行蕴论章(之一)
《趣向涅槃之道》中文全译本 · 非缩略版
特相等四法篇 · 原书第 227–251 页 · 226 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 227 页
သင်္ခါရက္ခန္ဓကထာ အခန်း (ခြုံရှုသောနည်း)
行蕴论章(总观方法)
၁။ အဘိသင်္ခါရဏလက္ခဏာ သင်္ခါရာ၊ ၂။ အာယူဟနရသာ၊ ၃။ ဝိပ္ဖါရပစ္စုပဋ္ဌာနာ၊ ၄။ သေသခန္ဓတ္တယပဒဋ္ဌာနာ။ (ဝိသုဒ္ဓိ-၂-၉၂။) ၁။ ပေါင်းစည်းခြင်း = ပေါင်းစုအောင် ပြုပြင်ခြင်း၊ အားထုတ်ခြင်း ကြောင့်ကြဗျာပါရသို့ ရောက်ခြင်းသဘော လက္ခဏ၊ ၂။ ပေါင်းစုရုံးစည်းခြင်း (ကိစ္စ) ရသ၊ ၃။ အကျိုးကို ပြုပြင်ခြင်း ပြီးစေခြင်း ဗျာပါရရှိသော သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ မိမိမှ ကြွင်းသော နာမ်ခန္ဓာ (၃)ပါး ပဒဋ္ဌာန်။
其四项依次为:一、诸行以造作为特相;二、以筹作发动为作用;三、以活动为现起;四、以其余三个名蕴为近因。(《清净道论》2-92。)一、把诸法组合起来、整理成聚,并因努力而投入运作,这种造作之性是特相;二、聚合、组织是作用;三、在造作、完成果法方面具有活动的性质,是现起;四、除自身以外的其余三个名蕴,是近因。
ဧတ္ထ အဘိသင်္ခါရဏလက္ခဏံ နာမ ရာသိကရဏလက္ခဏံ။ ကိံ ပန တန္တိ၊ သင်္ခါရာယေဝ။ ယထာဟ ''သင်္ခတမဘိသင်္ခရောန္တီတိ ခေါ ဘိက္ခဝေ တသ္မာ သင်္ခါရာတိ ဝုစ္စန္တီ''တိ။ (ဝိသုဒ္ဓိ-၂-၉၂။) ရာသိကရဏလက္ခဏန္တိ သမ္ပိဏ္ဍနလက္ခဏံ၊ တတော သင်္ခါရာ အာယူဟနရသာ ဝုစ္စန္တိ။ စေတနာပဓာန- တာယ ဟိ သင်္ခါရက္ခန္ဓဓမ္မာ ဧဝံ ဝုတ္တာ။ တေနေဝါဟ ''ကိံ ပန တန္တိ သင်္ခါရာယေဝါ''တိအာဒိ။ တတ္ထ သင်္ခတ- မဘိသင်္ခရောန္တီတိ ယထာ အတ္တနော ဖလံ သင်္ခတံ သမ္မဒေဝ နိပ္ဖန္နံ ဟောတိ၊ ဧဝံ အဘိသင်္ခါရောန္တီတိ အတ္ထော။
这里,所谓“造作为特相”,就是使之成聚的特相。那么,什么法具有这一特相?正是诸行。正如世尊所说:“诸比丘,因为造作诸所造法,所以称为诸行。”(《清净道论》2-92。)所谓“使之成聚的特相”,就是集合的特相;因此说诸行以筹作发动为作用。由于思在行蕴诸法中居于主导地位,才作此说。因此又说“那么,什么法具有这一特相?正是诸行”等。这里,“造作诸所造法”的意思是:诸行作出造作,使自己的果——所造法——得以正确而圆满地成就。
(မဟာဋီ-၂-၁၃၉။)
(《大复注》2-139。)
ယံ ကိဉ္စိ အဘိသင်္ခါရဏလက္ခဏံ၊ သဗ္ဗံ တံ ဧကတော ကတွာ သင်္ခါရက္ခန္ဓော။ (ဝိသုဒ္ဓိ-၂-၈၂။) အဘိသင်္ခါရဏံ အာယူဟနံ ဗျာပါရာပတ္တိ၊ အဘိသန္ဒဟနံ ဝါ၊ ဥဘယထာ ပိ စေတနာပဓာနတာယ သင်္ခါရက္ခန္ဓဿ ဧဝံ ဝုတ္တံ ''အဘိသင်္ခါရဏလက္ခဏ''န္တိ။ တထာ ဟိ သုတ္တန္တဘာဇနီယေ သင်္ခါရက္ခန္ဓံ ဝိဘဇန္တေန ဘဂဝတာ ''စက္ခုသမ္ဖဿဇာ စေတနာ''တိအာဒိနာ စေတနာဝ ဝိဘတ္တာ။ (မဟာဋီ-၂-၁၁၂။) အဘိသင်္ခါရဏလက္ခဏာ --- ဟူသည် ရာသိကရဏလက္ခဏ = သမ္ပိဏ္ဍနလက္ခဏ = ပေါင်းစုခြင်း သဘော လက္ခဏာပင်တည်း၊ ထို့ကြောင့် အာယူဟနရသာ = ပေါင်းစု ရုံးစည်းခြင်း ကိစ္စရှိ၏ဟု ဆိုအပ်ကုန်သည်။ သင်္ခါရ- က္ခန္ဓာ တရားစုတို့၌ စေတနာ ပြဓာန်းသောကြောင့် ဤသို့ဆိုခြင်း ဖြစ်သည်။ စေတနာသည် ကုသိုလ်ရေးဆိုင်ရာ လုပ်ငန်းရပ်၌ဖြစ်စေ၊ အကုသိုလ်ရေးဆိုင်ရာ လုပ်ငန်းရပ်၌ဖြစ်စေ အတူယှဥ်ဖက် သမ္ပယုတ်တရားတို့ကို ကုသိုလ် ဖြစ်ကြောင်း သို့မဟုတ် အကုသိုလ်ဖြစ်ကြောင်း အာရုံ၌ တစ်ပါးစီ ကွဲမနေစေဘဲ ပေါင်းစုခြင်း ပေါင်းစုပေးခြင်း
“凡任何具有造作特相者,把它们全部合在一起,就是行蕴。”(《清净道论》2-82。)造作就是筹作发动、投入活动,或者联结会合;无论从哪一方面说,由于思居于主导地位,所以说行蕴“以造作为特相”。世尊在经分别中分析行蕴时,也以“眼触所生之思”等方式,只分别了思。(《大复注》2-112。)造作特相——就是使之成聚的特相,也就是集合的特相,即聚合之性。因此说它以筹作发动为作用,也就是具有聚合、组织的作用。由于思在行蕴诸法中居于主导地位,才作此说。无论在善的活动中还是不善的活动中,思都把俱生相应法组织在相应的善因所缘或不善因所缘上,使它们不致各自散开、彼此分离;
လုပ်ငန်းကိစ္စ ရှိပေသည်။ ယင်းလုပ်ငန်းကိစ္စကိုပင် အာယူဟနရသာဟု ဆိုသည်။
思具有的正是这种聚合、组织的作用。这一作用本身就称为“筹作发动作用”。
အကြင် အကြင် အခြင်းအရာအားဖြင့် ပြုပြင်ခဲ့သော် မိမိ၏ = စေတနာ ဦးဆောင်သည့် နာမ်တရားစု၏ အကျိုးတရားသည် ကောင်းစွာပြီးစီးလာနိုင်၏။ ထိုအကျိုးတရား ဖြစ်ပေါ်လာနိုင်လောက်သော ထိုထို အခြင်းအရာ အားဖြင့် အကြောင်းတရားတို့ကို ပြုပြင်ခြင်း ပြုစု ပျိုးထောင်ခြင်းကို ဆိုလိုပေသည်။ သို့အတွက် ယှဥ်ဖက် သမ္ပယုတ်တရားတို့ကို ဆိုင်ရာ ကုသိုလ်ဖြစ်ကြောင်းအာရုံ သို့မဟုတ် အကုသိုလ်ဖြစ်ကြောင်း အာရုံ၌ ဖရိုဖရဲ မကျဲအောင် တစ်ပါးစီ ကွဲမနေအောင် ပေါင်းစုခြင်း ပေါင်းစုရုံးစည်းခြင်း လုပ်ငန်းကိစ္စရပ်ကို ပြုလုပ်နေခြင်းသည် သက်ဆိုင်ရာ ကောင်းကျိုးတရားများကို သို့မဟုတ် ဆိုးကျိုးတရားများကို ပေါ်လာနိုင်အောင် ဖြစ်လာနိုင်အောင် အကြောင်းတရားတို့ကို ပြုစုပျိုးထောင်ခြင်းပင် ဖြစ်သည်။ ထိုကြောင့် ပေါင်းစုရုံးစည်းခြင်းသည် ထိုသင်္ခါရက္ခန္ဓာ
依何种方式造作诸因,由思所领导的名法聚之果便能依该方式圆满成就。这里所说的,是依足以令相应果法生起的种种方式,造作、培育诸因。因此,把俱生相应法组织在相应的善因所缘或不善因所缘上,使它们不致散乱、各自分离,这项聚合、组织的运作,正是培育诸因,使相应的善果或恶果能够出现、生起。由此,聚合、组织成为标识称为行蕴之法聚的特相;称为行蕴的这一法聚又能使果得以完成,
原书第 228 页
အမည်ရသော တရားစုကို မှတ်သားကြောင်း ဖြစ်၍ လက္ခဏာလည်း ဖြစ်၏။ ထိုသင်္ခါရက္ခန္ဓာ အမည်ရသော တရားစုသည် ပြီးစီးစေအပ်သည် ဖြစ်၍ ကိစ္စလည်း ဖြစ်၏ဟု မှတ်သားလေရာသည်။
所以也应当了知,前者是行蕴的特相,后者是行蕴的作用。
ပစ္စုပဋ္ဌာန် --- ဝိပ္ဖါရပစ္စုပဋ္ဌာနာတိ ဧတ္ထ ဝိပ္ဖါရော နာမ ဝိပ္ဖါရဝန္တတာ၊ တသ္မာ သဗျာပါရ ပစ္စုပဋ္ဌာနာတိ အတ္ထော။ (မဟာဋီ-၂-၁၃၉။) အကျိုးတရားတို့ ဖြစ်ပေါ်လာအောင် အကြောင်းတရားတို့ကို ပြုပြင်ခြင်း၊ ပြုစုပျိုးထောင်ခြင်း၊ အကျိုးကို ပြီးစေခြင်း၌ ကြောင့်ကြ ဗျာပါရရှိသော သဘောတရားဟု ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်၌ ရှေးရှူ ထင်လာပေသည်။
现起——“这里所谓‘以活动为现起’,‘活动’是指具有活动性;因此,其义是‘以具有活动为现起’。”(《大复注》2-139。)当瑜伽行者观见诸行是为了令果法生起而造作、培育诸因,并在使果法完成方面具有积极活动的性质时,诸行便如此显现在他的智中。
ပဒဋ္ဌာန် --- ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ ဝိညာဏက္ခန္ဓာ အမည်ရသော ယှဥ်ဖက် သမ္ပယုတ်တရားစုတို့ မပါဘဲ သင်္ခါရက္ခန္ဓာချည်းသက်သက် = သင်္ခါရက္ခန္ဓာ အမည်ရသော စေတသိက်တရားစုချည်းသက်သက် ဖြစ်နိုင်စွမ်း မရှိသောကြောင့် ဝေဒနာ သညာ ဝိညာဏ်တို့ကလည်း သဟဇာတ အညမည စသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြု ပေးပါမှ ဖြစ်ပေါ်လာနိုင်သောကြောင့် မိမိ သင်္ခါရက္ခန္ဓာမှ ကြွင်းကျန်သော ဝေဒနာ သညာ ဝိညာဏ် နာမ်ခန္ဓာ (၃)ပါးသည် သင်္ခါရက္ခန္ဓာ၏ အနီးစပ်ဆုံးသော အကြောင်းတရား = ပဒဋ္ဌာန် ဖြစ်ရပေသည်။ ဤ ပဒဋ္ဌာန်မှာ ပဒဋ္ဌာန်ကို အထူးမဖော်ပြရာ နာမ်တရားတိုင်း၌ အလေးဂရုပြုသင့်သော အချက်ပင် ဖြစ်သည်။
近因——如果没有受蕴、想蕴和识蕴这些俱生相应法,行蕴不可能单独生起;也就是说,称为行蕴的心所法聚不能独自存在。受、想与识必须以俱生缘、相互缘等缘力资助,行蕴才能生起。因此,除行蕴自身以外的受、想、识三个名蕴,是行蕴最邻近的因,也就是近因。凡没有特别说明近因的名法,都应重视并运用这一原则。
ဤအထက်ပါ ရှင်းလင်းချက်များကို ကြည့်ပါက ---အတိတ် အကြောင်းတရားများကြောင့် ပစ္စုပ္ပန် အကျိုး တရားများ ဖြစ်ပုံ၊ ပစ္စုပ္ပန် အကြောင်းတရားများကြောင့် အနာဂတ် အကျိုးတရားများ ဖြစ်ပုံ ကြောင်း-ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင် သည့်တိုင်အောင် ဉာဏ်ဖြင့် ပိုင်းခြာယူနိုင်စွမ်း သိမ်းဆည်းနိုင်စွမ်း ရှုနိုင်စွမ်း ရှိသူသည်သာလျှင် ဤသင်္ခါရက္ခန္ဓာ၏ လက္ခဏ ရသ စသည်ကို ပစ္စက္ခဉာဏ်ဖြင့် ပုံစံမှန် ရှုမြင်နိုင်မည် ဖြစ်သည်။
从上述说明可知:只有具备这种能力的人,才能以现见智如实观见行蕴的特相、作用等——他能以正见智亲自现前、洞彻知见过去因如何产生现在果、现在因如何产生未来果等因果相联的缘起法,也能以智分别、摄取并观照这些法。
အကျိုးတရားတို့ ဖြစ်ပေါ်လာအောင် အကြောင်းတရားတို့ကို ပြုစုပျိုးထောင်ပုံ သဘောတရား၊ စေတနာ ဦးဆောင်သည့် သင်္ခါရက္ခန္ဓာတရားစု၌ အကျိုးကို ပြီးစီးစေတတ်သော ဗျာပါရရှိမှု သဘောတရားတို့မှာ ကြောင်း- ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင် ပြီးပါမှသာလျှင် သဘောကျ လက်ခံနိုင်မည့် အရာဌာနတို့ ဖြစ်ကြသည်။
诸因如何经由造作、培育而令果法生起,以及由思领导的行蕴法聚如何具有使果完成的活动性——这些法义,只有先以现见智亲自现前、洞彻知见因果相联的缘起法以后,才能真正理解、接受。
ရှုကွက်နမူနာပုံစံ --- မိမိ၏ အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ ဟူသော အကြောင်းတရားတို့ကြောင့် ပစ္စုပ္ပန် ကလလရေကြည် တည်စခိုက်ဝယ် ရုပ်ကလာပ် (၃)မျိုး၊ ရုပ် အ- မျိုးအစား (၃ဝ)တို့ ထင်ရှားဖြစ်ပေါ်လာပုံ ကြောင်း-ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အထက်ပါ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့ကို ရှုပါ။ ဝိပါက်နာမ်တရားတို့၌လည်း နည်းတူ ရှုပါ။ အတိတ် အဆက်ဆက် အနာဂတ် အဆက်ဆက်၌လည်း နည်းတူ သဘောပေါက်ပါ။ ထိုကြောင့် ဤ သင်္ခါရက္ခန္ဓာ၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် ရှုကွက်မှာ တစ်စိတ်တစ်ဒေသအားဖြင့် ပစ္စယပရိဂ္ဂဟဉာဏ်ကို ရရှိပြီးသူ သူတော်ကောင်းတို့သည်သာလျှင် ရှုနိုင် သဘောပေါက်နိုင်သော အကြောင်းအရာဌာန တစ်ခုသာ ဖြစ်သည်။
观法示例——过去生所造作、培育的无明、爱、取、行与业等因法,如何使今生羯罗蓝清液初成之时的三种色聚、三十种色法明显生起:应先以智看见这种因果相联的缘起法,再观照上述特相、作用、现起与近因。对于果报名法,也应以同样的方法观照;对于过去连续诸生与未来连续诸生,也应同样理解。因此,行蕴的特相、作用、现起、近因这一观法,是至少已经在一定范围内获得缘摄受智的善士才能观照、理解的法义。
ဤအရာ၌ ကံက တစ်နည်း အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံတို့က ဆိုင်ရာ အကျိုးတရားတို့ကို ဖြစ်စေ- ရာ၌ ဂတိ-ဥပဓိ-ကာလ-ပယောဂတို့၏ အထောက်အပံ့ကို ရပါမှ ဂတိ-ဥပဓိ-ကာလ-ပယောဂဟူသော အကြောင်းတရားတို့နှင့် ပေါင်းဆုံမိပါမှ အကျိုးပေးဖို့ရန် အခွင့်အလမ်း သာလာတတ်၏။ ယင်းအကြောင်းအရာကို
这里,业——换一种说法,就是无明、爱、取、行与业——在产生相应果法时,只有得到趣、依报、时与加行的助力,只有与称为趣、依报、时、加行的诸因会合,才有机会给果。关于这个问题,
原书第 229 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း ပဋိစ္စသမုပ္ပါဒ်ပိုင်း၌ ကျယ်ကျယ်ပြန့်ပြန့် မဆွေးနွေး မတင်ပြရသေးသည့်အတွက် ဤအပိုင်းတွင် ပြည့်ပြည့်စုံစုံ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတင်ပြပေအံ့။
缘起篇尚未作广泛而详尽的论述,所以现在将在这里充分展开说明。
သမင်္ဂိတာ = သင်္မဂီ (၅) ပါး
五种具足
ဂတိ-ဥပဓိ-ကာလ-ပယောဂတို့နှင့် ပေါင်းဆုံမိသော ကံသည် ဆိုက်ရောက်ရာ အကျိုးကို ဖြစ်စေရာ၌ သမင်္ဂိတာ = သင်္မဂီ (၅)ပါး အကြောင်းကိုလည်း သိထားသင့်သဖြင့် ဤ၌ သင်္မဂီ (၅)ပါး အကြောင်းကို သမ္မောဟဝိနောဒနီအဋ္ဌကထာ (အဘိ-ဋ္ဌ-၂-၄၁၉-၄၂ဝ။)၊ ဥပရိပဏ္ဏာသအဋ္ဌကထာ (မ-ဋ္ဌ-၄-၈၇။)၊ အင်္ဂုတ္တရ အဋ္ဌကထာ (အံ-ဋ္ဌ-၁-၃၆၄။) တို့၌ လာရှိသည့်အတိုင်း အကျဥ်းချုပ်ကာ ထပ်မံ၍ တင်ပြအပ်ပါသည်။ (ပဋိစ္စ သမုပ္ပါဒ်ပိုင်းတွင် အကျယ်ရှင်းပြခဲ့၏။) ကောင်းမှု မကောင်းမှု ပြုသောအခါ ထိုအမှုကိစ္စကို ပြီးစီးစေတတ်သော ကုသိုလ်စေတနာ အကုသိုလ် စေတနာဟူသော သန္နိဋ္ဌာနစေတနာ မဖြစ်မီ မတိုင်မီ ရှေးအဖို့၌ အားထုတ်ကြောင်း ကုသိုလ်စေတနာ အကုသိုလ် စေတနာတို့သည် အာယူဟနသမင်္ဂိတာ မည်၏။
业与趣、依报、时、加行会合而产生应得之果时,还须了解五种具足。因此,这里依《除痴论注》(《阿毗达磨义注》2-419—420)、《中部·后五十经篇义注》(《中部义注》4-87)及《增支部义注》(1-364)所说,再作简要说明。〔缘起篇已有详释。〕造作善行或恶行时,在能够完成该事的善思或不善思——即决定思——生起以前,先行努力的善思或不善思,称为“筹作发动具足”(āyūhana-samaṅgitā)。
ကောင်းမှု မကောင်းမှု ပြုသောအခါ ထိုအမှုကိစ္စကို ပြီးစီးစေတတ်သော ကုသိုလ်စေတနာ အကုသိုလ် စေတနာဟူသော သန္နိဋ္ဌာနစေတနာတို့သည် စေတနာသမင်္ဂိတာ မည်၏။
造作善行或恶行时,能够完成该事的善思或不善思——即决定思——称为“思具足”(cetanā-samaṅgitā)。
တစ်နည်း --- ကောင်းမှု ပြုသောအခါ ထိုအမှုကိစ္စကို ပြီးစီးစေတတ်သော ကုသိုလ်စေတနာ၊ မကောင်းမှု ပြုသောအခါ ထိုအမှုကိစ္စကို ပြီးစီးစေတတ်သော အကုသိုလ်စေတနာတို့ အသီးအသီး ဖြစ်ကြလေသည်။
换一种说法——造作善行时,是能完成该事的善思;造作恶行时,则是能完成该事的不善思,二者各依其事而生起。
ထိုကုသိုလ်စေတနာ သို့မဟုတ် အကုသိုလ်စေတနာတို့၏ သန္တတိပစ္စုပ္ပန် အနေအားဖြင့် ထင်ရှားရှိခိုက်ကို အာယူဟနသမင်္ဂိတာ = အာယူဟနသင်္မဂီ = အားထုတ်ကြောင်း ကုသိုလ်သင်္ခါရတရားစု သို့မဟုတ် အားထုတ်- ကြောင်း အကုသိုလ်သင်္ခါရတရားစုနှင့် ပြည့်စုံနေခြင်းဟု ခေါ်ဆို၍ ထိုစေတနာတို့၏ ခဏပစ္စုပ္ပန်အနေအားဖြင့် ထင်ရှားရှိခိုက်ကို စေတနာသမင်္ဂိတာ = စေတနာသင်္မဂီ = စေ့ဆော်ပြုလုပ်မှုနှင့် ပြည့်စုံနေခြင်းဟု အသီးအသီး ခေါ်ဆိုလေသည်။
就相续现在而言,当该善思或不善思正明显存在时,称为“筹作发动具足”,即具足为了善业而筹作发动的行法聚,或为了不善业而筹作发动的行法聚;就刹那现在而言,当这些思正明显存在时,则称为“思具足”,即具足发起、造作的思。
ထိုကုသိုလ်စေတနာ သို့မဟုတ် အကုသိုလ်စေတနာတို့သည် ဥပါဒ်-ဌီ-ဘင် = ဖြစ်-တည်-ပျက်ဟူသော ခဏငယ် သုံးချက် အသက်စေ့၍ ချုပ်ပျောက်သွားကြသောအခါ အခြား ဝိပါက်ဝိညာဏ်များကဲ့သို့ ဤရုပ်နာမ်ခန္ဓာ သန္တာန်အစဥ်၌ အဆက်ပြတ် အစပြတ် ချုပ်ပျောက်သွားကြသည် မဟုတ်ဘဲ အကြောင်းအခွင့် ညီညွတ်ပြည့်စုံလျှင် အကျိုးဝိပါက်ဝိညာဏ်စိတ် တရားလုံး တစ်ခုအနေဖြင့် အကျိုးဝိပါက်ရုပ် တရားလုံး တစ်ခုအနေဖြင့် ထင်ရှားဖြစ်ပေါ် လာစေနိုင်သော သတ္တိထူးကို ဤရုပ်နာမ် သန္တာန်အစဥ်၌ မြှုပ်နှံပြီးမှ ထားရှိခဲ့ပြီးမှ ချုပ်ပျောက်သွားကြလေသည်။
这些善思或不善思经历生、住、灭三个小刹那而灭去以后,并不像其他果报识那样,在这一色名诸蕴的相续中断绝无余地消失;它们灭去以前,会在这一色名相续中留下特殊效力,使得因缘条件和合时,能够以一个果报识法聚或一个果报色法聚的形式,令果报明显生起。
ထိုအမူအရာ သတ္တိထူးကား ဤရုပ်နာမ်ခန္ဓာ အစဥ်၌ အဟောသိကံ မဖြစ်သေးသမျှ ကာလပတ်လုံး ရဟန္တာ အဖြစ်နှင့် ပရိနိဗ္ဗာန် မစံရသေးသမျှ ကာလပတ်လုံး ငုတ်ကိန်း လိုက်ပါလျက် ရှိချေသည်။ ထို အမူအရာ သတ္တိထူးနှင့် ပြည့်စုံနေခြင်းကို ကမ္မသမင်္ဂိတာ = ကံအမူအရာ သတ္တိထူး = ကမ္မသတ္တိထူးနှင့် ပြည့်စုံခြင်းဟု ခေါ်ဆို၏။
只要该业尚未成为无效业,只要此人尚未成为阿罗汉并证入般涅槃,这种作用方式的特殊效力就一直潜伏、随行于色名诸蕴的相续中。具足这种特殊效力,称为“业具足”(kamma-samaṅgitā),也就是具足业的特殊效力、具足业力。
အတိုကောက်အားဖြင့် ကံဟု ခေါ်ဆိုပေသည်။
简称为“业”。
ဤအဖွင့်များအရ အာယူဟနသမင်္ဂိတာနှင့် စေတနာသမင်္ဂိတာဟူသော သင်္မဂီ နှစ်မျိုးကို သင်္ခါရဟု ခေါ်ဆို၍ ကမ္မသမင်္ဂိတာကို ကမ္မဘဝ သို့မဟုတ် ကံ ဟု ခေါ်ဆိုသည် မှတ်ပါ။
依这些解释,应知筹作发动具足与思具足这两种具足称为“行”,业具足则称为“业有”或“业”。
သံသရာခရီး ဆက်ရန်ရှိနေသေးသော ပုထုဇန် သေက္ခ သတ္တဝါတို့အဖို့ ဘဝတစ်ခုခုကို ရည်ရွယ်တောင့်တ၍
对于轮回旅程尚未结束的凡夫与有学有情来说,他们为了某一种未来有而希求、造作的——
原书第 230 页
မိမိတို့ ပြုစုပြိုးထောင်ထားခဲ့သော ကုသိုလ်ကံ သို့မဟုတ် အကုသိုလ်ကံတို့သည် အကျိုးပေးခွင့်သာ၍ အကျိုး ပေးရန် အချိန်တန်သောအခါ သေခါနီးကာလ၌ ဒွါရ (၆)ပါးတို့တွင် ဆိုင်ရာဒွါရ တစ်ခုခု၌ အကျိုးပေးတော့မည့် ကံ၏ စွမ်းအင် ကမ္မသတ္တိထူးကြောင့် ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် ဟူသော နိမိတ် (၃)မျိုးတို့တွင် တစ်မျိုးမျိုးသည် ထင်လာမြဲ ဓမ္မတာ ဖြစ်ပေသည်။ အရဟတ္တဖိုလ်သို့ မရောက်သေးသမျှကာလပတ်လုံး ထိုထိုသတ္တဝါတို့ ထိုထို ဘုံဘဝမှ စုတေ၍ ထိုထိုဘုံဘဝသို့ ရောက်တော့မည့်ဆဲဆဲတွင် ဖြစ်ရိုးဓမ္မတာကြီး တစ်ခုပင်ဖြစ်၏။ ထိုထင်လာ တိုင်းသော အာရုံကို အခြားမဲ့နောက်ဘဝ၌ လိုက်ပါထင်မြင်နိုင်လောက်အောင် = နောင်လာမည့် အနာဂတ်ဘဝသစ် ပဋိသန္ဓေစိတ် ဘဝင်စိတ် စုတိစိတ်တို့၏ အာရုံ ဖြစ်နိုင်လောက်အောင် အားရှိစွာယူပြီးမှ ဤဘဝက စုတိစိတ်ကျမြဲ ဖြစ်မြဲ ဓမ္မတာ ဖြစ်သည်။ ထိုသို့ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် (၃)မျိုးတို့တွင် တစ်မျိုးမျိုးထင်မှုနှင့် ပြည့်စုံခြင်းကို
——善业或不善业,一旦获得给果机会、到了成熟给果之时,就在临死阶段凭借该业的特殊效力,于六门中的某一相应门内,使业、业相、趣相三种相之一显现出来。只要尚未证得阿罗汉果,一切有情从某一生死亡、即将投生另一生时,这都是必然发生的自然法则。今生的死亡心生起以前,会先强有力地取那个显现的所缘,使它足以在紧接的后世继续显现,也就是足以成为未来新生中结生心、有分心与死亡心的所缘。具足业、业相、趣相三者之一的这种显现,
ဥပဋ္ဌာနသမင်္ဂိတာဟု ခေါ်ဆို၏။
称为“显现具足”(upaṭṭhāna-samaṅgitā)。
ထိုနောက် ဤဘဝမှ စုတေ၍ ထိုသက်ရောက်သင့်ရာ ဘုံဘဝ၌ ပဋိသန္ဓေဝိပါက်ဝိညာဏ်စိတ်သည် ဖြစ်ပေါ်လာ၏။ (ပဉ္စဝေါကာရဘုံဝယ် ဝိပါက်ဝိညာဏ်နှင့်အတူ ကမ္မဇရုပ်များလည်း ဖြစ်ပေါ်လာကြ၏။) ပဋိသန္ဓေ အခါ၏ နောက်ပိုင်းကာလဖြစ်သော ပဝတ္တိအခါ၌လည်း ထိုကံ၏ အကျိုးဖြစ်သော ဝိပါက်ဝိညာဏ်စိတ်များသည် အခြားအခြားသော ဝီထိစိတ်တို့ မဖြစ်သောအခါ၌ ဘဝအယဥ် စိတ်အစဥ် မပြတ်ရန် ဘဝ၏ အကြောင်းအဖြစ် တည်နေမှုဟူသော ဘဝင်ကိစ္စလုပ်ငန်းရပ်ကို ဆောင်ရွက်လျက် ထပ်တလဲလဲ ဖြစ်ပွားကြလေသည်။ ထိုသို့ ပဋိသန္ဓေ ဝိပါက်ဝိညာဏ် ပဝတ္တိဝိပါက်ဝိညာဏ်တို့ ဖြစ်ပွားပြည့်စုံလာကြသည်ကို ဝိပါကသမင်္ဂိတာ = အကျိုးဝိပါက်နှင့် ပြည့်စုံခြင်းဟု ခေါ်ဆိုအပ်ပေသည်။
此后从今生死亡,在相应的来生中,结生果报识心生起。〔在五蕴有中,业生色也与果报识一同生起。〕结生以后到了生命期间,在其他心路心没有生起时,作为该业之果的果报识心为了使生命之流、心相续不致中断,反复执行有分作用,作为维持生命的原因而生起。结生果报识与生命期间的果报识如此生起、具足,称为“果报具足”(vipāka-samaṅgitā)。
ကံသည် အကျိုးဝိပါက်ကို ဖြစ်စေရာ၌ ဂတိ၊ ဥပဓိ၊ ကာလ၊ ပယောဂဟူသော အကြောင်းတို့နှင့် ပေါင်းဆုံမိမှ သာလျှင် အကျိုးကို ဖြစ်စေနိုင်၏။ ဤအကြောင်းကို ကျယ်ပြန့်နက်ရှိုင်းစွာ သဘောပေါက်နားလည်နိုင်ရန် ကမ္မန္တရ ဝိပါကန္တရ ဇနနဉာဏ = ကံ၏ ထူးထွေကွဲပြားမှု အကျိုးဝိပါက်၏ ထူးထွေကွဲပြားမှုကို သိတတ်သော ဉာဏ်တော် တည်းဟူသော ဒုတိယဗလဉာဏ်တော် အကြောင်းကို ဆက်လက်၍ ဖတ်ရှုကြည့်ပါ။
业只有与趣、依报、时、加行等因素会合,才能产生果报。为了深入理解这个问题,请继续阅读“第二力智”——即能知业的差别与果报的差别之智(kammantara-vipākantara-jānanañāṇa)——的说明。
ဒုတိယဗလဉာဏ်တော်
第二力智
(က) တတ္ထ ကတမံ တထာဂတဿ အတီတာနာဂတပစ္စုပ္ပန္နာနံ ကမ္မသမာဒါနာနံ ဌာနသော ဟေတုသော
(甲)在这些智中,什么是如来对于过去、未来、现在所造诸业,依其可能处、依其原因,如实了知果报之智?
