行道智见清净释(之五)

《趣向涅槃之道》中文全译本 · 非缩略版

观禅篇 · 原书第 375–402 页 · 221 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 375 页
ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- သင်္ခါရုပေက္ခာဉာဏ်ခန်း အားဖြင့် နှလုံးသွင်းသည်ဖြစ်၍ ဝုဋ္ဌာနဂါမိနိဝိပဿနာကို အရိယမဂ်နှင့် စပ်စေ၏၊ ထိုယောဂါဝစရပုဂ္ဂိုလ်၏ ထိုအရိယမဂ်သည် အနိမိတ္တဝိမောက္ခ သို့မဟုတ် အနိမိတ္တဝိမောက္ခမုခ အမည်ရပေသည်။ ထိုအရိယမဂ်သည် အနိမိတ္တအခြင်းအရာအားဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြု၏ ဟု ဆိုအပ်ပေသည်။
——其圣道便称为无相解脱或无相解脱门,也称为以无相行相现前涅槃。
(ပဋိသံ-၂၄၄-၂၅၄။ ဝိသုဒ္ဓိ-၂-၂၉၅-၂၉၆ - ကြည့်ပါ။)
(参见《无碍解道》244、254;《清净之道》2-295—296。)
နိဗ္ဗာန်တရားတော်မြတ်၏ ထိုသို့သော အနိမိတ္တာကာရ = သင်္ခါရနိမိတ်မှ ဆိတ်သုဥ်းသော အခြင်းအရာကို အရိယမဂ်သည်လည်း မပြုအပ်၊ ဝိပဿနာဉာဏ်သည်လည်း မပြုအပ်။ စင်စစ်သော်ကား သဘာဝအားဖြင့်သာ ပြီး၏။ နိဗ္ဗာန်တရားတော်မြတ်ကြီးသည် တစ်စုံတစ်ခုသော အကြောင်းတရားတို့က မပြုပြင်အပ်သော အသင်္ခတ- ဓာတ် ဖြစ်သောကြောင့် ဖြစ်၏။ ထို အနိမိတ္တ နိဗ္ဗာန်လျှင် အာရုံရှိသည်၏ အဖြစ်ကြောင့် အရိယမဂ်ကို အနိမိတ္တဟု ဆိုအပ်ပေသည်။ (ဝိသုဒ္ဓိ-၂-၂၉၆ - ကြည့်ပါ။)
涅槃的这种无相行相,即完全没有行相的性质,并不是圣道或观智造作出来的,而是自然如此。因为涅槃是不由任何因缘造作的无为界。正因圣道以无相涅槃为所缘,圣道才被称为无相。(参见《清净之道》2-296。)
သဒ္ဓိန္ဒြေ အဖြစ်များပုံ
信根如何偏盛
ယောဂါဝစရပုဂ္ဂိုလ်သည် သင်္ခါရတရားတို့ကို လက္ခဏာယာဥ်သုံးချက်ကို တစ်လှည့်စီ တင်၍ ဝိပဿနာ ရှုပွားသုံးသပ်လာရာ အထူးသဖြင့် အနိစ္စာနုပဿနာဉာဏ်သည် ထက်မြက်စူးရှလာ၏ ရဲရင့်လာ၏။ ထိုအခါ ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် သဒ္ဓိန္ဒြေသည် လွန်ကဲလာ၏။ မှန်ပေသည် ----- အားထုတ်ခါစ၌ ''သင်္ခါရ တရားတို့သည် အနိစ္စဖြစ်ကုန်၏''ဟု ယုံကြည်ခြင်း သဒ္ဓါမျှဖြင့် ကျင့်လာ၍ ဝိပဿနာဉာဏ်သည် လွန်ကဲခြင်း အထွတ်အထိပ်သို့ ရောက်လာလတ်သော် ရွက်နုစသည့် သက်မဲ့ ဗဟိဒ္ဓလောက၌ သြဇဋ္ဌမကရုပ်တို့၏ အနိစ္စဖြစ်မှုကို ဉာဏ်ဖြင့် မြင်သကဲ့သို့ ဉာဏ်၌ ထင်နေသကဲ့သို့ ၊ အလားတူပင် ပတ္တမြား ရွှေ စသည်တို့၌လည်း သြဇဋ္ဌမကရုပ် ဟူသော သင်္ခါရတရားတို့၏ အနိစ္စဖြစ်မှုကို အလွန်အကဲနှင့် တကွ ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက် သိမြင်နေ၏။
禅修者轮流把三相提到诸行上而修观审察时,尤其是无常随观智变得锐利勇健,信根便在其相续中偏盛。确实,初开始时,他只是相信‘诸行无常’而修行;当观智达到顶峰,他以现见智亲自彻知:如嫩叶等外在无情世间中的食素八法聚是无常,红宝石、黄金等中的食素八法聚诸行也同样无常。
〔မှတ်ချက် ----- ရူပသတ္တက ရှုနည်းဝယ် ဓမ္မတာရုပ် ရှုသည့်အပိုင်းကို အသင်သူတော်ကောင်းသည် ပြန်လည်၍ အာရုံယူထားပါ။ သစ်ရွက်နုစသည်တို့ကိုလည်းကောင်း၊ ပတ္တမြား ရွှေ စသည်တို့ကိုလည်းကောင်း ဝိပဿနာဉာဏ်ရောင်ဖြင့် ထိုးစိုက်၍ ယင်းတို့၌ တည်ရှိနေသော ဓာတ်ကြီးလေးပါးကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုလိုက်သောအခါ ဥတုဇသြဇဋ္ဌမကရုပ် = ရုပ်ကလာပ် တစ်ခုတစ်ခု အတွင်း၌ တည်ရှိသော တေဇော- ဓာတ် ဥတုကြောင့် ရှေ့နောက် အစဥ်မပြတ် ဆက်စပ်လျက် အထပ်ထပ် ဖြစ်နေသော သြဇာလျှင် (၈)ခုမြောက် ရှိသော ရုပ်တရား အစုအပုံဟူသော သင်္ခါရတရား အစုအပုံကိုသာ ယောဂါဝစရပုဂ္ဂိုလ်သည် တွေ့မြင်နေမည် ဖြစ်၏။ ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းသင်္ခါရတရားတို့ကို ဝိပဿနာဉာဏ်ဖြင့် ကြိတ်ချေလိုက်သောအခါ ယင်း သင်္ခါရတရားတို့၏ အနိစ္စသဘောကိုသာ လွန်လွန်ကဲကဲ ဝိပဿနာဉာဏ်ဖြင့် တွေ့မြင်နေ၏ဟု ဆိုလိုသည်။〕
〔注:请回忆色七法中观自然色的方法。以观智之光照射嫩叶、红宝石、黄金等,并观见其中四大时,禅修者只会看见时节生食素八法聚,也就是每一色聚中火界时节不断相续地产生、以食素为第八法的色法聚。以观智碾碎这些诸行时,观智只会极为清楚地看见它们的无常性质。〕
သင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာကို ထိုသို့ ပစ္စက္ခဉာဏ်ဖြင့် ထိုးထွင်းသိမြင်နေသော ယောဂါဝစရ ပုဂ္ဂိုလ်၏ သန္တာန်၌ ----- ''သမ္မာသမ္ဗုဒ္ဓေါ ဝတ သော ဘဂဝါ = ထိုဘုရားရှင်သည် မဖောက်မပြန် ကိုယ်ပိုင်ဉာဏ်ဖြင့် ကိုယ်တိုင် မှန်စွာ သင်္ခါရ ဝိကာရ လက္ခဏ နိဗ္ဗာန် ပညတ်တည်းဟူသော သိသင့် သိထိုက်သည့် ညေယျဓမ်တရား ငါးပါးတို့ကို သိတော်မူသည့် သမ္မာသမ္ဗုဒ္ဓ ဘုရားရှင် စင်စစ် ဖြစ်တော်မူပါပေစွတကား''ဟု ----- ဆရာဖြစ်တော်မူသော ဘုရားရှင်၏ အပေါ်၌ အလွန်အားကြီးသော ယုံကြည်မှု သဒ္ဓါတရားသည် ဖြစ်ပေါ် လာ၏၊ ထိုကြောင့် ထိုယောဂါဝစရပုဂ္ဂိုလ်သည် သဒ္ဓါဓိမောက္ခ အဖြစ်များသည်လည်းကောင်း၊ လွန်ကဲသော
如此以现见智洞彻诸行无常的禅修者,会生起对导师佛陀极其强盛的信:巴利语‘သမ္မာသမ္ဗုဒ္ဓေါ ဝတ သော ဘဂဝါ’——‘世尊确实是无上正自觉者!’世尊以不颠倒的自证智,亲自如实了知有为法、变异法、特相法、涅槃与概念这五类应知法。因此,这位禅修者的信胜解偏盛,并具足强盛的——
原书第 376 页
သဒ္ဓါတရားနှင့် ပြည့်စုံသည်လည်းကောင်း ဖြစ်ရပေသည်။ ထိုသို့ သဒ္ဓါတရားနှင့် ပြည့်စုံနေသော သဒ္ဓိန္ဒြေ လွန်ကဲနေသော ယောဂါဝစရပုဂ္ဂိုလ်၏ အဓိစိတ္တအမည်ရသော ဝိပဿနာဘာဝနာစိတ်သည် အနုလောမဉာဏ် စသည့် ဉာဏ်စဥ် အဆင့်ဆင့်သို့ တက်ရောက်၍ အနိမိတ္တ အမည်ရသော အသင်္ခတဓာတ်၌ ပြေးဝင်ခြင်းငှာလည်း ဖြစ်၏။ ထိုကြောင့် ယင်းအနိစ္စာနုပဿနာဉာဏ်၏ အဆုံး၌ ဖြစ်ပေါ်လာသော အရိယမဂ်ဉာဏ်သည် အနိမိတ္တ ဝိမောက္ခမုခ အမည်ရပေသည်။ (မဟာဋီ-၂-၄၆၁-၄၆၂။)
——信。信根如此偏盛的禅修者,其名为增上心的观修心,依次提升到随顺智等各级智,准备趋入名为无相的无为界。因此,在无常随观智终点生起的圣道智,称为无相解脱门。(《大复注》2-461—462。)
ဒုက္ခာနုပဿနာ = အပ္ပဏိဟိတဝိမောက္ခ
苦随观与无愿解脱
သင်္ခါရတရားတို့ကို လက္ခဏာယာဥ်သုံးချက်ကို တစ်လှည့်စီ တင်၍ ရှုပွားလာရာ ဒုက္ခလက္ခဏာ အထင်များ သဖြင့် ဒုက္ခလက္ခဏာကိုပင် ဦးစားပေး၍ တွင်တွင် ရှုနေ၏။ ထိုယောဂါဝစရပုဂ္ဂိုလ်၏ ဒုက္ခာနုပဿနာဉာဏ်သည် သင်္ခါရတရားတို့၏ ဒုက္ခသဘောမှန်ကို ထင်ရှားပြနေ၏။ ထိုသို့ ဒုက္ခာနုပဿနာဉာဏ်က သင်္ခါရတရားတို့၏ ဒုက္ခသဘောမှန်ကို ထင်ရှားပြနေသဖြင့် ထိုယောဂါဝစရပုဂ္ဂိုလ်၏ ဘာဝနာစိတ်သည် ထိတ်လန့်လာ၏၊ ကြောက်- သော အခြင်းအရာအားဖြင့် ဖြစ်ပေါ်လာ၏ (ဉာဏဘယ ဟူလို)။ ထိုသို့ သင်္ခါရတရားတို့၏ သဘောမှန်ကို = ဖြစ်-ပျက် ဒဏ်ချက်ဖြင့် အမြဲမပြတ် အနှိပ်စက်ခံရမှု ဒုက္ခသဘောမှန်၊ ပြိုပြို ပျက်ပျက်နေသဖြင့် ကြောက်လန့်- ဖွယ်ကောင်းသည့် ဒုက္ခသဘောမှန်ကို ထင်ရှားပြခြင်းဖြင့် ထိတ်လန့်စေအပ်သော ဒုက္ခာနုပဿနာ ဘာဝနာစိတ်- သည် ကောင်းမြတ်မှန်ကန်သော သမ္မာပဋိပတ်ကျင့်စဥ်၌ စိတ်ကို ကောင်းစွာ ထက်မြက်စေသည် မည်ပေသည်။
禅修者轮流把三相提到诸行上修观时,由于苦相显现得特别多,便以苦相为先而反复观照。其苦随观智清楚显示诸行真实的苦性;正因苦性如此显现,禅修心会惊惧,以智所怖畏的方式生起。诸行不断受生灭冲击、不断崩解,真实可怖的苦性被苦随观智清楚显示,受此惊惧的修心便在正确的正行中善加锐利。
ထိုကြောင့် ဒုက္ခာနုပဿနာ ဘာဝနာစိတ်သည် စိတ်ကို ထိတ်လန့်စေခြင်းငှာလည်း ဖြစ်၏၊ သမ္မာပဋိပတ်ကျင့်စဥ်၌ ထက်မြက်စေခြင်းငှာလည်း ဖြစ်၏။
所以,苦随观的修心既能令心惊惧,也能使心在正行中锐利。
တစ်ဖန် ယင်းဒုက္ခာနုပဿနာဉာဏ်ကို အဖန်တလဲလဲ ကြိုးစားအားထုတ်နေသော ယောဂါဝစရပုဂ္ဂိုလ်သည် ''သင်္ခါရတရားတို့ကား ဒုက္ခတို့သာတည်း၊ ထိုသင်္ခါရတရားတို့၏ ဆန့်ကျင်ဘက်အားဖြင့် သင်္ခါရတရားတို့၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်တရားတော်မြတ်သည်ကား သုခစင်စစ်တည်း''ဟု ဤသို့ နှလုံးသွင်းသည်၏ အစွမ်းဖြင့် နိဗ္ဗာန်တရားတော်မြတ်ကြီး၏ ငြိမ်းအေးမှု မွန်မြတ်မှု ချမ်းသာမှု = သန္တ-ပဏီတ-သုခ၏အဖြစ်ကို နှလုံးသွင်းလျက် ရှိနေရကား ထိုယောဂါဝစရပုဂ္ဂိုလ်၏ စိတ်သည် အမြဲမပြတ် နှစ်သက်ဝမ်းမြောက်ခြင်း ပီတိပါမောဇ္ဇတရားနှင့် ယှဥ်နေခြင်းကြောင့် ပဿဒ္ဓိဗဟုလ = ပဿဒ္ဓိ အဖြစ်များ၍ နေပေ၏။
反复精勤修习苦随观智的禅修者这样作意:‘诸行纯然是苦;与诸行相反,诸行止息的涅槃才是真正的乐。’因此,他不断作意涅槃的寂静、殊胜与安乐,即寂静、胜妙、安乐的性质;其心持续与喜悦欢欣相应,轻安因而偏盛。
ထိုသို့ ပဿဒ္ဓိ အဖြစ်များသောကြောင့် လွန်ကဲသော သမာဓိန္ဒြေကို ရရှိသဖြင့် ရာဂပဏိဓိ ဒေါသပဏိဓိ မောဟပဏိဓိ = သင်္ခါရတရားတို့၌ ရာဂ ဒေါသ မောဟ ဟူသော တောင့်တခြင်းသည် ဝေးကွာသွား၏။ ရာဂ- ပဏိဓိ စသည်မှ ဝေးစွာ ဖြစ်ခြင်းကြောင့် ထိုဒုက္ခာနုပဿနာဉာဏ်သည် အပ္ပဏိဟိတဝိမောက္ခ အမည်ရသော အရိယမဂ်ဉာဏ်ကို ရခြင်း၏ အကြောင်း ဖြစ်သွားပေသည်။
因为轻安偏盛,他获得偏盛的定根,远离对诸行的贪愿、瞋愿、痴愿,即远离以贪、瞋、痴希求诸行。由于远离贪愿等,苦随观智便成为证得名为无愿解脱的圣道智之因。
ယောဂါဝစရပုဂ္ဂိုလ်သည် သင်္ခါရတရားတို့ကို သိမ်းဆည်း၍ ဝိပဿနာကို ပွားများအားထုတ်သည်ရှိသော် ဒုက္ခာနုပဿနာဉာဏ်ဖြင့် ရာဂပဏိဓိ စသည်၏ ဝေးစွာ ဖြစ်ခြင်းကို ပြုလုပ်သဖြင့် ရာဂဟူသော တောင့်တခြင်း ကင်းရာ နိဗ္ဗာန်သို့ စိတ်ညွတ်ကိုင်းရှိုင်းလျက် ဝုဋ္ဌာနဂါမိနိဝိပဿနာဉာဏ်ကို အရိယမဂ်ဉာဏ်နှင့် ဆက်စပ်မိစေ၏။
禅修者摄取诸行而精勤修观时,苦随观智使他远离贪愿等;心倾向、趋入离贪愿的涅槃,使趣向出起观智与圣道智相接。
ထိုယောဂါဝစရပုဂ္ဂိုလ်၏ ထိုအရိယမဂ်ဉာဏ်သည် အပ္ပဏိဟိတာကာရ = ရာဂစသော တောင့်တခြင်းကင်းသော အခြင်းအရာအားဖြင့် နိဗ္ဗာန်ကို အာရုံပြု၍ ဖြစ်ပေါ်လာသောကြောင့် အပ္ပဏိဟိတ အမည်ရပေသည်။ ဆိုင်ရာ ကိလေသာတို့မှ ကောင်းစွာ လွတ်မြောက်သောကြောင့် ဝိမောက္ခလည်း အမည်ရပေသည်။ သတ္တလောက အမည်ရသော သတ္တဝါအပေါင်း၏ လောကသုံးပါးမှ ထွက်မြောက်ခြင်း၏ အကြောင်းဖြစ်သောကြောင့် မုခလည်း
他的圣道智缘取涅槃,以离贪等希求的无愿行相生起,所以称为无愿;由于从相应烦恼善加解脱,所以称为解脱;又因为它是有情世间的一切有情从三界出离的门户,所以称为门——
原书第 377 页
ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- သင်္ခါရုပေက္ခာဉာဏ်ခန်း အမည်ရ၏။ ထိုကြောင့် ထိုယောဂါဝစရပုဂ္ဂိုလ်၏ ထိုအရိယမဂ်သည် အပ္ပဏိဟိတဝိမောက္ခလည်း မည်ပေသည်၊ အပ္ပဏိဟိတဝိမောက္ခမုခလည်း မည်ပေသည်။ (ဝိသုဒ္ဓိ-၂-၂၉၅-၂၉၆။ မဟာဋီ-၂-၄၆၂ - ကြည့်ပါ။)
——因此,其圣道既称无愿解脱,也称无愿解脱门。(《清净之道》2-295—296;参见《大复注》2-462。)
အနတ္တာနုပဿနာ = သုညတဝိမောက္ခ
无我随观与空解脱
ယောဂါဝစရပုဂ္ဂိုလ်သည် သင်္ခါရတရားတို့ကို သိမ်းဆည်း၍ လက္ခဏာယာဥ်သုံးချက်ကို တစ်လှည့်စီ တင်၍ ဝိပဿနာရှုလာရာ အနတ္တာနုပဿနာဉာဏ်အမြင်သန်သဖြင့် အနတ္တာနုပဿနာကို တွင်တွင်ကြီး နှလုံးသွင်းနေ၏။
禅修者摄取诸行,轮流把三相提到诸行上而修观时,无我随观智的观见强盛,便持续、着重地作意无我随观。
ယင်းအနတ္တာနုပဿနာ၏ စွမ်းအင်ကြောင့် ဝိပဿနာဘာဝနာစိတ်သည် အတ္တရှိ၏ဟု စွဲယူသော အယူမှားမှ ဝေးကွာသွား၏၊ အနတ္တာနုပဿနာဉာဏ်က အတ္တရှိ၏ဟု စွဲယူမှု အတ္တစွဲမှ ဝိပဿနာဘာဝနာစိတ်ကို ဝေးကွာ- သွားအောင် ပြုလုပ်ပေး၏။ သင်္ခါရတရားတို့၌ အတ္တမှ ကင်းဆိတ်မှု အတ္တ-သုညတသဘောသို့ ဉာဏ်အမြင် ဆိုက်နေ၏၊ သင်္ခါရတရားတို့သည် သုညတသဘောအားဖြင့် ထိုယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝ၌ ထင်လာကုန်၏။
依无我随观的力量,观修心远离‘有自我’的邪执;无我随观智使观修心摆脱执有自我的我执。智见抵达诸行空无自我、我空的性质,诸行便以空性显现在禅修者的智门。
ယင်းအတ္တ-သုညတသဘောတရား၏ သိမ်မွေ့သော ဉာဏ်၏ အာရုံဖြစ်သောကြောင့် အနတ္တာနုပဿနာဉာဏ်ကို ပွားများအားထုတ်နေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ပညိန္ဒြေ အဖြစ်များလာ၏။ (ဤ၌ ပညိန္ဒြေဟူသည် သင်္ခါရတရားတို့၏ အနိစ္စသဘော ဒုက္ခသဘော အထူးသဖြင့် အနတ္တသဘောတို့ကို ထိုးထိုးထွင်းထွင်း ရှင်းရှင်း လင်းလင်းကြီး သိမှုကို ဆိုလိုပေသည်။ )ထိုသို့ ပညိန္ဒြေ အဖြစ်များသောကြောင့် လွန်ကဲသော ပညိန္ဒြေကို ရရှိသဖြင့် မောဟ = အဝိဇ္ဇာလည်း ဝေးကွာသွား၏။ (သင်္ခါရတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက် သဘော- မှန်တို့ကို မသိမှုကား မောဟ = အဝိဇ္ဇာပင်တည်း။) ယင်းသို့ မောဟ = အဝိဇ္ဇာ၏ ဝေးကွာမှုကြောင့် အနတ္တာ- နုပဿနာဉာဏ်ကို ပွားများအားထုတ်သော ယောဂါဝစရပုဂ္ဂိုလ်သည် အနတ္တာနုပဿနာဉာဏ်၏ အဆုံး၌ သုညတဝိမောက္ခ အမည်ရသော အရိယမဂ်ဉာဏ်ကို ရရှိနိုင်ပေသည်။
因为这种我空性质是微细的智所缘,修习无我随观智的禅修者,其慧根会偏盛。这里的慧根,是清楚透彻地了知诸行的无常、苦,尤其无我的性质。慧根如此偏盛,便使痴即无明远离;不知诸行无常、苦、无我真实性质,就是痴、无明。由于无明远离,修习无我随观智的禅修者,能在无我随观智终点证得名为空解脱的圣道智。
ယောဂါဝစရပုဂ္ဂိုလ်သည် အနတ္တာနုပဿနာဉာဏ်၏ စွမ်းအင်ကြောင့် သင်္ခါရတရားတို့၌ အတ္တဟု စွဲယူမှု အတ္တစွဲမှ ဝေးကွာသွားသဖြင့် အနတ္တာနုပဿနာဉာဏ်က ဝိပဿနာဘာဝနာစိတ်ကို အတ္တစွဲမှ ဝေးကွာသွားအောင် ပြုလုပ်ပေးသဖြင့် ဝိပဿနာဘာဝနာစိတ်သည် အတ္တမှ ကင်းဆိတ်သည်၏ အဖြစ်ကြောင့် သုညတဟု ရအပ်သော အမည်ရှိသော အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကို နှလုံးသွင်း ညွတ်ကိုင်းရှိုင်းလျက် ဝုဋ္ဌာနဂါမိနိ အမည်ရသော ဝိပဿနာဉာဏ်ကို အရိယမဂ်ဉာဏ်နှင့် ဆက်စပ်မိစေ၏။ ဤသည်ကိုပင် အလုံးစုံသော သင်္ခါရတရားတို့ကို သူစိမ်းပြင်ပ ပရအားဖြင့် ရှုခြင်းကြောင့် သုညတဓာတ်သို့ စိတ်သည် ပြေးသွားသက်ဝင်သွား၏ ဟု ဆိုပေသည်။
依无我随观智的力量,禅修者远离对诸行的我执;无我随观智使观修心摆脱我执,观修心因而空无自我。它作意并倾向因空无自我而名为空的无为寂静界涅槃,使趣向出起观与圣道智相接。这也就是:由于把一切诸行观作异己、外在的‘他’,心便疾趋、证入空界。
အတ္တမှ ဆိတ်သုဥ်းသော သုညတာကာရ = သုညတအခြင်းအရာအားဖြင့် နိဗ္ဗာန်ကို အာရုံပြု၍ အရိယ- မဂ်ဉာဏ်သည် ဖြစ်ပေါ်လာသောကြောင့် ယင်းအရိယမဂ်ဉာဏ်ကို သုညတဟူ၍ သိပါလေ။ ယင်းအရိယမဂ်- ဉာဏ်သည် ဆိုင်ရာကိလေသာတို့မှ လွတ်မြောက်သောကြောင့် ဝိမောက္ခလည်း အမည်ရ၏၊ သတ္တလောက အမည်ရသော သတ္တဝါအပေါင်း၏ လောကသုံးပါးမှ ထွက်မြောက်ခြင်း၏ အကြောင်းရင်း ဖြစ်သောကြောင့် မုခလည်း အမည်ရ၏။ ထိုကြောင့် ထိုယောဂါဝစရပုဂ္ဂိုလ်၏ ထိုအရိယမဂ်သည် သုညတဝိမောက္ခ သို့မဟုတ် သုညတဝိမောက္ခမုခ မည်ပေသည်။ (ဝိသုဒ္ဓိ-၂-၂၉၅-၂၉၆။ မဟာဋီ-၂-၄၆၂။)
圣道智缘取涅槃,以空无自我的空行相生起,所以称为空;由于从相应烦恼解脱,所以又称解脱;因为它是有情世间的一切有情从三界出离的门户,所以又称为门。因此,其圣道称为空解脱或空解脱门。(《清净之道》2-295—296;《大复注》2-462。)
原书第 378 页
မုချ နှင့် ပရိယာယ်
直接义与间接义
အဘိဓမ္မာ ဓမ္မသင်္ဂဏီပါဠိတော် (အဘိ-၁-၈၄-၈၅) ၌ အပ္ပဏိဟိတဝိမောက္ခ၊ သုညတဝိမောက္ခ ဟု ဝိမောက္ခ နှစ်မျိုးကိုသာ ဘုရားရှင်သည် ဟောကြားထားတော်မူခဲ့၏။ ယင်းဟောကြားထားတော်မူသည့် အဘိဓမ္မာ ဒေသနာတော်ကား ပရမတ္ထဒေသနာတော်ဖြစ်သဖြင့် မုချအားဖြင့် ဟောကြားထားတော်မူသည့် ဒေသနာတော်ပင် ဖြစ်သည်။
在阿毗达磨《法集论》(《阿毗达磨》1-84—85)中,世尊只宣说无愿解脱与空解脱两种解脱。这里的阿毗达磨教说是胜义教说,所以是依直接义而说的教法。
ပဋိသမ္ဘိဒါမဂ္ဂပါဠိတော် (ပဋိသံ-၂၆၂-၂၆၃။)စသည့် သုတ္တန်ဒေသနာတော်တို့၌ကား သုတ္တန္တိက ပရိယာယ် အားဖြင့် သုညတဝိမောက္ခ အနိမိတ္တဝိမောက္ခ အပ္ပဏိဟိတဝိမောက္ခဟု ဝိမောက္ခသုံးမျိုးကို ဟောကြားထား- တော်မူ၏။
在《无碍解道》(262—263)等经教中,则依经教的间接说法,宣说空解脱、无相解脱与无愿解脱三种解脱。
အရိယမဂ်ဉာဏ်သည် ယင်းဝိမောက္ခ အမည်များကို ရရှိခြင်းမှာ ဝိပဿနာဉာဏ်၏ အရိယမဂ်ဉာဏ်သို့ တိုင်အောင် ဆိုက်ရောက်လာပုံ အခြင်းအရာအားဖြင့်သာ ရရှိခြင်းဖြစ်သည်။
圣道智获得这些解脱名称,只是依观智抵达圣道智时所取的修行方式与行相而得名。
အနိစ္စာနုပဿနာဉာဏ်သည် သင်္ခါရတရားတို့၌ နိစ္စဟု စွဲယူမှု နိစ္စနိမိတ်ကို၊ ဒုက္ခာနုပဿနာဉာဏ်သည် သင်္ခါရတရားတို့၌ သုခဟု စွဲယူမှု သုခနိမိတ်ကို၊ အနတ္တာနုပဿနာဉာဏ်သည် သင်္ခါရတရားတို့၌ အတ္တဟု စွဲယူမှု အတ္တနိမိတ်ကို ဝိပဿနာအခိုက်ဝယ် တဒင်္ဂအားဖြင့် အရိယမဂ်ဉာဏ်အခိုက်ဝယ် သမုစ္ဆေဒအားဖြင့် ဖျက်ဆီးလျက် စွန့်လွှတ်၏။ ထိုကြောင့် ဤသုံးမျိုးသော အနုပဿနာသည် နိစ္စနိမိတ် သုခနိမိတ် အတ္တနိမိတ်ကို စွန့်လွှတ်- သောကြောင့် ယင်းနိမိတ်တို့မှ လွတ်သောကြောင့် အနိမိတ္တဝိမောက္ခ အမည်ရသည်ကား မှန်၏။
无常随观智在观禅阶段以彼分断、在圣道智阶段以正断,破除并舍弃执诸行为常的常相;苦随观智同样舍弃执诸行为乐的乐相;无我随观智同样舍弃执诸行为我的我相。因此,这三种随观舍离常相、乐相、我相,从这些相中解脱,称为无相解脱,确实有其道理。
သို့သော် အရိယမဂ်ဉာဏ်၏ အာရုံဖြစ်သော နိဗ္ဗာန်တရားတော်မြတ်ကြီးသည်ကား သင်္ခါရနိမိတ် လုံးလုံး ကင်းဆိတ်နေသောကြောင့် အနိမိတ္တတရားစစ် အဖြစ်ကြီး ဖြစ်တော်မူ၏။ အထက်ပါ အနိစ္စာနုပဿနာ စသော သုံးမျိုးသော အနုပဿနာတို့ကား သင်္ခါရတရားတို့ကိုသာလျှင် အာရုံယူ၍ ရှုပွားသုံးသပ်နေသော တရားများ ဖြစ်ကြသဖြင့် စင်စစ် သင်္ခါရနိမိတ်မှ မလွတ်မြောက်သေးပေ။
然而,作为圣道智所缘的殊胜涅槃完全离一切行相,才是真正的无相法。上述无常随观等三种随观仍只缘取诸行而观修审察,实际上还没有脱离行相。
အနိမိတ္တဉ္စ ဘာဝေဟိ၊ မာနာနုသယမုဇ္ဇဟ။ (ခု-၁-၃၂၉။) အနိမိတ္တာနုပဿနာကို ပွားများပါ၊ မာနာနုသယကို ပယ်နှုတ်ပါဟု ဝိဇယသုတ္တန်စသော ထိုထိုသုတ္တန် ဒေသနာတော်တို့၌ အနိမိတ္တာနုပဿနာကို ဘုရားရှင်သည် ဟောကြားထားတော်မူခဲ့၏။ ထိုဝိပဿနာသည် နိစ္စနိမိတ် ဓုဝနိမိတ် သုခနိမိတ် အတ္တနိမိတ်တို့ကို ခွာပင်ခွာငြားသော်လည်း မိမိဝိပဿနာဉာဏ် ကိုယ်တိုင်က သင်္ခါရနိမိတ်အာရုံတို့၌သာလျှင် လှည့်လည်ကျက်စားနေရတုန်း ရှိနေသေးသည့်အတွက် သနိမိတ္တတရားသာ = သင်္ခါရနိမိတ်ရှိသော တရားသာလျှင် ဖြစ်နေသေး၏။ သင်္ခါရနိမိတ်ကို မစွန့်နိုင်သေးသောကြောင့် မုချအားဖြင့် အနိမိတ္တ မမည်ပေ။ နိစ္စနိမိတ် ဓုဝနိမိတ် သုခနိမိတ် အတ္တနိမိတ်တို့ ကင်းဆိတ်ခြင်းတည်းဟူသော အကြောင်း ပရိယာယ်အားဖြင့်သာ အနိမိတ္တ အမည်ရခြင်း ဖြစ်သည်။ မုချအားဖြင့်ကား သုညတမည်သည်လည်းကောင်း အပ္ပဏိဟိတမည်သည်လည်းကောင်း ဖြစ်ပေ၏။ ထိုဝိပဿနာဉာဏ်၏လည်း အရိယမဂ်သို့ ရောက်ကြောင်း
