“缘起”一词的含义(之三)

《趣向涅槃之道》中文全译本 · 非缩略版

缘起篇(甲) · 原书第 82–107 页 · 225 个翻译单元

本页并入了原书的相邻小节:死者与生者。

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 82 页
များကိုလည်း ပြတ်သွားအောင် သတ်ဖြတ်သော ကံကို ''ဥပဃာတက''ကံဟု ခေါ်ဆိုသည် ဟူလိုသည်။
——果报中断。这样的业,称为毁坏业(upaghātaka-kamma)。
(ဝိသုဒ္ဓိ-၂-၂၃၆။)
缅文出处原串:“(ဝိသုဒ္ဓိ-၂-၂၃၆။)”(《清净道论》2-236。)
ဥပပီဠကကံနှင့် ဥပဃာတကကံ
阻碍业与毁坏业
ယင်းကံနှစ်မျိုးတို့၏ ထူးခြားမှုကို မဟာဋီကာတွင် ဤသို့လည်း ဆက်လက်၍ ဖော်ပြထား၏ ---- ဥပပီဠက ကံကား အခြားသော ကံ၏ အကျိုးဝိပါက်ကို ဖြတ်နိုင်၏။ မိမိမူကား မိမိ၏ အကျိုးဝိပါက်ကို မဖြစ်စေနိုင်။
《大复注》又继续说明这两种业的差别:阻碍业能截断另一种业的果报,但不能使自己的果报生起。
ဥပဃာတကကံကား အားနည်းသော ကံတစ်ပါးကို ဖြတ်တောက်၍ မိမိ၏ အကျိုးဝိပါက်ကို ဖြစ်စေနိုင်၏။ ဤကား အထူးတည်း။
毁坏业则能截断另一种较弱的业,并使自己的果报生起;这就是两者的差别。
များပြားသော အနာရောဂါရှိမှု အနာရောဂါထူပြောမှု စသည်ကို ဖြစ်ပေါ်စေတတ်သော အကြောင်းတရား ကို အနီး၌ ချထားခြင်း အနီး၌ ကျရောက်စေခြင်းဖြင့် အခြားသောကံက ပေးနေသော အကျိုးတရားကို နှိပ်စက် တတ်သော ကံသည် ဥပပီဠကကံမည်၏။ (အခြားကံက ပေးနေသော အကျိုးတရားကို နှိပ်စက်တတ်သော ဥပပီဠ- က ကံဟူသည် အနာရောဂါ ထူပြောခြင်းစသည်ကို ဖြစ်ပေါ်စေတတ်သော အကြောင်းတရားကို ထိုအခြားကံ၏ အကျိုးတရား အနီး၌ ကျရောက်စေခြင်း ချထားခြင်းပင် ဖြစ်သည်ဟု ဆိုလိုသည်။) ထိုအတူပင် အခြားကံက ပေးနေသော အကျိုးတရားကိုပင်လျှင် ကပ်၍ ဖြတ်တတ်သော ကံသည် ဥပဃာတကကံ မည်၏။ ဤသို့ ယူဆရာ၌ အကြောင်းမှာ ဤသို့ ဖြစ်၏။ ---- အခြားကံတစ်ပါးကို သတ်ဖြတ်၍ မိမိ၏ အကျိုးဝိပါက်အား အကျိုးပေးခွင့်ကို ပြုခြင်းဖြင့် အကျိုးကို ဖြစ်စေရန် ရင့်ကျက်လာခြင်း အကျိုးပေးခြင်း သဘောတရားသည် ဥပဃာတကကံ၌ ရှိသည် ဖြစ်ခဲ့သော် ဥပဃာတကကံ အမည်မရနိုင်ဘဲ ဇနကကံ မည်သည်သာ ဖြစ်ပေရာသည်။ ဇနကကံ စသည့်
能使引发多病、重病等的因法被安置、落在另一业所给予的果法近旁,从而压迫该果法的业,称为阻碍业。(也就是说,所谓能压迫另一业所给予之果法的阻碍业,就是使能引发重病等的因法靠近、落在那一业的果法近旁。)同样,贴近并截断另一业正在给予的果法之业,称为毁坏业。依此理解,其理由如下:如果毁坏业具有这样的性质——通过杀灭另一业,为自己的果报创造给果机会,并因而成熟、产生果报——那么,它便不能名为毁坏业,而只应名为令生业。令生业等的——
အမည်ရမှုကို အကျိုးဝိပါက်ကို အစွဲပြု၍သာ အလိုရှိအပ်ပေသည် = အကျိုးဝိပါက်ကို အစွဲပြု၍ ဇနကကံ စသည် အမည်ရမှုကို အလိုရှိအပ်ပေသည်။ ကံကို အစွဲပြု၍ အလိုမရှိအပ်ပေ။ သို့အတွက် ဥပဃာတကကံဟူသည် အခြားအကျိုးပေးနေသော ကံတစ်ပါးကို မသတ်ဘဲ ထိုကံတစ်ပါး၏ အကျိုးဝိပါက်ကိုသာ ကပ်၍ ဖြတ်တတ် သတ်တတ်သောကံ ဖြစ်သည်ဟု ယူဆလျှင် သင့်မြတ်သကဲ့သို့ ထင်မြင်မိပေသည်။ စူးစမ်းဆင်ခြင်ပါလေ။ ---- ဤကား မဟာဋီကာဆရာတော်၏ မိန့်မှာချက်ပင် ဖြစ်သည်။ (မဟာဋီ-၂-၃၇၉။)
——名称,只应依果报而立;也就是说,令生业等名称应依果报而立,不应依业本身而立。因此,若将毁坏业理解为:它并不杀灭另一种正在给果的业,而只是贴近并截断、毁坏那一业的果报,似乎较为合理。请审慎考察。这就是《大复注》论师的训示。缅文出处原串:“(မဟာဋီ-၂-၃၇၉။)”(《大复注》2-379。)
တစ်နည်း ကံလေးမျိုး အယူအဆ
另一种四业解释
၁။ ဇနကကံ ---- ပဋိသန္ဓေအခါ၌သော်လည်းကောင်း၊ ပဝတ္တိအခါ၌သော်လည်းကောင်း၊ ဣဋ္ဌဖြစ်သော ကုသလဝိပါက် နာမ်ခန္ဓာနှင့် ကဋတ္တာရုပ်တို့ကို ဖြစ်စေတတ်သော ကုသိုလ်ကံသည် ဇနကကံမည်၏။ ပဋိသန္ဓေ အခါ၌သော်လည်းကောင်း၊ ပဝတ္တိအခါ၌သော်လည်းကောင်း၊ အနိဋ္ဌဖြစ်သော အကုသလဝိပါက် နာမ်ခန္ဓာနှင့် ကဋတ္တာရုပ်တို့ကို ဖြစ်စေတတ်သော အကုသိုလ်ကံသည် ဇနကကံ မည်၏။ (ကဋတ္တာရုပ် = ကမ္မဇရုပ်) ၂။ ဥပတ္ထမ္ဘကကံ ---- ကံတစ်ခုကို ပြုပြီးခဲ့သော် ထိုကံသည် အခြားတစ်ပါးသော ကုသိုလ်ဇနကကံက ဖြစ်စေ- အပ်သော အလိုရှိအပ် ကောင်းမြတ်သော သုဂတိပဋိသန္ဓေကဲ့သို့ ဣဋ္ဌဖြစ်သော အကျိုးတရားကို နှိပ်စက်တတ် ဖြတ်တတ်သော အကြောင်းတရား မဖြစ်ခြင်းဖြင့်လည်းကောင်း၊ ဇနကကံ၏ အကျိုးတရားကို တိုးပွားစေတတ် သော အကြောင်းတရား ဖြစ်ခြင်းဖြင့်လည်းကောင်း ဇနကကံ၏ အစွမ်းအာနုဘော်အားလျော်စွာ ထက်ဝန်းကျင် မွေးမြူအပ် ပြုစုအပ် ပွားစေအပ်သည်ဖြစ်၍ သာ၍ ရှည်မြင့်စွာဖြစ်သော ဝိပါက်ခန္ဓာအစဥ်ကို ဖြစ်ပေါ်လာ
一、令生业:在结生时或生命转起期间,能令可意的善果报名蕴与所作色生起的善业,称为令生业;在结生时或生命转起期间,能令不可意的不善果报名蕴与所作色生起的不善业,也称为令生业。(所作色,即业生色。)二、支持业:造作某一业后,该业一方面不成为压迫、截断由另一善令生业所生可意、善妙之果——例如善趣结生——的因法;另一方面又成为增长该令生业之果的因法。因此,令生业的果依其威力而受到周遍培育、扶持和增长,从而生起更为长久的果报蕴相续——
စေ၏။ ထိုကံမျိုးသည် ဥပတ္ထမ္ဘကကံ မည်၏။ (ဤကား ကုသိုလ်က ကုသိုလ်ကို ထောက်ပံ့ပုံတည်း။)
——这种业称为支持业。(这是善业支持善业的情形。)
(မဟာဋီ-၂-၃၇၉။)
缅文出处原串:“(မဟာဋီ-၂-၃၇၉။)”(《大复注》2-379。)
原书第 83 页
ပဋိစ္စသမုပ္ပါဒ်ပိုင်း - အပိုင်း (က) အကယ်၍ ကံတစ်ခုကို ပြုပြီးခဲ့သော် ထိုကံသည် အခြားတစ်ပါးသော အကုသိုလ်ဇနကကံ တစ်ခုက ဖြစ်စေအပ်သော အလိုမရှိအပ် မကောင်းမြတ်၍ အနိဋ္ဌစင်စစ်ဖြစ်သော (အပါယ်ဒုဂ္ဂတိ ပဋိသန္ဓေကဲ့သို့သော) အကျိုးတရားကို နှိပ်စက်တတ် ဖြတ်တတ်သော အကြောင်းတရား မဖြစ်ခြင်းဖြင့်လည်းကောင်း အကုသိုလ် ဇနကကံ၏ အစွမ်း အာနုဘော်အားလျော်စွာ ထက်ဝန်းကျင် မွေးမြူအပ် ပြုစုအပ် ပွားစေအပ်သည်ဖြစ်၍ သာ၍ ရှည်မြင့်သော အနိဋ္ဌ အကျိုးဝိပါက်ခန္ဓာအစဥ်သည် ဖြစ်ပေါ်လာ၏။ ထိုကံမျိုးသည် ဥပတ္ထမ္ဘကကံ မည်၏။
若造作某一业,该业一方面不成为压迫、截断由另一不善令生业所生的不可欲、恶劣而纯属不可意之果——例如投生恶趣的结生——的因法;另一方面又依该不善令生业的威力,周遍培育、扶持、增长其果,使更为长久的不可意果报蕴相续生起。这种业称为支持业。
(အကုသိုလ်ကံ တစ်ခုက အကုသိုလ်ကံတစ်ခု၏ အကျိုးတရားကို ထောက်ပံ့ပုံတည်း။) (မဟာဋီ-၂-၃၇၉။) ၃။ ဥပပီဠကကံ ---- ကုသိုလ်ဇနကကံသည် ဖြစ်စေအပ်သော ဣဋ္ဌဖြစ်သော ကုသိုလ်၏ အကျိုးတရားကို ယင်းကုသိုလ်ကံနှင့် တိုက်ရိုက် ဆန့်ကျင်ဘက်ဖြစ်သော အကုသိုလ်ကံတစ်ခုက အနာရောဂါထူပြောခြင်း စသည့် အကြောင်းတရားဖြစ်ကာ နှိပ်စက်၏။ (ကုသိုလ်ဇနကကံကြောင့် လူ့ဘဝ လူ့ခန္ဓာအစဥ်ကဲ့သို့သော ဣဋ္ဌဖြစ်သော ဝိပါက်ခန္ဓာအစဥ်ကို ရရှိ၏၊ ကောင်းကျိုးတည်း။ အခြားအကုသိုလ်ကံ တစ်ခုကြောင့် ထိုလူ့ဘဝ၌ အနာရောဂါ ထူပြောရပြန်၏။ ယင်းသို့ဖြစ်သော် ထိုအကုသိုလ်ကံက မူလကုသိုလ် ဇနကကံ၏ အကျိုးတရားကို နှိပ်စက်သည် မည်၏။) ထိုနှိပ်စက်သော အကုသိုလ်ကံသည် ဥပပီဠကကံ မည်၏။ ယင်းအကုသိုလ်ကံသည် အတိတ် အကုသိုလ် ကံလည်း ဖြစ်နိုင်၏။ ပစ္စုပ္ပန် အကုသိုလ်ကံလည်း ဖြစ်နိုင်၏။
(这是不善业支持另一不善业果的情形。)缅文出处原串:“(မဟာဋီ-၂-၃၇၉။)”(《大复注》2-379。)三、阻碍业:对于善令生业所生的可意善果,某一与该善业直接相反的不善业,成为引发重病等的因法而予以压迫。(由于善令生业,获得人有、人之蕴相续等可意的果报蕴相续;这是善果。又由于另一不善业,在此人有中多病、重病。如此,便称该不善业压迫了原有善令生业的果。)这类起压迫作用的不善业,称为阻碍业。该不善业既可能是过去的不善业,也可能是现在的不善业。
အကုသိုလ် ဇနကကံသည် ဖြစ်စေအပ်သော အနိဋ္ဌဖြစ်သော အကုသိုလ်၏ အကျိုးတရားကို ယင်းကံနှင့် တိုက်ရိုက် ဆန့်ကျင်ဘက်ဖြစ်သော ကုသိုလ်ကံတစ်ခုက ဓာတ်ညီညွတ်မှု စသည်ကို ဖြစ်စေတတ်သော အကြောင်း တရားဖြစ်ကာ နှိပ်စက်၏။ (အတိတ် အကုသိုလ် ဇနကကံတစ်ခုကြောင့် အနာရောဂါထူပြောနေ၏။ မကျန်း မမာဖြစ်နေ၏။ အတိတ်ကုသိုလ်ကံ တစ်ခုကြောင့်ဖြစ်စေ၊ သို့မဟုတ် ပစ္စုပ္ပန်တွင် ဒိဋ္ဌဓမ္မ အကျိုးပေးနိုင်သော ဘာဝနာ ပွားများအားထုတ်ခြင်းစသော ကုသိုလ်ကံတစ်ခုကြောင့် ဖြစ်စေ ဓာတ်ညီညွတ်မှုစသည်ကို ရရှိလာ၏၊ တစ်ဖန်ပြန်၍ ကျန်းမာလာ၏။) ထိုကုသိုလ်ကံမျိုးသည် အကုသိုလ်ကံ၏ အကျိုးတရားကို ကပ်၍နှိပ်စက်တတ် သော ဥပပီဠကကံ မည်၏။ (မဟာဋီ-၂-၃၈ဝ။) ၄။ ဥပဃာတကကံ ---- အကြင်ကံသည် ကုသိုလ် ဇနကကံ၏ စွမ်းအင်သတ္တိနှင့် စပ်သဖြင့် သာ၍ရှည်မြင့်သော ဝိပါက်ရုပ်နာမ်သန္တာန်အစဥ် ဖြစ်ထိုက်သည်လည်းဖြစ်သော ကောင်းကျိုးကိုသော်လည်း ဖြတ်တတ်သော
对于不善令生业所生的不可意果报,某一与该业直接相反的善业,成为使诸界调和等的因法而予以压迫。(由于过去一项不善令生业,某人疾病沉重、身体不适;由于过去某一善业,或者由于现在能在现法给果的培育禅修等善业,他获得诸界调和等,恢复健康。)这类贴近压迫不善业之果的善业,称为阻碍业。缅文出处原串:“(မဟာဋီ-၂-၃၈ဝ။)”(《大复注》2-380。)四、毁坏业:某种业成为因法,能够贴近并毁坏、截断本来可依善令生业之力维持更长久的果报色名相续,即善果——
အကြောင်းတရားဖြစ်ခြင်းဖြင့် ကပ်၍ သတ်တတ် ဖြတ်တတ်၏၊ ထိုကံသည် ဥပဃာတကကံ မည်၏။
——这种业称为毁坏业。
အကြင်ကံသည် အကုသိုလ် ဇနကကံ၏ စွမ်းအင်သတ္တိနှင့်စပ်သဖြင့် သာ၍ရှည်မြင့်သော ဝိပါက်ရုပ်နာမ် သန္တာန်အစဥ် ဖြစ်ထိုက်သည်လည်းဖြစ်သော မကောင်းကျိုးကိုသော်လည်း ဖြစ်တတ်သော အကြောင်းတရား ဖြစ်ခြင်းဖြင့် ကပ်၍ သတ်တတ် ဖြတ်တတ်၏၊ ထိုကံသည် ဥပဃာတကကံ မည်၏။ (ဇနကကံ တစ်ခု၏ အကျိုး ဖြစ်သော ဝိပါက် ရုပ်နာမ်သန္တာန်အစဥ်ကို ကပ်၍ ဖြတ်တတ် သတ်တတ်သော ကံသည် ဥပဃာတကကံ မည်၏၊၊)
某种业成为因法,能够贴近并毁坏、截断本来可依不善令生业之力维持更长久的果报色名相续,即恶果,这种业称为毁坏业。(能够贴近并截断、毁坏作为一项令生业之果的果报色名相续之业,称为毁坏业。)
(မဟာဋီ-၂-၃၈ဝ။)
缅文出处原串:“(မဟာဋီ-၂-၃၈ဝ။)”(《大复注》2-380。)
ကံကိုသတ်ခြင်း ဖြတ်ခြင်းမည်သည် ထိုကံ၏ အကျိုးဝိပါက်ကို တားမြစ်ခြင်းပင်တည်း။ ထိုသို့ တားမြစ်ခြင်း သည်လည်း တားမြစ်သော ကံဟူသော မိမိ၏ အကျိုးဝိပါက်ကို ဖြစ်ပေါ်လာအောင် အခွင့်အလမ်းကို ပြုလုပ်ခြင်း ပင်တည်း။
所谓杀灭、截断业,就是阻止该业的果报生起。这样的阻止,又是为作为阻止者的业本身之果报创造生起机会。
原书第 84 页
ဗုဒ္ဓဝိသယနှင့် သာဝကဝိသယ = ဘုရားအရာနှင့် သာဝကအရာ
佛陀领域与弟子领域
ဣတိ ဣမေသံ ဒွါဒသန္နံ ကမ္မာနံ ကမ္မန္တရဉ္စေဝ ဝိပါကန္တရဉ္စ ဗုဒ္ဓါနံ ကမ္မဝိပါကဉာဏဿေဝ ယာထာ- ဝသရသတော ပါကဋံ ဟောတိ၊ အသာဓာရဏံ သာဝကေဟိ။ ဝိပဿကေန ပန ကမ္မန္တရဉ္စ ဝိပါကန္တရဉ္စ ဧကဒေသတော ဇာနိတဗ္ဗံ။ တသ္မာ အယံ မုခမတ္တဒဿနေန ကမ္မဝိသေသော ပကာသိတောတိ။
“如是,就这十二种业而言,业差别与果报差别,唯在诸佛的业果报智中,才会依其如实自性与作用而清楚显现;这是声闻所不共的。然而,修观者应当从一部分了解业差别与果报差别。因此,这里只以略示其门而阐明了业的差别。”
(ဝိသုဒ္ဓိ-၂-၂၃၇။)
缅文出处原串:“(ဝိသုဒ္ဓိ-၂-၂၃၇။)”(《清净道论》2-237。)
ဗုဒ္ဓါဝေဏိကတာယ အသာဓာရဏဿေဝ ဉာဏဿ ဂေါစရဘာဝတော ကမ္မန္တရာဒိ ''အသာဓာရဏံ သာဝကေဟီ''တိ ဝုတ္တံ။ ဧကဒေသတော ဇာနိတဗ္ဗံ အနဝသေသတော ဇာနိတုံ န သက္ကာ အဝိသယတ္တာ။ သဗ္ဗေန သဗ္ဗံ အဇာနနေ ပစ္စယပရိဂ္ဂဟော န ပရိပူရတီတိ။ (မဟာဋီ-၂-၃၈ဝ။) ဒိဋ္ဌဓမ္မဝေဒနီယကံမှ စ၍ ဤဥပဃာတကကံ တိုင်အောင် ဖော်ပြခဲ့သော ဤ (၁၂)မျိုးသော ကံတို့၏ - ၁။ ကမ္မန္တရ = ကံတို့၏ အားရှိသည်၏အဖြစ် အားမရှိသည်၏အဖြစ်ဟု ဆိုအပ်သော ထူးထွေကွဲပြားမှုသည် လည်းကောင်း၊ ၂။ ဝိပါကန္တရ = အကျိုးဝိပါက်တရားတို့၏ ယုတ်ညံ့သည်၏ အဖြစ်၊ မြင့်မြတ်သည်၏ အဖြစ်၊ မည်းညစ်သည် ၏ အဖြစ်၊ ဖြူစင်သည်၏ အဖြစ် စသော ထူးထွေကွဲပြားမှုသည်လည်းကောင်း၊ ဤ (၂) မျိုးသော သဘောတရားသည် သဗ္ဗညု ဘွဲ့ထူးကြီးကို ခံယူတော်မူကြသော ရှင်တော်မြတ်ဘုရား တို့၏ ကံအထူး အကျိုးဝိပါက်အထူးကို သိတော်မူတတ်သော ကမ္မဝိပါကဉာဏ်တော်မြတ်အားသာလျှင် မဖောက်မပြန် ဟုတ်မှန်တိုင်းသော သဘော၊ ဟုတ်မှန်တိုင်းသော မိမိကိစ္စအားဖြင့် ထင်ရှားပေသည်၊ သာဝက-
“由于业差别等只是佛陀所独有之不共智的所行境,故说‘声闻所不共’。所谓‘应当从一部分了解’,是说不可能毫无遗漏地全部了知,因为这并非〔声闻〕的所行境。若完全一无所知,缘摄受便不能圆满。”从现法受业开始,直到上述毁坏业,这十二种业的:一、业差别,即所谓诸业有力、无力等种种差别;二、果报差别,即果报法低劣、殊胜、黯浊、明净等种种差别。以上两种法,唯在具一切知智之诸佛的业果报智中,才依如实自性与如实作用而清楚显现;这是声闻——
တို့နှင့် မဆက်ဆံပေ။ ထိုကမ္မဝိပါကဉာဏ်တော်သည် သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့နှင့်သာ သီးသန့် သက်ဆိုင်သည့် အာဝေဏိကဂုဏ်တော် တစ်ပါးလည်း ဖြစ်၏၊ သာဝကတို့နှင့် မဆက်ဆံဘဲ သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့နှင့်သာ ဆက်ဆံသည့် အသာဓာရဏ ဉာဏ်တော်တစ်ပါးလည်း ဖြစ်၏။ ဤကမ္မန္တရ၊ ဝိပါကန္တရကား ထိုအာဝေဏိက အသာဓာရဏ ဖြစ်တော်မူသော ကမ္မဝိပါကဉာဏ်တော်၏သာလျှင် ကျက်စားရာအာရုံ ဖြစ်သောကြောင့် ကမ္မန္တရ ဝိပါကန္တရကို အကြွင်းအကျန်မရှိ ကုန်စင်အောင်သိမှုသည် သာဝကတို့နှင့် မဆက်ဆံသည့် သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တို့၏ အရာသာဖြစ်၏။
——所不共的。这一业果报智,是正等正觉佛陀所独具的一种不共德;也是一种不与声闻共、唯正等正觉佛陀所独有的不共智。业差别与果报差别既只是这不共业果报智的所行境,因此,毫无遗漏地彻底了知它们,只是具一切知智的正等正觉佛陀之领域,并非声闻之领域。
သို့သော် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းလျက်ရှိသော ဝိပဿကပုဂ္ဂိုလ်သည် ကံတို့၏ အားရှိ- သည်၏အဖြစ် အားမရှိသည်၏ အဖြစ်ဟု ဆိုအပ်သော ကံတို့၏ ထူးထွေကွဲပြားမှု ကမ္မန္တရကိုလည်းကောင်း၊ အကျိုးဝိပါက်တရားတို့၏ ယုတ်ညံ့သည်၏ အဖြစ်၊ မြင့်မြတ်သည်၏ အဖြစ်၊ မည်းညစ်သည်၏ အဖြစ်၊ ဖြူစင်- သည်၏ အဖြစ်စသော ဝိပါက်တရားတို့၏ ထူးထွေကွဲပြားမှု ဝိပါကန္တရကိုလည်းကောင်း ဧကဒေသ = တစ်စိတ် တစ်ဒေသအားဖြင့် သိသင့်၏ သိထိုက်၏ သိရမည်ဖြစ်၏။ ယင်းကမ္မန္တရ ဝိပါကန္တရတို့ကို အကြွင်းအကျန်မရှိ ကုန်စင်အောင် သိခြင်းငှာကား သာဝကတို့သည် မစွမ်းနိုင်ကုန်။ သာဝကတို့၏အရာ မဟုတ်သောကြောင့် ဖြစ်၏။
然而,正在修习观禅业处的禅修者,应当从一部分、在一定范围内,了知所谓诸业有力、无力等种种业差别,以及果报法低劣、殊胜、黯浊、明净等种种果报差别。至于这些业差别与果报差别,声闻无法毫无遗漏地彻底了知,因为这不是声闻的领域。
ထိုကမ္မန္တရ ဝိပါကန္တရတို့ကို အချင်းခပ်သိမ်း လုံးလုံးမသိခဲ့သော်မူ အကြောင်းတရားတို့ကို သိမ်းဆည်းတတ် ပိုင်း- ခြားယူတတ်သော ပစ္စယပရိဂ္ဂဟဉာဏ်သည် မပြည့်စုံပေ။ ထိုကြောင့် အရိပ်အမြွက်မျှကို ပြသဖြင့် ဤကံအထူးကို (ကမ္မန္တရ ဝိပါကန္တရကို) အဋ္ဌကထာဆရာတော်သည် ထင်ရှား ပြတော်မူ၏ဟု မှတ်ပါ။)
如果对这些业差别与果报差别全然一无所知,能摄取、分别诸因法的缘摄受智便不能圆满。因此应当知道,义注论师只是略加指示,便阐明了这项业的差别——即业差别与果报差别。
(ဝိသုဒ္ဓိ-၂-၂၃၇။ မဟာဋီ-၂-၃၈ဝ။)
缅文出处原串:“(ဝိသုဒ္ဓိ-၂-၂၃၇။ မဟာဋီ-၂-၃၈ဝ။)”(《清净道论》2-237;《大复注》2-380。)
原书第 85 页
ပဋိစ္စသမုပ္ပါဒ်ပိုင်း - အပိုင်း (က) ဤအထက်ပါ အဋ္ဌကထာ ဋီကာတို့၏ ဖွင့်ဆိုချက်များနှင့် အညီ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်း လျက်ရှိသော အသင်သူတော်ကောင်းသည် ပစ္စယပရိဂ္ဂဟဉာဏ်ကို ရရှိရေးအတွက် ကံနှင့် ကံ၏ အကျိုးတရား ကိုကား တစ်စိတ်တစ်ဒေသအားဖြင့် သိအောင် ရှုပွားရတော့မည် ဖြစ်၏။ ယင်းသို့ ရှုရာ၌ အတိတ်ကံကြောင့်သာ ပစ္စုပ္ပန်၌ ပဋိသန္ဓေဝိပါက် နာမ်ရုပ်စသော အကျိုးဝိပါက်တရားများသည် ထင်ရှားဖြစ်ပေါ်လာကြသဖြင့်၊ ပစ္စုပ္ပန်တွင် ပြုစုပျိုးထောင်လိုက်သော (ဥပပဇ္ဇဝေဒနီယ) ကံကြောင့် သို့မဟုတ် အတိတ်ဘဝထိုထိုက ပြုစုပျိုးထောင်ခဲ့သော အပရာပရိယဝေဒနီယကံကြောင့် နောင်အနာဂတ်၌လည်း (သံသရာခရီး မဆုံးသေး သူတို့အဖို့ ) ပဋိသန္ဓေဝိပါက် နာမ်ရုပ်စသော အကျိုးတရားများသည် ဖြစ်ပေါ်လာကြမည် ဖြစ်သဖြင့် ကံနှင့် ကံ၏အကျိုးကို (ကမ္မန္တရ ဝိပါ- ကန္တရကို) တစ်စိတ်တစ်ဒေသ သိလိုပါက သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်လိုပါက
