缘起诸支章(上)
《趣向涅槃之道》中文全译本 · 非缩略版
特相等四法篇 · 原书第 599–625 页 · 224 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 599 页
ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်များ အခန်း
缘起诸支章
အထက်ပါအတိုင်း လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်နည်းအားဖြင့် ရုပ်တရား အသီးအသီး နာမ်တရား အသီးအသီးကို သိမ်းဆည်းပြီးသောအခါ တစ်ဖန် ရုပ်ပရမတ် နာမ်ပရမတ်တို့၏ ကိုယ်ပိုင် သဘာဝလက္ခဏာကို ဦးစားပေး၍ - အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံး၌ --- ၁။ ရုပ်တရားကို သိမ်းဆည်းခြင်း၊ ၂။ နာမ်တရားကို သိမ်းဆည်းခြင်း၊ ၃။ ရုပ်-နာမ်ခွဲခြင်း၊ ၄။ ရုပ်-နာမ်ကို ပိုင်းခြားမှတ်သားခြင်း --- ဤလေးမျိုးသော လုပ်ငန်းရပ်တို့ကို ရှေးနာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ရေးသား တင်ပြခဲ့သည့်အတိုင်း ထပ်မံ၍ ပြုလုပ်ပါ။ ထိုနောင် --- ၅။ ပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်းဖြင့် အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။
如上依特相、作用、现起、近因,逐一摄取各种色法与各种名法以后,再以色胜义法、名胜义法各自的自性特相为主,在内在、外在两方面重新进行下列四项工作:一、摄取色法;二、摄取名法;三、分别色名;四、辨别、标记色名。其方法如前面名业处篇所述。此后,第五,以缘起第五法摄取因法与果法。
၆။ ပဋိစ္စသမုပ္ပါဒ် ပထမနည်းဖြင့်လည်း အကြောင်းတရား အကျိုးတရားတို့ကို တစ်ဖန် ပြန်၍ သိမ်းဆည်းပါ။
第六,再以缘起第一法摄取因法与果法。
ထိုနောင် အောက်ပါအတိုင်း ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကို သိမ်း ဆည်းပါ။
然后,依下述方式摄取缘起诸支的特相、作用、现起与近因。
၁။ အဝိဇ္ဇာ
一、无明
၁။ အညာဏလက္ခဏာ အဝိဇ္ဇာ၊ ၂။ သမ္မောဟနရသာ၊ ၃။ ဆာဒနပစ္စုပဋ္ဌာနာ၊ ၄။ အာသဝပဒဋ္ဌာနာ၊ (အဘိ-ဋ္ဌ-၂-၁၂၉။ ဝိသုဒ္ဓိ-၂-၁၅၉။) ၁။ ပရမတ္ထဓမ္မသဘာဝမှန်ကို မသိခြင်းသဘော လက္ခဏ၊ တစ်နည်း - ပရမတ္ထဓမ္မသဘာဝမှန်ကို သိတတ်သောဉာဏ်၏ ဆန့်ကျင်ဘက်ဖြစ်ခြင်းသဘော - လက္ခဏ၊ ၂။ ယှဥ်ဖက်သမ္ပယုတ်တရားတို့ကိုလည်းကောင်း၊ ထိုအဝိဇ္ဇာနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကိုလည်းကောင်း ပြင်းစွာ တွေဝေစေခြင်း (ကိစ္စ) ရသ၊ ၃။ ပရမတ္ထဓမ္မအာရုံ၏ သဘောမှန်ကို ဖုံးလွှမ်းတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ အာသဝေါတရား (၄)ပါး ပဒဋ္ဌာန်။
一、无明以不知为特相;二、以令痴为作用;三、以覆蔽为现起;四、以漏为近因。(《阿毗达磨义注》2-129;《清净之道》2-159。)一、以不知胜义法真实自性为特相;换一种说法,以和能知胜义法真实自性的智相反为特相。二、以令相应法以及具足无明之人深度迷乱为作用。三、以覆蔽胜义法所缘真实自性的法为现起。四、以四漏为近因。
လက္ခဏ --- ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင် ရှင်းပြခဲ့သည့်အတိုင်း ပရမတ္ထဓမ္မသဘာဝမှန်ကိုလည်း မသိတတ်၊ ထိုသို့ သိသင့်သိထိုက်သော ပရမတ္ထဓမ္မသဘာဝမှန်ကို မသိသော်လည်း အသက်ကောင် လိပ်ပြာကောင် ဝိညာဏ် ကောင် အတ္တကောင် ရှိ၏ စသည်ဖြင့်လည်းကောင်း၊ ယောကျာ်း မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ ရှိ၏ စသည်ဖြင့်လည်းကောင်း မသိသင့် မသိထိုက်သည်ကိုကား သိလျက်ရှိ၏။ ယင်း သိသင့် သိထိုက်သည်ကို မသိဘဲ မသိသင့် မသိထိုက်သည်ကို သိခြင်းသည် ပရမတ္ထဓမ္မသဘာဝမှန်ကို သိတတ်သော ဝိဇ္ဇာဉာဏ်နှင့်ကား ပြောင်းပြန် ထိပ်တိုက်ဆန့်ကျင်ဘက် ဖြစ်နေ၏။ ယင်းကဲ့သို့သော ထိပ်တိုက်ဆန့်ကျင်ဘက်သဘောကား အဝိဇ္ဇာ၏ သဘာဝ လက္ခဏာပင် ဖြစ်သည်။
特相——如缘起篇所说,无明不能知胜义法的真实自性;它虽然不知道应知、当知的胜义法真实自性,却知道本不应知、不可成立的事,认为有命者、灵魂、识主体、自我等,又认为有男人、女人、个人、有情、人、天、梵天等。这样,不知应知、当知者,反而认知不应知、不当知者,正与能知胜义法真实自性的明智完全相反、迎面冲突。这种直接相反的状态,就是无明的自性特相。
原书第 600 页
ရသ --- ရှေးပဋိစ္စသမုပ္ပါဒ်ပိုင်းတွင် ရှင်းပြခဲ့သည့်အတိုင်း အဝိဇ္ဇာသည် မိမိတစ်လုံးတည်းသာ ဖြစ်သောတရား ဖြစ်နိုင်သောတရား မဟုတ်ပေ။ ယှဥ်ဖက်သမ္ပယုတ်တရားတို့နှင့် အတူတကွသာ ဖြစ်နိုင်သည့် စွမ်းအားရှိပေသည်။
作用——如前面缘起篇所说,无明并不是能单独生起的法;它只能与相应法一同生起。
ပုထုဇန်များအတွက် ကွက်၍ဆိုရမူ ယေဘုယျအားဖြင့် လောဘဒိဋ္ဌိအုပ်စုအနေဖြင့် ဖြစ်တတ်၏။ အဝိဇ္ဇာသည် မိမိနှင့်ယှဥ်ဖက် သမ္ပယုတ်တရားတို့ကိုလည်း တွေဝေစေ၏၊ ထိုအဝိဇ္ဇာနှင့် ပြည့်စုံသော သတ္တဝါကိုလည်း တွေဝေ စေ၏။ ပြင်းစွာ တွေဝေစေ၏။ တွေဝေစေသည်ဟူသည်မှာ မိမိအဝိဇ္ဇာက ပရမတ္ထဓမ္မသဘာဝမှန်ကို မသိသကဲ့သို့ မိမိနှင့်ယှဥ်ဖက် သမ္ပယုတ်တရားတို့ကိုလည်း ပရမတ္ထဓမ္မသဘာဝမှန်ကို သိခွင့်မပေး၊ မိမိ အဝိဇ္ဇာ ကိန်းဝပ်ရာ သတ္တဝါကိုလည်း ပရမတ္ထဓမ္မသဘာဝမှန်ကို သိခွင့်မပေးခြင်းပင် ဖြစ်သည်။ (မူလဋီ-၂-၉ဝ။) ပစ္စုပဋ္ဌာန် - ပဒဋ္ဌာန် --- ယင်းအဝိဇ္ဇာကို ဝိပဿနာဉာဏ်ဖြင့် ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ် တွင် ပရမတ္ထဓမ္မသဘာဝမှန်ကို မသိအောင် ဖုံးလွှမ်းထားတတ်သော သဘောတရားဟု ရှေးရှူ ထင်လာပေသည်။
就凡夫而言,一般会以贪见组的形式生起。无明令与自己相应的诸法迷乱,也令具足无明的有情迷乱,而且深度迷乱。所谓令迷乱,是说无明本身既不知胜义法的真实自性,也不让与它相应的诸法有机会知道这种真实自性,并使无明所依止的有情也没有机会知道。(《根本复注》2-90。)现起与近因——瑜伽行者以观智观照无明时,它在智中显现为能覆蔽胜义法真实自性、令其不得知的法。
အသင်သူတော်ကောင်းသည် အတိတ်ဘဝက လူ့ဘဝသို့ ရောက်ကြောင်း ကောင်းမှုကုသိုလ်ကံကို ပြုစုပျိုးထောင် ခဲ့စဥ်က ရဟန်းဘဝကို ဆုတောင်းခဲ့သည် ဖြစ်အံ့၊ ယင်း ရဟန်းဘဝ၌ တည်ရှိသော ရုပ် နာမ် ပရမတ္ထဓမ္မသဘာဝ အမှန်ကို မသိအောင် ယင်းအဝိဇ္ဇာက ဖုံးလွှမ်းလျက် ရဟန်းဟု အသိမှားမှုကို ရှေးရှူ ဖြစ်စေခဲ့ပေသည်။ အာသဝ- သမုဒယာ အဝိဇ္ဇာသမုဒယော။ (မ-၁-၆၇။) အာသဝဖြစ်ခြင်းကြောင့် အဝိဇ္ဇာဖြစ်၏ဟု ဘုရားရှင် ဟောကြားထား တော်မူသောကြောင့် အာသဝေါတရား လေးပါးတို့သည်ပင် အဝိဇ္ဇာ၏ အနီးကပ်ဆုံးအကြောင်း ပဒဋ္ဌာန် ဖြစ်ရ ပေသည်။ ယှဥ်ဖက်သမ္ပယုတ်တရားစုမှ အဝိဇ္ဇာကို ရွေးထုတ်၍ ဤလက္ခဏ ရသ စသည့် ရှုကွက်တို့ကို ရှုပါ။
假如贤善者过去世培育能使自己生到人间的善业时,曾经发愿出家,无明便覆蔽了出家生活中存在的色、名胜义法真实自性,使“比丘”这一错误认识在前显现。佛陀说:“漏生起故,无明生起。”(《中部》1-67。)因此,四漏正是无明最亲近的原因、它的近因。应从一组相应法中辨取无明,观照上述特相、作用等观法。
၂။ သင်္ခါရ
二、行
၁။ အဘိသင်္ခရဏလက္ခဏာ သင်္ခါရာ၊ ၂။ အာယူဟနရသာ၊ ၃။ စေတနာပစ္စုပဋ္ဌာနာ၊ ၄။ အဝိဇ္ဇာပဒဋ္ဌာနာ။ (အဘိ-ဋ္ဌ-၂-၁၂၉။ ဝိသုဒ္ဓိ-၂-၁၅၉။) ၁။ (ကံဖြစ်အောင်ပြုလုပ်ခြင်း) ပြုပြင်ခြင်း ပြုစီမံခြင်းသဘော လက္ခဏ၊ ၂။ ပဋိသန္ဓေကို ဖြစ်စေခြင်းငှာ အားထုတ်ခြင်း ကြောင့်ကြဗျာပါရပြုခြင်း (ကိစ္စ) ရသ၊ တစ်နည်း ဝိညာဏ် နာမ်ရုပ်ဟူသော အကျိုးတရားကို ပေါင်းစုရုံးစည်းခြင်း (ကိစ္စ) ရသ၊ တစ်နည်း အပေါင်းအစု ဖြစ်သော ဝိညာဏ် နာမ်ရုပ် အကျိုးတရားကို ဖြစ်စေခြင်း (ကိစ္စ) ရသ၊ ၃။ စေတနာ ပဓာနဟု ယောဂီဉာဏ်တွင် ရှေးရှူထင်ခြင်း သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ အဝိဇ္ဇာ ပဒဋ္ဌာန်။
四法如下:一、诸行以造作为特相;二、以积集为作用;三、以思为现起;四、以无明为近因。(《阿毗达磨义注》2-129;《清净之道》2-159。)一、以造作、安排——即造业——为特相。二、以为了产生结生而努力、运作操劳为作用;换一种说法,以聚集识、名色这些果法为作用;再换一种说法,以产生聚合而成的识、名色果法为作用。三、在瑜伽行者的智中,以思居首要地位而现起。四、以无明为近因。
ရသ --- ပဋိသန္ဓိဇနနတ္ထံ အာယူဟန္တိ ဗျာပါရံ ကရောန္တီတိ အာယူဟနရသာ။ (မူလဋီ-၂-၉ဝ။) ယေန ကုသလာကုသလဓမ္မာ ''ဝိပါကဓမ္မာ''တိ ဝုစ္စန္တိ၊ တံ အာယူဟနံ။ ကိံ ပန တန္တိ? အနုပစ္ဆိန္နတဏှာ- ဝိဇ္ဇာမာနေ သန္တာနေ သဗျာပါရတာ။ တေနာဟ ''ပဋိသန္ဓိ။ ပ ။ အာယူဟနရသာ''တိ။ (အနုဋီ-၂-၉၅။) ရာသိကရဏံ အာယူဟနန္တိ စ ရာသိဘူတဿ ရူပါရူပသင်္ခါတဿ ဖလဿ နိဗ္ဗတ္တနတော ဝုတ္တံ။
所谓“积集之作用”,是因为诸行为了产生结生而努力、运作。某种积集使善法、不善法被称为“能产生果报之法”。这种积集是什么?就是在贪、无明尚未断绝的相续中带着活动、操劳的状态。所以说:“为了结生……以积集为作用。”又说积集,是因为它能产生聚合而成、称为色与非色诸行的果。
(အနုဋီ-၂-၉၅။)
(《随复注》2-95。)
သင်္ခါရတို့သည် ပဋိသန္ဓေကို ဖြစ်စေခြင်းငှာ အားထုတ်တတ်ကုန်၏၊ ကြောင့်ကြဗျာပါရကို ပြုကြကုန်၏ =
诸行为了产生结生而努力,发动运作,亦即——
原书第 601 页
လက္ခဏာဒိစတုက္ကပိုင်း -- ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်များ အခန်း ကြောင့်ကြစိုက်ကြကုန်၏၊ ထိုကြောင့် အာယူဟနရသဟု ဆိုသည်။ အကြင်သဘောတရားကြောင့် ကုသိုလ် အကု- သိုလ်တရားတို့ကို အကျိုးပေးခြင်း သဘောရှိသော ဝိပါကဓမ္မတို့ဟူ၍ ဆိုအပ်ကုန်၏။ ထိုသဘောတရားသည် အာယူဟန မည်၏။ ထိုအာယူဟနဟူသည် အဘယ်နည်း? အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ မပယ်သတ်အပ်သေးသော မဖြတ်အပ်သေးသော တဏှာ အဝိဇ္ဇာ မာန ရှိသော ရုပ်နာမ်ခန္ဓာအစဥ်ဝယ် ပဋိသန္ဓေကို ဖြစ်စေခြင်းအကျိုးငှာ ကုသိုလ် အကုသိုလ်တရားတို့၏ ကြောင့်ကြဗျာပါရနှင့်တကွ ဖြစ်ကုန်သည်၏ အဖြစ်တည်း။ အရဟတ္တမဂ်ဖြင့် မပယ်သတ်အပ်သေးသော အဝိဇ္ဇာ တဏှာ မာန ထင်ရှားရှိနေသေးသော ရုပ်နာမ်သန္တာန်အစဥ်ဝယ် ကုသိုလ် အကုသိုလ်တရားတို့၏ အကျိုးကို ဖြစ်စေနိုင်သော သဘာဝစွမ်းအင် ထင်ရှားရှိနေမှုကိုပင် သင်္ခါရတို့၌ ကြောင့်ကြ ဗျာပါရနှင့်တကွ ဖြစ်သည်ဟု ဆိုသည်။ ယင်း သဘောတရားကိုပင် သင်္ခါရ၏ ရသ = ကိစ္စရသဟု ဆိုသည်။
——勤作,所以称为“以积集为作用”。由于某种状态,善法、不善法被称为具有产生果报性质的果报法;这种状态名为积集。积集究竟是什么?就是在尚未被阿罗汉道无余断除的贪、无明、慢仍存在的色名诸蕴相续中,善法、不善法为了产生结生之果而带着努力与运作生起。换句话说,在无明、贪、慢尚未被阿罗汉道断除、仍然显著存在的色名相续中,善法、不善法保持着能够产生果报的自然势能;这就叫作诸行带有努力与运作。这种状态本身,称为行的作用——行为作用。
တစ်နည်း --- သင်္ခါရပစ္စယာ ဝိညာဏံအရ ဝိညာဏ်ကိုလည်းကောင်း၊ ဝိညာဏပစ္စယာ နာမရူပံအရ နာမ် ရုပ်ကိုလည်းကောင်း --- ဤ ဝိညာဏ် နာမ်ရုပ်ဟူသော အကျိုးတရားစုကို အုပ်စုအလိုက် အပေါင်းအစုအလိုက် ဖြစ်အောင်ပြုလုပ်ခြင်း ဖြစ်စေခြင်းသည်ပင် သင်္ခါရ၏ လုပ်ငန်းကိစ္စတည်း။ (မူလဋီ-၂-၉ဝ။ အနုဋီ-၂-၉၅။) ပစ္စုပဋ္ဌာန် --- စေတနာပဓာနတ္တာ ပန တဿ စေတနာကိစ္စံ ကတွာ ဝုတ္တံ။ (အနုဋီ-၂-၉၅။) ကုသိုလ်ကံ အကုသိုလ်ကံက = ကုသိုလ်တရား အကုသိုလ်တရားတို့က ဝိညာဏ် နာမ်ရုပ် စသော အကျိုး တရားစုကို ဖြစ်စေရာ၌ စေတနာကား ပြဓာန်းလျက် ရှိ၏။ ပဓာနခေါင်းဆောင် ဖြစ်နေ၏။ ယင်း စေတနာ၏ စွမ်းအင်ထက်မြက်မှု မထက်မြက်မှုအပေါ်၌ အခြေတည်၍ အကျိုးတရားတို့၏ ထက်မြက်မှု မထက်မြက်မှုတို့ သည် ဖြစ်ပေါ်လာကြရ၏။ ထိုကြောင့် ယင်းသင်္ခါရတရားတို့ကို ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်း ရှုပွားနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင် စေတနာပဓာနဟု ရှေးရှူ ထင်လာ၏။
换一种说法,依“行缘识”而有识,依“识缘名色”而有名色;使识、名色这一组果法按群组聚合而生起,正是行的工作。(《根本复注》2-90;《随复注》2-95。)现起——由于思居首要地位,所以依思的作用而作此说明。(《随复注》2-95。)善业、不善业——即善法、不善法——产生识、名色等一组果法时,思居于首要、领导地位。依思之力锐利或不锐利,果法也相应地锐利或不锐利。因此,瑜伽行者以观智摄取、观修诸行时,诸行在智中以思居首要地位而现起。
ရှုကွက် --- ဤ အဝိဇ္ဇာနှင့် သင်္ခါရတို့ကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်းအားဖြင့် သိမ်းဆည်း ရာ၌ --- ၁။ ဆိုင်ရာ အဝိဇ္ဇာကြောင့် ဆိုင်ရာ သင်္ခါရ ဖြစ်ပုံကိုလည်းကောင်း၊ ၂။ ဆိုင်ရာ သင်္ခါရကြောင့် ဆိုင်ရာ ဝိညာဏ် နာမ်ရုပ် ဖြစ်ပုံကိုလည်းကောင်း ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ရှုပါ။ ဥပမာ အသင်သူတော်ကောင်း၏ ပစ္စုပ္ပန် ဝိညာဏ် နာမ်ရုပ်တို့၏ အကြောင်းရင်း သင်္ခါရကို ရှုလိုခဲ့သော် အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော ကုသိုလ်သင်္ခါရကိုသာ ကွက်၍ ရှုပါ။ အလားတူပင် အတိတ်က ဖြစ်ခဲ့သော အဝိဇ္ဇာကြောင့် အတိတ်က ဖြစ်ခဲ့သော သင်္ခါရ ဖြစ်ပုံကိုသာ ရှုပါ။
观法——依特相、作用、现起、近因摄取无明与行时,应以智看见并观照:一、相应的无明如何使相应的行生起;二、相应的行如何使相应的识、名色生起。例如,若想观现在识、名色之因的行,只应专门观照过去世所培育的相应善行。同样,也只观照过去无明如何使过去之行生起。
အတိတ်အဆက်ဆက် အနာဂတ်အဆက်ဆက်၌လည်း နည်းတူပင် သဘောပေါက်ပါ။
过去相续与未来相续,也应以同样方式理解。
၃။ ဝိညာဏ်
三、识
၁။ ဝိဇာနနလက္ခဏံ ဝိညာဏံ၊ ၂။ ပုဗ္ဗင်္ဂမရသံ၊ ၃။ ပဋိသန္ဓိပစ္စုပဋ္ဌာနံ၊ ၄။ သင်္ခါရပဒဋ္ဌာနံ၊ ဝတ္ထာရမ္မဏပဒဋ္ဌာနံ ဝါ။ (အဘိ-ဋ္ဌ-၂-၁၂၉။ ဝိသုဒ္ဓိ-၂-၁၅၉။) ၁။ အာရုံကို သိခြင်း = အာရုံကို ရယူခြင်းသဘော လက္ခဏ၊ ၂။ နာမ်ရုပ်တို့၏ ပဓာန ရှေ့သွားခေါင်းဆောင် ဖြစ်ခြင်း (ကိစ္စ) ရသ၊
四法如下:一、识以了知为特相;二、以居前领导为作用;三、以结生为现起;四、以行为近因,或以所依处与所缘为近因。(《阿毗达磨义注》2-129;《清净之道》2-159。)一、以了知所缘——即取得所缘——为特相。二、以成为名色的首要领导者为作用。
原书第 602 页
၃။ ရှေးဘဝနှင့်တကွ ဆက်စပ်တတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ သင်္ခါရ --- တစ်နည်း မှီရာဝတ္ထုရုပ်နှင့် ထင်လာသောအာရုံ ပဒဋ္ဌာန်။
三、以连接前生的法为现起。四、以行为近因;换一种说法,以所依色与显现的所缘为近因。
