行蕴论章(之九)

《趣向涅槃之道》中文全译本 · 非缩略版

特相等四法篇 · 原书第 445–472 页 · 225 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 445 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း နောက်ဘဝ အဆင့်ဆင့်၌ မြင့်သည်ထက် မြင့်ဖို့အရေးကိုသာ ရွယ်ကိုး၍ --- ''အစွယ်ကျိုးသော မြွေ၊ ဦးချို ကျိုး သော နွား၊ ခြေသုတ်ကြိုးဝန်း ခြေသုတ်ပုဆိုးအလား'' --- ကဲ့သို့ မိမိတို့၏ မာန်စွယ်ကို နှုတ်ပယ်နိုင်ကြပါစေသောဝ်။
——只以未来生中步步向上为目标,愿能拔除自己的慢牙,像‘断牙之蛇、折角之牛、供人擦脚的绳圈与布毯’那样谦下。
သမ္ပဂ္ဂဟရသ --- မာနသည် မိမိကိုယ်တိုင်က အပေါ်စီးက နေလိုခြင်း မြောက်ကြွခြင်းသဘော ရှိသည့် အားလျော်စွာ သမ္ပယုတ်တရားတို့ကိုလည်း မြောက်ကြွကြွ ခပ်ထောင်ထောင် ခပ်မောက်မောက်နေအောင် ချီးပင့်ပေးခြင်း မြှောက်စားခြင်း မြှောက်ပေးခြင်း လုပ်ငန်းကိစ္စရပ်ကို ပြုလုပ်ပေသည်။
以抬高诸相应法为作用——慢本身具有想居于人上、高举昂扬的本性,所以也执行抬高、推举诸相应法,使它们随之昂扬、矜高的作用。
ဥန္နမနဝသေနေဝ သံပဂ္ဂဟရသော (သမ္ပဂ္ဂဟရသော)။ န ဝီရိယံ ဝိယ တံတံကိစ္စသာဓနေ အဗ္ဘုဿ- ဟနဝသေန။ သြမာနဿာပိ အတ္တာနံ အဝံ ကတွာ ဂဟဏမ္ပိ သမ္ပဂ္ဂဟဏဝသေနေဝါတိ ဒဋ္ဌဗ္ဗံ။
巴利复注(缅文字体):‘ဥန္နမနဝသေနေဝ သံပဂ္ဂဟရသော (သမ္ပဂ္ဂဟရသော)။ န ဝီရိယံ ဝိယ တံတံကိစ္စသာဓနေ အဗ္ဘုဿဟနဝသေန။ သြမာနဿာပိ အတ္တာနံ အဝံ ကတွာ ဂဟဏမ္ပိ သမ္ပဂ္ဂဟဏဝသေနေဝါတိ ဒဋ္ဌဗ္ဗံ။’译:‘它唯以高举的方式而具有抬举作用;不像精进那样,是以奋起成办各项事务的方式。应知,即使卑慢把自己执取为低下,也仍然是以抬举的方式而起。’
(မဟာဋီ-၂-၁၅၁။ မူလဋီ-၁-၁၂၁။)
(《大复注》2-151;《根本复注》1-121。)
ဝီရိယ၏ သမ္ပယုတ်တရားတို့ကို ချီးမြှောက်ခြင်းနှင့် မာန၏ သမ္ပယုတ်တရားတို့ကို ချီးမြှောက်ခြင်း လုပ်ငန်း ကိစ္စ နှစ်မျိုးတို့သည် တစ်ခုနှင့်တစ်ခု မတူညီကြပေ။ မာနကား --- စိတ်ဓာတ်တက်ကြွ မြင့်မောက်သည်၏ အစွမ်း ဖြင့်သာလျှင် သမ္ပယုတ်တရားတို့ကို ချီးမြှောက်ခြင်း မြှောက်ပေးခြင်း လုပ်ငန်းကိစ္စကို ပြုလုပ်၏။ မိမိကိုယ်တိုင် ကလည်း မြင့်မောက်၍ = ဘဝင်မြင့်၍ သမ္ပယုတ်တရားတို့ကိုလည်း မြင့်မောက်အောင် ဘဝင်မြင့်အောင် ပြုလုပ် ပေးသော သဘော ဖြစ်၏။ ဝီရိယကား ကုသိုလ်ရေးဆိုင်ရာ လုပ်ငန်းရပ်၌ ဖြစ်စေ၊ အကုသိုလ်ရေးဆိုင်ရာ လုပ် ငန်းရပ်၌ပင် ဖြစ်စေ ထိုထိုကိစ္စကို ပြီးစီးအောင် မိမိဝီရိယ ကိုယ်တိုင်ကလည်း လွန်စွာ ကြိုးစားအားထုတ်လျက် သမ္ပယုတ်တရားတို့ကိုလည်း လွန်စွာ ကြိုးစားအားထုတ်စေသည်၏ အစွမ်းဖြင့် သမ္ပယုတ်တရားတို့ကို ချီးမြှောက် ပေးခြင်း အားပေးထောက်ပံ့ခြင်း သဘောတည်း။
精进抬举诸相应法的作用,与慢抬举诸相应法的作用,彼此并不相同。慢只以心态昂扬矜高的力量抬举诸相应法:它自己高傲、心气高举,也使诸相应法随之高傲、心气高举。精进则无论对于善法事务,甚至对于不善法事务,都会为了完成相应工作而自己竭力奋发,也促使诸相应法竭力奋发;它以这种方式抬举、鼓励并支持诸相应法。
မာနသည် --- ''ငါသည် အရာရာတွင် သူများအောက် နိမ့်ကျ၏''ဟု မိမိကိုယ်ကို အောက်တန်းသို့ ချ၍ စွဲ ယူခြင်း မာန်မူခြင်း = ဟီနမာန်ပင် ဖြစ်သော်ငြားလည်း --- ''သင်းတို့က ငါ့ထက်သာတော့ကော သင်းတို့ကို ငါက ဘာအရေးစိုက်စရာ ရှိသလဲ၊ ကိုယ့်ရှိမှ ကိုယ်စားရတာပါ'' --- ဤသို့စသည်ဖြင့် မိမိကိုယ်ကို = သမ္ပယုတ် တရားစုကို ချီးပင့် မြှောက်စားသည်၏ အစွမ်းဖြင့်သာလျှင် ဖြစ်ပေါ်တတ်သည်ဟု မှတ်ပါ။ သေယျမာန် သဒိသမာန် တို့၌ကား ဆိုဖွယ်ရာပင် မရှိတော့ ဟူလိုသည်။
慢即使表现为卑慢,把自己放低而执取‘我处处不如别人’,仍会以这种态度抬举自己、也就是抬举相应法聚:‘他们胜过我又怎样,我何必在意他们?各人有多少便吃多少。’应知它仍只以抬高的方式生起;至于胜慢和等慢,就更不待言了。
ကေတုကမျတာပစ္စုပဋ္ဌာန် --- မာနသည် မိမိကိုယ်တိုင်က မြောက်ကြွခြင်း ခပ်ထောင်ထောင်နေခြင်း၊ သမ္ပ- ယုတ်တရားတို့ကိုလည်း မြောက်ကြွကြွ ဖြစ်နေအောင် ခပ်ထောင်ထောင်နေအောင် မြှောက်ပေးခြင်း လုပ်ငန်း ကိစ္စရပ်ကို ပြုလုပ်ခြင်းကြောင့် ထိုမာနကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်မြတ်၏ ဉာဏ်တွင် တုရင်မှန်ကင်းကဲ့သို့ တက်ကြွ မြင့်မောက်အောင် အပေါ်စီးရအောင် ပြုလုပ်လိုသော သဘောတရားဟု ရှေးရှု ထင်လာပေသည်။
以欲如旗帜般自我标举为现起——慢本身昂扬高举、姿态矜高,并且执行抬高诸相应法、使它们也昂扬矜高的作用。因此,运用正见智观照慢的殊胜瑜伽行者,其智中会现起这样的法:它想使心如建筑最高处的塔刹尖顶一般高举,想使自己占据上风。
ကေတု --- ကေတုကို ရှေးဆရာမြတ်တို့က တုရင်မှန်ကင်းဟု ဘာသာပြန်ဆိုတော်မူကြ၏၊ စုလစ်မွမ်းချွန် အထွတ်တပ်ထားသော အဆောက်အဦတွင် အမြင့်ဆုံးသော အချွန်ကို တုရင်ဟုလည်းကောင်း၊ မှန်ကင်းဟုလည်း ကောင်း ခေါ်ဆိုပေသည်။ တစ်ဖန် အောက်တွင် ဖေါ်ပြအပ်သော နိက္ခေပကဏ္ဍအဋ္ဌကထာကို ကြည့်၍ ကေတုကို အမြင့်မားဆုံး တံခွန်အလံဟုလည်း ဘာသာပြန်ဆိုတော်မူကြသည်။
Ketu——诸古德曾把 ketu 译作建筑物最上端的塔刹尖顶;在装有层层装饰尖顶的建筑中,最高的尖端便以这类名称称呼。另一方面,依据下文《法集论》义注的解释,诸古德也把 ketu 译作最高的幢旗。
ကေတု ဝုစ္စတိ ဗဟူသု ဓဇေသု အစ္စုဂ္ဂတဓဇော။ မာနောပိ ပုနပ္ပုနံ ဥပ္ပဇ္ဇမာနော အပရာပရေ ဥပါဒါယ အစ္စုဂ္ဂတဋ္ဌေန ကေတု ဝိယာတိ ကေတု၊ ကေတုံ ဣစ္ဆတီတိ ကေတုကမျံ၊ တဿ ဘာဝေါ ကေတုကမျတာ၊ သာ ပန စိတ္တဿ၊ န အတ္တနော။ တေန ဝုတ္တံ ''ကေတုကမျတာ စိတ္တဿာ''တိ။ မာန သမ္ပယုတ္တဥှိ စိတ္တံ ကေတုံ ဣစ္ဆတိ၊ တဿ စ ဘာဝေါ ကေတုကမျတာ၊ ကေတုသင်္ခါတော မာနောတိ။ (အဘိ-ဋ္ဌ-၁-၄ဝ၄။)
巴利义注(缅文字体):‘ကေတု ဝုစ္စတိ ဗဟူသု ဓဇေသု အစ္စုဂ္ဂတဓဇော။ မာနောပိ ပုနပ္ပုနံ ဥပ္ပဇ္ဇမာနော အပရာပရေ ဥပါဒါယ အစ္စုဂ္ဂတဋ္ဌေန ကေတု ဝိယာတိ ကေတု၊ ကေတုံ ဣစ္ဆတီတိ ကေတုကမျံ၊ တဿ ဘာဝေါ ကေတုကမျတာ၊ သာ ပန စိတ္တဿ၊ န အတ္တနော။ တေန ဝုတ္တံ “ကေတုကမျတာ စိတ္တဿာ”တိ။ မာန သမ္ပယုတ္တဥှိ စိတ္တံ ကေတုံ ဣစ္ဆတိ၊ တဿ စ ဘာဝေါ ကေတုကမျတာ၊ ကေတုသင်္ခါတော မာနောတိ။’译:‘所谓 ketu,是众多幢旗之中高高竖起的最高幢旗。慢也一再生起;相对于前后相续的其他诸慢,它具有极高举之义,犹如最高幢旗,所以称为 ketu。想要 ketu,称为 ketukamya;这种状态称为 ketukamyatā。它属于心,并非属于我体,所以说“心的 ketukamyatā”。确实,与慢相应的心想要 ketu;它的这种状态就是 ketukamyatā,也就是称为 ketu 的慢。’(《殊胜义注》1-404。)
原书第 446 页
ကေတု ဝုစ္စတိ အစ္စုဂ္ဂတဓဇော၊ ဣဓ ပန ကေတု ဝိယာတိ ကေတု၊ ဥဠာရတမာဒိဘာဝေါ။ တံ ကေတု- ဘာဝသင်္ခါတံ ကေတုံ ကာမေတီတိ ကေတုကမျံ၊ စိတ္တံ။ ယဿ ဓမ္မဿ ဝသေန ကေတုကမျံ၊ သာ ကေတုကမျတာ။
巴利《大复注》(缅文字体):‘ကေတု ဝုစ္စတိ အစ္စုဂ္ဂတဓဇော၊ ဣဓ ပန ကေတု ဝိယာတိ ကေတု၊ ဥဠာရတမာဒိဘာဝေါ။ တံ ကေတုဘာဝသင်္ခါတံ ကေတုံ ကာမေတီတိ ကေတုကမျံ၊ စိတ္တံ။ ယဿ ဓမ္မဿ ဝသေန ကေတုကမျံ၊ သာ ကေတုကမျတာ။’译:‘所谓 ketu,是高高竖起的幢旗;这里说像 ketu,故名 ketu,即极其高举等状态。想要称为 ketu 的这种 ketu 状态之心,称为 ketukamya。由于哪一种法而使心成为 ketukamya,那一种法就是 ketukamyatā。’
(မဟာဋီ-၂-၁၅၁။)
(《大复注》2-151。)
များစွာ စိုက်ထူထားအပ်ကုန်သော တံခွန်အလံတို့တွင် အလွန် မြင့်တက်နေသော အမြင့်မားဆုံး တံခွန် အလံကို ကေတုဟူ၍ ခေါ်ဆို၏။ မာနသည်လည်း သတ္တဝါတစ်ဦး၏ နာမ်သန္တတိအစဥ်၌ ကြိမ်ဖန်များစွာ ဖြစ် လတ်သော် ရှေးရှေးသော မာနတို့၏ အားကြီးသောမှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါ သတ္တိထူးကြီးကို ဆက်ခံရသော နောက်နောက်သော မာနတို့သည် ရှေးရှေးက ဖြစ်သွားကြပြီးကုန်သော အခြား အခြားသော မာနတို့ကို ထောက်စာ၍ အလွန်မြင့်တက်သည်၏ အဖြစ်တည်းဟူသော အနက်သဘောကြောင့် အမြင့်မားဆုံး တံခွန်အလံနှင့် တူရကား ကေတု အမည်ရပေသည်။
竖起的许多幢旗之中,高高升起、位于最高处的幢旗称为 ketu。慢在一位有情的名相续中反复生起时,后后诸慢会承受前前诸慢以强力依止缘之力所给予的特殊助力;相对于已经生灭的前前诸慢,后后之慢具有极其高举之义,仿佛最高幢旗,因此也称为 ketu。
ကေတုကမျ --- အမြင့်မားဆုံး တံခွန်အလံကဲ့သို့ အလွန်မြင့်တက်ခြင်း အလွန်မောက်မာခြင်းကို လိုလား တောင့်တတတ်သော စိတ်သည် ကေတုကမျ မည်၏။
Ketukamya——渴望心像最高幢旗那样极其高举、极其傲慢,这种心称为 ketukamya。
ကေတုကမျတာ --- ထိုအမြင့်မားဆုံး တံခွန်အလံကဲ့သို့ အလွန်မြင့်တက်ခြင်း အလွန်မောက်မာခြင်းကို လိုလားတောင့်တသော စိတ်ဓာတ် ဖြစ်ပေါ်လာရန် အကြောင်းရင်း ဖြစ်သော သဘောတရားသည် = မာနသည် ကေတုကမျတာ မည်၏။ ထိုကေတုကမျတာဟူသည် စိတ်၏ ကေတုကမျတာတည်း၊ အတ္တ၏ ကေတုကမျတာ ကား မဟုတ်ပေ။ ထိုကြောင့် ကေတုကမျတာ စိတ္တဿ --- ဟု ဘုရားရှင် ဟောကြားတော်မူခြင်း ဖြစ်သည်ဟု မှတ်ပါ။ မှန်ပေသည် --- မာနနှင့် ယှဥ်သော စိတ်သည် အမြင့်မားဆုံး တံခွန်အလံကဲ့သို့ အလွန်မြင့်တက်ခြင်း အလွန်မောက်မာခြင်းကို လိုလားတတ်၏၊ ထိုစိတ်မျိုး ဖြစ်ပေါ်လာရန် အကြောင်းရင်းသဘောတရားသည် ကေတု- ကမျတာ မည်၏။ ထိုသဘောတရားကား ကေတုဟု ခေါ်ဆိုအပ်သော မာနပင်တည်း။ ထိုကြောင့် ယင်းမာနကို ဝိပဿနာဉာဏ်ဖြင့် ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင် ယင်းမာနသည် အမြင့်မားဆုံး တံခွန်အလံကဲ့သို့ အလွန်မြင့်တက်ခြင်း၊ အလွန်မောက်မာခြင်းကို လိုလားတောင့်တတတ်သော စိတ်ဓာတ်မျိုး ဖြစ်ပေါ်လာအောင်
Ketukamyatā——一种法能够使渴望如最高幢旗般极其高举、极其傲慢的心态生起;这种作为原因的法,也就是慢,称为 ketukamyatā。这里的 ketukamyatā 是心的 ketukamyatā,并不是我体的 ketukamyatā;应知,世尊正因此开示‘ketukamyatā cittassa——心的 ketukamyatā’。确实,与慢相应的心渴望如最高幢旗般极其高举、极其傲慢;能使这种心生起的法称为 ketukamyatā,而这一法正是称为 ketu 的慢。因此,以观智观照慢的瑜伽行者,其智中会现见慢是这样一种法:它想要使渴望如最高幢旗般极其高举、极其傲慢的心态——
ပြုလုပ်လိုသော သဘောတရားဟု ရှေးရှုထင်လာပေသည်။
——生起。
၁။ ကေတု ဝိယ ကေတု၊ ဥဠာရတမာဒိဘာဝေါ = အမြင့်မားဆုံး တံခွန်အလံကဲ့သို့ အလွန်မြင့်တက်ခြင်း အလွန်မောက်မာခြင်း စသည် ဖြစ်မှု သဘောတရားသည် ကေတု မည်၏။
一、ketu viya ketu, uḷāratamādibhāvo——如 ketu 最高幢旗一般,极其高举、极其傲慢等状态,称为 ketu。
၂။ ကေတုံ ကာမေတီတိ ကေတုကမျံ၊ စိတ္တံ = အမြင့်မားဆုံး တံခွန်အလံကဲ့သို့ အလွန်မြင့်တက်ခြင်း အလွန် မောက်မာခြင်း စသည် ဖြစ်မှုဟု ဆိုအပ်သော ကေတုကို လိုလားသော စိတ်။
二、ketuṃ kāmetīti ketukamyaṃ, cittaṃ——想要称为 ketu 的极其高举、极其傲慢等状态之心,称为 ketukamya。
၃။ ကေတုကမျဿဘာဝေါ ကေတုကမျတာ = ကေတုကို လိုလားသော စိတ်ဖြစ်ကြောင်း သဘောတရား = ကေတုဟု ခေါ်ဆိုအပ်သော မာန ---- ဤသို့ အဆင့်ဆင့် ပြုလေ။
三、ketukamyassa bhāvo ketukamyatā——能使想要 ketu 的心生起之法,也就是称为 ketu 的慢,称为 ketukamyatā。应当依这样的次第理解。
ပဒဋ္ဌာန် --- ''အဟ''န္တိ ပဝတ္တနတော မာနဿ ဒိဋ္ဌိသဒိသီ ပဝတ္တီတိ သော ဒိဋ္ဌိယာ သဒ္ဓိံ ဧကစိတ္တုပ္ပါဒေ န ပဝတ္တတိ၊ အတ္တသိနေဟသန္နိဿယော စာတိ အာဟ ''ဒိဋ္ဌိဝိပ္ပယုတ္တလောဘပဒဋ္ဌာနော''တိ။
以与见不相应的贪为近因——巴利《大复注》(缅文字体):‘“အဟ”န္တိ ပဝတ္တနတော မာနဿ ဒိဋ္ဌိသဒိသီ ပဝတ္တီတိ သော ဒိဋ္ဌိယာ သဒ္ဓိံ ဧကစိတ္တုပ္ပါဒေ န ပဝတ္တတိ၊ အတ္တသိနေဟသန္နိဿယော စာတိ အာဟ “ဒိဋ္ဌိဝိပ္ပယုတ္တလောဘပဒဋ္ဌာနော”တိ။’译:‘慢以“我是”而转起,故其转起方式与见相似,所以它不在同一个心生起中与见同时转起;又因为它依止对我的爱着,所以说慢以与见不相应的贪为近因。’
(မဟာဋီ-၂-၁၅၁။)
(《大复注》2-151。)
ဒိဋ္ဌိသည် လောကီဥပါဒါနက္ခန္ဓာငါးပါး = ရုပ်နာမ်ဓမ္မသင်္ခါရတရားစုကို အတ္တဟု စွဲလမ်း၏၊ စွဲယူ၏။ မာန သည် ထိုလောကီဥပါဒါနက္ခန္ဓာငါးပါး = ရုပ်နာမ်ဓမ္မသင်္ခါရတရားစုကိုပင် ''အဟံ = ငါ''ဟု မှတ်ထင်၏၊ စွဲယူ၏။
见把世间的五取蕴,也就是色名行法之聚,执取为‘我(atta)’;慢则把同一世间五取蕴、同一色名行法之聚,认定并执取为‘我是(ahaṃ)’。
ဒိဋ္ဌိနှင့် မာန နှစ်မျိုးလုံးသည် လောကီခန္ဓာငါးပါးကိုချည်း ---
见与慢二者,都只缘取世间五蕴——
原书第 447 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း ၁။ ဒိဋ္ဌိက --- ''အတ္တ''ဟုလည်းကောင်း၊ ၂။ မာနက --- ''အဟံ = ငါ''ဟုလည်းကောင်း ---- အသီးအသီး စွဲလမ်းမှတ်ထင်သောကြောင့် မာနသည် ဒိဋ္ဌိနှင့် တူသော ဖြစ်ခြင်း ရှိပေသည်။ ဤ၌ ဒိဋ္ဌိသဒိသီ ပဝတ္တိ = မာနသည် ဒိဋ္ဌိနှင့် တူသော ဖြစ်ခြင်း ရှိသည်ဟု ဆိုရာဝယ် သဘောချင်း လိုက်လျောညီမျှသော အတူ မျိုးကား မဟုတ်၊ ဆန့်ကျင်ဘက် နှစ်ဦးတို့ သူနိုင်ငါနိုင် ယှဥ်ပြိုင်သည့် ပြိုင်ဆိုင်မှုခြင်းတူသည့် ''တူသော ဖြစ်ခြင်း မျိုးကို'' ဆိုလိုပေသည်။ ဒိဋ္ဌိကလည်း လောကီခန္ဓာငါးပါးကို ''အတ္တ''ဟု တစ်ဘက်သတ် စွဲယူ၏။ မာနကလည်း ယင်းလောကီ ခန္ဓာငါးပါးကိုပင် ''အဟံ = ငါ''ဟု တစ်ဘက်သတ် စွဲယူ၏။ ဤသို့ တစ်ဘက်သတ် စွဲယူပုံခြင်း တူရကား မာနသည် ဒိဋ္ဌိနှင့် အတူတကွ ယှဥ်တွဲ၍ စိတ္တက္ခဏတစ်ခု၏ အတွင်း၌ မဖြစ်နိုင်ပေ။ ယင်းသို့ ဒိဋ္ဌိနှင့်
——一、见把它们执取为‘我(atta)’;二、慢把它们执取为‘我是(ahaṃ)’。因为各自都这样执取,慢的转起方式与见相似。这里所谓‘慢以与见相似的方式转起’,并不是说二者性质协调相合,而是说它们如同彼此对立的两方,各自争胜,竞争方式相同。见单方面把世间五蕴执为‘我’,慢也单方面把同一世间五蕴执为‘我是’;正因为这种单方面执取的方式相同,慢与见不能在同一个心刹那中相应共起。
မယှဥ်နိုင်လျှင် မာနသည် ဒေါသ စသည်တို့နှင့် ယှဥ်ပါတော့လောဟု ဆိုငြားအံ့။ မာန၏ ''အဟံ = ငါ''ဟု စွဲလမ်းမှတ်ထင်မှုသည် အတ္တသိနေဟ = မိမိကိုယ်ကို ချစ်မြတ်နိုးခြင်း လောဘသာလျှင် မှီရာ အရင်းခံ ရှိ၏။
那么,慢既不能与见相应,是否会与瞋等相应呢?慢认定、执取‘我是’,只以爱惜自己、也就是我爱(atta-sneha)之贪为依处和根本。
လောဘနှင့်သာ ယှဥ်တွဲ၍ ဖြစ်နိုင်ခွင့် ရှိ၏။ ထိုကြောင့် ဒိဋ္ဌိနှင့် မယှဥ်သော ဒိဋ္ဌိဝိပ္ပယုတ္တလောဘသည်သာလျှင် မာနဖြစ်ပေါ်လာဖို့ရန် အနီးစပ်ဆုံး အကြောင်းတစ်ရပ် ဖြစ်ရပေသည်။ မာနရှိသူသည် စိတ်ကြီးဝင်ကာ ဘဝင်မြင့် နေတတ်သဖြင့် အရူးနှင့် တူ၏ဟူ၍ မှတ်ပါ။ (အဘိ-ဋ္ဌ-၁-၂၉၇။ ဝိသုဒ္ဓိ-၂-၉၉။)
所以,慢只能与贪相应而生;只有与见不相应的贪,才是慢生起的最近原因。慢者心气高举、自以为是,因此应当视之如疯人。(《殊胜义注》1-297;《清净之道》2-99。)
ပရိယတ္တိမာန်စွယ်
教理慢尖牙
အထက်တွင် ရှင်းလင်းတင်ပြခဲ့သည့်အတိုင်း မာနအမျိုးမျိုးရှိရာ မည်သည့်မာနမဆို မပယ်စွန့်နိုင်သေးပါက စျာန်မဂ်ဖိုလ်၏ အန္တရာယ်ပင် ဖြစ်နိုင်ပေသည်။ မူလပဏ္ဏာသပါဠိတော် မူလပရိယာယသုတ္တန် (မ-၁-၁။)တွင် လာရှိသော ရဟန်းတော် ငါးရာတို့ကား ဗေဒင်သုံးပုံကို တစ်ဘက်ကမ်းခပ်အောင် တတ်မြောက်ခဲ့ကြသည့် ဗြာဟ္မဏ လုလင်ဘဝမှ သာသနာဘောင်သို့ ကူးမြောက်လာသည့် သူတော်ကောင်းများ နောက်ဆုံးဘဝရှိသူ ပစ္ဆိမဘဝိကသား များပင် ဖြစ်ကြ၏။ သို့သော် သာသနာဘောင်သို့ ရောက်ရှိလာသောအခါ ဘုရားရှင်၏ ပိဋကတရားတော်များကို သင်ယူလိုက်သောအခါ ဉာဏ်အလွန်ထက်မြက်သည့် ပစ္ဆိမဘဝိကသားများ ဖြစ်ခြင်းကြောင့် မကြာမီ အချိန်ကာလ အတွင်းမှာပင် တတ်မြောက်သွားကြသည့်အတွက် ပရိယတ္တိမာန်စွယ်များ ထောင်လာကြ၏၊ ဘုရားရှင် အပေါ်၌ သော်ပင် ရိုသေလေးစားမှု ကင်းလာကြ၏။ ဘုရားရှင်အား ခစားဖို့ရန် တရားနာယူဖို့ရန် အမြဲတမ်း မလာကြ
如上所述,慢有许多种;任何一种慢只要还没有舍断,都可能成为禅那、道与果的障碍。《中部·根本五十篇》的《根本法门经》(《中部》1-1)中,五百位比丘原是已经彻底精通三吠陀的婆罗门青年;后来进入佛教出家,都是最后有者。他们智慧极其锐利,出家后学习世尊的三藏教法,很快便全部学通,于是竖起教理慢的尖牙,甚至不再恭敬世尊,也不再经常前来侍奉世尊、听闻佛法——
တော့ပေ။ ဘုရားရှင်သည် လိင်သုံးပါး ပုဒ်လေးပါး ဝိဘတ်ခုနစ်သွယ်တို့ကို လွှတ်၍ ဘာကိုမျှမဟောကြားနိုင်၊ ဤသို့ ဟောကြားလိုက်လျှင်လည်း ငါတို့အဖို့ ဂဏ္ဌိပဒ မည်သော ခက်ခဲသော အထုံးအဖွဲ့မည်သည် မရှိပေဟု မာန်မူနေကြ၏။
——他们贡高地想:‘世尊所说无非三种语法性、四类词项和七种格变化;这样说法时,对我们来说根本没有称为“难句”的艰涩关节。’
အဘဗ္ဗာ ဣမေ ဣမံ မာနခိလံ အနုပဟစ္စ မဂ္ဂံ ဝါ ဖလံ ဝါ သစ္ဆိကာတုံ။ (မ-ဋ္ဌ-၁-၁၈။) ဤရဟန်းတို့သည် မာနတည်းဟူသော ငြောင့်တံသင်းကို မပယ်နုတ်ကြကုန်မူ၍ အရိယမဂ်ကိုသော်လည်း ကောင်း အရိယဖိုလ်ကိုသော်လည်းကောင်း မျက်မှောက်ပြုခြင်းငှာ မထိုက်တန်ကြကုန်။ (မ-ဋ္ဌ-၁-၁၈။) ဘုရားရှင်သည် ထိုရဟန်းတို့၏ စိတ်ဓာတ် ကျက်စားကျင်လည်နေပုံကို သိရှိတော်မူ၍ မာန ငြောင့်တံသင်း ကို မပယ်နုတ်နိုင်သမျှ မဂ်ဖိုလ်ကို မရနိုင်ဟုလည်း သိရှိတော်မူ၍ ထိုရဟန်းတို့၏ သုတပရိယတ္တိကို အမှီပြု၍ ဖြစ်ပေါ်လာသော မာနကို အကြောင်းအဋ္ဌုပ္ပတ် ပြုတော်မူ၍ ဒေသနာတော်၌ ကျွမ်းကျင် လိမ္မာတော်မူသော ဘုရားရှင်သည် ထိုရဟန်းတို့၏ သုတပရိယတ္တိမာန်ကို နှိမ်ချိုးတော်မူရန်အလို့ငှာ သဗ္ဗဓမ္မမူလပရိယာယ အမည် ရသော ဒေသနာတော်ကို အားသစ်တော်မူရပေသည်။ (မ-ဋ္ဌ-၁-၁၈။) ထိုဒေသနာတော်ကို ကြားနာရပြီးသောအခါ