依照上述义注与复注的解释,正在修习观禅业处的贤者,为了获得缘摄受智,必须修观以了知业与业果的一部分。在如此观修时,由于结生果报名色等果报法唯由过去业而在现在明显生起;又由于现在所培育的次生受业,或过去各生所培育的后后受业,未来(对尚未走完轮回旅程者)也将生起结生果报名色等果法,所以,若想了知业与业果——即业差别与果报差别——的一部分,若想以正见智亲自现前、洞察知见——
အတိတ်နှင့် အနာဂတ်မှာ မလွဲမရှောင်သာ ရှုပွားရတော့မည်သာဟု မှတ်ပါ။ အတိတ်ဘဝက ထူထောင်ခဲ့သော အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊သင်္ခါရ၊ ကံ ဟူသော အတိတ် အကြောင်းတရားငါးပါးဟူသည် အတိတ်ခန္ဓာငါးပါးကို အစွဲပြု၍ ဖြစ်ပေါ်လာသော အတိတ်ခန္ဓာငါးပါး၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်၏။ အလားတူပင် ပစ္စုပ္ပန် အ- ကြောင်းတရားငါးပါးဟူသည်လည်း ပစ္စုပ္ပန်ခန္ဓာငါးပါးတို့ကိုပင် အစွဲပြု၍ ဖြစ်ပေါ်လာသော ပစ္စုပ္ပန်ခန္ဓာငါးပါး၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်၏။ အနာဂတ် အကျိုးတရားငါးပါးဟူသည်လည်း အနာဂတ်ခန္ဓာငါးပါးတို့၏ အစိတ် အပိုင်း တစ်ခုမျှသာ ဖြစ်၏။ သို့အတွက် အတိတ် အကြောင်းတရားကြောင့် ပစ္စပ္ပန် အကျိုးတရားဖြစ်ပုံ၊ ပစ္စုပ္ပန် အကြောင်းတရားကြောင့် အနာဂတ် အကျိုးတရားဖြစ်ပုံတို့ကို ဟုတ်တိုင်းမှန်စွာ ယထာဘူတဉာဏ်ဖြင့် သိမြင် လိုသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် အတိတ်ခန္ဓာငါးပါး အနာဂတ်ခန္ဓာငါးပါးတို့ကိုကား မလွှဲမရှောင်သာ
——就应知道,过去与未来都是不可避免、必须观修的。过去生所培育的无明、爱、取、行、业这五种过去因,只是依过去五蕴而生的过去五蕴中的一部分。同样,五种现在因也只是依现在五蕴而生的现在五蕴中的一部分;五种未来果也只是未来五蕴中的一部分。因此,想以如实智如实知见过去诸因如何令现在诸果生起、现在诸因如何令未来诸果生起的瑜伽行者,必须——
သိမ်းဆည်း ရှုပွားရတော့မည်သာ ဖြစ်ပေသည်။
——摄取并观修过去五蕴与未来五蕴。
ကမ္မန္တရ - ဝိပါကန္တရ
业差别与果报差别
ကမ္မန္တရ န္တိ ကမ္မဝိသေသော ကမ္မာနံ ဗလာဗလဘေဒေါ။ ဝိပါကန္တရ န္တိ ဝိပါကဝိသေသော၊ တဿ ဟီနပဏီတတာဒိဘေဒေါ။ (မဟာဋီ-၂-၃၇၉။) ကမ္မန္တရဟူသည် ကံတို့၏ ထူးထွေကွဲပြားမှု = အားရှိသောကံ အားမရှိသောကံစသည့် ကံအမျိုးမျိုးတည်း။
“所谓‘业差别’,就是业的差异,即诸业在强与弱等方面的差别;所谓‘果报差别’,就是果报的差异,即果报在低劣、殊胜等方面的差别。”(《大复注》2-379。)所谓“业差别”,就是诸业的种种差异,也就是有力的业、无力的业等各种业。
ဝိပါကန္တရဟူသည် အကျိုးတရားတို့၏ ထူးထွေကွဲပြားမှု = ယုတ်ညံ့သော အကျိုးတရား မွန်မြတ်သော အကျိုး တရား စသည့် အကျိုးအမျိုးမျိုးတည်း။ တစ်နည်းဆိုသော် ဇနကကံ ဥပတ္ထမ္ဘကကံ ဥပပီဠကကံ ဥပဃာတကကံ ဟူသော ကံအမျိုးမျိုးသည် ကမ္မန္တရတည်း။ ယင်းကံအမျိုးမျိုးတို့၏ဆိုင်ရာ အကျိုးအမျိုးမျိုးသည် ဝိပါကန္တရတည်း။
所谓“果报差别”,就是诸果法的种种差异,也就是低劣的果法、殊胜的果法等各种果法。换言之,令生业、支持业、阻碍业、毁坏业等各种业,就是业差别;这些各种业各自相应的种种果报,就是果报差别。
(မဟာဋီ-၂-၃၇၉-၃၈ဝ။)
缅文出处原串:“(မဟာဋီ-၂-၃၇၉-၃၈ဝ။)”(《大复注》2-379—380。)
သတ္တဝါ တစ်ဦးတစ်ဦးမှာပင် ကံအမျိုးမျိုးရှိနိုင်၍ ယင်းကံ၏ အကျိုးတရားတို့လည်း အမျိုးမျိုးပင် ရှိနိုင် သည်။ ဘုရားရှင်၏ ဝိပါက်တော် (၁၂) ပါးကိုပင် ပုံစံထား၍ ကြည့်ပါ။ ဝိပါက်တော် တစ်မျိုးတစ်မျိုးအတွက် သီးသန့်ကံ တစ်မျိုးစီရှိ၏။ ဦးခေါင်းတော်ခဲရသည့် ဝိပါက်တော်အတွက် ကံတစ်မျိုး၊ ခါးတော်နာရသည့် ဝိပါက်- တော်အတွက် ကံတစ်မျိုး၊ ဝမ်းတော်လားရသည့် ဝိပါက်တော်အတွက် ကံတစ်မျိုး ဤသို့ စသည်ဖြင့် ဆိုင်ရာ ဆိုင်ရာ ဝိပါက်တော်နှင့် ဆိုင်ရာဆိုင်ရာ ကံကား အသီးသီးပင် ရှိ၏။
即使就一个有情而言,也可能有种种业,而这些业的果报也可能有多种。且以佛陀所受的十二种果报为例:每一种果报都有各自独立的一种业。头痛这一果报有其一种业,腰背疼痛这一果报有其一种业,腹泻这一果报有其一种业;如是等等,各种果报与各自相应的业,彼此都是各别的。
အလားတူပင် သတ္တဝါ တစ်ဦးတစ်ဦးအဖို့ ဘဝတစ်လျှောက်ဝယ် တွေ့ကြုံခံစားရသည့် ဣဋ္ဌာရုံလည်း အမျိုးမျိုးရှိ၏။ အနိဋ္ဌာရုံလည်း အမျိုးမျိုးရှိ၏။ ဣဋ္ဌာရုံနှင့် တွေ့ကြုံရသည့်အခါ ဖြစ်ပေါ်သွားကြသော ပဉ္စ- ဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ တဒါရုံတို့ကား ကုသိုလ်ကံကြောင့် ဖြစ်ပေါ်လာကြရသည့် ကုသလဝိပါက်
同样,对每一个有情而言,一生中所经历的可意所缘有多种,不可意所缘也有多种。遇到可意所缘时所生起的五识、领受、推度与彼所缘,是由善业生起的善果报——
原书第 86 页
တို့တည်း။ အနိဋ္ဌာရုံနှင့် တွေ့ကြုံရသည့်အခါ ဖြစ်ပေါ်သွားကြသော ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ၊ တဒါရုံတို့ကား အကုသိုလ်ကံကြောင့် ဖြစ်ပေါ်လာကြရသည့် အကုသလဝိပါက်တို့တည်း။
——法;遇到不可意所缘时所生起的五识、领受、推度与彼所缘,则是由不善业生起的不善果报法。
ဣဋ္ဌာရုံမှာ ဘဝတစ်လျှောက်ဝယ် အမျိုးမျိုးရှိသဖြင့် ကုသလဝိပါက်လည်း အမျိုးမျိုးပင်ရှိရ၏၊ အနိဋ္ဌာရုံ မှာလည်း အမျိုးမျိုးပင် ရှိနိုင်သဖြင့် အကုသလဝိပါက်လည်း အမျိုးမျိုးပင် ရှိနိုင်၏။ ကုသလဝိပါက် အမည်ရသော ကောင်းကျိုး အမျိုးမျိုးကို တွေ့ကြုံခံစားရလျှင် ယင်းကုသလဝိပါက် အမျိုးမျိုး၏ အကြောင်းရင်းကံမှာလည်း အမျိုးမျိုးပင် ရှိနိုင်၏။ အလားတူပင် အကုသလဝိပါက်အမျိုးမျိုးကို တွေ့ကြုံခံစားရလျှင် ယင်း၏အကြောင်းရင်း အကုသိုလ်ကံမှာလည်း အမျိုးမျိုးပင် ရှိနိုင်၏။
由于一生中可意所缘有多种,所以善果报也有多种;不可意所缘也可能有多种,所以不善果报也可能有多种。若经历称为善果报的种种善果,这些种种善果报的因业也可能有多种。同样,若经历种种不善果报,其作为原因的不善业也可能有多种。
ဘဝတစ်လျှောက်တွင် တွေ့ကြုံခဲ့ရသည့် တွေ့ကြုံဆဲဖြစ်သည့် တွေ့ကြုံလတ္တံ့ဖြစ်သည့် ထိုများစွာကုန် သော ကံနှင့် ကံ၏ အကျိုးတရားတို့ကိုကား (ကမ္မန္တရ ဝိပါကန္တရတို့ကိုကား) သာဝကများသည် ကုန်စင်အောင် မသိနိုင်ပေ။ အတိတ် အနာဂတ်တို့၌လည်း နည်းတူပင် ဖြစ်၏။ သို့သော် ဘုရားရှင်ကား အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးလုံး၌ပင် ကံနှင့် ကံ၏ အကျိုးတရားတို့ကို အကြွင်းအကျန်မရှိ အကုန်အစင် သိမြင်တော် မူ၏။ သို့သော် သာဝကများသည် ကံအမျိုးမျိုးနှင့် ကံ၏ အကျိုးအမျိုးမျိုးကို ကုန်စင်အောင် မသိနိုင်သော်လည်း တစ်စိတ်တစ်ဒေသ တစ်ချို့တစ်ဝက်မျှကိုကား သိရှိရမည် ဖြစ်သည်။ ကံ-ကံ၏ အကျိုးတရားကို လုံးလုံးမသိခဲ့ လျှင်ကား ပစ္စယပရိဂ္ဂဟဉာဏ် မပြည့်စုံနိုင်။ သို့အတွက် ပဋိသန္ဓေခန္ဓာငါးပါးစသည့် အချို့အချို့သော အကျိုး- ဝိပါက်ခန္ဓာတို့ကို ဖြစ်ပေါ်စေတတ်သည့် အကြောင်းတရားတို့ကိုကား ပစ္စယပရိဂ္ဂဟဉာဏ်ကို ရရှိရေးအတွက်
在一生中曾经经历、正在经历、将要经历的众多业与业果(即业差别与果报差别),诸声闻不能无余了知;过去与未来亦复如是。可是,佛陀对于过去、未来、现在三时中的业与业果,全都毫无遗漏地彻底知见。诸声闻虽不能彻底了知种种业及其种种果报,却必须了知其中一部分。若完全不了知业与业果,缘摄受智便不能圆满。因此,为了获得缘摄受智,必须努力了知能令结生五蕴等某些果报蕴生起的诸因法;这一点务必——
သိရှိအောင် ကြိုးပမ်းရတော့မည်သာဟု သန္နိဋ္ဌာန်ကျ မုချပုံသေ မှတ်သား နာယူလေရာသည်။
——下定决意,确定不移地记住并领受。
လိုက်နာရမည့် စည်းကမ်းတစ်ရပ်
应遵守的一项规则
အကြောင်းတရားများကို ရှာဖွေရာ၌ ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ရရှိထားပြီး ဖြစ်သင့်သော အင်္ဂါရပ်တစ်ခုကို ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌကထာက အောက်ပါအတိုင်း ဖွင့်ဆိုထား၏။
在寻找诸因法时,《无碍解道义注》如下阐释了瑜伽行者的智中应当预先具备的一项条件。
ပစ္စယသမုပ္ပန္နေ ဟိ အပရိဂ္ဂဟိတေ ပစ္စယပရိဂ္ဂဟော န သက္ကာ ဟောတိ ကာတုံ၊ တသ္မာ ဓမ္မဋ္ဌိတိ- ဉာဏဂ္ဂဟဏေနေဝ တဿ ဟေတုဘူတံ ပုဗ္ဗေ သိဒ္ဓံ နာမရူပဝဝတ္ထာနဉာဏံ ဝုတ္တမေဝ ဟောတီတိ ဝေဒိတဗ္ဗံ။
“缘所生法若尚未被摄取,就不可能实行缘摄受。因此,应当知道:只要说到法住智,也就已经说到先前已成就、作为法住智之因的名色分别智。”
(ပဋိသံ-ဋ္ဌ-၁-၁၈။)
缅文出处原串:“(ပဋိသံ-ဋ္ဌ-၁-၁၈။)”(《无碍解道义注》1-18。)
ဤအထက်ပါ ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌကထာ၏ ဖွင့်ဆိုထားတော်မူသည်နှင့်အညီ ပစ္စယပရိဂ္ဂဟ = အကြောင်း တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူလို သိမ်းဆည်းလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ပစ္စယသမုပ္ပန္နဟု ခေါ်ဆို အပ်သော အကျိုးရုပ်တရား နာမ်တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း သိမ်းဆည်းခြင်း ရုပ်နာမ်ကို ဉာဏ်ဖြင့် ပိုင်းခြား မှတ်သားခြင်းဟူသော နာမရူပဝဝတ္ထာနဉာဏ်ကို ရှေးဦးစွာ ရရှိအောင် ကြိုးစား အားထုတ်ရမည် ဖြစ်ပါသည်။
依照上述《无碍解道义注》的阐释,想实行缘摄受——也就是想以智分别、摄取诸因法——的瑜伽行者,首先必须努力获得名色分别智;所谓名色分别智,就是对称为“缘所生法”、作为果法的色法与名法,以智加以分别、摄取,亦即以智分别、记取名色之智。
ဆိုလိုသည်မှာ ဤသို့ဖြစ်၏ ---- အတိတ်အကြောင်းတရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူလို သိမ်းဆည်း လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် အတိတ်အကြောင်းတရားကြောင့် ပစ္စုပ္ပန်ဘဝတွင် ထင်ရှားဖြစ်ပေါ်နေသည့် ပစ္စယုပ္ပန္နဓမ္မ အမည်ရသည့် ပစ္စုပ္ပန် ရုပ်တရား နာမ်တရားတို့ကိုလည်းကောင်း၊ ထို အတိတ်အကြောင်းတရားများ၏ စွဲမှီရာ (ဆိုင်ရာ ရှေးရှေး အတိတ်အကြောင်းတရားများကြောင့် ထင်ရှား ဖြစ်ပေါ်နေသည့်) ပစ္စယုပ္ပန္နဓမ္မ အမည် ရသည့် အတိတ် ရုပ်တရား နာမ်တရားတို့ကိုလည်းကောင်း သိမ်းဆည်းထားပြီး ဉာဏ်ဖြင့် ပိုင်းခြားယူထားပြီး
意思是:想以智分别、摄取过去诸因法的瑜伽行者,必须先摄取并以智分别:一、由于过去诸因而在今生明显生起、称为“缘所生法”的现在色法与名法;二、作为那些过去因法所依〔即由于各自更早的过去因法而明显生起〕、同样称为“缘所生法”的过去色法与名法。以上两类都必须事先摄取并以智分别完毕——
原书第 87 页
ပဋိစ္စသမုပ္ပါဒ်ပိုင်း - အပိုင်း (က) ဖြစ်ရမည်။ တစ်ဖန် ပစ္စုပ္ပန် အကြောင်းတရားငါးပါးကြောင့် တစ်နည်းဆိုသော် အတိတ်ဘဝတစ်ခုက ပြုစု ပျိုးထောင်ခဲ့သော အပရာပရိယဝေဒနီယကံကြောင့် ထင်ရှား ဖြစ်ပေါ်လတ္တံ့သော အနာဂတ် အကျိုးတရားငါးပါး ဟူသော ပစ္စယုပ္ပန္နဓမ္မ အမည်ရသည့် ရုပ်တရား နာမ်တရားတို့၏ ထင်ရှားဖြစ်ပေါ်လာပုံကို ဉာဏ်ဖြင့် ပိုင်းခြား ယူလို သိမ်းဆည်းလိုသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသော ပစ္စုပ္ပန် အကြောင်းတရားတို့၏ စွဲမှီ၍ဖြစ်ရာ ပစ္စယုပ္ပန္နဓမ္မ အမည်ရသည့် ပစ္စုပ္ပန် ရုပ်တရား နာမ်တရားတို့ကို လည်းကောင်း၊ ထိုပစ္စုပ္ပန် အကြောင်းတရားများကြောင့် (သို့မဟုတ် အတိတ်ဘဝက ထူထောင်ခဲ့သော အပရာ- ပရိယဝေဒနီယကံကြောင့်) ထင်ရှား ဖြစ်ပေါ်လာမည့် အနာဂတ် အကျိုးတရားငါးပါးဟူသော ပစ္စယုပ္ပန္နဓမ္မ အမည်ရသည့် ရုပ်တရား နာမ်တရားတို့ကိုလည်းကောင်း သိမ်းဆည်းထားပြီး ဉာဏ်ဖြင့် ပိုင်းခြားယူထားပြီး
——才行。再者,想以智分别、摄取五种现在因如何令五种未来果明显生起——换言之,过去某一生所培育的后后受业如何令它们生起——的瑜伽行者,应当摄取并以智分别:一、作为无明、爱、取、行、业这五种现在因之所依、称为“缘所生法”的现在色法与名法;二、由于这些现在因〔或由过去生所培育的后后受业〕而将明显生起、属于五种未来果、称为“缘所生法”的未来色法与名法。以上两类同样必须事先摄取并以智分别完毕——
ဖြစ်ရမည်။
——才行。
အတိတ်ခန္ဓာငါးပါးတို့ကို သိမ်းဆည်းနိုင်မှသာလျှင် ထိုအတိတ်ခန္ဓာငါးပါးတို့ကို စွဲမှီ၍ ဖြစ်ပေါ်ခဲ့ကြ ကုန်သော အတိတ်အကြောင်းတရားတို့ကိုလည်း ရှာဖွေရလွယ်ကူမည်။ အတိတ်အကြောင်းတရားများကြောင့် ပစ္စုပ္ပန်အကျိုးတရားများ ထင်ရှားဖြစ်ပုံကိုလည်း ရှု၍ရရှိနိုင်မည် ဖြစ်သည်။ အလားတူပင် အနာဂတ်ခန္ဓာငါးပါး- တို့ကို သိမ်းဆည်းနိုင်ပါမှလည်း ပစ္စုပ္ပန်အကြောင်းတရားများကြောင့် အနာဂတ်အကျိုးတရားဖြစ်ပုံ၊ သို့မဟုတ် အတိတ်က ထူထောင်ခဲ့သော အပရာပရိယဝေဒနီယကံကြောင့် အနာဂတ်အကျိုးတရားဖြစ်ပုံကိုလည်း ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်မည် ဖြစ်သည်။ အတိတ်အဆက်ဆက် အနာဂတ်အဆက်ဆက်၌လည်း နည်းတူပင် သဘောပေါက်ပါ။
唯有能够摄取过去五蕴,才容易寻找依彼过去五蕴而生的过去诸因法,也才能观得过去诸因如何令现在诸果明显生起。同样,唯有能够摄取未来五蕴,才能以智分别、摄取现在诸因如何令未来诸果生起,或过去所培育的后后受业如何令未来诸果生起。相续的诸过去世与诸未来世,也应同样理解。
သို့အတွက် အသင်သူတော်ကောင်းသည် အကြောင်းတရားကြောင့် အကျိုးတရားဖြစ်ပုံကို မသိမ်းဆည်းရ- သေးမီ ရှေးအဖို့၌ အတိတ်ခန္ဓာငါးပါး၊ ပစ္စုပ္ပန်ခန္ဓာငါးပါး၊ အနာဂတ်ခန္ဓာငါးပါးတို့ကို ကြိုတင်၍ သိမ်းဆည်း ထားပြီး ဖြစ်ရမည်ဟူသော ဤအချက်ကို ရှေးဦးစွာ ကြိုတင်၍ မှတ်သား နာယူထားလေရာသည်။
因此,贤者应先记住并领受这一点:在尚未摄取因法如何令果法生起以前,必须预先摄取过去五蕴、现在五蕴与未来五蕴。
原书第 88 页
အလုပ်စခန်းကို စတင်အားသစ်ပုံ
开始实际作业的方法
ပဋိစ္စသမုပ္ပါဒ်သဘောတရားများကို ရှုသင့်ပုံနှင့် ရှုပုံနည်းစနစ် ဥပဒေသများကို ရှင်းလင်းတင်ပြပြီး ဖြစ် ပေသည်။ ယခုအခါတွင် ---- ၁။ အစမှ အဆုံးသို့တိုင်အောင်၊ ၂။ အဆုံးမှ အစသို့တိုင်အောင်၊ ၃။ အလယ်မှ အစသို့တိုင်အောင်၊ ၄။ အလယ်မှ အဆုံးသို့တိုင်အောင်၊ ဟောကြားထားတော်မူသော ပဋိစ္စသမုပ္ပါဒ်ရှုကွက် စည်းကမ်းဥပဒေသ (၄) မျိုးတို့ကို ဦးထိပ်ရွက်ပန်ဆင် လျက် ပဋိစ္စသမုပ္ပါဒ်ရှုကွက်တို့ကို ရေးသားတင်ပြမည် ဖြစ်သည်။ ယင်းသို့တင်ပြရာ၌ ပဋိသန္ဓေ = ဝိပါက် နာမ်ရုပ် အကျိုးတရားတို့ကို တိုက်ရိုက်ဖြစ်စေတတ်သော အကြောင်းရင်း ဇနကကံကို သိမ်းဆည်းရှုပွားပုံ ရှာဖွေပုံစနစ်ကိုသာ ပဓာနထား၍ ရေးသားဖော်ပြမည် ဖြစ်ပါသည်။
关于应如何观照缘起诸法以及观照方法的教导,已经说明完毕。现在,我将谨依佛陀所宣说的四种缘起观法规则与教导,叙述这些缘起观法:一、从初至终;二、从终至初;三、从中至初;四、从中至终。在叙述时,将主要说明:如何摄取、观修并寻找作为结生——即果报名色等果法——直接生因的令生业。
အတိတ်အကြောင်းတရားတို့ကို တိုက်ရိုက်ရှာဖွေပုံ သိမ်းဆည်းပုံ
直接寻找、摄取过去因法的方法
ပဋိစ္စသမုပ္ပါဒ်နည်း (၄) နည်းတို့တွင် အစ အဝိဇ္ဇာမှသည် အဆုံး ဇရာမရဏသို့တိုင်အောင် အကြောင်း တရား အကျိုးတရားတို့ကို သိမ်းဆည်းရှုပွားရာ၌ အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သောအဝိဇ္ဇာကို ဉာဏ်ဖြင့် မြင်အောင် တိုက်ရိုက်ရှာဖွေ သိမ်းဆည်းရန် အဋ္ဌကထာများက အောက်ပါအတိုင်း ညွှန်ကြားထားတော်မူကြ၏။
在四种缘起方法中,从开端的无明直至终端的老死摄取、观修诸因法与果法时,诸义注指示:应当直接寻找并摄取过去生所培育的无明,使智慧能够见到它。其指示如下:
သော ''ဣဒံ နာမရူပံ န အဟေတု န အပ္ပစ္စယာ နိဗ္ဗတ္တံ၊ သဟေတု သပ္ပစ္စယာ နိဗ္ဗတ္တံ။ ကော ပနဿ ဟေတု၊ ကော ပန ပစ္စယော''တိ ဥပပရိက္ခန္တော ''အဝိဇ္ဇာပစ္စယာ တဏှာပစ္စယာ ကမ္မပစ္စယာ အာဟာရပစ္စယာ စာ''တိ တဿ ပစ္စယံ ဝဝတ္ထပေတွာ ---- (အဘိ-ဋ္ဌ-၂-၂၄၁-၂၄၂။) သော ''ဣမေ ပဉ္စက္ခန္ဓာ ကိံ ဟေတုကာ''တိ ဥပပရိက္ခန္တော ''အဝိဇ္ဇာဒိ ဟေတုကာ''တိ ပဿတိ။
“他审察:‘此名色并非无因、无缘而生;它是有因、有缘而生。什么是它的因?什么是它的缘?’于是分别确定它的缘为‘以无明为缘、以爱为缘、以业为缘、以食为缘’。”(《迷惑冰消》二,241“他审察:‘这五蕴以什么为因?’便见到它们以无明等为因。”
(မ-ဋ္ဌ-၁-၂၈၁။)