ဝိညာဏ်သည် သညာ ပညာတို့ သိပုံမှ တစ်မျိုးတစ်ဖုံအားဖြင့် အာရုံကိုသိခြင်း သဘောလက္ခဏာ ရှိ၏ ဟူရာ၌ ထင်လာသော အာရုံကို ရယူနိုင်မှု သဘောကိုပင် ဆိုလိုသည်။ ဝိညာဏပစ္စယာ နာမရူပံအရ ဝိညာဏ်နှင့် နာမ်ရုပ်တို့တွင် ဝိညာဏ်သည် ထင်လာသောအာရုံကို ရယူမှု၌ နာမ်ရုပ်တို့၏ ပဓာန = ပြဓာန်းသော ရှေ့သွား ခေါင်းဆောင် ဖြစ်၏။ ပုရေစာရိကပုဗ္ဗင်္ဂမ = ရှေးက ဖြစ်၍ ရှေးက သွားသော ရှေ့သွားခေါင်းဆောင်မှုမျိုးကို မဆိုလို။ စတုဝေါကာရဘုံ၌ ဝိညာဏ်နှင့် နာမ် = စေတသိက်သည်၊ ပဉ္စဝေါကာရဘုံ၌ ဝိညာဏ်နှင့် နာမ်ရုပ်သည် ပြိုင်တူဖြစ်သောကြောင့်ပင်တည်း။
所谓识具有了知所缘的特相,且其了知不同于想与慧,是指它能够取得所显现的所缘。依“识缘名色”,在识与名色之中,识在取得所显现的所缘这件事上,是名色首要、主导的领导者。这里不是说它以先发生、先前行的方式成为时间上走在前面的领导者;因为在四蕴有界,识与名——即心所——同时生起,在五蕴有界,识与名色也同时生起。
၄။ (နာမ် + ရုပ်) မှ - နာမ် = စေတသိက်
四、名色:名(即心所)
၁။ နမနလက္ခဏံ နာမံ၊ ၂။ သမ္ပယောဂရသံ၊ ၃။ အဝိနိဗ္ဘောဂပစ္စုပဋ္ဌာနံ၊ ၄။ ဝိညာဏပဒဋ္ဌာနံ။ (အဘိ-ဋ္ဌ-၂-၁၂၉။ ဝိသုဒ္ဓိ-၂-၁၅၉။) ၁။ အာရုံသို့ ညွတ်ခြင်းသဘော လက္ခဏ၊ ၂။ ဝိညာဏ်နှင့် အတူတကွလည်းကောင်း၊ အချင်းချင်းလည်းကောင်း ယှဥ်စပ်ခြင်း (ကိစ္စ) ရသ၊ ၃။ အသီးအသီး ခွဲခြား၍ မရသော ခွဲခြား၍ မဖြစ်သော စေတသိက်သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ ဝိညာဏ် ပဒဋ္ဌာန်။
四法如下:一、名以趋向为特相;二、以相应为作用;三、以不可分离为现起;四、以识为近因。(《阿毗达磨义注》2-129;《清净之道》2-159。)一、以趋向所缘为特相。二、以同识一起并彼此相应为作用。三、以诸心所不能逐一分开、不可分离为现起。四、以识为近因。
ရသ --- ဝိညာဏေန သဟ သမ္ပယုဇ္ဇတီတိ သမ္ပယောဂရသံ။ (မူလဋီ-၂-၉ဝ။) ဝိညာဏ်နှင့် နာမ် အမည်ရသော စေတသိက်သည် ယှဥ်စပ်ခြင်း ကိစ္စရှိ၏ဟု ဆိုလျှင် ယှဥ်စပ်တတ်၏ဟု အဓိပ္ပါယ်ရ၏။ (က) အတူဖြစ်ခြင်း၊ ( ခ ) အတူချုပ်ခြင်း၊ ( ဂ ) အာရုံတူခြင်း၊ (ဃ) မှီရာဝတ္ထုရုပ်တူခြင်းအားဖြင့် ဝိညာဏ်နှင့် စေတသိက် နာမ်တို့သည် ယှဥ်စပ်တတ်၏ ဟူလိုသည်။
作用——说名为心所、以同识相应为作用,就是说它会与识相应。识与名心所依甲、同生,乙、同灭,丙、所缘相同,丁、所依色相同这四种方式相应。
ပစ္စုပဋ္ဌာန် --- စိတ်တစ်ခုဝယ် စေတသိက်အများစု ယှဥ်တွဲ၍ ဖြစ်ကြရာဝယ် ထိုစေတသိက်တို့သည် ခွဲခြား၍ မဖြစ်ဘဲ ပြိုင်တူ အတူယှဥ်တွဲ၍သာ ဖြစ်ကြသည်။ တစ်လုံးပြီးမှတစ်လုံး ဤသို့ သီးခြားခွဲ၍ ဖြစ်ရိုးမရှိသဖြင့် အသီးအသီး ခွဲခြား၍ မဖြစ်သော ခွဲခြား၍ မရသော စေတသိက်သဘောတရားဟု ယောဂီတို့၏ ဉာဏ်တွင် ရှေးရှူ ထင်လာပေသည်။ ယင်း စေတသိက်တို့သည် ခွဲခြား၍ မဖြစ်သော်လည်း ခွဲခြား၍ မရသော်လည်း ယောဂီ တို့၏ ဉာဏ်တွင်ကား ယင်းစေတသိက် အသီးအသီး၏ ကိုယ်ပိုင်သဘာဝလက္ခဏာများကား ကွဲကွဲပြားပြား ထင် ထင်ရှားရှားပင် တည်နေ ထင်နေပေသည်။
现起——许多心所与一个心相伴生起时,这些心所不能分开生起,只会同时相伴而生,从来不会一个生完再生另一个。因此,它们在瑜伽行者的智中显现为不能逐一分开、不可分离的心所法。然而,这些心所虽然不能在生起上分开,瑜伽行者的智中仍能清楚、分别地显现每一种心所各自的自性特相。
(နာမ် + ရုပ်) မှ - ရုပ်
四、名色:色
၁။ ရုပ္ပနလက္ခဏံ ရူပံ၊ ၂။ ဝိကိရဏရသံ၊ ၃။ အဗျာကတပစ္စုပဋ္ဌာနံ၊ ၄။ ဝိညာဏပဒဋ္ဌာနံ။ (အဘိ-ဋ္ဌ-၂-၁၂၉။ ဝိသုဒ္ဓိ-၂-၁၅၉။)
四法如下:一、色以变异为特相;二、以散离为作用;三、以无记为现起;四、以识为近因。(《阿毗达磨义注》2-129;《清净之道》2-159。)
原书第 603 页
လက္ခဏာဒိစတုက္ကပိုင်း -- ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်များ အခန်း ၁။ ဖောက်ပြန်ခြင်းသဘော လက္ခဏ၊ ၂။ (သမ္ပယောဂလက္ခဏာ မရှိသောကြောင့်) ရုပ်အချင်းချင်းမတွဲ ဖရိုဖရဲ ကျဲခြင်း (ကိစ္စ) ရသ၊ ၃။ ကုသိုလ် အကုသိုလ် မဟုတ်သော အဗျာကတ သဘောတရား ပစ္စုပဋ္ဌာန်၊ တနည်း --- အာရုံကို မယူတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ ဝိညာဏ် ပဒဋ္ဌာန်။
一、以变异为特相。二、由于没有相应特相,诸色彼此不结合,而以分散、散离为作用。三、以非善、非不善的无记法为现起;换一种说法,以不取所缘为现起。四、以识为近因。
ရုပ္ပနလက္ခဏာ --- ရုပ္ပနဉ္စေတ္ထ သီတာဒိဝိရောဓိပစ္စယသန္နိပါတေ ဝိသဒိသုပ္ပတ္တိ။ (မဟာဋီ-၂-၈၆။) ရုပ္ပနလက္ခဏာ = ဖောက်ပြန်ခြင်း သဘောလက္ခဏာဟူသည် အအေး အပူ စသော ဆန့်ကျင်ဘက် အကြောင်းတို့သည် ပေါင်းဆုံမိလတ်သော် ရှေ့ကဖြစ်သွားသော ရုပ်အစဥ်သန္တတိနှင့် မတူသော နောက်ရုပ်အစဥ် သန္တတိ၏ ဖြစ်ခြင်း သဘောတရားပင်တည်း။ သီတတေဇောဓာတ်ဟူသော အအေးဓာတ်၏ သဘာဝသတ္တိ စွမ်းအင် လွန်ကဲနေသော ရုပ်သန္တတိအစဥ် ဆက်တိုက် ဖြစ်နေရာမှ ဥဏှတေဇောဓာတ် အပူဓာတ်၏ သဘာဝသတ္တိ စွမ်းအင် လွန်ကဲသော ရုပ်သန္တတိအစဥ်၏ ပြောင်းလဲ ဖြစ်ပေါ်လာခြင်း --- ဤသို့စသည်ဖြင့် ရှေးကဖြစ်သွားသော ရုပ်သန္တတိအစဥ်၏ ဖြစ်ခြင်းနှင့် မတူသော နောက်နောက်သော ရုပ်သန္တတိအစဥ်၏ ဖြစ်ခြင်းကို ဖောက်ပြန်ခြင်း = ရုပ္ပနသဘောလက္ခဏာဟု ဆိုသည်။
变异之特相——这里所谓变异,是当寒、热等相反条件会合时,后来色相续以不同于先前色相续的方式生起。(《大复注》2-86。)例如,原来寒界——冷的自然力量——占优势的色相续连续生起,后来变成热界——热的自然力量——占优势的色相续;像这样,后来色相续的生起不同于先前色相续,便称为变异,也就是色的变异特相。
ရသ --- အညမညံ သမ္ပယောဂါဘာဝတော ရူပံ ဝိကိရတီတိ ဝိကိရဏရသံ။ ဧဝဉ္စ ကတွာ ပိသိယမာနာ တဏ္ဍုလာဒယော ဝိကိရန္တိ စုဏ္ဏီ ဘဝန္တီတိ။ (မူလဋီ-၂-၉ဝ။) ရုပ်အချင်းချင်းသည် သမ္ပယောဂလက္ခဏာ မရှိ၊ သမ္ပယုတ်သဘောတရား မရှိ။ ထိုကဲ့သို့ သမ္ပယောဂ လက္ခဏာ = သမ္ပယုတ်သဘောတရား၏ မရှိခြင်းကြောင့် ရုပ်သည် ဖရိုဖရဲ ကျဲသကဲ့သို့ ဖြစ်တတ်၏။ နာမ်ကဲ့သို့ တစ်ခုနှင့်တစ်ခု မတွဲဘဲ ဖရိုဖရဲ ကျဲသကဲ့သို့ ဖြစ်တတ်၏။ ထိုကြောင့် ရုပ်တရားသည် ဝိကိရဏရသ = ရုပ်တရား အချင်းချင်း မတွဲ ဖရိုဖရဲ ကျဲခြင်း ကိစ္စ ရှိပေသည်။ ထိုသို့ ရုပ်အချင်းချင်းမတွဲ ဖရိုဖရဲ ကျဲသောကြောင့် ဆန် စသည့် အရာဝတ္ထုတို့ကို ကြိတ်ချေ၍ အမှုန့်ပြုကုန်လတ်သော် တစ်မှုန့်စီ ဖရိုဖရဲ ကျဲကုန်၏၊ မှုန့်မှုန့်ညက်ညက် ပျက်စီးကုန်၏။ (မူလဋီ-၂-၉ဝ။) ပစ္စုပဋ္ဌာန် --- နာမဿ ကဒါစိ ကုသလာဒိဘာဝေါ စ အတ္ထီတိ တတော ဝိသေသနတ္ထံ ''အဗျာကတပစ္စု-
作用——诸色彼此没有相应特相,不具有相应的状态,所以色会分散、散离,不像名法那样彼此结合;因此色以彼此不结合、分散散离为作用。正因为诸色彼此不结合而散离,稻米等物被碾成粉末时,便会一粒一粒分散,碎成细粉。(《根本复注》2-90。)现起——名法有时也会是善法等,为了显示色与那些名法的差别,所以说“以无记为现起”。如“无思、无记”一语,此处也应把不取所缘理解为——
ပဋ္ဌာန''န္တိ အာဟ။ ''အစေတနာ အဗျာကတာ''တိ ဧတ္ထ ဝိယ အနာရမ္မဏတာ ဝါ အဗျာကတတာ ဒဋ္ဌဗ္ဗာ။
——无记。
(မူလဋီ-၂-၉ဝ-၉၁။)
(《根本复注》2-90—91。)
''အနာရမ္မဏတာ အဗျာကတတာ''တိ ဣဒံ အဗျာကတဿေဝ အနာရမ္မဏတ္တာ အဗျာကတသမ္ဗန္ဓိနီ အနာရမ္မဏတာတိ ကတွာ ဝုတ္တံ။ (အနုဋီ-၂-၉၅။) အနာရမ္မဏပရိယာယေဝေတ္ထ အဗျာကတသဒ္ဒေါ။ (မဓု) ဝိညာဏပစ္စယာ နာမရူပံဝယ် နာမ်တရား၏ တစ်ရံတစ်ခါ (အဘိဓမ္မဘာဇနီယနည်းများ၌) ကုသိုလ် စသည် ဖြစ်မှုသည်လည်း ရှိသေး၏၊ ထိုကြောင့် ထိုကုသိုလ် စသော နာမ်တရားမှ အထူးကိုပြုခြင်းအကျိုးငှာ အဋ္ဌကထာ ဆရာတော်က --- အဗျာကတပစ္စုပဋ္ဌာန = ကုသိုလ် အကုသိုလ် မဟုတ်သော အဗျာကတသဘောတရားဟု ယင်းရုပ်တရားကို ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်းရှုပွားနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင် ရှေးရှူ ထင်လာ ကြောင်း ဖွင့်ဆိုတော်မူခြင်း ဖြစ်၏။ တစ်နည်း --- ''အစေတနာ အဗျာကတာ'' = စိတ်စေတနာ မရှိကုန် အာရုံကို မယူတတ်သော အဗျာကတတရားတို့တည်း --- ဤသို့စသော ပါဠိရပ်တို့၌ကဲ့သို့ အာရုံကို မယူတတ်သည်၏
所谓“不取所缘即是无记”,是因为唯独无记色不取所缘,故说不取所缘与无记相关。(《随复注》2-95。)这里“无记”一词只是“不取所缘”的同义语。(《蜜注》)依“识缘名色”,名法有时——在阿毗达磨分别法等方法中——也会是善法等。为了区别于善等名法,义注师说色“以无记为现起”,即瑜伽行者以观智摄取、观修色法时,它在智中显现为非善、非不善的无记法。换一种说法,如“无思、无记”一类巴利语所说,应把不取所缘的——
原书第 604 页
အဖြစ်ကို အဗျာကတ၏ အဖြစ်ဟူ၍ မှတ်သားပါ။ ဤစကားရပ်ကို အဗျာကတတရား၏ အာရုံကို မယူတတ်သည့် အနာရမ္မဏတရား ဖြစ်သောကြောင့် အဗျာကတသဘောနှင့် ဆက်စပ်လျက် ဖြစ်မှုဟူသည် အာရုံမယူတတ်သည့် အနာရမ္မဏသဘောတရားသာတည်းဟု နှလုံးပိုက်တော်မူ၍ မူလဋီကာဆရာတော်က ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်၏။ ဤ၌ အဗျာကတ သဒ္ဒါသည် အာရုံမယူတတ်သည့် အနာရမ္မဏ သဒ္ဒါ၏ ပရိယာယ်စကားသာတည်း။
——状态理解为无记。根本复注师是基于这一点作出解释:无记法是不取所缘的无所缘法,所谓与无记相联,只是不取所缘这一状态。这里“无记”一词,只是“不取所缘”的同义语。
(မူလဋီ-၂-၉ဝ-၉၁။ အနုဋီ-၂-၉၅။ မဓု။)
(《根本复注》2-90—91;《随复注》2-95;《蜜注》。)
မှတ်ချက် --- ဤ ဝိညာဏ်-နာမ်ရုပ်တို့၏ ရှုကွက်မှာ ပဋိစ္စသမုပ္ပါဒ် ပထမနည်းတွင် ရှင်းပြခဲ့သည့်အတိုင်း အလွန် အရာကျယ်၏၊ အနည်းဆုံး ပမာဏအားဖြင့် ပဋိသန္ဓေဝိညာဏ်နှင့် ပဋိသန္ဓေ နာမ်ရုပ်ကိုကား ပဓာန ထား ဦးစားပေး၍ သိမ်းဆည်းရှုပွားပါလေ။ ဝိပါက်ဝိညာဏ် ဝိပါက်နာမ်ရုပ် အားလုံးကို (၆)လိုင်းလုံး၌ ရှုနိုင် လျှင်ကား ပို၍ကောင်းသည်သာ ဖြစ်သည်။
注——识与名色的观法,如缘起第一法所说,范围非常广大。至少应以结生识与结生名色为主,优先摄取、观修。若能在全部六线中观照所有果报识与果报名色,当然更好。
၅။ သဠာယတန
五、六处
၁။ အာယတနလက္ခဏံ သဠာယတနံ၊ ၂။ ဒဿနာဒိရသံ၊ ၃။ ဝတ္ထုဒွါရဘာဝပစ္စုပဋ္ဌာနံ၊ ၄။ နာမရူပပဒဋ္ဌာနံ။ (အဘိ-ဋ္ဌ-၂-၁၂၉။ ဝိသုဒ္ဓိ-၂-၁၅၉။) ၁။ထိခိုက်ခြင်း = အားထုတ်ခြင်းသဘော လက္ခဏ၊ တစ်နည်း --- အာယ မည်သော စိတ်စေတသိက်တို့ကို ချဲ့ထွင်ခြင်းသဘော လက္ခဏ၊ ၂။ မြင်ခြင်း (ကြားခြင်း၊ နံခြင်း၊ လျက်ခြင်း၊ တွေ့ထိခြင်း၊ သိခြင်း) (ကိစ္စ) ရသ၊ ၃။ ထိုက်သည့်အားလျော်စွာ ပဉ္စဝိညာဏဓာတ် မနောဓာတ် မနောဝိညာဏဓာတ်တို့၏ မှီရာဝတ္ထုအဖြစ်၊ ဝင်ထွက်ရာ ဒွါရအဖြစ် ဖြစ်ခြင်းသဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ နာမ် + ရုပ် ပဒဋ္ဌာန်။
四法如下:一、六处以处为特相;二、以见等为作用;三、以作为所依处与门为现起;四、以名色为近因。(《阿毗达磨义注》2-129;《清净之道》2-159。)一、以接触、作用于所缘为特相;换一种说法,以扩展称为“来处”的心与心所为特相。二、以见——以及闻、嗅、尝、触、知——为作用。三、依各自相应情况,以作为五识界、意界、意识界的所依处及出入之门为现起。四、以名与色为近因。
ဒဿန --- ဒဿန = အာရုံကို တွေ့မြင်ခြင်းဟူသည် ဆိုင်ရာအာရုံကို ရယူခြင်းသဘောကို ဆိုလိုသည်။
见——所谓见到所缘,是指取得相应所缘。
(မဟာဋီ-၂-၂၅၄။)
(《大复注》2-254。)
အထက်တွင် အာယတန (၆)ပါးလုံးကို ပေါင်းစု၍ ရေးသားထားသဖြင့် ခွဲ၍ ရှုခဲ့သော် အောက်ပါအတိုင်း ရှုပါ။
上文把六处合在一起说明;若要分别观照,应依下述方式进行。
စက္ခာယတန
眼处
၁။ ရူပါရုံ၏ ရှေးရှူထိခိုက်ခြင်းငှာ ထိုက်သောသဘော လက္ခဏ၊ တစ်နည်း - အာယ မည်သော စက္ခုဒွါရဝီထိ မနောဒွါရဝီထိ စိတ် စေတသိက်တို့ကို ချဲ့ထွင်ခြင်းသဘော လက္ခဏ၊ ၂။ ရူပါရုံကို မြင်ခြင်း = ရူပါရုံကို ရယူခြင်း (ကိစ္စ) ရသ၊ ၃။ စက္ခုဝိညာဏ်၏ မှီရာဝတ္ထု၊ ဝင်ထွက်ရာ ဖြစ်ကြောင်းဒွါရဖြစ်ခြင်း သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ နာမ် + ရုပ် ပဒဋ္ဌာန်။
一、以适合面对色所缘而受撞击为特相;换一种说法,以扩展称为“来处”的眼门心路与意门心路诸心、心所为特相。二、以见色所缘——即取得色所缘——为作用。三、以作为眼识的所依处与出入之门为现起。四、以名与色为近因。
原书第 605 页
သောတာယတန
耳处
၁။ သဒ္ဒါရုံ၏ ရှေးရှူ ထိခိုက်ခြင်းငှာ ထိုက်သောသဘော လက္ခဏ၊ တစ်နည်း --- အာယ မည်သော သောတဒွါရဝီထိ မနောဒွါရဝီထိ စိတ် စေတသိက်တို့ကို ချဲ့ထွင်ခြင်းသဘော လက္ခဏ၊ ၂။ သဒ္ဒါရုံကို ကြားခြင်း = သဒ္ဒါရုံကို ရယူခြင်း (ကိစ္စ) ရသ၊ ၃။ သောတဝိညာဏ်၏ ဝတ္ထု + ဒွါရ ဖြစ်ခြင်းသဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ နာမ် + ရုပ် ပဒဋ္ဌာန်။
一、以适合面对声所缘而受撞击为特相;换一种说法,以扩展称为“来处”的耳门心路与意门心路诸心、心所为特相。二、以听闻声所缘——即取得声所缘——为作用。三、以作为耳识的所依处与门为现起。四、以名与色为近因。
ဃာနာယတန
鼻处
၁။ ဂန္ဓာရုံ၏ ရှေးရှူ ထိခိုက်ခြင်းငှာ ထိုက်သောသဘော လက္ခဏ၊ တစ်နည်း --- အာယ မည်သော ဃာနဒွါရဝီထိ မနောဒွါရဝီထိ စိတ် စေတသိက်တို့ကို ချဲ့ထွင်ခြင်းသဘော လက္ခဏ၊ ၂။ ဂန္ဓာရုံကို နံခြင်း = ဂန္ဓာရုံကို ရယူခြင်း (ကိစ္စ) ရသ၊ ၃။ ဃာနဝိညာဏ်၏ ဝတ္ထု ဒွါရ ဖြစ်ခြင်းသဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ နာမ် + ရုပ် ပဒဋ္ဌာန်။
一、以适合面对香所缘而受撞击为特相;换一种说法,以扩展称为“来处”的鼻门心路与意门心路诸心、心所为特相。二、以嗅知香所缘——即取得香所缘——为作用。三、以作为鼻识的所依处与门为现起。四、以名与色为近因。
ဇိဝှါယတန
舌处
၁။ ရသာရုံ၏ ရှေးရှူ ထိခိုက်ခြင်းငှာ ထိုက်သောသဘော လက္ခဏ၊ တစ်နည်း --- အာယ မည်သော ဇိဝှါဒွါရဝီထိ မနောဒွါရဝီထိ စိတ် စေတသိက်တို့ကို ချဲ့ထွင်ခြင်းသဘော လက္ခဏ၊ ၂။ ရသာရုံကို လျက်သိခြင်း = ရသာရုံကို ရယူခြင်း (ကိစ္စ) ရသ၊ ၃။ ဇိဝှါဝိညာဏ်၏ ဝတ္ထု ဒွါရ ဖြစ်ခြင်းသဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ နာမ် + ရုပ် ပဒဋ္ဌာန်။
一、以适合面对味所缘而受撞击为特相;换一种说法,以扩展称为“来处”的舌门心路与意门心路诸心、心所为特相。二、以尝知味所缘——即取得味所缘——为作用。三、以作为舌识的所依处与门为现起。四、以名与色为近因。
ကာယာယတန
身处
၁။ ဖောဋ္ဌဗ္ဗာရုံ၏ ရှေးရှူ ထိခိုက်ခြင်းငှာ ထိုက်သောသဘော လက္ခဏ၊ တစ်နည်း --- အာယ မည်သော ကာယဒွါရဝီထိ မနောဒွါရဝီထိ စိတ် စေတသိက်တို့ကို ချဲ့ထွင်ခြင်းသဘော လက္ခဏ၊ ၂။ ဖောဋ္ဌဗ္ဗာရုံကို ထိသိခြင်း = ဖောဋ္ဌဗ္ဗာရုံကို ရယူခြင်း (ကိစ္စ) ရသ၊ ၃။ ကာယဝိညာဏ်၏ ဝတ္ထု ဒွါရ ဖြစ်ခြင်းသဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ နာမ် + ရုပ် ပဒဋ္ဌာန်။