巴利义注(缅文字体):‘အဘဗ္ဗာ ဣမေ ဣမံ မာနခိလံ အနုပဟစ္စ မဂ္ဂံ ဝါ ဖလံ ဝါ သစ္ဆိကာတုံ။’译:‘这些比丘若不拔除这根慢刺,就不可能现证圣道或圣果。’(《中部义注》1-18。)世尊知见这些比丘的心行,也知见他们只要尚未拔除慢刺,便不能证得道果。因此,世尊以他们依闻学教理而生的慢为因缘;善巧说法的世尊为了折伏他们的闻学教理慢,便开示名为‘一切法之根本法门’的教说。(《中部义注》1-18。)他们听闻这部教说以后——
原书第 448 页
ထိုရဟန်းတို့၏ သန္တာန်၌ မာနများ လျှောကျသွား၏။ မူလပရိယာယဇာတ်တော် (ခု-၅-၆၈။)ကိုလည်း ဆက်လက် ဟောကြားတော်မူ၏။ မာန်မာနများ လျှောကျသွားပြီးသောအခါမှ ထိုရဟန်းတို့သည် ဘုရားရှင်အပေါ်၌ ရိုသေ တုပ်ဝပ်သည့် ဂါရဝတရား ရှေးရှူကာ သမထ ဝိပဿနာဘာဝနာတို့ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော် မူကြ၏။ ထိုရဟန်းတော်များ တစ်ချိန် ဣန္ဒြေရင့်ကျက်လာသောအခါ ဝေသာလီပြည် ဂေါတမကစေတီတော်၌ သီတင်းသုံးတော်မူစဥ် ဂေါတမကသုတ္တန် (အံ-၁-၂၈ဝ။)ကို ဟောကြားပေးတော်မူရာ ပဋိသမ္ဘိဒါပတ္တ ရဟန္တာ အရှင်မြတ်တို့ ဖြစ်သွားတော်မူကြသည်။ (မ-ဋ္ဌ-၁-၆၁။)
——相续中的诸慢逐渐消退。世尊又继续宣说《根本法门本生》(《小部》5-68)。慢心消退以后,这些比丘以恭敬世尊为先,努力修习止与观。后来诸根成熟时,世尊住在毗舍离的乔达摩支提,向他们宣说《乔达摩支提经》(《增支部》1-280);他们随即成为具足无碍解的阿罗汉。(《中部义注》1-61。)
ဗြဟ္မဒဏ် အပေးခံရခြင်း
受到梵罚
ဘုရားရှင်နှင့် ဖွားဘက်တော် ငယ်ကျွန်တော်ရင်း ဖြစ်သည့် အရှင်ဆန္နမထေရ်သည်လည်း ဘုရားရှင်နှင့် ဖွားဘက်တော် ဖြစ်ရခြင်း၊ မြေမှုန့်ကစားဘက် ဖြစ်ခဲ့ရခြင်း၊ မိမိ၏ အရှင်သခင်ရင်း ဖြစ်ခဲ့ခြင်း၊ တောထွက်တော်မူ သည့်တိုင်အောင် လိုက်ပို့ခဲ့ရခြင်း စသည်တို့ကို အကြောင်းပြု၍ ''ငါတို့အရှင်၏ သား၊ ငါတို့ဘုရား၊ ငါတို့တရား''ဟု ဂုဏ်ယူဝင့်ကြွားကာ အရှင်သာရိပုတ္တရာ စသော မထေရ်မြတ်ကြီးတို့ကို နောက်ပေါက်သည့် ရွှေကြာပင်တွေဟု အယူရှိခဲ့၏၊ နှုတ်ကလည်း ကြမ်းတမ်း၏။ ဤမာန်မာနကို အကြောင်းပြု၍ တရားထူး တရားမြတ်ကို မရနိုင် ကြောင်းကို ဘုရားရှင်က သိတော်မူသဖြင့် ပရိနိဗ္ဗာန်စံတော်မူမည့် ညဥ့်တွင် အရှင်ဆန္နမထေရ်အား ဗြဟ္မဒဏ် ပေးရန် အရှင်အာနန္ဒာအား မိန့်ကြားတော်မူခဲ့၏။
阐陀长老与世尊同日出生,是世尊幼时亲近的侍从;他曾与世尊一同玩耍,世尊原是他的主人,他又曾陪同世尊出家。阐陀因为这些关系而骄矜自负地说:‘我们的主君之子,我们的佛,我们的法。’他把舍利弗尊者等诸大长老视作后来才冒出的金莲茎,说话也十分粗暴。世尊知见阐陀会因这份大慢而不能证得殊胜法,便在即将般涅槃的那一夜,吩咐阿难尊者对阐陀施以梵罚。
ဒါရုက္ခန္ဓောပမသုတ္တန် (သံ-၂-၃၈၆-၃၈၇။) အရမူ မာနကြီးနေသူကား သမ္မာဒိဋ္ဌိရေယဥ်ကြောတွင် မျော ပါလာရင်း ရေလည်ခေါင် သောင်ပေါ်၌ တင်နေသည့် သစ်တုံးတစ်တုံးပင် ဖြစ်သည်။ နေရာတကာတွင် အဘက် ဘက်က အသာယူလိုသည့် စိတ်ဓာတ် ရှိသူကို သူတော်ကောင်းတို့၏ အမြင်ဖြင့် ကြည့်လိုက်ပါက သီလမှ ရှိမှ ရှိပါလေစဟု သံသယဖြစ်လောက်ဖွယ် အပြုအမူများကိုသာ ထိုပုဂ္ဂိုလ်သန္တာန်၌ တွေ့မြင်နေရမည် ဖြစ်သည်။
依《木块譬喻经》(《相应部》2-386—387),大慢之人虽然漂流在正见的水流中,却像一段搁浅在河心沙洲上的木块。若以善人的眼光观察一个处处想占上风的人,只会在他的相续中看见足以令人怀疑‘他究竟有没有戒行’的举止。
သို့သော် အရှင်ဆန္နမထေရ် ဗြဟ္မဒဏ် အခတ်ခံရပြီးနောက် သမထ ဝိပဿနာဘာဝနာတို့ကို ဆက်လက် ကြိုးပမ်းတော်မူရာ ခန္ဓာငါးပါးတို့ကို လက္ခဏာယာဥ်သုံးချက် တင်၍ တွင်တွင်ကြီး ဝိပဿနာရှုနိုင်သော်လည်း ပဋိစ္စသမုပ္ပါဒ်ပိုင်းကို မရှုမိသဖြင့် မဂ်ဖိုလ် မဆိုက်နိုင် ဖြစ်နေရာ အရှင်အာနန္ဒာမထေရ်မြတ်က ကစ္စာနဂေါတ္တသုတ္တန် (သံ-၁-၂၅၇။)ကို ဟောကြားပေးတော်မူမှ သောတာပန် တည်သွားတော်မူသည်။ နောက်ပိုင်း ဆက်လက်၍ ကြိုးပမ်းတော်မူရာ အရဟတ္တဖိုလ်၌ တည်သွားတော်မူလေသည်။ (သံ-၂-၁ဝ၈-၁၁ဝ။)
不过,阐陀长老受到梵罚以后,继续努力修习止与观;他虽然能够把五蕴安立于无常、苦、无我三相之下,持续有力地修习毗婆舍那,却因为没有观照缘起部分而未能到达道果。后来阿难尊者为他宣说《迦旃延氏经》(《相应部》1-257),他才证得入流果;继续精进以后,又证得阿罗汉果。(《相应部》2-108—110。)
原书第 449 页
၈။ ဒေါသ
八、嗔
ဒုဿန္တိ တေန၊ သယံ ဝါ ဒုဿတိ၊ ဒုဿနမတ္တမေဝ ဝါ တန္တိ ဒေါသော။
诸相应法因它而败坏;或它本身败坏;或它只是败坏本身,因此称为嗔。
၁။ ဒေါသော စဏ္ဍိက္ကလက္ခဏော၊ ပဟဋာသီဝိသော ဝိယ၊ ၂။ (က) ဝိသပ္ပနရသော၊ ဝိသနိပါတော ဝိယ၊ ( ခ ) အတ္တနော နိဿယဒဟနရသော ဝါ၊ ဒါဝဂ္ဂိ ဝိယ၊ ၃။ ဒုဿနပစ္စုပဋ္ဌာနော (= ဒူသနပစ္စုပဋ္ဌာနော)၊ လဒ္ဓေါကာသော ဝိယ သပတ္တော၊ ၄။ အာဃာတဝတ္ထုပဒဋ္ဌာနော၊ ဝိသသံသဋ္ဌပူတိမုတ္တံ ဝိယ ဒဋ္ဌဗ္ဗော။
巴利原文(缅文字体):‘၁။ ဒေါသော စဏ္ဍိက္ကလက္ခဏော၊ ပဟဋာသီဝိသော ဝိယ၊ ၂။ (က) ဝိသပ္ပနရသော၊ ဝိသနိပါတော ဝိယ၊ ( ခ ) အတ္တနော နိဿယဒဟနရသော ဝါ၊ ဒါဝဂ္ဂိ ဝိယ၊ ၃။ ဒုဿနပစ္စုပဋ္ဌာနော (= ဒူသနပစ္စုပဋ္ဌာနော)၊ လဒ္ဓေါကာသော ဝိယ သပတ္တော၊ ၄။ အာဃာတဝတ္ထုပဒဋ္ဌာနော၊ ဝိသသံသဋ္ဌပူတိမုတ္တံ ဝိယ ဒဋ္ဌဗ္ဗော။’译:一、嗔以凶狠粗暴为特相,如被击打的毒蛇;二、(甲)以蔓延为作用,如毒液侵袭;(乙)或以烧灼自身所依为作用,如森林火;三、以毁坏为现起,如获得机会的敌人;四、以诸结怨事为近因,应视如掺有毒物的腐臭尿液。
(အဘိ-ဋ္ဌ-၁-၂၉၈-၂၉၉။ ဝိသုဒ္ဓိ-၂-၁ဝဝ။)
(《殊胜义注》1-298—299;《清净之道》2-100。)
၁။ သမ္ပယုတ်တရားတို့၏ ပျက်စီးကြောင်းဖြစ်သော သဘောတရားသည် ဒေါသ မည်၏။ တစ်နည်း --- သမ္ပ- ယုတ်တရားတို့ကို ဖျက်ဆီးကြောင်းဖြစ်သော သဘောတရားသည် ဒေါသ မည်၏။ ကိုယ်စိတ်နှစ်ပါးကို သို့မဟုတ် မိမိ သူတစ်ပါး နှစ်ဦးသားကို သမ္ပယုတ်တရားတို့ကလည်း ဖျက်ဆီး၏၊ ဒေါသကလည်း ဖျက်ဆီး၏။ သမ္ပယုတ် တရားတို့၏ ပျက်စီးခြင်းမှာ ဒေါသကြောင့် ပျက်စီးရသဖြင့် ဒေါသသည် သမ္ပယုတ်တရားတို့၏ ပျက်စီးကြောင်း သဘောတရားလည်း ဖြစ်၏၊ သမ္ပယုတ်တရားတို့ကို ပျက်စီးအောင် ဖျက်ဆီးခြင်းမှာလည်း ဒေါသကြောင့်သာ ဖျက်ဆီးသဖြင့် ဒေါသသည် သမ္ပယုတ်တရားတို့ကို ဖျက်ဆီးကြောင်း သဘောတရားလည်း ဖြစ်ပေသည်။
一、令诸相应法败坏的法,称为嗔;换一种解释,破坏诸相应法的法,称为嗔。诸相应法会破坏身与心,或破坏自己与他人;嗔也同样破坏它们。诸相应法的败坏由嗔而起,所以嗔是令诸相应法败坏的法;诸相应法之所以受到破坏,也只因嗔而发生,所以嗔又是破坏诸相应法的法。
၂။ မိမိဒေါသ ကိုယ်တိုင်ကလည်း ပျက်စီးတတ်သော သဘောတရား ဖြစ်သောကြောင့် ဒေါသ မည်၏။ တစ် နည်း --- မိမိဒေါသ ကိုယ်တိုင်ကလည်း ကိုယ်စိတ်နှစ်ပါးကို သို့မဟုတ် မိမိ သူတစ်ပါး နှစ်ဦးသားကို ဖျက်ဆီး တတ်သော သဘော ဖြစ်သောကြောင့်လည်း ဒေါသ မည်၏။
二、嗔本身败坏,因此称为嗔;换一种解释,嗔本身会破坏身与心,或破坏自己与他人,因此也称为嗔。
၃။ တစ်နည်း --- ပျက်စီးခြင်းသဘောမျှသည် ဒေါသ မည်၏။ တစ်နည်း --- ကိုယ်စိတ်နှစ်ပါးကို သို့မဟုတ် မိမိ သူတစ်ပါး နှစ်ဦးသားကို ဖျက်ဆီးခြင်းသဘောတရားမျှသည် ဒေါသ မည်၏။
三、单纯的败坏——换一种解释,单纯的败坏本身,称为嗔;或单纯破坏身与心、或破坏自己与他人的法,称为嗔。
〔မှတ်ချက် --- ဤ၌ --- ဒုဿန္တီတိ ဗျာပဇ္ဇန္တိ။ (မဟာဋီ-၂-၁၅၁။) အရ ဒုဿန္တိ ဒုဿတိ ဒုဿန --- တို့ကို ပျက်စီးကုန်၏ ပျက်စီးတတ်၏ ပျက်စီးခြင်း --- ဟုလည်း ဆရာမြတ်တို့က ဘာသာပြန်ဆိုတော်မူကြ၏။ သို့သော် ပြည်ဆရာတော်ဘုရားကြီးကား ဖျက်ဆီးကုန်၏ ဖျက်ဆီးတတ်၏ ဖျက်ဆီးခြင်း -- ဟု ဘာသာပြန်ဆိုတော်မူ၏။
〔注——依‘ဒုဿန္တီတိ ဗျာပဇ္ဇန္တိ’(《大复注》2-151),诸古德也把 dussanti、dussati、dussana 分别解释为‘诸法败坏、法会败坏、败坏’;而卑谬尊者则分别解释为‘诸法破坏、法会破坏、破坏’。——
နှစ်နည်းလုံးမှာ အဓိပ္ပါယ်ရှိသည်ချည်းသာ ဖြစ်၏။〕 ထိုဒေါသ၏ လက္ခဏ စသည်မှာ အောက်ပါအတိုင်း ဖြစ်၏။ --- ၁။ (က) စိတ် (= ကိုယ် + စိတ်) ရုန့်ရင်း ခက်ထန် ကြမ်းတမ်းခြင်းသဘော ( ခ ) ခက်ထန်ကြမ်းတမ်းသော ကိုယ်စိတ် ဖြစ်ကြောင်းသဘော လက္ခဏ၊
——两种解释都有意义。〕嗔的特相等如下:一、(甲)心〔此处包括身与心〕粗野、强硬、粗暴;(乙)使身心变得强硬粗暴——这二者为其特相。
(တုတ် လှံကန်ဖြင့် အပုတ်ခတ်ခံရသော မြွေဟောက်ကဲ့သို့ မှတ်ပါ။)
(应视如被棍棒击打的眼镜蛇。)
၂။ (က) မြွေဆိပ်တက်သကဲ့သို့ မိမိကိုယ်ကို ဖောက်ပြန် တုန်လှုပ်စေခြင်း (ကိစ္စ) ရသ၊ ( ခ ) တစ်နည်း - မြွေဆိပ်တက်သကဲ့သို့ ကိုယ်၏ ဖောက်ပြန် တုန်လှုပ်ခြင်း (သမ္ပတ္တိ) ရသ၊ ( ဂ ) တောမီးကဲ့သို့ မိမိ၏ မှီရာ ဟဒယဝတ္ထုကို (ဝါ) ကိုယ်စိတ်ကို ပြင်းစွာ လောင်ကျွမ်းခြင်း (ကိစ္စ) ရသ၊ ၃။ ကိုယ်စိတ်နှစ်ပါးကို၊ တစ်နည်း မိမိ သူတစ်ပါး နှစ်ဦးသားတို့၏ အကျိုးစီးပွားကို ဖျက်ဆီးတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊ (အခွင့်အလမ်း သာနေသော ရန်သူကဲ့သို့ မှတ်ပါ။)
二、作用——(甲)如遭蛇毒侵袭一般,使自己变异、震颤,为功能义的作用;(乙)换一种解释,如遭蛇毒侵袭一般,身体发生变异、震颤,为成就义的作用;(丙)如森林火一般,猛烈烧灼自己的所依——心所依处,或身与心,为功能义的作用。三、以能破坏身与心,或破坏自己与他人双方的利益为现起。(应视如伺机摧毁对手的敌人。)
原书第 450 页
၄။ ရန်ငြိုးဖွဲ့ကြောင်း အာဃာတဝတ္ထု (၉)ပါး သို့မဟုတ် (၁ဝ)ပါး ပဒဋ္ဌာန်၊ အဆိပ်နှင့် ရောနှောနေသော ကျင်ငယ်ပုပ်ကဲ့သို့ မှတ်ပါ။
四、近因——以九种或十种能令结怨的结怨事为近因;应视如与毒物混合的腐臭尿液。
လက္ခဏ --- စဏ္ဍိက္ကံ ကုဇ္ဈနံ။ (မဟာဋီ-၂-၁၅၁။) မြွေပွေး မြွေဟောက်စသည့် မြွေဆိုးများကို တုတ်လှံကန်ဖြင့် ပုတ်ခတ်သည့်အခါ အမျက်ထွက်ကာ ''ရှူးကနဲ'' ထလာတတ်သကဲ့သို့ အလားတူပင် မနှစ်သက်ဖွယ်သော အနိဋ္ဌာရုံနှင့် တွေ့ကြုံလာသည့်အခါ ကိုယ်ရောစိတ်ပါ ခက်ထန်ကြမ်းတမ်းခြင်း = အမျက်ထွက်ခြင်း သဘောသည် ဒေါသ၏ သဘောလက္ခဏာ ဖြစ်သည်။
以凶狠粗暴为特相——巴利《大复注》说:‘စဏ္ဍိက္ကံ ကုဇ္ဈနံ。’意为凶狠地发怒。(《大复注》2-151。)毒蛇、眼镜蛇等恶蛇被棍棒击打时,会愤怒地嘶声昂起;同样,遭遇不可意所缘时,身与心变得强硬粗暴,也就是发怒,这正是嗔的自性特相。
ဝိသပ္ပနရသ --- ဝိသပ္ပနအနိဋ္ဌရူပသမုဋ္ဌာနဝသေန အတ္တနော ပဝတ္တိအာကာရဝသေန စ ဝိသပ္ပနရသော။
以蔓延为作用——巴利《根本复注》(缅文字体):‘ဝိသပ္ပနအနိဋ္ဌရူပသမုဋ္ဌာနဝသေန အတ္တနော ပဝတ္တိအာကာရဝသေန စ ဝိသပ္ပနရသော။’译:‘依引生蔓延的不可意色之方式,以及依它自身转起行相之方式,嗔以蔓延为作用。’
(မူလဋီ-၁-၁၂၁။)
(《根本复注》1-121。)
ဝိသပ္ပနာနိဋ္ဌရူပသမုဋ္ဌာနံ ယေန ကုပိတဿ သကလသရီရံ ကမ္ပတိ၊ ကုပိတာကာရော ပညာယတိ။
巴利复注(缅文字体):‘ဝိသပ္ပနာနိဋ္ဌရူပသမုဋ္ဌာနံ ယေန ကုပိတဿ သကလသရီရံ ကမ္ပတိ၊ ကုပိတာကာရော ပညာယတိ။’译:‘由于生起蔓延的不可意色,发怒者全身震颤,发怒的形态因而显现。’
ဧတေန သမ္ပတ္တိအတ္ထော ရသော ဒဿိတော ဟောတိ၊ ပဝတ္တိအာကာရဝသေန ဝါ ဝိသပ္ပနရသော။ တထာ ဟိ ယဿ ကုပ္ပတိ၊ တဿ အမိတဿ သမ္ပတ္တိ ယေဘုယျေန ပဋိဃုပ္ပတ္တိဟေတု ဟောတီတိ။ ဧတေန ကိစ္စတ္ထော ရသော ဝုတ္တော ဟောတီတိ။ (အနုဋီ-၁-၁၂၈။) ဝိသပ္ပန-သဒ္ဒါသည် --- ၁။ ဝိတ္ထာရကရဏ = ကျယ်ပြန့်အောင်ပြုခြင်း၊ ၂။ ကြိယာဘေဒ = အမူအရာထူး ---- ဤအနက် နှစ်မျိုးကို ဟော၏။ ထိုကြောင့် မူလဋီကာဆရာတော်က နှစ်နည်း ဖွင့်ဆိုသွားတော်မူခြင်း ဖြစ် သည်။ ပထမနည်းကို သမ္ပတ္တိရသ၊ ဒုတိယနည်းကို ကိစ္စရသဟု အနုဋီကာဆရာတော်ကလည်း ထပ်မံ ဖွင့်ဆိုသွား တော်မူသည်။ ယင်းအဖွင့်တို့၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။
巴利《随复注》(缅文字体):‘ဧတေန သမ္ပတ္တိအတ္ထော ရသော ဒဿိတော ဟောတိ၊ ပဝတ္တိအာကာရဝသေန ဝါ ဝိသပ္ပနရသော။ တထာ ဟိ ယဿ ကုပ္ပတိ၊ တဿ အမိတဿ သမ္ပတ္တိ ယေဘုယျေန ပဋိဃုပ္ပတ္တိဟေတု ဟောတီတိ။ ဧတေန ကိစ္စတ္ထော ရသော ဝုတ္တော ဟောတီတိ။’译:‘由此显示作用的成就义;或者,依转起行相而说以蔓延为作用。确实,他所憎怒之敌人的成就,多半成为瞋恚生起之因;由此则说作用的功能义。’(《随复注》1-128。)visappana 一词可表示:一、使之扩展;二、特殊行为。正因为有这两种含义,《根本复注》师才作两种解释;《随复注》师又把第一种解释称为成就义的作用,把第二种解释称为功能义的作用。其意如下。
သမ္ပတ္တိရသ --- ခန္ဓာကိုယ်ဝယ် အဆိပ်ကျရောက်သောအခါ အဆိပ်ပြင်းထန်လျှင် ပြင်းထန်သလို အဆိပ် ကျရောက်ရာ အရပ်မှ စ၍ တစ်ကိုယ်လုံးဝယ် အမြင်မကောင်းအောင် အနိဋ္ဌရုပ်များသည် ကျယ်ပြန့်၍သွားကြ၏။
成就义的作用——毒物进入身体时,会依毒性强弱,从进入之处开始,使不可意色扩散到全身,令身体变得不堪观看。
ဤဥပမာအတူပင် ဒေါသတရားသည် ဖြစ်ပေါ်လာသောအခါ ဒေါသ၏ မှီ၍ဖြစ်ရာ ဟဒယဝတ္ထုရှိရာ နှလုံးအိမ်မှ စ၍ တစ်ကိုယ်လုံး၌ ဒေါသဦးဆောင်သည့်စိတ်ကြောင့် ဖြစ်သော အနိဋ္ဌ စိတ္တဇရုပ်များသည် အရုပ်ပျက်အဆင်းပျက် ဖြစ်လောက်အောင် ပျံ့နှံ့လျက်၊ ဒေါသအရှိန် မကုန်သမျှ ရှေးနှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ဖြစ်ပွားနေ ကြ၏။ ယင်း အနိဋ္ဌ စိတ္တဇရုပ်များကြောင့်၊ မြစ်ရေယဥ်ကြော၌ မျှောချလိုက်သော နွားချေးချပ်ခြောက်ကဲ့သို့၊ ဖောက်ဖောက်ပြန်ပြန် ပျံ့နှံ့ ဖြစ်ပွားနေကြသော စိတ္တဇရုပ်များ၏ နောက်သို့လိုက်၍ ကမ္မဇ ဥတုဇ အာဟာရဇရုပ် တို့သည်လည်း တစ်ကိုယ်လုံး၌ ဖောက်ဖောက်ပြန်ပြန် ပျံ့နှံ့ ဖြစ်ပွားနေကြရ၏။ ယင်းသို့ ပျံ့နှံ့ ဖြစ်ပွားနေကြသော အနိဋ္ဌရုပ်များကြောင့် ဒေါသအမျက်ထွက်နေသူ၏ တစ်ကိုယ်လုံးသည် တုန်လှုပ်၍နေ၏၊ အမျက်ထွက်သော အခြင်းအရာသည် ထင်ရှားလာ၏။ ဤသို့ အနိဋ္ဌရုပ်များကို ပျံ့နှံ့စေ၍ ဒေါသဖြစ်ပုံ ထင်ရှားလာနိုင်ခြင်းသည်ကား
同样,嗔生起时,从嗔所依的心所依处所在之心脏开始,由嗔所主导之心产生的不可意心生色遍布全身,严重时甚至令形貌败坏;只要嗔的势力尚未穷尽,这些色法便前后相续、反复生起。由于这些不可意心生色,业生色、时节生色与食生色也像投入河流中的干牛粪饼随流而去一般,跟随不断变异、扩散的心生色,在全身发生变异并扩散。因为这些不可意色如此扩散,发怒者全身震颤,怒相明显。像这样使不可意色蔓延而令怒相显现,就是——
ဒေါသ၏ အပြည့်အစုံ အပြင်းအထန် ဖြစ်ခြင်းပင်တည်း။ သမ္ပတ္တိရသတည်း။ မိတ်ဆွေစိတ်ဓာတ် မရှိသူ၏ သန္တာန်ဝယ် ဒေါသ၏ ပြည့်ပြည့်စုံစုံ ဖြစ်လာခြင်းပင်တည်း။
——嗔完全、强烈地成就,也就是成就义的作用;在缺乏友善心者的相续中,嗔就这样充分成就。
ကိစ္စရသ --- ခန္ဓာကိုယ်ဝယ် အဆိပ်ကျရောက်ခြင်းသည် နည်းသည်ဖြစ်စေ များသည်ဖြစ်စေ ခန္ဓာအိမ်၌ ဖောက်ပြန်သော အခြင်းအရာ ဖြစ်သကဲ့သို့ ထို့အတူ ဒေါသဖြစ်ခြင်းသည် နည်းသည်ဖြစ်စေ များသည်ဖြစ်စေ စိတ်ဓာတ်၏ မူလပင်ကိုယ်သဘောမှ ဖောက်ပြန်သော အခြင်းအရာသာ ဖြစ်၏။ ယင်းအခြင်းအရာကို အမျက်
功能义的作用——毒物无论少量还是大量进入身体,都会使身体发生变异;同样,嗔无论微弱还是强烈,都是心的本来状态发生变异。这种行相就称为——
原书第 451 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း ထွက်ခြင်းဟု ဆိုသည်။ တစ်ဖန် ယင်းဒေါသ ပြဓာန်းသောစိတ်ကြောင့် အနိဋ္ဌ စိတ္တဇရုပ်များသည်လည်း တစ်ကိုယ် လုံးဝယ် အနှံ့အပြား ဖြစ်နေကြ၏။ ကမ္မဇ ဥတုဇ အာဟာရဇဟူသော ကျန်စိတ္တဇရုပ်များသည်လည်း အနိဋ္ဌ စိတ္တဇရုပ်များ၏ ဦးဆောင်ရာသို့ လိုက်လျော၍ ဖြစ်နေကြ၏။ ယင်းသို့ အနိဋ္ဌရုပ်များ၏ တစ်ကိုယ်လုံး၌ အနှံ့အပြား ဖြစ်ပေါ်လာကြသောအခါ ခန္ဓာကိုယ်တစ်ခုလုံးသည် တဆတ်ဆတ် တုန်လှုပ်နေတတ်၏။ သို့အတွက် မိမိဖြစ်ပုံ အခြင်းအရာ၏ အစွမ်းအားဖြင့်လည်းကောင်း၊ ဖောက်ပြန် ရွေ့ရှား ပျံ့နှံ့သွားတတ်သော အနိဋ္ဌရုပ်တို့ကို ဖြစ်စေ သည်၏ အစွမ်းအားဖြင့်လည်းကောင်း ကိုယ်ကို တုန်လှုပ်စေခြင်းသည် ဒေါသ၏ ကိစ္စရသပင် ဖြစ်သည်။
——‘发怒’。又由嗔所主导之心而生的不可意心生色,也遍布全身;其余业生色、时节生色与食生色,也随着这些不可意心生色的主导而转。不可意色遍布全身时,身体便会阵阵震颤。因此,依嗔自身转起行相,以及依它引生会变异、移动、扩散的不可意色这两方面,使身体震颤,就是嗔的功能义作用。
တစ်နည်း --- ကိစ္စရသ --- ဒါဝဂ္ဂိခေါ်သော တောမီးများသည် များသောအားဖြင့် သစ်ကိုင်းချင်း ပွတ်တိုက်မှု ဝါးပင်ချင်း ပွတ်တိုက်မှု စသည်ကြောင့် ဖြစ်ပေါ်လာတတ်၏။ ထိုသို့ ဖြစ်ပေါ်လာသော တောမီးသည် ရှေးဦးစွာ မီးဖြစ်အောင် ပွတ်တိုက်နေသော သစ်ကိုင်း သို့မဟုတ် ဝါးတို့ကို ဦးစွာစ၍ လောင်ကျွမ်း၏။ ဤဥပမာအတူပင် ဒေါသကား၊ ဒေါသဂ္ဂိ = ဒေါသမီး စသည်ဖြင့် ဘုရားရှင် ဟောကြားထားတော်မူသည့်အတိုင်း ပူလောင်သော မီးဓာတ်တစ်ခု ဖြစ်၏။ အာရုံနှင့် ဒွါရတို့ တိုက်ဆိုင်မိသောအခါ အယောနိသောမနသိကာရကို အကြောင်းခံလျက် တစ်ခါတစ်ရံ ဒေါသမီးသည် ထွက်ပေါ်လာတတ်၏။ ဒေါသထွက်လာသည့်အခါ ဒေါသနှင့်တကွ ယှဥ်ဖက်သမ္ပယုတ် တရားတို့သည်လည်း ပူပူလောင်လောင် သဘော ရှိကြ၏။ ထိုဒေါသ ပြဓာန်းသည့်စိတ်ကြောင့် ဖြစ်သော စိတ္တဇ ရုပ်များသည်လည်း ပူပူလောင်လောင်ပင် ရှိကြကုန်၏။ ယင်းစိတ္တဇရုပ်ကလာပ်တိုင်း၌ ပါဝင်တည်ရှိသော တေဇော
另一种功能义的作用——所谓森林火,多半由树枝彼此摩擦、竹竿彼此摩擦等而生;火生起以后,首先烧灼的正是相互摩擦而生火的树枝或竹竿。同样,正如世尊说‘嗔火’等,嗔是一种灼热的火性法。所缘与门相遇时,有时依不如理作意为因而迸发嗔火;嗔生起时,与嗔相应的诸法也变得灼热,由嗔所主导之心产生的心生色也同样灼热。每一个心生色聚中所含的火——