ဝိပါကံ ယထာဘူတံ ဉာဏံ၊ ဣဓ တထာဂတော ပဇာနာတိ၊ အတ္ထေကစ္စာနိ ပါပကာနိ ကမ္မသမာဒါနာနိ
在这里,如来了知:有些恶的所造业——
ဂတိသမ္ပတ္တိ ပဋိဗာဠှာနိ န ဝိပစ္စန္တိ၊ အတ္ထေကစ္စာနိ ပါပကာနိ ကမ္မသမာဒါနာနိ ဥပဓိသမ္ပတ္တိ ပဋိဗာဠှာနိ န ဝိပစ္စန္တိ၊ အတ္ထေကစ္စာနိ ပါပကာနိ ကမ္မသမာဒါနာနိ ကာလသမ္ပတ္တိ ပဋိဗာဠှာနိ န ဝိပစ္စန္တိ၊ အတ္ထေကစ္စာနိ
——受趣成就阻碍而不成熟给果;有些恶的所造业受所依成就阻碍而不成熟给果;有些恶的所造业受时成就阻碍而不成熟给果;还有一些——
ပါပကာနိ ကမ္မသမာဒါနာနိ ပယောဂသမ္ပတ္တိ ပဋိဗာဠှာနိ န ဝိပစ္စန္တိ။ (အဘိ-၂-၃၅၁။)
——恶的所造业受加行成就阻碍而不成熟给果。(《阿毗达磨藏》2-351。)
(က) ထိုဉာဏ်တို့တွင် အဘယ်ဉာဏ်သည် အတိတ် အနာဂတ် ပစ္စုပ္ပန် ဖြစ်ကုန်သော ဆောက်တည်ထားအပ်-
(甲)在这些智中,什么智是对于过去、未来、现在已经造作、培育的——
သော ကံတို့၏ ဟုတ်မှန်သော အကြောင်းအားဖြင့် ဖြစ်ပေါ်လာသော အကျိုးဝိပါက်ကို မဖောက်မပြန်
——诸业,依真实原因所产生的果报,毫无错谬地——
ဟုတ်တိုင်းမှန်စွာသိသော ဉာဏ်သည် ဖြစ်လေသနည်း? ဤလောက၌ ဘုရားရှင်သည် ကွဲကွဲပြားပြား
——如实了知之智?在此世间,佛陀能够分别——
သိတော်မူ၏။
——了知。
၁။ အချို့ကုန်သော ယုတ်မာကုန်သော အကြင် ဆောက်တည်ထားအပ်ကုန်သော (= ပြုစုပျိုးထောင်ခဲ့ပြီးကုန်- သော) အကုသိုလ်ကံတို့သည် (လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်ကဲ့သို့သော) ကောင်းသော ပြည့်စုံသော ဂတိသည် တားမြစ်အပ်ကုန်သည် ဖြစ်ကုန်လတ်သော် အကျိုးမပေးကုန်၊ ထို ကံမျိုးတို့သည် ရှိကြကုန်၏။
一、确有这样一些卑劣、已经造作培育的不善业:由于受到善妙圆满的趣成就——例如人界、天界、梵界——阻碍,它们不成熟给果。
原书第 231 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း ၂။ အချို့ကုန်သော ယုတ်မာကုန်သော အကြင် ဆောက်တည်ထားအပ်ကုန်သော (= ပြုစုပျိုးထောင်ခဲ့ပြီးကုန်- သော) အကုသိုလ်ကံတို့သည် လှပသော ရုပ်အဆင်းတည်းဟူသော ပြည့်စုံသော ဥပဓိသည် တားမြစ်အပ်ကုန်သည် ဖြစ်ကုန်လတ်သော် အကျိုးမပေးကုန်၊ ထို ကံမျိုးတို့သည် ရှိကြကုန်၏။
二、确有这样一些卑劣、已经造作培育的不善业:由于受到美好身相这一圆满的所依成就阻碍,它们不成熟给果。
၃။ အချို့ကုန်သော ယုတ်မာကုန်သော အကြင် ဆောက်တည်ထားအပ်ကုန်သော (= ပြုစုပျိုးထောင်ခဲ့ပြီးကုန်- သော) အကုသိုလ်ကံတို့သည် မင်းကောင်းမင်းမြတ်၊ သူတော်သူမြတ်တို့၏ ဖြစ်ထွန်း ပေါ်ပေါက်ရာ ကာလဟူသော ပြည့်စုံသော ကာလသည် တားမြစ်အပ်ကုန်သည် ဖြစ်ကုန်လတ်သော် အကျိုးမပေးကုန်၊ ထို ကံမျိုးတို့သည် ရှိ- ကြကုန်၏။
三、确有这样一些卑劣、已经造作培育的不善业:由于受到贤明君主与善士出现的良好时代这一时成就阻碍,它们不成熟给果。
၄။ အချို့ကုန်သော ယုတ်မာကုန်သော အကြင် ဆောက်တည်ထားအပ်ကုန်သော (= ပြုစုပျိုးထောင်ခဲ့ပြီးကုန်- သော) အကုသိုလ်ကံတို့သည် ကောင်းသော လုံ့လပယောဂ = ကောင်းသော ကြိုးစားအားထုတ်ခြင်းဟူသော ပြည့်စုံသော ပယောဂသည် တားမြစ်အပ်ကုန်သည် ဖြစ်ကုန်လတ်သော် အကျိုးမပေးကုန်၊ ထို ကံမျိုးတို့သည် ရှိကြကုန်၏။ (အဘိ-ဋ္ဌ-၂-၃၅၁။) ( ခ ) အတ္ထေကစ္စာနိ ပါပကာနိ ကမ္မသမာဒါနာနိ ဂတိဝိပတ္တိံ အာဂမ္မ ဝိပစ္စန္တိ၊ အတ္ထေကစ္စာနိ ပါပကာနိ ကမ္မ- သမာဒါနာနိ ဥပဓိဝိပတ္တိံ အာဂမ္မ ဝိပစ္စန္တိ၊ အတ္ထေကစ္စာနိ ပါပကာနိ ကမ္မသမာဒါနာနိ ကာလဝိပတ္တိံ အာဂမ္မ ဝိပစ္စန္တိ၊ အတ္ထေကစ္စာနိ ပါပကာနိ ကမ္မသမာဒါနာနိ ပယောဂဝိပတ္တိံ အာဂမ္မ ဝိပစ္စန္တိ။
四、确有这样一些卑劣、已经造作培育的不善业:由于受到善妙精进努力这一加行成就阻碍,它们不成熟给果。(《阿毗达磨义注》2-351。)(乙)有些恶的所造业遇到趣失坏而成熟给果;有些恶的所造业遇到所依失坏而成熟给果;有些恶的所造业遇到时失坏而成熟给果;有些恶的所造业遇到加行失坏而成熟给果。
(အဘိ-၂-၃၅၁။)
(《阿毗达磨藏》2-351。)
၁။ အချို့ကုန်သော ယုတ်မာကုန်သော အကြင် ဆောက်တည်ထားအပ်ကုန်သော = ပြုစုပျိုးထောင်ခဲ့ပြီးကုန်- သော အကုသိုလ်ကံတို့သည် အပါယ် (၄)ဘုံတည်းဟူသော ပျက်စီးသော ဂတိသို့ ရှေးရှူရောက်၍ = ပျက်စီးသော ဂတိကို အစွဲပြု၍ အကျိုးပေးကြကုန်၏၊ ထို ကံမျိုးတို့သည် ရှိကြကုန်၏။
一、确有这样一些卑劣、已经造作培育的不善业:它们趋向、依于四恶趣这一趣失坏而成熟给果。
၂။ အချို့ကုန်သော ယုတ်မာကုန်သော အကြင် ဆောက်တည်ထားအပ်ကုန်သော = ပြုစုပျိုးထောင်ခဲ့ပြီးကုန်- သော အကုသိုလ်ကံတို့သည် မလှပသော ရုပ်အဆင်းတည်းဟူသော ပျက်စီးသော ဥပဓိသို့ ရှေးရှူရောက်၍ = ပျက်စီးသော ဥပဓိကို အစွဲပြု၍ အကျိုးပေးကြကုန်၏၊ ထို ကံမျိုးတို့သည် ရှိကြကုန်၏။
二、确有这样一些卑劣、已经造作培育的不善业:它们趋向、依于丑陋身相这一所依失坏而成熟给果。
၃။ အချို့ကုန်သော ယုတ်မာကုန်သော အကြင် ဆောက်တည်ထားအပ်ကုန်သော = ပြုစုပျိုးထောင်ခဲ့ပြီးကုန်- သော အကုသိုလ်ကံတို့သည် မကောင်းသော မင်း၊ မကောင်းသော လူတို့၏ ကာလဟူသော ပျက်စီးသော ကာလသို့ ရှေးရှူရောက်၍ = ပျက်စီးသော ကာလကို အစွဲပြု၍ အကျိုးပေးကြကုန်၏၊ ထို ကံမျိုးတို့သည် ရှိကြ- ကုန်၏။
三、确有这样一些卑劣、已经造作培育的不善业:它们趋向、依于恶王、恶人出现的不良时代这一时失坏而成熟给果。
၄။ အချို့ကုန်သော ယုတ်မာကုန်သော အကြင် ဆောက်တည်ထားအပ်ကုန်သော = ပြုစုပျိုးထောင်ခဲ့ပြီးကုန်- သော အကုသိုလ်ကံတို့သည် လုံ့လပယောဂ ချို့တဲ့ခြင်းဟူသော ပျက်စီးသော ပယောဂသို့ ရှေးရှူရောက်၍ = ပျက်စီးသော ပယောဂကို အစွဲပြု၍ အကျိုးပေးကြကုန်၏၊ ထို ကံမျိုးတို့သည် ရှိကြကုန်၏။ (အဘိ-၂-၃၅၁။) ( ဂ ) အတ္ထေကစ္စာနိ ကလျာဏာနိ ကမ္မသမာဒါနာနိ ဂတိဝိပတ္တိ ပဋိဗာဠှာနိ န ဝိပစ္စန္တိ၊ အတ္ထေကစ္စာနိ ကလျာ- ဏာနိ ကမ္မသမာဒါနာနိ ဥပဓိဝိပတ္တိ ပဋိဗာဠှာနိ န ဝိပစ္စန္တိ၊ အတ္ထေကစ္စာနိ ကလျာဏာနိ ကမ္မသမာဒါနာနိ
四、确有这样一些卑劣、已经造作培育的不善业:它们趋向、依于缺少精进努力这一加行失坏而成熟给果。(《阿毗达磨藏》2-351。)(丙)有些善的所造业受趣失坏阻碍而不成熟给果;有些善的所造业受所依失坏阻碍而不成熟给果;还有一些善的所造业——
ကာလဝိပတ္တိ ပဋိဗာဠှာနိ န ဝိပစ္စန္တိ၊ အတ္ထေကစ္စာနိ ကလျာဏာနိ ကမ္မသမာဒါနာနိ ပယောဂဝိပတ္တိ
——受时失坏阻碍而不成熟给果;有些善的所造业受加行失坏——
ပဋိဗာဠှာနိ န ဝိပစ္စန္တိ။ (အဘိ-၂-၃၅၁။)
——阻碍而不成熟给果。(《阿毗达磨藏》2-351。)
原书第 232 页
၁။ အချို့ကုန်သော ကောင်းကုန်သော အကြင် ဆောက်တည်ထားအပ်ကုန်သော = ပြုစုပျိုးထောင်ခဲ့ပြီးကုန်- သော ကုသိုလ်ကံတို့သည် အပါယ် (၄)ဘုံတည်းဟူသော ပျက်စီးသော ဂတိသည် တားမြစ်အပ်ကုန်သည် ဖြစ်ကုန် လတ်သော် အကျိုး မပေးကုန်၊ ထို ကံမျိုးတို့သည် ရှိကြကုန်၏။
一、确有这样一些善妙、已经造作培育的善业:由于受到四恶趣这一趣失坏阻碍,它们不成熟给果。
၂။ အချို့ကုန်သော ကောင်းကုန်သော အကြင် ဆောက်တည်ထားအပ်ကုန်သော = ပြုစုပျိုးထောင်ခဲ့ပြီးကုန်- သော ကုသိုလ်ကံတို့သည် မလှပသော ရုပ်အဆင်းတည်းဟူသော ပျက်စီးသော ဥပဓိသည် တားမြစ်အပ်ကုန်သည် ဖြစ်ကုန်လတ်သော် အကျိုးမပေးကုန်၊ ထို ကံမျိုးတို့သည် ရှိကြကုန်၏။
二、确有这样一些善妙、已经造作培育的善业:由于受到丑陋身相这一所依失坏阻碍,它们不成熟给果。
၃။ အချို့ကုန်သော ကောင်းကုန်သော အကြင် ဆောက်တည်ထားအပ်ကုန်သော = ပြုစုပျိုးထောင်ခဲ့ပြီးကုန်- သော ကုသိုလ်ကံတို့သည် မကောင်းသောမင်း၊ မကောင်းသောလူတို့၏ ကာလတည်းဟူသော ပျက်စီးသော ကာလသည် တားမြစ်အပ်ကုန်သည် ဖြစ်ကုန်လတ်သော် အကျိုးမပေးကုန်၊ ထို ကံမျိုးတို့သည် ရှိကြကုန်၏။
三、确有这样一些善妙、已经造作培育的善业:由于受到恶王、恶人出现的不良时代这一时失坏阻碍,它们不成熟给果。
၄။ အချို့ကုန်သော ကောင်းကုန်သော အကြင် ဆောက်တည်ထားအပ်ကုန်သော = ပြုစုပျိုးထောင်ခဲ့ပြီးကုန်- သော ကုသိုလ်ကံတို့သည် လုံ့လပယောဂ ချို့တဲ့ခြင်းတည်းဟူသော ပျက်စီးသော ပယောဂသည် တားမြစ်အပ်- ကုန်သည် ဖြစ်ကုန်လတ်သော် အကျိုးမပေးကုန်၊ ထို ကံမျိုးတို့သည် ရှိကြကုန်၏။ (အဘိ-၂-၃၅၁။) (ဃ) အတ္ထေကစ္စာနိ ကလျာဏာနိ ကမ္မသမာဒါနာနိ ဂတိသမ္ပတ္တိံ အာဂမ္မ ဝိပစ္စန္တိ၊ အတ္ထေကစ္စာနိ ကလျာဏာနိ ကမ္မသမာဒါနာနိ ဥပဓိသမ္ပတ္တိံ အာဂမ္မ ဝိပစ္စန္တိ၊ အတ္ထေကစ္စာနိ ကလျာဏာနိ ကမ္မသမာဒါနာနိ ကာလ- သမ္ပတ္တိံ အာဂမ္မ ဝိပစ္စန္တိ၊ အတ္ထေကစ္စာနိ ကလျာဏာနိ ကမ္မသမာဒါနာနိ ပယောဂသမ္ပတ္တိံ အာဂမ္မ ဝိပ-
四、确有这样一些善妙、已经造作培育的善业:由于受到缺少精进努力这一加行失坏阻碍,它们不成熟给果。(《阿毗达磨藏》2-351。)(丁)有些善的所造业遇到趣成就而成熟给果;有些善的所造业遇到所依成就而成熟给果;有些善的所造业遇到时成就而成熟给果;有些善的所造业遇到加行成就而成——
စ္စန္တီတိ ယာ တတ္ထ ပညာ ပဇာနနာ။ ပ ။ အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ၊ ဣဒံ တထာဂတဿ
——熟给果。在这里,凡对此的慧、了知……无痴、择法、正见,这就是如来——
အတီတာနာဂတပစ္စုပ္ပန္နာနံ ကမ္မသမာဒါနာနံ ဌာနသော ဟေတုသော ဝိပါကံ ယထာဘူတံ ဉာဏံ။
——对于过去、未来、现在所造诸业,依其可能处、依其原因,如实了知果报之智。
(အဘိ-၂-၃၅၁-၃၅၂။)
(《阿毗达磨藏》2-351—352。)
၁။ အချို့ကုန်သော ကောင်းကုန်သော အကြင် ဆောက်တည်ထားအပ်ကုန်သော = ပြုစုပျိုးထောင်ခဲ့ပြီးကုန်- သော ကုသိုလ်ကံတို့သည် လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်ကဲ့သို့သော ကောင်းသော ပြည့်စုံသော ဂတိသို့ ရှေးရှူ ရောက်၍ = ပြည့်စုံသော ဂတိကို အစွဲပြု၍ အကျိုးပေးကြကုန်၏၊ ထို ကံမျိုးတို့သည် ရှိကြကုန်၏။
一、确有这样一些善妙、已经造作培育的善业:它们趋向、依于人界、天界、梵界等善妙圆满的趣成就而成熟给果。
၂။ အချို့ကုန်သော ကောင်းကုန်သော အကြင် ဆောက်တည်ထားအပ်ကုန်သော = ပြုစုပျိုးထောင်ခဲ့ပြီးကုန်- သော ကုသိုလ်ကံတို့သည် လှပသော ရုပ်အဆင်းတည်းဟူသော ပြည့်စုံသော ဥပဓိသို့ ရှေးရှူရောက်၍ = ပြည့်စုံ သော ဥပဓိကို အစွဲပြု၍ အကျိုးပေးကြကုန်၏၊ ထို ကံမျိုးတို့သည် ရှိကြကုန်၏။
二、确有这样一些善妙、已经造作培育的善业:它们趋向、依于美好身相这一所依成就而成熟给果。
၃။ အချို့ကုန်သော ကောင်းကုန်သော အကြင် ဆောက်တည်ထားအပ်ကုန်သော = ပြုစုပျိုးထောင်ခဲ့ပြီးကုန်- သော ကုသိုလ်ကံတို့သည် မင်းကောင်းမင်းမြတ်၊ သူတော်သူမြတ်တို့၏ ဖြစ်ထွန်းပေါ်ပေါက်ရာ ကာလတည်း ဟူသော ပြည့်စုံသော ကာလသို့ ရှေးရှူရောက်၍ = ပြည့်စုံသော ကာလကို အစွဲပြု၍ အကျိုးပေးကြကုန်၏၊ ထို ကံမျိုးတို့သည် ရှိကြကုန်၏။
三、确有这样一些善妙、已经造作培育的善业:它们趋向、依于贤明君主与善士出现的良好时代这一时成就而成熟给果。
၄။ အချို့ကုန်သော ကောင်းကုန်သော အကြင် ဆောက်တည်ထားအပ်ကုန်သော = ပြုစုပျိုးထောင်ခဲ့ပြီးကုန်- သော ကုသိုလ်ကံတို့သည် ကောင်းသော လုံ့လပယောဂ = ကောင်းသော ကြိုးစားအားထုတ်ခြင်းဟူသော ပြည့်- စုံသော ပယောဂသို့ ရှေးရှူရောက်၍ = ပြည့်စုံသော ပယောဂကို အစွဲပြု၍ အကျိုးပေးကြကုန်၏၊ ထို ကံမျိုးတို့ သည် ရှိကြကုန်၏။ (အဘိ-၂-၃၅၁-၃၅၂။)
四、确有这样一些善妙、已经造作培育的善业:它们趋向、依于善妙精进努力这一加行成就而成熟给果。(《阿毗达磨藏》2-351—352。)
原书第 233 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း ထိုဉာဏ်တို့တွင် ဤဆိုအပ်ပြီးသော အကြင်ပညာသည် အကြင် ကွဲကွဲပြားပြား သိခြင်းသည်။ ပ ။ အကြင် အမောဟသည် အကြင် ဓမ္မဝိစယသည် အကြင် သမ္မာဒိဋ္ဌိသည် ရှိ၏။ ဤသမ္မာဒိဋ္ဌိသည် အတိတ် အနာဂတ် ပစ္စုပ္ပန် ဖြစ်ကုန်သော ဆောက်တည်ထားအပ်ကုန်သော ကံတို့၏ ဟုတ်မှန်သော အကြောင်းအားဖြင့် ဖြစ်ပေါ်လာ သော အကျိုးဝိပါက်ကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ သိသော ဉာဏ်တည်း။ (အဘိ-၂-၃၅၂။)
在上述诸智中,凡所说的慧、分别了知……无痴、择法、正见,其中的这一正见,就是对于过去、未来、现在已经造作培育的诸业,依真实原因所产生的果报,毫无错谬地如实了知之智。(《阿毗达磨藏》2-352。)
သမ္ပတ္တိ နှင့် ဝိပတ္တိ
成就与失坏
၁။ ဂတိသမ္ပတ္တိ ဟူသည် လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်တည်းဟူသော ပြည့်စုံသော ဂတိတည်း။ ဂတိဝိပတ္တိ ဟူသည် အပါယ် (၄)ဘုံတည်းဟူသော ဖောက်ပြန် ပျက်စီးသော ဂတိတည်း။
一、趣成就,是人界、天界、梵界等圆满之趣;趣失坏,是四恶趣等败坏之趣。
၂။ ဥပဓိသမ္ပတ္တိ ဟူသည် ရုပ်အဆင်း လှပ တင့်တယ်ခြင်းတည်းဟူသော ခန္ဓာကိုယ် အတ္တဘော၏ ပြည့်စုံခြင်း- တည်း။ ဥပဓိဝိပတ္တိ ဟူသည် ရုပ်အဆင်း မလှပခြင်း၊ အကျည်းတန် အရုပ်ဆိုးခြင်း ယုတ်ညံ့သော ခန္ဓာကိုယ် အတ္တဘော ရှိခြင်းတည်း။
二、所依成就,是具有美好庄严身相,即身体、自体圆满;所依失坏,是身相不美、丑陋难看,具有低劣身体、自体。
၃။ ကာလသမ္ပတ္တိ ဟူသည် မဟာသုဒဿန စကြာမင်း အစရှိသော မင်းကောင်းမင်းမြတ်တို့၏ ဖြစ်ထွန်းရာ အချိန်အခါကာလ၊ ကမ္ဘာဦးသူ လူ အစရှိသော သူတော်သူမြတ်တို့၏ ဖြစ်ထွန်းပေါ်ပေါက်ရာ အချိန်ကာလဟု ဆိုအပ်သော ပြည့်စုံသော ကာလတည်း။ ကာလဝိပတ္တိ ဟူသည် မကောင်းသောမင်း၊ မကောင်းသောလူတို့၏ ကာလဟု ဆိုအပ်သော ပျက်စီးသော ကာလတည်း။
三、时成就,是大善见转轮王等贤明君主出现的时代,以及世界初成之人等善士出现的良好时代;时失坏,是恶王、恶人出现的不良时代。
၄။ ပယောဂသမ္ပတ္တိ ဟူသည် ကောင်းမွန် မှန်ကန်သော ကာယ ပယောဂ = ကိုယ်ဖြင့် ကြိုးစားအားထုတ်မှု၊ ဝစီ ပယောဂ = နှုတ်ဖြင့် ကြိုးစားအားထုတ်မှု ပြောဆိုမှု၊ မနော ပယောဂ = စိတ်ဖြင့် ကြိုးစားအားထုတ်မှု ကြံ စည်မှုတည်း။ ပယောဂဝိပတ္တိဟူသည် မှားယွင်းသော ကြိုးစားအားထုတ်မှု မိစ္ဆာပယောဂတည်း။ ကိုယ်ဖြင့် မပြု သင့်သည်ကို ပြုမှု၊ နှုတ်ဖြင့် မပြောသင့်သည်ကို ပြောဆိုမှု၊ စိတ်ဖြင့် မကြံစည်သင့်သည်ကို ကြံစည်မှုတည်း။
四、加行成就,是正确善妙的身加行——以身体所作的努力,语加行——以语言所作的努力与言说,以及意加行——以内心所作的努力与思量;加行失坏,则是错误的努力,即邪加行:以身作不应作之事、以语说不应说之语、以内心思惟不应思惟之事。
(အဘိ-ဋ္ဌ-၂-၂၄၁။)
(《阿毗达磨义注》2-241。)
ပြုစုပျိုးထောင်အပ်ခဲ့ပြီးကုန်သော ဆောက်တည်ထားအပ်ပြီးကုန်သော အကုသိုလ်ကံတို့သည် ဝိပတ္တိတရား (၄)ပါးကို အမှီရခဲ့သော် အကျိုးပေးရန် အခွင့်သာလာတတ်ကုန်၏။ သမ္ပတ္တိ (၄)ပါးတို့နှင့် ကြုံခိုက် အကျိုးပေးရန် အခါအခွင့် မသင့် ဖြစ်တတ်ကြကုန်၏။ ပြုစုပျိုးထောင်အပ်ခဲ့ပြီးကုန်သော ဆောက်တည်ထားအပ်ပြီးကုန်သော ကုသိုလ်ကံတို့သည် သမ္ပတ္တိ (၄)ပါးတို့နှင့် ကြုံခိုက် အကျိုးပေးတတ်ကြကုန်၏။ ဝိပတ္တိတရား (၄)ပါးတို့နှင့် ကြုံခိုက် အကျိုးမပေးနိုင် ရှိတတ်ကြကုန်၏။
已经造作培育的不善业,得到四种失坏作为依助时,便容易获得给果机会;遇到四种成就时,常会没有适当的给果机会。已经造作培育的善业,遇到四种成就时便能给果;遇到四种失坏时,则可能无法给果。
ယင်း ကံတို့ကို (က-ခ-ဂ-ဃ)ဟု (၄)အုပ်စု ခွဲ၍ အထက်၌ တင်ပြထား၏။ အုပ်စု တစ်ခု တစ်ခု၌ ကံ (၄) မျိုးစီ ရှိသဖြင့် အားလုံးပေါင်းသော် (၁၆)မျိုး ရှိ၏။ အကျယ်မှာ အောက်ပါအတိုင်း ဖြစ်၏။ ---
上述诸业已经分为甲、乙、丙、丁四组;每组各有四种业,合计十六种。详释如下。
(က) အုပ်စု ကံ (၄) မျိုး
(甲)组的四种业
၁။ ထိုတွင် အချို့သောပုဂ္ဂိုလ်၏ သန္တာန်ဝယ် များစွာကုန်သော မကောင်းမှု အကုသိုလ်ကံတို့သည် ရှိကြကုန်၏။
一、某人的相续中存在许多不善业。
