည် အတိတ်ကိလေသာတို့ကို ပယ်ခြင်းဖြစ်ခဲ့သော် ယင်းအရိယမဂ်သည် ကုန်ပြီး- သော ကိလေသာကို ကုန်စေသည် မည်၏၊ ချုပ်ပြီးသော ကိလေသာကို ချုပ်စေသည် မည်၏၊ ကင်းပြီးသော ကိလေသာကို ကင်းစေသည် မည်၏။ ချုပ်ခြင်းသို့ရောက်ပြီးသော ကိလေသာကို တစ်ဖန်ချုပ်ခြင်းသို့ ရောက်- စေသည် မည်၏။ အတိတ်ဖြစ်သော ယင်းကိလေသာသည် ဥပါဒ်-ဌီ-ဘင်အားဖြင့် ခဏတ္တယသက်တမ်းစေ့က သဘာဝအလျောက် ချုပ်ပျောက်ပြီး ဖြစ်၏၊ ယင်းသို့ ချုပ်ပျောက်ပြီး၍ မရှိသော ကိလေသာကို အရိယမဂ်သည် ပယ်သည်မည်လေရာသည်။ ထိုကြောင့် အရိယမဂ်သည် အတိတ်ဖြစ်သော ကိလေသာတို့ကိုလည်း ပယ်သည် မဟုတ်။
一、如果圣道舍断过去烦恼,那么它就会使已经尽的烦恼再尽,使已经灭的烦恼再灭,使已经离的烦恼再离,使已经达到止息的烦恼再次达到止息。过去烦恼在生、住、灭三个刹那寿命结束时,已经自然灭去;这样,圣道就成了舍断已经灭去、不再存在的烦恼。因此,圣道并不舍断过去烦恼。
၂။ အကယ်၍ အရိယမဂ်သည် အနာဂတ်ဖြစ်သော ကိလေသာတို့ကို ပယ်ခြင်းဖြစ်ခဲ့သော် ----- အနာဂတ် ကိလေသာဟူသည် ရုပ်နာမ်သန္တတိအစဥ်တွင် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ထင်ရှားရှား မဖြစ်သေးသော ကိလေသာ ဖြစ်သဖြင့် အရိယမဂ်သည် မဖြစ်သေးသော ကိလေသာကို ပယ်သည် မည်၏၊ မရောက်သေးသော ကိလေသာကို ပယ်သည် မည်၏၊ ခဏတ္တယသို့ မရောက်သေးသော ကိလေသာကို ပယ်သည် မည်၏၊ ထင်ရှားစွာ မဖြစ်သေးသော ကိလေသာကို ပယ်သည် မည်၏၊ အနာဂတ်ဖြစ်သော ကိလေသာသည် ရုပ်နာမ်သန္တတိအစဥ်တွင် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားမရှိသေးရကား ထိုထင်ရှားမရှိသေးသော ကိလေသာကို ပယ်သည် မည်၏၊ ထို့ကြောင့် အရိယမဂ်သည် အနာဂတ်ဖြစ်သော ကိလေသာတို့ကိုလည်း ပယ်သည် မဟုတ်။
二、如果圣道舍断未来烦恼,那么未来烦恼尚未以生、住、灭三相明显生起于色名相续,圣道就成了舍断未生、未到、尚未达到三刹那、尚未明显发生的烦恼。未来烦恼既尚未以生、住、灭明显存在于色名相续,圣道就成了舍断尚未明显存在的烦恼。因此,圣道也不舍断未来烦恼。