ဓာတ်၏ ဥဏှတ္တသဘောဟူသော ပူမှုသဘာဝသတ္တိစွမ်းအင်မှာ လွန်ကဲထက်မြက် စူးရှလာ၏။ ထိုစိတ္တဇရုပ်များနှင့် ခန္ဓာအိမ်တစ်ခုတည်း၏ အတွင်း၌ ပူးကပ် ရောယှက်လျက် ဖြစ်ကြရသော ကမ္မဇ ဥတုဇ အာဟာရဇရုပ်များသည် လည်း --- အိမ်တစ်အိမ်ကို မီးလောင်လျှင် အနီးအနား အိမ်များကိုပါ ကူးစက်၍ လောင်ကျွမ်းတတ်သကဲ့သို့ -- အပူဓာတ် ကူးစက်၍ ဟဒယဝတ္ထုရုပ်ကို စတင် လောင်မြိုက်တော့၏၊ နှလုံးအိမ်တစ်ခုလုံးကို လောင်မြိုက်ရာမှ တစ်စတစ်စ တစ်ကိုယ်လုံးသို့လည်း ပျံ့နှံ့သွားတတ်၏။ အသားအရေ နီမြန်းလာတတ်၏၊ တစ်ကိုယ်လုံး တဆတ် ဆတ် တုန်လှုပ်လာတတ်၏။ ဒေါသ၏ အရှိန်က အလွန်အားကြီးပါမူ မနောပဒေါသိကနတ်များကဲ့သို့ တစ်ခါတည်း ဘဝပြတ်အောင်ပင် နှလုံးအိမ်တစ်ခုလုံးကို လောင်ကျွမ်းသွားတတ်ပေသည်။ ထိုကြောင့် တောမီးကဲ့သို့ မိမိ၏ မှီရာစိတ်နှင့် ဟဒယဝတ္ထုရုပ်ကို လောင်မြိုက်ခြင်းသည်လည်း ဒေါသ၏ လုပ်ငန်းကိစ္စရပ် တစ်ခုပင် ဖြစ်သည်။
——界,其热性之力会变得极其强盛、尖锐。与这些心生色在同一身体内混合生起的业生色、时节生色与食生色,也像一所房屋起火会延烧邻舍一般受到热力传染;从心所依处色开始燃烧,继而烧灼整个心脏,并逐渐遍及全身。皮肤可能发红,全身可能阵阵震颤;嗔势极强时,甚至会像意愤天那样,一举烧灼整个心脏而断送生命。因此,如森林火般烧灼自己的所依心与心所依处色,也是嗔的一项功能。
ပစ္စုပဋ္ဌာန် --- ဖျက်ဆီးဖို့ရန် အခွင့်အလမ်း သာနေသော အခွင့်အရေး ရနေသော ရန်သူသည် မိမိ၏ ရန်သူအား ဖျက်ဆီးတတ်သကဲ့သို့ အလားတူပင် ဒေါသသည် ဒေါသ စွဲမှီ၍ ဖြစ်ရာ မိမိ၏ ခန္ဓာကိုလည်း ပစ္စုပ္ပန် သံသရာ နှစ်ဖြာ၌ ပျက်စီးအောင် ဖျက်ဆီးတတ်၏။ ရန်သူဟူသော သူတစ်ပါးကိုလည်း ပျက်စီးအောင် ဖျက်ဆီး တတ်၏။ သို့အတွက် မိမိ သူတစ်ပါး နှစ်ဦးသားလုံးကို ပျက်စီးအောင် ဖျက်ဆီးတတ်သော သဘောတရားဟု ဝိပဿနာဉာဏ်ဖြင့် ယင်းဒေါသတရားကို ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်တွင် ရှေးရှူ ထင်လာပေသည်။
现起——正如得到可乘之机的敌人会摧毁仇敌,嗔同样会摧毁它所依而生的自身诸蕴,使其在现世与轮回两方面遭到败坏;也会摧毁作为仇敌的他人。因此,以观智观照嗔的瑜伽行者,其智中会显现:嗔是能使自己与他人双方败坏、并加以摧毁的法。
တစ်နည်း --- ဒေါသဖြစ်လျှင် ကိုယ်ရောစိတ်ပါ ပင်ပန်းဆင်းရဲရ၏။ ကိုယ်ရောစိတ်ပါ ပျက်စီးလည်း ပျက်စီးတတ်၏။
另一种解释,嗔生起时,身与心都会疲惫受苦,也都可能败坏。
သို့အတွက် ကိုယ်စိတ်နှစ်ပါးကို ပျက်စီးအောင် ဖျက်ဆီးတတ်သော သဘောတရားဟုလည်း ယောဂီတို့၏ ဉာဏ်တွင် ရှေးရှု ထင်လာပေသည်။
因此,瑜伽行者的智中也会显现:嗔是能使身心两者败坏、并加以摧毁的法。
သတိ --- ထိုသို့ ဖျက်ဆီးရာ၌ --- သူတစ်ပါးကား ပျက်စီးသည်လည်း ရှိရာ၏၊ မပျက်စီးသည်လည်း ရှိရာ၏၊ မိမိမူကား အယုတ်သဖြင့် အရေအဆင်း ဖောက်ပြန်ခြင်း စသော အဖြစ်သို့ ရောက်ရှိ၍ စင်စစ်မချွတ် ပျက်စီး လေ၏။ အပါယ်၌ ကြီးပွားကြောင်း ကံများကို ဆည်းပူးပြီး စုဆောင်းပြီးလည်း ဖြစ်သွား၏။ သည်မျှသာမကသေး၊ မိမိအတွက် ဘဝဟူသည် နောက်ထပ် ထင်ရှားတည်ရှိနေပါသေးလျှင် နောင်သံသရာ ဘဝအဆက်ဆက်၌ အ- ကျည်းတန် အရုပ်ဆိုးစေသည့် ကံများကိုလည်း ပြည့်ပြည့်စုံစုံ ထူထောင်ပြီးလည်း ဖြစ်သွားပေသည်။
注意——在这样的摧毁中,他人可能遭到败坏,也可能没有;自己却必定遭到败坏,最低限度也会出现肤色变坏等情形。他还由此积聚、累积能使自己在恶趣增长的业。不仅如此,只要自己未来还有后有,便也充分造作了使自己在后来轮回的一生又一生中容貌丑陋的业。
原书第 452 页
ထိုကြောင့် ဒေါသမီးသည် ပစ္စုပ္ပန် သံသရာ နှစ်ဖြာလုံး၌ လောင်မြိုက်တတ်သော သဘောရှိရကား ဒေါသ ကြီးသောသူသည် အိုမင်းလွယ်သည်ဟု ကျမ်းဂန်များ၌ ဆိုချေသည်။ သူတစ်ပါးကို ပစ်ခတ်ခြင်းငှာ လက်ဖြင့် ကိုင်ယူသော မစင်သည် ကိုင်သူမိမိ၏ လက်ကို ဦးစွာလူးသကဲ့သို့၊ ထိုမစင်ဖြင့် အပစ်ခံရသော သူတစ်ပါးကား လူးသည်လည်း ရှိရာ၏၊ မလူးသည်လည်း ရှိရာ၏သို့ မှတ်ပါ။
因此,嗔火具有在现世与轮回两方面燃烧的性质,典籍遂说嗔盛之人容易衰老。应当这样理解:为了投掷他人而用手抓取粪秽时,粪秽首先沾污拿取者自己的手;至于被投掷的他人,则可能沾上,也可能没有沾上。
ပဒဋ္ဌာန် - အာဃာတဝတ္ထု (၉) ပါး၊ (၁ဝ) ပါး
近因(九种、十种结怨事)
၁။ မိမိ၏ အကျိုးစီးပွားမဲ့ကို ရှေးက ပြုခဲ့ပြီဟု အမျက်ထွက်၏ ရန်ငြိုးဖွဲ့၏၊ ၂။ မိမိ၏ အကျိုးစီးပွားမဲ့ကို ယခု ပြုနေ၏ဟု အမျက်ထွက်၏ ရန်ငြိုးဖွဲ့၏၊ ၃။ မိမိ၏ အကျိုးစီးပွားမဲ့ကို နောင်ပြုလိမ့်မည်ဟု အမျက်ထွက်၏ ရန်ငြိုးဖွဲ့၏၊ ၄။ မိမိချစ်ခင်သူ၏ အကျိုးစီးပွားမဲ့ကို ရှေးက ပြုခဲ့ပြီဟု အမျက်ထွက်၏ ရန်ငြိုးဖွဲ့၏၊ ၅။ မိမိချစ်ခင်သူ၏ အကျိုးစီးပွားမဲ့ကို ယခု ပြုနေ၏ဟု အမျက်ထွက်၏ ရန်ငြိုးဖွဲ့၏၊ ၆။ မိမိချစ်ခင်သူ၏ အကျိုးစီးပွားမဲ့ကို နောင်ပြုလိမ့်မည်ဟု အမျက်ထွက်၏ ရန်ငြိုးဖွဲ့၏၊ ၇။ မိမိမုန်းသူ၏ အကျိုးစီးပွားကို ရှေးက ပြုခဲ့ပြီဟု အမျက်ထွက်၏ ရန်ငြိုးဖွဲ့၏၊ ၈။ မိမိမုန်းသူ၏ အကျိုးစီးပွားကို ယခု ပြုနေပြီဟု အမျက်ထွက်၏ ရန်ငြိုးဖွဲ့၏၊ ၉။ မိမိမုန်းသူ၏ အကျိုးစီးပွားကို နောင်ပြုလိမ့်မည်ဟု အမျက်ထွက်၏ ရန်ငြိုးဖွဲ့၏၊ ၁ဝ။ အဋ္ဌာနကောပ = အရာမဟုတ်သည်၌ အမျက်ထွက်၏။
十种结怨事如下:一、想到‘他过去损害过我的利益’,便发怒、结怨;二、想到‘他现在正损害我的利益’,便发怒、结怨;三、想到‘他未来将损害我的利益’,便发怒、结怨;四、想到‘他过去损害过我所爱者的利益’,便发怒、结怨;五、想到‘他现在正损害我所爱者的利益’,便发怒、结怨;六、想到‘他未来将损害我所爱者的利益’,便发怒、结怨;七、想到‘他过去成办过我所憎者的利益’,便发怒、结怨;八、想到‘他现在正成办我所憎者的利益’,便发怒、结怨;九、想到‘他未来将成办我所憎者的利益’,便发怒、结怨;十、无因发怒,即对不应发怒之事发怒。
ဤ (၁ဝ)ပါးသည် ရန်ငြိုးဖွဲ့ကြောင်း အာဃာတဝတ္ထု (၁ဝ)ပါး ဖြစ်သည်။ (အဘိ-၁-၂၁၆။ စာပိုဒ်-၁ဝ၆၆၊၊) အဋ္ဌာနကောပ --- အဋ္ဌာန၌ ဌာန-သဒ္ဒါသည် ကာရဏ-အနက်ဟောတည်း၊ စိတ်ဆိုးခြင်း၏ အကြောင်း မဟုတ်ရာ၌ စိတ်ဆိုးခြင်းကို အဋ္ဌာနေကောပေါ အဋ္ဌာနကောပေါ --- အရ အဋ္ဌာနကောပဟု ခေါ်သည်။ အဋ္ဌာန- ကောပ = အရာဌာနမဟုတ်သည်၌ = အကြောင်းမဟုတ်သည်၌ အမျက်ထွက်ခြင်း အကြောင်းကို အဋ္ဌသာလိနီ အဋ္ဌကထာ၌ အောက်ပါအတိုင်း ဖွင့်ဆိုထား၏။ ဒေါသစရိုက် ထူပြောသော အချို့သောပုဂ္ဂိုလ်သည် --- ၁။ မိုးရွာလွန်း၏ဟု အမျက်ထွက်၏၊ ၂။ မိုးမရွာဟု အမျက်ထွက်၏၊ ၃။ နေပူလွန်း၏ဟု အမျက်ထွက်၏၊ ၄။ နေမပူဟု အမျက်ထွက်၏၊ ၅။ လေတိုက်ပြန်လည်း အမျက်ထွက်၏၊ ၆။ လေမတိုက်ပြန်လည်း အမျက်ထွက်၏၊ ၇။ တံမြက်လှည်းခြင်းငှာ မစွမ်းနိုင်၍ ဗောဓိရွက်တို့အား အမျက်ထွက်၏၊ ၈။ လေတိုက်လွန်း၍ သင်္ကန်းရုံထားခြင်းငှာ မစွမ်းနိုင်၍ လေအား အမျက်ထွက်၏၊
这十项便是能令人结怨的十种结怨事。(《法集论》1-216,第1066段。)无因发怒——aṭṭhāna 一词中的 ṭhāna 表示原因;对不是发怒之因的事发怒,依‘aṭṭhāne kopo=aṭṭhānakopo’,称为无因发怒。关于无因发怒,即对不相干之事、对并非原因的事发怒,《殊胜义注》解释如下。有些嗔行偏重者:一、嫌雨下得太多而发怒;二、嫌不下雨而发怒;三、嫌天气太热而发怒;四、嫌天气不热而发怒;五、风吹也发怒;六、不刮风也发怒;七、因无法清扫而对菩提叶发怒;八、因风太大、无法披好袈裟而对风发怒;
၉။ တိုက်မိ၍ ချော်လဲသော် သစ်ငုတ်အား အမျက်ထွက်၏။
九、撞到树桩而滑倒时,对树桩发怒。
ဤသို့သော အရာဌာနမဟုတ်သည်၌ အမျက်ထွက်ခြင်းမျိုးကို ရည်ရွယ်၍ အဋ္ဌာနကောပ = အရာဌာန မဟုတ်သည်၌ = အကြောင်းမဟုတ်သည်၌ အမျက်ထွက်ခြင်း ရန်ငြိုးဖွဲ့ခြင်းသည် ဖြစ်ပေါ်လာ၏ဟု ဘုရားရှင် သည် ဟောကြားတော်မူခြင်း ဖြစ်သည်။ (အဘိ-ဋ္ဌ-၁-၃၉၉။)
世尊正是针对这类对不相干之事发怒,才开示:无因发怒,也就是对不应发怒之事、对并非原因的事发怒、结怨,会生起。(《殊胜义注》1-399。)
原书第 453 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း တစ်ဖန် မူလဋီကာ၌ အဋ္ဌာနကောပ (၉)မျိုးကို ဆက်လက် ဖော်ပြထားပြန်၏၊ ယင်းတို့မှာ အောက်ပါအတိုင်း ဖြစ်၏။
《根本复注》又接着列出九种无因发怒,内容如下。
၁။ ငါ၏ အကျိုးစီးပွားကို ရှေးက မပြုကျင့်ခဲ့ဟု အမျက်ထွက်၏၊ ၂။ ငါ၏ အကျိုးစီးပွားကို ယခုလည်း မပြုကျင့်ဟု အမျက်ထွက်၏၊ ၃။ ငါ၏ အကျိုးစီးပွားကို နောင်လည်း ပြုကျင့်လိမ့်မည် မဟုတ်ဟု အမျက်ထွက်၏၊ ၄။ မိမိချစ်ခင်သူ၏ အကျိုးစီးပွားကို ရှေးက မပြုကျင့်ခဲ့ဟု အမျက်ထွက်၏၊ ၅။ မိမိချစ်ခင်သူ၏ အကျိုးစီးပွားကို ယခုလည်း မပြုကျင့်ဟု အမျက်ထွက်၏၊ ၆။ မိမိချစ်ခင်သူ၏ အကျိုးစီးပွားကို နောင်လည်း ပြုကျင့်လိမ့်မည် မဟုတ်ဟု အမျက်ထွက်၏၊ ၇။ မိမိုမုန်းသူ၏ အကျိုးစီးပွားမဲ့ကို ရှေးက မပြုကျင့်ခဲ့ဟု အမျက်ထွက်၏၊ ၈။ မိမိမုန်းသူ၏ အကျိုးစီးပွားမဲ့ကို ယခုလည်း မပြုကျင့်ဟု အမျက်ထွက်၏၊ ၉။ မိမိမုန်းသူ၏ အကျိုးစီးပွားမဲ့ကို နောင်လည်း ပြုကျင့်လိမ့်မည် မဟုတ်ဟု အမျက်ထွက်၏။
这九种是:一、想到‘他过去没有成办我的利益’,便发怒;二、想到‘他现在也不成办我的利益’,便发怒;三、想到‘他未来也不会成办我的利益’,便发怒;四、想到‘他过去没有成办我所爱者的利益’,便发怒;五、想到‘他现在也不成办我所爱者的利益’,便发怒;六、想到‘他未来也不会成办我所爱者的利益’,便发怒;七、想到‘他过去没有损害我所憎者的利益’,便发怒;八、想到‘他现在也不损害我所憎者的利益’,便发怒;九、想到‘他未来也不会损害我所憎者的利益’,便发怒。
ဤသို့ ဖြစ်ပေါ်လာသော အမျက်ဒေါသသည်လည်း အရာဝတ္ထုမဟုတ်သည်၌ ဖြစ်ပေါ်လာသောကြောင့် အဋ္ဌာနကောပသာ ဖြစ်သင့်ပေသည်။ (မူလဋီ-၁-၁၆၈-၁၆၉။) ဤမူလဋီကာဆရာတော်၏ ဖွင့်ဆိုချက်မှာ သုတ္တနိပါတအဋ္ဌကထာ ဥရဂသုတ် စာမျက်နှာ (၁၁)၌ လာရှိ သော ဖွင့်ဆိုချက်နှင့် တူညီလျက်ပင် ရှိ၏။ ယင်းဥရဂသုတ် အဋ္ဌကထာ၌ အာဃာတဝတ္ထု (၁၉)ပါး လာရှိပေသည်။
这样生起的愤怒,由于也是针对并非事由的对象而生,理应同样属于无因发怒。(《根本复注》1-168—169。)《根本复注》作者的这段解释,与《经集义注·蛇经》第11页的解释相同;《蛇经义注》列有十九种结怨事。
ယင်းတို့မှာ --- ၁။ ပထမ ရေတွက်ပြထားသော အာဃာတဝတ္ထု (၉)ပါး၊ ၂။ နောက်ထပ် မူလဋီကာက ရေတွက်ပြထားသော အာဃာတဝတ္ထု (၉)ပါး၊ ၃။ အဋ္ဌာနကောပ (၁)ပါး၊ အားလုံးပေါင်းသော် (၁၉)ပါးတည်း။
其中包括:一、最初列出的九种结怨事;二、《根本复注》另列的九种结怨事;三、一种无因发怒——合计十九种。
င်္သဂီတိသုတ် (ဒီ-၃-၂၁၈။)၊ အာဃာတဝတ္ထုသုတ် (အံ-၃-၂ဝ၈။) တို့၌ ပထမဦးစွာ ဖော်ပြထားသော မူရင်း အာဃာတဝတ္ထု (၉)ပါး လာရှိပေသည်။ ဤအာဃာတဝတ္ထု အားလုံးသည်ပင် ဒေါသဖြစ်ဖို့ရန် အနီးစပ်ဆုံး အကြောင်းတရားများပင် ဖြစ်ပေသည်။
《众集经》(《长部》3-218)和《结怨事经》(《增支部》3-208)载有最初列出的原本九种结怨事。这一切结怨事,都是嗔生起的最切近原因。
ဝိသသံသဋ္ဌ --- ဒေါသော ဥပယောဂဖလေသု အနိဋ္ဌတ္တာ ဝိသသံသဋ္ဌပူတိမုတ္တံ ဝိယ ဒဋ္ဌဗ္ဗော။
与毒相混——巴利原文(缅文字体):‘ဒေါသော ဥပယောဂဖလေသု အနိဋ္ဌတ္တာ ဝိသသံသဋ္ဌပူတိမုတ္တံ ဝိယ ဒဋ္ဌဗ္ဗော。’译:‘嗔在受用时与结果成熟时都不可意,因此应视如与毒相混的腐臭尿液。’
(မူလဋီ-၁-၁၂၁။)
(《根本复注》1-121。)
ဥပဘောဂဖလကာလေသု အနိဋ္ဌတ္တာ ဝိသသံသဋ္ဌပူတိမုတ္တံ ဝိယ ဒဋ္ဌဗ္ဗောတိ သဗ္ဗေန သဗ္ဗံ အဂ္ဂဟေတဗ္ဗတံ ဒဿေတိ။ (မဟာဋီ-၂-၁၅၂။) ကျင်ငယ်ရည်သည် သူချည်းသက်သက်ဖြစ်လျှင် ဆေးဖက်ဝင်သင့်သလောက် ဝင်သေးသော်လည်း အဆိပ် နှင့် ရောစပ်ထားသောအခါ ရောနှောနေသောအခါ သုံးဆောင်ခဲ့ပါမူ သို့မဟုတ် တစ်စုံတစ်ခုသော အရာဝတ္ထုနှင့် ရောစပ်၍လည်း သုံးစွဲခဲ့ပါမူ သုံးဆောင်ရာကာလ၊ အကျိုးပေးရာကာလတို့၌ စင်စစ် အနိဋ္ဌသာ ဖြစ်သောကြောင့် အချင်းခပ်သိမ်း စွန့်အပ် စက်ဆုပ်အပ်သကဲ့သို့ အလားတူပင် ဒေါသသည် စိတ်အစဥ်ဝယ် ယှဥ်တွဲ၍ ဖြစ်ခိုက်၌ လည်းကောင်း၊ ထိုဒေါသ ပြဓာန်းသော အကုသိုလ်ကံက အကျိုးကိုပေးရာကာလ၌လည်းကောင်း၊ စင်စစ် အနိဋ္ဌ သာ ဖြစ်သောကြောင့် အချင်းခပ်သိမ်း စက်ဆုပ်အပ် စွန့်အပ်သည်၏ အဖြစ်ကို အဋ္ဌကထာဆရာတော်က မိန့်မှာ တော်မူခြင်း ဖြစ်သည်။
巴利原文(缅文字体):‘ဥပဘောဂဖလကာလေသု အနိဋ္ဌတ္တာ ဝိသသံသဋ္ဌပူတိမုတ္တံ ဝိယ ဒဋ္ဌဗ္ဗောတိ သဗ္ဗေန သဗ္ဗံ အဂ္ဂဟေတဗ္ဗတံ ဒဿေတိ။’译:‘由于在受用时与结果成熟时都不可意,故说应视如与毒相混的腐臭尿液;这是显示它在一切方面都不应取。’(《大复注》2-152。)尿液单独存在时,尚有一定药用价值;但与毒混合以后,若饮用它,或把它与某种东西混合后使用,在受用时与结果成熟时便确实只有不可意,因此在一切方面都应厌弃、舍弃。同样,嗔在心相续中相应生起时,以及由嗔主导的不善业给予果报时,也确实只有不可意;义注作者正是说它在一切方面都应厌弃、舍弃。
原书第 454 页
စိတ်ဓာတ် ခက်ထန်ကြမ်းတမ်းခြင်းသဘောကို ဒေါသဟု ဆိုသော်လည်း ရှူးရှူးရှဲရှဲ ခက်ထန်ခြင်းတစ်မျိုးသာ မဟုတ် စိတ်ညစ်နွမ်းနေပြန်လျှင်လည်း မညစ်နွမ်းသောစိတ်ကဲ့သို့ ညက်ညက်ညောညော မရှိ၊ စိတ်နေပုံမှာ ဖွာ တာတာ ကြမ်းတမ်းတမ်း ရှိရကား စိတ်ညစ်နွမ်းမှု စိတ်အားငယ်မှု ကြောက်လန့်မှုများသည်လည်း ဒေါသသဘော ပင် ဖြစ်သည်။ စိတ်ညစ်မှု စိတ်မချမ်းသာမှု ကြောက်ရွံ့မှု စိတ်ပျက်မှု စိတ်ကောက်မှု စိတ်ဆိုးမှု ရန်ငြိုးဖွဲ့မှု ဆဲဆို ငေါက်ငမ်းမှု ခြိမ်းခြောက်မှု တိုက်ခိုက်မှု သေကျေပျက်စီးအောင်ကြံဆောင်မှု သတ်ပုတ်ညှဥ်းဆဲမှု အစုစုသည် ဒေါသချည်းတည်း။ ကြောက်လန့်မှု ကြမ်းတမ်းမှု နှစ်မျိုးလုံး၌ပင် ဒေါသ ပါဝင်ရကား ဒေါသကြီး၍ စိတ်ထက်သန် သူတို့သည် = စိတ်ဓာတ် ခက်ထန်တင်းမာသူတို့သည် ကြောက်စရာရှိလျှင်လည်း ကြောက်လွယ်တတ်ကြသည်။
虽说心的强硬粗暴性质是嗔,却不只气势汹汹的强硬才是嗔。心若染污,便不如未染污的心那样柔和顺适,而呈现散乱、粗涩的状态,所以心的郁闷、灰心与恐惧也都是嗔的性质。郁闷、不快乐、恐惧、失望、怄气、生气、结怨、辱骂呵斥、威胁、攻击、图谋置人于死地,以及殴打折磨等种种行为,全都属于嗔。恐惧与粗暴两方面都含有嗔,所以嗔重而心性强烈的人,也就是心地强硬紧张的人,遇到可怕之事时也容易恐惧。
စိတ်ဓာတ် ကြမ်းတမ်းခက်ထန်မှုကို တက်ကြွသော ဒေါသ၊ ဝမ်းနည်းကြေကွဲမှု ကြောက်ရွံ့မှုကို ဆုတ်နစ်သော ဒေါသဟုလည်း ဆိုကြသည်။
心地强硬粗暴,称为积极的嗔;悲伤、哀痛与恐惧,也称为消沉的嗔。
အရှင်ဒေဝဒတ်၏ ဒေါသ
提婆达多尊者的嗔
အရှင်ဒေဝဒတ်ကား ပစ္စေကဗောဓိဉာဏ်တော်မြတ်ကြီးကို ရရှိရန်အတွက် ကမ္ဘာပေါင်း နှစ်သင်္ချေတို့တိုင်တိုင် ပါရမီတော်များကို ဖြည့်ကျင့် ဆည်းပူးတော်မူပြီးသော သူတော်ကောင်းကြီး တစ်ဦးပင် ဖြစ်ခဲ့ပေ၏။ သို့သော် လွန်ခဲ့သော ငါးကမ္ဘာထက်က သေရိဝ အမည်ရသော ရွဲကုန်သည်ဘဝ ဖြစ်စဥ် အဘိုးတစ်သိန်း ထိုက်တန်သော ရွှေခွက်တစ်ခုကို မရရှိမှုကို အကြောင်းပြု၍ ရွဲကုန်သည်ပင် ဖြစ်သော ဘုရားအလောင်းတော်အပေါ်၌ ရန်ငြိုး စတင်၍ ဖွဲ့ခဲ့၏။
提婆达多尊者原是一位善人,为证得殊胜的辟支菩提智,曾在长达两阿僧祇劫中修习、积聚诸波罗蜜。然而五劫以前,他生为名叫舍利瓦的珠饰商时,因为没能得到一个价值十万的金钵,便开始对同为珠饰商的菩萨结怨。
ဣဒံ ပဌမံ ဒေဝဒတ္တဿ ဗောဓိသတ္တေ အာဃာတဗန္ဓနံ။ (ဇာတက-ဋ္ဌ-၁-၁၂၈။) ထိုရွှေခွက်ကို ဘုရားအလောင်း ရွဲကုန်သည်က ရရှိသွား၍ မိမိက မရရှိမှုကို အကြောင်းပြု၍ အရှင်ဒေဝဒတ် အလောင်း ရွဲကုန်သည်သည် နှလုံးကွဲကာ သွေးအန်၍ သေကျေပျက်စီးခဲ့ရ၏။ (ဇာတက-ဋ္ဌ-၁-၁၂၈။) သို့သော် ထိုဒေါသသည် ထိုမျှဖြင့်ကား ပြီးဆုံး၍ မသွားပေ၊ ထိုဘဝက စ၍ မွေးမြူခဲ့မိသော ဒေါသသည် ရန်ငြိုးဖွဲ့မှုသည် တစ်ဘဝထက် တစ်ဘဝ တစ်စထက် တစ်စ အရှိန်အဝါ မြင့်မားလာ၏။ ကြီးထွားလာ၏၊ ရင့်သန် လာ၏၊ ထက်မြက် စူးရှလာ၏။ ထိုဒေါသကို တိုက်ဖျက်ပစ်ရန် မကြိုးစားမိခဲ့ဘဲ မွေးမြူရေးကိုသာ ပြုလုပ်ခဲ့သော ကြောင့် ဖြစ်၏။ ထိုသို့ အရှိန်အဝါ မြင့်မားနေသော ဒေါသကြောင့် ဘုရားအလောင်းတော်နှင့် တွေ့ကြုံသည့် ဘဝများစွာတို့တွင် ဘုရားအလောင်းတော်ကို သေကျေပျက်စီးအောင် ဖျက်ဆီးခဲ့သည့် ဘဝတွေလည်း များစွာ ရှိခဲ့၏၊ ဘုရားအလောင်းတော် သေကျေပျက်စီးမှု မရှိခဲ့သည့် ဘဝတွေလည်း များစွာပင် ရှိခဲ့၏။
巴利原文(缅文字体):‘ဣဒံ ပဌမံ ဒေဝဒတ္တဿ ဗောဓိသတ္တေ အာဃာတဗန္ဓနံ။’译:‘这是提婆达多第一次对菩萨结怨。’(《本生义注》1-128。)菩萨珠饰商得到了那个金钵,提婆达多的前身却没有得到;后者因此心碎吐血而死。(《本生义注》1-128。)然而,那份嗔并未就此终结。从那一生开始培养的嗔与结怨,一生又一生地越来越有势力、越来越增长成熟,也越来越尖锐;这是因为他不曾努力对治嗔,只是一味培养它。由于嗔的势力这样增强,在许多与菩萨相遇的过去生中,他曾多次成功杀害菩萨,也曾多次未能使菩萨丧命。
ဝါနရိန္ဒဇာတ် (ဇာတက-ဋ္ဌ-၁-၂၉၆။)၌ ဘုရားအလောင်းတော်မျောက်၏ နှလုံးသားကို စားချင်ပါသည်ဟု မယ်မင်းကြီးမ စိဉ္စမာနအလောင်းလျာ ဖြစ်သည့် အရှင်ဒေဝဒတ်အလောင်း မိကျောင်းဖို၏ မယားဖြစ်သူ မိကျောင်း- မက ချင်ခြင်းတပ်ခဲ့၏။ အရှင်ဒေဝဒတ်အလောင်း မိကျောင်းကလည်း မြစ်ကမ်းနားဝယ် ကျက်စားလေ့ရှိသော ဘုရားအလောင်းမျောက်အား သတ်ဖြတ်ရန် ကြိုးစားခဲ့၏၊ သို့သော် ဘုရားအလောင်း၏ ဉာဏ်စွမ်းကြောင့် အောင်မြင်မှုကား မရရှိခဲ့ပေ။
《猴王本生》(《本生义注》1-296)记载:提婆达多前身为雄鳄鱼,其妻雌鳄鱼是旃遮摩那女的前身;雌鳄鱼渴望吃菩萨猴王的心。雄鳄鱼于是企图杀死常在河岸活动的菩萨猴王,却因菩萨的智慧而未能得逞。
အလားတူပင် တယောဓမ္မဇာတ် (ဇာတက-ဋ္ဌ-၁-၂၉၈-၂၉၉။) ၌လည်း အရှင်ဒေဝဒတ်အလောင်း မျောက် က မိမိ၏ သားရင်းဖြစ်သူ ဘုရားအလောင်းတော်မျောက်အား သတ်ဖြတ်ဖျက်ဆီးရန် ကြိုးစားခဲ့ပြန်၏၊ သို့သော် အောင်မြင်မှုကား မရရှိခဲ့ပေ။ သို့သော် အောင်မြင်မှုရရှိသော ဘဝများလည်း ရှိကြသည်သာ ဖြစ်၏။
同样,《三法本生》(《本生义注》1-298—299)也记载:提婆达多的前身是一只猴子,曾试图杀死自己的亲生儿子——菩萨猴,却未能得逞。不过,他成功杀害菩萨的过去生也确实存在。
原书第 455 页