ထိုမကောင်းမှု အကုသိုလ်ကံတို့သည် ပျက်စီးသော ဂတိ = ဂတိဝိပတ္တိ၌ တည်နေသော ပုဂ္ဂိုလ်၏ သန္တာန်၌ အကျိုးပေးကုန်ရာ၏။ 〔= ထိုပုဂ္ဂိုလ်သည် အပါယ် (၄)ဘုံ၌ ရောက်ရှိနေခဲ့သော် ထိုအကုသိုလ်ကံတို့သည် အကျိုး ပေးနိုင်ကုန်ရာ၏။〕 ထိုသို့ပင် အကျိုးပေးနိုင်ပါကုန်သော်လည်း ထိုပုဂ္ဂိုလ်သည် တစ်ခုသော ကောင်းမှုကုသိုလ်-
这些不善业,本可在处于趣失坏者的相续中给果〔也就是说,若此人正处于四恶趣,这些不善业便可能给果〕。虽然它们本可如此给果,此人却由于某一善业——
原书第 234 页
ကံကြောင့် ဂတိသမ္ပတ္တိ ဖြစ်သော လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်တို့၌ ဖြစ်နေရ၏။ ထိုကဲ့သို့သော ဂတိသမ္ပတ္တိ အရပ်၌လည်း အကုသိုလ်၏ အကျိုးပေးဖို့ရန် အလှည့်အကြိမ်သည် မရှိဖြစ်ခဲ့၏။ အကယ်စင်စစ်မှာမူ ကုသိုလ်ကံ၏ သာလျှင် အကျိုးပေးဖို့ရန် အလှည့်အကြိမ် ဖြစ်နေ၏။ ဤသို့လျှင် ထိုပုဂ္ဂိုလ်၏ ထိုအကုသိုလ်ကံတို့သည် ပြည့်စုံသော ဂတိတည်းဟူသော ဂတိသမ္ပတ္တိက တားမြစ်အပ်ကုန်သည်ဖြစ်၍ အကျိုးမပေးကုန် = အကျိုးပေးဖို့ရန် မရင့်ကျက်- သေးကုန်။ --- ဤသို့လျှင် ဘုရားရှင်သည် ကွဲကွဲပြားပြား သိတော်မူ၏။ (အဘိ-ဋ္ဌ-၂-၄၂၁။) ၂။ အခြားတစ်ယောက်သော ပုဂ္ဂိုလ်၏ သန္တာန်၌လည်း များစွာကုန်သော မကောင်းမှု အကုသိုလ်ကံတို့သည် ရှိကြကုန်၏။ ထိုမကောင်းမှု အကုသိုလ်ကံတို့သည် ရုပ်အဆင်း မလှပခြင်း အကျည်းတန် အရုပ်ဆိုးခြင်း ယုတ်ညံ့သော ခန္ဓာကိုယ် အတ္တဘော ရှိခြင်းတည်းဟူသော ပျက်စီးသော ဥပဓိ၌ တည်သော ပုဂ္ဂိုလ်၏ သန္တာန်၌
——投生在人界、天界或梵界等趣成就之中。在这样的趣成就中,不善业没有轮到给果;真正轮到给果的只是善业。因此,此人的那些不善业受到趣成就阻碍而不给果,也就是尚未成熟到可以给果。佛陀对此分别了知。(《阿毗达磨义注》2-421。)二、另一人的相续中也存在许多不善业。这些不善业,本可在身相不美、丑陋难看、具有低劣身体自体这一所依失坏者的相续中——
အကျိုးပေးကုန်ရာ၏။ ထိုသို့ပင် အကျိုးပေးနိုင်ကုန်သော်လည်း ထိုပုဂ္ဂိုလ်သည် တစ်ခုသော ကောင်းမှုကုသိုလ်- ကံကြောင့် ရုပ်အဆင်း၏ လှပတင့်တယ်ခြင်း ပြည့်စုံသော ခန္ဓာကိုယ် အတ္တဘော ရှိခြင်းတည်းဟူသော ဥပဓိ သမ္ပတ္တိ၌ တည်သည်၊ ကောင်းသော ပုံသဏ္ဌာန် ရှိသော ကိုယ်အင်္ဂါ ကြီးငယ် ရှိသည်၊ အလွန် အဆင်း လှပသည်၊ ရှုချင်စဖွယ် တင့်တယ်သည်၊ ဗြဟ္မာ၏ အတ္တဘောနှင့် တူသော အတ္တဘော ရှိသည် ဖြစ်လေ၏။ ကျွန်မ၏ ဝမ်းဝယ် ပဋိသန္ဓေအားဖြင့် ဖြစ်ပွားလာရသော ကျွန်သည် အကယ်၍မူလည်း ဖြစ်စေဦးတော့၊ ဤသို့ ကျွန်မ၏ သားပင် ဖြစ်ရသော်လည်း ဤမျှလောက် လှပတင့်တယ်သော ခန္ဓာကိုယ် အတ္တဘောသည် ညစ်ပေသောအလုပ် အောက်တန်းကျသော အသက်မွေးဝမ်းကျောင်း အလုပ်အား မလျော် မလျောက်ပတ်၊ ဤသို့ နှလုံးပိုက်၍ ဆင်ထိန်း မြင်းထိန်း နွားကျောင်းသား အစရှိသူတို့၏ အမှုလုပ်ငန်းရပ်တို့ကို ထိုဥပဓိသမ္ပတ္တိနှင့် ပြည့်စုံနေသူကို မပြုစေကြကုန်။
——给果。虽然它们本可如此给果,此人却由于某一善业而具足所依成就:容貌美好庄严,身体自体圆满,肢体匀称,极其美丽悦目,身相仿佛梵天。即使此人是投生在女奴腹中的家生奴,主人也会想:‘纵然他是我的奴仆或儿子,这样美好庄严的身体不适合污秽、低贱的生计。’因而不让具足所依成就者从事象夫、马夫、牧牛人等工作;
သိမ်မွေ့သောအဝတ်တို့ကို ဝတ်စေ၍ ဘဏ္ဍာစိုးအရာ စသည့် ရားထူးဌာနန္တရတို့၌ ထားကြကုန်၏။ အကယ်၍ အမျိုးသမီး ဖြစ်အံ့၊ ဤသို့ အမျိုးသမီး ဖြစ်လတ်သော် ဆင်စာ-ထမင်းချက်ခြင်း အစရှိသည့် အမှုလုပ်ငန်းရပ်တို့ကို မပြုစေကုန်၊ အဝတ်တန်ဆာကို ပေး၍ အိပ်ရာစောင့်ကိုသော်လည်း ထိုအမျိုးသမီးကို ပြုကြကုန်၏ = အိမ်ကို ထိန်းသိမ်းစောင့်ရှောက်သူအဖြစ် တာဝန်ပေးကြကုန်၏။ သာမာဒေဝီကဲ့သို့ အကျွမ်းဝင်သူတို့၏ အရာဌာန၌ သော်လည်း ထားကြကုန်၏။
而会让他穿精细衣服,任为司库等职。若是女子,也不让她从事煮象食等粗贱工作,而给她衣饰,委任为守护寝室、料理家宅之人,或像沙玛天女那样安置在亲近侍从的位置。
ချဲ့၍ ဆိုဦးအံ့ --- ဘာတိကမင်း၏ လက်ထက်၌ နွားသားကို စားကုန်သော များစွာကုန်သော လူတို့ကို ဖမ်းယူ၍ ဘာတိကမင်းအား ပြကြကုန်၏ = ဘာတိကမင်းထံသို့ ခေါ်ဆောင်လာကြကုန်၏။ ဘာတိကမင်းက မှူးကြီးမတ်ရာတို့ကို ''ထိုနွားသားစားသူတို့ကို ဒဏ်ပေးခြင်းငှာ စွမ်းနိုင်ကြပါကုန်သလော''ဟု မေမြန်းလတ်သော် မစွမ်းနိုင်ပါကုန်ဟု သံတော်ဦးတင်ကြကုန်၏။ ထိုအခါ၌ ထိုနွားသားစားသူတို့ကို မင်းရင်ပြင်တော်၌ အမှိုက်သရိုက် သုတ်သင်သူ အလုပ်သမားတို့အဖြစ် ပြုလုပ်ကြကုန်၏။ ထိုနွားသားစားသူ အလုပ်သမားတို့၏ တစ်ဦးသော သမီးသည် အလွန် အဆင်းလှ၏၊ ရှုချင်စဖွယ် ရှိ၏၊ စိတ်ကြည်လင်ခြင်းကို ဖြစ်စေတတ်၏ = ကြည်ညိုဖွယ် ဂုဏ်ကို ဆောင်၏။ ထိုသတို့သမီးကို မြင်ရ၍ ဘာတိကမင်းသည် နန်းတော်တွင်းသို့ ဆောင်ယူ၍ အကျွမ်းဝင်သူ တို့၏ အရာဌာန၌ ထား၏။ ထိုသတို့သမီး၏ ဆွေမျိုးသားချင်းတို့သည်လည်း ထို သတို့သမီး၏ အာနုဘော်ကြောင့်
再广说一个事例:巴提迦王在位时,许多吃牛肉的人被捕送到王前。巴提迦王问大臣:‘你们能惩罚这些吃牛肉的人吗?’大臣禀报不能。于是国王令这些人在王宫庭院担任清扫垃圾的工役。其中一人的女儿极其美丽,悦目而令人心生净信。巴提迦王见到她,便把她带入宫中,安置在亲近侍从的位置。她的亲属也因这位女子的威势——
= ဥပဓိသမ္ပတ္တိနှင့် ပြည့်စုံအောင် တည်ထောင် ဖန်ဆင်းပေးလိုက်သော ကံပိုင်ရှင် ထို သတို့သမီး၏ တန်ခိုးကြောင့် ချမ်းသာစွာ အသက်မွေးကြရကုန်၏။ မှန်ပေသည် --- ထိုကဲ့သို့ ရှုအပ်သော ထိုမျှလောက် လှပတင့်တယ်သော ခန္ဓာကိုယ် အတ္တဘော၌ မကောင်းမှု အကုသိုလ်ကံတို့သည် အကျိုးပေးခြင်းငှာ မစွမ်းနိုင်ကုန်၊ ဤသို့လျှင် ဥပဓိ- သမ္ပတ္တိသည် တားမြစ်အပ်ကုန်သည်ဖြစ်၍ အကုသိုလ်ကံတို့သည် အကျိုးမပေးနိုင်ကုန်။ --- ဤသို့လျှင် ဘုရား ရှင်သည် ကွဲကွဲပြားပြား သိတော်မူ၏။ (အဘိ-ဋ္ဌ-၂-၄၂၁-၄၂၂။) ဥပဒေသ --- အထက်ပါ ပါဠိတော် အဋ္ဌကထာတို့၏ မိန့်ဆိုတော်မူချက်နှင့် ဖွင့်ဆိုတော်မူချက်အရ ---
——也就是使她具足所依成就的业之主所得的威势——而生活安乐。确实,在如此悦目、如此美好庄严的身体自体上,不善业无法给果;所依成就这样阻碍了不善业,使它们不能给果。佛陀对此分别了知。(《阿毗达磨义注》2-421—422。)教诫——依上述巴利圣典与义注的开示和解释:
原书第 235 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း တစ်ခုသော ကောင်းမှုကုသိုလ်ကံကြောင့် ဥပဓိသမ္ပတ္တိနှင့် ပြည့်စုံရခြင်းတည်းဟူသော အကျိုးတရားမှာ ကံကို ပြုစုပျိုးထောင်ခဲ့သူ ကံပိုင်ရှင်နှင့်သာ သက်ဆိုင်၍ အခြား အခြားသော ပဝတ္တိကောင်းကျိုးများမှာ ကံပိုင်ရှင်လည်း ရယူခံစားနိုင်၏၊ ကံပိုင်ရှင်နှင့် နီးစပ်ရာ ပုဂ္ဂိုလ်တို့လည်း ရယူခံစားနိုင်ကြ၏ဟု မှတ်ပါ။ ထိုကံကြောင့် ကံပိုင်ရှင် သည်လည်း ပဝတ္တိကောင်းကျိုး ချမ်းသာများကို ခံစားနိုင်၏၊ ကံပိုင်ရှင်နှင့် နီးစပ်ရာ ပုဂ္ဂိုလ်တို့သည်လည်း ပဝတ္တိ ကောင်းကျိုး ချမ်းသာများကို ခံစားနိုင်ကြ၏ဟု ဆိုလိုသည်။
由某一善业而获得所依成就,这一果只属于造作该业的业主;至于其他生命期间的善果,业主本人和与其亲近的人都可能获得、享受。也就是说,由于该业,业主本人能享受生命期间的善果与安乐,亲近业主的人也能享受这些善果与安乐。
၃။ သတ္တဝါ တစ်ဦး၏ သန္တာန်ဝယ် များစွာကုန်သော မကောင်းမှု အကုသိုလ်ကံတို့သည် ရှိကြကုန်၏။ ထို မကောင်းမှု အကုသိုလ်ကံတို့သည် ပျက်စီးသော ကာလဝိပတ္တိ၌ တည်သော ပုဂ္ဂိုလ်၏ သန္တာန်၌ = မကောင်းသော မင်း၊ မကောင်းသော လူတို့၏ ဖြစ်ထွန်း ပေါ်ပေါက်ရာ ကာလဝိပတ္တိ၌ လူဖြစ်လာရသော ပုဂ္ဂိုလ်၏ သန္တာန်၌ အကျိုးပေးနိုင်ကုန်လေရာ၏။ ထိုသို့ပင် အကျိုးပေးနိုင်ကုန်သော်လည်း ထိုသူသည် တစ်ခုသော ကောင်းမှုကုသိုလ် ကံကြောင့် ကမ္ဘာဦး၌ ဖြစ်ကြကုန်သော လူတို့၏သော်လည်းကောင်း၊ စကြဝတေးမင်း၏သော်လည်းကောင်း၊ ဘုရားရှင်တို့၏သော်လည်းကောင်း ပွင့်ထွန်း ပေါ်ပေါက်တော်မူရာ အခါဟူသော မင်းကောင်းမင်းမြတ်၊ သူတော် သူမြတ်တို့၏ ခေတ်အခါ ကာလ၌ လူလာဖြစ်ရ၏၊ ထိုကဲ့သို့သော ပြည့်စုံသော ကာလသမ္ပတ္တိ၌လည်း လူဖြစ်လာ ရသော ပုဂ္ဂိုလ်အား အကုသိုလ်ကံ၏ အကျိုးပေးခြင်းငှာ အခါအခွင့်သည် မရှိ ဖြစ်နေ၏။ စင်စစ်မှာမူ ကုသိုလ်ကံ၏
三、某一有情的相续中存在许多不善业。这些不善业,本可在处于时失坏者的相续中给果,也就是在恶王、恶人出现的不良时代投生为人者的相续中给果。虽然它们本可如此给果,此人却由于某一善业,投生在世界初成之人出现、转轮王出现或诸佛出世的时代,也就是贤明君主与善士兴盛的时代。在这种时成就中,不善业没有给果的时机;真正获得给果机会的只是善业——
သာလျှင် အကျိုးပေးဖို့ရန် အခါအခွင့်သည် ဖြစ်ပေါ်နေ၏။ ဤသို့လျှင် ကာလသမ္ပတ္တိသည် တားမြစ်အပ်ကုန်သည် ဖြစ်၍ အကုသိုလ်ကံတို့သည် အကျိုးမပေးနိုင်ကုန်။ --- ဤသို့လျှင် ဘုရားရှင်သည် ကွဲကွဲပြားပြား သိတော်မူ၏။
——因此,时成就阻碍了不善业,使它们不能给果。佛陀对此分别了知。
(အဘိ-ဋ္ဌ-၂-၄၂၂။)
(《阿毗达磨义注》2-422。)
ဧကန္တံ ကုသလဿေဝ သြကာသော --- စင်စစ် ကုသိုလ်၏သာလျှင် အကျိုးပေးဖို့ရန် အခွင့်သည် ဖြစ် ပေါ်နေ၏ဟူသော ဤစကားကို --- အချို့သော ရန်သူသည် ကာယသုစရိုက် ဝစီသုစရိုက် မနောသုစရိုက်တည်း ဟူသော သုစရိုက်တရားတို့ကို ဖြည့်ကျင့်ခြင်း သမထဝိပဿနာ ဘာဝနာတို့ကို အပတ်တကုတ် ကြိုးစားအားထုတ် ခြင်းတည်းဟူသော ကောင်းမွန် ပြည့်စုံသော ပယောဂသမ္ပတ္တိ၌ တည်နေသော (အရှင်မဟာမောဂ္ဂလဒာန် ကိုယ်တော် မြတ်ကြီး၊ မဟာတိဿ ကိုယ်တော်မြတ်ကြီး၊ ခန္တီဝါဒီရသေ့ကြီး စသည့် သူတော်ကောင်းကြီးတို့ကဲ့သို့သော) သူ တော်ကောင်း တစ်ဦးကို အကယ်၍မူလည်း နှိပ်စက် ညှဥ်းဆဲအံ့၊ သတ်ဖြတ်အံ့၊ ထိုသို့ပင် နှိပ်စက် ညှဥ်းဆဲ ခံရပါသော်လည်း ထိုနှိပ်စက် ညှဥ်းပန်း သတ်ဖြတ်ခြင်းသည် နှိပ်စက် ညှဥ်းဆဲ သတ်ဖြတ်သော ရန်သူ၏သာလျှင် မနာလိုခြင်း အစရှိသော အကြောင်းရှိခြင်းဟူသော ဖောက်ဖောက်ပြန်ပြန် စွဲယူထားခြင်းကြောင့် = ညှဥ်းပန်းနှိပ်
‘确实,只有善业有给果机会’——这句话的意思是:某个敌人即使折磨、杀害一位处于加行成就的善士——例如马哈摩嘎喇那尊者、马哈帝沙尊者、忍辱行仙人等;所谓加行成就,是奉行身善行、语善行、意善行,并精勤修习止与观——即使这位善士受到折磨、杀害,这种伤害也只是由于敌人以嫉妒等为根源的颠倒执取;也就是说,由于想要折磨杀害的敌人相续中生起嫉妒等法,由此形成颠倒、错误、误解而执取的心态——
စက် သတ်ဖြတ်လိုသော ရန်သူ၏သန္တာန်၌ ဖြစ်ပေါ်နေသော မနာလိုခြင်း ဣဿာတရား စသည်လျှင် အကြောင်း ရင်းခံရှိသော ဖောက်ဖောက်ပြန်ပြန် မှားမှားယွင်းယွင်း အထင်လွဲ အမြင်လွဲ စွဲယူထားသော စိတ်ဓာတ်ကြောင့် သာလျှင် ဖြစ်ပေါ်လာရ၏။ ကာယသုစရိုက် စသည်နှင့် ပြည့်စုံခြင်းတည်းဟူသော ထိုပယောဂသမ္ပတ္တိသည် သဘာဝအားဖြင့် = ဓမ္မတာအားဖြင့် ကောင်းမြတ်သော ချမ်းသာသော အကျိုး၏သာလျှင် အကြောင်းတရား ဖြစ်၏။ မကောင်းသော အကျိုး ဆင်းရဲသောအကျိုး၏ အကြောင်းတရား မဟုတ်ပေ။ --- ဤကဲ့သို့သော အနက် အဓိပ္ပါယ်ကို ရည်ရွယ်တော်မူ၍ အဋ္ဌကထာဆရာတော်က ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်၏။ (မူလဋီ-၂-၂၁ဝ။)
——才发生。具足身善行等的加行成就,依自然法则只会成为善妙、安乐果的原因,并不是恶果、苦果的原因。义注师正是意指这一层意义而作出上述解释。(《根本复注》2-210。)
(ခ) အုပ်စု ကံ (၄) မျိုး
(乙)组的四种业
၁။ အခြား တစ်ယောက်သော သတ္တဝါ၏ သန္တာန်၌လည်း များစွာကုန်သော မကောင်းမှု အကုသိုလ်ကံတို့သည် ရှိကြကုန်၏။ ထို မကောင်းမှု အကုသိုလ်ကံတို့သည် လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည်တည်းဟူသော ဂတိသမ္ပတ္တိ၌ တည်နေသော ထိုသတ္တဝါ၏သန္တာန်၌ အကျိုးမပေးနိုင်ကုန်သေးရာ။ ထိုသို့ပင် အကျိုးမပေးနိုင်ကုန်သေးသော်လည်း ထိုသတ္တဝါသည် တစ်ခုသော မကောင်းမှု အကုသိုလ်ကံကြောင့် အပါယ် (၄)ဘုံတည်းဟူသော ပျက်စီးသောဂတိ
一、另一有情的相续中也存在许多不善业。这些不善业,在该有情处于人界、天界、梵界等趣成就时,尚且不能给果。虽然它们尚不能给果,这位有情却由于某一不善业,而以结生投生于四恶趣等败坏之趣——
原书第 236 页
= ဂတိဝိပတ္တိ၌ပင်လျှင် ပဋိသန္ဓေအားဖြင့် ဖြစ်ရလေ၏။ ထို ဂတိဝိပတ္တိတည်းဟူသော အပါယ်ဘုံ၌ ထိုသတ္တဝါ၏ မကောင်းမှု အကုသိုလ်ကံတို့သည် အလှည့်ကျ အလှည့်ကျအားဖြင့် မကောင်းကျိုးကို ပေးကြကုန်၏၊ တစ်ရံ တစ်ခါ၌ ငရဲ၌ ဖြစ်စေကြကုန်၏၊ တစ်ရံတစ်ခါ၌ တိရစ္ဆာန်တို့၏ ပေါင်းစုံရာဌာန တိရစ္ဆာန် ဘုံဘဝ၌ ဖြစ်စေကြ ကုန်၏၊ တစ်ရံတစ်ခါ၌ ပြိတ္တာတို့၏ နယ်မြေ ပြိတ္တာ ဘုံဘဝ၌ ဖြစ်စေကြကုန်၏။ ရှည်မြင့်စွာသော အချိန်ကာလဖြင့် လည်း အပါယ်မှ ဦးခေါင်းကို မြှောက်ချီခြင်းငှာ မပေးကုန်။ ဤသို့လျှင် ဂတိသမ္ပတ္တိသည် တားမြစ်အပ်ကုန်သည်၏ အဖြစ်ကြောင့် အကျိုးကိုပေးခြင်းငှာ မစွမ်းနိုင် ဖြစ်နေကြကုန်သော အကုသိုလ်ကံတို့သည် ဂတိဝိပတ္တိသို့ ရှေးရှူ ရောက်၍ ဂတိဝိပတ္တိကို အစွဲပြု၍ အကျိုးပေးကြကုန်၏။ --- ဤသို့ ဘုရားရှင်သည် ကွဲကွဲပြားပြား သိတော်မူ၏။
——也就是趣失坏之中。在这一趣失坏的恶趣里,该有情的不善业轮番给出恶果:有时令他投生地狱,有时令他投生为形形色色的畜生,有时令他投生饿鬼境界;长久不让他从恶趣抬起头来。如此,那些由于受到趣成就阻碍而不能给果的不善业,在趋向、依于趣失坏时便会给果。佛陀对此分别了知。
(အဘိ-ဋ္ဌ-၂-၄၂၂။)
(《阿毗达磨义注》2-422。)
၂။ အခြား တစ်ယောက်သော သတ္တဝါ၏ သန္တာန်၌လည်း များစွာကုန်သော မကောင်းမှု အကုသိုလ်ကံတို့သည် ရှိကြကုန်၏။ ထို မကောင်းမှု အကုသိုလ်ကံတို့သည် ဥပဓိရုပ်ရည်၏ ပြည့်စုံခြင်း ဥပဓိသမ္ပတ္တိ၌ တည်နေသော ပုဂ္ဂိုလ်၏ သန္တာန်၌ အကျိုးမပေးနိုင်ကုန်ရာ၊ ထိုသို့ပင် အကျိုးမပေးနိုင်ကုန်သော်လည်း ထိုသတ္တဝါသည် တစ်ခုသော မကောင်းမှု အကုသိုလ်ကံကြောင့် ဥပဓိ၏ ပျက်စီးခြင်း ဥပဓိဝိပတ္တိ၌သာလျှင် တည်နေရ၏၊ မလှပသော အဆင်း ရှိ၏၊ မလှပသော ရုပ်ရည် ရှိ၏၊ မလှပသော ပုံသဏ္ဌာန် ရှိ၏၊ စက်ဆုပ်ဖွယ် ရှိ၏၊ တစ္ဆေ မြေဘုတ်နှင့် တူ၏။
二、另一有情的相续中也存在许多不善业。这些不善业,在具足美好身相这一所依成就者的相续中不能给果。虽然它们不能给果,这位有情却由于某一不善业而处于所依败坏,也就是所依失坏之中:容貌不美,形体丑陋,身相难看,令人厌恶,仿佛鬼怪。
ထိုသတ္တဝါသည် အကယ်၍ ကျွန်မ၏ ဝမ်း၌ ဖြစ်လာရသော အိမ်ပေါက်ကျွန် ဖြစ်ငြားအံ့ --- ''ဒီအလုပ်တွေဟာ ဒင်းနှင့် တန်ကုန်၏''ဟု ကြံ၍ ညစ်ပေသော အလုပ်အားလုံးတို့ကို ထိုသူကို ပြုစေကြကုန်၏၊ အယုတ်ဆုံးအားဖြင့် ပန်းမှိုက်သွန် ဘင်ကျုံးလုပ်ငန်းကို အစပြု၍ ညစ်ပေသော အလုပ်မှန်သမျှကို ပြုစေကြကုန်၏။ အကယ်၍ အမျိုး သမီး ဖြစ်အံ့၊ ''ဒီအလုပ်တွေဟာ ဒင်းနှင့် တန်ကုန်၏''ဟု နှလုံးပိုက်၍ ဆင်စာ ထမင်းချက်ခြင်း အစရှိကုန်သော ညစ်ပေသော လုပ်ငန်းရပ်တို့ကို ထိုအမျိုးသမီးကို ပြုစေကြကုန်၏။ အမျိုးကောင်းအိမ်၌ ဖြစ်ရပြန်ပါလည်း ထို အမျိုးကောင်းအိမ်၌ လူဖြစ်လာရသူကိုလည်း အခွန်အတုတ်ကို ကောက်ခံကြကုန်သော အမြတ်တော်ခွန်ဌာနမှ အရာရှိ အမှုထမ်း မင်းချင်းယောကျာ်းတို့သည် အိမ်ကျွန်မဟု မှတ်ထင်၍ နှောင်ဖွဲ့သွားကြကုန်၏၊ ကောတလဝါပီ ရွာ၌ သူကြွယ်ကြီး၏ အိမ်ရှင်မကဲ့သို့ မှတ်ပါ။ ဤသို့လျှင် ဥပဓိသမ္ပတ္တိသည် တားမြစ်အပ်ကုန်သည်၏ အဖြစ်ကြောင့်
