序言
《趣向涅槃之道》中文全译本 · 非缩略版
原书卷前 · 原书卷前第 12–20 页 · 79 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书卷前第 12 页(A)
နိဗ္ဗာနဂါမိနိပဋိပဒါ - စတုတ္ထတွဲ
《趣向涅槃之道·第四册》
နိဒါနကထာ = အကြောင်းပြစာတမ်းလွှာ
序言
ဒုက္ခပဋိပဒံ ဒန္ဓာဘိညံ
苦行道迟通达
ဘုရားရှင်သည် ဓမ္မသင်္ဂဏီပါဠိတော် (အဘိ-၁-၇၂။) စသည်တို့၌ ဒုက္ခပဋိပဒံ ဒန္ဓာဘိညံ စသော ကျင့်- စဥ်များကို ဟောကြားတော်မူခဲ့၏။ အဋ္ဌကထာကလည်း ယင်း ဟောကြားတော်မူချက်နှင့် ပတ်သက်၍ အောက်ပါ အတိုင်း ဖွင့်ဆိုသွားတော်မူခဲ့၏။ (အဘိ-ဋ္ဌ-၁-၂၆ဝ-၂၆၁။) လောကီစျာန်သော်မှလည်း စျာန်သို့ရောက်ကြောင်း ကျင့်စဥ်နှင့် ကင်း၍ အကယ်၍လည်း မပြီးစီးနိုင်- သည်ကား မှန်၏။ လောကီစျာန်၏သော်မှလည်း ပဋိပဒါကျင့်စဥ်နှင့် ကင်း၍ မပြီးစီးနိုင်သည်မှာ မှန်သော်လည်း ဤလောကုတ္တရာစျာန်အရာ၌ သုဒ္ဓိကနယ = သုဒ္ဓိကနည်းကို ပယ်၍ လောကုတ္တရာစျာန်ကို ပဋိပဒါကျင့်စဥ်နှင့် အတူတကွသာလျှင် အလေးဂရုပြု၍ ဟောကြားတော်မူခြင်းငှာ အလိုရှိတော်မူသည့်အတွက် ဒုက္ခပဋိပဒံ ဒန္ဓာဘိညံ စသော စကားတော်ကို ဘုရားရှင်သည် ဟောကြားတော်မူပေသည်။ ထို ဒုက္ခပဋိပဒံ ဒန္ဓာဘိညံ စသော စကားရပ်၌ အဆုံးအဖြတ်ကား ဤသို့တည်း။ ---
世尊在《法集论》(《阿毗藏》1-72)等处,宣说了苦行道迟通达等修行。义注对此解释说:即使世间禅,也不能离开趣向禅那的行道而成就;何况出世间禅。为在纯观法之外着重显示出世间禅与行道不可分离,世尊宣说‘苦行道迟通达’等语。其判释如下。(《殊胜义注》1-260—261。)
အကြင် ယောဂါဝစရပုဂ္ဂိုလ်သည်ကား အစမှစ၍သာလျှင် ကိလေသာတို့ကို ခွာလတ်သော် ကိလေသာတို့- ကို ပယ်ခွာဖို့ရန် ကမ္မဋ္ဌာန်းနှလုံးသွင်းခြင်းကို ပြုသောအခါ ခဲခဲယဥ်းယဥ်း ပြုရ၏၊ ကိလေသာတို့ကို ပယ်ခွာဖို့ရန် ကမ္မဋ္ဌာန်းနှလုံးသွင်းခြင်းဟူသော သင်္ခါရ၊ ကြိုးစားအားထုတ်ခြင်း လုံ့လပယောဂနှင့်တကွသော အကြောင်းအ- ပေါင်းဖြင့် ကိလေသာတို့ကို ပင်ပင်ပန်းပန်း ပယ်ခွာရ၏၊ ထိုယောဂါဝစရပုဂ္ဂိုလ်၏ အရိယမဂ်သို့ ရောက်ကြောင်း- ဖြစ်သော အကျင့်သည် ဒုက္ခာပဋိပဒါ ဖြစ်၏။
若瑜伽行者从开始镇伏烦恼时,必须艰难地作意业处,以称为作行的业处作意和精勤努力,辛苦地镇伏烦恼,那么他趣向圣道的行道,名为苦行道。
အကြင် ယောဂါဝစရပုဂ္ဂိုလ်သည်ကား ပယ်ခွာအပ်ပြီးသော ကိလေသာရှိသည်ဖြစ်၍ = ကိလေသာကို ပယ်ခွာပြီးလတ်သော် ဝိပဿနာကို ကျင့်သုံးခြင်းကို ကျင့်သုံးလတ်သော် ကြာမြင့်မှ အရိယမဂ်၏ ထင်ရှား ဖြစ်ခြင်းသို့ ရောက်ရှိလာ၏၊ ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ လေးနှေးသော နှေးကွေးသော ထူးသော အဘိ- ညာဏ် အသိဉာဏ်သည် = ဒန္ဓာဘိညာသည် ဖြစ်၏။ ဤသို့လျှင် အမှတ်မထား တစ်ပါးပါးသော ဝါရကို ဒုက္ခပဋိပဒါ ဒန္ဓာဘိညာ အမည်ရှိ၏ဟူ၍ ရှေးအဋ္ဌကထာ ဆရာတော်တို့က ပြုတော်မူအပ်ခဲ့လေသည်။ (တစ်ကြိမ် ပယ်ခွာ လိုက်လျှင် ကိလေသာတို့မှ ကွာသွားသော သကိ ဝိက္ခမ္ဘနဝါရ၊ နှစ်ကြိမ်ပယ်ခွာပါမှ ကိလေသာတို့မှ ကွာသွားသော ဒွိက္ခတ္တုံ ဝိက္ခမ္ဘနဝါရ၊ သုံးကြိမ်ပယ်ခွာပါမှ ကိလေသာတို့မှ ကွာသွားသော တိက္ခတ္တုံဝိက္ခမ္ဘနဝါရ၊ လေးကြိမ်ပယ်ခွာပါမှ ကိလေသာတို့မှ ကွာသွားသော စတုက္ခတ္တုံ ဝိက္ခမ္ဘနဝါရ၊ အကြိမ်များစွာ ပယ်ခွာပါမှ ကိလေသာတို့မှ ကွာသွားသော
若行者镇伏烦恼后修习观禅,却要经过很长时间圣道才显现,其相续中通达迟缓,便名迟通达。古代义注师把这种不限定次数的过程称为苦行道迟通达:烦恼可能镇伏一次、两次、三次、四次乃至多次才止息。
အနေကက္ခတ္တုံ ဝိက္ခမ္ဘနဝါရ၊ ဤဝါရတို့တွင် မည်သည့်ဝါရကိုမဆို ဒုက္ခပဋိပဒ ဒန္ဓာဘိည မည်၏ဟု ရှေးအဋ္ဌကထာ ဆရာတော်တို့က နာမည်ပြုအပ်ရာရောက်နေသည် ဟူလိုသည်။) ဤဝါရတို့တွင် အဘယ်ဝါရကို အဋ္ဌကထာဆရာတော်တို့က ဒုက္ခပဋိပဒ ဒန္ဓာဘိညဝါရဟု နှစ်သက်တော် မူကြကုန်သနည်းဟူမူ --- အကြင်ဝါရ၌ တစ်ကြိမ်ခွာအပ်ပြီးကုန်သော ကိလေသာတို့သည် နောက်ထပ် တစ်ဖန် အထက်အထက်၌ ဖြစ်ပေါ်လာပြီး၍၊ ဒုတိယအကြိမ်မြောက်လည်း ထပ်မံ၍ ခွာအပ်ကုန်ပြီးသော ကိလေသာ တို့သည် နောက်ထပ်တစ်ဖန် အထက်အထက်၌ ဖြစ်ပေါ်လာကြပြန်ကုန်၏။ တစ်ဖန် သုံးကြိမ်မြောက် ကိလေသာ တို့ကို ခွာအပ်ပြီးကုန်သော်ကား ယင်းကိလေသာတို့ကို ခွာမြဲတိုင်း ခွာထားအပ်ပြီးသည်ကိုသာပြု၍ အရိယမဂ် ဖြင့် အကြွင်းမဲ့ ပယ်သတ်အပ်ကုန်သည်၏ အဖြစ်သို့ ရောက်စေ၏။ ဤဝါရကို အဋ္ဌကထာဆရာတော်တို့က
义注师特别采用这样的情形:烦恼第一次镇伏后又生,第二次镇伏后又生,第三次镇伏后终于保持镇伏,并由圣道无余断除。这一过程名苦行道迟通达;超过三次才镇伏烦恼的当然也属苦行道,而一两次镇伏便能由圣道断除者则属乐行道。以下再依根本文句详细说明。
A
A
原书卷前第 13 页(B)
