行蕴论章(之十二)

《趣向涅槃之道》中文全译本 · 非缩略版

特相等四法篇 · 原书第 530–556 页 · 224 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 530 页
ဥစ္ဆေဒဒိဋ္ဌိ အယူရှိသူတို့ကား သတ္တဝါတို့သည် ရောက်ရာဘဝ ဖြစ်ရာဘဝ၌ သေလျှင် ပြတ်၏၊ ဣဓလောက (= ဤလောက) မှ ပရလောက (= တမလွန်လောက) သို့မဟုတ် တစ်ပါးသောလောကသို့ သွားရောက်ခြင်း မည်သည် မရှိ၊ သွားရောက်ရမည့် ပရလောကလည်း မရှိ။ တစ်ဖန် ပရလောက၌ သေ၍ လာရောက်ဖို့ရာ ဣဓလောက (= ဤလောက) လည်း မရှိဟု စွဲယူကြ၏။
持断灭见者认为:有情无论投生到哪一有、哪一生,死亡时就在该处断灭;并没有从此世前往他世或另一个世界这回事,也没有一个应当前往的他世。反过来,也没有一个让有情死于他世以后再来到这里的此世。
တစ်နည်း --- ကျင်လည်ရာအရပ်ဟု ဆိုအပ်သော ဣဓလောက (= ဤလောက)လည်း မည်သော၊ ပရ လောက (= တမလွန်လောက = တစ်ပါးသောလောက)လည်း မည်သော တစ်စုံတစ်ခုသော လောကသည် မရှိ၊ အဘယ်ကြောင့်နည်း? တစ်ဘဝပြီးလျှင် တစ်ဘဝသို့ ကျင်လည်၍ မနေရဘဲ ဖြစ်ရာဘဝ၌ပင် ပြတ်စဲသွားသော ကြောင့် ''ဣဓလောက = ဤဘဝ ဤလောက၊ ပရလောက = တမလွန်လောက တစ်ပါးသောလောက''ဟု ခွဲခြားဖွယ် မရှိတော့ရကား ဥစ္ဆေဒဒိဋ္ဌိသမားတို့က ''နတ္ထိ အယံ လောကော နတ္ထိ ပရလောကော''ဟု သေပြီး နောက် ဘဝသစ် မရှိကြောင်း ဆိုသည်။ (မူလဋီ-၁-၁၇၆။) ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင် သော ပစ္စယပရိဂ္ဂဟ သမ္မာဒိဋ္ဌိဉာဏ်နှင့် ယှဥ်တွဲနေသော သဒ္ဓါကား ယင်းဥစ္ဆေဒဒိဋ္ဌိနှင့် ထိပ်တိုက် ဆန့်ကျင်ဘက် ဖြစ်၏။ အတိတ်အကြောင်းတရားငါးပါးကြောင့် ပစ္စုပ္ပန်အကျိုးတရားငါးပါး ဖြစ်ပုံကို ကိုယ်တိုင်မျက်မှောက် ပစ္စက္ခ
另一种解释是:根本不存在任何一个可称为轮回处所的此世或他世。为什么?因为有情并非一生结束后又轮回到另一生,而是在所生的那一生便断灭;既然没有理由再分别‘此生此世’与‘死后另一个世界’,持断灭见者便以‘此世不存在,他世不存在’主张死后没有新的一生。(《根本复注》1-176。)与缘摄受正见智相应的信,亲自现见并洞彻因果相连的缘起法,正与这种断灭见针锋相对。由于过去五因产生现在五果的过程,是以亲证智亲自现见并——
ဉာဏ်ဖြင့် ထိုးထွင်းသိမြင်သဖြင့် ရှေးအတိတ်ဘဝမှ ယခုပစ္စုပ္ပန်ဘဝသို့ ကြောင်း-ကျိုးဆက်နွယ်လျက် လားရောက် ခဲ့ရသည် ဖြစ်၍ (= အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြံရံထားသည့် ကမ္မသတ္တိ ကြောင့် ဤဘဝ၌ ရုပ်နာမ်အသစ် ဖြစ်ပေါ်လာရသည် ဖြစ်၍) အတိတ်ဘဝဟူသော ပရလောကကို ထောက်လျှင် ပစ္စုပ္ပန်ဘဝဟူသော ဣဓလောက (= ဤလောက) သည် အမှန်ရှိ၏ဟု ယုံကြည်၏။
——洞彻的;又因为从过去生来到现在生,因与果彼此相连——也就是由过去生所培育、受到无明、爱、取包围的业力,使此生新的色名生起——所以,相对于过去生这一他世,便信受现在生这一此世确实存在。
တစ်ဖန် ပစ္စုပ္ပန်အကြောင်းတရားငါးပါးကြောင့် အနာဂတ်အကျိုးတရားငါးပါး ဖြစ်ပုံကို ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်သဖြင့် ဤပစ္စုပ္ပန်ဘဝဟူသော ဣဓလောက (= ဤလောက)ကို ထောက် လျှင် ပရလောက (= နောင်တမလွန်ဘဝ)ဟူသော အနာဂတ်ဘဝသည် အမှန်တကယ် ရှိ၏ဟုလည်း ယုံကြည်၏။
同样,由于以亲证智亲自现见并洞彻现在五因如何产生未来五果,所以,相对于现在生这一此世,也信受作为死后下一生的未来生、也就是他世,确实存在。
သမုတိသစ္စာနည်းအရ သံသရာ မဆုံးသေးသူတို့ သွားရောက်ရမည့် ဌာနကို လှမ်းမြင်နေသောကြောင့် ဖြစ်သည်။
这是因为:依世俗谛的理路,他已遥见轮回尚未终结者将要前往的处所。
သို့အတွက် ဣဓလောက ပရလောကတို့သည်လည်း သဒ္ဓါတရား ဖြစ်ပေါ်လာဖို့ရန် အနီးစပ်ဆုံး အကြောင်းတရား များပင် ဖြစ်ကြသည်။ ကြောင်း-ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ကို ကိုယ်တိုင် ပစ္စက္ခဉာဏ်ဖြင့် ထွင်းဖောက်သိမြင်ပါက --- ကံ-ကံ၏အကျိုးတရားကို ယုံကြည်မှု၊ ဣဓလောက ပရလောက ရှိမှုကို ယုံကြည်မှုတို့ သည်လည်း အားလုံး အကျုံးဝင်သွားသည်သာ ဖြစ်သည်။ သံသရာ၏ ရှေ့အစွန်းဟူသော အတိတ်ဘဝ အတိတ် ခန္ဓာ၊ သံသရာ၏ နောက်အစွန်းဟူသော အနာဂတ်ဘဝ အနာဂတ်ခန္ဓာ၊ သံသရာ၏ ရှေ့အစွန်း နောက်အစွန်း ဟူသော အတိတ် အနာဂတ်ဘဝ အတိတ် အနာဂတ်ခန္ဓာတို့ အပေါ်၌ ယုံကြည်မှုသည်လည်း အကျုံးဝင်သွား သည်သာ ဖြစ်သည်။
因此,此世与他世也都是令信生起的最近因。若能以亲证智亲自洞彻因果相连的缘起法,对业与业果的信,以及对确有此世、他世的信,便全都包含在内;对轮回前端的过去生、过去蕴,轮回后端的未来生、未来蕴,以及过去、未来二端的过去未来诸生、诸蕴所生的信,也全都包含在内。
(ခ) သဒ္ဓမ္မဿဝနာဒိသောတာပတ္တိယင်္ဂပဒဋ္ဌာနာ --- ပဒဋ္ဌာန်ကို တစ်နည်း ထပ်မံဖွင့်ဆိုထား၏။
(二)以听闻正法等入流支为近因——这里从另一角度再次解释近因。
၁။ သပ္ပုရိသသံသေဝန = သပ္ပုရိသူပသေဝန = သူတော်သူမြတ် သူတော်ကောင်းကို မှီဝဲဆည်းကပ်ရခြင်း = သစ္စာလေးပါး တရားတော်ကို မဂ်ပေါက် ဖိုလ်ဝင် နိဗ္ဗာန်ကို မြင်သိသည်တိုင်အောင် ဟောကြားပြသ ဆိုဆုံးမပေးနိုင်သော သူတော်သူမြတ်တို့ကို မှီဝဲဆည်းကပ်ခြင်း၊ ၂။ သဒ္ဓမ္မဿဝန = သူတော်ကောင်းတရားကို နာကြားခြင်း = ကြားနာခြင်း၊ ၃။ ယောနိသောမနသိကာရ = နည်းမှန် လမ်းမှန် နှလုံးသွင်းခြင်း၊
1.亲近善士(sappurisa-saṃsevana/sappurisūpasevana):亲近、依止贤善之人,也就是亲近那些能够开示、指导、教诫四圣谛法,直到令人证道、证果、知见涅槃的圣贤善士;2.听闻正法(saddhammassavana):听闻贤善的正法;3.如理作意(yoniso-manasikāra):以正确的方法作意——
原书第 531 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း ပရမတ်အစစ် ဓာတ်အနှစ် ဖြစ်သော ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသည့် ရုပ်နာမ် ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို --- က။ ရုပ်တရားဟု ခ။ နာမ်တရားဟု ဂ။ အကြောင်းတရားဟု ဃ။ အကျိုးတရားဟု နှလုံးသွင်းခြင်း၊ ယင်း ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့၏ အနိစ္စအချက်
——对作为真实胜义、法之精髓,并名为苦谛、集谛的色、名、因、果诸行法作意为:(一)色法;(二)名法;(三)因法;(四)果法;又以智观察上述色、名、因、果诸行法的无常行相——
ဒုက္ခအချက် အနတ္တအချက် အသုဘအချက်တို့ကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ ---
——苦行相、无我行相与不净行相,再继续——
င။ အနိစ္စဟု စ။ ဒုက္ခဟု ဆ။ အနတ္တဟု ဇ။ အသုဘဟု နှလုံးသွင်းခြင်း ရှုပွားခြင်းများသည် ယောနိသောမနသိကာရ = နည်းမှန် လမ်းမှန် နှလုံးသွင်း ခြင်းတည်း။
——作意、修观为:(五)无常;(六)苦;(七)无我;(八)不净。这些就是如理作意。
၄။ ဓမ္မာနုဓမ္မပဋိပတ္တိ = လောကုတ္တရာတရား (၉)ပါးအားလျော်သော အကျင့်ကို ကျင့်ခြင်း၊ သရဏဂုံ သီလမှ စ၍ အနုလောမဉာဏ်သို့တိုင်အောင်သော အရိယမဂ်၏ ရှေ့အဖို့၌ ဖြည့်ကျင့်ဆည်းပူး အပ်သော ဒါန + သီလကျင့်စဥ်၊ သမာဓိကျင့်စဥ်၊ ပညာကျင့်စဥ်တို့သည် လောကုတ္တရာတရား (၉)ပါးအားလျော် သော ကျင့်ဝတ် ပဋိပတ်တို့ပင် ဖြစ်ကြသည်။
4.法随法行(dhammānudhamma-paṭipatti):修行与九种出世间法相应的行持。从归依、持戒起,直到随顺智为止,在圣道前分应当圆满修习的布施与戒行、定行、慧行,都是与九种出世间法相应的修行。
ဤအကြောင်းတရား (၄)ပါးတို့သည် သောတာပတ္တိမဂ်၏ အကြောင်းအင်္ဂါတို့တည်း၊ ထိုအကြောင်းအင်္ဂါ (၄)မျိုးတို့နှင့် ပြည့်စုံသူမှာ သောတာပတ္တိမဂ်နှင့် ယှဥ်သော သဒ္ဓါ ဖြစ်ပေါ်လာတတ်သောကြောင့် ဤအင်္ဂါ (၄)မျိုး တို့သည် သောတာပတ္တိမဂ်နှင့် ယှဥ်သော သဒ္ဓါ၏ အနီးကပ်ဆုံး အကြောင်းတရားများ ဖြစ်ကြရသည်။ သို့အတွက် ဤနောက်နည်း ပဒဋ္ဌာန်မှာ သောတာပတ္တိမဂ်နှင့် ယှဥ်သော သဒ္ဓါအတွက် ရည်ညွှန်း ဖော်ပြချက်ဟု မှတ်ပါ။
这四项因法是入流道的因支。具足这四项者,能生起与入流道相应的信,所以四项入流支便成为入流道信的最近因。因此应知,这后一种近因的说明专指与入流道相应的信。
ပဒဋ္ဌာန်သာမဟုတ် ယင်း မဂ်သဒ္ဓါ၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန်တို့မှာလည်း သြကပ္ပနလက္ခဏာ ပက္ခန္ဒနရသ၊ အဓိမုတ္တိ ပစ္စုပဋ္ဌာနတို့ ဖြစ်သည်ဟု မှတ်ပါ။ သို့အတွက် ယင်းအရိယမဂ်နှင့် ယှဥ်သော သဒ္ဓါ၏ လက္ခဏ ရသ စသည်တို့ကို အောက်ပါအတိုင်း မှတ်သားပါ။
不仅近因如此,该道信的特相、作用、现起也应分别理解为确信特相、投入作用与胜解现起。因此,应当如下掌握与圣道相应之信的特相、作用等四法。
၁။ နိဗ္ဗာန်အာရုံ၌ သက်ဝင်ဆုံးဖြတ်ခြင်းသဘော လက္ခဏ၊ ၂။ နိဗ္ဗာန်အာရုံသို့ မိမိလည်း မနစ်မဆုတ် စုပ်စုပ်ပြေးသွား သက်ဝင်၍ သမ္ပယုတ်တရားတို့ကိုလည်း မနစ်မဆုတ် စုပ်စုပ်ပြေးသွား သက်ဝင်စေခြင်း (ကိစ္စ) ရသ၊ ၃။ နိဗ္ဗာန်အာရုံ၌ တည်လျက် သက်ဝင်ယုံကြည် ဆုံးဖြတ်တတ်သော သဘောတရား (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်၊ တစ်နည်း --- နိဗ္ဗာန်အာရုံ၌ သက်ဝင်ယုံကြည် ဆုံးဖြတ်ခြင်းဟူသော အကျိုးကို ဖြစ်စေတတ်၏ (ဖလ) ပစ္စုပဋ္ဌာန်၊ ၄။ သောတာပတ္တိမဂ်၏ အကြောင်းအင်္ဂါ (၄)ပါး ပဒဋ္ဌာန်။
1.在涅槃所缘上投入而作决断,是其特相;2.信自身毫不沉滞退缩地奔向、投入涅槃所缘,也令相应法毫不沉滞退缩地奔向、投入,这是其作用;3.立足于涅槃所缘而投入、信受、决断的状态,是其显现方式的现起;另一种解释是,它产生在涅槃所缘上投入、信受、决断的结果,这是果现起;4.四项入流道因支是其近因。
〔မှတ်ချက် --- ဤအထက်ပါ (၁) သြကပ္ပနလက္ခဏာ၊ (၂) ပက္ခန္ဒနရသ၊ (၃) အဓိမုတ္တိပစ္စုပဋ္ဌာန၊ (၄) သောတာ- ပတ္တိယင်္ဂပဒဋ္ဌာနတို့မှာ လောကီဝိပဿနာဉာဏ် အခိုက်၌လည်း အထိုက်အလျောက် ရှိသည်သာဟု မှတ်ပါ၊၊〕
〔注——上述1.确信特相、2.投入作用、3.胜解现起、4.入流支为近因,在世间观智生起之时,也应当依相应情形理解为存在。〕
原书第 532 页
ဟတ္ထ - ဝိတ္တ - ဗီဇ နှင့် တူပုံ
信如手、财富与种子
ကုသလာနံ ဓမ္မာနံ အာဒါနေ ဟတ္ထော ဝိယ၊ သဗ္ဗသမ္ပတ္တိနိပ္ဖါဒနေ ဝိတ္တံ ဝိယ၊ အမတကသိဖလဖလနေ ဗီဇံ ဝိယ ဒဋ္ဌဗ္ဗာ။ (မူလဋီ-၁-၈၉။) ၁။ လက်နှင့်တူပုံ --- သဒ္ဓါ ဟတ္ထော မဟာနာမ အရိယသာဝကော = ဒါယကာ မဟာနာမ် …အရိယ သာဝကသည် သဒ္ဓါတရားတည်းဟူသော လက်ရှိ၏ဟု ဘုရားရှင်သည် ဟောကြားတော်မူခဲ့၏။ ပတ္တမြားထွက်သော ကျောက်တောင်သို့ ရောက်သောအခါ မကျိုးမပျက် ကောင်းသောလက်ရှိသော ပုဂ္ဂိုလ်သည်သာ ထိုရတနာတို့ကို ကောက်ယူနိုင်၍ ကောင်းသောလက် မရှိသူကား ထိုရတနာတို့ကို မကောက်ယူနိုင်သကဲ့သို့ အလားတူပင် မဂ် ဖိုလ် နိဗ္ဗာန်တိုင်အောင်သော တရားရတနာတို့ ထွက်ပေါ်ရာ ဗုဒ္ဓသာသနာတော်တည်းဟူသော ရတနာတောင်- ကြီးဝယ် သဒ္ဓါတရားတည်းဟူသော လက်ရှိသော သူတော်ကောင်းတို့သည်သာလျှင် ဒါနကုသိုလ် သီလကုသိုလ် သမထကုသိုလ် ဝိပဿနာကုသိုလ် မဂ်ကုသိုလ်ဟူသော ကုသိုလ်တရားရတနာတို့ကို ကောက်ယူနိုင်၏၊ သဒ္ဓါလက်
‘应当把信看作:摄取诸善法时如手,成就一切成就时如财富,令不死耕作结出果实时如种子。’(《根本复注》1-89。)一、如手——世尊曾说:‘大名,圣弟子有名为信的手。’一个人到达出产红宝石的宝山时,只有手完整健全才能拾取宝物;手不健全便不能拾取。同样,在出产直到道、果、涅槃等法宝的佛陀教法宝山中,只有具足信手的善士,才能拾取布施善、戒善、止善、观善、道善等善法珍宝;没有信手的人——
မပါသူကား ကောက်မယူနိုင်။ ထိုကြောင့် သဒ္ဓါသည် လက်နှင့် တူ၏။
——不能拾取。因此,信如同手。
၂။ ဥစ္စာနှင့်တူပုံ --- သဒ္ဓိဓ ဝိတ္တံ ပုရိသဿ သေဋ္ဌံ = ဤလောက၌ ယောကျာ်း၏ အမြတ်ဆုံး ဥစ္စာကား သဒ္ဓါ တရားတည်း။ (သံ-၁-၂၁၆။) ဟူသော ယက္ခသံယုတ် အာဠာဝကသုတ် ပါဠိတော်နှင့်အညီ ရတနာအမျိုးမျိုး တို့ကို ရောင်းရာ စျေးအတွင်းသို့ ရောက်ရှိသွားသူသည် မိမိ၌ ဝယ်ယူဖို့ရန် လက်ဝယ်ပိုင်ဆိုင်သည့် ဥစ္စာပါမှသာ ထိုရတနာတို့ကို ဝယ်ယူနိုင်၏၊ ဥစ္စာမပါသူကား ထိုရတနာတို့ကို မဝယ်ယူနိုင်သကဲ့သို့ အလားတူပင် --- ဗုဒ္ဓ သာသနာတော်တည်းဟူသော ရတနာစျေးတော်ကြီးဝယ် သဒ္ဓါတရားတည်းဟူသော ဥစ္စာနှစ် ပါသူသည်သာလျှင် သူတော်ကောင်းရတနာများကို ဝယ်ယူနိုင်၏၊ သဒ္ဓါဥစ္စာ မပါသူကား မဝယ်ယူနိုင်၊ ထိုကြောင့် သဒ္ဓါသည် ဥစ္စာ နှင့်လည်း တူ၏။
二、如财富——‘在此世,信是人最殊胜的财富。’(《相应部》1-216,《夜叉相应·阿罗婆迦经》。)一个人来到出售各种珍宝的市场,只有手中有可供购买的财富,才能买到这些珍宝;没有财富便不能购买。同样,在佛陀教法这一广大宝市中,只有拥有信之财富的人,才能买到善法珍宝;没有信财的人便买不到。因此,信也如同财富。
၃။ မျိုးစေ့နှင့်တူပုံ --- သဒ္ဓါ ဗီဇံ တပေါ ဝုဋ္ဌိ = (သံ-၁-၁၇၅။) ဟူသော ဗြာဟ္မဏသံယုတ် ကသိဘာရဒွါဇသုတ် ပါဠိတော်နှင့်အညီ မိုးလေ ကောင်းမွန်နေသော ဥတု ရေ မြေဝယ် မျိုးစေ့ရှိသူသည်သာလျှင် စိုက်ပျိုး ကြဲချ၍ အသီးအနှံတို့ကို ရအောင်ယူနိုင်၏၊ မျိုးစေ့ မရှိသူကား မကြဲနိုင် မစိုက်ပျိုးနိုင်သဖြင့် အသီးအနှံတို့ကို မရနိုင်သ ကဲ့သို့ အလားတူပင် တရားတည်းဟူသော မိုးလေများ ကောင်းမွန်နေသော သာသနာ့မြေဝယ် သဒ္ဓါမျိုးစေ့ ရှိသူ သည်သာလျှင် ထိုမျိုးစေ့ကို ကြဲချ စိုက်ပျိုးခြင်းဖြင့် သူတော်ကောင်းတရားတည်းဟူသော အသီးအနှံများကို ရရှိ နိုင်၏၊ ယင်းအသီးအနှံတို့ကား အမတကသိဖလဟု ခေါ်ဆိုအပ်သော၊ သာသနာ့မြေဝယ် ထွန်ယက် ကြဲချ စိုက်ပျိုး ခြင်းကြောင့် ရရှိနိုင်သော မဂ်သီး ဖိုလ်သီး အမြိုက်နိဗ္ဗာန်ဟူသော အသီးများတည်း။ သာသနာ့မြေဝယ် ကြဲချ စိုက်ပျိုးလိုက်သော သဒ္ဓါမျိုးစေ့က ယင်းမဂ်သီး ဖိုလ်သီး အမြိုက်နိဗ္ဗာန်ဟူသော အသီးများကို ပွင့်စေ သီးစေနိုင်၏။
三、如种子——‘信为种子,苦行为雨。’(《相应部》1-175,《婆罗门相应·耕田婆罗堕阇经》。)在风调雨顺、地水适宜时,只有拥有种子的人才能播种耕作,取得果实;没有种子便不能播种耕作,也不能收获。同样,在正法之雨充足的教法田中,只有拥有信种的人,才能播下、培育这种种子,收获善法的果实。这些果实称为‘不死耕作之果’,也就是耕耘、播种、培育教法田以后所得的道果、圣果和甘露涅槃之果。播在教法田中的信种,能够使这些果实开花结果。
သဒ္ဓါမျိုးစေ့ မရှိသူကား သာသနာ့မြေဝယ် ထွန်ယက်စိုက်ပျိုးခြင်း လုပ်ငန်းကို မပြုလုပ်နိုင် = သဒ္ဓါတရား မရှိက သဒ္ဓါမျိုးစေ့ မရှိက မဂ် ဖိုလ် နိဗ္ဗာန်ဟူသော အသီးအပွင့်တို့ကို ပွင့်စေ သီးစေတတ်သော ဒါန သီလ သမထ ဝိပဿနာ ကုသိုလ်တရားတို့ကို မပြုလုပ်နိုင်။ ထိုကြောင့် သဒ္ဓါသည် မျိုးစေ့နှင့်လည်း တူ၏။
没有信种的人,不能在教法田中耕耘栽培;也就是说,若没有信,便不能修习能令道、果、涅槃之果开花结果的布施、持戒、止禅、观禅等善法。因此,信也如同种子。
သဒ္ဓါနှင့် ပေမ ရောနှောတတ်ပုံ
信与情爱容易混合
ယခုကာလ အချို့သော သူတော်ကောင်းများ၌ သဒ္ဓါနှင့် ပေမ ရောနှောသည်ကိုလည်း တွေ့ရတတ်၏။
现今有时也会见到一些善士把信与情爱混在一起。
အနေအထိုင်နှင့် အပြောအဟော အဆုံးအမ ကောင်းမွန်သော ပုဂ္ဂိုလ်အပေါ်တွင် အနေအထိုင်နှင့် အဟော အပြောကောင်းသည့်အတွက် ကြည်ညို၏ သဒ္ဓါတရား ဖြစ်၏။ မိမိကို သွန်သင် ဆုံးမသည့်အတွက် အကျေနပ်ကြီး
对于一位行为端正、善于开示教诫的人,因为他的行为与说法良好而生净信,这是信;又因为他曾教导、教诫自己,便对他十分满意——
原书第 533 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း ကျေနပ်ကာ ဆွေမျိုးရင်းချာကဲ့သို့ ချစ်ခင်မြတ်နိုးပြန်၏။ ဤသို့ဖြစ်ရာ၌ ကြည်ညိုခြင်းသဘောသည်ကား သဒ္ဓါ ဖြစ်၏၊ ချစ်ခင်မြတ်နိုးခြင်းသဘောကား ပေမတည်း။ ဘုရားရှင်ကို အကြည်ညိုကြီး ကြည်ညိုသော မမှိတ်သော မျက်စိဖြင့် အမြဲတမ်း ဖူးတွေ့ခွင့်ရမှသာ အကျေနပ်ကြီး ကျေနပ်နေသော အရှင်ဝက္ကလိသည်ပင် ပုထုဇန်ဘဝက ဘုရားအပေါ်၌ အလွန်အမင်း ချစ်ခင်မြတ်နိုးလျက် အကြည်ညိုကြီး ကြည်ညိုခဲ့၏။ ဆန္နအမတ်ဟု = မြင်းမြီးဆွဲ မောင်ဆန်ဟု အသိများကြသော ဗြာဟ္မဒဏ် အခတ်ခံရသော ငယ်ကျွန်ရင်း အရှင်ဆန္နမထေရ်သည်လည်း ပုထုဇန် ဘဝက ဘုရားအပေါ်၌ သခင်ချစ် ချစ်ကာ အလွန် ချစ်ခင်မြတ်နိုးရှာ၏။
——欢喜,像至亲一样亲爱、敬重。在这种情形下,净信的性质是信,亲爱敬重的性质则是情爱。跋迦梨尊者对世尊怀有极深净信,只有能以不眨动的眼睛一直瞻仰世尊才感到满足;甚至在尚为凡夫时,他对世尊便既有极深净信,又有过度的亲爱。阐陀大臣——也就是人们熟知的、牵马尾随行的‘貌禅’(Maung San),后来受到梵罚的旧仆阐陀长老——在尚为凡夫时,也以仆人爱戴主人的方式深爱世尊。
ထိုသို့ဖြစ်ရာ၌ သဒ္ဓါသဘောက ကုသိုလ်အစစ် ဖြစ်သော်လည်း သံယောဇဥ် ပေမတရားမှာ အကုသိုလ်သာ တည်း။ ထိုသံယောဇဥ်အတွက် ''ပုဂ္ဂိုလ်ခင်၍ တရားမင်ကာ'' အသိအလိမ္မာနှင့် ကုသိုလ်ပါရမီ တိုးပွားပါမူ --- သမထ ဝိပဿနာ ဘာဝနာဉာဏ် အသိထူးများ ရရှိခဲ့ပါမူ ယင်းအကုသိုလ်က ယင်းကုသိုလ်တရားတို့အား အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေဇူးပြုပေးကြောင်းကို ဘုရားရှင်သည် အောက်ပါအတိုင်း ဟောကြားထားတော်မူ၏။
在这些情形中,信本身是真正的善法;带有牵绊的情爱则只是不善。然而,若有人因亲近、喜爱一位人物,进而敬重正法,使见识与善波罗蜜增长,乃至获得止、观修习的殊胜智,那么,这项不善也能以强力亲依止缘力资助那些善法。世尊如下开示这种关系。
