识蕴论章(上)

《趣向涅槃之道》中文全译本 · 非缩略版

特相等四法篇 · 原书第 142–170 页 · 228 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 142 页
ဝိညာဏက္ခန္ဓကထာ အခန်း
识蕴论章
ရူပက္ခန္ဓာမှ တစ်ပါးသော နာမ်ခန္ဓာ (၄)ပါးတို့တွင် --- ၁။ အတိတ် အနာဂတ် ပစ္စုပ္ပန် စသည်အားဖြင့် (၁၁)မျိုး ပြားသော အာရုံ၏ အရသာကို ခံစားခြင်း သဘော- လက္ခဏာရှိသော သဘောတရားအားလုံးသည် ဝေဒနာက္ခန္ဓာ မည်၏။
除色蕴以外的四种名蕴中:一、对于依过去、未来、现在等分为十一类的所缘,凡具有领受其滋味这一自性特相的一切法,都称为受蕴。
၂။ အတိတ် အနာဂတ် ပစ္စုပ္ပန် စသည်အားဖြင့် (၁၁)မျိုး ပြားသော အာရုံကို အမှတ်ပြု၍သိခြင်း အာရုံကို ရယူခြင်း သဘောလက္ခဏာရှိသော သဘောတရားအားလုံးသည် သညာက္ခန္ဓာ မည်၏။
二、对于依过去、未来、现在等分为十一类的所缘,凡具有标记而知、取得所缘这一自性特相的一切法,都称为想蕴。
၃။ အတိတ် အနာဂတ် ပစ္စုပ္ပန် စသည်အားဖြင့် (၁၁)မျိုး ပြားသော ပြုပြင်ခြင်း၊ အားထုတ်ခြင်း ကြောင့်ကြ ဗျာပါရသို့ ရောက်ခြင်း သဘောလက္ခဏာရှိသော သဘောတရား အားလုံးသည် သင်္ခါရက္ခန္ဓာ မည်၏။
三、凡具有造作、策励、从事经营这一自性特相,并依过去、未来、现在等分为十一类的一切法,都称为行蕴。
၄။ အတိတ် အနာဂတ် ပစ္စုပ္ပန် စသည်အားဖြင့် (၁၁)မျိုး ပြားသော သညာ ပညာတို့ သိပုံမှ ထူးသောအာရုံကို ရယူခြင်း သိခြင်း သဘောလက္ခဏာရှိသော သဘောတရားအားလုံးသည် ဝိညာဏက္ခန္ဓာမည်၏။
四、凡具有以不同于想与慧的方式取得、识知依过去、未来、现在等分为十一类之所缘这一自性特相的一切法,都称为识蕴。
ထိုနာမ်ခန္ဓာ လေးပါးတို့တွင် ဝိညာဏက္ခန္ဓာကို သိအပ်ပြီးသော် ကျန်နာမ်ခန္ဓာ သုံးပါးတို့သည် သိလွယ်သော သဘောရှိကုန်၏၊ ထိုကြောင့် ဝိညာဏက္ခန္ဓာကို လက်ဦးမူ၍ ဖွင့်ဆိုကြောင်း သံဝဏ္ဏနာကို ပြုပေတော့အံ့။
在这四种名蕴中,识蕴一经明了,其余三种名蕴便容易明了。因此,现在先解释识蕴。
(ဝိသုဒ္ဓိ-၂-၈၂။)
缅文出处原串:‘(ဝိသုဒ္ဓိ-၂-၈၂။)’(《清净道论》2-82。)
ဝိဇာနနလက္ခဏ
识知之特相
''ဝိဇာနာတိ ဝိဇာနာတီ''တိ ခေါ အာဝုသော တသ္မာ ''ဝိညာဏ''န္တိ ဝုစ္စတိ။ (မ-၁-၃၆၆။) ဝိညာဏံ စိတ္တံ မနောတိ အတ္ထတော ဧကံ။ (ဝိသုဒ္ဓိ-၂-၈၂။) အထက်ပါ အဖြေမှာ အရှင်မဟာကောဋ္ဌိက မထေရ်မြတ်ကြီး၏ အမေးကို ဖြေဆိုထားတော်မူသော အရှင် သာရိပုတ္တရာ မထေရ်မြတ်ကြီး၏အဖြေ ဖြစ်၏။ မဟာဝေဒလဒသုတ္တန်၌ လာရှိ၏။
巴利‘贤友,因为它识知、识知,所以称为识。’‘识、心、意,依义是一。’上面这段答语,是舍利弗尊者回答摩诃拘絺罗尊者所问的话,出自《大毗陀罗经》。
''ငါ့ရှင် ကောဋ္ဌိက …အာရုံကို သိတတ်၏ အာရုံကို ရယူတတ်၏၊ ထိုကြောင့် ဝိညာဏ်ဟု ဆိုအပ်၏။''
‘贤友拘絺罗……它能识知所缘,能取得所缘,因此称为识。’
(မ-၁-၃၆၆။)
缅文出处原串:‘(မ-၁-၃၆၆။)’(《中部》1-366。)
၁။ ဝိညာဏ = ဝိညာဏ် ၂။ စိတ္တ = စိတ် ၃။ မန = မနော = စိတ် ဤသုံးမျိုးကား တရားကိုယ် အနက်သဘောအားဖြင့် အတူတူပင် ဖြစ်၏။ (ဝိသုဒ္ဓိ-၂-၈၂။) ပရမတ္ထဓမ္မသဘာဝဟူသည် အကြောင်းအားလျော်စွာ ဖြစ်ပေါ်လာရသော ပဝတ္တိဓမ္မတည်းဟု ပြခြင်းငှာ ဝိဇာနနလက္ခဏံဟု ဘာဝသာဓနအားဖြင့် ဆိုသည်။ ဓမ္မသဘောမှလွတ်သော တစ်စုံတစ်ခုသော သိတတ်သော ပြုလုပ်တတ်သော ကတ္တားမည်သည် မရှိ၊ ထိုကြောင့် ဓမ္မ၏သာလျှင် ကတ္တားအဖြစ်ကို ပြခြင်းငှာ ဝိဇာနာတိ ဟူ၏။ အာရုံကိုယူတတ်သော အကြင်သဘောတရားသည် ဝိဇာနနတ္ထ = အာရုံကိုသိခြင်း အနက်သဘောအားဖြင့် ဝိညာဏ် မည်၏၊ ထိုသဘောသည်ပင် စိန္တနတ္ထ = အာရုံကိုကြံစည်ခြင်း အနက်သဘော စသောအားဖြင့် စိတ် မည်၏၊ မနနတ္ထ = သိခြင်း အနက်သဘောအားဖြင့် မနော မည်၏။ ဤသို့သော ပရိယာယ်အားဖြင့်လည်း--- (၁) ဝိညာဏံ = ဝိညာဏ်၊ (၂) စိတ္တံ = စိတ်၊ (၃) မနော = မန --- ဤသုံးပုဒ်သည် တရားကိုယ် အနက်သဘော
一、viññāṇa=识;二、citta=心;三、mana=mano=意。这三个词依所指法与义理完全相同。(《清净道论》2-82。)为了显示究竟法的自性只是随缘生起、相续转起之法,所以依状态义分析(bhāvasādhana)说‘以识知为特相’。离开法的自性,并不存在另一个能够识知、能够造作的作者;为了显示唯有法本身被借说为作者,故说 vijānāti(它识知)。某种法能取得所缘,依 vijānana-attha——识知所缘之义——称为识;同一法依 cintana-attha——思量所缘之义等——称为心;依 manana-attha——识知之义——称为意。由这种异门也可知道:(一)viññāṇaṁ,识;(二)cittaṁ,心;(三)mano,意——这三个词依所指法与义理——
အားဖြင့် တစ်ခုတည်းသာဟု ထိုဝိညာဏ်ကို သိစေသည်။ (ပြည်-ဝိသုဒ္ဓိမဂ်နိဿယ-၃-၂၄၁။)
——只是同一者。(《卑谬清净道论依词释》3-241。)
原书第 143 页
ဝိဂြိုဟ် (၃) မျိုး
三种语法分析
ပရမတ္ထတရားစုကို ဟောပြသော ဖဿ ဝေဒနာ သညာ စေတနာ ဝိညာဏ --- စသော သဒ္ဒါတို့၌ များသောအားဖြင့် ကတ္တုသာဓန၊ ကရဏသာဓန၊ ဘာဝသာဓနဟု (၃)ဝိဂြိုဟ် ပြုနိုင်၏။ ထိုတွင် ကတ္တုသာဓနနှင့် ကရဏသာဓနသည် ပရမတ္ထသဘောကို ထိမိသော ဝိဂြိုဟ်များ မဟုတ်၊ အတ္တစွဲလမ်းသူတို့၏ အယူကို ပယ်ဖျက် ဖို့ရန် ပရိယာယ်ဆင် ဥပစာတင်၍ ပြုရသော ဝိဂြိုဟ်များတည်း။ (ပရမတ္ထ ဓမ္မသဘာဝ တစ်ခု၏ ဆိုလိုသော အနက်သဘောတရားကို သဒ္ဒါနည်းအရ ရှင်းလင်းပြသော စကားစုကို ဝိဂြိုဟ်ဟု ဆိုလိုသည်။) ပရမတ်၌ မကျွမ်းကျင်သော ပုထုဇန် အချို့က --- ''ထိုထိုအမှုကို ပြုလုပ်စီမံတတ်သော ကာရက၊ အကျိုး ကိုလည်း ခံစားတတ်သော ဝေဒက''ဟု ခေါ်ဆိုရသော အတ္တသည် (= အသက်ကောင် လိပ်ပြာကောင် ဝိညာဏ် ကောင် အတ္တကောင်သည်) ခန္ဓာကိုယ်တွင်း၌ ရှိ၏။ အာရုံကို သိရာ၌ သိခြင်းကြိယာကား စိတ်တည်း၊ ထိုသိခြင်း ကြိယာကို ဖြစ်စေတတ် = ပြီးစေတတ် = သိတတ်သော ကတ္တားမှာ ယခင်အတ္တပင် ဖြစ်သည်ဟု စွဲလမ်းမှတ်ထင်
对于触、受、想、思、识等表示究竟法群的词,通常可以作三种语法分析:能作者义分析(kattusādhana)、工具义分析(karaṇasādhana)和状态义分析(bhāvasādhana)。其中,前两种分析并不直接契合究竟自性,而是为了破除执我的人之见,依异门借称而作的分析。〔这里所谓‘语法分析’(viggaha),是指按照语法阐明一个究竟法词语所表达义理的语句。〕有些不熟悉究竟法的凡夫执取:身体里面有一个称为‘我’——即生命、灵魂、识体、自我——的东西,它既是安排、造作各种事情的作者(kāraka),也是领受其果的受者(vedaka)。他们认为:识知所缘这一动作是心,而完成这一识知动作、能够识知的作者,仍是先前那个我。为了破除这种错误执取——
ကြလေသည်၊ ထိုယူမှားချက်ကို ပယ်ဖျက်ဖို့ရာ စိတ်၌ သိတတ်သော ကတ္တုသတ္တိ မရှိသော်လည်း ရှိသကဲ့သို့ တင်စား၍ --- ဝိဇာနာတီတိ ဝိညာဏံ = အာရုံကိုသိတတ်သောကြောင့် ဝိညာဏ်မည်၏ဟု ကတ္တုသာဓနဝိဂြိုဟ် ဖြင့် ရှင်းလင်းဖွင့်ဆိုရပေသည်။ ဤစကားမျိုးကို --- သိတတ်သော သတ္တိမရှိပါဘဲလျက် ရှိသကဲ့သို့ တင်စား၍ ပြောဆိုထားသော စကားမျိုးဖြစ်သဖြင့် တဒ္ဓမ္မူပစာရစကားဟု ခေါ်ဆိုသည်။ ယုန်၌ ဦးချိုမရှိပါဘဲလျက် ရှိသကဲ့သို့ တင်စား၍ ''ယုန်ချို''ဟု ဆိုသော စကားကဲ့သို့ မှတ်ပါ။ ဆိုလိုသည်မှာ''အာရုံကိုသိရာ၌ အတ္တက သိသည်မဟုတ်၊ အတ္တပင် အထင်အရှား မရှိ၊ စိတ်ကသာ သိသည်၊ စိတ်ဟူသော သဘောတရားမှတစ်ပါး အခြားသိတတ်သော ကတ္တားတစ်မျိုး မရှိတော့ပြီ'' ဟူလိုသည်။
——虽然心并没有作为识知者的作者能力,却借说它仿佛具有这种能力,依‘ဝိဇာနာတီတိ ဝိညာဏံ’——‘因为能识知所缘,故称为识’——作能作者义分析。这种本无识知能力却借说为仿佛具有的语言,称为 taddhammūpacāra,即依该法借称;应当像‘兔角’一样理解——兔子本来没有角,却借说仿佛有角。意思是:识知所缘的不是一个我;我根本不真实存在,只有心识知所缘,除心这一法以外,再没有另一种能够识知的作者。
အချို့ကလည်း ''ဖဿ စသောတရားတို့သည် အတ္တကြောင့်သာ အာရုံကို သိကြရ၏၊ အတ္တသည် သိခြင်း ကြိယာကို ပြီးစေနိုင်သော ကြိယာသာဓကတမသတ္တိ ရှိ၏''ဟု စွဲလမ်းကြပြန်၏၊ ထိုစွဲလမ်းချက်ကို ပယ်ဖျက်ဖို့ရာ စိတ်၌ သိကြောင်းသတ္တိ မရှိသော်လည်း ရှိသကဲ့သို့ တဒ္ဓမ္မူပစာရအားဖြင့် ''ဝိဇာနာတိ ဧတေနာတိ ဝိညာဏံ = စိတ်သည် အာရုံကို သိကြောင်းဖြစ်သောကြောင့် ဝိညာဏ်မည်၏''ဟု ကရဏသာဓနဝိဂြိုဟ် တစ်နည်းဆိုလျက် ရှင်းပြရပြန်သည်။ ''ဖဿ စသည်တို့၏ အာရုံကို သိခြင်း၏ အကြောင်းမှာ အတ္တမဟုတ်၊ အတ္တပင် အထင်အရှား မရှိ၊ စိတ်သည်သာလျှင် ဖဿ စသည်တို့၏ အာရုံကို သိကြောင်းတရားဖြစ်သည်''ဟု ဆိုလိုသည်။
另有一些人执取:‘触等法只有依靠我才能识知所缘;我是能够完成识知动作的最主要工具。’为了破除这种执取,虽然心并不具有一个工具实体的识知能力,仍依 taddhammūpacāra(依该法借称)说:‘ဝိဇာနာတိ ဧတေနာတိ ဝိညာဏံ’——‘心是识知所缘的工具,所以称为识。’这是工具义分析的另一种说法。意思是:触等法之所以识知所缘,并不是因为有一个我;我根本不真实存在,只有心才是触等法识知所缘所依的法。
ဤသို့လျှင် အတ္တစွဲလမ်းချက်ကို ပယ်ဖျက်လို၍ ကတ္တုသာဓန ကရဏသာဓန ဝိဂြိုဟ် ပြဆိုရသော်လည်း စိတ်၌ သိတတ်သောကတ္တုသတ္တိ၊ သိကြောင်းကရဏသတ္တိ နှစ်မျိုးလုံးပင် မရှိရကား ထိုဝိဂြိုဟ်များသည် ပရမတ္ထ တရားကိုယ်ဓာတ်သားကို ထိမိသော ဝိဂြိုဟ် မဟုတ်၊ စင်စစ်မှာမူ --- စိတ်ဟူသည် အာရုံကိုသိခြင်း အမူအရာ ကြိယာသာ ဖြစ်သောကြောင့် --- စိန္တနံ စိတ္တံ = ဝိဇာနနံ ဝိညာဏံ --- ဟူသော ဘာဝသာဓနဝိဂြိုဟ်ဖြင့်လည်း စိတ်၏စွမ်းအင်ကို ရှင်းလင်း တင်ပြရပြန်သည်။ အာရုံကိုသိခြင်း အာရုံကိုရယူခြင်း သဘောသက်သက်သည်သာ ဝိညာဏ် မည်၏၊ စိတ် မည်၏ ဟူလိုသည်။ ယင်း ဘာဝသာဓနသည်သာ ပရမတ္ထတရားကိုယ် ဓာတ်သားကို ထိမိသော ဝိဂြိုဟ် ဖြစ်သည်။ ပရမတ္ထတရားတို့ကား ဗျာပါရကင်းသော နိဗျာပါရတရားတို့သာ ဖြစ်ကြသည်။
为了破除执我,虽然需要显示能作者义与工具义两种分析,但心既没有作为识知者的作者能力,也没有作为一个工具实体的识知能力,所以这两种分析都不能直接契合究竟法自身。事实上,所谓心,只是识知所缘这一状态与活动;因此还须依‘စိန္တနံ စိတ္တံ=ဝိဇာနနံ ဝိညာဏံ’——‘思量就是心,识知就是识’——的状态义分析,阐明心的真实性质。意思是:唯有识知、取得所缘这一自性本身,称为识,也称为心。只有这种状态义分析直接契合究竟法自身,因为一切究竟法都是无造作经营的无作业法。
原书第 144 页
ဝိညာဏ်အပြားနှင့် ကုသိုလ်အပြား
识的分类与善的分类
ထိုဝိညာဏ်သည် အာရုံကိုသိခြင်း အာရုံကိုရယူခြင်း ဝိဇာနနလက္ခဏာအားဖြင့် တစ်မျိုးသာ ရှိ၏။ ဇာတ်၏ အစွမ်းဖြင့်ကား ကုသိုလ်၊ အကုသိုလ်၊ အဗျာကတဟု သုံးမျိုးရှိ၏။ ထိုတွင် ကုသိုလ်သည် ဘူမိဘေဒ = ဘုံအပြား အားဖြင့် --- ကာမာဝစရကုသိုလ်၊ ရူပါဝစရကုသိုလ်၊ အရူပါဝစရကုသိုလ်၊ လောကုတ္တရာကုသိုလ်အားဖြင့် (၄)မျိုး ပြား၏။ ထိုတွင် ကာမာဝစရကုသိုလ်သည် (= မဟာကုသိုလ်သည်) (၈)မျိုး ပြား၏။ (နာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ပြန်ကြည့်ပါ။) ယင်းစိတ်တို့ ဖြစ်ပေါ်လာပုံကို ထင်ရှားဆိုပေအံ့ --- ၁။ အကြင်အခါ၌ လှူဖွယ်ဝတ္ထု၏ ပြည့်စုံခြင်း၊ အလှူခံပုဂ္ဂိုလ်၏ ပြည့်စုံခြင်း၊ ပဋိရူပဒေသဝါသ --- ဟူသော သူတော်သူမြတ်တို့ရှိရာ အရပ်၌ နေထိုင်ရခြင်း၊ ကုသိုလ်ဖြစ်နိုင်လောက်သည့် အချိန်ကာလကောင်းနှင့် ပြည့်စုံခြင်း၊ မိတ်ကောင်းဆွေကောင်း မိကောင်းဖကောင်း ဆရာကောင်းသမားကောင်းနှင့် ပေါင်းသင်းရခြင်းစသော သမ္ပတ္တိစက်
识依识知、取得所缘这一识知之特相而言,只有一类;依生类则有善、不善、无记三类。其中,善依地的差别,又分为欲界善、色界善、无色界善、出世间善四类。欲界善——即大善——又分为八种。〔参见名业处篇。〕现在说明这些心如何生起。一、某时,一个人具足布施物、受施者,也住在有善士贤人之处的适宜地区,具足能成就善业的良好时机,又亲近善友、良友、善父母、善师长等成就之轮——
တို့ကိုလည်းကောင်း၊ အခြားအခြားသော သဒ္ဓါတရားထူပြောခြင်း၊ စင်ကြယ်သော သမ္မာဒိဋ္ဌိဉာဏ်ရှိခြင်း၊ ကုသိုလ် ပြုခြင်း၌ အကျိုးအာနိသံသကို ရှုမြင်လေ့ရှိခြင်း၊ သောမနဿ ပဋိသန္ဓေဖြင့် ပဋိသန္ဓေတည်နေခဲ့ရခြင်း၊ ပီတိ- သမ္ဗောဇ္ဈင် ဖြစ်ကြောင်းတရား အစရှိကုန်သော သောမနဿ ဖြစ်နိုင်လောက်သည့် အကြောင်းတရားကိုလည်း ကောင်း အစွဲပြု၍ အလွန်ရွှင်လန်းသည်ဖြစ်၍ --- အတ္ထိ ဒိန္နံ = အလှူဒါန၏ အကျိုးတရားသည် ထင်ရှားရှိ၏ - ဤသို့ စသောနည်းဖြင့် ဖြစ်ပေါ်လာသော သမ္မာဒိဋ္ဌိဉာဏ်ကို ရှေ့သွားပြု၍ မဆုတ်မနစ်မူ၍ သူတစ်ပါးတို့က (မိမိကိုယ်ကိုလည်း မိမိက) မတိုက်တွန်း မနှိုးဆော်အပ်သည်ဖြစ်၍ ဒါန သီလ သမထ ဝိပဿနာ အစဖြာသည့် ပုညကုသိုလ်တို့ကို ပြုလုပ်၏။ ထိုအခါဝယ် ထိုပုညကုသိုလ် စေတနာနှင့် ပြည့်စုံသော ပုဂ္ဂိုလ်၏သန္တာန်ဝယ် သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက မဟာကုသိုလ်စိတ်သည် ဖြစ်ပေါ်လာ၏။ (ဝိသုဒ္ဓိ-၂-၈၃၊၊)
——并且信心深厚,具有清净的正见智,常见行善的利益,以悦俱结生而结生,又具足能令悦受生起的喜觉支之因等。他缘于这些条件而极为欢悦,以‘atthi dinnaṁ——布施确有果’等方式生起的正见智为前导,不退缩,也不由他人〔或自己〕敦促、劝发,便修作布施、持戒、止、观等福善。此时,在这位具足福善之思的人相续中,悦俱·智相应·无行大善心生起。(《清净道论》2-83。)
၂။ အကြင်အခါ၌ကား ဆိုခဲ့ပြီးသည့် နည်းလမ်းအတိုင်းပင် အလွန် ရွှင်လန်းတက်ကြွသော စိတ်ဓာတ်ဖြင့် သမ္မာဒိဋ္ဌိဉာဏ်ကိုပင် ရှေ့သွားပြု၍ လွတ်လွတ်ကျွတ်ကျွတ် စွန့်ကြဲလိုသောစိတ်ဓာတ် မရှိမူ၍၊ တွန့်တိုဆုတ်နစ်သော စိတ်ဓာတ်ရှိသည်ဖြစ်၍၊ သူတစ်ပါးတို့က တိုက်တွန်းအပ်သည်ဖြစ်၍ ဒါနကို ပြု၏၊ အလားတူပင် သီလကုသိုလ်၊ ဘာဝနာကုသိုလ် အရာ၌လည်း စိတ်ပါလက်ပါဖြင့် စိတ်ဓာတ် တက်တက်ကြွကြွ မရှိမူ၍ စိတ်မပါ့တပါဖြင့် မိမိ ကိုယ်ကို မိမိက တိုက်တွန်းအပ်သည်ဖြစ်၍၊ သူတစ်ပါးတို့ကသော်လည်း တိုက်တွန်းအပ်သည်ဖြစ်၍ သီလကုသိုလ် ဘာဝနာကုသိုလ်တို့ကို ပြုစုပျိုးထောင်၏။ ထိုအခါ၌ ထိုသူတော်ကောင်း၏ သန္တာန်ဝယ် သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိက မဟာကုသိုလ်စိတ်သည် ဖြစ်ပေါ်လာ၏။
二、某时,他仍依上述方式,以极为欢悦、振奋的心和正见智为前导,却没有爽快施舍之意,心有悭缩退却,须由他人敦促才行布施。同样,在持戒善与修习善方面,他也不甚踊跃,心不甘愿,须由自己敦促自己,或由他人敦促,才培育持戒善与修习善。此时,在这位善人的相续中,悦俱·智相应·有行大善心生起。
ဣမသ္မိဥှိ အတ္ထေ သင်္ခါရောတိ ဧတံ အတ္တနော ဝါ ပရေသံ ဝါ ဝသေန ပဝတ္တဿ ပုဗ္ဗပယောဂဿာ- ဓိဝစနံ။ (ဝိသုဒ္ဓိ-၂-၈၃။) ဤအရာဝယ် သင်္ခါရဟူသည် အဘယ်နည်း? --- ထိုထို ဒါန သီလ သမထ ဝိပဿနာဟူသော ကုသိုလ်ကိစ္စ လုပ်ငန်းရပ်တို့၌ တွန့်တို ဆုတ်နစ်နေသော စိတ်ဓာတ်ကို မတွန့်တို မဆုတ်နစ်စေခြင်းငှာ မိမိကိုယ်ကို မိမိက တိုက်တွန်းရခြင်း သူတစ်ပါးတို့က တိုက်တွန်းရခြင်းဟူသော စိတ်ဓာတ်ကို ရှေးဦးစွာ ပြုပြင်ပေးခြင်း = ပုဗ္ဗ- ပယောဂကိုလည်းကောင်း၊ ထိုပုဗ္ဗပယောဂကြောင့် နောက်စိတ်၏ ထက်သန်ခြင်းဟူသော တိက္ခဘာဝကိုလည်း ကောင်း သင်္ခါရဟု ဆိုသည်။ သင်္ခါရက ရှေးကဖြစ်၍ ကုသိုလ်က နောက်မှဖြစ်သောကြောင့် ဆိုသည်ကား မဟုတ်။
‘在这里,行是指由自己或他人之力而转起的预先加行。’这里所谓‘行’是什么?在布施、持戒、止、观等善业中,为了使悭缩退却的心不再悭缩退却,由自己敦促自己或由他人敦促,对心预先加以调动,称为预先加行(pubbapayoga);由这一预先加行而使后心锐利,称为锐利状态(tikkhabhāva)。这两者都称为行。并不是因为行先发生、善心随后才发生才这样说。
(ဝိသုဒ္ဓိ-၂-၈၃။ မဟာဋီ-၂-၁၁၇။)
缅文出处原串:‘(ဝိသုဒ္ဓိ-၂-၈၃။ မဟာဋီ-၂-၁၁၇။)’(《清净道论》2-83;《大复注》2-117。)
原书第 145 页
လက္ခဏာဒိစတုက္ကပိုင်း -- ဝိညာဏက္ခန္ဓကထာ အခန်း ၃။ အကြင်အခါ၌ကား မိဘစသော ဆွေမျိုးအပေါင်း၏ ပေးလှူပူဇော်ခြင်း ရှိခိုးခြင်း စသော အကျင့်ကို မြင် သဖြင့် မိဘစသည့် ဆွေမျိုးအပေါင်း၏ ပေးလှူခြင်း ရှိခိုးခြင်း စသော အမူအရာကို အတုလိုက်၍ ဖြစ်ပေါ် လာသော လေ့ကျက်ခြင်းရှိကုန်သော မသိ မလိမ္မာသေးကုန်သော ကလေးသူငယ်တို့သည် ရဟန်းတော်တို့ကို မြင်၍ ဖြစ်ပေါ်လာသော ဝမ်းမြောက်ခြင်း ရှိကုန်သည်ဖြစ်၍ အဆောတလျင် တစ်စုံတစ်ခုသာလျှင်ဖြစ်သော လက်ထဲ၌ ရှိသော လှူဖွယ်ဝတ္ထုကို ပေးလှူမူလည်း ပေးလှူကုန်၏၊ ရှိမူလည်း ခိုးကုန်၏။ ထိုအခါ၌ တတိယ မဟာကုသိုလ်စိတ်သည် ဖြစ်ပေါ်လာ၏။ (သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိက မဟာကုသိုလ် စိတ် ဟူလိုသည်။ မသိ မလိမ္မာသေးသဖြင့် ဉာဏ်မယှဥ်သော ကုသိုလ်မျိုးတည်း။) (ဝိသုဒ္ဓိ-၂-၈၃။) ၄။ အကြင်အခါ၌ ထိုကလေးသူငယ်တို့ကို -- ''သင်တို့သည် ပေးလှူကြကုန်၊ ရှိခိုးကြကုန်၊ ဆွမ်းလောင်းလိုက်၊
三、尚未懂事的儿童,看见父母等亲族布施、供养、礼敬,便模仿这些行为而形成习惯;他们见到比丘生起欢喜,立即把手边任何一件施物布施出去,或向比丘礼敬。此时,第三大善心——即悦俱·智不相应·无行大善心——生起;因为尚未懂事,所以是智不相应的善。(《清净道论》2-83。)四、某时,父母等亲族这样敦促孩子:‘你们布施吧,礼敬吧;供僧吧,礼拜吧——’
ရှိခိုးလိုက်'' --- ဤသို့စသည်ဖြင့် မိဘစသော ဆွေမျိုးတို့က တိုက်တွန်းအပ်ကုန်သည်ဖြစ်၍ ဤသို့ပေးလှူခြင်း ရှိခိုးခြင်းစသော အခြင်းအရာအားဖြင့် ထိုကလေးသူငယ်တို့သည် ပြုကျင့်ကြကုန်၏။ ထိုအခါ၌ သောမနဿ- သဟဂုတ် ဉာဏဝိပ္ပယုတ် သသင်္ခါရိက မဟာကုသိုလ်စိတ် = စတုတ္ထစိတ်သည် ဖြစ်ပေါ်လာ၏။
——孩子们受敦促后,便以布施、礼敬等方式实行。此时,悦俱·智不相应·有行大善心,即第四心,生起。
၅-၈။အကြင်အခါ၌ကား လှူဖွယ်ဝတ္ထု အလှူခံပုဂ္ဂိုလ် စသည်တို့၏ မပြည့်စုံခြင်းကိုလည်းကောင်း၊ သောမနဿ ဖြစ်နိုင်လောက်သည့် အခြားအခြားသော အကြောင်းတရားတို့၏ မရှိမှုကိုလည်းကောင်း အစွဲပြု၍ အထက်ပါ ကုသိုလ်လေးမျိုးတို့၌ သောမနဿကင်းကုန်သည်ဖြစ်၍ ဒါန သီလ သမထ ဝိပဿနာ စသော ကောင်းမှုကုသိုလ်ကို ပြုကုန်ငြားအံ့၊ ထိုအခါ၌ ဥပေက္ခာသဟဂုတ် မဟာကုသိုလ်စိတ် (၄)မျိုးတို့သည် ဖြစ်ပေါ်လာကုန်၏။ (ပေါင်းသော် မဟာကုသိုလ်စိတ် (၈)မျိုးတည်း။) (ဝိသုဒ္ဓိ-၂-၈၃။) ရူပါဝစရကုသိုလ်သည် ပဉ္စကနည်းအားဖြင့် စျာန်အင်္ဂါတို့နှင့်ယှဥ်သော အပြားအားဖြင့် (၅)မျိုး ပြား၏။
五至八、某时,由于施物、受施者等不圆满,或者缺少其他足以生起悦受的因缘,上述四种善心都离开悦受,却仍行布施、持戒、止、观等善法。此时,四种舍俱大善心生起。〔合计即八种大善心。〕(《清净道论》2-83。)色界善依五分法,按所相应禅支的差别分为五种。