ဒုက္ခပဋိပဒ ဒန္ဓာဘိညဝါရဟု နှစ်သက်တော်မူကြကုန်၏၊ ဤ ဝါရကို ဒုက္ခပဋိပဒါ ဒန္ဓာဘိညာဟူသော အမည်ကို ပြုတော်မူအပ်ပြီ။ (သုံးကြိမ်တိုင်အောင် ခွာအပ်ပါမှ ကိလေသာတို့ နောက်ထပ်မဖြစ်ဘဲ အရိယမဂ်တရားကို ပေါ်လာစေနိုင်သော ဝါရကို ဒုက္ခပဋိပဒါ ဒန္ဓာဘိညာဟု ရှေးဆရာမြတ်တို့က နှစ်သက်တော်မူကြ၏၊ သုံးကြိမ် ထက်ပို၍ ကိလေသာတို့ကို ခွာရသော ဝါရတို့၏ ဒုက္ခပဋိပဒါ ဖြစ်ကြောင်းမှာ ဆိုဖွယ်ရာပင် မလိုတော့ပေ၊ ကိလေသာတို့ကို တစ်ကြိမ်ခွာရုံ နှစ်ကြိမ်ခွာရုံဖြင့် ကိလေသာတို့ကို အရိယမဂ်တရားဖြင့် ပယ်သတ်နိုင်သော ဝါရတို့ကိုကား သုခပဋိပဒါဟု ဆိုလို၏။) ဤမျှ အတိုင်းအရှည်ရှိသော စကားဖြင့်ကား ထင်ရှားသည် မဖြစ်သေး၊ ထိုကြောင့် ဤဒုက္ခပဋိပဒါ ဒန္ဓာ- ဘိညာ --- စသောစကားရပ်၌ ဤဆိုလတ္တံ့သောနည်းဖြင့် အစမှစ၍ ထင်စွာ ဖြစ်စေခြင်းကို သိရှိအပ်၏။ အကျယ် မှာ ဤသို့ ဖြစ်၏။ --- ယော ဟိ စတ္တာရိ မဟာဘူတာနိ ပရိဂ္ဂဟေတွာ ဥပါဒါရူပံ ပရိဂ္ဂဏှာတိ၊ အရူပံ ပရိဂ္ဂဏှာတိ။ ရူပါရူပံ ပန
义注师所说的苦行道迟通达,就是上述第三次镇伏后圣道才生起的过程。仅凭这一说明尚不够清楚,故须从根本文句展开:Yo hi cattāri mahābhūtāni pariggahetvā upādārūpaṃ pariggaṇhāti, arūpaṃ pariggaṇhāti. Rūpārūpaṃ pana—
ပရိဂ္ဂဏှာန္တော ဒုက္ခေန ကသိရေန ကိလမန္တော ပရိဂ္ဂဟေတုံ သက္ကောတိ၊ တဿ ဒုက္ခာ ပဋိပဒါ နာမ ဟောတိ။
pariggaṇhanto dukkhena kasirena kilamanto pariggahetuṃ sakkoti, tassa dukkhā paṭipadā nāma hoti.
ပရိဂ္ဂဟိတရူပါရူပဿ ပန ဝိပဿနာပရိဝါသေ မဂ္ဂပါတုဘာဝဒန္ဓတာယ ဒန္ဓာဘိညာ နာမ ဟောတိ။
Pariggahitarūpārūpassa pana vipassanāparivāse maggapātubhāvadandhatāya dandhābhiññā nāma hoti.
(အဘိ-ဋ္ဌ-၁-၂၆ဝ။)
(《殊胜义注》1-260。)
အကြင် ယောဂါဝစရပုဂ္ဂိုလ်သည် မဟာဘုတ်ဓာတ်ကြီးလေးပါးတို့ကို ဉာဏ်ဖြင့် ပိုင်းခြားကာ ယူပြီး၍ သိမ်းဆည်းပြီး၍ ဥပါဒါရုပ်ကို ဉာဏ်ဖြင့် ပိုင်းခြားယူ၏ သိမ်းဆည်း၏။ နာမ်တရားကို ဉာဏ်ဖြင့် ပိုင်းခြားယူ၏ သိမ်းဆည်း၏။ တစ်ဖန် ရုပ်နာမ်ကို ဉာဏ်ဖြင့် ပိုင်းခြားယူသော် သိမ်းဆည်းလတ်သော် ခဲခဲယဥ်းယဥ်း ငြိုငြိုငြင်ငြင် ပင်ပင်ပန်းပန်း ဉာဏ်ဖြင့် ပိုင်းခြားယူခြင်းငှာ သိမ်းဆည်းခြင်းငှာ စွမ်းနိုင်၏။ ထိုပုဂ္ဂိုလ်၏ ကျင့်စဥ်ပဋိပဒါသည် ဒုက္ခပဋိပဒါ မည်၏။ တစ်ဖန် --- ရုပ်နာမ်ကို ဉာဏ်ဖြင့် ပိုင်းခြားယူပြီးသော သိမ်းဆည်းပြီးသော ယောဂါဝစရ- ပုဂ္ဂိုလ်၏ ဝိပဿနာကို ကျင့်သုံးရာအခါ၌ အရိယမဂ်၏ ထင်ရှားဖြစ်ခြင်း၏ လေးနှေးသည်၏ အဖြစ်ကြောင့် ဒန္ဓာဘိညာ မည်၏။ (အဘိ-ဋ္ဌ-၁-၂၆ဝ။) ပရိဂ္ဂဟေတွာ ပရိဂ္ဂဏှာတိ --- ရူပါရူပါနံ လက္ခဏာဒီဟိ ပရိစ္ဆိန္ဒိတွာ ဂဟဏံ ရူပါရူပပရိဂ္ဂဟော။
行者以智分别、摄取四大种后,再分别摄取所造色与名法;当他摄取色名时,只有艰难、辛苦、疲惫地才能完成,这便是苦行道。摄取色名以后修习观禅,却因圣道迟迟显现而迟缓,便名迟通达。(《殊胜义注》1-260。)所谓 pariggahetvā、pariggaṇhāti,是依特相等四法界定并摄取色与非色。
(မူလဋီ-၁-၁၁၂။)
(《根本复注》1-112。)
လက္ခဏရသပစ္စုပဋ္ဌာနပဒဋ္ဌာနဝသေန နာမရူပပရိဂ္ဂဟော ဒိဋ္ဌိဝိသုဒ္ဓိ နာမ။ (အဘိဓမ္မတ္ထသင်္ဂဟ-၁၅၈။) ရုပ်ကိုဖြစ်စေ နာမ်ကိုဖြစ်စေ လက္ခဏ - ရသ - ပစ္စုပဋ္ဌာန် - ပဒဋ္ဌာန်တို့ဖြင့် ဉာဏ်ဖြင့် ပိုင်းခြား၍ယူခြင်း သိမ်းဆည်းခြင်းကို ပရိဂ္ဂဟေတွာဟုလည်းကောင်း၊ ပရိဂ္ဂဏှာတိဟုလည်းကောင်း ဆိုသည်။ ဤစကားရပ်ဖြင့် ဒိဋ္ဌိဝိသုဒ္ဓိကို ပြ၏။ ထိုသို့ ဉာဏ်ဖြင့် ပိုင်းခြား၍ယူရာ သိမ်းဆည်းရာ၌ ခက်ခက်ခဲခဲ ယူရလျှင် သိမ်းဆည်းရလျှင် ဒုက္ခပဋိပဒါ ဖြစ်၏၊ ရုပ်ကို ဉာဏ်ဖြင့် ပိုင်းခြား၍ယူတုန်းက လွယ်ကူခဲ့စေကာမူ နာမ်ကို ဉာဏ်ဖြင့် ပိုင်းခြား၍ ယူရာ၌ ခဲယဥ်းနေပြန်လျှင် ဒုက္ခပဋိပဒါပင်တည်း။ ဤသို့လျှင် ပဋိပဒါ နယ်မကုန်သမျှ တစ်နေရာရာ၌ ခဲယဥ်း နေလျှင် ဒုက္ခပဋိပဒါဟုချည်း ခေါ်ရသည်။ ဤစကားရပ်ဖြင့် --- ၁။ ရူပပရိဂ္ဂဟ = ရုပ်ကို သိမ်းဆည်းခြင်း၊ ၂။ အရူပပရိဂ္ဂဟ = နာမ်ကို သိမ်းဆည်းခြင်း၊
依特相、作用、现起、近因摄取色名,名为见清净。(《阿毗达磨概要》158。)以智依四法分别摄取色或名,称 pariggahetvā、pariggaṇhāti;这显示见清净。摄取艰难便是苦行道;即使摄取色法容易,而摄取名法艰难,仍属苦行道。只要行道范围内任何一处艰难,便称苦行道。这里显示:一、色摄取;二、非色摄取;
၃။ ရူပါရူပပရိဂ္ဂဟ = ရုပ်နာမ်ကို သိမ်းဆည်းခြင်း၊ ဤပရိဂ္ဂဟ = သိမ်းဆည်းခြင်း သုံးမျိုးကို ဖော်ပြသည်ဟု မှတ်ပါ။
三、色非色摄取。应知这里说的是这三种摄取。
B
B
原书卷前第 14 页(C)
လက္ခဏာဒိစတုက္ကပိုင်း -- နိဒါနကထာ ယောပိ ရူပါရူပံ ပရိဂ္ဂဟေတွာ နာမရူပံ ဝဝတ္ထပေန္တော ဒုက္ခေန ကသိရေန ကိလမန္တော ဝဝတ္ထပေတိ၊ ဝဝတ္ထာပိတေ စ နာမရူပေ ဝိပဿနာပရိဝါသံ ဝသန္တော စိရေန မဂ္ဂံ ဥပ္ပါဒေတုံ သက္ကောတိ၊ တဿာပိ ဒုက္ခာ ပဋိပဒါ ဒန္ဓာဘိညာ နာမ ဟောတိ။ (အဘိ-ဋ္ဌ-၁-၂၆ဝ။) နာမရူပမတ္တမေတံ၊ န အညော ကောစိ သတ္တာဒိကောတိ ဝဝတ္ထာပနံ နာမရူပဝဝတ္တာပနံ။