若这位有情是女奴腹中所生的家生奴,主人便会想:‘这些工作正适合他。’于是让他从事各种污秽工作,最低贱的甚至包括倾倒花叶垃圾、清理厕所等一切脏活。若是女子,也会认为‘这些工作正适合她’,让她从事煮象食等污秽工作。即使她投生在良家,负责征收赋税的官差也可能把她当作家奴捆绑带走;应当想起拘多罗瓦比村富翁的妻子这一事例。如此,由于受到所依成就阻碍——
အကျိုးပေးဖို့ရန် မစွမ်းနိုင်ကြကုန်သော ကံတို့သည် ဥပဓိဝိပတ္တိသို့ ရှေးရှူရောက်၍ ဥပဓိဝိပတ္တိကို အစွဲပြု၍ အကျိုးပေးကြကုန်၏။ ဤသို့လျှင် ဘုရားရှင်သည် ကွဲကွဲပြားပြား သိတော်မူ၏။ (အဘိ-ဋ္ဌ-၂-၄၂၂-၄၂၃။) ၃။ အခြား တစ်ယောက်သော သတ္တဝါ၏ သန္တာန်၌လည်း များစွာကုန်သော မကောင်းမှု အကုသိုလ်ကံတို့သည် ရှိကြကုန်၏။ ထိုမကောင်းမှု အကုသိုလ်ကံတို့သည် စကြဝတေးမင်းကဲ့သို့သော မင်းကောင်းမင်းမြတ်တို့ ဖြစ်ထွန်းရာ ကာလ၊ ကမ္ဘာဦးကာလ၊ ဘုရားရှင်တို့ ပွင့်ထွန်းပေါ်ပေါက်တော်မူရာ သူတော်သူမြတ်တို့ ဖြစ်ထွန်းရာကာလ စသော ပြည့်စုံသောကာလဟူသော ကာလသမ္ပတ္တိ၌ လူဖြစ်လာရသော ပုဂ္ဂိုလ်၏ သန္တာန်၌ အကျိုးမပေးနိုင်ကုန်ရာ၊ ထိုသို့ပင် အကျိုးမပေးနိုင်ကုန်သေးသော်လည်း ထိုသတ္တဝါသည် တစ်ခုသော မကောင်းမှု အကုသိုလ်ကံကြောင့် ပျက်စီးသော ကာလတည်းဟူသော ကာလဝိပတ္တိ၌ မကောင်းသောမင်း မကောင်းသောလူတို့ ဖြစ်ထွန်းရာ အချိန်
——而不能给果的诸业,在趋向、依于所依失坏时便会给果。佛陀对此分别了知。(《阿毗达磨义注》2-422—423。)三、另一有情的相续中也存在许多不善业。这些不善业,在投生于时成就者的相续中不能给果;所谓时成就,就是转轮王等贤明君主兴盛的时代、世界初成的时代、诸佛出世而善士兴盛的时代等圆满时代。虽然它们尚不能给果,这位有情却由于某一不善业,投生在败坏的时代,也就是时失坏之中:恶王、恶人兴盛的时期——
ကာလ၌ အဖတ်အကာဖြစ်သော အဆီသြဇာ မရှိသော ဆယ်နှစ်တမ်း၌ လူဖြစ်လာရ၏၊ ယင်းကဲ့သို့သော ဆယ်နှစ် တမ်းကာလ၌ နွားနို့၊ ဆီဦး၊ ထောပတ်၊ ရက်တက်ရည်၊ ဒိန်ခဲဟူသော နွားမှဖြစ်သော အရသာ (၅)မျိုးတို့သည် ပြတ်ကုန်၏။ လူးထမင်းသည် အမြတ်ဆုံးဘောဇဥ် ဖြစ်နေ၏၊ လူ့လောက၌ အကယ်၍ လူပင် ဖြစ်လာရပါသော် လည်း သမင် သားကောင်တို့နှင့် တူသော အသက်မွေးရခြင်း ရှိနေ၏၊ ဤသို့ သဘောရှိသော ကာလဝိပတ္တိအခါ၌ ကုသိုလ်ကံ၏ အကျိုးပေးဖို့ရန် အခါအခွင့်ကား မရှိဖြစ်နေ၏၊ စင်စစ် အကုသိုလ်၏သာလျှင် အကျိုးပေးဖို့ရန် အခွင့်အလမ်းသည် ပွင့်လန်းလျက်ရှိနေပေ၏။ ဤသို့လျှင် ကာလသမ္ပတ္တိသည် တားမြစ်အပ်ကုန်သည်၏အဖြစ်
——以及人寿只有十年、食物没有精华滋养的时期。在这种十岁寿命的时代,牛奶、乳脂、黄油、酪浆、凝乳等五种牛乳制品全都绝迹,稗米饭已成为最上等的食物。即使生为人,也得像鹿等野兽一样谋生。在这样的时失坏中,善业没有给果的时机,真正敞开的只有不善业给果的机会。因此,那些由于受到时成就阻碍——
原书第 237 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း ကြောင့် အကျိုးကိုပေးခြင်းငှာ မစွမ်းနိုင်ဖြစ်နေကြကုန်သော အကုသိုလ်ကံတို့သည် ကာလဝိပတ္တိသို့ ရှေးရှူရောက် ၍ ကာလဝိပတ္တိကို အစွဲပြု၍ အကျိုးပေးကြကုန်၏။ - ဤသို့လျှင် ဘုရားရှင်သည် ကွဲကွဲပြားပြား သိတော်မူ၏။
——而不能给果的不善业,在趋向、依于时失坏时便会给果。佛陀对此分别了知。
(အဘိ-ဋ္ဌ-၂-၄၂၃။)
(《阿毗达磨义注》2-423。)
၄။ အခြား တစ်ယောက်သော သတ္တဝါ၏ သန္တာန်၌လည်း များစွာကုန်သော မကောင်းမှု အကုသိုလ်ကံတို့သည် ရှိကြကုန်၏။ ထိုမကောင်းမှု အကုသိုလ်ကံတို့သည် ပြည့်ပြည့်စုံစုံ ကြိုးစားအားထုတ်ထားအပ်သော ကာယပယောဂ ဝစီပယောဂ မနောပယောဂတည်းဟူသော ပယောဂသမ္ပတ္တိ၌ တည်နေသော ထိုသတ္တဝါ၏သန္တာန်၌ အကျိုးမပေး နိုင်ကုန်လေရာ၊ ထိုသို့ပင် အကျိုးမပေးနိုင်ကုန်သေးသော်လည်း ထိုသတ္တဝါသည် ပျက်စီးသောပယောဂရှိခြင်း တည်းဟူသော ပယောဂဝိပတ္တိ၌ တည်နေသည်ဖြစ်၍ သူ့အသက်ကို သတ်ခြင်း အစရှိကုန်သော အကုသိုလ် ကမ္မပထ (၁ဝ)ပါးတို့ကို = ဒုစရိုက် (၁ဝ)ပါးတို့ကို ပြုကျင့်၏။ ထိုသူ့ကို ခိုးထုတ်ခိုးထည် ခိုးရာပါပစ္စည်းနှင့်တကွ လက်ရဖမ်းယူ၍ ဘုရင်မင်းမြတ်အား ပြကြကုန်၏။ ရှင်ဘုရင်ထံသို့ သွင်းကြကုန်၏။ ဘုရင်မင်းကလည်း များစွာ ကုန်သော နှိပ်စက် ညှဥ်းပန်းမှုတို့ကို ပြုစေ၍ သတ်ရန် သေဒဏ်အမိန့် ချမှတ်လိုက်၏။ ဤသို့လျှင် ပယောဂ
四、另一有情的相续中也存在许多不善业。这些不善业,在该有情处于加行成就时不能给果;所谓加行成就,就是身加行、语加行、意加行均已得到充分努力。虽然它们尚不能给果,这位有情后来却处于加行败坏,也就是加行失坏之中,造作杀生等十不善业道,即十恶行。他携带赃物、人赃俱获,被捕送到国王面前;国王命人施以种种刑罚,并判处死刑。如此,那些由于受到加行——
သမ္ပတ္တိက တားမြစ်အပ်ကုန်သည်၏ အဖြစ်ကြောင့် အကျိုးကိုပေးခြင်းငှာ မစွမ်းနိုင် ဖြစ်နေကြကုန်သော အကုသိုလ် ကံတို့သည် ပယောဂဝိပတ္တိသို့ ရှေးရှူရောက်၍ ပယောဂဝိပတ္တိကို အစွဲပြု၍ အကျိုးပေးကြကုန်၏၊ -- ဤသို့လျှင် ဘုရားရှင်သည် သိတော်မူ၏။ -- ဤသို့လျှင် (၄)ပါးကုန်သော သမ္ပတ္တိတို့သည် တားမြစ်ထားအပ်သော မကောင်းမှု အကုသိုလ်ကံသည် အကျိုးကိုမပေးမူ၍ (၄)ပါးကုန်သောဝိပတ္တိတို့သို့ ရှေးရှူရောက်မှ (၄)ပါးကုန်သောဝိပတ္တိ တို့ကို အစွဲပြုရပါမှ အကျိုးကို ပေးနိုင်၏။ (အဘိ-ဋ္ဌ-၂-၄၂၃။)
——成就阻碍而不能给果的不善业,在趋向、依于加行失坏时便会给果。佛陀对此了知。总之,受到四种成就阻碍的不善业不能给果;只有趋向并依于四种失坏时,才能给果。(《阿毗达磨义注》2-423。)
ခေတ္တရပ်နား၍ စဥ်းစားကြည့်ပါ
暂停片刻,思考一下
အတိတ်ဘဝထိုထိုက ပြုစုပျိုးထောင်ထားခဲ့သော အကုသိုလ်ကံတို့သည်ကား သတ္တဝါတိုင်းဝယ် အနည်းနှင့် အများ ဆိုသလို ရှိကြ၏။ အသင်သူတော်ကောင်း၏ သန္တာန်၌လည်း အနည်းနှင့် အများကား ရှိနေမည်သာ ဖြစ်ပေသည်။ သမ္ပတ္တိတရား (၄)ပါးတို့ကား ထိုအကုသိုလ်ကံတို့ကို အကျိုးမပေးနိုင်အောင် တားမြစ်ထားနိုင်သော စွမ်းအားရှိကြ၏။ သို့သော် ဝိပတ္တိတရား (၄)ပါးတို့ကား အကုသိုလ်ကံတို့ကို မကောင်းကျိုးပေးနိုင်အောင် တံခါး ဖွင့်လျက် ဆီးကြိုနေကြ၏။
每一位有情的相续中,或多或少都有在过去各生造作培育的不善业;善士,你的相续中也一定或多或少存在这些业。四种成就具有阻碍这些不善业、使其不能给果的力量;四种失坏却仿佛敞开门户,迎候不善业前来给出恶果。
အကယ်၍ အသင်သူတော်ကောင်းသည် အတိတ်သံသရာ အဆက်ဆက်က ပြုစုပျိုးထောင်ခဲ့မိသော အကုသိုလ်ကံကြောင့် ဖြစ်ပေါ်လာမည့် မကောင်းသည့် ဆင်းရဲသည့် အကျိုးတရားတို့ကို အလိုမရှိခဲ့ပါမူ ယင်း အကုသိုလ်ကံတို့က မကောင်းသည့် ဆင်းရဲသည့် အကျိုးတရားတို့ကို မပေးစွမ်းနိုင်လောက်အောင် တားမြစ်ထား နိုင်သည့် စွမ်းအားရှိသော သမ္ပတ္တိတရား (၄)ပါးတို့ကို မိမိသန္တာန်၌ ပြည့်စုံနေအောင် ကြိုးပမ်းရပေမည်။
善士,如果你不希望承受过去轮回一生又一生所造作培育的不善业带来的恶劣、痛苦之果,就必须努力使自己的相续具足四种成就;它们具有足以阻碍这些不善业、使其不能给出恶劣痛苦之果的力量。
ထိုသမ္ပတ္တိတရား (၄)ပါးတို့တွင် ယခုအခါ အသင်သူတော်ကောင်း၏ သန္တာန်၌ --- ၁။ လူ့ဘဝကို ရရှိထားခြင်းတည်းဟူသော ဂတိသမ္ပတ္တိ၊ ၂။ အလွန်ကြီး အရုပ်မဆိုးခြင်း ခြေလက်အင်္ဂါ ပြည့်စုံခြင်းတည်းဟူသော ဥပဓိသမ္ပတ္တိ၊ ၃။ ဘုရားရှင်၏သာသနာတော် ထွန်းကားရာ သူတော်သူမြတ်တို့ ဖြစ်ထွန်းပေါ်ပေါက်ရာ အချိန်ကာလကောင်း ဟူသော ကာလသမ္ပတ္တိ၊ ဤ သမ္ပတ္တိတရား (၃)မျိုးတို့သည် ကမ္ဘာဦးကာလကဲ့သို့၊ ဘုရားပွင့်ရာကာလကဲ့သို့၊ စကြဝတေးမင်းတို့ ဖြစ်ထွန်းရာအခါကာလကဲ့သို့ အလွန်ကြီး အဆင့်မမြင့်စေကာမူ အထိုက်အလျောက် တည်လျက်ပင် ရှိကြ၏။
在这四种成就中,现在你的相续已经在相当程度上具备三种:一、获得人身这一趣成就;二、容貌不至于太丑、四肢健全这一所依成就;三、值遇佛陀教法兴盛、善士出现的良好时代这一时成就。虽然这三种成就还达不到世界初成、诸佛出世或转轮王出现时代那样高的层次,却都已各自具有相当的效力。
原书第 238 页
အသင်သူတော်ကောင်းအနေဖြင့် နောက်ထပ် ဖြည့်စွက်၍ လိုက်နာပြုကျင့်ရမည့် သမ္ပတ္တိမှာ ပယောဂသမ္ပတ္တိပင် ဖြစ်၏။ အသင်သူတော်ကောင်းသည် --- ၁။ ကာယကံ စင်ကြယ်မှု ရှိအောင် ကြိုးပမ်းပါ။
善士,你还需要补充并依教奉行的成就,就是加行成就。你应当:一、努力使身业清净。
၂။ ဝစီကံ စင်ကြယ်မှု ရှိအောင် ကြိုးပမ်းပါ။
二、努力使语业清净。
၃။ မနောကံ စင်ကြယ်မှု ရှိအောင် ကြိုးပမ်းပါ။
三、努力使意业清净。
ကာယကံ ဝစီကံ မနောကံများ အပြီးတိုင်စင်ကြယ်နိုင်ရေးအတွက် အသင်သူတော်ကောင်းသည် အရိယာ တို့၏ ဖြူစင်မြင့်မြတ်သော မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားကို စံချိန်မီ ဖြည့်ကျင့်ပါ။
为了使身业、语业、意业究竟清净,善士应当以达到标准的方式修习圣者清净殊胜的八支圣道。
၁။ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝတည်းဟူသော သီလမဂ္ဂင်ကို ဖြူစင်အောင် ဖြည့်ကျင့်ပါ။
一、清净地修习正语、正业、正命所构成的戒道支。
၂။ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိတည်းဟူသော သမာဓိမဂ္ဂင်ကို စံချိန်မီ ထူထောင်ပါ။
二、以达到标准的方式建立正精进、正念、正定所构成的定道支。
၃။ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပတည်းဟူသော ပညာမဂ္ဂင်ကို ပြည့်စုံအောင် ဖြည့်ကျင့်ပါ။ စတုသစ္စသမ္မာဒိဋ္ဌိဉာဏ်ကို ရအောင် ကြိုးပမ်းပါ။
三、圆满修习正见、正思惟所构成的慧道支;努力成就四圣谛正见智。
အသင်သူတော်ကောင်း၏ --- ၁။ ဖြူစင်သော သီလ၊ ၂။ တည်ကြည်သော ဥပစာရသမာဓိ အပ္ပနာသမာဓိ၊ ၃။ သစ္စာလေးပါးကို အမှန်အတိုင်း ထိုးထွင်းသိမြင်တတ်သော သမ္မာဒိဋ္ဌိဉာဏ်ပညာ --- ဤ သီလ သမာဓိ ပညာဟူသော သိက္ခာသုံးရပ် အကျင့်မြတ်တို့သည် အသင်သူတော်ကောင်း၏ ကာယကံ ဝစီကံ မနောကံတို့ကို စင်ကြယ်အောင် ဆေးကြောသုတ်သင်ပေးသည့် အရိယမဂ် ရေစင်တို့ပင် ဖြစ်ကြသည်။
善士,你所具备的:一、清净之戒;二、稳定的近行定与安止定;三、能够如实洞彻知见四圣谛的正见智——戒、定、慧三学这些殊胜行,正是洗涤净化你身业、语业、意业的圣道净水。
ယင်းသို့ ကာယကံ စင်ကြယ်မှု ရှိအောင်၊ ဝစီကံ စင်ကြယ်မှု ရှိအောင်၊ မနောကံ စင်ကြယ်မှု ရှိအောင် ကြိုးစား အားထုတ်ခြင်းကို ကာယပယောဂ ဝစီပယောဂ မနောပယောဂဟု ဆို၏။ ယင်းပယောဂနှင့် ပြည့်စုံခြင်းကို ပယောဂသမ္ပတ္တိဟု ဆိုသည်။ ယင်းပယောဂသမ္ပတ္တိစက်နှင့်လည်း ပြည့်စုံလျှင် အသင်သူတော်ကောင်း၏ သန္တာန်၌ ဂတိ၊ ဥပဓိ၊ ကာလ၊ ပယောဂဟူသော သမ္ပတ္တိ (၄)ပါးလုံး စုံလင်သွားပြီ ဖြစ်၏။ ယင်း သမ္ပတ္တိတရား (၄)ပါးတို့က အတိတ်သံသရာ အဆက်ဆက်က ပြုစုပျိုးထောင်ခဲ့မိသော ဆောက်တည်ထားအပ်သော အကုသိုလ်ကံတို့ကို အကျိုးပေးခွင့်မရအောင် တားမြစ်ထားကြမည် ဖြစ်ပေသည်။ ထိုကြောင့် အသင်သူတော်ကောင်းသည် ဆင်းရဲသည့် မကောင်းသည့် အကျိုးတရားတို့ကို အလိုမရှိခဲ့ပါလျှင် အသင်သူတော်ကောင်း၏ ကာယကံ ဝစီကံ မနောကံတို့ကို ဖြူစင်အောင် ဆေးကြောသုတ်သင်ပေးနိုင်သည့် ပြုပြင်ပြောင်းလဲပေးနိုင်သည့် သီလ သမာဓိ ပညာ သိက္ခာသုံးရပ်
像这样努力使身业、语业、意业清净,称为身加行、语加行、意加行;具足这些加行,称为加行成就。若又具足加行成就这一运作条件,你的相续中便已齐备趣、所依、时、加行四种成就。这四种成就将会阻碍过去轮回一生又一生所造作培育的不善业,使它们得不到给果机会。因此,善士,如果你不希望得到痛苦、恶劣之果,就应恭敬勤勉地修习能够洗涤净化、改造转化身业、语业、意业的戒、定、慧——三学——
အကျင့်မြတ်တို့ကို ရိုသေကြိုးနွံစွာ ဖြည့်ကျင့်ပါ။ စိတ်ဓာတ်ကို ပြုပြင်ပြောင်းလဲပေးပါ။ ''လူ မလုံ့လ နတ် မမဘူး'' ဟူသော ဆိုရိုးစကားနှင့်အညီ ပယောဂစက် ချို့တဲ့ပျက်စီးခဲ့လျှင် အကုသိုလ်ကံများမှာ ရှေ့တန်းသို့တက်လာ၍ ကုသိုလ်ကံတို့မှာ အကျိုးပေးဖို့ရန် အခါအခွင့် မသင့် ရှိတတ်ချေ၏။ သတိပြုလေ။
——这些殊胜行;应当改造自己的心。俗话说:‘人若不努力,天神也不帮助。’如果加行这一运作环节有所欠缺、败坏,不善业便会走到前列,善业反而没有适当的给果机会。应当留意这一点。
ဥပမာဆောင်၍ ပြဆိုပုံ
举例说明
ယောကျာ်းတစ်ဦးသည် တိုင်းပြည်၌ အကျိုးရှိသည့် လုပ်ငန်းရပ်တစ်ခုကို ရွက်ဆောင်ပေးခြင်းဖြင့် ရှင်ဘုရင်ကို နှစ်သက်စေရာ၏။ ထိုအခါ၌ ထိုယောကျာ်းအား ဘုရင်မင်းက ရာထူး တစ်ခုကို ပေး၍ ဇနပုဒ် တစ်ခုကို မြို့စား ရွာစားအဖြစ် ပေးလေရာ၏။ ထိုယောကျာ်းသည် ထိုဇနပုဒ်ကို ကောင်းစွာ သုံးစွဲခြင်းငှာ တရားသော နည်းလမ်းဖြင့် ရရှိသော အခွန်အတုတ်ဖြင့် ခံစားခြင်းငှာ ကျေနပ် ရောင့်ရဲခြင်းငှာ မစွမ်းနိုင်ဖြစ်နေ၏။ တောတိရစ္ဆာန် ဖြစ်သော
有一个男子为国家办成一件有益之事,使国王欢喜。国王便授予他一个官职,并把一个地方封给他作为食邑。可是,这个男子不懂得善加治理该地,也不能满足于依法取得并享用赋税收入;他就像一种野生动物——
原书第 239 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း မျောက်သည် ထမင်းထုတ်ကို ရရှိသောအခါ ထမင်းထုတ်အပေါ်က ဖွဲ့ချည်ထားသော ကြိုးကိုဖြေ၍ စားရမှန်းကို မသိသဖြင့် ထမင်းထုတ်၏ ဘေးကဖြစ်စေ၊ အောက်ကဖြစ်စေ တစ်စုံတစ်ခုသော အရပ်၌ ခွဲ၍ ပျက်စီးစေသကဲ့သို့ ဤဥပမာအတူ နည်းလမ်း ဥပါယ်၌ မကျွမ်းကျင်သော ယောကျာ်းသည်လည်း တရားသောနည်းလမ်းဖြင့် ရရှိသော အခွန်အတုတ် လစာ ရိက္ခာတည်းဟူသော စည်းစိမ်တို့ကို သုံးဆောင် ခံစားဖို့ရန် မသိပေ၊ မလိုက်နာပေ၊ ပျက်စီး စေ၏။
——猴子得到饭包以后,不知道解开包上的绳子再吃,反而从侧面或底部随处撕破,把饭包毁坏。这个不善于方法的男子也像猴子一样,不知道依规取用、享受依法所得的赋税、俸禄与粮饷,既不遵守规则,又把一切弄坏。
မိမိ အပိုင်စားရသော ဇနပုဒ်တွင် နေထိုင်သူ တစ်ဦးဦး၏ ကောင်းသော သဘောရှိသော ယာဥ်ရထား ကျွန်ယောကျာ်း ကျွန်မိန်းမ အာရာမ် = ဥယျာဥ် လယ်ယာ တစ်ခုခုကို တွေ့မြင်၏၊ တွေ့သမျှ အားလုံးကို အနိုင် အထက် လုယူ၏။ ဇနပုဒ်၌ နေထိုင်သူတို့သည် --- ''ဤသူကား မင်း၏အကျွမ်းဝင်သူတည်း'' ဤသို့ စဥ်းစားကြ၍ တစ်စုံတစ်ခုသော စကားကို ပြောဆိုခြင်းငှာ မဝံ့မရဲ ဖြစ်နေကြ၏၊ မစွမ်းနိုင် ဖြစ်နေကြ၏။
他只要看见食邑中某位居民拥有好的车辆、男奴、女奴、园林或田地,便一概强行夺取。当地居民想到‘他是国王的亲信’,都不敢也不能出面说一句话。
ထိုဇနပုဒ်ကို အပိုင်စားရသော ထိုယောကျာ်းသည် အခြားသော သာ၍ မင်းကျွမ်းဝင်သော မင်း၏အမတ်ကြီး အပေါ်၌ စော်ကားပြန်၏။ ထိုအမတ်ကြီးသည် ထိုသူကို ဖမ်းယူ၍ ကောင်းစွာထောင်းထုအပ်သည် မည်လောက် အောင် ထောင်းထုစေ၍ မြေကို ကျောက်ကုန်းဖြင့် ပွတ်တိုက်စေ၍ ဆွဲထုတ်စေ၍ မင်းသို့ချဥ်းကပ်၍ --- ''အရှင် မင်းမြတ် ဤမည်သောသူသည် အရှင်မင်းမြတ်၏ ဇနပုဒ်ကို ဖျက်ဆီးပါ၏။'' --- ဤသို့ သံတော်ဦး တင်၍ ဖမ်းယူစေရာ၏။ ဘုရင်မင်းကြီးကလည်း အချုပ်ထောင်၌ ချုပ်နှောင်စေ၍ --- ''ထိုအမည်ရှိသူသည် အဘယ်သူ၏ အဘယ်အရာဝတ္ထုကို ဆောင်ယူအပ်သနည်း'' - ဤသို့ မြို့ထဲ၌ စည်ကို လည်စေရာ၏။ လူတို့သည် လာလတ်ကုန်- ၍ - ''ကျွန်တော်မျိုး၏ ဤမည်သော ဥစ္စာကို ယူအပ်ပါပြီ၊ ကျွန်တော်မျိုး၏ ဤမည်သော ဥစ္စာကို ယူအပ်ပါပြီ၊'' ဤသို့ အော်ဟစ်သံပေါင်း အထောင်ကို ထစေကုန်ရာ၏။ ဘုရင်မင်းကြီးသည် တိုင်းထက်အလွန် စိတ်ဆိုးသည်
后来,这个食邑主又冒犯了另一位与国王更亲近的大臣。大臣把他抓起来,命人痛打一顿,拖过粗粝地面,再带到国王面前,禀报说:‘陛下,这个人正在毁坏陛下的地方。’国王命人把他关进牢狱,又在城中击鼓宣告:‘这个人拿走过谁的什么东西?’人们纷纷前来,高声控诉:‘他拿走了我的某件财物!他拿走了我的某件财物!’这样的呼声成千上万。国王听后勃然大怒——
ဖြစ်၍ ထိုသူကို အချုပ်ထောင်၌ နည်းအမျိုးမျိုးဖြင့် ညှဥ်းပန်းနှိပ်စက်ရန် အမိန့်ချလိုက်၏။ သေဒဏ်ပေးလိုက်၏။
——下令在牢中以种种方式折磨他,并判处死刑。