၃။ အကယ်၍ အရိယမဂ်သည် ပစ္စုပ္ပန်ကိလေသာတို့ကို ပယ်ခြင်းဖြစ်ခဲ့သော် ရာဂဖြင့် တပ်မက်လျက် ရာဂကို ပယ်သည် မည်၏၊ ဒေါသဖြင့် အမျက်ထွက်လျက် ဒေါသကို ပယ်သည် မည်၏၊ မောဟဖြင့် တွေဝေလျက် မောဟကို ပယ်သည် မည်၏၊ မာနဖြင့် ခက်ထန်သောစိတ်ရှိသည် ဖြစ်လျက် မာနကို ပယ်သည် မည်၏။ မိစ္ဆာ- ဒိဋ္ဌိဖြင့် မှားသောအားဖြင့် နှလုံးသွင်းသည်ဖြစ်လျက် ဖောက်ပြန်သော ဒိဋ္ဌိအယူကို ပယ်သည်မည်၏။ ဥဒ္ဓစ္စဖြင့် စိတ်ပျံ့လွင့်ခြင်းသို့ ရောက်လျက် ဥဒ္ဓစ္စကို ပယ်သည် မည်၏၊ ဝိစိကိစ္ဆာဖြင့် မဆုံးဖြတ်နိုင်ခြင်းသို့ ရောက်လျက် ဝိစိကိစ္ဆာကို ပယ်သည် မည်၏။ မြဲမြံစွာ တည်သည်၏အဖြစ်သို့ ရောက်သော ထာမဂတ ကိလေသာ ရှိသည်
三、如果圣道舍断现在烦恼,那么它就会在以贪染著时舍断贪,在以瞋发怒时舍断瞋,在以痴迷惑时舍断痴,在因慢而心高举时舍断慢;在以邪见不如理作意时舍断颠倒见;在掉举散乱时舍断掉举;在疑惑不能决断时舍断疑;并在具有已经坚固安住的烦恼与随眠界时——
原书第 491 页
ဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- အရိယမဂ်တရားက ပယ်ရှားသည့် ကိလေသာ ဖြစ်လျက် မြဲမြံစွာ တည်သည်၏အဖြစ်သို့ ရောက်သော အနုသယဓာတ်ရှိသည် ဖြစ်လျက် အနုသယကိလေသာကို ပယ်သည် မည်၏။ စိတ္တက္ခဏတစ်ခု အတွင်း၌ အကုသိုလ်တရားနှင့် ကုသိုလ်တရားတို့သည် ထမ်းပိုး၌ ယှဥ်စုံ ကအပ်သော နွားတို့ကဲ့သို့ ယှဥ်စုံအပြိုင် ဖြစ်သည် မည်ကုန်၏။ စိတ်ညစ်နွမ်းကြောင်း ကိလေသာအညစ်အကြေး သံကိလေသတရားနှင့် ယှဥ်တွဲ၍ ဖြစ်သော အရိယမဂ်ကို ပွားစေခြင်း ဖြစ်သည် မည်၏။ ထိုကြောင့် အရိယ မဂ်သည် ပစ္စုပ္ပန်ကိလေသာတို့ကိုလည်း ပယ်သည် မဟုတ်။
——舍断随眠烦恼。这样,不善法与善法就在同一心刹那中,如同套在同一轭上的两头牛并行生起;这就成了修习与杂染心的烦恼污垢相应的圣道。因此,圣道也不舍断现在烦恼。
ထိုသို့ အတိတ် အနာဂတ် ပစ္စုပ္ပန် ကိလေသာတို့ကို အရိယမဂ်တရားက မပယ်ရှားသည်ရှိသော် ကိလေသာ တို့ကား ကာလသုံးပါး၌သာဖြစ်သော တရားတို့ ဖြစ်ကြသဖြင့် အရိယမဂ်ကို ပွားစေခြင်း မဂ္ဂဘာဝနာသည် မရှိ- တော့ပြီလော = မဂ်ကိုပွားစေခြင်း ဖြစ်စေခြင်းဖြင့် ပြီးစီးစေအပ်သော ကိလေသာကို ပယ်ရှားခြင်း လုပ်ငန်း ကိစ္စရပ်သည် မရှိတော့ပြီလော၊ ဖိုလ်ကို မျက်မှောက်ပြုခြင်းသည် မရှိတော့ပြီလော၊ ကိလေသာကို ပယ်ခြင်းသည် မရှိတော့ပြီလော၊ သစ္စာလေးပါးကို ရှေးရှုမျက်မှောက် ထွင်းဖောက်၍ သိမြင်ခြင်းသည် မရှိတော့ပြီလောဟု မေးရန်ရှိ၏၊ အဖြေကား မရှိမဟုတ်၊ ရှိသည်သာဟု ဖြေဆိုရာ၏။
