识蕴论章(下)

《趣向涅槃之道》中文全译本 · 非缩略版

特相等四法篇 · 原书第 200–208 页 · 71 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 200 页
ဣဋ္ဌ အနိဋ္ဌ စသည်ဖြင့် ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက်ချလျက် ပို၍ ပိုင်ပိုင်နိုင်နိုင် အာရုံ၏ အရသာကို ခံစားနိုင်ကြ၏၊ အဟုန်ပြင်းပြင်း တင်းတင်းထန်ထန် အာရုံ၏ အရသာကို ခံစားနိုင်ကြ၏၊ ခံစားခြင်းကိစ္စကို ရွက်ဆောင်နိုင်ကြ၏။
——把所缘明确判定为可意、不可意等,更充分、更有冲力地体验所缘之味,完成体验的作用。
ယင်းသို့ အဟုန်ပြင်းပြင်း တင်းတင်းထန်ထန် အာရုံ၏ အရသာကို ခံစားခြင်းကိစ္စကို ဇဝနကိစ္စဟု ခေါ်ဆို၏။
这种以强大冲力体验所缘之味的作用,称为速行作用。
ကုသိုလ်ဇော အကုသိုလ်ဇောတို့သည် ယင်းဇဝနကိစ္စကိုလည်း ရွက်ဆောင် နိုင်ကြသည်သာ ဖြစ်၏။ ဝိညာဏ်တို့၏ သို့မဟုတ် နာမ်တရားတို့၏ လုပ်ငန်းကိစ္စ (၁၄)မျိုးတို့တွင် ဇဝနကိစ္စလည်း ပါဝင်လျက်ပင် ရှိ၏။ ထိုကုသိုလ်တရား အကုသိုလ်တရားတို့ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝ၌လည်း ယင်းဇောများ- သည် အာရုံ၏ အရသာကို အဟုန်ပြင်းပြင်း တင်းတင်းထန်ထန် သုံးဆောင်ခံစားတတ်သော သဘောတရားဟု ထင်လာနိုင်သည်သာ ဖြစ်ပေသည်။
善速行与不善速行都能执行这种速行作用;速行作用也属于识或名法的十四种作用之一。修行者以正见智慧观照这些善法、不善法时,诸速行也能在其智前显现为以强大冲力体验所缘之味的法。
ပဒဋ္ဌာန် --- ပဉ္စဒွါရဝီထိများ၌ ဝုဋ္ဌောနာမ်တရား (၁၂)လုံး၊ မနောဒွါရဝီထိများ၌ မနောဒွါရဝဇ္ဇန်းနာမ်တရား (၁၂)လုံးကိုပင် ယောနိသောမနသိကာရဟုလည်းကောင်း၊ အယောနိသောမနသိကာရဟုလည်းကောင်း ခေါ်ဆို၏။
近因——在五门心路中,确定名法十二种;在意门心路中,意门转向名法十二种。这些名法都可称为如理作意或不如理作意。
ပဒဋ္ဌာန်ကို ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်သည် ယောနိသောမနသိကာရ အမည်ရသော ယင်းနာမ်တရား (၁၂)လုံး ကြောင့် ကုသိုလ်တရား ဖြစ်ပုံကိုလည်းကောင်း၊ အယောနိသောမနသိကာရ အမည်ရသော ယင်းနာမ်တရား (၁၂)လုံးကြောင့် အကုသိုလ်တရား ဖြစ်ပုံကိုလည်းကောင်း ဉာဏ်ဖြင့် မြင်အောင် ရှုပါ။
观照近因的修行者,应以智观见:由于称为如理作意的这十二种名法,善法如何生起;由于称为不如理作意的这十二种名法,不善法又如何生起。
အထက်ပါ ကုသိုလ်တရား သို့မဟုတ် အကုသိုလ်တရားတို့၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့ကို သိမ်းဆည်း ရှုပွားလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် အာယတနအလိုက် ဖြစ်ပေါ်နေကြကုန်သော ကုသိုလ်တရား သို့မဟုတ် အကုသိုလ်တရားတို့တွင် မိမိ သိမ်းဆည်းလိုသော ဇောနာမ်တရားစုမှ အသိစိတ် ဝိညာဏ်ကို ရွေးထုတ်၍ ရှုပါ။
想要摄取、观修上述善法或不善法的特相、作用、现起、近因,修行者应当在依各处生起的善法或不善法中,从自己要摄取的速行名法聚里选出识知之心加以观照。
ပဉ္စဒွါရိကဇော
五门速行
ပဉ္စဒွါရဝီထိများ၌ ဝုဋ္ဌောနာမ်တရားစုကို ယောနိသောမနသိကာရ၊ သို့မဟုတ် အယောနိသောမနသိကာရဟု ဆိုရခြင်းမှာ ပဓာနနည်းတည်း။ ပဉ္စဒွါရဝီထိများ၌ ပဉ္စဒွါရာဝဇ္ဇန်းနာမ်တရားစုတို့သည်လည်း ကုသိုလ်ဇောဖြစ်ဖို့ရန် သို့မဟုတ် အကုသိုလ်ဇောဖြစ်ဖို့ရန် အကြောင်းတရားတို့ပင် ဖြစ်ကြပေသည်။ အောက်ပါ အဋ္ဌကထာစကားရပ်ကို ဖတ်ရှုကြည့်ပါ။
在五门心路中,把确定名法聚称为如理作意或不如理作意,是依主要方法而说。五门心路里的五门转向名法聚,也同样是善速行或不善速行生起的因。请看下面的《义注》文。
ဣဒံ ပန ဇဝနံ ကုသလတ္ထာယ ဝါ အကုသလတ္ထာယ ဝါ ကော နိယာမေတီတိ? အာဝဇ္ဇနဉ္စေဝ ဝေါဋ္ဌဗ္ဗနဉ္စ။
“什么法决定这一速行成为善或不善?是转向与确定二者。”
အာဝဇ္ဇနေန ဟိ ယောနိသော အာဝဋ္ဋိတေ ဝေါဋ္ဌဗ္ဗနေန ယောနိသော ဝဝတ္ထာပိတေ ဇဝနံ အကုသလံ ဘဝိဿတီတိ အဋ္ဌာနမေတံ။ အာဝဇ္ဇနေန အယောနိသော အာဝဋ္ဋိတေ ဝေါဋ္ဌဗ္ဗနေန အယောနိသော ဝဝတ္ထာပိတေ ဇဝနံ ကုသလံ ဘဝိဿတီတိပိ အဋ္ဌာနမေတံ။ ဥဘယေန ပန ယောနိသော အာဝဋ္ဋိတေ၊ ဝဝတ္ထာပိတေ စ ဇဝနံ ကုသလံ ဟောတိ၊ အယောနိသော အကုသလန္တိ ဝေဒိတဗ္ဗံ။ (အဘိ-ဋ္ဌ-၁-၃၁၇။) ဤဇောကို ကုသိုလ်ဇော စောဖို့ရန်သော်လည်းကောင်း၊ အကုသိုလ်ဇော စောဖို့ရန်သော်လည်းကောင်း အဘယ်တရားက မြဲစေပါသနည်း၊ အဘယ်တရားက ''ကုသိုလ်ဖြစ်စေ၊ သို့မဟုတ် အကုသိုလ်ဖြစ်စေ''ဟု အမြဲ သတ်မှတ် ဆုံးဖြတ်ချက် ချမှတ်ပေးပါသနည်း?
“若转向如理地转向,确定又如理地确定,则速行成为不善是不可能的;若转向不如理地转向,确定又不如理地确定,则速行成为善也是不可能的。应知:二者如理地转向、确定时,速行为善;不如理时,速行为不善。”(《阿毗达磨义注》1-317。)也就是说,究竟是哪种法决定速行为善速行或不善速行,恒常判定“成为善或成为不善”呢?
