“缘起”一词的含义(之十)

《趣向涅槃之道》中文全译本 · 非缩略版

缘起篇(甲) · 原书第 259–273 页 · 224 个翻译单元

本页并入了原书的相邻小节:死者与生者。

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 259 页
ပဋိစ္စသမုပ္ပါဒ်ပိုင်း - အပိုင်း (က) ပဋိသန္ဓေအခိုက်၌ကား ယင်းပဋိသန္ဓေဝိညာဏ်နှင့် အတူယှဥ်တွဲ ဖြစ်သည့် စေတသိက် (၃၃)လုံးတို့ကို ဆိုလိုသည်။
在结生时,是指与该结生识相应的三十三个心所。
အကယ်၍ အသင်သူတော်ကောင်းသည် ဥပေက္ခာ ဝေဒနာနှင့်ယှဥ်လျက် ပဋိသန္ဓေတည်နေခဲ့သူ ဖြစ်ပါမူ ပီတိ မပါနိုင်တော့သဖြင့် နာမ်တရားတို့မှာ စေတသိက် (၃၂)လုံးတို့ ဖြစ်ကြသည်။ ရုပ်ဟူသည် မှီရာဝတ္ထုရုပ်နှင့် အာရုံ- ရုပ်တည်း။
如果贤善者的结生与舍受相应,因为没有喜,名法便是三十二个心所。“色”是所依处色与所缘色。
ဘုရားရှင်သည် ဝိညာဏက္ခန္ဓာ၏ ပစ္စုပ္ပန် အကြောင်းတရားပိုင်း၌ --- နာမရူပသမုဒယာ ဝိညာဏသမုဒယော (သံ-၂-၅ဝ။) = နာမ်ရုပ် ဖြစ်ခြင်းကြောင့် ဝိညာဏ်ဖြစ်၏ဟု ဟောကြားတော်မူခဲ့၏။ အဋ္ဌကထာကလည်း အောက်ပါအတိုင်း ရှင်းလင်းဖွင့်ဆိုထား၏။
世尊在说明识蕴的现在因时宣说:“နာမရူပသမုဒယာ ဝိညာဏသမုဒယော”,即“由于名色生起,识生起”。缅文出处原串:‘(သံ-၂-၅ဝ။)’(《相应部》2-50。)义注又作如下解释:
နာမန္တိ အာရမ္မဏာဘိမုခံ နမနတော ဝေဒနာဒယော တယော ခန္ဓာ။
巴利原串:“နာမန္တိ အာရမ္မဏာဘိမုခံ နမနတော ဝေဒနာဒယော တယော ခန္ဓာ။”译:“所谓名,是由于朝向所缘而弯向,即受等三个蕴。”
ရူပန္တိ စတ္တာရိ မဟာဘူတာနိ စတုန္နဉ္စ မဟာဘူတာနံ ဥပါဒါယရူပံ။ (ဝိသုဒ္ဓိ-၂-၁၉၂။) နာမ်ဟူသည်ကား အာရုံသို့ ရှေးရှုညွတ်တတ်သောကြောင့် ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာဟူသော စေတသိက် နာမ်တရားစုတို့တည်း။ ရုပ်ဟူသည် မဟာဘုတ် (၄)ပါးနှင့် မဟာဘုတ် (၄)ပါးကို မှီ၍ဖြစ်သော ဥပါဒါရုပ်တည်း။ မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ်များ ဖြစ်ကြသည်။
巴利原串:“ရူပန္တိ စတ္တာရိ မဟာဘူတာနိ စတုန္နဉ္စ မဟာဘူတာနံ ဥပါဒါယရူပံ။”译:“所谓色,是四大种及依四大种而生的所造色。”缅文出处原串:‘(ဝိသုဒ္ဓိ-၂-၁၉၂။)’(《清净道论》2-192。)所谓名,是因朝向所缘而弯向的受蕴、想蕴、行蕴等心所名法组。所谓色,是四大种及依四大种而生的所造色,即所依处色与所缘色。
ရုပ်တရားအုပ်စုတွင် မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ်များ ပါဝင်နေကြသဖြင့် ဝတ္ထု အာရုံ အကြောင်းတရား နှစ်မျိုး ပါဝင်နေ၏။ နာမ်တရားအုပ်စုတွင် သင်္ခါရက္ခန္ဓာ၌ ဖဿ ပါဝင်နေသဖြင့် ဖဿဟူသည့် အကြောင်းတရား လည်း ပါဝင်နေသည်သာ ဖြစ်၏။ ထိုကြောင့် နာမ်ရုပ်သည် ဝိညာဏက္ခန္ဓာ၏ အကြောင်းတရားဟုဆိုခြင်းနှင့် ဝတ္ထု အာရုံ ဖဿတို့သည် ဝိညာဏက္ခန္ဓာ၏ အကြောင်းတရားဟု ဆိုခြင်းတို့မှာ သဘောအဓိပ္ပါယ်အားဖြင့် ကွာဟချက် သိပ်မရှိလှဟု မှတ်ပါ။
色法组包含所依处色与所缘色,故含所依处、所缘两种因;名法组的行蕴包含触,故也含触这一因。所以“名色是识蕴之因”与“所依处、所缘、触是识蕴之因”在义理上没有多大差别。
ဤအထက်တွင် ပဋိသန္ဓေ၏ အာရုံကို ကံအာရုံဟု ဖော်ပြထား၏။ ယင်းကံအာရုံမှာကား ယခုလက်ရှိဘဝ အတွက် ဆိုရမူ အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော ကုသိုလ်စေတနာပင်တည်း။ ဓမ္မာရုံတည်း။ ရုပ်တရားကား မဟုတ်ပေ။ အကယ်၍ ဂတိနိမိတ်ဖြစ်မူ ယင်းဂတိနိမိတ် အာရုံကား ရူပါရုံတည်း။ ရုပ်တရားပင်တည်း။ အကယ်၍ ပဋိသန္ဓေ၏ အာရုံသည် ကမ္မနိမိတ်အာရုံဖြစ်မူ အာရုံ (၆)ပါး ထိုက်သလို ဖြစ်နိုင်၏။ ရုပ်အာရုံများလည်း ပါဝင်ကြ၏။
上文把结生所缘示为业所缘。就今生而言,该业所缘是过去生培育的善思,是法所缘而非色法。若是趣相,该趣相所缘是色所缘,也是色法。若结生所缘是业相所缘,则可随其所应为六种所缘,也包括色所缘。
နာမ်တွင် စေတသိက်အားလုံးပါဝင်နေသဖြင့် စေတသိက်အားလုံးကပင် ဝိညာဏ်အား ကျေးဇူးပြုပေးပုံကို သိစေတော်မူလို၏ဟူသော အဓိပ္ပါယ်မှာ ပေါ်လွင်နေ၏။ တစ်ဖန် ယင်းဝိညာဏ်သည် မိမိချည်းသက်သက် ဝိညာဏ်တစ်ခုတည်း မဖြစ်နိုင်သဖြင့် စေတသိက်တို့နှင့် ယှဥ်တွဲရမှသာလျှင် ဖြစ်နိုင်ရကား စိတ်နှင့် စေတသိက် တို့၏ အပြန်အလှန် ကျေးဇူးပြုမှုကိုလည်း ပို၍ သဘောပေါက်စေလိုသည်ဟုလည်း မှတ်ပါ။ ''ဤသို့လည်း ရှု၍ ရသည်'' ဟူသော နည်းစနစ်တစ်မျိုးကို ဖော်ပြတော်မူခြင်းဖြစ်သည်။ ဝိညာဏပစ္စယာ နာမရူပံ = ဝိညာဏ်ကြောင့် နာမ်ရုပ် ဖြစ်ပုံကို ရှုရသော ရှုကွက်ရှိသကဲ့သို့၊ နာမရူပသမုဒယာ ဝိညာဏသမုဒယော = နာမ်ရုပ် ဖြစ်ခြင်းကြောင့် ဝိညာဏ် ဖြစ်ပုံ ရှုကွက်ကိုလည်း ရှုစေတော်မူလိုသည်။ နာမ်ခန္ဓာလေးပါးတို့သည် အချင်းချင်း တစ်ပါးသည် တစ်ပါးအား အပြန်အလှန် ကျေးဇူးပြုကြသည်ဟူသော ပဋ္ဌာန်းဒေသနာတော် အဆိုအမိန့်ကို ပေါ်လွင်စေသော
由于“名”中包括所有心所,意在使人明白所有心所如何资助识。又由于识不能独自生起,只有与心所相应才可能生起,也应知这是为了使人更清楚理解心与心所彼此资助。这里是在说明另一种“也可以这样观照”的方法:既有观照“ဝိညာဏပစ္စယာ နာမရူပံ”,即“以识为缘而有名色”的观法,也要观照“နာမရူပသမုဒယာ ဝိညာဏသမုဒယော”,即“由于名色生起,识生起”的观法。这是为了彰显《发趣论》所说“四名蕴彼此互相资助”的——
ရှုကွက်ပင် ဖြစ်သည်။
——观法。
ဤရှင်းလင်းချက်များအရ --- ဝတ္ထု အာရုံ ဖဿဟူသော အကြောင်းတရားများနှင့် နာမ်-ရုပ်ဟူသော အကြောင်းတရားတို့မှာ စကားလုံး အသုံးအနှုန်းသာ ကွဲလွဲသော်လည်း ပရမတ္ထ တရားကိုယ်ဓာတ်သား အနက် သဘောသွားအားဖြင့်မူကား အတူတူပင် ဖြစ်သည်ဟု သဘောပေါက်ပါလေ။
依这些解释应当理解:所依处、所缘、触诸因与名色这一因,只是用词不同;就胜义法体的实质与义理而言,二者相同。
原书第 260 页
အသင်သူတော်ကောင်းသည် နာမ်ရုပ် ဖြစ်ခြင်းကြောင့် ဝိညာဏ် ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍- နာမ်ရုပ် ဖြစ်ခြင်းကြောင့် ဝိညာဏက္ခန္ဓာ ဖြစ်၏။
贤善的您以智观见由于名色生起而识生起以后,应如此摄取:由于名色生起,识蕴生起。
နာမ်ရုပ်က အကြောင်းတရား၊ ဝိညာဏက္ခန္ဓာက အကျိုးတရား။
名色是因法,识蕴是果法。
ဤသို့ အကြောင်း အကျိုး သိမ်းဆည်းပါ။
应如此摄取因法与果法。
ဉာဏ်နုံ့သူများ --- ဤပဋိသန္ဓေ ခန္ဓာ (၅)ပါး၌ အကြောင်း-အကျိုး သိမ်းဆည်းပုံကို သဘောပေါက်ပါလျှင် ဘဝတစ်လျှောက်တွင် ဖြစ်ပေါ်နေသော ဘဝင်ခန္ဓာ (၅)ပါးနှင့် ဝီထိစိတ္တက္ခဏတိုင်း၏ ခန္ဓာ (၅)ပါးတို့၌ ဉာဏ်ထက် မြက်သူနှင့် အဘိဓမ္မာကို သင်ကြားဖူးသူ သူတော်ကောင်းတို့ကား သဘောပေါက်နိုင်ပြီ ဖြစ်သည်။ သို့သော် အဘိဓမ္မာ မသင်ဖူးသူ ဉာဏ်နုံ့သူ သူတော်ကောင်းတို့ကား ဤမျှဖြင့် သဘောမပေါက်နိုင် ဖြစ်နေကြ၏။ ထိုကြောင့် အဘိဓမ္မာကို မသင်ကြားဖူးသူ ဉာဏ်နုံ့သူ သူတော်ကောင်းတို့အတွက် ဘဝင်ခန္ဓာ (၅)ပါးမှ စ၍ ဝီထိစိတ္တက္ခဏတိုင်း ၌ ပါဝင်တည်ရှိကြသော ခန္ဓာ (၅)ပါးတို့၌ အကြောင်းတရား အကျိုးတရား သိမ်းဆည်းပုံတို့ကို ဆက်လက်၍ ဖော်ပြအပ်ပါသည်။ ဘဝင်ခန္ဓာ (၅)ပါး၌ လက်ရှိအခြေအနေ၌ တည်ရှိသော ဘဝင်ခန္ဓာ (၅)ပါးကိုသာ စတင်၍ ဖော်ပြအပ်ပါသည်။ လက်ရှိ ဘဝင်ခန္ဓာ (၅)ပါး၌ အကျုံးဝင်သော ရူပက္ခန္ဓာ၌ ကမ္မဇရုပ် စိတ္တဇရုပ် ဥတုဇရုပ်
慧力较钝者。若能理解在这结生五蕴中摄取因果的方法,智慧敏锐、学过阿毗达磨的贤善者,便能理解一生中生起的有分五蕴以及每一心路心刹那中的五蕴。然而,未学过阿毗达磨、慧力较钝的贤善者,只到这里仍不能理解。因此,为了这些未学过阿毗达磨、慧力较钝的贤善者,下面将继续说明:从有分五蕴开始,直到每一个心路心刹那所含的五蕴,应如何摄取因法与果法。说明有分五蕴时,先从现阶段存在的有分五蕴说起。当前有分五蕴所含的色蕴中,业生色、心生色、时节生色——
အာဟာရဇရုပ်တို့ စုံညီနေပြီ ဖြစ်၏။ ပဋိသန္ဓေနောင် ဘဝင် ရူပက္ခန္ဓာ၌ကား အာဟာရဇရုပ် မဖြစ်သေးပေ။
——与食生色已经齐全;而结生之后的第一有分色蕴中,食生色尚未生起。
ဤမျှသာ ကွာသည်။ ထိုသို့ တင်ပြရာ၌ စာနေစာသားကျဥ်းရန် -- အဝိဇ္ဇာ (=၂ဝ) ဖြစ်ခြင်းကြောင့် ဘဝင် ရူပက္ခန္ဓာ (ကမ္မဇရုပ်) ဖြစ်၏၊ အဝိဇ္ဇာ (=၂ဝ)က အကြောင်းတရား၊ ဘဝင်ရူပက္ခန္ဓာက အကျိုးတရား -- ဤသို့ မဖော်ပြတော့ဘဲ- အဝိဇ္ဇာ (=၂ဝ)က အကြောင်းတရား၊ ရူပက္ခန္ဓာက အကျိုးတရား --- ဟု ဤမျှသာ ဖော်ပြထား ပါသည်။ ထိုသို့ပင် ဖော်ပြထားသော်လည်း ပဋိသန္ဓေ ခန္ဓာ (၅)ပါး၌ကဲ့သို့ပင် အကြောင်းကြောင့် အကျိုးဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်ပြီးပါမှ -- အဝိဇ္ဇာ (=၂ဝ)က အကြောင်းတရား၊ ဘဝင် ရူပက္ခန္ဓာက အကျိုးတရား -- ဤသို့ စသည်ဖြင့် ရှုရမည်သာ ဖြစ်သည်။
差别仅在于此。为了使行文简洁,以下不再写成:“由于无明(=20)生起,有分色蕴(业生色)生起;无明(=20)是因法,有分色蕴是果法”,而只写:“无明(=20)是因法,色蕴是果法。”即使如此简写,也仍须像观照结生五蕴时一样,先以智观见由于因法而有果法生起,然后才应观照:“无明(=20)是因法,有分色蕴是果法”等。
ဘဝင် ခန္ဓာ (၅) ပါး
有分五蕴
၁။ ဘဝင်၏မှီရာ ဟဒယဝတ္ထုနှင့် တကွသော ရုပ်ကလာပ် (၆)မျိုး ရုပ်အမျိုးအစား (၅၄)ကား ရူပက္ခန္ဓာ။
一、包括有分所依的心所依处色在内的六类色聚,共五十四种色法,称为色蕴。