အလောင်းကို သုသာန်၌ စွန့်ပစ်ရန် အမိန့်ချလိုက်၏။ ခတ်ထားသော လက်ထိပ်ခြေထိပ်တို့ကို ပြန်ယူဆောင်ခဲ့ရန် အမိန့်ပေးလိုက်၏။ ဤဥပမာအတူ မှတ်ပါ။ (အဘိ-ဋ္ဌ-၂-၄၂၃-၄၂၅။)
国王又下令把尸体丢在坟场,并把铐在他手脚上的镣铐带回来。应当记住这个譬喻。(《阿毗达磨义注》2-423—425。)
ဥပမာနနှင့် ဥပမေယျ နှီးနှော၍ ပြဆိုပုံ
譬喻与所喻的对照说明
ထိုယောကျာ်း၏ တိုင်းပြည်အတွက် တစ်စုံတစ်ခုသော လုပ်ငန်းဖြင့် ရှင်ဘုရင်ကို နှစ်သက်စေ၍ ရာထူးဌာ- နန္တရကို ရအပ်ရာအခါကဲ့သို့ ပုထုဇန်၏လည်း တစ်စုံတစ်ခုသော ကောင်းမှုကုသိုလ်ကြောင့် နတ်ပြည် နတ်လောက ၌ ဖြစ်ရာအခါကို မှတ်ပါ။ ထိုယောကျာ်းသည် ဇနပုဒ်ကို ဖျက်ဆီး၍ ဇနပုဒ်နေသူ လူတို့၏ ဥစ္စာကို ယူလတ်သော် တစ်စုံတစ်ယောက်သော ဥစ္စာရှင်၏ တစ်စုံတစ်ခုသော စကားကို ပြောဆိုခြင်းငှာ မရဲဝံ့ မစွမ်းနိုင်ရာ အခါကဲ့သို့ ဤယောကျာ်းသည်လည်း နတ်ပြည်နတ်လောက၌ ဖြစ်လတ်သော် အကုသိုလ်ကံ၏ အကျိုးပေးရန် အခွင့်အခါကို မရရာအခါကို မှတ်သားပါ။ ထိုယောကျာ်း၏ တစ်နေ့သ၌ တစ်ယောက်သော မိမိထက် သာ၍ မင်းကျွမ်းဝင်သော အမတ်ကြီး၌ စော်ကားမိ၍ ထိုမိမိထက် သာ၍ မင်းကျွမ်းဝင်သော အမတ်ကြီးက စိတ်ဆိုးသည်ဖြစ်၍ ထို ယောကျာ်းကို ထောင်းထုစေ၍ ဘုရင်မင်းကြီးအား သံတော်ဦးတင်၍ အချုပ်ထောင်၌ နှောင်ဖွဲ့စေအပ်ရာအခါကို
譬如那个男子为国家做成一件事,令国王欢喜而得到官职;同样,应当把凡夫由于某一善业而投生天界理解为这种情形。譬如那个男子毁坏食邑、夺取居民财物时,没有一个财物主人敢出面说话;同样,应当把此人投生天界以后,不善业得不到给果机会理解为这种情形。又譬如那个男子后来冒犯一位与国王更加亲近的大臣,大臣发怒,命人痛打他,向国王禀报,并把他关进牢狱——
ကဲ့သို့ ဤယောကျာ်း၏ နတ်ပြည်မှ စုတေ၍ ငရဲ၌ဖြစ်ရာအခါကို မှတ်သားပါ။ ဥစ္စာရှင်ဖြစ်ကြကုန်သော ဇနပုဒ်နေသူ လူတို့က - ''ကျွန်တော်မျိုး၏ ဤမည်သော ဥစ္စာကို ယူအပ်ပါပြီ၊ ကျွန်တော်မျိုး၏ ဤမည်သော ဥစ္စာကို ယူအပ် ပါပြီ၊'' - ဤသို့ အော်ဟစ်ရာအခါကိုကဲ့သို့ ထိုယောကျာ်းသည် ငရဲ၌ဖြစ်လတ်သော် အလုံးစုံသော အကုသိုလ် ကံတို့၏ ပေါင်းစု၍ ဖမ်းယူရာအခါကို မှတ်ပါ။ သုသာန်၌ စွန့်ပစ်ခဲ့ပြီးနောက် ခတ်ထားသော လက်ထိပ် ခြေထိပ် တို့ကို ပြန်ဆောင်ယူလာရာအခါကိုကဲ့သို့ တစ်ခုတစ်ခုသော ကံသည် ကုန်ပြီးလတ်သော် အကျိုးပေးပြီးလတ်သော်
——同样,应当把此人从天界死亡后投生地狱理解为这种情形。譬如食邑中的财物主人纷纷高声控诉‘他拿走了我的某件财物!他拿走了我的某件财物!’;同样,应当把此人投生地狱后,所有不善业汇集起来将他抓住理解为这种情形。又譬如尸体被丢在坟场后,手铐脚镣会被带回;同样,应当把一种业耗尽、已经给果以后——
原书第 240 页
အခြားသော ကံ၏ အကျိုးကြောင့် ငရဲမှ ဦးခေါင်းကို မမြှောက်ချီနိုင်မူ၍ အလုံးစုံသော ကမ္ဘာပတ်လုံး ငရဲ၌ ကျက်ရာအခါကို ငရဲဒုက္ခ ခံစားရရာအခါကို မှတ်ပါ။ မှန်ပေသည် --- ကမ္ဘာပတ်လုံး ငရဲ၌ တည်နေရခြင်းသဘော ရှိသော ကံကို ပြုကျင့်ခဲ့မိခြင်းကြောင့် တစ်ကမ္ဘာပတ်လုံး ငရဲ၌ ကျက်ရသောဒုက္ခ ခံရသော သတ္တဝါတို့သည်ကား တစ်ယောက်လည်းမက၊ နှစ်ယောက်လည်းမက၊ တစ်ရာလည်းမက၊ တစ်ထောင်လည်းမကပေ။ ဤသို့ ငရဲ၌ ကျက်နေရသော ငရဲဒုက္ခ ခံနေရသော သတ္တဝါတို့သည် ရေတွက်ခြင်း ဂဏန်းသင်္ချာ၏လမ်းကို ကျော်လွှားလွန်- မြောက်၍ သွားကြကုန်သတတ်။ (အဘိ-ဋ္ဌ-၂-၄၂၄။)
——由于另一种业的果,此人仍无法从地狱抬起头来,乃至整个世界周期都在地狱受苦,理解为这种情形。确实,由于造下能够令其整个世界周期都住在地狱的业,而在一整个世界周期中遭受地狱苦的有情,不只一个,不只两个,不只一百,也不只一千;这些正在地狱中煎熬、承受地狱苦的有情,早已超出数字所能计算的范围。(《阿毗达磨义注》2-424。)
(ဂ) အုပ်စု - ကံ (၄) မျိုး
(丙)组的四种业
၁။ ဤလောက၌ အချို့သော ပုဂ္ဂိုလ်၏ သန္တာန်၌ ပြုစုပျိုးထောင်ထားအပ်ပြီးကုန်သော များစွာကုန်သော ကောင်းမှုကုသိုလ်ကံတို့သည် ရှိကြကုန်၏။ ထိုကံတို့သည် လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည်တည်းဟူသော ဂတိသမ္ပတ္တိ ၌ တည်နေသော ကောင်းမှုရှင်၏ သန္တာန်၌ အကျိုးပေးနိုင်ကုန်ရာ၏။ (ထိုကောင်းမှုရှင်သည် ဂတိသမ္ပတ္တိ၌ တည်နေခဲ့လျှင် ထိုကုသိုလ်ကံတို့က အကျိုးပေးနိုင်ကုန်ရာ၏ဟု ဆိုလိုသည်။) သို့သော် ထိုကောင်းမှုရှင်သည် တစ်ခုသော မကောင်းမှု အကုသိုလ်ကံကြောင့် ဂတိဝိပတ္တိဖြစ်သော ငရဲ၌သော်လည်းကောင်း၊ အသုရကာယ်ဘုံ၌ သော်လည်းကောင်း ဖြစ်နေရပြန်၏။ ထိုကဲ့သို့သော အရပ်ဌာန၌လည်း ကုသိုလ်ကံသည် အကျိုးကို ပေးခြင်းငှာ မစွမ်းနိုင် ဖြစ်နေပြန်၏။ စင်စစ်မှာမူ အကုသိုလ်ကံကသာလျှင် အကျိုးကို ပေးခြင်းငှာ စွမ်းနိုင်နေ၏၊ ဤသို့လျှင် ထိုကောင်းမှုရှင် သတ္တဝါ၏ ပြုစုပျိုးထောင်ထားအပ်ပြီးကုန်သော ကုသိုလ်ကံတို့သည် ဂတိဝိပတ္တိသည် တားမြစ်ထား
一、此世间某人的相续中,存在许多已经造作培育的善业。这些业,本可在处于人界、天界、梵界等趣成就的业主相续中给果〔也就是说,如果业主处于趣成就,这些善业便能给果〕。然而,这位业主却由于某一不善业,投生在趣失坏的地狱或阿修罗界。在这样的地方,善业不能给果,真正能够给果的只有不善业。因此,这位业主有情已经造作培育的善业,由于受到趣失坏——
အပ်ကုန်သည် ဖြစ်၍ အကျိုး မပေးနိုင်ကုန်။ --- ဤသို့ ဘုရားရှင်သည် ကွဲကွဲပြားပြား သိတော်မူ၏။
——阻碍而不能给果。佛陀对此分别了知。
၂။ အခြားတစ်ယောက်သော ပုဂ္ဂိုလ်၏ သန္တာန်၌ ပြုစုပျိုးထောင်ထားအပ်ပြီးကုန်သော ဆောက်တည်ထား အပ်ပြီးကုန်သော များစွာကုန်သော ကောင်းမှုကုသိုလ်ကံတို့သည် ရှိကြကုန်၏။ ထိုကောင်းမှုကုသိုလ်ကံတို့သည် ရုပ်ရည်၏ လှပတင့်တယ်ခြင်း ဥပဓိသမ္ပတ္တိ၌ တည်နေသော ကောင်းမှုရှင်၏သန္တာန်၌ အကျိုးပေးနိုင်ကုန်ရာ၏။
二、另一人的相续中,存在许多已经造作培育、已经造作成立的善业。这些善业,本可在具足美好身相这一所依成就的业主相续中给果。
(ထိုကောင်းမှုရှင်သည် ဥပဓိသမ္ပတ္တိ၌ တည်နေခဲ့လျှင် ဥပဓိသမ္ပတ္တိနှင့် ပြည့်စုံခဲ့လျှင် ထိုကုသိုလ်ကံတို့သည် အကျိုး ပေးနိုင်ကုန်ရာ၏။) သို့သော် ထိုကောင်းမှုရှင်သည် တစ်ခုသော မကောင်းမှု အကုသိုလ်ကံကြောင့် ပျက်စီးသော ဥပဓိရုပ်ရည်ရှိခြင်း ဥပဓိဝိပတ္တိ၌ တည်နေရသည်ဖြစ်၍ ရုပ်အဆင်းမလှမပ ဖြစ်နေ၏။ တစ္ဆေမြေဘုတ်နှင့် တူနေ ၏။ ထိုပုဂ္ဂိုလ်သည် မင်းမျိုးမင်းနွယ်၌ လူဖြစ်လာရသည် အကယ်၍မူလည်း ဖြစ်စေဦးတော့၊ ဤသို့ပင် မင်းမျိုး မင်းနွယ်၌ လူဖြစ်လာရပါသော်လည်း ခမည်းတော်မင်းတရားကြီး ကွယ်လွန်သောအခါ၌ ''အသေရေ မရှိသော ဤမင်းသားအား တိုင်းပြည်အုပ်ချုပ်မင်းလုပ်ခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း'' - ဤသို့ တိုင်းသူပြည်သားတို့က ပြောဆိုခြင်းကြောင့် မင်းအဖြစ်ကို မရနိုင် ရှိတတ်၏။ စစ်သူကြီးအိမ် စသည်တို့၌ အကယ်၍ လူဖြစ်လာရသည် ဖြစ်စေဦးတော့၊ ထိုသို့ပင်ဖြစ်ပါသော်လည်း စစ်သူကြီးရာထူး စသည်တို့ကို မရနိုင်ရှိတတ်၏။ ဤအရာ၌ ဤယခု
〔也就是说,如果业主处于所依成就、具足所依成就,这些善业便能给果。〕然而,这位业主却由于某一不善业而处于所依败坏,也就是所依失坏之中,容貌丑陋,仿佛鬼怪。即使投生王族,父王去世后,国人也可能议论:‘让这个毫无威仪的王子治理国家,能有什么好处?’因而不让他继承王位。即使投生将军等家族,也可能得不到将军等职位。为了清楚说明这里所说的意义——
ပြောဆိုနေသော အနက်အဓိပ္ပါယ်ကို ထင်ရှားစွာ ဖြစ်စေခြင်းအကျိုးငှာ ဒီပမင်း၏ ဝတ္ထုကို ပြောဆိုထိုက်၏။
——应当讲述迪帕王的故事。
ဒီပမင်း၏ ခမည်းတော် မင်းတရားကြီးသည် သားရတနာ မွေးဖွားလတ်သော် မိဖုရားအား ကြည်ညို၍ ဆုကို ပေးသနား၏။ မိဖုရားကလည်း ဆုကိုယူ၍ထား၏။ မင်းသားကလေး ခုနစ်နှစ် ရှစ်နှစ် အရွယ်ရှိရာအခါ၌ပင် မင်းရင်ပြင်၌ ကြက်တိုက်ပွဲတစ်ခု ကျင်းပလျက် ကြက်တို့ကို ခွပ်စေ၏။ တစ်ကောင်သော ကြက်သည် ပျံတက်၍ မင်းသားငယ်၏မျက်စိတို့ကို ဖောက်ခွဲလိုက်၏။ မျက်လုံး နှစ်လုံးလုံး ပျက်စီးသွား၏။ မင်းသား၏မယ်တော်ဖြစ်သော မိဖုရားသည် သား၏ (၁၅)နှစ် (၁၆)နှစ်အရွယ် ရှိရာအခါ၌ မင်းအဖြစ်ကို ဆောင်စေအံ့ဟု ကြံစည် စဥ်းစား၍ ရှင်ဘုရင်ထံသို့ ချဥ်းကပ်၍ သံတော်ဦးတင်၏ - ''အသို့နည်း အရှင်မင်းမြတ် …အရှင်မင်းမြတ်တို့သည် မင်းသား
迪帕王的父王在王子出生时,因欢喜王后而赐给她一个恩愿,王后把恩愿保留下来。小王子七八岁时,宫廷广场举行斗鸡,一只鸡飞起啄伤王子的双眼,两眼都坏了。到了王子十五六岁时,王后打算让他继承王位,便来到国王面前禀报:‘陛下,王子出生时,陛下曾赐我一个恩愿——
原书第 241 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း ငယ်၏ မွေးဖွားရာအခါကာလ၌ ဆုကို ပေးသနားတော်မူခဲ့၏။ နှမတော်သည် ထိုဆုကို ယူ၍ထားခဲ့ပြီ၊ ယခုအခါ၌ ထိုဆုကို ယူလိုပါ၏'' - ဟု ဤသို့ သံတော်ဦးတင်လိုက်၏။ ''အရှင်မိဖုရား …ကောင်းပြီ၊ အလိုရှိရာ ဆုကို ယူပေတော့'' - ဟု ဆို၏။
——我一直把它保留到现在,如今想要领取。’国王说:‘王后,好吧,你想要什么恩愿,就领取吧。’
''အရှင်မင်းမြတ် …နှမတော်သည် အရှင်မင်းမြတ်တို့၏ အထံမှ တစ်စုံတစ်ခုသော မရဖူးသေးသော ဆု မည်သည် မရှိပါ၊ ယခုအခါ၌ကား နှမတော်၏သားတော်အား မင်းအဖြစ်ကို ပေးပါလော့'' - ဤသို့ သံတော်ဦး တင်လိုက်၏။
王后禀报:‘陛下,我从陛下这里并没有未曾得到过的赏赐;现在只求陛下让我的儿子继承王位。’
''အရှင်မိဖုရား …အသင်၏ သားတော်သည်ကား ကိုယ်အင်္ဂါ ချို့တဲ့နေ၏။ ထို သင့်သားတော်အား မင်းအဖြစ်ကို ပေးခြင်းငှာ မတတ်ကောင်းပါ'' - ဤသို့ ပြောဆိုလိုက်၏။
国王说:‘王后,你的儿子身体残缺,不适合把王位交给他。’
''အရှင်မင်းမြတ်တို့သည် ကျွန်တော်မ၏ နှစ်သက်သော ဆုကို ပေးခြင်းငှာ မစွမ်းနိုင်ကုန်ပါဘဲလျက် အဘယ် ကြောင့် ဆုကို ပေးခဲ့ပါကုန်သနည်း'' - ဤသို့ သံတော်ဦးတင်လိုက်ပြန်၏။
王后又禀报:‘陛下既然不能赐给我想要的恩愿,当初为什么还要赐愿呢?’
ဘုရင်မင်းကြီးသည် အလွန်အကဲသာလျှင် စကားဖြင့် နှိပ်စက်အပ်ကုန်သည်ဖြစ်၍ = စကားနာ အထိုးခံရသည် ဖြစ်၍ - ''သင်၏သားတော်အား လင်္ကာကျွန်း တစ်ကျွန်းလုံး၌ မင်းအဖြစ်ကို ပေးခြင်းငှာ မတတ်ကောင်းပါ၊ နာဂဒီပကျွန်း၌ကား ထီးဖြူကို စိုက်ထူစေ၍ နေစေလော့'' - ဟု ပြောဆို၍ နာဂဒီပကျွန်းသို့ ပို့လိုက်၏။ ထိုမင်းသား သည် ဒီပမင်း မည်သည် ဖြစ်လေပြီ။ မျက်စိချို့တဲ့သူ အကယ်၍ မဖြစ်ငြားအံ့၊ ဤသို့ မျက်စိမချို့တဲ့လတ်သော် ယူဇနာ (၃ဝဝ) ရှိသော သီဟိုဠ်ကျွန်း တစ်ကျွန်းလုံး၌ အလုံးစုံသော သမ္ပတ္တိ အခြံအရံရှိသော မင်းအဖြစ်ကို ရလေရာ၏။ ဤသို့လျှင် ဆောက်တည်ထားအပ်ပြီးကုန်သော ပြုစုပျိုးထောင်အပ်ပြီးကုန်သော ကုသိုလ်ကံတို့ သည် ဥပဓိဝိပတ္တိသည် တားမြစ်အပ်ကုန်သည်ဖြစ်၍ အကျိုးမပေးနိုင်ကုန်။ --- ဤသို့ ဘုရားရှင်သည် ကွဲကွဲ ပြားပြား သိတော်မူ၏။ (အဘိ-ဋ္ဌ-၂-၄၂၅။) ၃။ အခြားတစ်ယောက်သော ပုဂ္ဂိုလ်၏ သန္တာန်၌လည်း ပြုစုပျိုးထောင်ထားအပ်ပြီးကုန်သော ဆောက်တည်
国王被这番尖锐的话深深刺痛,便说:‘不能让你的儿子统治整个兰卡岛,但可以让他在那伽洲竖起白伞居住。’于是把王子送往那伽洲;这位王子便被称为迪帕王。如果他的双眼没有残缺,本可成为统治三百由旬整个楞伽岛、具足一切成就与眷属的国王。如此,已经造作成立、已经造作培育的善业,由于受到所依失坏阻碍而不能给果。佛陀对此分别了知。(《阿毗达磨义注》2-425。)三、另一人的相续中,也存在许多已经造作培育、已经造作——
ထားအပ်ပြီးကုန်သော များစွာကုန်သော ကောင်းမှုကုသိုလ်ကံတို့သည် ရှိကြကုန်၏။ထိုကောင်းမှုကုသိုလ်ကံတို့သည် ကာလသမ္ပတ္တိ၌ တည်နေသော ပုဂ္ဂိုလ်၏ သန္တာန်၌ အကျိုးပေးနိုင်ကုန်ရာ၏။ (ထိုကောင်းမှုရှင်သည် ကာလ သမ္ပတ္တိ၌ လူလာဖြစ်ရလျှင် ထိုကုသိုလ်ကံတို့သည် အကျိုးပေးနိုင်ကုန်ရာ၏။) သို့သော် ထိုကောင်းမှုရှင်သည် တစ်ခုသော မကောင်းမှု အကုသိုလ်ကံကြောင့် မကောင်းသောမင်း၊ မကောင်းသောလူတို့ ဖြစ်ထွန်းရာကာလ၊ အဖတ်အကာဖြစ်သော အဆီသြဇာ မရှိသော အလွန်တိုတောင်းသော သက်တမ်းရှိသော အကျိုးပေးထိုက်ရာ ဂတိ၏ အစွန်အဖျားဖြစ်သော အချိန်ကာလတည်းဟူသော ကာလဝိပတ္တိ၌ လူဖြစ်လာရ၏။ ထိုကဲ့သို့သော ကာလ ဝိပတ္တိ အချိန်အခါမျိုး၌လည်း ကောင်းမှုကုသိုလ်ကံသည် အကျိုးကို ပေးခြင်းငှာ မစွမ်းနိုင်ပေ။ ဤသို့လျှင် ဆောက်တည်ထားအပ်ပြီးကုန်သော ပြုစုပျိုးထောင်အပ်ပြီးကုန်သော ကုသိုလ်ကံတို့သည် ကာလဝိပတ္တိသည်
——成立的善业。这些善业,本可在处于时成就者的相续中给果〔也就是说,如果业主在时成就中投生为人,这些善业便能给果〕。然而,这位业主却由于某一不善业,投生在时失坏之中:恶王、恶人兴盛,食物没有精华滋养,寿命极短,几乎已到适宜给果之趣边缘的时代。在这样的时失坏中,善业也不能给果。因此,已经造作成立、已经造作培育的善业,由于受到时失坏——
တားမြစ်အပ်ကုန်သည်ဖြစ်၍ အကျိုးမပေးနိုင်ကုန်။ --- ဤသို့ ဘုရားရှင်သည် ကွဲကွဲပြားပြား သိတော်မူ၏။
——阻碍而不能给果。佛陀对此分别了知。
(အဘိ-ဋ္ဌ-၂-၄၂၅။)
(《阿毗达磨义注》2-425。)
၄။ အခြားတစ်ယောက်သောပုဂ္ဂိုလ်၏သန္တာန်၌လည်း ဆောက်တည်ထားအပ်ပြီးကုန်သော ပြုစုပျိုးထောင်ထား အပ်ပြီးကုန်သော များစွာကုန်သော ကောင်းမှုကုသိုလ်ကံတို့သည် ရှိကြကုန်၏။ ထိုကောင်းမှုကုသိုလ်ကံတို့သည် ပယောဂသမ္ပတ္တိ၌ တည်နေသော သူ၏ သန္တာန်၌ အကျိုးပေးနိုင်ကုန်ရာ၏။ (ကောင်းမှုရှင်သည် ကာယကံ စင် ကြယ်မှု ဝစီကံ စင်ကြယ်မှု မနောကံ စင်ကြယ်မှု ရှိအောင် သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တို့ကို ပြည့်ပြည့်စုံစုံ ကြိုးစားအားထုတ်ခြင်း ပယောဂသမ္ပတ္တိ ရှိခဲ့လျှင် ထိုကုသိုလ်ကံတို့သည် အကျိုးပေးနိုင်ကုန်ရာ၏၊၊)
四、另一人的相续中,也存在许多已经造作成立、已经造作培育的善业。这些善业,本可在处于加行成就者的相续中给果〔也就是说,如果业主为了使身业、语业、意业清净,而充分努力修习戒、定、慧三学这些殊胜行,具足加行成就,这些善业便能给果〕。
原书第 242 页
သို့သော် ထိုကောင်းမှုရှင်သည်ကား ပယောဂဝိပတ္တိ၌ ရပ်တည်လျက် ပါဏာတိပါတ စသော အကုသိုလ်ကမ္မပထ တရား (၁ဝ)ပါး ဒုစရိုက်တရားတို့ကို လွန်ကျူးပြုကျင့်ပြန်၏။ အလုံးစုံသောသီလမရှိသူ ဒုဿီလပုဂ္ဂိုလ် ဖြစ်ကြောင်း ဖြစ်ရာ မကောင်းမှု အကုသိုလ်ဟူသမျှကို ပြည့်စေ၏။ ထို့ပြင် ထိုဒုဿီလပုဂ္ဂိုလ်နှင့် အတူတကွ ဇာတ်တူနွယ်တူ ဖြစ်ကုန်သော အမျိုးတို့သော်မှလည်း သမီးဆောင်မှု သမီးပို့မှုတည်းဟူသော ထိမ်းမြားလက်ထပ်ခြင်း မင်္ဂလာမှု တို့ကို မပြုလုပ်ကြကုန်။ မိန်းမကြူးသည့် = မိန်းမလိုက်စားသည့် သေသောက်ကြူးသည့် ကြွေအန်ကြူးသည့် ဤသူသည် ယုတ်မာသော ယောကျာ်းတည်း၊ ဤသို့ ပြော၍ ဝေးစွာရှောင်ကြဥ်ကြကုန်၏။ ပယောဂသမ္ပတ္တိစက် ချို့တဲ့နေသည့်အတွက်ကြောင့် ဆောက်တည်ထားအပ်ပြီးကုန်သော ကောင်းမှုကုသိုလ်ကံတို့သည် အကျိုးပေးခြင်းငှာ မစွမ်းနိုင်ကြကုန်။ ဤသို့လျှင် ဆောက်တည်ထားအပ်ပြီးကုန်သော ကောင်းမှုကုသိုလ်ကံတို့သည် ပယောဂ
然而,这位业主后来处于加行失坏,违犯杀生等十不善业道,也就是诸恶行;他成为毫无戒行的无戒者,造满种种不善。即使与这位无戒者同族同姓的家庭,也不愿与他缔结嫁女、迎娶等婚姻。他们说:‘这个人沉迷女色、酗酒、赌博,是个卑劣的男子。’因而远远避开他。由于加行成就这一运作条件欠缺,已经造作成立的善业不能给果。如此,已经造作成立的善业,由于受到加行——
ဝိပတ္တိသည် တားမြစ်အပ်ကုန်သည်ဖြစ်၍ အကျိုးမပေးနိုင်ကုန်။ --- ဤသို့ ဘုရားရှင်သည် ကွဲကွဲပြားပြား သိတော် မူ၏။
——失坏阻碍而不能给果。佛陀对此分别了知。