အကုသလော ဓမ္မော ကုသလဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ ပကတူပနိဿယော --- ရာဂံ ဥပနိဿာယ ဒါနံ ဒေတိ၊ သီလံ သမာဒိယတိ၊ ဥပေါသထကမ္မံ ကရောတိ၊ စျာနံ ဥပ္ပါဒေတိ၊ ဝိပဿနံ ဥပ္ပါဒေတိ၊ မဂ္ဂံ ဥပ္ပါဒေတိ၊ အဘိညံ ဥပ္ပါဒေတိ၊ သမာပတ္တိံ ဥပ္ပါဒေတိ။ ပ ။ ရာဂေါ။ ပ ။ သဒ္ဓါယ သီလဿ သုတဿ စာဂဿ ပညာယ ဥပနိဿယပစ္စယေန ပစ္စယော။ (ပဋ္ဌာန-၁-၁၄၉။) အကုသိုလ်တရားသည် ကုသိုလ်တရားအား ပကတိအားကြီးသောမှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ဖြစ်ပေါ် လာအောင် ကျေးဇူးပြုပေး၏။ ပကတူပနိဿယဟု ခေါ်ဆို၏။ ယင်း ပကတူပနိဿယ ပစ္စယသတ္တိဖြင့် ကျေးဇူးပြု ပေးပုံမှာ --- ချစ်ခင်မြတ်နိုးခြင်း ပေမတရား အဝင်အပါဖြစ်သည့် ရာဂကို အားကြီးသော အမှီသဟဲပြု၍ = ပုဂ္ဂိုလ်ခင်မှ တရားမင်၍ ဒါနကို ပေးလှူ၏၊ သီလကို ဆောက်တည်၏၊ ဥပုသ်ကံကို ကျင့်သုံး၏၊ စျာန်ကို ဖြစ်စေ၏၊ ဝိပဿနာ ဉာဏ်ကို ဖြစ်စေ၏၊ မဂ်ဉာဏ်ကို ဖြစ်စေ၏၊ အဘိညာဏ်ကို ဖြစ်စေ၏၊သမာပတ်ကို ဖြစ်စေ၏။ ရာဂသည်
‘不善法以亲依止缘为缘,资助善法。自然亲依止:以贪为强力依止而作布施、受持戒、修布萨业、生起禅那、生起观、生起道、生起神通、生起等至……贪……以亲依止缘为缘,资助信、戒、多闻、施舍与智慧。’(《发趣论》1-149。)不善法以自然强力亲依止缘力,资助善法生起,这称为自然亲依止。其资助方式是:以包括亲爱情爱在内的贪为强力依止,也就是因为亲近、喜爱其人而敬重其法,于是作布施、受持戒、修布萨业,令禅那、观智、道智、神通与等至生起。贪——
သဒ္ဓါအား သီလအား သုတအား စာဂအား ပညာအား အားကြီးသောမှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ဖြစ် ပေါ်လာအောင် ကျေးဇူးပြုပေး၏။ (ပဋ္ဌာန-၁-၁၄၉။) ဤပဋ္ဌာန်းဒေသနာတော်နှင့်အညီ ပုဂ္ဂိုလ်ခင်၍ တရားမင်မှု၌ ချစ်ခင်မြတ်နိုးခြင်း ပေမတရားတည်းဟူသော အကုသိုလ်အသေးအမွှားကလေးက ဒါနကုသိုလ် သီလကုသိုလ် စျာန်ကုသိုလ် ဝိပဿနာကုသိုလ် မဂ်ကုသိုလ် သမာပတ် (၈)ပါးတည်းဟူသော ကုသိုလ် အဘိဉာဏ်ကုသိုလ်ဟူသော အလွန်ကြီးကျယ် မြင့်မြတ်သော အလွန် အဆင့်အတန်းမြင့်မားသော များစွာသော ကုသိုလ်တရားတို့အား ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးနိုင်သည့် စွမ်းအားရှိသော ကောင်းမွန်သော အကြောင်းတရားကောင်း တစ်ခုပင် ဖြစ်ပေသည်။ သို့သော် ထိုကဲ့သို့ အကောင်း ဖြစ်အောင်လည်း ဆရာသမားဖြစ်သူကလည်း စေတနာရင်း စေတနာမှန်ဖြင့် ဟောပြော ဆုံးမ၍ တပည့်ဖြစ်သူ ကလည်း ဟောပြောသမျှ လိုက်နာလျက် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါမှ လိုရာအကျိုးတရား ပြီးစီးနိုင်မည်
——以强力亲依止缘力,资助信、戒、多闻、施舍与智慧生起。(《发趣论》1-149。)依这段《发趣论》的教说,在‘因喜爱其人而敬重其法’的情形中,名为亲爱情爱的那一点不善,能够资助布施善、戒善、禅善、观善、道善、八等至善与神通善等众多极其广大、崇高的善法生起;因此,它也可能成为具有这种力量的良好助因。不过,要使它真正导向善,作为老师者必须出于真实、纯正的善意开示教诫,作为弟子者也必须依教奉行,精勤修习,所求的结果才可能——
ဖြစ်ပေသည်။
——成就。
原书第 534 页
၂။ သတိ
二、念
၁။ အပိလာပနလက္ခဏာ သတိ၊ ဥပဂ္ဂဏှနလက္ခဏာ စ၊ ၂။ အသမ္မောသနရသာ (အသမ္မောသရသာ)၊ ၃။ အာရက္ခပစ္စုပဋ္ဌာနာ၊ ဝိသယာဘိမုခီဘာဝပစ္စုပဋ္ဌာနာ ဝါ၊ (ဝိသယာဘိမုခဘာဝပစ္စုပဋ္ဌာနာ ဝါ၊) ၄။ ထိရသညာပဒဋ္ဌာနာ၊ ကာယာဒိသတိပဋ္ဌာနပဒဋ္ဌာနာ ဝါ၊ အာရမ္မဏေ ဒဠှံ ပတိဋ္ဌိတတ္တာ ပန ဧသိကာ ဝိယ၊ စက္ခုဒွါရာဒိရက္ခဏတော ဒေါဝါရိကော ဝိယ စ ဒဋ္ဌဗ္ဗာ။ (အဘိ-ဋ္ဌ-၁-၁၆၅။ ဝိသုဒ္ဓိ-၂-၉၄။) ၁။ (က) သတိပဋ္ဌာန် စသော အာရုံ၌ = သတိ၏ တည်ရာ ကာယ ဝေဒနာ စိတ္တဓမ္မ
念的四法如下:第一,以不漂浮为特相,也以摄取为特相;第二,以不忘失为作用;第三,以守护为现起,或以面向所缘为现起;第四,以坚固想为近因,或以身等念处为近因。又因念牢固安立于所缘,应当视它如城门柱;因它守护眼门等诸门,应当视它如守门人。(《阿毗达磨义注》1-165;《清净之道》2-94。)第一,(一)在念处等所缘——也就是身、受、心、法等念之所依——上,念令相应法——
စသော အာရုံ၌ သမ္ပယုတ်တရားတို့ကို ဘူးတောင်းကဲ့သို့ မပေါ်စေဘဲ
——不像葫芦在水上那样漂浮,而——
ကျောက်ဖျာကဲ့သို့ မလှုပ်မရှား မြဲစွာအောက်မေ့စေခြင်း သဘော လက္ခဏ၊
——像石板一样不动摇、牢固地忆持所缘,这是其特相。
တစ်နည်း --- မိမိ သတိကိုယ်တိုင် သတိ၏တည်ရာ ရုပ်နာမ် စသော
另一种解释是:念自身在色、名等念之所依的所缘上——
အာရုံ၌ ဘူးတောင်းကဲ့သို့ မပေါ်လွင်ဘဲ ကျောက်ဖျာကဲ့သို့ မလှုပ်မရှား
——不像葫芦那样漂浮,而像石板一样毫不动摇——
မြဲစွာအောက်မေ့ခြင်းသဘော လက္ခဏ၊
——牢固地忆持,这是其特相。
တစ်နည်း --- သတိ၏တည်ရာ အရှုခံဖြစ်သော ရုပ်နာမ် စသော
另一种解释是:念使作为观照对象的色、名等所缘——
အာရုံတို့ကို ဘူးတောင်းကဲ့သို့ မပေါ်စေခြင်း ခိုင်မြဲစေခြင်းသဘော လက္ခဏ၊
——不像葫芦那样漂浮,而得到稳固,这是其特相。
တစ်နည်း --- သတိပဋ္ဌာန် စသော ကုသိုလ်တရားကို အမှတ်ရစေခြင်း
另一种解释是:念使人记得、忆念念处等善法——
အောက်မေ့စေခြင်းသဘော လက္ခဏ၊ ( ခ ) တစ်နည်း --- အကျိုးရှိသော ကောင်းသော အကျင့်တို့ကို သိမ်းပိုက်ခြင်းသဘော လက္ခဏ၊ ၂။ အာရုံကို ပျောက်ပျက်စေတတ်သော မေ့လျော့ခြင်း ပမာဒကို ဖျက်ဆီးခြင်း = အာရုံကို မပျောက်ပျက်စေခြင်း (ကိစ္စ) ရသ၊ ၃။ (က) စိတ်ကို စောင့်ရှောက်တတ်သော သဘောတရား တစ်နည်း --- အရှုခံအာရုံကို စောင့်ရှောက်တတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊ ( ခ ) တစ်နည်း --- အာရုံဘက်သို့ စိတ်၏ ရှေးရှူ မျက်နှာမူကြောင်း သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ (က) မြဲမြံသော အမှတ်သညာ ပဒဋ္ဌာန်၊ ( ခ ) တစ်နည်း ကာယ အစရှိသော သတိပဋ္ဌာန် သို့မဟုတ် ကာယ အစရှိသည်ကို အာရုံပြု၍ ဖြစ်သော သတိပဋ္ဌာန် ပဒဋ္ဌာန်။
——这是其特相。(二)或者说,摄取有益的善行,是其特相。2.它摧毁使所缘消失的忘失、放逸,也就是不让所缘消失,这是其功能作用。3.(一)以守护心的状态为现起;另一种解释是,以守护所观所缘的状态为现起。(二)或者,以心朝向所缘的状态为现起。4.(一)以坚固的忆识之想为近因;(二)或者,以身等念处,或以缘取身等而生的念处为近因。
သရန္တိ ဧတာယ၊ သယံ ဝါ သရတိ၊ သရဏမတ္တမေဝ ဝါ ဧသာတိ သတိ။ သာဝ မုဋ္ဌဿစ္စဿ အဘိ- ဘဝနတော အဓိပတိယဋ္ဌေန ဣန္ဒြိယံ၊ ဥပဋ္ဌာနလက္ခဏေ ဝါ ဣန္ဒဋ္ဌံ ကာရေတီတိ ဣန္ဒြိယံ၊ သတိ ဧဝ ဣန္ဒြိယံ သတိန္ဒြိယံ။ သာ ပနေသာ အပိလာပနလက္ခဏာ စ သတိ ဥပဂ္ဂဏှနလက္ခဏာ စ။ (အဘိ-ဋ္ဌ-၁-၁၆၄။) သမ္ပယုတ်တရားတို့၏ သတိပဋ္ဌာန် စသော ဗောဓိပက္ခိယတရား၊ သမထ ဝိပဿနာ ဝိဇ္ဇာဝိမုတ္တိတရားတို့ကို အောက်မေ့တတ်ကြောင်း အမှတ်ရကြောင်း ဖြစ်သော သဘောတရားသည် သတိ မည်၏။ သမ္ပယုတ်တရားတို့က သမထအာရုံနိမိတ်တို့ကိုလည်းကောင်း၊ ဝိပဿနာဉာဏ်၏ အရှုခံဖြစ်သော သင်္ခါရနိမိတ်တို့ကိုလည်းကောင်း၊
诸法依它而忆念,或它自己忆念,或它只是忆念的活动,所以称为念。念能制伏失念,因有统领义而称为根;又能在安住所缘这一特相上发挥主宰作用,所以称为根。念本身就是根,故称念根。此念既以不漂浮为特相,也以摄取为特相。(《阿毗达磨义注》1-164。)使相应法忆念念处等菩提分法、止、观、明与解脱诸法的性质,称为念。相应法之所以能够忆持止禅的所缘相、作为观智所观对象的行相——
原书第 535 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း ထိုသင်္ခါရတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက် အသုဘအချက်တို့ကိုလည်းကောင်း၊ ဝိဇ္ဇာဝိမုတ္တိ အမည်ရသော မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ကိုလည်းကောင်း၊ ထိုမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့၏ အာရုံဖြစ်သော အသင်္ခတ- ဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကိုလည်းကောင်း အောက်မေ့တတ် အမှတ်ရတတ်ခြင်း စွဲစွဲမြဲမြဲ အာရုံပြုနိုင်ခြင်းသည် ယင်းသမ္ပယုတ်တရားတို့နှင့် အတူယှဥ်တွဲဖြစ်သည့် ဤသတိကြောင့်သာ အောက်မေ့နိုင် အမှတ်ရနိုင် စွဲစွဲမြဲမြဲ အာရုံပြုနိုင်ကြခြင်း ဖြစ်၏၊ သို့အတွက် သတိသည် သမ္ပယုတ်တရားတို့၏ ထိုဖော်ပြပါ ဆိုင်ရာဆိုင်ရာ အာရုံတို့ကို ခိုင်ခိုင်မြဲမြဲ စွဲစွဲမြဲမြဲ အာရုံပြုနိုင်ခြင်း အောက်မေ့နိုင်ခြင်း အမှတ်ရနိုင်ခြင်း၏ အကြောင်း ဖြစ်သောကြောင့် သတိ အမည်ရပေသည်။
——以及这些行法的无常、苦、无我、不净行相,能够忆持称为明与解脱的道智、果智,以及作为道果智所缘的无为界、寂灭界、殊胜涅槃,能够牢固地缘取这些所缘,正是由于与相应法俱生的念。因此,念是相应法牢固地缘取、忆念上述各自所缘的原因,所以称为念。
ဤ -- သရန္တိ ဧတာယာတိ သတိ --- ဟူသော ကရဏသာဓနဝိဂြိုဟ်ဖြင့် (အထက်တွင် ဖော်ပြထားသော) ဆိုင်ရာဆိုင်ရာ အာရုံကို အောက်မေ့ခြင်း အမှတ်ရခြင်း အမူအရာကြိယာ၌ = လုပ်ငန်းရပ်၌ ဖြစ်ကြကုန်သော စိတ်စေတသိက် သမ္ပယုတ်တရားတို့၏ ထိုအောက်မေ့ခြင်း အမှတ်ရခြင်းကြိယာ၌ အကြီးအကဲ အစိုးတရ၏ အဖြစ်ဖြင့် သတိ၏ အကြောင်းတရားဖြစ်မှုကို ထင်ရှား ဖော်ပြ၏။ မှန်ပေသည် --- ထိုသတိ၏ မိမိနှင့် အတူ ယှဥ်တွဲ ဖြစ်သည့် စိတ်စေတသိက် သမ္ပယုတ်တရားတို့၏ ထိုသို့ အာရုံကို အောက်မေ့ခြင်း အမှတ်ရခြင်း၏ အကြောင်းတရား ဖြစ်မှုသဘောသည် ထင်ရှားရှိခဲ့သော် ထိုသတိနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည်လည်း ထိုအာရုံကို အောက်မေ့တတ် အမှတ်ရတတ်၏ဟု ခေါ်ဝေါ်ခြင်းငှာ ထိုက်တော့သည်သာ ဖြစ်သည်။ (မဟာဋီ-၂-၁၄၂။) ထိုကြောင့် သတိနှင့် ပြည့်စုံသောပုဂ္ဂိုလ်ကို ထိုအထက်တွင် ဖော်ပြထားသော ကာယ-ဝေဒနာ-စိတ္တ-ဓမ္မ စသော
在‘诸法依它而忆念,故称为念’这一工具义释中,显示念是诸相应心、心所执行忆念上述各自所缘这一活动时的原因,并在该活动中居于主导、统领地位。确实,念既显然是与它俱生的心、心所忆念所缘的原因,具念之人也就堪称能够忆念该所缘。(《大复注》2-142。)因此,具念之人能够牢固地缘取、忆念前述身、受、心、法等——
အာရုံတို့ကို အောက်မေ့စေတတ် အမှတ်ရစေတတ် စွဲစွဲမြဲမြဲ ခိုင်ခိုင်မြဲမြဲ အာရုံ ပြုစေတတ်ကြောင်း ဖြစ်သော ကြောင့်လည်း သတိ မည်ပေသည်။ (ကရဏသာဓန။) တစ်နည်းဆိုသော် --- ထိုသတိသည် သမ္ပယုတ်တရားတို့နှင့်၊ သတိနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကိုသာ အထက်ပါ အာရုံ အသီးအသီးကို အောက်မေ့စေတတ် အမှတ်ရစေတတ် စွဲစွဲမြဲမြဲ ခိုင်ခိုင်မြဲမြဲ အာရုံပြုစေတတ်သည် မဟုတ် သေး၊ မိမိ သတိကိုယ်တိုင်ကလည်း ထိုအာရုံကို အောက်မေ့တတ် အမှတ်ရတတ်၏၊ စွဲစွဲမြဲမြဲ ခိုင်ခိုင်မြဲမြဲ အာရုံ ပြုတတ်၏၊ ထိုကြောင့်လည်း သတိ မည်ပေသည်။ (ကတ္တုသာဓန။) တစ်နည်း --- ထိုအာရုံကို အောက်မေ့ခြင်း အမှတ်ရခြင်း စွဲစွဲမြဲမြဲ ခိုင်ခိုင်မြဲမြဲ အာရုံပြုနိုင်ခြင်းမျှသာ ဖြစ်သော သဘောတရားသည် သတိ မည်ပေသည်။ (ဘာဝသာဓန)။
——所缘,念由于使他能够如此而称为念,这是工具义释。另一种解释是:念不但令相应法及具念之人牢固地缘取、忆念各项所缘,念自身也缘取、忆念那些所缘,所以称为念,这是作者义释。再一种解释是:只是牢固地缘取、忆念所缘的这一性质,称为念,这是状态义释。
ထိုသတိသည်ပင် ပျောက်ကင်းသောသတိ ရှိသူ၏ အဖြစ်ကို = ပျောက်ကင်းသော သတိရှိသူ ဖြစ်ကြောင်း ဖြစ်ရာ အကုသိုလ်စိတ္တုပ္ပါဒ်ကို လွှမ်းမိုးနိုင်သည့်အတွက် အကြီးအကဲ၏ အဖြစ်ဟူသော အနက်သဘောကြောင့် ဣန္ဒြေလည်း အမည်ရပေသည်။
念能制伏以失念为性质的不善心生,也就是制伏失去念的状态,因此依统领义而称为根。
တစ်နည်း --- ကြာမြင့်စွာက ပြုခဲ့သော အာရုံ အစရှိသော အာရုံသို့ ကပ်၍တည်ခြင်း လက္ခဏာ၌ သို့မဟုတ် ပစ္စုပ္ပန်အာရုံသို့ ကပ်၍တည်ခြင်း မစွန့်လွှတ်ခြင်းလက္ခဏာ၌ မိမိ၏ အစိုးရသည်၏ အဖြစ်ကို သမ္ပယုတ်တရားတို့ကို ပြုစေ၏၊ ထိုကြောင့် ဣန္ဒြေလည်း မည်၏။ ဤနည်းအရ သတိသည်ပင် ဣန္ဒြေမည်ရကား သတိန္ဒြေဟု သတိကို ဆိုသည်။
另一种解释是:念在贴住很久以前所作等所缘而安住的特相上,或在贴住现在所缘而不舍弃的特相上,使相应法承认自己为主宰,所以也称为根。依此,念本身就是根,故称念根。
စိရကတာဒိအာရမ္မဏံ ဥပဂန္တွာ ဌာနံ၊ အနိဿဇ္ဇနံ ဝါ အာရမ္မဏဿ ဥပဋ္ဌာနံ။ (မူလဋီ-၁-၈၉။) ကရဏာဒိကာလေ ဝိယ စိရကတာဒိအာရမ္မဏံ ဝိဘူတံ ကတွာ ပဝတ္တန္တီ သတိ တံ ဥပဂန္တွာ တိဋ္ဌန္တီ အနိဿဇ္ဇန္တီ စ ဟောတိ။ (အနုဋီ-၁-၉၆။)
‘趋近很久以前所作等所缘而安住,或不舍弃它,就是所缘的安住。’(《根本复注》1-89。)‘念使很久以前所作等所缘显明,如同当时正在作一样;它趋近该所缘而住,并且不舍弃。’(《随复注》1-96。)
原书第 536 页
ကြာမြင့်စွာသောကာလက ပြုခဲ့သောအာရုံ ဖြစ်ခဲ့သောအာရုံ စသည့် အာရုံပင်ဖြစ်သော်လည်း ရှေးပြုနေစဥ် ဖြစ်နေစဥ် စသည့် အချိန်တုန်းကကဲ့သို့ ကြာမြင့်စွာသောကာလက ပြုခဲ့သောအာရုံ ဖြစ်ခဲ့သောအာရုံ စသည့် အာရုံကို ထင်ရှားအောင် ပြု၍ ဖြစ်ပေါ်လာသော သတိသည် ထိုအာရုံသို့ ကပ်ရောက်၍ တည်နေသည်လည်း မည်၏၊ ထိုအာရုံကို မစွန့်လွှတ်သည်လည်း မည်၏၊ ထိုသို့ ကပ်ရောက်၍တည်ခြင်း မစွန့်လွှတ်ခြင်းသည် ဥပဋ္ဌာန = ကြာမြင့်စွာက ပြုခဲ့ ဖြစ်ခဲ့သော အာရုံ စသည့် အာရုံပင်ဖြစ်သော်လည်း ထိုရှေးအခါတုန်းက ပြုနေစဥ်ကဲ့သို့ ယခု ထင်လာခြင်း မည်၏။ ယင်းသဘောတရားကိုပင် ဥပဋ္ဌာနလက္ခဏာဟု ဆိုသည်။ ယင်း ဥပဋ္ဌာနလက္ခဏာ၌ မိမိအစိုးရသည်၏ အဖြစ်ကို သမ္ပယုတ်တရားတို့ကို ပြုစေတတ်သောကြောင့်လည်း သတိသည်ပင် ဣန္ဒြေလည်း မည်ပေသည်။ ထိုကြောင့် သတိကိုပင် သတိန္ဒြေဟု ခေါ်ဆိုသည် ဟူလို။
即使是很久以前所作、所经历的对象,念也能使它像当时正在作、正在经历时一样显明而生起;因此可说念趋近该所缘而安住,也可说它不舍弃该所缘。这种趋近而住、不舍弃,就是安住:虽是久远以前所作、所经历的对象,如今仍像当时一样显现。这种性质称为安住特相。念能使相应法在这种安住特相上承认它为主宰,所以念也称为根,亦即称为念根。
အပိလာပနလက္ခဏာ --- ဥဒကေ အလာဗု ဝိယ အာရမ္မဏံ ပိလဝိတွာ ဂန္တုံ အပ္ပဒါနံ ပါသာဏဿ ဝိယ နိစ္စလဿ အာရမ္မဏဿ ဌပနံ သာရဏံ အသမ္မုဋ္ဌတာကရဏံ အပိလာပနံ။ (မူလဋီ-၁-၈၉။) ရေထဲ၌ ပစ်ချထားအပ်သော ဘူးတောင်းသည် ပေါလောပေါ်၍ သွားသကဲ့သို့ ထို့အတူ (ဝိသဒိသူပမာ)၊ အာရုံကို ပေါလောပေါ်၍ သွားခွင့်ကို မပေးဘဲ = အာရုံကို ပျောက်ကွယ်မသွားစေဘဲ၊ ရေထဲ၌ ပစ်ချထားအပ်သော ကျောက်တုံး ကျောက်ခဲများကဲ့သို့ လှုပ်ရှားခြင်းမရှိသော၊ အာရုံကို တည်တံ့ ခိုင်မြဲအောင်ထားခြင်း၊ အာရုံကို အမှတ်ရစေခြင်း အမှတ်ရခြင်း၊ အာရုံကို မပျောက်ပျက်သည်၏ အဖြစ်ကို ပြုခြင်းသည် အပိလာပန = အာရုံကို ပေါလော မပေါ်စေခြင်း မည်၏။ (မူလဋီ-၁-၈၉။) ဘုရင်မင်းမြတ်၏ ဘဏ္ဍာတိုက်စိုး = ဘဏ္ဍာရေးဝန်ကြီးသည် ရတနာ (၁ဝ)ပါးကို လုံခြုံစေလျက် စောင့် ရှောက်လျက် ညနေချမ်း၌ တစ်ကြိမ်၊ နံနက်၌ တစ်ကြိမ် ဘုရင်မင်းမြတ်ကို ဣဿရိယသမ္ပတ္တိဟုခေါ်သော အစိုး-
不漂浮特相——‘不让所缘像葫芦在水上一样漂浮而去;像石头一样令所缘不动,安置、忆持所缘,使它不被忘失,这就是不漂浮。’(《根本复注》1-89。)葫芦投入水里会浮起漂走,这是反面譬喻;念不让所缘漂走,也就是不让所缘消失。念又像投入水中的石块,使所缘不动摇而安住稳固,使人忆持所缘,使所缘不被忘失;这就称为不漂浮,即不让所缘浮起。国王的司库、也就是财政大臣,守护十种珍宝,每天傍晚与早晨各一次,向国王禀报、令他忆念称为王权成就的统治权——
ရသူဖြစ်ကြောင်း စည်းစိမ်ဥစ္စာအပေါင်းကို မှတ်မိစေ အမှတ်ရစေ အောက်မေ့စေသကဲ့သို့ ဤဥပမာအတူပင် သတိသည် ကုသိုလ်တရားတည်းဟူသော အာရုံကို မှတ်မိစေ အောက်မေ့စေ အမှတ်ရစေ၏။
——及全部财富;同样,念令善法这一所缘得到忆持、忆念。
(အဘိ-ဋ္ဌ-၁-၁၆၄။)
(《阿毗达磨义注》1-164。)
ထိုကြောင့် အရှင်နာဂသေန မထေရ်မြတ်သည် ဤသို့မိန့်ဆိုတော်မူခဲ့၏ --- ''ဒါယကာတော် မိလိန္ဒမဟာရာဇ …စက္ကဝတ်မင်းဖျား၏ ဘဏ္ဍာစိုးသည် စက္ကဝတ်မင်းဖျားကို ညဥ့်၌ လည်းကောင်း၊ နံနက်၌လည်းကောင်း စည်းစိမ်ဥစ္စာ အခြံအရံကို အမှတ်ရစေ၏၊ အဘယ်သို့ အမှတ်ရစေသနည်း အရှင်မင်းမြတ် …ဆင်တို့သည် ဤမျှ အတိုင်းအရှည် ရှိပါကုန်၏၊ မြင်းတို့သည် ဤမျှ အတိုင်းအရှည် ရှိပါကုန်၏၊ ရထားတို့သည် ဤမျှ အတိုင်းအရှည် ရှိပါကုန်၏၊ ခြေလျင်တပ်သားတို့သည် ဤမျှ အတိုင်းအရှည် ရှိပါကုန်၏၊ ငွေသည် ဤမျှ အတိုင်းအရှည် ရှိပါ၏၊ ရွှေသည် ဤမျှ အတိုင်းအရှည် ရှိပါ၏၊ အလုံးစုံသော ဥစ္စာနှစ်သည် ဤမျှ အတိုင်းအရှည် ရှိပါ၏၊ အရှင်မင်းမြတ်သည် ထိုစည်းစိမ်ကို အမှတ်ရတော်မူပါ။ ထိုသို့ သံတော်ဦးတင်၍ အမှတ်ရစေသကဲ့သို့ --- ဒါယကာတော် မိလိန္ဒ မဟာရာဇ …ဤဥပမာအတူပင်လျှင် သတိသည် ကုသိုလ်တရား တို့ကို ပေါလော မပေါ်စေ = ပေါလောပေါ်၍ လွင့်မသွားစေ = အာရုံအဖြစ်ဖြင့် ထင်လာစေသည်။ အဘယ်သို့
因此,那先尊者说:‘施主弥兰陀大王,转轮王的司库在夜晚和早晨令转轮王忆念他的财富与眷属。他怎样禀报呢?大王,象有如此之多,马有如此之多,车有如此之多,步兵有如此之多,银有如此之多,金有如此之多,一切财宝共有如此之多;大王,请忆念这些财富。司库这样禀报而令王忆念。同样,施主弥兰陀大王,念不让诸善法漂浮、漂走,而使它们作为所缘显现。它怎样使诸善法显现呢?——
ထင်လာစေသနည်း --- ၁။ ဤလေးပါးတို့သည် သတိပဋ္ဌာန်တို့တည်း၊ ၂။ ဤလေးပါးတို့သည် သမ္မပ္ပဓာန်တို့တည်း၊ ၃။ ဤလေးပါးတို့သည် ဣဒ္ဓိပါဒ်တို့တည်း၊ ၄။ ဤငါးပါးတို့သည် ဣန္ဒြေတို့တည်း၊ ၅။ ဤငါးပါးတို့သည် ဗိုလ်တို့တည်း၊
——1.这是四念处;2.这是四正勤;3.这是四神足;4.这是五根;5.这是五力;
原书第 537 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း ၆။ ဤခုနစ်ပါးတို့သည် ဗောဇ္ဈင်တို့တည်း၊ ၇။ ဤရှစ်ပါးတို့သည် မဂ္ဂင်တို့တည်း၊ ၈။ ဤသမာဓိသည် သမထတည်း၊ ၉။ ဤပညာသည် ဝိပဿနာတည်း၊ ၁ဝ။ ဤပညာသည် ဝိဇ္ဇာတည်း၊ ၁၁။ ဤအရဟတ္တဖိုလ်သည် ဝိမုတ္တိတည်း၊ ၁၂။ ဤတရားတို့သည် လောကုတ္တရာတရားတို့တည်း၊ ဤသို့ ထင်လာစေ၏။
——6.这是七觉支;7.这是八道支;8.这种定是止;9.这种慧是观;10.这种慧是明;11.这个阿罗汉果是解脱;12.这些是出世间法。念就这样使诸法显现。