一、以适合面对触所缘而受撞击为特相;换一种说法,以扩展称为“来处”的身门心路与意门心路诸心、心所为特相。二、以触知触所缘——即取得触所缘——为作用。三、以作为身识的所依处与门为现起。四、以名与色为近因。
မနာယတန
意处
၁။ ဓမ္မာရုံ၏ ရှေးရှူ ထိခိုက်ခြင်းငှာ ထိုက်သောသဘော လက္ခဏ၊ တစ်နည်း - အာယ မည်သော မနောဒွါရဝီထိ စိတ် စေတသိက်တို့ကို ချဲ့ထွင်ခြင်းသဘော -- လက္ခဏ၊
一、以适合面对法所缘而受撞击为特相;换一种说法,以扩展称为“来处”的意门心路诸心、心所为特相。
原书第 606 页
၂။ ဓမ္မာရုံကို သိခြင်း = ဓမ္မာရုံကို ရယူခြင်း (ကိစ္စ) ရသ၊ ၃။ မနောဝိညာဏ်၏ ဒွါရ ဖြစ်ခြင်းသဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ နာမ် + ရုပ် ပဒဋ္ဌာန်။
二、以了知法所缘——即取得法所缘——为作用。三、以作为意识之门为现起。四、以名与色为近因。
လက္ခဏ --- အာယတနလက္ခဏန္တိ ဃဋနလက္ခဏံ၊ အာယာနံ တနနလက္ခဏံ ဝါ။ (မူလဋီ-၂-၉၅။)
特相——所谓“以处为特相”,就是以会合为特相;换一种说法,以扩展诸“来处”为特相。(《根本复注》2-95。)
အာယတနံ၊ ဃဋနန္တိ စ တံတံဒွါရိကဓမ္မပ္ပဝတ္တနမေဝ ဒဋ္ဌဗ္ဗံ။ (အနုဋီ-၂-၉၅။)
此处所谓“处”与“会合”,应当理解为各门法的转起。(《随复注》2-95。)
စက္ခုဝိညာဏ် စသည်တို့၏ အကြောင်းတရား ဖြစ်ခြင်းသည်ပင် ဒဿနကိစ္စ စသည် မည်၏။ စက္ခာယတန = စက္ခုပသာဒ = စက္ခုဝတ္ထု = စက္ခုဒွါရသည် ရူပါရုံကို မြင်တတ်သော စက္ခုဝိညာဏ်နှင့်တကွသော နာမ်တရားစု တို့၏ မှီရာအကြောင်းတရား ဖြစ်၏။ အကျိုးဖြစ်သော စက္ခုဝိညာဏ်၏ ရူပါရုံကို မြင်ခြင်း ဒဿနကိစ္စကို အကြောင်း ဖြစ်သော စက္ခာယတန၌ တင်စား၍ အကြောင်းဖြစ်သော စက္ခာယတန၌ ဒဿနကိစ္စ ရှိသကဲ့သို့ တင်စား၍ဆိုသော ကာရဏူပစာရစကားတည်း။ သောတာယတန စသည်တို့၌လည်း နည်းတူမှတ်ပါ။
作为眼识等的因,就是见等作用的所指。眼处——即净眼色、眼所依处、眼门——是眼识及与它相伴的一组名法得以看见色所缘的所依之因。把果法眼识“看见色所缘”的见作用借说到它的因眼处上,好像作为原因的眼处本身具有见作用,这是依因作譬喻的借代语。耳处等也应同样理解。
ဆိုင်ရာ ဆိုင်ရာ အကြောင်းအားလျော်စွာ ဖြစ်ပေါ်လာသော စိတ်စေတသိက်တရားတို့ကို အာယဟု ခေါ် ဆို၏၊ ထိုအာယ မည်သော စိတ်စေတသိက်တရားတို့ကို ကျယ်ပြန့်အောင် ချဲ့ထွင်တတ်သောတရားများကို အာ- ယတနဟု ဆိုသည်။ သို့သော် မဓု၌ကား --- အာယာနံ သုခဒုက္ခာနံ၊ သံသာရဒုက္ခာနံ ဝါ --- ဟု ဖွင့်ဆိုထား၏။
依各自相应原因而生起的心与心所法,称为“来处”(āya);能够令这些称为来处的心与心所扩大、扩展的法,称为“处”(āyatana)。不过,《蜜注》解释为:“诸来处,是乐与苦,或者轮回之苦。”
ယင်း မဓုအလိုအားဖြင့် သုခ ဒုက္ခတို့ကို သို့မဟုတ် သံသာရဒုက္ခတို့ကို အာယဟု ဆိုလို၏။ ထို သုခ ဒုက္ခ သို့မ- ဟုတ် သံသာရဒုက္ခတို့ကို ကျယ်ပြန့်အောင် ချဲ့ထွင်တတ်သောတရားတို့သည် အာယတန မည်၏ဟု မှတ်ပါ။
依《蜜注》之说,乐与苦,或者轮回之苦,称为“来处”;能使这些乐苦或轮回之苦广大扩展的法,称为“处”。
စက္ခုဒွါရ စသော ထိုထိုဒွါရ၌ ဖြစ်သော စိတ်စေတသိက် = ဓမ္မတို့၏ ဖြစ်ခြင်းကိုပင်လျှင် အာယတနဟူ၍ လည်းကောင်း၊ ဃဋနဟူ၍ လည်းကောင်း ဤ၌ ဆိုလို၏ဟု မှတ်ပါ။ (အနုဋီ-၂-၉၅။) ဝတ္ထုဂ္ဂဟဏဉ္စေတ္ထ စက္ခာဒိပဉ္စကာပေက္ခံ။ (မဟာဋီ-၂-၂၅၄။) ဤသဠာယတန၏ ပစ္စုပဋ္ဌာန်ကို ဖော်ပြရာ ဝယ် --- ဝတ္ထုဒွါရ ပစ္စုပဋ္ဌာနံဟု အဋ္ဌကထာက ဖော်ပြထား၏၊ ဝတ္ထုအရ စက္ခုဝတ္ထုမှ ကာယဝတ္ထုတိုင်အောင် ဝတ္ထု (၅)မျိုးကိုသာ ငဲ့၍ ဖွင့်ဆိုထားသည်ဟု မှတ်ပါ။ ဒွါရကား အာယတန (၆)ပါးလုံးအတွက် ဖွင့်ဆိုချက် ဟူ လိုသည်။
此处所谓“处”,也就是所谓“会合”,应理解为在眼门等各门生起的心、心所诸法的转起。(《随复注》2-95。)这里对“所依处”的解释,只针对从眼所依处到身所依处的五种所依处。(《大复注》2-254。)义注说明六处的现起时说“以所依处与门为现起”;其中“所依处”只涉及五种,而“门”则是对全部六处的说明。
၆။ ဖဿ
六、触
၁။ ဖုသနလက္ခဏော ဖဿော၊ ၂။ သင်္ဃဋ္ဋနရသော၊ ၃။ သင်္ဂတိပစ္စုပဋ္ဌာနော၊ ၄။ သဠာယတနပဒဋ္ဌာနော။ (အဘိ-ဋ္ဌ-၂-၁၂၉။ ဝိသုဒ္ဓိ-၂-၁၅၉။) ၁။ အာရုံကို တွေ့ထိခြင်းသဘော လက္ခဏ၊ = အာရုံကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော လက္ခဏ၊ ၂။ အာရုံကို ပွတ်ချုပ်ထိပါးခြင်း = အာရုံ၌ ထိခတ်ခြင်း (ကိစ္စ) ရသ၊ ၃။ ဝတ္ထု + အာရုံ + ဝိညာဏ် သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖြစ်ပေါ်လာသော သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ သဠာယတန ပဒဋ္ဌာန်။
四法如下:一、触以接触为特相;二、以撞击为作用;三、以会合为现起;四、以六处为近因。(《阿毗达磨义注》2-129;《清净之道》2-159。)一、以接触所缘——即以接触所缘的方式生起——为特相。二、以摩触、撞击所缘为作用。三、以所依处、所缘、识三者会合而生起的法为现起。四、以六处为近因。
原书第 607 页
လက္ခဏာဒိစတုက္ကပိုင်း -- ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်များ အခန်း ဤအထက်ပါ လက္ခဏ-ရသ စသည့် ရှုကွက်မှာ စက္ခုသမ္ဖဿ စသော ဖဿ (၆)မျိုးလုံးအတွက် ခြုံငုံ၍ ဖွင့်ဆိုထားသော အဖွင့်သာ ဖြစ်ပါသည်။ ယောဂါဝစရပုဂ္ဂိုလ်သည် လက်တွေ့ ရှုသောအခါ၌ကား စက္ခုသမ္ဖဿ စသော ဖဿများကို တစ်မျိုးစီသာ ခွဲ၍ ရှုရမည် ဖြစ်ပါသည်။ စိတ္တက္ခဏတစ်ခု၏ အတွင်း၌ ဖဿ (၆)မျိုးလုံးသည် ပြိုင်တူမဖြစ်နိုင်သောကြောင့်ပင် ဖြစ်ပေသည်၊ ထိုကြောင့် ခွဲရှုပုံကို ဆက်လက်၍ တင်ပြအပ်ပါသည်။
上述特相、作用等观法,是对眼触等六种触的总说。瑜伽行者实际观照时,必须把眼触等逐种分开观照;因为在一个心刹那内,六种触不可能同时生起。因此,下面继续说明分别观照的方法。
စက္ခုသမ္ဖဿ
眼触
၁။ ရူပါရုံကို တွေ့ထိခြင်းသဘော = ရူပါရုံကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော -- လက္ခဏ၊ ၂။ ရူပါရုံကို ပွတ်ချုပ်ထိပါးခြင်း = ရူပါရုံ၌ ထိခတ်ခြင်း (ကိစ္စ) ရသ၊ ၃။ စက္ခုဝတ္ထု + ရူပါရုံ + စက္ခုဝိညာဏ် သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖြစ်ပေါ်လာသော သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ စက္ခာယတန ပဒဋ္ဌာန်။
一、以接触色所缘——即以接触色所缘的方式生起——为特相。二、以摩触、撞击色所缘为作用。三、以眼所依处、色所缘、眼识三者会合而生起的法为现起。四、以眼处为近因。
သောတသမ္ဖဿ
耳触
၁။ သဒ္ဒါရုံကို တွေ့ထိခြင်းသဘော = သဒ္ဒါရုံကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော လက္ခဏ၊ ၂။ သဒ္ဒါရုံကို ပွတ်ချုပ်ထိပါးခြင်း = သဒ္ဒါရုံ၌ ထိခတ်ခြင်း (ကိစ္စ) ရသ၊ ၃။ သောတဝတ္ထု + သဒ္ဒါရုံ + သောတဝိညာဏ် သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖြစ်ပေါ်လာသော သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ သောတာယတန ပဒဋ္ဌာန်။
一、以接触声所缘——即以接触声所缘的方式生起——为特相。二、以摩触、撞击声所缘为作用。三、以耳所依处、声所缘、耳识三者会合而生起的法为现起。四、以耳处为近因。
ဃာနသမ္ဖဿ
鼻触
၁။ ဂန္ဓာရုံကို တွေ့ထိခြင်းသဘော = ဂန္ဓာရုံကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော လက္ခဏ၊ ၂။ ဂန္ဓာရုံကို ပွတ်ချုပ်ထိပါးခြင်း = ဂန္ဓာရုံ၌ ထိခတ်ခြင်း (ကိစ္စ) ရသ၊ ၃။ ဃာနဝတ္ထု + ဂန္ဓာရုံ + ဃာနဝိညာဏ် သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖြစ်ပေါ်လာသော သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ ဃာနာယတန ပဒဋ္ဌာန်။
一、以接触香所缘——即以接触香所缘的方式生起——为特相。二、以摩触、撞击香所缘为作用。三、以鼻所依处、香所缘、鼻识三者会合而生起的法为现起。四、以鼻处为近因。
ဇိဝှါသမ္ဖဿ
舌触
၁။ ရသာရုံကို တွေ့ထိခြင်းသဘော = ရသာရုံကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော -- လက္ခဏ၊ ၂။ ရသာရုံကို ပွတ်ချုပ်ထိပါးခြင်း= ရသာရုံ၌ ထိခတ်ခြင်း (ကိစ္စ) ရသ၊ ၃။ ဇိဝှါဝတ္ထု + ရသာရုံ + ဇိဝှါဝိညာဏ် သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖြစ်ပေါ်လာသော သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ ဇိဝှါယတန ပဒဋ္ဌာန်။
一、以接触味所缘——即以接触味所缘的方式生起——为特相。二、以摩触、撞击味所缘为作用。三、以舌所依处、味所缘、舌识三者会合而生起的法为现起。四、以舌处为近因。
原书第 608 页
ကာယသမ္ဖဿ
身触
၁။ ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိခြင်းသဘော = ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော လက္ခဏ၊ ၂။ ဖောဋ္ဌဗ္ဗာရုံကို ပွတ်ချုပ်ထိပါးခြင်း = ဖောဋ္ဌဗ္ဗာရုံ၌ ထိခတ်ခြင်း (ကိစ္စ) ရသ၊ ၃။ ကာယဝတ္ထု + ဖောဋ္ဌဗ္ဗာရုံ + ကာယဝိညာဏ် သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖြစ်ပေါ်လာသော သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ ကာယာယတန ပဒဋ္ဌာန်။
一、以接触触所缘——即以接触触所缘的方式生起——为特相。二、以摩触、撞击触所缘为作用。三、以身所依处、触所缘、身识三者会合而生起的法为现起。四、以身处为近因。
မနောသမ္ဖဿ
意触
၁။ ဓမ္မာရုံကို တွေ့ထိခြင်းသဘော = ဓမ္မာရုံကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော -- လက္ခဏ၊ ၂။ ဓမ္မာရုံကို ပွတ်ချုပ်ထိပါးခြင်း = ဓမ္မာရုံ၌ ထိခတ်ခြင်း (ကိစ္စ) ရသ၊ ၃။ မနောဒွါရ + ဓမ္မာရုံ + မနောဝိညာဏ် သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖြစ်ပေါ်လာသော သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ မနာယတန ပဒဋ္ဌာန်။
一、以接触法所缘——即以接触法所缘的方式生起——为特相。二、以摩触、撞击法所缘为作用。三、以意门、法所缘、意识三者会合而生起的法为现起。四、以意处为近因。
မှတ်ချက် --- မနောသမ္ဖဿကား အလွန် အရာကျယ်၏။ ပဉ္စဝိညာဏ်နှင့် ယှဥ်သော စက္ခုသမ္ဖဿ စသော ဖဿငါးမျိုးကလွဲလျှင် ကြွင်းကျန်သော ဝီထိစိတ် ဝီထိမုတ်စိတ် အားလုံးနှင့် ယှဥ်သော ဖဿဟူသမျှသည် မနော- သမ္ဖဿချည်းသာတည်း။ အာရုံ (၆)ပါးလုံးကိုပင် ထိုက်သည့်အားလျော်စွာ အာရုံပြုပေသည်။ အထက်တွင် ဓမ္မာ- ရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော မနောသမ္ဖဿကိုသာ ပုံစံထုတ်၍ ရေးသားထားပါသည်။ သို့အတွက် ပဋိသန္ဓေ မနောသမ္ဖဿကို ဦးစားပေး၍ ရှုပါ။ ကြွင်းဖဿတို့၌လည်း ရှုနိုင်လျှင် ကောင်းသည်သာ ဖြစ်သည်။ သို့သော် သုတ္တန္တဘာဇနီယနည်းအရ ဤဖဿမှာ ဝိပါကဝဋ်တွင် အကျုံးဝင်သော ဖဿသာ ဖြစ်သဖြင့် ဝိပါက်မနောသမ္ဖဿ ကိုသာ ဦးစားပေး၍ ရှုလိုက ရှုပါ။
注——意触的范围非常广大。除与五识相应的眼触等五种触之外,凡与其余心路心及离心路心相应的触,全都是意触;它们会依各自相应情况取六种所缘中的任何一种为所缘。上文只以取法所缘而生起的意触作为示例。因此,应优先观照结生意触;若能观照其余诸触,当然更好。不过,依经分别法,本文的触只包括果报轮转中的触,所以也可以只优先观照果报意触。
၇။ ဝေဒနာ
七、受
၁။ အနုဘဝနလက္ခဏာ ဝေဒနာ၊ ၂။ ဝိသယရသသမ္ဘောဂရသာ၊ ၃။ သုခဒုက္ခပစ္စုပဋ္ဌာနာ၊ ၄။ ဖဿပဒဋ္ဌာနာ။ (အဘိ-ဋ္ဌ-၂-၁၂၉။ ဝိသုဒ္ဓိ-၂-၁၅၉။) ၁။ အာရုံ၏ အရသာကို ခံစားခြင်းသဘော လက္ခဏ၊ ၂။ အာရုံ၏ အရသာကို သုံးဆောင်ခြင်း (ကိစ္စ) ရသ၊ ၃။ သုခသဘောတရား၊ ဒုက္ခသဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ ဖဿ ပဒဋ္ဌာန်။
四法如下:一、受以体验为特相;二、以受用所缘之味为作用;三、以乐、苦为现起;四、以触为近因。(《阿毗达磨义注》2-129;《清净之道》2-159。)一、以体验所缘之味为特相。二、以受用所缘之味为作用。三、以乐的状态、苦的状态为现起。四、以触为近因。
ပစ္စုပဋ္ဌာန် --- အကုသလဝိပါကုပေက္ခာယ အနိဋ္ဌဘာဝတော ဒုက္ခေန ဣတရာယ စ ဣဋ္ဌဘာဝတော သုခေန သင်္ဂဟိတတ္တာ ''သုခဒုက္ခပစ္စုပဋ္ဌာနာ''တိ အာဟ။ (မူလဋီ-၂-၉၁။)
现起——不善果舍受因所缘不可意而摄入苦的一类;其余善果舍受因所缘可意而摄入乐的一类,所以说“以乐、苦为现起”。(《根本复注》2-91。)
原书第 609 页
လက္ခဏာဒိစတုက္ကပိုင်း -- ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်များ အခန်း အဟိတ်အကုသလဝိပါက် ဥပေက္ခာဝေဒနာကား အနိဋ္ဌသဘာဝ ဖြစ်သောကြောင့် ဒုက္ခဝေဒနာဖြင့်၊ ကုသ- လဝိပါက် ဥပေက္ခာဝေဒနာကား ဣဋ္ဌ ဖြစ်သောကြောင့် သုခဝေဒနာဖြင့် ပေါင်းရုံးရေတွက်ထားသည်။ ထိုကြောင့် သုခဝေဒနာ ဒုက္ခဝေဒနာ နှစ်မျိုးကိုသာ ဖော်ပြထားသည်။ (မူလဋီ-၂-၉၁။) အကယ်၍ ဝေဒနာကို (၆)မျိုး ခွဲ၍ ရှုလိုပါက အောက်ပါအတိုင်း ရှုပါ။
无因不善果舍受因其不可意的性质,被摄入苦受一类;善果舍受因其可意的性质,被摄入乐受一类。因此这里只列乐受、苦受两种。(《根本复注》2-91。)若要把受分成六种观照,可依下述方法。
စက္ခုသမ္ဖဿဇာ ဝေဒနာ
眼触生受
၁။ ရူပါရုံကို = ရူပါရုံ၏ အရသာကို ခံစားခြင်းသဘော လက္ခဏ၊ ၂။ ရူပါရုံ၏ အရသာကို သုံးဆောင်ခြင်း (ကိစ္စ) ရသ၊ ၃။ သုခသဘောတရား (ကုသလဝိပါက် စက္ခုဝိညာဏ်နှင့်ယှဥ်သော ဝေဒနာ) ဒုက္ခသဘောတရား (အကုသလဝိပါက် စက္ခုဝိညာဏ်နှင့်ယှဥ်သော ဝေဒနာ) ပစ္စုပဋ္ဌာန်၊ ၄။ စက္ခုသမ္ဖဿ ပဒဋ္ဌာန်။
一、以体验色所缘之味为特相。二、以受用色所缘之味为作用。三、以乐的一类——与善果眼识相应的受——以及苦的一类——与不善果眼识相应的受——为现起。四、以眼触为近因。
〔〔〔မှတ်ချက် --- စက္ခုသမ္ဖဿဇာ ဝေဒနာအရ ရူပါရုံကို အာရုံပြုကြသည့် စက္ခုဒွါရဝီထိ မနောဒွါရဝီထိ စိတ္တက္ခဏတို့၌ ယှဥ်သော ကုသလဝိပါက် အကုသလဝိပါက် ဝေဒနာတို့ကို အာရုံယူ၍လည်း ရှုနိုင်ပါသည်။
〔注——对于眼触生受,也可以取眼门心路与意门心路各心刹那中、以色所缘为所缘的善果受与不善果受而观照。
သောတသမ္ဖဿဇာဝေဒနာ စသည်တို့၌လည်း နည်းတူပင်တည်း။〕
耳触生受等也应同样理解。〕
သောတသမ္ဖဿဇာ ဝေဒနာ
耳触生受
၁။ သဒ္ဒါရုံကို = သဒ္ဒါရုံ၏ အရသာကို ခံစားခြင်းသဘော လက္ခဏ၊ ၂။ သဒ္ဒါရုံ၏ အရသာကို သုံးဆောင်ခြင်း (ကိစ္စ) ရသ၊ ၃။ သုခသဘောတရား (ကုသလဝိပါက် သောတဝိညာဏ်နှင့်ယှဥ်သော ဝေဒနာ) ဒုက္ခသဘောတရား (အကုသလဝိပါက် သောတဝိညာဏ်နှင့်ယှဥ်သော ဝေဒနာ) ပစ္စုပဋ္ဌာန်၊ ၄။ သောတသမ္ဖဿ ပဒဋ္ဌာန်။
一、以体验声所缘之味为特相。二、以受用声所缘之味为作用。三、以乐的一类——与善果耳识相应的受——以及苦的一类——与不善果耳识相应的受——为现起。四、以耳触为近因。
ဃာနသမ္ဖဿဇာ ဝေဒနာ
鼻触生受
၁။ ဂန္ဓာရုံကို = ဂန္ဓာရုံ၏ အရသာကို ခံစားခြင်းသဘော လက္ခဏ၊ ၂။ ဂန္ဓာရုံ၏ အရသာကို သုံးဆောင်ခြင်း (ကိစ္စ) ရသ၊ ၃။ သုခသဘောတရား (ကုသလဝိပါက် ဃာနဝိညာဏ်နှင့်ယှဥ်သော ဝေဒနာ) ဒုက္ခသဘောတရား (အကုသလဝိပါက် ဃာနဝိညာဏ်နှင့်ယှဥ်သော ဝေဒနာ) ပစ္စုပဋ္ဌာန်၊ ၄။ ဃာနသမ္ဖဿ ပဒဋ္ဌာန်။
