道非道智见清净释:思惟智章(之五)

《趣向涅槃之道》中文全译本 · 非缩略版

观禅篇 · 原书第 106–128 页 · 227 个翻译单元

本页并入了原书的相邻小节:道非道智见清净释:思惟智章。

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 106 页
သမ္ပယုတ်တရားတို့နှင့် အတူတကွ စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ ဖြစ်မှုပျက်မှုကို ရှုလို့မြင်နိုင်ပါ့မလား၊ ဘုရားရှင်တို့၏ အရာသာဖြစ်သည် မဟုတ်ပါလား စသည်ဖြင့် အချို့အချို့သော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်တို့က မေးမြန်းကြပြန်၏၊ သံသယလည်း ရှိကြ၏။
——的相应法,能否在每一个心刹那中观见其生灭?这岂不是只有诸佛才能做到的事吗?
ဤအရာဝယ် နာမ်တရားတို့ကို ဝိပဿနာဉာဏ်ဖြင့် ရှုမြင်ခြင်းသည် သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့၏ အရာသာဖြစ်သည်၊ သာဝကတို့၏ အရာမဟုတ်ဟူသော အယူအဆများမှာ ပိဋကပါဠိတော်နှင့် အဋ္ဌကထာ ဋီကာတို့၌ မလာရှိသော ကျမ်းဂန်အထောက်အထားကင်းမဲ့နေသော အဆိုအမိန့်စကားများသာ ဖြစ်ကြပေသည်။
在这里,所谓以观智观见名法只是正自觉佛的境界、不是弟子的境界,这种见解在三藏巴利圣典、义注和复注中从未出现,是没有典籍根据的说法。
အပရိဇာနနသုတ္တန် (သံ-၂-၂၄၉-၂၅ဝ။)စသော ထိုထိုဒေသနာတော်များ၌ ခန္ဓာငါးပါးဟူသော အလုံးစုံ- သော ရုပ်တရား နာမ်တရားတို့ကို ဉာတပရိညာ၊ တီရဏပရိညာ၊ ပဟာနပရိညာဟူသော ပရိညာသုံးမျိုးတို့ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်ပါက သံသရာဝဋ် ဆင်းရဲဒုက္ခ ကုန်ခြင်းငှာ မထိုက်တန်ကြောင်းကို ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားထားတော်မူခဲ့၏။ ထိုဒေသနာတော်များနှင့်အညီ နာမ်တရားများကို သာဝက- တို့လည်း သိမ်းဆည်းရှုပွားရန် ဝိပဿနာရှုရန် ဖွင့်ဆိုထားသော အဋ္ဌကထာ ဋီကာ အဖွင့်များကိုလည်း နာမ်- ကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းလင်းတင်ပြခဲ့ပြီး ဖြစ်ပေသည်။
在《不遍知经》(《相应部》2-249—250)等种种教说中,佛陀亲自开示:若不能以知遍知、审察遍知和断遍知这三种遍知,亲自现前、深入地知道和看见称为五蕴的一切色法与名法,就不可能穷尽轮回之苦。与这些教说相应,义注和复注也解释弟子必须摄取、观照名法;这些开释已经在名业处篇中说明。
ဤတွင် ---- သာဝကများသည်လည်း ယင်းနာမ်တရားများကို ဝိပဿနာရှုရမည်သာ ဖြစ်သည်၊ ဝိပဿနာ- ဉာဏ်ဖြင့် ရှုမြင်နိုင်ပါမှ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်နိုင်ပါမှ ယင်းနာမ်တရားတို့၏ ဖြစ်မှု နိဗ္ဗတ္တိ လက္ခဏာကို မြင်၍ ရံခါ နာမ်တရားကို လက္ခဏာယာဥ်တင်၍ ဝိပဿနာရှုပွားသုံးသပ်သည် မည်ကြောင်းကို ဖွင့်ဆိုထားတော်မူသော ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၏ ဖွင့်ဆိုချက်ကို ရှေးနာမ်ကမ္မဋ္ဌာန်းပိုင်းတွင် တင်ပြပြီး ဖြစ်သော် လည်း ဤအပိုင်းတွင် အဓိပ္ပါယ်ဆိုလိုရင်းကို လွယ်ကူစွာ သဘောပေါက်နိုင်ရန် ရည်သန်တောင့်တ၍ ထပ်မံပြီး ရေးသားတင်ပြအပ်ပါသည်။
这里的要点是:弟子也必须对这些名法修观。只有能够以观智观见、亲自现前而深入地知见,见到这些名法的生起相,才称为有时把名法安立于三相上而修观、思惟。虽然前面的名业处篇已经引述《清净之道》的这段解释,为使这里的旨义容易理解,现在再录如下。
အရူပနိဗ္ဗတ္တိပဿနာကာရ (ဝိသုဒ္ဓိ-၂-၂၅၂။)
观见非色法的生起(《清净之道》2-252)
တစ်ဖန်ရုပ်တရားကို လက္ခဏာယာဥ်တင်၍ ဝိပဿနာရှုပွားသုံးသပ်သော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ရုပ်တရား၏ ဖြစ်ခြင်း = နိဗ္ဗတ္တိ လက္ခဏာကို ရှုအပ်သကဲ့သို့ အလားတူပင် နာမ်တရားကိုလည်း လက္ခဏာ- ယာဥ်တင်ကာ ဝိပဿနာရှုပွားသုံးသပ်သော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် နာမ်တရား၏ ဖြစ်ခြင်း နိဗ္ဗတ္တိ လက္ခဏာကိုလည်း ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ရှုရမည်သာ ဖြစ်ပေသည်။ ထိုနာမ်တရား၏ ဖြစ်ခြင်း = နိဗ္ဗတ္တိလက္ခဏာကိုလည်း (လောကုတ္တရာတရားများ၏ ဝိပဿနာဉာဏ်၏ အရှုခံ အာရုံမဟုတ်ကြသဖြင့် ဝိပဿနာ ရှုပွားရမည့် အရာမဟုတ်သောကြောင့်) (၈၁)မျိုးသော လောကီစိတ္တုပ္ပါဒ် = လောကီစိတ်စေတသိက်၏ အစွမ်းဖြင့် သာလျှင် ဝိပဿနာ ရှုပွားသုံးသပ်အပ်ပေသည်။
再者,正如把色法安立于三相上而修观、思惟的瑜伽行者,应当观见色法的生起——即生起相;同样,把名法安立于三相上而修观、思惟的瑜伽行者,也必须以观智观见名法的生起——即生起相。出世间法不是观智的所缘,因而不是观修对象;所以,名法的这种生起相,只应就八十一种世间心生起,也就是世间心与心所来修观、思惟。
ဤလောကီစိတ္တုပ္ပါဒ်၏ အစွမ်းဖြင့် ရှုပွားသုံးသပ်ရသော ဝိပဿနာဟူသည် အဘယ်နည်းဟူမူကား အကျယ်မှာ ဤသို့ဖြစ်၏။ ---- ဤ နာမ်တရားမည်သည်ကား ရှေးဘဝ၌ အားထုတ်အပ်သော ကံ၏အစွမ်းဖြင့် ပဋိသန္ဓေအခါ၌ ပဋိစ္စ- သမုပ္ပါဒ်ပိုင်းတွင် ရှင်းလင်းတင်ပြထားခဲ့သည့်အတိုင်း (၁၉)မျိုးသော ပဋိသန္ဓေစိတ်တို့တွင် တစ်မျိုးမျိုးသော စိတ်သည် ဘဝတစ်ခုဝယ် ပဋိသန္ဓေစိတ်အဖြစ်ဖြင့် စတင်၍ဖြစ်ပေါ်လာ၏။ ဖြစ်ပေါ်လာပုံအခြင်းအရာကို ပဋိစ္စ- သမုပ္ပါဒ်ပိုင်းတွင် ရှင်းလင်းတင်ပြခဲ့သည့်အတိုင်းသာ သိရှိပါလေ။ ထိုပဋိသန္ဓေစိတ်သည်ပင်လျှင် ယင်းပဋိသန္ဓေ စိတ္တက္ခဏ၏ အခြားမဲ့ဖြစ်သော စိတ်မှစ၍ ဘဝင်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာ၏။ အသက်၏ အဆုံး၌ စုတိ၏
所谓以世间心生起来修观,详说如下:在结生时,依过去世所造之业,十九种结生心中的某一种,如缘起篇所说明的那样,在一个生命中最初以结生心的身份生起。它如何生起,应依缘起篇所说而知。紧接结生心之后,从无间相续的第一个心开始,同一个心便以有分的作用生起;到生命终结时,则以死心的——
原书第 107 页
မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- သမ္မသနဉာဏ်ခန်း အစွမ်းဖြင့် ဖြစ်ပေါ်လာ၏။ (ဘဝတစ်ခုဝယ် ပဋိသန္ဓေ-ဘဝင်-စုတိ စိတ်သုံးမျိုးတို့ကား တူမြဲဓမ္မတာပင်တည်း။) အကယ်၍ ထိုပဋိသန္ဓေစိတ်သည် ကာမာဝစရစိတ်ဖြစ်အံ့၊ ထိုကာမာဝစရပဋိသန္ဓေစိတ် (၁ဝ)မျိုးသည် ဒွါရ (၆)ပါး- တို့၌ အားရှိသောအာရုံ၌ တဒါရုံ၏အစွမ်းဖြင့် = ဇောယူသည့် အာရုံကိုပင် ဆက်လက်ယူသည့် အာရုံ၏အစွမ်းဖြင့် ဖြစ်ပေါ်လာ၏။
——作用生起。(在一个生命中,结生、有分和死心这三种心同属一种,这是法的定则。)如果结生心是欲界心,那么十种欲界结生心也能在六门遇到强力所缘时,以彼所缘的作用——即继续缘取速行所取的同一所缘——生起。
တစ်ဖန် ပဝတ္တိအခါဝယ် စက္ခုပသာဒ မပျက်စီးသေးသည့် သတ္တဝါတို့၏သန္တာန်ဝယ် စက္ခုပသာဒ၏ မပျက်- စီးသေးသည်၏ အဖြစ်ကြောင့် စက္ခုပသာဒ၊ ရူပါရုံ၊ အာလောက၊ မနသိကာရစသော အကြောင်းတရားများကို အစွဲပြု၍ ဌီကာလသို့ရောက်နေသော ရူပါရုံက ဌီကာလသို့ရောက်ရှိနေသော စက္ခုပသာဒနှင့် အိမ်ရှင်ဘဝင်မနော အကြည်ဓာတ်တို့ကို ပြိုင်တူရိုက်ခတ်သောအခါ အလင်းရောင် = အာလောကကိုမှီသော၊ မနသိကာရ = ပဉ္စဒွါရာ- ဝဇ္ဇန်းစိတ္တုပ္ပါဒ်လျှင်အကြောင်းရင်းရှိသော စက္ခုဝိညာဏ်စိတ်သည် သမ္ပယုတ်တရားတို့နှင့် အတူတကွ = ယှဥ်ဖက် စေတသိက်တရားတို့နှင့် အတူတကွ ဖြစ်ပေါ်၍လာ၏။
再者,在生命期间,对于眼净色尚未坏灭的有情,由于眼净色仍然存在,依眼净色、色所缘、光明、作意等诸缘,当已到住时的色所缘同时撞击已到住时的眼净色和有分意净界时,眼识便依止光明,并以作意——即五门转向心生起——为因,连同相应法,也就是相应心所,一并生起。
ချဲ့၍ဆိုဦးအံ့ ---- စက္ခုပသာဒ၏ ဌီခဏ၌ ဌီခဏသို့ရောက်သည်သာလျှင်ဖြစ်သော ရူပါရုံသည် စက္ခုပသာ- ဒကို = စက္ခုအကြည်ဓာတ်နှင့် ဘဝင်မနောအကြည်ဓာတ်ကို ထိခိုက်မိ၏။ ထိုရူပါရုံသည် စက္ခုဒွါရ၊ မနောဒွါရ၌ ထိခိုက်သည်ရှိသော် ဘဝင်နှစ်ကြိမ် ဖြစ်၍ချုပ်၏။ ထိုဘဝင်ချုပ်သည်မှ နောက်ကာလ၌ ထိုရူပါရုံ၌ ပင်လျှင် = ထိုရူပါရုံကို အာရုံပြု၍ပင်လျှင် ကိရိယာမနောဓာတ်အမည်ရသော ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် ရူပါရုံကို ဆင်ခြင်ခြင်း ကိစ္စကို ပြီးစေလျက် ယှဥ်ဖက်သမ္ပယုတ်တရားတို့နှင့် အတူတကွ ဖြစ်ပေါ်လာ၏။ ထိုပဉ္စဒွါရာဝဇ္ဇန်း၏ အခြားမဲ့၌ ထိုရူပါရုံကိုပင်လျှင် မြင်တတ်သော (ယင်းရူပါရုံသည် ဣဋ္ဌာရုံဖြစ်သော်) ကုသလဝိပါက်မူလည်းဖြစ်သော (ယင်း ရူပါရုံသည် အနိဋ္ဌာရုံဖြစ်သော်) အကုသလဝိပါက်မူလည်း ဖြစ်သော စက္ခုဝိညာဏ်စိတ်သည် သမ္ပယုတ်တရားတို့နှင့် အတူတကွဖြစ်ပေါ်လာ၏။ ထိုသို့ စက္ခုဝိညာဏ်စိတ်ဖြစ်သည်မှ နောက်ကာလ၌ ထိုရူပါရုံကိုပင်လျှင် ခံလင့်-
进一步说:眼净色处在住刹那时,同样已经到达住刹那的色所缘撞击眼净色——即眼之净色——和有分意净界。色所缘撞击眼门与意门以后,两次有分生起而后灭去。紧接有分灭去,以同一色所缘为所缘、名为唯作意界的五门转向心,连同相应法生起,完成转向色所缘的作用。五门转向之后,能见同一色所缘的眼识连同相应法生起:色所缘若为可意所缘,就是善果报眼识;若为不可意所缘,就是不善果报眼识。眼识生起以后,紧接着,仿佛领受同一色所缘的——
သကဲ့သို့သော ဝိပါက်မနောဓာတ်အမည်ရသော (ကုသလဝိပါက် သို့မဟုတ် အကုသလဝိပါက်) သမ္ပဋိစ္ဆိုင်း- စိတ်သည် သမ္ပယုတ်တရားတို့နှင့် အတူတကွ ဖြစ်ပေါ်လာ၏။ ထိုသမ္ပဋိစ္ဆိုင်းစိတ်ဖြစ်သည်မှ နောက်ကာလ၌ ထိုရူပါရုံကိုပင်လျှင် စုံစမ်းလင့်သကဲ့သို့သော (ကုသလဝိပါက် သို့မဟုတ် အကုသလဝိပါက်ဖြစ်သော) ဝိပါက် အဟိတ် မနောဝိညာဏဓာတ်အမည်ရသော သန္တီရဏစိတ်သည် ဖြစ်ပေါ်လာ၏။ ထို သန္တီရဏစိတ်ဖြစ်သည်မှ နောက်ကာလ၌ ထိုရူပါရုံကိုပင်လျှင် ဣဋ္ဌ သို့မဟုတ် အနိဋ္ဌစသည်ဖြင့် ပိုင်းခြားမှတ်သား ဆုံးဖြတ်လင့်သကဲ့သို့သော ကြိယာအဟိတ် မနောဝိညာဏဓာတ်အမည်ရသော ဥပေက္ခာသဟဂုတ် ဝုဋ္ဌောစိတ်သည် ဖြစ်ပေါ်လာ၏။
——领受心连同相应法生起;它是名为果报意界的善果报心或不善果报心。领受心之后,仿佛推度同一色所缘的推度心生起;它是善果报或不善果报、名为无因果报意识界的心。推度心之后,仿佛把同一色所缘分别、确定为可意或不可意等的舍俱确定心生起;它是名为无因唯作意识界的心。
ထိုဝုဋ္ဌောစိတ်ဖြစ်သည်မှ နောက်ကာလ၌ ကာမာဝစရကုသိုလ် အကုသိုလ် ကြိယာစိတ်တို့တွင် တစ်မျိုးမျိုးသော စိတ်သည် (ယောနိသောမနသိကာရ၊ အယောနိသောမနသိကာရ အားလျော်စွာ) (၅)ကြိမ်သော်လည်းကောင်း၊ (၇)ကြိမ်သော်လည်းကောင်း ဇောကိစ္စကို ရွက်ဆောင်ကုန်သည်ဖြစ်၍ ဖြစ်ပေါ်လာ၏။ တစ်ကြိမ်သော မနော- ဒွါရာဝဇ္ဇန်းစိတ်သည်သော်မူလည်း ဇောအရာ၌ ဖြစ်ပေါ်လာတတ်၏။ (ဇောမစောတော့ဘဲ ဝုဋ္ဌောစိတ် = မနော- ဒွါရာဝဇ္ဇန်း စိတ်နှစ်ကြိမ်ဖြစ်မှုကို ရည်ရွယ်၍ မိန့်ဆိုခြင်းဖြစ်သည်။) ထိုဇောစိတ်ချုပ်သည်မှ နောက်ကာလ၌ ကာမာဝစရသတ္တဝါတို့၏ သန္တာန်ဝယ် (၁၁)မျိုးကုန်သော တဒါရုံစိတ်တို့တွင် ဇောအားလည်းကောင်း၊ အာရုံအား လည်းကောင်း လျော်စွာ အမှတ်မရှိ တစ်မျိုးမျိုးသော တဒါရုံစိတ်သည် ဖြစ်ပေါ်လာ၏။ ဤသို့ ဖြစ်ပေါ်လာသော စိတ်အစဥ်များကို သမ္ပယုတ်တရားတို့နှင့် အတူတကွ ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုပါ။ စက္ခုဒွါရမှ ကြွင်း-
确定心之后,欲界善心、不善心或唯作心中的某一种,依如理作意或不如理作意,生起五次或七次,执行速行作用。有时,一次意门转向心也会出现在速行的位置上。〔这是指某些所缘不再出现速行,而有两次确定心——即意门转向心——生起。〕速行灭去以后,在欲界有情的相续中,十一种彼所缘心中的某一种,会依速行与所缘之相应而生起,继续缘取速行所取的同一所缘。对于这样次第生起的诸心,应连同相应法,以观智观见。至于眼门以外其余——
ကုန်သော သောတဒွါရစသော ပဉ္စဒွါရတို့၌လည်း ဤနည်းကို သိရှိပါလေ။ မနောဒွါရ၌ကား ဇောအရာဝယ် ကာမဇောတို့တွင်သာမက မဟဂ္ဂုတ်ဇောတို့သည်လည်း ဖြစ်နိုင်ကြကုန်၏။ ယောဂါဝစရပုဂ္ဂိုလ်သည် ဤသို့လျှင် ဒွါရ (၆)ပါးတို့၌ နာမ်တရား၏ ဖြစ်ခြင်း နိဗ္ဗတ္တိလက္ခဏာကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုပါ။ အကျိုးကို ဆိုရသော် ဤသို့ ဆိုအပ်ပြီးသော နည်းဖြင့် နာမ်တရား၏ ဖြစ်ခြင်း နိဗ္ဗတ္တိလက္ခဏာကို ဝိပဿနာဉာဏ်ဖြင့်
——耳门等五门,也应以同样的方法了知。在意门中,速行不仅可以是欲界速行,也可以是广大速行。瑜伽行者应当这样在六门中,以观智观见名法的生起——即生起相。总而言之,能够依上述方法以观智观见名法生起相的瑜伽行者,才称为有时把名法安立于三相上而修——
原书第 108 页
မြင်အောင်ရှုသော ယောဂါဝစရပုဂ္ဂိုလ်သည် ရံခါ နာမ်တရားကို လက္ခဏာယာဥ်တင်ကာ ဝိပဿနာရှုပွားသုံးသပ်- သည် မည်ပေသည်။ (ဝိသုဒ္ဓိ-၂-၂၅၂-၂၅၃။ မဟာဋီ-၂-၄ဝ၄-၄ဝ၅။) ဤအထက်ပါ အဋ္ဌကထာ၏ ညွှန်ကြားထားတော်မူသည့် အဆိုအမိန့်များနှင့်အညီ အသင်ယောဂါဝစရ ပုဂ္ဂိုလ်သူမြတ်သည် ဘဝတစ်ခု၏ အစဝယ် ရှေးဦးစွာ ဖြစ်ပေါ်လာသော ယှဥ်ဖက်သမ္ပယုတ်တရားနှင့်တကွသော ပဋိသန္ဓေစိတ်၏ ဖြစ်မှုသဘော နိဗ္ဗတ္တိလက္ခဏာကိုလည်းကောင်း၊ ပဋိသန္ဓေနောင် ပထမဘဝင်မှစ၍ ဘဝတစ်- လျှောက်ဝယ် ဝီထိစိတ်များ မဖြစ်သည့်အချိန်၌ ဖြစ်လေ့ရှိသော ယှဥ်ဖက်သမ္ပယုတ်တရားနှင့်တကွသော ဘဝင် စိတ်၏ ခဏတိုင်းခဏတိုင်း၌ ဖြစ်မှုသဘော နိဗ္ဗတ္တိလက္ခဏာကိုလည်းကောင်း၊ ဘဝတစ်ခု၏ အဆုံး၌ ဖြစ်လေ့ ရှိသော ယှဥ်ဖက်သမ္ပယုတ်တရားနှင့်တကွသော စုတိစိတ်၏ ဖြစ်မှုသဘော နိဗ္ဗတ္တိလက္ခဏာကိုလည်းကောင်း၊ ပဝတ္တိအခါ အာယတနဒွါရအလိုက် ထိုက်သည့်အားလျော်စွာ ဖြစ်နေကြကုန်သော ဒွါရ (၆)ပါး အတွင်း၌ တည်ရှိ-
——观、思惟。(《清净之道》2-252—253;《大复注》2-404—405。)依照以上义注的教导,瑜伽行者应以深入的观智观见:一个生命开始时最先生起的结生心,连同相应法,其生起性质——即生起相;从结生后的第一个有分开始,终其一生,在心路心不生起的间隙中,一刹那接一刹那生起的有分心,连同相应法,其每一刹那的生起相;生命终结时生起的死心,连同相应法,其生起相;以及生命期间依处门之所应,在六门中生起的各种——
သော ယှဥ်ဖက်သမ္ပယုတ်တရားနှင့်တကွသော ထိုထိုဝီထိစိတ်တို့၏ ထိုထိုခဏတိုင်း ခဏတိုင်း၌ ဖြစ်မှုသဘော နိဗ္ဗတ္တိလက္ခဏာကိုလည်းကောင်း၊ ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ရှုနိုင်ပါမှ လက္ခဏာယာဥ်တင်၍ ဝိပဿနာ ရှုပွားသုံးသပ်နိုင်ပါမှ အရူပဿ နိဗ္ဗတ္တိ = နာမ်တရား၏ဖြစ်မှု နိဗ္ဗတ္တိသဘောလက္ခဏာကို ရှုမြင်သည် မည်ပေ- သည်။ ဤအဋ္ဌကထာများနှင့်အညီ --- နိဗ္ဗာနဂါမိနိပဋိပဒါ အမည်ရသော ဤကျမ်းတွင်လည်း နာမ်တရားများကို ဉာဏ်ဖြင့်ပိုင်းခြားယူရာ သိမ်းဆည်းရာဖြစ်သော နာမရူပပရိစ္ဆေဒဉာဏ်ပိုင်း၌လည်း နာမ်တရားများကို အာယတန ဒွါရအလိုက် ဒွါရတစ်ခုပြီး တစ်ခု သိမ်းဆည်းရန်ကိုလည်းကောင်း၊ ဝိပဿနာပိုင်းတွင်လည်း အာယတနဒွါရ အလိုက် တစ်ခုပြီးတစ်ခု ဝိပဿနာရှုရန်ကိုလည်းကောင်း ရေးသားတင်ပြထားခြင်း ဖြစ်ပေသည်။
——心路心,连同相应法,其每一刹那的生起相。只有能够以观智如此观见,并把这些法安立于三相上修观,才称为观见非色法的生起——名法的生起相。正因遵循这些义注,本书《趣向涅槃之道》在以智分别、摄取名法的名色分别智篇中,教导依处门逐门摄取名法;在观禅篇中,也教导依处门逐门修观。
ဇော --- ထိုသို့ ဝိပဿနာရှုရာ၌ ဇောအရတွင် အကုသိုလ်ဇောများကိုလည်း ဝိပဿနာရှုရန် အဋ္ဌကထာက ထည့်သွင်း၍ဖော်ပြထား၏။ ယင်းကဲ့သို့သော ဖွင့်ဆိုထားတော်မူချက်မှာ သရာဂံ ဝါ စိတ္တံ သရာဂစိတ္တန္တိ ပဇာနာတိ စသော သတိပဋ္ဌာန်ဒေသနာတော်များနှင့်အညီ အကုသိုလ်တရားများကိုလည်း ဝိပဿနာရှုပွားရန် အဋ္ဌကထာ ဆရာတော်က ညွှန်ကြားတော်မူခြင်းသာ ဖြစ်သည်ဟု မှတ်သားပါလေ။
速行——这样修观时,义注在速行一项中也列入不善速行,要求把它们作为观修所缘。应当知道,这是义注师依念处教法‘သရာဂံ ဝါ စိတ္တံ သရာဂစိတ္တန္တိ ပဇာနာတိ’——‘有贪之心,了知为有贪心’等教说,指示也应对不善法修观。
ဉာဏ်၏ အာနုဘော် ကြီးမားပုံ
智的威力何其强大
ဤအထက်ပါ အဋ္ဌကထာစကားရပ်များက ဝီထိမုတ်စိတ် အမည်ရသော ပဋိသန္ဓေစိတ် ဘဝင်စိတ် စုတိ- စိတ်တို့နှင့် ဒွါရ (၆)ပါး၌ ထိုက်သည့်အားလျော်စွာ အာယတနဒွါရအလိုက် ဖြစ်ပေါ်နေကြသော ဝီထိစိတ် အသီး အသီးတို့ကို စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ ယှဥ်ဖက်သမ္ပယုတ်တရားများနှင့်အတူတကွ ဖြစ်မှုသဘော ပျက်မှု သဘောတို့ကို မြင်အောင် ဝိပဿနာရှုရန် ညွှန်ကြားထားတော်မူသဖြင့် ဖြစ်မှဖြစ်နိုင်ပါ့မလားဟု ရင်တမမနှင့် မေးမြန်းကြ၏၊ စိစစ်ကြ၏၊ ဆွေးနွေးကြ၏။
以上义注教导:对于称为离路心的结生心、有分心、死心,以及六门中各依其处门而生起的每一种心路心,都要在每一个心刹那中连同相应法,以观智观见其生起和坏灭。于是有人惴惴不安地追问、审察、议论:这真的可能做到吗?
