序论
《趣向涅槃之道》中文全译本 · 非缩略版
原书卷前 · 原书卷前第 17–27 页 · 91 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书卷前第 17 页(A)
နိဒါနကထာ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
礼敬彼世尊、阿罗汉、正等觉者。
နိဒါနကထာ
序论
အကြောင်းပြစာတမ်းလွှာ
缘由说明
ယောကျာ်းမြတ်တို့၏ အကြံ
贤士之思
မြတ်စွာဘုရားရှင်သည် တစ်ဝါ ရတော်မူပြီးနောက် ပထမအကြိမ် ကပိလဝတ်နေပြည်တော်သို့ ကြွရောက်- တော်မူပြီးလျှင် ထိုမှ ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတိုက်တော်သို့ ပြန်လည် ကြွချီတော်မူလာရာ လမ်းခုလတ် တစ်နေရာ၌ တည်ရှိသော အနုပိယသရက်ဥယျာဥ် တောအုပ်ကြီးအတွင်း၌ ခေတ္တသီတင်းသုံးနေတော်မူစဥ် အနုရုဒ္ဓမင်းသား၊ ဘဒ္ဒိယမင်းသား၊ အာနန္ဒမင်းသား၊ ဘဂုမင်းသား၊ ကိမိလမင်းသား၊ ဒေဝဒတ္တမင်းသား -- ဤ မင်းညီမင်းသား ခြောက်ဦးတို့သည် ဥပါလိဆေတ္တာသည်နှင့် အတူတကွ မြတ်စွာဘုရားရှင်၏ ထံတော်မှောက်သို့ လာရောက်၍ ရှင်ရဟန်း ပြုကြလေသည်။
世尊成佛后度过第一个雨安居,首次回到迦毗罗卫城;随后由那里返回王舍城竹林精舍,途中暂住在阿努比亚芒果园林。阿那律、跋提迦、阿难、跋咕、金毗罗、提婆达多六位王子,与理发师优波离一同来到世尊面前出家受戒。
ထိုခုနစ်ပါးတို့အနက် အရှင်ဘဒ္ဒိယမထေရ်သည် ထိုဝါတွင်းမှာပင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော် မူလေသည်။ အရှင်အနုရုဒ္ဓါမထေရ်သည် လောကီစျာန်သမာပတ် ရှစ်ပါးနှင့်တကွ ဒိဗ္ဗစက္ခုအဘိညာဏ်ကို ဖြစ်စေ- တော်မူလေသည်။ အရှင်ဒေဝဒတ်မထေရ်သည် လောကီစျာန်သမာပတ် ရှစ်ပါးတို့နှင့်အတူတကွ လောကီ အဘိ- ညာဏ်တို့ကို ရရှိတော်မူလေသည်။ အရှင်အာနန္ဒာမထေရ်သည် သောတာပတ္တိဖိုလ်၌ တည်တော်မူလေသည်။
七人之中,跋提迦长老就在那个雨安居中证得阿罗汉果;阿那律长老成就八种世间禅那等至及天眼通;提婆达多长老成就八种世间禅那等至和世间神通;阿难长老则安住于入流果。
အရှင်ဘဂုမထေရ်၊ အရှင်ကိမိလမထေရ်တို့ကား နောက်အခါမှာမှ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူကြ- လေသည်။
跋咕长老与金毗罗长老后来才证得阿罗汉果。
အထူးသဖြင့် အရှင်အနုရုဒ္ဓါမထေရ်မြတ်သည် ရဟန်းပြုတော်မူပြီးနောက် ထို ပထမဝါတွင်းမှာပင် လော- ကီစျာန်သမာပတ် ရှစ်ပါးတို့ကို ရရှိတော်မူကာ လောကဓာတ် စကြဝဠာတိုက်ပေါင်း တစ်ထောင်ကို ရှုမြင်ခြင်းငှာ စွမ်းနိုင်သော ဒိဗ္ဗစက္ခုအဘိညာဏ် အသိဉာဏ်ကို ရရှိတော်မူခဲ့လေသည်။ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို ဆက်လက်၍ ကြိုးပမ်းတော်မူရာ ထိုဝါတွင်း၌ အောင်မြင်မှု မရ ဖြစ်နေ၏။ အရှင်အနုရုဒ္ဓါမထေရ်မြတ်သည် တစ်နေ့သ၌ အရှင်သာရိပုတ္တရာမထေရ်မြတ်ထံသို့ သွားရောက်ပြီးလျှင် ဤသို့ လျှောက်ထားတော်မူ၏။ --- ၁။ အရှင်ဘုရား သာရိပုတ္တရာ …တပည့်တော်သည် အထူးသဖြင့် စင်ကြယ်သော၊ လူတို့၏ မျက်စိအမြင်ကို လွန်သော နတ်မျက်စိနှင့်တူသော ဒိဗ္ဗစက္ခုအဘိညာဏ်မျက်စိဖြင့် တစ်ထောင်သော လောကဓာတ်ကို မြင်နိုင်စွမ်းရှိပါ၏။
尤其阿那律长老,出家后的第一个雨安居便成就八种世间禅那等至,以及能够观见一千世界的天眼通;但继续精进毗婆舍那业处时,在那个雨安居中尚未成功。一天,他来到舍利弗大长老处禀告:‘舍利弗尊者,一、我能以清净、超越人眼、如天人之眼的天眼通,看见一千世界。’
၂။ တပည့်တော်သည် တွန့်ဆုတ်မှုမရှိဘဲ သမထဝိပဿနာ ဘာဝနာတို့၌ အပြင်းအထန် ကြိုးစားအားထုတ်ခြင်း လုံ့လ ဝီရိယကို အားထုတ်အပ်ပါ၏။ ကာယ ဝေဒနာ စိတ္တ ဓမ္မ အမည်ရသော အကြောင်းတရားနှင့် တကွသော သင်္ခါရတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကို သိမ်းဆည်းတတ်သော သတိသည် မေ့ပျောက်ခြင်း မရှိမူ၍ ထင်နေပါ၏။ ကိုယ်စိတ်သည် ပူပန်ခြင်းမရှိ ငြိမ်းအေးပါ၏။ စိတ်သည် တစ်ခုတည်းသော အာရုံရှိသည်ဖြစ်၍ ကောင်းစွာ တည်ကြည်ပါ၏။
‘二、我毫不退缩地在止观禅修中发起强烈精进;对于称为身、受、心、法,连同其因的诸行之无常、苦、无我,能作摄持之念清楚现前而不忘失;身心无热恼、寂静安稳;心只有一个所缘,善得安定。’
၃။ ထိုသို့ ဖြစ်ပါလျက်လည်း တပည့်တော်၏ စိတ်သည် ဥပါဒါနက္ခန္ဓာငါးပါး သင်္ခါရတရားတို့၌ တဏှာ ဒိဋ္ဌိ- တို့ဖြင့် ''ငါ-ငါ့ဟာ'' ဟု မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ မလွတ်ကင်းသေးပါ ဘုရား - ဟူ၍ ---
‘三、尽管如此,我的心不以爱与见执取五取蕴诸行为“我、我的”,却仍未从诸漏解脱。’他如此禀告。
A
A
原书卷前第 18 页(B)
ဤသို့ လျှောက်ထားလေ၏။ ထိုအခါ အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးက အရှင်အနုရုဒ္ဓါကိုယ်တော်- မြတ်ကို ဤသို့ မိန့်ဆိုတော်မူ၏။ --- ၁။ ငါ့ရှင် အနုရုဒ္ဓါ …''ငါသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိအမြင်ကို လွန်သော နတ် မျက်စိနှင့် တူသော ဒိဗ္ဗစက္ခု အဘိညာဏ် မျက်စိဖြင့် တစ်ထောင်သော လောကဓာတ်ကို မြင်နိုင်စွမ်း ရှိပါ၏''ဟု ဤသို့ အကြံဖြစ်ခြင်းသည်ပင် သင့်သန္တာန်ဝယ် မာနဖြစ်၍ နေ၏။
舍利弗大长老于是对阿那律尊者说:‘阿那律贤友,一、你心想:“我能以清净、超越人眼、如天人之眼的天眼通,看见一千世界。”这一念在你的心流中就是慢。’
၂။ ငါ့ရှင် အနုရုဒ္ဓါ …''ငါသည် တွန့်ဆုတ်မှုမရှိဘဲ သမထ ဝိပဿနာ ဘာဝနာတို့၌ အပြင်းအထန် ကြိုးစား အားထုတ်ခြင်း လုံ့လဝီရိယကို အားထုတ်အပ်ပါ၏၊ ကာယ ဝေဒနာ စိတ္တ ဓမ္မ အမည်ရသော အကြောင်း- တရားနှင့်တကွသော သင်္ခါရတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကို သိမ်းဆည်း- တတ်သောသတိသည် မေ့ပျောက်ခြင်းမရှိမူ၍ ထင်နေပါ၏၊ ကိုယ်စိတ်သည် ပူပန်ခြင်းမရှိ ငြိမ်းအေးပါ၏၊ စိတ်သည် တစ်ခုတည်းသော အာရုံရှိသည်ဖြစ်၍ ကောင်းစွာ တည်ကြည်ပါ၏'' ဟု ဤသို့ အကြံ ဖြစ်ခြင်း သည်ပင် သင့်သန္တာန်ဝယ် စိတ်ပျံ ့လွင့်ခြင်း = ဥဒ္ဓစ္စ ဖြစ်၍ နေ၏။
‘二、你心想:“我毫不退缩地在止观禅修中发起强烈精进;对于身、受、心、法,连同其因的诸行之无常、苦、无我,能作摄持之念清楚现前而不忘失;身心无热恼、寂静安稳;心只有一个所缘,善得安定。”这一念在你的心流中就是掉举。’
၃။ ငါ့ရှင် အနုရုဒ္ဓါ …''ထိုသို့ ဖြစ်ပါလျက်လည်း ငါ၏ စိတ်သည် ဥပါဒါနက္ခန္ဓာငါးပါး သင်္ခါရတရားတို့၌ တဏှာ ဒိဋ္ဌိတို့ဖြင့် 'ငါ-ငါ့ဟာ'ဟု မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ မလွတ်ကင်းသေးပါ''ဟု ဤသို့ အကြံဖြစ်ခြင်းသည်ပင် သင့်သန္တာန်ဝယ် တွေးတော ပူပန်မှု သံသယကုက္ကုစ္စ ဖြစ်၍ နေ၏။
‘三、你心想:“尽管如此,我的心不以爱与见执取五取蕴诸行为我、我的,却仍未从诸漏解脱。”这一念在你的心流中就是忧虑疑悔。’
ငါ့ရှင် အနုရုဒ္ဓါ …တပည့်တော် တိုက်တွန်းတောင်းပန်စကား ပြောကြားလိုသည်မှာ အရှင်အနုရုဒ္ဓါသည် မိမိသန္တာန်၌ ဖြစ်ပွားနေသော ဤ မာန၊ ဥဒ္ဓစ္စ၊ ကုက္ကုစ္စ တရားသုံးမျိုးတို့ကို ပယ်စွန့်၍ ဤတရားသုံးမျိုးတို့ကို နှလုံးမသွင်းဘဲ အမြိုက်နိဗ္ဗာန်ဓာတ်သို့ = မသေရာအမြိုက် နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဥ်ဖြစ်သည့် သမထ အာရုံ ဝိပဿနာအာရုံသို့ မိမိ၏ စိတ်ကို ပို့ဆောင်စေချင်ပါသည် ဘုရား --- ဟူ၍ ကမ္မဋ္ဌာန်းတရားကို ပြင်ပေး- တော်မူလေသည်။ (အံ-ဋ္ဌ-၃-၂၂၅။) အရှင်အနုရုဒ္ဓါမထေရ်မြတ်သည် ကမ္မဋ္ဌာန်းကို သင်ယူပြီးနောက် မြတ်စွာဘုရားရှင်ကို ပန်ကြား လျှောက်- ထားပြီးလျှင် စေတိတိုင်းသို့ သွားရောက်ကာ ထိုစေတိတိုင်းဝယ် အရှေ့ဝါးတောအရပ်၌ နေထိုင်သီတင်းသုံးတော် မူ၍ ရဟန်းတရားကို ပွားများအားထုတ်တော်မူလေသည်။ ထိုအချိန်တွင် ဘုရားရှင်သည် ဘဂ္ဂတိုင်း သုသုမာရ- ဂိရိမြို့ကို ဆွမ်းခံရွာအဖြစ် အမှီပြု၍ သားတို့ကို ဘေးမဲ့ပေးရာ ဘေသကဠာဝန အမည်ရသော တောအုပ်ကြီး