စူဠနန္ဒိယဇာတ် (ဇာတက-ဋ္ဌ-၂-၁၈၃။)
《小难提本生》(《本生义注》2-183)
ဘဝတစ်ခုတွင် ဘုရားအလောင်းတော်သည် ဟိမဝန္တာတောအရပ်၌ မဟာနန္ဒိယ အမည်ရသော မျောက် ဖြစ်နေ၏၊ အရှင်အာနန္ဒာအလောင်းကား စူဠနန္ဒိယ အမည်ရသော ညီငယ်မျောက် ဖြစ်နေ၏။ မျက်မမြင် မိခင် မျောက်မကြီးကို ပြုစု လုပ်ကျွေးလိုသဖြင့် ရှစ်သောင်းသော မျောက်အခြံအရံတို့ကို စွန့်ခွာကာ မျောက်ညီနောင် နှစ်ဦးသားတို့သည် အမိကို ဆောင်ယူကုန်လျက် ဟိမဝန္တာမှ ဆင်းသက်ခဲ့ကြကုန်၍ အစွန်အဖျားကျသော ပစ္စန္တရစ် အရပ်၌ ပညောင်ပင်ကြီး တစ်ပင်၌ နေကုန်၍ အမိကို ပြုစု လုပ်ကျွေးနေကြကုန်၏။
某一生中,菩萨在喜马拉雅山林投生为一只名叫大难提的猴子,阿难尊者的前身则是名叫小难提的弟弟。为了照料奉养失明的老母猴,兄弟二猴舍弃八万只随从猴,带着母亲走下喜马拉雅山,来到边远地区,住在一棵大榕树上奉养母亲。
ထိုအခါ အရှင်ဒေဝဒတ်အလောင်းကား ဗာရာဏသီပြည်၌ ပုဏ္ဏားလုလင်တစ်ဦး ဖြစ်နေ၏။ တက္ကသိုလ် ပြည်ဝယ် အရှင်သာရိပုတ္တရာအလောင်း ဒိသာပါမောက္ခဆရာကြီး၏ အထံ၌ ထိုပုဏ္ဏားလုလင်သည် ခပ်သိမ်းသော အတတ်တို့ကို သင်ယူပြီးလျှင် ပြန်သွားဖို့ရန် ဆရာကြီးအားပန်ကြား၏။ ဒိသာပါမောက္ခဆရာကြီးကလည်း အင်္ဂ- ဝိဇ္ဇာအတတ်၏ အာနုဘော်အားဖြင့် ထိုပုဏ္ဏားလုလင်၏ ကြမ်းတမ်းသည်၏အဖြစ် ရုန့်ရင်းသည်၏အဖြစ် နိုင် ထက်ကလူ ပြုမူတတ်သည်၏အဖြစ်ကို သိ၍ ''လုလင် …သင်သည် ကြမ်းတမ်း၏၊ ရုန့်ရင်း၏၊ နိုင်ထက်ကလူ ပြုမူတတ်၏၊ ဤကဲ့သို့သော စိတ်နေစိတ်ထား သဘောတရား ထင်ရှားရှိသူတို့အား အခါခပ်သိမ်း တစ်သမတ်တည်း ပြည့်စုံနေမည်ကား မဟုတ်၊ ကြီးစွာသော ပျက်စီးခြင်းသို့ ကြီးစွာသော ဆင်းရဲဒုက္ခသို့ ရောက်ရှိရပေလတ္တံ့၊ သင် သည် ကြမ်းတမ်းသူ မဖြစ်စေလင့်၊ နောင်တတစ်ဖန် ပူပန်ခြင်းကို ပြုတတ်သောအမှုကို မပြုလေလင့်'' --- ဟု
当时,提婆达多的前身是住在波罗奈城的一名婆罗门青年。他在怛叉尸罗城跟随舍利弗尊者的前身——一位方域首师——学会各种技艺,便请求老师准许回乡。老师凭相术知道这名青年性情粗暴、凶狠而强横,便告诫他说:‘年轻人,你粗暴、凶狠又强横;有这种性情的人不会永远顺遂,终将遭受重大毁灭与巨大痛苦。你切莫成为粗暴之人,也不要做日后追悔、令自己热恼的事。’——
ဆုံးမ၍ လွှတ်လိုက်၏။
——老师这样教诫以后,才让他离去。
ထိုပုဏ္ဏားလုလင်သည် ဒိသာပါမောက္ခဆရာကြီးကို ရှိခိုး၍ ဗာရာဏသီသို့ ပြန်သွားပြီးနောက် အိမ်ထောင် ပြုကာ နေထိုင်လတ်သော် အခြားအခြားသော အတတ်ပညာတို့ဖြင့် အသက်မွေးဖို့ရန် မစွမ်းနိုင်ရကား မုဆိုးဘဝဖြင့် အသက်မွေးရန် ဆုံးဖြတ်ချက်ချ၍ ဗာရာဏသီမှ ထွက်ခွာကာ ပစ္စန္တရစ် ရွာငယ်တစ်ခု၌ နေထိုင်လျက် လေးတောင့် လွယ်ကာ တောသို့ ဝင်၍ သားကောင် အမျိုးမျိုးတို့ကို သတ်၍ အသားကို ရောင်းသဖြင့် အသက်မွေး၏။ ထို ပုဏ္ဏားလုလင်သည် တစ်နေ့သ၌ တောဝယ် တစ်စုံတစ်ခုကို မရမူ၍ လာလတ်သည်ရှိသော် အစွန်၌ တည်သော ပညောင်ပင်ကို မြင်၍ ဤပညောင်ပင်၌ တစ်စုံတစ်ခုရှိသည် ဖြစ်ငြားအံ့လည်း မသိဟု ပညောင်ပင်သို့ ရှေးရှု သွား၏။
婆罗门青年礼敬老师,回到波罗奈城,结婚成家;但他不能靠其他技艺谋生,便决定以打猎为业。他离开波罗奈,住到边地一个小村庄,携弓入林,猎杀各种野兽,卖肉维生。有一天,他在林中一无所获,回来时看见林缘的一棵榕树,心想‘这棵树上说不定有什么’,便朝榕树走去。
ထိုခဏ၌ မျောက်ညီနောင်တို့သည်လည်း အမိကို သစ်သီးများကို စားစေကုန်၍ ရှေ့မှထားကာ သစ်ခွကြား၌ ထိုင်နေကုန်လျက်ပင် လာလတ်သော မုဆိုးကို မြင်လေသော် --- ''ထိုသူသည် ငါတို့၏မိခင်ကို အသို့ပြုလတ္တံ့နည်း''ဟု သစ်ခက်ကြား၌ ပုန်းအောင်းကာ စောင့်ကြည့်နေကြကုန်၏။
当时,猴兄弟刚喂母亲吃过水果,让母亲坐在前面,自己坐在树杈之间。他们看见猎人走来,心想‘那人会怎样对待我们的母亲呢?’,便躲在枝叶之间观察。
ထို နိုင်ထက်ကလူ ပြုမူတတ်သော ယောကျာ်းသည်လည်း ပညောင်ပင်ရင်းသို့ လာလတ်၍ ထို မျက်စိ ကာဏ်းနေသော မျောက်အိုမကြီးကို မြားဖြင့် ပစ်ခွင်းရန် စီမံတော့၏။ ထိုအခြင်းအရာကိုမြင်၍ ဘုရားအလောင်း- တော်မျောက်က --- ''ညီထွေး နန္ဒိယ …ဤယောကျာ်းသည် ငါ၏ အမိကို လေးမြားဖြင့် ပစ်ခွင်းလို၏၊ ငါသည် ထိုအမိအား ဇီဝိတဒါနကို ပေးလှူအံ့၊ သင်သည် ငါကွယ်လွန်သွားသောအခါ မိခင်ကို ပြုစုလုပ်ကျွေးရစ်ပေတော့'' ဟု ဆို၍ သစ်ခက်ကြားမှ ထွက်၍ --- ''အို ယောကျာ်း …သင်သည် ငါ၏ အမိကို မပစ်ပါလင့်၊ ဤမျောက်မ ကြီးသည် မျက်စိလည်း ကာဏ်းနေ၏၊ အိုလည်း အိုနေ၏၊ အားလည်း နည်းနေ၏၊ ငါသည် ထိုမိခင် မျောက်မအို အား ဇီဝိတဒါနကို ပေးလှူအံ့၊ သင်သည် ထိုမျောက်မအိုကို မသတ်မူ၍ ငါ့ကိုပင် သတ်ပါလေ''ဟု ထိုယောကျာ်း အား ပဋိညာဥ်ဝန်ခံချက် စကားကို ရယူ၍ မြား (= မြှား)၏ အနီးဖြစ်သော အရပ်၌ နေ၏။
那个强横的男人来到榕树下,准备射杀失明的老母猴。菩萨猴见状,对弟弟说:‘难提弟弟,这个人要用箭射杀母亲。我要施与母亲生命之施;我死以后,你要继续奉养她。’说罢便从枝叶间出来,对猎人说:‘喂,你不要射我的母亲。她眼睛已经失明,又老又弱;我要施与这只老母猴生命之施。请不要杀她,杀我吧。’他取得猎人的承诺以后,站到箭前。
原书第 456 页
သနားခြင်း ကရုဏာတရား ကင်းမဲ့နေသော ထိုယောကျာ်းသည် ဘုရားလောင်းမျောက်ကို ပစ်၍ အောက်သို့ ကျစေ၏။ ထိုဘုရားအလောင်းတော်၏ အမိကိုလည်း ပစ်အံ့သောငှာ တစ်ဖန် လေးကို တင်ပြန်၏။ စူဠနန္ဒိယသည် ထိုအခြင်းအရာကို မြင်၍ --- ''ဤယောကျာ်းသည် ငါ၏အမိကို ပစ်သတ်လို၏၊ တနေ့မျှသော်လည်း ငါ၏အမိသည် အသက်ရှင်လတ်သော် အသက်ကိုရအပ်သည် မည်သည်သာလျှင် ဖြစ်ပေ၏၊ ထိုအမိအား ဇီဝိတဒါနကို လှူပေအံ့'' ဤသို့ ဆုံးဖြတ်ချက်ချ၍ သစ်ခက်ကြားမှ ထွက်လာကာ --- ''အို ယောကျာ်း …သင်သည် ငါ၏ အမိကို မပစ် ပါလင့်၊ ငါသည် ထိုအမိအား ဇီဝိတဒါနကို ပေးလှူပေအံ့၊ သင်သည် ငါ့ကို ပစ်သတ်၍ ငါတို့ညီနောင် နှစ်ဦးလုံး တို့ကို ယူဆောင်၍ ငါတို့၏ အမိအား ဇီဝိတဒါနကို ပေးပါလော'' --- ဟု ထိုယောကျာ်း၏ ပဋိညာဥ်ဝန်ခံချက်ကို ယူ၍ မြား (= မြှား)၏ အနီးဖြစ်သော အရပ်၌ ထိုင်ပေးလိုက်၏။ ထိုယောကျာ်းသည် ထိုစူဠနန္ဒိယကိုလည်း ပစ်
那人毫无怜悯与悲悯,射中菩萨猴,使他坠落;接着又张弓准备射杀菩萨的母亲。小难提见状,心想:‘这人想射杀母亲;只要母亲哪怕多活一天,也算获得了生命。我要施与她生命之施。’他作出决定,从枝叶间出来,对猎人说:‘喂,你不要射我的母亲。我要施与她生命之施;请射杀我,带走我们兄弟二人,把生命之施给我们的母亲。’他取得猎人的承诺,便坐到箭前。那人又把小难提——
သတ်၍ မြေသို့ ကျစေပြန်၏။
——射杀,使他坠落地面。
''ဤမျောက်အိုမကြီးသည်လည်း ငါ၏အိမ်ဝယ် ကလေးသူငယ်တို့ဖို့ ဖြစ်ပေလတ္တံ့''ဟု နှလုံးပိုက်၍ မိခင် မျောက်မကြီးကိုလည်း ပစ်သတ်၍ မြေသို့ ကျစေပြန်၏။ မျောက်သုံးကောင်လုံးတို့ကိုလည်း ဆိုင်းထမ်းပိုးဖြင့် ထမ်း၍ အိမ်သို့ ရှေးရှုသွားလေ၏။
猎人又想:‘这只老母猴也可以给我家里的孩子吃。’于是把母猴也射杀在地,再用扁担挑起三只猴子,朝家里走去。
ထိုအခါ ထိုယုတ်မာသော ယောကျာ်း၏ အိမ်ကို မိုးကြိုးသည် ပစ်လေတော့၏။ မိုးကြိုးကျသောအခါ မယားလည်း သေ၏၊ သားငယ် နှစ်ယောက်တို့လည်း သေကုန်၏၊ အိမ်ကိုလည်း မီးလောင်၏။ ခေါင်အုပ်ဝါး၏ ဖွဲ့ချည်ရာ တိုင်မျှသည်သာ ကြွင်းကျန်၏။ ထိုအခါ ထိုယောကျာ်းအား ရွာတံခါး၌သာလျှင် တစ်ယောက်သော ယောကျာ်းသည် မြင်၍ ထိုအကြောင်းစုံကို ပြောကြားလာ၏။ ထိုယောကျာ်းသည် သားမယားတို့ကို စွဲ၍ဖြစ်သော စိုးရိမ်ခြင်းသည် နှိပ်စက်အပ်သည် ဖြစ်၍ ထိုအရပ်၌ပင်လျှင် အမဲနှင့်တကွသော ထမ်းပိုးကိုလည်းကောင်း၊ လေးကို လည်းကောင်း စွန့်ပစ်ထားခဲ့၍ ပုဆိုးကိုလည်း ပစ်လွှင့်လိုက်၍ ပုဆိုးမပါ ဗလာကိုယ်ချည်းစည်းစည်း လက်မောင်း နှစ်ဖက်တို့ကို မြှောက်၍ ငိုကြွေးလျက် သွားလေသော် အိမ်သို့ ဝင်မိလေ၏၊ ထိုအခါ ထိုယုတ်မာသော ယောကျာ်း ၏ ဦးခေါင်းထက်၌ အိမ်ခေါင်တိုင်သည် လဲကျ၍ ဦးခေါင်းကို ခွဲလေ၏။ မဟာပထဝီမြေကြီးသည် ဟင်းလင်း
这时,雷电击中了这个恶人的家。他的妻子和两个孩子都死了,房屋也被烧毁,只剩屋脊竹子所系的一根柱子。猎人还在村口,便有人看见他,把事情始末告诉了他。他受到丧妻失子的忧恼逼迫,当场丢下装着猎物的扁担和弓,又扔掉下衣,赤身裸体地举起双臂,哭喊着奔向家中。他一踏进房屋,屋脊柱便倒落在他头上,劈开他的头颅;大地随即裂开——
ပွင့်သော အခြင်းအရာကို ပေး၏၊ အဝီစိမှ ငရဲမီးလျှံသည် တက်လာ၏၊ ထိုယောကျာ်းသည် မြေမျိုလတ်သည်ရှိ သော် ဆရာ၏ အဆုံးအမကို အောက်မေ့၍ စင်စစ် ဤအကြောင်းကို မြင်၍ ငါ၏ ဆရာဖြစ်သော ဒိသာပါမောက္ခ ဆရာပုဏ္ဏားကြီးသည် ငါ့အား အဆုံးအမကို ပေး၏ဟု ငိုကြွေးလိုရကား အောက်ပါ ဂါထာ နှစ်ခုတို့ကို ရွတ်ဆို သွားလေ၏။
——阿鼻地狱的火焰从裂缝中升起。就在大地吞没他时,他忆起老师的教诫,想哭诉‘我的老师、方域首婆罗门师正是预见了此事才告诫我’,于是诵出下面两首偈。
ဣဒံ တဒါစရိယဝစော၊ ပါရာသရိယော ယဒဗြဝိ။
巴利原文(缅文字体):‘ဣဒံ တဒါစရိယဝစော၊ ပါရာသရိယော ယဒဗြဝိ။’译:‘这是当时那位波罗奢罗门老师所说的话:
မာသု တွံ အကရိ ပါပံ၊ ယံ တွံ ပစ္ဆာ ကတံ တပေ။
‘မာသု တွံ အကရိ ပါပံ၊ ယံ တွံ ပစ္ဆာ ကတံ တပေ။’译:你切莫作恶;所作之恶,后来会使你热恼。’
ယာနိ ကရောတိ ပုရိသော၊ တာနိ အတ္တနိ ပဿတိ။
巴利原文(缅文字体):‘ယာနိ ကရောတိ ပုရိသော၊ တာနိ အတ္တနိ ပဿတိ။’译:‘人所作的诸业,都会在自身见到;
ကလျာဏကာရီ ကလျာဏံ၊ ပါပကာရီ စ ပါပကံ။
‘ကလျာဏကာရီ ကလျာဏံ၊ ပါပကာရီ စ ပါပကံ။’译:行善者见善果,作恶者见恶果;
ယာဒိသံ ဝပတေ ဗီဇံ၊ တာဒိသံ ဟရတေ ဖလံ။
‘ယာဒိသံ ဝပတေ ဗီဇံ၊ တာဒိသံ ဟရတေ ဖလံ။’译:播下怎样的种子,便收获怎样的果实。’
ချစ်သားလုလင် …သင်သည် မကောင်းမှုကို မပြုကျင့်ပါလင့်၊ အကြင်မကောင်းမှုကို သင်သည် ပြုကျင့်၏၊ နောက်ကာလ၌ သင်သည်ပင်လျှင် ပူလောင်လေရာ၏။ --- ဤစကားကို တိုင်းထွာဆင်ခြင် အောက်မေ့မြင်သော ဆရာဖြစ်တော်မူသော ဒိသာပါမောက္ခပုဏ္ဏားဆရာကြီးသည် ပြောဆိုခဲ့ဖူး၏။
‘亲爱的年轻人,你切莫造恶;所造之恶,后来会使你自己热恼。’那位老师、方域首婆罗门师曾经审慎思量、预见后果,因而这样教诫。
ကာယ ဝစီ မနော ချီသော သုံးလီသော ဒွါရတို့ဖြင့် အကြင်ကံတို့ကို ယောကျာ်းသည် ပြုစုပျိုးထောင်၏၊ ထိုကံတို့၏ အကျိုးတရားကို ရရှိလတ်သော် ထိုအကျိုးတရားတို့ကိုပင်လျှင် ကံကို ပြုစုပျိုးထောင်သော မိမိ၏
人经由身、语、意三门造作的种种业,在果报成熟时,造业者会在自己的——
原书第 457 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း သန္တာန်၌ တွေ့မြင်ရတတ်၏။ ကောင်းမှုကို ပြုလေ့ရှိသောသူသည် ကောင်းသောအကျိုးတရားကို အစဥ်ခံစားရ၏။
——相续中见到那些果报。惯于行善者,恒常领受善果;
မကောင်းမှုကို ပြုလေ့ရှိသောသူသည်လည်း ယုတ်ညံ့သည်သာလျှင် ဖြစ်သော အလိုမရှိအပ်သော အကျိုးတရားကို အစဥ်ခံစားရ၏၊ မှန်ပေသည် --- လောက၌လည်း အကြင်ကဲ့သို့သော မျိုးစေ့ကို ကြဲချစိုက်ပျိုး၏၊ ထိုကဲ့သို့သော မျိုးစေ့နှင့် တူသော အသီးဟူသော အကျိုးတရားကို ထိုမျိုးစေ့က = ထိုမျိုးစေ့ကြောင့် ဖြစ်ပေါ်လာသော သစ်ပင်က ရွက်ဆောင်ပေး၏။ မျိုးစေ့နှင့် လျော်ညီသော မျိုးစေ့နှင့် လျော်လျောက်ပတ်သည်သာလျှင် ဖြစ်သော အသီးကို ရယူနိုင်၏၊ အစဥ်ခံစားရ၏။ ဤသို့လျှင် ထိုယောကျာ်းသည် ငိုကြွေးမြည်တမ်းစဥ်မှာပင် မဟာပထဝီမြေကြီး အတွင်းသို့ ဝင်သွား၍ မဟာအဝီစိငရဲကြီး၌ ဖြစ်ရလေ၏။ (ဇာတက-ဋ္ဌ-၂-၁၈၃-၁၈၅။) ဒေါသ၏ မိမိ သူတစ်ပါး နှစ်ဦးသားတို့ကို ပျက်စီးအောင် ဖျက်ဆီးတတ်ပုံ သာဓကတစ်ရပ်ပင်တည်း။
惯于作恶者,也恒常领受卑劣而不可意的果报。确实,在世间播下怎样的种子,由那种子生长的树便结出与之相应的果实;人只能收获与种子相称、相应的果实,并不断领受它。那人就这样一边哭喊悲叹,一边沉入大地,投生到大阿鼻地狱。(《本生义注》2-183—185。)这正是嗔能使自己与他人双方败坏、并加以摧毁的一个实例。
တစ်ဖန် ခန္တိဝါဒီဇာတ် (ဇာတက-ဋ္ဌ-၃-၃၇။)တွင်လည်း ယဇ်ထုပ်ကြီးဖြစ်နေသော ကလာဗုမင်းသည် သည်း- ခံခြင်း ခန္တီဝါဒ ရှိပါသည်ဟု ခန္တီဝါဒရှိကြောင်း ဝန်ခံစကား ပြောကြားလာသော ခန္တီဝါဒီရှင်ရသေ့ ဘုရား အလောင်းတော်မြတ်အား ကြိမ်ဆူးတို့ဖြင့် ရိုက်ခြင်း၊ လက်တို့ကို ဖြတ်ခြင်း၊ ခြေတို့ကို ဖြတ်ခြင်း၊ နားရွက်တို့ကို ဖြတ်ခြင်း၊ နှာခေါင်းတို့ကို ဖြတ်ခြင်းတို့ကို တစ်ဆင့်ပြီးတစ်ဆင့် ပြုလုပ်စေ၏။ မင်းဥယျာဥ်တော် အတွင်းဝယ် မူးယစ်ဆေးဝါးတို့ကို မှီဝဲကာ မင်္ဂလာကျောက်ဖျာထက်၌ သီဆိုတီးမှုတ်မှုတို့၌ လိမ္မာ ကျွမ်းကျင်သော အမျိုးသ္မီး တစ်ဦး၏ ရင်ခွင်ထက်၌ စက်တော်ခေါ်တော်မူစဥ် နိုးလာသောအခါ မိမိကို ဖျော်ဖြေနေကြသော မောင်းမမိဿံ အပေါင်းတို့ကို ခန္တီဝါဒီရှင်ရသေ့၏ အထံ၌ သွားရောက်ကာ တရားနာယူနေကြောင်း သိရှိရသဖြင့် ဒေါသအမျက် ခြောင်းခြောင်းထွက်ကာ ထိုကဲ့သို့ ပြုမူလိုက်ခြင်း ဖြစ်၏။
《忍辱行者本生》——又据《本生义注》3-37,嗜酒成性的迦罗浮王命人依次鞭打菩萨忍辱行者仙人,砍去他的双手、双脚、双耳和鼻子;仙人此前宣称自己奉行忍辱之道。国王在御苑服用致醉之物,躺在吉祥石板上一名善于歌舞奏乐的女子怀中睡着;醒来时,他发现原本为自己助兴的后宫女子都去忍辱行者仙人那里听法,便怒火中烧,做出了这些暴行。
နောက်ဆုံးတွင် ခန္တီဝါဒီရှင်ရသေ့က မိမိ၏ သည်းခံခြင်း ခန္တီဝါဒသည် အရေထူ အရေပါး လက်ခြေ နား နှာခေါင်း စသည်တို့၌ မတည်ရှိဘဲ နှလုံးအိမ်အတွင်း ဟဒယဝတ္ထုရုပ်၌ မှီတွယ်တည်ရှိကြောင်း အမိန့်ရှိသောအခါ ''ကောက်ကျစ်စဥ်းလဲသောရသေ့ …သင်၏ ခန္တီဝါဒကို သင်သည်သာလျှင် ရွက်ဆောင်သည်ပိုး၍ နေလေ လော့'' --- ဟု ဆို၍ ဘုရားအလောင်းတော် ခန္တီဝါဒီရှင်ရသေ့၏ ရင်ဘတ် နှလုံးသားရှိရာအရပ်ကို ခြေထောက်ဖြင့် ကန်ကျောက်ကာ ထွက်ခွာသွားလေ၏။ သို့သော် ခန္တီဝါဒီရှင်ရသေ့၏ စိတ်ထားကား ဤသို့ ဖြစ်ပေ၏ --- ယော မေ ဟတ္ထေ စ ပါဒေ စ၊ ကဏ္ဏနာသဉ္စ ဆေဒယိ။
最后,忍辱行者仙人说,自己的忍辱之道并不住在厚皮、薄皮、手、脚、耳、鼻等处,而是依止心室之内的心所依处色而住。国王却说:‘奸猾的仙人,你就自己背负着你的忍辱之道活下去吧!’说罢,用脚踢向菩萨忍辱行者仙人胸前心脏所在之处,转身离去。然而,忍辱行者仙人的心意却是这样。巴利原文(缅文字体):‘ယော မေ ဟတ္ထေ စ ပါဒေ စ၊ ကဏ္ဏနာသဉ္စ ဆေဒယိ။’——
စိရံ ဇီဝတု သော ရာဇာ၊ န ဟိ ကုဇ္ဈန္တိ မာဒိသာ။
——‘စိရံ ဇီဝတု သော ရာဇာ၊ န ဟိ ကုဇ္ဈန္တိ မာဒိသာ။’译:‘割断我的手、脚、耳、鼻的那位国王,愿他长寿;像我这样的人实不发怒。’
အကြင်မင်းသည် ငါ၏ လက်တို့ကိုလည်းကောင်း၊ ခြေတို့ကိုလည်းကောင်း၊ နား နှာခေါင်းကိုလည်းကောင်း ဖြတ်၏၊ ထိုမင်းသည် ကြာမြင့်စွာ အသက်ရှည်ပါစေသတည်း။ ငါကဲ့သို့သော ပညာရှိသူတော်ကောင်းတို့သည် အမျက်မထွက်တတ်ကုန်သည်သာလျှင်တည်း။ (ဇာတက-ဋ္ဌ-၃-၃၉။) ဤစကားတို့ကား အရှင်သာရိပုတ္တရာအလောင်း ဖြစ်သော စစ်သူကြီးက ခန္တီဝါဒီရှင်ရသေ့ကြီးအား ကလာ- ဗုမင်း ထွက်ခွာသွားပြီးနောက် လာရောက် တောင်းပန်သောအခါ မိန့်ကြားတော်မူသော စကားများပင်တည်း။
‘那位砍断我的双手、双脚、双耳与鼻子的国王,愿他长久安住、寿命绵长;像我这样的智者善人,实不会发怒。’(《本生义注》3-39。)迦罗浮王离去以后,舍利弗尊者的前身——统军大将——来到仙人面前,请他不要迁怒于国王;仙人当时说的正是这些话。
ကလာဗုမင်းသည် ဥယျာဥ်တော်မှ ထွက်၍သွားသောအခါ ဘုရားအလောင်းတော်၏ မျက်စိဖြင့် မြင်နိုင် ကောင်းသော အရပ်ကို လွန်မြောက်သွားသော ကာလ၌ပင်လျှင် ယူဇနာပေါင်း နှစ်သိန်းလေးသောင်း အထုရှိသော ဤမဟာပထဝီမြေကြီးသည် ကစီဖြင့်ဖွဲ့အပ်သော ပုဆိုးကဲ့သို့ ကွဲအက်၍ အဝီစိမှ ငရဲမီးလျှံသည် အထက် တက် လာ၍ ကလာဗုမင်းကို အမျိုးပေးသော ကမ္ဗလာနီဖြင့် ခြုံရုံထားလိုက်ဘိသကဲ့သို့ ခြုံရုံ၍ ယူဆောင်သွားလေ၏။
迦罗浮王走出御苑,刚一离开菩萨目光所能及的范围,这片厚达二十四万由旬的大地便像粗布做的下衣一样裂开;阿鼻地狱的火焰向上升起,像用亲族所赠的红毯包裹迦罗浮王一样,将他裹住带走。
ထိုကလာဗုမင်းသည် ဥယျာဥ်တံခါး၌သာလျှင် မြေသို့ဝင်၍ အဝီစိငရဲ၌ တည်လေ၏။ (ဇာတက-ဋ္ဌ-၃-၄ဝ။)
迦罗浮王就在御苑门口沉入大地,投生阿鼻地狱。(《本生义注》3-40。)
原书第 458 页
ဤဇာတ်တော်၌ ကလာဗုမင်းဟူသည်မှာလည်း ရှင်ဒေဝဒတ်အလောင်းပင် ဖြစ်သည်။ ဘုရားအလောင်းတော် ခန္တီဝါဒီရသေ့ကြီးလည်း ထိုနေ့မှာပင် ကွယ်လွန်တော်မူလေသည်။
在这则本生中,迦罗浮王也是提婆达多尊者的前身;菩萨忍辱行者大仙人则在当天圆寂。
စူဠဓမ္မပါလဇာတ် --- တစ်ချိန် အရှင်ဒေဝဒတ်အလောင်းသည် ဗာရာဏသီပြည်၌ မဟာပတာပ မည်သော မင်းဖြစ်၏။ ဘုရားအလောင်းတော်သည် ထိုမင်း၏ စန္ဒာဒေဝီ အမည်ရှိသော မိဖုရားကြီး၏ ဝမ်း၌ ဖြစ်၏၊ မွေးဖွား လာသောအခါ ဓမ္မပါလဟူသော အမည်ကို မှည့်ထား၏။ ထိုဓမ္မပါလမင်းသား ခုနစ်လသားအရွယ် ရှိသောကာလ၌ မယ်တော်သည် နံ့သာရေဖြင့် ရေချိုး၍ ကစားစေလျက် နေ၏၊ မင်းသည် မိဖုရား နေရာအရပ်သို့ သွား၏၊ မိဖုရားသည် သားကို ကစားစေလျက် သား၌ချစ်ခြင်းနှင့် ပြည့်စုံသည် ဖြစ်၍ မင်းကို မြင်၍လည်း နေရာမှ မထ မိပေ။ ထိုအခါ မင်း၏ သန္တာန်ဝယ် --- ''မိဖုရားကား ယခုပင်လျှင် သားကိုမှီ၍ မာနကို ပြုဘိ၏၊ ငါ့ကို တစ်စုံ တစ်ခုမျှ မမှတ်၊ သားကြီးသည်ရှိသော်ကား ငါ၌ လူဟူသော အမှတ်ကိုမျှ မပြုလတ္တံ့၊ ယခုကပင်လျှင် ထိုမင်းသားကို သတ်အံ့'' --- ဟု ကြံပြီး၍ မင်းသည် မိဖုရားအဆောင်မှ ပြန်လှည့်၍ မင်း၏ နေရာ၌ နေ၍ မင်းအာဏာဖြင့်