巴利经文原句(缅文字体):‘အနိမိတ္တဉ္စ ဘာဝေဟိ၊ မာနာနုသယမုဇ္ဇဟ။ (ခု-၁-၃၂၉။)’译:‘应修习无相随观,应断除慢随眠。’世尊在《胜利经》等诸经中这样宣说无相随观。虽然这项观智能除去常相、恒常相、乐相与我相,但观智本身仍在以行相为所缘的范围中运行,所以仍是有相之法,即仍有行相。由于尚不能舍弃行相,依直接义不能称为无相;它只因为暂时离常相、恒常相、乐相与我相,才依间接义得名无相。依直接义,它则称为空,也称为无愿。这项观智也只是凭借其通往圣道的——
ကျင့်စဥ်၏ အစွမ်းဖြင့်သာလျှင် အရိယမဂ်ခဏ၌ ဝိမောက္ခကို ထုတ်ဆောင် ဟောကြားထားတော်မူအပ်၏။
——修行方式,才在圣道刹那被引申宣说为解脱。
ထိုသို့ ထုတ်ဆောင်ဟောကြားထားတော်မူအပ်သည်၏ အဖြစ်ကြောင့် အပ္ပဏိဟိတဝိမောက္ခနှင့် သုညတဝိမောက္ခ နှစ်မျိုးကိုသာလျှင် အဘိဓမ္မာ ဒေသနာတော်၌ ဟောကြားထားတော်မူအပ်၏ဟု သိရှိပါလေ။
正因为是如此引申而说,所以应知,阿毗达磨教说只宣说无愿解脱与空解脱两种。
(ဝိသုဒ္ဓိ-၂-၂၉၆-၂၉၇။ မဟာဋီ-၂-၄၆၂-၄၆၃ - ကြည့်ပါ။)
(参见《清净之道》2-296—297;《大复注》2-462—463。)
တစ်နည်း ----- အဘိဓမ္မာဒေသနာတော်ကား ပရမတ္ထဒေသနာ= မဖောက်မပြန် မှန်ကန်သော အနက်ကို ဟောသော ဒေသနာတော်ဖြစ်၏၊ အနိမိတ္တအမည်ရသော အရိယမဂ်သည်လည်း ပရမတ္ထအားဖြင့် အကြောင်း
另一种解释是:阿毗达磨教说属于胜义教说,是宣示真实不变之义的教法;而名为无相的圣道,依胜义而言,其命名之因——
原书第 379 页
ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- သင်္ခါရုပေက္ခာဉာဏ်ခန်း ချို့တဲ့သည်သာလျှင် ဖြစ်နေ၏။
——有所欠缺。
အနိစ္စာနုပဿနာ၏ အစွမ်းအားဖြင့် အနိမိတ္တဝိမောက္ခကို ပဋိသမ္ဘိဒါမဂ္ဂပါဠိတော် စသည်တို့၌ ဟောကြား- ထားတော်မူ၏။ ထိုအနိစ္စာနုပဿနာ ဘာဝနာလုပ်ငန်းရပ်ဖြင့် ဖြစ်ပေါ်လာသော အနိမိတ္တဝိမောက္ခ အမည်ရသော အရိယမဂ်တရား၌လည်း သဒ္ဓိန္ဒြေသည် လွန်ကဲလျက်ရှိ၏၊ ထိုသဒ္ဓိန္ဒြေသည် အရိယမဂ္ဂင် (၈)ပါး၌ အကျုံးဝင်သော တစ်ခုသော အင်္ဂါရပ်မျှသော်လည်း မဖြစ်ပေ။ သဒ္ဓိန္ဒြေသည် မိမိကိုယ်တိုင်က မဂ္ဂင်တရား မဟုတ်ခြင်းကြောင့် မိမိ၏ အကျိုးဖြစ်သော အရိယမဂ်အား အမည်နာမကို ပေးခြင်းငှာ မစွမ်းနိုင်ပေ။
《无碍解道》等依无常随观而宣说无相解脱。由这种无常随观修习所生、名为无相解脱的圣道,信根偏盛;但信根并不是八圣道支中的任何一支。信根本身既非道支,就不能把自己的名称赋予作为其果的圣道。
ဤအနိမိတ္တဝိမောက္ခမှ တစ်ပါးသော အခြားတစ်ပါးသော ဝိမောက္ခတို့၌ ဒုက္ခာနုပဿနာ၏ အစွမ်းဖြင့် အပ္ပဏိဟိတဝိမောက္ခကို၊ အနတ္တာနုပဿနာ၏ အစွမ်းဖြင့် သုညတဝိမောက္ခကို ဟောကြားထားတော်မူ၏။
在无相解脱之外的另外两种解脱中,依苦随观宣说无愿解脱,依无我随观宣说空解脱。
ထိုနှစ်ပါးသော ဝိမောက္ခတို့တွင် အပ္ပဏိဟိတဝိမောက္ခဖြင့် သမာဓိန္ဒြေသည်၊ သုညတဝိမောက္ခဖြင့် ပညိန္ဒြေသည် လွန်ကဲလျက်ရှိ၏။ ထိုသမာဓိန္ဒြေ ပညိန္ဒြေတို့ကား အရိယမဂ်၏ အင်္ဂါရပ်များ ဖြစ်ကြ၏၊ မဂ္ဂင် (၈)ပါးတွင် ပါဝင်ကြ၏။ ထိုသို့ အရိယမဂ်တရား၏ အင်္ဂါရပ်များ ဖြစ်ကြသောကြောင့် မိမိ၏ အကျိုးဖြစ်သော အရိယမဂ် တရားအား အမည်နာမကို ပေးခြင်းငှာ စွမ်းနိုင်ကြကုန်၏။
这两种解脱中,无愿解脱的定根偏盛,空解脱的慧根偏盛。定根与慧根都是圣道的构成部分,包含在八圣道支之内;正因为它们是圣道支,便能把名称赋予作为自己结果的圣道。
ဤသို့ ခပ်သိမ်းသော အခြင်းအရာအားဖြင့်လည်း အနိမိတ္တဝိပဿနာသည် မိမိကိုယ်တိုင်က မိမိလာရာ လမ်းကြောင်း၌ ရပ်တည်၍ မိမိ၏ အရိယမဂ်အား အမည်နာမကို ပေးခြင်းငှာ မစွမ်းနိုင်သောကြောင့် အနိမိတ္တ- မဂ်ကို အဘိဓမ္မာ ဓမ္မသင်္ဂဏီပါဠိတော်၌ မဟောအပ် မယူအပ်ဟု မှတ်ပါ။
综上所述,无相观本身不能立足于自己的来路、把名称赋予自己的圣道,所以应知,《法集论》阿毗达磨中不宣说、也不应成立所谓无相道。
(ဝိသုဒ္ဓိ-၂-၂၉၅-၂၉၆-၂၉၇။ အဘိ-ဋ္ဌ-၁-၂၆၇-၂၆၈-၂၆၉။ မဟာဋီ-၂-၄၆၂-၄၆၃ - ကြည့်ပါ။)
(参见《清净之道》2-295—297;《阿毗达磨义注》1-267—269;《大复注》2-462—463。)
သုညတ အမည်ရပုံ
如何得名为空
ဤအရာ၌ သုညတဟူသည် လောကုတ္တရာမဂ်တရား၏ နာမည် ဖြစ်၏။ ထိုလောကုတ္တရာမဂ်သည် ----- ၁။ အာဂမန = အရိယမဂ် ဖြစ်ပေါ်လာကြောင်း ဝိပဿနာ၊ ၂။ သဂုဏ = မိမိဟူသော အရိယမဂ်၏ဂုဏ်၊ ၃။ အာရမ္မဏ = အာရုံ = နိဗ္ဗာန် ----- ဤသုံးမျိုးကုန်သော အကြောင်းတရားတို့ကြောင့် သုညတ ဟူသော အမည်ကို ရရှိ၏၊ ရရှိပုံမှာ ဤသို့ ဖြစ်၏။ ----- ဤသာသနာတော်၌ ယောဂါဝစရရဟန်းတော်သည် သင်္ခါရတရားတို့ကို အနတ္တအားဖြင့် = အနတ္တဟု စွဲစွဲမြဲမြဲ နှလုံးသွင်း၍ သင်္ခါရတရားတို့ကို အနတ္တအားဖြင့်= အနတ္တဟု ရှု၏။ သို့သော် သင်္ခါရတရားတို့ကို အနတ္တဟု ရှုရုံသက်သက်မျှဖြင့် အနတ္တဟု ဝိပဿနာဉာဏ်ဖြင့် မြင်ရုံသက်သက်မျှဖြင့်ကား သင်္ခါရတရားတို့မှလည်းကောင်း ဝဋ်ဒုက္ခတို့မှလည်းကောင်း ထမြောက်တတ်သောကြောင့် ထမြောက်လျက် နိဗ္ဗာန်ဘက်သို့ တစ်ဟုန်တည်း ပြေးသွားတတ်သောကြောင့် ဝုဋ္ဌာနအမည်ရသော အရိယမဂ်တရားသည် မဖြစ်ပေါ်လာနိုင်။ အနိစ္စအားဖြင့်
这里的‘空’是出世间圣道法的名称。该出世间圣道由三种原因得名为空:一、来路,即作为圣道生起之因的观;二、自身功德,即圣道本身的功德;三、所缘,即涅槃。其得名方式如下。在本教法中,瑜伽行比丘起初持续作意诸行为无我,反复观诸行为无我。然而,只凭观诸行为无我、只凭观智见到无我,还不能令名为‘出起’的圣道生起;这圣道之所以称为出起,是因为它从诸行与轮回苦中出起,疾趋涅槃。还必须以观智观见诸行为无常——
လည်းကောင်း = အနိစ္စဟုလည်းကောင်း၊ ဒုက္ခအားဖြင့်လည်းကောင်း = ဒုက္ခဟုလည်းကောင်း ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုခြင်းငှာ သင့်မြတ်သည်သာ ဖြစ်ပေသည်။ ထိုကြောင့် အနိစ္စ ဒုက္ခ အနတ္တဟု သုံးမျိုးသော အနုပ- ဿနာသို့ စိတ်ကို တက်ရောက်စေ၍ စိတ်ကို တင်၍ သင်္ခါရတရားတို့ကို အနိစ္စဟု ဒုက္ခဟု အနတ္တဟု တစ်လှည့်စီ သုံးသပ်လျက် လှည့်လည်ရှုပွားနေ၏။ (ဝိပဿနာစိတ်သည် သင်္ခါရတရားတို့၏ အနိစ္စအချက်သို့ ရောက်လိုက် ဒုက္ခအချက်သို့ ရောက်လိုက် အနတ္တအချက်သို့ ရောက်လိုက် အားဖြင့် သင်္ခါရတရားတို့ကို သုံးသပ်လျက် လှည့်လည်
——也观见诸行为苦。因此,他令心轮流进入无常、苦、无我三种随观,轮番审察诸行为无常、苦、无我。也就是说,观心时而落在诸行的无常面,时而落在苦面,时而落在无我面,如此循环审察、观修——
原书第 380 页
ရှုပွားနေသည် ဟူလို။) သို့သော် ထိုယောဂါဝစရပုဂ္ဂိုလ်၏ ဝုဋ္ဌာနဂါမိနိဝိပဿနာသည် ဘုံသုံးပါး၌ ဖြစ်သည်လည်း ဖြစ်ကုန်သော သင်္ခါရတရားတို့ကို အတ္တမှ ကင်းဆိတ်၏သာ ဟူ၍ သုညချည်းသာ= သုညတချည်းသာ ဟူ၍ ရှုနေ၏။ ဤဝိပဿနာသည် သုညတဝိပဿနာ= သုညတာနုပဿနာ မည်၏။ (မူလက အနတ္တာနုပဿနာကို အခြေတည်လာသောကြောင့် အရိယမဂ်သို့ ဝင်ခါနီးဖြစ်သော ဝုဋ္ဌာနဂါမိနိဝိပဿနာ အခိုက်အတန့်၌ သင်္ခါရ တရားတို့ကို သုညတဟု ရှုတတ်သော အနတ္တာနုပဿနာသာ ဖြစ်ရမည် ဟူလိုသည်။) ထိုဝုဋ္ဌာနဂါမိနိဝိပဿနာ- သည် အရိယာမဂ်ဉာဏ်၏ ဖြစ်ပေါ်လာကြောင်း အကျင့်အရာ၌ တည်၍ မိမိ၏ အရိယမဂ်အား သုညတဟူသော အမည်ကို ပေး၏။ ဤသို့လျှင် အရိယမဂ်သည် မဂ်၏ ဖြစ်ပေါ်လာကြောင်း ဝိပဿနာကြောင့် သုညတဟူသော အမည်ကို ရရှိပေသည်။
——不过,这位瑜伽行者的趣向出起观,在最后观三界中生起的诸行为离我、纯然是空,因而称为空观或空随观。〔因为最初以无我随观为基础,所以在临近进入圣道的趣向出起观阶段,最后仍是能观诸行为无我、为空的无我随观。〕这项趣向出起观立足于作为圣道智生起之因的修行来路,把‘空’这一名称赋予自己的圣道。因此,圣道依作为其生起之因的观来路而得名为空。
နောက်တစ်မျိုးကား ထိုအရိယမဂ်သည် ရာဂ ဒေါသ မောဟတို့မှ ကင်းဆိတ်၏၊ ထိုသို့ ရာဂစသည်တို့မှ ကင်းဆိတ်သည်၏ အဖြစ်သည် အရိယမဂ်၏ ဂုဏ်ပင် ဖြစ်၏။ ယင်းမိမိ၏ ရာဂစသည်တို့မှ ကင်းဆိတ်မှု ဂုဏ်ကြောင့်လည်း အရိယမဂ်သည် သုညတဟူသော အမည်ကို ရရှိပေသည်။
另一种解释是:圣道空无贪、瞋、痴;这种离贪等的性质正是圣道本身的功德。圣道也因自身具备离贪等的功德而得名为空。
တစ်ဖန် နိဗ္ဗာန်တရားတော်မြတ်ကြီးကိုလည်း ရာဂစသည်တို့မှ ကင်းဆိတ်သည်၏ အဖြစ်ကြောင့် သုညတ ဟူ၍ပင် ခေါ်ဆိုအပ်ပေသည်။ ထိုသုညတ မည်သော နိဗ္ဗာန်တရားတော်မြတ်ကြီးကို အာရုံပြု၍ ဖြစ်ပေါ်လာ- သည်၏ အဖြစ်ကြောင့် အရိယမဂ်သည် နိဗ္ဗာန်ဟူသော အာရုံကြောင့်လည်း သုညတဟူသော အမည်ကို ရရှိပေသည်။
再者,殊胜涅槃也因为空无贪等而称为空。圣道缘取这名为空的涅槃而生,所以也依其涅槃所缘得名为空。
ထိုသုညတဟူသော အမည်ကို ရရှိနိုင်ကြောင်း အကြောင်းတရား သုံးမျိုးတို့တွင် သုတ္တန်ဒေသနာတော် နည်းအားဖြင့် မိမိဂုဏ်ကြောင့်လည်းကောင်း အာရုံကြောင့်လည်းကောင်း အရိယမဂ်သည် သုညတဟူသော အမည်ကို ရရှိ၏။ မှန်ပေသည် ----- ဤသုတ္တန် ဒေသနာတော်သည် ပရိယာယ် ဒေသနာတော်တည်း။ အဘိဓမ္မ ကထာ = အဘိဓမ္မာဒေသနာတော်သည်ကား ပရိယာယ်မဟုတ် မုချဒေသနာတော်တည်း။ ထို့ကြောင့် ဤအဘိဓမ္မာ အရာ၌ မိမိဂုဏ်ကြောင့်သော်လည်းကောင်း အာရုံကြောင့်သော်လည်းကောင်း သုညတဟူသော အမည်ကို မရနိုင်၊ အရိယမဂ်၏ ဖြစ်ပေါ်လာကြောင်း ဝိပဿနာဂမနကြောင့်သာလျှင် သုညတဟူသော အမည်ကို ရရှိနိုင်ပေသည်။
在这三种得名为空的原因中,依经教说法,圣道可以凭自身功德或所缘得名为空;因为经教是间接教说。阿毗达磨论说则不是间接教说,而是直接教说。因此在阿毗达磨中,不能凭自身功德或所缘得名为空,只能依作为圣道生起之因的观来路得名为空。
မှန်ပေသည် ----- အာဂမနသည်သာလျှင် ဓုရ = ပဓာနဖြစ်၏၊ ပြဓာန်း၏၊ ထိုအာဂမနသည် ----- ၁။ ဝိပဿနာဂမန၊ ၂။ မဂ္ဂါဂမန - ဟု နှစ်မျိုးရှိ၏။ ထိုနှစ်မျိုးတို့တွင် အရိယမဂ်၏ ဖြစ်ပေါ်လာရာဌာန၌ အရိယမဂ်၏ ဖြစ်ပေါ်လာကြောင်း ဖြစ်သော ဝိပဿနာဟူသော ဝိပဿနာဂမနသည် ဓုရ = ပဓာနဖြစ်၏ = ပြဓာန်း၏။ အရိယဖိုလ်၏ ဖြစ်ပေါ်လာရာ ဌာန၌ အရိယဖိုလ်၏ ဖြစ်ပေါ်လာကြောင်း အရိယမဂ်ဟူသော မဂ္ဂါဂမနသည် ဓုရ = ပဓာနဖြစ်၏ = ပြဓာန်း၏။
确实,只有来路才是主因、才居主导。来路有两种:一、观来路;二、道来路。在圣道生起之处,作为圣道生起之因的观来路居主导;在圣果生起之处,作为圣果生起之因的圣道,即道来路居主导。
ဤလောကုတ္တရာအရာ၌ကား အရိယမဂ်၏ ဖြစ်ပေါ်လာကြောင်းနှင့် သက်ဆိုင်သည့် အပိုင်းဖြစ်သောကြောင့် အရိယမဂ်၏ ဖြစ်ပေါ်လာကြောင်းဖြစ်သော ဝိပဿနာဂမနသည်သာလျှင် ဓုရ= ပဓာနဖြစ်၏= ပြဓာန်းလျက်ရှိ၏။
这里谈的是出世间圣道如何生起,所以只有作为圣道生起之因的观来路居于主导。
ထိုကြောင့် ဝိပဿနာဂမနအားဖြင့် ရရှိအပ်သော အရိယမဂ်၏ သုညတဟူသော အမည်သည်သာလျှင် ပရိယာယ် မဖက် မုချသက်သက် ဖြစ်သော အမည်ဖြစ်ပေသည်။ (မိမိဂုဏ်ကြောင့် အာရုံကြောင့် ရရှိသော အမည်တို့ကား ဓုရမဟုတ်သဖြင့် ပရိယာယ်အားဖြင့် ရရှိသော အမည်တို့သာ ဖြစ်ကြသည် ဟူလို။) (အဘိ-ဋ္ဌ-၁-၂၆၆။) 〔မှတ်ချက် ----- အကြောင်းဝိပဿနာ၏ သုညတဟူသော အမည်ကို အကျိုးဖြစ်သော အရိယမဂ်ပေါ်၌ တင်စား၍ အကျိုးဖြစ်သော အရိယမဂ်ကို သုညတဟူ၍ ခေါ်ဆိုထားရကား အရိယမဂ်သည် ကာရဏူပစာရ
因此,只有圣道依观来路所得的‘空’这一名称,才是不涉间接义、纯属直接义的名称。〔依自身功德或所缘所得的名称并非主因,所以只是依间接义所得。〕(《阿毗达磨义注》1-266。)〔注:把作为原因之观的‘空’这一名称借称于作为结果的圣道,把圣道称为空,属于依因借称——
原书第 381 页
ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- သင်္ခါရုပေက္ခာဉာဏ်ခန်း အားဖြင့် သုညတ မည်၏။ အာရုံနိဗ္ဗာန်၏ သုညတအမည်ကို အာရုံယူတတ်သော အာရမ္မဏိက အရိယမဂ်ပေါ်၌ တင်စား၍ အရိယမဂ်ကို သုညတဟု ခေါ်ဆိုရာ၌လည်း ကာရဏူပစာရပင်တည်း။ မိမိအရိယမဂ်၌ ရာဂ ဒေါသ မောဟတို့မှ ကင်းဆိတ်သောကြောင့် သဂုဏ = မိမိဂုဏ်အားဖြင့် သုညတအမည်ရရာ၌ကား သုညတအမည်က ကောင်းကင်၊ အဘာဝပညတ်တို့နှင့်လည်း သက်ဆိုင်သောကြောင့် ဧကဒေသျူပစာတည်း။〕
——把作为所缘的涅槃之‘空’名借称于缘取它的圣道,把圣道称为空,也同属依因借称。至于圣道本身因为空无贪、瞋、痴,依自身功德得名为空,则属于依部分借称,因为‘空’这一名称也通用于虚空与非有概念。〕
အပ္ပဏိဟိတ အမည်ရပုံ
如何得名为无愿
အရိယမဂ်သည် ဤ အပ္ပဏိဟိတဟူသော အမည်ကိုလည်း အကြောင်းသုံးမျိုးတို့ကြောင့်ပင် ရရှိပေသည်။
圣道同样由三种原因获得‘无愿’这一名称。
ရရှိပုံမှာ ဤသို့ ဖြစ်၏။ ----- ဤသာသနာတော်၌ ယောဂါဝစရရဟန်းတော်သည် ရှေးဦးအစ၌ပင်လျှင် သင်္ခါရတရားတို့ကို ဒုက္ခအားဖြင့် စွဲစွဲမြဲမြဲ နှလုံးသွင်း၍ သင်္ခါရတရားတို့ကို ဒုက္ခအားဖြင့် = သင်္ခါရတရားတို့၏ ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အပျက်ဒဏ်ချက်ဖြင့် အမြဲမပြတ် အနှိပ်စက်ခံရမှုသဘောကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ယင်းသင်္ခါရ တရားတို့ကို ဒုက္ခဟု ရှု၏။ သင်္ခါရတရားတို့ကို ဒုက္ခဟု ရှုနေရုံမျှ၊ ဉာဏ်ဖြင့် မြင်နေရုံမျှ သက်သက်ကြောင့်ကား သင်္ခါရတရားတို့မှလည်းကောင်း၊ သံသရာဝဋ်ဒုက္ခတို့မှလည်းကောင်း ထမြောက်တတ်သော = ထမြောက်လျက် နိဗ္ဗာန်ဘက်သို့ တစ်ဟုန်တည်း ပြေးသွားတတ်သော ဝုဋ္ဌာနအမည်ရသော အရိယမဂ်တရားသည် မဖြစ်နိုင်၊ သင်္ခါရတရားတို့ကို အနိစ္စအားဖြင့်လည်းကောင်း= အနိစ္စဟုလည်းကောင်း၊ အနတ္တအားဖြင့်လည်းကောင်း = အနတ္တဟုလည်းကောင်း ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုခြင်းငှာ သင့်မြတ်သည်သာလျှင် ဖြစ်ပေသည်။
其得名方式如下。在本教法中,瑜伽行比丘起初持续作意诸行为苦,以观智看见诸行不断受生灭、坏灭冲击而恒常被逼迫的性质,因而观诸行为苦。然而,只凭观诸行为苦、只凭智见其苦,还不能令名为‘出起’的圣道生起;这圣道从诸行与轮回苦中出起,疾趋涅槃。还必须以观智观见诸行为无常,也观见诸行为无我。
ထိုကြောင့် အနိစ္စ ဒုက္ခ အနတ္တဟု သုံးမျိုးသော အနုပဿနာသို့ စိတ်ကို တက်ရောက်စေ၍ = စိတ်ကို တင်၍ သင်္ခါရတရားတို့ကို အနိစ္စဟုလည်းကောင်း၊ ဒုက္ခဟုလည်းကောင်း၊ အနတ္တဟုလည်းကောင်း တစ်လှည့်စီ သုံးသပ်- လျက် လှည့်လည်နေ၏ ကျင့်နေ၏။ သို့သော် ထိုယောဂါဝစရပုဂ္ဂိုလ်၏ ဝုဋ္ဌာနဂါမိနိဝိပဿနာသည် ဘုံသုံးပါး အတွင်း၌ ဖြစ်ကုန်သော တေဘူမက သင်္ခါရတရားတို့၌ တောင့်တတတ်သော တဏှာကို ခြောက်သွေ့စေ၍ ထက်ဝန်းကျင် ပိုင်းခြားကာယူ၍ = ကုန်ခန်းစေ၍ သင်္ခါရတရားတို့ကို စွန့်လွှတ်၏။ ဤဝိပဿနာသည် အပ္ပဏိဟိ- တဝိပဿနာ မည်ပေသည်။ (ဒုက္ခာနုပဿနာကို တစ်ဖန်ပြန်၍ ဦးစားပေးလျက် ရှုနေသောကြောင့် ဖြစ်၏။) ထို အပ္ပဏိဟိတဝိပဿနာသည် အာဂမနီယဌာန = အရိယမဂ်၏ ဖြစ်ပေါ်လာကြောင်း အကျင့်အရာ၌ တည်၍ မိမိ၏ အရိယမဂ်အား အပ္ပဏိဟိတဟူသော အမည်ကို ပေး၏။ ဤသို့လျှင် လောကုတ္တရအရိယမဂ်သည် ဖြစ်ပေါ် လာကြောင်း ဝိပဿနာကြောင့် = ဝိပဿနာဂမနကြောင့် အပ္ပဏိဟိတဟူသော အမည်ကို ရရှိပေသည်။
因此,他令心轮流进入无常、苦、无我三种随观,轮番审察诸行为无常、苦、无我。不过,这位瑜伽行者的趣向出起观,最后令对三界诸行起愿求的爱枯竭、彻底耗尽,而舍弃诸行,所以称为无愿观。〔因为最后又以苦随观为主而观。〕这项无愿观立足于作为圣道生起之因的修行来路,把‘无愿’这一名称赋予自己的圣道。因此,出世间圣道依观来路得名为无愿。
နောက်တစ်မျိုးကား ----- ထိုအရိယမဂ်၌ ရာဂပဏိဓိ ဒေါသပဏိဓိ မောဟပဏိဓိဟူသော တောင့်တတတ်- သော ရာဂ ဒေါသ မောဟပဏိဓိတရားတို့သည် မရှိကုန်၊ ထို့ကြောင့် ထိုအရိယမဂ်သည် မိမိ၌ ထင်ရှားရှိနေသော ဂုဏ်ကြောင့်ပင်လျှင် အပ္ပဏိဟိတဟူသော အမည်ကို ရရှိပေသည်။
另一种解释是:圣道中没有称为贪愿、瞋愿、痴愿的贪、瞋、痴愿求之法,所以圣道也凭自身显明具备的功德得名为无愿。
ထိုအရိယမဂ်၏ အာရုံဖြစ်သော အသင်္ခတဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကိုလည်း ထိုတောင့်တတတ်- သော ရာဂ ဒေါသ မောဟပဏိဓိတရားတို့၏ ထင်ရှား မရှိခြင်းကြောင့် အပ္ပဏိဟိတဟူ၍ပင် ခေါ်ဆိုအပ်ပေသည်။
作为圣道所缘的无为界——殊胜涅槃,也因为没有这些贪愿、瞋愿、痴愿而称为无愿。
အရိယမဂ်သည် ထိုအပ္ပဏိဟိတ အမည်ရသော အသင်္ခတဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကို အာရုံပြု၍ ဖြစ်ပေါ်လာသောကြောင့် ယင်းအရိယမဂ်သည် အာရုံကြောင့် အပ္ပဏိဟိတဟူသော အမည်ကို ရရှိပေသည်။
圣道缘取这名为无愿的无为界涅槃而生,所以也依其所缘得名为无愿。
ထိုအပ္ပဏိဟိတဟူသော အမည်ကို ရကြောင်းဖြစ်သည့် အကြောင်းတရား သုံးမျိုးတို့တွင် သုတ္တန်ဒေသ- နာတော် နည်းအားဖြင့် မိမိဂုဏ်ကြောင့်လည်းကောင်း အာရုံကြောင့်လည်းကောင်း အရိယမဂ်သည် အပ္ပဏိဟိတ
在这三种得名为无愿的原因中,依经教说法,圣道凭自身功德或所缘而得名无愿——
原书第 382 页
ဟူသော အမည်ကို ရရှိပေသည်။ မှန်ပေသည် ----- ဤသုတ္တန်ဒေသနာတော်သည် ပရိယာယ်ဒေသနာတော်တည်း။
——确实,经教属于间接教说。
အဘိဓမ္မကထာ = အဘိဓမ္မာတရားတော်သည်ကား ပရိယာယ်မဖက် မုချသက်သက် ဒေသနာတော် ဖြစ်၏။
阿毗达磨论说则不涉间接义,是纯属直接义的教说。
ထိုကြောင့် ဤအဘိဓမ္မာအရာ၌ မိမိဂုဏ်ကြောင့်လည်းကောင်း၊ အာရုံကြောင့်လည်းကောင်း အပ္ပဏိဟိတဟူသော အမည်ကို မရရှိနိုင်။ အရိယမဂ်ဖြစ်ပေါ်လာကြောင်း ဝိပဿနာဂမနကြောင့်သာလျှင် အပ္ပဏိဟိတဟူသော အမည်ကို ရရှိနိုင်ပေသည်။ မှန်ပေသည် ----- အာဂမနသည်သာလျှင် ဓုရ = ပဓာန ဖြစ်၏၊ ပြဓာန်း၏။ ထို အာဂမနသည် ဝိပဿနာဂမန၊ မဂ္ဂါဂမနဟု နှစ်မျိုးပြား၏။ ထိုနှစ်မျိုးတို့တွင် အရိယမဂ်၏ ဖြစ်ပေါ်လာရာဌာန၌ အရိယမဂ်၏ ဖြစ်ပေါ်လာကြောင်း ဖြစ်သော ဝိပဿနာဟူသော အာဂမနသည် = ဝိပဿနာဂမနသည် ဓုရ = ပဓာနဖြစ်၏ = ပြဓာန်း၏။ အရိယဖိုလ်၏ ဖြစ်ပေါ်လာရာဌာန၌ အရိယဖိုလ်၏ ဖြစ်ပေါ်လာကြောင်းဖြစ်သည့် အရိယမဂ်ဟူသော မဂ္ဂါဂမနသည် ဓုရ = ပဓာန ဖြစ်၏ = ပြဓာန်း၏။ ဤလောကုတ္တရာအရာ၌ကား အရိယမဂ်၏ ဖြစ်ပေါ်လာကြောင်းနှင့် သက်ဆိုင်သည့် အပိုင်းဖြစ်သောကြောင့် အရိယမဂ်၏ ဖြစ်ပေါ်လာကြောင်းဖြစ်သော ဝိပဿနာဟူသော အာဂမန = ဝိပဿနာဂမနသည်သာလျှင် ဓုရ = ပဓာန ဖြစ်၏ = ပြဓာန်းလျက် ရှိ၏၊ ထိုကြောင့်
因此在阿毗达磨中,不能凭自身功德或所缘得名无愿,只能依作为圣道生起之因的观来路得名无愿。确实,只有来路才是主因、才居主导。来路分为观来路与道来路:在圣道生起之处,作为圣道生起之因的观来路居主导;在圣果生起之处,作为圣果生起之因的圣道来路居主导。这里谈的是出世间圣道如何生起,所以只有作为圣道生起之因的观来路居于主导。因此——