‘阿那律贤友,我劝请你:舍弃心流中生起的慢、掉举与疑悔,不再作意这三法;把心导向止的所缘与观的所缘——这条趣向不死甘露涅槃的行道。’舍利弗如此为他修正业处。(《增支部义注》3-225。)阿那律长老学习业处以后,禀告世尊,前往支提国东竹林住下,精勤修习沙门法。当时,世尊依止跋伽国鳄山城托钵,住在庇沙伽罗林——那片意为‘令幼兽无畏’的林中精舍。
အတွင်း ဘေသကဠာဝနကျောင်းတိုက်၌ သီတင်းသုံးနေတော်မူ၏။ ဘုရားရှင် သီတင်းသုံးတော်မူရာ ဘဂ္ဂတိုင်း ဘေသကဠာဝန တောအုပ်မှာ အနောက်ဘက်တွင် တည်ရှိ၍ အရှင်အနုရုဒ္ဓါမထေရ်မြတ် သီတင်းသုံးတော်မူရာ စေတိတိုင်း ဝါးတော အရပ်မှာ အရှေ့ဘက်တွင် တည်ရှိနေပေသည်။
世尊所住的跋伽国庇沙伽罗林位于西方;阿那律长老所住的支提国竹林则位于东方。
အရှင်အနုရုဒ္ဓါကိုယ်တော်မြတ်သည် တစ်ဆယ့်ငါးရက် = လဝက်ပတ်လုံး မအိပ်မနေ စင်္ကြံသွား၍ သမထ ဝိပဿနာဘာဝနာတရားတို့ကို အပြင်းအထန်ကြိုးစားအားထုတ်တော်မူလေသည်။ မထေရ်မြတ်သည် ကမ္မဋ္ဌာန်း အလုပ် အားထုတ်မှု ဒဏ်ချက် ပြင်းထန်စွာ နှိပ်စက်အပ်ရကား ပင်ပန်း နွမ်းနယ်သော ကိုယ်ရှိသည် ဖြစ်၍ ဝါးရုံတစ်ခု၏ အောက်ဝယ် မြက်သစ်ရွက်တို့ကို စုရုံးလျက် အခင်းပြုကာ အပေါ်မှ အခင်းတစ်ခု ထပ်ခင်းလျက် ထိုအခင်းထက်၌ ခေတ္တ အပန်းဖြေ ထိုင်နေတော်မူလေသည်။ ထိုအခါ အရှင်အနုရုဒ္ဓါ မထေရ်မြတ်၏ စိတ်အစဥ်- ဝယ် မဟာပုရိသဝိတက္က အမည်ရသော ယောကျာ်းမြတ်တို့၏ အကြံများသည် ထင်ရှားစွာ ဖြစ်ပွားလာလေသည်။
阿那律尊者十五日、即半个月不眠不卧,只行禅经行,猛烈精进止观禅修。由于业处修习的强度所迫,身体疲惫困倦,他收集草叶铺在一丛竹下,又在上面加铺一层,坐在那里稍作休息。这时,名为‘大人寻思’的诸种贤士之思,清楚地在他心流中生起。
အရှင်အနုရုဒ္ဓါမထေရ်မြတ်သည် မဟာပုရိသဝိတက်ကြီး ခုနစ်မျိုးတို့ကို ကြံစည်စဥ်းစားဆင်ခြင်ပြီးနောက် ရှေ့သို့
阿那律长老思惟七种大人寻思之后,要再进一步思惟——
B
B
原书卷前第 19 页(C)
နိဒါနကထာ တစ်ဆင့်တက်၍ ရှစ်ခုမြောက်ဖြစ်သော မဟာပုရိသဝိတက်ကြီးကို ဆက်လက်၍ ကြံစည်ဆင်ခြင်ရန် ပင်ပန်းလျက် ရှိလေ၏။ မှန်ပေသည် ------ သာဝကတို့အဖို့ရာ ပညာတိုင်အောင်သော ခုနစ်မျိုးသော မဟာပုရိသဝိတက်တို့ကို စဥ်းစားဆင်ခြင် ပြီးသောအခါ ထို့ထက် အထက်သို့ တက်၍ တရားတစ်မျိုးကို စဥ်းစားဆင်ခြင်ရန် ဝန်လေးမြဲ ပင်ပန်းမြဲ ဓမ္မတာဖြစ်လေသည်။ သာဝကတို့အဖို့ရာ ပညာတွင်ရွေ့သာ တရားဆုံး၍နေမြဲ ဓမ္မတာ ဖြစ်သည်။
——第八种大人寻思时感到困难。确实,对声闻而言,思惟完毕直到与慧有关的第七种大人寻思之后,再向上思惟另一法,本来就会觉得沉重困难;因为声闻之法通常止于慧。
ထိုကြောင့်ပင်လျှင် အရှင်အနုရုဒ္ဓါမထေရ်မြတ်သည် ခုနစ်ခုမြောက် ပညာနှင့်စပ်သော မဟာပုရိသဝိတက်ကြီးကို ကြံစည်စဥ်းစား ဆင်ခြင်ပြီးနောက် ရှစ်ခုမြောက်ဖြစ်သော မဟာပုရိသဝိတက်ကြီးကို ဆက်လက်၍ ကြံစည် ဆင်ခြင်ရန် ပင်ပန်းလျက် ရှိလေသည်။
因此,阿那律长老思惟完毕与慧有关的第七种大人寻思之后,要继续思惟第八种时感到困难。
ထိုအခါ ဘုရားရှင်သည် ထိုသို့ ပင်ပန်းနေကြောင်းကို သိရှိတော်မူသဖြင့် တန်ခိုးအဘိညာဏ်ဖြင့် တစ်- ခဏချင်းမှာပင် ကြွလာတော်မူကာ ရှစ်ခုမြောက် မဟာပုရိသဝိတက်ကိုပါ ဖြည့်စွက်တော်မူလျက် မဟာပုရိသ- ဝိတက်ကြီး (၈)မျိုးကို ဟောကြားပြသပေးတော်မူ၏။
世尊知道他正感困难,便以神通刹那来到其前,补充第八种大人寻思,为他开示八种大人寻思。
ထိုနောင် ဤ မဟာပုရိသဝိတက်ကြီး ရှစ်မျိုးကို ကြံစည်စိတ်ကူးနေလျှင် လောကီ ပထမစျာန် ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန်တို့ကို အလွယ်တကူ ရယူဝင်စားနိုင်ကြောင်းကိုလည်းကောင်း၊ ဤ မဟာပုရိသ ဝိတက်ကြီး ရှစ်မျိုးကို ကြံစည်ကာ လောကီစျာန်လေးပါးတို့ကို အလွယ်တကူ ရယူဝင်စားနေလျှင် --- ၁။ ရရသမျှသော ပံ့သကူသင်္ကန်းဖြင့် ရောင့်ရဲလွယ်ခြင်း စီဝရသန္တောသ၊ ၂။ ဆွမ်းခံဝတ်ဖြင့် ရရသမျှသော ဆွမ်းဖြင့် ရောင့်ရဲလွယ်ခြင်း ပိဏ္ဍပါတသန္တောသ၊ ၃။ ရရသမျှသော သစ်ပင်ရင်းတည်းဟူသော ကျောင်းဖြင့် ရောင့်ရဲလွယ်ခြင်း သေနာသနသန္တောသ၊ ၄။ ရရသမျှသော မြက်သစ်ရွက်အခင်းဖြင့် ရောင့်ရဲလွယ်ခြင်း သယနာသနသန္တောသ၊ ၅။ ရရသမျှသော နွားကျင်ငယ်ပုပ်ဖြင့် စိမ်ထုံထားအပ်သော ဇီးဖြူသီး ဖန်ခါးသီးစသော ဆေးဖြင့် ရောင့်ရဲ- လွယ်ခြင်း ဘေသဇ္ဇသန္တောသ --- ဤ သန္တောသတရား ငါးပါးတို့နှင့် ပြည့်စုံလာနိုင်ကြောင်းကိုလည်းကောင်း၊ ဤ မဟာပုရိသဝိတက်ကြီး
随后,世尊详说:思惟这八种大人寻思,便能轻易取得并进入世间初禅、第二禅、第三禅、第四禅;若思惟这八法并轻易取得、进入四种世间禅,又能具足五种知足:一、对所得粪扫衣知足的衣知足;二、对托钵所得食物知足的食知足;三、对所得树下住处知足的住处知足;四、对所得草叶卧具知足的卧具知足;五、对所得以腐牛尿浸渍的余甘子、诃子等药物知足的药物知足——
ရှစ်မျိုးကို ကြံစည်စိတ်ကူးနေလျှင်၊ ရူပါဝစရစျာန်လေးပါးတို့ကို မငြိုမငြင် မပင်မပန်း လွယ်လွယ်ကူကူ ရယူဝင်- စားနိုင်လျှင်၊ ဤသန္တောသတရားငါးမျိုးနှင့် ပြည့်စုံညီညွတ်နေလျှင် သမထဝိပဿနာ ဘာဝနာတို့၌ မွေ့လျော် ပျော်ပိုက်နှစ်ခြိုက်ခြင်း ဘာဝနာရာမတာ အရိယဝံသပဋိပဒါကိုလည်းကောင်း၊ ကိလေသာဟူ အပူခပ်သိမ်းမှ အငြိမ်းကြီး ငြိမ်းရာဖြစ်သော နိဗ္ဗာန်တရားတော်မြတ်ကြီးကိုလည်းကောင်း အလွယ်တကူ ရယူနိုင်ကြောင်းတို့ကို အကျယ်တဝင့် ဟောကြားပေးတော်မူ၏။ ထိုနောင် ဘုရားရှင်သည် အရှင်အနုရုဒ္ဓါအား ပါစိနဝံသဒါယ အမည် ရသော ဤ အရှေ့ဝါးတောအရပ်၌ပင် နောက်နှစ် ဝါ၌ ဝါဆို ဝါကပ်လျက် ရဟန်းတရားများကို ပွားများအား- ထုတ်ရန် မိန့်မှာတော်မူပြီးနောက် ဘေသကဠာဝန ကျောင်းတိုက်သို့ ပြန်ကြွတော်မူ၏။ ဘုရားရှင်သည် ဘေသကဠာဝနကျောင်းတိုက်သို့ ပြန်လည်ဆိုက်ရောက်တော်မူလာသောအခါ ရဟန်းသံဃာတော်အပေါင်းအား
——若思惟这八法,能不烦不倦、轻易取得并进入四种色界禅,又具足这五种知足,便能轻易成就乐于止观禅修的禅修乐住圣种行道,也能证得远离一切烦恼热恼、究竟寂静的涅槃。世尊又嘱咐阿那律来年仍在名为东竹林的地方入雨安居、精勤修习,然后返回庇沙伽罗林精舍。回到精舍后,世尊对比丘僧众——
မဟာပုရိသဝိတက္က အမည်ရသည့် ယောကျာ်းမြတ်တို့၏ အကြံ (၈)မျိုးကို အကျဥ်း အကျယ် နှစ်သွယ် ပိုင်းခြား- လျက် ဟောကြားပြသ ဆိုဆုံးမတော်မူလေသည်။ ဤ၌ ယင်းအကြံ ရှစ်မျိုး၏ ဆိုလိုရင်းအချက်ကို ကောက်နုတ်၍ တင်ပြပေအံ့။ --- ၁။ အပ္ပိစ္ဆဿာယံ ဘိက္ခဝေ ဓမ္မော၊ နာယံ ဓမ္မော မဟိစ္ဆဿ။
——把名为大人寻思的八种贤士之思,分别以略说与广说开示教诫。这里摘录八种寻思的要义:一、‘比丘们,此法属于少欲者,不属于多欲者。’
၂။ သန္တုဋ္ဌဿာယံ ဘိက္ခဝေ ဓမ္မော၊ နာယံ ဓမ္မော အသန္တုဋ္ဌဿ။
二、‘比丘们,此法属于知足者,不属于不知足者。’
၃။ ပဝိဝိတ္တဿာယံ ဘိက္ခဝေ ဓမ္မော၊ နာယံ ဓမ္မော သင်္ဂဏိကာရာမဿ။
三、‘比丘们,此法属于远离者,不属于乐众聚者。’
原书卷前第 20 页(D)
၄။ အာရဒ္ဓဝီရိယဿာယံ ဘိက္ခဝေ ဓမ္မော၊ နာယံ ဓမ္မော ကုသီတဿ။
四、‘比丘们,此法属于已发勤精进者,不属于懈怠者。’
၅။ ဥပဋ္ဌိတဿတိဿာယံ ဘိက္ခဝေ ဓမ္မော၊ နာယံ ဓမ္မော မုဋ္ဌဿတိဿ။
五、‘比丘们,此法属于念现前者,不属于失念者。’
၆။ သမာဟိတဿာယံ ဘိက္ခဝေ ဓမ္မော၊ နာယံ ဓမ္မော အသမာဟိတဿ။