一、以体验香所缘之味为特相。二、以受用香所缘之味为作用。三、以乐的一类——与善果鼻识相应的受——以及苦的一类——与不善果鼻识相应的受——为现起。四、以鼻触为近因。
ဇိဝှါသမ္ဖဿဇာ ဝေဒနာ
舌触生受
၁။ ရသာရုံကို = ရသာရုံ၏ အရသာကို ခံစားခြင်းသဘော လက္ခဏ၊ ၂။ ရသာရုံ၏ အရသာကို သုံးဆောင်ခြင်း (ကိစ္စ) ရသ၊ ၃။ သုခသဘောတရား (ကုသလဝိပါက် ဇိဝှါဝိညာဏ်နှင့်ယှဥ်သော ဝေဒနာ) ဒုက္ခသဘောတရား (အကုသလဝိပါက် ဇိဝှါဝိညာဏ်နှင့်ယှဥ်သော ဝေဒနာ) ပစ္စုပဋ္ဌာန်၊ ၄။ ဇိဝှါသမ္ဖဿ ပဒဋ္ဌာန်။
一、以体验味所缘之味为特相。二、以受用味所缘之味为作用。三、以乐的一类——与善果舌识相应的受——以及苦的一类——与不善果舌识相应的受——为现起。四、以舌触为近因。
原书第 610 页
ကာယသမ္ဖဿဇာ ဝေဒနာ
身触生受
၁။ ဖောဋ္ဌဗ္ဗာရုံကို = ဖောဋ္ဌဗ္ဗာရုံ၏ အရသာကို ခံစားခြင်းသဘော လက္ခဏ၊ ၂။ ဖောဋ္ဌဗ္ဗာရုံ၏ အရသာကို သုံးဆောင်ခြင်း (ကိစ္စ) ရသ၊ ၃။ သုခသဘောတရား (ကုသလဝိပါက် ကာယဝိညာဏ်နှင့်ယှဥ်သော ဝေဒနာ) ဒုက္ခသဘောတရား (အကုသလဝိပါက် ကာယဝိညာဏ်နှင့်ယှဥ်သော ဝေဒနာ) ပစ္စုပဋ္ဌာန်၊ ၄။ ကာယသမ္ဖဿ ပဒဋ္ဌာန်။
一、以体验触所缘之味为特相。二、以受用触所缘之味为作用。三、以乐的一类——与善果身识相应的受——以及苦的一类——与不善果身识相应的受——为现起。四、以身触为近因。
မနောသမ္ဖဿဇာ ဝေဒနာ
意触生受
၁။ ဓမ္မာရုံကို = ဓမ္မာရုံ၏ အရသာကို ခံစားခြင်းသဘော လက္ခဏ၊ ၂။ ဓမ္မာရုံ၏ အရသာကို သုံးဆောင်ခြင်း (ကိစ္စ) ရသ၊ ၃။ သုခသဘောတရား (ကုသလဝိပါက် မနောဝိညာဏ်နှင့်ယှဥ်သော ဝေဒနာ) ဒုက္ခသဘောတရား (အကုသလဝိပါက် မနောဝိညာဏ်နှင့်ယှဥ်သော ဝေဒနာ) ပစ္စုပဋ္ဌာန်၊ ၄။ မနောသမ္ဖဿ ပဒဋ္ဌာန်။
一、以体验法所缘之味为特相。二、以受用法所缘之味为作用。三、以乐的一类——与善果意识相应的受——以及苦的一类——与不善果意识相应的受——为现起。四、以意触为近因。
〔မှတ်ချက် --- သုတ္တန္တဘာဇနီယနည်းအရ ဝေဒနာ (၆)မျိုးလုံးမှာ ဝိပါက်ဝေဒနာချည်း ဖြစ်ကြသဖြင့် အာရုံ (၆)ပါးကို ထိုက်သည့်အားလျော်စွာ အာရုံပြုကြသည့် ဝိပါက်ဝေဒနာ အားလုံးကို ရှုနိုင်ပါက ပို၍ကောင်းပါသည်၊၊〕
〔注——依经分别法,六种受全部都是果报受;因此,若能观照依相应情况取六所缘为所缘的一切果报受,便更好。〕
၈။ တဏှာ
八、爱
၁။ ဟေတုလက္ခဏာ တဏှာ၊ ၂။ အဘိနန္ဒနရသာ၊ ၃။ အတိတ္တိဘာဝပစ္စုပဋ္ဌာနာ၊ ၄။ ဝေဒနာပဒဋ္ဌာနာ။ (အဘိ-ဋ္ဌ-၂-၁၂၉။ ဝိသုဒ္ဓိ-၂-၁၅၉။) ၁။ ဒုက္ခ၏ အကြောင်းဖြစ်ခြင်းသဘော လက္ခဏ၊ ၂။ ထိုထိုအာရုံ ထိုထိုဘဝတို့၌ အလွန် နှစ်သက်ခြင်း (ကိစ္စ) ရသ၊ ၃။ စိတ်၏ (ဝါ) ပုဂ္ဂိုလ်၏ ထိုထိုအာရုံ ထိုထိုဘဝတို့၌ မတင်းတိမ် မရောင့်ရဲနိုင်သည့် သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ ဝေဒနာ ပဒဋ္ဌာန်။
四法如下:一、爱以成为苦之因为特相;二、以高度喜爱各个所缘、各个生命为作用;三、以心或人对各个所缘、各个生命不能知足、不能满足为现起;四、以受为近因。(《阿毗达磨义注》2-129;《清净之道》2-159。)
ဒုက္ခသမုဒယတ္တာ ဟေတုလက္ခဏာ တဏှာ။ ''တတြတတြာဘိနန္ဒိနီ''တိ ဝစနတော အဘိနန္ဒနရသာ။
爱因为是苦的集起,所以以成为苦之因为特相;经文说它“于此于彼欢喜”,所以以高度喜爱为作用。
စိတ္တဿ၊ ပုဂ္ဂလဿ ဝါ ရူပါဒီသု အတိတ္တဘာဝေါ ဟုတွာ ဂယှတီတိ အတိတ္တဘာဝပစ္စုပဋ္ဌာနာ။(မူလဋီ-၂-၉၁၊၊) တဏှာသည် ဒုက္ခသစ္စာ အမည်ရသော ဥပါဒါနက္ခန္ဓာငါးပါး၏ အကြောင်းရင်း သမုဒယသစ္စာတရား ဖြစ်၏။
它被观取为心或人对色等不能满足的状态,所以以不能满足为现起。(《根本复注》2-91。)爱是集谛法,是称为苦谛的五取蕴之因。
ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာတရား ဖြစ်ခြင်းကြောင့် တဏှာကို ဟေတုလက္ခဏာ = ဒုက္ခ၏ ဖြစ်ကြောင်း သဘောလက္ခဏာ ရှိ၏ဟု ဆိုသည်။ ယင်းတဏှာကို --- တတြ တတြာဘိနန္ဒိနီ = ထိုထို အာရုံ = ထိုထိုဘဝတို့၌ အလွန်နှစ်သက်တတ်သော သဘောတရားဟု ဓမ္မစကြာဒေသနာတော် စသည်တို့၌ ဘုရားရှင် ဟောကြားထား တော်မူသောကြောင့် တဏှာသည် ထိုထိုအာရုံ ထိုထိုဘဝတို့၌ အလွန်နှစ်သက်ခြင်း ကိစ္စရသ ရှိပေသည်။ စိတ်၏
因为爱是令苦生起的集谛法,所以说爱以成为苦之因为特相。佛陀在《转法轮经》等教说中说爱“于此于彼欢喜”,即对各个所缘、各个生命高度喜爱,所以爱以这种高度喜爱为作用。心——
原书第 611 页
လက္ခဏာဒိစတုက္ကပိုင်း -- ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်များ အခန်း လည်းကောင်း၊ တစ်နည်း ပုဂ္ဂိုလ်၏လည်းကောင်း ရူပါရုံ အစရှိသော အာရုံတို့၌ မတင်းတိမ်နိုင် မရောင့်ရဲနိုင်သည့် အဖြစ်ဖြင့် ဖြစ်တတ်၍ ယင်းတဏှာကို ဝိပဿနာဉာဏ်ဖြင့် ယူအပ်ရကား အတိတ္တိဘာဝပစ္စုပဋ္ဌာနာ = စိတ်၏ (ဝါ) ပုဂ္ဂိုလ်၏ ထိုထိုအာရုံ ထိုထိုဘဝတို့၌ မတင်းတိမ် မရောင့်ရဲနိုင်သည့် သဘောတရားအဖြစ်ဖြင့် ယောဂီတို့၏ ဉာဏ်တွင် ရှေးရှူ ထင်လာပေသည်။ ထိုတဏှာမှာလည်း ရူပတဏှာ စသည်ဖြင့် (၆)မျိုးပြားသဖြင့် အောက်ပါ အတိုင်း (၆)မျိုးပင် ခွဲ၍ ရှုလိုပါကလည်း ခွဲရှုပါ။
——或者人,对色所缘等不能知足、不能满足;瑜伽行者以观智观取爱时,它便在智中显现为心或人对各个所缘、各个生命不能知足、不能满足的法。爱又可依色爱等分为六种,若想分别观照,可依下述方法。
ရူပတဏှာ
色爱
၁။ ဒုက္ခ၏ အကြောင်းဖြစ်ခြင်းသဘော လက္ခဏ၊ ၂။ ရူပါရုံ၌ အလွန် နှစ်သက်ခြင်း (ကိစ္စ) ရသ၊ ၃။ စိတ်၏ (ဝါ) ပုဂ္ဂိုလ်၏ ရူပါရုံ၌ မတင်းတိမ် မရောင့်ရဲနိုင်သည့် သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ စက္ခုသမ္ဖဿဇာဝေဒနာ = စက္ခုသမ္ဖဿ ပစ္စယာ ဝေဒနာ ပဒဋ္ဌာန်။
一、以成为苦之因为特相。二、以高度喜爱色所缘为作用。三、以心或人对色所缘不能知足、不能满足为现起。四、以眼触生受——即缘于眼触而生的受——为近因。
သဒ္ဒတဏှာ
声爱
၁။ ဒုက္ခ၏ အကြောင်းဖြစ်ခြင်းသဘော လက္ခဏ၊ ၂။ သဒ္ဒါရုံ၌ အလွန် နှစ်သက်ခြင်း (ကိစ္စ) ရသ၊ ၃။ စိတ်၏ (ဝါ) ပုဂ္ဂိုလ်၏ သဒ္ဒါရုံ၌ မတင်းတိမ် မရောင့်ရဲနိုင်သည့် သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ သောတသမ္ဖဿဇာဝေဒနာ = သောတသမ္ဖဿ ပစ္စယာ ဝေဒနာ ပဒဋ္ဌာန်။
一、以成为苦之因为特相。二、以高度喜爱声所缘为作用。三、以心或人对声所缘不能知足、不能满足为现起。四、以耳触生受——即缘于耳触而生的受——为近因。
ဂန္ဓတဏှာ
香爱
၁။ ဒုက္ခ၏ အကြောင်းဖြစ်ခြင်းသဘော လက္ခဏ၊ ၂။ ဂန္ဓာရုံ၌ အလွန် နှစ်သက်ခြင်း (ကိစ္စ) ရသ၊ ၃။ စိတ်၏ (ဝါ) ပုဂ္ဂိုလ်၏ ဂန္ဓာရုံ၌ မတင်းတိမ် မရောင့်ရဲနိုင်သည့် သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ ဃာနသမ္ဖဿဇာဝေဒနာ = ဃာနသမ္ဖဿ ပစ္စယာ ဝေဒနာ ပဒဋ္ဌာန်။
一、以成为苦之因为特相。二、以高度喜爱香所缘为作用。三、以心或人对香所缘不能知足、不能满足为现起。四、以鼻触生受——即缘于鼻触而生的受——为近因。
ရသတဏှာ
味爱
၁။ ဒုက္ခ၏ အကြောင်းဖြစ်ခြင်းသဘော လက္ခဏ၊ ၂။ ရသာရုံ၌ အလွန် နှစ်သက်ခြင်း (ကိစ္စ) ရသ၊ ၃။ စိတ်၏ (ဝါ) ပုဂ္ဂိုလ်၏ ရသာရုံ၌ မတင်းတိမ် မရောင့်ရဲနိုင်သည့် သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ ဇိဝှါသမ္ဖဿဇာဝေဒနာ = ဇိဝှါသမ္ဖဿ ပစ္စယာ ဝေဒနာ ပဒဋ္ဌာန်။
一、以成为苦之因为特相。二、以高度喜爱味所缘为作用。三、以心或人对味所缘不能知足、不能满足为现起。四、以舌触生受——即缘于舌触而生的受——为近因。
ဖောဋ္ဌဗ္ဗတဏှာ
触爱
၁။ ဒုက္ခ၏ အကြောင်း ဖြစ်ခြင်းသဘော လက္ခဏ၊ ၂။ ဖောဋ္ဌဗ္ဗာရုံ၌ အလွန် နှစ်သက်ခြင်း (ကိစ္စ) ရသ၊ ၃။ စိတ်၏ (ဝါ) ပုဂ္ဂိုလ်၏ ဖောဋ္ဌဗ္ဗာရုံ၌ မတင်းတိမ် မရောင့်ရဲနိုင်သည့် သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ ကာယသမ္ဖဿဇာဝေဒနာ = ကာယသမ္ဖဿ ပစ္စယာ ဝေဒနာ ပဒဋ္ဌာန်။
一、以成为苦之因为特相。二、以高度喜爱触所缘为作用。三、以心或人对触所缘不能知足、不能满足为现起。四、以身触生受——即缘于身触而生的受——为近因。
原书第 612 页
ဓမ္မတဏှာ
法爱
၁။ ဒုက္ခ၏ အကြောင်းဖြစ်ခြင်းသဘော လက္ခဏ၊ ၂။ ဓမ္မာရုံ၌ အလွန် နှစ်သက်ခြင်း (ကိစ္စ) ရသ၊ ၃။ စိတ်၏ (ဝါ) ပုဂ္ဂိုလ်၏ ဓမ္မာရုံ၌ မတင်းတိမ် မရောင့်ရဲနိုင်သည့် သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ မနောသမ္ဖဿဇာဝေဒနာ = မနောသမ္ဖဿ ပစ္စယာ ဝေဒနာ ပဒဋ္ဌာန်။
一、以成为苦之因为特相。二、以高度喜爱法所缘为作用。三、以心或人对法所缘不能知足、不能满足为现起。四、以意触生受——即缘于意触而生的受——为近因。
မှတ်ချက် --- အတိတ်အကြောင်းတရား (၅)ပါးကြောင့် ပစ္စုပ္ပန်အကျိုးတရား (၅)ပါး ဖြစ်၍၊ ပစ္စုပ္ပန်အကြောင်း တရား (၅)ပါးကြောင့် အနာဂတ်အကျိုးတရား (၅)ပါး ဖြစ်၏ --- ဟူသော ဒေသနာတော်များနှင့်အညီ ပစ္စုပ္ပန် တဏှာသည် အနာဂတ်ခန္ဓာကို ဖြစ်စေမည့် အကြောင်းတရားပိုင်းတွင် အကျုံးဝင်၍ ပစ္စုပ္ပန်ခန္ဓာ (၅)ပါးကို ဖြစ်စေသော တဏှာသည် အတိတ်အကြောင်းတရားပိုင်းတွင် အကျုံးဝင်ပေသည်။ ထိုကြောင့် ပစ္စုပ္ပန်တဏှာ သည် အနာဂတ်ခန္ဓာကို ဖြစ်စေမည့် ဝဋ္ဋကထာပိုင်းတွင် အကျုံးဝင်သည်ကိုလည်းကောင်း၊ အတိတ်ဘဝက တဏှာသည် ပစ္စုပ္ပန်ခန္ဓာကို ဖြစ်စေသည့် ဝဋ္ဋကထာပိုင်းတွင် အကျုံးဝင်သည်ကိုလည်းကောင်း သတိပြုပါ။
注——依“过去五因生现在五果,现在五因生未来五果”等教说,现在爱摄属于产生未来诸蕴的因法;而产生现在五蕴的爱,摄属于过去因法。因此应当注意:现在爱摄在产生未来诸蕴的轮转论中,过去世的爱则摄在产生现在诸蕴的轮转论中。
ပစ္စုပ္ပန်တဏှာကို ရှုရာ၌ အနာဂတ်ခန္ဓာကို ဖြစ်စေမည့် အကြောင်းတရားပိုင်းတွင် အကျုံးဝင်နေသည်ကိုကား မမေ့ပါနှင့်။ တဏှာနှင့်တကွသော ဆိုင်ရာအကြောင်းတရားများနှင့် ဆိုင်ရာအကျိုးတရားများကို အကြောင်း အကျိုး စပ်တတ်ဖို့ကား အရေးကြီးလှသော အပိုင်းကဏ္ဍပင် ဖြစ်သည်။
观照现在爱时,不要忘记它摄属于产生未来诸蕴的因法。能把与爱相伴的相应因法和相应果法正确联结为因果,是极其重要的一环。
၉။ ဥပါဒါန
九、取
၁။ ဂဟဏလက္ခဏံ ဥပါဒါနံ၊ ၂။ အမုဉ္စနရသံ၊ ၃။ တဏှာဒဠှတ္တဒိဋ္ဌိပစ္စုပဋ္ဌာနံ၊ ၄။ တဏှာပဒဋ္ဌာနံ။ (အဘိ-ဋ္ဌ-၂-၁၂၉။ ဝိသုဒ္ဓိ-၂-၁၆ဝ။) ၁။ အာရုံကို ပြင်းစွာစွဲလမ်းခြင်း = စွဲမြဲစွာယူခြင်းသဘော လက္ခဏ၊ ၂။ (တဏှာ ဒိဋ္ဌိတို့ဖြင့် အာရုံကို မှားမှားယွင်းယွင်း နှလုံးသွင်းခြင်း၏ အစွမ်းဖြင့်) အာရုံကို မလွှတ်ခြင်း (ကိစ္စ) ရသ၊ ၃။ (က) တဏှာ၏ ခိုင်မြဲမှု သဘောတရား (ကာမုပါဒါန်အတွက်) ( ခ ) ဒိဋ္ဌိ = အယူမှားမှု သဘောတရား (ကျန်ဥပါဒါန် သုံးပါးအတွက်) ပစ္စုပဋ္ဌာန်၊ ၄။ တဏှာ ပဒဋ္ဌာန်။
四法如下:一、取以执取为特相;二、以不放舍为作用;三、以爱的坚固性或见为现起;四、以爱为近因。(《阿毗达磨义注》2-129;《清净之道》2-160。)一、以强烈黏著所缘、牢固执取为特相。二、由于爱与见错误作意所缘,以不放舍所缘为作用。三、甲、对欲取,以爱的坚固性为现起;乙、对其余三取,以见——即错误见解——为现起。四、以爱为近因。
ဥပါဒါန် လေးမျိုး
四种取
၁။ ကာမုပါဒါန် --- အာရုံငါးပါး ကာမဂုဏ်တရားတို့၌ ထိုထို ဘုံဘဝ၌ ပြင်းစွာစွဲလမ်းခြင်း စွဲမြဲစွာယူခြင်း သဘောတရား၊ ၂။ ဒိဋ္ဌုပါဒါန် --- အတ္တဝါဒုပါဒါန် သီလဗ္ဗတုပါဒါန် နှစ်မျိုးမှလွဲ၍ ကြွင်းကျန်သော မှားယွင်းသော မိစ္ဆာဒိဋ္ဌိ အယူဝါဒ အမျိုးမျိုး၌ ပြင်းစွာစွဲလမ်းခြင်း စွဲမြဲစွာယူခြင်းသဘော၊ ၃။ သီလဗ္ဗတုပါဒါန် --- နွားအကျင့် ခွေးအကျင့် စသည့် မှားယွင်းသည့် ဝတအကျင့်ဖြင့် ကိလေသာတို့မှ စင်ကြယ်နိုင်၏ သံသရာမှ လွတ်မြောက်နိုင်၏ဟု ပြင်းစွာစွဲလမ်းခြင်း စွဲမြဲစွာယူခြင်း သဘောတရား၊
一、欲取——对五所缘欲功德及各个生命强烈黏著、牢固执取。二、见取——除我论取与戒禁取之外,对其余各种错误邪见学说强烈黏著、牢固执取。三、戒禁取——牢固执取错误见解,认为依牛行、狗行等错误戒禁便能清净烦恼、脱离轮回。
原书第 613 页
လက္ခဏာဒိစတုက္ကပိုင်း -- ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်များ အခန်း ၄။ အတ္တဝါဒုပါဒါန် --- (က) ဖန်ဆင်းရှင်ပရမအတ္တ၊ ( ခ ) အဖန်ဆင်းခံရသော ဇီဝအတ္တ ရှိ၏ စသည်ဖြင့် အတ္တဝါဒကို လက်ခံသော အတ္တဝါဒကို ပြင်းစွာစွဲလမ်းခြင်း စွဲမြဲစွာယူခြင်း သဘောတရား၊ ဤသို့အားဖြင့် ဥပါဒါန် (၄)မျိုး ရှိပေသည်။ ယောဂါဝစရပုဂ္ဂိုလ်သည် မိမိ၏ ရုပ်နာမ်သန္တာန်အစဥ်၌ ဖြစ် ပေါ်ခဲ့ဖူးသော၊ ဖြစ်ပေါ်ဆဲ ဖြစ်သော၊ ဖြစ်ပေါ်လတ္တံ့ ဖြစ်သော ဥပါဒါန်ကို ရွေးချယ်၍ ရှုရန် ဖြစ်သည်။ အတိတ် အကြောင်းတရား (၅)ပါးတို့တွင် ပါဝင်သော ဥပါဒါန်သည် ဥပါဒါန် (၄)မျိုးတို့တွင် မည်သို့သော ဥပါဒါန် ဖြစ်ခဲ့ သည်ကို ရွေးချယ်စိစစ်၍ ရှုပါ။ တစ်ဖန် ပစ္စုပ္ပန်အကြောင်းတရား (၅)ပါးတို့တွင် အထူးသဖြင့် ကောင်းမှုကုသိုလ် တစ်ခုခုကို ပြု၍ အနာဂတ်ဘဝအတွက် ဆုတောင်းပန်ထွာစဥ် မည်သည့်ဥပါဒါန်တရားတို့သည် ဖြစ်ပေါ်ခဲ့သည်
四、我论取——牢固执取我论,承认有造物者最高我、被造的生命我等。取共有这四种。瑜伽行者应从自己色名相续中,择取过去曾生、现在正生、未来将生的取而观照。过去五因中的取,究竟属于四取中哪一种,应分别审查而观照。对于现在五因,尤其在造作某种善业并为未来生命发愿时,也应审查当时生起的是哪一种取——
ဖြစ်ပေါ်နေသည်ကို စိစစ်စူးစမ်း၍ ရှုပါ။ အကယ်၍ အသင်သူတော်ကောင်းအတွက် ဒုတိယအနာဂတ်ဘဝ စသည့် အနာဂတ်ဘဝများ ထင်ရှားရှိနေသေးလျှင်လည်း ပထမအနာဂတ် စသည်၌ ဖြစ်ပေါ်လတ္တံ့သော ဥပါဒါန် ကိုလည်း အလားတူပင် ရွေးချယ်စိစစ် စူးစမ်းရှာဖွေ၍ ရှုပါ။
——或现在正生起的是哪一种取。若贤善者仍明显看见第二未来世等未来生命,也应同样辨取、审查、探究将在第一未来世等生起的取而观照。
ပစ္စုပဋ္ဌာန် --- တဏှာဒဠှတ္တံ ဟုတွာ ကာမုပါဒါနံ၊ သေသာနိ ဒိဋ္ဌိ ဟုတွာ ဥပဋ္ဌဟန္တီတိ တဏှာဒဠှတ္တ- ဒိဋ္ဌိပစ္စုပဋ္ဌာနာ။ (မူလဋီ-၂-၉၁။) ယောဂါဝစရပုဂ္ဂိုလ်သည် ကာမုပါဒါန်ကို ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်းရှုပွားသောအခါ ယင်းကာမုပါ- ဒါန်ကို ခိုင်မြဲသော တဏှာအဖြစ်ဖြင့် ဉာဏ်တွင် ရှေးရှူ ထင်လာပေသည်။ ကြွင်းကျန်သော ဥပါဒါန် သုံးပါးကို သို့မဟုတ် ယင်းဥပါဒါန် သုံးမျိုးတို့တွင် တစ်မျိုးမျိုးကို ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်း ရှုပွားလိုက်သောအခါ ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင် မှားယွင်းသော မိစ္ဆာဒိဋ္ဌိအဖြစ်ဖြင့် ရှေးရှူ ထင်လာပေသည်။ (မူလဋီ-၂-၉၁။)