ဝိပဿနာဂမနအားဖြင့် ရရှိအပ်သော အရိယမဂ်၏ အပ္ပဏိဟိတဟူသော အမည်သည်သာလျှင် ပရိယာယ်မဖက် မုချသက်သက်ဖြစ်သော အမည် ဖြစ်ပေသည်။ (မိမိဂုဏ်ကြောင့်၊ အာရုံကြောင့် ရရှိသော အမည်တို့ကား ဓုရ မဟုတ်သဖြင့် ပရိယာယ် အားဖြင့် ရရှိသော အမည်တို့သာ ဖြစ်သည်ဟူလို။) (အဘိ-ဋ္ဌ-၁-၂၆၆-၂၆၇။) 〔မှတ်ချက် ----- အထက်ပါ သုညတအမည်ရပုံ အပ္ပဏိဟိတအမည်ရပုံနှင့် ဆက်စပ်၍ ဖော်ပြထားသော စကားရပ်တို့တွင် ----- ''အနတ္တလက္ခဏာကို စွဲစွဲမြဲမြဲ စတင်နှလုံးသွင်း၍ လက္ခဏာရေးသုံးတန်လုံးကို အကွက် စေ့အောင် ဆက်လက်၍ နှလုံးသွင်းလာရာ တစ်ဖန် အနတ္တလက္ခဏာကိုပင် ပြန်၍ နှလုံးသွင်းခိုက် အရိယမဂ်သို့ ဆိုက်သော် ထိုအရိယမဂ်သည် သုညတအမည်ရ၏။ ဒုက္ခလက္ခဏာကို စွဲစွဲမြဲမြဲ စတင်နှလုံးသွင်း၍ လက္ခဏာရေး သုံးတန်လုံးကို အကွက်စေ့အောင် ဆက်လက်၍ နှလုံးသွင်းလာရာ တစ်ဖန် ဒုက္ခလက္ခဏာကိုပင် ပြန်၍ နှလုံး သွင်းခိုက် အရိယမဂ်သို့ ဆိုက်သော် ထိုအရိယမဂ်သည် အပ္ပဏိဟိတ အမည်ရ၏။'' ဟူသော စကားရပ်တို့မှာ
——只有圣道依观来路所得的‘无愿’这一名称,才是不涉间接义、纯属直接义的名称。〔依自身功德或所缘所得的名称并非主因,所以只是依间接义所得。〕(《阿毗达磨义注》1-266—267。)〔注:前文说明如何得名为空、无愿时说:‘最初持续作意无我相,继而完整作意三相,最后又作意无我相而抵达圣道,该圣道便得名为空;最初持续作意苦相,继而完整作意三相,最后又作意苦相而抵达圣道,该圣道便得名无愿。’这些话——
သုညတအမည်ရပုံ အပ္ပဏိဟိတအမည်ရပုံနှင့် ဆက်စပ်၍ လိုရင်းကို ပဓာနအားဖြင့် ဖော်ပြသော စကားများဟု မှတ်သားပါ။ အနတ္တလက္ခဏာကို စွဲစွဲမြဲမြဲ စတင်နှလုံးသွင်း၍ လက္ခဏာရေးသုံးတန်လုံးကို အကွက်စေ့အောင် နှလုံးသွင်းပြီးနောက် အနတ္တလက္ခဏာကိုပင် တစ်ဖန်ပြန်၍ နှလုံးသွင်းခိုက်ဝယ် အရိယမဂ်သို့ ဆိုက်ရောက်နိုင် သကဲ့သို့ အလားတူပင် အနိစ္စလက္ခဏာကို နှလုံးသွင်းခိုက်၌လည်းကောင်း၊ ဒုက္ခလက္ခဏာကို နှလုံးသွင်းခိုက်၌ လည်းကောင်း အရိယမဂ်သို့ ဆိုက်ရောက်နိုင်သည်သာ ဖြစ်ပေသည်။ တစ်ဖန် ဒုက္ခလက္ခဏာကို စွဲစွဲမြဲမြဲ စတင် နှလုံးသွင်း၍ လက္ခဏာရေးသုံးတန်လုံးကို အကွက်စေ့အောင် နှလုံးသွင်းပြီးနောက် ဒုက္ခလက္ခဏာကိုပင် တစ်ဖန် ပြန်၍ နှလုံးသွင်းခိုက်ဝယ် အရိယမဂ်သို့ ဆိုက်ရောက်နိုင်သကဲ့သို အလားတူပင် အနိစ္စလက္ခဏာကို နှလုံး သွင်းခိုက်၌လည်းကောင်း အနတ္တလက္ခဏာကို နှလုံးသွင်းခိုက်၌လည်းကောင်း အရိယမဂ်သို့ ဆိုက်ရောက်နိုင်-
——应知只是就如何得名为空、无愿,着重表达要义。最初持续作意无我相、继而完整作意三相以后,固然可以在最后再作意无我相时抵达圣道;同样也可能在最后作意无常相或苦相时抵达圣道。最初持续作意苦相、继而完整作意三相以后,固然可以在最后再作意苦相时抵达圣道;同样也可能在最后作意无常相或无我相时——
သည်လည်း ရှိပေသည်။ (ဝိသုဒ္ဓိ-၂-၃ဝ၁ - နှင့် အောက်ပါ အဋ္ဌသာလိနီအဋ္ဌကထာကို ကြည့်ပါ။)〕
——抵达圣道。〔参见《清净之道》2-301及下引《殊胜义注》。〕
လက္ခဏာရေး သုံးတန်
三相
အနိစ္စာဒီသု ဟိ ယတ္ထ ကတ္ထစိ အဘိနိဝိသိတွာ ဣတရမ္ပိ လက္ခဏဒွယံ ဒဋ္ဌုံ ဝဋ္ဋတိ ဧဝ။ ဧကလက္ခဏ- ဒဿနမတ္တေနေဝ ဟိ မဂ္ဂဝုဋ္ဌာနံ နာမ န ဟောတိ။ တသ္မာ အနိစ္စတော အဘိနိဝိဋ္ဌော ဘိက္ခု န ကေဝလံ အနိစ္စတောဝ ဝုဋ္ဌာတိ၊ ဒုက္ခတောပိ အနတ္တတောပိ ဝုဋ္ဌာတိယေဝ။ ဒုက္ခတော အနတ္တတော အဘိနိဝိဋ္ဌေပိ ဧသေဝ နယော။ ဣတိ အာဒိတော ယတ္ထ ကတ္ထစိ အဘိနိဝေသော ဟောတု၊ ဝုဋ္ဌာနဂါမိနီ ပန ဝိပဿနာ ယံ ယံ
巴利《殊胜义注》原文(缅文字体,续下页):‘အနိစ္စာဒီသု ဟိ ယတ္ထ ကတ္ထစိ အဘိနိဝိသိတွာ ဣတရမ္ပိ လက္ခဏဒွယံ ဒဋ္ဌုံ ဝဋ္ဋတိ ဧဝ။ ဧကလက္ခဏ- ဒဿနမတ္တေနေဝ ဟိ မဂ္ဂဝုဋ္ဌာနံ နာမ န ဟောတိ။ တသ္မာ အနိစ္စတော အဘိနိဝိဋ္ဌော ဘိက္ခု န ကေဝလံ အနိစ္စတောဝ ဝုဋ္ဌာတိ၊ ဒုက္ခတောပိ အနတ္တတောပိ ဝုဋ္ဌာတိယေဝ။ ဒုက္ခတော အနတ္တတော အဘိနိဝိဋ္ဌေပိ ဧသေဝ နယော။ ဣတိ အာဒိတော ယတ္ထ ကတ္ထစိ အဘိနိဝေသော ဟောတု၊ ဝုဋ္ဌာနဂါမိနီ ပန ဝိပဿနာ ယံ ယံ
原书第 383 页
ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- သင်္ခါရုပေက္ခာဉာဏ်ခန်း သမ္မသိတွာ ဝုဋ္ဌာတိ၊ တဿ တဿေဝ ဝသေန အာဂမနီယဋ္ဌာနေ ဌတွာ အတ္တနော မဂ္ဂဿ နာမံ ဒေတိ။ တတ္ထ အနိစ္စတော ဝုဋ္ဌဟန္တဿ မဂ္ဂေါ အနိမိတ္တော နာမ ဟောတိ၊ ဒုက္ခတော ဝုဋ္ဌဟန္တဿ အပ္ပဏိဟိတော၊ အနတ္တတော ဝုဋ္ဌဟန္တဿ သုညတောတိ ဧဝံ သုတ္တန္တပရိယာယေန အာဟရိတွာ ဒီပိတော။ (အဘိ-ဋ္ဌ-၁-၂၆၉။) ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို အားသစ်စ အခါ၌ လက္ခဏာရေးသုံးတန်တို့တွင် အမှတ်မထား တစ်ပါးပါး- သော လက္ခဏာ၌ စွဲစွဲမြဲမြဲ နှလုံးသွင်းခြင်းသည် ဖြစ်ချင်ဖြစ်ပါစေ၊ ဝုဋ္ဌာနဂါမိနိဝိပဿနာသည်ကား အကြင် အကြင် လက္ခဏာကို သုံးသပ်ပြီး၍ သင်္ခါရတို့မှ ထ၏၊ ထိုထို လက္ခဏာ၏ အစွမ်းဖြင့်သာလျှင် အရိယမဂ်၏ ဖြစ်ပေါ်လာကြောင်းဖြစ်သည့် ဝိပဿနာဂမနအရာ၌ တည်၍ မိမိ၏ အကျိုးဖြစ်သော အရိယမဂ်အား အမည် နာမကို ပေးနိုင်၏။ ပေးနိုင်ပုံမှာ ဤသို့ ဖြစ်၏။ ----- အနိစ္စစသော လက္ခဏာရေးသုံးတန်တို့တွင် အမှတ်မထား တစ်ပါးပါးသော လက္ခဏာ၌ စွဲစွဲမြဲမြဲ နှလုံး
——သမ္မသိတွာ ဝုဋ္ဌာတိ၊ တဿ တဿေဝ ဝသေန အာဂမနီယဋ္ဌာနေ ဌတွာ အတ္တနော မဂ္ဂဿ နာမံ ဒေတိ။ တတ္ထ အနိစ္စတော ဝုဋ္ဌဟန္တဿ မဂ္ဂေါ အနိမိတ္တော နာမ ဟောတိ၊ ဒုက္ခတော ဝုဋ္ဌဟန္တဿ အပ္ပဏိဟိတော၊ အနတ္တတော ဝုဋ္ဌဟန္တဿ သုညတောတိ ဧဝံ သုတ္တန္တပရိယာယေန အာဟရိတွာ ဒီပိတော။ (အဘိ-ဋ္ဌ-၁-၂၆၉။)’译:‘在无常等三相中,无论先确立于哪一相,都必须再看见其余两相;只见一相,不能发生由道出起。因此,先确立无常的比丘,并非只由无常出起,也由苦、无我出起;先确立苦或无我,也同样如此。故最初无论确立哪一相,趣向出起观最后审察哪一相而出起,就依那一相立足于作为圣道来路之处,把名称赋予自己的道。其中,由无常出起者,其道名无相;由苦出起者,名无愿;由无我出起者,名空。’这是依经教的间接方式引来说明。(《阿毗达磨义注》1-269。)开始修习观禅业处时,无论先持续作意三相中的哪一相——
သွင်းပြီး၍ ထိုနောင် မိမိ စွဲစွဲမြဲမြဲ နှလုံးသွင်းရာ လက္ခဏာမှတစ်ပါးသော ကျန်လက္ခဏာနှစ်ပါးကိုလည်း ရှုခြင်းငှာ = ဉာဏ်ဖြင့် မြင်ခြင်းငှာ သင့်သည်သာလျှင် ဖြစ်၏။ တစ်ခုတည်းသော လက္ခဏာကို ရှုရုံ မြင်ရုံ သက်သက်- ကြောင့်ကား ဝုဋ္ဌာနအမည်ရသော အရိယမဂ်သည် မည်သည့်နည်းနှင့်မျှ ဖြစ်ပေါ်မလာနိုင်။ ထိုကြောင့် သင်္ခါရ တရားတို့ကို အနိစ္စအားဖြင့် = အနိစ္စဟု စွဲစွဲမြဲမြဲ နှလုံးသွင်းသော ယောဂါဝစရ ရဟန်းသည် ဒုက္ခ-အနတ္တ မဖက် အနိစ္စသက်သက် နှလုံးသွင်းခြင်းဖြင့်သာလျှင် = အနိစ္စဟု ရှုနေရုံသက်သက်ကြောင့်သာလျှင် ဝုဋ္ဌာနအမည်ရသော အရိယမဂ်ဉာဏ်သည် ဖြစ်ပေါ်မလာနိုင်သေး၊ ဒုက္ခအားဖြင့်လည်းကောင်း = ဒုက္ခဟုလည်းကောင်း၊ အနတ္တအားဖြင့် လည်းကောင်း = အနတ္တဟုလည်းကောင်း နှလုံးသွင်းခြင်းကြောင့်လည်း ဝုဋ္ဌာနအမည်ရသော အရိယမဂ်ဉာဏ်- သည် ဖြစ်ပေါ်လာသည်သာလျှင် ဖြစ်ပေသည်။ တစ်နည်း ----- အနိစ္စသက်သက်ဖြစ်သော သင်္ခါရမှသာ
——以后也必须观见最初所作意以外的其余两相。只观见一相,任何情况下都不能令名为出起的圣道生起。所以,持续作意诸行为无常的瑜伽行比丘,不能只观无常而不涉及苦、无我便令圣道智生起;也会由于作意为苦、作意为无我而令圣道智生起。换言之,并非只从无常的诸行——
ထမြောက်သည် မဟုတ်သေး၊ ဒုက္ခဖြစ်သော သင်္ခါရမှလည်းကောင်း အနတ္တဖြစ်သော သင်္ခါရမှလည်းကောင်း ထမြောက်သည်သာလျှင် ဖြစ်ပေသည်။ ဒုက္ခအားဖြင့်လည်းကောင်း အနတ္တအားဖြင့်လည်းကောင်း စွဲစွဲမြဲမြဲ နှလုံးသွင်းရာ၌လည်း ဤနည်းပင်တည်း။
——出起,也从苦的诸行、无我的诸行出起。先持续作意苦或无我时,也应依同一道理理解。
ဤသို့လျှင် ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းအားထုတ်ခါစ၌ လက္ခဏာရေးသုံးတန်တို့တွင် အမှတ် မထား တစ်ပါးပါးသော လက္ခဏာ၌ စွဲစွဲမြဲမြဲ နှလုံးသွင်းမှုသည် ဖြစ်ချင်ဖြစ်ပါစေ၊ ဝုဋ္ဌာနဂါမိနိဝိပဿနာသည်ကား အကြင်အကြင် လက္ခဏာကို သုံးသပ်ပြီး၍ သင်္ခါရတရားတို့မှ ထ၏၊ ထိုထို လက္ခဏာ၏ အစွမ်းဖြင့်သာလျှင် အရိယမဂ်၏ ဖြစ်ပေါ်လာကြောင်း ဝိပဿနာဂမနအရာ၌ တည်၍ မိမိ၏ အကျိုးဖြစ်သော အရိယမဂ်အား အမည်နာမကို ပေးနိုင်၏။
因此,开始精勤修习观禅业处时,无论先持续作意三相中的哪一相,趣向出起观最后审察哪一相而从诸行出起,就只依那一相立足于作为圣道生起之因的观来路,把名称赋予作为自己结果的圣道。
ထိုတွင် သင်္ခါရတရားတို့ကို အနိစ္စဟု နှလုံးသွင်းခိုက် သင်္ခါရတရားတို့မှ ထသော ယောဂါဝစရပုဂ္ဂိုလ်၏ အရိယမဂ်သည်၊ တစ်နည်း -- အနိစ္စဖြစ်သော သင်္ခါရတရားတို့မှ ထသော ယောဂါဝစရပုဂ္ဂိုလ်၏ အရိယမဂ်သည် အနိမိတ္တမဂ် မည်၏။ သင်္ခါရတရားတို့ကို ဒုက္ခဟု နှလုံးသွင်းခိုက် သင်္ခါရတရားတို့မှ ထသော ယောဂါဝစရပုဂ္ဂိုလ်၏ အရိယမဂ်သည်၊ တစ်နည်း -- ဒုက္ခဖြစ်သော သင်္ခါရတရားတို့မှ ထသော ယောဂါဝစရပုဂ္ဂိုလ်၏ အရိယမဂ်သည် အပ္ပဏိဟိတ မည်၏။ သင်္ခါရတရားတို့ကို အနတ္တဟု နှလုံးသွင်းခိုက် သင်္ခါရတရားတို့မှ ထသော ယောဂါဝစရ ပုဂ္ဂိုလ်၏ အရိယမဂ်သည်၊ တစ်နည်း -- အနတ္တဖြစ်သော သင်္ခါရတရားတို့မှ ထသော ယောဂါဝစရပုဂ္ဂိုလ်၏ အရိယမဂ်သည် သုညတ မည်၏။ ဤသို့လျှင် သုတ္တန်နည်းအားဖြင့် ဆောင်၍ အနိမိတ္တမဂ် ရှိကြောင်းကို ရှေးအဋ္ဌကထာဆရာတော်တို့သည် ဆောင်ယူ၍ ပြအပ်လေသည်ဟု မှတ်ပါ။ (အဘိ-ဋ္ဌ-၁-၂၆၉။)
其中,瑜伽行者在作意诸行为无常时从诸行出起,换言之,从无常诸行出起,他的圣道便名为无相道;在作意诸行为苦时从诸行出起,换言之,从苦诸行出起,他的圣道便名为无愿;在作意诸行为无我时从诸行出起,换言之,从无我诸行出起,他的圣道便名为空。应知,古代义注师正是依经教方式引来说明无相道的存在。(《阿毗达磨义注》1-269。)
原书第 384 页
အရိယပုဂ္ဂိုလ် (၇) မျိုး - ဝေဖန်ပုံ
七类圣者的分别方式
(၁) သဒ္ဓါနုသာရီ၊ (၂) သဒ္ဓါဝိမုတ္တ၊ (၃) ကာယသက္ခီ၊ (၄) ဥဘတောဘာဂဝိမုတ္တ၊ (၅) ဓမ္မာနုသာရီ၊ (၆) ဒိဋ္ဌိပ္ပတ္တ၊ (၇) ပညာဝိမုတ္တဟု အရိယပုဂ္ဂိုလ် (၇)မျိုး ရှိ၏။ ထိုပုဂ္ဂိုလ်တို့ကို ဝေဖန် ပိုင်းခြားဖို့ရန် ဤ သင်္ခါရု- ပေက္ခာဉာဏ်သည် အကြောင်းတရား ဖြစ်၏။
圣者共有七类:一、随信行;二、信解脱;三、身证;四、俱分解脱;五、随法行;六、见至;七、慧解脱。行舍智是分别这七类圣者的根本因素。
ရှင်းလင်းချက် ----- ယောဂါဝစရပုဂ္ဂိုလ် တစ်ဦးသည် သင်္ခါရတရားတို့ကို အနိစ္စအားဖြင့် = အနိစ္စဟု နှလုံးသွင်းသည် ဖြစ်၍ သဒ္ဓိန္ဒြေ အဖြစ် များ၏။ သဒ္ဓါနုသာရီ ဖြစ်ခြင်း၏ အကြောင်းဖြစ်သော လွန်ကဲသော သဒ္ဓိန္ဒြေကို ရရှိ၏။ 〔ရှုနေသော ဝိပဿနာဉာဏ်တွင် ယေဘုယျအားဖြင့် နာမ်တရား (၃၄)လုံးခန့် ရှိ၏၊ ယင်းတို့တွင် ပါဝင်သော သဒ္ဓါ-စေတသိက်မှာ အလွန် ထက်မြက်စူးရှ၍ အားကောင်းနေ၏ဟု ဆိုလိုသည်။〕 ထိုပုဂ္ဂိုလ်သည် သောတာပတ္တိမဂ်ခဏ၌ သဒ္ဓါနုသာရီပုဂ္ဂိုလ် မည်၏။ ကြွင်းသော သောတာပတ္တိဖိုလ် သကဒါဂါမိမဂ် သကဒါ- ဂါမိဖိုလ် အနာဂါမိမဂ် အနာဂါမိဖိုလ် အရဟတ္တမဂ် အရဟတ္တဖိုလ် ဟူသော (၇)ဌာနတို့၌ သဒ္ဓါဝိမုတ္တပုဂ္ဂိုလ် မည်၏။ (ဝိသုဒ္ဓိ-၂-၂၉၇။) သင်္ခါရတရားတို့၌ အနိစ္စအခြင်းအရာကို ကောင်းစွာ ရှုသော ယောဂါဝစရပုဂ္ဂိုလ်အား ယင်းအနိစ္စာနုပ- ဿနာဉာဏ်က သဒ္ဓါတရား ပွားများလာအောင် ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုပေး၏။ အနိစ္စာနုပဿနာ-
说明如下:一位瑜伽行者作意诸行为无常,信根偏盛,获得能成为随信行之因的强胜信根。〔一般而言,能观的观智约有三十四种名法,其中的信心所极其锐利强盛。〕这位行者在入流道刹那称为随信行;其余入流果、一来道、一来果、不来道、不来果、阿罗汉道、阿罗汉果七个阶段,称为信解脱。(《清净之道》2-297。)对于善观诸行无常的瑜伽行者,无常随观智以强力亲依止缘力资助信增长。无常随观智——
ဉာဏ်သည် သဒ္ဓါ တိုးပွားခြင်း၏ အားကြီးသော မှီရာ ဥပနိဿယ ဖြစ်ရကား ထိုသဒ္ဓါအားလျော်သော အရိယမဂ်၌ တစ်နည်း ----- သဒ္ဓါလွန်ကဲလျက် ရှိသော ဝိပဿနာဉာဏ်အားလျော်သော အရိယမဂ်၌ သဒ္ဓါသည် လွန်ကဲ- လျက်ပင် ရှိ၏။ ထိုသို့ ဝိပဿနာဂမနကြောင့် သဒ္ဓါ လွန်ကဲလျက် ရှိသော သောတာပတ္တိမဂ်ဉာဏ်နှင့် ပြည့်စုံသော အဋ္ဌမကအမည်ရသော သောတာပတ္တိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်သည် သဒ္ဓါနုသာရီ = အရိယမဂ် ဖြစ်ပေါ်ကြောင်း ဝိပဿနာအရာ၌ တည်သော သဒ္ဓါသို့ အစဥ်လိုက်သော ပုဂ္ဂိုလ်မည်၏ ဟူလိုသည်။
——既是信增长的强力亲依止,随顺这种信的圣道,换言之,随顺信偏盛之观智的圣道,信也同样偏盛。这样,具足因观来路而信偏盛的入流道智、名为第八人的入流道住者,称为随信行,即随从立足于圣道生起之观中那项信的人。
(မဟာဋီ-၂-၄၆၄-၄၆၅ - ကြည့်။)
(参见《大复注》2-464—465。)
〔မှတ်ချက် ----- အရဟတ္တဖိုလ်၌ သဒ္ဓါဝိမုတ္တပုဂ္ဂိုလ် မရှိ၊ သုတ္တန်ဒေသနာ ပရိယာယ်အားဖြင့် အရဟတ္တမဂ် ခဏ၌ သဒ္ဓါဝိမုတ္တ ဖြစ်ခဲ့သော် အကြောင်း အရဟတ္တမဂ်၌ သဒ္ဓါ လွန်ကဲသဖြင့် သို့မဟုတ် သဒ္ဓါဝိမုတ္တ ဖြစ်- သဖြင့် အကျိုးတရားဖြစ်သော အရဟတ္တဖိုလ်၌လည်း သဒ္ဓါဝိမုတ္တဟု ဆိုခြင်း ဖြစ်သည်။ ဤသို့ မှတ်သားပါ။
〔注:阿罗汉果位没有信解脱者。依经教的间接说法,因为他在阿罗汉道刹那曾是信解脱,或者因为作为原因的阿罗汉道中信偏盛,所以把作为结果的阿罗汉果也称为信解脱。应如此理解。
(မဟာဋီ-၂-၄၆၄-၄၆၅ - ကြည့်ပါ။)〕
(参见《大复注》2-464—465。)〕
တစ်ဖန် ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် သင်္ခါရတရားတို့ကို ဒုက္ခအားဖြင့် = ဒုက္ခဟု စွဲစွဲမြဲမြဲ နှလုံးသွင်း၏။
另一位瑜伽行者持续作意诸行为苦。
ယင်းသို့ နှလုံးသွင်းခြင်းကြောင့် ပဿဒ္ဓိ အဖြစ်များလာ၏၊ ပဿဒ္ဓိ အဖြစ်များလာခြင်းကြောင့် လွန်ကဲသော စိတ်တည်ကြည်မှု သမာဓိန္ဒြေကို ရရှိနိုင်၏။ ထိုဒုက္ခာနုပဿနာဖြင့် သင်္ခါရတို့မှထသော ပုဂ္ဂိုလ်သည် သောတာ- ပတ္တိမဂ်မှ စ၍ အရဟတ္တဖိုလ်သို့တိုင်အောင် အလုံးစုံသော (၈)ဌာနတို့၌ ကာယသက္ခီ ပုဂ္ဂိုလ် မည်ပေသည်။
由于这样作意,轻安偏盛;轻安偏盛又使他获得强胜的定根。依苦随观从诸行出起的这位行者,从入流道直到阿罗汉果全部八个阶段,都称为身证者。
(ဝိသုဒ္ဓိ-၂-၂၉၇။)
(《清净之道》2-297。)
မေးမြန်းဖွယ် အချက်
一个可问之处
အဋ္ဌကထာ၌ (အဘိ-ဋ္ဌ-၁-၂၆၆ - ၌) ဝိပဿနာဂမနဓုရ၊ မဂ္ဂါဂမနဓုရဟု ဓုရ နှစ်မျိုးတို့ကို ကိန်းသေ နိယမအားဖြင့် သတ်မှတ်အပ်သည်၏ အဖြစ်ကြောင့် သောတာပတ္တိမဂ်ခဏ၌ သဒ္ဓါနုသာရီသော်လည်းကောင်း ဓမ္မာနုသာရီသော်လည်းကောင်း ဖြစ်သင့်သည် မဟုတ်ပါလော ဟူငြားအံ့။ အဖြေကား ဤသို့တည်း။ -----
义注(《阿毗达磨义注》1-266)已依法则确定观来路与道来路两种主因;既然如此,在入流道刹那,不是应当成为随信行或随法行,而不应成为身证者吗?答复如下。
原书第 385 页
ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- သင်္ခါရုပေက္ခာဉာဏ်ခန်း ဤအရာ၌ သောတာပတ္တိမဂ်ခဏ၌ သဒ္ဓါနုသာရီပင် ဖြစ်သင့်၏။ (ကာယသက္ခီ မဖြစ်သင့် ဟူလိုသည်။) အရဟတ္တဖိုလ်ခဏ၌လည်း ကာယသက္ခီ မရှိပေ။ အဘိဓမ္မာပါဠိတော် (အဘိ-၃-၁၈၄။ )၌ ဤသို့ ဟောကြား- ထားတော်မူ၏။ ----- ''အဘယ်မည်သော ပုဂ္ဂိုလ်သည် ကာယသက္ခီ မည်သနည်း၊ ဤသာသနာတော်၌ အချို့သော ယောဂါဝစရ ပုဂ္ဂိုလ်သည် ရှစ်ပါးကုန်သော ဝိမောက္ခတရားတို့ကို နာမကာယဖြင့် တွေ့ထိ၍ နေ၏၊ ပညာဖြင့်လည်း သိမြင်၍ ထိုပုဂ္ဂိုလ်အား အချို့ကုန်သော အာသဝေါတရားတို့သည် ကုန်သွားကုန်၏၊ ဤပုဂ္ဂိုလ်ကို ကာယသက္ခီဟူ၍ ခေါ်ဆိုအပ်၏။'' (အဘိ-၃-၁၈၄။) ဤသို့လျှင် အချို့ကုန်သော အာသဝေါတရားတို့၏ ကုန်ခန်းမှုကိုသာ ဟောကြားထားတော်မူခြင်းကြောင့် ကာယသက္ခီပုဂ္ဂိုလ်၏ သေက္ခပုဂ္ဂိုလ်ဖြစ်ကြောင်းကိုသာလျှင် သိအပ်သည်မဟုတ်လော ဟု မေးရန်ရှိ၏။ ----- ဤအမေးသည် ပရိယာယ်မဖက် မုချသက်သက်အားဖြင့်ကား မှန်၏၊ သို့သော် ဤဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌
这里在入流道刹那确实应当是随信行〔不是身证〕;阿罗汉果刹那也没有身证者。《阿毗达磨》经文(3-184)这样宣说:‘အဘယ်မည်သော ပုဂ္ဂိုလ်သည် ကာယသက္ခီ မည်သနည်း၊ ဤသာသနာတော်၌ အချို့သော ယောဂါဝစရ ပုဂ္ဂိုလ်သည် ရှစ်ပါးကုန်သော ဝိမောက္ခတရားတို့ကို နာမကာယဖြင့် တွေ့ထိ၍ နေ၏၊ ပညာဖြင့်လည်း သိမြင်၍ ထိုပုဂ္ဂိုလ်အား အချို့ကုန်သော အာသဝေါတရားတို့သည် ကုန်သွားကုန်၏၊ ဤပုဂ္ဂိုလ်ကို ကာယသက္ခီဟူ၍ ခေါ်ဆိုအပ်၏။’译:‘何种人为身证者?在本教法中,有人以名身触证八种解脱,又以慧知见,其中若干漏已经灭尽;这种人称为身证者。’(《阿毗达磨》3-184。)经文只说若干漏已经灭尽,岂不正表示身证者只是有学圣者?依不涉间接义的直接说法,这一问难确实成立;不过《清净之道》义注这里——
ပရိယာယ်အားဖြင့် ဖွင့်ဆိုခြင်း ဖြစ်၏။ ထိုပရိယာယ်ဟူသည် အဘယ်နည်းဟူမူ ----- ကာယသက္ခီ ပုဂ္ဂိုလ်နှင့် တူသည်၏ အဖြစ်ပင်တည်း။
——是依间接义作解释。所谓间接义,就是因其与身证者相似。
ထင်ရှားစေအံ့ ----- ကာမာဝစရ-ဥပစာရသမာဓိ၊ ရူပါဝစရ-စျာန်သမာဓိတို့ထက် သာလွန်သော အရူပ စျာန်သမာဓိ အတွေ့ကို ရရှိသည်ဖြစ်၍ ကာယသက္ခီပုဂ္ဂိုလ်ဟု ခေါ်ဝေါ်မှု ပြီးစီးခြင်း ဖြစ်ရကား အချို့သော အာသဝေါတရားတို့၏ ကုန်ခန်းမှုကို အစွဲပြု၍ ''ကာယသက္ခီ''ဟု ခေါ်ဆိုအပ်သော သောတာပတ္တိဖိုလ်ပုဂ္ဂိုလ်- မှသည် အရဟတ္တမဂ်ပုဂ္ဂိုလ်သို့ တိုင်အောင်သော အရိယပုဂ္ဂိုလ်နှင့် ----- ၁။ ဥပစာရသမာဓိ၊ ရူပါဝစရစျာန်သမာဓိတို့ထက် သာလွန်သော အလွန်အကဲနှင့် တကွဖြစ်သော အရူပါဝစရ စျာန်သမာဓိ အတွေ့နှင့်၊ ၂။ ထိုသမာဓိလျှင် တည်ရာရှိသော အာသဝေါတရားတို့၏ ကုန်ခန်းခြင်း --- ဤနှစ်မျိုးတို့၏ တူသည်၏အဖြစ်ကို ငဲ့၍ ကာယသက္ခီပုဂ္ဂိုလ်ကဲ့သို့ ရဟန္တာပုဂ္ဂိုလ်ကိုလည်း ကာယသက္ခီ ဟု ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်၌ ဟောကြားထားတော်မူ၏။ ထိုကြောင့် ဤဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌လည်း ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်နည်းကိုပင်လျှင် ယူ၍ ရဟန္တာပုဂ္ဂိုလ်၏လည်း ကာယသက္ခီပုဂ္ဂိုလ် အဖြစ်ကို ဖွင့်ဆိုအပ်ပေသည်။
具体说来:从入流果者直到阿罗汉道者,由于获得超越欲界近行定与色界禅定的无色禅定体验,并依若干漏已灭尽而被称为身证者。阿罗汉获得同样超胜的无色界禅定体验,而且以该定为基础令诸漏全部灭尽。顾及两者在这两方面相似,《无碍解道》也把阿罗汉借称为身证者。因此,《清净之道》义注采用《无碍解道》的说法,也解释阿罗汉是身证者。