ဤသို့လျှင် လေးမျိုးကုန်သော သမ္ပတ္တိတို့သို့ ရှေးရှူရောက်၍ လေးမျိုးကုန်သော သမ္ပတ္တိတို့ကို အစွဲပြု၍ အကျိုးပေးတတ်သော ကောင်းမှုကုသိုလ်ကံတို့သည် လေးမျိုးကုန်သော ဝိပတ္တိတို့သည် တားမြစ်အပ်သည်၏ အဖြစ်ကြောင့် အကျိုးမပေးနိုင်။ (အဘိ-ဋ္ဌ-၂-၄၂၅-၄၂၆။)
总之,那些趋向并依于四种成就而给果的善业,由于受到四种失坏阻碍,便不能给果。(《阿毗达磨义注》2-425—426。)
(ဃ) အုပ်စု ကံ (၄) မျိုး
(丁)组的四种业
၁။ အခြားတစ်ယောက်သော ပုဂ္ဂိုလ်၏ သန္တာန်၌လည်း ဆောက်တည်ထားအပ်ပြီးကုန်သော ပြုစုပျိုးထောင်ထား အပ်ပြီးကုန်သော များစွာကုန်သော ကောင်းမှုကုသိုလ်ကံတို့သည် ရှိကြကုန်၏။ ထိုကောင်းမှုကုသိုလ်ကံတို့သည် အပါယ် (၄)ဘုံတည်းဟူသော ဂတိဝိပတ္တိ၌ တည်နေသောသူ၏ သန္တာန်၌ အကျိုးမပေးနိုင်ကုန်ရာ။ သို့သော် ထိုကောင်းမှုရှင်သည် တစ်ခုသော ကောင်းမှုကုသိုလ်ကံကြောင့် လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည်တည်းဟူသော ဂတိသမ္ပတ္တိ၌သာလျှင် ဖြစ်ရ၏။ ထိုဂတိသမ္ပတ္တိ၌ ထိုကောင်းမှုရှင်၏ ထိုကောင်းမှုကုသိုလ်ကံတို့သည် ကပ်ရောက် လာကြကုန်၍ အလှည့်ကျ အလှည့်ကျအားဖြင့် ကောင်းကျိုးကို ပေးကြကုန်၏။ တစ်ရံတစ်ခါ၌ လူ့ပြည်လူ့လော က၌ ဖြစ်စေကြကုန်၏။ တစ်ရံတစ်ခါ၌ နတ်ပြည်နတ်လောက၌ ဖြစ်စေကြကုန်၏။ တစ်ရံတစ်ခါ၌ ဗြဟ္မာ့ပြည် ဗြဟ္မာ့လောက၌ ဖြစ်စေကြကုန်၏။ ဤသို့လျှင် ဂတိဝိပတ္တိသည် တားမြစ်အပ်ကုန်သည်၏ အဖြစ်ကြောင့် အကျိုး
一、另一人的相续中,也存在许多已经造作成立、已经造作培育的善业。这些善业,在处于四恶趣这一趣失坏者的相续中不能给果。然而,这位业主由于某一善业,投生在人界、天界、梵界等趣成就之中。在这样的趣成就中,业主的善业纷纷到来,轮番给出善果:有时令他投生人界,有时令他投生天界,有时令他投生梵界。如此,那些由于受到趣失坏阻碍——
ကို ပေးခြင်းငှာ မစွမ်းနိုင်ကြကုန်သော ကုသိုလ်ကံတို့သည် ဂတိသမ္ပတ္တိသို့ ရှေးရှူရောက်၍ ဂတိသမ္ပတ္တိကို အစွဲ ပြု၍ အကျိုးပေးကြကုန်၏။ --- ဤသို့လျှင် ဘုရားရှင်သည် ကွဲကွဲပြားပြား သိတော်မူ၏။ (အဘိ-ဋ္ဌ-၂-၄၂၆။) ၂။ အခြားတစ်ယောက်သော ပုဂ္ဂိုလ်၏ သန္တာန်၌လည်း ဆောက်တည်ထားအပ်ပြီးကုန်သော ပြုစုပျိုးထောင် ထားအပ်ပြီးကုန်သော များစွာကုန်သော ကောင်းမှု ကုသိုလ်ကံတို့သည် ရှိကြကုန်၏။ ထိုကောင်းမှု ကုသိုလ် ကံတို့သည် ရုပ်အဆင်း၏ မလှပ မတင့်တယ်ခြင်းတည်းဟူသော ဥပဓိဝိပတ္တိ၌ တည်နေသောသူ၏ သန္တာန်၌ အကျိုးမပေးနိုင်လေကုန်ရာ။ သို့သော် ထိုကောင်းမှုရှင်သည် တစ်ခုသော ကောင်းမှုကုသိုလ်ကံကြောင့် ဥပဓိ သမ္ပတ္တိ၌သာလျှင် တည်နေရ၏၊ အလွန်အဆင်းလှ၏၊ ရှုချင်စဖွယ်တင့်တယ်၏၊ ကြည်ညိုဖွယ်ဂုဏ်ကို ဆောင်၏။
——而不能给果的善业,在趋向、依于趣成就时便会给果。佛陀对此分别了知。(《阿毗达磨义注》2-426。)二、另一人的相续中,也存在许多已经造作成立、已经造作培育的善业。这些善业,在身相不美、庄严欠缺这一所依失坏者的相续中不能给果。然而,这位业主由于某一善业而处于所依成就之中:容貌极美,悦目庄严,具足令人心生净信的威仪。
ဗြဟ္မာ၏ အတ္တဘောနှင့် တူသော အတ္တဘော ရှိ၏။ ထိုကောင်းမှုရှင်၏ ဥပဓိသမ္ပတ္တိ၌ တည်နေသည့်အတွက် ကြောင့် ကောင်းမှုကုသိုလ်ကံတို့သည် အကျိုးကို ပေးကြကုန်၏။ ထိုကောင်းမှုရှင်သည် အကယ်၍ မင်းမျိုးမင်းနွယ်၌ ဖြစ်ငြားအံ့၊ ဤသို့ ဖြစ်လတ်သော် မိမိမှ တစ်ပါးကုန်သော အခြားအခြားကုန်သော အကြီးဖြစ်ကြကုန်သော နောင်တော်မင်းသားတို့သည် ထင်ရှားရှိပါကုန်သော်လည်း - ''ဤမင်းသား၏ ခန္ဓာကိုယ်အတ္တဘောသည် ပြည့်စုံ၏ = ယောကျာ်းမြတ်တို့၏ လက္ခဏာနှင့် ပြည့်စုံ၏။ ဤမင်းသားသည် ထီးဖြူကို စိုက်ထူစေအပ်သော် လူအပေါင်း၏
他的身体自体宛如梵天之身。由于业主处于所依成就,诸善业便会给果。假如他投生王族,即使另有多位年长的王兄,人们仍会商议:‘这位王子身体自体圆满,具足大人相;若让他竖起白伞为王,民众必定幸福。’于是为这位具足所依成就的王子灌顶——
原书第 243 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း ချမ်းသာခြင်းသည် ဖြစ်ပေလတ္တံ့'' - ဤသို့ တိုင်ပင်၍ ထိုဥပဓိသမ္ပတ္တိနှင့် ပြည့်စုံသော မင်းသားကိုပင်လျှင် မင်းအဖြစ်၌ အဘိသိက်ရေစင် သွန်းဖျန်းကြကုန်၏။ အကယ်၍ အိမ်ရှေ့မင်း၏အိမ် စသည်တို့၌ လူဖြစ်လာလတ် သော် ဖခင်အိမ်ရှေ့မင်း၏ ကွယ်လွန်ရာအခါ၌ အိမ်ရှေ့မင်းအဖြစ်ကိုသော်လည်းကောင်း၊ စစ်သူကြီးရာထူးကို သော်လည်းကောင်း၊ ဘဏ္ဍာစိုးရာထူးကိုသော်လည်းကောင်း၊ သူဌေးရာထူးကိုသော်လည်းကောင်း ရရှိနိုင်၏။
——立为国王。若他投生太子等之家,父亲去世后,也能继任太子,或获得将军、司库、富翁等职位。
ဤသို့လျှင် ဥပဓိဝိပတ္တိသည် တားမြစ်အပ်ကုန်သည်၏ အဖြစ်ကြောင့် အကျိုးကိုပေးခြင်းငှာ မစွမ်းနိုင်ကြကုန်သော ကုသိုလ်ကံတို့သည် ဥပဓိသမ္ပတ္တိသို့ ရှေးရှူရောက်၍ ဥပဓိသမ္ပတ္တိကို အစွဲပြု၍ အကျိုးပေးကြကုန်၏။ --- ဤသို့ လျှင် ဘုရားရှင်သည် ကွဲကွဲပြားပြား သိတော်မူ၏။ (အဘိ-ဋ္ဌ-၂-၄၂၆။) ၃။ အခြားတစ်ယောက်သော ပုဂ္ဂိုလ်၏ သန္တာန်၌လည်း ဆောက်တည်ထားအပ်ပြီးကုန်သော ပြုစုပျိုးထောင် အပ်ပြီးကုန်သော များစွာကုန်သော ကောင်းမှုကုသိုလ်ကံတို့သည် ရှိကြကုန်၏။ ထိုကောင်းမှုကုသိုလ်ကံတို့သည် မကောင်းသောမင်း၊ မကောင်းသော လူတို့၏ ဖြစ်ထွန်း ပေါ်ပေါက်ရာ ကာလဝိပတ္တိ၌ တည်နေရသော သူ၏ သန္တာန်၌ အကျိုးမပေးနိုင်လေကုန်ရာ။ သို့သော် ထိုကောင်းမှုရှင်သည်ကား တစ်ခုသော ကောင်းမှုကုသိုလ်ကံ ကြောင့် မင်းကောင်းမင်းမြတ် သူတော်သူမြတ်တို့ ဖြစ်ထွန်းရာ ပွင့်ထွန်းပေါ်ပေါက်တော်မူရာ အချိန်ကာလ
如此,那些由于受到所依失坏阻碍而不能给果的善业,在趋向、依于所依成就时便会给果。佛陀对此分别了知。(《阿毗达磨义注》2-426。)三、另一人的相续中,也存在许多已经造作成立、已经造作培育的善业。这些善业,在恶王、恶人兴盛的时失坏中不能给果;然而,这位业主由于某一善业,投生在贤明君主、善士兴盛出现的良好时代——
တည်းဟူသော ကာလသမ္ပတ္တိ၌ လူဖြစ်လာရ၏။ ထိုကဲ့သို့ ရှုအပ်သော ပြည့်စုံသော ကာလ၌ = ကာလသမ္ပတ္တိ၌ လူဖြစ်လာရသော ကောင်းမှုရှင်၏ သန္တာန်၌ ကောင်းမှုကုသိုလ်ကံသည် အကျိုးကို ပေးနိုင်၏။ ထိုအရာ၌ မဟာ သောဏ မထေရ်မြတ်ကြီး၏ ဤဝတ္ထုကို ပြောဆိုထိုက်၏။ (အဘိ-ဋ္ဌ-၂-၄၂၆။)
——也就是时成就之中。在这样圆满的时代、即投生于时成就的业主相续中,善业便能给果。这里应当讲述马哈索纳长老的故事。(《阿毗达磨义注》2-426。)
မဟာသောဏမထေရ်မြတ်ကြီး၏ဝတ္ထု
马哈索纳长老的故事
(အဘိ-ဋ္ဌ-၂-၄၂၆။)
(《阿毗达磨义注》2-426。)
လင်္ကာဒီပ အမည်ရသော သီဟိုဠ်ကျွန်းဝယ် ဗြာဟ္မဏတိဿ သူပုန်ဘေးဆိုးကြီး ဖြစ်ရာအခါ၌ စိတ္တလ ပဗ္ဗတတောင်ကျောင်းတိုက်ကြီး၌ (၁၂ဝဝဝ) ကုန်သော ရဟန်းတော်တို့သည် သီတင်းသုံးတော်မူကြကုန်၏။ ထို့အတူ တိဿမဟာဝိဟာရကျောင်းတိုက်ကြီး၌လည်း (၁၂ဝဝဝ) ကုန်သော ရဟန်းတော်တို့သည် မှီတင်း နေထိုင် သီတင်းသုံးတော်မူကြကုန်၏။ ယင်းကျောင်းတိုက်ကြီး နှစ်တိုက်လုံးတို့၌လည်း သုံးနှစ်စာအတွက် ဒါနဝတ် အဖြစ် တည်ထားသော စပါးကို တစ်ညဥ့်တည်း၌ပင် ကြွက်ကြီးတို့သည် ခဲစား၍ ဖွဲမျှကိုသာ ထားရစ်ခဲ့ကြကုန်၏။
在名为楞伽洲的锡兰岛发生婆罗门帝须叛乱大灾时,吉多罗山寺住有一万二千位比丘,帝须大寺也同样住有一万二千位比丘。两座大寺都储有可供三年的常供稻谷;一群大田鼠却在一个晚上把稻谷全部啃光,只留下稻壳。
စိတ္တလပဗ္ဗတတောင်ကျောင်းတိုက်ကြီး၌ သီတင်းသုံးတော်မူသော ရဟန်းသံဃာတော်တို့သည် ''တိဿမဟာ ဝိဟာရကျောင်းတိုက်ကြီး၌ ဒါနဝတ်သည် (= ဒါနဝတ်အဖြစ် တည်ထားသော စပါးသည်) ဖြစ်လတ္တံ့ = ရှိပေလတ္တံ့၊ ထိုတိဿမဟာဝိဟာရကျောင်းတိုက်ကြီးသို့ သွား၍ သီတင်းသုံးကြကုန်အံ့'' - ဤသို့ တိုင်ပင်၍ စိတ္တလပဗ္ဗတ တောင်ကျောင်းတိုက်ကြီးမှ ထွက်ခွာတော်မူခဲ့ကြကုန်၏။
住在吉多罗山寺的比丘僧团商议:‘帝须大寺大概还有常供稻谷,我们到帝须大寺去住吧。’于是离开吉多罗山寺。
တိဿမဟာဝိဟာရကျောင်းတိုက်ကြီး၌လည်း သီတင်းသုံးတော်မူသော ရဟန်းသံဃာတော်တို့သည် ''စိတ္တ လပဗ္ဗတတောင်ကျောင်းတိုက်ကြီး၌လည်း ဒါနဝတ်သည် (= ဒါနဝတ်အဖြစ် တည်ထားသော စပါးသည်) ဖြစ်ပေ လတ္တံ့ = ရှိပေလတ္တံ့၊ ထိုစိတ္တလပဗ္ဗတတောင်ကျောင်းတိုက်ကြီးသို့ သွား၍ သီတင်းသုံးကြကုန်အံ့'' - ဤသို့ တိုင်ပင်၍ တိဿမဟာဝိဟာရကျောင်းတိုက်ကြီးမှ ထွက်ခွာတော်မူခဲ့ကြကုန်၏။
住在帝须大寺的比丘僧团也同样商议:‘吉多罗山寺大概还有常供稻谷,我们到吉多罗山寺去住吧。’于是离开帝须大寺。
နှစ်ဘက်သော သံဃာတို့သည်လည်း နက်ရှိုင်းလှသော တစ်ခုသော ချောက်ကမ်းပါး၌ ပေါင်းဆုံမိကြ၍ အချင်းချင်း မေးမြန်းလျှောက်ထားကြည့်ကြရာ ဒါနဝတ်၏ ကုန်ဆုံးသည်၏ အဖြစ်ကို သိတော်မူကြကုန်၏။
两边的僧团在一处很深的峡谷相遇,彼此询问之后,才知道两寺的常供储粮都已耗尽。
ယင်းသို့ သိတော်မူကြပြီးနောက် ''ထိုကျောင်းတိုက်သို့ ပြန်သွား၍ အဘယ်ကို ပြုနိုင်ကုန်အံ့နည်း'' - ဤသို့
知道以后,他们商议:‘再回那座寺院,又能做什么呢?’于是——
原书第 244 页
တိုင်ပင်တော်မူကြ၍ (၂၄ဝဝဝ) ကုန်သော ရဟန်းတော်တို့သည် နက်ရှိုင်းလှသော ချောက်ကမ်းပါးရှိရာ တော- အုပ်ကြီးအတွင်းသို့ ဝင်ရောက်တော်မူကြ၍ ထိုင်နေတိုင်းသော နည်းဖြင့်သာလျှင် = ထိုင်လျက်သာလျှင် အနုပါ- ဒိသေသနိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်စံတော်မူကြကုန်၏။ နောက်ပိုင်းကာလဝယ် ဗြာဟ္မဏတိဿ သူပုန်ဘေးကြီး ငြိမ်းအေးလတ်သော် ရဟန်းသံဃာတော်သည် နတ်တို့သနင်း သိကြားမင်းကို ခေါ်ဆောင်၍ ဓာတ်တော်တို့ကို တစ်ပေါင်းတည်း ဆောင်ယူ၍ ဓာတ်တော်တို့ ကိန်းဝပ်ရာ စေတီတော်ကို တည်ဆောက်တော်မူ၏။
——二万四千位比丘一同进入深谷里的大森林,就那样端坐着,以无余依涅槃界而般涅槃。后来婆罗门帝须叛乱大灾平息,僧团请来天帝释,把诸长老的舍利集中起来,建塔供奉。
(အဘိ-ဋ္ဌ-၂-၄၂၆။)
(《阿毗达磨义注》2-426。)
ဤစကားရပ်ကို မဟာပစ္စရိအဋ္ဌကထာ၌ ဆိုကြောင်းကို မူလဋီကာ (မူလဋီ-၂-၂၁၁။) ၌ ဖွင့်ဆိုထား၏။
《根本复注》2-211说明,这段记载出自《大筏义注》。
ဗြာဟ္မဏတိဿသူပုန်သည်လည်း ဇနပုဒ်ကို လုယက်ဖျက်ဆီးလေ၏။ ရဟန်းသံဃာတော်သည် စုပေါင်း တိုင်ပင်၍ ''သူပုန်ကို တားမြစ်ပေးပါ'' - ဟု ဤသို့ ပြောဆိုရန် သိကြားမင်း၏ အထံသို့ မထေရ် (၈)ပါးတို့ကို စေလွှတ်တော်မူလိုက်၏။ နတ်တို့သနင်း သိကြားမင်းက - ''အရှင်ဘုရားတို့ …တပည့်တော် ဒါယကာတော် သိကြားသည် ဖြစ်ပြီးသော သူပုန်ကို တားမြစ်ခြင်းငှာ မစွမ်းနိုင်ပါ၊ သံဃာတော်သည် သမုဒြာ၏ တစ်ဘက် ကမ်းသို့ (အိန္ဒိယဘက်သို့) ကြွတော်မူပါ။ တပည့်တော် ဒါယကာတော် သိကြားသည် သမုဒြာ၌ စောင့်ရှောက် ခြင်းကို ပြုပါအံ့'' ဤသို့ လျှောက်ထား၏။ အရပ်မျက်နှာ အားလုံးတို့မှ သံဃာတော်သည် နာဂဒီပကျွန်းသို့ ကြွတော်မူ၍ ဇမ္ဗုကောလဆိပ်၌ ဘုံသုံးထပ်ရှိသော ဖောင်ကြီးကို ဖွဲ့စေပြီ။ တစ်ထပ်သည် ရေ၌ နစ်မြုပ်နေ၏၊ တစ်ထပ်၌ ရဟန်းသံဃာ သီတင်းသုံးတော်မူ၏၊ တစ်ထပ်၌ သပိတ် သင်္ကန်းတို့ကို ထားတော်မူကြ၏။
婆罗门帝须叛军又劫掠、毁坏乡村。比丘僧团共同商议,派八位长老到天帝释面前,请他‘制止叛军’。天帝释禀报:‘诸尊者,弟子帝释无法制止已经发生的叛乱。请僧团前往海的彼岸〔印度一边〕,弟子帝释会在渡海时守护僧团。’各地僧众于是来到那伽洲,在赡部拘罗港扎成一艘三层大筏:一层沉在水中,一层供比丘僧团安住,一层放置钵与袈裟。
သံယုတ္တနိကာယ်ကို ဆောင်တော်မူသော စူဠသီဝမထေရ်၊ ဣသိဒတ္တမထေရ်၊ မဟာသောဏမထေရ် --- ဤမထေရ်မြတ်ကြီး သုံးပါးတို့ကား ထိုရဟန်းပရိသတ်တို့၏ အကြီးအကဲတို့ ဖြစ်ကြ၏။ ထိုမထေရ်မြတ်ကြီး သုံးပါး တို့တွင် စူဠသီဝမထေရ် ဣသိဒတ္တမထေရ် မထေရ်မြတ်ကြီး နှစ်ပါးတို့က မဟာသောဏမထေရ်မြတ်ကြီးကို --- ''ငါ့ရှင် မဟာသောဏ …ဖောင်ကြီးပေါ်သို့ တက်ပါ''ဟု မိန့်ဆိုတော်မူကြ၏။
精通《相应部》的小湿婆长老、伊西达多长老和马哈索纳长老,是这群比丘的三位领袖。小湿婆长老与伊西达多长老对马哈索纳长老说:‘贤友马哈索纳,请登上大筏。’
''အရှင်ဘုရားတို့ …အရှင်ဘုရားတို့ကော အသို့နည်း'' ''ငါ့ရှင် …ရေ၌ သေခြင်းသည်လည်းကောင်း၊ ကုန်းပေါ်၌ သေခြင်းသည်လည်းကောင်း တစ်ခုတည်းသာ တည်း၊ ငါတို့သည် မလိုက်ကုန်အံ့၊ သို့သော် သင့်ကို အမှီပြု၍ နောင်အနာဂတ်၌ သာသနာတော်၏ အစဥ်အဆက် သည် တည်လတ္တံ့၊ ငါ့ရှင် …သင်သည် လိုက်သွားပေတော့'' ဤသို့ မိန့်ဆိုတော်မူကြ၏။
马哈索纳问:‘尊者们,那你们怎么办?’两位长老说:‘贤友,死在水里和死在陆上都是一回事,我们不走;但未来教法的传承将依靠你而住立。贤友,你去吧。’
''အရှင်ဘုရားတို့ …အရှင်ဘုရားတို့သည် မလိုက်ကုန်လတ်သော် တပည့်တော်သည် မလိုက်တော့ပါ'' ဤသို့ ပြန်လည် လျှောက်ထားလိုက်၏။
马哈索纳回答:‘尊者们若不走,我也不走。’
သုံးကြိမ်တိုင်တိုင် ပြောဆိုလျှောက်ထား၍လည်း မဟာသောဏမထေရ်ကို ဖောင်ပေါ်သို့တက်ခြင်းငှာ မစွမ်း နိုင်ကုန်လတ်သော် နောက်ကြောင်း ပြန်တော်မူကြ၏။
两位长老劝说了三次,仍无法让马哈索纳登筏,只得回头。
ထိုနောင် စူဠသီဝမထေရ်သည် ဣသိဒတ္တမထေရ်ကို - ''ငါ့ရှင် ဣသိဒတ္တ …နောင်အနာဂတ်ကာလ၌ မဟာသောဏမထေရ်ကို အမှီပြု၍ သာသနာတော်၏ အစဥ်အဆက်သည် တည်ပေလတ္တံ့၊ ထိုမဟာသောဏ မထေရ်ကို လက်မလွတ်ပါနှင့်'' ဤသို့ မိန့်ကြားတော်မူ၏။
此后,小湿婆长老对伊西达多长老说:‘贤友伊西达多,未来教法的传承将依靠马哈索纳长老而住立;不要放开他。’
''အရှင်ဘုရားတို့ …အရှင်ဘုရားတို့ကော အသို့နည်း''ဟု မေးမြန်း လျှောက်ထားလိုက်၏။
伊西达多问:‘尊者,那您怎么办?’
''ငါသည် မဟာစေတီတော်ကို ရှိခိုးအံ့'' ဤသို့ ပြောဆို၍ ဣသိဒတ္တမထေရ် မဟာသောဏမထေရ် နှစ်ပါး- တို့ကို သွန်သင်ဆုံးမ၍ အစဥ်အတိုင်း ခရီးဒေသစာရီကို ကြွချီတော်မူလတ်သော် မဟာဝိဟာရကျောင်းတိုက်ကြီးသို့
小湿婆说:‘我要去礼敬大塔。’他教诫伊西达多与马哈索纳两位长老,依次游行,前往大寺——
原书第 245 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း ကောင်းစွာ ဆိုက်ရောက်တော်မူ၏။ ထိုအခါ၌ မဟာဝိဟာရကျောင်းတိုက်ကြီးကား ရဟန်းသံဃာတို့မှ ဆိတ်သုဥ်း လျက် ရှိ၏၊ စေတီရင်ပြင်တော်၌ ကြက်ဆူပင်တို့သည် မင်းမူနေကြ၏၊ စေတီတော်ကို ချုံပုတ်တို့က ဝန်းရံထား၏၊ စေတီတော်ကို ရေညှိမှော်က မြှေးယှက်ထား၏။
——顺利抵达。当时,大寺已无比丘僧众居住;蓖麻长满塔院,灌木围住佛塔,苔藓也覆上塔身。
အရှင်စူဠသီဝမထေရ်မြတ်ကြီးသည် သက်တော်ထင်ရှား မြတ်စွာဘုရားရှင်၏ အပေါ်၌ ရိုသေ ပျပ်ဝပ်မှု အခြင်းအရာကို ပြသကဲ့သို့ မဟာစေတီတော်ကို ရှိခိုး၍ စေတီတော်၏ အနောက်ဘက် အရပ်၌ တည်ရှိသော ဇရပ်သို့ ဝင်၍ ကြည့်ရှုဖူးမြော်လျက် --- ''ဤသို့ သဘောရှိသည်မည်သော မြတ်သော လာဘ်လာဘ၊ မြတ်သော ကျော်စောခြင်းသို့ ရောက်တော်မူသော မြတ်စွာဘုရား၏ သရီရဓာတ်တော် မွေတော်များကို စုပေါင်း ဌာပနာရာ ဌာနကြီးသည် ကိုးကွယ်ရာ မရှိ ဖြစ်ရလေပေါ့'' --- ဤသို့ ကြံစည် တွေးတောလျက် ထိုင်နေတော်မူ၏။
小湿婆长老像在世佛陀面前表示恭敬、礼拜那样礼敬大塔,进入佛塔西面的亭舍,一边瞻仰,一边坐着思惟:‘世尊成就如此殊胜的利养与名闻;汇集、安奉世尊身舍利的这座圣地,如今竟无人护持、无所依怙。’
ထိုအခါ၌ မဝေးလွန်းလှသော သစ်ပင်၌ စိုးအုပ်၍နေသော ရုက္ခဇိုဝ်းနတ်သည် ခရီးသွားသမား လူ့အသွင်ဖြင့် တစ်ကွမ်းစားသော ဆန်ကိုလည်းကောင်း၊ တင်လဲခဲကိုလည်းကောင်း ယူဆောင်လျက် အရှင်စူဠသီဝမထေရ်မြတ် ကြီး၏ အထံသို့ လာရောက်၍ --- ''အရှင်ဘုရားတို့ …အဘယ်အရပ်သို့ ကြွတော်မူကြမှာလဲ''ဟု လျှောက်ထား ၏။
这时,住在不远处一棵树上的树神化作旅人,带着一口量的米和一块糖蜜,来到小湿婆长老面前问:‘尊者要去哪里?’