现起——欲取以爱的坚固性现起,其余诸取则以见现起,所以说“以爱的坚固性或见为现起”。(《根本复注》2-91。)瑜伽行者以观智摄取、观修欲取时,欲取在智中显现为坚固的爱;以观智摄取、观修其余三取或其中任何一种时,它们则在智中显现为错误的邪见。(《根本复注》2-91。)
၁ဝ။ ဘဝ
十、有
၁။ ကမ္မကမ္မဖလလက္ခဏော ဘဝေါ၊ ၂။ ဘာဝနဘဝနရသော၊ ၃။ ကုသလာကုသလာဗျာကတပစ္စုပဋ္ဌာနော၊ ၄။ ဥပါဒါနပဒဋ္ဌာနော။ (အဘိ-ဋ္ဌ-၂-၁၂၉။ ဝိသုဒ္ဓိ-၂-၁၆ဝ။) ကမ္မုပပတ္တိဘဝဝသေန ဘဝဿ လက္ခဏာဒယော ယောဇေတဗ္ဗာ။ (မူလဋီ-၂-၉၁။) မှတ်ချက် --- အထက်ပါ အဋ္ဌကထာများ၌ ဘဝအရ (၁) ကမ္မဘဝ (၂) ဥပပတ္တိဘဝ နှစ်မျိုးလုံးကိုပင် စု ပေါင်း၍ တစ်ပေါင်းတည်း ရေးသားတင်ပြထားတော်မူ၏။ သို့အတွက် ဉာဏ်နုသူများအတွက် ရှုကွက်ကို သဘော ပေါက်နိုင်ရန် ခွဲ၍ ရှုရမည့် ရှုကွက်ကို ထပ်မံ ရေးသားတင်ပြအပ်ပါသည်။
四法如下:一、有以业及业果为特相;二、以使之存在及存在为作用;三、以善、不善、无记为现起;四、以取为近因。(《阿毗达磨义注》2-129;《清净之道》2-160。)有的特相等,应依业有与生有分别配合。(《根本复注》2-91。)注——上述义注把业有与生有两者合在一起说明。为使智慧尚弱者能够理解观法,下面重新分别说明。
(က) ကမ္မဘဝ
(甲)业有
၁။ ကမ္မလက္ခဏော ကမ္မဘဝေါ၊ ၂။ ဘာဝနရသော၊ ၃။ ကုသလာကုသလပစ္စုပဋ္ဌာနော၊ ၄။ ဥပါဒါနပဒဋ္ဌာနော။
四法如下:一、业有以业为特相;二、以使生有生起为作用;三、以善、不善为现起;四、以取为近因。
原书第 614 页
၁။ ကံဟူသောသဘော = ကံဖြစ်ခြင်းသဘော လက္ခဏ၊ ၂။ ဥပပတ္တိဘဝကို ဖြစ်စေခြင်း (ကိစ္စ) ရသ၊ ၃။ ကုသိုလ် + အကုသိုလ် သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ ဥပါဒါန် ပဒဋ္ဌာန်။
一、以业的性质——即成为业——为特相。二、以使生有生起为作用。三、以善、不善法为现起。四、以取为近因。
( ခ ) ဥပပတ္တိဘဝ
(乙)生有
၁။ ကမ္မဖလလက္ခဏော ဥပပတ္တိဘဝေါ၊ ၂။ ဘဝနရသော၊ ၃။ အဗျာကတပစ္စုပဋ္ဌာနော၊ ၄။ ဥပါဒါနပဒဋ္ဌာနော။ (အဘိ-ဋ္ဌ-၂-၁၂၉။ ဝိသုဒ္ဓိ-၂-၁၆ဝ။) ၁။ ကမ္မဖလ = ကံ၏ အကျိုးဟူသောသဘော = ကံ၏ အကျိုးဖြစ်ခြင်းသဘော လက္ခဏ၊ ၂။ ကံကြောင့်ဖြစ်ခြင်း (ကိစ္စ) ရသ၊ ၃။ ကုသိုလ် အကုသိုလ် မဟုတ်သော ဝိပါက်အဗျာကတ သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ ဥပါဒါန် ပဒဋ္ဌာန်။
四法如下:一、生有以业果为特相;二、以由业使其存在为作用;三、以无记为现起;四、以取为近因。(《阿毗达磨义注》2-129;《清净之道》2-160。)一、以作为业果为特相。二、以由业而生为作用。三、以非善、非不善的果报无记法为现起。四、以取为近因。
ရှုကွက်ကို သတိပြုရန်
应注意观法
သံသရာခရီးကား ရှည်လျားလှ၏။ ရံခါ ကုသိုလ်ကံက အကျိုးပေး၍ သုဂတိဘဝ၌ စံရသော်လည်း ရံခါ အကုသိုလ်ကံက အကျိုးပေး၍ ဒုဂ္ဂတိဘဝ၌ ခံခဲ့ရသည်လည်း များစွာပင် ရှိပေသည်။ ကုသိုလ်ကမ္မဘဝကြောင့် ကုသလဝိပါက် ဥပပတ္တိဘဝ၊ အကုသိုလ်ကမ္မဘဝကြောင့် အကုသလဝိပါက် ဥပပတ္တိဘဝများသည် ထိုက်သလို ဖြစ်ခဲ့ကြ၏။ သံသရာခရီး မဆုံးသေးက အနာဂတ်၌လည်း နည်းတူပင်တည်း။ အသင်သူတော်ကောင်းသည် မိမိ၏ သံသရာခရီးစဥ်၌ ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်လတ္တံ့အတိုင်းသာ ရှုပါ။
轮回之旅极其漫长。有时善业结果,在善趣生命中享受果报;有时不善业结果,在恶趣生命中受苦,这样的经历也非常多。缘善业有,相应的善果生有生起;缘不善业有,相应的不善果生有生起。若轮回旅程尚未结束,未来也同样如此。贤善者应依自己轮回旅程中实际已经生起、正在生起、将要生起的情形观照。
၁၁။ ဇာတိ
十一、生
၁။ တတ္ထ တတ္ထ ဘဝေ ပဌမာဘိနိဗ္ဗတ္တိလက္ခဏာ ဇာတိ၊ ၂။ နိယျာတနရသာ၊ ၃။ အတီတဘဝတော ဣဓ ဥမ္မုဇ္ဇနပစ္စုပဋ္ဌာနာ၊ ဖလဝသေန ဒုက္ခဝိစိတ္တတာပစ္စုပဋ္ဌာနာ ဝါ။
四法如下:一、生以在各个生命中最初新生为特相;二、以交付为作用;三、以从过去生命浮现于今生为现起;换一种说法,从结果而言,以产生诸苦差别为现起。
၄။(ကမ္မဘဝပဒဋ္ဌာနာ။) (အဘိ-ဋ္ဌ-၂-၉ဝ။ ဝိသုဒ္ဓိ-၂-၁၃ဝ။) ၁။ ထိုထိုဘဝ၌ တစ်ခုသော ဘဝဖြင့် ပိုင်းခြားအပ်သော ခန္ဓာအစဥ်၏ လက်မွန်အစ အသစ်ဖြစ်ခြင်း = ရှေ့ဦးစွာ ထင်ရှားဖြစ်ခြင်းသဘော လက္ခဏ၊ ၂။(ထိုတစ်ခုသော ဘဝဖြင့် ပိုင်းခြားအပ်သော ခန္ဓာအစဥ်ကို ဝဋ်သား သတ္တဝါအား ရော့ ယူလောဟု) ဆောင်နှင်း ပေးအပ်သကဲ့သို့ ဖြစ်ခြင်း (ကိစ္စ) ရသ၊ ၃။ အခြားမဲ့ အတိတ်ဘဝမှ ဤပစ္စုပ္ပန်ဘဝ၌ ခန္ဓာအစဥ်ကို ထင်ရှား ဖော်တတ်သော = ပေါ်လာစေတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊ တစ်နည်း ဒုက္ခအစု၏ ဆန်းကြယ်သည်၏အဖြစ်ဟူသော အကျိုးကို ဖြစ်စေတတ်၏-- (ဖလ) ပစ္စုပဋ္ဌာန်၊
续释:四、以业有为近因。(《阿毗达磨义注》2-90;《清净之道》2-130。)一、以在各个生命中,一个生命所界定的蕴相续刚开始新生、最初显现为特相。二、仿佛把这一个生命所界定的蕴相续交给轮回有情,说“拿去吧”,以这样交付为作用。三、以令蕴相续从紧邻的过去世显现、浮现于今生为现起;换一种说法,以产生一组苦之种种差别为结果现起。
原书第 615 页
လက္ခဏာဒိစတုက္ကပိုင်း -- ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်များ အခန်း ၄။ ကမ္မဘဝ ပဒဋ္ဌာန်။
四、以业有为近因。
လက္ခဏ --- တစ်ခုသော ဘဝဖြင့် ပိုင်းခြားအပ်သော တစ်ခုသောဘဝ၌ အကျုံးဝင်သော ခန္ဓာအစဥ်၏ ရှေးဦးအစဖြစ်ခြင်း ဖြစ်၍ ဖြစ်ကုန်သောခန္ဓာတို့သည်ကား ပဋိသန္ဓေခန္ဓာတို့ပင်တည်း။ ထိုကြောင့် ဇာတိကို ပဌမာ- ဘိနိဗ္ဗတ္တိ လက္ခဏာ = လက်မွန်အစ အသစ်ဖြစ်ခြင်း = ရှေ့ဦးစွာ ထင်ရှားဖြစ်ခြင်း သဘောလက္ခဏာ ရှိ၏ဟု အဋ္ဌကထာဆရာတော်က ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်သည်။ (မူလဋီ-၂-၆၁။) ရသ --- ထိုခန္ဓာအစဥ်ကိုပင်လျှင် ဝဋ်သားသတ္တဝါအား ''ရော့ ယူလော့'' - ဟု အပ်နှင်းသကဲ့သို့ လက်ခံ စေသကဲ့သို့ ဖြစ်သောကြောင့် --- နိယျာတနရသာ = အပ်နှင်းခြင်း ကိစ္စရှိ၏ဟု ဆိုသည်။(မူလဋီ-၂-၆၁၊၊) ပစ္စုပဋ္ဌာန် --- ယင်းဇာတိကို ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်းရှုပွားလိုက်သောအခါ လွန်လေပြီးသော အတိတ် ဘဝမှ ဤပစ္စုပ္ပန်ဘဝ၌ ထိုရုပ်နာမ်ခန္ဓာအစဥ်ကိုပင် ပေါ်လှာအောင် ဖော်သကဲ့သို့ ဖြစ်၍ ပေါ်လှာအောင် ဖော်
特相——一个生命所界定、摄属于该生命的蕴相续,其最初开端就是结生诸蕴。因此,义注师解释生以“最初新生”为特相,即刚开始新生、最初显现。(《根本复注》2-61。)作用——生仿佛把这蕴相续交给轮回有情、令其接受,说“拿去吧”,所以说它以交付为作用。(《根本复注》2-61。)现起——瑜伽行者以观智摄取、观修生时,生仿佛令色名蕴相续从已经过去的前生浮现于今生;智把它辨取为令蕴相续——
သည်၏ အဖြစ်ဖြင့် ဉာဏ်ဖြင့် ပိုင်းခြားယူအပ်၏၊ ထိုကြောင့် ဥမ္မုဇ္ဇနပစ္စုပဋ္ဌာနာ = ခန္ဓာအစဥ်ကို ပေါ်လှာအောင် ထင်ရှားဖော်တတ်သောတရားဟု ယောဂီတို့၏ ဉာဏ်တွင် ရှေးရှူ ထင်လာ၏။ ဥပဋ္ဌာနာကာရ ပစ္စုပဋ္ဌာန်တည်း။
——浮现的状态。因此,生在瑜伽行者的智中显现为使蕴相续浮现、显著出现的法;这是行相现起。
တစ်နည်း ခန္ဓာအစဥ်ကို ထင်ရှား ပေါ်လှာအောင် ဖော်ပေးတတ်သော သဘောတရားဟု ယောဂီတို့၏ ဉာဏ်အား ရှေးရှူ ထင်လာတတ်၏။ ဥပဋ္ဌာနာကာရ ပစ္စုပဋ္ဌာန်ပင်တည်း။
换一种说法,生在瑜伽行者的智中显现为能令蕴相续明显浮现的法;这同样是行相现起。
ဇာတိကြောင့် ဇာတိ၏ နောက်ဆွယ်တွင် နောက်နောက်အခါ၌ ဆက်လက်၍ဖြစ်မည့် ဒုက္ခအစု၏ ထူးထွေ ဆန်းပြားသည်၏အဖြစ်သည် ဒုက္ခဝိစိတ္တတာ မည်၏။ တစ်နည်း ဒုက္ခ၏ အထူးဖြစ်ကုန်သော ထိုဒုက္ခစု၏ အစိတ် အပိုင်းတို့သည် ဒုက္ခဝိစိတ္တတာ မည်၏။ ထိုဒုက္ခအစု၏ ထူးထွေဆန်းပြားသည်၏အဖြစ်ကို တစ်နည်း ထိုဒုက္ခအစု၏ အစိတ်အပိုင်း ဖြစ်သော ဒုက္ခအထူးကို ရှေးရှူ ဖြစ်စေတတ်၏၊ သီးတတ်၏၊ ထိုကြောင့် ဒုက္ခဝိစိတ္တတာ ပစ္စုပဋ္ဌာနာ = ဒုက္ခအစု၏ ဆန်းကြယ်သည်၏အဖြစ်ဟူသော အကျိုးကို ဖြစ်စေတတ်၏။ ဖလပစ္စုပဋ္ဌာန်တည်း။ ဇာတိပိဒုက္ခာ ဟူသည်နှင့်အညီ ဇာတိကို အကြောင်းခံ၍ နောက်နောက် ဒုက္ခအကျိုး အမျိုးမျိုးတို့ကို ဖြစ်စေတတ်သည် ဟူလို။
由于有生,随生而来的种种苦便在以后相继发生;一组苦的种种差别称为“苦差别”。换一种说法,一组苦中各类特殊的部分,也称为苦差别。生会使这组苦的种种差别,或其中某种特殊痛苦,在后面生起、结出果实,所以说生以产生一组苦的种种差别为现起;这是结果现起。“生也是苦”,意思正是以生为因,会在后面产生种种苦果。
(မူလဋီ-၂-၆၂။)
(《根本复注》2-62。)
ပဒဋ္ဌာန် --- အဋ္ဌကထာများ၌ ပဒဋ္ဌာန်ကို သီးသန့်ဖော်ပြချက် မရှိသော်လည်း -- ဘဝ ပစ္စယာ ဇာတိ -- ဟု ဟောတော်မူသည်နှင့်အညီ ဘဝသည် ဇာတိ၏ အနီးကပ်ဆုံးအကြောင်း ပဒဋ္ဌာန် ဖြစ်ပေသည်။ ရှေးပဋိစ္စ- သမုပ္ပါဒ်ပိုင်းတွင် ရှင်းလင်းတင်ပြခဲ့သည့်အတိုင်း --- ဘဝေါတိ ပနေတ္ထ ကမ္မဘဝေါဝ အဓိပ္ပေတော။ (အဘိ-ဋ္ဌ-၂-၁၇၈။) ဟူသော အဋ္ဌကထာအဖွင့်များနှင့်အညီ ကမ္မဘဝ ဥပပတ္တိဘဝဟု ဘဝ နှစ်မျိုးရှိရာ --- ဥပါဒါန ပစ္စယာ ဘဝေါ --- ၌ ဘဝအရ ကမ္မဘဝ ဥပပတ္တိဘဝ နှစ်မျိုးလုံးကိုပင် အရကောက်ယူရသော်လည်း --- ဘဝ ပစ္စယာ ဇာတိ --- ၌ ဘဝအရ ကမ္မဘဝကိုသာ အရကောက်ယူရပေသည်။ ထိုကြောင့် ကမ္မဘဝသည် ဇာတိ၏ အနီးကပ် ဆုံးသောအကြောင်း ပဒဋ္ဌာန် ဖြစ်ပေသည်ဟု ဤကျမ်း၌ ရေးသားတင်ပြခြင်း ဖြစ်ပေသည်။
近因——义注虽未另列生的近因,但依“缘有而有生”的教说,有就是生最亲近的原因、近因。如前缘起篇所说明,依义注“这里所谓有,只指业有”(《阿毗达磨义注》2-178),有虽分业有与生有两种,在“缘取而有有”中两者都应包括;但在“缘有而有生”中,有只取业有。因此,本书把业有列为生最亲近的原因、近因。
၁၂။ ဇရာ
十二、老
၁။ ခန္ဓပရိပါကလက္ခဏာ ဇရာ၊ ၂။ မရဏူပနယနရသာ၊ ၃။ ယောဗ္ဗန္နဝိနာသပစ္စုပဋ္ဌာနာ၊ ၄။(ဇာတိပဒဋ္ဌာနာ။) (အဘိ-ဋ္ဌ-၂-၉၄။ ဝိသုဒ္ဓိ-၂-၁၃၂။)
四法如下:一、老以诸蕴成熟为特相;二、以导向死亡为作用;三、以破坏青春为现起;四、以生为近因。(《阿毗达磨义注》2-94;《清净之道》2-132。)
原书第 616 页
၁။ တစ်ခုသောဘဝ၌ အကျုံးဝင်သော ခန္ဓာတို့၏ ရင့်ရော်ဟောင်းမြင်းသည်၏ အဖြစ်ဟူသော ရင့်ကျက်ခြင်းသဘော လက္ခဏ၊ ၂။ သေခြင်း = ပျက်ခြင်း မရဏသို့ ကပ်၍ဆောင်ခြင်း (ကိစ္စ) ရသ၊ ၃။ အရွယ်ကောင်းသည်၏ အဖြစ်ကို ဖျက်ဆီးတတ်သော သဘောတရား = ကောင်းသောအရွယ်၏ ပျက်စီးကြောင်း သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။(ဇာတိ) ပဒဋ္ဌာန်။
四法释义如下:一、以一个生命中的诸蕴衰老、陈旧这种成熟状态为特相。二、以把诸蕴带向死亡、坏灭为作用。三、以破坏壮年、令美好年龄毁坏为现起。四、以生为近因。
ပဒဋ္ဌာန် --- အဋ္ဌကထာများ၌ ပဒဋ္ဌာန်ကို မဖော်ပြထားပါ။ ဇာတိပစ္စယာ ဇရာမရဏံ --- စသည်ဖြင့် ဟောကြားထားတော်မူခြင်းကြောင့် ဇာတိကို ဇရာ၏ ပဒဋ္ဌာန်အဖြစ် ဤကျမ်း၌ တင်ပြထားပါသည်။ ဤဇာတိ- ဇရာနှင့် လာမည့် မရဏတို့ကို ရှုရာ၌ သမုတိသစ္စာ ပရမတ္ထသစ္စာ နှစ်မျိုးလုံး၌ ရှုနိုင်ပါသည်။ ရုပ်ကလာပ်တစ်ခု၏ အတွင်း၌ သို့မဟုတ် နာမ်ကလာပ်တစ်ခု၏ အတွင်း၌ တည်ရှိကြသော ရုပ်ပရမတ် နာမ်ပရမတ်တရားတို့၏ ဖြစ်မှု တည်မှု ပျက်မှုကို အာရုံယူ၍လည်း ရှုနိုင်ပါသည်။ ပရမတ္ထသစ္စာနယ် ဇာတိ ဇရာ မရဏတည်း။ ဘဝ တစ်ခုဖြင့် ပိုင်းခြားအပ်သော အချိန်ကာလ၌ --- ပဋိသန္ဓေနေရမှု = ဇာတိ၊ အိုရမှု = ဇရာ၊ သေရမှု = မရဏတို့ကို အာရုံယူ၍လည်း ရှုနိုင်ပါသည်။ သမုတိသစ္စာနယ် ဇာတိ ဇရာ မရဏတည်း။
近因——义注没有列出老的近因;本书依“缘生而有老死”等教说,把生列为老的近因。观照生、老以及下文的死时,可以在世俗谛与胜义谛两方面观照。取一个色聚或一个名聚内胜义色法、名法的生、住、灭为所缘而观照,是胜义谛范围内的生、老、死;取一个生命所界定的时段中结生为生、衰老为老、死亡为死而观照,是世俗谛范围内的生、老、死。
အသက်အရွယ် ကြီးရင့်လာသောအခါ လှည်းအိုကြီးသည် ဝန်ကို မဆောင်နိုင်တော့သကဲ့သို့ အိုမင်းမစွမ်း ဖြစ်လာသော ခန္ဓာကိုယ် အတ္တဘောသည်လည်း မိမိ တာဝန်ကိုမျှ မထမ်းဆောင်နိုင်တော့၊ လက် ခြေ စသော ကိုယ်အင်္ဂါ အစိတ်အပိုင်းတို့သည်လည်း လျော့လျော့ရဲရဲ ပျော့ပျော့အိအိ ဖြစ်လာကြကုန်၏။ မျက်စိကလည်း မှုန်လာ၏၊ နားကလည်း ထိုင်းလာ၏၊ နှာခေါင်းကလည်း အနံ့မရ ဖြစ်လာ၏၊ လျှာကလည်း အရသာကို ကောင်း စွာ မယူနိုင် ဖြစ်လာ၏၊ ကိုယ်၏ အတွေ့အထိ၌လည်း ထုံထိုင်းလာ၏၊ ကောင်းသော နုပျိုသောအရွယ်ကလည်း ရင့်ရော်လာ၏ ပျက်စီးလာ၏၊ ခွန်အားများလည်း ဆုတ်ယုတ်လာ၏၊ အိုလာသောအခါ သတိလည်း ရှေးတုန်းကလို မကောင်းတော့၊ သင်ကြားထားအပ်ခဲ့သော သုတတို့သည်လည်း မေ့လျော့ ပျောက်ပျက်ကုန်တော့၏၊ လုံ့လ ဝီရိယလည်း ရှေးတုန်းကလို မရှိတော့၊ နဂိုက အသိဉာဏ်ရှိပြီးသူပင် ဖြစ်စေကာမူ အသိဉာဏ် မရှိသကဲ့သို့ ဖြစ်
年龄渐长时,就像破旧的老车不能载重,老衰无力的身体也不能履行本身职责;手、脚等身体部分松弛软弱,眼睛昏花,耳朵失聪,鼻子嗅觉减退,舌头不能好好辨味,身体触觉迟钝;美好的青春衰退毁坏,体力减弱。衰老时,记忆不再像从前一样好,学过的知识也会忘失;精进不如往昔,即使原本有智慧,也可能变得仿佛没有智慧。
တတ်၏။ သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာ (= ဝိပဿနာပညာ) ဟူသော ဣန္ဒြေငါးပါး ဗိုလ်ငါးပါးတည်းဟူသော ဗလငါးတန် စွမ်းအားကြီးငါးရပ်တို့ အင်အားပြည့်ဝနေသော ပုထုဇန် သူတော်ကောင်းကြီးတို့သည်လည်းကောင်း၊ အရိယာသူတော်ကောင်းကြီးတို့သည်လည်းကောင်း သက်တော်ရွယ်တော် ကြီးရင့်သော်လည်း ဣန္ဒြေငါးပါးတို့ သည် လျော့ပါးကုန်သည်ဟူ၍ မရှိ၊ အမြဲတိုးပွားလျက်သာ ရှိကြ၏။ တစ်စထက်တစ်စ ရင့်ကျက်သထက်သာ ရင့်ကျက်လာကြ၏။ ထိုကြောင့် အိုဘေးဆိုးကြီး နာဘေးဆိုးကြီး သေဘေးဆိုးကြီး အပါယ်ဘေးဆိုးကြီးများကို ကြောက်ရွံ့ကြကုန်သော သူတော်ကောင်းမှန်သမျှတို့သည် မအိုမီ မနာမီ မသေမီ ဣန္ဒြေငါးပါးတို့ စွမ်းအား ကြီးမားအောင် ရင့်ကျက်အောင် ကြိုးစားသင့်လှပေသည်။ သူငယ်ပြန်လျက် သေကျေပျက်စီးရခြင်း သမ္မောဟ မရဏကား အလွန် ကြောက်မက်ဖွယ် ကောင်းလှ၏။ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို အပါယ်ဘေးဆိုးကြီးက ပြုံးရွှင်
然而,信、精进、念、定、慧——即观慧——这五根、五力,在根力充足的凡夫善人及圣者身上,即使年岁增长也不会减弱,只会不断增长,愈加成熟。因此,凡是畏惧老、病、死、恶趣诸大险难的善人,都应在未老、未病、未死以前,努力使五根强大成熟。返老还童般痴乱而死的“痴迷之死”极其可怕;这样的人,恶趣大险难往往会含笑——
စွာဖြင့် ခရီးဦး ကြိုဆိုနေတတ်ပေသည်။
——迎接。
မရဏ
死
၁။ စုတိလက္ခဏံ မရဏံ၊ ၂။ ဝိယောဂရသံ၊ ၃။ ဝိပ္ပဝါသပစ္စုပဋ္ဌာနံ။ (အဘိ-ဋ္ဌ-၂-၉၅။ ဝိသုဒ္ဓိ-၂-၁၃၃။) ၄။(ဇာတိပဒဋ္ဌာနံ။)