ပဉ္စဒွါရာဝဇ္ဇန်းသည်လည်းကောင်း ဝုဋ္ဌောသည်လည်းကောင်း မြဲစေ၏။ ''ကုသိုလ်ဖြစ်စေ အကုသိုလ်ဖြစ်စေ'' ဟု အမြဲသတ်မှတ် ဆုံးဖြတ်ချက် ချမှတ်ပေး၏။
五门转向与确定二者共同决定,恒常作出“成为善或成为不善”的判定。
原书第 201 页
လက္ခဏာဒိစတုက္ကပိုင်း -- ဝိညာဏက္ခန္ဓကထာ အခန်း မှန်ပေသည် -- ပဉ္စဒွါရာဝဇ္ဇန်းက စီးပွားချမ်းသာကိုရခြင်း၏အကြောင်းအားဖြင့် နည်းမှန်လမ်းမှန် ဘဝင်ကို လည်စေအပ်သည်ရှိသော်၊ ဝုဋ္ဌောက စီးပွားချမ်းသာကိုရခြင်း၏ အကြောင်းအားဖြင့် အာရုံကို ပိုင်းခြားသတ်မှတ် အပ်သည်ရှိသော် ဇောသည် အကုသိုလ်ဇော ဖြစ်လတ္တံ့ဟူသော ဤအကြောင်းသည် သင့်သောအကြောင်း မဟုတ်။
确实,若五门转向依能带来利益安乐之因,以如理方式使有分转向;确定也依能带来利益安乐之因,以如理方式确定所缘,那么速行却成为不善,这种情况是不可能的。
ပဉ္စဒွါရာဝဇ္ဇန်းက စီးပွားချမ်းသာကိုရခြင်း၏ အကြောင်းမဟုတ်သောအားဖြင့် နည်းမှားလမ်းမှား ဘဝင်ကို လည်စေ အပ်သည်ရှိသော်၊ ဝုဋ္ဌောက စီးပွားချမ်းသာကိုရခြင်း၏ အကြောင်းမဟုတ်သောအားဖြင့် နည်းမှားလမ်းမှား အာရုံကို ပိုင်းခြားသတ်မှတ်အပ်သော် ဇောသည် ကုသိုလ်ဖြစ်လတ္တံ့ဟူသော ဤအကြောင်းသည်လည်း သင့်သောအကြောင်း မဟုတ်ပေ။ အလျော်အားဖြင့် ဆိုရမူ -- ပဉ္စဒွါရာဝဇ္ဇန်း-ဝုဋ္ဌော နှစ်မျိုးလုံးက စီးပွားချမ်းသာကိုရခြင်း၏ အကြောင်း အားဖြင့် နည်းမှန်လမ်းမှန် ဘဝင်ကိုလည်စေအပ်သော်လည်းကောင်း၊ အာရုံကို ပိုင်းခြား သတ်မှတ်အပ်သော် လည်းကောင်း ဇောသည် ကုသိုလ်ဖြစ်၏။ စီးပွားချမ်းသာကို ရခြင်း၏ အကြောင်းမဟုတ်သောအားဖြင့် နည်းမှား လမ်းမှား ဘဝင်ကို လည်စေအပ်သော်လည်းကောင်း၊ အာရုံကို ပိုင်းခြား သတ်မှတ်အပ်သော်လည်းကောင်း ဇော သည် အကုသိုလ်ဖြစ်၏ဟု မှတ်သားပါလေ။ (အဘိ-ဋ္ဌ-၁-၃၁၇။)
若五门转向不依能带来利益安乐之因,以不如理方式使有分转向;确定也不依这种因,以不如理方式确定所缘,那么速行却成为善,这种情况也不可能。总之,五门转向与确定二者都依能带来利益安乐之因,如理地使有分转向、如理地确定所缘时,速行为善;二者不依这种因,不如理地使有分转向、不如理地确定所缘时,速行为不善。(《阿毗达磨义注》1-317。)
ဤအဋ္ဌကထာ၏ ဖွင့်ဆိုချက်နှင့်အညီ ပဉ္စဒွါရဝီထိများ၌ ပဉ္စဒွါရာဝဇ္ဇန်းနှင့်ဝုဋ္ဌော နှစ်မျိုးလုံးသည်ပင် ယောနိ- သောမနသိကာရ သို့မဟုတ် အယောနိသောမနသိကာရ မည်သည်ဟု မှတ်ပါ။ မနောဒွါရဝီထိများ၌ကား မနော- ဒွါရာဝဇ္ဇန်းသည်ပင် ယောနိသောမနသိကာရ သို့မဟုတ် အယောနိသောမနသိကာရ မည်ပေသည်။ ဤ၌ ပဉ္စဒွါရာ- ဝဇ္ဇန်းနှင့် ဝုဋ္ဌောတို့က ရူပါရုံအရောင်ကို = ရူပါရုံမျှ = အရောင်မျှသာ နှလုံးသွင်းခဲ့သော် နည်းမှန်လမ်းမှန် ဘဝင်ကို လည်စေ၍ နည်းမှန်လမ်းမှန် အာရုံကို ပိုင်းခြားမှတ်သားသည် ဖြစ်ရကား ယင်းကဲ့သို့သော နှလုံးသွင်းမှုမျိုးကို ယောနိသောမနသိကာရဟု ဆို၏။ အကယ်၍ ပဉ္စဒွါရာဝဇ္ဇန်းနှင့် ဝုဋ္ဌောတို့က လောဘဇော စောနိုင်လောက်သည့် ဣဋ္ဌအခြင်းအရာ၊ ဒေါသဇော စောနိုင်လောက်သည့် အနိဋ္ဌအခြင်းအရာ စသည်ဖြင့် နှလုံးသွင်းခဲ့သော် ဘဝင်ကို နည်းမှန်လမ်းမှန် မလည်စေသည်ဖြစ်၍ အာရုံကို နည်းမှားလမ်းမှား ပိုင်းခြားသတ်မှတ်သောကြောင့် ယင်းကဲ့သို့
依这段《义注》,在五门心路中,五门转向与确定二者都称为如理作意或不如理作意;在意门心路中,则只有意门转向称为如理作意或不如理作意。这里,若五门转向与确定只把色所缘的颜色作为颜色、只作为色所缘而作意,它们就是如理地使有分转向、如理地确定所缘,这种作意称为如理作意。若五门转向与确定把所缘作意成足以引发贪速行的可意行相,或足以引发嗔速行的不可意行相等,就是没有如理地使有分转向,并以不如理方式确定所缘;这种——
သော နှလုံးသွင်းမှုမျိုးကို အယောနိသောမနသိကာရဟု ဆိုသည်။ သဒ္ဒါရုံ စသည်ကို နှလုံးသွင်းရာ၌လည်း နည်းတူ ပင်တည်း။
——作意称为不如理作意。对声所缘等作意时也同样。
ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင်ကား ဝုဋ္ဌောနာမ်တရားစု (၁၂)လုံးတို့ကိုသာယူ၍ အကြောင်း-အကျိုး သိမ်းဆည်းပုံကို ရေးသားတင်ပြခဲ့၏။ ဉာဏ်နုသူ ယောဂီသူတော်စင်တို့အတွက် ငဲ့ညှာ၍ ပဓာနနည်းအားဖြင့် တင်ပြခဲ့ခြင်းပင် ဖြစ်၏။ သို့သော် နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများတွင်ကား ပဉ္စဒွါရာဝဇ္ဇန်းနှင့် ဝုဋ္ဌော နှစ်မျိုးလုံးကိုပင် ယောနိသော- မနသိကာရ သို့မဟုတ် အယောနိသောမနသိကာရအဖြစ် ထည့်သွင်း ဖော်ပြထားပေသည်။
在缘起篇中,本书只取确定名法十二种来说明如何摄取因果;这是顾及智慧较弱的禅修者而依主要方法说明。不过,在名业处篇的表格中,五门转向与确定二者都被列为如理作意或不如理作意。
