行蕴论章(之十四)
《趣向涅槃之道》中文全译本 · 非缩略版
特相等四法篇 · 原书第 586–594 页 · 77 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 586 页
မရောယှက်ဘဲ တရားသောနည်းလမ်းဖြင့်သာ ဘုရားရှင် ခွင့်ပြုတော်မူအပ်သော နည်းလမ်းဖြင့်သာ ပစ္စည်းလေး ပါးကို ရှာဖွေ၍လည်းကောင်း၊ အသက်မွေးသူတို့၏ လယ်ထွန်ခိုက် ကုန်သွယ်ခိုက် ဆွမ်းခံခိုက် စသည်၌ ဖြစ်သော သမ္မာဝါယာမသည် ဝီရိယသမ္မာအာဇီဝ မည်၏။ (ဝီရိယ ပြဓာန်းသော စိတ် စေတသိက်များတည်း။) တစ်ဖန် ဝစီဒုစရိုက် ကာယဒုစရိုက်တို့သည် အသက်မွေးဝမ်းကြောင်းနှင့် ဆက်သွယ်၍ ဖြစ်အံ့၊ ဝစီဒုစရိုက် ကာယဒုစရိုက်တို့ကြောင့် ရရှိသော ပစ္စည်းများကို မှီ၍ အသက်မွေးနေအံ့၊ လက်နက် အဆိပ် သေရည်အရက် တို့ကို ကုန်သွယ်၍၊ မွေးမြူရေးလုပ်ကာ ကုန်သွယ်၍၊ လူကို ကုန်သွယ်၍ အသက်မွေးအံ့၊ ရဟန်းဖြစ်လျှင် မိစ္ဆာဇီဝကြောင့် ရရှိသည့် ပစ္စည်းလေးပါးကို သုံးစွဲနေအံ့ -- ထိုဒုစရိုက်မှုမျိုးကို မပြုတော့ပါဘူးဟု ထိုမိစ္ဆာဇီဝမှုဖြင့် ရရှိသော ပစ္စည်းများကို မသုံးစွဲပါဘူးဟု ရှောင်ကြဥ်လိုက်လျှင် သမ္မာအာဇီဝဝိရတိ ဖြစ်သည်။ ဤဝိရတိစေတသိက်
——称为精进正命,所指是以精进为主的心与心所。再者,语恶行与身恶行若同谋生相连,或依靠这些恶行所得的财物生活;或经营武器、毒物、酒类,饲养并贩卖牲畜,或从事人口买卖来谋生;若是比丘,则受用由邪命所得的四种资具——若远离这些行为,决定“不再造作这种恶行,也不受用由这种邪命所得的财物”,便是离正命。本离心所——
အရာ၌ သမ္မာအာဇီဝ ဝိရတိကို အလိုရှိအပ်ပေသည်။
——部分所指的正是离正命。
ဝိရတိအပြား
离的种类
ဒုစရိုက် ဒုရာဇီဝတို့မှ သမ္ပယုတ်တရားတို့၏ ရှောင်ကြဥ်ကြောင်း ဖြစ်သော သဘောတရားသည် ဝိရတိ မည်၏။ မိမိ ဝိရတိကိုယ်တိုင် ဒုစရိုက် ဒုရာဇီဝတို့မှ ရှောင်ကြဥ်တတ်သော သဘောတရားသည် ဝိရတိ မည်၏။
能使诸相应法远离恶行与恶命的法,称为离;自身也能远离恶行与恶命的法,同样称为离。
ဒုစရိုက် ဒုရာဇီဝတို့မှ ရှောင်ကြဥ်ခြင်းမျှ ဖြစ်သော သဘောတရားသည် ဝိရတိ မည်၏။ ဒုစရိုက် ဒုရာဇီဝတို့ကို ပြုခွင့်ကြုံလျက် မပြုမကျင့်မှုကို ''ရှောင်ကြဥ်ခြင်း'' -- ဟု ခေါ်၏၊ ယင်းဝိရတိသည် သမ္ပတ္တဝိရတိ၊ သမာဒါနဝိရတိ၊ သမုစ္ဆေဒဝိရတိဟု သုံးမျိုးပြား၏။ (အဘိ-ဋ္ဌ-၁-၁၄၆။) ၁။ သိက္ခာပုဒ်ကို ဆောက်တည်မထားသော သူတို့၏ မိမိ၏ အမျိုးဇာတ် အရွယ် အကြားအမြင် ဗဟုသုတ များခြင်း စသောဂုဏ်တို့ကို ဆင်ခြင်၍ ''ငါတို့ကဲ့သို့သော ပုဂ္ဂိုလ်တို့အား ဤသို့သော သဘောရှိသော မကောင်းမှု ကို ပြုခြင်းငှာ မသင့်တော်''ဟု ဆိုက်ရောက်လာသော လွန်ကျူးဖွယ် ဝတ္ထုကို မလွန်ကျူးကြကုန်သော သူတို့၏ စိတ္တုပ္ပါဒ်ဝယ် ဖြစ်ပေါ်လာသော ဝိရတိကို သမ္ပတ္တဝိရတိဟု သိပါ။ (အဘိ-ဋ္ဌ-၁-၁၄၆။) ၂။ သိက္ခာပုဒ်တော်ကို ဆောက်တည်ထားကြကုန်သော သူတော်ကောင်းတို့၏ သိက္ခာပုဒ်ကို ဆောက်တည် ခိုက်၌လည်းကောင်း၊ သိက္ခာပုဒ်ကို ဆောက်တည်ပြီး နောက်ပိုင်းကာလ၌လည်းကောင်း မိမိ၏အသက်ကိုသော်
唯以远离恶行与恶命为其性质的法,称为离。已经遇到造作恶行、恶命的机会而不去实行,称为“远离”。这种离分为自然离、受持离与正断离三种。(《阿毗达磨义注》1-146。)第一,未曾受持学处的人反省自己的出身、年龄、多闻等德,心想:“像我们这样的人,不宜造作这样的恶事。”当可违犯之事来到面前时,他们仍不越犯;在这些人的心生起中出现的离,应知为自然离。(《阿毗达磨义注》1-146。)第二,已经受持学处的善人,无论在受持学处时,还是受持以后,甚至宁可舍弃自己的生命——
ပင် စွန့်လွှတ်၍ လွန်ကျူးဖွယ်ဝတ္ထုကို မလွန်ကျူးကြကုန်သော သူတို့၏ စိတ္တုပ္ပါဒ်ဝယ် ဖြစ်ပေါ်လာသော ရှောင်ကြဥ်မှု ဝိရတိကို သမာဒါနဝိရတိဟု သိရှိပါလေ။ (အဘိ-ဋ္ဌ-၁-၁၄၆။) ၃။ ဒုစရိုက် ဒုရာဇီဝဟူသမျှ၏ အကြောင်းရင်း အနုသယဓာတ်ကို အကြွင်းမဲ့ ဖြတ်သောအားဖြင့် ဖြစ်ပေါ်လာ သော အရိယမဂ်နှင့် ယှဥ်သော လောကုတ္တရာဝိရတိကို သမုစ္ဆေဒဝိရတိဟူ၍ သိရှိပါလေ။ (အဘိ-ဋ္ဌ-၁-၁၄၇။) ဤဝိရတိ သုံးမျိုးတွင် သမ္ပတ္တဝိရတိ သမာဒါနဝိရတိတို့ကား ဆိုက်ရောက်လာသော ပစ္စုပ္ပန် ဖြစ်သော ရှောင် ကြဥ်ထိုက်သည့် ဝိရမိတဗ္ဗဝတ္ထုကို အာရုံပြုကြ၏။ သမုစ္ဆေဒဝိရတိကား ကာလဝိမုတ် ဖြစ်သော = ကာလသုံးပါးမှ အလွတ်ဖြစ်သော နိဗ္ဗာန်ကို အာရုံပြု၏။ အားလုံး ဗဟိဒ္ဓကိုသာ အာရုံပြုသည်ချည်းဟု မှတ်ပါ။
——也不越犯可违犯之事;在这些人的心生起中出现的离,应知为受持离。(《阿毗达磨义注》1-146。)第三,与圣道相应、由无余断除一切恶行与恶命的随眠界而生起的出世间离,应知为正断离。(《阿毗达磨义注》1-147。)在这三种离中,自然离与受持离缘取已经来到、属于现在的应远离之事;正断离则缘取离三世的涅槃。应知三者全都只缘取外在法。
မှတ်ချက် --- ဝိရတိစေတသိက်တို့ကား နာနာကဒါစိ စေတသိက်တို့ ဖြစ်ကြသဖြင့် တစ်ခါတစ်ရံ၌သာ တစ်လုံးစီ ဖြစ်ကြ၏၊ ဝိရတိစေတသိက်တို့ ဖြစ်တိုင်း၌ကား စေတနာဝိရတိ ပါဝင်လျက် ရှိ၏။ သို့သော် စေတနာ ဝိရတိ ဖြစ်တိုင်း၌ ဝိရတိစေတသိက် အမြဲတမ်း မပါပေ။ ရံခါ ပါသည်လည်း ရှိ၏၊ ရံခါ မပါသည်လည်း ရှိ၏။
