二十八种色法:色蕴论章(之四)

《趣向涅槃之道》中文全译本 · 非缩略版

特相等四法篇 · 原书第 97–123 页 · 223 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 97 页
လက္ခဏာဒိစတုက္ကပိုင်း -- ရူပက္ခန္ဓကထာ အခန်း အခြားသည် ရှိ၏၊ ယင်း အဆုံးအပိုင်းအခြားကား အာကာသဓာတ်ပင်တည်း။ ထိုကြောင့် ယင်းမဟာဘုတ်တို့၏ အဆုံးအပိုင်းအခြားဟူသော ယင်းအာကာသဓာတ်ကို ယင်းမဟာဘုတ်တို့က မထိအပ် မထိနိုင်သည်သာ ဖြစ်၏။
——一终端与边界就是空界。因此,那些大种不能触及作为自己终端与边界的空界。
ထိုသို့ မယူဆဘဲ အာကာသဓာတ်ကို ထိုထို ရုပ်ကလာပ် အတွင်း၌ တည်ရှိကုန်သော မဟာဘုတ်တို့က ထိအပ် ထိနိုင်သည်ဟု အနက်အဓိပ္ပါယ်ကို ယူဆခဲ့သော် ရုပ်ကလာပ်တို့ကို ပိုင်းခြားခြင်း၊ ရုပ်ကလာပ်တို့၏ အတွင်း၌ တည်ရှိကြကုန်သော ရုပ်တရားတို့၏ အပိုင်းအခြားခံရခြင်း သဘောတရားသည် မဖြစ်နိုင်တော့လေရာ။
若不作这样的理解,反而认为各个色聚内部的大种能够触及空界,那么,空界对诸色聚的区隔,以及聚内诸色法被划定界限的性质,都将不可能成立。
အဘယ်ကြောင့်နည်းဟူမူ --- ထိုထို ရုပ်ကလာပ် အသီးအသီး၌ တည်ရှိကြသော မဟာဘုတ်တို့၏ (ဗျာပိတဘာဝ) = ပျံ့နှံ့ခြင်း ရှိကုန်သည်၏ အဖြစ်သို့ ရောက်ရှိသွားခြင်းကြောင့်တည်း။ (ရုပ်ကလာပ်တစ်ခု၌ တည်ရှိသော မဟာ- ဘုတ်တို့နှင့် အခြား ရုပ်ကလာပ်တစ်ခု၌ တည်ရှိသော မဟာဘုတ်တို့သည် ''ဤသည်တို့ကား ဤရုပ်ကလာပ်၏ မဟာဘုတ်၊ ဤသည်တို့ကား ဤရုပ်ကလာပ်၏ မဟာဘုတ်'' ဤသို့ စသည်ဖြင့် ခွဲမရအောင် တွဲလျက် ခဲလျက် တစ်ပြင်တည်း တစ်စပ်တည်း ဖြစ်ခြင်းသို့ ရောက်ရှိသွားလေရာသည် ဟူလို။) အဘယ်ကြောင့် ထိုထို ရုပ်ကလာပ် အသီးအသီး၌ တည်ရှိကြသော မဟာဘုတ်တို့၏ ပျံ့နှံ့ခြင်း ရှိကုန် သည်၏ အဖြစ်သို့ ရောက်သွားကုန်သနည်းဟူမူ --- ရုပ်ကလာပ်တစ်ခု၌ တည်ရှိသော မဟာဘုတ်တို့နှင့် အခြား ရုပ်ကလာပ်တစ်ခု၌ တည်ရှိသော မဟာဘုတ်ဟူသော ထိုထို မဟာဘုတ်တို့၏ ကလာပ်ပြား မဟာဘုတ်အချင်းချင်း ပျံ့နှံ့ခြင်း မရှိမှု တွဲမှု ခဲမှု မရှိမှုသည်သာ အာကာသဓာတ်ကို မဟာဘုတ်တို့က မထိအပ် မထိနိုင်မှု ဖြစ်သော-
为什么呢?因为这样一来,各个色聚内的大种便会陷入遍满(byāpitabhāva)的状态。(意思是:一聚中的大种与另一聚中的大种将粘连、凝成同一平面、同一连续体,无法再分辨‘这些是这个色聚的大种,那些是那个色聚的大种’。)又为什么会陷入这样的遍满状态呢?因为一聚大种与另一聚大种之间不遍满、不粘连、不凝结的性质,正是诸大种不触及空界的意义——
ကြောင့်တည်း။
——所在。
ဆိုလိုသည်မှာ --- အာကာသဓာတ်ကို မဟာဘုတ်တို့က မထိအပ် မထိနိုင်မှုမှာ မဟာဘုတ်တို့က အာကာသ ဓာတ်သို့တိုင်အောင် ပျံ့နှံ့မှု မရှိသောကြောင့် ဖြစ်သည်။ အကယ်၍ မဟာဘုတ်တို့သည် အာကာသဓာတ်သို့ တိုင်အောင် ပျံ့နှံ့မှုရှိပါသည်ဟု ယူဆခဲ့လျှင် မဟာဘုတ်တို့က အာကာသဓာတ်ကို တွေ့ထိကောင်းသည်ဟု အနက် အဓိပ္ပါယ် ထွက်နေ၏။ (ဘုရားဟောနှင့်ကား အလွဲကြီး လွဲသွားပြီ ဖြစ်၏။) ယင်းသို့ မဟာဘုတ်တို့က အာကာသ ဓာတ်ကို တွေ့ထိကောင်း၍ အာကာသဓာတ်သို့တိုင်အောင် မဟာဘုတ်တို့သည် ပျံ့နှံ့ တည်နေကြသည် ဖြစ်ခဲ့လျှင် အာကာသဓာတ်က ရုပ်ကလာပ်တို့ကို ပိုင်းခြားမှုသည်လည်း မဖြစ်လေရာ၊ အပိုင်းအခြားခံရသော ရုပ်ဟူသည်လည်း မရှိနိုင်လေရာ၊ ရုပ်ကလာပ်အချင်းချင်း ကလာပ်ပြားရုပ် အချင်းချင်း ရောယှက် ရောစပ် ပျံ့နှံ့နေသောကြောင့် ဖြစ်သည်။ ဤသို့လျှင် မလိုလားအပ်သော အနက်သဘောများ ကျရောက်လာဖွယ်ရာ ရှိသဖြင့် အာကာသဓာတ်ကို
换言之,诸大种不能触及空界,是因为它们并未遍满至空界。若认为诸大种遍满至空界,便等于说诸大种可以触及空界;这就与佛陀的开示大相违背。倘若诸大种能够触及空界,并且遍满至空界,空界便不能区隔诸色聚,也不会再有被区隔的色法,因为各色聚及异聚诸色法都会混杂、混合、遍满。为了避免落入这些不应有的含义,只应把这句话理解为:空界——
အပိုင်းအခြားခံရသော ရုပ်ကလာပ်များ၏ အတွင်း၌ တည်ရှိကြသော မဟာဘုတ်တို့က မတွေ့ထိအပ် မတွေ့ထိနိုင် ဟုသာ အဓိပ္ပါယ်ယူပါ ဟူလိုသည်။
——不能被那些住在由它区隔的诸色聚内部之大种触及。
ယင်းသို့ အဓိပ္ပါယ် ယူဆပါမှသာလျှင် ရုပ်ကလာပ်တို့ကို ပိုင်းခြားတတ်သော = ပိုင်းခြားသကဲ့သို့ ဖြစ်သော အာကာသဓာတ်ဟူသည်လည်း ရှိ၏၊ အပိုင်းအခြားခံရသော ရုပ်ကလာပ်များ ရုပ်တရားများလည်း ရှိ၏ဟု သဘော ကျနိုင်မည်။
只有作这样的理解,才能成立:一方面,有仿佛区隔诸色聚的空界;另一方面,也有被区隔的诸色聚与诸色法。
သို့သော် --- ''ဤသည်တို့ကား ဤရုပ်ကလာပ်၏ မဟာဘုတ်တို့တည်း၊ ဤသည်တို့ကား ဤရုပ်ကလာပ်၏ မဟာဘုတ်တို့တည်း'' --- ဤသို့စသည်ဖြင့် ကလာပ်ခြားကုန်သော ကလာပ်ပြားကုန်သော မဟာဘုတ်တို့၏ ကွဲပြားမှု အထူးအပြားကိုကား သိနိုင်ခဲလှ၏။ (သိနိုင်ခဲ၏ဟုသာ ဆိုသည်၊ မသိနိုင်ဟုကား မဆိုသည်ကို သတိပြုပါ။) ထိုသို့ သိနိုင်ခဲသည် မှန်သော်လည်း --- ရုပ်ကလာပ် တစ်ခု၏ အတွင်း၌ တည်ရှိကြသော ရုပ်တရားတို့ သည်သာ ခွဲခြား၍ မရနိုင်သော ခွဲခြား၍ မဖြစ်နိုင်သော အဝိနိဗ္ဘောဂတရားများ ဖြစ်ကြသဖြင့် ကလာပ်ခြား ကုန်သော ကလာပ်ပြားကုန်သော ရုပ်ကလာပ် တစ်ခြားစီ၌ တည်ရှိကြကုန်သော ကလာပ်ပြား မဟာဘုတ်တို့၏
不过,要分别了知异聚大种之间的差别,确实很困难,例如分清‘这些是这个色聚的大种,那些是那个色聚的大种’。(应注意:这里只说难以了知,并没有说绝对不能了知。)虽说难以了知,但只有住在同一色聚内部的诸色法,才是不能彼此分开、不可分离的诸法;分别住在不同色聚中的异聚大种则并非——
原书第 98 页
ခွဲခြား၍ မရနိုင်သော ခွဲခြား မဖြစ်နိုင်သော အဝိနိဗ္ဘောဂရုပ်တရားများ မဟုတ်ကြသောကြောင့် ရုပ်ကလာပ်တစ်ခု ၌ တည်သော မဟာဘုတ်တို့က အခြားရုပ်ကလာပ်တစ်ခု၌ တည်သော မဟာဘုတ်တို့ကို တွေ့ထိနိုင်ကြောင်းကို မူလဋီကာဆရာတော်က (မူလဋီ-၁-၁၅၂။)၌ ဖွင့်ဆိုတော်မူခြင်း ဖြစ်၏။
——不可分离法。因此,《根本复注》师在《根本复注》1-152中解释:一聚中的大种能够与另一聚中的大种相触。
ရုပ်ကလာပ်တစ်ခု၌ တည်ရှိကြသော မဟာဘုတ်တို့နှင့် အခြားရုပ်ကလာပ်တစ်ခု၌ တည်ရှိကြကုန်သော မဟာဘုတ်တို့ကား ရောယှက်မှု မရှိကြပေ။ ထိုသို့ ရောယှက်မှု မရှိနိုင်သော်လည်း ကလာပ်ပြား မဟာဘုတ် အချင်းချင်းကား တွေ့ထိကောင်း၏ ထိခိုက်နိုင်၏။ (လက်ဝါးနှစ်ဖက်ကို တွေ့ထိကြည့်ပါ။ တွေ့ထိ၍ကား ရနိုင်၏၊ လက်ဝါးချင်းကား တစ်ခုတည်း အဖြစ်သို့ ရောနှော၍ မသွား၊ လက်ဝါး တစ်ခုစီသာ ဖြစ်သကဲ့သို့ မှတ်ပါ။) ထိုသို့ပင် ဆက်စပ်တည်နေကြကုန်သော ကလာပ်ပြား မဟာဘုတ် အချင်းချင်း ထိခိုက်နိုင်ပါသော်လည်း ထိုထို မဟာဘုတ်တို့မှ ကင်းဆိတ်သည်၏ အဖြစ်ဟူသော ရုပ်ကလာပ်တို့၏ အဆုံးအပိုင်းအခြားကား ရှိသည်သာဖြစ်၏။
一聚中的大种不会与另一聚中的大种混杂;它们虽不混杂,异聚大种彼此却可以接触、碰触。(请把两只手掌合拢:手掌可以彼此接触,却不会混成同一只手掌,仍各自是一只手掌。)同样,相邻色聚中的异聚大种虽能彼此接触,但诸大种不复存在之处——诸色聚的终端与边界——仍然存在。
ယင်း အဆုံးအပိုင်းအခြားကား အာကာသဓာတ်ပင်တည်း။ (အနုဋီ-၁-၁၆၅။) တစ်နည်း --- အကြင် အကြင် မဟာဘုတ်တို့၏ အပိုင်းအခြားဖြစ်သော = အကြင် အကြင် မဟာဘုတ်တို့ကို ကလာပ်ပြား မဟာဘုတ် အချင်းချင်း မရောယှက်အောင် ပိုင်းခြားတတ်သော အာကာသဓာတ်ဟူသည် ရှိ၏၊ ထိုအာကာသဓာတ်ဟူသည် ထိုထို မဟာဘုတ်တို့၏ ကင်းဆိတ်မှုသဘော = သုညသဘောသာ ဖြစ်၏။ ထိုမဟာ- ဘုတ်တို့၏ အဆုံးအပိုင်းအခြား ဖြစ်သောကြောင့် အာကာသဓာတ်ဟူသည် ထိုမဟာဘုတ်တို့မှ ကင်းဆိတ်မှု သုညသဘောတရားဟု မှတ်သားသင့်၏။ ထိုကြောင့်ပင်လျှင် ထိုအာကာသဓာတ်ကို အခြားသော ကလာပ်ပြား မဟာဘုတ်တို့က မထိခိုက်အပ်သကဲ့သို့ (အာကာသဓာတ်ဖြင့် အပိုင်းအခြားခံရသော) ထိုမဟာဘုတ်တို့က မထိအပ် မထိနိုင်ဟု ဆိုခြင်းဖြစ်သည်ဟု မှတ်ပါ။ (အနုဋီ-၁-၁၆၅။) ယင်း အာကာသဓာတ်ကား ဖောက်ပြန်တတ်သည့် ရုပ္ပနလက္ခဏာရှိသည့် တကယ့်ရုပ်အစစ်ကား မဟုတ်၊ ဖောက်ပြန်တတ်သည့် ရုပ္ပနလက္ခဏာရှိသည့် တကယ့်ရုပ်အစစ်များနှင့် ပူးတွဲပါလာသောကြောင့်သာ မကင်း
这一终端与边界就是空界。(《随复注》1-165。)另一解释是:空界作为某些大种的边界,把这些大种与异聚大种区隔开,使彼此不相混杂;因此,空界只是那些大种的空无状态——其中没有那些大种。由于它是那些大种的终端,应当把空界理解为不含那些大种的空无状态。所以,正如异聚大种不能触及它,被这一空界区隔的那些大种也不能触及它。(《随复注》1-165。)这种空界并不是真正具有变坏特相的实色;它只是因为与真正具有变坏特相的诸色法一同出现、不能——
စကောင်းသော အဝိနာဘာဝနည်းအားဖြင့် ဖောက်ပြန်တတ်သော ရုပ္ပနလက္ခဏာရှိသည့် ရုပ်စာရင်းတွင် ထည့်- သွင်း၍ ရုပ်တရားဟု ခေါ်ဝေါ် သုံးစွဲထားခြင်းဖြစ်သည်။ ဖောက်ပြန်တတ်သောသတ္တိ မရှိပါဘဲလျက် ဖောက်ပြန် တတ်သောသတ္တိ ရှိသကဲ့သို့ တင်စား၍ ခေါ်ဆိုထားသော တဒ္ဓမ္မူပစာရစကားဟု မှတ်ပါ။
——脱离它们而有,才依不可分离之理被列入具有变坏特相的色法范围,并称为色法。应知:它本无变坏能力,却被说得仿佛具有这种能力,这属于依该法而作的借称(taddhammūpacāra)。
သို့သော် ယင်း အာကာသဓာတ်ကို သိမ်းဆည်း ရှုပွားရန် ဘုရားရှင် ကိုယ်တော်တိုင်က မဟာရာဟုလောဝါဒ သုတ္တန် (မ-၂-၈၆။)တွင် အရှင်ရာဟုလာအား ရှုပွားသုံးသပ်ရန် ညွှန်ကြားထားတော်မူ၏။ ဓာတုဝိဘင်္ဂသုတ္တန် (မ-၃-၂၈၅။)တွင်လည်း ပုက္ကုသာတိ အမျိုးကောင်းသား ရဟန်းတော်အား ဓာတ် (၆)ပါး ကမ္မဋ္ဌာန်းကို ညွှန်ကြား ပြသရာ၌ အာကာသဓာတ်ကို သိမ်းဆည်းရှုပွားရန် ထည့်သွင်း ဟောကြားထားတော်မူ၏။ အဘိဓမ္မာ ဓာတုဝိဘင်း ပါဠိတော် (အဘိ-၂-၈၆။)၌လည်း အာကာသဓာတ်ကို သိမ်းဆည်း ရှုပွားရန် ညွှန်ကြားထားတော်မူ၏။ အဋ္ဌကထာ ကလည်း ဤသို့ ရှင်းပြထား၏။
不过,佛陀本人曾在《教诫罗睺罗大经》(《中部》2-86)中教导罗睺罗尊者摄取、观修空界;在《界分别经》(《中部》3-285)中向善家子出家人 Pukkusāti 教导六界业处时,也开示了摄取、观修空界;《阿毗达磨·界分别》巴利本(《阿毗达磨》2-86)同样指示应当摄取、观修空界。义注又解释如下。
အထ အာကာသဓာတုံ ကသ္မာ ဝိတ္ထာရေသီတိ။ ဥပါဒါရူပဒဿနတ္ထံ။ ဟေဋ္ဌာ ဟိ စတ္တာရိ မဟာဘူတာနေဝ ကထိတာနိ၊ န ဥပါဒါရူပံ။ တသ္မာ ဣမိနာ မုခေန တံ ဒဿေတုံ အာကာသဓာတုံ ဝိတ္ထာရေသိ။ အပိစ အဇ္ဈတ္တိကေန အာကာသေန ပရိစ္ဆိန္နရူပမ္ပိ ပါကဋံ ဟောတိ။
‘那么,为什么又详说空界呢?为了显示所造色。因为前文只说了四大种,并未说所造色。因此,为了借这一门径显示所造色,才详说空界。而且,由内在空界所区隔的色法也会变得显明。’
အာကာသေန ပရိစ္ဆိန္နံ၊ ရူပံ ယာတိ ဝိဘူတတံ။
‘由空界所区隔的色法,便趋于清楚显现;’
တဿေဝံ အာဝိဘာဝတ္ထံ၊ တံ ပကာသေသိ နာယကော။ (မ-ဋ္ဌ-၃-၉၇။)
‘为了使它如此显现,导师才开示了那〔空界〕。’(《中部义注》3-97。)
原书第 99 页
လက္ခဏာဒိစတုက္ကပိုင်း -- ရူပက္ခန္ဓကထာ အခန်း ဤ မဟာရာဟုလောဝါဒသုတ္တန်ဝယ် အာကာသဓာတ်ကို အဘယ်ကြောင့် အကျယ်ချဲ့၍ ဟောကြားထား တော်မူပါသနည်းဟူမူ --- ဥပါဒါရုပ်ကို သိမ်းဆည်း ရှုပွားရန် ညွှန်ကြား ပြသတော်မူလိုသည့်အတွက် ဟောကြား တော်မူခြင်း ဖြစ်၏။ မှန်ပေသည် ရှေးပိုင်းဝယ် ရုပ်ပိုင်းဆိုင်ရာ၌ မဟာဘုတ် (၄)ပါးတို့ကိုသာ ဟောကြားတော်မူ အပ်ကုန်သေး၏။ ဥပါဒါရုပ်ကို သိမ်းဆည်း ရှုပွားရန် မဟောကြားရသေး။ ထိုကြောင့် ဤ အာကာသဓာတ်ကို အဦးမူသဖြင့် ထိုဥပါဒါရုပ်ကို သိမ်းဆည်း ရှုပွားဖို့ရန် ညွှန်ပြတော်မူလိုရကား အာကာသဓာတ်ကို အကျယ်ချဲ့၍ ဟောကြားတော်မူသည်။ တစ်နည်း --- ယင်း အာကာသဓာတ်ကို ဉာဏ်ဖြင့် မြင်အောင် ရှုနိုင်ပါက ယင်း အဇ္ဈတ္တိက အာကာသဓာတ်ဖြင့် အပိုင်းအခြားခံရသော ရုပ်တရားအပေါင်းသည်လည်း ထင်ရှားခြင်းသို့ ရောက်ရှိလာနိုင်၏၊ ထို အာကာသဓာတ်ဖြင့် ဤသို့ အပိုင်းအခြားခံရသည့် ရုပ်တရားအပေါင်းသည် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်-
在这部《教诫罗睺罗大经》中,为什么详说空界呢?为了指示如何摄取、观修所造色。因为前文在色法部分只说了四大种,尚未开示如何摄取、观修所造色;所以佛陀以空界为门径,为了指示如何摄取、观修所造色,才详说空界。另一解释是:如果能够以智观见空界,那么,由这一内在空界所区隔的一切色法,也会趋于显明。为了清楚显示由空界所区隔的一切色法能如何在瑜伽行者之智——
ဝယ် ထင်ရှားခြင်းသို့ ရောက်ရှိလာနိုင်ပုံကို ထင်ရှားပြတော်မူခြင်း အကျိုးငှာ လူသုံးပါးတို့၏ နိဗ္ဗာန်သို့ သွားရာ၌ ဦးစီးဦးကိုင် အကြီးအမှူး ဖြစ်တော်မူသော ဘုရားရှင်သည် ထိုအာကာသဓာတ်ကို သိမ်းဆည်း ရှုပွားရန် ညွှန်ကြား ပြသတော်မူရလေသည်။ (မ-ဋ္ဌ-၃-၉၇။) ဤ အာကာသဓာတ်ကား ရုပ်ကလာပ်တစ်ခုနှင့် ရုပ်ကလာပ်တစ်ခုကို မရောယှက်အောင် ပိုင်းခြားပေးသော ရုပ်ဖြစ်၏၊ ယောဂါဝစရပုဂ္ဂိုလ်သည် ယင်း အာကာသဓာတ်ကို သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် မြင်သိပါမှ ရုပ်ကလာပ်ကို မြင်နိုင်မည်။ ရုပ်ကလာပ်ကို မြင်ပါမှ ဓာတ်ခွဲနိုင်ပါမှ၊ ရုပ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော ရုပ်တရားတို့ကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ သိမ်းဆည်းနိုင် ရှုပွားနိုင်ပါမှ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်မည်၊ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်ပါမှ အနတ္တဉာဏ်အမြင်သို့ ဆိုက်မည်။ အနိစ္စလက္ခဏာ ဒုက္ခလက္ခဏာ
——中显现,人、天、梵三类众生趣向涅槃时的导师、领袖——佛陀——才教导摄取、观修空界。(《中部义注》3-97。)空界是把一个色聚与另一个色聚区隔开、使它们不相混杂的色法。瑜伽行者必须以正见智亲自现前知见空界,才能看见色聚;必须看见色聚并能分析诸界,又以智分别、摄取、观修每一色聚内部的诸色法,知见才能到达胜义;到达胜义以后,才能到达无我之智见。只有对无常特相、苦特相——
အနတ္တလက္ခဏာဟူသော လက္ခဏာရေးသုံးတန် ဉာဏ်အမြင် သန့်ရှင်းပါမှ မဂ် ဖိုလ် နိဗ္ဗာန်သို့ ဆိုက်နိုင်မည်။
——与无我特相这三种特相的智见清净,才可能经由道、果而到达涅槃。
ထိုကြောင့် အာကာသဓာတ်ကို သိမ်းဆည်း ရှုပွားရန် ဘုရားရှင် ကိုယ်တော်တိုင်က ညွှန်ကြား ပြသတော်မူရခြင်း ဖြစ်ပေသည်။
因此,佛陀本人教导了应当摄取、观修空界。
၂ဝ။ ကာယဝိညတ်
二十、身表
၁။ အဘိက္ကမာဒိပဝတ္တက-စိတ္တသမုဋ္ဌာန-ဝါယောဓာတုယာ သဟဇရူပကာယ-ထမ္ဘန-သန္ဓာရဏ-စလနဿ ပစ္စယော (ဝါယောဓာတုအဓိကာနံ စိတ္တဇမဟာဘူတာနံ) အာကာရဝိကာရော ကာယဝိညတ္တိ၊ ၂။ အဓိပ္ပါယ ပကာသနရသာ၊ ၃။ ကာယဝိပ္ဖန္ဒနဟေတုဘာဝပစ္စုပဋ္ဌာနာ၊ ၄။ စိတ္တသမုဋ္ဌာနဝါယောဓာတုပဒဋ္ဌာနာ။ (ဝိသုဒ္ဓိ-၂-၇၈။) ၁။ ရှေ့သို့တက်ခြင်း စသည်ကို ဖြစ်စေတတ်သော စိတ္တဇဝါယောဓာတ်၏ အတူဖြစ်သော ရူပကာယကို ထောက်ပံ့ ခိုင်ခံ့စေခြင်း၊ ကောင်းစွာ တည်စေခြင်း၊ လှုပ်ရှားစေခြင်း၏ အကြောင်းဖြစ်သော (ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲကုန်သော စိတ္တဇ မဟာဘုတ်တို့၏) အမူအရာ အထူးသဘော လက္ခဏ၊ ၂။ လှုပ်ရှားသောသူ၏ အတွင်းသဘော အလိုဆန္ဒကို သူတစ်ပါးအား ထင်ရှားပြခြင်း (ကိစ္စ) ရသ၊ ၃။ ကိုယ်တုန်လှုပ်ခြင်း၏ အကြောင်းဖြစ်ခြင်း သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ စိတ်ကြောင့်ဖြစ်သော စိတ္တဇဝါယောဓာတ် ပဒဋ္ဌာန်။
巴利《清净道论》引文(缅文转写):‘၁။ အဘိက္ကမာဒိပဝတ္တက-စိတ္တသမုဋ္ဌာန-ဝါယောဓာတုယာ သဟဇရူပကာယ-ထမ္ဘန-သန္ဓာရဏ-စလနဿ ပစ္စယော (ဝါယောဓာတုအဓိကာနံ စိတ္တဇမဟာဘူတာနံ) အာကာရဝိကာရော ကာယဝိညတ္တိ၊ ၂။ အဓိပ္ပါယ ပကာသနရသာ၊ ၃။ ကာယဝိပ္ဖန္ဒနဟေတုဘာဝပစ္စုပဋ္ဌာနာ၊ ၄။ စိတ္တသမုဋ္ဌာနဝါယောဓာတုပဒဋ္ဌာနာ။ (ဝိသုဒ္ဓိ-၂-၇၈။)’译释:一、身表是心生风界令前进等转起时,能够使同生色身得到支撑、维持并发生动作的〔风界自性力偏胜之心生四大种的〕特殊行相;二、以显示行动者内在的意图为作用;三、以成为身体动作之因为现起;四、以心生风界为近因。(《清净道论》2-78。)换言之:一、其特相,是成为心生风界支撑、稳固、维持并推动同生色身的条件,也就是风界自性力偏胜之心生四大种的特殊行相;二、其作用,是向他人显示行动者内在的意图;三、其现起,是作为身体动作的原因;四、其近因,是心生风界。
ထိုကာယဝိညတ်ကို၊ ကိုယ်ကို လှုပ်ရှားပြခြင်းဖြင့် လှုပ်ရှားပြသူ၏ အတွင်းသဘော အလိုဆန္ဒကို သူတစ်ပါး- အား သိစေခြင်း၏ အကြောင်းဖြစ်သောကြောင့်လည်းကောင်း၊ မိမိဟူသော ဝိကာရရုပ် ကိုယ်တိုင်က လှုပ်ရှား-
这种身表,一方面因为它以身体动作使他人知道行动者内在的意图;另一方面,因为这一变异色本身,随着称为‘活动之身’的色身——一切色法——而被了知〔也就是依次随顺取活动身体为对象的心路而被了知〕,所以称为身——
原书第 100 页
ပြသော ကိုယ်ဟု ခေါ်ဆိုအပ်သော ရူပကာယ = ရုပ်တရားအပေါင်းသို့ အစဥ်လျှောက်သဖြင့် (= လှုပ်ရှားသော ကိုယ်ကို မှတ်ယူကြောင်း ဝီထိသို့ အစဥ်လိုက်သဖြင့်) သိအပ်သော ရုပ်တရား ဖြစ်သောကြောင့်လည်းကောင်း ကာယဝိညတ်ဟူ၍ ခေါ်ဆိုအပ်ပေသည်။
——表。
ထိုကာယဝိညတ်ရုပ်သည် မိမိက လှုပ်ရှားစေအပ်ကုန်သော၊ တစ်နည်း မိမိ ပါဝင်တည်ရှိသော ဝါယော ဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲကုန်သော မဟာဘုတ်တို့ကြောင့် အလှုပ်အရှား ခံရကုန်သော၊ ယင်းစိတ္တဇ ရုပ်တို့နှင့် အတူတကွ ခန္ဓာအိမ်တစ်ခု အတွင်းဝယ် ဆက်စပ်တည်နေကြ ဖြစ်နေကြကုန်သော ဥတုဇရုပ် ကမ္မဇရုပ် အာဟာရဇရုပ်တို့သည်လည်း စိတ္တဇရုပ်သည် လှုပ်ရှားခဲ့သော် အတူရော၍ လှုပ်ရှားကြရကုန်၏။ ထိုသို့ လှုပ်ရှား ခြင်းကြောင့် ရှေ့သို့တက်ခြင်း စသည်တို့သည် ဖြစ်ပေါ်လာကုန်၏ဟု သိရှိပါလေ။ (ဝိသုဒ္ဓိ-၂-၇၈။) ဝိညတ်ခေါ်ပုံ --- အဓိပ္ပါယံ ဝိညာပေတီတိ ဝိညတ္တိ --- လက်ခြေ စသည်ကို လှုပ်ပြသူ စကားပြောသူတို့၏ အတွင်းသဘော အလိုဆန္ဒကို သူတစ်ပါးတို့အား သိစေတတ်သော ထူးခြားသော အမူအရာ တစ်မျိုးသည် ဝိညတ် မည်၏။ ထိုထူးခြားသော အမူအရာသည် ပရမတ္ထအားဖြင့် အထင်အရှားရှိသော သီးခြားရုပ်တစ်မျိုး မဟုတ်
身表所在、或由身表促成动作的,是风界自性力偏胜的心生四大种。与这些心生色共同相续在同一身体中的时节生色、业生色与食生色,在心生色动作时,也随它们一起动作;前进等动作便由此发生。(《清净道论》2-78。)为什么称为“表”——‘အဓိပ္ပါယံ ဝိညာပေတီတိ ဝိညတ္တိ’:一种特殊行相,能够使他人知道作手足动作或说话者内在的意图,所以称为表。虽然这种特殊行相并不是在胜义上另有自体的一种实色——
သော်လည်း ယခု လောက၌ လိမ္မာပါးနပ်သူတို့က ထိုအမူအရာထူးကို သိနိုင်သောကြောင့် ---- ဝိညာယတီတိ ဝိညတ္တိ --- အရ လှုပ်ရှားလာသော ရုပ်တရားအပေါင်းကို မြင်တွေ့ရ ကြားရခြင်းဖြင့် ယင်းဝိညတ်ရုပ်ကို သိအပ် သိနိုင်သောကြောင့် ဝိညတ် မည်၏။
——但世间的聪慧者能够知道它;又依‘ဝိညာယတီတိ ဝိညတ္တိ’——由看见或听见发生动作的一切色法而能够了知这一表色——所以称为表。
ကာယဝိညတ် --- အယဥှေတ္ထ အတ္ထော --- ဝိညာပေတီတိ ဝိညတ္တိ၊ ကိံ ဝိညာပေတိ? အဓိပ္ပါယံ၊ ကေန?