တစ်ဖန် ဇော၏နောင်တွင် ဆက်လက်၍ ရံခါဖြစ်တတ်သော တဒါရုံ၏လည်းကောင်း၊ ဘဝ၏ အဆုံးဖြစ်- သည့် စုတိစိတ်၏လည်းကောင်း၊ လက္ခဏ-ရသ စသည်ကို အဋ္ဌကထာ ဋီကာတို့၌ သီးသန့်ရေးသားထားသည်ကို မတွေ့ရပေ။ ထိုသို့ သီးသန့်ထုတ်နှုတ်၍ မတင်ပြရာ၌ စိတ်အားလုံးအတွက် ခြုံ၍ ရေးသားတင်ပြထားသော ဝိညာဏက္ခန္ဓာ၏ လက္ခဏ-ရသ စသည်ကို နည်းမှီး၍ ရှုပါ။ နာမ်တရားတို့၏ ကိစ္စကြီး (၁၄)ရပ်တို့တွင် တဒါရုံမှာ တဒါရမ္မဏကိစ္စ၊ စုတိမှာ စဝနကိစ္စကို ရွက်ဆောင်သဖြင့် ရသနေရာ၌ အပြောင်းအလဲ အနည်းငယ် ရှိနိုင်ပေသည်။
再者,速行之后有时继续生起的彼所缘,以及生命终结时的死亡心,其特相、作用等,在义注、复注中未见单独说明。由于未另作专门说明,应依一切心共通的识蕴特相、作用等类推观照。在名法十四种大作用中,彼所缘执行彼所缘作用,死亡心执行死亡作用,因此它们在作用一项会稍有变化。
ပစ္စုပဋ္ဌာန်၌လည်း အလားတူပင် မှတ်ပါ။ ပဒဋ္ဌာန်အရာ၌ကား ဝီထိစိတ်တို့၌ အနန္တရ အကြောင်းတရားကို ဦးစားပေး၍ အဋ္ဌကထာ ဆရာတော်က ဖွင့်ဆိုထားသည်။ ထိုကြောင့် တဒါရုံ စသည်တို့၏ လက္ခဏ-ရသ စသည်ကို အောက်ပါအတိုင်း မှတ်ပါ။ ရူပါရုံကို အာရုံပြုသည့် တဒါရုံကို ပုံစံထုတ်၍ (အဘိ-ဋ္ဌ-၁-၃ဝ၅။)၌ လာရှိသော သန္တီရဏကို နည်းမှီး၍ ရေးသား တင်ပြအပ်ပါသည်။
现起一项也应同样理解。至于近因,义注师对路心以无间的前一因法为主说明。因此,彼所缘等的特相、作用等应依下文理解。这里以取色所缘的彼所缘为范例,仿照《阿毗达磨义注》1-305所说的推度而说明。
原书第 202 页
၁၄။ တဒါရုံ
十四、彼所缘
၁။ ရူပါရမ္မဏဝိဇာနနလက္ခဏံ (သဠာရမ္မဏဝိဇာနနလက္ခဏံ) တဒါရမ္မဏံ၊ ၂။ တဒါရမ္မဏံရသံ၊ ၃။ တထာဘာဝပစ္စုပဋ္ဌာနံ၊ ၄။ ဇဝနာပဂမပဒဋ္ဌာနံ။
彼所缘的四法如下:一、以识知色所缘——或识知六所缘——为特相;二、以取速行所取的同一所缘为作用;三、以取速行所取的同一所缘为现起;四、以速行灭去为近因。
၁။ ရူပါရုံကို သိခြင်း = ရယူခြင်းသဘော လက္ခဏ၊ ၂။ ဇောယူသည့် အာရုံနောက်သို့လိုက်၍ အာရုံယူခြင်း (ကိစ္စ) ရသ၊ ၃။ ဇောယူသည့် အာရုံနောက်သို့လိုက်၍ အာရုံယူတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ ဇောစိတ်၏ ချုပ်ပျက်သွားခြင်း ပဒဋ္ဌာန်။
换成观法即是:一、以识知、取得色所缘为特相;二、以跟随速行所取的所缘而取同一所缘为作用;三、以跟随速行所取的所缘、取得同一所缘的法为现起;四、以速行心灭去为近因。
သဒ္ဒါရုံ စသည့် အာရုံတို့ကို အာရုံပြုသည့် တဒါရုံ စသည်တို့ကိုလည်း နည်းမှီး၍ ရှုပါ။ ဤအထက်ပါ တဒါရုံ ရှုကွက်မှာ ဇောနှင့်ကပ်လျက်ရှိသော ပထမတဒါရုံအတွက် ရှုကွက်ဖြစ်သည်။ ဒုတိယတဒါရုံဖြစ်မူ ပဒဋ္ဌာန် အရာ၌ --- ပထမတဒါရမ္မဏာပဂမပဒဋ္ဌာနံ = ပထမတဒါရုံ၏ ချုပ်ပျက်သွားခြင်း = ကင်းခြင်းသည် ဒုတိယတဒါရုံ ဖြစ်ပေါ်လာဖို့ရန် အနီးကပ်ဆုံးသော အကြောင်းတရားဖြစ်သည်ဟု မှတ်ပါ။ တဒါရုံနာမ်တရားစုမှ အသိစိတ်ကို ရွေးထုတ်၍ အထက်ပါ လက္ခဏ-ရသစသည့် ရှုကွက်ကို ရှုပါ။ ယခုတစ်ဖန် ပဉ္စဒွါရဝီထိများ၏ နောင်၌ ဆက်လက် ဖြစ်ပေါ်လာကြသော မနောဒွါရဝီထိ၊ ဓမ္မာရုံကို အာရုံယူကြသည့် မနောဒွါရဝီထိ --- ထိုမနောဒွါရဝီထိ အမျိုးမျိုးတို့၌ ပါဝင်သော မနောဒွါရာဝဇ္ဇန်း၏ လက္ခဏ-ရသစသည့် ရှုကွက်ကို ဆက်လက်၍ တင်ပြအပ်ပါသည်။
对于取声所缘等的彼所缘,也应依此类推观照。上述观法是针对紧接速行之后的第一彼所缘;若是第二彼所缘,在近因一项应知:“以第一彼所缘灭去为近因”,即第一彼所缘的灭去、离去,是第二彼所缘生起最切近的因。应从彼所缘名法聚中选出识知之心,依上述特相、作用等加以观照。以下将继续说明:在五门心路之后继续生起的意门心路,以及取法所缘的意门心路等各种意门心路中,意门转向的特相、作用等观法。
၁၅။ မနောဒွါရာဝဇ္ဇန်း
十五、意门转向
(ဥပေက္ခာသဟဂုတ် အဟိတ် ကိရိယမနောဝိညာဏဓာတ်)
(舍俱无因唯作意识界)
၁။ ဥပေက္ခာသဟဂတာဟေတုကကိရိယာ မနောဝိညာဏဓာတု သဠာရမ္မဏဝိဇာနနလက္ခဏာ၊ ၂။ မနောဒွါရေ အာဝဇ္ဇနရသာ၊ ၃။ တထာဘာဝပစ္စုပဋ္ဌာနာ၊ ၄။ ဘဝင်္ဂါပဂမပဒဋ္ဌာနာ။ (ဝိသုဒ္ဓိ-၂-၈၇။) ဥပေက္ခာသဟဂုတ် အဟိတ်ကိရိယ မနောဝိညာဏဓာတ် = မနောဒွါရာဝဇ္ဇန်းသည် --- ၁။ အာရုံ (၆)ပါးကို သိခြင်း = ရယူခြင်းသဘော လက္ခဏ၊ ၂။ မနောဒွါရ၌ ထင်လာသော အာရုံကို ဆင်ခြင်ခြင်း (ကိစ္စ) ရသ၊ ၃။ မနောဒွါရ၌ ထင်လာသော အာရုံကို ဆင်ခြင်တတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ ဘဝင်အယဥ် ကင်းချုပ်ခြင်း = ချုပ်ပျက်သွားခြင်း (ဘဝင်္ဂုပစ္ဆေဒ) ပဒဋ္ဌာန်။
舍俱无因唯作意识界——意门转向——的四法如下:一、以识知、取得六所缘为特相;二、以在意门中转向、审察显现的所缘为作用;三、以在意门中审察所缘的法为现起;四、以有分流截断、灭去,即有分截断为近因。(《清净之道》2-87。)
ဤအထက်ပါ ဖွင့်ဆိုချက်မှာလည်း အာရုံ (၆)ပါးလုံးကို ခြုံ၍ ဖွင့်ဆိုထားသည့် အာရုံ (၆)ပါးလုံးနှင့် ဆက်ဆံ နေသည့် ရှုကွက် ဖြစ်နေသဖြင့် ဉာဏ်နုသူတို့အတွက် ရှုကွက်ကို သဘောပေါက်စေရန် ရှုတတ်ရန် ရူပါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော မနောဒွါရာဝဇ္ဇန်းကို ပုံစံထုတ်၍ ထပ်မံတင်ပြအပ်ပါသည်။
上述说明总摄六所缘,是与六所缘都有关的观法。为了让智慧较弱者容易理解、掌握观法,下面再以取色所缘而生起的意门转向为范例加以说明。
ဥပေက္ခာသဟဂတာဟေတုကကိရိယာ မနောဝိညာဏဓာတု ---