(ရုပ်အတုတို့ကိုလည်း ရနိုင်သမျှ ရောနှော၍ သိမ်းဆည်းပါ။) ၂။ ဘဝင်နာမ်တရား (= ၃၄)မှ ဝေဒနာသည် ဝေဒနာက္ခန္ဓာ၊ ၃။ ဘဝင်နာမ်တရား (= ၃၄)မှ သညာသည် သညာက္ခန္ဓာ။
(并尽可能把能够取得的非真实色法混合在内加以摄取。)二、有分名法(=34)中的受,称为受蕴;三、有分名法(=34)中的想,称为想蕴。
၄။ ဘဝင်နာမ်တရား (= ၃၄)မှ စေတနာသည် သင်္ခါရက္ခန္ဓာ။ (ပထမနည်း) ကျန်စေတသိက် (= ၃၁လုံး)သည် သင်္ခါရက္ခန္ဓာ။ (ဒုတိယနည်း) ၅။ ဘဝင်နာမ်တရား (= ၃၄)မှ အသိစိတ် = ဝိညာဏ်သည် ဝိညာဏက္ခန္ဓာ။
四、有分名法(=34)中的思,称为行蕴。(第一种方法。)其余三十一个心所,称为行蕴。(第二种方法。)五、有分名法(=34)中的能知之心,即识,称为识蕴。
ဘဝင် ရူပက္ခန္ဓာ
有分色蕴
အတိတ်အကြောင်းတရား (၅) ပါး ၁။ အဝိဇ္ဇာ (=၂ဝ)က အကြောင်းတရား၊ (ကမ္မဇရုပ်) ရူပက္ခန္ဓာက အကျိုးတရား။
五种过去因。一、无明(=20)是因法,(业生色)色蕴是果法。
၂။ တဏှာ (=၂ဝ)က အကြောင်းတရား၊ (ကမ္မဇရုပ်) ရူပက္ခန္ဓာက အကျိုးတရား။
二、爱(=20)是因法,(业生色)色蕴是果法。
၃။ ဥပါဒါန် (=၂ဝ)က အကြောင်းတရား၊ (ကမ္မဇရုပ်) ရူပက္ခန္ဓာက အကျိုးတရား။
三、取(=20)是因法,(业生色)色蕴是果法。
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ (ကမ္မဇရုပ်) ရူပက္ခန္ဓာက အကျိုးတရား။
四、行(=34)是因法,(业生色)色蕴是果法。
၅။ ကံ (= ၃၄-၏ ကမ္မသတ္တိ)က အကြောင်းတရား၊ (ကမ္မဇရုပ်) ရူပက္ခန္ဓာက အကျိုးတရား။
五、业(=34)的业力是因法,(业生色)色蕴是果法。
原书第 261 页
ပဋိစ္စသမုပ္ပါဒ်ပိုင်း - အပိုင်း (က) ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး ၆။ စိတ်က အကြောင်းတရား၊ (စိတ္တဇရုပ်) = ရူပက္ခန္ဓာက အကျိုးတရား။
三种现在因。六、心是因法,(心生色)色蕴是果法。
၇။ ဥတုက အကြောင်းတရား၊ (ဥတုဇရုပ်) = ရူပက္ခန္ဓာက အကျိုးတရား။
七、时节是因法,(时节生色)色蕴是果法。
၈။ အာဟာရက အကြောင်းတရား၊ (အာဟာရဇရုပ်) ရူပက္ခန္ဓာက အကျိုးတရား။
八、食是因法,(食生色)色蕴是果法。
ရှင်းလင်းချက် --- အာဟာရသမုဒယာ ရူပသမုဒယော (သံ-၂-၄၈-၅၁။) ဥပါဒါနပရိပဝတ္တနသုတ္တန် သတ္တဋ္ဌာနကုသလသုတ္တန် စသည်တို့၌ ရူပက္ခန္ဓာ၏ ပစ္စုပ္ပန်အကြောင်းတရားများကို အာဟာရတစ်ခုတည်းကိုသာ ဟောကြားထားတော်မူ၏။ အာဟာရဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏ဟု ဤသို့ ဟောကြားထားတော်မူပါလျက် အဘယ်ကြောင့် စိတ် ဥတုဟူသော အကြောင်းတရားတို့ကိုပါ ထည့်ပေါင်း၍ ရှုနေရပါသနည်းဟု မေးမြန်းဖွယ် ရှိလာပြန်၏။ အဖြေကား ဤသို့တည်း --- အာဟာရသမုဒယာတိ ပဝတ္တိပစ္စယေသု ကဗဠီကာရာဟာရဿ ဗလဝတ္တာ သောယေဝ ဂဟိတော။ တသ္မိ ပန ဂဟိတေ ပဝတ္တိဟေတုဘူတာနိ ဥတုစိတ္တာနိပိ ဂဟိတာနေဝ ဟောန္တိ။ (ပဋိသံ-ဋ္ဌ-၁-၂၃၅။) အဖြေ --- ရုပ်တရားတို့၏ ပဝတ္တိဟေတု အမည်ရသော ပစ္စုပ္ပန်အကြောင်းတရားတို့တွင် ကဗဠီကာရာဟာရ ဟူသော အကြောင်းတရားသည် အလွန်အားကောင်းသော အကြောင်းတရား ဖြစ်သည့်အတွက်ကြောင့် ထို ကဗဠီကာရာဟာရတည်းဟူသော အကြောင်းတရား တစ်မျိုးတည်းကိုသာ ယူ၍ ဘုရားရှင်သည် ဟောကြားထား
说明——巴利原串:“အာဟာရသမုဒယာ ရူပသမုဒယော”。缅文出处原串:“(သံ-၂-၄၈-၅၁။)”(《相应部》2-48—51。)译:“由于食生起,色生起。”在《取转起经》(Upādānaparipavattana Sutta)、《善巧七处经》(Sattaṭṭhānakusala Sutta)等经中,世尊只把食宣说为色蕴的现在因。既已如此宣说“因为有食,色便生起”,为何观照时还要把心与时节也列入因法?答如下。巴利原串:“အာဟာရသမုဒယာတိ ပဝတ္တိပစ္စယေသု ကဗဠီကာရာဟာရဿ ဗလဝတ္တာ သောယေဝ ဂဟိတော။ တသ္မိ ပန ဂဟိတေ ပဝတ္တိဟေတုဘူတာနိ ဥတုစိတ္တာနိပိ ဂဟိတာနေဝ ဟောန္တိ။”缅文出处原串:“(ပဋိသံ-ဋ္ဌ-၁-၂၃၅။)”(《无碍解道义注》1-235。)译:“所谓‘由于食生起’,在诸转起缘中,因为段食的势力强,所以只取它;然而,取它时,作为转起因的时节与心也已经摄入。”答——在色法那些称为转起因的现在因中,称为段食的因法势力极强,因此世尊只取段食这一种因法而宣说——
တော်မူခြင်း ဖြစ်သည်။ ထိုကဗဠီကာရာဟာရဟူသော အကြောင်းတရားကို ယူအပ်ခဲ့သည်ရှိသော် ပစ္စုပ္ပန် အကြောင်းတရားချင်း တူညီသော ပစ္စုပ္ပန်အကြောင်းတရား ဖြစ်ကြကုန်သော စိတ် ဥတုတို့ကိုလည်း ယူအပ်ပြီးသာ ဖြစ်ကုန်သည်။ ပစ္စုပ္ပန်အကြောင်းတရားချင်း တူညီ၍ လက္ခဏာဟာရနေတ္တိနည်းအားဖြင့် လက္ခဏာချင်း တူညီ ရာကို စုပေါင်း ဟောကြားထားတော်မူခြင်း ဖြစ်သည်။ ထိုကြောင့် စိတ် ဥတုဟူသော အကြောင်းတရားတို့ကိုလည်း ထည့်သွင်း၍ သိမ်းဆည်းခြင်း ဖြစ်သည်။ ထိုသို့ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရာ၌ အကျိုးတရားပိုင်းတွင် ရုပ်အစစ်တို့ကိုသာ ပဓာနထား၍ ဖော်ပြထားပါသည်။ ရုပ်အစစ်တို့ကို သိမ်းဆည်းရာ၌ ရုပ်အတုတို့ကိုပါ ရောနှော၍ သိမ်းဆည်းပါလေ။
——当段食这一因法已经被取出宣说时,与它同为现在因的心与时节,也就已经一并摄入。这是因为它们同属现在因,世尊依特相导释法,把特相相同者合摄而说。因此,也要把心与时节列入因法加以摄取。如此摄取因法与果法时,果法一侧以真实色法为主而列示;摄取真实色法时,也要把非真实色法混合在内一并摄取。
ဤဘဝင် ရူပက္ခန္ဓာမှာ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းနေဆဲဖြစ်သော လက်ရှိအချိန် ဘဝင် ရူပက္ခန္ဓာကို စံထား၍ ဖော်ပြထားခြင်း ဖြစ်သည်။ ပဋိသန္ဓေနောင် ပထမဘဝင်၏ မှီရာ ရူပက္ခန္ဓာစသည်တို့၌ ကမ္မဇရုပ် စိတ္တဇရုပ် ဥတုဇရုပ်တို့သာ ရှိနိုင်သေး၍ အာဟာရဇရုပ်များ မဖြစ်နိုင်သေးသဖြင့် အာဟာရဇရုပ်များကို ရူပက္ခန္ဓာမှ ပယ်နှုတ်ထားပါ။
这里是以正在摄取因法与果法的现阶段之有分色蕴为准而列示;这个有分色蕴已经具足四种色。至于结生之后第一有分所依的色蕴等,当时还只能有业生色、心生色与时节生色,食生色尚不能生起,所以应从色蕴中除去食生色。
ဗာဟိရသြဇာကြောင့် ဖြစ်သော အာဟာရဇရုပ်သည် ဂဗ္ဘသေယျက = အမိဝမ်း၌ ပဋိသန္ဓေတည်နေသူ လူသားတို့သန္တာန်ဝယ် နှစ်သတ္တာဟ၊ သုံးသတ္တာဟမြောက်၌ အမှတ်မရှိသော စိတ်၏ အမှတ်မရှိသော ခဏက စ၍ ဖြစ်သင့်ရာတွင် ရှေးစိတ် ဘင်ခဏနှင့် ဥပါဒ်ပြိုင်သော ဗာဟိရသြဇာသည် ထိုခဏငယ် လွန်သဖြင့် နောက်စိတ် ဥပါဒ်ခဏ၌ သုဒ္ဓဋ္ဌက အာဟာရဇရုပ်ကလာပ်ကို စ၍ ဖြစ်စေသည်။ (ဝီထိပုံ-ဘုံစဥ်-ဆန်းပုံ-သိမ်ပုံကျမ်း ၃၆။)
由外来食素所生的食生色,在胎生者——即结生于母胎中的人类——相续中,大约到第二、第三周才开始生起。它可能从某一心的某一未定刹那开始:与前一心灭时同时生起的外来食素,越过这一小刹那以后,在后一心的生时开始产生食生纯八法聚。缅文出处原串:“(ဝီထိပုံ-ဘုံစဥ်-ဆန်းပုံ-သိမ်ပုံကျမ်း ၃၆။)”(该缅文论书,第36页。)
၆ - ဒွါရ၊ ၄၂ - ကောဋ္ဌာသ - ရူပက္ခန္ဓာ
六门、四十二身分之色蕴
အသင်သူတော်ကောင်းသည် ယခုဖော်ပြခဲ့သော ဘဝင်ရူပက္ခန္ဓာ၌ အကြောင်းအကျိုးစပ်၍ သိမ်းဆည်းပုံ နည်းစနစ်ကို နည်းမှီ၍ (၆) ဒွါရ၊ (၄၂) ကောဋ္ဌာသတို့၌ တည်ရှိကြသော ရူပက္ခန္ဓာတရားစုတို့၌လည်း အကြောင်း-
贤善的您依照刚才在有分色蕴中把因果相联、摄取因法与果法的方法,也已经能够理解:对于存在于六门、四十二身分中的诸色蕴法组,应当如何把因——
原书第 262 页
အကျိုးစပ်၍ အကြောင်းတရား အကျိုးတရား သိမ်းဆည်းပုံကို သဘောသက်ရောက်နိုင်ပေပြီ။ ရုပ်အတုများ ပါဝင်သည့် အချို့အချို့သော စိတ္တဇ၊ ဥတုဇ အာဟာရဇ ရုပ်ကလာပ်တို့၌လည်း ဆိုင်ရာဆိုင်ရာ စိတ်-ဥတု- အာဟာရတို့နှင့် အကြောင်း-အကျိုးစပ်လျက် သိမ်းဆည်းပါ။ (၆)ဒွါရ၊ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်တရားအားလုံးကို ခြုံ၍လည်း နည်းတူ သိမ်းဆည်းနိုင်ပေသည်။
——果相联而摄取因法与果法。某些心生、时节生与食生色聚含有非真实色法;对它们也应各自与相应的心、时节、食相联而摄取。又可以总摄存在于六门、四十二身分中的一切色法,以同样方式加以摄取。
ထိုသို့ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရာ၌ ဆိုကမ္မဋ္ဌာန်း မဖြစ်ဖို့ရန် သတိပြုပါ။
如此摄取因法与果法时,应当谨防只做成口头业处。
စိတ်ကသာ''အကြောင်းတရား၊ အကျိုးတရား''ဟု ရွတ်ဆိုနေ၍ ဉာဏ်က အကြောင်းတရားကြောင့် အကျိုးတရား ဖြစ်ပုံကို မမြင်လျှင် = အကြောင်းတရားနှင့် အကျိုးတရားတို့၏ ကြောင်း-ကျိုး ဆက်နွယ်မှုသဘောကို မမြင်လျှင် သပိတ်ကွဲ ကိုယ်ကြေသာ ရှိချေမည်၊ ပစ္စယပရိဂ္ဂဟဉာဏ်ကိုကား မရရှိနိုင်ပေ။
如果只是心里口诵“因法、果法”,而智并未看见果法如何由于因法而生——也就是没有看见因法与果法之间的因果关联——便只会落得“钵破身疲”而已,绝不能获得缘摄受智。
အတိတ်က ပြုစုပျိုးထောင်ခဲ့သော အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ တို့ကြောင့် ကမ္မဇရုပ် ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင် ရှုပြီးပါမှသာလျှင် အဝိဇ္ဇာ (တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ)တို့က အကြောင်းတရား၊ ရူပက္ခန္ဓာက အကျိုးတရားဟုလည်းကောင်း၊ စိတ်ကြောင့် စိတ္တဇရုပ် ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ရှုပြီးပါမှသာလျှင် စိတ်က အကြောင်းတရား၊ စိတ္တဇရုပ်က အကျိုးတရားဟုလည်းကောင်း၊ ဥတုကြောင့် ဥတုဇရုပ်ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင် ရှုပြီးပါမှသာလျှင် ဥတုက အကြောင်းတရား၊ ဥတုဇရုပ်က အကျိုးတရားဟုလည်းကောင်း၊ အာဟာရကြောင့် အာဟာရဇရုပ် ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင် ရှုပြီးပါမှသာလျှင် အာဟာရက အကြောင်းတရား၊ အာဟာရဇရုပ်က အကျိုးတရားဟုလည်းကောင်း သိမ်းဆည်းပါ။ နာမ်ခန္ဓာလေးပါးတို့၌လည်း အကြောင်း- တရားကြောင့် အကျိုးတရားဖြစ်ပုံကို ဉာဏ်ဖြင့် စေ့စေ့ငုငု ကြည့်ရှုပြီးလျှင် ကျေကျေနပ်နပ်ကြီး သိပါမှ မြင်ပါမှ