既然圣道不舍断过去、未来、现在烦恼,而烦恼又只属于三时,是否就没有修习圣道,没有因修道而完成的舍断烦恼作用,没有现证圣果,没有舍断烦恼,也没有现前洞见四谛呢?答案是:并非没有,确实都有。
လောကဥပမာ ----- အသီး မသီးသေးသော အကြင်နုနယ်သော သစ်ပင်သည် ရှိ၏၊ ထိုအသီး မသီးသေး- သော နုနယ်သော သစ်ပင်ကို ယောကျာ်းတစ်ယောက်သည် အမြစ်ကို ဖြတ်လေရာ၏၊ ထိုသစ်ပင်၏ အကြင် မသီးသေးသော အသီးတို့သည် ရှိကုန်ရာ၏၊ ထိုမသီးသေးသော အသီးတို့သည် ထင်ရှားမဖြစ်ကုန်သေးသည် ဖြစ်၍သာလျှင် ထင်ရှား မဖြစ်ကြကုန်၊ မပေါ်ကုန်သေးသည် ဖြစ်၍သာလျှင် မပေါ်ကြကုန်၊ မဖြစ်ပေါ်ကုန်- သေးသည် ဖြစ်၍သာလျှင် မဖြစ်ပေါ်ကြကုန်၊ ထင်ရှားမရှိကုန်သေးသည် ဖြစ်၍သာလျှင် ထင်ရှားမရှိကုန်။
世间譬喻——有一株尚未结果的幼树。一个人把这株幼树连根砍断;树上那些尚未结果的果实,因为尚未明显生起,所以不再明显生起;因为尚未出现,所以不再出现;因为尚未发生,所以不再发生;因为尚未明显存在,所以不再明显存在。
ဤဥပမာအတူပင်လျှင် ရှေးအတိတ်ကံကြောင့် ဤဘဝ၌ ဖြစ်ခြင်း ဥပါဒ်သဘော ရှိကြကုန်သော ဝိပါက ဝဋ် ခန္ဓာတို့သည် ကိလေသာတို့၏ စွဲမှီ၍ ဖြစ်ခြင်း၏ ဟေတုအကြောင်းတည်း၊ အထောက်အပံ့ဖြစ်သော ပစ္စယ အကြောင်းတည်း၊ ယင်းဖြစ်ခြင်းသဘောရှိသော ဥပါဒိန္နက ခန္ဓာငါးပါး၌ အပြစ်ကိုမြင်၍ ယင်းဖြစ်ခြင်း ဥပါဒ် သဘောရှိသော ဥပါဒိန္နကခန္ဓာတို့၏ ကင်းရာ အနုပ္ပါဒနိဗ္ဗာန်၌ စိတ်သည် ပြေးဝင်၏၊ ယင်းအနုပ္ပါဒနိဗ္ဗာန်၌ စိတ်သည် ပြေးဝင်သည်၏ အဖြစ်ကြောင့် ယင်းဖြစ်ခြင်း ဥပါဒ်သဘောရှိသော ဥပါဒိန္နကခန္ဓာဟူသော အကြောင်း- ကြောင့် အကြင်ကိလေသာတို့သည် ထင်ရှားဖြစ်ပေါ်လာကုန်ရာ၏၊ ထိုကိလေသာတို့သည် ထင်ရှားမဖြစ်သေးကုန် မူ၍သာလျှင် ထင်ရှားမဖြစ်ကုန်၊ မပေါ်ကုန်သေးသည်ဖြစ်၍သာလျှင် မပေါ်ကြကုန်၊ မဖြစ်ပေါ်ကုန်သေးသည် ဖြစ်၍သာလျှင် မဖြစ်ပေါ်ကြကုန်၊ ထင်ရှားမရှိကုန်သေးသည် ဖြစ်၍သာလျှင် ထင်ရှားမရှိကုန်၊ ဤသို့လျှင်
同样,由过去业而在今生具有生起性质的果报轮转诸蕴,是烦恼依附而生的直接因,也是扶助缘。看见具有这种生起性质的已被执受五蕴之过患以后,心趣入离这些蕴之不生涅槃。因为心趣入不生涅槃,那些本会依具有生起性质的已被执受蕴而明显发生的烦恼,因尚未明显生起而不生,因尚未出现而不出现,因尚未发生而不发生,因尚未明显存在而不再明显存在。这样——