缅文出处原串:“(မ-ဋ္ဌ-၁-၂၈၁။)”(《中部义注》一,281。)
ဤအထက်ပါ အဋ္ဌကထာများ၏ သတ်မှတ် ညွှန်ကြားချက်အရ အတိတ်အကြောင်းတရားများကို တိုက်ရိုက် ရှာဖွေ သိမ်းဆည်းလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးစွာ ---- ၁။ မိမိရရှိပြီးသမာဓိများကို တစ်ဖန်ပြန်၍ အဆင့်ဆင့် ထူထောင်ပါ။ ထိုနောင် အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာနတို့၌- ၂။ ရုပ်သက်သက်ကို သိမ်းဆည်းပါ။ (၆-ဒွါရ၊ ၄၂-ကောဋ္ဌာသ၌ တည်ရှိသော ရုပ်တရားအားလုံးကို သိမ်းဆည်းပါ။) ၃။ နာမ်သက်သက်ကို (၆)လိုင်းလုံး ကုန်စင်အောင် သိမ်းဆည်းပါ။
根据以上诸义注所作的规定与指示,想要直接寻找、摄取过去因法的瑜伽行者,首先应当:一、逐级重新建立自己已经成就的诸定;然后在内、外两处,二、只摄取色法(摄取六门、四十二身分中存在的一切色法);三、只摄取名法,把六线全部摄取无余。
၄။ ရုပ်-နာမ် ခွဲပါ။
四、分别色名。
၅။ ရုပ်နာမ်ကို ပိုင်းခြားမှတ်သားပါ။
五、辨别并标记色名。
ဤအပိုင်းတွင်ကား သမာဓိစွမ်းအင်ကြီးမားဖို့ အလွန်လိုအပ်နေပါသည်။ ထိုသို့ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဋ္ဌာနတို့၌ ရုပ်နာမ်ကို သိမ်းဆည်းရာ ရုပ်နာမ်ကို ခွဲရာ၊ ရုပ်နာမ်ကို ပိုင်းခြားမှတ်သားရာ၌ လင်းရောင်ခြည်စွမ်းအားမှာ အလွန်အားကောင်းဖို့ လိုအပ်ပါသည်။ အကယ်၍ ဉာဏ်အရောင်အလင်းသည် အားပျော့နေပါက မှေးမှိန်နေပါက သမာဓိကို တစ်ဖန်ပြန်၍ ထူထောင်ပါ။ စတုတ္ထစျာန်သမာဓိကို အရောင် ပြိုးပြိုးပြက်ပြက် တလက်လက်
在这个阶段,非常需要强大的定力。在内、外两处摄取色名、分别色名、辨别并标记色名时,智慧之光必须极为强盛。若智慧之光微弱昏暗,就要重新建立定力;应建立第四禅定,直到其光明璀璨、灿烂闪耀——
原书第 89 页
ပဋိစ္စသမုပ္ပါဒ်ပိုင်း - အပိုင်း (က) တောက်ပသည့်တိုင်အောင် ထူထောင်ပါ။ ထိုနောင် အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဋ္ဌာနတို့၌ ရုပ်နာမ်တို့ကို တစ်ဖန်ပြန်၍ သိမ်းဆည်းလျက် ---- ''ဤ ရုပ်နာမ်သည် အဘယ်အကြောင်းကြောင့် ဖြစ်ပေါ်လာရသနည်း''ဟု သိလိုသော စိတ်ဓာတ်ဖြင့် အတိတ်ဘက်သို့ ရှုနေသော ဉာဏ်ကို စေလွှတ်ကြည့်ပါ။ အတိတ်ဘက်သို့ ဉာဏ်ကို စေလွှတ် လိုက်သဖြင့် ဉာဏ်အရောင်အလင်းသည် အတိတ်ဘက်သို့ ဦးစူလျက် တန်းသွားတတ်ပါသည်။ ယခု ပစ္စုပ္ပန် ပဋိသန္ဓေစသော ဝိပါက်ရုပ်နာမ်တို့ကို ဖြစ်စေတတ်သော အကြောင်းရင်းကံကို ဉာဏ်ထက်မြက်ပါက တန်း၍ တွေ့တတ်ပါသည်။ တွေ့ခဲ့သော် အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံတို့ကို စိစစ်စူးစမ်း ရှာဖွေလျက် ပဋိသန္ဓေ ခန္ဓာငါးပါးမှစ၍ အကြောင်းနှင့် အကျိုးဆက်စပ်ကာ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရမည် ဖြစ်ပါသည်။ (အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ တို့ကို ရှာဖွေပုံ အကြောင်းအကျိုးစပ်ပုံ သိမ်းဆည်းပုံကို
——为止。随后,再次摄取内外两处的色名,抱着‘此色名由什么因而生起?’的求知意欲,把正在观向过去的智投向过去。智一投向过去,智慧之光通常便朝过去直行而去。若智慧锐利,往往能直接见到产生现在结生等果报名色的因业。见到以后,应审察、探寻无明、爱、取、行与业,并从结生五蕴开始连接因果,摄取诸因法与果法。(寻找无明、爱、取、行、业,连接因果并加以摄取的方法——
နောက်တွင် ထပ်မံ၍ဖော်ပြမည် ဖြစ်ပါသည်။)
——将在后文进一步说明。)
အလယ်မှ အစသို့
从中至初
အကယ်၍ အတိတ်အကြောင်းတရားတို့ကို ထိုသို့ တိုက်ရိုက် ဉာဏ်ဖြင့် လှမ်းရှုသောအခါ အောင်မြင်မှုကို မရရှိခဲ့သော် အတိတ်အကြောင်းတရားတို့ကို ရှာဖွေ၍ မတွေ့ခဲ့သော် အလယ်ဖြစ်သော အာဟာရလေးပါးမှစ၍ အရင်းအစဖြစ်သော အဝိဇ္ဇာသို့တိုင်အောင် သိမ်းဆည်းသော နည်းစနစ်ကို အသုံးပြုနိုင်ပါသည်။ အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း ထိုအာဟာရများမှာ ---- ၁။ ကမ္မဝဋ်တွင် အကျုံးဝင်သော နောင်အနာဂတ် ဘဝတစ်ခုခုအတွက် (ဥပမာ - ဓမ္မကထိကနတ်သား ဖြစ်ရန်အတွက်) ရည်ရွယ်တောင့်တ၍ ယခုပစ္စုပ္ပန်တွင် ပြုစုပျိုးထောင်နေသော ကုသိုလ်သင်္ခါရစေတနာအုပ်စုတွင် အကျုံးဝင်သော ဖဿ၊ စေတနာ၊ ဝိညာဏ်ဟူသော ဖဿာဟာရ၊ မနောသဉ္စေတနာဟာရ၊ ဝိညာဏာဟာရ တို့နှင့် ယင်းနာမ်အာဟာရတို့၏ မှီရာ ဝတ္ထုရုပ်တို့နှင့် အတူဖြစ်ကြသော စတုသမုဋ္ဌာနိကသြဇာဟူသော ကဗဠီကာရာဟာရတို့လည်း ရှိကြ၏။ ကုသိုလ်သင်္ခါရအုပ်စု နာမ်တရားတို့နှင့် မှီရာဝတ္ထုရုပ်တို့ပင်တည်း။
如果这样直接以智观向过去因法而未能成功,找不到过去因法,就可以采用从作为中间的四食开始,一直摄取到作为根本开端的无明这一方法。如上所说,这些食是:一、属于业轮的四食。为了未来某一生——例如为了成为说法天子——而发愿,并在现在培育的善行名法组中,触、思、识分别是触食、意思食与识食;与这些名食的所依色俱生的四因生食素,则是段食。换言之,就是善行名法组及其所依色法。
၂။ လက်ရှိ ပစ္စုပ္ပန် ပဋိသန္ဓေအခိုက်၌ ဖြစ်သော ဝိပါကဝဋ်တွင် အကျုံးဝင်သော ပဋိသန္ဓေအခိုက် ဖြစ်ပေါ် သွားကြကုန်သော ဖဿာဟာရ မနောသဉ္စေတနာဟာရ၊ ဝိညာဏာဟာရ၊ ကဗဠီကာရာဟာရတို့လည်း ရှိကြ၏။
二、属于果报轮的四食。在此现在世的结生刹那,生起了触食、意思食、识食与段食。
ပဋိသန္ဓေ နာမ်တရား ရုပ်တရားတို့ပင်တည်း။
也就是结生名法与色法。
ယင်းသို့ ကမ္မဝဋ်တွင် အကျုံးဝင်သော အာဟာရ၊ ဝိပါကဝဋ်တွင် အကျုံးဝင်သော အာဟာရဟူသော အာဟာရနှစ်မျိုးတို့တွင် အသင်သူတော်ကောင်းသည် မိမိကြိုက်နှစ်သက်ရာ အာဟာရကစ၍ သိမ်းဆည်းနိုင် ပါသည်။
在属于业轮之食与属于果报轮之食这两类食中,贤善的您可以从自己喜欢的那一类开始摄取。
ဝိပါကဝဋ် အာဟာရ (၄) ပါးက စတင် သိမ်းဆည်းပုံ
从果报轮四食开始摄取的方法
အကယ်၍ အသင်ယောဂီသူတော်ကောင်းသည် လက်ရှိဘဝ၏ ဝိပါကဝဋ်တွင် အကျုံးဝင်လျက်ရှိသော ပဋိသန္ဓေအာဟာရ (၄)ပါးမှ စတင်၍ သိမ်းဆည်းလိုသည် ဖြစ်အံ့ ----- သမာဓိကို အဆင့်ဆင့်ထူထောင်ပြီးလျှင် မိမိသိမ်းဆည်းနေကျ ရုပ်နာမ်တို့ကို အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာနလုံးတို့၌ သိမ်းဆည်းပြီးသောအခါ ပဋိသန္ဓေ ကလလရေကြည်အခိုက်၌ ဖြစ်ခဲ့သော နာမ်ရုပ်တို့ကို သိလိုသော စိတ်ဓာတ်ဖြင့် ဉာဏ်အရောင်အလင်းဖြင့် ထိုးစိုက်၍ ကြည့်ပါ။ ပဋိသန္ဓေ ကလလရေကြည်အခိုက်က ဖြစ်ခဲ့သော နာမ်ရုပ်တို့ကို ဉာဏ်ဖြင့် လှမ်းရှုပါ။
如果贤善的瑜伽行者想从属于今生果报轮的结生四食开始摄取,应先逐级建立定力;在内、外两处摄取自己惯常摄取的色名以后,抱着想要知道结生羯罗蓝清液(kalala)之际所生名色的意欲,以智慧之光贯注观察。以智观向结生羯罗蓝清液之际所生的名色。
ဉာဏ်အရောင်အလင်းမှာ ဝန်းကျင်ပတ်ချာ အရပ် (၁ဝ) မျက်နှာ၌ ပျံ့နှံ့နေသဖြင့် ဉာဏ်ဖြင့် စူးစိုက်၍ ကြည့်လိုက်
智慧之光遍照四周十方,因此,以智专注观察的方向也自然会明亮——
原书第 90 页
သည့် ဘက်၌လည်း လင်းနေမည်သာ ဖြစ်သည်။ အကယ်၍ ကလလရေကြည်ကို တွေ့ခဲ့သော် ယင်းကလလ ရေကြည်၌ ဓာတ်ကြီးလေးပါးကို စိုက်၍ရှုပါ။ ရုပ်ကလာပ်အမှုန်များကို တွေ့မြင်လာသောအခါ ယင်းရုပ် ကလာပ်အမှုန်များကို ဓာတ်ခွဲပါ။ ရုပ်ကလာပ်အမှုန်များမှာ ဟဒယဒသကကလာပ်၊ ကာယဒသကကလာပ်၊ ဘာဝဒသကကလာပ်ဟု ရုပ်ကလာပ်အမျိုးအစား သုံးမျိုး ရုပ်အမျိုးအစား သုံးဆယ်ရှိ၏။ (တစ်မျိုးတစ်မျိုး၌ အရေ အတွက်ကား ကံအားလျော်စွာ အနည်းအများရှိနိုင်သည်။) ယင်းရုပ်ကလာပ်အမျိုးအစား သုံးမျိုး ရုပ်အမျိုးအစား သုံးဆယ်မှာ ရုပ်တရားဖြစ်၍ ယင်းတွင်ပါဝင်သော ဟဒယဝတ္ထုကို မှီတွယ်၍ ဖြစ်နေသော စိတ်စေတသိက်တို့ကား နာမ်တရားများ ဖြစ်ကြသည်။ ယင်းနာမ်တရားတို့မှာ အကယ်၍ တိဟိတ်သောမနဿ ပဋိသန္ဓေဖြစ်လျှင် (၃၄) လုံးရှိမည် ဖြစ်သည်။ ယင်းရုပ်နာမ်တို့ကား ဝိပါကဝဋ်တရားတွင် အကျုံးဝင်သော အာဟာရလေးပါးတို့ပင်တည်း။
——起来。若见到羯罗蓝清液(kalala),就在其中专注观照四大种。看见色聚微粒以后,分析这些色聚。色聚有心所依处十法聚、身十法聚、性根十法聚三类,共三十种色法。(每一类色聚的数量,随业而可能有多有少。)这三类色聚中的三十种色法是色法;依其中所含心所依处色而生的心与心所,则是名法。若是三因悦俱结生,该名法有三十四种。这些色名,就是属于果报轮的四食。
ယင်းရုပ်နာမ်တို့သည် မည်သည့် အကြောင်းတရားကြောင့် ဖြစ်ပေါ်လာကြရပါသနည်းဟု စူးစမ်းဆင်ခြင် တတ်သော ဉာဏ်ဖြင့် အတိတ်ဘက်သို့ ဉာဏ်ကို တစ်ဆင့်စေလွှတ်၍ ကြည့်ခဲ့သော် အတိတ်က ပြုစုပျိုးထောင် ခဲ့သော အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံတို့ကို တွေ့ရှိနိုင်ပါသည်။ (စူးစမ်းပုံကို အောက်တွင် ထပ်မံ၍ ဆက်လက်ဖော်ပြပါမည်။) တွေ့ရှိခဲ့သော် ပဋိသန္ဓေခန္ဓာငါးပါးမှ စ၍ အကြောင်းအကျိုးစပ်ကာ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းနိုင်ပါသည်။ 〔〔〔အနာဂတ်ဝိပါကဝဋ်ဖြစ်သော အနာဂတ်ပဋိသန္ဓေ အာဟာရ လေးပါးကစ၍လည်း သိမ်းဆည်းပြီးလျှင် ပြောင်းပြန်လှန်၍ အကြောင်းတရားတို့ကိုလည်း သိမ်းဆည်းနိုင်ပါသည်။
如果以善于审察思惟的智考察‘这些色名由什么因法而生起?’,把智进一步投向过去,便能发现过去所培育的无明、爱、取、行与业。(审察的方法将在下文继续说明。)见到以后,就能从结生五蕴开始连接因果,摄取诸因法与果法。〔也可以先摄取属于未来果报轮的未来结生四食,再逆向摄取诸因法。
ဤနည်းမှာ ---- အနာဂတ်မှသည် အတိတ် အဝိဇ္ဇာသို့တိုင်အောင် ပြောင်းပြန်လှန်၍ ရှုရသော ပဋိလောမ ပဋိစ္စသမုပ္ပါဒ်နည်းပင် ဖြစ်သည်။〕
这种方法,就是从未来一路逆观至过去无明的逆缘起法。〕
ကမ္မဝဋ် အာဟာရ (၄) ပါးက စတင် သိမ်းဆည်းပုံ
从业轮四食开始摄取的方法
အကယ်၍ ပဋိသန္ဓေ အာဟာရလေးပါးက စတင်သိမ်းဆည်းရာ၌ အောင်မြင်မှု မရခဲ့သော် ကမ္မဝဋ်တွင် အကျုံးဝင်သော နောင်အနာဂတ်ဘဝအတွက် ရည်ရွယ်တောင့်တ၍ ယခု ပစ္စုပ္ပန်ဘဝတွင် ပြုစုပျိုးထောင်နေ သော အာဟာရလေးပါးက စတင်၍ သိမ်းဆည်းနိုင်ပါသည်။ အကယ်၍ အသင်သူတော်ကောင်းသည် နောင် အနာဂတ်တွင် ဓမ္မကထိကနတ်သား ဖြစ်ရန်အတွက် ရည်ရွယ်တောင့်တ၍ ကုသိုလ်သင်္ခါရမျိုးစေ့တို့ကို ပြုစု ပျိုးထောင်နေသည် ဆိုပါစို့။ ယင်းသင်္ခါရတရားတို့နှင့် မှီရာရုပ်တရားစုတို့မှာ အာဟာရလေးပါးတို့ပင် ဖြစ်ကြ၏။
如果从结生四食开始摄取而未能成功,就可以从属于业轮、为了未来一生而发愿并在此现在世培育的四食开始摄取。假设贤善的您发愿未来成为说法天子,正在培育善行种子;这些行法及其所依色法聚,就是四食。
ရုပ်-နာမ်နှစ်ပါးပင်တည်း။ ယင်းရုပ်နာမ်ကစ၍ သိမ်းဆည်းပါ။
也就是色、名二者。请从这些色名开始摄取。
စတင်အားသစ်ပုံ ---- ရှေးဦးစွာ အသင်သူတော်ကောင်းသည် အနာဂတ် ဘဝတစ်ခုအတွက် ရည်ရွယ်၍ ပြုစုပျိုးထောင်ထားသည့် အနီးစပ်ဆုံး ကုသိုလ်သင်္ခါရအုပ်စုက စတင်၍ သိမ်းဆည်းပါ။ ဥပမာ - ဓမ္မကထိက နတ်သားဖြစ်ရန် ရည်ရွယ်တောင့်တလျက် ရုပ်ပွားတော်အား သို့မဟုတ် စေတီတော်အား ဆီမီးပူဇော်ပါ။
开始的方法——首先,贤善的您应从为了未来一生而培育的、最近的一组善行开始摄取。例如,发愿成为说法天子,向佛像或佛塔供灯。
ဓမ္မကထိကနတ်သား ဖြစ်လိုကြောင်းကို ဆုတောင်းပန်ထွာပါ။ ယင်းကောင်းမှုကုသိုလ်သင်္ခါရကို ပြုစုပျိုးထောင်စဥ် ဖြစ်ပေါ်နေသော စိတ်အစဥ် အမျိုးမျိုးကို ဂရုတစိုက် မှတ်သားထားပါ။
发愿希望成为说法天子。在培育这项善业、善行时,应仔细记住当时生起的各种心相续。
ထိုနောင် အသင်သူတော်ကောင်းသည် ထိုနေရာမှာပင် ဖြစ်စေ သို့မဟုတ် အခြားတစ်နေရာမှာပင် ဖြစ်စေ ထိုင်၍ တရားနှလုံးသွင်းပါ။ ရှေးဦးစွာ မိမိရရှိထားပြီးသော သမာဓိကို တစ်ဖန်ပြန်၍ ထူထောင်ပါ။ ဥပစာရ သမာဓိမျှကိုသာ ရရှိထားပြီးသူဖြစ်ပါက ဥပစာရသမာဓိကိုလည်းကောင်း၊ စတုတ္ထစျာန်သမာဓိကို ရရှိထားပြီးသူ ဖြစ်ပါက စတုတ္ထစျာန်သမာဓိကိုလည်းကောင်း၊ တစ်နည်းဆိုရသော် မိမိရရှိထားပြီးသည့် ဥပစာရသမာဓိ အပ္ပနာစျာန်သမာဓိ တစ်မျိုးမျိုးကို တစ်ဖန်ပြန်၍ ထူထောင်ပါ။ ထိုသမာဓိနှင့် ယှဥ်သော ဉာဏ်ကြောင့် ပြိုးပြိုး ပြက်ပြက် အရောင်တလက်လက် တောက်ပလာသည့်တိုင်အောင် သမာဓိကိုထူထောင်ပါ။
随后,贤善的您可坐在原处或另一处修习业处。首先,重新建立自己已经成就的定:若只成就近行定,就建立近行定;若已成就第四禅定,就建立第四禅定。换言之,应重新建立自己已经成就的近行定或安止禅定。应当建立定力,直到与定相应之智令光明璀璨闪耀。
原书第 91 页
ပဋိစ္စသမုပ္ပါဒ်ပိုင်း - အပိုင်း (က) ထိုနောင် အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာနလုံးတို့၌ ရုပ်နာမ်တို့ကို တစ်ဖန်ပြန်၍ သိမ်းဆည်းပါ။ အထူးသဖြင့် ဓမ္မာရုံလိုင်း အကောင်းအုပ်စု နာမ်တရားများကိုလည်းကောင်း မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ်တို့ကိုလည်းကောင်း ဦးစားပေး၍ သိမ်းဆည်းပါ။ ကြိမ်ဖန်များစွာ ရုပ်နာမ်ခွဲပါ။ ရုပ်နာမ်ကို ပိုင်းခြားမှတ်သားပါ။ ထိုသို့ ရုပ်နာမ်ကို သိမ်းဆည်းနေသော ဉာဏ်ကြောင့်လည်း အရောင်အလင်းများသည် ပြိုးပြိုးပြက်ပြက် တလက်လက် ထွက်ပေါ် လာတတ်ပေသည်။ ဤတွင် ဗဟိဒ္ဓရုပ်နာမ်တို့ကိုပါ သိမ်းဆည်းနေရခြင်းမှာလည်း ဗဟိဒ္ဓရုပ်နာမ်တို့ကို မသိမ်း- ဆည်းတတ်သော ယောဂါဝစရပုဂ္ဂိုလ်တို့သည် အတိတ်ရုပ်နာမ်တို့ကို သိမ်းဆည်းဖို့ရန် ခက်ခဲသောကြောင့်ဖြစ်၏။
随后,在内、外两处再次摄取色法与名法。尤其应优先摄取法所缘线善法组的名法,以及它们的所依处色与所缘色。反复多次分别色名,摄取色名,并分别、记取色名。如此摄取色名之智也会令光明闪耀、灿然生起。这里之所以还要摄取外在色名,是因为不善于摄取外在色名的瑜伽行者,难以摄取过去色名。
ဘုရားရှင်ကိုယ်တော်တိုင်ကလည်း မဟာသတိပဋ္ဌာနသုတ္တန်တွင် ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ ---- ဤသို့စသည်ဖြင့် အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာနလုံးတို့၌ ကာယ ဝေဒနာ စိတ္တ ဓမ္မတို့ကို သိမ်းဆည်းပြီးပါမှ ---- သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ ---- စသည်ဖြင့် အကြောင်းတရား ထင်ရှားဖြစ်ခြင်းကြောင့် အကျိုးတရား ထင်ရှားဖြစ်ပုံ စသည့် ရှုကွက်များကို အစဥ်အတိုင်း သိမ်းဆည်းရှုပွားရန် ညွှန်ကြားထားတော်မူ၏။ လုပ်ငန်းခွင်၌ ဦးထိပ်ရွက် ပန်ဆင်ရမည့် စည်းကမ်းဥပဒေသ တစ်ရပ်ပင် ဖြစ်သည်။
世尊本人“如是,或于内身随观身而住,或于外身随观身而住……”以此类推,唯有先在内、外两处摄取“或于身随观生起之法而住……”等,指示应依次摄取、观修“因法明显生起,果法便明显生起”等观法。这正是实修时应顶戴奉行的一项准则。
အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာနတို့၌ ရုပ်နာမ်တို့ကို သိမ်းဆည်းနေသော ထိုဉာဏ်ကြောင့် ဉာဏ်အရောင် အလင်းသည် ပိုမို၍ တောက်ပလာသောအခါ ယခင် ရုပ်ပွားတော်အား သို့မဟုတ် စေတီတော်အား ဆီမီးပူဇော်၍ ဓမ္မကထိက နတ်သားဖြစ်ရန် ဦးတည်ချက်ဖြင့် ပြုစုပျိုးထောင်ခဲ့သည့် ကုသိုလ်သင်္ခါရအုပ်စု နာမ်တရားတို့ကို စတင်၍ သိမ်းဆည်းပါ။
当这摄取内外两处色名之智所生的智光愈加明亮时,就开始摄取先前为求成为说法天子,向佛像或佛塔供养灯明时所培育的那组善行名法。
သိမ်းဆည်းပုံမှာ ဤသို့တည်း ---- မိမိလက်ရှိသိမ်းဆည်းထားသော ရုပ်နာမ်တို့ကို သိမ်းဆည်းပြီးသောအခါ အနီးကပ်ဆုံး အတိတ်ဘက်သို့ စိတ်ကို စေလွှတ်၍ ရုပ်နာမ်တို့ကို တစ်စတစ်စ သိမ်းဆည်းပါ။ ရုပ်ပွားတော်အား သို့မဟုတ် စေတီတော်အား ဆီမီးပူဇော်ခဲ့သည့် ထိုကောင်းမှုကုသိုလ်ကို ပြုနေသော မိမိကိုယ်ကို ဗဟိဒ္ဓကဲ့သို့ပင် သဘောထား၍ ဗဟိဒ္ဓ၌ ရုပ်နာမ်ကို သိမ်းဆည်းသည့် ပုံစံအတိုင်း ရုပ်နာမ်တို့ကို သိမ်းဆည်းပါ။
摄取方法如下:摄取当下正在摄取的色名以后,把心投向最近的过去,逐步摄取色名。应把正在向佛像或佛塔供养灯明的自己视作外在对象,如摄取外在色名一般摄取其色名。