只有先以智观至明见:业生色如何由于过去培育的无明、爱、取、行、业而生,才可以摄取为“无明(爱、取、行、业)是因法,色蕴是果法”;只有先以智观至明见心生色如何由于心而生,才可以摄取为“心是因法,心生色是果法”;只有先以智观至明见时节生色如何由于时节而生,才可以摄取为“时节是因法,时节生色是果法”;只有先以智观至明见食生色如何由于食而生,才可以摄取为“食是因法,食生色是果法”。对于四个名蕴,也必须以智仔细审察果法如何由于因法而生,直到充分地知、充分地见——
သာလျှင် ''အကြောင်းတရား အကျိုးတရား''ဟု သိမ်းဆည်းပါ။
——以后,才可以摄取为“因法、果法”。
ဘဝင် ဝေဒနာက္ခန္ဓာ
有分受蕴
အတိတ်အကြောင်းတရား (၅) ပါး ၁။ အဝိဇ္ဇာ (=၂ဝ)က အကြောင်းတရား၊ ဘဝင် ဝေဒနာက္ခန္ဓာက အကျိုးတရား။
五种过去因。一、无明(=20)是因法,有分受蕴是果法。
၂။ တဏှာ (=၂ဝ)က အကြောင်းတရား၊ ဘဝင် ဝေဒနာက္ခန္ဓာက အကျိုးတရား။
二、爱(=20)是因法,有分受蕴是果法。
၃။ ဥပါဒါန် (=၂ဝ)က အကြောင်းတရား၊ ဘဝင် ဝေဒနာက္ခန္ဓာက အကျိုးတရား။
三、取(=20)是因法,有分受蕴是果法。
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ဘဝင် ဝေဒနာက္ခန္ဓာက အကျိုးတရား။
四、行(=34)是因法,有分受蕴是果法。
၅။ ကံ (= ၃၄-၏ ကမ္မသတ္တိ)က အကြောင်းတရား၊ ဘဝင် ဝေဒနာက္ခန္ဓာက အကျိုးတရား။
五、业(=34)的业力是因法,有分受蕴是果法。
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး ၆။ ဝတ္ထု (= ၆ = ၅၄)က အကြောင်းတရား၊ ဘဝင် ဝေဒနာက္ခန္ဓာက အကျိုးတရား။
三种现在因。六、所依处〔心脏内六种色聚=五十四种色法〕是因法,有分受蕴是果法。
၇။ အာရုံက (= ကံအာရုံက) အကြောင်းတရား၊ ဘဝင် ဝေဒနာက္ခန္ဓာက အကျိုးတရား။
七、所缘(=业所缘)是因法,有分受蕴是果法。
၈။ ဖဿ = (က) ရှေးရှေး ဘဝင် မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ဘဝင် ဝေဒနာက္ခန္ဓာက အကျိုးတရား။
八、触:(甲)前前有分意触(=34)是因法,有分受蕴是果法。
( ခ ) နောက်နောက်သော ဘဝင် မနောသမ္ဖဿ (= ၃၄ - ဝေဒနာ = ၃၃)က အကြောင်းတရား၊ ဘဝင် ဝေဒနာက္ခန္ဓာက အကျိုးတရား။
(乙)后后有分意触(=34-受=33)是因法,有分受蕴是果法。
မှတ်ချက် --- ဤ၌ ဘဝင် မနောသမ္ဖဿ နှစ်မျိုးကို ဖော်ပြထားပါသည်။ ရှေးရှေးသော ဘဝင် မနောသမ္ဖဿ တရားသည် နောက်နောက်သော ဘဝင် နာမက္ခန္ဓာအား အနန္တရစသော သတ္တိဖြင့် ကျေးဇူးပြုပေး၏။ ရှေးရှေးသော
注——这里列出了两种有分意触。前前有分意触以无间等缘力资助后后有分名蕴。所谓前前——
原书第 263 页
ပဋိစ္စသမုပ္ပါဒ်ပိုင်း - အပိုင်း (က) ဘဝင် မနောသမ္ဖဿအရ ဘဝင်နာမ်တရား (၃၄)လုံးကိုပင် အရကောက်ယူပါ။ ကျေးဇူးပြုခံရသော ဘဝင်ကို နောက်နောက်သော ဘဝင်ဟု ခေါ်ဝေါ်သုံးစွဲထားပါသည်။ ယင်းနောက်နောက်သော ဘဝင်၌ နာမ်တရား (၃၄)လုံး ရှိရာ ဝေဒနာကို အကျိုးယူထားသဖြင့် ယင်းဝေဒနာ၏ သဟဇာတ အကြောင်းတရားတို့မှာ ယင်းဝေဒနာမှ တစ်ပါးသော ကြွင်းကျန်သော နာမ်တရား (၃၃)လုံးတို့ ဖြစ်ကြသည်။ ယင်းနာမ်တရား (၃၃)လုံးတို့ကို နောက်- နောက်သော ဘဝင်မနောသမ္ဖဿဟု ခေါ်ဝေါ်သုံးစွဲထားပါသည်။
——有分意触,应取有分的全部三十四种名法。受到前前有分资助的有分,称为后后有分。这个后后有分中有三十四种名法;既然取受为果法,与该受俱生的因法就是除受以外的其余三十三种名法。这里把这三十三种名法称为“后后有分意触”。
ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခ မသုခံ ဝါ။ (သံ-၂-၂၄၉။) ယမိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒနာဂတံ သညာဂတံ သင်္ခါရဂတံ ဝိညာဏဂတံ။ (မ-၃-၃၂၆၊၊) ဖဿ သမုဒယာ ဝေဒနာသမုဒယော။ (သံ-၂-၅၁။) ဤအထက်ပါ ဒေသနာတော်တို့၌ မနောသမ္ဖဿကို အကြောင်းခံ၍ ဖြစ်ပေါ်လာကြသော သုခဝေဒနာ ဒုက္ခဝေဒနာ ဥပေက္ခာဝေဒနာတို့ကိုလည်းကောင်း၊ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာ တို့ကိုလည်းကောင်း ဝိပဿနာရှုရန် ညွှန်ကြားထားတော်မူ၏။ ယင်းဝေဒနာအမျိုးမျိုးတို့ကား စိတ္တက္ခဏတစ်ခု၏ အတွင်း၌ ပြိုင်တူ ဖြစ်နိုင်သောတရားတို့ကား မဟုတ်၊ စိတ္တက္ခဏတစ်ခု၏ အတွင်း၌ ဝေဒနာတစ်မျိုးစီသာ ဖြစ်ခွင့်ရှိ၏။ သို့အတွက် ယင်းဝေဒနာတို့မှာ သို့မဟုတ် နာမ်ခန္ဓာ (၄)ပါးတို့မှာ အကြောင်းဖြစ်သော မနော- သမ္ဖဿနှင့် စိတ္တက္ခဏချင်း မတူသော်လည်း ရှိရာ၏၊ တူသော်လည်း ရှိရာ၏။ စိတ္တက္ခဏချင်း မတူညီသော
巴利原串:“ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခ မသုခံ ဝါ။”缅文出处原串:“(သံ-၂-၂၄၉။)”(《相应部》2-249。)译:“凡由意触为缘所生的所受,或乐、或苦、或不苦不乐。”巴利原串:“ယမိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒနာဂတံ သညာဂတံ သင်္ခါရဂတံ ဝိညာဏဂတံ။”缅文出处原串:“(မ-၃-၃၂၆၊၊)”(《中部》3-326。)译:“凡由意触为缘所生的受类、想类、行类、识类。”巴利原串:“ဖဿ သမုဒယာ ဝေဒနာသမုဒယော။”缅文出处原串:“(သံ-၂-၅၁။)”(《相应部》2-51。)译:“由于触生起,受生起。”在以上教说中,世尊指示:应以意触为因而生的乐受、苦受、舍受,以及受蕴、想蕴、行蕴、识蕴为所缘修毗婆舍那。这些不同的受不能在同一心刹那内同时生起;一个心刹那中只容许生起一种受。因此,这些受,或这四个名蕴,与作为因法的意触,心刹那有时不同,有时相同。心刹那不同的——
မနောသမ္ဖဿကို ရှေးရှေးသော မနောသမ္ဖဿဟုလည်းကောင်း စိတ္တက္ခဏချင်း တူညီသော မနောသမ္ဖဿကို နောက်နောက်သော မနောသမ္ဖဿဟုလည်းကောင်း ခေါ်ဝေါ်သုံးစွဲထားပါသည်။ အရာရာ၌ နည်းတူပင် မှတ်ပါ။
——意触,称为前前意触;心刹那相同的意触,称为后后意触。一切处都应同样理解。
ဘဝင် သညာက္ခန္ဓာ
有分想蕴
၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ ဝေဒနာက္ခန္ဓာနှင့် အားလုံးတူသည်။ မတူသည်ကိုသာဆိုအံ့ --- ၈။ ဖဿ = (က) ရှေးရှေး ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ သညာက္ခန္ဓာက အကျိုးတရား
第一至第七项全部与受蕴相同,只说明不同之处。八、触:(甲)前前有分意触(=34)是因法,有分想蕴是果法。
( ခ ) နောက်နောက် ဘဝင်မနောသမ္ဖဿ (= ၃၄ - သညာ = ၃၃)က အကြောင်းတရား၊ သညာ-
(乙)后后有分意触(=34-想=33)是因法,想——
က္ခန္ဓာက အကျိုးတရား။
——蕴是果法。
ဘဝင် သင်္ခါရက္ခန္ဓာ (စေတနာကို ကောက် - ပ -)
有分行蕴(第一种方法:摄取思)
၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ ဝေဒနာက္ခန္ဓာနှင့် အားလုံးတူသည်။ မတူသည်ကိုသာဆိုအံ့ --- ၈။ ဖဿ = (က) ရှေးရှေး ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ သင်္ခါရက္ခန္ဓာက အကျိုးတရား။
第一至第七项全部与受蕴相同,只说明不同之处。八、触:(甲)前前有分意触(=34)是因法,有分行蕴是果法。
( ခ ) နောက်နောက် ဘဝင်မနောသမ္ဖဿ (= ၃၄ - စေတနာ = ၃၃)က အကြောင်းတရား၊ သင်္ခါရက္ခန္ဓာက အကျိုးတရား။
(乙)后后有分意触(=34-思=33)是因法,有分行蕴是果法。
ဘဝင် သင်္ခါရက္ခန္ဓာ (စေတသိက် - ၃၁ - လုံးကို ကောက် - ဒု -)
有分行蕴(第二种方法:摄取三十一个心所)
၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ ဝေဒနာက္ခန္ဓာနှင့် အားလုံးတူသည်။ မတူသည်ကိုသာ ဆိုအံ့ ---- ၈။ ဖဿ = (က) ရှေးရှေး ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ သင်္ခါရက္ခန္ဓာက အကျိုးတရား။
第一至第七项全部与受蕴相同,只说明不同之处。八、触:(甲)前前有分意触(=34)是因法,有分行蕴是果法。
( ခ ) နောက်နောက် ဘဝင်နာမ်ခန္ဓာ (၃)ပါးက အကြောင်းတရား၊ သင်္ခါရက္ခန္ဓာက အကျိုးတရား။
(乙)后后有分的其余三个名蕴是因法,有分行蕴是果法。
原书第 264 页
ဘဝင် ဝိညာဏက္ခန္ဓာ
有分识蕴
၁။ ၂။ ၃။ ၄။ ၅။ အတိတ်အကြောင်းတရား (၅)ပါး ဝေဒနာက္ခန္ဓာနှင့် တူသည်။
第一至第五项五种过去因,与有分受蕴相同。
ပစ္စုပ္ပန်အကြောင်းတရား (၂) ပါး ၆။ ဖဿ = ရှေးရှေး ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ဝိညာဏက္ခန္ဓာက အကျိုးတရား။
两种现在因。六、触,即前前有分意触(=34),是因法;有分识蕴是果法。
၇။ နာမ်+ရုပ်က အကြောင်းတရား၊ ဝိညာဏက္ခန္ဓာက အကျိုးတရား။
七、名色是因法,有分识蕴是果法。
〔နာမ် = ယှဥ်ဖက် စေတသိက် (၃၃)တည်း။ ရုပ် = မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ်တည်း။〕 အနန္တရအကြောင်းတရား ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော။
〔“名”即三十三个相应心所;“色”即所依处色与所缘色。〕无间缘——巴利原串:“ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော။”译:“前前无记法以无间缘为后后无记法之缘。”
(ပဋ္ဌာန-၁-၃။)
缅文出处原串:“(ပဋ္ဌာန-၁-၃။)”(《发趣论》1-3。)
ဤဒေသနာတော်အရ ဝိပါက် အဗျာကတတရားဖြစ်သော ရှေးရှေး ဘဝင်နာမ်တရားစုသည် ဝိပါက် အဗျာ- ကတဖြစ်သော နောက်နောက် ဘဝင်နာမ်တရားစုအား အနန္တရစသော ပစ္စယသတ္တိဖြင့် ကျေးဇူးပြုလျက် ပင်ရှိ၏။
依这段教说,作为果报无记法的前前有分名法组,以无间等缘力资助作为果报无记法的后后有分名法组。