အကြောင်းဖြစ်သော ကိလေသာတို့၏ ချုပ်ခြင်းကြောင့် နောင်အခါ၌ ဖြစ်လတ္တံ့သော အကျိုးဒုက္ခ၏ ချုပ်ခြင်းသည် ဖြစ်၏။
——由于作为因的烦恼止息,未来果报苦也随之止息。
ကိလေသာတို့၏ ဖြစ်ခြင်းငှာ ဥပါဒိန္နကခန္ဓာအယဥ်၏ အဆက်မပြတ် ဖြစ်ပွားခြင်း ပဝတ္တသည် ကိလေသာ တို့၏ စွဲမှီ၍ ဖြစ်ခြင်း၏ ဟေတုအကြောင်းတည်း။ ပ ။
已被执受蕴流不断转起,是烦恼依附而生的直接因。乃至——
သင်္ခါရနိမိတ်သည် ကိလေသာတို့၏ စွဲမှီ၍ ဖြစ်ခြင်း၏ ဟေတုအကြောင်းတည်း။ ပ ။
行相也是烦恼依附而生的直接因。乃至——
နောင်တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေ၏ အကြောင်းဖြစ်သော ကံကို အားထုတ်ခြင်း အာယူဟနသည် ကိလေ- သာတို့၏ စွဲမှီ၍ ဖြစ်ရာ ဟေတုအကြောင်းတည်း၊ ယင်းအာယူဟနသည် အားပေးထောက်ပံ့တတ်သော ပစ္စယ အကြောင်းတည်း။ ဤသို့ နောင်အခါ ပဋိသန္ဓေ၏ အကြောင်းရင်းကံကို အားထုတ်ခြင်း အာယူဟန၌ အပြစ်ကို မြင်၍ ယင်းကံကို အားမထုတ်ခြင်း အနာယူဟန၌ = အာယူဟနကင်းသော နိဗ္ဗာန်၌ စိတ်သည် ပြေးဝင်၏၊ အာယူဟနကင်းရာ နိဗ္ဗာန်၌ စိတ်၏ ပြေးဝင်သည်၏ အဖြစ်ကြောင့် ယင်းအာယူဟနဟူသော အကြောင်းကြောင့်
为未来新有的结生造作业之造作,是烦恼依附而生的直接因,也是扶助缘。看见这种为未来结生造作业之造作的过患以后,心趣入不造作,即无造作的涅槃。因为心趣入无造作的涅槃,那些本会依此造作之因——
原书第 492 页
အကြင်ကိလေသာတို့သည် ဖြစ်ပေါ်လာကုန်ရာ၏၊ ထိုကိလေသာတို့သည် ထင်ရှားမဖြစ်သေးကုန်မူ၍သာလျှင် ထင်ရှားမဖြစ်လာကုန်၊ မပေါ်ကုန်သေးသည် ဖြစ်၍သာလျှင် မပေါ်လာကြကုန်၊ မဖြစ်ပေါ်သေးကုန်သည် ဖြစ်၍ သာလျှင် မဖြစ်ပေါ်ကြကုန်၊ ထင်ရှားမရှိကုန်သေးသည် ဖြစ်၍သာလျှင် ထင်ရှားမရှိကုန်။ ဤသို့လျှင် အကြောင်း ဖြစ်သော ကိလေသာတို့၏ ချုပ်ခြင်းကြောင့် နောင်အခါ၌ ဖြစ်လတ္တံ့သော အကျိုးဒုက္ခ၏ ချုပ်ခြင်းသည် ဖြစ်၏။
——而生起的烦恼,因尚未明显生起而不生,因尚未出现而不出现,因尚未发生而不发生,因尚未明显存在而不再明显存在。这样,由于作为因的烦恼止息,未来果报苦也随之止息。