身表——其义如下:‘ဝိညာပေတီတိ ဝိညတ္တိ၊ ကိံ ဝိညာပေတိ? အဓိပ္ပါယံ၊ ကေန?’——‘能使人知道,所以是表。使人知道什么?意图。凭什么?’
ကာယေန၊ ကီဒိသေန? ဝိပ္ဖန္ဒမာနေနာတိ။ ဒုတိယနယေ ပန ယထာဝုတ္တေန ကာယေန ဝိညာယတီတိ ကာယဝိ- ညတ္တိ။ (မဟာဋီ-၂-၁ဝဝ။) ဝိပ္ဖန္ဒမာနေန ကာယေန အတ္တနော ဘာဝံ = အဓိပ္ပါယံ ဝိညာပေတီတိ ဝိညတ္တိ --- လက်ယပ်၍ခေါ်ခြင်း စသည်၌ လက်ယပ်သော အခြင်းအရာအားဖြင့် လှုပ်ရှားသောကိုယ်၏ အစိတ်အပိုင်းကို ကာယ = ကိုယ်ဟု ဧကဒေသူပစာရအားဖြင့် ဆိုထားသည်။ ရူပကာယ တစ်ခုလုံး၏ ကာယ = ကိုယ်ဟူသော အမည်ကို လှုပ်ရှား ပြသော လက်စသော ကိုယ်၏ အစိတ်အပိုင်း၌ တင်စား၍ လှုပ်ရှားပြသော လက်စသော ကိုယ်၏ အစိတ်အပိုင်း ကိုလည်း ကာယ = ကိုယ်ဟု ခေါ်ဆိုထားသည်ဟု ဆိုလိုသည်။ ထို ကိုယ်ဖြင့် မိမိ၏ လာစေလိုခြင်း စသော အတွင်းသဘော အလိုဆန္ဒကို သူတစ်ပါးတို့အား သိစေတတ်သောကြောင့် ဝိညတ် မည်၏။ ထိုသို့ မိမိ၏အတွင်း သဘော အလိုဆန္ဒကို ကိုယ်အမူအရာထူးဖြင့် သူတစ်ပါးတို့အား သိစေရာ၌ လူတို့သည်သာမက တိရစ္ဆာန်တို့သော်-
——‘ကာယေန၊ ကီဒိသေန? ဝိပ္ဖန္ဒမာနေနာတိ။ ဒုတိယနယေ ပန ယထာဝုတ္တေန ကာယေန ဝိညာယတီတိ ကာယဝိညတ္တိ။ (မဟာဋီ-၂-၁ဝဝ။)’——‘凭身体。怎样的身体?正在动作的身体。依第二种解释,因为由上述身体而被了知,所以是身表。’(《大复注》2-100。)‘ဝိပ္ဖန္ဒမာနေန ကာယေန အတ္တနော ဘာဝံ = အဓိပ္ပါယံ ဝိညာပေတီတိ ဝိညတ္တိ’:以招手等动作中的活动方式,把正在动作的手等身体部分,依一分借称(ekadesūpacāra)称为“身”;也就是把完整色身的“身”这一名称,借用于正在动作的手等身体部分。由于凭这种身体动作能使他人知道自己想让对方过来等内在意图,所以称为表。以特殊身体动作使他人知道内在意图时,不仅人——
မှလည်း ထိုအလိုကို သိနိုင်ကြ၏။ အလားတူပင် တိရစ္ဆာန်တို့၏ အတွင်းသဘော အလိုဆန္ဒကိုလည်း တိရစ္ဆာန် အချင်းချင်းသာမက လူတို့သော်မှလည်း သိနိုင်ကြ၏၊ ထိုသို့ သိနိုင်ခြင်းမှာ ဤ ဝိညတ်ရုပ်ကြောင့်ပင် ဖြစ်၏။
——能知道,动物也能知道;同样,动物的内在意图,不仅动物彼此能知道,人也能知道。能够如此了知,正是由于这种表色。
ရှေ့သို့ တက်အံ့ ၊ နောက်သို့ ဆုတ်အံ့ ၊ ကွေးအံ့၊ ဆန့်အံ့၊ လက်ယပ်ခေါ်အံ့၊ --- ဤသို့ စသော စိတ်သည် ဖြစ်ပေါ်လာလတ်သော် ထိုစိတ်သည် စိတ္တဇသြဇဋ္ဌမကရုပ်များကို ဖြစ်စေ၏။ ထို စိတ္တဇသြဇဋ္ဌမကရုပ်ကလာပ်တို့၏ အတွင်း၌ ဝါယောဓာတ်သည် ရှိ၏၊ ထိုဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင်ကား လွန်ကဲထက်မြက် စူးရှလျက် ရှိ၏၊ ထိုဝါယောဓာတ်က မိမိနှင့် အတူတကွ ဖြစ်ဖက်ဖြစ်သော စတုသမုဋ္ဌာနိက ရူပကာယ = ရုပ်တရားအပေါင်းကို ကောင်းစွာ တောင့်တင်း ခိုင်မာအောင် ထောက်ပံ့ထား၏၊ ထောက်ကန်ထား၏၊ လိုရာဘက်သို့ ကောင်းစွာ ရှေးရှူ ဆောင်ထား၏၊ လှုပ်ရှားစေ၏၊ ရှေ့သို့ သွားစေ၏၊ နောက်သို့ ဆုတ်စေ၏၊ ကွေးစေ၏၊ ဆန့်စေ၏၊ လက်ယပ် ခေါ်စေ၏၊ ဤသို့စသည့် ကိုယ်အမူအရာထူးများကို ဖြစ်စေ၏။
当‘我要前进、后退、屈曲、伸展或招手’等心生起时,该心便产生心生食素八法聚。这些色聚中有风界,其自性力格外强盛锐利;它支撑、维持与它同生的四因所生色身——一切色法——使之稳固,并将其导向所需方向而令其动作:向前、后退、屈曲、伸展、招手等特殊身体行相便由此出现。
原书第 101 页
လက္ခဏာဒိစတုက္ကပိုင်း -- ရူပက္ခန္ဓကထာ အခန်း ထိုသို့ ဖြစ်စေရာ၌ ပဉ္စဒွါရဝီထိစိတ်တို့ကား ဝိညတ်ရုပ်ကို မဖြစ်စေနိုင်ကြကုန်၊ မနောဒွါရဝီထိစိတ်တို့ကသာ ဝိညတ်ရုပ်ကို ဖြစ်စေနိုင်ကြကုန်၏။ ထို မနောဒွါရိက ဇောစိတ်တို့တွင် ဇော (၇)ကြိမ်တို့အနက် ရှေ့ဇော (၆)တန် တို့ကြောင့် ဖြစ်ကုန်သော စိတ္တဇဝါယောဓာတ်တို့သည် မိမိနှင့် အတူတကွဖြစ်ဖက် ဖြစ်ကုန်သော စတုသမုဋ္ဌာနိက ရူပကာယ = ရုပ်တရားအပေါင်းကို ကောင်းစွာ တောင့်ထားခြင်း ထောက်ကန်ထားခြင်းငှာလည်းကောင်း၊ ကောင်းစွာ ဆောင်ထားခြင်းငှာလည်းကောင်း စွမ်းနိုင်ကုန်၏၊ ထိုမှ ဤှမှ လှုပ်ရှားစေခြင်းငှာကား မစွမ်းနိုင်ကုန်။ သို့သော် သတ္တမဇောစိတ်ကြောင့်ဖြစ်သော စိတ္တဇသြဇဋ္ဌမကရုပ်ကလာပ်တို့တွင် ပါဝင်တည်ရှိသော ဝါယောဓာတ်သည်ကား ရှေ့ဇော (၆)တန်တို့ကြောင့် ဖြစ်ကုန်သော စိတ္တဇသြဇဋ္ဌမကရုပ်ကလာပ်တို့၌ တည်ရှိကြသော ဝါယောဓာတ်တို့၏
在这一过程中,五门心路诸心不能产生表色,只有意门心路诸心能够产生表色。在意门速行的七次速行中,前六次速行所生的心生风界,能够支撑、稳固并导引与其同生的四因所生色身,却还不能使它从这一处移向另一处。第七速行心所生的心生食素八法聚中所含的风界,则得到前六次速行所生色聚中诸风界的——
အားပေးထောက်ပံ့တတ်သော အကြောင်းကို ရရှိသည်ဖြစ်၍ မိမိနှင့်အတူဖြစ်ဖက် ဖြစ်ကုန်သော စတုသမုဋ္ဌာနိက ရူပကာယ ရုပ်တရားအပေါင်းကို (သွားမည့်ဘက်သို့ ရှေးရှူလျက်) ထောက်ကန်ထားခြင်းငှာလည်းကောင်း၊ ကောင်း စွာ ရှေးရှူ ခေါ်ဆောင်ထားခြင်းငှာလည်းကောင်း၊ လှုပ်ရှားစေခြင်းငှာလည်းကောင်း၊ ရှေ့သို့ သွားစေခြင်းငှာလည်း ကောင်း၊ နောက်သို့ ဆုတ်စေခြင်းငှာလည်းကောင်း၊ ရှေ့တည့်တည့်သို့ ကြည့်စေခြင်းငှာလည်းကောင်း၊ စောင်း၍ ကြည့်စေခြင်းငှာလည်းကောင်း၊ ကွေးစေခြင်းငှာလည်းကောင်း၊ ဆန့်စေခြင်းငှာလည်းကောင်း စွမ်းနိုင်၏။ ထို သတ္တမဇောစိတ်ကြောင့် ဖြစ်သော စိတ္တဇဝါယောဓာတ်၏ စွမ်းအင်သတ္တိကြောင့် သွားခြင်းမည်သည် ဖြစ်ပေါ်လာ၏၊ ပြန်လာခြင်းမည်သည် ဖြစ်ပေါ်လာ၏၊ သွားခြင်း ပြန်လာခြင်းမည်သည် ဖြစ်ပေါ်လာ၏၊ တစ်ယူဇနာရှိသော အရပ်သို့ ရောက်ပြီ၊ ဆယ်ယူဇနာရှိသော အရပ်သို့ရောက်ပြီ --- ဤသို့ ပြောဆိုထိုက်သည်၏ အဖြစ်သို့ ရောက်ရှိ
——助力,因而能够支撑、导引并推动与它同生的四因所生色身,使其向前、后退、直视、斜视、屈曲或伸展。依第七速行心所生心生风界的力量,才有前去、返回或往返等动作,乃至可以说‘已到一由旬之外’或‘已到十由旬之外’——
ပေသည်။ (ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲသော ရုပ်ကလာပ်များ အကြိမ်များစွာ ဖြစ်သောအခါ တစ်ယူဇနာရှိသော အရပ်သို့ ရောက်ပြီ၊ ဆယ်ယူဇနာရှိသော အရပ်သို့ ရောက်ပြီဟု ဆိုနိုင်စေသည်၊ ဝါယော ဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲသော ရုပ်ကလာပ် အနည်းငယ် ဖြစ်ရုံမျှဖြင့်ကား ထိုမျှလောက် မရောက်စေ- နိုင်ပါ ဟူလိုသည်။) (အဘိ-ဋ္ဌ-၁-၁၂၄-၁၂၅။) ထို စတုသမုဋ္ဌာနိက ရုပ်တရားအပေါင်းတို့တွင် စိတ်ကြောင့်ဖြစ်ကုန်သော စိတ္တသမုဋ္ဌာနိက ရုပ်တရားတို့ကား ဝိညတ် မဟုတ်ပါ။ ထိုစိတ္တသမုဋ္ဌာနိက သြဇဋ္ဌမက ရုပ်ကလာပ်အပေါင်းတို့တွင် တည်ရှိသော ဝါယောဓာတ်၏ တစ်နည်းဆိုသော် --- ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲကုန်သော မဟာဘုတ်တို့၏ အတူဖြစ်ဖက် ဖြစ်ကုန်သော စတုသမုဋ္ဌာနိက ရူပကာယ = ရုပ်တရားအပေါင်းကို ကောင်းစွာတောင့်ထားခြင်း ထောက်ကန် ထားခြင်းငှာလည်းကောင်း၊ လိုရာဘက်သို့ ရှေးရှူ ဆွဲဆောင်ထားခြင်းငှာလည်းကောင်း၊ လှုပ်ရှားစေခြင်းငှာလည်း-
——。〔这是说:风界自性力偏胜的色聚多次生起,才能走到一由旬或十由旬之外;只生起少数这样的色聚,不能走得那么远。〕(《殊胜义注》1-124—125。)在这一切四因所生色法中,心生色法本身并不是表。心生食素八法聚中所含的风界,换言之,风界自性力偏胜的四大种,具有一种特殊行相;这种行相能够成为支撑、导引并推动与之同生的四因所生色身——一切色法——的条件——
ကောင်း အကြောင်းတရားဖြစ်စေခြင်းငှာ စွမ်းနိုင်သော တစ်မျိုးသော ထူးခြားသော အမူအရာသည် ရှိ၏၊ ဤအမူ- အရာထူးသည်သာ ဝိညတ် မည်၏။ (အဘိ-ဋ္ဌ-၁-၁၂၅။) ထိုဝိညတ်သည် စိတ္တဇသြဇဋ္ဌမက ရုပ်တရားတို့ကဲ့သို့ စိတ်ကြောင့် ဖြစ်သည်ကားမဟုတ်၊ (ရုပ်အစစ် မဟုတ် သောကြောင့် စိတ္တသမုဋ္ဌာန်ရုပ် မဟုတ်ဟု ဆိုလိုသည်။) ထိုသို့ပင် စိတ်ကြောင့်ဖြစ်သည့် စိတ္တသမုဋ္ဌာန်ရုပ် မဟုတ် သော်လည်း --- အနိစ္စ ဒုက္ခ အနတ္တဖြစ်ကုန်သော သင်္ခတတရားတို့၏ ဇရာ မရဏ၏ အဖြစ်ကြောင့် ဇရာ မရဏကိုလည်း အနိစ္စ သင်္ခတ စသည်ဖြင့် ဟောကြားတော်မူသကဲ့သို့ --- အလားတူပင် စိတ်ကြောင့် ဖြစ်ကုန်သော စိတ္တသမုဋ္ဌာန် ရုပ်တရားတို့၏ ဝိညတ်ဟူသော ဝိကာရ = ထူးခြားသော အမူအရာ၏ အဖြစ်ကြောင့် ထိုဝိညတ် သည်လည်း စိတ်ကြောင့်ဖြစ်သည့် စိတ္တသမုဋ္ဌာန်ရုပ် အမည်ရတော့သည်သာ ဖြစ်သည်။ (ဌာနဖြစ်သော စိတ္တဇ သြဇဋ္ဌမက ရုပ်ကလာပ်အပေါင်း = ရုပ်တရားအပေါင်း၏ စိတ္တသမုဋ္ဌာန အမည်အစစ်ကို ဌာနီဖြစ်သော ဝိကာရရုပ်
——,只有这种特殊行相才称为表。(《殊胜义注》1-125。)表并不像心生食素八法色那样由心直接产生;它并非实色,所以严格说来不是心生色。不过,正如由于老与死是无常、苦、无我的有为法之老与死,因而也把老、死说为无常、有为等;同样,由于表是心生色法的特殊变异行相,也就被称为心生色。这里是把作为处所的心生食素八法聚——一切色法——所具有的“心生”名称,借用于依该处而有的变异色——
ဝိညတ်ပေါ်၌ တင်စား၍ ဝိညတ်ကိုလည်း ဌာနူပစာရအားဖြင့် စိတ္တသမုဋ္ဌာန်ရုပ်ဟု ခေါ်ဆိုသည် ဟူလို။)
——表;因此依处所借称(ṭhānūpacāra),表也称为心生色。〕
(အဘိ-ဋ္ဌ-၁-၁၂၅။)
缅文出处原串:‘(အဘိ-ဋ္ဌ-၁-၁၂၅။)’(《殊胜义注》1-125。)
原书第 102 页
ဤ အမူအရာထူး = ဝိကာရကို သိစေတတ်သည်၏ အဖြစ်ကြောင့် ဝိညတ်ဟု ခေါ်ဆို၏၊ အဘယ်ကို သိစေတတ်သနည်း ဟူမူ --- ဧကံ ကာယိကကရဏံ။ (အဘိ-ဋ္ဌ-၁-၁၂၅။) ကာယဒွါရပ္ပဝတ္တံ စိတ္တကြိယံ၊ အဓိပ္ပါယန္တိ အတ္ထော။ (မူလဋီ-၁-၇၂။) ကာယဒွါရ၌ဖြစ်သော စိတ်ကြောင့်ဖြစ်သော အမူအရာ ကြိယာထူးကို သိစေတတ်၏ ဟူလိုသည်။ ထိုအမူ- အရာ ကြိယာဟူသည်လည်း စိတ်၏ အတွင်းသဘော အလိုဆန္ဒကို သိစေတတ်သော အမူအရာ ကြိယာတည်း။
这种特殊行相、变异色能使人知道,所以称为表。它使人知道什么呢?‘ဧကံ ကာယိကကရဏံ။ (အဘိ-ဋ္ဌ-၁-၁၂၅။)’——‘某一种身体行为。’(《殊胜义注》1-125。)‘ကာယဒွါရပ္ပဝတ္တံ စိတ္တကြိယံ၊ အဓိပ္ပါယန္တိ အတ္ထော။ (မူလဋီ-၁-၇၂။)’——‘意为在身门转起的心之活动,即意图。’(《根本复注》1-72。)这就是说,它能使人知道由心所生、在身门表现出来的特殊行为;这种行为也就是能让人知晓心中意图的身体行为。
စက္ခုဝိညေယျ မနောဝိညေယျ
眼识所知与意识所知
စက္ခုပသာဒ၏ လမ်းကြောင်းကျရာ၌ တည်သောသူသည် လက်ကိုသော်လည်းကောင်း၊ ခြေကိုသော် လည်းကောင်း မြှောက်လိုက်အံ့ ၊ ဦးခေါင်းကိုသော်လည်းကောင်း မျက်ခုံးကိုသော်လည်းကောင်း လှုပ်စေအံ့၊ လက် ခြေ ဦးခေါင်း မျက်လုံးတို့၏ ဤ မြှောက်ခြင်း လှုပ်ခြင်းဟူသော အမူအရာသည် စက္ခုဝိညာဏ်ဖြင့် သိအပ် သိနိုင်၏၊ ဝိညတ်ရုပ်ကိုကား စက္ခုဝိညာဏ်ဖြင့် မသိအပ် မသိနိုင်၊ မနောဝိညာဏ်ဖြင့်သာ သိအပ် သိနိုင်၏။
站在眼净色视域内的人,若举起手或脚,或转动头部、眉毛,眼识能够知道、看见手、脚、头、眼等抬起或动作的行相;但表色不能由眼识了知,只能由意识了知。
မှန်ပေသည် စက္ခုဖြင့် = စက္ခုဝိညာဏ်ဖြင့် လက်၏ ထူးခြားသော အမူအရာ စသည်တို့၏ အစွမ်းဖြင့် လှုပ်ရှားသော အဆင်းဟူသော ရူပါရုံကိုသာလျှင် မြင်နိုင်၏။ (ထို လှုပ်ရှားသော လက်ဟူသည် ရုပ်ကလာပ်တို့၏ အပေါင်းအစု မျှသာ ဖြစ်၏၊ ထိုလှုပ်ရှားသော ရုပ်ကလာပ်တို့၏ အတွင်း၌ တည်သော ဝဏ္ဏဓာတ် ရူပါရုံတို့၏ အပေါင်းအစုကိုသာ စက္ခုဝိညာဏ်က မြင်နိုင်သည် ဟူလိုသည်။) ဝိညတ်ရုပ်ကိုကား မနောဒွါရိကစိတ်ဖြင့် ကြံစည် စဥ်းစား၍ ----- ''ဤသူသည် ဤမည် ဤမည်သော အမှုကိုလည်း ပြုစေလိုယောင်တကား'' --- ဟု သိ၏။ (အဘိ-ဋ္ဌ-၁-၁၂၅။) ကာယဝိညတ္တီတိ ဧတ္ထ တာဝ ကာယေန အတ္တနော ဘာဝံ ဝိညာပေန္တာနံ တိရစ္ဆာနေဟိပိ ပုရိသာနံ၊ ပုရိသေဟိ ဝါ တိရစ္ဆာနာနမ္ပိ ကာယဂဟဏာနုသာရေန ဂဟိတာယ ဧတာယ ဘာဝေါ ဝိညာယတီတိ ဝိညတ္တိ။
确实,眼——即眼识——只能看见活动的色所缘,也就是由于手等呈现特殊行相而活动的颜色。〔所谓活动的手,只是一群色聚;眼识实际所见,只是这些活动色聚中颜色界、色所缘的集合。〕至于表色,则须由意门心思惟后知道:‘这个人似乎想做某某事。’(《殊胜义注》1‘就“身表”而言,人以身体使自己的意图为人所知;循着对身体的认取而取到这一特殊行相,连动物也能由此知道人的意图,人也能知道动物的意图,所以称为表——’
သယံ ကာယဂဟဏာနုသာရေန ဝိညာယတီတိပိ ဝိညတ္တိ။ ''ကာယေန သံဝရော သာဓူ''တိအာဒီသု အာဂတော စောပနသင်္ခါတော ကာယောဝ ဝိညတ္တိ ကာယဝိညတ္တိ။ ကာယဝိပ္ဖန္ဒနေန အဓိပ္ပါယဝိညာပနဟေတုတ္တာ၊ သယဉ္စ တထာ ဝိညေယျတ္တာ ကာယေန ဝိညတ္တီတိပိ ကာယဝိညတ္တိ။ (အဘိ-ဋ္ဌ-၁-၃၆ဝ။) ဘာဝဿ ဂမနံ ပကာသနံ စောပနံ။ (မူလဋီ-၁-၁၅၁။) ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲသော ရုပ်ကလာပ်၏ ထူးခြားသောအမူအရာ ဝိကာရရုပ်ကို လည်းကောင်း၊ ပထဝီဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲသော ရုပ်ကလာပ်၏ ထူးခြားသောအမူအရာ ဝိကာရ ရုပ်ကိုလည်းကောင်း ဝိညတ်ခေါ်ကြောင်းကို သတိပြုထားပါ။
——‘သယံ ကာယဂဟဏာနုသာရေန ဝိညာယတီတိပိ ဝိညတ္တိ။ ''ကာယေန သံဝရော သာဓူ''တိအာဒီသု အာဂတော စောပနသင်္ခါတော ကာယောဝ ဝိညတ္တိ ကာယဝိညတ္တိ။ ကာယဝိပ္ဖန္ဒနေန အဓိပ္ပါယဝိညာပနဟေတုတ္တာ၊ သယဉ္စ တထာ ဝိညေယျတ္တာ ကာယေန ဝိညတ္တီတိပိ ကာယဝိညတ္တိ။ (အဘိ-ဋ္ဌ-၁-၃၆ဝ။)’译:‘它本身也由于循着对身体的认取而被了知,所以称为表。“善哉,以身防护”等语中称为动作的身体,本身就是表,所以是身表。又因为它通过身体动作使意图为人所知,并且它本身也如此被了知,所以也说是“由身而有的表”,即身表。’(《殊胜义注》1-360。)巴利《根本复注》又说:‘ဘာဝဿ ဂမနံ ပကာသနံ စောပနံ။’——‘使内在意图为人所知、显现出来,就是动作。’(《根本复注》1-151。)应注意:无论是风界自性力偏胜之色聚的特殊变异行相,还是地界自性力偏胜之色聚的特殊变异行相,都称为表。
(က) လက်ယပ်၍ခေါ်ခြင်း စသည်၌ လက်ယပ်သော အခြင်းအရာအားဖြင့် လှုပ်ရှားသော ကိုယ်၏ အစိတ် အပိုင်းဟူသော ကိုယ်ဖြင့် မိမိ၏ လာစေလိုသော အတွင်းသဘော အလိုဆန္ဒ စသည်ကို သိစေတတ်ကြကုန်သော လူသားတို့၏ အတွင်းသဘော အလိုဆန္ဒကို ထိုလူသားတို့၏ လှုပ်ရှားသော ကိုယ်ကို မှတ်ယူကြောင်း ဝီထိသို့ အစဥ်လိုက်သဖြင့် အာရုံယူအပ်သော ဤထူးခြားသော အမူအရာ ဝိကာရဖြင့် လူသားတို့သည်လည်းကောင်း၊ တိရစ္ဆာန်တို့မှသော်လည်းကောင်း သိအပ်သောကြောင့် သိနိုင်သောကြောင့် ဝိညတ် မည်၏။
(甲)以招手为例:正在动作的手这一身体部分,以招手的行相使人知道其内在的‘请过来’等意图。循着认取这个人的活动身体而取到的特殊变异行相,能够使其他人和动物知道他的内在意图,所以称为表。
原书第 103 页
လက္ခဏာဒိစတုက္ကပိုင်း -- ရူပက္ခန္ဓကထာ အခန်း လှုပ်ရှားသော ကိုယ်အင်္ဂါ အစိတ်အပိုင်းဟူသော ကိုယ်ဖြင့် မိမိ၏ အတွင်းသဘော အလိုဆန္ဒကို သိစေတတ် ကြကုန်သော တိရစ္ဆာန်တို့၏ အတွင်းသဘော အလိုဆန္ဒကို ထိုတိရစ္ဆာန်တို့၏ လှုပ်ရှားသောကိုယ်ကို မှတ်ယူ- ကြောင်းဝီထိသို့ အစဥ်လိုက်သဖြင့် အာရုံယူအပ်သော ဤထူးခြားသော အမူအရာ ဝိကာရဖြင့် တိရစ္ဆာန်တို့သည် လည်းကောင်း၊ လူသားတို့သည်သော်လည်းကောင်း သိအပ်သောကြောင့် သိနိုင်သောကြောင့် ဝိညတ် မည်၏။
同理,动物以活动的身体部分使自己的内在意图为人所知;循着认取动物的活动身体而取到的这一特殊变异行相,能够使其他动物乃至人知道它的内在意图,所以称为表。
(အဘိ-ဋ္ဌ-၁-၃၆ဝ။)
缅文出处原串:‘(အဘိ-ဋ္ဌ-၁-၃၆ဝ။)’(《殊胜义注》1-360。)
ပြည်ဆရာတော်ဘုရားကြီး၏ သုံးသပ်ချက်
卑谬大长老的考察
ထို ကာယဝိညတ်ကို စတုတ္ထ မနောဒွါရဝီထိဖြင့် မြင်သူ သူတစ်ပါး သိအပ်၏။ ထိုစကားကို ထင်ရှားဆိုအံ့၊ ပဉ္စဒွါရ၌ ရူပါရုံစသော အာရုံထင်ခြင်းသို့ ရောက်လတ်သော် အကြောင်းအားလျော်စွာ ကုသိုလ်၊ အကုသိုလ်ဇော သည် ဖြစ်၍ ဘဝင်သို့ သက်လတ်သော် တဒနုဝတ္တက မနောဒွါရိကဇောသည် ထိုပဉ္စဒွါရိကဝိညာဥ်၏ အာရုံကို ပင်လျှင် ယူ၍ ဘဝင်သို့ သက်၏၊ တစ်ဖန် ထိုပဉ္စဒွါရ၌ပင်လျှင် ထင်ရှားသော အာရုံကို ဆုံးဖြတ် မှတ်သား၍ သုဒ္ဓမနောဒွါရဇောသည် ဘဝင်သို့ သက်၏။ ထိုကြောင့် စက္ခုဒွါရိကဇော၏ အခြားမဲ့၌ ဖြစ်ကုန်သော နှစ်ပါး- ကုန်သော မနောဒွါရိကဇောဝါရတို့၏ အခြားမဲ့၌ တတိယဝါရ၌ ဖြစ်သော မနောဒွါရဝီထိဖြင့်သာလျှင် ကာယ- ဝိညတ်ကို သိအပ်ရကား ပဉ္စဒွါရဝီထိနှင့်တကွ လေးဝီထိမှ သိသတည်း။ ထို စတုတ္ထဝီထိဖြင့် သိအပ်သော ကာယ- ဝိညတ်ဖြင့် ပဉ္စမဝါရ၌ မနောဒွါရဇောဝီထိဖြင့် လှုပ်သောသူ၏ အလိုကို သူတစ်ပါး သိအပ်သတည်း။
他人要到第四个心路才能知道身表。具体说,当色所缘等在五门显现时,依因缘生起善或不善速行,随后沉入有分;接着,随转意门速行仍取该五门识的所缘,随后沉入有分;再后,纯意门速行判定、辨认刚才在五门显现的所缘,也沉入有分。因此,在眼门速行之后,经过两个意门速行轮次,再于第三个意门心路才知道身表;连同眼门心路计为第四个心路。依第四个心路所知的身表,到第五个心路中的意门速行心路,才知道行动者的意图。
(ပြည်-ဝိသုဒ္ဓိမဂ်-နိဿယ-၃-၂၁၇။)
缅文出处原串:‘(ပြည်-ဝိသုဒ္ဓိမဂ်-နိဿယ-၃-၂၁၇။)’(卑谬大长老《清净道论依词释》第三册,第217页。)
အထက်ပါ ပြည်ဆရာတော်ဘုရားကြီး၏ မိန့်ဆိုချက်ကား အောက်ပါ မိုင်းခိုင်းဆရာတော်ဘုရားကြီး၏ မိန့်ဆိုချက်နှင့် တစ်ထပ်တည်း တူညီလျက်ရှိ၏။
上述卑谬大长老的说法,与下面 Mine Khine Sayadaw 的说法完全一致。
မိုင်းခိုင်းဆရာတော်ဘုရားကြီး၏ သုံးသပ်ချက်
西亚多的考察(Mine Khine Sayadaw)
ဝိညတ်အလိုကိုသိသော ဝီထိဖြစ်ပုံကို --- ဒွါရမူလဋီကာ၊ ရုပ်ပိုင်းမဏိမဉ္ဇူတို့နှင့်အညီ ပြအံ့။
下面依《门根本复注》与色法部分的《摩尼宝珠》,说明了知表及意图的心路如何发生。