မှန်ပေသည် ----- ဤဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာအဖွင့်သည် သုတ္တန်ဒေသနာတော်၏ အဖွင့်ဖြစ်သည်ဟု သိရှိပါလေ။
确实,应知《清净之道》义注这里解释的是经教的间接说法。
(မဟာဋီ-၂-၄၆၅-၄၆၆။)
(《大复注》2-465—466。)
မုချအားဖြင့် ယူပုံ
依直接义而取
ပရိယာယ်မဖက် မုချသက်သက်အားဖြင့်ကား သောတာပတ္တိဖိုလ်မှ စ၍ အရဟတ္တမဂ် တိုင်အောင် (၆)ပါး ကုန်သော အရာဌာနတို့၌ ကာယသက္ခီ မည်၏။ ထို ကာယသက္ခီ အမည်ရသော အရိယပုဂ္ဂိုလ်သည်လည်း သမာပတ် (၈)ပါးလုံးကို ရရှိထားသော အရိယပုဂ္ဂိုလ်တည်း။ သုဒ္ဓဝိပဿနာယာနိကဖြစ်သော စျာန်အစေး ခန်းခြောက်သော သုက္ခဝိပဿကပုဂ္ဂိုလ်သည်လည်းကောင်း၊ ဥပစာရစျာန်မျှကိုသာ ရသော ပုဂ္ဂိုလ်သည်လည်း- ကောင်း (စျာန်ရနိုင်သော ကမ္မဋ္ဌာန်းတို့တွင် စျာန်ကို ရအောင် အားမထုတ်ဘဲ ဥပစာရသမာဓိမှ ဝိပဿနာသို့ ကူးသော ပုဂ္ဂိုလ်များကို ရည်ရွယ်သည်။) ရူပါဝစရစျာန်မျှကိုသာ ရသော ပုဂ္ဂိုလ်သည်လည်းကောင်း ကာယ- သက္ခီ ပုဂ္ဂိုလ် မဖြစ်နိုင်။
依不涉间接义的纯直接说法,从入流果至阿罗汉道六个阶段称为身证者;这些身证圣者已经获得全部八种定。纯观行者,即无禅那滋润的干观者,不能称为身证;只获得近行定的人〔指修习能生禅那的业处,却未努力证禅,只从近行定转修观者〕,以及只获得色界禅的人,也不能称为身证。
原书第 386 页
ပဿဒ္ဓိဗဟုလ = ပဿဒ္ဓိ အဖြစ်များ၏ ဟူသည်မှာလည်း ပဿဒ္ဓိကို အဦးမူ ပဓာန ပြုသဖြင့် ကာမာဝစရ သမာဓိထက် သာလွန်သော အလွန်အကဲနှင့် တကွဖြစ်သော သမာဓိကိုရသော သမထယာနိကပုဂ္ဂိုလ်ကိုသာလျှင် အလိုရှိအပ်ပေသည်။ သမထယာနိကပုဂ္ဂိုလ်၏သာလျှင် ကာယသက္ခီ အရိယပုဂ္ဂိုလ် ဖြစ်နိုင်ပုံကို အောက်၌ ဖွင့်ဆိုခဲ့လေပြီ။ (မဟာဋီ-၂-၄၆၅-၄၆၆။) အရူပါဝစရစျာန် (၄)ပါးတို့တွင် စျာန်တစ်ပါးပါးကိုလည်းကောင်း၊ လေးပါးလုံးကိုလည်းကောင်း ရောက်ရှိ၍ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သော ပုဂ္ဂိုလ်သည် ဥဘတောဘာဂဝိမုတ္တ မည်၏။ (ဝိသုဒ္ဓိ-၂-၂၉၇။) အာကာသာနဉ္စာယတနသမာပတ်သို့ ဆိုက်ရောက်ပြီး၍ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သော ပုဂ္ဂိုလ် -- စသည်ဖြင့် အရူပစျာန်သမာပတ် (၄)မျိုးတို့၏ အစွမ်းဖြင့်လည်းကောင်း၊ နိရောဓသမာပတ်၏ အစွမ်းဖြင့် လည်းကောင်း ဥဘတောဘာဂဝိမုတ္တ ပုဂ္ဂိုလ် (၅)မျိုး ရှိ၏။
所谓‘轻安偏盛’,是以轻安为先、为主,专指获得超越欲界定之强胜定力的止乘者。前文已经说明,只有止乘者能够成为身证圣者。(《大复注》2-465—466。)在四种无色禅中,证得任何一种或全部四种而证阿罗汉果者,称为俱分解脱。(《清净之道》2-297。)从证得空无边处定后证阿罗汉果者开始,依四种无色禅等至以及灭尽定,共有五类俱分解脱者。
အရူပစျာန်ဖြင့် ရူပကာယမှလည်းကောင်း နာမကာယ တစ်စိတ်တစ်ဒေသမှလည်းကောင်း ဝိက္ခမ္ဘန = ခွာသည်၏ အစွမ်းဖြင့် လွတ်မြောက်၏။ အရိယမဂ်ဖြင့် နာမကာယမှ သမုစ္ဆေဒ = အကြွင်းမဲ့ ဖြတ်သည်၏ အစွမ်းဖြင့် လွတ်မြောက်၏။ ဤသိုလျှင် နှစ်ပါးကုန်သော အဖို့တို့ဖြင့် နှစ်ကြိမ်တိုင်တိုင် လွတ်မြောက်သောကြောင့် ဥဘတောဘာဂဝိမုတ္တ မည်ပေသည်။ (မဟာဋီ-၂-၄၆၆-၄၆၈။) ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် သင်္ခါရတရားတို့ကို အနတ္တအားဖြင့် = အနတ္တဟု နှလုံးသွင်းသည် ဖြစ်၍ ပညာ အဖြစ်များရကား လွန်ကဲသော ပညိန္ဒြေကို ရရှိ၏။ (ပညာဉာဏ်ကြီးမားသော ပုဂ္ဂိုလ်အား အထူးသဖြင့် သိမ်မွေ့သည်လည်းဖြစ်ကုန်သော နက်နဲသည်လည်း ဖြစ်ကုန်သော ပရမတ္ထ အနက်သဘောတရားတို့သည် ထင်ထင်ရှားရှား ဖြစ်ကုန်၍ ဉာဏ်ဝ၌ ထင်လာကုန်၏၊ ထို့ကြောင့် သင်္ခါရတရားတို့ကို အနတ္တအားဖြင့် = အနတ္တဟု နှလုံးသွင်းသော ယောဂါဝစရပုဂ္ဂိုလ်အား ဉာဏ်ပညာ အဖြစ်များသည်၏ အဖြစ်ကိုလည်းကောင်း၊ ပညိန္ဒြေကို
他以无色禅的镇伏力,暂时从色身及一部分名身解脱;又以圣道的正断力,从名身永久、无余地解脱。如此在两种处境中、以两个部分两次解脱,所以称为俱分解脱。(《大复注》2-466—468。)另一位瑜伽行者作意诸行为无我,因智慧偏盛而获得强胜慧根。〔对于大慧者,极其微细、甚深的胜义法义会清楚显现在智门;所以义注师说明,作意诸行为无我的瑜伽行者既智慧偏盛,也获得慧根——
ရခြင်းကိုလည်းကောင်း အဋ္ဌကထာဆရာတော်က ဖွင့်ဆိုခြင်း ဖြစ်သည်။) ထိုယောဂါဝစရပုဂ္ဂိုလ်သည် ပညိန္ဒြေ လွန်ကဲသည်၏ အဖြစ်ကြောင့် သောတာပတ္တိမဂ်ဉာဏ် ခဏ၌ ဓမ္မာနုသာရီ ပုဂ္ဂိုလ် မည်၏။ သောတာပတ္တိဖိုလ်- မှသည် အရဟတ္တမဂ်သို့ တိုင်အောင် (၆)ဌာနတို့၌ ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ် မည်၏။ အရဟတ္တဖိုလ် ခဏ၌ ပညာဝိမုတ္တ ပုဂ္ဂိုလ် မည်၏။ (ဝိသုဒ္ဓိ-၂-၂၉၈။)
——〕因为慧根偏盛,他在入流道智刹那称为随法行者;从入流果至阿罗汉道六个阶段称为见至者;在阿罗汉果刹那称为慧解脱者。(《清净之道》2-298。)
နိပ္ပရိယာယ = မုချအားဖြင့် ယူပုံ - ပုဂ္ဂိုလ် (၇) မျိုး
依直接义而取的七类人
ဤပုဂ္ဂိုလ် (၇)မျိုးတို့နှင့် ပတ်သက်၍ ပရိယာယ်မဖက် မုချသက်သက်အားဖြင့် ယူဆပုံ အကျဥ်းစကားမှာ ဤသို့တည်း ----- ၁။ အကြင်ယောဂါဝစရပုဂ္ဂိုလ်အား အနိစ္စအခြင်းအရာအားဖြင့် သင်္ခါရတို့မှ ထမြောက်သော ဝုဋ္ဌာန အမည် ရသော အရိယမဂ်ဉာဏ်သည် ဖြစ်ပေါ်လာ၏၊ ထိုပုဂ္ဂိုလ်သည် သဒ္ဓါဓိမောက္ခ အဖြစ်များသည်ဖြစ်၍ သဒ္ဓိန္ဒြေ၏ ထက်မြက်သည်၏ အဖြစ်ကြောင့် သောတာပတ္တိမဂ်ခဏ၌ သဒ္ဓါနုသာရီ မည်၏၊ သောတာပတ္တိဖိုလ်မှသည် အရဟတ္တမဂ်သို့ တိုင်အောင်သော အလယ် (၆)ဌာနတို့၌ သဒ္ဓါဝိမုတ္တမည်၏၊ အရဟတ္တဖိုလ်ခဏ၌ ပညာဝိမုတ္တ မည်၏။
关于这七类人,依不涉间接义的纯直接方式,简要归纳如下。一、某位瑜伽行者生起名为出起的圣道智,从无常行相的诸行中出起。因为他信胜解偏盛、信根锐利,在入流道刹那称为随信行;从入流果至阿罗汉道中间六个阶段称为信解脱;在阿罗汉果刹那称为慧解脱。
၂။ ထို့အတူ အကြင်ယောဂါဝစရပုဂ္ဂိုလ်အား ဒုက္ခအခြင်းအရာအားဖြင့် သင်္ခါရတို့မှ ထမြောက်သော ဝုဋ္ဌာန အမည်ရသော အရိယမဂ်ဉာဏ်သည် ဖြစ်ပေါ်လာ၏၊ ထိုပုဂ္ဂိုလ်အား ပဿဒ္ဓိ အဖြစ်များသောကြောင့် သမာဓိ-
二、同样,某位瑜伽行者生起名为出起的圣道智,从苦行相的诸行中出起。由于轻安偏盛,他的定根——
原书第 387 页
ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- သင်္ခါရုပေက္ခာဉာဏ်ခန်း န္ဒြေသည် လွန်လွန်ကဲကဲ ဖြစ်နေ၏၊ ဒုက္ခလျှင် မှီရာ အကြောင်းရင်း ရှိသော သဒ္ဓါတရား၏လည်း အထူးသဖြင့် ထက်မြက်သည်၏ အဖြစ်ကြောင့်လည်းကောင်း၊ ဝိပဿနာဂမန မဂ္ဂါဂမနဟူသော ဓုရနှစ်ပါးတို့၏ ကိန်းသေ မြဲခြင်းကြောင့်လည်းကောင်း ထိုပုဂ္ဂိုလ်သည်လည်း ပထမမဂ်ဉာဏ်ခဏ၌ သဒ္ဓါနုသာရီပင် မည်ပေသည်။ အလယ် (၆)ဌာနတို့၌ သဒ္ဓါဝိမုတ္တ မည်၏၊ အဆုံးအရဟတ္တဖိုလ်၌ ပညာဝိမုတ္တပင် မည်ပေသည်။
——极其偏盛;又因为以苦为依止的信特别锐利,并且观来路与道来路两种主因的法则固定不变,所以他在初道智刹那仍称为随信行;中间六个阶段称为信解脱;最后阿罗汉果仍称为慧解脱。
၃။ နောက်တစ်မျိုးကား ----- အကြင်ယောဂါဝစရပုဂ္ဂိုလ်အား အနတ္တအခြင်းအရာအားဖြင့် သင်္ခါရတရားတို့မှ ထမြောက်သော ဝုဋ္ဌာန အမည်ရသော အရိယမဂ်ဉာဏ်သည် ဖြစ်ပေါ်လာ၏။ ထိုပုဂ္ဂိုလ်သည် ပညာဉာဏ် အဖြစ်- များသည် ဖြစ်၍ ပညိန္ဒြေ၏ ထက်မြက်စူးရှသည်၏ အဖြစ်ကြောင့် သောတာပတ္တိမဂ်ခဏ၌ ဓမ္မာနုသာရီ မည်သည်သာ ဖြစ်ပေသည်။ အလယ် (၆)ဌာနတို့၌ ဒိဋ္ဌိပ္ပတ္တမည်၍ အဆုံးအရဟတ္တဖိုလ်၌ ပညာဝိမုတ္တ မည်သည်သာ ဖြစ်ပေသည်။
三、另一位瑜伽行者生起名为出起的圣道智,从无我行相的诸行中出起。因为智慧偏盛、慧根极其锐利,他在入流道刹那称为随法行;中间六个阶段称为见至;最后阿罗汉果称为慧解脱。
၄။ ဤပြဆိုအပ်ခဲ့ပြီးသော ပုဂ္ဂိုလ်တို့သည် (၈)ပါးကုန်သော ဝိမောက္ခစျာန်တို့ကို ရရှိကြသော ပုဂ္ဂိုလ်တို့ မ- ဟုတ်ကြကုန်။ (၈)ပါးကုန်သော ဝိမောက္ခစျာန်တို့ကို ရရှိသော ပုဂ္ဂိုလ်သည်ကား သောတာပတ္တိမဂ်ခဏ၌ သဒ္ဓါ- နုသာရီ သော်လည်းကောင်း၊ ဓမ္မာနုသာရီသော်လည်းကောင်း ဖြစ်ပေသည်။ အလယ် (၆)ဌာနတို့၌ ကာယသက္ခီ ဖြစ်၏။ အဆုံးအရဟတ္တဖိုလ်၌ ဥဘတောဘာဂဝိမုတ္တ ဖြစ်ပေသည်။ (မဟာဋီ-၂-၄၆၈။)
四、上述这些人并未获得八种解脱禅。获得八种解脱禅者,在入流道刹那可以是随信行,也可以是随法行;中间六个阶段称为身证;最后阿罗汉果称为俱分解脱。(《大复注》2-468。)
သုံးမည်ရ ဉာဏ်
一智三名
ယာ စ မုစ္စိတုကမျတာ၊ ယာ စ ပဋိသင်္ခါနုပဿနာ၊ ယာ စ သင်္ခါရုပေက္ခာ၊ ဣမေ ဓမ္မာ ဧကတ္ထာ၊ ဗျဉ္ဇနမေဝ နာနံ။ (ပဋိသံ-၂၅၉၊ ဝိသုဒ္ဓိ-၂-၂၉၉။) မုဉ္စိတုကမျတာဉာဏ်၊ ပဋိသင်္ခါနုပဿနာဉာဏ်၊ သင်္ခါရုပေက္ခာဉာဏ် --- ဤဉာဏ်သုံးမျိုးတို့သည် တူသော အနက်သဘော ရှိကြကုန်၏၊ သဒ္ဒါသည်သာလျှင် ထူး၏။ (ပဋိသံ-၂၅၉။) အရိယမဂ်၏ ရှေးအဖို့၌ သင်္ခါရတရားတို့အပေါ်၌ နိဗ္ဗိဒါဉာဏ်ဖြင့် ငြီးငွေ့သော ပုဂ္ဂိုလ်၏ ဥပ္ပါဒ၊ ပဝတ္တ၊ ဌိတိ၊ နိမိတ္တဟု ညွှန်းဆိုခေါ်ဝေါ်အပ်သော သင်္ခါရတရားတို့ကို ထိုသင်္ခါရတရားတို့၌ တပ်မက်တွယ်တာတတ်သော ဆန္ဒရာဂကို ပယ်သဖြင့် စွန့်လွှတ်လိုသည်၏ အဖြစ်သည် မုဉ္စိတုကမျတာ = မုစ္စိတုကမျတာ မည်၏။
巴利原文(缅文字体):‘ယာ စ မုစ္စိတုကမျတာ၊ ယာ စ ပဋိသင်္ခါနုပဿနာ၊ ယာ စ သင်္ခါရုပေက္ခာ၊ ဣမေ ဓမ္မာ ဧကတ္ထာ၊ ဗျဉ္ဇနမေဝ နာနံ။ (ပဋိသံ-၂၅၉၊ ဝိသုဒ္ဓိ-၂-၂၉၉။)’译:‘欲解脱随观、审察随观与行舍,这三法意义相同,只有文字名称不同。’(《无碍解道》259;《清净之道》2-299。)所谓欲解脱智、审察随观智与行舍智,这三种智的意义相同,只是名称不同。(《无碍解道》259。)在圣道之前,已经由厌离智厌离诸行的人,舍弃对称为生起、转起、住立与相的诸行所起的欲贪,因而想要解脱、想要舍弃诸行;这便称为欲解脱(muñcitukamyatā)。
ယင်းသင်္ခါရတရားတို့ကို စွန့်လွှတ်ခြင်း၏ အကြောင်းဥပါယကို ပြုလုပ်ခြင်းငှာ အလယ်၌ သင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန်ကို အဖန်တလဲလဲ စုံစမ်းဆင်ခြင်ခြင်းသည် ပဋိသင်္ခါ မည်၏။
为了实行舍弃这些诸行的方法,他在中间阶段反复以三相审察诸行,这称为审察(paṭisaṅkhā)。
သင်္ခါရတရားတို့အပေါ်၌ တွယ်တာမှု အာလယ ကင်းသည်၏ အဖြစ်သို့ ရောက်ခြင်းဖြင့် သင်္ခါရတရားတို့ အပေါ်၌ ငဲ့ကွက်မှုကို စွန့်လွှတ်သည်၏ အစွမ်းဖြင့် လွှတ်၍ ထိုသို့ စွန့်လွှတ်ခြင်းကို ပြုခြင်း၏ အဆုံး နောက်- ကာလ၌ သင်္ခါရတရားတို့ကို လျစ်လျူရှုခြင်းသည် အညီအညွတ် တည်သည် မည်၏။ သင်္ခါရုပေက္ခာ မည်၏။
由于对诸行不再有执著与依恋,他舍去对诸行的顾念而获得解脱;在完成这种舍弃之后,对诸行保持中舍,平等而住,这称为行舍(saṅkhārupekkhā)。
(အကြင်ရွေ့လောက် နိဗ္ဗာန်သို့ သက်ဝင် ပြေးသွားခြင်းသည် မပြည့်စုံသေး၊ ထိုရွေ့လောက် သင်္ခါရတရားတို့၌ လက္ခဏာရေး သုံးတန်ကို စုံစမ်းစိစစ်ခြင်း၌လည်း လျစ်လျူနေသည်၏ အဖြစ်ဖြင့် ဉာဏ်အစဥ်အားဖြင့် ဖြစ်ခြင်းကို ရည်၍ -- အဇ္စျုပေက္ခနံ သန္တိဋ္ဌနာ = သင်္ခါရတရားတို့ကို လျစ်လျူရှုခြင်းသည် အညီအညွတ် တည်သည် မည်၏ ဟူလိုသည်။) ယင်းသင်္ခါရတရားတို့ကို လျစ်လျူရှုလျက် အညီအညွတ်တည်သော ငြိမ်သက်နေသော သင်္ခါရုပေက္ခာ ဉာဏ်ကိုပင် ရည်ရွယ်၍ -----
〔只要尚未圆满投入涅槃,在以三相审察诸行时,智的相续便以中舍方式生起;所谓‘ajjhupekkhanaṃ santiṭṭhanā’,意即‘对诸行保持中舍,平等而住’。〕正是针对这种对诸行保持中舍、平等安住而寂静的行舍智,才宣说——
原书第 388 页
ဥပ္ပါဒေါ သင်္ခါရာ၊ တေ သင်္ခါရေ အဇ္စျုပေက္ခတီတိ သင်္ခါရုပေက္ခာ။ (ပဋိသံ-၅၉။) ဥပ္ပါဒ = ဖြစ်သော သဘောတရားသည် သင်္ခါရတရားတို့တည်း။ ထိုသင်္ခါရတရားတို့ကို လျစ်လျူရှု၏၊ ထို့ကြောင့် သင်္ခါရုပေက္ခာ မည်၏။ (ပဋိသံ-၅၉။) ဤသို့စသော စကားတော်ကို မိန့်ဆိုခြင်း ဖြစ်ပေသည်။ (ဝိသုဒ္ဓိ-၂-၂၉၉။)
——巴利原文(缅文字体):‘ဥပ္ပါဒေါ သင်္ခါရာ၊ တေ သင်္ခါရေ အဇ္စျုပေက္ခတီတိ သင်္ခါရုပေက္ခာ။ (ပဋိသံ-၅၉။)’译:‘生起者是诸行;它对那些诸行保持中舍,故称行舍。’(《无碍解道》59。)《清净之道》(2-299)等正是如此解释。
ဝုဋ္ဌာနဂါမိနီဝိပဿနာ
趣向出起观
ဤသို့ ရအပ်သော သင်္ခါရုပေက္ခာဉာဏ် ရှိသော ဤအမျိုးကောင်းသား အမျိုးကောင်းသမီး၏ ဝိပဿနာ- ဉာဏ်သည် အထွတ်အမြတ်သို့ ရောက်သည်ဖြစ်၍ ဝုဋ္ဌာနဟုဆိုအပ်သော အရိယမဂ်သို့ ဆိုက်သောကြောင့် ဝုဋ္ဌာနဂါမိနီ မည်ပေသည်။ သိခါပတ္တဝိပဿနာ = အထွတ်အထိပ်သို့ ရောက်ရှိနေသော ဝိပဿနာဟူ၍လည်း- ကောင်း၊ ဝုဋ္ဌာနဂါမိနီဟူ၍လည်းကောင်း ခေါ်ဆိုအပ်သော ဤအမည်သည် သင်္ခါရုပေက္ခာဉာဏ် အနုလောမဉာဏ် ဂေါတြဘုဉာဏ်ဟု မှတ်အပ်သော ဉာဏ်သုံးပါးအပေါင်း၏သာလျှင် အမည်ဖြစ်ပေသည်။ မှန်ပေသည် ----- ထို သုံးမျိုးသော ဉာဏ်ဟူသော ဝိပဿနာသည် ဝိပဿနာဉာဏ်တို့၏ အထွတ်အမြတ် အဖြစ်သို့ ရောက်သည်၏ အဖြစ်ကြောင့် သိခါပတ္တာ ဝိပဿနာလည်း မည်ပေ၏။ ဝုဋ္ဌာန အမည်ရသော အရိယမဂ်သို့ ဆိုက်ရောက် တတ်သောကြောင့် ဝုဋ္ဌာနဂါမိနီလည်း မည်ပေ၏။
这位善男子或善女人已经获得行舍智;他的观智到达顶峰,又趋向称为‘出起’的圣道,所以称为趣向出起。所谓顶峰观(sikhāpatta-vipassanā)或趣向出起观(vuṭṭhānagāminī-vipassanā),都是行舍智、随顺智与种姓智三智的总称。确实,这三种智所构成的观,由于到达诸观智的顶峰,称为顶峰观;由于趋向称为出起的圣道,也称为趣向出起观。
ဝုဋ္ဌာန ----- ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သော ဥပါဒါနက္ခန္ဓာငါးပါးအပေါင်းကို မိမိသန္တာန်၌ အကျုံး ဝင်သော်လည်းကောင်း၊ မဝင်သော်လည်းကောင်း သူစိမ်းပြင်ပအားဖြင့် ရှုအပ်သည်၏ အဖြစ်ကြောင့် ဗဟိဒ္ဓဟုပင် ဆိုအပ်၏။ ထိုဗဟိဒ္ဓဖြစ်သော ဝိပဿနာဉာဏ်၏ အာရုံနိမိတ် ဖြစ်၍ဖြစ်သော ဝိပဿနာဉာဏ်ဖြင့် အာရုံပြုခြင်း ဟု ဆိုအပ်သော သုံးသပ်ခြင်းဖြင့် နှလုံးသွင်း သုံးသပ်အပ်သော ဥပါဒါနက္ခန္ဓာငါးပါးဟူသော ဝိပဿနာဉာဏ်၏ တည်ရာဝတ္ထုမှလည်းကောင်း (= သင်္ခါရနိမိတ်မှလည်းကောင်း ဟူလိုသည်။) မိမိ ရုပ်နာမ်သန္တာန် အစဥ်၌ မပြတ် ဖြစ်နေသော ကိလေသာအယဥ်၊ ဥပါဒိန္နက္ခန္ဓာအယဥ် = ဝိပါက်ခန္ဓာအယဥ်ဟူသော ပဝတ္တမှလည်းကောင်း ထသည်၏ အဖြစ်ကြောင့် အရိယမဂ်ကို ဝုဋ္ဌာနဟူ၍ ခေါ်ဆိုအပ်ပေသည်။ ထိုဝုဋ္ဌာန မည်သော အရိယမဂ်သို့ ဆိုက်ရောက်တတ်သောကြောင့် ဝုဋ္ဌာနဂါမိနီ မည်၏။ အရိယမဂ်ဉာဏ်နှင့် အတူတကွ ဆက်စပ်မိ၏ဟု ဆိုလို၏။
‘出起’是说:五取蕴是观智的所缘;无论是否属于自身相续,观时都把它们当作外在的陌生者。五取蕴是观智以审察作意的所依处,也是观智的所缘之相,即行相;圣道从这里出起。另一方面,圣道也从内在转起出起;所谓内在转起,是自身色名相续中不断流转的烦恼流,以及执取蕴流,即果报蕴流。因此,圣道称为出起;趋向这项圣道,便称为趣向出起,意即与圣道智衔接。
(ဝိသုဒ္ဓိ-၂-၂၉၉။)
(《清净之道》2-299。)
အဘယ်သို့လျှင် အရိယမဂ်သည် ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သော ဥပါဒါနက္ခန္ဓာငါးပါး အပေါင်း- တည်းဟူသော သင်္ခါရနိမိတ်မှ ထသနည်း၊ အဘယ်သို့ကား မိမိ ရုပ်နာမ်သန္တာန် အစဥ်၌ မပြတ်ဖြစ်နေသော ကိလေသာအယဥ်နှင့် ဥပါဒိန္နက္ခန္ဓာအယဥ် = ဝိပါက်ခန္ဓာအယဥ် ဟူသော အဇ္စျတ္တပဝတ္တမှ ထသနည်းဟူမူ?---- ဝုဋ္ဌဟနဉ္စ နေသံ အာရမ္မဏာကရဏံ၊ အာယတိံ အနုပ္ပတ္တိဓမ္မတာပါဒနဉ္စ။ (မဟာဋီ-၂-၄၆၉။) ဝုဋ္ဌာနဂါမိနီ ဝိပဿနာ အမည်ရသော သင်္ခါရုပေက္ခာဉာဏ် အနုလောမဉာဏ် ဂေါတြဘုဉာဏ်တို့သည် မဂ္ဂဝီထိအတွင်း၌ တစ်ခုပြီးတစ်ခု ဆက်တိုက် ဖြစ်ပေါ်သွားကြ၏။ ယင်းဝုဋ္ဌာနဂါမိနီ ဝိပဿနာဉာဏ်၏ အခြားမဲ့၌ (ဂေါတြဘုဉာဏ်၏ အခြားမဲ့၌) အရိယမဂ်ဉာဏ်သည် ဖြစ်ပေါ်လာ၏။ ထိုကြောင့် ဝိပဿနာဉာဏ်နှင့် အရိယ မဂ်ဉာဏ်သည် ဆက်စပ်မိနေ၏။ ဝိပဿနာဉာဏ်သည် ဥပါဒါနက္ခန္ဓာငါးပါးတည်းဟူသော သင်္ခါရတရားတို့ကို ယင်းသင်္ခါရတရားတို့၏ အပျက်ကို အာရုံယူ၍ လက္ခဏာယာဥ် တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်နေ၏။ ယင်းသို့
圣道怎样从作为观智所缘的五取蕴,即行相中出起?又怎样从自身色名相续里不断流转的烦恼流和执取蕴流、果报蕴流,即内在转起中出起?巴利原文(缅文字体):‘အဘယ်သို့လျှင် အရိယမဂ်သည် ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သော ဥပါဒါနက္ခန္ဓာငါးပါး အပေါင်း- တည်းဟူသော သင်္ခါရနိမိတ်မှ ထသနည်း၊ အဘယ်သို့ကား မိမိ ရုပ်နာမ်သန္တာန် အစဥ်၌ မပြတ်ဖြစ်နေသော ကိလေသာအယဥ်နှင့် ဥပါဒိန္နက္ခန္ဓာအယဥ် = ဝိပါက်ခန္ဓာအယဥ် ဟူသော အဇ္စျတ္တပဝတ္တမှ ထသနည်းဟူမူ?---- ဝုဋ္ဌဟနဉ္စ နေသံ အာရမ္မဏာကရဏံ၊ အာယတိံ အနုပ္ပတ္တိဓမ္မတာပါဒနဉ္စ။ (မဟာဋီ-၂-၄၆၉။)’译:‘对它们出起,是不再把它们作为所缘;令它们具有未来不再生起之法性,也是出起。’(《大复注》2-469。)称为趣向出起观的行舍智、随顺智与种姓智,在道心路中依次连续生起;紧接在趣向出起观之后,即种姓智之后,圣道智随即生起。因此,观智与圣道智相互衔接。观智把五取蕴诸行的坏灭作为所缘,安立三相而修观审察。这样——
ဝိပဿနာရှုလာရာ ဝုဋ္ဌာနဂါမိနီ ဝိပဿနာသို့ ဆိုက်ရောက်လာသောအခါ အနုလောမဉာဏ်သို့တိုင်အောင်သော ဝိပဿနာဉာဏ်တို့သည် သင်္ခါရနိမိတ်ကို အာရုံပြုသော်လည်း အရိယမဂ်တရားသည် သင်္ခါရနိမိတ်ကို အာရုံ
——修观而抵达趣向出起观时,直到随顺智为止的诸观智虽仍缘取行相,圣道法却不再缘取行相——
原书第 389 页
ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- သင်္ခါရုပေက္ခာဉာဏ်ခန်း မပြုတော့ဘဲ အနိမိတ္တအမည်ရသော သင်္ခါရနိမိတ်ကင်းရာ အသင်္ခတဓာတ် နိဗ္ဗာန်တရားတော်မြတ်ကိုသာ အာရုံ ပြုသွား၏။ ယင်းသို့လျှင် အရိယမဂ်ဉာဏ်သည် သင်္ခါရနိမိတ်ကင်းရာ အသင်္ခတဓာတ် နိဗ္ဗာန်တရားတော်မြတ်- ကိုသာ အာရုံပြုသောကြောင့် ဥပါဒါနက္ခန္ဓာငါးပါး အပေါင်းတည်းဟူသော သင်္ခါရနိမိတ်ကို အာရုံမပြုပေ။ ယင်းသို့ သင်္ခါရနိမိတ်ကို အာရုံမပြုခြင်းသည် ထိုသင်္ခါရနိမိတ်မှ ထသည် မည်၏။
——只缘取离行相、名为无相的无为界——殊胜涅槃。圣道智只缘取离行相的殊胜涅槃,不缘取五取蕴所构成的行相;这种不把行相作为所缘,便称为从行相出起。
အရိယမဂ်တရား အသီးအသီးသည် မိမိ မိမိ ဆိုင်ရာဆိုင်ရာ ကိလေသာတို့ကို သမုစ္ဆေဒပဟာန်ဖြင့် အကြွင်းမဲ့ အမြစ်ပြတ် ပယ်သတ်လိုက်သဖြင့် ကိလေသာများသည် နောင်အခါ၌ နောင်တစ်ဖန် ဖြစ်ခြင်းသဘော မရှိသော ချုပ်ငြိမ်းခြင်းသို့ ရောက်ရှိသွား၏။ မဂ္ဂဘာဝနာ မရှိပါက ထိုကိလေသာလျှင် အကြောင်းရင်း ရှိသော ဖြစ်လတ္တံ့သော ဥပါဒိန္နက္ခန္ဓာ = ဝိပါက်ခန္ဓာတို့သည်လည်း ရှိကြ၏။ မဂ္ဂဘာဝနာကြောင့် ကိလေသာများသည် အဆင့်ဆင့် အကြွင်းမဲ့ ကုန်ခန်းသွားကြသဖြင့် ကိလေသာ ထင်ရှားရှိပါမှ တဏှာအစိုဓာတ် အစေးဓာတ် ထင်ရှား ရှိပါမှ ဖြစ်ခွင့်ရှိသော ဝိပါက်ခန္ဓာ အစဥ်သည်လည်း မဖြစ်နိုင်တော့ပြီ = မဖြစ်ခြင်းသဘောသို့ပင် ရောက်ရှိသွား၏။