''သူတည်း တစ်ယောက်၊ ကောင်းဖို့ရောက်မူ၊ သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း'' --- ဟူသကဲ့သို့ နာမ်တရားတို့သည် ရှေးရှေး စိတ္တက္ခဏ ချုပ်သွားပါမှသာလျှင် နောက်နောက် စိတ္တက္ခဏသည် ဖြစ်ပေါ်လာနိုင်၏။
正如缅文偈所说:“一者若将生,一者必先灭,此乃法尔。”名法也只有在前前心刹那灭去以后,后后心刹那才可能生起。
ရှေးရှေး စိတ္တက္ခဏ ချုပ်ပျက်သွားခြင်းသည် နောက်နောက် စိတ္တက္ခဏ ဖြစ်ဖို့ရန် အကြောင်းတရား ဖြစ်၏။
前前心刹那的灭去,是后后心刹那得以生起的因法。
ရှေးရှေး စိတ္တက္ခဏသည် ချုပ်ပျက်သွားသောအခါ နောက်နောက် စိတ္တက္ခဏ ဖြစ်ပေါ်လာနိုင်အောင် ကျေးဇူး ပြုပြီးမှသာလျှင် ချုပ်ပျက်သွား၏။ သို့အတွက် ဝီထိစိတ်များနှင့် စိတ္တက္ခဏအားဖြင့် နှစ်ခု သုံးခုစသည်ဖြင့် ကွာခြား နေသော ဘဝင်ကို ယူ၍ ရှုခဲ့လျှင် ဖဿအရာ၌ --- (က) ရှေးရှေး ဘဝင် မနောသမ္ဖဿ (= ၃၄) ( ခ ) နောက်နောက် ဘဝင် မနောသမ္ဖဿ (= ၃၄ - ဝေဒနာ = ၃၃။) ဤသို့စသည်ဖြင့် နှစ်မျိုးခွဲလျက် ဖော်ပြထားပါသည်။ တစ်ဖန် --- ယေသံ ယေသံ ဓမ္မာနံ အနန္တရာ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ (ပဋ္ဌာန-၁-၃။) ဤဒေသနာတော်အရ ဇောနောင် ဘဝင်ကျသည့် ဝါရ၌ ဇောနောင် ကပ်လျက်ရှိသော ဘဝင်၏ အကြောင်း တရားတို့ကို သိမ်းဆည်းခဲ့လျှင် --- ဖဿအရ - (က) ဇော မနောသမ္ဖဿ - ( ခ ) ရှုသည့် ဘဝင် မနောသမ္ဖဿ (= ၃၄ - ဝေဒနာ = ၃၃)
前前心刹那灭去时,先资助后后心刹那使其能够生起,然后才灭去。因此,如果所观的有分与前一有分之间隔着路心,在心刹那上相隔二个、三个等,触便分列为:(甲)前前有分意触(=34);(乙)后后有分意触(=34-受=33)等。又有巴利原串:“ယေသံ ယေသံ ဓမ္မာနံ အနန္တရာ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။”缅文出处原串:“(ပဋ္ဌာန-၁-၃။)”(《发趣论》1-3。)译:“无论哪些心与心所法紧接哪些法之后生起,前面的那些法都以无间缘为后面的这些法之缘。”依这段教说,在速行之后落入有分的场合,如果摄取紧接速行之后那个有分的因法,触应取为:(甲)速行意触;(乙)所观有分意触(=34-受=33)。
ဤသို့ စသည်ဖြင့် ကောက်ယူပါ။ အကယ်၍ တဒါရုံနောင် ဘဝင်ကျသည့် ဝါရ ဖြစ်အံ့၊ တဒါရုံနောင် ကပ်လျက်ရှိသော ဘဝင်၏ အကြောင်းတရားတို့ကို သိမ်းဆည်းလိုသည် ဖြစ်အံ့ --- ဖဿအရ (က) တဒါရုံ မနောသမ္ဖဿ - ( ခ ) ရှုသည့် ဘဝင် မနောသမ္ဖဿ (= ၃၄ - ဝေဒနာ = ၃၃) ---
应当如此取法。如果是在彼所缘之后落入有分的场合,而要摄取紧接彼所缘之后那个有分的因法,触应取为:(甲)彼所缘意触;(乙)所观有分意触(=34-受=33)——
原书第 265 页
ပဋိစ္စသမုပ္ပါဒ်ပိုင်း - အပိုင်း (က) ဤသို့ စသည်ဖြင့် အရကောက်ယူပါ။ နှစ်မျိုးခွဲ ရှုပါ။ အကယ်၍ ပဋိသန္ဓေ၏ နောင်၌ ကပ်လျက်ရှိသော ပထမဘဝင်၏ အကြောင်းတရားတို့ကို သိမ်းဆည်းလိုခဲ့သော် ဖဿအရ --- (က) ပဋိသန္ဓေ မနောသမ္ဖဿ (= ၃၄) ( ခ ) ပထမ ဘဝင် မနောသမ္ဖဿ (= ၃၄ - ဝေဒနာ = ၃၃) ဤသို့ စသည်ဖြင့် ကောက်ယူပါ။ ဤသို့ စသည်ဖြင့် ဖဿအရ နှစ်မျိုးကောက်ယူပုံကို သဘောပေါက်လေ ရာသည်။
——应当如此取法,并分为两种来观。若要摄取紧接结生之后的第一有分之因法,触应取为:(甲)结生意触(=34);(乙)第一有分意触(=34-受=33)。应当如此取法。对于依触取两种因法的方法,应当这样理解。
ဘဝနိကန္တိက လောဘဇောဝီထိ
新有贪速行心路
ပဋိသန္ဓေနောင်၌ ဘဝင် (၁၅)ကြိမ်၊ သို့မဟုတ် (၁၆)ကြိမ် ဖြစ်ပြီးလျှင် မနောဒွါရာဝဇ္ဇန်း (၁)ကြိမ်၊ ဘဝနိကန္တိက လောဘဇော (၇)ကြိမ် ဖြစ်၏။ ဘဝနိကန္တိက လောဘဇောဟူသည် မိမိရရှိသည့် ယောကျာ်းဘဝသစ်၊ သို့မဟုတ် မိန်းမဘဝသစ်ကို တွယ်တာတပ်မက်သည့် လောဘဇောတည်း။ မနောဒွါရာဝဇ္ဇန်း၌ ခန္ဓာငါးပါး၊ ဇော အသီးအသီး၌ ခန္ဓာငါးပါးစီ ရှိကြ၏။ ယင်းခန္ဓာငါးပါးတို့၏ အကြောင်းတရားတို့ကို သိမ်းဆည်းပုံမှာ ဓမ္မာရုံလိုင်း မနောဒွါရိက လောဘဇောဝီထိနှင့် တူ၏။ နည်းမှီး၍ သိမ်းဆည်းပါ။ ထူးသည်မှာ ဤဘဝနိကန္တိက လောဘဇော ဝီထိ၌ အာရုံဟူသည် ဘဝသစ်အာရုံတည်း။ အမျိုးသားယောဂီဖြစ်လျှင် အမျိုးသားဘဝသစ် အာရုံတည်း။
结生之后,有分生起十五次或十六次,随后生起一次意门转向和七次新有贪速行。所谓新有贪速行,就是贪著自己新获得的男性新有或女性新有的贪速行。意门转向有五蕴,每一个速行也各有五蕴。摄取这些五蕴因法的方法,与法所缘路线中的意门贪速行心路相同;应比照该法摄取。所不同的是,在这条新有贪速行心路中,所缘是新有。男性瑜伽行者的所缘是男性新有。
အမျိုးသမီးယောဂီဖြစ်လျှင် အမျိုးသမီးဘဝသစ် အာရုံတည်း။
女性瑜伽行者的所缘是女性新有。
တစ်ဖန် ဘဝတစ်လျှောက် ဖြစ်ပေါ်နေသော ဝီထိစိတ် အမျိုးအစားများမှာ စက္ခုဒွါရဝီထိ၊ သောတဒွါရဝီထိ၊ ဃာနဒွါရဝီထိ၊ ဇိဝှါဒွါရဝီထိ၊ ကာယဒွါရဝီထိ၊ မနောဒွါရ ဝီထိဟု ဝီထိအမျိုးအစား (၆)မျိုးသာ ရှိသဖြင့်၊ ယင်းဝီထိ (၆)မျိုးတို့၌ အကြောင်းနှင့် အကျိုး ဆက်စပ်လျက် အကြောင်းတရားနှင့် အကျိုးတရားတို့၏ ကြောင်း-ကျိုး ဆက်နွယ်မှုသဘောကို ဉာဏ်ဖြင့် မြင်အောင်ရှု၍ အကြောင်းတရား အကျိုးတရား သိမ်းဆည်းနည်းတို့ကို ဖော်ပြ လိုက်လျှင် ဘဝတစ်လျှောက် တိုးလျှိုပေါက် သဘောပေါက်နိုင်သဖြင့် ယင်း (၆)မျိုးသော ဝီထိစိတ်တို့၏ စိတ္တက္ခဏ- တိုင်း စိတ္တက္ခဏတိုင်း၌ ခန္ဓာငါးပါးနည်းဖြင့် အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပုံကို ဆက်လက် ဖော်ပြအပ်ပါသည်။
再者,一生中所生起的心路只有六类:眼门心路、耳门心路、鼻门心路、舌门心路、身门心路与意门心路。若能就这六类心路,以智观见因果彼此关联以及因法与果法之间的因果联系,并说明摄取因法与果法的方法,便能贯通理解一生。因此,下面继续说明:在这六类心路的每一个心刹那中,如何以五蕴法摄取因法与果法。
အသင်သူတော်ကောင်းသည် သမာဓိကို အဆင့်ဆင့် ထူထောင်ပြီးလျှင် စက္ခုအကြည်ဓာတ်ခေါ်သည့် စက္ခုဒွါရနှင့် ဘဝင်မနောအကြည်ဓာတ်ခေါ်သည့် မနောဒွါရဟူသော ဒွါရနှစ်ခုတို့ကို ပူးတွဲသိမ်းဆည်းပြီးလျှင် ရုပ်ကလာပ်အများစု၏ ရူပါရုံအရောင်ကို လှမ်း၍ အာရုံယူပါ။ ထိုအခါ စက္ခုဒွါရဝီထိနှင့် ရူပါရုံကို ဆက်လက်အာရုံ ယူသည့် မနောဒွါရဝီထိများ ဖြစ်ပေါ်လာကြမည် ဖြစ်သည်။ ဤ၌ အတိမဟန္တာရုံ စက္ခုဒွါရဝီထိနှင့် ဝိဘူတာရုံ မနောဒွါရဝီထိတို့၌ အကြောင်းတရား အကျိုးတရား သိမ်းဆည်းပုံကို ဖော်ပြအပ်ပါသည်။ မဟန္တာရုံဝီထိ၊ ပရိတ္တာရုံ ဝီထိ၊ အဝိဘူတာရုံဝီထိတို့၌လည်း နည်းမှီး၍ ရှုပါ။ အသင်သူတော်ကောင်းသည် နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယား များကို ပြန်လည်၍ အာရုံယူထားပါ။
贤善的您逐步建立定力以后,把称为眼净色的眼门与称为有分意净界的意门这两门一并摄取;随后,远取多数色聚的颜色,即色所缘,作为所缘。此时,眼门心路与继续取该色所缘的诸意门心路便会生起。这里说明如何在取极大所缘的眼门心路及取清晰所缘的意门心路中摄取因法与果法。对于大所缘心路、微细所缘心路与不清晰所缘心路,也应比照此法观照。贤善的您应重新温习名业处篇的诸表。
ရူပါရုံ အရောင်လိုင်း - ပဉ္စဒွါရာဝဇ္ဇန်း (= ဆင်ခြင်) ခန္ဓာ (၅) ပါး
色所缘路线:五门转向(审察)五蕴
၁။ ပဉ္စဒွါရာဝဇ္ဇန်း၏ မှီရာ ဟဒယ၌ရှိသော ရုပ် (၅၄)မျိုးနှင့် ရူပါရုံက ရူပက္ခန္ဓာ။
一、五门转向所依的心脏内五十四种色法与色所缘,是色蕴。
၂။ ပဉ္စဒွါရာဝဇ္ဇန်း နာမ်တရား (၁၁)လုံးမှ ဝေဒနာက ဝေဒနာက္ခန္ဓာ။
二、五门转向十一种名法中的受,是受蕴。
၃။ ပဉ္စဒွါရာဝဇ္ဇန်း နာမ်တရား (၁၁)လုံးမှ သညာက သညာက္ခန္ဓာ။
三、五门转向十一种名法中的想,是想蕴。
၄။ ပဉ္စဒွါရာဝဇ္ဇန်း နာမ်တရား (၁၁)လုံးမှ စေတနာက သင်္ခါရက္ခန္ဓာ။ (ပ)
四、五门转向十一种名法中的思,是行蕴(第一种方法)。
原书第 266 页
ပဉ္စဒွါရာဝဇ္ဇန်း နာမ်တရား (၁၁)လုံးမှ ကျန်စေတသိက် (= ၈-လုံး)က သင်္ခါရက္ခန္ဓာ။ (ဒု) ၅။ ပဉ္စဒွါရာဝဇ္ဇန်း နာမ်တရား (၁၁)လုံးမှ အသိစိတ်ဝိညာဏ်က ဝိညာဏက္ခန္ဓာ။
五门转向十一种名法中其余八个心所,是行蕴(第二种方法)。五、五门转向十一种名法中的能知之识,是识蕴。
ပဉ္စဒွါရာဝဇ္ဇန်း - ရူပက္ခန္ဓာ
五门转向色蕴
အတိတ်အကြောင်းတရား (၅) ပါး ၁။ အဝိဇ္ဇာ (=၂ဝ)က အကြောင်းတရား၊ (ကမ္မဇရုပ်) ရူပက္ခန္ဓာက အကျိုးတရား။
五种过去因。一、无明(=20)是因法,(业生色)色蕴是果法。
၂။ တဏှာ (=၂ဝ)က အကြောင်းတရား၊ (ကမ္မဇရုပ်) ရူပက္ခန္ဓာက အကျိုးတရား။
二、爱(=20)是因法,(业生色)色蕴是果法。
၃။ ဥပါဒါန် (=၂ဝ)က အကြောင်းတရား၊ (ကမ္မဇရုပ်) ရူပက္ခန္ဓာက အကျိုးတရား။
三、取(=20)是因法,(业生色)色蕴是果法。
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ (ကမ္မဇရုပ်) ရူပက္ခန္ဓာက အကျိုးတရား။
四、行(=34)是因法,(业生色)色蕴是果法。
၅။ ကံ (= ၃၄-၏ ကမ္မသတ္တိ)က အကြောင်းတရား၊ (ကမ္မဇရုပ်) ရူပက္ခန္ဓာက အကျိုးတရား။
五、业(=34)的业力是因法,(业生色)色蕴是果法。
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး ၆။ စိတ်က အကြောင်းတရား၊ (စိတ္တဇရုပ်) ရူပက္ခန္ဓာက အကျိုးတရား။
三种现在因。六、心是因法,(心生色)色蕴是果法。
၇။ ဥတုက အကြောင်းတရား၊ (ဥတုဇရုပ်) ရူပက္ခန္ဓာက အကျိုးတရား။
七、时节是因法,(时节生色)色蕴是果法。
၈။ အာဟာရက အကြောင်းတရား၊ (အာဟာရဇရုပ်) ရူပက္ခန္ဓာက အကျိုးတရား။
八、食是因法,(食生色)色蕴是果法。