၁။ လက် ခြေ ဦးခေါင်း လှုပ်၍ပြခြင်း စသည်တို့၌ လှုပ်သော လက် ခြေစသည်၌ တည်သော ပစ္စုပ္ပန် ရူပါရုံကို အာရုံပြု၍ ရှေးဦးစွာ စက္ခုဒွါရဝီထိ ဖြစ်သည်။
首先,在手、脚、头部等动作中,以活动的手、脚等处所含的现在色所缘为对象,眼门心路生起。
၂။ ထိုနောင် အတိတ် ရူပါရုံကို အာရုံပြု၍ တဒနုဝတ္တက မနောဒွါရဝီထိ၊ ၃။ ထိုနောင် အတိတ် ရူပါရုံကို အညို အရွှေ စသည်ဖြင့် ဆုံးဖြတ်တတ်သော တတိယ သုဒ္ဓမနောဒွါရဝီထိ၊ ၄။ ထိုနောင် ဝိညတ်ကိုသိသော စတုတ္ထ မနောဒွါရဝီထိ၊ ၅။ ထိုနောင် ဤပုဂ္ဂိုလ်သည် ဤအမှုကို ပြုစေလို၏ဟု ပုဂ္ဂိုလ်၏ အလိုကိုသိသော ပဉ္စမ မနောဒွါရဝီထိ ဖြစ်သည်။ (ဝီထိပုံ-ဘုံစဥ်-ဆန်းပုံ-သိမ်ပုံ-ကျမ်း-၂၉။) လူတစ်ယောက်သည် လူတစ်ယောက်အား ရိုက်ပုတ်နေ၏။ မြင်ရသူတို့က ထိုသို့ရိုက်ပုတ်နေသည့် အမူ- အရာရုပ်သို့ အစဥ်လျှောက်၍ အာရုံယူတတ်သော ဝီထိစိတ်တို့ဖြင့် ထို ရိုက်ပုတ်နေသူ၏ သန္တာန်ဝယ် ဒေါသ ဖြစ်နေကြောင်း အတွင်းသဘောကို သိနိုင်၏။ လူတစ်ယောက်သည် ငြိမ်သက်စွာ ထိုင်၍ တရားနှလုံးသွင်းနေ၏၊ ထိုပုဂ္ဂိုလ်၏ ထိုကိုယ်အမူအရာကို ကြည့်၍ မြင်ရသူတို့က ထိုင်နေသူ၏ သန္တာန်ဝယ် တရားနှလုံးသွင်းနေကြောင်းကို
其后依次为:二、随转意门心路取已经过去的该色所缘;三、第三个纯意门心路仍取过去色所缘,并判定它是青、黄等;四、第四个意门心路知道表;五、第五个意门心路知道‘这个人想做这件事’这一意图。(Mine Khine Sayadaw《ဝီထိပုံ-ဘုံစဥ်-ဆန်းပုံ-သိမ်ပုံကျမ်း》,第29页。)例如,一个人正在殴打另一个人,见者循着殴打者动作行相的诸色,以相应心路取为所缘,便能知道此人相续中正在生起嗔。又如,一个人安静地坐着修法,见者观察他的身体行相,便能知道坐着的人正在——
သိနိုင်၏။ ထိုသို့ သိနိုင်မှုမှာ မြင်သူသန္တာန်ဝယ် စက္ခုဒွါရ (၁) ဝီထိ၊ မနောဒွါရ (၄) ဝီထိသို့ ရောက်မှ အတွင်းသ- ဘောကို သိနိုင်၏။ အနည်းဆုံး ပမာဏတည်း။ ထိုထက်အလွန်ဖြစ်သော ဝီထိတို့ဖြင့်လည်း သိနိုင်သည်သာတည်း။
——作意修法。见者至少要有一个眼门心路和四个意门心路,才能知道这一内在状态;超过这一最低数量,以更多心路也同样能够知道。
ခွေးနှစ်ကောင် ကိုက်နေကြရာဝယ် ခွေးအချင်းချင်းကလည်း တစ်ကောင်၏ ဒေါသကို တစ်ကောင်က သိနေ၏၊
两只狗互相撕咬时,狗彼此能够知道对方的嗔——
原书第 104 页
မြင်ရသူ လူတို့ကလည်း ခွေးတို့၏ ဒေါသကို သိနိုင်ကြ၏။ ထိုသို့ အတွင်းသဘောကို သိနိုင်မှုမှာ ထိုထို မြင်တွေ့ ရသော သတ္တဝါတို့၏ ထိုထို ကိုယ်အင်္ဂါ အစိတ်အပိုင်းဟု ခေါ်ဝေါ်သမုတ်အပ်သော ရုပ်တရားအပေါင်း၏ ရူပါရုံကို အာရုံယူတတ်သော စက္ခုဒွါရဝီထိ မနောဒွါရဝီထိ စသည်သို့ အစဥ်လျှောက်သဖြင့် ဤထူးခြားသော အမူအရာ ဝိကာရဖြင့် အတွင်းသဘောကို သိအပ်ရကား --- ဝိညာယတိ ဘာဝေါ ဧတာယာတိ ဝိညတ္တိ။
——,旁观的人也能知道它们的嗔。之所以能知道这样的内在状态,是因为以眼门、意门等心路,循着取见到的有情各个身体部分——即约定所谓身体部分的一切色法——中的色所缘,依这一特殊变异行相而了知其内在状态。‘ဝိညာယတိ ဘာဝေါ ဧတာယာတိ ဝိညတ္တိ’——由它而能知道内在状态,所以称为表。
လှုပ်ရှားသော အခြင်းအရာအားဖြင့် ဖြစ်သော ရူပကာယ = ရုပ်တရားအပေါင်းတွင် ပါဝင်တည်ရှိသော စိတ္တဇဝါယောဓာတ်၏ အမူအရာ အခြင်းအရာထူးဟူသော ဝိညတ်ရုပ်ဖြင့် လှုပ်ရှားသောသူ၏ အတွင်းသဘော အလိုဆန္ဒကို သူတစ်ပါးတို့က စက္ခုဒွါရဝီထိမှစ၍ ရေတွက်သော် ပဉ္စမမြောက် မနောဒွါရဝီထိ စိတ်အစဥ်ဖြင့် သိအပ်သောကြောင့်လည်း ထို ကိုယ်အမူအရာ အခြင်းအရာထူး ဝိကာရကို ဝိညတ်ဟူ၍လည်း ခေါ်သည်။
活动色身——一切色法——中所含心生风界的特殊变异行相,就是表色。由于他人从眼门心路起算,到第五个心路——最后一个意门心路——才依身表知道行动者的内在意图,所以这种身体的特殊变异行相也称为表。
ကာယေန ဝိညတ္တိ ကာယဝိညတ္တိ။
‘ကာယေန ဝိညတ္တိ ကာယဝိညတ္တိ’——由身而有的表,即身表。
ကိုယ်အမူအရာ အခြင်းအရာထူးဖြင့် မိမိ၏ အတွင်းသဘော အလိုဆန္ဒကို သူတစ်ပါးတို့က စက္ခုဒွါရဝီထိမှ စ၍ ရေတွက်သော် စတုတ္ထ မနောဒွါရဝီထိဖြင့် ဝိညတ်ရုပ်ကို ပဉ္စမ မနောဒွါရဝီထိဖြင့် အတွင်းသဘော အလိုဆန္ဒကို သိအပ်သောကြောင့် ကာယဝိညတ် မည်၏ ဟူလိုသတည်း။
意思是:从眼门心路起算,在第四个心路的意门心路中知道表色,到第五个心路的意门心路中知道内在意图;因为内在意图由特殊身体行相而被了知,所以称为身表。
( ခ ) သယံ ဝိညာယတီတိ ဝိညတ္တိ၊ ကာယောဝ ဝိညတ္တိ ကာယဝိညတ္တိ။
(乙)‘သယံ ဝိညာယတီတိ ဝိညတ္တိ၊ ကာယောဝ ဝိညတ္တိ ကာယဝိညတ္တိ’——它本身被了知,所以是表;身体本身就是表,故为身表。
ဤနည်း၌ --- ကာယအရ လှုပ်ရှားသော လက်စသည် တစ်ခုလုံးကို ရသော်လည်း တစ်ခုလုံးကို မယူဘဲ ထိုလှုပ်ရှားသော လက်စသော ရူပကာယ = ရုပ်တရားအပေါင်းတွင် ပါဝင်တည်ရှိသော စိတ္တဇဝါယောဓာတ်၏ အမူအရာ အခြင်းအရာထူးဟူသော ဝိကာရရုပ်ကိုသာ ဧကဒေသူပစာရအားဖြင့် ကောက်ယူ၍ ထိုကာယသည် ပင်လျှင် အတွင်းသဘော အလိုဆန္ဒကို သူတစ်ပါးတို့က ကာယသို့ အစဥ်လိုက်သော ပဉ္စမ မနောဒွါရဝီထိဖြင့် သိအပ် သိနိုင်သောကြောင့် ကာယဝိညတ် မည်၏ ဟူလိုသည်။
依这种解释,虽然“身”可以指正在动作的整只手等,但这里并不取整体,只依一分借称,取该活动色身——一切色法——中所含心生风界的特殊变异行相。由于这一个“身”本身,能够由循着身体而起的第五个心路之意门心路了知,所以称为身表。
( ဂ ) အဓိပ္ပါယံ ဝိညာပေတီတိ ဝိညတ္တိ။ ။ဝိညာယတီတိ ဝိညတ္တိ။ ကာယေန ဝိညတ္တိ ကာယဝိညတ္တိ။
(丙)‘အဓိပ္ပါယံ ဝိညာပေတီတိ ဝိညတ္တိ။ ဝိညာယတီတိ ဝိညတ္တိ။ ကာယေန ဝိညတ္တိ ကာယဝိညတ္တိ’——使意图为人所知,所以是表;它本身被了知,所以是表;由身而有的表,即身表。
(အဘိ-ဋ္ဌ-၁-၃၆ဝ။)
缅文出处原串:‘(အဘိ-ဋ္ဌ-၁-၃၆ဝ။)’(《殊胜义注》1-360。)
လှုပ်ရှားသောကိုယ်ဖြင့် အတွင်းသဘော အလိုဆန္ဒကို သိစေခြင်း၏ အကြောင်းဖြစ်သောကြောင့်လည်း- ကောင်း၊ မိမိဝိကာရရုပ်ကိုယ်တိုင်က ထိုလှုပ်ရှားသောကိုယ်ဖြင့် သိအပ်သော ရုပ်တရားဖြစ်ခြင်းကြောင့် လည်း ကောင်း --- ၁။ လှုပ်ရှားသောကိုယ်ဖြင့် အတွင်းသဘော အလိုဆန္ဒကို သိစေတတ်သော အမူအရာ ဖြစ်သောကြောင့်၊ ၂။ သိအပ်သော အမူအရာဖြစ်သောကြောင့်လည်း ကာယဝိညတ်မည်၏။ (အဘိ-ဋ္ဌ-၁-၃၆ဝ။) ရသ -- ကိစ္စရသ -- တုတ် စသည်ဖြင့် ခြောက်လှန့်ခဲ့သော် လူကိုပင် မဆိုထားဘိ တိရစ္ဆာန်တို့သော်မှလည်း ''ငါတို့ကို ပုတ်ခတ်လို၏''ဟု သိ၍ ဟိုဟို ဒီဒီ ထိုထို ဤဤ ပြေးသွားကြ၏။ ထိုသို့ အတွင်းသဘော အလိုဆန္ဒကို သိခြင်းမှာ ဤဝိညတ်ရုပ်ကြောင့် ဖြစ်၏။ ထိုကြောင့် ဤ ဝိညတ်ရုပ်သည် --- အဓိပ္ပါယပကာသနရသာ = အတွင်းသဘော အလိုဆန္ဒကို ထင်ရှားပြခြင်း ကိစ္စရသရှိ၏ဟု ဖွင့်ဆိုခြင်း ဖြစ်သည်။
由于身体动作能够使内在意图为人所知,也由于这一变异色本身能依活动身体而被了知,所以有两重理由称为身表:一、它是凭活动身体使内在意图为人所知的行相;二、它本身也是可被了知的行相。(《殊胜义注》1-360。)作用——作用之用。例如以棍棒等威吓时,不必说人,连动物也会知道‘他们想打我们’,随即四散逃跑。能够如此知道内在意图,正是由于这种表色。因此说:身表具有显示内在意图的作用(adhippāya-pakāsana-rasa)。
ပစ္စုပဋ္ဌာန် ---- လှေတစ်စင်းကို လိုရာအရပ်သို့ ဖြောင့်ဖြောင့်ရောက်အောင် ပဲ့က ထိန်းပေးသကဲ့သို့ မိမိ၏ ရူပကာယ = ရုပ်တရားအပေါင်းတည်းဟူသော ကိုယ်ကို မိမိ၏ အတွင်းသဘော အလိုဆန္ဒအတိုင်း တုန်လှုပ်အောင် လှုပ်ရှားအောင် ဤဝိညတ်ရုပ်က ထိန်းပေးနေ၏။ သွားလိုရာအရပ်သို့ ရောက်အောင် သွားလိုရာအရပ်သို့ ရှေးရှူ-
现起——好比船舵把船导向所要到达之处,身表也按自己的内在意图,导引称为身体的色身——一切色法——发生动作;它把四因所生色身导向目的地,使——
原书第 105 页
လက္ခဏာဒိစတုက္ကပိုင်း -- ရူပက္ခန္ဓကထာ အခန်း လျက် စတုသမုဋ္ဌာနိက ရူပကာယ = ရုပ်တရားအပေါင်းကို သွားသောအခြင်းအရာအားဖြင့် ဖြစ်အောင် ဝိညတ် ရုပ် က ပဲ့ကိုင်ပေးနေ၏။ ပရမတ်တရားတို့မည်သည် တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့သွားနိုင်ရိုး ဓမ္မတာ မရှိ၊ ပြောင်းရွှေ့သွားနိုင်လောက်သည့် သက်တမ်း အချိန်ကာလလည်း မရှိ၊ ဖြစ်သည့်နေရာ၌သာ ပျက်ရိုးဓမ္မတာ ရှိ၏၊ သို့သော် နေရာအသစ်အသစ်၌ အသစ်အသစ်သော ရုပ်တရားများသည် သန္တတိအစဥ်အားဖြင့် ရှေ့နှင့် နောက် ဆက်စပ်လျက် အထပ်ထပ်ကား ဥပါဒ်လျက် ရှိ၏။ တစ်ခုသော ရုပ်၏ ဥပါဒ်ကာလဝယ် --- ၁။ ဥပါဒ်ချင်းပြိုင်၍ ဖြစ်နေကြသော အခြားသော ရုပ်တရားများလည်း များစွာရှိကြ၏။
——之呈现前往该处的行相。究竟法没有从一处迁移到另一处的惯例,也没有足够长的寿命可以这样迁移;它们只在生起之处灭去。然而,在一个又一个新位置,新色法依相续次第前后相接、反复生起。当某一色法生起时,同时存在三类色法:第一类,是与它同时处于生起阶段的许多其他色法;
၂။ စိတ္တက္ခဏ (၁၇)ချက် သက်တမ်းအချိန်ကာလ ကုန်ဆုံးသွားကြသဖြင့် ပျက်သွားကြသော ရုပ်တရားများ- လည်း များစွာရှိကြ၏။
第二类,是寿命十七心刹那已经完结、因而已经灭去的许多色法;
၃။ စိတ္တက္ခဏ (၁၇)ချက် သက်တမ်း မကုန်ဆုံးကြသေးသဖြင့် ရုပ်၏ ဌီကာလသို့ ရောက်ရှိနေကြသော ရုပ်တရားများလည်း များစွာရှိကြ၏။
第三类,是寿命十七心刹那尚未完结、正处于色法住时的许多色法。
ဤသို့ သန္တတိအစဥ်အားဖြင့် ရှေ့နှင့်နောက် ဆက်စပ်လျက် အထပ်ထပ်ဖြစ်နေသော ရုပ်တရားတို့သည် နောက်ထပ် အသစ်အသစ် ထပ်၍ထပ်၍ ဥပါဒ်သောအခါ မူလ ဥပါဒ်နေကျနေရာတွင် ထပ်၍ မဥပါဒ်တော့ဘဲ နေရာအသစ်အသစ်၌ အသစ်အသစ်သော ရုပ်တရားများသည်သာ အဆက်မပြတ် ထပ်ကာ ထပ်ကာ ဥပါဒ်ခြင်း ကား ဖြစ်နိုင်၏။ ယင်းသို့ နေရာအသစ်အသစ်၌ အသစ်အသစ်သော ရုပ်များ ဥပါဒ်အောင်၊ သက်တမ်းမကုန် ဆုံးသေးသော ရုပ်၏ ဌီကာလသို့ ရောက်ရှိလာသော ရှေးရှေး စိတ္တဇရုပ်ကလာပ်တို့တွင် ပါဝင်တည်ရှိသော သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ဝါယောဓာတ်ကြောင့် ဖြစ်ပေါ်လာသော ဝိညတ်ရုပ်က ပဲ့ကိုင်၍ပေးနေ၏။
这些色法依相续次第前后相接、反复生起;后续的新色法生起时,不再只在原来惯常生起的地点重复生起,而能在一个又一个新地点持续生起。使新色法在新地点生起的,是先前已经生起、寿命尚未完结而正处于住时的心生色聚中,那些自性力偏胜的风界所形成之表色的导引。
ထိုကြောင့် သွားသော အခြင်းအရာအားဖြင့် ဖြစ်အောင် ဝိညတ်ရုပ်က ပဲ့ကိုင်ပေးနေ၏ဟု ဆိုခြင်း ဖြစ်၏။ ဤ အကြောင်းပရိယာယ်အားဖြင့် ဤကာယဝိညတ်ရုပ်ကို စတုသမုဋ္ဌာနိကရူပကာယ= ရုပ်တရားအပေါင်းတည်း ဟူသော ခန္ဓာကိုယ်လှုပ်ရှားခြင်း တုန်လှုပ်ခြင်း၏ အကြောင်းတရားဖြစ်ခြင်း သဘောတရားဟု ထိုဝိညတ်ရုပ်ကို ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ရှေးရှူ ထင်လာပေသည်။ ဥပဋ္ဌာနာကာရ ပစ္စုပဋ္ဌာန်တည်း။
所以才说,表色像舵一样导引色身,使它呈现前往某处的行相。由这一理由,瑜伽行者观照身表时,身表会在其智中显现为四因所生色身——一切色法——发生身体动作的原因。这就是以呈现方式为现起(upaṭṭhānākāra-paccupaṭṭhāna)。
မိမိ ဝိညတ်ရုပ်နှင့် ကလာပ်တူဖြစ်သော စိတ္တသမုဋ္ဌာန် ဝါယောဓာတ်ကား ယင်းဝိညတ်ရုပ်၏ အနီးကပ်ဆုံး သော အကြောင်းတရား ပဒဋ္ဌာန် ဖြစ်ရပေသည်။
与身表同一色聚的心生风界,是身表最直接的原因,即近因。
ကာယဝိညတ်ပါဝင်သော ကာယဝိညတ္တိ နဝကကလာပ်၊ ကာယဝိညတ္တိ လဟုတာဒိဒွါဒသကကလာပ်တို့ကို ဓာတ်ခွဲလျက် (၉)မျိုး သို့မဟုတ် (၁၂)မျိုးသော ရုပ်ပရမတ်တရားတို့ကို ရှေးဦးစွာ သိမ်းဆည်းပါ။ ထိုနောင် ကာယဝိညတ်ရုပ်ကို ရွေးထုတ်၍ အထက်ပါ လက္ခဏ-ရသ စသည်ကို ရှုပါ။ သို့သော် ဤ၌ ဝါယောဓာတ်သည် ကျန်ဓာတ်သုံးပါး၏ အားပေးထောက်ပံ့မှုကို မရရှိပါက မိမိတစ်ဦးတည်း၏ အစွမ်းဖြင့် မိမိကိစ္စကို မရွက်ဆောင် နိုင်ရကား ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲကုန်သော စိတ္တဇမဟာဘုတ်တို့၏ အမူအရာထူး အခြင်း- အရာထူးဟု ဆိုထားသည်။
应先分析含有身表的身表九法聚,以及身表、轻快性等十二法聚,摄取其中九种或十二种究竟色法。然后选出身表色,观照上述特相、作用、现起与近因。不过,风界如果得不到其余三界的助力,便不能单凭自身力量完成作用;因此,论中才说身表是风界自性力偏胜之心生四大种的特殊行相。
၂၁။ ဝစီဝိညတ်
二十一、语表
၁။ ဝစီဘေဒပဝတ္တကစိတ္တသမုဋ္ဌာနပထဝီဓာတုယာ ဥပါဒိဏ္ဏဃဋ္ဋနဿ ပစ္စယော (ပထဝီဓာတုအဓိကာနံ စိတ္တဇမဟာဘူတာနံ) အာကာရဝိကာရော ဝစီဝိညတ္တိ၊ ၂။ အဓိပ္ပါယပ္ပကာသနရသာ၊ ၃။ ဝစီဃောသဟေတုဘာဝပစ္စုပဋ္ဌာနာ၊ ၄။ စိတ္တသမုဋ္ဌာနပထဝီဓာတုပဒဋ္ဌာနာ။ (ဝိသုဒ္ဓိ-၂-၇၈။)
一、语表是心生地界令语音分别转起时,成为撞击已执受色之条件的〔地界自性力偏胜之心生四大种的〕特殊行相;二、以显示意图为作用;三、以成为语声之因为现起;四、以心生地界为近因。(《清净道论》2-78。)
原书第 106 页
၁။ စကားသံအထူးကို ဖြစ်စေတတ်သော၊ စကားသံဖြစ်ရာဌာန၌ တည်သော ကမ္မဇ- ပထဝီဓာတ်ကို ထိခိုက်ခြင်း၏ အကြောင်းဖြစ်သော ပထဝီဓာတ်၏ သဘာဝသတ္တိ စွမ်းအင်လွန်ကဲကုန်သော စိတ္တဇမဟာဘုတ်တို့၏ ထူးခြားသောအမူအရာ သဘော လက္ခဏ၊ ၂။ စကားပြောဆိုသူ၏ အတွင်းသဘော အလိုဆန္ဒကို သူတစ်ပါးအား ထင်ရှားပြခြင်း (ကိစ္စ) ရသ၊ ၃။ စကားသံ ဖြစ်ပေါ်ခြင်း၏ အကြောင်းဖြစ်ခြင်း သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ စိတ်ကြောင့်ဖြစ်သော စိတ္တဇပထဝီဓာတ် ပဒဋ္ဌာန်။
简释如下:一、其特相,是地界自性力偏胜之心生四大种的特殊行相;它使心生地界撞击语音发生处的业生地界,从而成为特殊语音生起的条件。二、其作用,是向他人显示说话者内在的意图。三、其现起,是作为语声生起的原因。四、其近因,是心生地界。
ဝစီဘေဒ ဟူသည်
所谓语破
ဝစိယာ ဘေဒေါ ဝစီဘေဒေါ။ သော ပန န ဘင်္ဂေါ။ ပဘေဒဂတာ ဝါစာ ဧဝါတိ ဉာပနတ္ထံ ဝါစာ ဝစီ- ဘေဒေါတိ ဝုတ္တံ။ ဣမေဟိ သဗ္ဗေဟိပိ ပဒေဟိ သဒ္ဒဝါစာဝ ဒဿိတာ။ (အဘိ-ဋ္ဌ-၁-၃၆၁။) ပဘေဒဂတာ ဝါစာ ဧဝါတိ တိဿ ဖုဿာတိ ပဘေဒဂတာ။ အထဝါ ဝစီသင်္ခါရေဟိ ဝိတက္ကဝိစာရေဟိ ပရိဂ္ဂဟိတာ သဝနဝိသယဘာဝံ အနုပနီတတာယ အဘိန္နာ တဗ္ဘာဝံ နီယမာနာ ဝါစာ ''ဝစီဘေဒေါ''တိ ဝုစ္စတိ။
巴‘语的分别,称为语破;这里的“破”并非坏灭。为了表明它只是已经分化的语言,所以说“语即语破”。这一切词句显示的都是有声语言。所谓已经分化的语言,是指已经分化为“Tissa”“Phussa”等。另一解释是:由寻、伺这两种语行所摄、尚未被带到可听闻境地的语言,仍未分化;正在被带到可听闻境地的语言,才称为语破。’(《殊胜义注》1-361。)
(မူလဋီ-၁-၁၅၁။)
缅文出处原串:‘(မူလဋီ-၁-၁၅၁။)’(《根本复注》1-151。)
တိဿ ဖုဿ ဤသို့ စကားလုံးအားဖြင့် ကွဲပြားခြင်းသို့ရောက်သော စကားသံ အထူးသည်ပင် ဝစီဘေဒ မည်၏။ (ဝစီဘေဒဟူသည် ဤ၌ ပျက်ခြင်း ဘင်ကို မဆိုလို။) တစ်နည်းအားဖြင့် စကားသံကို ပြုစီမံတတ်သည် ဖြစ်၍ ''ဝစီသင်္ခါရ ''ဟု ခေါ်ဆိုအပ်သော ဝိတက် ဝိစာရတို့ဖြင့် မည်သည့်စကားကို ပြောဆိုမည်ဟု ကြံစည်နေခိုက်၌ အသံမထွက်မီ တလှုပ်လှုပ် လှုပ်နေစေကာမူ သောတဝိညာဏ်၏ အာရုံအဖြစ်သို့ မရောက်သေးသောကြောင့် ကွဲကွဲပြားပြား မရှိရကား ဝစီဟုသာ ခေါ်ရ၏၊ ဝစီဘေဒဟု မခေါ်နိုင်။ သောတဝိညာဏ်၏ အာရုံအဖြစ်သို့ ရောက်မှ စကားသံ ကွဲကွဲပြားပြား ဖြစ်သောကြောင့် ထိုသောတဝိညာဏ်၏ အာရုံအဖြစ်သို့ရောက်အောင် ဆောင်ပို့ အပ်သော စကားသံ အထူးကို ဝစီဘေဒဟု ခေါ်ဆိုသည်။
‘Tissa’‘Phussa’等已经按词语分化的特殊语声,称为语破;这里的语破并不是坏灭之“破”。另一解释是:寻、伺能构造语音,因而称为语行;人在思量要说什么时,口部虽已微动,声音尚未发出,还没有成为耳识所缘,所以仍未清楚分化,只能称为“语”,不能称为“语破”。声音被送达而成为耳识所缘、成为清楚可辨的语声时,这种特殊语声才称为语破。
ယင်း ဝစီဘေဒကား ဝိညတ် မဟုတ်သေး၊ ယင်း ဝစီဘေဒကို ဖြစ်စေတတ်သော စောပနဟူသော ပြောပြ ပြောဆိုသော စကားတွင် ပါဝင်သော အတွင်းသဘောအလိုဆန္ဒကို သူတစ်ပါးတို့အား သိစေတတ်သော၊ သူတစ်ပါး တို့ကလည်း ထိုစကားသံဖြင့်ပင် ပြောဆိုသူ၏ အတွင်းသဘောအလိုဆန္ဒကို သိအပ် သိနိုင်သော ထူးခြားသော အမူအရာကိုသာ ဝစီဝိညတ်ဟု ခေါ်ဆိုပေသည်။ ယင်း ထူးခြားသော အမူအရာဟူသည် စိတ္တဇပထဝီဓာတ်နှင့် စတုဇပထဝီဓာတ်တို့၏ (= ကံ-စိတ်-ဥတု-အာဟာရဟူသော အကြောင်းလေးပါးကြောင့် ဖြစ်သော ပထဝီဓာတ် တို့၏) အထူးသဖြင့် ကံကြောင့်ဖြစ်သော ကမ္မဇရုပ်ကလာပ်တို့တွင် ပါဝင်တည်ရှိသော ထိုထို အက္ခရာ အသံဖြစ်ရာ ဌာန၌ ရှိကြကုန်သော ကမ္မဇပထဝီဓာတ်တို့၏ ပထဝီဓာတ်အချင်းချင်း အသံထွက်ပေါ်လာနိုင်လောက်အောင် ပွတ်ချုပ်ထိခိုက်လျက် အလွန်နီးကပ်စွာ ဥပါဒ်ခြင်းသဘော ဖြစ်၏၊ ယင်းသဘောကိုပင် ဝိညတ္တိဃဋ္ဋနာ = ပွတ်ချုပ် ထိခိုက်သော အခြင်းအရာအားဖြင့် ဖြစ်သော ဝစီဝိညတ်ရုပ်ဟု ခေါ်သည်။
语破本身还不是表。只有产生语破、含在发声语言中而能使他人知道说话者内在意图,并且他人也能由该语声知道其意图的特殊行相,才称为语表。这种特殊行相,是心生地界与四因所生地界——尤指语音发生处业生色聚中的业生地界——彼此极为邻近地生起、发生摩擦与触击,以至能够发声的状态。这种状态称为表触击(viññatti-ghaṭṭanā),即由摩擦触击的行相而有的语表色。
(က) ဝါစာယ အတ္တနော ဘာဝံ ဝိညာပေန္တာနံ တိရစ္ဆာနေဟိပိ ပုရိသာနံ၊ ပုရိသေဟိ ဝါ တိရစ္ဆာနာနမ္ပိ ဝစီဂဟဏာနုသာရေန ဂဟိတာယ ဧတာယ ဘာဝေါ ဝိညာယတီတိ ဝိညတ္တိ။
‘人以语言使自己的内在状态为人所知;循着对语言的认取而取到这一特殊行相,连动物也能由此知道人的内在状态,人也能知道动物的内在状态,所以称为表。’
( ခ ) သယဉ္စ ဝစီဂဟဏာနုသာရေန ဝိညာယတီတိပိ ဝိညတ္တိ။ ''သာဓု ဝါစာယ သံဝရော''တိအာဒီသု အာဂတာ စောပနသင်္ခါတာ ဝစီ ဧဝ ဝိညတ္တိ ဝစီဝိညတ္တိ။
‘它本身也由于循着对语言的认取而被了知,所以称为表。“善哉,以语防护”等语中称为发动的语言,本身就是表,所以是语表。’