舍俱无因唯作意识界——
原书第 203 页
လက္ခဏာဒိစတုက္ကပိုင်း -- ဝိညာဏက္ခန္ဓကထာ အခန်း ၁။ ရူပါရမ္မဏဝိဇာနနလက္ခဏာ၊ ၂။ မနောဒွါရေ အာဝဇ္ဇနရသာ၊ (မနောဒွါရေ အာပါတဂတံ ရူပါရမ္မဏံ အာဝဇ္ဇနရသာ။) ၃။ တထာဘာဝပစ္စုပဋ္ဌာနာ၊ ၄။ ဘဝင်္ဂါပဂမပဒဋ္ဌာနာ။
——具体说:一、以识知色所缘为特相;二、以在意门中转向、审察显现于意门的色所缘为作用;三、以在意门中审察该色所缘的法为现起;四、以有分流截断、灭去为近因。
ဥပေက္ခာသဟဂုတ် အဟိတ်ကိရိယ မနောဝိညာဏဓာတ် = မနောဒွါရာဝဇ္ဇန်းသည် ၁။ ရူပါရုံကို သိခြင်း = ရယူခြင်းသဘော လက္ခဏ၊ ၂။ မနောဒွါရ၌ထင်လာသော ရူပါရုံကို (= ရှေးရှူကျရောက်လာသော ရူပါရုံကို) ဆင်ခြင်ခြင်း - (ကိစ္စ) ရသ၊ ၃။ မနောဒွါရ၌ထင်လာသော ရူပါရုံကို ဆင်ခြင်တတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ ဘဝင်အယဥ် ကင်းချုပ်ခြင်း = ချုပ်ပျက်သွားခြင်း ပဒဋ္ဌာန်။
也就是说,舍俱无因唯作意识界——意门转向——的观法是:一、以识知、取得色所缘为特相;二、以审察显现于意门、来到面前的色所缘为作用;三、以在意门中审察该色所缘的法为现起;四、以有分流截断、灭去为近因。
ယင်းမနောဒွါရာဝဇ္ဇန်း၌ ယှဥ်ဖက် သမ္ပယုတ်နာမ်တရားစုတို့မှာ (၁၂)လုံး ရှိကြသဖြင့် ယင်းနာမ်တရားစုတို့မှ အသိစိတ်ကို ရွေးထုတ်၍ အထက်ပါအတိုင်း လက္ခဏ-ရသ စသည်ကို ရှုပါ။ သဒ္ဒါရုံစသည့် အာရုံများကို အာရုံပြု၍ ဖြစ်ပေါ်လာသော မနောဒွါရာဝဇ္ဇန်း၌လည်း နည်းမှီး၍ ရှုပါလေ။
意门转向中有十二种相应名法,应从这组名法中选出识知之心,依上述方式观照其特相、作用等。对取声所缘等而生起的意门转向,也应类推观照。
၁။ ပစ္စုပ္ပန်ရူပါရုံကို သိသော စက္ခုဒွါရဝီထိ တစ်ဝီထိ၊ (ပထမဝီထိ) ၂။ စက္ခုဒွါရဝီထိဖြင့် ယူထားအပ်သော အတိတ်ရူပါရုံကို သိသော တဒနုဝတ္တက မနောဒွါရဝီထိ တစ်ဝီထိ၊ (ဒုတိယဝီထိ) ၃။ စက္ခုဒွါရဝီထိ တဒနုဝတ္တက မနောဒွါရဝီထိတို့ဖြင့် မြင်အပ်ပြီးသော အတိတ်ရူပါရုံကို ညို၏ ဝါ၏ ပြာ၏ နက်၏ စသည်ဖြင့် ပိုင်းခြားနိုင်သော သုဒ္ဓမနောဒွါရဝီထိ တစ်ဝီထိ၊ (တတိယဝီထိ) ၄။ ယင်းဝီထိ (၃)မျိုးတို့ဖြင့် မြင်အပ် သိအပ် ပိုင်းခြားအပ်ပြီးသော ရူပါရုံကိုစွဲ၍ ယောကျာ်း မိန်းမ အိုး ပုဆိုး စသည်တည်းဟု သင်္ကေတရှိဖူးသည်နှင့် လျော်စွာသိသော သုဒ္ဓမနောဒွါရဝီထိ၊ (စတုတ္ထဝီထိ) ၅။ ယင်း (၄)ဝီထိတို့ဖြင့် သိအပ်ပြီးသော ရူပါရုံ အတ္ထပညတ် ပုံသဏ္ဌာန်ဒြပ်တို့တွင် တစ်ခုခုကို သိသော (ပဉ္စမ) မနောဒွါရဝီထိ။
对色所缘的完整认识依五道心路逐步完成:一、识知现在色所缘的眼门心路,为第一心路;二、识知眼门心路已经取得之过去色所缘的随起意门心路,为第二心路;三、把眼门心路与随起意门心路已经看见的过去色所缘分别为褐、黄、蓝、黑等的纯意门心路,为第三心路;四、依过去已经建立的符号概念,把前三道心路已经看见、识知、分别的色所缘认作男人、女人、壶、布等的纯意门心路,为第四心路;五、识知前四道心路已经识知的色所缘、义概念、形状实体中某一项的意门心路,为第五心路。
ဤပဉ္စမမနောဒွါရဝီထိကျမှ ယောကျာ်း မိန်းမ အိုး ပုဆိုး စသည့် အတ္ထပညတ်ကို အာရုံပြု၍ ယောကျာ်း မိန်းမ အိုး ပုဆိုး စသည်ဖြင့် အာရုံကို ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက် ချနိုင်၍ ကြည်ညိုခြင်း တပ်မက်ခြင်း ချစ်ခင်ခြင်း စသည် ဖြစ်၏။ ပဉ္စမမြောက် မနောဒွါရဝီထိ၏ နောက်၌ ဆက်လက်ဖြစ်ပေါ် လာကြကုန်သော မနောဒွါရဝီထိတို့ ၌ကား ဆိုဖွယ်ရာပင် မရှိဖြစ်တော့၏။ ပဉ္စမမြောက် မနောဒွါရဝီထိမှစ၍ ဆက်လက်ဖြစ်ပေါ်လာကြသော မနော- ဒွါရဝီထိတို့ဝယ် မနောဒွါရာဝဇ္ဇန်းနှင့်ယှဥ်သော အဓိမောက္ခစေတသိက်၊ ဇော အသီးအသီးနှင့်ယှဥ်သော အဓိမောက္ခ စေတသိက်၏ စွမ်းအင်မှာ အာရုံကို ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက် ချနိုင်သည့် မြင့်မားသောအဆင့်သို့ ရောက်ရှိလာ၏။
直到第五意门心路,才以男人、女人、壶、布等义概念为所缘,明确判定所缘为男人、女人、壶、布等,并由此生起净信、贪著、爱恋等;其后继续生起的意门心路更不待言。从第五意门心路开始,意门转向所相应的胜解心所,以及各个速行所相应的胜解心所,其力量逐渐达到能够明确判定所缘的更高层次。
မနောဒွါရဝီထိတို့၌ ပါဝင်သော မနောဒွါရာဝဇ္ဇန်းစိတ်ကား ယောနိသောမနသိကာရ အရာ၊ အယောနိသော မနသိကာရ အရာတို့၌ ဇောနှင့် အလားတူနေ၏။ (နာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ပြန်ကြည့်ပါ။) အကုသိုလ်ဇောများသည် အာရုံကို နိစ္စ သုခ အတ္တ သုဘ စသည်ဖြင့် အယောနိသောမနသိကာရ အခြင်းအရာအားဖြင့် နှလုံးသွင်းတတ် သကဲ့သို့ မနောဒွါရာဝဇ္ဇန်းကလည်း အာရုံကို ဆင်ခြင်ရုံသာမက နိစ္စ သုခ အတ္တ သုဘ စသည်ဖြင့် အယောနိသော မနသိကာရ အခြင်းအရာအားဖြင့်လည်း နှလုံးသွင်းတတ်၏၊ ဆင်ခြင် ဆုံးဖြတ်တတ်၏။ အလားတူပင် ဝိပဿနာ ဇောများသည် တေဘူမက သင်္ခါရတရားတို့ကို အနိစ္စ ဒုက္ခ အနတ္တ အသုဘ စသည်ဖြင့် ယောနိသောမနသိကာရ