အရူပါဝစရကုသိုလ်သည် အာရုပ္ပစျာန် (၄)မျိုးတို့နှင့် ယှဥ်ခြင်း၏ အစွမ်းဖြင့် (၄)မျိုး ပြား၏။ (နာမ်ကမ္မဋ္ဌာန်းပိုင်း၌ ပြန်ကြည့်ပါ။) လောကုတ္တရာကုသိုလ်သည် သောတာပတ္တိမဂ်၊ သကဒါဂါမိမဂ်၊ အနာဂါမိမဂ်၊ အရဟတ္တမဂ်ဟူသော လေးပါးသော အရိယမဂ်တို့နှင့် ယှဥ်သောအားဖြင့် (၄)မျိုး ပြား၏။ ဤသို့လျှင် ကုသိုလ်ဝိညာဏ်သည် --- ၁။ မဟာကုသိုလ်စိတ် = ကာမာဝစရကုသိုလ်စိတ် ( ၈ ) မျိုး၊ ၂။ ရူပါဝစရကုသိုလ်စိတ် ( ၅ ) မျိုး၊ ၃။ အရူပါဝစရကုသိုလ်စိတ် ( ၄ ) မျိုး၊ ၄။ လောကုတ္တရာကုသိုလ်စိတ် ( ၄ ) မျိုး၊ အားလုံးပေါင်းသော် (၂၁) မျိုးတည်း။ (ဝိသုဒ္ဓိ-၂-၈၃-၈၄။)
无色界善依与四种无色禅相应而分为四种。〔参见名业处篇。〕出世间善依与入流道、一来道、不还道、阿罗汉道这四种圣道相应而分为四种。因此,善识共有:一、大善心,即欲界善心八种;二、色界善心五种;三、无色界善心四种;四、出世间善心四种;合计二十一种。(《清净道论》2-83至84。)
အကုသိုလ်စိတ် (၁၂) ပါး
十二种不善心
အကုသိုလ်ဝိညာဏ်သည် ဘုံအားဖြင့် တစ်မျိုးသာ ရှိ၏။ အကုသိုလ်မှန်သမျှ ကာမာဝစရတရားသာတည်း။
不善识依地只有一类;一切不善法都只是欲界法。
အရင်းအမြစ် မူလသဘောအားဖြင့် လောဘမူလစိတ်၊ ဒေါသမူလစိတ်၊ မောဟမူလစိတ်ဟု (၃)မျိုး ပြား၏။
依根本自性,则分为贪根心、嗔根心、痴根心三类。
ထိုတွင် လောဘမူစိတ်သည် (၈)မျိုး ပြား၏။ (နာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ပြန်ကြည့်ပါ။)
其中,贪根心分为八种。〔参见名业处篇。〕
原书第 146 页
လောဘမူစိတ် (၈) မျိုး ဖြစ်ပေါ်လာပုံ
八种贪根心的生起
၁။ အကြင်အခါ၌ ''ကာမဂုဏ်တို့၌ အပြစ်မရှိ၊ ကာမဂုဏ်တို့ကို မှီဝဲခြင်း သုံးဆောင်ခံစားခြင်းတို့၌ အပြစ်မရှိ'' ဤသို့ စသောနည်းဖြင့် ဥစ္ဆေဒဒိဋ္ဌိစသော မိစ္ဆာအယူကို ရှေ့သွားပြု၍ အလွန်ရွှင်လန်းသည်ဖြစ်၍ ပင်ကိုသဘော- အားဖြင့်သာလျှင် ထက်မြက်နေသော ထက်သန်နေသော မတိုက်တွန်းအပ်သောစိတ်ဖြင့် ကာမဂုဏ်တို့ကိုမူလည်း မှီဝဲသုံးဆောင်၏။ (ယခုကာလ ချဲသမားတို့ ချဲနံပါတ်ကောက်သကဲ့သို့) ဒိဋ္ဌမင်္ဂလာ = အမြင်မင်္ဂလာ၊ သုတမင်္ဂလာ = အကြားမင်္ဂလာ၊ မုတမင်္ဂလာ = အတွေ့မင်္ဂလာတို့ကိုလည်း အနှစ်သာရအားဖြင့် အမြတ်ထားလျက် ယုံကြည်၏။
一、某时,一个人以断灭见等邪执为前导,认为‘诸欲没有过患,亲近、享用诸欲没有过患’,心极为欢悦,并以本来自然锐利、强盛而未经敦促的心享受诸欲。他也把见吉祥、闻吉祥、触吉祥执为实质而信奉,正如现在的彩票赌徒择取号码。
(လောကီမင်္ဂလာတို့ကို လေ့လာလိုက်စားမှုများ၏။ ဗေဒင် ယတြာ ဓာတ်ရိုက် ဓာတ်ဆင်တို့ကို အနှစ်သာရအားဖြင့် ယုံကြည်၏။ အလေးဂရုပြု၏။) ထိုအခါမျိုး၌ သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိက ပထမ လောဘမူစိတ် ဖြစ်၏။ (ဝိသုဒ္ဓိ-၂-၈၄။) ''ဘဝဟူသည် ပုခက်နှင့် ခေါင်း အကြားမှာသာ ရှိ၏၊ သေလျှင် ပြတ်၏၊ ခေါင်းဟိုဘက် ဘာမျှ မရှိ'' --- ဤသို့စသော ဥစ္ဆေဒဒိဋ္ဌိ စသည်နှင့်ယှဥ်သော မိစ္ဆာအယူကို ရှေ့တန်းတင်၍ ထိုမိစ္ဆာအယူဖြင့် ဖောက်ပြန်သော စိတ်ဓာတ်ရှိကုန်သော သတ္တဝါတို့သည် ဧတာဝကော ဇီဝဝိသယော ယာဝဣန္ဒြိယဂေါစရော = ဇီဝ ဟူသော သတ္တဝါ၏ တည်ရာနယ်ပယ်ကား စက္ခုစသော ဣန္ဒြေတို့ ကျက်စားနိုင်သော နယ်ပယ်မျှလောက်သာတည်း --- ဟု တမလွန်လောကရှိမှုကို လက်မခံဘဲ ပယ်လှန်၍ ''ကာမတို့၌ အပြစ်ဟူသည် မရှိ''ဟု လက်ခံ၍ အပြစ်ရှိ မရှိ မရွေးချယ်တော့ဘဲ ကာမဂုဏ်တို့ကို စိတ်ကြိုက် ခံစား၏။
〔他热衷研究、追求世间吉祥,把占星、禳解、依界配合等当作真实有效而信奉、重视。〕此时,第一悦俱·邪见相应·无行贪根心生起。(《清净道论》2-84。)有些众生以‘生命只在摇篮与坟墓之间;一死便断,坟墓那边一无所有’等断灭见为前导,心被这种邪见败坏。他们主张‘ဧတာဝကော ဇီဝဝိသယော ယာဝဣန္ဒြိယဂေါစရော’——‘有情生命的范围,只到眼等诸根所能活动的范围为止’——否定来世,又接受‘诸欲没有过患’,不再分辨有罪无罪,任意享受诸欲。
''သားသ္မီး၏ မျက်နှာကို မြင်ရခြင်းဟူသော အကြင်လမ်းဖြင့် သားသ္မီးရသော သူတို့သည် စိုးရိမ်ကင်းသော နတ်ပြည်နိဗ္ဗာန်သို့ ရောက်ကုန်၏၊ သားသ္မီး၏ မျက်နှာကို မြင်ရခြင်းဟူသော ဤလမ်းသည် နတ်ပြည်သို့ သွားရာ၌ မချွတ်မယွင်း ဖြောင့်စင်းမှန်ကန်သော လမ်းပေတည်း။ ထိုလမ်းကို သားတိရစ္ဆာန်တို့သည်လည်းကောင်း၊ ငှက်တို့ သည်လည်းကောင်း မြင်သိကုန်၏။ ထိုသို့ မြင်သိခြင်းကြောင့် ထိုသားငှက်တို့သည် အမိရင်း၌သော်လည်း မေထုန် အကျင့်ကို ပြုကျင့်ကုန်၏'' ဤသို့ စသောနည်းဖြင့် သား၏မျက်နှာကို မြင်ရခြင်းတည်းဟူသော ပုတ္တမုခဒဿနလမ်းစဥ်သည် နတ်ရွာ နိဗ္ဗာန်သို့ရောက်ကြောင်း လမ်းပေတည်း --- ဤသို့စသော မှားသောအယူကို ယူသောသူ၏ သန္တာန်၌ ကာမဂုဏ်ကို အလိုရှိသလို စိတ်တိုင်းကျ ခံစားနေသောအခါ သာယာနေသောအခါတို့၌လည်း သောမနဿသဟဂုတ် ဒိဋ္ဌိဂတ- သမ္ပယုတ် အသင်္ခါရိက ပထမစိတ်မျိုးပင် ဖြစ်နေပေသည်။ (မဟာဋီ-၂-၁၂ဝ။)
又有人持这样的邪见:‘人由见到子女面容、得到子女这条道路,便能到达无忧的天界、涅槃;见到子女面容,正是通往天界不会偏失、正直可靠的道路。连走兽、飞鸟也知道这条路;正因它们知道,甚至会与自己的亲生母亲交合。’持这种‘见子面(puttamukhadassana)是通往天界、涅槃之道’的邪见者,随心所欲地享受、爱乐诸欲时,生起的同样是第一悦俱·邪见相应·无行贪根心。(《大复注》2-120。)
သူတစ်ပါးတို့၏ ပစ္စည်းကို မတရားယူခြင်း အဒိန္နာဒါနအရာ၌ ဗြာဟ္မဏတို့၏ရွှေကို ခိုးယူခြင်းသည်သာလျှင် အပြစ်ရှိ၏၊ အခြားသော ခိုးယူခြင်းသည် အပြစ်မရှိ၊ ဤကဲ့သို့သော မိစ္ဆာဂါဟ အယူမှားဖြင့် သူတစ်ပါး၏ ပစ္စည်းကို မတရားယူခြင်း၌ ယင်းပစ္စည်းတို့အပေါ် သာယာတပ်မက်သော လောဘမူစိတ်မှာလည်း ဤပထမလောဘမူစိတ် အမျိုးအစားပင် ဖြစ်၏။ ဆရာသမားတို့အတွက် မုသားပြောခြင်း၊ နွားတို့အတွက် မုသားပြောခြင်း၊ မိမိအတွက် မုသားပြောခြင်း၊ အသက်အတွက် မုသားပြောခြင်း၊ သ္မီးကိုထိမ်းမြားခြင်း မင်္ဂလာကိစ္စအတွက် မုသားစကားပြောခြင်း ဤမုသားစကားပြောခြင်းသည် အပြစ်မရှိ၊ အခြားသော မုသားစကားသည်သာ အပြစ်ရှိ၏။ ယင်းဆရာသမား စသူတို့အတွက် ကုန်းချောခြင်းသည် အပြစ်မရှိ၊ အခြားသော ကုန်းချောစကားသည် အပြစ်ရှိ၏။ ဘာရတမင်းတို့၏ စစ်ထိုးခြင်း၊ သီတာဒေဝီကို ဆောင်ခြင်း စသည်ကိုဆိုသော စကားသည် မကောင်းမှုကို ငြိမ်းစေခြင်းငှာ ဖြစ်၏။
在不与取方面,又有人以错误执取认为:只有偷婆罗门的黄金才有罪,其他偷盗无罪。他以这种邪执非法取得他人财物时,对所得财物爱乐贪著的贪根心,也属于这第一贪根心。又有人主张:为师长说谎、为牛说谎、为自己说谎、为生命说谎、为女儿婚礼说谎,都没有罪;只有其他妄语有罪。为师长等离间他人无罪,其他离间语才有罪;讲说婆罗多诸王作战、带走悉多天女等故事,能够止息恶业。
--- ဤသို့စသော မိစ္ဆာဂါဟ အယူမှားဖြင့် မုသားစကား ကုန်းစကား ဘာရတမင်းတို့၏ စစ်ထိုးခန်း သီတာဒေဝီ- ကို ဆောင်ခန်းစကားတို့ကို ပြောကြားရာ၌ ယင်းမုသားစကား ကုန်းစကား စသည်တို့၌ သာယာတပ်မက်သော
——以这类错误执取讲说妄语、离间语、婆罗多诸王作战、带走悉多天女等故事时,对这些妄语、离间语等爱乐贪著的——
原书第 147 页
လက္ခဏာဒိစတုက္ကပိုင်း -- ဝိညာဏက္ခန္ဓကထာ အခန်း စိတ်မှာလည်း ဤလောဘမူ ပထမစိတ်ပင် ဖြစ်၏။ (မဟာဋီ-၂-၁၂၁။) ၂။ အကြင်အခါ၌ကား နုံ့သော မထက်သော စိတ်သိပ်မထက်သန်သော၊ မိမိသည်လည်းကောင်း သူတစ်ပါး သည်လည်းကောင်း တိုက်တွန်းအပ်သောစိတ်ဖြင့် မှားယွင်းသောခံယူချက် မိစ္ဆာဒိဋ္ဌိကို ရှေ့သွားပြု၍ ရွှင်ရွှင် လန်းလန်းပင် ကာမဂုဏ်တို့ကိုမူလည်း သုံးဆောင် ခံစား၏၊ ဒိဋ္ဌမင်္ဂလာ စသည်တို့ကိုမူလည်း အနှစ်သာရအားဖြင့် ယုံကြည်၏။ ထိုအခါမျိုး၌ သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် သသင်္ခါရိက ဒုတိယလောဘမူ အကုသိုလ် စိတ်သည် ဖြစ်၏။ (ဝိသုဒ္ဓိ-၂-၈၄။) ၃။ အကြင်အခါ၌ကား မှားယွင်းသောခံယူချက် မိစ္ဆာဒိဋ္ဌိကို ရှေ့သွား မပြုမူ၍ မိစ္ဆာဒိဋ္ဌိနှင့် မရောမယှက် သက် သက် အလွန်ရွှင်လန်းသည် ဖြစ်၍ ပင်ကိုသဘောအားဖြင့်သာလျှင် ထက်သန်လျက်ရှိသော မတိုက်တွန်းအပ်သော စိတ်ဖြင့် မေထုန်ကိုမူလည်း မှီဝဲ၏၊ သူတစ်ပါး၏ စည်းစိမ်ကိုမူလည်း တပ်မက်သောအားဖြင့် မတရားသော
——心,也就是这第一贪根心。(《大复注》2-121。)二、某时,一个人的心迟钝、不锐利、不很强盛,须由自己或他人敦促;他以邪见为前导,仍欢悦地享受诸欲,又把见吉祥等执为实质而信奉。此时,第二悦俱·邪见相应·有行不善贪根心生起。(《清净道论》2-84。)三、某时,他不以邪见为前导,完全不与邪见相杂;却极为欢悦,以本来自然强盛、未经敦促的心行淫欲,贪图他人财产,谋划以种种非法手段取得,也偷窃所有者并未自愿给予的财物,强夺——
နည်းလမ်း အမျိုးမျိုးဖြင့် ရရှိအောင် ရှေးရှူ ကြံစည်၏၊ ပိုင်ရှင်က ကြည်ကြည်ဖြူဖြူ ကျေကျေနပ်နပ် မပေးသော သူ့ဥစ္စာကိုမူလည်း ခိုးယူ၏၊ အနိုင်အထက် လုယူ၏၊ ဓားပြတိုက်၏၊ လာဘ်စား၏၊ ထိုအခါမျိုး၌ သောမနဿ- သဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အသင်္ခါရိက တတိယလောဘမူစိတ်သည် ဖြစ်၏။ (ဝိသုဒ္ဓိ-၂-၈၄။) ၄။ အကြင်အခါ၌ကား နုံ့သော မထက်သော စိတ်သိပ်မထက်သန်သော မိမိသည်လည်းကောင်း၊ သူတစ်ပါး သည်လည်းကောင်း တိုက်တွန်းအပ်သောစိတ်ဖြင့် မှားယွင်းသောခံယူချက် မိစ္ဆာဒိဋ္ဌိကို ရှေ့သွားမပြုမူ၍ မိစ္ဆာဒိဋ္ဌိနှင့် မရောမယှက် သက်သက် ရွှင်ရွှင်လန်းလန်းပင် မေထုန်ကိုသော်လည်း မှီဝဲ၏၊ သူတစ်ပါး၏ စည်းစိမ်ကိုမူလည်း တပ်မက်သောအားဖြင့် တပ်မက်သောစိတ်ထားဖြင့် မတရားသောနည်းလမ်း အမျိုးမျိုးဖြင့် ရရှိအောင် ရှေးရှူ ကြံစည်၏၊ ပိုင်ရှင်က ကြည်ကြည်ဖြူဖြူ ကျေကျေနပ်နပ် မပေးသော သူ့ဥစ္စာကိုလည်း ခိုးယူ၏၊ အနိုင်အထက်
——抢劫或收受贿赂。此时,第三悦俱·邪见不相应·无行贪根心生起。(《清净道论》2-84。)四、某时,一个人的心迟钝、不锐利、不很强盛,须由自己或他人敦促;他不以邪见为前导,完全不与邪见相杂,却仍欢悦地行淫欲,又以贪著之心贪图他人财产,谋划以种种非法手段取得,也偷窃所有者并未自愿给予的财物,强夺——
လုယူ၏၊ ဓားပြတိုက်၏၊ လာဘ်စား၏၊ ( မိမိက အလိုမရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် လာဘ်ယူမိ၏၊၊) ထိုအခါမျိုး၌ သောမနဿသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် သသင်္ခါရိက စတုတ္ထလောဘမူစိတ်သည် ဖြစ်ပေါ်လာ၏။
——抢劫或收受贿赂〔有时自己并不想收,却因种种缘故收了贿赂〕。此时,第四悦俱·邪见不相应·有行贪根心生起。
(ဝိသုဒ္ဓိ-၂-၈၄။)
缅文出处原串:‘(ဝိသုဒ္ဓိ-၂-၈၄။)’(《清净道论》2-84。)
၅-၈။အကြင်အခါ၌ကား သုံးဆောင်အပ်သော ကာမဂုဏ်တို့၏လည်း မပြည့်စုံခြင်းကို အကြောင်းပြု၍၊ အခြား တစ်ပါးကုန်သော သောမနဿဖြစ်နိုင်လောက်သည့် အကြောင်းတရားတို့၏လည်း မရှိခြင်းကြောင့် ဒိဋ္ဌိဂတ- သမ္ပယုတ်ဖြစ်ခြင်း၊ ဒိဋ္ဌိဂတဝိပ္ပယုတ်ဖြစ်ခြင်း၊ သသင်္ခါရိကဖြစ်ခြင်း၊ အသင်္ခါရိကဖြစ်ခြင်းဟူသော စိတ် (၄)မျိုးလုံးတို့ ၌ပင် သောမနဿ ကင်းကုန်သည်ဖြစ်၍ အထက်တွင် ဖော်ပြထားသည့်အတိုင်း လောဘနှင့်ယှဥ်သည့် မကောင်းမှု အကုသိုလ်ကို ပြုလုပ်ကြကုန်၏။ ထိုအခါမျိုး၌ ကြွင်းကုန်သော လေးမျိုးကုန်သော ဥပေက္ခာသဟဂုတ် လောဘမူ အကုသိုလ်စိတ်တို့သည် ဖြစ်ပေါ်လာကြကုန်၏။ (ဝိသုဒ္ဓိ-၂-၈၄။)
五至八、某时,由于可享用的诸欲不圆满,又没有其他足以生起悦受的因缘,邪见相应或不相应、有行或无行这四类心全都离开悦受;人们仍如上所说,造作与贪相应的不善。此时,其余四种舍俱贪根不善心生起。(《清净道论》2-84。)
ဒေါသမူစိတ် (၂) မျိုး ဖြစ်ပေါ်လာပုံ
两种嗔根心的生起
၁။ ဒေါမနဿ သဟဂုတ် ပဋိဃသမ္ပယုတ် အသင်္ခါရိက ဒေါသမူစိတ်၊ ၂။ ဒေါမနဿ သဟဂုတ် ပဋိဃသမ္ပယုတ် သသင်္ခါရိက ဒေါသမူစိတ် --- ဤသို့ ဒေါသမူစိတ်သည် နှစ်မျိုးသာရှိ၏။
一、忧俱·嗔恚相应·无行嗔根心;二、忧俱·嗔恚相应·有行嗔根心。嗔根心只有这两种。
သူ့အသက် လျင်စွာချခြင်း = သတ်ခြင်း၊ သူ့ပစ္စည်းကို မတရားယူခြင်း၊ မုသားစကား ပြောကြားခြင်း၊ ကုန်းချောစကား ပြောကြားခြင်း၊ ကြမ်းတမ်းသောစကားကို ပြောကြားခြင်း၊ ပြိန်ဖျင်းသောစကားကို ပြောကြားခြင်း၊ သူတစ်ပါးတို့ သေကျေပျက်စီးဖို့ရန် သူတစ်ပါးတို့ကို သတ်ဖို့ရန် ကြံစည် စိတ်ကူးခြင်း စသည့် အကုသိုလ်အမှုတို့ကို
在断绝他人生命——即杀生——、非法取得他人财物、说妄语、说离间语、说粗恶语、说杂秽语、思量谋划使他人死亡毁灭或杀害他人等不善行为中——
原书第 148 页
ပြုလုပ်ရာဝယ် ပင်ကိုယ်သဘောအားဖြင့် ထက်ထက်သန်သန် ဖြစ်နေသော ဒေါမနဿဝေဒနာနှင့် အတူတကွ ဖြစ်သော၊ စိတ်ခက်ထန်ကြမ်းတမ်းမှု ပဋိဃနှင့်ယှဥ်သော၊ မိမိသည်လည်းကောင်း သူတစ်ပါးတို့သည်လည်းကောင်း မတိုက်တွန်းရသော စိတ်သည် ပထမဒေါသမူစိတ် အမျိုးအစားတည်း။ ယင်းအကုသိုလ်မှုတို့ကို ပြုရာဝယ် နုံ့သော မထက်သော စိတ်ဓာတ် သိပ်မပြင်းထန်သော ဒေါသမူစိတ်သည် မိမိသည်လည်းကောင်း သူတစ်ပါးတို့သည် လည်းကောင်း တိုက်တွန်းအပ်သော ဒုတိယဒေါသမူစိတ်မျိုးတည်း။ (ဝိသုဒ္ဓိ-၂-၈၄။ မဟာဋီ-၂-၁၂၁။) အထက်ပါ ဒေါသဖြစ်လောက်သည့် အကုသိုလ်မှု အမျိုးမျိုးတို့ကို လွန်ကျူးရာ၌ နုံ့သော မထက်သန်လွန်း သော နုံ့သည်ဖြစ်၍ ဖြစ်ပေါ်လာသော ဒေါသမူစိတ်သည် ဧကန်အားဖြင့် သသင်္ခါရိကသာလျှင် ဖြစ်၏ဟု ဤသို့ သိဖို့ရန်ကား မတတ်ကောင်းပေ။ အကြင် ဒေါသမူစိတ်သည် မိမိကလည်းကောင်း သူတစ်ပါးတို့ကလည်းကောင်း တိုက်တွန်းခြင်းနှင့်တကွ ဖြစ်၏၊ အားထုတ်ခြင်း လုံ့လပယောဂနှင့်တကွ ဖြစ်၏၊ ထိုဒေါသမူစိတ်မျိုးသည် နုံ့သည်
——若以本来自然强盛的心造作,心与忧受俱生,与刚强粗暴的嗔恚相应,又无须自己或他人敦促,这就是第一嗔根心;若造作这些不善时,嗔根心迟钝、不锐利、不很强烈,并由自己或他人敦促,这就是第二嗔根心。(《清净道论》2-84;《大复注》2-121。)但是,不能因为造作上述足以引起嗔恚的种种不善时,嗔根心迟钝、不甚强烈、以迟钝方式生起,就断定它必然只是有行心。义注师所持的意思是:某一嗔根心若与自己或他人的敦促同生,也与努力、加行同生,那么这种嗔根心——
သာလျှင် ဖြစ်၏၊ ဤသို့ နှလုံးပိုက်တော်မူ၍ အထက်ပါအတိုင်း နုံ့သော ဒေါသမူစိတ်ကို သသင်္ခါရိကဖြစ်ကြောင်း အဋ္ဌကထာဆရာတော်က ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်၏။ (မဟာဋီ-၂-၁၂၁။)
——必定是迟钝的;正是依这一点,义注师才如上把迟钝的嗔根心解释为有行。(《大复注》2-121。)
မောဟမူစိတ် (၂) မျိုး ဖြစ်ပေါ်လာပုံ
两种痴根心的生起
၁။ ဥပေက္ခာသဟဂုတ် ဝိစိကိစ္ဆာသမ္ပယုတ် မောဟမူစိတ်၊ ၂။ ဥပေက္ခာသဟဂုတ် ဥဒ္ဓစ္စသမ္ပယုတ် မောဟမူစိတ် --- ဤသို့လျှင် မောဟမူစိတ်သည် နှစ်မျိုးရှိ၏။ သမ္မာသမ္ဗုဒ္ဓဘုရားစစ် ဘုရားမှန်၊ သဗ္ဗညု သမ္မာသမ္ဗုဒ္ဓဘုရားရှင် ဟောကြားထားတော်မူအပ်သော မဂ်-ဖိုလ်-နိဗ္ဗာန်-ဓမ္မက္ခန်ဟု ခေါ်ဆိုအပ်သော တရားစစ် တရားမှန်၊ သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်၏ အရိယသံဃာစစ် သံဃာမှန်၊ ကြောင်း-ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရား စသည့် ဝိစိကိစ္ဆာ ဖြစ်နိုင်သည့် အရာဌာနတို့၌ အမှန်အတိုင်း ဆုံးဖြတ်ချက် မချနိုင်သော ကာလ၌ ဥပေက္ခာသဟဂုတ် ဝိစိကိစ္ဆာသမ္ပယုတ် မောဟမူစိတ် ဖြစ်၏။ သဗ္ဗညု သမ္မာသမ္ဗုဒ္ဓဘုရားရှင် ဟောကြားထားတော်မူအပ်သော ရုပ်တ- ရား နာမ်တရားတို့ကို သာဝကတို့သည် ရှု၍ မရနိုင်၊ အတိတ် အနာဂတ်ကို ဝိပဿနာ မရှုကောင်း --- ဤသို့စသော ယုံမှားသံသယရှိနေသော စိတ်မျိုးပင်တည်း။ စိတ်မငြိမ်မသက် ဖြစ်ရာအခါ = အာရုံ အမျိုးမျိုးပေါ်သို့ စိတ်ပျံ့လွင့်
一、舍俱·疑相应痴根心;二、舍俱·掉举相应痴根心。痴根心共有这两种。对于这些可能生疑之处——真正的正自觉佛,遍知正自觉者所说、称为道果涅槃法蕴的真实正法,正自觉佛的真实圣僧,以及因果相续的缘起法性等——若不能如实作出决定,舍俱·疑相应痴根心便会生起。例如怀疑:‘遍知正自觉者所说的色法、名法,弟子们无法观照;不应对过去、未来修观。’心不安定——即散乱到种种所缘上——
နေရာအခါ၌ ဥပေက္ခာသဟဂုတ် ဥဒ္ဓစ္စသမ္ပယုတ် မောဟမူစိတ်သည် ဖြစ်ပေါ်လာ၏။
——之时,舍俱·掉举相应痴根心便会生起。
လောဘမူစိတ်၌ လောဘ-မောဟဟူသော အကုသလမူလတရား နှစ်ပါးရှိ၏။ ဒေါသမူစိတ်၌ ဒေါသ- မောဟဟူသော အကုသလမူလတရား နှစ်ပါး ရှိ၏။ ဤမောဟမူစိတ် နှစ်မျိုး၌ကား မောဟဟူသော အကုသလ မူလတရား တစ်မျိုးသာ ရှိ၏။ လောဘ ဒေါသဟူသော အခြားသော အကုသလမူလတရားများနှင့် ကင်းနေ၏။
贪根心有贪与痴两种不善根;嗔根心有嗔与痴两种不善根;这两种痴根心则只有痴这一种不善根,远离贪、嗔等其他不善根。
မောဟဟူသော ဟိတ်တစ်မျိုးသာရှိသော မောဟမူစိတ်သည် အခြားသော အကုသလမူလတရားမှ ကင်းနေသော ကြောင့် အလွန်တွေဝေသည်လည်းကောင်း၊ ဝိစိကိစ္ဆာ၊ ဥဒ္ဓစ္စနှင့် အသီးအသီး ယှဥ်ခြင်းကြောင့် အလွန်လှုပ်ရှားသည် လည်းကောင်း ဖြစ်၏၊ ထိုကြောင့် သောမနဿဝေဒနာနှင့် မယှဥ်ဘဲ ဥပေက္ခာဝေဒနာနှင့်သာ ယှဥ်ရပေသည်။
痴根心只有痴这一种因,远离其他不善根,所以极为愚昧;又因为分别与疑、掉举相应,所以极为动摇。因此,它不与悦受相应,只与舍受相应。
ထို မောဟမူစိတ်သည် တစ်ရံတစ်ဆစ်မျှသော်လည်း ပင်ကိုယ်သဘောအတိုင်း ထက်မှုမရှိ။ မှန်ပေသည် ဝိစိကိစ္ဆာ သမ္ပယုတ်စိတ်သည် ဝိစိကိစ္ဆာဖြစ်ရာ အာရုံအမျိုးမျိုး၌ ယုံမှားလျက် ရွေ့ရှားသည်၏ အစွမ်းဖြင့် ဖြစ်တတ်၏၊ ဥဒ္ဓစ္စသမ္ပယုတ်စိတ်သည် အာရုံအမျိုးမျိုး၌ စိတ်ပျံ့လွင့်ခြင်း၏ အစွမ်းအားဖြင့် ဖြစ်တတ်၏။ ယင်းသို့ဖြစ်နေသော ဤစိတ်နှစ်မျိုး၏ အဘယ်မည်သော အမှုကိစ္စ၌ ပင်ကိုယ်သဘောအားဖြင့် ထက်မြက်သည့်သဘောသည်လည်း- ကောင်း၊ မိမိကိုယ်တိုင်ကဖြစ်စေ သူတစ်ပါးတို့ကဖြစ်စေ တိုက်တွန်းအပ်သည်၏ အဖြစ်သည်လည်းကောင်း ဖြစ်သင့်ပါအံ့နည်း။ ထိုကြောင့် ထိုမောဟမူစိတ်၌ သသင်္ခါရ အသင်္ခါရ ကွဲပြားမှု မရှိပေ။
这种痴根心从来不会依自身本性而锐利。因为疑相应心依在种种可疑所缘上怀疑、游移而生;掉举相应心则依散乱于种种所缘而生。如此生起的这两种心,在任何作用中,怎么可能依自身本性而锐利,又怎么可能由自己或他人敦促而生呢?因此,痴根心没有有行与无行的差别。
原书第 149 页