六、‘比丘们,此法属于有定者,不属于无定者。’
၇။ ပညဝတော အယံ ဘိက္ခဝေ ဓမ္မော၊ နာယံ ဓမ္မော ဒုပ္ပညဿ။
七、‘比丘们,此法属于有慧者,不属于劣慧者。’
၈။ နိပ္ပပဉ္စာရာမဿာယံ ဘိက္ခဝေ ဓမ္မော နိပ္ပပဉ္စရတိနော၊ နာယံ ဓမ္မော ပပဉ္စာရာမဿ ပပဉ္စရတိနော။
八、‘比丘们,此法属于乐无戏论、喜无戏论者,不属于乐戏论、喜戏论者。’
(အံ-၃-၆၅။)
(《增支部》3-65。)
၁။ ရဟန်းတို့ …ဤလောကုတ္တရာတရား ကိုးပါးသည် အလိုနည်းပါးသော = လိုချင်မှု ဣစ္ဆာ တဏှာမရှိသော အပ္ပိစ္ဆပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် ပြည့်စုံနိုင်၏။ ဤလောကုတ္တရာတရား ကိုးပါးသည် အလိုရမ္မက်ကြီး- မားလှသော မဟိစ္ဆပုဂ္ဂိုလ်၏ သန္တာန်၌ မပြည့်စုံနိုင်။ (အံ-၃-၆၅။) ပစ္စည်းလေးပါးကို များများ လှူလျှင် နည်းနည်းသာ အလှူခံ၍၊ နည်းနည်း လှူလျှင်လည်း လှူသည့် အောက် ယုတ်လျော့၍ နည်းနည်းကိုသာ အလှူခံပြီးလျှင် အကုန်လုံးကို အလှူမခံသော ပစ္စည်းလေးပါး၌ အလိုနည်းသော ပစ္စယ အပ္ပိစ္ဆပုဂ္ဂိုလ်၊ မိမိ မဂ်ဖိုလ်တရားထူး တရားမြတ်ရသည်ကို သူတစ်ပါးတို့အား အသိ မပေးလိုဘဲ လျှို့ဝှက်ထားသော အဓိဂမ အပ္ပိစ္ဆပုဂ္ဂိုလ်၊ မိမိ ပရိယတ် ဗဟုသုတ ပေါများတတ်ကျွမ်းသည်ကို သူတစ်ပါးတို့အား အသိမပေးလိုဘဲ လျှို့ဝှက်ထားသော ပရိယတ္တိ အပ္ပိစ္ဆပုဂ္ဂိုလ်၊ မိမိဓုတင်ဆောက်တည်ထား- သည်ကို သူတစ်ပါးတို့အား အသိမပေးလိုဘဲ လျှို့ဝှက်ထားသော ဓုတင်္ဂ အပ္ပိစ္ဆပုဂ္ဂိုလ်ဟု အလိုနည်းပါးသော
一、比丘们,九种出世间法只能在少欲——没有欲求与爱的少欲者——的心流中圆满,不能在多欲者的心流中圆满。(《增支部》3-65。)少欲者有四类:他人多供养四资具时只接受少量,少供养时更只接受比所供少的数量,绝不尽受,这是资具少欲者;不愿让他人知道自己证得道果殊胜法而加以隐藏,是证得少欲者;不愿让他人知道自己博学多闻而加以隐藏,是教理少欲者;不愿让他人知道自己受持头陀支而加以隐藏,是头陀支少欲者。这样的少欲者共有——
အပ္ပိစ္ဆပုဂ္ဂိုလ် လေးမျိုး ရှိ၏။
——四类。
ထို အလိုနည်းပါးသော အပ္ပိစ္ဆပုဂ္ဂိုလ်သည် အပ္ပိစ္ဆပုဂ္ဂိုလ်ဖြစ်သော်လည်း အလိုနည်းပါးသော အပ္ပိစ္ဆပုဂ္ဂိုလ် ဟု သူတစ်ပါးတို့သိမှာကို အလိုမရှိ။ ရရသမျှသော ပစ္စည်းလေးပါးဖြင့် ရောင့်ရဲလွယ်သူဖြစ်လျက် ရောင့်ရဲလွယ်သူ ဟု သူတစ်ပါးတို့က သိမှာကို အလိုမရှိ။ ဝိဝေကတရား သုံးပါး၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သူ ဖြစ်လျက် ဝိဝေကတရားသုံးပါး၌ မွေ ့လျော် ပျော်ပိုက် နှစ်ခြိုက်သူဟု သူတစ်ပါးတို့က သိမှာကို အလိုမရှိ။ ထက်သန်သော လုံ့လဝီရိယရှိသော ပုဂ္ဂိုလ်ဖြစ်လျက် ထက်သန်သော လုံ့လဝီရိယရှိသူဟု သူတစ်ပါးတို့က သိမှာကို အလိုမရှိ။
少欲者虽然少欲,却不希望他人知道自己少欲;虽对所得四资具知足,却不希望他人知道自己知足;虽乐于三种远离,却不希望他人知道;虽精进勇猛,也不希望他人知道。
ထင်လင်းသော သတိရှိသူဖြစ်လျက် ထင်လင်းသော သတိရှိသူဟု သူတစ်ပါးတို့က သိမှာကို အလိုမရှိ။ ဥပစာရ အပ္ပနာ နှစ်ဖြာသော သမာဓိရှိသူ ဖြစ်လျက် သမာဓိရှိသူဟု သူတစ်ပါးတို့က သိမှာကို အလိုမရှိ။ ဝိပဿနာ ဉာဏ်ပညာနှင့် ပြည့်စုံသူဖြစ်လျက် ဝိပဿနာဉာဏ်ပညာနှင့် ပြည့်စုံသူဟု သူတစ်ပါးတို့က သိမှာကို အလိုမရှိ။
虽具清楚现前之念,却不希望他人知道;虽具近行与安止两种定,却不希望他人知道;虽具毗婆舍那慧,也不希望他人知道。
သံသရာကိုချဲ့ထွင်တတ်သည့် တဏှာ မာန ဒိဋ္ဌိတည်းဟူသော ပပဉ္စတရားကင်းရာ နိဗ္ဗာန်တရားတော်မြတ်၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သူ ဖြစ်လျက် ပပဉ္စတရား ကင်းရာ နိဗ္ဗာန်တရားတော်မြတ်၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သူဟု သူတစ်ပါးတို့က သိမှာကို အလိုမရှိ။ ထိုမျှ အလိုနည်းပါးသူ ဖြစ်၏။ (အံ-၃-၆၆။) ၂။ ရဟန်းတို့ …ဤလောကုတ္တရာတရား ကိုးပါးသည် ရရသမျှသော၊ မျှတရုံသာဖြစ်သော၊ ကြည်ညိုဖွယ်- ရုံမျှသာဖြစ်သော ဆွမ်း သင်္ကန်း ကျောင်း ဆေး ပစ္စည်းလေးပါးဖြင့် ရောင့်ရဲလွယ်သော ပုဂ္ဂိုလ်၏ သန္တာန်၌ သာလျှင် ပြည့်စုံနိုင်၏။ ဤလောကုတ္တရာတရား ကိုးပါးသည် မရောင့်ရဲနိုင်သော ပုဂ္ဂိုလ်၏ သန္တာန်၌ မပြည့်စုံနိုင်။ (အံ-၃-၆၅။) ၃။ ရဟန်းတို့ …ဤလောကုတ္တရာတရား ကိုးပါးသည် ဝိဝေကသုံးဖြာ၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သော ပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် ပြည့်စုံနိုင်၏။ ပုဂ္ဂိုလ်သတ္တဝါအပေါင်းအဖော် ကိလေသာအပေါင်းအဖော်၌
虽乐于远离扩展轮回的爱、慢、见三种戏论之涅槃,也不希望他人知道自己乐于无戏论的涅槃;少欲到如此程度。(《增支部》3-66。)二、比丘们,九种出世间法只能在对所得、适量而可敬信的食、衣、住处与药物四资具知足者的心流中圆满,不能在不知足者的心流中圆满。(《增支部》3-65。)三、比丘们,九种出世间法只能在乐于三种远离者的心流中圆满,不能在乐于人与烦恼众聚者的——
မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သော ပုဂ္ဂိုလ်၏ သန္တာန်၌ မပြည့်စုံနိုင်။ (အံ-၃-၆၅။)
——心流中圆满。(《增支部》3-65。)
原书卷前第 21 页(E)
နိဒါနကထာ ကာယဝိဝေက စိတ္တဝိဝေက ဥပဓိဝိဝေကဟု ဝိဝေကသုံးပါးရှိ၏။ ဂိုဏ်းအပေါင်းအဖော်ကို စွန့်လွှတ်၍ တစ်ယောက်ထီးတည်း သွားခြင်း ရပ်ခြင်း ထိုင်ခြင်း အိပ်ခြင်း စားခြင်းစသည်ဖြင့် တစ်ယောက်ထီးတည်း နေလေ့ ရှိခြင်းသည် ကာယဝိဝေကမည်၏။ ကာယဝိဝေကမျှနှင့်ကား လောကုတ္တရာတရား ကိုးပါးသည် မပြီးစီး မပြည့်စုံ နိုင်ရကား ကသိုဏ်းပရိကံများကို ပြု၍ သမာပတ်ရှစ်ပါးတို့ကို ဖြစ်စေ၏၊ ဤသမာပတ်ရှစ်ပါးသည် စိတ္တဝိဝေက မည်၏။ သမာပတ်ရှစ်ပါးမျှဖြင့်လည်း လောကုတ္တရာတရား ကိုးပါးသည် မပြီးစီး မပြည့်စုံနိုင်ရကား ယင်းစျာန် သမာပတ်ကို ဝိပဿနာ၏ အခြေပါဒကပြု၍ သင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန်သို့ တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်လေသော် ပဋိသမ္ဘိဒါဉာဏ်လေးပါးတို့နှင့် အတူတကွ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူ၏။
远离有三种:身远离、心远离、依远离。舍离群众,独自行、住、坐、卧、饮食等,惯于独处,是身远离。仅有身远离还不能圆满九种出世间法,因此修遍作而成就八等至;这八等至是心远离。仅有八等至仍不能圆满九种出世间法,因此以禅那等至为观的基础,把诸行提到三相上修习、审察毗婆舍那,便与四无碍解智一同证得阿罗汉果。
ဤအရဟတ္တဖိုလ် နိဗ္ဗာန်သည်ကား ခပ်သိမ်းသော အခြင်းအရာအားဖြင့် ဥပဓိဝိဝေကမည်၏။ ထိုနိဗ္ဗာန်သည် ကာမဂုဏ်တို့မှလည်း ကင်းဆိတ်၏၊ ကိလေသာတို့မှလည်း ကင်းဆိတ်၏၊ ဘဝသစ်ကို ပြုပြင်တတ်သော အဘိသ- င်္ခါရတရားတို့မှလည်း ကင်းဆိတ်၏၊ ခန္ဓာငါးပါးတို့မှလည်း ကင်းဆိတ်၏။ ထိုကြောင့် ယင်းနိဗ္ဗာန်သည် ဥပဓိဝိဝေက မည်၏။ ဤသို့ ဝိဝေကသုံးပါး၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သော ပုဂ္ဂိုလ်သည် ဆိုက်ရောက်လာသော ပရိသတ်- အား ဝိဝေကသုံးဖြာ၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သော စိတ်ထားရှိရန် ဝိဝေကသုံးဖြာသို့ ညွတ်ကိုင်းရှိုင်းသော စိတ်ဓာတ်ရှိရန် ညွှန်ကြားလျက် ပြန်လွှတ်ကာ သမထဝိပဿနာ ဘာဝနာတို့ကိုသာ အားထုတ်လေသည်။
阿罗汉果与涅槃,从一切方面说都是依远离。涅槃远离欲乐、远离烦恼、远离能造作新有的诸行、也远离五蕴,所以称为依远离。乐于三种远离的人,会教导来访者培养乐于三远离、倾向三远离的心,然后让他们离去,自己专事止观禅修。