在意门心路中,意门转向心就如理作意与不如理作意而言,和速行相似。〔参见名业处篇。〕不善速行以不如理作意的行相,把所缘作意为常、乐、我、净等;意门转向也不只审察所缘,还会以不如理作意的行相,把所缘审察、判定为常、乐、我、净等。同样,观速行以如理作意的行相,把三界行法作意、审察、观修为无常、苦、无我、不净等;这些观速行之前紧接着的意门转向也——
原书第 204 页
အခြင်းအရာအားဖြင့် နှလုံးသွင်းတတ် ဆင်ခြင်ဆုံးဖြတ်တတ် ရှုပွားသုံးသပ်တတ်သကဲ့သို့ ယင်းဝိပဿနာဇောတို့၏ ရှေး၌ ကပ်လျက် တည်ရှိသော မနောဒွါရာဝဇ္ဇန်းကလည်း ယင်းသင်္ခါရတရားတို့ကို အနိစ္စ ဒုက္ခ အနတ္တ အသုဘ စသည်ဖြင့် ယောနိသောမနသိကာရ အခြင်းအရာအားဖြင့် နှလုံးသွင်းတတ်၏ ဆင်ခြင် ဆုံးဖြတ်တတ်၏။
——以如理作意的行相,把这些行法作意、审察、判定为无常、苦、无我、不净等。
ထိုကြောင့် ယင်းမနောဒွါရာဝဇ္ဇန်းသည် မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ အာရုံကို ဆင်ခြင်ရုံသာမက ဆုံးလည်း ဆုံးဖြတ်တတ်၏ဟု မှတ်ပါ။ ထိုကြောင့် ယင်းစိတ်ကို အဋ္ဌကထာဆရာတော်က အောက်ပါအတိုင်း မှတ်ချက် ချထား၏ ---
所以应知,意门转向不只是审察所缘,无论错误还是正确,它也会判定所缘。正因如此,义注师对这一心作了下面的说明。
မဟာဂဇစိတ် = ဆင်ပြောင်ကြီးနှင့်တူသောစိတ်
大象心:如雄壮大象之心
ဥပေက္ခာသဟဂတာတိ ဣဒံ စိတ္တံ တီသု ဘဝေသု သဗ္ဗေသံ သစိတ္တကသတ္တာနံ သာဓာရဏံ၊ န ကဿစိ သစိတ္တကဿ နုပ္ပဇ္ဇတိ နာမ။ ဥပ္ပဇ္ဇမာနံ ပန ပဉ္စဒွါရေ ဝေါဋ္ဌဗ္ဗနံ ဟောတိ၊ မနောဒွါရေ အာဝဇ္ဇနံ။ ဆ အသာဓာရဏ- ဉာဏာနိပိ ဣမိနာ ဂဟိတာရမ္မဏမေဝ ဂဏှန္တိ။ မဟာဂဇံ နာမေတံ စိတ္တံ။ ဣမဿ အနာရမ္မဏံ နာမ နတ္ထိ။
“舍俱”这一心通于欲界、色界、无色界三有中一切有心的有情;没有哪一位有心有情不生起它。它生起时,在五门执行确定,在意门执行转向。即使佛陀所独有的六种不共智,也只能取得此心已经取得的所缘。此心名为大象心;没有任何法不能成为它的所缘。
''အသဗ္ဗညုတဉာဏံ သဗ္ဗညုတဉာဏဂတိကံ နာမ ကတမ''န္တိ ဝုတ္တေ ''ဣဒ''န္တိ ဝတ္တဗ္ဗံ။ (အဘိ-ဋ္ဌ-၁-၃၃၃။) ဤမနောဒွါရာဝဇ္ဇန်းစိတ်သည် ကာမ ရူပ အရူပတည်းဟူသော ဘုံသုံးပါးတို့၌ စိတ်ရှိသော သတ္တဝါအားလုံး တို့နှင့် ဆက်ဆံ၏၊ တစ်စုံတစ်ယောက်သော စိတ်ရှိသော သတ္တဝါ၏ သန္တာန်၌ မဖြစ်သည်မည်သည် မရှိ၊ ဤ စိတ်သည် ထင်ရှားဖြစ်ပေါ်လာလတ်သော် ပဉ္စဒွါရ၌ ဝုဋ္ဌော၊ မနောဒွါရ၌ အာဝဇ္ဇန်း ကိစ္စကို ဆောင်ရွက်လျက် ဖြစ်ပေါ်လာ၏။ သာဝကတို့နှင့် မဆက်ဆံသော သဗ္ဗညု သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တို့နှင့်သာ ဆက်ဆံသော (၆)ပါး ကုန်သော အသာဓာရဏ ဉာဏ်တော်တို့သည်သော်မှလည်း ဤမနောဒွါရာဝဇ္ဇန်းစိတ်က ယူပေးအပ်သော အာရုံကို သာလျှင် အာရုံယူနိုင်ကြကုန်၏။ ဤမနောဒွါရာဝဇ္ဇန်းစိတ်သည် ဆင်ပြောင်ကြီးနှင့် တူသောစိတ် မည်၏။ ဤ မနောဒွါရာဝဇ္ဇန်းစိတ်၏ အာရုံမဟုတ်သော တရားမည်သည် မရှိစကောင်းပေ။ --- ''သဗ္ဗညုတဉာဏ် မဟုတ်ပါ-
“若问:‘哪一种不是一切知智,却有如一切知智般的行境?’应答:‘就是这一意门转向心。’”(《阿毗达磨义注》1-333。)意门转向心通于欲界、色界、无色界三有的一切有心有情,不会不在任何一位有心有情的相续中生起。它在五门生起时执行确定,在意门生起时执行转向。即使不共声闻、只属于一切知正等正觉佛陀的六种不共智,也只能缘取这一意门转向心先行取得的所缘。意门转向心因此称为如雄壮大象之心;没有任何法不是它的所缘。若问:“哪一种法不是——
ဘဲလျက် သဗ္ဗညုတဉာဏ်နှင့် အလားတူသော တရားမည်သည် အဘယ်နည်း?'' --- ဤသို့ မေးလတ်သော် ''ဤ မနောဒွါရာဝဇ္ဇန်းစိတ်တည်း'' --- ဟု ဖြေဆိုလေရာ၏။ (အဘိ-ဋ္ဌ-၁-၃၃၃။) မဟာဂဇ --- ဆင်ပြောင်ကြီးသည် အားကြီးသကဲ့သို့ ဤ မနောဒွါရာဝဇ္ဇန်းစိတ်သည်လည်း သဗ္ဗညုတ ဉာဏ်တော်မြတ်ကြီး၏ ရှေ့သွားဖြစ်ရကား သဗ္ဗညုတ ဉာဏ်တော်မြတ်ကြီးကဲ့သို့ အလုံးစုံကို အာရုံပြုနိုင်သည့် အတွက် အားကောင်းလှ၏။ ထိုကြောင့် ဆင်ပြောင်ကြီးနှင့် တူသောစိတ်ဟု ဆိုသည်။
——一切知智,却与一切知智相似?”应答:“就是这一意门转向心。”(《阿毗达磨义注》1-333。)所谓“大象”,是说雄壮大象力量强大;同样,意门转向心是一切知智的先导,又能像一切知智那样缘取一切所缘,力量极强,因此称为如雄壮大象之心。
၁၆။ ဟသိတုပ္ပါဒ်စိတ်
十六、生笑心
သောမနဿသဟဂတာဟေတုကကိရိယာ --- ၁။ သဠာရမ္မဏဝိဇာနနလက္ခဏာ၊ ၂။ ကိစ္စဝသေန အရဟတံ အနုဠာရေသု ဝတ္ထူသု ဟသိတုပ္ပါဒနရသာ၊ ၃။ တထာဘာဝပစ္စုပဋ္ဌာနာ၊ ၄။ ဧကန္တတော ဟဒယဝတ္ထုပဒဋ္ဌာနာ။ (ဝိသုဒ္ဓိ-၂-၈၇။) သောမနဿသဟဂုတ် အဟိတ် ကိရိယစိတ် = ဟသိတုပ္ပါဒ်စိတ်သည် --- ၁။ အာရုံ (၆)ပါးကို သိခြင်း = ရယူခြင်းသဘော လက္ခဏ၊ ၂။ ကိစ္စ၏ အစွမ်းဖြင့် ရဟန္တာအရှင်မြတ်တို့၏ သန္တာန်၌သာလျှင် မမြတ်ထွတ်ကုန်သော
悦俱无因唯作心——生笑心——的四法如下:一、以识知、取得六所缘为特相;二、依作用而言,以只在阿罗汉相续中、对于骨骸或饿鬼形象等并不殊胜的对象令欢笑生起为作用;三、以能令这种欢笑生起的法为现起;四、必定以心所依处为近因。(《清净之道》2-87。)也就是说,悦俱无因唯作心——生笑心——以识知、取得六所缘为特相;依作用而言,以只在阿罗汉相续中、对于——
原书第 205 页