原书第 107 页
လက္ခဏာဒိစတုက္ကပိုင်း -- ရူပက္ခန္ဓကထာ အခန်း ( ဂ ) ဝစီဃောသေန အဓိပ္ပါယဝိညာပနဟေတုတ္တာ၊ သယဉ္စ တထာ ဝိညေယျတ္တာ ဝါစာယ ဝိညတ္တီတိပိ
(丙)巴利义注引文(缅文转写):‘ဝစီဃောသေန အဓိပ္ပါယဝိညာပနဟေတုတ္တာ၊ သယဉ္စ တထာ ဝိညေယျတ္တာ ဝါစာယ ဝိညတ္တီတိပိ’——‘因为语声能使意图为人所知,并且它本身也如此被了知,所以也称为由语而有的表,即——’
ဝစီဝိညတ္တိ။ (အဘိ-ဋ္ဌ-၁-၃၆၁။)
——‘ဝစီဝိညတ္တိ။ (အဘိ-ဋ္ဌ-၁-၃၆၁။)’——‘语表。’(《殊胜义注》1-361。)
(က) ဝိညာယတိ ဘာဝေါ ဧတာယာတိ ဝိညတ္တိ။
(甲)‘ဝိညာယတိ ဘာဝေါ ဧတာယာတိ ဝိညတ္တိ’——由它而能知道内在状态,所以称为表。
စကားသံဖြင့် မိမိ၏ အတွင်းသဘော အလိုဆန္ဒကို သိစေကြကုန်သောသူတို့၏ အတွင်းသဘော အလို ဆန္ဒကို အခြားသူတို့သည်လည်းကောင်း၊ တိရစ္ဆာန်တို့သည်လည်းကောင်း (= တိရစ္ဆာန်တို့ပင်သော်လည်းကောင်း)၊ အော်မြည်ကြကုန်သော တိရစ္ဆာန်တို့၏ အတွင်းသဘော အလိုဆန္ဒကို အခြားတိရစ္ဆာန်တို့သည်လည်းကောင်း လူတို့ပင်သော်မှလည်းကောင်း ထိုပြောဆိုသူ၏ ထိုအော်မြည်သူ၏ စကားသံကို အော်မြည်သံကို မှတ်ယူကြောင်း ဝီထိသို့ အစဥ်လိုက်သဖြင့် အာရုံယူအပ်သော ဤထူးခြားသော အမူအရာ ဝိကာရဖြင့် အတွင်းသဘော အလိုဆန္ဒ (= ဘာဝ)ကိုသိအပ်၏၊ သိနိုင်၏၊ ထိုသို့ သိကြောင်းဖြစ်သောကြောင့် ထို ထူးခြားသော အမူအရာ ဝိကာရသည် ဝိညတ် မည်၏။ (အဘိ-ဋ္ဌ-၁-၃၆၁။) ၁။ ခေါ်ဝေါ်ပြောကြားခြင်း စသည်ကို ပြုသောသူ၏ အသံကို ကြားသောသူအား ပစ္စုပ္ပန် သဒ္ဒါရုံကို (= ကြားနေ သော အသံကို) အာရုံပြု၍ ရှေးဦးစွာ သောတဒွါရဝီထိ ဖြစ်၏။
人以语声使自己的内在意图为人所知,其他人乃至动物能够知道;动物以叫声表示内在意图,其他动物乃至人也能够知道。循着对说话者的语声或动物叫声的认取,由相应心路取到这一特殊变异行相,便能知道其内在意图;因为它成为这种了知的依据,所以称为表。(《殊胜义注》1-361。)其心路次第如下:一、听见称说者的声音时,先以现在声所缘——正在听闻的声音——为对象,耳门心路生起。
၂။ ထိုနောင် ထို အတိတ်သဒ္ဒါရုံကို အာရုံပြု၍ တဒနုဝတ္တကမနောဒွါရဝီထိ၊ ၃။ ထိုနောင် အမည်နာမပညတ်ကို အာရုံပြု၍ တတိယ သုဒ္ဓမနောဒွါရဝီထိ၊ ၄။ ထိုနောင် ဝစီဝိညတ်ကို အာရုံပြု၍ စတုတ္ထ မနောဒွါရဝီထိ၊ ၅။ ထိုနောင် (ပြောဆိုသော) ပုဂ္ဂိုလ်၏ အလိုကိုသိသော ပဉ္စမ မနောဒွါရဝီထိ ဖြစ်၏။
二、随转意门心路取已经过去的该声所缘;三、第三个纯意门心路取名称概念;四、第四个意门心路取语表;五、第五个意门心路知道说话者的意图。
(ဝီထိပုံ-ဘုံစဥ်-ဆန်းပုံ-သိမ်ပုံ-ကျမ်း-၂၉။)
缅文出处原串:‘(ဝီထိပုံ-ဘုံစဥ်-ဆန်းပုံ-သိမ်ပုံ-ကျမ်း-၂၉။)’(Mine Khine Sayadaw《ဝီထိပုံ-ဘုံစဥ်-ဆန်းပုံ-သိမ်ပုံကျမ်း》,第29页。)
( ခ ) သယံ ဝိညာယတီတိ ဝိညတ္တိ၊ ဝစီ ဧဝ ဝိညတ္တိ ဝစီဝိညတ္တိ။
(乙)‘သယံ ဝိညာယတီတိ ဝိညတ္တိ၊ ဝစီ ဧဝ ဝိညတ္တိ ဝစီဝိညတ္တိ’——它本身被了知,所以是表;语言本身就是表,故为语表。
မိမိဟူသော (ဝစီဝိညတ်) ဝိကာရရုပ် ကိုယ်တိုင်ကလည်း စကားသံကို မှတ်ယူကြောင်း ဝီထိသို့ အစဥ်လိုက် သဖြင့် သိအပ်သောတရား ဖြစ်သောကြောင့်လည်း ဝိညတ် မည်၏။ --- ဝါစာယ သံဝရော သာဓု = ဝစီဒွါရဖြင့် စောင့်စည်းခြင်းသည် ကောင်း၏ --- ဤသို့ အစရှိသော ပါဠိရပ်တို့၌ လာရှိသော၊ ပြောပြသော စကားတွင် ပါဝင်သော ထူးခြားသော အမူအရာ = စောပနဟု ဆိုအပ်သော စကားသံသည်ပင် ဝစီဝိညတ် မည်၏။
语表这一变异色本身,也是循着取语声为对象的心路而被了知,所以称为表。‘ဝါစာယ သံဝရော သာဓု’——‘以语防护是善的’——等巴利语句中,发声语言所含、称为发动的特殊行相本身,就是语表。
( ဂ ) အဓိပ္ပါယံ ဝိညာပေတီတိ ဝိညတ္တိ၊ ဝိညာယတီတိ ဝိညတ္တိ။ ဝါစာယ ဝိညတ္တိ ဝစီဝိညတ္တိ။
(丙)‘အဓိပ္ပါယံ ဝိညာပေတီတိ ဝိညတ္တိ၊ ဝိညာယတီတိ ဝိညတ္တိ။ ဝါစာယ ဝိညတ္တိ ဝစီဝိညတ္တိ’——使意图为人所知,所以是表;它本身被了知,所以是表;由语而有的表,即语表。
ပြောဆိုလိုက်သော စကားသံဖြင့် ပြောဆိုသောမိမိ၏ အတွင်းသဘော အလိုဆန္ဒကို ကြားနာသူ သူတစ်ပါး တို့ကို သိစေခြင်း၏ အကြောင်းဖြစ်သောကြောင့်လည်းကောင်း မိမိဟူသော ဝိကာရရုပ်ကိုယ်တိုင် ထိုပြောပြသော စကားသံဖြင့် သိအပ်သည်၏ အဖြစ်ကြောင့်လည်းကောင်း စကားသံဖြင့် အတွင်းသဘော အလိုဆန္ဒ = ဘာဝကို သိစေတတ်သော အမူအရာ အထူးဖြစ်သောကြောင့် ဝစီဝိညတ် မည်၏။ (အဘိ-ဋ္ဌ-၁-၃၆၁။)
因为说出的语声能使听者知道说话者内在的意图,又因为这一变异色本身能由该语声而被了知,所以,以语声令内在状态为人所知的特殊行相称为语表。(《殊胜义注》1-361。)
ဝိညတ္တိ ဃဋ္ဋနာ
表与触击
''ဣဒံ ဝက္ခာမိ ဧတံ ဝက္ခာမီ''တိ ဥပ္ပဇ္ဇမာနံ ပန စိတ္တံ ပထဝီဓာတု အာပေါဓာတု တေဇောဓာတု ဝါယောဓာတု ဝဏ္ဏော ဂန္ဓော ရသော သြဇာတိ အဋ္ဌ ရူပါနိ သမုဋ္ဌာပေတိ။ တေသံ အဗ္ဘန္တရေ စိတ္တသမုဋ္ဌာနာ ပထဝီဓာတု ဥပါဒိန္နကံ ဃဋ္ဋယမာနာဝ ဥပ္ပဇ္ဇတိ။ တေန ဓာတုသင်္ဃဋ္ဋနေန သဟေဝ သဒ္ဒေါ ဥပ္ပဇ္ဇတီတိ အယံ စိတ္တသမုဋ္ဌာန-
‘“我要说这个、我要说那个”之心生起时,产生地、水、火、风、颜色、香、味、食素八种色法。其中的心生地界,在触击已执受色时生起;声音与诸界相触同时生起,所以这是心生——’
原书第 108 页
သဒ္ဒေါ နာမ။ အယံ န ဝိညတ္တိ၊ တဿာ ပန စိတ္တသမုဋ္ဌာနာယ ပထဝီဓာတုယာ ဥပါဒိန္နကဃဋ္ဋနဿ ပစ္စယဘူတော ဧကော အာကာရဝိကာရော အတ္ထိ။ အယံ ဝစီဝိညတ္တိ နာမ။ (အဘိ-ဋ္ဌ-၁-၁၂၉။) ဝိညတ္တိပစ္စယာ ဃဋ္ဋနာ ဝိညတ္တိဃဋ္ဋနာ ဝိညတ္တိ ဧဝ ဝါ။ ဃဋ္ဋနာကာရပဝတ္တဘူတဝိကာရော ဟိ ''ဃဋ္ဋနာ''တိ ဝုတ္တော။ သင်္ဃဋ္ဋနေန သဟေဝ သဒ္ဒေါ ဥပ္ပဇ္ဇတိ၊ နပုဗ္ဗာပရဘာဝေန။ (မူလဋီ-၁-၇၆။) ပုရိမစိတ္တသမုဋ္ဌာနာယ ဥပတ္ထမ္ဘနကိစ္စမ္ပိ နတ္ထိ။ (အဘိ-ဋ္ဌ-၁-၁၂၉။) ဥပတ္ထမ္ဘနကိစ္စမ္ပိ နတ္ထီတိ ဥပတ္ထမ္ဘနေန ဝိနာ ပဌမစိတ္တသမုဋ္ဌာနာပိ ဃဋ္ဋနာကာရေန ပဝတ္တတီတိ ဃဋ္ဋနတ္ထံ ဥပတ္ထမ္ဘနေန ပယောဇနံ နတ္ထိ၊ လဒ္ဓါသေဝနေန စိတ္တေနေဝ ဃဋ္ဋနဿ ဗလဝဘာဝတော စာတိ အဓိပ္ပါယော။
——‘သဒ္ဒေါ နာမ။ အယံ န ဝိညတ္တိ၊ တဿာ ပန စိတ္တသမုဋ္ဌာနာယ ပထဝီဓာတုယာ ဥပါဒိန္နကဃဋ္ဋနဿ ပစ္စယဘူတော ဧကော အာကာရဝိကာရော အတ္ထိ။ အယံ ဝစီဝိညတ္တိ နာမ။ (အဘိ-ဋ္ဌ-၁-၁၂၉။)’——‘声。这声音不是表;但有一种特殊行相,成为心生地界触击已执受色的条件,这称为语表。’(《殊胜义注》1-129。)《根本复注》又说:‘ဝိညတ္တိပစ္စယာ ဃဋ္ဋနာ ဝိညတ္တိဃဋ္ဋနာ ဝိညတ္တိ ဧဝ ဝါ။ ဃဋ္ဋနာကာရပဝတ္တဘူတဝိကာရော ဟိ ''ဃဋ္ဋနာ''တိ ဝုတ္တော။ သင်္ဃဋ္ဋနေန သဟေဝ သဒ္ဒေါ ဥပ္ပဇ္ဇတိ၊ နပုဗ္ဗာပရဘာဝေန။ (မူလဋီ-၁-၇၆။)’译:‘以表为缘而有的触击,是表触击,或就是表本身;以触击行相转起的诸大种之变异,称为触击。声音与相触同时生起,并非前后相继。’又说:‘ပုရိမစိတ္တသမုဋ္ဌာနာယ ဥပတ္ထမ္ဘနကိစ္စမ္ပိ နတ္ထိ။ (အဘိ-ဋ္ဌ-၁-၁၂၉။)’——‘先前心所生〔地界〕也没有支助作用。’义即:即使没有支助,第一心所生地界也能以触击行相转起;由于获得重复作用之心本身使触击有力,所以不需要另有支助。
ဥပတ္ထမ္ဘနံ နတ္ထိ အတ္ထီတိ ဝိစာရေတွာ ဂဟေတဗ္ဗံ။ (မူလဋီ-၁-၇၆။) လဒ္ဓါသေဝနေနာတိ လဒ္ဓပုဗ္ဗာဘိသင်္ခါရေန။ စိတ္တေနေဝါတိ ပဌမစိတ္တေနေဝ။ ''သတ္တ ဇဝနာနိ သတ္တ အက္ခရာနိ နိဗ္ဗတ္တေန္တီတိ ဝါဒံ ပဋိက္ခိပိတွာ ဧကဇဝနဝါရပရိယာပန္နာနိ စိတ္တာနိ ဧကမက္ခရံ နိဗ္ဗတ္တေန္တီ''တိ ဝဒန္တိ။
‘对于究竟有无支助,应审察以后再接受。’(《根本复注》1-76。)所谓‘获得重复’,即获得先行筹备;所谓‘由心本身’,即仅由第一心。他们否定‘七次速行产生七个字音’之说,而主张同一速行轮次内的诸心共同产生一个字音。
ကိဉ္စာပိ ပဌမစိတ္တေနပိ ဃဋ္ဋနာ နိပ္ဖဇ္ဇတိ၊ ဧကဿေဝ ပန ဗဟုသော ပဝတ္တနေန အတ္ထိ ကောစိ ဝိသေသောတိ ပုရိမဇဝနသမုဋ္ဌိတာဟိ ဃဋ္ဋနာဟိ ပဋိလဒ္ဓါသေဝနေန သတ္တမဇဝနေန သမုဋ္ဌိတာ ဃဋ္ဋနာ ပရိဗျတ္တမက္ခရံ နိဗ္ဗတ္တေ- တီတိ ဥပတ္ထမ္ဘနံ နတ္ထီတိ န သက္ကာ ဝတ္တုံ။ လဒ္ဓါဘိသင်္ခါရေန ပန ပဌမစိတ္တေနပိ ဃဋ္ဋနာ ဗလဝတီ ဟောတီတိ အဋ္ဌကထာယံ ''ဥပတ္ထမ္ဘနကိစ္စံ နတ္ထီ''တိ ဝုတ္တံ သိယာ၊ သဗ္ဗမေတံ ဝီမံသိတွာ ဂဟေတဗ္ဗံ။ (အနုဋီ-၁-၈၂-၈၃။) ဤ အထက်ပါ အဋ္ဌကထာဋီကာတို့၏ ဆိုလိုရင်းကား ဤသို့တည်း။
‘虽然第一心也能完成触击,但同一字音反复转起时会有某种差别:第七速行所生的触击,获得先前诸速行所生触击的重复作用,能产生清晰字音,所以不能说没有支助。也可能因为第一心已获得先行筹备,其触击也有力,义注才说没有支助作用。这一切都应审察以后再接受。’以上义注、复注的意旨如下。
''ဤစကားကို ဆိုအံ့၊ ထိုစကားကို ဆိုအံ့''ဟု ဖြစ်ပေါ်လာသော စိတ်သည် ပထဝီ-အာပေါ-တေဇော-ဝါယော- ဝဏ္ဏ-ဂန္ဓ-ရသ-သြဇာဟူသော သြဇာလျှင် ရှစ်ခုမြောက်ရှိသော သြဇဋ္ဌမကရုပ်တို့ကို = သြဇဋ္ဌမကရုပ်ကလာပ်ပေါင်း များစွာကို ဖြစ်စေ၏။ ထိုရုပ်တရားတို့၏ အတွင်း၌ စိတ္တသမုဋ္ဌာန် ပထဝီဓာတ်သည် = စိတ်ကြောင့် ဖြစ်သည့် ပထဝီဓာတ်သည် ဥပါဒိန္နက အမည်ရသော စတုသမုဋ္ဌာနိကရုပ်တရားအပေါင်းကို (= ကံ-စိတ်-ဥတု-အာဟာရ ဟူသော အကြောင်းတရား လေးမျိုးကြောင့်ဖြစ်သော ရုပ်တရားအပေါင်းကို) ထိခိုက်လျက်သာလျှင် ဖြစ်ပေါ်လာ၏။
‘我要说这个、我要说那个’之心,产生许多由地、水、火、风、颜色、香、味、食素八法组成的心生食素八法聚。其中心生地界在生起时,正触击称为已执受色的四因所生一切色法。
〔မှတ်ချက် --- ဥပါဒိန္နဟု ဆိုရာ၌ ကမ္မဇရုပ်ကိုသာ ရ၏။ ဥပါဒိန္နကဟု ဆိုရာ၌ကား ထိုကမ္မဇရုပ် ပါရှိသော ခန္ဓာကိုယ်၌ ရှိသမျှ ကမ္မဇရုပ် စိတ္တဇရုပ် ဥတုဇရုပ် အာဟာရဇရုပ် လေးမျိုးလုံး ရ၏။ (အဋ္ဌသာလိနီဘာသာဋီကာ -၂-၁၅၈။) ထို ရုပ်လေးမျိုးလုံးသည်ပင် ဆိုင်ရာ အကြောင်းတရားများ မကုန်သေးသမျှ ဖြစ်-တည်-ပျက်-ရုပ် သန္တတိအစဥ်အားဖြင့် အဆက်မပြတ် ဖြစ်လျက်ရှိရာ ဤစကား ထိုစကားကို ပြောဆိုလိုသော စိတ်ကြောင့် ဖြစ်ကုန်သော ပထဝီဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲသော စိတ္တဇရုပ်ကလာပ်များ ဖြစ်ပေါ်လာသောအခါ အတူပါလာသော ဝိကာရဝစီဝိညတ်ရုပ်၏ စွမ်းအင်ကြောင့် မူလရှိရင်း ကမ္မဇ-စိတ္တဇ-ဥတုဇ-အာဟာရဇ ရုပ်များနှင့် အထူးသဖြင့် ယင်းရုပ်တရားတို့တွင် ပါဝင်သော ပထဝီဓာတ်နှင့် စိတ္တသမုဋ္ဌာန် ပထဝီဓာတ်သည် ပွတ်ချုပ် ထိခိုက်လျက် ဖြစ်ပေါ်လာပေသည် ဟူလို။〕 ထိုသို့ စိတ္တသမုဋ္ဌာန် ပထဝီဓာတ်နှင့် စတုသမုဋ္ဌာန် ပထဝီဓာတ်တို့ ပွတ်ချုပ် ထိခိုက်လျက် ဖြစ်ပေါ်လာသည်
〔注:upādiṇṇa 只指业生色;upādiṇṇaka 则包括含有业生色之身体中的业生、心生、时节生与食生四类色。(《殊胜义注语言复注》2-158。)只要各自因缘未尽,这四类色便依生、住、灭的色相续次第不断发生。当想说某句话之心使地界自性力偏胜的心生色聚生起时,随聚而有的语表变异色,促使原有业生、心生、时节生、食生诸色——尤其其中的地界——与心生地界摩擦、触击而生起。〕当心生地界与四因所生地界如此摩擦触击时——
နှင့်တစ်ပြိုင်နက် --- မာကျောသော တုတ်ချောင်း နှစ်ချောင်း၏ အချင်းချင်း ပွတ်ချုပ်ထိခိုက်မိသောအခါ ရိုက်ခတ် မိသောအခါ ဖြစ်ပေါ်လာသော အသံကဲ့သို့ --- အသံ သဒ္ဒရုပ်သည်လည်း ထွက်ပေါ်လာလေသည်။ ဤသဒ္ဒရုပ်ကား စိတ်ကြောင့်ဖြစ်သော စိတ္တသမုဋ္ဌာန် သဒ္ဒရုပ် မည်၏။ ဤ သဒ္ဒရုပ်သည် ဝစီဝိညတ်ရုပ် မဟုတ်ပေ။
——声音就与触击同时出现,如两根硬木互相摩擦或撞击而发声。这一声色是心生声色,不是语表色。
(အဘိ-ဋ္ဌ-၁-၁၂၉။)
缅文出处原串:‘(အဘိ-ဋ္ဌ-၁-၁၂၉။)’(《殊胜义注》1-129。)
原书第 109 页
လက္ခဏာဒိစတုက္ကပိုင်း -- ရူပက္ခန္ဓကထာ အခန်း အဟုတ်မှာမူ -- ထိုစိတ္တသမုဋ္ဌာန် ပထဝီဓာတ်၏ ဥပါဒိန္နက အမည်ရသော စတုဇပထဝီဓာတ်ကို (= စတု- သမုဋ္ဌာန် ပထဝီဓာတ်ကို) အထူးသဖြင့် ကမ္မဇပထဝီဓာတ်ကို ပွတ်ချုပ် ထိခိုက်ခြင်း၏ အကြောင်းတရားဖြစ်၍ ဖြစ်သော တစ်မျိုးသော ထူးခြားသောအမူအရာသည် ရှိ၏၊ ဤထူးခြားသော (ဤစကား-ထိုစကားကို ပြောဆိုသည့်) အမူအရာသည်သာလျှင် ဝစီဝိညတ် မည်ပေသည်။ (အဘိ-ဋ္ဌ-၁-၁၂၉။) စာလန --- ဃဋ္ဋန --- ဤတွင် စာလန အသုံးအနှုန်းနှင့် ဃဋ္ဋန အသုံးအနှုန်း နှစ်မျိုးကို မူလဋီကာ၌ ခွဲခြား ဖော်ပြထား၏။
其实,另有一种特殊行相,成为心生地界触击称为已执受色的四因所生地界——尤指业生地界——的条件;这种说此说彼的特殊行相,才称为语表。(《殊胜义注》1-129。)运动与触击——《根本复注》分别说明了 calana 与 ghaṭṭana 两种用法。
န ဟိ စာလနံ ဥပါဒိန္နဃဋ္ဋနန္တိ။ စာလနဥှိ ဒေသန္တရုပ္ပါဒနပရမ္ပရတာ၊ ဃဋ္ဋနံ ပစ္စယဝိသေသေန ဘူတ- ကလာပါနံ အာသန္နတရုပ္ပါဒေါတိ။ (မူလဋီ-၁-၇၆။) ကာယဝိညတ္တိပိုင်း = ကာယဒွါရပိုင်း၌ --- ရှေးရှေး ရုပ်ကလာပ်၌ ပါဝင်တည်ရှိသော ဝါယောဓာတ်၏ သဘာဝသတ္တိ စွမ်းအင်ကြောင့် နောက်နောက် ရုပ်ကလာပ်တို့ ဥပါဒ်ကြသောအခါ မူလနေရာ၌ အသစ်အသစ် ထပ်၍ မဥပါဒ်နိုင်ကြဘဲ အဆင့်ဆင့် နေရာရွှေ့၍ အသစ်အသစ် ရုပ်ကလာပ်တို့ကို ဥပါဒ်စေခြင်းကို ''စာလန'' လှုပ်ရှားစေခြင်းဟု ဆို၏။ ဆိုလိုရင်းမှာ ဥပါဒ်ပြီးသော ရုပ်ကလာပ်ဟူသမျှတို့သည် မိမိဖြစ်ရာအရပ်မှ ပရမတ်တို့၏ ဓမ္မတာအတိုင်း မရွှေ့ပြောင်းနိုင်။ ထိုကြောင့် ''ဆက်ကာ ဆက်ကာ အရပ်တစ်ပါး၌ ရွှေ့၍ ရွှေ့၍ အသစ်အသစ် ဥပါဒ်စေခြင်းကို စာလန = လှုပ်ရှားစေခြင်း''ဟု ခေါ်သည် ဟူလို။
‘运动并不是触击已执受色。运动,是〔色法〕依次在异处生起;触击,则是由于特殊条件,诸大种色聚更为邻近地生起。’(《根本复注》1-76。)在身表、身门部分,先前色聚中风界的自性力使后续色聚生起时,不再只在原处生起,而是逐处移换,在新位置生起;这称为运动(calana)。已经生起的色聚依究竟法法则不能从生处移走,所以所谓运动,只是后续新色聚逐次在异处生起。
〔မှတ်ချက် --- မနောဒွါရိက ဇောစိတ်တို့ကသာ လှုပ်ရှားမှု = ဣရိယာပထရုပ် = ဝိညတ်ရုပ်ကို ဖြစ်စေနိုင်ကြ ကုန်၏။ ထိုမနောဒွါရိက ဇောဝီထိတို့တွင်လည်း ဇော (၇)တန် ရှိသည့်အနက် ရှေးဇော (၆)တန်တို့ကြောင့် ဖြစ်ကုန်သော စိတ္တဇဝါယောဓာတ်တို့ကား အတူဖြစ်ဖက် = သဟဇာတ ရုပ်တရားအပေါင်းကို လှုပ်ရှားစေခြင်းငှာ မစွမ်းနိုင်ကြကုန်။ ယင်းရှေးဇော (၆)တန်တို့ကြောင့် ဖြစ်ကုန်သော ရှေးရှေး ရုပ်ကလာပ်တို့၌ ပါဝင်တည်ရှိ ကြကုန်သော စိတ္တဇဝါယောဓာတ်တို့ကား သတ္တမဇောစိတ်ကြောင့် ဖြစ်ကြကုန်သော နောက်နောက်သော ရုပ်ကလာပ်တို့ကို နေရာ အသစ်အသစ်၌ ဥပါဒ်အောင် အားပေးထောက်ပံ့နိုင်သော စွမ်းအားကား ရှိကြ၏။
〔注:只有意门速行心能产生运动、威仪色或表色。在一轮意门心路的七次速行中,前六次速行所生的心生风界,不能使同生诸色发生动作;但这些先前色聚中的心生风界,能够助成第七速行心所生的后续色聚在新位置生起。
ယင်းရှေးဇော (၆)တန်တို့ကြောင့် ဖြစ်ကြကုန်သော ရှေးရှေးသော စိတ္တဇရုပ်ကလာပ်တို့၌ ပါဝင်တည်ရှိကြသော ရှေးရှေးသော စိတ္တဇဝါယောဓာတ်တို့၏ အထောက်အပံ့ကောင်းကို ရရှိသော သတ္တမဇောစိတ်ကြောင့် ဖြစ်ကုန်သော နောက်နောက်သော စိတ္တဇရုပ်ကလာပ်တို့တွင် ပါဝင်တည်ရှိကြသော စိတ္တဇဝါယောဓာတ်တို့သည် မိမိနှင့် အတူဖြစ်ဖက် သဟဇာတဖြစ်ကြသော စတုသမုဋ္ဌာနိကရူပကာယ ရုပ်တရားအပေါင်းကို နေရာ အသစ်အသစ်၌ ပြောင်းရွှေ့ ဥပါဒ်စေခြင်းငှာ စွမ်းနိုင်ကြ၏။ ယင်းသို့ နေရာ အသစ်အသစ်၌ ပြောင်းရွှေ့ဥပါဒ် စေခြင်းကိုပင် စာလန = လှုပ်ရှားစေခြင်းဟု ခေါ်သည်။ ထိုကြောင့် --- သတ္တမစိတ္တေန ပန သမုဋ္ဌိတာ ဝါယော- ဓာတု ဟေဋ္ဌာ ဆဟိ စိတ္တေဟိ သမုဋ္ဌိတံ ဝါယောဓာတုံ ဥပတ္ထမ္ဘနပစ္စယံ လဘိတွာ အတ္တနာ သဟဇာတံ ရူပ- ကာယံ။ ပ ။ စာလေတုံ။ ပ ။ သက္ကောတိ။ (အဘိ-ဋ္ဌ-၁-၁၂၄။) === သတ္တမဇောစိတ်ကြောင့် ဖြစ်သော စိတ္တဇ
第七速行所生的后续心生色聚,其中的心生风界得到前六次速行所生诸心生风界的支助,便能使与之同生的四因所生色身——一切色法——在新位置生起。这种在新位置生起,称为运动。故《殊胜义注》说:‘သတ္တမစိတ္တေန ပန သမုဋ္ဌိတာ ဝါယောဓာတု ဟေဋ္ဌာ ဆဟိ စိတ္တေဟိ သမုဋ္ဌိတံ ဝါယောဓာတုံ ဥပတ္ထမ္ဘနပစ္စယံ လဘိတွာ အတ္တနာ သဟဇာတံ ရူပကာယံ။ ပ ။ စာလေတုံ။ ပ ။ သက္ကောတိ။ (အဘိ-ဋ္ဌ-၁-၁၂၄။)’译:‘第七心所生的心生风界,获得前六心所生风界作为支助缘,便能使与自己同生的色身……运动。’(《殊胜义注》1-124。)〕
ဝါယောဓာတ်သည် ရှေးဇော (၆)တန်တို့ကြောင့် ဖြစ်သော စိတ္တဇဝါယောဓာတ်ဟူသော အားပေးထောက်ပံ့တတ် သော အကြောင်းတရားကို ရရှိသည်ဖြစ်၍ မိမိနှင့် အတူဖြစ်ဖက် သဟဇာတ စတုသမုဋ္ဌာနိကရူပကာယ = ရုပ်တရားအပေါင်းကို လှုပ်ရှားစေခြင်းငှာ စွမ်းနိုင်၏ဟု ဖွင့်ဆိုထား၏။〕 ဝစီဝိညတ်ပိုင်း၌ကား စာလနဟု မသုံးဘဲ ဃဋ္ဋနဟု သုံးစွဲထားသည်။ ဝစီဝိညတ်ဟူသော ကျေးဇူးပြုမှုကြောင့် စိတ္တဇဘူတရုပ်နှင့် စတုဇဘူတရုပ်တို့၏ (အထူးသဖြင့် ကမ္မဇဘူတရုပ်တို့၏) အသံထွက်ပေါ်လာလောက်အောင် အလွန်နီးကပ်စွာ ဥပါဒ်ခြင်းဖြစ်ခြင်းကို ''ဃဋ္ဋန = ပွတ်ချုပ်ထိခိုက်ခြင်း''ဟု ခေါ်ဆိုသည်။ မှန်ပေသည် ပွတ်ချုပ်
也就是说,第七速行所生心生风界,得到前六次速行所生心生风界的支助,便能使与之同生的四因所生色身发生动作。语表部分则不用“运动”,而用“触击”:由于语表的作用,心生大种与四因所生大种——尤指业生大种——彼此极为邻近地生起,以至发出声音,这称为触击,即摩擦碰撞。确实,因摩擦——
原书第 110 页
ထိခိုက်သော အခြင်းအရာအားဖြင့်ဖြစ်သော ဘူတရုပ်တို့၏ ထူးခြားသော အမူအရာကို ဃဋ္ဋနာဟူ၍ ဆိုအပ် ပေသည်။ ပွတ်ချုပ် ထိခိုက်သည်နှင့် အတူတကွ တစ်ပြိုင်နက် အသံသည် ဖြစ်ပေါ်လာ၏၊ ရှေ့နောက် အဖြစ်ဖြင့် ဖြစ်သည်ကား မဟုတ်။ (မူလဋီ-၁-၇၆။) မည်သည့် စိတ်နည်း?