လက္ခဏာဒိစတုက္ကပိုင်း -- ဝိညာဏက္ခန္ဓကထာ အခန်း တစ်ဖန် ဥဒ္ဓစ္စစေတသိက်သည် အကုသိုလ်စိတ် (၁၂)မျိုး၌ ယှဥ်သော အကုသလသာဓာရဏစေတသိက် တစ်မျိုးဖြစ်၏။ ယင်းဥဒ္ဓစ္စသည် မောဟမူ ဥဒ္ဓစ္စသမ္ပယုတ်စိတ်မှ တစ်ပါးကုန်သော အခြားအခြားကုန်သော အကု- သိုလ်စိတ် (၁၁)မျိုးတို့၌ ရအပ်ပါသော်လည်း ဥဒ္ဓစ္စသည် အထူးအားဖြင့် ဤမောဟမူ ဥဒ္ဓစ္စသမ္ပယုတ်စိတ်၌သာလျှင် ဗလဝ ဖြစ်၏ အင်အားကြီးမား၏၊ ထိုသို့ အင်အားကြီးမားသောကြောင့်ပင်လျှင် ယှဥ်ဖက် သမ္ပယုတ်တရား (၁၆)မျိုးတို့၌ ပဓာန = ပြဓာန်းသော တရားတစ်ခု ဖြစ်လာရ၏၊ ထိုကြောင့် ဤစိတ်ကိုသာလျှင် ဥဒ္ဓစ္စဖြင့် အထူးပြု၍ ဥဒ္ဓစ္စသမ္ပယုတ်စိတ်ဟု မိန့်ဆိုခြင်း ဖြစ်၏။ ထိုကြောင့်ပင်လျှင် ဓမ္မသင်္ဂဏီပါဠိတော် (အဘိ-၁-၁ဝ၃။)၌လည်း ဤစိတ်၌ပင်လျှင် ဥဒ္ဓစ္စသည် သရုပ်အားဖြင့် လာရှိ၏။ ဤသို့လျှင် --- ၁။ အခြားအခြားသော အကုသိုလ်စိတ်တို့၌ မဆက်ဆံသော ဝိစိကိစ္ဆာတရား၊
再者,掉举心所是在十二种不善心中相应的一种遍一切不善心心所。虽然掉举也存在于除痴根掉举相应心以外的其余十一种不善心中,但它唯在这一痴根掉举相应心中格外强盛。正因为如此强盛,它才成为十六种相应法中的主导法。因此,唯独这一心由掉举加以特别限定,称为掉举相应心。也正因此,在《法集论》巴利(《阿毗达磨》1-103)中,掉举唯在此心里依明确列举而出现。由此:一、是不与其他不善心相应的疑法;
၂။ ပဓာန = ပြဓာန်းသော ဥဒ္ဓစ္စတရား၊ ဤတရားနှစ်မျိုးတို့၏ အစွမ်းဖြင့် မောဟမူစိတ်ကို --- ၁။ ဥပေက္ခာသဟဂုတ် ဝိစိကိစ္ဆာသမ္ပယုတ်စိတ်၊ ၂။ ဥပေက္ခာသဟဂုတ် ဥဒ္ဓစ္စသမ္ပယုတ်စိတ်၊ ဤသို့ နှစ်မျိုးရှိ၏ဟူ၍ ဟောတော်မူသည်ဟု မှတ်သားပါလေ။ ဝိစိကိစ္ဆာစေတသိက်၏ အာရုံကို မဆုံးဖြတ် နိုင်ခြင်းဟူသည် ယုံမှားသံသယပင်တည်း။ ဥဒ္ဓစ္စစေတသိက်၏ အာရုံအမျိုးမျိုး၌ ပျံ့လွင့်ခြင်းဟူသည် စိတ်မငြိမ်- သက်ခြင်းပင်တည်း၊ စိတ်လှုပ်ရှားမှု သဘောတည်း။ ဤသို့လျှင် အကုသိုလ်ဝိညာဏ်သည် (၁၂)မျိုး ပြား၏။ ထို အကုသိုလ်စိတ် (၁၂)မျိုးသည် အာရုံ (၆)မျိုးတွင် အာရုံတစ်မျိုးမျိုးကို အာရုံပြု၍ ဥပေက္ခာသဟဂုတ်-အဟိတ် ကြိယာ မနောဝိညာဏဓာတ်၏ အခြားမဲ့၌ (= ပဉ္စဒွါရ၌ ဝုဋ္ဌော၊ မနောဒွါရ၌ မနောဒွါရာဝဇ္ဇန်း၏ အခြားမဲ့၌) ကာယဒွါရ ဝစီဒွါရ မနောဒွါရဟူသော ဒွါရသုံးပါးတို့ဖြင့် ကာယကံ ဝစီကံ မနောကံတို့၏ အစွမ်းဖြင့် ထိုက်သည့်
——二、是作为主导法的掉举。依这两种法,痴根心被说为两种:一、舍俱·疑相应心;二、舍俱·掉举相应心。应当如此记取。疑心所不能决定所缘,就是疑惑、怀疑;掉举心所散乱于种种所缘,就是心不安定,也就是心动摇之性。如此,不善识共有十二种。这十二种不善心取六所缘中的任一所缘而生;它们紧接舍俱·无因唯作意识界之后〔在五门称为确定,在意门称为意门转向〕,通过身门、语门、意门三门,以身业、语业、意业之力,随其所应——
အားလျော်စွာ ပါဏာတိပါတ အစရှိသော ကမ္မပထ၏ အစွမ်းအားဖြင့်လည်းကောင်း၊ ကမ္မပထ မမြောက်သော ကံ၏ အစွမ်းဖြင့်လည်းကောင်း ဖြစ်ပေါ်လာ၏ဟု သိရှိပါလေ။ ထို (၁၂)မျိုးသော အကုသိုလ်စိတ်တို့တွင် ဥဒ္ဓစ္စ သဟဂုတ်စိတ်မှ တစ်ပါးသော အကုသိုလ်စိတ် (၁၁)မျိုးသည် အပါယ် (၄)ဘုံတို့၌ ပဋိသန္ဓေကျိုး ပဝတ္တိကျိုးကို ပေးနိုင်သော စွမ်းအားရှိ၏။ သုဂတိဘုံ၌ ပဝတ္တိကျိုးကို ပေးနိုင်သော စွမ်းအားရှိ၏။ ဥဒ္ဓစ္စသဟဂုတ်စိတ်ကား ဒုဂ္ဂတိ သုဂတိ နှစ်ဌာနတို့၌ ပဝတ္တိကျိုးကိုသာလျှင် ပေးနိုင်သော စွမ်းအားရှိ၏။ (မဟာဋီ-၂-၁၂၂။)
——依杀生等业道,或依尚未成就业道之业而生起。十二种不善心中,除掉举俱心以外的十一种,能够在四恶趣中产生结生果报与转起果报,也能够在善趣中产生转起果报;掉举俱心则只能在恶趣与善趣两处产生转起果报。(《大复注》2-122。)
ဝိပါက် အဗျာကတ ဝိညာဏ်
果报无记识
ဇာတိဘေဒ = ဇာတ်ကွဲပြားမှု သဘောအားဖြင့် ဝိပါက်အဗျာကတ၊ ကိရိယာအဗျာကတဟု နှစ်မျိုး ပြား၏။
依生类之别,无记识分为果报无记识与唯作无记识两种。
ထိုတွင် ဝိပါက်အဗျာကတ ဝိညာဏ်သည် ဘူမိဘေဒ = ဘုံအပြားအားဖြင့် --- ကာမာဝစရဝိပါက် ဝိညာဏ်၊ ရူပါ ဝစရဝိပါက် ဝိညာဏ်၊ အရူပါဝစရဝိပါက် ဝိညာဏ်၊ လောကုတ္တရာဝိပါက် ဝိညာဏ်ဟု (၄)မျိုး ပြား၏။ ထိုတွင် ကာမာဝစရဝိပါက် ဝိညာဏ်သည် ကုသလဝိပါက် ဝိညာဏ်၊ အကုသလဝိပါက် ဝိညာဏ်ဟု နှစ်မျိုး ပြား၏။
其中,果报无记识依地的差别,分为欲界果报识、色界果报识、无色界果报识、出世间果报识四种。欲界果报识又分为善果报识与不善果报识两种。
ကုသလဝိပါက် ဝိညာဏ်သည်လည်း အဟိတ်ကုသလဝိပါက် ဝိညာဏ်၊ သဟိတ်ကုသလဝိပါက် ဝိညာဏ်ဟု နှစ်မျိုး ပြား၏။
善果报识又分为无因善果报识与有因善果报识两种。
၁။ အဟိတ်ကုသလဝိပါက် ဝိညာဏ် (၈)မျိုး ၂။ သဟိတ်ကုသလဝိပါက် ဝိညာဏ် (၈)မျိုး ပေါင်းသော် ကုသလဝိပါက် ဝိညာဏ် (၁၆)မျိုးတည်း။ (နာမ်ကမ္မဋ္ဌာန်းပိုင်း၌ ပြန်ကြည့်ပါ။)
一、无因善果报识八种;二、有因善果报识八种;合计善果报识十六种。〔参见名业处篇。〕
原书第 150 页
မဟာကုသိုလ်နှင့် မဟာဝိပါက်
大善心与大果报心
သမ္ပယုတ္တဓမ္မာနဉ္စ ဝိသေသေ အသတိပိ အာဒါသတလာဒီသု မုခနိမိတ္တံ ဝိယ နိရုဿာဟံ ဝိပါကံ၊ မုခံ ဝိယ သဥဿာဟံ ကုသလန္တိ ဝေဒိတဗ္ဗံ။ (ဝိသုဒ္ဓိ-၂-၈၆။) နိရုဿာဟန္တိ ဧတ္ထ ဥဿာဟော နာမ အနုပစ္ဆိန္နာဝိဇ္ဇာတဏှာမာနသန္တာနေ ဝိပါကုပ္ပါဒနသမတ္ထတာ- သင်္ခါတော ဗျာပါရော၊ သော ဝိပါကေသု နတ္ထီတိ တံ နိရုဿာဟံ။ ကုသလေသု ပန အဘိညာဝသပဝတ္တေသုပိ အတ္ထေဝါတိ တံ သဥဿာဟံ။ (မဟာဋီ-၂-၁၂၇။) အချို့သော ဆရာတို့၏ အလိုအားဖြင့် မဟာဝိပါက်စိတ်တို့၏ သသင်္ခါရိကဖြစ်မှု၊ အသင်္ခါရိကဖြစ်မှု၌ အာဂမန အကြောင်း၊ ပစ္စယ အကြောင်းဟု နှစ်မျိုး ရှိ၏။
‘即使相应法没有差别,也应知道:果报如镜面等处的面影,无奋发;善如面容,有奋发。’‘这里所谓无奋发:奋发,是指在无明、爱、慢尚未断绝的相续中,称为能够令果报生起的作用。果报中没有这种作用,所以无奋发;善中则即使是依神通之力转起者,也确有这种作用,所以有奋发。’依一些老师的主张,大果报心的有行与无行有两种原因:来因与缘因。
၁။ အာဂမန အကြောင်း --- အာဂမနအကြောင်းဟူသည် ဝိပါက်စိတ်တို့လာခဲ့ရာ ကံအကြောင်းကို ဆိုလိုသည်။
一、来因——所谓来因,是指果报心从中来临的业因。
အချို့သော ဆရာတို့၏ အလိုအားဖြင့် မျက်နှာသည် လှုပ်ရှားလတ်သော် မှန်အပြင်၌ ထင်နေသော မျက်နှာရိပ်၏ လှုပ်ခြင်းကဲ့သို့ အသင်္ခါရကုသိုလ်၏ အကျိုးဝိပါက်သည် အသင်္ခါရ ဖြစ်၏၊ သသင်္ခါရကုသိုလ်၏ အကျိုးဝိပါက်သည် သသင်္ခါရ ဖြစ်၏၊ ဤသို့လျှင် လာခဲ့ရာကံလမ်းကြောင်း၏ အစွမ်းဖြင့် မဟာဝိပါက်စိတ်တို့၌ သသင်္ခါရ၊ အသင်္ခါရ ဖြစ်မှုကို အလိုရှိတော်မူကြ၏။ (မဟာဋီ-၂-၁၂၇။) ၂။ ပစ္စယ အကြောင်း --- စွမ်းအင်အားကောင်းကုန်သော ထင်ရှားကုန်သော ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော အကြောင်းတရားတို့ကြောင့် ပဋိသန္ဓေ-ဘဝင်-စုတိဟူသော ဝိပါက်ဝိညာဏ်တို့၌ သသင်္ခါရိက အသင်္ခါရိက ဖြစ်မှုကို လည်းကောင်း၊ မွန်မြတ်သော ဥတု ဘောဇဥ် စသောအကြောင်း၊ မိမိ၏ရှေးတွင် တည်ရှိသော ဇော၏ သသင်္ခါရိက ဖြစ်မှု အသင်္ခါရိကဖြစ်မှုဟူသော အကြောင်းတရားတို့ကြောင့် တဒါရုံ ဝိပါက်ဝိညာဏ်၏ သသင်္ခါရိကဖြစ်မှု
依一些老师的主张,正如面容移动时镜面中的面影也随之移动,无行善的果报是无行,有行善的果报是有行;他们依果报心所从来之业的力量,主张大果报心有行或无行。(《大复注》2-127。)二、缘因——有些上首诸师主张:强而明显的业、业相、趣相等因缘,使结生、有分、死亡果报识成为有行或无行;优良的时节、食物等因缘,以及在其前面生起的速行是有行或无行,则使彼所缘果报识成为有行——
အသင်္ခါရိကဖြစ်မှုကိုလည်းကောင်း အချို့သော ဆရာမြတ်တို့က အလိုရှိတော်မူကြ၏။ (မဟာဋီ-၂-၁၂၇။) အသင်္ခါရိကကုသိုလ် သသင်္ခါရိကကုသိုလ်စိတ်တို့တွင် အသင်္ခါရိကကုသိုလ်စိတ်ဖြင့် ဖြစ်စေ၊ သသင်္ခါရိက ကုသိုလ်စိတ်ဖြင့် ဖြစ်စေ ကုသိုလ်ကံကို အားထုတ်ပြီးလတ်သော် ထိုကံ အကျိုးပေးတော့မည့် နောက်ကာလဝယ် ပြုပြင်မှု မရှိဘဲ အားထုတ်မှု မရှိဘဲ (အကျိုးပေးတော့မည့် ယင်းကံ၏ စွမ်းအင်ကြောင့်ပင်လျှင်) ကံ-ကမ္မနိမိတ်- ဂတိနိမိတ်တို့တွင် တစ်မျိုးမျိုးသော နိမိတ်သည် ထင်လာလတ်သော် ထိုကံကြောင့် ဖြစ်ပေါ်လာသော ပဋိသန္ဓေသည် အသင်္ခါရိက ဖြစ်၏။ ပြုပြင်မှုနှင့်တကွ အားထုတ်မှုနှင့်တကွ ကံ-ကမ္မနိမိတ်-ဂတိနိမိတ်တို့တွင် တစ်မျိုးမျိုးသော နိမိတ်သည် ထင်လာလတ်သော် ထိုကံကြောင့်ဖြစ်သော ပဋိသန္ဓေဝိပါက်ဝိညာဏ်သည် သသင်္ခါရိက ဖြစ်၏။
——或无行。(《大复注》2-127。)在无行善心与有行善心中,无论以无行善心还是有行善心造作善业,等到该业将要产生果报时,若不须安排、不须努力,单凭将要结果之业本身的力量,业、业相、趣相中的某一种相便显现,那么由该业所生的结生果报识是无行;若业、业相、趣相中的某一种相须经安排与努力才显现,那么由该业所生的结生果报识是有行。
ဘဝင် စုတိ ဝိပါက်ဝိညာဏ်တို့ကား ပဋိသန္ဓေနှင့် တူကုန်၏။ (မိမိလုံ့လ သူတစ်ပါးလုံ့လဖြင့် ကြောင့်ကြမပြုရဘဲ ထင်လာသော ကံစသော အာရုံနိမိတ် သုံးမျိုးတို့တွင် တစ်မျိုးမျိုးကို အာရုံပြု၍ ဖြစ်ပေါ်လာသော ပဋိသန္ဓေ ဘဝင် စုတိတို့သည် အသင်္ခါရိက ဖြစ်ကုန်၏။ ကြောင့်ကြပြု၍ ထင်လာသော ကံစသော နိမိတ်တစ်မျိုးမျိုးကို အာရုံပြု၍ ဖြစ်ပေါ်လာသော ပဋိသန္ဓေ ဘဝင် စုတိတို့သည် သသင်္ခါရိက ဖြစ်ကုန်၏ဟု ဆိုလိုသည်။) မိမိရှေးက ကုသိုလ် အကုသိုလ်ဇောက အသင်္ခါရိကဖြစ်လျှင် တဒါရုံသည်လည်း အသင်္ခါရိက ဖြစ်၏၊ ယင်းဇောက သသင်္ခါရိက ဖြစ်လျှင် တဒါရုံသည်လည်း သသင်္ခါရိကဖြစ်၏။ ဤသို့ မှတ်သားပါ။ (မူလဋီ-၁-၁၂၇။)
有分与死亡果报识和结生相同。〔意思是:不须自己或他人费力,业等三种所缘相中的某一种便显现,以它为所缘而生的结生、有分、死亡心是无行;某一种业等相须经费力才显现,以它为所缘而生的结生、有分、死亡心是有行。〕若前面的善或不善速行是无行,彼所缘也是无行;若该速行是有行,彼所缘也是有行。应当如此记取。(《根本复注》1-127。)
原书第 151 页
နိရုဿာဟ - သဥဿာဟ
无奋发与有奋发
မဟာကုသိုလ်နှင့် မဟာဝိပါက်တို့၌ ယှဥ်ဖက်စေတသိက် အရေအတွက်ကား ကွဲပြားမှုမရှိ တူညီလျက်ပင် ရှိ၏။ ထိုသို့ပင် ထူးထွေကွဲပြားမှု မရှိသော်လည်း ကြေးမုံအပြင် စသည်တို့၌ မျက်နှာရိပ်ကဲ့သို့ ဝိပါက်ဝိညာဏ်သည် နိရုဿာဟ = ဥဿာဟမရှိ = ဗျာပါရကင်း၏။ ကုသိုလ်ဝိညာဏ်ကား မျက်နှာကဲ့သို့ ဥဿာဟရှိ၏၊ ဗျာပါရရှိ၏။
大善心与大果报心所相应的心所数量没有差别,彼此相同。尽管相应法没有差别,果报识却如镜面等处的面影,无奋发,也就是没有奋发、没有作用;善识则如面容,有奋发、有作用。
ဥဿာဟ --- ဥဿာဟ မည်သည်ကား အရဟတ္တမဂ်ဖြင့် မပယ်သတ်အပ်သေးသောကြောင့် မပြတ်စဲ သေးသော အဝိဇ္ဇာ တဏှာ မာန ရှိသော ရုပ်နာမ် သန္တာန်အစဥ်၌ အကျိုးဝိပါက်ဝိညာဏ်ကို ဖြစ်စေခြင်းငှာ စွမ်းနိုင်သည်၏ အဖြစ်ဟု ဆိုအပ်သော ဗျာပါရတည်း။ ထိုဗျာပါရသည် ဝိပါက်ဝိညာဏ်တို့၌ မရှိ၊ ထိုကြောင့် ထို ဝိပါက်ဝိညာဏ်သည် နိရုဿာဟ မည်၏။ ကုသိုလ်ဝိညာဏ်တို့၌မူကား အဘိညာဏ်၏ အစွမ်းဖြင့် ဖြစ်ကုန် သော ကုသိုလ်ဝိညာဏ်တို့၌သော်လည်း ထိုအကျိုးဝိပါက်ကို ဖြစ်စေခြင်းငှာ စွမ်းနိုင်သည်၏ အဖြစ်ဟု ဆိုအပ်သော ဗျာပါရသည် ရှိလျက်ပင် ဖြစ်သည်။ ထိုကြောင့် ထိုကုသိုလ်ဝိညာဏ်သည် သဥဿာဟမည်၏။
奋发——所谓奋发,是指在阿罗汉道尚未舍断无明、爱、慢,因而这些法尚未断绝的色名相续中,称为能够令果报识生起的作用。果报识中没有这种作用,所以称为无奋发;善识中,即使是依神通之力生起的善识,也仍有称为能够令果报生起的这种作用,所以称为有奋发。
(ဝိသုဒ္ဓိ-၂-၈၆။ မဟာဋီ-၂-၁၂၇။)
缅文出处原串:‘(ဝိသုဒ္ဓိ-၂-၈၆။ မဟာဋီ-၂-၁၂၇။)’(《清净道论》2-86;《大复注》2-127。)
အကုသလဝိပါက်ကား အဟိတ်တရားသာ ဖြစ်၏။ အဟိတ်ကုသလဝိပါက် သဟိတ်ကုသလဝိပါက်ဝိညာဏ် တို့ကား ဣဋ္ဌာရုံ ဣဋ္ဌမဇ္ဈတ္တာရုံတို့ကို အာရုံပြုကုန်၏။ အကုသလဝိပါက်ဝိညာဏ်ကား အနိဋ္ဌာရုံ-အနိဋ္ဌမဇ္ဈတ္တာရုံ တို့ကို အာရုံပြုကုန်၏။
不善果报只有无因法。无因善果报识与有因善果报识取可意所缘及中等可意所缘为所缘;不善果报识则取不可意所缘及中等不可意所缘为所缘。
၁။ အဟိတ် အကုသလဝိပါက် ( ၇ )ပါး၊ ၂။ အဟိတ် ကုသလဝိပါက် ( ၈ )ပါး၊ ၃။ သဟိတ် ကုသလဝိပါက် ( ၈ )ပါး၊ အားလုံးပေါင်းသော် ကာမာဝစရဝိပါက် (၂၃)ပါးတည်း။
一、无因不善果报七种;二、无因善果报八种;三、有因善果报八种;合计欲界果报二十三种。
ရူပါဝစရကုသိုလ်ကဲ့သို့ပင် ရူပါဝစရဝိပါက်သည်လည်း (၅)မျိုးပင် ရှိ၏။ စိတ် စေတသိက် သမ္ပယုတ္တဓမ္မ အရေအတွက်အားဖြင့်လည်းကောင်း၊ အာရုံအားဖြင့်လည်းကောင်း ရူပါဝစရကုသိုလ်နှင့် ရူပါဝစရဝိပါက်သည် တူညီ၏။ သို့သော် ရူပါဝစရကုသိုလ်ဝိညာဏ်ကား သမာပတ်၏ အစွမ်းဖြင့် ဇောဝီထိ စိတ်အစဥ်၌ ဖြစ်၏။ ဤ ရူပါဝစရဝိပါက်ဝိညာဏ်ကား ဆိုင်ရာဆိုင်ရာ ရူပါဝစရ ဥပပတ္တိဘဝ၌ ပဋိသန္ဓေ ဘဝင် စုတိ၏ အစွမ်းဖြင့် ဖြစ်၏။
如同色界善有五种,色界果报也有五种。色界善与色界果报在相应心、心所法的数量以及所缘方面都相同。不过,色界善识依等至之力,在速行心路相续中生起;色界果报识则在各自相应的色界结生有中,以结生、有分与死亡的作用生起。
တစ်ဖန် အရူပါဝစရကုသိုလ်ကဲ့သို့ပင် အရူပါဝစရဝိပါက်ဝိညာဏ်သည်လည်း လေးမျိုးပင် ပြား၏။ ဆိုင်ရာ ဆိုင်ရာ အရူပါဝစရ ဥပပတ္တိဘဝ၌ ယင်းအရူပဝိပါက်ဝိညာဏ်သည် ပဋိသန္ဓေ ဘဝင် စုတိ၏ အစွမ်းဖြင့် ဖြစ်၏။
再者,如同无色界善有四种,无色界果报识也分为四种。无色果报识在各自相应的无色界结生有中,以结生、有分与死亡的作用生起。
အာကာသာနဉ္စာယတန ကုသိုလ်ကြောင့် ဖြစ်ပေါ်လာရသော အာကာသာနဉ္စာယတန ဝိပါက်ဝိညာဏ်သည် အာကာသာနဉ္စာယတန ဥပပတ္တိဘဝ၌ ပဋိသန္ဓေ ဘဝင် စုတိ၏ အစွမ်းဖြင့် ဖြစ်၏၊ ဤသို့ စသည်ဖြင့် သဘော ပေါက်ပါ။
例如,由空无边处善所生的空无边处果报识,在空无边处结生有中,以结生、有分与死亡的作用生起。其余应照此理解。
လောကုတ္တရာဝိပါက်ဝိညာဏ်သည် လေးပါးကုန်သော အရိယမဂ်တို့နှင့်ယှဥ်သော ကုသိုလ်စိတ်၏ အကျိုး ဖြစ်သောကြောင့် လေးမျိုးပင် ပြား၏။
出世间果报识是与四种圣道相应之善心的果报,所以也分为四种。
၁။ သောတာပတ္တိမဂ် ကုသိုလ်ကြောင့် သောတာပတ္တိဖိုလ် ဝိပါက်ဝိညာဏ်၊ ၂။ သကဒါဂါမိမဂ် ကုသိုလ်ကြောင့် သကဒါဂါမိဖိုလ် ဝိပါက်ဝိညာဏ်၊ ၃။ အနာဂါမိမဂ် ကုသိုလ်ကြောင့် အနာဂါမိဖိုလ် ဝိပါက်ဝိညာဏ်၊ ၄။ အရဟတ္တမဂ် ကုသိုလ်ကြောင့် အရဟတ္တဖိုလ် ဝိပါက်ဝိညာဏ် ---
一、由入流道善而有入流果果报识;二、由一来道善而有一来果果报识;三、由不还道善而有不还果果报识;四、由阿罗汉道善而有阿罗汉果果报识——
原书第 152 页
ဤသို့ အသီးအသီး ဖြစ်၏။ ယင်း လောကုတ္တရာဝိပါက်ဝိညာဏ်သည် မဂ္ဂဝီထိ၏ အစွမ်းဖြင့်လည်းကောင်း၊ ဖလသမာပတ္တိဝီထိ၏ အစွမ်းဖြင့်လည်းကောင်း နှစ်မျိုးသော အပြားအားဖြင့် ဖြစ်၏။
——这四种一一生起。出世间果报识依道心路与果等至心路两种方式生起。
ဤသို့လျှင် ကာမ၊ ရူပ၊ အရူပ၊ လောကုတ္တရာဟူသော ဘုံလေးပါးတို့၌ အားလုံးပေါင်းလိုက်သော် ဝိပါက် ဝိညာဏ် (၃၆)မျိုး ဖြစ်၏။ (သို့သော် အသင်သူတော်ကောင်း၏ ဝိပဿနာဉာဏ်၏ အရှုခံအာရုံ နယ်မြေအတွင်း ၌ကား ရူပါဝစရဝိပါက်၊ အရူပါဝစရဝိပါက်၊ လောကုတ္တရာဝိပါက်ဝိညာဏ်တို့ မပါဝင်နိုင်ပေ။ လောကုတ္တရာဝိပါက် ဝိညာဏ်ကား ဝိပဿနာဉာဏ်၏ အရှုခံအာရုံ မဟုတ်သောကြောင့် ဖြစ်၏။ ရူပါဝစရဝိပါက်ဝိညာဏ်၊ အရူပါ- ဝစရဝိပါက်ဝိညာဏ်တို့ကား ရူပါဝစရသတ္တဝါ အရူပါဝစရသတ္တဝါတို့ သန္တာန်၌သာ ရူပါဝစရဘုံ အရူပါဝစရဘုံ၌သာ ဖြစ်ကြသော ဝိပါက်ဝိညာဏ်တို့ ဖြစ်ကြ၏။ ယင်း ရူပ အရူပ ဝိပါက်ဝိညာဏ်တို့ကို ဗဟိဒ္ဓ ခန္ဓာငါးပါး ရုပ်နာမ်တရား တို့ကို ဝိပဿနာရှုပွားရာ၌ ဗဟိဒ္ဓချင်း တူညီ၍ သာမန်အားဖြင့် ပေါင်းစုခြုံငုံ၍ ရှုရာ၌ကား ရောနှော၍ ဝိပဿနာ ရှုရမည့် အရှုခံအာရုံများ ဖြစ်ကြသော်လည်း လူသားတစ်ဦးမျှသာ ဖြစ်နေသေးသော အသင်သူတော်ကောင်း
这样合计欲界、色界、无色界、出世间四地,果报识共有三十六种。〔贤善者,不过在你的观智所观所缘范围之内,不能包括色界果报识、无色界果报识与出世间果报识。出世间果报识并不是观智所观的所缘;色界与无色界果报识,则只在色界、无色界有情的相续中,分别生于色界、无色界。修习观照外在五蕴色名法时,这些色界、无色界果报识因为同属外在法,虽可依一般方式总合、概括而混入所观所缘之中,但贤善者仍只是人类——
အနေဖြင့် ယင်း ဝိပါက်ဝိညာဏ်တို့ချည်း သီးသန့် ထုတ်နုတ်၍ကား မရှုနိုင်ဟု မှတ်ပါ။
——不能把这些果报识单独抽出而观照。应当如此记取。〕
လာဘိနော ဧဝ ပန မဟဂ္ဂတစိတ္တာနိ သုပါကဋာနိ ဟောန္တိ။ (မဟာဋီ-၂-၃၅၃။) မဟဂ္ဂုတ်တရားတို့ကား ရရှိသူ၏ သန္တာန်၌သာ ကောင်းစွာထင်ရှားကုန်၏ဟု မိန့်ဆိုထားသောကြောင့် ရူပါဝစရဝိပါက် အရူပါဝစရဝိပါက်ဟူသော မဟဂ္ဂုတ်စိတ်တို့သည်လည်း ယင်းဝိပါက်စိတ်တို့ကို ရရှိသူတို့၏ သန္တာန် ၌သာ ကောင်းစွာထင်ရှားနိုင်သောကြောင့် ဖြစ်၏။
‘广大心唯在成就者那里才会清楚显现。’既然如此宣说,色界果报与无色界果报这些广大心,也只能在成就这些果报心者的相续中清楚显现。
ကိရိယ အဗျာကတ ဝိညာဏ်
唯作无记识
ကိရိယ အဗျာကတဝိညာဏ်သည် ကာမာဝစရ ကိရိယာ၊ ရူပါဝစရ ကိရိယာ၊ အရူပါဝစရ ကိရိယာဟု ဘူမိဘေဒအားဖြင့် သုံးမျိုး ပြား၏။
唯作无记识依地的差别,分为欲界唯作、色界唯作、无色界唯作三种。
၁။ ပဉ္စဒွါရာဝဇ္ဇန်း မနောဒွါရာဝဇ္ဇန်း ဟသိတုပ္ပါဒ် ဟူသော အဟိတ်ကာမာဝစရ ကိရိယာ (၃)ပါး၊ ၂။ မဟာကိရိယာစိတ် (၈)ပါး၊ = (ကာမာဝစရ မဟာကိရိယာစိတ်) ၃။ ရူပါဝစရ ကိရိယာစိတ် (၅)ပါး၊ ၄။ အရူပါဝစရ ကိရိယာစိတ် (၄)ပါး၊ ဤသို့လျှင် ကိရိယာစိတ် အမျိုးအစား (၂ဝ) ရှိ၏။ ပဉ္စဒွါရာဝဇ္ဇန်း မနောဒွါရာဝဇ္ဇန်း ဟူသော အဟိတ် ကိရိယာစိတ် (၂)မျိုးကလွဲလျှင် ကြွင်းကျန်သော ကိရိယာစိတ် (၁၈)မျိုးတို့သည် ရဟန္တာအရှင်မြတ်ကြီးတို့၏ သန္တာန် ၌သာ ဖြစ်နိုင်သော စိတ်အမျိုးအစားတို့ ဖြစ်ကြ၏။ ဤသို့လျှင် --- ၁။ ကုသိုလ်စိတ် ၂၁ မျိုး ၂။ အကုသိုလ်စိတ် ၁၂ မျိုး ၃။ ဝိပါက် အဗျာကတစိတ် ၃၆ မျိုး ၄။ ကိရိယာ အဗျာကတစိတ် ၂ဝ မျိုး အားလုံးပေါင်းသော် ၈၉ မျိုးတည်း။
一、五门转向、意门转向与生笑这三种无因欲界唯作心;二、八种大唯作心,即欲界大唯作心;三、五种色界唯作心;四、四种无色界唯作心。如此,唯作心共有二十种。除五门转向与意门转向这两种无因唯作心以外,其余十八种唯作心只能在阿罗汉圣者的相续中生起。由此:一、善心二十一种;二、不善心十二种;三、果报无记心三十六种;四、唯作无记心二十种;合计八十九种。
(၉ဝ)ပြည့်ရန် တစ်ခု ယုတ်လျော့နေသဖြင့် စိတ် တစ်ခုယုတ် (၉ဝ)ဟု ခေါ်ဝေါ် အသုံးပြုသည်။