四法如下:一、死以死亡为特相;二、以分离为作用;三、以离去为现起;四、以生为近因。(《阿毗达磨义注》2-95;《清净之道》2-133。)
原书第 617 页
လက္ခဏာဒိစတုက္ကပိုင်း -- ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်များ အခန်း ၁။ တစ်ခုသောဘဝဖြင့် ပိုင်းခြားအပ်သော ခန္ဓာအစဥ်၏ ရွေ့လျောခြင်းသဘော = ပစ္စုပ္ပန်ဘဝမှ ရွေ့လျောခြင်းသဘော လက္ခဏ၊ ၂။ (က) ပြည့်စုံသော ဘဝခန္ဓာတို့နှင့် ကင်းခြင်း = ကင်းစေခြင်း (ကိစ္စ) ရသ၊ ( ခ ) တစ်နည်း --- ဘဝခန္ဓာတို့နှင့် ကွေကွင်းရခြင်းနှင့် ပြည့်စုံခြင်း (သမ္ပတ္တိ) ရသ၊ ၃။ ပစ္စုပ္ပန်ဘဝမှ = ရောက်ဆဲဂတိမှ ကွေကွင်းရခြင်း သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ (ဇာတိ) ပဒဋ္ဌာန်။
一、以一个生命所界定的蕴相续从今生移去为特相。二、甲、以和圆满的生命诸蕴分离、令其分离为作用;乙、换一种说法,以达到和生命诸蕴永别的状态为作用。三、以离开今生、离开当前所到之趣为现起。四、以生为近因。
သောက
愁
၁။ အန္တော နိဇ္ဈာနလက္ခဏော သောကော၊ ၂။ စေတသော ပရိနိဇ္ဈာယနရသော၊ ၃။ အနုသောစနပစ္စုပဋ္ဌာနော။ (အဘိ-ဋ္ဌ-၂-၉၇။ ဝိသုဒ္ဓိ-၂-၁၃၄။) ၁။ အတွင်း၌ လောင်မြိုက်ခြင်းသဘော လက္ခဏ၊ တစ်နည်း စိတ်၏ ပူပန်ခြင်းသဘော လက္ခဏ၊ ၂။ စိတ်ကို ထက်ဝန်းကျင် လောင်မြိုက်ခြင်း (ကိစ္စ) ရသ၊ ၃။ ဉာတိဗျသန စသည်တို့အားလျော်စွာ၊ တစ်နည်း ထိုဂုဏ် အပြစ်တို့အားလျော်စွာ အဖန်ဖန် စိုးရိမ်ခြင်း ဝမ်းနည်းခြင်း သဘောတရား ပစ္စုပဋ္ဌာန်၊ ဝိသာရရဟိတံ အန္တော ဧဝ သင်္ကုစိတံ စိန္တနံ၊ သုက္ခနံ ဝါ အန္တောနိဇ္ဈာနံ၊ ပရိနိဇ္ဈာယနံ ဒဟနံ။ ဉာတိဗျသနာ- ဒိအနုရူပံ သောစနံ အနုသောစနံ၊ တံ တံ ဝါ ဂုဏံ ဒေါသဉ္စ အနုဂန္တွာ သောစနံ တပ္ပနံ အနုသောစနံ။
四法如下:一、愁以内在煎熬为特相;换一种说法,以心的忧热为特相。二、以遍烧其心为作用。三、以随着亲属衰败等而反复忧愁为现起;换一种说法,以随着种种德与过失而忧愁、焦灼为现起。“内在煎熬”,是内心缺乏舒展、唯在内部收缩的思虑,或内心枯槁;“遍烧”即焚烧。“随愁”,是随着亲属衰败等而愁;也可以说,是追随某种德或过失而愁、焦灼。
(မူလဋီ-၂-၆၄။)
(《根本复注》2-64。)
သင်္ကုစိတံ စိန္တနန္တိ ပီတိသောမနဿပဋိပက္ခတော၊ ဒေါသသမ္ပယောဂတော စ အာရမ္မဏေ အနဘိရ- တိပ္ပဝတ္တိမာဟ။ အန္တော အတ္တနော နိဿယဿ နိဒ္ဒဟနဝသေန ဝါ စျာနံ စိန္တနံ အန္တောနိဇ္ဈာနံ။ သတိပိ အနု- သောစနဘာဝေ အတ္တနော ကတာကတကုသလာကုသလဝိသယော မနောဝိလေခဘူတော ဝိပ္ပဋိသာရော ကုက္ကုစ္စံ၊ ယထာဝုတ္တအန္တောနိဇ္ဈာနံ သောကောတိ ဥဘိန္နံ ဝိသေသော ဝေဒိတဗ္ဗော။ (အနုဋီ-၂-၇၁။) အန္တော နိဇ္ဈာနံ စိတ္တသန္တာပေါ၊ ပရိနိဇ္ဈာပနံ ရာဂဒေါသပရိဠာဟဝိသိဋ္ဌံ ဒဟနံ။ (မဟာဋီ-၂-၂ဝဝ။) သောက၏ ပရမတ္ထတရားကိုယ်မှာ ဒေါမနဿဝေဒနာပင် ဖြစ်၏။ သို့သော် ယင်းသောက၏ လက္ခဏ ရသ စသည်ကို အထက်ပါအတိုင်း အဋ္ဌကထာက ဖွင့်ဆိုထား၏။ ဒေါမနဿဝေဒနာအထူး ဖြစ်သောကြောင့်တည်း၊၊ အထူးထူး အပြားပြား ရွေ့လျားခြင်း တောင်တောင်ဤဤ ကြံစည်ခြင်းမှကင်းသော အတွင်း၌သာလျှင် တွန့်ဆုတ်လျက် ကြံစည်ခြင်းသည် အန္တောနိဇ္ဈာန = အတွင်း၌ လောင်မြိုက်ခြင်း အတွင်း၌ စိတ်၏ ပူပန်ခြင်း
所谓“收缩的思虑”,是说它与喜、悦相对,又与瞋相应,所以对所缘表现为不欣乐。内心依烧灼自身所依而煎熬、思虑,故称“内在煎熬”。虽然同样有反复忧愁的性质,追悔却是以自己已作或未作的善、不善为境、如刻痕般留在心上的悔恨;愁则是上述内在煎熬,应知二者的差别。(《随复注》2-71。)内在煎熬即心的热恼;遍烧则是有别于贪热、瞋热的一种焚烧。(《大复注》2-200。)愁的胜义法体就是忧受;但由于它是一种特殊的忧受,义注仍如上分别解释它的特相、作用等。远离种种散动与纷繁思虑,只在内心收缩地思量,就是“内在煎熬”,即心在内部忧热——
အတွင်းဆွေး ဆွေးခြင်းတည်း။ တစ်နည်း --- အထူးထူးအပြားပြား ရွေ့လျားခြင်း တောင်တောင်ဤဤ ကြံစည် ခြင်းမှကင်းသော အတွင်း၌သာလျှင် တွန့်ဆုတ်လျက် စိတ်ဓာတ် ခြောက်ကပ်နေခြင်းသည် အန္တောနိဇ္ဈာန = အတွင်းဆွေး ဆွေးခြင်းတည်း။ (မူလဋီ-၂-၆၄။) ၁။ ဉာတိဗျသန = မိဘ သားသမီး စသော ဆွေမျိုးတို့၏ ပျက်စီးခြင်း၊ ၂။ ဘောဂဗျသန = စည်းစိမ်ဥစ္စာ၏ ပျက်စီးခြင်း၊
——煎熬。换一种说法,远离种种散动与纷繁思虑,只在内心收缩而心境枯槁,就是“内在煎熬”,即内心焦灼。(《根本复注》2-64。)一、亲属衰败:父母、子女等亲属遭到损失;二、财富衰败:财产遭到损失;
原书第 618 页
၃။ ရောဂဗျသန = အနာရောဂါ ကျရောက်ဖြစ်ပေါ်လာခြင်း၊ ၄။ သီလဗျသန = စင်ကြယ်သော သီလ၏ ပျက်စီးခြင်း၊ ၅။ ဒိဋ္ဌိဗျသန = မှန်ကန်သော သမ္မာဒိဋ္ဌိ အယူဝါဒ၏ ပျက်စီးခြင်း --- ဤဗျသနတရား ငါးမျိုးတို့တွင်တစ်မျိုးမျိုးဖြင့် ကြုံတွေ့ရသော ပုဂ္ဂိုလ်၏သန္တာန်၌ သောကတရားသည် ဖြစ်ပေါ်လာတတ်၏။ ဥပမာ --- သားသမီး တစ်ဦးဦး၏ ပျက်စီးခြင်းဖြင့် ကြုံတွေ့ရသည် ဆိုပါစို့၊ ယင်းကဲ့သို့သော ဆင်းရဲဒုက္ခနှင့် ကြုံတွေ့ရသော သတ္တဝါ၏သန္တာန်၌ ပီတိသောမနဿကင်းသော စိတ်ထားများ ဝင်ရောက်လာ၏။
三、疾病衰败:疾病发生;四、戒行衰败:清净戒行毁坏;五、见解衰败:正确的正见败坏。遭遇这五种衰败中任何一种的人,其相续中都可能生起愁。比如遭逢某个子女去世,受这种痛苦触动的有情,内心便被没有喜与悦的种种心态占据。
သေကျေ ပျက်စီးသွားသော သားအကြောင်း သမီးအကြောင်းကလွဲ၍ အခြားအခြားသော အထူးထူး အပြားပြား သော အာရုံတို့ အပေါ်၌ တောင်တောင်ဤဤ ကြံစည်စိတ်ကူးလိုသော စိတ်ဓာတ် မရှိဖြစ်နေ၏။ ပျက်စီးသွား သော သားအာရုံ သို့မဟုတ် သမီးအာရုံ အကြောင်းကိုသာ ကြံစည် တွေးတောကာ အတွင်းဆွေး ဆွေးနေတတ်၏။
除了亡故的儿子或女儿以外,他不再有心思缘取其他各种所缘而作种种思量;只思念亡儿或亡女,内心不断焦灼。
အခြားအကြောင်းအရာများကို မစဥ်းစားလို မစဥ်းစားနိုင် ဖြစ်နေတတ်၏။ စိတ်ဓာတ်တွေ ခြောက်သွေ့နေတတ်၏။
他既不愿、也不能思考其他事情,心境枯槁干涩。
စိုပြေမှု မရှိဖြစ်နေတတ်၏။ ဤကား သောက၏ လက္ခဏာပင်တည်း။ တစ်နည်း --- ပျက်စီးသွားသော အာရုံကို အကြောင်းပြု၍ စိတ်၏ ပူပန်ခြင်းသဘောသည် သောက၏ လက္ခဏာပင်တည်း။ ထိုသို့ စိတ်ပူပန်လာသောအခါ စိတ်တွင်သာ ပူပန်သည် မဟုတ်၊ ယင်းစိတ်၏ မှီရာ ဟဒယဝတ္ထုရုပ်အထိ ကူးစက်ပျံ့နှံ့ ပူလောင်တတ်ပေသည်။
心里全无润泽;这就是愁的特相。换一种说法,以所失之境为缘而心生忧热,就是愁的特相。心忧热时,热恼不只在心中,也会蔓延到心所依止的心所依处色,令它发热。
ပူပန်သောစိတ်ကြောင့် ဖြစ်သော စိတ္တဇသြဇဋ္ဌမက ရုပ်ကလာပ်တိုင်းတွင် ပါဝင်သော ဥဏှတေဇောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲထက်မြက်လာမှုပင်တည်း။ ထိုကြောင့် စိတ်ကို ထက်ဝန်းကျင် လောင်မြိုက်ခြင်း ကိစ္စရသလည်း ရှိ၏ဟု ဆိုသည်။ ရာဂပူ ဒေါသပူတို့ထက် ထူးကဲသော ပူလောင်မှု တစ်မျိုးတည်း။
这是因为忧热之心所生的心生食素八法聚中,火界的自然势力变得格外强盛锐利。因此说,愁也有遍烧其心的作用;这是有别于贪热、瞋热的一种特殊烧灼。
အနုသောစနပစ္စုပဋ္ဌာန် --- ဆွေမျိုးတို့၏ ပျက်စီးခြင်း = ဉာတိဗျသန စသည်တို့အားလျော်စွာ ဝမ်းနည်းခြင်း သည် အနုသောစန မည်၏။ တစ်နည်း ထိုထိုဂုဏ်သို့လည်းကောင်း၊ ထိုထိုအပြစ်သို့လည်းကောင်း အစဥ်လိုက်၍ ဝမ်းနည်းခြင်း ပူလောင်ခြင်းသည် အနုသောစနတည်း။ သီလ စသော ဂုဏ်ပျက်၍ ဝမ်းနည်းသောအခါ ဂုဏ်သို့ အစဥ်လိုက်သော ဂုဏာနုဂတ ဝမ်းနည်းမှု ပူပန်မှု ဖြစ်၏။ ထိုဂုဏ် ပျက်စီး၍ အပြစ်သို့ အစဥ်လိုက်သောအခါ ဒေါသာနုဂတ = အပြစ်သို့ အစဥ်လိုက်၍ ဝမ်းနည်းမှု ပူပန်မှု ဖြစ်၏။ ထိုကြောင့် ယင်းသောကကို ဝိပဿနာ ဉာဏ်ဖြင့် သိမ်းဆည်းရှုပွားလိုက်သောအခါ ဉာတိဗျသန စသည်တို့အားလျော်စွာ ထိုထိုဂုဏ် အပြစ်တို့အား လျော်စွာ အဖန်ဖန် စိုးရိမ်ခြင်း ဝမ်းနည်းခြင်းသဘောတရားဟု ယောဂီတို့၏ ဉာဏ်အား ရှေးရှူ ထင်လာပေ၏။
随愁现起——随着亲属衰败等相应情形而悲伤,称为随愁;换一种说法,依次追随某种德或某种过失而悲伤、焦灼,也称为随愁。因戒等善德毁坏而悲伤,是随德而起的悲伤与忧热;善德既失、过失随之而来时,则是随过失而起的悲伤与忧热。所以,瑜伽行者以观智摄取并观修这愁时,它便在智中显现为:随着亲属衰败等相应情形、又随着种种德与过失而反复忧愁、悲伤的法。
ဥပဋ္ဌာနာကာရ ပစ္စုပဋ္ဌာန်တည်း။
这是行相现起。
ကုက္ကုစ္စနှင့် သောက --- ကုက္ကုစ္စနှင့် သောကသည် အဖန်ဖန် စိုးရိမ်ခြင်းသဘော ဝမ်းနည်း ပူပန်ခြင်းသဘော အားဖြင့် တူညီသော်လည်း --- (၁) မိမိ၏ ပြုပြီးသော မကောင်းမှု အကုသိုလ်၊ မပြုမကျင့်လိုက်မိသော ကောင်းမှု ကုသိုလ်လျှင် အာရုံရှိသော စိတ်၌ မင်ဖြင့် ရေးခြစ်ထားသကဲ့သို့ ဖြစ်၍ ဖြစ်နေသော စိတ်နှလုံး မသာယာမှုကား ကုက္ကုစ္စတည်း။ (၂) ဆိုအပ်ခဲ့ပြီးသည့်အတိုင်း ဆွေမျိုးတို့၏ ပျက်စီးခြင်း ဉာတိဗျသန စသော အာရုံ တစ်မျိုးမျိုးနှင့် တွေ့ထိမိသောကြောင့် အတွင်း၌ လောင်မြိုက်ခြင်းသဘော စိတ်၏ ပူပန်ခြင်းသဘောကား သောကတည်း။ ဤ သို့လျှင် ကုက္ကုစ္စနှင့် သောက နှစ်မျိုးတို့၏ ထူးခြားမှုကို သိရှိပါလေ။
追悔与愁——追悔与愁虽同有反复忧虑、悲伤焦灼的性质,二者却有区别:一、以自己已作的不善或未作的善为所缘,内心不悦如被墨迹刻划,这就是追悔;二、如前所说,因触及亲属衰败等某种所缘而内在煎熬、心生忧热,这就是愁。应当这样了解追悔与愁的差别。
(မူလဋီ-၂-၆၄။ အနုဋီ-၂-၇၁။ မဟာဋီ-၂-၂ဝဝ။)
(《根本复注》2-64;《随复注》2-71;《大复注》2-200。)
မှတ်ချက် --- အဋ္ဌကထာများ၌ ဇာတိမှ စ၍ ဥပါယာသတိုင်အောင် ပဒဋ္ဌာန်ကို ဖော်ပြ ဖွင့်ဆိုချက် မလာရှိပေ။
注——诸义注从生开始直到恼,都没有列明近因。
ဤကျမ်း၌လည်း သောက စသည်ကား ဇာတိ၏ မုချမဟုတ်သော အကျိုးဆက်များ ဖြစ်၍ ဤနေရာမှ စ၍ ပဒဋ္ဌာန်ကို မပြတော့ပေ။ သို့သော် ပဒဋ္ဌာန်ကား မရှိသည်မဟုတ် ရှိသည်သာဖြစ်သည်၊ ပဒဋ္ဌာန်များစွာ ရှိနိုင်၍ ထူးကဲသော အကြောင်းတရားများ မဟုတ်၍ မဖွင့်ဆိုခြင်း ဖြစ်ပေရာသည်။ --- အညတရညတရေန ဒုက္ခဓမ္မေန
本书也不从这里起再列近因,因为愁等只是生的不必然结果。然而它们并非没有近因;只是可能有许多近因,又不属于特别突出的原因,所以没有另作解释。佛陀曾说:“为某一种苦法所触——”
原书第 619 页
လက္ခဏာဒိစတုက္ကပိုင်း -- ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်များ အခန်း ဖုဋ္ဌဿ --- စသည်ဖြင့် ဘုရားရှင် ဟောကြားထားတော်မူခြင်းကြောင့် ဉာတိဗျသန = ဆွေမျိုးတို့၏ ပျက်စီးခြင်း စသော အကြောင်းတရား တစ်မျိုးမျိုးသည် ပဒဋ္ဌာန်ပင်တည်းဟု မှတ်ပါ။ ယင်းသဘောတရားတို့ကို တစ်နည်း တစ်ဖုံအားဖြင့် ဆိုရမူ မှီရာဝတ္ထုရုပ် = ဆိုင်ရာဒွါရတို့ကို ဉာတိဗျသန စသော ဆိုင်ရာအနိဋ္ဌာရုံတို့က ရိုက်ခတ် သောအခါ ဖဿ စသော သမ္ပယုတ်တရားတို့က ဝိုင်းဝန်း၍ ကျေးဇူးပြုပေးသဖြင့် ဒေါမနဿဝေဒနာဟူသော သောက စသည်တို့သည် ဖြစ်ပေါ်လာကြရ၏။ သို့အတွက် ဝတ္ထု = ဒွါရ၊ အနိဋ္ဌာရုံ၊ ဖဿ စသော သမ္ပယုတ် တရားတို့ကား ပဒဋ္ဌာန်ပင်တည်း။
——等,因此亲属衰败等任一原因都可以视为近因。换一种方式说,当亲属衰败等相应的不可意所缘撞击所依色——即相应之门——时,触等相应法共同资助,便生起忧受这一类愁等法。因此,所依处即门、不可意所缘,以及触等相应法,都是近因。
ပရိဒေဝ
悲
၁။ လာလပ္ပနလက္ခဏော ပရိဒေဝေါ၊ ၂။ ဂုဏဒေါသပရိကိတ္တနရသော၊ ၃။ သမ္ဘမပစ္စုပဋ္ဌာနော။ (အဘိ-ဋ္ဌ-၂-၉၈။ ဝိသုဒ္ဓိ-၂-၁၃၄။) ၁။ အဖန်ဖန် ငိုကြွေးမြည်တမ်းခြင်း = ပြောဆိုခြင်းသဘော လက္ခဏ၊ ၂။ ဂုဏ် အပြစ်တို့ကို ထုတ်ဖော်ပြောဆိုခြင်း (ကိစ္စ) ရသ၊ ၃။ ပရိဒေဝ ကိန်းဝပ်ရာ သတ္တဝါ၏ သို့မဟုတ် စိတ်၏ မရပ်မတည် ချာချာလည်ကြောင်း သဘောတရား (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်၊ တစ်နည်း --- စိတ် ဝေနောက် မူးလည်ခြင်း အကျိုးကို ဖြစ်စေတတ်၏ -- (ဖလ) ပစ္စုပဋ္ဌာန်။
四法如下:一、悲以反复哭泣、哀号、诉说为特相。二、以宣说种种德与过失为作用。三、以有悲之人或其心慌乱不定为现起;换一种说法,以导致心识迷乱、眩惑为结果现起。
ပစ္စုပဋ္ဌာန် --- ပရိဒေဝ၏ တရားကိုယ်မှာလည်း ဒေါမနဿဝေဒနာပင်တည်း။ အကျိုးစီးပွား ရှိသည် အကျိုးစီးပွား မရှိသည်ကိုလည်းကောင်း၊ ရှက်သင့် ရှက်ထိုက် ကြောက်သင့် ကြောက်ထိုက်သူတို့ကိုလည်းကောင်း မစိစစ်မူ၍ ပရိဒေဝဖြစ်ရာ ပုဂ္ဂိုလ်၏ မရပ်မတည် ချာချာလည်တတ်သူ၏ ဖြစ်ကြောင်းဖြစ်ရာ ဖြစ်၍ ငိုကြွေးသံသည် ထင်လာ၏၊ ထိုကြောင့် --- သမ္ဘမပစ္စုပဋ္ဌာန = ပရိဒေဝကိန်းရာ သတ္တဝါ၏ သို့မဟုတ် စိတ်၏ မရပ်မတည် ချာ ချာလည်ကြောင်း သဘောတရားဟု ယင်းပရိဒေဝကို ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်း ရှုပွားနေသော ယောဂါဝစရ ပုဂ္ဂိုလ်၏ ဉာဏ်အား ရှေးရှူ ထင်လာ၏ဟု အဋ္ဌကထာဆရာတော်က ဖွင့်ဆိုတော်မူခြင်း ဖြစ်၏။ တစ်နည်း --- သောက၏တည်ရာ အကြောင်းဖြစ်သော ဉာတိဗျသန စသည်တို့၏ မပျက်သေးခြင်း မပျောက်သေးခြင်းကြောင့် ပရိဒေဝကိန်းရာ ပုဂ္ဂိုလ်၏ သို့မဟုတ် စိတ်၏ မရပ်မတည် ချာချာလည်ခြင်းတည်း၊ ထိတ်လန့်ကြောက်ရွံ့ခြင်းကြောင့်
现起——悲的法体也是忧受。一个人不辨有益、无益,也不顾应当羞耻、应当畏惧的人,因其本人或其心慌乱不定而发出哭声。因此义注师解释:悲在以观智摄取、观修它的瑜伽行者智中,显现为令有悲之人或其心慌乱不定的法,这叫“以慌乱为现起”。换一种说法,由于作为愁之因的亲属衰败等尚未消失,有悲之人或其心便慌乱不定;这里不是因惊恐而慌乱——
မရပ်မတည် ချာချာလည်သည်ကား မဟုတ်၊ ထိုမရပ်မတည် ချာချာလည်ခြင်းသည်လည်း ငိုကြွေးသံကြောင့် ထင်ရှား၏၊ ထိုကြောင့် ပရိဒေဝကို စိတ်ဝေမူးနောက် မရပ်မတည် ချာချာလည်ခြင်း အကျိုးကို ဖြစ်စေတတ်၏ ဟု အဋ္ဌကထာက ဖွင့်ဆိုခြင်း ဖြစ်သည်။ ရှေ့နည်းကား ဥပဋ္ဌာနာကာရ ပစ္စုပဋ္ဌာန်၊ နောက်နည်းကား ဖလပစ္စုပ- ဋ္ဌာန်တည်း။
——不定。这种慌乱由哭声而明显,所以义注又解释悲能产生心识迷乱、慌乱不定的结果。前一种是行相现起,后一种是结果现起。
ဒုက္ခ
苦
ဒုက္ခံ နာမ ကာယိကံ ဒုက္ခံ၊ ၁။ တံ ကာယပီဠနလက္ခဏံ၊ ၂။ ဒုပ္ပညာနံ ဒေါမနဿကရဏရသံ၊ ၃။ ကာယိကာဗာဓပစ္စုပဋ္ဌာနံ။ (ဝိသုဒ္ဓိ-၂-၁၃၄။) ကိုယ်၌ဖြစ်သော ဒုက္ခသဟဂုတ် ကာယဝိညာဏ်နှင့် ယှဥ်သော ဝေဒနာသည် ဒုက္ခ မည်၏။ (ယင်းဒုက္ခ ဝေဒနာကို ရွေးထုတ်၍ ရှုပါ။)
所谓苦,是身苦:即与俱苦身识相应的受。(应拣出这一苦受来观照。)它有三法:一、以逼迫身体为特相;二、以使无慧者生忧为作用;三、以身体的病痛为现起——
原书第 620 页
၁။ ကိုယ်ကို နှိပ်စက်ခြင်းသဘော လက္ခဏ၊ ၂။ ပညာမဲ့တို့၏ စိတ်နှလုံး မသာယာခြင်းကို ပြုခြင်း (ကိစ္စ) ရသ၊ ၃။ ကိုယ်၌ မှီသော နာကျင်မှုသဘောတရား ပစ္စုပဋ္ဌာန်။