လက္ခဏာဒိစတုက္ကပိုင်း -- ဝိညာဏက္ခန္ဓကထာ အခန်း အရိုးစု ပြိတ္တာ အဆင်းစသော အာရုံတို့၌ ပြုံးရွှင်ခြင်းကိုသာလျှင် ဖြစ်စေခြင်း (ကိစ္စ) ရသ၊ ၃။ ထိုကဲ့သို့ ပြုံးရွှင်ခြင်းကို ဖြစ်စေတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ ဧကန်အားဖြင့် မှီရာဖြစ်သော ဟဒယဝတ္ထု ပဒဋ္ဌာန်။
——骨骸、饿鬼形象等所缘令欢笑生起为作用;以能令这种欢笑生起的法为现起;必定以作为所依的心所依处为近因。
ဤ ဟသိတုပ္ပါဒ်စိတ်သည် အခြားသော ပုထုဇန် သေက္ခတို့နှင့် မဆက်ဆံသော ရဟန္တာအရှင်မြတ်တို့၏ သာလျှင် သီးခြား ကိုယ်ပိုင်ဥစ္စာဖြစ်သော စိတ်တည်း၊ ဒွါရ (၆)ပါးတို့၌ ရနိုင်၏။
生笑心不通于凡夫和有学,是只属于阿罗汉的心;它可以在六门中生起。
စက္ခုဒွါရ၌ဖြစ်ပုံ --- ကမ္မဋ္ဌာန်း ပွားများအားထုတ်ခြင်းအား လျောက်ပတ်သော နေရာဌာန တစ်ခုကို တွေ့ မြင်ရ၍ ရဟန္တာအရှင်မြတ်သည် ဝမ်းမြောက်တော်မူသောအခါ ပြုံးရွှင်တော်မူသောအခါ ဤစိတ်ဖြင့် ဝမ်းမြောက် တော်မူ၏။
眼门中生起的方式——阿罗汉见到适合修习业处的地方而欢喜、微笑时,以这一心感到喜悦。
သောတဒွါရ၌ဖြစ်ပုံ --- သံဃိက ပစ္စည်းဘဏ္ဍာကို ခွဲခြား ဝေဖန်ပေးရာ အရပ်သို့ ရောက်ရှိသောအခါ ကျယ်လောင်သော အသံကိုပြု၍ (= တပည့်တော်အတွက် ပေးပါ၊ တပည့်တော်၏ ဥပဇ္ဈာယ်ဆရာအတွက် ပေးပါ၊ တပည့်တော်၏ နိဿယည်းဆရာအတွက် ပေးပါ စသည်ဖြင့် အသံကျယ်ကျယ် ကျယ်ကျယ် ပြောဆို၍) ပစ္စည်း လေးပါးတို့၌ အလွန် မက်မောသော စိတ်ထားရှိကုန်သည် ဖြစ်၍ ဝေစုရသော ပစ္စည်းတို့ကို မြင်ရ ကြားရသော် ''ဤသို့ သဘောရှိသည် မည်သော ပစ္စည်းလေးပါးတို့၌ အလွန် လိုလားတပ်မက်သူ တစ်ယောက် ဖြစ်ဖို့ရန် အကြောင်းရင်းစစ်ဖြစ်သော လျှပ်ပေါ်လော်လည်တတ်သော တဏှာကို ငါသည် ပယ်ရှားအပ်ပြီးပေပေါ့''ဟု ဤသို့ တွေး၍ ဤဟသိတုပ္ပါဒ်ဇောစိတ်ဖြင့်ပင် ဝမ်းမြောက်တော်မူ၏။
耳门中生起的方式——到了分配僧团资具之处,有些人对四资具极为贪求,为自己、亲教师、依止师等高声索取份额。阿罗汉看见、听见他们得到所分资具时,想到:“使人对四资具如此贪求的真正根源——轻浮飘荡的爱——我已经舍断了。”便以生笑速行心欢喜。
ဃာနဒွါရ၌ဖြစ်ပုံ --- အမွှေးနံ့သာတို့ဖြင့်လည်းကောင်း၊ ပန်းတို့ဖြင့်လည်းကောင်း စေတီတော်ကို ပူဇော်တော် မူသော ရဟန္တာအရှင်မြတ်သည် ဤဟသိတုပ္ပါဒ်ဇောစိတ်ဖြင့်ပင်လျှင် နှစ်သက်ရွှင်လန်း ဝမ်းမြောက်တော်မူ၏။
鼻门中生起的方式——阿罗汉以香料和花供养佛塔时,便以生笑速行心喜悦欢喜。
ဇိဝှါဒွါရ၌ဖြစ်ပုံ --- အရသာနှင့် ပြည့်စုံသော မွန်မြတ်သော ဆွမ်းကို ရရှိ၍ သီတင်းသုံးဖော် အရှင်ကောင်း အရှင်မြတ်တို့အား ခွဲခြားဝေဖန် လှူဒါန်း၍ သုံးဆောင်တော်မူသော ရဟန္တာအရှင်မြတ်သည် ''အသက်ထက်ဆုံး အောက်မေ့အပ်သော သာရဏီယကျင့်ဝတ်ကို ငါသည် ဖြည့်ကျင့်အပ်ပေပြီတကား'' ဤသို့တွေး၍ ဤဟသိတုပ္ပါဒ် ဇောစိတ်ဖြင့် နှစ်သက်ရွှင်လန်း ဝမ်းမြောက်တော်မူ၏။
舌门中生起的方式——阿罗汉获得味美上妙的食物,分给同住的善友尊者并食用时,想到:“应当终身忆念的和敬行,我已经履行了。”便以生笑速行心喜悦欢喜。
ကာယဒွါရ၌ဖြစ်ပုံ --- ခန္ဓက၌ လာရှိသော ဘုရားရှင် ပညတ်ထားတော်မူအပ်သော ဥပဇ္ဈာယဝတ် အာစရိ- ယဝတ် အစရှိသော ထူးကဲမြင့်မြတ်သော အာဘိသမာစရိက ကျင့်ဝတ်ကို ဖြည့်ကျင့်တော်မူသော ရဟန္တာအရှင် မြတ်သည် ဥပဇ္ဈာယ်ဆရာတော်အား မျက်နှာသစ်တော်ရေ ဆက်ကပ်ခြင်း တံပူကပ်ခြင်း စသည်ဖြင့် -- ''ကာယဒွါရ ၌ ငါသည် ကျင့်ဝတ်ပဋိပတ်ကို ဖြည့်အပ်ပေပြီ'' --- ဤသို့တွေး၍ ဤဟသိတုပ္ပါဒ်ဇောစိတ်ဖြင့် နှစ်သက်ရွှင်လန်း ဝမ်းမြောက်တော်မူ၏။
身门中生起的方式——阿罗汉履行《犍度》所载、佛陀制定的亲教师义务、阿阇梨义务等卓越威仪规范,为亲教师奉上洗脸水、齿木等时,想到:“在身门方面,我已履行应行的义务。”便以生笑速行心喜悦欢喜。
မနောဒွါရ၌ကား အတိတ် အနာဂတ်ကို အာရုံပြု၍ ဖြစ်တတ်၏။ ဇောတိပါလလုလင်ဘဝ (မ-၂-၂၃၆။)၊ မဂ္ဃဒေဝ = မဃဒေဝမင်းဘဝ (မ-၂-၂၆၂။)၊ ကဏှရသေ့ဘဝ (ခု-၅-၂ဝ၂။) ဤသို့စသော ဘဝတို့ဝယ် ပြုအပ်ပြီး သော ဖြည့်ကျင့် ဆည်းပူးအပ်ပြီးသော အကြောင်းအရာကို ဆင်ခြင်တော်မူ၍ ဘုရားရှင်သည် ပြုံးတော်မူခြင်းကို ထင်ရှား ပြုတော်မူ၏။ ထို ပြုံးတော်မူခြင်းကိစ္စသည် ပုဗ္ဗေနိဝါသာနုဿတိဉာဏ် သဗ္ဗညုတဉာဏ်တို့၏ ကိစ္စ တည်း။ ထိုဉာဏ်တော်မြတ် နှစ်မျိုးတို့၏ လေ့ကျက်အပ်ပြီး ဖြစ်ပြီးသည်၏ အဆုံး၌ကား ဤဟသိတုပ္ပါဒ်စိတ်သည် ဘုရားရှင်၏ စိတ်တော်အစဥ်ကို ရွှင်စေလျက် ဖြစ်ပေါ်လာ၏။
在意门中,生笑心可缘过去与未来而生。世尊回顾自己在护明童子生(《中部》2-236)、大天王生(《中部》2-262)、黑仙人生(《小部》5-202)等过去生中已经实践、积集的行持时,显露微笑。回忆这些过去生是宿住随念智与一切知智的作用;这两种智完成其运作以后,生笑心才在世尊心相续中生起,令心悦乐。
原书第 206 页