''ဒါယကာတော် မိလိန္ဒမဟာရာဇ …ဤသို့လျှင် သတိသည် အပိလာပနလက္ခဏာ = ပေါလော မပေါ်စေ = ပေါလောပေါ်၍ လွင့်မသွားစေ = အာရုံအဖြစ်ဖြင့် ထင်လာစေခြင်း သဘောလက္ခဏာ ရှိပေသည်။''
‘施主弥兰陀大王,因此,念以不漂浮为特相,也就是不让诸善法浮起、漂走,而使它们作为所缘显现。’
(မိလိန္ဒပဥှ-၃၆။ အဘိ-ဋ္ဌ-၁-၁၆၄။)
(《弥兰王问》36;《阿毗达磨义注》1-164。)
သတိသည် ကုသိုလ်တရားတည်းဟူသော အာရုံကို မှတ်မိစေ အောက်မေ့စေ အမှတ်ရစေ၏ --- ဟူရာ၌ ကုသိုလ်တရားအရတွင် အထက်ပါအတိုင်း ဗောဓိပက္ခိယတရား (၃၇)ပါးနှင့် သမထ၊ ဝိပဿနာ၊ ဝိဇ္ဇာ၊ ဝိမုတ္တိ၊ လောကုတ္တရာတရားတို့ကို ဖော်ပြထား၏။
这里说念令善法这一所缘得到忆持;所谓善法,如上所列,包括三十七菩提分法,以及止、观、明、解脱与出世间法。
သမထ (၄ဝ)တွင် စာဂါနုဿတိ သီလာနုဿတိတို့လည်း ပါဝင်နေသဖြင့် ဒါနအာရုံ သီလအာရုံများလည်း ပါဝင်လျက်ရှိသည်ကို သတိပြုပါ။ ဝိပဿနာဉာဏ်၏ အရှုခံအာရုံမှာ သတိပဋ္ဌာန် လေးပါး၌ အကျုံးဝင်သော ရုပ်-ဝေဒနာ-စိတ္တ-ဓမ္မတည်းဟူသော ဒုက္ခသစ္စာတရားနှင့် သမုဒယသစ္စာ အမည်ရသော ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ် တရားစုတို့ပင်တည်း။
四十止业处中也包括舍随念与戒随念,所以应注意:布施所缘与戒所缘也包含在内。观智的所观所缘,就是四念处所摄的色、受、心、法等苦谛法,以及称为集谛的诸缘起支。
သို့အတွက် ဝိပဿနာပိုင်းကို အလေးပေး၍ ကွက်ပြောရမူ ယင်း ဒုက္ခသစ္စာတရား သမုဒယသစ္စာတရား တည်းဟူသော သင်္ခါရတရားတို့ကိုလည်းကောင်း၊ ယင်းသင်္ခါရတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တ အချက် အသုဘအချက်တို့ကိုလည်းကောင်း မိမိ သတိကိုယ်တိုင်ကလည်း မှတ်မိတတ် အောက်မေ့တတ် အမှတ်ရ တတ်၍ သမ္ပယုတ်တရားတို့ကိုလည်း မှတ်မိစေ အောက်မေ့စေ အမှတ်ရစေသော သဘောတရားသည် သတိ၏ အပိလာပနလက္ခဏာဟု မှတ်ပါ။ ထိုအာရုံ၌ စိတ်ခိုင်မြဲမှု သဘောတရား ဖြစ်သည်။ ထိုသို့ အာရုံကို မှတ်မိရာ အောက်မေ့ရာ အမှတ်ရရာ၊ မှတ်မိစေရာ အောက်မေ့စေရာ အမှတ်ရစေရာ၌ ထိုအာရုံ၌ သတိနှင့်တကွသော သမ္ပယုတ်တရားစုသည် စွဲစွဲမြဲမြဲ ခိုင်ခိုင်မြဲမြဲ ကပ်၍ တည်နေသဖြင့် ထိုအာရုံကို မစွန့်လွှတ်ဘဲ ရှိသဖြင့် ထိုအာရုံကို ဘူးတောင်းကဲ့သို့ ပေါလော မပေါ်စေဘဲ ရေထဲ၌ ပစ်ချထားအပ်သော ကျောက်တုံး ကျောက်ဖျာ ကျောက်ခဲကဲ့သို့
因此,若着重观禅一面来说,念自身能忆持名为苦谛、集谛的诸行法,以及这些行法的无常、苦、无我、不净行相;它也令相应法忆持这些所缘。这种性质,就是念的不漂浮特相,也就是心牢固安住于所缘的性质。当念自身忆持所缘并令相应法忆持所缘时,念与相应法牢固地贴住所缘而住,不舍弃所缘,所以也就是不让所缘像葫芦般漂浮,而像投入水中的石块、石板、石子一样——
လှုပ်ရှားခြင်း မရှိအောင် တည်တံ့ ခိုင်မြဲအောင် မပျောက်ပျက်အောင် ပြုခြင်းလည်း မည်သည်သာဟု မှတ်ပါ။
——使它不动摇、安住稳固、不被忘失。
ထိုကြောင့် သတိသည် ကုသိုလ်တရားတို့ကို ပေါလော မပေါ်စေ၊ ပေါလောပေါ်၍ လွင့်မသွားစေ၊ အာရုံအဖြစ်ဖြင့် ထင်လာစေသည် ဟူလို။
因此,说念不让诸善法浮起、漂走,而使它们作为所缘显现。
ဥပဂ္ဂဏှနလက္ခဏာ --- စကြာဝတေးမင်းကြီး၏ သားကြီးရတနာသည် မင်း၏ အကျိုးစီးပွားမဲ့ကို ပြုသူ အကျိုးစီးပွားကို ပြုသူတို့ကို သိအောင် ရွေးချယ် စိစစ်၍ အကျိုးစီးပွားမဲ့ကို ပြုသူတို့ကို ဖယ်ရှားလျက် အကျိုး စီးပွားကို ပြုသူတို့ကို ချဥ်းကပ်စေသကဲ့သို့ = မင်းခစား ပြုစေသကဲ့သို့ ဤဥပမာအတူပင် သတိသည် အကျိုးစီးပွား ရှိကုန် အကျိုးစီးပွားဖြစ်ကုန်သောတရား အကျိုးစီးပွားမဲ့ကုန် အကျိုးစီးပွား မဖြစ်ကုန်သောတရားတို့၏ တိုက်ရိုက် ဖြစ်စေတတ်သော ဇနကအကြောင်း အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘကအကြောင်းဟူသော အကြောင်း-
摄取特相——转轮王的长子宝,会辨别哪些人损害王的利益、哪些人增益王的利益;他排除损害利益者,使增益利益者前来侍奉国王。同样,念善能查明有益之法与无益之法,及其直接生起的能生因和扶助它们的支持因,也就是查明这些法如何依因——
原书第 538 页
တရားအားဖြင့် ဖြစ်ပေါ်ပုံ ပြီးစီးပုံ၊ အကျိုးတရားအားဖြင့် ဖြစ်ပေါ်ပုံ ပြီးစီးပုံတို့ကို ကောင်းစွာ ရှာ၍ --- ''ကာယ- ဒုစရိုက် အစရှိကုန်သော ဤတရားတို့ကား အကျိုးစီးပွားမဲ့တရားတို့တည်း''ဟု သိ၍ အကျိုးစီးပွားမဲ့ ဖြစ်ကုန်သော အကုသိုလ်တရား ဒုစရိုက်တရားတို့ကို ပယ်ရှား၏။ ''ကာယသုစရိုက် အစရှိကုန်သော ဤတရားတို့ကား အကျိုး စီးပွားရှိသည့် တရားတို့တည်း''ဟု ဤသို့သိ၍ အကျိုးစီးပွား ရှိကုန်သော ကုသိုလ်တရား သုစရိုက်တရားတို့ကို သိမ်းပိုက်၏။ ဤသို့လျှင် သတိသည် ကုသိုလ်တရားတည်းဟူသော အာရုံကို သိမ်းပိုက်ခြင်း သဘောလက္ခဏာ လည်း ရှိပေသည်။ ထိုကြောင့် အရှင်နာဂသေန မထေရ်မြတ်သည် ဤသို့ မိန့်ဆိုတော်မူ၏။ --- ဒါယကာတော် မိလိန္ဒ မဟာရာဇ …စက္ကဝတ်မင်းဖျား၏ သားကြီးရတနာသည် စက္ကဝတ်မင်းဖျား၏ အစီးအပွားကို ဖြစ်ပွားအောင် ရွက်ဆောင်သူ အစီးအပွားမဲ့ကို ဖြစ်အောင် ရွက်ဆောင်သူတို့ကို --- ''ဤသူတို့ကား
——生起、成就,又如何产生结果。念知道‘身恶行等是无益之法’,便排除无益的不善法与恶行;知道‘身善行等是有益之法’,便摄取有益的善法与善行。这样,念也有摄取善法所缘的特相。因此,那先尊者又说:‘施主弥兰陀大王,转轮王的长子宝辨识哪些人增益转轮王的利益、哪些人损害他的利益:“这些人能增益——
မင်း၏ အစီးအပွားကို ဖြစ်ပွားအောင် ရွက်ဆောင်သူတို့တည်း၊ ဤသူတို့ကား အစီးအပွားမဲ့ကို ဖြစ်ပွားအောင် ရွက်ဆောင်သူတို့တည်း၊ ဤသူတို့ကား လျော်သောကျေးဇူးကို ပြုတတ်သူတို့တည်း၊ ဤသူတို့ကား လျော်သော ကျေးဇူးကို မပြုတတ်သူတို့တည်း'' --- ဤသို့ သိ၏။ ထိုသို့ သိခြင်းကြောင့် အစီးအပွားမဲ့ကို ဖြစ်ပွားအောင် ရွက် ဆောင်သူတို့ကို ပယ်ရှားသကဲ့သို့ အစီးအပွားကို ဖြစ်ထွန်းအောင် ရွက်ဆောင်သူတို့ကို သိမ်းပိုက်သကဲ့သို့ --- ဒါယကာတော် မဟာရာဇ …ဤဥပမာအတူပင်လျှင် သတိသည် ဖြစ်ပေါ်လာလတ်သော် အကျိုးစီးပွားရှိကုန် အကျိုးစီးပွား ဖြစ်ကုန်သောတရား၊ အကျိုးစီးပွားမဲ့ကုန် အကျိုးစီးပွား မဖြစ်ကုန်သော တရားတို့၏ တိုက်ရိုက် ဖြစ်စေတတ်သော ဇနကအကြောင်း၊ အားပေးထောက်ပံ့သော ဥပတ္ထမ္ဘကအကြောင်းဟူသော အကြောင်းတရား အားဖြင့် ဖြစ်ပေါ်ပုံ ပြီးစီးပုံ အကျိုးတရားအားဖြင့် ဖြစ်ပေါ်ပုံ ပြီးစီးပုံတို့ကို ကောင်းစွာ ရှာ၍ --- ''ကာယဒုစရိုက်
——王的利益,这些人会带来损害;这些人会适当地报效,这些人不会适当地报效。”他既这样辨识,便排除带来损害者,摄取能增益利益者。同样,施主大王,念生起时,善能查明有益与无益之法的能生因、支持因,以及它们如何依因生起、成就并产生结果。念知道:“身恶行——
အစရှိကုန်သော ဤတရားတို့ကား အကျိုးစီးပွားမဲ့ တရားတို့တည်း = အကျိုးစီးပွားမဲ့ကို ဖြစ်ပွားအောင် ရွက် ဆောင်ပေးတတ်ကုန်သော တရားတို့တည်း'' --- ဟု သိ၍ အကျိုးစီးပွားမဲ့ကို ဖြစ်ကုန်သော = အကျိုးစီးပွားမဲ့ကို ဖြစ်ပွားအောင် ရွက်ဆောင်ပေးတတ်ကုန်သော အကုသိုလ်တရား ဒုစရိုက်တရားတို့ကို ပယ်ရှား၏။ ''ကာယ သုစရိုက် အစရှိကုန်သော ဤတရားတို့ကား အကျိုးစီးပွားရှိသည့် တရားတို့တည်းဟု = အကျိုးစီးပွားကို ဖြစ်ထွန်း အောင် ရွက်ဆောင်ပေးတတ်ကုန်သော တရားတို့တည်း''ဟု ဤသို့ သိရှိ၍ အကျိုးစီးပွား ရှိကုန်သော အကျိုးစီး ပွားကို ဖြစ်ထွန်းစေတတ်ကုန်သော ကုသိုလ်တရား သုစရိုက်တရားတို့ကို သိမ်းပိုက်၏။ ဤသို့လျှင် ဒါယကာတော် မဟာရာဇ …သတိသည် အာရုံကို သိမ်းပိုက်ခြင်း သဘောလက္ခဏာ ရှိပေသည်။ ဤသို့ မိန့်ဆိုတော်မူ၏။
——等是无益之法,也就是会带来损害之法”,便排除会带来损害的不善法与恶行;又知道:“身善行等是有益之法,也就是会增益利益之法”,便摄取会增益利益的善法与善行。施主大王,因此,念有摄取所缘的特相。’
(အဘိ-ဋ္ဌ-၁-၁၆၅။ မိလိန္ဒပဥှ-၃၇။)
(《阿毗达磨义注》1-165;《弥兰王问》37。)
အသမ္မောသနရသာ --- သတိပဋ္ဌာန် စသော ကုသိုလ်တရားတည်းဟူသော အာရုံကို ပျောက်ပျက်စေတတ် သော မေ့လျော့ခြင်း ပမာဒတရား၏ ဆန့်ကျင်ဘက်ကိစ္စ = ပမာဒတရားကို ဖျက်ဆီးခြင်းသည် အာရုံကို မပျောက် ပျက်အောင် ပြုလုပ်သည်ပင် မည်ရကား အာရုံကို မပျောက်ပျက်စေခြင်း ကိစ္စရှိသည်ဟု ဆိုခြင်းဖြစ်သည်။
不忘失作用——忘失、放逸会使念处等善法所缘消失;念所作的功能与之相反。摧毁放逸,就是使所缘不消失,所以说念具有不令所缘消失的作用。
အာရက္ခပစ္စုပဋ္ဌာနာ --- ''သတာရက္ခေန စေတသာ''တိ ဝစနတော အာရက္ခပစ္စုပဋ္ဌာနာ။
守护现起——由于经文说‘以念守护之心’,所以念以守护为现起。
(မဟာဋီ-၂-၁၄၃။)
(《大复注》2-143。)
အရိယာပုဂ္ဂိုလ်များသည် သတိ အစောင့်ရှောက်ရှိသော စိတ်ဓာတ်နှင့် ပြည့်စုံလျက် နေထိုင်ကြောင်းကို (အံ-၃-၂၈ဝ။) ဒုတိယ အရိယဝါသသုတ္တန်၌ ဘုရားရှင်ကိုယ်တော်တိုင်ပင် ဟောကြားထားတော်မူခြင်းကြောင့် သတိသည် စိတ်ကို စောင့်ရှောက်တတ်သော သဘောတရားဟု ဝိပဿနာဉာဏ်ဖြင့် ယင်းသတိကို ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်တွင် ရှေးရှူ ထင်လာပေသည်။ စိတ်ကို စောင့်ရှောက်မှုဟူသည်မှာလည်း သတိပဋ္ဌာန် စသော ကုသိုလ်အာရုံ၌ စိတ်ကို ခိုင်မြဲစေမှု ခိုင်မြဲအောင် စောင့်ရှောက်မှု ဖြစ်သဖြင့် ကုသိုလ်အာရုံ၌ စိတ်ကို ခိုင်မြဲအောင် စောင့်ရှောက်ခြင်းသည် အာရုံကိုပါ ခိုင်မြဲအောင် မမေ့ပျောက်အောင်ပင် စောင့်ရှောက်သည်လည်း မည်ရကား အာရုံကို စောင့်ရှောက်တတ်သော သဘောတရားဟုလည်း ယင်းသတိကို ဝိပဿနာဉာဏ်ဖြင့် သိမ်း-
世尊在《第二圣住经》(《增支部》3-280)中亲自开示,诸圣者具足由念守护的心而住。因此,对念修观的瑜伽行者,会在智中见到念以守护心的状态显现。所谓守护心,是使心牢固安住在念处等善所缘上;这样牢固地守护心,也就是守护善所缘,使所缘稳固、不被忘失。因此,对念加以摄取、修观的瑜伽行者,也会在智中见到念以守护所缘的状态——
原书第 539 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း ဆည်း ရှုပွားနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင် ရှေးရှူ ထင်လာပေသည်။
——显现。
ဝိသယာဘိမုခဘာဝပစ္စုပဋ္ဌာနာ --- တစ်နည်း --- စိတ်သည် အခြား တစ်မျိုးမျိုးသော အာရုံကို အာရုံပြုနေ အာရုံယူနေရာမှ ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်သော သင်္ခါရအာရုံ = သတိပဋ္ဌာန် စသော အာရုံဘက်သို့ ရှေးရှူ မျက်နှာမူလာ၏။ ယင်းသို့ ရှေးရှူ မျက်နှာမူလာခြင်းမှာ သတိကြောင့် ဖြစ်ရကား သတိသည် စိတ်ကို ကုသိုလ်အာရုံဘက်သို့ ရှေးရှူ မျက်နှာမူအောင် ပြုလုပ်ပေးသော စိတ်၏ ကုသိုလ်အာရုံ၌ ရှေးရှူ မျက်နှာမူကြောင်း သဘောတရားဟု ယင်းသတိကို ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်း ရှုပွားနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင် ရှေးရှူ ထင်လာပေသည်။ ယင်းသို့ ရှေးရှူ မျက်နှာမူခြင်းမှာလည်း ကုသိုလ်အာရုံကို = ကုသိုလ်ဖြစ်ကြောင်း အာရုံကို မေ့လျော့တတ်သော ပမာဒတရားကို ဖျက်ဆီးလျက် ကုသိုလ်ဖြစ်ကြောင်း အာရုံကို မမေ့ပျောက်ခြင်း မပျောက်ပျက်စေခြင်း = အသမ္မုဿန၏ အစွမ်းဖြင့်သာ ရှေးရှူ မျက်နှာမူခြင်း ဖြစ်သည်ဟု မှတ်ပါ။
面向所缘的现起——另一种解释是:心原本正在缘取某个其他所缘,后来转而朝向、面对作为观智所观对象的行法所缘,也就是念处等所缘。心之所以这样转向,是由于念;因此,对念修观的瑜伽行者,会在智中见到念是令心转向善所缘、令心面对善所缘的性质。应知,心之所以这样朝向善所缘,是因为念摧毁了使善所缘被忘失的放逸,以不忘失、不令所缘消失的力量令心朝向所缘。
ထိရသညာ ပဒဋ္ဌာနာ --- ဤသတိ၏ အာရုံကို မမေ့ပျောက်ရလေအောင် စောင့်ရှောက်မှု စိတ်ကို စောင့် ရှောက်မှု၌ သညာသည် များစွာ ကျေးဇူးပြုလျက် ရှိ၏၊ သညာ၏ မှတ်သားမှုက အားကောင်းလေလေ သတိ ခိုင်မြဲလေ ဖြစ်၏။ ကုသိုလ်ကောင်းမှု ကိစ္စစု၌ မပြတ်လေ့လာ အထုံပါ၍ ''ဤအချိန်ကား ဘုရားဂုဏ်တော်ကို ပွားသည့်အချိန်၊ ဤအချိန်ကား ဝိပဿနာတရားကို နှလုံးသွင်းချိန်၊ ဤအချိန်ကား ဘုရားဝေယျာဝစ္စ ပြုချိန်'' ဤသို့စသည်ဖြင့် သညာ၏ မှတ်သားချက်က ကြပ်ကြပ်ခိုင်မြဲပါမူ ထိုသညာကို သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာတို့ဖြင့် ထုံမွမ်းပေးလိုက်ပါက တန်ဖိုးမဖြတ်နိုင်သည့် မဂ်ဉာဏ် ဖိုလ်ဉာဏ်အဆင့်သို့တိုင်အောင်ပင် ရောက်ရှိ နိုင်ရကား သံသရာ မဆုံးသေးသူတို့အဖို့ ဘဝဆုံးခါနီး လောလောဆယ်မှာပင် ပြုနေကျ ထိုကောင်းမှုများသည် သညာ၏ စွမ်းအားကြောင့် ပေါ်ထင်၍ လာတတ်၏၊ နှလုံးသွင်းနေကျ တရားများကို ခိုင်ခိုင်မြဲမြဲ နှလုံးသွင်းနိုင်၏။
坚固想为近因——想对于守护念的所缘、守护心,具有很大的助益;想的标记力越强,念便越牢固。若一个人经常修习善业,养成习惯,并由想牢固地标记:‘这是修习佛随念的时间,这是作意观法的时间,这是为佛陀服务的时间’等;再以信、精进、念、定、慧熏习这种想,他甚至能够达到无价的道智、果智。对于轮回尚未终结者,即使临近命终,平日常作的善业也会依想的力量清楚显现,平日常作意的法也能牢固地作意。
ထိုသို့ သေခါနီးဆဲဆဲမှာပင် ကောင်းသောအာရုံများကို နှလုံးသွင်းနိုင်ခြင်း တရားဘာဝနာများကို ပွားများနိုင်ခြင်း သည်ကား ကံ၏အစွမ်းသက်သက်ကြောင့်ချည်းသာ မဟုတ်၊ ခိုင်မြဲသော သညာ အရင်းခံရှိသော သတိ၏ အား အစွမ်းလည်း ပါဝင်လျက်ပင် ရှိ၏။
临终时仍能作意善所缘、修习法的禅修,并不只是业力的作用,也包含了以坚固想为基础的念之力量。
ဝိပဿနာအရာ၌ သညာ အရေးကြီးပုံ --- သတိယာ အာရမ္မဏံ ပရိဂ္ဂဟေတွာ ပညာယ အနုပဿတိ (မ-ဋ္ဌ-၁-၂၄၈။) ဟူသော မဟာသတိပဋ္ဌာနသုတ္တန် အဋ္ဌကထာ၏ သတ်မှတ်ချက်အရ ဝိပဿနာရှုသော ယောဂါ- ဝစရပုဂ္ဂိုလ်သည် ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်သော ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို ရုပ်ကို တစ်လှည့်၊ နာမ်ကို တစ်လှည့်၊ အဇ္ဈတ္တကို တစ်လှည့်၊ ဗဟိဒ္ဓကို တစ်လှည့်၊ အကြောင်းကို တစ်လှည့် အကျိုးကို တစ်လှည့် စသည်ဖြင့် သတိဖြင့် သိမ်းဆည်း၍ ဝိပဿနာပညာဖြင့် ယင်းသင်္ခါရတရားတို့၏ အနိစ္စအချက် ဒုက္ခ အချက် အနတ္တအချက် အသုဘအချက်တို့ကို တစ်လှည့်စီ အကွက်ကျကျ လှည့်၍ ရှုရ၏။ ယင်းသို့ ရှုရာ၌ မိမိ သိမ်းဆည်းရမည့် ရှုပွားရမည့် --- ရုပ်တရားများကိုလည်း မမှတ်မိ၊ နာမ်တရားများကိုလည်း မမှတ်မိ၊ အကြောင်း တရားများကိုလည်း မမှတ်မိ၊ အကျိုးတရားများကိုလည်း မမှတ်မိ ဖြစ်နေပါက မည်သို့မည်ပုံ ထိုရုပ်-နာမ်-ကြောင်း
想在观修中的重要性——《大念处经义注》说:‘以念摄取所缘,以慧随观。’(《中部义注》1-248。)依此界定,修观的瑜伽行者要以念摄取作为观智所观对象的色、名、因、果诸行法,依次交替摄取色与名、内与外、因与果等,再以观慧分别随观诸行法的无常、苦、无我、不净行相。修观时,如果连应当摄取、修观的色法、名法、因法、果法都不能记得,又怎样能把这些色、名、因、果——
-ကျိုး = သင်္ခါရတရားတို့ကို သိမ်းဆည်း၍ လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာဘာဝနာ ရှုပွားသုံးသပ်၍ ရနိုင်တော့အံ့နည်း၊ သို့အတွက် ဝိပဿနာအရာ၌လည်း သတိဖြင့် သိမ်းဆည်း၍ ဝိပဿနာဉာဏ်ဖြင့် ရှုပွားရမည့် ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြသည့် သင်္ခါရတရားတို့ကို မြဲမြဲမြံမြံ မှတ်သားတတ်သော အမှတ်သညာရှိဖို့ လိုအပ်သည်သာ ဖြစ်သည်။ အလားတူပင် ဒါန သီလ သမထဆိုင်ရာ ကုသိုလ်တရားတို့၌လည်း မိမိပြုကျင့်ရမည့် ဒါနကို မမှတ်မိ၊ မိမိဆောက်တည်ရမည့် ထိန်းသိမ်းစောင့်ရှောက်ရမည့် သီလကို မမှတ်မိ၊ မိမိပွားများရမည့် သမထနိမိတ်ကို မမှတ်မိ ဖြစ်နေပါက ဒါန သီလ သမထအာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကုန်သော သတိနှင့် တကွသော ကုသိုလ်တရားများ ဖြစ်ရေးမှာ အလှမ်းဝေးလျက်ပင် ရှိနေဦးမည် ဖြစ်သည်။
——诸行法摄取出来,安立于三相之下,修习、审察观禅呢?所以,在观修中必须具备牢固标记诸行法的想,才能以念摄取这些作为观智所观对象的行法,再以观智修观。同样,对于布施、持戒、止禅诸善法,如果不记得自己应作的布施、不记得应受持守护的戒、不记得应培育的止禅之相,要生起缘取布施、持戒、止禅所缘且与念俱生的善法,仍然十分遥远。
原书第 540 页
ကာယာဒိသတိပဋ္ဌာနပဒဋ္ဌာနာ --- သတိယာ ဝတ္ထုဘူတာ ကာယာဒယော ကာယာဒိသတိပဋ္ဌာနာ၊ သတိ- ယောယေဝ ဝါ ပုရိမာ ပစ္ဆိမာနံ ပဒဋ္ဌာနံ။ (မူလဋီ-၁-၈၉။) ဝတ္ထုဘူတာတိ အာရမ္မဏဘူတာ။ (အနုဋီ-၁-၉၆။) သတိစေတသိက် ဖြစ်ပေါ်လာဖို့ရန်အတွက် ကာယ စသော သတိပဋ္ဌာန်လျှင် အနီးကပ်ဆုံးသော အကြောင်း တရား ရှိ၏ဟု ဆိုရာ၌ ဖလူပစာရစကားဟု မှတ်ပါ။ ကာယာဒိသတိပဋ္ဌာနဟူသော စကားရပ်၌ ကာယာဒိဟူသည် ကာယ ဝေဒနာ စိတ္တ ဓမ္မဟူသော ဝိပဿနာဉာဏ်၏ အရှုခံအာရုံတည်း။ သတိပဋ္ဌာနဟူသည် ထိုကာယ ဝေဒနာ စိတ္တ ဓမ္မဟူသော အာရုံကို အာရုံပြုတတ်သော သတိတည်း။ တစ်နည်း သတိ ပြဓာန်းသော စိတ္တုပ္ပါဒ်တည်း။
身等念处为近因——‘成为念之所依的身等,就是身等念处;或者,前面的念是后面诸念的近因。’(《根本复注》1-89。)‘所谓成为所依,是说成为所缘。’(《随复注》1-96。)说念心所以身等念处为最近因,属于以果转称的说法。在‘身等念处’一语中,身等是身、受、心、法,也就是观智的所观所缘;念处是缘取身、受、心、法的念,另一种解释是以念为主的心生。