ရုပ်နာမ်ကို သိမ်းဆည်းနေသော ဉာဏ်အရောင်အလင်းဖြင့် အနီးကပ်ဆုံး ဣရိယာပုထ်ဖြစ်သည့် ဆီမီး ပူဇော်နေသည့် အာရုံဘက်သို့ ဉာဏ်ကို စေလွှတ်ကြည့်ပါ။ ရုပ်နာမ်တို့ကို ဆက်လက် သိမ်းဆည်းပါ။ အကယ်၍ ဆီမီးပူဇော်နေသည့်ပုံသည် ထိုဉာဏ်အလင်းရောင်အတွင်း၌ ပေါ်လာခဲ့သော် ထိုပုံ၌ ဓာတ်ကြီးလေးပါးကို ဗဟိဒ္ဓ၌ကဲ့သို့ မြင်အောင် ဆက်ရှုပါ။ ရုပ်ကလာပ်အမှုန်များကို တွေ့မြင်သောအခါ (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ ရုပ်တရားတို့ကို ဆက်လက်သိမ်းဆည်းပါ။ ရုပ်ကလာပ်များကို ဓာတ်ခွဲလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းပါ။ အထူးသဖြင့် နှလုံးအိမ်၌ရှိသော (၅၄) မျိုးသော ရုပ်တရားတို့ကို ထပ်မံ၍ သိမ်းဆည်းပါ။ ဟဒယ ဝတ္ထုကို ဆက်လက် သိမ်းဆည်းပါ။ ထပ်ကာ ထပ်ကာ ရှုပါ။ ထိုအခါ ဟဒယဝတ္ထုကိုမှီ၍ ဖြစ်နေသော အိမ်ရှင် ဘဝင်မနောအကြည်ဓာတ်ကို လွယ်လွယ်ကူကူပင် သိမ်းဆည်နိုင်မည် ဖြစ်သည်။ ဘဝင်မနောအကြည်ဓာတ်ကို
借助摄取色名之智的光明,把智投向最接近现时的威仪影像,也就是自己供养灯明时的影像。继续摄取色名。若供灯影像出现在智光中,就在该影像中继续观照四大种,直至如观外在一般看见它们。见到色聚微粒时,继续摄取六门、四十二身分中的色法;分析色聚,以智见摄取直至究竟法。尤其应再次摄取心脏中的五十四种色法,继续摄取心所依处,反复观照。此时,便能轻易摄取依心所依处而生、作为“主人”的有分意净界——
သိမ်းဆည်းနိုင်သောအခါ ဆီမီးမပူဇော်မီ ရှေ့ပိုင်းသို့လည်းကောင်း၊ ဆီမီးပူဇော်နေဆဲ အချိန်ပိုင်းသို့လည်းကောင်း၊ ဆီမီးပူဇော်ပြီး နောက်ပိုင်းသို့လည်းကောင်း ရှေ့တိုးနောက်ဆုတ်ပြု၍ ဉာဏ်ကို စေလွှတ်၍ ယင်းဘဝင်မနော အကြည်ဓာတ်ကိုပင် ခေါက်တုံ့ခေါက်ပြန် သိမ်းဆည်းပါ။ ထိုအခါ ယင်း ဘဝင်မနောအကြည်ဓာတ်တို့၏ အကြား- အကြား၌ ဖြစ်ပေါ်သွားခဲ့ကြသော ဟဒယဝတ္ထုရုပ်ကိုပင် မှီ၍ ဖြစ်ခဲ့ကြကုန်သော ဆီမီးပူဇော်သည့် ကုသိုလ် သင်္ခါရအုပ်စု နာမ်တရားတို့ကိုလည်းကောင်း၊ ဓမ္မကထိကနတ်သားဘဝကို ဆုတောင်းပန်ထွာနေသည့် အဝိဇ္ဇာ တဏှာ ဥပါဒါန်အုပ်စု ကိလေသဝဋ် နာမ်တရားစုတို့ကိုလည်းကောင်း လွယ်လွယ်ကူကူပင် သိမ်းဆည်း၍ ရရှိ နိုင်ပေလိမ့်မည်။ ထိုတွင် ကိလေသဝဋ် နာမ်တရားစုတို့မှာ အောက်ပါအတိုင်း ဖြစ်ကြ၏။
——摄取得到。能够摄取它时,将智以前进、后退的方式投向供灯前、供灯时与供灯后,反复摄取同一个有分意净界。如此,便能轻易摄取在各个有分意净界之间生起、依心所依处色而生的供灯善行法组名法,以及发愿求得说法天子之有时以无明、爱、取为首的烦恼轮名法组。其中,烦恼轮名法组如下。
原书第 92 页
၁။ မနောဒွါရာဝဇ္ဇန်း (၁) ကြိမ်၊ ၂။ ဇော (၇) ကြိမ်၊ ၃။ တဒါရုံ (ကျခဲ့သော်) (၂) ကြိမ်တို့ ဖြစ်ကြ၏။
一、意门转向一次;二、速行七次;三、彼所缘(若生起)两次。
၁။ မနောဒွါရာဝဇ္ဇန်း၌ စိတ်+စေတသိက် --- ၁၂ - လုံး။
一、意门转向中的心与心所:十二法。
၂။ ဇောအသီးအသီး၌ စိတ်+စေတသိက် --- ၂ဝ - လုံး။
二、每一速行中的心与心所:二十法。
၃။ တဒါရုံအသီးအသီး၌ --- ၁၂ - (၃၄) လုံး။
三、每一彼所缘中:十二法或三十四法。
ထိုက်သလို အသီးအသီး ရှိနိုင်၏။ ဇော၌ ဒိဋ္ဌိ မပါသော် (၁၉)လုံးလည်း ဖြစ်နိုင်၏။ တဒါရုံ၌ အဟိတ် ကုသလဝိပါက်တဒါရုံ သို့မဟုတ် မဟာဝိပါက်တဒါရုံတို့ ထိုက်သလို ဖြစ်နိုင်သည်။
各项可依其所应而有。若速行中无见,也可能为十九法。彼所缘可依其所应,为无因善果报彼所缘或大果报彼所缘。
ကိလေသဝဋ် (၃) ပါး
烦恼轮三法
၁။ အဝိဇ္ဇာ (၂ဝ) ဓမ္မကထိကနတ်သားဟု အသိမှားမှုသဘော၊ ၂။ တဏှာ (၂ဝ) ယင်းဓမ္မကထိကနတ်သားဘဝကို တွယ်တာတပ်မက်မှုသဘော၊ ၃။ ဥပါဒါန် (၂ဝ) ယင်းဓမ္မကထိကနတ်သားဘဝကို စိတ်ကပ်ရောက်စွဲနေမှုသဘော၊ (ကာမုပါဒါန်တည်း။) ဇောဝယ် ဓမ္မကထိကနတ်သားဟု အသိမှားမှုသဘောကား အဝိဇ္ဇာတည်း၊ ဓမ္မကထိကနတ်သားဟု စွဲလမ်း ယုံကြည်မှုသဘောကား သက္ကာယဒိဋ္ဌိတစ်မျိုးတည်း။ လောကသမညာ အတ္တစွဲတည်း။ ယင်းသက္ကာယဒိဋ္ဌိလည်း ပါဝင်၍ သောမနဿ အသင်္ခါရိကဖြစ်လျှင် စိတ်စေတသိက် အလုံး (၂ဝ)စီရှိမည် ဖြစ်သည်။ ယောဂါဝစရ ပုဂ္ဂိုလ်သည် ယင်းနာမ်တရားစုတို့ကို နာမ်တုံးနာမ်ခဲဟူသော နာမ်ဃန အသီးအသီးကို ဉာဏ်ဖြင့် ဖြိုခွဲ ဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းရှုပွားရမည် ဖြစ်သည်။ သို့အတွက် အဝိဇ္ဇာ (၂ဝ) စသည်ဖြင့် ရေးသားထားပါသည်။ တဒါရုံမှာ ကျသော်လည်း ရှိရာ၏၊ မကျသော်လည်း ရှိရာ၏။ ဇောတွင်
一、无明(二十):把说法天子误认作实有的错误认知;二、爱(二十):眷恋、贪求说法天子之有;三、取(二十):心黏著、执取说法天子之有,即欲取。在速行中,把说法天子误认作实有的错误认知就是无明;执著、相信说法天子实有,就是一种有身见,亦即世间通称的我执。若该有身见也在内,并且是悦俱无行,则每一次速行各有二十种心与心所。瑜伽行者应以智慧破除每一个称为名密集的名法团块,摄取、观修直至以智见达到究竟法。因此,这里写作“无明(二十)”等。彼所缘有时生起,有时不生起。速行中——
သောမနဿဖြစ်သော် တဒါရုံတွင်လည်း သောမနဿ ဖြစ်၏၊ ဇောတွင် ဥပေက္ခာဖြစ်သော် တဒါရုံတွင်လည်း ဥပေက္ခာပင် ဖြစ်၏။ အဟိတ် တဒါရုံ၌ (၁၁/၁၂) ထိုက်သလို ဖြစ်နိုင်၏။ မဟာဝိပါက် တဒါရုံကျသော် (၃၄/၃၃) စသည် ထိုက်သလို ဖြစ်နိုင်၏။ ယင်းကိလေသဝဋ် မနောဒွါရိကဇောဝီထိတို့၏ မှီရာဟဒယဝတ္ထုရုပ်နှင့် တကွသော (၅၄) မျိုးကုန်သော ရုပ်တရားတို့ကား ရူပက္ခန္ဓာတည်း။
——若为悦受,彼所缘也为悦受;速行若为舍受,彼所缘也为舍受。无因彼所缘可依其所应有十一或十二法;若生起大果报彼所缘,则可依其所应有三十四或三十三法等。连同作为这些烦恼轮意门速行心路所依的心所依处色在内,共五十四种色法,皆为色蕴。
ကိလေသဝဋ် မနောဒွါရဝီထိ စိတ်စေတသိက်တို့ကား နာမ်တရား မှီရာဝတ္ထုရုပ်တို့ကား ရုပ်တရား ---- ဤသို့ ရုပ်-နာမ် ခွဲပါ။ ရုပ်နာမ်ကို သိမ်းဆည်းပါ။ ရုပ်နာမ်ကို ပိုင်းခြားမှတ်သားပါ။
烦恼轮意门心路中的心与心所是名法,所依处色是色法。应如此分别色名,摄取色名,并分别、记取色名。
ကမ္မဝဋ် (၂) ပါး
业轮二法
တစ်ဖန် ယင်းကိလေသဝဋ်ကို အစွဲပြု၍ (= ဓမ္မကထိကနတ်သားဘဝကို ရည်ရွယ်တောင့်တ၍) ဖြစ်ပေါ် လာသော ဆီမီးလှူသည့် ကုသိုလ် သင်္ခါရအုပ်စု နာမ်တရားတို့ကိုလည်းကောင်း မှီရာဝတ္ထုရုပ်တို့ကိုလည်းကောင်း ဆက်လက်၍ သိမ်းဆည်းပါ။ ဟဒယဝတ္ထုနှင့် ဘဝင်မနောအကြည်ဓာတ်ကိုပင် ဦးစားပေး၍ သိမ်းဆည်းပါက ဘဝင်မနောအကြည်ဓာတ်တို့၏ အကြားအကြား၌ ဖြစ်ပေါ်သွားကြသော ယင်းကုသိုလ်သင်္ခါရအုပ်စု နာမ်တရား တို့ကိုလည်း လွယ်လွယ်ကူကူပင် သိမ်းဆည်းနိုင်မည် ဖြစ်ပါသည်။
再摄取依止于该烦恼轮——即以说法天子之有为目标而希求——所生的供灯善行法组名法,以及它们的所依处色。若优先摄取心所依处与有分意净界,便能轻易摄取在各个有分意净界之间生起的那组善行名法。
原书第 93 页
ပဋိစ္စသမုပ္ပါဒ်ပိုင်း - အပိုင်း (က) ယင်းဆီမီးလှူသည့် ကုသိုလ်သင်္ခါရအုပ်စုကို ပြုစုပျိုးထောင်စဥ်က ဝမ်းမြောက်ဝမ်းသာ စိတ်ပါလက်ပါဖြင့် ဉာဏ်ယှဥ်လျက် ပြုစုပျိုးထောင်ခဲ့လျှင် သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် ဖြစ်၏။ ဇောအသီးအသီး၌ နာမ် တရား (၃၄)လုံးစီ ရှိမည် ဖြစ်၏။ မနောဒွါရိကဇောဝီထိ စိတ်အစဥ်ပင် ဖြစ်၏။ တဒါရုံမှာ ကျသော်လည်းရှိရာ၏။
如果培育供灯的善行法组时,是以欢喜、诚心并与智相应地培育,该善行便为悦俱智相应;每一次速行各有三十四种名法。它只是意门速行心路的心相续。彼所缘有时会生起——
မကျသော်လည်းရှိရာ၏။ အဟိတ် တဒါရုံ မဟာဝိပါက် တဒါရုံ ထိုက်သလို ဖြစ်နိုင်၏။ တဒါရုံကျခဲ့သော် ဝီထိစိတ် အစဥ်မှာ ဤသို့ ဖြစ်၏။
——有时也不生起。可依其所应生起无因彼所缘或大果报彼所缘。若彼所缘生起,心路心相续如下。
၁။ မနောဒွါရာဝဇ္ဇန်း (၁) ကြိမ် = နာမ်တရား (၁၂)၊ ၂။ ဇော (၇) ကြိမ်၊ ဇောအသီးသီး၌ နာမ်တရား (၃၄) စီ၊ ၃။ တဒါရုံ (၂) ကြိမ်၊ တဒါရုံအသီးသီး၌ နာမ်တရား (၃၄) စီ ---- (အဟိတ်တဒါရုံကျခဲ့သော် နာမ်တရား - ၁၂ - ဖြစ်သည်။) ယင်းမနောဒွါရဝီထိတို့မှာလည်း အကြိမ်များစွာ ဖြစ်နိုင်၏။ ယင်းနာမ်တရားတို့ကိုလည်း နာမ်တုံးနာမ်ခဲ ဟူသော နာမ်ဃနအသီးအသီးကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းပါ။
一、意门转向一次,有十二种名法;二、速行七次,每一次速行各有三十四种名法;三、彼所缘两次,每一次彼所缘各有三十四种名法(若为无因彼所缘,则有十二种名法)。这类意门心路也可能生起多次。还应以智慧破除各个名法团块,即每一个名密集,摄取这些名法直至以智见达到究竟法。
မှီရာဝတ္ထုရုပ်တို့ကိုလည်း ဆက်လက်၍ သိမ်းဆည်းပါ။ ရုပ်-နာမ် ခွဲပါ။ ရုပ်နာမ်ကို ပိုင်းခြားမှတ်သားပါ။
继续摄取所依处色。分别色名,并分别、记取色名。
အကယ်၍ အသင်သူတော်ကောင်းသည် ထိုသို့ ကုသိုလ်သင်္ခါရကို ပြုစုပျိုးထောင်စဥ်က တစ်နည်းဆိုရသော် နောင်အနာဂတ်ဘဝအတွက် ရည်ရွယ်တောင့်တ၍ ကိလေသဝဋ် ကမ္မဝဋ်တို့ကို ထူထောင်စဥ်က ကြိုးကြား- ကြိုးကြား၌ အခြားအခြားသော ဝီထိစိတ်များလည်း ဖြစ်ပေါ်သွားကြသည်ကို သတိပြုမိလျှင် ထိုဝီထိစိတ်များကိုပါ ရောနှော၍ သိမ်းဆည်းပါ။
如果贤善的您注意到:在如此培育善行——换言之,为未来有而发愿、建立烦恼轮与业轮——的过程中,间或也曾生起其他心路,那么也应把这些心路合并摄取。
စံထားရမည့် မှတ်ကျောက်
应当作为标准的试金石
ဤကဲ့သို့ ကိလေသဝဋ် ကမ္မဝဋ် အမည်ရသည့် နာမ်တရားတို့ကို သိမ်းဆည်းရာ၌ အသင်သူတော်ကောင်း သည် သိမ်းဆည်းမိသော သိမ်းဆည်းရသော ဝီထိစိတ်အစဥ်များသည် ယခင် မိမိဆုတောင်းခဲ့စဥ် ကုသိုလ်ပြုစဥ်က တကယ်တမ်းဖြစ်ခဲ့သော နာမ်တရားများ ဟုတ်သည် မဟုတ်သည်ကို သတိပြုကြည့်ပါ။ ကောင်းမှုပြုစဥ်က စိတ်အစဥ်များနှင့် ယခုတစ်ဖန်ပြန်၍ မိမိကိုယ်တိုင် သိမ်းဆည်းရှုပွား၍ရသော စိတ်အစဥ်များသည် တစ်ထပ်တည်း တူညီနေပါလျှင် ကောင်းမှုပြုစဥ်က နာမ်တရားတို့ကို အမှန်အတိုင်း ဖြစ်ခဲ့သည့်အတိုင်း သိမ်းဆည်းနိုင်ပြီဟု ယုံကြည်မှုရှိလျှင် ကိုယ်တိုင်သိနေပါလျှင် အတိတ်အကြောင်းတရားများကို စတင်ရှာဖွေရာ၌ အသင်သူတော်- ကောင်းအဖို့ လမ်းပွင့်သွားပြီ ဖြစ်ပါသည်။
在摄取这些称为烦恼轮、业轮的名法时,贤善的您应注意核对:自己所摄取得到的心路心相续,是否正是先前发愿、行善时真实生起的那些名法。若行善时的心相续与现在亲自重新摄取、观修所得的心相续完全一致,并且您有信心、亲自知道自己已能如实摄取行善时实际生起的名法,那么,当开始寻找过去因法时,通路便已为贤善的您打开。
အကယ်၍ ကောင်းမှုပြုစဥ်က စိတ်အစဥ်များနှင့် မိမိပြန်လည်၍ သိမ်းဆည်းနိုင်သော စိတ်အစဥ်များသည် မတူညီကြဟု သတိပြုမိလျှင် သမာဓိကို ထူထောင်၍ နည်းတူ ထပ်မံကြိုးစားရမည် ဖြစ်သည်။
若注意到行善时的心相续与自己重新摄取得到的心相续并不相同,就应重新建立定力,依同样方法再试。
အကယ်၍ ကောင်းမှုပြုစဥ်က စိတ်အစဥ်များကို တိတိကျကျ မှန်မှန်ကန်ကန် တကယ်ဖြစ်ခဲ့သည့်အတိုင်း သိမ်းဆည်းမိပါက ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ပါက ကိလေသဝဋ်ကို ကမ္မဝဋ်၌ပင် ထည့်သွင်းရေတွက်ရသော (ဝိသုဒ္ဓိ-၂-၂၃၇။)၌ ဖော်ပြထားသော နည်းအရ အနာဂတ်ဝိပါကဝဋ်၏ အကြောင်းရင်းဖြစ်သော ပစ္စုပ္ပန်ကမ္မဝဋ်၌ အကျုံးဝင်သော အာဟာရ (၄) ပါးကို သိမ်းဆည်းမိပြီ ဖြစ်ပေသည်။
如果能准确、正确、如实摄取行善时的心相续,并以智分别,就已经依《清净道论》所示方法(缅文出处原串:“(ဝိသုဒ္ဓိ-၂-၂၃၇။)”;《清净道论》2-237),把烦恼轮也计入业轮,摄取了属于现在业轮、作为未来果报轮之因的四食。
原书第 94 页
အတိတ်သို့ ဉာဏ်ကို ရှေးရှုလွှတ်ပါ
把智导向过去
နန္ဒီ ---- ထိုသို့ ကမ္မဝဋ် အာဟာရလေးပါးတို့ကို သိမ်းဆည်းနိုင်ပါက ယင်းကမ္မဝဋ် ကုသိုလ်သင်္ခါရအုပ်စု၏ စွဲမှီရာ အကြောင်းခံဖြစ်သော ကိလေသဝဋ် နာမ်တရားစုတို့ကို ဆက်လက်သိမ်းဆည်းပါ။ အဝိဇ္ဇာ-တဏှာ- ကာမုပါဒါန် ဦးဆောင်သည့် မနောဒွါရိကဇောဝီထိ စိတ်အစဥ်များပင်တည်း။ (ဓမ္မကထိကနတ်သားဘဝကို လိုလားတောင့်တသော ကိလေသဝဋ် စိတ်အစဥ်မျိုးကို ဆိုလိုပါသည်။) ယေဘုယျအားဖြင့် လောဘဒိဋ္ဌိအုပ်စု မနောဒွါရိကဇောဝီထိ စိတ်အစဥ်များတည်း။
喜(nandī)——能够摄取这四种业轮食以后,继续摄取作为该业轮善行法组所依因缘的烦恼轮名法组,即以无明、爱、欲取为首的意门速行心路相续。(这里是指希求、渴望说法天子之有的烦恼轮心相续。)一般而言,这些都是贪见组的意门速行心路相续。
ဝေဒနာ ---- တစ်ဖန် ယင်းနန္ဒီတရား = တဏှာတရား = ကိလေသဝဋ်၏ စွဲမှီရာ အကြောင်းရင်းဖြစ်သော ဝေဒနာကို ဆက်လက်၍ သိမ်းဆည်းပါ။ သုတ္တန်နည်းအရ ဝေဒနာမှာ ဝိပါက်ဝေဒနာသာဖြစ်၏။ ပဉ္စဒွါရဝီထိ၌ ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံတို့နှင့်ယှဥ်သော ဝေဒနာ၊ မနောဒွါရ၌ တဒါရုံနှင့်ယှဥ်သော ဝေဒနာ တည်း။ (ဝိသုဒ္ဓိ-၂-၂ဝ၁-၂ဝ၂။) ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ ဝေဒနာတို့မှာ ရှေးက ပဉ္စဒွါရာဝဇ္ဇန်းမပါဘဲ၊ နောက်က ဝုဋ္ဌောလည်း မပါဘဲ ဖြစ်နိုင်သည့် စွမ်းအား မရှိပေ။ မဟန္တာရုံဝီထိ အတိမဟန္တာရုံဝီထိ ဖြစ်က ဇောမပါဘဲလည်း ဖြစ်နိုင်သည့် စွမ်းအား မရှိပေ။ တစ်ဖန် တဒါရုံမှာလည်း ပဉ္စဒွါရာဝဇ္ဇန်း၊ ဝုဋ္ဌော၊ ဇောတို့မပါဘဲ ဖြစ်နိုင်သည့် စွမ်းအား မရှိပေ။
受(vedanā)——再继续摄取作为该喜——即爱、烦恼轮——所依因缘的受。依经教法,受只指果报受,即五门心路中与五识、领受、推度、彼所缘相应的受,以及意门中与彼所缘相应的受。缅文出处原串:“(ဝိသုဒ္ဓိ-၂-၂ဝ၁-၂ဝ၂။)”(《清净道论》2-201—202。)五识、领受、推度诸受,若没有前面的五门转向,也没有后面的确定,就不能生起;若是大所缘心路或极大所缘心路,也不能没有速行而生起。再者,彼所缘也不能没有五门转向、确定与速行而生起。
တစ်ဖန် မနောဒွါရဝီထိ၌ တဒါရုံမှာလည်း မနောဒွါရာဝဇ္ဇန်းနှင့် ဇောတို့မပါဘဲ ဖြစ်နိုင်သည့် စွမ်းအား မရှိပေ။
同样,意门心路中的彼所缘,也不能离开意门转向与速行而生起。
တစ်ဖန် ဝေဒနာသည်လည်း ယှဥ်ဖက် သမ္ပယုတ်တရားတို့မပါဘဲ ဖြစ်နိုင်သည့် စွမ်းအား မရှိပေ။
受也不能离开相应法而生起。
သို့အတွက် ဝိပါက်ဝေဒနာကို အဦးမူသဖြင့် ယင်းဝိပါက်ဝေဒနာနှင့် စိတ္တက္ခဏတစ်ခု၏ အတွင်း၊ ဝီထိစဥ် တစ်ခု၏ အတွင်း၌ ဖြစ်သွားကြသော နာမ်တရားတို့ကို ရောနှော၍ သိမ်းဆည်းပါကလည်း အပြစ် မဖြစ်နိုင်ပါ။
因此,以果报受为首,把与该果报受在同一心刹那、同一心路相续中生起的名法合在一起摄取,也没有过失。
အကြောင်း-အကျိုး စပ်ရာ၌သာ ဝိပါက်ဝေဒနာနှင့် အကြောင်း-အကျိုး စပ်ပါ။
只是在建立因果关系时,应只把果报受作为因法来建立因果关系。
ဥပမာ ---- ဓမ္မကထိကနတ်သားဘဝကို ဆုမတောင်းမီ ထိုနတ်သားဘဝအာရုံကို နှစ်ခြိုက် ပျော်မွေ့နေသော ခံစားမှုမျိုးတည်း။ ဓမ္မကထိကနတ်သားဘဝ အာရုံမှာ အတိဣဋ္ဌာရုံ ဖြစ်သဖြင့် ---- အတိဣဋ္ဌေ ပန သောမနဿ သဟဂတာနေဝ သန္တီရဏ တဒါရမ္မဏာနိ ---- ဟူသော အဘိဓမ္မတ္ထသင်္ဂဟနှင့်အညီ ဝေဒနာမှာ သောမနဿ ဝေဒနာပင် ဖြစ်သည်။ ဝိပါက်ဝေဒနာတို့၌ သောမနဿဝေဒနာဖြစ်သကဲ့သို့ ယင်းဝိပါက်ဝေဒနာတို့နှင့် ဝီထိစိတ်အစဥ် တစ်ခုအတွင်းဝယ် ကျရောက်ဖြစ်ပွားသွားကြကုန်သော ဇောတို့၌လည်း သောမနဿဝေဒနာပင် ဖြစ်သည်။ ယင်းဇောတို့မှာ ယောနိသောမနသိကာရဖြစ်က ကုသိုလ်ဇော၊ အယောနိသောမနသိကာရ ဖြစ်က အကုသိုလ်ဇော ထိုက်သလို စောနိုင်၏။ ဤ၌ ယောနိသောမနသိကာရဟူသည်မှာ ဘုရားရှင်၏ တရားစစ် တရား မှန်များကို နတ်ပြည်နတ်လောကဝယ် ဓမ္မဒါန အလှူကြီး ပေးလှူနိုင်မည့် ကုသိုလ်အခွင့်အလမ်းကြီးများ ပွင့်လန်းလျက်ရှိပုံကို အာရုံယူ၍ ဖြစ်ပေါ်နေသော နှလုံးသွင်းမှုမျိုးတည်း။ အနာဂတ် ဓမ္မကထိကနတ်သားဘဝကို
例如,在尚未发愿成为说法天子以前,先对说法天子之有这一所缘感到喜悦、欣乐的那种受。说法天子之有所缘是极可意所“然而,对于极可意所缘,推度与彼所缘都唯与悦俱。”所以,这受就是悦受。果报受为悦受时,在同一心路相续中与这些果报受一同生起的速行,也具有悦受。这些速行若由如理作意而生,便是善速行;若由不如理作意而生,便可依其所应成为不善速行。这里所谓如理作意,是指取这样的情形为所缘而作意:在天界中,有广大善业机会正为自己展开,可以把世尊的真实正法作为一份大法施赠予众生。由于所取的是未来说法天子之有——
လှမ်း၍ အာရုံယူနေသဖြင့် မနောဒွါရိကဇောဝီထိများသာ ဖြစ်ကြ၏။ တဒါရုံမှာ ကျသော်လည်း ရှိရာ၏။
——为所缘,所以这些全都是意门速行心路;彼所缘有时会生起——
မကျသော်လည်း ရှိရာ၏။ ယင်းတဒါရုံ ဝိပါက်ဝေဒနာကို အဦးမူ၍ ယင်းမနောဒွါရဝီထိ တစ်ဝီထိလုံးအတွင်း ရှိသော နာမ်တရားအားလုံးကိုပင် သိမ်းဆည်းပါ။ ရုပ်-နာမ် ခွဲပါ။ ရုပ်နာမ်ကို သိမ်းဆည်းပါ။
——有时也不生起。应以该彼所缘中的果报受为首,摄取这整条意门心路中的一切名法。分别色名,摄取色名。