ဥပါသက ဒါယကာ …ငါသည် တောင်အရပ်သို့ သွားမလို့ပါ''ဟု ပြန်လည်၍ မိန့်တော်မူလိုက်၏။
长老回答:‘优婆塞施主,我要往南方去。’
''တပည့်တော်သည်လည်း တောင်အရပ်သို့ပင် သွားလိုပါ၏။ အရှင်ဘုရား …အတူတကွ သွားကြပါစို့'' ဟု နတ်က လျှောက်ထား၏။
树神禀报:‘弟子也想往南方去。尊者,我们一起走吧。’
''ဒါယကာ …ငါသည် ဆွမ်းမဘုဥ်းပေးရသောကြောင့် အားမရှိ ဖြစ်နေ၏၊ သင်သွားသလို သွားနိုင်စွမ်း မရှိပါ၊ ဥပါသကာ …သင်သည် ရှေ့က သွားနှင့်ပေတော့''ဟု မိန့်တော်မူလိုက်၏။
长老说:‘施主,我没有吃到钵食,身体无力,不能像你那样行走。优婆塞,你先走吧。’
''တပည့်တော်သည်လည်း အရှင်ဘုရား သွားသလိုပင် သွားပေအံ့''ဟု လျှောက်ထား၍ အရှင်စူဠသီဝမထေရ် မြတ်ကြီး၏ သပိတ် သင်္ကန်းကို လှမ်းယူလိုက်၏။
树神禀报:‘弟子也会按尊者的步调走。’说完便接过小湿婆长老的钵与袈裟。
တိဿဝါပိ ရေကန်၏ ကန်ပေါင်ရိုးသို့ တက်ရာအခါ၌လည်း အဖျော်ရည်ကို ပြုလုပ်၍ သပိတ်တွင် ထည့်၍ အရှင်စူဠသီဝမထေရ်မြတ်ကြီးအား ဆက်ကပ် လှူဒါန်း၏။ မထေရ်မြတ်ကြီး၏ သန္တာန်၌ ဖျော်ရည်ကို သောက်သုံး လိုက်အပ်ကာမျှ၌ပင်လျှင် အနည်းငယ်သော ခွန်အားသည် ကောင်းစွာတည်လာ၏။ ရုက္ခဇိုဝ်းနတ်သည် မြေကြော ရှုံ့၍ ခရီးဆက်လေသော် ဝေဏုမြစ် အနီး၌ ရဟန်းတို့သည် စွန့်ပစ်ထားအပ်သော ကျောင်းတစ်ကျောင်းသို့ ဆိုက်ရောက်ကြ၍ အရှင်စူဠသီဝမထေရ်မြတ်ကြီး သီတင်းသုံးတော်မူရန် နေရာအရပ်ကို သုတ်သင် ရှင်းလင်း၍ ပေး၏။
到了帝须池堤岸,树神调好饮料,盛在钵中供养小湿婆长老。长老一喝下饮料,体内便恢复了一些力量。树神缩短地脉继续赶路,来到韦努河附近一座被比丘遗弃的寺院,清扫出地方供小湿婆长老休息。
နောက်တစ်နေ့၌ မထေရ်မြတ်ကြီးသည် မျက်နှာသစ်အပ်ပြီးကာမျှ ဖြစ်လတ်သော် ယာဂုကို ကျိုချက်၍ ဆက်ကပ် လှူဒါန်း၏။ ထိုနောင် ဆွမ်းကို ချက်ပြုတ်၍ ယာဂု သောက်သုံးပြီးသော မထေရ်မြတ်ကြီးအား ဆွမ်းကို ဆက်ကပ် လှူဒါန်း၏။ မထေရ်မြတ်ကြီးက ''ဥပါသကာ …သင့်အတွက် ချန်ထားဦးလော့''ဟု ပြောဆို၍ သပိတ်ကို လက်ဖြင့် ပိတ်ထားလိုက်၏။
第二天,长老刚洗过脸,树神便煮粥供养;随后又煮好饭,供养已经喝过粥的长老。长老用手遮住钵说:‘优婆塞,也留一些给你自己。’
တပည့်တော်သည် မဝေးလွန်းလှသော အရပ်သို့ သွားရပါမည်၊ ဝေးသော အရပ်သို့ သွားရမည် မဟုတ်ပါ''ဟု လျှောက်ထား၍ ရုက္ခဇိုဝ်းနတ်သည် မထေရ်မြတ်ကြီး၏ သပိတ်၌ ဆွမ်းကို လောင်းထည့်၍ မထေရ်မြတ်ကြီးသည် ဆွမ်းစားခြင်းကိစ္စကို ပြုပြီးလတ်သော် သပိတ် သင်္ကန်းကို ယူဆောင်၍ လမ်းခရီးကို ဆက်လက် ကြွတော်မူလေ-
树神禀报:‘弟子要去的地方不太远,不是远处。’说完把饭盛入长老钵中。长老用餐完毕,树神拿着钵与袈裟,陪长老继续上路——
原书第 246 页
သော် ရုက္ခဇိုဝ်းနတ်သည် နီးသွားအောင် မြေကြောကို ရှုံ့လိုက်၏၊ ဇဇ္ဇရမြစ်၏ အနီးသို့ ဆောင်ပို့လိုက်၏။
——又缩短地脉,使路程变近,把长老送到阇阇罗河附近。
''အရှင်ဘုရား …ဤအရပ်သည် ဟင်းရွက်ကို စားသော လူတို့၏ နေရာ အရပ်ပါတည်း၊ မီးခိုးသည် ထင်ရှားပါ၏၊ တပည့်တော်သည် ရှေ့သို့ သွားပါအံ့''ဟု လျှောက်ထား၍ မထေရ်မြတ်ကြီးကို ရှိခိုး၍ မိမိ၏ ဗိမာန်သို့ ရုက္ခဇိုဝ်းနတ်သည် ပြန်သွားလေ၏။ ဗြာဟ္မဏတိဿ သူပုန်ဘေးင်္ကြီး ဆိုက်ရောက်နေသမျှ တစ်ချိန်လုံး အရှင် စူဠသီဝမထေရ်မြတ်ကြီးသည် ဟင်းရွက်ကိုစားသော လူတို့ကို အမှီပြု၍ သီတင်းသုံးတော်မူ၏။
树神禀报:‘尊者,这里是靠食用蔬菜度日的人居住的地方,已经看得见炊烟;弟子先告退。’他礼敬长老,返回自己的天宫。在婆罗门帝须叛乱大灾持续的整个期间,小湿婆长老都依靠当地靠蔬菜度日的人安住。
အရှင်ဣသိဒတ္တမထေရ်မြတ်ကြီးသည်လည်း အရှင်မဟာသောဏမထေရ်မြတ်ကြီးနှင့် အတူ အစဥ်အတိုင်း ခရီးဒေသစာရီ ကြွချီတော်မူလတ်သော် အဠနဇနပုဒ်သို့ ချောချောမောမော ဆိုက်ရောက်တော်မူ၏။ ထို အဠနဇန- ပုဒ်၌ လူတို့သည် အလွန် မမှည့်ကုန်သေးသော သစ်မည်စည်သီးတို့ကို ခွဲ၍ အစေ့ကို ထုတ်ယူ၍ အခွံကို စွန့်ပစ်၍ သွားကြ၏။ အရှင်ဣသိဒတ္တမထေရ်မြတ်ကြီးက --- ''ငါ့ရှင် မဟာသောဏ …ဆွမ်းအာဟာရသည် ထင်နေ၏''ဟု မိန့်ဆို၍ သပိတ် သင်္ကန်းကို ယူဆောင်စေ၍ သပိတ်ကို သပိတ်အိတ်မှ ထုတ်ဆောင်၍ ဆွမ်းခံ ရပ်တော်မူ၏။
伊西达多长老也与马哈索纳长老一同依次游行,顺利抵达阿罗那地方。当地人把尚未成熟的德梅西果剖开,取出种子,丢掉果壳。伊西达多长老说:‘贤友马哈索纳,看来这里会有钵食。’便取来钵与袈裟,从钵袋中取出钵,站立受食。
ကလေးသူငယ်တို့သည် အရှင်ဣသိဒတ္တမထေရ်မြတ်ကြီး ဆွမ်းခံ ရပ်တော်မူသည်ကို မြင်တွေ့ရ၍ --- ''ဤ သစ်- မည်စည်စေ့၏ အခွံဖြင့် တစ်စုံတစ်ခုသော အလိုရှိအပ်သော အကျိုးတရားသည် ထင်ရှားရှိသည် ဖြစ်ပေလတ္တံ့'' ဤသို့ စဥ်းစားမိကြ၍ သစ်စေ့အခွံ၌ ပေကျံနေသော သဲကို သုတ်၍ သစ်မည်စည်သီး အခွံကို သပိတ်၌ လောင်း လှူကြကုန်၏။ မထေရ်မြတ်ကြီးတို့သည် ဘုဥ်းပေးတော်မူကြ၏။ ခုနစ်ရက်မျှပတ်လုံး ထိုသစ်မည်စည်သီး အခွံ သည်ပင် မထေရ်မြတ်ကြီးတို့၏ အစာအာဟာရ ဖြစ်သွားခဲ့၏။
孩子们看见伊西达多长老站立受食,心想:‘这种德梅西果壳一定能带来某种所需的利益。’于是拂去粘在果壳上的沙土,把果壳倒入钵中供养。两位长老食用后,整整七天都以这种果壳为食。
အစဥ်သဖြင့် ခရီးဒေသစာရီ ကြွချီတော်မူရာ စောရိယအိုင်သို့ ချောချောမောမော ဆိုက်ရောက်တော်မူကြ၏။
他们继续游行,顺利抵达索利耶湖。
လူဒါယကာ ဒါယိကာမတို့သည် ကုမုဒြာကြာတို့ကို ယူဆောင်၍ ကုမုဒြာကြာရိုးတို့ကို စွန့်ပစ်၍သွားကြ၏။ အရှင် ဣသိဒတ္တမထေရ်မြတ်ကြီးသည် - ''ငါ့ရှင် မဟာသောဏ …ဆွမ်းအာဟာရသည် ထင်လာ၏၊'' ဤသို့ မိန့်တော် မူ၍ သပိတ် သင်္ကန်းကို ဆောင်ယူစေ၏။ သင်္ကန်းကိုရုံ၍ သပိတ်အိတ်မှ သပိတ်ကို ထုတ်ဆောင်တော်မူ၍ ဆွမ်းခံ ရပ်တော်မူ၏။ ရွာသူသားငယ်တို့သည် ကုမုဒြာကြာရိုးတို့ကို ဆေးကြော သုတ်သင်၍ သပိတ်၌ ထည့်၍ လောင်းလှူကြ၏။ မထေရ်မြတ်ကြီးတို့သည် ဘုဥ်းပေးတော်မူကြကုန်၏။ ခုနစ်ရက်မျှပတ်လုံး ထိုကြာရိုးသည် ပင်လျှင် မထေရ်မြတ်ကြီးတို့အတွက် အစာအာဟာရ ဖြစ်သွားခဲ့၏။
男施主、女施主采走白睡莲花,把白睡莲茎丢弃。伊西达多长老说:‘贤友马哈索纳,看来这里会有钵食。’便取来钵与袈裟,披好袈裟,从钵袋中取出钵,站立受食。村里的孩子们把白睡莲茎洗净,放入钵中供养。两位长老食用后,整整七天都以这些莲茎为食。
အစဥ်အတိုင်း ခရီးဒေသစာရီ ကြွချီတော်မူလတ်သော် ဟင်းရွက်ကို စားကုန်သော သူတို့၏ နေရာအရပ်၌ ရွာတံခါးတစ်ခုသို့ ကောင်းစွာ ဆိုက်ရောက်သွားတော်မူကြ၏။ ထိုရွာတံခါး၌ တစ်ယောက်သော သတို့သမီး၏ မိဘတို့သည် တောသို့သွားခါနီးတွင် --- ''ချစ်သမီး …အရှင်မြတ်တစ်ပါးသည် အကယ်၍ ကြွလာငြားအံ့၊ ဤသို့ ကြွလာသော် တစ်စုံတစ်ခုသော အရပ်သို့ ဆွမ်းအလို့ငှာ သွားခြင်းကို မပေးလင့်၊ အရှင်၏ ခေတ္တသီတင်း သုံးရာ နေရာဌာနကို မေးမြန်းလျှောက်ထားလိုက်ပါလော့'' --- ဤသို့ ပြောဆိုမှာထားသွားကြ၏။
继续游行时,他们来到一处靠食用蔬菜度日者所住的村口。村里一位姑娘的父母临去森林前叮嘱她:‘亲爱的女儿,如果有尊者前来,就不要让他再往别处寻求钵食;请问清尊者暂时安住的地方。’说完便离开了。
ထိုသတို့သမီးသည် မထေရ်မြတ်ကြီးနှစ်ပါးတို့ကို ဖူးမြင်ရ၍ သပိတ်ကိုယူဆောင်၍ အိမ်၌ ခေတ္တထိုင်၍ သီတင်းသုံးစေတော်မူ၏။ အိမ်၌လည်း စပါးမျိုးမည်သည် မရှိသာဖြစ်၏။ သို့သော် ဓားငယ်ကိုယူ၍ ချင်ရွေးပင် တောငှက်ပျောပင်တို့၏ အခွံအဖတ်ကို ချင်ရွေးနွယ် ချင်ရွေးရွက်တို့နှင့်တကွ တစ်ပေါင်းတည်း နုပ်နုပ်စဥ်း၍ အဆုပ် (၃)ဆုပ် ပြုလုပ်၍ တစ်ဆုပ်ကို ဣသိဒတ္တမထေရ်၏၊ တစ်ဆုပ်ကို မဟာသောဏမထေရ်၏ သပိတ်၌ လောင်းလှူလိုက်၏။ ပိုနေသော တစ်ဆုပ်ကို ထေရ်ကြီးဝါကြီး ဖြစ်တော်မူသော ဣသိဒတ္တမထေရ်မြတ်ကြီး၏ သပိတ်၌ ထည့်၍ လှူအံ့ဟု ကြံစည်၍ လက်ကို ဆန့်တန်းလိုက်၏။ သတို့သမီး၏ လက်သည် ပြန်လည်လာ၍ မဟာသောဏမထေရ်မြတ်ကြီး၏ သပိတ်၌ တည်စေပြီ။
姑娘看见两位长老,接过钵,请他们进屋暂坐安住。家里没有任何谷米,她便拿起小刀,把钦耶草与野芭蕉的鞘皮,连同钦耶藤、钦耶叶一起剁碎,捏成三团;一团供养到伊西达多长老钵中,一团供养到马哈索纳长老钵中。剩下的一团,她心想应当供养年长而戒腊较高的伊西达多长老,便把手伸向他的钵;姑娘的手却自行收回,把食团放进了马哈索纳长老的钵中。
原书第 247 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း ဣသိဒတ္တမထေရ်မြတ်ကြီးက - ''ဗြာဟ္မဏတိဿ သူပုန်ဘေးဆိုးင်္ကြီး ဖြစ်ရာအခါ၌ ချင်ရွေးပင် ငှက်ပျော ပင်တို့မှ ဖြစ်သော အဆုပ်အခဲတို့ကို အကျိုးပေးသော ကံသည် ဒေသသမ္ပတ္တိ ကာလသမ္ပတ္တိ ဖြစ်ရာအခါ၌ အဘယ်မျှလောက် ပမာဏရှိသော အကျိုးကို ပေးလတ္တံ့နည်း'' --- ဤသို့ ပြောဆို၏။ ထိုမထေရ်မြတ်ကြီးတို့သည် ထိုအဆုပ်အခဲကို ဘုဥ်းပေးတော်မူပြီး၍ နေရာအရပ်သို့ သွားကြကုန်ပြီ။ ထိုသတို့သမီးသည်လည်း တောမှ ပြန် လာကုန်သော မိဘတို့အား အကျိုးအကြာင်းကို ပြောပြ၏။ မထေရ်မြတ်ကြီးနှစ်ပါးတို့ ဆွမ်းခံကြွလာကြောင်း၊ ထိုမထေရ်မြတ်ကြီးတို့၏ နေထိုင်သီတင်းသုံးရာ အရပ်ကိုလည်း မေးမြန်းလျှောက်ထားလိုက်ကြောင်းကို ပြောပြ၏။
伊西达多长老说:‘在婆罗门帝须叛乱大灾期间,使由钦耶草、芭蕉制成的这些食团成为果报的业,等到处成就、时成就时,会给出多大分量的果呢?’两位长老食用这些食团后,便返回安住处。姑娘也把事情告诉了从森林回来的父母:两位长老曾来受食,她还问清了两位长老的安住处。
ထိုမိဘနှစ်ပါးတို့သည် မထေရ်မြတ်ကြီးတို့၏ အထံသို့ သွား၍ ရှိခိုးဝပ်ချ၍ --- ''အရှင်ဘုရားတို့ … အကြင် အာဟာရကို တပည့်တော်တို့သည် ရရှိကြပါကုန်၏၊ ထိုအာဟာရဖြင့် အရှင်ဘုရားတို့ကို ပြုစုလုပ်ကျွေးပါကုန်အံ့၊ ဤအရပ်၌သာလျှင် သီတင်းသုံးတော်မူကြပါကုန်ဘုရား'' - ဤသို့ လျှောက်ထားတောင်းပန်၍ နေဖို့ရန် ခံဝန်ချက် ပဋိညာဥ်ကို ယူကြ၏။ မထေရ်မြတ်ကြီးနှစ်ပါးတို့သည်လည်း ဘေးဖြစ်နေရာ တစ်ချိန်လုံးပင် ထိုဥပါသကာ ဥပါသိကာမတို့ကို အမှီပြု၍ နေထိုင်သီတင်းသုံးတော်မူကြ၏။
父母二人来到两位长老面前,礼敬后请求:‘尊者们,我们得到什么食物,就以什么食物奉侍供养尊者们;请只在这里安住。’他们由此得到两位长老留住的承诺。在灾难持续的整个期间,两位长老都依靠这对优婆塞、优婆夷安住。
ဗြာဟ္မဏတိဿ သူပုန်င်္ကြီးကား ကွယ်လွန်သွားခဲ့၏။ ပိတုမဟာရာဇာသည် ထီးဖြူကို စိုက်ထူစေ၏။
婆罗门帝须叛军首领死去了,毕都大王升起白伞。
''ဗြာဟ္မဏတိဿ သူပုန်ဘေးင်္ကြီး ငြိမ်းအေးသွားပြီ၊ ဇနပုဒ်သည် ပြည့်စုံကြွယ်ဝလာပြီ'' --- ဟူသော သတင်း ကောင်းကို ကြားရ၍ သမုဒြာ၏ တစ်ဘက်ကမ်း (အိန္ဒိယဘက်) မှ ရဟန်းသံဃာတော်သည် လှေဖြင့် ပြန်လည် ကြွလာ၏၊ မဟာတိတ္ထဆိပ်ကမ်း၌ သက်ဆင်းတော်မူ၏။ ''မဟာသောဏမထေရ်မြတ်ကြီးသည် အဘယ်အရပ်၌ သီတင်းသုံးနေထိုင်ပါသနည်း''--- ဟု မေးမြန်း၍ မဟာသောဏမထေရ်မြတ်ကြီး၏ အထံသို့ ကြွသွားတော်မူ၏။
海的彼岸〔印度一边〕的比丘僧团听到‘婆罗门帝须叛乱大灾已经平息,国土重新繁荣富足’的好消息,便乘船返回,在摩诃帝达港登岸。他们打听‘马哈索纳长老住在哪里’,随后前往马哈索纳长老所在之处。
အရှင်မဟာသောဏမထေရ်မြတ်ကြီးကား ထိုအချိန်အခါဝယ် ရဟန်းငါးရာ အခြံအရံရှိသော = ရဟန်း (၅ဝဝ) သီတင်းသုံး နေထိုင်လျက်ရှိသော ကာလကရွာ မဏ္ဍလာရာမကျောင်းတိုက်သို့ ကောင်းစွာ ဆိုက်ရောက်တော် မူလာ၏။ ထိုအခါ ၌ ကာလကရွာ၌ အိမ်ခြေပေါင်း (၇ဝဝ) ရှိနေ၏။ ညဥ့်အခါဝယ် နတ်တို့သည် လှည့်လည်၍ ''အရှင်မဟာသောဏ မထေရ်မြတ်ကြီးသည် ရဟန်း (၅ဝဝ) အခြံအရံရှိသော မဏ္ဍလာရာမကျောင်းတိုက်သို့ ဆိုက်ရောက်တော်မူလာ၏။ တစ်ယောက် တစ်ယောက်သည် (၉)တောင်ရှိသော အဝတ်နှင့်တကွ အဿပြာ တစ်ကျပ် တစ်ကျပ် ထိုက်တန်သော ဆွမ်းကို ပေးလှူလော့'' -- ဟု လူအပေါင်းတို့ကို ပြောဆိုကြကုန်၏။
当时,马哈索纳长老顺利抵达伽罗迦村的曼陀罗园寺;寺内有五百位比丘安住,村中则有七百户人家。夜里,诸天巡行宣告:‘马哈索纳长老已经来到五百位比丘安住的曼陀罗园寺。每个人都应供养一块长九肘的布,以及价值一银钱的钵食。’
တစ်ဖန် နောက်တစ်နေ့၌ မထေရ်မြတ်တို့သည် ကာလကရွာတွင်းသို့ ဆွမ်းအလို့ငှာ ဝင်ရောက်တော်မူကြ ကုန်၏။ လူတို့သည် ထိုင်၍ သီတင်းသုံးစေပြီးနောက် ယာဂုကို ဆက်ကပ် လှူဒါန်းကြကုန်၏။ ထိုသံဃာ့ပရိသတ်၌ မဏ္ဍလာရာမကျောင်းတိုက်၌ သီတင်းသုံးတော်မူသော အရှင်တိဿဘူတိမထေရ်မြတ်ကြီးသည်ကား သံဃာ့ထေရ် ဖြစ်၍ ထိုင်နေတော်မူ၏။ တစ်ယောက်သော ဥပါသကာ ဒါယကာကြီးသည် ထိုအရှင်တိဿဘူတိမထေရ်မြတ်ကြီး ကို ရှိခိုးဝပ်ချ၍ --- ''အရှင်ဘုရား …အရှင်မဟာသောဏမထေရ်မြတ်မည်သည် အဘယ်မထေရ်ပါနည်း'' - ဤသို့ မေးမြန်းလျှောက်ထား၏။ ထိုအချိန်အခါ၌ အရှင်မဟာသောဏမထေရ်မြတ်ကား သီတင်းငယ် ဖြစ်နေ၏၊ ထို ရဟန်းပရိသတ်တွင် အငယ်ဆုံး ဖြစ်နေ၏၊ ရဟန်းပရိသတ်၏ အစွန်ဆုံး နေရာ၌ ထိုင်နေတော်မူ၏။ အရှင် တိဿဘူတိမထေရ်မြတ်ကြီးသည် လက်တော်ကို ဆန့်တန်းတော်မူ၍ - ''ဥပါသကာ …မဟာသောဏမထေရ် မည်သည် ဤပုဂ္ဂိုလ်တည်း'' - ဟု မိန့်ကြားတော်မူလိုက်၏။ ဥပါသကာ ဒါယကာကြီးသည် ထိုမဟာသောဏ
第二天,诸位长老进入伽罗迦村受食。村民请他们坐下,随后供养粥。在这群僧众中,住在曼陀罗园寺的帝须菩提长老是僧团上座,坐在上首。一位年长的优婆塞施主礼敬帝须菩提长老后问:‘尊者,哪一位是马哈索纳长老?’当时,马哈索纳长老戒腊最浅,是这群比丘中最年少者,坐在僧众最外围。帝须菩提长老伸手指着他说:‘优婆塞,这一位就是马哈索纳长老。’那位优婆塞施主来到马哈索纳——
မထေရ်မြတ်ကြီးကို ရှိခိုး၍ သပိတ်ကို လှမ်းယူ၏။ အရှင်မဟာသောဏမထေရ်မြတ်က သပိတ်ကို မပေးလိုက်ပေ။
——长老面前,礼敬后伸手接钵;马哈索纳长老却没有把钵给他。
အရှင်မဟာသောဏမထေရ်မြတ်က အဘယ်ကြောင့် မပေးသနည်းဟူမူ --- ဤဥပါသကာ ဒါယကာကြီး သည် ငါ့ကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းဖြင့် သိလေသနည်း၊ တစ်စုံတစ်ယောက်က တစ်စုံတစ်ခုကို ပြောထားသည် ဖြစ်တန်ရာ၏'' --- ဤသို့ အမှတ်သညာရှိ၍ မပေးခြင်း ဖြစ်၏။ (ရဟန်း တစ်ပါးပါးက ပြောထား
马哈索纳长老为什么不把钵交给他呢?他心想:‘这位优婆塞施主是通过什么方式、什么途径认识我的?一定是某个人说了什么。’因为有这样的想法,他才不交出钵。〔意思是,他以为已有某位比丘把——
原书第 248 页
သည်ဟု အမှတ်သညာ ရှိနေ၍ မပေးခြင်း ဖြစ်၏ဟု ဆိုလိုသည်။) ထိုအခါ အရှင်တိဿဘူတိမထေရ်မြတ်ကြီးက - ''ငါ့ရှင် သောဏ …သင်သည် မသိသကဲ့သို့ ငါတို့သည် လည်း အလားတူပင် မသိကြပါကုန်၊ ဘုန်းကံ ရှိသူတို့အဖို့ နတ်တို့သည် ဆွမ်းတို့ကို ကျက်စေကြကုန်၏၊ သပိတ်ကို ပေးလိုက်ပါ၊ သီတင်းသုံးဖော်တို့အား ချီးမြှောက်မှုကို ပြုပါလော့'' --- ဟု မိန့်ကြားတော်မူလိုက်၏။
——他的消息告诉了施主,所以不肯给钵。〕这时,帝须菩提长老说:‘贤友索纳,正如你不知道一样,我们也同样不知道。对于有福德的人,诸天会使钵食成熟。把钵交出去吧,也让同住者得到提携。’
အရှင်မဟာသောဏမထေရ်မြတ်သည် သပိတ်ကို ပေးတော်မူလိုက်၏၊ ဥပါသကာ ဒါယကာကြီးသည် သပိတ်ကို ယူဆောင်၍ အသပြာ တစ်ကျပ် ထိုက်တန်သော ဆွမ်းဖြင့် ပြည့်စေ၍ (၉)တောင် အတိုင်းအရှည်ရှိသော ပိတ်စကို သပိတ်ခြေ ပြုလုပ်၍ ဆောင်ယူပြီးနောက် အရှင်မဟာသောဏမထေရ်မြတ်၏ လက်တော်၌ ဆက်ကပ် တည်ထားလေ၏။ အခြားတစ်ယောက်သော ဥပါသကာ ဒါယကာကြီးသည်လည်း အခြားသော ရဟန်းတော် တစ်ပါး၏ သပိတ်တော်ကို ယူဆောင်သွားပြီးနောက် အသပြာ တစ်ကျပ် ထိုက်တန်သော ဆွမ်းဖြင့် ပြည့်စေ၍ (၉)တောင် အတိုင်းအရှည် ရှိသော ပိတ်စကို သပိတ်ခြေ ပြုလုပ်၍ ဆောင်ယူပြီးနောက် အရှင်မဟာသောဏ မထေရ်မြတ်၏ လက်တော်၌ ဆက်ကပ် တည်ထားလေ၏။ ဤသို့လျှင် (၇ဝဝ)သော ပိတ်စတို့ကိုလည်းကောင်း၊ (၇ဝဝ)သော ဆွမ်းတို့ကိုလည်းကောင်း အရှင်မဟာသောဏမထေရ်မြတ်အားသာလျှင် ပေးလှူကြကုန်၏။
马哈索纳长老于是交出钵。那位优婆塞施主接过来,盛满价值一银钱的钵食,把一块长九肘的布铺作钵垫,端到马哈索纳长老手中供养。另一位优婆塞施主也取走另一位比丘的钵,同样盛满价值一银钱的钵食,以一块长九肘的布作钵垫,再端到马哈索纳长老手中供养。就这样,七百块布和七百份钵食全都只供养给了马哈索纳长老。
အရှင်မဟာသောဏမထေရ်မြတ်သည် ရဟန်းသံဃာတော်အား ခွဲခြား ဝေဖန်မှုကို ပြု၍ အစဥ်အတိုင်း ခရီးဒေသစာရီ ကြွချီတော်မူလာရာ မဟာဝိဟာရကျောင်းတိုက်ကြီးသို့ ဆိုက်ရောက်တော်မူလာ၏။ မျက်နှာကို သစ်တော်မူ၏။ မဟာဗောဓိပင်ကို ရှိခိုး ဝတ်ပြုတော်မူ၏။ မဟာစေတီတော်ကို ရှိခိုးတော်မူ၏။ ထူပါရာမ၌ ရပ်တည်တော်မူလျက် သင်္ကန်းကို ရုံ၍ ရဟန်းသံဃာအပေါင်း ခြံရံလျက် မြို့တွင်းသို့ ဝင်တော်မူ၍ တောင်တံခါး မှသည် ဝဠဉ္ဇနက မည်သော ဇရပ်သို့တိုင်အောင် ဤအတွင်း၌ အသပြာ (၆ဝ) ထိုက်တန်သော ဆွမ်းကို ရရှိတော် မူ၏။ တစ်ဖန် ထိုအခါမှစ၍ ကောင်းစွာ ပြုလုပ်အပ်သော ပူဇော်သက္ကာရ၏ အတိုင်းအတာ ပမာဏကား မရှိ ဖြစ်ခဲ့၏။ --- ဤသို့လျှင် ကာလဝိပတ္တိ၌ သစ်မည်စည်သီး အခွံသည်လည်းကောင်း၊ ကုမုဒြာကြာရိုးသည်လည်း- ကောင်း အလွန်ရခဲသော သဘောရှိသည့် ဒုလဒဘတရား တစ်ခု ဖြစ်ခဲ့ရ၏။ ကာလသမ္ပတ္တိ အခါ၌ကား ဤသို့
