道非道智见清净释:思惟智章(之二)

《趣向涅槃之道》中文全译本 · 非缩略版

观禅篇 · 原书第 30–57 页 · 220 个翻译单元

本页并入了原书的相邻小节:道非道智见清净释:思惟智章。

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 30 页
အစွမ်းဖြင့် ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဖြင့် ပိုင်းခြား၍ ယူအပ်သည်၏ အဖြစ်ကြောင့် သြဠာရိက = ရုန့်ရင်း ကြမ်းတမ်းသော ရုပ်မည်၏။ (ပသာဒရုပ်ငါးခုတို့ကား ဝိသယီရုပ်တို့ ဖြစ်ကြ၏၊ အာရုံရုပ် ခုနစ်မျိုးတို့ကား ဝိသယရုပ်တို့ ဖြစ်ကြ၏။ စက္ခုပသာဒစသော ဆိုင်ရာ ဝိသယီရုပ်သို့ ရူပါရုံစသော ဆိုင်ရာဝိသယရုပ်က ရှေးရှု ထိခတ်သောအခါ ထိုသို့ ရှေးရှုထိခတ်သောအချိန်၌ ယောဂါဝစရပုဂ္ဂိုလ်သည် မိမိ၏ဝိပဿနာဉာဏ်ဖြင့် ''ဤကား စက္ခုပသာဒ၊ ဤကား ရူပါရုံ'' ဤသို့စသည်ဖြင့် ပိုင်းခြား၍ ယူနိုင်၏။ ယောဂါဝစရပုဂ္ဂိုလ်၏အသိဉာဏ်၌ ထင်လွယ် မြင်လွယ်၏။ ထို့ကြောင့် ယင်းရုပ် ၁၂-မျိုးတို့သည် ရုန့်ရင်းကြမ်းတမ်းသော သြဠာရိကရုပ် မည်ကုန်၏။) အာပေါဓာတ်၊ ဘာဝရုပ် (= ဣတ္ထိဘာဝရုပ် ပုရိသဘာဝရုပ် )၊ ဇီဝိတ၊ ဟဒယဝတ္ထု၊ သြဇာ ဟူသော ဤ ရုပ်အစစ်တို့ကား ဝိသယီ ဝိသယဖြစ်၍ ထိခိုက်သည်၏ အစွမ်းဖြင့် ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဖြင့် ပိုင်းခြား၍
——所以称为粗色。〔五净色是有境色,七境色是所缘色。色所缘等相应所缘色撞击眼净色等相应有境色时,禅修者可以用观智分别:“这是眼净色,这是色所缘”等;它们容易在智中显现、容易被看见,故十二色称为粗色。〕水界、性根色〔女根色、男根色〕、命根色、心所依处色、食素这些真实色,不能以有境与所缘相互撞击的方式由禅修者之智分别;它们只能由——
ယူရသော ရုပ်တရားများကား မဟုတ်ကြပေ။ မဟာကုသိုလ် (မဟာကြိယာ) မနောဒွါရိကဇောဝီထိ စိတ်အစဥ်- ဖြင့်သာ သို့မဟုတ် ယင်း ဇောဝီထိစိတ်အစဥ်တွင် အကျုံးဝင်သော ဝိပဿနာဉာဏ်ဖြင့်သာ ပိုင်းခြား၍ ယူရသော ယူနိုင်သော ရုပ်တရားတို့ ဖြစ်ကြ၏။ ထို့ကြောင့် ယင်း ရုပ်တရားတို့သည် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ သိမ်မွေ့သော သုခုမရုပ်တို့မည်၏။ (အနိပ္ဖန္နရုပ် ဆယ်မျိုးတို့သည်လည်း သုခုမရုပ်တို့ပင် ဖြစ်ကြ၏။ သို့သော် ဝိပဿနာ မရှုကောင်းသော ရုပ်တရားများသာ ရုပ်အတုတို့သာ ဖြစ်ခြင်းကြောင့် ချန်လှပ်ထားပါသည်။)
——意门心路中的大善〔大唯作〕速行心相续,或由含摄于该速行心相续中的观智分别。因此,这些色在禅修者智中称为细色。〔十种非真实色也属于细色;但它们只是不得作为毗婆舍那所观的假色,所以本书略去。〕
(ဝိသုဒ္ဓိ-၂-၈၁။)
(《清净道论》2-81。)
ဟီနရုပ် - ပဏီတရုပ်
劣色—胜色
ဟီနရုပ် ပဏီတရုပ် အမျိုးအစားသည် ----- ၁။ ပရိယာယ်အားဖြင့်လည်းကောင်း၊ ၂။ မုချအားဖြင့်လည်းကောင်း --- နှစ်မျိုးနှစ်စား ရှိကြောင်းကို သိသင့်ပေ၏။ ထိုတွင် အကနိဋ္ဌဗြဟ္မာတို့၏ ရုပ်အောက် သုဒဿီဗြဟ္မာတို့၏ ရုပ်သည် ယုတ်ညံ့၏၊ ထို သုဒဿီဗြဟ္မာတို့၏ ရုပ်သည်ပင်လျှင် သုဒဿာဗြဟ္မာတို့၏ ရုပ်ထက် မွန်မြတ်၏။
应当知道,劣色与胜色可依两种方式分别:一、相对说;二、究竟说。相对而言,善现天梵众的色比色究竟天梵众的色低劣;但善现天梵众的色又比善见天梵众的色殊胜。
ဤသို့သောနည်းဖြင့် ငရဲသားသတ္တဝါတို့၏ ရုပ်သို့တိုင်အောင် ပရိယာယ်အားဖြင့် အဆင့်ဆင့် ယုတ်ညံ့ပုံကို လည်းကောင်း အဆင့်ဆင့် မွန်မြတ်ပုံကိုလည်းကောင်း သိရှိပါလေ။
依此方式,直到地狱有情之色,都应相对地逐级了知其低劣与殊胜。
မုချအားဖြင့်ကား အကြင်ရုပ်တရား၌ အကုသိုလ်ကံ၏ အကျိုးဖြစ်သော အကုသလဝိပါက်ဝိညာဏ်သည် အာရုံပြု၍ ဖြစ်ပေါ်လာ၏။ ထို အကုသလဝိပါက်ဝိညာဏ်၏ အာရုံဖြစ်သော ရုပ်သည် ယုတ်ညံ့၏။ အကြင် ရုပ်တရား၌ ကုသိုလ်ကံ၏ အကျိုးဖြစ်သော ကုသလဝိပါက်ဝိညာဏ်သည် အာရုံပြု၍ ဖြစ်ပေါ်လာ၏။ ထို ကုသလ- ဝိပါက်ဝိညာဏ်၏ အာရုံဖြစ်သော ရုပ်သည် မွန်မြတ်၏။ (ဝိသုဒ္ဓိ-၂-၁ဝ၃။) ဤအပိုင်း၌ အသင်သူတော်ကောင်းသည် စက္ခုဒွါရဝီထိစသော ဝီထိစဥ်များကို ပြန်လည်၍သတိပြုထားပါ။
究竟而言:若不善业所生的不善果报识缘某色法而生,该不善果报识所缘的色便低劣;若善业所生的善果报识缘某色法而生,该善果报识所缘的色便殊胜。(《清净道论》2-103。)这里,贤善者应重新注意眼门心路等诸心路相续。
ထိုဝီထိ (၆)မျိုးတို့တွင် ပဉ္စဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ တဒါရုံ ဟူသော ဝိပါက်ဝိညာဏ်များ ပါဝင်ကြ၏။
在六种心路中,包括五识、领受、推度、彼所缘这些果报识。
အကြင်ရုပ်တရားကို အာရုံပြု၍ ယင်း ဝိပါက်ဝိညာဏ်များသည် အကုသလဝိပါက်ဝိညာဏ်များ ဖြစ်ကြငြားအံ့၊ ထို အကုသလဝိပါက်ဝိညာဏ်၏ အာရုံဖြစ်သော ထိုရုပ်သည် အနိဋ္ဌစင်စစ်ဖြစ်သောကြောင့် ဟီနရုပ် မည်၏။
若这些果报识缘某色法而成为不善果报识,该色是这种不善果报识的所缘,又是纯粹不可意的所缘,所以称为劣色。
အကြင်ရုပ်တရားကို အာရုံပြု၍ ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံဟူသော ဝိပါက်ဝိညာဏ်များ- သည် ကုသလဝိပါက်ဝိညာဏ်များ ဖြစ်ကြငြားအံ့၊ ထိုရုပ်တရားသည် ကုသိုလ်ကံ၏ အစွမ်းကြောင့် ဖြစ်ပေါ်လာ- သော စင်စစ်အလိုရှိအပ် ကောင်းမြတ်သော ဣဋ္ဌရုပ်ဖြစ်သောကြောင့် ပဏီတ = မွန်မြတ်သောရုပ် မည်၏။
若五识、领受、推度、彼所缘这些果报识缘某色法而成为善果报识,该色是由善业之力所生、纯粹可欲而美好的可意色,所以称为胜色。
原书第 31 页
မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- သမ္မသနဉာဏ်ခန်း ယထာ ဟိ အကုသလဝိပါကော သယံ အနိဋ္ဌော အနိဋ္ဌေ ဧဝ ဥပ္ပဇ္ဇတိ၊ န ဣဋ္ဌေ၊ ဧဝံ ကုသလဝိပါကောပိ သယံ ဣဋ္ဌော ဣဋ္ဌေ ဧဝ ဥပ္ပဇ္ဇတိ၊ န အနိဋ္ဌေ။ တထာ ဟိ ဝုတ္တံ အဋ္ဌကထာယံ ----- ''အကုသလကမ္မဇဝသေန အနိဋ္ဌာ ပဉ္စ ကာမဂုဏာ ဝိဘတ္တာ၊ ကုသလကမ္မဇံ ပန အနိဋ္ဌံ နာမ နတ္ထိ၊ သဗ္ဗံ ဣဋ္ဌမေဝ။ ကုသလကမ္မဇဝသေန ဣဋ္ဌာ ပဉ္စ ကာမဂုဏာ ဝိဘတ္တာ။ ကုသလကမ္မဇဥှိ အနိဋ္ဌံ နာမ နတ္ထိ၊ သဗ္ဗံ ဣဋ္ဌမေဝါ''တိ။ (မဟာဋီ-၂-၁၅၆-၁၅၇။ အဘိ-ဋ္ဌ-၂-၈။) ထင်ရှားအောင် ဆိုရသော် ဤသို့ ဖြစ်၏၊ ---- အကုသလဝိပါက်ဝိညာဏ်သည် မိမိကိုယ်တိုင်က အလိုမရှိ- အပ်သော အနိဋ္ဌတရားဖြစ်၍ အလိုမရှိအပ်သော အနိဋ္ဌအာရုံ၌သာလျှင် ဖြစ်သကဲ့သို့ အလိုရှိအပ် ကောင်း- မြတ်သော ဣဋ္ဌအာရုံ၌ မဖြစ်သကဲ့သို့၊ ဤအတူ ကုသလဝိပါက်ဝိညာဏ်သည်လည်း မိမိကိုယ်တိုင်က အလိုရှိအပ် ကောင်းမြတ်သော ဣဋ္ဌတရားဖြစ်၍ အလိုရှိအပ် ကောင်းမြတ်သော ဣဋ္ဌအာရုံ၌သာလျှင် ဖြစ်၏။ အလိုမရှိ
如不善果报本身不可意,只在不可意所缘上生起,不在可意所缘上生起;同样,善果报本身可意,只在可意所缘上生起,不在不可意所缘上生起。义注因此说:‘依不善业生色,分别出不可意的五欲功德;善业生色没有不可意者,一切皆可意。依善业生色,分别出可意的五欲功德;善业生色没有不可意者,一切皆可意。’(《大复注》2-156—157;《阿毗达磨义注》2-8。)说得更明显一些:不善果报识本身是不可意法,只在不可意所缘上生起,不在美好的可意所缘上生起;同样,善果报识本身是可意法,只在美好的可意所缘上生起,不在——
အပ်သော အနိဋ္ဌအာရုံ၌ မဖြစ်ပေ။ မှန်ပေသည် ----- သမ္မောဟဝိနောဒနီအဋ္ဌကထာ၌ အောက်ပါအတိုင်း ဖွင့်ဆိုထား၏။ ----- ''အကုသိုလ်ကံကြောင့်ဖြစ်သော အကုသိုလ်ကမ္မဇရုပ်၏ အစွမ်းဖြင့်သာလျှင် အလိုမရှိအပ်ကုန်သော အနိဋ္ဌဖြစ်ကုန်သော အာရုံ (၅)ပါး ကာမဂုဏ်တရားတို့ကို ခွဲခြားဝေဖန်၍ ဘုရားရှင်သည် ဟောကြားတော်မူအပ်- ကုန်၏။ ကုသိုလ်ကံကြောင့်ဖြစ်သော ကုသိုလ်ကမ္မဇရုပ်သည်ကား အလိုမရှိအပ်သော အနိဋ္ဌာရုံမည်သည် မရှိ။
——不可意所缘上生起。确实,《迷惑冰消》义注解释说:‘世尊只依不善业所生的不善业生色,分别宣说不可意的五种所缘——五欲功德。善业所生的善业生色没有所谓不可意所缘;——
ကုသိုလ်ကံကြောင့်ဖြစ်သော ကုသိုလ်ကမ္မဇရုပ်အားလုံးသည် အလိုရှိအပ် ကောင်းမြတ်သော ဣဋ္ဌအာရုံရုပ်ချည်း သာတည်းဟုလည်းကောင်း၊ ကုသိုလ်ကံကြောင့်ဖြစ်သော ကုသိုလ်ကမ္မဇရုပ်၏ အစွမ်းဖြင့်သာလျှင် အလိုရှိအပ် ကောင်းမြတ်ကုန်သော ဣဋ္ဌဖြစ်ကုန်သော အာရုံငါးပါး ကာမဂုဏ်တရားတို့ကို ခွဲခြားဝေဖန်၍ ဘုရားရှင်သည် ဟောကြားထားတော်မူအပ်ကုန်၏။ မှန်ပေသည် --- ကုသိုလ်ကံကြောင့်ဖြစ်သော ကုသိုလ်ကမ္မဇရုပ်သည် အလို မရှိအပ် မနှစ်သက်အပ်သော အနိဋ္ဌဖြစ်သော ရုပ်တရားမည်သည် မရှိစကောင်းပေ။ ကုသိုလ်ကံကြောင့်ဖြစ်သော ကုသိုလ်ကမ္မဇရုပ်အားလုံးသည် အလိုရှိအပ် ကောင်းမြတ်သော ဣဋ္ဌအာရုံရုပ်တရားချည်းသာတည်းဟုလည်း- ကောင်း'' ---- ဤသို့လျှင် သမ္မောဟဝိနောဒနီအဋ္ဌကထာကြီး၌ ဖွင့်ဆိုထားတော်မူပေသည်။
——一切善业生色都只是美好的可意所缘色。世尊又只依善业所生的善业生色,分别宣说可意的五种所缘——五欲功德。确实,善业所生的善业生色不可能有不可意、不悦意的色法;一切善业生色都只是美好的可意所缘色。’《迷惑冰消》义注就是这样解释的。
(မဟာဋီ-၂-၁၅၆-၁၅၇။ အဘိ-ဋ္ဌ-၂-၈-၉။)
(《大复注》2-156—157;《阿毗达磨义注》2-8—9。)
ဒူရရုပ် - သန္တိကရုပ်
远色—近色
အထက်တွင် ဖော်ပြခဲ့သော သိမ်မွေ့သော သုခုမရုပ်သည်ပင်လျှင် သိမ်မွေ့သည်ဖြစ်၍ ထိုးထွင်း၍ သိနိုင်- ခဲသော သဘောရှိသည်၏ အဖြစ်ကြောင့် ယောဂါဝစရပုဂ္ဂိုလ်၏ ရှုနေသောအသိဉာဏ်နှင့် ဝေးရကား ဒူရေရုပ် = ဒူရရုပ် မည်၏။ ရုန့်ရင်းကြမ်းတမ်းသော သြဠာရိကရုပ်သည် ရုန့်ရင်းသည်၏ အဖြစ်ဖြင့် ထိုးထွင်း၍ သိလွယ်သော သဘောရှိသည်၏ အဖြစ်ကြောင့် ယောဂါဝစရပုဂ္ဂိုလ်၏ ရှုနေသောအသိဉာဏ်နှင့် နီးကပ်ရကား သန္တိကေရုပ် = သန္တိကရုပ် မည်၏။ (ဝိသုဒ္ဓိ-၂-၈၁။) တစ်နည်း ----- အရပ်သြကာသအားဖြင့်လည်း ဤ ဒူရဒုက်၌ အဆင့်ဆင့် ထောက်၍ထောက်၍ ဒူရ သန္တိက အဖြစ်ကို သိရှိပါလေ။ (ဝိသုဒ္ဓိ-၂-၁ဝ၄။) ထိုစကားရပ်၌ အဘယ်မျှသော အရပ်မှစ၍ ရုပ်တရားသည် တည်ရာအရပ် သြကာသ၏ အစွမ်းဖြင့် သန္တိကေရုပ် = ယောဂါဝစရပုဂ္ဂိုလ်၏ ရှုနေသောဉာဏ်နှင့် နီးသည် မည်သနည်း၊ တစ်ဖန် အဘယ်မျှသော အရပ်မှ စ၍ ရုပ်တရားသည် တည်ရာအရပ်သြကာသ၏ အစွမ်းဖြင့် ဒူရေရုပ် = ယောဂါဝစရပုဂ္ဂိုလ်၏ ရှုနေသောဉာဏ်နှင့်
上文所说的细色,因其细微、难以洞察,离禅修者正在观照的智较远,所以称为远色;粗色则因其粗显、容易洞察,离禅修者正在观照的智较近,所以称为近色。(《清净道论》2-81。)另一种方法是:在远近二法中,也依所在空间逐级相对而知远近。(《清净道论》2-104。)那么,从多远开始,色法依所在空间而称为近色,即离禅修者观智较近?又从多远开始,色法依所在空间而称为远色,即离禅修者观智较——
ဝေးသည် မည်သနည်း -----
——远呢?
原书第 32 页
ပကတိသော စကားဖြင့် ပြောဆိုသောသူတို့၏ (၁၂)တောင်တို့သည် သဝနူပစာရမည်၏။ ထို သဝနူပ- စာရ၏ အတွင်းဘက်၌ တည်ရှိသောရုပ်သည် သန္တိကေရုပ်၊ အပြင်ဘက်၌ တည်ရှိသောရုပ်သည် ဒူရေရုပ် မည်၏။
普通人用平常声音说话时,十二肘的范围称为“听闻范围”(savanūpacāra)。处在这一听闻范围之内的色称为近色;处在范围之外的色称为远色。
ထိုဒူရသန္တိက အရပ်နှစ်မျိုးတို့တွင် သုခုမရုပ်သည် သဝနူပစာရ (၁၂)တောင်အရပ်မှ ပြင်ဘက် ဝေးသော အရပ်၌ ဖြစ်လတ်သော် လက္ခဏာအားဖြင့်လည်းကောင်း၊ သြကာသ = တည်ရာအရပ်အားဖြင့်လည်းကောင်း ဒူရရုပ်မည်သည် ဖြစ်၏။ ဝေးသောရုပ် မည်၏။ သဝနူပစာရဟူသော (၁၂)တောင် အတွင်း နီးသောအရပ်၌ ဖြစ်လတ်သော်ကား တည်ရာအရပ် သြကာသအားဖြင့်သာလျှင် သန္တိကေရုပ် = နီးသော ရုပ်မည်၏၊ လက္ခဏာ အားဖြင့်ကား သန္တိကေရုပ် = နီးသောရုပ် မမည်။
在远、近两种空间中,细色若位于十二肘听闻范围之外的远处,就依自性与所在空间两方面都称为远色;若位于十二肘听闻范围内的近处,则只依所在空间称为近色,依自性并不称为近色。
သြဠာရိကရုပ် = ရုန့်ရင်းသောရုပ်သည်ကား သဝနူပစာရဟူသော (၁၂)တောင်အတွင်း နီးသောအရပ်၌ ဖြစ်လတ်သော် လက္ခဏာအားဖြင့်လည်းကောင်း၊ တည်ရာအရပ် သြကာသအားဖြင့်လည်းကောင်း သန္တိကေရုပ် = နီးသောရုပ် မည်၏။ (၁၂)တောင်ဟူသော သဝနူပစာရအရပ်၏ ပြင်ဘက် ဝေးသောအရပ်၌ ဖြစ်လတ်သော် တည်ရာအရပ် သြကာသအားဖြင့်သာလျှင် ဒူရေရုပ် = ဝေးသောရုပ် မည်၏၊ လက္ခဏာအားဖြင့်ကား ဒူရေရုပ် = ဝေးသောရုပ် မမည်။ (မဟာဋီ-၂-၁၅၈။) တစ်ဖန် ----- ဥပါဒါယုပါဒါယ = ထောက်ဆ၍ ထောက်ဆ၍ တည်ရာအရပ် သြကာသအားဖြင့် ရုပ်တရား ၏ ဒူရသန္တိကဖြစ်ပုံကို သိရှိရန် အဋ္ဌကထာဆရာတော်က ဖွင့်ဆိုသွားတော်မူသောကြောင့် မိမိ၏ ရုပ်သည် သန္တိကေရုပ် = နီးသောရုပ် မည်၏။ မိမိ၏ဝမ်းတွင်း၌ (ကိုယ်ဝန်သားငယ် သို့မဟုတ် ပိုးလောက်သတ္တဝါ စသည် အဖြစ်ဖြင့်) တည်ရှိငြားသော်လည်း သူတစ်ပါး၏ ရုပ်သည် ဒူရေရုပ် = ဝေးသောရုပ် မည်၏။
粗色若位于十二肘听闻范围内的近处,就依自性与所在空间两方面都称为近色;若位于范围之外的远处,则只依所在空间称为远色,依自性并不称为远色。(《大复注》2-158。)再者,义注师以“相对再相对”(upādāyupādāya)说明应依所在空间而知色法的远近,所以自己的色称为近色;即使存在于自己腹内——例如胎儿或寄生虫等——他人的色仍称为远色。
မိမိ၏ ဝမ်းတွင်း၌ တည်သော (ကိုယ်ဝန်သားငယ် သို့မဟုတ် ပိုးလောက်သတ္တဝါ စသော) သတ္တဝါ၏ ရုပ်သည် သန္တိကေရုပ် = နီးသောရုပ် မည်၏။ မိမိခန္ဓာအိမ်၏ ပြင်ပ၌ တည်ရှိသောရုပ်သည် ဒူရေရုပ် မည်၏။
存在于自己腹内的有情——例如胎儿或寄生虫等——其自身之色称为近色;存在于其身体之外的色称为远色——
ဝေးသောရုပ်မည်၏။ ဤသို့စသော နည်းဖြင့် ----- ၁။ တိုက်ခန်းအတွင်းအရပ်၊ ၂။ ကျောင်းဦးမျက်နှာစာအရပ်၊ ၃။ ပရိဝုဏ်အရပ် = ကျောင်းဆောင် တစ်ဆောင်၏ ပတ်ဝန်းကျင်အရပ်၊ ၄။ သံဃာ့အာရမ်ခေါ်သော ကျောင်းတိုက် တစ်တိုက်လုံး = ဥပစာရသိမ်အရပ်၊ ၅။ ရွာတစ်ရွာ၊ ၆။ ဇနပုဒ်တစ်ခု (တိုင်းနှင့် ပြည်နယ်)၊ ၇။ တိုင်းပြည် တစ်ပြည် = နိုင်ငံ တစ်နိုင်ငံ၊ ၈။ သမုဒ္ဒရာ၊ ၉။ စကြဝဠာတို့တွင် ----- ထိုထိုသော အရပ်၏ အတွင်း၌ တည်သောရုပ်၊ အပ၌ တည်သောရုပ်တို့၏ အစွမ်းဖြင့် ဒူရရုပ် = ဝေးသော ရုပ်၊ သန္တိကရုပ် = နီးသောရုပ် အဖြစ်ကို သိရှိပါလေ။ (မဟာဋီ-၂-၁၅၈။) အတိတ် အနာဂတ် ပစ္စုပ္ပန်ရုပ်၊ အဇ္ဈတ္တရုပ်၊ ဗဟိဒ္ဓရုပ်များ၏ ခွဲခြားသတ်မှတ်ပုံ အခြင်းအရာကို အထက်တွင် ရေးသားတင်ပြခဲ့ပြီး ဖြစ်ပေသည်။ ဤအထက်ပါ ရှင်းလင်းချက်များကို သဘောပေါက်ပြီးသော ဖတ်ရှုပြီးသော အသင်သူတော်ကောင်းသည် အနတ္တလက္ခဏသုတ္တန်စသော ထိုထိုသုတ္တန်တို့၌ ခန္ဓာ (၅)ပါးနည်းဖြင့် သင်္ခါရ
——即远处之色。依此类推,应依色处在下列范围之内或之外,了知远色与近色:一、房间;二、建筑物前廊;三、寺院一座建筑周围的院落;四、称为僧伽蓝的整座寺院,即近界范围;五、村落;六、地区〔省、邦〕;七、国家;八、海洋;九、轮围世界。(《大复注》2-158。)过去、未来、现在色以及内色、外色的分别方法,前文已经说明。贤善者理解上述解释以后,便能明白佛陀在《无我相经》等诸经中,如何指示依五蕴法观照诸——
原书第 33 页
မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- သမ္မသနဉာဏ်ခန်း တရားတို့ကို ဝိပဿနာရှုပွားသုံးသပ်ရန် ဘုရားရှင်၏ညွှန်ကြားတော်မူချက်များကို သဘောပေါက်နိုင်ပေလိမ့်မည်။
——行法,修习毗婆舍那。
ပုံစံတစ်ခုကို အောက်တွင် ဖော်ပြအပ်ပါသည်။
下面举出一种范例。
တသ္မာ တိဟ ဘိက္ခဝေ ယံ ကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ သြဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံဒူရေ သန္တိကေ ဝါ၊ သဗ္ဗံ ရူပံ ''နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ''တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။ (သံ-၂-၅၆-အနတ္တလက္ခဏသုတ်။) ရဟန်းတို့ …ထိုသို့ ခန္ဓာငါးပါးတို့သည် အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဖြစ်ခြင်းကြောင့် သင်ချစ်သားတို့သည် ဤ သာသနာတော်မြတ်အတွင်း၌ ----- ၁။ အတိတ်ရုပ်တရား အားလုံးသည်လည်းကောင်း၊ ၂။ အနာဂတ်ရုပ်တရား အားလုံးသည်လည်းကောင်း၊ ၃။ ပစ္စုပ္ပန်ရုပ်တရား အားလုံးသည်လည်းကောင်း၊ ၄။ အဇ္ဈတ္တရုပ်တရား အားလုံးသည်လည်းကောင်း၊ ၅။ ဗဟိဒ္ဓရုပ်တရား အားလုံးသည်လည်းကောင်း၊ ၆။ ရုန့်ရင်းသော သြဠာရိကရုပ်တရား အားလုံးသည်လည်းကောင်း၊ ၇။ သိမ်မွေ့သော သုခုမရုပ်တရား အားလုံးသည်လည်းကောင်း၊ ၈။ ယုတ်ညံ့သော ဟီနရုပ်တရား အားလုံးသည်လည်းကောင်း၊
‘因此,比丘们,任何色,无论过去、未来或现在,内或外,粗或细,劣或胜,远或近,一切色都应以正慧如实见为:“这不是我的,我不是这,这不是我的自我。”’(《相应部》2-56,《无我相经》。)比丘们……正因为五蕴是无常、苦、无我,所以在此殊胜教法中,你们这些爱子应观见:一、一切过去色;二、一切未来色;三、一切现在色;四、一切内色;五、一切外色;六、一切粗色;七、一切细色;八、一切劣色——