ဤအရာ၌ အသင်ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ဆင်းရဲခပ်သိမ်းမှ အငြိမ်းကြီးငြိမ်းရာ အအေးကြီး အေးရာဖြစ်သည့် မဟာအသင်္ခတဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကို လိုလားတောင့်တခဲ့ပါမူ သဗ္ဗညုသမ္မာ- သမ္ဗုဒ္ဓဘုရားရှင်၏ သမ္မာသမ္ဗောဓိဉာဏ်တော်မြတ်ကြီးကိုလည်းကောင်း၊ သဗ္ဗညုတဉာဏ်တော်၊ ဒေသနာ ဉာဏ်တော် စသည်တို့ဖြင့် ခွဲခြမ်းစိတ်ဖြာ၍ ဟောကြားပြသ ဆိုဆုံးမထားတော်မူသော သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်း နိယျာနိကတရားကောင်း အစစ် အဖြစ်ကြီး ဖြစ်တော်မူသော မဂ္ဂင်ရှစ်ပါး အကျင့်မြတ် တရားတော်ကြီးကိုလည်းကောင်း၊ ယုံကြည်မှုသဒ္ဓါတရား အပြည့်အဝရှိရန်ကား လိုအပ်သည်သာ ဖြစ်ပေသည်။
在这里,如果瑜伽行者真诚向往那息灭一切苦、究竟寂凉的伟大无为界——殊胜涅槃,就必须对正自觉佛的正等正觉智具足信心,也必须对那由佛陀以一切知智、说法智等分析开示、教诫说明,确实能导向出离轮回苦的八支圣道这一殊胜行道具足信心。
ဘုရားရှင်သည် သာဝကတို့ မသိနိုင် မမြင်နိုင် ဉာဏ်မမီနိုင်သည့် သစ္စာလေးပါးတရားတို့ကို သာဝကတို့သည် သိအောင် ပွားများအားထုတ်ရမည်ဟု မတိုက်တွန်းတန်လေရာဟုကား အသင်သူတော်ကောင်း၏ သန္တာန်၌
善人应当在自己的相续中坚定持有这样的信念:佛陀绝不会敦促弟子努力修习,以求知见弟子不可能知道、不能看见、智慧无法达到的四圣谛——
原书第 109 页
မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- သမ္မသနဉာဏ်ခန်း ယုံကြည်ချက် သဒ္ဓါတရားကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားရမည်သာ ဖြစ်ပေသည်။ ဥပါဒါနက္ခန္ဓာငါးပါး = ရုပ်တရား နာမ်တရားတို့ကား ဒုက္ခသစ္စာတရားစုများ ဖြစ်ကြသဖြင့် ယင်းဒုက္ခသစ္စာ ဖြစ်ကြသည့် ရုပ်နာမ်တို့ကို ပရမတ်သို့ ဆိုက်အောင် မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ သိလိုပါက ဥပစာရအပ္ပနာ နှစ်ဖြာသော သမာဓိတို့တွင် တစ်မျိုး မျိုးသော သမာဓိကို ဝိပဿနာ၏ အခြေပါဒကအဖြစ် သမာဓိထူထောင်၍ ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲတည်း ဟူသော ရုပ်ဃန နာမ်ဃနတို့ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ရှုနိုင်ဖို့ လိုပေသည်။ အကြောင်းမူ --- သစ္စာလေးပါးတရားတို့သည် ပရမတ္ထသစ္စာတရားများ ဖြစ်ကြသောကြောင့်တည်း။
——诸法。五取蕴,也就是色法与名法,是苦谛法;若要如实无误地知道这些苦谛色名法,令智见达到胜义,就必须在近行定与安止定二者中建立任一种定作为观修的基础,并以智破除所谓色法块、名法块的色法密集与名法密集,观见到胜义层次。因为四圣谛都是胜义谛。
ယင်းပရမတ္ထဒုက္ခသစ္စာတရားတို့တွင် နာမ်တရားတို့မှာ ပြောင်းလဲမှုမရှိသည့် ကိန်းသေမြဲသော စိတ္တနိယာမ သဘောတရား လမ်းရိုးလမ်းဟောင်း လမ်းကြီးအတိုင်းသာ ပဋိသန္ဓေ ဘဝင်စုတိဟူသော ဝီထိမှအလွတ်ဖြစ်သော ဝီထိမုတ်စိတ်အနေဖြင့်သော်လည်းကောင်း၊ ဝီထိစိတ်အစဥ်အားဖြင့်သော်လည်းကောင်း၊ စိတ္တက္ခဏ တစ်ခုပြီးမှ တစ်ခု အစီအစဥ်အတိုင်း အမြဲတမ်း ဖြစ်ရိုးဓမ္မတာ ရှိကြ၏။ ယင်းစိတ္တနိယာမသဘောတရားကို ဆန့်ကျင်၍ ပုံစံပြောင်းကာ ဖြစ်ရိုးဓမ္မတာ မရှိပေ။ ယင်းနာမ်တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူလိုသော သိမ်းဆည်းလိုသော ဝိပဿနာရှုလိုသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ယင်းကဲ့သို့ စိတ္တနိယာမ ဓမ္မတာလမ်းရိုး လမ်းဟောင်းကြီး အတိုင်း သမရိုးကျ ဖြစ်နေကျ လမ်းရိုးကြီးအတိုင်း ဖြစ်နေကြသည့်အတိုင်းသာ ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုရမည်သာဖြစ်သည်။ အကယ်၍ နာမ်တရားတို့သည် ယင်းစိတ္တနိယာမ ဓမ္မတာလမ်းကြောင်းမှ တိမ်းစောင်း၍-
在这些胜义苦谛法中,名法依不变、固定的心之定法——古老而恒常的轨则——生起:或者以结生、有分、死心这些离开路过程的离路心生起,或者依心路次第生起;总是一个心刹那接着一个心刹那,依固定次序而转起,不会违背心之定法、改变形态而生。想以智分别、摄取这些名法并对其修观的瑜伽行者,必须依它们实际沿着心之定法这一古老轨则生起的原样,以观智观见。如果名法还存在偏离这一心之定法轨则而——
လည်းဖြစ်နိုင်ကြသည်ဟူသော သဘောတစ်မျိုးသည်လည်း ရှိနိုင်သည် ဖြစ်ငြားအံ့၊ ယင်းသို့ ဖြစ်နိုင်သေးခဲ့သော် အသင်သူတော်ကောင်း နှစ်ခြိုက်မှုရှိသည့်အတိုင်း ရှုနိုင်ပေသည်။ သို့သော် ယင်းကဲ့သို့သော စိတ္တနိယာမ ဓမ္မတာ လမ်းကြောင်းမှ တိမ်းစောင်း၍ ဖြစ်ရိုးဓမ္မတာရှိကြောင်း ပါဠိတော်အဋ္ဌကထာဋီကာ အဆိုအမိန့်များသည် မရှိ ဧကန်သာ ဖြစ်ခဲ့၏။ ထို့ကြောင့် အသင်သူတော်ကောင်းသည် နာမ်တရားတို့ကို သိမ်းဆည်းလိုခဲ့သော် ဉာဏ်ဖြင့် ပိုင်းခြားယူလိုခဲ့သော် ဝိပဿနာရှုပွားလိုခဲ့သော် ယင်းစိတ္တနိယာမ ဓမ္မတာလမ်းရိုး လမ်းဟောင်းကြီးအတိုင်းသာ သိမ်းဆည်းရမည် ဉာဏ်ဖြင့် ပိုင်းခြားယူရမည် ဝိပဿနာ ရှုပွားသုံးသပ်ရမည် ဖြစ်ပေသည်။ အကြောင်းမူ ---- ယင်းကဲ့သို့သော စိတ္တနိယာမ ဓမ္မတာလမ်းရိုး လမ်းဟောင်းကြီးအတိုင်း ဖြစ်ပေါ်နေကြသော ဝီထိမုတ်စိတ် ဝီထိ- စိတ်တို့ကို စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ ယှဥ်ဖက်သမ္ပယုတ်တရားတို့နှင့် အတူတကွ နာမ်တုံးနာမ်ခဲ နာမ်ဃန
——生起的另一种可能,那么善人也可以随自己的喜好去观。然而,巴利圣典、义注和复注中,确实没有任何教说说名法会偏离心之定法轨则而生。因此,善人若想摄取、以智分别或观照名法,就必须只依心之定法这一古老轨则来摄取、分别和修观。理由是:只有对依这种古老轨则生起的离路心与心路心,在每一个心刹那中连同相应法,把名法块、名法密集——
အသီးအသီးကို ဉာဏ်ဖြင့်ဖြိုခွဲဖျက်ဆီးလျက် ရှုနိုင်ပါမှ မြင်နိုင်ပါမှ ပရမတ်သို့ဉာဏ်အမြင်ဆိုက်ကာ ပရမတ္ထဒုက္ခ- သစ္စာ တရားအစစ်ကို ဟုတ်တိုင်းမှန်စွာ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိသည် မည်သောကြောင့်ပင်တည်း။
——一一以智破除而观见,智见才能到达胜义,亲自现前、深入地如实知见真正的胜义苦谛。
သမာဓိတည်းဟူသော မြတ်သောကျောက်ဖျာထက်၌ မြမြထက်အောင် သွေးထားအပ်သော ဉာဏ်တည်းဟူသော သန်လျက်၏ စွမ်းအားရှိန်စော် အာနုဘော်ကား ကြီးမားလှသည်သာ ဖြစ်ပေသည်။
以定为殊胜磨石,把智这柄利剑磨得锋锐无比;这柄智剑的力量与威力确实极其强大。
သို့သော် သာဝကပါရမီဉာဏ်အရာ၌ မျက်စိတစ်မှိတ် လျှပ်တစ်ပြက် လက်ဖျစ်တစ်တွက် အချိန်ကာလ အတွင်း၌ စိတ္တက္ခဏပေါင်း အကြိမ်ကုဋေတစ်သိန်းခန့်မျှ ဖြစ်ပျက်သွားကြသော နာမ်တရားစုတို့တွင် သာဝက- တို့သည် ဝိပဿနာရှုလိုက်နိုင်သော နာမ်တရားတို့ကား အချို့အဝက် တစ်စိတ်တစ်ဒေသမျှသာ ရှိကြောင်းကို ရှေးနာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းလင်းတင်ပြခဲ့ပြီးပင် ဖြစ်ပေသည်။ အတိတ်ဘဝ ထိုထိုက ဆည်းပူးစုဆောင်းခဲ့- သော ပါရမီတော်မြတ်တရားအပေါင်း၊ ပစ္စုပ္ပန်တွင် ပြုစုပျိုးထောင်နေသော ပါရမီတရားအပေါင်းနှင့် ပစ္စုပ္ပန်တွင် ပြုစုပျိုးထောင်ထားသော သမာဓိ၏ စွမ်းအင်အပေါ်တွင် အခြေစိုက်လျက် ဉာဏ်အာနုဘော်၏ စွမ်းအားရှိန်စော် အာနုဘော်မှာလည်း ကြီးထွားလာရသည်ဖြစ်ရကား ဉာဏ်အာနုဘော် ကြီးလျှင်ကြီးသလောက် ခပ်များများ တစ်စိတ်တစ်ဒေသကို ဝိပဿနာ ရှုပွားသုံးသပ်နိုင်၍ ဉာဏ်အာနုဘော် သေးလျှင်လည်း သေးသလောက် ခပ်-
不过,就弟子波罗蜜智而言,在一次眨眼、闪电、弹指的时间内生灭约十万俱胝次的诸名法聚中,弟子只能观照其中某些、一部分;这一点已在前面的名业处篇说明。智的力量与威力,依过去诸生所积集的波罗蜜、今生正在培育的波罗蜜,以及今生已经培育之定力而增长。因此,智的威力越大,能够观照的那一部分便越多;智的威力越小,能够观照的也只是较——
နည်းနည်း တစ်စိတ်တစ်ဒေသကိုသာ ဝိပဿနာ ရှုပွားသုံးသပ်နိုင်မည် ဖြစ်ပေသည်။
——少的一部分。
原书第 110 页
အသင်သူတော်ကောင်းသည် မိမိ၏အနီးရင်ဆိုင်တွင် တည်ရှိနေသော သူတော်ကောင်းတစ်ဦး၏ ဆံပင်ကို လှမ်း၍ကြည့်စမ်းကြည့်ပါ။ အကယ်၍ အသင်သူတော်ကောင်း၏ စက္ခုပသာဒများမှာ အလွန်အားကောင်းနေ- ပါက မျက်စိတစ်မှိတ် လျှပ်တစ်ပြက် လက်ဖျစ်တစ်တွက်ဟု ခေါ်ဆိုအပ်သော အချိန်ကာလအတွင်း၌ ထိုမိမိ၏ ရှေးရှုရင်ဆိုင်၌ တည်နေသော သူတော်ကောင်း၏ ဆံပင်များကို မရေမတွက်နိုင်အောင် အလွန့်အလွန် များပြားစွာ တွေ့မြင်နိုင်မည်ဖြစ်ပေသည်။ ဤသည်မှာ ရိုးရိုးပကတိမျက်စိအမြင်ဟုခေါ်ဆိုအပ်သော စက္ခုဒွါရဝီထိနှင့် ဆံပင်ကို အာရုံပြုနေကြသော မနောဒွါရဝီထိတို့၏ စွမ်းအင်မျှသာဖြစ်သည်။ ပကတိသော မျက်စိအမြင်သည်ပင် ထိုမျှ- လောက် အာနုဘော်ကြီးမားလျှင် ဝိပဿနာဉာဏ်မျက်စိကား ထိုထက်ပင် အဆအရာအထောင်မက စွမ်းအား ရှိန်စော် အာနုဘော်ကြီးမားလှသည်ကိုကား အသင်ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် လက်ခံနိုင်ရမည်သာ ဖြစ်ပေ-
善人,请试着望向近前另一位善人的头发。如果你的眼净色非常强,在眨眼、闪电、弹指这样极短的时间内,也能看见面前那人多得不可计数的许多发丝。这还只是称为普通肉眼视觉的眼门心路,以及以头发为所缘的意门心路的能力。普通视觉尚且有如此大的威力,观智之眼的力量与威力更要超过它百倍、千倍;瑜伽行者应当能够接受这一事实——
သည်။ အသင်သူတော်ကောင်းသည် ဘုရားရှင်၏ သာသနာတော်မြတ်ကြီးနှင့် အလွဲကြီး မလွဲမိအောင် အထူး သတိပြုသင့်လှပေသည်။
——并须格外谨慎,切莫与佛陀的殊胜教法发生严重偏离。
ပညာဘာဝနာ ပြည့်စုံနိုင်ပါသည်
慧修习能够圆满
ဧဝံ ကာလေန ရူပံ ကာလေန အရူပံ သမ္မသိတွာပိ တိလက္ခဏံ အာရောပေတွာ အနုက္ကမေန ပဋိပဇ္ဇမာနော ဧကော ပညာဘာဝနံ သမ္ပာဒေတိ။ (ဝိသုဒ္ဓိ-၂-၂၅၃။) အနုက္ကမေနာတိ ဥဒယဗ္ဗယဉာဏာဓိဂမာနုက္ကမေန ပညာဘာဝနံ သမ္ပာဒေတိ အရဟတ္တံ အဓိဂစ္ဆတိ။
巴利《清净之道》引文(缅文字体):‘ဧဝံ ကာလေန ရူပံ ကာလေန အရူပံ သမ္မသိတွာပိ တိလက္ခဏံ အာရောပေတွာ အနုက္ကမေန ပဋိပဇ္ဇမာနော ဧကော ပညာဘာဝနံ သမ္ပာဒေတိ။’译:‘如此,有时思惟色法,有时思惟非色法,把三相安立其上,依次行道者,便能圆满慧修习。’缅文出处原串:‘(ဝိသုဒ္ဓိ-၂-၂၅၃။)’(《清净之道》2-253。)巴利《大复注》引文(缅文字体):‘အနုက္ကမေနာတိ ဥဒယဗ္ဗယဉာဏာဓိဂမာနုက္ကမေန ပညာဘာဝနံ သမ္ပာဒေတိ အရဟတ္တံ အဓိဂစ္ဆတိ။’译:‘所谓“依次”,是说依从证得生灭智等的次第,圆满慧修习,并证得阿罗汉果。’
(မဟာဋီ-၂-၄ဝ၅။)
缅文出处原串:‘(မဟာဋီ-၂-၄ဝ၅။)’(《大复注》2-405。)
ဤသို့လျှင် ရံခါ ရုပ်တရားကို ရံခါ နာမ်တရားကို သုံးသပ်၍လည်း လက္ခဏာယာဥ်သုံးချက်ကို တစ်လှည့်စီ တင်၍ ဝိပဿနာဘာဝနာကို ရှုပွားခဲ့သည်ရှိသော် ဥဒယဗ္ဗယဉာဏ်ကို ရရှိခြင်းစသော အစီအစဥ်ဖြင့် အစဥ်အတိုင်း ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်သော ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် ပညာဘာဝနာကို ပြည့်စုံစေနိုင်၏။
如此,有时思惟色法,有时思惟名法,轮流把它们安立于无常、苦、无我三相上而修观;由证得生灭智等的次第,循序修习、精勤行道的瑜伽行者,能够圆满慧修习。
အရဟတ္တဖိုလ်ကို ရရှိနိုင်ပေ၏။ (ဝိသုဒ္ဓိ-၂-၂၅၃။ မဟာဋီ-၂-၄ဝ၅။)
他能够证得阿罗汉果。(《清净之道》2-253;《大复注》2-405。)
ရှေးဟောင်းလမ်းရိုးကြီးသာ ဖြစ်သည်
这正是古老大道
ဝိပဿနာအရာ၌ ပရမတ္ထဓာတ်သား တစ်လုံးစီ တစ်လုံးစီကို လက္ခဏာယာဥ်တင်ကာ ဝိပဿနာရှုပွားသုံး- သပ်သော အနုပဒဓမ္မဝိပဿနာရှုပွားနည်းနှင့် ပရမတ္ထဓာတ်သားတို့ကို ရုပ်နာမ်နှစ်ပါးနည်း၊ ခန္ဓာငါးပါးနည်း၊ အာယတနတစ်ဆယ့်နှစ်ပါးနည်း၊ ဓာတ်တစ်ဆယ့်ရှစ်ပါးနည်း စသည်ဖြင့် အုပ်စုအလိုက် ပေါင်းစုခြုံငုံ၍ ဝိပဿနာ ရှုပွားသုံးသပ်သော ကလာပသမ္မသန ဟုခေါ်ဆိုအပ်သော နယဝိပဿနာရှုပွားနည်းဟု နှစ်နည်းရှိကြောင်းကို အထက်တွင် ရှင်းလင်းတင်ပြခဲ့ပြီး ဖြစ်၏။ ဝိပဿနာဘာဝနာကို စတင်အားသစ်စဖြစ်သော အာဒိကမ္မိက ယော- ဂါဝစရပုဂ္ဂိုလ်သည် အနုပဒဓမ္မဝိပဿနာရှုနည်းဖြင့် စတင်၍ အားမထုတ်သေးဘဲ ကလာပသမ္မသနနည်းဖြင့် စတင်၍ အားသစ်သင့်ကြောင်းကိုလည်း ရှင်းလင်းတင်ပြခဲ့ပြီးပင် ဖြစ်၏။ ဤဝိပဿနာပိုင်းတွင် ယခုတိုင်အောင် ရေးသားတင်ပြခဲ့သော ဝိပဿနာဘာဝနာမှာလည်း ကလာပသမ္မသနနည်းမျှသာ ရှိပေသေးသည်။ ဤကလာပ
在观禅中,有两种观修、思惟方法:一是把每一个究竟法各自安立于三相上的逐法观;二是把诸究竟法依色名二法、五蕴、十二处、十八界等分组,总摄起来观修、思惟的理路观,也称为聚思惟。前文已经说明,初修观禅的初业瑜伽行者,不应一开始便以逐法观用功,而应从聚思惟开始用功。本观禅篇至今所说明的观修,也还只是这种——
သမ္မသနနည်း သက်သက်ဖြင့်လည်း ပညာဘာဝနာ ပြည့်စုံနိုင်ကြောင်း၊ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်ကြောင်း ကို အထက်တွင် ရေးသား တင်ပြထားသည့်အတိုင်း ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာကလည်း ဖွင့်ဆိုထားတော်မူ၏။
——聚思惟法。依前引《清净之道》义注所释,只修这种聚思惟法,也能圆满慧修习,证达阿罗汉果。
အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သွားတော်မူကြသော ရှေးဟောင်းထုံးများသည်လည်း သင်္ဂါယနာသုံးတန် တင်- ထားအပ်သော သို့မဟုတ် သင်္ဂါယနာ (၆)ကြိမ်တိုင်တိုင် တင်ထားအပ်သော ပိဋကပါဠိတော်များတွင် အထင်အရှား ရှိကြသည်သာဖြစ်ပေသည်။ ထိုပိဋကပါဠိတော်များမှ ထင်ရှားရာ ပုံစံအချို့ကို ဆက်လက်တင်ပြအပ်ပါသည်။
在经过三次结集,或历经六次结集传诵的三藏巴利圣典中,也清楚记载着古代行道者证达阿罗汉果的先例。下面续举其中若干显著的范例。
原书第 111 页
မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- သမ္မသနဉာဏ်ခန်း ဘုရားရှင်သည် ပဉ္စဝဂ္ဂီအမည်ရှိတော်မူကြသော မထေရ်မြတ်တို့အား ဓမ္မစက္ကပဝတ္တနသုတ္တန် (သံ-၃-၃၆၈) ဟု ခေါ်ဆိုသော ဓမ္မစကြာတရားဒေသနာတော်ဖြင့် သောတာပတ္တိဖိုလ်၌ တည်စေတော်မူခဲ့၏။ ဓမ္မစကြာတရား ဒေသနာတော်မှာ မဟာဝဂ္ဂသံယုတ်ပါဠိတော် သစ္စသံယုတ် (သံ-၃-၃၆၈)၌ ထည့်သွင်း၍ သင်္ဂါယနာ တင်ထား- တော်မူသော သစ္စဒေသနာတော်နည်းဖြစ်၏။ သစ္စဒေသနာတော်နည်းအရ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို အားသစ်လိုသော ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ဝဋ္ဋသစ္စာဖြစ်ကြသော ဒုက္ခသစ္စာ သမု- ဒယသစ္စာ တရားတို့၌ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို နှလုံးသွင်းရမည် ဖြစ်ကြောင်းကို အဋ္ဌကထာများကလည်း အောက်ပါအတိုင်း ဖွင့်ဆိုထားတော်မူကြ၏။ ---- တတ္ထ ပုရိမာနိ ဒွေ သစ္စာနိ ဝဋ္ဋံ၊ ပစ္ဆိမာနိ ဝိဝဋ္ဋံ။ တေသု ဘိက္ခုနော ဝဋ္ဋေ ကမ္မဋ္ဌာနာဘိနိဝေသော