''နောင်အနာဂတ်ကာလ၌ တန္တိဿရ မည်သော ပစ္စေကဗုဒ္ဓါသည် ဖြစ်လတ္တံ့၊ မုဒိင်္ဂဿရ မည်သော ပစ္စေကဗုဒ္ဓါသည် ဖြစ်လတ္တံ့'' ဤသို့ မြင်တော်မူ၍ ဘုရားရှင်သည် ပြုံးတော်မူခြင်းကို ထင်ရှားစွာ ပြုတော်မူ၏။
世尊又预见:“未来将有名为丹帝萨罗的独觉佛出世;将有名为穆丁伽萨罗的独觉佛出世。”因而显露微笑。
ထိုပြုံးတော်မူခြင်း ကိစ္စသည်လည်း အနာဂတံသဉာဏ် သဗ္ဗညုတဉာဏ်တော်မြတ်တို့၏ ကိစ္စတည်း။ ထိုနှစ်မျိုး ကုန်သော ဉာဏ်တော်တို့၏ လေ့ကျက်အပ်ပြီး ဖြစ်ပြီးသည်၏ အဆုံး၌ကား ဤဟသိတုပ္ပါဒ် ဇောစိတ်သည် ဘုရားရှင်၏ စိတ်တော်အစဥ်ကို ရွှင်စေလျက် ဖြစ်ပေါ်လာ၏။ (အဘိ-ဋ္ဌ-၁-၃၃၂-၃၃၃။)
这种微笑是未来分智与一切知智的作用;这两种智完成其运作以后,生笑速行心才在世尊心相续中生起,令心悦乐。(《阿毗达磨义注》1-332、333。)
မူလဋီကာ၏ ဖွင့်ဆိုချက်
《根本复注》的解释
အတိတ် အဖို့အစု၌ အဆီးအတား အပိတ်အပင်မရှိသော ဉာဏ်တော်၊ အနာဂတ် အဖို့အစု၌ အဆီးအတား အပိတ်အပင်မရှိသော ဉာဏ်တော်၊ ပစ္စုပ္ပန် အဖို့အစု၌ အဆီးအတား အပိတ်အပင်မရှိသော ဉာဏ်တော် ------ ဤဉာဏ်တော်မြတ် သုံးပါးတို့နှင့် ပြည့်စုံတော်မူသော ဘုရားရှင်၏ အလုံးစုံသော ကာယကံမှုမှန်သမျှသည် (ဝစီကံမှု မှန်သမျှသည်၊ မနောကံမှုမှန်သမျှသည်) ဉာဏ်တော်၏ နောက်သို့သာ အစဥ်လိုက်၍ ဖြစ်တော်မူ၏ --- ဤသို့ စသည်ဖြင့် ဟောတော်မူသောကြောင့် --- ''ဉာဏ်နှင့် မယှဥ်သော ဤဟသိတုပ္ပါဒ်စိတ်၏ ဘုရားရှင်၏ သန္တာန်တော် ၌ ဖြစ်နိုင်၏ ဟူသော စကားကို စဥ်းစားသင့်၏''ဟု မူလဋီကာ ဆရာတော်က ဖွင့်ဆိုထားတော်မူ၏။
圣典说:具足对过去分无碍之智、对未来分无碍之智、对现在分无碍之智这三种智的世尊,一切身业——乃至一切语业、一切意业——都只随智而转。依此,《根本复注》师指出:“所谓不与智相应的生笑心能够在世尊相续中生起,值得审察。”
(မူလဋီ-၁-၁၃၇။)
(《根本复注》1-137。)
ဤဟသိတုပ္ပါဒ်ဇောစိတ်၌ --- ဖဿ-ဝေဒနာ-သညာ-စေတနာ-ဧကဂ္ဂတာ-ဇီဝိတ-မနသိကာရ-ဝိတက်- ဝိစာရ-အဓိမောက္ခ-ဝီရိယ-ပီတိဟု စေတသိက် (၁၂)လုံး ယှဥ်၏။ ဟသိတုပ္ပါဒ်စိတ်နှင့် ပေါင်းသော် နာမ်တရား (၁၃)လုံး ရှိ၏။ ထိုတွင် ပညိန္ဒြေ အမည်ရသော ဉာဏ်ကား မပါဝင်ပေ။ ဤဟသိတုပ္ပါဒ်စိတ်သည် ဉာဏ်နှင့်မယှဥ် သောကြောင့် အထက်ပါ အဋ္ဌကထာ ဖွင့်ဆိုချက်ကို စဥ်းစားသင့်ကြောင်း မူလဋီကာဆရာတော်က တင်ပြသွား တော်မူခြင်း ဖြစ်၏။
生笑速行心与十二心所相应:触、受、想、思、一境性、名命根、作意、寻、伺、胜解、精进、喜;加上生笑心,共有十三种名法。其中不包括称为慧根的智。正因为生笑心不与智相应,《根本复注》师才提出上述义注解释值得审察。
အနုဋီကာဆရာတော်၏ သုံးသပ်ချက်
复注师的辨析
အနုဋီကာဆရာတော်ကား ဤသို့ မိန့်ဆိုထားတော်မူ၏ --- ရဟန္တာအရှင်မြတ်သည် ပဉ္စဒွါရ၌ ပဓာနဖြစ်သည့် ကြည်ညိုဖွယ်ရာ ဌာနကို မြင်တွေ့ရ၍ ဤဟသိတုပ္ပါဒ်စိတ်ဖြင့် ဝမ်းမြောက်ရုံ သောမနဿဖြစ်ရုံမျှသာ ဖြစ်နိုင်၏၊ မပြုံးနိုင်သေး၊ ပြုံးခြင်းဝိညတ်ရုပ်ကို ပဉ္စဒွါရိကစိတ်တို့က မဖြစ်စေနိုင်သောကြောင့်တည်း။ ထိုကြောင့် အဋ္ဌကထာ- ဝယ် (အဘိ-ဋ္ဌ-၁-၃၃၂။) ပဉ္စဒွါရ၌ --- ''သောမနဿိတော ဟောတိ = နှစ်သက်ရွှင်လန်း ဝမ်းမြောက်တော်မူ၏'' ဟု ဤမျှသာ ဖွင့်ဆိုထား၏။ မနောဒွါရကျမှ ''ဟာသယမာနံ သိတံ ပါတွာကာသိ = ပြုံးရွှင်ခြင်းကို ပြုတော် မူကြောင်း''ကို ဖွင့်ဆိုထား၏။ ထိုပြုံးရွှင်တော်မူခြင်းသည် ဤဟသိတုပ္ပါဒ်စိတ်ဖြင့် ဖြစ်စေအပ်သည် မှန်သော်လည်း ဘုရားရှင်၏ ပြုံးရွှင်တော်မူခြင်းကို ပြုတော်မူခြင်းသည် ပုဗ္ဗေနိဝါသာနုဿတိဉာဏ်တော် အနာဂတံသဉာဏ်တော် သဗ္ဗညုတဉာဏ်တော်တို့ ဖြစ်ပြီးနောက်မှ အစဥ်လိုက်၍ ဖြစ်ခြင်းကြောင့် ဤဟသိတုပ္ပါဒ်စိတ်သည် ဉာဏပုဗ္ဗင်္ဂမ
复注师这样解释:阿罗汉在五门见到主要而可净信的对象时,以生笑心最多只能欢喜、感到悦受,还不能微笑,因为五门心不能产生微笑所需的表色。所以《义注》1-332在五门处只说“感到喜悦欢喜”;到了意门处,才说“令欢笑而显露微笑”。微笑虽由生笑心产生,但世尊的微笑是在宿住随念智、未来分智、一切知智之后随顺次第生起,所以生笑心既是——
= ဉာဏ်တော်လျှင် ရှေ့သွား ပြဓာန်းခြင်းရှိသော တရားလည်း ဖြစ်၏၊ ဉာဏာနုပရိဝတ္တိ = ဉာဏ်တော်၏နောက်သို့ အစဥ်လိုက်သော တရားလည်း ဖြစ်၏။ ဤသို့ ဟသိတုပ္ပါဒ်စိတ်သည် (ဉာဏ်နှင့် မယှဥ်သော်လည်း ) ဉာဏ်တော်၏ နောက်သို့ အစဥ်လိုက်လျက် ဖြစ်မှုရှိခဲ့သော် ပါဠိတော်နှင့် အဋ္ဌကထာတို့၏ တစ်စုံတစ်ခုသော ဆန့်ကျင်မှု သဘော တရားသည် မရှိပါ။ ထိုကြောင့်ပင် အဋ္ဌကထာ (အဘိ-ဋ္ဌ-၁-၃၃၃။)၌ ''ထို ပုဗ္ဗေနိဝါသာနုဿတိဉာဏ်တော် (အနာဂတံသဉာဏ်တော်) သဗ္ဗညုတဉာဏ်တော်တို့၏ လေ့ကျက်အပ်ပြီး ဖြစ်ပြီး၏ အဆုံး၌ ဤဟသိတုပ္ပါဒ် စိတ်သည် ဖြစ်ပေါ်လာ၏''ဟု ဖွင့်ဆိုသွား၏။ ဤသဘောတရားကို ဤသို့သာ မချွတ်ဧကန် အလိုရှိသင့်ပေသည်။
——以智为先导之法,也是随智而转之法。这样,生笑心虽不与智相应,却随智而转,圣典与义注便没有任何冲突。因此《义注》1-333才说:“这些宿住随念智、未来分智、一切知智完成其运作以后,生笑心便生起。”应当确定地依此理解。