ပဉ္စဒွါရာဝဇ္ဇန်း = ဆင်ခြင်စိတ် --- ဤစိတ်သည် အာရုံကို အာရုံပြုကာမတ္တသာ ဖြစ်သောကြောင့် ကိရိယာ- စိတ် ဖြစ်၏။ အတိတ်အကြောင်းတရားကြောင့် ဖြစ်ပေါ်လာသော စိတ်မဟုတ်ပေ။ ပစ္စုပ္ပန်အကြောင်းတရားများ ကြောင့်သာ ဖြစ်ပေါ်လာရသော စိတ်ဖြစ်၏။ သို့သော် မှီရာ ဝတ္ထုရုပ်များဘက်၌ကား ကံ-စိတ်-ဥတု-အာဟာရ ဟူသော အကြောင်းတရား (၄)မျိုးတို့ကြောင့် ဖြစ်ကြသော ရုပ်တရားအပေါင်းအစုများ ဖြစ်ကြသဖြင့် အကြောင်း တရား (၄)မျိုးလုံးနှင့်ပင် အကြောင်းအကျိုးစပ်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရမည် ဖြစ်သည်။
五门转向=审察心。此心只是取所缘为所缘,所以是唯作心,并非由过去因法所生,而只由现在因法所生。然而,在作为其所依的色法一边,各组色法是由业、心、时节、食四种因所生;因此,应把四种因全部纳入,将因法与果法依因果关系结合起来摄取。
ရူပါရုံလိုင်း - ပဉ္စဒွါရာဝဇ္ဇန်း - ဝေဒနာက္ခန္ဓာ
色所缘路线:五门转向受蕴
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး ၁။ ဝတ္ထု (= ဟဒယ၌ရှိသော ရုပ် - ၅၄ - မျိုး)က အကြောင်းတရား၊ ဝေဒနာက္ခန္ဓာက အကျိုးတရား။
三种现在因。一、所依处(=心脏内五十四种色法)是因法,受蕴是果法。
၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ဝေဒနာက္ခန္ဓာက အကျိုးတရား။
二、所缘(=色所缘)是因法,受蕴是果法。
၃။ ဖဿ = (က) ဘဝင် မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ဝေဒနာက္ခန္ဓာက အကျိုးတရား။
三、触:(甲)有分意触(=34)是因法,受蕴是果法。
( ခ ) ပဉ္စဒွါရာဝဇ္ဇန်း မနောသမ္ဖဿ (= ၁၁ - ဝေဒနာ = ၁ဝ)က အကြောင်းတရား၊ ဝေဒနာက္ခန္ဓာ-
(乙)五门转向意触(=11-受=10)是因法,受蕴——
က အကျိုးတရား။
——是果法。
မှတ်ချက် --- ဘဝင်္ဂါဒိကော ကိရိယဿ - (ဝိသုဒ္ဓိ-၂-၂၃၄။)ဟူသော ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာနှင့်အညီ ကိရိယာစိတ်ဖြစ်သော ပဉ္စဒွါရာဝဇ္ဇန်း၏ ရှေး၌ဖြစ်သော ဘဝင်နာမ်တရားစုတို့ကလည်း ပဉ္စဒွါရာဝဇ္ဇန်း ကိရိယာ နာမ်တရားစုအား အနန္တရစသော ပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးလျက်ပင် ရှိ၏။ ပဉ္စဒွါရာဝဇ္ဇန်း နာမ်တရား (၁၁)လုံးတွင် ပါဝင်သော ဖဿကလည်း တစ်နည်းဆိုသော် ဖဿဦးဆောင်သည့် နာမ်တရားစုကလည်း သဟဇာတ အညမည စသော ပစ္စယသတ္တိတို့ဖြင့် ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာအား ကျေးဇူးပြုပေးလျက်ပင် ရှိ၏။
注:依《清净道论义注》所说“ဘဝင်္ဂါဒိကော ကိရိယဿ”,即“有分等〔资助〕唯作心”〔缅文出处原串:‘(ဝိသုဒ္ဓိ-၂-၂၃၄။)’(《清净道论》2-234。)〕,在作为唯作心的五门转向之前生起的有分名法组,也以无间等缘力资助五门转向唯作名法组。五门转向十一种名法中所含的触——换言之,以触为首的名法组——也以俱生缘、相互缘等缘力资助五门转向受蕴。
原书第 267 页
ပဋိစ္စသမုပ္ပါဒ်ပိုင်း - အပိုင်း (က) ဘဝင်တွင် တိဟိတ် သောမနဿဘဝင်ကို ရည်ရွယ်၍ ဖဿကို ဦးတည်လျက် (၃၄)ဟု ဖော်ပြထားပါသည်။
对于有分,是针对三因悦俱有分,并以触为首而标作(34)。
ပဉ္စဒွါရာဝဇ္ဇန်းတွင် နာမ်တရား (၁၁)လုံး ရှိသဖြင့် အကျိုးဝေဒနာကို နှုတ်သော် ကြွင်းကျန်သော နာမ်တရားများမှာ (၁ဝ) ဖြစ်ကြသည်။ သို့အတွက် ဖဿကို ဦးတည်၍ (၁ဝ)ဟု ဖော်ပြထားပါသည်။ သညာက္ခန္ဓာစသည်တို့၌လည်း နည်းတူပင် မှတ်ပါ။ တစ်ဖန် ဤပဉ္စဒွါရဝီထိ မနောဒွါရဝီထိတို့တွင် ပဉ္စဝိညာဏ်မှ တစ်ပါးသော ဝီထိစိတ်အားလုံး တို့သည် ဟဒယဝတ္ထုကိုသာ မှီ၍ ဖြစ်ကြသဖြင့် --- ဝတ္ထု (= ဟဒယ = ၆ = ၅၄)ဟု ဖော်ပြလျှင် ဟဒယ၌ တည်ရှိ ကြသော ဟဒယဝတ္ထုနှင့်တကွသော ရုပ်ကလာပ်အမျိုးအစား (၆)မျိုး၊ ရုပ်အမျိုးအစား (၅၄)တို့ကို ဆိုလိုသည်ဟု လည်း သဘောပေါက်ပါ။ အလားတူပင် (စက္ခု = ၆ = ၅၄)ဟု ဆိုရာ၌လည်း စက္ခုဝတ္ထုနှင့်တကွသော ရုပ်ကလာပ် (၆)မျိုး၊ ရုပ်အမျိုးအစား (၅၄)တို့ကိုပင် ရည်ညွှန်းထားသည်ဟုမှတ်ပါ။ သောတဝတ္ထုစသည်တို့၌လည်း နည်းတူ ပင်တည်း။ တစ်ဖန် ယခုဖော်ပြနေသော စိတ္တက္ခဏတိုင်း၌ တည်ရှိသော ခန္ဓာငါးပါးတို့မှာ ရူပါရုံကို အာရုံယူနေသည့်
五门转向有十一种名法,扣除作为果法的受以后,其余名法为十种,所以以触为首而标作(10)。想蕴等也应同样理解。再者,在这些五门心路与意门心路中,除五识外的一切心路心都只依心所依处生起;因此,若写作“所依处(=心脏=6=54)”,应理解为指心脏中含心所依处色的六种色聚和五十四种色法。同样,若写作“眼(=6=54)”,也是指含眼所依处色的六种色聚和五十四种色法;耳所依处等亦然。再者,这里所说明的每一个心刹那中的五蕴,都是取色所缘为所缘的——
အကောင်းအုပ်စု မဟာကုသိုလ် သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိကဇောစောသည့် စက္ခုဒွါရဝီထိ မနောဒွါရဝီထိတို့ ဖြစ်ကြသည်။ ဇယားတွင် ပထမအတန်း ဖြစ်သည်။ (နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားကို ပြန်ကြည့်ပါ၊၊)
——善法组,即欲界大善悦俱智相应无行速行的眼门心路与意门心路;在表中列在第一行。(请回看名业处篇诸表。)
ရူပါရုံလိုင်း - ပဉ္စဒွါရာဝဇ္ဇန်း - သညာက္ခန္ဓာ
色所缘路线:五门转向想蕴
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး ၁။ ဝတ္ထု (= ဟဒယ = ၆ = ၅၄)က အကြောင်းတရား၊ သညာက္ခန္ဓာက အကျိုးတရား။
三种现在因。一、所依处(=心脏=6=54)是因法,想蕴是果法。
၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ သညာက္ခန္ဓာက အကျိုးတရား။
二、所缘(=色所缘)是因法,想蕴是果法。
၃။ ဖဿ = (က) ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ သညာက္ခန္ဓာက အကျိုးတရား။
三、触:(甲)有分意触(=34)是因法,想蕴是果法。
( ခ ) ဆင်ခြင် မနောသမ္ဖဿ (= ၁၁ - သညာ = ၁ဝ)က အကြောင်းတရား၊ သညာက္ခန္ဓာက
(乙)审察意触(=11-想=10)是因法,想蕴——
အကျိုးတရား။
——是果法。
ရူပါရုံလိုင်း - ပဉ္စဒွါရာဝဇ္ဇန်း - သင်္ခါရက္ခန္ဓာ
色所缘路线:五门转向行蕴
(ပထမနည်း - စေတနာကို ကောက်)
(第一种方法:摄取思)
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး ၁။ ဝတ္ထု (= ဟဒယ = ၆ = ၅၄)က အကြောင်းတရား၊ သင်္ခါရက္ခန္ဓာက အကျိုးတရား။
三种现在因。一、所依处(=心脏=6=54)是因法,行蕴是果法。
၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ သင်္ခါရက္ခန္ဓာက အကျိုးတရား။
二、所缘(=色所缘)是因法,行蕴是果法。
၃။ ဖဿ = (က) ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ သင်္ခါရက္ခန္ဓာက အကျိုးတရား။
三、触:(甲)有分意触(=34)是因法,行蕴是果法。
( ခ ) ဆင်ခြင်မနောသမ္ဖဿ (= ၁၁ - စေတနာ = ၁ဝ)က အကြောင်းတရား၊ သင်္ခါရက္ခန္ဓာက
(乙)审察意触(=11-思=10)是因法,行蕴——
အကျိုးတရား။
——是果法。
ရူပါရုံလိုင်း - ပဉ္စဒွါရာဝဇ္ဇန်း - သင်္ခါရက္ခန္ဓာ
色所缘路线:五门转向行蕴
(ဒုတိယနည်း စေတသိက် - ၃၁ - လုံးယူ)
(第二种方法:摄取三十一个心所)
ပစ္စုပ္ပန်အကြောင်းတရား (၄) ပါး ၁။ ဝတ္ထု (= ဟဒယ = ၆ = ၅၄)က အကြောင်းတရား၊ သင်္ခါရက္ခန္ဓာက အကျိုးတရား။
四种现在因。一、所依处(=心脏=6=54)是因法,行蕴是果法。
၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ သင်္ခါရက္ခန္ဓာက အကျိုးတရား။
二、所缘(=色所缘)是因法,行蕴是果法。
၃။ ဖဿ = ဘဝင် မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ သင်္ခါရက္ခန္ဓာက အကျိုးတရား။
三、触,即有分意触(=34)是因法,行蕴是果法。
၄။ ကျန်နာမ်ခန္ဓာ (၃)ပါး က အကြောင်းတရား၊ သင်္ခါရက္ခန္ဓာက အကျိုးတရား။
四、其余三个名蕴是因法,行蕴是果法。
原书第 268 页
မှတ်ချက် --- ကျန် နာမ်ခန္ဓာ (၃)ပါးဟု ဆိုရာတိုင်း၌ ဝေဒနာ သညာ ဝိညာဏ်ဟူသော နာမ်ခန္ဓာ (၃)ပါးကိုသာ ဆိုလိုသည်ဟု အမြဲ မှတ်ပါ။
注:凡说“其余三个名蕴”,都应始终记住:只是指受、想、识这三个名蕴。
ရူပါရုံလိုင်း - ပဉ္စဒွါရာဝဇ္ဇန်း - ဝိညာဏက္ခန္ဓာ
色所缘路线:五门转向识蕴
ပစ္စုပ္ပန်အကြောင်းတရား (၂) ပါး ၁။ ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ဝိညာဏက္ခန္ဓာက အကျိုးတရား။
两种现在因。一、有分意触(=34)是因法,识蕴是果法。
၂။ နာမ်+ရုပ်က အကြောင်းတရား၊ ဝိညာဏက္ခန္ဓာက အကျိုးတရား။
二、名色是因法,识蕴是果法。
နာမ်ဟူသည် ယှဥ်ဖက် စေတသိက် (၁ဝ)လုံးကို ဆိုလိုသည်။ ရုပ်ဟူသည် ဟဒယဝတ္ထုရုပ်နှင့် တကွသော မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံကို ဆိုလိုသည်။ မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ် မှန်သမျှသည် ရုပ်တရားစာရင်းတွင် ပါဝင်၍ ဖဿနှင့် တကွသော စေတသိက်ဟူသမျှသည် နာမ်စာရင်းတွင် ပါဝင်နေ၏။ သို့အတွက် ဝတ္ထု-အာရုံ- ဖဿ ဟူသော အကြောင်းတရားနှင့် နာမ်ရုပ်ဟူသော အကြောင်းတရားတို့သည် အမည်ကွဲသော်လည်း ပရမတ္ထ တရားကိုယ်ဓာတ်သားအားဖြင့်ကား တူညီလျက်ပင် ရှိပေသည်။
所谓“名”,是十个相应心所;所谓“色”,是心所依处一侧、包括心所依处色在内的五十四种色法以及色所缘。一切所依处色与所缘色都归入色法之列,一切含触在内的心所都归入名法之列。因此,称为“所依处—所缘—触”的因法与称为“名色”的因法,名称虽异,就胜义法自身的实质而言却完全相同。
ရူပါရုံလိုင်း - စက္ခုဝိညာဏ် (= မြင်သိ) ခန္ဓာ (၅) ပါး
色所缘路线:眼识(见知)五蕴