(အံ-၃-၆၆။ အံ-ဋ္ဌ-၃-၂၆။)
(《增支部》3-66;《增支部义注》3-26。)
၄။ ရဟန်းတို့ …ဤလောကုတ္တရာတရား ကိုးပါးသည် အကုသိုလ်တရားတို့ကို ပယ်နိုင်ရန် ကုသိုလ်တရား- တို့ကို ပြည့်စုံစေရန် သမထဝိပဿနာ ဘာဝနာတို့ကို အပြင်းအထန် ကြိုးစားအားထုတ်သော စွမ်းအားနှင့် ပြည့်စုံသော ထက်သန်မြဲမြံသော ဇွဲလုံ့လဝီရိယရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် ပြည့်စုံနိုင်၏၊ ပျင်းရိ- သော ပုဂ္ဂိုလ်၏ သန္တာန်၌ မပြည့်စုံနိုင်။ (အံ-၃-၆၅။) ၅။ ရဟန်းတို့ …ဤလောကုတ္တရာတရား ကိုးပါးသည်၊ ကာယ ဝေဒနာ စိတ္တ ဓမ္မ အမည်ရသော ရုပ်နာမ်- ဓမ္မ သင်္ခါရတရားတို့၌ သိမ်းဆည်းတတ်သော ထင်လင်းသော သတိ၊ ယင်း ကာယ ဝေဒနာ စိတ္တ ဓမ္မ အမည်ရသော ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့၏ အကြောင်းတရားတို့၌ သိမ်းဆည်းတတ်သော ထင်လင်းသော သတိ၊ အကြောင်းတရားနှင့်တကွသော ယင်းရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့၌ သိမ်းဆည်းတတ်သော ထင်လင်းသော သတိ --- ဤကဲ့သို့သော ထင်လင်းသော
四、比丘们,九种出世间法只能在为了舍不善、圆满善法而猛烈精进止观禅修、具足力量、精勤坚毅者的心流中圆满,不能在懈怠者的心流中圆满。(《增支部》3-65。)五、比丘们,九种出世间法只能在具有如下清楚现前之念者的心流中圆满:能摄持称为身、受、心、法的色名法诸行;能摄持这些色名法诸行的诸因;能摄持这些诸行连同其因的无常、苦、无我——
သတိရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် ပြည့်စုံနိုင်၏၊ သတိ လွတ်ကင်းသော ပုဂ္ဂိုလ်၏ သန္တာန်၌ မပြည့်စုံနိုင်။ (အံ-၃-၆၅-၆၇။) ၆။ ရဟန်းတို့ …ဤလောကုတ္တရာတရား ကိုးပါးသည် ဥပစာရ အပ္ပနာ နှစ်ဖြာသောသမာဓိရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် ပြည့်စုံနိုင်၏၊ ဥပစာရ အပ္ပနာ နှစ်ဖြာသော သမာဓိ မရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌ မပြည့်စုံနိုင်။ (အံ-၃-၆၅။) ဤ၌ သမာဓိအရ ပထမစျာန်သမာဓိ ဒုတိယစျာန်သမာဓိ တတိယစျာန်သမာဓိ စတုတ္ထစျာန်သမာဓိတို့ကို ဆိုလိုကြောင်းကို ဘုရားရှင်ကိုယ်တော်တိုင်က ထို အနုရုဒ္ဓမဟာဝိတက္ကသုတ္တန် (အံ-၃-၆၇။) တွင် ရှင်းလင်း ဟောကြားထားတော်မူ၏။ အထွတ်အထိပ်သို့ ရောက်နေသော ဥပစာရသမာဓိဟူသော ကာမာဝစရသမာဓိ၊ ရူပါဝစရသမာဓိ၊ အရူပါဝစရသမာဓိဟု သမာဓိသုံးမျိုးရှိရာ အလယ်၌တည်ရှိသော ရူပါဝစရသမာဓိကို ယူသဖြင့် အစဖြစ်သော ကာမာဝစရသမာဓိ၊ အဆုံးဖြစ်သော အရူပါဝစရသမာဓိတို့ကိုလည်း သိမ်းကျုံးယူရသော မဇ္ဈေ-
——只有具足这种清楚现前之念者,九种出世间法才能在其心流中圆满;失念者不能圆满。(《增支部》3-65—67。)六、比丘们,九种出世间法只能在具有近行与安止两种定者的心流中圆满,无此二定者不能圆满。(《增支部》3-65。)世尊在《阿那律大寻思经》(《增支部》3-67)中亲自说明,这里的定指初禅定、第二禅定、第三禅定与第四禅定。定有三类:达到顶点的近行定,即欲界定;色界定;无色界定。经中举居中的色界定,依‘举中摄初后’之法,也总摄最初的欲界定和最后的无色界定。
ဒီပကနည်းအားဖြင့် ဟောကြားထားတော်မူခြင်း ဖြစ်၏။ ဥပစာရသမာဓိနှင့် တကွ သမာပတ်ရှစ်ပါးတို့သည် စိတ္တဝိသုဒ္ဓိ မည်၏ဟူသော ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ-၂-၂၂၂။) အဆိုကို ထောက်ရှုပါ။
这就是以举中显示法而说。又请参照《清净道论义注》所说:近行定与八等至名为心清净。(《清净道论》2-222。)
E
E
原书卷前第 22 页(F)
၇။ ရဟန်းတို့ …ဤလောကုတ္တရာတရား ကိုးပါးသည် ဝိပဿနာဉာဏ်ပညာ အရိယမဂ်ပညာ ရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် ပြည့်စုံနိုင်၏၊ ဝိပဿနာဉာဏ်ပညာမဲ့သော အရိယမဂ်ပညာမဲ့သော ပုဂ္ဂိုလ်၏ သန္တာန်၌ မပြည့်စုံနိုင်။
七、比丘们,九种出世间法只能在具有毗婆舍那慧与圣道慧者的心流中圆满,在没有毗婆舍那慧与圣道慧者的心流中不能圆满。
၈။ ရဟန်းတို့ …ဤလောကုတ္တရာတရား ကိုးပါးသည် သံသရာကို ချဲ့ထွင်တတ်သည့် တဏှာ မာန ဒိဋ္ဌိ- တည်းဟူသော ပပဉ္စတရားမှ ကင်းလွတ်ရာ နိဗ္ဗာန်တရားတော်မြတ်၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သော ပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် ပြည့်စုံနိုင်၏၊ ပပဉ္စတရား၌ = ငါ-ငါ့ဟာ-ငါ၏အတ္တ --- ဟု စွဲလမ်းနေရမှု၌ မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်သော ပုဂ္ဂိုလ်၏ သန္တာန်၌ မပြည့်စုံနိုင်။ (အံ-၃-၆၅။) ဤ (၈)ချက်တို့ကား လောကုတ္တရာတရား ကိုးပါးကို လိုလားတောင့်တလျက်ရှိသော သူတော်ကောင်းတိုင်း သူတော်ကောင်းတိုင်း လိုက်နာပြုကျင့်ရမည့် အင်္ဂါရပ်တို့သာ ဖြစ်ကြ၏။ ဤ (၈)ပါးတို့တွင် အမှတ် (၅-၆-၇) ဖြစ်သည့် သတိ သမာဓိ ပညာတို့၏ အကြောင်းအရာကို အနည်းငယ်ထပ်မံ၍ ရှင်းလင်းတင်ပြပါရစေ။
八、比丘们,九种出世间法只能在乐于、喜于、悦于涅槃——远离扩展轮回的爱、慢、见三种戏论——者的心流中圆满;在乐于执取‘我、我的、我的自我’这三种戏论者的心流中不能圆满。(《增支部》3-65。)这八项,就是一切希求九种出世间法的贤善者必须遵行的要素。八项之中,下面再略释第五、第六、第七项的念、定、慧。
သတိ --- အယံ ပန ယသ္မာ သတိယာ အာရမ္မဏံ ပရိဂ္ဂဟေတွာ ပညာယ အနုပဿတိ၊ န ဟိ သတိ- ဝိရဟိတဿ အနုပဿနာ နာမ အတ္ထိ။ (မ-ဋ္ဌ-၁-၂၄၈။) ဘုရားရှင်သည် မဟာသတိပဋ္ဌာနသုတ္တန်တွင် သတိ၏တည်ရာ အာရုံတို့ကို ကာယ-ဝေဒနာ-စိတ္တ-ဓမ္မ ဟု လေးမျိုးခွဲခြား၍ ဟောကြားထားတော်မူခဲ့၏။ ထိုတွင် ကာယအရ၌ အာနာပါနဿတိသမာဓိစသည့် သမထ ရှုကွက်များလည်း ပါဝင်၏။ အာနာပါနဿတိသမာဓိကဲ့သို့သော သမာဓိတစ်ခုခုကို အောင်အောင်မြင်မြင် ထူထောင်ပြီးနောက် ရှေ့ဦးစွာ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်မျိုးလုံး၌ ကာယ ဝေဒနာ စိတ္တ ဓမ္မ အမည်ရသည့် ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ကို သိမ်းဆည်းရန် ညွှန်ကြားထားတော်မူ၏။ ထိုနောင် သမုဒယဓမ္မာနုပဿီ ဝါ စသည်ဖြင့် အကြောင်းတရားများ ထင်ရှားဖြစ်ခြင်းကြောင့် အကျိုး ကာယ ဝေဒနာ စိတ္တ ဓမ္မတို့ ထင်ရှားဖြစ်ပုံ၊ အကြောင်းတရားများ ချုပ်ငြိမ်းခြင်းကြောင့် အကျိုး ကာယ ဝေဒနာ စိတ္တ ဓမ္မတို့ ချုပ်ငြိမ်းပုံဖြစ်သည့် ပစ္စယတော
念——‘由于以念摄取所缘,再以慧随观;离念者绝无随观。’(《中部义注》1-248。)世尊在《大念处经》中,把念的所住境分为身、受、心、法四类;其中身也包括入出息念定等止禅所观。成功建立入出息念定等任一种定后,先应摄取内、外两种相续中的身、受、心、法,即色名法诸行;随后依‘随观生法’等教导,摄取由于诸因生起而果法身、受、心、法生起,由于诸因灭尽而果法灭尽,即——
ဥဒယဗ္ဗယဒဿန = အကြောင်းတရားအားဖြင့် ဖြစ်မှုပျက်မှုကိုလည်းကောင်း၊ ခဏတော ဥဒယဗ္ဗယဒဿန = အကြောင်း အကျိုး နှစ်ရပ်လုံးတို့၏ ခဏအားဖြင့် ဖြစ်မှု ပျက်မှု ဥဒယ-ဝယကိုလည်းကောင်း သိမ်းဆည်းရန် ညွှန်ကြားထားတော်မူ၏။ ထိုနောင် အကြောင်းတရားနှင့်တကွသော ကာယ ဝေဒနာ စိတ္တ ဓမ္မတို့၏ အပျက် သက်သက်ကို သိမ်းဆည်းရန် ညွှန်ကြားထားတော်မူ၏။ အကြောင်းတရားနှင့်တကွသော ကာယ ဝေဒနာ စိတ္တ ဓမ္မတို့၏ ဖြစ်မှု ပျက်မှုကို ရှုသည့်အပိုင်းနှင့် အပျက်သက်သက်ကို ရှုသည့်အပိုင်းတို့၌ လက္ခဏာရေးသုံးတန်တင်ကာ ရှုပွားသည့်အပိုင်းလည်း ပါဝင်ပေသည်။
——依缘观生灭;也摄取因与果两者刹那生灭的刹那观生灭。随后,应摄取身、受、心、法连同其因的纯灭。观因果法的生灭与纯灭时,也包括把它们提到三相上修观。