佛陀以《转法轮经》(《相应部》3-368)所说的转法轮教法,使名为五比丘的诸大长老安住于入流果。这是收录在《相应部·大品·谛相应》(《相应部》3-368)中的谛教法。义注说明:依谛教法修习观业处的瑜伽行者,应当只在作为轮转谛的苦谛与集谛上投入观修。巴利义注原文(缅文字体,上半):‘တတ္ထ ပုရိမာနိ ဒွေ သစ္စာနိ ဝဋ္ဋံ၊ ပစ္ဆိမာနိ ဝိဝဋ္ဋံ။ တေသု ဘိက္ခုနော ဝဋ္ဋေ ကမ္မဋ္ဌာနာဘိနိဝေသော’——
ဟောတိ၊ ဝိဝဋ္ဋေ နတ္ထိ အဘိနိဝေသော။ (အဘိ-ဋ္ဌ-၂-၁ဝ၉။ ဒီ-ဋ္ဌ-၂-၃၉၁။) = ထို သစ္စာ (၄)ပါးတို့တွင် ဒုက္ခသစ္စာ သမုဒယသစ္စာဟူသော ရှေးသစ္စာ (၂)ပါးတို့ကား ဝဋ္ဋသစ္စာတည်း။
——巴利原文(下半,缅文字体):‘ဟောတိ၊ ဝိဝဋ္ဋေ နတ္ထိ အဘိနိဝေသော။’缅文出处原串:‘(အဘိ-ဋ္ဌ-၂-၁ဝ၉။ ဒီ-ဋ္ဌ-၂-၃၉၁။)’译:‘四谛之中,前二谛属于轮转,后二谛属于还灭。比丘的业处投入在轮转上;在还灭上没有投入。’因此,四谛中的前二谛——苦谛与集谛——是轮转谛。
နိရောဓသစ္စာ မဂ္ဂသစ္စာဟူသော နောက်သစ္စာ (၂)မျိုးတို့ကား ဝိဝဋ္ဋသစ္စာတည်း။ ထိုဝဋ္ဋသစ္စာ ဝိဝဋ္ဋသစ္စာ နှစ်မျိုး- တို့တွင် ယောဂါဝစရပုဂ္ဂိုလ်သည် ဝဋ္ဋသစ္စာ ဖြစ်ကြသော ဒုက္ခသစ္စာ သမုဒယသစ္စာ နှစ်မျိုး၌သာလျှင် ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်း နှလုံးသွင်းခြင်းသည် ဖြစ်၏။ (အဘိ-ဋ္ဌ-၂-၁ဝ၉။ ဒီ-ဋ္ဌ-၂-၃၉၁။) ဝိပဿနာနှလုံးသွင်းရှုပွားရမည့် ဝဋ္ဋသစ္စာနှစ်မျိုးတို့တွင် -- ဒုက္ခသစ္စာဟူသည် သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။ (သံ-၃-၃၆၉)ဟူသော ဓမ္မစကြာဒေသနာတော်နှင့်အညီ ဥပါဒါနက္ခန္ဓာငါးပါးတို့သည် ဒုက္ခသစ္စာတရားတို့ ဖြစ်ကြ၏။ ရူပုပါဒါနက္ခန္ဓာ ဝေဒနုပါဒါနက္ခန္ဓာ သညုပါဒါနက္ခန္ဓာ သင်္ခါရုပါဒါနက္ခန္ဓာ ဝိညာဏုပါဒါနက္ခန္ဓာတို့- ပင်တည်း။
后二谛——灭谛与道谛——是还灭谛。在轮转谛和还灭谛这两类中,瑜伽行者只对作为轮转谛的苦谛与集谛投入观业处。(《阿毗达磨义注》2-109;《长部义注》2-391。)在应当观修的这两种轮转谛中,所谓苦谛,依《转法轮经》所说的巴利原文(缅文字体):‘သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။’缅文出处原串:‘(သံ-၃-၃၆၉)’——‘简而言之,五取蕴是苦’;所以五取蕴就是苦谛法,即色取蕴、受取蕴、想取蕴、行取蕴和识取蕴。
၁။ အာသဝေါတရားတို့၏ အာရုံဖြစ်သော တဏှာဒိဋ္ဌိတို့ဖြင့် ''ငါ-ငါ့ဟာ''ဟု စွဲယူအပ်သော အတိတ်-အနာဂတ် ပစ္စုပ္ပန်-အဇ္ဈတ္တ-ဗဟိဒ္ဓ-သြဠာရိက-သုခုမ-ဟီန-ပဏီတ-ဒူရ-သန္တိက ဟူသော (၁၁)မျိုးသော အခြင်းအရာ အားဖြင့် တည်နေသော ရုပ်တရားအစုအပုံသည် ရူပုပါဒါနက္ခန္ဓာ မည်၏။
一、由爱、见等诸漏之法缘取为‘我、我的’,并依过去、未来、现在,内、外,粗、细,劣、胜,远、近这十一种行相而存在的色法积聚,称为色取蕴。
၂။ ။ ပ ။ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဝေဒနာအစုအပုံသည် ဝေဒနုပါဒါနက္ခန္ဓာမည်၏။
二、其余同上;依十一种行相而存在的受之积聚,称为受取蕴。
၃။ ။ ပ ။ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော သညာအစုအပုံသည် သညုပါဒါနက္ခန္ဓာမည်၏။
三、其余同上;依十一种行相而存在的想之积聚,称为想取蕴。
၄။ ။ ပ ။ (၁၁)မျိုးသောအခြင်းအရာအားဖြင့်တည်နေသော သင်္ခါရတရားအစုအပုံသည် သင်္ခါရုပါဒါနက္ခန္ဓာ မည်၏။
四、其余同上;依十一种行相而存在的诸行法积聚,称为行取蕴。
၅။ ။ ပ ။ (၁၁)မျိုးသောအခြင်းအရာအားဖြင့် တည်နေသော ဝိညာဏ်တရားအစုအပုံသည် ဝိညာဏုပါဒါန- က္ခန္ဓာ မည်၏။ (သံ-၂-၃၉။ ခန္ဓသုတ္တန်။) ယင်းဥပါဒါနက္ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့၏ အကြောင်းရင်းစစ်ဖြစ်သော အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြံရံထားအပ်သော သင်္ခါရ-ကံတို့သည် သမုဒယသစ္စာမည်၏။ တစ်နည်းဆိုရသော် ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့၏ တစ်ခုနှင့်တစ်ခု ကြောင်းကျိုးဆက်နွယ်မှု သဘောတရားသည်ကား သမုဒယသစ္စာ မည်၏။
五、其余同上;依十一种行相而存在的识法积聚,称为识取蕴。缅文出处原串:‘(သံ-၂-၃၉။ ခန္ဓသုတ္တန်။)’(《相应部》2-39,《蕴经》。)被无明、爱与取所围绕的诸行——业,是这五取蕴苦谛法的真正原因,称为集谛。换一种说法,缘起诸支之间彼此因果相续的法性,就是集谛。
(အံ-၁-၁၇၈။ တိတ္ထာယတနသုတ္တန်။)
缅文出处原串:‘(အံ-၁-၁၇၈။ တိတ္ထာယတနသုတ္တန်။)’(《增支部》1-178,《外道所依经》。)
သစ္စာဒေသနာတော်နည်းအရ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းအားထုတ်လိုသော ယောဂါဝစရ ရဟန်းတော်သည် ယင်း (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာငါးပါး = ဒုက္ခသစ္စာ တရားနှင့် အထက်ပါ သမုဒယသစ္စာတရား နှစ်ပါးတို့၌ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းအားထုတ်ရ၏။
依谛教法,想修习观业处的瑜伽行比丘,应当对依上述十一种行相而存在的五取蕴——苦谛法,以及前述集谛法这二谛,精勤修习观业处。
ပဉ္စဝဂ္ဂီရဟန်းတော်တို့သည်လည်း ယင်းဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့ကို ဝိပဿနာရှုပွားသုံးသပ်တော်
五比丘也由于观修、思惟这些苦谛法与集谛法——
原书第 112 页
မူကြသဖြင့် သောတာပတ္တိဖိုလ်သို့ အသီးအသီး ဆိုက်ရောက်သွားတော်မူကြ၏။
——而各自证得入流果。
တစ်ဖန် ဘုရားရှင်သည် သောတာပန်တည်တော်မူပြီးကြသော ပဉ္စဝဂ္ဂီရဟန်းတော်တို့အား အနတ္တလက္ခဏ သုတ္တန်ဒေသနာတော်ဖြင့် တစ်ဆင့်တက်၍ အရဟတ္တဖိုလ်သို့ တည်စေတော်မူခဲ့၏။ ယင်းအနတ္တလက္ခဏသုတ္တန် ဒေသနာတော်ကား ဥပါဒါနက္ခန္ဓာငါးပါးတို့၏ အနိစ္စဖြစ်ပုံ ဒုက္ခဖြစ်ပုံ အနတ္တဖြစ်ပုံတို့ကို အနိစ္စတစ်ကျော့ ဒုက္ခ တစ်ကျော့ အနတ္တတစ်ကျော့ တစ်ကျော့စီ တစ်ကျော့စီ အပြန်အလှန် အမေးအဖြေ ပြုလုပ်ပြီးမှ ပဉ္စဝဂ္ဂီရဟန်း- တော်တို့က ဥပါဒါနက္ခန္ဓာငါးပါးတို့၏ အနိစ္စဖြစ်ကြောင်း ဒုက္ခဖြစ်ကြောင်း အနတ္တဖြစ်ကြောင်းကို ဝန်ခံစကား လျှောက်ကြားလာတော်မူကြသောအခါ ဘုရားရှင်က အတိတ် အနာဂတ် ပစ္စုပ္ပန်စသည့် (၁၁)မျိုးသော အခြင်း- အရာအားဖြင့် တည်နေသည့် ဥပါဒါနက္ခန္ဓာငါးပါးတို့ကို ဝိပဿနာရှုရန် ညွှန်ကြားပြသပေးတော်မူသော တေပရိ- ဝဋ္ဋဓမ္မဒေသနာတော်ပင် ဖြစ်၏။ ဤတွင် အသင်သူတော်ကောင်းအပေါင်းတို့သည် ပဉ္စဝဂ္ဂီရဟန်းတော်တို့
随后,佛陀又为已经证得入流果的五比丘教示《无我相经》,使他们进而安住于阿罗汉果。《无我相经》的教法,是把五取蕴的无常、苦、无我各说一轮,逐轮问答;待五比丘承认五取蕴确为无常、苦、无我以后,佛陀再指示他们观照依过去、未来、现在等十一种行相而存在的五取蕴。这正是三轮法教。于此,诸位善人,为了——
အရဟတ္တဖိုလ်ပေါက် ရှုပွားသုံးသပ်သွားတော်မူသော ဝိပဿနာဟူသည် မည်ကဲ့သို့သော ဝိပဿနာမျိုးဖြစ်သည် ကို ယုံကြည်ချက် သဒ္ဓါတရား အပြည့်အဝဖြင့် မှတ်သားနာယူနိုင်ရန် အလို့ငှာ အနတ္တလက္ခဏသုတ္တန် ဒေသနာ- တော်ကို ဆက်လက်၍ ရေးသား တင်ပြအပ်ပါသည်။
——能够以充分的信心听闻并记住:五比丘究竟修习、思惟了哪一种观禅而证达阿罗汉果,下面继续引述《无我相经》的教说。
အနတ္တလက္ခဏသုတ္တန် ဒေသနာတော်
《无我相经》教说
၁။ ဧကံ သမယံ ဘဂဝါ ဗာရာဏသိယံ ဝိဟရတိ ဣသိပတနေ မိဂဒါယေ။ တတြ ခေါ ဘဂဝါ ပဉ္စဝဂ္ဂိယေ ဘိက္ခူ အာမန္တေသိ ဘိက္ခဝေါတိ။ ဘဒန္တေတိ တေ ဘိက္ခူ ဘဂဝတော ပစ္စဿောသုံ။ ဘဂဝါ ဧတဒဝေါစ ---- ၂။ ရူပံ ဘိက္ခဝေ အနတ္တာ၊ ရူပဉ္စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ၊ နယိဒံ ရူပံ အာဗာဓာယ သံဝတ္တေယျ၊ လဗ္ဘေထ စ ရူပေ ''ဧဝံ မေ ရူပံ ဟောတု၊ ဧဝံ မေ ရူပံ မာ အဟောသီ''တိ။ ယသ္မာ စ ခေါ ဘိက္ခဝေ ရူပံ အနတ္တာ၊ တသ္မာ ရူပံ အာဗာဓာယ သံဝတ္တတိ၊ န စ လဗ္ဘတိ ရူပေ ''ဧဝံ မေ ရူပံ ဟောတု၊ ဧဝံ မေ ရူပံ မာ အဟောသီ''တိ။
巴利《无我相经》原文(缅文字体):‘၁။ ဧကံ သမယံ ဘဂဝါ ဗာရာဏသိယံ ဝိဟရတိ ဣသိပတနေ မိဂဒါယေ။ တတြ ခေါ ဘဂဝါ ပဉ္စဝဂ္ဂိယေ ဘိက္ခူ အာမန္တေသိ ဘိက္ခဝေါတိ။ ဘဒန္တေတိ တေ ဘိက္ခူ ဘဂဝတော ပစ္စဿောသုံ။ ဘဂဝါ ဧတဒဝေါစ ---- ၂။ ရူပံ ဘိက္ခဝေ အနတ္တာ၊ ရူပဉ္စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ၊ နယိဒံ ရူပံ အာဗာဓာယ သံဝတ္တေယျ၊ လဗ္ဘေထ စ ရူပေ ''ဧဝံ မေ ရူပံ ဟောတု၊ ဧဝံ မေ ရူပံ မာ အဟောသီ''တိ။ ယသ္မာ စ ခေါ ဘိက္ခဝေ ရူပံ အနတ္တာ၊ တသ္မာ ရူပံ အာဗာဓာယ သံဝတ္တတိ၊ န စ လဗ္ဘတိ ရူပေ ''ဧဝံ မေ ရူပံ ဟောတု၊ ဧဝံ မေ ရူပံ မာ အဟောသီ''တိ။’译:一、一时,世尊住在波罗奈仙人坠处鹿野苑。世尊在那里对五比丘说:‘比丘们。’那些比丘回答世尊:‘尊者。’世尊这样说道:二、‘比丘们,色是无我。比丘们,如果这个色是我,色便不会导致恼患,而且对于色应能如愿:愿我的色成为这样,愿我的色不要成为这样。然而,比丘们,因为色是无我,所以色导致恼患,而且对于色不能如愿:愿我的色成为这样,愿我的色不要成为这样。’
၃။ ဝေဒနာ အနတ္တာ၊ ဝေဒနာ စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ၊ နယိဒံ ဝေဒနာ အာဗာဓာယ သံဝတ္တေယျ၊ လဗ္ဘေထ စ ဝေဒနာယ ''ဧဝံ မေ ဝေဒနာ ဟောတု၊ ဧဝံ မေ ဝေဒနာ မာ အဟောသီ''တိ။ ယသ္မာ စ ခေါ ဘိက္ခဝေ ဝေဒနာ အနတ္တာ၊ တသ္မာ ဝေဒနာ အာဗာဓာယ သံဝတ္တတိ၊ န စ လဗ္ဘတိ ဝေဒနာယ ''ဧဝံ မေ ဝေဒနာ ဟောတု၊ ဧဝံ မေ ဝေဒနာ မာ အဟောသီ''တိ။
巴利《无我相经》原文(缅文字体):‘၃။ ဝေဒနာ အနတ္တာ၊ ဝေဒနာ စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ၊ နယိဒံ ဝေဒနာ အာဗာဓာယ သံဝတ္တေယျ၊ လဗ္ဘေထ စ ဝေဒနာယ ''ဧဝံ မေ ဝေဒနာ ဟောတု၊ ဧဝံ မေ ဝေဒနာ မာ အဟောသီ''တိ။ ယသ္မာ စ ခေါ ဘိက္ခဝေ ဝေဒနာ အနတ္တာ၊ တသ္မာ ဝေဒနာ အာဗာဓာယ သံဝတ္တတိ၊ န စ လဗ္ဘတိ ဝေဒနာယ ''ဧဝံ မေ ဝေဒနာ ဟောတု၊ ဧဝံ မေ ဝေဒနာ မာ အဟောသီ''တိ။’译:三、‘受是无我。比丘们,如果这个受是我,受便不会导致恼患,而且对于受应能如愿:愿我的受成为这样,愿我的受不要成为这样。然而,比丘们,因为受是无我,所以受导致恼患,而且对于受不能如愿:愿我的受成为这样,愿我的受不要成为这样。’
၄။ သညာ အနတ္တာ၊ သညာ စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ၊ နယိဒံ သညာ အာဗာဓာယ သံဝတ္တေယျ၊ လဗ္ဘေထ စ သညာယ ''ဧဝံ မေ သညာ ဟောတု၊ ဧဝံ မေ သညာ မာ အဟောသီ''တိ။ ယသ္မာ စ ခေါ ဘိက္ခဝေ သညာ အနတ္တာ၊ တသ္မာ သညာ အာဗာဓာယ သံဝတ္တတိ၊ န စ လဗ္ဘတိ သညာယ ''ဧဝံ မေ သညာ ဟောတု၊ ဧဝံ မေ သညာ မာ အဟောသီ''တိ။
巴利《无我相经》原文(缅文字体):‘၄။ သညာ အနတ္တာ၊ သညာ စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ၊ နယိဒံ သညာ အာဗာဓာယ သံဝတ္တေယျ၊ လဗ္ဘေထ စ သညာယ ''ဧဝံ မေ သညာ ဟောတု၊ ဧဝံ မေ သညာ မာ အဟောသီ''တိ။ ယသ္မာ စ ခေါ ဘိက္ခဝေ သညာ အနတ္တာ၊ တသ္မာ သညာ အာဗာဓာယ သံဝတ္တတိ၊ န စ လဗ္ဘတိ သညာယ ''ဧဝံ မေ သညာ ဟောတု၊ ဧဝံ မေ သညာ မာ အဟောသီ''တိ။’译:四、‘想是无我。比丘们,如果这个想是我,想便不会导致恼患,而且对于想应能如愿:愿我的想成为这样,愿我的想不要成为这样。然而,比丘们,因为想是无我,所以想导致恼患,而且对于想不能如愿:愿我的想成为这样,愿我的想不要成为这样。’
၅။ သင်္ခါရာ အနတ္တာ၊ သင်္ခါရာ စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿံသု၊ နယိဒံ သင်္ခါရာ အာဗာဓာယ သံဝတ္တေယျုံ၊ လဗ္ဘေထ စ သင်္ခါရေသု ''ဧဝံ မေ သင်္ခါရာ ဟောန္တု၊ ဧဝံ မေ သင်္ခါရာ မာ အဟေသု''န္တိ။ ယသ္မာ စ ခေါ ဘိက္ခဝေ သင်္ခါရာ အနတ္တာ၊ တသ္မာ သင်္ခါရာ အာဗာဓာယ သံဝတ္တန္တိ၊ န စ လဗ္ဘတိ သင်္ခါရေသု ''ဧဝံ မေ သင်္ခါရာ ဟောန္တု၊ ဧဝံ မေ သင်္ခါရာ မာ အဟေသု''န္တိ။
巴利《无我相经》原文(缅文字体):‘၅။ သင်္ခါရာ အနတ္တာ၊ သင်္ခါရာ စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿံသု၊ နယိဒံ သင်္ခါရာ အာဗာဓာယ သံဝတ္တေယျုံ၊ လဗ္ဘေထ စ သင်္ခါရေသု ''ဧဝံ မေ သင်္ခါရာ ဟောန္တု၊ ဧဝံ မေ သင်္ခါရာ မာ အဟေသု''န္တိ။ ယသ္မာ စ ခေါ ဘိက္ခဝေ သင်္ခါရာ အနတ္တာ၊ တသ္မာ သင်္ခါရာ အာဗာဓာယ သံဝတ္တန္တိ၊ န စ လဗ္ဘတိ သင်္ခါရေသု ''ဧဝံ မေ သင်္ခါရာ ဟောန္တု၊ ဧဝံ မေ သင်္ခါရာ မာ အဟေသု''န္တိ။’译:五、‘诸行是无我。比丘们,如果这些行是我,诸行便不会导致恼患,而且对于诸行应能如愿:愿我的诸行成为这样,愿我的诸行不要成为这样。然而,比丘们,因为诸行是无我,所以诸行导致恼患,而且对于诸行不能如愿:愿我的诸行成为这样,愿我的诸行不要成为这样。’
原书第 113 页
မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- သမ္မသနဉာဏ်ခန်း ၆။ ဝိညာဏံ အနတ္တာ၊ ဝိညာဏဉ္စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ၊ နယိဒံ ဝိညာဏံ အာဗာဓာယ သံဝတ္တေယျ၊ လဗ္ဘေထ စ ဝိညာဏေ ''ဧဝံ မေ ဝိညာဏံ ဟောတု၊ ဧဝံ မေ ဝိညာဏံ မာ အဟောသီ''တိ။ ယသ္မာ စ ခေါ ဘိက္ခဝေ ဝိညာဏံ အနတ္တာ၊ တသ္မာ ဝိညာဏံ အာဗာဓာယ သံဝတ္တတိ၊ န စ လဗ္ဘတိ ဝိညာဏေ ''ဧဝံ မေ ဝိညာဏံ ဟောတု၊ ဧဝံ မေ ဝိညာဏံ မာ အဟောသီ''တိ။
巴利《无我相经》原文(缅文字体):‘၆။ ဝိညာဏံ အနတ္တာ၊ ဝိညာဏဉ္စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ၊ နယိဒံ ဝိညာဏံ အာဗာဓာယ သံဝတ္တေယျ၊ လဗ္ဘေထ စ ဝိညာဏေ ''ဧဝံ မေ ဝိညာဏံ ဟောတု၊ ဧဝံ မေ ဝိညာဏံ မာ အဟောသီ''တိ။ ယသ္မာ စ ခေါ ဘိက္ခဝေ ဝိညာဏံ အနတ္တာ၊ တသ္မာ ဝိညာဏံ အာဗာဓာယ သံဝတ္တတိ၊ န စ လဗ္ဘတိ ဝိညာဏေ ''ဧဝံ မေ ဝိညာဏံ ဟောတု၊ ဧဝံ မေ ဝိညာဏံ မာ အဟောသီ''တိ။’译:六、‘识是无我。比丘们,如果这个识是我,识便不会导致恼患,而且对于识应能如愿:愿我的识成为这样,愿我的识不要成为这样。然而,比丘们,因为识是无我,所以识导致恼患,而且对于识不能如愿:愿我的识成为这样,愿我的识不要成为这样。’
၇။ တံ ကိံ မညထ ဘိက္ခဝေ၊ ရူပံ နိစ္စံ ဝါ အနိစ္စံ ဝါတိ။ အနိစ္စံ ဘန္တေ။ ယံ ပနာနိစ္စံ၊ ဒုက္ခံ ဝါ တံ သုခံ ဝါတိ။
巴利《无我相经》原文(缅文字体):‘၇။ တံ ကိံ မညထ ဘိက္ခဝေ၊ ရူပံ နိစ္စံ ဝါ အနိစ္စံ ဝါတိ။ အနိစ္စံ ဘန္တေ။ ယံ ပနာနိစ္စံ၊ ဒုက္ခံ ဝါ တံ သုခံ ဝါတိ။’译:七、‘比丘们,你们怎么认为:色是常还是无常?’‘无常,尊者。’‘既然无常,它是苦还是乐?’