每一种圣道法都以正断无余根除各自应断的烦恼,使这些烦恼永远止息,未来不再生起。若未修习圣道,以那些烦恼为因、将来本会生起的执取蕴,即果报蕴,仍会存在。由于修习圣道,烦恼逐层无余灭尽;只有烦恼与作为滋润、黏著的爱存在时才可能生起的果报蕴相续,也就不再可能生起,成为未来不生之法。
ထိုသို့ အရိယမဂ်က ကိလေသာနှင့် ခန္ဓာတို့၏ နောင်အခါ၌ တစ်ဖန် မဖြစ်ခြင်းသဘော ရှိသည်၏ အဖြစ်သို့ ရောက်စေခြင်းသည် အဇ္စျတ္တပဝတ္တမှ ထသည် မည်၏ ဟူလိုသည်။ ဤသဘောတရားများကို ရှင်းရှင်း နားလည်- မိစေရန် မဂ္ဂဝီထိများကို ဤတွင် ဆက်လက်၍ ဖော်ပြအပ်ပါသည်။ -----
圣道如此令烦恼与诸蕴未来不再生起,便称为从内在转起出起。为了清楚理解这些义理,下面列出道心路。
မန္ဒပညပုဂ္ဂိုလ်၏ သောတာပတ္တိမဂ္ဂဝီထိ
钝慧者的入流道心路
ဘ '' န - ဒ - မ - ပ - ဥ - နု - ဂေါ - မ - ဖ - ဖ '' ဘ - ဘ …
有分—有分波动—有分断—意门转向—预作—近行—随顺—种姓—道—果—果—有分—有分……
တိက္ခပညပုဂ္ဂိုလ်၏ သောတာပတ္တိမဂ္ဂဝီထိ
利慧者的入流道心路
ဘ '' န - ဒ - မ - ဥ - နု - ဂေါ - မ - ဖ - ဖ - ဖ '' ဘ - ဘ …
有分—有分波动—有分断—意门转向—近行—随顺—种姓—道—果—果—果—有分—有分……
ဘ = ဘဝင်။ န = ဘဝင်္ဂစလန။ ဒ = ဘဝင်္ဂုပစ္ဆေဒ။ မ = မနောဒွါရာဝဇ္ဇန်း။ ပ = ပရိကံ။ ဥ = ဥပစာ။
‘有分’指有分心;‘有分波动’指有分波动;‘有分断’指有分断;‘意门转向’指意门转向;‘预作’指预作;‘近行’指近行。
နု = အနုလုံ။ ဂေါ = ဂေါတြဘု။ မ = အရိယမဂ်။ ဖ = အရိယဖိုလ်။
‘随顺’指随顺智;‘种姓’指种姓智;‘道’指圣道;‘果’指圣果。
ဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ မနောဒွါရာဝဇ္ဇန်း၊ ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘု၊ မဂ်၊ ဖိုလ် (၂)ကြိမ်၊ ထိုနောင် ဘဝင်ဖြစ်ထိုက်သ၍ ဖြစ်၏။ ဤကား ပညာနုံ့သော မန္ဒပညပုဂ္ဂိုလ်၏ မဂ္ဂဝီထိတည်း။
钝慧者的道心路依次为:有分、有分波动、有分断、意门转向、预作、近行、随顺、种姓、道、两次果,其后有分心随适当次数生起。
တိက္ခပညပုဂ္ဂိုလ်၌ ပရိကံ မပါဘဲ ဖိုလ်ဇော သုံးကြိမ် စော၏။ သကဒါဂါမိမဂ္ဂဝီထိစသည့် အထက်ပိုင်းမဂ္ဂဝီထိ- များ၌ ဂေါတြဘုအရာတွင် ဝေါဒါန်ဟု အမည်ပြောင်းသွားသည်သာ ထူး၏။
利慧者没有预作,果速行生起三次。对于一来道心路等更高道心路,只有种姓智改名为净化智(vodāna),其余相同。
ထိုဝီထိစိတ်တို့တွင် ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘုတို့မှာ ကာမာဝစရ မဟာကုသိုလ် ဉာဏသမ္ပယုတ် ဇောများ ဖြစ်ကြ၏။ သောမနဿနှင့် ဥပေက္ခာ ထိုက်သလို ဖြစ်နိုင်၏။ ယင်းဇောတို့တွင် ပရိကံ၊ ဥပစာ၊ အနုလုံတို့ကား သင်္ခါရနိမိတ်ကို အာရုံပြု၍ ဂေါတြဘု (ဝေါဒါန်)၊ မဂ်၊ ဖိုလ်တို့ကား အသင်္ခတဓာတ် နိဗ္ဗာန် တရားတော်မြတ်ကို အာရုံပြုကြသည်။
在这些心路心中,预作、近行、随顺与种姓是欲界智相应大善速行,可以与悦俱,也可以与舍俱。预作、近行和随顺缘取行相;种姓〔或净化〕、道与果则缘取无为界——殊胜涅槃。
ဤအရိယမဂ်ဉာဏ်နှင့် ဆက်စပ်လျက်ရှိသော ပရိကံ ဥပစာ အနုလုံ ဂေါတြဘု (ဝေါဒါန်) တို့ကိုလည်း- ကောင်း၊ မဂ္ဂဝီထိ၏ ရှေးတွင် ဘဝင်ခြားလျက် မဂ္ဂဝီထိနှင့် ဆက်စပ်နေသော အလွန်နီးကပ်နေသော အထွတ် အထိပ်သို့ ရောက်ရှိလာသည့် သင်္ခါရုပေက္ခာဉာဏ်ပါသည့် ဝိပဿနာဇောဝီထိကိုလည်းကောင်း ဝုဋ္ဌာနဂါမိနီ ဝိပဿနာဟု ခေါ်ဆိုပေသည်။ သင်္ခါရုပေက္ခာဉာဏ်ကို သုံးပိုင်း ပိုင်းလျှင် အရိယမဂ်ဉာဏ်နှင့် ဆက်စပ်နေသည့် အလွန်နီးကပ်နေသည့် နောက်ဆုံးပိုင်း ဖြစ်သည်။
与圣道智紧密衔接的预作、近行、随顺、种姓〔或净化〕,以及在道心路之前、虽隔着有分却与道心路极其接近、已抵达顶峰而具行舍智的观速行心路,都称为趣向出起观。若把行舍智分成三段,这里所说的是与圣道智紧密衔接的最后一段。
原书第 390 页
ဝုဋ္ဌာနဂါမိနီ ဝိပဿနာ၏ အာရုံ
趣向出起观的所缘
ဝုဋ္ဌာနဂါမိနီ ပန ဝိပဿနာ ကိမာရမ္မဏာတိ၊ လက္ခဏာရမ္မဏာတိ။ လက္ခဏံ နာမ ပညတ္တိဂတိကံ နဝတ္တဗ္ဗဓမ္မဘူတံ။ ယော ပန ''အနိစ္စံ ဒုက္ခမနတ္တာ''တိ တီဏိ လက္ခဏာနိ သလဒက္ခေတိ၊ တဿ ပဉ္စက္ခန္ဓာ ကဏ္ဌေ ဗဒ္ဓကုဏပံ ဝိယ ဟောန္တိ၊ သင်္ခါရာရမ္မဏမေဝ ဉာဏံ သင်္ခါရတော ဝုဋ္ဌာတိ။ ယထာ ဟိ ဧကော ဘိက္ခု ပတ္တံ ကိဏိတုကာမော ပတ္တဝါဏိဇေန ပတ္တံ အာဘတံ ဒိသွာ ဟဋ္ဌပဟဋ္ဌော ''ဂဏှိဿာမီ''တိ စိန္တေတွာ ဝီမံသမာနော တီဏိ ဆိဒ္ဒါနိ ပဿေယျ။ သော န ဆိဒ္ဒေသု နိရာလယော ဟောတိ၊ ပတ္တေ ပန နိရာလယော ဟောတိ၊ ဧဝမေဝ တီဏိ လက္ခဏာနိ သလဒက္ခေတွာ သင်္ခါရေသု နိရာလယော ဟောတိ၊ သင်္ခါရာရမ္မဏေနေဝ ဉာဏေန သင်္ခါရတော ဝုဋ္ဌာတီတိ ဝေဒိတဗ္ဗံ။ ဒုဿောပမာယပိ ဧသေဝ နယော။ (အဘိ-ဋ္ဌ-၁-၂၆၉။) အနိစ္စတာ ဒုက္ခတာ အနတ္တတာတိ ဟိ ဝိသုံ ဂယှမာနံ လက္ခဏံ ပညတ္တိဂတိကံ ပရမတ္ထတော အဝိဇ္ဇမာနံ၊ အဝိဇ္ဇမာနတ္တာ ဧဝ ပရိတ္တာဒိဝသေန နဝတ္တဗ္ဗဓမ္မဘူတံ။ တသ္မာ ဝိသုံ ဂဟေတဗ္ဗဿ လက္ခဏဿ ပရမတ္ထတော
巴利义注原文(缅文字体,续下单元):‘ဝုဋ္ဌာနဂါမိနီ ပန ဝိပဿနာ ကိမာရမ္မဏာတိ၊ လက္ခဏာရမ္မဏာတိ။ လက္ခဏံ နာမ ပညတ္တိဂတိကံ နဝတ္တဗ္ဗဓမ္မဘူတံ။ ယော ပန ''အနိစ္စံ ဒုက္ခမနတ္တာ''တိ တီဏိ လက္ခဏာနိ သလဒက္ခေတိ၊ တဿ ပဉ္စက္ခန္ဓာ ကဏ္ဌေ ဗဒ္ဓကုဏပံ ဝိယ ဟောန္တိ၊ သင်္ခါရာရမ္မဏမေဝ ဉာဏံ သင်္ခါရတော ဝုဋ္ဌာတိ။ ယထာ ဟိ ဧကော ဘိက္ခု ပတ္တံ ကိဏိတုကာမော ပတ္တဝါဏိဇေန ပတ္တံ အာဘတံ ဒိသွာ ဟဋ္ဌပဟဋ္ဌော ''ဂဏှိဿာမီ''တိ စိန္တေတွာ ဝီမံသမာနော တီဏိ ဆိဒ္ဒါနိ ပဿေယျ။ သော န ဆိဒ္ဒေသု နိရာလယော ဟောတိ၊ ပတ္တေ ပန နိရာလယော ဟောတိ၊ ဧဝမေဝ တီဏိ လက္ခဏာနိ သလဒက္ခေတွာ သင်္ခါရေသု နိရာလယော ဟောတိ၊ သင်္ခါရာရမ္မဏေနေဝ ဉာဏေန သင်္ခါရတော ဝုဋ္ဌာတီတိ ဝေဒိတဗ္ဗံ။ ဒုဿောပမာယပိ ဧသေဝ နယော။ (အဘိ-ဋ္ဌ-၁-၂၆၉။) အနိစ္စတာ ဒုက္ခတာ အနတ္တတာတိ ဟိ ဝိသုံ ဂယှမာနံ လက္ခဏံ ပညတ္တိဂတိကံ ပရမတ္ထတော အဝိဇ္ဇမာနံ၊ အဝိဇ္ဇမာနတ္တာ ဧဝ ပရိတ္တာဒိဝသေန နဝတ္တဗ္ဗဓမ္မဘူတံ။ တသ္မာ ဝိသုံ ဂဟေတဗ္ဗဿ လက္ခဏဿ ပရမတ္ထတော
အဘာဝါ ''အနိစ္စံ ဒုက္ခမနတ္တာ''တိ သင်္ခါရေ သဘာဝတော သလဒက္ခန္တောဝ လက္ခဏာနိ သလဒက္ခေတိ နာမာတိ အာဟ ''ယော ပန အနိစ္စံ ဒုက္ခမနတ္တာတိ တီဏိ လက္ခဏာနိ သလဒက္ခေတီ''တိ။ (မူလဋီ-၁-၁၁၅။) ဝုဋ္ဌာနဂါမိနီ ဝိပဿနာသည် အဘယ်အာရုံ ရှိသနည်းဟူမူ အနိစ္စတာ ဒုက္ခတာ အနတ္တတာဟူသော လက္ခဏာလျှင် အာရုံရှိသည်ဟု ဖြေဆိုရာ၏။ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာဟူသော လက္ခဏာသည် ပညတ်၏ ဖြစ်ခြင်းကဲ့သို့သော ဖြစ်ခြင်းရှိ၏၊ ပညတ်နှင့် အလားတူနေ၏။ (အဘိ-ဋ္ဌ-၁-၂၆၉။) ထိုကြောင့် ဝုဋ္ဌာနဂါမိနီ ဝိပဿနာသည် အနိစ္စတာစသော လက္ခဏာကို အာရုံပြုနေလျှင် ထိုလက္ခဏာသည် ပညတ်သဘော ဖြစ်၏၊ ထိုကြောင့် အရိယမဂ် ဖြစ်သောအခါ ထိုမဂ်သည် ဝုဋ္ဌာန အမည်ရရာ၌ ထိုဝုဋ္ဌာနသည် သင်္ခါရအာရုံတို့မှ မထမြောက်နိုင်ဘဲ ရှိရာ၏၊ တစ်ဖန် ယင်း ဝုဋ္ဌာနဂါမိနီ ဝိပဿနာသည် သင်္ခါရတရားကို အာရုံ ပြုပြန်လျှင်လည်း သင်္ခါရတရားတို့၏ အနိစ္စတာစသော လက္ခဏာကို ထိုးထွင်း၍ မသိဘဲ ရှိရာ၏။ ဤသို့ အစွန်း
အဘာဝါ ''အနိစ္စံ ဒုက္ခမနတ္တာ''တိ သင်္ခါရေ သဘာဝတော သလဒက္ခန္တောဝ လက္ခဏာနိ သလဒက္ခေတိ နာမာတိ အာဟ ''ယော ပန အနိစ္စံ ဒုက္ခမနတ္တာတိ တီဏိ လက္ခဏာနိ သလဒက္ခေတီ''တိ။ (မူလဋီ-၁-၁၁၅။)’译:‘若问趣向出起观以什么为所缘,应答:以相为所缘。所谓相,其性质近于概念,是不能归类之法。若有人辨识无常、苦、无我三相,对他而言,五蕴就像缚在颈上的死尸;但从诸行出起的智,仍只以诸行为所缘。譬如一位比丘想买钵,见钵商带来钵,欢喜地想“我要买下”,检查时却看见三个孔洞。他所不再留恋的不是孔洞,而是那个钵。同样,修行比丘辨识三相后,对诸行不再留恋;应知,他以仍以诸行为所缘的智,从诸行出起。买布时看见三个孔洞的譬喻,也应同样理解。’(《阿毗达磨义注》1-269。)又说:‘无常性、苦性、无我性若分别取出,便近于概念,在胜义上并不存在;正因不存在,才是不能依小等类别而说的法。胜义上既没有可分别执取的相,唯有依诸行自性辨识无常、苦、无我,才名为辨识诸相。’(《根本复注》1-115。)若问趣向出起观以什么为所缘,应答:以无常性、苦性、无我性三相为所缘。这里的相近似概念,与概念相似。(《阿毗达磨义注》1-269。)若因此主张趣向出起观缘取作为概念的相,那么圣道生起、得名为出起时,就不能从行所缘出起;反过来,若说它缘取诸行,又似乎不能通达诸行的无常性等相。由于出现这两端——
နှစ်ဘက် ထွက်နေသောကြောင့် ဤမေးခွန်းကို ထုတ်၍ အဋ္ဌကထာဆရာတော်က ဖြေဆိုနေခြင်း ဖြစ်၏။
——义注师才提出并回答这个问题。
(မူလဋီ-၁-၁၁၅။)
(《根本复注》1-115。)
လက္ခဏာရမ္မဏာ ----- ''အနိစ္စ''ဟု ဆိုရာ၌ အနိစ္စဖြစ်သော မမြဲသော ခန္ဓာ (၅)ပါး ရ၏။ ''အနိစ္စတာ''ဟု ဆိုရာ၌ကား ထိုအနိစ္စဖြစ်သော ခန္ဓာ (၅)ပါး၏ မမြဲခြင်းဟူသော အမှတ်လက္ခဏာ ရ၏။ ဒုက္ခနှင့် ဒုက္ခတာ၊ အနတ္တနှင့် အနတ္တတာတို့၌လည်း နည်းတူ မှတ်ပါ။
所谓‘以相为所缘’:说‘无常’时,所得的是无常、不恒常的五蕴;说‘无常性’时,所得的则是这无常五蕴不恒常的标相。苦与苦性、无我与无我性,也应同样理解。
လောကီ ဥပါဒါနက္ခန္ဓာ (၅)ပါးကို အနိစ္စ ဒုက္ခ အနတ္တ ဟု ရှုရာ၌ အာရုံပြုရင်းက သင်္ခါရဖြစ်သော ပရမတ္ထ ခန္ဓာကို အာရုံပြုသော်လည်း ဉာဏ်၌ ထင်လာသောအခါ ဤခန္ဓာ (၅)ပါး၏ အနိစ္စတာစသော အခြင်းအရာသာ ထင်လာ၏၊ ဤသို့ထင်လာပုံကို စွဲ၍ လက္ခဏာရမ္မဏာ = အနိစ္စတာ ဒုက္ခတာ အနတ္တတာဟူသော လက္ခဏာလျှင် အာရုံရှိသည်ဟု အဋ္ဌကထာ ဆိုခြင်း ဖြစ်သည်။ (မူလဋီ-၁-၁၁၅။) လက္ခဏာမည်သည် ပညတ်၏ဖြစ်ခြင်းကဲ့သို့သော ဖြစ်ခြင်းရှိ၏။ ပညတ်နှင့် အလားတူ၏၊ ပရိတ္တ = ကာမ တရား၊ မဟဂ္ဂုတ်တရားစသည်ဖြင့် မဆိုထိုက်သော တရားဖြစ်၍ ဖြစ်၏။ ထိုသို့ပင် ဖြစ်သော်လည်း အကြင်ယော- ဂါဝစရ ရဟန်းသည် ''အနိစ္စ ဒုက္ခ အနတ္တ''ဟု လက္ခဏာရေးသုံးတန်တို့ကို မှတ်သား၏၊ ထိုရဟန်း၏ သန္တာန်ဝယ် ခန္ဓာငါးပါးတို့သည် လည်ပင်း၌ ဖွဲ့ချည်၍ ထားအပ်သော အကောင်ပုပ်ကဲ့သို့ ဖြစ်လာကုန်၏၊ ထင်လာကုန်၏၊ သင်္ခါရဟူသော အာရုံရှိသည်သာလျှင် ဖြစ်သော ဉာဏ်သည် သင်္ခါရမှ ထ၏။ (အဘိ-ဋ္ဌ-၁-၂၆၉။)
观世间五取蕴为无常、苦、无我时,虽然实际缘取的是胜义的行蕴,显现在智中的却只是这五蕴的无常性等行相。义注依据这种显现方式,才说‘以相为所缘’,即以无常性、苦性、无我性为所缘。(《根本复注》1-115。)所谓相,性质近于概念,与概念相似;它不能说是小欲界法、广大法等类别。即使如此,一位瑜伽行比丘辨识‘无常、苦、无我’三相时,他相续中的五蕴便显得像缚在颈上的死尸;而那项智仍只以诸行为所缘,并从诸行出起。(《阿毗达磨义注》1-269。)
原书第 391 页
ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- သင်္ခါရုပေက္ခာဉာဏ်ခန်း လက္ခဏာသည် = လက္ခဏာရေးသုံးတန်သည် ပညတ်နှင့် အလားတူပင် တူပါသော်လည်း ဝုဋ္ဌာနဂါမိနီ ဝိပဿနာဉာဏ်သည် သင်္ခါရတရားကိုသာလျှင် အာရုံပြုလျက် နေပါသည်။ သင်္ခါရတရားကို အာရုံပြုသောကြောင့် ဝုဋ္ဌာနအမည်ရသော အရိယမဂ်ဉာဏ် ဖြစ်ပေါ်လာသောအခါ သင်္ခါရကို လွှတ်၍ နိဗ္ဗာန်ကို အာရုံပြုရကား အရိယမဂ်သည် သင်္ခါရမှ ထမြောက်ရာ ရောက်၏။ ထိုကြောင့် ----- သင်္ခါရာရမ္မဏမေဝ ဉာဏံ သင်္ခါရတော ဝုဋ္ဌာတိ = သင်္ခါရတရားဟူသော အာရုံရှိသည်သာလျှင် ဖြစ်သော ဉာဏ်သည် သင်္ခါရမှ ထ၏ - ဟု အဋ္ဌကထာက ဖွင့်ဆိုခြင်း ဖြစ်သည်။ ဤ၌ သင်္ခါရဟူသော အာရုံရှိသော ဉာဏ်ကား ဝိပဿနာဉာဏ်တည်း၊ သင်္ခါရမှ ထသော ဉာဏ်ကား အရိယမဂ်ဉာဏ်တည်း။ ဉာဏ်ချင်းတူသောကြောင့် ဧကတ္တနည်းအားဖြင့် ''ဉာဏံ''ဟု ဉာဏ်တစ်ခု- တည်းအဖြစ် အဋ္ဌကထာက မိန့်ဆိုထားတော်မူသည်။
三相虽然近似概念,趣向出起观智却仍只缘取诸行。因为缘取诸行,当称为出起的圣道智生起时,它舍离诸行、转而缘取涅槃,于是圣道便从诸行出起。因此,义注说:‘仍只以诸行为所缘的智,从诸行出起。’这里,以诸行为所缘的智是观智,从诸行出起的智是圣道智;因为同是智,义注依同一理路(ekattanaya),把两者说成一个‘智’。
လောကဥပမာ ----- ရဟန်းတော်တစ်ပါးသည် သပိတ်ကို ဝယ်ယူလိုသည် ဖြစ်၍ သပိတ်စျေးသည်က သပိတ်ကို ဆောင်ယူလာသည်ကို မြင်၍ ဝမ်းမြောက် ဝမ်းသာ ရွှင်လန်းတက်ကြွစွာ ဖြစ်လျက် ''ဝယ်ယူရတော့- ပေအံ့''ဟု ကြံစည်စဥ်းစား၍ သပိတ်ကို စူးစမ်းကြည့်လတ်သော် သပိတ်၌ အပေါက်သုံးခုတို့ကို တွေ့မြင်လေ- ရာ၏၊ ထိုရဟန်းသည် အပေါက်တို့၌ တွယ်တာမှု အာလယ မရှိသည်ကား မဟုတ်၊ အဟုတ်မှာမူ သပိတ်၌သာ တွယ်တာမှု အာလယ မရှိ ဖြစ်သွား၏။ ဤဥပမာအတူပင်လျှင် ယောဂါဝစရ ရဟန်းတော်သည် သင်္ခါရတရားတို့၌ လက္ခဏာရေးသုံးတန်ကို မှတ်သား၍ သင်္ခါရတရားတို့၌ တွယ်တာမှု အာလယ မရှိ ဖြစ်သွား၏၊ သင်္ခါရဟူသော အာရုံရှိသည်သာလျှင် ဖြစ်သော ဉာဏ်ဖြင့် သင်္ခါရမှ ထမြောက်၏ဟု သိရှိပါလေ။ ပုဆိုးကို ဝယ်ရာဝယ် ပုဆိုး၌ အပေါက်သုံးခုကို တွေ့သည့် ဥပမာ၌လည်း နည်းတူပင်တည်း။ (အဘိ-ဋ္ဌ-၁-၂၆၉။)
世间譬喻:一位比丘想买钵,看见钵商带来钵,欢喜地想着‘可以买下了’,细看时却发现钵上有三个孔。他并非对三个孔洞不再留恋,真正不再留恋的是那个钵。同样,瑜伽行比丘在诸行上辨识三相之后,便对诸行不再留恋;应知,他以仍以诸行为所缘的智从诸行出起。购买缅甸男装筒裙时,看见布上有三个孔洞的譬喻,也应同样理解。(《阿毗达磨义注》1-269。)
အဘိနိဝေသနှင့် ဝုဋ္ဌာန အမျိုးအစား
起观与出起的类别
(ဝိသုဒ္ဓိ-၂-၃ဝဝ-၃ဝ၁။ အဘိ-ဋ္ဌ-၁-၂၇ဝ-၂၇၁။)
(《清净之道》2-300—301;《阿毗达磨义注》1-270—271。)
၁။ ဤသာသနာတော်၌ အချို့သော ယောဂါဝစရပုဂ္ဂိုလ်သည် အားထုတ်ခါစ ရှေးဦးအစ၌ပင်လျှင် မိမိသန္တာန်၌ တည်ရှိသော အဇ္စျတ္တ ခန္ဓာငါးပါး သင်္ခါရတရားတို့၌ စွဲစွဲမြဲမြဲ နှလုံးသွင်း၏၊ စွဲစွဲမြဲမြဲ နှလုံးသွင်းပြီး၍ ထိုအဇ္စျတ္တ ခန္ဓာငါးပါး သင်္ခါရတရားတို့ကို လက္ခဏာယာဥ် သုံးချက်ကို တစ်လှည့်စီ တင်၍ အနိစ္စဟု (ဒုက္ခဟု အနတ္တဟု ) ဝိပဿနာရှု၏။ သို့သော် အဇ္စျတ္တသင်္ခါရတရား သက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်ကား ဝုဋ္ဌာနအမည်ရသော အရိယမဂ်သည် မဖြစ်ပေါ်လာနိုင်။ ဗဟိဒ္ဓသင်္ခါရတရားတို့ကိုလည်း ဝိပဿနာရှုရမည်သာလျှင် ဖြစ်သည်။ (မမံ ကာရဝတ္ထုနောပိ ပရိညေယျတ္တာ = ငါ၏ ဥစ္စာဟု နှလုံးသွင်းအပ်သော တဏှာ၏ တည်ရာ စွဲမှီ၍ ဖြစ်ရာ သက်ရှိ သက်မဲ့ ဗဟိဒ္ဓ ရုပ်ဝတ္ထု နာမ်ဝတ္ထု၏ ပိုင်းခြား၍ သိအပ်သော ပရိညေယျတရားပင် ဖြစ်သောကြောင့်တည်း။) ထိုကြောင့် သူတစ်ပါး၏ သန္တာန်၌ တည်ရှိသော ခန္ဓာငါးပါးတို့ကိုလည်းကောင်း၊ အနုပါဒိန္နသင်္ခါရ အမည်ရသော
一、在本教法中,有些修行者最初开始用功时,便持续对自身相续中的内五蕴诸行起观;如此起观后,把内五蕴诸行轮番安立于三相,观为无常、苦、无我。然而,只观内在诸行,不能令称为出起的圣道生起,还必须观外在诸行。〔这是因为,被爱执为‘我的财物’、作为爱所依处的外在有情与无情色名,也是应当遍知的法。〕所以,他还把他人相续中的五蕴,以及称为非执取行、存在于无情世间的时节生色,轮番安立于三相,观为无常、苦、无我。
သက်မဲ့လောက၌ တည်ရှိသော ဥတုဇရုပ်တရားတို့ကိုလည်းကောင်း အနိစ္စဟု ဒုက္ခဟု အနတ္တဟု လက္ခဏာယာဥ် သုံးချက်ကို တစ်လှည့်စီ တင်၍ ဝိပဿနာရှု၏။ (ဗဟိဒ္ဓချင်း တူညီ၍ သာမန်ပေါင်းစု ခြုံငုံ၍ ရှုရန်ဖြစ်သည်။) ထိုယောဂါဝစရပုဂ္ဂိုလ်သည် ရံခါ အဇ္စျတ္တဖြစ်သော မိမိသန္တာန်၌ အကျုံးဝင်သော သင်္ခါရတရားတို့ကို လက္ခဏာယာဥ် တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်၏၊ ရံခါ ဗဟိဒ္ဓဖြစ်သော သင်္ခါရတရားတို့ကို လက္ခဏာယာဥ် တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်၏။ ဤသို့သောနည်းဖြင့် ဝိပဿနာ ရှုပွားသုံးသပ်သော ထိုယောဂါဝစရပုဂ္ဂိုလ်အား အဇ္စျတ္တ သင်္ခါရ တရားတို့ကို ဝိပဿနာ ရှုပွားသုံးသပ်သော ကာလ၌ ဝိပဿနာဉာဏ်သည် အရိယမဂ်ဉာဏ်နှင့် အတူတကွ ဆက်စပ်မိ၏။ (ဝိပဿနာဉာဏ်၏ အခြားမဲ့မှာပင်လျှင် အရိယမဂ်ဉာဏ် ဖြစ်ပေါ်လာသောကြောင့် ဤသို့ ဆိုသည်။) ဤယောဂါဝစရပုဂ္ဂိုလ်သည် အဇ္စျတ္တ၌ စွဲစွဲမြဲမြဲ နှလုံးသွင်း၍ အဇ္စျတ္တမှ ထသည် မည်၏။
〔由于同属外在,可总摄为一类而观。〕这位修行者有时安立三相而观自身相续所摄的内在诸行,有时安立三相而观外在诸行。当他正在观内在诸行时,观智与圣道智衔接,即圣道智紧接在观智之后生起;这就称为‘持续对内在起观,而从内在出起’。
原书第 392 页
၂။ နောက်တစ်မျိုးကား - ဗဟိဒ္ဓသင်္ခါရတရား၌ ဝိပဿနာ ရှုပွားသုံးသပ်သောအခါ၌ ထိုယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်သည် အရိယမဂ်ဉာဏ်နှင့် အတူတကွ အကယ်၍ ဆက်စပ်မိသည် ဖြစ်အံ့၊ ဤ ယောဂါဝစရ ပုဂ္ဂိုလ်သည် အဇ္စျတ္တ၌ စွဲစွဲမြဲမြဲ နှလုံးသွင်း၍ ဗဟိဒ္ဓမှ ထသည် မည်၏။
二、另一种情形是:若他正在观外在诸行时,观智与圣道智衔接,这就称为‘持续对内在起观,而从外在出起’。
〔 မှတ်ချက် ----- အဇ္စျတ္တမှ ထ၏၊ ဗဟိဒ္ဓမှ ထ၏ - ဟူသော ဤစကားများကို ဝုဋ္ဌာနဂါမိနီ ဝိပဿနာ၏ အဇ္စျတ္တသင်္ခါရတရားလျှင် အာရုံရှိသည်၏ အဖြစ်ကြောင့်၊ ဗဟိဒ္ဓသင်္ခါရတရားလျှင် အာရုံရှိသည်၏ အဖြစ်- ကြောင့် ပရိယာယ်အားဖြင့် ဆိုခြင်း ဖြစ်သည်။ ပရိယာယ် မဖက် မုချသက်သက်အားဖြင့်ကား အဇ္စျတ္တ သင်္ခါရ ဗဟိဒ္ဓသင်္ခါရ အလုံးစုံမှ ထသည်သာလျှင် ဖြစ်သည်။ 〕 ၃။ ဗဟိဒ္ဓသင်္ခါရတရား၌ စတင်၍ စွဲစွဲမြဲမြဲ နှလုံးသွင်း၍ ဗဟိဒ္ဓသင်္ခါရတရားမှလည်းကောင်း၊ ၄။ အဇ္စျတ္တသင်္ခါရတရားမှလည်းကောင်း ထခြင်း၌လည်း ဤနည်းကို သိရှိပါလေ။
〔注:所谓‘从内在出起’‘从外在出起’,是依趣向出起观以某一内在诸行或外在诸行为所缘,按间接义而说。若依不涉间接义的纯直接说法,实际上是从全部内在、外在诸行出起。〕三、先持续对外在诸行起观,随后从外在诸行出起;四、先持续对外在诸行起观,随后从内在诸行出起——这两种也应同理理解。
၅။ အခြားတစ်ဦးသော ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးအစ အားထုတ်ခါစ၌ပင်လျှင် ရုပ်တရား၌ စွဲစွဲမြဲမြဲ နှလုံးသွင်း၏၊ စွဲစွဲမြဲမြဲ နှလုံးသွင်းပြီး၍ ဘူတရုပ်ကိုလည်းကောင်း၊ ဥပါဒါရုပ်ကိုလည်းကောင်း တစ်ပေါင်းတစ်စုတည်း ပြု၍ (ကလာပသမ္မသနနည်းအားဖြင့် စတင်၍) ဝိပဿနာ ရှုပွားသုံးသပ်၏၊ သို့သော် ရုပ်တရားသက်သက်ကို ဝိပဿနာ ရှုရုံမျှဖြင့်ကား ဝုဋ္ဌာနအမည်ရသော အရိယမဂ်ဉာဏ်သည် မဖြစ်ပေါ်လာနိုင်၊ နာမ်တရားကိုလည်း ဝိပဿနာရှုရမည်သာ ဖြစ်ပေသည်။ ထို့ကြောင့် ထိုရုပ်တရားကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဝေဒနာကို လည်းကောင်း၊ သညာကိုလည်းကောင်း၊ သင်္ခါရတို့ကိုလည်းကောင်း ဝိညာဏ်ကိုလည်းကောင်း ''ဤ ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်သည် နာမ်တရားတည်း''ဟု ဉာဏ်ဖြင့် ပိုင်းခြားယူ၍ ယင်းနာမ်တရားတို့ကို အနိစ္စစသော အားဖြင့် လက္ခဏာယာဥ်သုံးချက်ကို တစ်လှည့်စီ တင်၍ ဝိပဿနာ ရှုပွားသုံးသပ်၏။ ထိုယောဂါဝစရပုဂ္ဂိုလ်သည်