另一位行者摄取色非色后,分别名色时艰难、辛苦;分别名色之后修习观禅,又要很久才能使圣道生起,他也名为苦行道迟通达。(《殊胜义注》1-260。)确定‘这只是名色,并无另一个有情等’,即名色分别。
(မူလဋီ-၁-၁၁၂။)
(《根本复注》1-112。)
ဤသဘောတရားသည် နာမ်ရုပ်မျှသာတည်း၊ နာမ်ရုပ်မှ အခြားတစ်ပါးသော တစ်စုံတစ်ယောက်သော ယောကျာ်း မိန်းမ ပုဂ္ဂိုလ် သတ္တဝါ ဇီဝ အတ္တ လူ နတ် ဗြဟ္မာ မရှိဟု ဉာဏ်ဖြင့် ပိုင်းခြားမှတ်သားခြင်းသည် နာမရူပဝဝတ္ထာပန = နာမရူပဝဝတ္ထာနဉာဏ် မည်၏။
以智确定:这里只是名色,除名色外,并没有男子、女人、个人、有情、生命、自我、人、天或梵天,这称为名色分别,即名色分别智。
ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည်လည်း ရုပ်နာမ်ကို ဉာဏ်ဖြင့် ပိုင်းခြားယူပြီး သိမ်းဆည်းပြီးနောက် ''ပုဂ္ဂိုလ် သတ္တဝါ ဇီဝ အတ္တ လူ နတ် ဗြဟ္မာ မရှိ၊ ရုပ်နာမ်မျှသာရှိ၏''ဟု နာမ်ရုပ်ကို ပိုင်းခြားမှတ်သားလေသော် ခဲခဲယဥ်းယဥ်း ငြိုငြိုငြင်ငြင် ပင်ပင်ပန်းပန်း ဉာဏ်ဖြင့် ပိုင်းခြားမှတ်သားရ၏၊ ယင်းသို့ နာမ်ရုပ်ကို ဉာဏ်ဖြင့် ပိုင်းခြားမှတ်သား ပြီးနောက် ဝိပဿနာ ကျင့်သုံးခြင်းကို ကျင့်သုံးလတ်သော် ကြာမြင့်မှ အရိယမဂ်ကို ဖြစ်စေခြင်းငှာ စွမ်းနိုင်၏၊ ထိုပုဂ္ဂိုလ်၏ ပဋိပဒါသည်လည်း ဒုက္ခပဋိပဒါ ဒန္ဓာဘိညာ မည်သည်သာ ဖြစ်၏။ (အဘိ-ဋ္ဌ-၁-၂၆ဝ။) ဤစကားရပ်ဖြင့် --- ၄။ နာမရူပဝဝတ္တာနဉာဏ်ကို ပြ၏။ ဒိဋ္ဌိဝိသုဒ္ဓိ နယ်ပင်တည်း။ နာမရူပပရိစ္ဆေဒဉာဏ်ပင်တည်း။
若行者摄取色名后,要艰难地确定‘没有个人、有情、生命、自我、人、天、梵天,只有名色’,确定以后修习观禅又要很久才生圣道,他的行道也名苦行道迟通达。(《殊胜义注》1-260。)这显示第四项名色分别智,属于见清净,也就是名色分别智。
အပရော နာမရူပမ္ပိ ဝဝတ္ထပေတွာ ပစ္စယေ ပရိဂ္ဂဏှန္တော ဒုက္ခေန ကသိရေန ကိလမန္တော ပရိဂ္ဂဏှာတိ၊ ပစ္စယေ စ ပရိဂ္ဂဟေတွာ ဝိပဿနာပရိဝါသံ ဝသန္တော စိရေန မဂ္ဂံ ဥပ္ပါဒေတိ၊ ဧဝံမ္ပိ ဒုက္ခာ ပဋိပဒါ ဒန္ဓာဘိညာ နာမ ဟောတိ။ (အဘိ-ဋ္ဌ-၁-၂၆ဝ။) အခြားတစ်ယောက်သော ယောဂါဝစရပုဂ္ဂိုလ်သည် နာမ်ရုပ်ကို ပိုင်းခြားမှတ်သားပြီး၍လည်း နာမ်ရုပ်၏ အကြောင်းတရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူလတ်သော် သိမ်းဆည်းလတ်သော် ခဲခဲယဥ်းယဥ်း ငြိုငြိုငြင်ငြင် ပင်ပင်ပန်းပန်း ဉာဏ်ဖြင့် ပိုင်းခြားမှတ်သားယူရ၏၊ သိမ်းဆည်းရ၏။ ဉာဏ်ဖြင့် ပိုင်းခြားကာယူပြီး၍လည်း သိမ်းဆည်းပြီး၍လည်း ဝိပဿနာကျင့်သုံးခြင်းကို ကျင့်သုံးလတ်သော် ကြာမြင့်မှ အရိယမဂ်ကို ဖြစ်စေခြင်းငှာ စွမ်းနိုင်၏၊ ထိုပုဂ္ဂိုလ်၏ ပဋိပဒါသည်လည်း ဒုက္ခပဋိပဒါ ဒန္ဓာဘိညာ မည်သည်သာ ဖြစ်၏။
另一位行者分别名色后,在摄取名色之因时十分艰难;摄取诸因以后修习观禅,又要很久才能生起圣道,他的行道也名苦行道迟通达。(《殊胜义注》1-260。)
(အဘိ-ဋ္ဌ-၁-၂၆ဝ။)
(《殊胜义注》1-260。)
ဤစကားရပ်ဖြင့် အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးတို့၌ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းတတ်သော ပစ္စယပရိဂ္ဂဟဉာဏ်ကို ပြ၏။ ကင်္ခါဝိတရဏဝိသုဒ္ဓိ စခန်းတည်း။
这段显示在过去、未来、现在三世摄取因果的缘摄受智,属于度疑清净。
၅။ ပစ္စယပရိဂ္ဂဟ၊ ၆။ အဒ္ဓါနပရိဂ္ဂဟ၊ ဤပရိဂ္ဂဟ နှစ်မျိုးလုံး ပါဝင်၏။
五、缘摄取;六、长时摄取。这两种摄取都包括在内。
အပရော ပစ္စယေပိ ပရိဂ္ဂဟေတွာ လက္ခဏာနိ ပဋိဝိဇ္ဈန္တော ဒုက္ခေန ကသိရေန ကိလမန္တော ပဋိဝိဇ္ဈတိ၊ ပဋိဝိဒ္ဓလက္ခဏော စ ဝိပဿနာပရိဝါသံ ဝသန္တော စိရေန မဂ္ဂံ ဥပ္ပါဒေတိ၊ ဧဝမ္ပိ ဒုက္ခာ ပဋိပဒါ ဒန္ဓာဘိညာ နာမ ဟောတိ။ (အဘိ-ဋ္ဌ-၁-၂၆၁။)
另一位行者虽然已经摄取诸缘,却要艰难、辛苦地通达诸相;通达诸相以后修习观禅,又要很久才能生起圣道,他的行道也名苦行道迟通达。(《殊胜义注》1-261。)
原书卷前第 15 页(D)
အခြားတစ်ယောက်သော ယောဂါဝစရပုဂ္ဂိုလ်သည် အကြောင်းတရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ပြီး- သော်လည်း သိမ်းဆည်းနိုင်ပြီးသော်လည်း ယင်း ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာတို့ကို ထိုးထွင်း၍ သိလတ်သော် ခဲခဲယဥ်းယဥ်း ငြိုငြိုငြင်ငြင် ပင်ပင်ပန်းပန်း ဉာဏ်ဖြင့် ထိုးထွင်း သိရ၏။ ထိုသို့ သင်္ခါရတရားတို့၏ လက္ခဏာရေးသုံးတန်တို့ကို ဉာဏ်ဖြင့် ထိုးထွင်းသိပြီးနောက်လည်း ဝိပဿနာ ကျင့်သုံးခြင်းကို ကျင့်သုံးလတ်သော် ကြာမြင့်မှ အရိယမဂ်ကို ဖြစ်စေခြင်းငှာ စွမ်းနိုင်၏၊ ဤသို့လည်း ထိုပုဂ္ဂိုလ်၏ ပဋိပဒါသည် ဒုက္ခပဋိပဒါ ဒန္ဓာဘိညာ မည်သည်သာ ဖြစ်၏။ (အဘိ-ဋ္ဌ-၁-၂၆၁။) လက္ခဏာနိ ပဋိဝိဇ္ဈန္တော = လက္ခဏာရေးသုံးတန်တို့ကို ဉာဏ်ဖြင့် ထိုးထွင်းသိမြင်လတ်သော် --- ဟူသော ဤစကားရပ်ဖြင့် သမ္မသနဉာဏ်ကို ပြ၏။