ဒုက္ခံ ဘန္တေ။ ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ ကလဒံ နု တံ သမနုပဿိတုံ ''ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ''တိ။ နော ဟေတံ ဘန္တေ။ ဝေဒနာ။ သညာ။ သင်္ခါရာ။ ဝိညာဏံ နိစ္စံ ဝါ အနိစ္စံ ဝါတိ။ အနိစ္စံ ဘန္တေ။
巴利《无我相经》原文(缅文字体):‘ဒုက္ခံ ဘန္တေ။ ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ ကလဒံ နု တံ သမနုပဿိတုံ ''ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ''တိ။ နော ဟေတံ ဘန္တေ။ ဝေဒနာ။ သညာ။ သင်္ခါရာ။ ဝိညာဏံ နိစ္စံ ဝါ အနိစ္စံ ဝါတိ။ အနိစ္စံ ဘန္တေ။’译:‘是苦,尊者。’‘既然它无常、是苦、是变易之法,是否适合把它看作:这是我的,这是我,这是我的自我?’‘不适合,尊者。’‘受、想、诸行也是如此。识是常还是无常?’‘无常,尊者。’
ယံ ပနာနိစ္စံ ၊ ဒုက္ခံ ဝါ တံ သုခံ ဝါတိ။ ဒုက္ခံ ဘန္တေ။ ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ ကလဒံ နု တံ သမနုပဿိတုံ ''ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ''တိ။ နော ဟေတံ ဘန္တေ။
巴利《无我相经》原文(缅文字体):‘ယံ ပနာနိစ္စံ ၊ ဒုက္ခံ ဝါ တံ သုခံ ဝါတိ။ ဒုက္ခံ ဘန္တေ။ ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ ကလဒံ နု တံ သမနုပဿိတုံ ''ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ''တိ။ နော ဟေတံ ဘန္တေ။’译:‘既然无常,它是苦还是乐?’‘是苦,尊者。’‘既然它无常、是苦、是变易之法,是否适合把它看作:这是我的,这是我,这是我的自我?’‘不适合,尊者。’
၈။ တသ္မာ တိဟ ဘိက္ခဝေ ယံ ကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ သြဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗံ ရူပံ ''နေတံမမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ''တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။
巴利《无我相经》原文(缅文字体):‘၈။ တသ္မာ တိဟ ဘိက္ခဝေ ယံ ကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ သြဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗံ ရူပံ ''နေတံမမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ''တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။’译:八、‘因此,比丘们,任何色,无论过去、未来或现在,内或外,粗或细,劣或胜,远或近;一切色都应当以正慧如实看待:这不是我的,这不是我,这不是我的自我。’
၉။ ယာ ကာစိ ဝေဒနာ အတီတာနာဂတပစ္စုပ္ပန္နာ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ သြဠာရိကာ ဝါ သုခုမာ ဝါ ဟီနာ ဝါ ပဏီတာ ဝါ ယာ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗာ ဝေဒနာ ''နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ''တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။
巴利《无我相经》原文(缅文字体):‘၉။ ယာ ကာစိ ဝေဒနာ အတီတာနာဂတပစ္စုပ္ပန္နာ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ သြဠာရိကာ ဝါ သုခုမာ ဝါ ဟီနာ ဝါ ပဏီတာ ဝါ ယာ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗာ ဝေဒနာ ''နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ''တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။’译:九、‘任何受,无论过去、未来或现在,内或外,粗或细,劣或胜,远或近;一切受都应当以正慧如实看待:这不是我的,这不是我,这不是我的自我。’
၁ဝ။ ယာ ကာစိ သညာ အတီတာနာဂတပစ္စုပ္ပန္နာ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ သြဠာရိကာ ဝါ သုခုမာ ဝါ ဟီနာ ဝါ ပဏီတာ ဝါ ယာ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗာ သညာ ''နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ''တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။
巴利《无我相经》原文(缅文字体):‘၁ဝ။ ယာ ကာစိ သညာ အတီတာနာဂတပစ္စုပ္ပန္နာ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ သြဠာရိကာ ဝါ သုခုမာ ဝါ ဟီနာ ဝါ ပဏီတာ ဝါ ယာ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗာ သညာ ''နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ''တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။’译:十、‘任何想,无论过去、未来或现在,内或外,粗或细,劣或胜,远或近;一切想都应当以正慧如实看待:这不是我的,这不是我,这不是我的自我。’
၁၁။ ယေ ကေစိ သင်္ခါရာ အတီတာနာဂတပစ္စုပ္ပန္နာ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ သြဠာရိကာ ဝါ သုခုမာ ဝါ ဟီနာ ဝါ ပဏီတာ ဝါ ယာ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗေ သင်္ခါရာ ''နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ''တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။
巴利《无我相经》原文(缅文字体):‘၁၁။ ယေ ကေစိ သင်္ခါရာ အတီတာနာဂတပစ္စုပ္ပန္နာ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ သြဠာရိကာ ဝါ သုခုမာ ဝါ ဟီနာ ဝါ ပဏီတာ ဝါ ယာ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗေ သင်္ခါရာ ''နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ''တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။’译:十一、‘任何诸行,无论过去、未来或现在,内或外,粗或细,劣或胜,远或近;一切行都应当以正慧如实看待:这不是我的,这不是我,这不是我的自我。’
၁၂။ ယံ ကိဉ္စိ ဝိညာဏံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ သြဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗံ ဝိညာဏံ ''နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ''တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။
巴利《无我相经》原文(缅文字体):‘၁၂။ ယံ ကိဉ္စိ ဝိညာဏံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ သြဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗံ ဝိညာဏံ ''နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ''တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။’译:十二、‘任何识,无论过去、未来或现在,内或外,粗或细,劣或胜,远或近;一切识都应当以正慧如实看待:这不是我的,这不是我,这不是我的自我。’
၁၃။ ဧဝံ ပဿံ ဘိက္ခဝေ သုတဝါ အရိယသာဝကော ရူပသ္မိမ္ပိ နိဗ္ဗိန္ဒတိ၊ ဝေဒနာယပိ နိဗ္ဗိန္ဒတိ၊ သညာယပိ နိဗ္ဗိန္ဒတိ၊ သင်္ခါရေသုပိ နိဗ္ဗိန္ဒတိ၊ ဝိညာဏသ္မိမ္ပိ နိဗ္ဗိန္ဒတိ၊ နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ၊ ဝိရာဂါ ဝိမုစ္စတိ၊ ဝိမုတ္တသ္မိံ ''ဝိမုတ္တ''မိတိ ဉာဏံ ဟောတိ။ '' ခီဏာ ဇာတိ ဝုသိတံ ဗြဟ္မစရိယံ၊ ကတံ ကရဏီယံ၊ နာပရံ ဣတ္ထတ္တာယာ''တိ ပဇာနာတီတိ။
巴利《无我相经》原文(缅文字体):‘၁၃။ ဧဝံ ပဿံ ဘိက္ခဝေ သုတဝါ အရိယသာဝကော ရူပသ္မိမ္ပိ နိဗ္ဗိန္ဒတိ၊ ဝေဒနာယပိ နိဗ္ဗိန္ဒတိ၊ သညာယပိ နိဗ္ဗိန္ဒတိ၊ သင်္ခါရေသုပိ နိဗ္ဗိန္ဒတိ၊ ဝိညာဏသ္မိမ္ပိ နိဗ္ဗိန္ဒတိ၊ နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ၊ ဝိရာဂါ ဝိမုစ္စတိ၊ ဝိမုတ္တသ္မိံ ''ဝိမုတ္တ''မိတိ ဉာဏံ ဟောတိ။ '' ခီဏာ ဇာတိ ဝုသိတံ ဗြဟ္မစရိယံ၊ ကတံ ကရဏီယံ၊ နာပရံ ဣတ္ထတ္တာယာ''တိ ပဇာနာတီတိ။’译:十三、‘比丘们,如此观见时,多闻圣弟子厌离色,厌离受,厌离想,厌离诸行,厌离识。厌离而离贪;由离贪而解脱;解脱时,生起“已经解脱”之智。他了知:生已尽,梵行已立,应作已作,不再有如此之状态。’
ဣဒမဝေါစ ဘဂဝါ ၊ အတ္တမနာ ပဉ္စဝဂ္ဂိယာ ဘိက္ခူ ဘဂဝတော ဘာသိတံ အဘိနန္ဒုံ။
巴利《无我相经》原文(缅文字体):‘ဣဒမဝေါစ ဘဂဝါ ၊ အတ္တမနာ ပဉ္စဝဂ္ဂိယာ ဘိက္ခူ ဘဂဝတော ဘာသိတံ အဘိနန္ဒုံ။’译:世尊如此说。五比丘心生欢喜,随喜世尊所说。
ဣမသ္မိံ စ ပန ဝေယျာကရဏသ္မိံ ဘညမာနေ ပဉ္စဝဂ္ဂိယာနံ ဘိက္ခူနံ အနုပါဒါယ အာသဝေဟိ စိတ္တာနိ ဝိမုစ္စိံ သူတိ။ (သံ-၂-၅၅-၅၆။) ယခုအခါ ယင်းအနတ္တလက္ခဏသုတ္တန် ဒေသနာတော်မြတ်၏ မြန်မာပြန်ကို ဆက်လက်၍ ရေးသားတင်ပြ- အပ်ပါသည်။
巴利《无我相经》原文(缅文字体):‘ဣမသ္မိံ စ ပန ဝေယျာကရဏသ္မိံ ဘညမာနေ ပဉ္စဝဂ္ဂိယာနံ ဘိက္ခူနံ အနုပါဒါယ အာသဝေဟိ စိတ္တာနိ ဝိမုစ္စိံ သူတိ။’缅文出处原串:‘(သံ-၂-၅၅-၅၆။)’译:当这篇解说正在宣说时,五比丘的心因不取著而从诸漏中解脱。(《相应部》2-55—56。)现在继续列出这篇《无我相经》教说的缅文翻译。
原书第 114 页
အနတ္တလက္ခဏသုတ္တန်ဒေသနာတော် မြန်မာပြန်
《无我相经》教说缅译
၁။ အခါတစ်ပါး၌ ဘုန်းတော်ကြီးမြတ်တော်မူသော မြတ်စွာဘုရားသည် ဗာရာဏသီပြည်၏အနီး ဘုရား ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့၏ စျာန်အဘိညာဏ်ဖြင့် ကောင်းကင်မှ သက်ဆင်းရာ ကောင်းကင်သို့ တက်ရာ ဖြစ်ခြင်းကြောင့် ဣသိပတန အမည်ရသော သားပေါင်းစုံသည့် မိဂဒါဝုန် တောရဂုံ၌ သီတင်းသုံးစံနေတော်မူ၏။
一、一时,具足大威德的世尊住在波罗奈城附近的仙人坠处鹿野苑。诸佛与辟支佛以禅那、神通从空中下降或升向天空,故此地得名‘仙人坠处’;又因群兽汇聚,故称‘鹿野苑’。
ထိုအခါ မြတ်စွာဘုရားသည် ပဉ္စဝဂ္ဂီရဟန်းတော်တို့ကို ''ရဟန်းတို့''…ဟု မိန့်ခေါ်တော်မူ၏။ ''အရှင်ဘုရား''… ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤအနတ္တလက္ခဏ သုတ္တန် တရားဒေသနာတော်မြတ်ကို ဤသို့ ဟောကြားတော်မူ၏။ ---- ၂။ ရဟန်းတို့ …ရုပ်တရားသည် အတ္တမဟုတ်။ ရဟန်းတို့ …ဤရုပ်တရားသည်လည်း အတ္တဖြစ်ခဲ့ငြားအံ့၊ ဤရုပ်တရားသည် နာကျင်ခြင်းငှာ မဖြစ်လေရာ။ ''ငါ၏ ရုပ်တရားသည် ဤသို့ ဖြစ်ပါစေသတည်း၊ ငါ၏ ရုပ် တရားသည် ဤသို့ မဖြစ်ပါစေလင့်'' ဟု ရုပ်တရား၌ တောင့်တသည့်အတိုင်း ရလည်းရလေရာ၏။ ရဟန်းတို့ ရုပ်တရားသည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာ ဖြစ်၏။ ''ငါ၏ ရုပ်တရားသည် ဤသို့ဖြစ်ပါစေသတည်း၊ ငါ၏ ရုပ်တရားသည် ဤသို့ မဖြစ်ပါစေလင့်'' ဟု ရုပ်တရား၌ တောင့်တသည့်အတိုင်း ရလည်း မရအပ်ပေ။
那时,世尊呼唤五比丘:‘比丘们。’那些比丘回答世尊:‘尊者。’世尊便如此宣说这篇殊胜的《无我相经》教法:二、‘比丘们,色法不是自我。比丘们,如果这个色法是自我,色法就不会导致恼患,而且对于色法应能如愿:愿我的色法成为这样,愿我的色法不要成为这样。然而,比丘们,因为色法不是自我,所以色法会导致恼患,而且对于色法不能如愿:愿我的色法成为这样,愿我的色法不要成为这样。’
(ရုပ်တရားသည် အတ္တ မဟုတ်သည့်အတွက် နာကျင်ခြင်းသာ ဖြစ်ရုံသာမက မနာပါလင့်ဟူ၍ တောင့်တတိုင်း လည်း မရအပ် မရနိုင် ဟူလိုသည်။) ၃။ ရဟန်းတို့ …ဝေဒနာသည် အတ္တမဟုတ်၊ ရဟန်းတို့ …ဤဝေဒနာသည်လည်း အတ္တဖြစ်ခဲ့ငြားအံ့၊ ဤဝေဒနာသည် နာကျင်ခြင်းငှာ မဖြစ်လေရာ။ ''ငါ၏ ဝေဒနာသည် ဤသို့ဖြစ်ပါစေသတည်း၊ ငါ၏ ဝေဒနာ- သည် ဤသို့မဖြစ်ပါစေလင့်'' ဟု ဝေဒနာတရား၌ တောင့်တသည့်အတိုင်း ရလည်းရလေရာ၏။ ရဟန်းတို့ ဝေဒနာသည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာဖြစ်၏။ ''ငါ၏ဝေဒနာသည် ဤသို့ဖြစ်ပါစေသတည်း၊ ငါ၏ ဝေဒနာသည် ဤသို့ မဖြစ်ပါစေလင့် ''ဟု ဝေဒနာတရား၌ တောင့်တသည့်အတိုင်း ရလည်းမရအပ်ပေ။
(意思是:色法不是自我,不但会导致恼患,也不可能只凭‘愿它不生恼患’的愿望便得偿所愿。)三、‘比丘们,受不是自我。比丘们,如果这个受是自我,受就不会导致恼患,而且对于受应能如愿:愿我的受成为这样,愿我的受不要成为这样。然而,比丘们,因为受不是自我,所以会导致恼患,而且对于受不能如愿:愿我的受成为这样,愿我的受不要成为这样。’
၄။ ရဟန်းတို့ …သညာသည် အတ္တမဟုတ်၊ ရဟန်းတို့ …ဤသညာသည်လည်း အတ္တဖြစ်ခဲ့ငြားအံ့၊ ဤသညာသည် နာကျင်ခြင်းငှာ မဖြစ်လေရာ။ ''ငါ၏ သညာသည် ဤသို့ဖြစ်ပါစေသတည်း၊ ငါ၏ သညာသည် ဤသို့မဖြစ်ပါစေလင့်'' ဟု သညာတရား၌ တောင့်တသည့်အတိုင်း ရလည်းရလေရာ၏။ ရဟန်းတို့ သညာသည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာဖြစ်၏။ ''ငါ၏ သညာသည် ဤသို့ ဖြစ်ပါစေသတည်း၊ ငါ၏ သညာသည် ဤသို့ မဖြစ်ပါစေလင့်''ဟု သညာတရား၌ တောင့်တသည့်အတိုင်း ရလည်းမရအပ်ပေ။
四、‘比丘们,想不是自我。比丘们,如果这个想是自我,想就不会导致恼患,而且对于想应能如愿:愿我的想成为这样,愿我的想不要成为这样。然而,比丘们,因为想不是自我,所以会导致恼患,而且对于想不能如愿:愿我的想成为这样,愿我的想不要成为这样。’
၅။ ရဟန်းတို့ …(စေတသိက်) သင်္ခါရတရားတို့သည် အတ္တမဟုတ်ကုန်။ ရဟန်းတို့ … ဤ (စေတ- သိက်) သင်္ခါရတရားတို့သည်လည်း အတ္တဖြစ်ခဲ့ကုန်ငြားအံ့၊ ဤ (စေတသိက်) သင်္ခါရတရားတို့သည် နာကျင်ခြင်းငှာ မဖြစ်ကြလေကုန်ရာ။ ''ငါ၏ (စေတသိက်) သင်္ခါရတရားတို့သည် ဤသို့ ဖြစ်ပါစေကုန်သတည်း၊ ငါ၏ (စေတသိက်) သင်္ခါရတရားတို့သည် ဤသို့ မဖြစ်ကြပါစေကုန်လင့်''ဟု (စေတသိက်) သင်္ခါရတရားတို့၌ တောင့်တသည့်အတိုင်း ရလည်းရလေကုန်ရာ၏။ ရဟန်းတို့ (စေတသိက်) သင်္ခါရတရားတို့သည် အတ္တမဟုတ်ကြကုန်သောကြောင့် နာကျင်ခြင်းငှာ ဖြစ်ကုန်၏။ ''ငါ၏ (စေတသိက်) သင်္ခါရတရားတို့သည် ဤသို့ ဖြစ်ပါစေကုန်သတည်း၊ ငါ၏ (စေတသိက်) သင်္ခါရတရားတို့သည် ဤသို့ မဖြစ်ကြပါစေကုန်လင့်''ဟု (စေတသိက်) သင်္ခါရတရားတို့၌ တောင့်- တသည့်အတိုင်း ရလည်းမရအပ်လေကုန်။
五、‘比丘们,诸心所行法不是自我。比丘们,如果这些心所行法是自我,这些心所行法就不会导致恼患,而且对于诸心所行法应能如愿:愿我的诸心所行法成为这样,愿我的诸心所行法不要成为这样。然而,比丘们,因为诸心所行法不是自我,所以会导致恼患,而且对于诸心所行法不能如愿:愿我的诸心所行法成为这样,愿我的诸心所行法不要成为这样。’
၆။ ရဟန်းတို့ … (အသိစိတ်) ဝိညာဏ်သည် အတ္တမဟုတ်၊ ရဟန်းတို့ … (အသိစိတ်) ဝိညာဏ်သည် အတ္တဖြစ်ခဲ့ငြားအံ့၊ ဤ (အသိစိတ်) ဝိညာဏ်သည် နာကျင်ခြင်းငှာ မဖြစ်လေရာ။ ''ငါ၏ (အသိစိတ်) ဝိညာဏ်သည်
六、‘比丘们,作为能知之心的识不是自我。比丘们,如果这个识是自我,识就不会导致恼患,而且对于识应能如愿:愿我的识——
原书第 115 页
မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- သမ္မသနဉာဏ်ခန်း ဤသို့ဖြစ်ပါစေသတည်း၊ ငါ၏ (အသိစိတ်) ဝိညာဏ်သည် ဤသို့မဖြစ်ပါစေလင့်''ဟု (အသိစိတ်) ဝိညာဏ်တရား၌ တောင့်တသည့်အတိုင်း ရလည်းရလေရာ၏၊ ရဟန်းတို့ (အသိစိတ်) ဝိညာဏ်သည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာ ဖြစ်၏။ ''ငါ၏ (အသိစိတ်) ဝိညာဏ်သည် ဤသို့ ဖြစ်ပါစေသတည်း၊ ငါ၏ (အသိစိတ်) ဝိညာဏ်- သည် ဤသို့ မဖြစ်ပါစေလင့်''ဟု (အသိစိတ်) ဝိညာဏ်တရား၌ တောင့်တသည့်အတိုင်း ရလည်းမရအပ်ပေ။
——成为这样,愿我的识不要成为这样。然而,比丘们,因为识不是自我,所以识会导致恼患,而且对于识不能如愿:愿我的识成为这样,愿我的识不要成为这样。’
၇။ ရဟန်းတို့ …ထိုငါဘုရား မေးမည့်အရာကို သင်ချစ်သားတို့သည် အဘယ်သို့ မှတ်ထင်ယူဆကြကုန်- သနည်း။ ရဟန်းတို့ …ရုပ်တရားသည် နိစ္စလေလော၊ အနိစ္စလေလော။
七、‘比丘们,对于我要问的事情,你们这些爱子怎么认为?比丘们,色法是常还是无常?’
အနိစ္စပါ အရှင်ဘုရား။
‘是无常,尊者。’
အနိစ္စဖြစ်သော ရုပ်တရားသည် ဒုက္ခလေလော၊ သုခလေလော။
‘无常的色法是苦还是乐?’
ဒုက္ခပါ အရှင်ဘုရား။
‘是苦,尊者。’
အနိစ္စဖြစ်သော ဒုက္ခဖြစ်သော ဖောက်ပြန်ပျက်စီးတတ်သည့် ဝိပရိဏာမဓမ္မဖြစ်သော ထိုရုပ်တရားကို ''ဤရုပ်တရားသည် ငါ၏ ရုပ်တရားတည်း၊ ဤရုပ်တရားသည် ငါဖြစ်၏၊ ဤရုပ်တရားသည် ငါ၏အတ္တတည်း'' ဟု စွဲလမ်းထင်မြင် ရှုဆင်ခြင်ခြင်းငှာ သင့်တင့်လျောက်ပတ်ပါမည်လော။
‘这个色法无常、是苦、属于变易之法,是否适合执取、认定、观想为:这个色法是我的色法,这个色法是我,这个色法是我的自我?’
မသင့်လျော်ပါ အရှင်ဘုရား။
‘不适合,尊者。’
ဝေဒနာသည်။ ပ ။
‘受也是如此。’
သညာသည်။ ပ ။
‘想也是如此。’
(စေတသိက်) သင်္ခါရတရားစုတို့သည်။ ပ ။
‘诸心所行法也是如此。’
(အသိစိတ်) ဝိညာဏ်သည် နိစ္စလေလော၊ အနိစ္စလေလော။
‘作为能知之心的识是常还是无常?’
အနိစ္စပါ အရှင်ဘုရား။
‘是无常,尊者。’
အနိစ္စဖြစ်သော (အသိစိတ်) ဝိညာဏ်သည် ဒုက္ခလေလော၊ သုခလောလော။
‘无常的识是苦还是乐?’
ဒုက္ခပါ အရှင်ဘုရား။
‘是苦,尊者。’
အနိစ္စဖြစ်သော ဒုက္ခဖြစ်သော ဖောက်ပြန်ပျက်စီးတတ်သည့် ဝိပရိဏာမဓမ္မဖြစ်သော ထို (အသိစိတ်) ဝိညာဏ်တရားကို ''ဤ (အသိစိတ်) ဝိညာဏ်တရားသည် ငါ၏ (အသိစိတ်) ဝိညာဏ်တရားတည်း၊ ဤ (အသိစိတ်) ဝိညာဏ်တရားသည် ငါဖြစ်၏၊ ဤ (အသိစိတ်) ဝိညာဏ်တရားသည် ငါ၏အတ္တတည်း''ဟု စွဲလမ်းထင်မြင် ရှုဆင်ခြင်ခြင်းငှာ သင့်တင့်လျောက်ပတ်ပါမည်လော။
‘这个识无常、是苦、属于变易之法,是否适合执取、认定、观想为:这个识是我的识,这个识是我,这个识是我的自我?’
မသင့်လျော်ပါ အရှင်ဘုရား။
‘不适合,尊者。’