အကယ်၍ ပစ္စုပ္ပန်ရူပါရုံစသည့် အာရုံ (၆)ပါးကို အာရုံပြု၍ ဤကဲ့သို့သော ရူပါရုံစသည့် အာရုံမျိုးကို နောင်အနာဂတ် သမ္ပတ္တိဘဝ၌ ရလိုကြောင်း ဆုတောင်းပန်ထွာ၍ ကုသိုလ်သင်္ခါရတရားတို့ကို ပြုစုပျိုးထောင်သည် ဖြစ်အံ့။ ဤဝေဒနာပိုင်းတွင် ပဉ္စဒွါရဝီထိ၌ ပါဝင်သော ဝိပါက်ဝေဒနာ၊ မနောဒွါရဝီထိ၌ ပါဝင်သော ဝိပါက်ဝေဒနာ
如果取现在的色所缘等六种所缘为所缘,发愿未来在圆满有中获得这类色所缘等所缘,并培育善行法,那么,在这“受”一节中,五门心路所含的果报受与意门心路所含的果报受——
原书第 95 页
ပဋိစ္စသမုပ္ပါဒ်ပိုင်း - အပိုင်း (က) အားလုံး ထိုက်သလိုဖြစ်နိုင်၏။ ထိုအခါတွင် ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံ ဝိပါက် ဝိညာဏ်တို့နှင့် ယှဥ်သော ဝိပါက်ဝေဒနာကို အဦးမူ၍ ယင်းပဉ္စဒွါရဝီထိ မနောဒွါရဝီထိများ၏ အတွင်း၌ ပါဝင်သော နာမ်တရား တို့ကိုလည်းကောင်း မှီရာဝတ္ထုရုပ်တို့ကိုလည်းကောင်း သိမ်းဆည်းပါ။ မိမိတို့၏ ဆုတောင်းပန်ထွာမှုအပေါ် အခြေတည်၍ ဝိပါက်ဝေဒနာတို့၏ ထူးထွေကွဲပြားမှုကို သဘောပေါက်လေရာသည်။
——都可依其所应而生起。此时,应以与五识、领受、推度、彼所缘等果报识相应的果报受为首,摄取这些五门心路与意门心路中所含的名法,以及所依处色。应依自己所发愿的内容,理解果报受的种种差别。
ဖဿ ---- တစ်ဖန် ယင်းဝေဒနာတရား၏ တစ်နည်းဆိုသော် ယင်းဝေဒနာဦးဆောင်သည့် နာမ်တရားစု၏ အကြောင်းရင်းဖြစ်သော ဖဿကို သိမ်းဆည်းပါ။ ဥပမာ - ဓမ္မကထိကနတ်သားဘဝကို ဆုတောင်းရာဝယ် ဆုမတောင်းခင် ဆုမတောင်းမီ ရှေးဦးစွာ ထိုဓမ္မကထိကနတ်သားဘဝကို လှမ်း၍ အာရုံယူမည် ဖြစ်သည်။
触——再者,应摄取作为该受之因,换言之,作为以该受为首的名法组之因的触。例如,在发愿成为说法天子时,尚未发愿以前,首先会把未来的“说法天子之有”取作所缘。
ယင်းသို့ လှမ်း၍ အာရုံယူရာ၌ ထိုဓမ္မကထိကနတ်သားဘဝအာရုံကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်သော ထိုဓမ္မကထိကနတ်သားဘဝအာရုံနှင့် မိမိ၏ အသိစိတ်ကို ဆက်သွယ်ပေးနေသော ဖဿသည် ဖြစ်၏။
如此远取为所缘时,以接触说法天子之有这一所缘的方式而生、把该所缘与自己的认知心联结起来的法,就是触。
ယင်းဖဿကို သိမ်းဆည်းပါ။ ယင်းဖဿနှင့် ယှဥ်ဖက် သမ္ပယုတ်တရားတို့ကိုလည်းကောင်း ယင်းဖဿနှင့် ဝီထိစဥ် တစ်ခု၏ အတွင်း၌ ပါဝင်တည်ရှိကြသော နာမ်တရားစုတို့ကိုလည်းကောင်း၊ မှီရာဝတ္ထုရုပ်တို့ကိုလည်းကောင်း ဆက်လက်၍ သိမ်းဆည်းပါ။
应摄取这个触;随后继续摄取与触相应的诸相应法、在同一心路中与触一同存在的名法组,以及它们的所依色。
အကယ်၍ ပစ္စုပ္ပန်ရူပါရုံစသည့် အာရုံ (၆)ပါးတို့ကို ထိုက်သလို အာရုံပြု၍ ယင်းကဲ့သို့သော အာရုံမျိုးများကို နောင်အနာဂတ် သမ္ပတ္တိဘဝတစ်ခု၌ ရလိုကြောင်း ဆုတောင်းပန်ထွာခဲ့သည် ဖြစ်အံ့၊ ထိုပစ္စုပ္ပန်အာရုံ (၆)ပါး- တို့နှင့် အသိစိတ်ကို ဆက်သွယ်ပေးနေသည့် ယင်းအာရုံကို တွေ့ထိသော အခြင်းအရာအားဖြင့်ဖြစ်သော ဖဿကို စတင်၍ သိမ်းဆည်းပါ။ ထိုနောင် ယင်းဖဿနှင့် ယှဥ်ဖက် သမ္ပယုတ်တရားတို့ကိုလည်းကောင်း ယင်းဖဿ ပါဝင်သော ဝီထိစိတ်အစဥ် တစ်ခုအတွင်း၌ တည်ရှိကြသော နာမ်တရားစုတို့ကိုလည်းကောင်း၊ မှီရာဝတ္ထုရုပ် တို့ကိုလည်းကောင်း ဆက်လက်၍ သိမ်းဆည်းပါ။ စက္ခုဉ္စ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ စသော ဒေသနာတော်များနှင့် အညီတည်း။
若曾取现在的色所缘等六种所缘为所缘,并发愿在未来某一圆满之有中获得同类所缘,就应先摄取以接触该所缘的方式而生、把这六种现在所缘与认知心联结起来的触。随后继续摄取与触相应的诸相应法、在含有该触的同一心路中存在的名法组,以及它们的所“缘眼与色而生眼识;三者和合为触;缘触而有受。”
သဠာယတန ---- ဓမ္မကထိကနတ်သားဘဝကို သို့မဟုတ် မိမိလိုလားတောင့်တသည့် အာရုံအမျိုးမျိုးတို့ နှင့် ပြည့်စုံသည့် သမ္ပတ္တိဘဝကို ဆုတောင်းပန်ထွာမှု မပြုမီ၊ ပြုဆဲ၊ ပြုပြီးအချိန်တို့၌ အသင်သူတော်ကောင်း၏ သန္တာန်ဝယ် သဠာယတန အမည်ရသော ရုပ်တရား နာမ်တရားတို့သည် ဥပါဒ်-ဌီ-ဘင် အနေအထားဖြင့် ရုပ်သန္တတိအစဥ်အားဖြင့် ရှေးနှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ဖြစ်ပြီး၊ ဖြစ်ဆဲ၊ ဖြစ်လတ္တံ့ ဖြစ်ကြ၏။
六处——在发愿成为说法天子,或发愿获得具足自己所渴望的种种所缘之圆满有以前、正在发愿时以及发愿以后,贤善者的相续中,名为六处的色法与名法,以生、住、灭三阶段,在色相续中前后相接,反复地已经生起、正在生起、将会生起。
ယင်းသဠာယတနတို့ကို ဆက်လက်၍ သိမ်းဆည်းပါ။
应继续摄取这些六处。
ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်တွင် စက္ခာယတန၊ သောတာယတန၊ ဃာနာယတန၊ ဇိဝှာယတန၊ ကာယာယတန၊ မနာယတန ဟူသော အတွင်းအာယတန (၆)ပါးကို ပဓာနထား၍ ဟောကြားထားတော်မူ၏။
在缘起教说中,佛陀以眼处、耳处、鼻处、舌处、身处、意处这六种内处为主而宣说。
အတွင်းအာယတနတို့သည် ရူပါယတန၊ သဒ္ဒါယတန၊ ဂန္ဓာယတန၊ ရသာယတန၊ ဖောဋ္ဌဗ္ဗာယတန၊ ဓမ္မာ ယတနဟူသော အပြင်အာယတနတို့မပါဘဲ အတွင်းအာယတနချည်းသက်သက် မဖြစ်နိုင်သဖြင့် အတွင်း အာယတနတို့ကို သိမ်းဆည်းပါက ရုပ်တုံး ရုပ်ခဲ နာမ်တုံး နာမ်ခဲဟူသော ရုပ်ဃန နာမ်ဃန ပြိုရေး ပရမတ်သို့ ဉာဏ်အမြင်ဆိုက်ရေး အတွက် အပြင်အာယတနတို့ကိုပါ ရောနှော၍ သိမ်းဆည်းရမည် ဖြစ်သည်။
内处若没有色处、声处、香处、味处、触处、法处这些外处,就不能单独生起。因此,摄取内处时,为了破除色法与名法看似成团成块的色密集与名密集,使智见抵达究竟法,也必须把外处合在一起摄取。
ပုံစံတစ်ခု အနေအားဖြင့် စက္ခာယတနကို ပရမတ်သို့ဆိုက်အောင် သိမ်းဆည်းလိုသည် ဆိုပါစို့။ စက္ခာယတန အမည်ရသော စက္ခုပသာဒသည် မိမိတစ်ခုတည်း စက္ခာယတနချည်းသက်သက် မဖြစ်နိုင်၊ စက္ခုဒသကကလာပ် အနေဖြင့်သာ အုပ်စုအလိုက် ဖြစ်နိုင်သည့် စွမ်းအား ရှိ၏။ ယင်းစက္ခုဒသကကလာပ်အတွင်း၌ တည်ရှိသော စက္ခာယတနကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းလိုပါက စက္ခုဒသကကလာပ်အတွင်း၌
举例说,假设要摄取眼处,直至智见抵达究竟法。名为眼处的眼净色不能单独作为眼处而生,只能以眼十法聚这一组聚集而生。若要摄取眼十法聚中的眼处,直至智见抵达究竟法,就必须对眼十法聚中——
原书第 96 页
ပါဝင်တည်ရှိကြသော (၁ဝ)မျိုးသော ရုပ်တရားတို့ကို ရုပ်တုံးရုပ်ခဲဟူသော ရုပ်ဃနပြိုအောင် တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ဉာဏ်ဖြင့် ပိုင်းခြားယူပါ သိမ်းဆည်းပါ။ သို့မှသာလျှင် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်မည်။ ယင်း (၁ဝ)မျိုးသော ရုပ်တရားတို့တွင် ---- ၁။ စက္ခုပသာဒကား စက္ခာယတန (အတွင်းအာယတန) ၂။ ဝဏ္ဏကား ရူပါယတန (အပြင်အာယတန) ၃။ ဂန္ဓကား ဂန္ဓာယတန (အပြင်အာယတန) ၄။ ရသကား ရသာယတန (အပြင်အာယတန) ၅။ ပထဝီ တေဇော ဝါယောတို့ကား ဖောဋ္ဌဗ္ဗာယတန (အပြင်အာယတန) ၆။ အာပေါ၊ သြဇာ၊ ဇီဝိတတို့ကား ဓမ္မာယတန (အပြင်အာယတန) အားလုံးပေါင်းသော် အာယတန (၆)ပါးဖြစ်သည်။ စက္ခာယတနသည် အထက်ပါ အပြင်အာယတနများနှင့် ပေါင်းစပ်မိမှသာလျှင် ဖြစ်နိုင်စွမ်းရှိ၏။ မိမိချည်းကား ဖြစ်နိုင်သည့်စွမ်းအား မရှိပေ။ သို့အတွက် အတွင်း အာယတနကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းရှုပွားလိုလျှင် အပြင်အာယတနကိုပါ ရောနှော၍
——所含的十种色法逐一以智拆解,破除看似成团成块的色密集,并以智分别、摄取;只有这样,智见才能抵达究竟法。这十种色法依处分类如下:一、眼净色是眼处(内处);二、颜色是色处(外处);三、香是香处(外处);四、味是味处(外处);五、地界、火界、风界是触处(外处);六、水界、食素、命根是法处(外处)。合计共有六处。眼处只有同上述诸外处结合才能生起,不能独自生起。因此,若要摄取、观修内处直至究竟法,也必须把外处合在一起——
သိမ်းဆည်းရှုပွားရ၏။ သောတာယတန၊ ဃာနာယတန၊ ဇိဝှာယတန၊ ကာယာယတနတို့၌လည်း နည်းတူပင် သဘောပေါက်ပါ။ တစ်ဖန် မနာယတန အမည်ရသော အသိစိတ်ဟူသမျှသည် ဓမ္မာယတန အမည်ရသော စေတသိက်များ မပါဘဲ၊ ပဉ္စဝေါကာရ = ခန္ဓာငါးပါးရှိသော သတ္တဝါတို့အဖို့ မှီရာဝတ္ထုရုပ်ဟူသော အာယတန များမပါဘဲ ဖြစ်နိုင်သည့်စွမ်းအား မရှိ။ မနာယတနကို ဃနပြိုအောင် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းရှုပွားလိုပါက အပြင်အာယတနဖြစ်သည့် စေတသိက် ဓမ္မာယတနများကိုပါ ရောနှော၍ သိမ်းဆည်း ရှုပွားရ၏။ ဆိုင်ရာဆိုင်ရာ မှီရာဝတ္ထုရုပ်တရားတို့ကိုလည်း သိမ်းဆည်းရှုပွားရ၏။
——摄取、观修。耳处、鼻处、舌处、身处也应同样理解。再者,名为意处的一切识知之心,若没有名为法处的诸心所便不能生起;对于五蕴有的有情,若没有作为诸心所依的所依色诸处,也不能生起。若要破除意处的密集,摄取、观修直至智见抵达究竟法,就必须把作为外处、法处的诸心所合在一起摄取、观修,也必须摄取、观修各自相应的所依色。
သို့အတွက် အတွင်းအာယတနကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းပါက အပြင်အာယတန များလည်း ထိုက်သလိုအကျုံးဝင်လာသဖြင့် အတွင်းအာယတန (၆) ပါးတို့ကို သိမ်းဆည်းလျှင် အပြင်အာယတန (၆) ပါးတို့ကိုလည်း သိမ်းဆည်းပြီးပင် ဖြစ်တော့၏။ ယင်းအာယတန (၁၂) ပါးတို့ဟူသည်မှာလည်း ခန္ဓာငါးပါး၊ ရုပ်-နာမ် နှစ်ပါးတို့ပင် ဖြစ်ကြ၏။ သို့အတွက် အထက်တွင် ဖော်ပြထားသော ဖဿနှင့် ဝေဒနာတို့ မဖြစ်မီအချိန်က ရှိခဲ့ ဖြစ်ခဲ့သော ရုပ်နာမ်တို့ကို သိမ်းဆည်းလျှင် သဠာယတနကို သိမ်းဆည်းနေသည်ပင် ဖြစ်ပေတော့သည်။
因此,摄取内处直至智见抵达究竟法时,诸外处也会依其所应包括在内;摄取六内处,也就同时摄取了六外处。这十二处,其实也只是五蕴,只是色、名二法。所以,摄取上述触与受尚未生起以前已经存在、已经生起的色名,也就是在摄取六处。
ယင်းသဠာယတန၏ နယ်ကား ပဋိသန္ဓေနာမ်ရုပ်၊ ပဋိသန္ဓေဝိညာဏ်သို့တိုင်အောင် ကျယ်ပြန့်လျက်ရှိ၏။
这六处的范围一直延伸到结生色名与结生识。
သို့အတွက် အထက်ဖော်ပြပါ ဝေဒနာတို့ကိုလည်းကောင်း၊ ဖဿတို့ကိုလည်းကောင်း သိမ်းဆည်းပြီးသောအခါ ယင်းဖဿ၏ အကြောင်းခံဖြစ်သော သဠာယတနတို့ကို ယင်းဖဿ မဖြစ်မီ အချိန်ကစ၍ ပစ္စုပ္ပန်ဘဝ၏ ပဋိသန္ဓေ- သို့တိုင်အောင် ဉာဏ်ကို စေလွှတ်လျက် ရုပ်နာမ်တို့ကို တစ်စတစ်စ ရှေးသို့ တိုး၍တိုး၍ သိမ်းဆည်းပါ။
因此,摄取上述受与触以后,应把智导向触尚未生起以前,从那里开始逐步向前追溯,直至今生结生;一路逐渐向过去推进,摄取作为触之因的六处色名。
ကိလေသဝဋ် ကမ္မဝဋ် များနေသော်
若烦恼轮与业轮多次出现
အကယ်၍ အသင်သူတော်ကောင်းသည် နောင်အနာဂတ်ဘဝအတွက် ရည်ရွယ်မှန်းထား၍ သင်္ခါရမျိုးစေ့ များကို ထူထောင်လျက် ဆုတောင်းပွဲများကို ဘဝတစ်လျှောက်၌ အကြိမ်ပေါင်းများစွာ ကျင်းပခဲ့သည် ဖြစ်အံ့၊ အကယ်၍ ဓမ္မကထိကနတ်သား ဖြစ်လိုလျှင်လည်း ဓမ္မကထိကနတ်သားဖြစ်ရန် သင်္ခါရမျိုးစေ့များကို ကြိမ်ဖန်များစွာ ထူထောင်လျက် ကြိမ်ဖန်များစွာပင် ဆုမွန်ကောင်း တောင်းဆိုခဲ့သည် ဖြစ်အံ့၊ အနီးကပ်ဆုံး ဆုတောင်းပွဲတွင် ဖြစ်ခဲ့သည့် ကမ္မဝဋ် အာဟာရလေးပါးတို့ကို (= ရုပ်နာမ်တို့ကို) အထက်တွင် ဖော်ပြခဲ့သည့် နည်းစနစ်အတိုင်း စတင်၍ သိမ်းဆည်းကာ ကျန်ဆုတောင်းပွဲများတွင် ဖြစ်ခဲ့သည့် အဝိဇ္ဇာ-တဏှာ-ဥပါဒါန် ဟူသော ကိလေသဝဋ်၊
如果贤善者曾为了未来有而反复建立行种子,一生中多次举行发愿;又如想成为说法天子时,曾多次建立成为说法天子的行种子,多次发愿,那么应先依上述方法,从最近一次发愿时生起的业轮四食(即色名)开始摄取;至于其余各次发愿时生起的无明、爱、取等烦恼轮,以及——
原书第 97 页
ပဋိစ္စသမုပ္ပါဒ်ပိုင်း - အပိုင်း (က) သင်္ခါရ-ကံ တည်းဟူသော ကမ္မဝဋ်တွင် အကျုံးဝင်သော အာဟာရလေးပါး = ရုပ်နာမ်တရားတို့ကို ဤသဠာယ- တနပိုင်းတွင်ပင် ပေါင်းစုခြုံငုံ၍ ---- ၁။ ရုပ်နာမ် နှစ်ပါးနည်းဖြင့် နှစ်ပုံ ပုံ၍ ဖြစ်စေ၊ ၂။ ခန္ဓာငါးပါးနည်းဖြင့် ငါးပုံ ပုံ၍ ဖြစ်စေ၊ ၃။ သဠာယတနနည်းဖြင့် ခြောက်ပုံ ပုံ၍ ဖြစ်စေ၊ ပဋိသန္ဓေ နာမ်ရုပ်ဘက်သို့ တာစူလျက် အတိတ်ဘက်သို့ တဖြည်းဖြည်း ဉာဏ်ကိုစေလွှတ်ကာ ရုပ်နာမ် တို့ကို သိမ်းဆည်းပါ။
——行、业等业轮所摄的四食——即色名法——也应在六处这一阶段合并总摄:一、依色、名二法分为两组;或二、依五蕴分为五组;或三、依六处分为六组。如此以结生色名为目标,逐渐把智导向过去,摄取色名。
မေးမြန်းဖွယ်ရာ အချက်တစ်ရပ်
一个可问的问题
သုတ္တန်နည်းအရ သဠာယတနတရားများမှာ ဝိပါကဝဋ်တရားများသာ ဖြစ်ကြ၏။ ယင်း သဠာယတနတွင် ကိလေသဝဋ် ကမ္မဝဋ်တရားများသည် မပါဝင်ကြပေ။ သို့ပါလျက် အဘယ်ကြောင့် သဠာယတနစာရင်းတွင် ကိလေသဝဋ် ကမ္မဝဋ်တရားတို့ကိုပါ ရောနှော၍ သိမ်းဆည်းနေရပါသနည်းဟု မေးမြန်းဖွယ်ရာ ရှိလာပြန်၏။
依经教之法,六处诸法只属于果报轮,烦恼轮与业轮诸法并不包括在六处中。既然如此,为什么在六处的项目下,还要把烦恼轮与业轮诸法混合在一起摄取呢?这是一个可问的问题。
အဖြေကား မကင်းစကောင်းသောကြောင့် ဟူ၏။
答案是:因为它们依不相离之理而不可分离。
ဝီထိမှ အလွတ်ဖြစ်သော ဝီထိမုတ်စိတ်မှတစ်ပါး စိတ်တို့မည်သည် ကိန်းသေမြဲသော စိတ္တနိယာမ သဘောတရားအရ ဝီထိဟု ခေါ်ဆိုသည့် စိတ်အစဥ်အတိုင်းသာ ဖြစ်ရိုးဓမ္မတာ ရှိကြ၏။ ယင်းဓမ္မတာ လမ်းကြောင်းမှ တိမ်စောင်း၍ ပြောင်းလဲ၍ ဖြစ်ရိုးဓမ္မတာ မရှိကြပေ။ သို့အတွက် သဠာယတန အမည်ရသည့် ဝိပါကဝဋ်တရားတို့ကို သိမ်းဆည်းလိုခဲ့သော် ယင်းတို့ဖြစ်နေကျ နိယာမ ဓမ္မတာလမ်းကြောင်းအတိုင်းသာ ဖြစ်နေကြသည့် ယင်းဝိပါက်တရားတို့ကို သိမ်းဆည်းရ၏။ ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ပိုင်းခြားယူရ၏။ ယင်းသို့ စိတ္တနိယာမလမ်းကြောင်းအတိုင်း ဖြစ်နေကြသည့် သဠာယတန အမည်ရသော အထူးသဖြင့် မနာယတနတွင် အကျုံးဝင်သော ဝိပါက်တရားတို့ကို ဝီထိစိတ်အစဥ်အတိုင်း သိမ်းဆည်းခဲ့သော် နာမ်တုံးနာမ်ခဲဟူသော နာမ်ဃန အသီးအသီးကို ပြိုကွဲသွားအောင် ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းနိုင်ပါက ယင်းဝိပါက်နာမ်တရားတို့၏ အကြားအကြား၌ တည်ရှိကြသော ဖြစ်ပေါ်လေ့ ရှိကြသော
除离路心外,诸心都依固定不变的心定律,只按称为心路的心相续而生;它们不会偏离、改变这一自然轨道而生。因此,若要摄取名为六处的果报轮法,就必须依这些果报法惯常所循的心定律轨道摄取,以智观见、分别。尤其是,若能依心路次第摄取名为六处、摄于意处的果报名法,逐一以智拆解看似成团成块的名密集,使智见抵达究竟法,那么,位于这些果报名法之间、惯常会生起的——
ကိလေသဝဋ် ကမ္မဝဋ် တရားစုတို့ကိုလည်း လွယ်လွယ်ကူကူပင် သိမ်းဆည်းမိပြီး ဖြစ်နိုင်ပေသည်။
——烦恼轮与业轮诸法,也就可以轻易地一并摄取。
ဥပမာ - စက္ခုဒွါရဝီထိ ဆိုကြပါစို့။ ယင်းစက္ခုဒွါရဝီထိ၏အတွင်း၌ ပါရှိတည်ရှိကြသော - စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ တဒါရုံ ဟူသော မနာယတနတွင် အကျုံးဝင်သော ဝိပါက်နာမ်တရားစုတို့ကို သိမ်းဆည်း လိုသော် စက္ခုဝိညာဏ်စိတ်၏ ရှေ့တွင် ကပ်လျက်ရှိသော ပဉ္စဒွါရာဝဇ္ဇန်းဟူသော အာဝဇ္ဇန်းစိတ် မပါဘဲ စက္ခုဒွါရ ဝီထိစိတ်တို့သည် မဖြစ်ပေါ်လာနိုင်ကြသဖြင့် ပဉ္စဒွါရာဝဇ္ဇန်းက စ၍သာ သိမ်းဆည်းရ၏။ ဝိပါက်တရားများကို သန္တတိဃနစသည့် နာမ်ဃန အတုံးအခဲပြိုအောင် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းရင်းပင် ပဉ္စဒွါရာဝဇ္ဇန်းကိုပါ သိမ်းဆည်းပြီး ဖြစ်သွား၏။ တစ်ဖန် တဒါရုံဝိပါက်ကို သိမ်းဆည်းလိုပါက ဇောမပါဘဲ တဒါရုံမှာလည်း ဖြစ်ရိုးဓမ္မတာမရှိ၊ ဖြစ်နိုင်သည့် ဓမ္မတာမရှိ၊ ဇောယူထားသည့် အာရုံကိုသာ တဒါရုံက ဆက်ခံသောကြောင့် ဖြစ်၏။ ထိုကြောင့် တဒါရုံကို သိမ်းဆည်းရင်း ဇောကိုလည်း သိမ်းဆည်းမိပြီး ဖြစ်သွား၏။
例如,以眼门心路来说。若想摄取其中属于意处的眼识、领受、推度、彼所缘等果报名法,由于眼门心路若没有紧接在眼识前的五门转向便不能生起,所以必须从五门转向开始摄取。在摄取这些果报法、破除相续密集等名密集并使智见抵达究竟法时,五门转向也已一并摄取。再者,若要摄取彼所缘果报,也必须包括速行,因为没有速行,彼所缘便不会生起;彼所缘只承接速行所取的所缘。因此,摄取彼所缘时,也已一并摄取速行。