另一位行者虽然能摄取诸因,却要艰难地以智通达色、名、因、果等诸行的无常、苦、无我三相;通达三相以后修习观禅,又要很久才能生起圣道,他的行道也名苦行道迟通达。(《殊胜义注》1-261。)‘通达诸相’这句话显示思惟智。
အပရော လက္ခဏာနိပိ ပဋိဝိဇ္ဈိတွာ ဝိပဿနာဉာဏေ တိက္ခေ သူရေ ပသန္နေ ဝဟန္တေ ဥပ္ပန္နံ ဝိပဿနာ- နိကန္တိ ပရိယာဒိယမာနော ဒုက္ခေန ကသိရေန ကိလမန္တော ပရိယာဒိယတိ၊ နိကန္တိဉ္စ ပရိယာဒိယိတွာ ဝိပဿနာ- ပရိဝါသံ ဝသန္တော စိရေန မဂ္ဂံ ဥပ္ပါဒေတိ၊ ဧဝမ္ပိ ဒုက္ခာ ပဋိပဒါ ဒန္ဓာဘိညာ နာမ ဟောတိ။ ဣမံ ဝါရံ ရောစေသုံ ဣမဿ ဝါရဿ ဧတံ နာမံ ကတံ၊ ဣမိနာဝ ဥပါယေန ပရတော တိဿော ပဋိပဒါ ဝေဒိတဗ္ဗာ။
另一位行者通达三相后,当观智锐利、勇健、明净地转起时,要艰难地穷尽对观智所生光明等观染的贪著;穷尽贪著后修习观禅,又要很久才能生起圣道,他的行道也名苦行道迟通达。义注师采用这一过程并立此名;其余三种行道也应依同一方法理解。
(အဘိ-ဋ္ဌ-၁-၂၆၁။)
(《殊胜义注》1-261。)
အခြားတစ်ယောက်သော ယောဂါဝစရပုဂ္ဂိုလ်သည်ကား သင်္ခါရတရားတို့၏ လက္ခဏာရေးသုံးတန်တို့ကို ဉာဏ်ဖြင့် ထိုးထွင်းကာ သိပြီးသည့်နောက်၌လည်း ဝိပဿနာဉာဏ်သည် ထက်မြက်စူးရှ ရဲရင့် ကြည်လင်မှုကို ရွက်ဆောင်လတ်သော် ဝိပဿနာဉာဏ်ကြောင့် ဖြစ်ပေါ်လာသော သြဘာသ = အရောင်အလင်း စသည်တို့၌ သာယာတပ်မက်လျက်ရှိသော ဝိပဿနာ၏ ညစ်ညူးကြောင်းဖြစ်သော နိကန္တိကို ထက်ဝန်းကျင် ဉာဏ်ဖြင့် ပိုင်းခြားယူလျက် လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းခြင်းဖြင့် ကုန်ခန်းစေ- လတ်သော် ခဲခဲယဥ်းယဥ်း ငြိုငြိုငြင်ငြင် ပင်ပင်ပန်းပန်း ကုန်ခန်းစေရ၏။ တစ်ဖန် ယင်းနိကန္တိကို ဝိပဿနာ ဉာဏ်ဖြင့် ကုန်ခန်းစေပြီးနောက် ဝိပဿနာ ကျင့်သုံးခြင်းကို ကျင့်သုံးလတ်သော် ကြာမြင့်မှ အရိယမဂ်ကို ဖြစ်စေခြင်းငှာ စွမ်းနိုင်၏။ ဤသို့လည်း ထိုပုဂ္ဂိုလ်၏ ပဋိပဒါသည် ဒုက္ခပဋိပဒါ ဒန္ဓာဘိညာ မည်သည်သာ ဖြစ်၏။
也就是说,行者洞彻三相后,观智变得锐利、勇健、明净;对由观智生起的光明等产生爱著,是观的污染。若他必须艰难地以观智摄取这些法、安立三相、修习观业处,才能穷尽这种贪著;穷尽后又要久修才生圣道,这仍是苦行道迟通达。
ဤဝါရကို အဋ္ဌကထာဆရာတော်တို့က နှစ်သက်တော်မူကြ၏၊ ဤဝါရကိုပင် ဒုက္ခပဋိပဒါ ဒန္ဓာဘိညာဟူသော အမည်ကို ပြုတော်မူကြ၏။ ဤနည်းအတိုင်းပင် နောက်ပိုင်း၌ ဘုရားရှင် ဟောကြားထားတော်မူအပ်ကုန်သော ပဋိပဒါ သုံးမျိုးတို့ကိုလည်း နည်းမှီး၍ သိရှိပါလေ။ (အဘိ-ဋ္ဌ-၁-၂၆၁။) ဘုရားရှင်သည် ဓမ္မသင်္ဂဏီပါဠိတော်ဝယ် လောကုတ္တရာကုသိုလ်တရားတို့ကို ခွဲခြားဝေဖန်၍ ဟောကြား- တော်မူရာ၌ --- ၁။ ဒုက္ခပဋိပဒါ ဒန္ဓာဘိညာပုဂ္ဂိုလ်၊ ၂။ ဒုက္ခပဋိပဒါ ခိပ္ပါဘိညာပုဂ္ဂိုလ်၊ ၃။ သုခပဋိပဒါ ဒန္ဓာဘိညာပုဂ္ဂိုလ်၊ ၄။ သုခပဋိပဒါ ခိပ္ပါဘိညာပုဂ္ဂိုလ်ဟု --- ဤသို့လျှင် ပုဂ္ဂိုလ် (၄)မျိုး ခွဲခြားဝေဖန်၍ ဟောကြားတော်မူခဲ့ပေသည်။ (အဘိ-၁-၇၂-၈၅။) ဤသို့ ဟောကြားတော်မူရာ၌ --- ၁။ ပဋိပဒါပိုင်း ၂။ အဘိညာပိုင်းဟု ခွဲခြားလျက် ---
义注师以这一过程为苦行道迟通达;世尊所说其余三种行道,也应照此类推。《法集论》把出世间善法依四类人分别宣说:一、苦行道迟通达;二、苦行道速通达;三、乐行道迟通达;四、乐行道速通达。(《阿毗藏》1-72—85。)每一类又分为行道部分与通达部分。
原书卷前第 16 页(E)
လက္ခဏာဒိစတုက္ကပိုင်း -- နိဒါနကထာ ပုဂ္ဂိုလ် တစ်မျိုး တစ်မျိုးလျှင် ပဋိပဒါပိုင်း အဘိညာပိုင်းဟု နှစ်ပိုင်းစီ နှစ်ပိုင်းစီ ခွဲ၍ ဟောကြားထားတော် မူ၏။ ထိုတွင် --- ၁။ ရူပပရိဂ္ဂဟ = ရုပ်တရားကို သိမ်းဆည်းခြင်း၊ ၂။ အရူပပရိဂ္ဂဟ = နာမ်တရားကို သိမ်းဆည်းခြင်း၊ ၃။ ရူပါရူပပရိဂ္ဂဟ = ရုပ်နာမ်ကို သိမ်းဆည်းခြင်း၊ ၄။ နာမရူပဝဝတ္ထာန = နာမ်ရုပ်ကို ပိုင်းခြားမှတ်သားခြင်း --- ဟူသော လုပ်ငန်းခွင် လေးရပ်ကား နာမရူပပရိစ္ဆေဒဉာဏ်တည်း။
世尊把每一类人分别从行道与通达两部分宣说。其中,一、色摄取;二、非色摄取;三、色非色摄取;四、名色分别,这四项工作属于名色分别智。
၁။ ပစ္စုပ္ပန်၌ သို့မဟုတ် ပစ္စုပ္ပန်ကို ဗဟိုထား၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းခြင်း ပစ္စယ- ပရိဂ္ဂဟ၊ ၂။ အတိတ် အနာဂတ်၌လည်း အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းခြင်း အဒ္ဓါနပရိဂ္ဂဟ၊ ဤ ပရိဂ္ဂဟနှစ်မျိုးကား ပစ္စယပရိဂ္ဂဟဉာဏ်တည်း။ ဤအထက်ပါ --- ၁။ နာမရူပပရိစ္ဆေဒဉာဏ် ၂။ ပစ္စယပရိဂ္ဂဟဉာဏ်နှင့် တကွ ၃။ သမ္မသနဉာဏ် ၄။ ဥပက္ကိလေသ ( = ဝိပဿနာ၏ ညစ်ညူးကြောင်းတရား) တို့မှ လွတ်မြောက်သည်တိုင်အောင်သော ဥဒယဗ္ဗ- ယဉာဏ် = မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ တိုင်အောင်သော ဉာဏ်စဥ်ပိုင်းကို ပဋိပဒါပိုင်းဟု သတ်မှတ်ထား- တော်မူ၏။
一、以现在为中心摄取因果的缘摄取;二、也摄取过去与未来因果的长时摄取。这两种摄取属于缘摄受智。从名色分别智、缘摄受智、思惟智,直到脱离观染的生灭智,即道非道智见清净为止,这一智次第称为行道部分。