၈။ ရဟန်းတို့ …ဤဥပါဒါနက္ခန္ဓာ ငါးပါးတို့သည် ထိုသို့ အနိစ္စ ဒုက္ခ အနတ္တ ဖြစ်သောကြောင့် (သံ-ဋ္ဌ-၂- ၂၅၆။) ---- အတိတ်အနာဂတ်ပစ္စုပ္ပန်ဖြစ်သော အလုံးစုံသော ရုပ်တရားသည်လည်းကောင်း၊ အဇ္ဈတ္တမူလည်းဖြစ်သော ဗဟိဒ္ဓမူလည်းဖြစ်သော အလုံးစုံသော ရုပ်တရားသည်လည်းကောင်း၊ ရုန့်ရင်းကြမ်းတမ်းသော သြဠာရိကမူလည်း ဖြစ်သော သိမ်မွေ့နုညံ့သော သုခုမမူလည်းဖြစ်သော အလုံးစုံသော ရုပ်တရားသည်လည်းကောင်း၊ ယုတ်ညံ့သော ဟီနမူလည်းဖြစ်သော မွန်မြတ်သော ပဏီတမူလည်းဖြစ်သော အလုံးစုံသော ရုပ်တရားသည်လည်းကောင်း၊ (ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်အသိဉာဏ်နှင့်) ဝေးသော ဒူရမူလည်းဖြစ်သော နီးသော သန္တိကမူလည်းဖြစ်သော အလုံးစုံသော ရုပ်တရားသည်လည်းကောင်း ရှိချေ၏။ ဤ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော အလုံးစုံသော ရုပ်တရားကို ----
八、比丘们,因为这五取蕴如此无常、苦、无我,缅文出处原串:‘(သံ-ဋ္ဌ-၂- ၂၅၆။)’(《相应部义注》2-256。)所以存在过去、未来、现在的一切色法,内、外的一切色法,粗、细的一切色法,劣、胜的一切色法,以及相对于正在观照的瑜伽行者之智而言远、近的一切色法。对于依这十一种行相而存在的一切色法,应当——
原书第 116 页
က။ နေတံ မမ = ဤရုပ်တရားသည် ငါ၏ ရုပ်တရား မဟုတ်။
甲、巴利原句(缅文字体):‘နေတံ မမ’——‘这个色法不是我的色法。’
ခ။ နေသောဟမသ္မိ = ဤရုပ်တရားသည် ငါ မဟုတ်။
乙、巴利原句(缅文字体):‘နေသောဟမသ္မိ’——‘这个色法不是我。’
ဂ။ န မေသော အတ္တာ = ဤရုပ်တရားသည် ငါ၏အတ္တ မဟုတ်။
丙、巴利原句(缅文字体):‘န မေသော အတ္တာ’——‘这个色法不是我的自我。’
ဤသို့လျှင် ဤအလုံးစုံသော ရုပ်တရားကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲ ဖြိုခွဲဖောက်ထွင်း ဝိပဿနာဉာဏ်အလင်းဓာတ် = ဝိပဿနာဉာဏ်ပညာဖြင့် ရှုပါ။
如此,应当以能够破除色团、名团密集相的观智之光,也就是观智之慧,如实无误地观照这一切色法。
〔နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာတိ သမနုပဿာမီတိ အနိစ္စံ ဒုက္ခံ အနတ္တာတိ သမနုပဿာမိ။ (မ-ဋ္ဌ-၄-၂၃၂။) ဤအဋ္ဌကထာအဖွင့်နှင့်အညီ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ ဟု ရှုပါဟူသည် အနိစ္စဟု ရှုပါ၊ ဒုက္ခဟု ရှုပါ၊ အနတ္တဟု ရှုပါ ဟူသည်နှင့် အတူတူပင်ဟု မှတ်သားပါ။〕 ၉။ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သောအလုံးစုံသော ဝေဒနာတရားသည်လည်းကောင်း၊ အဇ္ဈတ္တမူလည်း ဖြစ်သော ဗဟိဒ္ဓမူလည်း ဖြစ်သော အလုံးစုံသော ဝေဒနာတရားသည်လည်းကောင်း၊ ရုန့်ရင်းကြမ်းတမ်းသော သြဠာရိကမူလည်းဖြစ်သော သိမ်မွေ့နုညံ့သော သုခုမမူလည်းဖြစ်သော အလုံးစုံသော ဝေဒနာတရားသည်လည်း- ကောင်း၊ ယုတ်ညံ့သော ဟီနမူလည်းဖြစ်သော မွန်မြတ်သော ပဏီတမူလည်းဖြစ်သော အလုံးစုံသော ဝေဒနာ တရားသည်လည်းကောင်း၊ ဝေးသော ဒူရမူလည်းဖြစ်သော နီးသောသန္တိကမူလည်းဖြစ်သော အလုံးစုံသော ဝေဒနာတရားသည်လည်းကောင်း ရှိချေ၏။ ဤ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော အလုံးစုံသော
〔巴利义注原文(缅文字体):‘နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာတိ သမနုပဿာမီတိ အနိစ္စံ ဒုက္ခံ အနတ္တာတိ သမနုပဿာမိ။ (မ-ဋ္ဌ-၄-၂၃၂။)’译:‘我随观“这不是我的,这不是我,这不是我的自我”,就是随观无常、苦、无我。’依这段义注解释,应当记住:观‘这不是我的,这不是我,这不是我的自我’,与观无常、苦、无我完全相同。〕九、存在过去、未来、现在的一切受法,内、外的一切受法,粗、细的一切受法,劣、胜的一切受法,以及远、近的一切受法。对于依这十一种行相而存在的一切——
ဝေဒနာတရားကို ---- က။ နေတံ မမ = ဤဝေဒနာတရားသည် ငါ၏ ဝေဒနာတရား မဟုတ်။
——受法,应当观照:甲、巴利原句(缅文字体):‘နေတံ မမ’——‘这个受法不是我的受法。’
ခ။ နေသောဟမသ္မိ = ဤဝေဒနာတရားသည် ငါ မဟုတ်။
乙、巴利原句(缅文字体):‘နေသောဟမသ္မိ’——‘这个受法不是我。’
ဂ။ န မေသော အတ္တာ = ဤဝေဒနာတရားသည် ငါ၏အတ္တ မဟုတ်။
丙、巴利原句(缅文字体):‘န မေသော အတ္တာ’——‘这个受法不是我的自我。’
ဤသို့လျှင်အလုံးစုံသော ဝေဒနာတရားကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲ ဖြိုခွဲဖောက်ထွင်း ဝိပဿနာဉာဏ်အလင်းဓာတ် = ဝိပဿနာဉာဏ်ပညာဖြင့် ရှုပါ ။
如此,应当以能够破除色团、名团密集相的观智之光,也就是观智之慧,如实无误地观照这一切受法。
၁ဝ။ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော အလုံးစုံသော သညာတရားသည်လည်းကောင်း၊ အဇ္ဈတ္တမူလည်း ဖြစ်သော ဗဟိဒ္ဓမူလည်းဖြစ်သော အလုံးစုံသော သညာတရားသည်လည်းကောင်း၊ ရုန့်ရင်းကြမ်းတမ်းသော သြဠာရိကမူလည်းဖြစ်သော သိမ်မွေ့နုညံ့သော သုခုမမူလည်းဖြစ်သော အလုံးစုံသော သညာတရားသည်လည်း- ကောင်း၊ ယုတ်ညံ့သော ဟီနမူလည်းဖြစ်သော မွန်မြတ်သော ပဏီတမူလည်းဖြစ်သော အလုံးစုံသော သညာ တရားသည်လည်းကောင်း၊ ဝေးသော ဒူရမူလည်းဖြစ်သော နီးသော သန္တိကမူလည်းဖြစ်သော အလုံးစုံသော သညာတရားသည်လည်းကောင်း ရှိချေ၏။ ဤ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော အလုံးစုံသော သညာတရားကို ---- က။ နေတံ မမ = ဤသညာတရားသည် ငါ၏ သညာတရား မဟုတ်။
十、存在过去、未来、现在的一切想,内、外的一切想,粗、细的一切想,劣、胜的一切想,以及远、近的一切想。对于依这十一种行相而存在的一切想,应当观照:甲、巴利原句(缅文字体):‘နေတံ မမ’——‘这个想不是我的想。’
ခ။ နေသောဟမသ္မိ = ဤသညာတရားသည် ငါ မဟုတ်။
乙、巴利原句(缅文字体):‘နေသောဟမသ္မိ’——‘这个想不是我。’
ဂ။ န မေသော အတ္တာ = ဤသညာတရားသည် ငါ၏အတ္တ မဟုတ်။
丙、巴利原句(缅文字体):‘န မေသော အတ္တာ’——‘这个想不是我的自我。’
ဤသို့လျှင် အလုံးစုံသော သညာတရားကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ရုပ်တုံးရုပ်ခဲ နာမ်တုံး နာမ်ခဲ ဖြိုခွဲဖောက်ထွင်း ဝိပဿနာဉာဏ်အလင်းဓာတ် = ဝိပဿနာဉာဏ်ပညာဖြင့် ရှုပါ။
如此,应当以能够破除色团、名团密集相的观智之光,也就是观智之慧,如实无误地观照这一切想。
၁၁။ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော အလုံးစုံသော (စေတသိက်) သင်္ခါရတရားတို့သည်လည်းကောင်း၊ အဇ္ဈတ္တမူလည်းဖြစ်သော ဗဟိဒ္ဓမူလည်းဖြစ်သော အလုံးစုံသော (စေတသိက်) သင်္ခါရတရားတို့သည်လည်းကောင်း၊
十一、存在过去、未来、现在的一切心所行法,内、外的一切心所行法,以及——
原书第 117 页
မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- သမ္မသနဉာဏ်ခန်း ရုန့်ရင်းကြမ်းတမ်းသော သြဠာရိကမူလည်းဖြစ်သော သိမ်မွေ့နုညံ့သော သုခုမမူလည်းဖြစ်သော အလုံးစုံသော (စေတသိက်) သင်္ခါရတရားတို့သည်လည်းကောင်း၊ ယုတ်ညံ့သော ဟီနမူလည်းဖြစ်သော မွန်မြတ်သော ပဏီတမူ- လည်းဖြစ်သော အလုံးစုံသော (စေတသိက်) သင်္ခါရတရားတို့သည်လည်းကောင်း၊ ဝေးသော ဒူရမူလည်းဖြစ်သော နီးသော သန္တိကမူလည်း ဖြစ်သော အလုံးစုံသော (စေတသိက်) သင်္ခါရတရားတို့သည်လည်းကောင်း ရှိကြချေ၏။
——粗、细的一切心所行法,劣、胜的一切心所行法,远、近的一切心所行法。
ဤ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေကြသော အလုံးစုံသော (စေတသိက်) သင်္ခါရတရားစုတို့ကို- က။ နေတံ မမ = ဤ (စေတသိက်) သင်္ခါရတရားသည် ငါ၏ (စေတသိက်) သင်္ခါရတရား မဟုတ်။
对于依这十一种行相而存在的一切心所行法,应当观照:甲、巴利原句(缅文字体):‘နေတံ မမ’——‘这个心所行法不是我的心所行法。’
ခ။ နေသောဟမသ္မိ = ဤ (စေတသိက်) သင်္ခါရတရားသည် ငါ မဟုတ်။
乙、巴利原句(缅文字体):‘နေသောဟမသ္မိ’——‘这个心所行法不是我。’
ဂ။ န မေသော အတ္တာ = ဤ (စေတသိက်) သင်္ခါရတရားသည် ငါ၏အတ္တ မဟုတ်။
丙、巴利原句(缅文字体):‘န မေသော အတ္တာ’——‘这个心所行法不是我的自我。’
ဤသို့လျှင် အလုံးစုံသော (စေတသိက်) သင်္ခါရတရားတို့ကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲ ဖြိုခွဲဖောက်ထွင်း ဝိပဿနာဉာဏ်အလင်းဓာတ် = ဝိပဿနာဉာဏ်ပညာဖြင့် ရှုပါ။
如此,应当以能够破除色团、名团密集相的观智之光,也就是观智之慧,如实无误地观照这一切心所行法。
၁၂။ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော အလုံးစုံသော (အသိစိတ်) ဝိညာဏ်တရားသည်လည်းကောင်း၊ အဇ္ဈတ္တမူလည်းဖြစ်သော ဗဟိဒ္ဓမူလည်းဖြစ်သော အလုံးစုံသော (အသိစိတ်) ဝိညာဏ်တရားသည်လည်းကောင်း၊ ရုန့်ရင်းကြမ်းတမ်းသော သြဠာရိကမူလည်းဖြစ်သော သိမ်မွေ့နုညံ့သော သုခုမမူလည်းဖြစ်သော အလုံးစုံသော (အသိစိတ်) ဝိညာဏ်တရားသည်လည်းကောင်း၊ ယုတ်ညံ့သော ဟီနမူလည်းဖြစ်သော မွန်မြတ်သော ပဏီတ- မူလည်းဖြစ်သော အလုံးစုံသော (အသိစိတ်) ဝိညာဏ်တရားသည်လည်းကောင်း၊ ဝေးသော ဒူရမူလည်းဖြစ်သော နီးသော သန္တိကမူလည်းဖြစ်သော အလုံးစုံသော (အသိစိတ်) ဝိညာဏ် တရားသည်လည်းကောင်း ရှိချေ၏၊ ဤ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော အလုံးစုံသော (အသိစိတ်) ဝိညာဏ်တရားကို ---- က။ နေတံ မမ = ဤ (အသိစိတ်) ဝိညာဏ်တရားသည် ငါ၏ (အသိစိတ်) ဝိညာဏ်တရား မဟုတ်။
十二、存在过去、未来、现在的一切识法,内、外的一切识法,粗、细的一切识法,劣、胜的一切识法,以及远、近的一切识法。对于依这十一种行相而存在的一切识法,应当观照:甲、巴利原句(缅文字体):‘နေတံ မမ’——‘这个识法不是我的识法。’
ခ။ နေသောဟမသ္မိ = ဤ (အသိစိတ်) ဝိညာဏ်တရားသည် ငါ မဟုတ်။
乙、巴利原句(缅文字体):‘နေသောဟမသ္မိ’——‘这个识法不是我。’
ဂ။ န မေသော အတ္တာ = ဤ (အသိစိတ်) ဝိညာဏ်တရားသည် ငါ၏အတ္တ မဟုတ်။
丙、巴利原句(缅文字体):‘န မေသော အတ္တာ’——‘这个识法不是我的自我。’
ဤသို့လျှင် အလုံးစုံသော (အသိစိတ်) ဝိညာဏ်တရားကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲ ဖြိုခွဲဖောက်ထွင်း ဝိပဿနာ ဉာဏ်အလင်းဓာတ် = ဝိပဿနာဉာဏ်ပညာဖြင့် ရှုပါ။
如此,应当以能够破除色团、名团密集相的观智之光,也就是观智之慧,如实无误地观照这一切识法。
၁၃။ ဤသို့ (၁၁)မျိုးသော အခြင်းအရာအားဖြင့်တည်နေသော ဥပါဒါနက္ခန္ဓာငါးပါးတို့၏ အနိစ္စအချက် ဒုက္ခ အချက် အနတ္တအချက်တို့ကို ဝိပဿနာပညာ မဂ်ပညာဖြင့် ရှုမြင်သော အာဂမသုတဟူသော သင်သိ၊ အဓိဂမ သုတဟူသော ကျင့်သိ -- ဤအသိနှစ်မျိုးဖြင့် အကြားအမြင် ဗဟုသုတရှိသော အရိယာတပည့်သာဝကသည် တစ်နည်း ---- အရိယာဖြစ်တော်မူသော ငါဘုရားရှင်၏ တပည့်သာဝကသည် ရုပ်တရား၌လည်း ငြီးငွေ့တော့၏၊ ဝေဒနာတရား၌လည်း ငြီးငွေ့တော့၏၊ သညာတရား၌လည်း ငြီးငွေ့တော့၏၊ စေတသိက်သင်္ခါရတရားစု၌လည်း ငြီးငွေ့တော့၏၊အသိစိတ်ဝိညာဏ်တရား၌လည်း ငြီးငွေ့တော့၏။ ငြီးငွေ့ခဲ့သော် (= နိဗ္ဗိဒါနုပဿနာဉာဏ်နှင့်တကွ သော ဝိပဿနာဉာဏ်အားလုံးတို့သည် အစဥ်အတိုင်း ဝိပဿနာ၏အထွတ်အထိပ်သို့ ရောက်အောင် ဖြစ်ပေါ် ခဲ့သော်) ဥပါဒါနက္ခန္ဓာငါးပါးတို့အပေါ်၌ တွယ်တာတပ်မက်ခြင်း ရာဂတရားသည် ကင်းပြတ်ရုပ်သိမ်း ချုပ်ငြိမ်း တော့၏။ ဥပါဒါနက္ခန္ဓာငါးပါးတို့အပေါ်၌ တွယ်တာတပ်မက်မှု ရာဂတရား၏ ကင်းပြတ်ရုပ်သိမ်း ချုပ်ငြိမ်း-
十三、如此,以观慧与道慧观见依十一种行相而存在的五取蕴之无常、苦、无我时,具备教理之闻(āgama-suta)的学知与证得之闻(adhigama-suta)的修知、由这两种知而多闻的圣弟子——换言之,圣者佛陀的弟子——便厌离色法,厌离受法,厌离想,厌离诸心所行法,也厌离作为能知之心的识法。生起厌离时,也就是包括厌离随观智在内的一切观智依次生起、达到观禅顶峰时,对于五取蕴的贪著、贪欲便断除、舍离而止息。由于对于五取蕴的贪著、贪欲断除、舍离而止息——
ခြင်းကြောင့် ကိလေသာတို့မှ လွတ်မြောက်တော့၏။ ကိလေသာတို့မှ လွတ်မြောက်လတ်သော် ''ငါသည် ကိလေ- သာတို့မှ လွတ်မြောက်ရပေပြီ''ဟု အသိဉာဏ်သည် ဖြစ်ပေါ်လာ၏။ ပဋိသန္ဓေတည်နေရမှုသည် ကုန်ဆုံးပျက်ပြုန်း ခဲ့လေပြီ။ သီလ-သမာဓိ-ပညာဟူသော သိက္ခာသုံးရပ် အကျင့်မြတ်ဖြင့် သိမ်းကျုံးရေတွက်အပ်သော သာသန
——便从诸烦恼中解脱。从诸烦恼中解脱时,生起‘我已经从诸烦恼中解脱’之智。他了知:结生已经穷尽;由戒、定、慧三学所摄的教法——
原书第 118 页
ဗြဟ္မစရိယ၊ အရိယမဂ်ဉာဏ်တည်းဟူသော မဂ္ဂဗြဟ္မစရိယ - ဤဗြဟ္မစရိယနှစ်ပါးကို တစ်နည်း မဂ္ဂဗြဟ္မစရိယကို ကျင့်သုံးပြီးပြီ၊ သာသနာတော်၌ ပြုသင့်ပြုထိုက်သော အရိယမဂ်ကိစ္စကို ပြုပြီးပြီ။ ဤမဂ်ကိစ္စအလို့ငှာ တစ်ပါးသော ပြုဖွယ်ကိစ္စသည် မရှိတော့ပြီဟု သိ၏ ---- ဟု ဟောကြားတော်မူ၏။
——梵行,以及以圣道智为体的道梵行,这两种梵行——换言之,道梵行——已经修毕;佛教中应当完成的圣道任务已经完成;为了完成这项道业,再没有其他应作之事。世尊如此宣说。
ဘုန်းတော်ကြီးမြတ်တော်မူသော မြတ်စွာဘုရားသည် ဤအနတ္တလက္ခဏသုတ္တန် ဒေသနာတော်မြတ်ကို ပဉ္စဝဂ္ဂီရဟန်းတော်တို့အား ဟောကြားပြသ ဆိုဆုံးမတော်မူ၏။ ပဉ္စဝဂ္ဂီရဟန်းတော်တို့သည် မြတ်စွာဘုရားရှင်၏ ဟောကြားပြသ ဆိုဆုံးမတော်မူအပ်သော တရားဒေသနာတော်ကို နှစ်လိုအားရမ်း ရွှင်လန်းဝမ်းမြောက်သော စိတ်ထား ရှိကြကုန်သည်ဖြစ်၍ မြတ်စွာဘုရား၏ ဟောကြားပြသ ဆိုဆုံးမတော်မူအပ်သော တရားဒေသနာတော် ကို အလွန် နှစ်သက်တော်မူကြလေကုန်ပြီ။
具足大威德的世尊向五比丘开示、教诫了这篇殊胜的《无我相经》教说。五比丘心生欢喜,欣然随喜世尊所开示、教诫的法。
ဤဂါထာမဖက် သက်သက်သော အမေးအဖြေဖြစ်သော ဝေယျာကရဏအမည်ရသော အနတ္တလက္ခဏ သုတ္တန် တရားဒေသနာတော်မြတ်ကို ဟောကြားပြသ ဆိုဆုံးမတော်မူအပ်သည်ရှိသော် ပဉ္စဝဂ္ဂီရဟန်းတော်တို့၏ စိတ်တို့သည် ဥပါဒါနက္ခန္ဓာငါးပါးတို့အပေါ်၌ တဏှာဒိဋ္ဌိတို့ဖြင့် မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ လွတ်မြောက်- တော်မူကြလေကုန်၏။ (သံ-၂-၅၅-၅၆။) ဤဒေသနာတော်ကား နောင်တော့်နောင်တော်များ ဖြစ်တော်မူကြသည့် ပဉ္စဝဂ္ဂီရဟန်းတော်တို့၏ နိဗ္ဗာန်သို့ ကြွသွားတော်မူရာ ရှေးဟောင်းလမ်းရိုးကြီးသာ ဖြစ်ပေသည်။ ပဉ္စဝဂ္ဂီရဟန်းတော်တို့သည် သောတာပတ္တိဖိုလ်၌ တည်တော်မူကြပြီးနောက် အတိတ် အနာဂတ် ပစ္စုပ္ပန်စသည့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသည့် ဥပါဒါနက္ခန္ဓာငါးပါးတို့ကို လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာရှုပွားသုံးသပ်တော်မူကြသဖြင့် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူခဲ့ကြ၏။ ယင်းသို့ဖြစ်လျှင် ဓမ္မစကြာဒေသနာတော်နှင့် ဤအနတ္တလက္ခဏသုတ္တန် ရှုကွက်သည်
宣说这篇不含偈颂、纯以问答构成而名为记说的殊胜《无我相经》教法时,五比丘的心不再以爱与见执取五取蕴,因而从诸漏中解脱。缅文出处原串:‘(သံ-၂-၅၅-၅၆။)’(《相应部》2-55—56。)这篇教法,正是身为前辈的五比丘走向涅槃的古老大道。五比丘安住入流果以后,把依过去、未来、现在等十一种行相而存在的五取蕴安立于三相上修观、思惟,因而证达阿罗汉果。如此一来,诸位善人也许会怀疑:《转法轮经》教说的观境与这篇《无我相经》的观境——
တူညီမှုရှိမှ ရှိပါ့မလားဟု အသင်သူတော်ကောင်းအနေဖြင့် သံသယဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။ ထိုသို့ကား သံသယမဖြစ်သင့်ပေ။ အထက်တွင် ရှင်းလင်းတင်ပြခဲ့သည့်အတိုင်း သစ္စာဒေသနာတော်နည်းအရ ယောဂါဝစရ ရဟန်းတော်သည် စတုသစ္စဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းလိုခဲ့သော် ဝဋ္ဋသစ္စာဖြစ်သော ဒုက္ခသစ္စာတရား သမုဒယ- သစ္စာတရားတို့၌ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို နှလုံးသွင်းရှုပွား သုံးသပ်အပ်ပေသည်။ ထိုတွင် ဒုက္ခသစ္စာ တရားဟူသည်မှာလည်း အတိတ် အနာဂတ် ပစ္စုပ္ပန်စသည့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာငါးပါးတို့ပင် ဖြစ်ကြသည်။ ယင်း ဥပါဒါနက္ခန္ဓာငါးပါးတို့ကိုပင် တစ်ဖန် အနတ္တလက္ခဏသုတ္တန် ဒေသနာတော်၌ လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ရန် အထူးသဖြင့် အနတ္တလက္ခဏာကို ဦးစားပေး၍ ဝိပဿနာရှုပွားသုံးသပ်ရန် ဘုရားရှင်က ထပ်မံ၍ ညွှန်ကြားတော်မူခြင်းဖြစ်၏။ ထို့ကြောင့် ဓမ္မစကြာ
——是否相同?不应生起这样的疑惑。如上文所说明,依谛教法的方法,瑜伽行比丘若要修习四谛禅修业处,就应当对作为轮转谛的苦谛法与集谛法投入观禅业处。这里的苦谛法,就是依过去、未来、现在等十一种行相而存在的五取蕴。在《无我相经》教说中,世尊又再指示对同样的五取蕴安立三相而修观、思惟,尤其以无我相为首要来修观、思惟。因此,《转法轮经》教说的观境——
ဒေသနာတော်ရှုကွက်နှင့် အနတ္တလက္ခဏသုတ္တန်ဒေသနာတော် ရှုကွက်တို့မှာ ပရမတ္ထဓာတ်သား တရားကိုယ် အနက်သဘောအားဖြင့် တူညီလျက်ပင်ရှိသည်ဟု မှတ်သားပါ။
——与《无我相经》教说的观境,就究竟界、实际法体与内涵而言,是相同的。应当如此记住。
ယင်းသို့ဖြစ်လျှင် အနတ္တလက္ခဏသုတ္တန်ဒေသနာတော်၌ သမုဒယသစ္စာကို ဝိပဿနာရှုသည့် ရှုကွက် မရှိတော့ပြီလောဟု မေးရန်ရှိ၏။ အဖြေမှာ ဤသို့ ဖြစ်၏။ ---- သမုဒယသစ္စာကား အကြောင်းတရား၊ ဒုက္ခသစ္စာကား အကျိုးတရားတည်း။ ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင် ရှင်းလင်းတင်ပြခဲ့သည့်အတိုင်း အတိတ်အကြောင်းတရားငါးပါးဟူသည် အတိတ်ဥပါဒါနက္ခန္ဓာငါးပါးတို့၏ အစိတ် အပိုင်း တစ်ခုမျှသာ ဖြစ်၏။ အတိတ်ဥပါဒါနက္ခန္ဓာငါးပါးတွင် အကျုံးဝင်လျက်ရှိ၏။ ပစ္စုပ္ပန်အကျိုးတရားငါးပါး၊ ပစ္စုပ္ပန်အကြောင်းတရားငါးပါးတို့ဟူသည်မှာလည်း ပစ္စုပ္ပန်ဥပါဒါနက္ခန္ဓာငါးပါးတို့၏ အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်၏၊ ပစ္စုပ္ပန် ဥပါဒါနက္ခန္ဓာငါးပါးတို့တွင် အကျုံးဝင်လျက်ပင် ရှိကြ၏။ အနာဂတ်အကျိုးတရားငါးပါးတို့ ဟူသည်မှာလည်း အနာဂတ်ဥပါဒါနက္ခန္ဓာငါးပါးတို့၌ပင် အကျုံးဝင်လျက် ရှိကြ၏။