စိတ္တုပ္ပါဒ်ဟူသည် သတိနှင့်ယှဥ်ဖက၊် သတိနှင့်တကွသော စိတ်စေတသိက်တရားစုတည်း။ ထိုကြောင့် ကာယ စသော သတိပဋ္ဌာန်ဟူသည်မှာ ကာယ ဝေဒနာ စိတ္တ ဓမ္မတည်းဟူသော အာရုံကို အာရုံယူတတ် အာရုံပြုတတ် သော သတိ၊ သို့မဟုတ် သတိ ပြဓာန်းသော စိတ္တုပ္ပါဒ် ဖြစ်သဖြင့် သတိသည်ပင်၊ သို့မဟုတ် သတိ ပြဓာန်းသော စိတ္တုပ္ပါဒ်သည်ပင် သတိ၏ အနီးစပ်ဆုံး အကြောင်းတရားဟု ဆိုရာရောက်နေ၏။
所谓心生,是与念相应、和念一起生起的一组心与心所。因此,身等念处既是缘取身、受、心、法所缘的念,或以念为主的心生,若说身等念处是念的最近因,表面上便成了念本身,或以念为主的心生本身,是念的最近因。
သို့သော် ဤ၌ ဆိုလိုသည်မှာ သတိ၏ အရှုခံအာရုံ ဖြစ်သော ကာယ ဝေဒနာ စိတ္တ ဓမ္မသည် သတိ၏ အနီးကပ်ဆုံး အကြောင်းတရားဟု ဆိုလို၏။ သို့အတွက် ကာယ စသော သတိပဋ္ဌာန်လျှင် အနီးကပ်ဆုံးအကြောင်း ရှိ၏ဟူသော စကားသည် အာရုံယူတတ်သော သတိ၊ သို့မဟုတ် သတိ ပြဓာန်းသော စိတ္တုပ္ပါဒ်၏ သတိပဋ္ဌာန် ဟူသော အမည်ကို သတိ၏ သို့မဟုတ် သတိ ပြဓာန်းသော စိတ္တုပ္ပါဒ်၏ အရှုခံအာရုံ ဖြစ်သော ကာယ ဝေဒနာ စိတ္တ ဓမ္မ၌ တင်စား၍ ကာယ ဝေဒနာ စိတ္တ ဓမ္မဟူသော အာရုံကိုပင် သတိပဋ္ဌာန်ဟု ခေါ်ဆိုသော ဖလူပစာရ စကားဟု မှတ်ပါ။
然而,这里的本意是:作为念之所观所缘的身、受、心、法,是念的最近因。所以,‘以身等念处为最近因’这句话,是把能缘取所缘的念或以念为主之心生的‘念处’之名,转用于作为念或该心生所观所缘的身、受、心、法,以身、受、心、法等所缘称作念处;应知这是以果转称。
တစ်နည်းယူပုံ --- ရှေးရှေးသတိသည် နောက်နောက်သတိ၏ အနီးကပ်ဆုံးအကြောင်း ပဒဋ္ဌာန် ဖြစ်သော ကြောင့် ကာယ ဝေဒနာ စိတ္တ ဓမ္မတို့ကို အာရုံပြု၍ ဖြစ်သော သတိပဋ္ဌာန်သည်ပင် = သတိ သို့မဟုတ် သတိ ပြဓာန်းသော စိတ္တုပ္ပါဒ်သည်ပင် သတိ၏ = နောက်သတိ၏ အနီးကပ်ဆုံးအကြောင်းတရား ပဒဋ္ဌာန်ပင် ဖြစ်သည်။
另一种解释——前面的念是后面念的近因;所以,缘取身、受、心、法而生的念处本身——也就是念,或以念为主的心生——正是后一个念的近因。
၁။ ပထမနည်း၌ ကာယ ဝေဒနာ စိတ္တ ဓမ္မသည် သတိ၏ ပဒဋ္ဌာန်တည်း။
依第一种解释,身、受、心、法是念的近因。
၂။ နောက်နည်း၌ကား ကာယ ဝေဒနာ စိတ္တ ဓမ္မကို အာရုံပြု၍ ဖြစ်သော သတိသည် သတိ၏ ပဒဋ္ဌာန်တည်း။
依后一种解释,缘取身、受、心、法而生的念,是后来念的近因。
ဤလိုရင်းကို မှတ်သားထားပါ။
应当记住这个要点。
သတိအတု --- ဤသတိသည် ဗောဓိပက္ခိယတရားအာရုံ၊ သမထကမ္မဋ္ဌာန်း (၄ဝ) ဟူသော သမထအာရုံ၊ ဝိပဿနာအာရုံ၊ မဂ်ဖိုလ် နိဗ္ဗာန် စသော မှန်ကန်ကောင်းမြတ်သည့် အာရုံကို အောက်မေ့တတ် အမှတ်ရတတ် သောတရား ဖြစ်လေရကား သာသနာပ အယူဝါဒ ရှိသူတို့သည် မိမိတို့ဆိုင်ရာ ဘုရား တရား သံဃာများကို အောက်မေ့မှု အမှတ်ရမှု အာရုံပြုမှု၊ အားလုံးသတ္တဝါတို့၏ လောဘဖြစ်ရာ အာရုံ ဒေါသဖြစ်ရာ အာရုံ စသည့် အကုသိုလ် ဖြစ်ကြောင်း အာရုံတွေကို မပြတ်မလပ် အောက်မေ့နေမှု အမှတ်ရနေမှုများသည် ဤ သတိအစစ် မဟုတ်၊ သုတ္တန်ပါဠိတော်များ၌ ဟောကြားတော်မူအပ်သော မိစ္ဆာသတိသာတည်း။ တရားကိုယ်အားဖြင့် သညာ- ဝိပလဒာသ ပြဓာန်းသော ဆိုင်ရာ အကုသိုလ်စိတ္တုပ္ပါဒ်သာ ဖြစ်သည်။
伪念——真正的念忆持三十七菩提分法所缘、四十止业处的止所缘、观所缘,以及道、果、涅槃等正确善妙的所缘。佛教以外持其他见解者忆念、缘取各自所信的佛、法、僧,以及众生不断忆念会引生贪、瞋等不善法的所缘,都不是真念,只是诸经所说的邪念;以法体而言,它们只是由想颠倒主导的相应不善心生。
ဆွေမျိုးသားချင်းများကို အောက်မေ့မှု သမီးခင်ပွန်းချင်း ခဏခေတ္တ ဖြစ်စေ ခပ်ကြာကြာ ဖြစ်စေ ကွဲကွာ နေသည့်အခါ အောက်မေ့မှု၊ သူငယ်ချင်းချင်း ချိန်းချက်ထားသည်ကို အမှတ်ရမှု၊ မိမိအား ဂရုတစိုက် ပြုစုယုယ အရေးပါလိုက်ကြသည်ကို အမှတ်ရမှု ဤသို့ စသည်ဖြင့် တဏှာပေမဆိုင်ရာ အမှတ်ရမှုများလည်း ရှိ၏၊ ထို့ပြင်
例如忆念亲属;女儿与丈夫短暂或长久分离时彼此思念;朋友记住相约之事;忆念别人曾如何仔细照料、重视自己——这些是与爱、情爱相连的忆念。此外——
原书第 541 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း မိမိအား နှိပ်စက်ဖူးသူကို လက်စားချေရန် အမှတ်ရနေမှု၊ သတ်ချိန် ဖြတ်ချိန်ကို အမှတ်ရနေမှု သွားလာရာ၌ ဘေးအန္တရာယ်ကို သတိထားမှု ဤသို့စသည်ဖြင့် ဒေါသ ဒေါမနဿဆိုင်ရာ အမှတ်ရမှုများလည်း ရှိ၏၊ ထိုအမှတ်- ရမှုများ၌ အထက်တွင် တင်ပြတားသည့်အတိုင်း သတိအစစ် မဟုတ်ချေ၊ မိစ္ဆာသတိသာတည်း။ အမှတ်အသား ကောင်းသည့် သညာသဘော၊ ကြံစည်တတ်သော ဝိတက်သဘောတို့က ဦးဆောင် ပြဓာန်းနေသော ရာဂ ဒေါသ စသည်တို့နှင့် ယှဥ်တွဲနေသော စိတ္တုပ္ပါဒ်များသာ ဖြစ်ကြပေသည်။
——忆起曾伤害自己的人,想要报复;记住杀害、砍伐的时机;出行时警觉危险——这些是与瞋、忧相连的忆念。上述忆念都不是真念,只是邪念;它们只是由善于作标记的想和思量的寻所主导,并与贪、瞋等相应的心生。
မြို့တံခါးတိုင်ကြီးများနှင့် တူ၏
念如城门柱
မြို့တံခါးတိုင်ကြီးသည် အထက်၌ (၁၈)တောင် မြင့်လျှင် အောက်၌လည်း (၁၈)တောင်ပင် စိုက်ရ၏။
城门柱在地面以上高十八肘,地下也必须埋入十八肘。
ထိုကြောင့် မြို့တံခါးတိုင်ကြီးသည် အလွန် မြဲမြံခိုင်ခံ့ တည်တံ့သော သဘောရှိ၏။ သတိသည်လည်း သတိပဋ္ဌာန် စသော ကုသိုလ်အာရုံ၌ မြဲစွာတည်သည်၏ အဖြစ်ကြောင့် မြို့တံခါးတိုင်ကြီးနှင့် တူ၏ဟူ၍လည်းကောင်း၊ စက္ခုဒွါရ အစရှိသော ဒွါရ (၆)ပါးကို စောင့်ရှောက်တတ်သည်၏ အဖြစ်ကြောင့် တံခါးမှူး = တံခါးစောင့်နှင့် တူ၏ဟူ၍လည်း ကောင်း မှတ်သားပါလေ။ (အဘိ-ဋ္ဌ-၁-၁၆၅။)
因此,城门柱非常坚实、稳固。念也牢固安住于念处等善所缘,所以说它如城门柱;它又守护眼门等六门,所以说它如门官、守门人。应当这样理解。(《阿毗达磨义注》1-165。)
သတိ နှင့် မနသိကာရ
念与作意
သမ္ပယုတ္တဓမ္မေ အာရမ္မဏာဘိမုခံ သာရေန္တော ဝိယ ဟောတီတိ မနသိကာရော သာရဏလက္ခဏော ဝုတ္တော။ သတိယာ အသမ္မုဿနဝသေန ဝိသယာဘိမုခဘာဝပစ္စုပဋ္ဌာနတာ၊ မနသိကာရဿ ပန သံယောဇန- ဝသေန အာရမ္မဏာဘိမုခဘာဝပစ္စုပဋ္ဌာနတာတိ အယမေတေသံ ဝိသေသော။ (မဟာဋီ-၂-၁၄၇။) သတိနှင့် မနသိကာရ နှစ်မျိုးလုံးသည် ဝိသယာဘိမုခဘာဝပစ္စုပဋ္ဌာန = အာရုံဘက်သို့ ရှေးရှူ မျက်နှာ မူခြင်း သဘောတရားဟူသော ပစ္စုပဋ္ဌာန် ရှိကြသည်ချည်း ဖြစ်ကြ၏။ အထူးမှာ ဤသို့တည်း။
‘作意仿佛驱使相应法朝向所缘,因此说作意具有驱策特相。念由于不忘失而以面向所缘为现起;作意则由于把相应法连接于所缘而以面向所缘为现起。这就是二者的区别。’(《大复注》2-147。)念与作意虽然同样具有面向所缘的现起,区别如下。
ယှဥ်ဖက် သမ္ပယုတ်တရားတို့ကို အာရုံသို့ ရှေးရှူ ပြေးသွားစေဘိသကဲ့သို့ ဖြစ်သောကြောင့် မနသိကာရကို သာရဏလက္ခဏ = အာရုံဘက်သို့ သမ္ပယုတ်တရားတို့ကို မောင်းနှင်ခြင်း သဘောလက္ခဏာ ရှိ၏ဟု ဆို၏။
作意仿佛驱使同生相应法奔向所缘,所以说它以驱策相应法朝向所缘为特相。
သတိကား အာရုံကို မပျောက်ပျက်စေခြင်း = မေ့လျော့ခြင်းကို ဖျက်ဆီးခြင်း၏ အစွမ်းဖြင့် အာရုံဘက်သို့ ရှေးရှူ မျက်နှာမူတတ်သော သဘောတရား အဖြစ်ဖြင့် ယောဂီတို့၏ ဉာဏ်တွင် ရှေးရှူ ထင်လာ၏။ မနသိကာရကား သမ္ပယုတ်တရားတို့ကို အာရုံနှင့် ယှဥ်စပ်ပေးခြင်း၏ အစွမ်းဖြင့် အာရုံဘက်သို့ ရှေးရှူမျက်နှာမူတတ်သော သဘော တရား အဖြစ်ဖြင့် ယောဂီတို့၏ ဉာဏ်တွင် ရှေးရှူ ထင်လာ၏။ ဤသို့ ထူးသည်ဟု မှတ်ပါ။(မဟာဋီ-၂-၁၄၇။)
念以不令所缘消失、摧毁忘失的力量面向所缘,所以在瑜伽行者的智中,以面向所缘的状态显现;作意以把相应法连接于所缘的力量面向所缘,所以在瑜伽行者的智中,也以面向所缘的状态显现。应知区别正在于此。(《大复注》2-147。)
၃။ ဟိရီ
三、惭
၁။ ပါပတော ဇိဂုစ္ဆနလက္ခဏာ ဟိရီ၊ ၂။ လဇ္ဇာကာရေန ပါပါနံ အကရဏရသာ၊ ၃။ လဇ္ဇာကာရေန ပါပတော သင်္ကောစနပစ္စုပဋ္ဌာနာ၊ ၄။ အတ္တဂါရဝပဒဋ္ဌာနာ။ (ဝိသုဒ္ဓိ-၂-၉၄။) ၁။ မကောင်းမှုမှ စက်ဆုပ်ခြင်းသဘော လက္ခဏ၊ ၂။ ရှက်သော အခြင်းအရာအားဖြင့် မကောင်းမှုတို့ကို မပြုခြင်း (ကိစ္စ) ရသ၊ ၃။ ရှက်သော အခြင်းအရာအားဖြင့် မကောင်းမှုမှ တွန့်ဆုတ်တတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ မိမိကိုယ်ကို ရိုသေလေးစားခြင်း ရှိမှုသဘော ပဒဋ္ဌာန်။
惭的四法如下:第一,以厌恶恶行为特相;第二,以惭耻的方式不作诸恶为作用;第三,以惭耻的方式从恶行退缩为现起;第四,以尊重自己为近因。(《清净道论》2-94。)换言之:以厌恶恶为特相;以惭耻而不作诸恶为作用;以惭耻而从恶退缩为现起;以尊重自己为近因。
原书第 542 页
၄။ သြတ္တပ္ပ
四、愧
၁။ ဥတ္တာသနလက္ခဏံ သြတ္တပ္ပံ၊ ၂။ ဥတ္တာသာကာရေန ပါပါနံ အကရဏရသံ၊ ၃။ ဥတ္တာသာကာရေန ပါပတော သင်္ကောစနပစ္စုပဋ္ဌာနံ။
愧的前三法是:第一,以怖畏恶行为特相;第二,以怖畏的方式不作诸恶为作用;第三,以怖畏的方式从恶行退缩为现起——
၄။ ပရဂါရဝပဒဋ္ဌာနံ။ (ဝိသုဒ္ဓိ-၂-၉၄။) ၁။ မကောင်းမှုမှ ထိတ်လန့်ခြင်းသဘော လက္ခဏ၊ ၂။ ထိတ်လန့်သော အခြင်းအရာအားဖြင့် မကောင်းမှုတို့ကို မပြုခြင်း (ကိစ္စ) ရသ၊ ၃။ ထိတ်လန့်သော အခြင်းအရာအားဖြင့် မကောင်းမှုမှ တွန့်ဆုတ်တတ်သော သဘောတရား - ပစ္စုပဋ္ဌာန်၊ ၄။ သူတစ်ပါးကို ရိုသေလေးစားခြင်း ရှိမှုသဘော ပဒဋ္ဌာန်။
——第四,以尊重他人为近因。(《清净道论》2-94。)换言之:以惊惧恶为特相;以惊惧而不作诸恶为作用;以惊惧而从恶退缩为现起;以尊重他人为近因。
ကာယဒုစရိုက် စသည်တို့ကြောင့် ရှက်တတ်သော သဘော၊ ကာယဒုစရိုက် စသည်တို့မှ ရှက်တတ်သော သဘော၊ ကာယဒုစရိုက် စသည်တို့ကို ရှက်တတ်သော သဘောတရားသည် ဟိရီ မည်၏။ ဟိရီဟူသည် ရှက်ခြင်း၏ အမည် ဖြစ်သည်။ ကာယဒုစရိုက် စသည်တို့ကြောင့် ရရှိမည့် ပစ္စုပ္ပန် သံသရာ နှစ်ဖြာသော ဆင်းရဲဒုက္ခကို ကြောက်လန့်တတ်သော သဘော၊ ကာယဒုစရိုက် စသည်တို့မှ ကြောက်လန့်တတ်သော သဘော၊ ကာယဒုစရိုက် စသည်တို့ကို ကြောက်လန့်သော သဘောတရားသည် သြတ္တပ္ပ မည်၏။ ဤ သြတ္တပ္ပဟူသည် ထိတ်လန့်ခြင်း = ဥဗ္ဗေဂ၏ အမည် ဖြစ်သည်။
对于身恶行等感到惭耻、因身恶行等而惭耻、对身恶行等生起惭耻的法,名为惭;所谓惭,就是惭耻之名。对于身恶行等在今生与轮回中将带来的两种苦果感到怖畏、因身恶行等而怖畏、对身恶行等生起怖畏的法,名为愧;所谓愧,就是惊惧之名。
အတ္တာနံ ဂရုံ ကတွာ ဟိရိယာ ပါပံ ဇဟာတိ ကုလဝဓူ ဝိယ။ ပရံ ဂရုံ ကတွာ သြတ္တပ္ပေန ပါပံ ဇဟာတိ ဝေသိယာ ဝိယ။ ဣမေ စ ပန ဒွေ ဓမ္မာ လောကပါလကာတိ ဒဋ္ဌဗ္ဗာ။ (ဝိသုဒ္ဓိ-၂-၉၄။) မိမိကိုယ်ကို အလေးဂရုပြု၍ ရှက်သဖြင့် အမျိုးကောင်းသား တစ်ဦးသည် မကောင်းမှုကို ပယ်စွန့်၏။
‘尊重自己,以惭而舍恶,如良家媳妇;尊重他人,以愧而舍恶,如妓女。应知这两种法是世间的守护者。’(《清净道论》2-94。)善男子尊重自己,因惭而舍弃恶行。
သို့အတွက် ဟိရီသည် အမျိုးကောင်းသမီး ချွေးမနှင့် တူ၏။ သူတစ်ပါးကို အလေးဂရုပြု၍ ထိတ်လန့်သဖြင့် အမျိုးကောင်းသား တစ်ဦးသည် မကောင်းမှုကို ပယ်စွန့်၏။ ထိုကြောင့် သြတ္တပ္ပသည် ပြည့်တန်ဆာမနှင့် တူ၏။
所以,惭如良家媳妇。善男子尊重他人,因怖畏而舍弃恶行;所以,愧如妓女。
(ဝိသုဒ္ဓိ-၂-၉၄။)
(《清净道论》2-94。)
ဤတွင် ဟိရီနှင့် သြတ္တပ္ပ တရားနှစ်ပါးတို့၏ အကြောင်းအရာအကျယ်ကို အဋ္ဌသာလိနီအဋ္ဌကထာ၌ ဖွင့်ဆို ထားသည့်အတိုင်း ဆက်လက်၍ တင်ပြအပ်ပါသည်။ (အဘိ-ဋ္ဌ-၁-၁၆၈-၁၇ဝ။) ထို ဟိရီ သြတ္တပ္ပ တရားနှစ်ပါးတို့၏ အသီးအခြားပြုကြောင်း အထူးကို ပြခြင်းအကျိုးငှာ --- ၁။ သမုဋ္ဌာန်၊ ၂။ အဓိပတိ၊ ၃။ လဇ္ဇာဘယ၊ ၄။ လက္ခဏ --- ဤလေးမျိုးသော မာတိကာကို ထား၍ ဤအကျယ်ဖြစ်သော စကားကို ရှေးအဋ္ဌကထာတို့၌ ဖွင့်ဆိုထား လေ၏၊ ဖွင့်ဆိုပုံမှာ ဤသို့ ဖြစ်၏။
下面依《殊胜义注》的解释,继续详述惭与愧。(《阿毗达磨义注》1-168—170。)为了显示二者的差别,古义注先立四项纲目:一、起因;二、主导;三、惭耻与怖畏;四、特相。详释如下。
၁။ သမုဋ္ဌာန် --- ဟိရီမည်သည် မိမိခန္ဓာကိုယ်ဟူသော နိယကဇ္ဈတ္တလျှင် ဖြစ်ကြောင်း သမုဋ္ဌာန် ရှိ၏။ သြတ္တပ္ပ မည်သည် ဗဟိဒ္ဓဟူသော ဖြစ်ကြောင်း သမုဋ္ဌာန် ရှိ၏။
起因——惭以自己的身心相续这一内在自身为起因;愧则以外在他人为起因。
原书第 543 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း ၂။ အဓိပတိ --- ဟိရီမည်သည် မိမိဟူသော အကြီးအကဲ အဓိပတိ ရှိ၏၊ သြတ္တပ္ပမည်သည် လောကဟူသော အကြီးအကဲ အဓိပတိ ရှိ၏။
主导——惭以自己为主导;愧以世间为主导。
၃။ လဇ္ဇာဘယ --- ဟိရီမည်သည် ရှက်ခြင်းသဘောဖြင့် ကောင်းစွာ တည်၏၊ သြတ္တပ္ပမည်သည် ကြောက်ခြင်း သဘောဖြင့် ကောင်းစွာ တည်၏။
惭耻与怖畏——惭善住于惭耻的状态;愧善住于怖畏的状态。
၄။ လက္ခဏ --- ဟိရီမည်သည် ရှေးရှူ နားထောင်ခြင်းနှင့်တကွ ဖြစ်သော ဂါရဝတရားလျှင် မှတ်ကြောင်း လက္ခဏာ ရှိ၏၊ သြတ္တပ္ပမည်သည် အပြစ်ကို ကြောက်တတ်သူ၏အဖြစ်၊ အပြစ်ကို ဘေးဟု ရှုလေ့ရှိသူ၏ အဖြစ်ဟူသော မှတ်ကြောင်းလက္ခဏာ ရှိ၏။ အကျယ်မှာ ဤသို့ဖြစ်၏။
特相——惭以恭敬承顺为标志;愧以畏惧过失、把过失视为怖畏为标志。下面分别详释。
၁။ (က) အဇ္ဈတ္တသမုဋ္ဌာန် --- ထို ဟိရီ သြတ္တပ္ပ တရားနှစ်ပါးတို့တွင် မိမိခန္ဓာကိုယ်ဟူသော နိယကဇ္ဈတ္တလျှင် ဖြစ်ကြောင်းရှိသော ဟိရီကို လေးပါးကုန်သော အကြောင်းတရားတို့က ဖြစ်စေ၏။
关于第一组的内在起因:在惭与愧二法中,以自己的身心相续这一内在自身为起因的惭,由四种原因引生。
၁။ အမျိုးဇာတ်ကို ဆင်ခြင်၍လည်းကောင်း၊ ၂။ အရွယ်ကို ဆင်ခြင်၍လည်းကောင်း၊ ၃။ ရဲရင့်သူ၏ အဖြစ်ကို ဆင်ခြင်၍လည်းကောင်း၊ ၄။ များသော အကြားအမြင် ဗဟုသုတရှိသူ၏ အဖြစ်ကို ဆင်ခြင်၍လည်းကောင်း --- ဤ လေးပါးကုန်သော အကြောင်းတရားတို့က ဖြစ်စေ၏။
这四种原因是:省察自己的出身;省察自己的年龄;省察自己具备勇气;省察自己多闻博学。
အမျိုးဇာတ် --- ''ဤ ငါးဖမ်းခြင်း မုသားပြောခြင်း စသော မကောင်းမှုကိုပြုခြင်းမည်သည် အမျိုးဇာတ်နှင့် ပြည့်စုံကုန်သောသူတို့၏ လုပ်ငန်းရပ်ကား မဟုတ်ပေ၊ ဤကဲ့သို့သော မကောင်းမှုလုပ်ငန်းရပ်သည်ကား ယုတ်ညံ့ သော အမျိုးဇာတ် ရှိကုန်သော တံငါသည် အစရှိသူတို့၏ လုပ်ငန်းရပ်တည်း၊ ငါကဲ့သို့ ရှုအပ်သော သဘောရှိသော အမျိုးဇာတ်နှင့် ပြည့်စုံသောသူအား ဤကဲ့သို့သော မကောင်းမှုလုပ်ငန်းရပ်မျိုးကို ပြုလုပ်ခြင်းငှာ မသင့်'' ဤသို့လျှင် သူတော်ကောင်းတစ်ဦးသည် မိမိအမျိုးဇာတ်၏ မြင့်မြတ်ပုံ အမျိုးဇာတ်နှင့် ပြည့်စုံပုံကို ဆင်ခြင်၍ ပါဏာတိပါတ စသော မကောင်းမှုကို မပြုဘဲ ဟိရီတရားကို ဖြစ်စေ၏။
出身——善人思惟:‘捕鱼、妄语等恶行,不是出身良好者所作的事,而是渔夫等出身卑下者所作的事;像我这样出身可敬而良好的人,不应作这种恶事。’他这样省察自己的良好出身,不作杀生等恶行,令惭生起。
အရွယ် --- ''ဤမကောင်းမှုကို ပြုလုပ်ခြင်းမည်သည် ငယ်ရွယ်သူတို့သာ ပြုလုပ်တတ်သည့် လုပ်ငန်းရပ် မျိုးတည်း၊ ငါကဲ့သို့သော ကြီးရင့်သော အသက်အရွယ်၌ တည်နေသောသူအား ဤကဲ့သို့သော မကောင်းမှုမျိုးကို ပြုလုပ်ခြင်းငှာ မသင့်မြတ်သည်သာတည်း'' --- ဤသို့လျှင် သူတော်ကောင်းတစ်ဦးသည် မိမိ၏ အသက်အရွယ် ကြီးရင့်ပုံကို ဆင်ခြင်၍ ပါဏာတိပါတ စသော မကောင်းမှုကို မပြုဘဲ ဟိရီတရားကို ဖြစ်စေ၏။
年龄——善人思惟:‘这种恶事只是年幼者容易作的事;像我这样年事已长的人,不应作这种恶事。’他这样省察自己年长,不作杀生等恶行,令惭生起。
ရဲစွမ်းသတ္တိ --- ဤမကောင်းမှုကို ပြုခြင်းမည်သည် အားမရှိသူ အားနည်းသူ ရဲစွမ်းသတ္တိ မရှိသူတို့၏ လုပ်ငန်းရပ်မျိုးသာတည်း၊ ရဲစွမ်းသတ္တိ ရှိသူတို့၏ လုပ်ငန်းရပ်မျိုးကား မဟုတ်၊ ငါကဲ့သို့သော ရဲစွမ်းသတ္တိနှင့် ပြည့်စုံသော သူရဲကောင်းအား ဤကဲ့သို့သော မကောင်းမှုမျိုးကို ပြုလုပ်ခြင်းငှာ မသင့်သည်သာတည်း'' --- ဤသို့ လျှင် သူတော်ကောင်းတစ်ဦးသည် ရဲစွမ်းသတ္တိနှင့် ပြည့်စုံသူ၏ အဖြစ်ကို ဆင်ခြင်၍ ပါဏာတိပါတ စသော မကောင်းမှုကို မပြုဘဲ ဟိရီတရားကို ဖြစ်စေ၏။
勇气——善人思惟:‘作这种恶事,只是无力、软弱、没有勇气者所作的事,不是勇者所作的事;像我这样具足勇气的人,不应作这种恶事。’他这样省察自己具备勇气,不作杀生等恶行,令惭生起。
ဗာဟုဿစ္စ --- ''ဤမကောင်းမှုကို ပြုခြင်းမည်သည် ပညာမျက်စိကာဏ်းကုန်သော လူမိုက်တို့၏ လုပ်ငန်းရပ် မျိုးသာတည်း၊ ပညာရှိ သူတော်ကောင်းတို့၏ လုပ်ငန်းရပ်မျိုးကား မဟုတ်ပေ။ ငါကဲ့သို့သော ပညာရှိ သူတော်- ကောင်းတစ်ဦး ဖြစ်နေသော များသော အကြားအမြင် ဗဟုသုတ ရှိနေသောသူအား ဤကဲ့သို့သော မကောင်းမှု မျိုးကို ပြုလုပ်ခြင်းငှာ မသင့်သည်သာတည်း'' ဤသို့လျှင် ပညာရှိ သူတော်ကောင်းတစ်ဦးသည် မိမိ၏ ဘုရားရှင်၏
多闻——善人思惟:‘作这种恶事,只是慧眼盲昧的愚者所作的事,不是有智善人所作的事;像我这样有智、多闻博学的人,不应作这种恶事。’他这样省察自己对于世尊的——
原书第 544 页
တရားတော်၌ သင်သိ ကျင့်သိဟူသော များမြတ်သော အကြားအမြင် ဗဟုသုတ ရှိသူ၏အဖြစ်ကို ဆင်ခြင်၍ ပါဏာတိပါ စသော မကောင်းမှုကို မပြုဘဲ ဟိရီတရားကို ဖြစ်စေ၏။
——教法既从学习而知、又从修行而证,具足广大多闻,不作杀生等恶行,令惭生起。
ဤသို့လျှင် အဇ္ဈတ္တသမုဋ္ဌာန် ဖြစ်သော ဟိရီတရားကို လေးပါးကုန်သော အကြောင်းတရားတို့က ဖြစ်စေ၏။
这样,四种原因引生以自身为内在起因的惭。
တစ်ဖန် ထိုသို့ ဖြစ်စေပြီး၍ မိမိ၏ စိတ်၌ မကောင်းမှုမှ ရှက်ခြင်း ဟိရီတရားကို သွတ်သွင်းထား၍ မကောင်းမှုကို မပြု၊ ဤသို့လျှင် ဟိရီတရားမည်သည် အဇ္ဈတ္တသမုဋ္ဌာန် = မိမိခန္ဓာကိုယ်ဟူသော နိယကဇ္ဈတ္တလျှင် ဖြစ်ကြောင်း သမုဋ္ဌာန် ရှိ၏။
惭生起后,善人把对恶行的惭耻置于心中,不作恶。因此,惭以自己的身心相续这一内在自身为起因。
၁။ (ခ) ဗဟိဒ္ဓသမုဋ္ဌာန် --- အဘယ်သို့လျှင် သြတ္တပ္ပတရားမည်သည် ဗဟိဒ္ဓသမုဋ္ဌာန် = ဗဟိဒ္ဓဟူသော ဖြစ်ကြောင်း သမုဋ္ဌာန် ရှိသည် ဖြစ်လေသနည်း?