——触击行相而发生的诸大种特殊状态,称为触击;声音与摩擦触击同时生起,并非先后相继。(《根本复注》1-76。)哪一种心?
ထို ဝစီဝိညတ်ရုပ်ကို ဖြစ်ပေါ်စေတတ်သော စိတ္တသမုဋ္ဌာန် ပထဝီဓာတ်ကို တစ်နည်းဆိုရသော် စိတ္တသမုဋ္ဌာန် ပထဝီဓာတ် အဝင်အပါဖြစ်သော စိတ္တဇသြဇဋ္ဌမကရုပ်များကို ဖြစ်ပေါ်စေသော အကြောင်းရင်းစိတ်သည် မည်သည့် စိတ်ပါနည်းဟု မေးဖွယ်ရာရှိ၏။ အဖြေမှာ ပုထုဇန်သေက္ခများအတွက် ကုသိုလ်ဇော အကုသိုလ်ဇောများ ထိုက်သလို ပါဝင်သည့် မနောဒွါရိကဇောဝီထိစိတ် အစဥ်များပင် ဖြစ်ကြ၏။
有人可能问:能产生语表的心生地界,换言之,能产生含心生地界之心生食素八法色的因心,究竟是哪一种心?答:对凡夫和有学而言,是含相应善速行或不善速行的意门速行心路相续。
အဋ္ဌကထာဆရာတော်ကား ပထမဇောကြောင့်ဖြစ်သော စိတ္တဇပထဝီဓာတ်က စ၍ ထိုထို အက္ခရာဖြစ်ရာ လည်ချောင်း အာစောက် စသည့် ဌာန၌ တည်ရှိသော စတုဇပထဝီဓာတ်နှင့် အထူးသဖြင့် ကမ္မဇပထဝီဓာတ်နှင့် ထိခိုက်လျှင်ပင် အသံဖြစ်သည်ဟု အယူရှိတော်မူ၏။
义注师认为,从第一速行所生心生地界开始,只要它与喉、口腔等字音发生处的四因所生地界——尤指业生地界——相触,声音就会生起。
ထိုသို့ ပထမဇောကစ၍ ဖြစ်သော စိတ္တဇပထဝီဓာတ်နှင့် အက္ခရာဖြစ်ရာ ဌာန၌ တည်ရှိကြသော စတုဇ ပထဝီဓာတ်တို့သည် အထူးသဖြင့် ကမ္မဇပထဝီဓာတ်တို့သည် ထိခိုက်လျှင်ပင် အသံဖြစ်သော် ဝီထိတိုင်းမှာပင် ဇော (၇)ချက်အတွက် အသံ (၇)ဆင့် = အက္ခရာ (၇)လုံးစီ ဆိုသောသူလည်း ဆိုရလေရာ၏၊ နာသောသူလည်း ကြားရလေရာ၏၊ ထိုသို့လည်း မဆိုရ မကြားရခဲ့။ ထိုကြောင့် အဋ္ဌကထာဆရာတော်၏ ဝါဒကို ဋီကာဆရာတော် တို့က စူးစမ်းဆင်ခြင်၍ ယူရန် မိန့်မှာတော်မူကြသည်။ (အနုဋီ-၁-၈၂-၈၃ - ကြည့်။)
若第一速行所生心生地界一接触字音发生处的四因所生地界、尤其业生地界,声音便已生起,那么每一心路的七次速行都应各发出一级声音、一个字音,说者应说出七个字音,听者也应听见七个;实际却并非如此。因此,复注师嘱咐应审察义注师之说以后再接受。(参见《随复注》1-82—83。)
ထောက်ပံ့ဖွယ်ကိစ္စ မရှိပုံ
何以说无须支助
ရှေးရှေး ဇောဝီထိများက ရွတ်ဆိုလို၍ စိတ်ကူးခြင်းကို ပုဗ္ဗာဘိသင်္ခါရဟု ခေါ်၏။ ရွတ်ဆိုဖို့ရန် ပြုစုပျိုး ထောင်မှုတည်း။ ထို ပုဗ္ဗာဘိသင်္ခါရကိုပင် သုတ္တန်နည်းအရ ''အာသေဝန''ဟု ခေါ်ဆိုထားသည်။ ပဋ္ဌာန်းဒေသနာ- တော်၌ကား ဝီထိခြားရာ၌ အာသေဝနပစ္စည်းကို ဘုရားရှင် ဟောတော်မမူသောကြောင့် သုတ္တန်နည်းဟု ဆိုသည်။
先前速行心路中想要诵说的筹划,称为先行筹备(pubbābhisaṅkhāra),即为发声所作的准备。依经教法,这一先行筹备也称为重复(āsevana)。《发趣论》的缘起教法在心路相隔时不说重复缘,所以此处称它为经教法的用语。
''ကာယကမ္မဒွါရကထာဟူသော ကာယဝိညတ်ပိုင်း၌ ရှေးရှေးဇော (၆)တန်ကြောင့် ဖြစ်သော ဝါယောဓာတ်က သတ္တမဇောကြောင့်ဖြစ်သော ဝါယောဓာတ်ကို ထောက်ပံ့ပုံကို ဖွင့်ဆိုသကဲ့သို့ ဤဝစီကမ္မဒွါရကထာဟူသော ဝစီ ဝိညတ်ပိုင်း၌ ရှေးရှေးဇောကြောင့်ဖြစ်သော ပထဝီဓာတ်က ဝစီဝိညတ်ကို ဖြစ်စေမည့် စိတ္တဇပထဝီဓာတ်ကို ထောက်ပံ့ဖွယ် မလို''ဟု အဋ္ဌကထာဖွင့်ဆိုရာ၌ စိတ္တဇပထဝီဓာတ်နှင့် စတုဇပထဝီဓာတ်တို့သည် အထူးသဖြင့် ကမ္မဇပထဝီဓာတ်တို့သည် ပထဝီဓာတ်အချင်းချင်း ထိခိုက်ရာဝယ် သုတ္တန်နည်းအားဖြင့် ပုဗ္ဗာဘိသင်္ခါရဟု ခေါ်ဆို အပ်သော ရှေးရှေးသော မနောဒွါရိကဇောဝီထိစိတ်တို့၏ အာသေဝန အကြောင်းအထောက်အပံ့ကို ရခဲ့ပြီးဖြစ် သောကြောင့် ပထမဇောကြောင့်ဖြစ်သော ပထဝီဓာတ်သည်ပင် စတုဇပထဝီဓာတ်တို့နှင့် အထူးသဖြင့် ကမ္မဇ ပထဝီဓာတ်တို့နှင့် ပွတ်ချုပ် ထိခိုက်နိုင်ရကား ယင်း ပထဝီဓာတ်တို့ အချင်းချင်း ပွတ်ချုပ် ထိခိုက်ကြဖို့ရန် ရှေးရှေး
义注解释:身业门论、身表部分说,前六次速行所生风界支助第七速行所生风界;语业门论、语表部分则说,先前速行所生地界无须支助产生语表的心生地界。其意是:心生地界与四因所生地界——尤指业生地界——彼此触击时,已经获得先前意门速行心路的先行筹备;依经教法,这就是重复的助缘。因此,第一速行所生地界本身便能摩擦触击四因所生地界、尤其业生地界,地界彼此要发生触击,并不需要先前——
ပထဝီဓာတ်တို့က အထောက်အပံ့ ပေးနေဖွယ်မလိုဟု ဆိုလိုပေသည်။ (အဘိ-ဋ္ဌ-၁-၁၂၉ - ကြည့်။)
——地界再作支助。(参见《殊胜义注》1-129。)
原书第 111 页
စူးစမ်းဆင်ခြင်၍ ယူပါ
审察以后再接受
ဥပတ္ထမ္ဘနံ နတ္ထိ အတ္ထီတိ ဝိစာရေတွာ ဂဟေတဗ္ဗံ။ (မူလဋီ-၁-၇၆။) မူလဋီကာဆရာတော်သည် --- ပုရိမစိတ္တသမုဋ္ဌာနာယ ဥပတ္ထမ္ဘနကိစ္စမ္ပိ နတ္ထိ = ပြောဆိုလိုသောအခါ ပထမဆုံးစိတ်ကြောင့်ဖြစ်သော ပထဝီဓာတ်သည်လည်း အခြားပထဝီဓာတ်နှင့် အချင်းချင်း ထိခိုက်မိ၏။ ထိုကြောင့် မထိခိုက်မီ ထိခိုက်ဖို့ရန် ရှေးရှေး စိတ်ကြောင့်ဖြစ်သော ပထဝီဓာတ်က နောက်နောက် စိတ်ကြောင့်ဖြစ်သော ပထဝီဓာတ်အား ထောက်ပံ့နေဖွယ် ကိစ္စသည်လည်း မရှိ။ (အဘိ-ဋ္ဌ-၁-၁၂၉။) ဟူသော အဋ္ဌကထာဆရာတော်၏ စကားကို နှစ်သက်ဟန် မတူ။ မူလဋီကာဆရာတော်ကား မထိခိုက်မီ ထောက်ပံ့နေသော ပထဝီဓာတ်ရှိသေး၏ဟု ယူလိုဟန် တူ၏။ ထိုကြောင့် -- ဝိစာရေတွာ ဂဟေတဗ္ဗံ = ရှေးရှေးစိတ်ကြောင့် ဖြစ်သော ပထဝီဓာတ်က နောက် နောက် စိတ်ကြောင့် ဖြစ်သော ပထဝီဓာတ်အား အားပေးထောက်ပံ့မှု = ဥပတ္ထမ္ဘနကိစ္စ ရှိ-မရှိကို စူးစမ်းဆင်ခြင်၍ လက်ခံရန် ဖွင့်ဆိုထား၏။ (မူလဋီ-၁-၇၆။)
巴利《根本复注》说:‘ဥပတ္ထမ္ဘနံ နတ္ထိ အတ္ထီတိ ဝိစာရေတွာ ဂဟေတဗ္ဗံ။ (မူလဋီ-၁-၇၆။)’——‘对于究竟有无支助,应审察以后再接受。’(《根本复注》1-76。)义注说:‘ပုရိမစိတ္တသမုဋ္ဌာနာယ ဥပတ္ထမ္ဘနကိစ္စမ္ပိ နတ္ထိ’——想说话时,第一心所生地界本身已经与另一地界触击,故触击之前,先前心所生地界无须支助后续心所生地界。(《殊胜义注》1-129。)《根本复注》师似乎不满意这一说法,而倾向于认为触击之前仍有地界在作支助,所以说应审察先前心所生地界对后续心所生地界究竟有无支助作用以后,再予接受。
ဤအရာတွင် အနုဋီကာဆရာတော်က မူလဋီကာဆရာတော်၏ အဆိုကို ထောက်ခံလျက် ဤသို့ ရှင်းလင်း တင်ပြထား၏။
在这里,《随复注》师赞同《根本复注》师的意见,并作如下说明。
ပထမဇောစိတ်ကြောင့်လည်း အထက်တွင် ရှင်းပြထားသည့်အတိုင်း ထိုပထဝီဓာတ်တို့ အချင်းချင်း ပွတ်ချုပ် ထိခိုက်ခြင်းကိစ္စသည် ပြီးစီးနိုင်သည်ကား မှန်၏၊ သို့သော် တစ်ခုသော အက္ခရာ၏ အကြိမ်များစွာ ထပ်၍ ထပ်၍ ဖြစ်ရခြင်းအားဖြင့် တစ်စုံတစ်ခုသော အနည်းငယ် ထူးခြားချက်ကား ရှိနိုင်၏၊ ထို ရှေးရှေး ဇောစိတ်တို့ကြောင့် ဖြစ်ရကုန်သော စိတ္တဇပထဝီဓာတ်တို့နှင့် စတုဇပထဝီဓာတ်တို့၏ ပထဝီဓာတ်တို့ အချင်းချင်း ကြိမ်ဖန်များစွာ ပွတ်ချုပ်ထိခိုက်ခြင်းတို့မှ ရအပ်သော အာသေဝနပစ္စည်း အထောက်အပံ့ရှိသော သတ္တမဇောစိတ်ကြောင့်ဖြစ်သော စိတ္တဇပထဝီဓာတ်နှင့် စတုဇပထဝီဓာတ်တို့၏ (အထူးသဖြင့် ကမ္မဇပထဝီဓာတ်တို့၏) ပထဝီဓာတ်တို့ အချင်းချင်း ပွတ်ချုပ်ထိခိုက်ခြင်းသည် ထင်ရှားသော အက္ခရာ အသံကို ဖြစ်စေနိုင်၏၊ ထိုကြောင့် ရှေးရှေး ဇောစိတ်တို့ကြောင့် ဖြစ်သော ပထဝီဓာတ်က နောက်နောက် ဇောစိတ်ကြောင့်ဖြစ်သော ပထဝီဓာတ်အား အားပေးထောက်ပံ့ဖွယ် =
如上所述,第一速行心确实也能完成诸地界的摩擦触击;不过,同一字音反复生起时,仍可能出现某种细微差别。第七速行心所生的心生地界,与四因所生地界——尤指业生地界——彼此触击,已获得先前速行心所生心生地界与四因所生地界反复触击所成的重复缘支助,因而能够产生清晰的字音。所以,不能说先前速行心所生地界对后续速行心所生地界没有——
ဥပတ္ထမ္ဘနကိစ္စ မရှိပါဟု ပြောဆိုခြင်းငှာ မတတ်ကောင်းပေ။ (ဥပတ္ထမ္ဘနကိစ္စ ရှိရမည်သာ ဟူလိုသည်။) သို့သော် ဤအဆို အားလုံးကိုပင် စူးစမ်းဆင်ခြင်၍သာ ယူပါ။ (အနုဋီ-၁-၈၂-၈၃။)
——支助作用;这里应当理解为确有支助作用。不过,这一切说法都应审察以后再接受。(《随复注》1-82—83。)
တောင်မြို့ဆရာတော်ဘုရားကြီး၏ အဆို
东城摩诃甘达勇西亚多的说法(Taungmyo Mahāgandhāyon Sayadaw)
ဧကဿပိ အက္ခရဿ အနေကေဟိ ဇဝနေဟိ နိဗ္ဗတ္တေတဗ္ဗတ္တာ တထာ နိဗ္ဗတ္တိယမာနတာယ အသမတ္ထ သဘာဝတ္တာ န ဝိညာတဝိသေသာ န ဘိန္နာ ဧဝါတိ အာဟ ''သဝ။ ပ ။ ဘိန္နာ''တိ။ (အနုဋီ-၁-၁၆၄။) မူလဋီကာဆရာတော်၊ အနုဋီကာဆရာတော် နှစ်ပါးလုံးတို့ပင် ရှေးရှေးသော စိတ္တဇပထဝီဓာတ်တို့က နောက် နောက်သော စိတ္တဇပထဝီဓာတ်တို့အား အားပေး ထောက်ပံ့တတ်သော ဥပတ္ထမ္ဘနကိစ္စမရှိဟူသော အဋ္ဌကထာ ဆရာတော်၏ အဆိုကို အားရကျေနပ်ဟန် မရှိကြပေ။ သို့သော် တောင်မြို့မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီးက မိမိ၏ အဋ္ဌသာလိနီဘာသာဋီကာ (၂-၅၈၉။)တွင် ဤသို့ မိန့်ဆိုထားတော်မူ၏။
‘因为一个字音也须由多次速行产生;在尚不能如此产生时,其差别尚未被认知,仍未分化,所以说“可听……已经分化”。’(《随复注》1-164。)《根本复注》与《随复注》二师似乎都不满意义注师所说“先前心生地界对后续心生地界没有支助作用”。然而,东城摩诃甘达勇西亚多(Taungmyo Mahāgandhāyon Sayadaw)在自己的《殊胜义注语言复注》2-589中这样解释。
အက္ခရာတစ်လုံးသည် ရဿအက္ခရာပင် ဖြစ်စေကာမူ လက်ဖျောက်တစ်ချက်တီးခန့် အချိန်ကြာမြင့်ရကား ထိုအက္ခရာ အသံပီသစွာ ထွက်ပေါ်သည့်တိုင်အောင် (ရွတ်ဆိုလိုသော ရွတ်ဆိုသော) ဇောဝီထိစိတ် အစဥ်ပေါင်း များစွာ ဖြစ်ရပေလိမ့်မည်။ ထိုကြောင့် ရှေးရှေး ဇောဝီထိတို့ကြောင့်ဖြစ်သော (စိတ္တဇ) ပထဝီဓာတ်တို့က (ထိုထို
即使是短元音,一个字音也持续约一弹指;直到字音清楚发出,必有许多欲诵与正在诵说的速行心路相续生起。因此,先前速行心路所生的心生地界,在字音发生处一次又一次与四因所生地界、尤指业生地界相触;在字音尚未清晰以前,可以说这些先前地界在作支助。不过,这一支助只是为了令声音清晰,并非为了触击本身。所以义注说:触击本身不需要先前速行所生地界支助后续速行所生地界。依大长老之见,义注的说法是恰当的。声音固然由说话者的心生地界与语音发生处的四因所生地界——尤指业生地界——彼此触击而生,但要让所欲表达的声音清晰出现,则只是由于表——
原书第 112 页
အက္ခရာ အသံဖြစ်ရာ ဌာန၌ တည်ရှိကြသော စတုဇပထဝီဓာတ်တို့နှင့် အထူးသဖြင့် ကမ္မဇပထဝီဓာတ်တို့နှင့် ပထဝီဓာတ် အချင်းချင်း) အထပ်ထပ် ထိခိုက်နေရာဝယ် အသံ မပီသသေးမီ ထောက်ပံ့နေသည်ဟု ဆိုရသော်လည်း အသံပီသမှု အတွက်သာ ထောက်ပံ့နေရခြင်းဖြစ်၍ ထိခိုက်မှု = ဃဋ္ဋနာအတွက်မှာ ထောက်ပံ့စရာ မလိုသော ကြောင့် ဥပတ္ထမ္ဘနကိစ္စံ နတ္ထိ = ရှေးရှေး ဇောစိတ်တို့ကြောင့်ဖြစ်သော ပထဝီဓာတ်က (နောက်နောက်သော ဇော စိတ်ကြောင့် ဖြစ်သော ပထဝီဓာတ်အား) ထောက်ပံ့ဖွယ် မလိုဟု အဋ္ဌကထာ ဆိုပါသည်။ ထိုကြောင့် အဋ္ဌကထာ စကားသည် အသင့်ပင်ဖြစ်၏ဟု ထင်၏။ (အဋ္ဌသာလိနီဘာသာဋီကာ-၂-၅၈၉။) အသံသည် ပြောဆိုလိုသူ၏ စိတ်ကြောင့်ဖြစ်သော စိတ္တဇပထဝီဓာတ်နှင့် အသံဖြစ်ရာဌာန၌ တည်ရှိကြသော စတုဇပထဝီဓာတ်တို့၏ (အထူးသဖြင့် ကမ္မဇပထဝီဓာတ်တို့၏) ပထဝီဓာတ် အချင်းချင်း ထိခိုက်မှုကြောင့် ဖြစ်ရိုး မှန်သော်လည်း ဆိုလိုရာ အသံထင်ရှားအောင် ဖြစ်ပေါ်လာမှုမှာ ဝိညတ်၏ အတွက်သာ ဖြစ်သောကြောင့် =
——的作用。(《殊胜义注语言复注》2-589。)
ထိုထို ပြောဆိုလိုသော ပြောဆိုနေသော စိတ်ကြောင့် ဖြစ်ကုန်သော စိတ္တဇရုပ်ကလာပ်တို့တွင် တည်ရှိသော သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ပထဝီဓာတ်နှင့် တကွသော မဟာဘုတ်တို့ကြောင့် ဖြစ်သော ဝစီဝိညတ်၏ ပဲ့ကိုင်ပေးမှုအတွက် ထင်ရှားလာရသောကြောင့် ''အဓိပ္ပါယံ ဝိညာပေတိ''အရ ဝစီဝိညတ်က ပြောဆိုသူ၏ အတွင်း သဘောအလိုဆန္ဒကို သိစေသည်ဟု ဆိုရလေသည်။ အရက်ဆိုင်၌ ဆိုင်းဘုတ်ကို မြင်ပြီးမှ အတွင်း၌ အရက်ရှိ ကြောင်းကို သိရသကဲ့သို့ ဝစီဝိညတ်ဟူသော ဆိုင်းဘုတ်ကို သိပြီးမှ အတွင်းသဘော အလိုဆန္ဒကို ကြားရသူက သိနိုင်သောကြောင့် ''ဝိညာယတီတိ ဝိညတ္တိ''အရ နာကြားရသူက မနောဒွါရဝီထိ စိတ်အစဥ်ဖြင့် ထိုဝစီဝိညတ် ကိုလည်း သိအပ်ပုံကို သတိပြုပါလေ။ ပြောဆိုသူ၏ အတွင်းသဘောအလိုဆန္ဒကို ကြားနာသူအား သိစေတတ် သောကြောင့်လည်းကောင်း၊ ကြားနာသူက ထိုပြောဆိုသူ၏ အတွင်းသဘောအလိုဆန္ဒကို သိအပ်သောကြောင့်
换言之,想说话之心所生的色聚中,地界自性力偏胜的四大种形成语表,并如舵一般引导声音清楚显现。因此依‘အဓိပ္ပါယံ ဝိညာပေတိ’,说语表使人知道说话者内在的意图。好比见到酒铺招牌,便知道店内有酒;听者先知道语表这一“招牌”,再知道内在意图。依‘ဝိညာယတီတိ ဝိညတ္တိ’,听者也以意门心路相续了知语表本身。由于它使听者知道说话者的内在意图,又由于听者能依它了知说话者的内在意图——
လည်းကောင်း ဝိညတ်မည်၏ ဟူလိုသည်။
——,所以称为表。
ပြည်ဆရာတော်ဘုရားကြီး၏ မှတ်ချက်
卑谬大长老的评注
ဝစီဝိညတ်သည် ဤစကား ထိုစကားကို ဆိုလိုသောသူအား နှုတ်မြွက်၍ ဆိုခြင်းကို ပြုတတ်သော သတ္တမ ဇောစိတ်ကြောင့်ဖြစ်သော စိတ္တဇပထဝီဓာတ်နှင့် ထိုထို (အသံဖြစ်ရာ) ဌာန်၌ ရှိလင့်သော ကမ္မဇပထဝီဓာတ်၏ ထိခိုက်ခြင်းကြောင့် ထိုစိတ္တဇပထဝီဓာတ်၏ ဖောက်ပြန်ခြင်း (= ဝိကာရ = အမူအရာထူး) ဟူသော လက္ခဏာရှိရကား သဝိညာဏကသတ္တဝါတို့၏ အသံဟု ဆိုအပ်သော စကားဖြင့် ထိုစကားကို ပြောဆိုသောသူတို့၏ အလိုကို ''ဤသူ သည် ဤအမှုကို ပြုစေလို၏၊ ဤသည်ကား ဤသူ၏ အလိုတည်း''ဟု သူတစ်ပါးတို့ကို သိစေတတ်သော သတ္တိ ကြောင့်လည်းကောင်း၊ ဝစီဝိညတ်ဟူသော မိမိကိုလည်း ထိုပြောဆိုသော စကားဖြင့် အလိုကို ဆင်ခြင်၍ မသိမီ လက်ဦးကပင် စတုတ္ထမနောဒွါရိကစိတ်ဖြင့် သူတစ်ပါးတို့ သိအပ်သော သတ္တိကြောင့်လည်းကောင်း ဤစကားကို ထိုစကားကို ပြောဆိုအံ့ဟု ကြံစည်သောသူအား နှုတ်မြွက်၍ ပြောဆိုခြင်းကို ပြုတတ်သော သတ္တမဇောစိတ်-
语表的特相,是想说此说彼之人的第七速行心所生心生地界,与语音发生处既存的业生地界相触时,心生地界所呈现的特殊变异行相。它能借有识有情的语声,使他人知道说话者的意图——‘这个人想做这件事,这就是他的意图’;而且在依语声推知意图以前,他人已先在第四个意门心路中知道语表本身。因此,想说此说彼者的第七速行心——
ကြောင့် ဖြစ်သော စိတ္တဇပထဝီဓာတ်၏ (၁) လည်ချောင်း၊ (၂) အာစောက်၊ (၃) လျှာထိပ်၊ (၄) သွား၊ (၅) နှုတ်ခမ်း ဟူသော အက္ခရာဖြစ်ရာ ဌာန်ငါးပါးတို့၌ ရှိလင့်သော ကမ္မဇပထဝီဓာတ်နှင့် ထိခိုက်ခြင်း၏ အကြောင်း ဖြစ်သော (၁) ပြောဆိုသောစကား၊ (၂) ပြောဆိုခြင်းကိရိယာ၊ (၃) ပြောဆိုကြောင်းဖြစ်သော ပထဝီဓာတ်တို့မှ အလွတ်အသီး ဖြစ်သော ကြီးစွာသော ကျောက်ကို ချီကြွသော အားရှိသောယောကျာ်း၏ အားကုန် ကိုင်ယူသော အခါ၌ အားထုတ်သော ဗျာပါရ အခြင်းအရာ အထူးကဲ့သို့ ပြောဆိုခြင်း၏ အကြောင်းအဖြစ်ဖြင့် ရအပ်သော စိတ္တဇပထဝီဓာတ်၏ ဖောက်ပြန်ခြင်း (= ဝိကာရ)သည် ဝစီဝိညတ် မည်၏ ဟူလိုသည်။ ထို ဝစီဝိညတ်သည် နားဖြင့်ကြား၍ သိအပ်သော သောတဝိညေယျတရား မဟုတ်၊ စိတ်ဖြင့်သာ ဆင်ခြင်၍ သိအပ်သော မနော-
——所生心生地界,在喉、口腔、舌尖、齿、唇五个字音发生处与业生地界触击;作为这种触击之因而有的心生地界特殊变异,与所说语言、发声器官、发声作用这三者各别,好比有力者奋力举起巨石时另有一种使尽气力的努力行相,这就是语表。语表不是耳所知法,不能由耳识了知;它只是须由心思惟而知的意——
原书第 113 页
လက္ခဏာဒိစတုက္ကပိုင်း -- ရူပက္ခန္ဓကထာ အခန်း ဝိညေယျတရားတည်း။ သစ်ပင် တော တောင် စသော အဝိညာဏက = (သက်မဲ့) အသံ၌လည်း မဖြစ်၊ လူ တိရစ္ဆာန် စသော သဝိညာဏက (= သက်ရှိ) အသံ၌သာ ဖြစ်သတည်း။ ခဲစွ။
——识所知法。它不出现在树木、森林、山岭等无识事物的声音中,只出现在人与动物等有识有情的声音中。奇哉!