马哈索纳长老把所得分配给比丘僧团,随后依次游行,抵达大寺。他洗过脸,礼敬大菩提树,又礼敬大塔;来到塔园寺,站定披衣,由比丘僧团围绕着进入城内。从南门直到名为瓦兰阇那迦的堂舍,这段路上他得到价值六十银钱的钵食。从那时起,精心备办的供养恭敬便不可限量。这正说明,在时失坏中,德梅西果壳与白睡莲茎都成了极难获得之物;到了时成就,像这样——
သဘောရှိသော များစွာကုန်သော လာဘ်လာဘသည် ထင်ရှား ဖြစ်ခဲ့လေပြီ။ (အဘိ-ဋ္ဌ-၂-၄၂၆-၄၃ဝ။)
——丰厚的利养便显现了。(《阿毗达磨义注》2-426—430。)
ဝတ္တဗ္ဗကနိဂြောဓမထေရ်မြတ်ကြီး၏ ဝတ္ထု
瓦达巴迦榕树长老的故事
အရှင်ဝတ္တဗ္ဗကနိဂြောဓမထေရ်၏ အကြောင်းအရာကိုလည်း ဤတွင် အဋ္ဌကထာက ဖွင့်ဆိုထားတော်မူ၏ --- အရှင်ဝတ္တဗ္ဗကနိဂြောဓမထေရ်၏လည်း သာမဏေ ဖြစ်ရာအခါ၌ ဗြာဟ္မဏတိဿ သူပုန်ဘေးကြီးသည် ထင်ရှား ဖြစ်ပေါ်ခဲ့၏။ ဝတ္တဗ္ဗကနိဂြောဓသာမဏေသည်လည်းကောင်း၊ ထိုသာမဏေ၏ ဥပဇ္ဈာယ်ဆရာတော်သည်လည်း ကောင်း သမုဒြာ တစ်ဘက်ကမ်းသို့ = အိန္ဒိယဘက်သို့ မလိုက်ပါကြကုန်။ ဟင်းရွက်ကို စားသုံးကြကုန်သော လူ တို့ကို အမှီပြု၍ နေကုန်အံ့ဟု ကြံစည်၍ တိုင်းပြည်၏ အစွန်အဖျား ပစ္ဆန္တရာဇ်အရပ်သို့ ရှေးရှူ ခရီးသွားတော်မူကြ ၏။ ရှင်သာမဏေသည် ခုနစ်ရက်မျှပတ်လုံး အစာမစားရသည် ဖြစ်၍ တစ်ခုသော ရွာတည်ရာ အရပ်၌ ထန်းသီး ရင့်ရင့်ကို တွေ့မြင်ရ၍ ဥပဇ္ဈာယ်ဆရာတော်ကို လျှောက်ထား၏ --- ''အရှင်ဘုရား …အနည်းငယ် ဆိုင်းငံ့တော် မူပါ၊ ထန်းသီးရင့်ရင့်ကို မြေသို့ ကျစေပါအံ့''ဟု လျှောက်ထား၏။ ''ငါ့ရှင် သာမဏေ …သင်ကား အားမရှိ
义注在这里也解释了瓦达巴迦榕树长老的事迹。当婆罗门帝须叛乱大灾发生时,瓦达巴迦榕树长老还只是一位沙弥。瓦达巴迦榕树沙弥和他的和尚没有随众前往海的彼岸〔印度一边〕,而是想:‘我们依靠那些以蔬菜为食的人生活吧。’于是朝国土边远的边地方向游行。沙弥整整七天没有进食,在一处村落看见成熟的糖棕果,便禀告和尚:‘尊者,请稍等片刻,我要让成熟的糖棕果落到地上。’和尚阻止他说:‘沙弥,你现在没有——
ဖြစ်နေ၏၊ ထန်းပင်ကို မတက်ပါလင့်''ဟု တားမြစ်တော်မူလိုက်၏။
——力气,不要爬上糖棕树。’
''အရှင်ဘုရား …တပည့်တော် တက်ပါအံ့''ဟု လျှောက်ထား၍ ဓားငယ်ကို ကိုင်၍ ထန်းပင်သို့ တက်၏။
沙弥禀告:‘尊者,我要爬上去。’说完便手持小刀,爬上糖棕树。
ထန်းပင်ပေါ်သို့ ရောက်သောအခါ ထန်းသီးခိုင်ကို ဖြတ်ချဖို့ရန် ကြိုးစားအားထုတ်တော်မူ၏။ ဓားသွားငယ်သည်
爬到树上以后,他努力要把一串糖棕果割下来。小刀的刀刃——
原书第 249 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း ဓားရိုးမှ ကျွတ်ထွက်၍ မြေပေါ်သို့ ကျသွား၏။ ဥပဇ္ဈာယ်မထေရ်မြတ်ကြီးကား စဥ်းစားတော်မူ၏ --- ''ဤသာမဏေ သည် ပင်ပင်ပန်းပန်း ထန်းပင်ပေါ်သို့ ရောက်အောင် တက်ခဲ့ရ၏၊ ယခုအခါ၌ အဘယ်ကို ပြုလုပ်ရလတ္တံ့နည်း'' ဤသို့ စဥ်းစားတော်မူ၏။ ရှင်သာမဏေကား အကြောင်းဥပါယ်၌ လိမ္မာသူဖြစ်၏။ ထန်းရွက်ကို စိတ်၍ စိတ်၍ ဓားရိုး၌ ဖွဲ့ချည်၍ ထန်းရွက်စ တစ်ခုနှင့် ထန်းရွက်စ တစ်ခုကို ဆက်စပ်လျက် ဖွဲ့ချည်ပြီးနောက် မြေ၌ ချပေး လိုက်၏။ ''အရှင်ဘုရား …ဓားသွားကို ဤဓားရိုး၌ အကယ်၍ သွင်းပေးလိုက်အံ့၊ ဤသို့ သွင်းပေးလိုက်သော် စင်စစ်ကောင်းသည်သာ ဖြစ်ရာပါ၏'' - ဟု လျှောက်ထား၏။ ဥပဇ္ဈာယ်မထေရ်မြတ်သည် --- ''ရှင်သာမဏေကား ဥပါယ်တံမျဥ်၌ ကျွမ်းကျင်၏'' --- ဟု နှလုံးပိုက်တော်မူ၍ ဓားသွားကို ဓားရိုး၌ သွင်း၍ ပေးတော်မူလိုက်၏။
——从刀柄脱落,掉到了地上。和尚长老心想:‘这位沙弥辛辛苦苦才爬到糖棕树顶,现在该怎么办呢?’沙弥却善于运用方法。他把糖棕叶一条条割开,系在刀柄上,又把一条条叶片接续系好,垂到地面,然后禀告:‘尊者,请把刀刃装进这把刀的刀柄里;若能这样装好,就确实好了。’和尚长老心想:‘这位沙弥精通善巧方法。’便把刀刃装进刀柄。
ထိုသာမဏေသည် ဓားငယ်ကို အပေါ်သို့ ဆွဲတင်၍ ထန်းသီးတို့ကို ခုတ်ချလိုက်၏။ မထေရ်ကြီးသည် ဓားငယ်ကို ရှေးဦးစွာ အောက်သို့ ပစ်ချရန် မိန့်ကြားတော်မူလိုက်၏။ မထေရ်ကြီးသည် မြေကြီးပေါ်၌ လိမ့်သွားသော ထန်းသီးကို ခွဲ၍ ထန်းပင်ပေါ်မှ ဆင်းသက်လာသော ရှင်သာမဏေကို --- ''သာမဏေ …သင်သည် အားမရှိ ဖြစ်နေ၏၊ ရှေးဦးစွာ ဤထန်းသီးကို စားပါ'' --- ဟု မိန့်ဆို၏။
沙弥把小刀拉回树上,割下糖棕果。长老先叫他把小刀扔下来,又剖开滚落在地的糖棕果,对从树上下来的沙弥说:‘沙弥,你现在没有力气,先吃这个糖棕果吧。’
''အရှင်ဘုရား …တပည့်တော်သည် အရှင်ဘုရားတို့သည် မခဲစားအပ်သေးမီ မခဲစားပါအံ့'' ဟု လျှောက် ထား၍ ဓားငယ်ကို ယူ၍ ထန်းသီးတို့ကို ခွဲ၍ သပိတ်ကို သပိတ်အိတ်မှ ထုတ်ဆောင်၍ ထန်သီးဆန်ကို ထည့်၍ ဥပဇ္ဈာယ်မထေရ်မြတ်ကြီးအား ဦးစွာ ဆက်ကပ်၏။ ထိုနောင်မှ မိမိကိုယ်တိုင် ခဲစား၏။ ထန်းပင်တို့၌ ထန်းသီးများ ရှိနေသေးသမျှ ကာလပတ်လုံး ထန်းသီးများ မကုန်မချင်း ဆရာတပည့် နှစ်ပါးတို့သည် ထိုအရပ်၌ပင်လျှင် သီတင်း သုံးတော်မူကြ၏။ ထန်းသီးတို့ ကုန်သွားသောအခါ၌ ဆရာတပည့် နှစ်ပါးတို့သည် အစဥ်အတိုင်း ခရီးဒေသစာရီ ကြွချီတော်မူရာ ဟင်းရွက်ကို စားကြကုန်သော လူတို့၏ နေရာအရပ်ဌာန၌ ရဟန်းတို့ စွန့်ပစ်ထားအပ်သော ကျောင်းတစ်ကျောင်းသို့ ဝင်ရောက်သွားကြ၏။ ရှင်သာမဏေသည် ဥပဇ္ဈာယ်မထေရ်မြတ်ကြီး၏ သီတင်းသုံးဖို့ရန် နေရာကို သုတ်သင်ရှင်းလင်းပေး၏။ ဥပဇ္ဈာယ်မထေရ်မြတ်ကြီးသည် ရှင်သာမဏေအား အဆုံးအမ သြဝါဒကို
沙弥禀告:‘尊者,在尊者还没有食用以前,我不会先吃。’于是拿起小刀剖开糖棕果,从钵袋里取出钵,把果肉放进钵中,先供给和尚长老,自己随后才吃。只要树上还有糖棕果,师徒二人便住在那里,以糖棕果维生。糖棕果吃完以后,师徒二人继续依次游行,来到一处以蔬菜为食的人们居住的地方,住进一座已被比丘舍弃的寺院。沙弥把和尚长老的住处打扫干净。和尚向沙弥作了教诫——
ပေးတော်မူပြီးနောက် ကျောင်းတွင်းသို့ ဝင်သွားတော်မူ၏။ ရှင်သာမဏေကား ဤသို့ စဥ်းစားတော်မူ၏။ --- အနာယတနေနဋ္ဌာနံ အတ္တဘာဝါနံ ပမာဏံ နတ္ထိ၊ ဗုဒ္ဓါနံ ဥပဋ္ဌာနံ ကရိဿာမိ။ (အဘိ-ဋ္ဌ-၂-၄၃၁။) ''သေဖို့ရန် အကြောင်းမဟုတ်သော အရပ်၌၊ မသေသင့်ဘဲ သေရာအရပ်၌ ပျက်စီးရကုန်သော ခန္ဓာကိုယ် အတ္တဘောတို့၏ အတိုင်းအရှည်ပမာဏသည်ကား မရှိဖြစ်ခဲ့၏ (= သံသရာတစ်ခွင်၌ ကျင်လည်ခဲ့ရစဥ် မသေသင့်ဘဲ သေရသည့်ဘဝ၊ မသေသင့်ရာအရပ်၌ သေခဲ့ရသည့်ဘဝတို့ကား မရေမတွက်နိုင်အောင် များပြားခဲ့၏။) ဘုရားရှင် တို့အား ပြုစုလုပ်ကျွေးခြင်းကို ငါသည် ပြုပါတော့အံ့'' ဤသို့ ကြံစည်စဥ်းစား၍ စေတီရင်ပြင်တော်သို့ သွား၍ စိမ်းလန်းသော မြက်သစ်ပင် မရှိအောင် သုတ်သင်ရှင်းလင်း၏။ ခုနစ်ရက်မျှကာလပတ်လုံး အစာမစားရခြင်းကြောင့် တုန်တုန်လှုပ်လှုပ် ဖြစ်၍ လဲလေ၏။ လျောင်းလျက်သာလျှင် စေတီရင်ပြင်တော်၌ရှိသော မြက်တို့ကို ဆက်လက်၍
——随后走进寺内。沙弥心想:‘在不应死亡的地方舍弃的生命身,数不可量;我要侍奉诸佛。’(《阿毗达磨义注》2-431。)意思是:在轮回流转中,本来不应死亡却死去、本来不应死在那处却死在那处的生命,多得不可计数。因此他想:‘从现在起,我要侍奉诸佛。’便前往塔院,把青绿的草木清除干净。他因为整整七天没有进食,身体颤抖,倒在地上;即使躺着,仍继续——
နှုတ်နေ၏။
——拔除塔院里的草。
ထိုအချိန်အခါဝယ် အချို့ကုန်သော လူတို့သည် တောထဲ၌ လှည့်လည်ကုန်လတ်သော် ပျားရည်ကို ရရှိ၍ ထင်းတို့ကိုလည်းကောင်း ဟင်းရွက်တို့ကိုလည်းကောင်း ဆောင်ယူ၍ လာကုန်လတ်သော် စေတီရင်ပြင်တော်၌ ရှိသော မြက်များ လှုပ်ရှားနေခြင်းဟူသော အမှတ်သညာဖြင့် ''ဤလှုပ်ရှားနေသော အရာသည် သားကောင် လေလော'' ဟု ကြံ၍ လာလတ်ကုန်သော် ရှင်သာမဏေကို တွေ့ကြကုန်၏။ ရှင်သာမဏေ၏ အထံသို့ သွား၍ ''သာမဏေ …အဘယ်အရာကို ပြုလုပ်နေပါသနည်း'' ဟု မေးမြန်းလျှောက်ထားကြကုန်၏။
这时,有些人在森林里行走,得到蜂蜜,又带着柴薪和蔬菜回来。他们看见塔院里的草在晃动,心想:‘这个活动的东西是野兽吗?’走近以后,却发现了沙弥。他们来到沙弥跟前问:‘沙弥,您在做什么?’
原书第 250 页
''ဥပါသကာ ဒါယကာတို့ …စေတီရင်ပြင်တော်၌ ပေါက်ရောက်နေကြသော ရှုပ်ပွေနေကြသော မြက်ထုံး တို့ကို ဆွဲယူနေပါ၏'' --- ဤသို့ ပြန်ပြောလိုက်၏။
沙弥回答:‘诸位优婆塞施主,我正在拔除长在塔院里的纠结草丛。’
''အရှင်ဘုရား …အရှင်ဘုရားမှ အခြားတစ်ပါးသော ရဟန်းသံဃာတော် တစ်စုံတစ်ဦးသည် ရှိပါသေး သလော'' ဟု မေးမြန်းလျှောက်ထားကြ၏။
他们问:‘尊者,除了尊者以外,还有别的比丘僧人吗?’
''ဥပါသကာ ဒါယကာတို့ …အိမ်း - ရှိပေ၏။ ကိုရင်၏ ဥပဇ္ဈာယ်ဆရာတော်သည် ကျောင်းခန်းအတွင်း၌ ရှိနေသေး၏'' ဟု ပြန်လည်မိန့်ဆိုလိုက်၏။
沙弥回答:‘诸位优婆塞施主,有的。我的和尚还在寺院的房间里。’
''အရှင်ဘုရား …ဥပဇ္ဈာယ်ဆရာတော်မဟာထေရ်မြတ်ကြီးအား ပေးလှူပြီးနောက် အရှင်ဘုရားလည်း ခဲစားတော်မူပါ ဘုဥ်းပေးတော်မူပါ'' --- ဤသို့ ပြောဆိုလျှောက်ထား၍ ရှင်သာမဏေအား ပျားရည်ကို လှူဒါန်း ပြီးနောက် မိမိ၏ (ဒါယကာ၏) နေထိုင်ရာအရပ်ကို လျှောက်ထားခဲ့၍ --- ''အရှင်ဘုရား …တပည့်တော်တို့သည် သစ်ခက်များကို ချိုး၍ ချိုး၍ လမ်း၌ ချလျက် ချလျက် လမ်းပြသော အားဖြင့် သွားပါကုန်အံ့၊ လမ်း၌ ချိုး၍ ချထားအံ့သော ဤသစ်ခက် အမှတ်အသားဖြင့် အရှင်ဘုရား၏ ဥပဇ္ဈာယ် ဆရာတော်မထေရ်မြတ်ကြီးကို ပင့်ဆောင်တော်မူ၍ လိုက်ခဲ့တော်မူပါ'' - ဟု ပြောဆိုလျှောက်ထား၍ သွားကြ၏။
他们说:‘尊者,请先供给和尚长老,然后尊者自己也食用。’说完便把蜂蜜供养给沙弥,又告诉他自己的住处,说:‘尊者,我们会一路折下树枝,丢在路上作为路标。请依循这些折下的树枝标记,迎请和尚长老一同前来。’说完便离开了。
ရှင်သာမဏေသည် ပျားရည်ကို ယူဆောင်၍ ဥပဇ္ဈာယ်မထေရ်မြတ်ကြီး၏ အထံသို့ သွား၏။ အခန်း၏ ပြင်ဘက်၌ ရပ်တည်၍ --- ''အရှင်ဘုရား …ရှိခိုးပါ၏'' ဟု လျှောက်ထား၏။ ဥပဇ္ဈာယ်ဆရာတော်မထေရ်မြတ် ကြီးသည် --- ''ရှင်သာမဏေသည် မွတ်သိပ်ဆာလောင်ခြင်းသည် အဖန်ဖန် လောင်မြှိုက်အပ်သည်ဖြစ်၍ ငါ့ထံသို့ လာသည် ဖြစ်လတ္တံ့'' --- ဤသို့ စဥ်းစားပြီး ဆိတ်ဆိတ်နေတော်မူလိုက်၏။ ထိုရှင်သာမဏေသည် တစ်ဖန်ထပ်၍ လည်း --- ''အရှင်ဘုရား …ရှိခိုးပါ၏'' ဟု လျှောက်ထား၏။
沙弥带着蜂蜜来到和尚长老那里,站在房门外禀告:‘尊者,我礼敬您。’和尚长老心想:‘沙弥大概是饥饿反复烧灼,才来找我。’便沉默不语。沙弥再次禀告:‘尊者,我礼敬您。’
''သာမဏေ …အဘယ်ကြောင့် အားမရှိသော ရဟန်းတို့အား ချမ်းချမ်းသာသာ လျောင်းစက်နေခြင်းငှာ အခွင့်ကို မပေးသနည်း''ဟု အမိန့်ရှိလိုက်၏။
和尚说:‘沙弥,为什么不让没有力气的比丘舒适地躺卧休息呢?’
''အရှင်ဘုရား …တံခါးကို ဖွင့်ခြင်းငှာ လျောက်ပတ်ပါ၏'' ဟု လျှောက်ထားလိုက်၏။ မထေရ်မြတ်ကြီး သည် နေရာမှ ထတော်မူ၍ တံခါးကို ဖွင့်ပေးတော်မူလိုက်၏။
沙弥禀告:‘尊者,请开门。’长老便从座位起身,打开房门。
''သာမဏေ …သင်သည် အဘယ်အရာဝတ္ထုကို ရရှိအပ်ပါသနည်း'' ---ဟု မေးမြန်းလိုက်၏။ ''အရှင်ဘုရား …လူဒါယကာတို့သည် ပျားရည်ကို ပေးလှူအပ်ပါပြီ၊ ပျားရည်ကို ဘုဥ်းပေး သုံးဆောင်တော်မူခြင်းငှာ လျောက် ပတ်ပါ၏'' ဟု လျှောက်ထားလိုက်၏။
长老问:‘沙弥,你得到了什么?’沙弥禀告:‘尊者,施主们供养了蜂蜜,请尊者食用。’
''သာမဏေ …ပျားရည်အတိုင်း ဘုဥ်းပေး သုံးဆောင်လိုက်လျှင် ပင်ပန်းကြပေလိမ့်မယ်၊ ဖျော်ရည်ကို ပြုလုပ်၍ သောက်ကြစို့''ဟု မိန့်ကြားတော်မူလိုက်၏။
长老说:‘沙弥,如果就这样食用蜂蜜,我们会感到不适;把它调成饮料再喝吧。’
ရှင်သာမဏေသည် ဖျော်ရည်ပြုလုပ်၍ ဆက်ကပ်တော်မူလိုက်၏။ ထိုအခါ မထေရ်မြတ်ကြီးက ''သာမဏေ လူဒါယကာတို့၏ နေထိုင်ရာ အရပ်ကို မေးကြည့်လိုက်သေးသလား''ဟု မေးမြန်းလိုက်၏။
沙弥调好蜂蜜饮料,供给和尚。长老问:‘沙弥,你问过那些施主的住处了吗?’
''အရှင်ဘုရား …သူတို့ကိုယ်တိုင်ပင် ပြောပြသွားကြပါ၏'' --- ဤသို့ လျှောက်ထားလိုက်၏။
沙弥禀告:‘尊者,是他们自己告诉我的。’
''သာမဏေ …နံနက်စောစောကျမှ သွားကြလျှင် ငါတို့ ပင်ပန်းကြလိမ့်မယ်၊ ဒီနေ့ပင် သွားကြစို့'' --- ဟု မထေရ်မြတ်ကြီးက မိန့်ဆို၍ သပိတ် သင်္ကန်းကို ယူဆောင်စေ၍ ထွက်တော်မူခဲ့ကြ၏။ ထိုဆရာတပည့်တို့သည် သွားကြ၍ လူဒါယကာတို့၏ နေထိုင်ရာ အရပ်၏ မနီး မဝေးသော နေရာတစ်ခု၌ ကျိန်းစက်တော်မူကြ၏။
长老说:‘沙弥,如果等到明天清早再去,我们会疲累;今天就去吧。’于是让沙弥带上钵与袈裟,师徒二人便出发了。他们走到离施主住处不近不远的一个地方,在那里过夜。
原书第 251 页
လက္ခဏာဒိစတုက္ကပိုင်း -- သင်္ခါရက္ခန္ဓကထာ အခန်း ရှင်သာမဏေသည် ညဥ့်အခါ၌ ဤသို့ စဥ်းစား၏ --- ''ငါသည် ရှင်သာမဏေ ဖြစ်သည့်အခါမှစ၍ ရွာ၏ အနီး၌ = အာရညကင်ဓုတင် မရသော နေရာ၌ အရုဏ် မတက်စေအပ်ဖူးပေ။ 〔ရွာ၏ ဥပစာမှ အနည်းဆုံး ကုလလေးတာ အပြန် (၅ဝဝ) ကွာဝေးသော တောအရပ်၌သာလျှင် အရုဏ်ကို တက်စေခဲ့ဖူး၏။〕'' ဤသို့ စဥ်းစား၍ ထိုရှင်သာမဏေသည် သပိတ်ကို ယူဆောင်၍ အရုဏ်ကို တက်စေခြင်းငှာ အာရညကင်ဓုတင် မြောက်သော ရွာဥပစာမှ အနည်းဆုံး ကုလလေးတာ အပြန် (၅ဝဝ) ကွာဝေးသော တောအရပ်သို့ ကြွသွားတော်မူ၏။
夜里,沙弥心想:‘从我成为沙弥以来,从未在靠近村庄、不能成就林住头陀支的地方迎来黎明。〔我一向只在距村庄界域至少五百弓的林野迎来黎明。〕’于是带上钵,为了迎来黎明而前往距村庄界域至少五百弓、足以成就林住头陀支的林野。
ဥပဇ္ဈာယ်ဆရာတော်မထေရ်မြတ်ကြီးသည် ရှင်သာမဏေကို လျောင်းစက်ရာ အရပ်၌ မတွေ့မမြင်ရသည် ဖြစ်၍ - ''လူသားကို စားတတ်ကုန်သော လူတို့သည် ဖမ်းယူသွားသည် ဖြစ်ပေလိမ့်မည်'' -- ဟု စဥ်းစားတော်မူ၏။
和尚长老没有在睡卧处看见沙弥,心想:‘他大概被食人者抓走了。’
ရှင်သာမဏေသည် အာရညကင်ဓုတင် မြောက်သော တောအရပ်၌ အရုဏ်ကို တက်စေ၍ သပိတ်ဖြင့် မျက်နှာသစ်ရန် ရေကိုလည်းကောင်း၊ တံပူကိုလည်းကောင်း ယူဆောင်၍ ပြန်လာခဲ့၏။
沙弥在足以成就林住头陀支的林野迎来黎明以后,用钵带回洗脸水和牙木。
''သာမဏေ …သင်သည် အဘယ်အရပ်သို့ သွားလေသနည်း၊ သင်သည် အသက်ကြီးကုန်သော ရဟန်း- တော်တို့၏ တောင်တောင်ဤဤ ကြံစည်ခြင်းကို ဖြစ်စေအပ်ပြီ၊ သဲဒဏ် ရေဒဏ်စသော ဒဏ်ထမ်းခြင်းအမှုကို ဆောင်လော''ဟု မိန့်ကြားတော်မူလိုက်၏။
和尚说:‘沙弥,你到哪里去了?你让年老的比丘生起了种种忧虑。作为惩罚,去承担运沙、运水等执事吧。’
''အရှင်ဘုရား …ဒဏ်ကို ထမ်းဆောင်ပါအံ့''ဟု လျှောက်ထားလိုက်၏။ မထေရ်မြတ်ကြီးသည် မျက်နှာ- တော်ကို သစ်တော်မူ၍ သင်္ကန်းကို ရုံတော်မူ၏။ ဆရာတပည့် နှစ်ပါးလုံးတို့သည်လည်း လူဒါယကာတို့ နေထိုင်ရာ အရပ်သို့ ကြွသွားတော်မူကြ၏။ လူဒါယကာ လူဒါယကာမတို့သည်လည်း မိမိတို့၏ သုံးဆောင်နေကြဖြစ်သော တောသစ်ဥ သစ်ဖု သစ်မြစ် သစ်သီး သစ်ရွက်ကို ပေးလှူကြ၏။ မထေရ်မြတ်ကြီးသည်လည်း ဘုဥ်းပေးတော်မူပြီး၍ ကျောင်းသို့ ပြန်ကြွတော်မူ၏။ ရှင်သာမဏေသည် ခြေဆေးရေကို ဆောင်ယူ၍ --- ''အရှင်ဘုရား …ခြေတော် တို့ကို ဆေးကြောပေးပါအံ့''ဟု လျှောက်ထား၏။
沙弥禀告:‘尊者,我愿意承担惩罚。’长老洗过脸,披好袈裟,师徒二人一同前往施主们居住之处。男女施主把自己平常食用的林中块根、球茎、根、果实和叶子供养给他们。长老食用以后返回寺院。沙弥取来洗脚水,禀告:‘尊者,我来为您洗脚。’
''သာမဏေ …သင်သည် ညဥ့်တုန်းက အဘယ်အရပ်သို့ သွားသနည်း၊ ငါတို့သန္တာန်၌ တောင်တောင်- ဤဤ ကြံစည်ခြင်းကို သင်သည် ဖြစ်စေအပ်ပြီ၊'' --- ဤသို့ မထေရ်မြတ်ကြီးက မိန့်တော်မူလိုက်၏။
长老又说:‘沙弥,你昨夜到哪里去了?你让我们生起了种种忧虑。’
''အရှင်ဘုရား …တပည့်တော်သည် ရှင်ဖြစ်သည့်နေ့မှ စ၍ အာရညကင်ဓုတင် မမြောက်သည့် ရွာ၏ အနီး၌ အရုဏ်ကို မတက်စေအပ်ဖူးပါ။ အရုဏ် တက်စေခြင်း အကျိုးငှာ တောအရပ်သို့ သွားပါ၏'' --- ဤသို့ လျှောက်ထားလိုက်၏။
沙弥禀告:‘尊者,从我出家成为沙弥那天起,从未在靠近村庄、不能成就林住头陀支的地方迎来黎明;为了迎来黎明,我去了林野。’
''သာမဏေ …သင့်အား ဒဏ်ထမ်းခြင်း အမှုသည် မလျောက်ပတ်၊ ငါတို့အားသာလျှင် ဒဏ်ထမ်းခြင်း အမှုသည် လျောက်ပတ်၏၊'' ဤသို့ ပြောဆို၍ မထေရ်ကြီးသည် ထိုအရပ်၌ပင်လျှင် နေထိုင် သီတင်းသုံးတော်မူ၏။
长老说:‘沙弥,不应由你承担惩罚,只应由我们承担。’说完便继续住在那个地方。
ထို့ပြင် ရှင်သာမဏေအား အမှတ်သညာကို ဤသို့ ပေးထားတော်မူ၏။ --- ''သာမဏေ …ငါတို့သည်ကား အသက်အရွယ် ကြီးရင့်ကုန်ပြီ၊ ဤမည်သော အကြောင်းသည် ဖြစ်ပေါ် လတ္တံ့၊ ဤသို့ သိဖို့ရန် မတတ်ကောင်းသည်သာ ဖြစ်၏၊ သင်သည် မိမိကိုယ် မိမိ ထိန်းသိမ်းစောင့်ရှောက်လျက် နေထိုင်ပေတော့'' --- ဤသို့သော အမှတ်သညာကို ပေးထားတော်မူ၏။ (သင်သည် မိမိကိုယ် မိမိ ထိန်းသိမ်းစောင့် ရှောက်လျက် နေထိုင်ပေတော့၊ ငါတို့ကား အသက်အရွယ် ကြီးကုန်သည့်အတွက်ကြောင့် မိမိကိုယ် မိမိ ထိန်း သိမ်းစောင့်ရှောက်လျှင်လည်း အဘယ်အမှုကို ပြုနိုင်ကုန်တော့အံ့နည်း။ တစ်ဖန် အသက်အရွယ် ကြီးရင့်ကုန် သည့် အတွက်ကြောင့်ပင် မိမိကိုယ် မိမိ ထိန်းသိမ်းစောင့်ရှောက်ခြင်းငှာ မစွမ်းနိုင်တော့ကုန် = ရှေးသို့ ဆက်
此外,长老还这样叮嘱沙弥:‘沙弥,我们年纪已经很大了,无法知道将会发生什么事;你以后要自己照顾好自己。’意思是:‘你要自己照顾好自己。我们年纪已经大了,即使想要照顾自己,又还能做什么呢?也正因为年老,已经没有能力照顾自己,不能再继续——