注——离心所属于各别—偶生心所,所以只在某些时候生起,而且一次只生起一种。每当离心所生起时,其中都含有思之离;但每当思之离生起时,未必总有离心所,有时有,有时没有。
ဒုစရိုက်မှ ရှောင်ကြဥ်ခိုက်၌သာ ဝိရတိစေတသိက်များ ပါဝင်ကြ၏။ ဇော၌သာ ဝိရတိ ယှဥ်၍ တဒါရုံ၌ ဝိရတိ မယှဥ်ဟု မှတ်ပါ။
只有正在远离恶行时,才有离心所参与。应知,离只与速行相应,不与彼所缘相应。
原书第 587 页
ဗြဟ္မဝိဟာရ စေတသိက်များ
梵住心所
မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာဟု ဗြဟ္မဝိဟာရ စေတသိက် (၄)မျိုး ရှိ၏၊ ဗြဟ္မစိုရ်တရား လေးပါး ဟူ၍လည်း ခေါ်၏၊ အပ္ပမညာတရား လေးပါးဟူ၍လည်း ခေါ်၏။ ယင်းလေးမျိုးတို့တွင် မေတ္တာ၏ တရားကိုယ်မှာ အဒေါသစေတသိက်ပင် ဖြစ်သည်။ သို့သော် အဒေါသတိုင်းကား မေတ္တာ မဟုတ်ပေ။ အဒေါသတိုင်းကား မေတ္တာ မဟုတ်သဖြင့် မေတ္တာအဆင့်သို့ ရောက်နေသော အထူးသဖြင့် မေတ္တာစျာန်အဆင့်သို့ ရောက်နေသော အဒေါသ၏ လက္ခဏ ရသ စသည်ကို ဆက်လက်၍ တင်ပြအပ်ပါသည်။
梵住心所有慈、悲、随喜、舍四种,也称四梵住法,又称四无量。在这四种法中,慈的法体就是无瞋心所,但并非一切无瞋都是慈。因为并非一切无瞋都是慈,所以下面只说明已经达到慈这一层次,尤其已经达到慈禅层次的无瞋之特相、作用等。
မေတ္တာ (= အဒေါသ)
慈(即无瞋)
၁။ ဟိတာကာရပ္ပဝတ္တိလက္ခဏာ မေတ္တာ၊ ၂။ ဟိတူပသံဟာရရသာ၊ ၃။ အာဃာတဝိနယပစ္စုပဋ္ဌာနာ၊ ၄။ သတ္တာနံ မနာပဘာဝဒဿနပဒဋ္ဌာနာ။
一、以利益行相转起为特相;二、以带来利益为作用;三、以除去怨恨为现起;四、以看见有情悦意的一面为近因。
ဗျာပါဒူပသမော ဧတိဿာ သမ္ပတ္တိ၊ သိနေဟသမ္ဘဝေါ ဝိပတ္တိ။ (အဘိ-ဋ္ဌ-၁-၂၃၇။ ဝိသုဒ္ဓိ-၁-၃၁၁။) ၁။ သတ္တဝါတို့၏ အကျိုးစီးပွားကိုကျင့်သော (လိုလားသော) အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော - လက္ခဏ၊ ၂။ သတ္တဝါတို့၏ အကျိုးစီးပွားကို ကပ်၍ ဆောင်ခြင်း (ကိစ္စ) ရသ၊ တစ်နည်း --- အကျိုးစီးပွားကို ကပ်၍ ဆောင်ခြင်းဟူသော ဂုဏ် ရှိ၏။ (သမ္ပတ္တိ) ရသ၊ ၃။ ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်တတ်သော သဘောတရား (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်၊ တစ်နည်း --- ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်ခြင်းဟူသော အကျိုးကို ဖြစ်စေတတ်၏ -- (ဖလ) ပစ္စုပဋ္ဌာန်၊ ၄။ သတ္တဝါတို့၏ မြတ်နိုးဖွယ် မနာပ အဖြစ်ကို ရှုသော ယောနိသောမနသိကာရ ပဒဋ္ဌာန်။
嗔恚止息是慈的成功;爱著生起是慈的失败。(《阿毗达磨义注》1-237;《清净之道》1-311。)一、以谋求有情利益的方式转起,是慈的特相。二、把利益带给有情,是慈的作用;换一种说法,慈具有带来利益这一成就作用。三、能除去怨恨的法,是慈的行相现起;换一种说法,慈产生怨恨消失这一结果,是结果现起。四、以如理作意见到有情悦意的一面,是慈的近因。
သတ္တဝါတို့ကို ဖျက်ဆီးလိုသော ပျက်စီးစေလိုသော ဗျာပါဒ = ဒေါသ၏ ဝိက္ခမ္ဘနပဟာန်အားဖြင့် ငြိမ်း အေးခြင်းသည် ဤမေတ္တာ၏ ပြည့်စုံခြင်း သမ္ပတ္တိတည်း။ ချစ်ခြင်းတဏှာ၏ ဖြစ်ခြင်းသည် ပျက်စီးခြင်း ဝိပတ္တိတည်း၊၊
以镇伏断令想要伤害、毁坏有情的嗔恚——即瞋——止息,是慈的成功;爱染之爱的生起,则是慈的失败。
(အဘိ-ဋ္ဌ-၁-၂၃၇။ ဝိသုဒ္ဓိ-၁-၃၁၁။)
(《阿毗达磨义注》1-237;《清净之道》1-311。)
မေတ္တာမုခေန ဟိ ရာဂေါ ဝဉ္ဇေတိ = မေတ္တာကို ရှေ့ထား၍ ရာဂသည် လှည့်ပတ်တတ်၏၊ ရာဂက မေတ္တာ အယောင်ဆောင်၍ လှည့်ပတ်တတ်၏။ မေတ္တာပွားရင်း ရာဂ ဖြစ်လာခဲ့သော် မေတ္တာဘာဝနာ ပျက်စီးတော့၏ ဟူလိုသည်။
“贪以慈为门面而欺骗”:贪把慈放在前面而进行欺骗,也就是伪装成慈而欺骗。意思是,修慈时如果生起了贪,慈修习便已失坏。
မေတ္တာ --- သိနိယှတီတိ ဧတ္ထ သတ္တေသု ဗျာပဇ္ဇနဝသေန လူခဘာဝဿ ပဋိပက္ခဘူတံ ဉာဏပုဗ္ဗင်္ဂမံ ဟိတာကာရပဝတ္တိဝသေန သိနေဟနံ ဒဋ္ဌဗ္ဗံ၊ န တဏှာယနဝသေန။ တံ ဟိ မောဟပုဗ္ဗင်္ဂမံ လုဗ္ဘနသဘာဝံ၊ ဣဒံ ပန အဒုဿနသဘာဝံ အလောဘသမ္ပယုတ္တံ။ (မဟာဋီ-၁-၃၇၈။) သတ္တဝါတို့အပေါ်၌ ဖျက်ဆီးလိုခြင်း ဗျာပါဒ = ဒေါသ ဖြစ်ခြင်း အစေးဓာတ် အစိုဓာတ် မပါသော ခြောက် ကပ်ကပ်သဘော၏ ဆန့်ကျင်ဘက် ဖြစ်၍ ဉာဏ်ရှေးသွားရှိသော သတ္တဝါတို့၏ အကျိုးစီးပွားကို လိုလားသော အခြင်းအရာအားဖြင့် ဖြစ်သော သိနေဟ = အချစ်ကို ဤမေတ္တာအရာ၌ ဆိုလိုသော မေတ္တာဟု မှတ်ပါ။ တဏှာ၏ အစွမ်းဖြင့် ချစ်ခြင်း = သိနေဟကို မေတ္တာဟု မမှတ်အပ်။ မှန်ပေသည် --- ထိုတဏှာ၏ အစွမ်းဖြင့် ချစ်ခြင်း
慈——在“亲爱”之义中,应当把慈理解为:它与想要伤害有情的嗔恚——即瞋——所造成的粗涩、枯燥状态相反,以智为先导,依谋求有情利益的行相而生起;不应把爱著之爱理解为慈。因为爱著之爱以痴为先导,具有贪著之性;此慈则具有不损害、不瞋之性,并与无贪相应。(《大复注》1-378。)对于有情,想要伤害的嗔恚——即瞋——是不含黏润、干枯粗涩的状态;慈与它相反。此处所谓慈,是以智为先导、依谋求有情利益的行相而生起的亲爱,不应把爱所造成的亲爱认作慈。因为由爱所造成的亲爱——
原书第 588 页