——即:一、以逼迫身体为特相;二、以使无慧者内心不悦为作用;三、以依身而起的疼痛为现起。
ဒေါမနဿ
忧
ဒေါမနဿံ နာမ မာနသံ ဒုက္ခံ။
所谓忧,就是心苦。
၁။ တံ စိတ္တပီဠနလက္ခဏံ၊ ၂။ မနောဝိဃာတရသံ၊ ၃။ မာနသဗျာဓိပစ္စုပဋ္ဌာနံ။ (ဝိသုဒ္ဓိ-၂-၁၃၅။) တရားကိုယ်မှာ ဒေါမနဿဝေဒနာပင် ဖြစ်သည်၊ စိတ်ဆင်းရဲခြင်းတည်း။
四法如下:一、以逼迫心为特相;二、以恼乱心为作用;三、以心病为现起。(《清净之道》2-135。)它的法体就是忧受,即内心痛苦。
၁။ စိတ်ကို နှိပ်စက်ခြင်းသဘော လက္ခဏ၊ ၂။ ဗျာပါဒ = ဒေါသနှင့်ယှဥ်သည်၏ အစွမ်းဖြင့် စိတ်ကို ညှဥ်းဆဲခြင်း (ကိစ္စ) ရသ၊ ၃။ စိတ်နှလုံး၌ မှီသော အနာရောဂါ ပစ္စုပဋ္ဌာန်။
一、以逼迫心为特相。二、由于与害心——即瞋——相应,以折磨心为作用。三、以依心而起的疾病为现起。
ဤဒေါမနဿဝေဒနာသည် ဒုက္ခဒုက္ခဖြစ်သောကြောင့်လည်းကောင်း၊ ကာယိကဒုက္ခကို ဆောင်တတ်သည် ၏ အဖြစ်ကြောင့်လည်းကောင်း ဒုက္ခ မည်၏။ မှန်ပေသည် --- စိတ်ဆင်းရဲခြင်းနှင့် ပြည့်စုံသော သတ္တဝါတို့သည် ဆံပင်ကို ကြဲဖြန့်၍ ငိုမြည်တမ်းကြကုန်၏၊ ရင်ဘတ်တို့ကို ထုရိုက် ကြိတ်နှိပ်ကြကုန်၏၊ ရှေးရှူ လူးလည်းကုန်၏၊ ကိုယ်ကို လှိမ့်ကုန်၏၊ ဇောက်ထိုးမိုးမြော် လဲကုန်၏ = ကျွမ်းထိုးချကြကုန်၏၊ မိမိကိုယ်ကို ဓားလက်နက်ဖြင့် ထိုး ခုတ် သတ်သေကြကုန်၏၊ အဆိပ်ကို စားကြကုန်၏၊ ကြိုးဆွဲချ သေကြကုန်၏၊ မီးပုံတွင်းသို့ ခုန်ဆင်းကြကုန်၏၊ ဤသို့စသော အထူးထူးအပြားပြားရှိသော ထိုဆင်းရဲကို ခံစားရကုန်၏။ (ဝိသုဒ္ဓိ-၂-၁၃၅။)
忧受既是苦苦,又能引生身苦,所以称为苦。确实,充满心苦的有情会披散头发而哀号,捶打胸膛,扑倒翻滚,仰面跌倒;也可能以刀械伤害或杀死自己,服毒、自缢,或跳入火中,以种种方式感受剧烈痛苦。(《清净之道》2-135。)
ဥပါယာသ
恼
ဥပါယာသော နာမ ဉာတိဗျသနာဒီဟိ ဖုဋ္ဌဿ အဓိမတ္တစေတောဒုက္ခပ္ပဘာဝိတော ဒေါသောယေဝ၊ သင်္ခါရက္ခန္ဓပရိယာပန္နော ဧကော ဓမ္မောတိ ဧကေ။
有些论师说:恼就是一个遭受亲属衰败等、因极度心苦而生起的瞋法;它属于行蕴,并不是忧受。
၁။ စိတ္တပရိဒဟနလက္ခဏော ဥပါယာသော၊ ဗျာသတ္တိလက္ခဏော၊ ၂။ နိတ္ထုနနရသော၊ ၃။ ဝိသာဒပစ္စုပဋ္ဌာနော။ (အဘိ-ဋ္ဌ-၂-၉၉။ ဝိသုဒ္ဓိ-၂-၁၃၅။) ဉာတိဗျသန စသည်တို့သည် တွေ့ထိအပ်သော သတ္တဝါ၏ လွန်ကဲစွာသော စိတ်ဆင်းရဲခြင်းသည် ဖြစ်စေ အပ်သော ဒေါသသည်ပင်လျှင် ဥပါယာသ မည်၏။ (ဒေါမနဿဝေဒနာ မဟုတ် ဟူလိုသည်။) သင်္ခါရက္ခန္ဓာ၌ အကျုံးဝင်သော အကုသိုလ်စေတသိက် (၁၄)လုံးမှ တစ်ပါးသော တစ်ခုသော စေတသိက်ဟု ဧကေဆရာတို့က ဆိုကြ၏။ (ဝိသုဒ္ဓိ-၂-၁၃၅။) ၁။ စိတ်ကို ထက်ဝန်းကျင်မှ လောင်ခြင်းသဘော လက္ခဏ၊ တစ်နည်း --- ဉာတိဗျသန စသည်တို့၌ ဖောက်ဖောက်ပြန်ပြန် ငြိကပ်ခြင်းသဘော လက္ခဏ၊
四法如下:一、恼以遍烧其心为特相;换一种说法,以反常地执着亲属衰败等为特相。二、以叹息为作用;换一种说法,以叹息圆满为作用。三、以令身心沉没于亲属衰败等所缘为现起;换一种说法,以产生身心沉没于这类所缘的结果为现起。亲属衰败等触及有情时,由极度心苦所生的瞋就是恼——意即并非忧受。某些论师说,它是行蕴所摄的十四不善心所之一。一、以从四周烧灼心为特相;换一种说法,以反常地黏着于亲属衰败等为特相——
原书第 621 页
လက္ခဏာဒိစတုက္ကပိုင်း -- ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်များ အခန်း ၂။ ညည်းတွားခြင်းကို ပြုခြင်း (ကိစ္စ) ရသ၊ တစ်နည်း --- ညည်းတွားခြင်းလျှင် ပြည့်စုံခြင်း (သမ္ပတ္တိ) ရသ၊ ၃။ ဉာတိဗျသန စသော အာရုံ၌ ကိုယ်စိတ်တို့ကို နစ်မြုပ်စေတတ်သော သဘောတရား (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်၊ တစ်နည်း --- ဉာတိဗျသန စသော အာရုံ၌ ကိုယ်စိတ်၏ နစ်မြုပ်ခြင်းကို ဖြစ်စေတတ်၏ (ဖလ)ပစ္စုပဋ္ဌာန်။
——二、以叹息为作用;换一种说法,以叹息达到圆满为作用。三、以令身心沉没于亲属衰败等所缘为行相现起;换一种说法,以导致身心沉没于这类所缘为结果现起。
〔မှတ်ချက် --- ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ စိတ္တပရိဟဒနလက္ခဏော = ဥပါယာသသည် စိတ်ကို ထက်ဝန်းကျင်မှ လောင်ခြင်း သဘောလက္ခဏာ ရှိ၏ဟု လာရှိ၏။ သမ္မောဟဝိနောဒနီအဋ္ဌကထာ၌ကား --- ဗျာသတ္တိလက္ခဏော = ဉာတိဗျသန စသော အာရုံတို့၌ ဖောက်ဖောက်ပြန်ပြန် ငြိကပ်ခြင်း သဘောလက္ခဏာ ရှိ၏ဟု လာရှိ၏။〕
〔注——《清净之道》义注说:“恼以遍烧其心为特相。”《分别论迷惑冰消》义注则说:“恼以反常黏着为特相”,即反常地黏着于亲属衰败等所缘。〕
သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ
愁、悲、苦、忧、恼
ရာဂ ဒေါသ မောဟ မကင်းသော သတ္တဝါတစ်ဦး၏ ဘဝဝယ် ယေဘုယျအားဖြင့် ဤ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသတို့ကား အထွတ်တပ်လျက်ပင် ရှိနေပေ၏။ အထက်တွင် ရေးသားတင်ပြခဲ့သည့်အတိုင်း ဉာတိဗျသန = ဆွေမျိုးတို့၏ ပျက်စီးခြင်း စသော ဗျသနတရား တစ်ခုခုနှင့် ကြုံတွေ့ရသော သတ္တဝါတစ်ဦး၏ သန္တာန်၌ ဖြစ်ပေါ်လာသော စိုးရိမ်မှု ဝမ်းနည်းကြေကွဲမှုများသည်သာ သောက ဖြစ်၏။
一般而言,尚未离贪、瞋、痴的有情,其生命总被愁、悲、苦、忧、恼推至顶点。如上所述,只有遭遇亲属衰败等某种衰败时,在有情相续中生起的忧虑、悲伤与哀痛,才是愁。
ဒေါမနဿတစ်မျိုး --- သောကဟု အထင်မှားနေသော ဒေါမနဿ တစ်မျိုးလည်း ရှိသေး၏၊ ချစ်ခင်သူများ ဖျားနာမည်ကို စိုးရိမ်ခြင်း၊ အရပ်တစ်ပါးသို့ သွားသောအခါ ပြန်ချိန်တန်လျက် မပြန်လာသဖြင့် စိုးရိမ်ခြင်း၊ ကလေးသူငယ် လူမမယ်အတွက် အရာရာမှာ စိုးရိမ်ခြင်း၊ ဤသို့စသည်ဖြင့် စိုးရိမ်ကြောင့်ကြမှုများရုံတွင်မက ''ငါမရှိလျှင် သူတို့တော့ ခက်ရစ်တော့မှာဘဲ''ဟု နောက်ဆက်တွဲ စိုးရိမ်မှုတို့မှာ သောက မဟုတ်၊ ရိုးရိုး ဒေါမနဿ သာတည်း။
一种忧——另有一种忧常被误认为愁:担忧所爱的人生病;远行者过了应归之时仍未回来而担忧;对年幼孩子的种种事情忧虑;乃至随后想到“没有我,他们就会很难办”。这些只是普通的忧,并不是愁。
ရာထူး ဂုဏ်သိရ် စည်းစိမ် ဆွေမျိုး စသည်တို့တွင် တစ်ခုခု ပျက်စီးသည့်အခါ ပျက်စီးတော့မည်ဟု ထင်ရ သောအခါ လွန်စွာ ဝမ်းနည်းကြ၏၊ အားငယ်ကြ၏၊ ကြေကွဲကြ၏၊ ဤဝမ်းနည်းအားငယ်မှု ကြေကွဲမှုကား သောက အမည်ရသည့် ဒေါမနဿသာတည်း။ ထိုဝမ်းနည်းအားငယ်မှု ကြေကွဲမှုကို မျိုသိပ်၍ မထားနိုင်သည့်အခါ ပရိဒေဝ ဟု ခေါ်ဆိုသော ငိုကြွေးသံ တစ်မျိုးသည် ပေါ်လာတတ်ပေသည်။ ပရိဒေဝမီးဟု ခေါ်ဆိုရာ၌ ငိုသံကို အစွဲပြု၍ ခေါ်ခြင်းမဟုတ်၊ ထိုငိုသံ ဖြစ်လောက်အောင် ဝမ်းတွင်း၌ အပြင်းအထန် ပူပန် တောက်လောင်နေသော ဒေါသ ဒေါမနဿတို့ကို အစွဲပြု၍ ခေါ်ဆိုရခြင်း ဖြစ်သည်။ ယင်းသောက ပရိဒေဝတရားတို့ကား တရားသောနည်းလမ်း ဖြင့် သို့မဟုတ် တရားဓမ္မဖြင့် မဖြေသိမ့်နိုင်ပါက အသက်ကိုပင် ကုန်ဆုံးစေသည်အထိ ဒုက္ခမီး တောက်လောင် တတ်ပေသည်။
当职位、荣誉、财富、亲属等真的有所损失,或以为即将失去时,人会极度悲伤、沮丧、心碎;这种悲伤、沮丧与心碎,就是名为愁的忧。无法抑制这种悲痛时,便会发出一种称为悲的哭号声。所谓“悲火”,不是依哭声而说,而是依足以引发哭声、在内心猛烈烧灼的瞋与忧而说。若不能以正当方法或佛法化解这些愁与悲,它们所燃起的苦火甚至能够一直烧到生命终结。
သောက ပရိဒေဝါနံ သမတိက္ကမာယ (မ-၁-၇ဝ။) ဟူသော မဟာသတိပဋ္ဌာနသုတ္တန် ဒေသနာတော်နှင့် အညီ သောက ပရိဒေဝတို့ကို လွန်မြောက်ကြောင်း အကောင်းဆုံးသောကျင့်စဥ် အပြစ်အကင်းဆုံးသောကျင့်စဥ် အမွန်မြတ်ဆုံးသောကျင့်စဥ်ကား သတိပဋ္ဌာန် ဒေသနာတော်လာ ကျင့်စဥ်များပင် ဖြစ်ပေသည်။ ထို သတိပဋ္ဌာန် ကျင့်စဥ်ကို အောင်အောင်မြင်မြင် မကျင့်နိုင်သေးသူတို့အတွက် အတုယူဖွယ်ကောင်းလှသော အလောင်းတော်၏ ကျင့်စဥ်တစ်ရပ်ကို ဤတွင် တင်ပြအပ်ပါသည်။
《大念处经》教示“为超越愁与悲”(《长部》1-70)。依此,超越愁悲最好、最无过失、最殊胜的修行,就是念处教法所说的种种修法。对于尚未能成功修习念处的人,下面将介绍一则极值得效法的菩萨修行。
原书第 622 页
အနနုသောစိယဇာတ်တော်
《无忧本生》
ဘုရားအလောင်းတော်နှင့် ယသောဓရာအလောင်းလျာ နှစ်ပါးတို့သည် တစ်ခုသောဘဝဝယ် ကုဋေ (၈ဝ)စီ ကြွယ်ဝချမ်းသာသော ဗြာဟ္မဏအမျိုးအနွယ် သူဌေးသားနှင့် သူဌေးသမီးတို့ ဖြစ်ကြ၏။ ဤဇာတ်တော်၌ ဘုရား အလောင်းတော်သည် ကောမာရဗြဟ္မစာရီအကျင့်ကို ကျင့်တော်မူ၏။ ဃရာဝါသကိစ္စကို အလိုမရှိသည့် သူတော်- ကောင်း တစ်ဦးပင် ဖြစ်၏။
菩萨与耶输陀罗的前身,曾在同一生中分别投生为富有八十俱胝财产的婆罗门富家子与富家女。这一世,菩萨修习童真梵行,是一位不欲承担居家事务的善人。
ယသောဓရာအလောင်းလျာ အမျိုးကောင်းသမီးမှာလည်း ဘုန်းကံကြီးမားသူ ဗြဟ္မာ့ပြည်မှ စုတိ၍ လူ့ပြည်၌ လူလာဖြစ်ရသူ ဖြစ်၏၊ သမ္မိလဒဟာသိနီဟု အမည်ပေးထားကြ၏။ တစ်ဆယ့်ခြောက်နှစ်အရွယ်သို့ ရောက်သော အခါ အလွန် အဆင်းလှသူ ကြည်ညိုဖွယ်ဂုဏ်ကို ဆောင်နိုင်သူ နတ်သမီးနှင့်တူသည့် အလုံးစုံသော ကိုယ်အင်္ဂါ ကြီးငယ်တို့နှင့် ပြည့်စုံသူတစ်ဦး ဖြစ်လာ၏။ ရွှေစင်ရုပ်တု ပုံသွင်းပြုသကဲ့သို့ လှပတင့်တယ်သူတစ်ဦး ဖြစ်၏။
耶输陀罗的前身也是大福德者,从梵天界死后投生人间,取名萨弥罗婆西尼。她十六岁时容貌极美,仪态令人敬爱,如天女般具足全身一切美好相貌,宛如纯金铸成的雕像。
သို့သော် --- တဿာပိ ကိလေသဝသေန စိတ္တံ နာမ န ဥပ္ပန္နပုဗ္ဗံ၊ အစ္စန္တဗြဟ္မစာရိနီ အဟောသိ။(ဇာတက-ဋ္ဌ-၃-၈၆၊၊) ထိုအမျိုးကောင်းသမီး၏ သန္တာန်၌လည်း ကိလေသာ၏ အစွမ်းဖြင့် စိတ်မည်သည် တစ်ခါမျှ မဖြစ်ပေါ်ခဲ့ ဖူးပေ။ စင်စစ် စစ်စစ် ဗြဟ္မစာရီအကျင့်ကို ကျင့်နေသူ သူတော်ကောင်းတစ်ဦးသာ ဖြစ်၏။ ငါးပါးသီလမြဲ၍ အဗြဟ္မစရိယသိက္ခာပုဒ်ကို အမြဲထိန်းသိမ်းစောင့်ရှောက်သူ သူတော်ကောင်းတို့သာ ဖြစ်ကြ၏။
然而,“她从未因烦恼而生起任何染心,始终过着彻底的梵行生活。”(《本生义注》3-86。)她确实是一位修习纯净梵行的善女。两人都持守五戒,并恒常守护离非梵行学处。
သို့သော် မိဘတို့၏ စီမံဆောင်ရွက်ချက်ဖြင့် အိမ်ထောင်သည်ဘဝသို့ ရောက်ရှိသွားကြ၏။ အိမ်ထောင်သည် ဘဝသို့ ရောက်ရှိသွားကြသော ထိုသူတော်ကောင်း နှစ်ဦးတို့သည် တိုက်ခန်းတစ်ခု၏ အတွင်း၌ အတူနေထိုင်ရပါ သော်လည်း အိပ်ရာတစ်ခုတည်း၌ အတူအိပ်စက်ရပါသော်လည်း အချင်းချင်း တစ်ယောက်သည် တစ်ယောက်ကို ကိလေသာ၏ အစွမ်းဖြင့် တစ်ခါမျှ မကြည့်စဖူးကြလေကုန်၊ ရဟန်းတော် နှစ်ပါးတို့ကဲ့သို့ ဗြဟ္မာ နှစ်ဦးတို့ကဲ့သို့ တစ်ခုသော နေရာ၌ နေထိုင်ကြကုန်၏။
然而,在父母安排下,两人结为夫妻。虽然同住一室、同睡一床,却从未以烦恼之心互相看视;他们住在一处,就像两位出家人、两位梵天。
မိဘများ ကွယ်လွန်သွားကြသောအခါ၌ကား ကုဋေပေါင်းများစွာသော စည်းစိမ်ဥစ္စာများကို နှစ်ဦးသဘောတူ စွန့်လွှတ် လှူဒါန်းလျက် ဟိမဝန္တာသို့ တောထွက်ကာ ရသေ့ ရဟန်း ပြုကြ၍ မကွေမကွာပင် နေကြလေသည်။
父母去世以后,两人一致同意舍弃并布施数十俱胝财产,前往喜马拉雅山出家为仙人,一直相伴而住。
တောသစ်မြစ် သစ်ဖု သစ်ဥ သစ်သီးဝလံလျှင် အစာအာဟာရ ရှိသည်ဖြစ်၍ ထိုဟိမဝန္တာ၌ ကြာမြင့်စွာ နေထိုင် ကြလေသည်။ ကြာမြင့်စွာ နေထိုင်ပြီးနောက် ချဥ်ဆား မှီဝဲရန်အလို့ငှာ ဟိမဝန္တာမှ သက်ဆင်း၍ အစဥ်အတိုင်း ခရီးဆက်လာရာ ဗာရာဏသီမင်းဥယျာဥ်သို့ ဆိုက်ရောက်ကာ ထိုဥယျာဥ်၌ပင် နေထိုင်ကြလေသည်။
他们以林中的根、茎、块根与果实为食,在喜马拉雅山住了很久。后来为了取得盐醋,下山一路行至波罗奈王的御苑,便住在那里。
ရသေ့မကလေး၏ ရုပ်ရည်မှာ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း လွန်စွာ ထူးခြားသည့်ပြင် ပြုံးရွှင်သလိုနှင့် ခံ့ညားသော မျက်နှာအနေအထားကြောင့် အများကပင် ချစ်ခင်ကြည်ညို လေးစားကြပေသည်။ ထိုကဲ့သို့ တော ထွက်၍ ရသေ့ရဟန်း ပြုခဲ့ရာ၌ သူဌေးမျိုး သူဌေးနွယ် နုနယ်သော ရသေ့မကလေးမှာ ရှေးကကဲ့သို့ မွန်မြတ်သော အစာကို မစားရဘဲ ရသေ့ရဟန်းတို့၏ ဓမ္မတာအတိုင်း သစ်ဥ သစ်ဖု သစ်သီးများနှင့် သူပေး လူပေး အရောရော အနှောနှော အစာအာဟာရများဖြင့်သာ မျှတနေရရှာသောကြောင့် ကြာလေသော် ဝမ်းသွေးသွန်သော ရောဂါဖြင့် လွန်စွာ အားနည်းရှာလာ၏။ အလောင်းတော်ကိုယ်တိုင် တွဲယူခါ မြို့တံခါးအနီး ဇရပ်ကြီးတစ်ခုအပေါ်မှာ အသာ ချထား၍ အလောင်းတော်ကား မြို့တွင်းသို့ ဆွမ်းခံဝင်တော်မူလေသည်။
女仙的容貌如上所述,格外出众;她面带微笑而庄重,众人都敬爱仰慕。可是这位出身富贵、身体娇弱的女仙出家以后,不能再吃昔日的精美食物,只能依仙人生活的常态,以根茎果实和别人供养的杂食维生。日久以后,她患上痢血之病,身体极度虚弱。菩萨亲自搀扶她,在城门附近一座大亭中让她安稳躺下,自己进城托钵。
ထိုကဲ့သို့ ဆွမ်းခံဝင်တော်မူနေတုန်းမှာပင် ဇရပ်ပေါ်၌ ကျန်ရစ်သော ရသေ့မကလေးသည် သူ၏ ရောဂါ ဒဏ်ကို ကြာရှည်မခံနိုင်သည့်အလား အလောင်းတော်ဘုရား ပြန်ချိန်ကိုမျှ မစောင့်နိုင်ရှာတော့ဘဲ ဘဝဇာတ်
菩萨托钵期间,留在亭中的女仙再也承受不住病苦,甚至等不到菩萨回来,便结束这一生——
原书第 623 页
လက္ခဏာဒိစတုက္ကပိုင်း -- ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်များ အခန်း အသစ်လဲရှာလေသည်။ ထိုကဲ့သို့ ဖြစ်ပုံကို မြို့တွင်းမှ ထွက်လာသူ လူအများတို့ မြင်တွေ့ကြလေရာ ရသေ့မက- လေး၏ ရုပ်အဆင်းနှင့် ပြည့်စုံပုံကို ကြည့်၍ အလောင်းကို ဝိုင်းရံကာ ဆွေမတော်မျိုးမတော်ဘဲ လှိုက်လှိုက်လှဲလှဲ ငိုကြွေးကြလေ၏။
——而转入新的生命。出城的人们看到这情形,又见女仙容貌庄严,虽然非亲非故,也围着遗体痛哭哀号。
ထိုအခိုက်မှာပင် အလောင်းတော်ရှင်ရသေ့သည် ဆွမ်းခံရာမှ ပြန်ကြွတော်မူလာလတ်သော် မမျှော်လင့် သော အဖြစ်အပျက်ကို ရုတ်တရက် တွေ့မြင်ရလေလျှင် အစွမ်းကုန် ငိုချင်ဖွယ်ကောင်းသော်လည်း ရင့်မာသော အလောင်းတော်ကြီးပီပီ တည်ကြည်သော ဣန္ဒြေဖြင့် ဇရပ်ပေါ်သို့ တက်၍ --- ဘိဇ္ဇနဓမ္မံ ဘိဇ္ဇတိ၊ သဗ္ဗေ သင်္ခါရာ အနိစ္စာ ဧဝံ ဂတိကာယေဝ။ (ဇာတက-ဋ္ဌ-၃-၈၇။) = ပျက်စီးတတ်သော သဘောတရားမှန်သမျှသည် ပျက်စီးတတ်၏၊ ခပ်သိမ်းကုန်သော သင်္ခါရတရားမှန်သမျှ တို့သည် ဖြစ်ပြီးလျှင် ပျက်တတ်သည့် အနိစ္စတရားတို့သာ ဖြစ်ကြ၏၊ သင်္ခါရတရားမှန်သမျှတို့သည် ဤသို့ မမြဲသော သဘော ရှိကြကုန်သည်သာတည်း။