五、另一位修行者最初开始用功时,便持续对色法起观。他把大种色与所造色总摄成一组,从聚思惟法开始修观审察。然而,只观色法不能令称为出起的圣道智生起,还必须观名法。所以,他以智分别:缘取这些色法而生起的受、想、行、识,即‘这受、想、行、识是名法’;随后把这些名法轮番安立于无常等三相,修观审察。这位修行者——
ရံခါ ရုပ်တရားကို လက္ခဏာယာဥ်သုံးချက်ကို တစ်လှည့်စီ တင်၍ ဝိပဿနာ ရှုပွားသုံးသပ်၏၊ ရံခါ နာမ်တရားကို လက္ခဏာယာဥ်သုံးချက်ကို တစ်လှည့်စီ တင်၍ ဝိပဿနာ ရှုပွားသုံးသပ်၏။ ဤသို့ သုံးသပ်သော ထိုယောဂါဝစရ ပုဂ္ဂိုလ်အား ရုပ်တရားကို ဝိပဿနာ ရှုပွားသုံးသပ်စဥ် အခါ၌ ဝိပဿနာဉာဏ်သည် အရိယမဂ်ဉာဏ်နှင့် အတူ တကွ ဆက်စပ်မိ၏၊ ဤပုဂ္ဂိုလ်သည် ရုပ်တရား၌ စွဲစွဲမြဲမြဲ နှလုံးသွင်း၍ ရုပ်တရားမှ ထသည် မည်၏။
——有时把色法轮番安立于三相而观,有时把名法轮番安立于三相而观。当他正在观色法时,观智与圣道智衔接,这就称为‘持续对色法起观,而从色法出起’。
၆။ နောက်တစ်မျိုးကား -- နာမ်တရားကို ဝိပဿနာ ရှုပွားသုံးသပ်စဥ်အခါကာလ၌ ထိုယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်သည် အရိယမဂ်ဉာဏ်နှင့် အတူတကွ အကယ်၍ ဆက်စပ်မိသည် ဖြစ်အံ့၊ ဤပုဂ္ဂိုလ်သည် ရုပ်တရား၌ စွဲစွဲမြဲမြဲ နှလုံးသွင်း၍ နာမ်တရားမှ ထသည် မည်၏။
六、另一种情形是:若他正在观名法时,观智与圣道智衔接,这就称为‘持续对色法起观,而从名法出起’。
၇။ နာမ်တရား၌ စတင်၍ စွဲစွဲမြဲမြဲ နှလုံးသွင်း၍ နာမ်တရားမှလည်းကောင်း၊ ၈။ ရုပ်တရားမှလည်းကောင်း ထရာ၌လည်း ဤနည်းကိုပင် သိပါလေ။
七、先持续对名法起观,随后从名法出起;八、先持续对名法起观,随后从色法出起——这两种也应同理理解。
〔မှတ်ချက် ----- ရုပ်တရား၌ စတင်၍ ဝိပဿနာကို နှလုံးသွင်းခြင်းသည် ယေဘုယျအားဖြင့် ဝိပဿနာ- ယာနိက ပုဂ္ဂိုလ်အား ဖြစ်သကဲ့သို့ ဤအတူပင် နာမ်တရား၌ စတင်၍ ဝိပဿနာကို နှလုံးသွင်းခြင်းသည် ယေဘုယျအားဖြင့် သမထယာနိကပုဂ္ဂိုလ်အား ဖြစ်၏။ အဘိနိဝေသ = စွဲစွဲမြဲမြဲ နှလုံးသွင်း၏ဟူသည်ကိုလည်း ဝိပဿနာ၏ ရှေးအဖို့၌ ပြုသင့် ပြုထိုက် ပြုအပ်သော ရုပ်တရား နာမ်တရားတို့ကို လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် စသောအားဖြင့် ဉာဏ်ဖြင့် ပိုင်းခြားယူခြင်းဟူ၍ သိအပ်ပေသည်။ ထိုကြောင့် လက်ဦးစွာ ရုပ်တရားကို လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်နည်းအားဖြင့်လည်းကောင်း အဝိဇ္ဇာစသော အကြောင်းတရား ထင်ရှား ဖြစ်ခြင်းကြောင့် အကျိုးရုပ်တရား ထင်ရှား ဖြစ်ပုံဟူသော ပဋိစ္စသမုပ္ပါဒ်နည်းအားဖြင့်လည်းကောင်း သိမ်း- ဆည်းခြင်း ဉာဏ်ဖြင့် ပိုင်းခြားယူခြင်းသည် ရုပ်တရား၌ စွဲစွဲမြဲမြဲ နှလုံးသွင်းခြင်း မည်၏။ နာမ်တရားကို လက္ခဏ
〔注:通常,纯观乘者从对色法起观开始;止乘者则通常从对名法起观开始。所谓起观(abhinivesa),应知,是在修观之前,以智依特相、作用、现起、近因等方式分别色法与名法。因此,先依特相、作用、现起、近因,也依缘起法——无明等因法显现时,相应果色法如何显现——而以摄取智分别色法,便称为对色法起观;依特相——
原书第 393 页
ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- သင်္ခါရုပေက္ခာဉာဏ်ခန်း ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်နည်းအားဖြင့်လည်းကောင်း၊ အဝိဇ္ဇာစသော အကြောင်းတရား ထင်ရှား ဖြစ်ခြင်းကြောင့် အကျိုး နာမ်တရား၏ ထင်ရှား ဖြစ်ပုံဟူသော ပဋိစ္စသမုပ္ပါဒ်နည်းအားဖြင့်လည်းကောင်း သိမ်းဆည်းခြင်း ဉာဏ်- ဖြင့် ပိုင်းခြား၍ ယူခြင်းသည် နာမ်တရား၌ စွဲစွဲမြဲမြဲ နှလုံးသွင်းခြင်း မည်၏။ အထက်ပါ အဋ္ဌကထာစကားရပ်၌ ပစ္စယပရိဂ္ဂဟကို ပရိဂ္ဂဟချင်း တူညီ၍ ရူပပရိဂ္ဂဟ နာမပရိဂ္ဂဟ၌ လက္ခဏာဟာရနေတ္တိနည်းအရ စုပေါင်း ဖွင့်ဆိုထားသည်ဟု မှတ်ပါ။〕 ၉။ ''ယံ ကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗံ တံ နိရောဓဓမ္မ''န္တိ ဧဝံ အဘိနိဝိသိတွာ ဧဝမေဝ ဝုဋ္ဌာနကာလေ ပန ဧက- ပ္ပဟာရေန ပဉ္စဟိ ခန္ဓေဟိ ဝုဋ္ဌာတိ နာမ။ (ဝိသုဒ္ဓိ-၂-၃ဝဝ။) ယံ ကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗံ တံ နိရောဓဓမ္မန္တိ ကာမံ ဥဒယဗ္ဗယပရိဂ္ဂဏှနံ အဘိနိဝေသောတိ ဒဿိတံ၊ ယထာဥပဋ္ဌိတေ ပန ရူပါရူပဓမ္မေ၊ တေသဉ္စ ပစ္စယေ ပရိဂ္ဂဟေတွာ သင်္ခေပေနေဝ ဝိပဿနာဉာဏံ စာရေန္တော
——作用、现起、近因,也依缘起法——无明等因法显现时,相应果名法如何显现——而以摄取智分别名法,便称为对名法起观。应知,在上述义注文句中,由于同属摄受(pariggaha),缘摄受(paccaya-pariggaha)也依特相引导法(lakkhaṇahāranetti)一并含摄在色摄受与名摄受之中。〕九、巴利原文(缅文字体,续下单元):‘''ယံ ကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗံ တံ နိရောဓဓမ္မ''န္တိ ဧဝံ အဘိနိဝိသိတွာ ဧဝမေဝ ဝုဋ္ဌာနကာလေ ပန ဧက- ပ္ပဟာရေန ပဉ္စဟိ ခန္ဓေဟိ ဝုဋ္ဌာတိ နာမ။ (ဝိသုဒ္ဓိ-၂-၃ဝဝ။) ယံ ကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗံ တံ နိရောဓဓမ္မန္တိ ကာမံ ဥဒယဗ္ဗယပရိဂ္ဂဏှနံ အဘိနိဝေသောတိ ဒဿိတံ၊ ယထာဥပဋ္ဌိတေ ပန ရူပါရူပဓမ္မေ၊ တေသဉ္စ ပစ္စယေ ပရိဂ္ဂဟေတွာ သင်္ခေပေနေဝ ဝိပဿနာဉာဏံ စာရေန္တော
ဉာဏုတ္တရော ယထာနိသိန္နောဝ ဉာဏပဋိပါဋိယာ ခိပ္ပမေဝ သစ္စာနိ ပဋိဝိဇ္စျန္တော ဧကပ္ပဟာရေန ပဉ္စဟိ ခန္ဓေဟိ ဝုဋ္ဌာတိ နာမ။ အညထာ ဧကေနေဝ လောကိယစိတ္တေန ပဉ္စန္နံ ခန္ဓာနံ ပရိဂ္ဂဟပရိဇာနနာဒီနံ အသမ္ဘဝတော။ န ဟိ သနိဒဿနသပ္ပဋိဃာဒိံ ဧကဇ္စျံ အာရမ္မဏံ ကာတုံ သက္ကာ။ ယဿ ပန ဧကဝါရံ ဉာဏေန ဖဿိတံ၊ ပုန တံ ဖဿိတဗ္ဗမေဝ။ တာဒိသဿ ဝသေန ဝုတ္တန္တိ ဝဒန္တိ။ (မဟာဋီ-၂-၄၇ဝ။) ယံ ကိဉ္စိ သမုဒယဓမ္မံ သဗ္ဗံ တံ နိရောဓဓမ္မံ။ (ဒီ-၁-၁ဝ၂ …) ''အမှတ်မရှိ အလုံးစုံသော ဘုံသုံးပါး အတွင်း၌ တည်ရှိသော တေဘူမက သင်္ခါရတရား အပေါင်းသည် ဖြစ်ခြင်းသဘော ရှိ၏၊ ထိုဖြစ်ခြင်းသဘော ရှိသော ဘုံသုံးပါး အတွင်း၌ တည်ရှိသော တေဘူမက သင်္ခါရတရား အလုံးစုံသည် ချုပ်ခြင်းသဘော ပျက်ခြင်းသဘော ရှိသည်ချည်း နှင်နှင်တည်း'' ဤသို့ နှလုံးသွင်း၍ ဤသို့သော နည်းအားဖြင့်သာလျှင် ဝုဋ္ဌာနအမည်ရသော အရိယမဂ်ဉာဏ် ဖြစ်သောကာလ၌ တစ်ပြိုင်နက် တစ်ချက်တည်း
ဉာဏုတ္တရော ယထာနိသိန္နောဝ ဉာဏပဋိပါဋိယာ ခိပ္ပမေဝ သစ္စာနိ ပဋိဝိဇ္စျန္တော ဧကပ္ပဟာရေန ပဉ္စဟိ ခန္ဓေဟိ ဝုဋ္ဌာတိ နာမ။ အညထာ ဧကေနေဝ လောကိယစိတ္တေန ပဉ္စန္နံ ခန္ဓာနံ ပရိဂ္ဂဟပရိဇာနနာဒီနံ အသမ္ဘဝတော။ န ဟိ သနိဒဿနသပ္ပဋိဃာဒိံ ဧကဇ္စျံ အာရမ္မဏံ ကာတုံ သက္ကာ။ ယဿ ပန ဧကဝါရံ ဉာဏေန ဖဿိတံ၊ ပုန တံ ဖဿိတဗ္ဗမေဝ။ တာဒိသဿ ဝသေန ဝုတ္တန္တိ ဝဒန္တိ။ (မဟာဋီ-၂-၄၇ဝ။)’译:‘如是起观:“凡是集起之法,一切都是灭法。”当出起之时,则称为同时从五蕴出起。’(《清净之道》2-300。)又说:‘“凡是集起之法,一切都是灭法”,这固然显示以摄取生灭为起观;然而,利智者先摄受随其所现的色、非色法及其诸缘,随后简略地运转观智,依智的次第迅速通达诸谛而仍坐在原处,便称为同时从五蕴出起。若作别解,以一个世间心同时摄受、遍知五蕴等,实不可能;有见有对等法不能合在一起成为一个所缘。凡曾被智触及的,就不必再触及。论师说,这是就这样的人而说。’(《大复注》2-470。)巴利经句(缅文字体):‘ယံ ကိဉ္စိ သမုဒယဓမ္မံ သဗ္ဗံ တံ နိရောဓဓမ္မံ။ (ဒီ-၁-၁ဝ၂ …)’译:‘凡是集起之法,一切都是灭法。’(《长部》1-102等。)这样作意:三界一切诸行无一例外,凡有生起之性,便都有灭尽、坏灭之性;当称为出起的圣道智生起时,便称为一次同时——
အားဖြင့် တစ်ပေါင်းတစ်စုတည်း ဖြစ်၍ ခန္ဓာငါးပါးတို့မှ ထသည် မည်၏။
——从合为一体的五蕴出起。
ယံ ကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗံ တံ နိရောဓဓမ္မံ = ဖြစ်ခြင်းသဘောရှိသော တရားမှန်သမျှသည် ချုပ်ခြင်း သဘောရှိ၏ - ဟူသော ဤစကားရပ်ဖြင့် ဥဒယဗ္ဗယပရိဂ္ဂဏှန = သင်္ခါရတရားတို့၏ အဖြစ်-အပျက်ကို သိမ်း- ဆည်းတတ်သော ဉာဏ်ဟူသော ဝိပဿနာဘိနိဝေသ = ဝိပဿနာ နှလုံးသွင်းမှုကို အဋ္ဌကထာဆရာတော်က အကယ်၍ကား ပြအပ်ပေ၏။ ထိုသို့ပင် ဥဒယဗ္ဗယဉာဏ်ဟူသော တစ်ခုတည်းသော ဝိပဿနာနှလုံးသွင်းမှု အဘိ- နိဝေသကို ပြအပ်ပါသော်လည်း ရှေးရှေးဘဝက လေ့လာခဲ့ဖူးသော ပါရမီဉာဏ်ဟုန် ဝသီဘော်ဂုဏ်ပြ၍ လက်ထက် ဥသျှစ်သို့ ထစ်ထစ်ထင်ထင် ရှေးရှူထင်လာသော ဘူတရုပ် ဥပါဒါရုပ်အားဖြင့် နှစ်ပါးအပြားရှိသော ရုပ်ကို ပထဝီ အာပေါ တေဇော ဝါယော စသော ရုပ်တစ်မျိုး တစ်မျိုး၌ ပထဝီပေါင်းများစွာ အာပေါပေါင်းများစွာ တေဇောပေါင်း များစွာ ဝါယောပေါင်းများစွာ စသည်ဖြင့် အတွင်းဝင်သော အပြားအားဖြင့် တစ်ပါးမက များသော အပြားရှိသည်
‘凡是集起之法,一切都是灭法’这句话,义注师固然用来显示摄取诸行生灭的智,即以生灭智起观。虽然只明示了这一种起观,利智者凭借过去世曾修学的波罗蜜智势与娴熟力量,对于近在眼前、清楚显现的色法——大种色与所造色虽有两类,每一类又各自包含众多地、水、火、风等法——
ဖြစ်သော်လည်း ''ရုပ္ပနဋ္ဌေန ရူပံ = ဖောက်ပြန်တတ်သောကြောင့် ရုပ်''ဟု အကျဥ်းအားဖြင့်သာ လက္ခဏာကို သိမ်းဆည်း၍၊ ဝေဒနာ သညာ သင်္ခါရ ဝိညာဏ် နာမ်တရားကို တစ်ပါးမက များသောအပြား ရှိသော်လည်း ''နမနဋ္ဌေန နာမံ = အာရုံသို့ ညွတ်တတ်သော အနက်သဘောကြောင့် နာမ်''ဟု အကျဥ်းအားဖြင့် သိမ်း- ဆည်း၍ ထိုရုပ်နာမ်တို့၏ အကြောင်းတရားကိုလည်း ''အဝိဇ္ဇာ သင်္ခါရာ တဏှာ ဥပါဒါနံ ဘဝေါ ဟေတု = အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကမ္မဘဝ = ကံသည် အကြောင်းတရား''ဟု အကျဥ်းအားဖြင့်သာ သိမ်းဆည်း၍ ဝိပဿနာဉာဏ်ကို ညီညာသော မြေပြင်အတိ၌ သိန္ဓောမြင်းကို နှင်၏သို့ ရုပ်+နာမ်+ကြောင်း+ကျိုး = သင်္ခါရ အာရုံပေါ်၌ လျင်မြန်စွာ ပြေးသွားစေ၍ သူများထက်လွန်ကဲသော ဉာဏ်ရှိရကား ဣရိယာပုထ် မပြောင်းမရွှေ့
——只以‘因为会变坏,所以是色’而简要摄取其特相;对于受、想、行、识等众多名法,只以‘因为倾向所缘,所以是名’而简要摄取;对于色名的因法,也只简略摄取为‘无明、行、爱、取、有是因’,即无明、爱、取、行与业有是因;然后令观智如骏马驰骋平坦地面一般,在色、名、因、果这些行所缘上迅速运行。由于他的智慧超胜,虽不改换威仪——
原书第 394 页
တစ်ဆွေ့မလှမ်း ဘုရားရှေ့တော်မှောက် စသည်၌ ဒေသနာတော်ကို အစဥ်လျှောက်သဖြင့် ဝိပဿနာဉာဏ်ကို စေလွှတ်လျက် ထိုင်နေမြဲသော ဣရိယာပုထ်ဖြင့်သာလျှင် ဥဒယဗ္ဗယဉာဏ် ဘင်္ဂဉာဏ်စသော ဉာဏ်ကိုးပါး အစဥ်ဖြင့် လျင်မြန်စွာ သစ္စာလေးပါးကို ထိုးထွင်း၍ သိသော ပုဂ္ဂိုလ်သည် တစ်ပြိုင်နက် တစ်ချက်တည်း အားဖြင့် အဇ္စျတ္တ ဗဟိဒ္ဓ စသော ဝေဖန်ခြင်းကို မပြု တစ်ခုတည်းဖြင့်သာလျှင် ယင်းယောဂါဝစရပုဂ္ဂိုလ်၏ အရိယမဂ်သည် ငါးပါးသော ခန္ဓာတို့မှ ထသည် မည်၏ ဟူလိုသည်။
——仍坐在原处,便能随佛陀面前所说教法的次第而运转观智,依生灭智、坏灭智等九种智的次第,迅速通达四圣谛。因此,不再分别内、外等类别,他的圣道便称为一次同时从五蕴出起。
ဤသို့ ဆိုအပ်သည်မှ တစ်ပါးသော အပြားအားဖြင့် အနက်အဓိပ္ပါယ်ကို မယူဆသင့်ပေ။ ယူဆခဲ့သော် တစ်ခုတည်းသော မဟာကုသိုလ် ဝိပဿနာဇောစိတ်သည် ခန္ဓာငါးပါးတို့ကို လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် အားဖြင့်လည်းကောင်း အကြောင်းတရားအားဖြင့်လည်းကောင်း သိမ်းဆည်းနိုင်၏ ပိုင်းခြားယူနိုင်၏ သိ၏ ----- ဤသို့စသည့် အလိုမရှိအပ်သော အနက်အဓိပ္ပါယ်သည် သက်ရောက်လာနိုင်ဖွယ်ရာ ရှိ၏၊ ထိုသို့ လည်း မဖြစ်- သင့်ပေ။ အဆင်း အသံ အနံ့ အရသာစသော တရားတို့ကို တစ်ပေါင်းတည်း အာရုံပြုခြင်းငှာ မတတ်ကောင်း သောကြောင့် ဖြစ်၏။ ဖြစ်သင့် ဖြစ်ထိုက်သော သင့်လျော်သော အနက်အဓိပ္ပါယ်ကို ဆိုရမူ - အကြင်ယောဂါဝစရ ပုဂ္ဂိုလ်သည် အကြင်ရုပ်တရား နာမ်တရားကို ဉာဏ်ဖြင့် တစ်ကြိမ် တွေ့ထိအပ်၏ တွေ့ထိဖူး၏၊ ယင်းဝိပဿနာ- ဉာဏ်သည် သန်မာသည် ဖြစ်၍ ထက်မြက်သည် ဖြစ်၍ မိုးကြိုးကျသို့ တွေ့ထိချက် နာရကား ထိုရုပ်နာမ်တရားကို
不应另作他解。否则就会导出这种不合理的意义:一个智相应大善观速行心,能够在同一刹那依特相、作用、现起、近因及因法来摄取、分别、了知五蕴。那是不可能的,因为色、声、香、味等诸法不能合在一起成为一个所缘。合理的解释是:某位修行者曾经以智触及某种色法或名法;他的观智强健、锐利,触击有如雷霆——
နောက်ထပ်တစ်ဖန် တွေ့ထိဖွယ် မရှိ တွေ့ထိပြီး မည်သည်သာတည်း။ မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်း၌ ကုဋေတစ်သိန်းမျှမက ဖြစ်သော ဉာဏသမ္ပယုတ် ဝိပဿနာ မဟာကုသိုလ် ဇောစိတ်အစဥ် ဇောစိတ်အစုသည် ရုပ်နာမ်ကို သိမ်းဆည်းခြင်း၊ အကြောင်းတရားကို သိမ်းဆည်းခြင်း၊ ဝိပဿနာရှုခြင်းဟူသော အမှုတော်ကို ထမ်းရ- လျက် အချည်းစည်း မရှိသည်ဖြစ်၍ ကိစ္စပြေကုန်လွယ်သည်။ ဉာဏ်ထိုင်း ဉာဏ်လေး နုံ့နှေးသော ပုဂ္ဂိုလ်အား ဘဝင်အကျများ၍လည်းကောင်း၊ အကြားအကြား၌ အခြားအခြားသော အာရုံ၌ ပြေးဝင်၍လည်းကောင်း ကိစ္စ မပြီးနိုင်ဘဲ နှေးဖျည်းသကဲ့သို့ မဟုတ်၊ ထိုသို ့ဆိုအပ်ခဲ့ပြီးသော သဘောရှိသော ဝရဇိန်လက်နက် မိုးကြိုးစက်ကဲ့သို့ ထက်မြက် လျင်မြန် အားကောင်း သန်မာသော ဉာဏ်ရှိပုဂ္ဂိုလ် တိက္ခပညဝါ၏ ဝိပဿနာပညာ အစွမ်းဖြင့် ---- ယံ ကိဉ္စိ သမုဒယဓမ္မံ သဗ္ဗံ တံ နိရောဓဓမ္မံ ဟူသော ခန္ဓာငါးပါးမှ ထခြင်းကို အဋ္ဌကထာ ဖွင့်ဆိုသည် ဟူလို။
——那么,这项色名法便是已经触及,不必再次触及。眨眼闪电般的极短时间内,数以亿计的智相应观大善速行心相续、心聚,已执行摄取色名、摄取因法与修观的任务,毫不空过,所以迅速完成。它不同于钝慧、迟缓者频频落入有分,或间或奔向其他所缘,迟迟不能完成任务。正是依据智慧如雷霆般锐利、迅疾、强健的利慧者之观慧威力,义注才以‘凡是集起之法,一切都是灭法’解释他从五蕴出起。
(မဟာဋီ-၂-၄၇ဝ - ကြည့်ပါ။)
(参见《大复注》2-470。)
ဧကပ္ပဟာရေနာတိ ဧကဇ္စျံ၊ တံ ပန အဇ္စျတ္တာဒိ ဝိဘာဂံ အကတွာ ''ယံ ကိဉ္စိ သမုဒယဓမ္မံ သဗ္ဗံ တံ နိရောဓဓမ္မ''န္တိ အဝိဘာဂေန ဝုဋ္ဌာနဂါမိနိယာ ပဝတ္တိဝသေန ဝေဒိတဗ္ဗံ၊ တယိဒံ သတ္ထုသမ္မုခါ ဒေသနာနုသာ- ရေန ဉာဏံ ပေသေန္တဿ ဉာဏုတ္တရဿ သမ္ဘဝတီတိ ဝဒန္တိ။ (မဟာဋီ-၂-၄၇ဝ။) တေဘူမက သင်္ခါရတရား မှန်သမျှမှ တစ်ပြိုင်နက် ထခြင်းဟူသည် ----- ကလာပသမ္မသနဉာဏ်ပိုင်း၌ ဖော်ပြခဲ့သော အဇ္စျတ္တ ဗဟိဒ္စစသော ခွဲခြမ်းဝေဖန်မှုကို မပြုတော့ဘဲ ----- ''ယံ ကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗံ တံ နိရောဓဓမ္မံ = ဖြစ်ခြင်းသဘော ရှိသော တရားအားလုံးသည် ချုပ်ခြင်း = ပျက်ခြင်း သဘောရှိ၏''ဟူ၍ အဇ္စျတ္တ ဗဟိဒ္ဓ စသည်ဖြင့် မခွဲမခြမ်း မဝေဖန်သောအားဖြင့် ဝုဋ္ဌာနဂါမိနီ ဝိပဿနာ၏ ဖြစ်နိုင်သည်၏ အစွမ်းအားဖြင့် သိရှိပါလေ။ ထိုသို့သော ထခြင်းသည် မြတ်စွာဘုရားရှင်၏ မျက်မှောက်တော်၌ ဒေသနာတော်ကို အစဥ်လျှောက်
巴利复注文(缅文字体):‘ဧကပ္ပဟာရေနာတိ ဧကဇ္စျံ၊ တံ ပန အဇ္စျတ္တာဒိ ဝိဘာဂံ အကတွာ ''ယံ ကိဉ္စိ သမုဒယဓမ္မံ သဗ္ဗံ တံ နိရောဓဓမ္မ''န္တိ အဝိဘာဂေန ဝုဋ္ဌာနဂါမိနိယာ ပဝတ္တိဝသေန ဝေဒိတဗ္ဗံ၊ တယိဒံ သတ္ထုသမ္မုခါ ဒေသနာနုသာ- ရေန ဉာဏံ ပေသေန္တဿ ဉာဏုတ္တရဿ သမ္ဘဝတီတိ ဝဒန္တိ။ (မဟာဋီ-၂-၄၇ဝ။)’译:‘所谓一次同时,是合为一体之义;应知,它是不再分别内在等类别,而以“凡是集起之法,一切都是灭法”的总相令趣向出起观转起。论师说,这只有把智依佛陀当面教说的次第运转、智慧超胜的人才能成就。’(《大复注》2-470。)所谓同时从一切三界诸行出起,是指不再作聚思惟智阶段所说的内、外等分析,而依‘凡是集起之法,一切都是灭法’,不分内、外等类别地令趣向出起观运转。应当如此理解。这种出起只可能发生在佛陀面前听闻教法时,能够依教说中的观法直接运转观智、智慧极其锐利的特殊人物身上。
သဖြင့် နာယူနေသည့် ဒေသနာတော်၌ ဟောကြားထားတော်မူသည့် ဝိပဿနာရှုကွက်အတိုင်း ဉာဏ်ကို စေလွှတ်- နိုင်သော ဝိပဿနာရှုနိုင်သော ဉာဏ်ပညာ လွန်ကဲထက်မြက်သော ပုဂ္ဂိုလ်အားသာ ဖြစ်သင့်ပါ၏ဟု ကျမ်းဂန် သိမြင် ဆရာကြီး ဆရာကျော် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မော်တို့က မိန့်ဆိုတော်မူကြသည်။ (မဟာဋီ-၂-၄၇ဝ။) ဤအထက်ပါ သတ်မှတ်ချက်များနှင့် အညီ -- ယံ ကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗံ တံ နိရောဓဓမ္မံ - ဟူသော ရှုကွက်မှာ ဘုရားရှင်၏ လက်ထက်တော်၌ တရားနာယူရင်း ကျွတ်တမ်းဝင်တော်မူကြသည့် ဥဂ္ဃဋိတညူ ဝိပဉ္စိတညူ
(《大复注》2-470。)按照上述限定,‘凡是集起之法,一切都是灭法’这种观法,只适用于佛世在听法中证悟、称为顿悟知者与广演知者的佛陀现前弟子。
原书第 395 页
ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- သင်္ခါရုပေက္ခာဉာဏ်ခန်း ဟူသော သမ္မုခသာဝက အမည်ရတော်မူကြသော ဘုရားရှင်၏ မျက်မှောက် သာဝကကြီများနှင့်သာ သက်ဆိုင်- သည်ဟု မှတ်ပါ။
应如此理解。
အသင်ယောဂီသူတော်ကောင်းသည်လည်း မိမိကိုယ်ကို မိမိ တရားနာယူရုံဖြင့် တရားရနိုင်သည့် ဥဂ္ဃဋိ- တညူပုဂ္ဂိုလ်မျိုး ဝိပဉ္စိတညူပုဂ္ဂိုလ်မျိုး ဟုတ်-မဟုတ်ကို ဝေဖန် ဆန်းစစ်ကြည့်ပါ။ တရားနာယူရုံဖြင့် သို့မဟုတ် တရားနာရင်း ဟောသည့် တရားအတိုင်း ဉာဏ်ကို စေလွှတ်၍ ကျင့်သဖြင့် တရားဆုံးသောအခါ တရားထူး တရားမြတ်ဟူသည့် လောကုတ္တရာတရားကို ရနိုင်သည့် ပုဂ္ဂိုလ်အမျိုးအစားတွင် မိမိ မပါဝင်ဟု မိမိကိုယ်ကို မိမိ ဆုံးဖြတ်ချက် ချနိုင်ပါက သိရှိပါက ----- ယံ ကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗံ တံ နိရောဓဓမ္မံ။
修行的善人也应审察自己,是否真属于仅听法便能证悟的顿悟知者或广演知者。若能判断自己并不属于仅靠听法,或在听法时随教法运转智慧、到说法结束便能获得殊胜出世间法的人,那么,便应想一想:只观——‘凡是集起之法,一切都是灭法’——
= ဖြစ်သည့်တရား မှန်သမျှ အားလုံး ပျက်၏ - ဟု
——也就是‘凡生起者,皆坏灭’——
တစ်နည်း ----- ဖြစ်-ပျက် - ဟု
——换言之,只观‘生—灭’——
ပရမတ်ရုပ်နာမ်ကိုမျှ မသိသေးဘဲလျက်၊ ကြောင်း-ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားကိုမျှ မသိသေးဘဲလျက်၊ ကမ္မဋ္ဌာန်းကျောင်း အတွင်းသို့ ဝင်လျှင်ဝင်ချင်း --- ဤသို့ချည်းနှင်နှင် ဖြစ်-ပျက်ချည်း ထိုင်ရှု- နေပါက တိုးတက်မှု ရနိုင် မရနိုင်ကို စဥ်းစားပါလေ။
——却还不知胜义色名,也不知因果相连的缘起义理,一进入禅修中心便只是坐着观‘生—灭’,究竟能否进步?