၉။ မွန်မြတ်သော ပဏီတရုပ်တရား အားလုံးသည်လည်းကောင်း၊ ၁ဝ။ ဝေးသော ဒူရေရုပ်တရား အားလုံးသည်လည်းကောင်း၊ ၁၁။ နီးသော သန္တိကေရုပ်တရား အားလုံးသည်လည်းကောင်း ရှိ၏။
——九、一切胜色;十、一切远色;十一、一切近色。
ဤ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဤအလုံးစုံသော ရုပ်တရားကို ----- နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ။
对于以这十一种情形存在的一切色法,应依巴利公式:‘နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ။’——
= ဤရုပ်တရားသည် ငါ့ဟာ မဟုတ်၊ ဤရုပ်တရားသည် ငါ မဟုတ်၊ ဤရုပ်တရားသည် ငါ၏အတ္တ မဟုတ်ဟု = အနိစ္စဟု ဒုက္ခဟု အနတ္တဟု ----- မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲ ဖြိုခွဲဖောက်ထွင်း ဝိပဿနာဉာဏ်အလင်းဖြင့် ရှုပါ။ (သံ-၂-၅၆။) ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဒုတိယတွဲ စာမျက်နှာ (၂၄၅)တွင် သြဠာရိကရုပ်၊ သုခုမရုပ်၊ ဟီနရုပ်၊ ပဏီတရုပ်၊ ဒူရေရုပ်၊ သန္တိကေရုပ်တို့ကိုလည်း သီးသန့်ခွဲခြား၍ ဝိပဿနာရှုရန် ညွှန်ကြားထားပေသည်။ ထို ညွှန်ကြားတော် မူသည့်အတိုင်း အသင်သူတော်ကောင်းသည် ခွဲရှုလိုကလည်း ရှုပါ။
——观作:‘这色不是我的,我不是这色,这色不是我的自我’,也就是观作无常、苦、无我;应以观智之光如实、不颠倒地破除、洞穿色法密集与名法密集。(《相应部》2-56。)《清净道论义注》第二册第245页还指示分别观照粗色、细色、劣色、胜色、远色、近色。贤善者若想分别观,也可依该指示而观。
အကယ်၍ အသင်သူတော်ကောင်းသည် အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါး၊ အဇ္ဈတ္တ ဗဟိဒ္ဓဟူသော သန္တာန်နှစ်ပါးအတွင်း၌ တည်ရှိသော ရုပ်တရားအားလုံးကို သိမ်းကျုံး၍ ခြုံငုံ၍ ဝိပဿနာရှုနိုင်- ပါက ယင်း ရုပ်တရားတို့တွင် သြဠာရိကရုပ်၊ သုခုမရုပ်၊ ဟီနရုပ်၊ ပဏီတရုပ်၊ ဒူရေရုပ်၊ သန္တိကေရုပ် အားလုံး- တို့သည်လည်း အကျုံးဝင်သွားကြပြီးပင် ဖြစ်ကြ၏။ ထို့ကြောင့် ယင်း ရုပ်တရားတို့ကို သီးသန့်ခွဲခြား ရှုလိုကလည်း ရှုပါ။ ခြုံရှုလိုကလည်း ရှုပါ။ ဝေဒနာက္ခန္ဓာစသော နာမ်ခန္ဓာတို့၌လည်း ထိုနည်းတူပင် သဘောပေါက်ပါ။
如果贤善者能够把存在于过去、未来、现在三时及内、外两种相续中的一切色法总摄起来观照,那么粗色、细色、劣色、胜色、远色、近色也已全部包括在内。因此,可以把这些色法分别观,也可以总摄起来观;受蕴等诸名蕴也应同理理解。
(ပဋိသံ-ဋ္ဌ-၁-၂၃၃ - ကြည့်ပါ။)
(见《无碍解道义注》1-233。)
原书第 34 页
ဝေဒနာက္ခန္ဓာ စသော နာမ်ခန္ဓာတို့၌ အတိတ် အနာဂတ် ပစ္စုပ္ပန်၊ အဇ္ဈတ္တ ဗဟိဒ္ဓ ခွဲခြားသတ်မှတ်ပုံကို ရှေးပိုင်းတွင် ရှင်းလင်းတင်ပြခဲ့ပြီး ဖြစ်သည်။ ယခုအခါတွင် သြဠာရိက သုခုမ ဟီန ပဏီတ ဒူရ သန္တိက ခွဲခြား သတ်မှတ်ပုံကို ဆက်လက်၍ ရေးသားတင်ပြအပ်ပါသည်။ -----
前文已经说明受蕴等名蕴如何分别为过去、未来、现在,以及内在、外在。现在继续说明如何分别粗、细、劣、胜、远、近。
သြဠာရိက ဝေဒနာ - သုခုမ ဝေဒနာ
粗受—细受
အကုသလာ ဝေဒနာ သြဠာရိကာ၊ ကုသလာဗျာကတာ ဝေဒနာ သုခုမာ။ (အဘိ-၂-၄။) = အကုသိုလ်ဝေဒနာသည် သြဠာရိက မည်၏၊ ကုသိုလ် အဗျာကတဝေဒနာသည် သုခုမ မည်၏။ ဤသို့ စသော နည်းဖြင့် ဝိဘင်းပါဠိတော် (အဘိ-၂-၄)၌ ဘုရားရှင် ဟောကြားထားတော်မူအပ်သော ----- ၁။ ဇာတိ = ဇာတ်၏အစွမ်းဖြင့် လည်းကောင်း၊ ၂။ သဘာဝ = သဘာဝ၏အစွမ်းဖြင့် လည်းကောင်း၊ ၃။ ပုဂ္ဂလ = ပုဂ္ဂိုလ်၏အစွမ်းဖြင့် လည်းကောင်း၊ ၄။ လောကီ လောကုတ္တရာတို့၏ အစွမ်းဖြင့် လည်းကောင်း --- သြဠာရိက၊ သုခုမဖြစ်ပုံကို သိသင့်ပေ၏။
‘不善受是粗的,善受与无记受是细的。’(《分别论》2-4。)佛陀在《分别论》中依这一方式开示,应从四方面了知受的粗细:一、种类;二、自性;三、人;四、世间与出世间。
၁။ ဇာတိ = ဇာတ်၏ အစွမ်းဖြင့် သြဠာရိက သုခုမ ဖြစ်ပုံ
一、依种类分别粗受与细受
အကုသိုလ်ဝေဒနာသည် ပါဏာတိပါတ = သူ့အသက်ကို သတ်ခြင်းစသော ကဲ့ရဲ့ထိုက်သော အပြစ်နှင့်တကွ ဖြစ်သော အကုသိုလ်ကိုပြုခြင်း၏ အကြောင်းတရား ဖြစ်သောကြောင့်လည်းကောင်း (ကြက်သား၊ ဝက်သားစသည်- တို့၏ အရသာကို သုံးဆောင်ခံစားဖူးသော ယင်းအရသာ၌ တွယ်တာတပ်မက်တတ်သော ရသတဏှာနှင့် ယှဥ်တွဲ- နေသော အကုသိုလ်ဝေဒနာသည် လှုံ့ဆော်အပ်သဖြင့် နောက်ထပ်စားလိုသောအခါ ယင်း ကြက် ဝက်တို့ကို ထပ်မံ၍ သတ်ခဲ့သော် ယင်း အကုသိုလ်ဝေဒနာမျိုးကို သြဠာရိကဝေဒနာဟု ဆိုလိုသည်။)၊ ကိလေသာတည်း ဟူသော မီးဖြင့် ပူလောင်ခြင်းရှိသည် အဖြစ်ကြောင့်လည်းကောင်း အပူမငြိမ်းသော ဖြစ်ခြင်းရှိ၏။ ထို့ကြောင့် ကိလေသာမီးဖြင့် မပူပန်ခြင်း ကိလေသာမီး၏ ငြိမ်းအေးခြင်းသဘောရှိသော ကုသိုလ်ဝေဒနာအောက် ရုန့်ရင်း၏။
不善受能够成为造作杀生等应受责难、有过失之不善业的因,又有被烦恼火灼热、热恼未息的性质,所以比烦恼火已经止息、具有清凉性质的善受粗。〔例如,曾经享用鸡肉、猪肉等滋味的人,若与贪著滋味的味爱相应之不善受受到激发,想再食用而使人再度宰杀鸡、猪;这里所说的粗受,正包括这一类不善受。〕
အကုသိုလ်ဝေဒနာသည် အကျိုးကို ဖြစ်စေခြင်းငှာ လျောက်ပတ်သဖြင့် ကြောင့်ကြဗျာပါရနှင့် အတူတကွ ဖြစ်သည်၏ အဖြစ်ကြောင့်လည်းကောင်း၊ အကျိုးဝိပါက်ကို ဖြစ်စေခြင်းငှာ စွမ်းနိုင်သော ကမ္မသတ္တိထူးနှင့် အတူ တကွ ဖြစ်သည်၏ အဖြစ်ကြောင့်လည်းကောင်း၊ ဂတိဝိပတ္တိ ဥပဓိဝိပတ္တိ၊ ကာလဝိပတ္တိ၊ ပယောဂဝိပတ္တိတည်း ဟူသော အခြားအကြောင်းတရားတို့နှင့် ပေါင်းဆုံမိလတ်သော် အကျိုးဝိပါက်ကို ဖြစ်စေနိုင်သဖြင့် အကျိုးဝိပါက် ရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း၊ တစ်နည်းဆိုရသော် --- ကာယကံစသော ဗျာပါရ ထင်ရှားရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း၊ ဇောတည်းဟူသော ဥဿာဟ၏ အစွမ်းအားဖြင့် အားထုတ်ခြင်း ဥဿာဟ ရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း၊ အကျိုးဝိပါက်ကို ဖြစ်စေခြင်း၌လည်း စွမ်းနိုင်သည်၏ အဖြစ်တည်းဟူသော သတ္တိ ရှိသည်၏အစွမ်းအားဖြင့် အကျိုးဝိပါက်ကို ဖြစ်စေနိုင်သော ကမ္မသတ္တိ ထင်ရှားသည်၏ အဖြစ်ကြောင့်လည်း-
不善受适合招致果报,因而伴有造作的活动;它又伴有能生果报的特殊业力。若与趣败、所依败、时败、加行败等其他条件相遇,便能产生果报,所以说它有果报。换言之,它有身业等明显活动,有称为速行的努力,也明显具有能生果报的业力;又——
ကောင်း၊ ကိလေသာတည်းဟူသော မီးဖြင့် ပူလောင်ခြင်းရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း၊ ကဲ့ရဲ့ထိုက်သော ရာဂ ဒေါသ မောဟ စသော အပြစ်နှင့်တကွဖြစ်သော ဓမ္မ၏ အဖြစ်ကြောင့်လည်းကောင်း၊ ဝိပါက် အဗျာကတ ဝေဒနာအောက် ရုန့်ရင်း၏။
——被烦恼火灼热,并与贪、嗔、痴等应受责难的过失法同在,所以比果报无记受粗。
原书第 35 页
မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- သမ္မသနဉာဏ်ခန်း အကျိုးဝိပါက်ကို ဖြစ်စေခြင်း၌လည်း စွမ်းနိုင်သည်၏အဖြစ်တည်းဟူသော သတ္တိရှိသည်၏ အစွမ်းအားဖြင့် အကျိုးဝိပါက်ကို ဖြစ်စေနိုင်သော ကမ္မသတ္တိထင်ရှားရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း၊ ကိလေသာတည်း ဟူသော မီးဖြင့် ပူလောင်ခြင်းရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း၊ ကိလေသဒုက္ခရှိသည်၏ အဖြစ်ကြောင့် လည်းကောင်း၊ ကဲ့ရဲ့ထိုက်သော ရာဂ ဒေါသ မောဟစသော အပြစ်နှင့်တကွ ဖြစ်သော ဓမ္မ၏ အဖြစ်ကြောင့် လည်းကောင်း ကိရိယာ အဗျာကတဝေဒနာအောက် ရုန့်ရင်း၏၊ သြဠာရိကဖြစ်၏။ (ဝိသုဒ္ဓိ-၂-၁ဝ၄။) ကုသိုလ်ဝေဒနာ အဗျာကတဝေဒနာတို့သည် အပြစ်ကင်းသော အပြုအမူ၏ အဖြစ်ကြောင့်လည်းကောင်း၊ ကိလေသာဟူသော ပူပန်ခြင်း၏ မရှိခြင်းကြောင့်လည်းကောင်း၊ ကိလေသာဟူသော ဆင်းရဲ၏ မရှိခြင်းကြောင့် လည်းကောင်း ငြိမ်းအေးသော ဖြစ်ခြင်း ရှိ၏။ ဤသို့ အကုသိုလ်ဝေဒနာ၌ ဆိုအပ်ပြီးသည်မှ ပြောင်းပြန်အားဖြင့်
——不善受又因明显具有能生果报的业力、被烦恼火灼热、有烦恼苦,并与贪、嗔、痴等应受责难的过失法同在,所以比唯作无记受粗。(《清净道论》2-104。)善受和无记受则没有过失、没有烦恼热恼、没有烦恼苦,具有寂静清凉的性质。因此,应当从不善受所说诸项的反面——
အကုသိုလ်ဝေဒနာထက် သိမ်မွေ့ပုံ = သုခုမဖြစ်ပုံကို သိရှိပါလေ။ (ဝိသုဒ္ဓိ-၂-၁ဝ၄။ မဟာဋီ-၂-၁၅၉။) ကုသိုလ်ဝေဒနာ အကုသိုလ်ဝေဒနာ နှစ်မျိုးလုံးတို့သည်လည်း ကာယကံစသော ဗျာပါရ ထင်ရှားရှိသည့် အဖြစ်ကြောင့်လည်းကောင်း၊ ဇောတည်းဟူသော အားထုတ်ခြင်း ဥဿာဟ၏အစွမ်းဖြင့် အားထုတ်ခြင်း လုံ့လ ဥဿာဟ ရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း၊ အကျိုးဝိပါက်ကို ဖြစ်စေခြင်း၌လည်း စွမ်းနိုင်သည်၏ အဖြစ်- တည်းဟူသော သတ္တိရှိသည်၏ အစွမ်းအားဖြင့် အကျိုးဝိပါက်ကို ဖြစ်စေနိုင်သော ကမ္မသတ္တိ ထင်ရှားရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း ယှဥ်သင့်သည့်အားလျော်စွာ ဝိပါက်အဗျာကတဝေဒနာ ကြိယာအဗျာကတဝေဒနာ ဟူသော အဗျာကတဝေဒနာနှစ်မျိုးအောက် ရုန့်ရင်းကုန်၏ = သြဠာရိက ဖြစ်ကုန်၏။ (ဝိသုဒ္ဓိ-၂-၁ဝ၄) ကုသိုလ်ဝေဒနာ အကုသိုလ်ဝေဒနာတို့သည် ဝိပါက်အဗျာကတဝေဒနာအောက် အထက်ပါ အကြောင်း- တရား သုံးမျိုးလုံးတို့ကြောင့်ပင် သြဠာရိက = ရုန့်ရင်းကုန်၏။ ကြိယာအဗျာကတဝေဒနာအောက်မူကား အကျိုး
——了知它们比不善受细。(《清净道论》2-104;《大复注》2-159。)善受与不善受都有身业等明显活动,都有称为速行的努力,也都依能生果报的效力明显具有业力;所以相对于果报无记受与唯作无记受这两类无记受,二者都是粗的。(《清净道论》2-104。)相对于果报无记受,善受、不善受因上述三项理由而粗;相对于唯作无记受,则因——
ဝိပါက်ကို ဖြစ်စေခြင်း၌ စွမ်းနိုင်သည်၏ အဖြစ်တည်းဟူသော သတ္တိရှိသည်၏ အစွမ်းအားဖြင့် အကျိုးဝိပါက်ကို ဖြစ်စေနိုင်သော ကမ္မသတ္တိ ထင်ရှားရှိသည်၏ အဖြစ်ကြောင့် သြဠာရိက = ရုန့်ရင်းကုန်၏။ တစ်နည်း အကျိုးကို ဖြစ်စေတတ်သော စွမ်းအင်ကမ္မသတ္တိရှိသော သဝိပါကတရား၏ အဖြစ်ဖြင့် ကြိယာအဗျာကတဝေဒနာထက် ထူးကဲသော ကြောင့်ကြဗျာပါရ၊ အားထုတ်ခြင်း လုံ့လဥဿာဟရှိသည်၏ အဖြစ်ကြောင့် သြဠာရိက = ရုန့်ရင်း ကုန်၏။ ဤသို့ သိရှိပါလေ။ (မဟာဋီ-၂-၁၅၉။) ဝိပါက်အဗျာကတဝေဒနာသည် ကာယကံစသော ဗျာပါရ၏ ထင်ရှားမရှိသည်၏ အဖြစ်ကြောင့်လည်း- ကောင်း၊ ဇောဟူသော အားထုတ်ခြင်း လုံ့လဥဿာဟ၏ အစွမ်းအားဖြင့် အားထုတ်ခြင်း လုံ့လဥဿာဟ၏ မရှိ ခြင်းကြောင့်လည်းကောင်း၊ အကျိုးဝိပါက်ကို ဖြစ်စေခြင်း၌ စွမ်းနိုင်သည်၏ အဖြစ်တည်းဟူသော သတ္တိမရှိသည်၏ အစွမ်းဖြင့် အကျိုးဝိပါက်ကို ဖြစ်စေနိုင်သော ကမ္မသတ္တိ၏ ထင်ရှားမရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း၊
——明显具有能生果报的业力而粗。另一种解释是:善、不善法是具有能生果报之业力的有果法,又有比唯作无记受更显著的造作活动与努力,所以较粗,应当如此理解。(《大复注》2-159。)果报无记受没有身业等明显活动,没有速行的努力,也不明显具有能生果报的业力,因此——
ကုသိုလ်ဝေဒနာ အကုသိုလ်ဝေဒနာတို့ထက် သိမ်မွေ့၏၊ သုခုမ ဖြစ်၏။ (ဝိသုဒ္ဓိ-၂-၁ဝ၅။ မဟာဋီ-၂-၁၆ဝ။) ကိရိယာအဗျာကတဝေဒနာသည်ကား အကျိုးဝိပါက်ကို ဖြစ်စေခြင်း၌ စွမ်းနိုင်သည်၏အဖြစ်တည်းဟူသော သတ္တိမရှိသည်၏ အစွမ်းဖြင့် အကျိုးဝိပါက်ကို ဖြစ်စေနိုင်သော ကမ္မသတ္တိ၏ ထင်ရှားမရှိသည်၏ အဖြစ်ကြောင့်၊ တစ်နည်း ---- အကျိုးဝိပါက်ကို ဖြစ်စေတတ်သည့် စွမ်းအင်ကမ္မသတ္တိ မရှိသော အဝိပါကတရား၏ အဖြစ်ဖြင့် ထူးခြားသော ကာယကံစသော ဗျာပါရ၊ ဇောဟူသော အားထုတ်ခြင်း လုံ့လဥဿာဟ၏ အစွမ်းဖြင့် အားထုတ်ခြင်း လုံ့လဥဿာဟ၏ ထင်ရှားရှိသည်၏ အဖြစ်ကြောင့် ကုသိုလ်ဝေဒနာ အကုသိုလ်ဝေဒနာထက် သိမ်မွေ့၏။ ဤသို့- လျှင် ကုသိုလ်ဝေဒနာ အကုသိုလ်ဝေဒနာ၌ ဆိုအပ်ခဲ့ပြီးသောနည်းမှ ပြောင်းပြန်အားဖြင့် ဝိပါက်အဗျာကတဝေဒနာ ကြိယာအဗျာကတဝေဒနာတို့သည် ကုသိုလ်ဝေဒနာ အကုသိုလ်ဝေဒနာတို့ထက် သုခုမဖြစ်ပုံ = သိမ်မွေ့ပုံကို
——比善受与不善受细。(《清净道论》2-105;《大复注》2-160。)唯作无记受虽有明显的身业等活动及速行努力,却是没有能生果报之业力的无果法;正因为不具能生果报的效力,所以也比善受与不善受细。由此,应从善受、不善受所说诸项的反面——
原书第 36 页
သိရှိပါလေ။ မှန်ပေသည် ----- ကံ၏အဟုန်သည် ပစ်ချအပ်သောကြောင့်လည်းကောင်း၊ ကံ၏ ပုံတူသဘော ဖြစ်သောကြောင့်လည်းကောင်း ကာယကံမှုစသည်တို့၌ ကြောင့်ကြဗျာပါရ ကင်းခြင်းကြောင့် အားထုတ်ခြင်း လုံ့လ ဥဿာဟမရှိသော ဝိပါက်ဝေဒနာသည်လည်းကောင်း အားထုတ်ခြင်း လုံ့လဥဿာဟရှိသော ကြိယာဝေဒနာ- သည်လည်းကောင်း အကျိုးပေးခြင်းသဘော မရှိသောကြောင့် ကုသိုလ်ဝေဒနာ အကုသိုလ်ဝေဒနာတို့ထက် သိမ်မွေ့၏။
——了知果报无记受与唯作无记受为何比善受、不善受细。确实,果报受由业力投送、如同业的影像,故没有身业等造作与速行努力;唯作受虽然有造作与努力,却没有给予果报的性质。二者都因不能生果而比善受、不善受细。
〔ရဟန္တာအရှင်မြတ်တို့သည်လည်း သီလစောင့်ထိန်းမှုတည်းဟူသော ကာယကံမှု ဝစီကံမှု၊ တရားဟောမှု စသော ဝစီကံမှု၊ သမထဝိပဿနာ ပွားများအားထုတ်မှုဟူသော မနောကံမှုများကို ပြုတော်မူကြ၏။ ထိုအမှုတို့ကို ပြုစဥ် ဇောများ စောကြသည်သာဖြစ်ကြ၏။ သို့သော် ရဟန္တာအရှင်မြတ်ကြီးတို့သည်ကား ကုသိုလ် အကုသိုလ်တို့ကို ပယ်စွန့်ထားပြီး ဖြစ်တော်မူကြရကား ထိုဇောတို့မှာ ကြိယာဇောတို့သာ ဖြစ်ကြ၏။ ကြိယာဇောတို့၌လည်း အကျိုးဝိပါက် တစ်စုံတစ်ရာကို ဖြစ်ထွန်းစေနိုင်သော ကမ္မသတ္တိကား မရှိပေ။ အထက်ပါ စကားရပ်များက ဤ သဘောတရားများကို ရည်ညွှန်းထားသည်ဟု မှတ်ပါ။〕 မှန်ပေသည် --- အကျိုးပေးခြင်းသဘောရှိသော ကုသိုလ်ဝေဒနာ အကုသိုလ်ဝေဒနာတို့သည် အကျိုးတည်း ဟူသော ကိုယ်ဝန်ကို ဆောင်ကုန်ဘိသကဲ့သို့ ဖြစ်ကုန်၍ သြဠာရိက = ရုန့်ရင်းကုန်၏။
〔阿罗汉也会从事持戒所含的身业、语业,讲法等语业,以及修习止观等意业;行这些作用时,速行心同样连续生起。不过,阿罗汉已经断除善业与不善业,所以这些只是唯作速行;唯作速行没有能产生任何果报的业力。上文正是就这一原则而说。〕确实,善受与不善受具有生果的性质,仿佛怀着名为果报的胎,所以是粗的。
(ဝိသုဒ္ဓိ-၂-၁ဝ၅။ မဟာဋီ-၂-၁၆ဝ။)
(《清净道论》2-105;《大复注》2-160。)
အကုသလာ ဝေဒနာ သြဠာရိကာ၊ ကုသလာဗျာကတာ ဝေဒနာ သုခုမာ။ ကုသလာကုသလာ ဝေဒနာ သြဠာရိကာ၊ အဗျာကတာ ဝေဒနာ သုခုမာ။ (အဘိ-၂-၄။) အကုသိုလ်ဝေဒနာတို့သည် ကိလေသာဟူသော အပူနှင့်တကွ ဖြစ်ကုန်သည်၏ အဖြစ်ကြောင့်လည်း- ကောင်း၊ မကောင်းသော အနိဋ္ဌ အကျိုးရှိကုန်သည်၏ အဖြစ်ကြောင့်လည်းကောင်း သြဠာရိကာ = ရုန့်ရင်း ကြမ်းတမ်းကုန်၏။ (အဘိ-ဋ္ဌ-၂-၁၃။) ကုသိုလ်ဝေဒနာတို့သည် ကိလေသာဟူသော အပူမရှိကုန်သည်၏ အဖြစ်ကြောင့်လည်းကောင်း၊ ကောင်း- မြတ်သော ဣဋ္ဌ အကျိုးရှိကုန်သည်၏ အဖြစ်ကြောင့်လည်းကောင်း သုခုမာ = သိမ်မွေ့ကုန်၏။
‘不善受是粗的,善受与无记受是细的;善受、不善受是粗的,无记受是细的。’(《分别论》2-4。)不善受有烦恼热,并有不可意的恶果,所以是粗的。(《分别论义注》2-13。)善受没有烦恼热,并有可意的善果,所以是细的。
(အဘိ-ဋ္ဌ-၂-၁၃။)
(《分别论义注》2-13。)
အဗျာကတဝေဒနာတို့သည် အားထုတ်ခြင်း လုံ့လဥဿာဟ (= အကျိုးတရား ဖြစ်ပေါ်လာအောင် အား- ထုတ်ခြင်း လုံ့လဥဿာဟ) မရှိကုန်သည်၏ အဖြစ်ကြောင့်လည်းကောင်း၊ အကျိုးမရှိကုန်သည်၏ အဖြစ်ကြောင့် = အကျိုးဝိပါက်တရားကို ဖြစ်ပေါ်စေတတ်သော စွမ်းအင်ကမ္မသတ္တိ မရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း သုခုမာ = သိမ်မွေ့ကုန်၏။ (နိရုဿာဟဋ္ဌေန = အကျိုးတရားဖြစ်ပေါ်လာအောင် အားထုတ်ခြင်း လုံ့လဥဿာဟ မရှိကုန်သည်၏ အဖြစ်ကြောင့်ဟူသော စကားရပ်ဖြင့် ဝိပါက်အဗျာကတဝေဒနာကို ပြ၏။ အဝိပါကဋ္ဌေန = အကျိုးဝိပါက်တရားကို ဖြစ်ပေါ်စေတတ်သော စွမ်းအင်ကမ္မသတ္တိ မရှိသည်၏ အဖြစ်ကြောင့် ----- ဟူသော စကားရပ်ဖြင့် ကြိယာအဗျာကတဝေဒနာကို ပြသည်။) (အဘိ-ဋ္ဌ-၂-၁၃။) ကုသိုလ်ဝေဒနာ အကုသိုလ်ဝေဒနာတို့သည် အကျိုးတရားကို ဖြစ်ပေါ်လာအောင် ဇောတည်းဟူသော အားထုတ်ခြင်း လုံ့လဥဿာဟနှင့်တကွ ဖြစ်ကုန်သည်၏ အဖြစ်ကြောင့်လည်းကောင်း၊ အကျိုးဝိပါက်တရားကို