ထိုသို့ သိမ်းဆည်း ရှုပွားရာ၌ သတိက ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သော ကာယ ဝေဒနာ စိတ္တ ဓမ္မတို့ကို သိမ်းဆည်း၏၊ ပညာက ယင်း ကာယ ဝေဒနာ စိတ္တ ဓမ္မတို့ကို ပရမတ်သို့ဆိုက်အောင် ထိုးထွင်းသိ၏။
如此摄取修观时,念摄取作为观智所缘的身、受、心、法;慧则洞彻这些身、受、心、法直至究竟层次。
သတိက အကြောင်းတရား ထင်ရှားဖြစ်ခြင်းကြောင့် အကျိုး ကာယ ဝေဒနာ စိတ္တ ဓမ္မတို့ ထင်ရှားဖြစ်ပုံကို သိမ်းဆည်း၏၊ ပညာက အကြောင်းတရား ထင်ရှားဖြစ်ခြင်းကြောင့် အကျိုး ကာယ ဝေဒနာ စိတ္တ ဓမ္မတို့ ထင်ရှား ဖြစ်ပုံကို ထိုးထွင်း သိ၏။ သတိက အကြောင်းတရား ချုပ်ငြိမ်းခြင်းကြောင့် အကျိုး ကာယ ဝေဒနာ စိတ္တ ဓမ္မတို့၏ ချုပ်ငြိမ်းပုံကို သိမ်းဆည်း၏၊ ပညာက အကြောင်းတရား ချုပ်ငြိမ်းခြင်းကြောင့် အကျိုး ကာယ ဝေဒနာ စိတ္တ ဓမ္မတို့၏ ချုပ်ငြိမ်းပုံကို ထိုးထွင်းသိ၏။ သတိက အကြောင်းတရားနှင့်တကွသော ကာယ ဝေဒနာ စိတ္တ ဓမ္မတို့၏ ဖြစ်မှု ပျက်မှုကိုလည်းကောင်း၊ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်ကိုလည်းကောင်း သိမ်းဆည်း၏။ ပညာက အကြောင်းတရားနှင့်တကွသော ယင်း ကာယ ဝေဒနာ စိတ္တ ဓမ္မတို့၏ ဖြစ်မှု ပျက်မှုကိုလည်းကောင်း၊ အနိစ္စအချက်
念摄取因生故果法身、受、心、法生起;慧洞彻因生故果生。念摄取因灭故果法灭;慧洞彻因灭故果灭。念摄取身、受、心、法连同其因的生灭及无常、苦、无我;慧洞彻这些法的生灭及无常——
F
F
原书卷前第 23 页(G)
နိဒါနကထာ ဒုက္ခအချက် အနတ္တအချက်ကို လည်းကောင်း ထိုးထွင်းသိ၏။ သတိက အကြောင်းတရားနှင့်တကွသော ကာယ ဝေဒနာ စိတ္တ ဓမ္မတို့၏ အပျက်သက်သက်ကိုလည်းကောင်း၊ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်ကိုလည်း- ကောင်း သိမ်းဆည်း၏၊ ပညာက ယင်းအကြောင်းတရားနှင့်တကွသော ကာယ ဝေဒနာ စိတ္တ ဓမ္မတို့၏ အပျက် သက်သက်ကိုလည်းကောင်း၊ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်ကိုလည်းကောင်း ထိုးထွင်းသိ၏။
——苦、无我。念摄取身、受、心、法连同其因的纯灭及无常、苦、无我;慧则洞彻这些法的纯灭及无常、苦、无我。
ဤသို့လျှင် သတိက သမထအာရုံ ဝိပဿနာအာရုံကို သိမ်းဆည်းတတ်၍ ပညာက ဟုတ်တိုင်းမှန်စွာ အဖန်ဖန် အထပ်ထပ် ရှုတတ်၏။ သတိကင်းသော အနုပဿနာ မည်သည် မရှိစကောင်းပေ။ ထိုကြောင့် အကြောင်းတရားနှင့်တကွသော ကာယ ဝေဒနာ စိတ္တ ဓမ္မတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့၌ ထင်လင်းသော သတိရှိသည့် ပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် ဤလောကုတ္တရာတရား ကိုးပါးသည် ပြည့်စုံနိုင်၏။
由此可见,念能摄取止禅所缘与观禅所缘,慧则如实反复随观。没有离念的随观。因此,九种出世间法只能在对身、受、心、法连同其因的无常、苦、无我具有清楚现前之念者的心流中圆满。
အကြောင်းတရားနှင့်တကွသော ကာယ ဝေဒနာ စိတ္တ ဓမ္မတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့၌ ထင်လင်းသော သတိမရှိသည့် သတိလွတ်ကင်းသော ပုဂ္ဂိုလ်၏ သန္တာန်၌ ဤလောကုတ္တရာတရား ကိုးပါးသည် မပြည့်စုံနိုင်။ အကြောင်းမူ အမှတ် (၇) အဖြစ် ဟောကြားထားတော်မူသော ဝိပဿနာဉာဏ်သည် တစ်နည်း ကာယာနုပဿနာ ဝေဒနာနုပဿနာ စိတ္တာနုပဿနာ ဓမ္မာနုပဿနာသည် သတိနှင့်ကင်း၍ မဖြစ်နိုင်သော- ကြောင့်ပင် ဖြစ်၏။
对于身、受、心、法连同其因的无常、苦、无我,若无清楚现前之念而失念,九种出世间法便不能在其心流中圆满;因为第七项所说的毗婆舍那智,换言之即身随观、受随观、心随观、法随观,绝不能离念而生。
သမာဓိ ------ သမာဓိံ ဘိက္ခဝေ ဘာဝေထ၊ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ။
定——‘比丘们,应修习定;比丘们,有定的比丘如实了知。’
(သံ-၂-၁၂။ သံ-၃-၃၆၃။)
(《相应部》2-12;《相应部》3-363。)
ရဟန်းတို့ …သမာဓိကို ပွားများကြပါ ထူထောင်ကြပါ။ ရဟန်းတို့ …သမာဓိရှိသော ရဟန်းသည် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏။ (သံ-၂-၁၂။ သံ-၃-၃၆၃။) သမာဓိရှိသော ရဟန်းသည် ဤကား ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တည်းဟု ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏။ ဤကား ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်၏ ဖြစ်ကြောင်းသဘောတရားနှင့် ဖြစ်ခြင်း သဘောတရားဟု ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏။ ဤကား ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်၏ ချုပ်ကြောင်းသဘောတရားနှင့် ချုပ်ခြင်းသဘောတရားဟု ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြားသိ၏။ (သံ-၂-၁၂။) သမာဓိရှိသော ရဟန်းသည် ဤကား ဒုက္ခအရိယသစ္စာတည်းဟု ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏။
比丘们,应修习、建立定。有定的比丘如实分别了知。(《相应部》2-12;《相应部》3-363。)有定的比丘如实分别了知:这是色、受、想、行、识;这是色、受、想、行、识生起之因与生起;这是它们灭尽之因与灭尽。(《相应部》2-12。)有定的比丘如实分别了知:这是苦圣谛。
ဤကား ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတည်းဟု ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏။ ဤကား ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတည်းဟု ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏။ ဤကား ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဥ် = မဂ္ဂအရိယသစ္စာတည်းဟု ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏။ (သံ-၃-၃၆၃။) ဤပါဠိတော်များ၌ ဘုရားရှင်ညွှန်ကြားထားတော်မူသည်နှင့်အညီ အသင်သူတော်ကောင်းသည် ဘုရားရှင် ဟောကြားထားတော်မူသည့် ဒုက္ခသစ္စာ အမည်ရသည့် ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ဟူသော ဥပါဒါန- က္ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတို့ကို ဟုတ်တိုင်းမှန်စွာ သိရေးအတွက်၊ သမုဒယသစ္စာ အမည်ရသည့် အကြောင်းတရား ထင်ရှားဖြစ်ခြင်းကြောင့် အကျိုးခန္ဓာငါးပါး ထင်ရှားဖြစ်ပုံကို ဟုတ်တိုင်းမှန်စွာ သိရေးအတွက်၊ လောကီနိရောဓသစ္စာ အမည်ရသည့် အကြောင်းတရား ချုပ်ခြင်းကြောင့် အကျိုး ခန္ဓာငါးပါး ချုပ်ငြိမ်းပုံကို
他如实分别了知:这是苦之因——集圣谛;这是苦的止息——灭圣谛;这是趣向苦灭涅槃的行道——道圣谛。(《相应部》3-363。)依这些圣典中世尊的教导,贤善者为了如实了知苦谛,即色、受、想、行、识五取蕴的色名法;为了如实了知集谛,即因法生起故果五蕴生起;为了如实了知世间灭谛,即因法灭故果五蕴灭尽——
ဟုတ်တိုင်းမှန်စွာ သိရေးအတွက်၊ လောကီမဂ္ဂသစ္စာ အမည်ရသည့် အကြောင်းတရားနှင့်တကွသော ဥပါဒါန- က္ခန္ဓာ ငါးပါးတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကို ဟုတ်တိုင်းမှန်စွာ သိသည့် ဝိပဿနာဉာဏ် ရရှိရေးအတွက်၊ အရိယမဂ်ဉာဏ် အရိယဖိုလ်ဉာဏ်တို့ဖြင့် လောကုတ္တရာ နိရောဓသစ္စာ လောကုတ္တရာ မဂ္ဂသစ္စာ အဝင်အပါဖြစ်သည့် အရိယသစ္စာလေးပါးလုံးကို ဟုတ်တိုင်းမှန်စွာ သိရေးအတွက် ပထမစျာန်သမာဓိ ဒုတိယ-
——为了如实了知世间道谛,即获得能如实了知五取蕴连同其因之无常、苦、无我的毗婆舍那智;也为了以圣道智、圣果智如实了知包含出世间灭谛与出世间道谛在内的四圣谛,必须建立初禅定、第二——
G
G
原书卷前第 24 页(H)