သိနေဟကား မောဟ = အသိမှားမှု = ယောကျာ်း မိန်းမ စသည်ဖြင့် အသိမှားမှု ရှေ့သွားခေါင်းဆောင် ရှိ၍ တစ်ဦးပေါ်တစ်ဦးက တပ်မက်ခြင်း လောဘသဘောတည်း။ ဤမေတ္တာကား သတ္တဝါတို့အပေါ်၌ မဖျက်ဆီးလို မပျက်စီးလိုသော မပြစ်မှားတတ်သော အဒုဿနသဘော ရှိ၍ မတွယ်တာ မတပ်မက်ခြင်း အလောဘနှင့် ယှဥ်တွဲ လျက် ရှိ၏။
——以痴,也就是把对象错认作男人、女人等的错误认识为先导,具有彼此贪染执著的贪性。此慈则不想伤害、毁坏有情,具有不侵害的不瞋之性,并与不黏著、不贪染的无贪相应。
မေးဖွယ် --- တဏှာချစ် = တဏှာသိနေဟသည်လည်း ဗျာပါဒ = ဒေါသနှင့် စိတ္တက္ခဏတစ်ခု အတွင်း၌ သို့မဟုတ် ဇောဝီထိတစ်ခု အတွင်း၌ အတူတကွ ယှဥ်တွဲ၍ မရပ်တည်ခြင်းကြောင့် ဗျာပါဒနှင့် ဆန့်ကျင်ဘက်ပင် ဖြစ်သည် မဟုတ်ပါလားဟု မေးဖွယ် ရှိ၏။ အဖြေကား ဤသို့တည်း --- တဏှာချစ် = တဏှာသိနေဟသည် တစ်ခုသော စိတ္တက္ခဏ အတွင်း၌ သို့မဟုတ် တစ်ခုသော ဇောဝီထိအတွင်း၌ ဗျာပါဒဒေါသနှင့် အတူယှဥ်၍ မဖြစ်သည် မှန်သော်လည်း တဏှာသိနေဟကလည်း ဗျာပါဒကို မပယ်တတ်သည်၏ အဖြစ်ကြောင့်၊ ဗျာပါဒ ကလည်း တဏှာသိနေဟကို မပယ်တတ်သည်၏ အဖြစ်ကြောင့် ဆန့်ကျင်ဘက် ဝိရောဓိတရား မဟုတ်ပေ။
问——爱所造成的亲爱也不能在同一心刹那或同一速行心路中与嗔恚——即瞋——同时相应并存,那么它岂不同样是嗔恚的对治吗?答:爱所造成的亲爱诚然不能在同一心刹那或同一速行心路中与嗔恚之瞋同时相应生起;然而,爱之亲爱不能断除嗔恚,嗔恚也不能断除爱之亲爱,所以二者并不是彼此直接对治的法。
(မဟာဋီ-၁-၃၇၈။)
(《大复注》1-378。)
တရားကိုယ် --- သတ္တဝါတို့၏ အပေါ်၌ အကျိုးစီးပွားကို လိုလားတောင့်တသော ခန္ဓာအစဥ်သည် မိတ္တ မည်၏။ ထိုခန္ဓာအစဥ်၌ အကျုံးဝင်သည်၏ အဖြစ်ကြောင့် မိတ္တ အမည်ရသော သတ္တဝါတို့ အပေါ်၌ အကျိုးစီးပွား ကို လိုလားတောင့်တသော ခန္ဓာအစဥ်၌ ဖြစ်သောတရားသည် = အဒေါသသည် မေတ္တာ မည်၏။ တစ်နည်း - ချစ်ခင်အပ်သော လေးစားအပ်သော ပိယပုဂ္ဂိုလ်သည် မိတ္တ မည်၏။ ထိုမိတ္တ အမည်ရသော ပိယပုဂ္ဂိုလ်အာရုံ၌ ဖြစ်သော = ပိယပုဂ္ဂိုလ်ကို အာရုံပြု၍ ဖြစ်သော တရားသည် = အဒေါသသည် မေတ္တာ မည်၏။ တစ်နည်း -- ဤချစ်ခြင်းမေတ္တာသည် ချစ်တတ်သောသူ၏ ချစ်ခြင်း၏ အစွမ်းဖြင့် ဖြစ်သော သဘောတရား = အဒေါသတည်း။
法体——谋求有情利益的名蕴相续,称为“友”。由于摄属于这称为“友”的相续,在谋求有情利益的名蕴相续中生起的法——即无瞋——称为慈。换一种说法,可爱、可敬的人称为“友”;以这位称为友的可爱者为所缘而生起的法——即无瞋——称为慈。又换一种说法,这一慈爱是能爱者依爱的力量而生起的法,其法体就是无瞋。
ဤသို့ သိရှိပါလေ။ (အဘိ-ဋ္ဌ-၁-၂၃၇။ ဝိသုဒ္ဓိ-၁-၃၁၁။ မဟာဋီ-၁-၃၇၈။) အာရုံ --- ပညတ္တိဓမ္မဝသေန ဧကော ဝါ သတ္တော အနေကေ ဝါ သတ္တာ အာရမ္မဏံ။
应当如此理解。(《阿毗达磨义注》1-237;《清净之道》1-311;《大复注》1-378。)所缘——作为概念法的一位有情或多位有情,都是慈的所缘。
(အဘိ-ဋ္ဌ-၁-၂၃၉။ ဝိသုဒ္ဓိ-၁-၃၁၃။)
(《阿毗达磨义注》1-239;《清净之道》1-313。)
သတ္တဝါတစ်ဦးကို ဖြစ်စေ သတ္တဝါအများကို ဖြစ်စေ အာရုံပြု၍ ဖြစ်ပေါ်လာသော ဟိတဇ္ဈာသယ = အကျိုး စီးပွားကို လိုလားတောင့်တသော နာမ်ခန္ဓာအစဥ်မှ (ဇောနာမ်တရား - ၃၄ မှ) အဒေါသ မေတ္တာကို ရွေးထုတ်၍ အထက်ပါ လက္ခဏ ရသ စသည်ကို ရှုပါ။ ယင်း နာမ်တရားတို့သည် မေတ္တာစျာန်၏ ပုဗ္ဗဘာဂ = ရှေ့အဖို့၌ ဖြစ် သော နာမ်တရား၊ မေတ္တာစျာန်အခိုက်၌ ဖြစ်သော နာမ်တရားဟု နှစ်မျိုးရှိကာ နှစ်မျိုးလုံး၌ပင် ရှုနိုင်သည်။
以一位或多位有情为所缘,从谋求其利益的名蕴相续——三十四种速行名法——中辨取无瞋之慈,观照上述特相、作用等。这些名法有两种:慈禅之前分所生的名法,以及慈禅当下所生的名法;两种都可以观照。
မေတ္တာစျာန်၏ ရှေ့အဖို့၌ ဖြစ်သော နာမ်တရားတို့ကား ကာမာဝစရတရားများ ဖြစ်ကြ၍ မေတ္တာစျာန်အခိုက် နာမ်တရားတို့ကား ရူပါဝစရတရားတို့ ဖြစ်ကြသည်။ ကျန်ဗြဟ္မဝိဟာရတရားတို့၌လည်း နည်းတူမှတ်ပါ။
慈禅之前分所生的名法是欲界法,慈禅当下所生的名法是色界法。其余梵住法也应作同样理解。
၂၃။ ကရုဏာ
二十三、悲
၁။ ဒုက္ခာပနယနာကာရပ္ပဝတ္တိလက္ခဏာ ကရုဏာ၊ ၂။ ပရဒုက္ခာသဟနရသာ၊ ၃။ အဝိဟိံ သာပစ္စုပဋ္ဌာနာ၊ ၄။ ဒုက္ခာဘိဘူတာနံ အနာထဘာဝဒဿနပဒဋ္ဌာနာ။
悲的四法如下:一、以想要除去痛苦的行相转起为特相;二、以不忍他人受苦为作用;三、以不加害为现起;四、以看见被痛苦压倒的有情无依无靠为近因。
ဝိဟိံ သူပသမော တဿာ သမ္ပတ္တိ၊ သောကသမ္ဘဝေါ ဝိပတ္တိ။ (အဘိ-ဋ္ဌ-၁-၂၃၇-၂၃၈။ ဝိသုဒ္ဓိ-၁-၃၁၁။)
加害止息是悲的成功;忧伤生起是悲的失败。(《阿毗达磨义注》1-237—238;《清净之道》1-311。)
原书第 589 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း ၁။ သတ္တဝါတို့၏ ဆင်းရဲဒုက္ခကို ပယ်ရှားလိုခြင်းဟူသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော လက္ခဏ၊ ၂။ ပယ်ရှားလိုသည်၏ အဖြစ်ဖြင့် သူတစ်ပါး၏ ဆင်းရဲဒုက္ခကို သည်းမခံနိုင်ခြင်း (ကိစ္စ) ရသ၊ ၃။ သတ္တဝါတို့အား ညှဥ်းပန်းနှိပ်စက်ခြင်း ဝိဟိံ သာ၏ ဆန့်ကျင်ဘက်ဖြစ်သော သဘောတရား (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်၊ တစ်နည်း --- သတ္တဝါတို့ကို မညှဥ်းဆဲခြင်းကို ရှေးရှူ ဖြစ်စေတတ်၏ (ဖလ) ပစ္စုပဋ္ဌာန်၊ ၄။ ဆင်းရဲဒုက္ခဖြင့် အနှိပ်စက်ခံရကုန်သော သတ္တဝါတို့၏ ခိုကိုးရာမဲ့ကို ရှုမြင်တတ်သော ယောနိသောမနသိကာရ ပဒဋ္ဌာန်။