ဥပက္ကိလေသ (= ဝိပဿနာ၏ ညစ်ညူးကြောင်းတရား) တို့မှ လွတ်မြောက်သွားသော --- ၁။ ဥဒယဗ္ဗယဉာဏ် (အရင့်ပိုင်း) ၂။ ဘင်္ဂဉာဏ် ၃။ ဘယဉာဏ် ၄။ အာဒီနဝဉာဏ် ၅။ နိဗ္ဗိန္ဒဉာဏ် ၆။ မုစ္စိတုကမျတာဉာဏ် ၇။ ပဋိသင်္ခါဉာဏ် ၈။ သင်္ခါရုပေက္ခာဉာဏ် ၉။ အနုလောမဉာဏ် ဤဝိပဿနာဉာဏ် (၉)မျိုးတို့ကား ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိပိုင်းတည်း။
脱离观染以后,一、成熟的生灭智;二、坏灭智;三、怖畏智;四、过患智;五、厌离智;六、欲解脱智;七、审察智;八、行舍智;九、随顺智,这九种观智属于行道智见清净。
၁ဝ။ အရိယမဂ်ဉာဏ် ဤ အရိယမဂ်ဉာဏ်ပိုင်းကား ဉာဏဒဿနဝိသုဒ္ဓိပိုင်းတည်း။ (ဤ ဉာဏ်စဥ်များ၏ အနက် အဓိပ္ပါယ်သည် ဝိပဿနာပိုင်းတွင် ထင်ရှားလတ္တံ့။) ဤ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိပိုင်းနှင့် ဉာဏဒဿနဝိသုဒ္ဓိပိုင်းကို အဘိ- ညာပိုင်းဟု အထက်ပါ ပါဠိတော် အဋ္ဌကထာ ဋီကာတို့က သတ်မှတ်ထားတော်မူပေသည်။ ထိုတွင် ---
十、圣道智属于智见清净。(这些智次第的义理将在观禅篇详说。)经、义注与复注把行道智见清净和智见清净归入通达部分。
E
E
原书卷前第 17 页(F)
၁။ ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် ပဋိပဒါပိုင်းတွင်လည်းကောင်း အဘိညာပိုင်းတွင်လည်းကောင်း နှစ်ပိုင်းလုံး၌ ခဲခဲယဥ်းယဥ်း ငြိုငြိုငြင်ငြင် ပင်ပင်ပန်းပန်း ကျင့်ရ၏၊ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် ဒုက္ခပဋိပဒါ ဒန္ဓာ- ဘိညာ ပုဂ္ဂိုလ်မျိုး မည်၏။
一、在行道部分与通达部分都必须艰难修习的人,名为苦行道迟通达者。
၂။ ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည်ကား ပဋိပဒါပိုင်းတွင် ခဲခဲယဥ်းယဥ်း ငြိုငြိုငြင်ငြင် ပင်ပင်ပန်းပန်း ကျင့်ရ၏၊ သို့သော် အဘိညာပိုင်းတွင်ကား ချမ်းချမ်းသာသာ လွယ်လွယ်ကူကူ မပင်မပန်း ကျင့်၍ရ၏။ ထိုပုဂ္ဂိုလ်- မျိုးသည် ဒုက္ခပဋိပဒါ ခိပ္ပါဘိညာ ပုဂ္ဂိုလ်မျိုး မည်၏။
二、在行道部分艰难修习,而在通达部分轻松迅速的人,名为苦行道速通达者。
၃။ ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည်ကား ပဋိပဒါပိုင်းတွင် ချမ်းချမ်းသာသာ လွယ်လွယ်ကူကူ မပင်မပန်း ကျင့်၍ရ၏၊ သို့သော် အဘိညာပိုင်းသို့ ရောက်သောအခါ၌ကား ခဲခဲယဥ်းယဥ်း ငြိုငြိုငြင်ငြင် ပင်ပင်ပန်း- ပန်း ကျင့်ရ၏၊ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် သုခပဋိပဒါ ဒန္ဓာဘိညာ ပုဂ္ဂိုလ်မျိုး မည်၏။
三、在行道部分轻松修习,而在通达部分艰难迟缓的人,名为乐行道迟通达者。
၄။ ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည်ကား ပဋိပဒါပိုင်းတွင်လည်း ချမ်းချမ်းသာသာ လွယ်လွယ်ကူကူ မပင်မပန်း ကျင့်၍ရ၏။ အဘိညာပိုင်းတွင်လည်း ချမ်းချမ်းသာသာ လွယ်လွယ်ကူကူ မပင်မပန်း ကျင့်၍ရ၏။ ဤကဲ့- သို့သော ပုဂ္ဂိုလ်မျိုးသည်ကား သုခပဋိပဒါ ခိပ္ပါဘိညာ ပုဂ္ဂိုလ်မျိုး မည်၏။
四、在行道与通达两部分都轻松迅速的人,名为乐行道速通达者。
ဤကား အထက်ပါ ပါဠိတော် အဋ္ဌကထာ ဋီကာတို့၏ ဆိုလိုရင်းတည်း။ ထိုတွင် ပဋိပဒါပိုင်း၌ ရုပ်- နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့၏ အစွမ်းဖြင့် သိမ်းဆည်းရန် ညွှန်ကြားထားတော်မူ၏။
以上是经、义注与复注的意旨。行道部分教导我们依特相、作用、现起与近因摄取色、名、因、果等诸行。
အဘယ်ကြောင့် ထိုကဲ့သို့ သိမ်းဆည်းနေရပါသနည်းဟု မေးရန်ရှိ၏၊ အဖြေကိုသိလိုပါက အောက်ပါ -- ၁။ မဟာဗုဒ္ဓဝင်၏ ဖွင့်ဆိုချက်နှင့် ၂။ တိပိဋက ပါဠိ-မြန်မာ အဘိဓာန်တို့၏ ဖွင့်ဆိုချက် ---- ဤဖွင့်ဆိုချက် ရှင်းလင်းချက်တို့ကို အသင်သူတော်ကောင်းသည် ဆက်လက်၍ ဖတ်ရှုကြည့်ပါ။
为什么必须这样摄取?若想知道答案,请继续阅读《大佛史》与《三藏巴缅辞典》的下列解释。
မဟာဗုဒ္ဓဝင်၏ ဖွင့်ဆိုချက် - ဃနလေးပါး
《大佛史》的解释:四种密集
ဤအရာ၌ (၁) သန္တတိဃန (၂) သမူဟဃန (၃) ကိစ္စဃန (၄) အာရမ္မဏဃနဟူ၍ ဃနလေးပါး ရှိသည်။
这里有四种密集:一、相续密集;二、组合密集;三、作用密集;四、所缘密集。
၁။ ထိုလေးပါးတို့တွင် ရှေ့နောက်ဖြစ်သော ရုပ်နာမ်တရားတို့၏ အခြားမရှိ အကြားမထင်သောအားဖြင့် တရား- လုံး တစ်ခုတည်းကဲ့သို့ ထင်မှတ်ယူရအောင် ဖြစ်ပွားခြင်း စုလျက် တွဲလျက် ခဲလျက် ဖြစ်ပွားခြင်းသည် သန္တတိ ဃန မည်၏။
一、前后生起的色名诸法之间无有间隔,因而仿佛是同一法体般聚合、连结、凝成一体,这称为相续密集。
ဤ၌ အခြားမရှိသောအားဖြင့် ဖြစ်ခြင်းဟူသည်မှာ ရှေ့တရား၏ ဘင်ခဏနှင့် ပြိုင်လျက် နောက်တရားက ဖြစ်ခြင်း၊ တစ်နည်း --- ရှေ့တရားချုပ်သည်၏ အခြားမဲ့မှာပင် နောက်တရားက ထင်ရှားဖြစ်ခြင်းကို ဆိုလိုသည်။
所谓无间,是当前法处于坏灭刹那时后法随即生起;换言之,前法灭后没有间隙,后法便显现。