စျာန်သမာဓိ တတိယစျာန်သမာဓိ စတုတ္ထစျာန်သမာဓိတို့ကို ထူထောင်ရတော့မည် ဖြစ်၏၊ တစ်နည်းဆိုရသော် ဥပစာရသမာဓိ အပ္ပနာသမာဓိဟူသော နှစ်မျိုးသော သမာဓိတို့တွင် တစ်မျိုးမျိုးသော သမာဓိကို မလွှဲမရှောင်သာ ထူထောင်ရတော့မည် ဖြစ်ပေသည်။ အကြောင်းမူ သမာဓိရှိပါမှ သိနိုင်သောတရားများ ဖြစ်သောကြောင့်တည်း။
——禅定、第三禅定和第四禅定。换言之,在近行定与安止定两类定中,必须建立至少一种;因为这些法只有具定者才能了知。
ထိုကြောင့် နိဗ္ဗာနဂါမိနိပဋိပဒါအမည်ရှိသော ဤကျမ်း၌လည်း အာနာပါနဿတိသမာဓိပိုင်းတွင် အာနာပါန ကျင့်စဥ်မှ စတုတ္ထစျာန်သမာဓိသို့ဆိုက်အောင် သမာဓိကို ထူထောင်ပုံအပိုင်းကိုလည်းကောင်း၊ သမထကမ္မဋ္ဌာန်း- ပိုင်းတွင် ကသိုဏ်းဆယ်ပါး သမာပတ်ရှစ်ပါးစသည့် သမာဓိထူထောင်ပုံ အပိုင်းများကိုလည်းကောင်း ရေးသား တင်ပြထားပေသည်။
因此,在这部《趣向涅槃之道》中,入出息念定篇说明了从入出息念修法直到建立第四禅定的方法;止业处篇又说明十遍、八等至等建立定的方法。
ဒုက္ခခပ်သိမ်းမှ ပူပန်ခပ်သိမ်းမှ အငြိမ်းကြီး ငြိမ်းရာ အအေးကြီး အေးရာ ဖြစ်သည့် မဟာအသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကို အရိယမဂ်ဉာဏ် အရိယဖိုလ်ဉာဏ်တို့ဖြင့် မျက်မှောက်ပြုလိုသော အသင်သူတော်ကောင်းသည် --- ''ဤလောကုတ္တရာတရား ကိုးပါးသည် သမာဓိရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌ သာလျှင် ပြည့်စုံနိုင်၏၊ ဤလောကုတ္တရာတရား ကိုးပါးသည် သမာဓိမရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌ မပြည့်စုံနိုင်'' ဟူသော ဘုရားရှင်၏ အဆုံးအမတော်ကို ဦးထိပ်ရွက် ပန်ဆင်သင့်လှပေသည်။
欲以圣道智、圣果智亲证大无为界、寂静界——一切苦与热恼究竟止息、究竟清凉的涅槃——的贤善者,应把世尊这项教诫顶戴奉行:‘九种出世间法只能在有定者的心流中圆满,不能在无定者的心流中圆满。’
ပညာ ------ ''ပညဝတော အယံ ဘိက္ခဝေ ဓမ္မော၊ နာယံ ဓမ္မော ဒုပ္ပညဿာ''တိ ဣတိ ခေါ ပနေတံ ဝုတ္တံ၊ ကိဉ္စေတံ ပဋိစ္စ ဝုတ္တံ။ ဣဓ ဘိက္ခဝေ ဘိက္ခု ပညဝါ ဟောတိ ဥဒယတ္ထဂါမိနိယာ ပညာယ သမန္နာဂတော အရိယာယ နိဗ္ဗေဓိကာယ သမ္မာ ဒုက္ခက္ခယဂါမိနိယာ။ ''ပညဝတော အယံ ဘိက္ခဝေ ဓမ္မော၊ နာယံ ဓမ္မော ဒုပ္ပညဿာ''တိ ဣတိ ယံ တံ ဝုတ္တံ၊ ဣဒမေတံ ပဋိစ္စ ဝုတ္တံ။ (အံ-၃-၆၇။) ''ရဟန်းတို့ …ဤလောကုတ္တရာတရား ကိုးပါးသည် (ဝိပဿနာပညာ အရိယမဂ်ပညာဟူသော) ပညာရှိ ပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် ပြည့်စုံနိုင်၏။ ဤလောကုတ္တရာတရား ကိုးပါးသည် (ဝိပဿနာပညာ အရိယမဂ်- ပညာဟူသော) ပညာမဲ့သော ပုဂ္ဂိုလ်၏ သန္တာန်၌ မပြည့်စုံနိုင်'' ဟု ဟောကြားအပ်သော ထိုစကားကို အဘယ်ကို အစွဲပြု၍ ဟောကြားအပ်ပါသနည်းဟူမူ --- ရဟန်းတို့ …ဤသာသနာတော်၌ ယောဂါဝစရရဟန်းသည် (ဝိပဿနာပညာ အရိယမဂ်ပညာဟူသော) ပညာ ရှိ၏။ အကြောင်းတရားနှင့်တကွသော ဥပါဒါနက္ခန္ဓာ ငါးပါး
慧——经说:‘比丘们,此法属于有慧者,不属于劣慧者。’这话缘何而说?比丘们,在此教法中,比丘有慧,具足能通达生灭、圣洁、抉择、正趣苦尽之慧。因此说:‘此法属于有慧者,不属于劣慧者。’(《增支部》3-67。)也就是说,九种出世间法只能在具有毗婆舍那慧与圣道慧者的心流中圆满,不能在没有这两种慧者的心流中圆满。这里的禅修比丘有慧:他具足清净高尚的毗婆舍那慧与圣道慧,能够通达五取蕴色名法诸行连同其因的生灭——
ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ကို ဖောက်ခွဲ၍ သိမြင်နိုင်သော လောဘထုအစိုင်အခဲ ဒေါသထုအစိုင်အခဲ မောဟထု အစိုင်အခဲတို့ကို ဖြိုခွဲ ဖျက်ဆီးနိုင်သော ဝဋ်ဆင်းရဲ၏ ကုန်ရာ နိဗ္ဗာန်သို့ ကောင်းစွာ ရောက်ကြောင်း ဖြစ်သော ယင်း သင်္ခါရတရားတို့၏ ဖြစ်မှု ပျက်မှုကို သိစွမ်းနိုင်သော ဖြူစင်မြင့်မြတ်သော (ဝိပဿနာပညာ အရိယမဂ်- ပညာဟူသော) ပညာနှင့် ပြည့်စုံ၏။ ''ရဟန်းတို့ …ဤလောကုတ္တရာတရား ကိုးပါးသည် (ဝိပဿနာပညာ အရိယမဂ်ပညာဟူသော) ပညာရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် ပြည့်စုံနိုင်၏၊ ဤလောကုတ္တရာတရား ကိုးပါးသည် (ဝိပဿနာပညာ အရိယမဂ်ပညာဟူသော) ပညာမဲ့သော ပုဂ္ဂိုလ်၏ သန္တာန်၌ မပြည့်စုံနိုင်'' --- ဟု ဟောအပ်သော ထိုစကားကို ဤသည်ကိုပင် အစွဲပြု၍ ဟောကြားတော်မူအပ်၏။ (အံ-၃-၆၇။) ဤအထက်ပါ ပါဠိတော်၏ ဘာသာပြန်ကို အောက်ပါ အဋ္ဌကထာအဖွင့်ကို မှီငြမ်းပြု၍ ရေးသားထား- ပါသည်။
——能够突破这些诸行,击破贪、嗔、痴的坚块,正趣轮回苦灭尽的涅槃。因此世尊基于这一意义,教说九种出世间法只能在有慧者的心流中圆满,不能在无慧者的心流中圆满。(《增支部》3-67。)以上圣典的翻译,依据下面的义注解释。
ဥဒယတ္ထဂါမိနိယာတိ ပဉ္စန္နံ ခန္ဓာနံ ဥဒယဝယဂါမိနိယာ ဥဒယဉ္စ ဝယဉ္စ ပဋိဝိဇ္ဈိတုံ သမတ္ထာယ။ အရိ- ယာယာတိ ဝိက္ခမ္ဘနဝသေန စ သမုစ္ဆေဒဝသေန စ ကိလေသေဟိ အာရကာ ဌိတာယ ပရိသုဒ္ဓါယ။ ပညာယ သမန္နာဂတောတိ ဝိပဿနာပညာယ စေဝ မဂ္ဂပညာယ စ သင်္မဂီဘူတော။ နိဗ္ဗေဓိကာယာတိ သာယေဝ နိဗ္ဗိဇ္ဈနတော နိဗ္ဗေဓိကာတိ ဝုစ္စတိ၊ တာယ သမန္နာဂတောတိ အတ္ထော။ တတ္ထ မဂ္ဂပညာယ သမုစ္ဆေဒဝသေန
‘能通达生灭’,是指能够通达五蕴的生与灭。‘圣洁’,是指此慧以伏断和正断远离烦恼而清净:依伏断暂时远离烦恼,依正断彻底远离烦恼。‘具足慧’,是指与毗婆舍那慧及道慧相应。‘抉择’,是说此慧能够突破,因此名为抉择;具足这抉择慧。在这里,道慧以正断——
H
H
原书卷前第 25 页(I)
နိဒါနကထာ အနိဗ္ဗိဒ္ဓပုဗ္ဗံ အပဒါလိတပုဗ္ဗံ လောဘက္ခန္ဓံ ဒေါသက္ခန္ဓံ မောဟက္ခန္ဓံ နိဗ္ဗိဇ္ဈတိ ပဒါလေတီတိ နိဗ္ဗေဓိကာ။
——突破、击破从未被突破、击破的贪蕴、嗔蕴与痴蕴,因此称为抉择慧。
ဝိပဿနာပညာယ တဒင်္ဂဝသေန နိဗ္ဗေဓိကာယ မဂ္ဂပညာယ ပဋိလာဘသံဝတ္တနတော စာတိ ဝိပဿနာ ''နိဗ္ဗေဓိကာ''တိ ဝတ္တုံ ဝဋ္ဋတိ။ သမ္မာ ဒုက္ခက္ခယဂါမိနိယာတိ ဣဓာပိ မဂ္ဂပညာ သမ္မာဟေတုနာ နယေန ဝဋ္ဋဒုက္ခံ ခေပယမာနာ ဂစ္ဆတီတိ သမ္မာ ဒုက္ခက္ခယဂါမိနီ နာမ။ ဝိပဿနာ တဒင်္ဂဝသေန ဝဋ္ဋဒုက္ခဉ္စ ကိလေသဒုက္ခဉ္စ ခေပယမာနာ ဂစ္ဆတီတိ ဒုက္ခက္ခယဂါမိနီ။ ဒုက္ခက္ခယဂါမိနိယာ ဝါ မဂ္ဂပညာယ ပဋိလာဘသံဝတ္တနတော ဧသာ ဒုက္ခက္ခယဂါမိနီတိ ဝေဒိတဗ္ဗာ။ (မ-ဋ္ဌ-၃-၂၂။ အံ-ဋ္ဌ-၃-၂။) ဥဒယတ္ထဂါမိနိယာ --- ဟူသည် ဥပါဒါနက္ခန္ဓာ ငါးပါးတို့၏ ဖြစ်ခြင်း ပျက်ခြင်း ဥဒယ ဝယ သဘောကို ထိုးထွင်း သိမြင်ခြင်းငှာ စွမ်းနိုင်သောဟု ဆိုလို၏။ အရိယာယ = ဖြူစင်မြင့်မြတ်သော --- ဟူသည် သမထပိုင်း၌ ကိလေသာတို့ကို တစ်နာရီ နှစ်နာရီစသည်ဖြင့် ခပ်ကြာကြာ ခွာထားနိုင်သော ဝိက္ခမ္ဘနပဟာန်၏ အစွမ်းဖြင့်၊ အရိယမဂ်အခိုက်၌ ကိလေသာတို့ကို အကြွင်းမဲ့ ဖြတ်တောက်တတ်သော သမုစ္ဆေဒပဟာန်၏ အစွမ်းဖြင့် ကိလေ-
毗婆舍那慧以彼分断而具抉择力,又能导向获得道慧,所以也可称为‘抉择’。‘正趣苦尽’,是说道慧以正确因缘与方法灭尽轮回苦而前行,所以名为正趣苦尽之慧。毗婆舍那以彼分断灭除轮回苦与烦恼苦,故为趣苦尽;又因为它导向获得趣苦尽的道慧,也应知它名为趣苦尽之慧。(《中部义注》3-22;《增支部义注》3-2。)‘能通达生灭’,意为能够洞彻五取蕴的生灭。‘圣洁’,意为依止禅阶段能把烦恼暂时压伏一小时、两小时等的伏断,以及圣道刹那把烦恼无余截断的正断,远离——