因为还差一种才满九十,所以称为‘九十减一心’,也就是八十九种心。
原书第 153 页
ဝိညာဏ်တို့၏ လုပ်ငန်းကိစ္စ (၁၄) မျိုး
识的十四种作用
ယင်းဝိညာဏ်တို့၏ လုပ်ငန်းကိစ္စသည် ပဋိသန္ဓေကိစ္စ၊ ဘဝင်ကိစ္စ၊ အာဝဇ္ဇန်းကိစ္စ၊ ဒဿနကိစ္စ၊ သဝနကိစ္စ၊ ဃာယနကိစ္စ၊ သာယနကိစ္စ၊ ဖုသနကိစ္စ၊ သမ္ပဋိစ္ဆနကိစ္စ သန္တီရဏကိစ္စ၊ ဝေါဋ္ဌဗ္ဗနကိစ္စ၊ ဇဝနကိစ္စ၊ တဒါရမ္မဏကိစ္စ၊ စုတိကိစ္စတို့၏ အစွမ်းဖြင့် (၁၄)မျိုး ရှိ၏။ ဤ (၁၄)မျိုးသော အခြင်းအရာတို့ဖြင့် ယင်းစိတ်တို့သည် ဖြစ်ပေါ်လာကြ ကုန်၏။ (ဝိသုဒ္ဓိ-၂-၈၇။)
这些识所执行的作用共有十四种:结生、有分、转向、见、闻、嗅、尝、触、领受、推度、确定、速行、彼所缘与死亡。这些心即依上述十四种方式生起。(《清净道论》2-87。)
၁။ ပဋိသန္ဓေကိစ္စ
一、结生作用
မဟာကုသိုလ် အမည်ရသော ကာမာဝစရကုသိုလ် (၈)မျိုးတို့၏ စွမ်းအင်ရှိန်စော် အာနုဘော်ကြောင့် နတ်ပြည် လူ့ပြည်တို့၌ သတ္တဝါတို့သည် အကြင်အခါ၌ ဖြစ်ပေါ်လာကြရကုန်၏။ ထိုအခါဝယ် ထိုသတ္တဝါတို့၏ သန္တာန်၌ သေခါနီးကာလဝယ် ရှေးရှူထင်လာသော ကံ-ကမ္မနိမိတ်-ဂတိနိမိတ်တို့တွင် တစ်မျိုးမျိုးသော အာရုံကို အာရုံပြု၍ သဟိတ်ကာမာဝစရမဟာဝိပါက် (၈)မျိုး၊ လူ့ပြည်လောကတို့၌ နပုံးပဏ္ဍုက် စသည့်ဘဝသို့ ကပ်ရောက် ကြရကုန်သော သတ္တဝါတို့အား အားနည်းသော ဒွိဟိတ်ကုသိုလ်၏ အကျိုးဖြစ်သော အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏ (၁)မျိုး --- ဤသို့လျှင် (၉)မျိုးသော စိတ်တို့သည် ပဋိသန္ဓေ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာကြကုန်၏။
当众生由于称为大善的八种欲界善之强大业力而生于天界或人界时,在这些众生的相续中,八种有因欲界大果报心取临死时现前的业、业相、趣相三者之一为所缘而生;对于因为较弱的二因善业之果而在人界投生为无性者、黄门等的众生,则一种舍俱无因善果报推度心生起。如此,这九种心执行结生作用而生起。
အကြင်အခါ၌ကား ရူပါဝစရကုသိုလ် အရူပါဝစရကုသိုလ်တို့၏ စွမ်းအားရှိန်စော် အာနုဘော်ကြောင့် ရူပဘုံ အရူပဘုံတို့၌ သတ္တဝါတို့သည် ဖြစ်ပေါ်လာကြရကုန်၏၊ ထိုအခါမျိုး၌ ပွားများထားအပ်ပြီးသော ရူပါဝစရစျာန် အရူပါဝစရစျာန်ရှိသော သတ္တဝါတို့အား သေခါနီး ကာလ၌ ရှေးရှူထင်လာသော အာနာပါနပဋိဘာဂနိမိတ်၊ ကသိုဏ်းပဋိဘာဂနိမိတ်စသော ကမ္မနိမိတ် အာရုံကိုသာလျှင် အာရုံပြု၍ (၉)ပါးကုန်သော ရူပါဝစရဝိပါက် ဝိညာဏ် အရူပါဝစရဝိပါက် ဝိညာဏ်တို့သည် ပဋိသန္ဓေ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာကြကုန်၏။
当众生由于色界善与无色界善的强大业力而生于色界或无色界时,曾修习色界禅与无色界禅的众生,在临死之际只取现前的业相所缘——例如入出息念似相或遍似相——为所缘;九种色界果报识与无色界果报识便执行结生作用而生起。
အကြင်အခါ၌ကား အကုသိုလ်၏ စွမ်းအားရှိန်စော် အာနုဘော်ကြောင့် အပါယ်ဘုံ၌ သတ္တဝါတို့သည် ဖြစ်ကြရကုန်၏၊ ထိုအခါမျိုး၌ ပြုအပ်ပြီးသော အကုသိုလ်ကံရှိသော သတ္တဝါတို့အား သေခါနီး ကာလ၌ ရှေးရှူ ထင်လာသော ကံ-ကမ္မနိမိတ်-ဂတိနိမိတ်တို့တွင် တစ်မျိုးမျိုးသော အာရုံကို အာရုံပြု၍ တစ်ခုသော အဟိတ်အကု- သလဝိပါက် ဥပေက္ခာသန္တီရဏ မနောဝိညာဏဓာတ်သည် ပဋိသန္ဓေ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာ၏။ ဤသို့လျှင် ရှေးဦးစွာ ဤဝိညာဏက္ခန္ဓာ နိဒ္ဒေသပိုင်း၌ (၁၉)မျိုးသော ဝိပါက်ဝိညာဏ်တို့၏ ပဋိသန္ဓေ၏ အစွမ်းဖြင့် ဖြစ်ခြင်း ကို သိရှိပါလေ။ (ဝိသုဒ္ဓိ-၂-၈၇-၈၈။) ဘဝဟောင်းနှင့် ဘဝသစ်ကို၊ ဘဝဟောင်းခန္ဓာနှင့် ဘဝသစ်ခန္ဓာကို ဆက်စပ်ပေးခြင်းကိစ္စ၊ ကမ္မဘဝဟူသော အကြောင်းကံနှင့် ဥပပတ္တိဘဝဟူသော အကျိုးဝိပါက်ကို ဆက်စပ်ပေးခြင်းကိစ္စကို ပဋိသန္ဓေကိစ္စဟု ဆိုသည်။
当众生由于不善业的强大力量而生于恶趣时,曾造不善业的众生在临死之际,取现前的业、业相、趣相三者之一为所缘;一种舍俱无因不善果报推度意识界执行结生作用而生起。由此,在识蕴分别这一部分,首先应当了知十九种果报识执行结生作用而生起。(《清净道论》2-87至88。)把旧有与新有、旧有诸蕴与新有诸蕴连接起来,并把称为业有的因业与称为生有的果报连接起来,这项作用称为结生作用。
၂။ ဘဝင်ကိစ္စ
二、有分作用
တစ်ဖန် ပဋိသန္ဓေဝိညာဏ်သည် ချုပ်ပြီးလတ်သော် ထိုထို ချုပ်လေပြီးသော ပဋိသန္ဓေဝိညာဏ်သို့ အခြားမဲ့၌ ဖြစ်သောအားဖြင့် အစဥ်လိုက်သော ထိုထို ပဋိသန္ဓေကို ဖြစ်စေတတ်သော ကံ၏သာလျှင် အကျိုးဖြစ်၍ ဖြစ်သော၊ ပဋိသန္ဓေဝိညာဏ်၏ပင်လျှင် အာရုံဖြစ်သော ထိုကံ-ကမ္မနိမိတ်-ဂတိနိမိတ် သုံးမျိုးတို့တွင် တစ်မျိုးမျိုးသော အာရုံ ၌သာလျှင် ထိုပဋိသန္ဓေဝိညာဏ်နှင့် ဖြစ်စေတတ်သော အကြောင်းတရား၊ ယှဥ်ဖက်စေတသိက် သမ္ပယုတ်တရား အားဖြင့် တူသည်သာလျှင်ဖြစ်သော ဘဝင်ဝိညာဏ်မည်သည် ဖြစ်ပေါ်လာ၏။ (ပဋိသန္ဓေဝိညာဏ်နှင့် ဘဝင် ဝိညာဏ်သည် အာရုံအားဖြင့်လည်း တူ၏၊ ဖြစ်စေတတ်သော အကြောင်းတရားအားဖြင့်လည်း တူ၏၊ ယှဥ်ဖက်
结生识灭去以后,紧接在已经灭去的各个结生识之后,称为有分识的心相续生起。它只是能产生该结生的同一业之果,只取结生识所取的业、业相、趣相三者之一为所缘,在能生因与相应心所方面也与结生识相同。〔结生识与有分识在所缘、能生因以及相应——
原书第 154 页
စေတသိက် အရေအတွက်အားဖြင့်လည်း တူ၏။) နောက်ထပ်လည်း ထိုပဋိသန္ဓေဝိညာဏ်နှင့်တူသော ဘဝင် ဝိညာဏ်သည် ဖြစ်ပြန်၏ဟု မှတ်ပါ။ ဤနည်းအားဖြင့် ဘဝင်အစဥ်ကို နစ်စေတတ်သော ပဉ္စဒွါရဝီထိ၌ ပဉ္စ- ဒွါရာဝဇ္ဇန်း၊ မနောဒွါရဝီထိ၌ မနောဒွါရာဝဇ္ဇန်းဟု ဆိုအပ်သော အာဝဇ္ဇန်းစိတ်+စေတသိက်သည် မရှိလတ်သော် ဖြစ်ပေါ်မလာလတ်သော် တသွင်သွင် စီးဆင်းနေသော မြစ်ရေအယဥ်ကဲ့သို့ အိပ်မက်ကို မမြင်မက်သော သတ္တဝါ၏ သန္တာန်ဝယ် အိပ်မွေ့ခြင်း အိပ်ပျော်ခြင်းသို့ သက်ရောက်သောအခါ စသည်တို့၌ အတိုင်းအရှည်မှ ကင်းသော၊ အတိုင်းအရှည်မရှိသော အရေအတွက်ရှိသော၊ မရေတွက်နိုင်သော ဘဝင်အယဥ်သည်လည်း ဖြစ်၍နေသည် သာတည်းဟု မှတ်သားပါ။ ဤနည်းဖြင့် ပဋိသန္ဓေဝိညာဏ်နှင့် အမျိုးတူသည်သာလျှင် ဖြစ်ကုန်သော ဝိပါက် ဝိညာဏ်တို့၏သာလျှင် ဘဝင်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသည်ဟု သိရှိပါလေ။ (ဥပပတ္တိဘဝ၏ မပြတ်မစဲ အမြဲ ဆက်လက် ဖြစ်ရေးအတွက် အကြောင်းအဖြစ်ဖြင့် ဖြစ်ခြင်းကိစ္စကို ဘဝင်ကိစ္စဟု ဆိုသည်။ ဝီထိစိတ်များ မဖြစ်
——心所的数量方面都相同。〕随后,应知与结生识相同的有分识一再生起。只要尚无能够截断有分相续的转向心与心所——即五门心路中的五门转向、意门心路中的意门转向——生起,有分流就像不断流淌的河水一样;例如众生进入无梦的熟睡等状态时,会有无量、无数、不可计数的有分相续生起。由此应知,只有与结生识同类的果报识执行有分作用而生起。〔为了使生有不间断地继续存在,作为其因而生起的作用,称为有分作用。心路心若不——
ခဲ့သော် စိတ်အစဥ် မပြတ်စဲရေးအတွက် ပဋိသန္ဓေကို ဖြစ်စေတတ်သော ကံ၏စွမ်းဟုန်ကြောင့်ပင် ပဋိသန္ဓေနှင့် အာရုံချင်းလည်းတူ၍ စေတသိက် ယှဥ်ဖက် အရေအတွက်ချင်းလည်း တူညီသောစိတ်တည်း။ ဝီထိစိတ် ဖြစ်သော- အခါ ယင်းဘဝင်အယဥ်သည် ရပ်သွား၏၊ ဝီထိစိတ် မဖြစ်သောအခါ ဝီထိစိတ် အစဥ်ဆုံးသွားသောအခါ ယင်း ဘဝင်စိတ်သည် ပြန်ဖြစ်ပြန်၏။) (ဝိသုဒ္ဓိ-၂-၈၈။)
——生起,为使心相续不断,同一心便依产生结生之业的力量而生;它与结生所缘相同,相应心所的数量也相同。心路心生起时,有分流停止;心路心不生,或一条心路心相续结束时,有分心又再生起。〕(《清净道论》2-88。)
၃။ အာဝဇ္ဇန်း ကိစ္စ
三、转向作用
တစ်ဖန် ဤဆိုအပ်ပြီးသောနည်းဖြင့် ဘဝင်အစဥ်သည် ဖြစ်လတ်သော် အကြင်အခါ၌ သတ္တဝါတို့၏ သန္တာန်- ဝယ် စက္ခုစသော ဣန္ဒြေတို့သည် ရူပါရုံစသော အာရုံကို ယူခြင်းငှာ စွမ်းနိုင်ကုန်၏။ ထိုအခါ၌ စက္ခုပသာဒဝယ် ရူပါရုံသည် ရှေးရှူထင်ခြင်း ရှေးရှူကျရောက်ခြင်းသို့ ရောက်လတ်သော် ရူပါရုံကို အစွဲပြု၍ စက္ခုပသာဒအား ထိပါးခြင်းသည် ဖြစ်ပေါ်လာ၏။ (ဝိသုဒ္ဓိ-၂-၈၈။) ဃဋ္ဋနာ = ထိပါးခြင်း = ရိုက်ခတ်ခြင်း = တိုက်ခိုက်ခြင်း --- သင့်လျော်သောအရပ်၌ တည်နေသော ရူပါရုံ က စက္ခုပသာဒအား ရှေးရှူရိုက်ခတ်ခြင်း ထိခိုက်ခြင်းကြောင့် မျက်လွှာ စသည်တို့၏ အောက်သို့ကျခြင်း အထက် သို့ တက်ခြင်း တည့်တည့်ကြည့်ခြင်း စောင်းငဲ့ကြည့်ခြင်းစသည့် ကြောင့်ကြဗျာပါရ အစရှိသော အမူအရာထူး ဝိကာရနှင့် အတူတကွဖြစ်သော စက္ခုပသာဒ၏ မှီရာ မဟာဘုတ်၌ အာရုံ၏ ဣဋ္ဌအဖြစ် အနိဋ္ဌအဖြစ်ဖြင့် ချီးမြှောက်ခြင်းသည်လည်းကောင်း ရှေးရှူထိခတ်ခြင်းသည်လည်းကောင်း ဃဋ္ဋနာတည်း။ (မဟာဋီ-၂-၁၃၂။)
有分相续依上述方式流转时,当众生相续中的眼等诸根能够取得色等所缘,色所缘便来到眼净色面前而显现;依色所缘,便发生对眼净色的触击。(《清净道论》2-88。)所谓 ghaṭṭanā,是触击、撞击、冲击:处在适当位置的色所缘迎面撞击眼净色;眼睑下垂或抬起、直视或斜视等经营所成的特殊变化,与作为眼净色所依的大种一起,把所缘显为可意或不可意并迎面触击,这便称为 ghaṭṭanā。(《大复注》2-132。)
ထိုစက္ခုပသာဒအား ရူပါရုံ ထိခိုက်သည်၏ အခြားမဲ့၌ ထိခိုက်သည်၏ စွမ်းအားကြောင့် ဘဝင်သည် လှုပ်လာ၏။ (ထိုလှုပ်သော အခြင်းအရာအားဖြင့် နှစ်ကြိမ် ဖြစ်ခြင်းဖြင့် ဘဝင်အယဥ် ဘဝင်အစဥ်နှင့် မတူသော ဝီထိစိတ်၏ အကြောင်းတရား ဖြစ်မှုသို့ ကပ်ရောက်ခြင်းကိုပင် ဘဝင်္ဂစလန = ဘဝင်လှုပ်သည်ဟု ဆိုလိုသည်။
色所缘触击眼净色以后,正由于这种触击的力量,有分发生波动。〔有分以波动的方式生起两次,从而接近成为不同于有分流的心路心之因;这一现象称为有分波动(bhavaṅga-calana)。
မှန်ပေသည် ထိုဘဝင်စိတ်သည် စိတ်အစဥ်၏ ရှေးအခိုက်အတန့်မှ ကွဲပြားသော ဝီထိစိတ် အခိုက်အတန့်၏ အကြောင်းတရားဖြစ်သောကြောင့် လှုပ်သကဲ့သို့ ဖြစ်နေ၏၊ ထိုကြောင့် ဘဝင်္ဂစလနဟူ၍ ဆိုသည်။) ထိုအခါ၌ ဘဝင်စိတ်သည် ချုပ်ပြီးလတ်သော် ထိုဘဝင်လှုပ်ခြင်း၏ အကြောင်းဖြစ်သော ရူပါရုံကိုပင်လျှင် အာရုံပြု၍ ဘဝင်ကို ဖြတ်ဘိသကဲ့သို့ ရူပါရုံကို ဆင်ခြင်ခြင်း အာဝဇ္ဇန်းကိစ္စကို ပြီးစီးစေလျက် ကိရိယမနောဓာတ် အမည်ရသော ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် ဖြစ်ပေါ်လာ၏။ သောတဒွါရ စသည်တို့၌လည်း ဤနည်းကိုပင် သိအပ်ပေသည်။ တစ်ဖန် မနောဒွါရ၌ အာရုံ (၆)မျိုးတို့တွင် တစ်မျိုးမျိုးသည် ထင်လာလတ်သော် ဘဝင်လှုပ်သည်၏ အခြားမဲ့၌ ဘဝင် အယဥ်ကို ဖြတ်သကဲ့သို့ ထင်လာသော အာရုံကို ဆင်ခြင်ခြင်း အာဝဇ္ဇန်းကိစ္စကို ပြီးစီးစေလျက် ဥပေက္ခာသဟဂုတ်
这是因为该有分心成为不同于先前心相续阶段的心路心阶段之因,所以仿佛发生波动,因而称为有分波动。〕此时,有分心灭去以后,取造成有分波动的同一个色所缘为所缘,仿佛截断有分,并执行转向作用而审察色所缘的五门转向心——称为唯作意界——生起。在耳门等,也应以同样方式理解。再者,在意门中,当六所缘中的任一种显现时,有分波动以后,舍俱——
原书第 155 页
လက္ခဏာဒိစတုက္ကပိုင်း -- ဝိညာဏက္ခန္ဓကထာ အခန်း အဟိတ် ကိရိယ မနောဝိညာဏဓာတ်သည် = မနောဒွါရာဝဇ္ဇန်းစိတ်သည် ဖြစ်ပေါ်လာ၏ဟု မှတ်ပါ။ ဤသို့လျှင် ကိရိယ ဝိညာဏ် (၂)မျိုးတို့၏ အာရုံကို ဆင်ခြင်တတ်သော အာဝဇ္ဇန်းကိစ္စအားဖြင့် ဖြစ်ပုံကို သိရှိပါလေ။
——无因唯作意识界,也就是意门转向心生起;它仿佛截断有分流,执行转向作用,审察已经显现的所缘。由此应当了知,这两种唯作识执行审察所缘的转向作用而生起。
(ဝိသုဒ္ဓိ-၂-၈၈၊)
缅文出处原串:‘(ဝိသုဒ္ဓိ-၂-၈၈၊)’(《清净道论》2-88。)
〔ပဉ္စဒွါရာဝဇ္ဇန်း၏ အခြားမဲ့၌ စက္ခုဝိညာဏ်၏ ဒဿနကိစ္စ = ရူပါရုံကိုမြင်ခြင်းကိစ္စ စသည်ကို ဆိုသင့်သော် လည်း မဆိုသေးမူ၍ အာဝဇ္ဇန်းကိစ္စချင်း တူညီသောကြောင့် မနောဒွါရာဝဇ္ဇန်းကိုယူ၍ အာဝဇ္ဇန်း (၂)မျိုးလုံးကို တစ်ပေါင်းတည်း ဖွင့်ဆိုထားသည်။ ကိစ္စ (၁၄)မျိုးကို ဆိုခဲ့သော အကျဥ်း ဥဒ္ဒေသစကားနှင့် ကိစ္စများကို အစဥ် အတိုင်း ဖွင့်ပြလိုသောကြောင့် ဖြစ်၏။ (မဟာဋီ-၂-၁၃၂။)〕
〔按次第,本应先说五门转向灭后,眼识执行见作用而见色所缘等;但这里尚未说明,而是因为两种转向的作用相同,先取意门转向,把两种转向一并解释。这样安排,是为了先依列举十四种作用的摄颂,再依作用次第逐一阐明。(《大复注》2-132。)〕
၄-၈။ ဒဿန သဝန ဃာယန သာယန ဖုသနကိစ္စ
四至八、见、闻、嗅、尝、触作用
ဘဝင်ကို ဖြတ်သကဲ့သို့ ဖြစ်ပေါ်လာသော (ရူပါရုံကို) ဆင်ခြင်တတ်သော ပဉ္စဒွါရာဝဇ္ဇန်း၏ အခြားမဲ့၌ ရှေးဦးစွာ စက္ခုဒွါရ၌ ဒဿနကိစ္စ = ရူပါရုံကို မြင်သိခြင်းကိစ္စကို ပြီးစီးစေလျက် စက္ခုပသာဒလျှင် မှီရာဝတ္ထုရှိသော ရူပါရုံကို သိမြင်တတ်သော စက္ခုဝိညာဏ်စိတ်သည် ဖြစ်ပေါ်၍ လာ၏။
首先,在眼门中,能够审察色所缘、仿佛截断有分而生起的五门转向灭后,以眼净色为所依处、能够见知色所缘的眼识心生起,执行见作用,也就是见知色所缘的作用。
သောတဒွါရ၌ သဝနကိစ္စ = သဒ္ဒါရုံကို ကြားသိခြင်းကိစ္စကို ပြီးစီးစေလျက် သောတပသာဒလျှင် မှီရာ ဝတ္ထုရှိသော အသံ သဒ္ဒါရုံကို ကြားသိတတ်သော သောတဝိညာဏ်စိတ်သည်၊ ဃာနဒွါရ၌ ဃာယနကိစ္စ = အနံ့ ဂန္ဓာရုံကို နံသိခြင်းကိစ္စကို ပြီးစီးစေလျက် ဃာနပသာဒလျှင် မှီရာဝတ္ထုရှိသော အနံ့ ဂန္ဓာရုံကို နံသိတတ်သော ဃာနဝိညာဏ်စိတ်သည်၊ ဇိဝှါဒွါရ၌ သာယနကိစ္စ = အရသာ = ရသာရုံကို လျက်သိခြင်းကိစ္စကို ပြီးစီးစေလျက် ဇိဝှါပသာဒလျှင် မှီရာဝတ္ထုရှိသော အရသာ = ရသာရုံကို လျက်သိတတ်သော ဇိဝှါဝိညာဏ်စိတ်သည်၊ ကာယဒွါရ၌ ဖုသနကိစ္စ = ဖောဋ္ဌဗ္ဗာရုံကို ထိသိခြင်းကိစ္စကို ပြီးစီးစေလျက် ကာယပသာဒလျှင် မှီရာဝတ္ထုရှိသော ဖောဋ္ဌဗ္ဗာရုံကို ထိသိတတ်သော ကာယဝိညာဏ်စိတ်သည် ဖြစ်ပေါ်လာ၏။〔ပဉ္စဒွါရာဝဇ္ဇန်းနှင့် သမ္ပဋိစ္ဆိုင်း အကြားဌာနကို ပဉ္စ- ဝိညာဏဌာန = ပဉ္စဝိညာဏ်စိတ်တို့ ဖြစ်ရာဌာနဟု ဆို၏။ ဌာနချင်းတူညီ၍ ဤအရာ၌ စုပေါင်း၍ပြခြင်း ဖြစ်သည်။
在耳门中,以耳净色为所依处、能够听知声所缘的耳识心生起,执行闻作用,也就是听知声所缘的作用;在鼻门中,以鼻净色为所依处、能够嗅知香所缘的鼻识心生起,执行嗅作用,也就是嗅知香所缘的作用;在舌门中,以舌净色为所依处、能够尝知味所缘的舌识心生起,执行尝作用,也就是尝知味所缘的作用;在身门中,以身净色为所依处、能够触知触所缘的身识心生起,执行触作用,也就是触知触所缘的作用。〔五门转向与领受之间的阶段称为五识阶段,即五识心生起的阶段。因为所处阶段相同,所以在这里合并说明——
ဝီထိချင်းကား တစ်ဝီထိစီသာ ဖြစ်သည်။ စက္ခုဒွါရဝီထိဝယ် စက္ခုဝိညာဏ်ဖြစ်သည့် နေရာ၌ သောတဒွါရဝီထိ စသည်ဝယ် သောတဝိညာဏ် စသည်တို့ အသီးအသီးဖြစ်ခြင်းကြောင့် စုပေါင်းဖွင့်ဆိုထားသည် ဟူလိုသည်။〕 ထိုပဉ္စဝိညာဏ်တို့သည် ဣဋ္ဌာရုံ ဣဋ္ဌမဇ္ဈတ္တာရုံ = (အလိုရှိအပ်သော ဣဋ္ဌာရုံ၊ အလယ်အလတ် အလိုရှိ အပ်သော ဣဋ္ဌမဇ္ဈတ္တာရုံ) တို့၌ ကုသလဝိပါက် ဝိညာဏ်တို့ ဖြစ်ကုန်၏။ အလိုမရှိအပ်သော အနိဋ္ဌာရုံ၊ အလယ် အလတ် အလိုမရှိအပ်သော အနိဋ္ဌမဇ္ဈတ္တာရုံတို့၌ အကုသလဝိပါက် ဝိညာဏ်တို့ ဖြစ်ကုန်၏။ ဤသို့လျှင် (၁ဝ)ပါး ကုန်သော ဝိပါက်ဝိညာဏ်တို့၏ = ဒွေးပဉ္စဝိညာဏ် (၁ဝ)တို့၏ ဒဿနကိစ္စ၊ သဝနကိစ္စ၊ ဃာယနကိစ္စ၊ သာယန- ကိစ္စ၊ ဖုသနကိစ္စ၏ အစွမ်းဖြင့် ဖြစ်ခြင်းကို သိရှိပါလေ။ (ဝိသုဒ္ဓိ-၂-၈၈။)
——但每一种门各自只有一条心路。意思是:眼门心路中眼识生起的位置,在耳门心路等中分别由耳识等生起,所以合并解释。〕这五识在可意所缘与中等可意所缘上是善果报识,在不可意所缘与中等不可意所缘上是不善果报识。由此应当了知,十种果报识——即两组五识——执行见、闻、嗅、尝、触作用而生起。(《清净道论》2-88。)
၉။ သမ္ပဋိ စ္ဆိုင်းကိစ္စ
九、领受作用
စက္ခုဝိညာဏဓာတုယာ ဥပ္ပဇ္ဇိတွာ နိရုဒ္ဓသမနန္တရာ ဥပ္ပဇ္ဇတိ စိတ္တံ မနော မာနသံ တဇ္ဇာ မနောဓာတု။
巴利原文(缅文转写):‘စက္ခုဝိညာဏဓာတုယာ ဥပ္ပဇ္ဇိတွာ နိရုဒ္ဓသမနန္တရာ ဥပ္ပဇ္ဇတိ စိတ္တံ မနော မာနသံ တဇ္ဇာ မနောဓာတု။’
(အဘိ-၂-၉၁။)
缅文出处原串:‘(အဘိ-၂-၉၁။)’(《阿毗达磨》2-91。)
= စက္ခုဝိညာဏဓာတ်၏ ဖြစ်ပြီး၍ ချုပ်ပြီးသည်၏ အခြားမဲ့၌ သိတတ်သော မာနသဟု ဆိုအပ်သော ထို စက္ခုဝိညာဏ်အား လျောက်ပတ်သော မနောဓာတ်ဟု ဆိုအပ်သော စိတ်သည် ဖြစ်ပေါ်လာ၏။(အဘိ-၂-၉၁။)
译:‘眼识界生起又灭去后,紧接着生起一心,即意、心意;它是与该眼识相应的意界。’(《阿毗达磨》2-91。)
原书第 156 页
ဤသို့စသော စကားတော်ကို ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားထားတော်မူသောကြောင့် စက္ခုဝိညာဏ် စသည်တို့၏ အခြားမဲ့၌ ထိုပဉ္စဝိညာဏ်တို့၏သာလျှင် အာရုံကို ခံလင့်သကဲ့သို့သော ကုသလဝိပါက် ပဉ္စဝိညာဏ်၏ အခြားမဲ့၌ ကုသလဝိပါက် ဖြစ်သော၊ အကုသလဝိပါက် ပဉ္စဝိညာဏ်၏ အခြားမဲ့၌ အကုသလဝိပါက် ဖြစ်သော သမ္ပဋိစ္ဆိုင်း = မနောဓာတ်သည် ဖြစ်ပေါ်လာ၏။ ဤသို့သော အခြင်းအရာအားဖြင့် နှစ်မျိုးကုန်သော ကုသလဝိပါက် သမ္ပဋိစ္ဆိုင်း မနောဓာတ်ဝိညာဏ်၊ အကုသလဝိပါက် သမ္ပဋိစ္ဆိုင်း မနောဓာတ်ဝိညာဏ်တို့၏ သမ္ပဋိစ္ဆနကိစ္စ = အာရုံကို ခံလင့်သကဲ့သို့သော ကိစ္စ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာပုံကို သိရှိပါလေ။ (ဝိသုဒ္ဓိ-၂-၈၈-၈၉။) (ဟဒယဝတ္ထု ရှိမှုကို လက်မခံသကဲ့သို့ သမ္ပဋိစ္ဆိုင်းစသော ဝီထိစိတ်တို့၏ ဖြစ်မှုကိုလည်း ခွင့်မပြုနိုင်သူတို့ အတွက် ပါဠိတော်ကို ထုတ်ဆောင်ကိုးကား၍ သမ္ပဋိစ္ဆိုင်းစသော ဝီထိစိတ်တို့ ထင်ရှားရှိကြောင်းကို သာဓကပြ၍
因为世尊亲自宣说了上述教言,所以在眼识等灭后,仿佛迎接五识所取的同一个所缘,领受意界便生起:善果报五识灭后,生起善果报领受;不善果报五识灭后,生起不善果报领受。由此应当了知,两种领受意界识——善果报领受意界识与不善果报领受意界识——执行领受作用,即仿佛迎接所缘的作用而生起。(《清净道论》2-88至89。)〔对于那些像不接受心所依处色一样,也不能允许领受等心路心存在的人,这里引出巴利原典作为证据,说明领受等心路心确实存在——
ဖွင့်ဆိုခြင်း ဖြစ်၏။ ပါဠိတော်ကို တားမြစ်ခြင်းငှာ မတတ်ကောင်းသည်သာ ဖြစ်ပေသည်။ မဟာဋီ-၂-၁၃၂။)
——而作解释;巴利原典是不应否定的。(《大复注》2-132。)〕
၁ဝ။ သန္တီရဏကိစ္စ
十、推度作用
မနောဓာတုယာပိ ဥပ္ပဇ္ဇိတွာ နိရုဒ္ဓသမနန္တရာ ဥပ္ပဇ္ဇတိ စိတ္တံ မနော မာနသံ တဇ္ဇာ မနောဝိညာဏဓာတု။
巴利原文(缅文转写):‘မနောဓာတုယာပိ ဥပ္ပဇ္ဇိတွာ နိရုဒ္ဓသမနန္တရာ ဥပ္ပဇ္ဇတိ စိတ္တံ မနော မာနသံ တဇ္ဇာ မနောဝိညာဏဓာတု။’
(အဘိ-၂-၉၂။)
缅文出处原串:‘(အဘိ-၂-၉၂။)’(《阿毗达磨》2-92。)