ဤသို့ ပြုအံ့ ၊ ဤသို့ မူအံ့ ၊ ဤသို့ ဆိုအံ့ ၊ ဤသို့ ပြောအံ့ဟု ကြံသောသူအား အတီတဘဝင် ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒ မနောဒွါရာဝဇ္ဇန်း ဇောခုနစ်ချက် တဒါရုံနှစ်ချက် ထိုနောင် ဘဝင်။ ဤ မနောဒွါရဝီထိ အစဥ်ကျရာ၏။
当人想‘我要这样做、这样行动、这样说、这样讲’时,会依次生起过去有分、有分波动、有分断、意门转向、七次速行、两次彼所缘,随后又沉入有分;这就是一轮意门心路。
ထိုဝီထိ၌ ဇောခုနစ်ချက်တွင် သတ္တမဇောသည် ပထဝီ-အာပေါ-တေဇော-ဝါယော-ဝဏ္ဏ-ဂန္ဓ-ရသ-သြဇာ ဤရုပ် ရှစ်ပါးကို ဖြစ်စေ၏။ ထိုရုပ်အစု၌ပါသော စိတ္တဇဝါယောဓာတ်သည်သာ ကာယဝိညတ်နှင့်တကွ ဖြစ်၍ လက်ခြေ- လှုပ်ခြင်း စသည်ကို ဖြစ်စေတတ်၏။ ပထမဇောစသော ဇောခြောက်ချက်ကြောင့်ဖြစ်သော ဝါယောဓာတ်တို့သည် ကား ယခင် ဝါယောဓာတ်အား အထောက်အပင့်မျှသာဖြစ်၍ လက်ခြေလှုပ်ခြင်း စသည်ကို မဖြစ်စေကုန်၊ ဤကား ကာယဝိညတ်ဖို့။ ။ ထိုရုပ်အစု၌ ပါသော စိတ္တဇပထဝီဓာတ်သည်သာ ထိုထို အက္ခရာဖြစ်ရာ ဌာန်၌ ရှိလင့်သော ကမ္မဇပထဝီဓာတ်နှင့် ထိခိုက်သည်ဖြစ်၍ က-ခ စသော အက္ခရာအသံကို ဖြစ်စေတတ်၏။ ပထမဇော စသော ဇောခြောက်ချက်ကြောင့်ဖြစ်သော စိတ္တဇပထဝီဓာတ်တို့သည်ကား ယခင် (သတ္တမဇောစိတ်ကြောင့် ဖြစ်သော) ပထဝီဓာတ်၏ အထောက်အပင့်မျှသာ ဖြစ်၍ က-ခ စသော အက္ခရာအသံကို မဖြစ်စေနိုင်ကုန်၊ ဤကား ဝစီ- ဝိညတ်ဖို့။
在七次速行中,第七速行产生地、水、火、风、颜色、香、味、食素八种色法。该色聚中的心生风界与身表共同发生,能使手足等动作;前六次速行所生风界只能支助第七速行所生风界,不能使手足动作——这是身表。该色聚中的心生地界,则与各字音发生处既存的业生地界触击,产生“ka”“kha”等字音;前六次速行所生心生地界只能支助第七速行所生地界,不能产生“ka”“kha”等字音——这是语表。
ဤအရာ၌ ထမ်းပိုးခုနစ်ဆက်ကသော လှည်းတွင် သတ္တမ ထမ်းပိုး၌ကသော နွားတို့သာ လှည်းကို လှုပ်စေ ရွေ့စေနိုင်သည်၊ အကြွင်း ခြောက်ဆက်၌ကသော နွားကိုကား အထောက်အပင့်မျှသာ လှည်းကို မလှုပ်မရွေ ့ စေနိုင်သကဲ့သို့ဟု လောကူပမာ ဆောင်သည်။
世间譬喻是:七对牛驾车时,只有最靠近车的第七对牛能使车动、使车行,其余六对牛只作支助,不能直接使车移动。
ဝစီဝိညတ်၌ သတ္တမဇောကြောင့်ဖြစ်သော ပထဝီဓာတ်မှာမှ အသံဖြစ်သည်ဟု ဆိုခဲ့သော ဤအယူကား ဋီကာဆရာတို့ ဝါဒတည်း။ အဋ္ဌကထာဆရာကား ပထမဇောကြောင့်ဖြစ်သော ပထဝီဓာတ်က စ၍ ကမ္မဇပထဝီ- ဓာတ်နှင့် ထိခိုက်လျှင်ပင် အသံဖြစ်သည် အယူရှိသည်။
语表中只在第七速行所生地界时才发声,这是复注师的主张;义注师则认为,从第一速行所生地界开始,只要与业生地界触击,声音便会生起。
ထိုသို့ ပထမဇောက စ၍ဖြစ်သော ပထဝီဓာတ်နှင့် ထိခိုက်လျှင်ပင် အသံဖြစ်သော် ဝီထိတိုင်းမှာပင် ဇော (၇)ချက်အတွက် အသံ (၇)ဆင့် အက္ခရာ (၇)လုံးစီ ဆိုသောသူလည်း ဆိုရလေရာ၏၊ နာသောသူလည်း ကြားရလေ ရာ၏၊ ထိုသို့လည်း မဆိုရ မကြားရခဲ့၊ ထိုကြောင့် အဋ္ဌကထာဆရာဝါဒကို ဋီကာဆရာတို့ ဆင်ခြင်လေကုန်သည်။
若从第一速行所生地界开始,一触击就有声音,那么每轮心路的七次速行都应各有一级声音、一个字音,说者应说出七个字音,听者也应听见七个;实际却既没有这样说,也没有这样听见。因此,复注师对义注师的主张作了审察。
၁။ ဤ ဝိညတ်ဒွေး၌ လှုပ်ရှားသောကိုယ်၊ ဆိုသောစကားကို စက္ခုဝိညာဏ်၊ သောတဝိညာဏ်ဟူသော ပထမ စိတ်ဖြင့် (= စက္ခုဒွါရဝီထိ၊ သောတဒွါရဝီထိ ဟူသော ပထမ ဝီထိစိတ်ဖြင့်) လက်ဦးစွာ မြင်ရ ကြားရသည်။
一、在身、语二表中,活动的身体与说出的语言,先分别由眼识或耳识这一第一心——即第一个眼门心路或耳门心路——看见或听见。
၂။ ထိုနောင် ဤ အမူ၊ ဤ အသံသော် ဤသို့ ဖြစ်မြဲဟူ၍ ဒုတိယ မနောဒွါရိကစိတ်ဖြင့် အတိတ်ဖြစ်သော သင်္ကေတအမှတ်ကို ဆင်ခြင်၍ သိသည်။
二、随后,第二个意门心路思惟过去的标记,知道‘这样的动作、这样的声音通常具有这样的意义’。
၃။ ထိုနောင် ဤအရာ၌လည်း ဤသို့ ဖြစ်သည်ဟု သင်္ကေတအမှတ်ရှိတိုင်း တတိယ မနောဒွါရိကစိတ်ဖြင့် ပစ္စုပ္ပန် အကြောင်းအရာကို ဆင်ခြင်၍ သိသည်။
三、随后,第三个意门心路依该标记思惟当前情形,知道‘这里也是如此’。
၄။ ထိုနောင် ထိုအကြောင်းအရာနှင့် စပ်သော ဖောက်ပြန်ခြင်း အထူးကို စတုတ္ထ မနောဒွါရိကစိတ်ဖြင့် ဆင်ခြင် ၍ ဤသို့ ဖောက်ပြန်ခြင်းကား ဝိညတ်ဖြစ်သည်ဟု သိသည်။
四、随后,第四个意门心路思惟与该情形相应的特殊变异,知道这种变异就是表。
၅။ ထိုနောင် ထိုသို့ ဖောက်ပြန်ခြင်း အထူးကိုထောက်၍ ပဉ္စမ မနောဒွါရိကစိတ်ဖြင့် ကိုယ်လက်လှုပ်ခြင်း၊ စကားမြွက်ဆိုခြင်းကို ပြုသောသူတို့၏ အလို (ဘာဝ)ကို သိသည်။
五、随后,第五个意门心路依这种特殊变异,知道作身体动作或说话者的意图。
ဤသို့ ဝိညတ်နှင့်အလိုကို သိသောအစဥ်၌ (သဒ္ဒံ ပဌမစိတ္တေန၊ တီတံ ဒုတိယ စေတသာ။ နာမံ တတိယ စိတ္တေန၊ အတ္ထံ စတုတ္ထ စေတသာ။) ဟူသော ဂါထာကိုမှီ၍ ယူလေ။
关于如此知道表与意图的次第,应依偈颂:‘သဒ္ဒံ ပဌမစိတ္တေန၊ တီတံ ဒုတိယ စေတသာ။ နာမံ တတိယ စိတ္တေန၊ အတ္ထံ စတုတ္ထ စေတသာ။’译:‘第一心知声音,第二心知过去,第三心知名称,第四心知义。’
原书第 114 页
နွေလအခါ ရေရှားပါးရာ၌ ရေရှိသည်ကို သိစိမ့်သောငှာ တံခွန် ထန်းရွက်စသော အမှတ်ကို စိုက်ထူသော် ထိုအမှတ်ကို လက်ဦးစွာ မြင်သည်၊ ထိုနောင် ရေရှိရာ၌ မှတ်ထားမြဲဟု အတိတ်ကို သိသည်၊ ထိုနောင် ဤမှာလည်း ရေရှိသည်ဟု ပစ္စုပ္ပန်ကို သိသည်၊ ထိုနောင် ထိုသို့ ရေရှိကြောင်းကို အမှတ်ထားခြင်း အမူအထူးကို သိသည်၊ ထိုနောင် ရေကို သုံးဆောင်လို၍ ထားသတည်းဟု ထားသောသူတို့၏ အလိုကို သိသည်။ ဤသို့ ဝိညတ်နှင့် အလိုကို ယူလွယ်စေခြင်းငှာ လောကူပမာ ဆောင်သတည်း။ (ဝိသုဒ္ဓိမဂ်နိဿယ-၃-၂၂ဝ-၂၂၂။)
夏季缺水时,有人为了让后来者知道地下有水,竖起旗帜或棕榈叶作标记。后来者先看见标记;继而忆知过去有水处一向这样作标记;再知道此处现在也有水;随后知道这是一种为了表示有水而立标记的特殊行为;最后知道立标者是为了让人使用此水。这里用世间譬喻,使人容易理解表与意图。(卑谬大长老《清净道论依词释》第三册,220—222。)
တိုက်တွန်းပါရစေ
愿作劝请
ဤတွင် ဝိညတ်ရုပ်များနှင့် ပတ်သက်သည့် ပါဠိတော် အဋ္ဌကထာ ဋီကာတို့၏ မိန့်ဆိုတော်မူချက် ဖွင့်ဆို တော်မူချက်များနှင့် ရှေးရှေး ဆရာမြတ်တို့၏ မှတ်ချက်များ ဝေဖန် သုံးသပ်ချက်များကို တင်ပြ ပြီးလေပြီ။ ဤ အကြောင်းအရာတို့ကား အတက္ကာဝစရဟု ခေါ်ဆိုသော အတွေးအခေါ်ပညာရှင်တို့၏ ကျက်စားရာ နယ်မြေကား မဟုတ်ပါ။ အနုဗောဓဉာဏ် ပဋိဝေဓဉာဏ် ဟူသော သမ္မာဒိဋ္ဌိဉာဏ်တို့ဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက် သိမြင်အောင် ကြိုးပမ်းရမည့် နယ်မြေသာ ဖြစ်ပေသည်။ ထိုကြောင့် အသင်သူတော်ကောင်းသည် မိမိကိုယ်ကို မိမိ အနုဗောဓဉာဏ် ပဋိဝေဓဉာဏ်ဟူသော သမ္မာဒိဋ္ဌိဉာဏ်ပညာကို ရရှိထားပြီးသူဟု ယုံကြည်ပါလျှင် ကိုယ်တိုင် လက်တွေ့ စမ်းသပ်ကြည့်သင့်သော စူးစမ်းကြည့်သင့်သော အကြောင်းအရာသာ ဖြစ်သည်။ ဘုရားရှင်၏ တရား များသည် သန္ဒိဋ္ဌိကဂုဏ်တော်နှင့် ပြည့်စုံတော်မူသော တရားတော်များသာ ဖြစ်သဖြင့် မိမိ၏ သမ္မာဒိဋ္ဌိ ဉာဏ်ပ-
至此,已经陈述了巴利本、义注、复注关于表色的开示和解释,也陈述了历代大德的评注、辨析。这些内容并不是所谓思辨范围(atakkāvacara),不是思想哲学家驰骋的领域;它们是应凭随觉智与通达智——即正见智——亲自现前、穿透知见的领域。因此,善士若相信自己已经具有随觉智、通达智这样的正见智,就应亲自实际检验、审察这些法。佛陀的教法具有现见(sandiṭṭhika)之德,所以愿劝请诸位:只应努力以自己的正见智——
ညာဖြင့် ထိုးထွင်းသိအောင် ကြိုးပမ်းခြင်းဖြင့်သာ အမှန်တရားကို ရှာဖွေပါဟု တိုက်တွန်းပါရစေ။
——穿透了知,亲自寻得真实。
ဝစီဝိညတ် အရာဝယ် --- ၁။ စိတ္တဇပထဝီဓာတ်က ကမ္မဇပထဝီဓာတ်ကို ပွတ်ချုပ်ထိခိုက်သည်ဟူသော စကားတစ်ရပ်၊ ၂။ စိတ္တဇပထဝီဓာတ်က စတုဇပထဝီဓာတ်ကို ပွတ်ချုပ်ထိခိုက်သည်ဟူသော စကားတစ်ရပ်၊ ဤသို့ စကားနှစ်ရပ် လာရှိရာ အချင်းချင်း မဆန့်ကျင်ပြီလောဟု မေးရန်ရှိ၏။ မဆန့်ကျင်ပါဟူ၍ ဖြေဆို လေရာ၏။
关于语表,文中有两种说法:一、心生地界摩擦触击业生地界;二、心生地界摩擦触击四因所生地界。有人可能问,这两说是否彼此矛盾?答:不矛盾。
စိတ္တဇပထဝီဓာတ်က ကမ္မဇပထဝီဓာတ်ကို ပွတ်ချုပ်ထိခိုက်သည်ဟူသော စကားရပ်မှာ ပဓာနနည်းအားဖြင့် ဖွင့်ဆိုတော်မူခြင်း မိန့်ဆိုတော်မူခြင်း ဖြစ်၏။ ပဓာန = ပြဓာန်းသော ကမ္မဇပထဝီဓာတ်ကို ဆိုသဖြင့် မပြဓာန်းသော စိတ္တဇပထဝီ၊ ဥတုဇပထဝီ၊ အာဟာရဇပထဝီတို့ကိုလည်း ကောက်ယူရသော နည်းအားဖြင့် မိန့်ဆိုခြင်း ဖြစ်၏။
‘心生地界摩擦触击业生地界’,是依主导法(padhāna-naya)而说。既说主导的业生地界,也就依此方法含摄非主导的心生、时节生、食生诸地界。
အသံကောင်းမှု အသံမကောင်းမှုတို့မှာ အတိတ်ကံနှင့် ဆက်သွယ်လျက် ရှိ၏။ ဒီဃနိကာယ် ပါထိကဝဂ် ပါဠိတော် လက္ခဏသုတ္တန်ဝယ် (ဒီ-၃-၁၄၁။) ဘုရားသည် ဗြဟ္မဿရ = ဗြဟ္မာမင်း၏ အသံနှင့်တူသော အင်္ဂါ ရှစ်ဖော်နှင့် ပြည့်စုံတော်မူသော အသံတော်ရှိခြင်းတည်း ဟူသော မဟာပုရိသ လက္ခဏာတော်ကို အတိတ်ဘဝ ထိုထိုဝယ် သမ္မာသမ္ဗောဓိ ဉာဏ်တော်မြတ်၏ အဆောက်အဦ ဖြစ်တော်မူသော ပါရမီတရားအပေါင်းတို့ကို ဖြည့်- ကျင့် ဆည်းပူးတော်မူခဲ့စဥ်က ရုန့်ရင်းကြမ်းတမ်းသော ဖရုသဝါစာ စကားမှ ရှောင်ကြဥ်တော်မူခြင်းတည်းဟူသော ဝိရတိပြဓာန်းသော မဟာကုသိုလ်စေတနာ၊ သိမ်မွေ့နူးညံ့ ပျော့ပျောင်းသည့် ချစ်ခင်မြတ်နိုးဖွယ် စကားကို ပြောဆို ကြောင်းဖြစ်သော မေတ္တာပြဓာန်းသော မဟာကုသိုလ်စေတနာ --- ဤ ကုသိုလ်စေတနာတို့ကြောင့် ရရှိတော် မူကြောင်း လာရှိ၏။
声音悦耳与否,和过去业有关。《长部·波梨品》的《相经》(《长部》3-141)说,佛陀具足犹如梵王之声的八种音德,这是大人相之一。佛陀在过去生积集作为正等正觉智基础的诸波罗蜜时,以离心所为主导而远离粗恶语,以慈心所为主导而说柔和、温顺、可爱之语;由这些大善思,成就了这一音声之相。
ထိုကြောင့် အသံကောင်းခြင်း မကောင်းခြင်းတို့မှာ အတိတ်ကံနှင့် ဆက်သွယ်လျက် ရှိ၏။ အတိတ်ကံသည် အသံဖြစ်ရာ ဌာန၌ ကမ္မဇရုပ်တို့ကို ဖြစ်စေနိုင်သည့် စွမ်းအားရှိ၏။
因此,声音悦耳与否与过去业有关;过去业能够在语音发生处产生业生色。
原书第 115 页
လက္ခဏာဒိစတုက္ကပိုင်း -- ရူပက္ခန္ဓကထာ အခန်း ၁။ ကမ္မဇပထဝီဓာတ်တို့ကား တုံး (= အုန်းမောင်း)နှင့် တူ၏။
第一项是:业生地界好比木磬;
၂။ စိတ္တဇပထဝီဓာတ်ကား လက်ရိုက်နှင့် တူ၏။
第二项是:心生地界好比击槌;
၃။ ယင်း စိတ္တဇပထဝီဓာတ်နှင့် အတူဖြစ်သော စိတ္တဇဝါယောဓာတ်ကား ရိုက်သောလက် = ခေါက်သောလက်နှင့် တူ၏။
第三项是:与心生地界同生的心生风界,好比挥动击槌的手。
ဤ အင်္ဂါသုံးချက် စုံညီလျှင် အချိုးကျ အဆင်ပြေလျှင် ကောင်းမွန်လျှင် အသံကောင်း၏။ အင်္ဂါရပ် တစ်ခုခု သော်လည်းကောင်း၊ နှစ်ခုသော်လည်းကောင်း၊ သုံးခုလုံးသော်လည်းကောင်း ချို့တဲ့ပါက အသံကောင်း ထွက်လာ ဖို့ရန် မလွယ်ကူပေ။ ထိုအင်္ဂါ (၃)ရပ်တို့တွင် (၂-၃)အင်္ဂါရပ် နှစ်မျိုးတို့ကား လူသားတိုင်း၌ ရနိုင်၏။ အမှတ် (၁) အင်္ဂါရပ်ကား အတိတ်ကံနှင့် ဆက်သွယ်လျက်ရှိ၏။ ထိုကြောင့် အတိတ်ကံ၏ စွမ်းဟုန်ကြောင့် ဖြစ်ပေါ်လာရသော ကမ္မဇပထဝီဓာတ်မှာ အသံဖြစ်ပေါ်လာရေးအတွက် ပြဓာန်းသော အကြောင်းတရားတစ်ခု ဖြစ်နေ၏။
这三项齐备、协调而良好,声音就悦耳;其中一项、两项乃至三项有所欠缺,就不容易发出悦耳声音。第二、第三项每个人都可以具备;第一项则与过去业有关。因此,由过去业力所生的业生地界,是声音发生的主导因之一。
သို့သော် လည်ချောင်း စသော အသံဖြစ်ရာ ထိုထို ဌာန၌ ကမ္မဇရုပ်-စိတ္တဇရုပ်-ဥတုဇရုပ်-အာဟာရဇရုပ် တို့ကား ဆန်မှုန့်နှင့် နနွင်းမှုန့်ကို သမအောင် ရောမွှေထားသကဲ့သို့ ပွတ်ချုပ်ထိခိုက်လျက် အလွန် နီးနီးကပ်ကပ် ဖြစ်နေကြ၏။ ရုပ်ကလာပ်တို့မှာလည်း အလွန့်အလွန် သိမ်မွေ့ သေးငယ်သော ပရမာဏုမြူခန့်လောက်ရှိသော သို့မဟုတ် ပရမာဏုမြူထက် အဆပေါင်းများစွာ သေးငယ်ဖွယ်ရာရှိသော အမှုန်ကလေးတို့သာ ဖြစ်ကြ၏။ ယင်းသို့ အလွန်နီးကပ်စွာ ဥပါဒ်နေကြသော ရုပ်ကလာပ်တို့တွင် စိတ္တဇပထဝီဓာတ်က ထိုထို အသံဖြစ်ရာဌာန၌ တည်ရှိသော ကမ္မဇပထဝီဓာတ်ကို ပွတ်ချုပ်ထိခိုက်မိပါက ရိုက်ခတ်မိပါက အလွန်နီးကပ်နေသော စိတ္တဇပထဝီ၊ ဥတုဇပထဝီ၊ အာဟာရဇပထဝီဓာတ်တို့ကိုလည်း ရိုက်ခတ်မိသည်သာ ဖြစ်၏။ ထိုကြောင့် ပြဓာန်းသော ကမ္မဇပထဝီဓာတ်ကို ကောက်ယူသဖြင့် မပြဓာန်းသော စိတ္တဇပထဝီ၊ ဥတုဇပထဝီ၊ အာဟာရဇပထဝီဓာတ်တို့ကိုလည်း ကောက်ယူရသော
不过,在喉等语音发生处,业生、心生、时节生、食生诸色如米粉与姜黄粉均匀混合一般,彼此触接、极为邻近地生起;色聚又极其微细,约如极微尘,或比极微尘小许多倍。在这样极为邻近地生起的色聚中,心生地界一旦摩擦触击语音发生处的业生地界,也必然同时撞击邻近的心生、时节生、食生诸地界。因此,取主导的业生地界时,也依主导法含摄非主导的心生、时节生、食生地界——
ပဓာနနည်းအားဖြင့် မိန့်ဆိုခြင်း ဖြစ်ကြောင်းကို အထက်၌ ဆိုခဲ့ခြင်း ဖြစ်၏။ ထိုကြောင့် စိတ္တဇပထဝီဓာတ်က စတုဇပထဝီဓာတ်ကို ပွတ်ချုပ်ထိခိုက်သည့်အတွက် ရိုက်ခတ်သည့်အတွက် အသံဖြစ်ပေါ်လာရသည်ဟူသော စကားမှာ ပဓာန အပဓာန = ပြဓာန်း မပြဓာန်း ရုပ်အားလုံးကို သိမ်းကျုံး၍ အကြွင်းအကျန်မရှိ ကုန်စင်အောင် အနာဝသေသ နည်းအားဖြင့် ဖွင့်ဆိုသော စကားဟု မှတ်ပါ။
——,这就是前文所说的主导法。因此,‘心生地界摩擦、撞击四因所生地界而发声’这句话,则是总摄主导与非主导一切色法、无有遗漏的无余法(anavasesa-naya)。
ဥပါဒါရုပ် မည်နိုင်ပါသလား?
能称为所造色吗?
ကာယဝိညတ်သည် စိတ္တဇဝါယောဓာတ်၏ ဖောက်ပြန်ခြင်း = အမူအရာထူး = ဝိကာရရုပ်ဖြစ်၍ ဝစီဝိညတ် သည် စိတ္တဇပထဝီဓာတ်၏ ဖောက်ပြန်ခြင်း = အမူအရာထူး = ဝိကာရရုပ်ဖြစ်ရကား ဝိညတ်ဒွေးသည် မဟာဘုတ် (၄)ပါးလုံးကို စွဲ၍ မဖြစ်သောကြောင့် ဥပါဒါရုပ် မမည်သင့်ဟု စောဒနာ ငြားအံ့ --- ဝိညတ်ဒွေးသည် မဟာဘုတ် (၄)ပါးလုံးကိုပင် စွဲမှီ၍ ဖြစ်သည်၊ လှုပ်ရှားစေသော အရာ၌ ဝါယောဓာတ်သာ လွန်ကဲသောကြောင့်၊ အသံဖြစ်စေသော အရာ၌လည်း ပထဝီဓာတ်သာ လွန်ကဲသောကြောင့် ဥက္ကဋ္ဌနည်းအားဖြင့် ယခင် ဓာတ်နှစ်ပါး၏ ဖောက်ပြန်ခြင်းမျှသာ ဆိုသည်။ မသီးမခြားကောင်းသော အဝိနိဗ္ဘောဂရုပ် ဖြစ်ရကား မဟာဘုတ် (၄)ပါးလုံးကို စွဲ၍ ဖြစ်သောကြောင့် ဝိညတ်ဒွေးသည် ဥပါဒါရုပ် မည်သင့်သည်သာ ဖြေလေ။
若有人质疑:身表是心生风界的特殊变异行相,语表是心生地界的特殊变异行相;身、语二表并非依全部四大种而有,似乎不应称为所造色。答:二表实际都依全部四大种而生。只是使身体动作时风界偏胜,产生声音时地界偏胜,所以依最胜显示法(ukkaṭṭha-naya),只说前述两界的变异行相。二表属于不可分离色,依全部四大种而有,因此确实应称为所造色。
(ပြည်-ဝိသုဒ္ဓိမဂ် နိဿယ-၃-၂၂၂။)
缅文出处原串:‘(ပြည်-ဝိသုဒ္ဓိမဂ် နိဿယ-၃-၂၂၂။)’(卑谬大长老《清净道论依词释》第三册,第222页。)
ထမ္ဘနာတိ ဝါယောဓာတုအဓိကာနံ ဘူတာနံ ထမ္ဘနာကာရော ဝိညတ္တီတိ အတ္ထော။ (မူလဋီ-၁-၁၅၁၊၊) ဤ မူလဋီကာနှင့် အညီတည်း။ ရှုကွက် --- ဝစီဝိညတ်ပါသော ဝစီဝိညတ္တိဒသက ကလာပ်၊ သို့မဟုတ် ဝစီဝိညတ္တိသဒ္ဒလဟုတာဒိတေရသက ကလာပ်ဟူသော မိမိ ရှုလိုသည့် ရုပ်ကလာပ်ကို ဓာတ်ခွဲလျက် ဝစီဝိညတ် ရုပ်ကို ရွေးထုတ်၍ အထက်တွင် ရေးသားထားသည့်အတိုင်း ဝစီဝိညတ်၏ လက္ခဏ ရသ စသည်ကို ရှုပါ။
‘所谓支撑,意为风界偏胜的诸大种之支撑行相就是表。’(《根本复注》1-151。)以上与《根本复注》相合。观法——分析含语表的语表十法聚,或语表、声、轻快性等十三法聚,从所欲观照的色聚中选出语表色,再如上文所述观照语表的特相、作用、现起与近因。
原书第 116 页
၂၂။ ရူပဿ လဟုတာ
二十二、色轻快性
၁။ အဒန္ဓတာလက္ခဏာ ရူပဿ လဟုတာ၊ ၂။ ရူပါနံ ဂရုဘာဝဝိနောဒနရသာ၊ ၃။ လဟုပရိဝတ္တိတာ ပစ္စုပဋ္ဌာနာ၊ ၄။ လဟုရူပပဒဋ္ဌာနာ။ (အဘိ-ဋ္ဌ-၁-၃၆၂။ ဝိသုဒ္ဓိ-၂-၇၈။) ၁။ (က) စိတ်ကြောင့်ဖြစ်သော ရုပ်အစစ်တို့၏ မလေးမလံ မနှေးကံမှုသဘော = ပေါ့ပါးမှုသဘော၊ ( ခ ) ဥတုကြောင့်ဖြစ်သော ရုပ်အစစ်တို့၏ မလေးမလံ မနှေးကံမှုသဘော = ပေါ့ပါးမှုသဘော၊ ( ဂ ) အာဟာရကြောင့်ဖြစ်သော ရုပ်အစစ်တို့၏ မလေးမလံ မနှေးကံမှုသဘော = ပေါ့ပါးမှုသဘော လက္ခဏ၊ ၂။ ထိုရုပ်တို့၏ လေးလံမှုကို ပယ်ဖျောက်ခြင်း (ကိစ္စ) ရသ၊ ၃။ ထိုရုပ်တို့၏ ပေါ့ပေါ့ပါးပါး လျင်လျင်မြန်မြန် ပြောင်းရွှေ့ပြန်လှန်၍ ဖြစ်ခြင်း သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ ပေါ့ပါးသော ထိုရုပ်များ ပဒဋ္ဌာန်။
一、色轻快性以不迟钝为特相;二、以消除诸色的沉重为作用;三、以轻快地转变为现起;四、以轻快色为近因。(《殊胜义注》1-362;《清净道论》2-78。)详释如下:其特相分别是心生、时节生、食生真实色不沉重、不迟缓的轻快之性;其作用是消除这些色法的沉重;其现起是这些色法轻快、迅速地转变;其近因是这些轻快色。
၂၃။ ရူပဿ မုဒုတာ
二十三、色柔软性
၁။ အထဒ္ဓတာလက္ခဏာ ရူပဿ မုဒုတာ၊ ၂။ ရူပါနံ ထဒ္ဓဘာဝိနောဒနရသာ၊ ၃။ သဗ္ဗကိရိယာသု အဝိရောဓိတာ ပစ္စုပဋ္ဌာနာ၊ ၄။ မုဒုရူပပဒဋ္ဌာနာ။ (အဘိ-ဋ္ဌ-၁-၃၆၂။ ဝိသုဒ္ဓိ-၂-၇၈။) ၁။ (က) စိတ်ကြောင့်ဖြစ်သော ရုပ်အစစ်တို့၏ မခက်ထန် မကြမ်းတမ်းမှုသဘော = နူးညံ့မှုသဘော လက္ခဏ၊ ( ခ ) ဥတုကြောင့်ဖြစ်သော ရုပ်အစစ်တို့၏ မခက်ထန် မကြမ်းတမ်းမှုသဘော = နူးညံ့မှုသဘော လက္ခဏ၊ ( ဂ ) အာဟာရကြောင့်ဖြစ်သော ရုပ်အစစ်တို့၏ မခက်ထန် မကြမ်းတမ်းမှုသဘော = နူးညံ့မှုသဘော လက္ခဏ၊ ၂။ ထိုရုပ်တို့၏ ခက်ထန်ကြမ်းတမ်းမှုကို ပယ်ဖျောက်ခြင်း (ကိစ္စ) ရသ၊ ၃။ အလုံးစုံသော ကိုယ်မှုကိစ္စတို့၌ မဆန့်ကျင်သော သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ နူးညံ့သော ထိုရုပ်များ ပဒဋ္ဌာန်။
一、色柔软性以不僵硬为特相;二、以消除诸色的僵硬为作用;三、以不违碍一切身体活动为现起;四、以柔软色为近因。(《殊胜义注》1-362;《清净道论》2-78。)详释如下:其特相分别是心生、时节生、食生真实色不坚硬、不粗涩的柔软之性;其作用是消除这些色法的坚硬粗涩;其现起是不违碍一切身体活动;其近因是这些柔软色。