原书第 207 页
လက္ခဏာဒိစတုက္ကပိုင်း -- ဝိညာဏက္ခန္ဓကထာ အခန်း ဤသို့ မယူဆနိုင်ခဲ့သော် = ဉာဏ်နှင့် မယှဥ်သောစိတ် မှန်သမျှသည် ဘုရားရှင်၏ သန္တာန်တော်၌ မဖြစ်နိုင်ဟု ယူဆလက်ခံခဲ့သော် ဉာဏ်နှင့် မယှဥ်သော မနောဒွါရာဝဇ္ဇန်းစိတ်၏လည်း ဘုရားရှင်၏ သန္တာန်တော်၌ ဖြစ်ခြင်း သည် မသင့် ဖြစ်လေရာ၏။ မှန်ပေသည် --- ထို မနောဒွါရာဝဇ္ဇန်း၏လည်း ပြုံးရွှင်ခြင်းကဲ့သို့သော ဝိညတ်ရုပ်ကို ဖြစ်စေနိုင်သည့် စွမ်းအင်သတ္တိရှိမှုကို ဆုံးဖြတ်ထားတော်မူ၏။ ထိုသို့ ဆုံးဖြတ်ထားအပ်သောကြောင့် မနောဒွါရာ- ဝဇ္ဇန်းစိတ်၏ ဝိညတ်ရုပ်ကို ဖြစ်စေနိုင်သည့် စွမ်းအင်သတ္တိရှိမှုသည် ထင်ရှားရှိလတ်သော် ထိုမနောဒွါဝဇ္ဇန်းစိတ် ကြောင့် ဖြစ်ပေါ်လာသော ဝိညတ်ရုပ်၏ ကာယကံ စသည် ဖြစ်မှုကို ဆင်ခြင်ခြင်း၏ ဖြစ်မှုကို မဆီးတား မဖွဲ့ချည် ထားနိုင်ဟု မှတ်ပါ။ (အနုဋီ-၁-၁၄၄။) ကာယကံမှု စသည်ကို ဆင်ခြင်သော မနောဒွါရာဝဇ္ဇန်းသည် ဘုရားရှင်၏
若不接受这种解释,认为一切不与智相应的心都不能在世尊相续中生起,那么同样不与智相应的意门转向心也不应在世尊相续中生起。然而,论中已经判定意门转向具有产生微笑等表色的力量。既然这种力量确实存在,就不能否认由意门转向心产生的表色属于身业等,也不能否认审察身业等的意门转向会在世尊——
သန္တာန်တော်၌ ဖြစ်သင့်၏ဟု ဆိုလိုသည်။
——相续中生起。(《复注》1-144。)也就是说,审察身业等的意门转向应在世尊相续中生起。
ဤဟသိတုပ္ပါဒ်စိတ်ကား ရဟန္တာအရှင်မြတ်တို့၏ သန္တာန်၌သာဖြစ်သော စိတ်တစ်မျိုး ဖြစ်သဖြင့် အကယ်၍ အသင်သူတော်ကောင်းသည်လည်း ပါရမီအားလျော်စွာ ရဟန္တာအဖြစ်သို့ ရောက်ရှိသွားပါမူ အထက်ပါ ရှုကွက် ကို ရှုနိုင်ပေလိ့မ်မည်။
生笑心只在阿罗汉相续中生起。因此,如果修行者依自己的波罗蜜证得阿罗汉果,到那时便能够亲自观照上述观法。
ပြုံးရွှင်မှုကို ဖြစ်စေတတ်သော စိတ်များ
能令微笑生起的诸心
၁။ ပုထုဇန်ပုဂ္ဂိုလ်တို့သည် --- (က) မဟာကုသိုလ် သောမနဿသဟဂုတ်စိတ် (၄)မျိုး ( ခ ) လောဘမူ သောမနဿသဟဂုတ်စိတ် (၄)မျိုး ဤ (၈)မျိုးသော စိတ်တို့ဖြင့် ပြုံးရွှင်ကြကုန်၏။
一、凡夫以:(甲)四种悦俱大善心;(乙)四种悦俱贪根心。这八种心令他们微笑。
၂။ ကျင့်ဆဲသေက္ခ အရိယာ သူတော်ကောင်းတို့သည် (သောတာပန် သကဒါဂါမ် အနာဂါမ်ပုဂ္ဂိုလ်တို့သည်)- (က) မဟာကုသိုလ် သောမနဿသဟဂုတ်စိတ် (၄)မျိုး ( ခ ) လောဘမူ သောမနဿဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် (၂)မျိုး ဤ (၆)မျိုးသော စိတ်တို့ဖြင့် ပြုံးရွှင်တော်မူကြကုန်၏။
二、仍在修学的有学圣者(预流者、一来者、不还者)以:(甲)四种悦俱大善心;(乙)两种悦俱·邪见不相应贪根心。这六种心令他们微笑。
၃။ အသေက္ခ = ကျင့်ပြီး ရဟန္တာအရှင်မြတ်တို့သည် --- (က) မဟာကြိယာ သောမနဿသဟဂုတ်စိတ် (၄)မျိုး ( ခ ) ဟသိတုပ္ပါဒ်စိတ် (၁)မျိုး ဤ (၅)မျိုးသော စိတ်တို့ဖြင့် ပြုံးရွှင်တော်မူကြကုန်၏။
三、无学——修学已毕的阿罗汉尊者——以:(甲)四种悦俱大唯作心;(乙)一种生笑心。这五种心令他们微笑。
ဤသို့လျှင် ပြုံးရွှင်စေတတ်သော စိတ်တို့သည် (၁၃)မျိုးတို့တည်း။
如此,能令微笑生起的心共有十三种。
၁၇။ စုတိစိတ်
十七、死亡心
၁။ ကမ္မ-ကမ္မနိမိတ္တ-ဂတိနိမိတ္တာနံ အညတရာရမ္မဏဝိဇာနနလက္ခဏံ စုတိစိတ္တံ၊ ၂။ စဝနရသံ၊ ၃။ တထာဘာဝပစ္စုပဋ္ဌာနံ၊ ၄။ ဇဝနတဒါရမ္မဏဘဝင်္ဂါနံ အညတရာပဂမပဒဋ္ဌာနံ။
死亡心:一、以识知、取得业、业相、趣相三种所缘之一为特相;二、以从有中移离为作用;三、以正从该有移离的状态为现起;四、以速行、彼所缘或有分三者之一灭去为近因。
原书第 208 页
၁။ အတိတ်ဘဝ မရဏာသန္နဇောသည် ယူအပ်ခဲ့သော ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော အာရုံ (၃)မျိုးတို့တွင် အာရုံ တစ်မျိုးမျိုးကို သိခြင်း = ရယူခြင်းသဘော လက္ခဏ၊ ၂။ ဘဝမှ ရွေ့လျောခြင်း (ကိစ္စ) ရသ၊ ၃။ ဘဝမှ ရွေ့လျောတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ (က) ဇောနောင် စုတိကျအံ့ ဇော၏ချုပ်ပျက်ခြင်း ( ခ ) တဒါရုံနောင် စုတိကျအံ့ တဒါရုံ၏ ချုပ်ပျက်ခြင်း ( ဂ ) ဘဝင်နောင် စုတိကျအံ့ ဘဝင်၏ ချုပ်ပျက်ခြင်း ပဒဋ္ဌာန်။
具体说:一、以识知、取得过去世临死速行曾取的业、业相、趣相三种所缘之一为特相;二、以从有中移离为作用;三、以正从该有移离的法为现起;四、(甲)若死亡心在速行后生起,以该速行灭去为近因;(乙)若死亡心在彼所缘后生起,以该彼所缘灭去为近因;(丙)若死亡心在有分后生起,以该有分灭去为近因。
စုတိနာမ်တရားစုမှ အသိစိတ်ကို ရွေးထုတ်၍ အထက်ပါ လက္ခဏ-ရသ စသည်ကို ရှုပါ။
应从死亡名法组中选出能知之心,依上述方式观照其特相、作用等。
ဝိညာဏက္ခန္ဓကထာ အခန်း ပြီး၏။
识蕴论章终。

本页是帕奥禅师缅文「五大册」第四册(趣向涅槃之道·第四册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。卷前、正文与原书索引均与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。