= သမ္ပဋိစ္ဆိုင်းဝိပါက် မနောဓာတ်၏လည်း ဖြစ်ပြီး၍ ချုပ်သည်၏ အခြားမဲ့၌ သိတတ်သော မာနသဟု ဆို အပ်သော ထိုသမ္ပဋိစ္ဆိုင်း မနောဓာတ်ဝိညာဏ်အား လျောက်ပတ်သော မနောဝိညာဏဓာတ်ဟု ဆိုအပ်သော စိတ်သည် ဖြစ်ပေါ်လာ၏။ (အဘိ-၂-၉၂။) ဤသို့ ဘုရားရှင်သည် ဟောကြားထားတော်မူသောကြောင့် သမ္ပဋိစ္ဆိုင်းဝိပါက် မနောဓာတ်သည် လက်ခံ အပ်သော အာရုံကိုပင်လျှင် စုံစမ်းလျက် အကုသလဝိပါက် သမ္ပဋိစ္ဆိုင်း မနောဓာတ်၏ အခြားမဲ့၌ အနိဋ္ဌာရုံ အနိဋ္ဌမဇ္ဈတ္တာရုံ၌ အကုသိုလ်၏ အကျိုးဖြစ်သော အကုသလဝိပါက် အဟိတ် မနောဝိညာဏဓာတ် = ဥပေက္ခာ သန္တီရဏစိတ်သည်၊ ကုသလဝိပါက်ဖြစ်သော သမ္ပဋိစ္ဆိုင်း မနောဓာတ်၏ အခြားမဲ့၌ ဣဋ္ဌာရုံ၌ ကုသလဝိပါက် သောမနဿသဟဂုတ် အဟိတ်မနောဝိညာဏဓာတ် = ကုသလဝိပါက် သောမနဿသန္တီရဏစိတ်သည်၊ ဣဋ္ဌ မဇ္ဈတ္တာရုံ၌ ဥပေက္ခာသဟဂုတ် အဟိတ်ကုသလဝိပါက် မနောဝိညာဏဓာတ်သည် = အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ်သည် ဖြစ်ပေါ်လာ၏ဟု မှတ်ပါ။ ဤသို့လျှင် သုံးပါးကုန်သော ဝိပါက် ဝိညာဏ်တို့၏
译:‘领受果报意界也生起又灭去后,紧接着生起一心,即意、心意;它是与该领受意界识相应的意识界。’(《阿毗达磨》2-92。)世尊既如此宣说,便应知道:推度心探究领受果报意界所领受的同一个所缘。不善果报领受意界灭后,在不可意所缘与中等不可意所缘上,作为不善业之果的舍俱无因不善果报意识界——即舍俱不善果报推度心——生起;善果报领受意界灭后,在可意所缘上,悦俱无因善果报意识界——即悦俱善果报推度心——生起;在中等可意所缘上,舍俱无因善果报意识界——即舍俱无因善果报推度心——生起。由此,这三种果报识——
(= အကုသလဝိပါက် ဥပေက္ခာသန္တီရဏ၊ ကုသလဝိပါက် သောမနဿသန္တီရဏ၊ ကုသလဝိပါက် ဥပေက္ခာသန္တီ- ရဏ ဟူသော သုံးပါးကုန်သော ဝိပါက်ဝိညာဏ်တို့၏) သန္တီရဏကိစ္စ = အာရုံကို စုံစမ်းခြင်းကိစ္စ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာပုံကို သိရှိပါလေ။ (ဝိသုဒ္ဓိ-၂-၈၉။)
——即舍俱不善果报推度心、悦俱善果报推度心、舍俱善果报推度心——执行推度作用,也就是探究所缘的作用而生起。应当如此了知。(《清净道论》2-89。)
၁၁။ ဝေါဋ္ဌဗ္ဗနကိစ္စ = ဝုဋ္ဌောကိစ္စ
十一、确定作用
တစ်ဖန် သန္တီရဏစိတ်၏ အခြားမဲ့၌ ထိုသန္တီရဏစိတ်သည် စုံစမ်းအပ်သော အာရုံကိုပင်လျှင် ကောင်းစွာ ပိုင်းခြား မှတ်သားလျက် = ကောင်းစွာပိုင်းခြား မှတ်သားသကဲ့သို့သော ဥပေက္ခာသဟဂုတ် အဟိတ်ကိရိယမနော ဝိညာဏဓာတ်သည် = မနောဒွါရာဝဇ္ဇန်းဟူသော ဝုဋ္ဌောစိတ်သည် ဖြစ်ပေါ်လာ၏ဟု မှတ်ပါ။ ဤသို့လျှင် တစ်ခု သော အဟိတ်ကိရိယဝိညာဏ်၏ ဝေါဋ္ဌဗ္ဗနကိစ္စ္စ = အာရုံကို ဆုံးဖြတ်ချက်ချခြင်း ကိစ္စ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာ ပုံကို သိရှိပါလေ။ (ဝိသုဒ္ဓိ-၂-၈၉။)
推度心灭后,舍俱无因唯作意识界——即称为意门转向的确定心——生起;它对推度心所探究的同一个所缘加以清楚辨别、标记,仿佛正在妥善辨别、标记。由此应当了知,一种无因唯作识执行确定作用,也就是对所缘作出判定的作用而生起。(《清净道论》2-89。)
原书第 157 页
၁၂။ ဇဝနကိစ္စ = ဇောကိစ္စ
十二、速行作用
တစ်ဖန် ဝုဋ္ဌော၏ အခြားမဲ့၌ များသော ဝီထိစိတ္တုပ္ပါဒ်တည်းဟူသော အသက်ရှိသော = ဇောဆုံးသည့် တိုင်အောင် တည်နိုင်သော သက်တမ်းရှိနေသေးသော = မဟန္တာရုံ ဖြစ်သော ရူပါရုံစသော အာရုံသည် အကယ်၍ ဖြစ်ငြားအံ့ --- ထိုသို့ မဟန္တာရုံ ဖြစ်လတ်သော် ဝုဋ္ဌောစိတ်သည် ပိုင်းခြား မှတ်သားအပ်ပြီးသော အကြင်အကြင် အာရုံ၌ပင်လျှင် --- ၁။ မဟာကုသိုလ်စိတ် ( ၈ )မျိုး၊ ၂။ အကုသိုလ်စိတ် (၁၂)မျိုး၊ ၃။ ကာမကိရိယာစိတ် (ဇောစိတ်) ( ၉ )မျိုး၊ ဤ (၂၉)မျိုးသော စိတ်တို့တွင် တစ်မျိုးမျိုးသော စိတ်သည် လျင်လျင်မြန်မြန်ဖြစ်ခြင်း = အာရုံ၏ အရသာကို လျင်လျင်မြန်မြန် ခံစားခြင်း ဇဝနကိစ္စ = ဇောကိစ္စကို ရွက်ဆောင်လျက် (၆)ကြိမ်လည်းကောင်း၊ (၇)ကြိမ်လည်း ကောင်း စောလေ၏။ ဤကား ပဉ္စဒွါရ၌ နည်းတည်း။ (ဝိသုဒ္ဓိ-၂-၈၉။) 〔မှတ်ချက် --- ဤ၌ ရူပါရုံစသော အာရုံသည် စိတ္တက္ခဏအားဖြင့် (၁၇)ချက်၊ ခဏငယ် (၅၁)ချက်ပင်
确定心灭后,如果色所缘等仍有足以维持许多心路心生起、能够存续到速行结束的寿命,也就是属于大所缘,那么,在确定心已经辨别、标记的同一个所缘上,二十九种心中的任一种心便迅速生起,迅速领受所缘之味,执行速行作用而速行六次或七次。这二十九种心是:一、八种大善心;二、十二种不善心;三、九种欲界唯作心,即速行心。这是五门中的方式。(《清净道论》2-89。)〔注——在这里,色所缘等的寿命共有十七个心刹那,即五十一个小刹那——
အသက်ရှည်၏။ သို့သော် မိမိစဖြစ်လျှင် ဖြစ်ခြင်း ဆိုင်ရာဒွါရ၌ မထင်သေးဘဲ မိမိ ဥပါဒ်ပြီးနောက် စိတ္တက္ခဏ (၂)ချက် (၃)ချက်ခန့်လွန်မှ စက္ခုဒွါရစသော ဆိုင်ရာ ဒွါရ၌ ထင်လာ၏။ စက္ခုဒွါရဝီထိစသော ဝီထိများ ဖြစ်ရာဝယ် တဒါရုံဆုံးသည့်တိုင်အောင် မိမိ၏သက်တမ်းမှာ မကြွင်းကျန်တော့သဖြင့် ဇောဆုံးသည့်တိုင်ရုံသာ သက်တမ်း တည်ရှိနိုင်သဖြင့် ယင်းအာရုံကို မဟန္တာရုံဟု သတ်မှတ်ခြင်း ဖြစ်၏။〕 မနောဒွါရ၌ကား မနောဒွါရာဝဇ္ဇန်း၏ အခြားမဲ့၌ ထို (၂၉)မျိုးသော စိတ်တို့တွင် တစ်မျိုးမျိုးသော ကာမ ဇောစိတ်၊ ပရိကံ၊ ဥပစာ အနုလုံ၊ ဂေါတြဘုဟူသော ကာမာဝစရ ဥပစာရ သမာဓိဇောတို့၏ အထက်၌ ရူပါဝစရ ကုသိုလ်စိတ် (၅)မျိုး၊ ကိရိယာစိတ် (၅)မျိုး၊ အရူပါဝစရကုသိုလ်စိတ် (၄)မျိုး၊ ကိရိယာစိတ် (၄)မျိုး၊ လောကုတ္တရာ မဂ်စိတ် (၄)မျိုး၊ ဖိုလ်စိတ် (၄)မျိုး --- ဤ (၅၅)မျိုးသော ဇောစိတ်တို့တွင် အကြင်အကြင် ဇောစိတ်သည် ယောနိသော
——但它刚生起时尚未显现于相应之门,通常要在生时之后经过两三个心刹那,才显现于眼门等相应之门。当眼门心路等生起时,由于它的寿命不足以维持到彼所缘结束,只能维持到速行结束,所以判定为大所缘。〕至于意门,意门转向灭后,可以有二十九种欲界速行心中的任一种生起;在称为遍作、近行、随顺、种姓的欲界近行定速行之后,则有五种色界善心、五种色界唯作心、四种无色界善心、四种无色界唯作心、四种出世间道心与四种果心。在这五十五种速行心中,某种速行若具足如理——
မနသိကာရ အစရှိသော ရအပ်သော အကြောင်းအထောက်အပံ့ ရှိ၏၊ ထိုထို ရအပ်သော ယောနိသောမနသိကာရ စသော ရအပ်သော အကြောင်းအထောက်ပံ့ ရှိသော ဇောသည် စောလေ၏။ ဤသို့လျှင် (၅၅)မျိုးသော ကုသိုလ် အကုသိုလ် ကိရိယာ ဖိုလ်ဝိပါက်ဝိညာဏ်တို့၏ ဇဝနကိစ္စ = အဟုန်ပြင်းပြင်း တင်းတင်းထန်ထန် လျင်လျင် မြန်မြန် ဖြစ်ခြင်းကိစ္စ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာပုံကို သိရှိပါလေ။ (ဝိသုဒ္ဓိ-၂-၈၉။)
——作意等相应的助缘,那一种具足如理作意等助缘的速行便生起。由此应当了知,五十五种善、不善、唯作与果报识执行速行作用,也就是猛烈、有力、迅速生起的作用而生起。(《清净道论》2-89。)
၁၃။ တဒါရုံကိစ္စ
十三、彼所缘作用
တစ်ဖန် ဇော၏အဆုံး၌ ပဉ္စဒွါရဝယ် အတိမဟန္တာရုံ၊ မနောဒွါရဝယ် ဝိဘူတာရုံ = ထင်ရှားသော အာရုံသည် အကယ်၍ ဖြစ်ငြားအံ့ ။ ထိုသို့ အတိမဟန္တာရုံ ဝိဘူတာရုံဖြစ်လတ်သော် ကာမာဝစရသတ္တဝါတို့အား ကာမာဝစရ ဇော၏ အဆုံး၌သာလျှင် --- ၁။ ဣဋ္ဌာရုံ ဣဋ္ဌမဇ္ဈတ္တာရုံ၊ အနိဋ္ဌာရုံ အနိဋ္ဌမဇ္ဈတ္တာရုံတို့၏ အစွမ်းကြောင့်လည်းကောင်း၊ ၂။ ရှေးရှေး ဘဝထိုထိုက ပြုစုပျိုးထောင်ခဲ့သော ကံ၏ စွမ်းအင်ကြောင့်လည်းကောင်း၊ ၃။ ဇောစိတ် စသည်တို့၏ စွမ်းအင်ကြောင့်လည်းကောင်း၊
速行结束以后,如果五门中的所缘属于极大所缘,意门中的所缘属于明了所缘,也就是明显所缘,那么,对于欲界有情,只在欲界速行之后,依下列力量:一、可意、中等可意、不可意、中等不可意所缘的力量;二、过去诸生所培育之业的力量;三、速行心等的力量——
原书第 158 页
အကြင်အကြင် အကြောင်းအထောက်အပံ့သည် ရအပ်ပြီး ဖြစ်၏၊ ထိုထို အကြောင်း၏ စွမ်းအင်ကြောင့် တဒါရုံ (၁၁)မျိုးတို့တွင် တစ်မျိုးမျိုးသော ဝိပါက်ဝိညာဏ်သည် --- အထက်အညာသို့ ဆန်တက်သော လှေနောက်သို့ စိုးစဥ်း အနည်းငယ်သော ခဏပတ်လုံး အစဥ်လိုက်ပါသွားသော ရေကဲ့သို့ --- ဘဝင်စိတ်၏ အာရုံမှ အခြားတစ်ပါး- သောအာရုံ၌ စောသော ဇော၏နောက်သို့ အစဥ်လိုက်လျက် တစ်ကြိမ် နှစ်ကြိမ် ဖြစ်ပေါ်လာ၏။ ထိုဝိပါက် ဝိညာဏ်ကို ဇော၏အဆုံး၌ မူလဘဝင်၏အာရုံ၌ ဖြစ်ခြင်းငှာထိုက်သည် ဖြစ်ပါသော်လည်း ထိုဇော၏ အာရုံကို မိမိက အာရုံပြု၍ ဖြစ်သောကြောင့် တဒါရုံဟူ၍ ဆိုအပ်၏။ ဤသို့လျှင် (၁၁)ပါးကုန်သော ဝိပါက်ဝိညာဏ်တို့၏ တဒါရုံကိစ္စ = ဇောယူသည့် အာရုံကို ဆက်လက် အာရုံပြုခြင်းကိစ္စ၏ အစွမ်းဖြင့် ဖြစ်ခြင်းကို သိရှိပါလေ။
——相应的助缘已经具足时,十一种彼所缘心中的某一种果报识便随着取不同于有分所缘之所缘而速行的速行心之后,生起一次或两次,犹如逆流上行之船后方的水流在短暂片刻中跟随而行。这一果报识生在速行结束以后,本来应取根本有分的所缘,却由自己取速行所缘为所缘而生,所以称为彼所缘。由此应当了知,十一种果报识执行彼所缘作用,即继续取速行所取的所缘为所缘而生起。
(ဝိသုဒ္ဓိ-၂-၈၉-၉ဝ။)
缅文出处原串:‘(ဝိသုဒ္ဓိ-၂-၈၉-၉ဝ။)’(《清净道论》2-89至90。)
အထက်တွင် တဒါရုံဖြစ်ဖို့ရန် စွမ်းအင် (၃)မျိုးကို ဖော်ပြထား၏။ ထိုတွင် --- တယိဒံ အာရမ္မဏေန ဝေဒနာပရိဝတ္တိဒဿနတ္ထံ ဝုတ္တံ။ (မဟာဋီ-၂-၁၃၃။) အာရုံဖြင့် ဝေဒနာပြောင်းလဲပုံကို ပြခြင်းငှာ အာရုံ၏ စွမ်းအင်ကြောင့် တဒါရုံဖြစ်မှုကို ဆိုသည်။
上文列出彼所缘生起的‘这是为了显示受如何随所缘而改变才说的。’也就是说,说明彼所缘依所缘力量而生,是为了显示受随所缘改变。
၁။ ဣဋ္ဌာရုံဖြစ်လျှင် သောမနဿတဒါရုံ (၅)မျိုး ဖြစ်၏။
一、若是可意所缘,五种悦俱彼所缘心生起。
၂။ ဣဋ္ဌမဇ္ဈတ္တာရုံဖြစ်လျှင် ကုသလဝိပါက် ဥပေက္ခာတဒါရုံ (၅)မျိုး ဖြစ်၏။
二、若是中等可意所缘,五种舍俱善果报彼所缘心生起。
၃။ အနိဋ္ဌာရုံဖြစ်လျှင် အကုသလဝိပါက် ဥပေက္ခာသန္တီရဏ တဒါရုံ ဖြစ်၏။
三、若是不可意所缘,舍俱不善果报推度彼所缘心生起。
ဤသို့ ဝေဒနာ အပြောင်းအလဲကို သိစေလို၍ အာရုံ၏ အစွမ်းဖြင့် ဝေဒနာဖြစ်ပုံကို ဆိုသည်။ တစ်ဖန် ကံ၏ စွမ်းအင်ကြောင့် တဒါရုံ ဖြစ်ပုံကိုလည်း ဤသို့ဖွင့်ဆိုထား၏။ --- ''ပုရိမကမ္မဝသေနာ''တိ ဣဒံ တဒါရမ္မဏဝိသေသဒဿနတ္ထံ။ န ဟိ ပဋိသန္ဓိဇနကမေဝ ကမ္မံ တဒါရမ္မဏံ ဇနေတိ၊ အထ ခေါ အညကမ္မမ္ပိ၊ တံ ပန ပဋိသန္ဓိဒါယိနာ ကမ္မေန နိဗ္ဗတ္တေတဗ္ဗတဒါရမ္မဏတော ဝိသဒိသမ္ပိ နိဗ္ဗတ္တေတီတိ။ (မဟာဋီ-၂-၁၃၃-၁၃၄။) ရှေးကံစွမ်းအင်ကြောင့်လည်း တဒါရုံဖြစ်ပုံကို ပြဆိုသော ဤစကားကား တဒါရုံ ထူးထွေကွဲပြားမှုကို ပြခြင်း အကျိုးငှာ ဆိုခြင်း ဖြစ်၏။ မှန်ပေသည် ပဋိသန္ဓေကို ဖြစ်စေတတ်သော ကံသည်သာလျှင် တဒါရုံကို ဖြစ်စေသည် မဟုတ်သေး၊ စင်စစ်သော်ကား ပဋိသန္ဓေကို ဖြစ်စေတတ်သော ကံမှ အခြားတစ်ပါးသော ကံသည်လည်း တဒါရုံကို ဖြစ်စေနိုင်သည်သာ ဖြစ်၏။ ထိုအခြားတစ်ပါးသော ကံကား ပဋိသန္ဓေကို ဖြစ်စေတတ်သော = ပဋိသန္ဓေကျိုးကို
为了使人了知受的这种变化,才依所缘力量说明受如何生起。又关于彼所缘如‘所谓依过去业,是为了显示彼所缘的差别。并非只有能生结生的业才产生彼所缘,其他业也能产生;而其他业所产生的彼所缘,甚至可能不同于能生结生之业所应产生的彼所缘。’所以,过去业力之说,是为了显示彼所缘的种种差别。并非只有能生结生的业才能产生彼所缘;事实上,不同于结生业的其他业也能产生彼所缘。这个其他业——
ပေးတတ်သော ကံသည် ဖြစ်စေအပ်သော တဒါရုံမှ အခြားတစ်ပါးသော မတူသော တဒါရုံကိုလည်း ဖြစ်စေ၏ဟု သိပါလေ။ (မဟာဋီ-၂-၁၃၃-၁၃၄။)
——还能产生不同于结生业——即能给予结生果报之业——所生彼所缘的另一种彼所缘。应当如此了知。(《大复注》2-133至134。)
အချို့ ဆရာမြတ်တို့၏ အယူ
一些上首诸师的主张
ဧတ္ထ စ ကေစိ ''ပဋ္ဌာနေ ကုသလာကုသလေ နိရုဒ္ဓေ ဝိပါကော တဒါရမ္မဏတာ ဥပ္ပဇ္ဇတီ'တိ ဝိပါကဓမ္မဓမ္မာနံ ဧဝ အနန္တရံ တဒါရမ္မဏံ ဝုတ္တ''န္တိ ကိရိယဇဝနာနန္တရံ န ဣစ္ဆန္တိ။ (မဟာဋီ-၂-၁၃၄။) ဤအရာ၌ အချို့သော ဆရာမြတ်တို့သည် ပဋ္ဌာန်းဒေသနာတော်၌ ကုသလာကုသလေ နိရုဒ္ဓေ ဝိပါကော တဒါရမ္မဏတာ ဥပ္ပဇ္ဇတိ (အဘိ-၈-၁၃၃။) = ကုသိုလ် အကုသိုလ်ဇောသည် ချုပ်ပြီးလတ်သော် ဝိပါက်ဝိညာဏ်သည် တဒါရုံ အဖြစ်ဖြင့် ဖြစ်ပေါ်လာ၏ --- ဤသို့လျှင် အကျိုးဝိပါက်ကို ဖြစ်စေနိုင်သော စွမ်းအင်ရှိသော ဝိပါကဓမ္မဓမ္မ အမည်ရသည့် ကုသိုလ် အကုသိုလ်ဇောတို့၏သာလျှင် အခြားမဲ့၌ တဒါရုံကို ဘုရားရှင်သည် ဟောကြားထားတော် မူ၏၊ ထိုကြောင့် ကိရိယာဇော၏ အခြားမဲ့၌ တဒါရုံကို အလိုရှိတော်မမူကြကုန်။ (မဟာဋီ-၂-၁၃၄။)
巴利《大复注》引文(缅文转写):‘ဧတ္ထ စ ကေစိ ပဋ္ဌာနေ ကုသလာကုသလေ နိရုဒ္ဓေ ဝိပါကော တဒါရမ္မဏတာ ဥပ္ပဇ္ဇတီတိ ဝိပါကဓမ္မဓမ္မာနံ ဧဝ အနန္တရံ တဒါရမ္မဏံ ဝုတ္တန္တိ ကိရိယဇဝနာနန္တရံ န ဣစ္ဆန္တိ။ (မဟာဋီ-၂-၁၃၄။)’一些上首诸师主张:《发趣论》教说‘善与不善灭去以后,果报作为彼所缘而生起’(《阿毗达磨》8-133),也就是说,佛陀只说彼所缘紧接在称为“具有产生果报性质之法”的善速行与不善速行之后;因此,他们不承认彼所缘紧接唯作速行之后生起。(《大复注》2-134。)
原书第 159 页
လက္ခဏာဒိစတုက္ကပိုင်း -- ဝိညာဏက္ခန္ဓကထာ အခန်း အကြောင်းပြချက်မှာ ဤသို့ဖြစ်၏ --- ကြမ်းတမ်းသော လှုပ်ရှားခြင်းရှိသော လှေ၏ နောက်သို့သာ မြစ်ရေ အယဥ်သည် အစဥ်လိုက်သကဲ့သို့ ကြမ်းတမ်းသော လှုပ်ရှားခြင်းရှိသော ဇော၏နောက်သို့သာ ဘဝင်သည် အစဥ် လိုက်၏ (= တဒါရုံ ကျနိုင်၏။)။ ဖက်ခွက်နောက်သို့ မြစ်ရေယဥ်သည် အစဥ်မလိုက်သကဲ့သို့ ဆဠင်္ဂုပေက္ခာနှင့် ပြည့်စုံသော ရဟန္တာပုဂ္ဂိုလ်၏ သန္တာန်ဝယ် ငြိမ်ငြိမ်သက်သက် ဖြစ်ခြင်းသဘောရှိသော ကြိယာဇော၏ နောက်သို့ မူကား ဘဝင်သည် အစဥ်မလိုက်နိုင် (= တဒါရုံ မကျနိုင် = ဇောယူသည့် အာရုံကို ယူတတ်သော အာရုံပြုသော ဝိပါက်ဝိညာဏ်သည် ဇော၏ အခြားမဲ့၌ မဖြစ်နိုင်။) --- ဤကား အသင့်ယုတ္တိတည်း။ --- ဤကား ကြိယာဇော နောက်၌ တဒါရုံကို အလိုမရှိကြသော ဆရာမြတ်တို့၏ အကြောင်းပြချက်တည်း။ (မဟာဋီ-၂-၁၃၄။) ထိုစကားကို စူးစမ်းဆင်ခြင်သင့်ပေသည်ဟု မဟာဋီကာဆရာတော်က မှတ်ချက်ချထား၏ --- ရသင့် ရ-
他们的理由如下:河流只会跟随运动粗猛的船转向,同样,有分流只跟随运动粗猛的速行〔即彼所缘可以生起〕;如同河流不跟随漂流的叶杯转向,在具足六支舍的阿罗汉相续中,有分流不能跟随性质寂静的唯作速行〔即彼所缘不能生起,取速行所缘为所缘的果报识不能紧接速行之后生起〕。这是合乎道理的。这就是不承认唯作速行之后有彼所缘的上首诸师所举理由。(《大复注》2-134。)《大复注》师批注说,应当审察这一说法:即使某法本应成立,却因为某种意义而在某处未被——
ထိုက်သော တရားပင် ဖြစ်လင့်ကစား တစ်စုံတစ်ခုသော အဓိပ္ပါယ်ဖြင့် အချို့သောအရာ၌ ဟောတော်မမူခြင်းကို ပါဠိတော်ဝယ် တွေ့မြင်နေရ၏။ ပုံစံထုတ်၍ ဆိုရသော် ဓမ္မသင်္ဂဏီပါဠိတော်ဝယ် အကုသိုလ်တရားကို အကျယ် ဝေဖန်၍ ဟောကြားတော်မူရာ အကုသလနိဒ္ဒေသ၌ ရသင့်ရထိုက်သော်လည်း အဓိပတိကို ဟောတော်မမူ သကဲ့သို့တည်း။ သည်မျှသာမကသေး အကြင်ဖက်ခွက်ကို ပုံတူအဖြစ်ဖြင့် ညွှန်ပြထား၏၊ ထိုဖက်ခွက်သည်လည်း ပုံတူအဖြစ်ဖြင့် ပြအပ်သော ကြိယာဇောနှင့် တူသည်ကားမဖြစ်။ လှေနှင့် ဖက်ခွက်တို့၏ မြစ်ရေယဥ်ကို လည်စေခြင်း သည်လည်းကောင်း သွားခြင်းသည်လည်းကောင်း အချင်းချင်း မတူပေ။ ထိုကြောင့် လှေနောက်သို့ မြစ်ရေယဥ်၏ အစဥ်လိုက်ခြင်းသည်လည်းကောင်း၊ ဖက်ခွက်နောက်သို့ မြစ်ရေယဥ်၏ အစဥ်မလိုက်ခြင်းသည်လည်းကောင်း သင့်ပေ၏။ သို့သော်လည်း ဤ တဒါရုံအရာ၌ ကြိယာဇောနှင့် ကြိယာဇောမှ တစ်ပါးကုန်သော ကုသိုလ်ဇော
——佛陀宣说,这种情形在巴利原典中确实可见。例如,《法集论》巴利详释不善法时,在不善分别中虽本可成立,却没有宣说增上缘。不仅如此,用来比喻唯作速行的叶杯,并不真正类似唯作速行;船与叶杯使河流转向以及各自前行的方式彼此不同。因此,说河流跟随船而不跟随叶杯,确实合理。然而,在彼所缘这一问题上,唯作速行与其他的善速行——
အကုသိုလ်ဇောတို့၏ ဘဝင်အယဥ်ကို လည်စေခြင်းသည်လည်းကောင်း သွားခြင်းသည်လည်းကောင်း = ဇော ကိစ္စကို ရွက်ဆောင်လျက် ဖြစ်သွားခြင်းသည်လည်းကောင်း တူညီ၏။ ထိုကြောင့် ဤကြိယာဇောသို့ တဒါရုံ၏ အစဥ်မလိုက်ခြင်းသည်လည်းကောင်း၊ ကုသိုလ်ဇော အကုသိုလ်ဇောနောက်သို့သာ တဒါရုံ၏ အစဥ်လိုက်ခြင်းသည် လည်းကောင်း မသင့်ပေ။ ထိုကြောင့် စူးစမ်း ဆင်ခြင်သင့်ပေသည်။ (မဟာဋီ-၂-၁၃၄။) မဟာဋီကာဆရာတော်ကား အောက်ပါ မူလဋီကာ၏ အဆိုကို မနှစ်သက်၍ အထက်ပါ စကားရပ်များကို ဖွင့်ဆိုသွားခြင်း ဖြစ်၏။
——和不善速行,在使有分流转向以及执行速行作用而前行方面是相同的。所以,只说彼所缘不跟随唯作速行,却只跟随善速行与不善速行,并不合理,因而应当审察。(《大复注》2-134。)《大复注》师不赞同下述《根本复注》之说,所以作了以上解释。
မူလဋီကာဆရာတော်၏ ဝါဒ
根本复注师的主张
တဿ ကုသလတော စတ္တာရိ သောမနဿသဟဂတာနိ၊ အကုသလတော စတ္တာရိ၊ ကိရိယတော ပဉ္စာတိ ဣမေသံ တေရသန္နံ စိတ္တာနံ အညတရေန ဇဝိတပရိယောသာနေ တဒါရမ္မဏံ ပတိဋ္ဌဟမာနံ သောမနဿ- သဟဂတအသင်္ခါရိကတိဟေတုကစိတ္တမ္ပိ ဒုဟေတုကစိတ္တမ္ပိ ပတိဋ္ဌာတိ။ (အဘိ-ဋ္ဌ-၁-၃၂၃။) ကိရိယတော ပဉ္စာတိ ဣမေသံ။ ပ ။ ပတိဋ္ဌာတီတိ ကိရိယဇဝနာနန္တရဉ္စ တဒါရမ္မဏံ ဝုတ္တံ။ ပဋ္ဌာနေ (အဘိ-၈-၃၆၆။) ပန ''ကုသလာကုသလေ နိရုဒ္ဓေ ဝိပါကော တဒါရမ္မဏတာ ဥပ္ပဇ္ဇတ္တီ''တိ ဝိပါကဓမ္မဓမ္မာနမေဝ အနန္တရာ တဒါရမ္မဏံ ဝုတ္တံ။ ကုသလတ္တိကေ စ ''သေက္ခာ ဝါ ပုထုဇ္ဇနာ ဝါ ကုသလံ အနိစ္စတော''တိအာဒိနာ (အဘိ-၈-၁၃၃။) ကုသလာကုသလဇဝနမေဝ ဝတွာ တဒနန္တရံ တဒါရမ္မဏံ ဝုတ္တံ၊ န အဗျာကတာနန္တရံ၊ န စ ကတ္ထစိ ကိရိယာနန္တရံ တဒါရမ္မဏဿ ဝုတ္တဋ္ဌာနံ ဒိဿတိ။ ဝိဇ္ဇမာနေ စ တသ္မိံ အဝစနေ ကာရဏံ နတ္ထိ၊ တသ္မာ ဥပပရိက္ခိတဗ္ဗော ဧသော ထေရဝါဒေါ။ ဝိပ္ဖါရိကဥှိ ဇဝနံ နာဝံ ဝိယ နဒီသောတော ဘဝင်္ဂံ အနုဗန္ဓတီတိ ယုတ္တံ၊
巴利《‘其中,善中的四种悦俱心、不善中的四种悦俱心、唯作中的五种悦俱心,共十三种;其中任一种速行结束后,彼所缘安住时,悦俱、无行的三因心或二因心都可安住。’‘“唯作中的五种……可以安住”这句话,也说到彼所缘紧接唯作速行之后。可是《发趣论》说:“善与不善灭去以后,果报作为彼所缘而生起”,只说彼所缘紧接具有产生果报性质之法之后。在善三法中,也只以“有学或凡夫把善观为无常”等语说善与不善速行,随后说彼所缘;不说它紧接无记,也从未见任何地方说彼所缘紧接唯作之后。如果确实存在,便没有理由不宣说;所以应当审察这一长老之说。运动粗猛的速行如船,河流般的有分跟随它,是合理的——
န ပန ဆဠင်္ဂုပေက္ခဝတော သန္တဝုတ္တိံ ကိရိယဇဝနံ ပဏ္ဏပုဋံ ဝိယ နဒီသောတောတိ။ (မူလဋီ-၁-၁၃၄။)