这时菩萨仙人托钵归来,骤然见到这意外之事。情形虽足以令人放声痛哭,成熟坚定的菩萨却仪态安详地登上亭子,说道:“凡有坏灭性质的,必然坏灭;一切行都是无常,其归趣本来如此。”(《本生义注》3-87。)也就是说,一切行法生起以后都必坏灭,只有无常的性质;一切行本来就是这样不恒常。
ဤသို့ပြောဆို၍ ရသေ့မကလေး၏အလောင်း တည်ရှိရာ ပျဥ်ချပ်၏ ဦးခေါင်းဘက်မှ ထိုင်တော်မူပြီးလျှင် နှစ်ယောက်စာ ခံယူလာခဲ့သောဆွမ်းကို တစ်ပါးတည်း ဘုဥ်းပေးတော်မူ၏။ ဆွမ်းကိစ္စ ပြီးစီးသောအခါ ခံတွင်းကို ဆေးကြောတော်မူ၏။ လူများအပေါင်းက ရသေ့မနှင့် မည်သို့ တော်စပ်ကြောင်းကို မေးမြန်းလျှောက်ထားသောအခါ လူ့ဘဝတုန်းက ခြေရင်းအလုပ်အကျွေး = အိမ်ရှင်မ ဖြစ်ဖူးကြောင်းကို အမိန့်ရှိတော်မူ၏။ အဘယ်ကြောင့် မငို ကြွေးပါသနည်းဟု မေးမြန်းလျှောက်ထားသောအခါ အလောင်းတော်က ဤသို့ မိန့်ကြားတော်မူ၏ --- ရသေ့ရဟန်းဘဝသို့ ရောက်ရှိလာသော ဤအမျိုးသမီးသည် ရသေ့ရဟန်းဘဝသို့ ရောက်ရှိလာသော ငါနှင့် အသက်ရှင်စဥ်ကပင် (ရသေ့ရဟန်းများသာ ဖြစ်ကြ၍) တစ်စုံတစ်ခု တော်စပ်သည် မဟုတ်၊ (လူ့ဘဝတုန်းက ခြေရင်း အလုပ်အကျွေးသာ ဖြစ်ခဲ့ဖူး၏၊ ရသေ့ရဟန်းဘဝသို့ ရောက်သောအခါ၌ကား ဘာမျှ မတော်စပ်တော့ပေ
说完以后,他坐在安放女仙遗体的木板头端,独自吃完为两人取得的食物,饭后洗口。众人问女仙与他是什么关系,他答说,在家时她曾是自己的妻子。众人又问他为何不哭,菩萨说:她出家为仙以后,与同样出家的我,即使活着也已没有任何夫妻关系;她只是在家时曾是我的妻子,成为仙人以后便再无关系——
ဟူလို။) ယခုအခါ ဤအမျိုးသမီးသည် တမလွန်ဘဝသို့သွားသော် အဘယ်သို့ တော်စပ်နိုင်တော့အံ့နည်း၊ ဤ အမျိုးသမီးသည် သေမင်း၏ အလိုနိုင်ငံသို့ လိုက်ပါသွားပြီ ဖြစ်၏၊ ငါသည် အဘယ်အကြောင်းကြောင့် ငိုကြွေး ရပါအံ့နည်း --- ဤသို့ မိန့်ဆိုပြီးနောက် လူများအပေါင်းအား ပရိဒေဝ မီးငြိမ်းရန် အောက်ပါအတိုင်း ကြည်လင် အေးမြစွာသော သြဝါဒရေချမ်းဖြင့် ဆွတ်ဖျန်းကာ ငြိမ်းစေတော်မူလေသည်။
——如今她又前往来世,怎么还会与我有关系?她已经随死王而去,我又为何要哭?说完以后,菩萨以如下清凉的教诲之水洒向众人,熄灭他们的悲火。
ဤရသေ့မကလေးသည်ကား များစွာကုန်သော သေသူတို့၏ အတွင်း၌ တစ်ဦးအဖြစ် ပါဝင်တည်ရှိနေပေ ၏၊ ထိုသူသေတို့နှင့် အတူတကွဖြစ်သော ရသေ့မသည် ငါ့အား အဘယ်သို့ ဆွေမျိုးတော်စပ်သည် ဖြစ်နိုင်တော့ လတ္တံ့နည်း။ ထိုကြောင့် ချစ်မြတ်နိုးဖွယ်သော ထိုသမ္မိလဒဟာသိနီကို အကြောင်းပြု၍ ငါ၏သန္တာန်ဝယ် စိုးရိမ်ပူဆွေး ရခြင်း သောကတရားသည် ထင်ရှားမရှိ ဖြစ်ပေ၏။
这位女仙已经成为众多死者中的一员;既与那些死者同属一类,她以后怎能再成为我的亲属?因此,我的相续中没有因可爱的萨弥罗婆西尼而生的忧痛——愁。
အကြင်အကြင် သေတိုင်းသေတိုင်းသောသူသည် ထိုစိုးရိမ်သောသူအဖို့ ထင်ရှားမရှိတော့သည်သာ ဖြစ်၏။
对于正在忧愁的人来说,任何一个死者都已不再现前。
ထိုသို့ ထင်ရှားမရှိတော့သော ထိုသေတိုင်းသေတိုင်းသောသူကို အကယ်၍ စိုးရိမ်နေငြားအံ့၊ အခါခပ်သိမ်း သေမင်း နိုင်ငံသို့ လိုက်ပါနေရသော မိမိကိုယ်ကို စိုးရိမ်သင့်လေရာ၏။
若还要为已经不再现前的每一位死者忧愁,那就应当为时刻正在走向死王领域的自己忧愁。
အိုလူများအပေါင်းတို့ …ရပ်နေသော သတ္တဝါသို့သာလျှင် အာယုသင်္ခါရသည် လိုက်သည် မဟုတ်သေး၊ ထိုင်သော သတ္တဝါသို့သာလျှင် အာယုသင်္ခါရသည် လိုက်သည် မဟုတ်သေး၊ လျောင်းစက်နေသော သတ္တဝါသို့ သာလျှင် အာယုသင်္ခါရသည် လိုက်သည် မဟုတ်သေး၊ ဖဝါးဖြင့် လှမ်း၍ သွားနေသော သတ္တဝါသို့သာလျှင် အာယုသင်္ခါရသည် လိုက်သည် မဟုတ်သေး။ (ဆိုလိုသည်မှာ --- ဤသတ္တဝါတို့သည် ဣရိယာပုထ် လေးပါးလုံးတို့၌
诸位啊,寿行并不只在有情站立时随行,也不只在坐时、卧时、举足行走时随行。换句话说,有情在四种威仪中放逸轻忽——
原书第 624 页
မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ နေထိုင်ကြကုန်၏၊ အာယုသင်္ခါရတရားတို့သည်ကား ညဥ့်၌လည်းကောင်း၊ နေ့၌လည်းကောင်း ခပ်သိမ်းသော ဣရိယာပုထ်တို့၌ မမေ့မလျော့ကြကုန်ဘဲ မိမိ၏ကုန်ခြင်း ပျက်ခြင်းသို့ ရောက် ကြောင်း အမှုကိုသာလျှင် အမြဲပြုနေကြ၏ဟု ဆိုလို၏။) အကြင်မျှလောက် မျက်စိကို ဖွင့်၏၊ မျက်စိကို မှိတ်၏၊ ထိုမျက်စိကို ဖွင့်စဥ် မှိတ်စဥ် အတွင်း၌ပင်သော်လည်း အရွယ်သုံးပါးသည် အမြဲဆုတ်ယုတ်လျက် ရှိ၏။
——地生活,寿行却无论昼夜、在一切威仪中都不放逸,只恒常从事令自身耗尽、坏灭的工作。就在一睁眼、一闭眼之间,少、壮、老三种年龄也一直衰退。
ထိုအရွယ်၏ ဆုတ်ယုတ်ခြင်းသည် ထင်ရှားရှိလတ်သော် စင်စစ် ဤခန္ဓာကိုယ်အတ္တဘောသည် ချို့တဲ့ တော့သည်သာ ဖြစ်၏၊ မပြည့်စုံတော့သည်သာ ဖြစ်၏။ ယင်းသို့လျှင် ဤခန္ဓာကိုယ်အတ္တဘော၌ ချို့တဲ့ခြင်းသည် ထင်ရှားရှိလတ်သော် ထိုထိုဘဝ၌ ဖြစ်ကြရကုန်သော သတ္တဝါတို့၏ ကွေကွင်းရခြင်း၌ = သေကွဲကွဲရခြင်း၌ ယုံမှား သံသယ မရှိလေရာ။ (ထိုကြောင့် မစိုးရိမ်သင့်ပေ၊ သောက ပရိဒေဝ မဖြစ်သင့်ပေ။) မသေမပျောက်ဘဲ ကြွင်း ကျန်သော အသက်ထင်ရှားရှိနေသေးသော သတ္တဝါတို့ အပေါ်၌သာလျှင် သနားချစ်ခင်အပ်၏၊ သေလေပြီးသော သတ္တဝါကို အကြောင်းပြု၍ အဖန်တလဲလဲ မစိုးရိမ်သင့် မငိုကြွေးသင့်ပေ။ (ဇာတက-ဋ္ဌ-၃-၈၇။) ဤကား အလောင်းတော်၏ သောက ပရိဒေဝမီး ငြိမ်းကြောင်း တရားကောင်းပေတည်း။ ဤ သောက ပရိဒေဝ ဒေါမနဿ ဥပါယာသတရားတို့သည် ဒေါသနှင့် အတူယှဥ်တွဲ၍ ဖြစ်ကြသဖြင့် ဒေါသကို နှိမ်နင်းနိုင်ပါက သောက ပရိဒေဝ ဒေါမနဿ ဥပါယာသမီးတို့လည်း မတောက်နိုင်လေရာ။ အောက်ပါ ဇာတ်တော်ကို ဆက်-
年龄如此明显衰退时,这一身体生命确实只会越来越残缺、不再圆满。身体生命既然明显衰损,对投生于种种生命中的有情终将分离——死别——便不应有任何疑惑。因此不应忧愁,不应生起愁与悲。只应怜爱仍然活着、尚未死去的有情;不应为了已经死去的人反复忧愁、哭号。(《本生义注》3-87。)这就是菩萨熄灭愁火、悲火的善法。愁、悲、忧、恼都与瞋相应;若能降伏瞋,愁、悲、忧、恼之火也不能燃烧。请继续阅读下面的本生故事——
လက်၍ ဖတ်ရှုကြည့်ပါ။
——。
စူဠဗောဓိဇာတ်တော် (ဇာတက-ဋ္ဌ-၄-၂၂။)
《小菩提本生》(《本生义注》4-22)
အထက်ပါ ဇာတ်တော်၌ကဲ့သို့ပင် ဤ စူဠဗောဓိဇာတ်တော်၌လည်း ဘုရားအလောင်းတော်နှင့် ယသောဓရာ အလောင်းလျာ သူတော်ကောင်းတို့သည် ဗြဟ္မာပြည်မှပင် စုတိ၍ လူ့ပြည်ဝယ် ကြွယ်ဝချမ်းသာသော ပုဏ္ဏား မျိုး၌ လူလာဖြစ်ကြရ၏။ ယသောဓရာအလောင်းလျာ အမျိုးကောင်းသမီးမှာလည်း လွန်မြတ်သော ရုပ်အဆင်းကို ဆောင်ထားသည့် နတ်သမီးတမျှ လှပတင့်တယ်သူ ပုံသွင်တူသူ ဖြစ်၏။ ထိုသူတော်ကောင်း နှစ်ဦးသားတို့ အလို မရှိပါဘဲလျက် မိဘတို့က ဇွတ်အတင်း လက်ထပ်ပေးကြသဖြင့် အိမ်ထောင်သည်ဘဝသို့ ရောက်ရှိသွားကြ၏။
如上一则故事,《小菩提本生》中,菩萨与耶输陀罗的前身也都从梵天界死后,投生在人间富裕的婆罗门家。耶输陀罗的前身宛如天女,容貌绝美。两人都不愿结婚,却在父母强迫安排下成为夫妻。
သို့သော် ထိုသူတော်ကောင်း နှစ်ဦးသားတို့သည် တစ်ဦးနှင့် တစ်ဦး ကိလေသာဖြင့် ကျက်စားဖူးသည်ဟူ၍ကား မရှိခဲ့စဖူးပေ။ ရာဂနှင့် ယှဥ်တွဲလျက်ရှိသော စိတ်ဓာတ်ဖြင့် တစ်ဦးသည် တစ်ဦးအား ကြည့်ခဲ့ဖူးခြင်းမည်သည် မဖြစ်စဖူးပေ။ အိပ်မက်၏ အတွင်း၌သော်လည်း မေထုန်မှီဝဲခြင်းမည်သည်ကို မမြင်မက်ခဲ့စဖူးပေ။ ဤသို့က- လောက် စင်ကြယ်သော သီလရှိသော သူတော်ကောင်းတို့ ဖြစ်ကြ၏။
然而两人从未彼此以烦恼放逸,也从未以贪相应之心互相看视,甚至梦中也没有交合之事。他们就是具有如此清净戒行的善人。
နောက်ပိုင်း မိဘတို့ ကွယ်လွန်သွားကြသောအခါ နှစ်ဦးသဘောတူ ကုဋေ (၈ဝ) မကသော စည်းစိမ်ဥစ္စာ တို့ကို စွန့်လွှတ်လှူဒါန်းကြကာ တောထွက်၍ ရသေ့ရဟန်းပြုကြ၏။ ဟိမဝန္တာသို့ပင် ဝင်ရောက်ကြ၍ မွေ့လျော် ဖွယ်ကောင်းသော မြေအရပ်၌ သင်္ခမ်းကျောင်းများ ဆောက်လုပ်ကာ သစ်သီးကြီးငယ်တို့ဖြင့် မျှတလျက် (၁ဝ) နှစ်တို့ ကာလပတ်လုံး နေထိုင်ကြ၏။ သို့သော် ထို (၁ဝ)နှစ်အတွင်း၌ သူတော်ကောင်း နှစ်ဦးလုံးတို့၏ သန္တာန်၌ စျာန်တရားများသည် မဖြစ်ပေါ်ခဲ့ကြသေးပေ။ ထိုသူတော်ကောင်းတို့သည် ရဟန်းချမ်းသာဖြင့်ပင်လျှင် ထိုဟိမဝန္တာ အရပ်၌ (၁ဝ)နှစ်တို့ကာလပတ်လုံး နေထိုင်ပြီးနောက် ချဥ်ဆား မှီဝဲရန်အလို့ငှာ ဇနပုဒ်တို့၌ လှည့်လည်လာကြရာ ဗာရာဏသီ မင်းဥယျာဥ်သို့ ဆိုက်ရောက်လာကြ၏။ မင်းဥယျာဥ်၌ပင် သီတင်းသုံးနေထိုင်တော်မူကြ၏။
后来父母去世,两人一致舍弃并布施超过八十俱胝的财产,离家出家为仙人。他们进入喜马拉雅山,在可意之处建造草庵,以种种果实维生十年。十年之中,两人的相续里还没有生起禅那。以出家安乐住满十年以后,他们为了取得盐醋而游行乡间,来到波罗奈王御苑,便住在那里。
တစ်နေ့တွင် ဗာရာဏသီဘုရင်ကြီးသည် ဥယျာဥ်ကစားရင်းဖြင့် ဥယျာဥ်အတွင်း၌ လှည့်လည် ကြည့်ရှုလေရာ ရဟန်းချမ်းသာဖြင့် နေထိုင်သီတင်းသုံးလျက် ရှိကြကုန်သော ထိုသူတော်ကောင်း နှစ်ဦးတို့ကို တွေ့မြင်သောအခါ
一天,波罗奈王游园观赏,在御苑中见到这两位安住出家之乐的善人——
原书第 625 页
လက္ခဏာဒိစတုက္ကပိုင်း -- ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်များ အခန်း အလွန် ကြည်ညိုဖွယ်ကောင်းသော လွန်မြတ်သောအဆင်းကို ဆောင်သော ရသေ့မကလေးကို ကြည့်၍ ရာဂဖြင့် ရစ်ပတ်နှောင်ဖွဲ့ထားသော စိတ်ရိုင်းများသည် တဖွားဖွား ထကြွလာလေတော့၏။ ကိလေသာဖြင့် တုန်လှုပ်ချောက် ချားသော စိတ်ဓာတ်ရှိနေသော ဗာရာဏသီမင်းသည် အလောင်းတော်ရသေ့ထံသို့ ချဥ်းကပ်၍ ရသေ့မနှင့် မည်သို့ တော်စပ်ကြောင်းကို လျှောက်ထားကြည့်လေ၏။ ထိုအခါ ဘုရားအလောင်းတော်က --- ''ဒါယကာတော်မင်းမြတ် ဤရသေ့မနှင့် မည်သို့မျှ မတော်စပ်ပါ။ ရသေ့ရဟန်း အတူပြုလုပ်ကြဖို့ရန် တူညီသော ကုသိုလ်ဆန္ဒတော် သက် သက်မျှဖြင့် ရသေ့ရဟန်း ပြုလာကြသူများသာ ဖြစ်ကြပါသည်။ သို့သော် အကယ်စင်စစ် ပြောဆိုရပါမူ ဤရသေ့မ ကလေးကား ရှေးယခင် လူ့ဘဝက ငါ၏ ခြေရင်းအလုပ်အကျွေး = အိမ်ရှင်မပင် ဖြစ်ခဲ့ဖူးပါသည်'' --- ဟု ပြန် လည်၍ အမိန့်ရှိတော်မူလိုက်၏။
——看见容貌庄严绝美的女仙以后,被贪缠缚的粗野心不断涌起。受烦恼扰动的国王走近菩萨仙人,问女仙与他是什么关系。菩萨答道:“大王施主,我与这位女仙没有任何亲属关系;我们只是怀着共同出家为仙的善愿而一起出家。若据实说,她在过去居家时曾是我的妻子。”
ထိုစကားကိုကြားရသော ဗာရာဏသီမင်းက --- ''အကယ်၍ ဤရသေ့မကလေးကို အနိုင်အထက် လုယက် ခေါ်ဆောင်၍ သွားခဲ့လျှင် အရှင်ရသေ့က အသို့ပြုမူအံ့နည်း''ဟု မေးမြန်းစုံစမ်းလာသောအခါ အလောင်းတော် ရသေ့ကြီးက ဤသို့ မိန့်ကြားတော်မူ၏ --- ''ဒါယကာတော်မင်းကြီး …အကယ်၍ ဤရသေ့မငယ်ကို အနိုင်အထက်ယူ၍ ခေါ်ဆောင်သွားခဲ့စေကာမူ ငါ၏ ကိုယ်တွင်း၌ တစ်စုံတစ်ခုသော အမျက်ကောပတရားသည် ဖြစ်ပွားလာငြားအံ့၊ ထို အမျက်ကောပတရားသည် ငါ၏ ခန္ဓာအိမ်အတွင်း၌ ဖြစ်ပြီးနောက် အပြင်သို့ လွတ်မြောက်၍ မသွားလေရာ။ အသက်ရှင်နေသမျှ ကာလ ပတ်လုံး ငါ၏ ခန္ဓာအိမ်အတွင်းမှ ထိုဒေါသတရားသည် အပြင်သို့ မထွက်မြောက်နိုင်လေရာ။ (ပညာရှိတို့ အမျက် အပြင်မထွက် ဟူလိုသည်။) ငါ၏ခန္ဓာအိမ်အတွင်း၌ ယင်းဒေါသ၏ အတုံးလိုက် အခဲလိုက် စုပေါင်းနေထိုင်ခြင်းဖြင့် ရပ်တည်ခွင့်ကို ဘယ်တော့မှ ပေးမည်မဟုတ်ပေ၊ အမှန်စင်စစ်မှာမူ ကျယ်ပြန့်စွာ ရွာသွန်းလာသော သည်းထန်စွာ
国王听后问:“若我强行夺走这位女仙,尊者会怎样?”菩萨仙人回答:“大王施主,如果你强行带走这位年轻女仙,我心中生起任何瞋怒,它都不会从我这身体中逃出;只要我仍活着,这瞋就不可能从身体中出来——智者不让瞋怒显露在外。我绝不会容许它在身体中结块聚集、站稳脚跟。确实,正如倾盆大雨迅速压下尘雾——”
ရွာသွန်းလာသော မိုးကြီးသည် မြူမှုန်ကို လျင်မြန်စွာ တားမြစ်သကဲ့သို့ ထို့အတူပင်လျှင် ထိုအမျက်ကောပ ဒေါသ တရားကို လျင်မြန်စွာပင်လျှင် ငြိမ်းသွားအောင် မေတ္တာဘာဝနာကမ္မဋ္ဌာန်းတည်းဟူသော မိုးကြီးကို ရွာသွန်းလျက် နှိပ်ကွပ်၍ တားမြစ်တော်မူပေအံ့''ဟု ပြန်လည်၍ မိန့်ကြားတော်မူလိုက်၏။
“——同样,我将降下慈修习业处的大雨,迅速压伏、制止瞋怒,使它止息。”
ထိုအခါ ပညာမျက်စိကာဏ်းနေခိုက် ဖြစ်သော ဗာရာဏသီမင်းသည် ထိုရသေ့မအပေါ်၌ ရာဂဖြင့် ရစ်ပတ် နှောင်ဖွဲ့နေသော စိတ်ကို တားမြစ်ခြင်းငှာ မစွမ်းနိုင်ရှာသဖြင့် မင်းအာဏာဖြင့် ထိုရသေ့မကလေးကို အနိုင်အ- ထက် ပြုမူ၍ ဆောင်ကြဥ်းသွားလေသည်။ သို့သော် မိဖုရားစည်းစိမ်ဖြင့် ရသေ့မကလေးကို သွေးဆောင်၍ မရ သည်ကတစ်ကြောင်း၊ အလောင်းတော်ရသေ့ထံမှ အမျက်ကောပ ဒေါသကြောင့် ရရှိနိုင်သည့် အပြစ်၊ မေတ္တာ ကြောင့် ရရှိနိုင်သော အကျိုးတရားနှင့်စပ်သည့် တရားစကားတို့ကို နာကြားရသည်ကတစ်ကြောင်း --- ဤသို့စသော အကြောင်းတို့ကြောင့် ရသေ့မကလေးကို ဥယျာဥ်တော်သို့ ပြန်ပို့ကာ မိမိ၏ မိုက်ပြစ်များကို ဝန်ချတောင်းပန်လျက် တရားနှင့်လျော်ညီသော အစောင့်အရှောက်ကိုပေးကာ ပစ္စည်းလေးဖြာတို့ဖြင့် ထောက်ပံ့လျက် ဥယျာဥ်တော်၌ပင် ဆက်လက်၍ သီတင်းသုံးရန် လျှောက်ထားတောင်းပန်လေသည်။ သူတော်ကောင်း နှစ်ဦးတို့သည်လည်း ဥယျာဥ်
当时波罗奈王智慧之眼盲昧,不能制止对女仙的贪缚之心,便凭王权强行将她带走。然而,他既不能以王后之荣诱惑女仙,又从菩萨仙人那里听到瞋怒的过患与慈的利益等法语,于是把女仙送回御苑,坦承罪过而请求宽恕,为他们安排如法的保护,以四资具供养,请他们继续住在御苑。两位善人便继续住在御苑——
တော်မှာပင် ဆက်လက်၍ သီတင်းသုံးတော်မူကြ၏။ နောက်ပိုင်းတွင် ရသေ့မကလေး ကွယ်လွန်သွားသောအခါ အလောင်းတော်ရသေ့ကြီးသည် ဟိမဝန္တာတောသို့ဝင်ကာ အဘိညာဏ် သမာပတ်တို့ကို ဖြစ်စေပြီးနောက် ဗြဟ္မ- ဝိဟာရတရားတို့ကို ပွားများကာ ကွယ်လွန်သည့်အခါ ဗြဟ္မာပြည်သို့ လားတော်မူလေသည်။
——。后来女仙去世,菩萨仙人进入喜马拉雅山,成就神通与等至,修习梵住;去世以后投生梵天界。
(ဇာတက-ဋ္ဌ-၄-၂၂-၂၇။)
(《本生义注》4-22—27。)
ဤဇာတ်တော်၌ အလောင်းတော်ကြီးကား သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသတို့၏ အကြောင်း ရင်း ဖြစ်သော အမျက်ကောပ ဒေါသတရားကို မေတ္တာဘာဝနာလက်နက်ကောင်းဖြင့် အောင်မြင်စွာ တိုက်ဖျက် တော်မူခဲ့လေသည်။
在这则本生中,菩萨以慈修习这一良好武器,成功击退作为愁、悲、苦、忧、恼根源的瞋怒。