၎င်းင်းကို (ပုရိမပစ္ဆိမာနံ နိရန္တရတာ = ရှေ့တရား နောက်တရားတို့၏ အကြားမရှိသည်၏ အဖြစ်) ဟူ၍ ဋီကာဆရာ- တော်ကြီးများ ခေါ်ဆို အသုံးပြုတော်မူကြသည်။ ယင်းကဲ့သို့ အခြားမရှိ အကြားမထင်အောင် ဖြစ်ပွားခြင်းဖြင့် အဖြစ်တရားဘက်က အားရှိကာ ဖုံးလွှမ်းထားအပ်သကဲ့သို့ ဖြစ်၍ အပျက်တရားဘက်က မထင်ရှားသောကြောင့် ''ယခု တွေ့မြင်ရသောတရားသည် ယခင် တွေ့မြင်ရသော တရားပင်တည်း''ဟု မှတ်ယူသောအနေဖြင့် လူများ အပေါင်းတို့ ဖောက်ပြန်ထွေပြား အထင်မှား အမှတ်မှားကြရလေသည်။ ဤသဘောကို ''ထင်းမီးစ တစ်ခုကို ကိုင်၍ ဝှေ့ရမ်းလျှင် မီးဝိုင်းကြီး''ဟု ထင်ရမှုက သက်သေခံလျက် ရှိသည်။ (ဤကား သန္တတိဃနတည်း။)
复注师称此为‘前后诸法无间隔’(purimapacchimānaṃ nirantaratā)。由于生起无间,生的一面显得强而遮蔽坏灭,坏灭便不明显,人们遂误认现在所见仍是先前所见的同一法。挥动火把而看见火轮,正是这种现象的例证。(这就是相续密集。)
F
F
原书卷前第 18 页(G)
လက္ခဏာဒိစတုက္ကပိုင်း -- နိဒါနကထာ ၂။ ဖဿ အစရှိသော နာမ်တရား၊ ပထဝီအစရှိသော ရုပ်တရားတို့၏ ထိုထို နာမ်ကလာပ် ရုပ်ကလာပ်တို့၌ တစ်ပေါင်းတည်း တစ်စုတည်းအနေဖြင့် ပရမတ္ထတရားသား တစ်ခုတည်းကဲ့သို့ ထင်မှတ်ရအောင် စုလျက် တွဲ- လျက် ခဲလျက် ဖြစ်ပွားခြင်းသည် သမူဟဃန မည်၏။
二、触等名法与地界等色法,在各名聚、色聚中聚合,仿佛成为一个究竟自然法体,这称为组合密集。
နာမ်တရား ရုပ်တရားတို့သည် ဖြစ်ပွားကြသောအခါ တရားလုံး (သဘာဝသတ္တိ) တစ်ခုတည်းသာ ဖြစ်ကြ သည်မဟုတ်၊ နာမ်တရားဘက်ကလည်း အနည်းဆုံး ရှစ်မျိုး (စက္ခုဝိညာဏ်နှင့် သဗ္ဗစိတ္တသာဓာရဏစေတသိက် ခုနစ်ပါးကို ဆိုလိုသည်။) ရုပ်တရားဘက်ကလည်း အနည်းဆုံး ရှစ်မျိုးပင် (အဋ္ဌကလာပ်ရုပ်ကို ရည်ညွှန်းသည်၊၊) ဖြစ်ပွားကြသည်၊ ယင်းကဲ့သို့ အနည်းဆုံး သဘာဝသတ္တိ ရှစ်မျိုးတို့ သဘာဝသတ္တိ တစ်မျိုးတည်းဟု ထင်မှတ်ယူ ရအောင် စုလျက် ပေါင်းလျက် တွဲလျက် ခဲလျက် ဖြစ်ပွားခြင်းကို သမူဟဃန ခေါ်သည်ဟု ဆိုလိုသည်။ (ဤကား သမူဟဃနတည်း။) ၃။ နာမ်ကလာပ် တစ်ခုတစ်ခု ရုပ်ကလာပ် တစ်ခုတစ်ခု၌ ပါရှိကြသည့် နာမ်တရား ရုပ်တရား အသီးသီးတို့သည် ဆိုင်ရာဆိုင်ရာ မိမိ မိမိတို့၏ ကိစ္စအလုပ်ကို ပြီးပြေစေကြလျက် ဖြစ်ပွားကြလေသည်၊ ထိုသို့ ဖြစ်ပွားကြရာ၌ (အဘိဓမ္မာ ဉာဏ်ပညာမျက်စိ မရှိသောသူတို့အဖို့မှာ) ဤကား ဖဿ၏ အလုပ်ကိစ္စ၊ ဤကား ဝေဒနာ၏ အလုပ်
名法与色法从不单独生起。名法方面至少有眼识与七遍一切心心所等八法;色法方面至少有八不离色。至少八种自性法这样聚集、结合,令人误以为只有一个自性法,便称组合密集。三、每一名聚、色聚中的名法与色法各自完成自己的作用;对于没有阿毗达磨慧眼的人,很难辨认哪是触、受、想等的作用,哪是地、水、火、风等的作用。
ကိစ္စ၊ ဤကား သညာ၏ အလုပ်ကိစ္စ စသည်ဖြင့်လည်းကောင်း၊ ဤကား ပထဝီ၏ ကိစ္စ၊ ဤကား အာပေါ၏ကိစ္စ၊ ဤကား တေဇော၏ ကိစ္စ၊ ဤကား ဝါယော၏ ကိစ္စ စသည်ဖြင့်လည်းကောင်း အလုပ်ကိစ္စ အထူးကို သိဖို့ရန် ခဲယဥ်းလှကုန်၏၊ ယင်းသို့ နာမ်တရား ရုပ်တရားတို့၏ မိမိ မိမိတို့၏ ဆိုင်ရာကိစ္စ အထူးကို သိနိုင်ခဲသော အနေဖြင့် တရားလုံးတစ်ခုတည်းဟု ထင်မှတ်ရအောင် စုလျက် တွဲလျက် ခဲလျက် ဖြစ်ပွားမှုကို ကိစ္စဃန ခေါ်သည်။ (ဤကား ကိစ္စဃနတည်း။) ၄။ နာမ်ကလာပ် တစ်ခုတစ်ခု၌ ပါရှိသော ထိုထို နာမ်တရားတို့၏ အာရုံတစ်ခုကို စု၍ပေါင်း၍ အာရုံပြုသော အနေဖြင့်လည်းကောင်း၊ ရုပ်ကလာပ် တစ်ခုတစ်ခု၌ ပါရှိသော ထိုထို ရုပ်တရားတို့၏ အာရုံတစ်ခုတည်း အနေ- ဖြင့်လည်းကောင်း၊ ပရမတ္ထတရားသား (သဘာဝသတ္တိ) တစ်ခုတည်းဟု ထင်မှတ်ရအောင် စုလျက် တွဲလျက် ခဲလျက် ဖြစ်ပွားခြင်းကို အာရမ္မဏဃန ခေါ်သည်။ (ဤကား အာရမ္မဏဃနတည်း။)
诸名色法各自作用的差别难以了知,因而仿佛凝成一个法体,这称为作用密集。四、每一名聚中的诸名法共同缘取一个所缘;每一色聚中的诸色法又同为一个所缘,于是仿佛凝成一个究竟自性法体,这称为所缘密集。
အချုပ်အားဖြင့် အကြောင်းပစ္စည်းတရား အကျိုးပစ္စယုပ္ပန်တရား အနေဖြင့် ဖြစ်ပွားကြသည့် များစွာသော ရုပ်နာမ်တရားတို့၏ ကာလအားဖြင့် သဘာဝအားဖြင့် ကိစ္စအားဖြင့် အာရုံသဘောအားဖြင့် အထူးအပြားကို သိနိုင်ခဲသော အနေအားဖြင့် တရားလုံးတရားသား တစ်ခုတည်းကဲ့သို့ ထင်မှတ်ယူရအောင် ဖြစ်ပွားခြင်းကို အစဥ်အတိုင်း သန္တတိဃန၊ သမူဟဃန၊ ကိစ္စဃန၊ အာရမ္မဏဃနဟူ၍ ခေါ်ဆိုအပ်လေသည်။ 〔ဤ ဃနလေးပါး အကြောင်းကို ဓမ္မသင်္ဂဏီ မူလဋီကာ စာမျက်နှာ (၆ဝ)နှင့် ဓမ္မသင်္ဂဏီ အနုဋီကာ စာမျက်နှာ (၆၆)တို့မှ ထုတ်နုတ် ဖေါ်ပြအပ်ပါသည်။〕 ''ငရုပ်စေ့၌၊ စိတ်တွေ့သတ်သတ်၊ အစပ်ကိုတည့်၊ ရှုမျှော်ကြည့်သို့၊ သတ္တိကိုမျှ၊ ရှုကြည့်ရ၊ ပရမတ္ထမှာ။'' - ဟူသောအတိုင်း ထိုထို နာမ်ရုပ်တရားတို့၏ သဘာဝသတ္တိကို ဉာဏ်မျက်စိဖြင့် ရှုကြည့်နိုင်မှ ပရမတ္ထသို့ အမြင်ဆိုက်ရောက်သည်။ ပရမတ္ထသို့ အသိဉာဏ် အမြင်ဆိုက်ရောက်မှ ဃနပြိုသည်၊ ဃနပြိုမှ အနတ္တအသိ-
总之,作为因缘法与缘生法而生起的众多色名,在时间、自性、作用与所缘方面的差别难以辨认,因而仿佛成为同一法体;依次称为相续密集、组合密集、作用密集和所缘密集。〔此四种密集的说明摘自《法集论根本复注》第60页及《法集论续复注》第66页。〕正如缅甸格言说,观究竟法应像尝辣椒籽,只观其辛辣自性;唯有以智眼观见各名色法的自性,知见才能到达胜义。到达胜义,密集才破;密集破,无我智才生。