关于第一组的外在起因:愧为何以外在他人为起因呢?
သူတော်ကောင်း …သင်သည် မကောင်းမှုကို အကယ်၍ ပြုငြားအံ့၊ ဤသို့ ပြုခဲ့သော် ပရိသတ်လေးပါး တို့၌ ကဲ့ရဲ့ခြင်းသို့ ရောက်သည် ဖြစ်ပေလတ္တံ့၊ ဂရဟိဿန္တိ တံ ဝိညူ၊ အသုစိံ နာဂရိကော ယထာ။
善人应思惟:‘如果你作恶,就会受到四众谴责:智者将会谴责你,如城里人厌弃污秽——’
ဝဇ္ဇိတော သီလဝန္တေဟိ၊ ကထံ ဘိက္ခု ကရိဿသိ။ (အဘိ-ဋ္ဌ-၁-၁၆၉။)
——‘比丘啊,既被持戒者避弃,你将如何自处?’(《阿毗达磨义注》1-169。)
မြို့ကြီးသားသည် မစင်ကို ကဲ့ရဲ့ စက်ဆုပ်သကဲ့သို့ ထို့အတူ ပညာရှိသူတော်ကောင်းတို့သည် မကောင်းမှု ပြုသော သင့်ကို ကဲ့ရဲ့ စက်ဆုပ်ကုန်လတ္တံ့။ အိုရဟန်း …သီလရှိကုန်သော သူတော်ကောင်းတို့သည် ရှောင် ကြဥ်အပ်သည် ဖြစ်လတ်သော် သင်သည် အဘယ်သို့ ပြုလုပ်နိုင်လတ္တံ့နည်း?
如城里人厌恶污秽,智者善人也会谴责、厌弃作恶的你。比丘啊,如果持戒善人都回避你,你又将如何自处?
ဤသို့ ဆင်ခြင်လျက် ဗဟိဒ္ဓဟူသော ဖြစ်ကြောင်း သမုဋ္ဌာန်ရှိသော သြတ္တပ္ပတရားကြောင့် မကောင်းမှုကို မပြု။ ဤသို့လျှင် သြတ္တပ္ပတရားမည်သည် မိမိမှတစ်ပါး အခြားပုဂ္ဂိုလ်များတည်းဟူသော ဗဟိဒ္ဓတရားလျှင် ဖြစ်ကြောင်း သမုဋ္ဌာန် ရှိ၏။
如此省察,善人因以外在他人为起因的愧而不作恶。因此,愧以自己以外的他人为外在起因。
၂။ (က) အတ္တာဓိပတိ --- အဘယ်သို့ ဟိရီမည်သည် အတ္တာဓိပတိ = မိမိဟူသော အကြီးအကဲရှိသည် ဖြစ်လေသနည်း? --- ဤလောက၌ အချို့သော အမျိုးကောင်းသားသည် မိမိကိုယ်ကို အဓိပတိ အကြီးအကဲ ပြု၍ --- ''ငါကဲ့သို့ ယုံကြည်ချက် သဒ္ဓါတရား အပြည့်အဝဖြင့် သဒ္ဓါတရားကို အရင်းခံ၍ သာသနာဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်းပြုလာသော ဘုရားရှင်၏ တရားတော်၌ သင်သိ ကျင့်သိဟူသော = အာဂမသုတ အဓိဂမ သုတဟူသော များသော အကြားအမြင် ဗဟုသုတရှိသော ကိလေသာတို့ကို ခါတွက်ကြောင်း ဓုတင်ကျင့်ဝတ် ပဋိပတ်ကို ဆောင်လေ့ရှိသောသူအား မကောင်းမှုမည်သည်ကို ပြုလုပ်ခြင်းငှာ မသင့်သည်သာတည်း'' --- ဤသို့ ယူဆ၍ မကောင်းမှုကို မပြု။ ဤသို့လျှင် ဟိရီမည်သည် အတ္တာဓိပတိ = မိမိဟူသော အကြီးအကဲရှိသည် ဖြစ် ပေ၏။ ထိုကြောင့် ဘုရားရှင်သည် ဤသို့ ဟောကြားထားတော်မူ၏။
关于第二组的自我主导:惭为何以自己为主导?世间有善男子以自己为主导,思惟:‘像我这样以信为根本而出家,既对世尊教法具足教理多闻与证悟多闻,又修持能抖落烦恼的头陀行,实在不应作恶。’他这样以自己为尊而不作恶,所以惭以自己为主导。世尊因此开示——
သော အတ္တာနံယေဝ အဓိပတိံ ဇေဋ္ဌကံ ကရိတွာ အကုသလံ ပဇဟတိ၊ ကုသလံ ဘာဝေတိ၊ သာဝဇ္ဇံ ပဇဟတိ၊ အနဝဇ္ဇံ ဘာဝေတိ သုဒ္ဓမတ္တာနံ ပရိဟရတိ။ (အံ-၁-၁၄၆။) ထိုပုဂ္ဂိုလ်သည် မိမိကိုယ်ကိုပင် အဓိပတိ အကြီးအကဲပြု၍ အကုသိုလ်ကို ပယ်စွန့်၏၊ ကုသိုလ်ကို ဖြစ်စေ၏၊ ပွားများ၏၊ အပြစ်ရှိသော အကုသိုလ်တရားကို ပယ်စွန့်၏၊ အပြစ်မရှိသော ကုသိုလ်တရားကို ဖြစ်စေ၏၊ ပွားများ၏။
——‘他只以自己为主导、为上首,舍弃不善,培育善;舍弃有过失之法,培育无过失之法——’(《增支部》1-146。)
မိမိကိုယ်ကို သန့်ရှင်း စင်ကြယ်အောင် ရွက်ဆောင်၏။ (အံ-၁-၁၄၆- တိကအင်္ဂုတ္တိုရ် အာဓိပတေယျသုတ်။) ၂။ (ခ) လောကာဓိပတိ --- အဘယ်သို့လျှင် သြတ္တပ္ပတရား မည်သည် လောကာဓိပတိ = လောကဟူသော အကြီးအကဲ အဓိပတိရှိသည် ဖြစ်လေသနည်း? ဤသာသနာတော်၌ အချို့သော အမျိုးကောင်းသားသည် လူ-
——‘令自己保持清净。’(《增支部》1-146,《主导经》。)关于第二组的世间主导:愧为何以世间为主导?在此教法中,有善男子以人——
原书第 545 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း အပေါင်းကို အဓိပတိ အကြီးအကဲပြု၍ မကောင်းမှုကို မပြု။ ဘုရားရှင်သည် အဘယ်ကဲ့သို့ ဟောကြားထားတော် မူလေသနည်း?
——天、梵天等一切众生为主导而不作恶。世尊怎样开示这一点呢?
''သတ္တဝါအပေါင်း၏ စုဝေးတည်နေရာ ဖြစ်သော ဤသြကာသလောကသည် ကျယ်ဝန်းလှ၏၊ ကျယ်ဝန်း- လှသော သတ္တဝါအပေါင်း၏ စုဝေးတည်နေရာ သြကာသလောက၌ တန်ခိုးဣဒ္ဓိပါဒ်နှင့် ပြည့်စုံတော်မူကြကုန်သော နတ်မျက်စိကဲ့သို့ အဝေးအနီး ရှိသမျှ အလုံးစုံကို အကုန်အစင် သိမြင်တော်မူနိုင်သော ဒိဗ္ဗစက္ခုအဘိညာဏ်ကို ရရှိတော်မူကြကုန်သော သူတစ်ပါး၏ စိတ်ကို သိတော်မူကြကုန်သော သမဏ ဗြာဟ္မဏတို့သည် ရှိတော်မူကြ ကုန်၏၊ ထိုသမဏ ဗြာဟ္မဏတို့သည် အဝေး၌ တည်ရှိသော အာရုံကိုသော်လည်း လှမ်း၍ မြင်နိုင်တော်မူကြ၏။
‘这容纳众生的空间世间极其广大。在这广大世间中,有些沙门、婆罗门具足神足,获得天眼通,能够洞见远近一切,也能知他人之心。他们能够遥见远处的所缘——’
အနီး၌ တည်နေကုန်သည် ဖြစ်ပါကုန်သော်လည်း ထိုသူတော်ကောင်းတို့ကို မမြင်အပ် မမြင်နိုင်ကုန်။ မိမိတို့၏ စိတ်ဖြင့်လည်း သူတစ်ပါး၏ စိတ်ကို ကွဲကွဲပြားပြား သိတော်မူနိုင်ကြကုန်၏၊ ထိုသမဏ ဗြာဟ္မဏတို့သည်လည်း ငါ့ကို ဤသို့ သိတော်မူကြကုန်လတ္တံ့ --- ''အမောင်တို့ …ဤအမျိုးကောင်းသားကို ကြည့်ကြကုန်၊ ယုံကြည်ချက် သဒ္ဓါတရားကို အကြောင်းရင်းခံ၍ အိမ်ရာတည်ထောင် လူ့ဘောင်မှ ရှောင်ခွာ၍ အိမ်ရာမထောင်သည့် ရဟန်း ဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်းပြုလာသည် ဖြစ်ပါလျက် ယုတ်မာကုန်သော အကုသိုလ်တရားတို့နှင့် ရောပြွမ်း လျက် နေထိုင်ဘိ၏'' --- ဟု ဤသို့ သိတော်မူကြပေကုန်လတ္တံ့။
——‘他们虽在近处,我们却看不见;他们以自己的心明了他人之心,也会知道我:诸位,请看这位善男子!他本来由信出家,从在家而入无家,如今却与卑劣不善法混杂而住。’
ကမ္မဇိဒ္ဓိမျိုး တန်ခိုးဣဒ္ဓိပါဒ်နှင့် ပြည့်စုံကြကုန်သော အဝေးအနီး ရှိသမျှ အလုံးစုံကို အကုန်အစင် သိမြင် နိုင်သော ပသာဒစက္ခု (= ဒိဗ္ဗစက္ခု) ရှိကြကုန်သော သူတစ်ပါး၏စိတ်ကို သိကုန်သော နတ်တို့သည် ရှိကြကုန်၏၊ ထိုနတ်တို့သည် အဝေး၌ တည်ရှိသော အာရုံကိုသော်လည်း လှမ်း၍ မြင်နိုင်ကြကုန်၏၊ အနီး၌ တည်နေကုန် သည် ဖြစ်ပါကုန်သော်လည်း ထိုနတ်တို့ကို မမြင်အပ် မမြင်နိုင်ကုန်။ ထိုနတ်တို့သည် မိမိတို့၏ စိတ်ဖြင့်လည်း သူတစ်ပါး၏ စိတ်ကို ကွဲကွဲပြားပြား သိနိုင်ကြကုန်၏၊ ထိုနတ်တို့သည်လည်း ငါ့ကို ဤသို့ သိကြကုန်လတ္တံ့ --- ''အမောင်တို့ …ဤအမျိုးကောင်းသားကို ကြည့်ကြပါကုန်၊ ယုံကြည်ချက် သဒ္ဓါတရားကို အကြောင်းရင်းခံ၍ အိမ်ရာတည်ထောင် လူ့ဘောင်မှ ရှောင်ခွာ၍ အိမ်ရာမထောင်သည့် ရဟန်းဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်း ပြုလာသည် ဖြစ်ပါလျက် ယုတ်မာကုန်သော အကုသိုလ်တရားတို့ဖြင့် ရောပြွမ်းလျက် နေထိုင်ဘိ၏''ဟု ဤသို့
‘又有具足业生神力、具有清净眼即天眼、能够洞见远近一切并知他心的诸天。他们能遥见远处的所缘;他们虽在近处,我们却看不见。他们以自己的心明了他人之心,也会知道我:诸位,请看这位善男子!他本来由信出家,从在家而入无家,如今却与卑劣不善法混杂而住——’
သိကြပေကုန်လတ္တံ့။
——‘诸天将会这样知道。’
ထိုအမျိုးကောင်းသားသည် လောကကိုသာလျှင် = လူ နတ် ဗြဟ္မာ သတ္တဝါအပေါင်းကိုသာလျှင် အဓိပတိ အကြီးအကဲပြု၍ အကုသိုလ်ကို ပယ်စွန့်၏၊ ကုသိုလ်ကို ဖြစ်စေ၏၊ ပွားများ၏၊ အပြစ်ရှိသော အကုသိုလ်တရားကို ပယ်စွန့်၏၊ အပြစ်မရှိသော ကုသိုလ်တရားကို ဖြစ်စေ၏၊ ပွားများ၏။ မိမိကိုယ်ကို သန့်ရှင်းစင်ကြယ်အောင် ရွက်ဆောင်၏။ (အံ-၁-၁၄၇။ အာဓိပတေယျသုတ်။) ဤသို့ ဘုရားရှင် ဟောကြားတော်မူသည်နှင့်အညီ သြတ္တပ္ပမည်သည် လောကာဓိပတိ = လောကလျှင် အကြီးအကဲရှိသည် ဖြစ်ပေ၏။
于是,那位善男子只以世间——人、天、梵天等一切众生——为主导,舍弃不善,培育善;舍弃有过失之法,培育无过失之法;令自己保持清净。(《增支部》1-147,《主导经》。)依世尊这一开示,愧以世间为主导。
၃။ (က) လဇ္ဇာသဘာဝသဏ္ဌိတာ ဟိရီ၊ (ခ) ဘယသဘာဝသဏ္ဌိတံ သြတ္တပ္ပံ။
第三组的对辨如下:惭善住于惭耻的状态;愧善住于怖畏的状态。
ဟိရီသည် ရှက်သောအခြင်းအရာအားဖြင့် ကောင်းစွာ တည်၏၊ သြတ္တပ္ပသည် အပါယ်ဘေးမှ ကြောက်သော သဘောအားဖြင့် ကောင်းစွာ တည်၏။ ထိုဟိရီ သြတ္တပ္ပတရား နှစ်ပါးစုံသည်လည်း မကောင်းမှုမှ ရှောင်ကြဥ်ရာ အခါ၌ ထင်ရှား၏။ ထင်ရှားပုံ --- အမျိုးကောင်းသားတစ်ဦးသည် ကျင်ကြီး ကျင်ငယ် စသည်ကို စွန့်စဥ် ရှက်သင့် ရှက်ထိုက်သူ တစ်ယောက်ယောက်ကို မြင်၍ မိမိကိုယ်တိုင် ရှက်ခြင်းဟူသော အခြင်းအရာသို့ ရောက်သည် = ရှက်သူ၏ အမူအရာရှိသည် ဖြစ်ရာသကဲ့သို့ လူမြင်ကွင်း၌ ပြုရကောင်းလားဟု အရှုတ်ချခံရသည် ဖြစ်သကဲ့သို့
惭以惭耻的方式善住,愧以怖畏恶趣危险的方式善住。二者都在远离恶行时明显。譬如,善男子排泄时若看见应当顾忌的人,便因自己羞耻而不愿暴露在众目之下——
原书第 546 页
ဤဥပမာအတူပင်လျှင် နိယကဇ္ဈတ္တ ဖြစ်သော မိမိသန္တာန်၌ လဇ္ဇီပုဂ္ဂိုလ်၏သဘော ရှက်ခြင်းသဘောသို့ သက် ရောက်၍ မကောင်းမှုကို မပြု။ အချို့သော ပုဂ္ဂိုလ်သည်ကား အပါယ်ဘေးမှ ကြောက်သည် ဖြစ်၍ မကောင်းမှုကို မပြု။
——同样,他在自己的内在相续中趋向有惭者的羞耻状态,因而不作恶。另一种人则因怖畏恶趣而不作恶。
ထိုသို့ မပြုရာ၌ ဤဆိုလတ္တံ့သည်ကား ဥပမာတည်း --- သံလုံး နှစ်လုံးတို့တွင် သံလုံး တစ်လုံးသည် အေး နေသော်လည်း မစင်ဖြင့် လူးလည်းပေကျံနေ၏၊ သံလုံး တစ်လုံးကား မစင်ဖြင့် လူးလည်းပေကျံမှု မရှိသော်လည်း လောလောပူ၍ အလျှံတပြောင်ပြောင် တောက်လောင်နေ၏။ ထိုသံလုံး နှစ်လုံးတို့တွင် ဉာဏ်အမြော်အမြင် ရှိသော ပညာရှိသည် အေးသည့် သံလုံးကို မစင်ဖြင့် လူးလည်းပေကျံနေသည့်အတွက် ရွံရှာ စက်ဆုပ်သည် ဖြစ် ရကား မကိုင်သကဲ့သို့လည်းကောင်း၊ အခြား ပူသော သံလုံး တစ်လုံးကိုလည်း ပူလောင်ခြင်းမှ ကြောက်သောကြောင့် မကိုင်သကဲ့သို့လည်းကောင်း၊ --- ထိုဥပမာစကားရပ်၌ အေးသောသံလုံးကို မစင်ဖြင့် လူးလည်းပေကျံခြင်းမှ စက် ဆုပ်ခြင်းကြောင့် မကိုင်ခြင်းကဲ့သို့ မိမိ၏ကိုယ်တွင်း အဇ္ဈတ္တသန္တာန်၌ မကောင်းမှုမှရှက်ခြင်း လဇ္ဇီတရားသဘောသို့ သက်ရောက်၍ မကောင်းမှုကို မပြုခြင်းကို သိရှိပါလေ။ ပူနေသော သံလုံးကို ပူလောင်မှုဘေးဆိုးကြီးမှ ကြောက်
可用两颗铁球说明这种差别:一颗虽冷,却沾满粪秽;另一颗虽未沾粪,却烧得炽热。智者厌恶冷铁球上的粪秽而不去抓它;又畏惧另一颗热铁球会灼伤自己而不去抓它。同样,应知在自己的内在相续中,因趋向惭耻、厌恶恶行而不作恶,就像厌恶冷铁球上的粪秽而不抓它;因害怕热铁球烧灼——
သောကြောင့် မကိုင်ခြင်းကဲ့သို့ အပါယ်ဘေးဆိုးကြီးမှ ကြောက်သောကြောင့် မကောင်းမှုကို မပြုခြင်းကို သိရှိပါလေ။
——而不抓它,则如因怖畏恶趣大难而不作恶。
ဤဖော်ပြခဲ့သော ဟိရီ၏ မကောင်းမှုမှ ရှက်ခြင်း မကောင်းမှုကို စက်ဆုပ် ရွံရှာခြင်းသဘော၌ တည်မှု၊ သြတ္တပ္ပ၏ အပါယ်ဘေးမှ ကြောက်ခြင်းသဘော၌ တည်မှုတို့ကား ယင်းဟိရီ သြတ္တပ္ပ နှစ်မျိုးတို့၏ ကိုယ်ပိုင် သဘာဝလက္ခဏာများပင် ဖြစ်သည်။
以上所说,惭住于对恶行的惭耻、厌恶状态;愧住于怖畏恶趣危险的状态。这正是惭与愧各自的自性特相。
၄။ (က) သပ္ပတိဿဝလက္ခဏာ ဟိရီ၊ (ခ) ဝဇ္ဇဘီရုကဘယဒဿာဝိလက္ခဏံ သြတ္တပ္ပံ။
第四组的对辨如下:惭以恭敬承顺为特相;愧以畏惧过失、把过失视为怖畏为特相。
ဟိရီမည်သည် ရှေးရှူ နားထောင်ခြင်းနှင့်တကွ ဖြစ်သော ဂါရဝတရားလျှင် မှတ်ကြောင်း လက္ခဏာ ရှိ၏၊ သြတ္တပ္ပမည်သည် အပြစ်ကို ကြောက်တတ်သူ၏အဖြစ်၊ အပြစ်ကို ဘေးဟု ရှုလေ့ရှိသူ၏အဖြစ်ဟူသော မှတ်- ကြောင်းလက္ခဏာ ရှိ၏ --- ဟူသော ဤလက္ခဏာ နှစ်ပါးအပေါင်းသည်လည်း မကောင်းမှုမှ ရှောင်ကြဥ်ခြင်း၌ ပင်လျှင် ထင်ရှား၏။ ထင်ရှားပုံ --- အချို့သော သူတော်ကောင်းသည် --- ၁။ မိမိ၏ အမျိုးဇာတ် မြင့်မြတ်သည်၏ အဖြစ်ကို ဆင်ခြင်ခြင်း၊ ၂။ ဆရာ ဖြစ်တော်မူသော ဘုရားရှင်၏ မြင့်မြတ်သည်၏ အဖြစ်ကို ဆင်ခြင်ခြင်း၊ ၃။ သာသနာတော်ဝယ် မိမိဆက်ခံရမည့် အမွေ ဖြစ်သော လောကုတ္တရာတရား (၉)ပါး စသည်တို့၏ မြင့်မြတ် သည်၏ အဖြစ်ကို ဆင်ခြင်ခြင်း၊ ၄။ သီတင်းသုံးဖော် သူတော်ကောင်းတို့၏ မြင့်မြတ်သည်၏ အဖြစ်ကို ဆင်ခြင်ခြင်း၊ ဤအကြောင်း (၄)မျိုးတို့ကြောင့် သပ္ပတိဿဝလက္ခဏ = ဘုရားရှင်၏ အဆုံးအမတော်ကို ရှေးရှူ နား-
这两种特相也在远离恶行时显明。有些善人省察四事:自己的出身高贵;导师世尊崇高;自己将在教法中继承的九种出世间法等遗产崇高;同梵行善友崇高。由于这四种原因,他生起以恭敬承顺世尊教诲为特相的惭,不作恶;这惭具有面对、听受——
ထောင်ခြင်း နာယူခြင်း လိုက်နာခြင်းနှင့်တကွ ဖြစ်သော ရိုသေလေးစားခြင်း လက္ခဏာရှိသော ရှက်မှု ဟိရီတရားကို ဖြစ်စေ၍ မကောင်းမှုကို မပြုလုပ်ပေ။ သို့အတွက် ဟိရီတရားသည် ဘုရားရှင်၏ အဆုံးအမတော်ကို ရှေးရှူ နားထောင်ခြင်း နာယူခြင်း လိုက်နာခြင်း လိုက်နာကျင့်သုံးခြင်းနှင့်တကွ ဖြစ်သော ရိုသေလေးစားခြင်း သဘော လက္ခဏာ ရှိပေသည်။
——遵循并实践世尊教诲的恭敬特相。
အချို့သော သူတော်ကောင်းသည် --- ၁။ မိမိကိုယ်ကို မိမိစွပ်စွဲခြင်းဟူသော အတ္တာနုဝါဒဘေး၊ ၂။ မိမိကို သူတစ်ပါးတို့၏ စွပ်စွဲခြင်းဟူသော ပရာနုဝါဒဘေး၊
另有善人省察四种怖畏:自己谴责自己的自责畏;他人谴责自己的他责畏——
原书第 547 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း ၃။ ပစ္စုပ္ပန်၌ မင်းပြစ်မင်းဒဏ် ခံရခြင်း စသော ဒဏ္ဍဘေး၊ ၄။ တမလွန်၌ ကျရောက်ရမည့် အပါယ် ဒုဂ္ဂတိဘေး --- ဤဘေးဆိုးကြီး (၄)မျိုးဟူသော အကြောင်းတို့ကြောင့် အပြစ်ကို ကြောက်တတ်သူ၏အဖြစ် အပြစ်ကို ဘေးဟု ရှုလေ့ရှိသူ၏အဖြစ်ဟူသော သဘောလက္ခဏာရှိသော ထိတ်လန့်မှု ကြောက်ရွံ့မှု သြတ္တပ္ပကို ဖြစ်စေ၍ မကောင်းမှုကို မပြုပေ။ သို့အတွက် သြတ္တပ္ပသည် ဝဇ္ဇဘီရုကဘယဒဿာဝိလက္ခဏ = အပြစ်ကို ကြောက်တတ်သူ၏ အဖြစ်၊ အပြစ်ကို ဘေးဟု ရှုလေ့ရှိသူ၏အဖြစ်ဟူသော သဘောလက္ခဏာ ရှိပေသည်။ ဤကား ဟိရီနှင့် သြတ္တပ္ပ တို့၏ ထူးခြားမှု သဘောများတည်း။ (အဘိ-ဋ္ဌ-၁-၁၆၈-၁၆၉-၁၇ဝ။) ဤသို့လျှင် ဟိရီနှင့် သြတ္တပ္ပတို့၏ ထူးခြားမှုများကို အဋ္ဌကထာ၌ ဖော်ပြထားသော်လည်း ယင်းတရား နှစ်ပါးတို့ကား တစ်ရံတစ်ခါမျှ ခွဲ၍ မဖြစ်ဘဲ အမြဲတမ်းသာ ယှဥ်တွဲ၍ ဖြစ်သည်။ မှန်ပေသည် ကြောက်ခြင်း
——现世遭受王法处罚等刑罚畏;来世堕入恶趣的恶趣畏。由于这四种大怖畏,他生起畏惧过失、把过失视为怖畏的愧,不作恶。所以,愧具有畏惧过失、把过失视为怖畏的特相。以上是惭与愧的差别。(《阿毗达磨义注》1-168—170。)义注虽分别说明二者,惭与愧却从不分离,总是相应而生;因为——
ကင်းသော ရှက်ခြင်းမည်သည် မရှိနိုင်၊ ရှက်ခြင်းကင်းသော မကောင်းမှုမှ ကြောက်ခြင်း မည်သည်လည်း မရှိနိုင်။
——不可能有全无怖畏的惭,也不可能有全无惭耻的愧。
(မဟာဋီ-၂-၁၄၃။)
(《大复注》2-143。)
ဟိရီသည် အမျိုးကောင်းသမီး ချွေးမနှင့် တူပုံ
惭如良家媳妇
အမျိုးကောင်းသမီး ဖြစ်သော ချွေးမသည် မိမိ၏ မြင့်မြတ်သော မျိုးရိုးဇာတိ ရှိပုံကို ဆင်ခြင်၍ မိမိကိုယ်ကို မိမိ ရိုသေလေးစားသောအားဖြင့် မိမိအိမ်ရှင်မှ တစ်ပါးသောယောကျာ်းနှင့် ဖောက်ပြားရမည့်အရေးမှ စက်ဆုပ် ရွံရှာ၏၊ ထိုဟိရီ ရှိသူလည်း မိမိ၏ မြင့်မြတ်သော ဇာတ် အမျိုးအနွယ်၊ ကြီးရင့်လာသော အရွယ်၊ ရဲစွမ်းသတ္တိ၊ အကြားအမြင် ဗဟုသုတရှိမှု ဂုဏ်ကို ဆင်ခြင်၍ --- ''ငါကဲ့သို့သောသူသည် ဤကဲ့သို့သော ဒုစရိုက်မှုမျိုးကို မပြု ထိုက်၊ ဤဒုစရိုက်မှုမျိုးမည်သည်ကား အမျိုးဇာတ်ယုတ်ညံ့သူ၊ အသက်အရွယ်ငယ်သူ၊ ရဲစွမ်းသတ္တိမရှိသူ၊ ဗဟုသုတနည်းပါးသူ ပညာမဲ့ လူမိုက်ငတုံးတို့၏ လုပ်ရပ်မျိုးသာ ဖြစ်သည်'' --- ဟု မိမိကိုယ်ကို အလေးဂရုပြုလျက် ဒုစရိုက်မှ စက်ဆုပ်ရွံရှာ ရှောင်ခွာလေ၏။
良家媳妇省察自己出身高贵,尊重自己,因而厌恶与丈夫以外的男子私通。有惭者也省察自己的高贵出身、成熟年龄、勇气与多闻,思惟:‘像我这样的人不应作这种恶事;这种恶事只是出身卑下、年纪幼小、没有勇气、少闻无智者所作的事。’他尊重自己,厌恶并远离恶行。
သြတ္တပ္ပသည် ပြည့်တန်ဆာမနှင့် တူပုံ
愧如妓女