《小护法本生》——过去某时,提婆达多的前身是波罗奈城名叫大威势的国王。菩萨投生在国王的王后旃陀天女腹中,出生后取名护法。护法王子七个月大时,母亲用香水替他沐浴,让他玩耍。国王来到王后住处;王后正疼爱地陪孩子玩耍,看见国王也忘了起身迎接。国王心想:‘王后现在就仗着儿子而骄慢,根本不把我放在眼里;儿子长大以后,她恐怕连人都不把我当。现在就杀了这个王子。’他从王后寝宫返回,坐上御座,凭国王的权力——
သူသတ်သမားကို ခေါ်စေ၏။ ဓမ္မပါလမင်းသားကို ဆောင်စေ၏။ လက် ခြေ ဦးခေါင်းတို့ကို ဖြတ်စေ၍ သန်- လျက်ပန်း မည်သည်ကို ပြုစေ၏။
——召来刽子手,命人把护法王子带来,砍断他的双手、双脚和头,作成所谓的‘剑花环’。
စန္ဒာဒေဝီမိဖုရားကြီးသည်လည်း နှလုံးကွဲကာ သေပွဲဝင်ရရှာ၏။ မဟာပတာပမင်းသည်လည်း မြေမျိုခံရ ပြီးနောက် အဝီစိငရဲသို့ ရောက်ရှိသွား၏။ (ဇာတက-ဋ္ဌ-၃-၁၆၅-၁၆၈။) ရွဲကုန်သည်ဘဝက စတင်၍ မွေးမြူခဲ့သော ကောဓ အမည်ရသော ဒေါသဓာတ်မှာ တစ်ဘဝထက် တစ်ဘဝ တစ်စထက် တစ်စ ရင့်သထက်ရင့် မြင့်သထက် မြင့်တက်လာပုံတည်း။ မိမိ၏ ရင်သွေးအစစ်ဖြစ်သော ခုနစ်လသား အရွယ်ကိုပင် သတ်ရက်သော ဒေါသမှာ အမြင့်မားဆုံးအဆင့်သို့ ရောက်ရှိလာသော ဒေါသပင် ဖြစ်၏။ မိမိ သူတစ်ပါး နှစ်ဦးသားတို့ကို ပျက်စီးအောင် ဖျက်ဆီးနေသော စံနမူနာများပင် ဖြစ်၏။
旃陀天女王后也心碎而死;大威势王则被大地吞没,堕入阿鼻地狱。(《本生义注》3-165—168。)这显示:从珠饰商那一生开始培养的、名为愤怒的嗔性,一生又一生地越来越成熟、越来越高涨。竟能狠心杀死自己仅七个月大的亲生骨肉,这是达到最高程度的嗔;这些都是嗔摧毁自己与他人双方的实例。
မဟာကပိဇာတ် (ဇာတက-ဋ္ဌ-၃-၃၄၉။)၌ ဆွေမျိုးအပေါင်းတို့အား အသက်ကို စွန့်၍ သေဘေးမှ လွတ် အောင် ဂင်္ဂါမြစ်၏ ဤမှာဘက်ကမ်းမှ ထိုမှာဘက်ကမ်းသို့ ရောက်အောင် ကြိုးတန်းသွယ်လျက် ကယ်တင်နေသော ဘုရားအလောင်းတော် မျောက်မင်းအပေါ်သို့ သရက်ပင်၏ အမြင့်ဆုံးနေရာမှ တစ်အားခုန်ချ၍ နှလုံးကွဲအောင် အသေသတ်ခဲ့ဖူး၏။
《大猴本生》——据《本生义注》3-349,菩萨猴王为使众亲族脱离死难,以身体连接长藤,从恒河此岸搭到彼岸,舍命救护他们;提婆达多的前身却从芒果树最高处猛力跃下,扑在猴王身上,使他心脏破裂而死。
ဒဒ္ဒရဇာတ် (ဇာတက-ဋ္ဌ-၃-၅၁၁-၅၁၇။)၌ လုလင် (၅ဝဝ)တို့အား ဝေဒကျမ်း စသည့် အတတ်ပညာများကို သင်ကြားပေးနေသော အလောင်းတော် ခါ သတ္တဝါအား အရှင်ဒေဝဒတ်၏ အလောင်းရသေ့စဥ်းလဲက အသေ သတ်ကာ မီးကင်စားခဲ့၏။
《达达罗本生》——据《本生义注》3-511—517,菩萨曾投生为鹧鸪,向五百名青年教授吠陀等学问;提婆达多的前身是一名奸诈仙人,把菩萨杀死、烤熟吃掉。
ဤသို့ စသည်ဖြင့် အရှင်ဒေဝဒတ်အလောင်းလျာသည် ဘုရားအလောင်းတော်အပေါ်၌ ရွဲကုန်သည်ဘဝက စ၍ ဘဝပေါင်းများစွာ ရန်ငြိုးဖွဲ့ကာ ရန်ငြိုးကို မပယ်ဖျောက်ဘဲ ကြီးထွားအောင်သာ ဘဝအဆက်ဆက်၌ မွေးမြူခဲ့ သဖြင့် ဤယခုဘုရားရှင်နှင့် နောက်ဆုံးတွေ့ရသည့် ဘဝတွင်လည်း ဘုရားရှင်အား သတ်ဖို့ရန် အကြိမ်ကြိမ် ကြိုးစားခဲ့၏။ တစ်လောကလုံး၌ အသာဆုံး အမြတ်ဆုံး ဖြစ်သည့် ဘုရားရှင်ကိုသော်လည်း မကြည်ညိုနိုင် ဖြစ်နေ ရ၏။ ဘဝတစ်ခုတွင် မွေးမြူခဲ့သော ဓာတ်ငွေ့များသည် သံသရာအဆက်ဆက် အရိပ်ပမာ လိုက်ပါနေခြင်းပင် ဖြစ်ပေသည်။ ဤဒေါသ စသည့် ကိလေသာတို့ကိုပင် အခြေခံ၍ ဘုရားရှင်အား သွေးစိမ်းတည်စေသော လော- ဟိတုပ္ပါဒကကံ၊ သံဃာကို သင်းခွဲခြင်း သံဃာ့ဘေဒကကံများကို ဤဘဝတွင် ထပ်မံ၍ လွန်ကျူးမိပြန်၏။ ယင်း အကုသိုလ်ကံတို့က အရှင်ဒေဝဒတ်ကို အဝီစိသို့ ရောက်အောင် ပို့ဆောင်ပေးလိုက်ကြပေသည်။ ကမ္ဘာတည်သရွေ့
如此等等,提婆达多的前身从珠饰商那一生开始,在许多生中对菩萨结怨,不曾消除怨恨,只让它一生又一生地增长;所以在这一生最后一次遇到佛陀时,他仍屡次企图杀害佛陀。对于世间无上、最尊胜的佛陀,他也无法生起净信。一生中培养的习性,会在轮回的一生又一生中如影随形。提婆达多又以嗔等烦恼为基础,在这一生犯下使佛身出血之业和破僧之业;这些不善业把他送入阿鼻地狱。在此劫尚存期间——
အဝီစိငရဲမှ မကျွတ်နိုင်သူ တစ်ဦး ဖြစ်သွားရပေသည်။
——他成了无法脱离阿鼻地狱的人。
原书第 459 页
အမျိုးသမီးတစ်ဦး၏ ဒေါသ
一位女子的嗔
တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားက မိမိ၏ ကိုယ်ကျင့်အဘိဓမ္မာကျမ်းတွင် အိန္ဒိယနိုင်ငံ၌ ဖြစ် သွားဖူးသော ဝတ္ထုကလေး တစ်ပုဒ်ကို အောက်ပါအတိုင်း တင်ပြထား၏။
摩诃甘达勇寺禅师(Taungmyo Mahāgandhāyon Sayadaw)在自己的《日常生活中的阿毗达磨》中,叙述了一则曾发生在印度的故事,内容如下。
ပြခဲ့သော ဒေါသများကို အတော်စုံလင်အောင် ခံစား၍သွားရရှာသော အမျိုးသမီးကလေးတစ်ဦး၏ အိန္ဒိယ နိုင်ငံ၌ ဖြစ်ပုံကို ဒေါသသဘော သိရုံမက လူငယ်ချင်း မေတ္တာမမျှဘဲ အတင်းပေးစားလေ့ရှိသော မိဘတို့ကို သတိရစေသလိုလည်း ဖြစ်ပေသည်။
这是一位印度年轻女子的遭遇;她几乎完整经历了前面所说的各种嗔。这则故事不但让人认识嗔的性质,也提醒那些不顾年轻男女是否彼此相爱、惯于强迫子女成婚的父母。
ဤဝတ္ထုပါ ငယ်ရွယ်သူ နှစ်ယောက်တို့ကား တစ်ယောက်၏ စိတ်သဘောထားကို တစ်ယောက်က မသိ ကြပေ၊ နှစ်ဘက်မိဘတို့ စေ့စပ်ချက်ဖြင့် လက်ထပ်ပြီးကြလေပြီ၊ သတို့သမီးကလေးသည် အမျိုးကောင်းသမီးပီပီ တည်တည်ကြည်ကြည်နှင့် ဝတ်ကျေအောင် ပြုရှာပေ၏၊ သို့သော် သတို့သားက ဘယ်ဟာပြုပြု အကောင်းဟု မထင်၊ ခင်မင်ယုယမှု မရှိချေ။
故事中的一对青年男女并不了解彼此的性情,却经双方父母撮合而结婚。新娘身为良家女子,庄重地尽到自己的本分;然而无论她做什么,新郎都不认为是好事,对她没有亲近爱护之意。
မိမိက ပြုစုပါလျက် ခင်ပွန်းက မိမိကို ဂရုမစိုက်သည့်အတွက် သတို့သမီးသည် စိတ်ပျက်စပြုလာ၏၊ စိတ်ညစ်၏၊ စိတ်မချမ်းသာ၊ မကြာမကြာ မှိုင်နေလေသည်။ နဂိုကပင် မကျေနပ်သော ခင်ပွန်းသည်သည် ထိုကဲ့သို့ မသာမယာ ဖြစ်နေပုံကို မြင်လျှင် သာ၍ပင် ရွံမုန်းကာ တစ်ခါတစ်ခါ အကြမ်းဘက်လာ၏၊ သတို့သမီးက စိတ်နာ၏၊ ခင်ပွန်းသည်၏ ပြုမူပုံကို မကျေနပ်နိုင်၊ သို့သော် မည်သို့မျှ မတတ်နိုင်တော့ဘဲ မိမိဝတ္တရားကျေအောင် ပြုမြဲ ပြု ရှာ၏။
妻子尽心照料,丈夫却毫不在意,她于是开始失望、郁闷、不快乐,常常呆坐出神。丈夫原本就不满意她,看见她这样愁闷,越发厌恶,有时甚至施以暴力。妻子感到心痛,不能接受丈夫的行为;但她已经无计可施,仍照常努力尽到自己的本分。
သို့ရာတွင် ကျောက်တုံးကျောက်သား မဟုတ်ဘဲ စိတ်ဝိညာဏ်ပါသော ကိုယ်ခန္ဓာ ဖြစ်ရကား မကြာခဏ မိမိဘဝကို အဆုံးစီရင်ရန် ကြံမိလေသည်။ ဤကဲ့သို့ ဒေါသထွက်ခြင်း စိတ်ပျက်ခြင်း စိတ်ညစ်ခြင်း စိတ်မချမ်း သာခြင်း ကြောက်ရွံ့ခြင်းတို့ ဆက်တွဲ၍ လောကငရဲခံကာ သားသမီးနှစ်ယောက် ဖွားမြင်ပြီးသည်တိုင်အောင် အောင့်အည်းခဲ့ပါသော်လည်း နောက်ဆုံး၌ မစောင့်စည်းနိုင်တော့ရကား ကိစ္စတစ်ခုအတွက် အခြားမြို့သို့ သွား နေသော ခင်ပွန်းသည်အထံသို့ စာတစ်စောင် ရောက်လာသည်မှာ --- ''အရှင် …မိဘများ ပေးစားသော ခင်ပွန်းပင် ဖြစ်သော်လည်း ရှင့်ကို အမှန်ချစ်၍ ရှင်၏ အချစ်ကိုလည်း ရရှိနိုင်ရန် အမှန်ပင် ကြိုးစားခဲ့ပါသည်၊ သို့သော် ကျွန်မ၏ ကြိုးစားမှုတွေမှာ အကျိုးမရသည့်ပြင် --- 'ပလီတယ် မာယာများတယ်' --- ဟုသာ အထင်ခံရ၍ စိတ်ပျက်လှသဖြင့် ဘဝကို အဆုံးစီရင်ရန် မကြာခဏကြံသော်လည်း ကလေးများ မျက်နှာထောက်၍ အထမမြောက်ခဲ့ပါ၊ ယခုမှာမူ ဆက်လက်၍ နေသော်လည်း စိတ်ညစ်ရုံသာရှိမည်
然而,她有血肉、有心识,并非石块,于是屡次想到结束自己的生命。愤怒、失望、郁闷、不快乐与恐惧这样接连而来,她如身处人间地狱,忍耐到生下两个孩子。最后,她再也无法克制;丈夫因事前往另一座城市时,收到她写来的一封信:‘先生,虽然是父母把我嫁给你,我却真心爱你,也确实努力想得到你的爱;然而我的努力不但毫无结果,反而只被你看成“献媚、多计”。我失望至极,曾屡次想结束生命,却因顾念孩子而没有实行。现在即使继续活下去,也只会不断郁闷——
ဖြစ်သောကြောင့် ဤစာကို ရေးပြီးနောက် ကလေးများစားမည့် မုန့်ထဲ၌ အဆိပ်ခတ်ပြီးလျှင် ကျွန်မ၏ ဘဝကို အဆုံးစီရင်လိုက်ပါပြီ။'' --- အထက်ပါစာကို ရပြီးနောက် ခင်ပွန်းသည်ယောကျာ်းလည်း သူ့ဇနီး၏ လိမ္မာပုံတွေကို အကုန်အစင် ထင် မြင်လာတော့ရကား ကဗျာကသီ ပြန်သွားလေရာ အိမ်ပေါ်မှာ ပြင်ထားသော သားအမိ သုံးဦး၏ အလောင်းကိုသာ တွေ့ရတော့သဖြင့် အဆင်သင့် ရှိနေသော သေနတ်ဖြင့် သူ၏ဇာတ်ကိုပါ အဆုံးသတ်လိုက်လေသည်။
——所以写完这封信以后,我把毒放进孩子们要吃的点心,也结束了自己的生命。’丈夫收到信后,才彻底明白妻子的贤善,匆忙赶回家,却只看见母子三人的遗体已经摆在屋内;他于是也用现成的枪结束了自己的生命。
(ကိုယ်ကျင့်အဘိဓမ္မာ-၅၁-၅၂။)
(《日常生活中的阿毗达磨》51—52。)
မိမိ သူတစ်ပါး နှစ်ဦးသားလုံးကို ပျက်စီးအောင် ဖျက်ဆီးတတ်သော ဒေါသ၏ စွမ်းအင် သတ္တိများပင်တည်း။
这正是嗔的力量:它能使自己与他人双方败坏、并加以摧毁。
ဤမျှ အကျိုးမဲ့ကို ဖြစ်စေတတ်သော ဒေါသတရားကို သမထဝိပဿနာ ဘာဝနာ လက်နက်ကောင်းတို့ဖြင့် ကုန်ခန်းအောင် ပယ်ရှားသင့်လှပေသည်။ ထိုသို့မျှ မကျင့်နိုင်သေးလျှင် အောက်ပါ ကကစူပမ သုတ္တန်ကို အဖန်ဖန် နှလုံးသွင်းသင့်လှပေသည်။ ထိုသုတ္တန်ကား ဒေါသ ပယ်ဖျောက်ကြောင်း နည်းလမ်းကောင်း တစ်ခုပင်ဖြစ်ပေသည်။
嗔能造成如此重大的损害,实在应该用止与观的禅修良药彻底断除。若还不能如此修行,至少应反复思惟下面的《锯喻经》;这部经显示了消除嗔的一种良方。
原书第 460 页
ကကစူပမ သုတ္တန် (မ-၁-၁၇၃-၁၈၁။)
《锯喻经》(《中部》1-173—181)
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတိုက်တော်၌ သီတင်းသုံး စံနေတော် မူဆဲ ဖြစ်၏။ ထိုအခါ အရှင်မောဠိယဖဂ္ဂုနသည် ရဟန်းမိန်းမတို့နှင့်အတူ စည်းမဲ့ကမ်းမဲ့ အလွန်ကြာမြင့်စွာ ရောနှောလျက် နေ၏။ ဤဆိုလတ္တံ့သောနည်းဖြင့် အရှင်မောဠိယဖဂ္ဂုနသည် ရဟန်းမိန်းမတို့နှင့်အတူ ရောနှော လျက် နေ၏။
一时,世尊住在舍卫城祇陀林给孤独园。那时,牟犁破群那尊者(Moḷiya Phagguna)无所节制,长久与诸比丘尼过分亲昵地混处。牟犁破群那尊者与诸比丘尼混处的情形如下:
တစ်စုံတစ်ယောက်သော ရဟန်းသည် အရှင်မောဠိယဖဂ္ဂုန၏ မျက်မှောက်၌ ထိုရဟန်းမိန်းမတို့၏ ကျေးဇူးမဲ့ ကို ပြောဆိုမိခဲ့လျှင် အရှင်မောဠိယဖဂ္ဂုနသည် အမျက်ထွက်လျက် နှလုံးမသာခြင်း ရှိသဖြင့် ခိုက်ရန်ငြင်းခုန်မှုကို ပြု၏။ တစ်စုံတစ်ဦးသော ရဟန်းသည် ထိုရဟန်းမိန်းမတို့၏ မျက်မှောက်၌ အရှင်မောဠိယဖဂ္ဂုန၏ ကျေးဇူးမဲ့ကို ပြောဆိုခဲ့လျှင်လည်း ထိုရဟန်းမိန်းမတို့သည် အမျက်ထွက်ကုန်လျက် နှလုံးမသာခြင်း ရှိသဖြင့် ခိုက်ရန်ငြင်းခုံမှုကို ပြုကြကုန်၏။ ဤဆိုခဲ့သည့်အတိုင်း အရှင်မောဠိယဖဂ္ဂုနသည် ရဟန်းမိန်းမတို့နှင့်အတူ ရောနှောလျက် နေ၏။
若有比丘在牟犁破群那尊者面前说那些比丘尼的过失,他便发怒、内心不悦,因而与人争吵;若有比丘在那些比丘尼面前说牟犁破群那尊者的过失,那些比丘尼也会发怒、内心不悦,因而与人争吵。牟犁破群那尊者正是如此与诸比丘尼混处。
ထိုအခါ ရဟန်းတော်တစ်ပါးသည် မြတ်စွာဘုရားအထံတော်သို့ ချဥ်းကပ်၍ ရိုသေစွာ ရှိခိုးပြီးလျှင် သင့်တင့် လျောက်ပတ်သော တစ်နေရာ၌ ထိုင်ကာ အကျိုးအကြောင်း အစုံအလင်ကို ကုန်စင်အောင် တင်ပြ လျှောက်ထား တော်မူ၏။
那时,有一位比丘来到世尊之处,恭敬礼拜后,在适当之处坐下,把事情的来龙去脉全都禀告世尊。
ထိုအခါ မြတ်စွာဘုရားသည် အရှင်မောဠိယဖဂ္ဂုနရဟန်းအား ခေါ်တော်မူ၍ အကျိုးအကြောင်းကို စစ်ဆေး မေးမြန်းတော်မူရာ မှန်ကန်ကြောင်း တင်ပြလျှောက်ထား၏။ ထိုအခါ ဘုရားရှင်က အောက်ပါအတိုင်း ဆိုဆုံးမတော် မူ၏။
于是世尊唤牟犁破群那尊者前来,询问事情是否属实;他禀告说确实如此。世尊便这样教诫他:
ဖဂ္ဂုန …အမျိုးကောင်းသား ဖြစ်သော သင်သည် ယုံကြည်ခြင်း = သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ရဟန်း ဘောင်သို့ ဝင်ရောက်လာသည် မဟုတ်လောဟု မေးမြန်းတော်မူ၏။ မှန်ပါသည် အရှင်ဘုရား …ဟု လျှောက် ကြား၏။
“破群那,你这位善家子,不正是出于信、从在家而出家的吗?”他回答:“确实如此,尊者。”
ဖဂ္ဂုန …ယုံကြည်ခြင်း = သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်လာသည့် အမျိုး- ကောင်းသား ဖြစ်သော သင့်အား ရဟန်းမိန်းမတို့နှင့်အတူ စည်းမဲ့ကမ်းမဲ့ အလွန်ကြာမြင့်စွာ ရောနှောလျက် နေခြင်းသည် မလျောက်ပတ်။
“破群那,你这位出于信、从在家而出家的善家子,无所节制,长久与诸比丘尼过分亲昵地混处,并不适当。
ဖဂ္ဂုန …ထိုကြောင့် တစ်စုံတစ်ယောက်သောသူသည် သင့်မျက်မှောက်၌ ထိုရဟန်းမိန်းမတို့၏ ကျေးဇူး မဲ့ကို ပြောဆိုခဲ့လျှင် သင်သည် ဖြစ်ပေါ်လာမည့် ကာမဂုဏ်တို့ကို မှီသော အလိုဆန္ဒ ကာမဂုဏ်တို့ကို မှီသော အကြံအစည် ဝိတက်တို့ကို ပယ်စွန့်ရာ၏။ ဖဂ္ဂုန …ထိုသို့ ပယ်စွန့်ရာ၌လည်း သင်သည် ဤသို့ ကျင့်ရမည် - ''ငါ၏ စိတ်သည် ဖောက်ပြန်မှု မဖြစ်လတ္တံ့၊ ယုတ်မာသော စကားကိုလည်း မမြွက်ဆိုအံ့၊ အစီးအပွားဖြင့် ငဲ့ညှာ လျက်လည်း မေတ္တာစိတ် ရှိသည်ဖြစ်၍ ပြစ်မှားသောစိတ် မရှိဘဲ နေအံ့'' - ဟု ဤသို့လျှင် သင်သည် ကျင့်ရမည်။
“破群那,因此,若有人在你面前说那些比丘尼的过失,凡将生起的、依欲乐而起的欲,以及依欲乐而起的寻,你都应舍断。舍断时,你应这样训练:‘我的心将不变异;我不说恶语;我将顾念其利益,怀慈心而住,内心不怀嗔恨。’破群那,你应当这样训练。
ဖဂ္ဂုန …ထိုကြောင့် တစ်စုံတစ်ယောက်သောသူသည် သင့်မျက်မှောက်၌ ထိုရဟန်းမိန်းမတို့အား လက် ဖြင့် ပုတ်ခတ်ငြားအံ့၊ ခဲဖြင့်သော်လည်း ပစ်ခတ်ငြားအံ့၊ တုတ်ဖြင့်သော်လည်း ရိုက်ပုတ်ငြားအံ့၊ ဓားလက်နက်ဖြင့် သော်လည်း ထိုးခုတ်ငြားအံ့။ ဖဂ္ဂုန …ထိုသို့ပြုရာ၌လည်း သင်သည် ဖြစ်ပေါ်လာမည့် ကာမဂုဏ်တို့ကို မှီသော အလိုဆန္ဒ၊ ကာမဂုဏ်တို့ကို မှီသော အကြံအစည် ဝိတက်တို့ကို ပယ်စွန့်ရာ၏။ ထိုသို့ ပယ်စွန့်ရာ၌ သင်သည် ဤသို့ ကျင့်ရမည် --- ''ငါ၏ စိတ်သည် ဖောက်ပြန်မှု မဖြစ်လတ္တံ့၊ ယုတ်မာသော စကားကိုလည်း မမြွက်ဆိုအံ့၊
“破群那,因此,若有人在你面前用手殴打那些比丘尼,向她们投掷石块,以棍棒击打她们,或以刀剑刺砍她们;即使如此,凡将生起的、依欲乐而起的欲,以及依欲乐而起的寻,你都应舍断。舍断时,你应这样训练:‘我的心将不变异;我不说恶语——
原书第 461 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း အစီးအပွားအားဖြင့် ငဲ့ညှာလျက်လည်း မေတ္တာစိတ် ရှိသည်ဖြစ်၍ ပြစ်မှားသောစိတ် မရှိဘဲ နေအံ့'' --- ဟု ဤသို့လျှင် သင်သည် ကျင့်ရမည်။
——我将顾念其利益,怀慈心而住,内心不怀嗔恨。’破群那,你应当这样训练。
ဖဂ္ဂုန …ထိုကြောင့် တစ်စုံတစ်ယောက်သောသူသည် သင့်မျက်မှောက်၌ သင်၏ကျေးဇူးမဲ့ကို ပြောဆို ခဲ့လျှင် သင်သည် ဖြစ်ပေါ်လာမည့် ကာမဂုဏ်တို့ကို မှီသော အလိုဆန္ဒ၊ ကာမဂုဏ်တို့ကို မှီသော အကြံအစည် တို့ကို ပယ်စွန့်ရာ၏။ ထိုသို့ ပယ်စွန့်ရာ၌လည်း သင်သည် ဤသို့ ကျင့်ရမည် --- ''ငါ၏ စိတ်သည် ဖောက်ပြန်မှု မဖြစ်လတ္တံ့၊ ယုတ်မာသော စကားကိုလည်း မမြွက်ဆိုအံ့၊ အစီးအပွားဖြင့် ငဲ့ညှာလျက်လည်း မေတ္တာစိတ် ရှိသည် ဖြစ်၍ ပြစ်မှားသောစိတ် မရှိဘဲ နေအံ့'' --- ဟု ဤသို့လျှင် သင်သည် ကျင့်ရမည်။
“破群那,因此,若有人在你面前说你的过失,凡将生起的、依欲乐而起的欲,以及依欲乐而起的寻,你都应舍断。舍断时,你应这样训练:‘我的心将不变异;我不说恶语;我将顾念其利益,怀慈心而住,内心不怀嗔恨。’破群那,你应当这样训练。
ဖဂ္ဂုန …ထိုကြောင့် သင့်အား တစ်စုံတစ်ယောက်သောသူသည် လက်ဖြင့် ပုတ်ခတ်ငြားအံ့၊ ခဲဖြင့်သော် လည်း ပစ်ခတ်ငြားအံ့၊ တုတ်ဖြင့်သော်လည်း ရိုက်ပုတ်ငြားအံ့၊ ဓားလက်နက်ဖြင့်သော်လည်း ထိုးခုတ်ငြားအံ့၊ ထိုသို့ပြုရာ၌လည်း သင်သည် ဖြစ်ပေါ်လာမည့် ကာမဂုဏ်တို့ကို မှီသော အလိုဆန္ဒ၊ ကာမဂုဏ်တို့ကို မှီသော အကြံအစည်တို့ကို ပယ်စွန့်ရာ၏။ ထိုသို့ ပယ်စွန့်ရာ၌လည်း သင်သည် ဤသို့ ကျင့်ရမည် --- ''ငါ၏ စိတ်သည် ဖောက်ပြန်မှု မဖြစ်လတ္တံ့၊ ယုတ်မာသော စကားကိုလည်း မမြွက်ဆိုအံ့၊ အစီးအပွားဖြင့် ငဲ့ညှာလျက်လည်း မေတ္တာ စိတ် ရှိသည်ဖြစ်၍ ပြစ်မှားသောစိတ် မရှိဘဲ နေအံ့'' --- ဟု ဤသို့လျှင် သင်သည် ကျင့်ရမည်ဟု ဟောကြားတော် မူ၏။
“破群那,因此,若有人用手殴打你,向你投掷石块,以棍棒击打你,或以刀剑刺砍你;即使如此,凡将生起的、依欲乐而起的欲,以及依欲乐而起的寻,你都应舍断。舍断时,你应这样训练:‘我的心将不变异;我不说恶语;我将顾念其利益,怀慈心而住,内心不怀嗔恨。’破群那,你应当这样训练。”世尊如此教诫他。
ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို --- ရဟန်းတို့ …အခါတစ်ပါး၌ ရဟန်းတို့သည် ငါဘုရားရှင်၏ စိတ်အစဥ်တော်ကို နှစ်သက်စေကုန်ဘိ၏တကား။ ဤအချိန်က ငါဘုရားသည် ရဟန်းတို့ကို --- ''ရဟန်းတို့ …ငါဘုရားရှင်သည် တစ်ထပ်တည်းသာ စားအပ်သော ဘောဇဥ်ကို ဘုဥ်းပေးတော်မူ၏၊ ရဟန်းတို့ …ငါဘုရားသည် တစ်ထပ်တည်းသာ စားအပ်သော ဘောဇဥ်ကို ဘုဥ်းပေးသော် အနာရောဂါ ကင်းသည်၏ အဖြစ်၊ ကျန်းမာသည်၏ အဖြစ်၊ ပေါ့ပါးသန်စွမ်းသည်၏ အဖြစ်၊ ချမ်းသာစွာ နေထိုင်ရသည်၏ အဖြစ်ကို ကောင်းစွာ သိတော်မူ၏။ ရဟန်းတို့ …လာကြကုန်၊ သင်တို့သည်လည်း တစ်ထပ်တည်းသာ စား အပ်သော ဘောဇဥ်ကို စားကြကုန်လော့၊ သင်တို့သည်လည်း တစ်ထပ်တည်းသာ စားအပ်သော ဘောဇဥ်ကို စားကြသောကြောင့် အနာရောဂါကင်းသည်၏ အဖြစ်၊ ကျန်းမာသည်၏ အဖြစ်၊ ပေါ့ပါး သန်စွမ်းသည်၏ အဖြစ်၊ ချမ်းသာစွာနေရသည်၏ အဖြစ်ကို ကောင်းစွာ သိကြကုန်လတ္တံ့'' --- ဟု မိန့်တော်မူ၏။ ရဟန်းတို့ …
随后,世尊对诸比丘说:‘诸比丘,曾有一段时期,诸比丘确实令我心意欢喜。当时我告诉他们:“诸比丘,我只行一座食。我行一座食时,清楚知道自己少病、健康、身体轻安有力、安乐而住。诸比丘,来吧!你们也只行一座食;你们只行一座食时,也将清楚知道自己少病、健康、身体轻安有力、安乐而住。”诸比丘——
ငါဘုရားရှင်သည် ထိုရဟန်းတို့၌ ဆိုဆုံးမမှုကို ပြုခဲ့ရသည် မဟုတ်၊ သတိပေးရုံမျှသာ ဖြစ်ခဲ့၏။