ဤသို့လျှင် အရိယမဂ်ကို ပွားစေခြင်း ဖြစ်စေခြင်း မဂ္ဂဘာဝနာသည် ရှိ၏၊ အရိယဖိုလ်ကို မျက်မှောက် ပြုခြင်းသည် ရှိ၏၊ ကိလေသာကို ပယ်ခြင်းသည် ရှိ၏၊ သစ္စာလေးပါးကို ရှေးရှုမျက်မှောက် ထွင်းဖောက်၍ သိမြင် ခြင်းသည် ရှိ၏။ (ပဋိသံ-၃၉၄-၃၉၅။) အသီး မသီးသေးသော နုသော သစ်ပင်ကို အမြစ်၌ ဖြတ်အပ်သည်ရှိသော်၊ အကယ်၍ ထိုသို့ ဖြတ်ခြင်း မရှိလတ်သော် နောင်အခါ၌ ဖြစ်ခြင်းငှာ ထိုက်ကုန်သော၊ ဖြတ်လိုက်ခြင်းတည်းဟူသော အကြောင်းကြောင့် မဖြစ်လတ္တံ့ကုန်သော အသီးတို့သည် ပျက်စီးသည် မည်ကုန်သည် ဖြစ်ကုန်သကဲ့သို့ ဤဥပမာအတူပင်လျှင် အရိယ မဂ်ကို ပွားစေခြင်း ဖြစ်စေခြင်း မဂ္ဂဘာဝနာသည် မရှိလတ်သော် ဖြစ်ခြင်းငှာ ထိုက်ကုန်သော ကိလေသာတို့ကို အရိယမဂ်ကို ပွားစေခြင်း ဖြစ်စေခြင်း မဂ္ဂဘာဝနာကြောင့် မဖြစ်ကုန်သည်ရှိသော် ပယ်အပ်ကုန်၏ဟူ၍သာလျှင် ဆိုအပ်ကုန်၏။ ဤသို့ ဥပမာ ဥပမေယျ နှီးနှောစပ်ဟပ်ပါ။
由此可知,确实有修习圣道,有现证圣果,有舍断烦恼,也有现前洞见四谛。(《无碍解道》394—395。)幼树若不连根砍断,本来能在未来生果;一经砍断,那些果便因砍断而毁坏。同样,若不修习圣道,烦恼本来能够生起;由于修习圣道而不再生起,便称为已经被圣道舍断。应当这样配合能喻与所喻。
ဘူမိလဒ္ဓုပ္ပန္န ကိလေသာ
依地而得的已生烦恼
ဧတေန ကိ ဒီပိတံ ဟောတိ၊ ဘူမိလဒ္ဓါနံ ကိလေသာနံ ပဟာနံ ဒီပိတံ ဟောတိ။ ဘူမိလဒ္ဓါ ပန ကိ အတီတာနာဂတာ ဥဒါဟု ပစ္စုပ္ပန္နာတိ။ ဘူမိလဒ္ဓုပ္ပန္နာ ဧဝ နာမ တေ။ (ဝိသုဒ္ဓိ-၂-၃၂၈။) ဤအထက်ပါ ပဋိသမ္ဘိဒါမဂ္ဂပါဠိတော် စကားရပ်ဖြင့် အဘယ်အနက်သဘောကို ပြအပ်ပါသနည်း။ ဘူမိ- လဒ္ဓ အမည်ရသော အနုသယကိလေသာတို့ကို ပယ်ခြင်းကို ပြအပ်ပေသည်။ ထိုဘူမိလဒ္ဓ အမည်ရသော အနုသယကိလေသာတို့သည် အတိတ် အနာဂတ်တရားလော သို့မဟုတ် ပစ္စုပ္ပန်တရားလောဟု မေးရန်ရှိ၏။
巴利《清净之道》原文(缅文字体):“ဧတေန ကိ ဒီပိတံ ဟောတိ၊ ဘူမိလဒ္ဓါနံ ကိလေသာနံ ပဟာနံ ဒီပိတံ ဟောတိ။ ဘူမိလဒ္ဓါ ပန ကိ အတီတာနာဂတာ ဥဒါဟု ပစ္စုပ္ပန္နာတိ။ ဘူမိလဒ္ဓုပ္ပန္နာ ဧဝ နာမ တေ။ (ဝိသုဒ္ဓိ-၂-၃၂၈။)”译:“由此显示什么?显示舍断依地而得的烦恼。但依地而得者究竟是过去法、未来法,还是现在法?它们只称为依地而得的已生烦恼。”上述《无碍解道》巴利语句显示什么义理?显示舍断名为‘依地而得’的随眠烦恼。这里可以问:这些名为依地而得的随眠烦恼,是过去法、未来法,还是现在法?