တစ်ဖန် ဇောမှာလည်း ပဉ္စဒွါရဝီထိ၌ ဝုဋ္ဌောမပါဘဲ၊ မနောဒွါရဝီထိ၌ မနောဒွါရာဝဇ္ဇန်းမပါဘဲ ဖြစ်ရိုး ဓမ္မတာ မရှိသဖြင့် တဒါရုံဝိပါက်ကို သိမ်းဆည်းမှုသည် ပဉ္စဒွါရဝီထိ၌ ဝုဋ္ဌောနှင့် ဇောကိုပါ၊ မနောဒွါရဝီထိ၌ မနောဒွါရာဝဇ္ဇန်းနှင့် ဇောကိုပါ သိမ်းဆည်းခြင်းလုပ်ငန်းကို ပူးတွဲဆောင်ရွက်ပြီး ဖြစ်သွား၏။
再者,在五门心路中,速行若没有确定便不会生起;在意门心路中,速行若没有意门转向也不会生起。因此,摄取彼所缘果报时,也已经同时完成:在五门心路中摄取确定与速行,在意门心路中摄取意门转向与速行。
原书第 98 页
ယင်းဇောတို့မှာ ဝုဋ္ဌောနှင့် မနောဒွါရာဝဇ္ဇန်းတို့၏ ဆုံးဖြတ်ချက်အပေါ် မူတည်၍ ယောနိသောမနသိကာရ ဖြစ်လျှင် ကုသိုလ်ဇော၊ အယောနိသောမနသိကာရဖြစ်လျှင် အကုသိုလ်ဇောများ ထိုက်သလို ဖြစ်ကြ၏။
这些速行依确定与意门转向的判定而生:如理作意时,善速行依其所应生起;不如理作意时,不善速行依其所应生起。
အကုသိုလ်ဇောတို့ကား ကိလေသဝဋ်တရားလည်း ဖြစ်နိုင်ကြ၏၊ ကမ္မဝဋ်တရားလည်း ဖြစ်နိုင်ကြ၏။ ကုသိုလ်ဇော တို့ကား ကမ္မဝဋ်တရားစုတို့တည်း။ သို့အတွက် ဝိပါကဝဋ်တရားတို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းခဲ့သော် ကိလေသဝဋ် ကမ္မဝဋ်တရားတို့သည်လည်း တစ်နွယ်ငင် တစ်စင်ပါဟူသော အဝိနာဘာဝနည်း အရ ပါဝင်၍ သွားကြ၏။ ယင်းကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ်တရားစုတို့မှာ ပဉ္စဝေါကာရဘုံ၌ မှီရာဝတ္ထုရုပ် တို့ကိုသာ ထိုက်သလို မှီ၍ ဖြစ်ကြရသဖြင့် နာမ်တရားတို့ကို ပုံစံမှန် သိလိုပါက သိမ်းဆည်းလိုပါက မှီရာဝတ္ထုရုပ် တို့ကိုလည်း ပူးတွဲလျက် သိမ်းဆည်းရပြန်၏။ ယင်းမှီရာဝတ္ထုရုပ်တို့မှာလည်း ဝိပါကဝဋ်တရားစုတို့ပင်တည်း။
不善速行既可能属于烦恼轮,也可能属于业轮;善速行则属于业轮。因此,若已把果报轮诸法摄取至智见抵达究竟法,依一法牵连一法的不相离之理,烦恼轮与业轮诸法也会一并纳入。再者,在五蕴有中,这些烦恼轮、业轮、果报轮诸名法都依其所应依止所依色而生;所以,要如实了知、摄取名法,也必须把所依色合在一起摄取。这些所依色也属于果报轮。
မကင်းစကောင်းသော အဝိနာဘာဝနည်းအရ ဆိုရသော် စတုသမုဋ္ဌာနိက ရုပ်တရားစုတို့ပင်တည်း။ သို့အတွက် ဝိပါကဝဋ်အမည်ရသော သဠာယတနများကို ဃန အသီးအသီး ပြိုအောင် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းလျှင် ကိလေသဝဋ် ကမ္မဝဋ်တို့လည်း ပါဝင်နိုင်၍ ရောနှော၍ သိမ်းဆည်းရန် ရေးသားတင်ပြရခြင်း ဖြစ်သည်ဟု မှတ်ပါ။
若依不相离之理总摄,它们也就是四因所生的色法组。因此,在摄取名为果报轮的六处、逐一破除诸密集并使智见抵达究竟法时,烦恼轮与业轮也可能随之包括在内;正因为如此,本书才说明应把它们混合在一起摄取。
ယောဂီတို့၌ တွေ့ကြုံတတ်သည့် သဘာဝတစ်ရပ်
瑜伽行者常遇到的一种现象
ထိုသို့ သိမ်းဆည်းရာ၌ ရုပ်နာမ်ပရမတ် အာရုံပေါ်သို့သာ စိတ်ကျလျက် ရုပ်နာမ် သက်သက်ကိုပင် ပဋိသန္ဓေမတိုင်မီ ဘဝတစ်လျှောက်၌ တကယ်ဖြစ်ခဲ့သည့်အတိုင်း သိမ်းဆည်းမိလျှင် ပို၍ကောင်းသည်သာ ဖြစ်ပါသည်။ သို့သော် ထိုသို့ အတိတ်ဘက်သို့ ဉာဏ်ကိုစေလွှတ်လျက် ရုပ်နာမ်တို့ကို သိမ်းဆည်းရာ၌ ကြိုးကြား- ကြိုးကြား ရံခါရံခါ ကောင်းမှုပြုခဲ့သည့်ပုံများ မကောင်းမှုပြုခဲ့သည့်ပုံများလည်း ပေါ်လာတတ်၏။ ယင်းသို့ ပုံများ ပေါ်လာခြင်းမှာ သတ္တဝါတို့၏ စိတ်ဓာတ်သည် သူကောင် ငါကောင်စသည့် အကောင်အထည် အတုံးအခဲတို့ အပေါ်၌ သံသရာတစ်လျှောက်ဝယ် ကျက်စားမှုများခဲ့သဖြင့် ရုပ်နာမ် ပရမတ်တို့ကို သိမ်းဆည်းရာက ပညတ် အတုံးအခဲပေါ်သို့ တစ်ခါတစ်ရံ စိတ်ကျရောက်သွားခြင်းကြောင့် ဖြစ်၏။
如此摄取时,若心只落在究竟色名所缘上,如其在今生结生以前的一生中真实生起那样,只摄取色名本身,当然最好。不过,把智导向过去、摄取色名时,有时也会间或出现自己行善或作恶的影像。这是因为有情的心在轮回中长久惯于游行在“他这个人”“我这个人”等实体团块上;于是,正在摄取究竟色名时,心偶尔又落到了概念团块上。
ယင်းသို့ ရုပ်ပုံများ ပေါ်လာခဲ့သော် ထိုပုံများ၌ ဓာတ်ကြီးလေးပါးကို ဉာဏ်ဖြင့်မြင်အောင် စိုက်ရှုပါ။ ဗဟိဒ္ဓ၌ ဓာတ်ကြီးလေးပါးကို ဦးတည်၍ ရုပ်တရားတို့ကို (၃၁)ဘုံကို ခြုံငုံ၍ သိမ်းဆည်းထားပြီးသော အသင်ယောဂီ သူတော်စင်အဖို့ ထိုပုံများ၌ ဓာတ်ကြီးလေးပါးကို ဉာဏ်ဖြင့်မြင်အောင် ရှုမှုမှာ မခက်ခဲတော့ပြီ ဖြစ်၏။ ဓာတ်ကြီး လေးပါးကို ရှုနိုင်မြင်နိုင်ပါက မကြာမီ ရုပ်ကလာပ်အမှုန်များကို တွေ့ရှိမည် ဖြစ်သည်။ ယင်းရုပ်ကလာပ်တို့ကို (၆)ဒွါရ၊ (၄၂)ကောဋ္ဌာသတို့၌ ရှိကြသည့်အတိုင်း ဓာတ်ခွဲလျက် ပရမတ်ရုပ်တရားတို့ကို သိမ်းဆည်းပါ။ အထူး သဖြင့် နှလုံးအိမ်၏ အတွင်း၌ တည်ရှိကြသော ရုပ် (၅၄) မျိုးတို့ကို ဦးစားပေးလျက် သိမ်းဆည်းပါ။ ဟဒယဝတ္ထုရုပ် ကို ဉာဏ်ဖြင့် ပိုင်းခြားယူပါ။ ဟဒယဝတ္ထုကို မှီ၍ ဖြစ်နေသော ဘဝင်မနောအကြည်ဓာတ်ကို ဆက်လက်၍ သိမ်းဆည်းပါ။ ဤအပိုင်းတွင်ကား ဘဝင်မနောအကြည်ဓာတ်ကို သိမ်းဆည်းနိုင်ရေးမှာ အလွန်အရေးပါလျက်
若出现这种影像,应在影像中专注观照四大种,直至以智看见。贤善的瑜伽行者已经以外在四大种为先,遍及三十一界摄取外在色法,所以在这些影像中以智观见四大种已不困难。能够观见四大种后,不久就会看见色聚微粒;应像它们实际存在于六门、四十二身分中那样分析这些色聚,摄取究竟色法。尤其应优先摄取心脏内的五十四种色法,以智分别心所依处色,再继续摄取依心所依处色而生的有分意净界。在这一阶段,能够摄取有分意净界极其重要——
ရှိ၏။ ဘဝင်မနောအကြည်ဓာတ်ကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်ပါက ယင်းဘဝင်မနောအကြည်ဓာတ် တို့၏ အကြားအကြား၌ ဆိုင်ရာ ဆိုင်ရာ မှီရာဝတ္ထုရုပ်တို့ကို မှီ၍ ဖြစ်ပေါ်သွားကြကုန်သော စိတ္တနိယာမ လမ်းကြောင်းအတိုင်း ဝီထိစဥ်အတိုင်း ဖြစ်ပေါ်သွားကြကုန်သော နာမ်တရားတို့ကို ဆက်လက်၍ သိမ်းဆည်းပါ။
——若能以智分别、摄取有分意净界,就应继续摄取在一道道有分意净界之间,依各自所依色、循着心定律轨道与心路次第生起的诸名法。
ကုသိုလ်ဇောဝီထိစိတ်အစဥ်များ အကုသိုလ်ဇောဝီထိစိတ်အစဥ်များကို ဖြစ်ခဲ့သည့်ပုံစံအတိုင်း ဉာဏ်ဖြင့်မြင်အောင် ဃန အသီးသီးကို ဖြိုခွဲလျက် ပရမတ်သို့ဆိုက်အောင် သိမ်းဆည်းပါ။ အောင်မြင်ပါက ---- ရုပ်တရား နာမ်တရား၊ ရုပ်တရား နာမ်တရား ---- ဤသို့ စသည်ဖြင့် ရုပ်နာမ်ကိုသာ ဆက်လက်၍ သိမ်းဆည်းပါ။
对于当时实际生起的善速行心路相续与不善速行心路相续,应逐一破除各种密集,以智观见并摄取至究竟法。成功以后,就只继续摄取‘色法、名法;色法、名法……’。
原书第 99 页
ပဋိစ္စသမုပ္ပါဒ်ပိုင်း - အပိုင်း (က) ဤသို့လျှင် အနီးကပ်ဆုံးသော ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ်ဟူသော အာဟာရလေးပါး ရုပ်နာမ်တရား တို့ကစ၍ ပစ္စုပ္ပန်ပဋိသန္ဓေဟူသော အတိတ်ဘက်သို့ ဉာဏ်ကိုစေလွှတ်၍ ရုပ်နာမ်တို့ကို တစ်စတစ်စ တိုး၍ တိုး၍ သိမ်းဆည်းရာဝယ် အောင်မြင်မှုရခဲ့သော် ---- ၁။ လွန်ခဲ့သည့် (၁) ရက်က ရုပ်နာမ်၊ ၂။ လွန်ခဲ့သည့် (၂) ရက်က ရုပ်နာမ်၊ ၃။ လွန်ခဲ့သည့် (၃) ရက်က ရုပ်နာမ်၊ ၄။ လွန်ခဲ့သည့် (၄) ရက်က ရုပ်နာမ်၊ ၅။ လွန်ခဲ့သည့် (၅) ရက်က ရုပ်နာမ်၊ ။ ပ ။
这样,从最近一次〔发愿时〕烦恼轮、业轮、果报轮的四食——色名法——开始,把智导向作为过去一端的今生结生,逐步扩展而摄取色名;若已成功,就继续摄取:一、一天前的色名;二、两天前的色名;三、三天前的色名;四、四天前的色名;五、五天前的色名;……
၆။ လွန်ခဲ့သည့် (၁) လက ရုပ်နာမ်၊ ။ ပ ။
六、一个月前的色名;……
၇။ လွန်ခဲ့သည့် (၁) နှစ်က ရုပ်နာမ်၊ ၈။ လွန်ခဲ့သည့် (၂) နှစ်က ရုပ်နာမ်၊ ၉။ လွန်ခဲ့သည့် (၃) နှစ်က ရုပ်နာမ်၊ ၁ဝ။ လွန်ခဲ့သည့် (၄) နှစ်က ရုပ်နာမ်၊ ၁၁။ လွန်ခဲ့သည့် (၅) နှစ်က ရုပ်နာမ်၊ ။ ပ ။
七、一年前的色名;八、两年前的色名;九、三年前的色名;十、四年前的色名;十一、五年前的色名;……
၁၂။ လွန်ခဲ့သည့် (၁ဝ) နှစ်က ရုပ်နာမ်၊ ---- ဤသို့ စသည်ဖြင့် အတိတ်ရုပ်နာမ်တို့ကို တစ်စတစ်စ တိုး၍တိုး၍ တဖြည်းဖြည်း သိမ်းဆည်းပါ။ အကယ်၍ ထိုသို့ သိမ်းဆည်းရာ၌ လူကြီးအရွယ် လူလတ်အရွယ် လူငယ်အရွယ် ကလေးအရွယ် စသည်ဖြင့် ကြိုးကြား- ကြိုးကြား၌ ရုပ်ပုံများ ပေါ်လာလျှင်လည်း အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ထိုပုံများ၌ ဓာတ်ကြီးလေးပါးကို ဉာဏ်ဖြင့် မြင်အောင် စိုက်ရှု၍ ရုပ်နာမ်တို့ကိုပင် ဆက်လက်၍ သိမ်းဆည်းပါ။
十二、十年前的色名。如此等等,应逐步扩展、渐次摄取过去色名。若在摄取时,间或出现成年、中年、青年、童年等时期的影像,也应依上文所说,在那些影像中专注观照四大种,直至以智看见;然后仍继续摄取色名。
သတိပြုသင့်သော အချက်များ
应注意的事项
ဤကဲ့သို့ အတိတ်အကြောင်းတရားတို့ကို ရှာဖွေရာ၌ ကြိုတင်၍ သိထားသင့်သော အချက်များလည်း ရှိကြပေသည်။ ယင်းအချက်တို့ကို ဤ၌ အကျဥ်းချုပ်၍ တင်ပြအပ်ပါသည်။ ---- လောကသမုဒယံ ခေါ ကစ္စာန ယထာဘူတံ သမ္မပ္ပညာယ ပဿတော ယာ လောကေ နတ္ထိတာ၊ သာ န ဟောတိ။ လောကနိရောဓံ ခေါ ကစ္စာန ယထာဘူတံ သမ္မပ္ပညာယ ပဿတော ယာ လောကေ အတ္ထိတာ၊ သာ န ဟောတိ။ ပ ။ အပရပစ္စယာ ဉာဏမေဝဿ ဧတ္ထ ဟောတိ။ (သံ-၁-၂၅၇-၂၅၈။) သမ္မပ္ပညာယ ပဿတောတိ သမ္မာပညာ နာမ သဝိပဿနာ မဂ္ဂပညာ၊ တာယ ပဿန္တဿာတိ အတ္ထော ။ ပ ။ အပရပ္ပစ္စယာတိ န ပရပ္ပစ္စယေန ၊ အညဿ အပတ္တိယာယေတွာ အတ္တပစ္စက္ခဉာဏမေဝဿ ဧတ္ထ ဟောတီတိ။ (သံ-ဋ္ဌ-၂-၃၂။) သမ္မပ္ပညာယာတိ အဝိပရီတပညာယ ယထာဘူတပညာယ။ တေနာဟ ''သဝိပဿနာ မဂ္ဂပညာ''တိ။
在追寻这些过去因法时,还有若干应预先知道的“迦旃延,以正慧如实观见世间集者,世间所谓‘无’之见便不会生起;以正慧如实观见世间灭者,世间所谓‘有’之见便不会生起。……在这里“‘以正慧如实观见者’:所谓正慧,就是与观慧相伴的道慧;其义是,以此慧观见的人。……所谓‘不依他缘’,即不以他人为缘;不是由于信从别人,在这里,他所有“‘以正慧’,即以不颠倒之慧、如实之慧。因此才说:‘与观慧相伴的道慧。’”
(သံ-ဋီ-၂-၃၇။)
巴利复注引文出处:(သံ-ဋီ-၂-၃၇။)
ဉာဏသင်္မဂီ ပုဂ္ဂလော စက္ခုမာ ဝိယ စက္ခုနာ ရူပါနိ၊ ဉာဏေန ဝိဝဋေ ဓမ္မေ ပဿတိ။ (သံ-ဋ္ဌ-၂-၄၉။) အထ ခေါ ရူပါနိ ဝိယ စက္ခုဝိညာဏေန ရူပါဒီနိ တေသံ စ သမုဒယာဒိကေ ပစ္စက္ခေ ကတွာ ဒဿနန္တိ ဝိဘာဝေတုံ ''ပဿတော''တိ ဝုတ္တန္တိ ဧဝံ ဝါ ဧတ္ထ အတ္ထော။ (သံ-ဋီ-၂-၆၃။)
“具智之人如同有眼者以眼见诸色一般,以智看见“又一种解释是:这里为了显明,正如以眼识见诸色一般,应把色等诸法及其集起等置于现前而见,才说‘见者’。这里也可以这样理解。”
原书第 100 页
အထက်ပါ ပါဠိတော် အဋ္ဌကထာ ဋီကာတို့၏ ဆိုလိုရင်းမှာ ဤသို့ဖြစ်၏ ---- သင်္ခါရလောက၏ ဖြစ်စဥ်ကို လောကသမုဒယဟု ခေါ်ဆို၏။ အနုလောမပစ္စယာကာရ = အနုလောမပဋိစ္စသမုပ္ပါဒ်ဟုလည်း ခေါ်ဆို၏။
上述巴利经文、义注与复注的要义如下:行世间的生起次第称为“世间集”(lokasamudaya);也称为“顺缘行相”(anuloma-paccayākāra),即顺缘起法(anuloma-paṭiccasamuppāda)。
သင်္ခါရလောက၏ ချုပ်စဥ်ကို လောကနိရောဓဟု ခေါ်ဆို၏။ ပဋိလောမပစ္စယာကာရ = ပဋိလောမပဋိစ္စသမုပ္ပါဒ် ဟုလည်း ခေါ်ဆို၏။
行世间的止息次第称为“世间灭”(lokanirodha);也称为“逆缘行相”(paṭiloma-paccayākāra),即逆缘起法(paṭiloma-paṭiccasamuppāda)。
အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ ဟူသော အကြောင်းတရားတို့ ထင်ရှားဖြစ်ခြင်း ထင်ရှားရှိခြင်းကြောင့် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဟူသော အကျိုးတရားတို့၏ ထင်ရှားဖြစ်ခြင်းတည်းဟူသော အကြောင်းတရားနှင့် အကျိုးတရားတို့၏ ကြောင်း-ကျိုး ဆက်နွယ်လျက် အထပ်ထပ်ဖြစ်ခြင်းသဘောကို လောက သမုဒယဟု ခေါ်ဆို၏။
由于无明、爱、取、行、业等因法明显生起、明显存在,识、名色、六处、触、受等果法也明显生起;因法与果法如此因果相联而反复生起的法性,称为世间集。
တစ်နည်း ---- အဝိဇ္ဇာပစ္စယာ သင်္ခါရာ စသည်ဖြင့် ဟောကြားထားတော်မူအပ်သော ---- အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ခြင်း၊ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ခြင်း စသည့် ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၏ အကြောင်းနှင့် အကျိုး ဆက်နွယ်လျက် အထပ်ထပ်ဖြစ်ခြင်း သဘောတရားကိုလည်း လောကသမုဒယဟု ခေါ်ဆို၏။
换一种说法,世尊以“အဝိဇ္ဇာပစ္စယာ သင်္ခါရာ”(缘无明而有行)等方式宣说的缘起诸支,在因果关联中反复生起;这种法性也称为世间集。
တစ်ဖန် ---- အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသော အကြောင်းတရားတို့၏ အရဟတ္တမဂ်ကြောင့် အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းခြင်းကြောင့် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဟူသော အကျိုးတရားတို့၏ ခန္ဓပရိနိဗ္ဗာန်စံသောအခါ၌ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းခြင်းသဘောကို သင်္ခါရ လောက၏ ချုပ်စဥ် လောကနိရောဓဟု ခေါ်ဆို၏။
又,无明、爱、取、行、业等因法由于阿罗汉道而以不再生起之灭止息;因此,在蕴般涅槃时,识、名色、六处、触、受等果法也以不再生起之灭止息。这种行世间的止息次第称为世间灭。
တစ်နည်း ---- အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော ---- ဤသို့စသည်ဖြင့် ဟောကြားထားတော်မူအပ်သော အဝိဇ္ဇာ၏ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ခြင်းကြောင့် သင်္ခါရ၏ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ခြင်းစသော ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၏ ချုပ်စဥ်ကိုလည်း လောကနိရောဓ ဟုပင် ခေါ်ဆို၏။
换言之,世尊以“အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော”(正由于无明无余离贪、止息,诸行便止息)等方式宣说:无明以不再生起之灭止息,故诸行也以不再生起之灭止息;缘起诸支这样的止息次第,也称为世间灭。
ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းလောကသမုဒယ၊ လောကနိရောဓ နှစ်မျိုးလုံးကိုပင် ဝိပဿနာပညာ အရိယမဂ္ဂပညာဟူသော သမ္မပ္ပညာဖြင့် ကောင်းစွာသိမြင်အောင် ကြိုးပမ်းရ၏။ ယင်းဝိပဿနာပညာ အရိယမဂ္ဂ ပညာဟူသော သမ္မပ္ပညာကား အပရပစ္စယဉာဏ် = အတ္တပစ္စက္ခဉာဏ်တည်း။ သူတစ်ပါးအား ကိုယ်းစား ယုံကြည်မှု မရှိဘဲ မိမိကိုယ်တိုင် ထွင်းဖောက်သိမြင်သော အတ္တပစ္စက္ခဉာဏ်တည်း။
瑜伽行者必须努力以名为正慧的观慧与圣道慧,善加知见世间集与世间灭二者。称为观慧、圣道慧的正慧,就是不依他缘智,亦即亲证现见智:不依赖、信从他人,而由自己亲自现前、洞彻知见的亲证现见智。
သင်္ခါရလောက၏ ဖြစ်စဥ် = လောကသမုဒယကို အတ္တပစ္စက္ခဉာဏ်ဖြင့် ရှုမြင်သော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ အတ္တသည် သေလျှင်ပြတ်၏ဟု စွဲယူသော ဥစ္ဆေဒဒိဋ္ဌိသည် ဖြစ်ခွင့်မရှိလေရာ။ သင်္ခါရလောက၌ အကြောင်းနှင့်အကျိုး ဆက်နွယ်လျက် အထပ်ထပ်ဖြစ်နေကြကုန်သော သင်္ခါရတရားတို့သည် ထင်ရှားရှိနေ- ကြကုန်စဥ် ယင်းသင်္ခါရတို့၏ ဖြစ်စဥ်ကို အတ္တပစ္စက္ခဉာဏ်ဖြင့် သိမြင်နေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ အဘယ်မှာလျှင် ''အတ္တသည် သေလျှင်ပြတ်၏ မရှိ''ဟူသော ဥစ္ဆေဒဒိဋ္ဌိသည် ဖြစ်ခွင့်ရှိနိုင်ရာပါအံ့နည်း။
对于以亲证现见智观见行世间生起次第——世间集——的瑜伽行者,其相续中,不会有执取“自我死后断灭”的断灭见生起。行世间中的诸行法正依因果关联反复生起、清楚存在;当瑜伽行者以亲证现见智知见它们的生起次第时,其相续中又怎可能生起“自我死后断灭而不存在”的断灭见?
တစ်ဖန် သင်္ခါရလောက၏ ချုပ်စဥ် = လောကနိရောဓကို အတ္တပစ္စက္ခဉာဏ်ဖြင့် ရှုမြင်သော ယောဂါဝစရ ပုဂ္ဂိုလ်၏ သန္တာန်၌ ''အတ္တသည် မြဲ၏''ဟု စွဲယူသော သဿတဒိဋ္ဌိသည် ဖြစ်ခွင့် မရှိလေရာ။ သင်္ခါရတို့၏ အနုပ္ပါဒ- နိရောဓသဘောအားဖြင့် ချုပ်ငြိမ်းမှုကို အတ္တပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်နေသော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ အတ္တသည် မသေမပျောက် အမြဲတည်၏ဟု စွဲယူသော သဿတဒိဋ္ဌိသည် အဘယ်မှာလျှင် ထောက်ရာ တည်ရာကို ရရှိနိုင်အံ့နည်း။
又,对于以亲证现见智观见行世间止息次第——世间灭——的瑜伽行者,其相续中,不会有执取“自我常恒”的常见生起。瑜伽行者亲自现前、洞彻知见诸行以不再生起之灭而止息;在这种认知中,执取“自我不死不灭、永恒常住”的常见又怎可能找到立足处?