——对于那些比丘,我不必加以教诫,只须提醒而已。
ရဟန်းတို့ …ဥပမာသော်ကား မြေညီ၍ လမ်းလေးခွ ဆုံရာ လမ်းမကြီး၌ လက်လှမ်းမီ ထားအပ်သော နှင်တံရှိသော အာဇာနည်မြင်း ကထားအပ်သော ရထားသည် ကလျက် တည်ရာ၏၊ ဆုံးမသင့်သော မြင်းတို့ကို ဆုံးမတတ်သော ကျွမ်းကျင်သူ မြင်းဆရာသည် ထိုရထားကို တက်စီးပြီးလျှင် လက်ဝဲလက်ဖြင့် ကြိုးတို့ကိုကိုင်၍ လကျာ်လက်ဖြင့် နှင်တံကိုကိုင်လျက် အလိုရှိရာလမ်းသို့ အလိုရှိတိုင်း ဖြောင့်ဖြောင့်လည်း မောင်းနှင်ရာသကဲ့သို့ ပြန်လှည့်၍လည်း မောင်းနှင်ရာသကဲ့သို့ --- ဤဥပမာအတူပင်လျှင် ငါဘုရားမှာ ထိုရဟန်းတို့၌ ဆုံးမမှုကို ပြုခဲ့ရ သည် မဟုတ်၊ သတိပေးရုံမျှသာ ဖြစ်ခဲ့၏။ ထိုကြောင့် သင်တို့သည်လည်း အကုသိုလ်ကို ပယ်စွန့်ကြကုန်လော၊ ကုသိုလ်တရားတို့၌ အားထုတ်ခြင်းကို ပြုကြကုန်လော။ ဤသို့ အားထုတ်ကုန်လတ်သော် သင်တို့သည်လည်း ဤသာသနာတော်၌ ကြီးပွားစည်ပင် ပြန့်ပြောခြင်းသို့ ရောက်ကြကုန်လတ္တံ့။
‘诸比丘,譬如在平坦的四衢大道上,有一辆套着良种骏马的马车停在那里,马鞭就放在手边。善于调御应受调御之马的熟练御者登上车,左手执缰绳,右手执马鞭;无论要前进还是折返,都能随心所欲,径直驾往所要的方向。同样,对于那些比丘,我不必加以教诫,只须提醒而已。因此,你们也应舍弃不善,努力修习诸善。如此努力,便会在佛陀的教法中成长、兴盛、广大。
ရဟန်းတို့ …ဥပမာသော်ကား ရွာနိဂုံးတို့၏ မနီးမဝေး၌ အင်ကြင်းတောကြီးသည် ရှိလေရာ၏၊ ထို အင်ကြင်းတောကြီးကို ကြက်ဆူပင်တို့ဖြင့် ဖုံးလွှမ်းနေလေရာ၏။ ထိုတော၏ အကျိုးစီးပွားနှင့် ဘေးကင်းမှုကို
‘诸比丘,又如离村落市镇不远处有一大片娑罗树林,林中长满蓖麻。假设有一个希望这片树林获得利益与安稳的人——
原书第 462 页
အလိုရှိသည့် တစ်စုံတစ်ယောက်သော ယောကျာ်းသည် ရှိလေရာ၏။ ထိုယောကျာ်းသည် ကောက်ကွေးသော အင်ကြင်းပင်ပျို သြဇာကင်းသော အင်ကြင်းပင်တို့ကို ဖြတ်တောက်၍ အပသို့ ထုတ်ဆောင်ပြီးလျှင် တောအတွင်း၌ ကောင်းစွာ ရှင်းလင်း သုတ်သင်ရာ၏၊ ဖြောင့်သော အင်ကြင်းပင် ကောင်းစွာပေါက်သော အင်ကြင်းပင်ပျိုတို့ကို ကြီးပွားအောင် ပြုစုရာ၏၊ ရဟန်းတို့ …ဤသို့ သုတ်သင် ပြုစုခဲ့သော် ထိုအင်ကြင်းတောသည် နောက်အခါ၌ ကြီးပွားစည်ပင် ပြန့်ပြောခြင်းသို့ ရောက်ရာသကဲ့သို့ --- ဤဥပမာအတူပင်လျှင် သင်တို့သည်လည်း အကုသိုလ်ကို ပယ်စွန့်ကြကုန်လော၊ ကုသိုလ်တရားတို့၌ အားထုတ်ခြင်းကို ပြုကြကုန်လော၊ ဤသို့ အားထုတ်ကြကုန်လတ်သော် သင်တို့သည်လည်း ဤသာသနာတော်၌ ကြီးပွားစည်ပင် ပြန့်ပြောခြင်းသို့ ရောက်ကြပေကုန်လတ္တံ့။
——他砍掉弯曲的娑罗幼树和失去生机的娑罗树,把它们运到林外,并把林中清理干净;又培育端直、长势良好的娑罗幼树。诸比丘,经过这样的清理与培育,这片娑罗树林日后便会成长、兴盛、广大。同样,你们也应舍弃不善,努力修习诸善。如此努力,你们也会在佛陀的教法中成长、兴盛、广大。
ရဟန်းတို့ …ရှေး၌ ဖြစ်ခဲ့ဖူးသည်ကား --- ဤသာဝတ္ထိပြည်၌ပင်လျှင် ဝေဒေဟိကာ မည်သော အိမ်ရှင်မ တစ်ဦးသည် ရှိခဲ့ဖူး၏။ --- ''ဝေဒေဟိကာအိမ်ရှင်မသည် နူးညံ့သိမ်မွေ့၏၊ နှိမ့်ချတတ်သော စိတ်ထားရှိ၏၊ ငြိမ်သက် အေးမြသော စိတ်ထားရှိ၏'' --- ဟု ဝေဒေဟိကာ မည်သော အိမ်ရှင်မ၏ သတင်းကောင်း ကျော်စောသံသည် ပျံ့နှံ့သွားလေ၏။ ရဟန်းတို့ …ဝေဒေဟိကာအိမ်ရှင်မအား ကျွမ်းကျင်လိမ္မာ၍ ပျင်းရိခြင်းမရှိဘဲ အိမ်မှုကိစ္စကို ကောင်းစွာ ပြုစီရင်တတ်သည့် ကာဠီ မည်သော ကျွန်မတစ်ဦးသည် ရှိ၏။ ထိုအခါ ထိုကာဠီကျွန်မအား ဤသို့ စိတ်အကြံအစည်တစ်မျိုးသည် ဖြစ်ပေါ်လာ၏။ ''ဝေဒေဟိကာအိမ်ရှင်မသည် နူးညံ့သိမ်မွေ့၏၊ နှိမ့်ချတတ်သော စိတ်ထားရှိ၏၊ ငြိမ်သက်အေးမြသော စိတ်ထားရှိ၏။ --- ဟု ဤသို့လျှင် ငါ့အိမ်ရှင်မ၏ သတင်းကောင်း ကျော်- စောသံသည် ပျံ့နှံ့၍တက်၏။ အသို့နည်း ငါ့အရှင်မသည် မိမိသန္တာန်၌ အမျက်ဒေါသ ရှိလျက်သာလျှင် ထင်စွာ
‘诸比丘,过去在这舍卫城中,有一位名叫韦提希迦(Vedehikā)的夫人。人们都这样赞扬她:“韦提希迦夫人性情柔和,谦逊恭顺,心地宁静平和。”这位夫人的好名声就这样传扬开来。诸比丘,韦提希迦夫人有一个名叫迦利(Kāḷī)的女仆;她聪明能干,不懒惰,善于料理家务。一天,迦利心想:“人们都这样赞扬我的女主人:‘韦提希迦夫人性情柔和,谦逊恭顺,心地宁静平和。’她的好名声就这样传扬开来。究竟怎样呢?我的女主人是心中有嗔却没有显露,还是心中根本没有嗔——
မပြုသလော၊ သို့မဟုတ် မရှိ၍ ထင်စွာမပြုသလော၊ သို့မဟုတ် ငါကပင် ထိုအိမ်မှုကိစ္စတို့ကို ကောင်းစွာ ပြုစီရင် သောကြောင့် ငါ့အရှင်မသည် မိမိသန္တာန်၌ အမျက်ဒေါသ ရှိလျက်သာလျှင် ထင်စွာမပြု၊ မရှိသောကြောင့် ထင်စွာ မပြုခြင်း မဟုတ်လေသလော။ ငါသည် အရှင်မကို စုံစမ်းရပါမူ ကောင်းပါလိမ့်မည်။'' --- ဟု စိတ်အကြံ ဖြစ်၏။
——又或者,她其实心中有嗔,只因我把家务料理得好才没有显露,并不是因为没有嗔才不显露?我何不试探一下女主人。”迦利便生起这样的念头。
ရဟန်းတို့ …ထိုအခါ ကာဠီကျွန်မသည် နေမြင့်မှ အိပ်ရာထ၏။ ထိုအခါ ဝေဒေဟိကာအိမ်ရှင်မသည် ကာဠီကျွန်မကို ''ဟယ် ကျွန်မကာဠီ …''ဟု ခေါ်၏။ အရှင်မ အဘယ်ပါနည်းဟု ပြန်ကြား၏၊ ကျွန်မ အဘယ် ကြောင့် နေမြင့်မှ အိပ်ရာက ထရပါသနည်းဟု မေး၏။ အရှင်မ တစ်စုံတစ်ခုသောအကြောင်း မရှိပါဟု ပြန်ကြား ပြောဆို၏။ ''သယ် …တစ်စုံတစ်ခုသော အကြောင်းစင်စစ် မရှိဘဲ ကျွန်ယုတ်မသည် နေမြင့်မှ အိပ်ရာက ထရာသလော'' --- ဟု ဆိုကာ အမျက်ထွက်လျက် မနှစ်သက်သောစိတ် ရှိသည်ဖြစ်၍ မျက်မှောင်ကြုတ်ခြင်း မျက်စောင်းထိုးခြင်းကို ပြု၏။
‘诸比丘,于是迦利直到日上三竿才起床。韦提希迦夫人叫她:“喂,迦利!”迦利回答:“什么事,夫人?”夫人问:“你怎么到太阳升高才起床?”迦利答道:“夫人,没有什么特别的缘故。”夫人说:“嘿!没有任何缘故,你这个坏女仆竟到太阳升高才起床?”她怒气冲冲、心生不悦,对迦利皱眉瞪眼。
ရဟန်းတို့ …ထိုကာဠီကျွန်မအား ဤသို့ အကြံဖြစ်၏၊ ''ငါ၏ အရှင်မသည် မိမိသန္တာန်၌ အမျက်ဒေါသ ရှိလျက်သာလျှင် ထင်စွာမပြုခြင်း ဖြစ်ခဲ့၏၊ မရှိသောကြောင့် ထင်စွာမပြုသည်ကား မဟုတ်။ ငါသည်ပင်လျှင် ထိုအိမ်မှုကိစ္စတို့ကို ကောင်းစွာ ပြုစီရင်သောကြောင့် ငါ၏အရှင်မသည် မိမိသန္တာန်၌ အမျက်ဒေါသ ရှိလျက်သာလျှင် ထင်စွာမပြုခြင်း ဖြစ်ခဲ့၏၊ မရှိသောကြောင့် ထင်စွာမပြုသည် မဟုတ်။ ထိုထက်အလွန် အရှင်မကို စုံစမ်းရမူ ကောင်းပေမည်'' --- ဟု အကြံဖြစ်ပြန်၏။
‘诸比丘,迦利心想:“我的女主人确实心中有嗔,只是没有显露;并不是因为没有嗔才不显露。正因为我把家务料理得好,她心中虽有嗔却一直没有显露;并不是因为没有嗔才不显露。我何不再进一步试探女主人。”她又生起这样的念头。
ရဟန်းတို့ …ထိုနောက် ကာဠီကျွန်မသည် အလွန်နေမြင့်မှသာလျှင် အိပ်ရာက ထ၏။ ထိုအခါ ဝေဒေ- ဟိကာ အိမ်ရှင်မသည် ကာဠီကျွန်မကို ''ဟယ် ကျွန်မကာဠီ …''ဟု ခေါ်၏။ အရှင်မ အဘယ်ပါနည်းဟု ပြန်ကြားပြောဆို၏။ ''ကျွန်မ အဘယ်ကြောင့် နေမြင့်မှ အိပ်ရာက ထရသနည်း'' --- ဟု မေး၏။ အရှင်မ တစ်စုံ တစ်ခုသော အကြောင်းစင်စစ် မရှိပါဟု ပြန်ကြားပြောဆို၏။ ''ဟယ် …တစ်စုံတစ်ခုသော အကြောင်းစင်စစ် မရှိဘဲ ကျွန်ယုတ်မသည် နေမြင့်မှ အိပ်ရာက ထရာသလော'' --- ဟု ပြောဆိုကာ အမျက်ထွက်လျက် မနှစ်သက် သောစိတ် ရှိသည်ဖြစ်၍ မနှစ်မြို့ဖွယ် စကားကို ပြောဆို၏။
‘诸比丘,后来迦利直到太阳升得很高才起床。韦提希迦夫人叫她:“喂,迦利!”迦利回答:“什么事,夫人?”夫人问:“你怎么到太阳升得很高才起床?”迦利答道:“夫人,没有什么特别的缘故。”夫人说:“嘿!没有任何缘故,你这个坏女仆竟到太阳升得很高才起床?”她怒气冲冲、心生不悦,向迦利说了难听的话。
原书第 463 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း ရဟန်းတို့ …ထိုအခါ ကာဠီကျွန်မအား ဤသို့ အကြံဖြစ်ပြန်၏။ ''ငါ၏ အရှင်မသည် မိမိသန္တာန်၌ အမျက်ဒေါသ ထင်ရှားရှိလျက်သာလျှင် ထင်စွာမပြုခြင်း ဖြစ်ခဲ့၏၊ မရှိသောကြောင့် ထင်စွာမပြုသည်ကား မဟုတ် ပေ။ ငါသည်ပင်လျှင် ထိုအိမ်မှုကိစ္စတို့ကို ကောင်းစွာ ပြုစီရင်သောကြောင့် ငါ၏ အရှင်မသည် မိမိသန္တာန်၌ အမျက်ဒေါသ ထင်ရှားရှိလျက်သာလျှင် ထင်ရှားစွာ မပြုခဲ့ခြင်း ဖြစ်ခဲ့၏၊ မရှိသောကြောင့် ထင်ရှားစွာ မပြုခဲ့ သည်ကား မဟုတ်ပေ။ ထိုထက်အလွန် အရှင်မကို စုံစမ်းရမူ ကောင်းပေမည်'' --- ဟု အကြံဖြစ်ပြန်၏။
‘诸比丘,迦利又想:“我的女主人确实心中有嗔,只是没有显露;并不是因为没有嗔才不显露。正因为我把家务料理得好,她心中明明有嗔却一直没有显露;并不是因为没有嗔才不显露。我何不再进一步试探女主人。”她又生起这样的念头。
ရဟန်းတို့ …ထိုနောက် ကာဠီကျွန်မသည် အလွန်နေမြင့်မှသာလျှင် အိပ်ရာက ထ၏။ ထိုအခါ ဝေဒေ- ဟိကာအိမ်ရှင်မသည် ကာဠီကျွန်မကို ''ဟယ် ကျွန်မကာဠီ …''ဟု ခေါ်၏။ အရှင်မ အဘယ်ပါနည်းဟု ပြန်ကြား ပြောဆိုလိုက်၏။ ကျွန်မ အဘယ်ကြောင့် နေမြင့်မှ အိပ်ရာကထရသနည်းဟု မေး၏။ အရှင်မ တစ်စုံတစ်ခုသော အကြောင်းစင်စစ် မရှိပါဟု ပြန်ကြားပြောဆို၏။ ''ဟယ် …တစ်စုံတစ်ခုသော အကြောင်းစင်စစ် မရှိပါဘဲလျက် ကျွန်ယုတ်မသည် နေမြင့်မှ အိပ်ရာက ထရသလော''ဟု ဆိုကာ အမျက်ထွက်လျက် မနှစ်သက်သောစိတ် ရှိသည် ဖြစ်၍ တံခါးကျည်းမင်းတုပ်ဖြင့် ဦးခေါင်းကို ရိုက်နှက်သောကြောင့် ဦးခေါင်းကွဲလေ၏။
‘诸比丘,后来迦利又直到太阳升得很高才起床。韦提希迦夫人叫她:“喂,迦利!”迦利回答:“什么事,夫人?”夫人问:“你怎么到太阳升得很高才起床?”迦利答道:“夫人,没有什么特别的缘故。”夫人说:“嘿!没有任何缘故,你这个坏女仆竟到太阳升得很高才起床?”她怒气冲冲、心生不悦,拿起门闩击打迦利的头,把她的头打破了。
ရဟန်းတို့ …ထိုအခါ ကာဠီကျွန်မသည် ဦးခေါင်းကွဲသည်ဖြစ်၍ သွေးစီးကျလျက် -- ''အရှင်မတို့ …နူး- ညံ့သိမ်မွေ့သူ၏ ပြုမူပုံကို ကြည့်ရှုကြပါကုန်၊ အရှင်မတို့ …နှိမ်ချထားသော စိတ်ဓာတ်ရှိသူ၏ ပြုမူပုံကို ကြည့်ရှု ကြပါကုန်၊ အရှင်မတို့ …ငြိမ်းအေးသော စိတ်ထားရှိသူ၏ ပြုမူပုံကို ကြည့်ရှုကြပါကုန်၊ အဘယ့်ကြောင့်လျှင် တစ်ယောက်တည်းသော ကျွန်မအား --- 'နေမြင့်မှ အိပ်ရာက ထရသနည်း'ဟု အမျက်ထွက်လျက် မနှစ် သက်သောစိတ် ရှိသည်ဖြစ်၍ သင့်ဦးခေါင်းကွဲပေတော့ဟု တံခါးကျည်းမင်းတုပ်ဖြင့် ဦးခေါင်းကို ရိုက်ရက်ဘိ သနည်း''ဟု အိမ်နီးချင်းတို့ကို တိုင်တန်း ပြောဆို၏။
‘诸比丘,迦利头破血流,跑去向邻居控诉:“各位夫人,请看看这个性情柔和的人是怎么做的!请看看这个谦逊恭顺的人是怎么做的!请看看这个心地宁静平和的人是怎么做的!我不过是她唯一的女仆,她竟因我太阳升高才起床而怒气冲冲、心生不悦,还说‘把你的头打破’,拿门闩把我的头打破了!”
ရဟန်းတို့ …နောင်အခါ ''ဝေဒေဟိကာ အိမ်ရှင်မသည် ကြမ်းတမ်းသူတည်း၊ နှိမ့်ချသောစိတ်ဓာတ် ရှိသူ မဟုတ်၊ ငြိမ်းအေးသောစိတ်ဓာတ် ရှိသူ မဟုတ်''ဟု ဝေဒေဟိကာ အိမ်ရှင်မ၏ သတင်းဆိုး ကျော်စောသံသည် ပျံ့နှံ့သွားလေ၏။
‘诸比丘,后来韦提希迦夫人的恶名传扬开来:“韦提希迦夫人性情粗暴,毫不谦逊,内心也不平和。”
ရဟန်းတို့ …ဤအတူပင်လျှင် ဤသာသနာတော်၌ အချို့သောရဟန်းသည် စိတ်မနှစ်သက်ဖွယ် စကား- လမ်းကြောင်းများနှင့် မတွေ့ထိသေးသမျှ ကာလပတ်လုံး အလွန်နူးညံ့သူ အလွန်နှိမ့်ချသော စိတ်ဓာတ်ရှိသူ အလွန်ငြိမ်းအေးသော စိတ်ထားရှိသူ ဖြစ်တတ်၏။ ရဟန်းတို့ …စိတ်မနှစ်သက်ဖွယ် စကားလမ်းကြောင်းများနှင့် တွေ့ထိသောအခါမှသာလျှင် ရဟန်းကို နူးညံ့သူ နှိမ့်ချသောစိတ်ဓာတ် ရှိသူ ငြိမ်းအေးသောစိတ်ထား ရှိသူဟု သိရမည်။
‘诸比丘,同样,在这教法中,有些比丘只要还没有遭遇不合意的言路,就表现得十分柔和、十分谦逊、十分平和。诸比丘,只有在遭遇不合意的言路时,才能知道一位比丘是否真正柔和、谦逊、平和。
ရဟန်းတို့ …သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ သူနာ၏ အထောက်အပံ့ အသုံးအဆောင် ဆေးပစ္စည်းဟူသော အကြောင်းကြောင့် အပြောအဆိုလွယ်သူ = ဆိုဆုံးမလွယ်သူ၏ အဖြစ်သို့ ရောက်သော ရဟန်းကို အပြောအဆို လွယ်သူ = ဆိုဆုံးမလွယ်သူဟု ငါဘုရား မဆိုပေ။ ထိုသို့ မဆိုခြင်းသည် အဘယ်ကြောင့်နည်း၊ ထိုရဟန်းသည် ထို သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်တို့ကို မရသည်ရှိသော် အပြောအဆို လွယ်သူ = ဆိုဆုံးမလွယ်သူ၏ အဖြစ်သို့ မရောက်သောကြောင့်တည်း။
‘诸比丘,若有比丘只是为了袈裟、钵食、住处以及病者所需的医药资具而成为易受教者,我不说他是真正易受教。为什么呢?因为当他得不到这些袈裟、钵食、住处和病者所需的医药资具时,便不再易受教。
ရဟန်းတို့ …တရားကိုသာလျှင် အရိုအသေပြုလျက် တရားကိုသာလျှင် အလေးပြုလျက် တရားကို သာလျှင် မြတ်နိုးပူဇော်လျက် တုပ်ဝပ်ရိုကျိုးလျက် အပြောအဆိုလွယ်သူ၏ = ဆိုဆုံးမလွယ်သူ၏ အဖြစ်သို့ ရောက် သော ရဟန်းကိုသာလျှင် အပြောအဆိုလွယ်သူဟု = ဆိုဆုံးမလွယ်သူဟု ငါဘုရား ဆိုပေ၏။ ထိုကြောင့် ''တရားကို သာလျှင် အရိုအသေပြုလျက် တရားကိုသာလျှင် အလေးပြုလျက် တရားကိုသာလျှင် မြတ်နိုးပူဇော်လျက်
‘诸比丘,唯有比丘恭敬法、尊重法、崇奉法、礼敬法,因而成为易受教者,我才说他是真正易受教。因此,你们应当这样努力修习:“我们要恭敬法、尊重法、崇奉法——
原书第 464 页
တုပ်ဝပ်ရိုကျိုးလျက် အပြောအဆိုလွယ်သူ၏ = ဆိုဆုံးမလွယ်သူ၏ အဖြစ်သို့ ရောက်ကြကုန်အံ့၊'' --- ဟု ဤသို့လျှင် သင်တို့သည် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြရမည်။
——礼敬法,成为易受教者。”’你们应当这样精勤修习。
ရဟန်းတို့ … ၁။ (က) သင့်လျော်သော အခါအားဖြင့်လည်းကောင်း၊ ( ခ ) မသင့်လျော်သော အခါအားဖြင့်လည်းကောင်း၊ ၂။ (က) ဟုတ်မှန်သောအားဖြင့်လည်းကောင်း၊ ( ခ ) မဟုတ်မှန်သောအားဖြင့်လည်းကောင်း၊ ၃။ (က) သိမ်မွေ့သောအားဖြင့်လည်းကောင်း၊ ( ခ ) ကြမ်းတမ်းသောအားဖြင့်လည်းကောင်း၊ ၄။ (က) အကျိုးအကြောင်းနှင့် စပ်သောအားဖြင့်လည်းကောင်း၊ ( ခ ) အကျိုးအကြောင်းနှင့် မစပ်သောအားဖြင့်လည်းကောင်း၊ ၅။ (က) မေတ္တာစိတ် ရှိကုန်၍လည်းကောင်း၊ ( ခ ) ပြစ်မှားသောစိတ် ရှိကုန်၍လည်းကောင်း --- သင်တို့ကို သူတစ်ပါးတို့က ပြောဆိုလိုမူ ပြောဆိုနိုင်ရာသော စကားလမ်းကြောင်းတို့ကား ဤဆိုမည့် ငါးပါး တို့တည်း။
‘诸比丘,他人可能以下面五种言路对你们说话:一、在适当时或不适当时;二、所说真实或不真实;三、言语柔和或粗暴;四、所说有益或无益;五、怀慈心或怀嗔害心。
ရဟန်းတို့ …သင့်လျော်သော အခါအားဖြင့် ဖြစ်စေ၊ မသင့်လျော်သော အခါအားဖြင့် ဖြစ်စေ သူတစ်ပါး တို့က ပြောဆိုမူ ပြောဆိုကုန်ရာ၏။ ဟုတ်မှန်သောအားဖြင့် ဖြစ်စေ မဟုတ်မမှန်သောအားဖြင့် ဖြစ်စေ သူတစ်ပါး တို့က ပြောဆိုမူ ပြောဆိုကုန်ရာ၏။ သိမ်မွေ့သောအားဖြင့် ဖြစ်စေ ကြမ်းတမ်းသောအားဖြင့် ဖြစ်စေ သူတစ်ပါးတို့က ပြောဆိုမူ ပြောဆိုကုန်ရာ၏။ အကျိုးအကြောင်းနှင့် စပ်သောအားဖြင့် ဖြစ်စေ၊ အကျိုးအကြောင်းနှင့် မစပ်သော အားဖြင့် ဖြစ်စေ သူတစ်ပါးတို့က ပြောဆိုမူ ပြောဆိုကုန်ရာ၏။ မေတ္တာစိတ် ရှိကုန်၍ ဖြစ်စေ၊ ပြစ်မှားသောစိတ် ရှိကုန်၍ ဖြစ်စေ သူတစ်ပါးတို့က ပြောဆိုမူ ပြောဆိုကုန်ရာ၏။
‘诸比丘,他人可能在适当时或不适当时对你们说话;所说可能真实或不真实;言语可能柔和或粗暴;所说可能有益或无益;说话时可能怀着慈心或嗔害心。
ရဟန်းတို့ …ထိုသို့ပြောဆိုရာ စကားလမ်းကြောင်းတို့၌လည်း သင်တို့သည် ဤသို့ ကျင့်ရမည် --- ''ငါတို့၏ စိတ်သည် ဖောက်ပြန်မှု မဖြစ်လတ္တံ့၊ ယုတ်ညံ့သောစကားကိုလည်း မမြွက်ဆိုကြကုန်အံ့၊ အစီးအပွားဖြင့် ငဲ့ညှာကြ ကုန်လျက်လည်း မေတ္တာစိတ် ရှိကြကုန်၍ ပြစ်မှားသောစိတ် မရှိကြဘဲ နေကြကုန်အံ့၊ ထိုပုဂ္ဂိုလ်ကိုလည်း (= ထို ပြောဆိုလာသော ပုဂ္ဂိုလ်ကိုလည်း) မေတ္တာနှင့်တကွ ဖြစ်သော စိတ်ဖြင့် ဖြန့်၍ နေကြကုန်အံ့၊ အကြွင်းမဲ့ သတ္တဝါ အားလုံးကိုလည်း ထိုမေတ္တာစိတ်၏အာရုံ ပြုလုပ်လျက် ပြန့်ပြောသော မြတ်သည်၏ အဖြစ်သို့ ရောက်သော အပိုင်းအခြားပမာဏ မရှိသော ရန်မရှိသော ဆင်းရဲခြင်း မရှိသော စိတ်ဖြင့် ဖြန့်၍ နေကြကုန်အံ့'' --- ဟု ဤသို့ လျှင် သင်တို့သည် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြရမည်။
‘诸比丘,面对这些言路时,你们应当这样训练:“我们的心将不变异;我们不说恶语;我们将顾念其利益,怀慈心而住,内心不怀嗔恨;我们将以慈俱心遍满那个说话的人而住;又以一切有情为慈心所缘,以广大、崇高、无量、无怨、无害的心遍满他们而住。”你们应当这样精勤修习。
ရဟန်းတို့ …ဥပမာသော်ကား ယောကျာ်းသည် ပေါက်တူး ခြင်းတောင်းတို့ကို ယူ၍လာပြီးလျှင် ''ငါသည် ဤမြေကြီးကို မြေကြီးမဟုတ်အောင် ပြုတော့အံ့''ဟု ပြောဆိုရာ၏။ ထိုယောကျာ်းသည် ''မြေကြီးမဟုတ်သည် ဖြစ်လော့၊ မြေကြီးမဟုတ်သည် ဖြစ်လော့''ဟု ထိုထိုအရပ်၌ တူးဆွရာ၏၊ ထိုထိုအရပ်၌ ကြဲဖြန့်ရာ၏၊ ထိုထို အရပ်၌ တံတွေးထွေးရာ၏၊ ထိုထိုအရပ်၌ ကျင်ငယ်စွန့်ရာ၏။ ရဟန်းတို့ …ထိုအကြောင်းကို အဘယ်သို့ ထင်မှတ်ကြကုန်သနည်း၊ ထိုယောကျာ်းသည် ဤမြေကြီးကို မြေကြီးမဟုတ်အောင် ပြုနိုင်ရာသလောဟု ဘုရားရှင် က မေးတော်မူ၏။
‘诸比丘,譬如有人拿着锄头和篮子前来说:“我要使这片大地变成非地。”他一面说“成为非地吧!成为非地吧!”,一面到处挖掘、抛撒泥土,到处吐唾液、排小便。诸比丘,你们认为如何?这个人能使这片大地变成非地吗?’世尊这样问道。
原书第 465 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း အရှင်ဘုရား …ဤအကြောင်းသည် မဖြစ်နိုင်ပါ။ ထိုသို့ မဖြစ်နိုင်ခြင်းသည် အဘယ်ကြောင့်နည်း။
——诸比丘回答:‘尊者,不可能。为什么不可能呢?