无记受没有为令果法生起而发起的努力,又没有果,也就是没有能令果报法生起的业力,所以是细的。这里,‘由于无努力’显示果报无记受;‘由于无果’显示唯作无记受。(《分别论义注》2-13。)善受与不善受伴有为令果法生起而发起的速行努力,又伴有——
ဖြစ်ပေါ်စေတတ်သော စွမ်းအင် ကမ္မသတ္တိနှင့် အတူတကွ ဖြစ်ကုန်သည်၏ အဖြစ်ကြောင့်လည်းကောင်း သြဠာ- ရိကာ = ရုန့်ရင်းကြမ်းတမ်းကုန်၏။ (အဘိ-ဋ္ဌ-၂-၁၃။)
——能令果报法生起的业力,所以是粗的。(《分别论义注》2-13。)
原书第 37 页
မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- သမ္မသနဉာဏ်ခန်း အဗျာကတဝေဒနာတို့သည် ဆိုအပ်ခဲ့ပြီးသည့်အတိုင်း အကျိုးတရား ဖြစ်ပေါ်လာအောင် အားထုတ်ခြင်း လုံ့လဥဿာဟ မရှိကုန်သည်၏ အဖြစ်ကြောင့်လည်းကောင်း၊ အကျိုးဝိပါက်တရားကို ဖြစ်ပေါ်စေတတ်သော စွမ်းအင်ကမ္မသတ္တိ မရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း သုခုမာ = သိမ်မွေ့ကုန်၏။ (အဘိ-ဋ္ဌ-၂-၁၃။) ဤသို့လျှင် ကုသိုလ်ဇာတ်၊ အကုသိုလ်ဇာတ် ၊ ဝိပါက် + ကြိယာဟူသော အဗျာကတဇာတ် --- ဟူသော ဇာတ်၏အစွမ်းဖြင့် ရှေးဦးစွာ သြဠာရိက-သုခုမ ဖြစ်ပုံကို သိရှိပါလေ။
无记受则如上所说,没有为令果法生起而发起的努力,也没有能令果报法生起的业力,所以是细的。(《分别论义注》2-13。)由此,首先应依善、不善、果报无记、唯作无记这些种类,了知受的粗细。
၂ ။ သဘာဝ၏ အစွမ်းဖြင့် သြဠာရိက သုခုမ ဖြစ်ပုံ
二、依自性分别粗受与细受
ဒုက္ခာ ဝေဒနာ သြဠာရိကာ၊ သုခါ စ အဒုက္ခမသုခါ စ ဝေဒနာ သုခုမာ။ သုခဒုက္ခာ ဝေဒနာ သြဠာရိကာ၊ အဒုက္ခမသုခါ ဝေဒနာ သုခုမာ။ (အဘိ-၂-၄။) သဘာဝလက္ခဏာ၏ အစွမ်းအားဖြင့် ဒုက္ခဝေဒနာသည် သာယာအပ်သော သဘောမရှိခြင်းကြောင့်လည်း- ကောင်း = သာယာအပ်သော သုခကိုပယ်ခြင်းအားဖြင့်လည်းကောင်း၊ တုန်လှုပ်ခြင်းရှိသည်၏ အဖြစ်ကြောင့် လည်းကောင်း = မငြိမ်သက်သောအားဖြင့်လည်းကောင်း၊ ချောက်ချားခြင်းကို ပြုတတ်သည်၏ အဖြစ်ကြောင့် လည်းကောင်း၊ ထိတ်လန့်ဖွယ် ရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း၊ နှိပ်စက်လွှမ်းမိုးတတ်သည်၏ အဖြစ်ကြောင့် လည်းကောင်း သုခဝေဒနာ ဥပေက္ခာဝေဒနာတို့အောက် ရုန့်ရင်းကြမ်းတမ်း၏ သြဠာရိကဖြစ်၏။
‘苦受是粗的,乐受与不苦不乐受是细的;乐受、苦受是粗的,不苦不乐受是细的。’(《分别论》2-4。)依自性特相,苦受没有可乐的性质,也就是排斥可乐之乐;它会动摇、扰乱,令人怖畏,并能压迫、制伏,所以比乐受与舍受粗。
(ဝိသုဒ္ဓိ-၂-၁ဝ၅။)
(《清净道论》2-105。)
သုခဝေဒနာ ဥပေက္ခာဝေဒနာတို့သည် သာယာအပ်သည်၏ အဖြစ်ကြောင့်လည်းကောင်း၊ ငြိမ်သက်သည်၏ အဖြစ်ကြောင့်လည်းကောင်း၊ မွန်မြတ်သည်၏အဖြစ်ကြောင့်လည်းကောင်း၊ စိတ်နှလုံးကို ပွားစေတတ်သည်၏ အဖြစ်ကြောင့်လည်းကောင်း၊ လျစ်လျူရှုတတ် အလယ်အလတ်၌တည်သောသဘော ရှိတတ်သည်၏အဖြစ်ကြောင့် လည်းကောင်း ယှဥ်သင့်သည်အားလျော်စွာ ဒုက္ခဝေဒနာထက် သိမ်မွေ့ကုန်၏ = သုခုမ ဖြစ်ကုန်၏။ (ဝိသုဒ္ဓိ-၂- ၁ဝ၅။) အာရုံကိုလျစ်လျူရှုတတ် အလယ်အလတ်ခံစားတတ်သော မဇ္ဈတ္တတာသဘောသည် သုခဝေဒနာ၌ မရှိ၊ သာယာအပ်သော သာတသဘောသည် ဥပေက္ခာဝေဒနာ၌မရှိ၊ ငြိမ်သက်မှုသဘော သန္တတာစသည်တို့ကား သုခ ဥပေက္ခာ နှစ်မျိုးလုံးတို့၌ ရအပ်ကုန်၏၊ ထို့ကြောင့် ယထာယောဂံ = ယှဥ်သင့်သည့် အားလျော်စွာဟု ဆိုသည်။
乐受与舍受具有可乐、寂静、殊胜、令心增长,或处中平等的性质,依各自所适用的方面,比苦受细。(《清净道论》2-105。)对所缘保持中舍、处中的性质,乐受没有;可乐的性质,舍受没有;而寂静等性质则乐受与舍受二者都有。因此文中说‘依各自所适用者’。
(မဟာဋီ-၂-၁၆ဝ။)
(《大复注》2-160。)
တစ်ဖန် သုခဝေဒနာ ဒုက္ခဝေဒနာနှစ်မျိုးလုံးတို့သည် တုန်လှုပ်ခြင်းရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း = မငြိမ်သက်သောအားဖြင့်လည်းကောင်း၊ ချောက်ချားခြင်းကို ပြုတတ်သည်၏ အဖြစ်ကြောင့်လည်းကောင်း၊ ထင်ရှားသည်၏ အဖြစ်ကြောင့်လည်းကောင်း အဒုက္ခမသုခအမည်ရသော ဥပေက္ခာဝေဒနာအောက် ရုန့်ရင်း ကုန်၏ = သြဠာရိကဖြစ်ကုန်၏။ ထိုအဒုက္ခမသုခ = ဥပေက္ခာဝေဒနာသည် ဆိုအပ်ပြီးသည်မှ ပြောင်းပြန်သော အားဖြင့် ထိုသုခဝေဒနာ ဒုက္ခဝေဒနာနှစ်မျိုးထက် သိမ်မွေ့၏ = သုခုမ ဖြစ်၏။ ဤသို့လျှင် သဘာဝလက္ခဏာ၏ အစွမ်းဖြင့် သြဠာရိက သုခုမ ဖြစ်ပုံကို သိရှိပါလေ။ (ဝိသုဒ္ဓိ-၂-၁ဝ၅။) ဒုက္ခဝေဒနာတို့သည် မသာယာအပ်ကုန်သည်၏ အဖြစ်ကြောင့်လည်းကောင်း၊ ခဲယဥ်းသဖြင့် ခံစားအပ်ကုန်- သည်၏ အဖြစ်ကြောင့်လည်းကောင်း = အခံခက်ကုန်သည်၏ အဖြစ်ကြောင့်လည်းကောင်း၊ မခံနိုင်ကုန်သည်၏ အဖြစ်ကြောင့်လည်းကောင်း၊ သြဠာရိကာ = ရုန့်ရင်းကြမ်းတမ်းကုန်၏။ ။ သုခဝေဒနာတို့သည် သာယာအပ်ကုန်-
再者,乐受与苦受都会动摇、扰乱,而且明显,所以二者比称为不苦不乐受的舍受粗;反过来,舍受比乐受、苦受二者细。应当这样依自性特相了知受的粗细。(《清净道论》2-105。)苦受不可乐、难以承受且令人无法忍受,所以是粗的;乐受则可乐并容易承受,所以——
သည်၏ အဖြစ်ကြောင့်လည်းကောင်း၊ လွယ်ကူသဖြင့် ခံစားအပ်ကုန်သည်၏ အဖြစ်ကြောင့်လည်းကောင်း သုခုမာ = သိမ်မွေ့ကုန်၏။ ။ အဒုက္ခမသုခ = ဥပေက္ခာဝေဒနာတို့သည် ငြိမ်သက်ကုန်သည်၏အဖြစ်ကြောင့်လည်းကောင်း၊ မွန်မြတ်ကုန်သည်၏အဖြစ်ကြောင့်လည်းကောင်း သုခုမဖြစ်ကုန်၏ = သိမ်မွေ့ကုန်၏။ (အဘိ-ဋ္ဌ-၂-၁၃။)
——是细的。不苦不乐的舍受寂静而殊胜,所以也是细的。(《分别论义注》2-13。)
原书第 38 页
သုခဝေဒနာ ဒုက္ခဝေဒနာတို့သည် လှုပ်ရှားစေတတ်ကုန်သည်၏ အဖြစ်ကြောင့်လည်းကောင်း = ချောက်- ချားစေတတ်ကုန်သည်၏ အဖြစ်ကြောင့်လည်းကောင်း၊ ဖြန့်တတ် = ပျံ့နှံ့စေတတ်ကုန်သည်၏ အဖြစ်ကြောင့် လည်းကောင်း သြဠာရိက ဖြစ်ကုန်၏ = ရုန့်ရင်းကြမ်းတမ်းကုန်၏။ မှန်ပေသည် သုခဝေဒနာသည်လည်း လှုပ်ရှား စေတတ်၏ = ချောက်ချားစေတတ်၏၊ ဖြန့်တတ်၏ = ပျံ့နှံ့စေတတ်၏။ ဒုက္ခဝေဒနာသည်လည်း ထို့အတူပင်တည်း။
乐受与苦受都会使身心动摇、扰乱,也会扩散、遍布,所以是粗的。确实,乐受也能使人动摇、扰乱并扩散;苦受也是如此。
အကျယ်မှာ ဤသို့တည်း။ --- သုခဝေဒနာသည် ဖြစ်ပေါ်လာလတ်သော် တစ်ကိုယ်လုံးကို လှုပ်ရှားစေလျက် ချောက်ချားစေလျက် လည်းကောင်း၊ မွှေနှောက်လျက်လည်းကောင်း၊ စိုစွတ်စေလျက်လည်းကောင်း၊ မိမိကိန်းရာ သတ္တဝါ၏ ဇိမ်ယစ်မှုကို ပြုလျက်လည်းကောင်း၊ နှစ်သက်စေလျက် လွှမ်းမိုးလျက်လည်းကောင်း၊ အေးမြသော ရေအိုးဖြင့် လောင်းလိုက် သကဲ့သို့ ဖြစ်ပေါ်လာ၏။ ။ ဒုက္ခဝေဒနာသည် ဖြစ်ပေါ် လာလတ်သော် အလွန်ပူသော ထယ်သွားကို ခန္ဓာကိုယ်၏ အတွင်းသို့ သွင်းလိုက်ဘိသကဲ့သို့လည်းကောင်း၊ မြက်မီးရှူးဖြင့် ခန္ဓာကိုယ်၏ ပြင်ဘက်က လောင်မြှိုက်ပေးလိုက် သကဲ့သို့လည်းကောင်း ဖြစ်ပေါ်လာ၏။ ။ အဒုက္ခမသုခ = ဥပေက္ခာဝေဒနာတို့သည် ဆိုအပ်ခဲ့ပြီးသည့်အတိုင်း ငြိမ်သက်ကုန်သည်၏ အဖြစ်ကြောင့်လည်းကောင်း၊ မွန်မြတ်ကုန်သည်၏ အဖြစ်ကြောင့်လည်းကောင်း သုခုမ ဖြစ်ကုန်၏ = သိမ်မွေ့ကုန်၏။
详细说来,乐受生起时,或使全身动摇、激荡,或搅动、浸润全身,或使其所依的有情沉醉于舒适,或令人欢喜、压倒一切,仿佛以一罐凉水从头浇下。苦受生起时,则仿佛把炽热的犁铧插入身体内部,或用燃烧的草炬从身体外面灼烧。不苦不乐的舍受则如前所述,因为寂静而殊胜,所以是细的。
လှုပ်ရှားမှု - ချောက်ချားမှု
扰动—激荡
အဟိတ်ကုသလဝိပါက် သုခသဟဂုတ် ကာယဝိညာဏ်နှင့် ယှဥ်သော ကာယိက သုခဝေဒနာသည် တစ်နည်း ဆိုရသော် သုခဝေဒနာနှင့် တကွသော ယင်း သုခသဟဂုတ် ကာယဝိညာဏ် စိတ်စေတသိက် တရားစု- သည် စိတ္တဇရုပ်ကို မဖြစ်စေနိုင်ပေ။ သို့သော် ----- ဥပဗြူဟိတာနံ ဓာတူနံ ပစ္စယဘာဝေန သုခါ ခေါဘေတိ ဝိဗာဓိတာနံ ပစ္စယဘာဝေန ဒုက္ခာ စ။
与无因善果、乐俱的身识相应之身乐受——换言之,该乐俱身识的心、心所法组——不能‘乐受因成为诸界增长之缘而使其扰动,苦受则因成为诸界受逼迫之缘而使其扰动。’
(မူလဋီ-၂-၁၃။)
(《根本复注》2-13。)
ကာယိကသုခဖြစ်သောအခါ နောက်နောက်စိတ်များက ဓာတ်ကြီးလေးပါးကို တိုးပွားစေနိုင်၏ = များစွာ ဖြစ်စေနိုင်၏၊ ထို့ကြောင့် သုခဝေဒနာသည် ဓာတ်ကြီးလေးပါး တိုးပွားခြင်း၏ အရင်းခံဖြစ်သည်။ ထိုသုခကို အကြောင်းပြု၍ စိတ္တဇရုပ်ဖြစ်သော ဓာတ်ကြီးလေးပါး တိုးပွားလာသောအခါ ခန္ဓာကိုယ်ရှိ ရုပ်များသည် နဂိုအတိုင်း မငြိမ်သက်ဘဲ လှုပ်ရှားလာရသည်၊ ဥပမာ --- ပရိသတ်အတွင်း၌ လူတိုးလာသောအခါ ပရိသတ် မငြိမ်သက်သ- ကဲ့သို့တည်း။ ကာယိကဒုက္ခကို အကြောင်းပြု၍ နာကျင်သောအခါ၌လည်း စိတ္တဇရုပ်ဓာတ်များသည် နည်းတူပင် မငြိမ်မသက် လှုပ်လှက်သည်ပင်တည်း။ (မူလဋီ-၂-၁၃။)
身乐生起时,后续诸心能够令四大种增长、增多,所以乐受是四大种增长的根源。由于该乐,作为心生色的四大种增长,身体中的色法便不再如常静止,而会扰动;譬如集会中的人数增多时,会众就不再安静。由于身苦而感到疼痛时,心生色界也同样不安、扰动。(《根本复注》2-13。)
၃။ ပုဂ္ဂိုလ်၏ အစွမ်းဖြင့် သြဠာရိက သုခုမ ဖြစ်ပုံ
三、依人分别粗受与细受
တစ်ဖန် ပုဂ္ဂိုလ်၏ အစွမ်းဖြင့် သမာပတ်မဝင်စားသော ပုဂ္ဂိုလ်၏ ဝေဒနာသည် အာရုံအမျိုးမျိုး၌ ပျံ့လွင့်- သည်၏ အဖြစ်ကြောင့် သမာပတ်ဝင်စားသော ပုဂ္ဂိုလ်၏ ဝေဒနာအောက် သြဠာရိကဖြစ်၏ = ရုန့်ရင်း၏။
再者,依人而言,未入定者的受因驰散于种种所缘,所以比入定者的受粗。
ပြောင်းပြန်အားဖြင့် သမာပတ်ဝင်စားသော ပုဂ္ဂိုလ်၏ ဝေဒနာသည် သမာပတ်မဝင်စားသော ပုဂ္ဂိုလ်၏ ဝေဒနာ- ထက် သုခုမဖြစ်၏ = သိမ်မွေ့၏။ ဤသို့လျှင် ပုဂ္ဂိုလ်၏ အစွမ်းဖြင့် သြဠာရိက သုခုမဖြစ်ပုံကို သိရှိပါလေ။
反过来,入定者的受比未入定者的受细。应当这样依人了知受的粗细。
(ဝိသုဒ္ဓိ-၂-၁ဝ၅။ အဘိ-ဋ္ဌ-၂-၁၃-၁၄။)
(《清净道论》2-105;《分别论义注》2-13—14。)
သမာပတ်ဝင်စားသော ပုဂ္ဂိုလ်၏ ဝေဒနာသည် လောကီစျာန်သမာပတ်ဖြစ်လျှင်လည်း မိမိ အာရုံပြုသည့် အာနာပါနပဋိဘာဂနိမိတ်အာရုံ သို့မဟုတ် ကသိုဏ်းပဋိဘာဂနိမိတ်အာရုံစသည့် အာရုံတစ်ခုတည်း၌သာ လှည့်လည်ဖြစ်ပေါ်နေ၏၊ လောကုတ္တရာသမာပတ်ဖြစ်လျှင်လည်း အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တည်း
入定者若入世间禅定,其受只在一种所缘上流转生起,例如自己所缘取的入出息似相或遍似相;若入出世间定,其受也只在无为界、寂静界、涅槃这一种所缘——
原书第 39 页
မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- သမ္မသနဉာဏ်ခန်း ဟူသော အာရုံတစ်ခုတည်း၌သာ လှည့်လည်ဖြစ်ပေါ်နေ၏၊ ထို့ကြောင့်သမာပတ်ဝင်စားသော ပုဂ္ဂိုလ်၏ ဝေဒနာ- သည် သမာပတ်မဝင်စားသော ပုဂ္ဂိုလ်၏ ဝေဒနာထက် သုခုမဖြစ်၏ = သိမ်မွေ့၏။ (အဘိ-ဋ္ဌ-၂-၁၄။)
——上流转生起。因此,入定者的受比未入定者的受细。(《分别论义注》2-14。)
၄။ လောကီ လောကုတ္တရာ၏ အစွမ်းဖြင့် သြဠာရိက သုခုမ ဖြစ်ပုံ
四、依世间、出世间分别粗受与细受
တစ်ဖန် လောကီ လောကုတ္တရာ၏အစွမ်းဖြင့် အာသဝေါတရားလေးပါးတို့၏ အာရုံဖြစ်သော ဝေဒနာသည် လောကိယမည်၏၊ ထိုလောကီဝေဒနာသည် အာသဝေါတရား (လောဘ ဒိဋ္ဌိ မောဟ) ဖြစ်ခြင်း၏ အကြောင်း ဖြစ်သောကြောင့်လည်းကောင်း၊ သြဃလေးပါးတို့သည် အာရုံပြု၍ လွှမ်းမိုးအပ်သည်၏ အဖြစ်ကြောင့်လည်း- ကောင်း၊ ယောဂလေးပါးတို့သည် အာရုံပြု၍ လွှမ်းမိုးအပ်သည်၏အဖြစ်ကြောင့်လည်းကောင်း၊ အာရုံ၏အဖြစ်ဖြင့် ဖြစ်တတ်သည်ဖြစ်၍ အာရုံနှင့်စိတ်ကို ထုံးဖွဲ့ထားတတ်ကုန်သော (လောဘ ဒိဋ္ဌိ ဒေါသ) ဂန္ထတရားတို့၏အစီးအပွား ဖြစ်သောကြောင့် လည်းကောင်း၊ နီဝရဏတရားတို့သည် အာရုံပြုသောအားဖြင့် မြှေးယှက် ပိတ်ဖုံးအပ်သည်၏ အဖြစ်ကြောင့်လည်းကောင်း = နီဝရဏတရားတို့၏ အစီးအပွား ဖြစ်ခြင်းကြောင့်လည်းကောင်း၊ ဥပါဒါန်တရားတို့၏ အစီးအပွားဖြစ်ခြင်းကြောင့်လည်းကောင်း၊ ပူပန်စေတတ် နှိပ်စက်တတ်သော ကိလေသာကို ရခြင်းငှာ ထိုက်သည်၏
再者,依世间与出世间而言,能成为四漏所缘的受称为世间受。世间受能成为漏——贪、见、痴——生起之因,又会成为四暴流、四轭所缘而受其淹没、系缚;它能作为所缘,令贪、见、嗔等系法增长,使所缘与心被缠结;它还令诸盖增长而遮覆、令诸取增长,并适合让热恼、压迫的烦恼得以生起;又与凡夫相关,所以——
အဖြစ်ကြောင့်လည်းကောင်း၊ ပုထုဇန်ပုဂ္ဂိုလ်တို့အား ဆက်ဆံသည်၏ အဖြစ်ကြောင့်လည်းကောင်း အနာသဝ ဝေဒနာအောက် သြဠာရိက ဖြစ်၏ = ရုန့်ရင်း၏။ အနာသဝဝေဒနာဟူသည် လောကုတ္တရာစိတ်နှင့် ယှဥ်သော ဝေဒနာတည်း။ ထိုအနာသဝဝေဒနာသည် ပြောင်းပြန်အားဖြင့် အာသဝဝေဒနာထက် သုခုမဖြစ်၏ = သိမ်မွေ့၏။
——比无漏受粗。无漏受是与出世间心相应的受;反过来,它比有漏受细。
ဤသို့လျင် လောကီ လောကုတ္တရာ၏ အစွမ်းဖြင့် သြဠာရိက သုခုမ ဖြစ်ပုံကို သိရှိပါလေ။ (ဝိသုဒ္ဓိ-၂-၁ဝ၅။)
应当这样依世间与出世间了知受的粗细。(《清净道论》2-105。)
ရှောင်ရှားသင့်သော အချက်
应当避免的混淆
ထိုဆိုအပ်ခဲ့ပြီးသော သြဠာရိက သုခုမအဖြစ်၌ ဇာတ်စသည်တို့၏ အစွမ်းဖြင့် ရောယှက်ရှုပ်ထွေးမှုကို ရှောင်ရှားသင့်ပေသည်။ ထင်ရှားစေအံ့ --- အကုသလဝိပါက် ကာယဝိညာဏ်နှင့် ယှဥ်သော ဒုက္ခဝေဒနာသည် ဝိပါက်အဗျာကတတရား ဖြစ်ခြင်း- ကြောင့် ဇာတ်၏အစွမ်းဖြင့် သုခုမဖြစ်သော်လည်း သဘာဝ ပုဂ္ဂလ လောကိယတို့၏ အစွမ်းဖြင့် သြဠာရိက ဖြစ်ပြန်၏။ မှန်ပေသည် --- အဗျာကတာ ဝေဒနာ သုခုမာ၊ ဒုက္ခာ ဝေဒနာ သြဠာရိကာ၊ သမာပန္နဿ ဝေဒနာ သုခုမာ။ အသမာ- ပန္နဿ ဝေဒနာ သြဠာရိကာ။ သာသဝါ ဝေဒနာ သြဠာရိကာ။ အနာသဝါ ဝေဒနာ သုခုမာ။ (အဘိ-၂-၄။) အဗျာကတဝေဒနာသည် သုခုမ ဖြစ်၏၊ ဒုက္ခဝေဒနာသည် သြဠာရိက ဖြစ်၏။ သမာပတ်ဝင်စားသော ပုဂ္ဂိုလ်၏ ဝေဒနာသည် သုခုမ ဖြစ်၏၊ သမာပတ်မဝင်စားသော ပုဂ္ဂိုလ်၏ ဝေဒနာသည် သြဠာရိက ဖြစ်၏။
在上述粗细分别中,应当避免把种类等不同判准混在一起。例如,与不善果报身识相应的苦受,依种类是果报无记法,所以是细的;但依自性、人及世间等判准,它‘无记受是细的,苦受是粗的;入定者的受是细的,未入定者的受是粗的;有漏受是粗的,无漏受是细的。’(《分别论》2-4。)
အာသဝေါတရားတို့၏ အာရုံ ဖြစ်သော သာသဝဝေဒနာ = လောကီဝေဒနာသည် သြဠာရိက ဖြစ်၏၊ အာသဝေါ တရားတို့၏ အာရုံမဟုတ်သော အနာသဝဝေဒနာ = လောကုတ္တရာဝေဒနာသည် သုခုမဖြစ်၏။ (အဘိ-၂-၄။) ဤသို့လျှင် ဤစကားတော်ကို ဘုရားရှင်သည် ဟောကြားထားတော်မူအပ်ခဲ့လေပြီ။
佛陀已经这样开示:作为诸漏所缘的有漏受,也就是世间受,是粗的;不作为诸漏所缘的无漏受,也就是出世间受,是细的。(《分别论》2-4。)
တစ်ဖန် ဒုက္ခဝေဒနာသည် ဇာတိ = ဇာတ်အားဖြင့် ဝိပါက်အဗျာကတဇာတ်ဖြစ်၍ သုခုမ ဖြစ်ငြား သော်လည်း သဘာဝစသည်တို့၏ အစွမ်းဖြင့် သြဠာရိကဖြစ်သကဲ့သို့၊ ဤအတူ အကုသိုလ် သုခဝေဒနာ = သောမနဿဝေဒနာသည် အကုသိုလ်ဇာတ်ဖြစ်၍ ဇာတိ = ဇာတ်၏အစွမ်းဖြင့် သြဠာရိကဖြစ်၏။ သဘာဝ၏ အစွမ်းဖြင့်ကား သုခုမဖြစ်၏။ ကုသိုလ်စျာန်နှင့် အတူတကွဖြစ်သော သုခဝေဒနာ = သောမနဿဝေဒနာသည်
苦受依种类是果报无记类,所以是细的;依自性等则是粗的。同样,不善乐受,也就是喜受,依种类属于不善,所以是粗的;依自性却是细的。与善禅相应的乐受,也就是喜受——
原书第 40 页
ကုသိုလ်ဇာတ်ဖြစ်၍ ဇာတ်၏အစွမ်းဖြင့် သြဠာရိကဖြစ်၏။ စျာန်သမာပတ်ကို ဝင်စားသော ပုဂ္ဂိုလ်၏ စျာန်သမာ- ပတ်နှင့် ယှဥ်သောသုခ = သောမနဿဝေဒနာတို့ကား ပုဂ္ဂိုလ်၏အစွမ်းဖြင့် သုခုမဖြစ်ကုန်၏။ ဤသို့လျှင် သုခ = သောမနဿစသော ဝေဒနာတို့သည်လည်း ဇာတ်၏ အစွမ်းဖြင့် သြဠာရိက ဖြစ်ကုန်သော်လည်း သဘာဝ ပုဂ္ဂလစသည်တို့၏ အစွမ်းဖြင့် သုခုမဖြစ်ကုန်၏။ (ဝိသုဒ္ဓိ-၂-၁ဝ၅။ မဟာဋီ-၂-၁၆ဝ။) ထို့ကြောင့် အကြင်အခြင်းအရာအားဖြင့် ဇာတ်စသည်တို့၏အစွမ်းဖြင့် ရောယှက်ရှုပ်ထွေးခြင်းသည် မဖြစ်၊ ထိုအခြင်းအရာအားဖြင့် ဝေဒနာတို့၏ သြဠာရိက သုခုမအဖြစ်ကို သိရှိအပ်ပေ၏။ ဤ ရောယှက် ရှုပ်ထွေးခြင်း မဖြစ်သော အခြင်းအရာသည် အဘယ်နည်း။ --- အဗျာကတဝေဒနာသည် ဇာတိ၏အစွမ်းဖြင့် ကုသိုလ်ဝေဒနာ အကုသိုလ်ဝေဒနာတို့ထက် သုခုမဖြစ်၏၊ ထိုအဗျာကတဝေဒနာသည် ဇာတိ၏အစွမ်းဖြင့် ကုသိုလ်ဝေဒနာ အကုသိုလ်ဝေဒနာတို့ထက် သုခုမဖြစ်၏ဟူသော
——依种类属于善,所以是粗的;但它与入禅定者之禅定相应,依人则是细的。这样,乐受、喜受等依种类虽粗,依自性、人等却是细的。(《清净道论》2-105;《大复注》2-160。)因此,必须以不会把种类等判准混杂的方式了知受的粗细。什么是不混杂的方式呢?例如说‘依种类,无记受比善受、不善受细’时——