တစ်ဖန် ဤရှုကွက်မှာ ဝိပဿနာနယ်၌ အကျဥ်းဆုံး ရှုကွက် ဖြစ်၏။ ယင်း အကျဥ်းဆုံး ရှုကွက်မှာလည်း တရားတော်ကို နာယူရင်း ဒေသနာတော်၏ နောက်သို့ ဉာဏ်ကို စေလွှတ်၍ ဒေသနာစဥ်ဝယ် လာရှိသည့်အတိုင်း ကျင့်နိုင် သိနိုင် ဝိပဿနာရှုနိုင်သဖြင့် ဒေသနာတော်အဆုံးတွင် မဂ်ဖိုလ်နိဗ္ဗာန်သို့ ဆိုက်ရောက်နိုင်သော ဥဂ္ဃဋိတညူ ဝိပဉ္စိတညူ ပုဂ္ဂိုလ်တို့အတွက်သာ သတ်မှတ်ချက်ရှိသော ရှုကွက်ဖြစ်သဖြင့် မိမိကား နေယျပုဂ္ဂိုလ်အဆင့်တွင် တည်ရှိနေပါလျှင် ထိုရှုကွက် အတိုင်း ရှု၍ ရနိုင် မရနိုင်ကိုကား စဥ်းစားရမည် ဖြစ်ပေသည်။ (ဤစကားကို မဟာဋီကာ-၂-၄၇ဝ - ၌ လာရှိသော ဝဒန္တိဝါဒ အရ ဆိုသည်ဟု မှတ်ပါ။) အကြောင်းမူ ----- အကျဥ်းဆုံးနည်းဖြင့်ပင် ဖြစ်စေ၊ အကျယ်နည်းဖြင့်ပင် ဖြစ်စေ၊ မည်သည့်နည်းဖြင့်ပင် ဖြစ်စေ ဝိပဿနာရှုရာ၌ ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း သိမြင်ရမည့် ဝိပဿနာဉာဏ်၏ အရှုခံ ပရမတ္ထဓာတ်သား-
再者,这种观法是观禅领域最简略的观法。它只为顿悟知者与广演知者而作限定:他们能一边听法,一边令智追随教说,依说法次第修行、了知、修观,并在说法结束时到达道、果、涅槃。若自己仍属于应引导者,就必须思量能否依这种观法修习。〔应知,这段话依据《大复注》2-470所载的‘论师说’而说。〕因为,无论采用最简略、详尽或任何方法修观,观智必须通达的胜义法——
များမှာ တေဘူမကသင်္ခါရ အမည်ရသော ဒုက္ခသစ္စာတရားစုနှင့် အကြောင်း သမုဒယသစ္စာတရားစုပင် ဖြစ်သည်။
——始终都是称为三界诸行的苦谛法聚,以及作为其因的集谛法聚。
ကျဥ်းသည် ဖြစ်စေ ကျယ်သည် ဖြစ်စေ ထိုးထွင်းသိမြင်ရမည့် ပရမတ္ထဓာတ်သားချင်းကား အတူတူပင် ဖြစ်သည်။
无论简略还是详尽,所须通达的胜义法完全相同。
အကျဥ်းဆုံး ခြုံ၍ ရှုမှုနှင့် အကျယ် ခွဲခြားစိတ်ဖြာ၍ ရှုမှုဟူသော ရှုပုံအခြင်းအရာသာ ကွာခြားသည်။ ဝိပဿနာ- ဉာဏ်ဖြင့် သိရှိရမည့် တရားနှင့် သိရှိပုံ အခြင်းအရာကား အတူတူသာ ဖြစ်ပေသည်။ သာဝကပါရမီဉာဏ်အရာ၌ သမ္မသနစာရခေတ်ဟု ခေါ်ဆိုသော ဝိပဿနာဘူမိ = ဝိပဿနာဉာဏ်၏ ဖြစ်ရာဘုံမှာ တစ်မျိုးတစ်စားတည်းသာ ရှိသောကြောင့် ဖြစ်သည်။
差别只在于观法是最简略地总摄而观,还是详尽地分别解析而观;观智应知的诸法与知见方式本身并无不同。就弟子波罗蜜智而言,称为思惟行境的观禅所依地,也只有同一种。
တေဘူမက ကမ္မဋ္ဌာနိက ပုဂ္ဂိုလ်မြတ်ကြီး
以三界法为业处的大长老
စတုတ္ထော တေဘူမကကမ္မဋ္ဌာနိကော။ တဿ ကိရ သမပ္ပဝတ္တာ ဓာတုယော အဟေသုံ၊ ကလဒသရီရံ ဗလပတ္တံ၊ ကမ္မဋ္ဌာနာနိပိဿ သဗ္ဗာနေဝ သပ္ပါယာနိ၊ အတီတာ ဝါ သင်္ခါရာ ဟောန္တု အနာဂတာ ဝါ ပစ္စုပ္ပန္နာ ဝါ ကာမာဝစရာ ဝါ ရူပါဝစရာ ဝါ အရူပါဝစရာ ဝါ၊ သဗ္ဗေပိ သပ္ပါယာဝ။ အသပ္ပါယကမ္မဋ္ဌာနံ နာမ နတ္ထိ။ ကာလေသုပိ ပုရေဘတ္တံ ဝါ ဟောတု ပစ္ဆာဘတ္တံ ဝါ ပဌမယာမာဒယော ဝါ၊ အသပ္ပါယကာလော နာမ နတ္ထိ။ (သံ-ဋ္ဌ-၃-၉၈။)
巴利义注原文(缅文字体):‘စတုတ္ထော တေဘူမကကမ္မဋ္ဌာနိကော။ တဿ ကိရ သမပ္ပဝတ္တာ ဓာတုယော အဟေသုံ၊ ကလဒသရီရံ ဗလပတ္တံ၊ ကမ္မဋ္ဌာနာနိပိဿ သဗ္ဗာနေဝ သပ္ပါယာနိ၊ အတီတာ ဝါ သင်္ခါရာ ဟောန္တု အနာဂတာ ဝါ ပစ္စုပ္ပန္နာ ဝါ ကာမာဝစရာ ဝါ ရူပါဝစရာ ဝါ အရူပါဝစရာ ဝါ၊ သဗ္ဗေပိ သပ္ပါယာဝ။ အသပ္ပါယကမ္မဋ္ဌာနံ နာမ နတ္ထိ။ ကာလေသုပိ ပုရေဘတ္တံ ဝါ ဟောတု ပစ္ဆာဘတ္တံ ဝါ ပဌမယာမာဒယော ဝါ၊ အသပ္ပါယကာလော နာမ နတ္ထိ။ (သံ-ဋ္ဌ-၃-၉၈။)’
原书第 396 页
ဤရှုကွက်ကို ဝိပဿနာ ရှုပွားသုံးသပ်တော်မူသော ရဟန္တာမထေရ်မြတ်ကြီး တစ်ပါး၏ အကြောင်းအရာ- သည် ကိံ သုကောပမသုတ္တန် (သံ-၂-၃၉၆-၃၉၇) တွင် လာရှိပေ၏။ တေဘူမက ကမ္မဋ္ဌာနိက ပုဂ္ဂိုလ်ဟု အဋ္ဌ- ကထာ (သံ-ဋ္ဌ-၃-၉၈) က အမည်တပ်ထားပေသည်။ ထိုမထေရ်မြတ်ကြီးကား ကမ္မဋ္ဌာန်းအားလုံးနှင့် သပ္ပါယ ဖြစ်သော မထေရ်ကြီးပင် ဖြစ်၏။ အတိတ်သင်္ခါရတရားကိုပင် ဖြစ်စေ၊ အနာဂတ်သင်္ခါရတရားကိုပင် ဖြစ်စေ၊ ပစ္စုပ္ပန်သင်္ခါရတရားကိုပင် ဖြစ်စေ၊ ကာမာဝစရတရားကိုပင် ဖြစ်စေ၊ ရူပါဝစရတရားကိုပင် ဖြစ်စေ၊ အရူပါဝစရ တရားကိုပင် ဖြစ်စေ မည်သည့်တရားကိုမဆို လွယ်လွယ်ကူကူ မပင်မပန်း ဝိပဿနာ ရှုနိုင်၏၊ ကမ္မဋ္ဌာန်းအားလုံး နှင့် သပ္ပါယဖြစ်၏။ အသပ္ပါယဖြစ်သော ကမ္မဋ္ဌာန်း အသပ္ပါယဖြစ်သော အချိန်ကာလဟူသည် ထိုမထေရ်မြတ်ကြီး အဖို့ မရှိပေ။ (သံ-ဋ္ဌ-၃-၉၈။) ၁ဝ။ တစ်ဦးသော ယောဂါစဝရပုဂ္ဂိုလ်သည် ဝိပဿနာ ပွားများအားထုတ်စ ရှေးဦးအစ၌ အနိစ္စအားဖြင့် =
译:‘第四位,是以三界法为业处者。据说,他的诸界平衡,身体强健,所有业处都适合他。无论过去、未来、现在诸行,或欲界、色界、无色界诸法,对他都适合;没有一种不适合的业处。无论餐前、餐后,或初夜等时段,也没有不适合的时间。’(《相应部义注》3-98。)《什么树譬喻经》(《相应部》2-396—397)提到一位如此修观审察的阿罗汉大长老;义注称他为‘以三界法为业处者’。这位大长老适合一切业处:无论过去、未来、现在诸行,或欲界、色界、无色界诸法,他都能轻松、不费力地修观;一切业处都适合他,没有不适合他的业处,也没有不适合他的时间。(《相应部义注》3-98。)十、另一位修行者最初修习观禅时,先以无常——
အနိစ္စဟု သင်္ခါရတရားတို့ကို ဝိပဿနာ ရှုပွားသုံးသပ်၏။ သင်္ခါရတရားတို့ကို အနိစ္စအားဖြင့် = အနိစ္စဟု ဝိပဿနာ ရှုပွားသုံးသပ်ကာမျှဖြင့်ပင်လျှင် ဝုဋ္ဌာနအမည်ရသော အရိယမဂ်ဉာဏ်သည် မဖြစ်ပေါ်လာနိုင်၊ ဒုက္ခအားဖြင့် လည်းကောင်း = ဒုက္ခဟုလည်းကောင်း၊ အနတ္တအားဖြင့်လည်းကောင်း = အနတ္တဟုလည်းကောင်း ဝိပဿနာ ရှုပွားသုံးသပ်အပ်သည်သာလျှင် ဖြစ်ပေသည်။ ထိုကြောင့် သင်္ခါရတရားတို့ကို ဒုက္ခအားဖြင့်လည်းကောင်း၊ အနတ္တအားဖြင့်လည်းကောင်း ဝိပဿနာ ရှုပွားသုံးသပ်၏။ ဤနည်းအတိုင်း ကျင့်သော ထိုယောဂါဝစရပုဂ္ဂိုလ်အား အနိစ္စအားဖြင့် = အနိစ္စဟု သုံးသပ်သော အခါကာလ၌ ဝုဋ္ဌာနအမည်ရသော အရိယမဂ်ဉာဏ်သည် အကယ်၍ ဖြစ်ပေါ်လာငြားအံ့၊ ဤယောဂါဝစရပုဂ္ဂိုလ်သည် သင်္ခါရတရားတို့ကို အနိစ္စအားဖြင့် = အနိစ္စဟု စွဲစွဲမြဲမြဲ စတင်နှလုံးသွင်း၍ အနိစ္စအားဖြင့် သင်္ခါရတို့မှ ထသည် မည်၏။
——观诸行。只观诸行为无常,还不能令称为出起的圣道智生起,也必须观为苦、观为无我。因此,他也观诸行为苦、为无我。依这样的方法修行时,若他正在观诸行为无常,称为出起的圣道智生起,便称为‘先持续观诸行为无常,随后依无常从诸行出起’。
၁၁။ နောက်တစ်မျိုးကား -- ထိုယောဂါဝစရပုဂ္ဂိုလ်အား ဒုက္ခအားဖြင့် = ဒုက္ခဟု သင်္ခါရတရားတို့ကို ဝိပဿနာ ရှုပွားသုံးသပ်စဥ်ကာလ၌ ဝုဋ္ဌာန အမည်ရသော အရိယမဂ်ဉာဏ်သည် အကယ်၍ ဖြစ်ငြားအံ့ -- သင်္ခါရတရားတို့ကို အနိစ္စအားဖြင့် = အနိစ္စဟု စွဲစွဲမြဲမြဲ စတင်နှလုံးသွင်း၍ ဒုက္ခအားဖြင့် သင်္ခါရတို့မှ ထသည် မည်၏။
十一、另一种情形是:若他正在观诸行为苦时,称为出起的圣道智生起,便称为‘先持续观诸行为无常,随后依苦从诸行出起’。
၁၂။ အကယ်၍ အနတ္တအားဖြင့် = အနတ္တဟု ဝိပဿနာ ရှုပွားသုံးသပ်နေသော အခါကာလ၌ ဝုဋ္ဌာန အမည် ရသော အရိယမဂ်ဉာဏ်သည် ဖြစ်ပေါ်လာငြားအံ့၊ အနိစ္စအားဖြင့် = အနိစ္စဟု သင်္ခါရတရားတို့ကို စွဲစွဲမြဲမြဲ စတင် နှလုံးသွင်း၍ အနတ္တအားဖြင့် သင်္ခါရတို့မှ ထသည် မည်၏။
十二、若他正在观诸行为无我时,称为出起的圣道智生起,便称为‘先持续观诸行为无常,随后依无我从诸行出起’。
၁၃ - ၁၈။ သင်္ခါရတရားတို့ကို အနိစ္စဟု စွဲစွဲမြဲမြဲ စတင်နှလုံးသွင်းပြီးနောက် သင်္ခါရတို့မှ ထရာ၌ ပုဂ္ဂိုလ်သုံးမျိုး ရှိသကဲ့သို့ အလားတူပင် သင်္ခါရတရားတို့ကို ဒုက္ခဟု စွဲစွဲမြဲမြဲ စတင်နှလုံးသွင်းပြီးနောက် သင်္ခါရတို့မှ ထရာ၌လည်း ပုဂ္ဂိုလ်သုံးမျိုး၊ သင်္ခါရတရားတို့ကို အနတ္တဟု စွဲစွဲမြဲမြဲ စတင်နှလုံးသွင်းပြီးနောက် သင်္ခါရတို့မှ ထရာ၌လည်း ပုဂ္ဂိုလ်သုံးမျိုးပင် ရှိပေသည်။ (ဝိသုဒ္ဓိ-၂-၃ဝဝ-၃ဝ၁။)
十三至十八、先持续观诸行为无常而出起,有上述三类人;同样,先持续观诸行为苦而出起,也有三类;先持续观诸行为无我而出起,也有三类。(《清净之道》2-300—301。)
ပုဂ္ဂိုလ် အမျိုးအစား
人的类别
သင်္ခါရတရားတို့ကို အနိစ္စဟု စွဲစွဲမြဲမြဲ စတင်နှလုံးသွင်းသော ပုဂ္ဂိုလ်၊ ဒုက္ခဟု စွဲစွဲမြဲမြဲ စတင်နှလုံးသွင်း- သော ပုဂ္ဂိုလ်၊ အနတ္တဟု စွဲစွဲမြဲမြဲ စတင်နှလုံးသွင်းသော ပုဂ္ဂိုလ်ဟု ပုဂ္ဂိုလ်သုံးမျိုး ရှိ၏။ ဝုဋ္ဌာန အမည်ရသော အရိယမဂ်ဉာဏ် ဖြစ်ပေါ်လာရာကာလ၌ကား အနိစ္စဟု နှလုံးသွင်းခိုက် ဝုဋ္ဌာန အမည်ရသော အရိယမဂ်ဉာဏ်- သည် ဖြစ်ပေါ်လာငြားအံ့၊ ထိုသုံးမျိုးလုံးသော ပုဂ္ဂိုလ်တို့သည် သဒ္ဓါဓိမောက္ခ အဖြစ်များကုန်၏၊ သဒ္ဓိန္ဒြေကို ရနိုင်ကုန်၏၊ အနိမိတ္တဝိမောက္ခဖြင့် လွတ်ကုန်၏။ သောတာပတ္တိမဂ်ခဏ၌ သဒ္ဓါနုသာရီ ပုဂ္ဂိုလ်တို့ ဖြစ်ကုန်၏။
最初持续观诸行为无常者、持续观诸行为苦者、持续观诸行为无我者,共有三类。当称为出起的圣道智生起时,若正在观诸行为无常,这三类人都会信胜解偏盛,获得信根,并由无相解脱而解脱;在入流道刹那,他们称为随信行。
原书第 397 页
ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- သင်္ခါရုပေက္ခာဉာဏ်ခန်း သောတာပတ္တိဖိုလ်မှ အရဟတ္တဖိုလ်သို့တိုင်အောင် ကျန် (၇)ဌာနတို့၌ သဒ္ဓါဝိမုတ္တပုဂ္ဂိုလ်တို့ ဖြစ်ကုန်၏။
其余从入流果到阿罗汉果的七个阶段,他们称为信解脱。
အကယ်၍ သင်္ခါရတရားတို့ကို ဒုက္ခဟု နှလုံးသွင်းခိုက် ဝုဋ္ဌာန အမည်ရသော အရိယမဂ်ဉာဏ်သည် ဖြစ်ပေါ်လာငြားအံ့၊ ပုဂ္ဂိုလ် သုံးမျိုးလုံးတို့သည်ပင် ပဿဒ္ဓိ အဖြစ်များကုန်၏၊ သမာဓိန္ဒြေကို ရနိုင်ကုန်၏၊ အပ္ပဏိဟိတဝိမောက္ခဖြင့် လွတ်ကုန်၏၊ သောတာပတ္တိမဂ်မှသည် အရဟတ္တဖိုလ်သို့တိုင်အောင် အားလုံးသော (၈)ဌာနတို့၌ ကာယသက္ခီ ပုဂ္ဂိုလ်တို့ ဖြစ်ကြကုန်၏။ အထူးကား ----- ဤပုဂ္ဂိုလ်တို့တွင် အကြင်ပုဂ္ဂိုလ်အား အရူပစျာန်သည် ဝိပဿနာ၏ အခြေပါဒက ဖြစ်၏၊ ထို အရူပစျာန်ကို ဝိပဿနာ၏ အခြေပါဒက ပြုသော ပုဂ္ဂိုလ်သည် အရဟတ္တဖိုလ်၌ ဥဘတောဘာဂဝိမုတ္တ ပုဂ္ဂိုလ် မည်ပေသည်။
若正在观诸行为苦时,称为出起的圣道智生起,这三类人都会轻安偏盛,获得定根,并由无愿解脱而解脱;从入流道到阿罗汉果的全部八个阶段,他们都称为身证。特别是,其中若有人以无色禅为观的基础,他在阿罗汉果位称为俱分解脱。
ထိုမှတစ်ပါး -- ထိုပုဂ္ဂိုလ်သုံးမျိုးတို့အား သင်္ခါရတရားတို့ကို အနတ္တဟု နှလုံးသွင်းခိုက် ဝုဋ္ဌာန အမည်ရသော အရိယမဂ်ဉာဏ်သည် ဖြစ်ပေါ်လာငြားအံ့၊ ထိုပုဂ္ဂိုလ်သုံးမျိုးလုံးတို့သည်ပင် ပညာ အဖြစ်များကုန်၏၊ ပညိန္ဒြေကို ရနိုင်ကုန်၏၊ သုညတဝိမောက္ခဖြင့် လွတ်ကုန်၏၊ သောတာပတ္တိမဂ်ခဏ၌ ဓမ္မာနုသာရီ မည်ကုန်၏၊ သောတာ- ပတ္တိဖိုလ်မှ အရဟတ္တမဂ်သို့ တိုင်အောင်သော အလယ် (၆)ဌာနတို့၌ ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ်တို့ ဖြစ်ကုန်၏။ အရဟတ္တ- ဖိုလ်၌ ပညာဝိမုတ္တပုဂ္ဂိုလ်တို့ ဖြစ်ကုန်၏။ (ဝိသုဒ္ဓိ-၂-၃ဝ၁။)
另外,若这三类人正在观诸行为无我时,称为出起的圣道智生起,他们都会智慧偏盛,获得慧根,并由空解脱而解脱;在入流道刹那称为随法行,从入流果到阿罗汉道的中间六个阶段称为见至,在阿罗汉果位称为慧解脱。(《清净之道》2-301。)
ဥပမာ (၁၂) ရပ် (ဝိသုဒ္ဓိ-၂-၃ဝ၁-၃ဝ၅။)
十二种譬喻(《清净之道》2-301—305)
ယခုအခါ၌ ဘယတုပဋ္ဌာနဉာဏ်မှသည် ဂေါတြဘုဉာဏ်သို့တိုင်အောင်သော ရှေးဝိပဿနာဉာဏ် နောက် ဝိပဿနာဉာဏ်တို့နှင့် အတူတကွ ဤ ဝုဋ္ဌာနဂါမိနီဝိပဿနာကို ထင်ရှားပြခြင်းငှာ (၁၂)မျိုးသော ဥပမာတို့ကို သိသင့်သိထိုက်ကုန်၏။ ဤဆိုလတ္တံ့သည်ကား ထိုဥပမာတို့၏ အကျဥ်းဥဒ္ဒေသတည်း။ ----- ဝဂ္ဂုလီ ကဏှသပ္ပေါ စ၊ ဃရံ ဂေါ ယက္ခိ ဒါရကော။
现在,为了连同从怖畏现起智直到种姓智的前后诸观智,清楚显示这项趣向出起观,应知十二种譬喻。以下是这些譬喻的略举。巴利颂(缅文字体,续下单元):‘ဝဂ္ဂုလီ ကဏှသပ္ပေါ စ၊ ဃရံ ဂေါ ယက္ခိ ဒါရကော။
ခုဒ္ဒံ ပိပါသံ သီတုဏှံ၊ အန္ဓကာရံ ဝိသေန စ။
ခုဒ္ဒံ ပိပါသံ သီတုဏှံ၊ အန္ဓကာရံ ဝိသေန စ။’译:‘蝙蝠、黑蛇、房屋、牛、女夜叉与幼童;饥饿、口渴、寒冷与炎热,黑暗以及毒。’
ဤဥပမာတို့ကို ဘယတုပဋ္ဌာနဉာဏ်မှ စ၍ ဆောင်ပြခြင်းငှာ သင့်ကုန်ရာ၏၊ ထိုထိုဉာဏ်အရာ၌ တည်သော ဥပမာဝတ္ထု၏ ရသင့်သောကြောင့်ပင်တည်း။ အကျိုးကား ----- ဤဝုဋ္ဌာနဂါမိနီဝိပဿနာအရာ၌ ဆောင်ယူ ပြအပ်ကုန်သည် ရှိသော် ဘယတုပဋ္ဌာနဉာဏ်မှသည် ဖိုလ်ဉာဏ်သို့ တိုင်အောင် အလုံးစုံသော ဉာဏ်၏ ကိစ္စသည် ထင်ရှားနိုင်၏၊ အလယ်၌ တည်၍ ထင်ရှားပြသောကြောင့်ပင်တည်း။ ထို့ကြောင့် ဤ ဝုဋ္ဌာနဂါမိနီ ဝိပဿနာ အရာ၌သာလျှင် ဤဥပမာတို့ကို ဆောင်ယူပြထိုက်ကုန်၏ဟု ဝိသုဒ္ဓိကထာ၌ ဆိုအပ်ကုန်၏။ (ဝိသုဒ္ဓိ-၂-၃ဝ၁။)
这些譬喻适合从怖畏现起智开始引用,因为在各个智的阶段都有相应的譬喻事例。其利益是:若在说明趣向出起观时引用这些譬喻,从怖畏现起智直到果智的一切智之作用都会清楚显明,因为这些譬喻处在中间而把前后过程显示出来。所以,《清净之道》的论说只在趣向出起观这一处引用这些譬喻。(《清净之道》2-301。)
၁။ ဝဂ္ဂုလိ = လင်းနို့
一、蝙蝠
လင်းနို့ တစ်ကောင်သည် ----- ''ဤ သစ်ပင်၌ အပွင့်ကိုသော်လည်းကောင်း အသီးကိုသော်လည်းကောင်း ရလတ်အံ့'' ဤသို့ နှလုံးပိုက်၍ ခက်မ ငါးဖြာ ရှိသော သစ်မည်စည်ပင်၌ ဝင်နား၏၊ နားပြီးနောက် သစ်ခက် တစ်ခက်ကို စုံစမ်းကြည့်၏၊ စုံစမ်းလတ်သော် ထိုအခက်၌ တစ်စုံတစ်ခုသော အပွင့်ကိုသော်လည်းကောင်း၊ အသီးကိုသော်လည်းကောင်း ကိုက်ယူအပ်သည်၏ အဖြစ်သို့ ရောက်သည်ကို မမြင်ပေ၊ သစ်ခက် တစ်ခက်ကို စုံစမ်းသကဲ့သို့ အလားတူပင် ဒုတိယ အခက်ကိုလည်းကောင်း တတိယ အခက်ကိုလည်းကောင်း စတုတ္ထ အခက်ကို လည်းကောင်း ပဉ္စမ အခက်ကိုလည်းကောင်း စုံစမ်းပြန်၏၊ စုံစမ်းလတ်သော် ကိုက်ယူထိုက်သော တစ်စုံတစ်ခု- သော အပွင့်အသီးကို မမြင်ပြန်ပေ။ ထိုလင်းနို့သည် ----- ''ဤသစ်ပင်သည် အသီးမဲ့စွတကား၊ ဤသစ်ပင်၌
一只蝙蝠心想:‘这棵树上或许有花、有果。’于是停在一棵有五根枝干的蜜树(madhuka)上。停下以后,它先察看一根树枝,却没看见任何可以咬食的花果;它又照样逐一察看第二、第三、第四和第五根树枝,仍没看见任何可吃的花果。于是它心想:‘这棵树没有果实;树上——
原书第 398 页
ကိုက်ယူအပ်သည်၏ အဖြစ်သို့ရောက်သော တစ်စုံတစ်ခုသော အသီးအပွင့်သည် မရှိခဲ့လေစွတကား'' ဤသို့ နှလုံးပိုက်၍ ထိုလင်းနို့သည် ထိုသစ်ပင်၌ တွယ်တာတပ်မက်ခြင်း အာလယကို စွန့်၍ ဖြောင့်ဖြောင့်တက်သော အခက်သို့ တက်၍ သစ်ခွကြားမှ ဦးခေါင်းကို ဖော်၍ အထက်သို့ မြော်၍ ကောင်းကင်၌ ပျံတက်၍ အသီးရှိသော အခြားသစ်တစ်ပင်၌ ဝင်နား၏။
——根本没有任何可以咬食的花果。’蝙蝠便舍弃对这棵树的依恋与贪著,爬上笔直向上的树枝,从枝杈间探出头来,向上仰望,飞入空中,停到另一棵有果实的树上。
ထိုဥပမာ၌ လင်းနို့ကဲ့သို့ ယောဂါဝစရပုဂ္ဂိုလ်ကို မှတ်အပ်၏။ ခက်မ ငါးဖြာ ရှိသော သစ်မည်စည်ပင်ကဲ့သို့ ဥပါဒါနက္ခန္ဓာငါးပါးတို့ကို မှတ်အပ်ကုန်၏။ ထိုသစ်ပင်၌ လင်းနို့၏ ဝင်ရောက်နားခြင်းကဲ့သို့ ယောဂါဝစရပုဂ္ဂိုလ်၏ ဥပါဒါနက္ခန္ဓာငါးပါး၌ စ၍ နှလုံးသွင်းခြင်းကို မှတ်အပ်၏။ ထိုလင်းနို့၏ တစ်ခုတစ်ခုသော သစ်ခက်ကို စုံစမ်း၍ ကိုက်ယူထိုက်သော တစ်စုံတစ်ခုသော အပွင့် အသီးကို မမြင်ရ၍ ကြွင်းသော အခက်တို့ကို စုံစမ်းခြင်းကဲ့သို့ ယောဂါဝစရပုဂ္ဂိုလ်၏ ရူပက္ခန္ဓာကို လက္ခဏာရေးသုံးတန် တင်ကာ ဝိပဿနာရှုပွားသုံးသပ်ပြီး၍ ထိုရူပက္ခန္ဓာ၌ စွဲယူခြင်းငှာ လျောက်ပတ်သော တစ်စုံတစ်ခုသော နိစ္စဟူသော အနှစ်သာရ၊ သုခဟူသော အနှစ်သာရ၊ အတ္တ ဟူသော အနှစ်သာရ၊ သုဘဟူသော အနှစ်သာရစသော အနှစ်သာရကို မတွေ့မြင်ရသည် ဖြစ်၍ ကြွင်းသော နာမ်ခန္ဓာတို့ကို လက္ခဏာရေးသုံးတန် တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ခြင်းကို မှတ်သားအပ်၏။ ထိုလင်းနို့၏
在这个譬喻中,应把瑜伽行者看作蝙蝠,把五取蕴看作有五根枝干的蜜树;蝙蝠停到树上,好比瑜伽行者最初对五取蕴作意。蝙蝠逐一察看树枝,没有发现任何可吃的花果,便再察看其余树枝;同样,瑜伽行者先把色蕴安立于三相之下修观审察,在色蕴中找不到任何可执取的常、乐、我、净等实质,于是再把其余名蕴安立于三相之下修观审察。蝙蝠——
''ဤသစ်ပင်သည် အသီးမဲ့စွတကား'' ဤသို့ နှလုံးပိုက်၍ သစ်ပင်ပေါ်၌ တွယ်တာမက်မောခြင်း အာလယကို စွန့်ခြင်းကဲ့သို့ ယောဂါဝစရပုဂ္ဂိုလ်၏ ခန္ဓာငါးပါးတို့၌လည်း အနိစ္စလက္ခဏာစသည်ကို မြင်သည်၏ အစွမ်းဖြင့် လည်ဝယ်ဆွဲထားအပ်သော ခွေးသေကောင်ပုပ်ကဲ့သို့ စက်ဆုပ်ငြီးငွေ့ရကား သင်္ခါရတရားတို့ကို စွန့်လွှတ်သော မုဉ္စိတုကမျတာဉာဏ် ပဋိသင်္ခါနုပဿနာဉာဏ် သင်္ခါရုပေက္ခာဉာဏ် ဟူသော ဝိပဿနာဉာဏ်သုံးပါး အပေါင်း၏ ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ဖြစ်ပေါ်လာခြင်းကို မှတ်သားအပ်၏။ ထိုလင်းနို့၏ အပေါ်သို့ ဖြောင့်ဖြောင့် တက်သွားသော သစ်ခက်၏ အထက်သို့ ပျံတက်သွားခြင်းကဲ့သို့ ယောဂါဝစရပုဂ္ဂိုလ်၏ နိဗ္ဗာန်ဟူသည့် အထက် ဘက်သို့ ဖြောင့်ဖြောင့်တက်သွားတတ်သော အနုလောမဉာဏ်ကို မှတ်သားအပ်၏။ ဦခေါင်းကိုဖော်၍ အထက် ကောင်းကင်ဘက်သို့ မြော်ကြည့်ခြင်းကဲ့သို့ နိဗ္ဗာန်တရားတော်မြတ်ကြီးကို လှမ်းမြော်ကြည့်တတ်သော ဂေါတြဘု-
——心想‘这棵树没有果实’,舍弃对树的依恋;同样,瑜伽行者在五蕴中见到无常相等,觉得五蕴像挂在颈上的腐烂死狗一样令人厌恶,因而想舍弃诸行;此时,欲解脱智、审察随观智、行舍智这三种观智便在他的相续中生起。蝙蝠沿着笔直向上的树枝往上爬,好比瑜伽行者的随顺智笔直趋向上方的涅槃;它从枝杈间探出头来、仰望上空,好比种姓智远望——
ဉာဏ်ကို၊ ကောင်းကင်၌ ပျံတက်ခြင်းကဲ့သို့ နိဗ္ဗာန်သို့ ပြေးသွားသက်ဝင်သော အရိယမဂ်ဉာဏ်ကို မှတ်သားအပ်၏။
——殊胜涅槃;它飞入空中,好比圣道智奔赴并投入涅槃。
(ဝိသုဒ္ဓိ-၂-၃ဝ၂။)
(《清净之道》2-302。)
စိတ်၏ ကောက်ကျစ်သည်၏ အဖြစ်ကို ပြုတတ်ကုန်သော မာယာ-သာဌေယျစသည့် အကွေ့အကောက် အလှည့်အပတ်တို့ကို ခွာနိုင်သဖြင့် အနုလောမဉာဏ်၏ အထက်သို့ ဖြောင့်ဖြောင့်တက်သွားသော သစ်ခက်နှင့် တူသည်၏ အဖြစ်ကို၊ နိဗ္ဗာန်ကိုကြည့်သောအားဖြင့် ဂေါတြဘုဉာဏ်၏ အထက်သို့ မြော်ကြည့်ခြင်းနှင့် တူသည်၏ အဖြစ်ကို၊ တည်ရာမရှိသော နိဗ္ဗာန်၌ တည်ခြင်းကြောင့် မဂ်ဉာဏ်၏ ကောင်းကင်၌ ပျံတက်ခြင်းနှင့် တူသည်၏ အဖြစ်ကို မှတ်သားအပ်၏။ (မဟာဋီ-၂-၄၇၁။)
诡诈、虚伪等曲折欺曲会使心变得不正;随顺智能够除去这些法,所以好比笔直向上的树枝。种姓智观见涅槃,所以好比向上仰望。道智安住于无所依止的涅槃,所以好比飞入空中。应当如此理解。(《大复注》2-471。)
၂။ ကဏှသပ္ပ = မြွေဟောက်
二、眼镜蛇
တံငါသည်တစ်ဦးသည် ငါးတို့ကို ဖမ်းအံ့ဟူသော ရည်ရွယ်ချက်ဖြင့် ငါးထောင်မြှုံးကို ယူ၍ ရေထဲ၌ မြှုံးကို ထောင်ထား၏။ ထိုနောင် သင့်လျော်လောက်သော အချိန်တွင် ထိုတံငါသားသည် မြှုံးဝမှ လက်ကို ထိုးနှိုက်၍ မြှုံးအတွင်း၌ စမ်းသပ်လေသော် မြှုံးအတွင်း ရေထဲ၌ ရေမြွေဟောက်ကို လည်စိ၌ ဆုပ်မိရက်သား ဖြစ်သွား၏၊ သို့သော် တံငါသားသည် ''ငါသည် ငါးကို မိလေပြီ''ဟု နှစ်လိုဝမ်းမြောက်လေ၏။ ထိုတံငါသားသည် --- ''ငါသည် ငါးကြီးဧရာကို ရအပ်လေပေါ့ ''ဟု မြှောက်၍ ကြည့်လေသော် လည်ကျား သုံးရစ်ကို မြင်သဖြင့် ရေမြွေဟောက်ဟု
一位渔夫为了捕鱼,拿来鱼笼放在水中。过了适当时间,他把手伸进笼口摸索,竟在水下抓住一条水眼镜蛇的颈部;他却欢喜地以为:‘我抓到鱼了。’他心想‘我捉到一条大鱼’,举手观看,看见蛇颈上三道斑纹,才知道是水眼镜蛇——
原书第 399 页
ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- သင်္ခါရုပေက္ခာဉာဏ်ခန်း သိလတ်၍ ကြောက်ရွံ့သည် ဖြစ်၍ ရောက်လတ္တံ ့သော အပြစ်ဘေးကို မြင်၍ မိထားပြီးသော မြွေဟောက်ကို သိမ်းပိုက်ထားဖို့ရန် ငြီးငွေ့သည်ဖြစ်၍ လွတ်လိုရကား လွတ်ခြင်း၏ အကြောင်းဥပါယ်ကို ပြုလျက် အမြီးဖျားမှ စ၍ မြွေကိုယ်ဖြင့် ရစ်ပတ်ထားအပ်သော လက်ကို ဖြေ၍ လက်မောင်းကို မြှောက်၍ ဦးခေါင်းအထက်၌ နှစ်ပတ် သုံးပတ် ပတ်ပတ်လှည့်လျက် မြွေဟောက်ကို အားနည်းအောင် ပြု၍ ''ဟယ် မြွေဆိုး …သွားလေတော့''ဟု စွန့်လွှတ်ပြီးနောက် လျင်မြန်စွာ ကန်ပေါင်သို့ တက်၍ ----- ''အချင်းတို့ … ငါသည် ကြီးစွာသော မြွေ၏ ခံတွင်းမှ လွတ်ခဲ့လေပြီပေါ့ ''ဟု လာခဲ့သော လမ်းခရီးကို ကြည့်လျက် တည်နေ၏။ (ဝိသုဒ္ဓိ-၂-၂၉ဝ။) ဂေါတြဘုဉာဏ်သည် သင်္ခါရတရားအားလုံးကို စွန့်လွှတ်၍ နိဗ္ဗာန်ကို အာရုံပြုခြင်းကြောင့် ယင်းဂေါတြ- ဘုဉာဏ်သည် မြွေဟောက်ကို လွှတ်ခြင်းနှင့် တူ၏။ မြွေဟောက်ကို လွှတ်ပြီး၍ လာရာခရီးကို ကြည့်လျက်