——但具足六支舍者性质寂静的唯作速行如叶杯,河流般的有分并不跟随。’(《根本复注》1-134。)
原书第 160 页
အဋ္ဌကထာ၌ (အဘိ-ဋ္ဌ-၁-၃၂၃။) မောရဝါပီအရပ်၌ သီတင်းသုံးတော်မူသော မဟာဒတ္တမထေရ်မြတ်ကြီး ၏ဝါဒကို တင်ပြထား၏။ ထိုမထေရ်မြတ်ကြီး၏ ဝါဒ၌ --- သောမနဿသဟဂုတ်တိဟိတ် အသင်္ခါရိက စိတ်ဖြင့် ကံကို အားထုတ်ပြီးလတ်သော် ထိုကံကြောင့် သောမနဿသဟဂုတ် တိဟိတ် အသင်္ခါရိက ဝိပါက်စိတ်ဖြင့် ပဋိသန္ဓေ တည်နေလာသော ပုဂ္ဂိုလ်၏ သန္တာန်၌ --- ၁။ မဟာကုသိုလ် သောမနဿဇော (၄)မျိုး ၂။ လောဘမူ သောမနဿဇော (၄)မျိုး ၃။ မဟာကြိယာ သောမနဿဇော (၄)မျိုး ၄။ ဟသိတုပ္ပါဒ် ကြိယာဇော (၁)မျိုး ဤ (၁၃)မျိုးသော ဇောတို့၏ အဆုံး၌ တဒါရုံသည် တည်လတ်သော် --- ၁။ သောမနဿ သဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက မဟာဝိပါက်စိတ်၊ ၂။ သောမနဿ သဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိက မဟာဝိပါက်စိတ်၊ ဤ နှစ်မျိုးတွင် တစ်မျိုးမျိုးသော မဟာဝိပါက်စိတ်သည် တဒါရုံအဖြစ် ရပ်တည်လာ၏ဟု မိန့်ဆိုထား၏။
《阿毗达磨义注》(1-323)记载住在莫罗婆毕(Moravāpi)的摩诃达多大长老之说。依其主张,一个人以悦俱、三因、无行心造业,并由该业所生的悦俱、三因、无行果报心结生;在他的相续中,下列十三种速行结束后若彼所缘安住:一、四种悦俱大善速行;二、四种悦俱贪根速行;三、四种悦俱大唯作速行;四、一种生笑唯作速行。此时,悦俱·智相应·无行大果报心,或悦俱·智不相应·无行大果报心这两者之一,作为彼所缘而安住。
(အဘိ-ဋ္ဌ-၁-၃၂၃။)
缅文出处原串:‘(အဘိ-ဋ္ဌ-၁-၃၂၃။)’(《阿毗达磨义注》1-323。)
ဤအရာတွင် မဟာဒတ္တမထေရ်မြတ်ကြီးက ကာမကြိယာဇော (၅)မျိုး၏နောင် တဒါရုံ ကျနိုင်ကြောင်းကို မိန့်ဆိုထားတော်မူ၏။ အလားတူပင် အဘိဓမ္မတ္ထသင်္ဂဟ အမည်ရသော သင်္ဂြိုဟ်ကျမ်း၌လည်း အရှင်အနုရုဒ္ဓါ မထေရ်မြတ်ကလည်း --- သောမနဿသဟဂတကြိယာဇဝနာဝသာနေ သောမနဿသဟဂတာနေဝ တဒါ- ရမ္မဏာနိ ဘဝန္တိ = သောမနဿသဟဂုတ် ကြိယာဇော၏ အဆုံး၌ သောမနဿသဟဂုတ်သာလျှင် ဖြစ်ကုန်သော တဒါရုံတို့သည် ဖြစ်နိုင်ကြောင်းကို ဖွင့်ဆိုထား၏။ ထိုအဆိုကို စူးစမ်း ဆင်ခြင်ထိုက်ကြောင်းကို မူလဋီကာဆရာ- တော်က ဖွင့်ဆိုထား၏ --- မူလဋီကာ၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။ --- ပဋ္ဌာန်းဒေသနာတော်၌ --- ကုသလာကုသလေ နိရုဒ္ဓေ ဝိပါကော တဒါရမ္မဏတာ ဥပ္ပဇ္ဇတိ = ကုသိုလ်ဇော အကုသိုလ်ဇောသည် ချုပ်ဆုံးပြီးလတ်သော် ဝိပါက်စိတ်သည် တဒါရုံအဖြစ်ဖြင့် ဖြစ်ပေါ်လာ၏ --- ဟု ပဋ္ဌာန်း ဒေသနာတော် (အဘိ-၈-၃၆၆။)၌ ဝိပါကဓမ္မဓမ္မ အမည်ရသောအကျိုးပေးခြင်းသဘောရှိသော ကုသိုလ်တရား
这里,摩诃达多大长老说,五种欲界唯作速行之后,彼所缘可以生起。同样,在《摄阿毗‘悦俱唯作速行结束以后,只能有悦俱彼所缘生起。’《根本复注》师说明应当审察‘善速行与不善速行灭去以后,果报心作为彼所缘而生起。’在这段《发趣论》教说(《阿毗达磨》8-366)中,佛陀只说彼所缘紧接称为“具有产生果报性质之法”的善法——
အကုသိုလ်တရားတို့၏သာလျှင် အခြားမဲ့၌ တဒါရုံကို ဘုရားရှင်သည် ဟောကြားထားတော်မူ၏။ ကုသလတိက် ၌လည်း (အဘိ-၈-၁၃၃။) --- ''သေက္ခပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ ပုထုဇန်ပုဂ္ဂိုလ်တို့သည်လည်းကောင်း ကုသိုလ် တရားကို အနိစ္စအားဖြင့်လည်းကောင်း၊ ဒုက္ခအားဖြင့်လည်းကောင်း၊ အနတ္တအားဖြင့်လည်းကောင်း = အနိစ္စဟု လည်းကောင်း၊ ဒုက္ခဟုလည်းကောင်း၊ အနတ္တဟုလည်းကောင်း ဝိပဿနာရှုပွား သုံးသပ်တော်မူကြကုန်၏။ ဝိပဿ- နာဇောဝီထိသည် ချုပ်ပျက်လတ်သော် ဝိပဿနာဇော၏အဆုံး၌ ဝိပါက်စိတ်သည် တဒါရုံအဖြစ်ဖြင့် ဖြစ်ပေါ် လာ၏'' --- ဤသို့ စသောနည်းဖြင့် ကုသိုလ်ဇော အကုသိုလ်ဇောကိုသာလျှင် ဟောတော်မူပြီး၍ ထိုကုသိုလ် အကုသိုလ်၏ အခြားမဲ့၌ တဒါရုံကို ဟောကြားထားတော်မူ၏။ အဗျာကတတရားတို့၏ အခြားမဲ့၌ တဒါရုံကို ဟောကြားထားတော်မမူ။ တစ်စုံတစ်ခုသော ပါဠိတော် စကားရပ်၌လည်း ကြိယာဇော၏ အခြားမဲ့၌ တဒါရုံ၏
——与不善法之后。在善三法中(《阿毗达磨》8-133),也说:‘有学或凡夫把善法观为无常、苦、无我——也就是以无常、苦、无我修习、审察观禅;观速行心路灭去以后,果报心在观速行结束处作为彼所缘而生起。’依这类方式,只宣说善速行与不善速行,并说彼所缘紧接这两者之后;并未宣说彼所缘紧接无记法之后。在任何巴利原典语句中,也找不到宣说彼所缘紧接唯作速行之后的地方——
ဟောတော်မူအပ်ရာဌာနကို မတွေ့မြင်အပ်၊ ထိုကြိယာဇော၏ နောက်၌ တဒါရုံသည် ထင်ရှားရှိလျက်လည်း ဟောတော်မမူခြင်း၌ အကြောင်းတရားသည် မရှိဖြစ်ခဲ့၏၊ ထိုကြောင့် ထိုမဟာဒတ္တမထေရ်မြတ်ကြီး၏ ဝါဒကို စူးစမ်းဆင်ခြင်ထိုက်၏။
——假如彼所缘在唯作速行之后确实存在,却不予宣说,就没有理由。因此,应当审察摩诃达多大长老的主张。
原书第 161 页
လက္ခဏာဒိစတုက္ကပိုင်း -- ဝိညာဏက္ခန္ဓကထာ အခန်း မှန်ပေသည် --- လှေ၏ နောက်သို့ မြစ်ရေအယဥ်သည် အစဥ်လိုက်သကဲ့သို့ ထို့အတူ မငြိမ်မသက် လှုပ် လှက်ခြင်းရှိသော ဇောသို့ ဘဝင်သည် အစဥ်လိုက်၏၊ ဤသို့ဖြစ်ခြင်းသည် သင့်၏ ယုတ္တိရှိ၏။ ပြောင်းပြန်အားဖြင့် ဆိုရမူ --- မျောလာသော ဖက်ခွက်၏နောက်သို့ မြစ်ရေအယဥ်သည် အစဥ်မလိုက်သကဲ့သို့ ထို့အတူ ဆဠင်္ဂုပေက္ခာနှင့် ပြည့်စုံသော ရဟန္တာပုဂ္ဂိုလ်၏ သန္တာန်၌ ငြိမ်သက်သော ဖြစ်ခြင်းရှိသော ကြိယာဇော၏နောက်သို့ တဒါရုံသည် အစဥ်မလိုက်ပေ။ ဤသို့ မှတ်သားပါလေ။ ထိုကြောင့် ထိုမဟာဒတ္တမထေရ်မြတ်၏ ဝါဒကို စူးစမ်းဆင်ခြင်ထိုက် ပေသည်။ (မူလဋီ-၁-၁၃၄။) ဤမူလဋီကာဆရာတော် အရှင်အာနန္ဒမထေရ်မြတ်၏ အယူအဆကို မဟာဋီကာဆရာတော် အရှင်ဓမ္မပါလ မထေရ်က မနှစ်သက်သဖြင့် မဟာဋီကာ၌သာမဟုတ် အနုဋီကာ (အနုဋီ-၁-၁၄၁)၌လည်း မဟာဋီကာ၌ကဲ့သို့ပင် အလားတူ ပြန်လည် ချေပထားပေသည်။
确实,如同河流跟随船而行,有分流跟随躁动、活动强烈的速行,合乎道理;反过来,如同河流不跟随漂流的叶杯,在具足六支舍的阿罗汉相续中,彼所缘不跟随性质寂静的唯作速行。应当如此记取。因此,摩诃达多大长老的主张应受审察。(《根本复注》1-134。)《根本复注》师阿难长老的这一见解不为《大复注》师护法长老所认同;护法长老不仅在《大复注》中反驳,也在《随复注》(1-141)中作了同样的反驳。
ဆဠင်္ဂုပေက္ခာ
六支舍
တတ္ထ ယာ ''ဣဓ ဘိက္ခဝေ ဘိက္ခု စက္ခုနာ ရူပံ ဒိသွာ နေဝ သုမနော ဟောတိ၊ န ဒုမ္မနော၊ ဥပေက္ခကော စ ဝိဟရတိ သတော သမ္ပဇာနော''တိ ဧဝမာဂတာ ခီဏာသဝဿ ဆသု ဒွါရေသု ဣဋ္ဌာနိဋ္ဌဆဠာရမ္မဏာပါထေ ပရိသုဒ္ဓပကတိဘာဝါဝိဇဟနာကာရဘူတာ ဥပေက္ခာ၊ အယံ ဆဠင်္ဂုပေက္ခာ နာမ။ (ဝိသုဒ္ဓိ-၁-၁၅၅။) = ''ဤသာသနာတော်၌ အာသဝေါကုန်ပြီးသော ရဟန်းတော်သည် စက္ခုဖြင့် ရူပါရုံကိုမြင်၍ ဝမ်းမြောက်မှုလည်း မဖြစ်၊ ဝမ်းနည်းမှုလည်း မဖြစ်၊ သတိနှင့် ပြည့်စုံသည်ဖြစ်၍ သမ္ပဇဥ်ဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှုကာ သာလျှင် နေ၏ '' (အံ-၂-၂၄၇။) ဤသို့ ပါဠိတော်၌ လာရှိသော အာသဝေါကုန်ပြီးသော ရဟန္တာအရှင်မြတ်၏ သန္တာန်၌ ဒွါရ (၆)ပါးတို့၌ ဣဋ္ဌ အနိဋ္ဌဖြစ်သော အာရုံ (၆)ပါးသည် ထင်လာလတ်သော် ထက်ဝန်းကျင် စင်ကြယ် သော ပြကတေ့သဘောကို မစွန့်သော အခြင်းအရာဖြစ်သော အာရုံကို အညီအမျှ လျစ်လျူရှုတတ်သော တတြ- မဇ္ဈတ္တတာ စေတသိက်ဟု ဆိုအပ်သော အကြင် ဥပေက္ခာသည် ရှိ၏၊ ရဟန္တာအရှင်မြတ်တို့၏ ဤ ဥပေက္ခာသည်
‘诸比丘,在此,漏尽比丘以眼见色以后,既不欢喜,也不忧恼;他具念、正知,住于舍。’(《增支部》2-247。)巴利原典如此宣说:在漏尽阿罗汉的相续中,当可意或不可意的六种所缘显现于六门时,有一种舍不离全然清净的自然状态,平等中舍所缘;它就是称为中舍性的心所。阿罗汉的这种舍——
ဆဠင်္ဂုပေက္ခာ မည်၏။ (ဝိသုဒ္ဓိ-၁-၁၅၅။) ရဟန္တာ အရှင်မြတ်တို့သည် စိတ်ကို နိုင်နင်းတော်မူသဖြင့် ဣဋ္ဌဖြစ်သော အာရုံ (၆)ပါးကို အနိဋ္ဌကဲ့သို့ ရှုတော်မူနိုင်၏။ အနိဋ္ဌဖြစ်သော အာရုံ (၆)ပါးကိုလည်း ဣဋ္ဌကဲ့သို့ ရှုတော်မူနိုင်၏။ ဒွါရ (၆)ပါးတို့၌ ထင်လာသော အာရုံ (၆)ပါးတို့၌ စိတ်ကို အလယ်အလတ် အခြင်းအရာ၌ ထားတော်မူနိုင်၏။ အညီအမျှ လျစ်လျူရှုနိုင်၏။
——称为六支舍。(《清净道论》1-155。)阿罗汉能够驾驭其心,所以可以把六种可意所缘观作如同不可意,也可以把六种不可意所缘观作如同可意;对于显现于六门的六种所缘,能够令心安住中道,平等中舍。
တရားကိုယ်မှာ တတြမဇ္ဈတ္တတာ စေတသိက်တည်း။ ဤ စေတသိက်ကိုပင် ဆဠင်္ဂုပေက္ခာဟု ခေါ်သည်။
它的法体就是中舍性心所;正是这一心所被称为六支舍。
၁၄။ စုတိကိစ္စ
十四、死亡作用
တဒါရုံ၏ အဆုံး၌ကား တစ်ဖန် ဘဝင်သည်သာလျှင် ဖြစ်ပြန်၏။ (ပဝတ္တိ အခါကိုသာ ရည်၍ ဆိုသည်၊ တဒါရုံနောင် စုတိမကျကောင်း ဘဝင်သာကျကောင်းသည်ဟု ဆိုလိုရင်း မဟုတ်ပါ။ --- မဟာဋီ-၂-၁၃၄။) ယင်း ဘဝင်အယဥ်သည် ပြတ်လတ်ပြီးပြန်သော် တစ်ဖန် အာဝဇ္ဇန်း အစရှိသော ဝီထိစိတ်တို့သည် ဖြစ်ပြန်ကုန်၏။
彼所缘结束以后,有分又再生起。〔这里只就转起时说,并不是说彼所缘之后绝不能生死亡心,只能生有分。(《大复注》2-134。)〕当有分流再度中断,转向等心路心又再次生起。
ဤသို့သောနည်းဖြင့် ရအပ်သော အကြောင်းရှိသော စိတ်အစဥ်သည် ဘဝင်၏ အခြားမဲ့၌ အာဝဇ္ဇန်းသည်လည်း ကောင်း၊ အာဝဇ္ဇန်း၏ အခြားမဲ့၌ ရူပါရုံကို မြင်သိခြင်း = ဒဿနကိစ္စရှိသော စက္ခုဝိညာဏ်စသော စိတ်တို့သည် လည်းကောင်း ဤသို့ စသည်ဖြင့် စိတ်တို့၏ ကိန်းသေမြဲသော စိတ္တနိယာမ၏ အစွမ်းဖြင့်သာလျှင် အဖန်တလဲလဲ တစ်ခုသောဘဝ၌ ဘဝင်မကုန်သေးသမျှ ကာလပတ်လုံး ဘဝင်ကုန်ဆုံးသည်တိုင်အောင် ဖြစ်ပေါ်နေပေ၏။
这样,具足相应因缘的心相续,依固定不变的心定法反复生起:有分灭后转向生起,转向灭后眼识等执行见知色所缘的见作用;其余也依此类推。在同一生中,只要有分尚未终尽,诸心便如此反复生起,直至有分终尽。
မှန်ပေသည် --- ဘဝတစ်ခု၌ အလုံးစုံသော စိတ်တို့၏ နောက်ဆုံးဖြစ်သောဘဝင်စိတ်ကိုပင် ထိုထိုဘဝမှ ရွေ့လျော-
确实,一生之中一切心里最后的有分心,因为从该生迁离——
原书第 162 页
သွားခြင်းကြောင့် စုတိဟူ၍ ဆိုအပ်၏။ ထိုကြောင့် ထိုစုတိစိတ်သည်လည်း (ပဋိသန္ဓေဝိပါက်ဝိညာဏ်နှင့် ဘဝင် ဝိပါက်ဝိညာဏ်ကဲ့သို့ပင်) (၁၉)မျိုးပင် ရှိ၏။ ဤသို့လျှင် (၁၉)မျိုးသော ဝိပါက်ဝိညာဏ်တို့၏ စုတိ၏ အစွမ်းဖြင့် ဖြစ်ခြင်းကို သိရှိပါလေ။ (ဝိသုဒ္ဓိ-၂-၉ဝ။) စုတိမှ တစ်ဖန် (ဘဝသစ်၌) ပဋိသန္ဓေသည် ဖြစ်ပြန်၏၊ ပဋိသန္ဓေမှ တစ်ဖန် ဘဝင်သည် ဖြစ်ပြန်၏၊ ဤ- သို့ချည်းနှင်နှင်အားဖြင့် သုံးပါးသော ဘဝ၊ ငါးပါးသော ဂတိ၊ ခုနစ်ပါးသော ဝိညာဏဋ္ဌိတိ၊ ကိုးပါးသော သတ္တာဝါသ တို့၌ တလုံလဲလဲ ကျင်လည်ကုန်သော သတ္တဝါတို့၏ သန္တာန်ဝယ် မပြတ်မစဲသော စိတ်အစဥ်သည် တလည်လည် ဖြစ်နေသည်သာတည်း။
——所以称为死亡心。因此,死亡心也和结生果报识、有分果报识一样,有十九种。由此应当了知,十九种果报识执行死亡作用而生起。(《清净道论》2-90。)死亡以后,在新生中结生又生起;结生以后,有分又再生起。就这样,在三有、五趣、七识住、九有情居中反复轮转的众生相续里,不间断的心相续不断循环。
သံသရာစက် ပြတ်ပုံ --- ဤ ဆိုအပ်ပြီးသောနည်းဖြင့် တပြောင်းပြန်ပြန် ကျင်လည်ကုန်သော ထိုသတ္တဝါ တို့တွင် အကြင်သတ္တဝါသည် မဇ္ဈိမပဋိပဒါ = နိဗ္ဗာနဂါမိနိပဋိပဒါ အမည်ရသော ကောင်းမွန်မှန်ကန်သည့် မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားကို အစွဲပြု၍ အရဟတ္တဖိုလ်သို့ ရောက်ရှိသွား၏၊ ထိုရဟန္တာပုဂ္ဂိုလ်မြတ်၏ စုတိစိတ်တော် သည် ချုပ်ပြီးလတ်သော် စိတ်သည် ချုပ်သည် ပီပီသာလျှင် ဖြစ်ပေသတည်း။ (ဝိသုဒ္ဓိ-၂-၉ဝ။) ဤတွင် ပဋိသန္ဓေမှ စုတိသို့တိုင်အောင် ဘဝတစ်လျှောက်အတွင်း ဖြစ်ပေါ်သွားကြသော စိတ်တို့၏ အလုပ် လုပ်ပုံ လုပ်ငန်းကိစ္စ (၁၄)မျိုး အကြောင်းကို အကျဥ်းချုပ်၍ ရေးသားတင်ပြပြီးလေပြီ။ ယခုအခါ၌ ဝိညာဏက္ခန္ဓာ၏ လက္ခဏ-ရသ စသည်တို့ကို ဆက်လက်တင်ပြပေအံ့။
轮回之轮如何断绝——在依上述方式反复轮转的众生中,若有众生依止称为中道、趣向涅槃之道的正确八支圣道修行,而证得阿罗汉果,那么这位阿罗汉圣者的死亡心灭去以后,心便唯是灭去,不再相续。(《清净道论》2-90。)至此,已经概述从结生直到死亡的一生之中,诸心如何运作的十四种作用。现在继续说明识蕴的特相、作用等。
၁။ ဝိညာဏက္ခန္ဓာ
一、识蕴
အာရမ္မဏံ စိန္တေတီတိ စိတ္တံ၊ ဝိဇာနာတီတိ အတ္ထော။ (အဘိ-ဋ္ဌ-၁-၁ဝ၆။) ၁။ ဝိဇာနနလက္ခဏံ စိတ္တံ၊ ၂။ ပုဗ္ဗင်္ဂမရသံ၊ ၃။ သန္ဒဟနပစ္စုပဋ္ဌာနံ၊ ၄။ နာမရူပပဒဋ္ဌာနံ။ (အဘိ-ဋ္ဌ-၁-၁၅၅။) နာမပဒဋ္ဌာနံ။ (အရူပဘုံအတွက်။) ၁။ အာရုံကို သိခြင်း = အာရုံကို ရယူခြင်းသဘော လက္ခဏ၊ ၂။ အာရုံကို သိမှု၌ ပဓာန ရှေ့သွားခေါင်းဆောင်ဖြစ်ခြင်း (ကိစ္စ) ရသ၊ ၃။ စိတ်အစဥ်အဆက် မပြတ်ရအောင် နောက်နောက်စိတ်ကို ဖွဲ့စပ်တတ်သော သဘောတရား -ပစ္စုပဋ္ဌာန်၊ ၄။ နာမ်+ရုပ် (အရူပဘုံအတွက် --- နာမ်) ပဒဋ္ဌာန်။
心思量所缘,故称为心;意思是它能识知。(《阿毗达磨义注》1-106。)一、心以识知为特相;二、以先导为作用;三、以连接相续为现起;四、以名色为近因。(《阿毗达磨义注》1-155。)〔无色地则以名为近因。〕换言之:一、以识知所缘——亦即取得所缘——为特相;二、在识知所缘时,以作为主要、起支配作用的先导为作用;三、以能连接后后心、使心相续不间断为现起;四、以名与色〔无色地则为名〕为近因。
ဝိဇာနနံ အာရမ္မဏဿ ဥပလဒ္ဓိ။ (မူလဋီ-၁-၈၇။) ဟူသော မူလဋီကာနှင့် အညီ သိခြင်းဟူသည် အာရုံကို အာရုံကို ယူ၍ရခြင်း = ရယူခြင်းသဘော ဖြစ်သည်။
《根本复注》说:‘识知,就是取得所缘。’(《根本复注》1-87。)因此,所谓识知,就是把所缘取作所缘而确实取得它,也就是取得所缘之性。
လက္ခဏ --- စတုဘူမကစိတ္တဥှိ နော ဝိဇာနနလက္ခဏံ နာမ နတ္ထိ၊ သဗ္ဗံ ဝိဇာနနလက္ခဏမေဝ။
特相——在四地之心中,并无哪一种不以识知为特相;一切心都以识知为特相。
(အဘိ-ဋ္ဌ-၁-၁၅၅။)
缅文出处原串:‘(အဘိ-ဋ္ဌ-၁-၁၅၅။)’(《阿毗达磨义注》1-155。)
ကာမ၊ ရူပ၊ အရူပ၊ လောကုတ္တရာဟူသော ဘုံ (၄)ပါး အတွင်း၌ရှိသော စိတ်ဟူသမျှသည် အာရုံကိုသိမှု ဝိဇာနနလက္ခဏာ မရှိသည်မည်သည် မရှိပေ၊ အလုံးစုံသော စိတ်ဟူသမျှသည် အာရုံကိုသိမှု ဝိဇာနနလက္ခဏာ ရှိသည်သာ ဖြစ်ပေသည်။ (အဘိ-ဋ္ဌ-၁-၁၅၅။) ဘဝင်စိတ်ကို မသိစိတ်ဟု ဘာသာပြန်ဆိုချက်မှာ၊ တစ်နည်းဆိုရသော် မသိစိတ်တစ်မျိုး ရှိသည်ဟူသော အယူအဆများမှာ ဤအထက်ပါ အဋ္ဌကထာအဖွင့်နှင့် တစ်နည်းဆိုရသော် ဗုဒ္ဓအဘိဓမ္မာနှင့်ကား ထိပ်တိုက်
凡属欲界、色界、无色界、出世间四地的心,无一不具有识知所缘的特相;一切心都具有识知所缘的特相。(《阿毗达磨义注》1-155。)把有分心译作‘不知心’,换言之认为有一种不知心,与上述义注的解释——也就是与佛教阿毗达磨——正相——
原书第 163 页
လက္ခဏာဒိစတုက္ကပိုင်း -- ဝိညာဏက္ခန္ဓကထာ အခန်း ဆန့်ကျင်ဘက် ဖြစ်နေ၏။ ဘဝင်စိတ်သည်လည်း လွန်ခဲ့သော အတိတ်ဘဝ သေခါနီး ကာလဝယ် ထင်ခဲ့သော မရဏာသန္နဇောသည် ယူခဲ့သော ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော အာရုံ သုံးမျိုးတို့တွင် တစ်မျိုးမျိုးကို သိမြဲ ဓမ္မတာဖြစ်ရကား ပစ္စုပ္ပန် အာရုံ (၆)မျိုးတို့တွင် တစ်မျိုးမျိုးကို မသိမှုကို အကြောင်းပြု၍ မသိစိတ်ဟု ဆိုရန်မသင့် သည်သာ ဖြစ်ပေသည်။
——冲突。有分心本来恒常识知过去生临终时由临死速行所取的业、业相、趣相三种所缘之一;不能仅仅因为它不识知现在六所缘中的某一种,就把它称为‘不知心’。
ဝိဇာနနံ အာရမ္မဏဿ ဥပလဒ္ဓိ။ (မူလဋီ-၁-၈၇။) တံ အာရမ္မဏူပလဒ္ဓိသင်္ခါတံ ဝိဇာနနံ လက္ခဏံ ဧတဿာတိ ဝိဇာနနလက္ခဏံ။ (မဟာဋီ-၂-၁၁၂။) သိခြင်း --- ဟူသည် အာရုံကို ရယူခြင်းသဘောတည်း။ စက္ခုအကြည်ဓာတ်ကို လှမ်း၍ အာရုံယူရာ စက္ခု အကြည်ဓာတ်ကို အာရုံယူ၍ရလျှင် စက္ခုအကြည်ဓာတ်ကို သိသည်ဟု ခေါ်ဆိုရ၏၊ အကယ်၍ စက္ခုအကြည် ဓာတ်ကို လှမ်း၍ အာရုံယူကြည့်ရာ အာရုံယူ၍ မရဖြစ်လျှင် စက္ခုအကြည်ဓာတ်ကို သိသည်ဟု မခေါ်ဆိုနိုင်ပေ။
《根本复注》说:‘识知,就是取得所缘。’(《根本复注》1-87。)《大复注》说:‘以被称为取得所缘的识知为其特相,故为识知特相。’(《大复注》2-112。)识知——就是取得所缘。例如,把眼净色作为所缘而尝试取得;若取得了眼净色,就称为识知眼净色;若尝试把眼净色作为所缘而不能取得,就不能称为识知眼净色。
ထိုကြောင့် အာရုံကို ရယူခြင်း သဘောကိုပင် သိသည်ဟု ဆိုပေသည်။ ထိုစိတ်ဝယ် ထိုအာရုံကို ရယူခြင်းဟု ဆိုအပ်သော သိမှုသဘော လက္ခဏာသည် ရှိ၏၊ ထိုကြောင့် ထိုစိတ်သည် အာရုံကို ရယူခြင်း အာရုံကိုသိခြင်း ဝိဇာနနလက္ခဏာ ရှိပေသည်။
因此,所谓识知,就是取得所缘的性质。该心具有这种被称为取得所缘的识知特相;所以,该心具有取得所缘、识知所缘的特相。
ပုဗ္ဗင်္ဂမရသ --- ပုရေစာရိက ပုဗ္ဗင်္ဂမ၊ ပဓာန ပုဗ္ဗင်္ဂမဟု ပုဗ္ဗင်္ဂမ နှစ်မျိုးရှိ၏။
先导作用——先导有两种:先行先导与主要先导。
ရှေးဦးစွာဖြစ်၍ ရှေ့ကသွားရသော ရှေ့ကဖြစ်ရသော ရှေ့သွားခေါင်းဆောင်သည် ပုရေစာရိက ပုဗ္ဗင်္ဂမ မည်၏။ အချုပ် ပဓာန နာယက အကြီးအမှူးဖြစ်၍ ပြဓာန်းသော ရှေ့သွားခေါင်းဆောင်သည် ပဓာနပုဗ္ဗင်္ဂမ မည်၏။ ထိုသို့ ပုဗ္ဗင်္ဂမ နှစ်မျိုးရှိရာ စိတ်နှင့် စေတသိက် နှစ်မျိုးတို့တွင် စိတ်သည် တကယ်ရှေ့က ဖြစ်သွားရသည် မဟုတ်၊ စိတ္တက္ခဏ တစ်ခု၏ အတွင်း၌ စိတ်နှင့်စေတသိက်တို့သည် ပြိုင်တူသာ ဖြစ်ကြရ၏၊ ပြိုင်တူသာ တည်ကြ ရ၏၊ ပြိုင်တူသာ ပျက်ကြရ၏။ သို့သော် ယင်းစိတ်စေတသိက် တရားစုတို့တွင် စိတ်သည် အာရုံကိုသိမှု အာရုံကို ရယူမှု၌ ပဓာန = ပြဓာန်းသော ရှေ့သွားခေါင်းဆောင် တရားပင် ဖြစ်၏။ ထိုကြောင့် ပုဗ္ဗင်္ဂမရသ = အာရုံကို သိမှု အာရုံကို ရယူမှု၌ ပဓာန = ပြဓာန်းသော ရှေ့သွားခေါင်းဆောင်ဖြစ်ခြင်း ကိစ္စ ရသ ရှိ၏ဟု ဆိုသည်။
先发生、行在前、发生在前的先导,称为先行先导;作为统摄者、主要者与领导者,居于支配地位的先导,称为主要先导。先导虽有这两种,但就心与心所二者而言,心并非真的先于心所生起;在一个心刹那中,心与心所同时生、同时住、同时灭。然而,在这一组心心所法中,对于识知、取得所缘,心确实是主要者,是起支配作用的先导法。因此说,心有先导作用,也就是在识知、取得所缘时,以成为主要、起支配作用的先导为其作用。
မနော ပုဗ္ဗင်္ဂမာဟူသော ဒေသနာတော်များနှင့် အညီပင်တည်း။
这也正合于‘意为诸法先导’等教说。
စက္ခုစသော ဒွါရသို့ ရူပါရုံစသော အာရုံများ ဆိုက်ရောက်လာသောအခါ အာရုံကို ထင်စွာဖြစ်စေရာ၌ စိတ်သည် ပြဓာန်းသော ပဓာန ရှေ့သွားခေါင်းဆောင် ဖြစ်၏။ မှန်ပေသည် --- စက္ခုဒွါရ = မျက်စိဖြင့် မြင်ထိုက်သော ရူပါရုံကို စိတ်ဖြင့်သာလျှင် သိ၏။