ဧတ္ထ ဟိ စက္ခု စေဝ ရူပဉ္စ ရူပက္ခန္ဓော၊ ဒဿနံ ဝိညာဏက္ခန္ဓော၊ တံ သမ္ပယုတ္တာ ဝေဒနာ ဝေဒနာက္ခန္ဓော၊ သညာ သညာက္ခန္ဓော၊ ဖဿာဒိကာ သင်္ခါရက္ခန္ဓော။ (မ-ဋ္ဌ-၁-၂၆၇။) ၁။ စက္ခုဝတ္ထုနှင့် တကွသော ရုပ် (၅၄)မျိုးနှင့် ရူပါရုံကား ရူပက္ခန္ဓာတည်း။
巴利原串:“ဧတ္ထ ဟိ စက္ခု စေဝ ရူပဉ္စ ရူပက္ခန္ဓော၊ ဒဿနံ ဝိညာဏက္ခန္ဓော၊ တံ သမ္ပယုတ္တာ ဝေဒနာ ဝေဒနာက္ခန္ဓော၊ သညာ သညာက္ခန္ဓော၊ ဖဿာဒိကာ သင်္ခါရက္ခန္ဓော။”缅文出处原串:“(မ-ဋ္ဌ-၁-၂၆၇။)”(《中部义注》1-267。)译:“于此,眼与色所缘是色蕴;见是识蕴;与它相应的受是受蕴,想是想蕴,以触等为首者是行蕴。”一、包括眼所依处色在内的五十四种色法与色所缘,是色蕴。
၂။ မြင်သိ နာမ်တရား (= ၈-လုံး)မှ ဝေဒနာသည် ဝေဒနာက္ခန္ဓာတည်း။
二、眼识八种名法中的受,是受蕴。
၃။ မြင်သိ နာမ်တရား (= ၈-လုံး)မှ သညာသည် သညာက္ခန္ဓာတည်း။
三、眼识八种名法中的想,是想蕴。
၄။ မြင်သိ နာမ်တရား (= ၈-လုံး)မှ စေတနာသည် သင်္ခါရက္ခန္ဓာတည်း။ (ပထမနည်း) မြင်သိ နာမ်တရား (= ၈-လုံး)မှ ကျန်စေတသိက် (၅)လုံးသည် သင်္ခါရက္ခန္ဓာတည်း။ (ဒုတိယနည်း) ၅။ မြင်သိ နာမ်တရား (= ၈-လုံး)မှ စက္ခုဝိညာဏ်သည် ဝိညာဏက္ခန္ဓာတည်း။
四、眼识八种名法中的思,是行蕴(第一种方法);眼识八种名法中其余五个心所,是行蕴(第二种方法)。五、眼识八种名法中的眼识,是识蕴。
ရူပါရုံလိုင်း - စက္ခုဝိညာဏ် - ရူပက္ခန္ဓာ
色所缘路线:眼识色蕴
အတိတ်အကြောင်းတရား (၅) ပါး ၁။ အဝိဇ္ဇာ (=၂ဝ)က အကြောင်းတရား၊ (ကမ္မဇရုပ်) ရူပက္ခန္ဓာက အကျိုးတရား။
五种过去因。一、无明(=20)是因法,(业生色)色蕴是果法。
၂။ တဏှာ (=၂ဝ)က အကြောင်းတရား၊ (ကမ္မဇရုပ်) ရူပက္ခန္ဓာက အကျိုးတရား။
二、爱(=20)是因法,(业生色)色蕴是果法。
၃။ ဥပါဒါန် (=၂ဝ)က အကြောင်းတရား၊ (ကမ္မဇရုပ်) ရူပက္ခန္ဓာက အကျိုးတရား။
三、取(=20)是因法,(业生色)色蕴是果法。
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ (ကမ္မဇရုပ်) ရူပက္ခန္ဓာက အကျိုးတရား။
四、行(=34)是因法,(业生色)色蕴是果法。
၅။ ကံ (= ၃၄-၏ ကမ္မသတ္တိ)က အကြောင်းတရား၊ (ကမ္မဇရုပ်) ရူပက္ခန္ဓာက အကျိုးတရား။
五、业(=34)的业力是因法,(业生色)色蕴是果法。
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး ၆။ စိတ်က အကြောင်းတရား၊ (စိတ္တဇရုပ်) ရူပက္ခန္ဓာက အကျိုးတရား။
三种现在因。六、心是因法,(心生色)色蕴是果法。
၇။ ဥတုက အကြောင်းတရား၊ (ဥတုဇရုပ်) ရူပက္ခန္ဓာက အကျိုးတရား။
七、时节是因法,(时节生色)色蕴是果法。
၈။ အာဟာရက အကြောင်းတရား၊ (အာဟာရဇရုပ်) ရူပက္ခန္ဓာက အကျိုးတရား။
八、食是因法,(食生色)色蕴是果法。
原书第 269 页
ရူပါရုံလိုင်း - စက္ခုဝိညာဏ် - ဝေဒနာက္ခန္ဓာ
色所缘路线:眼识受蕴
အတိတ်အကြောင်းတရား (၅) ပါး ၁။ အဝိဇ္ဇာ (=၂ဝ)က အကြောင်းတရား၊ စက္ခုဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
五种过去因。一、无明(=20)是因法,眼识受蕴是果法。
၂။ တဏှာ (=၂ဝ)က အကြောင်းတရား၊ စက္ခုဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
二、爱(=20)是因法,眼识受蕴是果法。
၃။ ဥပါဒါန် (=၂ဝ)က အကြောင်းတရား၊ စက္ခုဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
三、取(=20)是因法,眼识受蕴是果法。
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ စက္ခုဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
四、行(=34)是因法,眼识受蕴是果法。
၅။ ကံ (= ၃၄-၏ ကမ္မသတ္တိ)က အကြောင်းတရား၊ စက္ခုဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
五、业(=34)的业力是因法,眼识受蕴是果法。
ပစ္စုပ္ပန်အကြောင်းတရား (၅) ပါး ၆။ ဝတ္ထု (= စက္ခု = ၆ = ၅၄)က အကြောင်းတရား၊ ဝေဒနာက္ခန္ဓာက အကျိုးတရား။
五种现在因。六、所依处(=眼=6=54)是因法,受蕴是果法。
၇။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ဝေဒနာက္ခန္ဓာက အကျိုးတရား။
七、所缘(=色所缘)是因法,受蕴是果法。
၈။ စက္ခုသမ္ဖဿ (= ၈ - ဝေဒနာ = ၇)က အကြောင်းတရား၊ ဝေဒနာက္ခန္ဓာက အကျိုးတရား။
八、眼触(=8-受=7)是因法,受蕴是果法。
၉။ အာလောက (= အရောင်အလင်း)က အကြောင်းတရား၊ ဝေဒနာက္ခန္ဓာက အကျိုးတရား။
九、光明是因法,受蕴是果法。
၁ဝ။ မနသိကာရ (= ပဉ္စဒွါရာဝဇ္ဇန်း = ၁၁)က အကြောင်းတရား၊ ဝေဒနာက္ခန္ဓာက အကျိုးတရား။
十、作意(=五门转向=11)是因法,受蕴是果法。
ထပ်မံရှင်းလင်းချက်များ
进一步说明
ဖဿ --- စက္ခုဝိညာဏ်၏ ပစ္စုပ္ပန်အကြောင်းတရားများကို များသောအားဖြင့် (၄)မျိုးပင် ဖော်ပြကြသော် လည်း ဤကျမ်း၌ကား --- ဖဿသမုဒယာ ဝေဒနာသမုဒယော --- (သံ-၂-၄၉။) = ဖဿ ဖြစ်ခြင်းကြောင့် ဝေဒနာ ဖြစ်၏ဟုလည်းကောင်း၊ ဖဿပစ္စယာ ဝေဒနာ (အဘိ-၂-၁၄၂။) = ဖဿ ဖြစ်ခြင်းကြောင့် ဝေဒနာ ဖြစ်၏ဟု လည်းကောင်း၊ စက္ခုဝိညာဏ သမ္ပယုတ္တာယ ပန ဝတ္တဗ္ဗမေဝ နတ္ထိ။ (သံ-ဋ္ဌ-၃-၅။) = စက္ခုဝိညာဏ်နှင့် ယှဥ်သော ဝေဒနာအား စက္ခုသမ္ဖဿက ကျေးဇူးပြုပေးမှုမှာ ဆိုဖွယ်ရာပင် မရှိတော့ပေဟုလည်းကောင်း --- ဤဒေသနာတော်များနှင့် အဋ္ဌကထာအဖွင့်များအတိုင်း စက္ခုသမ္ဖဿနှင့်တကွ အကြောင်းတရား (၅)မျိုး ဖော်ပြထားပါသည်။ ယင်းစက္ခုသမ္ဖဿကလည်း စက္ခုသမ္ဖဿဇာ ဝေဒနာအား သဟဇာတစသော ပစ္စယသတ္တိ တို့ဖြင့် ကျေးဇူးပြုပေးသည်သာ ဖြစ်ပေသည်။
触——眼识的现在因通常只列四种,本书则依“ဖဿသမုဒယာ ဝေဒနာသမုဒယော”〔缅文出处原串:“(သံ-၂-၄၉။)”(《相应部》2-49。)〕,译:“由触集而有受集”;又依“ဖဿပစ္စယာ ဝေဒနာ”〔缅文出处原串:“(အဘိ-၂-၁၄၂။)”(《阿毗达磨》2-142。)〕,译:“缘触而有受”;以及“စက္ခုဝိညာဏ သမ္ပယုတ္တာယ ပန ဝတ္တဗ္ဗမေဝ နတ္ထိ။”〔缅文出处原串:“(သံ-ဋ္ဌ-၃-၅။)”(《相应部义注》3-5。)〕,译:“至于〔眼触资助〕与眼识相应的受,更无须赘言。”本书依这些教说与义注解释,把眼触也列入,共举五种因法。眼触又以俱生等缘力资助由眼触所生的受。
အာလောက --- မီးရောင် လရောင် နေရောင် ဉာဏ်ရောင်ဟူသော အရောင်အလင်း (၄)မျိုးလုံးသည်ပင် စက္ခုဝိညာဏ် နာမ်တရားစုအား ဥပနိဿယစသော ပစ္စယသတ္တိထူးတို့ဖြင့် ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေး သည်သာဖြစ်၏။ သမထဘာဝနာစိတ်တို့ကြောင့် ဖြစ်ပေါ်လာသော ဉာဏ်ရောင်ဖြင့်လည်း ရူပါရုံအမျိုးမျိုးကို တွေ့မြင်နိုင်ကြောင်းကို ရှေးအာနာပါနဿတိ သမာဓိပိုင်းတွင် ရှင်းလင်းတင်ပြခဲ့ပြီးပင် ဖြစ်၏။ မဟာသိဝမထေရ် မြတ်ကြီးတို့ကဲ့သို့သော တောထဲတောင်ထဲ၌ သီတင်းသုံးတော်မူကြသော မထေရ်မြတ်ကြီးတို့၏ အသိဉာဏ်ဝယ် ညဥ့်အခါ၌လည်း ယင်းရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ကား အလွန်ထင်ရှားနေကြသည်သာ ဖြစ်၏။ ယင်းရုပ်နာမ် တို့တွင် ရူပါရုံ အရောင်လည်း ပါဝင်သည်သာ ဖြစ်သည်။ စက္ခုဝိညာဏ်နာမ်တရားစုတို့လည်း ပါဝင်ကြသည်သာ ဖြစ်၏။ ယင်းရူပါရုံ အရောင်ကို ယင်းစက္ခုဝိညာဏ် နာမ်တရားစုတို့က မည်သည့်အရောင်ကြောင့် မြင်တွေ့နိုင်
光明——火光、月光、日光、智光这四种光明,都以亲依止等殊胜缘力资助眼识名法组生起。前文入出息念定篇已经说明:由止禅修习心所生的智光,也能使人看见种种色所缘。像大西瓦长老等住在山林中的大长老,即使在夜间,色名法诸行在他们的智中也极其显明。这些色名法中既有色所缘的颜色,也有眼识名法组。若审察这些眼识名法组是凭借何种光明而看见该色所缘的颜色——
ပါသနည်းဟု ဆန်းစစ်ခဲ့သော် အဖြေမှာ ပေါ်လွင် ထင်ရှားလျက်ပင် ရှိ၏။ ညဥ့်အခါ တောထဲ တောင်ထဲဝယ် မှောင်မိုက်အတွင်း၌ ရူပါရုံ ပရမတ်တရားကို ရုပ်တုံး ရုပ်ခဲတည်းဟူသော ရုပ်ဃနအသီးအသီးကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ဆိုက်အောင် ရှုမြင်နိုင်ခြင်းမှာ ဉာဏ်အရောင်အလင်း၏ သတ္တိသာ ဖြစ်၏။
——答案便十分明白:夜间山林漆黑之中,以智逐一破除色块、色团等色密集,直至观见色所缘这一究竟法,完全是智光的力量。
原书第 270 页
ရုပ်ကလာပ်တစ်ခုတစ်ခုကို ပကတိမျက်စိဖြင့် မမြင်နိုင်ဘဲ ဉာဏ်မျက်စိဖြင့်သာ မြင်နိုင်ရကား ရုပ်ကလာပ်တစ်ခု၏ အတွင်း၌ တည်ရှိသော ရူပါရုံကို မြင်နိုင်ရေးမှာလည်း ဉာဏ်မျက်စိ၏ အရာသာဖြစ်၏။
每一色聚都不能用肉眼看见,只能用慧眼看见;因此,要看见一个色聚内部的色所缘,也唯有慧眼才能做到。
တစ်နည်းဆိုသော် --- ဉာဏ်အရောင်အလင်းက ကျေးဇူးပြုပေးပါမှသာလျှင် ရုပ်ကလာပ်တို့၏ ရူပါရုံ အရောင်ကို မြင်နိုင်မည်၊ ရုပ်ကလာပ်တို့၏ ရူပါရုံအရောင်ကို မြင်နိုင်ပါမှသာလျှင် ပရမတ္ထ ရူပါရုံအစစ်ကို တွေ့သည် မည်ပေသည်။ ပရမတ္ထရူပါရုံ အစစ်ကို မြင်ပါမှ ယင်းပရမတ္ထ ရူပါရုံနှင့် တကွသော ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်နိုင်မည် ဖြစ်သည်။ ယင်းသို့ ရူပါရုံနှင့် တကွသော ပရမတ္ထ ရုပ်နာမ်တို့ကို ဝိပဿနာရှုသောကြောင့်သာလျှင် ရှေးရှေးမထေရ်မြတ်ကြီးတို့သည် ညဥ့် အခါမှာပင်သော်လည်း အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူကြခြင်း ဖြစ်ပေသည်။ ထိုကြောင့် ရူပါရုံကို အာရုံ ပြုသည့် စက္ခုဝိညာဏ် နာမ်တရားစုအား ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးသော အရောင်အလင်းသည် အရောင် အလင်း (၄)မျိုးလုံးပင် ဖြစ်သည်ဟု မှတ်ပါ။ သို့သော် ဝိပဿနာအရာ၌ကား ဉာဏ်အရောင်သာ လိုရင်း ဖြစ်သည်။