详释如下:一、以想要除去有情痛苦的方式转起,是悲的特相。二、因为想要除去痛苦而不能忍受他人的痛苦,是悲的作用。三、与加害有情的瞋相反之法,是悲的行相现起;换一种说法,悲产生不伤害有情这一结果,是结果现起。四、以如理作意见到被痛苦压倒的有情无依无靠,是悲的近因。
သတ္တဝါတို့အပေါ်၌ ညှဥ်းပန်းနှိပ်စက်တတ်သော ဒေါသ၏ ဝိက္ခမ္ဘနပဟာန်အားဖြင့် ငြိမ်းအေးခြင်းသည် ထိုကရုဏာ၏ ပြည့်စုံခြင်း သမ္ပတ္တိ မည်၏။ ကောင်းစွာ ကိစ္စပြီးခြင်း မည်၏။ သတ္တဝါတို့၏ ဆင်းရဲဒုက္ခ လွှမ်းမိုးခံရ ခြင်းကြောင့် သောက၏ ဖြစ်ခြင်းသည် ကရုဏာ၏ ပျက်စီးခြင်း ဝိပတ္တိ မည်၏။
以镇伏断令加害有情的瞋止息,是悲的成功与善成其事;由于有情被痛苦压倒而生起忧伤,则是悲的失败。
ကရုဏာမုခေန သောကော ဝဉ္ဇေတိ = ကရုဏာကို ရှေ့ထားလျက် သောကသည် လှည့်စားတတ်၏၊ သောကသည် ကရုဏာယောင်ဆောင်၍ လှည့်စားတတ်၏။ ကရုဏာလိုလိုနှင့် သောက ဖြစ်နေတတ်သည် ဟူလို သည်။
“忧伤以悲为门面而欺骗”:忧伤把悲放在前面而进行欺骗,也就是伪装成悲而欺骗。意思是,看似生起了悲,实际却成了忧伤。
ကရုဏာ --- ပရဒုက္ခေ သတိ သာဓူနံ ဟဒယကမ္ပနံ ကရောတီတိ ကရုဏာ။ ကိဏာတိ ဝါ ပရဒုက္ခံ ဟိသတိ ဝိနာသေတီတိ ကရုဏာ။ ကိရီယတိ ဝါ ဒုက္ခိတေသု ဖရဏဝသေန ပသာရိယတီတိ ကရုဏာ။
悲——见到他人受苦时,能使善人心中震动,所以称为悲;或者,它能摧毁、损害、消灭他人的痛苦,所以称为悲;又或者,它以遍满之力伸展到受苦者,所以称为悲。
(အဘိ-ဋ္ဌ-၁-၂၃၇။ ဝိသုဒ္ဓိ-၁-၃၁၁။)
(《阿毗达磨义注》1-237;《清净之道》1-311。)
ကမ္ပနန္တိ စ ပရေသံ ဒုက္ခံ ဒိသွာ တဿ အပနေတုကာမဿ အသဟနာကာရေန စိတ္တဿ အညထတ္တံ။
这里的“震动”,是看见他人的痛苦后,想要除去那痛苦,因而以不能忍受的行相令心发生变化。
တယိဒံ သပ္ပုရိသာနံယေဝ ဟောတီတိ အာဟ ''သာဓူန''န္တိ။ သပ္ပုရိသာ ဟိ သပရဟိတသာဓနေန ''သာဓူ''တိ ဝုစ္စန္တိ။ (မဟာဋီ-၁-၃၇၈။) ယခုမျက်မြင်မှာပင် ဆင်းရဲဒုက္ခရောက်နေသူကို မြင်ရသောအခါ ကိုယ်ချင်းစာနာတတ်သော သူတော်စင် တို့၏ စိတ်သည် တုန်လှုပ်လာတတ်၏။ ''တုန်လှုပ်ခြင်း''ဟူသည်မှာ ထိုဆင်းရဲမှုကို ပယ်ရှားလို မဆင်းရဲအောင် ပြုလိုသည် ဖြစ်၍ ထိုသူတစ်ပါး၏ ဆင်းရဲဒုက္ခကို မိမိကပါ သည်းမခံနိုင်သော အခြင်းအရာအားဖြင့် စိတ်၏ တစ်မျိုးတစ်ဖုံ ဖြစ်ခြင်းတည်း။ ထိုသို့ ဖြစ်ခြင်းသည်လည်း သူတော်ကောင်းတို့၏ သန္တာန်၌သာ ဖြစ်နိုင်၍ သာဓူနံ = သူတော်ကောင်းတို့၏ဟု ဆိုသည်။ သို့အတွက် သူတစ်ပါးသည် ဆင်းရဲဒုက္ခ ရောက်လတ်သော် သူတစ်ပါး၏ သန္တာန်ဝယ် ဆင်းရဲဒုက္ခသည် ဖြစ်လတ်သော် သနားကြင်နာတတ်သည့် သူတော်စင်တို့၏ စိတ်နှလုံးကို တုန်လှုပ် အောင် ပြုတတ်သော သဘောတရားသည် ကရုဏာ မည်၏။
这种状态只会发生在善人身上,所以说“善人的”。善人因为能成办自他利益而称为“善”。(《大复注》1-378。)就在眼前看见有人受苦时,富有同情的善人之心会为之震动。所谓“震动”,是因为想要除去其苦、不愿其受苦,故以自己也不能忍受他人痛苦的行相令心发生变化。这种状态只有在善人的相续中才可能出现,所以说“善人的”。因此,他人遭受痛苦、他人相续中生起痛苦时,能令富有悲悯的善人心中震动之法,称为悲。
တစ်နည်း --- သူတစ်ပါး၏ ဆင်းရဲဒုက္ခကို ညှဥ်းဆဲတတ် = ဖျက်စီးတတ် = မမြင်ရခြင်းသို့ ရောက်စေတတ် = ပယ်ဖျောက်တတ်သော သဘောတရားသည် ကရုဏာ မည်၏။
换一种说法,能摧毁、消灭、令他人的痛苦不再显现之法,称为悲。
တစ်နည်း --- ဒုက္ခိတသတ္တဝါတို့ အပေါ်၌ ဖြန့်ခြင်း၏ အစွမ်းဖြင့် = ထိုဒုက္ခိတသတ္တဝါ အာရုံနှင့် မိမိ၏ စိတ်ဓာတ်တို့ ဓာတ်သဘာဝအလိုက် တွေ့ထိသည်၏ အစွမ်းဖြင့် ဖြန့်တတ်သော သဘောတရား = ဒုက္ခိတသတ္တ- ဝါတို့ အပေါ်၌ ကျရောက်နေသော ဆင်းရဲဒုက္ခကို ပယ်ရှားလိုသော အခြင်းအရာ၏ အစွမ်းဖြင့်သာ အာရုံပြု သည်၏ အစွမ်းဖြင့် ဖြန့်တတ် အာရုံပြုတတ်သော သဘောတရားသည် ကရုဏာ မည်၏။
又换一种说法,以遍满受苦有情之力——也就是受苦有情这一所缘与自己的心法依各自法性相触——而伸展;唯以想要除去落在受苦有情身上的痛苦这一行相取其为所缘、遍满其上的法,称为悲。
(အဘိ-ဋ္ဌ-၁-၂၃၇။ ဝိသုဒ္ဓိ-၁-၃၁၁။)
(《阿毗达磨义注》1-237;《清净之道》1-311。)
原书第 590 页
လက္ခဏ ရသ --- သတ္တဝါတို့၏ သန္တာန်ဝယ် ဖြစ်ပေါ်ကျရောက်နေသော ဆင်းရဲဒုက္ခကို ပယ်ရှားလိုသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘောသည် ကရုဏာ၏ သဘောလက္ခဏာပင်တည်း။ တကယ် ပယ်ရှားသည်ပင် ဖြစ်စေ မပယ်ရှားလိုက်ရသည်ပင် ဖြစ်စေ ဆင်းရဲဒုက္ခကို ပယ်ရှားလိုသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော သာ ကရုဏာ၏ သဘာဝလက္ခဏာ ဖြစ်သည်။ ပယ်ရှားလိုသည့်အတွက် သူတစ်ပါးတို့၏ ဆင်းရဲဒုက္ခကို မြင်ရ ကြားရ၍ သည်းမခံနိုင်ခြင်းသည် ယင်း၏ လုပ်ငန်းကိစ္စ ဖြစ်သည်။
特相与作用——以想要除去有情相续中已经生起、降临的痛苦这一行相而转起,是悲的自性特相。无论实际能够除苦,还是未能除苦,只要以想要除苦的行相而转起,就是悲的自性特相。因为想要除去痛苦,看见或听见他人受苦而不能忍受,是悲的作用。