当色等所缘来到眼等门时,在令所缘显明这件事上,心是主要、起支配作用的先导。诚然——在眼门,适合以眼见的色所缘,唯由心识知;
သောတဒွါရ = နားဖြင့် ကြားထိုက်သော သဒ္ဒါရုံကို စိတ်ဖြင့်သာလျှင် သိ၏။
在耳门,适合以耳闻的声所缘,唯由心识知;
ဃာနဒွါရ = နှာခေါင်းဖြင့် နမ်းရှူထိုက်သော ဂန္ဓာရုံကို စိတ်ဖြင့်သာလျှင် သိ၏။
在鼻门,适合以鼻嗅的香所缘,唯由心识知;
ဇိဝှါဒွါရ = လျှာဖြင့် သာယာထိုက်သော ရသာရုံကို စိတ်ဖြင့်သာလျှင် သိ၏။
在舌门,适合以舌尝的味所缘,唯由心识知;
ကာယဒွါရ = ကိုယ်ဖြင့် တွေ့ထိထိုက်သော ဖောဋ္ဌဗ္ဗာရုံကို စိတ်ဖြင့်သာလျှင် သိ၏။
在身门,适合以身触的触所缘,唯由心识知;
မနောဒွါရဖြင့် သိထိုက်သော ဓမ္မာရုံကို မနောဝိညာဏ်စိတ်ဖြင့်သာလျှင် သိ၏။
适合经意门而知的法所缘,唯由意识心识知。
ဤသို့လျှင် ဒွါရသို့ ဆိုက်ရောက်လာသော အာရုံကို ထင်စွာဖြစ်စေရာ၌ စိတ်သည်သာလျှင် ပဓာန = ပြဓာန်းသော ရှေ့သွားခေါင်းဆောင် ဖြစ်ပေသည်။ ထိုကြောင့် စိတ်သည် အာရုံကို သိမှု၌ ပဓာန = ပြဓာန်းသော ရှေ့သွားခေါင်းဆောင် ဖြစ်ရပေသည်။ ထိုကြောင့် စိတ်သည် အာရုံသိမှု၌ ပြဓာန်းသော ရှေ့သွားခေါင်းဆောင်ဖြစ်ခြင်း ကိစ္စရှိ၏ဟု ဆိုသည်။ (အဘိ-ဋ္ဌ-၁-၁၅၅-၁၅၆။)
由此,在令来到门中的所缘显明这件事上,唯有心是主要、起支配作用的先导。因此,心在识知所缘时是主要、起支配作用的先导;所以说,心具有在识知所缘时成为主要先导的作用。(《阿毗达磨义注》1-155至156。)
原书第 164 页
နဂရဂုတ္တိကဿ ဝိယ စိတ္တဿ အာရမ္မဏဝိဘာဝနမတ္တံ ဥပဓာရဏမတ္တံ ဥပလဒ္ဓိမတ္တံ ကိစ္စံ၊ အာရမ္မဏ- ပဋိဝေဓနပစ္စာဘိညာဏာဒိ ပန ကိစ္စံ ပညာသညာဒီနန္တိ ဝေဒိတဗ္ဗံ။ (မူလဋီ-၁-၈၇။) နဂရဂုတ္တိကမည်သော မြို့စောင့်ယောကျာ်းသည် မြို့လယ်လမ်းဆုံ လမ်းခွ၌ ထိုင်၍ --- ''ဤသူကား မြို့ နေသူတည်း၊ ဤသူကား ဧည့်သည်တည်း'' --- ဟု ရောက်လာတိုင်း ရောက်လာတိုင်းသော လူကို စူးစမ်းမှတ်သား၏၊ ပိုင်းခြားသတ်မှတ် ဆုံးဖြတ်၏။ ထိုမြို့စောင့်ယောကျာ်းကဲ့သို့ပင် စိတ်၏ အာရုံကို ထင်စွာ ဖြစ်စေခြင်းမျှသည် ကပ်၍ ဆောင်ခြင်းမျှသည် အာရုံကို ရယူခြင်းမျှသည် စိတ်၏ လုပ်ငန်းကိစ္စပင်တည်း။ ပရမတ္ထဓမ္မတည်းဟူသော အာရုံ၏ သဘောမှန်ကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိခြင်းသည် ပညာ၏ လုပ်ငန်းကိစ္စတည်း။ ရှေးအမှတ်ဖြင့် နောက်ထပ် အာရုံကို သိခြင်းသည် သညာ စသည်တို့၏ လုပ်ငန်းကိစ္စတည်း။ ဤသို့ သိပါ။ (မူလဋီ-၁-၈၇။)
《根本复注》说:‘如守城人一般,心的作用只是使所缘显明、只是承取、只是取得;穿透所缘以及再次识别等作用,则应知属于慧、想等。’(《根本复注》1-87。)名为守城人的男子坐在城中十字路口,对每一个来者察看并记认:‘这是城里人,这是来客。’他分别、标定并判断来者。同样,心的作用只是使所缘显明、只是承取、只是取得所缘;如实穿透称为胜义法之所缘的真实自性,是慧的作用;依先前留下的标记再次识别所缘,是想等法的作用。应当如此了知。(《根本复注》1-87。)
ဝိဇာနာတီတိ သညာပညာကိစ္စဝိသိဋ္ဌံ ဝိသယဂ္ဂဟဏံ အာဟ။ (မူလဋီ-၁-၆၅။) သညာပညာကိစ္စံ သညာဏကရဏပဋိဝိဇ္ဈနာနိ၊ တဒုဘယဝိဓုရာ အာရမ္မဏူပလဒ္ဓိ ''ဝိဇာနာတီ''တိ ဣမိနာ ဝုစ္စတီတိ အာဟ ''သညာ။ ပ ။ ဂဟဏ''န္တိ။ (အနုဋီ-၁-၇ဝ။) အာရုံကို သိရာ၌ သညာသိ ပညာသိ ဝိညာဏ်သိဟု ကွဲပြားလျက် ရှိ၏၊ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ မှတ်မိရုံသာ သိခြင်း မှတ်သိ သိခြင်း မှတ်သားထားသည့်အတိုင်း သိခြင်းသည် သညာသိတည်း။ ပရမတ္ထဓမ္မ သဘာဝတို့၏ သဘောမှန်ကို အစမှ ဆုံးသည်တိုင်အောင် = (နာမရူပပရိစ္ဆေဒဉာဏ်မှစ၍ အရဟတ္တမဂ် အရ- ဟတ္တဖိုလ်သို့တိုင်အောင်) ကမ်းကုန်အောင် အမှားမရှိ အမှန်အတိုင်း သိခြင်းသည် ပညာသိတည်း။ အာရုံ တစ်ခုခုကို ရအောင်ယူခြင်းသည် ဝိညာဏ်သိတည်း။ ဤသို့လျှင် အသိ (၃)မျိုး ကွဲပြားရာ သညာ ပညာတို့ သိပုံမှ တစ်မျိုးတစ်ဖုံ ထူးခြားသော အသိကိုပင် ဝိဇာနန အမည်ရသော ဝိညာဏ်သိဟု မှတ်ပါ။
《根本复注》说:‘所谓识知,是指不同于想与慧之作用的一种取境。’(《根本复注》1-65。)《随复注》解释:‘想与慧的作用,是作标记与穿透;不同于这两者的取得所缘,称为“识知”。’(《随复注》1-70。)对于所缘的知,有想知、慧知、识知之别。无论错误或正确,只是依曾作的标记而认得、按所标记的方式而知,是想知;从胜义法自性的起点直到终点——也就是从名色分别智起,直至阿罗汉道与阿罗汉果——无误地、如实地彻底了知真实自性,是慧知;确实取得某一个所缘,是识知。知既有这三种,应当记住:有别于想与慧之知的那一种特殊的知,称为 vijānana,也就是识知。
ပစ္စုပဋ္ဌာန် --- တဒေတံ ပစ္ဆိမံ ပစ္ဆိမံ ဥပ္ပဇ္ဇမာနံ ပုရိမံ ပုရိမံ နိရန္တရံ ကတွာ သန္ဒဟနမေဝ ဥပဋ္ဌာတီတိ သန္ဒဟနပစ္စုပဋ္ဌာနံ။ (အဘိ-ဋ္ဌ-၁-၁၅၆။) ထိုစိတ်သည် နောက်နောက်၌ ဖြစ်လတ်သော် ရှေးရှေး၌ ဖြစ်သော စိတ်ကို အကြားမရှိသည်ကို ပြု၍ စိတ်အစဥ်အဆက် မပြတ်ရအောင် ဖွဲ့စပ်တတ်သော သဘောတရား ဖြစ်သည်ဟု ယင်းစိတ်ကို ဝိပဿနာ သမ္မာဒိဋ္ဌိ ဉာဏ်ဖြင့် ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ဉာဏ်တွင် ရှေးရှူထင်လာ၏။ ခဏိကမရဏ သဘောအားဖြင့် ဥပါဒ်- ဌီ-ဘင် သက်တမ်းစေ့၍ ချုပ်ပျက်သွားလေသော ရှေးစိတ်က မိမိ၏ အခြားမဲ့၌ ဆက်လက်၍ အသစ် ဖြစ်ပေါ်လာ သော နောက်စိတ်အား အနန္တရ သမနန္တရ စသော ပစ္စယသတ္တိတို့ဖြင့် စိတ်အစဥ် မပြတ်အောင် ကျေးဇူးပြုပေးသည် ဟူလိုသည်။
现起——后后心生起时,与前前心无间相接,呈现为能把心相续连接得不中断之法;正在以观正见智观照该心的瑜伽行者之智中,它就是这样现起。依刹那死之理,前心经过生、住、灭三时,寿命届满而灭去;该前心又以无间、等无间等缘力,资助紧接着它而新生的后心,使心相续不致中断。(《阿毗达磨义注》1-156。)
သန္ဒဟနံ စိတ္တန္တရဿ အနုပ္ပဗန္ဓနံ။ (မူလဋီ-၁-၈၇။) သန္ဒဟန = ဆက်စပ်လျက် ဖြစ်ခြင်းဟူသည် တစ်ပါးသောစိတ်ကို အစဥ်မပြတ်အောင် ဖွဲ့စပ်ခြင်းတည်း။
《根本复注》说:‘连接,是使另一心相续不断。’所谓 sandahana,即相续连接,也就是连接另一心,使其相续不间断。(《根本复注》1-87。)
နောက်စိတ်တစ်ခု ဖြစ်ခြင်းသည် ချုပ်ပြီးသော ရှေးစိတ်နှင့် အကြားမရှိအောင် ဖွဲ့စပ်ခြင်းပင် ဖြစ်သည်။ ယင်းသို့ အကြားမရှိအောင် ဆက်စပ်လျက် နောက်စိတ်ဖြစ်ပေါ်လာအောင် ချုပ်ပြီးသော ရှေးစိတ်က နောက်စိတ်အား အနန္တရစသော ပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးသည်။
后心生起,正是与已经灭去的前心无间连接。为了使后心如此无间相续地生起,已经灭去的前心以无间缘等缘力资助后心。
ပဒဋ္ဌာန် --- စိတ်တို့မည်သည် ယှဥ်ဖက်စေတသိက် မပါဘဲ မိမိ စိတ်ချည်းသက်သက် ဖြစ်နိုင်သည့်စွမ်းအင် မရှိရကား ယှဥ်ဖက်စေတသိက် နာမ်တရားများသည် စိတ်ဖြစ်ပေါ်လာဖို့ရန် အနီးစပ်ဆုံးသော အကြောင်းတရားများ
近因——心若没有相应心所,单凭自身不能生起;因此,相应心所这些名法,是心生起最接近的——
原书第 165 页
လက္ခဏာဒိစတုက္ကပိုင်း -- ဝိညာဏက္ခန္ဓကထာ အခန်း ဖြစ်ကြ၏။ တစ်ဖန် စိတ်သည် (နာမ်တရားတို့သည်) ခန္ဓာငါးပါးရှိသော ပဉ္စဝေါကာရဘုံ၌ မှီရာဝတ္ထုရုပ် မရှိပါက မဖြစ်နိုင်သဖြင့် မှီရာဝတ္ထုရုပ်သည်လည်း စိတ်ဖြစ်ပေါ်လာဖို့ရန် အနီးစပ်ဆုံး အကြောင်းတစ်ခုပင် ဖြစ်၏။ တစ်ဖန် အသိစိတ်တို့၏ သိစရာအာရုံသည် ရူပါရုံကဲ့သို့သော ရုပ်တရားဖြစ်မူ ထိုအာရုံရုပ်သည်လည်း စိတ်၏ အနီးစပ်ဆုံး အကြောင်းတရားပင် ဖြစ်၏၊ သိစရာအာရုံ ရှိပါမှ သိမှုသဘော ဖြစ်နိုင်၏။ မှီရာဝတ္ထုရုပ်များက ဝတ္ထုပုရေဇာတ နိဿယသတ္တိဖြင့် အာရုံရုပ်များက အာရမ္မဏပစ္စယသတ္တိဖြင့် စိတ်ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေး၏၊ ထိုကြောင့် ပဉ္စဝေါကာရဘုံဝယ် စိတ်၏ အနီးစပ်ဆုံးအကြောင်းတရားမှာ နာမ်ရုပ် ဖြစ်ရပေသည်။ အရူပဘုံ၌ကား ရုပ်တရား မရှိသောကြောင့် အရူပဘုံ၌ စိတ်၏ အနီးစပ်ဆုံးအကြောင်းတရားမှာ ယှဥ်ဖက်စေတသိက် နာမ်ပင် ဖြစ်သည်။
——诸因。再者,在具足五蕴的五蕴地,心〔名法〕若没有作为依处的色法便不能生起,所以依处色也是心生起的一个近因。又,若识心所知的所缘是色所缘等色法,该所缘色也是心的近因;因为只有具备可知的所缘,识知之性才能生起。依处色以依处前生依止缘力、所缘色以所缘缘力,资助心生起。因此,在五蕴地,心的近因是名与色;在无色地没有色法,所以心的近因只是相应心所之名。
ဤဖော်ပြပါ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့ကား ဝိညာဏက္ခန္ဓာ၌ အကျုံးဝင်သော ဝိညာဏ်အားလုံး အတွက် ခြုံငုံ၍ဆိုသော စကားများ ဖြစ်ကြသည်။ ခွဲ၍ ရှုခဲ့သော်အောက်ပါ အတိုင်း ရှုပါ။
以上所说的特相、作用、现起、近因,是对识蕴所摄一切识的总说。若分别观照,则应当依下文所说而观。
၂။ ပဋိသန္ဓေစိတ်
二、结生心
၁။ ကမ္မ-ကမ္မနိမိတ္တ-ဂတိနိမိတ္တာနံ အညတရာရမ္မဏဝိဇာနနလက္ခဏံ ပဋိသန္ဓိစိတ္တံ၊ ၂။ ပဋိသန္ဓာနရသံ၊ ၃။ သန္ဒဟနပစ္စုပဋ္ဌာနံ၊ ၄။ နာမရူပပဒဋ္ဌာနံ။
结生心的四法为:一、以识知业、业相、趣相三种所缘中的任一种为特相;二、以连接两生为作用;三、以连接相续为现起;四、以名色为近因。
၁။ အတိတ်ဘဝ မရဏာသန္နဇောသည် ယူအပ်ခဲ့သော ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော အာရုံ (၃)မျိုးတို့တွင် တစ်မျိုးမျိုးသော အာရုံကို သိခြင်း = ရယူခြင်းသဘော လက္ခဏ၊ ၂။ ဘဝနှစ်ခုကို = ရှေ့နောက် စိတ်အစဥ်ကို ဆက်စပ်ပေးခြင်း (ကိစ္စ) ရသ၊ ၃။ ဘဝနှစ်ခုကို = ရှေ့နောက် စိတ်အစဥ်ကို ဆက်စပ်ပေးတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ ယှဥ်ဖက် စေတသိက် နာမ် + မှီရာဝတ္ထုရုပ် ပဒဋ္ဌာန်။
换言之:一、以识知——亦即取得——过去生临死速行所取的业、业相、趣相三种所缘中的任一种为特相;二、以连接两生,也就是连接前后心相续为作用;三、以能连接两生、连接前后心相续为现起;四、以相应心所之名与作为依处的色法为近因。
၃။ ဘဝင်စိတ်
三、有分心
၁။ ကမ္မ-ကမ္မနိမိတ္တ-ဂတိနိမိတ္တာနံ အညတရာရမ္မဏဝိဇာနနလက္ခဏံ ဘဝင်္ဂစိတ္တံ၊ ၂။ ဘဝင်္ဂရသံ၊ ၃။ သန္ဒဟနပစ္စုပဋ္ဌာနံ၊ ၄။ နာမရူပပဒဋ္ဌာနံ။
有分心的四法为:一、以识知业、业相、趣相三种所缘中的任一种为特相;二、以维持生命相续为作用;三、以连接相续为现起;四、以名色为近因。
၁။ အတိတ်ဘဝ မရဏာသန္နဇောသည် ယူအပ်ခဲ့သော ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော အာရုံ (၃)မျိုးတို့တွင် တစ်မျိုးမျိုးသော အာရုံကို သိခြင်း = ရယူခြင်းသဘော လက္ခဏ၊ ၂။ ရှေ့နောက် စိတ်အစဥ်မပြတ်ရအောင် ဘဝ၏ အကြောင်းတရားအဖြစ် တည်နေခြင်း = (ဘဝင်ကိစ္စ) (ကိစ္စ) ရသ၊ ၃။ ရှေ့နောက် စိတ်အစဥ်မပြတ်ရအောင် စိတ်အစဥ်ကို ဆက်စပ်ပေးတတ်သော သဘောတရား -ပစ္စုပဋ္ဌာန်၊ ၄။ ယှဥ်ဖက် စေတသိက် နာမ် + မှီရာဝတ္ထုရုပ် ပဒဋ္ဌာန်။
换言之:一、以识知——亦即取得——过去生临死速行所取的业、业相、趣相三种所缘中的任一种为特相;二、以作为生命相续之因,使前后心相续不间断〔即执行有分作用〕为作用;三、以能连接心相续、使前后心相续不间断为现起;四、以相应心所之名与作为依处的色法为近因。
原书第 166 页
ဤ ပဋိသန္ဓေစိတ်နှင့် ဘဝင်စိတ်တို့ဝယ် ကိစ္စအရ ပဋိသန္ဓေကိစ္စနှင့် ဘဝင်ကိစ္စကို ဖော်ပြထားပါသည်။
对于结生心与有分心,这里依它们各自的作用,分别列出了结生作用与有分作用。
ပုဗ္ဗင်္ဂမရသဟု ဆိုကလည်း ရရှိသည်သာ ဖြစ်ပါသည်။ စိတ္တက္ခဏ တစ်ခု၏ အတွင်း၌ အတူယှဥ်တွဲ ဖြစ်ကြသည့် သမ္ပယုတ်တရားစုတို့တွင် အာရုံကို သိမှု အာရုံကို ရအောင်ယူမှု၌ ဝိညာဏက္ခန္ဓာမှာ အမြဲ ပြဓာန်းလျက်ပင် ရှိသောကြောင့် ဖြစ်၏။
把它们的作用说成先导作用也同样可以成立,因为在一个心刹那中同时生起的相应法聚里,就识知、取得所缘而言,识蕴总是居于主要地位。
၄။ ပဉ္စဒွါရာဝဇ္ဇန်း = ကိရိယာ မနောဓာတ်
四、五门转向(唯作意界)
၁။ စက္ခုဝိညာဏာဒိပုရေစရ ရူပါဒိ ဝိဇာနနလက္ခဏာ မနောဓာတု၊ ၂။ အာဝဇ္ဇနရသာ၊ ၃။ ရူပါဒိ အဘိမုခ ဘာဝ ပစ္စုပဋ္ဌာနာ၊ ၄။ ဘဝင်္ဂ ဝိစ္ဆေဒ ပဒဋ္ဌာနာ။ (သာ ဥပေက္ခာ ယုတ္တာဝ ဟောတိ။) (ဝိသုဒ္ဓိ-၂-၈၆။) ၁။ စက္ခုဝိညာဏ် စသည်တို့၏ ရှေ့သွားဖြစ်၍ (ရှေ့ကဖြစ်၍) ရူပါရုံစသည့် အာရုံတို့ကို သိခြင်းသဘော = ရယူခြင်းသဘော လက္ခဏ၊ ၂။ (ရူပါရုံစသည့် ပဉ္စာရုံကို) နှလုံးသွင်းခြင်း = ဆင်ခြင်ခြင်း (ကိစ္စ) ရသ၊ တစ်နည်း --- စိတ်အစဥ်ကို ရှေးဖြစ်သော အခြင်းအရာမှ တစ်ပါးသော အခြင်းအရာ- အားဖြင့် ဖြစ်ပေါ်လာအောင် မူလအာရုံဟောင်းကို စွန့်စေခြင်း (ကိစ္စ) ရသ၊ ၃။ ရူပါရုံစသည့် အာရုံဘက်သို့ ရှေးရှူ မျက်နှာမူသည့် သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ ဘဝင်စိတ်အစဥ် ပြတ်စဲခြင်း = ဘဝင်စိတ် ချုပ်ပျက်သွားခြင်း ပဒဋ္ဌာန်။
唯作意界的四法为:一、以在眼识等之前生起并识知——亦即取得——色等所缘为特相;二、以转向为作用,也就是对色等五所缘作意、审察;另一说,以使心相续舍弃原来的旧所缘,从先前行相转成另一行相为作用;三、以面向色等所缘为现起;四、以有分流中断、有分心灭去为近因。它必定只与舍相应。(《清净道论》2-86。)
မနောဓာတ် -- အယံ ပန မနောဝိညာဏတော ဥပ္ပန္နာပိ ဝိသိဋ္ဌမနနကိစ္စာဘာဝေန မနောမတ္တာ ဓာတူတိ မနောဓာတု။ (မဟာဋီ-၂-၁၂၉။) ဤပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် မနောဝိညာဏ်မှ ဖြစ်ပေါ်လာသော်လည်း (=ဘဝင်မနောဝိညာဏ် ချုပ်ပျက်ပြီးမှ ဘဝင်မနောဝိညာဏ်က အနန္တရစသော ပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးသဖြင့် ဖြစ်ပေါ်လာသော မနောဝိညာဏ် ဖြစ်သော်လည်း) ဝိသိဋ္ဌမနနကိစ္စ ဟူသော အာရုံကို ပိုင်ပိုင်နိုင်နိုင် ရယူနိုင်မှု မရှိသေးပေ။ ရူပါရုံ စသည်ကို ရူပါရုံ စသည်ဟုပင် မသိသေး = အာရုံ မယူနိုင်သေးပေ။ မနောဒွါရနှင့် စက္ခုဒွါရ၌ ထိုရူပါရုံ ရှေးရှူ ကျရောက်လာ- မှုလောက်မျှကိုသာ သိသေးသော ဓာတ်သဘာဝဖြစ်သဖြင့် မနောဓာတ်ဟုခေါ်ဆိုခြင်း ဖြစ်သည်။ (မနောဒွါရနှင့် သောတဒွါရစသည့် ဒွါရတို့၌ သဒ္ဒါရုံစသည့် ဆိုင်ရာအာရုံတို့ ရှေးရှူကျရောက်လာရာ၌လည်း နည်းတူပင်တည်း၊၊) ရသ --- အာဝဇ္ဇနရသာတိ အာဘောဂရသာ၊ စိတ္တသန္တာနဿ ဝါ ပုရိမာကာရတော အညထာ သြဏော-
意界——《大复注》说:‘这一心虽然在意识之后生起,却由于没有殊胜的思量作用,只是意、只是界,所以称为意界。’(《大复注》2-129。)五门转向心虽然在有分意识灭后,由该有分意识以无间等缘力资助而生起,却还不具备称为殊胜思量作用的、能够明确取得所缘的能力;它甚至还不能把色等所缘认作色等,只知色所缘来到意门与眼门前这一点。因此称为意界。声等相应所缘来到意门与耳门等各门前时,也应同样理解。作用——《大复注》说:‘所谓以转向为作用,即以思虑为作用;或以使心相续从先前行相转向另一行相为——
ဇနရသာ။ (မဟာဋီ-၂-၁၂၉။) အာရုံကို နှလုံးသွင်း ဆင်ခြင်ခြင်းသည် ယင်းစိတ်၏ လုပ်ငန်းကိစ္စရပ် ဖြစ်သည်။ ဒွါရ၌ ရှေးရှူကျရောက် လာသော အာရုံကို --- ''အဘယ် အရာပါလိမ့်'' --- ဟု ဆင်ခြင်မှု နှလုံးသွင်းမှုမျှသာ ဖြစ်သည်။ ပိုင်ပိုင်နိုင်နိုင် စူးစမ်းဆင်ခြင်မှု နှလုံးသွင်းမှုမျိုးကား မဟုတ်သေးပေ။ ဤရှင်းလင်းချက်မျှဖြင့် အားရကျေနပ်မှု မရနိုင်သေး၍ မဟာဋီကာဆရာတော်က နောက်တစ်နည်း ထပ်မံ၍ ရှင်းပြတော်မူပြန်သည်၊ ထိုရှင်းလင်းချက်၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။
——作用。’(《大复注》2-129。)对所缘作意、审察,是这一心所执行的工作;它只是对来到门前的所缘作意、审察:‘这是什么?’还不是明确、透彻的探究与作意。由于仅作这样的解释仍不足以令人满意,《大复注》师又换一种方式说明,其意如下。
ဤအာဝဇ္ဇန်းစိတ် = (ပဉ္စဒွါရာဝဇ္ဇန်းစိတ်) မဖြစ်မီ ဘဝင်စိတ်များ အဆက်မပြတ် ဖြစ်နေ၏။ ဘဝင်အယဥ်ဟု
在这一转向心〔即五门转向心〕生起以前,有分心连续不断地生起,称为有分——
原书第 167 页
လက္ခဏာဒိစတုက္ကပိုင်း -- ဝိညာဏက္ခန္ဓကထာ အခန်း ခေါ်၏၊ ယင်းဘဝင်စိတ်သည် အတိတ်ဘဝ မရဏာသန္နဇောက ယူခဲ့သည့် အာရုံကိုသာ အာရုံယူသော အခြင်း အရာအားဖြင့် ဖြစ်နေ၏။ ဤသည်ကိုပင် ပုရိမာကာရ = ရူပါရုံ စသည့်အာရုံတို့၏ ဆိုင်ရာဒွါရတို့၌ ရှေးရှူ မကျရောက်မီ = မထင်မီ ရှေး၌ ဖြစ်နေသော အခြင်းအရာဟု ခေါ်၏။ ယင်း စိတ်အစဥ်၏ ရှေး၌ ဖြစ်နေသော အခြင်းအရာသည် ဆိုင်ရာ ဒွါရ၌ ရူပါရုံ စသည့်အာရုံတို့ ရှေးရှူကျရောက်လာသောအခါ = ထင်လာသောအခါ ဘဝင်အယဥ် ရပ်စဲသွားချိန်တွင် ရပ်စဲသွား၏၊ ဘဝင်ရပ်သည်နှင့် တစ်ပြိုင်နက် တစ်ချက်တည်း အတိတ်ဘဝ မရဏာသန္နဇောက ယူခဲ့သည့် အာရုံကို = (ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော အာရုံသုံးမျိုးတို့တွင် တစ်မျိုးမျိုးသော အာရုံကို) အာရုံယူမှု အခြင်းအရာကိုလည်း စွန့်လွှတ်ပြီး ဖြစ်သွား၏။ ဘဝင် ရပ်စဲသွားမှုသည် အာဝဇ္ဇန်းစိတ် မဥပါဒ်မီ = ဥပါဒ်ကာလသို့ မရောက်မီ ဘဝင်္ဂုပစ္ဆေဒ အမည်ရသော ဘဝင်၏ ဘင်ကာလ၌ ရပ်စဲသွားခြင်း
——流。该有分心一直只取过去生临死速行所取的所缘;这称为先前行相,即在色等所缘尚未来到、尚未显现于相应门之前,心相续所处的行相。当色等所缘来到、显现于相应门时,有分流便停止,先前行相也随之止息;有分一停,心相续便立即舍弃对过去生临死速行所取的业、业相、趣相三者之一的取境。有分的停止发生在转向心尚未到达生时之前,也就是称为有分中断的有分心灭时。
ဖြစ်၏။ အာဝဇ္ဇန်းစိတ် ဖြစ်ပေါ်လာသောအခါ စိတ်အစဥ်သည် မူလဘဝင်၏ အာရုံဖြစ်သော အတိတ်ဘဝ မရဏာသန္နဇောက ယူခဲ့သည့် အာရုံကို မယူတော့ဘဲ နောက်ထပ် ဆိုင်ရာဒွါရ၌ ထင်လာသည့် ရူပါရုံ အစရှိသော ပစ္စုပ္ပန်အာရုံကို လှမ်း၍ အာရုံယူ၏။ ထိုသို့ စိတ်အစဥ်၏ မူလအာရုံယူနေသည့် အာရုံဟောင်းကို အာရုံယူနေသည့် အခြင်းအရာမှ အာရုံသစ်တစ်ခုကို လှမ်း၍ အာရုံယူသည့် အခြင်းအရာသို့ ပြောင်းသွားအောင် အာဝဇ္ဇန်းစိတ်က ဆောင်ရွက်ပေးသည်။ ဤသည်ကိုပင် အာဝဇ္ဇန်းစိတ်၏ လုပ်ငန်းကိစ္စ = စိတ်အစဥ်၏ ရှေး၌ဖြစ်သော အခြင်းအရာမှ တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်ပေါ်လာအောင် မူလအာရုံဟောင်းကို စွန့်စေခြင်း ကိစ္စရှိ၏ဟု ဆိုပေသည်။
转向心生起时,心相续不再取原来有分的所缘——过去生临死速行所取的所缘——而转取刚刚显现于相应门的色等现在所缘。转向心使心相续从取原有旧所缘的行相,转成伸向另一个新所缘而取境的行相。这就是说,转向心具有使心相续舍弃原来的旧所缘,从先前行相转成另一行相的作用。