ဉာဏ်ကို ရနိုင်သည်။ သဘာဝသတ္တိကို ဉာဏ်မျက်စိဖြင့် မရှုကြည့်က ပရမတ္ထသို့ အမြင်မဆိုက်၊ ပရမတ္ထသို့ အသိဉာဏ်အမြင် မဆိုက်လျှင် ဃန မပြို၊ ဃန မပြိုလျှင် အနတ္တအသိဉာဏ်ကို မရနိုင်၊ ထိုကြောင့် ''အနတ္တ လက္ခဏာကို ဃနဖုံးသည်''ဟု ပညာရှိတို့ မိန့်ဆိုတော်မူကြသည်။
若不以智眼观自性,知见便不到达胜义;不到达胜义,密集便不破;密集不破,便不能获得无我智。因此智者说:‘无我相被密集所覆。’
(မဟာဗုဒ္ဓဝင် စတုတ္ထတွဲ၊ စာမျက်နှာ-၃၂၃-၃၂၅။)
(《大佛史》第四册,第323—325页。)
G
G
原书卷前第 19 页(H)
တိပိဋက ပါဠိ-မြန်မာ အဘိဓာန်၏ ဖွင့်ဆိုချက်
《三藏巴缅辞典》的解释
ဃနဝိနိဗ္ဘောဂ --- (ပု) ---- 〔ဃန + ဝိနိဗ္ဘောဂ။ ဝိနိဘုဉ္ဇနံ ဝိနိဗ္ဘောဂဿ ကရဏံ ဝိနိဗ္ဘောဂေါ၊ ဉာဏံ။ ဓမ္မာနံ ဃနဿ ဧကတ္တဿ ဝိနိဗ္ဘောဂေါ ဃနဝိနိဗ္ဘောဂေါ ။ အဋ္ဌသာ၊ ယော။ ၇၆ ။ ဝိနိဘုဇ္ဇနံ ပုထက္ကရဏံ ဝိနိဗ္ဘောဂေါ၊ ဃနဿ သမူဟဿ ဝိနိဗ္ဘောဂေါ ဃနဝိနိဗ္ဘောဂေါ။ သမ္မော၊ ယော။ ၁၄၇။〕 အပေါင်းအစုကို ခွဲခြား-ဝေဖန်-စိတ်ဖြာ၍ သိခြင်း၊ တစ်စုတစ်ပေါင်းတည်းဟု ထင်မှုကို ခွဲခြမ်းစိတ်ဖြာ၍ သိခြင်း၊ တစ်စုတစ်ပေါင်းတည်းဟူသော အယူကို ဖြိုခွဲဖျက်ဆီးခြင်း။
Ghanavinibbhoga〔阳性〕:〔ghana + vinibbhoga。Vinibhuñjanaṃ vinibbhogassa karaṇaṃ vinibbhogo, ñāṇaṃ. Dhammānaṃ ghanassa ekattassa vinibbhogo ghanavinibbhogo. Aṭṭhasālinī Yojanā 76. Vinibhuñjanaṃ puthakkaraṇaṃ vinibbhogo; ghanassa samūhassa vinibbhogo ghanavinibbhogo. Sammohavinodanī Yojanā 147.〕以分别、辨析、剖析而知聚合;分析那被误认为一体的聚合;破除‘只有一个整体’的见。
ပရမတ္ထတရားတို့သည် ဝီထိစိတ် အစဥ်အရ ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ စသည် ဖြင့် အစဥ်အတိုင်း ဖြစ်နေကြ၏၊ ယင်းသို့ ဖြစ်နေရာ၌ ရှေ့စိတ်နောက်စိတ်တို့သည် တစ်ခုတည်း မဟုတ်သော် လည်း ထိုစိတ်တို့၏ အကြားကာလ အခြားမရှိသောကြောင့် တစ်စိတ်တည်းကဲ့သို့ ဖြစ်သွားခြင်းသည် ''သန္တတိဃန'' မည်၏။
胜义法在心路中依次生起,如五门转向、眼识、领受、推度等。前后心并非同一心,却因中间没有时间间隔而仿佛成为一心,这称相续密集。
တစ်စိတ်တည်းကဲ့သို့ (ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်၌) မထင်ဘဲ --- ''ဤကား ပဉ္စဒွါရာဝဇ္ဇန်း၊ ဤကား စက္ခုဝိညာဏ်'' စသည်ဖြင့် ခွဲခြမ်းဝေဖန်၍ သိခြင်းသည် ''ဃနဝိနိဗ္ဘောဂ'' (သန္တတိဃနကို ခွဲခြမ်း စိတ်ဖြာ ၍သိခြင်း၊ သန္တတိဃနကို ဖြိုခွဲဖျက်ဆီးခြင်း) မည်၏။
不把它看成一心,而以智分别‘这是五门转向,这是眼识’等,便称密集辨析,即分析、破除相续密集。
စိတ်တစ်လုံးတစ်လုံး၌ ဖဿ ဝေဒနာ သညာစသည်ဖြင့် စေတသိက်များစွာ ယှဥ်၏၊ စိတ်တစ်လုံးတစ်လုံး- သည် ဖဿ ဝေဒနာ သညာစသော စေတသိက်များစွာနှင့် အတူတကွဖြစ်၏၊ ထိုသို့ တစ်ပေါင်းတည်း အတူတကွ ဖြစ်နေကြသောကြောင့် ဖဿ ဝေဒနာ သညာစသည်ဖြင့် ခွဲခြားမသိတော့ဘဲ ဓမ္မတစ်ခုတည်းကဲ့သို့ ဖြစ်၍နေ- ခြင်းသည် ''သမူဟဃန'' မည်၏။
每一心都与触、受、想等许多心所相应;由于它们共同生起而不易分别触、受、想,仿佛只有一个法体,这称组合密集。
ဓမ္မတစ်ခုတည်းကဲ့သို့ မထင်ဘဲ ''ဤကား ဖဿ၊ ဤကား ဝေဒနာ၊ ဤကား သညာ'' --- စသည်ဖြင့် ခွဲခြမ်းဝေဖန်၍ သိခြင်းသည် ''ဃနဝိနိဗ္ဘောဂ = သမူဟဃနကို ခွဲခြမ်းစိတ်ဖြာ၍ သိခြင်း၊ သမူဟဃနကို ဖြိုခွဲ ဖျက်ဆီးခြင်း'' မည်၏။
不把它们看成一个法体,而分别‘这是触,这是受,这是想’等,便称密集辨析,即分析、破除组合密集。
ဖဿ ဝေဒနာစသော တရားများ၌ ဖဿသည် သံဃဋ္ဋနကိစ္စ၊ ဝေဒနာသည် အနုဘဝနကိစ္စ စသည်ဖြင့် ကိစ္စ အသီးအသီး ကွဲပြားကြ၏၊ ယင်းသို့ ကိစ္စကွဲပြားသော်လည်း စိတ်တစ်လုံးတည်းဝယ် အတူတကွ ယှဥ်၍ ဖြစ်ကြရာ၌ ထိုထိုတရားတို့၏ ကိစ္စအထူးကို မသိနိုင်လောက်အောင် ကိစ္စအားဖြင့် တစ်ခုတည်း ဖြစ်နေခြင်းသည် ''ကိစ္စဃန'' မည်၏။
触、受等法各有不同作用:触有撞击作用,受有体验作用等。虽然作用各别,却因同在一心中生起而难辨各自作用,仿佛作用只有一个,这称作用密集。
ကိစ္စတစ်ခုတည်းကဲ့သို့ မထင်ဘဲ ဖဿသည် သံဃဋ္ဋနကိစ္စ ရှိ၏၊ ဝေဒနာသည် အနုဘဝနကိစ္စ ရှိ၏ စသည်ဖြင့် ခွဲခြမ်းဝေဖန်၍ သိခြင်းသည် ''ဃနဝိနိဗ္ဘောဂ = ကိစ္စဃနကို ခွဲခြမ်းစိတ်ဖြာ၍ သိခြင်း၊ ကိစ္စဃနကို ဖြိုခွဲဖျက်ဆီးခြင်း'' မည်၏။
不把作用看成同一,而分别知道触有撞击作用、受有体验作用等,便称密集辨析,即分析、破除作用密集。
စက္ခုဒွါရဝီထိ၌ ဖြစ်ကြသော စိတ် စေတသိက် တစ်စဥ်တစ်တန်းလုံးသည် ရူပါရုံ တစ်ခုတည်းကို အာရုံ- ပြုသည့်အတွက် တစ်ခုတည်းမဟုတ်သော်လည်း တစ်ခုတည်းကဲ့သို့ တစ်ခဲနက် ဖြစ်နေခြင်းသည် ''အာရမ္မဏဃန'' မည်၏။
眼门心路中的整系列心与心所都缘取同一个色所缘,虽非一体却仿佛凝成一体,这称所缘密集。