换言之——只有得到智光资助,才能看见诸色聚的色所缘之颜色;只有看见诸色聚的色所缘之颜色,才算看见真正的究竟色所缘。只有看见真正的究竟色所缘,才能把连同该究竟色所缘在内的色名法诸行安立于三相之下,修习、审察毗婆舍那。正因为如此观照连同色所缘在内的究竟色名法,昔日诸大长老即使在夜间也能证得阿罗汉果。因此应当记住:资助取色所缘为所缘的眼识名法组生起者,是四种光明;但在毗婆舍那中,所要紧的只是智光。
မနသိကာရ - ဟူသည်
“作意”(manasikāra)的含义
၁။ မပျက်စီးသော စက္ခုပသာဒတည်ရှိခြင်း --- အသက်ရှင်နေသူ၏ စက္ခုပသာဒသည် သွေး သည်းခြေ သလိပ် ဟူသော အပြစ်တို့ကြောင့် မပျက်မစီး တည်ရှိနေခြင်းကို ဆိုလိုသည်။ သေသူ၏ စက္ခု၊ အသက်ရှင်နေသူ၏ ပျက်စီးပြီး စက္ခုတို့ကား စက္ခုဝိညာဏ်အား ကျေးဇူးမပြုပေးနိုင်။
一、未损坏的眼净色存在——这是说,活人的眼净色没有因血、胆汁、痰等过患而损坏。死者之眼以及活人已经损坏的眼,都不能资助眼识生起。
၂။ ထိုမပျက်စီးသော စက္ခုပသာဒသို့ ရူပါရုံ ရှေးရှုကျရောက်ပါမှ စက္ခုအကြည်ဓာတ်ဝယ် ရူပါရုံ ထင်လာပါမှ စက္ခုဝိညာဏ် ဖြစ်နိုင်သည်၊ မထင်ခဲ့သော် မဖြစ်နိုင်။
二、只有色所缘来到这未损坏的眼净色之前、在眼净界中显现,眼识才能生起;不显现便不能生起。
၃။ စက္ခုပသာဒ၌ ရူပါရုံ ထင်လာရာ၌လည်း အာလောက = အရောင်အလင်းကို အမှီရသော်သာ အရောင်- အလင်း ရှိပါမှသာ စက္ခုပသာဒ၌ ရူပါရုံ ထင်လာနိုင်၏၊ စက္ခုဝိညာဏ် ဖြစ်နိုင်၏၊ အရောင်အလင်း မရှိသော် စက္ခုပသာဒ၌ ရူပါရုံ မထင်လာနိုင်၊ စက္ခုဝိညာဏ်လည်း မဖြစ်နိုင်။
三、色所缘要在眼净色中显现,也必须依靠光明:只有具足光明,色所缘才能在眼净色中显现,眼识才能生起;没有光明,色所缘便不能在眼净色中显现,眼识也不能生起。
၄။ အရောင်အလင်း ထင်ရှားရှိသော်လည်း မနသိကာရဟူသော အကြောင်းတရား ရှိပါမှသာလျှင် စက္ခု- ဝိညာဏ် ဖြစ်နိုင်သည်၊ မနသိကာရ အကြောင်းတရား မရှိသော် မဖြစ်နိုင်။ (အဘိ-ဋ္ဌ-၁-၃၂၁။) ယင်းမနသိကာရ အကြောင်းတရားနှင့် ပတ်သက်၍ အဋ္ဌသာလိနီအဋ္ဌကထာ၌ အောက်ပါအတိုင်း ဖွင့်ဆို ထား၏ --- တသ္မိံ သန္တေပိ ကိရိယမနောဓာတုယာ ဘဝင်္ဂေ အနာဝဋ္ဋိတေ နုပ္ပဇ္ဇတိ၊ အာဝဋ္ဋိတေယေဝ ဥပ္ပဇ္ဇတိ။ ဧဝံ ဥပ္ပဇ္ဇမာနံ သမ္ပယုတ္တဓမ္မေဟိ သဒ္ဓိံ ယေဝ ဥပ္ပဇ္ဇတိ။ ဣတိ ဣမေ စတ္တာရော ပစ္စယေ လဘိတွာ ဥပ္ပဇ္ဇတိ စက္ခု- ဝိညာဏံ။ (အဘိ-ဋ္ဌ-၁-၃၂၁။) ဤအထက်ပါ အဋ္ဌကထာအရ မနသိကာရဟူသည် မနသိကာရ စေတသိက်ကို မဆိုလို၊ ပဉ္စဒွါရာဝဇ္ဇန်း ဟူသော ကိရိယာမနောဓာတ် = ဆင်ခြင်စိတ်ကို ဆိုလိုပေသည်။ တစ်နည်းဆိုသော် မနသိကာရစေတသိက် အဝင်အပါဖြစ်သော ပဉ္စဒွါရာဝဇ္ဇန်း စိတ်+စေတသိက်တရားစု (၁၁)လုံးကို ဆိုလိုပေသည်။ ယင်း နာမ်တရားစုကို
四、即使光明显著存在,也只有具足称为作意的因法,眼识才能生起;没有作意因法便不能生起。缅文出处原串:“(အဘိ-ဋ္ဌ-၁-၃၂၁။)”(《殊胜义注》1-321。)关于这种作意因法,《殊胜义注》解释如下。巴利原串:“တသ္မိံ သန္တေပိ ကိရိယမနောဓာတုယာ ဘဝင်္ဂေ အနာဝဋ္ဋိတေ နုပ္ပဇ္ဇတိ၊ အာဝဋ္ဋိတေယေဝ ဥပ္ပဇ္ဇတိ။ ဧဝံ ဥပ္ပဇ္ဇမာနံ သမ္ပယုတ္တဓမ္မေဟိ သဒ္ဓိံ ယေဝ ဥပ္ပဇ္ဇတိ။ ဣတိ ဣမေ စတ္တာရော ပစ္စယေ လဘိတွာ ဥပ္ပဇ္ဇတိ စက္ခု- ဝိညာဏံ။”缅文出处原串:“(အဘိ-ဋ္ဌ-၁-၃၂၁။)”(《殊胜义注》1-321。)译:“即使光明存在,若唯作意界尚未使有分转动,眼识也不生起;只有使有分转动时才生起。它如此生起时,也必定与相应法一同生起。眼识就是在获得这四种缘以后生起。”依这段义注,所谓作意并不是指作意心所,而是指称为五门转向的唯作意界,即审察心。换言之,它是五门转向心中包括作意心所在内的十一种心、心所法。这一名法组——
ဝီထိပဋိပါဒကမနသိကာရဟု ခေါ်ဆို၏။ ဝီထိစိတ်တို့၏ အခြေခံ အကြောင်းရင်းဖြစ်သော နှလုံးသွင်းမှုတည်း။
——称为“心路基础作意”(vīthipaṭipādaka-manasikāra),也就是作为诸路心基础因的作意。
ယင်းကိရိယာမနောဓာတ် ဆင်ခြင်စိတ်က ဘဝင်ကို မလည်စေခဲ့သော် စက္ခုဝိညာဏ် နာမ်တရားစုသည်လည်း မဖြစ်နိုင်၊ ယင်းကိရိယာမနောဓာတ်က ဘဝင်ကို လည်စေနိုင်မှသာလျှင် စက္ခုဝိညာဏ် နာမ်တရားစု ဖြစ်နိုင်၏။
如果这个唯作意界,即五门转向心,不能使有分转动,眼识名法组便不能生起;只有它能使有分转动时,眼识名法组才能生起。
原书第 271 页
ပဋိစ္စသမုပ္ပါဒ်ပိုင်း - အပိုင်း (က) လည်စေ၏ ဟူသည်မှာ ဘဝင်အယဥ်ကို ရပ်စေ၍ မိမိကိရိယာမနောဓာတ်၏ ဖြစ်ခြင်းကိုပင် ဆိုလိုပေသည်။
所谓“使转动”,就是使有分流停止,而令该唯作意界本身生起。
ယင်းသို့ အကြောင်း (၄)ရပ် စုံညီ၍ စက္ခုဝိညာဏ် ဖြစ်ပေါ်လာသော်လည်း သမ္ပယုတ်တရားတို့နှင့် အတူတကွ သာလျှင် ဖြစ်ပေါ်လာပေသည်။ သမ္ပယုတ်တရားများ မပါဘဲ မိမိစက္ခုဝိညာဏ်တစ်ဦးတည်း မဖြစ်နိုင်သောကြောင့် တည်း။ သို့အတွက် စက္ခုသမ္ဖဿစသော သမ္ပယုတ်တရားများကိုလည်း အကြောင်းတရားတစ်ခုအဖြစ် ထည့်သွင်း၍ ဖော်ပြခြင်းဖြစ်သည်။
即使四种因已经具足而使眼识生起,眼识也只能与相应法一同生起;因为没有相应法,眼识自身不能单独生起。所以,也把眼触等相应法列为因法。
တစ်ဖန် မနသိကာရအမည်ရသော ပဉ္စဒွါရာဝဇ္ဇန်း စိတ်မှာလည်း မိမိချည်း တစ်လုံးတည်း မဖြစ်နိုင်သဖြင့် သမ္ပယုတ်တရားစုနှင့်သာ အတူယှဥ်တွဲ၍ ဖြစ်နိုင်ရကား ယင်းမနသိကာရအမည်ရသော ပဉ္စဒွါရာဝဇ္ဇန်းနှင့်တကွ ယှဥ်ဖက် သမ္ပယုတ်တရားအားလုံးကိုပင် စက္ခုဝိညာဏ် သမ္ပယုတ်တရားစု၏ အကြောင်းတရားအဖြစ် ဖော်ပြထား ပါသည်။ ယင်းမနသိကာရ အမည်ရသော ပဉ္စဒွါရာဝဇ္ဇန်း သမ္ပယုတ်တရားစုက အနန္တရစသော ပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးပါမှ စက္ခုဝိညာဏ်နှင့် တကွသော သမ္ပယုတ်တရားစု၏ ဖြစ်နိုင်ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်ပြီး ပါမှ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။
再者,称为作意的五门转向心也不能单独生起,只能与相应法组一同生起;因此,本书把称为作意的五门转向连同与它相应的一切相应法,都列为眼识相应法组的因法。应先以智观见:称为作意的五门转向相应法组以无间等缘力资助时,眼识及其相应法组如何生起;然后才摄取因法与果法。
ရူပါရုံလိုင်း - စက္ခုဝိညာဏ် - သညာက္ခန္ဓာ
色所缘路线:眼识想蕴
အတိတ်အကြောင်းတရား (၅) ပါး ၁။ အဝိဇ္ဇာ (=၂ဝ)က အကြောင်းတရား၊ စက္ခုဝိညာဏ် သညာက္ခန္ဓာက အကျိုးတရား။
五种过去因。一、无明(=20)是因法,眼识想蕴是果法。
၂။ တဏှာ (=၂ဝ)က အကြောင်းတရား၊ စက္ခုဝိညာဏ် သညာက္ခန္ဓာက အကျိုးတရား။
二、爱(=20)是因法,眼识想蕴是果法。
၃။ ဥပါဒါန် (=၂ဝ)က အကြောင်းတရား၊ စက္ခုဝိညာဏ် သညာက္ခန္ဓာက အကျိုးတရား။
三、取(=20)是因法,眼识想蕴是果法。
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ စက္ခုဝိညာဏ် သညာက္ခန္ဓာက အကျိုးတရား။
四、行(=34)是因法,眼识想蕴是果法。
၅။ ကံ (= ၃၄-၏ ကမ္မသတ္တိ)က အကြောင်းတရား၊ စက္ခုဝိညာဏ် သညာက္ခန္ဓာက အကျိုးတရား။
五、业(=34)的业力是因法,眼识想蕴是果法。
ပစ္စုပ္ပန်အကြောင်းတရား (၅) ပါး ၆။ ဝတ္ထု (= စက္ခု = ၆ = ၅၄)က အကြောင်းတရား၊ စက္ခုဝိညာဏ် သညာက္ခန္ဓာက အကျိုးတရား။
五种现在因。六、所依处(=眼=6=54)是因法,眼识想蕴是果法。
၇။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ စက္ခုဝိညာဏ် သညာက္ခန္ဓာက အကျိုးတရား။
七、所缘(=色所缘)是因法,眼识想蕴是果法。
၈။ စက္ခုသမ္ဖဿ (= ၈ - သညာ = ၇)က အကြောင်းတရား၊ စက္ခုဝိညာဏ် သညာက္ခန္ဓာက အကျိုးတရား။
八、眼触(=8-想=7)是因法,眼识想蕴是果法。
၉။ အာလောက (= အရောင်အလင်း)က အကြောင်းတရား၊ စက္ခုဝိညာဏ် သညာက္ခန္ဓာက အကျိုးတရား။
九、光明是因法,眼识想蕴是果法。
၁ဝ။ မနသိကာရ (= ဆင်ခြင် = ၁၁)က အကြောင်းတရား၊ စက္ခုဝိညာဏ် သညာက္ခန္ဓာက အကျိုးတရား။
十、作意(=审察=11)是因法,眼识想蕴是果法。
ရူပါရုံလိုင်း - စက္ခုဝိညာဏ် - သင်္ခါရက္ခန္ဓာ (စေတနာကို ကောက် - ပ -)
色所缘路线:眼识行蕴(第一种方法:摄取思)
၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ ၉။ ၁ဝ။ သညာက္ခန္ဓာနှင့် အားလုံးတူသည်။ ထူးသည်ကိုသာ ဆိုအံ့ --- ၈။ စက္ခုသမ္ဖဿ (= ၈ - စေတနာ = ၇)က အကြောင်းတရား၊ သင်္ခါရက္ခန္ဓာက အကျိုးတရား။
第一、二、三、四、五、六、七、九、十项全都与想蕴相同,只说明不同之处:八、眼触(=8-思=7)是因法,行蕴是果法。
ရူပါရုံလိုင်း - စက္ခုဝိညာဏ် - သင်္ခါရက္ခန္ဓာ (စေတသိက် ၅လုံးကောက် - ဒု -)
色所缘路线:眼识行蕴(第二种方法:摄取五个心所)
၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ ၉။ ၁ဝ။ သညာက္ခန္ဓာနှင့် အားလုံးတူသည်။ ထူးသည်ကိုသာ ဆိုအံ့ --- ၈။ ကျန်နာမ်ခန္ဓာ (၃)ပါးက အကြောင်းတရား၊ သင်္ခါရက္ခန္ဓာက အကျိုးတရား။
第一、二、三、四、五、六、七、九、十项全都与想蕴相同,只说明不同之处:八、其余三个名蕴是因法,行蕴是果法。
原书第 272 页
ရူပါရုံလိုင်း - စက္ခုဝိညာဏ် - ဝိညာဏက္ခန္ဓာ
色所缘路线:眼识识蕴
၁။ ၂။ ၃။ ၄။ ၅။ သညာက္ခန္ဓာနှင့် အားလုံးတူသည်။ ထူးသည်ကိုသာ ဆိုအံ့ --- ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး ၆။ နာမ်+ရုပ်က အကြောင်းတရား၊ စက္ခုဝိညာဏ် ဝိညာဏက္ခန္ဓာက အကျိုးတရား။
第一、二、三、四、五项全都与想蕴相同,只说明不同之处。三种现在因。六、名色是因法,眼识识蕴是果法。
၇။ အာလောက က အကြောင်းတရား၊ စက္ခုဝိညာဏ် ဝိညာဏက္ခန္ဓာက အကျိုးတရား။
七、光明是因法,眼识识蕴是果法。