စကားရပ်၌ --- ၁။ အဘယ်အဗျာကတဝေဒနာနည်း၊ ၂။ ဒုက္ခဝေဒနာလော၊ ၃။ သုခဝေဒနာလော၊ ၄။ သမာပတ်ဝင်စားသော ပုဂ္ဂိုလ်၏ ဝေဒနာလော၊ ၅။ သမာပတ်မဝင်စားသော ပုဂ္ဂိုလ်၏ ဝေဒနာလော၊ ၆။ သာသဝ ဝေဒနာလော၊ ၇။ အနာသဝ ဝေဒနာလော --- ဤသို့လျှင် ယင်း အဗျာကတဝေဒနာ၏ သဘာဝ ပုဂ္ဂလစသော အပြားကို = အမျိုးအစားကို မသုံးသပ်- သင့်ပေ = မဆန်းစစ်သင့်ပေ။
——不应再追问:一、是哪一种无记受?二、是苦受吗?三、是乐受吗?四、是入定者的受吗?五、是未入定者的受吗?六、是有漏受吗?七、是无漏受吗?也就是说,不应在此另外审察该无记受的自性、人等类别。
၁။ ဇာတိ၊ ၂။ သဘာဝ၊ ၃။ ပုဂ္ဂလ၊ ၄။ သာသဝ-အနာသဝ = လောကိယ-လောကုတ္တရာ --- ဤလေးမျိုးသော ကောဋ္ဌာသတို့ကို အချင်းချင်း မရောနှော မရောယှက်သည်တို့ကိုသာလျှင် ပြု၍ ယူအပ်- ကုန်၏။ ဤသို့သော အခြင်းအရာအားဖြင့် ရောယှက်ခြင်းကို ရှောင်လွှဲခြင်းသည် ဖြစ်၏။ အခြားတစ်ပါးသော အခြင်းအရာအားဖြင့် ရှောင်လွှဲခြင်းသည် မဖြစ်။ ဤသို့သော အနက်အဓိပ္ပါယ်ကို ညွှန်ပြ၏။ အဗျာကတဝေဒနာ ကို အရင်းခံပြုသဖြင့် ညွှန်ပြထားသကဲ့သို့ အလားတူပင် ကုသိုလ်ဝေဒနာ အကုသိုလ်ဝေဒနာကို အဦးမူသဖြင့် လည်း ညွှန်ပြအပ်ပေ၏။ သည်မျှသာမကသေး ဇာတိကို အရင်းခံပြုသဖြင့် ညွှန်ပြအပ်သကဲ့သို့ သဘာဝ ပုဂ္ဂလ စသည်တို့ကို အရင်းခံပြုသဖြင့်လည်း ညွှန်ပြသင့်ပေ၏။ (ဝိသုဒ္ဓိ-၂-၁ဝ၅-၁ဝ၆။ မဟာဋီ-၂-၁၆ဝ-၁၆၁။)
一、种类;二、自性;三、人;四、有漏—无漏,也就是世间—出世间。这四类判准应各自独立而取,不可彼此混杂。只有这样才能避免混淆,其他方式不能。以无记受为主所作的说明,也可以善受、不善受为主而说明;以种类为主所作的说明,也可以自性、人等为主而说明。(《清净道论》2-105—106;《大复注》2-160—161。)
အချင်းချင်း ထောက်ဆ၍ ထောက်ဆ၍ သြဠာရိက သုခုမ ယူပုံ
相对再相对地分别粗受与细受
တစ်နည်းလည်း ထိုထိုဝေဒနာကို ထောက်ဆ၍ ထောက်ဆ၍ ဝေဒနာကို သြဠာရိကဖြစ်သည် သို့မဟုတ် သုခုမဖြစ်သည်ဟု မှတ်သားပါ။ ဤသို့ ဟောကြားတော်မူသောကြောင့် အကုသလဝေဒနာစသည်တို့တွင်လည်း လောဘနှင့် အတူတကွ ဖြစ်သော လောဘသဟဂုတ်ဝေဒနာအောက် ဒေါသနှင့် အတူတကွ ဖြစ်သော ဒေါသ
另一种方法是:应当把各种受彼此相对再相对,从而判定某受为粗、某受为细。依此教法,在不善受中,与嗔相应的受像火一样能烧灼其所依的心所依处,换言之,能烧灼自己所依的诸蕴,所以比与贪相应的受——
原书第 41 页
မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- သမ္မသနဉာဏ်ခန်း သဟဂုတ်ဝေဒနာသည် မီးကဲ့သို့ မိမိ၏မှီရာ ဟဒယဝတ္ထုကို လောင်တတ်သောကြောင့် တစ်နည်းဆိုသော် မိမိ၏ မှီရာခန္ဓာကို လောင်တတ်သည်၏ အဖြစ်ကြောင့် သြဠာရိက မည်၏။ လောဘသဟဂုတ် ဝေဒနာသည် ဒေါသ သဟဂုတ်ဝေဒနာထက် သိမ်မွေ့၏ သုခုမ ဖြစ်၏။ (ဝိသုဒ္ဓိ-၂-၁ဝ၆။) ဒေါသနှင့် အတူတကွဖြစ်သော ဒေါသသဟဂုတ်ဝေဒနာသည်လည်း အမိကိုသတ်ခြင်း၊ အဖကိုသတ်ခြင်း၊ ရဟန္တာပုဂ္ဂိုလ်အား သတ်ခြင်း၊ ဘုရားရှင်အား သွေးစိမ်းတည်စေခြင်း၊ သံဃာသင်းခွဲခြင်းတည်းဟူသော သေသည်၏ အခြားမဲ့၌ အပါယ်လေးဘုံ၌ အကျိုးပေးမြဲသော အလွန်လေးလံသော အာနန္တရိယကံအဖြစ်သို့ ရောက်သော မိစ္ဆတ္တနိယတဝေဒနာသည် သြဠာရိက ဖြစ်၏၊ အနိယတဖြစ်သောအကျိုးပေး ကိန်းသေမမြဲသော ဒေါသသဟဂုတ် ဝေဒနာသည် သုခုမဖြစ်၏။ အာနန္တရိယအဖြစ်သို့ ရောက်သော မိစ္ဆတ္တနိယတ ဒေါသသဟဂုတ် ဝေဒနာသည်- လည်း ကမ္ဘာပတ်လုံး ငရဲ၌ တည်ကောင်းသော ဝိပါက်အကျိုးရှိသော ဝေဒနာသည် သြဠာရိက ဖြစ်၏။ ကမ္ဘာ-
——粗;与贪相应的受则比与嗔相应的受细。(《清净道论》2-106。)在嗔相应受中,由杀母、杀父、杀阿罗汉、出佛身血、破和合僧等极重无间业而决定死后堕入恶趣的邪性决定受是粗的;果报尚未决定的嗔相应受是细的。邪性决定的嗔相应受中,能令其果报住留地狱一劫的受是粗的;不能令果报住留一劫的受——
ပတ်လုံး ငရဲ၌ တည်ကောင်းသော ဝိပါက်အကျိုးမရှိသော = ကပ္ပဋ္ဌိတိက မဟုတ်သော အာနန္တရိယကံအဖြစ်သို့ ရောက်သော မိစ္ဆတ္တနိယတ ဒေါသသဟဂုတ်ဝေဒနာသည် သုခုမဖြစ်၏။ (အရှင်ဒေဝဒတ်၏ အာနန္တရိယကံကား ကပ္ပဋ္ဌိတိက ဒေါသသဟဂုတ်ဝေဒနာနှင့်ယှဥ်၏။ အဇာတသတ်၏ အာနန္တရိယကံကား ကပ္ပဋ္ဌိတိကမဟုတ်သော ဒေါသသဟဂုတ်ဝေဒနာနှင့် ယှဥ်၏ --- ဤသို့ စသည်ဖြင့် သဘောပေါက်ပါ။) (ဝိသုဒ္ဓိ-၂-၁ဝ၆။) ကပ္ပဋ္ဌိတိက ဒေါသသဟဂုတ်ဝေဒနာတို့တွင်လည်း အသင်္ခါရိက ဒေါသသဟဂုတ်ဝေဒနာသည် သြဠာရိက ဖြစ်၏၊ သသင်္ခါရိက ဒေါသသဟဂုတ်ဝေဒနာသည် သုခုမ ဖြစ်၏။ (ဝိသုဒ္ဓိ-၂-၁ဝ၆။) တစ်ဖန် လောဘသဟဂုတ်ဝေဒနာသည် ဒိဋ္ဌိဂတသမ္ပယုတ်ဖြစ်မူ သြဠာရိက ဖြစ်၏၊ ဒိဋ္ဌိဂတဝိပ္ပယုတ် ဝေဒနာသည် သုခုမ ဖြစ်၏။ ထို ဒိဋ္ဌိဂတသမ္ပယုတ်ဝေဒနာသည်လည်း နိယတမိစ္ဆာဒိဋ္ဌိ ဖြစ်အံ့၊ သြဠာရိက ဖြစ်၏။
——是细的。〔提婆达多的无间业与一劫住嗔相应受相应;阿阇世王的无间业则与非一劫住嗔相应受相应,应依此类推而理解。〕(《清净道论》2-106。)一劫住嗔相应受中,无行嗔相应受是粗的,有行嗔相应受是细的。(《清净道论》2-106。)再者,贪相应受若与邪见相应便是粗的;若与邪见不相应便是细的。邪见相应受若属于决定邪见,就是粗的;——
နိယတမိစ္ဆာဒိဋ္ဌိ မဖြစ်အံ့ (= နိယတမိစ္ဆာဒိဋ္ဌိနှင့်မယှဥ်သော လောဘသဟဂုတ်ဝေဒနာ ဖြစ်အံ့) သုခုမ ဖြစ်၏။
——若不属于决定邪见,也就是贪相应受不与决定邪见相应,便是细的。
နိယတမိစ္ဆာဒိဋ္ဌိနှင့် ယှဥ်သော ဒိဋ္ဌိဂတသမ္ပယုတ်ဝေဒနာသည်လည်း ကပ္ပဋ္ဌိတိကဝေဒနာသည် သြဠာရိက ဖြစ်၏၊ ကပ္ပဋ္ဌိတိက မဟုတ်သော ဒိဋ္ဌိဂတသမ္ပယုတ်ဝေဒနာသည် သုခုမ ဖြစ်၏။ ကပ္ပဋ္ဌိတိကဝေဒနာတို့တွင်လည်း အသင်္ခါရိကဝေဒနာသည် သြဠာရိက ဖြစ်၏၊ သသင်္ခါရိကဝေဒနာသည် သုခုမ ဖြစ်၏။ (ဝိသုဒ္ဓိ-၂-၁ဝ၆။) လောဘသဟဂုတ် ဒေါသသဟဂုတ်ဟု မခွဲဘဲ သာမန်အားဖြင့်ကား အကုသိုလ်ဝေဒနာသည် များသော အကျိုးရှိမူ သြဠာရိက ဖြစ်၏။ အကျိုးနည်းမူ သုခုမ ဖြစ်၏။ တစ်ဖန် ကုသိုလ်ဝေဒနာသည် အကျိုးနည်းမူ သြဠာရိက ဖြစ်၏။ အကျိုးများမူ သုခုမ ဖြစ်၏။ (ဝိသုဒ္ဓိ-၂-၁ဝ၆။)
与决定邪见相应的邪见相应受中,一劫住受是粗的,非一劫住受是细的;一劫住受中,无行受是粗的,有行受是细的。(《清净道论》2-106。)不分别贪相应与嗔相应而一般地说,不善受若果报大便是粗的,果报小便是细的;善受则果报小者粗,果报大者细。(《清净道论》2-106。)
တစ်နည်း သြဠာရိက သုခုမ ခွဲပုံ
另一种粗细分别法
တစ်နည်းလည်း ကာမာဝစရ ကုသိုလ်ဝေဒနာသည် သြဠာရိကဖြစ်၏၊ ရူပါဝစရ ကုသိုလ်ဝေဒနာသည် သုခုမဖြစ်၏။ ထို ရူပါဝစရ ကုသိုလ်ဝေဒနာထက် အရူပါဝစရ ကုသိုလ်ဝေဒနာသည် သုခုမဖြစ်၏။ ထိုအရူပါဝစရ ကုသိုလ်ဝေဒနာထက် လောကုတ္တရာ ကုသိုလ်ဝေဒနာသည် သုခုမဖြစ်၏။
另一种方法是:欲界善受是粗的,色界善受是细的;无色界善受又比色界善受细;出世间善受又比无色界善受细。
ဆက်၍ဆိုဦးအံ့၊ --- ဒါနဖြစ်သော ကာမာဝစရကုသိုလ်ဝေဒနာသည် သြဠာရိကဖြစ်၏၊ သီလဖြစ်သော ကာမာဝစရ ကုသိုလ်ဝေဒနာသည် သုခုမဖြစ်၏။ ထိုသီလဖြစ်သော ကာမာဝစရကုသိုလ် ဝေဒနာထက် ဘာဝနာ ဖြစ်သော ကာမာဝစရကုသိုလ်ဝေဒနာသည် သုခုမဖြစ်၏။ ဘာဝနာဖြစ်သော ကာမာဝစရကုသိုလ် ဝေဒနာ- သည်လည်း ဒွိဟိတ်ဖြစ်မူ သြဠာရိကဖြစ်၏၊ တိဟိတ်ဖြစ်မူ သုခုမဖြစ်၏။ ဘာဝနာဖြစ်သော တိဟိတ် ကာမာဝစရ ကုသိုလ်ဝေဒနာသည်လည်း သသင်္ခါရိကဖြစ်မူ သြဠာရိကဖြစ်၏၊ အသင်္ခါရိကဖြစ်မူ သုခုမဖြစ်၏။
再进一步说:由布施而生的欲界善受是粗的,由持戒而生的欲界善受是细的;由修习而生的欲界善受又比持戒所生者细。在修习所生的欲界善受中,二因者粗,三因者细;在修习所生的三因欲界善受中,有行者粗,无行者细。
原书第 42 页
တစ်ဖန် --- ၁။ ပထမစျာန်၌ ယှဥ်သော ရူပါဝစရကုသိုလ်ဝေဒနာသည် သြဠာရိက၊ ဒုတိယစျာန်၌ ယှဥ်သော ရူပါဝစရကုသိုလ်ဝေဒနာသည် သုခုမ၊ ၂။ ဒုတိယစျာန်၌ ယှဥ်သော ရူပါဝစရကုသိုလ်ဝေဒနာသည် သြဠာရိက၊ တတိယစျာန်၌ ယှဥ်သော ရူပါဝစရကုသိုလ်ဝေဒနာသည် သုခုမ၊ ၃။ တတိယစျာန်၌ ယှဥ်သော ရူပါဝစရကုသိုလ်ဝေဒနာသည် သြဠာရိက၊ စတုတ္ထစျာန်၌ ယှဥ်သော ရူပါဝစရကုသိုလ်ဝေဒနာသည် သုခုမ၊ ၄။ စတုတ္ထစျာန်၌ ယှဥ်သော ရူပါဝစရကုသိုလ်ဝေဒနာသည် သြဠာရိက၊ ပဉ္စမစျာန်၌ ယှဥ်သော ရူပါဝစရကုသိုလ်ဝေဒနာသည် သုခုမတည်း။
再者:一、与初禅相应的色界善受是粗的,与第二禅相应者是细的;二、与第二禅相应者是粗的,与第三禅相应者是细的;三、与第三禅相应者是粗的,与第四禅相应者是细的;四、与第四禅相应者是粗的,与第五禅相应者是细的。
တစ်ဖန် အရူပါဝစရဖြစ်သော --- ၁။ အာကာသာနဉ္စာယတနစျာန်၌ ယှဥ်သော ဝေဒနာသည် သြဠာရိက၊ ဝိညာဏဉ္စာယတနစျာန်၌ ယှဥ်သော ဝေဒနာသည် သုခုမ၊ ၂။ ဝိညာဏဉ္စာယတနစျာန်၌ ယှဥ်သော ဝေဒနာသည် သြဠာရိက၊ အာကိဉ္စညာယတနစျာန်၌ ယှဥ်သော ဝေဒနာသည် သုခုမ၊ ၃။ အာကိဉ္စညာယတနစျာန်၌ ယှဥ်သော ဝေဒနာသည် သြဠာရိက၊ နေဝသညာနာသညာယတနစျာန်၌ ယှဥ်သော ဝေဒနာသည် သုခုမတည်း။
在无色界诸禅中:一、与空无边处禅相应的受是粗的,与识无边处禅相应者是细的;二、与识无边处禅相应者是粗的,与无所有处禅相应者是细的;三、与无所有处禅相应者是粗的,与非想非非想处禅相应者是细的。
တစ်ဖန် လောကုတ္တရာဖြစ်သော --- ၁။ သောတပတ္တိမဂ်၌ ယှဥ်သော ဝေဒနာသည် သြဠာရိက၊ သကဒါဂါမိမဂ်၌ ယှဥ်သော ဝေဒနာသည် သုခုမ၊ ၂။ သကဒါဂါမိမဂ်၌ ယှဥ်သော ဝေဒနာသည် သြဠာရိက၊ အနာဂါမိမဂ်၌ ယှဥ်သော ဝေဒနာသည် သုခုမ၊ ၃။ အနာဂါမိမဂ်၌ ယှဥ်သော ဝေဒနာသည် သြဠာရိက၊ အရဟတ္တမဂ်၌ ယှဥ်သော ဝေဒနာသည် သုခုမတည်း။
在出世间诸受中:一、与入流道相应的受是粗的,与一来道相应者是细的;二、与一来道相应者是粗的,与不还道相应者是细的;三、与不还道相应者是粗的,与阿罗汉道相应者是细的。
ထိုထိုဘုံ၌ဖြစ်သော ဝိပါက်ဝေဒနာ ကြိယာဝေဒနာတို့၌လည်းကောင်း၊ ဒုက္ခစသည်၊ အသမာပန္နစသည် (= သမာပတ်မဝင်စားသော ပုဂ္ဂိုလ်၏ ဝေဒနာစသည်)၊ သာသဝစသည်တို့၏ ဖွင့်ဆိုအပ်ခဲ့ပြီးသော ဝေဒနာတို့၌ လည်းကောင်း ဤနည်းကို မှတ်သားပါလေ။ (ဝိသုဒ္ဓိ-၂-၁ဝ၆။) သြကာသ၏ အစွမ်းအားဖြင့်လည်း ငရဲ၌ဖြစ်သော ဒုက္ခဝေဒနာသည် သြဠာရိကဖြစ်၏။ တိရစ္ဆာန်ဘုံ၌ ဖြစ်သော ဒုက္ခဝေဒနာသည် သုခုမဖြစ်၏။ ပ ။ ပရနိမ္မိတဝသဝတ္တိ နတ်ဘုံတို့၌ ဖြစ်သော ဒုက္ခဝေဒနာသည် သုခုမသာတည်း။ ။ ဒုက္ခဝေဒနာကို ယှဥ်အပ်သကဲ့သို့လည်း အလားတူပင် သုခဝေဒနာကိုလည်း အလုံးစုံသော ဘုံတို့၌ ထိုက်သည့်အားလျော်စွာ ယှဥ်စေထိုက်၏။ ။ ဝေဒနာ၏ ဖြစ်ရာတည်ရာ အာရုံဖြစ်သော ဝတ္ထုအားဖြင့်လည်း ယုတ်သောဝတ္ထုကို အာရုံပြု၍ဖြစ်သော အမှတ်မရှိသော ဝေဒနာသည် သြဠာရိကမည်၏။ မွန်မြတ်သော ဝတ္ထုကို အာရုံပြု၍ ဖြစ်သော အမှတ်မရှိသော ဝေဒနာသည် သုခုမ မည်၏။ (ဝိသုဒ္ဓိ-၂-၁ဝ၆။)
对于各界地中的果报受、唯作受,以及前面所解释的苦受、未入定者之受、有漏受等,也应采用这种相对分别法。(《清净道论》2-106。)依所生之处,地狱中的苦受是粗的,畜生趣中的苦受是细的;如此逐层相对,直到他化自在天中的苦受是细的。乐受也应在一切界地中依各自适用的方式相对而知。再依受生起、安住时所缘的事物而言,任何一种缘低劣事物而生的受是粗的,缘殊胜事物而生的受是细的。(《清净道论》2-106。)
原书第 43 页
ဟီန - ပဏီတ = အယုတ် - အမြတ်
劣受—胜受
ဟီန-ပဏီတ = အယုတ် အမြတ် ကွဲပြားမှု၌ အကြင် ဝေဒနာသည် သြဠာရိကဖြစ်၏၊ ထို ဝေဒနာသည် ဟီနဖြစ်၏။ အကြင် ဝေဒနာသည်ကား သုခုမဖြစ်၏၊ ထို ဝေဒနာသည်ကား ပဏီတဖြစ်၏၊ မွန်မြတ်၏။ ဤသို့လျှင် ဟီန = အယုတ်၊ ပဏီတ = အမြတ် ဖြစ်ပုံကို မှတ်သားပါလေ။ (ဝိသုဒ္ဓိ-၂-၁ဝ၆။)
在劣、胜的分别中,某受若是粗的,它就是劣的;某受若是细的,它就是胜的。应当这样了知劣受与胜受。(《清净道论》2-106。)
ဒူရ - သန္တိက = အဝေး - အနီး
远受—近受
အကုသိုလ်ဝေဒနာသည် ဇာတ်စသောအားဖြင့် မတူသော ကောဋ္ဌာသ = အဖို့အစုရှိသည်၏ အဖြစ်ဖြင့် လည်းကောင်း၊ ဆင်းရဲသော အကျိုးတရားကိုဖြစ်စေခြင်း စသောအားဖြင့် မတူသောကိစ္စရှိသည်၏အဖြစ်ဟူသော မနှီးနှောသောအားဖြင့်လည်းကောင်း၊ မတူသောသဘောရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း ကုသလဝေဒနာ၊ အဗျာကတဝေဒနာတို့မှ ဝေး၏။ ထို့အတူ ကုသိုလ်ဝေဒနာ အဗျာကတဝေဒနာတို့သည် အကုသိုလ်ဝေဒနာမှ ဝေးကုန်၏။ သြဠာရိက သုခုမကွဲပြားမှု၌ ဆိုအပ်ခဲ့ပြီးသော နည်းကိုမှီးသဖြင့် ဖွင့်ဆိုအပ်ကုန်သော ခပ်သိမ်း- သော ဝါရတို့၌ ကြွင်းသောနည်းကို သိရှိပါလေ။ (ဝိသုဒ္ဓိ-၂-၁ဝ၇။) တစ်ဖန် --- အကုသိုလ်ဝေဒနာသည် ဇာတ်စသောအားဖြင့် တူသော ကောဋ္ဌာသ = အဖို့အစုရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း၊ ဆင်းရဲသော အကျိုးတရားကို ဖြစ်စေခြင်း စသောအားဖြင့် တူသောသဘော ရှိ- သည်၏ အဖြစ်ကြောင့်လည်းကောင်း အကုသိုလ်ဝေဒနာနှင့် သန္တိက = နီး၏။ ဤကား ဝေဒနာက္ခန္ဓာ၌ အတိတ်
不善受在种类等方面与善受、无记受属于不同类别,在产生苦果等作用方面彼此无涉,自性也不相同,所以离善受、无记受远。同样,善受与无记受也离不善受远。应依粗细分别中已经说明的例子,了知其余一切类别。(《清净道论》2-107。)再者,不善受与不善受在种类等方面同属一类,也同样具有产生苦果等自性,所以彼此为近。以上是分别受蕴的过去——
စသည်၏အဖြစ်ကို ဝေဖန်ရာ၌ အကျယ်စကားအမြွက်တည်း။
——等类别时的详细说明纲要。
ထိုထို ဝေဒနာက္ခန္ဓာနှင့် ယှဥ်ကုန်သော --- သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာတို့၏ အတိတ် စသည်ကို ခွဲခြားဝေဖန်ရာ၌ ဤဝေဒနာက္ခန္ဓာ၌ ဆိုခဲ့သော အကျယ်စကားအမြွက်အတိုင်းသာလျှင် သိရှိပါလေ။
对于与各种受蕴相应的想蕴、行蕴、识蕴,在分别其过去等类别时,也应依受蕴所说的详细说明纲要而知。
(ဝိသုဒ္ဓိ-၂-၁ဝ၇။)
(《清净道论》2-107。)
သင်္ခါရက္ခန္ဓာ
行蕴
စေတနာတိ ဟေဋ္ဌိမကောဋိယာ ပဓာနသင်္ခါရဝသေန ဝုတ္တံ။ ဟေဋ္ဌိမကောဋိယာ ဟိ အန္တမသော စက္ခု- ဝိညာဏေန သဒ္ဓိံ ပါဠိယံ အာဂတာ စတ္တာရော သင်္ခါရာ ဥပ္ပဇ္ဇန္တိ။ တေသု စေတနာ ပဓာနာ၊ အာယူဟနဋ္ဌေန ပါကဋတ္တာ။ တသ္မာ အယမေဝ ဂဟိတာ။ တံသမ္ပယုတ္တသင်္ခါရာ ပန တာယ ဂဟိတာယ ဂဟိတာဝ ဟောန္တိ။
巴利原文(缅文字体):‘စေတနာတိ ဟေဋ္ဌိမကောဋိယာ ပဓာနသင်္ခါရဝသေန ဝုတ္တံ။ ဟေဋ္ဌိမကောဋိယာ ဟိ အန္တမသော စက္ခု- ဝိညာဏေန သဒ္ဓိံ ပါဠိယံ အာဂတာ စတ္တာရော သင်္ခါရာ ဥပ္ပဇ္ဇန္တိ။ တေသု စေတနာ ပဓာနာ၊ အာယူဟနဋ္ဌေန ပါကဋတ္တာ။ တသ္မာ အယမေဝ ဂဟိတာ။ တံသမ္ပယုတ္တသင်္ခါရာ ပန တာယ ဂဟိတာယ ဂဟိတာဝ ဟောန္တိ။’译:‘说“思”,是从最低限度以主要的行来说明。因为在最低限度,即使与眼识同时,也会生起巴利圣典所说的四种行;其中思最为主要,因为它以积集、造作之义而显著。因此这里只摄取思;摄取思时,与它相应的诸行也就已经摄取了。’
(အဘိ-ဋ္ဌ-၂-၁၉။)
(《阿毗达磨义注》2-19。)
ဘုရားရှင်သည် ဝိဘင်းပါဠိတော်ဝယ် သင်္ခါရက္ခန္ဓာကို ဝေဖန်ဟောကြားတော်မူရာ၌ စေတနာတစ်ခုကိုသာ ဝေဖန်ဟောကြားသွားတော်မူ၏။ ယင်းသို့ ဟောကြားတော်မူရာ၌ စေတနာဟူသော ပုဒ်ကို အောက်ထစ်ပိုင်းခြား အယုတ်ဆုံး စိတ္တုပ္ပါဒ် အပိုင်းအခြားအားဖြင့် ပဓာနဖြစ်သော သင်္ခါရတရားကို ပြတော်မူသည်၏ အစွမ်းဖြင့် ဘုရားရှင်သည် ဟောကြားတော်မူအပ်၏။ အောက်ထစ်ဆုံး စိတ္တုပ္ပါဒ် အပိုင်းအခြားအားဖြင့် အောက်ထစ်ပိုင်းခြား အယုတ်ဆုံးအားဖြင့် စက္ခုဝိညာဏ်နှင့် အတူအကွ ဓမ္မသင်္ဂဏီပါဠိတော်၌ တိုက်ရိုက်လာကုန်သော ဖဿ စေတနာ ဧကဂ္ဂတာ ဇီဝိတိန္ဒြေဟူသော လေးမျိုးကုန်သော သင်္ခါရက္ခန္ဓာတရားတို့သည် ဖြစ်ကြကုန်၏။ (မနသိကာရသည် ဓမ္မသင်္ဂဏီပါဠိတော်၌ တိုက်ရိုက်မလာ၊ ယေဝါပနက တရားအဖြစ်ဖြင့်သာလာသည်၊ ဝေဒနာ သညာကား သီးခြား ခန္ဓာအဖြစ်ဖြင့် နှုတ်ပြီးတည်း။) ထိုသင်္ခါရက္ခန္ဓာတရားစုတွင် စေတနာကား ပြဓာန်း၏= ပဓာနဖြစ်၏။ အဘယ်-
世尊在巴利《分别论》中分别开示行蕴时,只直接分别开示了思。这里的‘思’一词,是依最低限度的心生起,以其中主要的行法来开示。就最低限度的心生起而言,即使与眼识同时,也会生起巴利《法集论》直接列出的触、思、一境性、名命根四种行蕴法。〔作意并未在《法集论》此处直接列出,只列为‘或任何其他法’;受与想则已另立为蕴,故须除外。〕在这一组行蕴法中,思是首要、主要的。为什么呢?——
原书第 44 页
ကြောင့်နည်း? --- စေတနာ၏ အာယူဟနဋ္ဌ = အားထုတ်သည်၏ အဖြစ်ဟူသော အနက်သဘောအားဖြင့် ထင်ရှားသည်၏ အဖြစ်ကြောင့်တည်း။ ထိုသို့ ပဓာနဖြစ်သောကြောင့် ဤစေတနာကိုသာလျှင် စက္ခုသမ္ဖဿဇာ စေတနာစသည်ဖြင့် စေတနာကိုသာ ခေါင်းတပ်၍ သင်္ခါရက္ခန္ဓာအရာ၌ ယူတော်မူသည်၊ ထိုသို့ပင် စေတနာကိုသာ ခေါင်းတပ်၍ ဟောကြားတော်မူအပ်ပါသော်လည်း ထိုစေတနာနှင့် သမ္ပယုတ်ဖြစ်သော သင်္ခါရက္ခန္ဓာ စေတသိက် တရားစုတို့ကို ထိုစေတနာကို ယူအပ်ပြီးသော် ယူအပ်ပြီးသာ ဖြစ်ကုန်၏။ (အဘိ-ဋ္ဌ-၂-၁၉။)