——于是心生恐惧,看见即将到来的危险,对继续抓着眼镜蛇感到厌离而想脱身。他从尾端开始,解开缠在手上的蛇身,举起手臂,在头顶旋转两三圈,使眼镜蛇失去力量,然后喊道:‘恶蛇,走开!’把它抛掉。他随即迅速爬上岸,回头望着来路而站,心想:‘朋友们,我真是从大蛇口中逃出来了!’(《清净之道》2-290。)种姓智舍弃一切诸行、转取涅槃为所缘,所以好比放开眼镜蛇。放蛇之后回望来路而站,好比——
ရပ်တည်နေခြင်းကဲ့သို့ အရိယမဂ်ဉာဏ်ကို မှတ်သားပါ။ အရိယမဂ်ဉာဏ်သည် အာရုံတိုက်ရိုက် မျက်မှောက်ပြုခြင်း = အာရမ္မဏပဋိဝေဓသဘောအားဖြင့် နိဗ္ဗာန်ကို အာရုံပြု၏။ မတွေမဝေသိခြင်း အသမ္မောဟပဋိဝေဓ၏ အစွမ်းဖြင့် မိမိဟူသော အရိယမဂ်ကိုလည်း မြင်၏။ (အရိယမဂ်ကို မသိ မမြင်အောင် ဖုံးလွှမ်းထားအပ်သော မောဟအဝိဇ္ဇာကို အရိယမဂ်က ပယ်သတ်လိုက်သဖြင့် မသိမှုပျောက်၍ သိမှု ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်လာ၏၊ ကိစ္စသိဒ္ဓိအားဖြင့် သိခြင်း ကိစ္စ ပြီးစီးသွား၏၊ ဤသည်ကိုပင် အသမ္မောဟပဋိဝေဓဟု ဆို၏။) ထိုကြောင့် အရိယမဂ်၏ နိဗ္ဗာန်ကို လှမ်းမြော် ကြည့်ခြင်းသည် မြွေဟောက်ကို လွှတ်ပြီးနောက် တံငါသည်၏ လာရာလမ်းကို ရပ်ကြည့်ခြင်းနှင့် တူ၏ဟု ဆိုသည်။
——圣道智。圣道智依所缘通达(ārammaṇa-paṭivedha),直接现前涅槃为所缘;又依无痴通达(asammohapaṭivedha)而看见自身这项圣道。〔圣道无余断除遮蔽圣道、令其不能被知见的痴与无明;无知消失,明与智便生起,知的作用也因此成办。这就称为无痴通达。〕所以说,圣道远望涅槃,好比渔夫放掉眼镜蛇后站着回望来路。
တံငါသည်၏ လာရာလမ်းကို ရပ်ကြည့်ပြီးနောက် ရှေ့သို့သွား၍ ဘေးကင်းရာအရပ်၌ ရပ်တည်နေခြင်းကဲ့သို့ ဖိုလ်ဉာဏ်ကို မှတ်သားအပ်၏။ (ဤစကားရပ်ဖြင့် ဘေးကင်းရာအရပ်သို့ ရောက်ပြီးသည်ကို ဆိုသည်၊ ထိုဘေးကင်းရာ အရပ်သို့ ရောက်စိမ့်သောငှာ ကျင့်ခြင်းကို မဆို။) (ဝိသုဒ္ဓိ-၂-၃ဝ၂။ မဟာဋီ-၂-၄၇၁။)
渔夫回望来路之后继续前行,站到安全之处,好比果智。〔这里说的是已经到达安全处,并不是为到达安全处而修行。〕(《清净之道》2-302;《大复注》2-471。)
၃။ ဃရံ = အိမ်
三、房屋
အိမ်ရှင်သည် ညအခါ စားသောက်ပြီး၍ အိပ်ရာထက်သို့ တက်လတ်သော် အိပ်ပျော်သွား၏၊ အိပ်ပျော်စဥ် အိမ်ကို မီးလောင်၏၊ ထိုအိမ်ရှင်သည် နိုးလတ်၍ မီးကို မြင်၍ ကြောက်ရကား ''ကိုယ်ကို မီးမလောင်မီ အကယ်၍ ထွက်ပြေးရမူ အကောင်းကြီး စစ်စစ် ဖြစ်လေရာ၏''ဟု နှလုံးပိုက်၍ ထွက်ပြေးရန် အရပ်ကို ကြည့်လတ်သော် လမ်းကို မြင်၍ လျင်မြန်စွာ ထွက်ပြေးလေရာ ဘေးကင်းရာ အရပ်သို့ ရောက်၍ တည်နေလေ၏။ ထိုဥပမာ၌ အိမ်ရှင်၏ အစာစားပြီးနောက် အိပ်ရာထက်သို့ တက်၍ အိပ်ပျော်ခြင်းသို့ ရောက်သကဲ့သို့ ပရမတ်ဉာဏ်ပညာ မျက်စိ မရှိသေးသော ပုထုဇန် ငမိုက်သား၏ ခန္ဓာငါးပါးတို့ကို ''ငါ - ငါ၏ ဥစ္စာ''ဟု စွဲလမ်းခြင်းနှင့် တူ၏။
一位屋主夜间吃过饭,上床睡着;睡眠中房屋起火。他醒来见到火势,心生恐惧,想到:‘若能在身体被烧以前逃出去,那就太好了。’他寻找逃生处,见到出路,迅速逃出,抵达安全处而站。在这个譬喻中,屋主饭后上床沉睡,好比尚无胜义智慧之眼的愚痴凡夫执著五蕴为‘我、我的财物’。
နိုးလာပြီးနောက် မီးမြင်၍ ကြောက်သော ကာလကဲ့သို့ သမ္မာပဋိပဒါ အမည်ရသော ကောင်းမွန် မှန်ကန်သော ကျင့်ဝတ်ပဋိပတ်ကို ကျင့်၍ လက္ခဏာရေးသုံးတန်ကို မြင်၍ ဘယတုပဋ္ဌာနဉာဏ် ဖြစ်ပေါ်လာခြင်းကို မှတ်သားပါ။
醒后见火而恐惧,好比修习名为正行道的善妙、正确之行,见到三相而生起怖畏现起智。
ထွက်ပေါက်လမ်းကို ကြည့်ခြင်းကဲ့သို့ သင်္ခါရတို့မှ လွတ်မြောက်ခြင်းငှာ အလိုရှိသော မုဉ္စိတုကမျတာဉာဏ် ပဋိသင်္ခါဉာဏ် သန္တိဋ္ဌနာ အမည်ရသော ကောင်းစွာ တည်ငြိမ်နေသော သင်္ခါရုပေက္ခာဉာဏ်တို့၏ ဖြစ်ပေါ်- လာခြင်းကို မှတ်သားပါ။ လမ်းကို မြင်ခြင်းကဲ့သို့ အနုလောမဉာဏ်ကို မှတ်သားပါ။ မီးလောင်သော အိမ်မှ ထွက်ခြင်းကဲ့သို့ ဂေါတြဘုဉာဏ်ကို မှတ်သားပါ။ (ဂေါတြဘုဉာဏ်သည် သင်္ခါရနိမိတ်မှ ထွက်မြောက်သည်၏ အဖြစ်ကြောင့်တည်း။) လျင်မြန်သော အဟုန်ဖြင့် ပြေးခြင်းကဲ့သို့ မဂ်ဉာဏ်ကို မှတ်သားပါ။ (စွန့်အပ်သော အရပ်၊ ယူအပ်သော အရပ်တို့၌ ပြီးစေခြင်း ကိစ္စအထူးနှင့် ယှဥ်ခြင်းကြောင့်တည်း။) ဘေးကင်းရာ အရပ်၌ ရပ်တည်- နေခြင်းကဲ့သို့ ဖိုလ်ဉာဏ်ကို မှတ်သားပါ။ (ဝိသုဒ္ဓိ-၂-၃ဝ၂-၃ဝ၃။ မဟာဋီ-၂-၄၇၁။)
寻找出口,好比想从诸行解脱而生起欲解脱智、审察智,以及名为安住(santiṭṭhanā)、善加稳定的行舍智;见到出路,好比随顺智;走出着火的房屋,好比种姓智〔因为种姓智从行相出起〕;迅速奔逃,好比道智〔因为它具足在应舍处与应证处同时成办的特殊作用〕;站在安全处,好比果智。(《清净之道》2-302—303;《大复注》2-471。)
原书第 400 页
၄။ ဂေါ = နွား
四、牛
လယ်သမားတစ်ဦး၏ ညဥ့်အခါ အိပ်ပျော်စဥ် နွားခြံကို ဖောက်၍ နွားတို့သည် ထွက်ပြေးကုန်၏။ ထို လယ်သမားသည် မိုးသောက်ထအခါ၌ ထိုနွားခြံသို့ သွား၍ ကြည့်လတ်သော် ထိုနွားတို့၏ ထွက်ပြေးသောအဖြစ်ကို သိရှိ၍ နွားခြေရာကို ခံ၍ အစဥ်အတိုင်း လိုက်လေသော် ရှင်ဘုရင်၏ နွားတို့ကို မြင်လေ၏။ ထိုရှင်ဘုရင်၏ နွားတို့ကို ငါ့နွားတို့ဟု မှတ်ထင်၍ ဆောင်ယူသွားလေသော် မိုးသောက်သော ကာလ၌ ဤနွားတို့သည် ငါ့နွား မဟုတ်ကုန်၊ ရှင်ဘုရင်၏ နွားတော်တို့တည်းဟု မှတ်မိ၍ ''ငါ့ကို ဤသူကား သူခိုးတည်း''ဟု မင်းချင်း ယောကျာ်း- တို့က ဖမ်းဆီး၍ ပျက်စီးခြင်းသို့ ရောက်အောင် မပြုလုပ်ရသေးမီ ထွက်ပြေးပေအံ့ဟု ကြောက်ရွံ့သည် ဖြစ်၍ နွားတို့ကို စွန့်၍ လျင်မြန်စွာ ပြေး၍ ဘေးကင်းရာ အရပ်၌ ရပ်တည်၏။
一位农夫夜间睡着时,牛群冲破牛栏逃走。清早他到牛栏一看,知道牛已经逃走,便沿着牛蹄印追踪,见到国王的牛。他误以为那是自己的牛,牵着它们回来;天亮以后,才认出这些不是自己的牛,而是国王的御牛。他害怕王臣还没把自己当作盗贼逮捕、加以惩处以前,便赶紧舍下牛群,飞快逃走,站到安全之处。
ထိုဥပမာစကားရပ်၌ ---- ''ငါ့နွားတို့''ဟူ၍ မင်း၏ နွားတော်တို့ကို ဖမ်းယူခြင်းကဲ့သို့ ပရမတ်ဉာဏ်ပညာ မျက်စိ မရှိသော ပုထုဇန် ငမိုက်သား၏ ဥပါဒါနက္ခန္ဓာငါးပါးတို့ကို ''ငါ - ငါ့ဟာ'' ဟူ၍ စွဲလမ်းခြင်း စွဲယူခြင်းကို မှတ်သားပါ။ (သူစိမ်းပြင်ပအားဖြင့်လည်းကောင်း မြတ်နိုးဖွယ် မရှိသည်၏ အဖြစ်ဖြင့်လည်းကောင်း ပြုအပ်- ကုန်သော ဝိပဿနာဉာဏ်ဖြင့် ရှုအပ်ကုန်သော ဥပါဒါနက္ခန္ဓာတို့ကို ''ငါပဲ - ငါ့ဟာပဲ''ဟု စွဲလမ်းခြင်း၏ မင်းနွား- တော်တို့ကို မိမိနွားဟူ၍ ဖမ်းယူခြင်းနှင့် တူသည်၏ အဖြစ်ကို ဆိုအပ်၏။) မိုးလင်းလတ်သော် မင်း၏ နွားတော်တို့ ဟူ၍ သိခြင်းကဲ့သို့ ယောဂါဝစရပုဂ္ဂိုလ်၏ လက္ခဏာရေးသုံးတန်၏ အစွမ်းဖြင့် ဥပါဒါနက္ခန္ဓာတို့ကို အနိစ္စ ဒုက္ခ အနတ္တဟူ၍ သိခြင်းကို မှတ်သားအပ်၏။ မင်းချင်းယောကျာ်းတို့၏ ဖမ်းယူသတ်ဖြတ်ခြင်းမှ ကြောက်သော ကာလကဲ့သို့ ဘယတုပဋ္ဌာနဉာဏ်ကို မှတ်သားအပ်၏။ နွားတို့ကို လွှတ်၍ ပြေးလိုသည်၏ အဖြစ်ကဲ့သို့ မုဉ္စိတု-
在这个譬喻中,把国王的牛当作‘我的牛’而抓住,好比尚无胜义智慧之眼的愚痴凡夫执取五取蕴为‘我、我的’。〔五取蕴被观智观为外来的陌生者,也被观为不可爱;把它们执为‘我、我的’,正像把御牛错当成自己的牛。〕天亮后知道是国王的牛,好比瑜伽行者依三相而知五取蕴为无常、苦、无我;害怕王臣捉拿、杀害,好比怖畏现起智;舍牛而想逃,好比欲解脱——
ကမျတာဉာဏ်ကို မှတ်သားအပ်၏။ နွားတို့ကို လွှတ်ခြင်းကဲ့သို့ ဂေါတြဘုဉာဏ်ကို မှတ်သားအပ်၏။ ပြေးခြင်း ကဲ့သို့ အရိယမဂ်ကို မှတ်သားအပ်၏။ ပြေးပြီးနောက် ဘေးကင်းရာ အရပ်၌ ရပ်တည်ခြင်းကဲ့သို့ အရိယဖိုလ်ကို မှတ်သားအပ်၏။ (ဝိသုဒ္ဓိ-၂-၃ဝ၃။ မဟာဋီ-၂-၄၇၂။)
——智;放下牛群,好比种姓智;奔逃,好比圣道;逃后站在安全处,好比圣果。(《清净之道》2-303;《大复注》2-472。)
၅။ ယက္ခီ = ဘီလူးမ
五、女夜叉
ယောကျာ်း တစ်ယောက်သည် (ဘီလူးမမှန်း မသိသဖြင့်) ဘီလူးမနှင့် အိမ်ထောင်ခြင်းကို ပြုလေ၏၊ ထိုဘီလူးမသည် ညဥ့်အခါ၌ ''ဤယောကျာ်းသည် အိပ်ပျော်လေပြီ''ဟု မှတ်ထင်၍ သူသေကောင် စွန့်ပစ်ရာ သုသာန်သို့ သွား၍ လူသားကို စား၏။ ထိုယောကျာ်းသည် ဤမိန်းမသည် အဘယ်သို့ သွားသနည်းဟု အစဥ်သဖြင့် လိုက်၍ ရှာလေသော် လူသားကို စားနေသည်ကို တွေ့မြင်၍ ထိုဘီလူးမ၏ လူသား မဟုတ်သည်၏ အဖြစ်ကိုသိ၍ ''ငါ့ကို မစားသေးမီ''ပြေးအံ့ဟု ကြောက်ရွံ့သည်ဖြစ်၍ လျင်မြန်စွာ ပြေး၍ ဘေးကင်းရာအရပ်၌ ရပ်တည်လေ၏။
一个男子不知道女子是夜叉,便与这位女夜叉成婚。夜间,女夜叉以为‘这个男子睡着了’,便到弃尸的墓地吃人肉。男子心想妻子去了哪里,循迹寻找,看见她正在吃人肉,才知道她并非人类。他害怕自己也会被吃掉,心想‘要在她吃我以前逃走’,于是迅速奔逃,站到安全之处。
ထိုဥပမာ၌ ----- ဘီလူးမနှင့် အတူတကွ ပေါင်းဖော်ခြင်းကဲ့သို့ ဥပါဒါနက္ခန္ဓာတို့ကို ''ငါ - ငါ၏ဥစ္စာ''ဟု စွဲလမ်းခြင်းကို မှတ်သားအပ်၏။ သုသာန်၌ လူသားကို စားနေသည်ကို တွေ့မြင်ရ၍ ''ဤမိန်းမကား ဘီလူးမ တည်း''ဟု သိခြင်းကဲ့သို့ ခန္ဓာတို့၏ လက္ခဏာရေးသုံးတန်ကို မြင်၍ အနိစ္စစသည်၏ အဖြစ်ကို သိခြင်းကို မှတ်သား- အပ်၏။ ကြောက်ရွံ့သော အချိန်ကာလကဲ့သို့ ဘယတုပဋ္ဌာနဉာဏ်ကို မှတ်သားအပ်၏။ ပြေးလိုသည်၏ အဖြစ်ကဲ့သို့ မုဉ္စိတုကမျတာဉာဏ်ကို ၊ သုသာန်ကို စွန့်ခြင်းကဲ့သို့ ဂေါတြဘုဉာဏ်ကို ၊ လျင်မြန်စွာ ပြေးခြင်းကဲ့သို့ မဂ်ဉာဏ်ကို၊ ဘေးကင်းရာအရပ်၌ ရပ်တည်ခြင်းကဲ့သို့ ဖိုလ်ဉာဏ်ကို မှတ်သားအပ်၏။ (ဝိသုဒ္ဓိ-၂-၃ဝ၃။) ဘေးရှိရာ၌ ဘေးမရှိဟု ရှုခြင်း၏ အကြောင်း ဖြစ်သောကြောင့် ခန္ဓာတို့ကို ''ငါ - ငါ့ဟာ''ဟု စွဲလမ်းခြင်း၏ ဘီလူးမနှင့် ပေါင်းဖော်အိမ်ထောင်ခြင်းနှင့် တူသည်၏ အဖြစ်ကို မှတ်သားအပ်၏။ သုသာန်ကို စွန့်ခြင်းကဲ့သို့
在这个譬喻中,与女夜叉结为夫妻,好比执著五取蕴为‘我、我的财物’;在墓地看见她吃人肉而知道‘这个女人是夜叉’,好比见到诸蕴的三相而知其无常等性;心生恐惧,好比怖畏现起智;想要逃走,好比欲解脱智;离开墓地,好比种姓智;迅速奔逃,好比道智;站在安全处,好比果智。(《清净之道》2-303。)之所以把执著诸蕴为‘我、我的’比作与女夜叉成婚,是因为这种执著使人把危险处看成安全处。离开墓地,则好比——
原书第 401 页
ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- သင်္ခါရုပေက္ခာဉာဏ်ခန်း သင်္ခါရဟူသော သုသာန်ကို စွန့်၍ နိဗ္ဗာန်လျှင် အာရုံရှိသည်၏ အစွမ်းဖြင့် ဖြစ်သော ဂေါတြဘုဉာဏ်ကို မှတ်သား အပ်၏။ (မဟာဋီ-၂-၄၇၂။)
——种姓智舍离称为诸行的墓地,以涅槃为所缘。(《大复注》2-472。)
၆။ ဒါရက = သူငယ်
六、幼童
တစ်ယောက်သော အမျိုးသမီးသည် သားအပေါ်၌ အလွန်ပြင်းပြစွာ ချစ်မြတ်နိုးခြင်း ရှိ၏၊ နမူးနထူး သားအပေါ်၌ ချစ်မြတ်နိုးခြင်း ကြူးသော ထိုမိန်းမသည် ပြာသာဒ်ထက်၌ ထိုင်လျက်ပင်လျှင် အိမ်ကြားလမ်း၌ သူငယ်ငိုသံကို ကြားလိုက်၍ -- ''ငါ၏ သားကို တစ်စုံတစ်ယောက်သော သူသည် ပုတ်ခတ်ညှဥ်းဆဲလေသလော''ဟု လျင်မြန်စွာ သွား၍ မိမိသားဟူသော အမှတ်သညာဖြင့် သူတစ်ပါးသားကို ပိုက်ယူလိုက်၏။ ထိုအမျိုးသမီးသည် ''ဤသူငယ်သည် သူတစ်ပါးသားတည်း''ဟူ၍ မှတ်မိ၍ ကြောက်ရွံ့ ရွံရှာနိုးသည်ဖြစ်၍ ထိုမှ ဤမှလည်း ကြည့်၍ ငါ့ကို တစ်စုံတစ်ယောက်သော သူသည် - ''ဤသူသည် ကလေးသူခိုးတည်း''ဟု မဆိုပါစေလင့်ဟု နှလုံးပိုက်၍ သူငယ်ကို ထိုလမ်း၌ပင်လျှင် ချထားခဲ့၍ တစ်ဖန် ပြာသာဒ်ထက်သို့ တက်၍ ထိုင်နေ၏။
一位妇女非常疼爱自己的儿子。她坐在楼阁上,听见巷中有孩子哭,便想:‘有人打伤、虐待我的儿子了吗?’于是匆忙赶去,以‘是自己的儿子’之想把别人的孩子抱起来。后来她想起‘这孩子是别人家的’,既惧怕又嫌厌,四下张望,心想:‘不要让人说我是偷孩子的。’便把孩子留在原来的巷里,重新登上楼阁坐下。
ထိုဥပမာ၌ မိမိသားဟူသော အမှတ်သညာဖြင့် သူတစ်ပါးသားကို ပိုက်ယူခြင်းကဲ့သို့ ----- ''ငါပဲ - ငါ့ဟာပဲ'' ဟု ဥပါဒါနက္ခန္ဓာငါးပါးတို့ကို စွဲလမ်းခြင်းကို မှတ်သားအပ်၏။ ''ဤသူငယ်ကား သူတစ်ပါးသားတည်း''ဟု သိခြင်းကဲ့သို့ လက္ခဏာရေးသုံးတန်၏ အစွမ်းဖြင့် -- ''ငါ မဟုတ် - ငါ့ဟာ မဟုတ်''ဟု သိခြင်းကို မှတ်သားအပ်၏။
在这个譬喻中,以‘是自己的儿子’之想把别人的孩子抱起,好比执著五取蕴为‘我、我的’;知道‘这孩子是别人家的’,好比依三相而知‘不是我,不是我的’。
''ကလေးသူခိုးမ''ဟု အပြောခံရမည်မှ ကြောက်ရွံ့ခြင်းကဲ့သို့ ဘယတုပဋ္ဌာနဉာဏ်ကို မှတ်သားအပ်၏။ ထိုထို ဤဤ အရပ်သို့ ကြည့်ခြင်းကဲ့သို့ မုဉ္စိတုကမျတာဉာဏ်ကို မှတ်သားအပ်၏။ ထိုယူရာလမ်း၌သာလျှင် ကလေး သူငယ်ကို ချထားခြင်းကဲ့သို့ အနုလောမဉာဏ်ကို မှတ်သားအပ်၏။ (ရုန့်ရင်း ရုန့်ရင်းသော လောဘထု အစိုင်အခဲ စသည်ကို ခွာသဖြင့် သင်္ခါရတရားတို့ကို ခွာခြင်းကြောင့် အနုလောမဉာဏ်၏ ထိုလမ်း၌ပင်လျှင် သူငယ်ကို ချထားသည်နှင့် တူသည်၏ အဖြစ်ကို သိအပ်၏။) သူငယ်ကို ချထားပြီး၍ အိမ်ကြားလမ်း၌ ရပ်တည်နေသော ကာလကဲ့သို့ ဂေါတြဘုဉာဏ်ကို မှတ်သားအပ်၏။ ပြာသာဒ်ထက်သို့ တက်ရောက်သကဲ့သို့ အရိယမဂ်ကို မှတ်သားအပ်၏၊ ပြာသာဒ်ထက်သို့ တက်၍ နေခြင်းကဲ့သို့ အရိယဖိုလ်ကို မှတ်သားအပ်၏။
害怕被人称作偷孩子的女人,好比怖畏现起智;四下张望,好比欲解脱智;把孩子留在原先抱起他的巷中,好比随顺智〔随顺智逐步除去粗显的贪欲等垢块而舍离诸行,所以应知,它好比把孩子留在原巷〕;放下孩子后在巷中短暂停留,好比种姓智;登上楼阁,好比圣道;登楼而坐,好比圣果。
(ဝိသုဒ္ဓိ-၂-၃ဝ၃- ၃ဝ၄။ မဟာဋီ-၂-၄၇၂။ )
(《清净之道》2-303—304;《大复注》2-472。)
ကြွင်းဥပမာ (၆) ရပ်
其余六种譬喻
၇။ ခုဒ္ဒ = အစာငတ်မွတ်ခြင်း၊ ၈။ ပိပါသ = ရေမွတ်သိပ်ခြင်း၊ ၉။ သီတ = အချမ်း၊ ၁ဝ။ ဥဏှ = အပူ၊ ၁၁။ အန္ဓကာရ = အမိုက်တိုက်၊ ၁၂။ ဝိသ = အဆိပ် ----- ဤ (၆)ပါးကုန်သော ဥပမာတို့ကို အရိယမဂ်သို့ ဆိုက်သော ဝုဋ္ဌာနဂါမိနီ ဝိပဿနာ၌ တည်သော ယောဂါဝစရပုဂ္ဂိုလ်၏ လောကုတ္တရာတရားသို့ ရှေးရှုညွတ်သည်၏ အဖြစ်၊ ရှိုင်းသည်၏ အဖြစ်၊ ကိုင်းသည်၏ အဖြစ်ကို ပြခြင်းငှာ မိန့်ဆိုတော်မူအပ်ကုန်၏။ (ရှေးဥပမာတို့ကဲ့သို့ ဘယတုပဋ္ဌာနစသည့် ဉာဏ်တို့၌ တည်သော ယောဂါဝစရပုဂ္ဂိုလ်၏ ကြောက်သော အခြင်းအရာစသည့် အခြင်းအရာ အာကာရကို ပြခြင်းငှာ မဆိုအပ်ကုန် ဟူလိုသည်။) ထင်ရှားစေအံ့ -----
七、khudda——饥饿;八、pipāsa——口渴;九、sīta——寒冷;十、uṇha——炎热;十一、andhakāra——黑暗;十二、visa——毒。这六种譬喻,是为了显示:安住于抵达圣道的趣向出起观之瑜伽行者,倾向、俯向、趋向出世间法。〔意思是,它们不像前六种譬喻那样,用来显示安住于怖畏现起智等智中的瑜伽行者所呈现的怖畏等行相。〕以下加以说明。
原书第 402 页
၇။ ခုဒ္ဒ = အစာငတ်မွတ်ခြင်း ----- အစာငတ်မွတ်ခြင်းသည် အပြင်းအထန် နှိပ်စက်အပ်သော အလွန် ငတ်မွတ်သော ယောကျာ်းသည် ကောင်းသော အရသာ ရှိသော ဘောဇဥ်ကို တောင့်တသကဲ့သို့ ဤဥပမာ အတူပင်လျှင် သံသရာဝဋ်၌ ဖြစ်သော ငတ်မွတ်ခြင်းသည် နှိပ်စက်အပ်သော ဤယောဂါဝစရ ရဟန်းတော်သည် မသေရာ အမြိုက်အရသာ ရှိသော ကာယဂတာသတိဟူသော ဘောဇဥ်ကို တောင့်တ၏။ (ဝိသုဒ္ဓိ-၂-၃ဝ၄။) အဆင့်ဆင့် ဖြစ်သောအားဖြင့်လည်းကောင်း၊ ရှည်မြင့်စွာသော ကာလပတ်လုံး အစဥ်လိုက်သည်၏ အဖြစ်ကြောင့်လည်းကောင်း၊ သည်းခံနိုင်ခဲသည်၏ အဖြစ်ကြောင့်လည်းကောင်း သံသရာဝဋ်ဆင်းရဲဒုက္ခသည် ငတ်မွတ်သော ဆင်းရဲဒုက္ခနှင့် တူ၏ဟု နှလုံးပိုက်၍ သံသာရဝဋ္ဋဇိဃစ္ဆာယ = သံသရာဝဋ်၌ ဖြစ်သော ငတ်မွတ် ခြင်း -- ဟု အဋ္ဌကထာက မိန့်ဆိုခြင်း ဖြစ်သည်။
七、khudda——饥饿:饱受饥饿逼迫的极度饥饿者渴望美味食物;同样,饱受轮回中饥饿逼迫的瑜伽行比丘,渴望名为身至念、具有不死甘露之味的食物。(《清净之道》2-304。)轮回之苦次第相续,长时延续,又难以忍受;义注正因为把它比作饥饿之苦,才说‘saṃsāravaṭṭajighacchāya——轮回中生起的饥饿’。
အမတရသံ ကာယဂတာသတိဘောဇနံ
巴利句(缅文字体):‘အမတရသံ ကာယဂတာသတိဘောဇနံ’——‘具有不死甘露味的身至念食物。’
ကာယဂတာသတိ ဧဝ ဘောဇနံ ကာယဂတာသတိဘောဇနံ။ သာ ပနေတ္ထ မဂ္ဂသမ္ပယုတ္တာ သမ္မာသတိ ကာယာနုပဿနာဒိ ကိစ္စသာဓနဝသေန အမတရသပရိဘောဂတာယ စ ''အမတရသံ ကာယဂတာသတိ- ဘောဇန''န္တိ ဝုတ္တာ။ တေနာဟ ဘဂဝါ '' အမတံ တေ ဘိက္ခဝေ ပရိဘုဉ္ဇန္တိ၊ ယေ ကာယဂတာသတိံ ပရိဘုဉ္ဇ- န္တီ''တိအာဒိ။ (မဟာဋီ-၂-၄၇၂။) ထိုကာယဂတာသတိကား ဤ၌ အရိယမဂ်နှင့် ယှဥ်သော သမ္မာသတိတည်း။ ထိုသတိကို ကာယာနုပဿနာ ဝေဒနာနုပဿနာ စိတ္တာနုပဿနာ ဓမ္မာနုပဿနာဟူသော ကိစ္စကို ပြီးစေသည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာ- သောကြောင့်လည်းကောင်း၊ မသေရာ အမြိုက်နိဗ္ဗာန် တရားတော်မြတ်ကြီး၏ အမတရသ = အမြိုက်အရသာကို သုံးဆောင်သောအားဖြင့် ဖြစ်ပေါ်လာသောကြောင့်လည်းကောင်း ----- အမတရသံ ကာယဂတာသတိဘောဇနံ = မသေရာ အမြိုက်အရသာ ရှိသော ကာယဂတာသတိ ဘောဇဥ် - ဟူ၍ ဆိုအပ်သတည်း။ ထိုကြောင့် ဘုရားရှင်- သည် အင်္ဂုတ္တိုရ်ပါဠိတော် ဧကနိပါတ် အမတဝဂ်၌ -----
巴利复注文(缅文字体):‘ကာယဂတာသတိ ဧဝ ဘောဇနံ ကာယဂတာသတိဘောဇနံ။ သာ ပနေတ္ထ မဂ္ဂသမ္ပယုတ္တာ သမ္မာသတိ ကာယာနုပဿနာဒိ ကိစ္စသာဓနဝသေန အမတရသပရိဘောဂတာယ စ ''အမတရသံ ကာယဂတာသတိ- ဘောဇန''န္တိ ဝုတ္တာ။ တေနာဟ ဘဂဝါ '' အမတံ တေ ဘိက္ခဝေ ပရိဘုဉ္ဇန္တိ၊ ယေ ကာယဂတာသတိံ ပရိဘုဉ္ဇ- န္တီ''တိအာဒိ။ (မဟာဋီ-၂-၄၇၂။)’译:‘身至念本身就是食物,故称身至念食物。在这里,它是与道相应的正念;因为它能成办身随观等的作用,也因为它受用不死甘露之味,所以称为“具有不死甘露味的身至念食物”。因此,世尊说:“诸比丘,凡受用身至念者,即受用不死甘露”等。’(《大复注》2-472。)这里的身至念,是与圣道相应的正念。它能成办身随观、受随观、心随观、法随观的作用,又能受用殊胜不死涅槃的甘露之味,因此称为‘具有不死甘露味的身至念食物’。所以,世尊在《增支部·一集·不死品》中说——
''အမတံ တေ ဘိက္ခဝေ ပရိဘုဉ္ဇန္တိ၊ ယေ ကာယဂတာသတိံ ပရိဘုဉ္ဇန္တိ။'' (အံ-၁-၄၇။) = ''ရဟန်းတို့ …အကြင်သူတို့သည် ကာယဂတာသတိကို သုံးဆောင်ကြကုန်၏၊ ထိုသူတို့သည် မသေရာ အမြိုက် နိဗ္ဗာန်ကို သုံးဆောင်ကြသည် မည်ကုန်၏'' --- ဤသို့ ဟောကြားထားတော်မူ၏။
——巴利经文(缅文字体):‘''အမတံ တေ ဘိက္ခဝေ ပရိဘုဉ္ဇန္တိ၊ ယေ ကာယဂတာသတိံ ပရိဘုဉ္ဇန္တိ။'' (အံ-၁-၄၇။)’译:‘诸比丘,凡受用身至念者,即受用不死甘露。’(《增支部》1-47。)世尊如此开示。
(မဟာဋီ-၂-၄၇၂။)
(《大复注》2-472。)
အမေး ----- နိဗ္ဗာန်ကား လောကုတ္တရာ တရားတည်း၊ ကာယဂတာသတိကား လောကိယ တရားတည်း။
问:涅槃是出世间法,身至念却是世间法。
(လောကီ ကာယဂတာသတိကို ဆိုလိုသည်။) အဘယ်သို့လျှင် ထိုကာယဂတာသတိကို သုံးဆောင်ကုန်သော သူတို့သည် မသေရာ အမြိုက်နိဗ္ဗာန်ကို သုံးဆောင်ကြကုန်သနည်း၊ အဖြေ ----- ကာယဂတာသတိကို ပွားများသောပုဂ္ဂိုလ်သည် မသေရာ အမြိုက်နိဗ္ဗာန် တရားတော်မြတ်ကို ရရှိနိုင်၏၊ မပွားများသော ပုဂ္ဂိုလ်သည် မရရှိနိုင်။ ထိုကြောင့် ဤသို့ ဘုရားရှင်က ဟောကြားတော်မူခြင်းဖြစ်သည်။
〔这里指世间的身至念。〕那么,受用身至念的人怎么能受用不死甘露涅槃?答:修习身至念的人能够证得殊胜不死涅槃;不修习的人则不能证得。所以佛陀才作这样的开示。
(အံ-ဋ္ဌ-၁-၄၁၆။)
(《增支部义注》1-416。)
ကာယာနုပဿနာသတိပဋ္ဌာန်ကို ပွားများပါကလည်း သတိပဋ္ဌာန် လေးပါးလုံး စုံညီသွားကြောင်းကို ရှေး- ပိုင်းတွင် အကြိမ်များစွာ ရှင်းလင်းတင်ပြခဲ့ပြီး ဖြစ်သည်။ မည်သည့် သတိပဋ္ဌာန်ကို မဆို နည်းမှန် လမ်းမှန် ပွားများပါက သတိပဋ္ဌာန် လေးပါးလုံးကို ပွားများခြင်း ကိစ္စလည်း ပြီးစီးသည်သာ ဖြစ်သည်။ အရိယမဂ်သို့ ဆိုက်ရောက်သောအခါ ယင်းအရိယမဂ်က သတိ၏ တည်ရာ အာရုံလေးမျိုး ဖြစ်သည့် ကာယ ဝေဒနာ စိတ္တ
前文已经多次说明:若修习身随观念处,四念处也会全部具足;无论修习哪一种念处,只要方法、道路正确,修习四念处的作用也都会完成。到达圣道时,圣道会把覆蔽念的四种所住之处——身、受、心、——

本页是帕奥禅师缅文「五大册」第五册(趣向涅槃之道·第五册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。卷前、正文与原书索引均与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。