အရှင်ဘုရား …ဤမြေကြီးသည် ထုထည် ထူထည်း၍ အလျားအနံ အပိုင်းအခြားပမာဏ မရှိသောကြောင့် ထိုမြေကြီးကို မြေကြီးမဟုတ်အောင် ပြုရန် မလွယ်ပါ။ ထိုယောကျာ်းသည် ပင်ပန်းရုံ ဆင်းရဲရုံမျှသာ ဖြစ်ရာပါ၏ဟု ပြန်လည် လျှောက်ကြားကြကုန်၏။
‘尊者,因为这片大地厚实广大,长宽无边无际,不容易使它变成非地。那个人只会徒劳疲惫、受苦而已。’
ရဟန်းတို့ …ဤဥပမာအတူပင်လျှင် --- ၁။ သင့်လျော်သော အခါအားဖြင့်လည်းကောင်း၊ မသင့်လျော်သော အခါအားဖြင့်လည်းကောင်း၊ ၂။ ဟုတ်မှန်သောအားဖြင့်လည်းကောင်း၊ မဟုတ်မှန်သောအားဖြင့်လည်းကောင်း၊ ၃။ သိမ်မွေ့ပြေပြစ်သောအားဖြင့်လည်းကောင်း၊ ကြမ်းတမ်းသောအားဖြင့်လည်းကောင်း၊ ၄။ အကျိုးအကြောင်းနှင့် စပ်သောအားဖြင့်လည်းကောင်း၊ အကျိုးအကြောင်းနှင့် မစပ်သောအားဖြင့်လည်း ကောင်း၊ ၅။ မေတ္တာစိတ် ရှိကုန်၍လည်းကောင်း၊ ပြစ်မှားသော စိတ်ရှိကုန်၍လည်းကောင်း --- သင်တို့ကို သူတစ်ပါးတို့က ပြောဆိုမူ ပြောဆိုနိုင်ရာသော စကားလမ်းကြောင်းတို့သည် ဤငါးပါးတို့တည်း။
‘诸比丘,同此譬喻一样,他人可能以这五种言路对你们说话:一、在适当时或不适当时;二、所说真实或不真实;三、言语柔和或粗暴;四、所说有益或无益;五、怀慈心或怀嗔害心。
ရဟန်းတို့ …သင့်လျော်သောအခါအားဖြင့် ဖြစ်စေ၊ မသင့်လျော်သောအခါအားဖြင့် ဖြစ်စေ သူတစ်ပါး တို့က ပြောဆိုမူ ပြောဆိုကုန်ရာ၏၊ ဟုတ်မှန်သောအားဖြင့် ဖြစ်စေ မဟုတ်မှန်သောအားဖြင့် ဖြစ်စေ သူတစ်ပါး တို့က ပြောဆိုမူ ပြောဆိုကုန်ရာ၏။ ရဟန်းတို့ …သိမ်မွေ့ပြေပြစ်သောအားဖြင့် ဖြစ်စေ ကြမ်းတမ်းသောအားဖြင့် ဖြစ်စေ သူတစ်ပါးတို့က ပြောဆိုမူ ပြောဆိုကုန်ရာ၏။ အကျိုးအကြောင်းနှင့် စပ်သောအားဖြင့် ဖြစ်စေ၊ အကျိုး အကြောင်းနှင့် မစပ်သောအားဖြင့် ဖြစ်စေ သူတစ်ပါးတို့က ပြောဆိုမူ ပြောဆိုကုန်ရာ၏။ မေတ္တာစိတ် ရှိကုန်၍ ဖြစ်စေ ပြစ်မှားသောစိတ် ရှိကုန်၍ ဖြစ်စေ သူတစ်ပါးတို့က ပြောဆိုမူ ပြောဆိုကုန်ရာ၏။ ရဟန်းတို့ ထိုသို့ပြောဆိုသော စကားလမ်းကြောင်းတို့၌လည်း သင်တို့သည် ဤသို့ ကျင့်ရမည်၊ --- ''ငါတို့၏ စိတ်သည် ဖောက်ပြန်မှု မဖြစ်လတ္တံ့။ ယုတ်ညံ့သောစကားကိုလည်း မမြွက်ဆိုကြကုန်အံ့၊ အစီးအပွားဖြင့် ငဲ့ညှာကြကုန်
‘诸比丘,他人可能在适当时或不适当时对你们说话;所说可能真实或不真实;言语可能柔和或粗暴;所说可能有益或无益;说话时可能怀着慈心或嗔害心。诸比丘,面对这些言路时,你们应当这样训练:“我们的心将不变异;我们不说恶语;我们将顾念其利益——
လျက်လည်း မေတ္တာစိတ် ရှိကုန်၍ ပြစ်မှားသောစိတ် မရှိကြဘဲ နေကြကုန်အံ့၊ ထိုပြောဆိုလာသောပုဂ္ဂိုလ်ကိုလည်း မေတ္တာနှင့်တကွ ဖြစ်သော စိတ်ဖြင့် ဖြန့်၍ နေကြကုန်အံ့၊ အကြွင်းမဲ့ သတ္တဝါအားလုံးကိုလည်း ထိုမေတ္တာစိတ်၏ အာရုံ ပြုလုပ်လျက် ပြန့်ပြောသော မြတ်သည်၏ အဖြစ်သို့ ရောက်သော အပိုင်းအခြားပမာဏ မရှိသော ရန် မရှိသော ဆင်းရဲခြင်း မရှိသော မဟာပထဝီမြေကြီးနှင့် တူသော စိတ်ဖြင့် ဖြန့်၍ နေကြကုန်အံ့''ဟု ဤသို့လျှင် သင်တို့သည် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြရမည်။ 〔ပေါက်တူး ခြင်းတောင်းတို့ကို ကိုင်ဆောင်လာသော ယောကျာ်းသည် မဟာပထဝီမြေကြီးကို ပထဝီမဟုတ်အောင် ပြုခြင်းငှာ မစွမ်းနိုင်သကဲ့သို့ အတိုင်းအတာပမာဏ မရှိသော သတ္တဝါအားလုံးတို့အပေါ်၌ အတိုင်းအတာပမာဏ မရှိသော မေတ္တာစျာန်ကို ဝင်စားလျက် ရှိသော ပုဂ္ဂိုလ်၏ မေတ္တာစိတ်ကို ငါးမျိုးသော စကားလမ်းကြောင်း ဝစနပထတို့ကို ယူဆောင်လာသော ပုဂ္ဂိုလ်၏ စကား
——怀慈心而住,内心不怀嗔恨;我们将以慈俱心遍满那个说话的人而住;又以一切有情为慈心所缘,以如大地般广大、崇高、无量、无怨、无害的心遍满他们而住。”你们应当这样精勤修习。〔就像拿着锄头和篮子的人无法使大地变成非地;同样,以一切无量有情为所缘而安住无量慈心禅那者的慈心,也不会被带着五种言路而来者的言语——
သည်လည်း ဖောက်ပြန်ပြောင်းလဲမှုကို မပြုနိုင်ဟု ဆိုလို၏။〕 ရဟန်းတို့ …ဥပမာသော်ကား ယောကျာ်းသည် ချိပ်ရည်ကိုလည်းကောင်း၊ အဝါရည်ကိုလည်းကောင်း အညိုရည်ကိုလည်းကောင်း နီမောင်းသော ဆေးရည်ကိုလည်းကောင်း ယူ၍ ''ငါသည် ဤကောင်းကင်၌ အရုပ်ကို ရေးအံ့၊ အရုပ်ကို ထင်ရှားဖြစ်အောင် ပြုအံ့'' --- ဟု ဤသို့ ပြောဆိုရာ၏။ ရဟန်းတို့ …ထိုအကြောင်းကို အဘယ်သို့ မှတ်ထင်ကြကုန်သနည်း၊ ထိုယောကျာ်းသည် ဤကောင်းကင်၌ အရုပ်ကို ရေးနိုင်ရာသလော၊ အရုပ်ကို ထင်ရှားဖြစ်အောင် ပြုနိုင်ရာသလောဟု ဘုရားရှင်က မေးတော်မူ၏။
——扰乱或改变。这就是本段的意思。〕诸比丘,又如有人拿着虫胶液、黄颜料、褐色颜料或红色颜料说:“我要在这片天空中画出图像,使图像显现。”诸比丘,你们认为如何?这个人能在天空中画出图像、使图像显现吗?’世尊这样问道。
原书第 466 页
အရှင်ဘုရား …ဤအကြောင်းသည် မဖြစ်နိုင်ပါ၊ ထိုသို့ မဖြစ်နိုင်ခြင်းသည် အဘယ်ကြောင့်နည်း၊ အရှင် ဘုရား …ဤကောင်းကင်သည် အဆင်းပုံသဏ္ဌာန် ရှိသည် မဟုတ်ပါ၊ မြင်ကောင်းသော အရာလည်း မဟုတ်ပါ၊ ထိုကောင်းကင်၌ အရုပ်ကိုရေးရန် အရုပ်ကို ထင်ရှားဖြစ်အောင် ပြုရန် မလွယ်ပါ၊ ထိုယောကျာ်းသည် ပင်ပန်းရုံ ဆင်းရဲရုံမျှသာ ဖြစ်ရာပါ၏ဟု လျှောက်ထားကြကုန်၏။
诸比丘回答:‘尊者,不可能。为什么不可能呢?尊者,因为天空无形无色,也不是可以看见的东西;要在天空中画出图像、使图像显现并不容易。那个人只会徒劳疲惫、受苦而已。’
ရဟန်းတို့ …ဤဥပမာအတူပင် သင့်လျော်သော အခါအားဖြင့်လည်းကောင်း၊ မသင့်လျော်သော အခါ အားဖြင့်လည်းကောင်း သင်တို့ကို သူတစ်ပါးတို့က ပြောဆိုမူ ပြောဆိုနိုင်ရာသော စကားလမ်းကြောင်းတို့သည် ဤငါးပါးတို့တည်း။ ပ ။ အကြွင်းမဲ့ သတ္တဝါအားလုံးကိုလည်း ထိုမေတ္တာစိတ်၏အာရုံ ပြုလုပ်လျက် ပြန့်ပြောသော မြတ်သည်၏အဖြစ်သို့ ရောက်သော အပိုင်းအခြားပမာဏ မရှိသော ရန် မရှိသော ဆင်းရဲခြင်း မရှိသော ကောင်းကင်နှင့် တူသော စိတ်ဖြင့် ဖြန့်၍ နေကြကုန်အံ့''ဟု ဤသို့လျှင် သင်တို့သည် ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ရမည်။
‘诸比丘,同此譬喻一样,他人可能以这五种言路对你们说话:在适当时或不适当时,乃至怀慈心或怀嗔害心。面对这些言路时,你们应当训练:又以一切有情为慈心所缘,以如天空般广大、崇高、无量、无怨、无害的心遍满他们而住。’你们应当这样精勤修习。
〔ဝစနပထ အမည်ရသော စကားလမ်းကြောင်း ငါးမျိုးတို့ကို ယူဆောင်၍ စကားပြောဆိုလာသော ယောကျာ်း ၏ စကားသည် --- ဆေးရောင် အမျိုးမျိုးတို့ဖြင့် ကောင်းကင်၌ အရုပ်ရေးသော်လည်း ရေးခြယ်၍ မရနိုင်သကဲ့သို့ အလားတူပင် --- သတ္တဝါအားလုံးတို့ အပေါ်၌ အတိုင်းအတာပမာဏ မရှိသော မေတ္တာစျာန်ကို ဖြန့်ကြက်ကာ မေတ္တာစျာန်ဝင်စားနေသော ရဟန်းတော်၏ စိတ်ကို ဖောက်ပြန်အောင် ပြုခြင်းငှာ မစွမ်းနိုင်။ ထိုကြောင့် ကောင်း- ကင်နှင့် တူသော စိတ်ထားဖြင့် မေတ္တာစျာန်ကို ဝင်စားနေပါဟု ဆိုလိုပေသည်။〕 ရဟန်းတို့ …ဥပမာသော်ကား -- ယောကျာ်းသည် ရဲရဲတောက်သော ဤမြက်မီးရှူးကို ယူပြီးလျှင် ''ငါသည် ရဲရဲတောက်သော ဤမြက်မီးရှူးဖြင့် ဂင်္ဂါမြစ်ကို ပူလောင်စေအံ့၊ ထက်ဝန်းကျင် ပူလောင်စေအံ့'' -- ဟု ဤသို့ ပြောဆိုရာ၏။ ရဟန်းတို့ …ထိုအကြောင်းကို အဘယ်သို့ ထင်မှတ်ကြကုန်သနည်း၊ ထိုယောကျာ်းသည် ရဲရဲ
〔带着称为言路的五种方式而来者所说的话,就像用各种颜料不能在天空中画出图像一样,也不能扰乱正在对一切有情遍满无量慈心、安住慈心禅那的比丘之心。因此,本段是说:应当以如天空般的心安住慈心禅那。〕诸比丘,又如有人拿着一把熊熊燃烧的草炬说:‘我要用这把熊熊燃烧的草炬烧热恒河,使其四周都变热。’诸比丘,你们认为如何?这个人能用熊熊燃烧的草炬——
တောက်သော မြက်မီးရှူးဖြင့် ဂင်္ဂါမြစ်ကို ပူလောင်စေနိုင်ရာသလော၊ ထက်ဝန်းကျင် ပူလောင်စေနိုင်ရာသလောဟု မေးတော်မူ၏။
——将恒河烧热,并使四周都变热吗?’世尊这样问道。
အရှင်ဘုရား …ဤအကြောင်းသည် မဖြစ်နိုင်ပါ။ ထိုသို့ မဖြစ်နိုင်ခြင်းသည် အဘယ်ကြောင့်နည်း၊ အရှင် ဘုရား …ဂင်္ဂါမြစ်သည် နက်ရှိုင်းလှ၏၊ အပြောကျယ်၏၊ အပိုင်းအခြားပမာဏ မရှိ၊ ထိုကြောင့် ထိုဂင်္ဂါမြစ်ကို ရဲရဲတောက်သော မြက်မီးရှူးဖြင့် ပူလောင်စေရန် ထက်ဝန်းကျင် ပူလောင်စေရန် မလွယ်ကူပါ။ ထိုယောကျာ်းသည် ပင်ပန်းရုံ ဆင်းရဲရုံမျှသာ ဖြစ်ရာပါ၏ဟု လျှောက်ကြားကြကုန်၏။
诸比丘回答:‘尊者,不可能。为什么不可能呢?尊者,因为恒河很深、很宽,广大无量;要用熊熊燃烧的草炬把恒河烧热并使四周变热,并不容易。那个人只会徒劳疲惫、受苦而已。’
ရဟန်းတို့ …ဤဥပမာအတူပင် သင့်လျော်သော အခါအားဖြင့်လည်းကောင်း၊ မသင့်လျော်သော အခါ အားဖြင့်လည်းကောင်း သင်တို့ကို သူတစ်ပါးတို့က ပြောဆိုမူ ပြောဆိုနိုင်ရာသော စကားလမ်းကြောင်းတို့သည် ဤငါးပါးတို့တည်း။ ပ ။ အကြွင်းမဲ့ သတ္တဝါအားလုံးကိုလည်း ထိုမေတ္တာစိတ်၏အာရုံ ပြုလုပ်လျက် ပြန့်ပြောသော မြတ်သည်၏ အဖြစ်သို့ရောက်သော အပိုင်းအခြားပမာဏ မရှိသော ရန် မရှိသော ဆင်းရဲခြင်း မရှိသော ဂင်္ဂါ မြစ်နှင့် တူသော စိတ်ဖြင့် ဖြန့်၍ နေကြကုန်အံ့''ဟု ဤသို့လျှင် သင်တို့သည် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ် ကြရမည်။
‘诸比丘,同此譬喻一样,他人可能以这五种言路对你们说话:在适当时或不适当时,乃至怀慈心或怀嗔害心。面对这些言路时,你们应当训练:又以一切有情为慈心所缘,以如恒河般广大、崇高、无量、无怨、无害的心遍满他们而住。’你们应当这样精勤修习。
〔ဂင်္ဂါမြစ်၏ နက်ရှိုင်းရာအရပ်သည် တစ်ဂါဝုတ် နှစ်ဂါဝုတ် = ယူဇနာဝက် တစ်ယူဇနာခန့်လောက်သာ ရှိ၏၊ ဤမှာဘက်ကမ်းနှင့် ထိုမှာဘက်ကမ်း၏ အကျယ်မှာလည်း ထိုနည်းတူပင် အချို့အရာ၌ တစ်ဂါဝုတ်၊ အချို့ အရာ၌ ယူဇနာဝက်၊ အချို့အရာ၌ တစ်ယူဇနာခန့်မျှသာ ကျယ်၏။ အလျားအားဖြင့်မူ ယူဇနာ (၅ဝဝ)ခန့်သာ ရှည်၏။ ထိုဂင်္ဂါမြစ်သည် အဘယ်သို့လျှင် နက်ရှိုင်း၍ အတိုင်းအတာပမာဏ မရှိ ဖြစ်နိုင်ပါအံ့နည်း။ ဤ၌
〔恒河最深处大约只有一至二伽乌多——即半由旬至一由旬;两岸之间的宽度也相仿,有些地方约一伽乌多,有些约半由旬,有些约一由旬;长度也不过约五百由旬。那么,恒河怎么能说是深而无量呢?这里——
原书第 467 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း ဆိုလိုရင်းမှာ ဤသို့ဖြစ်၏ --- ယောကျာ်းတစ်ယောက်၏ လုံ့လပယောဂဖြင့် ဂင်္ဂါမြစ်ရေအားလုံးကို ထက်အောက် ပြောင်းပြန်လှန်၍ ခုံလောက်တစ်ခုပေါ်၌ တင်ထားသော ရေကဲ့သို့ ပူလောင်အောင် ပြုလုပ်ခြင်းငှာ မစွမ်းနိုင် သောကြောင့် ဤသို့ မိန့်ဆိုတော်မူခြင်း ဖြစ်၏။ တန့်ရပ်နေသော မစီးဆင်းသောရေ ဖြစ်ပါမူ လက်တစ်သစ်မျှ လောက်သော ရေကိုလည်းကောင်း၊ လက်တစ်သစ်ဝက်ခန့်မျှလောက်သော ရေကိုသော်လည်းကောင်း ဤသို့ ပူလောင်စေခြင်းငှာ စွမ်းနိုင်သည် ဖြစ်ကောင်း ဖြစ်လေရာ၏။ ဤဂင်္ဂါမြစ်ရေယဥ်ကြော တစ်ခုလုံးကိုကား ပူလောင် အောင် ပြုလုပ်ခြင်းငှာ မစွမ်းနိုင်လေရာ။ ထိုကြောင့် ဤဥပမာကို ဘုရားရှင် ဟောကြားတော်မူခြင်း ဖြစ်၏။
——的意思是:仅凭一个人的努力,不可能把恒河全部水流上下翻转,像把水放在一张小凳上一样使它变热,所以世尊才这样说。如果是静止不流的水,一指深或半指深的少量水或许还能这样加热;但绝不可能使整条恒河的水流都热起来。因此,世尊开示这个譬喻。
ဂင်္ဂါမြစ် ရေယဥ်ကြောတစ်ခုလုံးကို မြက်မီးရှူးဖြင့် ပူလောင်စေခြင်းငှာ မစွမ်းနိုင်သကဲ့သို့ စကားလမ်းကြောင်း ငါးမျိုးတို့ကို သယ်ဆောင်၍လာသော ယောကျာ်းသည်လည်း အတိုင်းအတာပမာဏ မရှိသော သတ္တဝါတို့အပေါ်၌ မေတ္တာစျာန်ကို ဖြန့်ကြက်ကာ မေတ္တာစျာန်ဝင်စားနေသော သူတော်ကောင်း၏ စိတ်အစဥ်ကို ဖောက်ပြန် ပြောင်းလဲ သွားအောင် ပြုလုပ်ခြင်းငှာ မစွမ်းနိုင်ဟု ဆိုလိုသည်။〕 ရဟန်းတို့ …ဥပမာတစ်မျိုးသော်ကား --- အတွင်းအပြင် ထက်ဝန်းကျင်မှ ကောင်းစွာ နယ်ထားအပ်သော လဲနှင့် တူသော ကျွိကျွိကျွိကျွိ ဗြိဗြိဗြိဗြိ အသံမမြည်သော နူးညံ့သော ကြောင်သားရေအိတ်သည် ရှိလေရာ၏။
正如不能用草炬烧热整条恒河水流;同样,带着五种言路而来的人,也不能使正对无量有情遍满慈心、安住慈心禅那的善人之心变异。〕诸比丘,又如有一个猫皮囊,里外各面都经过充分鞣制,柔软如棉,不会发出‘吱呀、沙沙’的声响。
ထိုအခါ ယောကျာ်းသည် တုတ်ချောင်းကိုလည်းကောင်း၊ အိုးခြမ်းကွဲကိုလည်းကောင်း ယူပြီးလျှင် --- ''ငါသည် အတွင်းအပြင် ထက်ဝန်းကျင်မှ ကောင်းစွာ နယ်ထားသော လဲနှင့် တူသော ကျွိကျွိကျွိကျွိ ဗြိဗြိဗြိဗြိ အသံမမြည်သော နူးညံ့သော ဤကြောင်သားရေအိတ်ကို တုတ်ချောင်းဖြင့်လည်းကောင်း၊ အိုးခြမ်းကွဲဖြင့်လည်းကောင်း ကျွိကျွိကျွိကျွိ ဗြိဗြိဗြိဗြိ အသံကို မြည်အောင်ပြုအံ့''ဟု ပြောဆိုကုန်ရာ၏။ ရဟန်းတို့ …ထိုအကြောင်းကို အဘယ်သို့ မှတ်ထင်ကြ ကုန်သနည်း၊ ထိုယောကျာ်းသည် အတွင်းအပြင် ထက်ဝန်းကျင်မှ ကောင်းစွာ နယ်ထားသော လဲနှင့် တူသော ကျွိကျွိကျွိကျွိ ဗြိဗြိဗြိဗြိ အသံမမြည်သော နူးညံ့သော ဤကြောင်သားရေအိတ်ကို တုတ်ချောင်းဖြင့်လည်းကောင်း၊ အိုးခြမ်းကွဲဖြင့်လည်းကောင်း ကျွိကျွိကျွိကျွိ ဗြိဗြိဗြိဗြိ အသံကို မြည်အောင် ပြုနိုင်ရာပါသလောဟု မေးတော်မူ၏။
这时,有人拿着木棍或瓦片说:‘这个猫皮囊里外各面都经过充分鞣制,柔软如棉,不会发出“吱呀、沙沙”的声响;我要用木棍或瓦片使它发出“吱呀、沙沙”的声音。’诸比丘,你们认为如何?这个人能用木棍或瓦片,使这个里外充分鞣制、柔软如棉而不发声的猫皮囊发出‘吱呀、沙沙’的声音吗?’世尊这样问道。
အရှင်ဘုရား …ဤအကြောင်းသည် မဖြစ်နိုင်ပါ။ ထိုသို့ မဖြစ်နိုင်ခြင်းသည် အဘယ်ကြောင့်နည်း၊ ဤ ကြောင်သားရေအိတ်သည် အတွင်းအပြင် ထက်ဝန်းကျင်မှ ကောင်းစွာ နယ်ထားသော လဲနှင့် တူသော ကျွိကျွိကျွိကျွိ ဗြိဗြိဗြိဗြိ အသံမမြည်သော နူးညံ့သော ကြောင်သားရေအိတ် ဖြစ်ပါသည်၊ ထိုကြောင့် ထိုကြောင်သားရေအိတ်ကို တုတ်ချောင်းဖြင့် ဖြစ်စေ အိုးခြမ်းကွဲဖြင့် ဖြစ်စေ ကျွိကျွိကျွိကျွိ ဗြိဗြိဗြိဗြိ အသံကို မြည်အောင် ပြုလုပ်ရန် မလွယ်ကူပါ။
诸比丘回答:‘尊者,不可能。为什么不可能呢?因为这个猫皮囊里外各面都经过充分鞣制,柔软如棉,不会发出“吱呀、沙沙”的声音;所以不容易用木棍或瓦片使它发出这种声响。
ထိုယောကျာ်းသည် ပင်ပန်းရုံ ဆင်းရဲရုံမျှသာ ဖြစ်ရာပါ၏ဟု လျှောက်ကြားကြကုန်၏။
——那个人只会徒劳疲惫、受苦而已。’
ရဟန်းတို့ …ဤဥပမာအတူပင်လျှင် --- သင့်လျော်သော အခါဖြင့်လည်းကောင်း၊ မသင့်လျော်သော အခါအားဖြင့်လည်းကောင်း၊ ဟုတ်မှန်သောအားဖြင့်လည်းကောင်း၊ မဟုတ်မှန်သောအားဖြင့်လည်းကောင်း၊ သိမ်မွေ့ပြေပြစ်သောအားဖြင့်လည်းကောင်း၊ ကြမ်းတမ်းသောအားဖြင့်လည်းကောင်း၊ အကျိုးအကြောင်းနှင့် စပ်သောအားဖြင့်လည်းကောင်း၊ အကျိုးအကြောင်းနှင့် မစပ်သောအားဖြင့်လည်းကောင်း၊ မေတ္တာစိတ် ရှိကုန်၍ လည်းကောင်း၊ ပြစ်မှားသောစိတ် ရှိကုန်၍လည်းကောင်း သင်တို့ကို သူတစ်ပါးတို့က ပြောဆိုမူ ပြောဆိုနိုင်ရာသော စကားလမ်းကြောင်းတို့သည် ဤငါးပါးတို့တည်း။
‘诸比丘,同此譬喻一样,他人可能以这五种言路对你们说话:在适当时或不适当时,所说真实或不真实,言语柔和或粗暴,所说有益或无益,怀慈心或怀嗔害心。
ရဟန်းတို့ …သင့်လျော်သောအခါအားဖြင့် ဖြစ်စေ၊ မသင့်လျော်သောအခါအားဖြင့် ဖြစ်စေ၊ သူတစ်ပါး တို့က ပြောဆိုမူ ပြောဆိုကုန်ရာ၏၊ ဟုတ်မှန်သောအားဖြင့် ဖြစ်စေ၊ မဟုတ်မှန်သောအားဖြင့် ဖြစ်စေ သူတစ်ပါး တို့က ပြောဆိုမူ ပြောဆိုကုန်ရာ၏။ သိမ်မွေ့ပြေပြစ်သောအားဖြင့် ဖြစ်စေ၊ ကြမ်းတမ်းသောအားဖြင့် ဖြစ်စေ သူတစ်ပါးတို့က ပြောဆိုမူ ပြောဆိုကုန်ရာ၏။ အကျိုးအကြောင်းနှင့် စပ်သောအားဖြင့် ဖြစ်စေ၊ အကျိုးနှင့်
‘诸比丘,他人可能在适当时或不适当时对你们说话;所说可能真实或不真实;言语可能柔和或粗暴;所说可能有益——
原书第 468 页
အကြောင်းနှင့် မစပ်သောအားဖြင့် ဖြစ်စေ သူတစ်ပါးတို့က ပြောဆိုမူ ပြောဆိုကုန်ရာ၏။ မေတ္တာစိတ် ရှိကုန်၍ ဖြစ်စေ၊ ပြစ်မှားသောစိတ် ရှိကုန်၍ ဖြစ်စေ သူတစ်ပါးတို့က ပြောဆိုမူ ပြောဆိုကုန်ရာ၏။
——或无益;说话时可能怀着慈心或嗔害心。
ရဟန်းတို့ …ထိုသို့ပြောဆိုရာ စကားလမ်းကြောင်းတို့၌ သင်တို့သည် ဤသို့ ကျင့်ရမည် ''ငါတို့၏ စိတ် သည် ဖောက်ပြန်မှု မဖြစ်လတ္တံ့၊ ယုတ်ညံ့သော စကားကိုလည်း မမြွက်ဆိုကြကုန်အံ့၊ အစီးအပွားဖြင့် ငဲ့ညှာကာ မေတ္တာစိတ် ရှိကုန်လျက် ပြစ်မှားသောစိတ် မရှိကြကုန်ဘဲ နေကြကုန်အံ့၊ ထိုပြောဆိုလာသော ပုဂ္ဂိုလ်ကိုလည်း မေတ္တာနှင့်တကွ ဖြစ်သော စိတ်ဖြင့် ဖြန့်၍ နေကြကုန်အံ့၊ အကြွင်းမဲ့ သတ္တဝါအားလုံးကိုလည်း ထိုမေတ္တာစိတ်၏ အာရုံ ပြုလုပ်လျက် ပြန့်ပြောသော မြတ်သည်၏ အဖြစ်သို့ ရောက်သော အပိုင်းအခြားပမာဏ မရှိသော ရန် မရှိသော ဆင်းရဲ မရှိသော ကြောင်သားရေအိတ်နှင့် တူသော စိတ်ဓာတ်ဖြင့် ဖြန့်၍ နေကြကုန်အံ့''ဟု ဤသို့လျှင် သင်တို့သည် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရမည်။
‘诸比丘,面对这些言路时,你们应当这样训练:“我们的心将不变异;我们不说恶语;我们将顾念其利益,怀慈心而住,内心不怀嗔恨;我们将以慈俱心遍满那个说话的人而住;又以一切有情为慈心所缘,以如熟鞣猫皮囊般广大、崇高、无量、无怨、无害的心遍满他们而住。”你们应当这样精勤修习。
〔ကောင်းစွာ အတွင်းအပြင် နယ်ထားအပ်သော ကြောင်သားရေအိတ်သည် အသံမမြည်သကဲ့သို့ အတိုင်း အတာပမာဏ မရှိသော သတ္တဝါအာရုံတို့ အပေါ်၌ ကောင်းစွာ ကြိတ်ချေထားအပ်သော ကောင်းစွာ ပွားများ အားထားအပ်သော မေတ္တာစျာန်ကို အဝါးဝစွာ နိုင်နိုင်နင်းနင်း ဝင်စားထားနိုင်သော သူတော်ကောင်းကို ဝစနပထ အမည်ရသော စကားလမ်းကြောင်း ငါးမျိုးတို့တွင် တစ်မျိုးမျိုးကို သယ်ဆောင်၍ လာရောက် ပြောကြားခဲ့သည် ရှိသော် ထိုမေတ္တာစျာန်ကို ကောင်းစွာ ဝင်စားထားနိုင်သော ရဟန်းတော်၏ စိတ်ဓာတ်မှ စကားလမ်းကြောင်း တစ်ခုခုကို အကြောင်းပြု၍ မကျေနပ်သံများ ကျေနပ်သံများ ထွက်ပေါ် မလာနိုင်ပေ။ ထိုသို့ဖြစ်အောင် ကျင့်ပါဟု ဆိုလိုသည်။〕 ရဟန်းတို့ …ယုတ်မာမှုရှိသော ခိုးသူတို့သည် နှစ်ဖက်ရိုးရှိသော လွှဖြင့် အင်္ဂါကြီးငယ်တို့ကို အကယ်၍ လည်း တိုက်ဖြတ်ကုန်ငြားအံ့၊ ထိုသို့ တိုက်ဖြတ်ရာ၌လည်း စိတ်ပြစ်မှားမိသောသူသည် ထို စိတ်ပြစ်မှားမိခြင်းဖြင့်
〔正如里外充分鞣制的猫皮囊不会发出声响;同样,一位善人若已充分锤炼、充分修习慈心禅那,并能熟练自在地入定,以无量有情为所缘,那么,即使有人带着称为言路的五种方式中任何一种前来对他说话,这位善于安住慈心禅那的比丘,也不会缘于那种言路发出不悦或欣悦的声音。本段是说:你们应当如此修习。〕诸比丘,假使行为卑劣的盗贼用双柄锯切割你们大小肢体;正在被切割时,若有人生起嗔害心,他便因这嗔害心而——
ငါဘုရားရှင်၏ အဆုံးအမကို ပြုကျင့်သူ မဟုတ်၊ ရဟန်းတို့ …ထိုသို့ တိုက်ဖြတ်ရာ၌လည်း သင်တို့သည် ဤသို့ ကျင့်ရမည်၊ ''ငါတို့၏ စိတ်သည် ဖောက်ပြန်မှု မဖြစ်လတ္တံ့၊ ယုတ်မာသော စကားကိုလည်း မမြွက်ဆိုကြ ကုန်အံ့၊ အစီးအပွားဖြင့် ငဲ့ညှာကာ မေတ္တာစိတ် ရှိကုန်လျက် ပြစ်မှားသောစိတ် မရှိကြကုန်ဘဲ နေကြကုန်အံ့၊ ထို ပြစ်မှားနေသော ပုဂ္ဂိုလ်ကိုလည်း မေတ္တာနှင့်တကွ ဖြစ်သော စိတ်ဖြင့် ဖြန့်၍ နေကြကုန်အံ့၊ အကြွင်းမဲ့ သတ္တဝါ အားလုံးကိုလည်း ထိုမေတ္တာစိတ်၏အာရုံ ပြုလုပ်လျက် ပြန့်ပြောသော မြတ်သည်၏ အဖြစ်သို့ ရောက်သော အပိုင်းအခြားပမာဏ မရှိသော ရန် မရှိသော ဆင်းရဲ မရှိသော မေတ္တာနှင့်တကွ ဖြစ်သော စိတ်ဖြင့် ဖြန့်၍ နေ ကြကုန်အံ့'' --- ဟု ဤသို့လျှင် သင်တို့သည် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရမည်။
——没有实行我的教诫。诸比丘,即使正在被锯割,你们也应当这样训练:‘我们的心将不变异;我们不说恶语;我们将顾念其利益,怀慈心而住,内心不怀嗔恨;我们将以慈俱心遍满那个加害者而住;又以一切有情为慈心所缘,以广大、崇高、无量、无怨、无害的慈俱心遍满他们而住。’你们应当这样精勤修习。
ရဟန်းတို့ …သင်တို့သည် ဤ လွှဥပမာရှိသော အဆုံးအမသြဝါဒကိုလည်း မပြတ်နှလုံးသွင်းကြကုန် လော့၊ ရဟန်းတို့ …သင်တို့သည် သည်းမခံနိုင်လောက်သော ငယ်ငယ်ကြီးကြီး ဖြစ်သော ထိုစကား လမ်း ကြောင်းကို သင်တို့သည် တွေ့မြင်ကြကုန်သလောဟု မေးတော်မူ၏။ အရှင်ဘုရား …မတွေ့မြင်ကြကုန်ပါဟု လျှောက်ထားကြကုန်၏။ ရဟန်းတို့ …ထိုကြောင့် ဤ လွှဥပမာရှိသော အဆုံးအမသြဝါဒကို မပြတ် နှလုံး သွင်းကြကုန်လော့။ ထိုအဆုံးအမသြဝါဒသည် သင်တို့အတွက် ရှည်မြင့်စွာသော ကာလပတ်လုံး စီးပွားခြင်းငှာ ချမ်းသာခြင်းငှာ ဖြစ်လတ္တံ့ဟု မြတ်စွာဘုရားသည် ဤတရားတော်ကို ဟောတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား ဟောတော်မူသော တရားတော်ကို နှစ်လိုသည် ဖြစ်၍ ဝမ်းမြောက်စွာ ခံယူကြလေသတည်း။
‘诸比丘,你们也应当不断把这项锯喻教诫放在心上。诸比丘,你们见得到任何大大小小、令人无法忍受的言路吗?’诸比丘回答:‘尊者,见不到。’‘诸比丘,因此,你们应当不断把这项锯喻教诫放在心上;它将长久为你们带来利益与安乐。’世尊这样宣说此法。诸比丘对世尊的开示心生欢喜,欣然接受。
(မ-၁-၁၇၂-၁၈၁။ ကကစူပမသုတ္တန်။)
(《中部》1-172—181,《锯喻经》。)
原书第 469 页
မက္ခ - ပဠာသ
毁恩—争胜