ပစ္စုပဋ္ဌာန် --- ဝိဟိံ သာခေါ်သော ဒေါသသည် သူတစ်ပါးကို ညှဥ်းဆဲလို နှိပ်စက်လို၏။ ကရုဏာကား မညှဥ်းပန်း မနှိပ်စက်လိုသည့်အပြင် ဆင်းရဲဒုက္ခမှ ကယ်တင်လိုသော သဘော ဖြစ်၏။ ထိုကြောင့် ယင်းကရုဏာ တရားကို ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်းရှုပွားနေသော သူတော်ကောင်းတို့၏ ဉာဏ်တွင် ဝိဟိံ သာတရား၏ ဆန့်ကျင်ဘက်သဘောတရားဟု ရှေးရှူ ထင်လာပေသည်။ ဥပဋ္ဌာနာကာရ ပစ္စုပဋ္ဌာန်တည်း။ ကရုဏာတရား ကိန်းဝပ်နေသူ သူတော်ကောင်း၏ သန္တာန်ဝယ် သတ္တဝါတို့ အပေါ်၌ ညှဥ်းပန်းနှိပ်စက်လိုသော စိတ်ထားများ မရှိသဖြင့် သတ္တဝါတို့ အပေါ်၌ မညှဥ်းဆဲခြင်းကို ရှေးရှူ ဖြစ်စေတတ်၏။ ဖလပစ္စုပဋ္ဌာန်တည်း။ ဤ၌လည်း ကရုဏာမှာ ကာမာဝစရ ရူပါဝစရဟု နှစ်မျိုးပင် ရှိနိုင်၏၊ ကရုဏာစျာန်ဝင်စားနိုင်သူတို့ကား နှစ်မျိုးလုံး၌ပင် ရှုနိုင်၏။ ဒုက္ခိတသတ္တဝါ တစ်ဦးကို ဖြစ်စေ သို့မဟုတ် သတ္တဝါအားလုံးကို ဖြစ်စေ အာရုံယူ၍ ကရုဏာစျာန်
现起——称为加害的瞋想要折磨、伤害他人;悲不但不想折磨、伤害,还想把有情从痛苦中救出。因此,以观智摄取、观修悲的善人之智中,悲显现为与加害之法相反的法,这是行相现起。具悲善人的相续中没有想要折磨、伤害有情的心,所以悲能使不加害有情这一结果生起,这是结果现起。这里的悲同样有欲界与色界两种;能够进入悲禅者,两种都可观照。以一位受苦有情或一切有情为所缘,进入悲禅——
ဝင်စားကာ ဥပစာရအခိုက် အပ္ပနာစျာန်အခိုက် နှစ်မျိုးလုံး၌ ရှုနိုင်သည်။ ကရုဏာစျာန်ကို မဝင်စားနိုင်သူ စျာန် ကို မရသူတို့ကား ကရုဏာ ဖြစ်နေကျ ဒုက္ခိတသတ္တဝါ တစ်ဦးကို သို့မဟုတ် ဒုက္ခိတသတ္တဝါ အများစုကို အာရုံ ယူ၍ ရှုပါ။ စျာန်မရသူတို့အတွက် ကာမာဝစရတရားသာ ဖြစ်သည်။
——以后,在近行与安止禅两种阶段都可以观照。不能进入悲禅、尚未证得禅那者,则取一位平常能令自己生起悲的受苦有情,或多位受苦有情为所缘而观照;对尚未证得禅那者来说,只有欲界法。
၂၄။ မုဒိတာ
二十四、随喜
၁။ ပမောဒနလက္ခဏာ မုဒိတာ၊ ၂။ အနိဿာယနရသာ၊ ၃။ အရတိဝိဃာတပစ္စုပဋ္ဌာနာ၊ ၄။ သတ္တာနံ သမ္ပတ္တိဒဿနပဒဋ္ဌာနာ။
随喜的四法如下:一、以欢喜为特相;二、以不嫉妒为作用;三、以除去不乐为现起;四、以看见有情的成就为近因。
အရတိဝူပသမော တဿာ သမ္ပတ္တိ၊ ပဟာသသမ္ဘဝေါ ဝိပတ္တိ။ (အဘိ-ဋ္ဌ-၁-၂၃၈။ ဝိသုဒ္ဓိ-၁-၃၁၁။) ၁။ သုခိတသတ္တဝါတို့အပေါ်၌ ကြည်ရွှင် ဝမ်းမြောက်ခြင်းသဘော လက္ခဏ၊ သုခိတသတ္တဝါတို့၏ စည်းစိမ်ဥစ္စာ ကုံလုံပြည့်စုံသည်ကို ကြည်ရွှင် ဝမ်းမြောက်ခြင်းသဘော -- လက္ခဏ၊ ၂။ သူတစ်ပါး၏ စည်းစိမ်ကို မငြူစူခြင်း (ကိစ္စ) ရသ၊ တစ်နည်း --- ငြူစူခြင်း ဣဿာ၏ ဆန့်ကျင်ဘက် ဖြစ်၍ ထိုဣဿာကို ဖျက်ဆီးခြင်း (ကိစ္စ) ရသ၊ ၃။ သူတစ်ပါးတို့၏ ဥစ္စာစည်းစိမ်ဂုဏ်သိရ်တို့၌ မမွေ့လျော် မနှစ်သက်ခြင်း အရတိကို ပယ်ဖျောက်သော အခြင်းအရာအားဖြင့် ဖြစ်သော သဘောတရား (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်၊ တစ်နည်း --- အရတိကို ပျောက်ငြိမ်းခြင်း အကျိုးကို ရှေးရှူ ဖြစ်စေတတ်၏ -- (ဖလ) ပစ္စုပဋ္ဌာန်၊ ၄။ သတ္တဝါတို့၏ စည်းစိမ် ကုံလုံပြည့်စုံသည်ကို အသင့်ရှုမြင်နိုင်သော ယောနိသောမနသိကာရ -- ပဒဋ္ဌာန်။
不乐止息是随喜的成功;欢笑亢奋生起是随喜的失败。(《阿毗达磨义注》1-238;《清净之道》1-311。)一、对安乐有情欢欣喜悦,或对其财富、幸福与成就欢欣喜悦,是随喜的特相。二、不嫉妒他人的成就,是随喜的作用;换一种说法,随喜与嫉妒相反,能够除去嫉妒。三、以除去对他人财富、幸福与名望不乐、不喜的方式而转起之法,是随喜的行相现起;换一种说法,随喜产生不乐止息这一结果,是结果现起。四、以如理作意见到有情成就,是随喜的近因。
အရတိ၏ ဝိက္ခမ္ဘနပဟာန်အားဖြင့် ပျောက်ငြိမ်းခြင်းသည် ထိုမုဒိတာ၏ ပြည့်စုံခြင်း သမ္ပတ္တိတည်း၊ ကောင်းစွာ ကိစ္စပြီးစီးခြင်းတည်း။ ဂေဟသိတပီတိ = ကာမဂုဏ်အိမ်ကို မှီ၍ ဖြစ်သော ပီတိ၏ အစွမ်းဖြင့် ပျော်ရွှင်ခြင်း၏ ဖြစ်ခြင်းသည် ပျက်စီးခြင်း ဝိပတ္တိတည်း။
以镇伏断令不乐止息,是随喜的成功与善成其事;依家喜——即依欲乐之家而生的喜——所引起的欢悦,则是随喜的失败。
原书第 591 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း မုဒိတာ --- မောဒန္တိ တာယ တံသမင်္ဂိနော၊ သယံ ဝါ မောဒတိ၊ မောဒနမတ္တမေဝ ဝါ တန္တိ မုဒိတာ။
随喜——具足随喜者,或与随喜俱生的诸法,能藉它对他人的成就欢欣喜悦;或者随喜本身能够欢欣喜悦;又或者,它只是欢欣喜悦而已,所以称为随喜。
(အဘိ-ဋ္ဌ-၁-၂၃၇။ ဝိသုဒ္ဓိ-၁-၃၁၁။)
(《阿毗达磨义注》1-237;《清净之道》1-311。)
မုဒိတာနှင့် ပြည့်စုံသော သတ္တဝါတို့၏ တစ်နည်း မုဒိတာတရားနှင့် ပြည့်စုံသော သဟဇာတ်တရားတို့၏ သူတစ်ပါး၏ စည်းစိမ်းဥစ္စာတို့၌ ကြည်ရွှင် ဝမ်းမြောက်ကြောင်း ဖြစ်သော သဘောတရားသည် မုဒိတာ မည်၏၊ တစ်နည်း မိမိဟူသော မုဒိတာကိုယ်တိုင် သူတစ်ပါး၏ စည်းစိမ်းဥစ္စာတို့၌ ကြည်ရွှင် ဝမ်းမြောက်တတ်သော ကြောင့် မုဒိတာ မည်၏။ တစ်နည်း --- သူတစ်ပါး၏ စည်းစိမ်ဥစ္စာတို့၌ ကြည်ရွှင် ဝမ်းမြောက်ခြင်းမျှသာ ဖြစ် သော သဘောတရားသည် မုဒိတာ မည်၏။