——因为思以积集、造作,也就是策励而行之义最为显著。正因它居于主要地位,世尊在行蕴处以‘眼触所生之思’等为题,只摄取思。虽然开示时只以思为首,但摄取思以后,与思相应的其余行蕴心所也已经一并摄取。(《阿毗达磨义注》2-19。)
အကျုံးဝင်နိုင်ပုံ
如何摄入
အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါး၊ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်ပါးအတွင်း၌ တည်ရှိသော ရုပ်- ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏ်တို့ကို အတိတ်အဆက်ဆက်မှသည် ပစ္စုပ္ပန်၊ ပစ္စုပ္ပန်မှသည် အနာဂတ်ဆုံးသည့် တိုင်အောင် သိမ်းဆည်းလျက် ဝိပဿနာ ရှုပွားသုံးသပ်နိုင်ပါမူ အထက်ပါ ရှင်းလင်းချက်များအရ သြဠာရိက- သုခုမ-ဟီန-ပဏီတ-ဒူရ-သန္တိက ဟူသော ခန္ဓာငါးပါးတို့သည်လည်း အကျုံးဝင်သွားပြီဖြစ်သည်ကို လက်ခံနိုင်- ဖွယ်ရာရှိပေသည်။ သြဠာရိက-သုခုမ-ဟီန-ပဏီတ-ဒူရ-သန္တိက ဟူသော ခန္ဓာငါးပါးတို့မှ အလွတ်ဖြစ်သော ခန္ဓာငါးပါးတို့ကား မရှိစကောင်းသည်သာတည်း။ ဤအကျုံးဝင်မှုကို လက်ခံနိုင်ပါလျှင် ယံ ကိဉ္စိ ရူပံ အတီတာ- နာဂတပစ္စုပ္ပန္နံ စသည်ဖြင့် ဟောကြားထားတော်မူသော တေပရိဝဋ္ဋဓမ္မ ဒေသနာတော်များ၏ အဓိပ္ပါယ်ကို အောက်ပါအတိုင်းလည်း ယူဆနိုင်ပေသည်။ --- ရုပ်-ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏ်ဟူသော ဥပါဒါနက္ခန္ဓာ (၅)ပါးသည် ---
如果能够摄取过去、未来、现在三时及内、外两相续中的色、受、想、行、识,从久远过去直到现在,再由现在直到未来尽头,并以观智观修思惟,依上述说明,粗、细、劣、胜、远、近的五蕴也就已经全部摄入,这是合理的。不存在离开粗、细、劣、胜、远、近这些分类的五蕴。如果接受这种摄入方式,那么‘任何色,无论过去、未来、现在……’等三转法教也可以这样理解:色、受、想、行、识这五取蕴——
၁။ အတိတ်ပင် ဖြစ်စေ၊ ၂။ အနာဂတ်ပင် ဖြစ်စေ၊ ၃။ ပစ္စုပ္ပန်ပင် ဖြစ်စေ၊ ၄။ အဇ္ဈတ္တပင် ဖြစ်စေ၊ ၅။ ဗဟိဒ္ဓပင် ဖြစ်စေ၊ ၆။ သြဠာရိကပင် ဖြစ်စေ၊ ၇။ သုခုမပင် ဖြစ်စေ၊ ၈။ ဟီနပင် ဖြစ်စေ၊ ၉။ ပဏီတပင် ဖြစ်စေ၊ ၁ဝ။ ဒူရပင် ဖြစ်စေ၊ ၁၁။ သန္တိကပင် ဖြစ်စေ --- ယင်းအလုံးစုံသော ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်ဟူသော ဥပါဒါနက္ခန္ဓာငါးပါးအားလုံးကို ---
——无论一、过去;二、未来;三、现在;四、内在;五、外在;六、粗;七、细;八、劣;九、胜;十、远;十一、近——所有这一切色、受、想、行、识五取蕴,都应——
နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ ဟု ---
巴利原文(缅文字体):‘နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ ဟု ---’译:‘这不是我的,我不是这个,这不是我的自我。’——
= ငါ့ဟာ မဟုတ်၊ ငါ မဟုတ်၊ ငါ၏အတ္တ မဟုတ် ဟု --- = အနိစ္စဟု ဒုက္ခဟု အနတ္တ ဟု --- မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲ ဖြိုခွဲဖောက်ထွင်း ဝိပဿနာဉာဏ်အလင်းဖြင့် ရှုပါ။ ဤသို့ ဆိုလိုရင်းဖြစ်သည်ကို သဘောကျလေရာသည်။
——也就是如实观为无常、苦、无我,以观智之光击破、洞见色聚与名聚。应当这样理解这里的要义。
原书第 45 页
နာမ်ခန္ဓာ လေးပါး
四名蕴
တစ်ဖန် အထက်ပါ သြဠာရိက သုခုမ ဟီန ပဏီတ ဒူရ သန္တိက ခွဲခြားသတ်မှတ်ပုံများကို ပြန်လည်၍ အာရုံယူကြည့်ပါ။ နာမ်ခန္ဓာလေးပါးကို ခွဲခြားသတ်မှတ်ရာ၌ ကိရိယာအဗျာကတဇောများနှင့် လောကုတ္တရာ ဇောများလည်း ပါဝင်နေ၏။ ပုထုဇန် ယောဂီအဆင့်တွင်သာ ရှိနေသေးသော အသင်သူတော်ကောင်း၏ သန္တာန်၌ ကြိယာအဗျာကတဇောများမှာ ဖြစ်နိုင်ခွင့်မရှိသေး၍ ချန်လှပ်ထားပါ။ လောကုတ္တရာဇောများမှာလည်း ဝိပဿ- နာဉာဏ်၏ အရှုခံအာရုံ မဟုတ်၍ ချန်လှပ်ထားပါ။ နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် တင်ပြခဲ့သည့်အတိုင်း ကုသိုလ်ဇောများ စောသည့် ဇောဝီထိများ၊ အကုသိုလ်ဇောများ စောသည့် ဇောဝီထိများကို (၆)လိုင်းလုံးဝယ် ကုန်စင်အောင် သိမ်းဆည်းလျက် ဝိပဿနာ ရှုပွားသုံးသပ်နိုင်ပါက သြဠာရိက-သုခုမ၊ ဟီန-ပဏီတ၊ ဒူရ-သန္တိက နာမ်ခန္ဓာလေးပါးတို့လည်း အကျုံးဝင်သွားပြီး ဝိပဿနာရှုပွားပြီး ဖြစ်သည်ကိုလည်း သဘောကျလေရာသည်။
再回头取前述粗、细、劣、胜、远、近的分别法为所缘。分别四名蕴时,其中也包括唯作无记速行与出世间速行。尚处凡夫瑜伽行者阶段的你,相续中不可能生起唯作无记速行,所以把它们略去;出世间速行也不是观智所观的所缘,所以同样略去。如名业处诸表所示,若能在六线中无余摄取善速行所行的心路与不善速行所行的心路,并加以观修思惟,便应理解:粗—细、劣—胜、远—近的四名蕴也已摄入并观修了。
အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါး၊ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်ပါးလုံး၌ ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်လတ္တံ့ ရုပ်နာမ် မှန်သမျှကို ခြုံငုံ၍ (အမျိုးအစား ကုန်စင်အောင်) ခပ်စိပ်စိပ် သိမ်းဆည်းလျက် ဝိပဿနာ ရှုပွား သုံးသပ်နိုင်လျှင်- လည်း သြဠာရိက-သုခုမ၊ ဟီန-ပဏီတ၊ ဒူရ-သန္တိက ခန္ဓာငါးပါး ရုပ်နာမ်တရားအားလုံး အကျုံးဝင်သွားပြီး ဖြစ်သည်ကိုလည်း သဘောကျလေရာသည်။
若能综摄过去、未来、现在三时与内、外两相续中一切已经生起、正在生起、将要生起的色名,以类别无余的方式密集摄取并观修思惟,便也应理解:粗—细、劣—胜、远—近的五蕴色名法都已经摄入。
ရူပက္ခန္ဓာ၌ ခွဲ၍ ရှုပုံ
色蕴分别观法
အကယ်၍ အသင်သူတော်ကောင်းသည် အဘိဓမ္မာအခြေခံပညာ၌ အတော်အသင့် ကျွမ်းကျင်လိမ္မာသူ ဆည်းပူးလေ့လာထားပြီးသူ ယောဂီသူတော်ကောင်းဖြစ်၍ သြဠာရိက-သုခုမ၊ ဟီန-ပဏီတ၊ ဒူရ-သန္တိက ခန္ဓာငါးပါးတို့ကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (၂-၂၄၄-၂၄၅။)စသော အဋ္ဌကထာကြီးများ၏ သတ်မှတ်ချက်အတိုင်း ခန္ဓာတစ်ပါး တစ်ပါးစီ၌ (၁၁)မျိုးသော အခြင်းအရာအားဖြင့် ဝိပဿနာ ရှုပွားလိုခဲ့သော် ရှုနိုင်ပါသည်။
如果你对阿毗达磨基础已有相当学习并较为熟练,希望依《清净道论义注》(2-244—245)等大义注的规定,对粗—细、劣—胜、远—近诸蕴逐蕴以十一种方式观修,也可以这样修习。
၁။ အတိတ် --- အသင်ယောဂီသူတော်ကောင်းသည် သိမ်းဆည်း၍ရနိုင်သမျှ အတိတ်ဘဝများစွာတို့တွင် အစွန်ဆုံးအတိတ် ဘဝမှစ၍ (ဥပမာ ၉-ခုမြောက်အတိတ်ဘဝ သို့မဟုတ် ၅-ခုမြောက်အတိတ်ဘဝမှစ၍) ရုပ်တရားများ၏ ထိုထို ခဏ ထိုထိုအတိတ်ဘဝမှာပင် ဖြစ်ပြီးနောက် ကုန်ကုန်ပျောက်ပျောက်သွားသည့်သဘောကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ အနိစ္စ အနိစ္စဟု ရှုပါ။ ထိုသို့ရှုရာ၌ ထိုထိုရုပ်တရား၏ ထိုထိုခဏ ထိုထိုဘဝမှာပင် ဖြစ်ပြီးနောက် ကုန်ကုန် ပျောက်ပျောက်သွားမှု၊ ခဏတစ်ခုမှ ခဏတစ်ခုသို့ ဘဝတစ်ခုမှ ဘဝတစ်ခုသို့ ပြောင်းရွှေ့ဖြစ်ရိုး မရှိမှု သဘောကိုကား အသင်သူတော်ကောင်း၏ ဝိပဿနာဉာဏ်တွင် ထင်ထင်လင်းလင်းကြီး မြင်နေအောင် ကြိုးစား၍ ရှုပါ။ ဤအပိုင်းတွင်ကား ဘဝတစ်ခုမှ ရုပ်တရားများ ဘဝတစ်ခုသို့ ပြောင်းရွှေ့မှု မရှိပုံကို ဦးစားပေး၍ ရှုပါ။
一、过去——对于你所能摄取的许多过去生,从最远的一生开始〔例如过去第九生或第五生〕,以智照见诸色法都只在各自刹那、各自过去生中生起后即灭尽消失,观为‘无常、无常’。观修时,应努力使观智清楚照见:诸色法只在各自刹那、各自生命中生起后便灭尽,不会从一个刹那迁往另一个刹那,也不会从一生迁往另一生。这一部分要着重观见色法不从一生转移至另一生。
၂။ ပစ္စုပ္ပန် --- ၃။ အနာဂတ်ရုပ်တို့၌ အနာဂတ်အဆက်ဆက် ဆုံးသည့်တိုင်အောင် နည်းတူရှုပါ။
二、现在;三、未来——对于现在色及一系列未来色,直到未来尽头,也以同样方法观修。
၄။ အဇ္ဈတ္တရုပ် --- ၅။ ဗဟိဒ္ဓရုပ်တရားတို့ကိုလည်း ထိုထိုခဏ ထိုထိုသန္တာန်၌သာ ဖြစ်ပြီးနောက် ကုန်ကုန်ပျောက်ပျောက် သွားသည့်သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍၊ အဇ္ဈတ္တသန္တာန်မှ ဗဟိဒ္ဓသန္တာန်သို့ ဗဟိဒ္ဓသန္တာန်မှ အဇ္ဈတ္တ သန္တာန်သို့ ပြောင်းရွှေ့မဖြစ်သည်ကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ ရှုပါ။ ဗဟိဒ္ဓရှုရာ၌ အနီးမှသည် အဝေးသို့ တစ်စတစ်စ တိုးချဲ့၍ (၃၁)ဘုံကို စွမ်းနိုင်ပါက အနန္တစကြဝဠာကို ခြုံငုံ၍ ရှုနိုင်သည့်တိုင်အောင် လေ့ကျင့်ပါ။
四、内在色;五、外在色——也应以智照见它们只在各自刹那、各自相续中生起后便灭尽消失,并照见色法不会从内相续转移到外相续,也不会从外相续转移到内相续。观外在时,应从近至远逐渐扩大范围,遍及三十一界;若有能力,则继续训练,直到能够综观无量世界。
原书第 46 页
၆။ သြဠာရိကရုပ် ၇။ သုခုမရုပ် ၈။ ဟီနရုပ် ၉။ ပဏီတရုပ် ၁ဝ။ ဒူရရုပ် ၁၁။ သန္တိကရုပ်တို့ကိုလည်း --- ကာလသုံးပါး၊ သန္တာန်နှစ်ပါး အတွင်း၌ အထက်တွင် ဖော်ပြခဲ့သော ခွဲခြားသတ်မှတ်ပုံအတိုင်း သြဠာရိက ရုပ်ကို တစ်ပုံ၊ သုခုမရုပ်ကို တစ်ပုံ ဤသို့စသည်ဖြင့် တစ်ပုံစီ တစ်ပုံစီ ပုံ၍ ထိုထို ရုပ်တရားတို့၏ ထိုထို ခဏ၌ ဖြစ်ပြီးနောက် ကုန်ကုန် ပျောက်ပျောက် သွားမှုသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနိစ္စ အနိစ္စဟု တွင်တွင် ရှုနေပါ။ အနိစ္စလက္ခဏာယာဥ်တင်၍ ရှုသည့်ပုံစံအတိုင်း ဒုက္ခလက္ခဏာယာဥ်တင်၍လည်း ရှုပါ၊ အနတ္တလက္ခဏာ- ယာဥ်တင်၍လည်း ရှုပါ။
六、粗色;七、细色;八、劣色;九、胜色;十、远色;十一、近色——在三时、两相续中,依前述分别法,把粗色归为一组、细色归为一组,乃至逐类归组;以智照见各类色法都在各自刹那生起后即灭尽消失,反复观为‘无常、无常’。如同把它们安立于无常相上而观,也要安立于苦相上观,并安立于无我相上观。
ထိုသို့ ရှုရာ၌ အတိတ်ပစ္စုပ္ပန်အနာဂတ် ကာလသုံးပါးကို မူလထား၍ အဇ္ဈတ္တ၊ ဗဟိဒ္ဓ၊ သြဠာရိက၊ သုခုမ၊ ဟီန၊ ပဏီတ၊ ဒူရ၊ သန္တိကတို့ကို မူလီသွတ်၍ ရှုရန်ဖြစ်သည်။ ဆိုလိုသည်မှာ --- အတိတ်ရုပ် = အတိတ်ရူပက္ခန္ဓာ၌လည်း --- ၁။ အဇ္ဈတ္တရုပ် ၂။ ဗဟိဒ္ဓရုပ် ၃။ သြဠာရိကရုပ် ၄။ သုခုမရုပ် ၅။ ဟီနရုပ် ၆။ ပဏီတရုပ် ၇။ ဒူရရုပ် ၈။ သန္တိကရုပ်တို့ကို ဝိပဿနာရှုရန် ဖြစ်သည်။
这样观修时,应以过去、现在、未来三时为纲,把内、外、粗、细、劣、胜、远、近贯串其中。意思是:对过去色,也就是过去色蕴,应观一、内在色;二、外在色;三、粗色;四、细色;五、劣色;六、胜色;七、远色;八、近色。
တစ်ဖန် အတိတ် အဇ္ဈတ္တရုပ်၌လည်း --- ၁။ သြဠာရိကရုပ် ၂။ သုခုမရုပ် ၃။ ဟီနရုပ် ၄။ ပဏီတရုပ် ၅။ ဒူရရုပ် ၆။ သန္တိကရုပ် ဟု (၆)မျိုး ခွဲ၍ ရှုပါ။
再者,对于过去内在色,还要分为一、粗色;二、细色;三、劣色;四、胜色;五、远色;六、近色六类而观。
အလားတူပင် အတိတ်ဗဟိဒ္ဓရုပ်၌လည်း (၆)မျိုးပင်ခွဲ၍ ရှုပါ။ အတိတ်အဇ္ဈတ္တရုပ် အတိတ်ဗဟိဒ္ဓရုပ်၌ (၆)မျိုးစီ ခွဲရှုသကဲ့သို့ အလားတူပင် ပစ္စုပ္ပန်အဇ္ဈတ္တရုပ် ပစ္စုပ္ပန်ဗဟိဒ္ဓရုပ်၊ အနာဂတ်အဇ္ဈတ္တရုပ် အနာဂတ် ဗဟိဒ္ဓရုပ်တို့၌လည်း (၆)မျိုးစီပင် ခွဲ၍ ရှုပါ။ ဝေဒနာက္ခန္ဓာစသည့် နာမ်ခန္ဓာတို့၌လည်း နည်းမှီး၍ ပုံစံတူပင်ရှုပါ။
同样,过去外在色也分六类而观。过去内在色、过去外在色各分六类而观;同理,现在内在色、现在外在色,以及未来内在色、未来外在色,也都各分六类而观。受蕴等名蕴也应依此类推,以同样方式观修。
အတိတ်ပဲဖြစ်ဖြစ်၊ ပစ္စုပ္ပန်ပဲဖြစ်ဖြစ်၊ အနာဂတ်ပဲဖြစ်ဖြစ်၊ အဇ္ဈတ္တပဲဖြစ်ဖြစ်၊ ဗဟိဒ္ဓပဲဖြစ်ဖြစ်၊ သြဠာရိကပဲ ဖြစ်ဖြစ်၊ သုခုမပဲဖြစ်ဖြစ်၊ ဟီနပဲဖြစ်ဖြစ်၊ ပဏီတပဲဖြစ်ဖြစ်၊ ဒူရပဲဖြစ်ဖြစ်၊ သန္တိကပဲဖြစ်ဖြစ်၊ ဤ (၁၁)မျိုးသော
无论过去、现在、未来,内在、外在,粗、细、劣、胜、远、近,对于以这十一种——
原书第 47 页
မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- သမ္မသနဉာဏ်ခန်း အခြင်းအရာအားဖြင့် တည်နေသော ရုပ်-ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏ်ဟူသော ခန္ဓာငါးပါးတို့ကို ခန္ဓာတစ်ပါးစီ တစ်ပါးစီ ခြုံငုံ၍ အတိတ်မှသည် အနာဂတ်ဆုံးသည့်တိုင်အောင် တိုးလျှိုပေါက် လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်၍ ဝိပဿနာရှုနိုင်ပါကလည်း သာဝကပါရမီဉာဏ်အရာ၌ လုံလောက်သည်ပင် ဖြစ်သည်ဟု ဤကျမ်းက လက်ခံလျက်ပင် ရှိပါသည်။ ယံ ကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗံ တံ နိရောဓဓမ္မံ = ဖြစ်သောတရား မှန်သမျှ အားလုံး ပျက်၏ဟု တေဘူမက သင်္ခါရတရားအားလုံးကို ခြုံရှုသော ရှုကွက်ကို ထောက်ပါ။ (သံ-၃-၃၉၇။) (ကိံ သုကောပမ သုတ္တန်။) တေဘူမက ကမ္မဋ္ဌာနိက ရဟန္တာမထေရ်မြတ်ကြီး၏ ရှုကွက် ဖြစ်သည်။
——方式存在的色、受、想、行、识五蕴,若能逐蕴综摄,从过去直到未来尽头,轮流安立三相而透彻观修,对声闻波罗蜜智而言,本书也认可这已经足够。巴利原文(缅文字体):‘ယံ ကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗံ တံ နိရောဓဓမ္မံ’;译:‘凡是生起之法,一切皆是灭法。’请参照这种综观三界一切行法的观法。(《相应部》3-397;《紧叔迦譬喻经》。)这是修三界业处的阿罗汉大长老之观法。
လက္ခဏဝဝတ္ထာန ဝါရ = အနိစ္စသမ္မသန၊ ဒုက္ခသမ္မသန၊ အနတ္တသမ္မသန
特相确定门:无常思惟、苦思惟、无我思惟
ဤသို့လျှင် အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်၊ အဇ္ဈတ္တ၊ ဗဟိဒ္ဓ၊ သြဠာရိက၊ သုခုမ၊ ဟီန၊ ပဏီတ၊ ဒူရ၊ သန္တိကဟူသော (၁၁)မျိုးသော အခြင်းအရာအားဖြင့်ပြားသော ရုပ်တရားကို ဝိပဿနာဉာဏ်ဖြင့် သုံးသပ်ရှုပွား- ခြင်းကြောင့် (၁၁)မျိုးအပြားရှိသည်လည်း ဖြစ်သော ဤအလုံးစုံသော သမ္မသနသည် အနိစ္စံ ခယဋ္ဌေန= ယင်း ရုပ်တရား၏ ဖြစ်ပြီးနောက် ကုန်ကုန်ပျောက်ပျောက်သွားခြင်းကြောင့် အနိစ္စဟူသော တစ်ခုသော အခြင်းအရာ အားဖြင့် ဖြစ်သော ဤသမ္မသန၏အစွမ်းဖြင့် အနိစ္စဟူသော တစ်ခုသော အခြင်းအရာအားဖြင့် သုံးသပ်ခြင်းကို အကြောင်းပြု၍ တစ်ခုသော သမ္မသန မည်၏။ အနိစ္စဟု တစ်ခုသော အခြင်းအရာအားဖြင့် သုံးသပ်ခြင်းကို အကြောင်းပြု၍ တစ်ခုသော သမ္မသန မည်သော်လည်း အတိတ်စသော တည်ရာ သြကာသ အပြားအားဖြင့် (၁၁)မျိုး အပြားရှိပေသည်။ (ဝိသုဒ္ဓိ-၂-၂၄၅။) တစ်ဖန် အလုံးစုံသာလျှင် ဖြစ်သော ထို (၁၁)မျိုး အပြားရှိသည်လည်း ဖြစ်သော ရုပ်သည် ဘယဋ္ဌ =
如是,以过去、未来、现在、内在、外在、粗、细、劣、胜、远、近十一种方式分别色法而以观智思惟观修,所以这全部思惟依所依处分为十一种;然而,它们都是以‘အနိစ္စံ ခယဋ္ဌေန’,即色法生起后灭尽消失之义,作无常这一种方式的思惟,因此依无常思惟这一根据,统称为一种思惟。虽然依所思惟的无常方式说只有一种,但依过去等所依处的差别,却分为十一种。(《清净道论》2-245。)再者,这十一种的一切色法,因为‘ဘယဋ္ဌ’——
ကြောက်အပ်သောသဘော ရှိသည်၏ အဖြစ်ကြောင့် ဒုက္ခမည်၏ဟု သုံးသပ်ရှုပွား၏ = ဒုက္ခ ဒုက္ခဟု ရှု၏။
——具有可怖畏的性质,所以称为苦;应当这样思惟观修,也就是观为‘苦、苦’。
ဘယဋ္ဌ-ဟူသည်ကား ကြောက်အပ်သော အနက်သဘောရှိသည်၏ အဖြစ်ကြောင့်ဟု ဆိုလို၏။ မှန်ပေသည် - -အကြင်ရုပ်သည် ဖြစ်ပြီးလျှင် ပျက်တတ်သည့် မမြဲသော အနိစ္စသဘော ရှိ၏၊ ထိုအနိစ္စဖြစ်သော ရုပ်သည် ကြောက်မက်ဖွယ်ဘေးကို ဆောင်တတ်၏။ အဘယ်သူတို့အား ကြောက်မက်ခြင်းကို ဖြစ်စေသကဲ့သို့နည်းဟူမူကား သီဟောပမသုတ္တန်ကို ဘုရားရှင်သည် ဟောကြားတော်မူအပ်သည်ရှိသော် အသက်ရှည်ကြသော နတ်ဗြဟ္မာ- တို့အား ကြောက်ရွံ့ထိတ်လန့်ခြင်းသည် ဖြစ်သကဲ့သို့တည်း။ ---
‘ဘယဋ္ဌ’意为具有应当怖畏的性质。确实,任何色法生起后都会坏灭,具有无常性质;这种无常色会带来可怖的危难。它会使谁怖畏呢?就像世尊开示《狮子譬喻经》时,令长寿的诸天、梵天恐惧惊惶一般。——
သီဟောပမသုတ္တန်
《狮子譬喻经》
ရဟန်းတို့ …သားတို့သနင်း ကေသရာဇာခြင်္သေ့မင်းသည် ညချမ်းအခါ နေရာမှထွက်၍ စမ္ပယ်ပြီးလျှင် ထက်ဝန်းကျင်အရပ်လေးမျက်နှာတို့ကို ကြည့်၍ သုံးကြိမ်တိုင်တိုင် ခြင်္သေ့သံကို ဟောက်လျက် ကျက်စားရာ အရပ်သို့သွား၏၊ ရဟန်းတို့ သားတို့သနင်း ခြင်္သေ့မင်း၏ဟောက်သံကို ကြားရသော တိရစ္ဆာန်သတ္တဝါ အားလုံး- တို့သည် များသောအားဖြင့် ထိတ်ခြင်း လန့်ခြင်းသို့ ရောက်ကုန်၏။ တွင်းနေသတ္တဝါတို့သည် တွင်းသို့ ဝင်ကုန်၏၊ ရေနေသတ္တဝါတို့သည် ရေသို့ ဝင်ကုန်၏၊ တောနေသတ္တဝါတို့သည် တောသို့ ဝင်ကုန်၏၊ ငှက်တို့သည် ကောင်း- ကင်သို့ ပျံကုန်၏၊ ရဟန်းတို့ ရွာနိဂုံးမင်းနေပြည်တို့၌ ခိုင်ခံ့သော ကြိုးတို့ဖြင့် ချည်ထားအပ်ကုန်သော မင်းတို့၏ ဆင်တို့သော်မှလည်း ထိုကြိုးတို့ကို ဖြတ်ကုန်လျက် ချိုးဖဲ့ပြီးလျှင် ကြောက်သဖြင့် ကျင်ငယ်ကျင်ကြီးတို့ကို စွန့်ကြကာ ထိုမှ ဤမှ ပြေးသွားကုန်၏၊ ရဟန်းတို့ သားတို့သနင်း ခြင်္သေ့မင်းသည် တိရစ္ဆာန်သတ္တဝါတို့တွင် ဤသို့ တန်ခိုး