ပြည့်တန်ဆာမသည် ကိုယ်ဝန်တည်လာလျှင် ယောကျာ်းတို့က စက်ဆုပ်တတ်ရကား ယောကျာ်းတို့ကို လေးစားသောအားဖြင့် ကိုယ်ဝန်တည်မည့်ဘေးမှ ကြောက်ရွံ့တတ်၏၊ ထို့အတူ သြတ္တပ္ပ ရှိသူသည်လည်း --- ''သူတော်ကောင်း …သင်သည် အကယ်၍ မကောင်းမှုကို ပြုအံ့၊ ဤသို့ပြုခဲ့သော် ရဟန်းယောကျာ်းပရိသတ် ရဟန်းမိန်းမပရိသတ် လူဒါယကာပရိသတ် လူဒါယိကာမပရိသတ်ဟူသော ပရိသတ် (၄)ပါးတို့ အလယ်ဝယ် အကဲ့ရဲ့ခံရပေလတ္တံ့၊ မြို့ကြီးသားသည် မစင်ကို စက်ဆုပ်သကဲ့သို့ ထို့အတူ ပညာရှိသူတော်ကောင်းတို့သည် မကောင်းမှုပြုသော သင့်ကို ကဲ့ရဲ့ စက်ဆုပ်ကုန်လတ္တံ့၊ အိုသူတော်ကောင်း …သီလကို ချစ်မြတ်နိုးတော်မူကြ သည့် ပညာရှိသူတော်ကောင်းတို့က သင့်ကို ရှောင်ကြဥ်အပ်သော် ဝိုင်းပယ်လိုက်သော် သင်သည် အသို့ပြုလတ္တံ့- နည်း'' --- ဤသို့ ဆင်ခြင်လျက် သူတစ်ပါးတို့ကို ရိုသေလေးစားခြင်းဟူသော ဗဟိဒ္ဓလျှင် ဖြစ်ကြောင်းရှိသော
妓女知道怀孕会受男子厌弃,因为顾忌他们而害怕怀孕。同样,有愧者思惟:‘善人啊,如果你作恶,就会在比丘、比丘尼、男居士、女居士四众中受到谴责;如城里人厌恶污秽,智者善人也会谴责、厌弃作恶的你。善人啊,若爱戒的智者善人回避、排斥你,你将如何自处?’他如此省察,以尊重他人为外在起因,因怖畏而——
ထိတ်လန့်မှုကြောင့် မကောင်းမှုကို မပြုပေ။
——不作恶。
ရသ - ပစ္စုပဋ္ဌာန် - ပဒဋ္ဌာန် --- မကောင်းမှုမှန်သမျှကို မပြုမိအောင် ရှောင်ကြဥ်မှုသည် ဟိရီ သြတ္တပ္ပ နှစ်ပါးလုံး၏ ကိစ္စတည်း။ ဟိရီက ရှက်၍ မကောင်းမှုကို မပြုမိအောင် ရှောင်ကြဥ်၏၊ သြတ္တပ္ပကား ဘေးအမျိုးမျိုး ကို ကြောက်၍ မကောင်းမှုကို မပြုမိအောင် ရှောင်ကြဥ်၏။ သို့အတွက် ယင်းတရားတို့ကို ဝိပဿနာဉာဏ်ဖြင့်
作用、现起与近因——避免作一切恶,是惭与愧共同的作用:惭因羞耻而避免作恶,愧因畏惧种种危险而避免作恶。因此,瑜伽行者以观智摄取、观照这两种法时——
原书第 548 页
သိမ်းဆည်း ရှုပွားနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝတွင် ဟိရီကား ရှက်သော အခြင်းအရာအားဖြင့် မကောင်းမှုမှ တွန့်ဆုတ်တတ်သော သဘောတရားဟု၊ သြတ္တပ္ပကား အပါယ်ဒုဂ္ဂတိဘေး စသည့် ဘေးအမျိုးမျိုး တို့မှ ထိတ်လန့် ကြောက်ရွံ့သော အခြင်းအရာအားဖြင့် မကောင်းမှုမှ တွန့်ဆုတ်တတ်သော သဘောတရားဟု ရှေးရှူ ထင်လာပေသည်။ မီးထဲသို့ ကျရောက်သွားသော ကြက်တောင်၏ မပြန့်မူ၍ တွန့်လိမ်ခြင်း တွန့်လိပ်ခြင်းကဲ့သို့ မှတ်ပါ။ ဟိရီသည် အဇ္ဈတ္တသမုဋ္ဌာန် အတ္တာဓိပတိ တရားဖြစ်ခြင်းကြောင့် မိမိကိုယ်ကို ရိုသေလေးစားခြင်း အတ္တ- ဂါရဝတရားသည် ဟိရီ၏ အနီးကပ်ဆုံး အကြောင်းတရား ဖြစ်သည်။ သြတ္တပ္ပသည် ဗဟိဒ္ဓသမုဋ္ဌာန် လောကာဓိပတိ တရားဖြစ်ခြင်းကြောင့် သူတစ်ပါးတို့ကို ရိုသေလေးစားခြင်း ပရဂါရဝတရားသည် သြတ္တပ္ပ၏ အနီးကပ်ဆုံး အ- ကြောင်းတရား ဖြစ်သည်။ မိမိကိုယ်ကို ရိုသေလေးစားခြင်းသဘော၊ သူတစ်ပါးတို့ကို ရိုသေလေးစားခြင်းသဘော
——会在智中见到:惭以惭耻的方式从恶退缩;愧以怖畏恶趣等种种危险的方式从恶退缩。应视二者如投入火中的羽毛,不能舒展而卷缩。由于惭以内在自身为起因、以自己为主导,尊重自己是惭的最近因;由于愧以外在他人为起因、以世间为主导,尊重他人是愧的最近因。所谓尊重自己与尊重他人——
ဟူသည် ပရမတ္ထ တရားကိုယ် အနက်သဘောအားဖြင့် အဒေါသမေတ္တာနှင့် ပညာပြဓာန်းသော ကုသိုလ်စိတ္တုပ္ပါဒ် များပင် ဖြစ်သည်။
——就胜义法体而言,是由无瞋(慈)与慧主导的诸善心生。
အထူးသတိပြုရန် --- ဟိရီ၏ လဇ္ဇာသဘာဝသဏ္ဌိတာ = လဇ္ဇီသဘော၌ ကောင်းစွာတည်မှု ရှေးရှူတည်မှု သဘော၊ သြတ္တပ္ပ၏ ဘယသဘာဝသဏ္ဌိတံ = ထိတ်လန့် ကြောက်ရွံ့ခြင်း ဘယသဘော၌ ကောင်းစွာတည်မှု ရှေးရှူတည်မှု သဘောများကို အလေးဂရုပြု၍ သတိပြုကာ မှတ်သားထားပါ။
特别注意——应重视并记住:惭善住于惭耻、有惭状态;愧善住于惊惧、怖畏状态。
အသင်ယောဂီသူတော်ကောင်းသည် ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို သိမ်းဆည်းနေခိုက် ထိုသင်္ခါရတရားတို့ကို ဝိပဿနာ ရှုနေခိုက်၌ ဒုစရိုက်များကို လွန်ကျူးခိုက်လည်း မဟုတ်၊ ရှောင်ကြဥ်ခိုက်လည်း မဟုတ်ပေ။ ထိုအခိုက်ဝယ် နာမရူပပရိစ္ဆေဒဉာဏ်၊ ပစ္စယပရိဂ္ဂဟဉာဏ်၊ ဝိပဿနာဉာဏ်တို့ ဦးဆောင်ပြဓာန်းသည့် စိတ်စေတသိက်များ အကြိမ်များစွာ ဖြစ်နေခိုက်သာ ဖြစ်သည်။ ယင်းစိတ်စေတသိက်တို့မှာ ယေဘုယျအားဖြင့် မနောဒွါရိကဇောဝီထိစိတ်အစဥ်များသာ ဖြစ်ကြသည်။ မနောဒွါရာဝဇ္ဇန်း (၁)ကြိမ်၊ ဇော (၇)ကြိမ်၊ တဒါရုံ (၂) ကြိမ် အနေဖြင့် အဖြစ်များကြသည်။ ဝိပဿနာအခိုက်၌ တဒါရုံမှာ ကျ-မကျ နှစ်မျိုး ရှိနိုင်၏။ နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများတွင် ကြည့်ပါ။
瑜伽行者摄取色、名、因、果诸行法或对它们修观时,并非正在违犯恶行,也非正在远离恶行;当时只是一再生起由名色分别智、缘摄受智与观智主导的心、心所。它们通常属于意门速行心路:一次意门转向、七次速行、两次彼所缘;观修时彼所缘也可能生起或不生起,可参看名业处篇诸表。
ဇော အသီးအသီးတွင် နာမ်တရားများမှာ ယေဘုယျအားဖြင့် ဉာဏ်နှင့် ပီတိ ယှဥ်-မယှဥ်သို့ လိုက်၍ (၃၄-၃၃-၃၃-၃၂) ရှိတတ်၏။ ယင်းနာမ်တရားစုတွင် ဟိရီနှင့် သြတ္တပ္ပကား အမြဲတမ်း ပါဝင်လျက် ရှိ၏။ သောဘဏ စိတ်အားလုံးနှင့် ဆက်ဆံသော သောဘဏသာဓာရဏ စေတသိက်များ ဖြစ်သောကြောင့်တည်း။ ရုပ်နာမ်ကို သိမ်းဆည်းခိုက်၊ ဝိပဿနာ ရှုခိုက်သာ ဖြစ်သဖြင့် မကောင်းမှုအကုသိုလ် ဒုစရိုက်ကို အာရုံယူ၍ ယင်းဒုစရိုက်တို့မှ ရှက်မှု ထိတ်လန့် ကြောက်ရွံ့မှုများ ဖြစ်နေသည်ကား မဟုတ်ပါ။ အကြောင်းမူ ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရ တရားတို့ကိုသာ အာရုံယူနေခိုက်၊ ယင်းသင်္ခါရတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက် အသုဘ အချက်တို့ကိုသာ အာရုံယူနေခိုက် ဖြစ်သောကြောင့် ဖြစ်သည်။ သို့အတွက် ယင်းနာမ်တရားစုတို့တွင် ပါဝင်သော ဟိရီ သြတ္တပ္ပတို့မှာ ဟိရီက လဇ္ဇီသဘောသို့ ရှေးရှူတည်မှု၊ သြတ္တပ္ပက ဘယသဘောသို့ ရှေးရှူတည်မှုမျှကိုသာ
每一速行中的名法,依是否与智相应、是否与喜相应,通常为三十四、三十三、三十三或三十二种。惭与愧恒常包含在这些名法聚中,因为它们是与一切美心相应的美遍一切心所。此时只是摄取色名、修观,并未以恶行不善为所缘而生惭耻或怖畏;因为所缘只是色、名、因、果诸行法,以及它们的无常、苦、无我、不净行相。因此,这些名法聚中的惭与愧,只表示惭趋向有惭状态、愧趋向怖畏状态——
ဆိုလိုသည်ဟု မှတ်ပါ။ အရှက်အကြောက် ရှိ၍ ယခုလို တရားနှလုံး ကျင့်သုံးခြင်း ဖြစ်သဖြင့် တရားနှလုံး ကျင့် သုံးသည့် ယောဂါဝစရပုဂ္ဂိုလ်သူမြတ်၏ သန္တာန်ဝယ် မကောင်းမှုမှ ရှက်မှု လဇ္ဇီသဘော၊ မကောင်းမှုမှ ကြောက် ရွံ့မှု = ဘယသဘောတို့ကား ရှေးရှူတည်လျက်သာ ရှိနေသည်၊ ယင်း ရှေးရှူတည်နေမှုမှာ အကောင်းအုပ်စု စိတ်စေတသိက် နာမ်တရားစုများ ဖြစ်တိုင်းဖြစ်တိုင်း ဇောစိတ္တုပ္ပါဒ်တိုင်းနှင့် မဟာဝိပါက်တဒါရုံကျခဲ့သော် ယင်း တဒါရုံ စိတ္တုပ္ပါဒ်တိုင်း၌ အမြဲတမ်း ပါဝင်လျက် ရှိသည်သာဟု မှတ်ပါ။ ဒါန သီလ သမထပိုင်းဆိုင်ရာတို့၌လည်း နည်းတူပင် သဘောပေါက်ပါ။
——而已。由于瑜伽行者具足惭愧而修法,他的相续始终趋向对恶行的惭耻与怖畏;凡善组心、心所名法聚生起,每一速行心生以及大果报彼所缘心生若生起,惭与愧都恒常包含其中。布施、持戒与止禅也应同样理解。
原书第 549 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း ခြွင်းချက် --- သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ စေတသိက်များ ပါဝင်သည့် နာမ်တရားတို့ကို သိမ်း ဆည်းရာ၌ကား ဝိရမိတဗ္ဗဝတ္ထုဟူသော ရှောင်ကြဥ်ထိုက်သော ဒုစရိုက်တို့ကို အာရုံပြု၍ ဖြစ်ပေါ်လာသော နာမ် တရားတို့ကို သိမ်းဆည်းရသဖြင့် ယင်းနာမ်တရားစုတွင် ပါဝင်သော ဟိရီ သြတ္တပ္ပတို့မှာ ဒုစရိုက်တို့မှ ရှက်မှု ကြောက်မှု သဘောများပင် ဖြစ်သည်ဟု မှတ်သားပါလေ။
例外——摄取包含正语、正业、正命心所的名法时,因为所摄取的名法以应远离事——应当远离的恶行——为所缘,其中的惭与愧就是对恶行的惭耻与怖畏。
လောကပါလ တရား (၂) ပါး
两种世间守护法
ဒွေ မေ ဘိက္ခဝေ သုက္ကာ ဓမ္မာ လောကံ ပါလေန္တိ။ (အံ-၁-၅၃။ ခု-၁-၂၁၉။) ရဟန်းတို့ …ဖြူစင်ကုန်သော ဤ ဟိရီ သြတ္တပ္ပ တရားနှစ်ပါးတို့သည် လောကကို စောင့်ရှောက်ကြကုန်၏။
‘比丘们,有两种清净法守护世间。’(《增支部》1-53;《小部》1-219。)比丘们,惭与愧这两种清净法守护世间。
(အံ-၁-၅၃။ ခု-၁-၂၁၉။)
(《增支部》1-53;《小部》1-219。)
ရဟန်းတို့ …ဖြူစင်သော ဤတရား နှစ်မျိုးတို့သည် လောကကို စောင့်ရှောက်ကုန်၏၊ အဘယ်နှစ်မျိုး တို့နည်းဟူမူ --- မကောင်းမှုမှ ရှက်ခြင်း = ဟိရီလည်းကောင်း၊ မကောင်းမှုမှ ထိတ်လန့်ခြင်း = သြတ္တပ္ပလည်းကောင်း ဤတရား နှစ်မျိုးတို့တည်း။ ရဟန်းတို့ …ဖြူစင်သော ဤတရား နှစ်မျိုးတို့သည် လောကကို မစောင့်ရှောက် ကုန်ငြားအံ့၊ ယင်းသို့ မစောင့်ရှောက်သော် ဤလောက၌ အမိဟူ၍လည်းကောင်း၊ မိကြီး မိထွေးဟူ၍လည်းကောင်း ဦးရီး၏ မယားဟူ၍လည်းကောင်း ဆရာ၏ မယားဟူ၍လည်းကောင်း၊ ရိုသေလေးစားအပ်သူတို့၏ မယားဟူ၍ လည်းကောင်း မထင်ရှား မသိသာကုန်ရာ။
比丘们,有哪两种清净法守护世间?即对恶行的惭,以及对恶行的愧。假如这两种清净法不守护世间,世人就不会辨明母亲、姨母、舅母、师母,以及其他应受尊重者的妻子。
ယင်းသို့ မထင်ရှား မသိသာကုန်သော် လောကသည် ဆိတ်များ သိုးများကဲ့သို့လည်းကောင်း၊ ကြက်ဝက်တို့ ကဲ့သို့လည်းကောင်း အိမ်ခွေး တောခွေးတို့ကဲ့သို့လည်းကောင်း ရောယှက်ခြင်းသို့ ရောက်ရာ၏။ (အဖေဆိတ် အမေဆိတ်နှင့် သားဆိတ် သမီးဆိတ်တို့ မေထုန်မှီဝဲသောအားဖြင့် ရောစပ်ကြလိမ့်မည် ဟူလို။) ရဟန်းတို့ …ဖြူစင်သော ဤတရား နှစ်မျိုးတို့သည် လောကကို စောင့်ရှောက်ကုန်သောကြောင့် အမိ ဟူ၍လည်းကောင်း၊ မိကြီး မိထွေးဟူ၍လည်းကောင်း၊ ဦးရီး၏ မယားဟူ၍လည်းကောင်း၊ ဆရာ၏ မယားဟူ၍ လည်းကောင်း ရိုသေလေးစားအပ်သူတို့၏ မယားဟူ၍လည်းကောင်း ထင်ရှားသိသာကုန်၏။ (အံ-၁-၅၃။) ငါသည် အမျိုးကောင်းသားတစ်ယောက် ဖြစ်၏၊ ငါလို အမျိုးကောင်းသားတစ်ယောက်က မကောင်းမှုကို ပြုနေလျှင် (ဥပမာ သူ့အသက်ကို သတ်နေလျှင် မုဆိုး တံငါလုပ်နေလျှင် လာဘ်ပေးလာဘ်ယူပြုနေလျှင်) ရှက်စရာ ဖြစ်လိမ့်မည်ဟု မိမိ၏ အမျိုးဂုဏ်ကို စောင့်ထိန်းသောအားဖြင့် မကောင်းမှုကို ပြုရမည်ကို ရှက်၏။ ပညာရှိသူ
——若不能辨明,世间就会像山羊、绵羊、鸡、猪、家犬、野犬一般杂乱交媾。由于这两种清净法守护世间,人们才能辨明母亲、姨母、舅母、师母及其他应受尊重者的妻子。(《增支部》1-53。)例如,有人维护自己的家世名誉,思惟:‘我是良家子;像我这样的人若杀生、以狩猎捕鱼为业或行贿受贿,实在可耻。’因而惭于作恶。有智者——
တစ်ဦးကလည်း --- ငါလို ပညာရှိတစ်ယောက်က အောက်တန်းကျသော မကောင်းမှုကို ပြုနေလျှင် (ဥပမာ သူ့ ပစ္စည်းကို မတရားယူနေလျှင် လာဘ်ပေးလာဘ်ယူပြုနေလျှင်) ရှက်စရာဖြစ်တော့မည်ဟု မိမိ၏ ပညာရှိသော ဂုဏ်ကို စောင့်ထိန်းသောအားဖြင့် မကောင်းမှုပြုရမည်ကို ရှက်၏။ အသက်ကြီးသူကလည်း --- ငါလို အဘိုးကြီး တစ်ယောက်က မကောင်းမှုကိုပြုနေလျှင် (ဥပမာ လိမ်ညာနေလျှင်) ရှက်စရာ ဖြစ်တော့မည်ဟု မိမိ၏ အသက်- ကြီးသောဂုဏ်ကို စောင့်ထိန်းသောအားဖြင့် မကောင်းမှုပြုရမည်ကို ရှက်၏။ ဤသို့စသည်ဖြင့် မိမိမှာ ထင်ရှား ရှိနေသော ဂုဏ်တစ်ခုခုကို လေးစားသူ၌ ဟိရီတရားသည် ထင်ရှားလေသည်။
——维护自己的智慧声誉,思惟:‘像我这样有智的人若作卑劣恶事,例如非法侵占他人财物或行贿受贿,实在可耻。’因而惭于作恶。年长者也维护自己的年长声誉,思惟:‘像我这样的老人若作恶,例如说谎,实在可耻。’因而惭于作恶。如此,尊重自己某种显著德行的人,惭便会明显生起。
ငါတစ်ယောက်က မကောင်းမှုကို ပြုလိုက်လျှင် ငါ့မိ ငါ့ဘ ငါ့ဆွေ ငါ့မျိုးများ ငါ့ဆရာသမားများသည် သူတစ်ပါးတို့၏ အကဲ့ရဲ့ကို ခံရ၍ တံထွေးခွက်ထဲ ပက်လက်မျောကာ နေကြရပေလိမ့်မည်၊ ငါးခုံးမ တစ်ကောင် ကြောင့် တစ်လှေလုံး ပုတ်ရှာကြပေလိမ့်မည်။ ဤသို့စသည်ဖြင့် စပ်ဆိုင်သူများကို ငဲ့ညှာတတ်သူ၌ ဒုစရိုက်မှ
另有人思惟:‘若我作恶,我的父母、亲族和师长都会受人谴责,蒙受奇耻;一条坏鱼会使整船鱼发臭。’如此顾念相关之人者,会对恶行生起——
原书第 550 页
ကြောက်လန့်တတ်သော သြတ္တပ္ပတရား ဖြစ်လေသည်။ မိမိဂုဏ်သိက္ခာကိုလည်း မငဲ့ ဆရာသမား မိဘ ဆွေမျိုး များကိုလည်း မငဲ့ ရွဲ့ချင်တိုင်း ရွဲ့သူ၌ကား ဟိရီ သြတ္တပ္ပတရား နှစ်မျိုးလုံး ကင်း၍ ဒုစရိုက်မှုတွေ ပြည့်တင်းနေ လေတော့သည်။
——怖畏的愧。不顾自己名誉,也不顾师长、父母、亲族,任意妄为者,则惭愧两法俱缺,恶行充斥。
ထိုကြောင့် ဤဟိရီနှင့် သြတ္တပ္ပ တရားနှစ်ပါးသည် ကမ္ဘာသူကမ္ဘာသား လူအများကို သားနှင့်အမိ၊ မောင်နှင့် နှမ စသည်ဖြင့် ခြားနားအောင် စောင့်ရှောက်တတ်သောကြောင့် လောကပါလ = ကမ္ဘာစောင့်တရားဟုလည်း ကောင်း၊ သတ္တဝါတစ်ဦးကို သို့မဟုတ် ရုပ်နာမ်သန္တာန်အစဥ်ကို ဖြူစင်သန့်ရှင်း အပြစ်ကင်းအောင် ပြုတတ်သော ကြောင့် သုက္ကဓမ္မ = ဖြူစင်သောတရားဟုလည်းကောင်း အမည်ရလေသည်။ လူ့လောက၌ ဤတရားနှစ်ပါးတို့က စောင့်ကြပ်လျက် ရှိကြသောကြောင့်သာ လူသတ္တဝါတို့ သန္တာန်ဝယ် အတော်အတန် စင်ကြယ်လျက် ရှိလေသည်။
因此,惭与愧能守护世人,使母子、兄妹等关系分明,故名世间守护法;又能令一个众生或一条名色相续清净无过,故名清净法。正因为这两法在人间守护,人们的相续才还保持相当程度的清净。
ယင်းတရားတို့ ကင်းမဲ့လျှင် တိရစ္ဆာန်တွေနှင့် မခြားနားဘဲ ရောယှက်ရှုပ်ထွေးကာ မကြားကောင်း မနာသာတွေသာ ဖြစ်ကုန်ရာသည်။ ယခုခေတ်အခါ၌ကား ဟိရီ သြတ္တပ္ပဟူသော ယဥ်ကျေးမှုတစ်ရပ် အကြောင်းကိုပင် နားမလည် သူတွေ ပေါများလှသဖြင့် ဟိရီ သြတ္တပ္ပ ကင်းသူတို့နှင့် ပေါင်းသင်းဆက်ဆံ၍ နေကြရကား အဝတ်အစား အနေ အထိုင် အသွားအလာမှ စ၍ လျှပ်ပေါ်လော်လည်ကာ အမြင်မတော်စရာတွေ များလှချေသည်။
若缺少这两法,人就与畜生无异,混乱不堪,发生种种不忍闻见之事。如今许多人甚至不懂惭愧这种文明准则,又与无惭无愧者交往,于是从衣着、举止到往来都轻浮放逸,出现许多不堪入目的现象。
ဟိရီ - သြတ္တပ္ပအတု --- အကုသိုလ် ဒုစရိုက်အရာ မဟုတ်ပါဘဲလျက် ဘုရားသွား ကျောင်းတက် ဥပုသ်- စောင့် တရားနာ စသော ကုသိုလ်ကောင်းမှုနှင့် ဆိုင်သော အရာတို့၌ ရှက်စနိုး ကြောက်ရွံ့၍ တွန့်ဆုတ်ဆုတ် လုပ်တတ်သော အမူအရာမျိုးလည်း ရှိတတ်သေး၏။ ထိုအမူအရာမျိုးကား ဟိရီ သြတ္တပ္ပ မဟုတ်၊ မာယာသဘော သာတည်း၊ တရားကိုယ်မှာ မောဟနှင့် တဏှာ ပြဓာန်းသော အကုသိုလ်စိတ္တုပ္ပါဒ်ပင် ဖြစ်သည်။ တစ်စုံတစ်ခု မကောင်းမှုအကုသိုလ် ဒုစရိုက်ကို ပြုပြီးနောက် သူတစ်ပါးတို့ သိ၍ ရှက်ကြောက်မှုမျိုးကား ဒေါမနဿပြဓာန်းသော အကုသိုလ်စိတ္တုပ္ပါဒ်သာတည်း။
伪惭愧——有些人面对礼佛、入寺、持布萨、听法等善事,反而忸怩、畏缩;这不是惭愧,只是伪装,法体是由痴与爱主导的不善心生。作恶以后,因为被他人知晓才羞怕,则只是由忧主导的不善心生。
ဆရာသမား လူကြီးသူမများကို မထီလေးစား မဖြစ်ရအောင် အလေးပြုသည့်အတွက် ရှက်ကြောက်သော အမူအရာ၊ ကိုယ်လက် အညစ်အကြေးသုတ်သင်ရာ စသည့် ရှက်ကြောက်သင့်သော အရာဌာနတို့၌ ရှက်ကြောက် သော အမူအရာတို့ကား ဟိရီ သြတ္တပ္ပ အစစ်သာ ဖြစ်သည်။
为了不显得轻慢师长、尊长而表现谦恭羞谨,以及在清洁身体污秽等应当有所羞谨的场合生起羞谨,这些才是真正的惭与愧。
၅။ အလောဘ
五、无贪
၁။ (က) အလောဘော အာရမ္မဏေ စိတ္တဿ အဂေဓလက္ခဏော၊ ( ခ ) အလဂ္ဂဘာဝလက္ခဏော ဝါ ကမလဒလေ ဇလဗိန္ဓု ဝိယ၊ ၂။ အပရိဂ္ဂဟရသော (အပရိဂ္ဂဟဏရသော) မုတ္တဘိက္ခု ဝိယ၊ ၃။ အနလဒီနဘာဝပစ္စုပဋ္ဌာနော အသုစိမှိ ပတိတပုရိသော ဝိယ။ (အဘိ-ဋ္ဌ-၁-၁၇ဝ-၁၇၁။ ဝိသုဒ္ဓိ-၂-၉၄။) ၁။ (က) အာရုံ၌ စိတ်၏ မတပ်မက်ခြင်း မမက်မောခြင်းသဘော လက္ခဏ၊ ( ခ ) တစ်နည်း --- ကြာဖက်အပြင်၌ ရေပေါက်သည် မငြိကပ်သကဲ့သို့ ထို့အတူ အာရုံ၌ စိတ်၏ မငြိကပ်သည်၏ အဖြစ်ဟူသောသဘော လက္ခဏ၊ ၂။ ကိလေသာတို့မှ လွတ်မြောက်ပြီးသော ရဟန္တာပုဂ္ဂိုလ်သည် မည်သည့် ဝတ္ထုကိုမျှ ငါ့ဟာဟု မသိမ်းပိုက်သကဲ့သို့ ထို့အတူ အာရုံကို ငါ့ဟာ ငါ့ဥစ္စာဟု စွဲလမ်းခြင်း၏ အစွမ်းဖြင့် မသိမ်းပိုက်ခြင်း (ကိစ္စ) ရသ၊