原书第 101 页
ပဋိစ္စသမုပ္ပါဒ်ပိုင်း - အပိုင်း (က) ထိုကဲ့သို့ လောကသမုဒယခေါ်သည့် သင်္ခါရလောက၏ ဖြစ်စဥ်နှင့် လောကနိရောဓခေါ်သည့် သင်္ခါရ လောက၏ ချုပ်စဥ်ကို အတ္တပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိမြင်အောင် ရှုရာ၌ ယောဂါဝစရပုဂ္ဂိုလ်၏ ရှုမြင်ပုံ အခြင်းအရာကို အထက်တွင် ရေးသားတင်ပြထားသော သံယုတ် အဋ္ဌကထာ ဋီကာတို့က ဤသို့ သရုပ်ဖော်ထား၏။
如此,为了以亲证现见智亲自现前、洞彻知见称为世间集的行世间生起次第,以及称为世间灭的行世间止息次第,上引《相应部》义注与复注把瑜伽行者的观见方式说明如下。
မျက်စိအမြင်ရှိသော ယောကျာ်းသည် ရူပါရုံတို့ကို စက္ခုဝိညာဏ်ဖြင့် မြင်တွေ့နေရသကဲ့သို့ အလားတူပင် ယောဂါဝစရပုဂ္ဂိုလ်သည်လည်း ---- သင်္ခါရလောက၏ ဖြစ်စဥ် လောကသမုဒယကို ရှုနေသောဉာဏ် သို့မဟုတ် သင်္ခါရလောက၏ ချုပ်စဥ် လောကနိရောဓကို ရှုနေသော ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော ဉာဏ်ရောင် အောက်တွင် ဟင်းလင်းပွင့်နေသော ဥပါဒါနက္ခန္ဓာငါးပါးတည်းဟူသော ဓမ္မတို့ကိုလည်းကောင်း၊ ယင်းဥပါဒါ- နက္ခန္ဓာတို့၏ အကြောင်းရင်း သမုဒယဓမ္မတို့ကိုလည်းကောင်း၊ ယင်းဥပါဒါနက္ခန္ဓာတို့၏ နိရောဓဓမ္မတို့ကို လည်းကောင်း အတ္တပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြု၍ သိမြင်နေပါ၏ ဟူပေ။
正如有眼者以眼识见到诸色所缘,同样,瑜伽行者也以亲证现见智亲自现见、知见:由观行世间生起次第(世间集)或止息次第(世间灭)之智所生的智光照明、显露的五取蕴诸法;作为这些五取蕴之因的集法;以及这些五取蕴的灭法。
(သံ-ဋ္ဌ-၂-၄၉။ သံ-ဋီ-၂-၆၃။)
出处:(သံ-ဋ္ဌ-၂-၄၉။ သံ-ဋီ-၂-၆၃။)
ထိုသို့ မျက်စိဖြင့် မြင်သကဲ့သို့ တွေ့မြင်နေသောအခါဝယ် သံသရာတစ်လျှောက်ဝယ် ပညတ်နယ်၌ ကျက်စားမှု များပြားခဲ့သော အလေ့အကျက်များခဲ့သော စိတ်ဓာတ်၏ စွမ်းအားကြောင့် ယင်းစိတ်တို့တွင် = ယင်းဇောဝီထိစိတ်အစဥ်တို့တွင် အကျုံးဝင်သော မနောဒွါရာဝဇ္ဇန်းခေါ် မနသိကာရက ရံခါ ပညတ်ကို လှမ်း၍ အာရုံယူမိသောကြောင့် = ပညတ်ကို နှလုံးသွင်းမိသောကြောင့်လည်းကောင်း၊ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းနေသော ပိုင်းခြားယူနေသော သင်္ခါရပရိစ္ဆေဒဉာဏ် ပစ္စယပရိဂ္ဂဟဉာဏ်စသော ဝိပဿနာဉာဏ်တို့က ရံခါ နုံ့သွားခြင်းကြောင့်လည်းကောင်း ရုပ်ကလာပ်များစွာတို့၏ အပေါင်းအစု အတုံးအခဲ ခပ်ကြီးကြီးများကို တွေ့မြင်နေတတ်၏။ ရံခါ ကြိုးကြားကြိုးကြားတွင် ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ဖြစ်ပေါ်သွားကြသော မနောဒွါရိကဇောဝီထိတို့တွင် အကျုံးဝင်သော မနောဒွါရာဝဇ္ဇန်းခေါ် မနသိကာရက ပညတ်အတုံးအခဲများ ပညတ်
当如此如同以眼亲见时,由于心在漫长轮回中反复驰骋于概念领域、积习深厚,这些心路——意门速行心路——中的意门转向,即作意,有时会伸向概念,把概念取为所缘;换言之,会作意概念。又或者,正在摄取、分别因法与果法的行分别智、缘摄受智等观智有时变得迟钝,于是会见到由众多色聚集合而成、颇为巨大的团块。再者,瑜伽行者相续中间或生起的意门速行心路,其意门转向——作意——会伸向概念团块、概念——
ပုံရိပ်များကို လှမ်း၍ အာရုံယူမိတတ်၏။ ထိုအခါမျိုးတွင်လည်း ပညတ်ပုံရိပ်များသည် ပေါ်လာတတ်ပေသည်။
——影像而取为所缘;在这种时候,概念影像也会显现。
ငယ်ရွယ်စဥ်က ပုံရိပ်များ ကောင်းမှုကုသိုလ်ပြုနေသည့် ပုံရိပ်များ မကောင်းမှုအကုသိုလ်ပြုနေသည့် ပုံရိပ်များ စသည်ဖြင့် ပုံရိပ်အမျိုးမျိုးတို့လည်း ယင်းမနသိကာရ၏ စွမ်းအားကြောင့် ပေါ်လာတတ်၏။
童年影像、行善影像、作恶影像等种种影像,也会由于这种作意的力量而显现。
ယင်းပညတ်ပုံရိပ်တို့မှာလည်း သင်္ခါရနိမိတ်တို့သာ ဖြစ်ကြ၏။
这些概念影像也都只是行相(saṅkhāra-nimitta)。
တတ္ထ နိမိတ္တန္တိ သင်္ခါရနိမိတ္တံ။ အတီတာနာဂတပစ္စုပ္ပန္နာနံ သင်္ခါရာနမေဝေတံ အဓိဝစနံ။
“其中,‘相’(nimitta)是指行相(saṅkhāra-nimitta);这只是过去、未来、现在诸行的名称。”
(ဝိသုဒ္ဓိ-၂-၂၈၄။)
巴利引文出处:(ဝိသုဒ္ဓိ-၂-၂၈၄။)
သင်္ခါရနိမိတ္တန္တိ ''သင်္ခါရာနံ သမူဟာဒိဃနဝသေန၊ သကိစ္စပရိစ္ဆေဒတာယ စ သဝိဂ္ဂဟာနံ ဝိယ ဥပဋ္ဌာန''န္တိ ဝုတ္တော ဝါယမတ္ထော။ သင်္ခါရာနံ ပန တထာ ဥပဋ္ဌာနံ သင်္ခါရဝိနိမုတ္တံ န ဟောတီတိ အာဟ ''အတီတာ နာဂတပစ္စုပ္ပန္နာနံ သင်္ခါရာနမေဝေတံ အဓိဝစန''န္တိ ။ (မဟာဋီ-၂-၄၄၇။) ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာဆရာတော်က နိမိတ္တအရ သင်္ခါရနိမိတ်ကို ဆိုလိုကြောင်းကိုလည်းကောင်း၊ ထိုနိမိတ္တ ဟူသော အမည်သည် အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါးအတွင်း၌ တည်ရှိသော သင်္ခါရတရား တို့၏ အမည်ဖြစ်ကြောင်းကိုလည်းကောင်း (ဝိသုဒ္ဓိ-၂-၂၈၄။)၌ ဖွင့်ဆိုထားတော်မူ၏။
“所谓‘行相’,正是‘诸行依组合等密集,以及由各自作用范围划定,而仿佛有形体般呈现’这层含义。诸行如此呈现,并不是在诸行之外另有一法,所以说:‘这只是过去、未来、现在诸行的名称。’”《清净道论》义注师在《清净道论》2-284(原书标作 (ဝိသုဒ္ဓိ-၂-၂၈၄။))中解释:nimitta 所指就是行相;‘nimitta’这一名称,是安立于过去、未来、现在三时诸行法之上的名称。
ဤကဲ့သို့ ရှင်းလင်းဖွင့်ဆိုချက်နှင့် ဆက်စပ်၍ ဋီကာဆရာတော်များက ---- ''အဓိဝစနံ နာမံ ရှိရာ ဥပစာ'' ဟူသော သဒ္ဒါစည်းကမ်းနှင့် အညီ ဤသို့ ရှင်းလင်းဖွင့်ဆိုထားတော်မူကြ၏။
围绕上述解释,诸复注师依“အဓိဝစနံ နာမံ ရှိရာ ဥပစာ”(有 adhivacana〔名称〕处,即有 upacāra〔转称〕)这一语法规则,继续说明如下。
原书第 102 页
ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် တကယ့် ဝိပဿနာနယ်မြေ အစစ်သို့ ရောက်အောင် မစီးဖြန်းရသေးသော မစီးဖြန်းဖူးသေးသော (အထူးသဖြင့် ယခုကဲ့သို့ နာမရူပပရိစ္ဆေဒဉာဏ် ပစ္စယပရိဂ္ဂဟဉာဏ်တို့ကို အားသစ်ဆဲမျှသာ ရှိနေသေးသော) ပုဂ္ဂိုလ်နှင့် စီးဖြန်းဖူးသော်လည်း ဝိပဿနာ ကမ္မဋ္ဌာန်းကို ခေတ္တယာယီဖြစ်စေ ခပ်ကြာကြာဖြစ်စေ ချထားသောပုဂ္ဂိုလ်တို့သည် ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို သဝိဂ္ဂဟခေါ်သည့် သန္တာန်ဒြပ် အတုံးလိုက် အခဲလိုက် တစ်ရံတစ်ခါ မြင်နေတတ်သေး၏၊ ရုပ်တရားတို့ကို သန္တတိဃန အတုံးအခဲ၊ သမူဟဃန အတုံးအခဲ၊ ကိစ္စဃန အတုံးအခဲ မပြိုဘဲ၊ နာမ်တရား တို့ကိုလည်း သန္တတိဃန အတုံးအခဲ၊ သမူဟဃန အတုံးအခဲ၊ ကိစ္စဃန အတုံးအခဲ၊ အာရမ္မဏဃန အတုံးအခဲ မပြိုဘဲ တစ်ရံတစ်ခါ တွေ့မြင်နေတတ်၏။
尚未修习、体验毗婆舍那业处,使智见抵达究竟法、真正进入毗婆舍那的实修领域者——尤其像目前这样,才刚开始用功求得名色分别智与缘摄受智者——以及虽曾修习过真正毗婆舍那,却暂时或较长时间搁置毗婆舍那业处者,有时仍会把色、名、因、果等诸行法,见成称为 saviggaha 的有形体、具有实体的连续团块。他们有时仍在色法的相续密集、组合密集、作用密集未破除的情况下见色法,也在名法的相续密集、组合密集、作用密集、所缘密集未破除的情况下见名法。
၁။ သန္တတိဃန အတုံးအခဲ = ရုပ်နာမ်သန္တတိ အစဥ်အတန်း အတုံးအခဲ၊ ၂။ သမူဟဃနအတုံးအခဲ = ရုပ်နာမ်အပေါင်းအစု အတုံးအခဲ၊ ၃။ ကိစ္စဃန အတုံးအခဲ = ရုပ်နာမ်လုပ်ငန်းကိစ္စ အတုံးအခဲ၊ ၄။ အာရမ္မဏဃန အတုံးအခဲ = သင်္ခါရတို့ကို အာရုံယူတတ်သော ဝိပဿနာရှုနေသော နာမ်တရားတို့၏
一、相续密集:色名相续的连续团块;二、组合密集:色名集合的组合团块;三、作用密集:色名各自作用的团块;四、所缘密集:以诸行为所缘而观修的名法所形成的——
အတုံးအခဲ ----
——密集团块。
ဤအတုံးအခဲတို့မှာ ဝိပဿနာဘာဝနာကို မပွားများရသေးသော ယခုကဲ့သို့ နာမရူပပရိစ္ဆေဒဉာဏ် ပစ္စယပရိဂ္ဂဟဉာဏ်တို့ကို ရရှိရေးအတွက် အားသစ်နေဆဲဖြစ်သော၊ သို့မဟုတ် ဝိပဿနာဘာဝနာကို စီးဖြန်း- ဖူးသော်လည်း ဝိပဿနာကမ္မဋ္ဌာန်းကို ချထားသော ပုဂ္ဂိုလ်တို့အဖို့ ထင်လာမြင်လာသော ရုပ်နာမ်ဓမ္မ သင်္ခါရ တရားတို့၏ အတုံးအခဲတို့သာ ဖြစ်ကြ၏။ သင်္ခါရတရားတို့ မရှိက ယင်းအတုံးအခဲတို့လည်း မရှိနိုင်ပြီ။ သင်္ခါရ တို့မှ လွတ်သော အတုံးအခဲမည်သည် မရှိနိုင်သောကြောင့် ဖြစ်၏။
这些团块,仅是色名诸行法对下列人所呈现的团块:尚未修习毗婆舍那、像目前这样刚开始用功求得名色分别智与缘摄受智的人;或曾修习毗婆舍那却又搁置毗婆舍那业处的人。若没有诸行法,这些团块也不可能存在,因为不可能有离开诸行而存在的团块。
ထိုကြောင့် သင်္ခါရတရားတို့၏ အပေါင်းအစုဖြစ်သော သန္တတိဃန အတုံးအခဲ သမူဟဃန အတုံးအခဲ ကိစ္စဃန အတုံးအခဲ အာရမ္မဏဃန အတုံးအခဲတို့၏ သင်္ခါရနိမိတ်ဟူသော အမည်ကို အစိတ်အစိတ်ဖြစ်သော ဃနပြိုပြီးသော ပရမတ်အစစ် ဓာတ်အနှစ်ဖြစ်သော သင်္ခါရတရားတို့၌ တင်စား၍ သင်္ခါရတရားတို့ကိုပင် သင်္ခါရနိမိတ်ဟု ခေါ်ဆိုထားခြင်း ဖွင့်ဆိုထားခြင်း ဖြစ်ပေသည်။ (မဟာဋီ-၂-၄၄၇။) ဉာဏေ တိက္ခေ ဝဟန္တေ သင်္ခါရေသု လဟုံ ဥပဋ္ဌဟန္တေသု ဥပ္ပါဒံ ဝါ ဌိတိ ဝါ ပဝတ္တံ ဝါ နိမိတ္တံ ဝါ န သမ္ပာပုဏာတိ။ ခယဝယဘေဒနိရောဓေယေဝ သတိ သန္တိဋ္ဌတိ။ (ဝိသုဒ္ဓိ-၂-၂၇၇။) နိမိတ္တန္တိ သင်္ခါရနိမိတ္တံ။ ယံ သင်္ခါရာနံ သမူဟာဒိဃနဝသေန၊ သကိစ္စပရိစ္ဆေဒတာယ စ သဝိဂ္ဂဟာနံ ဝိယ ဥပဋ္ဌာနံ၊ တံ သင်္ခါရနိမိတ္တံ။ (မဟာဋီ-၂ -၄၃၉။) နိမိတ္တဓမ္မေသူတိ သမူဟာဒိဃနဝသေန စ သကိစ္စပရိစ္ဆေဒတာယ စ သပရိဂ္ဂဟေသု ခန္ဓေသု။
因此,‘行相’本是诸行集合所呈现的相续密集、组合密集、作用密集、所缘密集团块之名;复注以转称之法,把这个名称安立于已经逐一分解、各种密集已破除、作为真实究竟界实质的诸行法上,于是也把诸行法本身称作、解释为‘行相’。出处:(မဟာဋီ-၂“当智锐利而强有力,诸行迅速现起时,〔观智〕不再触及生起、住立、转起或相;念唯善住于灭尽、坏灭、“‘相’,是行相。诸行由于组合等密集,并因各自作用范围的限定,而仿佛有形体般呈现;这“‘于作为相的诸法’,即于因组合等密集并由各自作用范围限定,仿佛有范围可辨的诸蕴。”
(မူလဋီ-၁-၁၁၃။)
巴利《根本复注》引文出处:(မူလဋီ-၁-၁၁၃။)
နိမိတ္တဓမ္မာ သင်္ခါရာ တေဟိ သနိမိတ္တာ သဝိဂ္ဂဟာ ဝိယ ဥပဋ္ဌဟန္တီတိ တေသံ အဘာဝိတဘာဝနဿ ဘာဝိတဘာဝနဿ စ ဥပဋ္ဌဟနာကာရံ ဒဿေန္တော ''သမူဟာဒီ''တိအာဒိမာဟ။ (အနုဋီ-၁-၁၂၁။) = ဝိပဿနာဉာဏ်သည် ထက်မြက်သည်ဖြစ်၍ ဖြစ်ပေါ်လာလတ်သော် ထက်မြက်သည်၏ အဖြစ်ကို ရွက်ဆောင်သည်ရှိသော် သင်္ခါရတရားတို့သည် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ဖြစ်ခြင်း ပျက်ခြင်း = ဥဒယဗ္ဗယ၏ အစွမ်းဖြင့် လျင်လျင်မြန်မြန် ထင်လာလတ်ကုန်သော် ---- (ယင်းသင်္ခါရတို့၏ အဖြစ်ကို နှလုံးမသွင်း- တော့ဘဲ အပျက်ကိုသာလျှင် တစ်ဘက်သတ် နှလုံးသွင်းခြင်းကြောင့် ---- မဟာဋီ-၂-၄၃၉။)
“诸行是作为相的诸法;依这些相,它们仿佛有相、仿佛有形体般现起。为了显示诸行对未修习者以及已修习者的现起方式,复注师才说‘依组合等〔密集〕’等语。”当观智生起而锐利、发挥其锐利作用,诸行依生灭而在瑜伽行者的认知中迅速显现时——由于他不再作意诸行的生起,只一面倒地作意坏灭,出处:(မဟာဋီ-၂-၄၃၉။)——〔观智便不再触及下列四项:〕
原书第 103 页
ပဋိစ္စသမုပ္ပါဒ်ပိုင်း - အပိုင်း (က) ၁။ ဥပ္ပါဒ = ဖြစ်ခြင်း ဥပါဒ်ဟူသော အခြင်းအရာထူးသို့လည်းကောင်း၊ ၂။ ဌိတိ = တည်ခြင်း ဌီဟူသော ဇရာသို့လည်းကောင်း၊ ၃။ ပဝတ္တ = ဥပါဒိန္နကပဝတ္တတရားသို့လည်းကောင်း၊ ၄။ နိမိတ္တ = သင်္ခါရတရားတို့၏ အထည်ကိုယ် လုံးလုံးလျောင်းလျောင်း သဏ္ဌာန်စသည် ထင်ခြင်းမျှသို့
——一、uppāda:生起这一殊相;二、ṭhiti:名为住的老化阶段;三、pavatta:已被执受之转起法;四、nimitta:诸行法仿佛具有完整实体、整体轮廓、形态等而显现——
လည်းကောင်း ----
——等四项。
ဝိပဿနာဉာဏ်သည် မရောက်ရှိတော့ပေ။ ဝိပဿနာဉာဏ်သည် လိုက်မမှီတော့ပေ။
观智不再到达这些项目,也不再追及它们。
၁။ ခယ = ကုန်ခြင်းသဘော၊ ၂။ ဝယ = ပျက်ခြင်းသဘော၊ ၃။ ဘေဒ = ပြိုခြင်းသဘော၊ ၄။ နိရောဓ = ခဏမစဲ တသဲသဲ ချုပ်ခြင်းသဘော၊ ဤ ခယ ဝယ ဘေဒ နိရောဓဟု ဆိုအပ်သော ခဏိကနိရောဓ = ခဏအားဖြင့် ချုပ်ပျက်ခြင်း သဘော- တရား၌သာလျှင် သတိသည် ကောင်းစွာတည်နေ၏။ (ဝိသုဒ္ဓိ-၂-၂၇၇။) သင်္ခါရနိမိတ် ---- အထည်ကိုယ် လုံးလုံးလျောင်းလျောင်း သဏ္ဌာန်စသည်ကဲ့သို့ ထင်လာသော သန္တတိ- ဃန သမူဟဃန ကိစ္စဃန အာရမ္မဏဃနဟူသည့် ဃနအတုံးအခဲ မပြိုသေးသော သင်္ခါရတရားတို့၏ အစုအပုံ အတုံးအခဲကို သင်္ခါရနိမိတ်ဟု ခေါ်ဆို၏။ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို မစီးဖြန်းရသေးသော ယောဂါဝစရ ပုဂ္ဂိုလ်၏ သန္တာန်၌လည်းကောင်း၊ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းဖူးသော်လည်း ဘင်္ဂဉာဏ်သို့ တိုင်အောင် မဆိုက်ရောက်သေးသော ပုဂ္ဂိုလ်၏ သန္တာန်၌လည်းကောင်း သင်္ခါရနိမိတ်တို့သည် အတုံးလိုက် အခဲလိုက် ရံခါ ထင်လာတတ်သေး၏။
一、khaya:灭尽之性;二、vaya:坏灭之性;三、bheda:破散之性;四、nirodha:刹那不停、持续止息之性。念只善住于名为 khaya、vaya、bheda、nirodha 的刹那灭——即诸法在每一刹那止息、坏灭的法性上。出处:(ဝိသုဒ္ဓိ-၂-၂၇၇။)所谓行相,是指诸行法仍以完整实体、整体轮廓、形态等显现,即相续密集、组合密集、作用密集、所缘密集尚未破除时,诸行集合所呈现的密集团块。对于尚未修习毗婆舍那业处者,以及虽曾修习却尚未达到坏灭智者,行相有时仍会成团成块地显现。
ခယာနုပဿနံ ဘာဝေန္တော ဃန-သညံ ပဇဟတိ။ (ဝိသုဒ္ဓိ-၂-၂၆၄။) ဘင်္ဂါနုပဿနတော ပဋ္ဌာယ တဿာ ပါရိပူရီတိ ဃနသညာယ ပဟာနံ ဟောတိ၊ တတော ပုဗ္ဗေ အပရိပုဏ္ဏတာယ တံ န ဟောတိ။ (မဟာဋီ-၂-၄၁၇။) ---- ဤ အဋ္ဌကထာ ဋီကာတို့နှင့် အညီ ဘင်္ဂဉာဏ်ပိုင်းသို့ ရောက်ရှိပါမှ ခယာနုပဿနာဉာဏ် = ဘင်္ဂါနုပဿနာဉာဏ်သည် ပြီးပြည့်စုံလာ၏၊ ထိုကြောင့် ယင်းဉာဏ်က ဃနသညာကို ပယ်စွန့်နိုင်၏။
“修习灭尽随观者,“从坏灭随观开始,它才达到圆满,因而舍断密集想;在此以前,由于尚未圆满,不能做到这一点。”依这些义注、复注,只有到达坏灭智阶段,灭尽随观智——即坏灭随观智——才趋于圆满;因此,此智能够舍断密集想。
သာဝကတို့သည် ဧကဒေသ = အချို့အဝက်သော သင်္ခါရတို့ကိုသာ သိမ်းဆည်း ရှုပွားနိုင်သဖြင့် ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းလိုက်နိုင်သော ရုပ်ကလာပ်တို့လည်း ရှိရာ၏။ ပရမတ်သို့ ဆိုက်အောင် မသိမ်းဆည်း- လိုက်နိုင်သော ရုပ်ကလာပ်တို့လည်း ရှိရာ၏။ ရံခါ မသိမ်းဆည်းလိုက်နိုင်သော ရုပ်ကလာပ်တို့၏ အစုအပုံ အတုံးအခဲကြီးများကို ဘင်္ဂဉာဏ်သို့ မဆိုက်မီ တွေ့နေရတတ်သေးသည်။ ဘင်္ဂဉာဏ်သို့ ဆိုက်ရောက်သွားသော အခါ၌ကား ယင်းရုပ်ကလာပ် အတုံးအခဲများ လုံးဝပျောက်၍ ပရမတ္ထဓာတ်သား သက်သက် အာရုံပေါ်သို့ ဝိပဿနာဉာဏ်သည် ကျရောက်သွားပေသည်။
弟子只能摄取、观修一部分诸行,因此,有些色聚能够一路摄取至究竟法,有些色聚却不能一路摄取至究竟法。在尚未到达坏灭智以前,有时仍会见到未能摄取的色聚聚集而成的巨大团块。到达坏灭智时,这些色聚团块便完全消失,观智只落在纯粹的究竟界实质所缘上。
ဘင်္ဂဉာဏ်သို့ မတိုင်မီ၌ကား ယောဂါဝစရပုဂ္ဂိုလ်၏ မနောဒွါရာဝဇ္ဇန်းဟူသည့် မနသိကာရအပေါ်၌ အခြေစိုက်၍ ယင်းသင်္ခါရ အတုံးအခဲကြီးများသည် အထည်ကိုယ် လုံးလုံးလျောင်းလျောင်း ပုံသဏ္ဌာန်စသည်ဖြင့် ထင်လာတတ်ပေသည်။ ဝိပဿနာဘာဝနာညာဏ်က ပြည့်ပြည့်စုံစုံ မဖြစ်ပေါ်လာသေးသည့်အတွက် ရုပ်တုံး ရုပ်ခဲ နာမ်တုံး နာမ်ခဲဟူသည့် အတုံးအခဲတို့ အပေါ်၌ မှတ်သားတတ် နှလုံးသွင်းတတ်သော ဃနသညာကို မပယ်စွန့်နိုင်သေးသောကြောင့် ဖြစ်၏။ (မဟာဋီ-၂-၄၁၇။)
在到达坏灭智以前,以瑜伽行者的意门转向——即作意——为依托,这些巨大的诸行团块会以完整实体、整体轮廓、形态等方式显现。由于毗婆舍那修习智尚未圆满,仍不能舍断那种会在色团、色块、名团、名块等团块上作标记、作意的密集想。出处:(မဟာဋီ-၂-၄၁၇။)
原书第 104 页
ယခုကဲ့သို့ အကြောင်းတရားတို့ကို သိမ်းဆည်းနေသည့် ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်း၌လည်း အလားတူပင် ယောဂါဝစရပုဂ္ဂိုလ်၏ မနသိကာရ နှလုံးသွင်းမှုအပေါ်၌ အခြေတည်၍ အထည်ကိုယ် လုံးလုံးလျောင်းလျောင်း ပုံသဏ္ဌာန်ကဲ့သို့ သင်္ခါရနိမိတ်တို့သည် ထင်လာတတ်ပေသည်။
同样,在这样摄取诸因的缘摄受智阶段,依瑜伽行者的作意方式,行相也常显现为仿佛具有实体、成团成块的形状。
သို့သော် ဃနအတုံးအခဲ မပြိုသေးသည့် ယင်းပညတ်ပုံရိပ်တို့ကား အာကာသကသိုဏ်းပညတ် စသည်တို့ ကဲ့သို့ ပရမတ္ထဓာတ်သားကို ထုတ်ယူ၍ မရရှိနိုင်သည့် ပညတ်ပုံရိပ်တို့ကား မဟုတ်ကြပေ။ ယောဂါဝစရပုဂ္ဂိုလ်က ယင်းပညတ်ပုံရိပ် အတုံးအခဲတို့၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့ကို နေရာတကျ စတင်သိမ်းဆည်းတတ်ပါက ပရမတ္ထဓာတ်သား အနှစ်တို့ကို ယင်းပညတ်ပုံရိပ် အတုံးအခဲတို့မှ ထုတ်ယူ၍ ရရှိနိုင်ပေသည်။ ဆိုလိုသည်မှာ ဓာတ်ကြီးလေးပါးကို စတင်သိမ်းဆည်းနိုင်ပါက ရုပ်ကလာပ်များကို တွေ့ရှိနိုင်သည်၊ ယင်းရုပ်ကလာပ်တို့၌ တည်ရှိသော ရုပ်တရားတို့ကို ဆက်လက် သိမ်းဆည်းနိုင်သည်၊ ယင်းရုပ်တရားတို့ကို မှီ၍ ယင်းရုပ်တရားတို့ကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကို သိမ်းဆည်းနိုင်သည် ---- ဤသို့ စသည်ကို ဆိုလိုပေသည်။
不过,这些尚未破除密集的概念影像,并不像虚空遍概念等那样,无法从中取得究竟界性。瑜伽行者若能在这些成团成块的概念影像中如法开始摄取四大种,就能从中取得究竟界性的精髓。意思是:若能开始摄取四大种,便能看见色聚微粒;继而能摄取色聚中所含的诸色法,也能摄取依止这些色法、以这些色法为所缘而生起的诸名法。
ပညတ်နယ်မှာ အလေ့အကျက်များခဲ့သော စိတ်ဓာတ်၏ စွမ်းအင်ကြောင့် ယင်းစိတ်တို့တွင် ပါဝင်သော မနသိကာရက ပညတ်အတုံးအခဲတို့ကို အာရုံယူမိသောကြောင့် = ''ဤသို့တွေ့လေမလား - ဤပုံတွေ့လေမလား'' ဤသို့စသော အတွေးအခေါ်များကြောင့် = အမှတ်သညာများကြောင့် ပညတ်အတုံးအခဲများ ပညတ်ပုံရိပ်များ ပေါ်လာခြင်းဖြစ်ရာ ပရမတ်ကို တစ်ဖန်ပြန်၍ အာရုံယူနိုင်ပါက ပရမတ်သို့ တစ်ဖန်ပြန်၍ ဆိုက်ရောက်နိုင်သည်သာ ဖြစ်ပေသည်။ ပညတ်မှ ပရမတ်ဟူသည့် ဓာတ်အနှစ်ကို ထုတ်ယူခြင်းပင် ဖြစ်သည်။
由于心长期惯行于概念领域,心中所含的作意会取概念团块为所缘;又由于“会不会这样见到?会不会见到这种形象?”等思虑,也就是种种预想,概念团块、概念影像便显现出来。此时若能再次取究竟法为所缘,便能重新抵达究竟法;这正是从概念中提取名为究竟法的界性精髓。
ကလလရေကြည်သို့ ဆိုက်ပြီ
已至羯罗蓝清液
ထိုသို့ အတိတ်ရုပ်နာမ်တို့ကို တဖြည်းဖြည်း နောက်ကြောင်းပြန်၍ သိမ်းဆည်းရာ၌ ယောဂီအများစုတို့၌ အမှတ်တရ ကောင်းမှုပြုခဲ့သည့်ပုံများ၊ အမှတ်တရ မကောင်းမှုပြုခဲ့သည့်ပုံများလည်း ရံခါ ပေါ်လာတတ်၏။