၂၄။ ရူပဿ ကမ္မညတာ
二十四、色适应性
၁။ သရီရကိရိယာနုကူလကမ္မညဘာဝလက္ခဏာ ရူပဿ ကမ္မညတာ၊ ၂။ အကမ္မညတာဝိနောဒနရသာ၊ ၃။ အဒုဗ္ဗလဘာဝပစ္စုပဋ္ဌာနာ၊ ၄။ ကမ္မညရူပပဒဋ္ဌာနာ။ (အဘိ-ဋ္ဌ-၁-၃၆၂။ ဝိသုဒ္ဓိ-၂-၇၈-၇၉။)
一、色适应性以适合身体活动、堪任作业为特相;二、以消除不适业性为作用;三、以不衰弱为现起;四、以适于作业之色为近因。(《殊胜义注》1-362;《清净道论》2-78—79。)
原书第 117 页
လက္ခဏာဒိစတုက္ကပိုင်း -- ရူပက္ခန္ဓကထာ အခန်း ၁။ စိတ်+ဥတု+အာဟာရကြောင့် ဖြစ်ကုန်သော ရုပ်အစစ်တို့၏ ကိုယ်မှုကိစ္စတို့အားလျော်စွာ အမှု၌ ခံ့ညားမှု အချိုးကျ အဆင်ပြေမှုသဘော လက္ခဏ၊ ၂။ (ဝါယောဓာတ် ပျက်ပြားသဖြင့်) ကိုယ်မှုကိစ္စ၌ မခံ့ညားမှုကို ပယ်ဖျောက်ခြင်း (ကိစ္စ) ရသ၊ ၃။ ရုပ်တို့၏ အားမနည်းသည့် သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ အမှု၌ ခံ့ညားသော ထိုရုပ်များ ပဒဋ္ဌာန်။
详释如下:其特相,是心、时节、食所生真实色随顺身体活动,在所作之事上堪任、协调而适宜;其作用,是消除因风界失调而有的身体活动不堪任;其现起,是诸色不衰弱;其近因,是这些堪任作业之色。
ဤလဟုတာ မုဒုတာ ကမ္မညတာ ရုပ်သုံးခုအပေါင်းသည် အချင်းချင်း မစွန့်ကြပေ၊ တစ်ပါးဖြစ်လျှင် ကျန်နှစ်- ပါးသည် ဖြစ်မြဲတည်း။ စိတ္တဇရုပ်၌ဖြစ်စေ၊ ဥတုဇရုပ်၌ဖြစ်စေ၊ အာဟာရဇရုပ်၌ဖြစ်စေ ပါဝင်လျက် အတူဖြစ်ခဲ့ သော် ပြိုင်တူပင် ဖြစ်လေ့ရှိကြ၏။ ထိုသို့ ပြိုင်တူဖြစ်သဖြင့် ယင်းရုပ်တို့၏ တစ်ခုနှင့်တစ်ခု မတူထူးခြားမှုကိုလည်း သိနိုင်ခဲသော သဘောရှိ၏။ ထိုသို့ သိနိုင်ခဲသော်လည်း ဆိုင်ရာ သဘာဝလက္ခဏာများကား ကွဲပြားလျက်ပင် ရှိပေသည်။
色轻快性、色柔软性、色适应性这三色彼此不相舍离;一种生起时,其余两种必定生起。无论在心生色、时节生色还是食生色中,只要它们存在,就总是同时生起。正因为同时生起,三者各自的差别不易了知;虽然不易了知,各自的自相仍然截然有别。
ဓာတုက္ခောဘော ဝါတပိတ္တသေမှပကောပေါ၊ ရသာဒိဓာတူနံ ဝါ ဝိကာရာဝတ္ထာ။ ဒွိဓာ ဝုတ္တောပိ အတ္ထတော ပထဝီဓာတုအာဒီနံ ဓာတူနံယေဝ ဝိကာရောတိ ဒဋ္ဌဗ္ဗော။ ပဋိပက္ခပစ္စယာ သပ္ပါယဥတုအာဟာရာ ဝိက္ခိတ္တစိတ္တတာ။
‘所谓诸界扰动,是风、胆汁、痰的失调,或味等诸界处于变异状态。虽然作了两种表述,依义应知都只是地界等诸界的变异。其对治缘是适宜的时节、适宜的食物以及不散乱心。’
(မဟာဋီ-၂-၁ဝ၁။)
缅文出处原串:‘(မဟာဋီ-၂-၁ဝ၁။)’(《大复注》2-101。)
ဤ လဟုတာစသော ရုပ်များကား သက်ရှိသတ္တဝါတို့၏ သန္တာန်၌သာ အထူးသဖြင့် ကာမသတ္တဝါတို့၏ သန္တာန်၌သာ ဖြစ်ကြ၏။ စိတ်ဓာတ်များ မကြည်မလင်ရှိခြင်း၊ ပျံ့လွင့်နေခြင်း၊ ဥတု မမျှတခြင်း၊ အာဟာရ မမျှ- တခြင်းဟူသော အကြောင်းတရားတို့ကြောင့် ဤခန္ဓာအိမ်၌ တည်ရှိကြသော လေ-သည်းခြေ-သလိပ်တို့သည် ပျက်ပြားကုန်လတ်သော် ဓာတ်ကြီး (၄)ပါးတို့သည်လည်း ချောက်ချားလာကုန်၏။ အထူးသဖြင့် အာဗန္ဓန = ဖွဲ့စည်းခြင်း သဘောရှိသော အာပေါဓာတ်သည် ဖောက်ပြန် ပျက်ပြားခဲ့သော် သို့မဟုတ် လွန်ကဲခဲ့သော် စိတ္တဇ- ဥတုဇ-အာဟာရဇရုပ်တို့သည် နုံးချည့်လျက်ရှိခြင်း သို့မဟုတ် လေးလံလျက်ရှိခြင်းကြောင့် ထိုအခါမျိုး၌ လဟု တာရုပ် မဖြစ်နိုင်ချေ။
色轻快性等变化色只在有生命的有情相续中生起,尤其只在欲界有情的相续中生起。由于心不清明或散乱、时节不适、食物不适,身体中的风、胆汁、痰发生失调时,四大种也随之扰动。特别是具有结合、凝聚作用的水界若发生变异或过盛,心生、时节生、食生诸色便疲软或沉重;这时不能生起色轻快性。
ကက္ခဠ = ခက်မာခြင်း သဘောရှိသော ပထဝီဓာတ်များ ပျက်ပြားခဲ့လျှင် သို့မဟုတ် လွန်ကဲခဲ့လျှင် စိတ္တဇ- ဥတုဇ-အာဟာရဇဟူသော တိဇနိပ္ဖန္နရုပ်များသည် ခိုင်မာမှု လျော့ရဲလျက်ရှိခြင်း၊ သို့မဟုတ် ကြမ်းတမ်း ခိုင်မာ လျက် တောင့်တင်းလျက် ရှိခြင်းကြောင့် ထိုအခါမျိုး၌ နူးညံ့မှု မုဒုတာ မဖြစ်နိုင်ချေ။
具有坚硬性质的地界若发生变异或过盛,心、时节、食三因所生的真实色便松弛无力,或粗涩坚硬、僵直;这时不能生起色柔软性。
ဝိတ္ထမ္ဘန = ထောက်ကန်ခြင်း တောင့်တင်းခိုင်မာစေခြင်း သဘောလက္ခဏာရှိသော ဝါယောဓာတ် ပျက်ပြား လျှင် သို့မဟုတ် လွန်ကဲလျှင် ယင်း တိဇနိပ္ဖန္နရုပ်များ (= စိတ်-ဥတု-အာဟာရကြောင့်ဖြစ်သော ရုပ်များ) သည် လှုပ်ရှားမှု တွန်းကန်မှု အားနည်းလျက်ရှိခြင်း၊ သို့မဟုတ် အားများလျက်ရှိခြင်းကြောင့် ထိုအခါမျိုး၌ ကမ္မညတာ မဖြစ်နိုင်ချေ။ (တေဇောဓာတ်ကား ဥတုဇရုပ်ကို ဖြစ်စေနိုင်သော ဥတုဖြစ်၍ ဖောက်ပြန်မှု အားလုံး၌ အလိုက်သင့် ပါဝင်လျက် ရှိ၏။) အကြင်အခါ၌ကား စိတ်ဓာတ်ကြည်လင်မှု မပျံ့လွင့်မှု တည်ကြည်မှုရှိခြင်း၊ ဥတု မျှတခြင်း၊ အာဟာရ မျှတခြင်းဟူသော အကြောင်းအထောက်အပံ့ကောင်းတို့ကြောင့် လေ-သည်းခြေ-သလိပ်တို့သည် မျှတ ညီညွတ် ကြ၏၊ လမ်းမှန်စည်းကျ တည်နေကြ၏။ စိတ္တဇမဟာဘုတ်၊ ဥတုဇမဟာဘုတ်၊ အာဟာရဇမဟာဘုတ်တို့သည်- လည်း မျှတ ညီညွတ်ကြကုန်၏။
具有支撑、令其坚挺之特相的风界若发生变异或过盛,这些三因所生的真实色——即心生、时节生、食生色——便活动、推动乏力,或力量过强;这时不能生起色适应性。〔火界是能够产生时节生色的时节,故会随顺参与一切变异。〕反之,若心清明、不散乱而稳定,时节适宜,食物适宜,依靠这些良好助缘,风、胆汁、痰便平衡协调,处于正常状态;心生大种、时节生大种、食生大种也都平衡协调。
ထိုအခါမျိုး၌ အနာရောဂါ ကင်းသောသူ၏ = ကျန်းမာနေသော ပုဂ္ဂိုလ်၏ ကိုယ်လက်များသည် ပေါ့ပါး သွက်လက်သကဲ့သို့ စိတ္တဇ ဥတုဇ အာဟာရဇဟူသော တိဇနိပ္ဖန္နရုပ်တို့၏ ပေါ့ပေါ့ပါးပါး လျင်လျင်မြန်မြန်
这时,正如无病健康者的肢体轻快灵活,心、时节、食三因所生真实色的轻快、迅速——
原书第 118 页
သွက်သွက်လက်လက် ချက်ချက်ချာချာ ပြောင်းရွှေ့ပြန်လှန်၍ ဖြစ်နိုင်ခြင်း မလေးမလံ မနှေးမကန် မနုံ့မနှေးသော သဘောများ ထူးထူးခြားခြား ထင်ရှားလာပေသည်။ ဤကဲ့သို့သော တိဇရုပ်တို့၏ ပေါ့ပါးမှု အမူအရာထူးသည် ဝိကာရရုပ် မည်၏။ ထိုဝိကာရရုပ်သည် ရူပဿ လဟုတာ မည်၏။ (အဘိ-ဋ္ဌ-၁-၃၆၂။) ထိုအခါမျိုး၌ ထို တိဇနိပ္ဖန္နရုပ်တို့၏ ကောင်းစွာနယ်ထားအပ်သော သားရေ၏ နူးညံ့မှုကဲ့သို့ နူးညံ့မှု ပျော့ပျောင်းမှုသဘော၊ ခပ်သိမ်းသော ပြုဖွယ်ကိစ္စထူး ဟူသမျှတို့၌ အလိုဆန္ဒရှိတိုင်း ပြုလုပ်နိုင်မှု သဘောတရား များသည်လည်း ထူးခြားစွာ ထင်ရှားလာကုန်၏။ (တန်ခိုးဣဒ္ဓိပါဒ်များကို အသုံးပြုသောအခါ၌ အလိုရှိသလို နိုင်နိုင်နင်းနင်း အသုံးပြုနိုင်သကဲ့သို့ တရားထိုင်သည့်အခါ ခန္ဓာကိုယ်ကို တောင့်အောင် သီးသန့် တမင် ထောက် ကန်ပေးနေရမှု တောင့်ပေးနေရမှု မရှိဘဲ အလိုရှိသလို အလိုက်သင့် စိတ်တိုင်းကျ ထိုင်နိုင်မှုမျိုး စသည်ကို
——敏捷而利落地转变,不沉重、不迟缓、不呆滞等性质,会格外明显。这种三因所生色特有的轻快状态称为变化色,其中这一变化色即色轻快性。(《殊胜义注》1-362。)此时,这些三因所生真实色又会像善加揉制的皮革那样柔软、和顺,并对一切身体活动都不违碍,能够随心所欲地动作。〔意思是:如运用神通时能随意自在地运用身体,又如禅坐时无须刻意撑紧身体,仍能随意、适当地安坐——
ဆိုလိုသည်၊၊) ဤကဲ့သို့သော တိဇနိပ္ဖန္နရုပ်တို့၏ ပျော့ပျောင်း နူးညံ့မှု အမူအရာထူးသည် ရူပဿ မုဒုတာ ဝိကာရ ရုပ် မည်ပေသည်။ (အဘိ-ဋ္ဌ-၁-၃၆၂-၃၆၃။) ထိုအခါမျိုး၌ လှော်ပြီး ဦးပြီးသောရွှေသည် မိမိပြုလုပ်လိုရာ ပုတီး နားဍောင်း စသော ပြုဖွယ်ရာ ဟူသမျှ၌ ကောင်းမွန်ခံ့ညားသကဲ့သို့ ကိုယ်ဖြင့်ပြုလုပ်ရမည့် ဒါန သီလ ဘာဝနာစသော ထိုထို ပြုလုပ်ဖွယ်ရာ လုပ်ငန်း ကိစ္စရပ်တို့၌ တွန့်တို ဆုတ်နစ်ခြင်း မရှိဘဲ ကောင်းမွန်ခံ့ညားခြင်း သဘောတရားများသည်လည်း ထူးထူးခြားခြား ထင်ရှားလာကုန်၏။ ဤကဲ့သို့သော တိဇနိပ္ဖန္နရုပ်တို့၏ ကောင်းမွန် ခံ့ညားမှု အမူအရာထူးသည် ကမ္မညတာ ဝိကာရရုပ် မည်ပေသည်။ ဤကား ယင်း ဝိကာရရုပ် သုံးမျိုးတို့၏ မတူကွဲပြားမှုဆိုင်ရာ အမှတ်အသားများတည်း။
——等等。〕这种三因所生真实色特有的柔软状态,称为色柔软性变化色。(《殊胜义注》1-362—363。)此时又如经过冶炼、锻造的黄金,能够任意制成念珠、耳饰等器物;这些三因所生真实色在布施、持戒、禅修等各种身体活动中不畏缩、不退缩,而显得堪任、协调、适宜。这种特有的堪任状态称为色适应性变化色。以上就是三种变化色彼此有别的标志。
(အဘိ-ဋ္ဌ-၁-၃၆၂-၃၆၃။ ဝိသုဒ္ဓိ-၂-၇၉။)
缅文出处原串:‘(အဘိ-ဋ္ဌ-၁-၃၆၂-၃၆၃။ ဝိသုဒ္ဓိ-၂-၇၉။)’(《殊胜义注》1-362—363;《清净道论》2-79。)
၁။ လဟုတာသည် အနာရောဂါကင်းသူနှင့် တူ၏။
第一,色轻快性如无病之人。
၂။ မုဒုတာသည် ကောင်းစွာ ကြိတ်နယ်ထားအပ်ပြီးသော သားရေနှင့် တူ၏။
第二,色柔软性如已经善加揉制的皮革。
၃။ ကမ္မညတာသည် လှော်ပြီး ဦးပြီးသော ရွှေစင်နှင့် တူ၏။
第三,色适应性如经过冶炼、锻造的纯金。
ဤအရာ၌ ကောင်းစွာ ကြိတ်နယ်ထားအပ်ပြီးသော သားရေဥပမာနှင့် ကောင်းစွာ လှော်ပြီး ဦးပြီးသော ကောင်းစွာ မှုတ်လွှင့်ထားအပ်သော အညစ်အကြေးရှိသော ရွှေဥပမာတို့ကို ပုံစံထုတ်ယူခြင်း ဆိုခြင်းသည် မုဒုတာ ရုပ်၏ နူးညံ့မှုသဘော၊ ကမ္မညတာရုပ်၏ အမှု၌ ခံ့ညားမှုသဘောတို့နှင့် တူညီသော ရုပ်ကို ပုံစံတူ ပြခြင်းမျှ အတွက်သာ ဆိုခြင်းဖြစ်သည်။ သားရေနှင့် ရွှေတို့၌ ဤဝိကာရရုပ် အရာဝယ် အလိုရှိအပ်သော မုဒုတာရုပ် ကမ္မညတာရုပ်တို့ ရှိသောကြောင့် ဆိုသည်ကား မဟုတ်ပါ။ လဟုတာ မုဒုတာ ကမ္မညတာရုပ်တို့ကား ဣန္ဒြိယဗဒ္ဓ အမည်ရသော စက္ခုစသော ဣန္ဒြေနှင့်စပ်သော သက်ရှိ ရုပ်သန္တတိအစဥ်၌သာ တည်ရှိ၍ အနိန္ဒြိယဗဒ္ဓဖြစ်သော သက်မဲ့လောက ရုပ်သန္တတိအစဥ်၌ မတည်ရှိသောကြောင့် ဖြစ်သည်။ (မဟာဋီ-၂-၁ဝ၂။) ပဋိပက္ခပစ္စယာ သပ္ပါယဥတုအာဟာရာ ဝိက္ခိတ္တစိတ္တတာ။ တေ စ တံတံဝိကာရဿ ဝိသေသပစ္စယဘာ- ဝတော ဝုတ္တာ၊ အဝိသေသေန ပန သဗ္ဗေ သဗ္ဗေသံ ပစ္စယာ။ ယတော နေသံ အညမညာဝိဇဟနံ။
这里举善加揉制的皮革和善加冶炼、锻造、吹去杂质的黄金为喻,只是为了以相似事物显示色柔软性的柔软状态和色适应性的堪任状态,并不是说皮革与黄金本身具有这里所说的色柔软性、色适应性。因为色轻快性、色柔软性、色适应性只存在于与眼根等诸根相系属、称为‘根系属’的有生命色相续中,不存在于称为‘非根系属’的无生命世界色相续中。(《大复注》2-102。)巴利《大复注》又说:‘ပဋိပက္ခပစ္စယာ သပ္ပါယဥတုအာဟာရာ ဝိက္ခိတ္တစိတ္တတာ။ တေ စ တံတံဝိကာရဿ ဝိသေသပစ္စယဘာဝတော ဝုတ္တာ၊ အဝိသေသေန ပန သဗ္ဗေ သဗ္ဗေသံ ပစ္စယာ။ ယတော နေသံ အညမညာဝိဇဟနံ။’译:‘其对治缘是适宜的时节、食物与不散乱心。分别这样说,是因为它们各是相应变化色的特殊缘;若不作区别,则每一种都是一切变化色的缘,所以三者互不相舍离。’
(မဟာဋီ-၂-၁ဝ၁-၁ဝ၂။)
缅文出处原串:‘(မဟာဋီ-၂-၁ဝ၁-၁ဝ၂။)’(《大复注》2-101—102。)
၁။ ဥတုမျှတခြင်းသည် = သပ္ပါယမျှတသော ဥတုကို မှီဝဲရခြင်းသည် ဥတုဇရုပ်ဖြစ်ကုန်သော လဟုတာ မုဒုတာ ကမ္မညတာတို့၏ ထူးကဲသော အကြောင်းတရား ဖြစ်၏။
第一,时节适宜——依止相宜、适度的时节——是时节生色轻快性、色柔软性、色适应性的特殊因。
၂။ အာဟာရမျှတခြင်း = သပ္ပါယဖြစ်သော အာဟာရကို မှီဝဲရခြင်းသည် အာဟာရဇရုပ်ဖြစ်ကုန်သော လဟုတာ မုဒုတာ ကမ္မညတာရုပ်တို့၏ ထူးကဲသော အကြောင်းတရား ဖြစ်၏။
第二,食物适宜——依止相宜的食物——是食生色轻快性、色柔软性、色适应性的特殊因。
၃။ စိတ်ဓာတ်ကြည်လင်ခြင်း စိတ်မပျံ့လွင့်ခြင်း စိတ်တည်ကြည်မှုရှိခြင်းသည် စိတ္တဇရုပ်ဖြစ်ကုန်သော လဟုတာ မုဒုတာ ကမ္မညတာတို့၏ ထူးကဲသော အကြောင်းတရား ဖြစ်၏။
第三,心清明、不散乱而稳定,是心生色轻快性、色柔软性、色适应性的特殊因。
原书第 119 页
လက္ခဏာဒိစတုက္ကပိုင်း -- ရူပက္ခန္ဓကထာ အခန်း သို့သော် အထူးမမ သာမညအားဖြင့် ဆိုရမူ အထက်ပါ သုံးမျိုးကုန်သော အလုံးစုံကုန်သော အကြောင်း တရားတို့သည်ပင် အလုံးစုံကုန်သော ဥတုဇ၊ အာဟာရဇ၊ စိတ္တဇဖြစ်ကုန်သော လဟုတာ မုဒုတာ ကမ္မညတာတို့၏ တစ်နည်း ရုပ်အားလုံးတို့၏ အကြောင်းတရားတို့ပင် ဖြစ်ကြသည်။ ယင်းသို့ ဖြစ်ခြင်းကြောင့်ပင် ထိုရုပ်တရားတို့၏ အချင်းချင်း တစ်ပါးသည် တစ်ပါးကို မစွန့်လွှတ်နိုင်ခြင်းပင် ဖြစ်သည်။ (မဟာဋီ-၂-၁ဝ၁-၁ဝ၂။)
不过,若不作分别而概括来说,上述三类一切因都是全部时节生、食生、心生色轻快性、色柔软性、色适应性——换言之,一切变化色——的因。正因为如此,这些色法彼此不能相舍离。(《大复注》2-101—102。)
သက်မဲ့လောကနှင့် ကမ္မဇရုပ်လောက
无生命界与业生色界
လဟုတာ မုဒုတာ ကမ္မညတာရုပ်တို့သည် ဣန္ဒြိယဗဒ္ဓဖြစ်သော စက္ခုစသော ဣန္ဒြေနှင့် စပ်သော သက်ရှိ ရုပ်လောက၌သာ ရှိသည်ဖြစ်လတ်သော် လဲ၊ ဝါဂွမ်း စသည်တို့၌ လဟုတာ စသည်တို့သည် ရှိကြသည် မဟုတ်လော ဟူမူ --- ထို လဲ၊ ဝါဂွမ်း စသည်တို့၌ ပရမတ္ထအားဖြင့် လဟုတာ စသည်တို့သည် မရှိကုန်။ သို့သော် လေးလံမှု စသည်တို့၏ အကြောင်းဖြစ်သော မဟာဘုတ်တို့၏ မရှိခြင်းကြောင့် ထို လဲ၊ ဝါဂွမ်း စသည်တို့၌ ပေါ့ပါးမှုစသော ပညတ်မျှသာ ရှိသည် ဟူပေ။
如果色轻快性、色柔软性、色适应性只存在于与眼根等诸根相系属的有生命色界,那么棉花、木棉等不也轻而柔软吗?答:棉花、木棉等依胜义而言并没有色轻快性等变化色;只是由于其中没有造成沉重等状态的相应大种条件,所以仅依概念而说它们轻、柔软。
ဣန္ဒြိယဗဒ္ဓေပိ ရူပဘဝေ န သန္တိ ဒန္ဓတ္တကရာဒိဓာတုက္ခောဘာဘာဝတော။ (မဟာဋီ-၂-၁ဝ၂။) စက္ခုစသော ဣန္ဒြေတို့နှင့်စပ်သော ဖြစ်ခြင်းရှိသော ရူပဘဝ = ရူပါဝစရ ရုပ်လောက၌လည်း လေးလံမှု စသည်ကို ပြုလုပ်ပေးတတ်သော ဓာတ်ချောက်ချားခြင်း၏ ထင်ရှားမရှိခြင်းကြောင့် ယင်း လဟုတာစသော ရုပ်တို့ သည် မရှိကြကုန်။ (မဟာဋီ-၂-၁ဝ၂။) ကသ္မာ ပန ကမ္မဇရူပေသု လဟုတာဒယော န ဟောန္တီတိ? ပစ္စုပ္ပန္နပစ္စယာပေက္ခတ္တာ။ အညထာ သဗ္ဗဒါဘာ- ဝီဟိ လဟုတာဒီဟိ ဘဝိတဗ္ဗံ သိယာတိ။ (မဟာဋီ-၂-၁ဝ၂။) ထို လဟုတာစသော ရုပ်သုံးမျိုးတို့သည် ကမ္မဇရုပ်တို့၌ မရှိကြကုန်၊ စိတ္တဇ ဥတုဇ အာဟာရဇရုပ်တို့၌သာ ရှိကြကုန်၏၊ အဘယ်ကြောင့်နည်းဟူမူကား --- ကံကား အတိတ်၊ ဤ ရုပ်တို့ကား ပစ္စုပ္ပန်အကြောင်းကို ငဲ့သော ကြောင့်တည်း။ ထိုသို့ မယူဆဘဲ ကမ္မဇရုပ်တို့၌လည်း လဟုတာ စသည်တို့သည် ရှိကြကုန်၏ဟု ယူဆခဲ့လျှင် လဟုတာ စသည်တို့သည် ခန္ဓာအိမ်၌ အမြဲတမ်း ဖြစ်နေကြဖွယ်ရာသာ ရှိပေတော့သည်၊ ထိုသို့ကား မရှိဖြစ်ခဲ့၏၊
‘即使在与诸根相系属的色有中,也没有这些色,因为不存在造成迟钝等状态的诸界扰动。’所以,在与眼根等诸根相系属的色有——即色界色法——中,由于没有明显的诸界扰动造成沉重等状态,也没有色轻快性等变化色。(《大复注》2-102。)《大复注》又问答:‘ကသ္မာ ပန ကမ္မဇရူပေသု လဟုတာဒယော န ဟောန္တီတိ? ပစ္စုပ္ပန္နပစ္စယာပေက္ခတ္တာ။ အညထာ သဗ္ဗဒါဘာဝီဟိ လဟုတာဒီဟိ ဘဝိတဗ္ဗံ သိယာတိ။ (မဟာဋီ-၂-၁ဝ၂။)’译:‘为什么业生色中没有色轻快性等?因为它们有待现在缘。若不如此,色轻快性等便应当永远存在。’这三种变化色不在业生色中,只在心生、时节生、食生色中。为什么?因为业属于过去,而这些色有待现在的原因。若不这样理解,反认为业生色中也有色轻快性等——
တစ်ခါတစ်ရံသာ အကြောင်းညီညွတ်မှု ရှိပါမှ လဟုတာ စသည်တို့သည် ဖြစ်ခွင့်ရကြသည်။ ထိုကြောင့် တိဇရုပ်တို့ ၌သာ လဟုတာ စသည်တို့သည် ရှိကြသည်ဟူပေ။ (မဟာဋီ-၂-၁ဝ၂။) ရှုကွက် -- စိတ္တဇ ဥတုဇ အာဟာရဇ ရုပ်ကလာပ်တို့ရှိရာ (၆)ဒွါရနှင့် ထိုထို ကောဋ္ဌာသတို့၌ အခါအခွင့် အားလျော်စွာ ရနိုင်ရကား မိမိ သိမ်းဆည်းရှုပွားလိုသော ယင်းလဟုတာ စသည်တို့ပါသော ရုပ်ကလာပ်တစ်ခုကို ဓာတ်ခွဲလျက် ရုပ်ပရမတ်တရားတို့ကို ရှေးဦးစွာ သိမ်းဆည်းပါ၊ ထိုရုပ်ပရမတ်တရားတို့မှ လဟုတာ စသည်ကို ရွေးထုတ်၍ လက္ခဏ-ရသ စသည်ကို ရှုပါ။
——那么色轻快性等就应当恒常存在于此身中,事实却并非如此。只有偶尔因缘和合时,它们才有机会生起;因此,色轻快性等只存在于三因所生色中。(《大复注》2-102。)观法——在六门和各身分中,心生、时节生、食生色聚会随适当时机生起。分析一个含有所欲摄取、观修之色轻快性等变化色的色聚,先摄取其中的胜义色法;再从这些胜义色法中选出色轻快性等,观照它们的特相、作用、现起与近因。
၂၅။ ရူပဿ ဥပစယ
二十五、色积聚
၁။ အာစယလက္ခဏော ရူပဿ ဥပစယော၊ ၂။ ပုဗ္ဗန္တတော ရူပါနံ ဥမ္မုဇ္ဇာပနရသော၊ ၃။ (က) နိယျာတနပစ္စုပဋ္ဌာနော၊ ( ခ ) ပရိပုဏ္ဏဘာဝပစ္စုပဋ္ဌာနော ဝါ၊ ၄။ ဥပစိတရူပပဒဋ္ဌာနော။ (အဘိ-ဋ္ဌ-၁-၃၆၃-၃၆၄။ ဝိသုဒ္ဓိ-၂-၇၉။)
一、色积聚以初积为特相;二、以使诸色从先前尚未出现的一端浮现为作用;三、以交付、呈示为现起,或以圆满状态为现起;四、以正在积聚之色为近因。(《殊胜义注》1-363—364;《清净道论》2-79。)
原书第 120 页
၁။ (က) ဘဝတစ်ခု၌ ရုပ်အစစ်တို့၏ ရှေးဦးအစ ဖြစ်ခြင်းသဘော၊ ( ခ ) ဣန္ဒြေပြည့်စုံသည့်တိုင်အောင် အထက်အထက်၌ တိုးတက်၍ ဖြစ်ခြင်းသဘော လက္ခဏ၊ ၂။ ရှေးအဖို့မှ = ရှေးဖြစ်သော အနာဂတ်အဖို့မှ = မဖြစ်မီ ရှေးအစွန်းမှ ရုပ်တရားတို့ကို ပေါ်လှာစေသကဲ့သို့ ဖြစ်ခြင်း (ကိစ္စ) ရသ၊ ၃။ (က) ဤသည်တို့ကား ရုပ်တရားတို့တည်းဟု ထိုရုပ်တရားတို့က ဆောင်နှင်းပြသကဲ့သို့ ဖြစ်ခြင်း သဘောတရား = အပ်နှင်းတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊ ( ခ ) တစ်နည်း - ရုပ်အစစ်တို့၏ ပြည့်ပြည့်စုံစုံဖြစ်ခြင်း သဘောတရား ပစ္စုပဋ္ဌာန်၊ ၄။ ဖြစ်ဆဲရုပ်များ ပဒဋ္ဌာန်။
详释如下:其特相有二:其一,真实色在一期生命中最初生起;其二,在诸根具足以前,真实色在前前色之上逐渐增盛而生。其作用,是使色法仿佛从先前一端——即未来、尚未生起的一端——浮现出来。其现起也有二:其一,仿佛这些色法把‘这就是色法’交付、呈示出来;其二,真实色达到具足圆满。其近因,是正在生起、积聚的色。
၂၆။ ရူပဿ သန္တတိ
二十六、色相续
၁။ ပဝတ္တိလက္ခဏာ ရူပဿ သန္တတိ၊ ၂။ အနုပ္ပဗန္ဓနရသာ၊ ၃။ အနုပစ္ဆေဒပစ္စုပဋ္ဌာနာ၊ ၄။ အနုပ္ပဗန္ဓရူပပဒဋ္ဌာနာ။ (အဘိ-ဋ္ဌ-၁-၃၆၄။ ဝိသုဒ္ဓိ-၂-၇၉။) ၁။ ဣန္ဒြေပြည့်စုံပြီးနောက် ရုပ်အစစ်တို့၏ ရှေ့နောက် အစဥ်မပြတ် ဆက်ကာ ဆက်ကာ ဖြစ်ခြင်းသဘော လက္ခဏ၊ ၂။ ရှေ့နောက် အစဥ်မပြတ် အဆင့်ဆင့် ဖွဲ့စပ်ခြင်း (ကိစ္စ) ရသ၊ ၃။ ရှေ့နောက် အစဥ်မပြတ် စေ့စပ် ဖွဲ့ယှက်တတ်သော သဘောတရား = (အဆက်မပြတ် ဖြစ်တတ်သော သဘောတရား) ပစ္စုပဋ္ဌာန်၊ ၄။ ရှေ့နောက် အစဥ်မပြတ် ဖွဲ့စပ်အပ်သကဲ့သို့ဖြစ်သော ရုပ်တရား ပဒဋ္ဌာန်။