ဒေါသနှင့်စပ်၍ အဖြစ်များတတ်သော မက္ခ ပဠာသတို့၏ အကြောင်းကိုလည်း သိသင့်ပေသည်။ ထိုတွင် ''မက္ခ''ဟူသည် သူ့ကျေးဇူးကို ချေဖျက်တတ်သော ကျေးဇူးကာဏ်းတတ်သော ဒေါသတစ်မျိုးတည်း။ သတ္တဝါ တစ်ဦး၏ သန္တာန်ဝယ် အထူးသဖြင့် လူသားတစ်ဦး၏ သန္တာန်ဝယ် ငယ်ရွယ်စဥ်က စ၍ = ဖဝါးလက်နှစ်လုံး ပခုံး လက်နှစ်သစ်က စ၍ ဝါးဖတ်တော် ကစီနှစ်ဖြင့် လူဖြစ်အောင် ကျွေးမွေးလာရသော နို့ချိုတိုက်ကျွေးလျက် မွေးမြူခဲ့ ရသော မိဘကျေးဇူး၊ ဆရာသမားကျေးဇူး၊ မိတ်ဆွေကောင်းတို့ကျေးဇူး စသည်ဖြင့် သူတစ်ပါးတို့က ပြုထားသော ကျေးဇူးတွေ ရှိတတ်ပေသည်။ ထိုကျေးဇူးများကို ကျေးဇူးဟု မထင်၊ ကျေးဇူးမတင်နိုင်ဘဲ ''သူ့ကျေးဇူး ငါ့မှာ ဘာရှိသလဲ''ဟု ချေဖျက်တတ် ကျေးဇူးကာဏ်းတတ်ကြလေသည်။
还应了解常与嗔相伴而生的毁恩(makkha)与争胜(paḷāsa)。其中,所谓‘毁恩’,就是抹消他人恩德、对恩德视而不见的一种嗔。有情——尤其是人——从幼小时起,父母便把还极其幼小的婴儿一口口喂养、以乳汁哺育,直至养大成人;此外还有师长之恩、善友之恩等他人为自己所作的种种恩德。然而,有些人不把这些视为恩德,也不能心怀感恩,反而说:‘他对我有什么恩?’如此抹消恩德,成为对恩德视而不见的人。
အချို့ကား ကျေးဇူးကာဏ်းရုံတွင်မက သားရေပေါ် အိပ်ပြီး သားရေနားကို စားကာ ကျေးဇူးရှင်ကိုပင် ကျေးစွပ်တတ်ကြလေသည်။ ထိုသူမျိုးကို ''မိတ္တဒုဗ္ဘိ = မိတ်ဆွေကို ပြစ်မှားသူ လူယုတ်မာ''ဟု များစွာ အပြစ်ဆို လေသည်။
有些人不仅对恩德视而不见,甚至‘睡在皮上又啃皮边’,反过来责难恩人。这种人常被斥为‘背友者(mittadubbhī)——伤害朋友的卑劣之人’。
အတိတ်ဘဝတစ်ခုတွင် ဘုရားအလောင်းတော်သည် ဆင်ဖြူတော် ဖြစ်နေ၏၊ အိုမင်းမစွမ်း ဖြစ်နေရှာသော မျက်မမြင် မိခင်ဆင်မကြီးကို ပြုစုလုပ်ကျွေးနေ၏။ အရှင်ဒေဝဒတ်အလောင်း မုဆိုးသည် (၇)ရက်တိုင်တိုင် ဟိမဝန္တာ တောအတွင်းဝယ် မျက်စိလည် လမ်းမှားနေသဖြင့် ငိုကြွေးနေ၏။ ဘုရားအလောင်းတော် ဆင်ဖြူတော်က မိမိ၏ ကျောက်ကုန်းထက်၌ တင်ကာ လူတို့ဌာနေသို့ သွားရာလမ်းသို့တိုင်အောင် လိုက်ပို့ပေးရှာ၏။ သို့သော် ငမုဆိုးက ဆင်ဖြူတော်အကြောင်းကို ရှင်ဘုရင်အား သံတော်ဦးတင်သဖြင့် ရှင်ဘုရင်က ယင်းငမုဆိုးနှင့်တကွ ဆင်ဆရာတို့ကို စေလွှတ်ကာ ဆင်ဖြူတော်ကို အဖမ်းခိုင်းသဖြင့် ဆင်ဖြူတော်သည် အဖမ်းခံလိုက်ရလေသည်။
过去某一世,菩萨是一头白象,照料年老体衰、双目失明的母象。提婆达多的前身是一名猎人,在喜马拉雅山林中迷路七天,边走边哭。菩萨白象让猎人骑在自己背上,把他一路送到通往人类住处的道路。可是,这个猎人回去后却把白象的消息禀告国王;国王于是派他和驯象师去捕捉白象,菩萨白象就这样被捉住了。
(ဇာတက-ဋ္ဌ-၄-၉၁။)
(《本生义注》4-91。)
သူတစ်ပါးကျေးဇူးဟူသည်မှာ ကြွေးတင်သလို တင်နေသော တရားတစ်မျိုးတည်း၊ ထိုကျေးဇူးကို အတုံ့ပြန်၍ မဆပ်နိုင်သည့်အတွက် မဆပ်ရသေးသော်လည်း ကျေးဇူးရှင်မှန်းကို အသိအမှတ်ပြုကာ ကျေးဇူးတင်မိစေရမည်။
别人施予的恩德,就像自己背负的一笔债。即使尚且无力回报、还没有偿还,也应承认对方是自己的恩人,心怀感激。
ဆပ်နိုင်သည်နေ့၊ ဆပ်ခွင့်ကြုံသည့်နေ့၌ကား မြိန်မြိန်ရှက်ရှက်နှင့် နှစ်သက်ကြည်ဖြူစွာ ပြန်လည်၍ ဆပ်သင့်ကြ ပေသည်။ ရှေးပညာရှိတို့ကား လူဘဝမှာပင် မဆိုထားဘိ တိရစ္ဆာန်ဘဝမှာပင် မိဘကျေးဇူးကို ဆပ်ခဲ့ဖူးပေသည်။
到了有能力回报、获得回报机会之日,就应欣然、诚挚地加以回报。古代智者不只在人生中报答恩德,即使投生为畜生,也曾报答父母之恩。
အတိတ်ဘဝတစ်ခုတွင် ဘုရားအလောင်းတော်သည် ကျေးသားမျိုး၌ ဖြစ်၏။ မာဂဓလယ်တော၌ တည်ရှိသော ပုဏ္ဏားကြီးတစ်ဦး၏ လယ်တောတွင် ကျက်စားရင်း တစ်နေ့တွင် ညွှတ်ကွင်းဝယ် ဖမ်းဆီးမိသွား၏။ ဘုရား အလောင်းတော် ကျေးသားမှာ စပါးများကို မိမိကိုယ်တိုင် အဝစားရုံတွင်မက အပြန်တွင် စပါးနှံများကိုပါ ကိုက်ချီ ၍ ပျံသန်းလေ့ရှိသဖြင့် လယ်ရှင် ပုဏ္ဏားကြီး၏ ခိုင်းစေချက်အရ လယ်စောင့်ယောကျာ်းက ဖမ်းဆီးခြင်း ဖြစ်၏။
过去某一世,菩萨投生为鹦鹉。他常到摩揭陀乡间一位婆罗门的田里觅食,有一天被套索捕获。菩萨鹦鹉不仅在田里吃饱,回巢时还总要衔走一些稻穗;田主婆罗门因此吩咐守田人把它捉住。
လယ်စောင့်ယောကျာ်းက ဖမ်းဆီးမိသော ကျေးသားအား လယ်ရှင်ပုဏ္ဏားကြီးထံသို့ ယူဆောင်သွား၏။ လယ်ရှင် ပုဏ္ဏားကြီးက စပါးနှံများကို ကိုက်ချီ၍ ယူဆောင်သွားရခြင်း၏ အကြောင်းရင်းကို မေးသောအခါ --- ၁။ ကြွေးဟောင်းကို ဆပ်ခြင်း၊ ၂။ ကြွေးသစ်ကို ချခြင်း၊ ၃။ ရွှေအိုးကို မြှုပ်ခြင်း --- ဤလုပ်ငန်းရပ် သုံးခုကို ပြုလုပ်နေခြင်းကြောင့် စပါးနှံများကို ကိုက်ချီ၍ ယူသွားကြောင်းကို ရှင်းပြ၏။
守田人把捉到的鹦鹉带到田主婆罗门面前。婆罗门问它为什么衔走稻穗;菩萨便解释说,自己衔走稻穗是为了做三件事:一、偿还旧债;二、贷出新债;三、埋藏金罐。
၁။ ကြွေးဟောင်းကို ဆပ်ခြင်းဟူသည် အတိတ်ငယ်ရွယ်စဥ်က မိဘတို့က ပြုစုကျွေးမွေး စောင့်ရှောက်ခဲ့သော ကျေးဇူးကို ပြန်လည်၍ ဆပ်ခြင်းကို ဆိုလို၏။
一、‘偿还旧债’,是指报答父母在自己幼小时抚育、喂养、照顾的恩德。
原书第 470 页
၂။ ကြွေးသစ်ကို ချခြင်းဟူသည်မှာ အတောင်အလက် မစုံသေးသော သားငယ် သမီးငယ်တို့ကို ပြုစု လုပ်ကျွေး ခြင်းကို ဆိုလို၏။ ထိုသားငယ် သမီးငယ်တို့က တစ်ချိန်တွင် မိဘကို ပြန်လည်၍ ပြုစု လုပ်ကျွေးကြလိမ့် မည်ဟု မိဘတို့၌ မျှော်လင့်ချက် ရှိသဖြင့် ကြွေးသစ်ချခြင်းနှင့် တူ၏။
二、‘贷出新债’,是指抚育、喂养翅膀尚未长成的幼儿。父母期待这些儿女日后也会反过来照顾自己,所以这就像贷出一笔新债。
၃။ ရွှေအိုး မြှုပ်ခြင်းဟူသည်မှာ အသက်အရွယ် ကြီးရင့်၍ အိုမင်းမစွမ်းရှိကြကုန်သော ကျေးသားအိုကြီးတို့ကို အလှူဒါနပြုခြင်းကို ဆိုလို၏။ သံသရာအဆက်ဆက်၌ အစဥ်တစ်စိုက် လိုက်ပါမည့် အနုဂါမိက ရွှေအိုး တည်း။
三、‘埋藏金罐’,是指布施给年老体衰的老鹦鹉;这是一个会在生生世世的轮回中一直随行的金罐。
ဤသဘောတရားများကို အလောင်းတော်ကျေးသားက ပုဏ္ဏားကြီးအား ရှင်းပြသောအခါ ပုဏ္ဏားကြီးက ဤတရား သုံးပါးတို့သည် အချို့လူသားတို့၌ပင် မရှိကြသဖြင့် အလွန် ကျေနပ်ကာ ဘုရားအလောင်းတော်ကျေး- သားကို စပါးနှံများကို အလိုရှိသလောက် ယူဆောင်ရန် ခွင့်ပြုလိုက်လေသည်။ (ဇာတက-ဋ္ဌ-၄-၂၇၆-၂၈၁။)
菩萨鹦鹉向婆罗门说明这些道理后,婆罗门想到这三种善法在某些人类身上都不存在,十分满意,便准许菩萨鹦鹉随意衔取稻穗。(《本生义注》4-276—281。)
ဆရာသမား၏ ကျေးဇူးတော်
师长之恩
မိထွေးတော်ဂေါတမီသည် မိမိကိုယ်တိုင် ဦးဆောင်၍ စီမံရက်လုပ်ထားသော သင်္ကန်းလျာ ပုဆိုးအစုံကို ဘုရားရှင်အား လှူဒါန်း၏။ ဘုရားရှင်က သံဃာအား လှူစေ၏။ ထိုအခါ အရှင်အာနန္ဒာကိုယ်တော်မြတ်က မိထွေးတော်ဂေါတမီသည် မဟာမာယာ ကွယ်လွန်သွားသည့်အခါ ဘုရားအလောင်းတော်အား နို့ချိုတိုက်ကျွေး၍ မွေးမြူခဲ့သူ ဖြစ်သဖြင့် ကျေးဇူးကြီးမားရကား မိထွေးတော်လှူသည့် သင်္ကန်းအစုံကို အလှူခံယူတော်မူပါမည့် အကြောင်းကို ဝင်ရောက်၍ လျှောက်ထားတောင်းပန်၏။ ထိုအခါ ဘုရားရှင်က သတ္တဝါ တစ်ဦးတစ်ယောက်ကို အရိယာသူတော်ကောင်းအဆင့်သို့ ရောက်အောင် ပို့ဆောင်ပေးလိုက်သော ဆရာသမား၏ ဂုဏ်ကျေးဇူးက သာ- လွန်၍ ကြီးမြတ်ကြောင်းကို အောက်ပါအတိုင်း အမိန့်ရှိသွားတော်မူ၏။
养母乔答弥把一套由自己亲自主持安排织成的袈裟布料供养佛陀。佛陀要她供养僧团。当时,阿难尊者禀告请求:摩诃摩耶去世后,养母乔答弥以乳汁哺育、抚养菩萨,对佛陀恩德深重,愿佛陀纳受她所供养的这套袈裟。于是佛陀如下宣说:能把一位有情引导到圣者之位的师长,其恩德更为殊胜、广大。
အာနန္ဒာ …ဤစကားသည် ဤအတိုင်းမှန်၏၊ အာနန္ဒာ …တပည့်ဖြစ်သော ပုဂ္ဂိုလ်သည် ဆရာဖြစ် သော ပုဂ္ဂိုလ်ကို အကြောင်းပြု၍ သမ္မာသမ္ဗုဒ္ဓဘုရားရှင်ကို ယုံကြည်သိမှတ် ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်၏၊ တရားတော်ကို ယုံကြည်သိမှတ် ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်၏၊ သံဃာတော်ကို ယုံကြည်သိမှတ် ကိုးကွယ် ဆည်းကပ်ခြင်းသို့ ရောက်၏။ အာနန္ဒာ …ဤဆရာဖြစ်သော ပုဂ္ဂိုလ်အား တပည့်ဖြစ်သော ပုဂ္ဂိုလ်၏ ရှိခိုးခြင်း ခရီးဦးကြိုဆိုခြင်း လက်အုပ်ချီခြင်း အရိုအသေပြုခြင်း သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာနေရာ သူနာတို့၏ အထောက်ပံ့ အသက်၏ အရံအတားဆေးတို့ကို ပေးကမ်းလှူဒါန်းခြင်းဖြင့် ကျေးဇူးတုံ့ပြန်ခြင်းကို ကောင်းသော ကျေးဇူးတုံ့ပြန်ခြင်းဟု ငါဘုရား မဟောပေ။
‘阿难,确实如此。某位弟子依止某位老师,归信并归依正自觉佛陀,归信并归依法,归信并归依僧。阿难,我不说这位弟子以礼拜、起身迎接、合掌、恭敬,以及布施袈裟、食物、住处卧具和作为病者资助与生命保障的医药资具,便已经对这位老师善报其恩。
အာနန္ဒာ …တပည့်ဖြစ်သော ပုဂ္ဂိုလ်သည် ဆရာဖြစ်သော ပုဂ္ဂိုလ်ကို အကြောင်းပြု၍ အသက်သတ်ခြင်းမှ ရှောင်ကြဥ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဥ်၏၊ ကာမတို့၌ မှားယွင်းစွာကျင့်ခြင်းမှ ရှောင်ကြဥ်၏၊ မုသား ပြောဆိုခြင်းမှ ရှောင်ကြဥ်၏၊ မူးယစ်မေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေရည်သေရက်တို့ကို မှီဝဲစားသောက် ခြင်းမှ ရှောင်ကြဥ်၏၊ အာနန္ဒာ …ဤဆရာဖြစ်သော ပုဂ္ဂိုလ်အား ဤတပည့်ဖြစ်သော ပုဂ္ဂိုလ်၏ ရှိခိုးခြင်း ခရီးဦးကြိုဆိုခြင်း လက်အုပ်ချီခြင်း အရိုအသေပြုခြင်း သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာနေရာ သူနာတို့၏ အထောက်အပံ့ အသက်၏ အရံအတား ဆေးတို့ကို ပေးကမ်းလှူဒါန်းခြင်းဖြင့် ကျေးဇူးတုံ့ပြန်ခြင်းကို ကောင်းသော ကျေးဇူးတုံ့ပြန်ခြင်းဟု ငါဘုရားသည် မဟောပေ။
‘阿难,某位弟子依止某位老师,远离杀生,远离不与取,远离欲邪行,远离妄语,远离饮用成为放逸之因的酒类。阿难,我不说这位弟子以礼拜、起身迎接、合掌、恭敬,以及布施袈裟、食物、住处卧具和作为病者资助与生命保障的医药资具,便已经对这位老师善报其恩。
အာနန္ဒာ …တပည့်ဖြစ်သော ပုဂ္ဂိုလ်သည် ဆရာဖြစ်သော ပုဂ္ဂိုလ်ကို အကြောင်းပြု၍ သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်း သဒ္ဓါတရားနှင့် ပြည့်စုံ၏၊ မဂ်ဖိုလ် နိဗ္ဗာန် ဓမ္မက္ခန်ဟု (၁ဝ)တန်
‘阿难,某位弟子依止某位老师,成就对正自觉佛陀的不坏净信;对于由四道、四果、涅槃与法蕴组成的十种显明胜法——
原书第 471 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း ထင်ပေါ် တရားတော်မြတ်၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်း သဒ္ဓါတရားနှင့် ပြည့်စုံ၏။ အရိယာသံဃာတော်၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်း သဒ္ဓါတရားနှင့် ပြည့်စုံ၏။ ဘုရားအစရှိကုန်သော အရိယာတကာ သူတော်စွာ တို့သည် နှစ်သက်မြတ်နိုးတော်မူအပ်သော အရိယကန္တသီလ = ငါးပါးသီလတို့နှင့် ပြည့်စုံ၏။ အာနန္ဒာ … ဤဆရာဖြစ်သော ပုဂ္ဂိုလ်အား ဤတပည့်ဖြစ်သော ပုဂ္ဂိုလ်၏ ရှိခိုးခြင်း ခရီးဦးကြိုဆိုခြင်း လက်အုပ်ချီခြင်း အရို အသေပြုခြင်း သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာနေရာ သူနာတို့၏ အထောက်အပံ့ အသက်၏ အရံအတား ဆေးတို့ကို ပေးကမ်းလှူဒါန်းခြင်းဖြင့် ကျေးဇူးတုံ့ပြန်ခြင်းကို ကောင်းသော ကျေးဇူးတုံ့ပြန်ခြင်းဟု ငါဘုရားသည် မဟောပေ။
——成就不坏净信;对圣者僧团成就不坏净信;又成就佛陀等一切圣者所喜爱的圣者所爱戒(ariyakanta-sīla),即五戒。阿难,我不说这位弟子以礼拜、起身迎接、合掌、恭敬,以及布施袈裟、食物、住处卧具和作为病者资助与生命保障的医药资具,便已经对这位老师善报其恩。
အာနန္ဒာ …တပည့်ဖြစ်သော ပုဂ္ဂိုလ်သည် ဆရာဖြစ်သော ပုဂ္ဂိုလ်ကို အကြောင်းပြု၍ ဒုက္ခသစ္စာတရား၌ ယုံမှားကင်း၏၊ သမုဒယသစ္စာတရား၌ ယုံမှားကင်း၏၊ ဒုက္ခ၏ချုပ်ရာ နိရောဓသစ္စာတရား၌ ယုံမှားကင်း၏၊ ဒုက္ခ၏ ချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့် ဖြစ်သော မဂ္ဂသစ္စာတရား၌ ယုံမှားကင်း၏။ အာနန္ဒာ ဤဆရာဖြစ်သော ပုဂ္ဂိုလ်အား ဤတပည့်ဖြစ်သော ပုဂ္ဂိုလ်၏ ရှိခိုးခြင်း ခရီးဦးကြိုဆိုခြင်း လက်အုပ်ချီခြင်း အရိုအသေပြုခြင်း သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာနေရာ သူနာတို့၏ အထောက်အပံ့ အသက်၏ အရံအတားဖြစ်သော ဆေးတို့ကို ပေးကမ်း လှူဒါန်းခြင်းဖြင့် ကျေးဇူးတုံ့ပြန်ခြင်းကို ကောင်းသော ကျေးဇူးတုံ့ပြန်ခြင်းဟု ငါဘုရားသည် မဟောပေ။
‘阿难,某位弟子依止某位老师,对苦谛无疑,对集谛无疑,对苦灭之灭谛无疑,对作为趣向苦灭涅槃之行道的道谛无疑。阿难,我不说这位弟子以礼拜、起身迎接、合掌、恭敬,以及布施袈裟、食物、住处卧具和作为病者资助与生命保障的医药资具,便已经对这位老师善报其恩。’
(မ-၃-၂၉၇။ ဒက္ခိဏဝိဘင်္ဂသုတ်။)
(《中部》3-297,《布施分别经》。)
စတူဟိ ပဏီတပစ္စယေဟိ စက္ကဝါဠန္တရံ ပူရေတွာ သိနေရုပဗ္ဗတေန ကူဋံ ဂဟေတွာ ဒေန္တောပိ အာစရိ- ယဿ အနုစ္ဆဝိကံ ကိရိယံ ကာတုံ န သက္ကောတိယေဝ။ (မ-ဋ္ဌ-၄-၂၂၃။) အနုစ္ဆဝိကံ ကိရိယံ ကာတုံ န သက္ကောတိယေဝ၊ ယသ္မာ အာစရိယေန ကတဿ ဓမ္မာနုဂ္ဂဟဿ အန္တေဝါသိနာ ကိရိယမာနော အာမိသာနုဂ္ဂဟော သင်္ခမ္ပိ ကလမ္ပိ ကလဘာဂမ္ပိ န ဥပေတိယေဝါတိ။
巴利义注引文(缅文字体):‘စတူဟိ ပဏီတပစ္စယေဟိ စက္ကဝါဠန္တရံ ပူရေတွာ သိနေရုပဗ္ဗတေန ကူဋံ ဂဟေတွာ ဒေန္တောပိ အာစရိယဿ အနုစ္ဆဝိကံ ကိရိယံ ကာတုံ န သက္ကောတိယေဝ။’译:‘即使以四种上妙资具充满轮围世界,再以须弥山作其顶而布施,也终究不能向老师作出相称的回报。’(《中部义注》4-223。)巴利复注续文(缅文字体):‘အနုစ္ဆဝိကံ ကိရိယံ ကာတုံ န သက္ကောတိယေဝ၊ ယသ္မာ အာစရိယေန ကတဿ ဓမ္မာနုဂ္ဂဟဿ အန္တေဝါသိနာ ကိရိယမာနော အာမိသာနုဂ္ဂဟော သင်္ခမ္ပိ ကလမ္ပိ ကလဘာဂမ္ပိ န ဥပေတိယေဝါတိ။’译:‘终究不能作出相称的回报,因为对于老师所给予的法摄益,弟子所作的财物摄益,即使按数、按分乃至按分中之一分来衡量,也全然不及。’
(မ-ဋီ-၃-၄ဝ၈။)
(《中部复注》3-408。)
သစ္စာလေးရပ် တရားမြတ်ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ဟောကြားပြသ ဆိုဆုံးမလျက် ဓမ္မာနုဂ္ဂဟ = တရားဖြင့် ချီးမြှောက် မစသော ဆရာဖြစ်သူအား တပည့်ဖြစ်သူက ပစ္စည်းလေးပါးတို့ဖြင့် စကြဝဠာ အဆုံးအပိုင်းအခြားတိုင်အောင် စကြဝဠာတစ်တိုက်လုံးကို ပြည့်စေ၍ မြင့်မိုရ် တောင်ဖြင့် အထွတ်ပြု၍ ပေးလှူသော်လည်း ဆရာသမားအား လျော်လျောက်ပတ် ကောင်းမြတ်သော ကျေးဇူး တုံ့ပြန်ခြင်း အမှုကို ပြုခြင်းငှာ မစွမ်းနိုင်သည်သာတည်း။ ဆရာသမား၏ ပြုစု ပျိုးထောင်ပေးလိုက်သော ဓမ္မာနုဂ္ဂဟ = သစ္စာလေးပါးကို သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ထိုးထွင်းသိအောင် ချီးမြှောက်ပေးမှုအား တပည့်ဖြစ်သူက ပြုလုပ်အပ်သော ပစ္စည်းဖြင့် ထောက်ပံ့ခြင်း အာမိသာနုဂ္ဂဟသည် အဆ အရာ အထောင် အသိန်းမျှမက လိုက်၍ မမှီနိုင်အောင် ကွာဟလျက် ရှိ၏။
老师为使弟子以正见智亲自现前、洞彻四圣谛而教导、开示、训诫,以法摄益(dhammānuggaha)扶助他。弟子即使拿四种资具充满整个轮围世界,直到轮围世界的尽头边际,再以须弥山为顶而供养,也不能对老师作出相称而善妙的报恩行为。老师栽培所给予的法摄益——扶助弟子以正见智洞彻四谛——与弟子以物资所作的财物摄益(āmisānuggaha)相比,不只相差百倍、千倍、十万倍;后者根本追不上前者。
ဆရာဖြစ်သော ပုဂ္ဂိုလ်ကို အကြောင်းပြု၍ တပည့်ဖြစ်သော ပုဂ္ဂိုလ်သည် စတုသစ္စသမ္မာဒိဋ္ဌိဉာဏ်ကို အရ- ဟတ္တဖိုလ်တိုင်အောင် ရရှိခဲ့သည် ဖြစ်အံ့ --- ၁။ သောတာပန်ဖြစ်ခဲ့သော် အပါယ်လေးဘုံမှ ကွင်းလုံးကျွတ် လွတ်သွားပြီ ဖြစ်၏။
某位弟子若依止老师,获得四谛正见智(catusacca-sammādiṭṭhi-ñāṇa),直至证得阿罗汉果:一、若成为入流者,便已完全脱离四恶趣。
၂။ သကဒါဂါမ်အဆင့်သို့ ရောက်ရှိသွားလျှင် ကာမဘုံသို့ သို့မဟုတ် လူ့ဘုံသို့ တစ်ကြိမ်သာ ပြန်လာခွင့် ရှိ တော့၏။
二、若达到一来者之位,便只会再回欲界或人间一次。
၃။ အနာဂါမ်အဆင့်သို့ ရောက်ရှိသွားလျှင် ကာမဘုံသို့ ပြန်လည်ခွင့် မရှိတော့ဘဲ ဗြဟ္မာပြည်မှာသာ ပရိနိဗ္ဗာန် စံရတော့မည် ဖြစ်၏။
三、若达到不还者之位,便不再回到欲界,只在梵天界般涅槃。
原书第 472 页
၄။ ရဟန္တာအဆင့်သို့ ရောက်ရှိသွားလျှင်ကား (၃၁)ဘုံမှ ကွင်းလုံးကျွတ် လွတ်မြောက်သွားပြီ ဖြစ်၏။ အို- ဘေးဆိုးကြီး နာဘေးဆိုးကြီး သေဘေးဆိုးကြီး နောက်ထပ်တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေ တည်နေရသော ဘေးဆိုးကြီး အဝဝတို့မှ အပြီးတိုင် လွတ်မြောက်သွား၏။
四、若达到阿罗汉之位,便已彻底脱离三十一界;从衰老、疾病、死亡,以及再次在新生命中结生等一切巨大怖畏中,究竟解脱。
ဤမျှကြီးမားသော အကျိုးကျေးဇူးများကား အကြီးကျယ်ဆုံး အမြင့်မြတ်ဆုံး တန်ဖိုးအကြီးမားဆုံး ကျေးဇူး များပင် ဖြစ်ကြ၏။ သူတော်ကောင်းမှန်သမျှသည် ဤကဲ့သို့သော ကျေးဇူးများကို အဘယ်ကြောင့် ချေဖျက်သင့် နိုင်ပါအံ့နည်း။ ။အကြင်သစ်ပင်၏ အရိပ်၌ ထိုင်နေ အိပ်နေအံ့၊ ထိုသစ်ပင်၏ အခက်ကို မချိုးပါနှင့်၊ အရိပ်နေနေ အခက်ချိုးချိုး မိတ်ဆွေကို ပြစ်မှားသော ထိုလူမျိုးသည် လူယုတ်မာသာ ဖြစ်၏။
这些广大果益正是最伟大、最殊胜、价值最高的恩德。凡真正的善人,怎会抹消这样的恩德?若在某树荫下坐卧,便不应折断那棵树的枝条;受其荫蔽却折其枝、伤害朋友的人,只是卑劣者。
ယဿ ရုက္ခဿ ဆာယာယ၊ နိသီဒေယျ သယေယျ ဝါ။
巴利偈(缅文字体):‘ယဿ ရုက္ခဿ ဆာယာယ၊ နိသီဒေယျ သယေယျ ဝါ။
န တဿ သာခံ ဘဉ္ဇေယျ၊ မိတ္တဒုဗ္ဘော ဟိ ပါပကော။(ဇာတက-၂-၃ဝဝ။ ခု-၅-၂၂၁-၂၉၉)
န တဿ သာခံ ဘဉ္ဇေယျ၊ မိတ္တဒုဗ္ဘော ဟိ ပါပကော။’译:‘若在某树荫下坐卧,便不应折断那棵树的枝条;背叛朋友者,实是卑劣之人。’(《本生》2-300;《小部》5-221—299。)
ပဠာသ - ပဠာသဟူသည် ဂုဏ်တုဂုဏ်ပြိုင် ပြုတတ်သော ဒေါသတစ်မျိုးပင်တည်း။ သီလသမာဓိ ပညာရှိသူ၊ ဥစ္စာ ပေါသူ၊ ရုပ်ချောသူ၊ အမျိုးမြတ်သူ၊ လိမ္မာသူ၊ ခွန်အားကြီးမားသူ၊ စွမ်းအင်သတ္တိ ပြည့်ဝသူတို့ကို အသာမပေးနိုင်ဘဲ ''သူနဲ့ ငါနဲ့ ဘာထူးသေးသလဲ''ဟု မိမိထက် အမှန်သာနေသူ သာမှန်းလည်း သိလောက်သူနှင့် အားတူ အင်တူ ဂုဏ်တူလုပ်၍ ပြောဆို ပြိုင်ဆိုင်ခြင်းမျိုးတည်း။ မိမိမှာ ထိုကဲ့သို့ ဂုဏ်မျိုး ရှိမည်ထင်၍ နှိုင်းယှဥ်ပြောဆိုမှုတို့မှာ ပဠာသ မဟုတ်ချေ။
争胜(paḷāsa)——所谓争胜,是一种喜欢与人竞德的嗔。面对有戒、定、慧者,富有者、容貌端正者、出身高贵者、聪慧者、力量强大者、能力充足者,不能让对方居上;明明知道对方确实胜过自己,却仍说‘他和我有什么不同?’装作与对方气力相等、才干相等、德行相等,出言争竞。若自己认为确实具备那些德行而与人比较论说,就不属于争胜。
ဇေတဝန်ကျောင်းတိုက်တော်မှ သုံးဂါဝုတ် ယူဇနာဝက်ခန့် ကွာဝေးသောအရပ်၌ နိဂုံးရွာတစ်ခုသည် ရှိ၏။
距祇陀林寺院三伽乌多、约半由旬处,有一座市镇。
ထိုနိဂုံးရွာ၌ များစွာကုန်သော စာရေးတံဆွမ်း၊ လဆန်းပက္ခ လဆုတ်ပက္ခတို့၌ လှူအပ်သောဆွမ်းတို့သည် ရှိကြ၏။
这座市镇有许多筹签食,以及每月上、下半月供养的半月食。
ထိုရွာ၌လည်း ပြဿနာကို မေးမြန်းကာ ရဟန်းသာမဏေတို့ကို အရှက်ရစေလျက် နှောင့်ယှက်တတ်သော ငတုံး တစ်ယောက်သည် နေထိုင်၏။ ထိုငတုံးသည် သလာကဘတ် = စာရေးတံဆွမ်း၊ ပက္ခိကဘတ် = တစ်ပက္ခ၌ လှူ သော ဆွမ်းတို့အလို့ငှာ သွားကုန်သော ရဟန်းငယ် သာမဏေငယ်တို့ကို ခဲဖွယ်တို့ကို ခဲစဥ် သောက်ဖွယ်တို့ကို သောက်စဥ် စားဖွယ်တို့ကို စားစဥ် ပြဿနာတို့ကို မေးကာ ဖြေအံ့သောငှာ မစွမ်းနိုင်ကုန်သည်ရှိသော် အရှက်ကို ရစေ၏။ ရဟန်းငယ် သာမဏေငယ်တို့သည် ငတုံးမှ ကြောက်သောကြောင့် သလာကဘတ် ပက္ခိကဘတ်တို့၏ အကျိုးငှာ ထိုရွာသို့ မသွားကြကုန်။
村里住着一个愚人,经常提出问题刁难比丘、沙弥,使他们难堪。年少比丘、年少沙弥为筹签食(salākabhatta)和半月食(pakkhikabhatta)而来,正在吃嚼食、喝饮品或吃正餐时,他便向他们提问;若他们答不出来,他就使其蒙羞。年少比丘、沙弥害怕这个愚人,因此不再为筹签食和半月食前往那座市镇。
ထိုအခါ တစ်နေ့သ၌ မထင်ရှားသော ရဟန်းတော်တစ်ပါးသည် ထိုငတုံးကို ဆိုဆုံးမလိုသည့်အတွက် ထို ရွာသို့ ကြွသွား၏။ ရွာတံခါး၌ ရပ်၍ သင်္ကန်းကို ရုံ၏၊ ထိုရဟန်းကို မြင်၍ ငတုံးသည် ကြမ်းတမ်းသောဆိတ်ကဲ့သို့ လျင်မြန်စွာ ချဥ်းကပ်လာလတ်၍ ရဟန်း …ငါ၏ ပြဿနာကို ဖြေလော့ဟု ဆို၏။ ရဟန်းတော်က ယာဂု သောက်ပြီးသည်တိုင်အောင်၊ ဆွမ်းစားဇရပ်ကို တံမြက်လှည်းပြီးသည်တိုင်အောင်၊ စာရေးတံဆွမ်းကို ဆောင်ယူ ပြီးသည်တိုင်အောင် အခွင့်ပေးပါရန် အချိန်ရွှေ့ကာ မေတ္တာရပ်ခံလျက် ငတုံးကိုပင် သပိတ်ကို ပိုက်စေ၍ ရွာတံခါးသို့ တိုင်အောင် ရွာပသို့ ခေါ်ဆောင်ခဲ့၍ သင်္ကန်းကို ခေါက်၍ ပခုံးထက်၌ တင်၍ ထိုငတုံး၏ လက်မှ သပိတ်ကို ယူ၍ ရပ်၏။ ထိုအရပ်၌ ငတုံးက ပြဿနာဖြေဆိုရန် ပြောကြားလာ၏။ ထိုအခါ ထိုရဟန်းက သပိတ်ကို တစ်နေရာ တွင် ထားကာ သင်၏ ပြဿနာကို ဖြေအံ့ဟု ဆို၍ တစ်ချက်တည်းဖြင့်ပင်လျှင် လဲစေ၍ အရိုးတို့ကို ကြေစေဘိ
有一天,一位不知名的比丘为了训诫这个愚人,前往那座市镇。他站在村口披好袈裟;愚人看见他,像一头凶悍的山羊般迅速逼近,说:‘比丘,回答我的问题!’比丘请求把时间延后,直到喝完粥、扫完食堂、领到筹签食;又让那愚人一路捧着自己的钵,把他带到村外。到了村口外一处适当地点,比丘把袈裟叠好搭在肩上,从愚人手中取回钵,站定。愚人又要他回答问题。比丘便把钵放在一旁,说:‘我来回答你的问题。’说罢,一拳将他打倒,又像要把他的骨头打碎——
သကဲ့သို့ ထောင်းထုသတ်ပုတ်၍ ငတုံး၏ ခံတွင်းထဲသို့ မစင်များကို ထည့်၍ ယခုအခါ၌ ဤနေ့မှ စ၍ ဤရွာသို့ လာသော ရဟန်းကို တစ်စုံတစ်ခုသော ပြဿနာကို မေးသောကာလ၌ သိစေအံ့ဟု ခြိမ်းခြောက်၍ သွား၏။ ထို ငတုံးသည် ထိုအခါမှ စ၍ ထိုရဟန်းတို့ကို မြင်လျှင် ပြေးလေ၏။
——那样一顿痛打,把粪便塞进他的嘴里,并威胁说:‘从今天起,你若再向来到这座市镇的比丘提出任何问题,就会知道后果!’随后离去。从那以后,愚人一见比丘便逃走。

本页是帕奥禅师缅文「五大册」第四册(趣向涅槃之道·第四册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。卷前、正文与原书索引均与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。