如此一来,或许有人会问:《无我相经》的教说中,难道没有观照集谛的观境吗?答复如下:集谛是因法,苦谛是果法。如缘起篇所说明,过去五因只是过去五取蕴中的一部分,摄属于过去五取蕴。现在五果与现在五因也只是现在五取蕴中的一部分,摄属于现在五取蕴;未来五果同样摄属于未来五取蕴。
原书第 119 页
မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- သမ္မသနဉာဏ်ခန်း တစ်ဖန် ပဉ္စဝဂ္ဂီအမည်ရှိတော်မူကြသော မထေရ်မြတ်ကြီးတို့သည် ဒုက္ခသစ္စာ သမုဒယသစ္စာတရားတို့၌ ကြိမ်ဖန်များစွာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းတော်မူကြပြီးသော သူတော်ကောင်းကြီးများ ဖြစ်တော် မူကြ၏။
再者,称为五比丘的诸大长老,都是已经对苦谛法与集谛法反复多次修习观禅业处的善人。
ယဿ ပန ဧကဝါရံ ဉာဏေန ဖဿိတံ၊ ပုန တံ ဖဿိတဗ္ဗမေဝ၊ တာဒိသဿ ဝသေန ဝုတ္တန္တိ ဝဒန္တိ။
巴利《大复注》原文(缅文字体):‘ယဿ ပန ဧကဝါရံ ဉာဏေန ဖဿိတံ၊ ပုန တံ ဖဿိတဗ္ဗမေဝ၊ တာဒိသဿ ဝသေန ဝုတ္တန္တိ ဝဒန္တိ။’译:‘然而,某一法既曾一次为智所触,仍正应再次触及;据说,这是就这种人而说的。’
(မဟာဋီ-၂-၄၇ဝ။)
缅文出处原串:‘(မဟာဋီ-၂-၄၇ဝ။)’(《大复注》2-470。)
ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် ရုပ်နာမ် -ကြောင်းကျိုး = သင်္ခါရတရားတို့ကို တစ်ကြိမ်တစ်ခါမျှသော်လည်း ဝိပဿနာဉာဏ်ဖြင့် တွေ့ထိဖူး၏။ လက္ခဏာရေးသုံးတန်တင်ကာ တစ်ကြိမ်တစ်ခါမျှသော်လည်း ဝိပဿနာရှုပွား သုံးသပ်ဖူး၏။ ထို တစ်ကြိမ်တစ်ခါမျှသော်လည်း ဝိပဿနာဉာဏ်ဖြင့် တွေ့ထိအပ်ပြီးသော သင်္ခါရတရားသည် တွေ့ထိအပ်ပြီးသာလျှင် ဖြစ်ပေသည်။ နောက်ထပ်တစ်ဖန် ထိုသင်္ခါရတရားကို ဝိပဿနာဉာဏ်ဖြင့် မတွေ့ထိ သော်လည်း ထိချက်နာပါက ကိစ္စပြီးစီးနိုင်၏၊ ဝိပဿနာဉာဏ်ဖြင့် ထပ်မံ၍ တွေ့ထိရန် မလိုတော့သည်သာတည်း။
某位瑜伽行者,曾经至少一次以观智触知色、名、因、果这些行法,也曾经至少一次把它们安立于三相上修观、思惟。对于这种至少一次已经由观智触知的行法,便算已经触知;以后即使不再以观智触知,只要先前触知得深切,任务也能完成,不必再以观智触知。
(မဟာဋီ-၂-၄၇ဝ။) (အကျယ်ကို သင်္ခါရုပေက္ခာဉာဏ်ပိုင်းတွင် ကြည့်ပါ။) ထက်မြက်သော ဉာဏ်ပညာရှိသော သူတော်ကောင်းတို့ကို ရည်ရွယ်တော်မူ၍ အထက်ပါ စကားရပ်ကို ဖွင့်ဆိုထားတော်မူခြင်း ဖြစ်ပေသည်။ ပဉ္စဝဂ္ဂီအမည်တော်ရှိပေသော ရဟန်းတော်တို့ကား ထက်မြက်လျင်မြန်သော ဉာဏ်ပညာရှိတော်မူကြသည့် သူတော်ကောင်းကြီးတို့ ဖြစ်တော်မူကြ၏။ ဝါဆိုလပြည့်နေ့မှစ၍ ဝါဆိုလပြည့်ကျော် ငါးရက်နေ့သို့တိုင်အောင် ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသည့် ယင်းသင်္ခါရတရားတို့ကို ထပ်ကာထပ်ကာ ကြိမ်ဖန်များစွာ ဝိပဿနာ ရှုပွားသုံးသပ်လျက် နေတော်မူကြသော ရဟန်းတော်တို့ ဖြစ်တော်မူကြ၏။ ဝါဆို လပြည့်ကျော် ငါးရက်နေ့သို့ ဆိုက်ရောက်လာသောအခါ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူနိုင်လောက်- သော ရင့်ကျက်သော ဣန္ဒြေများကို ရရှိတော်မူလာကြ၏။ ထိုအခါတွင် ဘုရားရှင်သည် အထက်ပါ အနတ္တလက္ခဏ သုတ္တန်ဒေသနာတော်မြတ်ကို ဟောကြားပြသပေးတော်မူပေသည်။ ပဉ္စဝဂ္ဂီရဟန်းတော်တို့ကလည်း ဒေသနာ-
缅文出处原串:‘(မဟာဋီ-၂-၄၇ဝ။)’(《大复注》2-470;详见行舍智一节。)上面的解释,是针对智慧锐利的善人而说。称为五比丘的诸比丘,正是智慧敏锐迅捷的大善人。从入雨安居月的月圆日,直到月圆后第五日,他们不断反复观照、思惟那些称为苦谛与集谛的行法。到了月圆后第五日,他们的诸根已经成熟,足以证达阿罗汉果。这时,佛陀便为他们开示上述殊胜的《无我相经》教说;五比丘也能够依随教说的次第——
တော်နောက်သို့ အစဥ်လိုက်၍ ဝိပဿနာ ရှုပွားသုံးသပ်တော်မူနိုင်ကြသဖြင့် ဒေသနာတော်နိဂုံး ပြီးဆုံးလတ် သောအခါ အရဟတ္တဖိုလ်၌ တည်သွားတော်မူကြလေသည်။ ထိုပဉ္စဝဂ္ဂီရဟန်းတော်တို့သည် သမုဒယသစ္စာတရား တို့ကို ဝိပဿနာ မရှုကြသည်ကား မဟုတ်၊ ဝိပဿနာ ရှုပွားတော်မူကြသည်သာ ဖြစ်ကြသည်ဟု မှတ်သား ပါလေ။ တစ်ဖန် ရှေးဟောင်းထုံးတစ်ရပ်ကို ဆက်လက်၍ တင်ပြအပ်ပါသည်။ ----
——修观、思惟,所以教说结束时便安住于阿罗汉果。应当记住:五比丘并非没有观照集谛法;他们确实修观了集谛法。下面再继续说明另一个古代先例。
အရှင်မဟာမောဂ္ဂလဒာန်မထေရ်မြတ်ကြီး
摩诃目犍连大长老
မဟာမောဂ္ဂလဒာနတ္ထေရော ဟိ သာဝကာနံ သမ္မသနစာရံ ယဋ္ဌိကောဋိယာ ဥပ္ပီဠေန္တော ဝိယ ဧကဒေသ- မေဝ သမ္မသန္တော သတ္တဒိဝသေ ဝါယမိတွာ အရဟတ္တံ ပတ္တော။ (မ-ဋ္ဌ-၄-၅၈။ အနုပဒသုတ္တအဋ္ဌကထာ။) အနုပဒဓမ္မဝိပဿနာယ အဘာဝတော ''ဧကဒေသမေဝ သမ္မသန္တော''တိ ဝုတ္တံ။ (မ-ဋီ-၃-၂၇၄။) အထာယသ္မာ မဟာမောဂ္ဂလဒာနော ပဗ္ဗဇိတဒိဝသတော သတ္တမေဒိဝသေ မဂဓရဋ္ဌေ ကလဒဝါဠဂါမကံ ဥပနိဿာယ သမဏဓမ္မံ ကရောန္တော ထိနမိဒ္ဓံ သြက္ကမန္တော သတ္ထာရာ သံဝေဇိတော ထိနမိဒ္ဓံ ဝိနောဒေတွာ တထာဂတေန ဒိန္နံ ဓာတုကမ္မဋ္ဌာနံ သုဏန္တောဝ ဥပရိမဂ္ဂတ္တယကိစ္စံ နိဋ္ဌာပေတွာ သာဝကပါရမီဉာဏဿ မတ္ထကံ ပတ္တော။ (သာရတ္ထဒီပနီဋီကာ-၃-၂၂၈။) ဤအထက်ပါ အဋ္ဌကထာဋီကာတို့က ဖွင့်ဆိုထားတော်မူသည့်အတိုင်း အရှင်မဟာမောဂ္ဂလဒာန် ကိုယ်တော်- မြတ်ကြီးသည်လည်း ပရမတ္ထဓာတ်သားတို့ကို တစ်လုံးစီ တစ်လုံးစီ လက္ခဏာယာဥ်တင်ကာ ဝိပဿနာရှုပွား
巴利《逐一经义注》原文(缅文字体):‘မဟာမောဂ္ဂလဒာနတ္ထေရော ဟိ သာဝကာနံ သမ္မသနစာရံ ယဋ္ဌိကောဋိယာ ဥပ္ပီဠေန္တော ဝိယ ဧကဒေသ- မေဝ သမ္မသန္တော သတ္တဒိဝသေ ဝါယမိတွာ အရဟတ္တံ ပတ္တော။ (မ-ဋ္ဌ-၄-၅၈။ အနုပဒသုတ္တအဋ္ဌကထာ။)’译:‘摩诃目犍连大长老在诸声闻的思惟行境中,如同以手杖尖端触地,只思惟杖尖所触的一部分;精进七日以后,证得阿罗汉果。’巴利《逐一经复注》原文(缅文字体):‘အနုပဒဓမ္မဝိပဿနာယ အဘာဝတော ''ဧကဒေသမေဝ သမ္မသန္တော''တိ ဝုတ္တံ။ (မ-ဋီ-၃-၂၇၄။)’译:‘由于没有逐法观,所以说“只思惟一部分”。’巴利《教理精要复注》原文(缅文字体):‘အထာယသ္မာ မဟာမောဂ္ဂလဒာနော ပဗ္ဗဇိတဒိဝသတော သတ္တမေဒိဝသေ မဂဓရဋ္ဌေ ကလဒဝါဠဂါမကံ ဥပနိဿာယ သမဏဓမ္မံ ကရောန္တော ထိနမိဒ္ဓံ သြက္ကမန္တော သတ္ထာရာ သံဝေဇိတော ထိနမိဒ္ဓံ ဝိနောဒေတွာ တထာဂတေန ဒိန္နံ ဓာတုကမ္မဋ္ဌာနံ သုဏန္တောဝ ဥပရိမဂ္ဂတ္တယကိစ္စံ နိဋ္ဌာပေတွာ သာဝကပါရမီဉာဏဿ မတ္ထကံ ပတ္တော။ (သာရတ္ထဒီပနီဋီကာ-၃-၂၂၈။)’译:‘后来,具寿摩诃目犍连出家后的第七日,依止摩揭陀国的迦罗瓦罗小村修习沙门法。当昏沉睡眠侵袭时,导师令他生起悚惧;他驱除昏沉睡眠,并在听闻如来所授界业处之际,完成上三道的任务,到达声闻波罗蜜智的顶峰。’依上述义注与复注的解释,摩诃目犍连大长老并不是把每一个究竟界法逐一安立于三相上修观、思惟的——
原书第 120 页
သုံးသပ်သည့် အနုပဒဓမ္မဝိပဿနာနည်းကို မရှုပွားမသုံးသပ်ဘဲ ပရမတ္ထဓာတ်သား သင်္ခါရတရားတို့ကို ခြုံငုံ၍ လက္ခဏာယာဥ်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ခြင်းဟူသော ကလာပသမ္မသနနည်းဖြင့်သာ ဝိပဿနာတရားကို ပွားများအားထုတ်တော်မူသဖြင့် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူခဲ့လေသည်။
——逐法观法门;他只以聚思惟法,把究竟界的诸行法总摄起来安立于三相上修观、思惟。正因为只以这种方法培育、勤修观法,他证达了阿罗汉果。
အရှင်မဟာမောဂ္ဂလဒာန် ကိုယ်တော်မြတ်ကြီးသည် ရှေးဦးစွာ ပရိဗိုဇ်ဘဝတွင် တည်ရှိစဥ်က အရှင်သာရိ- ပုတ္တရာ အလောင်းအလျာ ဖြစ်တော်မူသည့် ဥပတိဿပရိဗိုဇ်ထံမှ အရှင်အဿဇိမထေရ် ဟောကြားတော်မူ လိုက်သော ယေ ဓမ္မာ ဟေတုပ္ပဘဝါ - စသော ဂါထာတရားဒေသနာတော်ကို ကြားနာရ၍ သောတာပတ္တိဖိုလ်သို့ ဆိုက်ရောက်တော်မူခဲ့၏။ ယင်းဒေသေနာတော်မှာ သစ္စဒေသနာတော်ပင်ဖြစ်၏။ တစ်ဖန် မဂဓတိုင်း ကလဒဝါဠ ရွာငယ်ကို အမှီဂေါစရဂါမ်ပြု၍ ရဟန်းတရားများကို ပွားများအားထုတ်တော်မူရာ ကလာပသမ္မသနနည်းဖြင့်သာ ဝိပဿနာဘာဝနာကို ပွားများအားထုတ်တော်မူ၏။ ခုနစ်ရက်မြောက်သောနေ့၌ ဘုရားရှင်ထံမှ (အံ-၂-၄၆၁- ၄၆၄ ) အင်္ဂုတ္တရနိကာယ် သတ္တကနိပါတ်၌ လာရှိသော ပစလာယမာနသုတ္တန်တရားတော်မြတ်ကို နာကြားခွင့် ရရှိတော်မူ၏။ ယင်းသုတ္တန်၏ ရှေ့ပိုင်းတွင် ထိနမိဒ္ဓပယ်ဖျောက်ကြောင်း တရား (၇)မျိုးတို့ လာရှိ၏။ နောက်ပိုင်း
摩诃目犍连大长老最初仍是游行外道时,从后来成为舍利弗大长老的优波提舍游行者那里,听闻阿说示长老所说‘ယေ ဓမ္မာ ဟေတုပ္ပဘဝါ’(诸法从因生)等偈颂教法,因而证得入流果。那也是谛教法。后来,他依止摩揭陀国迦罗瓦罗小村修习沙门法,只以聚思惟法修习观禅。到第七日,他有机会从佛陀听闻《昏沉经》,该经载于《增支部·七集》,缅文出处原串:‘(အံ-၂-၄၆၁- ၄၆၄ )’。经的前半说明七种驱除昏沉睡眠之法;在后半的——
ဖြစ်သည့် ဝိပဿနာပိုင်းတွင် ---- သော သဗ္ဗံ ဓမ္မံ အဘိဇာနာတိ၊ သဗ္ဗံ ဓမ္မံ အဘိညာယ သဗ္ဗံ ဓမ္မံ ပရိဇာနာတိ။ (အံ-၂-၄၆၄။) ဤသို့ စသည်ဖြင့် အလုံးစုံသော ဥပါဒါနက္ခန္ဓာတရားငါးပါးတို့ကို ပရိညာသုံးပါးတို့ဖြင့် ပိုင်းပိုင်းခြားခြား သိအောင် ဝိပဿနာရှုပွားသုံးသပ်ရန် ညွှန်ကြားထားတော်မူ၏။ အလုံးစုံသော ဥပါဒါနက္ခန္ဓာတရားငါးပါးတို့ကို ဝိပဿနာရှုရန် ညွှန်ကြားထားတော်မူ၏။ ယင်းညွှန်ကြားတော်မူချက်မှာ ဓာတ်ကမ္မဋ္ဌာန်းလမ်းစဥ်မှ ဥပါဒါန- က္ခန္ဓာတို့ကို သိမ်းဆည်း၍ ဝိပဿနာရှုရန် ညွှန်ကြားထားတော်မူခြင်း ဖြစ်ကြောင်းကို အထက်ပါ သာရတ္ထ- ဒီပနီဋီကာက ဖွင့်ဆိုထားပေသည်။ ထို့ကြောင့် အရှင်မဟာမောဂ္ဂလဒာန် ကိုယ်တော်မြတ်ကြီးသည်လည်း ကလာပ သမ္မသနနည်းဖြင့်ပင်လျှင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူကြောင်းကို သိရှိရပေသည်။
——观禅部分,佛陀教示:巴利原文(缅文字体):‘သော သဗ္ဗံ ဓမ္မံ အဘိဇာနာတိ၊ သဗ္ဗံ ဓမ္မံ အဘိညာယ သဗ္ဗံ ဓမ္မံ ပရိဇာနာတိ။ (အံ-၂-၄၆၄။)’译:‘他证知一切法;证知一切法以后,遍知一切法。’如此,佛陀指示应以三种遍知,修观、思惟全部五取蕴,直到如实分别而知;也就是指示观照全部五取蕴。上述《教理精要复注》解释,这项指示是要从界业处的进路摄取五取蕴,再修习观禅。因此可知,摩诃目犍连大长老也是以聚思惟法证达阿罗汉果。
အရှင်သာရိပုတ္တကိုယ်တော်မြတ်ကြီး
舍利弗大长老
အညေသု ဟိ ခန္ဓေသု အကတာဘိနိဝေသော ဘိက္ခု နေဝသညာနာသညာယတနက္ခန္ဓေ သမ္မသိတွာ နိဗ္ဗိဒံ ပတ္တုံ သမတ္ထော နာမ နတ္ထိ အပိစ အာယသ္မာ သာရိပုတ္တော။ ပကတိဝိပဿကော ပန မဟာပညော သာရိပုတ္တသဒိသောဝ သက္ကုဏေယျ၊ သောပိ ''ဧဝံ ကိရိမေ ဓမ္မာ အဟုတွာ သမ္ဘောန္တိ၊ ဟုတွာ ပဋိဝေန္တီ'' တိ ဧဝံ ကလာပသမ္မသနဝသေနေဝ၊ နော အနုပဒဓမ္မဝိပဿနာဝသေန။ ဧဝံ သုခုမတ္တံ ဂတာ ဧသာ သမာပတ္တိ။
巴利义注原文(缅文字体):‘အညေသု ဟိ ခန္ဓေသု အကတာဘိနိဝေသော ဘိက္ခု နေဝသညာနာသညာယတနက္ခန္ဓေ သမ္မသိတွာ နိဗ္ဗိဒံ ပတ္တုံ သမတ္ထော နာမ နတ္ထိ အပိစ အာယသ္မာ သာရိပုတ္တော။ ပကတိဝိပဿကော ပန မဟာပညော သာရိပုတ္တသဒိသောဝ သက္ကုဏေယျ၊ သောပိ ''ဧဝံ ကိရိမေ ဓမ္မာ အဟုတွာ သမ္ဘောန္တိ၊ ဟုတွာ ပဋိဝေန္တီ'' တိ ဧဝံ ကလာပသမ္မသနဝသေနေဝ၊ နော အနုပဒဓမ္မဝိပဿနာဝသေန။ ဧဝံ သုခုမတ္တံ ဂတာ ဧသာ သမာပတ္တိ။’译:‘若一位比丘尚未先对其他诸蕴建立观照,便不能只思惟非想非非想处诸蕴而达到厌离;即使舍利弗尊者也不能。只有已经依通常次第修观、又具有如舍利弗尊者般大慧的人才可能做到;即便如此,也只能按聚思惟这样观:“这些法确实本来没有而生起,生起之后便坏灭”,并非依逐法观。这一等至已经达到如此微细的程度。’
(အဘိ-ဋ္ဌ-၁-၂၅၃။ ဝိသုဒ္ဓိ-၁-၃၃၁။)
缅文出处原串:‘(အဘိ-ဋ္ဌ-၁-၂၅၃။ ဝိသုဒ္ဓိ-၁-၃၃၁။)’(《殊胜义注》1-253;《清净之道》1-331。)
ဤအထက်ပါ အဋ္ဌကထာများ၏ ဖွင့်ဆိုထားတော်မူချက်များနှင့်အညီ အရှင်သာရိပုတ္တရာ ကိုယ်တော်- မြတ်ကြီးသည်လည်း သမာပတ် (၈)ပါးတို့တွင် ပထမစျာန်သမာပတ်မှသည် အာကိဉ္စညာယတနစျာန်သမာပတ်သို့ တိုင်အောင်သော အောက်စျာန်သမာပတ် (၇)ပါးတို့၏အတွင်း၌ တည်ရှိကြသော နာမ်တရား အသီးအသီးတို့ကို တစ်လုံးစီ တစ်လုံးစီ ဝိပဿနာရှုပွားသုံးသပ်ခြင်းတည်းဟူသော အနုပဒဓမ္မဝိပဿနာ နည်းလမ်းဖြင့် ဝိပဿနာ ရှုပွားသုံးသပ်တော်မူ၍၊ နေဝသညာနာသညာယတနစျာန်သမာပတ်၌ကား ယင်းသမာပတ်အတွင်း၌ တည်ရှိ- ကြသော နာမ်တရားစုတို့ကို ပေါင်းစုခြုံငုံ၍ ဝိပဿနာရှုပွားသုံးသပ်ရသော ကလာပသမ္မသနဟု ခေါ်ဆိုသော နယဝိပဿနာနည်းဖြင့်သာလျှင် ဝိပဿနာ ရှုပွားသုံးသပ်တော်မူပေသည်။
依上述诸义注的解释,舍利弗大长老在八种等至中,从初禅等至直到无所有处禅等至,对于较低的七种禅那等至中各别存在的名法,运用把每一个名法逐一修观、思惟的逐法观法门;到了非想非非想处禅等至,则只运用称为聚思惟的理路观,把该等至中的诸名法汇集、总摄起来修观、思惟。
(အဘိ-ဋ္ဌ-၁-၂၅၃။ ဝိသုဒ္ဓိ-၁-၃၃၁။)
缅文出处原串:‘(အဘိ-ဋ္ဌ-၁-၂၅၃။ ဝိသုဒ္ဓိ-၁-၃၃၁။)’(《殊胜义注》1-253;《清净之道》1-331。)
原书第 121 页
အရှင်အာနန္ဒာကိုယ်တော်မြတ်ကြီး
阿难大长老
အရှင်အာနန္ဒာ ကိုယ်တော်မြတ်ကြီးသည်လည်း မန္တာဏိပုဏ္ဏေးမ၏ သားဖြစ်တော်မူသော အရှင်ပုဏ္ဏ မထေရ်၏ ထံတော်မှ ခန္ဓာငါးပါးနှင့်စပ်သည့် တေပရိဝဋ္ဋဓမ္မဒေသနာတော်ကို ကြားနာရ၍ သောတာပတ္တိဖိုလ်သို့ ဆိုက်ရောက်တော်မူခဲ့၏။ ရှေးသူဟောင်းတို့၏ နိဗ္ဗာန်သို့ ကြွသွားတော်မူရာ လမ်းရိုးလမ်းဟောင်းကြီးကို ကြည်ညို သဒ္ဓါတရား ပွားသထက်ပွားနိုင်ရန်အလို့ငှာ အရှင်အာနန္ဒာကိုယ်တော်မြတ်ကြီး၏ သောတာပတ္တိဖိုလ်သို့ ဆိုက်- ရောက်တော်မူသည့် ရှေးဟောင်းထုံးတစ်ရပ်ကိုလည်း ထပ်မံ၍ ရေးသားတင်ပြအပ်ပါသည်။ ----
阿难大长老也曾从曼多尼婆罗门女之子富楼那长老处,听闻关于五蕴的三轮法教,因而证得入流果。为了使人对古德趣向涅槃的古老大道增长净信,下面再记述阿难大长老证得入流果的这一古例。
အာနန္ဒသုတ္တန် ဒေသနာတော်
《阿难经》教说
၁။ သာဝတ္ထိနိဒါနံ။ တတြ ခေါ အာယသ္မာ အာနန္ဒော ဘိက္ခူ အာမန္တေသိ ''အာဝုသော ဘိက္ခဝေ''တိ။
巴利《阿难经》原文(缅文字体):‘၁။ သာဝတ္ထိနိဒါနံ။ တတြ ခေါ အာယသ္မာ အာနန္ဒော ဘိက္ခူ အာမန္တေသိ ''အာဝုသော ဘိက္ခဝေ''တိ။’译:‘一、因缘在舍卫城。那时,具寿阿难对比丘们说:‘诸比丘贤友!’’
''အာဝုသော''တိ ခေါ တေ ဘိက္ခူ အာယသ္မတော အာနန္ဒဿ ပစ္စဿောသုံ။ အာယသ္မာ အာနန္ဒော ဧတဒဝေါစ- ၂။ ပုဏ္ဏော နာမ အာဝုသော အာယသ္မာ မန္တာဏိပုတ္တော အမှာကံ နဝကာနံ သတံ ဗဟူပကာရော ဟောတိ၊ သော အမှေ ဣမိနာ သြဝါဒေန သြဝဒတိ ''ဥပါဒါယ အာဝုသော အာနန္ဒ 'အသ္မီ'တိ ဟောတိ နော အနုပါဒါယ။
巴利《阿难经》原文(缅文字体):‘''အာဝုသော''တိ ခေါ တေ ဘိက္ခူ အာယသ္မတော အာနန္ဒဿ ပစ္စဿောသုံ။ အာယသ္မာ အာနန္ဒော ဧတဒဝေါစ- ၂။ ပုဏ္ဏော နာမ အာဝုသော အာယသ္မာ မန္တာဏိပုတ္တော အမှာကံ နဝကာနံ သတံ ဗဟူပကာရော ဟောတိ၊ သော အမှေ ဣမိနာ သြဝါဒေန သြဝဒတိ ''ဥပါဒါယ အာဝုသော အာနန္ဒ 'အသ္မီ'တိ ဟောတိ နော အနုပါဒါယ။’译:‘比丘们回答具寿阿难:‘贤友。’具寿阿难说道:二、贤友们,曼多尼婆罗门女之子富楼那尊者,在我们还是新学比丘时给过我们极大帮助。他用这样的教诲教导我们:‘阿难贤友,缘取著而有“我是”,并非不缘取著而有。’
ကိဉ္စ ဥပါဒါယ 'အသ္မီ'တိ ဟောတိ နော အနုပါဒါယ။ ရူပံ ဥပါဒါယ 'အသ္မီ'တိ ဟောတိ နော အနုပါဒါယ။
巴利《阿难经》原文(缅文字体):‘ကိဉ္စ ဥပါဒါယ 'အသ္မီ'တိ ဟောတိ နော အနုပါဒါယ။ ရူပံ ဥပါဒါယ 'အသ္မီ'တိ ဟောတိ နော အနုပါဒါယ။’译:‘缘取著什么而有“我是”,并非不缘取著而有?缘取著色而有“我是”,并非不缘取著而有;’
ဝေဒနံ။ သညံ။ သင်္ခါရေ။ ဝိညာဏံ ဥပါဒါယ 'အသ္မီ'တိ ဟောတိ နော အနုပါဒါယ။
巴利《阿难经》原文(缅文字体):‘ဝေဒနံ။ သညံ။ သင်္ခါရေ။ ဝိညာဏံ ဥပါဒါယ 'အသ္မီ'တိ ဟောတိ နော အနုပါဒါယ။’译:‘缘取著受、想、诸行、识而有“我是”,并非不缘取著而有。’
၃။ သေယျထာပိ အာဝုသော အာနန္ဒ ဣတ္ထီ ဝါ ပုရိသော ဝါ ဒဟရော ယုဝါ မဏ္ဍနကဇာတိကော အာဒါသေ ဝါ ပရိသုဒ္ဓေ ပရိယောဒါတေ အစ္ဆေ ဝါ ဥဒကပတ္တေ သကံ မုခနိမိတ္တံ ပစ္စဝေက္ခမာနော ဥပါဒါယ ပဿေယျ နော အနုပါဒါယ။ ဧဝမေဝ ခေါ အာဝုသော အာနန္ဒ ရူပံ ဥပါဒါယ 'အသ္မီ'တိ ဟောတိ နော အနုပါဒါယ။
巴利《阿难经》原文(缅文字体):‘၃။ သေယျထာပိ အာဝုသော အာနန္ဒ ဣတ္ထီ ဝါ ပုရိသော ဝါ ဒဟရော ယုဝါ မဏ္ဍနကဇာတိကော အာဒါသေ ဝါ ပရိသုဒ္ဓေ ပရိယောဒါတေ အစ္ဆေ ဝါ ဥဒကပတ္တေ သကံ မုခနိမိတ္တံ ပစ္စဝေက္ခမာနော ဥပါဒါယ ပဿေယျ နော အနုပါဒါယ။ ဧဝမေဝ ခေါ အာဝုသော အာနန္ဒ ရူပံ ဥပါဒါယ 'အသ္မီ'တိ ဟောတိ နော အနုပါဒါယ။’译:‘三、阿难贤友,譬如年轻、青春而喜爱装饰的女子或男子,在清净、明澈的镜中,或在澄清的水器中省察自己的面影,只会缘依而看见,并非无所缘依而看见。同样,阿难贤友,缘取著色而有“我是”,并非不缘取著而有;’
ဝေဒနံ။ သညံ။ သင်္ခါရေ။ ဝိညာဏံ ဥပါဒါယ 'အသ္မီ'တိ ဟောတိ နော အနုပါဒါယ။
巴利《阿难经》原文(缅文字体):‘ဝေဒနံ။ သညံ။ သင်္ခါရေ။ ဝိညာဏံ ဥပါဒါယ 'အသ္မီ'တိ ဟောတိ နော အနုပါဒါယ။’译:‘缘取著受、想、诸行、识而有“我是”,并非不缘取著而有。’
၄။ တံ ကိံ မညသိ အာဝုသော အာနန္ဒ၊ ရူပံ နိစ္စံ ဝါ အနိစ္စံ ဝါတိ။ အနိစ္စံ အာဝုသော။ ဝေဒနာ။ သညာ။
巴利《阿难经》原文(缅文字体):‘၄။ တံ ကိံ မညသိ အာဝုသော အာနန္ဒ၊ ရူပံ နိစ္စံ ဝါ အနိစ္စံ ဝါတိ။ အနိစ္စံ အာဝုသော။ ဝေဒနာ။ သညာ။’译:‘四、阿难贤友,你以为如何:色是常还是无常?‘无常,贤友。’受呢?想呢?’