无贪的四法如下:第一,(一)对所缘,心以不贪求、不爱着为特相;(二)或者,如水滴不黏莲叶,以不黏着所缘为特相。第二,如已从烦恼解脱的比丘不把任何事物据为己有,无贪以不占有为作用,即不因‘这是我的、这是我的所有’而占有所缘。第三,如落入污秽中的人不愿污秽黏身,无贪以不欲黏着所缘为现起。(《阿毗达磨义注》1-170—171;《清净之道》2-94。)换言之:第一,(一)以心对所缘不贪求、不爱着为特相;(二)或如水滴不黏莲叶,以心不黏着所缘的状态为特相。第二,如已解脱的阿罗汉不把任何事物当作‘我的’而占有,无贪以不因‘这是我的、这是我的所有’而执著、占有所缘为作用——
原书第 551 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း ၃။ မစင်တွင်း၌ ကျရောက်နေသော ယောကျာ်းကဲ့သို့ အာရုံ၌ မငြိကပ်လိုသော သဘောတရား - ပစ္စုပဋ္ဌာန်၊ ၄။ အာရုံ (တစ်နည်း --- ဝတ္ထု + အာရုံ + ဖဿဦးဆောင်သည့် သမ္ပယုတ်တရားများ) ပဒဋ္ဌာန်။
——第三,如落入粪坑的人不愿粪秽黏身,无贪以不欲黏着所缘为现起。第四,以所缘为近因;另一种解释是,以依处、所缘以及触为首的相应法为近因。
န လုဗ္ဘန္တိ ဧတေန၊ သယံ ဝါ န လုဗ္ဘတိ၊ အလုဗ္ဘနမတ္တမေဝ ဝါ တန္တိ အလောဘော။
诸俱生法藉由它而不贪,它自身也不贪,或它只是无贪的状态,所以称为无贪。
(ဝိသုဒ္ဓိ-၂-၉၄။ အဘိ-ဋ္ဌ-၁-၁၇ဝ။)
(《清净之道》2-94;《阿毗达磨义注》1-170。)
၁။ ယှဥ်ဖက်သမ္ပယုတ်တရားတို့၏ အာရုံ၌ မတပ်မက်တတ်ကြောင်း ဖြစ်သော သဘောတရားသည် အလောဘ မည်၏။
第一种解释:使相应法不贪着所缘的法,称为无贪。
၂။ မိမိ အလောဘကိုယ်တိုင်ကလည်း အာရုံကို မတပ်မက်သော သဘောတရား ဖြစ်သောကြောင့် အလောဘ မည်၏။
第二种解释:无贪自身也是不贪着所缘的法,所以称为无贪。
၃။ အာရုံကို မတပ်မက်ခြင်းမျှသာ ဖြစ်သော သဘောတရားသည် အလောဘ မည်၏။
第三种解释:只是对所缘不贪着的状态,称为无贪。
(အဘိ-ဋ္ဌ-၁-၁၇ဝ။ ဝိသုဒ္ဓိ-၂-၉၄။)
(《阿毗达磨义注》1-170;《清净之道》2-94。)
လက္ခဏ --- လောဘသည် အာရုံကို သာယာစုံမက် နှစ်သက် ငြိကပ်၏၊ အာရုံကို ''ငါ့ဟာ-ငါ့ဥစ္စာ''ဟု စွဲယူသိမ်းပိုက်ခြင်း၏ အစွမ်းဖြင့် လိုလားတပ်မက်၏။ အလောဘကား ထိုအာရုံ၌ မငြိကပ်ခြင်း မလိုချင်ခြင်း သဘောတည်း။ ထိုကြောင့် အလောဘသည် လောဘနှင့် ဖြောင့်ဖြောင့်ဆန့်ကျင်ဘက် ဖြစ်၏။ ထိုသို့ ဆန့်ကျင်ဘက် ဖြစ်သောကြောင့် မလိုချင်တိုင်းလည်း အလောဘဟုချည်း မမှတ်ရာ၊ လောဘနှင့် ထိပ်တိုက် ဆန့်ကျင်ဘက် သဘောရှိသည့် မလိုချင်မှု မတပ်မက်မှုကိုသာ အလောဘ၏သဘောဟု မှတ်ရာသည်။ ဒေါသဖြစ်၍ အိမ်ကို မီးရှို့ပစ်မှု = အိမ်ကို မလိုချင်မှု၊ ဒေါသဖြစ်၍ အိုးခွက်ပန်းကန်များကို ရိုက်ခွဲမှု = အိုးခွက်ပန်းကန်များ အပေါ်၌ မလိုချင်မှုတို့မှာ ဒေါသပြဓာန်းသော စိတ်ညံ့ စိတ်ဖျင်း စိတ်ရိုင်းများကြောင့်သာ မလိုချင်မှု ဖြစ်သည်၊ အာရုံကို = ပစ္စည်းများကို ဖျက်ဆီးလိုသည့်သဘောသာ ဖြစ်သည်၊ အလောဘကား မဟုတ်ချေ။ တစ်ဖန် -- ကုသိုလ်ရေးနှင့်
特相——贪喜爱、贪恋、黏着所缘,以‘这是我的、这是我的所有’而执取、占有所缘。无贪则是不黏着、不欲占有所缘,因此与贪正相反。正因如此,并非一切‘不想要’都是无贪;只有与贪正面相反的不欲、不贪着,才是无贪。因瞋怒而烧掉房屋,看似不想要房屋;因瞋怒而砸碎锅碗,看似不想要锅碗;其实这些只是瞋所主导的卑劣、粗暴心所造成的不欲,是想毁坏对象,并非无贪。又在善法方面——
စပ်၍ ကောင်းမြတ်သောအရာကို မလိုချင်မှု၊ ဒါန မပြုလိုမှု၊ သီလကို မဖြည့်ကျင့်လိုမှု၊ သမထ ဝိပဿနာ ဘာဝနာ ကို မပွားလိုမှုများမှာလည်း ကုသိုလ်တရားတို့၌ လိုလားတောင့်တသည့် သမ္မာဆန္ဒ ဝီရိယ နည်းပါး၍ ပျင်းရိမှု ကောသဇ္ဇတရား ပြဓာန်းသည့် စိတ်ညံ့ စိတ်ဖျင်းများ များသောကြောင့်သာ ဖြစ်သည်၊ အလောဘကား မဟုတ်ချေ။
——不想要善事、不愿布施、不愿圆满戒行、不愿培育止观,这只是因为对善法的正欲与精进微弱,由懈怠主导的卑劣心较多,也不是无贪。
ထိုကြောင့် အာရုံ၌ စိတ်၏ မတပ်မက်ခြင်း မမက်မောခြင်း မလိုချင်ခြင်းသဘောသည်၊ တစ်နည်း ကြာဖက် အပြင်၌ ရေပေါက်သည် မငြိကပ်သကဲ့သို့ ထို့အတူ အာရုံ၌ စိတ်၏ ''ငါ့ဟာ ငါ့ဥစ္စာ''ဟု မြတ်နိုးသည်၏ အစွမ်း ဖြင့် မငြိကပ်သည်၏ အဖြစ်ဟူသော သဘောသည် အလောဘ၏ ကိုယ်ပိုင်သဘာဝလက္ခဏာပင် ဖြစ်သည်။
因此,心对所缘不贪求、不爱着、不欲占有;另一种解释是,如水滴不黏莲叶,心不以‘这是我的、这是我的所有’而珍爱、黏着所缘——这就是无贪自己的自性特相。
ရသ --- ရဟန္တာပုဂ္ဂိုလ်မြတ်သည် မည်သည့်ဝတ္ထုကိုမျှ = မည်သည့်အာရုံကိုမျှ ''ငါ့ဟာ ငါ့ဥစ္စာ''ဟု မြတ်နိုး- တနာ ငြိကပ်မှုဖြင့် သိမ်းဆည်းခြင်း မပြုတော့သကဲ့သို့ အလောဘသည်လည်း မည်သည့် လိုလားတပ်မက်စရာ အာရုံကိုမျှ ''ငါ့ဟာ ငါ့ဥစ္စာ''ဟု တဏှာစွဲဖြင့် မသိမ်းပိုက်ခြင်း လုပ်ငန်းကိစ္စ ရှိပေသည်။
作用——尊贵的阿罗汉不再以‘这是我的、这是我的所有’而爱恋、黏着和占有任何事物、任何所缘;同样,无贪的功能作用,是不以爱执把任何可贪所缘据为己有。
အာရုံကို ''ငါ့ဟာ ငါ့ဥစ္စာ''ဟု မသိမ်းပိုက်ခြင်း ကိစ္စကို အလောဘကိစ္စဟု ဆိုသော်လည်း အရမ်းမဲ့ ဖြုန်းတီး ပစ်ခြင်း၊ အပျော်အပါး လိုက်စား၍ လောင်းကစားကြူး၍ ဖြုန်းတီးပစ်ခြင်း၊ ဒေါသဖြစ်၍ ဖြုန်းတီးပစ်ခြင်းများကို အလောဘကိစ္စဟု မမှတ်အပ်၊ ရှေ့နောက်တိုင်းထွာ အလိမ္မာ အဆင်ခြင် သတိသမ္ပဇဥ် ဉာဏ်မယှဥ်သဖြင့် မောဟ အတွက် မိုက်မှားချက်၊ လောဘအတွက် မိုက်မှားချက်၊ ဒေါသအတွက် မိုက်မှားချက် တစ်မျိုးဟု မှတ်ရမည်။
虽说不把所缘据为己有是无贪的作用,却不可把任意挥霍、追逐享乐和沉迷赌博而挥霍,或因瞋怒而糟蹋财物,认作无贪。这些行为缺少前后权衡、善巧考虑以及念与正知之智,应分别视为痴、贪或瞋所致的一种过失。
ရှေ့နောက်တိုင်းထွာ အရာရာ သိမ်းဆည်းမှု စောင့်ရှောက်မှုမှာ သတိသမ္ပဇဥ်၏ ကိစ္စသာတည်း။ ယင်းသတိသမ္ပဇဥ် ကြောင့်ပင် ရဟန္တာအရှင်မြတ်တို့သည်လည်း ပစ္စည်းလေးပါးကို ''ငါ့ဟာ ငါ့ဥစ္စာ''ဟု သိမ်းပိုက်မှု မရှိဘဲ ထိန်းသိမ်း စောင့်ရှောက်တော်မူကြသည်၊ သုံးစွဲတော်မူကြသည်။ မလှူဒါန်းရက် မပေးကမ်းရက် မသုံးစွဲရက်ဘဲ ''ငါ့ဟာ ငါ့ဥစ္စာ''ဟု ငြိကပ်မှုဖြင့် သိမ်းဆည်းထားမှုသည်သာ လောဘ၏ ကိစ္စ ဖြစ်သည်။
凡事妥善收藏与守护,本来就是念与正知的作用。也正因为具备念与正知,诸阿罗汉虽不以‘这是我的、这是我的所有’而占有四资具,仍会保管、守护和使用它们。舍不得布施、舍不得给予、舍不得使用,反以‘这是我的、这是我的所有’黏着而收藏,才是贪的作用。
原书第 552 页
အနလဒီနဘာဝပစ္စုပဋ္ဌာနာ --- အနလီဒနော ဘာဝေါ အဓိပ္ပါယော ဧတဿာတိ အနလဒီနဘာဝေါ၊ ဧဝဥှိ ဥပမာယ သမေတိ။ (မူလဋီ-၁-၉၁။ မဟာဋီ-၂-၁၄၃။) မစင်တွင်းထဲ၌ ကျရောက်နေသော ယောကျာ်းသည် မိမိ၏ ခန္ဓာကိုယ်ဝယ် မစင်တွေငြိကပ်၍ နေသော် လည်း စိတ်အားဖြင့် မငြိကပ်ခြင်းကိုသာ အလိုရှိသကဲ့သို့ အလောဘ၏ သဘောသည်လည်း လောဘဖြစ်စရာ = လောဘနေယျအာရုံတို့ကို အာရုံပြုသည်၏ အစွမ်းဖြင့် အာရုံယူနေရသော်လည်း ထိုအာရုံတို့နှင့် ရောယှက်နေရ သော်လည်း သဘောအားဖြင့် ထိုအာရုံ၌ မငြိမကပ်လိုသော သဘောသာ ရှိသည်ဟု ယင်းအလောဘကို ဝိပဿနာ ဉာဏ်ဖြင့် သိမ်းဆည်း ရှုပွားနေသော ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်တွင် ရှေးရှူ ထင်လာပေသည်။
不欲黏着的现起——复注解释:所谓‘不欲黏着的状态’,意思是它具有不欲黏着;这样才与譬喻相合。(《根本复注》1-91;《大复注》2-143。)落入粪坑的人,身体虽沾着粪秽,内心却只想不被粪秽黏住。同样,无贪虽缘取足以引生贪的可贪所缘,虽与这些所缘接触,性质上却只是不欲黏着。瑜伽行者以观智摄取、观照无贪时,智中便会如此显现。
ပရမတ္ထသစ္စာနယ် ဝိပဿနာနယ်အတွက် ကွက်၍ ပြောရလျှင် ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရား တို့သည် လောဘဖြစ်စရာ = လောဘနေယျ အာရုံများပင် ဖြစ်ကြ၏။ ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းသင်္ခါရတရား တို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်သည်တိုင်အောင် အာရုံယူနိုင်သဖြင့် ယင်းသင်္ခါရတရားတို့ကို အာရုံယူနေ ရသော်လည်း အာရုံပြုနေရသော်လည်း ယင်းသင်္ခါရအာရုံတို့နှင့် ရောယှက်နေရသော်လည်း ယင်းအာရုံတို့ကို ''ငါ့ဟာ ငါ့ဥစ္စာ''ဟု လောဘ၏ အစွမ်းဖြင့် ကပ်ငြိလို သိမ်းဆည်းလို သိမ်းပိုက်ထားလိုသော သဘောကား မရှိပေ။
若专就胜义谛与观禅领域而言,色、名、因、果诸行法,本来都是足以引生贪的可贪所缘。瑜伽行者能以智洞见这些行法直到胜义层面;虽然正在缘取、作意这些行法,并与行法所缘接触,却没有以贪把它们认作‘这是我的、这是我的所有’,想要黏着、收藏或占有。
ယင်းသင်္ခါရအာရုံတည်းဟူသော သင်္ခါရလောကမှ ရုန်းမထွက်နိုင်သေး၍သာ ရောယှက်နေရခြင်း အာရုံပြုနေရခြင်း နှလုံးသွင်းရှုပွားနေရခြင်း ဖြစ်၏၊ သို့သော်လည်း ယင်းအာရုံတို့၌ မငြိကပ်လိုသော သဘောကား ရှိနေသည်သာ ဖြစ်သည်။ ယင်း မငြိကပ်လိုသောသဘောမှာ ယင်းသင်္ခါရတရားတို့ကို သိမ်းဆည်းရှုပွားနေသည့် ဉာဏ်ပြဓာန်းသည့် စိတ်စေတသိက် နာမ်တရားအုပ်စုတွင် ပါဝင်သော အလောဘ၏ သဘောပင် ဖြစ်သည်။ ဒါန သီလ သမထဆိုင်ရာ အာရုံတို့၌လည်း နည်းတူပင် သဘောပေါက်ပါ။
他只是尚未从行法所缘构成的行世间中脱离,才仍与之接触、缘取、作意和观照;但内心确有不愿黏着这些所缘的性质。这种不愿黏着,正是由智主导、正在摄取并观照诸行法的心与心所名法聚中所含无贪的性质。对于布施、持戒与止禅的所缘,也应同样理解。
ထပ်မံရှင်းလင်းချက် -- ဉာဏ်နုသူတို့အတွက် အနည်းငယ် ထပ်မံ၍ ရှင်းလင်း တင်ပြအပ်ပါသည်။ အသင် သူတော်ကောင်းသည် နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများကို ပြန်လည်၍ အာရုံယူကြည့်ပါ။ စက္ခုအကြည်ဓာတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာကြသော မနောဒွါရိကဇောဝီထိစိတ်အစဥ်များကို ကြည့်ပါ။ စက္ခုအကြည်ဓာတ် ရုပ်တရား = ရုပ်ပရမတ်အာရုံကို --- ၁။ စက္ခုအကြည်ဓာတ်ဟု ၂။ ရုပ်တရားဟု ၃။ အနိစ္စဟု ၄။ ဒုက္ခဟု ၅။ အနတ္တဟု ၆။ အသုဘဟု --- အသီးအသီး ရှုနေသော မနောဒွါရိကဇောဝီထိစိတ်အစဥ်တိုင်း၌ ဇော (၇)ကြိမ်စီ ပါဝင်ရာ ဇော (၁)ကြိမ် (၁)ကြိမ်၌ ဉာဏ် ပီတိ နှစ်မျိုးလုံးယှဥ်ပါက နာမ်တရား (၃၄)လုံးစီ ရှိ၏။ ယင်းနာမ်တရားစု (၃၄)တွင် အလောဘ လည်းပါဝင်၏။ ယင်းအလောဘသည် စက္ခုအကြည်ဓာတ်ကို စက္ခုအကြည်ဓာတ်ဟုလည်းကောင်း၊ ရုပ်တရားဟု လည်းကောင်း၊ အနိစ္စဟုလည်းကောင်း၊ ဒုက္ခဟုလည်းကောင်း၊ အနတ္တဟုလည်းကောင်း၊ အသုဘဟုလည်းကောင်း
进一步说明——为智尚未成熟者,再略加说明。善人,请回看名业处篇各表,观察以眼净色为所缘而生的意门速行心路。眼净色色法这一胜义色所缘,分别被观为:一、眼净色;二、色法;三、无常;四、苦;五、无我;六、不净。每一条意门速行心路各有七次速行;若每一速行都与智、喜二者相应,便各有三十四种名法,无贪也在这三十四种名法之中。当无贪随同心路把眼净色观为眼净色、色法、无常、苦、无我或不净——
အာရုံယူ၍ ရှုနေခိုက် စက္ခုအကြည်ဓာတ် ပရမတ်တရားကို အာရုံယူနေရသော်လည်း ယင်းစက္ခုအကြည်ဓာတ် အာရုံကို --- ''ငါ့ဟာ ငါ့ဥစ္စာ''ဟု တဏှာဖြင့် စွဲယူသိမ်းပိုက်ခြင်း မရှိပေ။ ထိုစက္ခုအကြည်ဓာတ်အာရုံ၌ ငြိကပ် လိုသည့် သဘောမရှိ၊ မငြိကပ်လိုသော သဘောသာ ရှိနေ၏။ အကြောင်းမူ ယင်းစက္ခုအကြည်ဓာတ် ပရမတ်
——时,虽然正在缘取眼净色这一胜义法,却不以爱执把眼净色所缘认作‘这是我的、这是我的所有’而执取、占有。它没有想黏着眼净色所缘的性质,只有不欲黏着的性质;这是因为眼净色这一胜义法——
原书第 553 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း တရား၏ မျက်စိတစ်မှိတ် လျှပ်တစ်ပြက် လက်ဖျစ်တစ်တွက် တစ်စက္ကန့်ဟု ခေါ်ဆိုအပ်သော အချိန်ကာလကို ကုဋေ (၅ဝဝဝ)ကျော်ခန့် ပုံခဲ့သော် တစ်ပုံခန့်လောက်သာ သက်တမ်းရှိသည်ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ် တိုင် မျက်မှောက် ထွင်းဖောက်သိမြင်နေသော သူတော်ကောင်းတစ်ဦးအဖို့ ''ငါ့ဟာ ငါ့ဥစ္စာ''ဟု စွဲယူလောက်သည့် အချိန်ကာလကိုပင် ရှာမရနိုင်သောကြောင့် ဖြစ်၏။ ယင်းသို့ မငြိမကပ်လိုသော သဘောမှာ ယင်းစက္ခုအကြည် ဓာတ်ကို သိမ်းဆည်း ရှုပွားနေသော ဝိပဿနာဇော နာမ်တရား (၃၄)တွင် ပါဝင်သော အလောဘ၏ သဘောပင် ဖြစ်သည်။ ဤနည်းကို နည်းမှီ၍ အရာရာတွင် သဘောပေါက်ပါလေ။
——的寿命,约只是眨眼、闪电、弹指或一秒钟的五千多亿分之一。善人以正见慧亲自现见、洞察这一点时,连足以执取为‘这是我的、这是我的所有’的时间也找不到。这种不欲黏着的性质,就是摄取、观照眼净色的观速行三十四名法中所含无贪的性质。其余一切也应依此类推。
ပဒဋ္ဌာန် --- အဋ္ဌကထာများ၌ ပဒဋ္ဌာန်ကို သီးခြား မဖော်ပြထားသဖြင့် ပဒဋ္ဌာန်ကို အာရုံဟုလည်းကောင်း၊ (၁) ဝတ္ထု (၂) အာရုံ (၃) ဖဿဦးဆောင်သည့် သမ္ပယုတ်တရားများဟုလည်းကောင်း ထည့်သွင်း ဖော်ပြထား ပါသည်။
近因——诸义注没有另行说明近因,所以本书列所缘为近因;另一种解释是,列依处、所缘以及触为首的相应法为近因。
လောဘသမား နှင့် အလောဘသမား
贪者与无贪者
လောဘသမားက သက်ရှိ သက်မဲ့ ကာမဝတ္ထုအစုစုကို သိမ်းပိုက်လိုသောသဘောရှိသလောက် အလောဘ- သမားက မသိမ်းပိုက်လိုသောသဘော ရှိ၏။ လောဘသမားသည် ရဟန်းဖြစ်လျှင်လည်း ပစ္စည်းလာဘ်လာဘကို လိုချင်၏၊ မိမိကို လှူချင်လာအောင် ဆွယ်တရားဟော၏၊ ရပြန်လျှင်လည်း ထိုပစ္စည်းကို မလှူရက် မတန်းရက် (= မဒါန်းရက်) မပေးရက် မကမ်းရက် အလွန် မက်မောတတ်၏၊ ထိုပစ္စည်းကို အကြောင်းပြု၍ စိတ်ကြီးဝင်နေ တတ်၏။ လောဘသမား လူပုဂ္ဂိုလ်များသည်လည်း ဤနည်းနှင်နှင်ပင်တည်း။ ပစ္စည်းဥစ္စာကို တရားသည် မတရား သည် မစိစစ်နိုင်တော့ဘဲ မရမက ရှာဖွေတတ်၏၊ ရပြန်လျှင်လည်း တင်းမတိမ်နိုင်၊ ''ရလေ လိုလေ အိုတစ္ဆေ''သာ ဖြစ်နေ၏။ ''ဦနော လောကော အတိတ္တောယေဝ = သတ္တဝါအပေါင်းသည် အမြဲတမ်း လိုနေ၏ ယုတ်လျော့နေ၏ ပြည့်သည်ဟူ၍ မရှိ ရောင့်ရဲသည်ဟူ၍ မရှိ''ဟူသော ဒေသနာတော်များမှာ မရောင့်ရဲနိုင်သော လူသားများကို အထူးရည်ညွှန်းထား၏။ တစ်သက်တာပတ်လုံး အချိန်ရှိသမျှ စုဆောင်းရှာဖွေ၍ ရရှိထားသော လက်ဝယ် ပိုက်ထွေး
贪者极想占有种种有情、无情欲事,无贪者则同样不想占有。贪者即使出家为比丘,仍贪求资具利养,讲说诱导布施之法,使人想向自己供养;得到以后又舍不得布施、分给、给予他人,极其贪恋,还会凭借所得资具自高。贪着的在家人也同样如此:他们不再辨别所得是否合法,只想千方百计取得;得到以后仍不满足,所得越多、所求越多,到老还像饿鬼一般。经中说‘世间总是不足、不知满足’,特别指这些不知足的人。他们终生把所有时间用来搜求、积聚,把已经掌握的种种有情、无情欲事——
ထားသော သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတို့ကို ''ငါ့ဟာ ငါ့ဟာ''ဟု လွန်စွာ စွဲလမ်းနေစဥ် သေမင်းငင်သောအခါ ထိုကာမဝတ္ထုအစုစုအပေါ်၌ တွယ်တာတပ်မက် ချင်ရက်မပြေနိုင်သေးသော တဏှာလောဘက မရဏာသန္နဇော၏ နေရာကို မရအရယူကာ အပါယ်လေးဘုံတည်းဟူသော မဟာသမုဒ္ဒရာသို့ ချော့မော့ကာ လှလှပပနှင့် သယ်ဆောင် ခေါ်ငင်သွားလေသည်။
——紧紧抱住,反复认作‘我的、我的’;死亡来临时,对这些欲事的爱与贪仍依恋不舍、意犹未尽,便强占临死速行的位置,巧妙地把人哄骗、牵引到四恶趣这一大海。
အလောဘသမားကား ဤသို့မဟုတ်၊ ရဟန်းဖြစ်လျှင် ပစ္စည်းလေးပါးကို မခင်မင်၊ အဆင်သင့်ရသည်ကို လည်း သာယာမက်မောမှု မရှိဘဲ သတိသမ္ပဇဥ် ဉာဏ်ယှဥ်ကာ သုံးစွဲတော်မူလေ့ရှိ၏။ ဒါယကာ ဒါယိကာမတို့က ကုသိုလ်ကို အလိုရှိ၍ စွန့်ကြဲပေးကမ်း လှူဒါန်းလိုက်သော ပစ္စည်းတို့ကား သူတော်ကောင်းတို့၏ ဉာဏ်မျက်စိ အမြင်၌ သူတစ်ပါးတို့က ထွေးအန်ပစ်လိုက်သော အန်ဖတ်တို့သာ ဖြစ်ကြ၏။ ယင်းအန်ဖတ်များကို ဧရာမလာဘ် လာဘကြီးဟု မှတ်ထင်ရမည်ကို ရှက်နိုးတော်မူကြ၏။
无贪者则不然。若是比丘,他不爱恋四资具;即使现成得到,也不欣喜贪着,而以念、正知与智相应地使用。施主为了善业而舍出、赠与、供养的资具,在善人的智眼中,不过是他人吐弃的呕吐物;若把这些呕吐物视为巨大利养而珍重,善人会深感羞耻。