一、色相续以持续转起为特相;二、以前后无间地相接为作用;三、以不断绝为现起;四、以前后无间相接之色为近因。(《殊胜义注》1-364;《清净道论》2-79。)换言之:其特相,是诸根具足以后,真实色前后不断、相续生起;其作用,是使诸色前后不断、层层相接;其现起,是前后不断地连结——即不断绝;其近因,是仿佛前后不断相接的诸色。
အာစယ - ဥပစယ - သန္တတိ
初积、色积聚与色相续
ဤအရာတွင် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက (အဋ္ဌသာလိနီအဋ္ဌကထာကို ကိုးကား၍) အောက်ပါအတိုင်း မှတ်ချက် ချ၍ ရှင်းလင်း တင်ပြထား၏။ (ဝိသုဒ္ဓိ-၂-၇၉-၈ဝ။) ဤ ဥပစယ သန္တတိ ဟူသော ရုပ်နှစ်ပါး အပေါင်းသည်လည်း ဇာတိရုပ် တစ်ခုတည်း၏သာလျှင် အမည် ဖြစ်ပေသည်၊ သို့ဖြစ်သော်ငြားလည်း ဖြစ်ပုံအခြင်းအရာ ထူးသောအားဖြင့်လည်းကောင်း၊ ကျွတ်ထိုက်သသူ ဝေနေ- ယျတို့၏ အလိုအဇ္ဈာသယအားဖြင့်လည်းကောင်း ဥပစယ သန္တတိဟူ၍ အကျဥ်းညွှန်ပြကြောင်း ဥဒ္ဒေသဒေသနာကို ဘုရားရှင်သည် ပြုတော်မူပေသည်။ ဤ ဥပစယ သန္တတိ နှစ်ပါးတို့၌ ပရမတ္ထတရားကိုယ် အနက်သဘောအား ဖြင့်ကား ပရမတ် ရုပ်အစစ်တို့၏ဖြစ်မှု ဥပါဒ်ချည်းသာ ဖြစ်၍ ထူးခြားမှုကား မရှိပေ။ ထိုကြောင့် ဤ ဥပစယ သန္တတိ ပုဒ်တို့ကို အကျယ်ဝေဖန် ဟောပြတော်မူရာ နိဒ္ဒေသဒေသနာတော်၌ --- ယော အာယတနာနံ အာစယော၊ သော ရူပဿ ဥပစယော၊ ယော ရူပဿ ဥပစယော၊ သာ ရူပဿ သန္တတိ။ (အဘိ-၁-၁၇၁-၁၇၈။)
关于这里的意义,《清净道论》义注援引《殊胜义注》,作了如下说明。(《清净道论》2-79—80。)色积聚与色相续这两色,其实都只是同一个生色;然而,因为生起方式有别,也为了顺应可教化者的意乐与性向,世尊才在略说的举示教中分别说为色积聚与色相续。依胜义法自体而言,两者都只是胜义真实色的生起,并无差别。因此,世尊在详释这两个词的分别教中说:‘ယော အာယတနာနံ အာစယော၊ သော ရူပဿ ဥပစယော၊ ယော ရူပဿ ဥပစယော၊ သာ ရူပဿ သန္တတိ။ (အဘိ-၁-၁၇၁-၁၇၈။)’——‘诸处之初积,即是色之积聚;色之积聚,即是色之相续。’(《法集论》1-171—178。)
ဤသို့ ဟောကြားထားတော်မူ၏၊ ယင်း ပါဠိတော်၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။
经中如此宣说;这段巴利文的意旨如下。
原书第 121 页
လက္ခဏာဒိစတုက္ကပိုင်း -- ရူပက္ခန္ဓကထာ အခန်း = ရုပ် အာယတန (၁၁-ပါးခွဲ)တို့၏ ရှေးဦးဖြစ်စ ဖြစ်သောကြောင့် အကြင် ဥပါဒ်ဖြစ်သော အခိုက်အတန့်ကို အာစယဟူ၍ ဟောတော်မူအပ်၏၊ ထိုအာစယဟူ၍ ဟောတော်မူအပ်သော ဥပါဒ်ဖြစ်သော အခိုက်အတန့် သည်ပင် ရူပဿ ဥပစယ မည်၏၊ ရှေးဦးဖြစ်စ ဥပါဒ် အခိုက်အတန့် ဖြစ်သောကြောင့်တည်း။ --- အာဒိတော စယော ဥပစယော --- ဟု ပြုပါ။ ဥပသဒ္ဒါသည် ပထမတ္ထတည်း။ ရုပ်အစစ်တို့၏ ရှေးဦးအစ ပထမဥပါဒ် အခိုက်- အတန့်သည် ဥပစယ မည်၏ ဟူလိုသည်။
称为十一类色处的诸色,在一期生命中最初生起;由于是最初生起,那个生起刹那称为初积。这个称为初积的生起刹那本身,就是色积聚,因为它是最初的生起刹那。应按‘အာဒိတော စယော ဥပစယော’——‘从最初而积,故为积聚’——来理解;这里 upa 前缀表‘最初’义。也就是说,真实色最初、最先的生起刹那,称为色积聚。
တစ်ဖန် ထိုရုပ်အာယတန (၁၁-ပါးခွဲ)တို့တွင်သာလျှင် နောက်ထပ် ဖြစ်ကုန်သော အာယတနတို့၏ အကြင် ဥပါဒ်ဖြစ်သော အခိုက်အတန့်ကို အထက်အထက်၌ ပွားစီးခြင်း၏ အကြောင်းဖြစ်သောကြောင့် ရူပဿဥပစယ ဟူ၍ ဟောတော်မူအပ်၏၊ ထို အထက်အထက်၌ ပွားစီးခြင်း၏ အကြောင်းဖြစ်သောကြောင့် ဥပစယဟူ၍ ဟော တော်မူအပ်သော ထိုဖြစ်ခြင်းဥပါဒ် အခိုက်အတန့်သည်ပင်လျှင် သန္တတိ မည်၏၊ ရှေ့နောက် အစဥ်မပြတ် စေ့စပ် ဖွဲ့ယှက်သောအားဖြင့် ဖြစ်ခြင်းသဘော ရှိသောကြောင့်တည်း။
其次,就在这些十一类色处中,后续诸处也有生起刹那;因为这一生起是以后继续增盛的原因,所以称为色积聚。而这个因为会继续增盛而称为色积聚的生起刹那本身,又称为色相续,因为它具有前后不断连结、相续生起的性质。
ဤကား အထက်ပါ ပါဠိတော်၏ ဆိုလိုရင်းတည်း။ အဋ္ဌကထာ (အဘိ-ဋ္ဌ-၁-၃၆၃။) ၌လည်း --- အာစယော နာမ နိဗ္ဗတ္တိ၊ ဥပစယော နာမ ဝဍ္ဎိ၊ သန္တတိ နာမ ပဝတ္တိ။ (အဘိ-ဋ္ဌ-၁-၃၆၃။) ရှေးဦးအစ ဖြစ်ခြင်းသည် အာစယ မည်၏။ ရှေးဦးအစ ဖြစ်ခြင်းသည်လည်းကောင်း၊ အထက်၌ တိုးပွားခြင်း သည်လည်းကောင်း = အထက် အထက်၌ တိုးပွား၍ ဖြစ်ခြင်းသည်လည်းကောင်း ဥပစယ မည်၏။ အစဥ်မပြတ် စေ့စပ်ဖွဲ့ယှက်လျက် ဖြစ်ခြင်းသည် သန္တတိ မည်၏။ (အဘိ-ဋ္ဌ-၁-၃၆၃။) ဤသို့ ဖွင့်ဆိုပြီး၍ အောက်ပါ ဥပမာကို ပြုတော်မူသည်။
以上是前引经文的意旨。《殊胜义注》又说:‘အာစယော နာမ နိဗ္ဗတ္တိ၊ ဥပစယော နာမ ဝဍ္ဎိ၊ သန္တတိ နာမ ပဝတ္တိ။ (အဘိ-ဋ္ဌ-၁-၃၆၃။)’译:‘最初生起称为初积;最初生起以及在其上增盛、层层增盛而生,称为积聚;前后不断连结而转起,称为相续。’(《殊胜义注》1-363。)解释以后,又举如下譬喻。
နဒိတီရေ ခတကူပသ္မိဥှိ ဥဒကုဂ္ဂမနကာလော ဝိယ အာစယော နိဗ္ဗတ္တိ၊ ပရိပုဏ္ဏကာလော ဝိယ ဥပစယော ဝဍ္ဎိ၊ အဇ္ဈောတ္ထရိတွာ ဂမနကာလော ဝိယ သန္တတိ ပဝတ္တိ။ (အဘိ-ဋ္ဌ-၁-၃၆၃။) ၁။ မြစ်ကမ်း သဲခုံ၌ တူးအပ်သော လက်ယက်တွင်းငယ်၌ ရေစ၍ထွက်ရာ ကာလကဲ့သို့ ရုပ်တို့၏ ဖြစ်စသည် အာစယ မည်၏။
‘如在河岸沙洲所挖的小井中,水初次涌出之时,初生即初积;如井水充满之时,增长即积聚;如水漫过小井而流出之时,持续转起即相续。’具体说:第一,如河岸沙洲小井初次出水,诸色最初生起称为初积。
၂။ ရေပြည့်ရာကာလကဲ့သို့ ရုပ်တို့၏ အထက်အထက်၌ တိုးပွားခြင်းသည် = တိုးပွား၍ ဖြစ်ခြင်းသည် ဥပစယ မည်၏။
第二,如井水充满,诸色在前前色之上层层增盛而生,称为色积聚。
၃။ တွင်းငယ်ကို ရေလွှမ်းလျှံ၍ စီးသွားသောကာလကဲ့သို့ ရုပ်တို့၏ အစဥ်မပြတ် စေ့စပ်ဖွဲ့ယှက်လျက် အထပ်- ထပ် ဖြစ်ခြင်းသည် သန္တတိ မည်၏။
第三,如水漫过小井而流走,诸色前后不断连结、反复生起,称为色相续。
ဤ ဥပမာကို ပြုအပ်ပေသည်။ ဤ ဥပမာ စကားရပ်၏ အဆုံး၌လည်း --- ဧဝံ ကိံ ကထိတံ ဟောတီတိ? အာယတနေနဟိ အာစယော ကထိတော၊ အာစယေန အာယတနံ ကထိတံ။
义注作了这个譬喻,并在譬喻之后又问答:‘ဧဝံ ကိံ ကထိတံ ဟောတီတိ? အာယတနေနဟိ အာစယော ကထိတော၊ အာစယေန အာယတနံ ကထိတံ။’——‘这样究竟说明了什么?以处说明了初积,又以初积说明了处。’
(အဘိ-ဋ္ဌ-၁-၃၆၃။)
缅文出处原串:‘(အဘိ-ဋ္ဌ-၁-၃၆၃။)’(《殊胜义注》1-363。)
ဤသို့ ဆက်လက် ဖွင့်ဆိုထားတော်မူ၏။ ဤအဖွင့်၏ ဆိုလိုရင်းမှာ ဤသို့ဖြစ်၏။ ဓမ္မသင်္ဂဏီပါဠိတော်ဝယ် ဥပစယ သန္တတိတို့ကို အကျယ်ဖွင့်ဆို ဟောကြားတော်မူရာ၌ အထက်တွင် တင်ပြထားသည့်အတိုင်း --- ယော အာယတနာနံ အာစယော၊ သော ရူပဿ ဥပစယော။ ယော ရူပဿ ဥပစယော၊ သာ ရူပဿ သန္တတိ။ (အဘိ-၁-၁၇၁-၁၇၈။) ဤသို့စသည်ဖြင့် ဟောကြားထားတော်မူ၏။ (ပါဠိတော်၏ ဆိုလိုရင်းကို အထက်၌ ရေးခဲ့ပြီ။) ထိုသို့ ဟော ကြားတော်မူရာဝယ် အာယတနာနံဟု အာယတနသဒ္ဒါဖြင့် အာယတနရုပ်တရားတို့ကို တိုက်ရိုက် ဟောကြား-
义注接着这样解释。这段解释的意旨如下:《法集论》详释色积聚、色相续时,如上所引说:‘ယော အာယတနာနံ အာစယော၊ သော ရူပဿ ဥပစယော။ ယော ရူပဿ ဥပစယော၊ သာ ရူပဿ သန္တတိ။ (အဘိ-၁-၁၇၁-၁၇၈။)’——‘诸处之初积,即是色之积聚;色之积聚,即是色之相续。’前文已经说明经文的意旨。这里,世尊以‘诸处’一词直接宣说诸色处,于是也已经借处所之名说明这些色处的生起——即初积——
原书第 122 页
တော်မူလိုက်သဖြင့် ထို အာယတနတို့၏ ဥပါဒ်ခြင်းဟူသော အာစယကိုလည်း ဌာနူပစာရအားဖြင့် ဟောပြီး ဖြစ်တော့သည်။ (ဌာနဖြစ်သော ပရမတ် ရုပ်အစစ်တို့၏ အာယတနဟူသော အမည်ကို ဌာနီဖြစ်သော ယင်းရုပ် အစစ်တို့၏ ဥပါဒ်ခြင်းသဘော၌ တင်စား၍ ယင်းရုပ်အစစ်တို့၏ ဥပါဒ်ခြင်းသဘောကိုလည်း ဌာနူပစာရအားဖြင့် အာယတနဟု ဟောကြားထားတော်မူပြီးပင် ဖြစ်သည်ဟူလို။) ထိုကြောင့် အာယတနေန အာစယော ကထိတော = အာယတနဖြင့် အာစယကိုပါ ဟောပြီးဖြစ်၏ဟု ဆိုသည်။
——这就是处所借称:把作为处所的胜义真实色之‘处’名,借用于存在于该处的生起状态,从而也把真实色的生起状态称为‘处’。所以说‘အာယတနေန အာစယော ကထိတော’——‘以处也已说明初积’。
အဘယ်ကြောင့်နည်းဟူမူ အာစယ ဥပစယ သန္တတိတို့သည် ရုပ်တို့၏ ဖြစ်ခြင်းဥပါဒ်ချည်း ဖြစ်သောကြောင့် အာစယ အမည်ရသည်သာ ဖြစ်ရကား အာယတနတို့ဖြင့် အာစယ ဥပစယ သန္တတိတို့ကို ပြအပ်သည် ဖြစ်သော- ကြောင့် ထိုအာယတနတို့ဖြင့် (= ထိုအာယတနတို့ကို ဟောတော်မူခြင်းဖြင့်) အာစယကို ဟောတော်မူပြီး ဖြစ်- တော့၏ ဟူလိုသည်။ (မဟာဋီ-၂-၁ဝ၃ - ကြည့်။) တစ်ဖန် အာစယ = ဖြစ်ခြင်းဟူရာ၌လည်း ဖြစ်တတ်သော ရုပ်အာယတနတို့ မရှိကြဘဲ ''ဖြစ်ခြင်း''ဟု မရှိနိုင်။ ဖြစ်မှုဟူသည် ရုပ်အစစ်တို့၏ တစ်နည်းဆိုရသော် သင်္ခတ ပရမတ်တရားတို့၏ ဥပါဒ်-ဌီ-ဘင်ဟူသော သင်္ခတလက္ခဏာ (၃)မျိုးတို့တွင် ဥပါဒ်ဟူသော အမှတ်အသား လက္ခဏ တစ်မျိုးမျှသာ ဖြစ်၏၊ တကယ့် ရုပ်အစစ်- ကား မဟုတ်ပေ။ ဖြစ်မှု အာစယကို တိုက်ရိုက် ဟောကြားတော်မူလိုက်သဖြင့် ဖြစ်တတ်သော တရားဟူသော အာစယ၏တည်ရာ ရုပ်အာယတနကိုလည်း ဌာနျူပစာရအားဖြင့် ဟောပြီးဖြစ်တော့၏။ (ဌာနီဖြစ်သော ရုပ်အစစ်
为什么这样说?因为初积、色积聚、色相续都只是诸色的生起,都可以归入初积;以诸处显示初积、色积聚、色相续,也就是借宣说诸处而宣说了初积。(参见《大复注》2-103。)反过来说,若没有作为能生之法的诸色处,所谓初积——生起——也不可能存在。生起只是胜义真实色——换言之,有为胜义法——生、住、灭三有为相中的生相,并不是真实色本身。直接宣说生起的初积,也就通过处所借称而宣说了初积所依、作为能生之法的色处。也就是说,把属于所依法之真实色生起的‘初积’之名,借用于作为处所的真实色——
တို့၏ဖြစ်မှု ဥပါဒ်၏ အာစယဟူသော အမည်ကို ဌာနဖြစ်သော ရုပ်အစစ် = အာယတနတို့အပေါ်၌ တင်စား၍ ဌာနဖြစ်သော အာယတနတို့ကိုလည်း ဌာနျူပစာရအားဖြင့် အာစယဟု ဟောတော်မူသည် ဟူလိုသည်။) ထိုကြောင့် အာစယေန အာယတနံ ကထိတံ = အာစယဖြင့်လည်း အာယတနကို ဟောပြီးပင်ဖြစ်၏ဟူပေ။ ဤ၌ ဥပစယနှင့် သန္တတိတို့သည်လည်း ရုပ်အစစ်တို့၏ ဖြစ်ခြင်း ဥပါဒ်ချည်း ဖြစ်သောကြောင့် အာစယော အရ၌ ဥပစယနှင့် သန္တတိတို့သည်လည်း အကျုံးဝင်သည်ဟု မှတ်ပါ။ (အဘိ-ဋ္ဌ-၁-၃၆၃။ ဝိသုဒ္ဓိ-၂-၇၉။) ဤကား အဋ္ဌကထာတို့၏ ဆိုလိုရင်းတည်း။
——即诸色处之上,从而也以处所借称把色处称为初积。所以说‘အာစယေန အာယတနံ ကထိတံ’——‘以初积也已说明处’。这里又应知道:色积聚、色相续也都只是胜义真实色的生起,所以都摄在‘初积’一词之下。(《殊胜义注》1-363;《清净道论》2-79。)以上是诸义注的意旨。
တသ္မာ ယာ ရူပါနံ ပဌမာဘိနိဗ္ဗတ္တိ၊ သာ အာစယော။ ယာ တေသံ ဥပရိ အညေသမ္ပိ နိဗ္ဗတ္တမာနာနံ နိဗ္ဗတ္တိ၊ သာ ဝဍ္ဎိအာကာရေန ဥပဋ္ဌာနတော ဥပစယော။ ယာ တေသမ္ပိ ဥပရိ ပုနပ္ပုနံ အညေသံ နိဗ္ဗတ္တမာနာနံ နိဗ္ဗတ္တိ၊ သာ အနုပဗန္ဓာကာရေန ဥပဋ္ဌာနတော သန္တတီတိ စ ပဝုစ္စတီတိ ဝေဒိတဗ္ဗာ။ (ဝိသုဒ္ဓိ-၂-၇၉-၈ဝ။) ထိုကြောင့် ရုပ်အာယတန ဖြစ်ကြကုန်သော ရုပ်အစစ်တို့၏ ဘဝတစ်ခု၌ အသစ်စက်စက် ရှေးဦးအစ ဖြစ်ခြင်းသည် အာစယ မည်၏။ ထိုတစ်ဘဝတွင်ပင် အသစ်စက်စက် ရှေးဦးအစ ဖြစ်ကုန်သော ရုပ်တို့၏ အထက် အထက်၌ ဖြစ်ကုန်သော တစ်ပါးသော ရုပ်တို့၏လည်း ဖြစ်စဖြစ်သော ဥပါဒ် အခိုက်အတန့်သည် ရှိ၏၊ ထိုဖြစ်ခြင်း ဥပါဒ်သည် ရှေးဖြစ်လင့်သော ရုပ်ပေါ်တွင် ပွားစီးသော အခြင်းအရာအားဖြင့်ဖြစ်သော သဘောတရားဟု ယောဂီ ပုဂ္ဂိုလ်၏ ဉာဏ်ဝ၌ ရှေးရှူ ထင်လာသောကြောင့် ဥပရိ စယော ဝဍ္ဎိ = အထက် အထက်၌ တိုးတက်၍ ဖြစ်ခြင်း
‘所以,诸色最初新生是初积;在它们之后,其他诸色继续生起,因为以增长行相呈现,所以称为积聚;在这些色之后,其他诸色又一再生起,因为以无间相续的行相呈现,所以又称为相续。应当如此了知。’在一期生命中,作为色处的真实色全新、最初生起,称为初积。在这些全新而最初生起的色之上,另一些色也有最初生起的生起刹那;禅修者的智慧把这种生起照见为在先前色上以增盛行相出现的法,所以依‘ဥပရိ စယော ဝဍ္ဎိ’——‘在上增积、增长’——之义——
ဟူသော အနက်သဘောအရ ဥပစယ မည်၏။
——称为色积聚。
ထိုအာစယ ဥပစယဟူသော ရုပ်တို့၏လည်း အထက်၌ အဖန်ဖန် အထပ်ထပ် စုတိတိုင်အောင် ဖြစ်ကုန်- သော တစ်ပါးသော ရုပ်တို့၏ အကြင် ဖြစ်စဖြစ်သော ဥပါဒ် အခိုက်အတန့်သည် ရှိ၏၊ ထိုဖြစ်စဖြစ်သော ဥပါဒ်သည် ရုပ်တို့၏ ရှေ့နောက် အစဥ်မပြတ် စေ့စပ်ဖွဲ့ယှက်သော အခြင်းအရာအားဖြင့် ဖြစ်နေသော သဘောတရားဟု ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်ဝ၌ ရှေးရှူ ထင်လာသောကြောင့် သန္တတိ မည်၏။ ဤသို့လည်း ဆိုသင့်သည်ဟု သိရှိပါလေ။ (ဝိသုဒ္ဓိ-၂-၇၉-၈ဝ။)
在初积与色积聚这些色之上,直至死亡,另一些色又反复、层层生起。禅修者的智慧把这些生起刹那照见为诸色前后不断连结的法,所以称为色相续。应知也可以这样说明。(《清净道论》2-79—80。)
原书第 123 页
လက္ခဏာဒိစတုက္ကပိုင်း -- ရူပက္ခန္ဓကထာ အခန်း အာဒိတော စယော အာစယော၊ ပဌမုပ္ပတိ။ ဥပရိ စယော ဥပစယော။ ပဗန္ဓော သန္တတိ။
‘从最初而积,故为初积,即最初生起;在其上而积,故为积聚;相续不断,故为相续。’
(မူလဋီ-၁-၁၅၂။)
缅文出处原串:‘(မူလဋီ-၁-၁၅၂။)’(《根本复注》1-152。)
အစစွာ စီခြင်း = ဖြစ်ခြင်းသည် အာစယ မည်၏၊ ရှေးဦးစွာ ဖြစ်ခြင်းတည်း။ အထက်၌၊ တစ်နည်း --- နောက်ထပ်ဖြစ်ခြင်းသည် ဥပစယ မည်၏။ အဆက်မပြတ် ဖွဲ့စပ်ဖြစ်ခြင်းသည် သန္တတိ မည်၏။ ဤကား ဤသုံးမျိုး တို့၏ အထူးတည်း။
最初堆积、最初生起,称为初积,即最初发生;在其上——换言之,后续——生起,称为积聚;不断连结而生,称为相续。这就是三者的差别。
ဤအလိုသော် အာစယ-ဥပစယ-သန္တတိ သုံးထွေပြားသည်ဟု မှတ်ပါ။
依这一解释,应知初积、色积聚、色相续分为三种。
ဥပစယ - သန္တတိ
色积聚与色相续
ယင်းသို့ အာစယ ဥပစယ သန္တတိ သုံးမျိုးဖြစ်သင့်သော် အဘယ်ကြောင့် ဘုရားရှင်သည် ဓမ္မသင်္ဂဏီ ဥဒ္ဒေသပါဠိတော်၌ ဥပစယ သန္တတိ နှစ်မျိုးကိုသာ ဟောကြားတော်မူအပ်ပါသနည်း? အဖြေမှာ ဤသို့ ဖြစ်၏။
既然初积、色积聚、色相续应有三种,为什么世尊在《法集论》的举示中只宣说色积聚、色相续两种?答案如下。
တတ္ထ ဥဒ္ဒေသေ အဝုတ္တောပိ အာစယော ဥပစယသဒ္ဒေနေဝ ဝိညာယတိ။ (မူလဋီ-၁-၁၅၂။) ဥဒ္ဒေသပါဠိတော်၌ ဘုရားရှင်သည် မဟောကြားထားအပ်ပါသော်လည်း ဟောကြားထားအပ်သော ဥပစယ သဒ္ဒါဖြင့် အာစယကိုပါ သိအပ်သောကြောင့် အာစယကို ဥပစယ၌ ထည့်သွင်း၍ ဟောကြားတော်မူပါသည် ဟူပေ။ (မူလဋီ-၁-၁၅၂။) ပါဠိယံ ပန ဥပ-သဒ္ဒေါ ပဌမတ္ထော ဥပရိအတ္ထော စ ဟောတီတိ ''အာဒိစယော ဥပစယော၊ ဥပရိစယော သန္တတီ''တိ အယမတ္ထော ဝိညာယတီတိ။ အညထာ ဟိ အာစယသင်္ခါတဿ ပဌမုပ္ပါဒဿ အဝုတတ္တာ အာပဇ္ဇေယျ။
‘在该举示中,初积虽然没有明说,却仅由“积聚”一词即可了知。’所以,世尊虽然没有另说初积,但由已经说出的‘积聚’一词便能知道初积,故把初积摄入色积聚而宣说。(《根本复注》1-152。)又说:‘ပါဠိယံ ပန ဥပ-သဒ္ဒေါ ပဌမတ္ထော ဥပရိအတ္ထော စ ဟောတီတိ ''အာဒိစယော ဥပစယော၊ ဥပရိစယော သန္တတီ''တိ အယမတ္ထော ဝိညာယတီတိ။ အညထာ ဟိ အာစယသင်္ခါတဿ ပဌမုပ္ပါဒဿ အဝုတတ္တာ အာပဇ္ဇေယျ။’译:‘经文中的 upa 一词既有最初义,也有在上义,故可知其义是:最初之积为积聚,在上之积为相续。否则便会导致称为初积的最初生起未被宣说之过。’
(မူလဋီ-၁-၁၅၂။)
缅文出处原串:‘(မူလဋီ-၁-၁၅၂။)’(《根本复注》1-152。)
အာစယောတိ ဥပစယမာဟ၊ ဥပစယောတိ စ သန္တတိံ ။ (မူလဋီ-၁-၁၅၃။) ဓမ္မသင်္ဂဏီ ပါဠိတော်၌ ဟောကြားထားတော်မူအပ်သော ဥပစယ ပုဒ်ဝယ် ဥပ-သဒ္ဒါသည် --- ၁။ ပဌမတ္ထ = အာဒိဟူသော ရှေးဦးအစ အနက်ကိုလည်း ဟော၏။
《根本复注》又说:‘အာစယောတိ ဥပစယမာဟ၊ ဥပစယောတိ စ သန္တတိံ ။ (မူလဋီ-၁-၁၅၃။)’——‘以初积而说积聚,又以积聚而说相续。’(《根本复注》1-153。)《法集论》所说‘积聚’一词中,upa 前缀有两层意义。第一,它有最初义,即最初、开端之义。
၂။ ဥပရိအတ္ထ = အထက်ဟူသော အနက်ကိုလည်း ဟော၏။
第二,它也有在上义,即在先前之上、后续生起之义。
ထိုကြောင့် အာစယ ဥပစယဟု နှစ်ပုဒ်ဟောသော်လည်း --- အာဒိတော စယော ဥပ္ပတိ = နိဗ္ဗတ္တိ ဥပစယော --- အရ ရုပ်အစစ်တို့၏ ရှေးဦးအစဖြစ်ခြင်း အာစယဖြင့် ဥပစယကို ယူပါ။ ဤသို့ယူသော် ဤ ဥပစယ၌ ဥပ သဒ္ဒါကား ပဌမတ္ထ = ရှေးဦး အစ အနက်ဟောတည်း။
所以,虽然说初积与积聚两个词,依‘အာဒိတော စယော ဥပ္ပတိ = နိဗ္ဗတ္တိ ဥပစယော’——‘从最初而积,即生起、发生,是积聚’——应以最初生起的初积来理解色积聚。这样理解时,‘积聚’中的 upa 前缀表达最初、开端之义。
ဥပရိစယော ဝဍ္ဎိ သန္တတိ --- အရ ဥပရိ အနက်ဟော ဥပသဒ္ဒါ ရှေးရှိသော ဥပစယဖြင့် အထက်အထက်၌ တိုးပွား၍ ဖြစ်ခြင်း သန္တတိကို ယူပါ။ ထိုကြောင့် အာစယ ဥပစယဟု နှစ်ပုဒ် ဟောကြားထားတော်မူသော်လည်း အာဒိတော စယော ဥပ္ပတ္တိ အာစယော၊ ဥပရိ စယော ဝဍ္ဎိ ဥပစယော မူ၍ အာစယဖြင့် ဥပစယကိုယူ၊ ဥပစယဖြင့် သန္တတိကိုယူက ကိစ္စကုန်၏။ ဥပစယော သန္တတိ ဟောသော်လည်း အာဒိတော စယော ဥပစယော မူ၍ ဥပစယဖြင့် အာစယကိုယူ၊ သမ္ဗန္ဓော ဟုတွာ တနီယတေ သန္တတိ၊ ပမ္ဗန္ဓော = ရှေ့နောက် ဖွဲ့ယှက်လျက် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာသော ဖွဲ့စပ်သော ရုပ်အစဥ်သည် သန္တတိတည်းဟု ယူ၍ ယင်းသန္တတိဖြင့် ဥပစယကို ယူက ကိစ္စကုန်၏။
依‘ဥပရိစယော ဝဍ္ဎိ သန္တတိ’——‘在上而积、增长,是相续’——则以具有在上义的 upa 所成之积聚,理解为在前前色之上增盛生起的相续。因此,虽然宣说初积、积聚二词,依‘从最初而积、生起,是初积;在其上而积、增长,是积聚’,可以初积摄取积聚,以积聚摄取相续,义即完备。另一方面,虽说‘积聚、相续’,也可依‘从最初而积,是积聚’,以积聚摄取初积;又依‘相接以后延展,故为相续;前后连结、广泛生起的色流就是相续’,以相续摄取积聚,义也完备。
(ပြည်-ဝိသုဒ္ဓိမဂ် နိဿယ-၃-၂၂၈ - ကြည့်ပါ။)
缅文出处原串:‘(ပြည်-ဝိသုဒ္ဓိမဂ် နိဿယ-၃-၂၂၈ - ကြည့်ပါ။)’(参见卑谬大长老《清净道论依词释》第三册,第228页。)

本页是帕奥禅师缅文「五大册」第四册(趣向涅槃之道·第四册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。卷前、正文与原书索引均与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。