能令具足随喜的有情,换句话说,能令与随喜俱生的诸法,对他人的财富、幸福与成就欢欣喜悦之法,称为随喜。换一种说法,随喜本身能对他人的财富、幸福与成就欢欣喜悦,所以称为随喜。再换一种说法,只是对他人的财富、幸福与成就欢欣喜悦之法,称为随喜。
လက္ခဏ - ရသ --- ပမောဒနလက္ခဏာတိ ပရသမ္ပတ္တိယာ ပမောဒနလက္ခဏာ။ အနိဿာယနရသာတိ ဣဿာယနဿ ဥသူယနဿ ပဋိပက္ခဘာဝကိစ္စာ။ (မဟာဋီ-၁-၃၇၉။) ဥစ္စာစည်းစိမ် ဂုဏ်သိရ်နှင့် ပြည့်စုံသော သုခိတသတ္တဝါကို မြင်လျှင် ထို ဥစ္စာစည်းစိမ် ဂုဏ်သိရ်ဟူသော သူတစ်ပါး၏ စည်းစိမ်ဥစ္စာနှင့် ပြည့်စုံခြင်း၌ ကြည်ရွှင် ဝမ်းမြောက်ခြင်း သဘောကား မုဒိတာ၏ လက္ခဏာ ပင်တည်း။ မုဒိတာသည် သူတော်စင်တို့ကို သို့မဟုတ် သူတော်စင်တို့၏ စိတ်နှလုံးကို ကြည်ရွှင် ဝမ်းမြောက် စေနိုင်သော သဘောရှိရကား ဣဿာရှိသူများကဲ့သို့ သူတစ်ပါး၏ စည်းစိမ်ကို မငြူစူခြင်းသည်၊ တစ်နည်း ဣဿာ၏ ဆန့်ကျင်ဘက် ဖြစ်၍ ဣဿာကို ပယ်ဖျက်ခြင်းသည် မုဒိတာ၏ လုပ်ငန်းကိစ္စပင် ဖြစ်သည်။
特相与作用——所谓“以欢喜为特相”,是以对他人成就欢欣喜悦为特相;所谓“以不嫉妒为作用”,是以与嫉妒、妒忌相反为作用。(《大复注》1-379。)见到具足财富、幸福与名望的安乐有情时,对这些他人的成就欢欣喜悦,是随喜的特相。随喜能令善人或善人之心欢欣喜悦,所以不像嫉妒者那样妒忌他人成就;也就是说,与嫉妒相反并能除去嫉妒,是随喜的作用。
ပစ္စုပဋ္ဌာန် --- သတ္တာနံ သမ္ပတ္တိယာ၊ ပန္တသေနာသနေသု၊ အဓိကုသလဓမ္မေသု စ အသဟနံ အရမဏံ အရတိဣစ္စေဝ သင်္ဂဟံ ဂစ္ဆတိ၊ တဿာ ဝိဟနနာကာရေန ပစ္စုပတိဋ္ဌတိ၊ တဿ ဝါ ဝိဃာတံ ဝူပသမံ ပစ္စုပဋ္ဌပေ- တီတိ အရတိဝိဃာတပစ္စုပဋ္ဌာနာ။ (မဟာဋီ-၁-၃၇၉-၃၈ဝ။) ၁။ ပရသမ္ပတ္တိဟူသော သူတစ်ပါးတို့၏ ဥစ္စာစည်းစိမ် ဂုဏ်သိရ်တို့၌ သည်းမခံနိုင်ခြင်း မမွေ့လျော်နိုင်ခြင်းသည် လည်း အရတိ မည်၏။
现起——不能忍受、不乐于有情的成就,不能忍受、不乐于边远的林野、山林住处,或者不能忍受、不乐于殊胜善法,即止、观修习,都摄为不乐。随喜以破坏这种不乐的行相而现起,或令它遭到破坏、止息,所以说随喜以除去不乐为现起。(《大复注》1-379—380。)一、不能忍受、不乐于他人的财富、幸福与名望,称为不乐。
၂။ ပန္တသေနာသန အမည်ရသော အစွန်အဖျားကျသော တောကျောင်း တောင်ကျောင်းတို့၌ သည်းမခံနိုင်ခြင်း၊ မမွေ့လျော်နိုင်ခြင်း၊ အဓိကုသလဓမ္မ အမည်ရသော လွန်မြတ်သော ကုသို်လ်တရား ဖြစ်ကြကုန်သော သမထ ဝိပဿနာ ဘာဝနာလုပ်ငန်းတို့၌ သည်းမခံနိုင်ခြင်းသည်လည်း အရတိ မည်၏။
第二,不能忍受、不乐于称为边远住处的林野寺院、山林寺院;不能忍受、不乐于称为增上善法的殊胜善法——止、观修习——也称为不乐。
ယင်းနှစ်မျိုးသော အရတိတို့တွင် ဤ၌ သူတစ်ပါးတို့၏ ဥစ္စာစည်းစိမ် ဂုဏ်သိရ်တို့၌ သည်းမခံနိုင်ခြင်း မမွေ့လျော်နိုင်ခြင်းဟူသော ပထမအရတိကိုသာ အလိုရှိအပ်ပေသည်။ ဒုတိယအရတိတရားကိုကား ထိန မိဒ္ဓတို့၏ ပဒဋ္ဌာန်ပိုင်း စသည်၌ ဖွင့်ဆိုထား၏။
这两种不乐中,本处只取第一种,也就是不能忍受、不乐于他人的财富、幸福与名望;第二种不乐,已经在昏沉、睡眠的近因等处解释。
ဤမုဒိတာတရားသည် ယင်းပရသမ္ပတ္တိတို့၌ သည်းမခံနို်င်ခြင်း မမွေ့လျော်နိုင်ခြင်း အရတိတရားကို ပယ်ရှား ဖျက်ဆီးတတ်၏။ တရားကိုယ်အားဖြင့် အရတိဟူသည် ဒေါသ ဣဿာ ပြဓာန်းသော အကုသိုလ်စိတ္တုပ္ပါဒ်များ တည်း။ ဤမုဒိတာကို ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင် ပရသမ္ပတ္တိတို့၌ မမွေ့လျော်နိုင်သော အရတိ တရားကို ပယ်ဖျောက်တတ်သော သဘောတရားဟု ရှေးရှူ ထင်လာပေသည်။ တစ်နည်း --- မုဒိတာကြောင့် အရတိ ပျောက်ငြိမ်းရသဖြင့် မုဒိတာသည် အရတိ၏ ပျောက်ငြိမ်းခြင်း အကျိုးကို ရှေးရှူ ဖြစ်စေတတ်ပေသည်။
随喜能够除去、摧毁对他人成就不能忍受、不乐的法。就法体而言,不乐是以瞋与嫉妒为主的不善心生起。观修随喜的瑜伽行者之智中,随喜显现为能除去不乐于他人成就之法;换一种说法,因为不乐由随喜而止息,所以随喜使不乐止息这一结果生起。
ဥပဋ္ဌာနာကာရ ပစ္စုပဋ္ဌာန်နှင့် ဖလပစ္စုပဋ္ဌာန်တို့ပင်တည်း။
前者是行相现起,后者是结果现起。
ပဒဋ္ဌာန် --- သတ္တဝါတို့၏ စည်းစိမ်ဥစ္စာ ကုံလုံပြည့်စုံသည်ကို နည်းမှန်လမ်းမှန် ရှုမြင်တတ်သော ယောနိ- သောမနသိကာရသည် မုဒိတာ ဖြစ်ဖို့ရန် အနီးကပ်ဆုံး အကြောင်းတရား ဖြစ်ပေသည်။ သတ္တဝါတို့သည် ဤ
近因——以如理作意见到有情的财富、幸福与成就,是随喜生起最直接的原因。有情在此——
原书第 592 页
ပစ္စုပ္ပန်ဘဝတွင်လည်း ဉာဏ် ဝီရိယတို့ကို ရှေ့တန်းသို့တင်၍ ဥစ္စာစည်းစိမ် ဂုဏ်သိရ်နှင့် ပြည့်စုံအောင် ကြိုးစား အားထုတ် ပြုလုပ်ခြင်း ပစ္စုပ္ပန်ကံလည်း ရှိရ၏၊ မိဘမိတ်ဆွေ စသည့် အမှီကောင်းကို ရရှိရန်နှင့် ကြိုးစားတိုင်း လည်း အောင်မြင်ရန် အတိတ်ကံလည်း ရှိရ၏။ ထိုသို့ အတိတ်ကံ ပစ္စုပ္ပန်ကံ နှစ်မျိုးလုံးနှင့် ညီညွတ်သူတို့ကား ဥစ္စာစည်းစိမ် ဂုဏ်သိရ်တို့၏ ကုံလုံပြည့်စုံ တိုးတက်ကြခြင်းမှာ ဓမ္မတာသာ ဖြစ်၏၊ ယင်းသို့ နှလုံးသွင်းတတ်လျှင် ယောနိသောမနသိကာရပင် ဖြစ်၏။ ဤသို့စသည်ဖြင့် ယောနိသောမနသိကာရကို သဘောပေါက်ပါလေ။