အဖြေကား ထိုကိလေသာတို့သည် ဘူမိလဒ္ဓုပ္ပန္နသာလျှင် မည်ကုန်၏ဟူပေ။
答:这些烦恼只称为‘依地而得的已生烦恼’。
တာသု တာသု ဘူမီသု အသမူဟတံ အကုသလံ ဘူမိလဒ္ဓုပ္ပန္နံ နာမ။ ဧတ္ထ စ ဘူမိယာ ဘူမိလဒ္ဓဿ စ နာနတ္တံ ဝေဒိတဗ္ဗံ။ ဘူမီတိ ဟိ ဝိပဿနာယ အာရမ္မဏဘူတာ တေဘူမကာ ပဉ္စက္ခန္ဓာ။ ဘူမိလဒ္ဓံ နာမ တေသု ခန္ဓေသု ဥပ္ပတ္တိရဟံ ကိလေသဇာတံ။ တေန ဟိ သာ ဘူမိလဒ္ဓါ နာမ ဟောတီတိ တသ္မာ ဘူမိလဒ္ဓန္တိ ဝုစ္စတိ၊ သာ စ ခေါ န အာရမ္မဏဝသေန။ အာရမ္မဏဝသေန ဟိ သဗ္ဗေပိ အတီတာနာဂတေ ပရိညာတေပိ စ ခီဏာသဝါနံ ခန္ဓေ အာရဗ္ဘ ကိလေသာ ဥပ္ပဇ္ဇန္တိ မဟာကစ္စာန-ဥပ္ပလဝဏ္ဏာဒီနံ ခန္ဓေ အာရဗ္ဘ သောရေယျသေဋ္ဌိ-နန္ဒမာဏဝကာ- ဒီနံ ဝိယ။ ယဒိ စ တံ ဘူမိလဒ္ဓံ နာမ သိယာ၊ တဿ အပ္ပဟေယျတော န ကောစိ ဘဝမူလံ ပဇဟေယျ။
巴利《清净之道》原文(缅文字体):“တာသု တာသု ဘူမီသု အသမူဟတံ အကုသလံ ဘူမိလဒ္ဓုပ္ပန္နံ နာမ။ ဧတ္ထ စ ဘူမိယာ ဘူမိလဒ္ဓဿ စ နာနတ္တံ ဝေဒိတဗ္ဗံ။ ဘူမီတိ ဟိ ဝိပဿနာယ အာရမ္မဏဘူတာ တေဘူမကာ ပဉ္စက္ခန္ဓာ။ ဘူမိလဒ္ဓံ နာမ တေသု ခန္ဓေသု ဥပ္ပတ္တိရဟံ ကိလေသဇာတံ။ တေန ဟိ သာ ဘူမိလဒ္ဓါ နာမ ဟောတီတိ တသ္မာ ဘူမိလဒ္ဓန္တိ ဝုစ္စတိ၊ သာ စ ခေါ န အာရမ္မဏဝသေန။ အာရမ္မဏဝသေန ဟိ သဗ္ဗေပိ အတီတာနာဂတေ ပရိညာတေပိ စ ခီဏာသဝါနံ ခန္ဓေ အာရဗ္ဘ ကိလေသာ ဥပ္ပဇ္ဇန္တိ မဟာကစ္စာန-ဥပ္ပလဝဏ္ဏာဒီနံ ခန္ဓေ အာရဗ္ဘ သောရေယျသေဋ္ဌိ-နန္ဒမာဏဝကာ- ဒီနံ ဝိယ။ ယဒိ စ တံ ဘူမိလဒ္ဓံ နာမ သိယာ၊ တဿ အပ္ပဟေယျတော န ကောစိ ဘဝမူလံ ပဇဟေယျ။
ဝတ္ထုဝသေန ပန ဘူမိလဒ္ဓံ ဝေဒိတဗ္ဗံ။ ယတ္ထ ယတ္ထ ဟိ ဝိပဿနာယ အပရိညာတာ ခန္ဓာ ဥပ္ပဇ္ဇန္တိ၊ တတ္ထ တတ္ထ ဥပ္ပါဒတော ပဘုတိ တေသု ဝဋ္ဋမူလံ ကိလေသဇာတံ အနုသေတိ။ တံ အပ္ပဟီနဋ္ဌေန ဘူမိလဒ္ဓန္တိ ဝေဒိတဗ္ဗံ။