诸比丘,百兽之王迦萨罗狮子在黄昏从巢穴出来,伸展身体,环顾四方,三度发出狮吼,然后前往觅食之处。诸比丘,听见百兽之王狮子吼叫的畜生,大多惊恐战栗:穴居者入穴,水居者入水,林居者入林,鸟类飞上天空。诸比丘,在村、镇、王都中,被坚固绳索系缚的王象听见吼声,也会挣断、扯破绳索,因恐惧而大小便失禁,四处奔逃。诸比丘,百兽之王狮子在畜生中有如此大神力——
ကြီး၏၊ ဤသို့ အစိုးရ၏၊ ဤသို့ အာနုဘော်ကြီး၏။
——如此大威势,如此大威力。
原书第 48 页
ရဟန်းတို့ …ဤဥပမာအတူပင် အကြင်အခါ၌ လူနတ်ဗြဟ္မာသတ္တဝါတို့၏ မြတ်သောအလှူ ပူဇော် အထူးကို ခံယူတော်မူထိုက်သော အရဟံဂုဏ်တော်၊ အလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူသော သမ္မာသမ္ဗုဒ္ဓဂုဏ်တော်၊ အသိဉာဏ် = ဝိဇ္ဇာ၊ အကျင့် = စရဏနှင့် ပြည့်စုံတော်မူသော ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော သုဂတဂုဏ်တော်၊ လောကကိုသိတော်မူသော လောကဝိဒူဂုဏ်- တော်၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော အနုတ္တရောပုရိသဒမ္မသာရထိဂုဏ်တော်၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော သတ္ထာဒေဝမနုဿာနဂုဏ်တော်၊ ကျွတ်ထိုက်သသူ ဝေနေယျတို့အား သစ္စာလေးပါးတရားတို့ကို သိစေတော်မူတတ်သော ဗုဒ္ဓဂုဏ်တော်၊ ဘုန်းတန်ခိုး ကြီးမြတ်တော်မူသော ဘဂဝါ ဂုဏ်တော် --- ဤသို့ ဂုဏ်တော် (၉)ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် လောက၌ ပွင့်ထွန်း
诸比丘,同样,当具足九种功德的如来出现于世:他是阿罗汉,堪受人、天、梵天最殊胜的布施供养;正自觉者,自己正确了知一切法;明行足,具足明与行;善逝,善说正语;世间解,了知世间;无上调御丈夫,是调御应受调御者的无比之人;天人师,是诸天与人的导师;佛,能使应受教化者了知四圣谛;世尊,福德威力广大。——
ပေါ်ပေါက်တော်မူလာ၏။ ထိုမြတ်စွာဘုရားသည် --- ၁။ ဤကား ရုပ်တရားတည်း၊ ၂။ ဤကား ရုပ်တရား၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောတည်း၊ ၃။ ဤကား ရုပ်တရား၏ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောတည်း။
——这位世尊开示:一、这是色;二、这是色的生因与生起;三、这是色的灭因与灭尽。
၁။ ဤကား ဝေဒနာတည်း၊ ၂။ ဤကား ဝေဒနာ၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောတည်း၊ ၃။ ဤကား ဝေဒနာ၏ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောတည်း။
一、这是受;二、这是受的生因与生起;三、这是受的灭因与灭尽。
၁။ ဤကား သညာတည်း၊ ၂။ ဤကား သညာ၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောတည်း၊ ၃။ ဤကား သညာ၏ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောတည်း။
一、这是想;二、这是想的生因与生起;三、这是想的灭因与灭尽。
၁။ ဤသည်တို့ကား သင်္ခါရတို့တည်း၊ ၂။ ဤကား သင်္ခါရတို့၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောတည်း၊ ၃။ ဤကား သင်္ခါရတို့၏ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောတည်း။
一、这些是诸行;二、这是诸行的生因与生起;三、这是诸行的灭因与灭尽。
၁။ ဤကား ဝိညာဏ်တည်း၊ ၂။ ဤကား ဝိညာဏ်၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောတည်း၊ ၃။ ဤကား ဝိညာဏ်၏ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောတည်း။
一、这是识;二、这是识的生因与生起;三、这是识的灭因与灭尽。
ဤသို့လျှင် တရားတော်ကို ဟောကြားတော်မူ၏။ ရဟန်းတို့ …ထိုအခါ အသက်ရှည်ကုန်သော အဆင်း လှကုန်သော ချမ်းသာများကုန်သော မြင့်သောဗိမာန်တို့၌ ကြာမြင့်စွာတည်ကုန်သော နတ်တို့သော်မှလည်း မြတ်စွာဘုရား၏ တရားသံကို ကြားနာရ၍ --- အချင်းတို့ …ငါတို့သည် မမြဲသူတို့သာ ဖြစ်ကုန်လျက် မြဲကြကုန်၏ဟု ထင်မိခဲ့ကုန်၏၊ အချင်းတို့ ငါတို့- သည် မခိုင်ခံ့သူတို့သာ ဖြစ်ကြကုန်လျက် ခိုင်ခံ့ကုန်၏ဟု ထင်မိခဲ့ကုန်၏၊ အချင်းတို့ ငါတို့သည် မတည်တံ့သူတို့သာ ဖြစ်ကြကုန်လျက် တည်တံ့ကုန်၏ဟု ထင်မိခဲ့ကုန်၏။ အချင်းတို့ ငါတို့သည်လည်း မမြဲကြဘူးတဲ့ မခိုင်ခံ့ကြဘူးတဲ့ မတည်တံ့ကြဘူးတဲ့ သက္ကာယ၌ အကျုံးဝင်ကုန်သတဲ့ (= ထင်ရှားရှိသော ခန္ဓာငါးပါး၌ အကျုံးဝင်ကုန်သတဲ့)ဟု အများအားဖြင့် ကြောက်ခြင်း ထိတ်ခြင်း လန့်ခြင်းသို့ ရောက်ကုန်၏။ ရဟန်းတို့ …မြတ်စွာဘုရားသည် နတ်နှင့် တကွသော လောက၌ ဤသို့ တန်ခိုးကြီးတော်မူ၏။ ဤသို့ အစိုးရတော်မူ၏။ ဤသို့ အာနုဘော်ကြီးမြတ်တော်မူ၏။
他这样开示法。诸比丘,那时,即使是寿命长久、容貌美丽、安乐众多,长久住在高大天宫的诸天,听见如来的说法,也大多恐惧、惊惶、战栗:‘朋友们,我们本来无常,却以为自己恒常;本来不坚固,却以为自己坚固;本来不长存,却以为自己长存。朋友们,据说我们也是无常、不坚固、不长存的,并且摄属于有身,也就是摄属于现存的五蕴。’诸比丘,如来在包括诸天的世间有如此大神力、如此大威势、如此大威力。
(သံ-၂-၇ဝ။)
(《相应部》2-70。)
原书第 49 页
မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- သမ္မသနဉာဏ်ခန်း ဤသို့လျှင် အတိတ်စသောအားဖြင့် ပြားသောရုပ်ကို ဒုက္ခ ဒုက္ခဟု သုံးသပ်ခြင်းကြောင့် (၁၁)မျိုး အပြား ရှိသည်လည်းဖြစ်သော ဤအလုံးစုံသော သမ္မသနသည်လည်း --- ဒုက္ခံ ဘယဋ္ဌေန = ကြောက်လန့်ဖွယ် အနက် သဘောကြောင့် ဒုက္ခဟူသော အခြင်းအရာအားဖြင့် သုံးသပ်သော ဤသမ္မသန၏ အစွမ်းဖြင့် ဒုက္ခဟူသော အခြင်းအရာအားဖြင့် သုံးသပ်ခြင်းကို အကြောင်းပြု၍ တစ်ခုသော သမ္မသန မည်၏။ ထိုသို့ပင် မည်ပါသော်လည်း အတိတ်စသော တည်ရာ သြကာသအားဖြင့် (၁၁)မျိုး ပြား၏။ (ဝိသုဒ္ဓိ-၂-၂၄၅။) အလုံးစုံသောရုပ်သည် ဒုက္ခချည်းသာလျှင် ဖြစ်သကဲ့သို့ ဤအတူ အလုံးစုံလည်းဖြစ်သော ထိုရုပ်သည် အနတ္တာ အသာရကဋ္ဌေန = အတ္တဟူသော အနှစ်သာရ မရှိသည်၏ အဖြစ်ကြောင့် အနတ္တမည်၏ = အနတ္တဟု သုံးသပ်၏။ အသာရကဋ္ဌေန-ဟူသည်ကား ခန္ဓာငါးပါးအပေါင်းကိုသော်လည်းကောင်း၊ ထိုခန္ဓာငါးပါး၏ တစ်စိတ်
如是,对以过去等分别的色法观为‘苦、苦’,所以这全部思惟也依所依处分为十一种;然而,它们都是以‘ဒုက္ခံ ဘယဋ္ဌေန’,即因可怖畏之义而作苦这一种方式的思惟,因此依苦思惟这一根据,统称为一种思惟。虽如此,它依过去等所依处仍分十一种。(《清净道论》2-245。)一切色法都只是苦;同样,这一切色法又因‘အနတ္တာ အသာရကဋ္ဌေန’,即没有名为自我的实质,而称为无我,应观为无我。‘无实质’是说:五蕴整体或其中一部分,被执我论者设想为一个自我;但被这样设想的五蕴整体本来就是无常、苦的。执我论者却把五蕴整体或其中一——
တစ်ဒေသကိုသော်လည်းကောင်း၊ အတ္တဝါဒသမားတို့က အတ္တကောင်ဟု ကြံဆအပ်၏၊ ထို အတ္တကောင်ဟု ကြံဆ- အပ်သော ထိုခန္ဓာငါးပါး အပေါင်းသည်လည်း အနိစ္စသာ မှန်၏၊ ဒုက္ခသာ မှန်၏။ သို့သော် အတ္တဝါဒသမားတို့က ယင်းခန္ဓာငါးပါး၏ အပေါင်းကို သို့မဟုတ် တစ်စိတ်တစ်ဒေသကို --- ၁။ အတ္တ = မပျက်စီးဘဲ အကျိတ်အခဲ အမြဲတည်နေသည့် အတ္တကောင်ဟု၊ ၂။ နိဝါသီ = ခန္ဓာအိမ်ထဲ၌ အမြဲနေလေ့ရှိသည့် နိဝါသီ အတ္တဟု၊ ၃။ ကာရက = ပြုလုပ်ဖွယ် မှန်သမျှကို ပြုလုပ်တတ်သော အတ္တဟု၊ ၄။ ဝေဒက = ခံစားဖွယ် သုခဒုက္ခမှန်သမျှကို ခံစားတတ်သော အတ္တဟု၊ ၅။ သယံဝသီ = ခန္ဓာအိမ်ကို မိမိအလိုသို့ လိုက်ပါစေတတ်သော အတ္တဟု --- ကြံဆတတ်၏။ ဤသို့ အတ္တဝါဒသမားတို့က ကြံဆအပ်သော အတ္တဟူသော အနှစ်သာရ၏ မရှိသည်၏ အဖြစ်ကြောင့် အနိစ္စ ဒုက္ခဖြစ်သော ခန္ဓာအပေါင်းသည် အနတ္တမည်၏။ မှန်ပေသည် --- အကြင် ရုပ်တရားသည် အနိစ္စဖြစ်၏၊ ထိုရုပ်တရားသည် ဒုက္ခသာတည်း။ ထို အနိစ္စ ဒုက္ခဖြစ်သော ရုပ်သည် မိမိရုပ်တရား၏သော်လည်း
——部分设想为:一、自我,即不坏、凝固、恒存的主体;二、住者,即恒常住在五蕴之家中的自我;三、作者,即能做一切所作之事的自我;四、受者,即能感受一切苦乐的自我;五、自主者,即能使五蕴之家随自己意愿而行的自我。由于没有执我论者所设想的这种自我实质,无常、苦的蕴聚便称为无我。确实,任何色法若是无常,它就只是苦。这样无常、苦的色法,甚至不能阻止自身色法的无常,不能阻止自己被生灭逼迫之苦;那么,它作为自身色法的作者等性质,又怎么可能存在呢?所以世尊开示:——
အနိစ္စ၏အဖြစ်ကိုလည်းကောင်း၊ ဖြစ်ခြင်းပျက်ခြင်း ဒဏ်ချက်ဖြင့် အညှဥ်းပန်း အနှိပ်စက်ခံရခြင်း ဒုက္ခ၏အဖြစ်ကို လည်းကောင်း တားမြစ်ခြင်းငှာ မစွမ်းနိုင် ဖြစ်ရတုံသေး၏။ ထိုအနိစ္စဖြစ်သော ရုပ်တရား၏ ပြုစီရင်တတ်သူ ကာရကအစရှိသော အဖြစ်သည် အဘယ်မှာလျှင် ရှိနိုင်ပါအံ့နည်း။ ထို့ကြောင့် ဘုရားရှင်သည် ဤသို့ ဟောကြား ထားတော်မူ၏။ --- ရူပဉ္စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ၊ နယိဒံ ရူပံ အာဗာဓာယ သံဝတ္တေယျ။
巴利原文(缅文字体):‘ရူပဉ္စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ၊ နယိဒံ ရူပံ အာဗာဓာယ သံဝတ္တေယျ။’
(သံ-၂-၅၅ --- အနတ္တလက္ခဏသုတ်။)
(《相应部》2-55,《无我相经》。)
ရဟန်းတို့ …ဤရုပ်တရားသည်ကား အကယ်၍ အတ္တသာ (နိဝါသီ ကာရက ဝေဒက သယံဝသီ အတ္တသာ) ဖြစ်ဘိပါမူကား ဤရုပ်တရားသည် ညှဥ်းပန်းနှိပ်စက်ခြင်းငှာ မဖြစ်လေရာ။ (သံ-၂-၅၅။) ဤသို့လျှင် အတိတ်စသောအားဖြင့် ပြားသောရုပ်တရားကို အနတ္တဟု သုံးသပ်ခြင်းကြောင့် (၁၁)ပါး အပြား ရှိသည်လည်းဖြစ်သော ဤသမ္မသနသည်လည်း --- အနတ္တာ အသာရကဋ္ဌေန = အတ္တဟူသော အနှစ်သာရ မရှိခြင်းကြောင့် အနတ္တဟု တစ်ခုသော အခြင်းအရာအားဖြင့် သုံးသပ်သော ဤသမ္မသန၏ အစွမ်းဖြင့် အနတ္တဟု တစ်ခုသော အခြင်းအရာအားဖြင့် သုံးသပ်ခြင်းကို အကြောင်းပြု၍ တစ်ခုသော သမ္မသန မည်၏။ ထိုသို့ပင် ဖြစ်သော်လည်း အတိတ်စသော တည်ရာ သြကာသ အပြားအားဖြင့် (၁၁)မျိုး ပြား၏။ ဝေဒနာက္ခန္ဓာ စသော နာမက္ခန္ဓာလေးပါးတို့၌ ဤရူပက္ခန္ဓာ၌ ဆိုအပ်သောနည်းကို ဆောင်အပ်ပေ၏။ (ဝိသုဒ္ဓိ-၂-၂၄၆။)
诸比丘,如果这个色真是自我〔是住者、作者、受者、自主者的自我〕,这个色就不应导致苦恼。(《相应部》2-55。)如是,对以过去等分别的色法观为无我,所以这全部思惟也依所依处分为十一种;然而,它们都是以‘အနတ္တာ အသာရကဋ္ဌေန’,即因没有名为自我的实质而作无我这一种方式的思惟,因此依无我思惟这一根据,统称为一种思惟。虽如此,它依过去等所依处仍分十一种。受蕴等四名蕴,也应采用色蕴所说的方法。(《清净道论》2-246。)
原书第 50 页
သင်္ခါရဒုက္ခသည်သာ လိုရင်းဖြစ်သည်
唯行苦为要义
၁။ ဒုက္ခသဟဂုတ် ကာယဝိညာဏ်နှင့်ယှဥ်သော ကာယိက ဒုက္ခဝေဒနာ၊ ဒေါသနှင့်ယှဥ်သော ဒေါမနဿ = စေတသိကဝေဒနာသည် သဘာဝအားဖြင့်လည်းကောင်း အမည်နာမအားဖြင့်လည်းကောင်း ဒုက္ခအစစ် ဖြစ်သောကြောင့် ဒုက္ခဒုက္ခ မည်၏။
一、与苦俱身识相应的身苦受,以及与嗔相应的忧——即心苦受——依自性与名称都是真正的苦,所以称为苦苦。
၂။ သုခဝေဒနာသည် ဖောက်ပြန်ပျက်စီးခြင်းဖြင့် ဒုက္ခဖြစ်ခြင်း၏ အကြောင်းဖြစ်သောကြောင့် ဝိပရိဏာမ ဒုက္ခ မည်၏။
二、乐受因变坏、毁灭而成为苦的原因,所以称为坏苦。
၃။ ဥပေက္ခာဝေဒနာသည်လည်းကောင်း၊ ဝေဒနာသုံးမျိုးမှ ကြွင်းကုန်သော တေဘူမက = ဘုံသုံးပါးအတွင်း၌ ရှိသော သင်္ခါရတရားမှန်သမျှသည်လည်းကောင်း၊ ဖြစ်ခြင်းပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် ညှဥ်းပန်း နှိပ်စက်ခံရတတ်သည့် အတွက်ကြောင့် သင်္ခါရဒုက္ခ မည်၏။ (ဝိသုဒ္ဓိ-၂-၁၃ဝ။) တီသု ဒုက္ခတာသု သင်္ခါရဒုက္ခတာဝ ဗျာပိနီ၊ ''ယဒနိစ္စံ၊ တံ ဒုက္ခ''န္တိ စ အဓိပ္ပေတာတိ ဝုတ္တံ ''အနိစ္စတံ ဝါ ဥဒယဗ္ဗယပဋိပီဠနံ ဝါ''တိ။ (မဟာဋီ-၂-၃၉၂။) ဒုက္ခဒုက္ခ၊ ဝိပရိဏာမဒုက္ခ၊ သင်္ခါရဒုက္ခဟူသော ယင်းဒုက္ခတာသုံးမျိုးတွင် သင်္ခါရဒုက္ခတာဟူသော သင်္ခါရ ဒုက္ခလက္ခဏာသည်သာလျှင် ဒုက္ခသုံးမျိုးလုံးသို့ ပျံ့နှံ့၍တည်၏။ (ဆိုလိုသည်မှာ ဒုက္ခဒုက္ခ၊ ဝိပရိဏာမဒုက္ခ တို့သည်လည်း ဖြစ်ခြင်းပျက်ခြင်း ဒဏ်ချက်ဖြင့် အညှဥ်းပန်း အနှိပ်စက်ခံရသည်သာ ဖြစ်ကြ၏၊ ထို့ကြောင့် ယင်း ဒုက္ခနှစ်မျိုးတို့သည်လည်း သင်္ခါရဒုက္ခဟူသော အမည်ကို ရရှိနိုင်သည်သာ ဖြစ်၏။ သို့သော် ဒုက္ခဒုက္ခ ဝိပရိဏာမ
三、舍受以及除三种受以外的一切三界行法,恒常受生灭逼迫,所以称为行苦。(《清净道论》2-130。)《大复注》原文(缅文字体):‘တီသု ဒုက္ခတာသု သင်္ခါရဒုက္ခတာဝ ဗျာပိနီ၊ ''ယဒနိစ္စံ၊ တံ ဒုက္ခ''န္တိ စ အဓိပ္ပေတာတိ ဝုတ္တံ ''အနိစ္စတံ ဝါ ဥဒယဗ္ဗယပဋိပီဠနံ ဝါ''တိ။ (မဟာဋီ-၂-၃၉၂။)’译:‘在三种苦性中,唯行苦性遍及一切;由于所指正是“凡无常者即是苦”,所以说“无常性,或受生灭逼迫”。’在苦苦、坏苦、行苦三种苦性中,唯有称为行苦性的行苦相遍及全部三种苦。〔也就是说,苦苦与坏苦也同样受到生灭逼迫,所以这两种苦也可以称为行苦;只是因为另有苦苦、坏苦的专名,才不称它们为行苦,并非因为它们不是行苦。故说,行苦性这一行苦相遍及三种苦。〕
ဒုက္ခဟူသော အမည်ထူးကို ရရှိထားသောကြောင့်သာ သင်္ခါရဒုက္ခဟု မဆိုခြင်းဖြစ်သည်၊ သင်္ခါရဒုက္ခ မဟုတ်၍ သင်္ခါရဒုက္ခဟု မဆိုသည်ကား မဟုတ်၊ ထို့ကြောင့် သင်္ခါရဒုက္ခတာဟူသော သင်္ခါရဒုက္ခလက္ခဏာသည်သာလျှင် ဒုက္ခသုံးမျိုးလုံးသို့ ပျံ့နှံ့၍ တည်ပေ၏ ဟူလိုသည်။) ယဒနိစ္စံ၊ တံ ဒုက္ခံ = အကြင်တရားသည် အနိစ္စတည်း၊ ထိုတရားသည် ဒုက္ခတည်း --- ဤသို့လည်း အလိုရှိအပ်သည်သာတည်း။ ထို့ကြောင့် --- အနိစ္စတံ ဝါ ဥဒယဗ္ဗယပီဠနံ ဝါ ဝါရေတုံ န သက္ကောတိ။ (ဝိသုဒ္ဓိ-၂-၂၄၅။) အကြင်ရုပ်တရားသည် အနိစ္စဖြစ်၏၊ ထိုရုပ်တရားသည် ဒုက္ခသာတည်း၊ ထိုအနိစ္စဒုက္ခဖြစ်သော ရုပ်သည် မိမိရုပ်တရား၏သော်လည်း အနိစ္စ၏ အဖြစ်ကိုလည်းကောင်း၊ ဖြစ်ခြင်းပျက်ခြင်း ဒဏ်ချက်ဖြင့် အညှဥ်းပန်း အနှိပ်စက်ခံရခြင်း ဒုက္ခ၏ အဖြစ်ကိုလည်းကောင်း၊ တားမြစ်ခြင်းငှာ မစွမ်းနိုင်ဖြစ်တုံသေး၏၊ ထိုအနိစ္စဖြစ်သော
巴利原文(缅文字体):‘ယဒနိစ္စံ၊ တံ ဒုက္ခံ’;译:‘凡是无常的,就是苦。’这正是这里所说的意思。因此义注说:‘အနိစ္စတံ ဝါ ဥဒယဗ္ဗယပီဠနံ ဝါ ဝါရေတုံ န သက္ကောတိ။’译:‘它不能阻止无常性,也不能阻止生灭的逼迫。’(《清净道论》2-245。)任何色法若是无常,它就只是苦;这无常、苦的色法甚至不能阻止自身的无常,也不能阻止自己被生灭逼迫之苦。那么,这无常色法作为自身色法的——
ရုပ်တရား၏ ပြုစီရင်တတ်သူ ကာရကအစရှိသော အဖြစ်သည် အဘယ်မှာလျှင် ရှိနိုင်ပါအံ့နည်း --- ဤသို့ စသည်ဖြင့် အဋ္ဌကထာဆရာတော်က ဖွင့်ဆိုသွားတော်မူခြင်းဖြစ်၏။ (မဟာဋီ-၂-၃၉၂။)
——作者等性质,又怎么可能存在呢?义注师正是这样解释的。(《大复注》2-392。)
သမ္မသနအပြား
思惟的分类
ရူပက္ခန္ဓာ၌ အတိတ်အနာဂတ် စသည်ဖြင့် ခွဲခြားကွဲပြားမှုကို မပြုဘဲ အနိစ္စဟု သုံးသပ်မှု၊ ဒုက္ခဟု သုံးသပ်မှု၊ အနတ္တဟု သုံးသပ်မှုကိုသာ ယူခဲ့သော် အဘေဒအားဖြင့် သမ္မသနသုံးမျိုး ပြား၏။ အနိစ္စာနုပဿနာဉာဏ်စသော အနုပဿနာဉာဏ်တို့၏ တည်ရာသြကာသ အပြားအားဖြင့်ကား အနိစ္စာနုပဿနာဉာဏ်၌ (၁၁)မျိုး၊ ဒုက္ခာ- နုပဿနာဉာဏ်၌ (၁၁)မျိုး၊ အနတ္တာနုပဿနာဉာဏ်၌ (၁၁)မျိုးစီ ပြားရကား ရူပက္ခန္ဓာ၌ အတိတ်အနာဂတ် စသော အပြားအားဖြင့် = ဘေဒအားဖြင့် (၃၃)မျိုး ပြား၏။
对于色蕴,若不依过去、未来等加以分别,只取无常思惟、苦思惟、无我思惟,则不分别而言有三种思惟。若依无常随观智等诸随观智的所依处差别,无常随观智有十一种,苦随观智有十一种,无我随观智也有十一种;所以色蕴依过去、未来等差别,也就是分别而言,共有三十三种。
၁။ ရူပက္ခန္ဓာ၌ အဘေဒအားဖြင့် (၃) မျိုး၊ ဘေဒအားဖြင့် (၃၃) မျိုး ပြားသကဲ့သို့ အလားတူပင် ---
一、色蕴不分别而言有三种,分别而言有三十三种;同样——
原书第 51 页
မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- သမ္မသနဉာဏ်ခန်း ၂။ ဝေဒနာက္ခန္ဓာ၌ အဘေဒအားဖြင့် (၃) မျိုး၊ ဘေဒအားဖြင့် (၃၃) မျိုး၊ ၃။ သညာက္ခန္ဓာ၌ အဘေဒအားဖြင့် (၃) မျိုး၊ ဘေဒအားဖြင့် (၃၃) မျိုး၊ ၄။ သင်္ခါရက္ခန္ဓာ၌ အဘေဒအားဖြင့် (၃) မျိုး၊ ဘေဒအားဖြင့် (၃၃) မျိုး၊ ၅။ ဝိညာဏက္ခန္ဓာ၌ အဘေဒအားဖြင့် (၃) မျိုး၊ ဘေဒအားဖြင့် (၃၃) မျိုး --- ဤသို့ အသီးအသီး ပြားသည်ဟု မှတ်ပါ။ အားလုံးပေါင်းသော် သမ္မသနဝါရပေါင်း (၁၆၅)ဝါရတို့ကို အဋ္ဌကထာဆရာတော်က ညွှန်ပြအပ်ကုန်၏။ ဒွါရ-ဆက္က စသည်တို့၌လည်း နည်းမှီး၍ သိလေ။
——二、受蕴不分别而言有三种,分别而言有三十三种;三、想蕴不分别而言有三种,分别而言有三十三种;四、行蕴不分别而言有三种,分别而言有三十三种;五、识蕴不分别而言有三种,分别而言有三十三种。应知各蕴皆如此分别。合计起来,义注师指出共有一百六十五思惟门。对于门六法等,也应依此类推而知。
(မဟာဋီ-၂-၃၉၂-၃၉၄။)
(《大复注》2-392—394。)
အနိစ္စာနုပဿနာ ပရိယာယ်
无常随观的理路