——现世中,必须以智与精进为先,努力造作令自己具足财富、幸福与名望的现在业;同时也必须有过去业,才能得到父母、朋友等良好依止,并使自己的努力获得成功。具足过去业与现在业的人,财富、幸福与名望充盈增长,本来就是自然法则。能如此作意,便是如理作意。应依此类推理解如理作意。
ပဟာသ --- ပဟာသော ဂေဟသိတပီတိဝသေန ပဟဋ္ဌဘာဝေါ ဥပ္ပိလာဝိတတ္တံ။ (မဟာဋီ-၁-၃၈ဝ။) ဥစ္စာစည်းစိမ် ဂုဏ်သိရ်တို့နှင့် ကုံလုံပြည့်စုံသော သတ္တဝါတို့ကိုလည်းကောင်း၊ ထိုသတ္တဝါတို့၏ ဥစ္စာစည်းစိမ် ဂုဏ်သိရ်ကိုလည်းကောင်း တွေ့မြင်သောအခါ ယောနိသောမနသိကာရ မဖြစ်ဘဲ တစ်ခါတစ်ရံ အယောနိသော- မနသိကာရ ဖြစ်တတ်၍ ထိုသတ္တဝါနှင့် ယင်း၏ ဥစ္စာစည်းစိမ် ဂုဏ်သိရ်တို့ အပေါ်၌ တပ်မက်မှု တဏှာလောဘ အရင်းခံလျက် ကြည်ရွှင် ဝမ်းမြောက်မှု ပီတိလည်း ဖြစ်တတ်၏။ ယင်းပီတိကား တဏှာလောဘ စသည့် ကိလေသာ တို့၏ စံအိမ် ဖြစ်သော ကာမဂုဏ်အိမ်ကို မှီ၍ ဖြစ်သော ဂေဟသိတပီတိတည်း။ ယင်းဂေဟသိတပီတိ၏ စွမ်း အင်ဖြင့် ရွှင်လန်းဝမ်းမြောက်မှု စိတ်တက်ကြွမှုသည် ပဟာသ မည်၏။ တရားကိုယ်အားဖြင့် လောဘ ပြဓာန်းသော လောဘမူသောမနဿသဟဂုတ် စိတ္တုပ္ပါဒ်များတည်း။ ယင်း ပဟာသ ဖြစ်ပေါ်ခဲ့သော် မုဒိတာသည် ပျက်စီး လေပြီ။ ပဟာသကား မုဒိတာအတုတည်း။
欢笑亢奋——所谓欢笑亢奋,是由依家喜造成的欢悦状态与心浮亢奋。(《大复注》1-380。)看见具足财富、幸福与名望的有情及其财富、幸福与名望时,有时并未生起如理作意,反而生起不如理作意;以贪著这些有情及其成就的爱、贪为根本,随之生起欢欣喜悦之喜。这种喜依住于作为爱、贪等烦恼居所的欲乐之家,故称依家喜。依家喜的力量所造成的欣喜、兴奋与心浮亢奋,称为欢笑亢奋。就法体而言,是以贪为主、悦俱的贪根心生起。欢笑亢奋一旦生起,随喜便已失坏;欢笑亢奋是随喜的赝品。
မုဒိတာစျာန်ကို ရသူတို့ကား မုဒိတာစျာန်ကို ရအောင် ပြန်၍ နှလုံးသွင်းပါ။ ထိုသို့ နှလုံးသွင်းရာ၌ ဥပစာရ သမာဓိအခိုက်၌လည်းကောင်း၊ အပ္ပနာစျာန်သမာဓိအခိုက်၌လည်းကောင်း မုဒိတာနှင့် ယှဥ်သော ဇောနာမ်တရား အုပ်စုမှ မုဒိတာကို ရွေးထုတ်၍ အထက်ပါ လက္ခဏ ရသ စသည်ကိုရှုပါ။ ဥပစာရသမာဓိအခိုက်၌ ကာမာဝစရ တရား ဖြစ်၍ အပ္ပနာစျာန်သမာဓိအခိုက်၌ ရူပါဝစရတရား ဖြစ်သည်။ မုဒိတာစျာန်ကို မဝင်စားနိုင်သူတို့ကား မုဒိတာဖြစ်ရာ သတ္တဝါတစ်ဦးကို ဖြစ်စေ အများကိုပင် ဖြစ်စေ အာရုံယူ၍ မုဒိတာပွားကာ မုဒိတာနှင့် ယှဥ်သော ဇောအုပ်စုနာမ်တရားများမှ မုဒိတာကို ရွေးထုတ်၍ အထက်ပါ လက္ခဏ ရသ စသည်ကို ရှုပါ။
已经证得随喜禅者,应当作意而重新证入随喜禅;如此作意时,可以在近行定与安止禅定两个阶段,从与随喜相应的速行名法组中辨取随喜,观照上述特相、作用等。近行定阶段是欲界法,安止禅定阶段是色界法。不能进入随喜禅者,则以一位或多位能令自己生起随喜的有情为所缘而修随喜,再从与随喜相应的速行名法组中辨取随喜,观照上述特相、作用等。
ဥပေက္ခာ ဗြဟ္မဝိဟာရ
梵住舍
၁။ သတ္တေသု မဇ္ဈတ္တာကာရပ္ပဝတ္တိလက္ခဏာ ဥပေက္ခာ၊ ၂။ သတ္တေသု သမဘာဝဒဿနရသာ၊ ၃။ ပဋိဃာနုနယဝူပသမပစ္စုပဋ္ဌာနာ၊ ၄။''ကမ္မဿကာ သတ္တာ၊ တေ ကဿ ရုစိယာ သုခိတာ ဝါ ဘဝိဿန္တိ၊ ဒုက္ခတော ဝါ မုစ္စိဿန္တိ၊ ပတ္တသမ္ပတ္တိတော ဝါ န ပရိဟာယိဿန္တီ''တိ ဧဝံ ပဝတ္တကမ္မဿကတာဒဿနပဒဋ္ဌာနာ။
一、以对有情中立的方式转起为特相;二、以看见有情平等为作用;三、以嗔恨与亲爱止息为现起;四、以这样见到有情各自是业的所有者为近因:‘有情以业为自己的所有;他们岂会依谁的意愿而获得安乐、脱离痛苦,或不失去已经获得的成就?’
ပဋိဃာနုနယဝူပသမော တဿာ သမ္ပတ္တိ၊ ဂေဟဿိတာယ အညာဏုပေက္ခာယ သမ္ဘဝေါ ဝိပ္ပတ္တိ။
嗔恨与亲爱止息,是梵住舍的成功;依家无智舍生起,是梵住舍的失败。
(အဘိ-ဋ္ဌ-၁-၂၃၈။ ဝိသုဒ္ဓိ-၁-၃၁၁-၃၁၂။)
(《阿毗达磨义注》1-238;《清净之道》1-311—312。)
၁။ သတ္တဝါတို့အပေါ်၌ လျစ်လျူရှုခြင်းဟူသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော လက္ခဏ၊ ၂။ သတ္တဝါတို့အပေါ်၌ မုန်းခြင်း ချစ်ခြင်းသို့မကျ ညီမျှသည်၏ အဖြစ်ကိုသာ ရှုခြင်း (ကိစ္စ) ရသ၊ ၃။ သတ္တဝါတို့အပေါ်၌ မုန်းခြင်း ချစ်ခြင်း၏ ငြိမ်းအေးခြင်းသဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ သတ္တဝါတို့သည် မိမိတို့ပြုသော ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏၊ ထိုသတ္တဝါတို့သည် အဘယ်သူ၏ အလိုဆန္ဒအတိုင်း ---
一、以对有情保持中立的方式转起,是梵住舍的特相。二、对有情不落入憎与爱,只见其平等,是梵住舍的作用。三、对有情的嗔恨与亲爱止息,是梵住舍的现起。四、有情只以自己所造的业为所有;这些有情岂会依谁的意愿:(一)成为安乐者——意思是,他们不会仅因有人向其散播慈便获得安乐;(二)脱离痛苦——意思是,他们不会依修悲者的意愿而脱离痛苦;(三)不从现有成就退失——
原书第 593 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း (က) သုခရှိသူတို့သော်လည်း ဖြစ်ကုန်လတ္တံ့နည်း၊ (မေတ္တာပို့တိုင်း မချမ်းသာနိုင် ဟူလို။) ( ခ ) ဒုက္ခမှလည်း လွတ်နိုင်ကုန်လတ္တံ့နည်း၊ (ကရုဏာပွားသူ၏ အလိုအတိုင်း ဆင်းရဲမှ မလွတ်နိုင် ဟူလို။) ( ဂ ) လက်ရှိစည်းစိမ်မှမူလည်း မဆုတ်ယုတ်ဘဲ ရှိကုန်လတ္တံ့နည်း၊ (မုဒိတာပွားသူ၏ အလိုအတိုင်းလည်း
——意思是,他们也不会依修随喜者的意愿而必定不从现有财富与幸福退失——
လက်ရှိ စည်းစိမ်ချမ်းသာမှ မဆုတ်ယုတ်ဘဲ မရှိနိုင် ဟူလို။)
——呢?