သင်္ခါရာ။ ဝိညာဏံ နိစ္စံ ဝါ အနိစ္စံ ဝါတိ။ အနိစ္စံ အာဝုသော။ တသ္မာ တိဟ။ ပ ။ ဧဝံ ပဿံ။ ပ ။ နာပရံ ဣတ္ထတ္တာယာတိ ပဇာနာတီ''တိ။ ပုဏ္ဏော နာမ အာဝုသော အာယသ္မာ မန္တာဏိပုတ္တော အမှာကံ နဝကာနံ သတံ ဗဟူပကာရော ဟောတိ၊ သော အမှေ ဣမိနာ သြဝါဒေန သြဝဒတိ။ ဣဒဉ္စ ပန မေ အာယသ္မတော ပုဏ္ဏဿ မန္တာဏိပုတ္တဿ ဓမ္မဒေသနံ သုတွာ ဓမ္မော အဘိသမိတောတိ။ (သံ-၂-၈၆-၈၇။)
巴利《阿难经》原文(缅文字体):‘သင်္ခါရာ။ ဝိညာဏံ နိစ္စံ ဝါ အနိစ္စံ ဝါတိ။ အနိစ္စံ အာဝုသော။ တသ္မာ တိဟ။ ပ ။ ဧဝံ ပဿံ။ ပ ။ နာပရံ ဣတ္ထတ္တာယာတိ ပဇာနာတီ''တိ။ ပုဏ္ဏော နာမ အာဝုသော အာယသ္မာ မန္တာဏိပုတ္တော အမှာကံ နဝကာနံ သတံ ဗဟူပကာရော ဟောတိ၊ သော အမှေ ဣမိနာ သြဝါဒေန သြဝဒတိ။ ဣဒဉ္စ ပန မေ အာယသ္မတော ပုဏ္ဏဿ မန္တာဏိပုတ္တဿ ဓမ္မဒေသနံ သုတွာ ဓမ္မော အဘိသမိတောတိ။ (သံ-၂-၈၆-၈၇။)’译:‘诸行呢?识是常还是无常?‘无常,贤友。’所以……(中略)……如是观见……(中略)……他了知:‘不再有后来这样的存在。’贤友们,曼多尼婆罗门女之子富楼那尊者,在我们还是新学比丘时给过我们极大帮助;他用这样的教诲教导我们。我听闻曼多尼婆罗门女之子富楼那尊者这项法教以后,现观了法。(《相应部》2-86—87。)’
အာနန္ဒသုတ္တန် မြန်မာပြန်
《阿难经》缅译
၁။ သာဝတ္ထိနိဒါန်း။ ထိုအခါ အရှင်အာနန္ဒာ ကိုယ်တော်မြတ်သည် ''ငါ့ရှင် ရဟန်းတို့'' ဟု ရဟန်းတို့ကို ခေါ်တော်မူ၏။ ''အရှင်ဘုရား'' ဟု ထိုရဟန်းတော်တို့သည် အရှင်အာနန္ဒာအား ပြန်ကြားလျှောက်ထားကြကုန်၏။
一、因缘在舍卫城。那时,阿难大长老呼唤比丘们:‘诸比丘贤友!’比丘们回答阿难尊者:‘尊者。’
အရှင်အာနန္ဒာ ကိုယ်တော်မြတ်သည် ဤတရားစကားကို မိန့်ကြားတော်မူ၏။ ---- ၂။ ငါ့ရှင်တို့ … မန္တာဏီပုဏ္ဏေးမ၏ သားဖြစ်တော်မူသော အရှင်ပုဏ္ဏ အမည်ရှိသော အရှင်မြတ်သည် သီတင်းငယ်ဖြစ်ကြကုန်သော တပည့်တော်တို့အား အလွန်ကျေးဇူးများလှ၏။ ထိုအရှင်မြတ်သည် တပည့်တော်- တို့ကို ဤတရားဒေသနာတော် အဆုံးအမဖြင့် ဆိုဆုံးမတော်မူ၏။ ---- ''ငါ့ရှင် အာနန္ဒာ …အစွဲပြု၍သာလျှင် ငါဖြစ်၏ဟူသော တဏှာ-မာန-ဒိဋ္ဌိ = ပပဉ္စတရား = သံသရာကို ချဲ့ထွင်တတ်သော တရားသုံးပါးသည် ဖြစ်ပေါ်လာ၏။ အစွဲမပြုမူ၍သာလျှင် ဖြစ်ပေါ်လာသည်ကား မဟုတ်။
阿难大长老说道:二、贤友们,曼多尼婆罗门女之子富楼那尊者,在我们还是新学弟子时给过我们极大帮助。他以这样的法教教导我们:‘阿难贤友,只有缘取著,名为“我是”的爱、慢、见三种戏论法〔扩展轮回之法〕才会生起;并不是不取著也会生起。
原书第 122 页
အဘယ်ကို အစွဲပြု၍ = အမှီပြု၍ ငါဖြစ်၏ဟူသော တဏှာ-မာန-ဒိဋ္ဌိ = ပပဉ္စတရား = သံသရာကို ချဲ့ထွင်- တတ်သော တရားသုံးပါးသည် ဖြစ်ပေါ်လာသနည်း။ အစွဲမပြုမူ၍ မမှီမူ၍ မဖြစ်ပေါ်လာလေသနည်း။ ရုပ်ကို ။ ပ။ ဝေဒနာကို။ သညာကို။ သင်္ခါရတရားတို့ကို။ ဝိညာဏ်ကို အစွဲပြု၍သာလျှင် ''ငါဖြစ်၏''ဟူသော တဏှာ- မာန-ဒိဋ္ဌိ = ပပဉ္စတရား = သံသရာကို ချဲ့ထွင်တတ်သော တရားသုံးပါးသည် ဖြစ်ပေါ်လာ၏။ အစွဲမပြုမူ၍ သာလျှင် ဖြစ်ပေါ်လာသည်ကား မဟုတ်။
缘取著、依止什么,名为“我是”的爱、慢、见三种戏论法〔扩展轮回之法〕才会生起?不取著、不依止什么,它们便不会生起?只有缘取著色……受、想、诸行、识,名为“我是”的爱、慢、见三种戏论法才会生起;并不是不取著也会生起。
ငါ့ရှင် အာနန္ဒာ …ဥပမာသော်ကား ငယ်ရွယ်နုပျိုသော တန်ဆာဆင်ခြင်းသဘောရှိသော အမျိုးသ္မီးသည် သော်လည်းကောင်း၊ အမျိုးသားသည်သော်လည်းကောင်း ကြည်လင်တောက်ပသော မှန်၌ဖြစ်စေ၊ ကြည်လင် သော ရေခွက်၌ဖြစ်စေ မိမိ၏ မျက်နှာရိပ်ကို ကြည့်ရှုဆင်ခြင်လတ်သော် အစွဲပြု၍သာလျှင် မြင်ရာ၏၊ အစွဲမပြု မူ၍ကား မမြင်လေရာ။
阿难贤友,譬如年轻、青春而喜爱装饰的女子或男子,在清净明澈的镜中,或在澄清的水器中观察自己的面影,只会有所缘依而看见,并非无所缘依而看见。
ငါ့ရှင် အာနန္ဒာ …ဤဥပမာအတူပင်လျှင် ---- က။ ရုပ်တရားကို အစွဲပြု၍သာလျှင် ငါဖြစ်၏ဟူသော ပပဉ္စတရားသုံးပါးသည် ဖြစ်ပေါ်လာ၏။
阿难贤友,同样:甲、只有缘取著色法,名为“我是”的三种戏论法才会生起;
ခ။ ဝေဒနာကို။
乙、缘取著受;
ဂ။ သညာကို။
丙、缘取著想;
ဃ။ စေတသိက်သင်္ခါရတို့ကို။
丁、缘取著诸心所行;
င။ အသိစိတ်ဝိညာဏ်ကို အစွဲပြု၍သာလျှင် ငါဖြစ်၏ဟူသော ပပဉ္စတရားသုံးပါးသည် ဖြစ်ပေါ်လာ၏၊ အစွဲမပြုမူ၍ကား မဖြစ်ပေါ်လာပေ။
戊、只有缘取著识心,名为“我是”的三种戏论法才会生起;不取著便不会生起。
〔 မှတ်ချက် ---- သုတ္တန်ဒေသနာတော်ကား မဆုံးသေးပါ။ ဤအရာတွင် မှတ်သားဖွယ်ရာ အချို့ကို ဆက်လက်၍ တင်ပြအပ်ပါသည်။ ---- က။ ပုထုဇန်သည် တန်ဆာဆင်ထားသော အမျိုးသား သို့မဟုတ် အမျိုးသ္မီးနှင့် တူ၏။
〔按:经文尚未结束,这里先说明几个应当注意之处:甲、凡夫如同喜爱装饰的男子或女子;
ခ။ ဥပါဒါနက္ခန္ဓာငါးပါးသည် မှန်အပြင်နှင့် တူ၏။
乙、五取蕴如同镜面;
ဂ။ တဏှာ-မာန-ဒိဋ္ဌိ ဖြစ်ခြင်းသည် မျက်နှာရိပ်နှင့် တူ၏။
丙、爱、慢、见的生起如同面影;
ဃ။ တဏှာ-မာန-ဒိဋ္ဌိ ဖြစ်သော် ငါပဲ သူပဲ ယောကျာ်းပဲ မိန်းမပဲ စသည်ဖြင့် စွဲလမ်းခြင်း အထူးသည်
丁、爱、慢、见生起以后,执著为‘是我、是他、是男子、是女子’等特殊取著,
မျက်နှာရိပ်ကို မှီ၍ ထင်လာသော အဆင်းစသည်နှင့် တူ၏။ ဤသို့လျှင် ဤသုတ္တန်ဒေသနာတော်၌
如同依面影而显现的颜色等。如此,在这部经中,
ဥပမာနှင့် ဥပမေယျကို နှီးနှောစပ်ဟပ်၍ ယူလေရာ၏။ (သံ-ဋီ-၂-၂၄၄။)
应当把譬喻与所喻相互配合起来理解。缅文出处原串:‘(သံ-ဋီ-၂-၂၄၄။)’(《相应部复注》2-244。)
မှန်ထဲတွင်ထင်လာသော ထိုမျက်နှာရိပ်သည် စင်ကြယ်သန့်ရှင်းလျက် ကြည်လင်တောက်ပနေသော ကြေးမုံ မှန်အပြင်ကို အစွဲပြု၍ ထင်ရှားလာ၏။ ထိုကြေးမုံမှန်အပြင်ကို ကြည့်ရှုသော် ကြေးမုံမှန်ထဲ၌ မိမိ၏ မျက်နှာရိပ်- သည်ပင် ထင်လာလေသလော၊ သူတစ်ပါး၏ မျက်နှာရိပ်သည်ပင် ထင်လာလေသလော၊ တစ်နည်းဆိုရသော် ထိုကြေးမုံပြင်မှန်ထဲ၌ထင်လာသော မျက်နှာရိပ်သည် မိမိလေလော သူတစ်ပါးလေလော၊ ဤသို့မေးရန် ရှိ၏။-- အဖြေ ---- အကယ်၍ ကြေးမုံမှန်အပြင်၌ ထင်လာသော မျက်နှာသည် မိမိဖြစ်ငြားအံ့၊ ကြေးမုံမှန်ကို ကြည့်နေသူ မိမိဘက်သို့ မျက်နှာမူ၍ တည်နေသော မျက်နှာရိပ်သည် မဖြစ်တန်ရာ = အကယ်၍ ကြေးမုံမှန်ကို ကြည့်သူ မိမိသည် အရှေ့ဘက်သို့ မျက်နှာမူ၍ မှန်၏ရှေ့တွင် ရပ်တည်နေငြားအံ့၊ ကြေးမုံမှန်အပြင်တွင် ထင်နေ- သော မျက်နှာရိပ်သည်လည်း မိမိသာ ဖြစ်ရိုးမှန်ပါက မိမိဘက်သို့ မျက်နှာမမူဘဲ အရှေ့ဘက်သို့သာ မျက်နှာမူ၍
镜中的面影缘依清净、明澈的镜面而显现。观察镜面时,镜中所现究竟是自己的面影,还是他人的面影?换句话说,镜中显现的面影是自己,还是他人?可以这样问。答:如果镜面所现的脸就是自己,它便不应面向正在照镜子的自己。假如照镜者面向东方站在镜前,而镜面所现的脸确实就是本人,那影像也应朝向东方,不应朝向本人;
တည်နေလေရာ၏။ ယခုမူကား မှန်ကိုကြည့်သူ မိမိဘက်သို့သာ မျက်နှာမူ၍ မျက်နှာရိပ်သည် ထင်လာပေသည်။
但现在,面影却面向照镜者而显现。
原书第 123 页
မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- သမ္မသနဉာဏ်ခန်း အကယ်၍ ကြေးမုံမှန်အပြင်၌ ထင်လာသော မျက်နှာရိပ်သည် ကြေးမုံမှန်ကိုကြည့်နေသူ မိမိ၏မျက်နှာရိပ် မဟုတ်ဘဲ သူတစ်ပါး၏ မျက်နှာရိပ်သည် ဖြစ်ငြားအံ့။ ထိုမျက်နှာရိပ်သည် မိမိနှင့် ရုပ်အဆင်း ပုံသဏ္ဌာန် စသည်- တို့ဖြင့် တူညီမှု မရှိသည်ဖြစ်၍ ထင်ရှားလာလေရာ၏။ ဆိုလိုသည်မှာ ထိုကြေးမုံမှန်အပြင်၌ ထင်လာသော မျက်နှာရိပ်သည် မိမိနှင့်တူသော အခြားသူတစ်ဦး၏ မျက်နှာရိပ်သည် အကယ်၍ ဖြစ်ငြားအံ့၊ ထိုသို့ဖြစ်သော်ကား တစ်စုံတစ်ခုသော မတူညီမှုသည် ဖြစ်သင့်လေရာ၏ = ချွတ်စွပ်ထားသကဲ့သို့ကား မတူညီနိုင်ဟု ဆိုလိုသည်။
如果镜面所现并非照镜者自己的面影,而是他人的面影,它就应在容貌、形状等方面与自己不同。也就是说,若镜中所现是另一个与自己相似者的面影,总应有某种差别,不可能丝毫不差。
ထိုကြောင့် ထိုကြေးမုံမှန်အပြင်၌ ထင်မြင်လာသော မျက်နှာရိပ်သည် ကြေးမုံမှန်ကို ကြည့်နေသူ မိမိ၏ မျက်နှာလည်း မဟုတ်၊ သူတစ်ပါး၏ မျက်နှာလည်း မဟုတ်၊ သို့သော် ကြေးမုံမှန်ကို အစွဲပြု၍ အမှီပြု၍ နိဘာသ ရူပ အမည်ရသော ထိုပုံတူ မျက်နှာရိပ်သည် ထင်ရှားလာ၏ဟု ဆရာမြတ်တို့ မိန့်ဆိုတော်မူကြကုန်၏။ ထိုသို့ ဖြစ်လျှင် ကြည်လင်သောရေ၌ ထင်လာသော မျက်နှာရိပ်သည် အဘယ်အကြောင်းကြောင့် ထင်လာပါသနည်းဟု မေးရန်ရှိ၏။ သမုတိသစ္စာနယ်မှ ရေဟု ခေါ်ဝေါ်သမုတ်ထားသော ဓာတ်ကြီးလေးပါးတို့၏ အထူးသဖြင့် သန့်ရှင်း စင်ကြယ်သောကြောင့်ဟု ဖြေဆိုလေရာ၏။ (သံ-ဋ္ဌ-၂-၂၈၃။ သံ-ဋီ-၂-၂၄၃-၂၄၄။) အသင်သူတော်ကောင်းကိုယ်တိုင် စဥ်းစားနှိုင်းချိန်နိုင်ရန် ဥပမာတစ်ရပ်ကို ထပ်မံ၍ တင်ပြအပ်ပါသည်။
因此,镜面所现的面影既不是照镜者自己的脸,也不是他人的脸;诸师说,它只是依止镜面而显现、名为‘映像色’的相似面影。那么,为什么清水中也会显现面影?答:因为在世俗谛中被称为‘水’的四大种特别清净明澈。缅文出处原串:‘(သံ-ဋ္ဌ-၂-၂၈၃။ သံ-ဋီ-၂-၂၄၃-၂၄၄။)’(《相应部义注》2-283;《相应部复注》2-243—244。)为了让禅修贤友自行思量,再举一个譬喻。
အကယ်၍ ကြေးမုံမှန်အပြင်၌ ထင်လာသော မျက်နှာရိပ်သည် မိမိဖြစ်ငြားအံ့ ၊ ထိုကြေးမုံမှန်အပြင်၌ ထင်လာသော မျက်နှာရိပ်ကို သေလောက်သော လက်နက်တစ်ခုခုဖြင့် ပစ်ခတ်ကြည့်ပါ။ ကြေးမုံမှန်သာ အစိတ်စိတ် အမြွှာမြွှာ ကွဲသွားလေရာသည်။ ကြေးမုံမှန်ကို ကြည့်နေသူ မိမိကား မသေနိုင်လေရာ။ ကြေးမုံမှန်အပြင်၌ ထင်လာသော မျက်နှာရိပ်သည် မိမိဖြစ်ရိုးမှန်ပါက မိမိလည်း သေလေရာ၏။ သို့သော် သေကား မသေ ဖြစ်ခဲ့၏။ အကယ်၍ မိမိနှင့်တူသူ အခြားတစ်စုံတစ်ယောက်၏ မျက်နှာဖြစ်ငြားအံ့ ၊ ထိုသို့ သေလောက်သော လက်နက်တစ်ခုခုဖြင့် ထိုကြေးမုံမှန်အပြင်၌ ထင်နေသော မျက်နှာရိပ်ကို ပစ်ခတ်လိုက်သောအခါ ထိုအခြားသူလည်း သေလေရာ၏။
如果镜面所现的面影就是自己,不妨用足以致命的武器射击它。那时只会把镜子击得粉碎,照镜者并不会死;若镜中面影确实就是自己,自己也应当死亡,但事实并非如此。若它是另一个与自己相似者的脸,用致命武器射击镜中面影时,那个人也应死亡,
သို့သော် သေကား မသေ ဖြစ်ခဲ့၏။ ထို့ကြောင့် ကြေးမုံမှန်အပြင်၌ ထင်လာသော မျက်နှာရိပ်သည် မိမိ၏ မျက်နှာလည်း မဟုတ်၊ သူတစ်ပါး၏ မျက်နှာလည်း မဟုတ်။ ကြေးမုံမှန်အပြင်ကို အမှီပြု၍ ထင်လာသော ပုံတူ မျက်နှာရိပ်တစ်မျိုးမျှသာ ဖြစ်သည်ဟု အဋ္ဌကထာဆရာမြတ်တို့က မိန့်ဆိုတော်မူကြခြင်း ဖြစ်ပေသည်။
但他也不会死亡。因此,镜面所现的面影既不是自己的脸,也不是他人的脸;义注诸师所说的,只是依止镜面而显现的一种相似面影。
အလားတူပင် ပရမတ္ထဉာဏ်ပညာမျက်စိမရှိသော ပုထုဇန်သည် ကြေးမုံမှန်အပြင်နှင့် တူသော ဥပါဒါန- က္ခန္ဓာငါးပါးကို ကြေးမုံမှန်အပြင်၌ ထင်လာသော မျက်နှာရိပ်နှင့်တူသော တဏှာ-မာန-ဒိဋ္ဌိတို့ဖြင့် ငါပဲ သူပဲ ယောကျာ်းပဲ မိန်းမပဲ စသည်ဖြင့် အမှားမှားအယွင်းယွင်း စွဲယူမိလေသည်။ ဥပါဒါနက္ခန္ဓာငါးပါးတို့ အပေါ်၌ တဏှာ-မာန-ဒိဋ္ဌိတို့ ဖြစ်ပေါ်လာပေသည်။ သုတ္တန်ကို ဆက်ဖတ်ပါ။ 〕 ငါ့ရှင် အာနန္ဒာ …ထို ငါမေးမည့် အကြောင်းအရာကို ငါ့ရှင်သည် အဘယ်သို့ အောက်မေ့မှတ်ထင် ယူဆလေသနည်း။
同样,没有胜义智之眼的凡夫,以如镜中面影般的爱、慢、见,对如镜面般的五取蕴生起颠倒执著,认作‘是我、是他、是男子、是女子’等。爱、慢、见便在五取蕴上生起。请继续读经。〕‘阿难贤友,对于我要问的这件事,你以为如何?
၁။ ရုပ်တရားသည် နိစ္စလေလော၊ အနိစ္စလေလော၊ အနိစ္စပါ အရှင်ဘုရား။
一、色法是常还是无常?’‘无常,尊者。’
၂။ ငါ့ရှင် …ဝေဒနာသည်။
二、‘阿难贤友,受呢?’
၃။ သညာသည်။
三、‘想呢?’
၄။ စေတသိက် သင်္ခါရတရားတို့သည်။
四、‘诸心所行呢?’
၅။ အသိစိတ် = ဝိညာဏ်သည် နိစ္စလေလော၊ အနိစ္စလေလော။ အနိစ္စပါ အရှင်ဘုရား။
五、‘识心是常还是无常?’‘无常,尊者。’
ငါ့ရှင် …ဥပါဒါနက္ခန္ဓာငါးပါးတို့သည် ထိုသို့ အနိစ္စ (ဒုက္ခ-အနတ္တ) ဖြစ်သောကြောင့် ငါ့ရှင်သည် ---- ၁။ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော အလုံးစုံသော ရုပ်တရားသည်လည်းကောင်း၊ အဇ္ဈတ္တမူလည်းဖြစ်သော ဗဟိဒ္ဓမူလည်းဖြစ်သော အလုံးစုံသော ရုပ်တရားသည်လည်းကောင်း၊ ရုန့်ရင်းကြမ်းတမ်းသော သြဠာရိကမူလည်း
阿难贤友,因为五取蕴就是这样无常〔苦、无我〕,所以凡一切色,无论过去、未来、现在,内或外,粗或
原书第 124 页
ဖြစ်သော သိမ်မွေ့နုညံ့သော သုခုမမူလည်းဖြစ်သော အလုံးစုံသော ရုပ်တရားသည်လည်းကောင်း၊ ယုတ်ညံ့သော ဟီနမူလည်းဖြစ်သော မွန်မြတ်သော ပဏီတမူလည်းဖြစ်သော အလုံးစုံသော ရုပ်တရားသည်လည်းကောင်း၊ ဝေးသော ဒူရမူလည်းဖြစ်သော နီးသော သန္တိကမူလည်းဖြစ်သော အလုံးစုံသော ရုပ်တရားသည်လည်းကောင်း ရှိချေ၏။ ဤ (၁၁) မျိုးသော အခြင်းအရာအားဖြင့်တည်နေသော အလုံးစုံသော ရုပ်တရားကို ---- က။ နေတံ မမ = ဤရုပ်တရားသည် ငါ၏ရုပ်တရားမဟုတ်။
细,劣或胜,远或近;对于依这十一种行相而存在的一切色,都应当观为:甲、‘这色法不是我的’;
ခ။ နေသောဟမသ္မိ = ဤရုပ်တရားသည် ငါမဟုတ်။
乙、‘这色法不是我’;
ဂ။ နမေသော အတ္တာ = ဤရုပ်တရားသည် ငါ၏အတ္တမဟုတ်။
丙、‘这色法不是我的自我’。
ဤသို့လျှင် ဤအလုံးစုံသော ရုပ်တရားကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ရုပ်တုံး ရုပ်ခဲ နာမ်တုံးနာမ်ခဲ ဖြိုခွဲဖောက်ထွင်း ဝိပဿနာဉာဏ်အလင်းဓာတ် = ဝိပဿနာဉာဏ်ပညာဖြင့် ရှုပါ။ ပ ။
应当以破除色聚、名聚之密集的观慧,如实观照这一切色法。……(中略)……
၂။ ဤ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော အလုံးစုံသော ဝေဒနာတရားကို။ ပ ။
二、对于依十一种行相而存在的一切受……(中略)……
၃။ ဤ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော အလုံးစုံသော သညာ တရားကို ။ ပ ။
三、对于依十一种行相而存在的一切想……(中略)……
၄။ ဤ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော အလုံးစုံသောစေတသိက်သင်္ခါရတရားတို့ကို။ပ။
四、对于依十一种行相而存在的一切心所行……(中略)……
၅။ ဤ (၁၁)မျိုးသော အခြင်းအရာအားဖြင့်တည်နေသော အလုံးစုံသောအသိစိတ် = ဝိညာဏ်တရားကို -- က။ နေတံ မမ = ဤအသိစိတ် = ဝိညာဏ်တရားသည် ငါ၏အသိစိတ် = ဝိညာဏ်တရားမဟုတ်။
五、对于依十一种行相而存在的一切识心,应当观为:甲、‘这识心不是我的识心’;
ခ။ နေသောဟမသ္မိ = ဤအသိစိတ် = ဝိညာဏ်တရားသည် ငါမဟုတ်။
乙、‘这识心不是我’;
ဂ။ နမေသော အတ္တာ = ဤအသိစိတ် = ဝိညာဏ်တရားသည် ငါ၏အတ္တမဟုတ်။
丙、‘这识心不是我的自我’。
ဤသို့လျှင် အလုံးစုံသော အသိစိတ် = ဝိညာဏ်တရားကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲ ဖြိုခွဲဖောက်ထွင်း ဝိပဿနာဉာဏ်အလင်းဓာတ် = ဝိပဿနာဉာဏ်ပညာဖြင့် ရှုပါ။
应当以破除色聚、名聚之密集的观慧,如实观照这一切识心。
ဤသို့ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာငါးပါးတို့၏ အနိစ္စအချက် ဒုက္ခ အချက် အနတ္တအချက်တို့ကို ဝိပဿနာပညာ မဂ်ပညာဖြင့် ရှုမြင်သော။ ပ ။ ဤမဂ်ကိစ္စအလို့ငှာ တစ်ပါးသော ပြုဖွယ်ကိစ္စသည် မရှိပြီဟု သိ၏ဟု ဆုံးမ၏။
这样,以观慧与道慧照见依十一种行相而存在的五取蕴之无常、苦、无我……(中略)……便了知:‘为了这一道业,再没有其他应作之事。’富楼那尊者如此教导。
ငါ့ရှင်တို့ …မန္တာဏီပုဏ္ဏေးမ၏ သားဖြစ်တော်မူသော ပုဏ္ဏအမည်ရှိတော်မူသော အရှင်မြတ်သည် သီတင်းငယ်ဖြစ်ကြကုန်သော တပည့်တော်တို့အား အလွန်ကျေးဇူးများလှ၏။ ထိုအရှင်မြတ်သည် တပည့်တော်တို့ကို ဤအဆုံးအမ ဒေသနာတော်ဖြင့် ဆိုဆုံးမတော်မူ၏။ မန္တာဏီပုဏ္ဏေးမ၏ သားဖြစ်တော်မူသော အရှင်ပုဏ္ဏ မထေရ်မြတ်၏ ဤတရားဒေသနာတော်ကို ကြားနာရ၍ တပည့်တော်သည် သစ္စာလေးရပ်တရားမြတ်ကို သောတာပတ္တိမဂ်ဉာဏ်ဖြင့် ထိုးထွင်းသိမြင်တော်မူပါပေ၏။ (သံ-၂-၈၆-၈၇။) ဤဒေသနာတော်မှာလည်း တေပရိဝဋ္ဋဓမ္မဒေသနာတော်ပင် ဖြစ်၏။ ဝိပဿနာပိုင်း ဝိပဿနာရှုကွက်တွင် အနတ္တလက္ခဏသုတ္တန် ဒေသနာတော်မြတ်နှင့် ပုံစံတူပင် ဖြစ်ပေသည်။ အလားတူပင် ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် တစ်လျှောက်၌ ဤကဲ့သို့သော ကလာပသမ္မသနဝိပဿနာရှုနည်း တေပရိဝဋ္ဋဓမ္မဒေသနာတော်နည်းဖြင့် ဝိပ- ဿနာ ရှုပွားသုံးသပ်တော်မူကြသဖြင့် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သွားတော်မူကြသော ရှေးထုံးဟောင်း
贤友们,曼多尼婆罗门女之子富楼那尊者,在我们还是新学弟子时给过我们极大帮助;他以这项教诲教导我们。我听闻富楼那长老这项法教以后,以入流道智通达了四圣谛。缅文出处原串:‘(သံ-၂-၈၆-၈၇။)’(《相应部》2-86—87。)这也是三轮法教;其观禅部分与《无我相经》完全同型。在《蕴品相应》中,也有许多古例:修行者依这种聚思惟与三轮法教修观,证达阿罗汉果。
များသည် များစွာပင် လာရှိပေသည်။ အထက်တွင် ဖော်ပြထားသော အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလဒာန် အရှင်ပုဏ္ဏ အရှင်အာနန္ဒာ ပဉ္စဝဂ္ဂီရဟန်းတော်များ စသည့် သာသနာတော်၌ နေလအသွင် အလွန်ထင်ရှားတော် မူကြသော မထေရ်ကြီး မထေရ်ကျော် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မော်တို့ကား ပဋိသမ္ဘိဒါလေးပါးသို့ ရောက်ရှိတော်မူ ကြသော ပဋိသမ္ဘိဒါဉာဏ်ကို ရရှိတော်မူကြသည့် အရှင်မြတ်ကြီးတို့ ဖြစ်တော်မူကြ၏။ ပဋိသမ္ဘိဒါဉာဏ်ကို ရရှိ
上文所说的舍利弗、摩诃目犍连、富楼那、阿难、五比丘等大长老,都是在教法中如日月般极其著名的卓越人物;他们证得四无碍解,都是已经——
原书第 125 页
မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- သမ္မသနဉာဏ်ခန်း တော်မူကြသည့် ပုဂ္ဂိုလ်မြတ်ကြီးတို့၏ ပဋိသမ္ဘိဒါဉာဏ်များ၏ သန့်ရှင်းစင်ကြယ်ရခြင်း၏ အကြောင်းရင်း ငါး ရပ်ကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဒုတိယတွဲ စာမျက်နှာ (၇၂) ၌ ရှင်းလင်း တင်ပြထားတော်မူ၏။ ထိုတွင် အမှတ် (၅) အင်္ဂါရပ်မှာ အောက်ပါအတိုင်း ဖြစ်၏။ ---- ပုဗ္ဗယောဂေါ နာမ ပုဗ္ဗဗုဒ္ဓါနံ သာသနေ ဂတပစ္စာဂတိကဘာဝေန ယာဝ အနုလောမံ ဂေါတြဘုသမီပံ၊ တာဝ ဝိပဿနာနုယောဂေါ။ (ဝိသုဒ္ဓိ-၂-၇၂။) အထက်ပါ အဋ္ဌကထာ၏ ဖွင့်ဆိုတော်မူချက်နှင့်အညီ ပဋိသမ္ဘိဒါပတ္တ = ပဋိသမ္ဘိဒါဉာဏ်သို့ ရောက်ရှိတော် မူကြသော ရဟန္တာမထေရ်မြတ်ကြီးတို့ကား ရှေးရှေးဘုရားရှင်တို့၏ သာသနာတော်မြတ်အတွင်း၌ ဆွမ်းခံသွားရာ၌ ကမ္မဋ္ဌာန်းကိုဆောင်ခြင်း၊ ဆွမ်းခံရွာမှ ပြန်ကြွလာရာ၌ ကမ္မဋ္ဌာန်းကို ဆောင်ခြင်းတည်းဟူသော ဂတပစ္စာဂတိက ဝတ်ကို ဖြည့်ကျင့်တော်မူလျက် ဂေါတြဘုဉာဏ်၏အနီးဖြစ်သော အနုလောမအမည်ရသော သင်္ခါရုပေက္ခာဉာဏ်