ဟတ္ထိပါလဇာတ်တော် (ဇာတက-ဋ္ဌ-၄-၄၇၈-၄၉၅။)၌ အလောင်းတော် ဟတ္ထိပါလက ဦးဆောင်လျက် တောထွက်တော်မူကြရာ ခမည်းတော် မယ်တော် ဖြစ်ကြသော ပုရောဟိတ်ပုဏ္ဏားကြီး နှင့် ပုဏ္ဏေးမကြီးတို့သည် လည်း ရှိသမျှ စည်းစိမ်တို့ကို စွန့်လွှတ်ကာ တောထွက်တော်မူကြ၏။ ဧသုကာရီဘုရင်မင်းကြီးက ထိုပုရောဟိတ် ပုဏ္ဏားကြီးတို့ စွန့်ပစ်သွားသော စည်းစိမ်ဥစ္စာတို့ကို နန်းတော်သို့ ဆောင်ယူစေခဲ့၏။ ဤအကြောင်းအရာကို ပညာရှိသော မိဖုရားကြီးက သိရှိတော်မူသဖြင့် ဧသုကာရီဘုရင်မင်းကြီးအား ဆုံးမလို၍ အသားစျေးမှ အသား များကို ဆောင်ယူစေ၍ မင်းရင်ပြင်တော်၌ စုပုံထား၏။ အသားပုံသို့ ဖြောင့်ဖြောင့် အပေါ်ကောင်းကင်မှ ဆင်းသက်
《护象本生》(《本生义注》4-478—495)记载:菩萨护象率先出家入林,身为父母的国师婆罗门夫妇也舍弃全部财富,随之入林。伊苏迦利王命人把国师一家遗下的财物运入王宫。智慧的王后得知后,为规劝国王,命人从肉市取来许多肉,堆在王宫庭院;肉堆四周围以罗网,只在正上方留一条通路。秃鹫从远处见到肉堆,便从空中飞下——
原书第 554 页
လာနိုင်သည့် လမ်းပေါက်တစ်ခုကိုသာ ဖွင့်ထား၍ အသားပုံ၏ ဘေးပတ်လည်တွင် ပိုက်ကွန်ကို ဝန်းရံ၍ ကာထား စေ၏။ လင်းတတို့သည် ခပ်လှမ်းလှမ်းမှပင် အသားတစ် အသားပုံကို မြင်၍ ကောင်းကင်မှ သက်ဆင်းလာကြ၏၊ ထိုလင်းတတို့တွင် အသိအလိမ္မာရှိသော ဆင်ခြင်တိုင်းထွာတတ်သော ပညာရှိသော လင်းတတို့သည် ပိုက်ကွန် ဖြန့်ကျက်ထောင်ထားသည်ကို သိရှိ၍ အသားများကို အဝစားထားသည့် အလွန်လေးလံသော ခန္ဓာကိုယ် ရှိခဲ့သော် အထက်ကောင်းကင်သို့ ဖြောင့်ဖြောင့်တန်းတန်း ကာရံတားသော ပိုက်ကွန်မှ လွတ်အောင် မပျံသန်းနိုင်ကြပုံကို သဘောပေါက် သိရှိနားလည်ကာ မိမိတို့ စားပြီးသား အသားများကို အန်ပြီးမှ ပိုက်ကွန်နှင့် မငြိအောင် အထက် ကောင်းကင်သို့ တန်းတန်းမတ်မတ် ပျံတက်ကြ၏။ သို့သော် ပညာမျက်စိကာဏ်းနေသည့် လင်းတ ငမိုက်သားတို့ ကား အခြားလင်းတတို့က အန်ပစ်ခဲ့သော အန်ဖတ်တို့ကို ထပ်စားကြကာ အလွန်လေးလံသော ခန္ဓာကိုယ်ရှိလျက်
——有些聪明、善于审察的秃鹫看见张开的罗网,明白若吃得很饱、身体沉重,就不能垂直向上飞出罗网,于是吐出已经吃下的肉,才笔直飞升,没有触网。那些慧眼昏盲的愚鹫却又吞食其他秃鹫吐出的东西,身体极其沉重——
အထက်ကောင်းကင်သို့ ဖြောင့်ဖြောင့် တန်းတန်း မတ်မတ် ပျံတက်ခြင်းငှာ မစွမ်းနိုင်ရကား ဘေးပတ်ပတ်လည်၌ ဝန်းရံထောင်ထားသော ပိုက်ကွန်၌ ဖမ်းမိနေကြကုန်၏။ ဤမြင်ကွင်းကို မိဖုရားကြီးက ဧသုကာရီမင်းကြီးအား လေသာပြူတင်းပေါက်မှ ရပ်ကြည့်စေတော်မူလျက် ဤသို့ ဆုံးမတော်မူ၏။
——无法笔直飞向高空,便被困在四周围起的罗网中。王后请伊苏迦利王站在窗边观看这一幕,并这样规劝他。
ဧတေ ဘုတွာ ဝမိတွာ စ၊ ပက္ကမန္တိ ဝိဟင်္ဂမာ။
‘这些鸟吃后吐出,便振翅飞离;
ယေ စ ဘုတွာ န ဝမိံ သု၊ တေ မေ ဟတ္ထတ္တမာဂတာ။
——那些吃后不吐的,落入我的手中。
အဝမီ ဗြာဟ္မဏော ကာမေ၊ သော တွံ ပစ္စာဝမိဿသိ။
——婆罗门已经吐弃诸欲,你却又把它吞下;
ဝန္တာဒေါ ပုရိသော ရာဇ၊ န သော ဟောတိ ပသံသိယော။ (ဇာတက-ဋ္ဌ-၄-၄၉ဝ။)
——大王,吞食他人呕吐物的人,不值得赞叹。’(《本生义注》4-490。)
အရှင်မင်းမြတ် …ဤ ပညာရှိသော လင်းတတို့သည်ကား အသားများကို စားပြီးနောက် အန်ပြီးမှသာလျှင် အထက်ကောင်းကင်သို့ ပျံတက်ကြကုန်၏၊ ထိုလင်းတတို့သည် ပိုက်ကွန်၌ မငြိဘဲ အထက်ကောင်းကင်သို့ ဖြောင့် ဖြောင့်တန်းတန်း ပျံတက်နိုင်ကြကုန်၏။ သို့သော် ပညာမျက်စိကာဏ်းနေသည့် အကြင် လင်းတငမိုက်သားတို့သည် ကား အသားများကို အဝစား၍ သူတစ်ပါးတို့၏ အန်ဖတ်များကိုလည်း အဝစား၍ စားပြီးသား အစာကို အန်မ- ထုတ်ဘဲ ကောင်းကင်သို့ ပျံတက်ကြကုန်၏။ သူတစ်ပါးတို့၏ အန်ဖတ်များကိုပါ စား၍ အလွန်လေးလံသော ခန္ဓာကိုယ်ဖြင့် ကောင်းကင်သို့ ပျံတက်ကြကုန်သော ထိုလင်းတမိုက်တို့သည်ကား ကျွန်တော်မ၏ လက်တွင်းသို့ ရောက်ရှိလာကြပါကုန်၏။
大王,这些有智慧的秃鹫吃肉以后,先把肉吐出才飞向高空,因此能够笔直飞升,不被罗网缠住。那些慧眼昏盲的愚鹫却吃饱了肉,又吃饱他人的呕吐物,不肯吐出已经吃下的食物便起飞;它们连他人的呕吐物也吞下,身体极其沉重,终于落到我手中。
အရှင်မင်းမြတ် …ဤဥပမာအတူပင် ပုရောဟိတ်ပုဏ္ဏားကြီးမိသားစုသည် ကာမဝတ္ထုအစုစုကို ထွေးအန် သွားတော်မူခဲ့၏။ ထိုအရှင်မင်းမြတ်သည်ကား သူတစ်ပါး၏ အန်ဖတ်ကို တစ်ဖန် စားတော်မူပြန်၏။ အရှင်မင်းမြတ် အကြင်ယောကျာ်းသည် သူတစ်ပါးတို့ ထွေးအန်ပြီးသော အန်ဖတ်ကို စားလေ့ရှိ၏၊ ထိုသူတစ်ပါးတို့၏ ထွေးအန် ပြီးသော အန်ဖတ်ကို စားလေ့ရှိသော တဏှာအလိုသို့ လိုက်ပါနေသော လူမိုက်ကို ဘုရားအစရှိသော ပညာရှိ သူတော်ကောင်းတို့သည် မချီးမွမ်းအပ်ပါ --- ဤသို့ မိဖုရားကြီးက ပရိယာယ်ဖြင့် ဆိုဆုံးမတော်မူ၏။
大王,同样,国师婆罗门一家已经吐弃种种欲事,大王却重新吞食他人的呕吐物。大王,凡吞食他人已经吐出的呕吐物、追随爱欲的愚人,佛陀等智者善人都不赞叹。王后就这样善巧地规劝国王。
(ဇာတက-ဋ္ဌ-၄-၄၉ဝ။)
(《本生义注》4-490。)
သို့အတွက် ပညာရှိသူတော်ကောင်းတို့သည်ကား သူတစ်ပါးတို့၏ အန်ဖတ်ကို ရိုသေစွာ ဦးထိပ်ဖြင့် ခံယူ၍ အကြီးအကျယ် မြတ်နိုးကာ ဝမ်းပန်းတသာ ဖြစ်ရမည်ကို အလွန် ရှက်နိုးတော်မူကြ၏။ ပညာရှိသူတော်ကောင်း ဟူသည် မိမိကသာ သူတစ်ပါးတို့အား စောင့်ရှောက်သင့်သည်ဟု သဘောထားတော်မူကြ၏။ ထိုကြောင့် အလော- ဘဓာတ်ခံ ရှိသူသည် ရဟန်းဖြစ်လျှင်မူလည်း ပစ္စည်းလာဘ်လာဘကို မက်မောခြင်း မရှိ။
因此,智者善人若要恭敬承受他人的呕吐物,把它顶戴在头上、视为珍宝而欢喜,会深感羞耻。智者善人认为,应当由自己照顾他人。因此,具备无贪倾向者若是比丘,便不贪恋资具利养。
လူဖြစ်ပြန်လျှင်လည်း မလွှဲသာ၍ ပစ္စည်းဥစ္စာကို ရှာဖွေနေရစေကာမူ မတရားသော နည်းလမ်းအမျိုးမျိုးဖြင့် ရှာဖွေခြင်း မရှိ၊ လောကီအာရုံ ကာမဂုဏ်ကိုလည်း လိုက်စားလေ့ မရှိ၊ ပစ္စည်းဥစ္စာကို ရှာဖွေ စုဆောင်းရာ၌လည်း
若是在家人,即使不得不谋求财物,也不以种种非法手段谋取,不追逐世间所缘和欲乐;在寻求、积聚财物时,也——
原书第 555 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း ဆင်းရဲသားတို့ အပေါ်မှာ သနားညှာတာလေ့ရှိ၏၊ စွန့်ကြဲ ပေးကမ်း လှူဒါန်းလေ့ရှိ၏၊ လှူပြန်လျှင်လည်း တွန့်ဆုတ် တွန့်ဆုတ် မဟုတ်၊ မုတ္တစာဂီ = လူကောင်းသူကောင်းပီပီဖြင့် လွတ်လွတ်ကျွတ်ကျွတ် စွန့်ကြဲလေ့ရှိ၏၊ ရွှေအိမ် ရွှေနန်းကိုသော်မှလည်း ပြတ်ပြတ်တောက်တောက် တံတွေးလောက်မှ ငဲ့ကွက်တွယ်တာမှု မရှိဘဲ ရက်ရက်ကြည်ဖြူ စွန့်လွှတ်လှူ၍ ရိပ်သာပင်နန်း ကျောင်းသင်္ခမ်း၌ ရွှင်လန်းမွေ့လျော် စံပျော်နိုင်ကြပေသည်။ အထက်ပါ ဟတ္ထိပါလ ဇာတ်တွင် မိဖုရားကြီး ဆိုဆုံးမချက်ကို ကြားရသော ဧသုကာရီဘုရင်မင်းတရားကြီးသည် သူတစ်ပါး၏ အန်ဖတ်ကို စားမျိုမိသည့် မိမိ၏ ဖြစ်အင်ကို ကြည့်ကာ စိတ်မချမ်းမသာ ဖြစ်ပြီးနောက် ဉာဏ်ဖြင့် စူးစမ်းဆင်ခြင်လိုက်သည့်အခါ ဘုံသုံးပါးတို့သည် မီးဟုန်းဟုန်းတောက်လောင်နေသည့် ဌာနကြီးကဲ့သို့ ဉာဏ်၌ ထင်လာကာ မင်းစည်းစိမ်ကို
——常怜悯穷人,乐于施舍、赠与和布施。布施时并不畏缩吝惜,而是以真正善人的襟怀,自由、彻底地舍出;甚至金屋王宫,也能毫无留恋地爽快舍弃,转而安乐地住在林间草庵。上述《护象本生》中,伊苏迦利王听见王后的规劝,想到自己吞食了他人的呕吐物,内心不悦;再以智探究审察,三界便在智中显现为烈火熊熊之处,于是他舍弃王位——
စွန့်ကာ တောထွက်တော်မူရှာလေသည်။ အလောဘဓာတ်၏ စွမ်းအားပင်တည်း၊ ယင်းအလောဘဓာတ်က စျာန် အဘိညာဏ်ရ ရသေ့ သူတော်စဥ်ဘဝသို့ ရောက်အောင် ပို့ဆောင်ပေးတော်မူလိုက်၏။ နောက်ဆုံးဘဝတွင် သုဒ္ဓေါဒနမင်းကြီးဘဝဖြင့်ပင် ထီးဖြူအောက်၌ ပရိနိဗ္ဗာန်စံနိုင်သည့် ဘဝသို့တိုင်အောင် ယင်းကုသိုလ်တရားတို့က အဆင့်ဆင့် ကျေးဇူးပြုပေးလိုက်လေသည်။
——出家入林。这正是无贪界的力量;无贪界把他带到获得禅那与神通的仙人圣者之位。那些善法又逐步助益他,乃至最后一生成为净饭王,在白伞王权之下证得般涅槃。
ဤသို့လျှင် လောဘသမားနှင့် အလောဘသမားတို့သည် ကျောချင်းကပ်၍ ပြေးကြသကဲ့သို့ သဘောထား ချင်း ဝေးလှရကား မိမိကိုယ်ကို ပါရမီရှင် သူတော်စဥ်ဟု အထင်ရောက်နေကြသူတို့သည် အထက်ပါ လောဘ အကြောင်း အလောဘအကြောင်း ရှင်းလင်းချက်များကို စဥ်းစား၍ လောဘသမားလော အလောဘသမားလောဟု စစ်ကြောကြည့်သင့်လှပါပေသည်။ အကယ်၍ လောဘသမား ဖြစ်သည်ဟု အဖြေထွက်လျှင် သမထ ဝိပဿနာ ဘာဝနာလက်နက်ကောင်းတို့ဖြင့် ယခုဘဝမှာပင် ယင်းလောဘကို နိုင်အောင် တိုက်ဖျက်တော်မူနိုင်ကြပါစေ။
如是,贪者与无贪者的态度极其悬殊,如同背向而驰。自以为是具足巴拉密的善人者,应当思惟上述关于贪与无贪的说明,检查自己究竟是贪者还是无贪者。若答案是贪者,愿诸位就在今生以止观禅修这一善妙武器战胜贪。
အကယ်၍ အလောဘသမား ဖြစ်သည်ဟု အဖြေထွက်လျှင်လည်း အခြေခံ အတော်ကောင်းပြီ ဖြစ်၍ ရှေ့သို့ အဆင့်ဆင့် တိုးတက်ဖို့ရာ အဘက်ဘက်၌ သတိထားလျက် အလောဘသမားအစစ် ဖြစ်အောင် သမထ ဝိပ- ဿနာ ဘာဝနာတို့ကို နေ့ညမစဲ လုံ့လသဲနိုင်ကြပါစေကုန်သောဝ်။
若答案是无贪者,基础已经相当良好;也愿诸位处处谨慎,为了成为真正的无贪者,昼夜不懈、精勤修习止观,逐步向前进展。
၆။ အဒေါသ
六、无瞋
၁။ (က) အဒေါသော အစဏ္ဍိက္ကလက္ခဏော၊ ( ခ ) အဝိရောဓလက္ခဏော ဝါ၊ အနုကူလမိတ္တော ဝိယ။
第一,(一)无瞋以不粗暴为特相;(二)或者,如随顺的善友,以不违逆为特相。
၂။ (က) အာဃာတဝိနယရသော၊ ( ခ ) ပရိဠာဟဝိနယရသော ဝါ စန္ဒနံ ဝိယ၊ ၃။ သောမ္မဘာဝပစ္စုပဋ္ဌာနော ပုဏ္ဏစန္ဒော ဝိယ။ (အဘိ-ဋ္ဌ-၁-၁၇၁။ ဝိသုဒ္ဓိ-၂-၉၅။) ၁။ (က) စိတ်မခက်ထန် မကြမ်းတမ်းသည်၏ အဖြစ်ဟူသောသဘော
第二,(一)以消除怨恨为作用;(二)或者,如旃檀能除热,以消除热恼为作用。第三,如满月,以清明温和为现起。(《阿毗达磨义注》1-171;《清净之道》2-95。)第一,(一)以心不刚暴、不粗恶的性质——
တစ်နည်း --- စိတ်ခက်ထန် ကြမ်းတမ်းသည်၏ အဖြစ်ဟူသော
——另一种解释是,以与令心刚暴、粗恶的——
ကောပ၏ ဆန့်ကျင်ဘက်သဘော လက္ခဏ၊ ( ခ ) တစ်နည်း အရာရာ၌ လိုက်လျောတတ်သော မိတ်ဆွေကောင်းကဲ့သို့ မဆန့်ကျင်ခြင်းသဘော လက္ခဏ၊ ၂။ (က) ရန်ငြိုးဖွဲ့မှု ဒေါသစုကို ပယ်ဖျောက်ခြင်း (ကိစ္စ) ရသ၊ ( ခ ) တစ်နည်း --- စန္ဒကူးကဲ့သို့ ဒေါသအပူကို ပယ်ဖျောက်ခြင်း (ကိစ္စ) ရသ၊ ၃။ စန်းလအသွင် ကြည်လင်အေးမြသော သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ အာရုံ --- တစ်နည်း --- ဝတ္ထု-အာရုံ-ဖဿ ဦးဆောင်သည့် သမ္ပယုတ်တရားများ ပဒဋ္ဌာန်။
——忿怒相反为特相;(二)或者,如凡事随顺的善友,以不违逆为特相。第二,(一)以消除结怨、瞋恨之聚为作用;(二)或者,如旃檀能除热,以消除瞋热为作用。第三,如月轮一般,以清明清凉为现起。第四,以所缘为近因;另一种解释是,以依处、所缘以及触为首的相应法为近因。
原书第 556 页
လက္ခဏ --- စဏ္ဍိကဿဘာဝေါ စိဏ္ဍက္ကံ၊ ကောပေါ။ တပ္ပဋိပက္ခော အစဏ္ဍိက္ကံ၊ အဗျာပါဒေါ။
特相——使人成为刚暴者的性质称为刚暴,即忿怒;与它相反的不刚暴,就是无瞋恚。
(မဟာဋီ-၂-၁၄၄။)
(《大复注》2-144。)
စိတ်ဓာတ်များ ခက်ထန် ကြမ်းတမ်းမှု ဖြစ်အောင် ပြုလုပ်ပေးသော သဘောတရားသည် စဏ္ဍိက္က မည်၏၊ တစ်နည်း --- စိတ်ဓာတ် ခက်ထန်ကြမ်းတမ်းသူ ဖြစ်ကြောင်းဖြစ်ရာ သဘောတရားသည် စဏ္ဍိက္က မည်၏၊ တရား- ကိုယ်အားဖြင့် အမျက်ထွက်ခြင်း ကောပ = ဒေါသတရားတည်း။ ထိုအမျက်ထွက်ခြင်း ကောပ = ဒေါသတရား၏ ဆန့်ကျင်ဘက်သဘောတရားကား အဗျာပါဒ အမည်ရသော အဒေါသတရားတည်း။ သို့အတွက် အဒေါသတရား သည် စိတ်ဓာတ် ခက်ထန်ကြမ်းတမ်းသူ ဖြစ်ကြောင်း အမျက်ထွက်ခြင်း ကောပတရား၏ ဆန့်ကျင်ဘက် သဘော လက္ခဏာ ရှိပေသည်။ ထိုကောပ၏ ဆန့်ကျင်ဘက်သဘောတရားဟူသည်လည်း အဗျာပါဒ = မဖျက်ဆီးလိုမှု သဘော = မေတ္တာဓာတ် သဘောတရားပင်တည်း။ ထိုကြောင့် ယင်းအဒေါသ၏ လက္ခဏာတစ်နည်းမှာ လိုက် လျောတတ်သော မိတ်ကောင်းဆွေကောင်းကဲ့သို့ မဆန့်ကျင်ခြင်းသဘောတရားပင် ဖြစ်သည်။ လိုက်လျောမှု ဟူသည် တစ်ဦးနှင့်တစ်ဦး မေတ္တာဓာတ် ကိန်းဝပ်နေသူတို့၏သာ တစ်ဦးအပေါ်တစ်ဦး ထားရှိနိုင်သော သဘော-
能使心变得刚暴、粗恶的法,称为刚暴;另一种解释是,令人成为心性刚暴者的法,称为刚暴。就法体而言,它是忿怒,也就是瞋法。与忿怒、瞋法相反的法,则是名为无瞋恚的无瞋。因此,无瞋具有与使心刚暴、使人忿怒之法相反的特相。所谓与忿怒相反,就是无瞋恚、不欲伤害、慈的性质。所以,无瞋的另一特相,是如随顺的善友般不违逆。所谓随顺,是彼此心怀慈爱者才会互相抱持的态度——
ထား ဖြစ်သည်။ သို့အတွက် ဒေါသသည် မိမိ သူတစ်ပါး နှစ်ဦးသားကို ဖျက်ဆီးတတ်သကဲ့သို့ ဤအဒေါသသည် မဖျက်ဆီးတတ်ပေ။ အဒေါသသည် ဒေါသနှင့် ဖြောင့်ဖြောင့်ကြီး ထိပ်တိုက် ဆန့်ကျင်ဘက် ဖြစ်သဖြင့် စိတ်ရော ကိုယ်ပါ မခက်ထန် မကြမ်းတမ်းခြင်း သဘောလက္ခဏာ မဆန့်ကျင်ခြင်း သဘောလက္ခဏာ ရှိပေသည်။
——因此,瞋会毁坏自己与他人,无瞋却不会毁坏。无瞋与瞋正面相反,所以具有身心不刚暴、不粗恶以及不违逆的特相。
ရသ --- မဖျက်ဆီးလိုမှု အဗျာပါဒတရားကိုပင် အဒေါသဟု ဆိုသဖြင့် ဤအဒေါသသည် အကယ်၍ သတ္တဝါပညတ်ကို အာရုံယူ၍ ကြည်လင်အေးမြစွာ ဖြစ်နေသည့်အခါ အပ္ပမညာ ဗြဟ္မစိုရ်တရားများ၌ ပါဝင်သော မေတ္တာဟု ဆိုရပြန်လေသည်။ ထိုမေတ္တာဓာတ် ကိန်းဝပ်နေသူ၏ သန္တာန်ဝယ် အာဃာတ ရန်ငြိုးဟူသမျှသည် ငြိမ်းပျောက်ရမြဲ ဓမ္မတာ ဖြစ်သဖြင့် မေတ္တာဓာတ် မေတ္တာစျာန် အဆင့်သို့တိုင်အောင် အဆင့်မြင့်တက်လာသော အဒေါသသည် ရန်ငြိုးကို ပယ်ဖျောက်ခြင်း လုပ်ငန်းကိစ္စကို ပြုလုပ်ပေသည်။ သို့အတွက် မေတ္တာစစ်မှန်သမျှ တရားကိုယ်မှာ အဒေါသချည်းဟု မှတ်ပါ။ သို့သော် အဒေါသတိုင်းကား မေတ္တာ မဟုတ်ပေ။ သတ္တဝါပညတ်ကို အာရုံမယူဘဲ အခြား ဒါန သီလ သမထ ဝိပဿနာဆိုင်ရာ အာရုံတို့ကို အာရုံယူ၍ ဖြစ်ပေါ်လာရာ၌ကား မေတ္တာ မဟုတ်၊ ထိုထို ဆိုင်ရာအာရုံတို့အပေါ်၌ စိတ်မခက်ထန် မကြမ်းတမ်းမှု အဒေါသသာတည်း။ ထိုအဒေါသ သည်လည်း --- ဂေါသိတစန္ဒကူးသည် တေဇောဓာတ် လွန်ကဲ ဖောက်ပြန်သဖြင့် ခန္ဓာကိုယ်ဝယ် ကျရောက်လာ
作用——既然无瞋就是不欲伤害的无瞋恚,当它以有情概念为所缘而清明清凉地生起时,也称为无量梵住中的慈。心怀慈爱者的相续中,一切结怨必然止息;所以,提升到慈与慈禅层次的无瞋,执行消除怨恨的作用。因此,应知一切真正的慈,就法体而言都是无瞋;但并非一切无瞋都是慈。不缘有情概念,而缘布施、持戒、止禅、观禅等其他所缘生起时,它不是慈,只是对相应所缘不刚暴、不粗恶的无瞋。这样的无瞋也如牛头旃檀,能迅速平息火界过盛、失调而在身体生起的——
သော လွန်ကဲသော အပူဓာတ်ကို တစ်ခဏချင်း ငြိမ်းအေးစေနိုင်သကဲ့သို့ --- စိတ်ပူ စေတသိက်ပူဟူသော အပူဓာတ်ကိုလည်းကောင်း ထိုစိတ်ပူ စေတသိက်ပူကြောင့် ကူးစက်လောင်ကျွမ်းလာသော ခန္ဓာကိုယ် ရုပ်အပူ ဓာတ်ကိုလည်းကောင်း ပယ်ဖျောက်ခြင်း ကိစ္စ ရှိပေသည်။
——强烈热度;它能消除名为心热与心所热的热恼,也能消除由这些心与心所之热传染、燃烧而生的身体色法之热。
ပစ္စုပဋ္ဌာန် --- အဒေါသသည် ဒေါသအပူဓာတ်ကို ပယ်ဖျောက်ပေးသဖြင့် စိတ်အစဥ်တွင် အအေးဓာတ်များ ဝင်လာရကား လပြည့်ဝန်း၏ ကြည်လင်အေးမြသကဲ့သို့ အဒေါသသည် ကြည်လင်အေးမြသော သဘောတရားဟု ယင်းအဒေါသကို ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်း ရှုပွားနေသော ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်တွင် ရှေးရှူ ထင်လာပေသည်။ ပဒဋ္ဌာန်နှင့် ပက်သက်၍ အဋ္ဌကထာများ၌ အထူးမဖော်ပြထားသဖြင့် အာရုံ စသည်ကို ပဒဋ္ဌာန် အဖြစ် ဖော်ပြထားပေသည်။
现起——无瞋消除瞋的热恼,使心相续中进入清凉;所以,瑜伽行者以观智摄取、观照无瞋时,会在智中见到它如满月般清明清凉。诸义注没有特别说明无瞋的近因,本书因此列所缘等为近因。
〔မှတ်ချက် --- အဋ္ဌကထာများ၌ အဒေါသ၏ နောင်၌ အမောဟကို ဆက်လက် ဖွင့်ဆိုထား၏။ သို့သော် အမောဟမှာ သောဘဏစိတ်အားလုံးနှင့် ဆက်ဆံသော စေတသိက် မဟုတ်သဖြင့် အချို့သော ဉာဏဝိပ္ပယုတ် စိတ်များ၌ မယှဥ်သဖြင့် သင်္ဂြိုဟ်ကျမ်းတွင် သောဘဏစိတ်အားလုံးနှင့် ဆက်ဆံသည့် သောဘဏသာဓာရဏ စေတသိက်စာရင်းတွင် ထည့်သွင်း၍ မဖော်ပြဘဲ သောဘဏစေတသိက် အဖြစ်ဖြင့် သီးသန့် ဖော်ပြထားပေ-
〔按语——诸义注在无瞋之后继续解释无痴。然而,无痴并非与一切美心相应的心所,并不出现于某些智不相应心;所以《摄阿毗达磨义论》没有把它列入与一切美心相应的美遍一切心所,而是另列为美心所——

本页是帕奥禅师缅文「五大册」第四册(趣向涅槃之道·第四册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。卷前、正文与原书索引均与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。