ဤသို့သော အခြင်းအရာအားဖြင့် ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိမှုကို ရှုတတ်သော ကမ္မဿကတာဉာဏ် ပဒဋ္ဌာန်။
如是以业自属智观见有情只以自己的业为所有,是梵住舍的近因。
မုန်းခြင်း ချစ်ခြင်းတို့၏ ငြိမ်းအေးခြင်းသည် = မုန်းတတ်သော ဒေါသ၊ ချစ်တတ်သော လောဘ၏ ငြိမ်းအေး ခြင်းသည် ထိုဥပေက္ခာဗြဟ္မဝိဟာရ၏ ပြည့်စုံခြင်း သမ္ပတ္တိတည်း။ ကာမဂုဏ်အိမ်၌ မှီသော ဂေဟဿိတ အညာဏု- ပေက္ခာ၏ ဖြစ်ခြင်းသည် ဝိပတ္တိတည်း = ပျက်စီးခြင်းတည်း။ (အဘိ-ဋ္ဌ-၁-၂၃၈။ ဝိသုဒ္ဓိ-၁-၃၁၁-၃၁၂။) အညာဏုပေက္ခာ -- သောမနဿဒေါမနဿရဟိတံ အညာဏမေဝ အညာဏုပေက္ခာ။ (မူလဋီ-၁-၁ဝ၇၊၊) ဤ မူလဋီကာဆရာတော်၏ အလိုအားဖြင့် သောမနဿဝေဒနာ ဒေါမနဿဝေဒနာတို့နှင့် မယှဥ်ဘဲ လော- ဘမူဥပေက္ခာဝေဒနာ မောဟမူဥပေက္ခာဝေဒနာနှင့် ယှဥ်သော ဉာဏ်၏ ဆန့်ကျင်ဘက် ဖြစ်သော မောဟသည်ပင် အာရုံကို လျစ်လျူရှုတတ်သော သဘောရှိရကား အညာဏုပေက္ခာ မည်လေသည်။
嗔恨与亲爱止息,也就是能瞋之瞋与能爱之贪止息,是梵住舍的成功;依住于欲乐之家的依家无智舍生起,则是梵住舍的失败。(《阿毗达磨义注》1-238;《清净之道》1-311—312。)无智舍——“离悦受与忧受的无智本身,就是无智舍。”(《根本复注》1-107。)依《根本复注》阿阇梨之意,不与悦受、忧受相应,而与贪根舍俱心、痴根舍受相应,并且与智相反的痴,具有对所缘漠然不察的性质,所以称为无智舍。
သို့သော် အဘိဓမ္မာ သမ္မောဟဝိနောဒနီအဋ္ဌကထာ ခုဒ္ဒကဝတ္ထုဝိဘင်း ဆက္ကနိဒ္ဒေသဝဏ္ဏနာ၌ အောက်ပါ အတိုင်း ဖွင့်ဆိုထား၏။
然而,《阿毗达磨·除痴论义注》〈小事分别·六法释义〉又作如下解释:
ဥပေက္ခာတိ အညာဏသမ္ပယုတ္တာ ဥပေက္ခာဝေဒနာ။ အညာဏုပေက္ခာတိပိ ဧတာသံယေဝ နာမံ။
“舍,是与无智相应的舍受;无智舍,也是这些舍受的名称。”
(အဘိ-ဋ္ဌ-၂-၄၈၉-၄၉ဝ။)
(《阿毗达磨义注》2-489—490。)
ဤအထက်ပါ အဋ္ဌကထာစကားရပ်ကို ကိုးကား၍ အနုဋီကာဆရာတော်က အောက်ပါအတိုင်းလည်း တစ်နည်း ဖွင့်ဆိုထားတော်မူ၏။
《再复注》阿阇梨援引上述义注文句,又作如下另一种解释:
အညာဏသမ္ပယုတ္တာပိ ဝါ ဥပေက္ခာဝေဒနာ အညာဏုပေက္ခာ။ (အနုဋီ-၁-၁၁၅။) ဉာဏ်၏ ဆန့်ကျင်ဘက် မောဟနှင့်ယှဥ်သော (= လောဘမူဥပေက္ခာသဟဂုဏ်စိတ် လေးမျိုးနှင့် မောဟမူ ဒွေး၌ ယှဥ်သော) ဥပေက္ခာဝေဒနာသည်လည်း တစ်နည်းအားဖြင့် အညာဏုပေက္ခာပင် မည်သည်ဟု ဖွင့်ဆို ထား၏။
“或者,与无智相应的舍受也是无智舍。”(《再复注》1-115。)这是说,与智的反面——痴——相应的舍受,即与四种贪根舍俱心和痴根二心相应的舍受,换一种说法,也称为无智舍。
ဤအထက်ပါ အဋ္ဌကထာ ဋီကာတို့၏ ဖွင့်ဆိုထားတော်မူသည်နှင့်အညီ လောဘမူဥပေက္ခာသဟဂုတ်စိတ် လေးခု၊ မောဟမူဒွေး၌ ယှဥ်သော မောဟသည်လည်းကောင်း၊ ဥပေက္ခာဝေဒနာသည်လည်းကောင်း အညာ- ဏုပေက္ခာ မည်သည်ဟု မှတ်ပါ။ ကာမဂုဏ်အိမ်၌ မှီသော ယင်းအညာဏုပေက္ခာ၏ ဖြစ်ခြင်းသည် ဥပေက္ခာ ဗြဟ္မဝိဟာရ၏ ပျက်စီးခြင်းပင် ဖြစ်သည်။
依上述义注与复注的解释,应知:与四种贪根舍俱心、痴根二心相应的痴,以及与这些心相应的舍受,都称为无智舍。依住于欲乐之家的这种无智舍生起,就是梵住舍的失败。
မေတ္တာစျာန် ကရုဏာစျာန် မုဒိတာစျာန်တို့ကို တတိယစျာန်သမာဓိသို့ ဆိုက်သည့်တိုင်အောင် ပွားများ နိုင်သူတို့သည်သာ ဤဥပေက္ခာဗြဟ္မဝိဟာရစျာန်ကို ရအောင် ဆက်လက် ပွားများအားထုတ်နိုင်၏။ ကသိုဏ်း ပညတ် ပဋိဘာဂနိမိတ် စသော အခြားအခြားသော သမထနိမိတ်တို့ကို အာရုံပြု၍ ဖြစ်ပေါ်လာသော တတိယ စျာန်ကို ရပြီးသူသည် မိမိ ရရှိပြီးသည့် တတိယစျာန်မှ ထ၍ ဤဥပေက္ခာဗြဟ္မဝိဟာရ စတုတ္ထစျာန်ကို ရရှိအောင်
只有已经把慈禅、悲禅、随喜禅都修到第三禅定的人,才能继续修习而证得梵住舍禅。若已取遍概念的似相等其他止禅之相为所缘而证得第三禅,从该第三禅出定后继续修习梵住舍第四禅,他并不能证得——
原书第 594 页
ဆက်လက်၍ ပွားခဲ့သော် ဥပေက္ခာဗြဟ္မဝိဟာရစျာန်ကို မရနိုင်။ အာရုံချင်း မတူသောကြောင့် ဖြစ်သည်။ ဗြဟ္မ- ဝိဟာရစျာန်တို့ကား သတ္တဝါပညတ်ကိုသာ အာရုံပြုကြသည်။ (အဘိ-ဋ္ဌ-၁-၂၄ဝ။) အထက်ပါ လက္ခဏ ရသ စသည်ကို သိမ်းဆည်းရှုပွားလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် မိမိ ရရှိပြီးဖြစ်သော ဥပေက္ခာဗြဟ္မဝိဟာရစျာန်ကို တစ်ဖန်ပြန်၍ ဝင်စားပါ။ ယင်း ဥပေက္ခာဗြဟ္မဝိဟာရ စတုတ္ထစျာနူပစာရခေါ်သော ဥပစာရသမာဓိအခိုက်၌ ရှိသော ဥပစာရဇောနာမ်တရား (၃၃)လုံးမှ တတြမဇ္ဈတ္တတာစေတသိက်ကို ရွေးထုတ်၍ လည်း ရှုနိုင်သည်။ ဥပေက္ခာဗြဟ္မဝိဟာရ စတုတ္ထစျာန်သမာဓိအခိုက်၌ တည်ရှိသော နာမ်တရား (၃၁)လုံးမှ တတြမဇ္ဈတ္တတာစေတသိက်ကို ရွေးထုတ်၍သော်လည်း ရှုနိုင်၏။ ဥပေက္ခာ (၁ဝ)မျိုးတွင် အကျုံးဝင်သော ဗြဟ္မ- ဝိဟာရုပေက္ခာ၏ တရားကိုယ်မှာ ဝေဒနာက္ခန္ဓာစာရင်းဝင် ဥပေက္ခာဝေဒနာ မဟုတ်၊ သင်္ခါရက္ခန္ဓာစာရင်းဝင်
——梵住舍禅,因为两者所缘不同。四梵住禅只以有情概念为所缘。(《阿毗达磨义注》1-240。)想要摄取、观修上述特相、作用等的瑜伽行者,应重新进入自己已经证得的梵住舍禅。在称为梵住舍第四禅近行的近行定阶段,可以从三十三种近行速行名法中辨取中舍性心所而观;在梵住舍第四禅定阶段,也可以从三十一种名法中辨取中舍性心所而观。在十种舍中所摄的梵住舍,其法体不是属于受蕴的舍受,而是属于行蕴的——
တတြမဇ္ဈတ္တတာစေတသိက် ဖြစ်သည်ဟု မှတ်ပါ။
——中舍性心所。应当如此理解。
သင်္ခါရက္ခန္ဓကထာ အခန်း ပြီး၏။
行蕴论章终。