——获得无碍解智的大阿罗汉长老。《清净之道》义注第二册第72页说明了使这些圣者的无碍解智得以清净的五种原因;其中第五项如下。巴利义注原文(缅文字体):‘ပုဗ္ဗယောဂေါ နာမ ပုဗ္ဗဗုဒ္ဓါနံ သာသနေ ဂတပစ္စာဂတိကဘာဝေန ယာဝ အနုလောမံ ဂေါတြဘုသမီပံ၊ တာဝ ဝိပဿနာနုယောဂေါ။ (ဝိသုဒ္ဓိ-၂-၇၂။)’译:‘所谓宿行,是在过去诸佛的教法中,实行往返业处行持,修习观禅直到邻近种姓智的随顺。’依这项义注解释,已经到达无碍解智的大阿罗汉长老,在过去诸佛的教法中,履行往返业处行持:前往托钵时摄持业处,从托钵村返回时也摄持业处;他们曾修习观禅,直到邻近种姓智、名为随顺的行舍智。
သို့တိုင်အောင် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပွားများအားထုတ်ခဲ့ဖူးသူ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကြီးတို့ ဖြစ်တော်မူကြ၏။ ဤအချက်ကိုကား အသင်သူတော်ကောင်းသည် အထူးသတိပြု၍ မှတ်သားထားသင့်ပေသည်။
禅修贤友应当特别留意并记住这一点。
တစ်ဖန် ပုဗ္ဗယောဂရှိပြီးသူ သူတော်ကောင်းကြီးတို့နှင့် ပုဗ္ဗယောဂ မရှိသူ သူတော်ကောင်းတို့ကို ဝိပဿနာ နယ်ပယ်၌ တန်းတူထား၍ မဝေဖန် မသုံးသပ်ထိုက်သည်ကိုလည်း အထူးသတိပြု၍ မှတ်သားထားသင့်ပေသည်။
还应特别留意:在观禅领域,不应把具有宿行的善人和没有宿行的善人放在同一层次上评判。
တစ်ဖန် နိဒါနဝဂ္ဂသံယုတ်ပါဠိတော်တစ်လျှောက်၌လည်း ပဋိစ္စသမုပ္ပါဒ်အင်္ဂါ (၁၂)ရပ်တို့ကို ကလာပ သမ္မသနနည်းအရ ခြုံငုံ၍ ဝိပဿနာရှုပွားသုံးသပ်ပုံ နည်းစနစ်များကို ဘုရားရှင်သည် ကြိမ်ဖန်များစွာ ဟောကြား ထားတော်မူခဲ့၏။ ဘုရားရှင်၏ မဟာဝဇိရဝိပဿနာဉာဏ်တော်မြတ်ကြီးသည်လည်း စကြဝဠာကုဋေတစ်သိန်းဖြင့် ပိုင်းခြားအပ်သော နယ်မြေအတွင်း၌ အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါး အဇ္ဈတ္တ ဗဟိဒ္ဓဟူသော သန္တာန်နှစ်ပါးအတွင်း၌ တည်ရှိကြသော ပဋိစ္စသမုပ္ပါဒ်အင်္ဂါ (၁၂)ရပ်တို့ကို ကလာပသမ္မသနနည်းအားဖြင့် ပေါင်းစုခြုံငုံ၍ လက္ခဏာယာဥ်သုံးချက်တင်ကာ ဝိပဿနာရှုပွားသုံးသပ်တော်မူသော ဉာဏ်တော်မြတ်ကြီးပင် ဖြစ်တော်မူပေသည်။ (မ-ဋီ-၃-၂၇၅-ကြည့်ပါ။) ယင်းပဋိစ္စသမုပ္ပါဒ်အင်္ဂါ (၁၂)ရပ်ဟူသည်မှာလည်း အဘိဓမ္မာဉာဏ်ပညာမျက်စိဖြင့် ခွဲခြားစိတ်ဖြာ၍ ကြည့်ခဲ့သော် အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါး၊ အဇ္ဈတ္တ ဗဟိဒ္ဓ ဟူသော သန္တာန်နှစ်ပါးအတွင်း၌
此外,在《因缘品相应》各处,佛陀也反复教示:以聚思惟法总摄缘起十二支而修观。佛陀的大金刚观智,能在十万俱胝世界的范围内,把过去、未来、现在三时和内、外两相续中的缘起十二支汇集、总摄起来,轮番安立三相而修观。缅文出处原串:‘(မ-ဋီ-၃-၂၇၅-ကြည့်ပါ။)’(参见《中部复注》3-275。)若以阿毗达磨智之眼分析,这十二缘起支也不过是在三时、内外两相续中存在的——
တည်ရှိသော ရုပ်တရားနာမ်တရား အစုအပုံမျှသာ ဖြစ်ပေသည်။ ဥပါဒါနက္ခန္ဓာငါးပါးတို့သာ ဖြစ်ကြသည်။
——色法与名法的聚集,只是五取蕴。
အလားတူပင် သဠာယတနဝဂ္ဂသံယုတ် ပါဠိတော်တစ်လျှောက်၌လည်း ဒုက္ခသစ္စာ သမုဒယသစ္စာ အမည် ရသည့် ပရမတ္ထဓာတ်သားတို့ကို အာယတန (၁၂)ပါးနည်းအားဖြင့် (၁၂)ပုံ ပုံ၍၊ ဓာတ် (၁၈)ပါးနည်းအားဖြင့် (၁၈)ပုံ ပုံ၍ ကလာပသမ္မသနနည်းဖြင့် ပေါင်းစုခြုံငုံ၍ ဝိပဿနာရှုပွားသုံးသပ်တော်မူသဖြင့် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူသွားကြသော ရှေးဟောင်းထုံးများလည်း များစွာပင် လာရှိပေသည်။ ထိုကြောင့် ---- အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ သြဠာရိက သုခုမ ဟီန ပဏီတ ဒူရ သန္တိက ဟူသော (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ---- ၁။ ရူပက္ခန္ဓာကို၊ ၂။ ဝေဒနာက္ခန္ဓာကို၊ ၃။ သညာက္ခန္ဓာကို၊ ၄။ သင်္ခါရက္ခန္ဓာကို၊ ၅။ ဝိညာဏက္ခန္ဓာကို ---
同样,在《六处品相应》各处也有许多古例:把名为苦谛、集谛的胜义界法,依十二处法分成十二类,依十八界法分成十八类,再以聚思惟法汇集总摄而修观,最后证达阿罗汉果。因此,对于依过去、未来、现在、内、外、粗、细、劣、胜、远、近十一种行相而存在的:一、色蕴;二、受蕴;三、想蕴;四、行蕴;五、识蕴——
原书第 126 页
အသီးအသီး လက္ခဏာယာဥ်သုံးချက် တစ်လှည့်စီတင်၍ ဝိပဿနာရှုပွားသုံးသပ်ရသော ခန္ဓာငါးပါးနည်း အားဖြင့် ဝိပဿနာရှုနည်း၊ အတိတ် အနာဂတ် ပစ္စုပ္ပန်စသည့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ၁။ ရုပ်တရားကို၊ ၂။ နာမ်တရားကို ---- အသီးအသီး လက္ခဏာယာဥ်သုံးချက် တစ်လှည့်စီတင်၍ ဝိပဿနာရှုပွားသုံးသပ်ရသော ရုပ်နာမ် (၂)ပါး- နည်းအားဖြင့် ဝိပဿနာရှုနည်း၊ အာယတန (၁၂)ပါးနည်းအားဖြင့် ဝိပဿနာရှုနည်း၊ ဓာတ် (၁၈)ပါးနည်းအားဖြင့် ဝိပဿနာရှုနည်းစသော ထိုထိုကလာပသမ္မသနဝိပဿနာရှုနည်းများသည် ရွှေပြည်နိဗ္ဗာန်သို့ ဝင်စံခိုလှုံသွား တော်မူကြကုန်သော ရှေးရှေး အရိယာသူတော်ကောင်းကြီးတို့၏ နိဗ္ဗာန်သို့ ကြွသွားတော်မူရာ လမ်းရိုး လမ်း ဟောင်းကြီးသာ ဖြစ်ပေသည်ဟု ယုံကြည်လေးနက် ထက်မြက်စူးရှသော သဒ္ဓါတရား၊ ခိုင်မြဲသော သတိတရား ဖြင့် ရိုသေစွာ မှတ်သားနာယူလေရာသည်။
——分别轮番安立三相而修观,这是五蕴法;对于依过去、未来、现在等十一种行相而存在的色法与名法,分别轮番安立三相而修观,这是色名二法;此外还有十二处法、十八界法等各种聚思惟观法。这些都是往昔圣者趣入涅槃的古老大道。应当以深切、锐利的信,以及坚定的念,恭敬领受并牢记。
ထိုလမ်းရိုး လမ်းဟောင်းကြီး၌ ---- ၁။ အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါး၊ အဇ္ဈတ္တ ဗဟိဒ္ဓဟူသော သန္တာန်နှစ်ပါးအတွင်း၌ တည်ရှိသော ရုပ်တရားတို့ကို ခြုံငုံ၍ သိမ်းဆည်းနိုင်သောအခါ = ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သောအခါ ---- ''ရုပ် ရုပ်'' ဟု ဖြစ်စေ၊ ''ရုပ်တရား ရုပ်တရား'' ဟု ဖြစ်စေ ရှုရ၏။
在这条古老大道上:一、能够总摄、摄取三时和内外两相续中的色法,也就是能够以智分别时,便观‘色、色’,或‘色法、色法’。
၂။ ယင်းကာလသုံးပါး၊ သန္တာန်နှစ်ပါးအတွင်း၌ တည်ရှိသော နာမ်တရားတို့ကို အာယတနဒွါရအလိုက် ခြုံငုံ၍ သိမ်းဆည်းနိုင်သောအခါ = ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သောအခါ ---- ''နာမ် နာမ်'' ဟု ဖြစ်စေ၊ ''နာမ်တရား နာမ်တရား''ဟု ဖြစ်စေ ရှုရ၏။
二、能够依处门总摄、摄取三时和内外两相续中的名法,也就是能够以智分别时,便观‘名、名’,或‘名法、名法’。
၃။ တစ်ဖန် ယင်းရုပ်တရားနာမ်တရားတို့ကို နှစ်ဖို့နှစ်စုပြု၍ ရုပ်နာမ်တို့ကို သိမ်းဆည်းသောအခါ = ဉာဏ်ဖြင့် ပိုင်းခြားယူသောအခါ ---- ''ရုပ်တရား နာမ်တရား'' ဟု ရှုရ၏။
三、把这些色法与名法分成两类,摄取色名、以智分别时,便观‘色法、名法’。
၄။ တစ်ဖန် ယင်းရုပ်တရား နာမ်တရားတို့၌ ပုဂ္ဂိုလ် သတ္တဝါ လူနတ်ဗြဟ္မာ အသက်ကောင် လိပ်ပြာကောင် ဝိညာဏ်ကောင် အတ္တကောင် မရှိမှုသဘော ရုပ်နာမ်မှ အလွတ်ဖြစ်သော ပုဂ္ဂိုလ်သတ္တဝါ လူနတ်ဗြဟ္မာ အသက် ကောင် လိပ်ပြာကောင် ဝိညာဏ်ကောင် အတ္တကောင် မရှိမှုသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ရုပ်နာမ် တို့ကို ပိုင်းခြားမှတ်သားရာ နာမရူပဝဝတ္ထာနဉာဏ်ပိုင်း၌ ---- ''ပုဂ္ဂိုလ် သတ္တဝါ လူနတ် ဗြဟ္မာ ဇီဝ အတ္တ မရှိ၊ ရုပ်နာမ် မျှသာ ရှိ၏'' ဟု ရှုရ၏။
四、在名色分别智阶段,应以智照见:这些色名中没有人、众生、人类、天、梵天、生命、灵魂、识主体或自我;离开色名,也没有任何这样的人或自我。应当观:‘没有人、众生、人类、天、梵天、命、自我;只有色名。’
၅။ ယင်းကာလသုံးပါး၊ သန္တာန်နှစ်ပါးအတွင်း၌တည်ရှိသော ရုပ်တရားနာမ်တရားတို့၏ အကြောင်းတရားတို့ကို သိမ်းဆည်းနိုင်သောအခါ = ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သောအခါ ---- ''အကြောင်းတရား အကျိုးတရား'' ဟု ရှုရ၏။
五、能够摄取三时和内外两相续中色名诸法的因,也就是能够以智分别时,便观‘因法、果法’。
၆။ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်းအားဖြင့် ရုပ်နာမ်တို့ကို သိမ်းဆည်းရာ ဉာဏ်ဖြင့် ပိုင်းခြားယူရာ အပိုင်း၌ကား လက္ခဏာဒိစတုက္ကပိုင်းတွင် ဉာဏ်ဖြင့် ပိုင်းခြားယူရန် ရေးသားတင်ပြခဲ့သည့်အတိုင်း သိမ်းဆည်း ရှုပွားရ၏။
六、依特相、作用、现起、近因四法摄取色名、以智分别时,应当依前文‘特相等四法’部分所说的方法摄取并观修。
原书第 127 页
မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- သမ္မသနဉာဏ်ခန်း ၇။ ဝိပဿနာပိုင်းသို့ ရောက်ရှိလာသော အခါ၌မူကား ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်ကြကုန်သော ဒုက္ခသစ္စာ သမုဒယသစ္စာအမည်ရသည့် ယင်းပရမတ္ထဓာတ်သား သင်္ခါရတရားတို့ကို ---- (က) ရုပ်နာမ်နှစ်ပါးနည်းဖြင့် နှစ်ပုံ ပုံ၍ ဖြစ်စေ၊ ( ခ ) ခန္ဓာငါးပါးနည်းဖြင့် ငါးပုံ ပုံ၍ ဖြစ်စေ၊ ( ဂ ) အာယတန (၁၂)ပါးနည်းဖြင့် (၁၂)ပုံ ပုံ၍ ဖြစ်စေ၊ (ဃ) ဓာတ် (၁၈)ပါးနည်းဖြင့် (၁၈)ပုံ ပုံ၍ ဖြစ်စေ၊ ( င ) ပဋိစ္စသမုပ္ပါဒ်နည်းဖြင့် ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့ကို (၁၂)ပုံ ပုံ၍ ဖြစ်စေ --- ဤသို့စသော နည်းအမျိုးမျိုးတို့ဖြင့် ဝိပဿနာရှုသောအခါ ယင်းသင်္ခါရတရားတို့တွင် အတိတ် အနာဂတ် ပစ္စုပ္ပန်စသည့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ရုပ်တရား၏ ---- (က) ဖြစ်ခြင်း ပျက်ခြင်းသဘောကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ယင်းရုပ်တရားကို ရံခါ အနိစ္စဟု
七、到了观禅阶段,作为观智所缘、名为苦谛与集谛的这些胜义界行法,可以依色名二法分成两类,依五蕴法分成五类,依十二处法分成十二类,依十八界法分成十八类,或依缘起法把缘起支分成十二类等,以各种方法修观。对于这些行法中依过去、未来、现在等十一种行相而存在的色法:甲、以观智照见其生灭,间或观为无常;
လည်းကောင်း၊ ( ခ ) ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် ညှဥ်ပန်းနှိပ်စက်ခံရမှု သဘောကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ယင်းရုပ်တရားကို ရံခါ ဒုက္ခဟု လည်းကောင်း၊ ( ဂ ) မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေသည့် အတ္တမဟုတ်သည့်သဘောကို
乙、以观智照见它不断受到生灭逼迫,间或观为苦;丙、以观智照见它不是不坏、坚实、固定而有核心实质的自我,
အတ္တမရှိမှုသဘောကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ရံခါ အနတ္တဟု လည်းကောင်း ----
照见其无我,间或观为无我。
ဤသို့ အသီးအသီး ဝိပဿနာရှုရ၏။
应当这样分别修观。
အလားတူပင် အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓစသည့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော နာမ်တရားကိုလည်း ---- (က) ရံခါ အနိစ္စ ဟုလည်းကောင်း၊ ( ခ ) ရံခါ ဒုက္ခ ဟုလည်းကောင်း၊ ( ဂ ) ရံခါ အနတ္တ ဟုလည်းကောင်း --- ဤသို့ အသီးအသီး ဝိပဿနာရှုရ၏။ ခန္ဓာငါးပါးနည်း စသည်တို့၌လည်း နည်းတူပင် သဘောပေါက်ပါ။
同样,对于依过去、未来、现在、内、外等十一种行相而存在的名法,也应间或观为无常、间或观为苦、间或观为无我,逐一修观。五蕴法等也应以同样方式理解。
ဤရှုကွက်ကို တစ်နည်းတစ်ဖုံအားဖြင့် သဘောပေါက်အောင် ထပ်မံ၍ ဆိုရသော် ဤသို့ ဖြစ်၏။ ---- (က) ရံခါ အဇ္ဈတ္တ ရုပ်တရားကို လက္ခဏာယာဥ်သုံးချက် တစ်လှည့်စီတင်၍ ရှုပါ။
换一种方式说明这组观法:甲、间或对内色法轮番安立三相而观;
( ခ ) ရံခါ ဗဟိဒ္ဓ ရုပ်တရားကို လက္ခဏာယာဥ်သုံးချက် တစ်လှည့်စီတင်၍ ရှုပါ။
乙、间或对外色法轮番安立三相而观;
( ဂ ) ရံခါ အဇ္ဈတ္တ နာမ်တရားကို လက္ခဏာယာဥ်သုံးချက် တစ်လှည့်စီတင်၍ ရှုပါ။
丙、间或对内名法轮番安立三相而观;
(ဃ) ရံခါ ဗဟိဒ္ဓ နာမ်တရားကို လက္ခဏာယာဥ်သုံးချက် တစ်လှည့်စီတင်၍ ရှုပါ။
丁、间或对外名法轮番安立三相而观。
ပစ္စုပ္ပန်၌ ဝိပဿနာရှုသကဲ့သို့ အတိတ်၌လည်းကောင်း၊ အနာဂတ်၌လည်းကောင်း နည်းတူပင် ဝိပဿနာ ရှုပါ။ ဤကား ဘုရားရှင်၏ လက်ထက်တော်မှ မူမပျက် ဆင်းသက်လာသော ဝိပဿနာ လမ်းရိုးလမ်းဟောင်း ကြီးပင် ဖြစ်ပေသည်။
如同观照现在,也应以同样方法观照过去与未来。这就是从佛陀时代原样传承下来的观禅古老大道。
အသိဉာဏ်၌ မထင်လာသောတရားများ
智中未显现的诸法
ဤအရာဝယ် အချို့အချို့သော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်တို့က ''အသိဉာဏ်၌ ထင်မှသာ ရှုလို့ရ၏၊ မထင်လျှင် ဘယ်လိုလုပ် ရှုမလဲ'' စသည်ဖြင့် မေးမြန်းတတ်ကြပြန်၏။ အကြောင်းပြတတ်ကြပြန်၏။
在这里,有些禅修者常会问,或提出理由说:‘只有在智中显现的法才观得到;若不显现,怎么观呢?’
原书第 128 页
ဘုရားရှင်သည် ရုပ်ကမ္မဋ္ဌာန်းကို ဟောကြားတော်မူရာဝယ် ဓာတ်ကမ္မဋ္ဌာန်း အကျဥ်းနည်း၊ ဓာတ်ကမ္မဋ္ဌာန်း အကျယ်နည်းဟု နှစ်နည်းသာ ဟောကြားထားတော်မူသဖြင့် ဓာတ်ကမ္မဋ္ဌာန်း အကျဥ်းနည်းဖြင့်ဖြစ်စေ၊ ဓာတ်- ကမ္မဋ္ဌာန်း အကျယ်နည်းဖြင့်ဖြစ်စေ၊ နှစ်နည်းလုံးဖြင့်ဖြစ်စေ ဓာတ်ကြီးလေးပါးကို ဃနအသီးအသီး ပြိုအောင် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ရှုပွားသိမ်းဆည်းတတ်ပြီး = ဉာဏ်ဖြင့် ပိုင်းခြားယူထားတတ်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်အဖို့ ဤအဆင့်သို့ ဆိုက်ရောက်လာပါက ဓာတ်ကြီးလေးပါးကို ပြည်တည်၍ သိမ်းဆည်း ရှုပွားပါက မိမိဝိပဿနာရှုပွားလိုသော ရုပ်တရားတို့ကို အလွယ်တကူ ဝိပဿနာ ရှုပွားသုံးသပ်နိုင်မည်သာ ဖြစ်၏။
佛陀教示色业处时,只说了界业处略法与界业处详法两种。禅修者若能依略法、详法或两法兼用,破除四大种各自的密集,摄取、以智分别四大种直到胜义;到这一阶段,只要重新建立并摄取四大种,便能轻易把自己想作为观禅所缘的诸色法拿来修观、思惟。
တစ်ဖန် ဆိုင်ရာဆိုင်ရာ ဝတ္ထု = ဒွါရနှင့် အာရုံတို့ကို ပူးတွဲကာ သိမ်းဆည်းနိုင်သော = ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်အဖို့ မည်သည့် နာမ်တရားကိုမဆို ဝိပဿနာ ရှုပွားသုံးသပ်လိုသော အချိန်တွင် အချိန်မရွေး ဝိပဿနာရှုနိုင်မည်သာ ဖြစ်၏။ ဝတ္ထု = ဒွါရ၊ အာရုံ၊ အာလောက၊ မနသိကာရစသော ထိုထို ဆိုင်ရာဆိုင်ရာ အကြောင်းတရားများ စုံညီပါက ထိုထို ဆိုင်ရာဆိုင်ရာ နာမ်တရားတို့သည် ဖြစ်ရိုးဓမ္မတာပင် ရှိကြ၏။ ထိုတွင် ယောနိသောမနသိကာရနှင့် အယောနိသောမနသိကာရ အားလျော်စွာ ကုသိုလ်ဇော သို့မဟုတ် အကုသိုလ်ဇောဟူသော ဇောတို့သည် ထိုက်သလို စောကြမည် ဖြစ်သည်။ ဤသည့်သဘောတရားကိုပင် ရည်ရွယ် တော်မူ၍ မဟာဋီကာဆရာတော်က အောက်ပါအတိုင်း ဖွင့်ဆိုရေးသားသွားတော်မူပေသည်။
同样,能够把各自的依处〔门〕与所缘配合起来摄取、以智分别的禅修者,无论何时想观哪一种名法,都能随时修观。依处〔门〕、所缘、光明、作意等相关因缘具足时,相应的名法自会依法生起;依如理作意或不如理作意,善速行或不善速行也会相应生起。《大复注》正是针对这一原理作如下解释。
ပစ္ဆာ ပန အနုပဋ္ဌဟန္တေပိ ဥပါယေန ဥပဋ္ဌဟာပေတွာ အနဝသေသတောဝ သမ္မသိတဗ္ဗာ။
巴利《大复注》原文(缅文字体):‘ပစ္ဆာ ပန အနုပဋ္ဌဟန္တေပိ ဥပါယေန ဥပဋ္ဌဟာပေတွာ အနဝသေသတောဝ သမ္မသိတဗ္ဗာ။’译:‘后来,即使那些法尚未显现,也应当运用方法使其显现,再无一遗漏地加以思惟。’
(မဟာဋီ-၂-၃၉၁။)
缅文出处原串:‘(မဟာဋီ-၂-၃၉၁။)’(《大复注》2-391。)
= ဝိပဿနာပိုင်းသို့ ရောက်သစ်စဖြစ်သော ယောဂါဝစရပုဂ္ဂိုလ်သည် ဝိပဿနာအစပိုင်းတွင် ထင်ရှားရာ လွယ်ကူရာ ရုပ်နာမ်ကစ၍ ဝိပဿနာရှုရသော်လည်း နောက်ပိုင်းတွင်ကား အသိဉာဏ်၌ မထင်လာမမြင်လာ- သေးသော ရုပ်တရား နာမ်တရားတို့ကိုလည်း အကြောင်း ဥပါယ်တံမျဥ်ဖြင့် အသိဉာဏ်၌ ထင်လာမြင်လာအောင် ပြု၍ အကြွင်းအကျန်မရှိ ကုန်စင်အောင်သာလျှင် ရုပ်တရား နာမ်တရားတို့ကို ဝိပဿနာ ရှုပွားသုံးသပ်ပါလေ။
也就是说,刚进入观禅阶段的禅修者,起初虽从明显、容易的色名法开始修观,后来仍须运用适当方法,使尚未在智中显现、尚未被见到的色名法显现出来,再把色名法毫无遗漏地全部修观、思惟。
(မဟာဋီ-၂-၃၉၁။)
缅文出处原串:‘(မဟာဋီ-၂-၃၉၁။)’(《大复注》2-391。)
ဤဖွင့်ဆိုချက်နှင့် ပတ်သက်သည့် အကျယ်ရှင်းလင်းချက်ကို ရှေးတွင် ရှင်းလင်းတင်ပြခဲ့ပြီး ဖြစ်၏။ ဤ ဖွင့်ဆိုချက်မှာ နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်နှစ်ပါးတို့ကို ရရှိထားပြီးသော သမ္မသနဉာဏ်ပိုင်းသို့ ကူးတက်လာသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်အတွက်သာ ဖွင့်ဆိုရေးသားထားတော်မူသော အဆိုအမိန့် တစ်ရပ်သာ ဖြစ်သည်ကိုကား အသင်သူတော်ကောင်းသည် မမေ့သင့်ပေ။ ထိုသို့ ---- ၁။ ရုပ်တရားဟု ရှုသင့်သော အချိန်၌ ရုပ်တရားဟု မရှုဘဲ၊ ၂။ နာမ်တရားဟု ရှုသင့်သော အချိန်၌ နာမ်တရားဟု မရှုဘဲ၊ ၃။ ရုပ်တရား နာမ်တရားဟု ရှုသင့်သော အချိန်၌ ရုပ်တရား နာမ်တရားဟု မရှုဘဲ၊ ၄။ ရုပ်နာမ်တို့ကို ပိုင်းခြားမှတ်သားရမည့် နာမရူပဝဝတ္ထာနဉာဏ်ပိုင်း၌ ရုပ်နာမ်တို့ကို မပိုင်းခြား မမှတ်သားဘဲ၊ ၅။ အကြောင်းတရား အကျိုးတရားတို့ကို ရှုသင့်သည့်အချိန်၌ အကြောင်းတရားအကျိုးတရားဟု မရှုဘဲ၊
这项解释的详细说明前文已经讲过。禅修贤友不应忘记:这项指示只适用于已经获得名色分别智与缘摄受智、正从这两智转入思惟智阶段的禅修者。若一、应观为色法时不观色法;二、应观为名法时不观名法;三、应观色名时不观色名;四、在应分别色名的名色分别智阶段,不分别、不辨识色名;五、应观因法、果法时不观因果;
တစ်နည်းဆိုသော် ရုပ်ကလာပ် နာမ်ကလာပ်တို့ကို ဃနအသီးအသီး ပြိုအောင် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် ဓာတ်မခွဲနိုင်သဖြင့် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ရုပ်နာမ်ကြောင်းကျိုး = သင်္ခါရ တရားတို့ကို မသိမ်းဆည်းနိုင်ဘဲ၊ ယင်းသင်္ခါရတရားတို့ကို ---- ၆။ အနိစ္စဟု ရှုသင့်သည့် အချိန်၌ အနိစ္စဟု မရှုဘဲ၊ ၇။ ဒုက္ခဟု ရှုသင့်သည့် အချိန်၌ ဒုက္ခဟု မရှုဘဲ၊
换句话说,因为不能破除色聚、名聚各自的密集,不能分析诸界直到胜义,便无法摄取色、名、因、果这些行法直到胜义;对于这些行法,六、应观无常时不观无常;七、应观苦时不观苦;

本页是帕奥禅师缅文「五大册」第五册(趣向涅槃之道·第五册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。卷前、正文与原书索引均与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。