ဝတ္ထုဝသေန ပန ဘူမိလဒ္ဓံ ဝေဒိတဗ္ဗံ။ ယတ္ထ ယတ္ထ ဟိ ဝိပဿနာယ အပရိညာတာ ခန္ဓာ ဥပ္ပဇ္ဇန္တိ၊ တတ္ထ တတ္ထ ဥပ္ပါဒတော ပဘုတိ တေသု ဝဋ္ဋမူလံ ကိလေသဇာတံ အနုသေတိ။ တံ အပ္ပဟီနဋ္ဌေန ဘူမိလဒ္ဓန္တိ ဝေဒိတဗ္ဗံ။”译:“在各自诸地中尚未拔除的不善,称为依地而得的已生。这里应当知道地与依地而得的差别。所谓地,是作为观之所缘的三地五蕴;所谓依地而得,是堪能在这些蕴中生起的一类烦恼。因为这一类烦恼得到了那个地,所以称为依地而得;但这不是依所缘而得。若依所缘而说,一切烦恼也会缘过去蕴、未来蕴,乃至漏尽者已经遍知的诸蕴而生,就像输雷耶长者子与难陀青年缘大迦旃延、莲华色等人的诸蕴而生烦恼一样。如果这也称为依地而得,那么因为那种烦恼不是本人圣道所能舍断,便没有任何人能舍断有之根。应当依所依事理解依地而得:凡在某处有尚未以观遍知的诸蕴生起,从那些蕴生起之初开始,作为轮回根本的一类烦恼便随眠其中;应当知道,因为它尚未舍断,所以称为依地而得。”
(ဝိသုဒ္ဓိ-၂-၃၂၈-၃၂၉။)
(《清净之道》2-328—329。)
လူနတ် စသည်တို့၏ အတ္တဘောဟု ဆိုအပ်သော ထိုထို ဥပါဒါနက္ခန္ဓာတို့၌ ထိုထိုရုပ်နာမ် အစဥ်သန္တာန်၌ နောင်တစ်ဖန် မဖြစ်ခြင်း သဘောရှိသည်၏ အဖြစ်သို့ မရောက်စေအပ်သေးသည်၏ အဖြစ်ကြောင့် အရိယမဂ်ဖြင့် မပယ်နှုတ်အပ်သေးသော၊ အရိယမဂ်ဖြင့် အကြွင်းမဲ့ မပယ်နှုတ်အပ်သေးသည်၏ အဖြစ်ကြောင့်ပင်လျှင် မရှိဟူ၍ မဆိုထိုက်ရကား ဖြစ်ခြင်းသဘောရှိသော ဥပ္ပန္နဟု ခေါ်ဝေါ်ထိုက်သော အကုသိုလ်သည် ဘူမိလဒ္ဓုပ္ပန္န မည်၏။
在每一位众生等所谓自体的各个五取蕴、各自色名相续中,由于烦恼尚未被导至未来不再生起,尚未由圣道拔除、断尽无余,所以不能说它不存在;这种仍有生起可能的不善,便称为‘依地而得的已生’。

本页是帕奥禅师缅文「五大册」第五册(趣向涅槃之道·第五册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。卷前、正文与原书索引均与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。