၈။ မနသိကာရ (= ဆင်ခြင် = ၁၁)က အကြောင်းတရား၊ စက္ခုဝိညာဏ် ဝိညာဏက္ခန္ဓာက အကျိုးတရား။
八、作意(=审察=11)是因法,眼识识蕴是果法。
နာမ် --- ဟူသည် စက္ခုဝိညာဏ်နှင့် ယှဥ်ဖက် စေတသိက် (၇)လုံးတည်း။
所谓“名”——是与眼识相应的七个心所。
ရုပ် --- ဟူသည် မှီရာဝတ္ထုရုပ် (၅၄)နှင့် ရူပါရုံတည်း။
所谓“色”——是所依处一侧的五十四种色法与色所缘。
ရူပါရုံလိုင်း - သမ္ပဋိစ္ဆိုင်း (= လက်ခံ) ခန္ဓာ (၅) ပါး
色所缘路线:领受(接受)五蕴
၁။ သမ္ပဋိစ္ဆိုင်း၏ မှီရာ ဟဒယ၌ရှိသော ရုပ် (၅၄)မျိုးနှင့် ရူပါရုံက ရူပက္ခန္ဓာတည်း။
一、领受所依的心脏内五十四种色法与色所缘,是色蕴。
၂။ သမ္ပဋိစ္ဆိုင်း နာမ်တရား (၁၁)လုံးမှ ဝေဒနာက ဝေဒနာက္ခန္ဓာတည်း။
二、领受十一种名法中的受,是受蕴。
၃။ သမ္ပဋိစ္ဆိုင်း နာမ်တရား (၁၁)လုံးမှ သညာက သညာက္ခန္ဓာတည်း။
三、领受十一种名法中的想,是想蕴。
၄။ သမ္ပဋိစ္ဆိုင်း နာမ်တရား (၁၁)လုံးမှ စေတနာက သင်္ခါရက္ခန္ဓာတည်း။ (ပ) သမ္ပဋိစ္ဆိုင်း နာမ်တရား (၁၁)လုံးမှ ကျန်စေတသိက် (= ၈-လုံး)က သင်္ခါရက္ခန္ဓာတည်း။ (ဒု) ၅။ သမ္ပဋိစ္ဆိုင်း နာမ်တရား (၁၁)လုံးမှ သမ္ပဋိစ္ဆိုင်းစိတ်က ဝိညာဏက္ခန္ဓာတည်း။
四、领受十一种名法中的思,是行蕴(第一种方法)。领受十一种名法中其余八个心所,是行蕴(第二种方法)。五、领受十一种名法中的领受心,是识蕴。
မှတ်ချက် --- သမ္ပဋိစ္ဆိုင်း ရူပက္ခန္ဓာကို ပဉ္စဒွါရာဝဇ္ဇန်း ရူပက္ခန္ဓာနှင့် နည်းတူရှုပါ။
注——领受色蕴应与五门转向色蕴同样观照。
ရူပါရုံလိုင်း - သမ္ပဋိစ္ဆိုင်း - ဝေဒနာက္ခန္ဓာ
色所缘路线:领受受蕴
အတိတ်အကြောင်းတရား (၅) ပါး ၁။ အဝိဇ္ဇာ (=၂ဝ)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
五种过去因。一、无明(=20)是因法,领受受蕴是果法。
၂။ တဏှာ (=၂ဝ)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
二、爱(=20)是因法,领受受蕴是果法。
၃။ ဥပါဒါန် (=၂ဝ)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
三、取(=20)是因法,领受受蕴是果法。
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
四、行(=34)是因法,领受受蕴是果法。
၅။ ကံ (= ၃၄-၏ ကမ္မသတ္တိ)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
五、业(=34)的业力是因法,领受受蕴是果法。
ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး ၆။ ဝတ္ထု (= ဟဒယ = ၆ = ၅၄)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
三种现在因。六、所依处(=心脏=6=54)是因法,领受受蕴是果法。
၇။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
七、所缘(=色所缘)是因法,领受受蕴是果法。
၈။ ဖဿ = (က) စက္ခုသမ္ဖဿ (= ၈-လုံး)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
八、触:(甲)眼触(=8)是因法,领受受蕴是果法。
( ခ ) သမ္ပဋိစ္ဆိုင်း မနောသမ္ဖဿ (= ၁၁ - ဝေဒနာ = ၁ဝ)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း
(乙)领受意触(=11-受=10)是因法,领受——
ဝေဒနာက္ခန္ဓာက အကျိုးတရား။
——受蕴是果法。
ဖဿ --- ဖဿသမုဒယာ ဝေဒနာသမုဒယော၊ ဖဿသမုဒယာ သညာသမုဒယော၊ ဖဿသမုဒယာ သင်္ခါရသမုဒယော --- (သံ-၂-၄၉။) ဤသို့စသော ဒေသနာတော်များနှင့် အညီ ဖဿကြောင့် ဝေဒနာ-သညာ-
触——巴利及出处原串:“ဖဿသမုဒယာ ဝေဒနာသမုဒယော၊ ဖဿသမုဒယာ သညာသမုဒယော၊ ဖဿသမုဒယာ သင်္ခါရသမုဒယော --- (သံ-၂-၄၉။)”译:“由触集而有受集;由触集而有想集;由触集而有行集。”依这些教说,受、想——
原书第 273 页
ပဋိစ္စသမုပ္ပါဒ်ပိုင်း - အပိုင်း (က) သင်္ခါရ-ဝိညာဏ်တို့ ဖြစ်ရာဝယ် ဤအပိုင်းတွင် ဖဿကို နှစ်မျိုးခွဲ၍ ယူထားပါသည်။
——行、识由于触而生起。本处把触分作两类加以摄取。
(က) စက္ခုသမ္ဖဿ = စက္ခုဝိညာဏ်နှင့် တကွသော နာမ်တရား (= ၈-လုံး)။
(甲)眼触=与眼识俱生的名法(=8种)。
( ခ ) မနောသမ္ဖဿ = စက္ခုဝိညာဏ်၏နောက်၌ ဆက်လက် ဖြစ်ပေါ်လာကြသည့် သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊
(乙)意触=与眼识之后继续生起的领受、推度——
ဝုဋ္ဌော၊ ဇော၊ တဒါရုံတို့နှင့် ယှဥ်သော ဖဿ၊ တစ်နည်းဆိုသော် ယင်းဖဿ
——确定、速行、彼所缘相应的触;换言之,由这些触——
ဦးဆောင်သည့် နာမ်တရားစု -
——所主导的名法组。
ဤသို့ နှစ်မျိုးခွဲယူထားသည်။ စက္ခုသမ္ဖဿကလည်း မိမိ၏နောင်၌ ဆက်လက်ဖြစ်ကြသည့် သမ္ပဋိစ္ဆိုင်း စသော ဝီထိစိတ်တို့အား ဥပနိဿယစသော သတ္တိဖြင့် ကျေးဇူးပြုပေးလျက်ပင် ရှိ၏။ တစ်ဖန် သမ္ပဋိစ္ဆိုင်းစသော ဝီထိစိတ် အသီးအသီးတို့၌လည်း ဖဿပါဝင်လျက်ပင် ရှိ၏။ ယင်းဖဿဦးဆောင်သည့် နာမ်တရားစုကလည်း အချင်းချင်းအား သဟဇာတစသော ပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးလျက်ပင် ရှိ၏။ သို့အတွက် ဖဿကို (၂)မျိုးခွဲ၍ ဖော်ပြထားပါသည်။ အောက်တွင် ဖော်ပြထားသော ပါဠိတော် အဋ္ဌကထာတို့ကို ကြည့်ပါ။
如此分作两类。眼触也以亲依止等缘力,资助在它之后继续生起的领受等路心;另一方面,领受等各个路心中也都含有触,由这些触主导的名法组又以俱生缘等缘力彼此资助。因此,把触分作两类加以说明。请看下列巴利及义注。
ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ။
巴利原串:“ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ။”
(သံ-၂-၂၄၈-ပဟာနသုတ်။)
缅文出处原串:“(သံ-၂-၂၄၈-ပဟာနသုတ်။)”(《相应部》2-248,《舍断经》。)译:“凡以眼触为缘所生的所受,或乐、或苦、或不苦不乐。”
စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတန္တိ စက္ခုသမ္ဖဿံ မူလပစ္စယံ ကတွာ ဥပ္ပန္နာ သမ္ပဋိစ္ဆနသန္တီရဏ ဝေါဋ္ဌဗ္ဗနဇဝနဝေဒနာ။ စက္ခုဝိညာဏသမ္ပယုတ္တာယ ပန ဝတ္တဗ္ဗမေဝ နတ္ထိ။ သောတဒွါရာဒိဝေဒနာပစ္စယာဒီသုပိ ဧသေဝ နယော။ (သံ-ဋ္ဌ-၃-၅။) သဠာယတနဝဂ္ဂသံယုတ် ပါဠိတော်တစ်လျှောက်ဝယ် စက္ခုသမ္ဖဿ၊ သောတသမ္ဖဿ၊ ဃာနသမ္ဖဿ၊ ဇိဝှါသမ္ဖဿ၊ ကာယသမ္ဖဿ၊ မနောသမ္ဖဿတို့ကို မူလအကြောင်းတရားအဖြစ် = ဥပနိဿယ အကြောင်း တရားအဖြစ် အခြေခံ၍ နောက်ပိုင်း၌ သမ္ပဋိစ္ဆိုင်း သန္တီရဏ ဝုဋ္ဌော ဇောစသော ပဉ္စဒွါရဝီထိ နာမ်တရားများနှင့် မနောဒွါရာဝဇ္ဇန်း ဇောစသော မနောဒွါရဝီထိ နာမ်တရားများဖြစ်ပုံကို ယင်းဝီထိနာမ်တရားစုတို့တွင် ပါဝင်သော ဝေဒနာကို အဦးမူ၍ ဟောကြားထားတော်မူခဲ့သော ထုံးများ များစွာပင် ရှိနေပေသည်။
巴利义注及出处原串:“စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတန္တိ စက္ခုသမ္ဖဿံ မူလပစ္စယံ ကတွာ ဥပ္ပန္နာ သမ္ပဋိစ္ဆနသန္တီရဏ ဝေါဋ္ဌဗ္ဗနဇဝနဝေဒနာ။ စက္ခုဝိညာဏသမ္ပယုတ္တာယ ပန ဝတ္တဗ္ဗမေဝ နတ္ထိ။ သောတဒွါရာဒိဝေဒနာပစ္စယာဒီသုပိ ဧသေဝ နယော။ (သံ-ဋ္ဌ-၃-၅။)”译:“所谓‘以眼触为缘而生的所受’,是以眼触为根本缘而生的领受、推度、确定、速行诸受;至于与眼识相应的受,无须再说。关于耳门等的受缘等句,也同此法。”在《相应部·六处品相应》的巴利经藏通篇中,有许多教说以眼触、耳触、鼻触、舌触、身触、意触为根本因法,即以亲依止因法为基础,并以各路心名法组中的受为主,宣说随后领受、推度、确定、速行等五门心路名法,以及意门转向、速行等意门心路名法如何生起。
စက္ခုဝိညာဏ် နာမ်တရားစုကိုလည်းကောင်း၊ စက္ခုသမ္ဖဿကို အကြောင်းခံ၍ ဖြစ်ပေါ်လာကြသော ဝေဒနာ ဦးဆောင်သည့် နာမ်တရားစုတို့ကိုလည်းကောင်း ပရိညာဉာဏ် (၃)ပါးဖြင့် ပိုင်းပိုင်းခြားခြား သိအောင်ကျင့်ရန် (သံ-၂-၂၄၉-၂၅ဝ။) အပရိဇာနနသုတ္တန် စသည်တို့၌ ညွှန်ကြားထားတော်မူ၏။ ယခု ရေးသားတင်ပြဆဲဖြစ်သော အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းတတ်သည့် ပစ္စယပရိဂ္ဂဟဉာဏ်ကား ဉာတပရိညာတွင် အကျုံး ဝင်ပေသည်။ သောတသမ္ဖဿ စသည်တို့ကြောင့် သမ္ပဋိစ္ဆိုင်းစသည့် ဝီထိစိတ်တို့ ဖြစ်ရာ၌လည်း နည်းတူမှတ်ပါ။
《不遍知经》等〔缅文出处原串:“(သံ-၂-၂၄၉-၂၅ဝ။) အပရိဇာနနသုတ္တန်”〕指示:应当修习,直至能以三种遍知清楚分别了知眼识名法组,以及以眼触为因而生、由受主导的名法组。这里正在说明的、能够摄取因法与果法的缘摄受智,摄在知遍知中。对于由耳触等而生起领受等路心,也应同样理解。
ထိုကြောင့် သမ္ပဋိစ္ဆိုင်းစသော နာမ်တရားစုတို့အား စက္ခုသမ္ဖဿကလည်း ကျေးဇူးပြုပေး၍ သမ္ပဋိစ္ဆိုင်း စသည့် ဆိုင်ရာ စိတ္တက္ခဏအတွင်း၌ တည်ရှိကြသော ဖဿစသည့် နာမ်တရားစုတို့ကလည်း အချင်းချင်းအား အပြန်အလှန် ကျေးဇူးပြုပေးကြသဖြင့် ဖဿ နှစ်မျိုးနှစ်မျိုး ခွဲ၍ ဖော်ပြထားပါသည်။
因此,眼触也资助领受等名法组;住在领受等各自相应心刹那内的触等名法组,也彼此相互资助。所以,把触各分为两类加以说明。
ရူပါရုံလိုင်း - သမ္ပဋိစ္ဆိုင်း - သညာက္ခန္ဓာ
色所缘路线:领受想蕴
၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ ဝေဒနာက္ခန္ဓာနှင့် နည်းတူရှုပါ။ ထူးသည်ကိုသာ ဆိုအံ့ --- ၈။ (က) စက္ခုသမ္ဖဿ (= ၈-လုံး)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း သညာက္ခန္ဓာက အကျိုးတရား။
第一至第七项都与受蕴相同,只说明不同之处。八、(甲)眼触(=8)是因法,领受想蕴是果法。

本页是帕奥禅师缅文「五大册」第三册(趣向涅槃之道·第三册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。卷前、正文与原书索引均与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。