အာရုံတူ၍ တစ်ခုတည်းဖြစ်နေသော်လည်း တစ်ခုတည်းကဲ့သို့မထင်ဘဲ ဤကား ပဉ္စဒွါရာဝဇ္ဇန်း၊ ဤကား စက္ခုဝိညာဏ် စသည်ဖြင့်လည်းကောင်း၊ ဤကား ဖဿ၊ ဤကား ဝေဒနာ စသည်ဖြင့်လည်းကောင်း ခွဲခြမ်း-
虽同缘一个所缘,却不误认为一体,而分别‘这是五门转向,这是眼识’以及‘这是触,这是受’等,便称——
H
H
原书卷前第 20 页(I)
လက္ခဏာဒိစတုက္ကပိုင်း -- နိဒါနကထာ ဝေဖန်၍ သိခြင်းသည် ''ဃနဝိနိဗ္ဘောဂ = အာရမ္မဏဃနကို ခွဲခြမ်းစိတ်ဖြာ၍ သိခြင်း၊ အာရမ္မဏဃနကို ဖြိုခွဲ ဖျက်ဆီးခြင်း'' မည်၏။ (နေတ္တိ-ဋ္ဌ-၁၅၄။ သံ-ဋီ-၁-၂၇၁။ မူလဋီ-၁-၆ဝ။) အနတ္တလက္ခဏာကို ဘုရားပွင့်ရာ သာသနာတွင်းမှာသာ ထင်မြင်နိုင်သည်၊ သာသနာပ၌ မထင်မြင်နိုင်။
密集辨析,即分析、破除所缘密集。(《导论义注》154;《相应部复注》1-271;《根本复注》1-60。)无我相只有在佛陀出世的教法期内才能显现,在教法之外不能显现。
(အဘိ-ဋ္ဌ-၂-၄၆။)
(《阿毗达磨义注》2-46。)
အနတ္တလက္ခဏာကို သန္တတိစသော ''ဃန'' ဖုံးလွှမ်းမှုကြောင့် မသိနိုင် မမြင်နိုင် မထင်နိုင်ခြင်း ဖြစ်၏၊ ဃနကို ဖြိုခွဲဖျက်ဆီးနိုင်လျှင်ကား အနတ္တလက္ခဏာလည်း ဟုတ်မှန်သောသဘောအတိုင်း ထင်မြင်လာတော့သည်။
相续等密集覆蔽无我相,令人不能知、不能见、不能显现;若能破除密集,无我相便会如实显现。
(အဘိ-ဋ္ဌ-၂-၄၇။)
(《阿毗达磨义注》2-47。)
ယထာ ပဏိဟိတံ ဃနဝိနိဗ္ဘောဂံ ကတွာ။ (မ-ဋ္ဌ-၁-၂၇၆။ ဝိသုဒ္ဓိ-၁-၃၄၃။) နာနာဓာတုယော ဝိနိဗ္ဘုဇိတွာ ဃနဝိနိဗ္ဘောဂေ ကတေ အနတ္တလက္ခဏံ ယာထာဝသရသတော ဥပဋ္ဌာတိ။
Yathā paṇihitaṃ ghanavinibbhogaṃ katvā.(《中部义注》1-276;《清净道论》1-343。)Nānādhātuyo vinibbhujitvā ghanavinibbhoge kate anattalakkhaṇaṃ yāthāvasarasato upaṭṭhāti.
(အဘိ-ဋ္ဌ-၂-၄၇။ ဝိသုဒ္ဓိ-၂-၂၇၆။)
(《阿毗达磨义注》2-47;《清净道论》2-276。)
ဃနဝိနိဗ္ဘောဂန္တိ သန္တတိသမူဟကိစ္စဃနာနံ ဝိနိဗ္ဘုဇနံ ဝိဝေစနံ။ (မ-ဋီ-၁-၃၆၅။ ဝိသုဒ္ဓိ-ဋီ-၁-၄၂၈။) ဃနဝိနိဗ္ဘောဂေ ကတေတိ သမူဟဃနေ၊ ကိစ္စာရမ္မဏဃနေ စ ပဘေဒိတေ။ (ဝိသုဒ္ဓိ-ဋီ-၂-၄၃၇။) ဃနဝိနိဗ္ဘောဂံ ကတွာတိ ကမ္မဋ္ဌာနံ ဂဟေတွာ သမူဟာဒိဃနဂ္ဂဟဏံ ဘိန္ဒိတွာ။ (ဝိသုဒ္ဓိ-ဋီ-၂-၄၅၄။)
Ghanavinibbhoga,意为辨析相续、组合、作用密集。(《中部复注》1-365;《清净道论复注》1-428。)‘已作密集辨析’,即已分别组合密集、作用密集与所缘密集。(《清净道论复注》2-437。)‘作密集辨析’,即摄取业处,破除对组合等密集的执取。(《清净道论复注》2-454。)
(တိပိဋက ပါဠိ-မြန်မာ အဘိဓာန်-က-ဝဂ်-အတွဲ-၆-စာမျက်နှာ-၉၈၆-၉၈၇။)
(《三藏巴缅辞典》Ka 部,第六册,第986—987页。)
〔မှတ်ချက် --- ဤကား မဟာဗုဒ္ဓဝင်ကျမ်းနှင့် တိပိဋက ပါဠိ-မြန်မာ အဘိဓာန်ကျမ်းကြီးတို့၌ လာရှိသော ဃနလေးပါး အကြောင်းအရာများ ဖြစ်ကြပါသည်။ နိဗ္ဗာနဂါမိနိပဋိပဒါ အမည်ရသော ဤကျမ်း၏ ဃနလေးပါး- နှင့် ပတ်သက်သော ရှင်းလင်းချက်များကို ပထမတွဲတွင် ရှင်းလင်းတင်ပြခဲ့ပြီး ဖြစ်ပါသည်။〕 ယောဂါဝစရပုဂ္ဂိုလ်သည် ပရမတ္ထဓမ္မတို့ကို ပရမတ္ထဓမ္မသို့ ဉာဏ်အမြင် ဆိုက်ရေးအတွက် ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲဟူသော ရုပ်ဃန နာမ်ဃနတို့ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် သိမ်းဆည်းရှုပွားရတော့မည် ဖြစ်၏။
〔按:以上是《大佛史》和《三藏巴缅辞典》对四种密集的说明;本书第一册已经解释《趣向涅槃之道》所说的四种密集。〕为了令对胜义法的知见到达胜义,瑜伽行者必须以智破除、摄取并观修色法密集与名法密集。
ထိုသို့ သိမ်းဆည်းရာ၌ ဃနပြိုရေး ပရမတ်သို့ ဉာဏ်အမြင် ဆိုက်ရေးအတွက် အသင်သူတော်ကောင်းသည် မလွှဲမရှောင်သာ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်နည်းအားဖြင့် ရုပ်နာမ်တို့ကို သိမ်းဆည်းရတော့မည်သာ ဖြစ်၏၊ ဉာဏ်ဖြင့် ပိုင်းခြားယူရတော့မည်သာ ဖြစ်၏။ ဘုရားရှင်၏ တရားစစ် တရားမှန်ကို လိုလားတောင့်တ- လျက်ရှိသော သူတော်ကောင်းအပေါင်းတို့သည် နိဗ္ဗာန်သို့ ဧကန်ထုတ်ချောက် ရောက်ခြင်း၏ ဧကန်အကြောင်း- ရင်းစစ် တစ်ခုဖြစ်သော ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသည့် သင်္ခါရတရားတို့ကို ပရမတ္ထသို့ ဉာဏ်အမြင် ဆိုက်အောင် ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲတည်းဟူသော ရုပ်ဃန နာမ်ဃနများကို ပြိုကွဲသွားအောင် ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့၏ အစွမ်းဖြင့် သိမ်းဆည်းနိုင်ကြ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် ကြပါစေကုန်သတည်း။
为了破除密集、令知见到达胜义,善人必须依特相、作用、现起与近因摄取并以智分别色名。愿一切渴仰佛陀真实正法的善人,都能以智破除色、名密集,令对苦谛、集谛诸行的知见到达胜义,并依特相等四法加以摄取、分别,从而趣向涅槃。
ဖားအောက်တောရဆရာတော်
帕奥西亚多
စိတ္တလတောင်ကျောင်း - ဖားအောက်တောရ
Cittalapabbata 山寺——帕奥禅林
သာသနာတော်သက္ကရာဇ် - ၂၅၃၈ - ခု၊ ကောဇာသက္ကရာဇ် - ၁၃၅၆ - ခု၊ ဝါခေါင်လ။
佛历 2538 年,缅历 1356 年,瓦冈月。