တစ်ဖန် အကြင်ရုပ်တရားသည် အနိစ္စတည်း၊ ထိုအနိစ္စဖြစ်သော ရုပ်သည် ကိန်းသေဧကန်မြဲသော နိယမ သဘောအားဖြင့် သင်္ခတအဖြစ်စသော ထူးခြားမှု ဝိသေသ ရှိ၏၊ ထို့ကြောင့် ထိုအနိစ္စ၏ ပရိယာယ်ကို ပြခြင်းငှာ လည်းကောင်း၊ အထူးထူးသော အခြင်းအရာတို့ဖြင့် အနိစ္စအဖြစ် အနိစ္စာနုပဿနာဉာဏ်ကို တိုးပွားစေသော နှလုံးသွင်းမှု၏ ဖြစ်ပုံအခြင်းအရာကို ညွှန်ပြခြင်းငှာလည်းကောင်း --- ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အနိစ္စံ သင်္ခတံ ပဋိစ္စသမုပ္ပန္နံ ခယဓမ္မံ ဝယဓမ္မံ ဝိရာဂဓမ္မံ နိရောဓဓမ္မံ။
再者,任何色法若是无常,这种无常色便依确定不变的法则而有有为等差别特性。因此,为了显示无常的种种理路,也为了显示依不同方式作意、增长无常随观智的方法,世尊又开示巴利原文(缅文字体):‘ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အနိစ္စံ သင်္ခတံ ပဋိစ္စသမုပ္ပန္နံ ခယဓမ္မံ ဝယဓမ္မံ ဝိရာဂဓမ္မံ နိရောဓဓမ္မံ။’译:‘过去、未来、现在之色,是无常、有为、缘生,是尽法、坏法、离贪法、灭法。’
ဤသို့ စသော ပါဠိတော်ကို တစ်ဖန်ဟောတော်မူအပ်၏။ ဝေဒနာက္ခန္ဓာစသည်တို့၌လည်း ဤနည်းကို ဆောင်ထိုက်ပေ၏။
又开示了诸如此类的巴利圣典。受蕴等也应采用同样方法。
၁။ အနိစ္စံ = ဖြစ်ပြီးလျှင် ပျက်ခြင်းသဘော = မရှိခြင်းသဘော၊ ၂။ သင်္ခတံ = အကြောင်းတရားတို့သည် ပေါင်းစု၍ ပြုပြင်မှ ဖြစ်ပေါ်လာရသောသဘော၊ ၃။ ပဋိစ္စသမုပ္ပန္နံ = အကြောင်းတရားတို့ကို စွဲမှီ၍ ဖြစ်ပေါ်လာရသောသဘော၊ ၄။ ခယဓမ္မံ = ကုန်တတ်သောသဘော၊ ၅။ ဝယဓမ္မံ = ပျက်တတ်သောသဘော၊ ၆။ ဝိရာဂဓမ္မံ = သင်္ခါရတို့၏ ခဏအားဖြင့် ပျက်ခြင်းသဘော၊ (ခယဝိရာဂေါတိ သင်္ခါရာနံ ဘင်္ဂေါ။) (ဝိသုဒ္ဓိ-၁-၂၈၂။) ၇။ နိရောဓဓမ္မံ = သင်္ခါရတို့၏ ခဏအားဖြင့် ချုပ်ခြင်းသဘော --- ယင်း (၇)ပုဒ်တို့တွင် ---- ခယဓမ္မ၊ ဝယဓမ္မ၊ ဝိရာဂဓမ္မ၊ နိရောဓဓမ္မ ဟူသော (၄)ပုဒ်တို့ကား အနိစ္စ၏ ပရိယာယ်တို့တည်း။ အမှတ် (၁) ဖြစ်သော အနိစ္စကား အနိစ္စ၏ ပရိယာယ်မဟုတ်၊ အနိစ္စသည်ပင် အနိစ္စ၏ ပရိယာယ်မဟုတ်သောကြောင့်တည်း။ အမှတ် (၂) သင်္ခတပုဒ်၊ အမှတ် (၃) ပဋိစ္စသမုပ္ပန္နပုဒ်တို့လည်း အနိစ္စ၏ ပရိယာယ်ပုဒ်တို့ မဟုတ်ကုန်။ အဘယ်ကြောင့်နည်းဟူမူ အနိစ္စပုဒ်က ဖြစ်ပြီးနောက် မရှိခြင်း အနက်သဘောကို
一、无常:生起后即坏灭,也就是趋于不存在的性质。二、有为:诸因聚合造作后才生起的性质。三、缘生:依靠诸因而生起的性质。四、尽法:会灭尽的性质。五、坏法:会毁坏的性质。六、离贪法:诸行刹那坏灭的性质。巴利原文(缅文字体):‘ခယဝိရာဂေါတိ သင်္ခါရာနံ ဘင်္ဂေါ။’译:‘所谓尽离贪,即诸行的坏灭。’(《清净道论》1-282。)七、灭法:诸行刹那止息的性质。这七词中,尽法、坏法、离贪法、灭法四词是无常的理路;第一词‘无常’不是无常的理路,因为无常本身不是无常的间接说法。第二词‘有为’与第三词‘缘生’也不是无常的理路。为什么呢?因为‘无常’显示生起以后归于不存在的意义——
ပြသောကြောင့်လည်းကောင်း၊ သင်္ခတပုဒ် ပဋိစ္စသမုပ္ပန္နပုဒ်တို့က အကျိုးတရားတို့ ဖြစ်ပေါ်လာအောင် မပြု- အပ်သေးမီ၊ အကြောင်းမညီညွတ်သေးမီ ရှေးမဆွက မရှိသေးခြင်း အနက်သဘောကိုသာ ပြခြင်းကြောင့်တည်း။
——而‘有为’与‘缘生’只显示:在诸因尚未造作果法、诸缘尚未和合以前,该果法先前并不存在的意义。
စင်စစ်မှာမူ ရှေးမဆွက မရှိသေးခြင်းကို ပြသဖြင့် အနိစ္စအဖြစ်ကို ပြီးစေသောအဖို့၌ကား တည်ကုန်၏။ မှန်ပေ- သည် ထို့ကြောင့်ပင်လျှင် ခပ်သိမ်းကုန်သော (၇)ပုဒ်လုံးတို့၏ အနိစ္စ၏ ပရိယာယ်အဖြစ်၏ မဟုတ်ခြင်း မရှိခြင်း ကြောင့် နာနာကာရေဟိ ဝါတိ = အထူးထူးသော အခြင်းအရာတို့ဖြင့် အနိစ္စအဖြစ် အနိစ္စာနုပဿနာဉာဏ်ကို တိုးပွားစေသော နှလုံးသွင်းမှု၏ ဖြစ်ပုံ အခြင်းအရာကို ညွှန်ပြခြင်းငှာလည်းကောင်း ဟု ရည်ရွယ်ချက်တစ်မျိုးကို ထပ်မံ၍ အဋ္ဌကထာဆရာတော်က ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်ပေသည်။ (မဟာဋီ-၂-၃၉၃။)
不过,显示先前尚不存在,也有助于完成对无常性的说明。正因为七词无一完全与无常的理路无关,义注师又依‘နာနာကာရေဟိ ဝါတိ’解释另一层意旨:‘为了显示以种种方式作意无常性、增长无常随观智的方法。’(《大复注》2-393。)
原书第 52 页
ရှုပုံစနစ်
观修方法
၁။ (၆)ဒွါရ၊ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်အစစ်အားလုံးတို့၏ ဖြစ်ပြီးလျှင် ပျက်သွားမှုသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနိစ္စ-အနိစ္စဟု ရှုပါ။ (နာမ်ခန္ဓာတို့၌လည်း နည်းတူ ရှုပါ။) ၂။ (က)ကံကြောင့်ဖြစ်သော ကမ္မဇရုပ်တို့ကို ကံနှင့် အကြောင်း အကျိုးစပ်လျက် သင်္ခတ-သင်္ခတ ဟု ရှုပါ = ကံကြောင့် ကမ္မဇရုပ်ဖြစ်ပုံကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ သင်္ခတ-သင်္ခတ ဟု ရှုပါ။
一、以智照见六门、四十二身分中一切真实色法生起后即坏灭的性质,观为‘无常、无常’。〔诸名蕴也同样观修。〕二、(甲)以观智照见业与业生色之间的因果关系,照见业生色由业而生,观为‘有为、有为’。
(ခ) စိတ်ကြောင့် စိတ္တဇရုပ်ဖြစ်ပုံကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ သင်္ခတ-သင်္ခတ ဟု ရှုပါ။
(乙)以观智照见心生色由心而生,观为‘有为、有为’。
(ဂ) ဥတုကြောင့် ဥတုဇရုပ်ဖြစ်ပုံကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ သင်္ခတ-သင်္ခတ ဟု ရှုပါ။
(丙)以观智照见时节生色由时节而生,观为‘有为、有为’。
(ဃ)အာဟာရကြောင့် အာဟာရဇရုပ်ဖြစ်ပုံကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ သင်္ခတ-သင်္ခတ ဟု ရှုပါ။
(丁)以观智照见食生色由食而生,观为‘有为、有为’。
〔ဝေဒနာက္ခန္ဓာ စသော နာမ်ခန္ဓာတို့၌လည်း ဆိုင်ရာဆိုင်ရာ အကြောင်းတို့က ပြုပြင်ပေးပါမှ ယင်း အကျိုးတရားတို့၏ ဖြစ်ပေါ်လာရပုံကို ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင် ရေးသားတင်ပြခဲ့သည့်အတိုင်း ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ သင်္ခတ-သင်္ခတ ဟု ရှုပါ။〕 ၃။ အလားတူပင် ယင်း ဆိုင်ရာဆိုင်ရာ အကြောင်းတရားတို့ကို အစွဲပြု၍ ဆိုင်ရာဆိုင်ရာ အကျိုးတရားတို့ ဖြစ်ပေါ်လာရပုံကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ပဋိစ္စသမုပ္ပန္န-ပဋိစ္စသမုပ္ပန္န ဟု ရှုပါ။
〔对于受蕴等名蕴,也应依缘起篇所述,以观智照见各自的因造作以后,这些果法才得以生起,观为‘有为、有为’。〕三、同样,以观智照见各种果法依各自的因而生起,观为‘缘生、缘生’。
၄။ ယင်းရုပ်တရားတို့၏ (ဝေဒနာက္ခန္ဓာစသည်တို့၏) ဘင်ကာလ၌ ကုန်ကုန်သွားမှု သဘောကို ဝိပဿနာ- ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ခယဓမ္မ-ခယဓမ္မ ဟု ရှုပါ။
四、以观智照见这些色法〔以及受蕴等〕在坏灭期灭尽的性质,观为‘尽法、尽法’。
၅။ ယင်းရုပ်တရားတို့၏ (ဝေဒနာက္ခန္ဓာစသည်တို့၏) ဘင်ကာလ၌ ပြိုပြိုပျက်ပျက်သွားမှု သဘောကို ဝိပဿ- နာဉာဏ်ဖြင့် မြင်အောင် ကြည့်၍ ဝယဓမ္မ-ဝယဓမ္မ ဟု ရှုပါ။
五、以观智照见这些色法〔以及受蕴等〕在坏灭期崩解、毁坏的性质,观为‘坏法、坏法’。
၆။ ယင်းရုပ်တရားတို့၏ (ဝေဒနာက္ခန္ဓာစသည်တို့၏) ဘင်ကာလ၌ ကင်းပျောက်သွားမှုသဘောကို ဝိပဿနာ- ဉာဏ်ဖြင့်မြင်အောင်ကြည့်၍ ဝိရာဂဓမ္မ-ဝိရာဂဓမ္မ ဟု ရှုပါ။
六、以观智照见这些色法〔以及受蕴等〕在坏灭期离去、消失的性质,观为‘离贪法、离贪法’。
၇။ ယင်းရုပ်တရားတို့၏ (ဝေဒနာက္ခန္ဓာစသည်တို့၏) ဘင်ကာလတိုင်း၌ ခဏမစဲ တသဲသဲ ချုပ်ဆုံးသွား မှုသဘောကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ နိရောဓဓမ္မ-နိရောဓဓမ္မ ဟု ရှုပါ။
七、以观智照见这些色法〔以及受蕴等〕在每一个坏灭期刹那不停、连续止息的性质,观为‘灭法、灭法’。
ခန္ဓာငါးပါးလုံး၌ ခန္ဓာတစ်ပါးစီ တစ်ပါးစီခွဲ၍ ပုံစံတူ ရှုရမည် ဖြစ်ပေသည်။ ဗဟိဒ္ဓ၌လည်းကောင်း အတိတ်အနာဂတ်၌လည်းကောင်း ခန္ဓာငါးပါးနည်းဖြင့် ပုံစံတူပင် ရှုပါ။
对五蕴应逐蕴以同样方式观修;对外在,以及过去、未来,也应依五蕴法以同样方式观修。
အာယတန (၁၂) ပါးနည်း၊ ဓာတ် (၁၈) ပါးနည်း
十二处法与十八界法
နာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ရေးသားတင်ပြခဲ့သည့်အတိုင်း စိတ္တက္ခဏ တစ်ခုတစ်ခု၏ အတွင်း၌ အာယတန (၄) ပါးစီ ဓာတ် (၄) ပါးစီခွဲ၍ အာယတန (၁၂) ပါးနည်း၊ ဓာတ် (၁၈) ပါးနည်းတို့ဖြင့်လည်း ဝိပဿနာရှုလိုက ဆက်လက်ရှုနိုင်ပါသည်။
如名业处篇所述,也可以在每一个心刹那中分别四处、四界,继续依十二处法与十八界法修观。
ရှုကွက်ပုံစံတစ်ခုကို ထုတ်ဆိုရသော် (မ-ဋ္ဌ-၁-၂၆၈။)စသောအဋ္ဌကထာတို့၌ ဤသို့ ညွှန်ကြားထားတော်မူ၏။
举一个观法范例:义注如《中部义注》(1-268)等作了如下指导。
စက္ခုဝိညာဏ် စိတ္တက္ခဏ အခိုက်၌ --- ၁။ စက္ခုပသာဒ = စက္ခုအကြည်သည် = စက္ခာယတန = စက္ခုဓာတ်၊ ၂။ ရူပါရုံသည် = ရူပါယတန = ရူပဓာတ်၊
在眼识心刹那中:一、眼净色,也就是眼净,等于眼处、眼界;二、色所缘,等于色处、色界;——
原书第 53 页
မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- သမ္မသနဉာဏ်ခန်း ၃။ စက္ခုဝိညာဏ်သည် = မနာယတန = စက္ခုဝိညာဏဓာတ်၊ ၄။ စက္ခုဝိညာဏ်နှင့် ယှဥ်ဖက်စေတသိက် (၇) လုံးတို့သည် = ဓမ္မာယတန = ဓမ္မဓာတ် --- ဤသို့လျှင် အာယတန (၄) ပါး၊ ဓာတ် (၄) ပါး ရှိကြောင်း ဖွင့်ဆိုထားတော်မူ၏။ ထိုသို့ ဖွင့်ဆိုထားတော် မူသည့်အတိုင်း စိတ္တက္ခဏတိုင်း၌ အာယတန ဓာတ်တို့ကို ထိုက်သည့်အားလျော်စွာ ဖွဲ့၍ ယင်း အာယတန ဓာတ် ပရမတ်တရားတို့ကိုလည်း လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်ကာ ဝိပဿနာ ရှုပွားသုံးသပ်နိုင်ပါသည်။
——三、眼识,等于意处、眼识界;四、与眼识相应的七个心所,等于法处、法界。如是共有四处、四界。依这一解释,在每个心刹那中,都可随其所宜组合诸处、诸界,再对这些处、界究竟法轮流安立三相而观修思惟。
သဠာယတနဝဂ္ဂသံယုတ်ပါဠိတော် ရှုကွက်များ
《六处相应》中的观法
ဘုရားရှင်သည် သဠာယတနဝဂ္ဂသံယုတ်ပါဠိတော်တွင် အာယတနဒေသနာနည်းရှုကွက်၊ ဓာတုဒေသနာ- နည်းရှုကွက်များကို များစွာ ဟောကြားထားတော်မူခဲ့၏။ ဤတွင် သဠာယတနဝဂ္ဂသံယုတ်ပါဠိတော် အာဒိတ္တ- ပရိယာယသုတ္တန်၌လာသော ရှုကွက်တစ်မျိုးကို ဆက်လက်၍ ရေးသားတင်ပြအပ်ပါသည်။ ယင်း ရှုကွက်မှာ သဠာယတနဝဂ္ဂသံယုတ်ပါဠိတော်၌လာရှိသော ရှုကွက်အားလုံးကို ခြုံမိ ငုံမိသော ရှုကွက်လည်း ဖြစ်ပေသည်။
世尊在巴利《六处相应》中多次开示依处教法与界教法而观修的方法。这里继续说明《六处相应·燃烧法门经》(Ādittapariyāya Sutta)中的一种观法;这一观法涵盖《六处相应》中各种观法。
ဣတိ စက္ခု အနိစ္စံ၊ ရူပါ အနိစ္စာ၊ စက္ခုဝိညာဏံ အနိစ္စံ၊ စက္ခုသမ္ဖဿော အနိစ္စော၊ ယမ္ပိဒံ စက္ခုသမ္ဖဿ- ပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ၊ တမ္ပိ အနိစ္စံ။ (သံ-၂-၃၇၈။) အထက်ပါ ပါဠိတော်၏ ဆိုလိုရင်း ရှုကွက်မှာ ဤသို့ဖြစ်၏။
巴利原文(缅文字体):‘ဣတိ စက္ခု အနိစ္စံ၊ ရူပါ အနိစ္စာ၊ စက္ခုဝိညာဏံ အနိစ္စံ၊ စက္ခုသမ္ဖဿော အနိစ္စော၊ ယမ္ပိဒံ စက္ခုသမ္ဖဿ- ပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ၊ တမ္ပိ အနိစ္စံ။ (သံ-၂-၃၇၈။)’译:‘如是,眼是无常的,诸色是无常的,眼识是无常的,眼触是无常的;凡依眼触为缘而生的感受,无论乐、苦或不苦不乐,也都是无常的。’上述巴利圣典的观法要义如下。
၁။ စက္ခုပသာဒ = စက္ခုအကြည်ဓာတ်ကို အနိစ္စဟု ရှုပါ။
一、把眼净色——眼净界——观为无常。
၂။ ရူပါရုံကို အနိစ္စဟု ရှုပါ၊ ၃။ စက္ခုဝိညာဏ်ကို အနိစ္စဟု ရှုပါ။
二、把色所缘观为无常;三、把眼识观为无常。
၄။ စက္ခုသမ္ဖဿကို အနိစ္စဟု ရှုပါ။
四、把眼触观为无常。
၅။ စက္ခုသမ္ဖဿကို အကြောင်းခံ၍ ဖြစ်ပေါ်လာသော သုခဝေဒနာ၊ သို့မဟုတ် ဒုက္ခဝေဒနာ၊ သို့မဟုတ် ဥပေက္ခာဝေဒနာကို အနိစ္စဟု ရှုပါ။
五、把依眼触为缘而生的乐受、苦受或舍受观为无常。
ဤကား အထက်ပါ ပါဠိတော်၏ ဆိုလိုရင်းတည်း။ ဤအရာတွင် အမှတ် (၅) ဖြစ်သည့် စက္ခုသမ္ဖဿကို အကြောင်းခံ၍ ဖြစ်ပေါ်လာသည့် သုခဝေဒနာကိုလည်းကောင်း ဒုက္ခဝေဒနာကိုလည်းကောင်း ဥပေက္ခာဝေဒနာ- ကိုလည်းကောင်း ဤသုံးမျိုးသော ဝေဒနာတို့ကိုလည်း ဝိပဿနာရှုရန် ဘုရားရှင်၏ ညွှန်ကြားတော်မူချက်မှာ ဝေဒနာတစ်ခုတည်းကိုသာ ဝိပဿနာရှုရန် ညွှန်ကြားထားတော်မူသည်ကား မဟုတ်၊ အောက်တွင် ဖော်ပြထား- သော စူဠရာဟုလောဝါဒသုတ္တန်နှင့်အညီ စက္ခုသမ္ဖဿကို အကြောင်းခံ၍ ဖြစ်ပေါ်လာကြသော ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာဟူသော ယှဥ်ဖက်သမ္ပယုတ်တရားအားလုံးကိုပင် ဝိပဿနာရှုရမည်ဟု မှတ်သားပါ။
这就是上述巴利圣典的要义。在这里,世尊的第五项指导——观依眼触而生的乐受、苦受、舍受三种受——并不只是要观受;依《教诫罗睺罗小经》的开示,它也指导观修与受相应的其余名法,即受蕴、想蕴、行蕴、识蕴这四名蕴。
ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒနာဂတံ သညာဂတံ သင်္ခါရဂတံ ဝိညာဏဂတံ …
巴利原文(缅文字体):‘ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒနာဂတံ သညာဂတံ သင်္ခါရဂတံ ဝိညာဏဂတံ …’译:‘凡依眼触为缘而生、属于受、属于想、属于行、属于识的法……’
(မ-၃-၃၂၅။ သံ-၂-၃၂၄။) (စူဠရာဟုလောဝါဒသုတ္တန်)
(《中部》3-325;《相应部》2-324;《教诫罗睺罗小经》。)
ဤ စူဠရာဟုလောဝါဒသုတ္တန်၌ ဘုရားရှင်သည် စက္ခုသမ္ဖဿကို အကြောင်းခံ၍ ဖြစ်ပေါ်လာကြကုန်- သော ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ် ဟူသော နာမ်ခန္ဓာလေးပါးကို ဝိပဿနာရှုရန် ညွှန်ကြားထားတော်မူ၏။
在这部《教诫罗睺罗小经》中,世尊指导观修依眼触为缘而生的受、想、行、识四名蕴。
စက္ခုသမ္ဖဿကို အကြောင်းခံ၍ ဖြစ်ပေါ်လာကြကုန်သော နာမ်ခန္ဓာတို့မှာ ---- ၁။ ပဉ္စဒွါရာဝဇ္ဇန်း နာမ်ခန္ဓာ (၄)ပါး၊ ၂။ စက္ခုဝိညာဏ် နာမ်ခန္ဓာ (၄)ပါး၊
依眼触为缘而生的诸名蕴包括:一、五门转向的四名蕴;二、眼识的四名蕴;——
原书第 54 页
၃။ သမ္ပဋိ စ္ဆိုင်း နာမ်ခန္ဓာ (၄) ပါး၊ ၄။ သန္တီရဏ နာမ်ခန္ဓာ (၄) ပါး၊ ၅။ ဝုဋ္ဌော နာမ်ခန္ဓာ (၄) ပါး၊ ၆။ ဇော အသီးအသီး၌ နာမ်ခန္ဓာ (၄) ပါးစီ၊ ၇။ တဒါရုံ အသီးအသီး၌ နာမ်ခန္ဓာ (၄) ပါးစီ၊ •(ဘဝင်နာမ်ခန္ဓာများ) ၈။ မနောဒွါရာဝဇ္ဇန်း နာမ်ခန္ဓာ (၄) ပါး၊ ၉။ ဇော အသီးအသီး၌ နာမ်ခန္ဓာ (၄) ပါးစီ၊ ၁ဝ။ တဒါရုံ အသီးအသီး၌ နာမ်ခန္ဓာ (၄) ပါးစီ --- ဤသို့စသည့် နာမ်ခန္ဓာ အသီးအသီးတို့ ဖြစ်၏။ စက္ခုဒွါရဝီထိ နာမ်တရားများနှင့် မနောဒွါရဝီထိ နာမ်- တရားများ၏ အကြားအကြား၌ တည်ရှိကြသော ဘဝင်နာမ်ခန္ဓာလေးပါးတို့မှာ စက္ခုသမ္ဖဿကြောင့် ဖြစ်ပေါ်- လာကြသည့် နာမ်ခန္ဓာတို့ မဟုတ်ကြသော်လည်း ဝိပဿနာရှုရာ၌ ရောနှော၍ကား ရှုနိုင်သည်သာ ဖြစ်၏။
——三、领受的四名蕴;四、推度的四名蕴;五、确定的四名蕴;六、各速行中的四名蕴;七、各彼所缘中的四名蕴;〔其间为有分四名蕴;〕八、意门转向的四名蕴;九、各速行中的四名蕴;十、各彼所缘中的四名蕴。各组名蕴如是存在。眼门心路与意门心路之间的有分四名蕴虽然不是由眼触所生,在观修时仍可以混合在一起观。
ရှုကောင်းသည်သာ ဖြစ်၏။ ပဉ္စဒွါရာဝဇ္ဇန်း နာမ်ခန္ဓာလေးပါးတို့ကိုလည်း မကင်းစကောင်းသော အဝိနာဘာဝ နည်းအရ ဝိပဿနာရှုခြင်းပင် ဖြစ်ပေသည်။
这样观是适当的。五门转向的四名蕴也依不相离法而一并观修。
သတိပဋ္ဌာန်ကျင့်ထုံး ဥပဒေသများ
念处修习的指导原则
ထိုသို့ နာမ်တရားတို့ကို ဝိပဿနာရှုရာ၌ စိတ္တက္ခဏတိုင်းဝယ် နာမ်ခန္ဓာလေးပါးလုံးကို ကုန်စင်အောင် ဝိပဿနာရှုစေလိုလျှင် အဘယ်ကြောင့် ဘုရားရှင်သည် --- ၁။ စက္ခုဝိညာဏ်စသည့် ဝိညာဏ်၊ ၂။ စက္ခုသမ္ဖဿစသည့် ဖဿ၊ ၃။ စက္ခုသမ္ဖဿပစ္စယာ ဝေဒနာစသည့် ဝေဒနာ --- ဤ ဝိညာဏ်၊ ဖဿ၊ ဝေဒနာသုံးမျိုးတို့ကိုသာ ရွေးထုတ်၍ ဟောတော်မူရပါသနည်းဟု မေးရန်ရှိ၏။
观修名法时,既然要在每个心刹那中无余观修全部四名蕴,那么为什么世尊只从中选出一、眼识等识;二、眼触等触;三、眼触为缘所生之受等受——识、触、受这三法而开示呢?这是一个可以提出的问题。
အဖြေကား နာမ်တရားတို့ကို သိမ်းဆည်းလျက် ဝိပဿနာရှုပွားရာ၌ --- ၁။ ဝိညာဏ်ကို အဦးမူ၍ နာမ်တရားတို့ကို သိမ်းဆည်းလျက် ဝိပဿနာရှုနည်း၊ ၂။ ဖဿကို အဦးမူ၍ နာမ်တရားတို့ကို သိမ်းဆည်းလျက်ဝိပဿနာရှုနည်း၊ ၃။ ဝေဒနာကို အဦးမူ၍ နာမ်တရားတို့ကို သိမ်းဆည်းလျက် ဝိပဿနာရှုနည်း --- ဤသို့လျှင် နာမ်တရားတို့ကို သိမ်းဆည်းလျက် ဝိပဿနာရှုပွားပုံ နည်းဥပဒေသ သုံးမျိုး ရှိကြောင်းကို ညွှန်ကြားပြသ ဆိုဆုံးမတော်မူလိုသည်ဖြစ်၍ ဘုရားရှင်သည် နာမ်တရားတို့ကို ဝိပဿနာရှုရန် ညွှန်ကြားပြသ- တော်မူရာ၌ ဝိညာဏ်၊ ဖဿ၊ ဝေဒနာသုံးမျိုးတို့ကို နာမ်တရားအပေါင်းမှ ရွေးထုတ်၍ ညွှန်ကြားတော်မူခြင်း ဖြစ်သည်။ ဤညွှန်ကြားချက်များကို ဦးထိပ်ရွက်ပန်ဆင်လျက် အဋ္ဌကထာကြီးများကလည်း နာမ်ကမ္မဋ္ဌာန်းပိုင်း၌ သိမ်းဆည်းပုံ ရှုပွားပုံ သုံးနည်းရှိကြောင်းကို ဖွင့်ဆိုရေးသားတော်မူခြင်း ဖြစ်ကြသည်။ (အကျယ်ကို နာမ်ကမ္မဋ္ဌာန်း-