这样逐渐倒序摄取过去色名时,多数瑜伽行者有时也会看见记忆中曾经行善或作恶的影像。
ဝမ်းသာနေသည့်ပုံများ ဝမ်းနည်းနေသည့်ပုံများလည်း ရံခါ ပေါ်လာတတ်၏။ ဝမ်းသာနေသည့် စိတ်အစဥ်များကို တစ်ဖန်ပြန်၍ ရှုနိုင်သောအခါ ယခုတစ်ဖန် ပြန်၍ ဝမ်းသာမှုကို ခံစားနေရတတ်၏၊ ဝမ်းနည်းနေသည့် စိတ် အစဥ်များကို တစ်ဖန် ပြန်၍ ရှုနိုင်သောအခါ၌ တစ်ဖန် ပြန်၍ ဝမ်းနည်းနေတတ်၏။ အတိတ်၏ အရိပ်များ ပစ္စုပ္ပန်၌ ရောင်ပြန်ဟပ်နေခြင်း ဖြစ်၏။
有时也会出现欢喜或悲伤的影像。再次观见欢喜时的心相续,现今又会重新感到欢喜;再次观见悲伤时的心相续,也会重新陷入悲伤。这是过去的影子映照在现在。
ယခု ပစ္စုပ္ပန်တွင် ဝမ်းသာဖွယ်အာရုံနှင့် တွေ့ကြုံပါက ဝမ်းသာမှု ဖြစ်တတ်သကဲ့သို့ ဝမ်းနည်းဖွယ်ရာ အာရုံနှင့် တွေ့ကြုံပါက ဝမ်းနည်းတတ်သကဲ့သို့၊ အလားတူပင် အတိတ်၏ ဝမ်းသာဖွယ်အာရုံကို အာရုံပြု၍ ဝမ်းသာခြင်း၊ အတိတ်၏ ဝမ်းနည်းဖွယ်အာရုံကို အာရုံပြု၍ ဝမ်းနည်းခြင်း ဖြစ်၏။ ထိုအခါ အတိတ်ကို အတိတ် မှာပင် ထားခဲ့၍ ရုပ်နာမ်တို့ကိုပင် ဆက်လက် သိမ်းဆည်းနိုင်အောင် ကြိုးစားပါ။
正如现在遇到可喜所缘会欢喜,遇到可悲所缘会悲伤;同样,取过去的可喜所缘为所缘便欢喜,取过去的可悲所缘为所缘便悲伤。这时应把过去留在过去,努力继续摄取色名本身。
ထိုသို့ ရုပ်နာမ်တို့ကို သိမ်းဆည်းရာ၌ ယောဂီအများစုတို့သည် ကြီးရာမှ ငယ်ငယ်ဆင်းသွားသည့် မိမိ၏ ရုပ်ပုံလွှာများကို အထူးသတိပြုမိတတ်ကြ၏။ ကလေးဘဝက မကျေနပ်ချက်တွေ တစ်ပုံကြီးဖြင့် ခြေဆောင့်ပုံ တို့ကိုလည်း တွေ့မြင်နေတတ်၏။ ဝမ်းသာမှု တစ်ပုံကြီးဖြင့် မြူးထူးနေပုံကိုလည်း တွေ့မြင်နေတတ်၏။ ထိုအခါတွင် ထိုပုံများ၌ တည်ရှိသော ဓာတ်ကြီးလေးပါးမှစ၍ ရုပ်နာမ်တို့ကိုပင် ဆက်လက်၍ သိမ်းဆည်းပါ။
这样摄取色名时,多数瑜伽行者特别容易注意到自己从年长逐渐变得年幼的一幕幕形象;有时会看见童年时满腹不快、跺脚发脾气的样子,也会看见满心欢喜、雀跃嬉戏的样子。此时应从这些影像中所含的四大种开始,继续摄取色名本身。
တဖြည်းဖြည်း ကလေးဘဝမှ အမိဝမ်းတွင်းသို့၊ အမိဝမ်းတွင်းမှ ကလလရေကြည်သို့ တိုင်အောင် ရုပ် နာမ်တို့ကို ဆက်လက်၍ သိမ်းဆည်းပါ။ အချို့ယောဂီများ၌ကား ကလလရေကြည်ကို စတင် သတိပြုမိရာ၌ ကလလရေကြည်တုံးမှာ ကြီးနေသည်ကို တွေ့ရတတ်၏။ ကလလရေကြည် တည်စခိုက်သို့ ဉာဏ်အမြင် မဆိုက်-
如此逐渐从童年追溯到母胎内,再从母胎内追溯到羯罗蓝清液,继续摄取色名。有些瑜伽行者最初注意到羯罗蓝清液时,会看见一个很大的羯罗蓝清液团块。这只是智见尚未抵达羯罗蓝清液初成之际——
原书第 105 页
ပဋိစ္စသမုပ္ပါဒ်ပိုင်း - အပိုင်း (က) ရောက်သေးခြင်းပင် ဖြစ်၏။ ဤတွင် ကလလရေကြည်အကြောင်းကို အနည်းငယ် ရှင်းလင်းတင်ပြပေအံ့။
——而已。这里略为说明羯罗蓝清液。
ပဌမံ ကလလံ ဟောတိ၊ ကလလာ ဟောတိ အဗ္ဗုဒံ။ (သံ-၁-၂ဝ၈။) ကလလံ သမ္ပဝုစ္စတီတိ အတ္တဘာဝေါ ဘူတုပါဒါရူပသင်္ခါတော သန္တာနဝသေန ပဝတ္တမာနော ကလလံ နာမာတိ ကထီယတိ။ (သံ-ဋီ-၁-၃ဝ၆-၃ဝ၇။) ၁။ ကလလရေကြည် ---- ကလလရေကြည်ဟူသည် ပဋိသန္ဓေတည်စမှ စ၍ (၇)ရက်အတွင်း၌ ဖြစ်သော ဘူတရုပ် ဥပါဒါရုပ်ဟု ခေါ်ဆိုအပ်သော သန္တာန်အစဥ်၏အစွမ်းဖြင့် ဖြစ်ပေါ်နေသော ခန္ဓာကိုယ်အတ္တဘော ဟူသော ရုပ်အစဥ်၏ ဝေါဟာရ ဖြစ်၏။ ထိုကလလရေကြည်၏ ပမာဏသည် ဟိမဝန္တာ၌ရှိသော ပင်ကိုယ် သဘာဝအားဖြင့် အလွန်နူးညံ့သိမ်မွေ့သော အမွေးရှိသော တောဆိတ်၏ အမွေးတစ်မျှင်ကို ဆီကြည်၌ နှစ်၍ ပြန်ထုတ်သောအခါ အမွေးမှ လျှောကျ၍ အဖျား၌ စုနေသော ဆီကြည်ပေါက် ပမာဏ ရှိ၏။
“最初成为羯罗蓝;从羯罗蓝而成頞部昙。”(《相应部》一,“所谓羯罗蓝:由大种色与所造色构成的个体依相续而转起,因而称为羯罗蓝。”(《相应部复注》一,306—307。)一、羯罗蓝清液——所谓羯罗蓝清液,是对这样一种色相续的称呼:从结生初成起七日以内,由称为大种色与所造色的诸色法依相续之力转起,构成身体这一生命个体。其大小,好比喜马拉雅山中一种毛质天然极其细软的野山羊:取它的一根毛浸入澄清油中,再抽出时,油从毛上滑下而聚在毛尖的一滴那么大。
(အဘိ-ဋ္ဌ-၂-၂ဝဝ။ မူလဋီ-၂-၁၇။ အနုဋီ-၂-၂၃။)
缅文出处原串:“(အဘိ-ဋ္ဌ-၂-၂ဝဝ။ မူလဋီ-၂-၁၇။ အနုဋီ-၂-၂၃။)”(《阿毗达磨义注》二,200;《根本复注》二,17;《随复注》二,23。)
၂။ သံယုတ္တဘာဏကပုဂ္ဂိုလ်တို့ အလိုအားဖြင့် ဝမ်းမှ ခွဲယူအပ်သော ဆိတ်ငယ်၏ အမွေး (၃)ချောင်းကို ကျစ်၍ ဆီကြည်၌ နှစ်ပြီး ပြန်ထုတ်သောအခါ အဖျား၌ တည်သော ဆီကြည်ပေါက် ပမာဏ ရှိ၏။
二、依诵持《相应部》诸师之说,把从母腹取出的一只小山羊的三根毛绞在一起,浸入澄清油中再抽出时,聚在毛尖的一滴油,就是羯罗蓝清液的大小。
(သံ-ဋ္ဌ-၁-၂၇၄။ သံ-ဋီ-၁-၃ဝ၆။)
缅文出处原串:“(သံ-ဋ္ဌ-၁-၂၇၄။ သံ-ဋီ-၁-၃ဝ၆။)”(《相应部义注》一,274;《相应部复注》一,306。)
ယင်းကဲ့သို့ သန္တာန်အစဥ်၏ အစွမ်းဖြင့် အဆက်မပြတ် အထပ်ထပ် ဖြစ်နေသော ရေကြည်အတုံးအခဲကို အတုံးလိုက် အခဲလိုက် ဃန မပြိုမီ ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်က တွေ့မြင်လိုက်သောအခါ ယင်း ရေကြည် အတုံးအခဲမှာ ခပ်ကြီးကြီး အတုံးအခဲ ဖြစ်နေခြင်း ဖြစ်သည်။ ယောဂါဝစရပုဂ္ဂိုလ်၏ ပစ္စယပရိဂ္ဂဟဉာဏ်မှာလည်း အားသစ်စသာ ဖြစ်နေသေးသဖြင့် မရင့်ကျက်သေးသောကြောင့်လည်းကောင်း၊ ရံခါ ပညတ် အတုံးအခဲကို နှလုံးသွင်းမိခြင်းကြောင့်လည်းကောင်း ကလလရေကြည်ကို အတုံးလိုက် အခဲလိုက် တွေ့မြင်နေခြင်း ဖြစ်၏။
像这样依相续次第不断反复生起的清液团块,在密集尚未破除以前,瑜伽行者以智看见它时,它便显得相当大。又因为瑜伽行者的缘摄受智才刚开始生起、尚未成熟,有时也由于作意了概念团块,所以会把羯罗蓝清液看成一整个团块。
ယင်းအတုံးအခဲတွင် ကာယဒသကကလာပ်ပေါင်းလည်း များစွာ ပါဝင်လျက် ရှိ၏။ ဃနမပြိုသေးသော ယင်း ကာယဒသကကလာပ်တို့၏ အပေါင်းအစု အတုံးအခဲကား ---- အာဒါသတလံ ဝိယ ဝိပ္ပသန္နတ္တာ ပသာဒရူပံ။
这个团块中含有许多身十法聚。尚未破除密集的这些身十法聚所形成的总块,正如义注所说:“အာဒါသတလံ ဝိယ ဝိပ္ပသန္နတ္တာ ပသာဒရူပံ။”
(ဝိသုဒ္ဓိ-၂-၈၁။) ဟူသော အဋ္ဌကထာနှင့် အညီ မှန်ပြင်ကဲ့သို့ ကြည်လင်နေသော အတုံးအခဲ ဖြစ်၏။
缅文出处原串:“(ဝိသုဒ္ဓိ-၂-၈၁။)”(《清净道论》二,81。)依这段义注,它是一个像镜面般澄明的团块。
ထိုအကြည်တုံး၌လည်း ဓာတ်ကြီးလေးပါးကို မြင်အောင်စိုက်ရှု၍ ရုပ်ကလာပ်အမှုန်များကိုသာ တွေ့မြင် သောအခါ ရုပ်နာမ်တို့ကို ဆက်လက်သိမ်းဆည်းပါ။ ကလလရေကြည် တည်စခိုက် ခေါင်ဆုံးအချိန်သို့ ရောက် အောင် တဖြည်းဖြည်း ရုပ်နာမ်တို့ကို ဆက်လက်၍ သိမ်းဆည်းပါ။ ပဋိသန္ဓေ ကလလရေကြည် တည်စခိုက်၌ ဟဒယဒသကကလာပ်၊ ကာယဒသကကလာပ်၊ ဘာဝဒသကကလာပ်ဟု ရုပ်ကလာပ်အမျိုးအစား (၃) မျိုး ရုပ်အမျိုးအစား (၃ဝ) ရှိ၏။ ယင်းရုပ်တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူပါ။ သိမ်းဆည်းပါ။ တစ်ဖန် ယင်း ရုပ်တရားတို့တွင် ပါဝင်သော ဟဒယဝတ္ထုကို ဆက်လက်၍ အကြိမ်ကြိမ် သိမ်းဆည်းပါ။ ထိုအခါတွင် ယင်း ဟဒယဝတ္ထုကို မှီ၍ ဖြစ်နေကြသော ပဋိသန္ဓေနာမ်တရားတို့ကို ဆက်လက်၍ သိမ်းဆည်းပါ။ လူသားများအတွက် ကွက်၍ဆိုရမူ ယင်းနာမ်တရားတို့မှာ အောက်ပါအတိုင်း ဖြစ်ကြ၏။
在这个澄明团块中专注观照四大种;见到的只有色聚微粒以后,便继续摄取色名。如此逐渐摄取色名,直到羯罗蓝清液最初形成的时刻。结生羯罗蓝清液初成之际,有心所依处十法聚、身十法聚、性根十法聚三类色聚,共三十种色法。应以智分别、摄取这些色法;再反复摄取其中所含的心所依处色。此时,继续摄取依止该心所依处色而生的结生名法。若只就人类而言,这些名法如下。
၁။ တိဟိတ် သောမနဿ ပဋိသန္ဓေ ဖြစ်လျှင် နာမ်တရား (၃၄) ၂။ တိဟိတ် ဥပေက္ခာ ပဋိသန္ဓေ ဖြစ်လျှင် နာမ်တရား (၃၃) ၃။ ဒွိဟိတ် သောမနဿ ပဋိသန္ဓေ ဖြစ်လျှင် နာမ်တရား (၃၃) ၄။ ဒွိဟိတ် ဥပေက္ခာ ပဋိသန္ဓေ ဖြစ်လျှင် နာမ်တရား (၃၂) ၅။ အဟိတ် ကုသလဝိပါက် ဥပေက္ခာ သန္တီရဏ ပဋိသန္ဓေ ဖြစ်လျှင် နာမ်တရား (၁၁)
一、三因悦俱结生,有三十四种名法;二、三因舍俱结生,有三十三种名法;三、二因悦俱结生,有三十三种名法;四、二因舍俱结生,有三十二种名法;五、无因善果报舍俱推度结生,有十一种名法。
原书第 106 页
ဤသို့ အသီးအသီး ဖြစ်၏။ ရုပ်ကလာပ် အမျိုးအစား (၃) မျိုး၊ ရုပ်အမျိုးအစား (၃ဝ) ကား ရုပ်တရား၊ ပဋိသန္ဓေ စိတ်စေတသိက်တို့ကား နာမ်တရားတည်း။ ခန္ဓာနည်းအရ ခန္ဓာငါးပါးတည်း။ တိဟိတ် သောမနဿ ပဋိသန္ဓေတည်နေသူကို ပုံစံထား၍ ယင်းခန္ဓာငါးပါးတို့ကို အောက်ပါအတိုင်း မှတ်သားပါ။
分别就是这样。三类色聚、三十种色法属于色法;结生心与诸心所属于名法。依蕴门而言,它们就是五蕴。现以三因悦俱结生者为例,应如下认定这五蕴。
၁။ ရုပ်ကလာပ် အမျိုးအစား (၃)မျိုး၊ ရုပ်အမျိုးအစား (၃ဝ)ကား ---- ရူပက္ခန္ဓာ၊ ၂။ နာမ်တရား (၃၄) မှ ဝေဒနာကား ---- ဝေဒနာက္ခန္ဓာ၊ ၃။ နာမ်တရား (၃၄) မှ သညာကား ---- သညာက္ခန္ဓာ၊ ၄။ နာမ်တရား (၃၄) မှ ကျန်စေတသိက် (၃၁) ကား ---- သင်္ခါရက္ခန္ဓာ၊ ၅။ နာမ်တရား (၃၄) မှ အသိစိတ်ကား ---- ဝိညာဏက္ခန္ဓာ၊ ဤသို့လျှင် ပဋိသန္ဓေ ခန္ဓာငါးပါးတို့ ဖြစ်ကြသည်။ ယင်းခန္ဓာငါးပါး = ရုပ်နာမ်နှစ်ပါးသည် ဝိပါကဝဋ်တွင် အကျုံးဝင်သော အာဟာရလေးပါးတည်း။
一、三类色聚、三十种色法,是色蕴;二、三十四种名法中的受,是受蕴;三、三十四种名法中的想,是想蕴;四、三十四种名法中其余三十一种心所,是行蕴;五、三十四种名法中的识知之心,是识蕴。以上就是结生五蕴。这五蕴,也就是色名二法,正是摄属于果报轮的四食。
ယင်းခန္ဓာငါးပါး၊ ရုပ်နာမ်နှစ်ပါး၊ အာဟာရလေးပါးသည် မည်သည့် အကြောင်းတရားကြောင့် ထင်ရှားဖြစ် ပေါ်လာရပါသနည်းဟု သိလိုသော စိတ်ဓာတ်ဖြင့် ရှေးအတိတ်ဘဝဘက်သို့ ဉာဏ်ကိုစေလွှတ်၍ ဉာဏ်အလင်း- ရောင်ဖြင့် ထိုးစိုက်၍ ရှုကြည့်ပါ။
怀着想要知道“这五蕴、色名二法、四食是由什么因法而明显生起”的心,把智导向过去世,以智光投射并观照过去的因法。
တနည်း ---- သဠာယတန အမည်ရသော ရုပ်တရား နာမ်တရားတို့ကို ပဋိသန္ဓေသို့ဆိုက်အောင် တစ်စတစ်စ သိမ်းဆည်းနိုင်သောအခါ ယင်းသဠာယတနသည် ပဋိသန္ဓေ နာမ်ရုပ်ကြောင့် ဖြစ်ပုံကို ဉာဏ်ဖြင့်မြင်အောင် သိမ်းဆည်းပါ။ (ဤ၌ နာမ်အရ ပဋိသန္ဓေအခိုက် စေတသိက်တို့ကိုသာ ရည်ညွှန်းထားပါသည်။ တစ်နည်း ယူဆပုံ များသည် နောက်တွင် ထင်ရှားလတ္တံ့။) ထိုနောင် ယင်းပဋိသန္ဓေနာမ်ရုပ်သည် ပဋိသန္ဓေဝိညာဏ်ကြောင့် ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင် ဆက်လက်၍ သိမ်းဆည်းပါ။ ထိုနောင် ယင်းပဋိသန္ဓေဝိညာဏ်သည် မည်သည့် အကြောင်း တရားကြောင့် ထင်ရှားဖြစ်ပေါ်လာရပါသနည်းဟု သိလိုသော စိတ်ဓာတ်ဖြင့် အတိတ်ဘဝဘက်သို့ ရှေးရှု ဉာဏ်ကို စေလွှတ်လျက် အတိတ်ဘက်သို့ ဉာဏ်အရောင်အလင်းဖြင့် ထိုးစိုက် ရှုကြည့်ပါ။
另一种方法是:能够把名为六处的色法与名法逐步摄取到结生时,就应以智观见、摄取这六处如何由结生名色而生。〔这里的“名”,只指结生刹那的诸心所;其他理解方式将在后文说明。〕随后继续以智观见、摄取结生名色如何由结生识而生。再怀着想要知道“这个结生识是由什么因法而明显生起”的心,把智朝向过去世,以智光投射到过去而观照。
ထိုသို့ရှုခဲ့သော် ကောင်းမှုကုသိုလ် ပြုလုပ်နေသည့် လုပ်ငန်းရပ် တစ်ခုခုသော်လည်း ပေါ်လာတတ်၏၊ သေခါနီးပုံသော်လည်း ပေါ်လာတတ်၏။ ဇော စောနေသည့် ပုံသော်လည်း ပေါ်လာတတ်၏။ ကံ-ကမ္မနိမိတ်- ဂတိနိမိတ်ဟူသော နိမိတ်သုံးမျိုးတို့တွင် တစ်မျိုးမျိုးသော်လည်း ပေါ်လာတတ်၏။
这样观照时,可能显现某一种造作善业的活动,也可能显现临终的影像,或速行正在转起的影像;业、业相、趣相这三种相中,也可能显现其中一种。
အကယ်၍ မပေါ်ခဲ့သော် လက်ရှိဘဝ၏ ပဋိသန္ဓေဝိညာဏ်ကို တစ်ဖန်ပြန်၍ သိမ်းဆည်းပါ။ ထိုနောင် ယင်းပဋိသန္ဓေဝိညာဏ်နှင့် ကပ်လျက် အခြားမရှိ တည်ရှိခဲ့သော ဖြစ်ခဲ့သော အတိတ်ဘဝက စုတိကို လှမ်း၍ သိမ်းဆည်းကြည့်ပါ။ ဉာဏ်ဖြင့် ရှုကြည့်ပါ။
若没有任何影像显现,就再次摄取今生的结生识;然后把智伸向前生,试着摄取与这个结生识无间相邻、两者之间别无其他心的前生死亡心,以智观照。
မအောင်မြင်ခဲ့သော် သို့မဟုတ် ဉာဏ်အရောင်အလင်းက မှိန်နေသဖြင့် ဝါးတားတား မထင်မရှား ဖြစ်နေ သော် မိမိရရှိထားပြီးသည့် အာနာပါနစတုတ္ထစျာန်သမာဓိကိုပင် အရောင်အလင်း ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာသည်တိုင်အောင် တစ်ဖန်ပြန်၍ ထူထောင်ပါ။ ဤစကားမှာ အာနာပါနဿတိ စတုတ္ထစျာန်သမာဓိကို ဝိပဿနာ၏ အခြေပါဒကပြု၍ ဝိပဿနာသို့ ကူးလာသူအတွက် ပြောဆိုသောစကား ဖြစ်ပါသည်။ မိမိ ရရှိထား- ပြီးသည့် ဝိပဿနာ၏ အခြေပါဒက အကြောင်းရင်းဖြစ်သည့် သမာဓိကို ပြန်လည်၍ ထူထောင်ဖို့သာ လိုရင်း ဖြစ်ပါသည်။ ထိုသမာဓိနှင့် ယှဥ်သော ဉာဏ်ကြောင့် အရောင်အလင်းသည် ပြိုးပြိုးပြက်ပြက် တလက်လက် ထွက်ပေါ်လာသောအခါ ထို ဉာဏ်အရောင်အလင်းဓာတ်ဖြင့် တစ်ဖန် ပြန်၍ ထိုးစိုက်ရှုကြည့်ပါ။ အောင်မြင်မှု ရတတ်ပါသည်။
若仍未成功,或者智光昏暗,所见朦胧不清,就再次建立自己已经证得的入出息念第四禅定,直到光明闪耀、灿烂明亮。这里是对以入出息念第四禅定作为毗婆舍那基础、由此转入毗婆舍那的人而说;要点只是重新建立自己已经证得、能作为毗婆舍那基础之因的定。当与该定相应之智所生的光明闪耀灿烂时,再凭借这一智光投射、观照,便可能成功。
原书第 107 页
ပဋိစ္စသမုပ္ပါဒ်ပိုင်း - အပိုင်း (က) ဤသို့ ပြုကျင့်သော်လည်း အောင်မြင်မှုကို မရရှိသေးလျှင် ရှေးနည်းအတိုင်း သမာဓိကိုပင် အဆင့်ဆင့် ပြန်လည်ထူထောင်၍ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာနတို့၌ ရုပ်နာမ်တို့ကို ပြန်လည်၍ တစ်ဖန် သိမ်းဆည်းပါ။ ရုပ်နာမ်နှင့် ပတ်သက်သော အသိဉာဏ်ကို သန့်ရှင်းသထက် သန့်ရှင်းအောင် လေ့ကျင့်ပါ။ ထိုနောင် အထက်တွင် ဖော်ပြ ခဲ့သည့်အတိုင်း ကမ္မဝဋ်တွင် အကျုံးဝင်သော အာဟာရလေးပါးမှ စ၍ လက်ရှိဘဝ၏ ပဋိသန္ဓေဝိညာဏ်သို့ တိုင်အောင် ရုပ်နာမ်တို့ကို ခပ်စိပ်စိပ် ပြန်လည်၍ သိမ်းဆည်းပါ။ ပဋိသန္ဓေဝိညာဏ်သို့ ဆိုက်ရောက်သောအခါ- ၌လည်း အတိတ်က ရုပ်နာမ်ကို သိလိုသောစိတ်ဖြင့်သာ ရုပ်နာမ်ကိုသာ ပရမတ်ကိုသာ အာရုံယူလျက် ဆက်လက် သိမ်းဆည်းကြည့်ပါ။ အတိတ်ဘဝက စုတိရုပ်နာမ်နှင့် သေခါနီး မရဏာသန္နအခါက ဖြစ်ခဲ့သော ရုပ်နာမ်စသည် တို့ကို ဉာဏ်ဖြင့် တွေ့ရှိနိုင်ပါသည်။ မလျော့သော ဇွဲလုံ့လ ဝီရိယဖြင့် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ကြိုးစား
若这样修习仍未成功,就按先前的方法逐级重新建立定,并再次摄取内、外两处的色名。应训练自己,使关于色名的智见越来越清净。随后依上文所说,从摄属于业轮的四食开始,直至今生结生识,以较密的间隔再次摄取色名。到达结生识时,也只怀着想要知道过去色名的心,唯取色名、唯取究竟法为所缘而继续摄取;这样便能以智见到前生死亡刹那的色名,以及临终时的色名等。必须以不退的毅力与精进,反复再三努力——
ဖို့ကား လိုအပ်ပါသည်။ အချို့ယောဂီများ၌ (၃-၄) ရက်ခန့်အထိ အကြိမ်များစွာ ရှုရတတ်ပါသည်။
——才行。有些瑜伽行者必须在三四天左右反复观照许多次。
အကယ်၍ ဤနည်းစနစ်ဖြင့်လည်း အောင်မြင်မှုကို မရရှိသေးလျှင် လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် နည်းအားဖြင့် ရုပ်နာမ်တို့ကို တစ်ဖန်ပြန်၍ သိမ်းဆည်းရမည် ဖြစ်ပေသည်။ ရုပ်နာမ်နှင့် ပတ်သက်သည့် အသိဉာဏ်ကို သန့်ရှင်းသထက် သန့်ရှင်းအောင် လေ့ကျင့်ခြင်းပင် ဖြစ်သည်။ (သိမ်းဆည်းပုံကို လက္ခဏာဒိ- စတုက္ကပိုင်းတွင် ကြည့်ပါ။) ထိုသို့ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာနတို့၌ ရုပ်နာမ်တို့ကို လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့၏ အစွမ်းဖြင့် သိမ်းဆည်းပြီးသောအခါ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာနတို့၌ ---- ၁။ ရုပ်သက်သက်ကို သိမ်းဆည်းခြင်း၊ ၂။ နာမ်သက်သက်ကို သိမ်းဆည်းခြင်း၊ ၃။ ရုပ်-နာမ် ခွဲခြင်း = ရုပ်နာမ်ကို သိမ်းဆည်းခြင်း၊ ၄။ ရုပ်နာမ်ကို ပိုင်းခြားမှတ်သားခြင်း၊ ဟူသော လုပ်ငန်းရပ်ကြီး (၄) ခုကို ပြုလုပ်ပါ။ ထိုနောင် နောင်အနာဂတ် ဘဝအတွက် ရည်ရွယ်တောင့်တ၍
若依这种方法仍未成功,就应再依特相、作用、现起、近因四法摄取色名,使关于色名的智见越来越清净。〔摄取方法见“特相等四法篇”。〕这样依特相、作用、现起、近因,摄取内、外两处的色名以后,应在内、外两处完成上述四项主要作业:一、摄取纯色法;二、摄取纯名法;三、分别色名,即摄取色名;四、分别判定色名。随后,为了未来生而发愿、希求,并——
ပြုစုပျိုးထောင်ထားသည့် ကမ္မဝဋ်တွင် အကျုံးဝင်သော အာဟာရလေးပါးက စ၍ ပဋိသန္ဓေတိုင်အောင်သော ရုပ်နာမ်တို့ကို ခပ်စိပ်စိပ် ပြန်၍ သိမ်းဆည်းပါ။ ထိုနောင် ယင်းပဋိသန္ဓေဝိညာဏ်၏ အကြောင်းရင်းကို သိလိုသော စိတ်ဖြင့် အတိတ်ဘက်သို့ ဉာဏ်ကို ရှေးရှူ စေလွှတ်လျက် လင်းရောင်ခြည် စွမ်းအင်၏ အကူအညီဖြင့် ရှုကြည့်ပါ။
——从由此培育、摄属于业轮的四食开始,直至结生,以较密的间隔再次摄取色名。然后,怀着想要知道该结生识之因的心,把智导向过去,借助智光之力加以观照。
အောင်မြင်မှုကို ရရှိတတ်ပါသည်။ အကြိမ်ကြိမ် ကြိုးစားဖို့ကား လိုအပ်ပါသည်။
这样便可能成功;但必须反复努力。
ယောဂီအများစု၌ တွေ့ရှိတတ်ပုံ အခြင်းအရာ
多数瑜伽行者常见的情形
ဤအထက်ပါ နည်းလမ်းအမျိုးမျိုးတို့တွင် နည်းလမ်းတစ်မျိုးမျိုးဖြင့်ကား အောင်မြင်မှုကို ရရှိတတ်ပါသည်။
在上述各种方法中,采用其中任何一种,通常都能获得成功。
လင်းရောင်ခြည်စွမ်းအား အလွန်အားကောင်းဖို့လိုသည်၊ ဇွဲလုံ့လဝီရိယ အလွန်ကြီးမားဖို့လိုပေသည်။ စိုက်စိုက် စူးစူး အထူးမြဲမြံ ရှုအားသန်ဖို့ အထူးလိုအပ်သည့် အချိန်ပင်ဖြစ်သည်။ ဤအခါမျိုးကား ယောကျာ်းမြတ်တို့၏ ဇွဲလုံ့လဝီရိယ မိန်းမမြတ်တို့၏ ဇွဲလုံ့လဝီရိယကို အသုံးချရမည့် အချိန်အခါမျိုးတည်း။
此时智光的力量必须极强,毅力与精进也必须极大;正是特别需要专注、锐利、坚定而有力地观照的时候。此时必须发挥贤善男子与贤善女子的毅力与精进。
ဤဘဝ ပဋိသန္ဓေ ရုပ်နာမ်တို့ကို သိမ်းဆည်းပြီးနောက် အတိတ်ဘဝ စုတိအခိုက် ရုပ်နာမ်တို့ကို ဆက်လက်၍ သိမ်းဆည်းသော်လည်း သိမ်းဆည်း၍ မရနိုင်ခဲ့သော် အတိတ်ဘဝ သေခါနီး မရဏာသန္နအခါက ဖြစ်ခဲ့သော ရုပ်နာမ်တို့ကို ဆက်လက်၍ သိမ်းဆည်းကြည့်ပါ။ ဉာဏ်ဖြင့် စိုက်ရှုပါ။ ထိုသို့ ရှုရာ၌ ယောဂီအများစုတွင် ----
摄取今生结生时的色名以后,若继续摄取前生死亡刹那的色名仍不能成功,就试着继续摄取前生临死时生起的色名,以智专注观照。如此观照时,多数瑜伽行者会——

本页是帕奥禅师缅文「五大册」第三册(趣向涅槃之道·第三册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。卷前、正文与原书索引均与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。