ရှေးဖြစ်သော အခြင်းအရာမှ အခြားတစ်မျိုးသော အခြင်းအရာအားဖြင့် စိတ်အစဥ်သည် ဖြစ်ပေါ်လာသောအခါ ရှေး၌ဖြစ်ခဲ့သော အခြင်းအရာကို စွန့်လွှတ်စေ၍ နောက်ထပ်ဖြစ်သော အသစ်အခြင်းအရာကို ယူစေသည် = မူလအာရုံကို စွန့်လွှတ်စေ၍ နောက်ထပ်ထင်လာသော အာရုံသစ်ကို ယူစေသည်ဟု ဆိုလိုသည်။ သို့သော် မူလ အာရုံကိုယူသော စိတ်ကားတခြား၊ အာရုံသစ်ကိုယူသော စိတ်ကား တခြားသာ ဖြစ်၏။ ဧကတ္တနည်းအားဖြင့် စိတ်အစဥ်အတန်း တစ်ခုတည်းဟု ယူ၍ ဆိုခြင်းဖြစ်သည်။
所谓心相续从先前行相转成另一行相,是说它令先前行相被舍弃,令后来显现的新行相被取,也就是舍弃原有的所缘,取得随后显现的新所缘。不过,取原有所缘的是一种心,取新所缘的是另一种心;这里只依同一性之理,把它们说成一条心相续。
ပဒဋ္ဌာန် --- ဘဝင်အစဥ် ဘဝင်အယဥ် ပြတ်စဲမှ အာဝဇ္ဇန်းစိတ် ဖြစ်ခွင့်ရနိုင်၏။ ဘဝင်အစဥ် ဘဝင်အယဥ် မရပ်စဲသေးသမျှ အာဝဇ္ဇန်းစိတ် ဖြစ်ခွင့်မရနိုင်။ စိတ္တက္ခဏ တစ်ခုအတွင်း၌ နှစ်မျိုးသော စိတ်တို့သည် ပြိုင်တူ မဥပါဒ်နိုင် မဖြစ်နိုင်သောကြောင့် ဖြစ်၏။ ထိုကြောင့် အာဝဇ္ဇန်းစိတ်ဖြစ်ဖို့ရန် အနီးစပ်ဆုံး အကြောင်းတရားမှာ ဘဝင်အယဥ် ပြတ်စဲခြင်းပင် ဖြစ်၏၊ တစ်နည်းဆိုရသော် ဘဝင်္ဂုပစ္ဆေဒ အမည်ရသော ဘဝင်ပင် ဖြစ်၏။ ယင်း ဘဝင်္ဂုပစ္ဆေဒ အမည်ရသော ဘဝင်စိတ်က အာဝဇ္ဇန်းစိတ်အား အနန္တရစသော ပစ္စယသတ္တိတို့ဖြင့် ဖြစ်ပေါ်လာ အောင် ကျေးဇူးပြုပေး၏။ (ဝိသုဒ္ဓိ-၂-၁၁၉-ကြည့်။) ဥပေက္ခာဝေဒနာ --------- အပုဗ္ဗာရမ္မဏာ သကိဒေဝပဝတ္တမာနာ သဗ္ဗထာ ဝိသယရသံ အနုဘဝိတုံ န သက္ကော- တီတိ ဣဋ္ဌာဒီသု သဗ္ဗတ္ထ ဥပေက္ခာယုတ္တာဝ ဟောတိ။ (မဟာဋီ-၂-၁၂၉။) ဤအာဝဇ္ဇန်းစိတ်သည် ယခုမှ ထင်လာသော အာရုံသစ်ကိုသာ ဦးစွာ အာရုံပြုရသော စိတ်ဖြစ်၏၊ ထိုသို့
近因——唯有有分相续、有分流中断以后,转向心才有机会生起;有分流尚未停止,转向心便不能生起,因为在一个心刹那中,两种心不能同时生起。因此,转向心最接近的生起之因,就是有分流中断;换言之,就是称为有分中断的那一有分心。该有分中断心以无间等缘力资助转向心生起。(参见《清净道论》2-119。)舍受——《大复注》说:‘它初次取一个前所未取的所缘,而且只生起一次,不能以一切方式充分体验境味,所以对可意等一切所缘都只与舍相应。’(《大复注》2-129。)这种转向心因为——
အာရုံသစ်ကိုသာ ဦးစွာ အာရုံပြုရ၍ တစ်ကြိမ်သာ ဖြစ်ရသဖြင့် အချင်းခပ်သိမ်း နည်းမျိုးစုံဖြင့် အာရုံ၏ အရသာကို အားရှိပါးရှိ ခံစားခြင်းငှာ မစွမ်းနိုင်သေးပေ။ သို့အတွက် ဣဋ္ဌ၊ ဣဋ္ဌမဇ္ဈတ္တ၊ အနိဋ္ဌ၊ အနိဋ္ဌမဇ္ဈတ္တဖြစ်သော အာရုံ အားလုံးတို့၌ပင် ဥပေက္ခာဝေဒနာနှင့်သာ ယှဥ်၍ ဖြစ်ရပေသည်။ (မဟာဋီ-၂-၁၂၉။) ဉာဏ်ပညာရင့်ကျက်သူ ပရိယတ္တိ အခြေခံရှိသူတို့ကား ဤရှင်းလင်းချက်မျှဖြင့် ဤအာဝဇ္ဇန်းစိတ်၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် ရှုကွက်ကို သဘောပေါက်နိုင်မည် ဖြစ်ပေသည်။ သို့သော် အဘိဓမ္မာအရာ၌ ပရိယတ္တိ အခြေခံ အားနည်းသူတို့ကား သဘောပေါက်နိုင်ဖွယ်ရာရှိမည် မဟုတ်သေးပေ။ ထိုပုဂ္ဂိုလ်တို့အတွက် ထပ်မံ၍ အနည်းငယ် ရှင်းလင်း တင်ပြအပ်ပါသည်။
——最初只取刚刚显现的新所缘,而且只生起一次,所以还不能以一切方式充分体验境味。因此,对可意、中等可意、不可意、中等不可意的一切所缘,它都只与舍受相应。(《大复注》2-129。)智慧成熟、具足教理基础的人,依上述说明就能理解这一转向心的特相、作用、现起、近因,应当如何观照;但阿毗达磨教理基础薄弱者可能仍未明白,所以再略加说明。
原书第 168 页
ဤ ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံဟူသော ပဉ္စာရုံ = အာရုံ ငါးမျိုးကို အာရုံပြု၏။ ထိုအာရုံ ငါးမျိုးတို့သည်လည်း ပဉ္စဒွါရာဝဇ္ဇန်း စိတ္တက္ခဏ တစ်ခု၏ အတွင်း၌ ဆိုင်ရာဒွါရဝယ် အားလုံး ပြိုင်တူ ထင်လာကြသည်ကား မဟုတ်ပေ။ ဤပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် မိမိ၏ ဥပါဒ်-ဌီ-ဘင်ဟူသော အချိန်ကာလ အတွင်းဝယ် ယင်းအာရုံ ငါးမျိုးတို့အနက် အာရုံ တစ်မျိုးမျိုးကိုသာ အာရုံပြုနိုင်ပေသည်။ ထိုကြောင့် အာရုံအလိုက် ခွဲ၍ သီးသန့် ရှုရမည် ဖြစ်သည်။ ရူပါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော အာဝဇ္ဇန်းစိတ်ကို ပုံစံထုတ်၍ ယင်းလက္ခဏ -ရသ စသည့်ရှုကွက်ကို တင်ပြအပ်ပါသည်။
五门转向心取色、声、香、味、触五种所缘。不过,这五种所缘并不会在同一个五门转向心刹那中同时显现于各自的门。五门转向心在自身的生、住、灭期间,只能取这五种所缘中的一种;所以必须依所缘逐一分别观照。以下以取色所缘而生的转向心为例,说明它的特相、作用等观法。
ပဉ္စဒွါရာဝဇ္ဇန်း - ရူပါရုံကို အာရုံပြုသည်။
五门转向:取色所缘
၁။ စက္ခုဝိညာဏ်၏ ရှေးကဖြစ်၍ ရူပါရုံကို သိခြင်း = ရူပါရုံ အာရုံကို ရယူခြင်းသဘော လက္ခဏ၊ ၂။ ရူပါရုံကို နှလုံးသွင်း ဆင်ခြင်ခြင်း (ကိစ္စ) ရသ၊ တစ်နည်း --- စိတ်အစဥ်ကို ရှေးဖြစ်သော အခြင်းအရာမှ တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်ပေါ်လာအောင် ဘဝင်အာရုံကို စွန့်စေခြင်း (ကိစ္စ) ရသ၊ ၃။ ရူပါရုံဘက်သို့ ရှေးရှူမျက်နှာမူသည့် သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ ဘဝင်အယဥ် ပြတ်စဲခြင်း = ဘဝင်္ဂုပစ္ဆေဒ = ရပ်သောဘဝင် ပဒဋ္ဌာန်။
一、以在眼识之前生起并识知——亦即取得——色所缘为特相;二、以对色所缘作意、审察为作用;另一说,以使心相续舍弃有分所缘,从先前行相转成另一行相为作用;三、以面向色所缘为现起;四、以有分流中断,也就是称为有分中断的止息有分为近因。
ရှုကွက် --- အသင်သူတော်ကောင်းသည် နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများကို ပြန်လည်၍ အာရုံယူထားပါ။
观法——善士,请重新忆取名业处篇的诸表。
ပဉ္စဒွါရာဝဇ္ဇန်း = ဆင်ခြင်စိတ်၌ စိတ်စေတသိက် (၁၁)လုံးရှိရာ ယင်းနာမ်တရားစုမှ အသိစိတ်ကို ရွေးထုတ်၍ အထက်ပါ လက္ခဏ-ရသ စသည့် ရှုကွက်ကို ရှုပါ။ သို့သော် တကယ်လက်တွေ့ ရှုရာ၌ကား ယှဥ်ဖက် စေတသိက် (၁ဝ) လုံးတို့၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် အသီးအသီးကိုလည်း တစ်ဆက်တည်း ရှုခြင်းက ပို၍ကောင်း ပေသည်။ စိတ္တက္ခဏတိုင်း၌ ဃန အသီးအသီး ပြိုရေးအတွက်ပင် ဖြစ်သည်။ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာသော ပဉ္စဒွါရာဝဇ္ဇန်း အသီးအသီး၌လည်း ဤနည်းပင်တည်း။ နည်းမှီး၍သာ ရှုပါ။
五门转向,也就是审察心,共有十一种心心所;应从这组名法中选出识心,依上述特相、作用等观法加以观照。不过,在实际观照时,最好也同时接续观照十个相应心所各自的特相、作用、现起、近因,以便破除每个心刹那中的名密集。对取声、香、味、触所缘而生的各个五门转向,也应依此类推观照。
စက္ခုဝိညာဏ်စသော ဝီထိစိတ္တက္ခဏတို့၌လည်း စိတ်စေတသိက် နာမ်တရားစုတို့ကို တစ်ဆက်တည်း ကုန်စင်အောင် ရှုခြင်းက ပို၍ ကောင်းပေသည်။
在眼识等心路心刹那中,最好也把心与心所这一组名法连续、完整地观照。
၅။ စက္ခုဝိညာဏ်
五、眼识
၁။ စက္ခုသန္နိဿိတရူပဝိဇာနနလက္ခဏံ စက္ခုဝိညာဏံ၊ ၂။ ရူပမတ္တာရမ္မဏရသံ၊ ၃။ ရူပါဘိမုခဘာဝပစ္စုပဋ္ဌာနံ၊ ၄။ ရူပါရမ္မဏာယ ကိရိယမနောဓာတုယာ အပဂမပဒဋ္ဌာနံ။ (အဘိ-ဋ္ဌ-၁-၃ဝ၃။ ဝိသုဒ္ဓိ-၂-၈၅။) ၁။ စက္ခုဝတ္ထုကို မှီဖြစ်၍ ရူပါရုံကို သိခြင်း ရယူခြင်းသဘော လက္ခဏ၊ ၂။ ရူပါရုံ အရောင်မျှကိုသာ သိခြင်း အာရုံယူခြင်း (ကိစ္စ) ရသ၊ ၃။ ရူပါရုံဘက်သို့ ရှေးရှူမျက်နှာမူသည့် သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ ရူပါရုံလျှင် အာရုံရှိသော ကိရိယမနောဓာတ် = အာဝဇ္ဇန်းစိတ် ကင်းချုပ်ခြင်း ပဒဋ္ဌာန်။
眼识的四法为:一、以依止眼处而识知色所缘为特相;二、以只取色所缘的显色为作用;三、以面向色所缘为现起;四、以取色所缘的唯作意界——转向心——灭去为近因。(《阿毗达磨义注》1-303;《清净道论》2-85。)换言之:一、以依眼处生起、识知并取得色所缘为特相;二、以只识知、取得色所缘的显色为作用;三、以面向色所缘为现起;四、以取色所缘的唯作意界——转向心——灭去为近因。
原书第 169 页
စက္ခုဝိညာဏ် အမည်ရခြင်း
“眼识”之得名
စက္ခုဝိညာဏန္တိ ကာရဏဘူတဿ စက္ခုဿ ဝိညာဏံ၊ စက္ခုတော ဝါ ပဝတ္တံ၊ စက္ခုသ္မိံ ဝါ နိဿိတံ ဝိ- ညာဏန္တိ စက္ခုဝိညာဏံ။ ပရတော သောတဝိညာဏာဒီသုပိ ဧသေဝ နယော။ (အဘိ-ဋ္ဌ-၁-၃ဝ၃။) ရူပါဒီနံ ပစ္စယာနံ အညဝိညာဏသာဓာရဏတ္တာ အသာဓာရဏေန ဝတ္ထုနာ စက္ခုဝိညာဏံ သောတဝိညာ- ဏန္တိ နာမံ ဥဒ္ဓဋံ။ စက္ခာဒီနံ တိက္ခမန္ဒဘာဝေ ဝိညာဏာနံ တိက္ခမန္ဒဘာဝါ ဝိသေသပစ္စယတ္တာ စ။
所谓眼识,是以作为原因的眼为名的识,或者是从眼生起的识,或者是依止眼而生的识,所以称为眼识。下文耳识等也依同理。(《阿毗达磨义注》1-303。)色等诸缘为其他识所共通,所以依不共的依处而提出眼识、耳识等名称;又因为眼等利钝时,相应诸识也随之利钝,所以眼等是殊胜之缘。
(မူလဋီ-၁-၁၂၄။)
缅文出处原串:‘(မူလဋီ-၁-၁၂၄။)’(《根本复注》1-124。)
ဝိသေသပစ္စယတ္တာတိ အဓိကပစ္စယတ္တာ။ (အနုဋီ-၁-၁၃၂။) စက္ခုဝိညာဏ်စိတ် ဖြစ်ပေါ်လာရေးအတွက် အတိတ်အကြောင်းတရား ပစ္စုပ္ပန်အကြောင်းတရားများ ရှိကြ၏။ (ပဋိစ္စသမုပ္ပါဒ်ပိုင်းကို ပြန်၍ အာရုံယူထားပါ။) ပစ္စုပ္ပန်အကြောင်းတရားတို့တွင် စက္ခုပသာဒ၊ ရူပါရုံ၊ အာလောက၊ မနသိကာရ စသော အကြောင်းတရားများ ပါဝင်ကြ၏။ ယင်း အကြောင်းတရားတို့တွင် ရူပါရုံသည် စက္ခုဝိညာဏ်၏သာ အာရုံအကြောင်းတရား ဖြစ်သည်မဟုတ်သေး၊ ပဉ္စဒွါရာဝဇ္ဇန်း သမ္ပဋိစ္ဆိုင်းစသော စက္ခုဒွါရဝီထိ စိတ်များနှင့် ရူပါရုံကိုပင် ဆက်လက်၍ အာရုံပြုကြ သိကြသော နောက်လိုက် မနောဒွါရဝီထိ သုဒ္ဓမနောဒွါရ ဝီထိစိတ်များ၏လည်း အာရုံအကြောင်းတရားလည်း ဖြစ်နိုင်၏။ သို့အတွက် ရူပါရုံဖြင့် သတ်မှတ်၍ ယင်းစိတ်ကို အမည်တပ်ရန်မှာလည်း စိတ်အများစုနှင့် ဆက်ဆံနေသော အမည်မျိုးဖြစ်၍ ခွဲခြားသိဖို့ရန် မလွယ်ကူပေ။ စက္ခု ပသာဒကား စက္ခုဝိညာဏ်စိတ် တစ်မျိုးနှင့်သာ ဆက်ဆံ၏၊ စက္ခုပသာဒသည် စက္ခုဝိညာဏ်စိတ် တစ်မျိုးတည်း
所谓殊胜之缘,就是增上之缘。(《随复注》1-132。)眼识生起有过去因与现在因;请重新忆取缘起篇。现在因包括眼净色、色所缘、光与作意等。其中,色所缘不仅能作为眼识的所缘因,也能作为五门转向、领受等眼门心路心,以及随后继续取同一色所缘的意门心路、纯意门心路诸心的所缘因。因此,若依色所缘来命名,这个名称会牵涉许多心,不容易把眼识区别出来。眼净色则只与眼识这一种心相关;眼净色只作为眼识——
၏သာ မှီရာဝတ္ထု နိဿယ အကြောင်းတရားဖြစ်၏၊ ထိုကြောင့် အခြားတရားတို့နှင့် မဆက်ဆံသော စက္ခုပသာဒ ဟူသော အကြောင်းဖြင့်သာ နာမည်တပ်လို၍ စက္ခုဝိညာဏံ = ၁။ မှီ၍ ဖြစ်ရာ အကြောင်းတရားဖြစ်သော စက္ခုပသာဒ၏ ဝိညာဏ်၊ ၂။ စက္ခုပသာဒကြောင့် ဖြစ်ပေါ်လာသော ဝိညာဏ်၊ ၃။ စက္ခုပသာဒ၌ မှီဖြစ်သော ဝိညာဏ်ဟု ဤသို့ မိန့်တော်မူသည်။ ဘေရိသဒ္ဒေါ = စည်သံ။ သဒ္ဒ သဒ္ဒါသည် အသံအားလုံးနှင့် ဆက်ဆံသော်လည်း သဒ္ဒရှေ့က ဘေရိပုဒ်ဖြင့် အထူးပြုလိုက်၍ ဘေရိသဒ္ဒဟု ဖြစ်လာသောအခါ အသံအားလုံးကို မယူရတော့ဘဲ (ဘေရိ = စည် + သဒ္ဒ = အသံ) စည်သံကိုသာ ယူရသကဲ့သို့၊ အင်္ကုရသဒ္ဒါသည် အညွန့်အားလုံးကို ဟောသော်- လည်း ရှေးက ယဝပုဒ်ဖြင့် အထူးပြု၍ ယဝင်္ကုရဟု ဖြစ်လာသောအခါ ''မုယောညွန့်''ကိုသာ ယူရသကဲ့သို့ အလား- တူပင် စက္ခုဝိညာဏ်ဟု အမည်တပ်ရာ၌လည်း အများနှင့် မဆက်ဆံသော အသာဓာရဏနည်းအားဖြင့် နာမည် တပ်ထားသည်ဟု မှတ်ပါ။
——这一种心的依处与依止因。为了依不与其他法共有的眼净色这一原因来命名,所以说眼识是:一、以所依之因眼净色为名的识;二、由眼净色而生的识;三、依眼净色而生的识。譬如“鼓声”一词中的“声”通指一切声音,但前加“鼓”字限定以后,就只表示鼓所发之声;又如“芽”通指一切幼芽,但前加“大麦”限定成“大麦芽”,便只表示大麦之芽。眼识之名也同样依不共之法而立。
မူလဋီကာ၌ကား အသာဓာရဏနည်းအပြင် အဓိကနည်းအားဖြင့်လည်း စက္ခုဝိညာဏ်ဟု ခေါ်ဆိုထား ကြောင်းကို အကြောင်းပြထားသေး၏။ စက္ခုပသာဒ အားကောင်းလျှင် ထက်မြက်စူးရှကြည်လင်လျှင် စက္ခုဝိညာဏ် ၏ အသိအမြင်လည်း အားကောင်း၏ ထက်မြက်စူးရှ၏၊ စက္ခုပသာဒကနုံ့လျှင် အားသေးလျှင် သိပ်မကြည်လျှင် စက္ခုဝိညာဏ်၏ အသိအမြင်လည်း အားသေး၏၊ မှုန်ရီရီ ဖြစ်နေတတ်၏၊ သို့အတွက် စက္ခုပသာဒသည် စက္ခု ဝိညာဏ်ဖြစ်ဖို့ရန် အခြားအကြောင်းတရားတို့ထက် သာလွန်ထူးကဲသော အကြောင်းတရား ဖြစ်သောကြောင့်လည်း စက္ခုဝိညာဏ်ဟု စက္ခုဖြင့် အထူးပြု၍ နာမည်တပ်ရသည်။ ဤအလိုသော် အဓိကနည်းဟု မှတ်ပါ။ သောတ ဝိညာဏ် စသည်တို့၌လည်း ဤနည်းပင်တည်း။ (အဘိ-ဋ္ဌ-၁-၃ဝ၃။ မူလဋီ-၁-၁၂၄။ အနုဋီ-၁-၁၃၂။)
《根本复注》还说明,眼识之名不仅依不共之理,也依增上之理而立。眼净色强、锐利、明净时,眼识之知见也强而锐利;眼净色弱、迟钝、不甚明净时,眼识之知见也弱而朦胧。因此,眼净色是令眼识生起的诸因中更为卓越、殊胜的因,故在识前加“眼”来限定,称为眼识;这是依增上之理而命名。耳识等也同样理解。(《阿毗达磨义注》1-303;《根本复注》1-124;《随复注》1-132。)
原书第 170 页
လက္ခဏ --- စက္ခုသန္နိဿိတဉ္စ တံ ရူပဝိဇာနနဉ္စာတိ စက္ခုသန္နိဿိတရူပဝိဇာနနံ၊ စက္ခုသန္နိဿိတရူပဝိ- ဇာနနံ လက္ခဏံ ဧတဿာတိ စက္ခုသန္နိဿိတရူပဝိဇာနနလက္ခဏံ။
特相——它既是依止眼而生,又是对色所缘的识知,所以称为‘依止眼而识知色所缘’;以依止眼而识知色所缘为其特相,故说眼识以依止眼而识知色所缘为特相。
စက္ခုသန္နိဿိတ = စက္ခုဝတ္ထုကို မှီ၍ ဖြစ်သောစိတ် --- ဟူသော စကားရပ်ဖြင့် ရူပါရုံကို အာရုံပြုသော စက္ခုဝိညာဏ်မှ တစ်ပါးသော စက္ခုဒွါရဝီထိစိတ် မနောဒွါရဝီထိစိတ်များကို ပယ်လိုက်ပြီး ဖြစ်၏။ စက္ခုဝိညာဏ်မှ တစ်ပါးသော စက္ခုဒွါရဝီထိစိတ်များနှင့် နောက်လိုက် မနောဒွါရဝီထိ စသော ဝီထိစိတ်များသည် ရူပါရုံကို အာရုံ ပြုကြသည် သိကြသည် မှန်သော်လည်း စက္ခုဝတ္ထု = စက္ခုပသာဒကို မှီ၍ ဖြစ်သော စိတ်များကား မဟုတ်ကြပေ။
‘依止眼’,即依眼处生起的心;这一词组排除了眼识以外、同样取色所缘的眼门心路心与意门心路心。眼识以外的眼门心路心,以及随后生起的意门心路等心路心,虽然也取、也知色所缘,却并非依眼处——眼净色——而生。
စက္ခုဝိညာဏ်စိတ် တစ်မျိုးတည်းသာလျှင် စက္ခုဝတ္ထု = စက္ခုပသာဒကို မှီ၍ ဖြစ်သည်။ ထိုကြောင့် စက္ခုဝတ္ထုကို မှီ၍ ဖြစ်သောစိတ်ဟု ဆိုသဖြင့် စက္ခုဝတ္ထုကို မှီ၍ မဖြစ်သော စိတ်အားလုံးကို ပယ်ပြီးဖြစ်ပေသည်။
唯有眼识这一种心依眼处——眼净色——而生。因此,说‘依眼处而生的心’,就已经排除了一切不依眼处而生的心。
ရူပဝိဇာနန = ရူပါရုံကိုသိခြင်းဟူသော စကားရပ်ဖြင့် စက္ခုပသာဒကို မှီ၍ စက္ခုဝိညာဏ်နှင့် အတူယှဥ်တွဲ ဖြစ်ကြကုန်သော ဖဿစသော သမ္ပယုတ်တရားတို့ကို နစ်စေ၏။ ဖဿစသော သမ္ပယုတ်တရားတို့သည် စက္ခု ဝိညာဏ်နှင့် ယှဥ်ခိုက် ရူပါရုံကိုပင် အာရုံပြုကြသော်လည်း ထို ဖဿစသော တရားတို့သည် ရူပါရုံကိုသိခြင်း = ရူပါရုံကိုရယူခြင်း ရူပဝိဇာနနလက္ခဏာ မရှိကြပေ။ ရူပါရုံကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်း ဖုသန လက္ခဏာစသည့် လက္ခဏာသာ ရှိကြကုန်၏။ ထိုကြောင့် စက္ခုသန္နိဿိတ = စက္ခုဝတ္ထုကို မှီ၍ဖြစ်ခြင်း၊ ရူပဝိဇာနန = ရူပါရုံကိုသိခြင်း ရယူခြင်းသည် စက္ခုဝိညာဏ် တစ်မျိုးတည်းနှင့်သာ သက်ဆိုင်သော ကိုယ်ပိုင်သဘာဝလက္ခဏာ ဖြစ်ပေသည်။ ဤ စက္ခုသန္နိဿိတ + ရူပဝိဇာနန ဟူသော စကားနှစ်ရပ်ဖြင့် စက္ခုဝတ္ထုက နိဿယပစ္စယသတ္တိဖြင့် ရူပါရုံက အာရမ္မဏပစ္စယသတ္တိဖြင့် စက္ခုဝိညာဏ်ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးသည်ဟုလည်း ထင်ရှားပြလျက်
‘识知色所缘’这一词组,则排除了依眼净色而与眼识同生的触等相应法。触等相应法虽然与眼识相应时也取色所缘,却不具有识知、取得色所缘这一特相,只具有以触击色所缘之行相而生的触特相等。因此,‘依止眼’与‘识知色所缘’,是唯独属于眼识的自性特相。这两个词组还清楚显示:眼处以依止缘力、色所缘以所缘缘力,资助眼识生起——
ရှိ၏။ (မူလဋီ-၁-၁၂၄-ကြည့်။) ကိစ္စရသ --- ရူပမတ္တဿ အာရမ္မဏဿ ဂဟဏံ ကိစ္စမေတဿာတိ ရူပမတ္တာရမ္မဏရသံ။
——这一点。(参见《根本复注》1-124。)作用——《根本复注》说:‘以只取显色所缘为其作用,故说以只取显色所缘为作用。’
(မူလဋီ-၁-၁၂၄။)
缅文出处原串:‘(မူလဋီ-၁-၁၂၄။)’(《根本复注》1-124。)
စက္ခုဝိညာဏ်သည် ရူပါရုံအရောင်မျှကိုသာ အာရုံပြုခြင်း သိခြင်း ရယူခြင်း ကိစ္စရသ ရှိ၏၊ အရောင်ကလွဲ၍ တစ်စုံတစ်ခုသော ကုသိုလ်တရား အကုသိုလ်တရားကိုမျှ မသိပေ။ မတ္တ = မျှ = ရူပါရုံအရောင်မျှ --- ဟူသော စကားဖြင့် ရူပါရုံမှ တစ်ပါးသောအာရုံကို စက္ခုဝိညာဏ်က အာရုံပြုမှု ရယူမှုကို နစ်စေသကဲ့သို့ အလားတူပင် ရူပါရုံ၌လည်း ရသင့်ကုန်သော အချို့ကုန်သော အညို အရွှေစသည့် အထူးတို့ကို သိမှုကို နစ်စေသည်။ မှန်ပေသည် စက္ခုဝိညာဏ်သည် ဝဏ္ဏ = အရောင်အဆင်းမျှကိုသာ သိ၍ အရောင်အဆင်းမှ တစ်ပါးသော တစ်စုံတစ်ခုသော၊ ထိုအဆင်း၌တည်သော အညို အရွှေစသော အထူးကို အာရုံယူခြင်းငှာ မစွမ်းနိုင်ပေ။ ထိုကြောင့် ဘုရားရှင်သည်- ပဉ္စဟိ ဝိညာဏေဟိ န ကဉ္စိ ဓမ္မံ ပဋိဝိဇာနာတိ အညတြ အဘိနိပါတမတ္တာ။ (အဘိ-၂-၃၂၃။) = ပဉ္စဝိညာဏ်တို့ဖြင့် (ဆိုင်ရာ) အာရုံသို့ ရှေးရှူကျရောက်ခြင်းမှတစ်ပါး အခြား တစ်စုံတစ်ခုသော တရားကို
眼识的作用,只是取、识知、取得色所缘的显色;除了显色,它连任何善法或不善法都不知道。“只是”,即“只取色所缘的显色”,这一限定既排除眼识取色所缘以外的其他所缘,也排除它识知色所缘中可以分别出的褐色、金色等差别。诚然,眼识只识知显色,不能取得显色以外的任何所缘,也不能取得该显色中的褐色、金色等差别。因此,世尊说:‘五识除了只是迎面会合于所缘之外,不识知任何法。’(《阿毗达磨》2-323。)所谓以五识除了迎面会合于相应所缘之外,不识知任何——
မသိ။ (အဘိ-၂-၃၂၃။) ဤသို့ ဘုရားရှင်သည် ဟောကြားထားတော်မူပေ၏။
——法,世尊就是如此宣说的。(《阿毗达磨》2-323。)
န ကဉ္စိ ဓမ္မံ ပဋိဝိဇာနာတိ = တစ်စုံတစ်ခုသော တရားကို မသိဟူသည် မနောပုဗ္ဗင်္ဂမာ ဓမ္မာ --- ဤသို့ စသည်ဖြင့် ဟောကြားထားတော်မူအပ်သော တစ်စုံတစ်ခုလည်း ဖြစ်သော ကုသိုလ်ကိုသော်လည်းကောင်း၊ အကုသိုလ်ကိုသော်လည်းကောင်း မသိပေ။
所谓‘不识知任何法’,是说它不知道‘意为诸法先导’等教说中所说的善法或不善法等任何一种法。
အညတြ အဘိနိပါတမတ္တာတိ အညတြ အာပါတမတ္တာ။ (အဘိ-၂-၃၃၃။)
‘除了只是迎面会合’,就是‘除了只是来到所缘前’。(《阿毗达磨》2-333。)

本页是帕奥禅师缅文「五大册」第四册(趣向涅槃之道·第四册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。卷前、正文与原书索引均与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。