答案是:摄取名法而修观有三种指导方法:一、以识为首摄取名法而观修;二、以触为首摄取名法而观修;三、以受为首摄取名法而观修。为了说明这三种摄取、观修名法的方法,世尊在指导观名法时,才从一切名法中选出识、触、受三法。诸大义注遵奉这一指导,也在名业处篇中解释了三种摄取与观修方法。〔详见名业处——
ပိုင်းတွင် ပြန်ကြည့်ပါ။) ထိုသို့ နာမ်တရားများကို သိမ်းဆည်းလျက် ဝိပဿနာရှုပွားရာ၌ ရှေးဦးစွာ ယောဂါဝစရပုဂ္ဂိုလ်သည် အထူးသဖြင့် ကာမာဝစရ နာမ်တရားတို့ကို သိမ်းဆည်းလျက် ဝိပဿနာရှုပွားလိုခဲ့သော် ပရိဂ္ဂဟိတေ ရူပကမ္မ-
——篇。〕这样摄取名法而修观时,瑜伽行者若特别想摄取欲界名法而修观,首先必须依大义注的指导——巴利原文跨页作:‘ပရိဂ္ဂဟိတေ ရူပကမ္မ-’——
原书第 55 页
မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- သမ္မသနဉာဏ်ခန်း ဋ္ဌာနေ (မ-ဋ္ဌ-၁-၂၈ဝ။) စသည့် အဋ္ဌကထာကြီးများ၏ ညွှန်ကြားချက်များအတိုင်း ရုပ်ကမ္မဋ္ဌာန်းကို = ရုပ်တရား တို့ကို သိမ်းဆည်းထားပြီး သိမ်းဆည်းနိုင်ပြီး ဖြစ်ရပေမည်။ ထိုရုပ်တရားများကို သဠာယတနဝဂ္ဂသံယုတ်ပါဠိတော် ရှုကွက်အရ သို့မဟုတ် သဠာယတန ရှုကွက်အရ --- ၁။ ဝတ္ထုရုပ် = မှီရာဝတ္ထုရုပ်၊ ၂။ အာရုံရုပ် = ရူပါရုံစသည့် အာရုံရုပ်ဟု ရုပ်တရားတို့ကို နှစ်မျိုးခွဲ၍ ဝိပဿနာ ရှုရမည် ဖြစ်ပေသည်။ ထိုသို့ ဝိပဿနာရှုရာ၌ --- ၁။ မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ်တို့ကို အဦးမူ၍ ရုပ်နာမ်တို့ကို သိမ်းဆည်းလျက် ဝိပဿနာရှုပွားသုံးသပ်ခဲ့သော် ကာယာနုပဿနာသတိပဋ္ဌာန်သို့ သက်ဝင်၏။
——‘ဋ္ဌာနေ’〔合读为 pariggahite rūpakammaṭṭhāne,意为‘在已经摄取色业处以后’;《中部义注》1-280〕——先完成色业处,也就是先摄取色法。然后依《六处相应》的观法或六处观法,把色法分为一、所依色,即作为依处的色;二、所缘色,即色所缘等作为所缘的色,而作观修。一、若以所依色与所缘色为首摄取色名而观修思惟,便摄入身随观念处。
၂။ ဝေဒနာကို အဦးမူ၍ နာမ်ရုပ်တို့ကို သိမ်းဆည်းလျက် ဝိပဿနာရှုပွားသုံးသပ်ခဲ့သော် ဝေဒနာနုပဿနာ သတိပဋ္ဌာန်သို့ သက်ဝင်၏။
二、若以受为首摄取名色而观修思惟,便摄入受随观念处。
၃။ ဝိညာဏ်ကို အဦးမူ၍ နာမ်ရုပ်တို့ကို သိမ်းဆည်းလျက် ဝိပဿနာရှုပွားသုံးသပ်ခဲ့သော် စိတ္တာနုပဿနာ သတိပဋ္ဌာန်သို့ သက်ဝင်၏။
三、若以识为首摄取名色而观修思惟,便摄入心随观念处。
၄။ ဖဿကိုအဦးမူ၍ နာမ်ရုပ်တို့ကို သိမ်းဆည်းလျက် ဝိပဿနာ ရှုပွားသုံးသပ်ခဲ့သော် ဓမ္မာနုပဿနာ သတိပဋ္ဌာန်သို့ သက်ဝင်၏။
四、若以触为首摄取名色而观修思惟,便摄入法随观念处。
သို့အတွက် ဤ သဠာယတနဝဂ္ဂသံယုတ်ပါဠိတော်၌ လာရှိသော ဒေသနာတော်များနှင့် အညီ ဝေဒနာ- နုပဿနာသတိပဋ္ဌာန်စသည့် သတိပဋ္ဌာန်တရားတို့ကို ရှုပွားလိုသော် အောက်ပါအတိုင်း ဝိပဿနာရှုပါ။ ---
因此,若想依巴利《六处相应》的开示修习受随观念处等念处法,应按下列方法观修。
ဝေဒနာနုပဿနာ သတိပဋ္ဌာန်
受随观念处
၁။ ဝတ္ထု … အနိစ္စ၊ ၂။ အာရုံ … အနိစ္စ၊ ၃။ ဝေဒနာ … အနိစ္စ၊
一、所依——无常;二、所缘——无常;三、受——无常。
ရှင်းလင်းချက်များ
说明
၁။ ဝတ္ထု --- ပဉ္စဒွါရာဝဇ္ဇန်းမှစ၍ ဝီထိစိတ္တက္ခဏတိုင်း၌ ဤသုံးချက်ရှုနိုင်သည်။ ပဉ္စဒွါရာဝဇ္ဇန်းသည် တစ်နည်း ပဉ္စဒွါရာဝဇ္ဇန်းစိတ်နှင့် ယှဥ်သော ဥပေက္ခာဝေဒနာနှင့် တကွသော ပဉ္စဒွါရာဝဇ္ဇန်း နာမ်တရားစုသည် ဟဒယ- ဝတ္ထုရုပ်ကိုမှီ၍ ဖြစ်သဖြင့် ဝတ္ထုအရ ယင်းနာမ်တရားစု၏မှီရာ ဟဒယဝတ္ထုရုပ်ကို သိမ်းဆည်းလျက် ယင်းဟဒယ- ဝတ္ထုရုပ်၏ ဖြစ်မှု ပျက်မှုကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ အနိစ္စဟု ရှုပါ။ သို့သော် ဃန အသီးအသီး ပြိုရေး ပရမတ်သို့ ဉာဏ်အမြင်ဆိုက်ရေးအတွက် ဟဒယဝတ္ထုရုပ်ကိုဦးတည်၍ ဟဒယဝတ္ထုရုပ်နှင့်တကွ နှလုံး၌ တည်- ရှိသော (၅၄)မျိုးသော ရုပ်တရားများကိုပင် ခြုံငုံ၍ ယင်းရုပ်တရားတို့၏ ဖြစ်ခြင်းပျက်ခြင်းသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနိစ္စဟု ရှုပါ။
一、所依——从五门转向开始,每个心路心刹那都可以分这三项来观。五门转向,也就是与五门转向心相应、与舍受俱生的五门转向名法组,依心所依处色而生。因此在‘所依’这一项,应摄取该名法组所依的心所依处色,以智照见其生灭而观为无常。不过,为了逐一破除密集、使智见到达究竟法,应以心所依处色为主,综观心脏中与它同在的五十四种色法,以智照见这些色法的生灭而观为无常。
၂။ အာရုံ --- အာရုံအရ ရူပါရုံလိုင်းဖြစ်လျှင် ရူပါရုံ၊ သဒ္ဒါရုံလိုင်းဖြစ်လျှင် သဒ္ဒါရုံ ဤသို့စသည့် အာရုံ (၆)ပါးကို ထိုက်သလို ကောက်ယူပါ။ အကယ်၍ အာရုံမှာ ရူပါရုံဖြစ်လျှင် ယင်းရူပါရုံမှာလည်း ရုပ်ကလာပ်အနေဖြင့်သာ ဖြစ်ရိုးဓမ္မတာရှိသဖြင့် မိမိဝိပဿနာရှုသည့် ရူပါရုံသည် သို့မဟုတ် ဝိပဿနာရှုမည့် ရူပါရုံသည် အဋ္ဌကကလာပ် ရုပ်တို့၌ အကျုံးဝင်သော ရူပါရုံဖြစ်လျှင် ရူပါရုံနှင့်တကွ (၈)မျိုးသော ရုပ်တရားတို့ကို၊ နဝကကလာပ်၌ အကျုံး
二、所缘——依所缘而说,若是色所缘线便取色所缘,声所缘线便取声所缘,如此随其所宜取六所缘。如果所缘是色所缘,它必然以色聚的形式生起;若所观或将要观的色所缘摄属于八法聚,就摄取色所缘及同聚八种色法;若摄属于九法聚——
原书第 56 页
ဝင်သော ရူပါရုံဖြစ်လျှင် ရူပါရုံနှင့်တကွ (၉)မျိုးသော ရုပ်တရားတို့ကို၊ ဒသကကလာပ်၌ အကျုံးဝင်သော ရူပါရုံ ဖြစ်လျှင် ရူပါရုံနှင့်တကွ (၁ဝ)မျိုးသော ရုပ်တရားတို့ကို သိမ်းဆည်းလျက် ယင်းရုပ်တရားတို့၏ ဖြစ်ခြင်း ပျက်ခြင်း သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်လျက် အနိစ္စဟု ရှုပါ။ ရူပါရုံအများစုကို ခြုံငုံ၍ ရှုရာ၌လည်း နည်းတူပင် သဘောပေါက်ပါလေ။ ထိုသို့ ရှုနိုင်ပါမှသာလျှင် ဃနပြိုမည်၊ ဃနပြိုမှသာလျှင် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်မည်။
——就摄取色所缘及同聚九种色法;若摄属于十法聚,就摄取色所缘及同聚十种色法,以智照见这些色法的生灭而观为无常。综观许多色所缘时,也应同样理解。只有这样观,才能破除密集;只有破除密集,智见才能到达究竟法。
ပရမတ်သို့ ဉာဏ်အမြင်ဆိုက်မှသာလျှင် ဝိပဿနာဉာဏ် အစစ်အမှန် ဖြစ်နိုင်မည်။ စစ်မှန်သော ဝိပဿနာဉာဏ်- ကသာလျှင် မဂ်ဉာဏ် ဖိုလ်ဉာဏ်အား အားကြီးသောမှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနိုင်မည်ဖြစ်- ပေသည်။ သဒ္ဒါရုံစသည့် အာရုံတို့၌လည်း နည်းတူပင် သဘောပေါက်ပါ။ သဒ္ဒါရုံမှာ သဒ္ဒနဝကကလာပ်အနေဖြင့် ဖြစ်ရိုးဓမ္မတာ ရှိရကား ဝိပဿနာအရာဝယ် ယင်း (၉)မျိုးသော ရုပ်တို့ကို သိမ်းဆည်းလျက် ဝိပဿနာရှုပါ။
智见到达究竟法以后,才能成为真正的观智;只有真实的观智,才能以强力亲依止缘力资助道智、果智生起。声所缘等其余所缘也应同样理解。声所缘必然以声九法聚的形式生起,所以修观时,应摄取声在内的九种色法而观为无常。
၃။ ဝေဒနာ --- ပဉ္စဒွါရာဝဇ္ဇန်း၌ ဥပေက္ခာဝေဒနာယှဥ်သဖြင့် ယင်းဥပေက္ခာဝေဒနာကို အဦးမူလျက် ဥပေ- က္ခာဝေဒနာနှင့် တကွ (၁၁)လုံးသော ယှဥ်ဖက်သမ္ပယုတ် နာမ်တရားစုအားလုံးကို ဉာဏ်ဖြင့် သိမ်းဆည်းလျက် ယင်းနာမ်တရားစု၏ ဖြစ်မှုပျက်မှုကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနိစ္စဟု တွင်တွင်ရှုပါ။
三、受——五门转向与舍受相应,所以应以舍受为首,用智摄取舍受在内的十一种相应名法,以智照见这一名法组的生灭,反复观为‘无常、无常’。
ပဉ္စဒွါရာဝဇ္ဇန်း၌ ဝတ္ထု၊ အာရုံ၊ ဝေဒနာဟု (၃)ချက်ခွဲ၍ ဝိပဿနာရှုသကဲ့သို့ အလားတူပင် စက္ခုဝိညာဏ် စသော စိတ္တက္ခဏတိုင်း၌လည်း (၃)ချက်ခွဲ၍ပင် အသီးအသီး ဝိပဿနာရှုနိုင်ပါသည်။ အသင်ယောဂါဝစရ ပုဂ္ဂိုလ်သူမြတ်သည် နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများကို ပြန်လည်၍ အာရုံယူထားပါ။
五门转向可分所依、所缘、受三项而观;同样,眼识等每个心刹那也都可以各分三项而观。瑜伽行者,请重新取名业处诸表为所缘。
ထို စက္ခုဒွါရဝီထိနာမ်တရားစုနှင့် ရူပါရုံကိုပင် ဆက်လက်၍ အာရုံယူသည့် မနောဒွါရဝီထိနာမ်တရားစု တို့တွင် စက္ခုဝိညာဏ် နာမ်တရားစုမှလွဲ၍ ကြွင်းကျန်သော ဝီထိစိတ္တက္ခဏ အသီးအသီး၌ တည်ရှိသော နာမ်- တရားစုဟူသမျှသည် ဟဒယဝတ္ထုရုပ်ကိုသာ မှီ၍ဖြစ်ကြ၏။ စက္ခုဝိညာဏ်နှင့်တကွသော နာမ်တရားစုတို့ကား စက္ခုဝတ္ထုရုပ်ကို မှီ၍ ဖြစ်ကြ၏။ ထိုတွင် စက္ခုဝတ္ထုအရ စက္ခုဝတ္ထုရုပ်နှင့်တကွ စက္ခု = မျက်စိ၌ တည်ရှိသော (၅၄)မျိုးသော ရုပ်တရားတို့ကိုပင် သိမ်းဆည်း၍ ဝိပဿနာရှုပါ။
在眼门心路名法组,以及继续取同一色所缘的意门心路名法组中,除眼识名法组外,其余各心路心刹那的名法组都只依心所依处色而生;眼识及其名法组则依眼所依处色而生。就眼所依处而言,应摄取眼所依处色及眼中与它同在的五十四种色法而修观。
ဤနည်းအတိုင်း အာရုံ (၆)မျိုးကို ထိုက်သလို အာရုံပြု၍ ဖြစ်ပေါ်သွားကြကုန်သော ဝီထိတို့၏ စိတ္တက္ခဏ- တိုင်း စိတ္တက္ခဏတိုင်း၌ (၁) ဝတ္ထု၊ (၂) အာရုံ၊ (၃) ဝေဒနာဟု သုံးမျိုးစီ ခွဲ၍ ခွဲ၍ လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ပါလေ။ (၆)လိုင်းလုံး၌ တစ်လိုင်းတစ်လိုင်းဝယ် အကောင်းအုပ်စု၊ မကောင်းအုပ်စု ကုန်စင်အောင် ရှုပါ။ အလားတူပင် ဝီထိစိတ်တို့၏ အကြားအကြား၌ ဖြစ်ပေါ်သွားကြကုန်သော ဘဝင် စိတ္တက္ခဏတို့၌လည်း (၁) ဝတ္ထု၊ (၂) ဆိုင်ရာအာရုံ = ဘဝင်၏ အာရုံ၊ (၃) ဝေဒနာဟု (၃)မျိုးစီ ခွဲ၍ ယင်းဘဝင် အခိုက် နာမ်ရုပ်တို့ကိုလည်း လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်၍ ဝိပဿနာရှုပါ။
依此方法,在随其所宜取六种所缘而生起的各心路中,每个心刹那都分为一、所依;二、所缘;三、受,轮流安立三相而观修思惟。六线中每一线的善组、不善组都要无余观修。同样,对于各心路之间生起的有分心刹那,也分为一、所依;二、相应所缘,即有分所缘;三、受三项,对该有分刹那的色名轮流安立三相而观修。
လွယ်ကူသော စနစ်တစ်ခု
一种较容易的方法
ထိုသို့ဝိပဿနာရှုရာ၌ ပို၍လွယ်ကူသော စနစ်တစ်ခုမှာ ဤသို့ ဖြစ်၏။ --- ၁။ အသင်သူတော်ကောင်းသည် နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများကို ပြန်လည်၍ အာရုံယူထားပါ။ စက္ခုဒွါရဝီထိ နာမ်တရားစုနှင့် ရူပါရုံကို ဆက်လက်အာရုံယူကြသည့် မနောဒွါရဝီထိ နာမ်တရားစုတို့တွင် စက္ခုဝိညာဏ်သည် စက္ခုဝတ္ထုရုပ်ကိုမှီ၍ ကြွင်းကျန်သော ဝီထိစိတ်အားလုံးတို့မှာ ဟဒယဝတ္ထုရုပ်ကိုချည်း မှီ၍ဖြစ်ကြ၏။ ထို့ကြောင့် ပဉ္စဒွါရာဝဇ္ဇန်း၏ မှီရာ ဟဒယဝတ္ထုရုပ်မှ စ၍ ဝီထိစိတ္တက္ခဏတိုင်း၏ မှီရာ ဝတ္ထုရုပ်တို့ကိုလည်းကောင်း၊ ဝီထိ အကြားအကြား၌ တည်ရှိကြသော ဘဝင်၏မှီရာ ဝတ္ထုရုပ်တို့ကိုလည်းကောင်း ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ပဉ္စဒွါရာဝဇ္ဇန်း၏မှီရာ ဝတ္ထုရုပ်မှသည် တဒနုဝတ္တက မနောဒွါရဝီထိစသော ရူပါရုံကို ဆက်လက်အာရုံယူကြသော
这样修观时,还有一种较容易的方法。一、请重新取名业处诸表为所缘。在眼门心路名法组与继续取色所缘的意门心路名法组中,眼识依眼所依处色而生,其余一切心路心则都依心所依处色而生。因此,从五门转向所依的心所依处色开始,依次照见各心路心刹那的所依色,以及各心路间有分所依的所依色;从五门转向的所依色直到继续取色所缘的意门心路等——
原书第 57 页
မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- သမ္မသနဉာဏ်ခန်း မနောဒွါရဝီထိတို့၏ ဒုတိယတဒါရုံ၏မှီရာ ဟဒယဝတ္ထုရုပ်သို့ တိုင်အောင်သော ရုပ်တရားတို့ကို (= ၅၄-၅၄ စသော ရုပ်တရားတို့ကို) ခြုံငုံ၍ ယင်းရုပ်တရားတို့၏ ဖြစ်မှုပျက်မှုကို အာရုံယူ၍ အနိစ္စ အနိစ္စဟု ရှုပါ။
——之第二彼所缘所依的心所依处色,把这些色法〔即每组五十四种色法等〕综摄起来,取其生灭为所缘,观为‘无常、无常’。
၂။ ယင်းစက္ခုဒွါရဝီထိ၏ အာရုံနှင့် ရူပါရုံကို ဆက်လက်အာရုံယူကြသည့် မနောဒွါရဝီထိတို့၏ အာရုံမှာ ရူပါရုံ- ပင်ဖြစ်၏။ ဝီထိ အကြားအကြား၌ တည်ရှိသော ဘဝင်၏အာရုံမှာ ကံ ကမ္မနိမိတ် ဂတိနိမိတ် အာရုံ (၃)မျိုးတို့တွင် ထိုက်သလို တစ်မျိုးမျိုး ဖြစ်၏။ ယင်း ရူပါရုံကို ဃနပြိုအောင်၊ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်း- လျက်၊ ဘဝင်၏အာရုံမှာ ပရမတ်ဖြစ်လျှင်လည်း ယင်းပရမတ်တရားတို့ကိုပါ သိမ်းဆည်းလျက် ယင်းစက္ခုဒွါရဝီထိ၊ မနောဒွါရဝီထိ နာမ်တရားစုတို့၏ အာရုံဖြစ်သည့် ရူပါရုံနှင့် ဘဝင်၏ အာရုံဖြစ်သည့် ပရမတ်အာရုံတို့ကို သိမ်း- ဆည်းလျက် ယင်းပရမတ်တရားတို့၏ ဖြစ်မှုပျက်မှုကို အာရုံပြု၍ အနိစ္စ အနိစ္စဟု ရှုပါ။
二、该眼门心路与继续取色所缘的意门心路,其所缘都是色所缘;各心路间有分的所缘,则是业、业相、趣相三种所缘中相应的一种。应把色所缘摄取到破除密集、智见达到究竟;若有分所缘是究竟法,也要把这些究竟法摄取进来。摄取眼门心路、意门心路名法组的色所缘与有分的究竟所缘以后,取这些究竟法的生灭为所缘,观为‘无常、无常’。
၃။ ဝီထိစိတ္တက္ခဏတိုင်း၌လည်းကောင်း၊ ဘဝင်စိတ္တက္ခဏတိုင်း၌လည်းကောင်း ဝေဒနာကို အဦးမူ၍ နာမ်- တရားတို့ကို သိမ်းဆည်းလျက် ယင်းနာမ်တရားတို့၏ ဖြစ်မှုပျက်မှုကို အာရုံယူ၍ အနိစ္စ အနိစ္စဟု ရှုပါ။ ဃနပြိုပါစေ။
三、在每一个心路心刹那和有分心刹那中,都以受为首摄取诸名法,取这些名法的生灭为所缘,观为‘无常、无常’。务必破除密集——
ပရမတ်သို့ ဉာဏ်အမြင် ဆိုက်ပါစေ။ ထိုသို့ ရှုရာ၌ မျက်စိတစ်မှိတ် လျှပ်တစ်ပြက်၊ လက်ဖျစ်တစ်တွက်ဟူသော အချိန်ကာလအတွင်းဝယ် အကြိမ်ကုဋေတစ်သိန်းခန့် ဖြစ်ပျက်သွားကြသော နာမ်တရားစုတို့တွင် ဝိပဿနာ ရှုလိုက်နိုင်သော ရှုလိုက်မိသော နာမ်တရားစုတို့လည်း ရှိလေရာ၏၊ ဝိပဿနာ မရှုလိုက်နိုင်သော မရှုလိုက်မိသော နာမ်တရားအချို့တို့လည်း ရှိလေရာ၏။ ဝိပဿနာရှုလိုက်နိုင်သော ဝီထိနာမ်တရားစု ဘဝင်နာမ်တရားစုတို့၌ သန္တတိဃန သမူဟဃန ကိစ္စဃနဟူသော ဃန အသီးအသီး ပြိုအောင် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် သိမ်းဆည်းလျက် ဝိပဿနာရှုပါ။ နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် တင်ပြထားသည့် အတန်းတိုင်း အတန်းတိုင်း- တွင် ဝတ္ထု၊ အာရုံ၊ ဝေဒနာ ဟု သုံးချက်စီ သုံးချက်စီ ဝိပဿနာရှုပါ။ ကုသိုလ်ဇောဝီထိများ၊ အကုသိုလ်ဇော ဝီထိများကို ကုန်စင်အောင်ရှုပါ။ ဒုက္ခနှင့် အနတ္တတို့၌လည်း နည်းတူပင် ရှုပါ။
——使智见到达究竟法。观修时,在一眨眼、一闪电、一弹指那样短的时间内,名法组生灭约十万俱胝次;其中有些名法组能够、或已经被取来修观,另有些则未能、或没有取来修观。对于能够观到的心路名法组与有分名法组,应摄取到相续密集、组合密集、作用密集逐一破除,智见到达究竟法。在名业处诸表的每一行,都分所依、所缘、受三项而观;无余观修善速行心路与不善速行心路。对苦与无我也同样观修。
စိတ္တာနုပဿနာ သတိပဋ္ဌာန်
心随观念处
၁။ ဝတ္ထု … အနိစ္စ၊ ၂။ အာရုံ … အနိစ္စ၊ ၃။ ဝိညာဏ် … အနိစ္စ၊ ဤရှုကွက်၌ ဝတ္ထုနှင့်အာရုံရှုကွက်မှာ အထက်ပါအတိုင်း နည်းတူပင်ဖြစ်သည်။ ဝိညာဏ်အရ ဝိညာဏ်ကို အဦးမူ၍ ဝိညာဏ်နှင့် ယှဥ်ဖက် နာမ်တရားစုအားလုံးကို သိမ်းဆည်းလျက် ဝေဒနာနုပဿနာသတိပဋ္ဌာန်တွင် ရေးသားခဲ့သည်အတိုင်း ရှုပါ။ ဒုက္ခ၊ အနတ္တတို့ကိုလည်း ရှုပါ။
一、所依——无常;二、所缘——无常;三、识——无常。这里所依与所缘的观法与上述相同。对于识,应以识为首,摄取与识相应的一切名法,再依受随观念处所述而观修;也要观苦、无我。
ဓမ္မာနုပဿနာ သတိပဋ္ဌာန်
法随观念处
၁။ ဝတ္ထု … အနိစ္စ၊ ၂။ အာရုံ … အနိစ္စ၊ ၃။ ဖဿ … အနိစ္စ၊ ဝတ္ထုနှင့် အာရုံတို့မှာ အထက်ပါအတိုင်း နည်းတူမှတ်ပါ။ ဖဿအရ ဖဿကို အဦးမူ၍ ဖဿနှင့်တကွ ယှဥ်ဖက်သမ္ပယုတ်တရား အားလုံးကို ဝီထိစိတ္တက္ခဏတိုင်း၌လည်းကောင်း၊ ဝီထိများ အကြား၌ တည်ရှိသော ဘဝင်စိတ္တက္ခဏတို့၌လည်းကောင်း သိမ်းဆည်းလျက် လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်၍ ဝိပဿနာရှုပါ။
一、所依——无常;二、所缘——无常;三、触——无常。所依与所缘应如上文所说。对于触,应以触为首,摄取触及其一切相应法;对每个心路心刹那,以及各心路之间的有分心刹那,都轮流安立三相而修观。

本页是帕奥禅师缅文「五大册」第五册(趣向涅槃之道·第五册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。卷前、正文与原书索引均与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。