သာတို့မှ ဝေးကွာသောအရပ်၌ တည်နေသဖြင့် ဖြူစင်မြင့်မြတ်သောဟု ဆိုလို၏။ ပညာယ သမန္နာဂတော = ပညာနှင့် ပြည့်စုံ၏ --- ဟူသည် ဝိပဿနာပညာနှင့်လည်းကောင်း အရိယမဂ်ပညာနှင့်လည်းကောင်း ပြည့်စုံ၏ ဟု ဆိုလို၏။ နိဗ္ဗေဓိကာယ = ဖောက်ခွဲနိုင်သော ပညာဟူသည် ထို ဝိပဿနာပညာ အရိယမဂ်ပညာကိုပင်လျှင် ကိလေသာထုအစိုင်အခဲကို ဖောက်ခွဲနိုင်သောကြောင့် နိဗ္ဗေဓိကာပညာဟူ၍ ဆိုအပ်၏၊ ထိုနိဗ္ဗေဓိကာပညာနှင့် ပြည့်စုံ၏ဟု ဆိုလို၏။ ထိုနိဗ္ဗေဓိကာပညာအမည်ရသော ဝိပဿနာပညာ အရိယမဂ်ပညာတို့တွင် အရိယမဂ်- ပညာသည် အကြွင်းမဲ့ပယ်သတ်ခြင်း သမုစ္ဆေဒပဟာန်၏ အစွမ်းဖြင့် မထိုးဖောက်ဖူးသေးသော မဖောက်ခွဲဖူး- သေးသော လောဘထုအစိုင်အခဲ ဒေါသထုအစိုင်အခဲ မောဟထုအစိုင်အခဲကို ထိုးဖောက်တတ်၏ ဖောက်ခွဲ- တတ်၏၊ ထိုကြောင့် နိဗ္ဗေဓိကာပညာ မည်၏။ ဝိပဿနာပညာသည် တဒင်္ဂ = ခဏခေတ္တပယ်သည်၏ အစွမ်းဖြင့် လောဘထုအစိုင်အခဲ ဒေါသထုအစိုင်အခဲ မောဟထုအစိုင်အခဲကို ထိုးဖောက်တတ်၏၊ ဖောက်ခွဲတတ်၏၊
——烦恼而住,所以清净高尚。‘具足慧’,意为具足毗婆舍那慧和圣道慧。‘抉择慧’,就是毗婆舍那慧与圣道慧;因为能突破烦恼坚块,故称抉择慧。圣道慧依无余断除的正断,突破、击破从未突破、击破的贪、嗔、痴坚块,故名抉择慧。毗婆舍那慧则依彼分断,突破、击破贪、嗔、痴的坚块——
ထိုကြောင့် နိဗ္ဗေဓိကာပညာမည်၏။ တစ်ဖန် နိဗ္ဗေဓိကာ အမည်ရသော အရိယမဂ်ပညာကို ရခြင်းကို ဖြစ်စေ- တတ်သောကြောင့်လည်း ဝိပဿနာပညာကို နိဗ္ဗေဓိကာဟူ၍ ဆိုခြင်းငှာ သင့်ပေ၏။ သမ္မာ ဒုက္ခက္ခယဂါမိနိယာ = ကောင်းမွန်မှန်ကန်စွာ သံသာရဝဋ်ဒုက္ခ ကိလေသဝဋ်ဒုက္ခ၏ကုန်ရာ နိဗ္ဗာန်သို့ ရောက်စေတတ်သောပညာ ဟူသည် --- ဤ၌လည်း အရိယမဂ်ပညာသည် ကောင်းမွန်မှန်ကန်သော အကြောင်းတရားဖြင့် နည်းလမ်းဖြင့် သံသာရဝဋ်ဒုက္ခ ကိလေသဝဋ်ဒုက္ခကို ကုန်စေလျက် နိဗ္ဗာန်သို့ သွားတတ်သောကြောင့် သမ္မာဒုက္ခက္ခယဂါမိနီ ပညာ မည်၏ = ကောင်းမွန်မှန်ကန်စွာ သံသာရဝဋ်ဒုက္ခ ကိလေသ ဝဋ်ဒုက္ခ၏ ကုန်ရာ နိဗ္ဗာန်သို့ ရောက်စေ- တတ်သော ပညာ မည်၏။ ဝိပဿနာပညာသည် တဒင်္ဂ၏ အစွမ်းဖြင့် သံသာရဝဋ်ဒုက္ခကိုလည်းကောင်း ကိလေ- သဝဋ်ဒုက္ခကိုလည်းကောင်း ကုန်စေလျက် နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်းသောအားဖြင့် နိဗ္ဗာန်ဘက်သို့ သွားတတ်-
——所以也称抉择慧;又因它能导向获得名为抉择慧的圣道慧,毗婆舍那慧也适合称为抉择。‘正趣苦尽之慧’,意为正确趣向轮回苦、烦恼苦灭尽的涅槃。圣道慧以正确因缘与方法灭尽轮回苦、烦恼苦并趣向涅槃,所以名为正趣苦尽之慧。毗婆舍那慧依彼分断灭除轮回苦与烦恼苦,并因倾向涅槃而趣向涅槃——
သောကြောင့် ဒုက္ခက္ခယဂါမိနီ ပညာ = ဒုက္ခကုန်ရာ နိဗ္ဗာန်သို့ ရောက်စေတတ်သော ပညာ မည်၏။ တစ်နည်း သံသာရဝဋ်ဒုက္ခ ကိလေသဝဋ်ဒုက္ခကို ကုန်စေတတ်သော အရိယမဂ်ပညာကို ရရှိခြင်းကို ဖြစ်စေတတ်သော- ကြောင့် ဤဝိပဿနာပညာသည် ဒုက္ခက္ခယဂါမိနီ ပညာ = ဒုက္ခကုန်ရာ နိဗ္ဗာန်သို့ ရောက်စေတတ်သော ပညာ မည်၏ဟု သိရှိပါလေ။ (မ-ဋ္ဌ-၃-၂၂။ အံ-ဋ္ဌ-၃-၂။) နိဗ္ဗာနဂါမိနိပဋိပဒါ အမည်ရှိသော ဤကျမ်းစာ၌လည်း သံသရာဝဋ်ဆင်းရဲဒုက္ခ ကိလေသာဝဋ်ဆင်းရဲ ဒုက္ခကို ကုန်ခန်းစေတတ်သော ဝိပဿနာပညာ အရိယမဂ်ပညာ ရရှိရေးအတွက် ရည်ရွယ်တောင့်တ၍ --- ၁။ ဥပါဒါနက္ခန္ဓာ ငါးပါးတို့တွင် အကျုံးဝင်သော ရူပက္ခန္ဓာ အမည်ရသော ရုပ်တရားတို့ကို ပရမတ်သို့ဆိုက်- အောင် ဟုတ်တိုင်းမှန်စွာ သိရှိရန် ရှုပွားပုံစနစ်များကို ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ရေးသားတင်ပြခဲ့၏။
——所以名为趣苦尽之慧。另一解释是:毗婆舍那慧能导向获得灭尽轮回苦、烦恼苦的圣道慧,因此也名为趣苦尽之慧。(《中部义注》3-22;《增支部义注》3-2。)这部《趣向涅槃之道》为了使人获得能灭尽轮回苦与烦恼苦的毗婆舍那慧、圣道慧,已经分别说明:一、色业处篇说明如何观修,以如实了知五取蕴中称为色蕴的色法,直至究竟。
原书卷前第 26 页(J)
၂။ ဥပါဒါနက္ခန္ဓာငါးပါးတို့တွင် အကျုံးဝင်သော ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာ ဟူသော နာမ်ခန္ဓာ လေးပါး = နာမ်တရားတို့ကို ပရမတ်သို့ ဆိုက်အောင် ဟုတ်တိုင်းမှန်စွာ သိရှိရန် ရှုပွားပုံစနစ်များကို နာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ရေးသားတင်ပြခဲ့၏။
二、名业处篇说明如何观修,以如实了知五取蕴中受蕴、想蕴、行蕴、识蕴四名蕴,即名法,直至究竟。
၃။ အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါး၊ အဇ္ဈတ္တ ဗဟိဒ္ဓဟူသော သန္တာန်နှစ်ပါးအတွင်း၌ တည်ရှိသော ဥပါဒါနက္ခန္ဓာ ငါးပါး ရုပ်တရား နာမ်တရားတို့၏ အကြောင်းတရားတို့ကို ဟုတ်တိုင်းမှန်စွာ သိရှိရန် ဟုတ်တိုင်းမှန်စွာ ဉာဏ်ဖြင့် ပိုင်းခြားယူတတ်ရန် သိမ်းဆည်းတတ်ရန် ရှုပွားပုံ သိမ်းဆည်းပုံစနစ် များကို ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင် ရေးသားတင်ပြခဲ့၏။ ပစ္စယပရိဂ္ဂဟဉာဏ်ကို ရရှိရေးအတွက်လည်းကောင်း၊ ပစ္စယတော ဥဒယဗ္ဗယဒဿနဟူသော အကြောင်းတရား ထင်ရှားဖြစ်ခြင်းကြောင့် အကျိုးတရား ထင်ရှား ဖြစ်ပုံ၊ အကြောင်းတရား ချုပ်ငြိမ်းခြင်းကြောင့် အကျိုးတရား ချုပ်ငြိမ်းပုံ၊ အကြောင်းအကျိုး နှစ်ရပ်လုံး- တို့၏ ဖြစ်မှုပျက်မှုကို ရှုမြင်တတ်သော ဥဒယဗ္ဗယဉာဏ် သို့မဟုတ် ဝိပဿနာဉာဏ် ရရှိရေးအတွက် လည်းကောင်း အထူးရည်ညွှန်း၍ ရေးသားတင်ပြခဲ့၏။
三、缘起篇说明如何观修、摄取和以智分别,以如实了知过去、未来、现在三世及内、外两种相续中五取蕴色名法的诸因;特别为了获得缘摄受智,也为了获得能观见因生故果生、因灭故果灭以及因果二者生灭的生灭智或毗婆舍那智。
၄။ အကြောင်းတရားနှင့်တကွသော ထို ဥပါဒါနက္ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၌ အသိဉာဏ် သန့်ရှင်းသထက် သန့်ရှင်းရန် ရည်ရွယ်တောင့်တ၍ အဋ္ဌကထာကြီးများ၌ ညွှန်ကြားပြသထားသည့်အတိုင်း လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် နည်းအားဖြင့် ယင်း ရုပ်-နာမ်-ကြောင်း-ကျိုး သင်္ခါရတရားတို့ကို သိမ်းဆည်းရှုပွားပုံ စနစ်များကို လက္ခဏာဒိစတုက္ကပိုင်းတွင် ရေးသားတင်ပြခဲ့၏။
四、为了使对五取蕴色名法连同其因的知见愈加清净,特相等四法篇依诸大义注的教导,以特相、作用、现起、近因观修和摄取这些色、名、因、果诸行。
၅။ ယခုတစ်ဖန် အကြောင်းတရားနှင့်တကွသော ထို ဥပါဒါနက္ခန္ဓာငါးပါး ရုပ်နမ်ဓမ္မ သင်္ခါရတရားတို့၏ ဖြစ်မှု ပျက်မှုကို အာရုံယူ၍လည်းကောင်း၊ အပျက်သက်သက်ကို အာရုံယူ၍လည်းကောင်း အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်ကာ ဝိပဿနာရှုပွားပုံစနစ်များကို ဝိပဿနာပညာ အရိယမဂ်ပညာ နှင့် ပြည့်စုံလာရေးအတွက် ရည်ရွယ်တောင့်တ၍ ဤ ဝိပဿနာပိုင်းတွင် ရေးသားတင်ပြထားပါသည်။
五、现在又为了具足毗婆舍那慧与圣道慧,在观禅篇说明:缘取五取蕴色名法诸行连同其因的生灭,或只缘取其灭,轮流安立无常、苦、无我三相,修习毗婆舍那的方法。
တထာဂတ အမည်ရတော်မူခြင်း
称为如来的理由
သုံးလောကထွဋ်ထား သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်ကို တထာဂတဟူ၍ ခေါ်ဆိုရခြင်း၌ အကြောင်း- တရားများ များစွာ ရှိနေ၏။ ထိုအကြောင်းတရား များစွာတို့အနက် အကြောင်းတရား တစ်မျိုးမှာ ဤသို့ ဖြစ်၏။
三界之尊、全知正等觉者之所以称为如来,有许多理由;其中一个理由如下。
ယဉ္စ ဘိက္ခဝေ ရတ္တိံ တထာဂတော အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဇ္ဈတိ၊ ယဉ္စ ရတ္တိံ အနုပါဒိသေ- သာယ နိဗ္ဗာနဓာတုယာ ပရိနိဗ္ဗာယတိ၊ ယံ ဧတသ္မိံ အန္တရေ ဘာသတိ လပတိ နိဒ္ဒိသတိ၊ သဗ္ဗံ တံ တထေဝ ဟောတိ နော အညထာ။ တသ္မာ ''တထာဂတော''တိ ဝုစ္စတိ။ (ဒီ-၃-၁၁၁။ အံ-၁-၃၃၂။) ရဟန်းတို့ …တထာဂတ အမည်ရတော်မူသော သင်တို့ဆရာ ငါဘုရားသည် အကြင်ညဥ့်၌လည်း အတုမရှိ အမြတ်ဆုံးဖြစ်သည့် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်တော်မြတ်ကြီးကို ထိုးထွင်း၍ သိမြင်တော်မူ၏။
‘比丘们,从如来于某夜现证无上正等觉,直到于无余涅槃界般涅槃的某夜,在此期间凡所说、所谈、所开示,一切皆如是而非异;因此称为如来。’(《长部》3-111;《增支部》1-332。)比丘们,如来——你们的导师我——在那一夜洞彻无上、最胜的阿罗汉道智与一切知智。
(မဟာသက္ကရာဇ် - ၁ဝ၃-ခုနှစ် ကဆုန်လပြည့်နေ့ ည ဖြစ်၏။) အကြင်ညဥ့်၌လည်း ဝိပါက်ကမ္မဇရုပ် အကြွင်း မရှိသော အနုပါဒိသေသနိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်စံတော်မူ၏။ (မဟာသက္ကရာဇ် -၁၄၈-ခုနှစ် ကဆုန်လပြည့်နေ့ ည ဖြစ်၏။) ထိုညဥ့် နှစ်ညဥ့်တို့၏ အတွင်း၌ လေးဆဲ့ငါးဝါ ကာလပတ်လုံး အကြင်တရားတော်ကို ဟောကြား- တော်မူ၏ မြွက်ဟတော်မူ၏ ညွှန်ပြတော်မူ၏။ ထိုဟောပြောမြွက်ဟညွှန်ပြတော်မူအပ်သော တရားအလုံးစုံသည် ဟောကြားတော်မူသည့်အတိုင်း မြွက်ဟတော်မူသည့်အတိုင်း ညွှန်ပြတော်မူသည့်အတိုင်း မှန်သည်သာလျှင် ဖြစ်၏၊ မမှန်ဟူသော အခြားတစ်မျိုးသော အခြင်းအရာအားဖြင့် မဖြစ်ပေ။ ထိုကြောင့် သင်တို့ဆရာ ငါဘုရားကို တထာဂတဟူ၍ ခေါ်ဆိုအပ်ပေသည်။ (ဒီ-၃-၁၁၁။ အံ-၁-၃၃၂။)
那是大历103年卫塞月圆夜。在另一夜,我以不再剩余异熟业生色的无余涅槃界般涅槃;那是大历148年卫塞月圆夜。在这两夜之间的四十五年里,凡所宣说、讲述、开示之法,一切都如所宣说、讲述、开示般真实,并不以任何异样而不真实。因此,你们的导师我被称为如来。(《长部》3-111;《增支部》1-332。)
J
J
原书卷前第 27 页(K)
နိဒါနကထာ ဘုရားရှင်သည် သဗ္ဗညုတဉာဏ်တော်မြတ်ကြီးကို ရရှိတော်မူသည့်နေ့မှ စ၍ ပရိနိဗ္ဗာန် စံတော်မူသည့် နေ့အထိ လေးဆယ့်ငါးဝါ ကာလပတ်လုံး ဟောကြားညွှန်ပြ ဆိုဆုံးမထားတော်မူအပ်သော တရားတော် မှန် သမျှသည် ဟောကြားပြသ ဆိုဆုံးမထားတော်မူသည့်အတိုင်း မှန်သည်သာလျှင် ဖြစ်၏၊ မမှန်ဟူသော အခြား တစ်မျိုးသော အခြင်းအရာအားဖြင့် မဖြစ်ပေ။ ထို့ကြောင့် --- ''ဤလောကုတ္တရာတရား ကိုးပါးသည် --- အလိုနည်းပါးသော အပ္ပိစ္ဆပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် ပြည့်စုံ နိုင်၏၊ အလိုရမ္မက်ကြီးမားသော မဟိစ္ဆပုဂ္ဂိုလ်၏ သန္တာန်၌ မပြည့်စုံနိုင်။ ရောင့်ရဲလွယ်သော သန္တုဋ္ဌိတရား ထင်ရှားရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် ပြည့်စုံနိုင်၏၊ ရောင့်ရဲလွယ်သော သန္တုဋ္ဌိတရား ထင်ရှားမရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌ မပြည့်စုံနိုင်။ ဝိဝေကတရားသုံးပါး၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သော ပုဂ္ဂိုလ်၏ သန္တာန်၌
世尊从证得一切知智之日起,直到般涅槃之日,四十五年间所宣说、开示、教诫的一切法,都如所说那样真实,绝不以另一种方式成为不真实。因此,世尊所教的这番话也必定真实:‘九种出世间法只能在少欲者的心流中圆满,不能在多欲者的心流中圆满;只能在知足者的心流中圆满,不能在不知足者的心流中圆满;只能在乐于三种远离者的心流中——
သာလျှင် ပြည့်စုံနိုင်၏၊ လူသူအပေါင်းအဖော် ကိလေသာအပေါင်းအဖော်၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သော ပုဂ္ဂိုလ်၏ သန္တာန်၌ မပြည့်စုံနိုင်။ သမထဝိပဿနာ ဘာဝနာတို့ကို အပြင်းအထန်ကြိုးစားအားထုတ်သော လုံ့လ ဝီရိယရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် ပြည့်စုံနိုင်၏၊ ပျင်းရိသော ပုဂ္ဂိုလ်၏ သန္တာန်၌ မပြည့်စုံနိုင်။ အကြောင်း တရားနှင့်တကွသော ကာယ ဝေဒနာ စိတ္တ ဓမ္မတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့၌ ထင်လင်း- သော သတိရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် ပြည့်စုံနိုင်၏၊ မေ့လျော့တတ်သော ပျောက်ပျက်သော သတိ ရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌ မပြည့်စုံနိုင်။ ဥပစာရသမာဓိ အပ္ပနာသမာဓိဟူသော တစ်မျိုးမျိုးသော သမာဓိ ရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် ပြည့်စုံနိုင်၏၊ သမာဓိမရှိသော ပုဂ္ဂိုလ်၏သန္တာန်၌ မပြည့်စုံနိုင်။ ဝိပဿနာ ပညာ အရိယမဂ်ပညာ ရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် ပြည့်စုံနိုင်၏၊ ဝိပဿနာပညာ အရိယမဂ်ပညာ
——圆满,不能在乐于人与烦恼众聚者的心流中圆满;只能在猛烈精进止观禅修者的心流中圆满,不能在懈怠者的心流中圆满;只能在对身、受、心、法连同其因的无常、苦、无我具有清楚现前之念者的心流中圆满,不能在忘失之念者的心流中圆满;只能在具有近行定或安止定至少一种定者的心流中圆满,不能在无定者的心流中圆满;只能在具有毗婆舍那慧与圣道慧者的心流中圆满,不能在没有这些慧者的——
မရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌ မပြည့်စုံနိုင်။ ပပဉ္စတရားသုံးပါး၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်တရားတော်မြတ်၌ မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်သော စိတ်ဓာတ်ရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် ပြည့်စုံနိုင်၏၊ ပပဉ္စတရားသုံးပါး၌ မွေ့- လျော်ပျော်ပိုက် နှစ်ခြိုက်သော စိတ်ဓာတ်ရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌ မပြည့်စုံနိုင်။'' --- ဤသို့ ဟောကြားပြသ ဆိုဆုံးမထားတော်မူသည့် --- မဟာပုရိသဝိတက္က = ယောကျာ်းမြတ်တို့၏ အကြံ အမည်ရသော ဤတရားဒေသနာတော်သည်လည်း ဟောကြား မြွက်ဟ ညွှန်ပြတော်မူသည့်အတိုင်း မှန်သည်သာ လျှင် ဖြစ်၏၊ မမှန် - ဟူသော အခြားတစ်ပါးသော အခြင်းအရာအားဖြင့် ပြောင်းလဲ၍ ဖြစ်ရိုး ဓမ္မတာ မရှိပေ။
——心流中圆满;只能在乐于爱、慢、见三种戏论止息之涅槃者的心流中圆满,不能在乐于三种戏论者的心流中圆满。’这部名为‘大人寻思——贤士之思’的教法,也必定如世尊所宣说、讲述、开示那样真实,不会转变成任何不真实的情形。
ထိုကြောင့် အသင်သူတော်ကောင်းသည်လည်း လောကုတ္တရာတရား ကိုးပါးကို အလိုရှိခဲ့ပါမူ --- ၁။ အလိုနည်းပါးခြင်း အပ္ပိစ္ဆတရားနှင့် ပြည့်စုံအောင်၊ ၂။ ရောင့်ရဲလွယ်ခြင်း သန္တုဋ္ဌိတရားနှင့် ပြည့်စုံအောင်၊ ၃။ ဝိဝေကတရား သုံးပါးနှင့် ပြည့်စုံအောင်၊ ၄။ သမထဝိပဿနာ ဘာဝနာတို့၌ အပြင်းအထန် ကြိုးစားအားထုတ်ခြင်း လုံ့လဝီရိယနှင့် ပြည့်စုံအောင်၊ ၅။ အကြောင်းတရားနှင့်တကွသော ကာယ ဝေဒနာ စိတ္တ ဓမ္မတို့၌ ထင်လင်းသော သတိနှင့် ပြည့်စုံအောင်၊ ၆။ ဥပစာရသမာဓိ အပ္ပနာသမာဓိဟူသော တစ်မျိုးမျိုးသော သမာဓိနှင့် ပြည့်စုံအောင်၊ ၇။ ဝိပဿနာပညာ အရိယမဂ်ပညာနှင့် ပြည့်စုံအောင်၊ ၈။ ပပဉ္စတရား သုံးပါး၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်တရားတော်မြတ်၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သော စိတ်ထား နှင့် ပြည့်စုံအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လေရာသတည်း။
因此,贤善者若希求九种出世间法,就应精勤修习,努力具足:一、少欲;二、知足;三、三种远离;四、猛烈精进止观禅修的精进;五、对身、受、心、法连同其因清楚现前之念;六、近行定或安止定中的至少一种;七、毗婆舍那慧与圣道慧;八、乐于爱、慢、见三种戏论止息之涅槃的心。
ဖားအောက်တောရဆရာတော်
帕奥西亚多
ဖားအောက်တောရ - စိတ္တလတောင်ကျောင်း
帕奥禅林·制多罗山寺
၁၃၅၆ - ခု၊ ပြာသိုလဆန်း (၉) ရက်၊ တနင်္လာနေ့။
缅历一三五六年,比亚杜月上弦九日,星期一。
K
K